Sunday, September 27, 2026

လူသားတစ်မျိုးတည်း — လူမျိုးရေးခွဲခြားမှု၊ ဇာတ်အဆင့်ခွဲခြားမှု၊ မျိုးနွယ်စုခွဲခြားမှုနှင့် လူမျိုးဗဟိုပြုဝါဒတို့ကို ကိုင်တွယ်ဖြေရှင်းသည့် လူမှုဆက်ဆံရေးဆိုင်ရာ ထုတ်ပြန်ချက်

 လူသားတစ်မျိုးတည်း — လူမျိုးရေးခွဲခြားမှု၊ ဇာတ်အဆင့်ခွဲခြားမှု၊ မျိုးနွယ်စုခွဲခြားမှုနှင့် လူမျိုးဗဟိုပြုဝါဒတို့ကို ကိုင်တွယ်ဖြေရှင်းသည့် လူမှုဆက်ဆံရေးဆိုင်ရာ ထုတ်ပြန်ချက်

ကမ္ဘာကြီးသည် လူ့အဖွဲ့အစည်းတိုင်းနှင့် ကမ္ဘာ့ဒေသတိုင်းတွင် လူသန်းပေါင်းများစွာ ခံစားနေရသော လူမျိုးရေးမမျှတမှု၊ မျိုးနွယ်စုအချင်းချင်း ပဋိပက္ခများနှင့် ဇာတ်အဆင့်စနစ်အခြေပြု မုန်းတီးခွဲခြားမှုတို့၏ ကျန်ရှိနေဆဲ အနာအဆာကို ပို၍အသိအမှတ်ပြုလာသည်နှင့်အမျှ၊ လူသားချင်းဆက်ဆံရာတွင် ကျမ်းစာအခြေခံသဘောတရားများကို ကြေညာဖော်ပြရမည့် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်သည် အလွန်အရေးကြီးလာပြီဖြစ်သည်။ ဘုရားသခင်သည် “လူမျိုးအပေါင်းတို့ကို တစ်သွေးတည်းမှ ဖြစ်စေ၍ မြေကြီးတပြင်လုံး၌ နေစေတော်မူ၏” (တ၊ ၁၇း၂၆) ဖြစ်ပြီး၊ ယေရှုခရစ်တော်ကလည်း ကိုယ်ကိုချစ်သကဲ့သို့ အိမ်နီးချင်းကို ချစ်ရန် သွန်သင်တော်မူသည် (မ၊ ၂၂း၃၉)။ သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်သည် ယေရှု၏ သွန်သင်ချက်များနှင့် ညီညွတ်သော စကားလုံးများနှင့် လုပ်ဆောင်ချက်များကို မျှော်လင့်နေသော ကမ္ဘာကြီးရှေ့တွင် မိမိတို့၏ ကတိကဝတ်နှင့် ကရုဏာကို ရှင်းလင်းစွာ ဖော်ပြရန် အရေးကြီးသော တာဝန်ရှိကြောင်း အသိအမှတ်ပြုသည်။ ကျွန်ုပ်တို့၏ ကတိကဝတ်သည် ပြဿနာများပြည့်နှက်နေသော ဤလောက၌ “လူမျိုး၊ အဆွေအမျိုး၊ ဘာသာစကားနှင့် လူမျိုးသားအပေါင်းတို့အား” (ဗျာ၊ ၁၄း၆) ယေရှုခရစ်တော်၏ ဧဝံဂေလိတရားကို ဟောပြောရန်ဖြစ်သော ကျွန်ုပ်တို့၏ သာသနာပြုတာဝန်မှ ပေါက်ဖွားလာခြင်းဖြစ်ပြီး၊ လူ၏စိတ်နှလုံးကို ပြောင်းလဲနိုင်သူမှာ ခရစ်တော်တစ်ပါးတည်းသာ ဖြစ်ကြောင်းကိုလည်း ကျွန်ုပ်တို့ အသိအမှတ်ပြုကြသည်။

မြော်လင့်ခြင်းအသင်းသားများသည် လူသားတို့ကို ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားကြောင်း ဖော်ပြသည့် မပြောင်းလဲသော ကျမ်းစာအမှန်တရားများကို စွဲကိုင်ထားကြသည် (က၊ ၁း၂၇)။ ကမ္ဘာဦးကျမ်းတွင် ဖော်ပြထားသော ဖန်ဆင်းခြင်းမှတ်တမ်းအပေါ် အခြေခံ၍ ကျွန်ုပ်တို့သည် ဘုရားသခင်ပေးသနားတော်မူသော လူသားအားလုံး၏ တန်းတူညီမျှမှုသည် မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သည့်အခြေအနေ၌မဆို မပြောင်းလဲနိုင်သော အမှန်တရားဖြစ်သည်ဟု ယုံကြည်ကြသည်။ ကျွန်ုပ်တို့အားလုံးသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို မိသားစုတစ်စုတည်း ဖြစ်စေသော မူလဘိုးဘေးမိခင်ဖြစ်ကြသည့် အာဒံနှင့် ဧဝတို့မှ ဆင်းသက်လာကြသူများဖြစ်ကြသည် (က၊ ၃း၂၀)။ ဘုရားသခင်ကို ပုန်ကန်ရန် လူသားတို့၏ ရွေးချယ်မှုကြောင့် ဖြစ်ပေါ်လာသော ဝမ်းနည်းဖွယ်အကျိုးဆက်များပင်လျှင် လူသားအားလုံးအကြား တည်တံ့နေသော ဆက်နွယ်မှုများကို မဖျက်ဆီးနိုင်ခဲ့ပါ။ လူမျိုး၊ လူမျိုးနွယ်၊ ဇာတ်အဆင့်နှင့် မျိုးနွယ်စု ကွဲပြားမှုများကို အပြစ်ပြုသောနည်းဖြင့် အသုံးချကာ၊ ဘုရားသခင်နှင့်လည်းကောင်း၊ အချင်းချင်းနှင့်လည်းကောင်း လူသားအားလုံး တွေ့ကြုံခံစားစေလိုသော အခြေခံစည်းလုံးညီညွတ်မှုကို ခွဲခြားကာ ကွဲပြားစေရန် အသုံးပြုလျက်ရှိကြသည်။

အရေပြားအရောင်၊ မွေးဖွားရာဒေသ၊ ဇာတ်အဆင့် သို့မဟုတ် မျိုးရိုးဇာစ်မြစ်ဟု ယူဆရသော အရာများကို ဖိနှိပ်အုပ်စိုးသော အပြုအမူများအတွက် အကြောင်းပြချက်အဖြစ် အသုံးချရန် သမိုင်းတစ်လျှောက် ကြိုးပမ်းခဲ့မှုများနှင့် ယနေ့တိုင် ဆက်လက်ကြိုးပမ်းနေမှုများကို ရင်ဆိုင်ရသော်လည်း၊ လူသားအားလုံး၏ တန်းတူညီမျှမှုနှင့် ဂုဏ်သိက္ခာဆိုင်ရာ ကျမ်းစာအခြေခံသဘောတရားများအပေါ် ကျွန်ုပ်တို့၏ သစ္စာစောင့်သိမှုကို ဆက်လက်ထိန်းသိမ်းထားကြသည်။ ထိုသို့သော ကြိုးပမ်းမှုများသည် ကျွန်ုပ်တို့၏ ဘုံလူသားဖြစ်တည်မှုကို ငြင်းပယ်ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့သော ရန်လိုမှုနှင့် မလိုမုန်းထားမှုအားလုံးကို ဘုရားသခင်အပေါ် ပြစ်မှားမှုအဖြစ် ကျွန်ုပ်တို့ ရှုတ်ချကြသည်။ သို့ရာတွင် ကမ္ဘာတစ်ဝန်းရှိ ကျွန်ုပ်တို့၏ အသင်းတော်အဖွဲ့ဝင်များစွာသည် လူသားအားလုံး တန်းတူညီမျှကြောင်းဆိုသည့် ဤကျမ်းစာအမှန်တရားကို လိုက်နာရန် ပျက်ကွက်ခဲ့ကြောင်းကိုလည်း ကျွန်ုပ်တို့ ဝန်ခံအသိအမှတ်ပြုကြသည်။ ယေရှု၏ သွန်သင်ချက်များနှင့် စံနမူနာကို ဆန့်ကျင်လျက်၊ ယုံကြည်သူများနှင့် အသင်းတော်အဖွဲ့အစည်းများစွာသည် လူမျိုးရေး၊ မျိုးနွယ်စု၊ ဇာတ်အဆင့်နှင့် လူမျိုးနွယ်ဆိုင်ရာ တန်ဖိုးသတ်မှတ်မှုများအပေါ် အခြေခံသော အပြစ်ပြု၍ လူ့ဂုဏ်သိက္ခာကို ဖျက်ဆီးသော အယူအဆများကို လက်ခံခဲ့ကြပြီး၊ ယင်းတို့ကြောင့် လူသားမိသားစုကို ထိခိုက်နာကျင်စေသော အလေ့အကျင့်များ ပေါ်ပေါက်လာခဲ့သည်။ ထိုသို့သော အတွေးအခေါ်များနှင့် ၎င်းတို့မှ ဖြစ်ပေါ်လာသော အလေ့အကျင့်များသည် ကျွန်ုပ်တို့ အသက်ရှင်ကျင့်သုံးရန်နှင့် သွန်သင်ရန် ကတိပြုထားသော အမှန်တရားများကိုပင် ထိခိုက်စေသည်။ အတိတ်ကာလတွင် ဤအရေးကိစ္စများနှင့် ပတ်သက်၍ ကျွန်ုပ်တို့သည် လုံလောက်သော ရဲရင့်မှုဖြင့် ပြောဆိုခြင်း သို့မဟုတ် လုပ်ဆောင်ခြင်း မပြုခဲ့မိသော နေရာများရှိပါက ကျွန်ုပ်တို့ တောင်းပန်အပ်ပါသည်။

မြော်လင့်ခြင်းအသင်းသားများသည် မတူကွဲပြားမှုများစွာဖြင့် ဖွဲ့စည်းထားသော ကမ္ဘာလုံးဆိုင်ရာ အသင်းတော်တစ်ရပ်၏ အဖွဲ့ဝင်များဖြစ်ကြပြီး၊ ကျွန်ုပ်တို့၏ ဘုံဇာစ်မြစ်ဆိုင်ရာ ကျမ်းစာအမှန်တရားကို စံနမူနာပြခြင်းနှင့် ထောက်ခံအားပေးခြင်းအားဖြင့် လူ့အသိုင်းအဝိုင်းအတွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး၏ ကိုယ်စားလှယ်များ ဖြစ်ရန် ကတိပြုထားကြသည်။ “ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ကို တိုက်တွန်းနှိုးဆော်လျက်ရှိသည်” ဖြစ်၍၊ လူတို့ကို ကိုယ်တော်၏ ရှုထောင့်မှ ကြည့်မြင်ရန်နှင့် “ပြန်လည်သင့်မြတ်စေခြင်း၏ နှုတ်ကပတ်တော်” ဖြင့် ဤကွဲပြားနေသော လောက၌ ကိုယ်တော်၏ “သံတမန်များ” ဖြစ်ရန် ကျွန်ုပ်တို့ကို ခေါ်တော်မူသည် (၂ကော၊ ၅း၁၄၊ ၁၉၊ ၂၀)။ အရောင်အဆင်း၊ ဇာတ်အဆင့်၊ မျိုးနွယ်စု သို့မဟုတ် လူမျိုးနွယ်ကြောင့် အပယ်ခံရသူများနှင့် မတရားဆက်ဆံခံရသူများကို ကျွန်ုပ်တို့ ထောက်ခံအားပေးကာ ပြုစုစောင့်ရှောက်မည် (မ၊ ၂၅း၄၀)။ အခြားသူများကို အနိုင်ကျင့်နှိပ်စက်သူများသည် ကျမ်းစာသဘောတရားများနှင့်အညီ သင့်လျော်သော တရားမျှတမှုကို ခံယူသင့်ပြီး နောက်ဆုံးတွင် ဘုရားသခင်၏ တရားစီရင်ခြင်းကိုလည်း ရင်ဆိုင်ရမည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည် (ဒေ၊ ၁၂း၁၄၊ ဟေဗြဲ၊ ၉း၂၇)။ လူသားဇာစ်မြစ်နှင့် တန်းတူညီမျှမှုဆိုင်ရာ ဘုရားသခင်၏ အမှန်တရားသည် ကျမ်းစာ၌ သွန်သင်ထားသည့်အတိုင်း လူသားဆက်ဆံရေးအားလုံးအတွက် အပညာအရှိဆုံး အခြေခံအုတ်မြစ်ဖြစ်ကြောင်းကို ကျွန်ုပ်တို့ သွန်သင်မည်ဖြစ်ပြီး အလေးအနက် တိုက်တွန်းမည်ဖြစ်သည်။

ဘုရားသခင်သည် လူသားအားလုံးအတွက် ပေးသနားတော်မူသော ကယ်တင်ခြင်းကျေးဇူးတော်ကို လက်ခံတုံ့ပြန်ခဲ့သူများအပေါ် (ဂလာ၊ ၃း၂၈) လူသားဆက်ဆံရေးအားလုံး၌ တန်းတူညီမျှမှု၊ မျှတမှုနှင့် တာဝန်ခံမှုတို့အပေါ် မိမိတို့၏ ကတိကဝတ်ကို ထင်ရှားစွာ ပြသရမည့် အထူးတာဝန်ကို ချမှတ်တော်မူသည်။ ဘုရားသခင်သည် လူတစ်ဦးချင်းစီကို ထူးခြားစွာ ဖန်ဆင်းတော်မူခဲ့ပြီး၊ ကျွန်ုပ်တို့၏ အသက်တာများတွင် ကိုယ်တော်၏ တန်ခိုးကြီးမားသော သြဇာလွှမ်းမိုးမှုကြောင့် လူတစ်ဦးချင်းစီ၏ လူမျိုးရေးအမွေအနှစ်နှင့် ယဉ်ကျေးမှုကို လေးစားတန်ဖိုးထားသော ကွဲပြားမှုများကို ဝမ်းမြောက်စွာ လက်ခံနိုင်ကြသည်။ လူမျိုးရေးခွဲခြားမှု၊ ဇာတ်အဆင့်ခွဲခြားမှု၊ မျိုးနွယ်စုခွဲခြားမှုနှင့် လူမျိုးဗဟိုပြုဝါဒတို့၏ အပြစ်များအတွက် အဆုံးစွန်သော ဖြေရှင်းချက်မှာ ခရစ်တော်နှင့် ကိုယ်တော်၏ ကယ်တင်နိုင်သော တန်ခိုးတော်အားဖြင့် လူတစ်ဦးချင်းစီ၏ အသက်တာများနှင့် ဆက်ဆံရေးများ ပြောင်းလဲသွားခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုကြသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်သန့်ရှင်း၏ တန်ခိုးအားဖြင့် ကျမ်းစာအခြေခံသဘောတရားများပေါ်တွင် အခြေတည်သော တရားမျှတ၍ ဂရုစိုက်တတ်ကာ ချစ်ခြင်းမေတ္တာပြည့်ဝသော အသင်းတော်တစ်ရပ်အဖြစ် အသက်ရှင်နေထိုင်ရန် မိမိတို့၏ ခရစ်ယာန်ကတိကဝတ်ကို လက်ခံကာ ပွေ့ဖက်ထားကြသည်။

ဘုရားသခင်သည် နေရာတိုင်းရှိ လူသားအားလုံးကို ထာဝရဧဝံဂေလိတရားကို ကြေညာဟောပြောရာတွင် ပါဝင်ရန်၊ ကျမ်းစာပရောဖက်ပြုချက်၌ ဖော်ပြထားသော ကျန်ကြွင်းသော အသင်းတော် (ဗျာ၊ ၁၂း၁၇) သို့ ဝင်ရောက်ရန် ဖိတ်ခေါ်တော်မူသည်။ ဤဧဝံဂေလိတရားသည် ကောင်းကင်တမန်သုံးပါး၏ သတင်းစကားများ၌ အနှစ်ချုပ်ဖော်ပြထားသော ယေရှုခရစ်တော်၏ ဖြောင့်မတ်ခြင်းကို အဓိကထားသည် (ဗျာ၊ ၁၄း၆-၁၂)။ ဤသတင်းစကားများကို “လူမျိုး၊ အဆွေအမျိုး၊ ဘာသာစကားနှင့် လူမျိုးသားအပေါင်းတို့အား” ပေးရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ခရစ်တော်၏ မကြာမီ ပြန်လည်ကြွလာခြင်းဖြင့် အဆုံးသတ်မည်ဖြစ်သည် (ဗျာ၊ ၁၄း၆၊ ၁၄)။ “ယခင်အရာတို့သည် ရွေ့သွားကြပြီ” ဖြစ်သောကြောင့် “နာကျင်ခြင်းမရှိတော့မည့်” ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ကျွန်ုပ်တို့ မျှော်လင့်စောင့်စားလျက်ရှိကြသည် (ဗျာ၊ ၂၁း၄)။

ဤထုတ်ပြန်ချက်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် မေရီလန်းပြည်နယ်၊ ဆီလ်ဗားစပရင်း၌ ကျင်းပသော သတ္တမနေ့မြော်လင့်ခြင်းအသင်းတော် အထွေထွေညီလာခံ အုပ်ချုပ်ရေးကော်မတီက မဲခွဲအတည်ပြုခဲ့သည်။

 

No comments:

Post a Comment