Wednesday, June 3, 2026

အပိုင်း (၁) (၂၁) ရာစုနှစ် အသင်းထောက်နှင့်အသင်းထောက်မယ်များ


 ( အပိုင်း - ၁)  အသင်းထောက်နှင့်အသင်းထောက်မယ်များအတွက်

ဘုရားရှင်၏အမူတော်၌စိတ်ထား 


အခန်း - ၁။ ယေရှုရှင်၏အစေခံအမှုတော်ပုံစံ

အခန်း - ၆။ ဗိုလ်နေမြဲကျားနေမြဲရှိနေခြင်းကိုပြောင်းလဲပစ်ရန် ထောက်ခံခြင်း





အခန်း ၁

အခန်း ()

ယေရှုရှင်၏အစေခံအမှုတော်ပုံစံ

 ဓမ္မဟောင်းခေတ်မှ ပုရောဖက်ဟေရှာယသည် ယေရှုရှင်ပထမအကြိမ် ကြွ လာခြင်းအကြောင်းနှင့်ပတ်သက်၍ရေးသားရာ၌ သခင်ယေရှု၏ဘဝ အသက် တာအမှုတော်ကို အစေခံအမှုတော်ဟု တင်စားထားပါသည်။ ဟေရှာယ အနာ ဂတ္တိကျမ်း ၆၁း၁- တွင် ယေရှုရှင်၏နှိမ့်ချခြင်း၊ ကြေကွဲသောစိတ်နှလုံး၊ ဖမ်းသွား ချုပ်ထားခြင်းနှင့်ငိုကြွေးမြည်တမ်းခြင်းကို ကြိုတင်ဖော်ပြထားသည်။ ဟေရှာယ အနာဂတ္တိကျမ်း ၅၃း၁၁ တွင် ဘုရားသခင်သည် ပုရောဖက်အားဖြင့် ယေရှုရှင် ၏အကြောင်းကိုဖွင့်ဟခဲ့သည်။ ဟေရှာယ ၅၃း၁၁ တွင် လောက၌ အသက်တာ ကို ဖြတ်သန်းသွားသောအခါ ထိုအနာဂတ္တိစကားကို ကိုယ်တော်ရှင် ယေရှု ပြည့်စုံစေခဲ့ပါသည်။ ဝိညာဉ်ရေးအားနည်းသူများ၊ ကိုယ်ကာယချို့တဲ့သူများနှင့် စိတ်နှလုံးကြေကွဲနေသူများကို ကိုယ်တော်ရှင်ယေရှုသည် ကူညီပံ့ပိုးပေးခဲ့သည်။ သခင်ယေရှု၏အမှုတော်မှာ များသောအားဖြင့် တပည့်တော်တို့၏ စိတ်ဓာတ်ကို မြှင့်တင်သွတ်သွင်းပေးပြီး သင်ကြားပေးခြင်းနှင့် လူနာများကို ကုစားပေးခြင်း ဖြင့် အချိန်ကို ကုန်လွန်စေကြောင်း အယ်လင်ဝှိုက်၏ ရေးသားချက်တစ်ခု၌ ဖော်ပြထားပါသည်။

ကိုယ်တော်အမှုတော်ဆောင်ရွက်သောအချိန်အတွင်း တရားဟော ကြားခြင်းထက် လူနာများကို ကုသသော အချိန်ပိုပြီးပေးခဲ့သည်။ သူပြသသော နိမိတ်လက္ခဏာအပေါင်းတို့သည် နှုတ်တော်ထွက် စကား၌ ဖြောင့်မတ်ခြင်းတရားကို သက်သေခံညွှန်ပြလျက်ရှိသည်။ သူသည် ဖျက်ဆီးခြင်းငှာ ကြွလာခြင်းမဟုတ်ဘဲ၊ ကယ်တင်ခြင်းငှာ ကြွလာတော်မူခြင်းသာဖြစ်သည်။ လူနာများကို ကုသပျောက်ကင်း စေခြင်းဖြင့် ဘုရားသခင်၏ နည်းဥပဒေသများကို လူတို့၏ စိတ် အတွင်းသို့သွတ်သွင်းပေးတော်မူခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းမှာ ကိုယ် တော်ရှင်အမှုတော်၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။ လောကကမ္ဘာကြီး ကို ကောင်းချီးယူဆောင်လာပေးပြီး လူသားအပေါင်းတို့၏ စိတ်နှလုံး သားအတွင်းသို့ ဧဝံဂေလိတရားနှင့်ကရုဏာတော်လက်ခံရရှိရန် စွမ်း ဆောင်ပေးခြင်းပင်ဖြစ်သည်။ (Ministry of Healing, pp. 19, 20).

သခင်ယေရှုရှင်သည် လူနာများကိုကုသခြင်း၊ တရားဒေသနာဟောကြားခြင်း ဖြင့်လှည့်လည်ပြီး တပည့်တော်များတို့နှင့်အတူ လက်ပွန်းတတီး နေထိုင်တော် မူ၏။ ၎င်းမှာ ကိုယ်တော်၏ တပည့်တော်တို့ကို အနီးကပ်သင်တန်းပေးသော နည်းစနစ်ပင်ဖြစ်သည်။ ရှေ့လာမည့် အနာဂတ်အချိန်မှာ မည်သို့ အမှုတော် ဆောင်ရမည်ကို လက်တွေ့သင်ကြားပေးခြင်းပင်ဖြစ်သည်။ တပည့်တော်တို့ သည်လည်း ကိုယ်တော်အပေါ် ယုံကြည်စိတ်ချခြင်းများလာသည်နှင့်အမျှ ကိုယ်တော်၏သွန်သင်ချက်များကို ပို၍ပို၍အလေးထားလာကြသည်။ သင်ယူ လိုစိတ်ပို၍ များလာသည်။ ကိုယ်တော်ပြုတော်မူခဲ့သကဲ့သို့ သွားရောက် လုပ် ဆောင်ရန် စေလွှတ်ခြင်းခံကြရ၏။ သူတို့သည် မိမိတို့၏အရှင်သခင်ပြုတော် မူခဲ့သည်နည်းတူသွားရောက်လုပ်ဆောင်အောင်မြင်ရသောအခွင့်ရှိသောကြောင့် ပြန်လာသောအခါ ဝမ်းမြောက်ပျော်ရွှင်ခြင်းစိတ်နှင့်အတူ ပြန်လာကြသည်။ ကိုယ်တော်၏နာမတော်ဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်ခဲ့ကြသည်။ ကိုယ်တော်ရှင် တုံ့ပြန်သွန်သင်ချက်မှာ၊ ထိုခုနစ်ကျိပ်သော တပည့်တော်တို့သည် ဝမ်း မြောက်သောစိတ်နှင့်ပြန်လာ၍၊ သခင်၊ ကိုယ်တော်၏နာမအားဖြင့် အကျွန်ုပ်တို့ သည် နတ်ဆိုးကိုပင်နိုင်ပါသည်ဟု လျှောက်ကြ၏။ သို့သော်လည်း၊ နတ်ဆိုးကို နိုင်ရသောကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏ နာမည်များသည် ကောင်းကင်စာရင်း၌ဝင်သည်ကို ဝမ်းမြောက်ခြင်းရှိကြလော့ဟု မိန့်တော်မူ၏ (လုကာ ၁၀း၁၇၊၂၀)

ကိုယ်တော်၏ တုံ့ပြန်သွန်သင်တော်မူချက်အပေါ် တပည့်တော်တို့အတွက် အရေးကြီးသောသင်ခန်းစာများရရှိခဲ့သည်။ သခင်ယေရှုသည်သူတို့၏ ပင်ကိုယ် အတ္တစိတ်ကိုချိုးနှိမ်ခြင်းအားဖြင့် မေတ္တာဖြင့် တန်ခိုးကိုရရှိစေရန် အလိုတော် ရှိ၏။ ယင်းအချက်အပေါ်မူတည်ပြီး အယ်လင်ဝှိုက်မှ တန်ခိုးရရှိ ပိုင်ဆိုင်နေ ခြင်းကြောင့် ဝမ်းမြောက်ခြင်းမဖြစ်စေပါနှင့်။ ဘုရားသခင်အပေါ် အားကိုးမှီခို စိတ်ကို လျော့နည်းစေတတ်သည်။ သင်၏ စိတ်အတွင်းသို့ဝင်ရောက်လာသော ကျေနပ်ခြင်းပီတိကို သတိကြီးစွာဖြင့်ဆင်ခြင်ပါ။ သင်၏ခွန်အားကို အားကိုးပြီး

ယေရှုရှင်၏အစေခံအမှုတော်ပုံစံ

 

လုပ်ဆောင်နေခြင်းထက် သခင်၏ ဝိညာဉ်တော်တန်ခိုးခွန်အားကိုသာ မှီခိုပါ။ မိမိကိုယ်ကို စိတ်ကြီးဝင်တတ်ခြင်းစိတ်သည် အောင်မြင်မှုရသော အချိန်၌ အချိန်မရွေးဝင်ရောက်လာတတ်သည်။ (DA, p. 493).

တပည့်တော်များကို ယေရှုရှင်ကိုယ်တိုင် ပေးအပ်ချင်သောအရာမှာ အာဏာတန်ခိုးမဟုတ်ချေ။ တစ်ပါးသူအား ထိန်းချုပ်ခြင်းမျိုးလည်းမဟုတ်ချေ။ လောက၌ ကျော်ကြားခြင်းမျိုးလည်းမဟုတ်ပါ။ ဘုရားသခင်နှင့်လူတို့ကို အစေ ခံခြင်းကိုသာပေးလိုသည်။ တပည့်တော်များ ရာထူးရာခံအတွက်ငြင်းခုံကြသော အခါ ကိုယ်တော်ရှင်ကိုယ်တော်တိုင်က ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍ သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အကဲ အမှူးတို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူ သားသည် သူတစ်ပါးကို စေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကို ခံခြင်းငှာ လည်းကောင်း၊ မိမိအသက်ကို စွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း ကြွလာသည်ဖြစ်၍ ထိုနည်းတူသင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့ အစေခံဖြစ်စေ။ သင်တို့တွင်အထွတ်အမြတ်လုပ်ချင်သောသူကိုလည်း သင်တို့ ကျွန်ဖြစ်စေဟုမိန့်တော်မူ၏ (မဿဲ ၂၀း၂၅-၂၈)

ဤနေရာ၌ သခင်ယေရှုသည် သူတစ်ပါး၏ ပြုစုခြင်း၊ အစေခံခြင်းကို ခံယူ ရန်မဟုတ်ဘဲ၊ သူကသာ သူတစ်ပါးကို ပြုစုအစေခံရန်သာဖြစ်သည်။ ၎င်းသည် ကိုယ်တော်၏အမှုတော်ပုံစံပင်ဖြစ်သည်။ ဟေလသဘာသာစကား၏ ဝေါဟာ ရအရ၊ သူတစ်ပါးကိုစေခိုင်းခြင်းနှင့် သူတစ်ပါးမှခိုင်းစေခြင်းကို ခံခြင်း သည် ဒီကိုနို့ အသင်းထောက် မှဆင်းသက်လာသည်။ ကျား သို့မဟုတ် ဖြစ်နိုင်သည်။ သို့သော် အသုံးပြုသောစကားအပေါ်မူတည် ပြီး အမျိုးသား၊ အမျိုးသမီးကိုခွဲခြားသတ်မှတ်ရသည်။ ဒီကိုနို့စကားဝေါဟာရသည် အခြား သူတစ်ဦးဦးကို ဆက်ကပ်လုပ်ကျွေးပြုစုသည်ဟု အဓိပ္ပါယ်ရပါသည်။ အစေခံ၊ လုပ်ကျွေးပြုစုသူဟုလည်း အဓိပ္ပါယ်သက်ရောက်သည်။ (The Analytical Greek Lexicon).

ဒီအက်မွန်ဟီဘတ် (D. Edmond Hiebert) သည် အထက်ပါအဆိုကို ထပ်ဆင့်သုံးသပ်ချက်ပြုထားသည်မှာ-

ယေရှုရှင်သည် ယုံကြည်သူအားလုံးကိုသွန်သင်ရာမှာ အစေခံဖြစ်ကြရန် သာဖြစ်သည်။ ယုံကြည်သူများသည်လည်း စိတ်နေစိတ်ထားနှင့် အပြုအမူအား လုံး ကိုယ်တော်၏ ပုံပမာကို အတုယူကြသည်။ (မဿဲ ၂၀း၂၆- ၂၈။ မာကု ၁၀း၄၅) သို့ဖြင့် ထိုဝေါဟာရသည် မေတ္တာစိတ်ဖြင့် ညီအစ်ကို မောင်နှမ၊ အိမ်နီးချင်းတို့ကို ယိုင်းပင်းကူညီအစေခံခြင်းဖြင့် ထူးခြားသော ခရစ်ယာန်တို့၏ အမှတ်လက္ခဏာကို ထင်ရှားစေပါသည်။ ယေရှုရှင်က တပည့်တော်များကို သွန်သင်ရာမှ တခြားသူများ၏ သခင်ဖြစ်ရသည်ထက် အစေခံခြင်းကိုသာ ဖြစ် ရန် ဆုံးမထားသည်။ (မဿဲ ၂၀း၂၅-၂၆) ထိုသို့အစေခံခြင်းဖြင့် ထိုသူများ တို့၏အကြား၌ ကြီးမြတ်သောသူဖြစ်လာလိမ့်မည်။ သင်တို့တွင် အကဲအမှူးပြု လိုသောသူကို သင်တို့အစေခံဖြစ်စေ (မဿဲ ၂၀း၂၆၊၂၈) အကြီးအကဲဖြစ်ချင် သောသူသည် ဦးစွာအစေခံဖြစ်ကြရမည်။ (Behind the Word “Deacon”, p. 157).

 

ဟင်နရီဝက်ဘ် (Henry Webb) အဆို

ခရစ်ယာန်တိုင်းတို့၏ ပုံစံနမူနာယူရန် အကောင်းဆုံးပုဂ္ဂိုလ်မှာ ယေရှု ခရစ်တော်ပင်ဖြစ်သည်။ ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကိုလျှောက်လိုက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ (၁ပေ ၂း၂၁) ယေရှုသည် အစေခံရန်ကြွဆင်းလာသည်။

ယေရှုရှင်၏ နောက်တော်သို့ လိုက်လျှောက်သောသူ အားလုံးတို့သည် ကိုယ်တော်၏ နာမတော်ကိုအကြောင်းပြု၍ အမှုတော်ဆောင်နေကြသည်။ ဒီကိုနို့ အစေခံ ခြင်းသည် ခရစ်ယာန်တိုင်းနှင့်သက်ဆိုင်ပါသည်။ ရှင်ပေါ လု ကိုယ်တိုင်က ထိုဝေါဟာရကို အသင်းတော်ခေါင်းဆောင်များကို အထူး ရည်စူး ပြီး ခေါ်ဆိုခဲ့သည်။ (ဖိလိပ္ပိ ၁း၁။ ၁တိ ) ဘာသာစကားပြန်ဆိုသူများသည် ထိုဝေါဟာရကို တိုက်ရိုက်ပြန်ဆိုမှုမပြုဘဲ အသင်းထောက်ဟူ၍သာ ပြန်ဆိုထား ပါသည်။ ဟေလသမူရင်းစကား၏ အဓိပ္ပါယ်မှာမူ အစေခံ ဟု အဓိပ္ပါယ်ရှိပါ သည်။ သို့ဖြစ်၍ အသင်းထောက်ဟုခေါ်သောအခါ ခရစ်တော်၏ နာမတော်

ယေရှုရှင်၏အစေခံအမှုတော်ပုံစံ

 

လည်းကောင်း၊ အစေခံ၏ နာမသော်လည်းကောင်း ပုံဆောင် သက်ရောက်သွား ပါသည်။ (Deacons : Servant Models in the Church, pp. 11,12).

သခင်ယေရှု၏ အစေခံသောဘဝအသက်တာကို အယ်လင်ဝှိုက်မှမျှဝေ ပေးခဲ့ပုံမှာ -

တပည့်တော်များတို့နှင့်အတူရှိနေစဉ် ခရစ်တော်သည် အမြဲသတိရှိ သူ၊ ဝန်ထုပ်ကို ထမ်းရွက်သူတစ်ဦးအဖြစ် ပေါ်လွင်နေပါသည်။ မိမိကိုယ်ကျိုးကို စွန့်လွှတ်သူ၊ တပည့်တော်တို့၏ ရှေ့၌ရှိသော အခက်အခဲအားလုံးမှန်သမျှကို ရှေ့ဆုံးကရပ်တည်ပြီး ဖြေရှင်းပေးသည်။ မကြာမီ သူ၏အသက်ကို အစတေး ခံပြီး မိမိ၏ အမှုတော်ကို အဆုံးသတ်တော့မည်။ သခင်ခရစ်တော် လိုက် လျှောက်နေသော စည်းကမ်းမှာ သူ၏ကိုယ်ခန္ဓာဟု သမုတ်ထားသော ယုံကြည် သူအပေါင်းကို နိုးကြားလှုပ်ရှားစေရန်ဖြစ်သည်။ (DA, p. 550).

ကိုယ်တော်ရှင်ယေရှု၏ အမှုတော်သည် အစေခံခြင်းနှင့်ဒွန်တွဲလျက် သွား နေသည်ကို နောက်တော်လိုက်လျှောက်သောသူအားလုံး နားလည်ထားကြ သည်။ သူတို့ကိုခေါ်တော်မူခြင်းအရာတွင် မိမိကိုယ်ကိုဆက်ကပ်ခြင်းဖြင့် အမှု တော်၌ပါဝင်ရန်ဖြစ်သည်။ ထိုကြောင့် နောက်တော်သို့လိုက်လျှောက်သောသူ အားလုံးအတွက် ကိုယ်တော်ရှင်ကမ္ဘာမြေပေါ်၌ လုပ်ဆောင်ခဲ့သော စွန့်လွှတ် ဆက်ကပ်ခြင်းအမှုတော်အတိုင်း သူ၏နောက်တော်သို့လိုက်သောသူအားလုံးကို ပေးအပ်လုပ်ကိုင်စေပါသည်။ ထိုစိန်ခေါ်ချက်မှာ ထိုအခါယေရှုက၊ ငါ၌ ဆည်း ကပ်လိုသော သူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ် တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည် (မဿဲ ၁၆း၂၄)

ဟီဘတ်၏ခံယူချက်တစ်ခုမှာ-

လောက၏ အမှုတော်ကိုဆောင်ရွက်ခဲ့သော ယေရှုရှင်သည် လုံးလုံး လျား လျား အသင်းထောက်တစ်ဦးဖြစ်ခဲ့သည်။ အသင်းထောက်တစ်ဦးကဲ့သို့ နေထိုင် ပြသနေရုံမကဘဲ ယုံကြည်သူအားလုံးလိုက်နာဆောင်ရွက်ရန် ချမှတ်ထားပါ သည်။

ဂျိမ်းမွန်ရိုဘားနက်မှလည်း ထိုနည်းတူစွာ အသင်းတော်၏အမှုတော်နှင့် ဆိုင်သော အသင်းထောက်ကို ဤသို့ပုံဆောင်ထားပါသည်။ သူ၏အဆိုမှာ-

မူလအသင်းထောက်၏ လုပ်ဆောင်ပုံဖြစ်သော ပထမရာစုနှစ်အတိုင်း ယခုခေတ်အသင်းထောက်များ အတုယူ လိုက်လျှောက်ကြရမည်။ ယေရှုရှင် သခင်ကိုယ်တော်တိုင်က အကောင်းဆုံး အသင်းထောက်၏ ပုံစံဖြစ်သည်။ အသင်းထောက်၌ ယေရှု၏ စာရိတ္တမျိုးနှင့် အစေခံဆက်ကပ်ခြင်းမျိုးကို ကိုယ် တော်တိုင် (ယေရှုရှင်) က မိမိ၏အမှုတော်၌ သတ်မှတ်ညွှန်ကြားလုပ်ဆောင် စေခဲ့ပါသည်။ သူ (ယေရှု) သည် ပထမဦးဆုံးလမ်းပြပေးသူအဖြစ် အမှုတော်၌ ဆက်ကပ်အပ်နှံရန် စေလွှတ်ခံရသူဖြစ်သည်။ (James Monroe Barnett, p.141).

 



အခန်း ၂

အခန်း ()

ပထမရာစုနှစ်အတွင်းခရစ်ယာန်အသင်းတော်၌ အသင်းထောက်၏အခန်းကဏ္ဍ

 

သမ္မာကျမ်းစာ၏ အထောက်အထားမှတ်တမ်းအရပထမရာစုနှစ်၌ အသင်း ထောက်များကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ထိုအကြောင်းကို တမန်တော် ဝတ္ထု ၆း၁- မှာတွေ့နိုင်သည်။

ထိုကာလ၌ တပည့်တော်တို့သည် များပြားသည်ရှိသော်၊ နေ့ရက် အစဉ် အတိုင်းလုပ်ကျွေးသောအခါ၊ ဟေလေနစ်အမျိုးမုဆိုးမတို့ကို မလုပ်မကျွေးဟု ထိုအမျိုးသားတို့သည်မြည်တမ်း၍ ဟေဗြဲလူတို့ကိုအပြစ်တင်ကြ၏။ ထိုအခါ တစ်ကျိပ်နှစ်ပါးသောတမန်တော်တို့သည် တပည့်တော်အပေါင်းတို့ကို ခေါ်ပြီး လျှင် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုထား၍ စားပွဲ၌လုပ် ကျွေးမှုကိုမဆောင်သင့်။ ထိုကြောင့် ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်လည်း ကောင်း၊ ပညာနှင့်လည်းကောင်းပြည့်စုံလျက် အသရေရှိသောလူခုနစ်ယောက် တို့ကို သင်တို့တွင်ရှာကြလော့။ ဤအမှုကိုဆောင်ရွက်စေခြင်းငှာ ထိုသူတို့ကို ငါတို့သည်ခန့်ထားကြမည်။ ငါတို့မူကား၊ ဆုတောင်းပတ္ထနာပြုခြင်း၊ နှုတ်ကပတ် တရားတော်ကို ဟောပြောခြင်းအမှုတို့ကို အမြဲပြု၍နေမည်ဟု ဆိုကြ၏။ ထိုစကားကို လူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့် ယုံကြည်ခြင်း နှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန၊ ယုဒဘာသာ ဝင်သော အန္တိအုတ်မြို့ သားနိကောလတို့ကို ရွေးကောက်၍ တမန်တော်တို့ ရှေ့၌ထားကြ၏။ တမန်တော်တို့သည်လည်း ဆုတောင်းပြီးလျှင် ထိုသူတို့၏ ခေါင်းပေါ်၌ လက်ကိုတင်ကြ၏။

ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွားများ၍၊ ယဇ်ပုရောဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏။ သတေဖန်သည် ကျေးဇူးတော်နှင့် လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း ပြည့်စုံသဖြင့် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို လူများရှေ့မှာပြုလေ၏ (တမန်တော်

၆း၁-)

ထိုအသင်းထောက်များကိုရွေးချယ်ရာ၌ အယ်လင်ဝှိုက်က နောက်ကြောင်း

ရာဇဝင်ကို ပြန်လည်ဖော်ပြထားပါသည်။ သူမက-

ရှေးဦးအသင်းတော်သည် လူအလွှာပေါင်းများစွာ၊ အဆင့်အတန်း မျိုးစုံစွာ ဖြင့် ဖွဲ့စည်းတည်ထောင်ထားပါသည်။ လူမျိုးအနွယ်ပေါင်းမြောက်မြား စွာပါဝင် သည်။ (AA, p.87). ပင်တေကုတ္တေပွဲနေ့၌ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်ကြောင့် ပြောင်းလဲလာသောသူများဖြစ်သည်။ တမန်တော်ဝတ္ထု အခန်းကြီး () တွင် သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုးသည် ကွဲပြားနေသော ဂျူးလူမျိုးနှင့်နိုင်ငံအသီးသီးသို့ ရောက်နေသော ဘုရားရှင်၏သားသမီးများ ယေရုရှလင်မြို့၌စုရုံးစဉ် ပွဲတော်ရက်ကိုကျင်းပရန် ပြန်လာစုရုံးကြသော အချိန် ဖြစ်သည်။ ထိုများစွာသောလူများထဲ၌ ဂရိရှန် (Grecians) သို့မဟုတ် ဟဲလင်နစ် စတေ့ (Hellenistic) ဟု ကျော်ကြားသော ဂျူးလူမျိုးများပါဝင်နေကြသည်။ ထိုနေရာ၌ လူမျိုးကွဲနေသော ဂရိရှန်ဂျူးနှင့်ပါလက်စတိုင်းဂျူးများ လည်းရှိနေ သည်။ သူတို့သည် ဘာသာစကားနှင့် ယဉ်ကျေးမှုထုံးစံများလည်း ကွဲပြားနေကြ သည်။ တစ်ဖွဲ့က ဟေလသ (ဂရိ) စကားကို ပြောဆိုသုံးနှုန်းပြီး ဂရိယဉ်ကျေးမှု အတိုင်းနေထိုင်သည်။ ကျန်တစ်ဖွဲ့မှာမူ ဟေဗြဲနှင့် အာရမစ် စကားကိုသုံးပြီး ပါလက်စတိုင်းတွင် ကြီးပြင်းလာခဲ့သူများဖြစ်သည်။ ထိုနှစ်ဖွဲ့၏ တမူကွဲပြားခြား နားချက်များကို လျစ်လျူရှုကာ သန့်ရှင်းသောဝိညာဉ်တော်က ချစ်ခြင်းမေတ္တာ ဖြင့် ပေါင်းစည်းစေခဲ့ပါသည်။ သူတို့ပိုင်ဆိုင်သမျှ အားလုံးကို စုပုံပြီး ဘုံပိုင်ပစ္စည်း အဖြစ်သတ်မှတ်ခဲ့ကြသည်။ သူတို့၌ရှိသော ပစ္စည်းများကို ရောင်းချပြီး ချို့တဲ့နေ သောသူကိုဝေငှပေးသည်။ နေ့စဉ်နှင့်အမျှလည်ပတ်ရင်း လက်ရည်တပြင်တည်း ဝမ်းမြောက်ဝမ်းသာစွာ စားသောက်ကာ ပျော်ရွှင်စွာ သီဆိုကြသည်။ (တမန် တော် ၂း၁၊၄၄-၄၆)

လွန်ခဲ့သောအချိန်၌ ကြောင်းကျိုးမဆီလျော်သော ခံစားချက်ဖြင့် မုန်းတီး နေကြသော်လည်း ယခုအချိန်မှာ ညီညွတ်သောစိတ်ထားဖြင့် စည်းလုံးခိုင်မာ

ပထမရာစုနှစ်အတွင်း-------အသင်းထောက်၏အခန်းကဏ္ဍ

 

လာသည်။ မယုံကြည်မှုများ၊ ဝန်တိုမှုများ၊ ချိုးနှိမ်လိုစိတ်များတို့သည် အပြစ်ရှာ ခြင်း၊ မြည်တွန်တောက်တီးခြင်းများကို ဖြစ်စေပါသည်။ ဂရိရှန်မုဆိုးမတို့ကို လျစ်လျူရှုပြီး နေ့စဉ်ကြည့်ရှုခြင်း အမှုပျက်ကွက်သည်ဟု စွပ်စွဲခြင်းပြုကြ၏။ နေ့စဉ်အစားအစာ၊ အဝတ်အထည်ဝေငှပေးခြင်းဟုလည်း ဘာသာပြန်ဆိုထား ပါသည်။(တမန်တော် ၆း၁) အယ်လင်ဝှိုက်က နေ့စဉ်ကူညီမစထောက်ပံ့ခြင်း ဟူသောစကားလုံးဖြင့် သုံးနှုန်းထားပါသည်။ (AA, p. 88). မည်သို့ဆိုစေကာမူ ဂရိဝေါဟာရတွင် ဒီကိုနီးယား သည် အမှုတော်ဆောင်ရွက်ခြင်းဟု အဓိပ္ပါယ် သက်ရောက်ပါသည်။ ဒီကိုနီးယားသည်လည်း ဒီကိုနို့ ဝေါဟာရမှ ဆင်းသက် ဆက်နွှယ်နေပါသည်။ ၎င်းသည် အသင်းထောက်ပင်ဖြစ်ပါသည်။

ရှေ့ပိုင်း၌ဖော်ပြခဲ့သည်နည်းတူ ထိုစကားစုဝါဟာရသည် သခင်ယေရှု၏ အမှုတော်ဆောင်ခြင်းပုံစံကိုဖော်ပြထားပါသည်။ (မဿဲ ၂၀း၂၈) ထိုစကားလုံး ဝေါဟာရမှတစ်ဆင့် ကျွန်တော်တို့သည် အသင်းထောက် ဒီကိုကို့ စကား လုံးကိုရရှိလာပါသည်။ ထိုစကားလုံး၏အနက်အဓိပ္ပါယ်မှာ သာသနာပြုခြင်း၊ အစေခံခြင်းဖြစ်ပါသည်။ ဝက်ဘ် (Webb) ရှုမြင်တွေ့ရှိချက်ကိုကြည့်ကြစို့။

အင်္ဂလိပ်သမ္မာကျမ်းစာသည် ဂရိစကားလုံး ဒီကိုနို့ ကို များသောအား ဖြင့် အမှုတော်ဆောင် အစေခံ ဟုဘာသာပြန်ဆိုလေ့ရှိသည်။ မည်သို့ပင် ဆိုစေ ဖိလိပ္ပိ ၁း၁ နှင့် ၁တိ ၃း၈-၁၃ မှာ ဂရိစကားကိုတုယူပြီး ဒီကိုနို့ ကို ဒေးကဲန် (deacon) ဟုပြန်ဆိုထားသည်။ အင်္ဂလိပ်စာလုံး အသစ်တစ်လုံးတွင် ယူလိုက် ခြင်းပင်ဖြစ်သည်။ ယင်းစကားစုသည် အထူးသဖြင့် အသင်းတော် ခေါင်းဆောင် များနှင့်အသင်းအုပ်ဆရာများ အလွန်နီးကပ်စွာတူညီနေပါသည်။ ယုံကြည်သူ များ များပြားလာသည်နှင့်အမျှ အသစ်သော အသင်းတော်များ တည်ထောင်လာ ကြသည်။ အသင်းတော်၏ ရုံးခန်းအလုပ်များ၌ ပို၍ပို၍ အစေခံသူများကို ယုံကြည်သူများက ခန့်အပ်ထားရှိလာကြသည်။ ဓမ္မသစ်အချိန်တွင် လူထု ပရိသတ်တို့သည် အသင်းတော်၏ ခေါင်းဆောင်များ၏ ပုံသက်သေကိုကြည့်ပြီး အရည်အချင်းမြင့်မားသော အသင်းထောက်များကို စိစစ်ရွေးချယ်တင်မြှောက် ကြ၏။ အမှုတော်သည်လည်း တိုးတက်အောင်မြင်လာသည်။ (Deacons : Servant Models in the Church, pp. 74,75).

ကက်နက်ဒီကာတိုမှလည်း ဒီကိုနို့ ဆိုသော ဂရိဝေါဟာရ၏အရင်းခံ အဓိပ္ပါယ်မှာ ဖုန်မှုန့်ထဲက ဟုအဓိပ္ပါယ်ရှိသည်ဟုဆိုသည်။ အပြန်အလှန် မေးမြန်းစိစစ်ပြီးနောက် ထွက်ရှိလာသောသုံးသပ်အတည်ပြုချက်မှာ သခင်၏ အစေကိုခံရန် အစေခံသည်။ ဖုန်မှုန့်ထဲ၌ထိုင်ပြီး အဆင်သင့်စောင့်နေသည်ဟု အဓိပ္ပါယ်ရ၏။ (Equipping Deacons for Ministry, p. 13). ဟီဘတ်မှ လည်း ထိုဂရိဝေါဟာရ၏ စကားမူရင်းစွဲအဓိပ္ပါယ်ကို လေ့လာသောအခါ မေးခွန်း များစွာနှင့်ရင်ဆိုင်ရသည်။ သို့သော် မဆိုင်းမတွလုပ်ဆောင်ရန်ဟု အဓိပ္ပါယ် ဖွင့်မှတ်ချက်ချခဲ့သည်။ လူတစ်ဦးသည် အခြားသူအတွက်စိတ်ရှည် သည်းခံစွာ ကြိုးစားလုပ်ဆောင်ပေးနေခြင်းဟု အနက်ဖော်ထားပြန်သည်။ သို့ဖြင့် အသင်း ထောက်၏ အလုပ်မှာ မေတ္တာစိတ်ရှေ့ထားပြီး မဆိုင်းမတွ မညည်းမတွား ရှိသမျှ ခွန်အားနှင့်တစ်ပါးသူကို အစေခံပေးခြင်းဟူ၍သာ အတည်ပြုနိုင်ပါသည်။

ထိုကြောင့် အသင်းထောက်၏ လုပ်ငန်းတာဝန်အခြေအမြစ်ကို စိစစ်ခြင်း ဖြင့် တွေ့ရှိရသော အကြောင်းရင်းတစ်ရပ်မှာ အစေခံရန်နှင့်အလုပ်တာဝန်ကို ခွဲဝေလုပ်ဆောင်ရန်ဖြစ်သည်။ အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ကြရသည်။ အသင်းတော်မှ ကြုံတွေ့ရင်ဆိုင်နေရသော အခက်အခဲပြဿနာအလုံးစုံကို ပထမရာစုနှစ်မှအသင်းထောက်များက ဖြေရှင်းပြီး အသင်းတော်ကို ပြန်လည် ရှင်သန်စေနိုင်ခဲ့ပါသည်။ မြော်လင့်ခြင်းအသင်းတော်၏ သမ္မာကျမ်းစာအနက် ဖွင့်ကျမ်းမှ အသင်းထောက်များသည် အခက်အခဲပြဿနာများကို ကိုင်တွယ် ဖြေရှင်းပြီး ဆင်းရဲသားများကို ကြည့်ရှုယုယသည်ဟု ရေးသားထားသည်။

ကနဦးအသင်းတော်သည် အဆောက်အဦမရှိ၊ ဘုရားကျောင်းလည်း မရှိ သေးသောအချိန်ဖြစ်သည်။ ထိုသို့အဆောက်အဦမရှိ၊ ဘုရားကျောင်းမရှိခဲ့သော အချိန်မှာ ဒုတိယရာစုနှစ်နောင်ပိုင်းအထိသို့ပင် ကြာမြင့်ခဲ့သည်။ အမှုတော် ဆောင်များအတွက်လည်း အခကြေးငွေလစာမလိုအပ်ခဲ့သေးပါ။ အမှုတော် ဆောင်ရန်အတွက်လည်း သီးသန့်ငွေကြေးမလိုအပ်ခဲ့ပါ။ လှူဒါန်းလာကြသော ငွေကြေးရံပုံငွေအားလုံးကို ဆင်းရဲသားများအား ထောက်ပံ့ကူညီမှုတွင်သာ အသုံးပြုခဲ့သည်။ လူဦးရေများသော လူစုလူဝေးမှာ ငါးထောင်မှ တစ်သောင်း အထိရှိကြသည်။ခရစ်ယာန်များမိတ်သဟာယဖွဲ့ခြင်းအစီအစဉ်များတွင် ရင်ဆိုင် ရသောအခက်အခဲမှာနာဇရက်နှင့်ယေရုရှလင်တို့၏အားပြိုင်မှုဖြစ်သည်။ နေရာ ချထားမှုနှင့် ပေါင်းသင်းဆက်ဆံရေး၊ ထို့နောက်တွင် စီးပွားရေးချို့တဲ့ခြင်းများ ဖြစ်ကြသည်။ အသင်းထောက်ခုနစ်ပါးတို့၏ လိုအပ်နေသူများနှင့် ဆင်းရဲသား တို့ကို ကြည့်ရှုပြုစုခြင်းကဏ္ဍမှာ ကြီးမားသော လူထုပရိသတ်ကြားတွင် မည်မျှ ခက်ခဲမည်ကို သံသယရှိရန်မလိုပါ။ (The Deaconate : SDA Bible Comment-ary 6:25).

ဒေဗစ်အက်စ်ဒေါ့ကာရီမှလည်း ထိုအခက်အခဲနှင့်ပတ်သက်သော အဆို တစ်ခုပြုခဲ့သည်။

ပထမရာစုနှစ်အတွင်း-------အသင်းထောက်၏အခန်းကဏ္ဍ

 

ရှေးဦးအသင်းတော်၏ ရုပ်လွှာအသွင်သည် အကူအညီလိုနေသူများနှင့် ဆင်းရဲသားများကိုကူညီရန် အဆင်သင့်ရှိနေကြသည်။ အသင်းတော် တိုးတက် ကြီးပွားခြင်း၏ ဝိသေသလက္ခဏာ၌ ထိုသို့သော အမှုတော်မျိုးကို လိုအပ်နေ ပါသည်။ အသင်းတော်၌ မတူညီကွဲပြားသော အစုအဖွဲ့များသည် တိုးတက်မှု အတွက် ကဏ္ဍစုံမှလှုပ်ရှားနေကြသော်လည်း အစုအဖွဲ့တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက် နွယ်ခြင်းပြုရာတွင် ထိုအချက်သည် လူအများကသတိထားဂရုစိုက် ကြည့်နေ သောအချက်တစ်ချက်ဖြစ်သည်။ (The Christian Mission Beyond Jerusalem, pp. 423,424).

ရှေးဦးပိုင်း ခရစ်ယာန်အသင်းတော်မှ အသင်းထောက်များတို့သည် သာမန် ပုဂ္ဂိုလ်များမဟုတ်၊ အကြောင်းမှာ အသင်းတော်၏ ရင်ဆိုင်နေရသော ပြဿနာ အခက်အခဲများသည် သမားရိုးကျပြဿနာများမဟုတ်။ ဂရိရှန်များ၏ အပြစ် တင်မြည်တွန်တောက်တီးခြင်း၊ ဟေဗြဲလူများက ဆင်းရဲသော မုဆိုးမများကို ထောက်ပံ့ကူညီနေမှုအပေါ်ပျက်ကွက်ကြောင်း အပြစ်တင်ခြင်းတို့သည် အပေါ် ယံ ပြဿနာသာလျှင်ဖြစ်သည်။ ၎င်းတို့၏ယဉ်ကျေးမှုထုံးတမ်းထက် ကျယ်ပြန့် သော ပြဿနာမှာ ဝိညာဉ်ရေးရာအပိုင်းဖြစ်၏။ (Vincent White, pp. 17,18). အယ်လင်ဝှိုက်ကလည်း ထိုကိစ္စကိုအောက်ပါအတိုင်း သုံးသပ်ရှုမြင် ထားသည်။ ရန်သူစာတန်သည် မနာလိုဝန်တိုစိတ်ရှိသောသူနှင့် ညီအစ်ကိုချင်းကိုအပြစ်ရှာ တတ်သောသူများအား နှိုးဆော်ပြီး သူတို့၏ စိတ်ကို လွှမ်းမိုးအုပ်စိုးထားနိုင် သည်။ (AA, p.88). အချုပ်အားဖြင့်ဆိုရသော် စာတန်သည် အသင်းတော်၏ ဝိညာဉ်ရေးစိတ်ထားကိုတိုက်ခိုက်လျက် အားနည်းချည့်နဲ့သွား အောင်ဖျက်ဆီး ပစ်သည်။ ထို့အတွက်ကြောင့် အသင်းတော်သည် သစ္စာရှိသောသူ၊ ဝိညာဉ် တော် ပညာဉာဏ်နှင့်ပြည့်ဝသူများ လိုအပ်နေပါသည်။ (တမန်တော် ၆း၃) ဖြစ်စဉ်ကိုကြည့်ပြီး ရလဒ်အမှန်ကို မြင်တွေ့နိုင်ပါသည်။ (Vincent White, p. 18).

ပထမရာစုနှစ်ရှိ အသင်းထောက်များတို့၏ ဝိညာဉ်ရေးခွန်အားသည် ဘုရားရှင်၏ ခေါ်တော်မူသော ဝိညာဉ်ရေးအခြေအနေမျိုးဖြစ်သည်။ သူတို့၏ တာဝန်ဝတ္တရားသည် ကုလားထိုင်ပေါ်ထိုင်နေသည်ထက်ကျယ်ပြန့်ပြီး ပြင်ပ၌ လုပ်ဆောင်ရန် ပို၍အလေးထားကြသည်။ နန်စီဗွိုင်မီစတာ (Nancy Vyhmeister)   အကြံပေးချက်မှာ သူတို့၏အခြေအနေမှာ အလုပ်တာဝန်ကို ဝိညာဉ်ရေးစိတ်ဓာတ်ပြည့်ဝစွာဖြင့် လုပ်ဆောင်ပြီး၊ ဝိညာဉ်သဘောကိုသာ အလေးထားကြသည်။ ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး အပြစ်တင်ခြင်းနှင့် လွတ်ကင်းလျက်ရှိသော အသင်းထောက်များဖြစ်ကြသည်။ (The Ministry of the Deaconess through History, July 2008, 17).

ခိုင်လုံသေချာပြီးရှင်းလင်းသည့် အသင်းထောက်ခုနစ်ဦးကို ရွေးချယ် တင်မြှောက်ခြင်းကို တမန်တော်အခန်းကြီး () တွင်တွေ့ရှိရသော်လည်း တချို့ သောသူများက ထိုသို့မဟုတ်ဟု အငြင်းပွားကြသေးသည်။ ဘားနက်၏ ငြင်းဆို မှုတစ်ရပ်မှာ

ထိုပုဂ္ဂိုလ်ခုနစ်ဦးသည် အသင်းထောက်ဟုသမုတ်ခြင်း ဓမ္မသစ်ကျမ်း ၌မရှိဟုဆို၏။ ထိုသူတို့သည် အသင်းတော်ကို စီမံအုပ်ချုပ်ကိုင်တွယ်သူများ မဟုတ်။ သူတို့၏အလုပ်သည် အသင်းတော်ကို ဆက်လက်ဦးဆောင်သွားခြင်း မျိုးမဟုတ်။ အသင်းထောက် ဒီကိုနို့ ဆိုသောဝေါဟာရသည် တမန်တော် ဝတ္ထု၌လုံးဝမတွေ့ရ။ အန်ဒရီလင်မီသည် ဓမ္မသစ်ကျမ်းကိုလေ့လာရာတွင် ကျမ်းစာကို ကျွမ်းကျင်သော ပညာရှိများက အများစုအနေဖြင့် သူတို့၏ ထောက် ခံချက်မှာ အိုင်ရီနေးယပ် ဟုခေါ်သော ပထမဦးဆုံး အသင်းတော်၏ ဖခင်များ သည် ထိုအသင်းထောက်ခုနစ်ဦးကိုခေါ်ကြောင်း ထောက်ခံထား၏။ (Barnett, p. 30).

ပထမရာစုနှစ်အတွင်း-------အသင်းထောက်၏အခန်းကဏ္ဍ

 

အက်ဒဝက်ဖီအက်ကလင်းက ထပ်ဆင့်ပြီး ထောက်ခံချက်ပြုထားသည် မှာ- တခြားသောအကြောင်းရင်းတစ်ခုအနေဖြင့် ယခင်းအသင်းထောက်ခုနစ် ပါးအား အဦးပေးအပ်ခဲ့သောတာဝန်များကို နောက်ဆက်တွဲအဖြစ် သတေဖန် နှင့်ဖိလိပ္ပုက တရားဟောပြောခြင်း၊ ရေနှစ်ခြင်းပေးခြင်းနှင့် တခြားတမန်တော် များလုပ်ဆောင်ခဲ့သောအလုပ်တာဝန်နှင့်အုပ်ချုပ်သူတာဝန်ကိုသူတို့ဆက်လက် ထိန်းသိမ်းကိုင်တွယ်ခဲ့သည်။ (တမန်တော် ၆း၈။ ၈း ) (The Deacon in the Church : Past Time and Future, p. 8).

မည်သို့ပင်ဆိုစေကာမူ ဟာရယ်နီကို ကလည်း မိမိ၏အမြင်ကို အယ် လင်ဝှိုက်၊ ဘာနက်နှင့်အက်ကလင်းတို့ကဲ့သို့ တူညီသော သဘောကို ဖော်ပြ သည်။

ဟာရယ်နီကိုအနေဖြင့် - မုဆိုးမနှင့်ဆင်းရဲသားများကို ကြည့်ရှုရန်နှင့် ပွဲတော်စားပွဲပြင်ဆင်ရန်တာဝန်ကိုသာဆောင်ရွက်ရန် အသင်းထောက်ခုနစ်ဦး ကို ရွေးချယ်တင်မြှောက်ထားခြင်းမဟုတ်ကြောင်း တမန်တော်အခန်းကြီး () တွေ့ရသည်။ ပထမဦးစွာ သူတို့သည်အစေခံရန် ခေါ်တော်မူခြင်းခံရသည်။ အသင်းထောက်ဆိုသောဝေါဟာရပေါ်လာပြီးနောက်ပိုင်း ခေတ်အဆက်ဆက် ဆင်းသက်လာသော အသင်းထောက်တာဝန်ကို ရွေးချယ်တင်မြှောက်ခြင်းခံရ သူသည် အဦးဆုံးအရွေးချယ်ခံရသောသူခုနစ်ဦးကဲ့သို့ တာဝန်အလုံးစုံကို လုပ် ဆောင်ရန်ဖြစ်သည်။ နည်းလမ်းစည်းကမ်းတကျ နားလည်ရမည့် စကားလုံး ဝေါဟာရအတိုင်း ဟေလသစကား ဒီကိုနို့ အသင်းထောက် ဟုဆိုရာ၌ အစေခံကိုဆိုလိုခြင်းဖြစ်၏။ မည်သို့ပင်ဆိုစေ တမန်တော်ဝတ္ထုမှဖော်ပြထား သော အသင်းထောက်၏ တာဝန်နှင့် ယခုခေတ်အသင်းထောက်၏ ပေးအပ် ခြင်းခံရသောတာဝန်မှာ မတူကွဲပြားခြားနားနေကြောင်း မြင်တွေ့ရသည်။ အစေ ခံအလုပ်ကို လုပ်ဆောင်နေရသောကြောင့် သူတို့ကိုအသင်းထောက် သို့မဟုတ် အစေခံပေးသူဟု ခေါ်ဝေါ်သမုတ်သင့်ပေသည်။




အခန်း ၃

အခန်း ()

ပထမရာစုနှစ်အတွင်းအမျိုးသမီးအသင်းထောက်များ

တို့၏အခန်းကဏ္ဍ

 

တိမောသေဩဝါဒစာပထမစောင်အခန်းကြီး () သည် အသင်းထောက် များကိုခန့်အပ်ထားကြောင်း ငြင်းဆိုဖွယ်ရာမရှိ၊ တိကျစွာ ဖော်ပြလျက် အခန်း ငယ် (၁၁) အမျိုးသမီးအသင်းထောက် သို့မဟုတ် အသင်းထောက်မယ် အကြောင်းကို ပထမရာစုနှစ် ခရစ်ယာန်အသင်းတော်၌ ထောက်ခံချက်ရှိ ကြောင်း တွေ့ရသည်။ ဗွိုင်မီစတာ၏ အမြင်ရေးသားချက်အရ၊ ထိုနည်းတူ၊ မိန်းမတို့သည် တည်ကြည်သောသူ ဖြစ်ရကြမည်။ ချောစားတတ်သော သူ မဟုတ်။ သမ္မာ သတိရှိသောသူ၊ အရာရာ၌သစ္စာရှိသောသူဖြစ်ရကြမည် (၁တိ ၃း၁၁) ဗွိုင်မီစတာ၏သုံးသပ်ချက်မှာ-

ဟေလသဝေါဟာရကိုဘာသာပြန်ဆိုရာမှာ မိန်းမ သို့မဟုတ် ဇနီး မယားသော်လည်းကောင်း၊ မိန်းမ မိန်းမအသင်းထောက် သို့မဟုတ် အသင်းထောက်တို့၏ ဇနီးမယားများဟု ကွဲပြားသော ဘာသာပြန်မှုများရှိကြ သည်။

အသင်းထောက်များ၏ ဇနီးမယားဟု ဘာသာပြန်ဆိုရန်မှာလည်း ဟေလ သဘာသာ၏ သဒ္ဒါအရ ပိုင်ဆိုင်မှုပြခြင်း ဝေါဟာရလည်းမရှိပါ။ မည်သူ၏ ဇနီးမယားများဖြစ်သနည်း။ အခြားတစ်နည်းဆိုရသော်၊ ထိုအမျိုးသမီးများတို့ သည် အသင်းထောက်အရာကို ယောကျာ်းများကဲ့သို့ လုပ်ဆောင်နေကြောင်း ထင်ရှားသည်။ အဖြစ်နိုင်ဆုံးအခြေအနေမှာ ထိုအမျိုးသမီးများသည် အမျိုး သမီးအသင်းထောက်များဖြစ်ကြရမည်။ ဖိဗေ (Phoebe) ကဲ့သို့ဖြစ်ခဲ့သည်။

ဒုတိယရာစုနှစ်နောင်းပိုင်းတွင် အလက်ဇန္ဒြားမှကလိမင့် (Clement) သည် ထိုကျမ်းချက်ကို ဖတ်ပြီး အမျိုးသမီးအသင်းထောက်ရှိခဲ့သည်ဟု အတည် ပြုခဲ့သည်။ ဂျွန်ခရိုင်တွန်စတွန်နှင့်သီအိုဒိုရက်တို့သည်လည်း စတုတ္ထရာစုနှစ် နှင့်ပဉ္စမရာစုနှစ်တို့တွင် လေးလေးစားစားဖြင့် အမျိုးသမီးအသင်းထောက်ဟု သာ နားလည်သဘောပေါက်ကြသည်။

ပထမရာစုနှစ်အတွင်း-------အသင်းထောက်များတို့၏အခန်းကဏ္ဍ

 

 (The Ministry of the Deaconess, p. 18) ဗွိုင်မီစတာက သူမ၏ သုံးသပ်ချက်ကို အတည်ပြုခြင်းပြုရာ၌ ဂရိဝေါဟာရတွင် ပိုင်ဆိုင်မှုပြစကား မရှိခြင်းကြောင့် မိန်းမ ဟု ဘာသာပြန်ဆိုထားခြင်းသည် တစ်စုံတစ်ယောက် က ပိုင်ဆိုင်ထားခြင်းကိုခံနေရသည့် အနေအထားမျိုးမဟုတ်ဘဲ မိမိသာလျှင် ကိုယ်တိုင်ရပ်တည်ခြင်းနေရာ၌ရှိကြောင်း အတည်ပြုထားသည်။ (Moulton, S.V)      

ရှယ်လီအေဂရော့ကလည်း ထိုအချိန်၌ရည်ညွှန်းထားသော အမျိုးသမီး များသည် အသင်းထောက်မယ်များဖြစ်ကြောင်း (၁တိ ၃း၈) တွင် ရှင်ပေါလုက အသင်းထောက်တို့၏ တာဝန်နှင့်အရည်အချင်းစာရိတ္တကို ဖော်ပြထားသကဲ့သို့ အငယ် (၁၁) ၌၊ ထိုနည်းတူ မိန်းမတို့သည် တည်ကြည်သောသူဖြစ်ရကြမည်။ ချောစားတတ်သောသူမဟုတ်၊ သမ္မာသတိရှိသောသူ၊ အရာရာ၌သစ္စာရှိသော သူဖြစ်ရကြမည်။ များစွာသော သူများက အမျိုးသမီးများတို့သည် အသင်း ထောက်မယ်ဖြစ်သည်ဟု တစ်ထစ်ချယုံကြည်ကြသည်။ ထိုအမျိုးသမီးများတို့ သည် ယဉ်ကျေးသိမ်မွေ့ပြီး ဘုရားဝတ်၌မွေ့လျော်သူများဖြစ်ကြသည်။

(The Role of Deaconess through the Ages, October 13, 2008).

ရောဘတ်အမ်းလူဝစ်(စ်)ကလည်း ဟေလသ၏ ဝေါဟာရမှ ဘာသာပြန် ထားသော မိန်းမများ ဇနီးများ သည် တခြားစကားလုံးဖြင့်လည်း ဘာသာ ပြန်ဆိုနိုင်ကြောင်း၊ ဇနီးများ မုဆိုးမ သူတို့သမီး သို့မဟုတ် အသက်ကြီး သောမိန်းမ၊ အရွယ်ရောက်သောမိန်းမဟု ပြန်ဆိုနိုင်ကြောင်း သဘောတူထား သည်။ အိမ်ထောင်ရှင်မသော်လည်းကောင်း၊ အပျိုသော်လည်းကောင်း ဖြစ်နိုင် သည်။ (The Women of 1Timothy 3:11, p. 168). သို့သော် ထိုမိန်းမသည် အသင်းထောက်မယ်များဖြစ်သည်ဟု သူလက်မခံခဲ့ပါ။

တိမောသေဩဝါဒစာပထမစောင်အခန်းကြီး ၃း၁၁ မှဖော်ပြသော မိန်းမ များသည် ရွေးချယ်ထားသော မိန်းမများမဟုတ်သောကြောင့် မတော်လျှင် အခြားသော တာဝန်ပေးခံရသည့် တတိယအဖွဲ့တစ်ဖွဲ့ဖွဲ့ဖြစ်နိုင်သည်ဟု ယူဆ ၏။ အကြောင်းမှာ အသင်းထောက်၏မယားများသည် မိမိတို့၏လင်ယောကျာ်း တို့၏ဂုဏ်သိက္ခာအတွက် အိန္ဒြေစောင့်ရန်လိုအပ်သည်။ (Ibid-167) “သူတို့ သည် အိမ်ထောင်မရှိသော အမျိုးသမီးများဖြစ်ကြ၍ အသင်းတော်အတွက် စာရိတ္တကောင်းမွန်စွာ ဆက်ကပ်ထားသောသူများဖြစ်မည်။ ထိုကြောင့် အသင်း ထောက်ဟုစာရင်း သွင်းထားပြီး အသင်းတော်အလုပ်ကို တက်ကြွစွာပါဝင် ဆက်ကပ်ကြသူများ လည်းဖြစ်ကြမည်။ (Ibid 175).

လူးဝစ်(စ်)ကိုယ်တိုင်က ဆက်လက်သုံးသပ်ထားသည်မှာ အကယ်၍သာ ထိုမိန်းမတို့သည် အသင်းထောက်များ၏ ဇနီးများဖြစ်ခဲ့မည်ဆိုလျှင် ကြီးမား သော အိမ်ထောင်မိသားစု၏ တာဝန်ကိုဆောင်ရွက်ရင်း ခင်ပွန်းသည်၏ အလုပ် ကို အပြည့်အဝမပံ့ပိုးနိုင်သောအချိန်၌ ခင်ပွန်းသည်၏ အလုပ်ကိုထိခိုက် သွား နိုင်မည်။ ခင်ပွန်းသည် အသင်းထောက်သည် တာဝန်ပျက်ကွက်ပြီး အရည် အချင်းမပြည့်မီနိုင်တော့ပါ။ လူးဝစ်(စ်)က အိမ်ထောင်သည် အမျိုးသမီးမှန် လျှင် အိမ်၏ တာဝန်အားလုံးကိုထိန်းသိမ်းရမည်ဟု ထောက်ပြထားသည်။ (၁တိ ၂း၉-၁၅။ ၅း၈၊၁၄၊၁၆။ ၂တိ ၃း၁၄-၁၅။ တိတု ၂း၃-) မည်သူ တစ်ဦးတစ်ယောက်ကို ဖြစ်ဖြစ် ထိမ်းမြားလက်ထပ်ယူထားပါစေ၊ အမျိုးသမီး၏ အိမ်ထောင်တာဝန် သည် ကြီးလေးနေ၏။ ထိုကြောင့် ထိုကျမ်းချက်မှာ ရည်ညွှန်းထားသော အမျိုးသမီးများသည် အိမ်ထောင်မရှိသောအမျိုးသမီးများ သာဖြစ်ရမည်ဟု ထောက်ပြထားပါသည်။

နောက်ဆုံးအနေဖြင့် လူးဝစ်(စ်) သည် အသင်းလူကြီးနှင့် အသင်းထောက် များတို့၏ အရည်အချင်းကို ရှင်းလင်းစွာ ပြတ်ပြတ်သားသား သတ်မှတ်ထားပေး သောကြောင့် ထိုသတ်မှတ်ထားသည့်အတိုင်း အမျိုးသမီးအသင်းထောက်များ အတွက် ဘာကြောင့် မသတ်မှတ်ပေးသနည်း။ အကယ်၍သာ အသင်းတော်၌ တတိယတန်းစားသီးသန့်အမှုတော်ဆောင်အဖြစ် ခန့်ထားမည် ဆိုလျှင်လည်း ဘာကြောင့်သူတို့အတွက်စောင့်ထိန်းရမည့်သီလကို မှတ်သား ထားရှိပေးခြင်း မရှိပါသနည်း။ (Ibid 171-172).

စိတ်ဝင်စားစရာကောင်းသော လူးဝစ်(ဇ်) တင်ပြချက်နှင့် ဗွိုင်မီစတာ တို့၏ အဆိုပြုချက်များကိုခြုံငုံပြီး ကျွန်ုပ်အနေဖြင့် ဗွိုင်မီစတာကိုထောက်ခံကာ ထိုအမျိုးသမီးများသည် အမျိုးသမီးအသင်းထောက်များဖြစ်ကြောင်း ကျွန်ုပ် ထောက်ခံပါသည်။ လူးဝစ်(စ်)မှအကယ်၍ ထိုအမျိုးသမီးများသည် အသင်း

ပထမရာစုနှစ်အတွင်း-------အသင်းထောက်များတို့၏အခန်းကဏ္ဍ

 

ထောက်မယ် သို့မဟုတ် အမျိုးသမီးအသင်းထောက်ဖြစ်ခဲ့လျှင် သူတို့အတွက် သီးသန့်စောင့်ထိန်းရမည့်စည်းကမ်းချက်ထားရှိရမည်ဟူသောအချက်ကို ကျွန်ုပ် အနေဖြင့် ပြန်လည်ချေပလိုသည်မှာ အမျိုးသားများ အများစုဦးဆောင်နေ သောအဖွဲ့အစည်း၌ အမျိုးသမီးများအတွက် အထူးပြဌာန်းထားသော သီလ စည်းကမ်းမရှိတတ်ပါ။ အမျိုးသားများ စောင့်ထိန်းရသော သီလစည်းကမ်း အတိုင်းသာ သတ်မှတ်တတ်သည်။

ဖြစ်နိုင်ချေတစ်ခုမှာ ပထမရာစုနှစ်တွင်ရှိသော အသင်းထောက်မယ်များ သည် အိမ်ထောင်မပြုသောသူနှင့် မုဆိုးမများဖြစ်နိုင်ချေရှိသည်။ တမန်တော် တို့၏ဖွဲ့စည်းပုံကိုကိုးကားပြီး ဂရော့ (Groh) က အသင်းထောက်မယ်သည် အပျိုစင်စစ် သို့မဟုတ် တစ်ကြိမ်အိမ်ထောင်ကျဖူးသူမုဆိုးမဖြစ်ပြီး သစ္စာရှိ အသရေတင့်သောသူဖြစ်သည်။ အသင်းထောက်မယ်၏ အလုပ်သည် လုံးလုံး လျားလျားဆက်ကပ်ပြီး ဒုတိယရာစုနှစ်အချိန်က သေးငယ်သောတာဝန် တစ်ခု မဟုတ်ပါ။ (Groh)

အသင်းထောက်မယ်သည် အိမ်ထောင်မရှိသူဖြစ်ရမည်ဟု သုံးသပ်သော အဆိုရှိနေသည့်တိုင် ခြွင်းချက်အဖြစ် ဖီးလစ်စကာ့က ပြစ်ကိလ သည် အသင်း ထောက်မယ်ဖြစ်နိုင်ချေရှိသည်ဟု မှတ်ချက်ချ၏။ (Philip Schaff Apostolic Christianity, pp. 500-501). သူမသည် အာကုလနှင့်အိမ်ထောင်ပြုခဲ့သည်။ တဲရှင်ကိုချုပ်ရင်း ခင်ပွန်းသည်ကိုကူညီခဲ့သည်။ ရှင်ပေါလုနှင့်အတူ ခရီးသွားခဲ့ သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သွန်သင်ပေးခဲ့သည်။ (တမန်တော် ၁၈း၁-၃၊၁၈၊၂၄-၂၆) သူမသည် တာဝန်ကိုကောင်းမွန်စွာ ကျေပွန်အောင် ဆောင် ရွက်တတ်သူဖြစ်သည်။ ရှင်ပေါလုအနေဖြင့် သူမကို ကန့်သတ်ချုပ်ချယ်ခြင်း မပြုပါ။ ရှင်ပေါလုက လူလွတ် သို့မဟုတ် အိမ်ထောင် ပြုသည်ဖြစ်စေ၊ အိမ်ထောင်မပြုသည်ဖြစ်စေ အမှုတော်မှာ ပါဝင်နိုင်ကြောင်း သွန်သင်ထားပါ သည်။ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ ဘုရားသခင်၏အမှု တော်ကိုလုပ်ဆောင် ကြရမည်။ အကြောင်းမှာ လူတို့သည် လက်ထပ်ထိမ်းမြား အိမ်ထောင်ပြုခြင်း နှင့်ပတ်သက်၍ ပူပင်သောကရှိနေကြသောအကြောင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ရှင်ပေါလုက ထိမ်းမြားခြင်းနှင့်ပတ်သက်၍ အိမ်ထောင် ပြုရန်လိုအပ်သောသူများရှိသည်ဟု သွန်သင်ပြီး မည်သည့်တားမြစ်ခြင်းကိုမျှ မပြုလုပ်ခဲ့ပါ။ ဘုရားသခင်၏ အမှုတော်၌ မည်သူမဆို ပါဝင်လုပ်ဆောင်ရန်ကို သာ တိုက်တွန်းထားသည်။ (၁ကော ရး၃၂-၄၀) ထိုကြောင့် အိမ်ထောင်ရှိသော အမျိုးသမီးများလည်း အသင်းထောက်မယ်အဖြစ် ပါဝင်ဆက်ကပ်လိုစိတ်ရှိနေ လျှင် ယနေ့ခေတ်အချိန်တွင်ဘေးဖယ်ထား၍မရပါ။ ဘုရားသခင်၏ လမ်းပြမှုကို ခံယူပြီး အိမ်ထောင်တာဝန်နှင့်အသင်းတော်တာဝန်ကို တွဲဖက်လျက် လုပ် ဆောင်နိုင်ပါသည်။

နှုတ်ကပတ်တော်၌ တခြားသော ကျမ်းချက်များ၌လည်း အမျိုးသမီး အသင်းထောက်နှင့် အသင်းထောက်မယ်အကြောင်းကို ဖော်ပြထားပါသည်။ ပထမရာစုနှစ်၌ ခရစ်ယာန်အသင်းတော်အတွင်း အသင်းထောက်မယ်များ အထင်အရှားရှိခဲ့သည်။ ရောမ ၁၆း၁- မှာ ရှင်ပေါလုမိန့်ဆိုခဲ့သော ကင်ခြေမြို့ အသင်းတော်၌ သင်းထောက်မိန်းမဖြစ်သော ငါတို့နှမဖိဗေကို သင်တို့ထံသို့ ငါသွင်းပေး၏။ သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း သခင်ဘုရားကို ထောက်၍ ထိုသူကိုလက်ခံကြလော့။ သူသည် အကူအမလိုသမျှသော အမှုတို့ သူ့ကိုကူမကြလော့။ အကြောင်းမူကား၊ သူသည် များစွာသော သူတို့ကို လည်းကောင်း၊ ငါ့ကိုလည်းကောင်း မစသောသူဖြစ်၏ (ရောမ ၁၆း၁၊၂) ဖိဗေ သည် အသင်းထောက်မိန်းမတစ်ဦးဖြစ်သည်။

ဟေလသဝေါဟာရမှ ဒီကိုနို့ သည် သမ္မာကျမ်းစာထဲမှ အင်္ဂလိပ်ဘာ သာသို့ အသင်းထောက်၊ အသင်းထောက်မယ်ဟု တိုက်ရိုက်ပြန်ဆိုထားသည်။ အသင်းတော်ကို ဦးဆောင်ဦးရွက် ကမကထပြုသူများဖြစ်သည်။ (Moulton S.V). မြော်လင့်ခြင်းအသင်းတော်၏ သမ္မာကျမ်းစာအနက်ဖွင့်ကျမ်းမှ ထို        ဝေါဟာရသည် ကနဦးခရစ်ယာန်အသင်းတော် စတင်တည်ထောင်စဉ်ကပင် အသုံးပြုသော စကားရပ်ဝေါဟာရဖြစ်ကြောင်း အနက်ဖွင့်ဆိုထားပါသည်။ ကင်ခြေမြို့မှအသင်းထောက်အမျိုးသမီးဖိဗေသည် အသင်းတော်အတွက် အစေ ခံပြီး အမှုတော်တွင် ဆက်ကပ်ခဲ့သူဖြစ်သည်။ (Servant SDABC, 6:649).  ဗွိုင်မီစတာက၊ သီအိုဒိုရက် (၃၉၃-၄၆၀) သည် ဖိဗေကို မြင့်မြတ်သော

ပထမရာစုနှစ်အတွင်း-------အသင်းထောက်များတို့၏အခန်းကဏ္ဍ

 

အသင်းထောက်မယ်တစ်ဦးဟု မှတ်တမ်းတင်ထားသည်။ သူမသည် စကား အရာမှာလိမ္မာပါးနပ်မှုအလွန်ကြွယ်ဝပြီး ရှင်ပေါလု၏ ချီးမွမ်းခြင်းကိုခံရသူဖြစ် သည်။ (The Ministry of Deaconess - 18). ရှင်ပေါလုက ဖိဗေကို များစွာ သောသူတို့ကိုမစသူ ဟု တင်စားချီးမွမ်းထားသည်။ မော်ရိုက်ရီလေမှ လူ အများကိုကူညီသူ လူအများ၏ ဒုက္ခဝေဒနာကို ကာကွယ်ပေးသောဒိုင်း၊ စိတ် မသာညည်းတွားသူကိုပြုစုသူ ဟုအတည်ပြုထားသည်။ (Walking in the Newness of Life - 1). ဂရော့အနေဖြင့်လည်း ဖိဗေ၏လုပ်ဆောင်ချက်သည် ယနေ့လူမှုရေးဝန်ထမ်းတစ်ဦးကဲ့သို့ဖြစ်သည်ဟု ထောက်ခံထားသည်။ သူမ ပြောဆိုချက်အရ၊ ကျွန်မတို့လေ့လာရသလောက် ဖိဗေသည် ကူညီတတ်သူ တစ်ဦး သို့မဟုတ် တစ်ပါးသူကိုမစသူဖြစ်သည်။ ဝိညာဉ်ရေးနှင့်ကိုယ်ကာယ ပိုင်းကိုပါ ကူညီလုပ်ဆောင်ပေးသူ၊ ယခုခေတ်အခေါ်အရ လူမှုရေးဝန်ထမ်း တစ်ဦးပင်ဖြစ်သည်။ ဘာသာရေး၏တွန်းအားသည် သူမကိုစိတ်ဓာတ်မြှင့်တင် ပေးပြီး လူမှုရေးကဏ္ဍတွင်လည်း ထိရောက်စွာပါဝင်လုပ်ဆောင်နိုင်သူဖြစ် သည်။ (Groh).

နီကိုး(လ်) ကလည်း ပထမရာစုနှစ်အသင်းထောက်မယ်၏ ကဏ္ဍကို ပါဝင် ကူညီသည့်သဘောထားတင်ပြထားသည်။ နီကိုး(လ်)မှ-

ဓမ္မသစ်ခေတ်အသင်းတော်အချိန်တွင် မုဆိုးမများကို ကြည့်ရှုရန်နှင့် အသင်းတော်ပွဲတော်များကို စီစဉ်ထိန်းသိမ်းရန် အသင်းထောက်ခုနစ်ပါးကို ရွေးချယ်တင်မြှောက်ခဲ့သည်။ အသင်းထောက်အားလုံးသည် အမျိုးသားများ ဖြစ်ကြသည်။ (တမန်တော် ၆း၁-) မည်သို့ပင်ဖြစ်ပါစေ၊ ဓမ္မသစ်ခေတ်အချိန် အသင်းတော်၏မှတ်တမ်းမှတ်ရာတွင် အမျိုးသမီးအမှုတော်ဆောင်များလည်း အသင်းတော်၌ အသိအမှတ်ပြုခြင်း ခံကြရသည်။ ဖိလိပ္ပံအသင်းတော်သို့ ရှင်ပေါလု စာရေးသားပေးပို့စဉ်၊ အချင်းငါ့လုပ်ဖော်ဆောင်ဘက်စစ်၊ သင့်ကို လည်းငါတောင်းပန်၏။ ငါနှင့်ကလေမင်မှစ၍ အသက်စာရင်းဝင်သော အခြား သောငါ၏ လုပ်ဖော်ဆောင်ဘက်တို့နှင့်အတူ၊ ဧဝံဂေလိတရားကို ဟောပြော သော အမှု၌ကူညီ၍ ကြိုးစားအားထုတ်သောမိန်းမတို့ကို မစထောက်ပံ့ပါလော့ (ဖိလိပ္ပိ ၄း၃) ရောမအသင်းတော်သို့ ရေးသားပေးပို့သောစာ၌ ရှင်ပေါလုသည် ကင်ခြေမြို့ အသင်းတော်၌ သင်းထောက်မိန်းမဖြစ်သော ငါတို့နှမဖိဗေကို သင်တို့ထံသို့ ငါသွင်းပေး၏။ သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း သခင် ဘုရားကို ထောက်၍ ထိုသူကိုလက်ခံကြလော့။ သူသည် အကူအမ လိုသမျှ သောအမှုတို့၌ သူ့ကိုကူမကြလော့။ အကြောင်းမူကား၊ သူသည် များစွာသော သူ တို့ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း မစသောသူဖြစ်၏ (ရောမ ၁၆း၁၊၂) ထိုအထောက်အထားများအရ၊ရှေးဦးအသင်းတော်၌ အမျိုးသမီးအသင်းထောက် မယ်များတည်ရှိခဲ့ပြီး အသင်းတော်ကို ထောက်ပံ့ကူညီခဲ့ကြောင်း ထင်ရှားလှပါ သည်။ (Nichols, pp, 86,87).

ဖီးလစ်စကာ့၏ ရေးသားဖော်ပြချက်အရ၊ ရှင်ပေါလုသည် ဖိဗေကို ကင်ခြေမြို့ရှိအသင်းတော်၊ ကောရိန်သုအသင်းတော်၏ အသင်းထောက်မယ် အဖြစ် ဖော်ပြအသိအမှတ်ပြုထားခဲ့သည်။ သူမအပြင် ပြစ်ကိလ၊ မာရိ၊ တရုဖဲန၊ တရုဖောသ၊ ပေရသိ စသည့်အမျိုးသမီးတို့သည် သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်ခဲ့သည်။ ရောမမြို့၌တူညီသော လုပ်ဆောင်မှုများကို လုပ်ဆောင် ကြသည်။ (Schaff 1:500- 501)

ဂရော့သည် ပြတ်သားသောရုပ်လုံးတစ်ခုဖြစ်သည့် အသင်းထောက်မယ် များက ဖျားနာသူကိုပြုစုခြင်းနှင့်ပတ်သက်၍ ရင်းနှီးချစ်ခင်ခြင်းနှင့်ပတ်သက် ၍ပြန်လည်စဉ်းစားမိတိုင်း အသင်းထောက်မယ်တို့၏ ဧည့်ဝတ်ကျေပြွန်မှု၊ သဒ္ဒါ စိတ်ထက်သန်မှုကို ဘယ်လိုနည်းနှင့်မျှ မေ့၍မရနိုင်ပါ။ ဆင်းရဲသားများကို ကူညီ မစခြင်း၊ ဖျားနာသူများကို ကြည့်ရှုပြုစုခြင်းအပိုင်းတွင် အလွန်ကြီးမားသော လုပ်ဆောင်ချက်ကို လုပ်ဆောင်ခဲ့ကြသည်။ အမျိုးသမီးအမှုတော်ဆောင် ဝန်ထမ်းများ၏ လုပ်ဆောင်ချက်သည် ဖျားနာသူများအတွက် အပြစ်ဆိုဖွယ်ရာ မရှိပါ။ အသင်းထောက်မယ်များတို့သည် အနည်းအကျဉ်းဖျားနာခြင်း၊ အအေး မိ နှာစေခြင်းမှအစ ထိုအနည်းငယ်ဖျားနာသော မိသားစုကို ဂရုစိုက်ပြုစုကြ သည်။ အချိန်ပြည့်ကူညီမစ၏။ တာဝန်ယူကြသည်။ လူတို့၏ ကိုယ်ခန္ဓာကျန်းမာနေမှ သာလျှင် သခင်ခရစ်တော်၏ အမှုတော်သည် သူတို့၏ စိတ်နှလုံးထဲသို့ ဝင် ရောက်နိုင်ပါမည်။ ထိုသို့ပေါင်းသင်းနေထိုင်ခြင်း၊ ဖျားနာသူကိုကူညီမစခြင်းဖြင့် အသင်းထောက်မယ်တို့သည် ဝိညာဉ်ရေးရာဘက်၌ ပိုမိုသင်ကြားပြသပေးနိုင်

ပထမရာစုနှစ်အတွင်း-------အသင်းထောက်များတို့၏အခန်းကဏ္ဍ

 

မည်ဖြစ်သည်။ ယုံကြည်သူများကို စောင့်ရှောက်ပေးနိုင်မည်ဖြစ်သည်။ ရေနှစ် ခြင်းခံလိုပြီး အသစ်မွေးဖွားရန်ပို၍ တိုက်တွန်းနိုးဆော်ပေးနိုင်မည်ဖြစ်သည်။ ၎င်းသည် သေးငယ်သော တာဝန်တစ်ခုမဟုတ်သည့်အပြင် လုပ်ဆောင်ရန် ခန့်ထားခြင်းခံရကြောင်း စာရေးသူတစ်ဦးက ဘာသာတရား၌ ဆုကျေးဇူးခံရ သောသူဖြစ်သည့်အပြင် တာဝန်ကို ရဲရင့်စွာခံယူသူများ ဟု အမွှမ်းတင် ရေးသားထားကြောင်းတွေ့ရသည်။ (Groh).

ရီလေ ကလည်း အသင်းထောက်မယ်တို့၏ တည်ရှိနေမှုအနေအထားကို ရှေးဦးအသင်းတော်မှာရှိခဲ့သည့်အကြောင်း မှတ်တမ်းတင်ပုံမှာ-

            “ရှေးဦးအသင်းတော်ရှိ အမျိုးသမီးများအားလုံးမဟုတ်သည့်တိုင် များစွာ သောအမျိုးသမီးများသည် အစေခံခဲ့ကြသောကြောင့် အသင်းထောက်မယ်များ ဟု ခေါ်ဝေါ်သမုတ်ကြသည်။ ပထမငါးရာစုနှစ်အထိ အသင်းထောက်မယ်များ သည် ဓမ္မဆရာများကိုကူညီပြီး ရေနှစ်ခြင်းမင်္ဂလာပွဲများ၌ ပါဝင်ကူညီပေးခဲ့ကြ သည်။ အမျိုးသမီးအချင်းချင်းကြိုဆိုဧည့်ခံခြင်း၊ နေရာထိုင်ခုံများစီစဉ်ပေးခြင်း၊ အစီအစဉ်စနစ်တကျရှိစေရန် သူတို့နှင့် အတူကူထိုင်ခြင်း စသည့် လုပ်ဆောင် ချက်များကို လုပ်ဆောင်ခဲ့ကြသည်။ ထိုသို့သောအစီအစဉ်မျိုးကို တမန်တော် တို့၏ဖွဲ့စည်းပုံနှင့် အသင်းတော်၏ စည်းကမ်းဟုခေါ်တွင်သမုတ်ကြသည်။ သွန်သင်ချက်နှင့်ဝတ်ပြုခြင်းပုံစံဟုလည်း သတ်မှတ်ကြသည်။ အမျိုးသမီးများ အချင်းချင်းကိစ္စများတွင် ဆောင်ရွက်ပေးနိုင်ရန် အသင်းထောက်မယ်များကို ဘိသိက်လက်တင်ခံယူရန်စီစဉ်ကြသည်။ အသင်းထောက်ကို ကူညီပေးရန် အသင်းအုပ်ချုပ်သောဂိုဏ်းချုပ်၊ အသင်းအုပ်ဆရာ၊ အသင်းထောက်များသည် အမျိုးသမီးများတစ်ဦးဦးနှင့် တွေ့ဆုံဆွေးနွေးသောအခါ အသင်းထောက်မယ် သည်လည်း သူတို့နှင့်အတူအမြဲရှိနေရသည်။ (Riley,1)

ရှေးဦးခရစ်ယာန်အသင်းတော်တွင် အသင်းထောက်မယ်များအရေးကြီး သောကဏ္ဍကို ဆက်လက်ဖော်ပြရာ၌ ရီလေ က ထိုအမျိုးသမီးများသည် အမှုတော်ဆောင်ရန်အတွက်လက်တင်မင်္ဂလာရရှိကြသည်ဟုဆို၏။ချားဒဗလျူ ဒူးဝီးစီး၏ အသင်းထောက်မယ်လက်တင်မင်္ဂလာရရှိခြင်းအပေါ်ရှုမြင်ချက်မှာ-

ခရစ်ယာန်အသင်းတော်၌ တတိယရာစုနှစ်အထိ အသင်းထောက်မယ်များ ကို လက်တင်ပေးခြင်းမရှိခဲ့ပါ။ ထိုအမျိုးသမီးလက်တင်မင်္ဂလာသည် အရှေ့ တိုင်းထုံးတမ်းမှ စတင်လာသည်။ အဘယ်ကြောင့်ဆိုသော် အနောက်တိုင်း အသင်းတော်များသည် အမျိုးသမီးကို လက်တင်မင်္ဂလာပေးခြင်းမရှိပါ။ စတုတ္ထ ရာစုနှစ်ရောက်လာသောအခါ အသင်းထောက်မယ်ကို လက်တင်ပေးရန် စတင် အဆိုတင်လာကြသည်။ သူမသည် စစ်ဆေးခြင်းအထပ်ထပ်ကို အောင်မြင် ကျော်လွန်လာပြီးသည်နောက် ဂိုဏ်းချုပ်မှသူမ၏ အပေါ်သို့ လက်တင်ပြီး အသင်းအုပ်ဆရာများ၊ အသင်းထောက်များနှင့်အသင်းထောက်မယ်များတို့၏ ရှေ့မှောက်၌ လက်တင်မင်္ဂလာပေးခြင်းအမှုကိုပြုရသည်။ နောက်ဆုံး၌ ဂိုဏ်း ချုပ်က ဘိသိက်မင်္ဂလာဆုတောင်းခြင်းနှင့် အဆုံးသတ်လိုက်ရသည်။ (The Emerging Role of Deacons, pp. 15,16).

Apostalic Constitution တမန်တော်ခေတ်ဖွဲ့စည်းပုံ စတုတ္ထရာစုနှစ် နှောင်းပိုင်းမှ စကာ့၏ဆုတောင်းချက်မှတ်စု-

ထာဝရအသက်ရှင်တော်မူသော ကျွန်ုပ်တို့၏ သခင်ယေရှုခရစ်ဘုရား၏ ခမည်းတော်၊ လူယောကျာ်းလူမိန်းမကိုဖန်ဆင်းသောအရှင်၊ မိရိအံ၊ ဒေဗောရ၊ ဟန္နနှင့်ဟူးဒကို ဝိညာဉ်တော်နှင့်ပြည့်စေသောဘုရား၊ တစ်ပါးတည်းသောသား တော်ကို မိန်းမ၏ဝမ်း၌ ဖွားမြင်စေတော်မူသောအရှင်၊ ကိုယ်တော်သည် ဗိမာန်တော်နှင့်တဲတော်တံခါးကို အမျိုးသမီးများအား စောင့်ကြပ်ခွင့်ပေးတော် မူခဲ့ပါသည်။ ယခုအခါ ကိုယ်တော်၏ အစေတော်ကိုခံလျက်ရှိနေသော မိန်းမ များကိုကြည့်ရှုတော်မူပါ။ အသင်းထောက်အဖြစ် ခန့်အပ်ခြင်းခံရလျက်ရှိပါ သည်။ သူမ၏ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးကို သွန်းလောင်းပေး တော်မူပါ။ ကိုယ်တော်၏ ဝိညာဉ်တော်အားဖြင့် ဇာတိပကတိနှင့်ညစ်ညမ်း နေသမျှကို ဆေးကြောသန့်စင်ပေးတော်မူပါ။ ကိုယ်တော်၏အမှုတော်၌ ထိုက် တန်သောသူအဖြစ် လက်ခံတော်မူပါ။ ကိုယ်တော်၏ဂုဏ်တော်နှင့် ကိုယ်တော် ဘိသိက်ပေးခြင်းကိုခံယူပြီး ကိုယ်တော်ရှင်ကို အမြဲချီးမွမ်းနိုင်ပါစေ။ ကိုယ် တော်နှင့်အစဉ်မပြတ်တည်တော်မူလျက် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုး

ပထမရာစုနှစ်အတွင်း-------အသင်းထောက်များတို့၏အခန်းကဏ္ဍ

 

ကို ထာဝရပိုင်ဆိုင်စေတော်မူပါ။ အာမင်..(History of the Christian Church, p.260)

ရီလေက အသင်းထောက်မယ်များကို ကရုဏာတော်၏ ကောင်းကင် တမန်များဟု အမွှမ်းတင်ထားခဲ့သည်။ ဖိဗေနှင့်ဒေါ်ကာနှစ်ဦးတို့ကို သမ္မာကျမ်း စာ၌ နမူနာယူထိုက်သူများဟု သတ်မှတ်ထားသည်။ တမန်တော်ဝတ္ထုမှ ရှင်လု ကာသည် ဒေါ်ကာ၏အကြောင်းကိုဖော်ပြသည်။ ယုပ္ပေမြို့၌ ဒေါ်ကာဟု ဆိုလို သော တဗိသအမည်ရှိသော တပည့်တော်မတစ်ယောက်ရှိ၏။ ထိုမိန်းမသည် ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်နှင့်ပြည့်စုံလျက်၊ ပေတရုသည် ထ၍ ထိုသူတို့နှင့်အတူလိုက်လေ၏။ ရောက်လျှင် အထက်ခန်းသို့ ခေါ်ပင့်၍ မုဆိုးမ များတို့သည် ငိုကြွေးလျက်၊ သူတို့နှင့်အတူ ဒေါ်ကာရှိစဉ်အခါ လုပ်ခဲ့သော အင်္ကျီ နှင့်အဝတ်များကိုပြလျက်ရှိကြ၏ (တမန် ၉း၃၆း၃၉)

ဖိဗေကဲ့သို့ပင် တဗိသသည်လည်း ဆင်းရဲသူဆင်းရဲသားများကို ပြုစုသူဖြစ်သည်။ ကူညီတတ်သူဖြစ်သည်။ ဆင်းရဲသားများကို ကာကွယ်ပေးနေသူဖြစ် သည်။ ဒုက္ခဆင်းရဲခံနေရသူများတွက် ဒိုင်းလွှားသဖွယ် ကာဆီးပေးထားသည်။ စိတ်မသာညည်းတွားနေသူများကို နှစ်သိမ့်ပေး၏။ ယုပ္ပေမြို့မှ အခွင့်အရေး နှိမ့်ကျနေသူများကို သနားခြင်းကရုဏာစိတ်ရှိသည်။ ရာသီဥတု၏ ဒဏ်ခံနိုင်ဖို့ ရန် အဝတ်အစားများကိုချုပ်လုပ်ပေးသည်။

 



အခန်း ၄

အခန်း ()

ရှေးဦးမြော်လင့်ခြင်းအသင်းတော်၏အသင်းထောက်များနှင့် အသင်းထောက်မယ်တို့၏လုပ်ဆောင်ချက်

 

            အယ်လင်ဂျီဝှိုက်၏ ရေးသားထားသော အချက်အလက်များကို ရှာ ဖွေရင်း ၂ဝဝ၅ ခုနှစ်မှ (၁၅) ကြိမ်မြောက်တည်းဖြတ်ပုံနှိပ်ထုတ်ဝေသောစာအုပ် တွင် အသင်းထောက်များဟု ရေးသားသုံးစွဲခေါ်ဝေါ်ထားကြောင်းတွေ့ရပါသည်။

ရှေးဦးမြော်လင့်ခြင်းအသင်းတော်၏ အမှုတော်လုပ်ငန်းတွင် ထိုဝေါဟာရသည် လေးကြိမ်တိုင်တိုင် သက်ရောက်ဆက်နွယ်သော အရေးအသားကိုတွေ့ရသည်။ အသင်းထောက်မယ်ဟု ခေါ်သော ဝေါဟာရကို () ကြိမ် ခေါ်ဆိုသုံးစွဲထား ကြောင်း တွေ့ရသည်။ သုံးကြိမ်သာလျှင် အမှုတော်၌ပါဝင်ဆက်နွှယ်နေကြောင်း လည်း တွေ့ရသည်။ ရှေးဦးမြော်လင့်ခြင်းအသင်းတော်၏ သာသနာလုပ်ငန်းခွင် အကြိမ်ရေအနည်းငယ်မျှသာ သုံးစွဲထားပါသည်။ ပထမဦးစွာ အသင်းတော် ကို လုပ်ငန်းတာထမ်းပြန်ပေးခြင်းနယ်ပယ်တွင် ပွဲတော်မင်္ဂလာကျင်းပသော အချိန်၌ စပျစ်ရည်ဖလားကို ကိုင်ဆောင်ရန်အတွက်ဖြစ်သည်။ နောက်ဆက်တွဲ အနေဖြင့် ကျန်းမာခြင်းနှင့်ဆိုင်သောပုရောဖက်မများ ခေါင်းစဉ်ဖြင့် Review and Herald 29:222, April 16, 1867 တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ထုတ်ဝေခြင်း၏ ရည်ရွယ်ချက်မှာ အယ်လင်ဝှိုက်၏ဆိုလိုရင်းမှာ စပျစ်ရည် နှင့်ပတ်သတ်မှု ဖြစ်သည်။ ထိုစာသားမှာ အောက်ပါအတိုင်းဖြစ်သည်။

            “ပွဲတော်၌အသုံးပြုသောစပျစ်ရည်သည် အယ်လင်ဝှိုက်က Review and Herald တွင်သေချာစွာရေးသားထားသည်။ စပျစ်ရည်သည် အချဉ် မပေါက် သော စပျစ်ရည်လတ်လတ်ဆတ်ဆတ်ဖြစ်ရမည်ကို ကျွန်မတို့နားလည်ကြရ မည်။ ကစော်မပေါက်သော စပျစ်ရည်ဖြစ်ရမည်။ စပျစ်သီးလတ်လတ်ဆတ် ဆတ်မရနိုင်သည့်တိုင်အောင်သေချာစွာစီမံထားရှိသောစပျစ်သစ်အချဉ်မပေါက် သော အသီးဖြစ်ရမည်ဖြစ်ကြောင်း ဆိုလိုပါသည်။ စပျစ်သီးခြောက်၊ စပျစ် ဖျော်ရည်များဖြစ်သည့်တိုင် စပျစ်သီးအရသာသည် လုံးဝအချဉ်ဓာတ် မပေါက် သော ကောင်းမွန်စွာထားရှိထားသည့် စပျစ်သီးနှင့်ဆိုင်သည့်ပစ္စည်းများ ဖြစ်ရ

ရှေးဦးမြော်လင့်ခြင်း --------လုပ်ဆောင်ချက်

 

မည်။ ပွဲတော်မင်္ဂလာ၌အသုံးပြုသော စပျစ်သီးများမှာ ထိုသို့သော စပျစ်သီး မျိုးဖြစ်ရမည်ဟု ၁၈၆၇ ဂျိမ်းဝှိုက်က သတိပေးထားသည်။ သင်တို့အသုံးပြု သောစပျစ်ရည်ကိုသတိပြုပါ။ အသင်းထောက်များ မိမိတို့ ပြုလုပ်သော စပျစ် ရည်ကို ကောင်းစွာထိန်းသိမ်းထားရှိပါ။ စပျစ်ရည်ကိုမည်သို့ ပြုလုပ်ခဲ့သည်ကို ကောင်းမွန်စွာစုံစမ်းပါ။ လေဟာပြင်မှာထားပြီး ကစော်ပေါက်သော စပျစ်ရည် မဖြစ်ရန် အထူးသတိပြုပါ။

            ဤရေးသားချက်သည် ရှေးဦးမြော်လင့်ခြင်းအသင်းတော်၏ လုပ်ဆောင် ချက်နှင့် အသင်းထောက်များတို့၏ တာဝန်ကို ညွှန်ပြထားပါသည်။ စပျစ်ရည်ကို မည်သို့မည်ပုံစီမံပြီး သန့်ရှင်းသောပွဲတော်မင်္ဂလာအတွက် မည်သို့ ပြင်ဆင်ရမည် ကို အသေအချာစည်းကမ်းချက်ချထား၏။ ပွဲတော်မင်္ဂလာကျင်းပကြသောအခါ ကစော်မပေါက်သော စပျစ်ရည်ကို အသုံးပြုရမည်ဖြစ်ကြောင်းနှင့် ကစော် ပေါက်ပြီးသား စပျစ်သီးများကိုလည်း အသုံးမပြုရန်နှင့် အသင်းထောက်များ ကောင်းစွာသတိပြုရန် ညွှန်ကြားထားပါသည်။ သမ္မာကျမ်းစာအရ- ထိုနည်း တူ၊ သင်းထောက်တို့သည် တည်ကြည်သောသူဖြစ်ရကြမည်။ လျှာနှစ်ခွနှင့်ပြော သောသူ၊ မစင်ကြယ်သောစီးပွားကိုတပ်မက်သောသူမဖြစ်ရကြ (၁တိ ၃း၈) မည်သို့ပင်ဆိုစေ၊ ကျမ်းစာ၌ဖော်ပြသောအချက်သည် အထက်ပါစာပိုဒ် ထက် ရှင်းလင်းပြတ်သားမှုမရှိပါ။ ရှေးဦးမြော်လင့်ခြင်းအသင်းတော်သည် အသင်း ထောက်များကို တိကျသောညွှန်ကြားချက်မှာ လတ်ဆတ်သော စပျစ်ရည်နှင့် မုန့်ကိုသာ အသုံးပြုပြင်ဆင်ရန်သာဖြစ်သည်။ ၎င်းမှာသန့်ရှင်းသော ပွဲတော် မင်္ဂလာကျင်းပရန်အတွက်ဖြစ်သည်။

            အသင်းထောက်များနှင့် ဆက်နွှယ်မှုရှိသော နယ်ပယ်မှာ ရှေးဦးအသင်း တော်မှ မြော်လင့်ခြင်းအသင်းတော်တို့၏ ဆယ်ဖို့တစ်ဖို့အလှူငွေ ကိုင်တွယ်ပုံကို ဆက်လက်ဖော်ပြပေးမည့်စာပိုဒ်မှာ ဆယ်ဖို့တစ်ဖို့နှင့်အလှူတော်ငွေကို အသင်း တော်စာရေးနှင့်အသင်းတော်ဘဏ္ဍာထိန်း၏ လက်သို့အပ်နှံပါရန် ရေးသားထား သော ဘဲတာခရစ် (Battle Creek) အသင်းတော်၏ သဘော တူညီချက်ကို ကွက်ကွက်ကွင်းကွင်းမြင်တွေ့ရသည်။ အယ်လင်ဝှိုက်သည်လည်း ဘဲတာခရစ် အသင်းတော်၏ ဆုံးဖြတ်ချက်ကို သဘောတူခဲ့သည်။ ဆယ်ဖို့တစ်ဖို့နှင့် အလှူ ငွေများကို အသင်းတော်စာရေး သို့မဟုတ် အသင်းတော်ဘဏ္ဍာထိန်း လက်သို့ အပ်ရန် တခြားသော အသင်းတော်ကြီးများ၌လည်း ကျင့်သုံးကြသည်။ အတူတူ လိုက်လျှောက်လာကြသည်။ စိန့်ဟယ်လီနာဆေးရုံအသင်းတော်သည်လည်း ဘဏ္ဍာထိန်းလက်သို့ မိမိတို့၏ ဆယ်ဖို့တစ်ဖို့အားလုံးကို အပ်နှံခဲ့သည်။ ထိုဆယ်ဖို့တစ်ဖို့အားလုံးကို အသင်းတော်ဘဏ္ဍာထိန်းမှတစ်ဆင့် ယူနီယံဥက္ကဌ C.F Mcvagh (စီအက်မဂ္ဂဗေး) ၏လက်ထဲသို့ လွှဲပြောင်းပေးအပ်ပေးသည်။ ထိုသို့ လွှဲပြောင်းပေးအပ်ကြောင်းကို ဥက္ကဌကြီး မဂ္ဂဗေး က တောင်ပိုင်းယူနီယံ ကွန်ဖရင့်ဌာနချုပ်မှ စာအားဖြင့် W. C. White ထံသို့ အောက်တိုဘာလ ၂၄၊ ၁၉၁၂ နေ့တွင် ရေးသားပေးပို့အကြောင်းကြားပြီး အယ်လင်ဝှိုက်၏ အဆိုပြုချက် ကို သက်သေပြထောက်ခံခဲ့သည်။ W. C. White ၏ပြန်လည်တုံ့ပြန်ချက်မှာ-

            လွန်ခဲ့သောအချိန်များမှ ဘဲတာခရစ်အသင်းတော်တိုးတက်ကြီးပွား လာခဲ့ စဉ်မှာ ဆယ်ဖို့တစ်ဖို့ကောက်ခံခြင်းဖြင့် အသင်းတော်တိုးတက်အောင်မြင်လာ ခြင်းပင်ဖြစ်သည်။ ဆယ်ဖို့တစ်ဖို့မကောက်ခံသောအချိန်၌သာမန်လုပ်ရိုးလုပ်စဉ် အတိုင်း အလှူငွေသည် အလွန်နည်းပါးခဲ့ပါသည်။ ဆယ်ဖို့တစ်ဖို့ကို မှန်မှန် ကောက်ခံသောအခါ ငွေကြေးပမာဏမှာ အလွန်တိုးတက်များပြားလာပါသည်။ ယင်းဆယ်ဖို့တစ်ဖို့ကောက်ခံခြင်းသည် အသင်းထောက်တစ်ယောက် ဖြစ်စေ၊ နှစ်ယောက်ဖြစ်စေ၊ သုံးယောက်ဖြစ်စေ တာဝန်ယူလိုက်လံကောက်ခံသွားရန် လိုပါသည်။ ထိုသို့ပြုလုပ်ရန်ကောင်းသည်ဟု အသင်းတော်အုပ်ချုပ် ရေးအဖွဲ့မှာ သဘောတူကြသည်။ ဆယ်ဖို့တစ်ဖို့ထည့်ဝင်သူများအတွက်လည်း စိတ်ဝင်စား သောလုပ်ရပ်တစ်ခုဖြစ်သည်ဟု မြင်ကြသည်။ ကွန်ဖရင့်အသင်းတော်အတွက် လည်း စိတ်ဝင်စားကြသည်။ သစ္စာရှိသော ဆယ်ဖို့တစ်ဖို့ကောက်ခံသူတို့သည် အချိန်မှန်မှန် သွားရောက်ကောက်ခံခြင်းဖြင့် မှန်ကန်သောဆယ်ဖို့ တစ်ဖို့၏ ပမာဏကို ရရှိနိုင်သည်။ ယင်းအစီအစဉ်၏ အကြောင်းရင်းကို မိဘတို့၏ ရှေ့ မှောက်၌ပြုလုပ်ပြီး သူတို့၏ သားသမီးများကို စိတ်ပါလက်ပါ စိတ်အကြွင်းမဲ့ အားပေးတိုက်တွန်းစေရပါမည်။ (Ibid).

            ယင်းနောက်မှာ ဆက်လက်ပြီး ဆယ်ဖို့တစ်ဖို့နှင့်သက်ဆိုင်သော အဆိုပြု ချက်တစ်ခုကို အသင်းထောက်များ၏ တာဝန်နှင့်သက်ဆိုင်ကြောင်း အဆိုပြု

ရှေးဦးမြော်လင့်ခြင်း --------လုပ်ဆောင်ချက်

 

ထားပါသည်။ ယခုအဆိုပြုချက်၏ ရည်ရွယ်ချက်မှာ အလှူငွေကို မည်သည့် နေရာမှာထားရမည်ဟု အတည်ပြုသော အဆိုဖြစ်သည်။ ဘဏ္ဍာတိုက်ဟု ဆို သောနေရာသည် မည်သည့်နေရာဖြစ်ကြောင်းကို အတည်ပြုထားပါသည်။

            မေးခွန်းထုတ်စရာပင်မလိုသော အယ်လင်ဝှိုက်၏ ရေးသားချက်မှာ အလွန်တိကျပြတ်သားလှပါသည်။ ဘဏ္ဍာတိုက်ဟုဆိုရာ၌ အသင်းတော်၏ ဘဏ္ဍာထားရာနေရာဟု အတိအကျရေးသားထားပါသည်။ သူမ၏ စိတ်ထဲ၌ အသင်းတော်ဘဏ္ဍာရေးဌာနသည် ဘုရားရှင်၏ ဘဏ္ဍာတိုက်ဖြစ်ကြောင်း မာလခိ () ကိုအခြေပြုပြီး လုံးဝပင်သူမယုံကြည်သည်။ ဘဏ္ဍာရေးဌာနနှင့် ဘဏ္ဍာတိုက်ကို သူမ၏အရေးအသားများတွင် အဓိပ္ပါယ်တူညီစွာ သုံးစွဲထားပါ သည်။ သူမ၏ရေးသားချက်မှာ- များစွာသော ကွန်ဖရင့်ဥက္ကဌတို့သည် မိမိတို့၏ အလုပ်ကို ကောင်းစွာအလေးမထားကြပါ။ အသင်းလူကြီးနှင့်အသင်းထောက် များ သစ္စာရှိစွာ မိမိတို့၏အလုပ်ကို လုပ်ကိုင်ဆောင်ရွက်စေပြီး ဆယ်ဖို့တစ်ဖို့ကို သစ္စာရှိစွာ ဘဏ္ဍာရေးဌာနသို့ ယူဆောင်လာကြောင်းကို မြင်တွေ့နေကြရန် လိုအပ်ပါသည်။ (Ibid)

အဓိကအချက်နှစ်ချက်ကို နိဂုံးချုပ်ရသော်၊ ရှေးဦးမြော်လင့်ခြင်းအသင်း တော်မှ အသင်းထောက်များသည် အသင်းသူအသင်းသားများထံမှ ဆယ်ဖို့ တစ်ဖို့ကို ကောက်ခံခဲ့ကြသည်။ ဂျိမ်းဝှိုက်မကွယ်လွန်မီ ၁၈၈၁ မှာပင် အသင်း ထောက်များတို့သည် ဆယ်ဖို့တစ်ဖို့ကို လိုက်လံစုသိမ်းပြီး၊ ကြီးသောအသင်း တော် ဘဲတာခရစ်ကဲ့သို့အသင်းတော်ကြီးများမှာပင် အသင်းထောက်များ ဆယ်ဖို့တစ်ဖို့ကို လိုက်လံစုသိမ်းပြီး ဘဏ္ဍာရေးဌာနသို့အပ်နှံခဲ့သည်။ W.C. White ရေးသားချက်အရ- C. F Mcvagh ရေးသားထားသောစာမှာ၊ အသင်း တော်ငယ်များသည် ဘဏ္ဍာရေးမှူးခန့်ထားခြင်းကို မပြုလုပ်ကြပါ။ ထိုကြောင့် အသင်းထောက်များက ဆယ်ဖို့တစ်ဖို့ကို စုသိမ်းပြီး ဘဏ္ဍာစိုးတစ်ဦး ကဲ့သို့ အသင်းတော်ငယ်များအတွက် လုပ်ဆောင်နေရသည်။

နောက်ဆုံးတစ်ခုအနေဖြင့်၊ အသင်းထောက်များသည် အမှုတော်၏ နယ်ပယ်တွင် မြော်လင့်ခြင်းအသင်းတော်မှ လက်တင်ခြင်းမင်္ဂလာကိုခံယူခဲ့ကြ သည်။ ထိုအဆိုကို အာသာ (အင်န်) ပက်ထရစ်က ထပ်မံဖြည့်စွက်ထားသည်။ အာသာအင်န်ပက်ထရစ်သည် အဗွန်ဒေးကောလိပ်ကျောင်းမှ မော်ကွန်းထိန်းကြီးတစ်ဦးဖြစ်သည်။ သြစတြေးလျနိုင်ငံတွင်နေထိုင် သည်။ သူ၏ အဆိုအရမှာ၊ အသင်းထောက်နှင့်အသင်းထောက်မယ်အားလုံးသည် လက်တင်ရရှိခဲ့ကြသော မြော်လင့်ခြင်းအသင်းသူအသင်းသားများဖြစ်ကြသည်။

ဇွန် ၂၄၊ ၁၈၉၉ အာ့ရှဖီး (Ashfield)” အသင်းတော်၊ ဆစ်(ဒ်)နီမြို့၌ ဂျီအက်ဖ်ဂွတ်မင်းကို အသင်းလူကြီးအဖြစ်ရွေးချယ်ခဲ့သည်။ အသင်းတော် မှတ်တမ်းအရ ရေးသားထားချက်မှာ၊ သူ၏ ခေါင်းပေါ်သို့လက်တင်ပြီး သိက္ခာ တင်ပေးခဲ့သည်။ မြော်လင့်ခြင်းအသင်းတော်သည် ထိုအချိန်ကပင်လက်တင် ပြီး ဘိသိက်သိက္ခာတင်ခြင်းအကြောင်းကို သဘောပေါက်ပြီးသားဖြစ်သည်။

မည်သို့သောခေါင်းဆောင်မျိုးသည် လက်တင်ခံရန် သင့်လျော်ပါသနည်း။ တစ်ဖန် အာရှဖီး အသင်းတော်၏စည်းဝေးမှတ်တမ်းမှာ၊ အဆိုပြုချက် နှစ်ရပ် မှ ကျွန်ုပ်တို့ကို အဖြေပေးခဲ့ပါသည်။ သြဂုတ် ၁၀၊ ၁၈၉၅ စည်းဝေးတွင် ရွေးချယ် တင်မြှောက်ရေးအဖွဲ့မှ အစီရင်ခံစာကို တင်ပြခဲ့သည်။ ထိုအစီရင်ခံစာအရ၊ ချက်ချင်းပင် ရွေးချယ်တင်မြှောက်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ပြီးသည် နောက် အရွေးချယ်ခံရသူတို့ကို ရှေ့သို့ခေါ်ပြီး ဆရာကြီး ကောလိ နှင့်ဆရာကြီး မက်ခူးလာ တို့က အသင်းလူကြီး၊ အသင်းထောက်များနှင့် အသင်းထောက် မယ်များတို့၏ခေါင်းပေါ်သို့လက်တင်ပြီး ဆုတောင်းပေးခဲ့ကြသည်။

ဥပုသ်နေ့ ဇန်နဝါရီ ၆၊ ၁၉၀၀ ဥပုသ်စာဖြေကျောင်းအစီအစဉ်တွင် ဒဗလျူ  စီဝိုက်သည် တစ်နှစ်တာအတွက်အမှုတော်ဆောင်ရွက်ရန် အရွေးချယ်ခံရသော အသင်းလူကြီး၊ အသင်းထောက်နှင့်အသင်းထောက်မယ်များကို အလုပ် တာဝန် မစတင်မီ လက်တင်ပြီးဆုတောင်းပေးပြန်သည်။

ဒဗလျူစီဝိုက်၏မှတ်စုစာအုပ်ထဲမှ ထိုနေ့စွဲအတိုင်း အာရှဖီး အသင်း တော်မှာပြုလုပ်ခဲ့သောအရာများကို ရေးသားထားကြောင်းတွေ့ရသည်။ လွန်ခဲ့ သောအပတ်၌ အမှုတော်ဆောင်အသစ်များကို ရွေးချယ်တင်မြှောက်ခဲ့ပြီးဖြစ် သည်။ (၂၅) ဦးတက်ရောက်လာခဲ့သည့်အထဲ၌ ဂျေဟင်းစန်ကို အသင်းလူကြီး၊ သော့စ်ပက်ချင်းကို အသင်းထောက်နှင့် ဘရန်နီရိန်းနှင့်ပက်ချင်းကို အသင်း ထောက်မယ်များအဖြစ်ရွေးချယ်ခဲ့သည်။ (Ibid).

ရှေးဦးမြော်လင့်ခြင်း --------လုပ်ဆောင်ချက်

 

ရေးသားမှတ်တမ်းပြုခဲ့သောစာများအရ၊ ရှေးဦးမြော်လင့်ခြင်းအသင်းတော် ရာဇဝင်တွင် အသင်းထောက်နှင့် အသင်းထောက်မယ်များကို လက်တင်ပေး ဆုတောင်းပေးခဲ့ကြသည်။

လက်တင်မင်္ဂလာနှင့်ပတ်သက်၍အမျိုးသမီးအသင်းထောက်ကိုလက်တင်ပေးခြင်း မည်သည့်နေရာ၌ဖြစ်ခဲ့သနည်း။ ဗွိုင်မီစတာက အခြေအနေနှစ်ခုကို ဆက်လက်တင်ပြထားပါသည်။ တစ်ခုမှာ ဖေဖေါ်ဝါရီ သို့မဟုတ် မတ်၊ ၁၉၁၆ ခုနှစ်၌ဖြစ်သည်။ ၁၉၁၆ ခုနှစ်၊ အီးအီးအန်ဒရော့ (E, E, Andross) ပစိဖိတ် ယူနီယံကွန်ဖရင့်၏ ဥက္ကဌဖြစ်ခဲ့စဉ်ကဖြစ်ပြီး နောက်တစ်ခုမှာ ၁၉၂၁ ခုနှစ်တွင် မလေးရှားနိုင်ငံ စာရာဝါး (Sarawah) အသင်းတော် အက်ဖ်အေဒီတာမိုးမှ မမလှီး (Sister Lee) ကို လက်တင်ပေးခဲ့ကြောင်း သက်သေခံသော အချက် များဖြစ်သည်။ (Ibid)

ဒုတိယနှင့်နောက်ဆုံးမှာ ရှေးဦးမြော်လင့်ခြင်းအသင်းတော်၏ အသင်း ထောက်မယ်များလုပ်ဆောင်သောအမှုတော်နယ်ပယ်တစ်ခွင်မှာ မမဝှိုက်မှ သူမ တို့၏ အလုပ်တာဝန်ကို အတိုချုံးဖော်ပြထားသည်။ လက်တင်မင်္ဂလာရလိုက် ကြောင်း ထောက်ခံထားပါသည်။ ထိုအကြောင်းကို (Review and Harald) ဇူလိုင် ၉၊ ၁၈၉၅ ခုနှစ်၌ ဤသို့အောက်ပါအတိုင်းရေးသားထားသည်။

ဘုရားသခင်၏ အမှုတော်၌ ဆက်ကပ်လိုစိတ်ရှိသော အမျိုးသမီးများ သည် ဖျားနာသူများထံ လည်ပတ်ရန် ခန့်ထားပေးရမည်။ ငယ်ရွယ်သူများကို ပြုစုခြင်း၊ လိုအပ်နေသောဆင်းရဲသားများတို့ကို ကူညီမစခြင်းအခွင့်ကိုပြုရမည်။ ထိုအလုပ်များကိုလုပ်ဆောင်နေစဉ် လက်တင်၍ ဆုတောင်းခြင်းကို ပြုလုပ်ရ မည်။ တချို့ကိစ္စများတို့တွင် အသင်းတော်ခေါင်းဆောင်များ အမှုတော်ဆောင် ကြီးများနှင့်တွေ့ပြီး အကြံဉာဏ်တောင်းခံရမည်။ သို့သော် ဆက်ကပ်မှုရှိသော အမျိုးသမီးများဖြစ်လျှင်၊ ဘုရားရှင်နှင့် ဆက်သွယ်မှုပြုပြီး အသင်းတော်၌ ကောင်းသော သြဇာအာဏာကို ရရှိပိုင်ဆိုင်ခွင့်ရှိသည်။ ၎င်းသည် တစ်ဖက်တစ် လမ်းမှအသင်းတော်နှင့်အမှုတော်ကို ပါဝင်အားဖြည့်ခြင်းပင်ဖြစ်သည်။ (E, G White, “Deaconess" CD, ROM).

ရှေးဦးမြော်လင့်ခြင်းအသင်းတော်၏ အသင်းထောက်မယ်များကို လက် တင်ပေးခြင်းကိစ္စနှင့်စပ်လျဉ်း၍ မည်သို့ရပ်တန့်သွားသည်ကို မှတ်သားထားရန် လိုအပ်နေသည်။ ၁၉၁၄ ခုနှစ်၊ အသင်းတော်ထုတ် အသင်းတော်ခေါင်းဆောင်မှု သတင်းစာ ဒီဇင်ဘာလထုတ်၌ အသင်းလူကြီးနှင့်အသင်းထောက်ကို လက်တင် ပေးရန် ရေးသားထားသော်လည်း အသင်းထောက်မယ်ကို လက်တင်ပေးခြင်း အကြောင်း ဘာတစ်ခုမျှမတင်ပြထားပါ။ ၁၉၃၂ ခုနှစ်ထုတ် မြော်လင့်ခြင်း အသင်းတော်လက်စွဲစာအုပ် ပထမဦးဆုံး ထုတ်ဝေသောအခါ ကနဦးဓမ္မသစ် ခေတ်မှ အသင်းထောက်မယ်တို့၏ ကဏ္ဍကို မှတ်ချက်ပေးခဲ့သကဲ့သို့ နောက်ပိုင်း ၁၉၈၆ ခုနှစ်အထိ ထည့်သွင်းထားသည်။ အမျိုးသမီးလက်တင်ပေးခြင်းကို အသင်းတော်အဖွဲ့အစည်းမှ ထိုအမျိုးသမီးလက်တင်ခြင်းကို မကျင့်သုံးခဲ့ပါ။ (Deaconess in the Church, p. 23, 1990) ခုနှစ်ထုတ် အသင်းထောက်လက်စွဲ စာအုပ်ကိုထုတ်ဝေသောအခါ၊ အမျိုးသမီးများကို လက်တင်ပေးခြင်းအကြောင်း လုံးဝမပါရှိတော့ပါ။ (Ibid). ၂၀၀၅ ခုနှစ် အသင်းတော်လက်စွဲစာအုပ်၏ မှတ်တမ်းအရ၊ ထိုအမျိုးသမီးလက်တင်ခြင်းကိစ္စကို (၅၉) ကြိမ်မြောက် မြော်လင့်ခြင်းအသင်းတော်၏ ကမ္ဘာ့ညီလာခံကျင်းပသည့်အချိန်အထိ မကျင့် သုံးပါဟု မှတ်တမ်းပြုထားသည်။ ယင်းညီလာခံကို ဇွန်လ ၂၄ ရက်မှ ဇူလိုင် () ရက်၊ ၂ဝ၁ဝ ခုနှစ်၊ ဂျော်ဂျီယာနယ် အန္တလန္တာမြို့၌ကျင်းပခဲ့သည်။ ၂ဝဝ၅ ခုနှစ် အသင်းတော်လက်စွဲစာအုပ်၏မှတ်တမ်းမှာ အသင်းတော်သည် အသင်းထောက် မယ်များကိုလက်တင်ပေးရန်စီစဉ်ပြီး လက်တင်ရဓမ္မဆရာများ ကိုင်ဆောင်ထား သော အမြင့်ဆုံးသာသနာပြုအမှုတော်ဆောင်အဆင့်ကို သင့်လျော်သလို စီစဉ် ပေးရမည်။ (General Conference of Seventh-day Adventists 2005 Church Manual, p. 58). (၅၉) ကြိမ်မြောက် ကမ္ဘာ့ညီလာခံ၌ ကိုယ်စားလှယ်များတို့ သည် အသင်းထောက်များကို လက်တင်ပေးနိုင်သည်နည်းတူ အသင်းထောက် မယ်များကိုလည်း လက်တင်ပေးသင့်ကြောင်း သဘောတူဆုံးဖြတ်ခဲ့ကြသည်။ (Sixth Business Meeting, July 5, 2010).

အယ်လင်ဝှိုက်မှ အသင်းထောက်မယ်၏ တာဝန်နှင့်ပတ်သက်ပြီး များစွာ မပြောခဲ့သော်လည်း အသင်းထောက်များသည် အသင်းအုပ်သာသနာပြု ဆရာ

ရှေးဦးမြော်လင့်ခြင်း --------လုပ်ဆောင်ချက်

 

ကြီးများကဲ့သို့ ဖြစ်သင့်ကြောင်း အသင်းလူကြီးတစ်ဦးကဲ့သို့မဟုတ်ဘဲ လက်တင် ရဓမ္မဆရာကဲ့သို့ဖြစ်သင့်ကြောင်း စက်တင်ဘာ၊ ၁၉ဝ၂ အေတီဂျိန်းထံ စာရေး သားပေးပို့ရာ၌ အပြစ်တင်ထားသည်ကို တွေ့ရသည်။အမျိုးသမီးများ၏ တင်ပြလာသော အခက်အခဲကိုနားထောင်ပေးပါ။ ဒုက္ခနဲ့ရင်ဆိုင်ရတဲ့ မိန်းမ တစ်ယောက် သင့်ဆီကိုရောက်လာလျှင် သူမကိုရှင်းရှင်း လင်းလင်းဘဲပြော လိုက်ပါ။ အသင်းထောက်မယ်များဆီသို့ သွားစေပြီး သူမ၏ ပြဿနာကို ဆွေးနွေးတင်ပြခိုင်းပါ။ (ဗွိုင်မီစတာ - Deaconess in the Church, p.22). ရှေးမြော်လင့်ခြင်းအသင်းတော်၏ အသင်းထောက်နှင့်အသင်းထောက်မယ်များ လုပ်ဆောင်ရသောတာဝန်ကို ဆက်လက်ဖော်ပြရာ၌-

၁၈၆၅ ခုနှစ်အစောပိုင်းကာလများတွင် ဂျိုးဇက်ဖရိစဘီ သည် အသင်း တော်၌ အသင်းထောက်မယ်တို့၏ အလုပ်ကို ရေးသားထားသည်။ သူသည် တမန်တော်အခန်းကြီး မှရွေးချယ်ခဲ့သော အသင်းထောက်ခုနစ်ဦး အကြောင်း နှင့် ဖိဗေ(ရောမ ၁၆း၁) အကြောင်းကို ရေးသားသောအခါ အစေခံခြင်း၊ ကူညီသူနှင့်လုပ်ဆောင်သူများ၊ တမန်တော်များကို ကူညီလုပ်ဆောင်ပေးသော သူဟု ဘာတစ်ခွန်းမျှမပြောဘဲ လိုအပ်နေသည်ကိုတွေ့လျှင် ကူညီပေးသူများဟု သာရေးသားထားသည်။ ကလာကီ အနက်ဖွင့်ကျမ်းမှရေးသားထားသည်ကို ထောက်သော် အသင်းတော်မှ အသင်းထောက်မယ်များတို့သည် အမျိုးသမီး များ ပြောင်းလဲပြီးဗတ္တိဇံခံယူရန် လုပ်ဆောင်ပေးသူများဖြစ်သည်။ ရေနှစ်ခြင်းခံ ယူရန် အလားအလာရှိနေသူများကို အကြံဉာဏ်ပေးသွန်သင်ရန်၊ ဖျားနာသူ များကို လည်ပတ်ကြည့်ရှုရန်၊ ထောင်ထဲရောက်နေသူများကို လည်ပတ်ရန်၊ အတိုချုံးပြောရလျှင် ဘာသာရေးကို ဦးဆောင်ဦးရွက်ပြုရန်၊ အမျိုးသမီးနှင့် ဆိုင်သော အသင်းတော်အလုပ်အားလုံးကို တခြားအမျိုးသားများ၏ မလုပ် ဆောင်သင့်ဟု လက်ခံထားသောအလုပ်အားလုံးကို လုပ်ဆောင်ရန်ဖြစ်သည်။

ဖရိစဘီ ကဆက်လက်၍... အသင်းထောက်ဖြစ်ဖြစ်၊ အသင်းထောက် မယ်ဖြစ်ဖြစ် အသင်းတော်၌အရည်အချင်းပြည့်မီပြီး သူတို့လုပ်ဆောင်နိုင်သည့် တာဝန်ကိုပေးရန် မသင့်လျော်ဘူးလား။ နောက်ဆုံးအချုပ်ကို သူကပင် အဆုံး သတ်ထားသည်မှာ-

၁။    ဆင်းရဲသားနှင့်နာမကျန်းဖြစ်သူများ၊ မုဆိုးမနှင့်မိဘမဲ့၊ ဆေးကုသရန် ငွေကြေးမတတ်နိုင်သူများကိုကြည့်ရှုရန်

၂။         အသင်းတော်ရံပုံငွေတိုးတက်ရန်နှင့် ငွေကြေးကိုထိန်းသိမ်းရန်

၃။    သန့်ရှင်းသောပွဲတော်ကို ပြင်ဆင်ရန်၊ လတ်ဆတ်သော စပျစ်ရည်ကို ပြင်ဆင်ပေးရန်နှင့်ထိန်းသိမ်းပေးရန်

ဗွိုင်မီစတာသည် သည် ဂျေအိပ်ချ်ဝက်ကနာကို ညွှန်ကြားပြီး၊ ၁၈၇၀ ခုနှစ်၌ အသင်းထောက်၏ရုံးခန်း ဟုအမည်တွင်သောစာအုပ်ကို ပုံနှိပ်ခဲ့သည်။ တမန်တော် ၆း၃ နှင့် ၁တိ ၃း၈-၁၂ အထိအခြေပြုပြီး ဝိညာဉ်ရေး၏ ဝိသေသ အကြောင်းကို ရေးသားထားသည်။ (Ibid)

ဤရေးသားချက်သည် မြော်လင့်ခြင်းအသင်းတော်မှ ရှေးဦးခရစ်ယာန် အသင်းတော်နှင့် လုပ်ဆောင်ချက်ထပ်တူထပ်မျှကိုက်ညီနေကြောင်းကို ဖော်ပြ ထားပါသည်။ အသင်းထောက်နှင့်အသင်းထောက်မယ်တို့၏ ပါဝင်လုပ်ဆောင် ခြင်းကဏ္ဍကို ဖော်ပြထားပါသည်။ သူတို့သည် လိုအပ်နေသူများကိုကူညီရန် လက်တင်ပေးခံရသောသူများဖြစ်ကြသည်။ ဆင်းရဲသား၊ လိုအပ်နေသူများ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်ကြားပေးရန်နှင့် ပွဲတော်မင်္ဂလာကို ပြင်ဆင်ပေးရန် အသင်းတော်၌ပါဝင်ဦးဆောင်ရန် စသည်တို့ဖြစ်သည်။ (Ibid),

 




အခန်း ၅

အခန်း ()

သတ္ထမနေ့မြော်လင့်ခြင်းအသင်းတော်၏အသင်းထောက်များနှင့် အသင်းထောက်မယ်များတို့၏လုပ်ဆောင်ချက်စည်းစနစ်များ

 

နှစ်ပေါင်းဆယ်ဂဏန်းချီပြီး မြောက်အမေရိကတိုက်တစ်ခွင်မှာ ကျွန်တော် အသင်းထောက်နှင့်အသင်းထောက်မယ် သင်တန်းများကို ဦးဆောင်ကျင်းပရ သော အခွင့်အရေးရရှိခဲ့ပါသည်။ ကျွန်တော့်အတွက် မေးစရာမေးခွန်းလေး တစ်ခု စိတ်ထဲဝင်လာသည့်အရာမှာ ဘာကြောင့်မြော်လင့်ခြင်းအသင်းထောက် နှင့်အသင်းလောက်မယ်များကို တိုက်တွန်းအားပေးပြီး သူတို့၏ လုပ်ဆောင် ချက်ကြောင့် အခြားသော ၂၁ ရာစုနှစ်အတွင်းနေထိုင်သည့် ခရစ်ယာန် အသင်း တော်များကို စိတ်အားတက်ကြွလာစေရန် မလုပ်ခဲ့ပါသနည်း။ ဘုရားသခင် သည် ကျွန်တော်၏ စိတ်ကိုနှိုးဆော်ပေးပြီး ဝန်ထုပ်တစ်ခုကို ကျွန်တော့်အပေါ် တင်ပေးကာ ထိုအဖြေကိုရှာရန် နှိုးဆော်ပေးနေပါသည်။ ထိုအတွက်ကြောင့် ကျွန်တော်ဘွဲ့လွန်တန်း စာတန်းပြုစီမံကိန်းကို ယင်းအကြောင်းနှင့် ပတ်သက် ပြီး ရွေးချယ်လေ့လာခဲ့ပါသည်။

ကျွန်တော်အသင်းတော်ကိုကြည့်ရှုရင်း အချိန်လေးနှစ်တာကိုအသုံးပြုကာ ယင်းစီမံကိန်းကို လေ့လာရှာဖွေမှတ်တမ်းပြုခဲ့သည်။ လေ့လာမှု၏အစပိုင်း၌ အသင်းထောက်နှင့်အသင်းထောက်မယ်တို့၏ တာဝန်မှာ အသင်းတော်ဆိုင်ရာ ပစ္စည်းများထိန်းသိမ်းခြင်း၊ အလှူငွေကောက်ခြင်း၊ ရေနှစ်ခြင်းခံရာ အစီအစဉ်၌ ကူညီခြင်း၊ ပွဲတော်မင်္ဂလာကျင်းပရာ၌ကူညီခြင်းသာလျှင် တာဝန်ရှိသည်ဟု ထင်ခဲ့မိသည်။ အသင်းသူအသင်းသားများက ထိုတာဝန်များကို ဝိုင်းဝန်းကူညီ လုပ်ဆောင်နေသည့်တိုင် လူအများ၏အတွေးထဲ၌ ထိုသို့သာ စွဲနေပြီး မပြောင်း လဲနိုင်ရှိနေပါသည်။ ကျွန်တော်၏ လေ့လာမှုအရေးကြီးဆုံး အပိုင်းမှာ အသင်း ထောက်နှင့်အသင်းထောက်မယ်များတို့၏ လုပ်ဆောင်ရမည့် တာဝန်သည် ကျမ်းစာအရမည်သို့ ဖော်ပြထားကြောင်းကို တင်ပြရန်ပင်ဖြစ်သည်။ ဤသို့ဖြင့် အမှုတော်၌ပါဝင်ရမည့် ၎င်းတို့၏ကဏ္ဍမှာ၊ သင်တန်းများကို ပြင်ဆင်ပေးခြင်း၊ လိုအပ်သောပစ္စည်းများ ရှာဖွေပြင်ဆင်ခြင်း၊ ကူညီထောက်မခြင်း၊ အားပေးကူညီ ခြင်းတို့ဖြစ်ကြသည်။ အချုပ်အားဖြင့်ဆိုရသော်၊ အသင်းထောက်နှင့် အသင်း ထောက်မယ်တို့၏တာဝန်သည် ခက်ခဲနက်နဲလှသည့် စိတ်နေစိတ်ထား သဘော ကို ပြောင်းလဲပစ်ရန်လိုသည်။ အသင်းထောက်နှင့်အသင်းထောက်မယ်များတို့ သည် အသင်းတော်ခေါင်းဆောင်များနှင့်လက်တွဲ၍ မြော်လင့်ခြင်းအသင်းတော် ၏အမှုတော်လုပ်ဆောင်ချက်ကို ထိရောက်စွာ လုပ်ဆောင်ခဲ့ကြပါသည်။

ယခုလေ့လာနေသောအခန်း () ၏ရှာဖွေတွေ့ရှိချက်အရ၊ အယ်လင်ဝှိုက်မှ မတူညီသောရှုထောင့်အမျိုးမျိုးဖြင့် ရေးသားတင်ပြထားသည်ကို ဖတ်ရှုလေ့လာ ရသည်။ အသင်းထောက်ဆိုသောစကားကို (၁၅) ကြိမ်ဖော်ပြထားသည်။ (၁၅) ကြိမ်အထဲမှ ()ကြိမ်သာ ရှေးဦးမြော်လင့်ခြင်းအသင်းတော်၏ အမှုတော်ဆောင် ခြင်းကဏ္ဍနှင့် သက်ဆိုင်ပါသည်။ တစ်ကြိမ်မှာ ပွဲတော်မင်္ဂလာနှင့်ဆိုင်ပြီး မည်သည့်သန့်ရှင်းလတ်ဆတ်သော စပျစ်ရည်မျိုးကို သုံးရန်၊ ယင်းနောက် () ကြိမ်မှာ ဆယ်ဖို့တစ်ဖို့ကို ကိုင်တွယ်ထိန်းသိမ်းခြင်း၊ နောက်ဆုံးတစ်ကြိမ်မှာ လက်တင်မင်္ဂလာပေးခြင်းနှင့်ဆိုင်သော ရေးသားချက်ကိုတွေ့ရှိရသည်။ အသင်း ထောက်မယ်ဆိုသောစကားကို အယ်လင်ဝှိုက်က (၁၈) ကြိမ် ရည်ညွှန်းရေးသား ထားပြီး၊ () ကြိမ်သာ အမှုတော်နှင့်ပတ်သက်ပြီး ရှေးဦးမြော်လင့်ခြင်းအသင်း တော်၏ ပါဝင်လုပ်ဆောင်မှုကဏ္ဍ၌ မှတ်တမ်းပြုထားပါသည်။ () ကြိမ်မှာ၊ အသင်းထောက်နှင့် အသင်းထောက်မယ်များကို လက်တင်မင်္ဂလာပေးခြင်း အကြောင်း ဖော်ညွှန်းထားသည်။ ထိုနောက်တစ်ကြိမ်မှာ တာဝန်ဝတ္တရား ဆောင်ရွက်ရန်နှင့်ဆိုင်သော လူနာကို လည်ပတ်ကြည့်ရှုခြင်း၊ ငယ်ရွယ်သူများ ကို ထိန်းသိမ်းခြင်း၊ ဆင်းရဲသားများကို ကူညီမစပေးခြင်းဖြင့် အမှုတော် ဆောင်ရွက်ရန် ရေးသားထားသည်။

ရှေးဦးသတ္တမနေ့မြော်လင့်ခြင်းအသင်းတော်အစပြုခဲ့စဉ်က အယ်လင်ဝှိုက် သည် အသင်းထောက်နှင့်အသင်းထောက်မယ်အကြောင်းကို ဖော်ပြခြင်းအလွန် နည်းလှသည်။ ၁၈၆၀ ပတ်ဝန်းကျင်နှစ်များတွင် ဆရာကြီး ဂျိုးဇက်ဖရိစဘီနှင့် ဆရာကြီးဂျေအိပ်ချ်ဝက်ဂနာတို့ ရေးသားဖော်ပြချက်အတိုင်း ခရစ်သက္ကရာဇ် ပထမရာစုနှစ်အတွင်းမှ စတည်ထောင်ခဲ့သော ခရစ်ယာန်အသင်းတော်များ ကဲ့သို့မဟုတ်တော့ဘဲ တဖြည်းဖြည်းအသင်းထောက်နှင့် အသင်းထောက်မယ်

သတ္ထမနေ့မြော်လင့်ခြင်း ----လုပ်ဆောင်ချက်စည်းစနစ်များ

 

များ၏ တာဝန်ပေးလုပ်ဆောင်စေမှု အခန်းကဏ္ဍမှာ တဖြည်းဖြည်းလျော့ပါး လာတော့သည်။

မြော်လင့်ခြင်းအသင်းသားများအားလုံးပါဝင်လုပ်ဆောင်ကြရမည့် အသင်း တော်လုပ်ငန်းများကို အသင်းတော်မှဌာနများဖွင့်ပြီး သီးသန့်လုပ်ဆောင်လာ ကြသည်။ ဥပမာ- ကိုယ်စီသာသနာပြုခြင်း၊ ဒေါ်ကာအဖွဲ့၊ မြော်လင့်ခြင်း အသင်း တော် ပတ်ဝန်းကျင်လူမှုစောင့်ရှောက်ရေးစသည်တို့ဖြင့် အစားထိုးဝင်ရောက် လာသည်။ ထိုကဲ့သို့လုပ်ဆောင်လာခြင်းကြောင့် တက်ကြွလှုပ်ရှားသော အသင်း ထောက်နှင့်အသင်းထောက်မယ်တချို့မှာ အနည်ထိုင်သွားကြရသည်။ ထိုသို့ အသင်းတော်ခေါင်းဆောင်ကြီးများသည် ဌာနအသီးအသီးဖွင့်ပြီး အမှုတော်ကို ကျယ်ပြန့်အောင် လုပ်ဆောင်စေခြင်းသည် သာသနာပြုခြင်းအဆင့်ကို လျော့ကျ စေပါသည်။ အောက်ပါစာပိုဒ်မှာ ဌာနဖွင့်ပြီးအမှုတော်လုပ်ဆောင်ခြင်း၏ မိတ် ဆက်နိဒါန်းပျိုးစကားဖြစ်သည်။

ကိုယ်စီကိုယ်င သာသနာလုပ်ဆောင်ရန်ဌာနသည် ကနဦးသတ္တမနေ့ မြော်လင့်ခြင်းအသင်းတော်၏ ၁၈၆၀ ခုနှစ်ပိုင်းက လုပ်ဆောင်ခဲ့သောပုံစံကို နဂိုမူရင်းအတိုင်း ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။ ဝိညာဉ်ရေး၌ တိုက် တွန်း၊ အားပေး၊ သွန်သင်ပေးခြင်းဖြင့် အသင်းသားများအားလုံးကို အင်အားကြီး သော ခရစ်တော်အမှုဆောင်များဖြစ်စေပါသည်။ ခရစ်တော်၏ အသင်းတော် သည် အစေခံရန်အတွက် ဖွဲ့စည်းတည်ထောင်ထားပါသည်။ (ပျော်ရွှင်ကျန်းမာ ခရစ်ယာန်သာသနာ၊ စာ ၁၄၈) ဘုရားရှင်၏ သားသမီးတိုင်းကို အမှုတော် ဆောင်ရန်အတွက် ခေါ်ဖိတ်နေပါသည်။ ကျွန်ုပ်တို့သည် ဘုရားအတွက် အမှု တော်ဆောင်ရန်နှင့် လူသားအချင်းချင်းကူညီယိုင်းပင်းပေးရန် ခေါ်ဖိတ်ခြင်းခံနေ ရသည်။ (ပျော်ရွှင်ကျန်းမာခရစ်ယာန်သာသနာ၊ စာ ၃၉၅)

ဒေါ်ကာအဖွဲ့နှင့်မြော်လင့်ခြင်း၏ ပတ်ဝန်းကျင် လူမှုကယ်ဆယ်ရေး၏ ရေးသားထားသောမှတ်ချက်မှာ-

ကမ္ဘာ့ဌာနချုပ်၏မှတ်တမ်းအရ၊ ဒေါ်ကာအဖွဲ့အစည်းကို နောက်ပိုင်း (ACS) မြော်လင့်ခြင်းအသင်းတော်၏ ပတ်ဝန်းကျင်လူမှုကယ်ဆယ်ရေးအဖွဲ့အဖြစ် ပြန် လည်ဖွဲ့စည်းခဲ့သည်။ အိမ်တွင်းသာသနာ၊ သာမန်အသင်းသား အမှုဆောင်နှင့် ကိုယ်စီကိုယ်ငသာသနာလုပ်ငန်းဌာနများတို့၏ အောက်သို့ ရောက်ရှိသွားသည်။ ကိုယ်ကျိုးမငဲ့ သာသနာပြုခြင်းကို ၁၈၇၉ ခုနှစ်၌စတင်ခဲ့သည်။ ထုံးစံအရ၊ ဒေါ်ကာအဖွဲ့သည် အစားအစာ၊ အဝတ်အထည်များ စုပြီး ဆင်းရဲသားများကို ကူညီခဲ့သည်။ ယခုမှာ မြော်လင့်ခြင်းပတ်ဝန်းကျင် လူမှုကူညီရေးဌာန၏ အစိတ် အပိုင်းတစ်ခုမျှသာ ကျန်ရစ်နေပါသည်။ (ACS) မြော်လင့်ခြင်းပတ်ဝန်းကျင် ကူညီစောင့်ရှောက်ရေးဌာနအနေဖြင့် အခြားအခြားသော ကယ်ဆယ်ရေး စောင့် ရှောက်ရေးများကိုလည်း လုပ်ဆောင်ပေးပါသည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အလုပ်အကိုင်ရှာဖွေပေးခြင်း၊ သင်တန်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေး ခြင်း၊ အသက်ကြီးသူများကို စောင့်ရှောက်ခြင်း၊ မိသားစုဘဝနှင့်အကြံပေးခြင်း၊ အေအိုင်ဒီအက်စ်လူနာများကိုစောင့်ရှောက်ခြင်း၊ ပညာပေးခြင်း အစရှိသည်များ ကို လုပ်ဆောင်နေပါသည်။

ကိုယ်စီသာသနာလုပ်ဆောင်မှုဌာန၊ ဒေါ်ကာနှင့် မြော်လင့်ခြင်းသာသနာ ပတ်ဝန်းကျင်ကူညီစောင့်ရှောက်ရေးဌာနနှင့် အခြားသော အသင်းတော်မှ ဖွင့် လှစ်ထားသောဌာနအားလုံးသည် မိမိတို့ကဏ္ဍအလိုက် အလွန်ကောင်းသော လုပ်ဆောင်ချက်များဖြစ်သည်။ ဌာနများကိုဖျက်သိမ်းပစ်ရန် ကျွန်တော်မဆိုလို ပါ။ အသင်းထောက်နှင့်အသင်းထောက်မယ်များတို့၏ လုပ်ဆောင်မှု အားလုံးကို မထိခိုက်စေချင်ပါ။ ဌာနအားလုံးက ဝိညာဉ်ရေးအောင်မြင်ဖို့ရန် လုပ်ဆောင်နေ ကြသည်။

ဝိညာဉ်တော်က ခေါ်တော်မူသော အသင်းထောက်မယ်၏ လုပ်ဆောင် ချက်ကိုအရေးမစိုက်၊ ဘုရားရှင်ကိုယ်တော်တိုင် ဘိသိက်ပေးထားသော အသင်း တော်၏ လုပ်ဆောင်မှုများနှစ်ရာနှင့်ချီပြီး အမျိုးသမီးတို့၏ လုပ်ဆောင်မှုကို ရပ်စဲထားနေသကဲ့သို့ရှိနေသည်။ အမျိုးသမီးအသင်းလူကြီးနှင့် အမျိုးသမီးဓမ္မ ဆရာမကြီးများကို ဘိသိက်ပေး၊ လက်တင်ပေးခြင်းအကြောင်းကိုလည်း တလွဲ အသုံးပြုပြီး အယ်လင်ဝှိုက်ရေးသားထားသောအချက်ကို လျစ်လျူရှုထားကြ သည်။ ၁၈၉၅ ခုနှစ်က အယ်လင်ဝှိုက်က အသင်းထောက်မယ်တို့၏ ရာထူးကို ကူညီမြှင့်တင်ပေးပါ။ လက်တင်ပေးခြင်းကိုဦးစားပေးပါ။ အခန်း () ၌ဖော်ပြပြီး သော်လည်း ပြန်ပြီးဖော်ပြပေးပါမည်။

သတ္ထမနေ့မြော်လင့်ခြင်း ----လုပ်ဆောင်ချက်စည်းစနစ်များ

 

 “မိမိကိုယ်ကို ထာဝရဘုရားရှင်၏ အမှုတော်အတွက် ဆက်ကပ်လိုသော အမျိုးသမီးများကို လူနာများထံလည်ပတ်ရသောအခွင့်၊ အားနည်းနေသူများကို ပြုစုရသောအခွင့်၊ လိုအပ်နေသူများကိုကူညီခြင်း၊ ဆင်းရဲသူဆင်းရဲသားများကို ပြုစုရသောအခွင့်ကို ထိုအမျိုးသမီးတို့အား ပေးရမည်။ အမျိုးသမီးများကို လက် တင်ဆုတောင်းစေခြင်းအခွင့်ကို လုပ်ဆောင်ခွင့်ပေးရမည်။ တချို့ကိစ္စများတွင် အသင်းတော်အုပ်ချုပ်ရေးနှင့် ဓမ္မဆရာတို့၏ အကြံပေးခြင်းလိုအပ်လိမ့်မည်။ သို့သော် သူမသည် အမှန်တကယ်ဘုရားသခင်ကို ဆက်ကပ်သောသူဖြစ်လျှင် ဘုရားသခင်ထံမှ ခွန်အားရရှိပြီး အသင်းတော်အတွင်း ကောင်းသော ခွန်အားကို ဖြစ်စေလိမ့်မည်။ ၎င်းသည် အသင်းတော်နှင့် အမှုတော်အတွက် ခွန်အားနှင့် ကောင်းချီးကိုဖြစ်စေသောနည်းပင်ဖြစ်သည်။

ဆက်လက်၍ အယ်လင်ဝှိုက်၏ ရေးသားချက်ကို အလွဲသုံးကာ အမျိုးသမီး များအားလက်တင်ပေးရန် အကြံပေးထားခြင်းနှင့်ပတ်သက်ပြီး စင်မြူရယ်ကိုရန် တင်-ပိပင်းက ဤသို့ ချေပပြောဆိုထားပါသည်။

အမျိုးသမီးများကို အမှုတော်၌ လက်တင်ပေးရာထူးခန့်ထားခြင်းအပေါ် ရေးသားထားသောအချက်သည် အယ်လင်ဝှိုက်က ၁၈၉၅ ရေးသားထားခြင်း ဖြစ်သောကြောင့် ၁၈၈၁ ခုနှစ်မှစတင်ထားရှိသော ကမ္ဘာ့ဌာနချုပ်အစည်းအဝေး သည် အမျိုးသမီးလက်တင်ပေးခြင်းကိစ္စကို ဆွေးနွေးဆုံးဖြတ်သင့်သည်။ မည်သူများဧဝံဂေလိအမှုတော်၌ ပါဝင်နေခဲ့ကြောင်းနှင့် အယ်လင်ဝှိုက်၏ ၁၈၉၅ ခုနှစ်ရေးသားထားချက်မှာ အမျိုးသမီးများကို ဓမ္မဆရာ သို့မဟုတ် အသင်း လူကြီးရာထူးခန့်ထားရန်မသင့်တော်ကြောင်း ၎င်း၏ ရေးသားချက်စာပိုဒ်မှာပင်

တွေ့မြင်ရပါမည်။

ပိပင်း၏ထင်မြင်ချက်သည် မှန်ကန်ပါသည်။ အယ်လင်ဝှိုက်သည် အမျိုး သမီးများကို ဓမ္မသင်းအုပ်ဆရာနှင့်အသင်းတော်လူကြီးရာထူးခန့်အပ်ရန် ဆိုလို နေခြင်းမဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ အယ်လင်ဝှိုက်ရည်ညွှန်းပြောဆိုထားသော အမျိုးသမီးများသည် မည်ကဲ့သို့သော အမျိုးသမီးမျိုးဖြစ်သည်ကို ကျွန်တော်ရှင်း ပြချင်ပါသည်။ RH ရီဗြူးအဲန်ဟားရယ် စာမူများ၌ အယ်လင်ဂျီဝိုက်သည် အမျိုးသမီးများကို ဓမ္မဆရာ သို့မဟုတ် အသင်းလူကြီး ခန့်အပ်ရန် တောင်းဆို ထားခြင်းအချက်အလက်များ မတွေ့ရပါ။ စာမူရေးသားထားချက်များ၌ အမျိုး သမီးသည် အသင်းတော်၌ အင်အားအရင်းအမြစ်များဖြစ်ကြောင်း ဖော်ပြခြင်း သာဖြစ်သည်။ သူမ၏ ရေးသားချက်မှာ (လူနာများထံ လည်ပတ်သောအခွင့်၊ အားနည်းနေသူများကိုပြုစုရသောအခွင့်၊ လိုအပ်နေသူများကို ကူညီစေခြင်း၊ ဆင်းရဲသူဆင်းရဲသားများကို ပြုစုရသောအခွင့်)သည် အသင်းထောက်မယ်၏ လုပ်ဆောင်ချက်ကို ဆိုလိုပါသည်။ အီးဂျီဝိုက်၏ ကိုယ်ရေးအတွင်းရေးမှူး ခလားရင့်စီခရစ္စလာ က မစ္စစ်ဝှိုက်သေဆုံးသွားပြီး ထိုနှစ်အတွင်းမှာပင် မစ္စစ်ဝှိုက်အနေဖြင့် အမျိုးသမီးများကို ဧဝံဂေလိအမှ တော်ဆောင်အဖြစ်ထက် အသင်းထောက်မယ်အဖြစ် လက်တင်ပေးရန် ရည်ညွှန်းထားကြောင်း ရေးသား မှတ်တမ်းတင်ခဲ့ပါသည်။

အမျိုးသမီးများကို အသင်းလူကြီးအဖြစ်သော်လည်းကောင်း၊ ဓမ္မဆရာ အဖြစ်သော်လည်းကောင်း လက်တင်ပေးရေးမပေးရေးကိစ္စထက် ဤစာအုပ်မှာ အသင်းထောက်မယ်များကို တန်ဖိုးထားပြုစုမွေးထုတ်ရန်သာ တင်ပြဆွေးနွေး ပါမည်။ မစ္စစ်ဝှိုက်မှ အသင်းထောက်မယ်များကို ဘိသိက်ပေးလက်တင်ပေးရန် ထင်ထင်ရှားရှားဖော်ပြသော်လည်း ယခုမှာ လုပ်ဆောင်ခြင်းမပြုကြချေ။ အမျိုး သမီးအသင်းလူကြီးနှင့်အမျိုးသမီးဓမ္မသင်းအုပ်ဆရာအတွက် လက်တင်မင်္ဂလာ ပေးခြင်းအပေါ် မစ္စစ်ဝှိုက်မှ ပြတ်ပြတ်သားသား၊ ပေါ်ပေါ်လွင်လွင် ရေးသားချက် များမရှိသည့်တိုင် ယခုအသင်းထောက်မယ်များအလုပ်ကို မြှင့်တင်ပေးခြင်း၊ အားပေးခြင်းကိစ္စမှာ လွဲမှားနေသောကြောင့် အမျိုးသမီးအသင်း လူကြီးနှင့် အမျိုးသမီးအသင်းအုပ်များဖြစ်လာဖို့ရန်မှာလည်း အနှောင့်အယှက် ဖြစ်ရသည်။

အချုပ်အားဖြင့်ဆိုရသော် () ရှေးဦးမြော်လင့်ခြင်းအသင်းတော်၏ သမိုင်း တွင် အသင်းထောက်နှင့်အသင်းထောက်မယ်များတို့၏ လုပ်ဆောင်ချက် မှတ် တမ်းထားရှိခြင်း အလွန်ရှားပါးလှပါသည်။ () သာသနာဌာနများ ဖွင့်လှစ်ပြီး အသင်းထောက်၊အသင်းထောက်မယ်တို့လုပ်ဆောင်ရမည့်အလုပ်ကို ဝင်ရောက် လုယူလုပ်ဆောင်နေသည်။()အသင်းထောက်အသင်းထောက်မယ်များ အသင်း တော်ပိုင်ပစ္စည်းကို ထိန်းသိမ်းစောင့်ရှောက်ရန် တားဆီးခံရခြင်း၊ ဆယ်ဖို့တစ်ဖို့ နှင့်အလှူငွေများကောက်ခံခြင်းကို ကန့်သတ်ခံရခြင်း၊ သန့်ရှင်းသော ပွဲတော်နှင့်

သတ္ထမနေ့မြော်လင့်ခြင်း ----လုပ်ဆောင်ချက်စည်းစနစ်များ

 

ရေနှစ်ခြင်းမင်္ဂလာပွဲများ၌ ပါဝင်ခွင့်မရတော့ခြင်း၊ () အသင်းတော်သည် အသင်းထောက်မယ်များကို လက်တင်မင်္ဂလာဆုတောင်းပေးခြင်းကို နှစ်ရာနှင့် ချီပြီးရပ်ဆိုင်းထားပြီး အမျိုးသမီးအသင်းလူကြီးနှင့်ဓမ္မသင်းအုပ်ဆရာ အမျိုး သမီးကို လက်တင်ပေးရန် ဦးစားပေးဆွေးနွေးလျက်ရှိနေကြသည်။ အသင်း တော်မှဆန့်ကျင်ဘက်နှင့်အမြင်မတူသောအကြောင်းများကို ဝိညာဉ်ရေး ခေါင်း ဆောင်ကြီးများထံသို့ တင်ပြကန့်ကွက်ကြသည်။ သို့သော် အရေးယူ လုပ်ဆောင် မှုမျိုးမရှိဘဲ သိက္ခာကျစရာ၊ အသရေပျက်စရာများကို ဆက်လက် လုပ်ဆောင်နေ ကြမြဲဖြစ်သည်။ ထိုအတွက်ကြောင့် မြော်လင့်ခြင်းအသင်းတော်မှ အသင်း ထောက်နှင့်အသင်းထောက်မယ်များသည် အသင်းတော်၏ အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန် အားပေးရန်ခက်ခဲလှပါသည်။ သူတို့သည် အားပေးမြှင့်တင်ခြင်းမခံကြရပါ။ မြော်လင့်ခြင်းသတ္တမနေ့အသင်းတော်သည် ရှေးဦးခရစ်ယာန်များ၏ စံချိန်စံညွှန်းအတိုင်း အသင်းတော်ခေါင်းဆောင်များ ဆင်ခြင်သုံးသပ်ရန်လိုပါသည်။




အခန်း ၆
အခန်း (၆)
ဗိုလ်နေမြဲ၊ ကျားနေမြဲရှိနေခြင်းကို
ပြောင်းလဲပစ်ရန်ထောက်ခံခြင်း
   “မာဂရက်ရှိတလေ” (Margtaret Wheatley) သည် သူမ၏ “ကွန်တွန်သီအိုရီ” (quantum theory) ဖြင့် “ဗိုလ်နေမြဲကျားနေမြဲရှိခြင်း” ကို စိန်ခေါ် ပြောင်းလဲ လိုက်သည်။ ပြောင်းလဲဖို့ရန်အရေးကြီးသော ဥပမာမှာ သူမက စီးဆင်းနေသော စမ်းချောင်းကို ညွှန်ပြသက်သေတည်သည်။ ရေစီးကြောင်း ပြောင်းလဲသွားခြင်း၊ သောင်တစ်ဖက်ထွန်းလာခြင်း၊ အခြားပုံစံသစ်များ ပြောင်းလဲဖြစ် တည်လာခြင်း မှာ ရေ၏ စီးဆင်းခြင်းကြောင့်ဖြစ်သည်။ ၎င်းအချက်ဖြင့် သူမသည် ကျွန်တော် တို့ကိုသတိပေးခြင်းမှာ အမှုတော်သည်နဂိုအတိုင်း ဗိုလ်နေမြဲကျားနေမြဲ ကြိုက် နှစ်သက်နေသူများ၊ ပြောင်းလဲခြင်းမလိုလားသူများကို သတိပေးခြင်းဖြစ်သည်။
အထက်ပါ စကားသည် အသင်းထောက်နှင့် အသင်းထောက်မယ်များ အတွက် လုံလောက်သည့် အထောက်အထားဖြစ်သည်။ မြော်လင့်ခြင်းအသင်း တော်၏ ထုံးစံဓလေ့ယဉ်ကျေးမှုအရ အသင်းတော်ခေါင်းဆောင်ကြီးများသည် အသက်ရှင်စီးဆင်းသော စမ်းချောင်းကဲ့သို့ အသင်းတော်ကို တိုးတက်လှုပ်ရှား စေရန်လိုပါသည်။ အမှုတော်ကို ငြိမ်သက်မနေစေရပါ။ အသင်းတော်မှလိုအပ် ချက်ကို ပိုမိုကောင်းမွန်သည်ထက်ကောင်းမွန်အောင် ရှာကြံတီထွင်ကာ အသစ် သော နည်းလမ်းများကို ရှာဖွေရမည်။ အသစ်သောနည်းလမ်းဟု ကျွန်တော် ပြောဆိုရာ၌ အသစ်ထပ်မံသွတ်သွင်းလာခြင်းမျိုးမဟုတ်ဘဲ ပထမရာစုနှစ်မှ စတင်တည်ထောင်ခဲ့သည့်အရာကိုသာ ကျွန်တော်ဆိုလိုနေပါသည်။ ကျွန်တော် ဆိုလိုသော အသစ်သောနည်းလမ်းသည်။ ယောဟန် ၁၃း၃၄ မှ သခင်ခရစ်တော် သည် တပည့်တော်များကိုပေးသော “ပညတ်တော်အသစ်” မျိုးကို ဆိုလို ခြင်း ဖြစ်ပါသည်။ ယေရှုသည် တပည့်တော်များကို “သင်တို့အချင်းချင်း တစ်ယောက် ကိုတစ်ယောက်ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏” (ယောဟန် ၁၃း၃၄)။ မြော်လင့်ခြင်း သမ္မာကျမ်းအနက်ဖွင့်ကျမ်းမှ ရှင်းလင်းချက်အရ “ချစ်ခြင်းမေတ္တာ ရှိရမည်ဟု ပြောသောစကားသည် ချစ်ခြင်းအသစ်မဟုတ်ပါ။ ဘုရားသခင်မှ မောရှေကို
ဗိုလ်နေမြဲ၊ ကျားနေမြဲ ---- ထောက်ခံခြင်း
 
ပေးခဲ့သောသွန်သင်ချက်ပင်ဖြစ်သည်” (၀တ်ပြု ၁၉း၁၈)။ ထပ်၍ပေးသော ပညတ်အသစ်သည် ဘုရားရှင်မှဖော်ပြပြီးသား ချစ်ခြင်းမေတ္တာအကြောင်း ဖြစ် သည်။ တပည့်တော်တို့ကိုပြန်ပြီးထပ်မံလုပ်ဆောင်စေသော နဂို ရှိပြီးသားအရာ ပင်ဖြစ်သည်။” ယခုဖွင့်ပြောသော မြော်လင့်ခြင်းအသင်းတော်၏ အမှုတော်၌ အသင်းထောက်နှင့်အသင်းထောက်မယ်တို့သည် ပထမရာစုနှစ်မှ ခရစ်ယာန် များတို့၏ အသင်းထောက်နှင့် အသင်းထောက်မယ်များ လုပ်ဆောင်မှုပုံစံကို ပြန်လည်ဆန်းသစ်လာစေရန်လုပ်ဆောင်ခြင်းပင်ဖြစ်သည်။
ထိုသို့အတုယူစိန်ခေါ်မှုမျိုး လွန်ခဲ့သောကနဦးခရစ်ယာန်များကို ကိုယ်စား ပြုနိုင်ရန်ဖြစ်သည်။ အောင်မြင်မှုများလည်းရရှိလာမည်။ ထိုသို့ အောင်မြင်မှု များရရှိလာနိုင်စေရန် ကျွန်တော်အနေဖြင့် နယ်အသင်းတော်များတွင် အသင်း ထောက်နှင့်အသင်းထောက်မယ်များကို ရွေးချယ်ပြီး ဝိညာဉ်ရေးခေါင်းဆောင် များအဖြစ် ခန့်အပ်နေရာပေးရန် လိုအပ်ပါသည်။ ဆိုလိုခြင်းအဓိပ္ပါယ်မှာ အသင်း တော်အုပ်ချုပ်သူများသော်လည်းကောင်း၊ အသင်းသားများသော်လည်း ကောင်း မိမိတို့၏ ခံယူချက်ကိုပြောင်းလဲပစ်ရန်လိုပါသည်။ အသင်းထောက်၊ အသင်း ထောက်မယ်တို့ကို ရွေးချယ်တင်မြှောက်ရာတွင် ဝိညာဉ်ရေးရှိသူနှင့် ကျမ်းစာ သွန်သင်ချက်နှင့် လျော်ညီသူများကို ရွေးချယ်တင်မြှောက်ရန် လိုပါသည်။ သို့မှ သာ ထိုသူတို့သည် မိမိတို့၏တာဝန်ကို လေးစားစွာဆောင်ရွက်ပြီး ဝိညာဉ်တော် ဆုကျေးဇူးခံစားကြရမည်ဖြစ်သည်။ ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေကောက်ခြင်း၊ ပွဲတော်မင်္ဂလာနှင့် ရေနှစ်ခြင်းမင်္ဂလာအစီအစဉ်၊ ဘုရားကျောင်းခြံဝန်း သန့်ရှင်း ခြင်းများဖြင့် ကန့်သတ်တာဝန်ပေးခြင်းထက် အသင်းတော်ဌာနတစ်ခုတွင် ဦး ဆောင်မှုပြုစေခြင်းများကို လုပ်ဆောင်ခွင့်ပြုထားရန်သင့်သည်။ အထူးသဖြင့် ကိုယ်စီကိုယ်ငသာသနာပြုခြင်းခေါင်းဆောင်နေရာ၊ ဒေသပတ်ဝန်းကျင် ကူညီ ရေးဒါရိုက်တာ၊ ဒေါ်ကာအဖွဲ့ခေါင်းဆောင်၊ အမျိုးသမီးဌာနခေါင်းဆောင်၊ ဥပုသ် စာဖြေဥက္ကဌ သို့မဟုတ် ဥပုသ်စာဖြေသင်ကြားသူ၊ ဘဏ္ဍာစိုးခေါင်းဆောင်၊ ကျမ်း စာသင်ကျောင်းတွဲဖက်တာဝန်ခံ၊ မသန်စွမ်းသူများအတွက် ကူညီစောင့်ရှောက် ရေးတွဲဖက်တာဝန်ခံ စသည်တို့၌ နေရာပေးခန့်ထားရမည်။ အသင်းထောက်၊ အသင်းထောက်မယ်တို့သည် ဌာနတစ်ခုကို ဦးဆောင်ရန် မဟုတ်ဘဲ ကူညီ ထောက်မပံ့ပိုးရန်သာဖြစ်သည်။ အသင်းလူကြီးသည် ဓမ္မသင်းအုပ်ဆရာကို ကူညီဆောင်ရွက်ခွင့်ရသကဲ့သို့ အသင်းထောက်နှင့် အသင်းထောက်မယ်များ လည်း အသင်းလူကြီးများကဲ့သို့ အခွင့်အရေးရရှိနိုင်သည်။ အသင်းလူကြီးကို ကူညီပံ့ပိုးပြီး လူနာများထံလည်ပတ်ဆုတောင်းအားပေးခြင်း၊ အသင်းသားများ ထံ လည်ပတ်အားပေးခြင်း၊ ရက်သတ္တပတ်အလယ် ဆုတောင်းစည်းဝေး၌ ဦး ဆောင်ခြင်း၊ အသင်းတော်အတွင်းပြဿနာများ ကူညီဖြေရှင်းပေးခြင်း၊ ကျမ်းစာ သင်ပေးခြင်းများလုပ်ဆောင်စေရမည်။ ဖျားနာသူများကိုကြည့်ရှုပြုစုရန် လိုအပ် သမျှကို ကြိုတင်ပြင်ဆင်ကာ လိုအပ်နေသူများအား မစကူညီကြရမည်။ တခြား သူအပေါ် ကိုယ်ကာယကျန်းမာရေးဘက်၌ သြဇာလွှမ်းမိုးနိုင်ရပါမည်။
ယခုအချိန်မှာ မြော်လင့်ခြင်းသတ္တမနေ့ အသင်းတော်အနေဖြင့် အသင်း ထောက်မယ်များကို လက်တင်ဘိသိက်ပေးရန် ပြန်လည်ဆုံးဖြတ်ထားပြီး ဖြစ် သည်။ မိရိုးဖလာလုပ်ရိုးလုပ်စဉ်အတိုင်း လက်တင်ပေးခြင်း၊ ဆုတောင်းပေးခြင်း မကဘဲ ကောင်းစွာသင်တန်းပေးရန်လည်း လိုအပ်သည်။ မြော်လင့်ခြင်း သတ္တမ နေ့ဥပုသ်အသင်းတော်ကို ကျွန်တော်တိုက်တွန်းလိုသည်မှာ ဤကဲ့သို့သော ဝိညာဉ်ရေးခေါင်းဆောင်များကို ပြန်လည်ခန့်အပ်ပြီး ဓမ္မဆရာများ၊ အသင်း လူကြီးများကို ဖိတ်ခေါ်ကာ အသင်းထောက်နှင့် အသင်းထောက်မယ်သင်တန်း များတွင်ကောင်းစွာသင်ကြားပို့ချပြီး မိမိတို့၏လုပ်ဆောင်ရမည့်ကဏ္ဍကို အထူး နားလည်အောင်စည်းစနစ်ကျကျသင်ကြားပို့ချပြီးတန်ဖိုးရှိသောအသင်းထောက်၊ အသင်းထောက်မယ်များ မွေးထုတ်ပေးရမည်။ အသင်းတော် ခေါင်းဆောင်ပိုင်း များကို မြှင့်တင်အားပေးခြင်းအတွက် နယ်အသင်းတော် လူကြီးများ၊ အမျိုးသမီး များ၊ လူပျိုလူလွတ်များနှင့် ကလေးသူငယ်၊ လူငယ်များကို စည်းရုံး လှုံ့ဆော်မြှင့် တင်ပေးရပါမည်။ သူတို့အတွက် အထူးစိတ်ချလုံခြုံမှုရှိပြီး လုပ်ဆောင်ရန် တာ ဝန်ကို ဂဃနဏသိရှိစေရန် “မြော်လင့်ခြင်း အသင်းတော်၏ အသင်းလူကြီး လက်စွဲ” စာအုပ်ကို လက်ထဲသို့ရောက်အောင် ထည့်ပေးရပါမည်။ သုံးလတစ် ကြိမ်ထုတ်ဝေသော Elder Digest သည် အသင်းလူကြီးများ အတွက် ဖြစ်သည်။ အသစ်ဖွဲ့စည်းစအသင်းတော်များမှအသင်းထောက်နှင့်အသင်းထောက်မယ်များ ကို ကောင်းစွာသင်တန်းပေးခြင်းဖြင့် အသင်းတော်၏ အလုပ်သည် ရပ်တန့်ခြင်း
ဗိုလ်နေမြဲ၊ ကျားနေမြဲ ---- ထောက်ခံခြင်း
 
မရှိဘဲ ဆက်လက်ရှင်သန်နေပေမည်။ အသင်းထောက်မယ် များ၏ ဂုဏ်သိက္ခာ မြှင့်တင်လာသည်နှင့်အမျှ အမျိုးသမီးအသင်းလူကြီးနှင့် အမျိုးသမီးဓမ္မအသင်း အုပ်အဖြစ် လက်တင်ပေးခြင်း အစီအစဉ်သည် အလိုလို လျော့ကျသွားလိမ့်မည်။ ဘုရားသခင်၏ အမှုတော်အတွက် ဆက်ကပ်သော အမျိုးသမီးတိုင်းသည် အမှု တော်ကို ဆောင်ရွက်ရန်အတွက် အသင်းထောက်မယ်နေရာကိုသာ တမ်းတလို လားလိမ့်မည်။ လှည်းဘီးအသစ်တစ်ဘီးကို အသစ်ပြုလုပ်မည့်အစား ကျိုးနေ သော လှည်းဘီးကို ပြန်ပြုပြင်သည်က ပို၍ သင့်လျော်ပါသည်။
ကျွန်တော်၏လေးလေးနက်နက်ထားရှိသော စိတ်ဆန္ဒမှ မြော်လင့်ခြင်း သတ္တမနေ့အသင်းတော်အနေဖြင့် အသင်းထောက်၊ အသင်းထောက်မယ်ကဏ္ဍ ကို ထိပ်တိုက်ရင်ဆိုင်ဆွေးနွေးပြီး သူတို့၏ လုပ်ဆောင်ရန်လုပ်ငန်းတာဝန်ကို ရှင်းလင်းထင်ရှားစွာ ညွှန်ကြားကာ အသင်းတော်တစ်ခုလုံး၏ အမှုတော်လုပ် ငန်းကို တက်ကြွစွာ ပါဝင်လုပ်ဆောင်စေပါ။ ယခုရေးသားသော စာအုပ်မှာ အသင်းသား၊ အသင်းထောက်၊ အသင်းထောက်မယ်တစ်ဦးဦးကို စိတ်အနှောင့် အယှက်ပေးပြီး နစ်နာစေသောညွှန်ကြားမှု၊ စည်းမျဉ်းစည်းကမ်းများပါရှိခဲ့လျှင် ချက်ချင်းမှန်ကန်သောနေရာကိုပြန်လည်ထားရှိရန်အတွက် ရည်ရွယ်ပါသည်။ သူတို့သည် ၂၁ ရာစုနှစ်အတွင်း အသင်းထောက်နှင့်အသင်းထောက်မယ်များ ဖြစ်သည့် အားလျော်စွာ ပထမရာစုနှစ်မှ ခရစ်ယာန်သမိုင်း၏ အသင်းထောက် နှင့်အသင်းထောက်မယ်များကို ပြန်လည်ရုပ်လုံးဖော် ပြသထင်ရှားပေးရန်သာ ဖြစ်သည်။ ထိုကဲ့သို့လုပ်ဆောင်မှုများအတွက် ရရှိလာမည့်ရလဒ်မှာ “ဘုရား သခင်၏သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့ သည် အလွန်ပွားများ၍၊ ယဇ်ပုရောဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်းတရား ကို နားထောင်ကြ၏” (တမန်တော် ၆း၇)။ အယ်လင်ဝှိုက်မှ “ထိုသို့ဝိညာဉ်များ စုသိမ်းနိုင်ခြင်းသည် တမန်တော်များနှင့်အသင်းထောက်တို့၏ လက်တွဲလုပ် ဆောင်ခြင်းကြောင့်ဖြစ်သည်ဟု အတည်ပြုရေးသားထားပါသည်။ နောက်ဆုံး အနေဖြင့်သူမက “တမန်တော်များအချိန်မှ အသင်းတော်၏လုပ်ဆောင်မှုမျိုးကို ယခုအချိန်၌ထိန်းသိမ်းပြီး ဆက်လက်လုပ်ဆောင်ရန်ဖြစ်သည်ဟု ရေးသား ထားသည်။
နိဂုံးပိုင်း
အသင်းထောက်၊ အသင်းထောက်မယ်တို့၏ သာသနာပြုသဘောသည် အစေခံခြင်းသဘောဖြစ်ပြီး သခင်ခရစ်တော်၏အသက်တာပုံစံကို ပုံတူထင်ဟပ် ကျင့်ဆောင်ခြင်းသဘောပင်ဖြစ်သည်။ ယေရှုရှင်သည် လောကသို့ကြွဆင်း လာ ပြီး သူတစ်ပါး၏ အစေကို ခံရန်အတွက်ဖြစ်သည်။ တစ်ပါးသူကိုစေခိုင်းဖို့ရန် ကြွလာခြင်းမျိုးမဟုတ်ပါ။ အစေခံခြင်း သို့မဟုတ် အမှုတော်အတွက်ဆက်ကပ် ခြင်းသည် အသင်းထောက်အသင်းထောက်မယ်၏ အမည်ကို ဆောင်ယူပြီး ထောက်မကူညီပေးရန်သာလျှင် ရည်ရွယ်ထားပါသည်။
ပထမရာစုနှစ်ခရစ်ယာန်များ စတင်တိုးတက်လာချိန်မှာ အသင်းထောက် များအနေဖြင့် ပြဿနာမျိုးစုံကို ဖြေရှင်းပေးခဲ့ရသည်။ ဆင်းရဲသားများကို ကြင် နာစွာယုယပြုစုခြင်းများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသွန်သင်ခြင်း အမှု များကို လုပ်ဆောင်နိုင်ခဲ့သည်။ သူတို့၏ လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင် ရန် လက်တင်မင်္ဂလာပေးခြင်းခံခဲ့ရသည်။
ရှေးဦးမြော်လင့်ခြင်းအသင်းတော်၌ အမှုတော်ဆောင်ရွက်ခဲ့သော အသင်း ထောက်မယ်များသည် ကစော်မပေါက်သော လတ်လတ်ဆတ်ဆတ် စပျစ်ရည် များကို သန့်ရှင်းသောပွဲတော်မင်္ဂလာအတွက် ပြင်ဆင်ပေးရသော အခွင့်ရရှိခဲ့ သည်။ ဆယ်ဖို့တစ်ဖို့များကောက်ခံရသောအခွင့်ရရှိခဲ့သည်။ အသင်းတော်ငယ် များအတွက် ဘဏ္ဍာစိုးနှင့် ငွေရေးကြေးရေးကို ကူညီကိုင်တွယ်ပေးရသည်။ ပထမရာစုနှစ်ခရစ်ယာန်သမိုင်းအတိုင်း အသင်းထောက်များကဲ့သို့ လက်တင် မင်္ဂလာပေးခြင်းခံကြရသည်။
ပထမရာစုနှစ်ခရစ်ယာန်သမိုင်းမှ အသင်းထောက်မယ်များသည် အသင်း တော်ကိုကူညီ၍ အမှုတော်အတွက် ပါဝင်ဆက်ကပ်ကြသောအခါ၌ ဆင်းရဲသူ ဆင်းရဲသား၊ နာမကျန်းသူ၊ အားနွဲ့သောအမျိုးသမီးများကို ယုယယိုင်းပင်းကူညီခဲ့ သည့်အပြင် နှုတ်ကပတ်တော်ကို သင်ကြားပေးခဲ့ရသည်။ အမျိုးသမီးများ ရေနှစ် ခြင်းမင်္ဂလာခံယူရာ၌ ကူညီဖေးမပေးသည်။ ဘုရားကျောင်းသို့လာသော အမျိုး သမီးအချင်းချင်း ကြိုဆိုနှုတ်ဆက်ကြသည်။ နေရာညွှန်ပြ ပို့ဆောင်ပေးသည်။ ပထမရာစုနှစ်ငါးခုအထိ အသင်းထောက်မယ်များလည်း လက်တင်မင်္ဂလာ
ဗိုလ်နေမြဲ၊ ကျားနေမြဲ ---- ထောက်ခံခြင်း
 
ခံယူကြပြီး အသင်းတော်၏ လုပ်ဆောင်ချက်အမှုတော်၌ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့ကြရသည်။
မြော်လင့်ခြင်းအသင်းတော်စတင်တည်ထောင်စအချိန်၌ အသင်းထောက် မယ်များတို့သည် လူနာများထံလည်ပတ်ကူညီခြင်း၊ အားငယ်သူများကိုကူညီ အားပေးခြင်း၊ လိုအပ်နေသူနှင့်ဆင်းရဲသားများကိုပြုစုကူညီခြင်း၊ စိတ်ထဲခံစား နေရသောအမျိုးသမီးများ မိမိတို့မျိုသိပ်မရ၍ ဖွင့်ပြပြောဆိုချင်သော အမျိုးသမီး များတို့၏ခံစားချက်များကို ကိုယ်ချင်းစာသောစိတ်ဖြင့် နားထောင်ပေးခြင်းများ စသည့်အသင်းတော်လုပ်ငန်းများကို တာဝန်ယူလုပ်ဆောင်ခဲ့ကြသည်။ သူတို့ သည်လည်း မိမိတို့၏ တာဝန်ကိုလုပ်ဆောင်နိုင်ရန် လက်တင်မင်္ဂလာပေးခြင်း ကို ခံယူခဲ့ရသည်။ မည်သို့ပင်ဆိုစေ ၁၉၁၄ ခုနှစ်မှစပြီး သူတို့သည် လက်တင် မင်္ဂလာပေးခြင်းကို ခံယူခွင့်မရရှိကြတော့ပါ။ ၁၉၉ဝ ခုနှစ်အတွင်း လက်တင် မင်္ဂလာအစီအစဉ်ကိုချန်လှပ်ပြီး အမျိုးသမီးအသင်းထောက်မယ်များကို တခြား လုပ်ဆောင်ရန် အလုပ်သစ်များကို တာဝန်ပေးလာခဲ့သည်။ သို့သော် ၂၀၁၀၊ ဇွန်လတွင်ကျင်းပသော (၅၉) ကြိမ်မြောက် ကမ္ဘာ့ဓမ္မညီလာခံ၌ ကိုယ်စားလှယ် များက အမျိုးသမီးအသင်းထောက်မယ်များကို အမျိုးသားအသင်းထောက်များ နှင့် တစ်ပါတည်းလက်တင်ဆုတောင်းခြင်းအစီအစဉ်ပြုလုပ်ရမည်ဟု သဘော တူမဲဆုံးဖြတ်ခဲ့ကြသည်။
ထုံးတမ်းစဉ်လာနှင့်မတူညီသောယဉ်ကျေးမှုနောက်ခံသမိုင်းများ မြော်လင့် ခြင်းသတ္တမနေ့အသင်းတော်အတွင်း၌ ရှိနေပါသော်လည်း အသင်းထောက်နှင့် အသင်းထောက်မယ်များကို စည်းစနစ်ကျကျဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြပါ သည်။ ထိုကြောင့် အသင်းထောက်၊ အသင်းထောက်မယ်တို့သည် အခက်အခဲ များကြားမှ သမ္မာကျမ်းစာ၏စံနှုန်းအတိုင်း အမှုတော်ကိုဆောင်ရွက်ကြရသည်။ ပြဿနာများမည်သို့ပင်ထပ်မံဖြစ်ပေါ်လာပါစေ ပြောင်းလဲခြင်း၊ ပြောင်းလဲမှုများ ရှိစေလိုသောကြောင့် လုပ်ရိုးလုပ်စဉ်များကို ရပ်ဆိုင်းစေလိုခြင်း ဖြစ်သည်။ ယခု ဆက်လက်တင်ပြမည့်ဒုတိယပိုင်းအနေဖြင့် အသင်းတော်၏ခေါင်းဆောင်နေရာ ၌ရှိသော အသင်းထောက်၊ အသင်းထောက်မယ်များကို စာပေအထောက်အထား များက မည်ကဲ့သို့ထောက်ခံထားကြောင်း ဆက်လက် ဖော်ပြသွားပါမည်။




No comments:

Post a Comment