Tuesday, May 26, 2026

  

အခန်း () မည်သူ့ အလံကို လွှင့်ထူမည်နည်း

        တစ်ခါတစ်ရံသင်သည် ကမ္ဘာကြီးက ဒိုင်းကနဲမြည်ဟည်း ပျက်သုဉ်းသွားသည်ကို စဉ်းစားမိပါသလား။ မည်သူက ထိုထိုးနှက်သံကြီးကို ပြုလုပ်နေပါသလဲ။ အခြားတစ်နည်းပြောရမည်ဆိုလျှင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားခဲ့လျှင် ထိုပျက်စီးခြင်းအပုံပေါ်မှာ မည်သည့် အောင်လံတော်က လွှင့်ထူသွားမည် ဖြစ်ပါသနည်း။ ဘုရားသခင်မှာ အလံတော်ရှိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်အား သစ္စာခံမှုကို စိတ်ချအောင်ပြုလုပ်ပြီးပါ၏လား၊ တစ်ခုတည်းသော သမ္မာတရားကို သူ့မှာရှိသည်၊ ကိုယ့်မှာရှိသည် ယှဉ်ပြိုင်ဆိုနေသည့်ကြားမှ၊ ဘုရားသခင်ဖက်မှ သစ္စာခံရပ်တည်မှုသည် စိတ်ချရပြီလား။

        ယနေ့အချိန်အခါမှာတော့ လောင်းကြေးက ပိုမိုမြင့်မားပါသည်။ အပြန်အလှန် အသံဗလံတွေက ပိုမိုကျယ်လောင် နေပါသည်။ ယဉ်ကျေးမှုနှင့်ဘာသာရေး တိုက်ခိုက်မှုသည် ပိုမိုပြင်းထန်လာပါသည်။ ဘာသာရေးစစ်ပွဲများကို အလယ်ခေတ်တွင် ချန်ထားခဲ့ပြီလို့ ထင်ပါသည်။ ဘာသာရေးစစ်ပွဲများသည် တစ်ကျော့ပြန် ပြင်းထန်စွာ ရောက်လာပါသည်။ ထို့အပြင် လူအချို့တို့သည် သူတို့ရဲ့ အလိုမကျလျှင် သင်၏ကမ္ဘာကြီးကို ဖြိုချဖို့ ဝန်မလေးကြပါ။ သူတို့သည် မီးခိုးတလူလူနှင့် ထွက်သွားဖို့ သူတို့နှင့်အတူ ဆွဲခေါ် ဖို့ အဆင်သင့် ရှိကြသည်။ ပြီးလျှင် သူတို့ရဲ့ဘုရား၊ သူတို့ရဲ့ ယုံကြည်ချက်အပေါ် ပြင်းထန်သည့် သစ္စာခံယူချက်ကို ပြုလုပ်ကြသည်။ သူတို့သည် နောက်ဆုံးအချိန်ကာလ၌ သူတို့အလံတော်က လွှင့်ထူသွားမည်ဟု လုံးဝဥဿုံ ယုံကြည်ကြသည်။ ကျဆုံးသော်လည်း သူသည် ရပ်တည်နိုင်မည်ဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်ပါသည်။ 

        ဗာဗုလုန်သည် ထာဝရစဉ် တည်မြဲလိမ့်မည်ဟု သူဆိုသည်။ သို့ရာတွင် ကြီးမားသည့်လူထုကြီးက ရုပ်တုကြီးကို ပျပ်ဝပ်စွာ ခေါင်းငုံ့ဝတ်ပြုသည့်အခါ အစီအစဉ်တစ်ရပ်ကို အနှောင့်အယှက်ပေးသွားသည်က လူငယ်သုံးဦးတို့သည် မတ်တပ်ရပ်လျက်ရှိနေသည်။ သူတို့သည် ဂျူးလူမျိုးမင်းသားလေး သုံးပါးဖြစ်ပါသည်။ သူတို့သည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ ဖြစ်ကြပါသည်။ သူတို့သည် ဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ်လာပြီး ဗာဗုလုန်အင်ပါယာကြီးကို ကူညီအုပ်ချုပ်ဖို့ လေ့ကျင့်ပေးထားသည့် လူငယ်များဖြစ်သည်။ အခုတော့ သူတို့သုံးဦးသည် လူထုကြီးကြားမှာ ယောင်ကိုင်းနေသောလက်မလို ထင်ပေါ်စွာ မြင်နေရသည်။ ဗာဗုလုန်အရာရှိများသည် နေဗုဒ်ခနေဇာမင်းကြီးသို့ မြန်ဆန်စွာ သတင်းပို့လိုက်သည်။ ဤအပြုအမူသည် သံတမန်ရေးရာ အမှားအယွင်း တစ်ခုမျှသာ မဟုတ်ပါ။ သစ္စာဖေါက်မှု တစ်ရပ်ပင် ဖြစ်သည်။ ဘုရင်မင်းမြတ်၏ သံတော်ဆင့်သည် မကြာသေးမီက အသံကျယ်လောင်စွာဖြင့် ကြေညာခဲ့ပြီး ဖြစ်၍ မလိုက်နာခဲ့သည့်လူငယ်သုံးဦးမှာ သစ္စာဖေါက်ခဲ့ကြောင်း ထင်ရှားပါသည်။ သံတော်ဆင့်၏ စကားမှာ ဒံယေလကျမ်းတွင် မှတ်တမ်းတင်ထားပါသည်။ အသီးသီး အခြားခြားသော ဘာသာစကားကို ပြောသောလူအမျိုးမျိုးတို့ တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာအစရှိသော တူရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသောအခါ နေဗုဒ်ခဒ်နေဇာမင်းကြီးတည်ထောင်တော်မူသော ရွှေရုပ်တုကို ပျပ်ဝပ်ကိုးကွယ်ရမည်။ မပျပ်ဝပ်မကိုးကွယ်သော မည်သူကိုမဆို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ချင်းပစ်စေဟု အမိန့်တော်မြတ်ရှိသည်ဟု ဟစ်ကြော်၏။ (ဒံယေလ၊ ၃း၄-)

        ဘုရင်မင်းမြတ်သည် သူ၏ ရုပ်တုတော်ကို ဝတ်ပြုကိုးကွယ်ရန် စမ်းသပ်မှုသည် သူ့အပေါ်သစ္စာရှိမှုကို လိုလားခြင်းဖြစ်ပါသည်။ သူ့အပေါ်၌ လုံးလုံးလျားလျား သစ္စာခံယူဖို့ လိုလားသည်။ အခုတော့ ဟေဗြဲလူငယ်သုံးဦးတို့သည် ဆိုးရွားသည့်အဖြစ် နှင့် ကြုံတွေ့နေရပြီ။ သူတို့ငယ်စဉ်ကတည်းက ဝတ်ပြုကိုးကွယ်ခြင်း ခံထိုက်သူသည် ထာဝရဘုရားသခင် တစ်ပါးတည်းသာရှိကြောင်း သွန်သင်မှုခံရသည်။ ရုပ်တုရှေ့၌ ပျပ်ဝပ်ကိုးကွယ်ခြင်းသည် သူတို့၏ ယုံကြည်ခြင်းကို သစ္စာဖေါက်ရာကျပါသည်။ တစ်ဖက်မှာတော့ ပျပ်ဝပ်ကိုးကွယ်ခြင်း မပြုပါက သူတို့ကို မီးလောင်သတ်သေခြင်း ခံရမည်။

        အတော်ပင်ခက်ခဲသော ရွေးချယ်မှု တစ်ရပ်ပင် ဖြစ်သည်။ သင်သည် ဤအခြေအနေမျိုးတွင် မည်သို့ လုပ်ကိုင်ပါမည်နည်း။ ဤသစ္စာခံမှုများသည် မည်မျှ အရေးကြီးပါသနည်း။ ဤမေးခွန်းကတော့ အဓိက မေးခွန်းတစ်ခုဖြစ်သည်။ ယနေ့ မိမိကိုယ်ကို သတ်သေသည့် ဗုံးဖေါက်ခွဲရေးသမားတို့သည် သူတို့၏ ယုံကြည်ချက်အကြောင်းခံ တစ်ခုကြောင့် မိမိကိုယ်ကို အခြားအပြစ်မဲ့ အနီးအနားရှိသူများကိုပါ ဗုံးဖေါက်ခွဲ သတ်သေနေကြပါသည်။ စိတ်ဝင်စားစရာကောင်းသည်က နေဗုဒ်ခနေဇာ၏ အမိန့်တရားသည် ဗျာဒိတ်ကျမ်းတွင်လည်း ထူးခြားတူညီသည့် ဖြစ်ရပ်လည်းရှိပါသည်။ ဗျာဒိတ်ကျမ်း အခန်းကြီး (၁၃) တွင် ကာလအချိန်ဆုံးတွင် ဘုရားသခင်၏ လူတို့က ရင်ဆိုင်ရမည့် စိန်ခေါ်မှု တစ်ရပ်အကြောင်းကို ဖေါ်ပြထားပါသည်။ အန္တိခရစ်သည် သူ၏ သားရဲအားဖြင့် ရုပ်တုကို  တည်ထားပေးသည်။

        “သားရဲ၏ ရုပ်တုသည် စကားပြောနိုင်မည်အကြောင်းနှင့် မိမိကိုမကိုးကွယ်သော သူရှိသမျှတို့ကို သတ်ခြင်းငှာ ပြုနိုင်မည်အကြောင်း ရုပ်တု၌ အသက်သွင်းပေးရသော အခွင့်ကိုလည်းရ၏။ ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွှတ်သောသူ အကြီးအငယ် ရှိသမျှတို့သည် လက်ျာလက်၌ ဖြစ်စေ၊ နဖူး၌ဖြစ်စေ၊ တံဆိတ်လက်မှတ်ကို ခံစေခြင်းငှာလည်းကောင်း၊ ထိုတံဆိတ်လက်မှတ်တည်းဟူသော သားရဲ၏ နာမဖြစ်စေ၊ နာမ၏ အရေအတွက်ဖြစ်စေ၊ တစ်ခုခုကိုမခံသော သူတစ်ယောက်မျှ မရောင်းမဝယ်စေခြင်းငှာလည်းကောင်း စီရင်၏။ (ဗျာဒိတ်၊ ၁၃း၁၅-၁၇) ဤအမိန့်နှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ သစ္စာခံမှုကိုကာလကုန်ဆုံးချိန်တွင် စမ်းသပ်မှု ခံရလိမ့်မည်။ နေဗုဒ်ခနေဇာ၏ အာဏာအမိန့်နှင့် ဗျာဒိတ်ကျမ်းပါ အမိန့်နှစ်ခု၏ စင်ပြိုင်တူညီမှုကို သတိပြုကြပါ။

- အမိန့်နှစ်ခုစလုံးတွင် ကမ္ဘာ့ခေါင်းဆောင်ကြီးက ရုပ်တုကိုကိုးကွယ်ဖို့ ဖိအားပေးသည်။

- အမိန့်နှစ်ခုစလုံးတွင် ဘုရားသခင်တစ်ဆူတည်းကိုသာ ဝတ်ပြုကိုးကွယ် ရမည့် ပညတ်တရားကို ဆန့်ကျင်သည်။

- အမိန့်နှစ်ခုစလုံးတွင် မလိုက်နာ မဆောင်ရွက်သူများကိုသတ်သေရန် အမိန့်ချမှတ်သည်။

        မည်သူကို ဦးညွတ်ပြီး ကိုးကွယ်မည်နည်း။ ဤမေးခွန်းသည် နောက်ဆုံးမေးရမည့် မေးခွန်းဖြစ်သည်။ တစ်နေ့နေ့ တစ်ကြိမ်ကြိမ်ကျလျှင် ယုံကြည်သူများသည် အင်အားကြီးမားသည့် ဘာသာရေးနှင့်နိုင်ငံရေးအာဏာပိုင်တို့နှင့် ရင်ဆိုင်ရပြီး ကျွန်ုပ်တို့၏ အကြွင်းမဲ့သစ္စာခံမှုကို တောင်းဆိုသွားမည်။ ပြဿနာသည် အလံတော်ဖြစ်ပါသည်။ ကောင်းသောဝတ်ပြုကိုးကွယ်ခြင်းနှင့် ဆိုးသည့် ဝတ်ပြုကိုးကွယ်ခြင်းရှိပါသည်။ စစ်မှန်သည့် ဝတ်ပြုကိုးကွယ်ခြင်းနှင့် လွဲမှားသည့် ဝတ်ပြုကိုးကွယ်ခြင်း ရှိတတ်ပါသည်။ ဘုရားသခင်၏ နာမကို ဟစ်ကြွေးခြင်း အားဖြင့် လူတို့သည် မှန်ကန်သည့် သစ္စာခံယူမှုရှိသည်ဟု မဆိုနိုင်ပါ။ သူတို့သည် ချီးမွမ်းထောမနာသံ မြင့်တင်သလို သူတို့၏ လက်ထဲ၌ တိုက်ခိုက်ရေးရိုင်ဖယ်သနတ်ကိုလည်း မြှောက်တင်ဝှေ့ရမ်း နိုင်ပါသည်။ 

        ဗျာဒိတ်ကျမ်း တစ်ခုလုံးတွင် ဝတ်ပြုကိုးကွယ်ခြင်း ဆောင်ပုဒ်နှင့်ပြည့်နေပါသည်။

- ဗျာဒိတ်ကျမ်း အခန်းကြီး () တွင် သက်ရှိသတ္တဝါတို့သည် မြစိမ်းရောင်ကျောက်သက်တန့် အဆင်းရှိသည့် ဘုရားသခင်၏ ပလ္လင်တော်ရှေ့တွင် ဦးညွတ်လျက်ရှိပြီး နေ့ရောညပါ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မှု၏၊ သန့်ရှင်းတော်မှု၏၊ ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မှု၏။ (အခန်းငယ်၊ )

- ဗျာဒိတ်အခန်းကြီး တွင် ထောင်ပေါင်းများစွာသော ကောင်းကင်တမန်တို့သည် အသံကိုမြှင့်ပြီး အသေသတ်ခြင်းကို ခံခဲ့ပြီးသော သိုးသငယ်သည် ကောင်းချီးမင်္ဂလာကို ခံထိုက်တော်မူ၏ ဟုဆိုသည်။ (အခန်းငယ် ၁၂)

- ဗျာဒိတ်ကျမ်း အခန်းကြီး () တွင် အသီးအသီးသော ဘာသာစကားပြောသည့် လူအုပ်ကြီးသည် စွန်ပလွံခက်ကို ကိုင်လျက် သူတို့၏ ကယ်တင်ရှင် ဘုရားသခင်၏ ရှေ့မှောက်တွင်ရပ်လျက် ကြွေးကြော်ကြ၏။ (အခန်းငယ် နှင့် ၁ဝ )

        ဤကဲ့သို့သော မြင်ကွင်းများသည် ထပ်ခါတလဲလဲဆက်၍ မြင်ရပြီး နောက်ဆုံးတော့ ယေရုရှလင်မြို့သစ်တွင် ပျော်ရွှင်မှုကောင်းသည့် ဝတ်ပြုကိုးကွယ်မှုကို ပြုလုပ်နိုင်သည်။ သို့ရာ၌ ဗျာဒိတ်ကျမ်း၏အနှစ်တွက် ဤအကြောင်းအရာ ဆောင်ပုဒ် ဝင်ရောက်လာသည်ကို လေ့လာကြစို့။

        ဗျာဒိတ်ကျမ်း အခန်းကြီး ၁၂ နှင့် ၁၃ တွင် ဆိုးညစ်သည့် အင်အားစုကို သတ္တဝါသင်္ကေတအားဖြင့် ဖေါ်ပြထားပါသည်။ သားရဲ၊ နဂါးနှင့် မိစ္ဆာပုရောဖက်တို့သည် လူတိုင်းကို သားရဲ၏ ရုပ်တုကို ဦးညွတ်ဒူးထောက် စေသည်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၄ တွင် ဘုရားသခင်က သူတို့၏ စိတ်လှုပ်ရှားစရာဖြစ်အောင် တုံ့ပြန်ခဲ့သည်။ မှားယွင်းသည့် ဝတ်ပြုကိုးကွယ်ခြင်းအပေါ် ဘုရားသခင်၏ ပြန်လည်တုံ့ပြန်မှု ဖြစ်သည်။ ကမ္ဘာကြီးကို ဘုရားသခင်က နောက်ဆုံးသတိပေးခြင်း ဖြစ်ပါသည်။ ဤနောက်ဆုံးသတိပေးခြင်း သတင်းကို ကောင်းကင်တမန်သုံးပါးက ကောင်းကင်ယံတွင် ထာဝရဧဝံဂေလိ တရားတော်ကို ကြေညာကြ ပါသည်။ သူတို့ ဤသို့ဆိုကြသည်။ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မှုသောအရှင်ကို ကိုးကွယ်ကြလော့။ (ဗျာ၊ ၁၄း၇) မည်သူ့ကို ကိုးကွယ်ရန် ဖိတ်ခေါ်တော်မှုသနည်း။ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းသူ၊ သတ္တဝါအားလုံးကို ဇီဝအသက်ကို မှုတ်သွင်းသူဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဖန်ဆင်းသူတစ်ဦးတည်းသာလျှင် ကျွန်ုပ်တို့အား စီရင်ပိုင်ခွင့်ရှိသည်။ မှန်ကန်သော ဝတ်ပြုကိုးကွယ်မှုသည် ဘုရားသခင်အား အာရုံပြုပါသည်။ သူသည် ကျွန်ုပ်တို့အထက်တွင် ဖန်ဆင်းရှင်အဖြစ်နှင့် သော်လည်းကောင်း၊ စီရင်သူအဖြစ်နှင့်သော်လည်းကောင်း ရပ်တည်နေပါသည်။

        ဗျာဒိတ်ကျမ်း အခန်းကြီး (၁၄) ပါ ကောင်းကင်တမန်သည် သားရဲကိုကိုးကွယ်သော သူတို့၏ ကြောက်မက်ဖွယ်ရာ.. အနာဂတ်ကို သတိပေးပါသည်။ သားရဲနှင့် သူ၏ ရုပ်တုကို ကိုးကွယ်၍ ထိုသူသည်ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော်စပျစ်ရည်ကို သောက်ရလိမ့်မည်။ (ဗျာဒိတ်၊ ၁၄း၉၊၁၀) ဒီနေရာမှာ ပထမကောင်းကင်တမန်၏ သတင်းစကားကို ဆန့်ကျင့်ဘက်ပြုသည့် သတင်းစကားတို့၏ အပြန်အလှန် နှစ်ခုကို တွေ့ရပါသည်။ ကျွန်ုပ်တို့သည် သားရဲကို မကိုးကွယ်ရ၊ ဖန်ဆင်းရှင်ကိုသာ ကိုးကွယ်ရမည်။ တစ်ဖက်က လူထု လုပ်ပုံသွင်းထားသည့် အရာများကို မှားယွင်းစွာ သစ္စာခံဖို့ ခေါ်ယူနေပါသည်။ ဤရွေးချယ်ရာနှစ်ရပ်သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ရပ်တည်နေပါသည်။ ကောင်းကင်တမန်၏ သတင်းစကားကတော့ ဘုရားသခင်ကို ချီးမွမ်းဂုဏ်ပြုရန်နှင့် ဖန်ဆင်းရှင်အနေဖြင့် ဝတ်ပြုကိုးကွယ်ရန် ဖြစ်ပါသည်။ သားရဲကို ကိုးကွယ်လျှင် သေခြင်းပေတည်း။ သို့ဖြစ်၍ လိုက်လျောညီထွေဖြစ်အောင် ဖိအားခံရလျှင် ကျွန်ုပ်တို့က မည်ကဲ့သို့ ရပ်တည်ပါမည်နည်း။ သူ၏ရုပ်တုကို မကိုးကွယ်မိရန် မည်ကဲ့သို့ လုပ်ရပါမည်နည်း။ ဤနေရာမှာတော့ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အားခြွင်းချက်မရှိ ယုံကြည်မှုထားပြီး သူ၏နာမကို ဂုဏ်ပြုခြင်းအားဖြင့် သူ၏ တန်ခိုးအာဏာသည် အရာရာတိုင်းကို လွှမ်းမိုးအောင်နိုင်ခြင်းကို ရရှိသွားလိမ့်မည်။

        ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အဖြစ် ခြွင်းချက်မရှိ သစ္စာခံသွားနိုင်ရန် အပတ်စဉ်တွင် ပြသရန် အခွင့်အရေးပေးပါသည်။ ဤအပြုအမူသည် သူ့အား ဖန်ဆင်းရှင်အဖြစ်နှင့် သခင်အဖြစ် ဆည်းကပ်အပ်နှံမှု သက်သေပင် ဖြစ်သည်။ ကျွန်ုပ် တို့၏ သစ္စာနှင့်သစ္စာစောင့်သိမှုကို ဖေါ်ပြခြင်းဖြစ်သည်။ ဒီသစ္စာ စောင့်သိမှုသည် ပညတ်တော်ဆယ်ပါး၏ စတုတ္ထပညတ်တွင် တွေ့ရပါသည်။ ဤအချက်ကို ခရစ်ယာန်ခပ်များများက လျစ်လျူရှုမိခဲ့သည်။ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထာဝရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာအရပ်ရပ်တို့၌ ရှိရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာ နေတော်မှု၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မှု၏။ (ထွက်၊ ၂၀း၈-၁၁)

        မည်သည့်အတွက်ကြောင့် သတ္တမနေ့ စနေနေ့ကို စောင့်ရှောက်ရမည်နည်း။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခြင်း၏ အောက်မေ့ဖွယ်ရာနေ့ ဖြစ်သည်။ ဤနေ့သည် ကျွန်ုပ်တို့အား ဖန်ဆင်းရှင်းနှင့်ချည်နှောင်မှု ပြုခဲ့သည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းအမှု ပြီးမြောက်၍ နားနေရာနေ့ ဖြစ်သည်။ စတုတ္ထပညတ်သည် မိုးကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသူအား သတိရအောက်မေ့ရန် ဖြစ်ပါသည်။ သို့ဖြစ်၍ ဥပုသ်နေ့သည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အား ချစ်ခြင်းနှင့်သစ္စာစောင့်သိမှု အထိမ်းအမှတ်ဖြစ်သည်။ ဥပုသ်နေ့သည် မှားယွင်းသော သစ္စာခံမှုမှ ကာကွယ်ပေးသည်။ ဗျာဒိတ်ကျမ်းမှာ ရှိသည့် အန္တိခရစ်၏အမိန့်တော်ဖြစ်သော သားရဲ၏ ရုပ်တုကို ပျပ်ဝပ်ကိုးကွယ်ဖို့ လူတိုင်းအား အသေသတ်ခြင်းနှင့် ခြိမ်းခြောက်သော သစ္စာခံယူမှုမျိုးကို တစ်ခါလောက် ပြန်လည်စဉ်းစားကြည့်ပါ။ သမ္မာကျမ်းစာ၏ နောက်ဆုံးစာအုပ် ဗျာဒိတ်ကျမ်းသည် မီးခင်းသောလမ်းတည်းဟူသော ဒုက္ခသည်များသည် ကမ္ဘာ့သမိုင်းတွင် မကြုံစဖူးရောက်ရှိလာမည့်အကြောင်း ဖေါ်ပြထားပါသည်။ ဘုရားသခင်နောက်သို့ လိုက်လျှောက်သူများသည် ပညတ်တော်နှင့် ပတ်သက်သော ပြဿနာများနှင့်ရင်ဆိုင်ရလိမ့်မည်။ အာဏာကို မတရားသုံးစွဲခြင်းဖြင့် အတင်းအကြပ်ဝတ်ပြုကိုးကွယ်မှုကို ပြုလုပ်ခံရလိမ့်မည်။

        သို့ဖြစ်၍ မှန်ကန်သောဘုရားကို မှန်ကန်သောနည်းလမ်းဖြင့် ဝတ်ပြုကိုးကွယ်ကြောင်း စိတ်ချယုံကြည်ရန် လိုအပ်ပါသည်။ အဲဒါသည် ပြဿနာအရင်း အချာတစ်ရပ် ဖြစ်ပါသည်။ ဒုရကွင်းပြင်တွင် ရပ်လျက်ရှိနေသောဟေဗြဲလူငယ် သုံးဦးတို့သည် ဤပြဿနာကို ကောင်းစွာ နားလည်ပါသည်။ ဤအကြောင်းအရာ နှင့် ပတ်သက်၍ ပြန်ကြည့်ကြပါစို့။ ဘုရင်ကြီး နေဗုဒ်ခနေဇာသည် သူ၏ အောင်မြင်မှုအချိန်တွင် နှောင့်ယှက်ခြင်းခံရ၍ အမှန်တကယ်ပင် ဒေါသထွက်တော့သည်။ ထိုဟေဗြဲ လူငယ်သုံးဦးကို သူ့ ရှေ့မှောက်တွင် ခေါ်ယူပြီး မီးပြင်းစွာလောင်နေသော မီးဖိုဆီသို့ သူလက်ညှိုးထိုးပြသည်။ သူသည် တိုက်ရိုက်ဘဲ မေးတော့သည်။ ငါ၏ လက်မှ ကယ်လွှတ်နိုင်သော ဘုရားကား အဘယ်ဘုရား ရှိသနည်း (ဒံယေလ၊ ၃း၁၅) ထိုဟေဗြဲ လူငယ်သုံးဦးကို ပြန်လည်ဖြေကြားချက်မှာ အမှန်တကယ်ပင် ထင်ပေါ်ကျော်ကြားခဲ့သည်။ ကြောက်ရွံ့ခြင်း ကင်းမဲ့စွာဖြင့် သူတို့၏အဖြေမှာ အရှင်မင်းကြီး နေဗုဒ်ခနေဇာ အကျွန်ုပ်တို့ ကိုးကွယ်သော ဘုရားသခင်သည် မီးလောင်လျက်ရှိသော မီးဖိုထဲက အကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော်မှု၏။ ကိုယ်တော်၏ လက်မှလည်း ကယ်လွှတ်တော်မှုလိမ့်မည်။ ထိုသို့ ကယ်လွှတ်တော်မမူတော်လည်း အရှင်မင်းကြီး၊ ကိုယ်တော်၏ ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါ။ (ဒံယေလ၊ ၃း၁၆-၁၈)

        ဤလူငယ်များသည် ဝင့်ကြွားသော ဘုရင်အား မဆိုင်းမတွပြန်လည် ဖြေကြားခဲ့သည်။ ကောင်းကင်နှင့် မြေကြီး အရှင်သခင်ဘုရားသခင်အား သစ္စာခံယူမှုအားဖြင့် ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ သူတို့အား သေဘေးမှ မကယ်လွှတ်သည့်တိုင်အောင် ဘုရားရှင်တစ်ဦးတည်းကိုသာ ဝတ်ပြုကိုးကွယ်မည် ဖြစ်ကြောင်း ဆက်ကပ်အပ်နှံခဲ့ပါသည်။ ဤသို့ဖြေကြားသည့်အတွက် ရလဒ်က ဘယ်လိုဖြစ်ပါသလဲ။ ဒေါသဖြစ်နေသော နေဗုဒ်ခနေဇာမင်းကြီးသည် မီးဖိုကို အဆမတန်ပြင်းအောင် မီးထိုးစေသည်။ ပြီးလျှင်ထိုဟေဗြဲ လူငယ်သုံးဦးကို မီးထဲသို့ ပစ်ထည့်လိုက်သည်။ သူထင်သည်က ဟေဗြဲလူငယ်တို့၏ ဘုရားသည် သူတို့အား ကယ်လွှတ်မည် မဟုတ်ကြောင်း ယုံကြည်သည်။ သို့ရာတွင် ဘုရားသခင်သည် သူတို့အား ကယ်လွှတ်ပါသည်။ လောင်ကျွမ်းနေသော မီးဖိုထဲတွင် သူကိုယ်ရောင်ထင်ဟပ်စေသည်။ နေဗုခဒ်နေဇာ မင်းကြီးသည် ဟေဗြဲလူငယ် သုံးဦးဘေးတွင် နောက်ထပ်သော တစ်ယောက်ကို အံ့အားသင့်စွာ မြင် လိုက်သည်။ သူအော်၍ ပြောသည်မှာ လူလေးယောက်တို့သည် မတုတ်နှောင်ဘဲ မီးထဲ၌ သွားလာ၍ ဘေးဥပါဒ်နှင့်ကင်းလွှတ်သည်ကို ငါမြင်သည်တကား။ စတုတ္ထသူသည် ဘုရားသား၏ အဆင်းသဏ္ဌန်ရှိသည်။ (ဒံယေလ၊ ၃း၂၅) မီးဖိုထဲသို့ လူသုံးဦး ပစ်ထည့်သည်။ သို့ရာတွင် မီးဖိုထဲ၌ လူလေးဦး ပကတိ ကောင်းမွန်ရှင်သန်စွာ ရှိကြပါသည်။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် ဘုရားသခင်၏ သားတော်နှင့်အတူ ယှဉ်တွဲပြီး မီးဖိုထဲတွင် လမ်းလျှောက်နေကြပါသည်။

        ဒံယေလကျမ်းသည် ကျွန်ုပ်တို့ကို အရေးကြီးသော အကြောင်းအရာတစ်ရပ်ကို သင်ကြားပေးနေပါသည်။ ဗျာဒိတ်ကျမ်း၌ ဖေါ်ပြသည့် နောက်ဆုံးကာလ ပြဿနာများနှင့် ပတ်သက်၍ ကျွန်ုပ်တို့အား တုန်လှုပ်ကြောက်ရွံ့ဖို့ မလိုပါ။ ကျွန်ုပ်တို့၏ အဖဘုရားသခင်ကို အနှီးကပ်မြင်နိုင်ဖို့ အခွင့်အရေးရရှိနိုင်ခြင်း ဖြစ်ပါသည်။ ဤဟေဗြဲ လူငယ်သုံးဦးတို့သည် သူတို့၏အာရုံ၌ ကြီးမြတ်သော ဘုရားပေါ်၌ စိုက်ထားပါသည်။ သူတို့၏ စမ်းသပ်ရာ အချိန်နာရီတွင် သူတို့သည် ကြီးမြတ်သော ဘုရားကသူတို့နှင့်အတူ ရှိခဲ့သည်ကို တွေ့လိုက်ရသည်။ ဒီလိုမျိုး ချွင်းချက်မရှိ သစ္စာရှိမှုနှင့် ခံယူမှုတို့သည် ကျွန်ုပ်တို့အတွက် အံ့ဖွယ်သောအရာတို့ကို ပြုလုပ်ပေးနိုင်သည်။ အဆိုးဆုံးအချိန်တွက် ဘုရားသခင်ကို နီးကပ်လာအောင် ဆောင်ယူနိုင်ပါသည်။ 

        ဤလို ထူးခြားသည့် ယုံကြည်ချက်မျိုးကို ပြသခဲ့သည့် လူထူးဆန်းတစ်ဦးအကြောင်းကို ပြောပြချင်ပါသည်။ သူ့အကြောင်းကို အိန္ဒိယပြည် ဧဝံဂေလိတရားဟောဆရာ ဆွန်ဒါဆင်းမှ တစ်ဆင့်ကြားသိရသည်။ ဟိမဝန္တာခရီးစဉ် တစ်လျှောက်တွင် တီဘက်တရားဟောဆရာ တစ်ဦးအား တွေ့ရှိခဲ့ရသည်။ ထိုတရားဟောဆရာသည် အခြားသော တရားဟောဆရာများ ညှဉ်းဆဲခံရသော်လည်း သူ့အား ဒေသခံလူများက တလေးတစားဆက်ဆံကြသည်။ ဒီတရားဟောဆရာသည် သခင်ခရစ်တော်အကြောင်း ရဲဝံ့စွာ ဟောပြောနိုင်ပါသည်။ သူ့အား အန္တရယ်ပေးနိုင်သည်ကို သူစိုးရိမ်မှု မရှိပါ။

        တစ်ကြိမ်တစ်ခါတုံးက သူသည် လားမားဘုန်းတော်ကြီး တစ်ပါး၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ပန်ဂျပ်နိုင်ငံမှ ဧည့်သည်အဖြစ်ရောက်ရှိလာသည့် ခရစ်ယာန်တစ်ဦးထံမှ ဧဝံဂေလိသတင်းစကားကိုကြားသိရပြီး မကြာမီ သခင်ယေရှု၏ နောက်လိုက်သူအဖြစ် မိမိကိုယ်ကို ကြေညာခဲ့သည်။ ဒီအကြောင်း ပထမဦးဆုံးကြားရသူက သူ့ရဲ့ဆရာလားမားဘုန်းတော်ကြီးပဲ ဖြစ်ပါသည်။ ဤဘုန်းတော်ကြီးသည် အသိအမြင် အတွေ့အကြုံမရှိသူ တစ်ဦးဖြစ်ပါသည်။ တယူသန်သမားလည်း ဖြစ်ပါသည်။ ရက်အနည်းငယ် ကြာသည့်အခါ ဤတိဘက် တရားဟောဆရာကို သေဒဏ် ပေးလိုက်သည်။ အားသန်သည့်လူကြီးများသည် သူ့အားအမွှေးရှည်တိဘက် နွားရိုင်း၏ အရေခွံအစိုနှင့်ပတ်ပြီး ကြပ်တည်းစွာစည်း၍ ချုပ်ယူထားလိုက်သည်။ သူ့အား လားမားဘုန်းတော်ကြီးကျောင်းရှေ့ နေပူကျဲကျဲမှာ ထားလိုက်သည်။ အဲဒီမှာ သားရေကျုံ့ပြီး သူ့အား ဖိသတ်လိမ့်မည်။ သို့ရာတွင် တရားဆရာ မသေသည့်အတွက် သံပူချောင်းများကို သားရေစိုကို ထိုးဖေါက်ပြီး သူ၏ ကိုယ်အတွင်းသို့အထိ ထိုးသွင်းလိုက်သည်။ နောက်ပိုင်းမှာ ထိုဆရာ၏ ကိုယ်ကိုပတ်ထားသော သားရေကိုခွါပြီး လမ်းတစ်လျှောက်လုံး ဒရွတ်ထိုးဆွဲသွားပြီး မြို့ပြင် အမှိုက်ပုံဆီသို့ သွားကြသည်။ ဆက်လက်ပြီး တရားဟောဆရာကို ညှဉ်းဆဲ၍ သူ့အား နွားချေးပုံပေါ်မှာ ပစ်ထားခဲ့သည်။ သူအသက်ရှိပုံ မပေါ်သည့်အခါ လူအုပ်ကြီး ထွက်ခွာသွားသည်။ လင်းတများလည်း စုရုံးလာကြတော့သည်။ သို့သော်လည်း ဤစုတ်ပြတ်နေသော သူသည် မသေသွားပါ။ သူသည် တစ်ဖြေးဖြေး ကုန်ကတ်ပြီး ထွက်သွားနိုင်၍ ပြန်လည် ကောင်းလာနိုင်သည်။ သူသည် မထွက်ပြေးဘဲ ရွာထဲသို့ ပြန်လာသောအခါ ခရစ်တော်ဘုရားအကြောင်း တရားဟောကြားတော့သည်။ သူ၏ ယုံကြည်ချက်ကို သက်သေခံနိုင်သေးသည်။ သူသည် ကြီးမြတ်သော ဘုရားအကြောင်းကို ဟောပြောနိုင်သေးသည်။ ဒီတစ်ခါတော့ လူတွေကသူ့စကားကို အံ့ဩစွာဖြင့် နားထောင်နိုင်ကြသည်။ 

        တောက်လောင်နေသည့် မီးဖိုကြီးထဲမှ ဟေဗြဲသုံးဦးတို့သည်လည်း အတော်ပင် အထင်ကြီးခံရသည်။ နေဗုခဒ်နေဇာမင်းကြီးသည် မီးဖိုအနီးသို့သွားပြီး ထွက်လာရန် သူတို့အား ခေါ်ပါသည်။ သူတို့တစ်တွေ ထွက်လာသည့်အခါ လူအုပ်ကြီးက သူတို့အနားမှာ ဝိုင်းရံထားသည် သူတို့သတိပြုလိုက်သည်မှာ ထိုလူငယ် သုံးဦး၏ ဆံပင်များပင် လောင်ကျွမ်းခြင်း မရှိသည်ကို တွေ့ကြသည်။ သူတို့၏ အဝတ်အစားများ မီးလောင် အညှော်နံ့ပင် မရှိပါ။ နောက်ဆုံးတော့ မီးများလောင်ကျွမ်းနိုင်သည့် အရာက သူတို့ကိုချည်နှောင်ထားသော ကြိုးများသာလျှင် လောင်သွားပြီး သူတို့ချည်နှောင်ခြင်းမှ လွတ်ကင်းသွား သည်။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့သည် မီးဖိုကြီးထဲမှ အောင်မြင်သူများအဖြစ် ထွက်လာခဲ့သည်။ နေဗုခဒ်နေဇာ မင်းကြီးသည် ပထမဆုံးအကြိမ် သူ့ထက်ကြီးမြတ်သူ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိကြောင်း သူသဘောပေါက်လာသည်။ သူလက်ခံသွားသည်က ဤဟေဗြဲ လူငယ်သုံးဦးတို့သည် အမြင့်မြတ်ဆုံးဘုရားသခင်၏ အစေခံများ ဖြစ်ကြောင်း သူသဘော ပေါက်သွားသည်။ ဒီအချိန် မတိုင်မီအထိ သူသည် သူ၏ကြီးမားသော ရွှေရုပ်တုအားဖြင့် သူ့ကိုယ်ကို အကြီးမြတ်ဆုံးဖြစ်ဖို့ ကြိုးစားခဲ့သည်။

        ယခုတော့ သူ့မှာ ထူးခြားသည့် ဝန်ခံချက်ကို ပြုလုပ်သွားတော့သည်။ ဒံယေလ အခန်းကြီး () တွင် တွေ့ရပါသည်။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်သည် မင်္ဂလာရှိစေတော်မှုသတည်း။ မိမိတို့ဘုရားမှတစ်ပါး အခြားသောဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည့်အကြောင်း ဘုရားသခင်ကိုယုံကြည်ကိုးစား၍ မင်းကြီး၏အမိန့်တော်ကို ဆန်လျက် မိမိကိုယ်ကိုပင် အပ်နှံသော ကျွန်တော်ရင်း ရှိရာသို့ ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ကယ်တင်တော်မူပြီ။ (ဒံယေလ၊ ၃း၂၈) နေဗုခဒ်နေဇာမင်းကြီး၏ ဒေါသသည် လေးစားမှုသို့ ပြောင်းလဲသွားပါသည်။ သူသည် အခြားသော သစ္စာခံမှုသည်လည်းအရေးကြီးကြောင်းကို သဘော ပေါက်သွား ပါသည်။ သူသည် မှန်သောဘုရားကို မှန်ကန်သည့်နည်းဖြင့် ဝတ်ပြုကိုးကွယ်ရန် လိုအပ်ကြောင်း သဘောပေါက်သွားသည်။ ဒုက္ခရောက်သည့်အခါ နီးကပ်စွာ လာရောက်ကူညီမှုပြုသော ဘုရားကို ဦးညွတ်ကိုးကွယ်ရန်လိုကြောင်း နားလည်သွားပါသည်။ ထိုဘုရားကိုသာ ယနေ့တွင် ကျွန်ုပ်တို့၏ သစ္စာခံယူမှုနှင့် ထိုက်တန်ပါသည်။ 

        မိတ်ဆွေတို့၊ ကမ္ဘာ့သမိုင်းသည် အထွတ်အထိပ် အခြေအနေသို့ ဦးတည်နေပါသည်။ သစ္စာခံယူမှု နှစ်မျိုးသည် ဤသို့ ဂြိုဟ်ကမ္ဘာပေါ်မှာ အထွတ်အထိပ် အသာစည်း ရရှိမှုအတွက် တိုက်ပွဲဝင်နေကြသည်။ ဝတ်ပြုကိုးကွယ်မှု နှစ်မျိုးရုန်းကန် နေကြသည်။ ကောင်းကင်ဘုံရှင် အရှင်ဘုရားကိုဘဲ ကိုးကွယ်လျှင် ကိုးကွယ် (သို့တည်းမဟုတ်) လူလုပ်သော အရာတို့ကို ကိုးကွယ်ရပါမည်။ ကောင်းကင်မြေကြီးအရှင်သခင်ကိုပဲ ကိုးကွယ်လျှင် ကိုးကွယ် (သို့တည်းမဟုတ်) ကမ္ဘာပေါ်မှာ လောကနိဗ္ဗာန်ပေးမယ်လို့ ကတိပြုသူအား ကိုးကွယ်ရပါမည်။ ကျွန်ုပ်တို့၏ ယုံကြည်ချက်ကို မြင်နိုင်သော သန့်ရှင်းမြင့်မြတ်သည့် ဘုရားသခင်အား သစ္စာခံယူမည်။ (သို့တည်းမဟုတ်) ပြိုးပြိုးပြက်ပြက် တောက်ပနေသော ရုပ်တု၏ ဖမ်းစားခြင်းကို ခံရမည်လား (သို့တည်းမဟုတ်) လူအုပ်ကြီးနှင့် ရောပါသွားမည်လား။ သမ္မာကျမ်းစာတော်၏ ပုရောဖက်များ စကားတို့သည်ခေတ်အဆက်ဆက်၏ စင်္ကြံလမ်းမပေါ်မှ ပဲ့တင်ထပ်လျက်နေသည်။ ယနေ့တွင် ခရာသံများဖြင့် ကျွန်ုပ်တို့ကို စကားပြောနေပါသည်။

        “ငါနှင့်သူတို့ စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေခြင်းငှာ ငါ၏ဥပုသ် နေ့တို့ကို ငါခန့်ထား၏ (ယေဇကျေလ၊ ၂၀း၁၂) 

    “ထိုသို့ပြုသောသူ။ အမြဲစွမ်းလမ်းသော လူသားသည် ဥပုသ်နေ့ကို မရှုတ်မချ၊ စောင့်ရှောက်၍ မိမိလက်ကို ဒုစရိုက်နှင့်ကင်းစင်သူသည်မင်္ဂလာရှိ၏ (ဟေရှာယ၊ ၅၆း၂)

        “အသက်ပင်နှင့် ဆိုင်၍ မြို့ဝင်ပေါက် တံခါးအတွင်းသို့ ဝင်အံ့သောငှာ ပညတ်တော်တို့ကို ကျင့်သော သူတို့သည် မင်္ဂလာရှိကြ၏ (ဗျာဒိတ်၊ ၂၂း၁၄)

        နည်းလမ်းကြီး နည်းလမ်းငယ် အသွယ်သွယ်ဖြင့် တိုက်ပွဲမျဉ်းကြောင်းကတော့ ရေးဆွဲနေပါပြီ။ မုန်းတီးမှုကို ဘာသာရေး စိတ်အားထက်သန်မှု အဖြစ် လှည့်ကွက် ပြုသည်။ အယူသည်းအစွန်းရောက်သော ဘာသာရေး သစ္စာခံယူမှုကို တစ်ခုတည်းသော ယုံကြည်ချက် အမှန်တရားအဖြစ်ယူဆကြသည်။ ငါ့ဖက်က၊ ငါ့ဓလေ့ထုံးတမ်းတို့သည် ဘုရားသခင်၏ ပညတ်တရားကို အစားထိုးလိုက်သည်။ စာတန်၏ အင်ပါယာနှင့် ခရစ်တော်၏ အင်ပါယာတို့၏ စစ်မြေပြင် မျဉ်းကြောင်းသည် ရေးဆွဲလျက် ရှိနေပါ ပြီ။ လူဆိုးများလည်း ဦးထုပ်ဖြူ အမြဲဆောင်းထားလျက် မရှိကြပါ။

        ဤအုပ်စု၊ ထိုအုပ်စုတို့ကိုမရှုတ်ချနိုင်ပါ။ ဤယဉ်းကျေးမှု ထိုယှဉ်ကျေးမှုကို ဖယ်ထုတ်လို့ မရပါ။ သခင်ယေရှုပြောသလို ဂျုံနှင့်ပေါင်းပင်များသည် အတူတကွရောပြီး ပေါက်နေသည်။ ကောင်းခြင်းနှင့်ဆိုးခြင်းတို့သည် ရောယှက်နေပါသည်။ သို့ရာတွင် ခွဲခြမ်းထားသော မျဉ်းသည် မှိန်၍ မသွားပါ။ တစ်ဦးချင်းတို့၏ နှလုံးသားတွင် ခင်း၍ နေပါသည်။ ပြတ်သားသည့် ခွဲခြားမှု ရှိပါသည်။ ကျွန်ုပ်တို့၏ သစ္စာခံယူမှု ဘယ်မှာ ရှိပါသလဲ။ ကျွန်ုပ်တို့ထက် ကြီးမြတ်သူ ရှေ့မှောက်တွင် ပျပ်ဝပ်ကိုးကွယ် မှုပြုပါသလား။ သို့တည်းမဟုတ် ကျွန်ုပ်တို့ပြုလုပ်ထားသော ရုပ်တု၊ ကျွန်ုပ်တို့၏ တစ်ဖက်စောင်းအမြင်နှင့် လိုက်ဖက်အောင်ပြုလုပ်ခြင်း၊ ကျွန်ုပ်တို့၏ ဓလေ့ထုံးစံနှင့် ကိုယ်ပိုင်အမှန်တရားဖက်၌ သစ္စာခံယူ ရပ်တည်နေပါသလား။ ကျွန်ုပ်သည် ဒုရကွင်းပြင်တွင် ရပ်ရှိသော ဟေဗြဲလူငယ်သုံးဦးနှင့် ရပ်နေချင်ပါသည်။ ယခုပင် သူတို့နှင့်အတူ ရပ်ချင်ပါသည်။ ကာလကုန်ချိန်တွင် သူတို့နှင့်အတူ ရပ်ချင်ပါသည်။ နောက်ပြီး ကျွန်တော်ယုံကြည်သည်က သူတို့မှာရှိသည့် ယုံကြည်ချက်မျိုးမှာ ကျွန်ုပ်တို့ အားလုံးမှာလည်း ရှိနိုင်မည် ဖြစ်ပါသည်။ ဤယုံကြည်ချက်များသည် အချိန်ကာလ ကြမ်းတမ်းလာသည့်အခါ မားမားမတ်မတ် ရပ်တည်နိုင်ပါလိမ့်မည်။ တွေးပုံခေါ်ပုံ အပေါ်၌သာ မူတည်နေပါသည်။

        ကျွန်ုပ်တို့၏ အသက်တာအလယ်တွင် ဘာကိုဦးစားပေး ရွေးချယ်ထားပါသလဲ မည်သူက နံပါတ်() နေရာရပါသလဲ။ မည်သူ့ အမှန်တရားသည် ဦးစားပေးခံရပါသလဲ။ ကျေးဇူးပြုပြီး ဥပုသ်နေ့တိုင်းတွင် ဖန်ဆင်းရှင်အား သတိရအောက်မေ့ပါ။ အချိန်မနှောင်းမီ ဆုံးဖြတ်ချက်ချပါ။ ဥပုသ်နေ့ ဝတ်ပြုကိုးကွယ်ခြင်းသည် သင့်အသက်တာကို ပြောင်းလဲပေးပါလိမ့်မည်။ သင်၏ ယုံကြည်ချက်ကို ပြဿနာမတက်လာမီ ခိုင်ခံလာအောင်တည်ဆောက်ပေးသွားမည်။ ဖန်ဆင်းရှင်၊ အရှင်သခင်၊ တရားသူကြီး၊ ပညတ်တရားကို ပေးအပ်သူ၊ ကယ်တင်ရှင်၊ ကျွန်ုပ်တို့ကို အကြွင်းမဲ့ချစ်ခင်သူ - သူသာလျှင် ကျွန်ုပ်တို့၏ ကိုးကွယ်မှုကို ခံယူထိုက်ပါသည်။ ဥပုသ်နေ့သည် သူ၏ အလံတော်ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်တာတွင် စိုးမိုးပြီး ဖန်ဆင်းရှင်အား ဆက်ကပ်ခြင်း၏ အထိမ်းအမှတ်ကြီး တစ်ရပ်ဖြစ်ပါသည်။ အတုအယောင်များ လွန်စွာပေါများသော်လည်း ဖန်ဆင်းရှင် ဘုရားတစ်ဆူတည်းသာ ရှိပြီး ဥပုသ်နေ့သည် လူသားတိုင်းကို သူ့ထံသို့ ပြန်လည် ခေါ်ယူနေပါသည်။ သူ၏ အလံတော်ကို လွှင့်ထူပြီ ယနေ့၊ မနက်ဖြန်နှင့် အစဉ်အမြဲသူသည် ကျွန်ုပ်တို့နှင့်အတူ ရပ်ပေးပါလိမ့်မည်။ သူသည် သင်နှင့်အတူ မီးထဲတွင်လည်း သင်နှင့်အတူ လမ်းလျှောက်လိမ့်မည်။ 

        အဖဘုရား၊ ကျွန်ုပ်တို့သည် အဖဘုရားအား ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အဖြစ်နှင့် ကယ်တင်ရှင်အဖြစ် အသိအမှတ်ပြုပါသည်။ တိုက်ခိုက်မှု မည်မျှကြားရသော်လည်း ဘာကိုမှ မလုပ်ပါ။ နောက်တစ်ကြိမ်မှာ သခင်ယေရှုသည် ဤသို့ဆို၏။ ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏ (ယောဟန်၊ ၁၃း၁၇) ပျော်ရွှင်မှုသည် ဘုရားသခင်၏ အလိုတော်ကို သိရှိနားလည်ပြီး ထိုသို့အတိုင်း ပြုလုပ်ခြင်းဖြစ်သည်။ ဥပုသ်နေ့ကို ဘုရားသခင်၏ လူများနှင့်အတူတကွ ဝတ်ပြုကိုးကွယ်သည့်အခါ သင့်ဘဝအသက်တာတွင် အသုံးပြုသွားပါက သင်သည် ကြီးမားစွာ မင်္ဂလာရရှိပါလိမ့်မည်။ သို့ဖြစ်လျှင် သင်သည် သင်ဖြစ်နိုင်မည်ဟု မထင်မှတ်သော သခင်ယေရှုနှင့် နီးကပ်သွားလိမ့်မည်။ အပြောင်းအလဲရှိတိုင်း အခက်အခဲများလည်း ရှိနိုင်သည်ကို ကျွန်တော်နားလည်ပါသည်။ တွေးခေါ်ရန် အသစ်အဆန်း၊ စရိုက်ဟောင်းများ လွယ်လွယ်နှင့် မပျောက်ကွယ်ပါ။ ကြာမြင့်စွာ ကျင့်သုံးခဲ့ပြီးသည့် ဝတ်ပြုကိုးကွယ်ခြင်းစနစ်ကို ပြောင်းလဲရန် အလွန်ပင် ခက်ခဲနိုင်ပါသည်။ကျွန်ုပ်တို့သည် မှန်ကန်သည်ဟု ယုံကြည်ပြီး လက်တွေ့ ကြာမြင့်စွာ သုံးခဲ့သော်လည်း ထိုအရာများသည် မှန်ကန်သည်ဟု မဆိုနိုင်ပါ။ ခရစ်ယာန်သမိုင်းတစ်လျှောက်လုံးတွင် ဘုရားသခင်သည် အမှန်တရားကို လိုက်လျှောက်ရန် စိန်ခေါ်ခဲ့ပါသည်။ ဤအမှန်တရားသည် ယဉ်ကျေးမှုနှင့်ဆန့်ကျင်ဘက် ဖြစ်သော်လည်း သိရှိနားလည်ရမှာက အများနှစ်သက်မှုသည် အမြဲတမ်းမှန်ကန်သည်ဟု မဆိုနိုင်ပါ။ အများက လက်ခံတာထက်ဘုရားသခင်သည် အမှန်တရားကိုသာ တန်ဖိုးထားပါသည်။ သူ၏ နှုတ်ကပတ်တော်သည် ဆွဲဆောင်မှုကောင်းသည့် ဘာသာရေးခေါင်းဆောင်များ ထက်သာ၍ အာဏာသက်ရောက်မှုရှိသည်။ သူ၏ ပညတ်တော်သည် ကိုယ်ကျင့်တရား၏ အခြေခံနှင့် သူ၏ ပလ္လင်တော် အုတ်မြစ်ဖြစ်သည်။ ဘုရားသခင်ကို နားထောင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်းမှ ယုံကြည်ခြင်းသည် အရေးကြီးပါသည်။

        ကျွန်ုပ်အနေဖြင့် သင်တို့အား သမ္မာကျမ်းစာ ဥပုသ်နေ့၏ အမှန်တရားကို လေးလေးနက်နက် စဉ်းစာပေးဖို့ တိုက်တွန်းပါသည်။ အကယ်၍သာ သင့်အား ဘုရားသခင်က သင်၏ အသက်တာဘဝကို ပြောင်းလဲဖို့တောင်းဆိုလျှင် လိုက်နာဖို့ သတ္တိရှိပါစေ။ ဘုရားသခင်အတွက် လမ်းဖေါက်ပေးသူ ဖြစ်နိုင်ပါစေ။ အခြားလူများ သင်၏ ခြေရာကို နင်းနိုင်ဖို့ လမ်းပြပေးပါ။ ဘုရားသခင်သည် သင့်မိသားစုနှင့် မိတ်ဆွေတို့အား သင်၏ဘုရားသခင်နောက်လိုက်ဖို့ ဆုံးဖြတ်ချက်ကြောင့် ကောင်းချီးမင်္ဂလာပေးပါလိမ့်မည်။ သင်သည် မှန်ကန်သောလုပ်ဆောင်ချက်ကြောင့် အတွင်းစိတ်နှလုံး၌ ကျေနပ်မှုရှိပါလိမ့်မည်။ အခြားသော လူသန်းပေါင်းများစွာနှင့် ပေါင်းပြီး ဥပုသ်နေ့ကို သတိရ အောက်မေ့လိမ့်မည်။ သင့်အတွက် ဥပုသ်နေ့သည် မေ့လုနီးပါး ပညတ်တော်တစ်ခု မဟုတ်တော့ပါ။

 

No comments:

Post a Comment