အခန်း - ၁၂။ ရွေးချယ်တင်မြှောက်ခြင်းအဆင့်ဆင့်
အခန်း - ၁၆။ ကောရ၏သားများကဲ့သို့တံခါးမှူးအဖြစ်ပါဝင်ဆက်ကပ်ခြင်း
အခန်း (၁၂)
ရွေးချယ်တင်မြှောက်ခြင်းအဆင့်ဆင့်
ပထမရာစုနှစ်က ရွေးချယ်တင်မြှောက်ခဲ့သော အသင်းထောက်ခုနှစ်ဦးကို (တမန်တော် ၆း၁-၆) တပည့်တော် (၁၂) ပါးမှ ယုံကြည်သူများကိုခေါ်ပြီး အတူ တကွပြောဆိုဆွေးနွေးကြသည်။ ဆွေးနွေးသောအကြောင်းအရာမှာ မုဆိုးမများ ကို အစားအစာဝေငှပေးကမ်းသူများမရှိတော့သောကြောင့် အသင်းထောက်ကို ရွေးချယ်တင်မြှောက်ပြီး မုဆိုးမများကို အစားအစာနေ့စဉ် စီစဉ်ပေးရန် တာဝန် ကိုပေးထားကြသည်။ (မြော်လင့်ခြင်းကျမ်းစာအနက် ဖွင့်ကျမ်း)
တပည့်တော်များနှင့် ယုံကြည်သူများစုပေါင်းပြီးဟုဆိုရာ၌ ယေရုရှလင်မြို့ ၌ရှိသော ခရစ်ယာန်ယုံကြည်သူအားလုံးကိုဆိုလိုသည်မဟုတ်ပါ။ အထူး အစည်း အဝေးဟုသတ်မှတ်ထားသည့် တမန်တော် (၁၂) ပါးနှင့် အထူးရွေးချယ်ထား သောသူများကိုဆိုလိုပါသည်။ အစည်းအဝေး၌ တမန်တော်များကို အစီအစဉ် နှင့်ပြဿနာများကို တင်ပြကြသည်။ ထိုသို့အထူးအစည်းအဝေးမျိုးကို အသင်း တော်အုပ်ချုပ်ရေးကို ကိုယ်စားပြုသောသူများကို အထူးခေါ်ဖိတ်ကြသည်။
အသင်းတော်အုပ်ချုပ်ရေးကိုယ်စားလှယ်များကို မောရှေ၏ လက်ထက်မှ စတင်ခဲ့သည်။ ဘုရားရှင်မှစေခိုင်းခဲ့သော အရာဖြစ်သည်။ မောရှေသည် သူ၏ ယောက္ခမကြီးယေသရော၏ အကြံပေးချက်အတိုင်း လုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် တမန်တော်များက ဆက်လက်လုပ်ဆောင်လာခဲ့ကြသည်။ အသင်းတော်ခုနစ်ဦးကိုရွေးချယ်တင်မြှောက်ရာ၌ အယ်လင်ဂျီဝှိုက်က၊ အသင်း ထောက်ခုနစ်ဦးကို ရွေးချယ်တင်မြှောက်ခဲ့ပုံအဆင့်ဆင့်မှာ မောရှေနှင့်ဒါဝိဒ်မင်း ကြီးတို့၏ အချိန်ကကဲ့သို့ ဘုရားရှင်၏လူများကို တရားမျှတစွာဝိညာဉ်ရေးစိတ် ရှိသူများကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယခုတွင်လည်း အသင်းတော်သည် ထိုပုံနမူနာကိုယူပြီး အသင်းတော်ကို ဖွဲ့စည်းရန်လိုသည်။ သူမဆက်လက်ပြော ကြားသည်မှာ- ယုံကြည်သူများကို စုဝေးစေခြင်းမှာ တမန်တော်များတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ပဲ့ပြင်ခြင်းကြောင့် အစီအစဉ်များကိုချမှတ်ကာ၊ ပိုမို၍ကောင်းမွန်သောအဖွဲ့အစည်းကို တည်ထောင်နိုင်ခဲ့သည်။ အသင်းတော်၏ လုပ်ဆောင်မှုအင်အားကိုလည်း ပို၍ကောင်းစေပါသည်။ ဆက်လက်ပြီး သူမ၏
မှတ်ချက်ချသောစကားမှာ-
ဒေသအသင်းတော်၌ သဘောထားကွဲလွဲချက်များ ဖြစ်ပေါ်လာချိန်တွင် တဖြည်းဖြည်းနှင့် အန္တိအုတ်အသင်းတော်လိုနေရာမျိုးသို့ ကူးစက်လာသည်။ ယုံကြည်သူများအကြား သဘောထားကွဲလွဲချက်များကို မစေ့စပ်နိုင်တော့သည့် အခြေအနေသို့ ရောက်သွားသည်။ ထိုသို့အခြေအနေမျိုးကို ဆက်လက်ထားရှိပြီး အသင်းတော်ကွဲပြားသွားမည့်ကိန်းအထိ အရောက်မခံနိုင်ကြပါ။ ယုံကြည်သူ များအားလုံး၏ စည်းဝေးခြင်းသို့ တင်ပြလာကြရသည်။ နယ်ဌာနေအသင်းတော် အသီးသီးမှာ ကိုယ်စားလှယ်တော်များကိုရွေးချယ်ပြီး၊ တမန်တော်များ အသင်း လူကြီးများက မိမိတို့တာဝန်များကို အသီးသီးအလေးထားကာ အသင်းတော်ကို ပြန်လည်ထိန်းသိမ်းရသည်။ သို့ဖြင့် စာတန်၏ တိုက်ခိုက်ခြင်းကို ကာကွယ်ကာ အထီးကျန်အသင်းတော်များ မဖြစ်ပေါ်လာစေရန် ပေါင်းစည်းမှုကို ပြန်လည် တည်ဆောက်လာကြသည်။ ရန်သူစာတန်၏ အကြံအစည်များ အားလုံးကို တွန်းလှန်တိုက်ခိုက်နိုင်ခဲ့သည်။
အထက်ပါအကြောင်းအရာများဖြစ်လာခြင်းကြောင့် အသင်းထောက် ခုနစ် ဦးကို ရွေးချယ်ခန့်ထားရသောအကြောင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အသင်း ထောက်ခုနစ်ဦးကို ရွေးချယ်တင်မြှောက်သောအခါ ယုံကြည်သူအားလုံးအတွက် အသင်းတော်တိုင်းမှ ကိုယ်စားလှယ်များကိုစေလွှတ်ပြီး အစည်းအဝေးကို တက် ရောက်စေပါသည်။
ယနေ့မြော်လင့်ခြင်းအသင်းတော်၏ အုပ်ချုပ်ပုံမှာ အသင်းတော်များကို ဦးဆောင်အုပ်ချုပ်မည့်သူများကို ဖွဲ့စည်းပုံအဆင့်ဆင့်ဖြင့် ရွေးချယ်ခြင်းဖြစ် သည်။ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ အသင်းလူကြီးအသင်း ထောက် စသည်တို့ကိုရွေးချယ်ရာ၌ အဆင့်ဆင့်ဖွဲ့စည်းပုံအတိုင်း ရွေးချယ်ကြသည်။ ရွေး ချယ်ပုံအဆင့်ဆင့်မှာ အသင်းသားအားလုံးမှ ကျယ်ပြန့်သော ရွေးချယ်တင် မြှောက်ခြင်းကော်မတီကို ဖွဲ့စည်းပြီး အသင်းတော်အတွက် ခေါင်းဆောင်မည့် သူများကို ရွေးချယ်ရသည်။ အသင်းသားအများစုမှ သဘောတူ ရွေးချယ်တင် မြှောက်မဲပေးသော ပုဂ္ဂိုလ်သည် အသင်းတော်ကို ဦးဆောင်ရန် တာဝန်ယူရ သည်။ ရွေးချယ်ခံရသောသက်တမ်းမှာ တစ်နှစ် သို့မဟုတ် နှစ်နှစ်သတ်မှတ် သည်။ ထိုပုဂ္ဂိုလ်များသည် အသင်းတော်အတွက်သင့်လျော်ကြောင်း အမြင်များ ရှိနေလျှင် သက်တမ်းကုန်ဆုံးပြီး ပြန်လည်ရွေးချယ်ခြင်းတွင် တစ်ဖန်ပြန်လည် အရွေးခံခွင့်ရှိသည်။
အထူးသဖြင့်မှတ်သားရန်မှာ တစ်ဦးတစ်ယောက်သည် မည်မျှပင် အရည် အချင်းနှင့်လုပ်ဆောင်ခြင်းများ အထွတ်အထိပ်သို့ရောက်ရှိနေပါစေ၊ ရွေးချယ် တင်မြှောက်ခြင်းအဖွဲ့၏ သဘောထားအပေါ်မှာသာ မူတည်နေပါသည်။ ရွေး ချယ်တင်မြှောက်ခြင်းသည် အသင်းသားများ၏ ဝိညာဉ်ရေးအပေါ်အခြေခံသည်။ ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ပါရှိနေသည်တိုင်အောင် တစ်ခါတစ် ရံ ရွေးချယ်တင်မြှောက်ခြင်းရလဒ်သည် အပြစ်အနာအဆာပါလာတတ်ပါသည်။
အပြစ်အနာအဆာကိုရှောင်ရန်၊ တားဆီးရန်သင့်သောအချက်မှာ ရွေးချယ် တင်မြှောက်ရာ၌ အရည်အချင်းမပြည့်မီသော၊ စံချိန်မမီသော အသင်းထောက်၊ အသင်းထောက်မယ်များကိုမရွေးချယ်မိဖို့ရန်ဖြစ်သည်။ ထိုသူတို့သည် အသင်း တော်ကိုဦးဆောင်ရမည့်သူများဖြစ်ကြသည်။ ရွေးချယ် တင်မြှောက်ပွဲများ၌ ဖြစ် တတ်သောအရာမှာ အရည်အချင်း၊ စံချိန်စံနှုန်းမမီသော်လည်း အခွင့်အရေး အခြေအနေကိုကြည့်မည်။ လုပ်ဆောင်လာမှာပါ။ အားလုံးကဝိုင်းပြီး ကူညီအား ပေးကြတာပေါ့။ ဘုရားကျောင်းမှန်မှန်တက်သူဖြစ်သောကြောင့် အစရှိသော အကြောင်းပြချက်များနှင့် အသင်းထောက်၊ အသင်းထောက်မယ်၊ အသင်း တော်ခေါင်းဆောင်ကိုရွေးချယ်လေ့ရှိတတ်သည်။
ဟိုင်းဘတ်မှသူ၏သုံးသပ်ချက်ကိုတင်ပြထားသည်မှာ- တိမောသေသြဝါဒ စာပထမစောင် ၃း၁ဝ မှ ရှင်ပေါလု၏ သြဝါဒတွင် အသင်းထောက်တစ်ဦး၏ အရည်အချင်းနှင့် ကိုက်ညီသောသူသည် အသင်းထောက် ဖြစ်ရအောင်လုပ်ယူရ သော အခြေအနေမျိုးမဟုတ်ပါ။ အသင်းတော် တစ်ရပ်လုံးရှိ အသင်းသူ၊ အသင်း သားများတို့၏ ရှုမြင်လက်ခံသော အခြေအနေပေါ်သုံးသပ်ရန်ဖြစ်သည်။ သို့ဖြင့် အသင်းထောက်၊ အသင်းထောက်မယ်ကို ရွေးချယ်ရန် လိုအပ်နေသော အချိန် တိုင်းမှာ အသင်းသူ၊ အသင်းသားများက ကြိုတင်သိရှိထားနှင့်ပြီးဖြစ်သည်။
ဟောင်းဝပ်ဘီဖော့ရှီးက၊ အသင်းတော်သည် အသင်းထောက်ကို ရွေးချယ်
တင်မြှောက်မည့်အချိန်တိုင်း အသင်းတော်၏ အဆင့်ကျဆင်းဖို့ရန် စုံစမ်းခြင်းခံ
ရသည်။ အသင်းတော်အနေဖြင့် ထိုစုံစမ်းခြင်းလမ်းသို့ လုံးဝ မကျဆင်းသင့်ပေ။ ဘုရားရှင်သည် ကြီးမြတ်သောဉာဏ်တော်ဖြင့် မြင့်မားသော အဆင့်အတန်းဖြင့် အသင်းတော်ကို တည်ဆောက်ထားပါသည်။ အသင်းထောက်တစ်ဦး၏ အလုပ် တာဝန်မှာ ပင်ကိုယ်၌က ဝိညာဉ်ရေးရှိပြီး လူအများကို ကြီးထွားရင့်သန်သော ခရစ်ယာန်များဖြစ်လာရန် လုပ်ဆောင်ပေးရမည့်တာဝန်ရှိပါသည်။
မြော်လင့်ခြင်းအသင်းတော်၏အသင်းထောက်၊ အသင်းထောက်မယ်များ လုပ်ဆောင်ရမည့်တာဝန်မှာ သူတို့၏ စိတ်နှလုံးထဲ၌ သူတို့အားဘုရားသခင်က အသင်းထောက်၊ အသင်းထောက်မယ်များအဖြစ် အမှန်တကယ်ခေါ်တော်မူ နေ ကြောင်းကို ခံယူထားရမည်။ အသင်းထောက်၊ အသင်းထောက်မယ်များ၌ အသင်းထောက်ခေါင်းဆောင်၊ အသင်းထောက်မယ်ခေါင်းဆောင် သို့မဟုတ် ဓမ္မဆရာကို သီးသန့်ခန့်ထားကာ လုပ်ဆောင်ချက်မှန်သမျှ၊ တစ်မျိုးတည်းရှိရန် လိုပါသည်။ အသင်းထောက်ခေါင်းဆောင်၊ အသင်းထောက်မယ်ခေါင်းဆောင် သည် လိုအပ်သောသင်တန်းကို အဖွဲ့သားများအား တစ်နှစ်အနည်းဆုံး တစ်ကြိမ်သင်တန်းပေးရန် စီစဉ်ပေးရမည်။ အသင်းထောက်၊ အသင်းထောက် မယ်များကို ညီညာလက်တွဲစေလျက် သင်တန်းပေးချိန်အတွင်း အတွေ့အကြုံ များကိုဖလှယ်ကာသင်ယူစေရမည်။
အသင်းထောက်ခေါင်းဆောင်နှင့် အသင်းထောက်မယ် ခေါင်းဆောင်တို့ သည် အသင်းသူအသင်းသားများတို့၏ ရှေ့၌ မိမိ၏ အဖွဲ့များအပေါ် သြဇာလွှမ်း မိုးနိုင်သောကြောင့် အသင်းထောက်၊ အသင်းထောက်မယ်များလုပ်ဆောင်မှုကို အသင်းသားများက အားရကျေနပ်စေရမည်။ ဆုတောင်းခြင်းနှင့် ဘုရားသခင် ၏ ပို့ဆောင်တော်မူခြင်းဖြင့်လည်းကောင်း၊ သင်တန်းကို အထက်ကဖော်ပြခဲ့ သည့်အတိုင်းလုပ်ဆောင်ပေးရမည်။ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် အသင်းတော် သည် အရည်အချင်းပြည့်ဝသော အသင်းသားများ၊ အသင်းထောက်၊ အသင်း ထောက်မယ်များဖြစ်လာကာ ရေကြည်တစ်ပေါက်သောက်ရန် အရန်သင့် အေး မြကြည်လင်သောကန်တစ်ကန်ရှိနေပေလိမ့်မည်။ အသစ်ရွေးချယ်လာသော အဖွဲ့ဖြစ်စေ၊ လောလောဆယ် လုပ်ဆောင်နေသောအဖွဲ့ ဖြစ်စေ အခက်အခဲ မရှိနိုင်တော့ပါ။
အခန်း (၁၃)
သမ္မာကျမ်းလာအရည်အချင်းများ
၁တိ ၃း၈-၁၃ ၌ ရှင်ပေါလုက အသင်းထောက်၏ အရည်အချင်းများကို ရေးသားပေးထားသည်မှာ-
“ထိုနည်းတူ သင်းထောက်တို့သည် တည်ကြည်သောသူ ဖြစ်ရမည်။ လျှာ နှစ်ခွနှင့်ပြောသောသူ၊ စပျစ်ရည်ကို သောက်ကြူးသောသူ၊ မစင်ကြယ်သော စီးပွားကိုတပ်မက်သောသူမဖြစ်ရကြ။ ကိုယ်ကိုကိုယ်သိသောစိတ် စင်ကြယ် သည်နှင့် ယုံကြည်ခြင်း၏ နက်နဲသောအရာကို စွဲလမ်းသောသူဖြစ်ရကြမည်။ သူတို့သည်လည်း ရှေးမဆွက စုံစမ်းခြင်းကိုခံကြစေ။ နောက်မှအပြစ်တင်ခွင့်နှင့် ကင်းလွတ်လျှင်၊ သင်းထောက်လုပ်ကြစေ။ ထိုနည်းတူ မိန်းမတို့သည် တည် ကြည်သောသူဖြစ်ရကြမည်။ ချောစားတတ်သောသူမဟုတ်။ သမ္မာသတိရှိသော သူ၊ အရာရာ၌သစ္စာရှိသောသူဖြစ်ရကြမည်။ သင်းထောက်သည် မယားတစ် ယောက်တည်းရှိရမည်။ မိမိသားသမီးနှင့်အိမ်သူအိမ်သားကို ကောင်းစွာအုပ်ချုပ် သောသူဖြစ်ရမည်။ အကြောင်းမူကား၊ သင်းထောက်အမှုကို ကောင်းစွာ ဆောင် ရွက်သောသူတို့သည် မိမိတို့အဖို့ကောင်းသောအရာကိုလည်းကောင်း၊ ယေရှု ခရစ်၏ ယုံကြည်ခြင်း၌ ရဲရင့်ခြင်းသတ္တိကိုလည်းကောင်း အမြတ်ရကြ၏။”
“တည်ကြည်သောသူ” ဟူသောစကားရပ်သည် ဟေလသဘာသာ မူရင်း ရေးသားချက်မှာ “ဂုဏ်ယူထိုက်သော၊ တန်ဖိုးရှိခြင်း သို့မဟုတ် သိက္ခာ သမာဓိ ရှိခြင်းဟု တိုက်ရိုက်အဓိပ္ပါယ်ပေါ်လွင်ပါသည်။ အသင်းထောက်၊ အသင်း ထောက်မယ်များလုပ်ဆောင်ရန်တာဝန်မှာ တခြားသူများ၏ လေးစားဂုဏ်ပြု ခြင်းကို ခံယူနိုင်ရန် နေထိုင်ရမည်။ ဘေးပတ်ဝန်းကျင်၊ အသင်းသားများ၊ ရပ် ကွက်အတွင်းလူထုများ၊ အတူတကွ အလုပ်လုပ်ကိုင်နေသူများ၊ အမှုတော် ဆောင်အချင်းချင်း၊ သူတို့၏ မိသားစုဝင်များအားလုံးကို စံပြနမူနာရိုသေ ထိုက် သူအဖြစ် နေထိုင်ပြသတတ်ရမည်။ အခြားသူများတို့၏ ရိုသေလေးစားခြင်းကို ခံရနိုင်ရန် သူတို့သည် ခေါင်းဆောင်မှုတာဝန်ကို လေးနက်စွာ ယေရှုခရစ် တော်ကို ယုံကြည်နေကြောင်း ပေါ်လွင်နေစေရမည်။
“လျှာနှစ်ခွ” ဟုရေးသားထားသောစကားလုံးမှာ လူတစ်ဦးကို တစ်မျိုး၊ တခြားသူတစ်ဦးကိုမူတစ်ဖုံ ဆက်ဆံခြင်းမျိုးကိုဆိုလိုပါသည်။ လျှာနှစ်ခွရှိသည် ဟုဆိုရာ၌ ဆုံးဖြတ်ချက်မတည်သူ၊ စိတ်ပြောင်းစိတ်လွဲများသူဟု ဆိုလိုပါသည်။ ရှင်ယာကုပ်သြဝါဒစာ ၁း၈ တွင် “ပြုလေသမျှ၌မတည်ကြည်သောသူ” ထာဝရ ဘုရားထံမှ ဘယ်အရာကိုမျှမမျှော်လင့်စေနှင့်။ “ရီလေး” မှ အသင်းထောက်များ ၏ တင့်တယ်ခြင်းအကြောင်းကို ဤသို့ တင်ဆက်ထားသည်မှာ၊ အသင်း ထောက်များသည် လျှာနှစ်ခွမရှိကြသောကြောင့် မင်္ဂလာရှိစေပါသည်။ အသင်း ထောက်များသည် တစ်ပါးသူ၏ အကြောင်းကို အတင်းအဖျင်း မပြောသော ကြောင့် မင်္ဂလာရှိစေပါ။ တန်ဖိုးမဲ့သောစကားများမပြောခြင်းကြောင့် သူတစ်ပါး ကိုမရှုတ်ချ။ ငြင်းခုံခြင်းကို ရှောင်ကြဉ်ကြသည်။ အသင်းတော်နှင့် အသင်းအုပ် ဆရာတို့၏ ကောင်းမြတ်ခြင်းကိုသာ အမွှမ်းတင်ပြောဆိုတတ်သည့် နှိမ့်ချပြော ခြင်းအလျဉ်းမရှိ။ အသင်းတော်အတွက်၊ အသင်းအုပ်ဆရာအတွက် အမြဲကာ ကွယ်ပြောဆိုကာ ရုပ်လုံးကောင်းအောင် ရပ်တည်ပေးသူများဖြစ်သောကြောင့် မင်္ဂလာရှိသည်။ “ဖော့ရှီး” က အသင်းတော်ခေါင်းဆောင်လည်းဖြစ်၊ အသင်းအုပ် ဆရာလည်းဖြစ်သော “ဝေါလ်ထာအေဘဲနက်” ၏ သွန်သင်ချက် စကားကို ပြန်လည်ဝေငှပေးသည်မှာ၊ အသင်းတော်၏ အောင်မြင်မှုသည် အသင်းထောက် များတို့၏ အပြောအဆို၊ ပါဝင်လုပ်ဆောင်ပေးမှုအပေါ်တွင် လွန်စွာပင်မူတည် နေပါသည်။ အသင်းထောက်တစ်ဦးတည်းက အမြင်မတူသော၊ ခြားနားမှုဖြင့် လိုက်လံလည်ပတ်ပြောဆိုနေခြင်းသည် အသင်းတော်တစ်ခုလုံးကို ထိခိုက်နစ် နာပျက်ပြားစေနိုင်ပါသည်။ အင်အားကိုလျော့နည်းသွားစေပါသည်။
ရှင်ပေါလုမှတိမောသေကို စပျစ်ရည်အနည်းငယ်သောက်သုံးသင့်သည်ဟု အကြံပေးခဲ့သောစကားသည် ကစော်မပေါက်သော စပျစ်ရည်လတ်လတ်ဆတ် ဆတ်ကိုဆိုလိုသည်ဟု အများက ခံယူနားလည်ထားသော်လည်း အမှန်တကယ် ရှင်းလင်းချက်ပေးရတော့မည်ဆိုလျှင် ကစော်မပေါက်သော သို့မဟုတ် ကစော် ပေါက်သောစပျစ်ရည်လတ်လတ်ဆတ်ဆတ် သို့မဟုတ် အရက်ဖြစ်နေသော ဝိုင် ဟုတ်မဟုတ်ကို ချေပပြောဆိုရန်ခက်သည်။ မြော်လင့်ခြင်း အသင်းတော်၏ သမ္မာကျမ်းအနက်ဖွင့်ကျမ်းမှ အောက်ပါအတိုင်းရေးသားထားပါသည်။
တချို့သောသူများက ရှင်ပေါလုရည်ညွှန်းထားသော စပျစ်ရည်မှာ ကစော် မပေါက်သောစပျစ်ရည်ဟု ခံယူပါသည်။ စပျစ်ရည်လတ်လတ်ဆတ်ဆတ်ကို ဆို လိုသည်။ အကြောင်းမှာ ရှင်ပေါလုသည် မိမိကိုယ်ခန္ဓာကိုမညစ်ညူး စေနှင့်ဟု ပြောဆိုမြဲရှိသည်။ (၁ကော ၆း၁၉။ ၁၀း၃၁ ကိုကြည့်ပါ။) တခြားကျမ်းပိုဒ်များကို လည်း ဆက်လက်လေ့လာရာ၌ အရောင်ပြောင်းသွားသော စပျစ်ရည်၊ ကစော် ပေါက်သွားသောစပျစ်ရည်သည် ဥပဒ်ပေးကြောင်း ရှင်းလင်းစွာဖော်ပြပါသည်။ (သုတ္တံ ၂၀း၁။ ၂၃:၂၉-၃၂)။ တချို့သောသူများကလည်း ရှင်ပေါလုသောက်ခိုင်း သော စပျစ်ရည်သည် ကစော်ပေါက်သော ဝိုင်အရက်ကိုသာပြောခြင်းဖြစ်သည် ဟု ခံယူကြသည်။ အဘယ်ကြောင့်နည်း။ အနည်းငယ်ကိုသာ သောက်ရန်သတိ ပေးခြင်း၊ များစွာမသောက်မိရန် သတိပေးခြင်းသည် သာမန်လတ်ဆတ်သော စပျစ်ရည်ရိုးရိုးမဟုတ်ကြောင်း ပေါ်လွင်သည်ဟု အဓိပ္ပါယ်ကောက်ယူကြပြန် သည်။ ထို့အတွက် အသင်းထောက်၊ အသင်းတော်ခေါင်းဆောင်များကို ရှင်ပေါ လုသတိပေးထားချက်မှာ စပျစ်ရည်ကို သောက်ကြူးသူမဖြစ်စေရ။ အဓိပ္ပါယ်မှာ အနည်းငယ်လိုအပ်ပါက သောက်သုံးနိုင်သည်ဟု အယူရှိသူများလည်းရှိပါ သည်။ ထိုကြောင့် ကစော်ပေါက်သည် မပေါက်သည်ကို အတိအကျဖြေရှင်းရန် ခက်ခဲလှပါသည်။
ထိုခက်ခဲလှသောနားလည်မှုလွဲမှားခြင်းကို ဖြေလျော့နိုင်စေရန် မူရင်း ဟေလသစကားရပ်၏ အဓိပ္ပါယ်ကို ပြန်ကောက်ယူရသည်။ မူရင်းအဓိပ္ပါယ် ဆိုလိုရင်းမှာ “လွန်ကြူးစွာ စပျစ်ရည်ဝိုင်သောက်သုံးခြင်းဖြင့် သင်၏ အကျင့် ကိုမခွဲစေနှင့်ဟုအဓိပ္ပါယ်ပေါ်လွင်အောင်ရေးရမည့်အစားလွန်ကြူးစွာ မသောက် ပါနှင့်ဟု ပြန်ဆိုထားခြင်းသည် သုံးသပ်ချက်၌ မှားယွင်းစရာဖြစ်လာပါသည်။ ယခုပြန်ဆိုထားသော ဘာသာပြန်ဆိုချက်မှာ လူကိုစွဲစေသည်အထိ၊ မသောက် မနေနိုင်သည်အထိ၊ အရက်သမားကြီး လုံးလုံးဖြစ်ရသည်အထိ မဖြစ်စေရန် သတိပေးထားခြင်းမျိုးမဟုတ်ဘဲ စပျစ်ရည်၏ပမာဏအတိုင်းအဆကို သတိ ထားသုံးစွဲရန်သာ သတိပေးထားပါသည်။ ရှင်ပေါလုက အသင်းထောက်များ စပျစ်ရည် (ဝိုင်) ကို လွန်ကြူးစွာသောက်သောသူ မဖြစ်ရဟု သတ်မှတ်ထား လျှင်၊ စပျစ်ရည်သောက်ခြင်းကို မစွဲမိရန် တားဆီးထားခြင်းဖြစ်သည်။ ကိုယ်ခန္ဓာ ကို မညစ်ညူးစေရန် ဆန့်ကျင်ကန့်ကွက်ပေးထားခြင်းပင်ဖြစ်သည်။ သမ္မာ ကျမ်းစာကို လေ့လာသင်ယူရသောအခါ ကစော်ပေါက်သောစပျစ်ရည်၊ အရောင် ပြောင်းသောစပျစ်ရည် (အရက်) အကြောင်း၊ မကောင်းကြောင်းအပြည့်အဝ ဖော်ပြပါသည်။ ဆရာမကြီး “အဲန်းအမ်ဖလက်ချာ” က၊ တစ်ကြိမ်၌ “ခါရင်အမ်” အမည်ရှိသော အမျိုးသမီးတစ်ဦး၏ စကားကို ပြန်လည်ဝေငှပေးခဲ့ပါသည်။ “ဘဝပျက်သည်အထိ စွဲစွဲမြဲမြဲသောက်သုံးခြင်းမျိုးမဟုတ်ဘဲ အသက်ရှင်ဖို့ရန် အတွက် လိုအပ်လာခဲ့သော်အသုံးပြုရန်” ဟုဆိုထားပါသည်။ ထို့အတွက် ကြောင့် ကျွန်တော့်အနေဖြင့် “စွဲလမ်းပြီးမသောက်ရမနေနိုင်သော၊ များသည့် စပျစ်ရည်ပမာဏ” ဆိုသည့်ဘာသာပြန်ဆိုချက်ကို ကျွန်တော်ပိုပြီးလက်ခံပါ သည်။ နောက်တစ်ချက်မှာ တမန်တော်ကြီးရှင်ပေါလုက တိမောသေကိုသောက် စေသောစပျစ်ရည်သည် ကစော်မပေါက်သောစပျစ်ရည်ဖြစ်သည်ဟု ကျွန်တော့် အနေဖြင့်ယုံကြည်ထားပါသည်။
“ရောဘတ်အီးနေးလာ” ကလည်း ရှင်ပေါလုက၊ အသင်းအုပ်ဆရာများ၊ အသင်းထောက်များကို တစ်သမတ်တည်း စပျစ်ရည်နှင့်ပတ်သက်သော သြဝါဒ ကို မိန့်ကြားထားပါသည်။ ယင်းအခန်းကြီးမှာပင် အခန်းငယ် (၃) ၌၊ ရှင်ပေါလုက အသင်းအုပ်ဆရာသည် အရက် (စပျစ်ရည်) သောက်ကြူး သူမဖြစ်ရ။ အခန်း ငယ် (၈) ၌ အသင်းထောက်များသည် စပျစ်ရည် သောက်ကြူးသူမဖြစ်ရဟု တားမြစ်ထားပါသည်။ နေးလာမှ အောက်ပါအတိုင်း အဆိုပြုထားပါသည်။
“အများသောသူက ယခုကျမ်းပိုဒ်နှင့် ပတ်သက်ပြီး အသင်းအုပ်ဆရာ အရက်မသောက်ရ၊ အသင်းထောက်များ အရက်သောက်ကြူးခြင်းမပြုရဟု သဘောတူခံယူကြသည်။ ထိုကြောင့် အသင်းထောက်များအနေဖြင့် အရက် အနည်းငယ်သောက်နိုင်သည်ဟု သဘောပေါက်သောသူများ ရှိလာပြန်သဖြင့် အသင်းထောက်အတွက် သောက်သုံးနိုင်သော အရက်ပမာဏကို သတ်မှတ်ပေး ရန်လည်းလိုကြောင်း ဝေဖန်လာကြပြန်သည်။ သမ္မာကျမ်းစာသည် အဆင့် အတန်း နှစ်မျိုး ခွဲခြားသတ်မှတ်ခြင်းမျိုးမရှိပါ။ အရက်သောက်ခြင်းသည် မကောင်းဟုဖော်ပြရာ၌ ဘုရားသခင်၏ အမှုတော်လုပ်ငန်းအတွက် ပါဝင်ဆက် ကပ်သူတိုင်းသည် အရက်မသောက်ရန်သာရှိကြောင်း ရိုးရှင်းစွာနားလည်ရမည်။
ဘုရားရှင်၌ အသက်ရှင်သောအသက်တာ၏ ရုပ်လုံးကို ကောင်းမွန်စွာပေါ်လွင် စေရပါမည်။
နေးလာကဆက်လက်ပြီး နောက်ထပ်ခြေတစ်လှမ်းကို တိုးပြီးသုံးသပ်သွား သည်မှာ အရက်ကိုရှောင်နေရုံဖြင့် အသင်းထောက်များအတွက် မလုံလောက် သေးပါ။ အရက်နှင့်ပတ်သက်သော အလုပ်မှန်သမျှ- ရောင်းခြင်း၊ ဝယ်ခြင်း၊ သယ်ခြင်း အစရှိသည်တို့ကို လုံးဝရှောင်ရမည်။ အသင်းထောက်အနေဖြင့် အရက်သေရည်သေရက်နှင့်ပတ်သက်သော စီးပွားရေးတစ်ခုခုမလုပ်သည့်တိုင် အသင်းသားများထဲမှ လုပ်မိခဲ့လျှင်၊ ထိုအသင်းသားသည် အလွန်သနားစရာ ကောင်းသည်။ ဆိုလိုသည်မှာ အသင်းထောက်၌ တာဝန်ရှိပါသည်။ အရက်နှင့် ပတ်သက်သော သေရည်သေရက်ဖြင့် စီးပွားရေးလုပ်ကိုင်သောသူကို အသင်း ထောက်အဖြစ် လုံးဝရွေးချယ်တင်မြှောက်ခြင်းမပြုပါနှင့်။
နေးလာ၏ မှတ်ချက်ချထားခြင်း၌ အသင်းထောက်၊ အသင်းထောက်မယ် တို့သည် ရွေးချယ်တင်မြှောက်ခြင်းမခံကြရမီ မြော်လင့်ခြင်းအသင်းတော်၏ ရေနှစ်ခြင်းခံရန်အတွက် ကတိသစ္စာခံယူချက် (၁၃) ချက်ရှိသည့်အနက်မှ ဆယ် ချက်မြောက်ကို သေချာစွာဖတ်ကြားပြီးကတိပြုရယူရန်လိုသည်။ ရေနှစ်ခြင်း ခံယူသူ ကတိသစ္စာပြုချက် (၁၃) ချက်မှ၊ (၁၀) ချက်မြောက်ကတိသစ္စာပြုချက် မှာ-
သင်၏ခန္ဓာကိုယ်သည် ဘုရားသခင်၏ ဗိမာန်ဖြစ်ကြောင်း သန့်ရှင်းစွာ၊ ကျန်းမာစွာထားရှိရမည်ဖြစ်ကြောင်း၊ ကိုယ်ခန္ဓာကို အန္တရာယ်ဥပဒ်ဖြစ်စေသော အရာမှန်သမျှကို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ မသန့်ရှင်းသောအရာများကို မစားရန်၊ မသုံးစွဲမိရန်၊ ထုတ်လုပ်ဖြန့်ချိခြင်းမပြုရန်၊ ရောင်းဝယ်ဖောက်ကား ခြင်းမပြုရန်နှင့် လူသားများကိုဘေးဥပဒ်ဖြစ်စေသော ဘိန်း၊ ဆေးခြောက်၊ ကစော်၊ လှော်စာ၊ အရက် စသည်များကို လုံးဝရှောင်ရှားရန်ကတိပြုပါမည် လား။
အသင်းထောက်များ နောက်ထပ်လုပ်ဆောင်ရန် တာဝန်ရှိသောအရာ တစ်ခုမှာ၊ မတော်လောဘကြီးခြင်း၊ မတရားသောလောဘတပ်မက်ခြင်းများကို ရှောင်ရှားရမည်။ လာဘ်ပေးလာဘ်ယူ၊ တံစိုးလက်ခံခြင်းများကို အလျှင်းမပြု ရပါ။ မျက်နှာလိုက်ခြင်း၊ တစ်ယောက်ကိုနှိမ့်ချပြီး တစ်ဦးကိုမြှောက်ပင့်ပေးခြင်း ကိုမပြုလုပ်ရ။ မိမိအကျိုးအတွက် အဖွဲ့သားများကို ခွဲခြားဆက်ဆံခြင်း မပြုရ။ တာဝန်ကို ထမ်းဆောင်ချိန်မှာ သာတူညီမျှ၊ မျှတမှုရှိရမည်။ သူတို့သည် မည်သူ ကိုအစေခံနေကြောင်း ထင်ရှားစွာပြသရန်လိုသည်။ ဤကဲ့သို့သော အမိန့်မျိုး သည် လူများ၏ကောင်းကျိုးအတွက်သာ သတိပေးခြင်းမျိုးဖြစ်သည်။
မြော်လင့်ခြင်းအသင်းတော်၌ရှိသော အသင်းထောက်၊ အသင်းထောက် မယ်များသည် နှစ်ဆယ့်တစ်ရာစုနှစ်အတွင်း လိုက်လျှောက်ဖြည့်စွက်ပေးရမည့် မိမိတို့၏ တာဝန်မှာ အသင်းသူအသင်းသားများ၏ ရိုသေလေးစားခြင်းခံရရန် အထူးသတိထားလုပ်ဆောင်ရပါမည်။ တာဝန်ယူလုပ်ဆောင်နေစဉ်ကာလ လူ တိုင်းက အရာရာတိုင်းကို သံသယစိတ်ဝင်လာတတ်သည်။
ဘုရားရှင်နှင့်ဆက်သွယ်ပြီး အလုပ်တာဝန်ကို သြတ္တပ္ပစိတ်ကင်းကင်းဖြင့် လုပ်ဆောင်ကြရမည်။ ယင်းအရာသည်လည်း အသင်းထောက်၊ အသင်း ထောက်မယ်တို့၏ အရည်အချင်းပင်ဖြစ်သည်။ ဓမ္မသစ်ကျမ်းစာမှ ဂရိဘာသာ စကားအရ၊ မူရင်းစာလုံးမှာ “လျှို့ဝှက်သော” ဟူသည့်စကားကို သုံးနှုန်းထား သည့်အခါ နက်နဲလျှို့ဝှက်ထားခြင်းကိုမဆိုလိုပါ။ သဘာဝလွန်သောတန်ခိုး ရိုးရိုး ဖြစ်စဉ်အတိုင်းမဟုတ်သော ကောင်းကင်ဘုရားရှင်သာ ဖော်ပြနိုင်သော အလုပ်၊ ဘုရားရှင်သာ အချိန်နှင့်တပြေးညီ သတ်မှတ်ပေးနိုင်သော အရာကို ဆိုလိုပါ သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လွှမ်းမိုးလှုံ့ဆော်ခြင်းခံရသောသူများသာ လုပ်ဆောင်နိုင်သောအရာကိုဆိုလိုပါသည်။
ဆိုလိုရင်းမှာ အသင်းထောက်နှင့်အသင်းထောက်မယ်များတို့သည် ဘုရား ရှင်နှင့်အမြဲဆက်သွယ်သောသူဖြစ်ရန်လိုအပ်ကြောင်း ဆိုလိုပါသည်။ သို့မှသာ ဘုရားရှင်မှ တန်ခိုးတော်အားဖြင့် နှုတ်ထွက်စကားတော်များကို ပြသသွန်သင် ပေးလိမ့်မည်။ အထူးသဖြင့် ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော် လေ့လာခြင်း တွင် အထူးအချိန်ပေးနိုင်သူဖြစ်ရပါမည်။
အသင်းထောက်၊ အသင်းထောက်မယ်တို့သည် ဘုရားရှင်နှင့်အစဉ်သဖြင့် ဆက်သွယ်ပြီး ဘုရားသခင်မှ နှုတ်ကပတ်တော်အားဖြင့် တန်ခိုးတော်ကို ဖော်ပြ တော်မူလိမ့်မည်။ ဆုတောင်းခြင်းနှင့်နှုတ်ကပတ်တော်ကို တန်ဖိုးရှိရှိ အချိန်ယူ အသုံးပြုလျှင် ထူးကဲသောလမ်းပြတော်မူခြင်းကိုခံကြရလိမ့်မည်။
အခြားတစ်ခုသော “ရီလေ” ၏ဒေသနာဟောကြားချက်ထဲ၌ အသင်း ထောက်၊ အသင်းထောက်မယ်များသည် ဘုရားရှင်၏ နှုတ်ကပတ်တော်လေ့လာ ခြင်းအချိန်ကို လု၍မယူမိစေရန် အထူးသတိပြုရမည်။ နှုတ်ကပတ်တော်ကို အချိန်မှန်မှန်ဖတ်ရှုလေ့လာကြားနာရန်နှင့် ဥပုသ်စာဖြေကျောင်းသင်ခန်းစာမှ သွန်သင်ချက်များသည် သူတို့၏ ဝိညာဉ်ရေးအသိဉာဏ်ကို ပိုမိုထက်မြက်လာ စေပါသည်။ ကျမ်းစာကိုသာ ယုံကြည်သော အသင်းထောက်၊ အသင်းထောက် မယ်ဝိညာဉ်ရေးခေါင်းဆောင်အဖြစ် ပုံသက်သေပြနေရပါမည်။ သူတို့သည် ဝိညာဉ်ရေးရာ စာပေအရေးအသားများတွင် အချိန်မရွေးရှင်းလင်းသွန်သင် ပြသ တတ်သောသူဖြစ်စေရန် အသင့်ပြင်ဆင်ထားရမည်။
တမန်တော်ကြီးရှင်ပေါလုက ဆက်လက် မိန့်ကြားထားသည်မှာ၊ “သူတို့ သည်လည်း ရှေးမဆွကစုံစမ်းခြင်းကိုခံကြစေ။ နောက်မှအပြစ်တင်ခွင့်နှင့် ကင်း လွတ်လျှင် အသင်းထောက်လုပ်ကြစေ” (၁တိ ၃း၁၀)။ အသင်းထောက်များ သည် ဘုရားဝတ်၌မွေ့လျော်သော အကျင့်စရိုက်ကို အသင်းတော်၏ ရှေ့၌ စေ့စေ့စပ်စပ်နေထိုင်ပြသရမည်။ အသင်းထောက်၊ အသင်းထောက်မယ်တစ်ဦး ကို ရွေးချယ်ရန် သေချာစွာစစ်ဆေးပြီးမှ အသင်းတော်၏ ခေါင်းဆောင်အဖြစ် တင်မြှောက်ရမည်။ ရှင်ပေါလုသတ်မှတ်ထားသော အရည်အချင်းနှင့်ကိုက်ညီ ရန်နှင့် သူတို့၏ အသက်တာပုံစံသည် သန့်ရှင်းသောအသင်းတော်၏ ထိပ်ပိုင်း ရာထူးနှင့် ကိုက်ညီမှသာ ခန့်အပ်သင့်ပါသည်။ ယခုသေချာအောင်စိစစ်သော အချက်အလက်များသည် အသင်းတော်၌အစေခံနိုင်ရန် ရွေးချယ်ရမည့်စံချိန် စံညွှန်းပင်ဖြစ်သည်။
“ဝက်ဘ်” က မြော်လင့်ခြင်းအသင်းတော်၏ အသင်းထောက်၊ အသင်း ထောက်မယ်တို့၌ ရှိရမည့်အရည်အချင်းကို ဤသို့အဆိုပြုထားပါသည်။
အသင်းတော် တော်တော်များများသည် အသင်းထောက်ကိုအားကိုးနေရ သောအခြေအနေမျိုးတွင် ရှိနေကြသည်။ အထူးသဖြင့် အသင်းသားများ၏ လိုအပ်ချက်ကို အသင်းထောက်က ဖြေရှင်းပေးနေရသည့် ထိုသို့သောအခြေ အနေမျိုး၌ အသင်းသားနှင့်အသင်းထောက်တို့ ပိုမိုရင်းနှီးမှုဖြစ်စေပြီး အသင်း ထောက်သည်လည်း အရည်အချင်းပို၍ မြင့်တက်လာပါသည်။ အသင်းတော် အတွင်း အမှုတော်ဆောင်ရွက်ရန် တစ်နှစ်သတ်မှတ်ချက်သည် အသင်းထောက် အတွက် ယေဘုယျသတ်မှတ်ထားသော်လည်း တချို့အသင်းတော်များမှာ ခြောက်လနှင့် အချို့အသင်းတော်များသည် နှစ်နှစ်သတ်မှတ်ကြသည်။
“ဝက်ဘ်” ကပင်ဆက်လက်ပြီး “အသင်းတော်သည် အခါအားလျော်စွာ ပြင်ပမှ ဆက်ကပ်လာသူများကိုဖိတ်ခေါ်၏။ ဥပုသ်စာဖြေအစီအစဉ်၌ပါဝင် လာရန်၊ အသင်းတော်သင်တန်းသို့တက်ရောက်ရန်၊ ဥပုသ်နေ့အစီအစဉ်များ၌ လည်းကောင်း၊ရက်သတ္တပတ်အလယ်ဆုတောင်းခြင်းအစီအစဉ်၌လည်းကောင်း၊ အသင်းထောက်၊ အသင်းထောက်မယ်တို့၏ ဆယ်ဖို့တစ်ဖို့များကို အသင်းတော် ရံပုံငွေအတွက်ထည့်ဝင်ရန် မျှော်လင့်ကြသည်။ အသင်းတော်မှအသင်းထောက် များ ပုံမှန်စည်းဝေးကျင်းပခြင်းနှင့် အသင်းထောက်သာသနာပြုအထူးအစီအစဉ် များကိုကျင်းပရန် သတ်မှတ်ထားသည်။
မြော်လင့်ခြင်းအသင်းတော်အနေဖြင့် ဆက်လက်လုပ်ဆောင်ရမည်မှာ ၂၁ ရာစုနှစ်အတွင်း အသင်းထောက်၊ အသင်းထောက်မယ်များကို ပေါ့ပေါ့ တန်တန် ရွေးချယ်တင်မြှောက်ခြင်းမပြုလုပ်ရန် ဖြစ်သည်။ လူတစ်ဦးကို ရွေးချယ်တင် မြှောက်တော့မည်ဆိုလျှင် ကောင်းစွာဆုတောင်းပြီး အထပ်ထပ်စဉ်းစားပြီးမှ နေရာပေးရန် အထူးသတိထားရမည်။ ထိုနည်းတူ မိမိကိုယ်ကိုအဆင်သင့် မဖြစ် သေး၊ အချိန်ယူရန်လိုသေးသည်ဟု ခံစားမိသူများသည်လည်း စောစောစီးစီး ရာထူးကိုလက်မခံမိရန် ငြင်းဆိုရမည်။ သင်တန်းအထပ်ထပ်ဆက်လက် တက် ပြီးမှ မိမိကိုယ်ကို ဘုရားရှင်ရွေးကောက်ပြီးပြီဖြစ်ကြောင်း၊ မိမိကိုယ်ကို စိတ်ချ ပြီးမှ ထိုရာထူးကိုလက်ခံရမည်။
အယ်လင်ဂျီဝှိုက်က- ကျွန်မတို့၏ ဓမ္မအမှုတော်ဆောင်ကြီးများသည် အလွန်သတိပြုရမည်မှာ လူတစ်ဦးတစ်ယောက်ကို အလျင်စလိုနေရာနှင့်ရာထူး ကိုမပေးမိစေရန် ကောင်းစွာသတိပြုကြရမည်။ သေချာစွာစိစစ်ဆုတောင်းပြီး မှသာ သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ခြင်း ဘုရားရှင်ကမည်သူကိုလက်ခံ မည်အကြောင်း စောင့်ဆိုင်းကြည့်ရှုရမည်။ အယ်လင်ဝှိုက်မှ အသင်းလူကြီး များကို ရွေးချယ်ရန် မည်သို့ပင်ညွှန်ကြားချက်ပေးနေသည့်တိုင် အသင်းထောက်၊ အသင်းထောက်မယ်များကို ရွေးချယ်တင်မြှောက်ရန် အစီအစဉ်ကိုလည်း ထိုနည်းတူပြုလုပ်ရန် တိုက်တွန်းထားသည်။
ရှင်ပေါလု၏နောက်ဆုံးရေးသားထားသော အသင်းထောက်၏ အရည် အချင်းများမှာ၊ “ထိုနည်းတူ မိန်းမတို့သည် တည်ကြည်သောသူဖြစ်ရကြမည်။ ချောစားတတ်သောသူမဟုတ်။ သမ္မာသတိရှိသောသူ၊ အရာရာ၌သစ္စာရှိသော သူဖြစ်ရကြမည်။ သင်းထောက်သည် မယားတစ်ယောက်တည်းရှိရမည်။ မိမိ သားသမီးနှင့်အိမ်သူအိမ်သားတို့ကို ကောင်းမွန်စွာအုပ်ချုပ်သောသူဖြစ်ရမည်” (၁တိ ၃း၁၁-၁၂)။ အခန်း (၃) မှာပါရှိခဲ့သည့်အတိုင်း အကောင်းဆုံး ဘာသာ ပြန်ဆိုရာ၌ ဇနီးများကို အမျိုးသမီးအသင်းထောက်များဟုဆိုလို သတ်မှတ်ထား သည်။ ထို့အတွက်ကြောင့် ရှင်ပေါလုသည် အမျိုးသမီး အသင်းထောက်ကို အမျိုးသားအသင်းထောက်များကဲ့သို့ တန်းတူအရည်အချင်း သတ်မှတ်ထား ကြောင်း ပေါ်လွင်နေပါသည်။ ယင်းအမျိုးသမီးများသည် သိက္ခာရှိသောသူများ၊ သူတစ်ပါးကိုဝေဖန်ပြစ်တင်တတ်သူမဟုတ်၊ သေရည် သေရက် မူးယစ်သောက် စားတတ်သူမဟုတ်၊ အရာရာ၌ သစ္စာရှိခြင်း ရှိကြသည်။ အမျိုးသားအသင်း ထောက်ဖြစ်စေ၊ အမျိုးသမီးအသင်းထောက်ဖြစ်စေ သားသမီးများကို သွန်သင် ဆုံးမသောသူများဖြစ်ကြရမည်။ နာခံမှုရှိတတ်သောသားသမီး၊ ရိုသေတတ်သော သားသမီးများ၊ အိမ်ထောင်တွင်မည်သို့နေထိုင်ရမည်၊ လူထုပရိသတ်ကို မည်သို့ ပေါင်းသင်းရမည်၊ အသင်းတော်အပေါ် မည်သို့ သဘောထားရှိရမည်ကို သင် ကြားပေးထားရမည်။
အသင်းထောက်မည်သည် မယားတစ်ယောက်တည်း ရှိသူဖြစ်ရမည် ဟု သြဝါဒပေးထားခြင်းမှာ အသင်းအုပ်ဆရာအတွက်လည်းပါဝင်သည်။ (၁တိ ၃း၂)။ မြော်လင့်ခြင်းအသင်းတော်၏ သမ္မာကျမ်းစာအနက်ဖွင့်ကျမ်းအရ၊ ယင်းစကားစု သည် အသင်းအုပ်ဆရာကိုသာ ရည်ညွှန်ထားနေခြင်းဖြစ်သည်။ ထိုစကားစု ကြောင့် ဆန့်ကျင်ဘက်အငြင်းပွားစရာနှင့် ရှင်းလင်းချက် (၄) ချက်ပေါ်ပေါက် လာခဲ့သည်။ ထိုစကားစုကို ဆင်ခြင်သုံးသပ်ပြီးနောက် ထိုသို့ ထားရှိသော သြဝါဒ စကားသည် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ရာထူးနေရာရရှိဖို့ရန်၊ အသင်းတော်၌ခေါ င်းဆောင်ဖြစ်လာရန်အတွက် အိမ်ထောင်ပြုရမည်ဆိုသော ရည်ရွယ်ချက်မျိုး မဟုတ်ပါ။ နဂိုကတည်းက မယားတစ်ယောက်တည်းရှိခဲ့သည့် လူဖြစ်ရန်သာ လိုသည်။ အိမ်ထောင်သည်ဖြစ်နေလျှင် မယားတစ်ယောက် တည်းရှိသောသူ ဖြစ်ရမည်ဟု အသေအချာရေးထားပါသည်။ မယားပြိုင်၊ မယားအများယူခြင်း စနစ်ကို ကြိုတင်တားဆီးထားခြင်းဖြစ်သည်။ ကျမ်းစာနှင့် မကိုက်ညီသော ကွာရှင်းပြတ်စဲထားသည့်ယောက်ျားတစ်ဦး ပြန်လည်ပြီး အိမ်ထောင်သစ်ပြုရန် ကိုလည်း တားမြစ်ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ သမ္မာကျမ်းစာအရ၊ တရားဝင်ပြတ်စဲသွားပြီး ပြန်လည်ထိမ်းမြားလက်ထပ်သော သူများသည်လည်း မေးခွန်းများစွာနှင့် ကြုံတွေ့နေကြရသည်။ မြော်လင့်ခြင်း အသင်းတော်၏ သမ္မာ ကျမ်းစာအနက်ဖွင့်ကျမ်းမှာ ဖြေရှင်းချက်သော်လည်းကောင်း၊ ယုဒလူမျိုးများတို့ လက်ခံနိုင်သော လင်မယားကွာရှင်းခြင်း (မဿဲ ၅း၃၂) သော်လည်းကောင်း၊ ရှေးဦးခရစ်ယာန်များတို့၏ လင်မယားကွာရှင်းခြင်း ပြဿနာဖြစ်သည်။ (မဿဲ ၁၉း၈-၉)။ အသင်းအုပ်ဓမ္မဆရာတစ်ဦးသည် မည်သည့်နည်းနှင့်မဆို မယားနှင့် ကွာရှင်းပြီးနောက် မယားထပ်ယူလျှင် ထိုပုဂ္ဂိုလ်အနေဖြင့် မစွမ်းမသန်သော ဝိညာဉ်ရေးခေါင်းဆောင်တစ်ဦး ဖြစ်နေမည်။ ရွေးချယ်တင်မြှောက်ခြင်းအစီ အစဉ်၌ အသင်းအုပ်ဓမ္မဆရာတစ်ဦးကို ထိုအချက် များထည့်သွင်းစဉ်းစားပြီး ရွေးချယ်ရန်မသင့်ဟုမြင်လျှင် အသင်းထောက်၊ အသင်းထောက်မယ်များကို လည်း ရွေးချယ်သောအခါ ထိုသို့ပင်လျှင် ထည့်သွင်းစဉ်းစားရမည်။ မည်သို့ပင် ဆိုစေ သမ္မာကျမ်းအနက်ဖွင့်ကျမ်းက မည်သူမဆို ခင်ပွန်းသည်၊ ဇနီးသည် သေဆုံးပြီးနောက် ပြန်လည်ထိမ်းမြားခြင်းကိစ္စအတွက် အပြစ်တင်ခြင်းလုံးဝ မရှိပါ။ ဝိညာဉ်ရေးခေါင်းဆောင်များလည်း ထိုသို့ခင်ပွန်း၊ ဇနီးသည်ဆုံးပါးသွား ပြီးနောက် ပြန်လည်ထိမ်းမြားခြင်းအတွက် ဝိညာဉ်ရေးရာကိုမထိခိုက်ပါ။
“အက်ဂလပ်စကော့” က ဓမ္မဆရာနှင့်အသင်းထောက်များသည် သား တစ်ဦးတည်းရှိသူသာဖြစ်ရမည်ဟု (၁တိ ၂း၃၊၁၂) ယတိပြတ်ရေးသား ထားပြန် သည်။ သူ၏အကြံပေးချက်မှာ- ရှင်ပေါလု၏ သြဝါဒကို အခြေခံပြီး ယောက်ျား တစ်ဦးသည် မိန်းမတစ်ဦး(တစ်လင်တစ်မယား) စနစ်ကိုသာ ကျင့်သုံးရမည်။ အခြေအတင်စကားများ အပြန်အလှန်ပြောကြားကြပြီးနောက် “ဂလပ်စကော့” က “မယားတစ်ယောက်တည်းရှိသောလင်ယောက်ျားဟု အတည်ပြုလိုက်သည်။ သူ၏အဆိုအရ၊
“မယားတစ်ယောက်တည်းရှိသောယောက်ျား” ဟု ဘာသာပြန်ဆိုချက်မှာ၊ ဂရိဝေါဟာရအရ အကောင်းဆုံးနားလည်အောင် ပြန်ဆိုသောစကား မဟုတ် သေးကြောင်း အမှန်တကယ်မှာ “အမျိုးသားတစ်ယောက်သည် မိန်းမ တစ် ယောက်တည်းရှိရမည်” ဟုပြန်ဆိုက ပို၍ပြည့်စုံကြောင်းအတည်ပြုထားသည်။ ထိုစကားရပ်သည် ထိုအမျိုးသား၏ အိမ်ထောင်ရေးအခြေအနေထက် သူ၏ စာရိတ္တပိုင်းကို ရည်ညွှန်းဆိုလိုသည်။ လူပျိုလူလွတ်ဖြစ်စေ၊ အိမ်ထောင် ကျပြီး သူဖြစ်စေ မိမိဇနီးအပေါ်နှင့်တခြားအမျိုးသမီးများအပေါ် မှန်ကန်သော စိတ် ထား၊ တည်ကြည်သောစိတ်ထားမျိုး ထားရှိသူဖြစ်ဖို့ရန်၊ ထားရှိသောသူတစ်ဦး ဖြစ်သည်ကို ဆိုလိုသည်။ တည်ကြည်၍ စိတ်ထားမြင့်မြတ်သော ယောက်ျား တစ်ဦးကိုလည်းကောင်း၊ မိမိကိုယ်ကိုတန်ဖိုးထားသော ယောက်ျားကိုလည်း ကောင်း အမျိုးသမီးများနှင့်ရင်းနှီးပေါင်းသင်းသောအခါ သန့်ရှင်းသောစိတ်နှင့် မိမိ၏ အရည်အချင်းကို ပြသနိုင်သူဖြစ်ရမည်။ ဇနီးသည်တစ်ဦးတည်းကိုသာ သစ္စာရှိသော ယောက်ျားမျိုး၊ တခြားအမျိုးသမီးများစွာရှိနေသော်လည်း သူ၏ ဇနီးသည်ကို အမြင့်ဆုံးနှင့်အယုံကြည်ဆုံးနေရာမှာထားသော ယောက်ျားမျိုး ဖြစ်သည်။ ထိုသို့သော သစ္စာရှိသည့်ယောက်ျားမျိုးကို အသင်းတော်၌ရာထူး နေရာပေးခြင်းဖြင့် မိမိ၏အသက်တာနှင့် အရည်အချင်းပို၍မြှင့်တင်လာနိုင် သည်။ မပြောင်းလဲမီမှ နဂိုရှိသောစာရိတ္တအခြေအနေကိုပြောခြင်းဖြစ်သည်။
“ဂလပ်စကော့” မှပင်၊ ရိုးရာဓလေ့နှင့်ဆိုင်သော အနက်ဖွင့်ဆိုမှုအပေါ် သုံးသပ်ချက်မှာ- ကျွန်တော့်အနေဖြင့် ရေးသားထားချက်အားလုံးပြည့်စုံကြောင်း သဘောတူယုံကြည်ပါသည်။ ကျွန်တော်တို့၏ အတွေးအခေါ်ဆုံးဖြတ်ချက်ကို လည်း ရင့်သန်စေပါသည်။ “အက်ဂလင်” မှလည်း ဂလပ်စကော့၏ ယုံကြည် မှုကို သဘောတူထားပါသည်။ သူကပင် ရှင်ပေါလု၏ကျော်ကြားသောရေးသား ချက်၊ အိမ်ထောင်ဘက်အခြေအနေမှာ အထူးသဖြင့် ဓမ္မဆရာနှင့်အမှုတော် ဆောင်တိုင်းသည် ဇနီးမယားအပေါ်သစ္စာရှိရန် အထူးအရေးကြီးကြောင်း ထောက်ခံထားပါသည်။
နှစ်ဆယ့်တစ်ရာစုနှစ်အတွင်း အသင်းထောက်၊ အသင်းထောက်မယ်များ တို့သည် ဘုရားတရားကို ရိုသေကိုင်းရှိုင်းသော စံပြပုဂ္ဂိုလ်များဖြစ်ကြရမည်။ အိမ်ထောင်ရေးနှင့်ပတ်သက်၍ လေးစားထိုက်သူများဖြစ်ကြရမည်။ အိမ်ထောင် ရှင်များဖြစ်ခဲ့လျှင် ခင်ပွန်းသည်၊ ဇနီးသည်အပေါ် သစ္စာရှိရမည်။ ဆန့်ကျင်ဘက် လိင်နှင့်ပတ်သက်၍ စိတ်မှားယွင်းခြင်းအလျှင်းမရှိရပါ။ သားသမီးများကိုလည်း နာခံတတ်ရန် သင်ကြားပေးထားရမည်။ င်းပခခံခဲ့ရ ငှားရမှ
အယ်လင်ဝှိုက်ကလည်း အသင်းတော်ခေါင်းဆောင်များအတွက် အရေး ကြီးသောမိသားစုရင်းနှီးဆက်သွယ်မှုကို အကြံပေးထားပါသည်။
အုပ်ချုပ်ရေးပိုင်း၌ရှိသော မိသားစုဝင်တို့ကို အကြံပေးရန်မှာ၊ သူတို့ကို အပြစ်တင်စရာရှိနေသလား၊ အိမ်ထောင်ကို အုပ်ချုပ်နေသော အမျိုးသားသည် ဂုဏ်သိက္ခာရှိစွာဖြင့် အိမ်ထောင်ကို အုပ်စိုးနေပါသလား။ သူ၏ သားသမီးများ တို့၏ စာရိတ္တသည် မည်ကဲ့သို့ ရှိနေသနည်း။ ဖခင်ကိုဂုဏ်ရှိစေသော သားသမီး များဖြစ်ကြပါ၏လား။ အိမ်ထောင်၌ သြဇာမရှိ၊ ဉာဏ်ပညာနှင့်မအုပ်ချုပ်နိုင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းမရှိသော အိမ်ထောင်ဖြစ်နေလျှင်၊ အသင်းတော်ကို အုပ်ချုပ်ဦးဆောင်စေလျှင် အိမ်ထောင်မှအမူအကျင့်များသည် အသင်းတော်သို့ ကူးစက်လာပြီး မသန့်ရှင်းသော အပြုအမူများစွာကို မြင်တွေ့လာရမည် ဖြစ် သည်။
မမဝှိုက်ကိုယ်တိုင်က ဆက်လက်ညွှန်ကြားသော အသင်းတော်လူကြီး ရွေး ကောက်ခြင်းအတိုင်း အသင်းထောက်၊ အသင်းထောက်မယ်များကို ထိုနည်း အတိုင်းရွေးချယ်တင်မြှောက်ကြရမည်။
အသင်းတော်တစ်ခုလုံး၏ရှေ့မှောက်၌ အသင်းထောက်၊ အသင်းထောက် မယ်တို့၏မိသားစုများနေပုံထိုင်ပုံသည် ဘုရားသခင်၏ ရုပ်လုံးကိုပေါ်လွင် စေ သော သြဇာညောင်းခြင်းကို ပြသနိုင်မှသာ အသင်းတော်ခေါင်းဆောင်အဖြစ် ပုံ သက်သေကောင်းဖြစ်လိမ့်မည်။ ၁၈၆၂ ခုနှစ်မှ ရေးသားထားသောအကြောင်း အရာမှာ သူမသည် ပုံပမာ၏တန်ခိုးသြဇာညောင်းမှုနှင့် ပတ်သက်၍ အသင်း ထောက်၏ သားသမီးများသည် အမြင်မတော်သော ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်လာသောအခါ အသင်းတော်အတွင်းမှ တခြားသောသူများ၏ သားသမီး များလည်း အတုယူပြီးဝတ်ဆင်လာကြမည်။ ထိုအချိန်၌ အသင်းထောက်များ အတွက် မေးခွန်းများပေါ်ပေါက်လာလိမ့်မည်။ မသင့်လျော်သောအဝတ်အထည် များကို ဘာကြောင့်ဝတ်ဆင်ပေးသနည်း။ ကြိုးလေးတစ်ချောင်းသာချိတ်ထား သောအပေါ်ပိုင်းဗလာနီးနီးဖြစ်နေသည့် အဝတ်အထည်များဝတ်ဆင်ခြင်းသည် ရှက်စရာအလွန်ကောင်းသည်။ လူငယ်လူရွယ်များသည် တစ်ဦးနှင့်တစ်ဦး အတု ယူလုပ်ဆောင်လေ့ရှိကြသည်။ အထူးသဖြင့် ဥပုသ်ကျောင်းရောက်လာ ကြသော လူငယ်လူရွယ်တို့သည် အတုယူဝတ်ဆင်တတ်ကြသည်။ အသင်းထောက် တစ် ဦး၏ သားသမီးများသည် ပုခုံးချိတ်ကြိုးလေးသာရှိသောအဝတ်ကို ဘုရား ကျောင်း၌ ဝတ်လာသည်ကို ကျွန်မမြင်နေရသည်။ သူတို့၏ကိုယ်စား ကျွန်မမှာ ပို၍ရှက်နေရပါသည်။ မစ္စစ်ဝှိုက်ကဆက်လက်၍ ကောင်းမွန်သော ပုံသက်သေ ကိုမပြသသောသူတစ်ဦးအတွက်ကြောင့် အထူးအလေးထားလေးနက်စွာ နေ ထိုင်သူတစ်ဦးအတွက် ခလုတ်တံသင်းဖြစ်စေပြီး အားနည်းခြင်းသို့ ဖြစ်စေသည်။ အသင်းထောက်၊ အသင်းထောက်မယ်တို့သည် ဘုရားသခင်၏ ကိုယ်စားလှယ် များအဖြစ် ပုံသက်သေကောင်းကို ပြသရသောသူများဖြစ်ကြရမည်။ အသင်း ထောက်၊ အသင်းထောက်မယ်များတို့သည် သူတစ်ပါးကို သွန်သင်ဆုံးမသော အခါ မိမိတို့၏ သားသမီးများကပင် ကောင်းသောပုံသက်သေမပြနိုင်လျှင် အခြား သူကိုသွန်သင်နိုင်ရန် အလွန်ခက်ခဲလှပါသည်။ ထိုနည်းတူ ခင်ပွန်းသည်၊ ဇနီး သည်များလည်း အတူတူပင်ဖြစ်သည်။ တခြားသော အသင်းသားများ လမ်း မလိုက်ချင်သောအခါ အသင်းထောက်၊ အသင်းထောက်မယ်၏ မိသားစုကို လက်ညှိုးထိုးပြီးအပြစ်တင်ခိုင်းနှိုင်းတတ်ကြသည်။
အခန်း (၁၄)
ပြဿနာများဖြေရှင်းခြင်းနှင့်
အသင်းသားများကိုပြုစုပျိုးထောင်ပေးခြင်း
ပထမရာစုနှစ်၌စတင်တည်ထောင်ခဲ့သော ခရစ်ယာန်အသင်းတော်များ တွင် အသင်းထောက်များအနေဖြင့် အသင်းသားများနှင့် လက်တွဲပြီး ပြဿနာ များ ဖြေရှင်းခြင်းနှင့်အသင်းသားများအား သွန်သင်ပြသခြင်းအလုပ်ကို လုပ် ဆောင်ခဲ့သည်။ ထို့အတွက်ကြောင့် မြော်လင့်ခြင်းအသင်းတော်၌ ရှိသော အသင်းထောက်၊ အသင်းထောက်မယ်များအနေဖြင့် ယခုနှစ်ဆယ့်တစ်ရာစုနှစ် တွင်လည်း အသင်းသားများ၌ရှိသော ပြဿနာနှင့် သူတို့၌ လိုအပ်သော ပြုစု ပျိုးထောင် ဆုံးမပြသခြင်းမျိုးကို လုပ်ဆောင်သွားကြရမည်။
အယ်လင်ဂျီဝိုက်က “ဘုရားသခင်၏ဝိညာဉ်တော်သည် အပြစ်သားများကို စိတ်နှလုံးပြောင်းလဲပေးစေပြီး အသင်းတော်၏ လက်ရုံးများအဖြစ် ထားရှိသည်။ ဓမ္မအမှုတော်ဆောင်များက သူတို့၏ အလုပ်တာဝန်ကို လုပ်ဆောင်ပြီး အသင်း တော်၏အောက်ခြေသိမ်းအလုပ်ကိုမူ ဝင်ရောက်မလုပ်ကိုင်နိုင်ပါ။ ယုံကြည်ခြင်း ၌နုနယ်နေသောသူများကို ပြုစုရန် အသင်းတော်ကိုဘုရားရှင်က ခန့်ထားတော် မူသည်။ ဤရေးသားချက်သည် လူတစ်ဦးတစ်ယောက်သည် ရေနှစ်ခြင်းခံယူပြီး သည်နှင့် မပြီးဆုံးသေးကြောင်းဖော်ပြထားပါသည်။ ထိုဝိညာဉ်သည် လုံးဝ ယုံကြည်စိတ်ချရပြီဟု မသတ်မှတ်သင့်ပေ။ အသင်းသားဟောင်းများအနေဖြင့် အသစ်ဝင်ရောက်လာသော အသင်းသားအသစ်များကို ယိုင်းပင်းကူညီအားပေး ရန်လိုအပ်သေးသည်။ သင်တန်းပေးရန်လိုအပ်သေးသည်။ အသင်းတော်၌ တည် ကြည်ရန် ဆက်လက်တွဲခေါ်ရန်လိုအပ်သေးသည်။ ထိုတာဝန် ဝတ္တရားများသည် အသင်းသားအားလုံးအပေါ်၌ရှိပြီး ဆရာ၏အပေါ်၌သာ ရှိနေသည်မဟုတ်ပါ။ တမန်တော်ဝတ္ထုကို လေ့လာလိုက်လျှောက်ရာ၌ အသင်းထောက်၊ အသင်း ထောက်မယ်များလုပ်ဆောင်ရန် တာဝန်ဝတ္တရားသည် အလွန်လေးနက်လှ သည်။
ပို၍ကြီးမားသောအသင်းထောက်၏ တာဝန်ကဏ္ဍမှာ ပထမရာစုနှစ်၌ ခရစ်ယာန်အသင်းတော်၏ အသင်းထောက်၊ အသင်းထောက်မယ်များကဲ့သို့ သတ္တမနေ့မြော်လင့်ခြင်းအသင်းထောက်၊ အသင်းထောက်မယ်များသည်လည်း လိုက်လျှောက်လုပ်ဆောင်ကြရမည်။ ပထမရာစုနှစ်မှ ကနဦးရွေးချယ်တင် မြှောက်ခဲ့သော အသင်းထောက်ခုနစ်ဦးကဲ့သို့ အလုပ်တာဝန်ကို လုပ်ဆောင်ရန် မစ္စစ်ဝှိုက်ကအကြံပေးခဲ့သကဲ့သို့
အသင်းတော်က ပညာ၊ သမ္မာဓိ၊ ယုံကြည်ခြင်းနှင့်ပြည့်စုံသော ယောက်ျား ခုနစ်ယောက်ကို ရွေးချယ်ခဲ့ကြသည်။ ထိုသူတို့သည် ဘုရားသခင်၏ ဝိညာဉ် နှင့်ပြည့်ဝပြီး သတေဖန်သည် ပထမဦးစွာရွေးချယ်ခံရသူဖြစ်သည်။ သူသည် ဘာသာရေး၌သော်လည်းကောင်း၊ မွေးဖွားခြင်းဇာတိအားဖြင့်သော်လည်း ကောင်း ဂျူးလူမျိုးစစ်စစ်ဖြစ်သည်။ သို့သော်လည်း ဟေလသဘာသာကို ကောင်းစွာ ပြောဆိုတတ်သည်။ ဂရိယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ကောင်းမွန် ကျေညက်စွာပြောဆိုနေထိုင်တတ်သူဖြစ်သည်။ ထိုကဲ့သို့ အရည် အချင်းရှိသောကြောင့် ရံပုံငွေနှင့်ငွေကြေးကဏ္ဍ၌ ခေါင်းဆောင်ရာထူးကိုပေးပြီး မုဆိုးမများ၊ မိဘမဲ့များ၊ ဆင်းရဲသားများကိုစောင့်ရှောက်ရန် အထူးတာဝန်ပေးခံ ခဲ့ရသည်။ သတေဖန်ကို ရွေးချယ်သောအခါ လူတိုင်းက သဘောကျပြီး မကျေ နပ်မှု၊ ပြစ်တင်မှု၊ ဝေဖန်မှု၊ ညည်းညူခြင်းများအားလုံးတိတ်ဆိတ်ခဲ့သည်။
ရွေးချယ်ခံအသင်းထောက်ခုနစ်ဦးသည် မိမိတို့ကျရာတာဝန်ကို လုပ် ဆောင်နိုင်ရန် သူတို့အပေါ် လက်တင်ပြီးဆုတောင်းပေးခဲ့ကြသည်။ လက်တင် မင်္ဂလာခံရသောသူအားလုံးသည် ကျမ်းစာမှယုံကြည်ချက်ကို မသင်ကြားပေး ဖူးသူမပါဝင်ကြပါ။ မှတ်တမ်းများအရ၊ “သတေဖန်သည် ယုံကြည်ခြင်းနှင့် လည်းကောင်း၊ ခွန်အားနှင့်လည်းကောင်းပြည့်ဝသူ၊ လူများအကြား၌ အံ့ဖွယ် နိမိတ်လက္ခဏာကိုပြသသူဟု မှတ်တမ်းတင်ထားပါသည်။ ထိုသူတို့သည် အမှန် တရားကိုသွန်သင်ရန် အရည်အချင်းပြည့်စုံသူများဖြစ်ကြသည်။ ဖြစ်ပေါ်လာ သောရုန်းရင်းဆန်ခတ်မှုများကို ငြိမ်သက်စွာ ဖြေရှင်းနိုင်သူဟုလည်း မှတ်တမ်း တင်ထားသည်။ ကိစ္စပြဿနာများကို ကောင်းစွာပြေလည်စေနိုင်သူများဟူ၍ လည်း ဖော်ပြခံရပြီး မနာလိုဝန်တိုခြင်း၊ ညည်းညူမြည်တမ်းခြင်းမခံရသောသူ များ ဖြစ်သည်။
အသင်းတော်၏လည်ပတ်မှုအတွက် ရွေးချယ်ခြင်းခံရသော ထိုအသင်း ထောက်များသည် အမှန်တရားကို လွတ်လပ်စွာ ဟောပြောသွန်သင်နိုင်ရန် တမန်တော်များက အခွင့်ပေးထားသည်။ ဘုရားသခင်ထံမှ ကြီးမြတ်သော ကောင်းချီးခံရသူများဖြစ်ကြသည်။ အသင်းတော်သည်လည်း အားနှင့်အင်နှင့် ပြည့်ဝလျက် ရှေ့သို့တိုးတက်နေတော့သည်။ ဘုရားရှင်၏နှုတ်ကပတ် သတင်း စကား ပျံ့နှံ့ခြင်း၊ ယေရုရှလင်မြို့၌လည်း တပည့်တော်များတိုးပွားလျက်၊ ယဇ် ပုရောဟိတ် အရာ၌အမှုတော်ဆောင်လျက်ရှိသော အသင်းတော်ခေါင်းဆောင် များလည်း ယုံကြည်ခြင်း၌ နာခံလျက် အမှုတော်သည် တဟုန်ထိုးဆက်လှမ်း လျက်ရှိသည်။ ယနေ့အချိန်အခါသည်လည်း တမန်တော်ကြီးများအချိန်ကကဲ့သို့ လုပ်ဆောင်ခဲ့မှုများ၊ အစီအစဉ်များနည်းတူ လုပ်ဆောင်ရန်အလွန်အရေးကြီး သည်။ ဌာနဆိုင်ရာကဏ္ဍအဖက်ဖက်၏ ညီညာစွာတိုးတက်ခြင်းသည် အရည် အချင်းမျိုးစုံပါဝင်သော သူများ၏ အရည်အချင်းစုပေါင်းခြင်း လိုအပ်ပါသည်။ လူတိုင်းမိမိတတ်ကျွမ်းသည့်အတိုင်း မိမိတို့ရောက်ရှိနေသောနေရာ၌ ဆက်ကပ် ကြရမည်။ ဘုရားရှင်၏အမှုတော်၌ ခေါင်းဆောင်နေရာတွင် ဘုရားရှင်က ရွေးချယ်သောသူသည် အသင်းတော်အပေါ် ဝိညာဉ်ရေးအရ စိတ်ဝင်စားခြင်းနှင့် အထွေထွေယေဘုယျအမြင်ဖြင့် တိုးတက်အောင်လုပ်ဆောင်ရန် စိတ်ရင်းရှိသူ များဖြစ်ရမည်။ မိမိ၏ သဘာဝပင်ကိုယ်ကိုယ်ကျိုးများ စွန့်လွှတ်နိုင်သူဖြစ်ရ မည်။ အမှုတော်ကိုဆောင်ရန် ဘုရားရှင်ရွေးချယ်ခြင်း ခံရသူသည် အချိန်ယူပြီး ဘုရား၌အာရုံပြုခြင်း၊ ဆုတောင်းခြင်း၊ နှုတ်ကပတ်တော် လေ့လာခြင်းကို အမြဲ ပြုရပါမည်။ ဝိညာဉ်ရေးစိတ်အားကြီးလာသည်နှင့်အညီ အသင်းတော်အတွင်း ထိတွေ့ ဆက်ဆံရသူများနှင့် သဘောတူညီစွာ အသင်းတော်လုပ်ငန်းများကို အတူတကွလုပ်ဆောင်လာကြမည်။
ယခုအခြေအနေမျိုးနှင့်ပတ်သက်၍ အသင်းထောက်များကို ကျွန်တော် တိုက်တွန်းလိုသောအချက် (၄) ချက်ရှိပါသည်။ အသင်းထောက်နှင့်အသင်း ထောက်မယ်များသည် မြော်လင့်ခြင်းအသင်းတော်၌ အမှုတော်ပါဝင်ဆက်ကပ် ရန်နှင့် ဖြစ်ပေါ်လာသောပြဿနာများကိုဖြေရှင်းရန် မှန်ကန်သောစိတ်ထားများ သွတ်သွင်းသင်ကြားပျိုးထောင်ရန်အတွက်ဖြစ်သည်။ ပထမဦးဆုံးသူတို့သည် သတေဖန်၏ အရည်အချင်းကိုမှတ်သားထားရန်ဖြစ်ပြီး၊ သတေဖန်သည် ဘယ် အတွက်ကြောင့်အသင်းထောက်ချုပ်အဖြစ် ခန့်အပ်ခံရခြင်းကို လေ့လာပါ။ သူ သည် ဂျူးစစ်စစ်တစ်ယောက်ဖြစ်ခဲ့သည့်တိုင် ဂရိဘာသာစကားကို ကောင်းမွန် စွာပြောတတ်၊ ရေးတတ်သူဖြစ်သည်။ ဂရိ၏ယဉ်ကျေးမှုဓလေ့ထုံးစံကို နှောကျေ ထားသူလည်းဖြစ်သည်။ ထို့အတွက် သတေဖန်သည် လူမျိုးနှစ်မျိုးကြား ကောင်းစွာဆက်သွယ်ဝင်ထွက်နိုင်သူတစ်ဦးဖြစ်၏။ ဂရိဘာသာမှ ခရစ်ယာန်သို့ ပြောင်းလဲလာသူနှင့် ဟေဗြဲ၊ ပါလက်စတိုင်းမှ ခရစ်ယာန်များတို့၏ ဓလေ့များကို နားလည်ထားသည်။ မြော်လင့်ခြင်းအသင်းတော်၏ အသင်းထောက်နှင့် အသင်း ထောက်မယ်များကို ရွေးချယ်တင်မြှောက်ဖို့ရန် အသင်းတော်အတွင်း မတူညီ ကွဲပြားနေသော အသင်းသားများ၏အကြောင်းကို သိကျွမ်းသော သူကိုသာ ရွေးချယ်ပါ။ နှစ်ဆယ့်တစ်ရာစုနှစ်အတွင်း အသင်းတော်အတွင်း၌ကွဲပြားချက် များမှာ ယဉ်ကျေးမှု၊ လူမျိုးစုမတူညီခြင်း၊ ရောနှောနေသောရှုပ်ထွေးနေသည့် အယူအဆ၊ ဘာသာစကားမတူညီမှု၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းမတူညီမှု၊ အသက်အပိုင်းအခြားကွာဟမှု၊ ပညာအရည်အချင်းကွာဟမှု၊ အမျိုးသား အမျိုး သမီးဝတ်ပြုပုံဝတ်ပြုနည်း၊ တေးဂီတ၊ ဘာသာရေးခံယူချက်၊ ဝတ်စားပုံ၊ စားသောက်ပုံ အစရှိမတူညီမှုများကို နားလည်ထားရမည်။ အသင်းထောက် အသင်းထောက်မယ်များတို့သည် မတူညီကွာဟနေသောအချက်များကို လိမ္မာ ပါးနပ်စွာ ပေါင်းကူးဆက်သွယ်တတ်သူများဖြစ်ရမည်။ အသင်းသူအသင်းသား များအကြား၌ အပြုသဘောဆောင်သော ဩဇာလွှမ်းမိုးခြင်း ရှိသူဖြစ်ရမည်။
ကျွန်တော်၏ အသင်းအုပ်အမှုတော်ဆောင်သက်တမ်းမှာ အနှိမ့်ချရဆုံး သောအတွေ့အကြုံတစ်ခုကို ဝေမျှခွင့်ပြုပါ။ ယင်းပြဿနာပေါ်ပေါက်လာသော အချိန်မှာ ကျွန်တော်သည် ကျမ်းစာကျောင်းဆင်းစအချိန်ဖြစ်သည်။ ဆယ်ကျော် သက်သာရှိသေးသောသမီးငယ်တစ်ဦး ကိုယ်ဝန်မတော်တဆ ရရှိသွားသော မိသားစုအိမ်သို့ ကျွန်တော်ရောက်ရှိသွားခဲ့သည်။ ကျွန်တော် ထိုသမီးငယ်ကို စကားပြောသော်လည်း ကျွန်တော့်ကို စကားပြန်မပြောပါ။ နောက်ဆုံးမှာ မိခင်ကဒေါသဖြင့် နင်မကြားဘူးလား၊ ဆရာကနင့်ကိုစကားပြောနေတာဟု အော်ငေါက်လိုက်သည်။ တစ်ခုခုပြန်မပြောတတ်ဘူးလားဟု ဆက်ပြီးဆူပူနေ ပြန်သည်။ သမီးငယ်ကမျက်ရည်ကျပြီး “မေမေဆရာဘာပြောတာလဲကျွန်မ နားမလည်လို့ပါဟု ငိုရင်းပြန်ဖြေသည်။ ထုံးစံအတိုင်း သူမမှာ ပြဿနာရှိနေ သည်။ ကျွန်တော်ပြောသောဘာသာစကားသည် သူတို့သုံးသောဘာသာစကား မဟုတ်ချေ။ ကျွန်တော်တွေးတောဆင်ခြင်လိုက်သည်မှာ အသင်းသားအားလုံး က ကျွန်တော်ပြောသော စကားကို နားမလည်လျှင် ပြဿနာဖြစ်တော့မည်။ တစ်နေ့ ဘုရားသခင်က ကျွန်တော့်ကိုအသိဉာဏ်တစ်ခုပေးလိုက်သည်။ ကား တစ်စီးပေါ်မှ ရေးထားသောစာတန်းတစ်ခုကို အမှတ်တမဲ့ ဖတ်မိလိုက်သည်။ “မြောက်ပိုင်း သားပုံစံလာမဖမ်းနဲ့၊ ငါတို့ကတောင်ပိုင်းသား” ဟုရေးထားသော စာဖြစ်သည်။ နောက်ဆုံးမှာ ကျွန်တော်၏ ခေါင်းထဲအလင်းတစ်ခု ဝင်ရောက် လာသည်။ ကျွန်တော်ဒေသသုံးစကားကို မပြောတတ်ဘဲကိုး၊ အကယ်၍အသင်း ထောက်၊ အသင်းထောက်မယ်ကိုခေါ်သွားလျှင် ထိုအမျိုးသမီးငယ်နှင့် ဆက် သွယ်ပြောဆိုမှုက တစ်မျိုးတစ်ဖုံပြောင်းလဲသွားမည်။ အသင်းထောက်၊ အသင်း ထောက်မယ်များကို ထိုကလေးမကို မွေးကတည်းကသိပြီးသားဖြစ်သည်။ နှစ်ပေါင်းများစွာ သူမ၏ မိသားစုနှင့်ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည်။ မတော် ကျောင်းနေဘက်ငယ်ပေါင်းကြီးဖော်များဖြစ်နေကြမည်။ ကလေးမက အသင်း ထောက်၊ အသင်းထောက်မယ်တို့ပြောသောစကားကို သေသေချာချာနားလည် လိမ့်မည်။ သူမ၏စကားကိုပြောတတ်သောကြောင့်ဖြစ်သည်။
သတေဖန်နှင့်အခြားအသင်းထောက်များ အသင်းတော်ကိုကူညီ ထောက်ပံ့ ရန် ရွေးချယ်ခံရပြီးသည့်နောက် မကျေနပ်ချက်များ၊ မြည်တွန်တောက်တီး ခြင်းများ ဂရိလူမျိုးနှင့် ဟေဗြဲလူမျိုးများအကြား ငြိမ်သက်သွားခဲ့သည်။ ထို့ အတွက်ကြောင့် အသင်းတော်မှအသင်းထောက်၊ အသင်းထောက်မယ်များကို ရွေးချယ်တင်မြှောက်ရာ၌ ပြဿနာများကို ဖြေရှင်းနိုင်သောသူကို ရွေးချယ်ရန် လိုပါသည်။ သူတို့သည် ပြဿနာပေါင်းစုံကို စီမံဖြေရှင်းနိုင်သော မန်နေဂျာ အဖြစ် သတ်မှတ်ခံကြရသည်။ ပေါင်းသင်းဆက်ဆံညှိနှိုင်းရေးဝန်ထမ်းအဖြစ် အသတ်မှတ်ခံရသည်။ ဝိညာဉ်ရေးဘက်၌ အကြံပေးသူအဖြစ်သတ်မှတ်ခြင်း ခံရသည်။ သူတို့၏အဓိကတာဝန်မှာ အသင်းတော်ကိုစည်းလုံးစေရန်၊ ငြိမ်သက် မှုရှိစေရန်နှင့် အသင်းသားများအပြစ်တင်ဝေဖန်ညည်းညူလာလျှင် ဖြေရှင်းပေး ရန်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ သူတို့သည် ပြဿနာကိုပြေလည် အောင်ဖြေရှင်းပေးသူများဖြစ်ကြသည်။
ပထမရာစုနှစ်မှ အသင်းထောက်များသည် နှုတ်ကပတ်ကျမ်းစာကို သင် ကြားပေးနိုင်သူများဖြစ်ကြသည်။ တည်ငြိမ်သူများလည်း ဖြစ်ကြသည်။ သိနား လည်သူများလည်းဖြစ်ကြသည်။ ထိုကြောင့် တတိယအချက်အနေဖြင့် မြော် လင့်ခြင်းအသင်းထောက်၊ အသင်းထောက်မယ်များတို့သည် နှုတ်ကပတ်တော် ကို သင်ကြားသွန်သင်နိုင်သူလည်းဖြစ်ရမည်။ မိမိကိုယ်ကိုချုပ်တည်းတတ်သူ လည်းဖြစ်ရမည်။ နားလည်ဖြေရှင်းတတ်သူလည်း ဖြစ်ရမည်။ အကျိုး အကြောင်းဆင်ခြင်တတ်သူဖြစ်ရမည်။
ဘုရားသခင်သည် ပထမရာစုနှစ်ခရစ်ယာန်အသင်းတော်ကို ကောင်းချီး ပေး၍ ယုံကြည်သူများတိုးပွားခဲ့သည်။ အကြောင်းရင်းမှာ အသင်းထောက်များ သည် မိတ်သဟာယဖွဲ့ခြင်းဖြင့်တည်ကြည်သော နှုတ်ကပတ်တော်သွန်သင် ခြင်းများပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် တမန်တော်များဟောပြော ခြင်းအမှုကိုသာ စိတ်ချလက်ချလုပ်ဆောင်ရသောကြောင့် ဧဝံဂေလိတရားပျံ့နှံ့ သွားခဲ့သည်။ တမန်တော်များအာရုံပြုခြင်းအမှု၊ ဆုတောင်းခြင်းအမှု၊ နှုတ် ကပတ်တော်လေ့လာခြင်းအမှုကိုလည်း စိတ်အေးသက်သာစွာပြုလုပ်နိုင်သည်။
“ဘာနက်” က အသင်းထောက်များလုပ်ဆောင်ရန် လုပ်ငန်းစဉ်နှင့် အသင်း သားများအကြား မည်သို့လုပ်ဆောင်ရန်ကို သတ်မှတ်ထားသည်။ ကျွန်တော်၏ သဘောထားမှာ အသင်းထောက်များသည် ယခုတာဝန်ကို ဆက်လက်လုပ် ဆောင်ရန်လိုသေးသည်။ ထိုတာဝန်များကား၊ ပထမရာစုနှစ်က အသင်းထောက် များလုပ်ဆောင်ခဲ့သော ဝတ္တရားများ၊ စည်းကမ်းချက်များပင် ဖြစ်သည်။ ထို တာဝန်ဝတ္တရားများကို ယခုမြော်လင့်ခြင်းအသင်းတော်မှ အသင်းထောက်၊ အသင်းထောက်မယ်များ နှစ်ဆယ့်တစ်ရာစုနှစ်တွင် ဆက်လက် လုပ်ဆောင်ရ မည်။ ဘားနက်ကဆက်လက်ပြီး-
အောက်ပါလုပ်ဆောင်ရန်အချက်များသည် ရိုးရိုးလေးဖြင့်အခြေခံကျသော လုပ်ဆောင်ချက်များဖြစ်ကြသည်။ အမှုတော်ကို ဆောင်ရွက်သောအခါ ညွှန် ကြားသတ်မှတ်ထားသောအချက်များဖြစ်သည်။
(၁) ဖျားနာသူနှင့်အိမ်ပြင်မထွက်နိုင်သူများထံလည်ပတ်ခြင်း
(၂) ဆင်းရဲချို့တဲ့သူများကိုမစကူညီခြင်း
(၃) လည်ပတ်ဝတ်ပြုခြင်းအစီအစဉ်နှင့် လူသစ်များကိုယိုင်းပင်းကူညီ ကြိုဆို
ခြင်း
(၄) ဘုရားကျောင်းသို့ရောက်ရှိလာသူထံသွားရောက်လည်ပတ်ခြင်း
(၅) အရွယ်ရောက်လာသူများကို ရေနှစ်ခြင်းခံယူရန် နှစ်ခြင်းမင်္ဂလာအတွက် ဖြင့် ကျမ်းစာသင်ရန်စီစဉ်ပေးခြင်း၊ အသင်းတော်ယုံကြည်ချက်ကိုသင်ပေး ခြင်း၊ ရေနှစ်ခြင်းခံယူပြီးနောက် အသင်းသားအသစ်များကို ကျမ်းစာ သင် ခြင်းအဖွဲ့၌တက်ရောက်စေခြင်း
(၆) ကလေးများကိုအသင်းတော်အကြောင်းသင်ကြားပေးရန်
(၇) ဆုတောင်းခြင်းအဖွဲ့၊ ကျမ်းစာသင်ခြင်းအဖွဲ့နှင့်အဖွဲ့ငယ်များကို ဦးဆောင် ပေးရန်
(၈) ခရစ်ယာန်အသိုက်အဝန်းအတွင်း အထူးလိုအပ်နေသောအရာကို ဦးဆောင် သူအဖွဲ့နှင့်လုပ်ဆောင်ရန်အဖွဲ့များကို ဦးဆောင်ဖွဲ့စည်းခြင်း
(၉) နောက်လိုက်ကောင်းနှင့် ပွဲတော်ခွက်များစေရန်သင်ကြားပြသပေးခြင်း၊ လူ ငယ်လူရွယ်များကို အသင်းထောက်မျိုးဆက်အဖြစ် ကြိုတင် သင်ကြား ပို့ချ ပေးခြင်း
(၁ဝ) ကျောင်းသူ၊ ကျောင်းသားအဖွဲ့နှင့်အတူတကွလုပ်ဆောင်ခြင်း
(၁၁) သားသမီးငယ်များကို ဘုရားသခင်ထံဆက်ကပ်ကြရန် မိဘနှင့်အုပ်ထိန်း သူများကိုအကြံပေးခြင်း၏
(၁၂) ဆွေးနွေးပွဲအဖွဲ့များကိုဦးဆောင်ပေးခြင်း
(၁၃) ပျော်ပွဲစားအစီအစဉ်၊ အလုပ်ဆွေးနွေးပွဲနှင့် အလားတူကိစ္စများကိုကူညီ ပေးမည့်သူများကို ဖွဲ့စည်းပါဝင်ကူညီခြင်း
(၁၄) နယ်မြေ၊ ပိုင်နက်အတွင်း အမှုဆောင်အဖွဲ့များကို ကူညီထောက်ပံ့ လုပ် ဆောင်မှု
(၁၅) လူငယ်လူရွယ်အစီအစဉ်နှင့်လုပ်ဆောင်မှုများကို မြှင့်တင်ရန်၊ အသင်း တော်၏လူငယ်ဌာနကိုဦးဆောင်သူ၊ အကြံပေးသူများကိုကူညီပေးရန်
(၁၆) ပြဿနာရင်ဆိုင်နေရသူများကိုအကြံဉာဏ်ပေးခြင်း
|
ပြဿနာများ --------- ပြုစုပျိုးထောင်ပေးခြင်း |
(၁၇) အသင်းထောက်နှင့်အသင်းထောက်မယ်များ ရက်သတ္တပတ်အလယ် ဆု တောင်းခြင်းအစီအစဉ်၌ဦးဆောင်တတ်ရန်နှင့် ပလ္လင်ပေါ်၌မည်သို့ လုပ် ဆောင်ရမည်ကိုသင်ကြားပေးခြင်း
(၁၈) သတ်မှတ်ပေးထားသောနယ်စီးကြီး၏နယ်မြေအတွင်း ပါဝင်ကူညီ တာဝန် ယူဆောင်ရွက်ပေးခြင်း
၂၁ ရာစုနှစ်အတွင်း မြော်လင့်ခြင်းအသင်းတော်၏ လုပ်ဆောင်ချက်များ သည် ပထမရာစုနှစ်မှခရစ်ယာန်အသင်းထောက်၊ အသင်းထောက်မယ်များတို့ ၏လုပ်ငန်းစဉ်ကို ပြန်လည်အသက်သွင်းလုပ်ဆောင်ရန်ဖြစ်ပြီး ပြဿနာများ အသင်းတော်အတွင်းပေါ်ပေါက်လာပါက ဖြေရှင်းပေးရန်၊ သွန်သင်ဆုံးမပေးရန် အသင်းသားများကိုစည်းရုံးလှုံ့ဆော်ပြီး သာ၍ကြီးမားသော ရလဒ်ကောင်းများ ကို ရယူရန်ဖြစ်သည်။
အခန်း (၁၅)
ဧဝံဂေလိသတင်းစကားကြွေးကြော်ခြင်းနှင့်
ဝိညာဉ်များရိတ်သိမ်းခြင်း
ရှေးဦးအသင်းတော်မှ အသင်းထောက်ကြီးများတို့၏ လုပ်ဆောင်ချက် သည် လွန်စွာအံ့သြဖွယ်ကောင်းလှသည်။ “ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်တိုးပွား၍၊ ယဇ် ပုရောဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏” (တမန် တော် ၆း၇)။ “ဒေါ့ခါရီ” ကိုယ်တိုင်က အသင်းထောက်ခုနစ်ဦးကို ရွေးချယ်သော ကနဦးအသင်းတော်သည် ကမ္ဘာလုံးဆိုင်ရာ ဧဝံဂေလိလုပ်ငန်း အတွက်ဖြစ် ကြောင်း မှတ်တမ်းတင်ထားပါသည်။
ကြီးမားသောရှုမြင်ချက်ဖြင့် အယ်လင်ဂျီဝိုက်က အသင်းထောက်များတို့၏ ရပ်တည်ချက်ကြောင့် တိုးပွားလာခြင်းကို ဤသို့ရေးသားထားပါသည်။ ဝိညာဉ် များစုသိမ်းခြင်း၌ တမန်တော်များနှင့်အသင်းထောက်ခုနစ်ဦးတို့ လွတ်လွတ်လပ် လပ်လုပ်ဆောင်ချက်ကြောင့် တန်ခိုးအင်အားကြီးစွာ ပါရှိနေပါသည်။ အထူး သဖြင့် ယင်းညီအစ်ကိုကြီးများတို့သည် ဆင်းရဲသားများကို ကြည့်ရှုပြုစုရန် အထူးဘိသိက်ပေးထားခဲ့ရသူများဖြစ်ကြသည်။ ယုံကြည်ခြင်းကို သင်ကြားပေး ရန်အတွက်မပါသေးချေ။ တစ်ဘက်မှလည်း သူတို့သည် အမှန်တရားကို သွန် သင်ပေးရန် အရည်အချင်းပြည့်ဝနေသူများ ဖြစ်နေကြသည်။ စိတ်အားကြီးစွာ ဘုရား၏အမှုတော်ကို အောင်မြင်စွာလုပ်ဆောင်ကြသည်။
ဤသို့ရေးသားချက်များသည် ကိုယ်ကာယဆင်းရဲခြင်းနှင့်ရင်ဆိုင်နေရသူ များအတွက် အထူးရည်ညွှန်းထားပါသည်။ ရှေးဦးခရစ်ယာန်အသင်းတော်များ သည် ဧဝံဂေလိတရားကိုကြွေးကြော်၍ အောင်မြင်ခြင်း အခွင့်ရရှိကြသည်။ တမန်တော်များ၏လုပ်ဆောင်ချက်ကြောင့် အသင်းတော်သို့ပြောင်းလဲလာသူ
များလှသည်။
တမန်တော်ဝတ္ထုမှ ဖိလိပ္ပနှင့်သာဖန်တို့၏ အမှုတော်ဆောင်ရွက်ခြင်း အောင်မြင်ပုံရုပ်လုံးကို ရေးသားထားသည်။ အခြားအခြားသော အသင်းထောက် ကြီးများတို့လည်း ကျမ်းစာအရမှတ်တမ်းများမရှိသည့်တိုင် သူတို့သည် ဧဝံဂေလိ ဟောပြောခြင်းဖြင့် များစွာသောပြောင်းလဲခြင်းကို ပြုလုပ်ကြလိမ့်မည်မှာ အမှန် ပင်ဖြစ်သည်။ ၁တိ ၃း၉ ၌ဖော်ပြထားသော အသင်းထောက်တစ်ဦး၏ လိုအပ် သောအရည်အချင်းမှာ နက်နဲသောယုံကြည်ချက်ကို သြတ္တပ္ပစိတ် ရှင်းရှင်းဖြင့် သန့်ရှင်းစွာ စွဲကိုင်ထားနိုင်သူဖြစ်ရမည်။ ယုံကြည်ခြင်းကိုနှုတ်ဖြင့် ဟောပြော သွန်သင်တတ်သူဖြစ်ရကြမည်။ အသင်းထောက်ကြီးဖိလိပ္ပုသည် သမ္မာကျမ်းစာ အမှုဆောင်အတွက်သော်လည်းကောင်း၊ ဧဝံဂေလိဟောပြောခြင်း၌ သော်လည်း ကောင်း ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ တမန်တော် ၂၁း၈၊ “နက်ဖြန်နေ့၌ ထွက်သွားပြန်၍ ကဲသရိမြို့ သို့ရောက်လျှင်၊ ဆရာခုနစ်ပါးအဝင် သာသနာပြု ဆရာဖိလိပ္စု၏အိမ်သို့ဝင်၍နေကြ၏။”
ဖိလိပ္ပုသည် သာသနာပြုဆရာတစ်ဦးကဲ့သို့ ရှမာရိမြို့၌တရားဟောပြော သောအခါ ကြီးကျယ်သောအောင်မြင်ခြင်းကိုရရှိ၏။ ထိုရာဇဝင်ကို အောက်ပါ အတိုင်း မှတ်တမ်းအရဖတ်ရသည်။
“ဖိလိပ္ပုသည်လည်း၊ ရှမာရိမြို့သို့သွား၍ ခရစ်တော်၏ အကြောင်းကို ဟော လေ၏။ လူအစုအဝေးတို့သည်ကြား၍ ဖိလိပ္ပုပြုသောနိမိတ်လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏စကားကို တစ်ညီတစ်ညွတ်တည်း နားထောင်ကြ၏။ အကြောင်းမူကား၊ နတ်ဆိုးစွဲသောသူများတို့၏အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာ သောအသံနှင့်အော်ဟစ်လျက်ထွက်သွားကြ၏။ ကိုယ်မလှုပ်နိုင်သောသူ၊ ခြေ မသန်စွမ်းသောသူများတို့သည်လည်း ပကတိအဖြစ်သို့ရောက်ကြ၏။ ထိုမြို့သူ မြို့သားတို့သည် အလွန်ဝမ်းမြောက်ခြင်းရှိကြ၏” (တမန်တော် ၈း၅-၈)။
အယ်လင်ဂျီဝှိုက်၏ရေးသားထားချက်အရ၊ ဘုရားသခင်သည် ဖိလိပ္ပုကို အသုံးပြုရာတွင် ဧဝံဂေလိသာသနာပြုဆရာအနေဖြင့် ရှမာရိမြို့တွင် တမန် တော်များကိုကူညီရန်နှင့် လူအများက ယေရှုရှင်၏ ကြိုတင်ဟောထားချက်များ ကို နားလည်သဘောပေါက်ရန် ပါဝင်သက်သေခံကြသည်။ သူမကပင် ဖိလိပ္ပု၏ ရှမာရိ၌ လုပ်ဆောင်ချက်သည် အလွန်အောင်မြင်သည်ဟု ရေးသားထား၏။ ထိုအောင်မြင်မှုကြောင့်ပင် ယေရုရှလင်သို့စေလွှတ်ခြင်းခံရပြီး တမန်တော်များ ကိုကူညီရန်ရောက်ရှိသွားသည်။ တမန်တော်များကိုယ်၌က အဓိပ္ပါယ်ပြည့်ဝ သောစကားကို ပြောထွက်ခဲ့သည်။ “ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏” (တမန်တော် ၁း၈)။
ဖိလိပ္ပုသည် တရားပွဲ၌ဟောပြောတတ်သော အရည်အချင်းတစ်မျိုးတည်း သာရှိသည်မဟုတ်ပါ။ လူတစ်ဦးကို ဘယ်ကဲ့သို့ ကျမ်းစာသင်ရမည်ကိုလည်း ကျွမ်းကျင်စွာသိသည်။ ရှမာရိမြို့၌ တရားပွဲကိုကောင်းစွာကျင်းပပြီးစီးသောအခါ ဘုရားသခင်၏ ကောင်းကင်တမန်ကသူ့ကို ဂါဇာသဲကန္တာရသို့ ထွက်သွားရန် ညွှန်ကြားခဲ့သည်။ သူရောက်ရှိသွားသောအချိန်မှာ အဲသယောပိအမတ်တစ်ဦးက ကျမ်းစာလေ့လာပြီး အဓိပ္ပါယ်နားမလည်သောအခါ ဖိလိပ္ပုကချဉ်းကပ်ပြီး အဓိ ပ္ပါယ်ရှင်းလင်းပေးကာ ရေနှစ်ခြင်းပေး၍ ခရစ်တော်ထံသို့ ပို့ဆောင်ပေးခဲ့သည်။ (တမန်တော် ၈း၃၄-၃၈)။
တခြားအောင်မြင်ခဲ့သော အသင်းထောက်တစ်ဦးမှာ သတေဖန်ပင်ဖြစ် သည်။ အယ်လင်ဂျီဝှိုက်မှသူ့ကိုမှတ်ချက်ပေးခဲ့သည်မှာ သတေဖန်ကဲ့သို့ အသင်း ထောက်ချုပ်တစ်ဦးကို ကျွန်ုပ်တို့အသိအမှတ်ပြုရမည့်အချက်မှာ- သတေဖန် သည် ဦးစွာရွေးချယ်ခဲ့ရသည်။ သူသည် အသွေးအသားအားဖြင့်လည်းကောင်း၊ ဘာသာတရားအားဖြင့်လည်းကောင်း ဂျူးလူမျိုးစစ်စစ်ဖြစ်သည်။ သို့သော် ဂရိ စကားကိုကျေကျေညက်ညက်ပြောဆိုသူဖြစ်သည်။ ဂရိယဉ်ကျေးမှုထုံးတမ်း ဓလေ့အားလုံးကိုလည်း နှံ့စပ်ကျွမ်းကျင်သူဖြစ်သည်။ ထိုအခြေအနေမျိုးကြောင့် မုဆိုးမများအတွက် စီစဉ်ဆောင်ရွက်ပြုစုပေးသူများ၏ ဦးဆောင်သူနေရာကို ပေးခြင်းသည် အသင့်လျော်ဆုံးဟု လူတိုင်းကလက်ခံကြသည်။ မိဘမဲ့ကလေး များနှင့်ဆင်းရဲသားများကို ကာကွယ်ကျွေးမွေးရန် အသင့်လျော်ဆုံးဟု သဘော ထားကြသည်။
တမန်တော်ဝတ္ထု ၆း၈ မှ သတေဖန်၏ အကြောင်းကိုရေးထားသည်မှာ- သတေဖန်သည် ယုံကြည်ခြင်း၌လည်းကောင်း၊ တန်ခိုး၌လည်းကောင်း ပြည့်ဝ လျက် အံ့သြဖွယ်နိမိတ်လက္ခဏာများကို လူအများရှေ့တွင်ပြသ၏။ သို့သော် သတေဖန်ကိုလူများတို့သည် ဆန့်ကျင်ဘက်ပြု၍ နောက်ဆုံး၌ ကျောက်ခဲဖြင့် ပေါက်သတ်ကြ၏။ (တမန်တော် ၇း၅၈-၆ဝ)။ ဖော်ပြချက်အတိုင်း သတေဖန်၏ ရဲရင့်သောသတ္တိကို ရှင်ပေါလုက သက်သေခံထားကြောင်း တွေ့ရသည်။ ထို အကြောင်းကို အယ်လင်ဝှိုက်က ပြန်၍သက်သေခံသည်တွင်-
သတေဖန်၏ သေခြင်းသည် အသင်းတော်အတွက် အလွန်ပင်ဆိုးရွားခြင်း ဖြစ်သည်။ သို့သော် ထိုကိစ္စအတွက်ကောင်းသောရလဒ်မှာ ပေါလုသည် ပြောင်း လဲလာခြင်းဖြစ်သည်။ သူ၏ မျက်လုံးအိမ်ထဲမှ အာဇာနည်သူရဲကောင်းတစ်ဦး ၏ယုံကြည်ခြင်းကို ဖယ်ရှား၍မရနိုင်တော့ပါ။ ထင်ရှားခဲ့သောဘုန်း ရောင်ခြည် တော်ကိုလည်း မေ့ပျောက်၍မရပါ။ ထိုအချိန်၌ ရှောလုသည် စာတန်မာရ်နတ် ၏ အားကြီးပြင်းထန်သောလက်နက်တစ်ခုဖြစ်ခဲ့သည်။ သို့သော် များမကြာမီ အချိန်အတွင်း ခရစ်ယာန်များကို လိုက်လံဖမ်းဆီးနှိပ်စက်သတ်ဖြတ် သူသည် အသင်းတော်ကို ပြန်လည်တည်ဆောက်သူ ဖြစ်လာသည်။ စာတန်မာရ်နတ် ထက်အင်အားကြီးသော ဘုရားရှင်သည် ရှောလုကိုရွေးကောက်တော်မူပြီး၊ မာတုရသူရဲကောင်းသတေဖန်၏ အစားနေရာ၌ ပြန်လည်ခန့်ထားသည်။ ကိုယ် တော်၏ နာမတော်အားဖြင့် ဒုက္ခရောက်နေသူများကို ဟောပြောသွန်သင်ခြင်း၊ အသွေးတော်ကြောင့် ကယ်တင်ခြင်းရရှိစေမည့်သတင်းကို အရပ်ရပ်တို့၌ ကြွေး ကြော်ပျံ့နှံ့စေပါသည်။
“ဒေါ့ခါရီ” က တူညီသော ရှုထောင့်ဖြင့် သတေဖန်၏ သေခြင်းသည် ရှောလုကို ပြောင်းလဲပေးစေကြောင်း အတည်ပြုထားပါသည်။ ရှောလုသည် နှိပ်စက်ညှဉ်းပန်းခြင်း၌ အသင်းတော်များကို မည်ကဲ့သို့သော နည်းလမ်းအသစ် များဖြင့် နှိပ်ကွပ်ရမည်ကိုရှာကြံကာ ရှေ့အချိန်က အသုံးပြုခဲ့သောထုံးစံကို ယူ ကာ နှိပ်စက်ညှဉ်းပန်းခြင်းလမ်းဟောင်းအတိုင်း ဆက်လက်လုပ်ကိုင်ခဲ့သည်။ (ဂလာတိ ၁း၁၃)။ သူသည် အသင်းတော်ကို နှိပ်ကွပ်ခဲ့သော်လည်း သူမမြင်ချင် သောခရစ်ယာန်သာသနာသည် ဆက်လက်တိုးတက်နေပါသည်။ သာဖန်သည် ရှောလု၏ ရှေ့မှောက်သို့ပေါ်လာပြန်သောအခါ နှုတ်အားဖြင့်အသက်တာ ပုံစံ ဖြင့်သာမက အသေခံခြင်းဖြင့် သက်သေပြခဲ့ပြန်သည်။
ဂန္ထဝင်မြောက်အားထားရသော ယင်းအသင်းထောက်ကြီးနှစ်ပါးဖြစ်သည့် ဖိလိပ္ပနှင့်သတေဖန်တို့သည် ရွပ်ရွပ်ချွံချွံ အမှုတော်ဆောင်ခဲ့သလို အမျိုးသမီး အသင်းထောက်များလည်း မှတ်တမ်းတင်ခံကြရသည်။ သူတို့သည်လည်း အစေ ခံပြီး များစွာသောဝိညာဉ်များကိုလည်း ပြောင်းလဲပေးနိုင်ခဲ့သည်။ အရှေ့ပိုင်းမှ ဖော်ပြထားပြီးသည့်အတိုင်း “စကာ့ဖ်” က ရှင်ပေါလု၏စာများ၌ ပြစ်ကိလနှင့် ဖိဗေတို့သည် အမျိုးသမီးအသင်းထောက်များဖြစ်ကြသည်။ ခရစ်စတိုဖာဝေါ့ဝါ့ (Christopher
Wordworth) ကလည်း “စကာ့ဖ်” ထောက်ခံသည်။ ဖိဗေ၏ နာမည်အနောက်မှာ ရာထူးကိုတစ်ပါတည်း ထည့်သွင်းရေးထားသောကြောင့် ဖိဗေ “အသင်းထောက်မယ်” ဟု သတ်မှတ်ရေးထားသည်။ ရှင်ပေါလုမှ အထူး တာဝန်များကို ပေးထားသော ပြစ်ကိလကိုလည်း အသင်းတော်၏ အသင်း ထောက်မယ်အဖြစ် သတ်မှတ်ရသည်။ (ရောမ ၁၆)။ မည်သို့ပင်ရှိစေကာမူ ရှင်ပေါလုကိုယ်တိုင်က ရောမ ၁၆ တွင်ဖော်ပြသော အသင်းထောက်မယ် များတွင် ပြစ်ကိလအပါအဝင် တခြားအမျိုးသမီးများလည်းရှိကြောင်း “ဂျိန်းမာရီ ဘဲန်ခရော့” (Jane
Marie Bancroft) ကအတည်ပြုထားသည်။ ကျွန်တော် ကိုယ်တိုင်က စီစီးလျာရော်ဘင်စန် (Cecilia Robinson) ၏ သဘောထားကို ထောက်ခံပါသည်။ “ပြစ်ကိလ” ၏ အလုပ်သည် သူမကို ထောက်ခံထားပါသည်။ ရော်ဘင်စန်က ဖိဗေနှင့်ပြစ်ကိလတို့ကဲ့သို့ အမျိုးသမီးကြီးများသည် အသင်း ထောက်မယ်အလုပ်ကို လုပ်ကိုင်နေကြသည်။ အုပ်ချုပ်သူများစာရင်း၌ သူတို့၏ နာမည်များ ရှားရှားပါးပါးပါတတ်သော်လည်း သူတို့သည် အသင်းထောက်မယ် များအဖြစ် ဦးဆောင်ပါဝင်ကြသည်။ အမျိုးသမီကြီးများပါဝင်လုပ်ဆောင်သော သာသနာလုပ်ငန်းကဏ္ဍ၌ သူတို့လုပ်ကိုင်ကြသည်။ ထိုကြောင့် နှုတ်ကပတ် တော်ကို အခြေပြု၍ပြောရလျှင် ပြစ်ကိလသည် လူအများကို အမှန်တရားသွန် သင်ရာ၌ သြဇာရှိသောအမျိုးသမီးကြီးတစ်ဦးဖြစ်သည်။
ပြစ်ကိလနှင့်သူမ၏ခင်ပွန်းသည် အာကုလတို့သည် အာပေါလုကို သွန်သင် ပြီး အကြံဉာဏ်ပေးနိုင်သော သူများဖြစ်ကြသည်။ အာပေါလုသည်လည်း ရှေးဦး အသင်းတော်၏ခေါင်းဆောင်တစ်ဦးဖြစ်သည်။ နှစ်ခြင်းဆရာ ယောဟန်၏ သွန် သင်ချက်များကို တစ်စိတ်တစ်ဒေသသာ နားလည်သဘောပေါက်ပြီး အတိုင်း အတာတစ်ခုအထိ ထိရောက်အောင် လုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်သည်။ ပြစ်ကိလနှင့်အာကုလတို့သည် သူ၏ စကားကိုကြားသောအခါ သူ့ကိုခေါ်ယူ၍ ဘုရားသခင်၏ဘာသာတရားကို သာ၍သေချာစွာ သင်ကြားကြသည်။ (တမန် တော် ၁၈း၂၆)။ မြော်လင့်ခြင်းအသင်းတော်၏ သမ္မာကျမ်းစာအနက်ဖွင့်ကျမ်း အရ၊ ပြစ်ကိလနှင့်အာကုလထံမှ အာပေါလုရရှိသောသွန်သင်မှုတို့သည် “ကရု ဏာတော်အားဖြင့်ကယ်တင်ခြင်းရရှိခြင်း၊ ယုံကြည်ခြင်းအား ဖြင့်သန့်ရှင်းဖြောင့် မတ်ရာသို့ရောက်ခြင်း၊ ရေနှစ်ခြင်းခံယူပြီး ပြောင်းလဲသွားသော သူအပေါ်ကျ ရောက်သော ဝိညာဉ်ဆုကျေးဇူးအကြောင်းနှင့် သခင်ဘုရား၏ ညစာစားပွဲ အဓိပ္ပါယ်တို့ ပါဝင်ကြလိမ့်မည်။ ပြစ်ကိလ၏နားလည်သိရှိထားသော အကြောင်း နှင့် သွန်သင်မြဲရှိသောအကြောင်းအရာများ၏ အထောက်အထား ဖြစ်သည်။
တခြားအကြောင်းအရာများမှာ သူမသည် သူတစ်ပါးကို အမှန်တရား သွန်သင်ရာ၌ အနက်ဖွင့်ကျမ်းမှ ရေးသားထားပုံမှာ၊ ပုဂ္ဂိုလ်တစ်ဆယ့်နှစ်ဦးတို့ တမန်တော်ဝတ္ထုအခန်း ၁၉း၁-၇ အထိ ဆွေးနွေးခဲ့သောအရာများသည် ယုံမှား သံသယရှိဖို့ရန်မလိုပါ။ နှစ်ခြင်းဆရာယောဟန်၏ ရေ၌နှစ်ခြင်းအကြောင်းကို သာ အာပေါလုသည် နားလည်ထားသည်။ သခင်ယေရှု၏ နာမတော်အားဖြင့် ရေနှစ်ခြင်းပေးရမည်။ ပြစ်ကိလသည် အာပေါလုအားသင်ကြားပေးရာ၌ သူမ သည် သြဇာကြီးမားသူ တစ်ယောက်ဖြစ်ကြောင်း ခရစ်ယာန်များအကြား၌ အရေးပါသူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားနေပါသည်။ ပြစ်ကိလသည် သာမန်အသင်းထောက်မယ်တစ်ဦးသာဖြစ်သည်ဟု သတ်မှတ်လိုသော်လည်း သူမသည် ဧဝံဂေလိတရားကိုကြွေးကြော်ပြီး များစွာသောဝိညာဉ်များကို ရိတ် သိမ်းထားသူတစ်ဦးဖြစ်ကြောင်းသေချာပါသည်။
အက်ဒမွန်ခူလင်နန် (Edmond Cullinan) ကလည်း ဖိဗေသည် ဧဝံ ဂေလိတရားဟောပြောပြီး၊ ဝိညာဉ်များစွာကို ရိတ်သိမ်းခဲ့သူဟု အသိအမှတ်ပြု ထားသည်။ သူ၏ မှတ်ချက်အရ၊ “အမှန်မှာ သူမ၏အမှုတော်ပါဝင်ဆောင်ရွက် ရာ၌ အသင်းထောက်မယ်သီးသန့်တာဝန်တစ်ခုတည်းသာမကပါ။ တခြား တာဝန်များလည်း လုပ်ဆောင်နေရပါသည်။ တရားဟောပြောခြင်း၊ သင်ကြား ပြသပေးခြင်းများကို ရှင်ပေါလုနှင့်အတူ ပါဝင်လုပ်ဆောင်ခဲ့ပါသည်။ ပြစ်ကိလ နှင့်ဖိဗေကဲ့သို့သော အသင်းထောက်မယ်များသည် ရှေ့တန်း၌ ဦးဆောင်လုပ် နေသူများမဖြစ်ခဲ့သည့်တိုင် နည်းလမ်းပေါင်းစုံဖြင့် အမှုတော်ကို ပါဝင်ဆက်ကပ် ကြသူများဖြစ်ကြသည်။ “စကာ့ဖ်” အနေဖြင့် ထိုအမျိုးသမီးကြီးများသည် လူ သားချင်းစာနာသောအလုပ်များစွာကို လုပ်ဆောင်ခဲ့ကြောင်း၊ အမှန်တရားကို သွန်သင်ဆုံးမပေးသူဖြစ်ခဲ့ကြောင်း၊ အသင်းတော်ဘောင်အတွင်းသို့ ဝိညာဉ် များကို ဆွဲယူနိုင်ခဲ့သောသူများဖြစ်ကြောင်း မှတ်တမ်းပြုစုထားသည်။ အသင်း ထောက်မယ်၏တာဝန်နှင့်ပတ်သက်၍-
အိမ်ထောင်ရှင်အမျိုးသမီးများဖြစ်ဖြစ်၊ အပျိုစင်များဖြစ်ဖြစ် အထူးသဖြင့် မုဆိုးမများသည် ချစ်ခြင်းမေတ္တာ၊ ကိုယ်ကျိုးစွန့်ခြင်းနှင့် အသင်းတော်အတွက် သင့်လျော်သောနေရာ၌ ဝင်ရောက်တာဝန်ထမ်းဆောင်ရန် အမှုတော်အတွက် ကြီးလေးသော တာဝန်များမထမ်းဆောင်ရသည့်တိုင် ပေါ့ပါးသော တာဝန်များ နှင့် ဧဝံဂေလိတရားအတွက် သီးသန့်အနေဖြင့် ပါဝင်နှစ်သိမ့်အားပေးခြင်းကို လုပ်ဆောင်နိုင်ပါသည်။
အလက်ဇန်းဒီးယားမှ “စိုက်တင်ခလီမင့်၊” ဗွိုင်မီစတာက အမျိုးသမီးများ လုပ်ဆောင်ရသော တခြားတာဝန်ကိုတင်ပြထားပါသည်။ တမန်တော်ကြီးများ ကိုကူညီကာ အမှုတော်ဆောင်ရွက်ကြရာ၌ ခရစ်ယာန်အမျိုးသမီးများနှင့် အိမ် ထောင်ဘက်ပြုပြီး ဇနီးသည်အဆင့်ထက် အမှုတော်ကို လက်တွဲလုပ်ဆောင်သူ အဖြစ် ရွေးချယ်ကြသည်။ ဇနီးသည်ကို ဘေးဖယ်ထားရှိခြင်းမပြုဘဲ ဆိုးတူ ကောင်းဖက် သခင်ဘုရား၏သွန်သင်ခြင်းကို အတူတကွပါဝင်လုပ်ဆောင်ကြ သည်။
အမျိုးသမီးအသင်းထောက်များသည် ဘုရားရှင်မှ သီးသန့်ကောင်းချီးပေး ထားသော ကိုယ်ပိုင်ဆုလာဘ်များ အသီးသီးရှိကြသည်။ အမျိုးသားအသင်း ထောက်များကဲ့သို့ အရည်အချင်းပြည့်စုံစွာ ရှိကြသည်။ တချို့တို့သည် ရှေ့တန်း ၌တက်တက်ကြွကြွသွန်သင်လမ်းပြသလို တချို့တို့သည် နောက်တန်း၌ အစွမ်း ကုန် ကြိုးစားလုပ်ဆောင်ပေးနေကြပါသည်။ သူတို့အားလုံးသည် အမှုတော် အတွက် ထိရောက်စွာလုပ်ဆောင်နိုင်ကြသောသူများဖြစ်ကြသည်။
နှစ်ဆယ့်တစ်ရာစုနှစ်၌ အသင်းတော်တွင် အလုပ်လုပ်နေသော အသင်း ထောက်နှင့်အသင်းထောက်မယ်များသည် ပထမရာစုနှစ်မှ ရှေးဦးခရစ်ယာန် ရိတ်သိမ်းအောင်မြင်သောနည်းလမ်းအတိုင်း ဆက်လက်လုပ်ကိုင်ကြရမည်။ အသင်းတော်ရှိ အသင်းထောက်၊ အသင်းထောက်မယ်များ ဝိညာဉ်များကို အသင်းတော်အတွင်းသို့ အသင်းသားအသစ်များကို ခေါ်ဆောင်လာကြရမည်။ လူထုကိုတရားဟောခြင်းဖြင့် ဝိညာဉ်များကို ရိတ်သိမ်းနိုင်သည်။ အိမ်အတွင်း၌ ဟောပြောခြင်းဖြင့် ဝိညာဉ်ရိတ်သိမ်းနိုင်သည်။ ခန်းမ၊ ဘုရားကျောင်း၊ အနာဂတ် ဟောကြားချက်၊ သင်တန်း စသည်ဖြင့် ဝိညာဉ်များကို ရိတ်သိမ်းနိုင်သည်။ အသင်းအုပ်ဆရာက ဦးဆောင်ပေးသော ကျမ်းစာသင်တန်းများတွင် ကျမ်းစာ သင်ပေးသူများအဖြစ် ဓမ္မဆရာမှသာသနာပြုခရီးထွက်သွားသောအချိန်မျိုးတွင် ကျန်ရှိခဲ့သောအသင်းတော်ကို ဦးဆောင်စီစဉ်ပေးရန်၊ ခရစ်တော်ကိုလက်ခံရန် မဆုံးဖြတ်ရသေးသောသူများကို အလည်အပတ်ပြုပြီး တိုက်တွန်းနှိုးဆော်ပေး ရန်၊ အသစ်ဝင်လာသော အသင်းသားအသစ်များ ဘုရားကျောင်းမှာ ပျော်အောင် ရင်းနှီးချစ်ခင်စွာ ပေါင်းသင်းပြီး ဝတ်ပြုခြင်း အစည်းအဝေးသို့ မှန်မှန်တက် ရောက်ရန် တွဲခေါ်၊ ဆွဲခေါ်ရမည်။ ၎င်းအပြင် အသင်းသားအသစ်များကို ယုံ ကြည်ချက်နှင့်ဆိုင်သော သက်သေခံဝေငှခြင်းကို မည်သို့ ဝေငှရန်သင်ကြားပေး ရမည်။ သို့ဖြင့်သူတို့သည်လည်း ဝိညာဉ်ရေးရိတ်သိမ်းသူများ ဖြစ်လာကြလိမ့် မည်။
“ဘားနက်”က အသင်းထောက်နှင့်အသင်းထောက်မယ်များတို့၏ တကယ် လက်တွေ့လုပ်ဆောင်ချက်ပြုရန်ရှိသော အမှုတော်လုပ်ငန်းများကို အစီအစဉ် တကျပြုစုထားသည်။ ထိုအစီအစဉ်များသည် ဧဝံဂေလိတရားဝင်ရောက်ဖို့ရန် အတွက်နှင့် လူအများကယုံကြည်စိတ်ချမှုရရှိရန်အတွက်ဖြစ်သည်။
(၁) လိုအပ်နေသူ၊ အကျဉ်းသား၊ ဆင်းရဲသားနှင့်အစွန့်ပစ်ခံနေရသူများ တို့ကို ကူညီ၍မိတ်ဆွေဖွဲ့ခြင်း
(၂) ဒုက္ခပြဿနာရောက်နေသူကိုကူညီအကြံပေးခြင်း
(၃) အကျပ်အတည်းအခြေအနေ၌ ရှိနေသူများကို ဝင်ရောက်ကူညီ ဦး ဆောင်လမ်းပြပေးခြင်း
(၄) ပတ်ဝန်းကျင်ဒေသအတွင်းရှိလူများနှင့် ရင်းနှီးဆက်ဆံခြင်း၊ အကျိုး ပြုလုပ်ဆောင်ပေးခြင်း
(၅) ဒေသဝန်းကျင်လှုပ်ရှားမှုအတွက်၊ အထူးသဖြင့် အထူးလိုအပ်နေသူ၊ မူးယစ်ဆေးစွဲသူ၊ အရက်စွဲသူ၊ လေလွင့်နေသူများကိုကူညီရန် အဖွဲ့ဖွဲ့ စည်းကူညီပေးခြင်း
(၆) ဆိုးသွမ်းလူငယ်နှင့်အရွယ်ရောက်သူများကို ဆေးရုံဆေးခန်း၌သော် လည်းကောင်း၊ အကျဉ်းထောင်ထဲ၌ သော်လည်းကောင်း၊ မိဘမဲ့ ဂေဟာ ၌သော်လည်းကောင်း၊ မိဘနှင့်ဝေးကွာနေသူများကိုသော် လည်းကောင်း ကူညီလုပ်ဆောင်ပေးခြင်း
(၇) လူငယ်များကို ကဏ္ဍစုံမှပညာပေးခြင်းနှင့် ဖျော်ဖြေမှုအစီအစဉ်များ လုပ်ပေးခြင်း
(၈) အသက်ကြီးသူများနှင့်မသန်စွမ်းသူများကိုကူညီပြုပေးခြင်း
(၉) အထီးကျန်နေသူများနှင့်ပစ်ပယ်ခံထားရသူများ၊ အထူးသဖြင့် ဖွဲ့စည်း တည်ထောင်သောနေရာများသို့ သွားရောက်လည်ပတ်ပေးခြင်း
(၁၀) ကိုယ်အင်္ဂါချို့တဲ့သူများနှင့်အတူလုပ်ဆောင်ပေးခြင်း
(၁၁) အသိုက်အဝန်းကိုစွန့်ခွာထွက်သွားသူများအတွက်၊ ဥပမာ- ထောင်ကျ သူများ၊ လေလွင့်သူများ၊ မူးယစ်ဆေးစွဲသူများနှင့်အရက်ဖြတ်ဂေဟာ သို့ရောက်နေသူများကို သွားရောက်ကူညီပေးခြင်း အစရှိသည်တို့ ဖြစ် သည်။
အသင်းထောက်နှင့် အသင်းထောက်မယ်များအတွက် အမှုတော်ဆောင် ရွက်ရာမှာ “ဘားနက်” က ဆက်လက်ပြီးအကြံပြုချက်မှာ အသင်းသားများကို စည်းရုံးပြီး အသင်းထောက်၊ အသင်းထောက်မယ်တို့သည် သာသနာ ပြုလုပ် ဆောင်ခြင်းအစီအစဉ်များကို ဖွဲ့စည်းကာ အဖွဲ့လိုက်လုပ်ဆောင်ရန် လိုအပ်ပါ သည်။
ခေတ်ကာလအရ အသင်းထောက်၊ အသင်းထောက်မယ်၏ လုပ်ငန်းကို ပိုမိုတွင်ကျယ်စေရန် ကဏ္ဍစုံအဖက်ဖက်မှသတိပြုပြီး အားပေးတိုက်တွန်းပေး ရန်လိုအပ်ပါသည်။ တချို့သော သာသနာပြုခြင်းအလုပ်သည် သဘာဝ ဖြစ်မြဲ ဖြစ်လာတတ်သော်လည်း တချို့အမှုတော်မှာ သူနာပြုများ၊ ဥပဒေ အရာရှိများ ကအချိန်ပေးပြီး ဆေးရုံဆေးခန်းများ ဖွင့်လှစ်လုပ်ဆောင်ရန်လိုသည်။ ထိုသို့ လုပ်ဆောင်မှုကြောင့် ဝိညာဉ်တော်၏ လမ်းပြခြင်းကိုခံရပါလိမ့်မည်။ မေတ္တာနှင့် မိတ်ဖွဲ့ခြင်းအားဖြင့် အသင်းထောက်၏ ပါဝင်ဆက်ကပ်မှုသည် အောင်မြင်လိမ့် မည်။
ဆရာ၊ ဆရာမတစ်ဦးသည် မိမိ၏ သင်ကြားခြင်းအတွက် အခက်အခဲ ဖြစ် နေသောကလေးငယ်များကို အချိန်ပိုများခေါ်ပြီး သင်ကြားပေးရန်လိုပါသည်။ ဈေးအရောင်းသည်များသည်လည်း လုပ်အားပေးမည့်သူများကို ဈေးရောင်း နည်းများသင်ကြားပေးပြီး အသင်းတော်၏ ရံပုံငွေများကိုရှာဖွေရန် အစီအစဉ် ချမှတ်ရမည်။
မြော်လင့်ခြင်းအသင်းတော်၏ အသင်းထောက်၊ အသင်းထောက်မယ် တစ်ဦးအဖြစ်လုပ်ဆောင်စဉ်မှာ စိတ်ထဲအမြဲစွဲနေရမည့်အရာမှာ ဝိညာဉ်ရိတ် သိမ်း ခြင်းကိစ္စပင်ဖြစ်သည်။ ဘားနက်၏အကြံပေးချက်များအပေါ် လုပ်ဆောင် ရင်း စိတ်အားကြီးစွာ ယေရှုရှင်အတွက်သက်သေခံနိုင်ရန် ဆုတောင်းနေကြလိမ့် မည်။ ကယ်တင်ခြင်းသို့ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ်သခင်ဘုရား သည် သင်းဝင်စေတော်မူ၏။ (တမန်တော် ၂း၄၇)။
အခန်း (၁၆)
ကောရ၏သားများကဲ့သို့တံခါးမှူးအဖြစ်ပါဝင်ဆက်ကပ်ခြင်း
ဆာလံကျမ်း (၈၄) မှ ကောရ၏ သားများအကြောင်း ရေးစပ်သီဆိုထား ပုံမှာ၊ “ဂိသံ” ဟုရေးသားထားသောစာလုံးသည် မူရင်းဟေဗြဲစကားမှာ “ဂသ်” ဟုအသံထွက်ပြီး လေဖြင့်မှုတ်ရသော၊ နှိပ်ရသောဟုအဓိပ္ပါယ်ရပါသည်။ ၎င်းမှာ ဆာလံသီချင်းကို ဝမ်းမြောက်ရွှင်လန်းစွာ သီဆိုတီးမှုတ်ရကြောင်း အဓိပ္ပါယ်ပေါ် လွင်ပါသည်။ ကောရ၏ သားများ ဘုရားသခင်၏ ဗိမာန်တော်၌ ဝမ်းသာဝမ်း မြောက်စွာ တာဝန်ထမ်းဆောင်နေကြောင်းကို မှတ်တမ်းတင်ထားပါသည်။ ဆာလံသီချင်းကိုသီဆိုကြရာမှာ “ချားလ်စပါဂျင်” (Charles
Spurgeon)က “သာယာငြိမ့်ညောင်းသောလေမှုတ်တူရိယာဖြင့် ဘုရားသခင်၏ သန့်ရှင်းသော အိမ်တော်အတွင်း စုပေါင်းချီးမွမ်းကြသည်” ဟုဆိုထားပါသည်။
ကောရ၏ သားများသည် ကောရမှဆင်းသက်လာသူဖြစ်ပြီး၊ မောရှေကို ပုန်ကန်သူများကို ဘုရားသခင်ကဒဏ်ပေးသောအခါ လွှတ်မြောက်လာသူပင် ဖြစ်သည်။ မောရှေနှင့်အာရုန်ကို ပုန်ကန်သူများမှဖြစ်သည်။ (တောလည်ရာ ၁၆း၁-၃၅)။ သူတို့သည် ဗိမာန်တော်၌ ဘုရားရှင်ကို ဝတ်ပြုကိုးကွယ်ရာတွင် ဦးဆောင်သူများဖြစ်လာကြသည်။ ထိုသူတို့၏ ဆက်ကပ်ခြင်းအကြောင်းကို အခန်းငယ် (၁၀) ၌ ဖော်ပြထားသည်မှာ- “တံတိုင်းတော်တို့ အတွင်း၌နေသော တစ်ရက်သည် အခြားအရပ်၌နေသောအရက်တစ်ထောင်ထက် သာ၍ကောင်း ပါ၏။ မတရားသောသူ၏ နေရာ၌နေရသောအခွင့်ထက် အကျွန်ုပ်၏ ဘုရား သခင်အိမ်တော်၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍ နှစ်သက်ပါ၏။ (ဆာလံ ၈၄း၁ဝ)။ သူတို့၏အဘကောရ၏ စိတ်နေစိတ်သဘောမျိုးကို ပေါ်လွင်ထင်ဟပ် စေပါသည်။ ဘုရားရှင်၏ အိမ်တော်အတွင်း အစေခံနေရခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဘောထင်ရှားပါသည်။
ရာဇဝင်ချုပ်ပထမစောင် ၉း၁၉ တွင် ကောရ၏ သားများအကြောင်းကို ရေးသားမှတ်တမ်းတင်ထားပါသည်။ ယဇ်ပလ္လင်ဝင်းတံခါးဝကို စောင့်ရသည်ဟု ဖော်ပြပါရှိပါသည်။ “ကောရသိအဆွေအမျိုး၊ ကောရ၊ ဧဗျာသဝ်၊ ကောရ တို့မှ ဆင်းသက်သောရှလျှံနှင့်မိမိညီတို့သည် အမှုတော်စောင့်ရာတွင် တဲတော် တံခါး စောင့်ဖြစ်ကြ၏။ အဘတို့သည် ထာဝရဘုရား၏ဗိုလ်ခြေတပ်ချရာတွင် တဲတော် ဦးစောင့်ဖြစ်ကြ၏။ ဤပုဂ္ဂိုလ်များကို ဒါဝိဒ်မင်းကြီးနှင့် ရှမွေလ ကိုယ်တိုင်ရွေး ချယ်ထားသောသူများဖြစ်ကြသည်။ အကြောင်းမှာ သစ္စာရှိသောကြောင့် ဖြစ် သည်။ (အခန်းငယ် ၂၂)။ “နှစ်ဆယ့်တစ်ရာစုနှစ်မှ မြော်လင့်ခြင်း အသင်း ထောက်၊ အသင်းထောက်မယ်များ ဆက်လက်ဆောင်ရွက်ရမည့် တာဝန်မှာ သစ္စာရှိပြီးဆက်ကပ်မှုရှိမည့်သူကို ရွေးချယ်ရန်ဖြစ်သည်။
ကောရ၏ သားများသည် တဲတော်နှင့်အနီးဆုံးနေရာ မြောက်ဘက်၊ တောင် ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်များတွင် နေထိုင်ကြသည်။ အချိန်မရွေး တဲတော်ကို ကြည့်ရှုစောင့်ရှောက်ရန်အတွက် ဖြစ်သည်။ တဲတော်နှင့်အနီးဆုံး နေရာ၌နေထိုင်ရခြင်းအကြောင်းမှာ နံနက်တိုင်းဝတ်ပြုရန်အတွက် တံခါးကို ဖွင့် ပေးရမည်ဖြစ်သည်။ ရာဇဝင်ချုပ်ပထမစောင် ၉း၂၇။ “ထိုသို့စောင့်၍ နံနက်တိုင်း တံခါးကိုဖွင့်ရသောကြောင့် ဘုရားသခင်၏ အိမ်တော်ပတ်လည်၌ အိပ်ရကြ၏။ နှစ်ဆယ့်တစ်ရာစုနှစ်အသင်းထောက်၊ အသင်းထောက်မယ်များ လုပ်ဆောင်ရ မည့်တာဝန်မှာ ဘုရားကျောင်းသို့ စောစောရောက်လာပြီး တံခါးများဖွင့်ရန်၊ သန့်ရှင်းသပ်ရပ်စေရန် ပြင်ဆင်ပြီး ဝတ်ပြုရန်ရောက်လာသူများကို ကြိုဆိုနှုတ် ဆက်ရန်တာဝန်ရှိသည်။ အသင်းသားများအချိန်မှန်ဘုရားကျောင်း ရောက်ရှိလာ ရန်လည်း ကူညီစီစဉ်ပေးရမည်။
ရာဇဝင်ချုပ်ပထမစောင် ၉း၂၅ မှဖော်ပြချက်အရ၊ ကောရ၏ သားများသည် ဥပုသ်နေ့မှနောက်ဥပုသ်နေ့အထိ အလှည့်ကျမိမိတို့၏တာဝန်ကို ထမ်းရွက်ကြရ သည်။ ရွာ၌နေသောအပေါင်းအဖော်များတို့သည် အလှည့်သင့်သည်အတိုင်း ခုနစ်ရက်၊ ခုနစ်ရက်လာရကြ၏။ ထိုနည်းတူ နှစ်ဆယ့်တစ် ရာစုနှစ်၏ အသင်း ထောက်၊ အသင်းထောက်မယ်များသည် သူတို့၏အလုပ် တာဝန်ကို စနစ်တကျ ဖွဲ့စည်းကာ တာဝန်များကို ခွဲခြားသတ်မှတ်ပြီး လုပ်ဆောင်မှသာ တစ်ဦး တစ်ယောက်တည်းအတွက် ဝန်ထုပ်မပိစေရခြင်းဖြစ်မည်။
ကောရ၏သားများ ယူရသောတာဝန်များမှာ တံခါးစောင့် (၁၉)၊ ပစ္စည်း ထမ်းပိုးပေးသူ (၂၂)၊ လေဝိ (အငယ် ၂၆။ တရားဟောရာကျမ်း ၃း၂၇- ၃၉)။ ကောရသိနှင့်ကောဟသိအနွယ်အမျိုးများ(အငယ် ၁၉။ တရားဟောရာကျမ်း ၁၆း၁။ ၃း၂၇)။ တချို့တို့သည် ဘဏ္ဍာတိုက်များကို စောင့်ရသည် (အခန်းငယ် ၂၆)။ တချို့တို့သည် သန့်ရှင်းသောဗိမာန်တော် ပစ္စည်းများနှင့် အိုးခွက်ပန်းကန် များကိုထိန်းသိမ်းရသည်။ တချို့တို့သည် ဂျုံမှုန့်၊ စပျစ်ရည်၊ ဆီအမွှေးနံ့သာနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ထိန်းသိမ်းပြုစုရသည် (အငယ် ၂၈၊၂၉)။ နှစ် ဆယ့်တစ်ရာစုနှစ်မှာ အမှုတော်ဆောင်ရသောအသင်းထောက်၊ အသင်းထောက် မယ်များတို့၏ အလုပ်တာဝန်မှာ အမျိုးစုံလှပါသည်။ သူတို့ရှိနေခြင်းနှင့် သြဇာ လွှမ်းနေခြင်းသည် အသင်းတော်တစ်ခုလုံးကို လှုပ်ရှားစေသည်။ တချို့တို့သည် အသင်းတော်ငွေရေးကြေးရေး ထိန်းသိမ်းရန် တာဝန်ယူသင့်သည်။ တခြားသူ များအနေဖြင့် အသင်းတော်ပစ္စည်း စာရင်းဇယားကိုမှတ်သားခြင်း၊ အသင်းတော် ပိုင်ပစ္စည်းကိရိယာ၊ အိုးခွက်၊ ပန်းကန်၊ ပွဲတော်အုပ် အစရှိသည်ဖြင့် အသင်းတော် ၌အသုံးလိုသောပစ္စည်း မှန်သမျှကို ကြည့်ရှုပြုစုထိန်းသိမ်းရမည်။ တချို့သော သူများအနေဖြင့် ဂျုံမှုန့်များ၊ ဆီများ၊ စပျစ်ရည်များကိုပြင်ဆင်ပြီး ပွဲတော် မင်္ဂလာ အတွက် ပြင်ဆင်ပေးရန် တာဝန်ယူကြရမည်။
ဆာလံကျမ်းအခန်းကြီး ၈၄း၂ မှာ ကောရ၏သားများသည် ဗိမာန်တော်သို့ မအားမလပ်သောအခါ မလာရောက်နိုင်လျှင် ဗိမာန်တော်ကိုသာတမ်းတနေ ကြောင်း ဖော်ပြထားသည်။ “ထာဝရဘုရား၏တံတိုင်းတော်တို့ကို အကျွန်ုပ်၏ ဝိညာဉ်သည် တသ၍အားလျော့လျက်ရှိပါ၏။ အကျွန်ုပ်နှလုံးနှင့်ကိုယ်ခန္ဓာသည် အသက်ရှင်တော်မူသောဘုရားသခင်ကို အလိုရှိ၍ကြွေးကြော်ပါ၏။ ယေဘုယျ နားလည်သောသဘောမှာ ဤကျမ်းချက်သည် ဒါဝိဒ်မင်းကြီးမှ ဗိမာန်တော်ကို တမ်းတသောအကြောင်းအရာဟု သတ်မှတ်ကြလိမ့်မည်။ အကြောင်းမှာ ယခု ဆာလံသီချင်းကို ရေးစပ်သီကုံးသောအချိန်၌ တစ်ပြည်တစ်ရွာသို့ ထွက်ပြေး နေရသောအချိန်ဖြစ်သည်။ မည်သို့ရှိပါစေ ကောရ၏သားများက ဗိမာန်တော်၏ တာဝန်နှင့်လုပ်ဆောင်လေ့ရှိသော အလုပ်ကို လွမ်းဆွတ်သတိရခြင်းပင် ဖြစ် သည်။ နှစ်ဆယ့်တစ်ရာစုနှစ်ရှိ အသင်းထောက်နှင့်အသင်းထောက်မယ်တို့သည် မိမိတို့၏ အလုပ်တာဝန်ကို မြတ်နိုးချစ်ခင်ကြရမည်။ ကိုယ်ကာယ သဘောသာ လုပ်ဆောင်နေခြင်းမျိုးမဟုတ်ဘဲ စိတ်နှလုံးထဲ၌ အမှန်တကယ် စွဲလမ်းနေရန် လိုပါသည်။ ထိထိရောက်ရောက်လုပ်ဆောင်နေသူတစ်ဦးဖြစ်စေရန် မိမိ၏ အလုပ်ကိုစိတ်စွဲနေရကြမည်။ ဒါဝိဒ်မင်းကြီးက “အကျွန်ုပ်နှလုံးနှင့် ကိုယ်ခန္ဓာ သည် အသက်ရှင်တော်မူသောဘုရားသခင်ကိုအလိုရှိ၍ ကြွေးကြော်ပါ၏။”
ဒါဝိဒ်မင်းကြီးသည် ဆုံးမမိန့်မှာသောစကားရှိခဲ့သည်မှာ မိမိကိုယ်ကို ဆက် ကပ်သောသူသည် ဘုရားသခင်ကောင်းချီးပေးမည်ဟု ဆုံးမခဲ့သည်။ ဆာလံ ကျမ်း ၈၄း၄ “အိမ်တော်၌နေသောသူတို့သည် မင်္ဂလာရှိကြပါ၏။ ကိုယ်တော်ကို အစဉ်ချီးမွမ်းကြပါလိမ့်မည်။ ကောရ၏သားများကဲ့သို့ ယနေ့ အသင်းထောက်၊ အသင်းထောက်မယ်တို့သည် အိမ်တော်တံတိုင်းအတွင်း ပျော်မွေ့ သူများဖြစ်ကြ ရန်လိုအပ်သည်။ သူတို့သည် မိမိ၏ အသက်တာကို ဘုရားရှင်၏ အိမ်တော်၌ ဆက်ကပ်အပ်နှံထားကြပြီဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ် သည်တိုင် ဗိမာန်တော်မှထွက်သွားပြီးနောက် အသင်းထောက်၊ အသင်းထောက် မယ်များကျန်ရစ်နေရမည်။ အိမ်တော်ဘုရားကျောင်းသည် အစီအစဉ်တကျ ပြန်လည်ထားရှိခြင်းပြီးသည်အထိ အသင်းထောက်၊ အသင်းထောက်မယ်များ၌ တာဝန်ရှိကြသည်။ ကျမ်းစာအုပ်၊ သီချင်းစာအုပ်၊ ဆယ်ဖို့တစ်ဖို့ အလှူငွေ အိတ်များ နေရာတကျသူ့နေရာနှင့်သူပြန်ထားပေးရမည်။ အမှိုက်သရိုက်များကို ရှင်းလင်းစွန့်ပစ်ပြီး ပြတင်းပေါက်၊ တံခါးပေါက်များကို ဂျက်ကျမကျသေသေ ချာချာပိတ်ကာ နောက်တစ်ဖန်ဝတ်ပြုခြင်းအချိန်အထိ စိတ်ချလက်ချ ဗိမာန် တော်ကိုထိန်းသိမ်းရမည်။ ထိုအလုပ်ကိုလုပ်ဆောင်ကြသောအခါ ဘုရားရှင်၏ ဂုဏ်တော်ကိုချီးမွမ်းရင်း လုပ်ဆောင်ကြပါမည်။
ဘုရားရှင်၏လမ်းပြခြင်းကိုခံယူကာ မြော်လင့်ခြင်းအသင်းတော်အနေဖြင့် ကိုယ်စားလှယ်များကို ရွေးချယ်ခန့်ထားပြီး သမ္မာကျမ်းစာမှ ဖော်ပြသော အရည် အချင်းရှိသည့်အတိုင်း အသင်းထောက်၊ အသင်းထောက်မယ်များကို ရွေးချယ် တင်မြှောက်ရမည်။ ရွေးချယ်တင်မြှောက်သောခေါင်းဆောင်တို့သည် ထောင့်စုံမှ ထိုးနှက်လာသောပြဿနာအမျိုးစုံကို ဖြေရှင်းရန်တာဝန်ရှိသည်။ အသင်းသား များကို သွန်သင်ပဲ့ပြင်အားပေးခြင်း၊ ဧဝံဂေလိတရားကို ကြွေးကြော်ခြင်း၊ အသင်းတော်ဘဏ္ဍာများကို ကြည့်ရှုထိန်းသိမ်းကာ တံခါးစောင့်ကဲ့သို့ တာဝန် ကျေပွန်ခြင်း၊ အသင်းတော်ပိုင်ပစ္စည်းများ စိစစ်ထိန်းသိမ်းထားခြင်း၊ အိုးခွက် ပန်းကန်၊ ပွဲတော်အုပ်မှအစ ပစ္စည်းအားလုံးကို သေသေသပ်သပ်၊ စနစ်တကျ ထားရှိခြင်း၊ အိမ်တော်၏ တံခါးအဖွင့်အပိတ်ကိုသတိရှိရှိနှင့် လုံခြုံမှုရှိအောင် လုပ်ဆောင်ခြင်းဖြင့် အသင်းတော်သည် ဝိညာဉ်ရေးအရသော်လည်းကောင်း၊ ရုပ်သဏ္ဌာန်အရသော်လည်းကောင်း ရှေးဦးအသင်းတော် ပထမရာစုနှစ်ခရစ် ယာန်များကဲ့သို့ တိုးတက်သွားပါလိမ့်မည်။
No comments:
Post a Comment