Friday, December 12, 2025

Sunday Law ပိုပိုနီးကပ်လာပြီလား?



ဒေါ်နယ်ထရမ့်အနေဖြင့် ချာလီကတ်၏ စာအုပ်အသစ်ကို အများပြည်သူဆိုင်ရာ ထောက်ခံပေးမှုသည် ဥပုသ်နေ့ကို ရိုသေခြင်းကို ထောက်ခံခြင်းဖြစ်သည်

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ချာလီကပ်၏ စာအုပ်အသစ်ဖြစ်သော “Stop, in the Name of God: Why Honoring the Sabbath Will Transform Your Life” (ဘုရားသခင်နာမတော်ဖြင့ ရပ်နားလော့။ ဥပုသ်နေ့ကို ရိုသေခြင်းက သင့်ဘဝကို မည်သို့ပြောင်းလဲပစ်မည်နည်း) ကို သူ၏ Truth Social လူမှုကွန်ရက်ပေါ်တွင် အများပြည်သူဆိုင်ရာ ကြော်ငြာမြှင့်တင်ခဲ့သည်။ ဤသည်မှာ ရိုးရိုး သာမန် အကြံပေးချက်မျှသာ မဟုတ်ပေ။ လက်ရှိ (သို့မဟုတ် အင်အားကြီးသော) သမ္မတတစ်ဦးက စာအုပ်တစ်အုပ်ကို ဝယ်ယူဖို့ ပြည်သူလူထုကို တိုက်တွန်းသည့်အခါ ထိုစာအုပ်ထဲက အတွေးအခေါ်များကို နိုင်ငံရေးအရ ထောက်ခံခြင်းပင် ဖြစ်သွားသည်။

ချာလီကတ်၏ စာအုပ်သည် တစ်ပတ်လျှင် တစ်ရက် အနားယူခြင်း (ဥပုသ်နေ့) ၏ အရေးကြီးမှုကို ဗဟိုပြုထားသည်။ ထို့ကြောင့် ထရမ့်၏ ထောက်ခံမှုသည် ဥပုသ်နေ့ စောင့်ထိန်းခြင်း အယူအဆကို ရှင်းရှင်းလင်းလင်း အတည်ပြုခြင်းပင် ဖြစ်သည်။ စာအုပ်ခေါင်းစဉ်ကိုယ်တိုင်က ဥပုသ်နေ့ကို ရိုသေရန် ကြေညာထားပြီး၊ စာအုပ်တစ်အုပ်လုံးလိုလိုတွင် တစ်ပတ်တစ်ရက် အနားယူခြင်းနှင့် သန့်ရှင်းသော အချိန်သည် ပုဂ္ဂိုလ်ရေး ကုစားမှု၊ မိသားစု ပြန်လည်နုပျိုမှု၊ နိုင်ငံတော် တည်ငြိမ်မှုအတွက် မရှိမဖြစ် လိုအပ်ကြောင်း ထပ်ခါတလဲလဲ အလေးပေး ရေးသားထားသည်။

ဒေါ်နယ်ထရမ့်သည် သူ၏ Truth Social အကောင့်တွင် အောက်ပါအတိုင်း ရေးသားခဲ့သည်။

“မဟာချာလီကတ်ကို လူသတ်သမားတစ်ဦးက ကျွန်ုပ်တို့မှ ခေါ်ဆောင်သွားတော့မည့် တစ်လအလိုတွင် သူ၏ နောက်ဆုံးစာအုပ် ‘Stop, in the Name of God: Why Honoring the Sabbath Will Transform Your Life’ ကို ပြီးစီးခဲ့သည်။ ချာလီသည် မကြာခဏဆို ဤသို့ ပြောတတ်သည်။ ‘ကျွန်ုပ်ကို တစ်ခုခုအတွက် လူသိများစေချင်ရင် ကျွန်ုပ်၏ ယုံကြည်ခြင်းအတွက် ရဲဝံ့စွာ ရပ်တည်သူအဖြစ် လူသိများစေချင်ပါသည်’။ ချာလီသည် ဘုရားသခင်နှင့် နိုင်ငံကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးခဲ့သည်။ ဤအစွမ်းကြီးမားသော စာအုပ်ထဲတွင် သူ၏ ဉာဏ်ပညာ၊ ရဲဝံ့မှု၊ ယုံကြည်ချက်တို့သည် ကျွန်ုပ်တို့အားလုံးကို ဘုရားသခင်ထံ လှည့်ကြည့်ရန်နှင့် ဤကမ္ဘာပေါ်ရှိ အန္တရာယ်များကို ကျော်လွှားနိုင်ရန် လှုံ့ဆော်ပေးထားသည်။ ဘုရားသခင်ကျေးဇူးတော်ဖြင့် ကျွန်ုပ်တို့ အောင်နိုင်ပါစေ။ သင့်စာအုပ်ကို ယနေ့ 45books.com တွင် သို့မဟုတ် စာအုပ်ရောင်းသည့်နေရာတိုင်းတွင် ဝယ်ယူနိုင်ပါသည်။”

ထရမ့်သည် သူ၏ ဖော်လိုဝါး သန်းပေါင်းများစွာကို တစ်ပတ်တစ်ရက် အနားယူခြင်းကို မြှင့်တင်ထားသော စာအုပ်တစ်အုပ်ကို ဝယ်ယူအားပေးရန် တိုက်တွန်းခြင်းဖြင့် ဥပုသ်နေ့ စောင့်ထိန်းခြင်းကို ပင်မယဉ်ကျေးမှုနှင့် နိုင်ငံရေးဆွေးနွေးပွဲထဲသို့ မြှင့်တင်ပေးနေခြင်းဖြစ်သည်။ ရိုးရာ စျေးကွက်ရှာဖွေရေး လမ်းကြောင်းများဖြင့် မရရှိနိုင်သော ပလက်ဖောင်းနှင့် တရားဝင်မှုကို ပေးအပ်လိုက်ခြင်းဖြစ်သည်။ ဤနည်းဖြင့် သူ၏ ထောက်ခံမှုသည် သန့်ရှင်းသော တစ်ပတ်တစ်ရက် အနားယူခြင်းမှာ ကိုယ်ပိုင်ယုံကြည်ချက်သာ မဟုတ်တော့ဘဲ နိုင်ငံလုံးဆိုင်ရာ အာရုံစိုက်မှု ထိုက်တန်သော အရေးကြီးအရာတစ်ခု ဖြစ်ကြောင်း အားကောင်းစွာ ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

သမ္မတ ထရမ့်၏ လုပ်ရပ်များ၏ အရေးပါမှုသည် ခရစ်ယာန်အမျိုးသားရေးဝါဒီနှင့် ဗာတီကန်နှင့် ပူပေါင်းထားသော အစီအစဉ်များ ပိုမိုကြီးထွားလာနေသည့် အခြေအနေကို ပို၍ ရှင်းလင်းလာစေသည်။ ထိုအစီအစဉ်များသည် တနင်္ဂနွေနေ့ကို အနားယူခြင်းနှင့် ကိုးကွယ်ခြင်းနေ့အဖြစ် ပြန်လည်အသက်သွင်းလိုကြသည်။ ဥပုသ်နေ့ စောင့်ထိန်းခြင်းကို ထောက်ခံသော စာအုပ်ကို အများပြည်သူဆိုင်ရာ မြှင့်တင်ခြင်းသည် တစ်ပတ်တစ်ရက် အနားယူခြင်းသည် ဝိညာဉ်ရေးအရ အကျိုးရှိရုံသာမက နိုင်ငံရေးအရ လိုအပ်သည်ဟူသော အတွေးကို ပုံမှန်ဖြစ်အောင် လုပ်ပေးနေသည်။ ဤနည်းဖြင့် ဥပုသ်နေ့ စောင့်ထိန်းခြင်းကို နိုင်ငံ၏ ကျန်းမာရေးနှင့် ပြန်လည်နုပျိုရေးအတွက် မရှိမဖြစ် လိုအပ်သည်ဟု လူထု၏ အမြင်ကို တဖန်ပြန်လည် ပုံဖော်ပေးနေပြီး၊ အနာဂတ်တွင် တနင်္ဂနွေနေ့ အနားယူခြင်းကို ဘာသာရေးအခြေခံဖြင့် နိုင်ငံသားတို့၏ တာဝန်အဖြစ် သတ်မှတ်ရေး ဆွေးနွေးပွဲများအတွက် လမ်းဖွင့်ပေးနေခြင်းဖြစ်သည်။ (Ellen G White ၏ ကြိုတင် ပရောဖက်ပြုချက် ပြည့်စုံလာတော့မည်လား။)

“ကမ္ဘာတစ်ဝှမ်းသည် ဥပဒေသုံး၍ မှားယွင်းသော ဥပုသ်နေ့ကို တည်ထောင်ရန်နှင့် လူတိုင်းအတွက် စမ်းသပ်မှုတစ်ရပ်အဖြစ် သတ်မှတ်ရန် ကြိုးပမ်းနေသည်ကို ကျွန်ုပ်တို့ မြင်တွေ့နေရသည်။ ဤမေးခွန်းသည် မကြာမီ ကျွန်ုပ်တို့ ရှေ့မှောက်တွင် ရောက်ရှိလာတော့မည် ဖြစ်သည်။ ဘုရားသခင်၏ ဥပုသ်နေ့သည် ခြေဖဝါးအောက်တွင် နင်းချေခံရလိမ့်မည်ဖြစ်ပြီး၊ မှားယွင်းသော ဥပုသ်နေ့သည် ချီးမြှောက်ခြင်း ခံရလိမ့်မည်။ တနင်္ဂနွေနေ့ ဥပဒေတွင် သတ်မှတ်ထားသော သတ္တမနေ့ (= စနေနေ့) ကို စောင့်ထိန်းသူများအတွက် ကြီးစွာသော ဆင်းရဲဒုက္ခ ဖြစ်ပေါ်လာနိုင်ချေ ရှိသည်။” (Selected Messages, vol. 3, p. 375)



Donald Trump’s Public Endorsement of Charlie Kirk’s New Book is an Endorsement to Honor the Sabbath


President Donald Trump has publicly promoted Charlie Kirk’s new book, “Stop, in the Name of God: Why Honoring the Sabbath Will Transform Your Life,” on his Truth Social media platform. This was far more than just a casual endorsement. When a sitting president publicly urges people to purchase a book, it goes beyond a personal recommendation and actually lends political support to the ideas contained in the book. By using his platform to promote Kirk’s book—which centers on the importance of having a weekly day of rest—Trump is effectively amplifying the Sabbath rest concept to a massive political and social audience of followers.

Because the book is centered on the necessity of keeping a weekly day of rest, Trump’s endorsement serves as an unmistakable affirmation of the principles of Sabbath-keeping. The title itself announces the theme—honoring the Sabbath—and the book repeatedly emphasizes that weekly rest and sacred time are essential for personal healing, family renewal, and national stability.

Donald Trump expressed the following on his Truth Social account:

• “One month before a monster took him away from us, the Great Charlie Kirk finished his final book, “Stop, in the Name of God: Why Honoring the Sabbath Will Transform Your Life.” As Charlie often said, “If I’m to be known for anything, I want to be known for being courageous for my faith.” Charlie cared deeply about God and country, and in this powerful book, his wisdom, courage, and conviction inspire us all to turn to God for guidance against the evil in this world, which we too can overcome, SO HELP US GOD. Get your copy today at 45books.com, or anywhere books are sold!” [1]

By calling on millions of his followers to support and purchase a book devoted entirely to promoting a day of rest, Trump is elevating Sabbath observance into mainstream cultural and political conversation, giving it a platform and legitimacy that it would not have achieved through traditional marketing channels alone. In this sense, his endorsement becomes a powerful statement affirming that a sacred weekly day of rest is not merely a matter of personal belief but an idea worthy of national attention.

The significance of President Trump’s actions becomes clear when analyzed within the context of the growing Christian nationalist and Vatican-aligned agenda, which seeks to reintroduce Sunday as a day of rest and worship. Trump’s public endorsement of a book advocating for Sabbath observance helps normalize the idea that weekly rest is not only spiritually beneficial but also politically necessary. This elevates Sabbath observance from a religious practice to a matter of public health, in which America’s renewal requires a return to sacred time and weekly rest. In this way, public opinion is being conditioned to view Sabbath observance as essential to the nation’s well-being, paving the way for future debates about Sunday rest as a religiously based civic observance.

“We see the world working to the point of establishing by law a false sabbath, and making it a test for all. This question will soon be before us. God’s Sabbath will betrampled under foot, and a false sabbath will be exalted. In a Sunday law there is possibility for great suffering to those who observe the seventh day” (Selected Messages, p. 375). 

Credit: 
https://www.facebook.com/photo.php?fbid=1514418017353009&set=a.543419781119509&type=3&mibextid=wwXIfr&rdid=0UclTRX2s5OkXifo&share_url=https%3A%2F%2Fwww.facebook.com%2Fshare%2F1DXNuL2siW%2F%3Fmibextid%3DwwXIfr#

No comments:

Post a Comment