၂၃။ အိမ်ထောင်ရေးနှင့် မိသားစု
အိမ်ထောင်ရေးကို ဧဒင်ဥယျာဉ်၌ ဘုရားသခင်ကိုယ်တော်တိုင် တည်ထောင်ပေးခဲ့
ပြီး၊ ယေရှုကလည်း ၎င်းသည် ယောက်ျားနှင့် မိန်းမတို့အကြား ချစ်ခြင်းမေတ္တာဖြင့်
အတူတကွနေထိုင်ခြင်းရှိသော တစ်သက်တာပေါင်းစည်းခြင်းဖြစ်ကြောင်း
အတည်ပြုသွန်သင်ခဲ့သည်။
ခရစ်ယာန်တစ်ဦးအတွက် အိမ်ထောင်ရေးကတိကဝတ်သည် အိမ်ထောင်ဖက်
အပေါ်သာမက ဘုရားသခင်အပေါ်၌လည်း ကတိကဝတ်ပြုခြင်းဖြစ်သဖြင့်၊ တူညီ
သောယုံကြည်ခြင်းရှိသော ယောက်ျားနှင့် မိန်းမတို့အကြား၌သာ ပြုလုပ်သင့်သည်။
အပြန်အလှန်ချစ်ခြင်း၊ ဂုဏ်ပြုခြင်း၊ လေးစားခြင်းနှင့် တာဝန်ယူခြင်းတို့သည် ဤ
ဆက်ဆံရေး၏ အခြေခံအုတ်မြစ်များဖြစ်ပြီး၊ ခရစ်တော်နှင့် ကိုယ်တော်၏အသင်း
တော်အကြားရှိ ချစ်ခြင်းမေတ္တာ၊ သန့်ရှင်းမြင့်မြတ်မှု၊ ရင်းနှီးနီးကပ်မှုနှင့် အမြဲတည်
မြဲမှုတို့ကို
ထင်ဟပ်စေရမည်။
ကွာရှင်းခြင်းနှင့်ပတ်သက်၍ ယေရှုက မတရားသောမေထုန်ပြုခြင်းမှတစ်ပါး
မိမိ၏အိမ်ထောင်ဖက်ကို ကွာရှင်းပြီး အခြားသူနှင့် လက်ထပ်သောသူသည် သူ့
မယားကို ပြစ်မှားရာရောက်ကြောင်း သွန်သင်ခဲ့သည်။ အချို့သော မိသားစုဆက်ဆံ
ရေးများသည် စံနှုန်းအတိုင်း ပြည့်စုံခြင်းမရှိနိုင်သော်လည်း၊ အိမ်ထောင်ရေး
အားဖြင့် ခရစ်တော်၌ တစ်ဦးနှင့်တစ်ဦး အပြည့်အဝအပ်နှံကြသော ယောက်ျားနှင့်
မိန်းမတို့သည် ဝိညာဉ်တော်၏လမ်းညွှန်မှုနှင့် အသင်းတော်၏ ပြုစုပျိုးထောင်မှု
အားဖြင့် ချစ်ခြင်းမေတ္တာရှိသော စည်းလုံးညီညွတ်မှုကို
ရရှိနိုင်ကြသည်။
ဘုရားသခင်သည် မိသားစုကို ကောင်းချီးပေးတော်မူပြီး၊ မိသားစုဝင်များသည် တစ်
ဦးနှင့်တစ်ဦး ပြည့်စုံရင့်ကျက်ခြင်းသို့ ရောက်ရှိရန် ကူညီပေးကြစေရန် ရည်ရွယ်
တော်မူသည်။ မိသားစုအတွင်း ရင်းနှီးနီးကပ်မှု တိုးပွားလာခြင်းသည် နောက်ဆုံး
သောဧဝံဂေလိတရား၏
အရေးကြီးသောလက္ခဏာများအနက် တစ်ရပ်ဖြစ်သည်။
မိဘများသည် မိမိတို့၏သားသမီးများအား ထာဝရဘုရားကို ချစ်၍ နာခံတတ်ရန်
ပြုစုပျိုးထောင်ရမည်။ မိဘတို့သည် မိမိတို့၏စံနမူနာနှင့် စကားများအားဖြင့်
ခရစ်တော်သည် ချစ်ခြင်းမေတ္တာပြည့်ဝ၍ နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်တော်မူသော
လမ်းညွှန်သူဖြစ်ကြောင်း သားသမီးတို့အား သွန်သင်ပေးရမည်။ ထိုခရစ်တော်
သည် သူတို့အား ကိုယ်တော်၏ကိုယ်ခန္ဓာဝင်များဖြစ်လာစေလိုတော်မူပြီး၊ ထို
ကိုယ်ခန္ဓာသည် အိမ်ထောင်မရှိသူများနှင့် အိမ်ထောင်ရှိသူများ နှစ်မျိုးစလုံးကို
လွှမ်းခြုံထားသော
ဘုရားသခင်၏မိသားစုဖြစ်သည်။
(က ၂း၁၈-၂၅၊ ထွက်
၂၀း၁၂၊ တရား ၆း၅-၉၊ သုတ္တံ ၂၂း၆၊ မာလ ၄း၅၊ ၆၊ မ ၅း၃၁၊ ၃၂၊ ၁၉း၃-၉၊ ၁၂၊ မာ ၁၀း၁၁၊
၁၂၊ ယော ၂း၁-၁၁၊ ၁ကော ၇း၇၊ ၁၀၊ ၁၁၊ ၂ကော ၆း၁၄၊ ဧဖက် ၅း၂၁-၃၃၊ ၆း၁-၄။)
ပြန်လည်ထူထောင်ခြင်း (နောက်ဆုံးသောကာလ)
ဘုရားသခင်သည် အရေးယူဆောင်ရွက်တော်မူခြင်းမပြုမီ အစဉ်အမြဲ စုံစမ်း
စစ်ဆေးတော်မူခဲ့ပြီး၊ ခွင့်လွှတ်လိုသော မိမိ၏စိတ်ဆန္ဒကို ပြသတော်မူကာ ကျွန်ုပ်
တို့တစ်ဦးချင်းစီအား ကိုယ်တော်၏အစီအစဉ်တွင် ပါဝင်ရန် အခွင့်အရေးပေးတော်
မူခဲ့သည်။ ဧဒင်ဥယျာဉ်၊ ဗာဗုလုန်ရဲတိုက်၊ အဲဂုတ္တုပြည်မှ ထွက်မြောက်ခြင်းနှင့်
သောဒုံနှင့်ဂေါမောရမြို့တို့ကို ဖျက်ဆီးခြင်းတို့တွင်လည်း ဤအချက်မှန်ကန်
ကြောင်း ကျွန်ုပ်တို့တွေ့မြင်ရသည်။
ယေရှု၏ဒုတိယအကြိမ်ကြွလာတော်မူခြင်းမတိုင်မီ ကိုယ်တော်သည် ကမ္ဘာမြေ
တစ်ဝန်းလုံးနှင့် အသက်ရှင်ခဲ့ဖူးသူတိုင်း၊ လူသားတိုင်းပြုလုပ်ခဲ့သမျှ ရွေးချယ်မှု
တိုင်းကို စုံစမ်းစစ်ဆေးတော်မူနေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ မိမိမ
ရွေးချယ်ခဲ့သော အဆုံးအဖြတ်မျိုးကို မခံစားရကြောင်း ကျွန်ုပ်တို့နှင့် စောင့်ကြည့်
နေသော စကြဝဠာအပေါင်းတို့ရှေ့တွင် ရှင်းလင်းစွာသိရှိနိုင်စေရန် ဘုရားသခင်
အလိုတော်ရှိတော်မူသည်။
ခရစ်တော်ကြွလာတော်မူမည့်အချိန်သည် နီးကပ်လာပြီဖြစ်သည်။ ထိုအချိန်တွင်
လူသားတို့၏ နောက်ဆုံးတရားစီရင်ခြင်း၊ မတရားသောသူတို့၏ ပျက်စီးခြင်း၊ သေ
ခြင်းနှင့် အပြစ်၏အဆုံးသတ်ခြင်း၊ ဘုရားသခင်၏ကယ်တင်ခြင်းဆုကျေးဇူးကို
လက်ခံသူတို့၏ ရွေးနုတ်ခြင်းတို့ ဖြစ်ပေါ်လာမည်။ သို့သော် ထိုအရာသည်
ဇာတ်လမ်း၏အဆုံးမဟုတ်ပါ။ ကျွန်ုပ်တို့သည် ကောင်းကင်၌ အနှစ်တစ်ထောင်
နေထိုင်ခံစားကြရမည်ဖြစ်ပြီး၊ ထို့နောက် ကျွန်ုပ်တို့၏ကမ္ဘာမြေကို တစ်ချိန်ကရှိခဲ့
သော ပရဒိသုအခြေအနေသို့ ပြန်လည်ထူထောင်ပေးတော်မူမည်။ ထိုနေရာ၌
ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် မိတ်သဟာယဖွဲ့ရင်း ထာဝရကာလပတ်လုံး
နေထိုင်ခံစားကြရမည်ဖြစ်သည်။
အောက်ပါဖော်ပြချက်များသည် ကမ္ဘာမြေ၏ နောက်ဆုံးသောကာလနှင့်
ပတ်သက်၍ သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်၏ ယုံကြည်ချက်များနှင့်
ထာဝရကာလ ဖွင့်လှစ်လာသည်နှင့်အမျှ လူသားတို့အတွက် ဖြစ်ပေါ်လာမည့်အရာ
များကို ဖော်ပြထားသည်။
No comments:
Post a Comment