Wednesday, September 30, 2026

၅။ သန့်ရှင်းသောဝိညာဉ်တော် ဘုရားသခင်

  

၅။ သန့်ရှင်းသောဝိညာဉ်တော် ဘုရားသခင်

ထာဝရဝိညာဉ်တော်ဖြစ်တော်မူသော ဘုရားသခင်သည် ဖန်ဆင်းခြင်း၊ လူ့ဇာတိ

ခံယူခြင်းနှင့် ရွေးနုတ်ခြင်းတို့တွင် ခမည်းတော်နှင့် သားတော်တို့နှင့်အတူ တက်ကြွ

စွာ ပါဝင်တော်မူခဲ့သည်။

ကိုယ်တော်သည် ခမည်းတော်နှင့် သားတော်တို့ကဲ့သို့ ပုဂ္ဂိုလ်တစ်ပါးဖြစ်တော်မူ

သည်။ ကိုယ်တော်သည် ကျမ်းစာရေးသားသူတို့အား မှုတ်သွင်းတော်မူခဲ့သည်။

ခရစ်တော်၏အသက်တာကို တန်ခိုးတော်ဖြင့် ပြည့်စုံစေတော်မူခဲ့သည်။ လူတို့ကို

ဆွဲဆောင်၍ အပြစ်ကို သိမြင်စေတော်မူသည်။ ထိုသို့ တုံ့ပြန်သူတို့ကို

ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ အသစ်ပြုပြင်၍ ပြောင်းလဲပေးတော်မူ

သည်။

သားသမီးတို့နှင့် အစဉ်အမြဲအတူရှိရန် ခမည်းတော်နှင့် သားတော်တို့က စေလွှတ်

တော်မူသော ကိုယ်တော်သည် အသင်းတော်အား ဝိညာဉ်ဆုကျေးဇူးများကို ပေး

တော်မူသည်။ ခရစ်တော်အကြောင်း သက်သေခံနိုင်ရန် အသင်းတော်အား တန်ခိုး

ပေးတော်မူပြီး ကျမ်းစာနှင့်အညီ သမ္မာတရားအလုံးစုံထဲသို့ လမ်းပြတော်မူသည်။

(က၊ ၁:၁၊ ၂၊ ၂ရာ၊ ၂၃:၂၊ ဆာ၊ ၅၁:၁၁၊ ဟေရှာ၊ ၆၁:၁၊ လု၊ ၁:၃၅၊ ၄:၁၈၊ ယော၊

၁၄:၁၆–၁၈၊ ၂၆၊ ၁၅:၂၆၊ ၁၆:၇–၁၃၊ တ၊ ၁:၈၊ ၅:၃၊ ၁၀:၃၈၊ ရော၊ ၅:၅၊ ၁ကော၊

၁၂:၇–၁၁၊ ၂ကော၊ ၃:၁၈၊ ၂ပေ၊ ၁:၂၁။)

 

လူသားမျိုးနွယ်

ဘုရားသခင်သည် လူသားတို့ကို မိမိ၏ပုံသဏ္ဌာန်တော်နှင့်အညီ၊ လွတ်လပ်စွာ

ရွေးချယ်နိုင်သောအခွင့်နှင့် မြေကြီးပေါ်တွင် အုပ်စိုးခွင့်တို့ကို ပေးအပ်၍ ပြည့်စုံ

သောသတ္တဝါများအဖြစ် ချစ်ခြင်းမေတ္တာဖြင့် ပုံဖော်ဖန်ဆင်းတော်မူခဲ့သည်။

သို့သော် စာတန်တည်းဟူသော မာရ်နတ်၏ သွေးဆောင်မှုမှတစ်ဆင့် အပြစ်သည်

ဝင်ရောက်လာခဲ့သည်။ ယခုအခါ လူသားတို့၏ ပြည့်စုံခြင်းသည် အစွန်းအထင်းဖြစ်

သွားပြီး၊ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်နှလုံးတို့သည် ပျက်စီးယိုယွင်းလာခဲ့သည်။

တစ်ချိန်က ငြိမ်းချမ်းသာယာသော ကျွန်ုပ်တို့၏လောကသည် ကောင်းမှုနှင့်

မကောင်းမှုတို့အကြား အစဉ်မပြတ် ရုန်းကန်နေရဆဲဖြစ်သည်။

ကံကောင်းထောက်မစွာ၊ ဘုရားသခင်သည် မိမိ၏သားတော် ယေရှုခရစ်အားဖြင့်

လူသားတို့ကို ရွေးနုတ်ရန် အစီအစဉ်တစ်ရပ် ရှိတော်မူခဲ့သည်။ နောက်ဆုံးတွင်

ကိုယ်တော်သည် အပြစ်နှင့် သေခြင်းတို့အပေါ် အောင်မြင်တော်မူပြီး၊ ကျွန်ုပ်တို့နှင့်

ကျွန်ုပ်တို့၏မြေကြီးကို မူလအလှအပနှင့် ပြည့်စုံခြင်းအခြေအနေသို့ ပြန်လည်

တည်ဆောက်တော်မူမည်။

အောက်ပါဖော်ပြချက်များသည် ဘုရားသခင်၏ အဆုံးစွန်သောအစီအစဉ်နှင့်

ဆက်စပ်၍ မြေကြီးနှင့် လူသားတို့အကြောင်း သတ္တမနေ့မြော်လင့်ခြင်းအသင်း

တော်၏ ယုံကြည်ချက်များကို ဖော်ပြထားသည်။

No comments:

Post a Comment