၁။ ဝိညာဉ် (THE SPIRIT)
၂။ ဝိညာဉ် (THE SOUL)
“ငရဲ” ဟု
ဘာသာပြန်ထားသောစကားလုံးလေးလုံး ၂၂၄
အခန်းကြီး - ၅၃။
၅၃။ ဆုတောင်းပဌနာပြုခြင်း
PRAYER
ဆုတောင်းခြင်းကို ဘုရားသခင်နားညောင်းတော်မူပါသလား။
ဆာလံ ၆၅း၂၊ “ပဌနာစကားကိုနားထောင်တော်မူသောဘုရား၊ ကိုယ် တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရကြလိမ့်မည်။”
ဆာလံ၂၇း၈၊ “ငါ၏မျက်နှာကိုရှာကြလော့၊ ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက်၊ အိုထာ၀ရဘုရား၊ ကိုယ်တော်၏ မျက်နှာကို ရှာပါမည်။”
ဆုတောင်းခြင်းနှင့်ပတ်သက်သော သမ္မာကျမ်းစာဆိုင်ရာ ကတိတော် များ၊
၁ တိမောသေ ၂း၈၊ “အရပ်ရပ်တို့၌ ယောက်ျားတို့သည် အမျက်ထွက် ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ၊ သန့်ရှင်းသောလက်ကို ချီ၍ဆုတောင်းစေခြင်းငှာ ငါအလိုရှိ၏။”
ရောမ ၁ဝး၁၂၊“ယုဒအမျိုး၊ ဟေသလ(ဂရိ)အမျိုးကိုမရွေး၊ လူအပေါင်း တို့ကို အစိုးရသောအရှင်တပါးတည်းရှိ၍၊ ကိုယ်တော်ကို ပဌနာပြုသော သူ ပေါင်းတို့၌ ကျေးဇူးကြွယ်၀တော်မူ၏။”
ဆုတောင်းခြင်းကို နားညောင်းတော်မူရန် ဘုရားသခင်၏စေတနာ တော်နှင့် ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ပြောဆိုပါသနည်း။
မဿဲ ၇း၈၊ “တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏”
မဿဲ ရး၈၊ “သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို hအား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူ သော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကို သာ၍ ပေးတော်မူမည်မဟုတ်လော။”
ယောဟန် ၁၆း၂၃၊၂၄၊ “ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော် သည် ပေးတော်မူမည်။ ယခုတိုင်အောင်ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာ အကြောင်း စုံလင်စေခြင်းငှာ တောင်းကြလော့၊ တောင်းလျှင်ရကြလိမ့်မည်။”
ဘုရားသခင်ထံတော်သို့ ကျွန်ုပ်တို့သည်မည်သို့ဆုတောင်းရမည်နည်း။
ဖိလိပ္ပိ ၄း၆၊ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ၊ အရာရာ၌ ကျေးဇူး တော်ကို ချီးမွမ်းခြင်းနှင့်တကွ၊ ဆုတောင်းပဌနာပြုသောအားဖြင့် သင်တို့ တောင်းပန်လိုသောအရာများတို့ကိုဘုရားသခင်အား ကြားလျှောက်ကြလော့။”
ဟေဗြဲ ၁၁း၆၊ “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင့် အထံတော်သို hချဉ်းကပ်သော သူ သည်၊ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ကိုယ်တော်ကိုရှာသောသူအား အကျိုး
ပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။”
မာကု ၁၁း၂၄၊ “ထို့ကြောင့် ငါဆိုသည်ကား၊ သင်တို့သည်ဆုကျေးဇူးကို ရမည်ဟုယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။”
မှတ်ချက်။ ကျွန်ုပ်တို့အတွက်ပြုလုပ်တော်မူခဲ့သောအရာများအတွက် လည်းကောင်း၊ နားညောင်းတော်မူမည်ဟု ယုံကြည်သောကြောင့်လည်းကောင်း ကျွန်ုပ်တို့သည်ဘုရား သခင်ထံတော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းကြရပါမည်။ ကျွန်ုပ်တို့ကို ထိခိုက်သောသူတို့အား ကျွန်ုပ်တို့သည် ခွင့်လွှတ်သကဲ့သို့ ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်တော်မူရန် ကျွန်ုပ်တို့သည် ဆုတောင်းရပါမည်။
မာကု ၁၁း၂၅၊၂၆၊ “သင်တို့သည် ဆုတောင်းသောအခါ သူတပါး၌ အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။ သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကိုလွှတ်တော်မမူ။”
ဖျားနာသောသူများအနာရောဂါပျောက်ကင်းရန်ဆုတောင်ပေးသင့်ပါသလား။
ယာကုပ် ၅း၁၃-၁၅၊ “သင်တို့တွင် ဆင်းရဲဒုက္ခခံရသော သူရှိလျှင်၊ ဆုတောင်းစေ။ ရွှင်လန်းသောသူရှိလျှင် ဆာလံသီချင်းကို ဆိုစေ။ နာသောသူ ရှိလျှင် သင်းအုပ်တို့ကို ခေါ်၍ သူတို့သည်သခင်ဘုရား၏နာမတော်ကို အမှီပြု လျက်၊ လူနာကို ဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။ ထိုသို့ပြုလျှင် ယုံကြည်ခြင်း၏ ပဌနာသည် လူနာကို ကယ်ဆယ်၍၊ သခင်ဘုရားသည်သူ့ကို ထမြောက်စေတော်မူမည်။ သူသည်အပြစ် ပြုမိသော်လည်း၊ ထိုအပြစ်ကို လွှတ်တော်မူမည်။”
ဘုရားသခင်၏အလိုတော်နှင့်အညီ တောင်းလျှောက်ရမည်။
၁ ယောဟန် ၅း၁၄၊ ၁၅၊ “ငါတို hသည် ဘုရားသခင်အထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူကား၊ ငါတို့သည် အလိုတော်နှင့် အညီ တစုံတခုသော ဆုကိုတောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။ ဆုတောင်းသမျှ သော စကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင်၊ အထံတော်၌ တောင်းသော ဆုတို့ကို ရမည်ဟုသိရကြ၏။”
မိမိဆုတောင်းခြင်းများနှင့်ပတ်သက်၍ ဆာလံဆရာသည် မည်သို့ကိုယ် တိုင် သက်သေခံပါသနည်း။
ဆာလံ ၃၄း၄၊၆၊ “ငါသည်ထာ၀ရဘုရားကို ရှာသောအခါ နားထောင် တော်မူ၏။ ကြောက်မက်ဖွယ်သော အကြောင်းအလုံးစုံတို့အထဲက ငါ့ကိုကယ် နှုတ်တော်မူ၏။” “ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကိုထာ၀ရဘုရား သည် နားထောင်၍၊ ခပ်သိမ်းသောဆင်းရဲထဲက လွှတ်တော်မူ၏။”
ဆုတောင်းခြင်းကိုထိရောက်စေသည့် မရှိမဖြစ်အခြေအနေများမှာ၊
၁။ ယုံကြည်ခြင်း၊
မဿဲ ၂၁း၂၂၊ “ယုံကြည်ခြင်းပါလျက် ပဌနာပြု၍ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်။”
၂။ ဘုရားသခင်၏အလိုတော်ကိုလိုက်နာရန် အသင့်ရှိခြင်း၊
ဆာလံ ၃၄း၁၅၊ “ထာ၀ရဘုရားသည်ဖြောင့်မတ်သောသူတို့ကို ကြည့်ရှု တော်မူ၏။ သူတို့အော်ဟစ်သံကိုလည်း နားထောင် တော်မူ၏။”
ကျွန်ုပ်တို့၏ ဆုတောင်းခြင်းများ ဘုရားသခင် ကြားတော်မူစေရန် မည်သည့် အရာများက အတားအဆီးဖြစ်စေပါသနည်း။
ဆာလံ ၆၆း၁၈၊ “ငါသည်စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားသခင်သည် နားထောင်တော်မမူ။”
ယာကုပ် ၄း၃၊ “ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာဖို့ရှိစေခြင်း ငှာ၊ အလွှဲဆုတောင်းသောကြောင့်မရကြ။”
ဆုတောင်းခြင်း၌ ခရစ်တော်၏ပုံစံနမူနာမည်သို့ဖြစ်ပါသနည်း။
မာကု ၁း၃၅၊ “နံနက်အချိန်၊ မိုးမလင်းမီ၊ ကိုယ်တော်သည်ထပြီးလျှင်၊ တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော်မူ၏။”
လုကာ ၆း၁၂၊ “ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်းပဌနာ ပြုခြင်းငှာ တောင်ပေါ်သို့ကြွ၍ ဘုရားသခင်အား ဆုတောင်းပဌနာပြုလျက် တညလုံးနေတော်မူ၏။”
ကျွန်ုပ်တို့တောင်းလျှောက်သင့်သောသူဆုများမှာ၊
တစ်ယောက်နှင့်တစ်ယောက်အတွက် - ယာကုပ် ၅း၁၆။
ကျွန်ုပ်တို့၏ချစ်သူများအတွက်
- ကမ္ဘာဦး ၄၈း၁၆။
သန့်ရှင်းသောသူအားလုံးအတွက်
- ဧဖက် ၆း၁၈။
ဖျားနာသောသူများအတွက်
- ယာကုပ် ၅း၁၅။
အမှုဆောင်များစေလွှတ်ရန်အတွက်
- မဿဲ ၉း၃၇၊ ၃၈။
နောက်မိုးရွာရန်အတွက်
- ဇာခရိ ၁ဝး၁။
လူတိုင်းအတွက်
- ၁ ဟိမောသေ ၂း၁။
ကျွန်ုပ်တို့၏ရန်သူများအတွက်
- မဿဲ ၅း၄၄။
အပြစ်လုပ်မိသောညီအစ်ကိုအတွက်
- ၁ ယောဟန် ၅း၁၆၊၁၇။
မင်းအာဏာရှိများနှင့် အုပ်စိုးသူများအတွက် - ၁ တိမောသေ ၂း၁၊၂။
အေးချမ်းသာယာသောဘ၀အသက်တာအတွက် - ၁ တိမောသေ ၂း၂-၄။
နိုင်ငံတော်တည်ထောင်ရန်အတွက်
- မဿဲ ၆း၁၀။
ခွင့်လွှတ်ခြင်းနှင့်ကယ်တင်ခြင်းရရှိရန်အတွက်
- ဆာလံ ၈၆း၅။
အသိဉာဏ်ပညာတိုးတက်ရန်အတွက်
- ဆာလံ ၁၁၉း၁၂၅။
ဉာဏ်ပညာရရှိရန်အတွက်
- ယာကုပ် ၁း၅။
ဝိညာဉ်ရေးခွန်အားရရှိရန်အတွက်
- ဧဖက် ၃း၁၆။
သည်းခံခြင်းရှိရန်အတွက်
-၂သက်သာလောနိတ် ၅း၂၃။
သန့်ရှင်းသောအသက်တာရှိရန်အတွက်
- ၁ သက်သာလောနိတ် ၅း၂၃။
နေ့စဉ်လုံလောက်သောအစားအစာအတွက် - မဿဲ ၆း၁၁။
မည်သူ၏နာမ၌ ဆုတောင်းရမည်နည်း။
ယောဟန် ၁၆း၂၃၊ “သင်တို့သည် ငါ၏နာမကို အမှီပြု၍ခမည်းတော် မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။” (ယောဟန် ၁၄း၁၃)။
ယောဟန် ၁၄း၁၄၊ “သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစုံတခု သောဆုကို တောင်းလျှင်၊ တောင်းသည်အတိုင်းငါပြုမည်။”
ကျွန်ုပ်တို့သည် ခရစ်တော်၏နာမတော်ကိုအမှီပြု၍ ဘုရားသခင်ထံ တော်သို့ ဆုတောင်းရပါမည်။ ခရစ်တော်အားဖြင့်သာလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ သနားခြင်း ကရုဏာတော်ကို တိုးဝင်ချဉ်းကပ်နိုင်ပါသည်။
မည်သည့်စိတ်နေသဘောထားမျိုးနှင့်ကျွန်ုပ်တို့ဆုတောင်းရမည်နည်း။
မဿဲ ၂၆း၃၉၊ “ထိုမှအနည်းငယ်လွန်ပြန်လျှင်၊ ပြပ်ဝပ်၍ အကျွန်ုပ် အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလို ရှိသည်အတိုင်း ဖြစ်ပါစေသော။”
မှတ်ချက်။ သမ္မာကျမ်းစာထဲတွင်၊ အထူးသဖြင့် ဆာလံကျမ်းထဲတွင် ရေးမှတ်ထားသောဆုတောင်းခြင်းများ၊ များစွာရှိပါသည်။ မည်သို့ဆုတောင်းရ မည်၊ မည်သည့်အရာများကို တောင်းရမည်ဟူသောအချက်များကို သိရှိနိုင်ရန် ၎င်းဆုတောင်းခြင်းများကို ဖတ်ရှုလေ့လာပါ။
အခန်းကြီး - ၅၄။
နောက်ဆက်တွဲ၊ ၁။
THE SPIRIT
၁။ ဝိညာဉ်
ဝိညာဉ် (spirit) ဟူသောစကားလုံးကို ဓမ္မဟောင်းကျမ်းတွင် ၂၃၄ ကြိမ်တွေ့ ရသည်။ (ယောဘ ၂၆း၄ နှင့် သုတ္တံ ၂ဝး၂၇ မှအပ) အများအားဖြင့် ruach (ရူအား)ဟူသော ဟေဗြဲစကားလုံးမှ ဘာသာပြန်ထားခြင်းဖြစ်သည်။ Ruuch စကားလုံးကို ၄၄၂ ကြိမ်တွေ့ရပြီး၊ အဓိပ္ပါယ် ၁၆ မျိုးဖြင့်ဘာသာ ပြန်ဆိုထားသည်။ “ဝိညာဉ် (spirit)” ဟု ၂၃၂ ကြိမ်၊ “လေ (wind)” ဟု ၉၇ ကြိမ်၊ “အသက်ရှူ (breath)” ဟု ၂၈ ကြိမ်၊ “အနံ့ (smell)” ဟု ၈ ကြိမ်၊ “စိတ်နှလုံး (mind)” ဟု ၆ ကြိမ်၊ “လေပြင်း (blast)” ဟု ၄ ကြိမ် အသုံးပြု ထားသည်။
ဥပမာ၊ “အသက်ရှူ” - ကမ္ဘာဦး ၆း၁၇။ ၂ ဓမ္မရာဇဝင် ၂၂း၁၆။ ယောဘ ၄း၉။ ဆာလံ ၁၈း၁၅။ ဒေသနာ ၃း၁၉။ ယေရှာယ ၁၁း၄။ ယေရမိ ၁ဝး၁၄။ မြည်တမ်းစကား ၄း၂၀။ ယေဇကျေလ ၃ရး၅၊၆။ ဟဗက္ကုတ် ၂း၁၉။
“လေ” - ကမ္ဘာဦး ၈း၁။ ထွက်မြောက်ရာ ၁ဝး၁၃။ တောလည်ရာ ၁၁း၃၁။ ဓမ္မရာဇဝင် ၂၂း၁၁။ ၃ ဓမ္မရာဇဝင် ၁၈း၄၅။ ၄ ဓမ္မရာဇဝင် ၃း၁၇။ ယောဘ ၁း၁၉။ ဆာလံ ၁း၄။ သုတ္တံ ၁၁း၂၉။ ဒေသနာ ၁း၆။ ယေရှာယ ရး၂။ ယေရမိ ၂း၂၄။ ယေဇကျေလ ၁း၄။ ဒံယေလ ၈း၈။ ဟောရှေ ၄း၁၉။ အာမုတ် ၄း၁၃။ ယောန ၁း၄။ ဇာခရိ ၂း၆။
“အနံ့” - ကမ္ဘာဦး ၈း၂၁။ ထွက်မြောက်ရာ ၃ဝး၃၈။ ဝတ်ပြုရာ ၂၆း၃၁။ တရားဟောရာ ၄း၂၈။ ယောဘ ၃၉း၂၅။ ဆာလံ ၁၁၅း၆။ အာမုတ် ၅း၂၁။ “စိတ်နှလုံး” - ကမ္ဘာဦး ၂၆း၃၅။ သုတ္တံ ၂၉း၁၁။ ယေဇကျေလ ၁၁း၅။ ဟဗက္ကုတ် ၁း၁၁။
“လေပြင်း” - ထွက်မြောက်ရာ ၁၅း၈။ ၄ ဓမ္မရာဇဝင် ၁၉း၇။ ယေရှာ ယ ၂၅း၄။
“မုန်တိုင်း” - (ဆာလံ ၁၁း၆)။ “လေထု” (ယောဘ ၄၁း၁၆)။ “သတ္တိ” (ယောရှု ၂း၁၁)။ “အမျက်ဒေါသ” (တရားသူကြီး ၈း၃)။ “တို့ထိ” (တရားသူကြီး ၁၆း၉)။ “သိ” (ယေရှာယ ၁၁း၃)။ “လက်ခံ” (၁ ဓမ္မရာဇဝင် ၂၆း၁၉) စသဖြင့်လည်း အသုံးပြုထားပါသည်။
မှတ်ချက်။ Rကခေ့ (ဝိညာဉ်) သည် သေခြင်းနှင့် ကင်းလွှတ်သည်ဟု ပြောဆိုခြင်းမရှိပါ။
ဓမ္မဟောင်းကျမ်းတွင် “spirit” ဟု ဘာသာပြန်ဆိုထားသော အခြား စကားလုံးတစ်ခုမှာ N’shamah ဖြစ်ပါသည်။ ၂၄ ကြိမ်တွေ့ရပါသည်။ “အသက်ရှူ” ဟု ၁၇ ကြိမ်၊ “လေပြင်း” ဟု ၃ ကြိမ်၊ “ဝိညာဉ်” ဟု ၂ ကြိမ်၊ “အသက်” ဟု ၁ ကြိမ် ဆိုထားပါသည်။
ဥပမာ၊ “အသက်ရှူ” - ကမ္ဘာဦး ၂း၇။ တရားဟောရာ ၂ဝး၁၆။ ၃ ဓမ္မရာဇဝင် ၁၅း၂၉။ ယောဘ ၂ရး၃။ ဆာလံ ၁၅ဝး၆။ ယေရှာယ ၂း၂၂။ ဒံယေလ ၁ဝး၁၇။
“လေပြင်း” - ၂ ဓမ္မရာဇဝင် ၂၂း၁၆။ ယောဘ ၄း၉။ ဆာလံ ၁၈း၁၅။
“ဝိညာဉ်” - ယောဘ ၂၆း၄။ သုတ္တံ ၂ဝး၂၇။
“အသက်” - ယေရှာယ ၅၇း၁၆။
“ရှူရှိုက်သွင်း” -ယောဘ ၃၂း၈။
ဓမ္မသစ်ကျမ်းတွင် “spirit” ဟုသောစကားလုံးကို ဂရိဘာသာစကား စညနကာa မှဘာသာပြန်ဆိုထားခြင်းဖြစ်၍၊ ၃၈၅ ကြိမ်တွေ့ရပါသည်။
Pneuma ကို “spirit” ဟု ၂၉၁ ကြိမ်ဘာသာပြန်ဆိုထားသည်။ “Ghost” ဟု ၉၂ ကြိမ်၊ “wind” လေ ဟု တစ်ကြိမ်၊ “အသက်” ဟုတစ်ကြိမ် အသုံးပြုထားပါသည်။ ဥပမာ၊ “Ghost ဝိညာဉ်တစ္ဆေ” - မဿဲ ၁း၁၈။ မာကု ၁း၈။ လုကာ ၁း၁၅။ ယောဟန် ၁း၃၃။ တမန်တော် ၁း၂။ ရောမ ၅း၅။ ၁ ကောရိန်သု ၂း၂၃။ ၂ ကောရိန်သု ၆း၆။ ၁ သက်သာလောနိတ် ၁း၅၊ ၆။ တိမောသေ ၁း၁၄။ တိတု ၃း၅။ ဟေဗြဲ ၂း၄။ ၁ ပေတရု ၁း၁၂။ ၂ ပေတရု ၁း၂၁။ ၁ ယောဟန် ၅း၇။ ယုဒ ၁း၂၀။
“လေ” - ယောဟန် ၃း၈။
“အသက်” - ဗျာဒိတ် ၁၃း၁၅။
မှတ်ချက်။ ဟေဗြဲနှင့်ဂရိဘာသာစကားမှ “soul” ဟုအင်္ဂလိပ်ဘာသာ စကားသို့ ပြန်ဆိုထားသော စကားလုံးကို ဓမ္မဟောင်းကျမ်းတွင် ၇၆၈ ကြိမ်၊ ဓမ္မသစ်ကျမ်းတွင် ၁၅၅ ကြိမ်တွေ့ရပါသည်။ ဓမ္မဟောင်းကျမ်းတွင် “spirit” ဟု ၄၄၂ ကြိမ်၊ ဓမ္မသစ်ကျမ်းတွင် ၃၈၅ ကြိမ်တွေ့ရပါသည်။ သို့ဖြစ်ရာ “soul” နှင့် “spirit” ဟု ဘာသာပြန်ဆိုထားသောစကားလုံးများ၊ သမ္မာကျမ်းစာ တစ်ခုလုံးတွင် အကြိမ်ပေါင်း ၁၇၀၀ ခန့် တွေ့ရှိရသော်လည်း၊ “မသေနိုင်သော အဖြစ်” “သေခြင်းနှင့် ကင်းလွှတ်သောအဖြစ်” ဖြင့် ဖေါ်ပြထားခြင်းလုံး၀ မတွေ့ရပါ။
အခန်းကြီး - ၅၅။
၂။ ဝိညာဉ်
THE SOUL
ဓမ္မဟောင်းကျမ်းတွင် “soul” ဟူသောစကားလုံးကို ဟေဗြဲ ဘာသာ nephesh မှဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ သို့သော် ယောဘ ၃ဝး၁၆ ၌ပါသော “soul” သည် n’deevuh မှဖြစ်ပြီး၊ ယေရှာယ ၅ရး၁၆ က “soul” သည် n’shahmah မှဖြစ်ပါသည်။
မူရင်းဟေဗြဲကျမ်းစာတွင် nephesh ကို ၇၄၅ ကြိမ်တွေ့ရပြီး၊ အင်္ဂလိပ် ကျမ်းစာတွင် “soul” ဟူ ၄၇၃ ကြိမ်ဘာသာပြန် ဆိုထားပါသည်။ “အသက်” ဟူ၍ အကြိမ် ၁၂၀ တွေ့ရပါသည်။
ဥပမာ၊ ကမ္ဘာဦး ၁း၂၀၊ ၃၀။ ထွက်မြောက်ရာ ၄း၁၉။ ဝတ်ပြုရာ ၁ရး၁၁။ တောလည်ရာ ၃၅း၃၁။ တရားဟောရာ ၁၂း၂၃။ ယောရှု ၂း၁၃။ တရားသူကြီး ၅း၁၈။ ရုသ ၄း၁၅။ ၁ ဓမ္မရာဇဝင် ၁၉း၅။ ၂ ဓမ္မရာဇဝင် ၁း၉။ ၃ ဓမ္မရာဇဝင် ၁း၁၂။ ၄ ဓမ္မရာဇဝင် ၁း၁၃။ ၁ ရာဇဝင်ချုပ် ၁၁း၁၉။ ၂ ရာဇဝင်ချုပ် ၁း၁၁။ ဧသတာ ရး၃။ ယောဘ ၂း၄။ ဆာလံ ၃၁း၁၃။ သုတ္တံ ၁း၁၈။ ယေရှာယ ၁၅း၄။ မြည်တမ်းစကား ၂း၁၉။ ယေဇကျေလ ၃၂း၁၀။ ယောန ၁း၁၄။
Nephesh ကို “person - လူ” ဟူ၍ အကြိမ် ၃၀ ဘာသာပြန်ထား ပါသည်။ ဥပမာ၊ ကမ္ဘာဦး ၁၄း၂၁။ ထွက်မြောက်ရာ ၁၆း၁၆။ ဝတ်ပြုရာ ၂၇း၂။ တောလည်ရာ ၅း၆။ တရားဟောရာ ၁ဝး၂၂။ ယောရှု ၂ဝး၃။ ၁ ဓမ္မရာဇဝင် ၂၂း၂၂။ ၂ ဓမ္မရာဇဝင် ၁၄း၁၄။ သုတ္တံ ၂၈း၁၇။ ယေရမိ ၄၃း၆။ ယေဇကျေလ ၁၆း၅။
Nephesh ကို “mind - စိတ်” ဟု ၁၆ ကြိမ် ဘာသာပြန်ထားသည်။
ဥပမာ၊ ကမ္ဘာဦး ၂၃း၈။ တရားဟောရာ ၁၈း၆။ ၁ ဓမ္မရာဇဝင် ၂း၃၅။ ၂ ဓမ္မရာဇဝင် ၁ရး၈။ ၄ ဓမ္မရာဇဝင် ၉း၁၅။ ၁ ရာဇဝင်ချုပ် ၂၈း၉။ ယေရမိ ၁၅း၁။ ယေဇကျေလ ၂၃း၁၇။
Nepliesh ကို “heart - နှလုံး” ဟု ၁၅ ကြိမ်ဘာသာပြန်ထားသည်။ ဥပမာ၊ ထွက်မြောက်ရာ ၂၃း၉။ ထွက်မြောက်ရာ ၂၆း၁၆။ တရားဟောရာ ၂၅း၁၅။ ၁ ဓမ္မရာဇဝင် ၂း၃၃။ ၂ ဓမ္မရာဇဝင် ၃း၂၁။ ဆာလံ ၁ဝး၃။ သုတ္တံ ၂၃း၇။ ယေရမိ ၄၂း၂၀။ မြည်တမ်းစကား ၃း၅၁။ ယေဇကျေလ ၂၅း၆။ ဟောရှေ ၄း၈။
Nephesh ကို “the dead – လူသေ” နှင့် “dနad ဘသိပ - ရုပ်အ လောင်း” ဟု ၁၃ ကြိမ်ဘာသာပြန်ထားသည်။
ဥပမာ၊ ဝတ်ပြုရာ ၂၁း၁၁။ တောလည်ရာ ၆း၆။ ဟဂဲ ၂း၁၃။
Nephesh ကို “creature - သတ္တဝါ” ဟု ၉ ကြိမ်ဘာသာပြန်ထား သည်။
ဥပမာ၊ ကမ္ဘာဦး ၁း၂၁။ ၉း၁၀။ ဝတ်ပြုရာ ၁၁း၄၆။
Nephesh ကို - “Will အလိုဆန္ဒ” ဟု ၄ ကြိမ်၊ တရားဟောရာ ၂၁း၁၄။ ဆာလံ ၂၇း၁၂။ ၄၁း၂။ ယေဇကျေလ ၁၆း၂၇။
- “Appitite - အာသာဆန္ဒ” ဟု ၂ ကြိမ်၊ သုတ္တံ ၂၃း၂။ဒေသနာ ၆း၇။
- “Lust - အလိုရမ္မက်” ဟု ၂ ကြိမ်၊ ထွက်မြောက်ရာ ၁၅း၉။ ဆာလံ ၇၈း၁၈။
- “Living thing - အသက်ရှင်သောအရာ” ဟု ၂ ကြိမ်၊ ဝတ်ပြုရာ ၁၁း၁၀။ ယေဇကျေလ ၄ရး၉။
Nepliesh - ကို အဓိပ္ပါယ် ၄၃ မျိုးဖြင့် ဘာသာပြန်ထားပါသည်။ ဖော်ပြခဲ့သောစကားလုံးများအပြင်၊ “breath - ထွက်သက်ဝင်သက်၊” “beast - တိရစ္ဆာန်”၊ “fish - ငါး”၊ “desire - လိုအင်ဆန္ဒ”၊ “ghost - တစ္ဆေ”၊ “pleasure - အားရပျော်ရွှင်ခြင်း”၊ စသည်ဖြင့်လည်း အသုံးပြုထားပါသည်။ “Spirit - ဝိညာဉ်” ဟူ၍တစ်ခါမျှဘာသာပြန်ထားခြင်းမရှိသည့်အပြင်၊ “သေခြင်းနှင့်ကင်းလွှတ်သည်” ဟုတစ်ခါမှမပြောထားပါ။
NEPHESH (SOUL) သည် သေမျိုးဖြစ်သည်
ဆာလံ ၄၉း၁၄၊ ၁၅၊ “ထိုသူတို့ကို သိုးများကဲ့သို့ မရဏာနိုင်ငံ၌ချထား ၍၊ သေမင်းစားလိမ့်မည်။ ကာလမကြာမမြင့်မီ ဖြောင့်မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာသည် ဖောက်ပြန်ဖို့ရာဖြစ်၏။ မရဏာ နိုင်ငံသည် သူတို့၏နေရာဖြစ်၏။ ငါကိုမူကား၊ ဘုရားသခင်သိမ်းယူတော်မူ သောကြောင့်၊ ငါ၏ ဝိညာဉ်ကိုမရဏာနိုင်ငံ၏တန်ခိုးမှရွေးတော်မူမည်။”
ယေရှာယ ၃၈း၁၇၊ “အကျွန်ုပ်ခံရသော ဝေဒနာသည် ငြိမ်းပါပြီ။ အကျွန်ုပ်၏ ဝိညာဉ်ကို သနား၍၊ ဖျက်ဆီးရာထဲက နှုတ်ယူတော်မူပြီ။ အကျွန်ုပ် အပြစ်ရှိသမျှကို နောက်တော်သို့ပစ်လိုက်တော်မူပြီ။” (ဆာလံ ၈၉း၄၈။ ယောဘ ၃၃း၁၈။ ၂၀၊ ၂၂)။
Nephesh (soul - ဝိညာဉ်) ကိုသတ်လို့ရသည်၊ ဖျက်ဆီးလို့ရသည် (ကမ္ဘာဦး ၁၇း၁၄။ ထွက်မြောက်ရာ ၃၁း၁၄။ ယောရှု ၁ဝး၃၀၊ ၃၂၊ ၃၅၊ ၃၇၊ ၃၉)။
ဓမ္မသစ်ကျမ်းတွင် “soul - ဝိညာဉ်” ဟူသောစကားလုံးသည် ဂရိ စကား ဈကခ့န မှလာသည်။ ၎င်းစကားလုံးကို ၁၀၅ ကြိမ်တွေ့ရသော်လည်း၊ “soul” ဟု ၅၈ ကြိမ်ဘာသာပြန်ထားပါသည်။
ဥပမာ၊ မဿဲ ၁ဝး၂၈။ မာကု ၈း၃၆၊ ၃၇။ လုကာ ၁း၄၆။ ယောဟန် ၁၂း၂၇။ တမန်တော် ၂း၂၇။ ရောမ ၂း၉။ ၁ ကောရိန်သု ၁၅း၄၅။ ၂ ကောရိန်သု ၁း၂၃။ ၁ သက်သာလောနိတ် ၂း၈။ ဟေဗြဲ ၄း၁၂။ ယာကုပ် ၁း၂၁။ ၁ ပေတရု ၁း၉။ ၂ ပေတရု ၂း၈။ ၃ ယောဟန် ၁း၂။ ဗျာဒိတ် ၆း၉။
“အသက်” ဟု အကြိမ် ၄၀ ဘာသာပြန်ထားပါသည်။
ဥပမာ၊ ၂း၂၀။ မာကု ၃း၄။ လုကာ ၆း၉။ ယောဟန် ၁ဝး၁၁။ တမန်တော် ၁၅း၂၆။ ရောမ ၁၁း၃။ ဖိလိပ္ပိ ၂း၃၀။ ယောဟန် ၃း၁၆။ ဗျာဒိတ် ၈း၉။
“စိတ်” - တမန်တော် ၁၄း၂။ ဖိလိပ္ပိ ၁း၂၇။ ဟေဗြဲ ၁၂း၃ ဟူ၍လည်း ကောင်း၊
“နှလုံး” - ဧဖက် ၆း၆။ ကောလောသဲ ၃း၂၃ ဟူ၍လည်းကောင်း၊
“ကျွန်ုပ်တို့” - ယောဟန် ၁ဝး၂၄ ဟူ၍လည်းကောင်း၊
“သင်တို့” - ၂ ကောရိန်သု ၁၂း၁၅ ဟူ၍လည်းကောင်း ဘာသာပြန် ထားပါသည်။
မှတ်ချက်။ သမ္မာကျမ်းစာဘယ်နေရာ၌မျှ sသကူ (ဈကခ့န) ခေါ် ဝိညာဉ် သည် သေခြင်းနှင့်ကင်းလွှတ်ကြောင်း၊ မည်သည့်အခါမျှ မသေနိုင်ကြောင်း၊ ဖော်ပြ ပြောဆိုခြင်းမရှိပါချေ။
နောက်ဆက်တွဲ ၂
“HELL - ငရဲ” ဟုဘာသာပြန်ထားသော စကားလေးလုံး
FOUR WORDS TRANSLATED “HELL” IN
THE BIBLE
၁။ Sheol (ဟေဗြဲဘာသာစကား) - ဓမ္မဟောင်းကျမ်းတွင် “ငရဲ” ဟု ၃၁ ကြိမ်၊ တွင်းနက်” ဟု ၃ ကြိမ်၊ လူသေများ မြုပ်နှံထားရာ “သင်္ချိုင်းဂူ” ဟု ၃၁ ကြိမ် ဘာသာပြန်ဆိုထားပါသည်။
ဥပမာ၊ “ငရဲ” - တရားဟောရာ ၃ရး၃၅။ ၄၂း၃၈။ ၄၄း၂၉၊၃၁။ ၁ ဓမ္မရာဇဝင် ၂၁၆။ ၃ ဓမ္မရာဇဝင် ၂း၆၊၉။ ယောဘ ၇း၉။ ၁၄း၁၃။ ၁ရး၁၃။ ၂၁း၁၃။ ၁၄း၁၉။ ဆာလံ ၆း၅။ ၃ဝး၃။ ၃၁း၁၇။ ၄၉း၁၄၊ ၁၅။ ၈၃း၃။ ၈၉း၄၈။ ၁၄၁း၇။ သုတ္တံ ၁း၁၂။ ၃ဝး၁၆ ဒေသနာ ၉း၁၀။ ယေရှာယ ၁၄း၁၁။ ၃၈း၁၀၊ ၁၈။ ယေဇကျေလ ၃၁း၁၅။ ဟောရှေ ၁၃း၁၄။
“တွင်းနက်” - တောလည်ရာ ၁၆း၃၀၊၃၃။ ယောဘ ၁၇း၁၆။
ဤကျမ်းချက်များကိုကြည့်ခြင်းအားဖြင့် sheol သည် နားနေရာ၊ တိတ် ဆိတ်ရာ၊ ဆိတ်ငြိမ်ရာ၊ မှောင်မိုက်ရာ၊ အိပ်ပျော်ရာ၊ ပုပ်ပျက်ရာနေရာဖြစ် ကြောင်း ထင်ရှားပါသည်။
ဖြောင့်မတ်သောသူဖြစ်စေ ဆိုးယုတ်သောသူဖြစ်စေ၊ sheol (သေသော သူတို့ နေရာသင်္ချိုင်းဂူ) သို့အတူတကွသွားကြသည်။
ကမ္ဘာဦး ၃ရး၃၅ - ဘုရားသခင်၏လူတစ်ဦးဖြစ်သော ယာကုပ်လည်း sheol သို့ရောက်သွားသည်။
တောလည်ရာ ၁၆း၃၀၊ ၃၃ - ဆိုးသောသူများလည်း ရောက်သွားကြ သည်။
ဆာလံ ၈၉း၄၈ - လူတိုင်း sheol သို့သွားကြသည်။
Sheol သည် ဓမ္မသစ်ကျမ်း၌တွေ့ရသော Hades နှင့်ထပ်တူထပ်မျှဖြစ် သည်။ (ဆာလံ ၁၆း၁၀ နှင့် တမန်တော် ၂း၂၇ တို့နိုင်းယှဉ်ပါ။)
၂။ Hades သည် ဓမ္မသစ်ကျမ်း၌ “hell - ငရဲ” ဟုဘာသာပြန် ဆိုထား သော ဂရိဘာသာစကားဖြစ်ပါသည်။ အပြစ်ဒဏ်ခံရသောနေရာဟု မဆိုလိုပါ။ “မမြင်နိုင် သောနေရာ” ၊ “သင်္ချိုင်းဂူ” ၊ “တွင်းနက်”၊ “သေသူတို့၏နယ်ပယ်” ဟု အဓိပ္ပါယ်ရှိပါသည်။ ဥပမာ၊ မဿဲ ၁၁း၂၃။ ၁၆း၁၈။ လုကာ ၁ဝး၁၅။ ၁၆း၂၃။ တမန်တော် ၂း၂၇၊ ၃၁။ ၁ ကောရိန်သု ၁၅း၅၅။ ဗျာဒိတ် ၁း၁၈။ ၆း၈။ ၁၈။ ၆း၈။ ၂ဝး၁၃၊၁၄။
မှတ်ချက်။ ဤကျမ်းချက်များသည် သမ္မာကျမ်းစာတွင် Hades ဟူသော စကားလုံးအသုံးပြုပုံကို ဖော်ပြထားပါသည်။ ဖတ်ရှုလေ့လာသောသူသည်၊ ညဉ်းပန်းနှိပ်စက်ခြင်းအရပ်လား၊ သင်္ချိုင်းဂူလား၊ သေသူတို့၏ယေဘုယျ အနေ အထားလား၊ ဆုံးဖြတ်နိုင်ပါသည်။
၃။ Gehenna ဟူသောစကားလုံးကိုလည်း ဓမ္မသစ်ကျမ်းတွင် “hell - ငရဲ” ဟုပင်ဘာသာပြန်ဆိုထားပါသည်။ “ဟိန္ဒူချိုင့်ဝှမ်း” ဟုဘာသာပြန်ထား သော ဟေဗြဲစကားလုံးများကို ဂရိအသွင်ပြောင်းစာလုံးဖြစ်ပါသည်။ ၎င်းချိုင့် ဝှမ်းသည် ယေရုရှလင်မြို့မှ စွန့်ပစ်အမှိုက်သရိုက်များ၊ တိရစ္ဆာန်အသေကောင် များ မီးရှို့ရာအရပ်ဖြစ်သည်။ သတ်ဖြတ်ဖျက်ဆီးခြင်းကို ပုံဆောင်၍ အသုံးပြု သော စကားဖြစ်ပါသည်။ ၎င်းနေရာသည် လူဆိုးများအား လက်ရှိတွင် ဒဏ်ခတ်သောနေရာ၊ အဆုံးမရှိသော၊ အရှင်လတ်လတ်ညှဉ်းပန်းနှိပ်စက်ရာ အရပ်လည်း မဟုတ်ပါ။ (ယောရှု ၁၅း၈။ ၁၈း၁၆။ ၄ ဓမ္မရာဇဝင် ၂၃း၁၀။ ၂ ရာဇဝင်ချုပ် ၂၈း၃။ ၃၃း၆။ ယေရမိ ရး၃၁၊၃၂။ ၁၉း၂၆။ ၃၂း၃၅)။
ဥပမာ၊ မဿဲ ၅း၂၂၊၂၉၊၃၀။ ၁ဝး၂၈။ ၁၈၉။ ၂၃း၁၅၊ ၃၃။ မာကု ၉း၄၃၊၄၅၊ ၄၇။ လုကာ ၁၂း၅။ ယာကုပ် ၃း၆။
မှတ်ချက်။ ဤစကားလုံးအသုံးပြုပုံကို ကြည့်ခြင်းအားဖြင့် လူဆိုးများ ဖျက်ဆီးခြင်းခံရမည့်နေရာမီးအိုင်ကြီးကို ရည်ညွှန်းထားခြင်းဖြစ်ကြောင်း ထင် ရှားပါသည်။
၄။ Tartars သည် ဂရိဘာသာစကားလုံးဖြစ်သည်။ ဓမ္မသစ်ကျမ်း တစ်နေရာတွင်သာ တွေ့နိုင်ပါသည်။ ရုပ်လောကကြီးကို ဖုံးလွှမ်းသောမှောင် မိုက်ကို ရည်ညွှန်းပြောဆိုသည့်စကားဖြစ်ပါသည်။
ဥပမာ၊ ၂ ပေတရု ၂း၄ - “ပြစ်မှားသောကောင်းကင်တမန်တို့ကို ဘုရားသခင် သည် နှမြောတော်မမူ။ ငရဲထဲသို့ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလို့ငှာ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏။” အငယ် ၆ နှင့် နှိုင်းယှဉ်ပါ။
မှတ်ချက်။ Hades သည် ဖြောင့်မတ်သောသူများနှင့် ဆိုးသောသူများ အတူတကွ၊ သင်္ဂြိုဟ်သော၊ လူသေတို့သွားရာ အရပ်ဖြစ်ပါသည်။ ရှင်ပြန်ထ မြောက်ခြင်းအားဖြင့်သာ သူတို့ထွက်လာမည်ဖြစ်သည် (ဗျာဒိတ် ၂ဝး၁၃)။ သို့သော်လည်း Gန့နညညa သည် မီးအိုင်ကြီးဖြစ်၍ လူဆိုးများအရှင်လတ်လတ် ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ ဖျက်ဆီးခြင်းခံရမည့်နေရာဖြစ်ပါသည် (မဿဲ ၁ဝး၂၈)။
No comments:
Post a Comment