အခန်း ၄
chapter 4
1 Zion bewaileth her pitiful estate. 13 She confesseth her sins. 21 Edom is
threatened. 22 Zion is comforted.
အခန်း ၄
၁
ဇိအုန်သည် မိမိ၏ သနားစဖွယ် အခြေအနေကို ညည်းတွားမြည်တမ်း၏။ ၁၃ မိမိ၏ အပြစ်များကို
ဝန်ခံ၏။ ၂၁ ဧဒုံပြည်သည် ခြိမ်းခြောက်ခြင်းခံရ၏။ ၂၂ ဇိအုန်သည် သက်သာရာရ၏။
How.
Heb. ’ekah (for comment see on ch. 1:1).
အဘယ်သို့နည်း။ ဟေဗြဲ။ အေခါး
(မှတ်ချက်အတွက် အခန်း ၁:၁ ကိုကြည့်ပါ။)
Like chs. 1; 2; 3, ch. 4 is an acrostic. Its metrical structure
differs from the first three poems, however, in that each verse is composed of
two major accents instead of three. For a detailed consideration of the structure of Hebrew poetry see. Vol. III,
pp. 17–28.
အခန်း ၁၊ ၂၊ ၃ တို့ကဲ့သို့ပင် အခန်း ၄
သည် အက္ခရာစဉ်အလိုက် စပ်ဆိုထားသော ကဗျာ ဖြစ်သည်။ သို့သော်လည်း ၎င်း၏
ကဗျာတွက်ချက်ပုံစံစနစ်သည် ပထမကဗျာသုံးပုဒ်နှင့် ကွဲပြားခြားနားသည်မှာ
အငယ်တစ်ခုစီတွင် သုံးကြိမ်အစား အဓိကအသံအနိမ့်အမြင့် ဖိဆိုမှု နှစ်ကြိမ်ဖြင့်
ဖွဲ့စည်းထားခြင်းကြောင့် ဖြစ်သည်။ ဟေဗြဲကဗျာ၏ တည်ဆောက်ပုံကို အသေးစိတ်လေ့လာရန်
အတွဲ ၃၊ စာမျက်နှာ ၁၇-၂၈ ကို ကြည့်ပါ။
Gold.
The figures of gold, fine gold, stones, seem to apply both to the Temple, which
had been adorned with gold, and to the people themselves, as appears to be
suggested in v. 2.
ရွှေ။ ရွှေ၊ ရွှေစင်၊
ကျောက်မျက်ရတနာများဟူသော တင်စားချက်များသည် ရွှေဖြင့် မွမ်းမံခြယ်သထားသော
ဗိမာန်တော်နှင့် လူများကိုယ်တိုင်အတွက်ပါ သက်ဆိုင်ပုံရကြောင်း အငယ် ၂ တွင်
ဖော်ပြထားပုံအရ သိရသည်။
Top
of every street. For comment see on ch. 2:19.
လမ်းတိုင်း၏ ထိပ်။ မှတ်ချက်အတွက် အခန်း
၂:၁၉ ကိုကြည့်ပါ။
2.
Comparable. Literally, “weighed,” or
“paid.” The reference is to the weighing out of precious metal as payment for a
purchase (Gen. 23:16), a practice common before the use of coined money. The
weighing of gold, rather than silver, in a transaction was an indication of the
great value of the purchase. For examples of this practice see Ezra. 8:25, 26,
33; Job 28:15; Jer. 32:9; Zech. 11:12.
၂။ နှိုင်းယှဉ်အပ်သော။ စာသားအရ
“ချိန်တွယ်ခဲ့သည်” သို့မဟုတ် “ပေးချေခဲ့သည်” ဟု ဖြစ်သည်။ ဒင်္ဂါးပြားများကို
မသုံးစွဲမီ ခေတ်ကာလက အရောင်းအဝယ်အတွက် ငွေပေးချေမှုအဖြစ် အဖိုးတန်သတ္တုကို
ချိန်တွယ်ခြင်းကို ရည်ညွှန်းခြင်းဖြစ်သည် (ကမ္ဘာဦး ၂၃:၁၆)။ အရောင်းအဝယ်တစ်ခုတွင် ငွေထက်
ရွှေကို ပိုမိုချိန်တွယ်ခြင်းသည် ဝယ်ယူမှု၏ ကြီးမားလှသော တန်ဖိုးကို
ပြသခြင်းဖြစ်သည်။ ဤသို့ ပြုလုပ်ပုံ နမူနာများကို ဧဇရ ၈:၂၅၊ ၂၆၊ ၃၃၊ ယောဘ ၂၈:၁၅၊
ယေရမိ ၃၂:၉၊ ဇာခရိ ၁၁:၁၂ တို့တွင် ကြည့်ပါ။
Esteemed.
Heb. chashab, “to account,” “to regard,” or “to value.” This word, like the
translated “comparable,” is also a commercial term used of recording a
transaction (see 2 Kings 22:7).
မှတ်ယူအပ်သော။ ဟေဗြဲ။ ခါရှပ်၊
“စာရင်းသွင်းရန်”၊ “ထည့်သွင်းစဉ်းစားရန်” သို့မဟုတ် “တန်ဖိုးထားရန်” ဖြစ်သည်။
ဤစကားလုံးသည် “နှိုင်းယှဉ်အပ်သော” ဟု ဘာသာပြန်ထားသည့် စကားလုံးကဲ့သို့ပင်
အရောင်းအဝယ် မှတ်တမ်းတင်ရာတွင် အသုံးပြုသည့် ကုန်သွယ်မှုဆိုင်ရာ အသုံးအနှုန်းတစ်ခု
ဖြစ်သည် (၄ ဓမ္မရာဇဝင် ၂၂:၇ ကိုကြည့်ပါ)။
Earthen pitchers. Pottery vessels were the commonest and
cheapest utensils of ancient times. Many thousands of pottery fragments found
by archeologists in ancient ruins testify to the commonness of earthenware. The
thought of this verse is that the sons of Zion, whose value could only be
measured in gold, have been set down in the account books of their enemies as
almost worthless. A sad comment indeed on the low state to which Judah had
fallen in the days of the prophet Jeremiah.
မြေအိုးများ။ ရွှံ့စေးဖြင့်ပြုလုပ်သော
အိုးခွက်အလုပ်အဆောင်များသည် ရှေးခတ်ကာလက အသုံးအများဆုံးနှင့် အသက်သာဆုံးသော
အသုံးအဆောင်များ ဖြစ်ကြသည်။ ရှေးဟောင်းသုတေသနပညာရှင်များ
ရှေးဟောင်းအပျက်အစီးများထဲတွင် ရှာဖွေတွေ့ရှိခဲ့သော ထောင်ပေါင်းများစွာသော
မြေအိုးအပိုင်းအစများသည် မြေထည်ပစ္စည်းများ၏ အသုံးများပုံကို သက်သေထူနေသည်။ ဤအငယ်၏
အတွေးအမြင်မှာ ရွှေဖြင့်သာ တန်ဖိုးဖြတ်နိုင်သော ဇိအုန်၏ သားသမီးတို့သည် ရန်သူများ၏
စာရင်းစာအုပ်များထဲတွင် တန်ဖိုးမရှိသလောက် မှတ်တမ်းတင်ခြင်း ခံခဲ့ရသည်ဟူ၍ ဖြစ်သည်။
ပရောဖက်ယေရမိလက်ထက်တွင် ယုဒပြည် ကျဆင်းသွားခဲ့သော နိမ့်ကျသည့် အခြေအနေအပေါ်
အမှန်ပင် ဝမ်းနည်းဖွယ်ရာ မှတ်ချက်တစ်ခု ဖြစ်သည်။
3.
Sea monsters. Heb. tannin, “a sea
monster,” “a serpent,” etc. (see on Deut. 32:33; Job 7:12). However, two
manuscripts have Heb. tannim, “jackals” (see on Ps. 44:19). The fact that the
verbs translated “draw out” and “give suck,” as well as the pronoun “their,”
are plural in Hebrew, indicates that the subject is “jackals.” The reading
“jackals” fits the context better than does “a sea monster.”
၃။ ပင်လယ်နဂါးများ။ ဟေဗြဲ။ တန်နင်၊
“ပင်လယ်နဂါး”၊ “မြွေကြီး” စသည်ဖြင့် (တရားဟောရာကျမ်း ၃၂:၃၃၊ ယောဘ ၇:၁၂ တို့ရှိ
မှတ်ချက်ကိုကြည့်ပါ)။ သို့သော်လည်း လက်ရေးစာမူ နှစ်စောင်တွင် ဟေဗြဲစကားလုံး
တန်နင်မ်၊ “မြေခွေးများ” ဟု ရှိနေသည် (ဆာလံ ၄၄:၁၉ ရှိ မှတ်ချက်ကိုကြည့်ပါ)။
“နို့သီးကိုထုတ်သည်” နှင့် “နို့တိုက်သည်” ဟု ဘာသာပြန်ထားသော ကြိယာများနှင့်
“၎င်းတို့၏” ဟူသော နာမ်စားများသည် ဟေဗြဲဘာသာစကားတွင် အများကိန်းဖြစ်နေခြင်းက
ကတ္တားမှာ “မြေခွေးများ” ဖြစ်ကြောင်း ညွှန်ပြနေသည်။ “မြေခွေးများ” ဟု
ဖတ်ရှုခြင်းသည် “ပင်လယ်နဂါး” ဟု ဖတ်ရှုခြင်းထက် ရှေ့နောက်စကားစပ်နှင့်
ပိုမိုကိုက်ညီမှုရှိသည်။
Ostriches.
For comment see on Job 39:13–17.
ဥဒေါင်းကုလားအုပ်များ။ မှတ်ချက်အတွက်
ယောဘ ၃၉:၁၃-၁၇ ကိုကြည့်ပါ။
Dunghills. Literally, “ashpits.” This word seems to signify a
dumping ground for rubbish in general. To sit or lie there was a sign of utter
degradation (see 1 Sam. 2:8). The city of Jerusalem was now one vast heap of ashes.
နောက်ချေးပုံများ။ စာသားအရ
“ပြာကျင်းများ” ဖြစ်သည်။ ဤစကားလုံးသည် ယေဘုယျအားဖြင့် အမှိုက်ပုံမြေနေရာကို
ဆိုလိုခြင်းဖြစ်ပုံရသည်။ ထိုနေရာတွင် ထိုင်ခြင်း သို့မဟုတ် လျောင်းခြင်းသည်
လုံးဝဂုဏ်သိက္ခာကျဆင်းခြင်း၏ လက္ခဏာဖြစ်သည် (၁ ဓမ္မရာဇဝင် ၂:၈ ကိုကြည့်ပါ)။
ယေရုရှလင်မြို့သည် ယခုအခါ ကြီးမားလှသော ပြာပုံကြီးတစ်ခု ဖြစ်နေပြီဖြစ်သည်။
6.
Stayed. The exact meaning of the Hebrew
word thus translated is not certain. The sense, however, seems to be that no
human hands were laid on Sodom; her destruction was entirely from above. Since
the sin of Jerusalem is greater than that of Sodom, how awful her punishment must be!
၆။ ကျရောက်စေသည်။ ဤသို့ဘာသာပြန်ထားသော
ဟေဗြဲစကားလုံး၏ တိကျသောအဓိပ္ပာယ်ကို သေချာမသိရပါ။ သို့သော်လည်း သဘောတရားမှာ
သောဒုံမြို့ပေါ်သို့ မည်သည့်လူသား၏လက်မှ မကျရောက်ခဲ့ဘဲ သူမ၏ ပျက်စီးခြင်းသည်
အထက်မိုးကောင်းကင်မှ လုံးလုံးလျားလျား ဖြစ်ပွားခဲ့သည်ဟူ၍ ဖြစ်ပုံရသည်။ ယေရုရှလင်မြို့၏
အပြစ်သည် သောဒုံမြို့ထက် သာ၍ကြီးမားသောကြောင့် သူမ၏ အပြစ်ဒဏ်သည် အဘယ်မျှ
ကြောက်မက်ဖွယ်ကောင်းလိုက်မည်နည်း။
7.
Nazarites. Heb. nezirim, “those
consecrated,” “those singled out,” or “those of high rank” (see on Num. 6:2).
This noun is derived from the Hebrew verb nazar, “to vow,” or “to separate,”
and thus refers to one who is separated, or set apart. As a technical term, it was used for a Nazirite
(see Num. 6; Amos 2:11, 12; cf. Judges 13:5, 7; 16:17). It is also used in a
more general sense of Joseph as “separate” from his brethren (Gen. 49:26; Deut.
33:16). The latter sense seems to fit better here.
၇။ နာဇရိလူတို့။ ဟေဗြဲ။ နေဇီရင်မ်၊
“ဆက်ကပ်အပ်နှံထားသောသူများ”၊ “ရွေးချယ်ထားသောသူများ” သို့မဟုတ် “ရာထူးအဆင့်အတန်း
မြင့်မားသောသူများ” (တောလည်ရာကျမ်း ၆:၂ ရှိ မှတ်ချက်ကိုကြည့်ပါ)။ ဤနာမ်သည်
ဟေဗြဲကြိယာ နာဇာ၊ “သစ္စာဂတိပြုရန်” သို့မဟုတ် “ခွဲခြားထားရန်” မှ ဆင်းသက်လာခြင်းဖြစ်ပြီး
ထို့ကြောင့် ခွဲခြားထားသော သို့မဟုတ် သီးသန့်ဖယ်ထားသောသူကို ရည်ညွှန်းသည်။
နည်းပညာဆိုင်ရာ အသုံးအနှုန်းအရ ၎င်းကို နာဇရိလူတစ်ဦးအတွက် အသုံးပြုခဲ့သည်
(တောလည်ရာကျမ်း ၆၊ အာမုတ် ၂:၁၁၊ ၁၂၊ တရားသူကြီးမှတ်စာ ၁၃:၅၊ ၇၊ ၁၆:၁၇ တို့နှင့်
နှိုင်းယှဉ်ကြည့်ပါ)။ ယောသပ်သည် မိမိ၏ ညီအစ်ကိုများနှင့် “ကွဲပြားခြားနားသည်”
ဟူသော ပိုမိုယေဘုယျကျသည့် အဓိပ္ပာယ်ဖြင့်လည်း အသုံးပြုထားသည် (ကမ္ဘာဦး ၄၉:၂၆၊
တရားဟောရာကျမ်း ၃၃:၁၆)။ နောက်ဆုံးအဓိပ္ပာယ်သည် ဤနေရာနှင့် ပိုမိုကိုက်ညီပုံရသည်။
Snow.
Although such figures usually imply moral cleanness in the OT (see Isa. 1:18),
here they can refer only to the imposing outward appearance that the leaders of
Judah had once presented.
မိုးပွင့်။ ဓမ္မဟောင်းကျမ်းတွင်
ထိုသို့သော တင်စားချက်များသည် များသောအားဖြင့် ကိုယ်ကျင့်တရား သန့်ရှင်းမှုကို
ဆိုလိုသော်လည်း (ဟေရှာယ ၁:၁၈ ကိုကြည့်ပါ)၊ ဤနေရာ၌ ယုဒခေါင်းဆောင်များ တစ်ချိန်က
ပြသခဲ့သော ခန့်ညားထည်ဝါသည့် အပေါ်ယံအသွင်အပြင်ကိုသာ ရည်ညွှန်းနိုင်သည်။
Rubies.
Heb. peninim, meaning “gems of coral.”
ပတ္တမြားများ။ ဟေဗြဲ။ ပနီနင်မ်၊
အဓိပ္ပာယ်မှာ “သန္တာကျောက်မျက်ရတနာများ” ဖြစ်သည်။
Polishing.
Their appearance was as if they were beautifully wrought images of brilliant
stone.
ချောမွတ်တောက်ပခြင်း။ သူတို့၏
အသွင်အပြင်သည် တောက်ပသော ကျောက်တုံးဖြင့် လှပစွာ ထုဆစ်ထားသော ရုပ်တုများကဲ့သို့ပင်
ဖြစ်ခဲ့သည်။
8.
Known.
That is, they are not recognized, because of the fact that their appearance has
been so hideously changed.
၈။ သိကြ၏။ ဆိုလိုသည်မှာ သူတို့၏
အသွင်အပြင်သည် အလွန်အရုပ်ဆိုးဆိုး ပြောင်းလဲသွားသည့်အတွက်ကြောင့် သူတို့ကို
မမှတ်မိကြတော့ပါ။
Like
a stick. Figurative of dryness and hardness.
သစ်သားချောင်းကဲ့သို့။
ခြောက်သွေ့ခြင်းနှင့် မာကြောခြင်းကို တင်စားထားခြင်း ဖြစ်သည်။
10.
Pitiful. The older meaning of this
English word was rather “compassionate,” rather than “pitiable,” as now. Women
who were once compassionate and loving mothers have, in their the extreme
distress of the siege, eaten their own children (see on ch. 2:20).
၁၀။ သနားတတ်သော။ ဤအင်္ဂလိပ်စကားလုံး၏
ရှေးကျသောအဓိပ္ပာယ်မှာ ယခုခေတ်ကဲ့သို့ “သနားစဖွယ်ကောင်းသော” ဟု မဟုတ်ဘဲ
“ကရုဏာစိတ်ရှိသော” ဟု ဖြစ်သည်။ တစ်ချိန်က ကရုဏာရှိပြီး မေတ္တာကြီးမားသော
မိခင်များဖြစ်ခဲ့သည့် အမျိုးသမီးများသည် မြို့ကို ဝိုင်းရံပိတ်ဆို့ထားစဉ် ပြင်းထန်လှသော
ဆင်းရဲဒုက္ခကြောင့် မိမိတို့၏ သားသမီးများကို ကိုယ်တိုင်ချက်ပြုတ်စားသောက်ခဲ့ကြသည်
(ခန်း ၂:၂၀ ရှိ မှတ်ချက်ကိုကြည့်ပါ)။
Sodden.
That is, boiled.
ပြုတ်သည်။ ဆိုလိုသည်မှာ ကျိုချက်ခြင်း
ဖြစ်သည်။
12.
Would not have believed. Because of
both its strategic position and its fortifications, Jerusalem was considered
impregnable. The idea of its inviolability must have been even more enhanced in
heathen minds by the supernatural destruction of the Assyrian army when
Sennacherib besieged the city (2 Kings 19:35). All this bred a false sense of
security among the wicked dwellers in Jerusalem.
၁၂။ ယုံကြလိမ့်မည်မဟုတ်။ စစ်ဗျူဟာမြောက်
တည်နေရာနှင့် ခံတပ်များကြောင့် ယေရုရှလင်မြို့ကို မဖောက်ထွင်းနိုင်သော မြို့အဖြစ်
သတ်မှတ်ခဲ့ကြသည်။ ၎င်းကို ဖျက်ဆီး၍မရနိုင်ဟူသော အတွေးသည် သံဟေရိပ် မင်းကြီး
မြို့ကို ဝိုင်းရံသောအခါ အာရှုရိစစ်တပ် အံ့ဖွယ်နည်းဖြင့် ပျက်စီးသွားခြင်းကြောင့်
လူမျိုးခြားတို့၏ စိတ်တွင် သာ၍ပင် ခိုင်မာသွားခဲ့ပုံရသည် (၄ ဓမ္မရာဇဝင် ၁၉:၃၅)။
ဤအရာအားလုံးသည် ယေရုရှလင်မြို့ရှိ ဆိုးသွမ်းသော မြို့သူမြို့သားများကြားတွင်
မှားယွင်းသော လုံခြုံစိတ်ချမှု အသိကို ဖြစ်ပေါ်စေခဲ့သည်။
13.
Iniquities.
Judah’s religious leaders were wicked both in heart and in action (see on Isa.
3:12).
ဒုစရိုက်များ။ ယုဒပြည်၏
ဘာသာရေးခေါင်းဆောင်များသည် စိတ်နှလုံးရော အပြုအမူပါ ဆိုးညစ်ခဲ့ကြသည် (ဟေရှာယ ၃:၁၂
ရှိ မှတ်ချက်ကိုကြည့်ပါ)။
Shed the blood. The fact that the priests and the false prophets
especially had had clamored for the life of Jeremiah (Jer. 26:7–24) would
indicate that they bore a large share of responsibility for the death of other
righteous men (see Jer. 6:13–15; 23:11–15).
အသွေးကိုသွန်းကြပြီ။ အထူးသဖြင့်
ယဇ်ပုရောဟိတ်များနှင့် မိစ္ဆာပရောဖက်များသည် ယေရုရှလင်မြို့တွင် ယေရမိ၏ အသက်ကို
သတ်ရန် တောင်းဆိုခဲ့ကြသည့် အချက်က (ယေရမိ ၂၆:၇-၂၄)၊ အခြားသော ဖြောင့်မတ်သောသူတို့၏
သေဆုံးမှုအတွက်လည်း ၎င်းတို့တွင် တာဝန်အများကြီးရှိကြောင်း ညွှန်ပြနေသည် (ယေရမိ
၆:၁၃-၁၅၊ ၂၃:၁၁-၁၅ ကိုကြည့်ပါ)။
14.
Wandered.
Or, “staggered.” Perhaps this refers to the confused state of state of these
leaders when they, once highly honored, find themselves shunned and outcast by
all (see Deut. 28:29).
၁၄။ လည်ကြပြီ။ သို့မဟုတ်
“ယိမ်းယိုင်ကြပြီ။” ၎င်းသည် တစ်ချိန်က အလွန်ဂုဏ်သရေရှိခဲ့သော ဤခေါင်းဆောင်များ
အားလုံး၏ ဖယ်ကြဉ်ခြင်းနှင့် နှင်ထုတ်ခြင်းကို ခံရသောအခါ ကြုံတွေ့ရသည့်
တွေဝေရုန်းကန်းရသော အခြေအနေကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည် (တရားဟောရာကျမ်း ၂၈:၂၉
ကိုကြည့်ပါ)။
15.
They
cried. The antecedent of “they” must be understood here as the people. “Them”
refers to the murderous prophets and priests.
၁၅။ သူတို့ဟစ်ကြော်ကြ၏။ ဤနေရာတွင်
“သူတို့” ၏ ရှေ့နောက်ညွှန်းဆိုချက်ကို လူထုဟူ၍ နားလည်ရမည်။ “၎င်းတို့” သည်
လူသတ်တတ်သော ပရောဖက်များနှင့် ယဇ်ပုရောဟိတ်များကို ရည်ညွှန်းသည်။
Unclean.
This was the cry of the (Lev. 13:45).
မစင်ကြယ်။ ဤသည်မှာ လူတို့၏
ဟစ်အော်သံဖြစ်သည် (ဝတ်ပြုရာကျမ်း ၁၃:၄၅)။
They
said. That is, some of the heathen said among themselves.
သူတို့ပြောကြပြီ။ ဆိုလိုသည်မှာ
တစ်ပါးအမျိုးသားအချို့က မိမိတို့အချင်းချင်း ပြောဆိုကြခြင်း ဖြစ်သည်။
16.
Anger.
Literally, “face.” See Lev. 17:10; Ps. 34:16; Jer. 16:17, 18. Again the Hebrew
letters pe’ and ‘ayin are in an inverted order (see on chs. 2:16; 3:46).
မျက်နှာတော်။ စာသားအရ “မျက်နှာ”
ဖြစ်သည်။ ဝတ်ပြုရာကျမ်း ၁၇:၁0၊ ဆာလံ ၃၄:၁၆၊ ယေရမိ ၁၆:၁၇၊ ၁၈
ကိုကြည့်ပါ။ တစ်ဖန် ဟေဗြဲအက္ခရာ ပေ (pe’) နှင့် အာရင် (‘ayin) တို့သည်
ပြောင်းပြန်အစဉ်လိုက် ဖြစ်နေပြန်သည် (အခန်း ၂:၁၆၊ ၃:၄၆ ရှိ မှတ်ချက်များကို
ကြည့်ပါ)။
Divided.
Or, scattered.
ကွဲပြားစေတော်မူပြီ။ သို့မဟုတ်
ကွဲလွင့်စေတော်မူပြီ။
Persons. Literally, “faces,” This verse contains an
interesting play on words in Hebrew. The wicked were scattered by the face of
the Lord, because they, in turn, had shown no respect whatsoever for the faces
of the priests.
မျက်နှာကို။ စာသားအရ “မျက်နှာများ”
ဖြစ်သည်။ ဤအငယ်တွင် ဟေဗြဲဘာသာစကားဖြင့် စိတ်ဝင်စားစရာကောင်းသော
စကားလုံးအသုံးအနှုန်း ကစားထားခြင်း ပါဝင်သည်။ ဆိုးညစ်သောသူတို့သည် ထာဝရဘုရား၏
မျက်နှာတော်ကြောင့် ကွဲလွင့်ခဲ့ကြရသည်၊ အကြောင်းမှာ ၎င်းတို့သည်လည်း
ယဇ်ပုရောဟိတ်တို့၏ မျက်နှာများကို အနည်းငယ်မျှ ရိုသေလေးစားမှု မပြခဲ့ကြသောကြောင့်
ဖြစ်သည်။
18.
Streets.
That is, the open squares of the city (see on ch. 2:19). During the siege, it
was dangerous to enter these open places, as a man was exposed to missiles from
the siege towers erected just outside the city walls (see on Jer. 32:24).
လမ်းခရီး။ ဆိုလိုသည်မှာ မြို့၏
ပွင့်လင်းသော ရင်ပြင်များ ဖြစ်သည် (အခန်း ၂:၁၉ ရှိ မှတ်ချက်ကိုကြည့်ပါ)။ မြို့ကို
ဝိုင်းရံပိတ်ဆို့ထားစဉ်အတွင်း မြို့ရိုးအပြင်ဘက်၌ ဆောက်လုပ်ထားသော
မြို့သိမ်းမျှော်စင်များမှ ပစ်ခတ်သော လက်နက်များနှင့် ထိမှန်နိုင်သဖြင့်
ထိုသို့သော ကွင်းပြင်များသို့ သွားလာရန် အလွန်အန္တရာယ်များလှသည် (ယေရမိ ၃၂:၂၄ ရှိ
မှတ်ချက်ကိုကြည့်ပါ)။
19.
Mountains.
The reduced territory of the kingdom of Judah in the last years of its history
consisted of little else than mountains and wilderness.
တောင်များ။ ယုဒနိုင်ငံတော်၏
သမိုင်းနောက်ဆုံးနှစ်များတွင် ကျုံ့သွားခဲ့သော နယ်မြေဒေသ၌ တောင်များနှင့်
တောကန္တာရများမှတစ်ပါး အခြားဘာမျှ မရှိသလောက် ဖြစ်ခဲ့သည်။
20.
Breath of our nostrils. Some find
here a reference to King Zedekiah. Others have been disturbed that Jeremiah
could seem to attach such high honor to the memory of a king whom he elsewhere
so bitterly castigates. However, the prophet is not here speaking of Zedekiah
as a man, but of the king as the “anointed of the Lord,” the divinely appointed
head of the
nation (see 1 Sam. 24:5, 6; 26:9, 11; 2 Sam. 1:14, 16.
ငါတို့နှာခေါင်းအသက်။ အချို့က ဤနေရာတွင်
ရှင်ဘုရင် ဇေဒကိကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ယူဆကြသည်။ အခြားသောသူများမှာမူ
ယေရမိသည် အခြားနေရာများတွင် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သော ဘုရင်တစ်ပါး၏
အထိမ်းအမှတ်အပေါ် ဤမျှ မြင့်မားသော ဂုဏ်ပြုမှုကို ပေးထားပုံရသည့်အတွက် စိတ်ရှုပ်ထွေးခဲ့ကြသည်။
သို့သော်လည်း ပရောဖက်သည် ဤနေရာတွင် ဇေဒကိကို လူသားတစ်ဦးအနေဖြင့်
ပြောနေခြင်းမဟုတ်ဘဲ ဘုရင်သည် “ထာဝရဘုရား၏ ဘိသိက်ခံ”၊ ဘုရားသခင် ခန့်အပ်ထားသော
လူမျိုးတော်၏ ဦးခေါင်းဖြစ်သည်ဟူသော အနေအထားကို ပြောခြင်းဖြစ်သည် (၁ ဓမ္မရာဇဝင်
၂၄:၅၊ ၆၊ ၂၆:၉၊ ၁၁၊ ၂ ဓမ္မရာဇဝင် ၁:၁၄၊ ၁၆ ကိုကြည့်ပါ)။
We shall live. Possibly, the followers of Zedekiah had
entertained the vain hope that by escaping from the doomed city, they might
maintain some kind of independence in the Wilderness of Judah, or in
Transjordan (see on Jer. 39:4, 5).
ငါတို့သည်အသက်ရှင်လိမ့်မည်။
ဖြစ်နိုင်သည်မှာ ဇေဒကိ၏ နောက်လိုက်များသည် ပျက်စီးခြင်းသို့ ရောက်လုနီးသော မြို့မှ
ထွက်ပြေးလွတ်မြောက်ခြင်းအားဖြင့် ယုဒတောကန္တာရ သို့မဟုတ်
ယော်ဒန်မြစ်တစ်ဖက်ကမ်းတွင် တစ်စုံတရားသော လွတ်လပ်ရေးကို
ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု အချည်းနှီးသော မျှော်လင့်ချက်ကို
ထားရှိခဲ့ကြခြင်း ဖြစ်နိုင်သည် (ယေရမိ ၃၉:၄၊ ၅ ရှိ မှတ်ချက်ကိုကြည့်ပါ)။
21.
Daughter of Edom. The Edomites were
descended from Esau (Gen. 36:8, 19). The animosity that once existed between
Jacob and Esau was perpetuated by their descendants (Num. 20:14–21; Deut. 2:4,
5). When the Babylonian armies invaded Judah, the Edomites joined them against Judah, and
profited from looting the country (see Eze. 25:12–14; 35:5; Obadiah 11–14). The
thought of this verse is ironical: “Rejoice over your ill-gotten gain now, for
it will not last long!”
ဧဒုံသမီး။ ဧဒုံလူတို့သည် ဧသောမှ
ဆင်းသက်လာကြသူများ ဖြစ်ကြသည် (ကမ္ဘာဦး ၃၆:၈၊ ၁၉)။ တစ်ချိန်က ယာကုပ်နှင့်
ဧသောတို့အကြား ရှိခဲ့သော ရန်ငြိုးသည် ၎င်းတို့၏ သားမြေးများအထိ ဆက်လက်တည်ရှိခဲ့သည်
(တောလည်ရာကျမ်း ၂၀:၁၄-၂၁၊ တရားဟောရာကျမ်း ၂:၄၊ ၅)။ ဗာဗုလုန်စစ်တပ်များ ယုဒပြည်ကို
ကျူးကျော်ဝင်ရောက်သောအခါ ဧဒုံလူတို့သည် ယုဒပြည်ကို ဆန့်ကျင်ရန် ၎င်းတို့နှင့်
ပူးပေါင်းခဲ့ကြပြီး ထိုပြည်ကို လုယက်ဖျက်ဆီးခြင်းမှ အကျိုးအမြတ် ရယူခဲ့ကြသည်
(ယေဇကျေလ ၂၅:၁၂-၁၄၊ ၃၅:၅၊ ဩဗဒိ ၁၁-၁၄ ကိုကြည့်ပါ)။ ဤအငယ်၏ အတွေးအမြင်မှာ
သရော်ထားခြင်း ဖြစ်သည်- “မတရားသောနည်းဖြင့် ရရှိထားသော အမြတ်အစွန်းအတွက် ယခု
ပျော်မွေ့နေလော့၊ အကြောင်းမှာ ၎င်းသည် ကြာရှည်ခံမည်မဟုတ်သောကြောင့် ဖြစ်သည်!”
Land
of Uz. This country was the home of Job (see on Job 1:1), and is also mentioned
in connection with various other neighbors of Judah in Jer. 25:20.
ဥဇပြည်။ ဤပြည်သည် ယောဘ၏ နေရပ်ဖြစ်ပြီး
(ယောဘ ၁:၁ ရှိ မှတ်ချက်ကိုကြည့်ပါ)၊ ယေရမိ ၂၅:၂၀ တွင် ယုဒပြည်၏ အခြားသော
အိမ်နီးနားချင်းများနှင့် ဆက်စပ်၍လည်း ဖော်ပြထားသည်။
22.
Punishment.
See on v. 6.
အပြစ်ဒဏ်။ အငယ် ၆ ရှိ
မှတ်ချက်ကိုကြည့်ပါ။
Visit.
That is, for the purpose of punishment (see on Ps. 8:4; 59:5).
အပြစ်ပေးတော်မူမည်။ ဆိုလိုသည်မှာ
အပြစ်ဒဏ်ပေးရန် ရည်ရွယ်ချက်အတွက် ဖြစ်သည် (ဆာလံ ၈:၄၊ ၅၉:၅ ရှိ
မှတ်ချက်ကိုကြည့်ပါ)။
Discover.
Literally, “uncovered,” or “revealed” (see ch. 2:14).
လှန်ပြတော်မူမည်။ စာသားအရ “ဖော်ပြသည်”
သို့မဟုတ် “ပေါ်လွင်စေသည်” ဖြစ်သည် (အခန်း ၂:၁၄ ကိုကြည့်ပါ)။
ellen
g. white comments 1 EW 227; PP 720; TM 86; 5T 240, 534 10 GC 32
အယ်လင် ဂျီ ဝှိုက် ၏ မှတ်ချက်များ ၁
EW ၂၂၇၊
PP ၇၂၀၊
TM ၈၆၊
၅T ၂၄၀၊
၅၃၄ ၁၀
GC ၃၂
No comments:
Post a Comment