အခန်း (၁၂)
ခရစ်ယာန်အသက်တာ၏စံနမူနာများ
ယေရှုခရစ်တော်၌အမြင့်ဆုံးသောဘုရားသခင်၏ခေါ်တော်မူခြင်း
ခရစ်ယာန်အသက်တာသည် အနည်းငယ်ပြုပြင်မှု (သို့မဟုတ်) တိုးတက်မှုမဟုတ်ဘဲ အသက်တာတစ်ခုလုံး၏လုံးလုံးလျားလျား ပြောင်းလဲခြင်းဖြစ်သည်။ ဆိုလိုရင်းမှာ အတ္တသဘော နှင့် အပြစ်မှစုတေ့ခြင်းဖြစ်ပြီး အသစ်သောအသက်တာဘ၀၌ ရှင်ပြန်ထမြောက်ကာ ယေရှုခရစ် တော်၌ အသစ်သောပုဂ္ဂိုလ်တစ်ဦးကဲ့သို့ အသက်ရှင်ခြင်းဖြစ်သည်။
ခရစ်ယာန်တစ်ဦး၏စိတ်နှလုံးသည် ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏ကိန်းဝပ်ရာ နေရာ ဖြစ်လာသည်။ ဤအဖြစ်ကို ကိုယ်တော်ရှင်အားဝမ်းနည်းစေခြင်း၊ ပြစ်မှားခြင်းမရှိစေရန်၊ “ခရစ် တော်အားစိတ်တွင်အာရုံပြုခြင်း၊ မျက်မှောက်ပြုခြင်းနှင့် မိတ်ဆွေကောင်းမိတ်ဆွေမွန် တစ်ဦးအဖြစ် အစဉ်ချစ်မြတ်နိုးနေခြင်း” တို့ဖြင့် ရရှိနိုင်ပါသည်။ ဤနည်းလမ်းအားဖြင့်သာလျှင် ခရစ်ယာန်များ သည် မြင့်မြတ်တော်မူသောအရှင်နှင့် မိတ်သဟာယဖွဲ့မှုကို ရရှိန်ိုင်မည်။ ဤကိန်းဝမ်မှုကိုကျွန်ုပ်တို့ အမှန်စင်စစ်သိရှိနားလည်ခြင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့၏ အတွေးအမြင်များသည် ခရစ်တော် ၏ဩဇာလွှမ်းမိုးမှုအောက်တွင် ရောက်ရှိနေမည်ဖြစ်ပြီး ကျွန်ုပ်တို့၏အကျင့်စရိုက်တို့သည်လည်း မြင့်မြတ်တော်မူသောစံနမူနာနှင့် တူညီလာမည်ဖြစ်သည်။ (TM,
pp, ၃၈၇, ၃၈၈).
ကျွန်ုပ်တို့၏စိတ်ထဲ၌မှတ်ကျုံရမည်မှာ၊ “သန့်ရှင်းဖြူစင်ခြင်းနှင့်အမှန်တရားစိတ်ဓာတ်ရှိ ခြင်းကို ပျက်ပြားစေရန် စုံစမ်းသွေးဆောင်မှုကို ဒိုင်းလွှားပမာကာကွယ်ပေးနိုင်သည့်အရာမှာ ဘုရားရှင်ကိန်းဝပ်ခြင်းကိုခံစားရသည့်ဩဇာထက် မည်သည့်ဩဇာနှင့်မျှ နှိုင်းယှဉ်၍မရပါ။” (နိ. ၂၅၅).
“ကျွန်ုပ်တို့၏အပြုအမူတစ်စုံတစ်ခုမျှ ကွယ်ဝှက်ထား၍မရပါ။ ကျွန်ုပ်တို့၏လမ်းခရီးကို ဘုရားရှင်ရှေ့မှောက်၌ ဝှက်ထား၍မရပါ။ ကျွန်ုပ်တို့၏ အပြုအမူ၊ အပြောအဆို၊ အတွေးခေါ်တိုင်း တို့သည် ထင်ရှားစွာမှတ်သားထားလျက်ရှိခြင်းမှာ ကမ္ဘာတစ်ခုလုံး၌ ပုဂ္ဂိုလ်တစ်ဦးတည်းရှိနေသကဲ့ သို့နှင့် ကောင်းကင်မှဂရုစိုက်မှုသည် သူ့အပေါ်၌သာ ဗဟိုပြုလျက်ရှိနေသကဲ့သို့ဖြစ်သည်။” (PP ၂၁၇, ၂၁၈).
ဘုရားသခင်၏မေတ္တာတော်သည် လူတိုင်းအပေါ်၊ အထူးသဖြင့် သူ၏သားသမီးများအပေါ် သက်ရောက်လျက်ရှိသည်။ လောကကိုကျောခိုင်းကာ မိမိတို့၏ကိုယ်ကို ဘုရားရှင်ထံအပ်နှံသည့် သူ၏သားသမီးများတို့၏ အော်ဟစ်သံကိုကြားတော်မူသည်။ မွန်မြတ်သန့်ရှင်းသောဆက်သွယ်မှု အားဖြင့် ကြည်ညိုလေးစားခြင်းနှင့်ရိုသေလေးမြတ်ခြင်းတိုးပွားလာကာ နေရာတိုင်းနှင့် နေ့စဉ်အ သက်တာတွင် ထင်ရှားစေပါသည်။
ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် ဘုရင့်မိသားစုဝင်များ၊ ကောင်းကင်ဘုရင်၏သား သမီး များဖြစ်ကြပါသည်။ ထိုကြောင့် ဘုရားရှင်၏ဂုဏ်သိက္ခာတော်ကို ထိပါးစေသည့် မည်သည့် အပြောအဆို၊ အပြုအမူကိုမပြုသင့်ပါ။ “သင်တို့ကိုသမုတ်သောနာမ တော်မြတ်” (ယာကုပ် ၂း၇)။ ကျွန်ုပ်တို့သည် ပြုပြင်ပြောင်းလဲသူများဖြစ်သည်။ အသက်တာ ကဏ္ဍတိုင်း၌ ကျွန်ုပ်တို့သည် မိမိတို့၏အသက်တာကို သေချာစွာလေ့လာဆန်းစစ်ကာ အမြဲဆည်းပူးသင့်သည့်အရာမှာ “ကျွန်ုပ် ၏နေရာ၌ ယေရှုရှိနေပါက သူဘာလုပ်မည်နည်း” ဤတိုင်းတာမှုပြုခြင်းသည် ကျွန်ုပ်တို့၏တာဝန် ဖြစ်သင့်သည်။ (MH ၄၉၁).
ကျန်ကြွင်းသောအသင်းတော်အားဖြင့် ဘုရားသခင်သည် စကြ၀ဠာ တစ်ခုလုံးသို့ အပြစ်တန် ခိုးမှလူသားများတို့ကိုကယ်ရန် လုံလောက်သော ဝမ်းမြောက်ဖွယ်သတင်းစကားကို ဖော်ပြပေလိမ့် မည်။ အသင်းတော်၏အသင်းဝင်များအဖြစ် ကြီးမြတ်သည့်ကျမ်းစာ၏စံချိန်ကို ထပ်မံ၍ လေးနက် စေသင့်ပြီး ဤဘုရားရှင်ပေးထားသော စည်းမျဉ်းဥပဒေများအပေါ် ကျေးဇူးသစ္စာစောင့်သိ
ကျမ်းစာလေ့လာခြင်းနှင့်ဆုတောင်းပတ္ထနာပြုခြင်း
ဝိညာဉ်ရေးအသက်တာကို ဝိညာဉ်ရေးအစာဖြင့် ထိန်းသိမ်းရပါမည်။ ပြည့်စုံသောသန့်ရှင်း ခြင်းရရှိရန် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာလေ့လာခြင်းနှင့် ဆုတောင်းပတ္ထနာပြုခြင်းအကျင့်ဓလေ့ ကို ထိန်းသိမ်းရပါမည်။ ပုံနှိပ်ထုတ်ဝေခြင်း၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အင်တာနက်နှင့် အခြား ဆက်သွယ်မှုလမ်းကြောင်းများ အမျိုးမျိုးအဖုံဖုံအားဖြင့် ဆက်သွယ်မှုမျိုးစုံတို့သည် ကမ္ဘာကြီး ကိုဖုံးလွှမ်းလျက် ထောင်သောင်းမကသော နှိုးဆော်သံများတို့ကို ကြားသိမြင်တွေ့ရလျက် နှလုံးသာ ;ထဲသို့ဝင်ရောက်ကာ လမ်းမလွဲစေခြင်းငှာ ကျွန်ုပ်တို့သည် မျက်စိ မှိတ်နားပိတ်ကြပြီး ဘုရားရှင် ၏စာအုပ်၊ စာအုပ်တကာတို့၏စာအုပ်၊ အသက်၏စာအုပ်၊ သမ္မာကျမ်းစာတော်မြတ်ကို ဖတ်ရှုလေ့ လာရပါမည်။ ဤစာအုပ်နှင့်ဆက်အသွယ်ဖြတ်တော်ပါက၊ ကျွန်ုပ်တို့သည် ပျောက်ဆုံးသောသူများ ဖြစ်ပြီး ကျွန်ုပ်တို့၏ဆောင်ရွက်ရမည့်လုပ်ငန်းမှာ ဆုံးရှုံးခြင်းသို့ရောက်ရှိမည်ဖြစ်သည်။ နေ့စဉ် ဘုရားရှင်နှင့်ဆုတောင်းခြင်းအားဖြင့် စကားပြော၍ သူ၏အသံကိုနားထောင်မှသာ ကျွန်ုပ်တို့၏ အသက်သည် ယေရှုခရစ်အားဖြင့် ဘုရားသခင်၌ ဝှက်ထားလျက်ရှိပြီး သူ၏အမှုတော်ကိုပြီးစီးနိုင် မည့်မျှော်လင့်ခြင်းကို ရရှိနိုင်မည်ဖြစ်သည်။
ဆုတောင်းခြင်းသည် ဘုရားသခင်၏စကားသံကိုနားထောင်ပြီး သူနှင့် စကားပြောခြင်းဟူ သည် အပြန်အလှန်နှစ်ဘက်စကားပြောခြင်းဖြစ်သည်။
“ဆုတောင်းခြင်းသည် ကျွန်ုပ်တို့၏နှလုံးသားကို ဘုရားရှင်အားမိတ်ဆွေတစ်ဦးကဲ့သို့ ဖွင့်ဟခြင်း ဖြစ်သည်။” စစ်မှန်သောဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားရှင်၏စိတ်သဘောထား နှင့် ဆက်သွယ်မှုရရှိစေခြင်းနှင့် မခြားမလပ်ဆုတောင်းခြင်းနှင့် လုံ့လဝီရိယဖြင့် စောင့်ဆိုင်းခြင်း မရှိပါက ကျွန်ုပ်တို့သည် သတိတရားကင်းမဲ့သောအခြေအနေနှင့် မှန်သောလမ်းမှလွဲမှားသွားစေနိုင် သည့်အန္တရာယ်ကို ကြုံတွေ့ရပေလိမ့်မည်။” (SC ၉၇, ၉၅).
အိမ်ထောင်သည် အသင်းတော်အဆောက်အဦ၏ကျောက်ထောင့်ဖြစ်သည်။ ခရစ်ယာန်အိမ် ထောင်တစ်ခုသည် ဆုတောင်းရာအိမ်တစ်ခုဖြစ်သည်။ “မိခင်များနှင့်ဖခင်များ၊ သင်တို့၏လုပ်ငန်း မည်ရွေ့မည်မျှများနေစေကာမူ ဘုရားရှင်၏ပလ္လင်တော်အနား၌ မိသားစုဝင်များတို့ကို စုရုံးစေရန် မပျက်ကွက်စေပါနှင့် ---- သည်းခံခြင်း၊ ချစ်ခြင်း၊ ရွှင်လန်းဝမ်းမြောက်ခြင်းအသက်တာမျိုး နေထိုင်လိုသောသူတိုင်း ဆုတောင်းရကြမည်။” (MH ၃၉၃).
ပတ်ဝန်းကျင်လူထုနှင့်ဆက်သွယ်မှုပြုခြင်း
“ကယ်တင်ရှင်ယေရှုခရစ်တော်၏ကြွလာခြင်းကို မက်မောတသစွာ စောင့်ဆိုင်းနေကြသော ကျွန်ုပ်တို့သည် ကောင်းကင်၏နိုင်ငံသားဖြစ်ကြသော်လည်း” (ဖိလိပ္ပိ ၃း ၂၀)၊ ယခုတွင် ဤကမ္ဘာ ပေါ်၌ လူ့အဖွဲ့အစည်းထဲ၌ ပါဝင်နေရသည့်အတွက် ကြုံတွေ့ရစမြဲ အသက်တာ၏ပြဿနာများကို ကမ္ဘာသူ ကမ္ဘာသားများတို့နှင့် မျှဝေခံစားရမည့်တာဝန်ဝတ္တရားရှိနေကြပါသည်။ ကျွန်ုပ်တို့သည် မည်သည့်နေရာဒေသ၌နေထိုင်သည်မဆို ဘုရားသခင်၏သားသမီးများကဲ့သို့ ထင်ရှားသောပြည်သူ ပြည်သားများအဖြစ် ခရစ်ယာန်၏ရိုးစားဖြောင့်မတ်ခြင်းနှင့် တစ်ပါးသူများတို့၏ ကောင်းကျိုး အတွက်လုပ်ဆောင်ခြင်း အသက်တာမျိုးကို အသက်ရှင်ရမည်ဖြစ်သည်။
အသင်းတော်နှင့် ဝမ်းမြောက်ဖွယ်ဧဝံဂေလိလုပ်ငန်းကို လုပ်ဆောင်ရန် စေခိုင်းခံရခြင်းအပေါ် ကျွန်ုပ်တို့၏အမြင့်ဆုံးသောတာဝန်ဝတ္တရားရှိနေစဉ်
ဥပုစ်စောင့်ထိန်းခြင်း
ဥပုသ်နေ့သည် လူသားများတို့အပေါ် ဘုရားရှင်၏မေတ္တာအမှတ်အသားတစ်ခုဖြစ်သည်။ ၎င်းသည် မူလဖန်ဆင်းခြင်း၌ ဘုရားရှင်၏တန်ခိုးတော်ကို အောက်မေ့ဖွယ်ရာအမှတ်အသားဖြစ်ပြီး ကျွန်ုပ်တို့၏အသက်တာကို ပြန်လည်၍ဖန်ဆင်းခြင်းနှင့် သန့်ရှင်းစေနိုင်ခြင်းအတွက် သူ၏တန်ခိုး အမှတ်အသားတစ်ခုလည်းဖြစ်သည်။ (ယေဇကျေလ ၂ဝး၁၂)။ ထိုဥပုသ်နေ့ကိုစောင့်ထိန်းခြင်းအား ဖြင့် သူ့အပေါ်သစ္စာရှိခြင်းနှင့် သူနှင့်မိတ်သဟာယဖွဲ့ခြင်းတို့ကို ဖော့်ပြခြင်းဖြစ်သည်။
ဥပုသ်နေ့သည် ကျွန်ုပ်တို့၏အသက်တာ၌ အထူးနေရာတစ်ခုအဖြစ် ကိုင်စွဲထားပါသည်။ တစ်ပတ်တာ၏သတ္တမနေ့မြောက် သောကြာနေ့နေဝင်ချိန်မှ စနေနေ့နေဝင်ချိန်အထိ (ဝတ်ပြုရာကျမ်း ၂၃း၃၂) ဖြစ်ပြီး ၎င်းသည် ဘုရားရှင်ထံမှလက်ဆောင်၊ အချိန်အားဖြင့် သူ၏ ကျေးဇူးတော်လက္ခဏာတစ်ခုဖြစ်သည်။ ၎င်းသည်အခွင့်အရေးတစ်ခု၊ ကျွန်ုပ်တို့ကိုချစ်၍ ကျွန်ုပ်တို့
“ဥပုသ်တော်နေ့သည် တစ်ပတ်တာအတွင်းရှိ နေ့တကာတို့ထက်အချိုမျှဆုံး၊ ကောင်းချီး မင်္ဂလာဖြင့် အပြည့်၀ဆုံးနေ့ဖြစ်ပါသည်တတား။” (FLB ၃၆).
“ဥပုသ်တော်နေ့သည် ဘုရားသခင်အချိန်သာဖြစ်ပြီး၊ ကျွန်ုပ်တို့၏အချိန်မဟုတ်ပါ။ ကျွန်ုပ်တို့ကျူးလွန်ပါက ဘုရားထံခိုးယူခြင်းဖြစ်သည်။---- ကျွန်ုပ်တို့၏ကိုယ်ရေးကိုယ်တာကိစ္စ အတွက်လုပ်ဆောင်ရန် ဘုရားရှင်သည် (၆) ရက်လုံးလုံးပေးထားပြီး သူ့အတွက်တစ်ရက်ကိုသာ ယူထားပါသည်။ ၎င်းနေ့သည် ကျွန်ုပ်တို့အတွက ကောင်းချီးမင်္ဂလာနေ့တစ်နေ့ဖြစ်သင့်သည်။ ထိုနေ့၌ လုပ်ရိုးလုပ်စဉ်ကိစ္စရပ်အားလုံးတို့ကိုရပ်ဆိုင်းကာ ကျွန်ုပ်တို့၏စဉ်းစားတွေးတောမှုဟူ သရွေ့ သည်ဘုရားရှင်နှင့်ကောင်းကင်အရာအပေါ် ဗဟိုပြုသင့်သည်။ ----
“ဥပုသ်နေ့သည် ပျော်ရွှင်စရာကောင်းသောနေ့တစ်နေ့မဟုတ်ဟု သားသမီးများတို့ကို မသွန်သင်သင့်ပါ။ အပြင်သို့ထွက်လျှောက်ခြင်းမပြုရဟုလည်း မပြောရပါ။ လုံး၀မပြောရပါ။ ခရစ်တော်သည် မိမိ၏တပည့်တော်များတို့ကို ဥပုသ်နေ့၌ထွက်၍ ရေကန်နံဘေးတွင် သင်ကြားပို့ ချသည်။ ဥပုသ်နေ့၌ သူ၏တရားဟောပြောခြင်းကို ဝတ်ပြုခန်းမဆောင်အထဲ၌သာ အမြဲပြုလုပ်ခြင်းမရှိပါ။” (HP ၁၅၂).
“ဘုရားရှင်၏မေတ္တာကို ပင်ပန်းနွမ်းနယ်ခြင်းအဖြစ်သို့မရောက်ရှိစေရန် ကန့်သတ်မှုရှိပါ သည်။ ဥပုသ်နေ့၌ သူ၏ကရုဏာလက်တော်ကို ထားရှိပါသည်။ သူအသက်ရှင်စဉ်နေ့ရက်များတွင် ထိုနေ့ရက်ကို ဘုရားရှင်နှင့် မိသားစုဆက်သွယ်မှုပြုရန် အခွင့်အရေးပေးထားသည်။ သဘာ၀နှင့် သော်လည်းကောင်း၊
ဥပုသ်နေ့အချိန်သည် ဘုရားရှင်နှင့်သာသက်ဆိုင်ပြီး သူ့အတွက်ကိုသာ အသုံးပြုရပါမည်။ ဥပုသ်နေ့ကိုစောင့်ထိန်းရာတွင် မိမိတို့နှစ်သက်ရာကိုပြုလုပ်ခြင်း၊ မိမိစကားကိုပြောခြင်း၊ ကိုယ်ပိုင် လုပ်ငန်းကိုလုပ်ဆောင်ခြင်းနှင့် တွေးတောကြံစည်ခြင်းတို့ကို မပြုလုပ်ရပါ (ဟေရှာယ ၅၈း၁၃)။ အိမ်ထောင်မိသားစုဝင်များတို့ကိုစုရုံးကာ ဆုတောင်းခြင်းနှင့်တေးသီချင်းသီဆိုခြင်းအားဖြင့် နေဝင် သောအခါ၌ကြိုဆိုကြပြီး ဆုတောင်းခြင်းနှင့်အတူ သူ၏အံ့ဖွယ်မေတ္တာတော်ကို ကျေးဇူးတင်ခြင်း ဖြင့်ဖော်ပြကာ ဥပုသ်တော်နေ့၏ကုန်ဆုံးချိန်ကို အဆုံးသတ်လိုက်ရပါမည်။ ဥပုသ်နေ့သည် အိမ်၌ သော်လည်းကောင်း၊ ဘုရားကျောင်း၌လည်းကောင်း ဘုရားရှင်ကိုဝတ်ပြုကိုးကွယ်ရန် အထူးနေ့ဖြစ် ပြီး ကျွန်ုပ်တို့ကိုယ်တိုင်အတွက်နှင့်သားသမီးများတို့အတွက် ပျော်ရွှင်သောနေ့တစ်နေ့ဖြစ်ရုံမျှမက ဘုရားရှင်၏အကြောင်းကို သမ္မာကျမ်းစာတော်မြတ်အားဖြင့် သော်လည်းကောင်း၊ သဘာ၀၏ ကြီးမားသောသင်ခန်းစာစာအုပ်အားဖြင့် သော်လည်းကောင်း သင်ယူရန်နေ့တစ်နေ့လည်းဖြစ်သည်။ ဖျားနာသူများထံလည်ပတ်ရန်နှင့် ဝိညာဉ်များကိုကယ်တင်ရန်နေ့လည်းဖြစ်သည်။ ခြောက်ရက်အ တွင်းလုပ်ဆောင်မြဲလောကီလုပ်ငန်း ဟူသရွေ့တို့ကို ဘေးဖယ်ထားကာ မလိုအပ်သည့်လုပ်ငန်းများ တို့ကိုလည်း ပြုလုပ်ခြင်းမှရပ်ဆိုင်းရပါမည်။ သန့်ရှင်းသောဘုရားရှင်၏နေ့ရက်၌ မည်သည့်လော ကီဆိုင်ရာလုပ်ငန်းမျာတို့ကို လုပ်ကိုင်ခြင်းမပြုရပါ။
“ဥပုသ်နေ့၌ အကျိုးမရှိသည့်လှုပ်ရှားခြင်းမပြုရမည့်အချိန်အခါအဖြစ် ဘုရားရှင်ရည်ရွယ် ထားခြင်းမဟုတ်ပါ။ လောကီအလုပ်ကိုမလုပ်ရန် တရားတော်မှတားမြစ်ထားပါသည်။ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းကို ရပ်တန့်ထားရမည်။ ဖန်ဆင်းခြင်းအမှုကို ဘုရားရှင်ရပ်တန့်ထား၍ အနား ယူလျက်ကောင်းချီးပေးသကဲ့သို့ လူသားများတို့သည် ဆောင်ရွက်နေကျနေ့စဉ်လုပ်ငန်းများတို့ကို ရပ်တန့်ကာ ဤသန့်ရှင်းသောအချိန်နာရီကို ကျန်းမာစွာဖြင့်
မှန်ကန်သောဥပုသ်စောင့်ခြင်းစိတ်ဓာတ်နှင့် ညီညွတ်သောလှုပ်ရှားမှုအစီအစဉ်သည် ဤ ကောင်းချီးမင်္ဂလာနှင့်ပြည့်၀သောနေ့ရက်ကို အပျော်ရွှင်ဆုံးနှင့်အကောင်းဆုံးနေ့ရက်တစ်ရက်အဖြစ် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏သားသမီးများ အတွက် ဖြစ်ပေလိမ့်မည်။ ကောင်းကင်အနားယူခြင်း၏ စစ်မှန်သည့်အရသာကို ခံစားရပါလိမ့်မည်။
ဝတ်ပြုရာနေရာအားရိုသေလေးစားခြင်း
ဘုရားသခင်၏တန်ခိုးကြီးခြင်း၊ သန့်ရှင်းခြင်းနှင့် မေတ္တာတော်ကိုချီးမွမ်းသောခရစ်ယာန် များတို့သည် ဘုရားသခင်ကိုသော်လည်းကောင်း၊ သူ၏နှုတ်ကပတ်တော်ကိုလည်းကောင်း၊ သူ့အား ဝတ်ပြုကိုးကွယ်ရာတွင်သော်လည်းကောင်း မိမိတို့၏စိတ်နှလုံးအတွင်းနှင့် ပြုမူလေရာအားလုံးတို့၌ ရိုသေလေးစားမှုကို အမြဲတစေဖော်ပြပေလိမ့်မည်။ “စိတ်နှလုံးနှိမ့်ချခြင်းနှင့်ကြည်ညိုလေးစားခြင်း သည် ဘုရားရှင်ထံပါးသို့ချဉ်းကပ်သူတိုင်းတို့၏အပြုအမူတွင် ပေါ်လွင်ထင်ရှားသင့်သည်။” (ဏဏ ၂၅၂). “ဆုတောင်းရန်နေရာနှင့်အချိန်နာရီသည် သန့်ရှင်းခြင်းရှိခြင်းမှာ ဘုရားရှင်ရှိနေသော ကြောင့်ဖြစ်သည်” (GW ၁၇၈) ကို ကျွန်ုပ်တို့အသိအမှတ်ပြုလိမ့်မည်။ ဝတ်ပြုရာအိမ်သို့ ကျွန်ုပ်တို့ လာကြသောအခါ ဂရုမစိုက်နမော်နမဲ့မလာကြဘဲ အာရုံပြုလျက်ဆုတောင်းခြင်းဖြင့်လာကြကာ မလိုလားအပ်သည့်စကားပြောဆိုခြင်းများတို့ကို ရှောင်ကြဉ်ပေလိမ့်မည်။
မိဘများတို့သည် မိမိသားသမီးများတို့အား ဘုရားရှင်၏အိမ်တော်၌မည်ကဲ့သို့ပြုမူရမည်နှင့် ရိုသေလေးစားရမည်ကို သွန်သင်ရမည်။ (၁တိ ၃း၁၅)။ သစ္စာရှိစွာဖြင့် လူငယ်များတို့ကို အိမ်၌၊ ဥပုသ်စာဖြေကျောင်း၌၊ ဘုရားကျောင်း၌ ဘုရားရှင်နှင့်သူ့အားဝတ်ပြုခြင်းတွင် ရိုသေလေးစားခြင်း နှင့်
ဘုရားရှင်အားဝတ်ပြုကိုးကွယခြင်း အစီအစဉ်သန့်ရှင်းသည်ဟု ခံစားရသောသင်းအုပ်ဆရာ များအနေဖြင့် မိမိတို့၏တရားပလ္လင်ပေါ်၌ပြုမူပုံ၊ မိမိ၏ပုံသက်သေ၊ သွန်သင်ဆုံးမပုံ၊ ရိုသေလေး စားခြင်းကိုအားပေးပုံ၊ ရိုးသားပုံ၊ စည်းစနစ်ကောင်းပုံနှင့် ဘုရားကျောင်းကိုဆင်ယဉ်ပုံတို့တွင် ပေါ်လွင်ပေလိမ့်မည်။
ကျန်းမာခြင်းနှင့်ချုပ်တည်းခြင်း
ကျွန်ုပ်တို့၏ကိုယ်ခန္ဓာသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ရာဗိမာန်တော်ဖြစ်သည်။ (၁ကော ၆း၁၉)။ “ဥာဏနှင့်ဝိဥာဏစွမ်းအားနှစ်ခုစလုံးသည် ကာယခွန်အားနှင့်လှုပ်ရှားမှုအပေါ် များစွာ အမှီပြုလျက်ရှိသည်။ ကိုယ်ခန္ဓာကျန်းမာခြင်းကို တိုးတက်ကောင်းမွန်စေခြင်းဟူသရွေ့တို့ သည် ခိုင်မာသောစိတ်ဓာတ်နှင့် ကောင်းမွန်မျှတသောစာရိတ္တကို တိုးတက်စေပါသည်။” (နိ ၁၉၅).
ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် သတိပညာဖြင့် ကျန်းမာရေးစည်းကမ်းဥပဒေနှင့် အညီနေထိုင်ကြကာ ကိုယ်ကာယလှုပ်ရှားခြင်း၊ အသက်ရှုရှိုက်ခြင်း၊ နေရောင်ခြည်ရရှိခြင်း၊ သန့် ရှင်းသောလေနှင့်ရေကိုအသုံးပြုခြင်း၊ အိပ်စက်ခြင်းနှင့်အနားယူခြင်းများကို ဂရုပြုကြပါသည်။ ခံယူ ချက်ဖြင့် ကျန်းမာသောအစာကို ရွေးချယ်စားသုံးခြင်း၊ သင့်လျော်သောအဝတ်အစားကို ဝတ်ဆင် ခြင်း၊ သန့်ရှင်းစွာနေထိုင်ခြင်း၊ မှန်ကန်သောကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်ခြင်းနှင့် လွပ်လပ်စွာ ကျန်းမာရေးဥပဒေများတို့ကို ရွေးချယ်လိုက်လျှောက်ခြင်း၊ ကိုယ့်ကိုကိုယ်ထိ်န်းချုပ်ခြင်းနှင့်ကျန်းမာ သောအစာကိုစာခြင်းပြုလုပ်ကြသည်။ ထိုကြောင့်သေရည်သေရက်အမျိုးမျိုး၊ ဆေးလိ်ပ်ဆေးရွက်နှင့် မူးယစ်ဆေးဝါးများတို့ကို ရှောင်ကြဉ်ကြသည်။ ကျွန်ုပ်တို့သည် ကြိုးစား၍ ကျွန်ုပ်တို့၏
CM - ၁၇
ကိုယ်ခန္ဓာနှင့်စိတ်ဓာတ်ရေးရာကျန်းမာခြင်းကိုထိ်န်းသိမ်းကာ မျှမျှတတအသက်ရှင်ပြီး အပိုအလိုကို ရှောင်ရှားကြပါသည်။
ကျန်းမာခြင်းပြုပြင်ပြောင်းလဲရေးနှင့် ကျန်းမာခြင်းနှင့်ချုပ်တည်းခြင်း၏ သွန်သင်ချက်တို့ သည် ခွဲခြား၍မရသော အသင်းတော်၏သတင်းစကားဖြစ်သည်။ ကျွန်ုပ်တို့အတွက်ညွှန်ကြားချက် သည် ဘုရား၏စေတမန်ထံမှ ဖော်ပြသည်မှာ၊ “ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ရှောက် သောသူတို့သည် ဘုရားသခင်နှင့်သန့်ရှင်းသော ဆက်သွယ်မှုပြုရမည်ဖြစ်ပြီး အစားအသောက်ချုပ် တည်းခြင်းအားဖြင့် သူတို့၏စိတ်နှင့်ခန္ဓာကိုယ်ကို အမှုတော်အတွက် အကောင်းဆုံးအခြေအနေ၌ ထားရှိရမည်။” (CH ၁၃၂). ၎င်းပြင်ဘုရားသခင်၏ချမှတ် ထားသောပုံစံမျာ ကျန်းမာရေးပြုပြင် ပြောင်းလဲရေး ဩဇာညောင်းခြင်းကိုပြန်လည် ရရှိခြင်းမှာ နောက်ဆုံးအနေဖြင့် ကြိုးစား၍ ဝမ်း မြောက်ဖွယ်သတင်းစကားကို ကြွေးကြော်ဟောပြောခြင်း၌ ပါဝင်ရမည့်သတင်းစကားဖြစ်သည်။ (MM ၂၅၉).
ကျွန်ုပ်တို့၏ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အားလုံးတို့သည် ဘုရားရှင်နှင့် ဆိုင်သည်။ ထိုကြောင့် ကျွန်ုပ်တို့၏ဘာသာရေးတာဝန်မှာ ကျန်းမာရေးဥပဒေများကို လိုက်လျှောက်ရမည်ဖြစ်ပြီး ကျွန်ုပ် တို့၏ကိုယ်ခန္ဓာကျန်းမာရေးနှင့် ပျော်ရွှင်ခြင်းနှစ်မျိုးစလုံးတို့သည် ဘုရားရှင်အမှုတော်နှင့် အဖွဲ့ အစည်း အတွက် ပို၍ပြည့်၀စွာ အကျိုးပြုမည်ဖြစ်သည်။ ကျွန်ုပ်တို့၏အာဟာရကောင်းမွန်ခြင်း ကို ထိန်းချုပ်ရမည်။ ဘုရားသခင်သည် ရက်ရောစွာအစာ မျိုးစုံကို လုံလုံလောက်လောက် လိုအပ်သည့် အာဟာရမျိုးစုံဖြင့် မိမိတို့အတွက်ကျေနပ်မှုရှိရန် ပေးထားသည်။ “အသီးအနှံများ၊ ဆန်စပါးများ နှင့် ဟင်းသီးဟင်းရွက်များတို့ကို ရိုးရိုးနည်းဖြင့်ပြင်ဆင်ပြီး --- ပြုလုပ်ခြင်း၊ နို့ (သို့မဟုတ်) မလိုင်၊ ကျန်းမာခြင်းကို အကောင်းဆုံးပေးနိုင်သည့်အာဟာရများကိုလည်း ဘုရားရှင်ပေးထား သည်။” (CD ၉၂).
ကျန်းမာစွာနေထိုင်နိုင်ရန် စည်းမျဉ်းဥပဒေများတို့ကို လိုက်လျှောက်ကြသောအခါ၊ လှုပ်ဆော်မှုများအတွက် လိုအပ်ချက်ရှိနေသေးသည်ဟု မခံစား
ဘုရားသခင်သည် ကျန်းမာရေးဥပဒေနှင့် ပတ်သက်၍ ကြီးမားသောအလင်းကို ကျွန်ုပ်တို့ အားပေးထားပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ ခေတ်မီသိပ္ပံနည်းအရ သုတေသနပြုကာ ဤဥပဒေ များကို ကောင်းမွန်စွာခွဲခြားလေ့လာထားလျက်ရှိပါသည်။
ဝတ်စားဆင်ယင်ခြင်း
ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းတော်ရှိ ခရစ်ယာန်များကို လောကအထဲမှ ထွက်လာကြရန် ဘုရားရှင်ခေါ်ထုတ်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ဘာသာရေးသည် ကျွန်ုပ်တို့၏လှုပ် ရှားမှုအားလုံးအပေါ် ပြုပြင်ပြောင်းလဲရေးဩဇာသက်ရောက်ရပါမည်။ ကျွနိုပ်တို့၏ အကျင့်ဓလေ့ သည် စည်းကမ်းဥပဒေအပေါ် အခြေခံရမည်။ လောက၏ပုံသက်သေအပေါ် ရပ်တည်ရမည်မဟုတ် ပါ။ ဓလေ့ထုံးစံနှင့်ဆင်ယင်မှုပြောင်းလဲနိုင်သည်။ သို့သော် မှန်ကန်သည့်အပြုအမူနှင့်ဆိုင်သည့် စည်းမျဉ်းဥပဒေသည် ပြောင်းလဲခြင်းမရှိပါ။ ရှေးကျွန်ုပ်တို့၏သမိုင်း၌ အယ်လင်၊ ဂျီ၊ ဝှိုက်ရေးသား ခဲ့သည်မှာ ခရစ်ယာန် ဝတ်စားဆင်ယင်ခြင်း၏ရည်ရွယ်ချက်မှာ၊ “ဘုရားသခင်၏လူများကို လောက၏ ပျက်စီးယိုယွင်းသောဩဇာမှကာကွယ်ရန်နှင့် ကိုယ်ခန္ဓာနှင့် စိတ်ဓာတ်ကျန်းမာခြင်းကို အားပေးရန်အတွက်လည်းဖြစ်ပါသည်။” (4T ၆၃၄). သူမအကြံပေးသည်မှာ တောက်ပသော အဝတ် အစားနှင့် အမျိုးမျိုးသောဆင်ယင်မှုပြုခြင်း၊ ခေတ်မီ၍ အလွန်အကျွံဆင် ယင်မှုများ ဆင်ယင်ခြင်း၊ အထူးသဖြင့် သိက္ခာကျဆင်းစေသည့် ဝတ်စားဆင်ယင်ခြင်းများတို့ကို ရှောင်ရှား၍ တတ်နိုင် သရွေ့ဝတ်ဆင်
ဘုရားသခင်၏သားသမီးတို့၏ဝတ်စားဆင်ယင်မှုမှာ ရှေးရိုးဆန်ခြင်း၊ ရိုးရိုးယဉ်ယဉ် သာလျှင်ဖြစ်ပြီး သူတစ်ပါး၏စိတ်ထဲတွင် မေးခွန်းထုတ်စရာ မဖြစ်စေရပါ။
“ရွှေငွေရတနာနှင့် တန်ဖိုးကြီးမားသောဆင်ယင်မှုများကိုမပြုဘဲ ရိုးရိုးယဉ်ယဉ်ဝတ် ဆင်ခြင်းသည် ကျွန်ုပ်တို့၏ယုံကြည်ချက်နှင့်ကိုက်ညီသည်။” (3T ၃၆၆). ကျမ်းစာတော် မြတ်ထဲ၌လည်း ရွှေငွေရတနာဆင်ယင်ခြင်းသည် ဘုရားရှင်အလိုတော်နှင့် ဆန့်ကျင် ကြောင်း ရှင်းလင်းစွာဖော်ပြထားပါသည်။ တမန်တော်ပေါလုအနေဖြင့် ကျွန်ုပ်တို့မည်ကဲ့ သို့ ဝတ်ဆင်ရမည်ကို သွန်သင်ခဲ့သည်မှာ၊ “မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ အဖိုးထိုက်သောအဝတ်နှင့် ကိုယ်ကိုမဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေ စောင့်ခြင်းအားဖြင့် လျောက်ပတ်သောအဝတ်နှင့်လည်းကောင်း၊ ဘုရားသခင်အားရိုသေ လေးမြတ်ခြင်းကို ဝန်ခံပြုစုသောမိန်းမဆင်ယင်သင့်သည်အတိုင်း၊ ကောင်းသောအကျင့်နှင့် လည်းကောင်း ကိုယ်ကိုတန်ဆာဆင်ခြင်းငှာ ငါအလိုရှိ၏” (၁တိ ၂း၉၊၁၀) ဟု ဖြစ်ပါ သည်။ တန်ဖိုးရှိသောပုလဲရတနာဖြင့် တန်ဆာဆင်ခြင်းသည် ခရစ်ယာန်ကျင့်ဝတ်နှင့် မကိုက်ညီရခြင်းမှာ စိတ်နေမြင့်ခြင်းသို့ ပို့ဆောင်စေသည့်အရာတစ်ခုဖြစ်သည်။
တချို့တိုင်းပြည်များနှင့်ဓလေ့ထုံးစံများမှာ လက်ထပ်လက်စွပ်ဝတ်ဆင်ခြင်းဓလေ့ သည် အိမ်ထောင်သည်ဖြစ်ကြောင်း အမှတ်အသားကိုဖော်ပြသည့်အတွက် ဆင်ယင်သင့် သည်ဟု ယူဆကြသည်။ ထိုကြောင့် ၎င်းဆင်ယင်ခြင်းကို ပုလဲရတနာဆင်ယင်ခြင်းဟု မသတ်မှတ်ပါ။ ၎င်းဓလေ့ထုံးစံကြောင့် ဝတ်ဆင်ခြင်းကိုလည်း ကျွန်ုပ်တို့အပြစ်မစီရင်ပါ။
ကျွန်ုပ်တို့သတိရရမည့်အချက်မှာ ပြင်ပဆင်ယင်ခြင်းသည် စစ်မှန်သော ခရစ်ယာန် တစ်ဦး၏စာရိတ္တကို ဖော်ပြခြင်းမဟုတ်ပါ။ “သင်တို့၌ တန်ဆာဆင်ခြင်းမူကား ဆံပင်ကျစ် ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ၊ ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မ ဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏အတွင်းလူဖြစ်စေ ကြလော့” (၁ပေ ၃း၃၊၄)။ သူတစ်ပါးအတွက် နှစ်သက်ဖွယ်မဟုတ်သည့်အရာနှင့် ခရစ်ယာန်ဣန္ဒြေသိက္ခာ၏ စည်းမျဉ်းနှင့်မကိုက်ညီသည့်အရာများဖြစ်သည့် ဆင်ယင်ခြင်း တို့ကို ရှောင်ကြဉ်သင့်သည်။
ဘုရားရှင်ကိုနှစ်သက်စေပြီး ခရစ်တော်ကိုမှန်ကန်စွာကိုယ်စားပြုနိုင်ရန် သန့်ရှင်းခြင်း နှင့် ခရစ်တော်နှင့်တူသောအပြုအမူကို အချိန်တိုင်း၌ ကြိုးစားရှာဖွေနေထိုင် လိုက်လျှောက် သင့်သည်။ ခရစ်ယာန်မိဘများအနေဖြင့် ပုံသက်သေအားဖြင့်သော်လည်းကောင်း၊ ဆုံးမ သွန်သင်ခြင်း၌သော်လည်းကောင်း တန်ခိုးအာဏာဖြင့် မိမိတို့သားသမီးများတို့ကို ယဉ် ကျေးသိမ်မွေ့စွာဝတ်စားဆင်ယင်မှုပြုစေကြပြီး မိမိတို့ကိုသိကျွမ်းသောသူတို့ရှေ့၌ လေးစား ဖွယ်၊ ယုံကြည်စိတ်ချဖွယ်အသက်တာကို ထင်ရှားစေနိုင်ရမည်။ ကောင်းမွန်၍ ယဉ်ကျေး သိမ်မွေ့စွာ၊ ရိုးရိုးယဉ်ယဉ်ဣန္ဒြေသိက္ခာရှိသည့် ရိုသေလေးစားဖွယ်ဝတ်စားဆင်ယင်မှုကို ဝတ်ဆင်ကြပါစို့။
ရိုးစင်းခြင်း
ရိုးစင်းခြင်းသည် အစကနဦးမှစ၍ အသင်းတော်၏အခြေခံရုပ်လုံးတစ်ခု ဖြစ်ခဲ့ပါ သည်။ ကျွန်ုပ်တို့အားလုံးတို့သည် ၎င်းရိုးစင်းသည့်အသက်တာကို ဆက်လက်နေ ထိုင်ကြ ရမည်။ ဘာသာရေး၌ ပကာသနနှင့် ကြီးကျယ်ခမ်းနားခြင်းသည် ဝိညာဉ်ရေးတန်ခိုးကို အမြဲပင်ကျဆင်းစေပါသည်။ ယေရှု၏ အသက်တာ်သည် မိမိအသက်ရှင်စဉ်အချိန်၌ ဂုဏ်ပကာသနနှင့် ကြွားဝါခြင်း
ခေတ်မီဆက်သွယ်မှု
ကျွန်ုပ်တို့၏ကိုယ်ခန္ဓာနည်းတူ ကျွန်ုပ်တို့၏အတွင်းစိတ်သည် အသစ်လန်းဆန်းရန် နှင့် ခွန်အားရရှိရန် ကောင်းသောပြုစုပျိုးထောင်ခြင်း အစာရေစာ ကိုလိုအပ်ပါသည်။ (၂ကော ၄း၆)။ ကျွန်ုပ်တို့၏စိတ်နေစိတ်ထားသည် ကျွန်ုပ်တို့၏အတိုင်းအတာဖြစ်သည်။ ကျွန်ုပ်တို့၏စိတ်နှလုံးအတွက် အစာအာဟာရမှာ ကျွန်ုပ်တို့၏စာရိတ္တကို ပျိုးထောင်မှုပြုပြီး ကျွန်ုပ်တို့၏အသက်တာ ရည်ရွယ်ချက်ကို ပို့ဆောင်စေသည့် ရေးကြီးသောအရာဖြစ်သည်။ ဤအကြောင်းရင်းကြောင့် ကျွန်ုပ်တို့၏စိတ်ပိုင်းဆိုင်ရာအကျင့်ဓလေ့များကို သေချာစွာ ဆန်းစစ်သင့်သည်။ ကျွန်ုပ်တို့ဖတ်ရန်၊ နားဆင်ရန်နှင့်ကြည့်ရှုရန် စာအုပ် (သို့မဟုတ်) မဂ္ဂဇင်အားဖြင့်သော်လည်းကောင်း၊ ရေဒီယို (သို့မဟုတ်) ရုပ်မြင်သံကြားအားဖြင့် သော် လည်းကောင်း၊ အင်တာနက် (သို့မဟုတ်) အခြားသောခေတ်မီဆက်သွယ်မှုအားဖြင့် သော် လည်းကောင်း အစရှိသည်တို့ကို ရွေးချယ်ရာတွင် ကျွန်ုပ်တို့၏အသက်တာကိုပုံသွင်းပြီး ကျွန်ုပ်တို့၏အကျင့်စာရိတ္တကို တည်ဆောင်စေပါသည်။
စာအုပ်များနှင့်အခြားစာပေများတို့သည် ပညာနှင့်ယဉ်ကျေးမှုကိုပေးဆောင်နိုင်သည့် တန်ဖိုးအရှိဆုံးအရာဖြစ်သော်လည်း ၎င်းတို့ကို သေချာစွာ
“စိတ်လှုပ်ရှားဖွယ်ရာပုံပြင်အားဖြင့် မိမိတို့၏စွဲကပ်နေသည့်အကျင့်ရှိသူတို့သည် မိမိ တို့၏အသိတရားခွန်အားကို ချည့်နဲစေပြီး ကောင်းသောအတွေးအခေါ်နှင့်ရှာဖွေစူးစမ်းမှုကို ပြုနိုင်စွမ်းမရှိပါ။” (CT ၁၃၅). စိတ်ကူးယဉ်ဝတ္ထုများဖတ်ရှုခြင်းအကျင့်မှရရှိသော အခြား ဆိုးကျိုးများကြောင့် ကျွန်ုပ်တို့အား ပြောဆိုသည်မှာ၊ “တာဝန်နှင့်အသက်တာခရီး ဆုံးခန်း ၏ကြီးမား သောပြဿနာများကို ဆင်ခြင်တွေးတောရန်ခွန်အားမရှိခြင်း” နှင့် “အသက်တာ ၏လက်တွေ့ တာဝန်များကို ဆောင်ရွက်လိုစိတ် မရှိစေရန် ဖန်တီးခြင်းများဖြစ်စေပါ သည်။” (CT ၃၈၃).
ရေဒီယို၊ ရုပ်မြင်သံကြားနှင့် အင်တာနက်တို့သည် ကျွန်ုပ်တို့၏လက်ရှိ ကမ္ဘာကြီး၏ အသွင်အပြင်တစ်ခုလုံးကို ပြောင်းလဲလိုက်ပြီး ကမ္ဘာတစ်ခုလုံး၏ အသက်တာ၊ အတွေး အခေါ်နှင့် လှုပ်ရှားမှုများတို့နှင့် လွယ်ကူစွာဆက်သွယ်မှုပြုနိုင်သည့် အခြေအနေကိုပေး သည်။ ထိုအရာတို့သည် ကြီးမားသောပညာရေး ကိုယ်စားလှယ်များဖြစ်ပြီး ကမ္ဘာ့အဖြစ် အပျက်များ၏အသိတရားတို့ကို ကြွယ်၀စေနိုင်ပြီး တေးဂီတ၌ အရေးကြီးသောဆွေးနွေး ချက်များနှင့် အကောင်းဆုံးဝမ်းမြောက်ပျော်ရွှင်မှုကို လည်း ပေးဆောင်နိုင်သည်။
သို့သော် သတိပြုစရာမှာ ခေတ်မီဆက်သွယ်မှုမျိုးစုံတို့သည် မိမိတို့၏ ပရိသတ်များ ကို ပြဇာတ်နှင့်အခြားသရုပ်ဆောင်မှုများတို့၏ ဩဇာလွှမ်းမိုးမှုအောက်၌ အမြဲလိုပင်ဆက် တိုက်ပို့ဆောင်ကာ စိတ်ဓာတ်ရေးရာကျန်းမာခြင်းနှင့် တိုးတက်ကြီးထွားခြင်း ကို မပေးနိုင် ပါ။ ထိုဆက်သွယ်မှုများတို့ကို ခွဲခြား၍ အသုံးမပြုတတ်ပါက ညစ်ပတ်၍ရွံရှာမုန်းတီးဖွယ် အစီအစဉ်များကို
ကျွန်ုပ်တို့ကိုယ်တိုင်နှင့်သားသမီးများတို့အတွက် လုံခြုံမှုရှိစေရန် ဘုရားရှင်၏ကူညီမှု ဖြင့် ဆုံးဖြတ်ချက်ကို တမန်တော်ပေါလု၏ဆုံးမပြောဆိုခြင်း အတိုင်းလိုက်လျှောက်ရန်ဖြစ် သည်။ “ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါးနှစ် သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့်ရှိသမျှတို့ကိုလည်းကောင်း၊ ပါရမီတစ်ပါး ပါး၊ ကောင်းသော သတင်းတစ်ပါးပါးနှင့် ဆိုင်သောအကျင့်တို့ကို လည်းကောင်း နှလုံး သွင်းကြလော့” (ဖိလိပ္ပိ ၄း၈)။
အပန်းဖြေခြင်းနှင့်ဖျော်ဖြေခြင်း
အပန်းဖြေခြင်း၏ရည်ရွယ်ချက်မှာ ကိုယ်ခန္ဓာနှင့် စိတ်၏တန်ခိုးကို ပြန်လည်၍ လန်းဆန်းစေရန်ဖြစ်သည်။ အားအင်ပြည့်၀၍ ကျန်းမာသောစိတ်ကို လောကီဖျော်ဖြေခြင်း အားဖြင့်မရဘဲ ကောင်းသောအပန်းဖြေခြင်းအားဖြင့် သာလျှင် ရရှိနိုင်ပါသည်။
“ယနေ့ ဤလောက၌ရေပန်းစားသော ဖျော်ဖြေခြင်းများစွာတို့သည် မိမိကိုယ်ကိုခရစ် ယာန်ဟုပြောဆိုကြသောသူတို့ကိုပင် အဆုံး၌တစ်ပါးအမျိုးသား ကဲ့သို့သာလျှင်စခန်းသွား ကြစေရန် ပို့ဆောင်စေပါသည်။ လူနည်းစုသာလျှင် မာရ်နတ်၏နောက်သို့လိုက်ပါသွား ခြင်းမရှိဘဲ မိမိတို့၏ဝိညာဉ်ကို မပျက်စီးစေရန် ထိန်းသိမ်းနိုင်ပါသည်။ ဇာတ်လမ်းအား ဖြင့် ပြင်းပြသည့် ဆန္ဒကို လှုပ်ဆော်ခြင်းနှင့် အကျင့်ဆိုးကိုချီးမြှောက်ခြင်းတို့ကိုပြုရန် ခေတ်အဆက်ဆက်၌ မာရ်နတ်သည် လုပ်ဆောင်ခဲ့ပါသည်။ စိတ်ဝင်စားဖွယ်အမူအရာနှင့် သရုပ်ပျက်တေးဂီတအားဖြင့် သော်လည်းကောင်း၊ ဟန်ဆောင်ခြင်း၊ ကခုန်ခြင်း၊ ကတ်စား ပွဲပြင်ဆင်ထားခြင်းများပါရှိသည့် တီးမှုတ်ဖျော်ဖြေခြင်းအားဖြင့် စာတန်မာရ်နတ်သည် အသုံးပြုကာ စည်းမျဉ်းဥပဒေကိုဖြိုဖျက်၍ အစားအသောက်ကာမဆန္ဒနှင့်ဆိုင်သော စိတ်အ လိုလိုက်ခြင်းတံခါးကို ဖွင့်ထားပေးလျက်ရှိသည်။ ပျော်ရွှင်မှုအတွက် စုရုံးကြသည့်အခါ တိုင်းတွင် ကြွားဝါခြင်းကိုတွန်းပို့ခြင်း (သို့မဟုတ်) အာဟာရစိတ်အလိုလိုက်ခြင်းတို့ကို ဖြစ်စေပါသည်။ ဘုရားကိုမေ့ပျောက်ရန် ပို့ဆောင်ခံရခြင်းနှင့် ထာ၀ရစိတ်ဝင်စားမှုများအ တွက် မျက်ခြည်ပြတ်စေခြင်းတို့အားဖြင့် မာရ်နတ်သည် စိတ်ဝိညာဉ်ကို မိမိ၏နယ်မြေအ တွင်းသို့အတွင်းသို့ စည်းနှောင်ထားလိုက် ခြင်းဖြစ်သည်။” (PP ၄၅၉,၄၆၀).
ကျွန်ုပ်တို့သည် မိမိတို့၏အကျင့်စာရိတ္တကို ပျက်စီးယိုယွင်းစေနိုင်သည့် ဇာတ်လမ်း များ၊ ထင်ရှားစွာ၊ ပေါ်လွင်စွာတင်ဆက်သော မကောင်းသည့်ရုပ်ပုံများ (သို့မဟုတ်) လူ သားများ၏အပြစ်ကျူးလွန်ခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်း အကြောင်းအရာများ၊ သတ် ဖြတ်ခြင်း၊ သူတစ်ပါးသားမယားပြစ်မှားခြင်း၊ ခိုးဝှက်လုယက်ခြင်းနှင့် အလားတူအပြစ် ဒုစရိုက် များအားလုံးတို့ကို ရှောင်ရှားရမည်။ ၎င်းနေရာ၌ ဘုရားရှင်၏ကြီးမားသော သဘာ၀လောကကမ္ဘာကြီး၏အလှအပကို စူးစမ်းရှဖွေခင်တွယ်ခြင်းပြုရန်နှင့် လူသားကိုယ် စား လှယ်များနှင့် ဘုရားရှင် လက်ရာတော်၏ အချစ်ဇာတ်လမ်း၌ ပျော်ရွှင်မှုများကို ရှာဖွေရန်ပြုလုပ်သင့်ပေသည်။
လူမှုရေးကခုန်မြူးထူးခြင်းသည် ဆိုးသွမ်းမှုဩဇာသက်ရောက်စေသည့် အခြားဖျော် ဖြေခြင်းပုံစံတစ်မျိုးဖြစ်ပါသည်။ “ကခုန်ခြင်း၏ဖျော်ဖြေမှုသည်----- ကိုယ်ကျင့်တရား ပျက်ပြားစေသည့် ကျောင်းပတ်ဝန်းကျင်အတွက် ကြောက်မက်ဖွယ်ရာကျိန်ခြင်းမင်္ဂလာ တစ်ပါးဖြစ်သည်” (MYP ၃၉၉) (၂ကော ၆း၁၅-၁၈။ ၁ယော ၂း၁၅-၁၇။ ယာကုပ် ၄း၄။ ၂တိ ၂း၁၉-၂၂။ ဧဖက် ၅း၈-၁၁။ ကောလောသဲ ၃း၅-၁၀ တို့ကိုလည်းဖတ်ပါ။)
အပန်းဖြေရန်လိုအပ်သည်။ သို့သော် “ဘုရားကိုချစ်သောသူများထက် ပျော်ရွှင်မှုကိုပို ၍ချစ်သူများ” ဖြစ်ကြသည့် လူထုပရိသတ်တို့နှင့်ပေါင်းစည်းခြင်း မပြုကြဘဲ (၂တိ ၃း၄)၊ ခရစ်တော်ကို ဗဟိုပြုခြင်းနှင့် အသင်းတော်ကို ဗဟိုပြုသည့် မိတ်သဟာယဖွဲ့ခြင်း၊ အပန်း ဖြေခြင်းများကို ကြိုးစား၍ပြုသင့်ကြပါသည်။
တေးဂီတ
“တေးဂီတသည် သန့်ရှင်းသောရည်ရွယ်ချက်အတွက်ဖြစ်ပြီး ကျွန်ုပ်တို့၏အတွေး အ ခေါ်ကို သန့်ရှင်းဖြူစင်ခြင်း၊ မြင့်မြတ်ခြင်းနှင့် အထက်အရပ်သို့ပို့ဆောင်စေကာဘုရား ရှင် အားဝတ်ပြုရန်နှင့် ဂုဏ်တော်ကိုချီးမွမ်းရန် ကျွန်ုပ်တို့၏စိတ်နှလုံးကိုနှိုးဆွပေးစေပါ သည်။” (ဏဏ
၅၉၄). ယေရှုသည် “သီချင်းအားဖြင့် ကောင်းကင်နှင့်အဆက်အသွယ်ပြုသည်” (Dဗ
၇၃).
တေးဂီတသည် အမြင့်ဆုံးသောပညာတစ်ခုဖြစ်သည်။ ကောင်းသော တေးဂီတာသည် စိတ်၏ပျော်ရွှင်မှုကိုပေးနိုင်ရုံသာမက ကျွန်ုပ်တို့၏စိတ်ကို မြင့်ရာအရပ်သို့ပို့ဆောင်ပြီး အ ကောင်းဆုံးသောအရည်အချင်းကို ပြုစုပျိုးထောင်ပေးသည်။ ဘုရားသခင်သည်မကြာခဏ ဝိညာဉ်ရေးသီချင်းများကို အသုံးပြုကာ အပြစ်သားများတို့၏စိတ်နှလုံးကို ထိတွေ့စေပြီး နောင်တလမ်းသို့ပို့ဆောင်တော်မူသည်။ သို့သော်အခြားတစ်ဘက်၌ယုတ်ညံ့သည့်တေးဂီတ မှာ အကျင့်စာရိတ္တကိုပျက်စီးစေပြီး ဘုရားရှင်နှင့်မိတ်သဟာယဖွဲ့ခြင်းမှ ဝေးကွာသွားစေရန် ဆွဲယူတော်မူသည်။
အိမ်၌ သော်လည်းကောင်း၊ လူမှုရေးစုရုံးခြင်း အစီအစဉ် ၌သော်လည်းကောင်း၊ ကျောင်း၌သော်လည်းကောင်း၊ ဘုရားကျောင်း၌သော်လည်းကောင်း တေးဂီတရွေးချယ်ရာ တွင် ကျွန်ုပ်တို့သည် အထူးသတိပြုရပေမည်။ သံစဉ်အမျိုးမျိုးဖြစ်သည့် တီးမှုတ်သံများ၊ ကခုန်မြူးထူးခြင်းများ၊ အော်ဟစ်သံများ၊ လွမ်းဆွေးသောအသံများ၊ အသုံးပြုသောစာသား များတွင် အဓိပ္ပါယ်ကင်းမဲ့သော စကားများ အစရှိသည်တို့ကို ရှောင်ကြဉ်ရပါလိမ့်မည်။
နိဂုံး
နောက်ဆုံးနေ့ရက်များ၏ကြောက်မက်ဖွယ်ရာကောင်းသော အန္တရာယ်များ၏အကြား ၌ အသက်ရှင်ကြသောအခါတွင်သော်လည်းကောင်း၊ ဤလောက
-၀-
No comments:
Post a Comment