Wednesday, June 3, 2026

အပိုင်း (၅) (၂၁) ရာစုနှစ် အသင်းထောက်နှင့်အသင်းထောက်မယ်များ


အခန်း - ၁၉။ သွားရောက်လည်ပတ်ရင်းအမှုတော်ဆောင်ရွက်ခြင်း၊ လည်ပတ်ခြင်း၊ ပြဿနာဖြေရှင်းခြင်းအဆင့်ဆင့်၊ အသင်းသားများထံလည်ပတ်ခြင်းမှတ်တမ်းပုံစံ၊ လည်ပတ်ခြင်းနှင့်ပြင်ပသာသနာလုပ်ဆောင်ခြင်းပုံစံ၊ တစ်ဦးချင်းသတင်းအချက်အလက်မှတ်တမ်းစာရွက် ဘက်စုံကဏ္ဍမှလုပ်ဆောင်မှုဇယား

အခန်း - ၂၁။ တယ်လီဖုန်းဆက်သွယ်ရေးကော်မတီဖွဲ့စည်းခြင်း၊ ကော်မီဝင်များတို့၏ အာရုံစူးစိုက်ခြင်း၊ အချင်းချင်းအတွင်း၌ဆက်သွယ်ခြင်း၊ အပြင်သို့ဆက်သွယ်ခြင်း၊ ကော်မတီတွင်မည်သူများပါဝင်သင့်သနည်း။ မည်သို့ဖွဲ့စည်းမည်နည်း၊ တယ်လီဖုန်းဖြင့်သာသနာပြုခြင်းပုံစံ၊ တယ်လီဖုန်းသာသနာပြုနည်းကိုလေ့လာခြင်း၊ တယ်လီဖုန်းဖြင့်အမှုတော်ဆောင် ဧဝံဂေလိလုပ်ဆောင်ခြင်း

အခန်း - ၂၂။ အသင်းထောက်နှင့်အသင်းထောက်မယ်များ တန်ခိုးတော်ကိုခံစား ရရှိရန် အသင်းတော်ကိုပြင်ဆင်ခြင်း



အခန်း ၁၉

အခန်း (၁၉)

သတင်းသွားရောက်လည်ပတ်ရင်းအမှုတော်ဆောင်ရွက်ခြင်း

 

အသင်းတော်လက်စွဲစာအုပ်မှ အသင်းသားများထံ အလည်အပတ်သွား ခြင်း၌ အကြံပေးထားသည်မှာ၊ အသင်းထောက်များ၏ အရေးကြီးသော တာဝန် တစ်ရပ်မှာ အသင်းသားများအိမ်သို့ လည်ပတ်ခြင်းပင်ဖြစ်သည်။ အသင်းတော် အတော်များများမှာ ပျံ့လွင့်နေသောအသင်းသားများထံ လည်ပတ်နိုင်ရန် အစီ အစဉ်ဆွဲကြသည်။ အသင်းထောက်များကိုတာဝန်ပေး၏။ အနည်းဆုံး သုံးလ တစ်ကြိမ် အိမ်တိုင်းစေ့ရောက်နိုင်ရန် မြော်လင့်ပါသည်။ ၎င်းတာဝန်ကို အသင်း ထောက်မယ်များအားလည်း ပေးထားကြပါသည်။

လည်ပတ်ခြင်းကြောင့် ရရှိသောကောင်းကျိုးများမှာ အသင်းသားများနှင့် ပိုမိုရင်းနှီးလာစေရန်၊ အသင်းသားအသစ်များနှင့် ဘုရားကျောင်းမရောက်လာ နိုင်သောအသင်းသားများကိုအားပေးရန်၊ ဖောက်ပြန်သူများကို ပြန်လည်ခေါ် ဆောင်နိုင်ရန်၊ နာမကျန်းသူများနှင့်အိမ်ပြင်မထွက်နိုင်သူများကိုတွေ့ ဆုံနိုင်ရန် နောက်ဆက်တွဲအကျိုးဆက်များမှာ အသက်ကြီးသူဘိုးဘွားများ၊ မသန်စွမ်းသူ များ၊ မုဆိုးမ၊ မိတစ်ကွဲဖတစ်ကွဲဖြစ်နေသူများအား ကူညီကာ အိမ်ရှင်းပေးခြင်း၊ ခြံရှင်းပေးခြင်း၊ အစားအသောက်ကူညီပြင်ဆင်ပေးခြင်း၊ သယ်ယူပို့ဆောင်ပေး ခြင်း၊ ကလေးကူထိန်းပေးခြင်း၊ အိမ်နေရာ ရာသီဥတုမျှတအောင် လုပ်ပေးခြင်း နှင့် အခြားဖွံ့ဖြိုးမှုမျိုးစုံကို ပြုလုပ်ပေးနိုင်ပါသည်။ မိသားစုကိစ္စ ပြဿနာများကို ကူညီနားထောင်ပေးခြင်း (ဝိညာဉ်ရေးပြဿနာ၊ ဘေးဒဏ်ကျရောက်ခြင်း၊ ဖျား နာခြင်း၊ ရုန်းရင်းခတ်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ အိမ်ထောင်မှုပြဿနာ၊ ငွေရေး ကြေးရေးပြဿနာ၊ သားသမီးများရိုင်းစိုင်းမှုပြဿနာ) နှင့် တခြားဘဏ္ဍာစိုးကိစ္စ ၌သစ္စာရှိရန် အားပေးတိုက်တွန်းပေးရမည်။

 

လည်ပတ်ခြင်း

 

()            နှစ်ယောက်တစ်တွဲလည်ပတ်ခြင်း - တစ်ဦးကစကားပြောနေချိန်၌ တစ်ဦးက စိတ်ထဲဆုတောင်းပေးနေမည်။ ဇနီးမောင်နှံနှစ်ယောက်တွဲပြီး လည် ပတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ အမျိုးသားအတွက်သော်လည်းကောင်း၊ အမျိုးသမီးအတွက်သော်လည်းကောင်း ကိုယ်စားပြု လည်ပတ်ခြင်းဖြစ်သည်။ လည်ပတ်ခြင်းအဖွဲ့တွင် အသင်းထောက်နှစ်ဦး၊ အသင်းထောက်မယ်နှစ်ဦး၊ အသင်းထောက်မယ်နှင့်ခင်ပွန်း၊ အသင်းထောက်နှင့်ဇနီး၊ အသင်းထောက် တစ်ဦး၊ ဓမ္မဆရာ၊ အသင်းထောက်တစ်ဦးနှင့် အသင်းသားအမျိုးသားတစ်ဦး၊ အသင်းထောက်မယ်တစ်ဦးနှင့်အမျိုးသမီးအသင်းသူတစ်ဦး နှစ်ယောက်တစ်တွဲ စီဖြစ်ကြသည်။ အသင်းထောက်လူပျိုနှင့်အသင်းထောက်မယ်အပျိုတို့ နှစ်ဦးဖွဲ့ ပြီး လည်ပတ်ခြင်းပြုလုပ်လျှင် စာတန်၏စုံစမ်းခြင်းကို တွန်းလှန်ရန် မလွယ်ကူ လှသောကြောင့် အဝေဖန်ခံရတတ်သည်။

() ဝတ်စားဆင်ယင်ပုံ - အသင်းထောက်သည် တိုက်ပုံအင်္ကျီ၊ ပုဆိုးနှင့် သွားရမည်။ ရာသီဥတုပူပြင်းပါက ရှပ်အင်္ကျီယဉ်ယဉ်ကျေးကျေး ဝတ်ဆင်သွား ပါ။ အသင်းထောက်မယ်အနေဖြင့် ယဉ်ကျေးသိမ်မွေ့သော အဝတ်နှင့်ထမီကို သာဝတ်ဆင်ပါ။

() အိမ်ထောင်မိသားစုထံသို့လည်ပတ်ခြင်း - အိမ်တစ်အိမ်သို့ ဝင်ရောက် လည်ပတ်သည့်ရည်ရွယ်ချက်မှာ အသင်းတော်နှင့်ဆက်သွယ်ခြင်း၊ အသင်းတော် မှဦးဆောင်သူများနှင့်ရင်းနှီးမှုရှိရန် အသင်းတော်၏ ကိုယ်စားအဖြစ် ရောက်ရှိ လာခြင်းဖြစ်သည်။ အစီအစဉ်များ သေသေချာချာဂဃနဏ ကြိုတင်စီစဉ်ရေး သားထားရမည်။ မည်သို့ဖြစ်စေကာမူ၊ အစီအစဉ်များကျန်ရှိသွားမည်ကို မစိုးရိမ် ပါနှင့်။ ကြိုတင်စီစဉ်ခြင်းမရှိသောအလည်အပတ်ပြုခြင်းသည်လည်း ကောင်းချီး မင်္ဂလာဖြစ်စေပါသည်။

() လည်ပတ်ခြင်း၌ခံယူရမည့်သဘောထား - အိမ်ထဲသို့မဝင်မီ ကြိုတင် ဆုတောင်းခြင်းပြုလုပ်ပါ။ ၎င်းအပြင် ဆုတောင်းခြင်းအမှုကို လည်ပတ်ခြင်း အချိန်တောက်လျှောက် အဆက်မပြတ်စိတ်ထဲ၌သော်လည်းကောင်း၊ သိသာ သောအမူအရာဖြင့်သော်လည်းကောင်း ပြုလုပ်နေပါ။ မိတ်ဆွေဖွဲ့ရန် လည်ပတ် ခြင်းမျိုးမဟုတ်ဘဲ ဝိညာဉ်ရေးရာကိစ္စနှင့် အလည်အပတ်ရောက်လာခြင်း ဖြစ် သည်။

() စကားစမြည်ပြောဆိုကြခြင်း၏ သဘောသဘာဝ - မိသားစု၏ လိုအပ် ချက်ကို ရောက်ရှိသွားရန်ပြောဆိုပါ။ သူတို့၏အိမ်မှာပင် စကားပြောကြရန် စီစဉ် ပါ။ အိမ်ထောင်အကြောင်း၊ အသင်းတော်အကြောင်း၊ ရပ်ကွက်အကြောင်း၊ အလုပ်အကိုင်အကြောင်း၊ မိသားစုဦးရေများအကြောင်း၊ သူ့ကိုယ်တိုင်၏ အကြောင်းကို ရင်ဖွင့်ပြောပြစေပါ။ မိသားစုများ၊ အိမ်ထောင်စုမှလိုအပ်သော အချက်အလက်များကို ကြိုတင်ပြင်ဆင်ထားသော စာရွက်ပုံစံ (အခန်း၏ အဆုံး တွင်) ကို ဝေပေးပါ။ နားထောင်ပေးပို့အမြဲအသင့်ရှိပြီး၊ စကားကိုလိုအပ်မှ ပြော ပါ။ စကားပြောရန်မလောပါနှင့်။ သို့ဖြစ်၍ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်း သောသူတို့သည် နားကြားခြင်းငှာလျင်မြန်ကြစေ။ စကားပြောခြင်းငှာ လည်း ကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ (ယာကုပ် ၁း၁၉) သူ တစ်ပါးမကောင်းကြောင်း လုံးဝမပြောမိပါစေနှင့်။ ပြောလာလျှင်လည်း နားမ ထောင်ပါနှင့်။ မိသားစုနှင့်သဘောထားဆန့်ကျင်သောအမူအရာ လုံးဝမလုပ်ပါ နှင့်။ အသင်းအုပ်ဆရာကိုလည်း ကာကွယ်ပေးခြင်းမျိုး၊ အလိုမကျခြင်းမျိုး မလုပ် ပါနှင့်။ အသင်းတော်၌ ဦးဆောင်သူများနှင့် အခြားသူများဖြစ်သည့် အိမ်ထောင်စု များမှမနှစ်သက်သူများကို နှိမ့်ချပြောဆိုခြင်း၊ ချီးမွမ်းခြင်းမျိုးမလုပ်ပါနှင့်။ ငြိမ် ငြိမ်သက်သက်သာထိုင်၍နားထောင်ပြီး အခြေအနေကို သုံးသပ်ကာ သူတို့နှင့် အတူဆုတောင်းနိုင်ဖို့ရန် အခွင့်အခါကိုစောင့်နေပါ။

()            လည်ပတ်ခြင်း၏အချိန်အကန့်အသတ် - လည်ပတ်ခြင်းကို အများဆုံး ၁၅-၂၅ မိနစ်အထိသည် အကောင်းဆုံးဖြစ်သည်။ သို့သော် အခြေအနေအရ ကြာတတ်ပါသည်။

            () လည်ပတ်ခြင်းကိုအဆုံးသတ်ပုံ - စကားပြောဆိုမူအားလုံးကို ဝိညာဉ် ရေးသဘောထားဖြင့် လေးလေးနက်နက်အဆုံးသတ်စေပါ။ ဆုတောင်းခြင်းဖြင့် အဆုံးသတ်ပါ။ တလေးတစားဖြင့် ရေဒီယိုခဏပိတ်ရန်၊ တီဗွီခဏ ပိတ်ထားရန် ဆုမတောင်းမီတောင်းဆိုပါ။ သို့သော်လည်း စကားစမြည်ပြောဆိုသော အချိန် မှာပင် ကြိုတင်ပြောပြထားပါ။ ဆုတောင်းခြင်းသည် တိုတိုရှင်းရှင်းသာ ဖြစ်ရ မည်။ မိသားစုဝင်၏နာမည်များကို ရင်းရင်းနှီးနှီးခေါ်ပါ။ ဆုတောင်းရန် လုံးဝ မမေ့ပါနှင့်။ ဆုတောင်းပြီးသည်နှင့်တစ်ပြိုင်နက် အိမ်မှထွက်ခွာသွားပါ။

သွားရောက်လည်ပတ်ရင်းအမှုတော်ဆောင်ရွက်ခြင်း

() တစ်နေ့တာလည်ပတ်ခဲ့သမျှ အသင်းသားအိမ်မှ လိုအပ်သော အချက် များကို စာရင်းပြုစုပြီး ပုံစံဇယားကွက်တွင် ထည့်သွင်းရေးသားပါ။ ပုံစံဇယား၌ သင်ထည့်သွင်းရေးသားသောအရာများကိုမိတ္တူပြုလုပ်ပြီး သာသနာလုပ်ဆောင် မှုကိစ္စ၌ အထက်ခေါင်းဆောင်မှ အသင်းသားမိသားစု၏ လိုအပ်ချက်ကိုသိရှိပြီး သွားရောက်လည်ပတ်နိုင်ရန် အထက်သို့ ပုံစံစာရွက်တစ်ရွက်ကို တင်ပေးပါ။ ဓမ္မရေးရာခေါင်းဆောင် သို့မဟုတ် အသင်းအုပ်ဆရာကို တင်ပြပေးရမည်။ အသင်းတော်ခေါင်းဆောင်များမှ လိုအပ်နေသူကိုတွေ့ဆုံပေးပြီးသော်၊ တစ်ဖန် ပုံစံစာရွက်ကို အသင်းထောက် သို့မဟုတ် အသင်းထောက်မယ် သို့မဟုတ် အသင်းလူကြီး သို့မဟုတ် ဓမ္မရေးရာခေါင်းဆောင် သို့မဟုတ် အသင်းအုပ်ဆရာ သို့ ပြန်လည်တင်ပြပေးပါ။ အသင်းထောက်၊ အသင်းထောက်မယ်၊ အသင်း လူကြီးတို့သည် ထိုမိသားစု၏ လိုအပ်ချက်ကိုစိစစ်ပြီး လိုအပ်သမျှကို အချိန်မီ လုပ်ဆောင်ပေးရမည်။

 

ပြဿနာဖြေရှင်းခြင်းအဆင့်ဆင့်

 

နောမိအိုင်ဘရေး က မိတ္တဗလဖွဲ့ပြီး ပြဿနာဖြေရှင်းနည်းကို အောက်ပါ အတိုင်းရေးသားထားပါသည်။

မိသားစုအိမ်ထောင်တစ်အိမ်တောင်သည် သူစိမ်းများ အချင်းချင်းပေါင်း သင်းခဲ့ရသောဘဝဖြစ်သောကြောင့် မည်သည့်မိသားစု၌မဆို မတူညီသော ပြဿနာမျိုး ပေါ်ပေါက်တတ်စမြဲဖြစ်သည်။ သား၊ သမီး စားမေးပွဲကျခြင်း၊ ဖခင် မှအလုပ်အကိုင်ရှာဖွေ၍မရခြင်း၊ မိခင်မှမူးယစ်သောက်စားခြင်း၊ ဘိုးဘွားများ မိသားစုအကြားဝင်ရောက်စွက်ဖက်ခြင်း၊မချစ်မနှစ်သက်ဘဲလက်ထပ်ပြီးနောက် ပို၍ပို၍ဆိုးလာသောအိမ်ထောင်ရေးဖြစ်သည်။ အိမ်ထောင်ရေး ဖရိုဖရဲဖြစ်လာရ ခြင်း၏အခြေခံအကြောင်းမှာ မိသားစုများ၏ စိတ်နေစိတ်ထားပြဿနာပင်ဖြစ် သည်။ မိသားစုကို ဖိအားပေးထားသောအကြောင်းရင်းလည်းရှိမည်ဖြစ်သည်။ အသင်းသားများ မိသားစုအတွင်း စည်းစနစ်မကျဘဲ ဝရုန်းသုန်ကားဖြစ်လာလျှင် အလွန်ထိန်းသိမ်းရခက်ပါသည်။ အမှုဆောင်တစ်ဦးက အခြေခံကျသော နည်း လမ်းဖြင့် ကူညီဖြေရှင်းပေးလိုလျှင် ပြဿနာရှိသော မိသားစုနှင့်အတူ ပူးပေါင်း ပြီး အိမ်ထောင်ရေးစနစ်ကိုပြောင်းပစ်ရန်နှင့် တောင့်တင်းခိုင်မာသော အပြုအမူ သဘောထားများထားရှိရန်လိုသည်။

ဤအချက်အပေါ်အခြေခံ၍ ကျွန်ုပ်တို့နားလည်ထားကြရန်မှာ မည်မျှပင် ကျွန်ုပ်တို့အကောင်းဆုံးလုပ်ဆောင်စေကာမူ လုပ်တိုင်းဖြစ်မလာသော အခြေ အနေမျိုးရှိလာတတ်သည်။ အသင်းထောက်၊ အသင်းထောက်မယ်တို့သည် ပြဿနာဖြေရှင်းခြင်းအဆင့်ဆင့်ကို ကြိုတင် နားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။ ချဉ်းကပ်ရာ၌ သတိပြုကြရမည်။ မိသားစုထံ လည်ပတ်ပေး ခြင်းဖြင့် လုပ်ဆောင်မှုများ တိုးတက်လာလိမ့်မည်။ မိသားစုရင်ဆိုင်ရသော အကျပ်အတည်းကိုလည်း ဖြေရှင်းပေးရာတွင် တိုးတက်လာလိမ့်မည်။

မိတ္တဗလပညာဖြင့် ပြဿနာဖြေရှင်းရာ၌ စည်းမျဉ်းစည်းကမ်းရှိပါသည်။ စည်းကမ်းစနစ်ကျကျဖြင့်ချဉ်းကပ်ပြီး ပြဿနာအပေါ် သြဇာညောင်းသက် ရောက်မှုရှိစေရန်နှင့် ပြီးမြှောက်သည်အထိ အစီအစဉ်ကိုပို၍ကောင်းသည်ထက် ကောင်းအောင် လုပ်ဆောင်သွားရန်ဖြစ်သည်။ အဆင့် () ဆင့် ဖြင့် စည်းမျဉ်း စည်းကမ်းသတ်မှတ်ပါသည်။လက်တွေ့ကျပြီးအသင်းထောက်၊ အသင်းထောက် မယ်များအတွက် အလွန်ထိရောက်သောနည်းလမ်းနှင့် အလည်အပတ်သွားရာ အသုံးပြုရန်အလွန်သင့်လျော်ပါသည်။ အမှုတော်အတွက် အသုံးဝင်သော နည်းလမ်းကို တစ်ဖန်ပြန်လည်ဝေငှချင်ပါသည်။ ၎င်းအဆင့် () ဆင့်မှာ-

လေး

() ချိန်းချက်ခြင်း - အလည်အပတ်သွားနေသောအချိန်၌ အိမ်သူ အိမ်သား များကိုဆက်ဆံရာမှာ အယောက်တိုင်းနှင့်ရင်းနှီးမှုရနိုင်ရန်သတိပြုပါ။ ပြဿနာ များကိုဖြေရှင်းရာ၌ အထောက်အကူဖြစ်စေပါမည်။

() ပိုင်းခြားဝေဖန်ခြင်း - မိသားစုမှ တင်ပြလာသောပြဿနာကို အခြေ အနေပေါ်လိုက်လျောညီထွေသောသူတို့၏ခံစားချက်၊ ယုံကြည်ချက်နှင့် အခြား

အခြေအနေအရပ်ရပ်ကို လေ့လာပိုင်းခြားပါ။

() အဖြေထုတ်ခြင်း - မိသားစုနှင့်အတူ ချက်ချင်းပြဿနာကို စတင် ဖြေရှင်းပါ။ ရုတ်တရက်ပေါ်လာသောပြဿနာကို မှတ်သားမျဉ်းသားပါ။ ဖြစ်ပေါ် လာနိုင်သည့် မလိုလားအပ်သော အန္တရာယ်တစ်စုံတစ်ရာကို ကြိုတင် ပြင်ဆင် ကာကွယ်ပါ။

 () ပန်းတုံးတိုင်ချမှတ်ပါ - မိသားစုနှင့်အတူ အမှန်တကယ် ရောက်ရှိ နိုင်သော ပန်းတိုင်ကိုသတ်မှတ်ပါ။ ယခုအဆင့်သည် မိသားစုအတွက် အလွန် အရေးကြီးပြီး ဆုံးဖြတ်ချက်ချရန်၊ လိုအပ်သမျှကို ပြီးမြောက်သည်အထိ လုပ် ဆောင်ရန် သန္နိဌာန်ချနိုင်သည်။

() ခြုံငုံသုံးသပ်ပါ - ပြဿနာကိုဖြေရှင်းနိုင်သောနည်းများ အားလုံးကို စဉ်းစားပါ။ အကောင်းဆုံးကိုရွေးချယ်လုပ်ဆောင်ပါ။

() ကတိပြုချက်ရယူပါ - တာဝန်ရှိသူများကို လုပ်ဆောင်ရမည့် တာဝန် ဝတ္တရားကို သေချာစွာလုပ်ဆောင်ရန် ကတိပြုစေပါ။ လူတိုင်းအတတ်နိုင်ဆုံး တာဝန်ကျေအောင်လုပ်ဆောင်စေပါ။

() လုပ်ဆောင်ပါ - ပန်းတိုင်ရောက်သည်အထိ စတင်ချီတက်ပါ။

() ပြန်လည်စိစစ်မှုပြုပါ - လုပ်ဆောင်မှုများအောင်မြင်ခြင်း ရှိသည် မရှိ သည်ကို ပြန်လည်စိစစ်မှုပြုပါ။

() ဆက်လက်လုပ်ဆောင်ပါ - ချမှတ်ထားသောလုပ်ငန်းစနစ် အတိုင်း ဆက်လက်လုပ်ဆောင်ပြီး ပျော့ကွက်ဟာကွက်များကိုပြုပြင်ပါ။

 

ပြဿနာကို ဖြေရှင်းပေးနိုင်ရန် အိမ်ထောင်မိသားစုထံ လည်ပတ်ခြင်းကို ပြုလုပ်ပါ။ အသင်းထောက်၊ အသင်းထောက်မယ်များသည် မိသားစု ပြဿနာ ဖြေရှင်းရာ၌ အသင့်လျော်ဆုံးပုဂ္ဂိုလ်များဖြစ်ကြသည်။ သွားရောက် လည်ပတ် ခြင်းဖြင့် မိသားစုများပြဿနာကိုဖြေရှင်းပေးရန် လိုအပ်သမျှကို အသင်းတော်သို့ တင်ပြပေးနိုင်မည်ဖြစ်သည်။ ဆင်းရဲသူဆင်းရဲသားများနှင့် ဖျားနာသူများ အတွက် အသင်းတော်မှ ကူညီပေးနိုင်လိမ့်မည်။ ကာယ၊ ဉာဏ၊ မိတ္တ၊ ဝိဥာဏ ကဏ္ဍစုံမှလိုအပ်သမျှကို အသင်းထောက်၊ အသင်းထောက်မယ်များအား အသင်း သားများက တင်ပြရဲကြမည်ဖြစ်သည်။ အသင်းထောက်၊ အသင်းထောက်မယ် များလည်း သူတို့အား အသင်းတော်နှင့်လူထုပတ်ဝန်းကျင်က အလိုရှိကြောင်း၊ သူတို့၌တာဝန်ဝတ္တရားရှိကြောင်းကို ပိုမိုနားလည်လာစေပါမည်။ ဒေသဝန်းကျင် ၏ကိုယ်စား အသင်းသားများကို ပညာပေးနိုင်မည်။ အကူအညီမည်သို့ ပေးရ မည်၊ အကူအညီမည်သို့ရယူရမည်ကို ပိုမိုသိရှိလာကြလိမ့်မည်။

အသင်းတော်မှလည်း အကူအညီလိုနေသော အသင်းသားများကို ကူညီ ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းပေးနိုင်သည်။ အောက်ပါအချက်များသည် လုပ် ဆောင်အောင်မြင်နိုင်သောအချက်များဖြစ်သည်။

()  အသင်းထောက်၊ အသင်းထောက်မယ်နှင့် အသင်းလူကြီးများတို့ကို ပြဿနာဖြေရှင်းနည်းသင်တန်းပေးခြင်းဖြင့် မိတ္တဗလနည်းဖြင့် သွား လာလည်ပတ်ခြင်းကိုပြုစေပါ။

()   ပြဿနာဖြေရှင်းခြင်းကိုယ်စားပြုအသင်းတွင် ဆေးကုသသောသမား ကတော်၊ သူနာပြု၊ လူထုဆက်ဆံရေးလုပ်သား၊ အိမ်တွင်းကျန်းမာ ရေးစောင့်ရှောက်သူ၊ သမ္မာကျမ်းစာသွန်သင်ပြသဟောပြောပေးသူ၊ ငွေရေးကြေးရေးအကြံပေးသူ၊ အနိုင်ကျင့်ခံရသူများကို အကြံဉာဏ် ပေးနိုင်သူ၊ အိမ်ထောင်ပြုခြင်းကို အကြံပေးနိုင်သူတို့ပါဝင်ရမည်။ အသင်းတော်၏ လိုအပ်ချက်ပေါ်မူတည်ပြီး အခြားအခြားသော ကျွမ်းကျင်သူများကိုပါ ထည့်သွင်းဖွဲ့စည်းရမည်။

()  အိမ်ထောင်မိသားစုထံလည်ပတ်ရင်း အသင်းထောက်၊ အသင်း ထောက်မယ်၊ အသင်းလူကြီးများက ပြဿနာကို သိရှိလာရလျှင် ၎င်း တို့၏ မှတ်သားထားသော အကြောင်းအရာအချက်အလက်များကို ကိုယ်စားပြုအဖွဲ့သို့ မိတ္တူကူးပြီးတင်ပြရမည်။

()  မိတ်ဖွဲ့ကာ မိတ္တဗလဖြင့်လုပ်ဆောင်နေသူက မိသားစု၏ အခက်အခဲ ကိုအကြံပေးမည်။ ကြိုတင်ကာကွယ်ရန် လိုအပ်သည်များကို အစီ အစဉ်ချနိုင်မည်။ တခြားအဖွဲ့ဝင်များနှင့်လည်း တိုင်ပင်သွားနိုင်မည်။

()  အခြေအနေပေါ်မူတည်ပြီး ကိုယ်စားပြုအဖွဲ့သည် အသင်းတော်နှင့် သော်လည်းကောင်း၊ ရပ်ကွက်နှင့်သော်လည်းကောင်း ပူးပေါင်းလုပ် ဆောင်သွားနိုင်သည်။ ဤသို့ဖြင့် ပြဿနာကို ဖြေရှင်းပေးသွားနိုင် မည်။ (ပူးပေါင်းဆောင်ရွက်ခြင်းဇယားကို အခန်း၏ အဆုံးပိုင်းတွင် ကြည့်ပါ။)

 

အသင်းသားများထံလည်ပတ်ခြင်းမှတ်တမ်းပုံစံ

လည်ပတ်သူ   _____________________  နေ့စွဲ _________________

၁။        အသင်းသားအမည် ______________ ဖုန်းနံပါတ်_________________

လိပ်စာ _________________________________________________

၂။ လည်ပတ်ရန်အသင့်လျော်ဆုံးအချိန် _____________________________

၃။ မလာမီဖုန်းဆက်ရန်လိုသလား __________ လို/မလို ________________

၄။ အသင်းသားဖြစ်တာဘယ်လောက်ကြာပြီလဲ _______________________

၅။ အသင်းတော်မှအကြိုက်ဆုံးအရာ _______________________________

     ________________________________________________________

၆။ မိသားစုအားလုံးကိုယ်ပိုင်ကျမ်းစာရှိသလား __________ ရှိ/မရှိ _________

၇။ အိမ်ထောင်၌ဥပုသ်စာဖြေကိုမှန်မှန်လေ့လာပါသလား ______ ရှိ/မရှိ_____

၈။ ဝိညာဉ်တော်စာပေများရှိပါသလား ______________ ရှိ/မရှိ ___________

၉။ မိသားစုအားလုံး မြော်လင့်ခြင်းအသင်းတော်တွင်ရေနှစ်ခြင်းခံပြီလား

     ____________ ရှိ/မရှိ __________

၁၀။ နံနက်ယံဝတ်၊ ညဦးယံဝတ်ပြုခြင်းရှိပါသလား _______ ရှိ/ မရှိ ________

၁၁။ သားသမီးများအသင်းတော်ကျောင်းတက်ပါသလား

___________ တက်/မတက် ___________

အတန်းကိုမှတ်သားပါ = မူလတန်း/အထက်တန်း/ ကောလိပ်

၁၂။ ဇနီး/ခင်ပွန်းအိမ်၌ရှိပါသလား _______________ ရှိ/ မရှိ ____________

မည်သူနည်း။ ခင်ပွန်း/ဇနီး ___________________________________

၁၃။ ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေအကြောင်းနားလည်ပါသလား။

______________ နားလည်/ မလည် ___________________

၁၄။ သားသမီးများကိုဆယ်ဖို့တစ်ဖို့ပေးရန်သင်ပေးပါသလား။

______________ သင်/မသင် __________________

၁၅။ မိသားစုမှအလုပ်လိုအပ်နေသူရှိပါသလား။ __________ ရှိ/ မရှိ ________

၁၆။ သင်သည်ဝန်ထမ်းလား။ ဘယ်မှာလုပ်သနည်း။ ____________________

ဘယ်လောက်ကြာပြီနည်း။ __________________________________

၁၇။ အလုပ်နှင့်ဥပုသ်နေ့ပြဿနာရှိပါသလား။ __________ ရှိ/ မရှိ ________

၁၈။ မိသားစုနာမည်စာရင်းမှတ်တမ်း။ မြော်လင့်ခြင်းအသင်းသားဖြစ်ပါက မှတ်

သားရန်ဝိုင်းထားပါ။

() _____________________                            _____________________

မြော်လင့်ခြင်း

() _____________________                             _____________________

မြော်လင့်ခြင်း

() _____________________                            _____________________

မြော်လင့်ခြင်း

၁၉။ မိသားစု၏လိုအပ်ချက်များ ___________________________________

            ______________________________________________________

            ______________________________________________________

            ______________________________________________________

            ______________________________________________________

            ______________________________________________________

 

လည်ပတ်ခြင်းနှင့်ပြင်ပသာသနာလုပ်ဆောင်ခြင်းပုံစံ

အသင်းသားအမည် ____________________________________________

လိပ်စာ ____________________ မြို့ _____________________________

ဖုန်းနံပါတ် __________________________

လတ်တလောအကြောင်းအရာနှင့်နေ့စွဲ _____________________________

__________________________________________________________

__________________________________________________________

အမှုတော်ဆောင်လိုအပ်ခြင်း _____________________________________

__________________________________________________________

__________________________________________________________

အသင်းသား၏လိုအပ်ချက်ကို ________________ ပြင်ပသာသနာပြုအဖွဲ့သို့

တာဝန်လွှဲသည်။

တာဝန်လွှဲသောရက်စွဲ ________________________

လွှဲပြောင်းပေးသူ _________________ ဖုန်းနံပါတ် ___________________

အမှုတော်ဆောင်များပြင်ဆင်ခြင်း _________________________________

____________________________________________________________________________________________________________________

ပြင်ဆင်သောရက်စွဲ _____________________

မှတ်ချက်ရေးရန် ______________________________________________

__________________________________________________________

ပါဝင်သောအမှုတော်ဆောင်များ

_______________________ ဖုန်းနံပါတ် (     ) _______________________ _______________________ ဖုန်းနံပါတ် (     ) _______________________ _______________________ ဖုန်းနံပါတ် (     ) _______________________

 

*** ပုံစံဖြည့်စွက်ပြီးလျှင် မိတ္တူကို အသင်းအုပ်ဆရာ၊ ကိုယ်စီသာသနာဌာန ခေါင်းဆောင်၊ လည်ပတ်ရေးဦးဆောင်သူထံသို့ပို့ပါ။

တစ်ဦးချင်းသတင်းအချက်အလက်မှတ်တမ်းစာရွက်

အမည် ______________________ ဖုန်းနံပါတ် ______________________

လိပ်စာ _____________________________________________________

အလုပ်အကိုင် ___________________ အလုပ်ဌာန ___________________

မွေးသက္ကရာဇ် ____________________

 

သားသမီးများ                                                                             မွေးနေ့

_____________________                                  _____________________

_____________________                                  _____________________

_____________________                                  _____________________

 

လူထုအကျိုးပြုမှတ်တမ်း

တပ်မတော် ________________ စီးပွားရေး ________________________

တခြားအဖွဲ့အစည်း ____________________________________________

__________________________________________________________

 

ယခင်အသင်းတော်အတွင်းအတွေ့ အကြုံ (မှတ်ချက်ပေးပါ)

_________အသင်းတော်ခေါင်းဆောင် သို့မဟုတ် ကော်မတီဝင်

_________အသင်းတော်ကျောင်းလုပ်သား

_________ကျောင်းဆရာ/

_________ဂီတဌာန _________အဆိုရှင် _________ အတီးသမား

   မည်သည့်တူရိယာကိုတီးခတ်သနည်း ___________________

_________ ပြင်ပသာသနာပြုခြင်း (ဖော်ပြပါ) ______________________

သင်စိတ်ဝင်စားသော အသင်းတော်အတွင်းနှင့် အပြင်သာသနာ လုပ် ဆောင်ခြင်းကို အမှတ်ခြစ်မှတ်သားပါ။

 

 

သွားရောက်လည်ပတ်ရင်းအမှုတော်ဆောင်ရွက်ခြင်း

အသင်းတော်အတွင်းသာသနာ                               အသင်းတော်ပြင်ပသာသနာ

ဥပုသ်စာဖြေကျောင်း                                            နွေရာသီကျမ်းစာကျောင်း

_________စာသင်ခြင်း                            _________ အကြံပေးခြင်း/ လက်မှု

_________တေးဂီတ                               _________သင်ကြားခြင်း/ ကူညီခြင်း

_________နှုတ်ခွန်းဆက်သူ                     _________ သယ်ယူပို့ဆောင်ရေး

_________ကြိုဆိုသူ

_________အခြား_________                   ကိုယ်စီသာသနာလုပ်ဆောင်ခြင်း

                                                                                    __________ ကလေးပုံပြောပေးခြင်း

အတန်းများ                                                        _________ ဆက်သွယ်ရေး

_________ပုခက်လွှဲတန်း                         _________ လူမှုကယ်ဆယ်ရေး

_________ မူကြိုတန်း                            _________ ကျန်းမာရေးပညာပေး

_________ မူလတန်း                             _________ သာမန်အသင်းသား

_________ လူငယ်တန်း                                                 ကျမ်းစာသင်ပေးခြင်း _________ ဆယ်ကျော်သက်တန်း     _________ သာမန်အသင်းသား

_________ လူလတ်တန်း                        _________ အာဟာရသင်တန်း

 

_________ လူကြီးတန်း                          _________ ဝေစာနှင့်စာအုပ်စာပေများ

_________ အခြားအတန်းခွဲ

အိမ်ပြင်မထွက်နိုင်သူအတွက်     ________ လည်ပတ်ဆုတောင်းခြင်း

     _________ သက်သေခံခြင်း/ ကျမ်းစာ

သင်ပေးခြင်း

_______ အခြား _____________

 

                    ဘက်စုံကဏ္ဍမှလုပ်ဆောင်မှုဇယား

 

 

 



အခန်း ၂၀

အခန်း (၂ဝ)

ကိုယ်ကာယကြံ့ခိုင်ရေးအတွက်တည်ဆောက်ပေးသော စီမံပေးသူအသင်းထောက်နှင့်အသင်းထောက်မယ်များ

 

မြော်လင့်ခြင်းအသင်းတော်၏ အသင်းတော်လက်စွဲစာအုပ်နှင့် အသင်း တော်ခေါင်းဆောင်များလက်စွဲစာအုပ်တွင် ပြတ်ပြတ်သားသား စီစဉ်ရေးသား ထားသော အသင်းထောက်နှင့် အသင်းထောက်မယ်များတို့၏ တာဝန်မှာ အသင်းတော်ပစ္စည်းကို ထိန်းသိမ်းရန်တာဝန်ရှိကြောင်း ဖော်ပြထားပါသည်။ ဘုရားရှင်၏ ဘုန်းတော်ထင်ရှားစေရန် အသင်းထောက်များအနေဖြင့် တာဝန်ယူ လုပ်ဆောင်ရသော အခွင့်အရေးရှိပြီး အသင်းတော်ဦးဆောင်သူများ လက်စွဲ စာအုပ်မှ ရေးသားထားချက်မှာ-

မျက်မြင်ထင်ရှားသော အသင်းတော်ပစ္စည်းများသည် ခြံဝင်းသော်လည်း ကောင်း၊ ပတ်ဝန်းကျင်သော်လည်းကောင်း၊ အဆောက်အဦများသော်လည်း ကောင်း ဝင်ရောက်ကြည့်ရှုလေ့လာသူများကို ပုံသက်သေပြသည်သာမက ဘေး ပတ်ဝန်းကျင်ကိုလည်း သက်သေခံနေကြပါသည်။ ခြံဝင်းမှာ ပေါင်းပင်၊ ချုံပင် များဖုံးလွှမ်းခြင်း၊ ရှုပ်ထွေးအုံ့ဆိုင်းနေခြင်းများသည် မကောင်းသော လက္ခဏာ ကို သက်သေခံနေပါသည်။ အသင်းထောက်သည် ခြံဝင်းကိုသေချာစွာ ပြုစုပြီး ဂုဏ်ယူဝင့်ကြွားရမည်။ (ချုံနွယ်၊ ပိတ်၊ ပေါင်း ရှုပ်ထွေးခြင်း) များကို လုံးဝမရှိစေ ရပါ။ ၎င်းအပြင် အသင်းထောက်များစောင့်ရှောက်ရမည့် အရာများမှာ-

()  အသင်းတော်ကို အမြဲကြည့်ရှုစောင့်ကြပ်ရမည်။ ဘုရားကျောင်းကို ထိန်းသိမ်းခြင်း၊ ခြံဝင်းကိုရှင်းလင်းခြင်းများ၌ အစဉ်တစိုက်သတိပြု ရပါမည်။ အချိန်ကာလနှင့်အညီ လိုအပ်သလိုရှင်းလင်းပေးရမည်။ နွေရာသီရောက်လာသည်နှင့်အမျှ အသင်းထောက်မှအသင်းသားများ ကို စီစဉ်ညွှန်ကြားပြီး ခြံသန့်ရှင်းရေးကိုလုပ်ဆောင်ပါ။ မှန်ကန်စွာ ဦးဆောင်မှုပြုလျှင်နာရီအနည်းငယ်အတွင်း ပြီးစီးသွားရန်လုပ်ဆောင် နိုင်ပါမည်။

()   ဘုရားကျောင်းပြတင်းပေါက်များ ကျိုးပဲ့ပျက်စီးခြင်း ရှိမရှိစိစစ်ပြီး ပြု ပြင်ပါ။ ရေပိုက်လိုင်းများ၊ မီးလိုင်းများနှင့်အပူပေးစက်၊ အအေးပေး စက်များကို စစ်ဆေးပြုပြင်ပါ။

()  အကုန်အကျများသော ပြင်ဆင်စရာများကို စာရင်းပြုစု၍ အသင်း တော် ကော်မတီသို့တင်ပြပေးပါ။

()  ဓမ္မသီချင်းစာအုပ်များ စုံသည်မစုံသည်ကို စစ်ဆေးပြီး လိုအပ်ပါက ထပ်မံဝယ်ယူဖြည့်သွင်းပါ။ နေရာတကျထားပါ။ ဝတ်ပြုသူများ၏ ရှေ့ နှင့် လက်ယာဘက်များတွင် ဓမ္မသီချင်းစာအုပ်ထည့်သောနေရာ၌ အလွယ်တကူယူနိုင်ရန်ထည့်ထားပါ။

()  အလှူငွေစာအိတ်များထားရှိနေကျနေရာ၌ မြင်သာအောင်ထားပေး ပါ။

()  ပလ္လင်နှင့်တရားဟောနေရာကို သပ်သပ်ရပ်ရပ်ထားပေးပါ။ မိုက်ခရို ဖုန်းများစသည်ဖြင့် သူ့နေရာနှင့်သူရှိနေပါစေ။

()  ဝတ်ပြုခြင်းအစီအစဉ်မစမီ ဘုရားကျောင်းတံခါးများကြိုတင်ဖွင့်ပြီး ဝတ်ပြုခြင်းပြီးလျှင် တံခါးများပြန်၍ပိတ်ပါ။

ကြိုဆိုရေးတာဝန်ခံများ အလုပ်များနေသောအချိန်မျိုး၌ အသင်းထောက် နှင့်အသင်းထောက်မယ်များက တက်ညီလက်ညီ ဝင်ရောက်ကူညီလုပ်ကိုင်ပေး ပါ။ လုပ်ဆောင်စရာများကို သေသေချာချာပါဝင်ဆောင်ရွက်ပါ။

အသင်းထောက်များသည် ဘုရားကျောင်းဝင်းနှင့် အဆောက်အဦများကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိသော်လည်း မိမိတစ်ဦးတည်းဖြင့် ရှိသမျှ အလုပ်ကိုလုပ်ဆောင်ရန်မဟုတ်ပါ။ လိုအပ်သမျှငွေကို အသင်းတော်သို့ တင်ပြ ပြီး အခြားလုပ်အားပေးအကူအညီများကို တောင်းဆိုနိုင်ပါသည်။ အသင်းတော် လက်စွဲစာအုပ်မှ ယင်းအကြောင်းနှင့်ပတ်သက်၍ အသင်းတော်ကြီးများ၌ ဦးဆောင်သူကို ကူညီပေးရန် အလုပ်သမားများ လိုအပ်လေ့ရှိသည်။ အသင်း ထောက်မှ သင့်လျော်သောပုဂ္ဂိုလ်ကို ရွေးချယ်ပြီး ဘုတ်အဖွဲ့သို့တင်ပြကာ၊ ဆန္ဒ ယူပြီးအကူအညီတောင်းရမည်။ သို့မဟုတ် အသင်းတော်ဘုတ်အဖွဲ့မှ အသင်း ထောက်ကို ကူညီလုပ်ဆောင်ပေးရန် လူများကိုရွေးချယ်ခန့်အပ်ပေးရမည်။

ကိုယ်ကာယကြံ့ခိုင်ရေး ----------------- အသင်းထောက်မယ်များ

 

ပထမဦးဆုံးနှင့် ပထမနေရာမှာ သတိရစေရန်အချက်၌ အသင်းထောက် သည် ဝိညာဉ်ရေးရာအတွက် ခေါ်တော်မူခြင်းခံနေရသည်။ အသင်းတော်အတွင်း များမြောင်လှသော အလုပ်တာဝန်များရှိနေသော်လည်း ဝိညာဉ်ကယ်တင်ရေး လုပ်ငန်းတည်းဟူသော မိမိ၏နံပါတ်တစ်တာဝန်ကို မမေ့လျော့ရပါ။ အသင်း သားများကို ဝိညာဉ်ရေးရာ၌ စိတ်ဓာတ်သွတ်သွင်းခြင်းကို မညည်းညူရပါ။

တချို့အသင်းတော်များ၌ ဆောက်လုပ်ရေးကော်မတီအဖွဲ့မှ အဆောက် အဦများ ကြံ့ခိုင်၊ သန့်ရှင်း၊ သပ်ရပ်ရန်နှင့် အပူအအေးမျှတခြင်းကို တာဝန်ယူ လုပ်ဆောင်ပေးလေ့ရှိသည်။ ထိုကဲ့သို့သော အခြေအနေမျိုး၌ ရှိနေသည့်တိုင် အောင် နေးလာ က မှတ်ချက်ပြုထားသည်မှာ-

အသင်းထောက်များအနေဖြင့် အသင်းတော်ခေါင်းဆောင်များမှ မည်မျှ ပင်အဆောက်အဦကိုစိတ်ဝင်စားကြည့်ရှုထိန်းသိမ်းနေကြသည့်တိုင်၊ အဆောက် အဦမှ နေရောင်ခြည်ကောင်းစွာမဝင်ရောက်ခြင်း၊ အပူအအေးရာသီ ဥတုမမျှ တလျှင်၊ အသင်းထောက်မှချက်ချင်းထပြီး ကောင်းမွန်သွားစေရန် လုပ်ဆောင် ပါ။ အသင်းထောက်များအားလုံးက အဆောက်အဦကိုစိတ်ပါ ဝင်စားစွာ ဥပုသ် တော်နေ့ရောက်လာတိုင်း သေချာစွာစစ်ဆေးကြည့်ရှုပါ။ ချွတ်ချော်မှုများရှိနေ၍ ဝေဖန်ခံရသည်အထိ အချိန်ကိုမနှောင့်နှေးရပါ။ အသင်းထောက်များမှ တွေ့ရှိ သမျှသောလိုအပ်ချက်များကို ဆောက်လုပ်ရေးကော်မတီသို့ သတင်းတင်ပြပြီး ပြုပြင်ပြင်ဆင်ရန်အကြံပေးပါ။

အသင်းတော်ခေါင်းဆောင်များလက်စွဲစာအုပ်မှ အသင်းထောက်များကို အထူးအကြံပေးထားချက်မှာ ဘုရားကျောင်းရောက်လာသူများ စိတ်ကြည်လင် ချမ်းမြေ့စွာဝတ်ပြုနိုင်ရန် ဘုရားကျောင်းနှင့်ကျောင်းဝင်းကို လှလှပပနှင့်အပူ အအေးမျှမျှတတလေးထားရှိရမည်။

ဘုရားကျောင်းသို့ဝတ်ပြုရန်ရောက်ရှိလာသူများသည် ဝိညာဉ်ရေးကိုသာ အာရုံစိုက်ပြီး စိတ်ပျော်ရွှင်လန်းဆန်းနေကြသည်မှာ ကျွန်ုပ်တို့ လက်ခံကြပါ သည်။ ဘုရားကျောင်းသန့်ရှင်းလှပနေခြင်းကြောင့် ဝတ်ပြုသူသည် စိတ်လန်း ဆန်းချမ်းမြေ့ပြီး နောက်တစ်ကြိမ်ပြန်လာချင်စိတ် တဖွားဖွားပေါ်လာစေသည်။ ဘုရားကျောင်း၌ဝတ်ပြုနေစဉ် အထက်အရပ်သို့ စိတ်စွဲလမ်းနေစေသော ပတ် ဝန်းကျင်အပြင်အဆင်များကို စီစဉ်ပေးပါ။ အထူးရောက်ရှိလာသော ဧည့်သည် သူစိမ်းများလည်း ချက်ချင်းစိတ်ထဲစွဲနေလိမ့်မည်။ ဘုရားကျောင်း၌ သက်သောင့် သက်သာဘုရားဝတ်ပြုခြင်းရှိစေရန် -

()  အစီအစဉ်တိုင်းအတွက် ဘုရားကျောင်းကို အပူ၊ အအေးမျှတနေစေ ရန်ကြိုတင်ပြင်ဆင်မှုပြုလုပ်ပါ။

()   အပူ၊ အအေး လေဝင်လေထွက်သင့်တင့်မျှတစေပါ။ ပူအိုက်မှုဖြစ်နေ လျှင် ဝတ်ပြုသူများအိပ်ငိုက်သွားလိမ့်မည်။

()  အလင်းအမှောင်မျှတမှုရှိရန်သတိပြုပါ။ ကျွမ်းလောင်သွားသောမီးသီး များကို အစီအစဉ်ပြီးသည်နှင့် ပြန်၍လဲလိုက်ပါ။ အလင်းအားပိုများ ရမည့်နေရာ၊ ပလ္လင်ဝန်းကျင်တစ်ဝိုက် လိုအပ်သလိုအလင်းအမှောင် ကို ညှိပြီးထားရှိပါ။ ပွဲတော်စားပွဲသည် ဖွင့်လျက်သားကျမ်းစာအုပ် နှင့်အတူ အဆင်သင့်ထားရှိပါ။ ၎င်းအစရှိသော လုပ်ဆောင်ထားရှိ မှုများသည် ဝတ်ပြုသူများအတွက် ဝိညာဉ်ရေးအတွက် အာရုံစိုက်နိုင် ပါလိမ့်မည်။ မလင်းတလင်းဖြင့် မှောင်တစ်ပိုင်းလင်းတစ်ပိုင်းရှိနေ သော ဘုရားကျောင်းမှာမူ ဝတ်ပြုကိုးကွယ်ခြင်းအတွက် အဟန့် အတားတစ်ခုသဖွယ်ဖြစ်စေပါသည်။ ကောင်းစွာမီးထွန်းညှိထားသော ဘုရားကျောင်းကို မြင်တွေ့သူတိုင်းအတွက် နွေးထွေးစွာကြိုဆိုနေ သော ခံစားမှုမျိုးကို ဖြစ်ပေါ်စေပါသည်။

()  အဆင်သင့်ထားရှိရမည့် ပစ္စည်းများကို စစ်ဆေးပါ။ ပဝါ၊ ဆပ်ပြာ၊ အိမ်သာသုံးစက္ကူများကို အဆင်သင့်ရှိအောင်လုပ်ထားပါ။ အိမ်သာ များသန့်ရှင်းနေပြီး အမှိုက်ထည့်ပုံးများရှင်းလင်းနေစေပါ။

()  အစီအစဉ်ကျင်းပပြုလုပ်တိုင်း ချွတ်ချော်မှုတစ်စုံတစ်ရာမျှ မရှိစေရန် ဂရုစိုက်ပါ။ အပေါ်ခံအင်္ကျီချိတ်ဆွဲထားပုံများ၊ အနောက်ပိုင်းခုံတန်း များကိုသတိမပြုမိဘဲ မညီမညာဖြစ်နေမှုများ၊ ပွဲတော်စားပွဲခင်းကျင်း ထားမှု၊ စန္ဒယားထားရှိပုံ၊ ပြတင်းပေါက်ထောက်ထားခြင်း၊ အားလုံး သည် ဝတ်ပြုခြင်းအစီအစဉ်ဖြစ်သောကြောင့် ဘုရားရှင်နှင့်ဆက်နွယ် ပတ်သက်နေသည်။ တရားပလ္လင်ကိုလည်း အမြဲသန့်ရှင်းသပ်ရပ် နေပါစေ။

()  ဘုရားကျောင်းသို့ရောက်ရှိလာသူ လူသစ်နှင့်သူစိတ်ဧည့်သည်များကို သတိပြုပြီး နှုတ်ဆက်ကြိုဆိုစကားပြောပေးပါ။ သူတို့အတွက် သက် သက်သာသာနေရာပေးပြီး ဓမ္မသီချင်းစာအုပ်ကိုလည်း လက်ဝယ် အရောက်ယူလာပေးပါ။

ကိုယ်ကာယကြံ့ခိုင်ရေး ----------------- အသင်းထောက်မယ်များ

 

()  ကြိုဆိုနေရာချထားရေးကဏ္ဍ၌ အခြားသူများလုပ်ဆောင်ခြင်းထက် အသင်းထောက်မှလုပ်ဆောင်ရန် အသင့်လျော်ဆုံးဖြစ်သည်။ လူငယ် ရှေးလူရွယ်၊ အပျိုလူမျိုးများလည်း ပါဝင်စေပါ။ ယုံကြည်သူအသစ် များကိုလည်း ကြိုဆိုရေးအဖွဲ့ဝင်တွင်ပါဝင်စေပါ။ နောက်ပိုင်း၌ သူတို့၏ယုံကြည်ခြင်းအတွက်၊ အတွေ့အကြုံအတွက် အထောက် အကူဖြစ်စေပါမည်။ အသင်းထောက်များ၊ အသင်းထောက်မယ်များ ဖြစ်လာစေပါမည်။ ဘုရားကျောင်းရောက်ရှိလာသူများကို ကြိုဆို နှုတ်ဆက် နေရာပေးရာ၌ ကျွမ်းကျင်ပိုင်နိုင်သော လူငယ်လူရွယ် များဖြစ်လာကြမည်။ အသင်းထောက်၊ အသင်းထောက်မယ်နှင့် ကြိုဆိုရေး တာဝန်ခံများသည် ကောင်းစွာသင်တန်းပေးထားခြင်းခံရ သူများဖြစ်သင့်ပါသည်။ သို့မှသာ လေးစားမှု၊ ကြင်နာမှုအပြည့်ဖြင့် ဝတ်ပြုလာသူများကို ကြိုဆိုကူညီပေးနိုင်မည်ဖြစ်ပါသည်။ ကြိုဆို နှုတ်ဆက်နေရာချထားရေးအဖွဲ့၏ လုပ်ဆောင်ချက်များကို ပရိသတ် မှလည်း တုံ့ပြန်မှုရှိလာလိမ့်မည်။ ငယ်သောအသင်းတော်ငယ်ဖြစ်နေ လင့်ကစား ကြိုဆိုရေးတာဝန်ခံများအနေဖြင့် မိမိတို့၏ တာဝန်ကို သိက္ခာရှိရှိ၊ လေးစားသမှုဖြင့်လုပ်ဆောင်ကာ ကောင်းချီးမင်္ဂလာကို ရယူနိုင်ရမည်။ ကြိုဆိုရေးတာဝန်ခံ သို့မဟုတ် အသင်းထောက်များ ကို သိသာထင်ရှားစေသောအမှတ်အသား၊ တံဆိပ်ကတ်ပြားများ သည် ကြိုဆိုရေးတာဝန်နှင့် အသင်းထောက်လုပ်ငန်းကို လုပ်ဆောင် ရာ၌ ပို၍အဆင်ပြေချောမွေ့စေပါသည်။

()  ရိုသေသမှုရှိရန် ပါဝင်ယိုင်းပင်းကူညီပါ။ ဝတ်ပြုခြင်းရောက်ရှိလာသူ သည် မုန်သုန်သုန်နှင့်မရွှင်မပျထိုင်နေရန်မဟုတ်ပါ။ အချိန်တိုင်း၏ အစီအစဉ်ကိုသိရှိနိုင်ရန် အစီအစဉ်စာရွက်ပေါ်၌ရေးသားထားရမည်။ သို့မဟုတ်လျှင် အစီအစဉ်ကိုမသိရသောကြောင့် ငြီးငွေ့နေလိမ့်မည်။ ကြိုတင်ဖိတ်ကြားခြင်းမခံရသောသူများရောက်လာပြီး အစီအစဉ်ကို အနှောင့်အယှက်ပေးသလိုမျိုးမဖြစ်စေရန် ကြိုတင်စီစဉ်ပြီး ဝတ်ပြု ခြင်းအချိန်၌ လေးစားမှု၊ ရိုသေသမှုရှိရန်ထိန်းသိမ်းထားပါ။ ပရိသတ် အတွင်း ရုတ်တရက်တက်တတ်သောရောဂါ (ဝက်ရူးပြန်) ရှင်များ၊ စိတ်လွတ်ကိုယ်လွတ်ထအော်တတ်သော လူငယ်များ ရှိတတ်သော ကြောင့် ကြိုတင်အစီအစဉ်များပြုလုပ်ထားပါ။ တစ်ခါတစ်ရံ အထူး ဖိတ်ကြားထားသောကလေးသူငယ်များ သို့မဟုတ် လူငယ် လူရွယ် များ ဝတ်ပြုချိန်အတွင်းပြေးလွှား၊ သွားလာခြင်းမျိုးကိုလည်း သေသေ ချာချာကြိုတင်တားဆီးနိုင်ရန် အစီအစဉ်မျိုးလည်းရှိရပါမည်။ ဘုရား ကျောင်းအတွင်း ခန်းမအတွင်းပြေးလွှားသွားလာခြင်းမရှိစေပါနှင့်။


စိတ်လွတ်ကိုယ်လွတ်ဖြင့် အသံပေးအော်မြည်တတ်သော လူငယ်၊ ပြေး လွှားဆော့ကစားသွားလာတတ်သောကလေးများကို မိဘ၏အနား သို့မဟုတ် ထိန်းသိမ်းနိုင်သောလူကြီးများ၏အနားတွင်ထိုင်စေပါ။

အသင်းထောက်၊ အသင်းထောက်မယ်များသည် တာဝန်များကို လုပ် ဆောင်ရာ၌ အထက်ပါအခြေအနေများကို သတိပြုလုပ်ဆောင်ရမည်။ အသင်း ထောက်၊ အသင်းထောက်မယ်တို့သည် တာဝန်ချိန်မှာမဟုတ်သည့်တိုင် အသင်း တော်၌အချိန်ပြည့် (၂၄) နာရီတာဝန်ရှိကြောင်း အသိအမှတ်ပြုပါသည်။ ဘုရား ကျောင်း၏ အနောက်ဘက်၌ရှိနေသောအခြေအနေများမှာလည်း ဥပမာ၊ ရှေ့ တက်မည့်သူများပြင်ဆင်သော အနောက်ခန်း၊ နားနေခန်း၊ စာသင်ခန်း၊ ကားများ စီတန်းထားရှိသောနေရာအားလုံးကို အသင်းထောက်နှင့် အသင်းထောက်မယ် များမှ တာဝန်ယူထိန်းသိမ်းစီစဉ်ရမည်။ ဘုရားကျောင်းအတွင်း ခုံတန်းရှည်များ ကိုသာ ဂရုစိုက်ရန်တာဝန်ရှိသည်မဟုတ်ပါ။

ဖော်ပြပါတာဝန်များကို အသင်းထောက်များဦးဆောင်ညွှန်ကြားစီစဉ်ရန် သတ်မှတ်သည်သာမက၊ အသင်းထောက်မယ်များအနေဖြင့် ကိုယ်တိုင် ကိုယ် ကျပါဝင်စီစဉ်ရပါမည်။

 

မိတ်သဟာယညစာစားပွဲများ

မိတ်သဟာယညစာစားပွဲ၌ အခြားသူများကို အထူးတာဝန်ပေးအပ်ထား ရှိခြင်းမရှိပါက အသင်းထောက်မယ်များမှ လုံးဝတာဝန်ယူလုပ်ဆောင်ရန် ဖြစ် သည်။ အစားအစာပြင်ဆင်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် တခြားလိုအပ် သမျှကိုလုပ်ဆောင်ရပါမည်။

အသင်းထောက်များအနေဖြင့် စားပွဲများ၊ ကုလားထိုင်များ နေရာတကျ ရှိမရှိ ကြည့်ရှုစစ်ဆေးရမည်။ လိုအပ်ပါက ပြန်လည်စီထားပေးရမည်။ ညစာ စားပွဲပြီးသည်နှင့် ပြန်လည်သိမ်းဆည်းပေးရပါမည်။ အမှိုက်ပုံးများစီစဉ်ချထား ခြင်း၊ အမှိုက်များ ပြန်လည်ကောက်သိမ်းစွန့်ပစ်ခြင်းများကိုလည်း လုပ်ဆောင် သွားရပါမည်။ အသက်ကြီးသူနှင့်လူကြီးသူမများကို ပြင်ဆင်ထားသော သီးသန့် နေရာများကိုလည်း အချိန်မီပြင်ဆင်သိမ်းဆည်းရန်လိုပါသည်။

 



အခန်း ၂၁

အခန်း (၂၁)

တယ်လီဖုန်းဆက်သွယ်ရေးကော်မတီဖွဲ့စည်းခြင်း

 

ယနေ့အချိန်အခါတွင် တယ်လီဖုန်းကိုအသုံးပြုနေသူများပြားလာပါသည်။ သို့သော် အသင်းတော်လုပ်ငန်းအတွက်လုပ်ဆောင်ရာ၌မူ အသုံးပြုလေ့မရှိကြ ပါ။ အနည်းအကျဉ်းသာအသုံးပြုနေသေးသည်။ တယ်လီဖုန်းကို အသုံးပြုပြော နေသူများသည် များသောအားဖြင့် အမှုတော်နှင့်မသက်ဆိုင်သော စကားများ သာ ပြောဆိုတတ်လေ့ရှိသည်။ မိမိတို့၏ အလုပ်ကိုပင် မေ့နေတတ်ကြသေး သည်။ အယ်လင်ဝှိုက်မှ ၎င်းနှင့်ပတ်သက်ပြီး ဆန့်ကျင်သောစကားဖြင့် အကြံ ဉာဏ်ပြုခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်မျှ အလုပ်ပျက်အကိုင်ပျက်သည် အထိ စကားပြောခြင်းအမှုကိုမလုပ်အပ်ပါ။ စကားကြောရှည်တတ်သူတစ်ဦး သည် စကားရှည်ရှည်ပြောရန်အခွင့်မရှိကြောင်း မိမိကိုယ်ကိုသိထားပါ။ ပါးစပ် ပိတ်ထားပါ။ သင်၏စကားကို တဖက်သားငြီးငွေ့ရလောက်အောင် ဘယ်သော အခါမျှမပြောပါနှင့်။ လျှာမရှည်ပါနှင့်။ လူများတို့သည် အလုပ်လုပ်ရမည့်အချိန် ထက် စကားများစွာပြောခြင်းဖြင့် အချိန်ကိုဖြုန်းလေ့ရှိတတ်ကြသည်။

အပျက်သဘောဆောင်သော တယ်လီဖုန်းပြောခြင်းဖြင့် အချိန်ကိုဖြုန်းနေ မည့်အစား အပြုသဘောအရ အမှုတော်အတွက် တယ်လီဖုန်းကိုအသုံးပြုနိုင်ပါ သည်။ အပြုသဘောဆောင်သောတယ်လီဖုန်းကို အသုံးပြုနည်းမှာ တယ်လီဖုန်း ကော်မတီကို ဖွဲ့စည်းစေခြင်းဖြင့် အသင်းသူ အသင်းသားများကို ဝိညာဉ်ရေး စိတ်ဓာတ်သွတ်သွင်းပေးခြင်းပင်ဖြစ်သည်။ ထိုအမှုတော်လုပ်ငန်းစဉ်မျိုးသည် အသင်းထောက်နှင့်အသင်းထောက်မယ်များတို့ စိတ်ဝင်စားကြမည့် အမှုတော် ဖြစ်ပါမည်။ ဆင်ခြင်စဉ်းစားပြီး အုတ်မြစ်ချတည်ထောင်ထားရမည်။

 

ကော်မတီဝင်များတို့၏အာရုံစူးစိုက်ခြင်း

ကော်မတီဝင်များအနေဖြင့် အာရုံစူးစိုက်ရမည့်ဧရိယာ နှစ်ခုရှိသည်။ ထိုဧရိ ယာများမှာ အတွင်းဧရိယာနှင့် အပြင်သို့ထွက်ခြင်း ဧရိယာတို့ပင်ဖြစ်သည်။ အတွင်းဧရိယာ၏ သဘောသဘာဝမှာ အသင်းတော်အတွင်းရှိ အသင်းသားများ ကို ဝိညာဉ်ရေး၊ ကာယနှင့်လိုအပ်သမျှစိတ်ဓာတ်များကို မြှင့်တင်တည်ဆောက် ပေးခြင်းဖြစ်သည်။ အပြင်သို့ထွက်ခြင်းဧရိယာ၏ သဘောသဘာဝမှာ အသင်း သားမဖြစ်သေးသော၊ အသင်းသားမဟုတ်သောသူများအတွက် ဝိညာဉ်ရေး၊ ကာယနှင့်စိတ်ဓာတ်ကို မြှင့်တင်တည်ဆောက်ပေးခြင်းဖြစ်သည်။ အောက်ဖော် ပြပါအချက်များကို သတိပြုပြီး တယ်လီဖုန်းကော်မတီမှဆောင်ရွက်နိုင်သော အတွင်းနှင့်အပြင်ဧရိယာအမှုတော်လုပ်ဆောင်ချက်ကိုလေ့လာပါ။

 

အချင်းချင်းအတွင်း၌ဆက်သွယ်ခြင်း

()  ဖျားနာသူများနှင့် အိမ်ပြင်မထွက်နိုင်သူကို ဖုန်းဖြင့် ခေါ်ကာစကားပြော ဆက်သွယ်ခြင်း

()       အသက်ကြီးသူများကိုဖုန်းဖြင့်ဆက်သွယ်ခြင်း

()  ကွယ်လွန်သွားသူ၏ ကျန်ရစ်သူမိသားစုကို ဖုန်းခေါ်စကားပြော နှစ်သိမ့် ခြင်း

()  အသင်းသားများတို့၏မွေးနေ့၊ လက်ထပ်ခြင်းနှစ်ရတုနေ့၊ သားသမီး ဖွား မြင်လာခြင်း၊ ဘွဲ့ရရှိသွားခြင်း၊ ရာထူးတိုးခြင်း စသည့်အခြေအနေများ၌ တယ်လီဖုန်းခေါ်၍စကားပြောခြင်း

()  သောကြာနေ့ညပိုင်းရောက်လာချိန်၌ တယ်လီဖုန်းဖြင့် အသင်းသားထံ ဆက်သွယ်ပြီး happy sabbath” နှုတ်ခွန်းဆက်စကားပြောခြင်း၊ ၁၉၉၁ မိုင် ဥပုသ်စာဖြေကျောင်းတက်လာရန်ဖိတ်ကြားခြင်း

()  အသင်းသားများအခက်အခဲကြုံရသောအခါ ဖုန်းဖြင့်ခေါ် ဆိုစကားပြော အားပေးခြင်း

()  အသင်းအုပ်ဆရာနှင့်အဓိကအသင်းသားများကို ဖုန်းဖြင့်ဆက်သွယ် ပြော ဆိုခြင်း

()       ဘုရားကျောင်းမရောက်လာသူများကိုခေါ်ခြင်း

က။  သူတို့မရောက်လာခြင်းအကြောင်းကိုပြောပါ။ ဘုရားကျောင်း လာရန် အတွက်အားပေးပါ။

ခ။    ဘုရားကျောင်းပျက်ကွက်သူများ၊ ပြန်လည်ရောက်ရှိလာနိုင်သော နည်းလမ်းကို ရှာကြံလုပ်ဆောင်ပါ။

 

အပြင်သို့ ဆက်သွယ်ခြင်း

()  ဘုရားကျောင်းကိုအလည်လာရန်နှင့် ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ် ကြွရောက်ရန်ဖိတ်ကြားခြင်း၊ လှိုက်လှိုက်လှဲလှဲ ပျူပျူငှာငှာကြိုဆို ဆက်ဆံပြီး ထပ်မံဖိတ်ကြားပါ။

()   (အသက်ရှင်ခြင်း၏ထွက်သက်ဝင်သက်၊ ဗျာဒိတ်တော်အသံနှင့် နှုတ် ကပတ်တော်လာသည်ကား) စသည့်မြော်လင့်ခြင်း၏လေလှိုင်း အစီ အစဉ်ကို စိတ်ဝင်စားသူများအားဖုန်းဖြင့်ခေါ်ပါ။ အိမ်သို့လာလည်လို ကြောင်း ကမ်းလှမ်းစကားပြောဆိုပါ။

()            အသင်းတော်ဧဝံဂေလိပြုလုပ်မှုနယ်ပယ်ဧရိယာအတွင်းရှိ လူများကို

တယ်လီဖုန်းဖြင့်ခေါ်ပါ။ တစ်နေရာရာ၌ တွေ့ဆုံနိုင်ရန် ချိန်းဆိုပြီး ဧဝံဂေလိတရားပွဲသို့ကြွရောက်လာရန်ဖိတ်ကြားပါ။

()  ဧဝံဂေလိတရားပွဲလာသူကို ဖုန်းနံပါတ်ယူထားပြီး နောက်ထပ် တစ်ကြိမ် ထပ်မံလာရောက်ပါရန် ဖိတ်ခေါ်ပါ။ သူတို့မရောက်ရှိလာခဲ့ လျှင် တယ်လီဖုန်းဖြင့် သူတို့မရောက်လာခဲ့ခြင်းအကြောင်းမေးမြန်း ပြီး အသိပေးဆက်သွယ်ပါ။

()  မိတ်ဆွေသူငယ်ချင်းများ၊ ဆွေမျိုးများနှင့်အိမ်နီးချင်းများအား အသင်း တော်အလုပ်၌ အထူးပါဝင်လုပ်ဆောင်ကြရန်အသိပေးပါ။

 

ကော်မတီတွင်မည်သူများပါဝင်သင့်သနည်း

ကော်မတီ၌ပါဝင်သူများသည် အရည်အချင်းရှိသောသူများ ဖြစ်ကြရန်လို သည်။ အမှုတော်အတွက် အရေးကြီးသောကဏ္ဍတွင် ရှိနေသောကြောင့် ပါဝင် သောကော်မတီဝင်များ ကြင်နာစိတ်နှင့်လူအများကို ဂရုစိုက်နိုင်သောသူ ဖြစ်ရ မည်။တယ်လီဖုန်းဖြင့်အမှုတော်ဆောင်ရွက်သောနည်းလမ်းမှာဂျင်ကောလင်း မှ ဤသို့အဆိုပြုသူကိုယ်တိုင် မှန်ကန်သောသူမှ မှန်ကန်စွာ နေထိုင်ပြုမူပုံကို တင်ပြထားပါသည်။

()            ယဉ်ကျေးသိမ်မွေ့သောကိုယ်နေဟန်ထားရှိသည့်အသင်းသား

() တစ်ဦးချင်းစီကိုအာရုံပြုသူ

()            အသင်းတော်အပေါ်အပြုသဘောစိတ်ထားသောအသင်းသား

()            ဝိညာဉ်ရေးစိတ်ရှိသောကော်မတီအသင်းသား

တယ်လီဖုန်းဆက်သွယ်ရေးကော်မတီဖွဲ့စည်းခြင်း

 

()            တစ်ပါးသူမကောင်းကြောင်းဘယ်သောအခါမျှမပြောသူ

()            နားထောင်ပေးတတ်သူ

() အခြေအတင်မပြောတတ်သူ

() အိမ်၌အချိန်ရသူ၊ အချိန်ပေးနိုင်သူ၊ အငြိမ်းစား၊ အချိန်ပိုင်းအလုပ်

လုပ်သူများ ကော်မတီအဖွဲ့၌ပါဝင်သင့်ပါသည်။

 

မည်သို့ဖွဲ့စည်းမည်နည်း

()  အသင်းထောက်ခေါင်းဆောင်နှင့် အသင်းထောက်မယ်ခေါင်းဆောင်တို့ သည် အထက်ဖော်ပြပါအရည်အချင်းနှင့်ရှိသော အသင်းသားများကို ရွေး ချယ်ပြီး ဘုတ်အဖွဲ့ဖွဲ့စည်းရမည်။

()   အတွင်းနှင့်အပြင်ဧရိယာများကို လုပ်ဆောင်နိုင်သူများကို စိစစ်ရွေးချယ်ရ မည်။

()       သင်တန်းပို့ချပေးပါ။

()  ကော်မတီဝင်များဖြစ်ကြောင်းကို အသင်းတော်မှတ်တမ်းစာအုပ်၌ သေချာ စွာရေးထားပါ။

()  အတွင်း၊ အပြင် တာဝန်ယူလုပ်ဆောင်နေသော ကော်မတီဝင်များ အားလုံး သုံးလတစ်ကြိမ် မိမိတို့ခေါ်ဆိုခဲ့သော စာရင်းဇယားများကို တစ်ဦးနှင့် တစ်ဦးအသိပေးဖလှယ်ကြပါ။

()  ကော်မတီဝင်များအနေဖြင့် မိမိတို့ခေါ်ဆိုခဲ့သော ပုဂ္ဂိုလ်တစ်ဦးစီ၏ မှတ် တမ်းကို ထားရှိရပါမည်။ ခန့်မှန်းပြီး မတိမကျရေးသားမှတ်သားခြင်းမျိုး မပြုလုပ်ရန်သတိပြုပါ။ အကြောင်းမှာ အခြားသူများလည်း ထိုပုဂ္ဂိုလ်များ နှင့်ဆက်သွယ်ပြောဆိုမည်ဖြစ်သောကြောင့်ဖြစ်သည်။

()  ကော်မတီဝင်များ မိမိတို့၏ဧရိယာကိုချဲ့ထွင်သွားပြီး လိုအပ်သော ခေါ်ဆို မှု၊ လိုအပ်သောမှတ်တမ်းကို တယ်လီဖုန်းဖြင့်အမှုတော်ဆောင် ခြင်းပုံစံ များတွင်ရေးသွင်းသွားရမည်။ (အခန်း၏ အဆုံးပိုင်း၌ ဖော်ပြထားပါသည်။)

()  ကော်မတီဝင်များ တွေ့ဆုံပွဲကို အနည်းဆုံး သုံးလတစ်ကြိမ်ပြုလုပ်ပြီး အားနည်းချက်ကိုပြုပြင်ပြီး အားသာချက်များကို ဆက်လက်လုပ်ဆောင် ကြရပါမည်။ လိုအပ်သမျှကို စိစစ်ပြုပြင်ရမည်။

 

တယ်လီဖုန်းဖြင့်သာသနာပြုခြင်းပုံစံ

အသင်းသားအမည် ____________________________________________

နေရပ်လိပ်စာ ________________________________________________

__________________________________________________________

အကြောင်းအရာနှင့်နေ့ရက်အချိန် _________________________________

____________________________________________________________________________________________________________________

လိုအပ်သောလုပ်ဆောင်ပေးရန်များ ________________________________

____________________________________________________________________________________________________________________

အသင်းသား၏လိုအပ်ချက်ကို _________________ အမှုတော်ဆောင်အဖွဲ့သို့

လွှဲပြောင်းပါသည်။

လွှဲပြောင်းပေးသောရက်စွဲ _______________________________________

လွှဲပြောင်းပေးသူ_________________ ဖုန်းနံပါတ် ____________________

အမှုတော်ဆောင်အဖွဲ့၏ဆောင်ရွက်ပေးချက်များ ______________________

______________________________________________________________________________________________________________________________________________________________________________

တယ်လီဖုန်းဆက်သွယ်ရေးကော်မတီဖွဲ့စည်းခြင်း

 

ဆောင်ရွက်ပေးသောနေ့စွဲ _____________

မှတ်ချက်ရေးရန် ______________________________________________

____________________________________________________________________________________________________________________

အမှုတော်အတွက်ဆောင်ရွက်ပေးသူများ

_________________________ဖုန်းနံပါတ် _________________________

_________________________ဖုန်းနံပါတ် _________________________

_________________________ဖုန်းနံပါတ် _________________________

 

(မိတ္တူကို အသင်းအုပ်ဆရာ၊ ကိုယ်စီသာသနာခေါင်းဆောင်

ဖုန်းခေါ်ဆိုသူထံလက်ဆင့်ကမ်းပေးပါ။)

 

တယ်လီဖုန်းသာသနာပြုနည်းကို လေ့လာခြင်း

(မြော်လင့်ခြင်းအသင်းသားများလေလှိုင်းသံစိတ်ဝင်စားမှု)

အမည် _____________________________________________________

 

ဟဲလိုမင်္ဂလာပါ။ ___________________ အိမ်ကလားခင်ဗျား/ ရှင်။

ကျွန်တော်/ _________________ နဲ့ စကားပြောချင်လို့ပါ။ ဦး/ဒေါ် _______________ ရေ၊ ကျွန်တော်/ နာမည်က ________________ ပါ။ ဒီရပ်ကွက်/ဒေသရဲ့တာဝန်ခံပါ။

 

ကျွန်တော်/မတို့မှတ်တမ်းအရ _____________ ရဲ့နာမည်ကို ကျမ်းစာ လေ့လာခြင်းအဖွဲ့မှာသွင်းထားတာတွေ့ရလို့ ကျွန်တော်/ က ပိုသေချာဖို့ ဖုန်း ဆက်တာပါ။ ကျွန်တော်/ မေးခွန်းလေးတချို့ မေးခွင့်ရနိုင်မလား။

(_________ / မရ __________)

သင်ခန်းစာတွေဖြေရတာပျော်ရဲ့လား။ (ပျော်/မပျော်)

ကျမ်းစာပိုပြီးနားလည်လာပါသလား။ (နားလည်/နားမလည်)

သင်ခန်းစာအားလုံးဖြေပြီးသွားပြီလား။ (ပြီး/မပြီး)

ယခုကျမ်းစာအကြောင်းပိုနားလည်လာပြီလား။ (နားလည်/မလည်)

သင်ခန်းစာမှ မသိသေးသော အကြောင်းအရာကို သိလာရသောအကြောင်း ပြောပြပေးနိုင်မလား။ __________________________________________

__________________________________________________________


နောက်ထပ်အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ပိုမိုသိလိုပါသလား။ (သိလို/မသိလို) ကျမ်းစာသင်ခန်းစာမှ အနှစ်သက်ဆုံးအကြောင်းအရာကိုပြောပြပေးပါလား။

____________________________________________________________________________________________________________________

 

ကျမ်းစာသင်ခန်းစာမှ အနှစ်သက်ဆုံးအနည်းဆုံးအကြောင်းအရာကို ပြောပြပေး ပါ။ ________________________________________________________

__________________________________________________________

သင်ယူရရှိတဲ့သင်ခန်းစာအတိုင်းလိုက်နာလုပ်ဆောင်ပါသလား။

(လုပ်သည်/မလုပ်)

သင်ယူရရှိသောအကြောင်းများကို တခြားသူကိုပြောပြပါသေးလား။

(ပြော/ မပြော)

ကျေးဇူးတင်ပါတယ် __________________ မေးခွန်းအားလုံးကို စိတ်ရှည် လက်ရှည်ဖြေဆိုပေးတဲ့အတွက် အကယ်၍များ အပန်းမကြီးဘူးဆိုရင် ကျွန် တော်/ မက __________________ ရဲ့အိမ်ကို လာလည်ချင်ပါတယ်၊ ခွင့်ပြုပေး နိုင်မလား။ ဆုတောင်းပေးချင်တယ်၊ မေးခွန်းလေးရှိရင်လည်း ဖြေပေးချင် တယ်။ အထူးသဖြင့် ကျမ်းစာနဲ့ဆိုင်တဲ့ မေးခွန်းတွေပါ။ အဲဒီနေ့အတွက် အဆင် ပြေလျှင် မနက်ဘက်ကပိုအဆင်ပြေလား၊ ညနေဘက်ကပိုအဆင်ပြေပါသလား။ မနက်/ညနေ ____________ နေ့ရက် _______________ အခုနေတဲ့လမ်းနဲ့ အိမ်နံပါတ်ပြောပေးပါလား။ _____________________________________

__________________________________________________________

တယ်လီဖုန်းဆက်သွယ်ရေးကော်မတီဖွဲ့စည်းခြင်း

 

ဒီသတင်းတွေကို ကျွန်တော်/ မတို့အဖွဲ့ကိုအစီရင်ခံပြီး တစ်ဦးဦးက ဖုန်းခေါ်လာပါလိမ့်မယ်။ ကျွန်တော်/မတို့ ဆုတောင်းရအောင်။ ဆုတောင်း __________________________

 

(လက်ခံတစ်ရွက်ယူထားပြီး တယ်လီဖုန်းသာသနာအဖွဲ့သို့မိတ္တူကိုပို့ပေးပါ။)

 

တယ်လီဖုန်းဖြင့်အမှုတော်ဆောင်ဧဝံဂေလိလုပ်ဆောင်ခြင်း

ဟဲလို __________________ အိမ်ကပါလားခင်ဗျား/ ရှင်။

 

ကျွန်တော်/ ___________________ က ယေရှုရှင်သည်သာ အဖြေမှန်

ဧဝံဂေလိအဖွဲ့ကပါ။ ယခုကျင်းပတဲ့တရားပွဲကို လာရောက်တရားနာဖို့ဖိတ်ခေါ်

တာပါ။

 

ညစဉ်တက်ရောက်လာလျှင် အထူးလက်ဆောင်အနေဖြင့် အနည်းဆုံး လက်ဆောင်သုံးမျိုးကိုရရှိမှာပါ။ လက်ဆောင်ကို နောက်ဆုံးညမှာပေးအပ်မယ် ဖြစ်ပါတယ်။ရရှိနိုင်တဲ့ဆုလက်ဆောင်တွေက ကျမ်းစာကောင်းကောင်းတစ်အုပ်၊ ခရစ်တော်ရဲ့ရုပ်ပုံ (ဘောင်ကွပ်ထားသည့်ပုံတစ်ပုံ) ငါးအုပ်ပေါင်းထားတဲ့စာအုပ် တစ်စုံ (စာအုပ်ပါအကြောင်းတွေက ကျမ်းစာကိုပိုမိုနားလည်ရန်ဖြစ်ပါတယ်)

တရားပွဲကို စနေနေ့ညမှာစတင်ပါတယ်။ ဇူလိုင်လ (၁၀) ရက်နေ့ ၇းဝဝ နာရီအချိန်မှာစတင်ပါမယ်။ ဇူလိုင်လ (၃၁) ရက်နေ့ စနေနေ့မှာပဲ အဆုံးသတ် သွားပါ့မယ်။ ကြာသပတေးနေ့ညတိုင်းအစီအစဉ်မရှိပါဘူး။

သားသမီးများရှိခဲ့သော် သူတို့ကိုခေါ်လာပါ။ သူတို့အတွက် ကျမ်းစာသင် ပေးခြင်းအစီအစဉ်ကို ၇းဝဝ နာရီမှာစတင်ပေးပါမယ်။ လူကြီးတန်း၊ ကလေး တန်းကို ခွဲခြားသင်ပေးပါတယ်။ လူကြီးတွေကျမ်းစာသင်ခန်းစာကို စိတ်ဝင်စား နေချိန်မှာ ကလေးများက အရုပ်ဆွဲခြင်း၊ အရုပ်ကလေးများညှပ်ခြင်း စတဲ့ ကျမ်းစာနဲ့ပတ်သက်တဲ့အရာများကို လုပ်နေကြပါလိမ့်မယ်။ လူကြီးတန်းနှင့် ကလေးတန်းမှာ လှမ်းပြီးမြင်ရပါတယ်။

ဧဝံဂေလိဟောပြောမယ့်ဆရာကြီး __________________ က အင်မတန် တော်ပါတယ်။ ကျမ်းစာထဲမှာ ပုရောဖက်စကားများစွာရဲ့ အဓိပ္ပါယ်ကို ပြောပြ လိမ့်မယ်။ အထူးသဖြင့် ဒံယေလနှင့်ဗျာဒိတ်ကျမ်းမှ ပုရောဖက်ပြုစကားများကို အဓိပ္ပါယ်ဖော်ဟောပြောပေးမှာဖြစ်ပါတယ်။

တရားပွဲလာဖို့ ကြိုပို့ပေးစေလိုပါသလား။ (လို/မလို) ဘုရား ကောင်းချီး ခံစားရပါစေ၊ ဦး/ ဒေါ် _______________ အဖွင့်ညမှာ ကျွန်တော်/ စောင့် မျှော်နေပါမယ်။ ကြိုဆိုရေးအဖွဲ့ကိုမေးလိုက်ပါ။ ကျွန်တော်/ နာမည်ကို ခေါ်ပြီး ပြောလိုက်လျှင် ကျွန်တော်ထွက်လာပြီး မျက်နှာချင်းဆိုင်လာတွေ့ပါ့မယ်။

ကျွန်တော်ဖုန်းနံပါတ်လည်းပေးထားပါ့မယ်။ အကယ်၍ တရားပွဲကိုလာရောက် ဖို့ရန် အကူအညီလိုအပ်လျှင်ဆက်သွယ်ပါ။ ___________________________

 

ဆုတောင်းပေးလို့ရမလား။ (/မရ)

ဆုတောင်း __________________________________________________

__________________________________________________________

 

အသင်းထောက်နှင့်အသင်းထောက်မယ်များသည် အသင်းတော်အတွင်း မတူညီသော တာဝန်ဝတ္တရားများစွာကို ထမ်းဆောင်နေရသည်။ သူတို့သည် ဘုရားကျောင်းသို့ရောက်လာသူများကို ကြိုဆိုနှုတ်ဆက်၊ နေရာပေးပြီး နှုတ် ကပတ်တော်ကိုလည်း သင်ကြားပေးသူဖြစ်သည်။ ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေ များကိုလည်း ကောက်ခံသည်။ ရံပုံငွေများကို ငွေထိန်းနှင့်အတူ ကူညီရေတွက် ပေးသည်။ မည်သည့်ဘုရားကျောင်းအစီအစဉ်မဆို တက်ရောက်ကြသည်။ စိတ် မသာညည်းတွားနေသူများကို ကူညီဖေးမပေးသည်။ ဈာပနအစီအစဉ်ကို ကူညီ သည်။ ညစာမိတ်ဆုံစားပွဲအတွက် စီစဉ်ပေးသည်။ ရေနှစ်ခြင်း မင်္ဂလာပွဲနှင့် ပွဲတော်မင်္ဂလာအစီအစဉ်ကို ကူညီပေးသည်။ အသင်းတော်ပိုင် ပစ္စည်းအားလုံး ကို ထိန်းသိမ်းစောင့်ရှောက်ပေးသည်။ ဖျားနာသူနှင့်ဆင်းရဲသူ/ သားများကို ကြည့်ရှုယုယသည်။ တယ်လီဖုန်းကော်မတီအဖွဲ့ဝင်များကိုလည်း ပါဝင်ကူညီ အားပေးသည်။ သူတို့ပါဝင်သောအမှုတော်သည် ဘက်ပေါင်းစုံမှဖြစ်ပြီး ဆက် ကပ်လျက် အသုံးတော်ခံကြပါသည်။အပိုင်း ()

၂၁ ရာစုနှစ်၌ အသင်းထောက်နှင့်အသင်းထောက်မယ်များတို့သည်

သမ္မာကျမ်းစာ၏သွန်သင်ချက်အတိုင်း

အလင်းတရားထွန်းလင်းပြသခြင်း

 

အသင်းသားများကို ပညာပေးသင်တန်းပေးရန် လိုအပ်သောအချက်မှာ အသင်းထောက်နှင့်အသင်းထောက်မယ်များတို့၏ တာဝန်နှင့်အလုပ်ဖြစ်သည်။ ဤခေါင်းဆောင်များ၏ အမှုတော်၌ ပါဝင်ဖြည့်စွက်ခြင်းမှာ အသင်းသားများကို ကူညီထောက်မခြင်း၊ အသင်းတော်ဦးဆောင်သူများ အချင်းချင်းရိုင်းပင်း ကူညီ ပေးခြင်း၊ အသင်းအုပ်ဆရာကိုလည်းကောင်း၊ အသင်းအုပ်ဆရာ၏ အဖွဲ့ကို လည်းကောင်း ကူညီမှုပေးကြရမည်။ ထိုကြောင့် ယခုအပိုင်း () တွင် အသင်း သားများကို မည်သို့ပညာပေးသင်တန်းပို့ချရမည်အကြောင်း များမြောင်လှ သော အသင်းထောက်နှင့်အသင်းထောက်မယ်တို့၏တာဝန်ကို ဖော်ပြသွားမည် ဖြစ်သည်။ ၎င်းအပြင် သူတို့သည် အသင်းတော်ဦးဆောင်သူများကို အပြည့်အဝ ကူညီထောက်ပံ့ပေးနိုင်ရန် အထူးခေါ်တော်မူခြင်းခံကြရသည်။ ယခု အခန်းတွင် သင်တန်းပို့ချသောနည်းဗျူဟာများကိုလည်း ထည့်သွင်းပြုစုထားပေးပါသည်။ အလုပ်အကြောင်း ဆွေးနွေးအဖြေရှာခြင်းနှင့် အပန်းဖြေခရီးထွက်ခြင်း အကြောင်းပါ ထည့်သွင်းပြုစုထားပါသည်။ အသင်းထောက်၊ အသင်းထောက် မယ်များ သမ္မာကျမ်းစာသင်ကြားသူအဖြစ် အသင်းတော်တွင်တာဝန်ပေးထား သည်။ ယခုသင်တန်းမျိုးသည် သူတို့၏ စိတ်ဓာတ်ကို ပိုမိုတက်ကြွခိုင်မာစေ ပါလိမ့်မည်။ မိမိတို့၏တာဝန်ကို အောင်မြင်စွာဆက်လက်ထမ်းဆောင်နိုင်မည်။ အပိုင်း () တွင် အောက်ပါခေါင်းစဉ်များပါဝင်ပါသည်။

 

 

၂၁ ရာစုနှစ်၌ --------- အလင်းတရားထွန်းလင်းပြသခြင်း

 

၂၂။  အသင်းထောက်နှင့်အသင်းထောက်မယ်များ တန်ခိုးတော်ကိုခံစား ရရှိရန် အသင်းတော်ကိုပြင်ဆင်ခြင်း

၂၃။  အသင်းထောက်နှင့်အသင်းထောက်မယ်များအတွက် အနားယူအပန်းဖြေ ခရီးဦးဆောင်သင်တန်း

၂၄။  သမ္မာတရားအတွက်လုပ်ဆောင်နေသူအဖြစ် အသင်းထောက်နှင့် အသင်း ထောက်မယ်များကို သင်တန်းပေးခြင်း

 



အခန်း ၂၂

အခန်း (၂၂)

အသင်းထောက်နှင့်အသင်းထောက်မယ်များ

တန်ခိုးတော်ကိုခံစားရရှိရန်အသင်းတော်ကိုပြင်ဆင်ခြင်း

အသင်းတော်မှ အသင်းထောက်နှင့်အသင်းထောက်မယ်များကို သတ်မှတ် ထားသောစံချိန်ထက် ကျော်လွန်လုပ်ဆောင်နိုင်သူအဖြစ် မမွေးထုတ်နိုင်မီ အသင်းသားအားလုံးအနေဖြင့်ဘုရားတရားအခြေခံစိတ်နှင့်ပြည့်ဝစေပြီး ပြောင်း လဲနိုင်သောသူများဖြစ်ရန်လိုအပ်ပါသည်။ ပထမရာစုနှစ်ရှိ အသင်းထောက်များ ၏အလုပ်သည် အောင်မြင်စွာလုပ်ဆောင်နိုင်ခြင်းမှာ ဘုရားရှင်က လူတစ်ဦးစီ အပေါ်သို့ ဝိညာဉ်ဆုကျေးဇူးကို သွန်းလောင်းပေးခြင်းကြောင့်ဖြစ်သည်။ အသင်း တော်မှလည်း အသင်းထောက်များကို ဧဝံဂေလိလုပ်ဆောင်ရာ၌ တန်ခိုးတော် ပါရှိကြောင်းနှင့် မတူညီသောအစွမ်းများကို ပိုင်ဆိုင်ထားကြကြောင်း လက်ခံယုံ ကြည်ကြသည်။

အယ်လင်ဝှိုက်မှ ပထမရာစုနှစ်၌ရှိသော အသင်းထောက်များ အမှုတော် ဆောင်ကြရာ၌ တန်ခိုးတော်ပါရှိကြောင်းကို ဤသို့ရှုမြင်ပါသည်။ အစီအစဉ် ကျသော အသင်းထောက်များ၏ ဦးဆောင်မှုကို စည်းလုံးစွာညှိနှိုင်း လုပ်ဆောင် ကြခြင်းကြောင့် အသင်းတော်သည် အောင်မြင်မှုရရှိသည်။ သူတို့၏ အတွေး အခေါ်အမြော်အမြင်မမီနိုင်သော ခက်ခဲသည့် ပြဿနာများကို အသင်းတော် တစ်ခုလုံး၏ အစည်အဝေးသို့တင်ပြကာ အကြံဉာဏ်တောင်းကြရသည်။

နှစ်ဆယ့်တစ်ရာစုနှစ်၌ရှိသော မြော်လင့်ခြင်းအသင်းတော်၏ အသင်း ထောက်၊ အသင်းထောက်မယ်များ အမှုတော်ကို အောင်မြင်စွာလုပ်ဆောင်နိုင် ကြရန် အသင်းအုပ်ဆရာမှလည်းကောင်း၊ အသင်းလူကြီးမှလည်းကောင်း အသင်းသားများအားလုံးက အားပေးကူညီပေးရလိမ့်မည်။ အသင်းထောက်များ မစွမ်းဆောင်နိုင်သောကိစ္စများသာ အသင်းအုပ်မှ အသင်းတော်သို့တင်ပြရန်ဖြစ် သည်။ အသင်းထောက်၊ အသင်းထောက်မယ်များ မိမိတို့၏ ဝတ္တရားကို ထမ်း ဆောင်စဉ် လွတ်လပ်စွာ၊ သတ္တိရှိစွာ၊ ဂုဏ်သိက္ခာရှိစွာဖြင့် လုပ်ဆောင်စေပါ။ အသင်းအုပ်ဆရာမှဝင်ရောက်ပြီး အာဏာပြခြင်းမျိုးမဖြစ်စေပါနှင့်။ ပလ္လင်ထက် မှာ မိမိ၏ သြဇာလွှမ်းမိုးခြင်းဖြင့် အသင်းထောက်၊ အသင်းထောက်မယ်များ အသင်းသူအသင်းသားများတို့သည် စည်းစည်းလုံးလုံးဖြင့် အသင်းလိုက် စိတ် ထားကို ပြသကြရမည်။ ထိုသို့ပြုလုပ်လျှင် အသင်းထောက်၊ အသင်းထောက် မယ်များတို့၏ သြဇာလွှမ်းမိုးမှုပိုမိုရှိလာလိမ့်မည်။

ထိုကြောင့် ကျွန်တော်ထောက်ခံသောအချက်မှာ အသင်းအုပ်ဆရာသည် အသင်းထောက်၊ အသင်းထောက်မယ်များကို စည်းရုံးပြီး သမ္မာကျမ်းစာ၏ သွန်သင်မှုအတိုင်း လုပ်ငန်းစဉ်များကို ဆက်လက်ကျင့်သုံးကြရပါမည်။ ဥပုသ် နေ့တိုင်းတရားဟောချက်ကို ရှေးဦးအသင်းတော်၏ အသက်တာပုံစံနှင့်ဆိုင် သောတရားများကို ဟောပြောပေးရမည်။ ရှေးဦးအသင်းတော်၏ အသက်တာ ပုံစံတရားဟောချက်သည် ခေါင်းစဉ်ခုနစ်ခုပါဝင်သည်။ တမန်တော်ဝတ္ထုတို့ကို အခြေပြုပြီး ပြင်ဆင်ထားသော တရားဟောချက်များဖြစ်သည်။ ဇန်နဝါရီလမှ စတင်ပြီးဟောပြောကာ အစီအစဉ်အတိုင်း ခေါင်းဆောင်အသစ်များကို ပြန် လည် ရွေးချယ်ကြရမည်။ ရွေးချယ်တင်မြှောက်ခြင်းကို စောစွာလုပ်ရသည်မှာ အမှ တော်ဆောင်ခေါင်းဆောင်အသစ်များကို အချိန်ပေးသင်တန်းပို့ချနိုင်ရန်ဖြစ် သည်။ ၎င်းအပြင် အသင်းထောက်၊ အသင်းထောက်မယ်များ၏အလုပ်ကို စိတ် ဝင်စားသောသူများက သင်တန်းတက်ရောက်ပြီး အရည်အချင်းရှိသောသူများ အဖြစ် အရွေးချယ်ခံကြရပါမည်။ ရည်ရွယ်ချက်ပန်းတိုင်မှာ ပထမရာစုနှစ်မှ ရှေးဦးအသင်းတော်ခရစ်ယာန်များသည် ဝိညာဉ်ရေးဘက်၌ ကြီးထွားရှင်သန် သကဲ့သို့အရေအတွက်လည်းများပြားလာခဲ့သည်နည်းတူ ယခုနှစ်ဆယ့်တစ်ရာစု နှစ်အတွင်း အသင်းတော်သည်လည်း ကြီးထွားရှင်သန်ပြီး လူဦးရေ များပြား လာရန်ဖြစ်သည်။ အသင်းသားများကို ထိုနည်းလမ်းအတိုင်း လုပ်ဆောင်စေရန် စိန်ခေါ်မှုပြုခဲ့သည်။ ထိုနည်းလမ်းကို တမန်တော်ဝတ္ထုအခန်း ၂း၄၂၊ ၄၆ နှင့် ၄၇ တွင် တွေ့ရှိနိုင်ပါသည်။

ထိုသူများသည် တမန်တော်တို့၏ ဆုံးမသြဝါဒကိုခံခြင်း၊ အပေါင်းအသင်း ဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပတ္ထနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏။ ထိုသူတို့ သည်လည်း ဗိမာန်တော်၌ နေ့တိုင်းအစဉ်တညီတညွတ်တည်း နေ၍၊ ကိုယ်အိမ် ၌မုန့်ကိုဖဲ့လျက် ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာအာဟာရကို သုံးဆောင်ကြ၏။ ဘုရားသခင်ကိုလည်းချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာ ပွင့်လန်းခြင်းအခွင့်ကိုရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ်သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။

အသင်းအုပ်ဆရာမှ အသင်းသားများကို ကျမ်းစာနေ့တိုင်းလေ့လာရန်၊ ဖတ် ရှုရန် စိန်ခေါ်မှုပြုကြရပါမည်။ မြော်လင့်ခြင်းအသင်းတော်၏ သွန်သင်ချက်ကို လိုက်နာကျင့်ဆောင်ရန်၊ လည်ပတ်ခြင်းပြုလုပ်ရန်၊ တယ်လီဖုန်းဖြင့် ဆက်သွယ် ကြရန်၊ တစ်ဦးနှင့်တစ်ဦးညစာစားပွဲဖိတ်ခေါ်ကျွေးမွေးရန်၊ ဘုရားကျောင်း၌ ရှိသောအစီအစဉ်အားလုံးကို မပျက်မကွက်တက်ရောက်ကြရန်၊ ဘုရားကျောင်း ကိုတစ်ပတ်လုံးဖွင့်ထားပြီး ဆုတောင်းခြင်းပြုကြရန်၊ ချီးမွမ်းခြင်းပြုရန်၊ ဝတ်ပြု ကိုးကွယ်ခြင်းပြုရန်တို့ဖြစ်သည်။ နေ့စဉ်နံနက်တိုင်း၊ ညဦးယံတိုင်း အိမ်ထောင် ဝတ်ပြုခြင်းလုပ်ရန်၊ ဆုတောင်းခြင်းကို ပိုမိုမြှင့်တင်ဆုတောင်းရန်၊ အချင်းချင်း ခေါ်ကာ အတူတကွဆုတောင်းရန်၊ ဝန်ထမ်းအချင်းချင်း အတူတကွဆုတောင်း ရန်၊ အိမ်နီးချင်းနှင့်အတူဆုတောင်းရန်၊ ကယ်တင်ခြင်း ရရှိလိုသူများ အတွက် ဆုတောင်းပေးရန်တို့ဖြစ်သည်။

ပထမတရားဟောချက်ပြီးဆုံးပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော် တန်ခိုးကျဆင်းခြင်းဖြင့် ယေရှုအကြောင်းကို ပိုမိုသက်သေခံနိုင်ရန် ဆုတောင်း ပါ။ ဓမ္မဆရာမှ ဆုတောင်းရန်ဆန္ဒရှိသူ၊ ဆုတောင်းခြင်းသူရဲကောင်းလုပ်ဆောင် လိုသူများကိုခေါ်ကာ ဆုတောင်းသူများအဖွဲ့တွင်ပါဝင်စေပါ။ လက်ခံပြီး လက် မှတ်ထိုးကတိပေးသူများကို နှစ်ယောက်တစ်တွဲ ဘုရားကျောင်းသို့ လာပြီး ဆုတောင်းကြရန် စီစဉ်ရေးဆွဲပေးပါ။ ဘုရားကျောင်းမလာနိုင်လျှင်လည်း သင့် လျော်သောနေရာတစ်နေရာရာ၌ အချိန်သတ်မှတ်ပြီး ဆုတောင်းခြင်းကို ပြုစေ ပါ။ ဆုတောင်းခြင်းသူရဲကောင်းများအဖွဲ့မှ အချင်းချင်းတွေ့ဆုံကြပြီး ဆုတောင်း ရမည့်ဧရိယာအကြောင်းအရာများကို ရွေးချယ်ဆုတောင်းကြရမည်။ အောက်ပါ အချက်များသည် ဆုတောင်းရန် ဧရိယာအကြောင်းအရာများ စူးစိုက်ဆုတောင်း ရန်ဖြစ်သည်။

ဆုတောင်းခြင်းနယ်ပယ်ကိုအာရုံစိုက်ပါ။

()       သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးကျရောက်ရန်

()       နိုးကြားခြင်း၊ ပြုပြင်ပြောင်းလဲခြင်းရှိရန်

()       အသင်းတော်စည်းလုံးခြင်းရှိရန်

() အသင်းသားများဝိညာဉ်ရေးစိတ်ဓာတ်ပျိုးထောင်ရန်

() လူငယ်လူရွယ်၊ အရွယ်ရောက်သူများအတွက်

() နိုင်ငံသားများအတွက်

() အိမ်ပြင်မထွက်နိုင်သူများအတွက်

() ဘဏ္ဍာစိုးအရာ၌သစ္စာရှိနိုင်ကြရန်

() ကျန်းမာရေးပြုပြင်ပြောင်းလဲရန်

(၁ဝ) လုံခြုံမှုမရှိသောမိသားစုများအတွက်

(၁၁) ဆွေမျိုးများနှင့်တခြားယုံကြည်မှုကိုကိုးကွယ်သူအတွက်

(၁၂) ခရစ်တော်၏နည်းကိုသာအသုံးပြုနိုင်သောပညာ

(၁၃) ဒေသပတ်ဝန်းကျင်မှဧဝံဂေလိကိုလက်ခံရန်

(၁၄) ဒေသပတ်ဝန်းကျင်အတွက်အကျိုးပြုလုပ်ဆောင်ပေးနိုင်ရန်

(၁၅) သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးကိုပြသအသုံးပြုနိုင်ရန်

ဤအရာသည် အပတ်စဉ်ပတ်တိုင်း ဆုတောင်းခြင်းသူရဲကောင်းများ ဆု တောင်းရန် ဥပမာဇယားတစ်ခုဖြစ်သည်။

 

ဆုတောင်းသူ သူရဲကောင်းများ၏လုပ်ဆောင်ခဲ့ပုံ

နေ့ရက်နှင့် အချိန်                        ဆုတောင်းသူ                              အမည်နေရာ

တနင်္ဂနွေ

၄း၀၀-၅းဝဝ                                ______________                                  အိမ်

 

တနင်္လာ

၈း၁၅-၉း၁၅ နံနက်                      ______________                                  ဘုရားကျောင်း

၁၂း၀၀-၁း၀၀ ညနေ                     ______________                                 ဘုရားကျောင်း

၅း၀၀-:၀၀                                ______________                                  ဘုရားကျောင်း

:၃၀-၇း၃၀                                ______________                                  ဘုရားကျောင်း

 

အင်္ဂါနေ့

၈း၁၅-၉း၁၅ နံနက်                      ______________                                  ဘုရားကျောင်း

၁၀:၀၀-၁၂း၀၀ ညနေ       ______________                                  ဘုရားကျောင်း

၁၂:ဝ၀-၂းဝဝ ညနေ                     ______________                                  ဘုရားကျောင်း

၆း၃၀-၇း၃၀ ညနေ                       ______________                                  ဘုရားကျောင်း

 

ဗုဒ္ဓဟူး

၈း၁၅-၉း၁၅ နံနက်                      ______________                                  ဘုရားကျောင်း

၁၀:၀၀-၁၂း၀၀ ညနေ       ______________                                  ဘုရားကျောင်း

၁၂း၀၀-၁း၀၀ ညနေ                     နေ့လည်ဆုတောင်းစည်းဝေး        ဘုရားကျောင်း

၆း၀၀-၇း၀၀ ညနေ                      ______________                                  ဘုရားကျောင်း

၇း၀၀-၈း၀၀                                ညနေဆုတောင်းစည်းဝေး             ဘုရားကျောင်း

 

ကြာသပတေး

၈း၁၅-၉း၁၅ နံနက်                      ______________                                  ဘုရားကျောင်း

၁၂:၀၀-၁း၀၀ ညနေ                     ______________                                  ဘုရားကျောင်း

၅း၀၀-၆း၃၀ ညနေ                       ______________                                  ဘုရားကျောင်း

:၃၀-၇း၃၀                                ______________                                  ဘုရားကျောင်း

 

သောကြာ

၈း၁၅-၉း၁၅ နံနက်                      ______________                                  ဘုရားကျောင်း

၁၂း၀၀-၁း၀၀ ညနေ                     ______________                                  ဘုရားကျောင်း

 

ဥပုသ်နေ့ (တရားဟောအစီအစဉ်)

ပထမဥပုသ်                                ______________                                  ဘုရားကျောင်း

ဒုတိယဥပုသ်                              ______________                                  ဘုရားကျောင်း

တတိယဥပုသ်                             ______________                                  ဘုရားကျောင်း

အသင်းထောက်နှင့် ------အသင်းတော်ကိုပြင်ဆင်ခြင်း

 

 

စတုတ္ထဥပုသ်                              ______________                                  ဘုရားကျောင်း

ပဉ္စမဥပုသ်                                  ______________                                  ဘုရားကျောင်း

 

တရားဟောချက်များ (ရှေးဦးအသင်းတော်၏ဘဝခရီးလမ်း)

ယခုတရားဟောချက်အတွဲတွင် အကြောင်းအရာခုနစ်ခု ပါဝင်ပါသည်။ အသင်းအုပ်ဆရာမှရွေးချယ်ပြီး ကြိုက်သလိုစီစဉ်ဟောကြားနိုင်ပါသည်။ ရည် ရွယ်ချက်မှာ အသင်းသားများကို ရှေးဦးခရစ်ယာန်များခေတ်၌ လုပ်ဆောင်ခဲ့ သောနည်းလမ်းအတိုင်းလိုက်နာလုပ်ဆောင်စေရန်ရည်ရွယ်ပါသည်။၎င်းနောက် နှစ်ဆယ့်တစ်ရာစုနှစ်အထိ ရောက်ရှိလာသော ခရစ်ယာန်၏ တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားရန်ဖြစ်ပါသည်။

ဆဌမမြောက်တရားဟောချက်ကို တမန်တော်ဝတ္ထုအခန်းကြီး () မှ ရေးသားထားသော ရှေးဦးအသင်းထောက်များအကြောင်းကို ရေးသားထားပါ သည်။ ၎င်းတရားဟောချက်သည် အသင်းသားများကိုပညာပေးရန်နှင့် ကဏ္ဍစုံမှ လုပ်ဆောင်စရာရှိသော တာဝန်များကိုလုပ်ဆောင်ရန် အသင်းထောက်နှင့် အသင်းထောက်မယ်များကို အထူးစိန်ခေါ်မှုပြုထားပါသည်။ အသင်းထောက်၊ အသင်းထောက်မယ်များတို့သည် ပို၍တာဝန်သိတတ်ပြီး ပို၍အသင်းတော်ကို ထောက်မနိုင်ရန်အတွက်ဖြစ်သည်။ တရားဟောချက်၏ နိဂုံးချုပ်ပိုင်း၌ အသင်း အုပ်ဆရာမှ လောလောဆယ်အမှုတော်၌ပါဝင်နေသော အသင်းထောက်နှင့် အသင်းထောက်မယ်များ၊ တခြားစိတ်ဝင်စားပါဝင်လိုသူများကို ဖိတ်ခေါ်ကာ သင်တန်းလက်တွေ့လုပ်သွားမည့်အချိန်၌ပါဝင်ရန် လက်မှတ်ရေးထိုးစေပါ။

အောက်ပါတရားဟောချက်များသည် အသင်းသားအားလုံးအတွက် ပညာ ပေးပုံအဆင့်ဆင့်ဖြင့် စီစဉ်ရေးသားထားပါသည်။

 

တရားဟောချက် () “ငါသက်သေခံတစ်ယောက်ရရှိနိုင်မလား

 (တမန်တော် ၁း၁-၁၁)

ရှင်လုကာသည် တမန်တော်ဝတ္ထုကို ရေးသားသောသူဖြစ်သည်။ သူ၏ ရေးသားချက်မှာ သော်ဖိလု ကို ဦးစွာနှုတ်ခွန်းဆက်စကားဖြင့် နှုတ်ဆက်ကာ စတင်ရေးသားသည်။ ခန့်မှန်းချက်အရ သော်ဖိလုသည် ရှင်လုကာအားဖြင့် ပြောင်းလဲလာသူဖြစ်နိုင်သည်။ ထိုကြောင့် ရှင်လုကာမှ သက်သေခံချက်ပြုခဲ့ သည်။

၁။    ရှင်ယေရှုသေခြင်းမှရှင်ပြန်ထမြောက်ပြီးနောက် တပည့်တော်များနှင့် အတူ ရက်ပေါင်းလေးဆယ်အတူတကွနေထိုင်ခဲ့သေးသည်။ တပည့် တော်များကို သန့်ရှင်းတော်မူသော ဝိညာဉ်တော်၌ ဗတ္တိဇံခံကြရန် သွန်သင်ဆုံးမခဲ့ပါသည်။ ကမ္ဘာတစ်ဝန်းသို့ ဧဝံဂေလိလုပ်ဆောင်ရန် အတွက် လိုအပ်သောအချက်တစ်ခုမဟုတ်သေးပါ။ (တမန်တော် ၁း၄-)

(က) အသင်းတော်၏ သာသနာလုပ်ဆောင်ချက်သည် ယနေ့တိုင် အောင် ဧဝံဂေလိသတင်းတရားအတွက် သက်သေခံနေသည်။

()  သာသနာပြုခြင်း၏ အောင်မြင်မှုသည် သန့်ရှင်းတော်မူသော ဝိညာဉ်တော်၌ ဗတ္တိဇံခံရန်လိုအပ်ပါသည်။

၂။    တမန်တော်ကြီးများတို့သည် မိမိတို့၏အခြေအနေကို အမြဲလေ့လာ သုံးသပ်နေကြသည်။ ရောမနိုင်ငံ၏ အုပ်စိုးခြင်းကိုခံကြရသည်။ သူတို့ သက်သေခံရန်ပြင်ဆင်ကြ၏။ (တမန်တော် ၁း၆)

(က) ယေရှုရှင်မှ တပည့်တော်များအပေါ် သန့်ရှင်းသောဝိညာဉ် တန်ခိုးကျရောက်ဖို့ရန် အလိုတော်ရှိသည်။ သူတို့ကိုယ်၌က လည်း ရောမနိုင်ငံ၏ တန်ခိုးသြဇာအပေါ် ပြန်လည်လွှမ်းမိုး နိုင်သောတန်ခိုးအင်အားကိုရရှိလိုကြသည်။

()  ယနေ့အချိန်အခါ၌ အသင်းသားများသည် သန့်ရှင်းတော်မူသော ဝိညာဉ်တော်တန်ခိုးကိုရယူပြီး အားအင်ပါရှိသော သက်သေခံ ခြင်းကို ပြုလုပ်လိုကြသည်။

၃။    ဘုရားသခင်သည်ရောမနိုင်ငံနှင့်ပတ်သက်ပါဝင်နေကြောင်းကိုတမန် တော်များသိရှိရန်မလိုပါ။ (တမန်တော် ၁း၇)

(က) တမန်တော်များကိုသော်လည်းကောင်း၊ ကျွန်ုပ်တို့ အားလုံးကို သော်လည်းကောင်း အခြေအနေကို ပြောင်းလဲပေးမည်ဟု ကတိ မပေးခဲ့ပါ။ ကိုယ်တော်၏ လက်ထဲသို့သာ အခြေအနေအရပ်ရပ် ကို အပ်နှံထားကြရမည်။

()  ဘုရားသခင်မှ တမန်တော်ကြီးများနှင့်ကျွန်ုပ်တို့ကို သက်သေခံ နိုင်ရန် တန်ခိုးကိုသာပေးရန် ကတိရှိခဲ့သည်။ ကျွန်ုပ်နှင့်ဆိုင် သော အခြေအနေကိုပြောင်းလဲပေးမည်မဟုတ်ဘဲ ကမ္ဘာကြီးကို သာ ပြောင်းလဲပေးစေနိုင်မည့်တန်ခိုးကို သွန်းလောင်းပေးတော် မူမည်။ (တမန် ၁း၈)

၄။    သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးကိုခံရပြီးနောက် ပထမဦးဆုံး သူတို့လုပ်ဆောင်ရန်မှာ သက်သေခံခြင်းပင်ဖြစ်သည်။ ထိုသခင် ထမြောက်တော်မူသည့်အကြောင်းကို ဟောပြော၍ ငါတို့နှင့်အတူ သက်သေခံဖြစ်ရမည် (တမန်တော် ၁း၂၂)

(က) သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးကိုခံရပြီးနောက် အဦးဆုံး လုပ်ဆောင်ရန်မှာ သက်သေခံရန်အတွက်ဖြစ်သည်။

()  ဘုရားသခင်သည် တခြားသောသက်သေခံများကို အမြဲလိုအပ် နေပါသည်။ ယနေ့ကိုယ်တော်၏ သက်သေခံများဖြစ်နိုင်ပါမည် လား။ဘုရားသခင်မှမေးနေပါသည်။ငါသက်သေခံတစ်ယောက် ရရှိနိုင်မလား။

၅။    တမန်တော် ၁း၁၄ မှ ကျွန်ုပ်တို့ကိုသက်သေခံဖြစ်စေရန် မည်သို့ သွန် သင်သနည်း။

(က) ညီညွတ်သောစိတ်ရှိပါ

() ဆုတောင်း၍နေပါ

() ပါဝင်ဖြည့်စွမ်းပြီးဆောင်ရွက်ပေးပါ

၆။    တောင်းဆိုချက်။ သက်သေခံတစ်ယောက်ဖြစ်ပါ။ သူရဲကောင်း ဆုတောင်းသည့်အဖွဲ့နှင့်ဆက်သွယ်ပါ။ ခရစ်တော်ကို လက်ခံပါ။ အသင်းတော်နှင့်ဆက်သွယ်ပါ။

 

 

တရားဟောချက် () ငါတို့ကိုနမူနာအဖြစ်ကြည့်ပါ

(တမန်တော် ၃း၁-၁၁)

ပင်တေကုတ္တေပွဲနေ့ပြီးနောက် လပေါင်းများစွာ ရှေးဦးအသင်းတော်၏ အသင်းသားများသည် မိမိတို့၏ ယုံကြည်မှုအပေါ် ဆက်လက်တက်ကြွနေဆဲ ပင်ဖြစ်သည်။ နေ့စဉ်နေ့တိုင်း တမန်တော်တို့၏ သွန်သင်ခြင်းကို လိုက်လျှောက် ကျင့်သုံးကြသည်။ ပွဲတော်မုန့်ချိုးဖဲ့ခြင်းဖြင့် စုပေါင်းဝတ်ပြုကြသည်။ အိမ် ထောင်များတွင် တစ်လှည့်စီကျင်းပကြသည်။ ဗိမာန်တော်၌ အတူတကွ ဝတ်ပြု ကြသည်။ စုဝေးဆုတောင်းခြင်းအမှုပြုကြသည်။ ထိုအချက်များမှာ ဓမ္မသစ် ကျမ်းရေးသားသောအချိန်၌ ယုံကြည်သူများတစ်ဦးစီနှင့် အသင်းတော်တစ်ရပ် လုံးမှ ဝိညာဉ်ရေးတိုးတက်ကြီးပွားသော အချိန်ဖြစ်သည်။

၁။    ရှင်ပေတရု၊ ရှင်ယောဟန်နှင့်တခြားသော တပည့်တော်တို့သည် ဝတ် ပြုသွားခြင်းအစီအစဉ်မစတင်မီ အမြဲဆုတောင်းလေ့ရှိတတ်သည်။ သီးသန့်ဆုတောင်းခြင်း၊ ဝတ်ပြုခြင်းအချိန်ကို မသတ်မှတ်ကြပါ။ ဆုတောင်းခြင်းနှင့်ဝတ်ပြုခြင်းအစီအစဉ်သာလျှင် သူတို့၏ အဓိကကျ သော နေ့စဉ်အမှုဖြစ်သည်။

(က) သူတို့သည် ဗိမာန်တော်သို့သွားပြီး မနက် ၉းဝဝ နာရီအချိန် နှင့် ညနေပိုင်း ၃းဝဝ နာရီအချိန်၌ အချိန်မှန်မှန်ဆုတောင်းခြင်း၊ ဝတ်ပြုခြင်းပြုလုပ်ကြ၏။ (တမန်တော် ၃း၁)

() ရှင်ပေတရုနှင့်ရှင်ယောဟန်ကဲ့သို့ ကျွန်ုပ်တို့လည်းဘုရားကျောင်း သို့ရောက်ရှိကြသည်။ ခြေမသန်၊ လက်မစွမ်းသူများကို လမ်းမှာ တွေ့ရှိဖြတ်ကျော်လာခဲ့ကြသည်။ ဘုရားသခင်က ကျွန်ုပ်တို့သွား နေသောလမ်းတစ်လျှောက် သူတို့ကိုရောက်နေစေသည်။ ထို နည်းတူစာတန်သည်လည်း သူတို့ကို ကျွန်ုပ်တို့၏ ဖြတ်သွား ဖြတ်လာလမ်း၌ ချထားလေ့ရှိသည်။ တစ်နည်း မဟုတ်တစ်နည်း ကျွန်ုပ်တို့အစမ်းသပ်ခံရန် ၎င်းတို့ရောက်ရှိနေခြင်းဖြစ်သည်။

 () သူတို့သည် ကျွန်ုပ်တို့ကိုမျှော်ကြည့်ပြီး တစ်စုံတစ်ရာရရန် မျှော် လင့်နေကြသည်။ (တမန်တော် ၃း၂-) ဒေါက်တာ မော်ရိတ်ရီ လေးမှ ယနေ့ရက်စက်ရှုပ်ထွေးနေသောကမ္ဘာကြီးမှာ ကျွန်ုပ်တို့ နေထိုင်နေရပါသည်။ လူများစွာတို့သည် စည်းစိမ်နှင့်ချမ်းသာမှု၊ အနေချောင်မှုကို လိုက်ရှာနေကြသည်။ နာကျင်မှုနှင့် နှစ်သိမ့် ခြင်းလည်း လိုအပ်နေပါသည်။ နာကျင်မှုမှ အထီးကျန်ခြင်း၊ နာကျင်ခြင်းကြောင့်စိတ်ဓာတ်ကျဆင်းခြင်း၊ စိတ်ကြေကွဲခြင်း နှင့်အတူ မိသားစုများတစ်ကွဲတစ်ပြား ဖြစ်လာကြရသည်။ ချစ်ရ သောသူတစ်ဦးမှ ဖျားနာခြင်းကြောင့် နာကျင်ရသည်။ ဥပမာ၊ အရက်၏ကျေးကျွန်ဖြစ်သွားရခြင်း ကြောင့်သော်လည်းကောင်း၊ အမျိုးအဆွေ၏ အနိုင်ကျင့်မတရား ပြုခံရခြင်းကြောင့်သော် လည်းကောင်း၊ နာခံမှုမရှိသော သားသမီးကြောင့်သော်လည်း ကောင်း ဖြစ်ပေါ်လာသောပြဿနာကို အဖြေမရှာတတ်သော အခြေအနေသို့ ရောက်နေသူများစွာရှိနေကြသည်။ ရံဖန်ရံခါ၊ အကြိမ်များစွာ ထိုသို့သောကြေကွဲနေရသူများ အသင်းတော်၌ ရှိနေတတ်စမြဲဖြစ်သည်။ ကျွန်ုပ်တို့ အိမ်နီးချင်းထဲမှ များစွာ ရှိနေ ကြသည်။ ကျွန်ုပ်တို့ဘုရားကျောင်းသို့ သုတ်သီးသုတ်ပျာသွား နေသည်ကို သူတို့ လှမ်းမြင်ကြ၏။ ကျွန်ုပ်တို့ပျော်ရွှင်နေသည်၊ စိတ်တက်ကြွနေသည်၊ အပူအပင်ကင်းနေသည်၊ အဝတ်အစား သစ်သစ်လွင်လွင်နှင့်တောက်ပနေကြသည်။ သို့သော် အသင်း ထောက်မှနာကျင်စိတ်ခံစားနေရသူကို လာ၊ တို့အတူတူသွား ကြရအောင် ဟု တစ်ကြိမ်မျှမခေါ်၊ အမှန်မှာ ဘုရားကျောင်းသို့ ခေါ်ရန် အလွန်လိုအပ်နေပါသည်။ အသင်းထောက်မယ်များက ထိုသို့သောသူဆီသို့အရောက်သွားကာ ဘုရားရှင်၏ကောင်းကင် တမန်တစ်ဦးကဲ့သို့ မဆိုင်းတကွ၊ ကိုယ်ကျိုးမငဲ့၊ ကရုဏာပြရန် လိုပါသည်။ တချို့သောသူများသည် ကျွန်ုပ်တို့၏ အကူအညီကို စောင့်မျှော်နေပါသည်။ ကြင်နာလက်ဖြင့်၊ မေတ္တာ နှလုံးသား ဖြင့်၊ ကရုဏာအပြည့်ဖြင့် ကူညီပေးရန်လိုအပ်နေပါသည်။

၂။    ရှင်ပေတရုနှင့်ရှင်ယောဟန်တို့သည် ခြေမစွမ်းလက်မစွမ်းသူကို ပျော် ရွှင်ကျန်းမာစေသောသာသနာအကြောင်းကို မိတ်ဆက်ပေးခဲ့သည်။

(က) ဘုရားရှင်ကအသင်းတော်ကို ကျန်မာခြင်း သတင်းပေးထား သည့်အလျောက် ငါတို့ကိုကြည့်ပါ ဟု ကျွန်ုပ်တို့ပြောဆို နိုင်ပါသည်။

()  ဓမ္မသစ်ကျမ်း၏ ပုံစံကိုလိုက်လျှောက်နေရင်း ဘုရားသခင်သည် ကျွန်ုပ်တို့ကို သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးကို သွန်းလောင်း ပေးတော်မူလိမ့်မည်။ ထို့အပြင်ကျွန်ုပ်တို့သည် အသင်းတော် ပြင်ပမှလူများကို ကူညီရိုင်းပင်းပြီး၊ ဘုရားကျောင်းအတွင်း ခေါ် သွင်းနိုင်သောအခွင့်နှင့် ဘုရားသခင်ကို အတူတကွ ချီးမွမ်း ထောမနာပြုနိုင်ကြမည်။ (တမန်တော် ၃း၈)

၃။    တောင်းဆိုချက်။ တစ်ပါးသူကို ငါတို့ကိုကြည့်ပါ ဟုပြောဆို နိုင် မည့်အင်အားသည် ကိုယ်ကာယကိုသော်လည်းကောင်း၊ စိတ်ဝိညာဉ် လက်ကိုသော်လည်းကောင်းအားပေးကူညီပြီးခရစ်တော်ထံပို့ဆောင်ခြင်းဖြစ်သည်။

 

တရားဟောချက် ()       “ရှေးဦးအသင်းတော်မှအသုံးပြုခဲ့သော သက်သေခံ

ခြင်းစည်းကမ်းများ အပိုင်း ()

(တမန်တော် ၃း၁၃-၂၁)

ရှင်ပေတရုနှင့်ရှင်ယောဟန်တို့သည် ခြေလက်သေနေသူကို သာသနာ ပြုခြင်းအမှုမှာ အလွန်ရိုးစင်းလှပါသည်။ ဘုရားသခင်သည် ရိုးစင်းလှသော အမူ အရာလေးတစ်ခုမှ များစွာသော ပရိသတ်လူအများထံသို့ရောက်ရှိသွားအောင် အမှုအမျိုးမျိုးလုပ်ဆောင်နိုင်သည်။ ထိုအကြောင်းအရာမှ ကျွန်ုပ်တို့ကို သင်ခန်း စာပေးနေသည်မှာ သေးငယ်သောဝိညာဉ်တစ်လုံးအတွက် လျစ်လျူရှုခြင်းမပြု ကြရန် သွန်သင်ထားပါသည်။ ရှင်ပေတရုနှင့်ရှင်ယောဟန်တို့ ယေရှုရှင်  အကြောင်းကို သက်သေခံကြသောအခါ အသုံးပြုသောစည်းကမ်းချက် (၁၀) ချက်ရှိသည်။ ယခုအချက် () ချက်ကိုဖော်ပြပေးပါမည်။

၁။         ဘုရားရှင်မှ ကျွန်ုပ်တို့ကိုအသုံးပြုနေလျှင် ဂုဏ်တော်ကိုချီးမွမ်းပါ။

(တမန်တော် ၃း၁၂-၁၃)

(က) ဘုရားသခင်သည် ရှင်ပေတရုနှင့်ရှင်ယောဟန်ကို အသုံးပြုပြီး သက် သေခံစေသောအခါ ဘုရား၏ ဘုန်းတော်နာမတော်ကို ချီးမွမ်းသက် သေခံနိုင်ရန်အတွက်ဖြစ်သည်။

()  ရှေးဦးအသင်းတော် တိုးတက်ကြီးပွားရခြင်းသည် ဘုရားသခင်ကို အစဉ်ချီးမွမ်းခြင်းကြောင့်ဖြစ်သည်။

၂။         အပြစ်ကိုရင်ဆိုင်တွန်းလှန်ခြင်း။ (တမန်တော် ၃း၁၃-၁၅)

(က) ခရစ်တော်အကြောင်းကိုသက်သေခံသောအခါ လူအများတို့၏ အပြစ် အကြောင်းနှင့် ထိပ်တိုက်ရင်ဆိုင်ကြရသည်။ မေတ္တာနည်းဖြင့် ကျွန်ုပ် တို့ လုပ်ဆောင်နေရင်း အပြစ်နွံထဲ၌မပျော်မွေ့ရအောင် သူတို့ကို အခွင့်မပြုပါနှင့်။

အသင်းထောက်နှင့် ------အသင်းတော်ကိုပြင်ဆင်ခြင်း

 

 

()  ကျွန်ုပ်တို့၌ရှိသော သတင်းစကားမှာ ဘုရားသခင်ကို ကြောက်ရွံ့၍ ဘုန်းတော်ကို ချီးမွမ်းကြရန်ဖြစ်သည်။ ထာဝရဘုရားကို ကိုးကွယ်ရန် ဖြစ်သည်။ တရားစီရင်ခြင်းအတွက် အဆင်သင့်ရှိနေရန်ဖြစ်သည်။ ဗာဗုလုန်မြို့ထဲမှထွက်လာရန်ဖြစ်သည်။ ဗာဗုလုန်မြို့သားများတို့၏ ရှုပ်ထွေးခြင်းလမ်းစဉ်ကို စွန့်လွှတ်ရန်ဖြစ်သည်။ (ဗျာဒိတ် ၁၄း၆-၁၂)

၃။         ယေရှုရှင်ကိုချီးမြှောက်ပါ။ (တမန်တော် ၃း၁၆)

(က) ကျွန်ုပ်တို့၏ သက်သေခံချက်၌ ယေရှုရှင်ကိုဗဟိုပြုပါ။ အသင်းတော် သွန်သင်ချက်၌ ယေရှုရှင်ကိုဗဟိုချက်မနေရာတွင်ထားရှိပါ။

()  ခရစ်တော်ရှင်မပါဝင်သော ဥပုသ်တော်နေ့သည် အလွန်ငြီးငွေ့စရာ ဖြစ်မည်။ ခရစ်တော်ရှင်ပြန်ခြင်း၊ ဒုတိယအကြိမ်ကြွလာခြင်းမရှိလျှင် သေခြင်းတရားသည် ဘာတစ်ခုမျှမျှော်လင့်ချက်မရှိ၊ အဓိပ္ပါယ်မရှိဖြစ် မည်။

၄။    ကြင်နာသနားခြင်းပြပါ။ (တမန်တော် ၃း၁၇)
(က)          ရှင်ပေတရုကယုဒလူများအား ယေရှုရှင်ကိုသတ်ခဲ့ကြကြောင်း၊ လျစ်

လျူရှုကြကြောင်း ပြောဆိုခဲ့သည်။ တချို့သောသူများသည် အပြစ်ကို

ဂရုမစိုက်ဘဲလုပ်နေကြသည်။ အပြစ်ကို လျစ်လျူရှုထားပြီး ဂရုမစိုက် ကြပါ။ ထိုသို့သောပုဂ္ဂိုလ်များကို ကျွန်ုပ်တို့ဂရုစိုက်ပဲ့ပြင်ကြရမည်။

()  ဘုရားသခင်က လူတိုင်းကို အခွင့်အရေးကောင်းများပေးထား သော ကြောင့် လူတိုင်းပိုမိုကောင်းမွန်စွာနေထိုင်နိုင်သော အခွင့်ရှိသည်။ (တမန်တော် ၁၇း၃၀)

၅။        တောင်းဆိုမှုပြုပြီးမျှော်လင့်ချက်ပေးပါ။ (တမန်တော် ၃း၁၉-၂၁)

(က) ကျွန်ုပ်တို့သက်သေခံနေသောသူကိုတောင်းဆိုမှုပြုလုပ်ရန်မကြောက် ပါနှင့်။

()  သူတို့၏ ဆုံးဖြတ်ချက်ကိုရယူပါ။ မေးခွန်းမေးပါ။ ဘုရားရှင်က သင်၏ အသက်တာကို နှုတ်ကပတ်တော်နှင့်ပို့ဆောင်ကြောင်းကို သင်ယုံပါသလား။ သခင်ခရစ်တော်အသေခံခြင်းက သင့်ရဲ့ အသက် တာကို ပိုမိုကောင်းမွန်စေရန် အခွင့်ပေးကြောင်း သင်ယုံကြည်ပါ သလား။ လွန်ခဲ့သော မကောင်းသောအကျင့် အားလုံးကို စွန့်ပြီး ခရစ်တော်နှင့်အတူ ဝမ်းမြောက်တဲ့ အသက်တာနဲ့အသက်ရှင်လိုပါ သလား။ ယေရှုရှင်သင့်ကိုပြောင်းလဲပေး ဒဏ်ရာစေလိုပါသလား။

၆။    တောင်းဆိုချက်။ ယခုဖော်ပြသော အချက်အားလုံးကို ခရစ်တော်ရှင် အတွက်သက်သေခံသောအခါ လုပ်ဆောင်သွားပါမည်လား။ စိတ်ပြဌာန်း ခြင်းရှိပါသလား။

 

တရားဟောချက် () ရှေးဦးအသင်းတော်မှအသုံးပြုခဲ့သော သက်သေခံ

ခြင်းစည်းကမ်းများ အပိုင်း ()

(တမန်တော် ၄း၁-၁၃)

ခရစ်တော်အတွက် သက်သေခံခြင်းအလုပ်ကို ဆောင်ရွက်သောအခါ အရာ နှစ်ခုကိုသတိပြုရပါမည်။ () ကျွန်ုပ်တို့နှိပ်စက်ခြင်းခံရမည် (တမန်တော် ၄း၃။ ၂တိ ၃း၁၂) () တချို့သူများယေရှုကိုယုံကြည်လက်ခံကြမည် (တမန်တော် ၄း၄။ ဟေရှာယ ၅၅း၁၁) ကျန်သောစည်းကမ်းချက် () ချက်မှာ အောက်ပါ အတိုင်းဖြစ်သည်။

၇။ ယေရှုရှင်အတွက်ရဲရင့်ခြင်းရှိပါ။ (တမန်တော် ၄း၁၃)

(က) နှိပ်စက်ညှဉ်းဆဲသူများသည် ပေတရုနှင့်ယောဟန်ကို အပြစ် ရှာ၍မရသောအခါ ဟောဟောဒိုင်းဒိုင်း ပြောဆိုတော့သည်။ (တမန်တော် ၄း၁၄-၁၈)

()  ကျွန်ုပ်တို့၏ ယုံကြည်ချက်ကိုစိန်ခေါ်သောသူတို့သည် များသော အားဖြင့် ရန်ရှာကြိမ်းမောင်းလေ့ရှိတတ်၏။ ကျွန်ုပ်တို့၏ ယုံ ကြည်ခြင်းကျရှုံးရန် မျှော်လင့်နေကြသည်။ မည်သည့် ပြဿနာ တစ်စုံတစ်ရာမျှရှာမတွေ့သော် နောက်ဆုံး၌ကျွန်ုပ်တို့၏ ဘုရား တရားကိုင်းရှိုင်းခြင်းကို ကြောက်ရွံ့လာကြသည်။

၈။    ဘုရားရှင်နှင့်သစ္စာရှိပါ၊ (သြတ္တပ္ပစိတ်ကင်းပါ) (တမန်တော် ၄း၁၉-၂၀)

(က) ဘုရားရှင်ဘက်မှ မှန်ကန်လျက်လုပ်ဆောင်ပြီး၊ လူ၏မျက်နှာ ကိုထောက်ရန်မလိုပါ။ ကြောက်ရွံ့ရန်မလိုပါ။

()  ကျွန်ုပ်တို့သက်သေခံနေသော အချိန်တိုင်း၌ ဘုရားသခင်၏ ဘုန်းတော်ကိုထောက်၍ သက်သေခံပါ။ တွေ့ကြုံရသော အရာ ကို ပြန်လည်ဝေမျှသက်သေခံပါ။

၉။ သက်သေခံခြင်းအကြောင်းပြန်ပြောပါ။ (တမန်တော် ၄း၂၃)

(က) သက်သေခံခြင်းအကြောင်း ပြန်ပြောသောအခါ တခြားသူများ ကို ပိုမို၍ရဲရင့်စိတ်ကိုဖြစ်စေပါသည်။

()  စာတန်ကို အောင်မြင်ကျော်လွှားနိုင်သောခွန်အားကို ရရှိစေပါ သည်။ (ဗျာဒိတ် ၁၂း၁၁)

၁၀။           နှိပ်စက်ညှဉ်းပန်းမှုကြုံလာရလျှင် ဘုရားသခင်ကိုချီးမွမ်းပါ။

(တမန်တော် မ၄း၂၄)

(က) ခရစ်တော်အတွက်ကြောင့် ခံရသောဒုက္ခဆင်းရဲခြင်းအတွက် ဘုရားကိုချီးမွမ်းပါ။ (၁ပေ ၂း၂၀-၂၁)

()  ယေရှုရှင်အတွက် ဒုက္ခရောက်နေသူများအတွက် ကောင်းချီး များစွာသိုထားလျက်ရှိသည်။

၁၁။           ရဲရင့်ခြင်းစိတ်နှင့်တန်ခိုးရရှိရန်ဆုတောင်းပါ။ (တမန်တော်၄:၂၉-၃၁)

(က) ပေတရုနှင့်ယောဟန်တို့သည် ခြေလက်သေသူမှ ပျောက်ကင်း ခွင့်ရရှိပြီး တစ်ဦးတည်းဗိမာန်တော်သို့ လာခြင်းအတွက် အားမရ သေးပါ။ ၎င်းအပြင် လူ ၃ဝဝဝ ကို ပင်တေကုတ္တေပွဲ၌ ရေနှစ်ခြင်း ပေးရသည်ကိုလည်း အားမရသေး။ နောက်လ အနည်းငယ်အ တွင်း လူ ၅ဝဝဝ ကိုရေနှစ်ခြင်းပေးရသည်ကိုလည်း ကျေနပ်မှု မရှိသေးပါ။ ဆက်၍ဆက်၍လူများစွာကို နှစ်ခြင်းပေးလိုပါသည်။

()  ရှေးဦးအသင်းတော်၌ ဆုတောင်းခြင်း တန်ခိုးနှင့်ဝိညာဉ်ရိတ် သိမ်းခြင်း၌ အောင်မြင်လျက်ရှိသည်။ ဆုတောင်းပြီးသည် နောက် တန်ခိုးတော်ကိုခံရကြသည်။ ဝိညာဉ်များကိုလည်း ပိုမို ရိတ်သိမ်းနိုင်ကြသည်။ (တမန်တော် ၅း၁၄)

()  ဘုရားသခင်သည် ဤကဲ့သို့သော ဆုတောင်းခြင်းမျိုးဝိညာဉ် အောင်မြင်မှုမျိုးရှိရန် ကျွန်ုပ်တို့ကိုအလိုရှိတော်မူသည်။ တမန် တော်ဝတ္ထုမှပေးထားသော ပုံစံအတိုင်း လိုက်လျှောက်လျှင် ထိုသို့သောအောင်မြင်မှုများကို ရရှိပိုင်ဆိုင်ရလိမ့်မည်။

၁၂။  တောင်းဆိုချက်။ ယေရှုရှင်အတွက် ဝိညာဉ်များစွာရိတ်သိမ်းရရှိရန် တမန်တော်ဝတ္ထု၏ စည်းကမ်းချက်အတိုင်းလုပ်ဆောင်နိုင်ဖို့ ဘုရားသခင် ၏ကူညီမစမှုကိုတောင်းခံပါ။

 

တရားဟောချက် () ဘာကြောင့်လိမ်လည်ရသနည်း။

အာနနိနှင့်ရှဖိရေတို့သည် အသင်းတော်၏ မြှောက်စားခြင်းကိုခံလိုသော ကြောင့် ဗာနဗကဲ့သို့လည်းကောင်း၊ တခြားသူများကဲ့သို့လည်းကောင်း အလှူ ထည့်မည်ဟု ကတိလွယ်လွယ်ပေးခဲ့သည်။ သို့သော်သူတို့သည် ဆက်ကပ်မှု မရှိကြပါ။ မြေနေရာကွက်တချို့ကို ရောင်းချခဲ့ပြီး ရရှိသောငွေတချို့ကို တိုးတိုး တိတ်တိတ်ဝှက်ထားကြ၏။ ဟေလသဘာသာဖြင့် တိုးတိုးတိတ်တိတ် ပြန်ယူ ထားသောငွေကို ယောရှုမှတ်စာမှ အာခန်၏ အပြစ်ကဲ့သို့သတ်မှတ်သည်။ ယော ရှု () ဘုရားသခင်ကိုပေးရမည့်အလှူထဲမှ တိုးတိုးတိတ်တိတ်ပြန်၍ ယူထား လျှင် အာခန်ပြုလုပ်ခဲ့သော အပြစ်မျိုးပင်ဖြစ်သည်။ မိမိပိုင်သောငွေများကို တိုး တိုးတိတ်တိတ်ထားရှိခြင်းသည် အပြစ်မဟုတ်၊ ငွေအားလုံးမှာ ကိုယ်ပိုင်ဖြစ် သောကြောင့် သိမ်းဆည်းထားနိုင်သည်။ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်ငွေဖြစ်သော ကြောင့်ဖြစ်သည်။ တခြားသူများကိုပေးရန်လည်းမလိုပါ။ ရှင်ပေတရုကလည်း သူတို့ကိုသတိပေးခဲ့ပါသည်။ (တမန်တော် ၅း၄) ယခုသူတို့ လုပ်နေသော အပြစ်မှာ ရှိသမျှကို အကုန်ပေးသယောင်လုပ်နေခြင်းမျိုးပင်ဖြစ်သည်။ သူတို့ လိမ်နေခြင်းဖြစ်သည်။

၁။    ပေတရုသည် အာနနိမှငွေလာပေးသောအခါ ထိပ်တိုက်ရင်ဆိုင်မှုပြုခဲ့ သည်။ (တမန်တော် ၅း၃)

(က) အသင်းတော်ဘောင်သို့ ဝင်လာသောအခါ အသင်းတော်ကို ကျွန်ုပ် တို့၏ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေကိုပေးအပ်ထောက်ပံ့ရန် သဘောတူ ခဲ့ကြသည်။ ဆယ်ဖို့တစ်ဖို့သည် ဝင်လာသော ကောင်းချီးမင်္ဂလာ၏ ၁၀% ဖြစ်သည်။ အလှူငွေမှာ ဘုရားရှင်မှ ကျွန်ုပ်တို့ကို မည်မျှ ကောင်းချီးပေးကြောင်းကိုရေတွက်ပြီး ပြန်လည် ပူဇော်သောအရာ ဖြစ်သည်။

()  အလှူငွေအိတ်အပေါ်၌ရေးချသော ကျွန်ုပ်တို့၏ အလှူပမာဏသည် ဆယ်ဖို့တစ်ဖို့ဖြစ်လျှင် ကျွန်ုပ်တို့၏ ရရှိသမျှကောင်းချီးမင်္ဂလာ၏ ၁၀% ရာခိုင်နှုန်းပါဟု ဘုရားသခင်ကိုသက်သေခံနေခြင်းဖြစ်ကြောင်း သတိရပါ။ အာနနိနှင့်ရှဖိရေတို့ပြောခဲ့သည့်အတိုင်း ကျွန်ုပ်တို့ပြောနေ ခြင်းကြောင့်ဖြစ်သည်။ ဒါကျွန်တော်ရရှိသမျှအားလုံးပါ ဟု ပြောနေ ခြင်းဖြစ်သည်။

()  အလှူငွေစာအိတ်ပေါ်၌ ဘာတစ်ခုမျှရေးချခြင်းမရှိ သို့မဟုတ် ဆယ်ဖို့ တစ်ဖို့ကဲ့သို့ ဘာတစ်ခုမျှပြန်မပေးခြင်းသည် ကျွန်တော်/ ဘုရား ရှင်ထံမှ ဘာတစ်ခုမျှမရရှိပါ ဟုဆိုလိုသော သဘောမျိုးပင် ဖြစ် သည်။

၂။         ရှေးဦးအသင်းတော်ကာလ၌ ယင်းသို့လိမ်လည်ပြောဆိုခြင်းမျိုးမရှိပါ။

(က)          ဘုရားရှင်မှသေဆုံးခြင်းဖြင့် ဒဏ်ခတ်သောကြောင့်ဖြစ်၏။

(တမန်တော် ၅း၅-၁၁)

()            ဘုရားသခင်၏နိုင်ငံတော်သို့ဝင်စားရန် လိမ်လည်သူမရှိစေရပါ။

(ဗျာဒိတ် ၂၂း၁၅)

၃။    ဘုရားသခင်သည် ကျွန်ုပ်တို့၏ လိုအပ်သမျှကို ကရုဏာတော်ဖြင့် နည်း ပေါင်းစုံသုံးပြီးကူညီနိုင်သည်။ (ဖိလိပ္ပိ ၄း၁၉)

(က) ဆယ်ဖို့တစ်ဖို့နှင့် ပူဇော်သကာများကို ပြန်လည်ယူထားခြင်းသည် ကောင်းချီးလမ်းမဟုတ်ချေ။ (မာလခိ ၃း၁၀)

()  ဘုရားရှင်ကို အမှန်ယုံကြည်သူတစ်ဦးအတွက် ချုံပုတ်၌ညှိနေသော သိုးထီးလေး အမြဲရှိနေလေ့ပင်ဖြစ်သည်။ (ကမ္ဘာဦး ၂၂း၁-၁၃)

၄။    တောင်းဆိုချက်။ ဘုရားသခင်ကိုမလိမ်ပါနှင့်။ သစ္စာရှိကြပါ။ ဘဏ္ဍာစိုး ကောင်းပီသပါ။

 

တရားဟောချက် () အသင်းထောက်၊ အသင်းထောက်မယ်များ ကျမ်းစာ၏

သွန်သင်ချက်အတိုင်း ပြန်လည်လုပ်ဆောင်လာခြင်း

(တမန်တော် ၆း၁-)

ရှေးဦးအသင်းတော်၌ အသင်းသားများမှာ တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်။ ထိုသို့ဖွဲ့စည်းနိုင်ခြင်းမှာ ပင်တေကုတ္တေပွဲနေ့ မှကျလာသော သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကြောင့်ဖြစ်သည်။ တမန် တော်အခန်းကြီး () ၏မှတ်တမ်းအရ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကွဲပြား နေသော ဂျူးလူမျိုးများနှင့် အခြားတိုင်းရင်းသားများအပေါ်သို့ သက်ဆင်း ခဲ့ကြောင်း မှတ်တမ်းပြုထားပါသည်။ ထိုသူတို့အထဲ၌ ဂရိလူမျိုးနှင့်ယုဒလူမျိုး ဟု အကြမ်းဖျင်းအားဖြင့် လူသိများကြသည်။ အထူးသဖြင့် ဂျူးထဲမှ ဟေလ သဂျူးနှင့်ပါလက်စတိုင်းဂျူးဟု ခွဲခြားသတ်မှတ်ထားကြသည်။သူတို့၏ ပတ်ဝန်း ကျင်ယဉ်ကျေးမှုဓလေ့နှင့် ပြောသောဘာသာစကားအားဖြင့် ခွဲခြားသတ်မှတ် ခြင်းဖြစ်သည်။ အုပ်စုတစ်ဖွဲ့မှာ ဟေလသအသိုက်အဝန်းတွင် ကြီးပြင်းဆက် နွှယ်သောကြောင့် ဟေလသ၏ ထုံးစံကိုလိုသည်။ တစ်ဖွဲ့မှာ ဟေဗြဲဘာသာ စကား၊ အရမစ်ဘာသာနှင့်ပါလက်စတိုင်းစကားနှင့် သူတို့၏ ယဉ်ကျေးမှုထုံးစံ များကို လိုက်ကြသည်။ ထိုကွဲပြားနေသော ဂျူးနှစ်ဖွဲ့ကို သန့်ရှင်းသော ဝိညာဉ် တော်က မခွဲမခြားဘဲ တန်ခိုးတော်ကို သွန်းလောင်းပေးခဲ့သည်။ သူတို့သည် စည်းလုံးလျက်ချစ်ခြင်းနှင့်ပေါင်းဖော်ကြသည်။ တစ်လုံးတစ်ဝတည်းရှိကြသည်။ ရှိသမျှသောပစ္စည်းကို အများပိုင်ဘုံပစ္စည်းအဖြစ် သတ်မှတ်ကြသည်။ ကိုယ်၌ ရှိသောပစ္စည်းကို ရောင်းပြီး အများအကျိုးအတွက် လှူဒါန်းသုံးစွဲကြသည်။ တစ်ဦး၌ပစ္စည်းရှိနေလျှင် အချင်းချင်းဝေငှသုံးစွဲကြသည်။ တစ်ဦးနှင့်တစ်ဦး နေ့စဉ်လည်ပတ်ပေးခြင်းဖြင့် အထီးကျန်ခြင်းမရှိ၊ ဝမ်းမြောက်ခြင်း ရှိကြသည်။ (တမန်တော် ၂း၁၊၄၄-၄၆)

စိတ်တညီတညွတ်တည်းဖြင့် မယုံကြည်မှုများ၊ မနာလိုမှုများ၊ သံသယ စိတ်များလုံးဝမရှိပါ။ တစ်ဦးနှင့်တစ်ဦးအပြစ်ရှာခြင်း၊ ညည်းတွားမြည်တွန်ခြင်း အလျှင်းမရှိပါ။ ဟေလသမုဆိုးမများ ဒုက္ခရောက်ခဲ့ရခြင်းကိုသိရှိပြီး ပြန်လည် ကြည့်ရှုယုယခဲ့ကြသည်။ နေ့စဉ်ပြုစုခဲ့ကြသည်။

၁။ ဓမ္မသစ်အချိန်၌ အသင်းထောက်ကိုခေါ်တော်မူခြင်း

 (တမန်တော် ၆း၁-)

(က) သူတို့သည် အသင်းတော်ကို ကြည့်ရှုရန်အလုပ်နှင့် ပေးလာသမျှ တာဝန်ကိုလုပ်ဆောင်ရန် ခေါ်ခြင်းခံရသည်။

()  အသင်းတော်အတွင်း အခက်အခဲပြဿနာများ ရှိလာသောကြောင့် အသင်းထောက်ကိုရွေးချယ်လိုက်ရသည်။အခက်အခဲပြဿနာများကို ဖြေရှင်းပေးရန် မှားယွင်းသောစီမံမှုများကိုပြင်ဆင်ပေးရန်၊ လူမှုရေး လုပ်ဆောင်ပေးရန်နှင့် ဝိညာဉ်ရေးအကြံပေးသူအဖြစ် လုပ်ဆောင်ရန် ခေါ်တော်မူခြင်းခံရသည်။

()  ဧဝံဂေလိတရားကိုဟောပြီး လူအများကို အသင်းတော်အတွင်း ပြောင်းလဲပေးနိုင်သည်။ (တမန်တော် ၆း၈-၇း၆၀။ ၈း၅- ၆၊၂၆-၄ဝ။)

၂။    အမျိုးသမီးအသင်းထောက်၊ အသင်းထောက်မယ်များ ဓမ္မသစ်ကျမ်း အချိန်၌ အမှုတော်ဆောင်ခြင်း (ရောမ ၁၆း၁-)

(က) ဖိဗေသည် ကင်ခြေမြို့ အသင်းတော်၏ အသင်းထောက်မယ်တစ်ဦး ဖြစ်သည်။

()  ၁တိ ၃း၁၁ တွင် ဖော်ပြသောအမျိုးသမီးများသည် အသင်းထောက် မယ်များဖြစ်ကြသည်။

()  ပထမရာစုနှစ် ခုအတွင်း သူတို့၏တာဝန်မှာ ရေနှစ်ခြင်း ခံယူသော အမျိုးသမီးများကိုကူညီရန်၊ ဗိမာန်တော်သို့လာသော အမျိုးသမီးများ ကို ကြိုဆိုနှုတ်ခွန်းဆက်ခြင်း၊ ထိုင်ရန်နေရာသို့ ပို့ဆောင်ပေးခြင်း၊ သူတို့နှင့်အတူယှဉ်တွဲထိုင်ပေးခြင်း၊ ဖျားနာသူနှင့်ဆင်းရဲသားများကို ကူညီမစခြင်း စသည်တို့ဖြစ်သည်။

၃။         အသင်းထောက်များ၏အရည်အချင်း (၁တိ ၃း၈-၃၃)

(က) တည်ကြည်သောသူ၊ လူအများလေးစားသူနှင့်သိက္ခာရှိသူ ဖြစ်ကြရ မည်။

()  လျှာနှစ်ခွနှင့်လူမဖြစ်ရပါ။ ဟိုဘက်တမျိုး၊ သည်ဘက်တစ်မျိုး ပြော သူမဖြစ်ရပါ။

() စပျစ်ရည်သောက်ကြူးသူ၊ အရက်စွဲသူမဖြစ်ရပါ။

() တံစိုးလက်ဆောင်ယူတတ်သူမဖြစ်ရပါ။

()  ဘုရားနှင့်ဆက်သွယ်သူဖြစ်မှသာ ဘုရားသခင်မှဉာဏ်ပညာများပေး ပြီး တခြားသူကိုနှုတ်ကပတ်တော်အကြောင်းသွန်သင်နိုင်မည်။

()  မိန်းမအများယူသူမဟုတ်၊ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးသူ ဖြစ်ရမည်။ ဖောက်ပြန်သူမဖြစ်စေရ။ သားသမီးများကို ဘုရားတရား မွေ့လျော်သူအဖြစ် သွန်သင်ဆုံးမနိုင်ရမည်။

၄။    ယနေ့အချိန်အခါတွင် အသင်းထောက်နှင့် အသင်းထောက်မယ်များသည် လက်တွဲလုပ်ဆောင်ရန် အချိန်ဖြစ်သည်။ ဓမ္မဟောင်းအချိန်၌  ကောရ၏ သားများကဲ့သို့ တံခါးစောင့်အရာကိုနှစ်သက်သူများဖြစ်ရမည်။ (၅ရာ ၉း၁၉ -၂၉)

(က) ဗိမာန်တော်တံခါးစောင့်များ ဖြစ်ကြသည်။ အသင်းထောက်နှင့် အသင်းထောက်မယ်များသည် ယင်းတာဝန်ကို ထမ်းဆောင်ရင်း ကြိုဆိုရေးတာဝန်ကို လုပ်ဆောင်နေရလျှင်လည်း အစီအစဉ်တကျ လုပ်ဆောင်သွားရပါမည်။

()  ဗိမာန်တော်နှင့်အနီးဆုံးတွင်နေပြီး တံခါးဖွင့်၊ တံခါးပိတ်ခြင်းအမှုကို မနက်တိုင်း၊ ညနေတိုင်းဆောင်ရွက်ကြသည်။

()  ဥပုသ်နေ့ရောက်တိုင်း သူတို့၏တာဝန်ကို တခြားသူများထံသို့ ပြန် လည်လွှဲပြောင်းကာ လှည့်ပတ်တာဝန်ယူကြသည်။

() ဘဏ္ဍာရေးဌာန၊ ငွေဘဏ္ဍာထိန်းအဖွဲ့နှင့်လည်းအတူ ဆောင်ရွက် ရသေးသည်။ အသင်းထောက်များ ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေကို ကောက်ခံပြီး ကူညီရေတွက်ပေးရသည်။

()            ဗိမာန်တော်မှရှိသော အိုးခွက်ပန်းကန်အသုံးအဆောင်ပစ္စည်းများကို သန့်ရှင်းစွာထားရမည်။ အသင်းတော်ပိုင်ပစ္စည်းများ အားလုံးကို စာရင်းဇယားအတိအကျနှင့် စိစစ်ထိန်းသိမ်းရမည်။

အသင်းထောက်နှင့် ------အသင်းတော်ကိုပြင်ဆင်ခြင်း

 

 

()  ဂျုံသန့်၊ စပျစ်ရည်လတ်လတ်ဆတ်ဆတ်နှင့်ဆီသန့်များကို ကြိုတင် စီစဉ်ပေးရန်တာဝန်ရှိသည်။ အသင်းထောက်မယ်များက ထိုပစ္စည်း အားလုံးကို စုပေါင်းပြီး ပွဲတောင်မင်္ဂလာအတွက် ပြင်ဆင်ပေးရမည်။

၅။    တောင်းဆိုချက်။ အသင်းထောက်၊ အသင်းထောက်မယ်တို့သည် ပြောင်းလဲလိုစိတ်နှင့် သမ္မာကျမ်းစာအတိုင်းအမှုတော်ဆောင်ရန် စိတ်ထား ရှိရမည်။

 

တရားဟောချက် ()       ရန်သူမှမိတ်ဆွေဖြစ်လာရန် သင်မည်သို့လုပ်ဆောင် မည်နည်း (တမန်တော် ၉း၁ဝ-၂ဝ)

တာရှုမြို့သားရှောလုသည် ရှေးဦးခရစ်ယာန်များကို အသည်းအသန် လိုက် လံဖမ်းဆီးထောင်ချသောသူဖြစ်သည်။ သူ၏ယုဒဘာသာကိုအလွန်မြတ်နိုးသူ ဖြစ်သော်လည်း သွားနေသောလမ်းမှားယွင်းနေသည်။ သတေဖန်ကိုခဲဖြင့် ပေါက်သတ်ရန် အားပေးအားမြှောက်လုပ်သူဖြစ်သည်။ သတေဖန်သည် ပထမ ဦးဆုံးသောအသင်းထောက်တွင်ပါဝင်သည်။ ရှောလုသည် အသင်းတော်အပေါ် မုန်းတီးမှုရှိကာ၊ အိမ်များအတွင်းသို့ဝင်ပြီး ခရစ်ယာန်များကို ဖမ်းဆီးချုပ်နှောင် ကာ ထောင်သွင်းအကျဉ်းချသည်။ အကယ်၍ ရှေးဦးအသင်းတော်အချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေထိုင်ခဲ့ပါက ရှောလုသည် ကျွန်ုပ်တို့၏ ရန်သူကြီးဖြစ် မည်မှာ အမှန်ပင်ဖြစ်သည်။ ရှောလုကဲ့သို့သော ရန်သူကြီးမျိုးကို မိတ်ဆွေဖြစ် အောင် မည်သို့လုပ်နိုင်ပါမည်နည်း။ အောက်ပါအချက် () ချက်သည် ရန်သူမှ မိတ်ဆွေဖြစ်ရန်ကူညီနိုင်ပါမည်။

၁။    အမှန်တရားအတွက်အသက်ရှင်နေရသောအချိန်၌ နှိပ်စက်ညှဉ်းပန်း ခြင်းကိုသည်းခံပါ။ ကျွန်ုပ်တို့၏ရန်သူသည် ဘုရားရှင်ယေရှု၏ ရန်သူ ဖြစ်သည်။ ထိုကြောင့် ဤတိုက်ပွဲမှာ ကျွန်ုပ်တို့၏တိုက်ပွဲမဟုတ်။ သခင်၏တိုက်ပွဲဖြစ်သည်။ (တမန်တော် ၉း၃-)

(က) ယေရှုရှင်သည် ရန်သူနှင့်မည်သို့ ဆက်ဆံရမည်ကို အကောင်း ဆုံး နားလည်ထားသည်။

()  ယေရှုရှင်ကိုယ်တိုင်က မိမိ၏ ရန်သူကိုချေမှုန်းသတ်ဖြတ်ခြင်း ထက် မိတ်ဆွေဖြစ်လာရန်အလိုတော်ရှိသည်။ သို့သော် ထိုသို့ လုပ်ဆောင်စဉ်မှာ ကျွန်ုပ်တို့၏ ပါဝင်မှုကို ကိုယ်တော်ရှင် လိုလားတော်မူသည်။ အာနနိသည် ယေရှုရှင်နှင့်အတူပါဝင် လုပ်ဆောင်ခဲ့သည်။

၂။  ရန်သူ၏အကြောင်းကိုဦးစွာလေ့လာပါ (တမန်တော် ၉း၁၀-၁၁)

(က) ကျွန်ုပ်တို့၏ စိတ်ထားသည် ရန်သူများအပေါ် မှန်ကန်ကြောင်း ကို သူတို့သိစေပါ။

()  တစ်သီးတစ်ခြားမနေပါနှင့်။ မညီမညွတ်ခြင်း ဖြစ်လာစေလိမ့် မည်။

၃။    ယေရှုရှင်သည် ကျွန်ုပ်တို့၏ ရန်သူများကို မိတ်ဆွေဖြစ်လာအောင် ကူညီလုပ်ဆောင်တော်မူမည်ကိုယုံကြည်ပါ။ (တမန်တော် ၉း၁၁-၁၂)

(က) ကျွန်ုပ်တို့၏ ရန်သူများသည် နှိပ်စက်ညှဉ်းပန်းခြင်းကို စိတ်ပျက် လာပြီး စိတ်ပြောင်းလဲလာပါလိမ့်မည်။

()  ကျွန်ုပ်တို့ကို ညှဉ်းပန်းခြင်းကြောင့် ဘုရားသခင်က ရန်သူများကို ဒုက္ခရောက်စေကာ သူတို့သည် ခံစားရခြင်းအတွက် နောင်တရ လာလိမ့်မည်။ သို့သော် သူတို့ခံရသော ဒုက္ခအကြောင်းကြောင့် ဝမ်းမြောက်ခြင်းမရှိပါနှင့်။ ယေရှုရှင်မှသူတို့ကို ကျွန်ုပ်တို့၏ ရန်သူမှ မိတ်ဆွေဖြစ်လာရန် လုပ်ဆောင်မူနေကြောင်းကို ယုံကြည်ပါ။

၄။    ကျွန်ုပ်တို့၏ ရန်သူများ ဒုက္ခရောက်ပါစေဟူသော မကောင်းကြောင်း လာရောက်ပြောဆိုခြင်းကို လုံးဝနားမထောင်ပါနှင့်။ သခင်ခရစ်တော် က ကျွန်ုပ်တို့ကို ရန်သူများအတွက်ဆုတောင်းပေးရန် သွန်သင်တော် မူခဲ့ပြီ ဖြစ်သည်။ (တမန်တော် ၉း၁၃-၁၄)

(က) ဆန့်ကျင်ဘက်စကားနှင့်အတွေးများသည် ကျွန်ုပ်တို့၏ ရန်သူ ကို မိတ်ဆွေဖြစ်လာရန် အနှောင့်အယှက်ဖြစ်စေပါသည်။

()  ကျွန်ုပ်တို့ညှဉ်းဆဲခြင်းခံရသူများသာမကဘဲ ကျွန်ုပ်တို့ကို ညှဉ်း ဆဲသောသူများကိုလည်း ယေရှုကယ်တင်ခဲ့သည်။

၅။    သခင်ခရစ်တော်က ထိုသို့သော ကျွန်ုပ်တို့၏ ရန်သူကိုချစ်ကြောင်း ကျွန်ုပ်တို့သတိရသောအခါ ကျွန်ုပ်တို့ အမြင်အားလုံးပြောင်းသွားလိမ့် မည်။ (တမန်တော် ၉း၁၅-၁၆)

(က) ယေရှုရှင်ကိုယ်တိုင် ရိုသေလေးစားခံခဲ့ရသည်မဟုတ်။ ကျွန်ုပ်တို့ ကို ကယ်တင်သကဲ့သို့ ကျွန်ုပ်တို့၏ ရန်သူများကို ကယ်တင်ချင် ပါသည်။

()  ကျွန်ုပ်တို့၏ ရန်သူသည် ယေရှု၏ရန်သူပင်ဖြစ်သည်။ ရန်သူကို ကယ်တင်သောအခါ ကျွန်ုပ်တို့၏ ကူညီမှုကို ခရစ်တော် အလို တော်ရှိ၏။

၆။    ရန်သူကို ညီအစ်ကိုကဲ့သို့ဆက်ဆံပါသော် သူတို့သည်အလင်းကို ရရှိ လိမ့်မည်။ (တမန်တော် ၉း၁၇-၁၈)

(က) ရန်သူသည် ယေရှုကိုမြင်တွေ့ရမည်။ လောက၏အလင်းကို မြင် တွေ့သွားမည်။ သခင်ခရစ်တော်ကိုလည်း ကယ်တင်ရှင်အဖြစ် မြင်လာပါလိမ့်မည်။

()  အာနနိကဲ့သို့ ကျွန်ုပ်တို့၏ ရန်သူများ ဗိမာန်တော်၌ရေနစ်ခြင်း အကုန်ခံယူလာကြောင်းကို တွေ့ခွင့်ရရှိမည်။

၇။    တောင်းဆိုချက်။ ခရစ်တော်ရှင်နှင့်အတူပူးပေါင်းပါ။ ရန်သူများသည် ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်လာမည်။ ၎င်းအပြင် ဘုရားသခင်၏ နိုင်ငံ တော် သားဖြစ်လာလိမ့်မည်။ ဓမ္မဆရာအနေဖြင့်အသင်းသားများကို တရားဒေသနာအားလုံးတင်ဆက်ပြီးဖြစ်သည်။ ဆုတောင်းသူ သူရဲ ကောင်းများက နိုးကြားပြုပြင်ရန် ဆုတောင်းကြရမည်။ ယခုတွင် အသင်းထောက်၊ အသင်းထောက်မယ်အလုပ်ကို စိတ်ပါဝင်စားသူများ ရှိလာလိမ့်မည်။ ရက်သတ္တပတ်၏ အဆုံးနေ့များ၌ ထိုသူများကို ဖိတ်ခေါ်ပြီး အပန်းဖြေခရီးသွားပြီး သင်တန်းကျင်းပပေးပါ။

 







No comments:

Post a Comment