အခန်း (၇) ဥပုသ်နေ့ကို လုံးလုံးလျားလျားစောင့်ထိန်းခြင်း
ဂျွန်နသန်သည် စိတ်ရှုပ်ထွေးလျက် ရှိနေပါသည်။ သူ၏ နောက်ဆုံးစာမေးပွဲကြီးသည် ဥပုသ်နေ့တွင် ကျရောက်နေပါသည်။ ဒီစာမေးပွဲကို ဖြေဆိုလျှင် သူ၏အမှားအမှန် သိမြင်သော အတွင်းစိတ်ကို ဆန့်ကျင်ရာကျမည်။ စာမေးပွဲကို အခြားရက်စွဲ တစ်ခုခုမှာ ဖြေနိုင်ဖို့ သူ၏ပရောဖက်ဆာနှင့် ဆွေးနွေးဖို့ ရက်ချိန်းယူလိုက်သည်။ ပရောဖက်ဆာနှင့်တွေ့ရသည့်အခါ ပရောဖက်ဆာက အပြတ်ငြင်းလိုက်သည်။ သူ့အား ပရောဖက်ဆာက ရှင်းပြလိုက်သည်။ ဂျွန်နသန်ကို အခြားရက်တစ်ရက်မှာ စာမေးပွဲ ဖြေခွင့်ပေးလိုက်လျှင် အခြားသူများလည်း အကြောင်းတစ်ခုခုပြပြီး အခွင့်အရေးမျိုး တောင်းဆိုမှာပဲ။ ဂျွန်နသန် ဘာမျှမတတ်နိုင်တော့ပါ။ သူ့မှာ ရွေးချယ်ရန် လမ်းနှစ်လမ်း ပဲရှိတယ်။ စာမေးပွဲအောင်ရန် ဖြေလျှင်ဖြေ (သို့မဟုတ်) မဖြေဘဲ နေလျှင်နေ၍ စာမေးပွဲကျရှုံးဖို့ပဲ ရှိတော့သည်။
တကယ်တန်းဆိုလျှင် သူ Semester (နှစ်ဝက်) တစ်ခုလုံးကို အဆုံးအရှုံး မခံချင်ပါ။ နောက်တစ်ကြိမ် ဒီသင်ကြားမှုအတွက် ထပ်ပြီး တက်ရောက်ဖြေဆိုဖို့ မနှစ်သက်ပါ။ သူသည် ဤစာမေးပွဲကို ဥပုသ်နေ့မှအပ ဖြေဆိုခွင့်ပြုဖို့ စိတ်ပါလက်ပါ တည်ကြည်စွာ ဆုတောင်းပါသည်။ ဘုရားသခင်အား သူ့အတွက် လမ်းဖွင့်ပေးဖို့ ဆုတောင်းပါသည်။ စနေနေ့၌ စာမေးပွဲအချိန်နီးလာသည့်အခါ သူသည် ဥပုသ်နေ့မနက်တွင် ဘုရားကျောင်းသို့ တည်ငြိမ်စွာ လျှောက်သွားသည်။ သူ့၏ယုံကြည်ခြင်း အားကိုးချက်ကို ဘုရားသခင်က ဖြည့်ဆည်းဖြေရှင်းမယ်လို့ သူယုံကြည်သည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် သူ၏ကြီးမြတ်မူကို ပြသရန် အံ့ဖွယ်ကောင်းအောင် ပြင်းထန်စွာ လုပ်ပြတတ်သည်။ စာမေးပွဲ ပြီးဆုံးသည့်အခါ ပရောဖက်ဆာက ကျောင်းသားများ၏ အဖြေလွှာကို သူ့လက်ဆွဲအိတ်တွင် လုံခြုံစွာထည့်ပြီး အိမ်သို့ လမ်းပြန်လျှောက်ခဲ့သည်။ သူသည် လမ်းတွင်ပြန်သွားစဉ် ဓါးပြအတိုက် ခံလိုက်ရပြီး အဖြေလွှာထည့်ထားသည့် လက်ဆွဲတစ်ခုသာ ပါသွားသည်။ သူဘာမှမဖြစ်ပေမယ့်စာမေးပွဲအဖြေလွှာ အားလုံးတို့မှာ အမြဲတမ်း ပျောက်ဆုံးသွားတော့သည်။ အတန်းဆုံးဘွဲ့နှင်းသည့် နေ့ရက်အနည်းငယ်လိုတော့သည့်အခါ ကျောင်းအုပ်ကြီးသည် ထူးဆန်းသည့် ကြေညာချက် ထုတ်ပြန်လိုက်သည်။အတန်းတွင်ရှိသည့် ကျောင်းသားတိုင်းသည် စာမေးပွဲအောင်မှတ်အားလုံး ရရှိမည်။ စာမေးပွဲ မတိုင်မီအထိ လွန်ခဲ့သည့်စာမေးပွဲ ရမှတ်စုစုပေါင်း၏ ပျမ်းမျှကို တွက်ချက်ပြီး အောင်လက်မှတ်ပေးမည်။ ဂျွန်နသန်သည်ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဤကဲ့သို့ ဖြစ်ရသည်ကို ကျေးဇူးတင်၍ မဆုံးတော့ပါ။ သူ၏ ဆုတောင်းသံကို ဘုရားသခင်နားညောင်းပြီး သူ့ရဲ့ယုံကြည်ချက်ကို ဂုဏ်ပြုလိုက်ခြင်းဖြစ်သည်။ ဘုရားသခင်သည် သစ္စာရှိသူကို ကောင်းချီးမင်္ဂလာပေးသည်။
သမ္မာကျမ်းစာခေတ်တွင် သစ္စာစောင့်ထိန်းသည့် ဘုရားသခင်၏လူတို့ကို ကတိပေးခြင်းသည် ယနေ့တွင်လည်း မှန်ကန်မှုရှိပါသည်။ ကျွန်ုပ်တို့၏ သခင်သည် ကြေညာပြောဆိုခဲ့သည်မှာ “ငါ့ကို ချီးမြှောက်သော သူတို့ကို ငါချီးမြှောက်မည်။ ငါ့ကို မထီမဲ့မြင်ပြုသော သူတို့သည် ဂုဏ်အသရေ ပျက်ရကြလိမ့်မည်။ (၁ရာ၊ ၂း၃၀)။ ကျမ်းစာတော်များ၏ စာသားများသည် ရာစုနှစ်အဆက်ဆက် ပဲ့တင်ထပ်၍ ဆင်းသက်လာပါသည်။ ယခင်လိုပဲဤနှုတ်ကပတ်များသည် ကျွန်တော်တို့ကို ဩဇာနှင့် ပြောဆိုနေပါ သည်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာကမှန်သလို ယခုတွင်လည်း မှန်ကန်မှုရှိပါသည်။ “သင်၏ ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကိုနားထောင်လျှင် သင့်အပေါ်မှာ သက်ရောက်လတ္တံ့သော ကောင်းချီးမင်္ဂလာဟူမှုကား ၊ သင်သည် မြို့၌မင်္ဂလာရှိလိမ့်မည်။ တော၌ မင်္ဂလာရှိလိမ့်မည်။ (တရား၊ ၂၈း၂-၃)။ ဘုရားသခင်သည် သူ့အား နားထောင်သူတို့အား အကြွယ်ဝဆုံးသော ကောင်းချီးမင်္ဂလာပေးဖို့ ကတိတော် ထားပါသည်။ သူ၏ သတ္တမနေ့ ဥပုသ်ကို အပတ်စဉ်စောင့်ရှောက်သူတို့ အားလည်း ဤသို့နည်းတူ ခံစားရလိမ့်မည်။ ဖန်ဆင်းချိန်၌ ဘုရားသခင်သည် သတ္တမနေ့ကို ကောင်းချီးမင်္ဂလာပေးခဲ့သည် (ကမ္ဘာ ၂း၃)။ ဘုရားသခင် ကောင်းချီးမင်္ဂလာပေးသော အရာရာတိုင်းသည်ထာဝရစဉ်ရှိလိမ့်မည် (၁ရာ၊ ၁၇း၂၇)။ ဘုရားသခင်၏ ထာဝရကောင်းချီးမင်္ဂလာသည် သတ္တမနေ့ဥပုသ်တွင် တည်ရှိသည့်အတွက် ကျွန်ုပ်တို့လိုက်နာစောင့်ရှောက်လျှင် ကြီးမားသော ကောင်းချီးမင်္ဂလာခံစားရမည် (ဟေရှာယ၊ ၅၆း၂)။
ဒီနေရာမှာ တိကျသော မေးခွန်းများကို မေးဖို့လိုအပ်ပါသည်။ ဥပုသ်နေ့ကို မည်သို့ စောင့်ရှောက်ရပါမည်နည်း။ ကျွန်ုပ်တို့ရရှိသည့် ဥပုသ်နေ့ကောင်းချီးမင်္ဂလာကို ဖျက်စီးနိုင်သည့် အရာများ ရှိပါသလား။ အချို့သောအပြုအမှုတို့သည် ဥပုသ်နေ့နှင့် မဆီလျော်သည်များ ရှိပါသလား။ ဥပုသ်နေ့ကို မည်သည့် ရည်ရွယ်ချက်ဖြင့် ဘုရားသခင် ပေးတော်မူသနည်း။
ဘုရားသခင်သည် ဥပုသ်နေ့တွင် “ဘာတွေလုပ်နိုင်သည်” “ဘာတွေမလုပ်နိုင် ဘူး” စာရင်းပြုမထားပေးပါ။ ဥပုသ်နေ့တွင် အသေးစိတ်ပြဌာန်းချက်တည်းဟူသော လုပ်နိုင်သည်၊ မလုပ်နိုင်သည်ကို ဖေါ်ပြထားပါ။ ဥပုသ်နေ့ အတွေ့အကြုံမှုအားဖြင့်သာ ကျွန်ုပ်တို့ကို လမ်းပြထိန်း ကွပ်သွားလိမ့်မည်။ ဘုရားသခင်ထံ ဆုတောင်းပြီး အပ်နှံမှုပြုပါက ဥပုသ်နေ့စောင့်ရှောက်ခြင်း၏ ကြွယ်ဝသော အတွေ့အကြုံကို ရရှိလိမ့်မည်။ ကျွန်ုပ်တို့နှင့်အတူ ဘုရားသခင်ရှိနေခြင်းကို ခံစားနိုင်ပြီး သူ၏မေတ္တာတော်တို့ကို ဥပုသ်နေ့တိုင်းတွင် ခံစားနိုင်လိမ့်မည်။
ဥပုသ်နေ့ စောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ သမ္မာကျမ်းစာ၌ ပါရှိသည့် မူကြီးသုံးချက်ကို လေ့လာစစ်ဆေးကြည့်ရအောင်။
ပထမမူ။ ဥပုသ်နေ့သည် ဖန်ဆင်းရှင်အား ဝတ်ပြုကိုးကွယ်ဖို့ ပြဌာန်းသော နေ့တစ်နေ့ ဖြစ်သည်။
ဥပုသ်နေ့၏ စောင့်ရှောက်ခြင်း အနှစ်သာရမှာ ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်သည်။ ကောင်းကင်သားများ အားလုံးနှင့်အတူ ဥပုသ်နေ့တွင် ကျွန်ုပ်တို့အတူတကွ ဘုရားသခင်အား “အိုထာဝရဘုရား၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထို့ကြောင့် ကိုယ်တော်သည် ဘုန်းအသရေ တန်ခိုးတော်ကို ခံစားထိုက်တော်မှု၏။” ဟု ကြွေးကြော်ကြကုန်၏ (ဗျာဒိတ်၊ ၄း၁၁)။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ချစ်မြတ်နိုးသော ဘုရားသခင်က ဖန်ဆင်းခဲ့သည်။ ဥပုသ်နေ့တိုင်းတွင် ဇီဝအသက်ကို ပေးသနားခဲ့သော ဘုရားသခင်အား ဖန်ဆင်းရှင်အဖြစ် ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်ပါသည်။ ဝတ်ပြုရာကျမ်း၊ ၂၃း၃ တွင် “ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည်ငြိမ်ဝပ်စွာနေရသော ဥပုသ်နေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုရသောနေ့ဖြစ်၏။” (ဝတ်ပြုရာကျမ်း၊ ၂၃း၃)။ ဥပုသ်နေ့သည် သန့်ရှင်းသော ဓမ္မစည်းဝေးပွဲ ဖြစ်သည်။ ထိုနေ့၌ ဘုရားသခင်၏ လူအပေါင်းတို့က သန့်ရှင်းသော စုရုံးခြင်းဖြင့်ဝတ်ပြုကိုးကွယ်ခြင်းနှင့် ဂုဏ်တော်ကို ချီးမွမ်းခြင်းတို့ကို ပြုလုပ်ကြသည်။
ရာစုနှစ်ပေါင်းများစွာကပင် ဘုရားသခင်ရွေးချယ်ခဲ့သော ဂျူးလူမျိုးတို့သည် ဥပုသ်နေ့တိုင်း၌ သူ့အား ကိုးကွယ်ခဲ့သည်။ ဓမ္မသစ်ကျမ်းတွင် ဥပုသ်နေ့ စောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ သခင်ယေရှုက ကျွန်ုပ်တို့ကို နမူနာ ပေးခဲ့သည်။ ဧဝံဂေလိတရားတော် စာရေးဆရာရှင်လုကာသည် ဥပုသ်နေ့နှင့် ပတ်သက်၍ သခင်ယေရှု မည်ကဲ့သို့ စောင့်ရှောက်ခဲ့သည်ကို ဤကဲ့သို့ မှတ်တမ်းတင်ခဲ့သည်။
“ကြီးပွားတော်မူရာ နာဇရက်မြို့သို့ ပြန်ရောက်လျှင် ထုံးစံတော်ရှိသည့်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ ဝင်၍ ကျမ်းစာကို ဖတ်ရွက်ခြင်းငှာ ထတော်မူ၏” (လုကာ၊ ၄း၁၆)။ သခင်ယေရှုအတွက် ဥပုသ်နေ့သည် ဝတ်ပြုကိုးကွယ်ခြင်းအားဖြင့် အဖဘုရားနှင့် ခင်မင်ရင်းနှီးမူ ရယူသည်။ ဘုရားသခင်၏ လူအပေါင်းတို့သည် စုရုံးကြပြီး ဘုရားသခင်၏ နာမတော်ကို ချီးမွမ်းထောမနာသီဆိုခြင်း၊ သူ၏ နှုတ်ကပတ်တော်ကို လေ့လာခြင်း၊ သူ့အားဆုတောင်းခြင်းဖြင့် ရှာခြင်းနှင့် အချင်းချင်းမိတ်သဟာရ ရှာယူသည့်အခါ သူတို့သည် ချမ်းသာကြွယ်ဝစွာသော ကောင်းချီးမင်္ဂလာကို ရရှိပါသည်။ ဥပုသ်နေ့တိုင်း သခင်ယေရူသည် သူ၏ လက်သမားပစ္စည်းများကို နာဇရက်မြို့ရှိ ယောသ၏ လက်သမားရုံတွင် ထားခဲ့ပြီး ဓမ္မဇရပ်တွင်သွားရောက်ဝတ်ပြုမှု ပြုခဲ့သည်။ ဥပုသ်နေ့ ဝတ်ပြုကိုးကွယ်ခြင်းသည် သခင်ယေရှုအတွက် အရေးကြီးပါသည်။ သူ၏ထုံးစံတော်မှာ ကောင်းကင်ဘုံရှင် အဖဘုရားသခင်အား ချီးမွမ်းထောမနာပြုရန်နှင့် နှုတ်ကပတ်တော်ကို စိမ့်ယူခံစားရန်ဖြစ်ပြီး သူ၏လူအပေါင်းတို့နှင့် ဥပုသ်နေ့တိုင်း မိတ်သဟာရပြုဖို့ ဖြစ်ပါသည်။
ဥပုသ်နေ့ဝတ်ပြုကိုးကွယ်ခြင်းသည် သခင်ယေရှုအတွက် ဝိညာဉ်တော်အား အင်ပြည့်ဝစေပါသည်။ ကျွန်ုပ်တို့အတွက်လည်း ဝိညာဉ်တော်၌ လန်းဆန်းစေမည် ဖြစ်ပါသည်။
ဓမ္မသစ်ခေတ် ခရစ်ယာန်များသည် ဥပုသ်နေ့တိုင်း၌ သူတို့၏ ဝိညာဉ်ရေးအင်အားကို ပြန်လည်ဆန်းသစ်စေပါသည်။ ဟေဗြဲလူမျိုးတို့ကို တမန်တော် ရှင်ပေါလု၏ မိန့်မှာချက်တို့ကို လိုက်ရှောက်သည်။ “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသော အခွင့်ကိုရှာ၍ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရူကြကုန်အံ့။ လူအချို့တို့၏ ထုံးစံရှိသည့်အတိုင်း အချင်းချင်းစုဝေးခြင်းအမှုကို အရှောင်မလွဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကို ထောက်သဖြင့်သာ၍ ကြိုးစားကြလော့” (ဟေဗြဲ၊ ၁၀:၂၄၊၂၅)။ ဥပုသ်နေ့တိုင်းတွင် ဝတ်ပြုကိုးကွယ်ခြင်း၏ ကျေနပ်မှုရရှိနိုင်ဆုံးကို ရရှိအောင် ဘုရားသခင်က ဖိတ်ခေါ်ပါသည်။ ဥပုသ်နေ့သည် ကောင်းကင်ဘုံ၏ အခြမ်းတစ်ခြမ်း ဖြစ်ပါသည်။ ဘုရားသခင်၏ ကောင်းကင်ဘုံစီမံချက်တွင် ကျွန်ုပ်တို့အား ထာဝရခံစားနိုင်ဖို့ ဝမ်းမြောက်စွာ ဥပုသ်နေ့တိုင်း၌ ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ခံစားနိုင်ဖို့ ဖြစ်ပါသည်။ ဥပုသ်နေ့တွင် ဝတ်ပြုကိုးကွယ်ခြင်း၌ အလေးထားပါသည်။ အလုပ်အပေါ်၌ ဦးစားပေးခြင်း မပြုရပါ။ နေ့စဉ် ရုန်းကန်လှုပ်ရှားနေရသည့် ဒုက္ခမှ ဥပုသ်နေ့သည် ကျွန်ုပ်တို့အား လွတ်မြောက်မူပေးပါသည်။ ဝမ်းစာရှာဖွေရသည့် ဝန်ထုပ်မှ ဥပုသ်နေ့သည် ကျွန်ုပ်တို့အား လွတ်မြောက်စေပြီး ဘဝ၏ အကောင်းဆုံးအရာကို ခံစားနိုင်ဖို့ အခွင့်အရေး ပေးပါသည်။
စတုတ္ထပညတ်တော်သည် ရိုးရှင်းလွန်း၍ နားလည်မှု လွဲစရာအကြောင်းမရှိပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကောင်းမွန်သည့် အကြံပေးလျှင် ကျွန်ုပ်တို့ဂရုမစိုက်ဘဲ ရှိမည်ဖြစ်၍ ပညတ်တော် အမိန့်ဖြင့်ပေးလိုက်သည်။ “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ ဖြစ်၏။ ထိုနေ့၌ အလုပ်မလုပ်ရ” (ထွက်မြောက်ရာကျမ်း၊ ၂၀း၈-၁၀)။ ဘုရားသခင်သည် “ထိုနေ့ရက်ကို အောက်မေ့လော့” ဟု ပြောသော်လည်း ကမ္ဘာရှိလူအများစုက မေ့လျော့ သွားကြပြီ။ ဥပုသ်နေ့သည် လူအများက မေ့လုနီးပါး ပညတ်တော်ဖြစ်သည်။ ဘုရားသခင် သန့်ရှင်းအောင် ပြုလုပ်ထားသည့် အရာများကိုသာ ကျွန်ုပ်တို့ သန့်ရှင်းအောင် ထားနိုင်သည်။ ဥပုသ်နေ့တွင် ဝတ်ပြုကိုးကွယ်ခြင်းအားဖြင့် သန့်ရှင်းအောင် ပြုလုပ်နိုင်သည်။ အလုပ်ပေါ်၌သာ ဦးစားပေးလျှင် ဘုရားသခင် သန့်ရှင်းအောင်ပြုလုပ်ပေးခဲ့သည့် ဥပုသ်နေ့ကို ညစ်ညမ်းအောင် ပြုလုပ်ခြင်းဖြစ်ပြီး ဘုရားသခင်ကို လေးစားမှုမရှိသည်ကို သက်ရောက်ပါသည်။
သခင်ယေရှုပြောခဲ့သည်မှာ “သမ္မာတရားကိုလည်း သိသဖြင့် ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည် (ယောဟန်၊ ၈း၃၂)။ ဥပုသ်နေ့ ဝတ်ပြုကိုးကွယ်ခြင်း၏ သမ္မာတရားသည် ကျွန်ုပ်တို့အား အမြဲတစေ ရုန်းကန်လှုပ်ရှားနေရသော အလုပ်အကိုင်မှ လွတ်မြောက်မှုပေးပါသည်။ ဥပုသ်နေ့ အပတ်စဉ်တိုင်း၌ အလုံးစုံတန်ခိုးတော် ကြီးမြတ်သည့် ဘုရားသခင်၊ ချစ်ခင်မြတ်နိုးတတ်သော ဖန်ဆင်းရှင်က ကျွန်ုပ်တို့၏ စစ်မှန်သည့် တန်ဖိုးမှာ ကြိုးပမ်းရရှိသည့် ရလဒ်ပေါ်မူတည်မှု မရှိကြောင်း အမြဲသတိပေးပါသည်။ အလုပ်မှ နားဖို့ခေါ်ယူပြီး ဝတ်ပြုကိုးကွယ်မှုပြုရန် ခေါ်ယူနေပါသည်။
သန်းပေါင်းများစွာသော လူအပေါင်းတို့သည် သူတို့ကိုယ်သူတို့ အလုပ်မရရှိသည့်ရလဒ်၌ တန်ဖိုးထားတတ်သည်။ သူတို့၏ အလုပ်သည် သူတို့ဘယ်လိုလူစားမျိုး ဖြစ်သည်ကို ဖေါ်ပြနေပါသည်။ ဥပုသ်နေ့သည် ကျွန်ုပ်တို့၏ စစ်မှန်သောတန်ဖိုးကို သိရှိနိုင်ရန် အခွင့်အရေးပေးပါသည်။ ကျွန်ုပ်တို့ မည်မျှလောက် လုပ်ကိုင်နိုင်သည် အပေါ်မှာမမူတည်ဘဲ ကျွန်ုပ်တို့ ဘယ်လိုလူစားမျိုးဖြစ်သည်ကို တန်ဖိုးဖြတ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ရှေ့မှောက်၌ ကျွန်ုပ်တို့၏ ထာဝရတန်ဖိုး မည်မျှရှိသည်ကို ဥပုသ်နေ့က သတိပေးအောက်မေ့စေပါသည်။
ပြင်သစ်တော်လှန်ရေး
ဘုရားမဲ့သည့်ပြင်သစ် တော်လှန်ရေးခေတ်တွင် ပြင်သစ်နိုင်ငံသည် (The French Republican Calendar သို့မဟုတ် French Revolutionary Calendar ဆိုသည့် ပြင်သစ်တော်လှန်ရေး ပြက္ခဒိန်ကို ၁၇၉၃ မှ ၁၈၀၅ ခုနစ်အထိ (၁၂) နှစ် တာမျှ အသုံးပြုခဲ့သည်။ ဤပြက္ခဒိန်သည် ခုနစ်ရက်တစ်နှင့် ဝတ်ပြုကိုးကွယ်မှုကို ဖျက်သိမ်းပြီး ဆက်ရက်တစ်ပတ်ကို ဖန်တီးခဲ့သည်။ အလုပ်သမားတိုင်းသည် ကိုးရက်ကို အလုပ်လုပ်ရပြီး ဆယ်ရက်မြောက်နေ့တွင် အနားယူပြီး ပျော်ပွဲရွှင်ပွဲနေ့အဖြစ် ရရှိကြသည်။
နပိုလီယံဧကရာဇ်မင်းသည် ဆယ်ရက်တစ်ပတ် ပြင်သစ်တော်လှန်ရေး ပြက္ခဒိန်ကို ဖျက်သိမ်းပြီး ပြင်သစ်နိုင်ငံကို ခုနစ်ရက်တစ်ပတ်အစဉ်သို့ ပြန်လည်အသုံးပြုရန် အမိန့်ပြုလိုက်သည်။ ပြင်သစ် အလုပ်သမားများသည် ပြက္ခဒိန်သစ်ဖြစ်တဲ့ ကိုးရက်အလုပ်လုပ်ပြီး တရက်နားသည့် အပတ်စဉ်နှင့် အဆင်မပြေခဲ့ပါ။ ခုနစ်ရက်တစ်ပတ် အပတ်စဉ်တွင် သဘာဝလည်ပတ်မှုရှိပြီး ဖန်ဆင်းရှင်အား တစ်ရက်တွင် ဝတ်ပြုကိုးကွယ်ဖို့ ပို့ဆောင်ပေးပါသည်။ ဧဒင်ဥယျာဉ်မှာ ဖန်ဆင်းခြင်းနေ့များကတည်းက ပေးခဲ့သည့် ခုနစ်ရက်တစ်ပတ် အပတ်စဉ်ကို ဂရုမစိုက်နေလျှင် စိတ်၊ ကိုယ်နှစ်ဖြာသော စိတ်ဓါတ်ပျက်စီးမှုကို ခံစားရလိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဝတ်ပြုကိုးကွယ်တတ်သော လူသားများအဖြစ် သူ့အတွက် ဖန်ဆင်းခဲ့ပါသည်။ ဥပုသ်နေ့ကို သန့်ရှင်းအောင် စောင့်ရှောက်ရန် မိမိကိုယ်ကို ဆက်ကပ်အပ်နှံထားပါက ကျွန်ုပ်တို့၏ အသက်တာတွင် ထူးခြားမှုရှိပါမည်။
ကျွန်ုပ်သည် နိုင်ငံပေါင်း (၇ဝ) ကျော်သို့ သွားရောက်ပြီး သခင်ယေရှုနှင့် သူ၏သမ္မာတရားအကြောင်းကို မျှဝေပေးရာ၌ ထောင်ပေါင်းများစွာသော လူအပေါင်းတို့သည် သခင်ယေရှုနောက်သို့လိုက်ရန် မိမိကိုယ်ကို ဆက်ကပ်ပြီး ဥပုသ်နေ့ကို သန့်ရှင်းအောင် စောင့်ရှောက်ရန် ကတိပြုကြသည်ကို တွေ့ရပါသည်။ ထိုလူများအထဲမှ အများအပြားတို့မှာ အလုပ်ဖြုတ်ခံရမည့် ခြိမ်းခြောက်မှုဖြင့် ရင်ဆိုင်ရပါသည်။ အလုပ်ရှင်များကဥပုသ်နေ့တွင် အလုပ်မဆင်းပါက အလုပ်ဖြုတ်ပစ်မည်ဖြစ်ကြောင်း ပြတ်ပြတ်ဘဲ ပြောလိုက်သည်။ ထို့သို့အခါများ၌ ဘုရားသခင်သည် အံ့ဖွယ်သောအလုပ်အမှုတို့ကို ပြုလုပ်ခဲ့သည်ကို ထပ်ခါတလဲလဲ ကျွန်ုပ်တွေ့ခဲ့ရသည်။
ဥပုသ်နေ့စောင့်ရှောက်ခြင်း အတွေ့ အကြုံများ
စန်ဒရာသည် အီလီနွိုင်းမြို့စာတိုက်တွင် အလုပ်လုပ်သူ ဖြစ်ပါသည်။ သူမသည် လုပ်သက်ရင့်သူတစ်ဦး ဖြစ်သော်လည်း သူမ၏ကြီးကြပ်ရေးမှူးသည် ဥပုသ်နေ့တွင် လာရောက်အလုပ်မလုပ်ပါက အလုပ်ဖြုတ်ခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက်သည်။ စန်ဒရာအတွက် ကျွန်ုပ်တို့စုပြီး လေးလေးနက်နက် ဆုတောင်းပေးကြသည်။ မဿဲ၊ ၆း၃၃၊၃၄ တွင် ဖေါ်ပြခဲ့သည့် သခင်ခရစ်တော်၏ ကတိတော်ကိုခံယူပြီး ဆုတောင်းကြသည်။ “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မှုလတ္တံ့။ ထို့ကြောင့် နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့် (မဿဲ၊ ၆း၃၃၊၃၄)။ အံ့ဖွယ်များစွာဖြင့် စန်ဒရာ၏ ကြီးကြပ်ရေးမှူးသည် ယခင်ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး အလုပ်မဖြုတ်ဘဲ ဥပုသ်နေ့ကို စောင့်ရှောက်ခွင့် ရရှိပါသည်။
ရော်ဂျာသည် သူ၏ လက်လီကုန်စုံဆိုင်ကို ဥပုသ်နေ့တွင် ပိတ်ထားလိုက်သည်။ ထို့နေ့တွင် သူ့စီးပွားရေး၏ သုံးဆယ်ရာခိုင်နူန်း လုပ်ကိုင်နေရ၍ ဤသို့ ဆိုင်ပိတ်လိုက်ခြင်းသည် သူရူးသွားပြီဟု သူငယ်ချင်းများက ထင်ကြသည်။ သူသည် “ဥပုသ်နေ့မှာ ဆိုင်ပိတ်သည်” ဟု ဆိုင်၏ မှန်တံခါးတွင် စာချိတ်ထားလိုက်သည်။ ရောင်းအား တကယ်ဘဲ ကျဆင်းသွားသည်။ သို့ရာတွင် အံ့ဩစရာကောင်းသည်က ရောင်းအားတဖြေးဖြေး ပြန်၍ ကောင်းလာသည်ကို တွေ့ရပါသည်။ ရော်ဂျာသည် ဘုရားသခင်၏ ကတိတော်ကို ခံယူထားသည်။ “ငါ၏ ဘုရားသခင်သည် ဘုန်းအာနုဘော်စံပယ်တော်မှုသော စည်းစိမ်ရှိသည့်အတိုင်း သင်တို့အလိုရှိသမျှတို့ကို ယေရှုူခရစ်အားဖြင့် ပြည့်စုံစေတော်မှုလိမ့်မည် (ဖိလပ္ပိ၊ ၄း၁၉)။ သူသည် ဘုရားသခင်၏ ကတိတော် မှန်ကန်ကြောင်း တွေ့ခဲ့ပါသည်။ ဥပုသ်နေ့၌ အလုပ်လုပ်ခြင်း၊ မလုပ်ခြင်းပြဿနာသည် ယုံကြည်ကိုးစားမှုနှင့် ပက်သက်ပါသည်။ ကျွန်ုပ်တို့၏ အသက်တာဘဝကို လုံးလုံးလျားလျား ဘုရားသခင်၏ လက်တော်တွင် အပ်နှံဖို့သူ့အား ယုံကြည်မှု လုံလောက်ပါ၏လား။ သူ့အား သစ္စာရှိလျှင် သူသည် ကျွန်ုပ်တို့ကို ကြည့်ရှုစောင်မမည်ဖြစ်ကြောင်း ယုံကြည်မှု ရှိပါသလား။
ဥပုသ်နေ့တွင် အထူးပင်ခက်ခဲပါသည်။ ပေးစရာ သုံးစရိတ်များအတွက် စိတ်ပူစရာပင် ဖြစ်ပါသည်။ ဘုရားသခင်သည် အခြားလုပ်ငန်းများ၌ လစာပိုမိုရရှိနိုင်ဖို့ ကူညီချင်မှ ကူညီမည်။ သို့ရာတွင် သူ့အား သစ္စာရှိဖို့ ဆုံးဖြတ်လျှင် ကျွန်ုပ်တို့၏ လိုအပ်ချက်များကို ဖြေရှင်းပေးသွားပါမည်။ မှန်ကန်သည့် လုပ်ရပ်ကိုလုပ်လျှင် ကျွန်ုပ်တို့၏ အသက်တာကို ကောင်းချီးမင်္ဂလာပေးသည်။ စိတ်နှလုံးကို အေးချမ်းသာယာမှုကို ပေးပါ သည်။ သူ၏ ပလ္လင်တော်သိက္ခာသည် သူပြုသမျှသော ကတိတော်အတွက် အာမခံဖြစ်သည်။ ဟေဗြဲ ၆း၁၈ တွင် ဆိုသည့်အတိုင်း ဘုရားသခင်သည် “မုသာမသုံးနိုင်သည့်အတွက်” သူ့အပေါ်သစ္စာရှိလျှင် အမှန်ပင် ကျွန်ုပ်တို့လိုအပ်ချက် အားလုံးကို သူပေးဆောင်ပါလိမ့်မည်။
ဥပုသ်နေ့ဝတ်ပြုကိုးကွယ်ခြင်းသည် ရှင်သန်ကောင်းမွန်သည့် ဝိညာဉ်ရေးအသက်တာအတွက် အထူးလိုအပ်ပါသည်။ သခင်ခရစ်တော်၌ ကြီးထွားလိုလျှင် ဥပုသ်နေ့ဝတ်ပြုကိုးကွယ်ခြင်းသည် အထူးအရေးကြီးပါသည်။
ဒုတိယမူ။ ဥပုသ်နေ့သည် ကိုယ်ကာယ၊ စိတ်ပိုင်းနှင့်ဝိညာဉ်ရေးဆိုင်ရာ ပြန်လည်ဆန်းသစ်မှုအတွက် သီးခြားဖယ်ထားသော နေ့တစ်နေ့ဖြစ်သည်။
ဣသရေလ လူမျိုးတို့သည် ဘုရားသခင်၏ ဥပုသ်နေ့ကို ညစ်ညမ်းစော်ကားသည့်အခါ ဘုရားသခင်နှင့် ဝေးကွားခဲ့သည်။ ပုရောဖက် နေဟမိလက်ထက်တွင် နေ့စဉ်ဘဝအသက်တာ အလုပ်အကိုင်များသည် သန့်ရှင်းမွန်မြတ်သော ဥပုသ်နေ့ ဝတ်ပြုကိုးကွယ်ခြင်းကို တွန်းဖယ်ခြင်း ပြုခဲ့သည်။ ဣသရေလတို့သည် သူတို့၏ အိမ်နီးချင်း ဘုရားမဲ့ဒိဋ္ဌိ အပေါင်းအသင်းတို့၏ အပြုအမှုသက်ရောက်မှု ရှိခဲ့သည်။ ထိုအချိန်အခါ ဖြစ်ပေါ်နေသည့် အခြေအနေကို ပုရောဖက်နေဟမိက ဤသို့ ဖော်ပြခဲ့သည်။ “ထိုကာလ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့၌ စပျစ်သီးကို နယ်လျက်၊ ကောက်လှိုင်းကို သွင်းလျက်၊ မြည်းပေါ်မှာ ဝန်ကိုတင်လျက် လုပ်ဆောင်ကြသည်ကိုလည်းကောင်း၊ ဥပုသ်နေ့၌ စပျစ်ရည်၊ စပျစ်သီး၊ သင်္ဘောသဖန်းသီး အစရှိသည်တို့ကို တင်၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြသည်ကိုလည်းကောင်း ငါမြင်၍ ဤမည်သော နေ့ရက်၌သာ စားစရာများကို ရောင်းအပ်သည်ဟု သူတို့အား ပြောကြား၏” ဟူ၍ သတိပေးခဲ့သည် (နေဟမိ၊ ၁၃း၁၅)။
ပုရောဖက် နေဟမိသည် စိုးရိမ်ခဲ့သည်။ ဘုရားသခင်၏ ဥပုသ်နေ့သည် သာမန်နေ့တစ်နေ့ ဖြစ်ခဲ့သည်။ ကာယပိုင်း၊ စိတ်ပိုင်းနှင့် ဝိညာဉ်ရေးဆိုင်ရာ ပြန်လည်ဆန်းသစ်ဖို့ ဖယ်ထားသောနေ့ရက်သည် ရုန်းကန်လှုပ်ရှားရသော နေ့တစ်နေ့ပင် ဖြစ်ခဲ့သည်။ ရောင်းဝယ်ဖေါက်ကားခြင်းနှင့် ဝမ်းစာရှာဖွေလုပ်ကိုင်ခြင်း၏ ချည်နှောင်မှုမှ လွတ်ကင်းစေသည့် ဥပုသ်နေ့သည် သာမန် “ပုံမှန်နေ့တစ်နေ့ဖြစ်ခဲ့တော့သည်။ ပုရောဖက် နေဟမိသည်ဆိတ်ငြိမ်အောင် မနေနိုင်တော့ပါ။ သူ၏စကားသည် ယေရုရှလင်လမ်းမပေါ်၌ မိုးကြိုးခြိမ်းသံလို မြည်ဟီးတော့သည်။ “ထိုအခါ ငါက၊ သင်တို့သည် ဥပုသ်နေ့ကို ဖျက်၍ပြုသော ဒုစရိုက်ကား အဘယ်သို့နည်း” (နေဟမိ ၁၃း၁၇)။ သဘော သဘာဝမူကတော့ ရှင်းနေပါသည်။ လောကီရေးရာနှင့် သက်ဆိုင်သောအရာတို့၌ နစ်နေမိလျှင် ထာဝရရေးရာကိုမေ့ပြီး ဥပုသ်နေ့ကို စော်ကားရာရောက်သည်။ ဟေရှာယကျမ်း၌လည်း ဤသို့ဆိုသည်။ “သင်သည် ဥပုသ်နေ့ကို မရှုတ်မချ၊ ငါ၏သန့်ရှင်းသော နေ့မှာ ကိုယ်အလိုသို့မလိုက်၊ ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့၊ ရိုသေဖွယ်သောနေ့ဟူ၍ ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ်အလို သို့မလိုက်၊ ကိုယ်စကားကို မပြောဘဲနေ၍ ထိုနေ့ရက်ကို ရိုသေလျှင် သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာ မြင့်သော အရပ်တို့ကို ငါစီးစေ၍” (ဟေရှာယ၊ ၅၈း၁၃၊၁၄)။ တစ်နည်းအားဖြင့် ပြောရလျှင် ကျွန်ုပ်တို့သည် များစွာသောကောင်းချီးမင်္ဂလာ ခံစားရမည်။
ကိုယ်ပိုင်သက်သေခံချက်
ကျွန်တော် ခရစ်ယာန်တစ်ဦး ဖြစ်လာချိန်တွင် ကျွန်ုပ်သည် ကွန်နက်တိကတ်နယ်၊ နောရစ်မြို့ကလေးရှိ (YMCA) ကျောင်း၏ အားကစားအသင်းတစ်ခုတွင် ဘတ်စကတ်ဘော ကစားခဲ့သည်။ ကျွန်ုပ်တို့အသင်းသည် လက်ရည်စစ်ပွဲအောင်ပြီး နယူးအင်္ဂလန် ဗိုလ်လုပွဲသို့ တက်ရောက်ရန် ရှိပါသည်။ ဤအဖြစ်သည် မြို့ငယ်လေး တစ်မြို့ရှိ ဆယ်ကျော်သက် ယောက်ျားလေးများအတွက် အတော်စိတ်လှုပ်ရှားစရာ အဖြစ်အပျက်ပါဘဲ။ ပြိုင်ပွဲသည် ကြာသပတေးနေ့မှ တနင်္ဂနွေနေ့အထိ မက်ဆီကျူးဆက်ပြည်နယ် စပရင်းဖီးလ်မြို့တွင် ကျင်းပမည်ဖြစ်သည်။ သို့ဖြစ်၍ ထိုဘတ်စကက်ဘောပွဲကို ကစားလျှင် ကျွန်တော်ဥပုသ်နေ့ပါ ကစားရမည်ဖြစ်ပြီး ဝတ်ပြုကိုးကွယ်မှုကိုပါ ပျက်ကွက်မည် ဖြစ်ပါသည်။ ကျွန်တော်သည် မကြာသေးမီကမှ သမ္မာကျမ်းစာ၏ ဥပုသ်နေ့ အဓိပ္ပါယ်သဘောထားကို နားလည်လာပြီး ဥပုသ်နေ့တွင် ဘုရားကျောင်းသို့ တတ်ရောက်နေပါသည်။ ကျွန်ုပ်အတွက် ဥပုသ်နေ့ကို ဖျက်လျှင် သခင်ခရစ်တော်အား နာခံမှုမရှိကြောင်း နားလည်ပါသည်။ ဥပုသ်နေ့ သည်ကျွန်ုပ်အတွက် ဘုရားသခင်အား သစ္စာခံယူခြင်း အထိမ်းအမှတ်ဖြစ်ပါသည်။ ကျွန်တော်ရွေးချယ်ရန် လမ်းကတော့ အတော်ပင် ခက်ခဲပါသည်။ ကျွန်တော် အိမ်မှာနေခဲ့ပြီး ဥပုသ်နေ့ကို စောင့်ရှောက်ရမည်လား သို့တည်းမဟုတ် ခရီးထွက်ပြီး ဘတ်စကပ်ဘော အသင်းနှင့်အတူ ကျွန်တော်နှစ်သက်သော အားကစားကို ကစားရမည်လား။ ကျွန်တော့်ဦးနှောက်၌ စဉ်းစားတွက် ချက်တော့သည်။ ဒီတစ်ကြိမ်လောက်ဘဲ ကစားလျှင် ဘာများမှားနိုင်မှာလဲ။ သို့ရာတွင် စိတ်နှလုံးအတွင်း၌ နက်နဲစွာအသိတရားက ဘုရားသခင်၏ ဥပုသ်နေ့ကို ဖျက်လျှင် ကျွန်ုပ်၏အသိစိတ်ကို ချိုးဖေါက်ရာကျမည်။
ကျွန်တော်သည် အတော့်ကို သွားချင်ပါသည်။ သို့ရာတွင် ကျွန်ုပ်၏ဦးနှောက်တွင် မေးခွန်းတစ်ခုက ထပ်ခါတလဲလဲ ရိုက်ခတ်နေပါသည်။ ဘယ်အရာက ပိုအရေးကြီးပါသလဲ။ ဘတ်စကက်ဘောလား၊ သခင်ယေရူလား။ ကျွန်တော်စိတ်ညစ်ညစ်နှင့် ဘုရားတရားကိုင်းရှိုင်းသူ ခရစ်ယာန်အမျိုးသမီး တစ်ဦးအား အကြံဉာဏ်တောင်းယူလိုက် သည်။ သူသည် သမ္မာကျမ်းစာကို ကြိုးစားလေ့လာသူဖြစ်ပြီး ကျွန်တော်၏ အတိုင်ပင်ခံ တစ်ဦးအဖြစ် သဘောရှိပါသည်။ ကျွန်တော့် မေးခွန်းကြောင့် ရိုးစင်းသော အဖြေကို ပေးပါသည်။ “မာ့ခ်-သခင်ယေရှုအပေါ် သစ္စာရှိပါ” သူမ၏ အကြံပြုချက်နှင့် ကျွန်ုပ်၏ အတွင်းစိတ် ယုံကြည်ချက်တို့ကြောင့် ပြိုင်ပွဲသို့ မသွားရန် ဆုံးဖြတ်လိုက်သည်။ ကြည့်ရပုံက ကျွန်တော့်အတွက် ခရီးသွားလာရခြင်း၊ ဟော်တယ်မှာ အိပ်ပြီး စားကောင်းဖွယ်စားခြင်းနှင့် ပတ်ဝန်းကျင်ကမ္ဘာကို ရှုမျှော်ရခြင်းအခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်။
ဒီအဖြစ်အပျက်ကို ပြန်လည်စဉ်းစားလျှင် ကျွန်တော်ပြုံးလိုက်ရပါသည်။ ယနေ့မှာ ကျွန်တော်သည် ကမ္ဘာအနှံ့တိုင်းပြည်များသို့ သွားရောက်ရပြီး သမ္မာတရားနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မျှဝေခံစားခွင့် ရရှိနေပါသည်။ မွန်တြီအော်မြို့မှ မော်စကိုမြို့အထိ၊ ရုရှားနိုင်ငံမှ ရဝမ်ဒါနိုင်ငံ၊ ချီလီနိုင်ငံမှ တရုတ်ပြည်အထိ ခရစ်တော်ဘုရားထံသို့ လူအများ လာရောက်ချဉ်းကပ်သည်ကို တွေ့ရသည့်အခါ မဖေါ်ပြနိုင်သော ဝမ်းမြောက်ပီတိဖြစ်မှုကို ခံစားရပါသည်။ ထိုကနဦး ဆုံးဖြတ်ချက်နှင့် ဆက်ကပ်မှုကြောင့် ကျွန်ုပ်၏ အသက်တာဘဝကို ဘုရားသခင်က ကောင်းချီးမင်္ဂလာ အမြောက်အမြား ပေးအပ်ခဲ့သည်ကို ကျွန်တော်ခံစားရပါသည်။ ကျွန်တော်၏ မူလရည်မှန်းချက် အိပ်မက်ကို စွန့်လွှတ်ခဲ့၍ ဘုရားသခင်၏ ရည်ရွယ်ချက်အိပ်မက်ကို လိုက်လျှောက်မိ၍ ကျွန်တော့်အတွက် ဘုရားသခင်၏ရည်ရွယ်ချက် အသက်တာကို ရရှိခဲ့ပါသည်။ ဘုရားသခင်၏ နောက်သို့လိုက်လျှောက်ဖို့ ဆုံးဖြတ်သည့်အခါ ကျွန်ုပ်တို့ အများကြီးစွန့်လွှတ်ခဲ့ရကြောင်း ထင်ချင်ထင်ပေမည်။
သို့ရာတွင် ဘုရားသခင်က ကျွန်ုပ်တို့အားပို၍ မြောက်မြားစွာ ပြန်လည်ပေးအပ်ပါသည်။ တမန်တော် ရှင်ပေတရုက သခင်ယေရှုအား ဤသို့ဆို၏ “အကျွန်ုပ်တို့ ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ (မာကု၊ ၁၀း၂၈)။ ရှင်ပေတရု ဤကဲ့သို့ ဆိုလိုက်သည်မှာ နောက်မေးခွန်းက ပြန်၍ ဘာလုပ်ရမည်နည်း” ဟူ၍ အသံထွက်မတတ် မေးနိုင်မည်ဟု ကျွန်ုပ်တို့ ကြားမိသယောင် ရှိနိုင်သည်။ ပေတရုသို့ သခင်ယေရှု၏အဖြေမှာ ထူးကဲလှသည်။ “ယေရှုက၊ ငါအမှန် ဆိုသည်ကား အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း၊ အိမ်၊ လယ်၊ ညီအကို၊ နှမ၊ မိဘ၊ သားမယား တည်းဟူသော တစ်ပါးပါးကို စွန့်၏။ ထိုသူသည် အဆတစ်ရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့” (မာကု၊ ၁၀း၂၉၊၃ဝ)။ အခြားတစ်နည်းအားဖြင့်ဆိုလျှင် သခင်ယေရူက သူ၏နောက်သို့ လိုက်လျှောက်ရန် ဆက်ကပ်သော သူများအတွက် အခက်အခဲအမျိုးမျိုးနှင့် စိန်ခေါ်မှုအမျိုးမျိုး ရင်ဆိုင်နိုင်ပါသည်။ သို့ရာတွင် သူတို့ စွန့်လွှတ်ခဲ့ရသည်များအတွက် အဆတစ်ရာသော ကောင်းချီးမင်္ဂလာကို ရရှိပါလိမ့်မည်။ သခင်ယေရှုနောက်သို့ လိုက်လျှောက်ရန် ဆုံးဖြတ်သည့်အခါ သူသည် ကျွန်ုပ်တို့၏ လိုအပ်ချက်နှင့်အသက်တာကို ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ ခွင့်လွှတ်ခြင်း၊ အားအင်၊ ကျေနပ်ရောင့်ရဲမှုနှင့် အဓိပ္ပါယ်ရှိသော ရည်ရွယ်ချက်တို့ဖြင့် ပေးဆောင်သွားမည်ကို ကတိပြုခဲ့ပါသည်။ ကျွန်တော့်အနေဖြင့် ဘုရားသခင်သည် သူကတိပြုခဲ့သမျှကို သစ္စာရှိစွာ ပြည့်စုံအောင် ဖြည့်ပေးသည်ကို သက်သေခံနိုင်ပါသည်။
ဘုရားသခင် အကြီးမားဆုံးပေးနိုင်သည့် ကောင်းချီးမင်္ဂလာကတော့ ဥပုသ်နေ့၏ ငြိမ်သက်နားနေခြင်း ဖြစ်ပါသည်။ ဥပုသ်နေ့ကို စောင့်ရှောက်သည့်အခါ ကျွန်ုပ်တို့ရရှိသည့် ကိုယ်ကာယဆန်းသစ်မူ၊ စိတ်နှလုံးနှင့်ဝိညာဉ်ရေး ငြိမ်သက်မှုတို့အပေါ် တန်ဖိုးမည်သို့တွက်ချက် နိုင်ပါမည်နည်း။ ကျွန်တော့်အနေနဲ့တော့ ဝိညာဉ်ရေးငြိမ်သက်မှုသည် ကျွန်ုပ်အတွက် အသက်တစ်ဘဝလုံး လိုအပ်သောအရာ ဖြစ်ပါသည်။ ပြင်းထန်စွာ လုပ်ကိုင်နေရသော အလုပ်အကိုင်တွင် ဆက်လက်ပြီး လှုပ်ရှားနိုင်အောင် ပြုလုပ်ပေးပါသည်။ ကျွန်ုပ်၏ မိသားစုနှင့် ပိုမိုခိုင်မြဲအောင် ကူညီပေးနိုင်သည်။ ဤသည်မှ သမ္မာကျမ်းစာ၏ တတိယမြောက်ဥပုသ်နေ့ စောင့်ရှောက်ခြင်းမှုကြီးအကြောင်း လေ့လာဖို့ ရောက်ရှိလာပြီ။
တတိယမူ။ ဥပုသ်နေ့သည် မိသားစုနှင့် မိတ်ဆွေတို့အား ပိုမိုရင်းနှီးသည့် ဆက်ဆံရေးများရှိအောင် တည်ဆောက်ရန်နေ့ဖြစ်ပြီး ကျွန်ုပ်တို့ အနီးအနားရှိ သူများကို ကောင်းချီးမင်္ဂလာရရှိနိုင်ဖို့ ဆောင်ရွက်ခြင်း။ သင်၏စိတ်နှလုံးကို ထောင်စုနှစ် နောက်ဖက်သို့ ပြန်လွှင့်ပြီး လှပထူးကဲ့သည့် ဧဒင်ဥယျာဉ်သို့ စိတ်အမှတ်ယူလိုက်ပါ။ ဆဋ္ဌမနေ့တွင် ဘုရားသခင်သည် အာဒံနှင့်ဧဝကို ဖန်ဆင်းခဲ့သည်။ သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားသည်မှာ “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ၏” (ကမ္ဘာ၊ ၁း၃၁)။ ထိုဥယျာဉ်၌ အပြစ်ကင်းစင်၊ ဖျားနာမှုမရှိ၊ နာကျင်မှုဝေသနာမရှိ၊ သေခြင်းလည်းမရှိပါ။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်၍ ကျွန်ုပ်တို့အား ချစ်မြတ်နိုးတတ်ရန် ဖန်းဆင်းခြင်းခံရ၍ ပထမဦးဆုံး မိဘနှစ်ပါးတို့ကို ချစ်ခြင်းမေတ္တာတည်းဟူသော ဥပုသ်နေ့ကို လက်ဆောင်အဖြစ် ပေးသနားသည် (၁ယော၊ ၄း၈။ ကမ္ဘာ၊ ၂း၁-၃)။ အာဒံနှင့်ဧဝတို့သည် ပထမဦးဆုံးရက်အပြည့်ကို အတူတကွနေရသည်မှာ ဥပုသ်နေ့ဖြစ်သည်။ သူတို့နှစ်ဦး နီးကပ်စွာ ဆက်ဆံရသည့်နေ့မှာ ဥပုသ်နေ့ပင် ဖြစ်ပါသည်။ ဥပုသ်နေ့သည်ဆက်ဆံရေး ပိုမိုခိုင်မြဲအောင် တည်ဆောက်သောနေ့ဖြစ်သည်။ ထိုဥပုသ်နေ့၌ အဖဘုရားသခင်နှင့် လူတို့ကြား မိတ်သဟာရပြုဖို့ အချိန်ရရှိပါသည်။ ဥပုသ်နေ့သည် တစ်ဦးနှင့်တစ်ဦး ပိုမိုသိကျွမ်းမှုရှိအောင် နေ့ပင် ဖြစ်သည်။ထိုနေ့ရက်သည် ကျွန်ုပ်တို့ချစ်မြတ်နိုးသူများနှင့် ဘုရားသခင်တို့အား ဆက်ဆံပေါင်းသင်းခြင်း ပိုမိုခိုင်မြဲအောင် အချိန်ပေးခြင်း ဖြစ်သည်။
သင်သည် တစ်ပတ်ပြီးတစ်ပတ် အချိန်သည် လျင်မြန်စွာကုန်ဆုံးပြီးမိသားစုအတွက် အချိန်မပေးနိုင်သည်ကို ခံစားမိပါသလား။ လေ့လာမှုများအရ ဖခင်များသည် သူတို့၏ သားသမီးများနှင့်တစ်ဦးချင်း အလိုက်တစ်ပတ်လျှင် နှစ်နာရီထက်နည်းအောင် တွေ့ဆုံမှုပြုခဲ့သည်။ ဥပုသ်နေ့သည် မည်သည့်အရာသည် အရေးကြီးကြောင်းကို သတိရအောက်မေ့ စေသည်။ ဂျူးလူမျိုးဇာတ်ညွှန်းရေးသူ ဟာမင်ဝုခ်သည် သူ့အသက်တာ၌ ဥပုသ်နေ့မရှိဘဲ မနေနိုင်ပါ။ Broad Way က ဇာတ်လောကတွင် ဥပုသ်နေ့သည် သူ့အတွက် ရှုပ်ထွေးနေသည့် အခြေအနေကြားမှ ငြိမ်သက်ခြင်း ကျွန်းကဲ့သို့ ဖြစ်ခဲ့သည်။
သောကြာနေ့ နေဝင်ချိန်တွင် ကဇာတ်ပွဲဖွင့်ရန် နာရီပိုင်းလောက်ဘဲလိုသည့် အချိန်တွင် သူရှုတ်ထွေးနေသည့် (Broad Way) နေရာကို ထွက်ခွာခဲ့သည်။ သူအိမ် ပြန်လည်ရောက်ရှိသည့်အခါ အိမ်၏ နွေးထွေးမှုနှင့်မိသားစု၏ဖက်မှုက သူ့ကို ဝိုင်းရံလျက် ရှိပါသည်။ ဖယောင်းတိုင်များ ထွန်းညှိပြီး စားစရာများကို စားပွဲပေါ်တွင် ခင်းကျင်းလိုက်သည်။ ထိုအချိန်တွင် မိသားစုများသည် မျှဝေစားသုံးကြသည်။ ကလေးများသည် မေးခွန်းများမေးကြပြီး ပြဇာတ်လောကအကြောင်းကို လုံးဝမေ့လျော့သွားကြသည်။ ဝုခ်သည် စနေနေ့ဝင်ချိန်တွင် ပြဇာတ်ရုံသို့ ပြန်သွားသည့်အခါ ဘာမျှထူးခြားမှု မရှိသည်ကို တွေ့ရသည်။ နားနေရပြီး အားအင်ပြန်လည် ဖြည့်ဆည်းပေးခဲ့သည့် သူ့ ဥပုသ်နေ့သည် သူ၏ဘုရားသခင်နှင့် မိသားစုတို့နှင့် ပိုမိုနီးကပ်အောင် ဆွဲဆောင်မှု ပေးလိုက်ပါသည်။
ဝုခ်၏လုပ်ဖော်ကိုင်ဖက် တစ်ဦးက သူစနေနေ့ည ပြဇာတ်ရုံသို့ ပြန်လည် ရောက်ရှိသည့်အခါ ဤသို့ဆို၏။ “မင်းရဲ့ဘာသာရေးကို မနာလို မဖြစ်ဘူး သို့ရာတွင် မင်းရဲ့ဥပုသ်နေ့ကိုတော့ မနာလိုဖြစ်မိတယ်”ဟူ၍ ပြောလိုက်သည်။ ကိုယ်ချစ်မြတ်နိုးသူများနှင့် တစ်ရက်လုံးလုံး ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ဖို့ အချိန်မယူဘဲ ရှိနိုင်မည်လား။
သခင်ယေရှုအတွက်တော့ ဥပုသ်နေ့သည် ချစ်ခြင်းမေတ္တာ ဆက်ဆံရေးပွားများအောင် နေ့တစ်နေ့ပင်ဖြစ်သည်။ အကျိုးပြု လုပ်ဆောင်မှုတစ်ရပ် ဖြစ်သည်။ သို့ဖြစ်၍ ဥပုသ်နေ့၌ များစွာသော အံ့ဖွယ်ကူညီမှုများပြုလုပ်ခဲ့သည်။ ဥပုသ်နေ့တွင် ဖျားနာနေထိုင် မကောင်းမှုဒုက္ခတို့ကို ခံစားနေရသော လူသားတို့အား အဖဘုရား သခင်၏ သနားဂရုဏာရှိခဲ့ကြောင်းကို ဖေါ်ပြပါသည်။ ဂျူးလူမျိုး ဘာသာရေးခေါင်းဆောင်များက သူ့အား ဥပုသ်နေ့နှင့် ပတ်သက်၍ ဝေဖန်မှုပြုသည့်အခါ သခင်ယေရှုက ဖြေလိုက်သည်မှာ “ဥပုသ်နေ့တွင် ကောင်းမှုလုပ်လျှင် တရားဝင်သည်” ဟူ၍ ဖြေသည် (မဿဲ၊ ၁၂း၁၂)။ ဥပုသ်နေ့တွင် ကောင်းမှုပြုလုပ်ခြင်းနေ့ဖြစ်သည်။ အိမ်နီးချင်း နေထိုင်သူများ နေထိုင်မကောင်း ဖြစ်နေသလား။ သူအတွက် ပူနွေးသည့် တစ်ခွက် ယူလာပေးပါ။စိတ်ဓါတ်ကျနေသည့် သူငယ်ချင်း တစ်ဦးအကြောင်း ကြားမိပါသလား။ စိတ်ဓါတ်ပြန်မြင့်တတ်လာအောင် ဖုန်းဆက် အားပေးပါ။ လမ်းဆုံးရှိ မုဆိုးမသည် အထီးကျန် ခံစားနေရပါသလား။ သူ့အား နေ့လည်စာ စားဖို့ဖိတ်ခေါ်ပါ။
ဥပုသ်နေ့တွင် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အား သတိရအောက်မေ့ပါသည်။ သဘာဝတော၌ သွားလည်ပတ်လျှင် အကောင်းဆုံးလုပ်ရပ် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကလေးများ ကြီးပြင်းလာသည့်အခါ ကျွန်ုပ်နှင့် ကျွန်ုပ်၏ဇနီးတို့သည် ဥပုသ်နေ့၌ အတူတကွ လမ်းလျှောက် ထွက်ကြသည်။ ယခုအချိန်ထိ ကလေးများ ကြီးပြင်း၍ အိမ်ထောင်ကြပြီ ဖြစ်သော်လည်း ကျွန်ုပ်နှင့်ဇနီးတို့သည် ဥပုသ်နေ့တွင် သဘာဝတောအတွင်း၌ အချိန်ယူကြသည်။ သဘာဝရေးရာ ရှုခင်းတောတွင်အတူတကွ အလှများကို မျှဝေခံစားကြသည်။ အိမ်နားပတ်ဝန်းကျင် လမ်းကလေးများတွင် လမ်းလျှောက်ပြီး ငှက်ကလေးများ မြည်သံ၊ တစ်ခါတလေ သမင်ကလေး တစ်ကောင်တွေ့ရခြင်း၊ ပန်းရိုင်းများ မွှေးကြိုင်သည့် အနံအရသာတို့သည် ညောင်းညာနေသော ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာနှင့်စိတ်ဓါတ်ကို လျော့သွားစေပြီး နောက်တစ်ပတ်အတွက် အားအင်ပြန်လည်စုပေးပါသည်။ ဥပုသ်နေ့သည် ငြီးငွေ့စရာ မဟုတ်ပါ။ အသက်သွေးကြောပေးပါသည်။ ဥပုသ်နေ့သည် ဝန်ထုတ်ဝန်ပိုး မဟုတ်ပါ။ ကောင်းချီးမင်္ဂလာ ရရှိသောနေ့ဖြစ်သည်။ ဥပုသ်နေ့သည် တာဝန်တစ်ရပ်မကဘဲ ပျော်ရွှင်ရန်နေ့ ဖြစ်သည်။
သင်သည် ပျော်ရွှင်စရာကောင်းသော ဥပုသ်နေ့ ဝတ်ပြုကိုးကွယ်ခြင်း အတွေ့အကြုံ မခံစားရဘူးသေးလျှင် ဒီအပတ်မှစပြီး ပြုလုပ်ပါလား။ ဥပုသ်နေ့၏ နားနေရာ ငြိမ်သက်ခြင်းကို ပါဝင်မှုမရှိသေးပါက ယခုပင်စပြီး ခံစားကြည့်ပါလား။ သင်၏ ချစ်မြတ်နိုးရသည့် သူများနှင့်နီးကပ်သည့် ဆက်ဆံရေးများ မခံစားရသေးပါက ဥပုသ်နေ့အတွေ့အကြုံသည် သင့်အား စောင့်ဆိုင်းလျက်ရှိသည်။ ဥပုသ်နေ့၏ ကောင်းကျိုးကို စကားရည်လုဖို့မဟုတ်ပါ။ ဥပုသ်နေ့၏ ပျော်ရွှင်မှုကို ခံစားဖို့ဖြစ်ပါသည်။ ဥပုသ်နေ့၏ ကောင်းချီးမင်္ဂလာကို သင်ကိုယ်တိုင် ခံစားကြည့်ပါလား သခင်ယေရှုသည် သူ၏လက်ကိုဖြန့်ပြီး ဖိတ်ခေါ်နေသည်။ “ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။”
No comments:
Post a Comment