Sunday, September 13, 2026

From Trials to Triumph စမ်းသပ်မှုများမှ အောင်ပွဲသို့

 
        


မာတိကာ




အခန်းကြီး - (၃၁ - ၃၂ - ၃၃ - ၃၄ - ၃၅ - ၃၆ - ၃၇ - ၃၈ - ၃၉ - ၄၀)

အခန်း (၄၁ - ၄၂ -၄၃ - ၄၄ - ၄၅ - ၄၆ -၄၇ - ၄၈ - ၄၉ - ၅၀ - ၅၁ - ၅၂ - ၅၃ - ၅၄ - ၅၅ - ၅၆ - ၅၇ - ၅၈ )


ဤစာအုပ်ကို သင် အဘယ်ကြောင့် ဖတ်သင့်သနည်း
        တမန်တော်ဝတ္ထုကျမ်းကို လူမျိုးခြားဘာသာပြောင်းလာသူဖြစ်ပြီး "ချစ်လှစွာသော ရောဂါကုဆရာဝန်" ဖြစ်သည့်  (Luke) က ရေးသားခဲ့ခြင်းဖြစ်သည်။ ဤကျမ်းတွင် ခေတ်အဆက်ဆက်ရှိ အသင်းတော်များသည် ပင်တေကုတ္တေပွဲနေ့တွင် တန်ခိုးတော်နှင့်ကြွလာပြီး ဧဝံဂေလိသတင်းစကားကို မီးတောက်သကဲ့သို့ လှုံ့ဆော်ပေးခဲ့သော ဝိညာဉ်တော်၏တည်ရှိမှုကို ခံစားရမည်ဖြစ်ကြောင်း ဘုရားသခင်က ရှင်းလင်းစွာ ဖော်ပြထားသည်။
       တမန်တော်ဝတ္ထုကျမ်း ပြီးဆုံးသွားပုံ၏ ရုတ်တရက်ဆန်မှုက ဤစိတ်လှုပ်ရှားဖွယ်ဇာတ်ကြောင်းသည် မပြီးဆုံးသေးကြောင်း ရည်ရွယ်ချက်ရှိရှိဖြင့် ညွှန်ပြနေသည်။ ဤထူးခြားသောကျမ်းတွင် မှတ်တမ်းတင်ထားသော လုပ်ရပ်များသည် အစစ်မှန်ဆုံးသဘောအရ ဝိညာဉ်တော်၏ လုပ်ရပ်များပင် ဖြစ်ကြသည်။ ပင်တေကုတ္တေပွဲနေ့တွင် ဆုတောင်းနေကြသော တပည့်တော်များသည် ဝိညာဉ်တော်နှင့်ပြည့်ဝကြပြီး ဧဝံဂေလိတရားကို တန်ခိုးနှင့်ဟောပြောခဲ့ကြသည်။ အသင်းတော်သည် ရောမနှင့်ဂျူးလူမျိုး ညှဉ်းပန်းနှိပ်စက်သူတို့၏လက်ချက်ဖြင့် ပြင်းထန်စွာဆင်းရဲဒုက္ခရောက်သောအခါ ယုံကြည်သူများကို ခွန်အားပေးပြီး အမှားထဲသို့မကျရောက်အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်မှာ ဝိညာဉ်တော်ပင် ဖြစ်သည်။
       အနာဂတ်ကာလတွင် ပင်တေကုတ္တေပွဲနေ့ထက် သာလွန်များပြားသော ဝိညာဉ်ရေးတန်ခိုးတော် ဆက်ကပ်ခံစားရခြင်းကို တွေ့ကြုံရလိမ့်မည်။ ဧဝံဂေလိလုပ်ငန်းသည် ၎င်း၏အစပိုင်းကို မှတ်သားစေခဲ့သော သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးပြသမှုထက် လျော့နည်းသောပြသမှုဖြင့် ပြီးဆုံးသွားမည်မဟုတ်ပါ။
        စာဖတ်သူ သင်သည်လည်း ရှေးဦးအသင်းတော်၏ ဘုန်းအသရေနှင့်ပြည့်စုံသောမြင်ကွင်းများကို ဤကဲ့သို့ ပြန်လည်ခံစားရာတွင် ပါဝင်နိုင်ရန်နှင့် ဝိညာဉ်ဆိုး၏ လိမ္မာပါးနပ်သော အတုအယောင်များမှ ကာကွယ်စောင့်ရှောက်ခံရရန်မှာ ကျွန်ုပ်တို့၏ မျှော်လင့်ချက်နှင့် ဆုတောင်းချက် ဖြစ်ပါသည်။
        ထုတ်ဝေသူများ။
 

No comments:

Post a Comment