အခန်း - ၈၃။ ကိုယ်စားပြုဆုတောင်း (၂၇၅)
အခန်း - ၆၃
ဘက်ပတစ်(စ်)-နှစ်ခြင်းအသင်းတော်များ (Baptists)
နှစ်ခြင်းအသင်းတော်များသည် အမေရိကန်နိုင်ငံတစ်ဝန်း၌ နှစ်
ခြင်းအသင်းကွဲအုပ်စုပေါင်း (၂၅)ဖွဲ့ကျော်နဲ့ အသင်းသား စုစုပေါင်းသန်း (၃၀)ခန့်
ရှိနေပါတယ်။ ဘက်ပတစ်(စ်)တွေဟာ ယခင်ကျမ်းစာ ကျောင်း သားတချို့က
လုံးလုံးနစ်မြုပ်ခြင်းဖြင့် ဗတ္တိဇံပေးခြင်းအကြောင်းကို သမ္မာကျမ်းစာ၏ သစ္စာအဖြစ်
ရှာတွေ့လိုက်ရာကအစ ပြန်လည်နေရာချ ထားရေးအရင်းအမြစ်ကို
ခြေရာခံယူလိုက်ခြင်းဖြစ်ပါတယ်။ ရေဖျန်းခြင်း ကို ငြင်းပယ်ခြင်း၊ ကျမ်းစာထဲကအတိုင်း
တိုက်ရိုက်အနက်ဖွင့်သည်ကို သာ လက်ခံလိုခြင်းနဲ့ယေရှု၏ ကျေးဇူးတော်ကြောင့်သာ
ကယ်တင်ခြင်း ရခြင်းအားဖြင့်၊ နှစ်ခြင်းအုပ်စုများသည် ပြန်လည်နေရာ ချထားရေးအချိန်
များ၌ တိုးပွါးလာခဲ့ကြပါတယ်။ နှုတ်ကပတ်တော်သည် သူတို့၏ လမ်း ညွှန်၊
လက်ဝါးကပ်တိုင်သည် သူတို့ရဲ့ဗဟိုယုံကြည်ချက်၊ ရေထဲလုံးလုံး နစ်မြုပ်
ဗတ္တိဇံပေးခြင်းသည် အတွင်းပိုင်းယုံကြည်ခြင်းကိုအပြင်သို့ ထုတ် ဖေါ်
ဝန်ခံသည်ဆိုခြင်းအားဖြင့်၊ နှစ်ခြင်းအုပ်စုများက သမ္မာတရားမီးတိုင် ကို
သယ်ယူလာခဲ့ကြသည်မှာ တော်လှန်သူ လူသာ(Luther)ထက် ခြေ
တစ်လှမ်းသာရောက်ခဲ့ပါတယ်။
၁၆၁၁ ခုနှစ်က ဗြိတိသျှကျွန်းမှာ ပထမဦးဆုံး ဘက်ပတစ်(စ်) အသင်းကို
ဂျွန်စမစ်(သ်)(John Smyth)ဆိုသူ တည်ထောင်ခဲ့ပါတယ်။
အင်္ဂလန်ကနေ အမေရိကတိုက်ရောက်သွားခဲ့တယ်။ ပထမဘက်ပတစ် တွေ ယုံကြည်နေသည်မှာ
ကယ်တင်ခြင်းသည် လူတိုင်းအတွက် ဖြစ်နိုင် သည် ဟူ၍ဖြစ်သည်။ ကယ်တင်ခြင်းအမြင်ကို (Calvin) ကယ်ဗင်ပြော သလို ခွဲခန့်မှတ်သားခံရသူ၊ ကန့်သတ်လူအနည်းအကျဉ်းအတွက်ပဲ ဖြစ်
တာ ဆိုတာ၊ သူတို့လက်မခံကြပါ။ ၁၆၄၄ ခုနှစ်အရောက်မှာဘက်ပတစ် အသင်း (၅ဝ)
နီးပါးအင်္ဂလန်မှာ ကြီးထွားလာပါတယ်။ အမေရိကန်မှာ တော့ သူတို့ရဲ့
အသင်းအမွေခံရောက်လာတာဟာ မက်ဆာချူးဆက် ကမ်းခြေ ကိုလိုနီမှစွန့်ခွါပြီး၊
ရုဒ်ကျွန်းပြည်နယ်ကိုလာရောက်ထူထောင် သူ ရိုဂျာဝီလျံကို
ညွှန်းဆိုခြေရာကောက်ကြပါတယ်။ နိုင်ငံနဲ့ဘာသာရေး အသင်းကို ခွဲထားရမည်ဟု
ယုံကြည်မှုကြီးမားတဲ့ ရိုဂျာဝီလျံဟာ ကိုလိုနီ တစ်ခုကို ထူထောင်တဲ့အခါ
အဲဒီမှာဘာသာရေးလှုပ်ရှားမှုကို သူတို့ရဲ့ အသိအမြင်ကြည်လင်ခြင်း၌
ဩဇာနာခံခြင်းဖြင့်လိုက်လျောညီ-လေ့ကျင့် ဖို့ တိုက်တွန်းခဲ့တယ်။
ရာစုနှစ်များတစ်လျှောက်လည်း နှစ်ခြင်း အသင်း တွေဟာ ဘာသာရေးလွတ်လပ်ခြင်းကို
အားကောင်းစွာနဲ့ မြှင့်တင်လုပ် ဆောင်လာခဲ့ကြသူများ ဖြစ်ကြပါတယ်။ အစောဆုံး
ဘက်ပတစ်အသင်း ကို ၁၆၃၉ခုနှစ်မှာ ရုဒ်ကျွန်းပြည်နယ်၊ ပရိုဗီးဒင့်မြို့ (Providence) အမေရိ ကန်မြေပေါ်၌ ရိုဂျာဝီလျံက စတင်တည်ထောင်ခဲ့ပါတယ်။ ၁၆၄၈ ခုနှစ်မှာ
ရုဒ်ကျွန်းပြည်နယ်၊ နယူးပို့မြို့ (Newport)၌ ဂျွန်ကလပ်(John
Clarke) က စတင်တည်ထောင်ပါတယ်။ နှစ်သင်းစလုံးဟာ ဘာသာရေးလွတ်လပ်
ခွင့် ကတုတ်မြေကြီးဖြစ်ခဲ့ကြပါတယ်။ ဘက်ပတစ်တွေဟာ ရာစုနှစ် တစ်လျှောက်အတွင်း
ထူးခြားတဲ့သမ္မာတရားနှစ်ချက်နဲ့ ချန်ပီယံတွေ ဖြစ် ခဲ့ပါတယ်။ (၁)က
လုံးလုံးနစ်မြုပ်ခြင်းအားဖြင့် ဗတ္တိဇံပေးခြင်း။ (၂)က ဘာသာရေး လွတ်လပ်စွာ
ကိုးကွယ်ခွင့်ပဲဖြစ်တယ်။ ဘက်ပတစ် အသင်း ငယ်အနည်း အကျဉ်းတွေဟာ သတ္တမနေ့ ဥပုသ်ကို
သစ္စာခံစောင့်ရှောက် ထိန်းသိမ်းနေကြပါတယ်။ သတ္တမမြော်လင့်ခြင်းအသင်းသားများဟာ သူ
တို့ရဲ့ ဘက်ပတစ်ညီအစ်ကို၊ ညီမ၊ အစ်မတွေနဲ့ ပုံမှန်ဆက်ဆံနိုင်ကြပါ တယ်။
ဘက်ပတစ်များ၏ အစဉ်အလာစွဲဝါဒရေးရာယုံကြည်မှုများတချို့
၁။
သမ္မာကျမ်းစာသည်သာလျှင် ယုံကြည်ခြင်းနှင့် လေ့ကျင့်ခြင်း အတွက်
စည်းမျဉ်းတွေဖြစ်သည်ဟု ယုံကြည်သည်။ (သို့သော် တချို့ ဘက်ပတစ်တွေဟာ
ကျမ်းစာနှုတ်ကပတ်တော်စကားလုံးတိုင်းကို နှုတ် တိုက်ရွတ်ဆိုခြင်းဖြင့်
ကိုင်စွဲထားကြပါတယ်။)
၂။ ကယ်တင်ခြင်းသည် ကျေးဇူးတော်သက်သက်သာဖြစ်သည်။
၃။
ဘုရားသခင်၏ဇာတိအဖြစ်တော်အကြောင်း။
၄။
ယေရှု ဒုတိယကြွလာတော်မူခြင်းအကြောင်းအမှန်တရား။
၅။
လုံးလုံးနစ်မြုပ်လိုက်ခြင်းဗတ္တိဇံ။
၆။
ဘာသာရေးအသင်းနှင့်နိုင်ငံရေးခွဲခြားခြင်း။
ဘက်ပတစ်တို့၏ အဓိကဝါဒရေးရာနားလည်မှုလွဲခြင်းနှင့်
ကျမ်းစာအလိုအတိုင်းဖြစ်သင့်သည်များ
၁။ မထင်မှတ်ဘဲရောက်လာမည့်ချီဆောင်ခြင်း။
ခရစ်တော်ဟာ
ဘေးဒဏ်ကြီးကာလမတိုင်မီ မထင်မှတ်ဘဲ ကြွလာတော်မူမည်ဆိုတဲ့
အကြောင်းမှာ၊ ခရစ်တော်ဟာ သူ့အသင်းတော်ကို ရုတ်ခြည်းဆွဲယူ၊ သို့မဟုတ်
ချီဆောင်တော်မူခြင်းဖြင့် မြေကြီးပေါ်၌ မယုံကြည်သူများ ကျန်ရစ်ခဲ့ပြီး
ဘေးဒဏ်ကြီးတစ်လျှောက် ပြစ်ဒဏ်ခံကြရမည်ဆိုတဲ့ ယုံ ကြည်ချက်။ (၁သက် ၄း၁၆,၁၇။ ၂သက် ၁း၇-၉။ မဿဲ ၁၃း၃၀။ လုကာ ၁၇:၂၆-၃၇။
မဿဲ ၂၄:၂၇။ ဆာလံ ၅၀း၃။ ဗျာ ၁း၇) ဖတ်ကြည့်ပါ။
၂။ မသေနိုင်ဘူးဆိုတဲ့ ဝိညာဉ်အကြောင်း။ လူတစ်ဦးချင်းစီတိုင်းမှာ
မသေနိုင်၊ မပျက်နိုင်တဲ့ဝိညာဉ်ဟာ ကိုယ် ခန္ဓာသီးခြားရှိနေပြီး၊ လူသေ လျှင်
ကိုယ်ခန္ဓာသေ၍ သီးခြားဝိညာဉ်သည် ကောင်းကင်ဘုံ၊ သို့မဟုတ် ငရဲဘုံတစ်ခုခုသို့
ရောက်သွားမည်ဆိုကဲ့ယုံကြည်ချက်။ (၁တိ ၆:၁၅,၁၆။ က ၂း၇။ ဒေသနာ
၁၂း၇။ ယောဘ ၂၇:၃။ ဆာလံ ၁၄၆း၄။ ၆း၅။ ၁၁၅း၁၇။ ယော ၁၁း၁၁-၁၄)ဖတ်ကြည့်ပါ။ အမှတ်ရပါ။
ကျမ်းစာသည် ‘ဝိညာဉ်’ စကားလုံးကို အကြိမ်ပေါင်း (၁၆၀၀) သုံးခဲ့ပါတယ်။
ဒါကိုမသေနိုင်တဲ့ ဝိညာဉ်၊ သို့မဟုတ် ထာဝရဝိညာဉ်လို့ ဘယ်တော့မှ မပြောပါ။ ကျမ်းစာထဲ
မှာ သေသည်ကို အိပ်သည်ဟု (၅၃)ကြိမ် ဆိုထားပါသည်။
၃။ ထာဝရပြင်းစွာသောဝေဒနာ။ ဘုရားသခင်သည် ပျောက်သူ၊ ရှုံး သူများကို
ငရဲသို့ ချလိုက်၍ ထာဝရပြစ်ဒဏ်ပေးမည်ဟူသော ယုံကြည် ချက်။ (မဿဲ ၄း၁-၃။ ဆာလံ ၃၇း၁၀,၁၁,၂၀,၃၈။ ယုဒ ၇။ ၂ပေ ၂း၆။ ဗျာ
၂၀း၉။ ဟေဗြဲ ၁၂း၂၉)။
၄။ တစ်ကြိမ်ကယ်တင်ခံရရင် အမြဲကယ်တင်ခံရခြင်းဖြစ်တယ်။
လူတစ်ယောက်ဟာ ခရစ်တော်ဆီရောက်လာရင် သူတို့၌ ဘယ်တော့မှ
မဆုံးရှုံးနိုင်ဟူသော ယုံကြည်ချက်။ (၁ကော ၁၅း၁-၂။ ၂ပေ ၂း၂၀- ၂၂။ ၁ကော
၉း၂၇)ဖတ်ကြည့်။ [ရေမျောကမ်းတင် (castaway) စကားလုံး ဒီမှာသုံးတာ (ယေရမိ ၆း၃၀) မှာလည်းသုံးတယ်။ လောင်ကျွမ်းစေတော်မူ
သည်၊ ဒါမှမဟုတ် ပယ်တော်မူသည်ဖြစ်ပါတယ်။] (ဟေဗြဲ ၄း၄-၇။ ဗျာ ၃း၅။ ဖိ ၄း၃)တွေမှာ
ဖတ်ကြည့်ရင်၊ ခရစ်တော်ကို ကျွန်ုပ်တို့ လက်ခံ လိုက်တဲ့အခါ၊ ကျွန်ုပ်တို့ရဲ့
အမည်တွေဟာ အသက်စာရင်းစာအုပ်မှာ ရေးသွင်းပြီးဖြစ်တယ်။ ဒါကို
စာရင်းဖျက်လို့ရတယ်ဆိုထားတော့ တစ် ကြိမ်တစ်ခါက လက်ခံထားပြီးသူတွေဟာ အပယ်ခံရနိုင်တယ်ဆိုတာ
ဖြစ် နိုင်တာပဲပေါ့။
၅။ တနင်္ဂနွေနေ့ကို အလေးအမြတ်ထားခြင်း။
ယေရှုသည်ရက် သတ္တပတ်တွင် ပထမရက်၌သေခြင်းမှ ထမြောက်တော်မူသည်ဖြစ်၍
ခရစ်ယာန်အားလုံးသည် ထိုနေ့တွင် ဝတ်ပြုရမည်ဆိုတဲ့ယုံကြည်ချက်။ (က ၂း၁-၃။
ထွက်၂၀း၈-၁၁။ ယေဇ ၂၀း၁၂-၂၀။ လုကာ ၄း၁၆။ မဿဲ ၂၄း၂၀။ တ ၁၃:၄၂-၄၄။ ဗျာ ၁း၁၀။ မဿဲ
၁၂း၈။ လုကာ ၆း၅။ ဟေရှာ ၆၆:၂၂,၂၃)။
၆။ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။ ဖတ် ကြည့်ပါ။ (မဿဲ ၅း၁၇,၁၈။ ယော ၁၄း၁၅။ ရောမ ၆း၁၃,၁၄။ ၃:၂၈-၃၁။ ၁၀း၄။ ဆာလံ
၄၀း၈။ ဟေဗြဲ ၈း၁၀။ ၁ယော ၂:၃-၆။ ယာကုပ် ၂း၁၀-၁၇)။
ဘက်ပတစ်တို့၏ စိတ်နှလုံးသို့ချဉ်းကပ်ခြင်း
သင်ရဲ့ ဘက်ပတစ်မိတ်ဆွေများထံ ချဉ်းကပ်ရာ၌ ဆွေးနွေး ပြော
နေကျအချက်တွေနဲ့ပဲစတင်ပါ။ ကျမ်းစာထဲက ဥပုသ်အကြောင်းကို ရုတ် တရက်ချက်ချင်း
ဆွေးနွေးတာမျိုး မလုပ်ပါနဲ့။ ယေရှုအကြောင်းကိုပဲ
ပြောပါ။ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရသည့်အကြောင်း ကို
အလေးအနက်ပြောဆိုပါ။ ဖြောင့်မတ်ခြင်း၏အခြေခံသည် ယုံကြည် ခြင်းအားဖြင့်
လက်ဝါးကပ်တိုင်ပေါ်မှာ ဘုရားသခင်ရွေးနုတ် ကယ်တင် တော်မူသောအမှုဖြစ်သည်ကို
နားလည်ရန် အရေးကြီးကြောင်း ဆွေးနွေး ပေးပါ။ မေတ္တာသည် နာခံခြင်းသို့
အမြဲရောက်စေကြောင်း ရှင်းပြပါ။ (ဧဖက် ၂း၈-၁၀။ ယာကုပ် ၁း၁၀-၁၇။ ရောမ ၃း၁၅-၃၁။ ၆း၁၄,၁၅။ ယော ၁၄း၁၅) တို့ကိုဖတ်ပါ။
ဘာပဲဖြစ်ဖြစ်မငြင်းကြတာ အကောင်းဆုံးပဲ။ ငြင်းခုံကြလို့ သင်ကနိုင်မယ်ဆိုတာတောင်၊
မိတ်ဆွေတစ်ယောက်မရ တော့ဘူး။ ဆက်ဆံရေးနားလည်မှုကို ထူထောင်ပါ။ ယေရှုကို ချစ်တဲ့
အစဉ်အလာ၊ မေတ္တာကိုအခြေခံသော မိတ်ဖြစ်-ဆွေဖြစ် ဆက်ဆံရေးကို တိုးတက်စေပါ။ သင့်ဘက်ပတစ်
မိတ်ဆွေတွေနဲ့အတူ သူတို့အတွက် ဆုတောင်းပေးပါ။ သူတို့နဲ့ အချိန်ယူပြီး၊ ယေရှုနဲ့
သင့်အတွေ့အကြုံများ ကို မျှဝေပြောပြပါ။ သင့်ဘဝ၌ ဘုရားသခင်ပြုစုတော်မူခြင်းအတွက်
အတူတကွ ကျေးဇူးတော်ချီးမွမ်းကြပါ။ ရင်းနှီးခြင်းပုံစံထူထောင်နိုင်ပြီး
တဲ့အခါ၊ယေရှုကိုချစ်ခြင်း၌နှစ်ဦးနှစ်ဖက်အသဲနှလုံးထဲတွင် တည်ဆောက် ၍
အကျိုးတူဖြစ်လာကြပြီဆိုတဲ့အခါ သန့်ရှင်းသော ဝိညာဉ်တော်လမ်းပြ မှုကိုခံယူပြီး၊
သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်အကြောင်း၏ အတု မရှိသစ္စာကို ရှင်းပြလိုက်ပါ။
ဤအဆင့်တွေအတိုင်းလုပ်ပါ။
1။ သင့်အတွက် ယေရှုဘာလုပ်ပေးခဲ့သည့်အကြောင်း၌ သင့်သက် သေခံချက်ကို
ဝေမျှပြောပြပါ။
2။ အသက်တာဆက်ကပ်ခြင်းအဓိပ္ပါယ်နဲ့ ယေရှုကိုသိရန် အရေးကြီး ခြင်းအကြောင်း
အတွေးအမြင်ဖလှယ်ကြပါ။
3။ ခရစ်တော်ဗဟိုပြုတရားဟောချက် တိတ်ခွေရှိရင် ဖွင့်နားထောင် ကြခြင်း၊
ဒါမှမဟုတ်ဒီလိုမျိုးရနိုင်တဲ့ စာအုပ်ရှာဖတ်ခိုင်းပါ။ (Desire of Ages/
Steps to Christ/ Signs of the Time)
4။ သင့်ဘက်ပတစ်မိတ်ဆွေတွေကို သင့်အိမ်ကို ခေါ်ဖိတ်ကျွေးမွေး ပြုစုတတ်ပါ။
5။ သင့်မိတ်ဆွေသည် ပွင့်လင်းသောသူဖြစ်လျှင် အချိန်အခါကောင်း ကို ကြည့်၍
‘ကျမ်းစာကပြောသော’ သင်ခန်းစာကို ဆွေးနွေးပါ။
အခန်း - ၆၄
ကျမ်းစာအလိုတော်အသင်းများ၊
ဂိုဏ်းဂဏမဲ့အသင်းများ
ဂိုဏ်းဂဏမဲ့ဖြစ်ပြီး ကျမ်းစာအလိုတော်အသင်းတွေဟာ လွန်ခဲ့တဲ့
အနှစ်(၅၀)လောက်က ကျမ်းရိုးကိုင်ခရစ်ယာန်များအားဖြင့် ကျမ်းစာ
အတိုင်းနေမည်ဆိုတဲ့လှုပ်ရှားမှုအထဲမှ တိုးပွါးလာကြခြင်း ဖြစ်ပါတယ်။
သမားရိုးကျအသင်းတော်တွေထဲမှာ ဖေါက်ပြန်ခြင်းကို အာရုံခံမိလာတဲ့ အခါမှာ သူတို့ဟာ
ဓမ္မသစ်ကျမ်းအလိုအတိုင်းနေတဲ့ ခရစ်ယာန်များ၏ အဆီအနှစ်၊
အရည်အသွေးများအတိုင်းပြန်သွား နေထိုင်ဖို့ စိတ်ထက်သန် စွာ လိုလားလာကြတယ်။
ဒီအုပ်စုတွေဟာ အားကောင်းတဲ့သင်းအုပ်များ အားဖြင့် သိသာထင်ရှားလာပါတယ်။
သမ္မာတရားအဟောအပြော အား ကောင်းခြင်းဖြင့် ဂုဏ်သိက္ခာရှိရှိ ဦးဆောင်ကြတဲ့
ခေါင်းဆောင်တွေ ကြောင့် ဒေသအသင်းတော်များထဲမှာ ဩဇာနဲ့အုပ်ချုပ်၍ လွတ်လပ်သော
အသင်းတော်များ၊ များစွာဖွဲ့စည်းပေါ်ပေါက်လာခဲ့ရပါတယ်။ သူတို့ဟာ ဗဟိုဂိုဏ်းဂဏအဖွဲ့
အစည်းအုပ်စုတစ်ခုခု၊ ဘယ်တစ်ခုခုထဲမှာမှ မပါရှိလို ကြ။ သူတို့အယူ ဝါဒတွေဟာ
အများအားဖြင့် တူညီကြပါသော်လည်း သာမညအချက်တွေအပေါ်မှာ အမျိုးမျိုးထွေပြား
ရှိနေတတ်ပါတယ်။ ယေဘုယျအားဖြင့် ဂိုဏ်းဂဏမဲ့ ကျမ်းစာအလိုတော်အသင်းတွေဟာ
အောက်ပါစရိုက်လက္ခဏာများရှိကြပါတယ်။
1။ ကျမ်းစာအတိုင်းတိုက်ရိုက်အနက်ဖွင့်ခြင်း။
2။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းရောက်ရသည်ဆိုတဲ့ အား
ကောင်းသောယုံကြည်ခြင်း။
3။ ချီဆောင်ခြင်းခံရမည် ယုံကြည်ချက်နဲ့အတူ ပုရောဖက်ပြုသော
အနာဂတ်ကာလအနက်ဖွင့်ခြင်း။
4။ ဝိညာဉ်မသေနိုင်ဟူသောယုံကြည်ချက်။
5။ ခရစ်တော်ရှင်ပြန်ထမြောက်တော်မူသော တနင်္ဂနွေနေ့ကို သခင် ဘုရားနေ့အဖြစ်
ထိုနေ့ကိုလက်ခံကြခြင်း။
6။ အရှုပ်အထွေးမရှိ၊ ခရစ်တော်ဗဟိုပြုဝတ်ပြုစည်းဝေးရာတွင် စိတ်
ထက်သန်စွာသီချင်းဆို၍ ကျမ်းစာအတိုင်း လှုံ့ဆော်အားပေးသော ဟောပြောချက်တွေနဲ့
နွေးနွေးထွေးထွေးမေတ္တာနှင့် မိတ်သဟာယ ဖွဲ့နေတတ်ခြင်းတို့ရှိ၏။
7။ တစ်ကြိမ်ကယ်တင်ခြင်းရပါက အမြဲကယ်တင်ခြင်းရပြီဆိုတဲ့ ယုံ ကြည်ချက်။
8။ လက်ဝါးကပ်တိုင်တရားအားဖြင့် ပညတ်တရား ပြည့်စုံရာဖြစ်သည် ဟု
အများယုံကြည်ချက်။
ဂိုဏ်းဂဏမဲ့ကျမ်းစာအတိုင်းနေကြသည့်အသင်းတော်များ၌
အစဉ်အလာစွဲ ဝါဒရေးရာယုံကြည်မှုများတချို့
၁။
ကျမ်းစာကိုအလေးအနက်ထားမှုအားကောင်းခြင်း။
၂။
သုံးပါးတစ်ဆူ / ဘုရားသခင်၏ဇာတိအဖြစ်တော်။
၃။
ခရစ်တော်ဗဟိုပြုအဟောအပြော။
၄။
ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းရ၏ဟု ယုံကြည်ချက်။
၅။
ယေရှုဒုတိယအကြိမ်ကြွလာတော်မူမည်ဟု ယုံကြည်ချက်။
၆။
ခရစ်ယာန်များထဲမှာ အထွေထွေသောဖေါက်ပြန်သင်းကွဲခြင်းရှိ မည်ဖြစ်၍
ဓမ္မသစ်ကျမ်းကာလယုံကြည်သူများအနေနဲ့ ယုံကြည် ခြင်းသို့ပြန်လာဖို့
ပြင်းပြသောဆန္ဒနဲ့အပြင်စွဲလမ်းခြင်း။
၇။
သမားရိုးကျအသင်းတော်များမှ စိတ်ပါလက်ပါ ထွက်လာလိုကြ ခြင်း။
ဂိုဏ်းဂဏမဲ့ကျမ်းစာအတိုင်းနေထိုင်ကြသူများ၌ အဓိကဝါဒရေးရာ
ကွဲလွဲခြင်းနှင့် ကျမ်းစာအလိုအတိုင်းဖြစ်သင့်သည်များ
၁။
မထင်မှတ်ဘဲရောက်လာမည့် ချီဆောင်ခြင်း။ ခရစ်တော်ဟာ ဘေးဒဏ်ကြီးကာလမတိုင်မီ မထင်မှတ်ဘဲ ကြွလာတော်မူမည်ဆိုတဲ့
အကြောင်းမှာ၊ ခရစ်တော်ဟာ သူ့အသင်းတော်ကို ရုတ်ခြည်းဆွဲယူ၊ (ဝါ)
ချီဆောင်တော်မူခြင်းဖြင့် မြေကြီးပေါ်၌ မယုံကြည်သူများ ကျန်ရစ်ခဲ့ပြီး
ဘေးဒဏ်ကြီးတစ်လျှောက် ပြစ်ဒဏ်ခံကြရမည်ဆိုတဲ့ ယုံကြည်ချက်။ (၁သက် ၄း၁၆,၁၇။ ၂သက် ၁း၇-၉။ မဿဲ ၁၃း၃၀။ လုကာ ၁၇:၂၆-၃၇။ မဿဲ ၂၄း၂၇။ ဆာလံ ၅၀၊၃။ ဗျာ
၁း၇)ဖတ်ကြည့်ပါ။
၂။ တစ်ကြိမ်ကယ်တင်ခံရရင် အမြဲကယ်တင်ခံရခြင်းဖြစ်တယ်။
လူတစ်ယောက်ဟာ ခရစ်တော်ဆီရောက်လာရင် သူတို့၌ ဘယ်တော့မှ
မဆုံးရှုံးနိုင်ဟူသောယုံကြည်ချက်။
[(၁ကော ၁၅း၁-၂။ ၂ပေ ၂း၂၀-၂၂။ ၁ကော ၉း၂၇)
ဖတ်ကြည့်။
[ရေမျောကမ်းတင် (castaway) စကားလုံး ဒီမှာသုံးတာ (ယေရမိ ၆း၃ဝ) မှာလည်းသုံးတယ်။
လောင်ကျွမ်းစေတော်မူသည်၊ ဒါမှမဟုတ် ပယ်တော် မူသည်ဖြစ်ပါတယ်။] (ဟေဗြဲ ၄း၄-၇။ ဗျာ
၃း၅။ ဖိ ၄း၃)တွေမှာ ဖတ် ကြည့်ရင်၊ ခရစ်တော်ကို ကျွန်ုပ်တို့လက်ခံလိုက်တဲ့အခါ၊
ကျွန်ုပ်တို့ရဲ့ အမည်တွေဟာ အသက်စာရင်းစာအုပ်မှာ ရေးသွင်းပြီးဖြစ်တယ်။ ဒါကို
စာရင်းဖျက်လို့ရတယ်ဆိုထားတော့ တစ်ကြိမ်တစ်ခါက လက်ခံထားပြီး သူတွေဟာ
အပယ်ခံရနိုင်တယ်ဆိုတာဖြစ်နိုင်တာပဲပေါ့။
၃။
ဝိညာဉ်မသေနိုင်ဆိုတဲ့ယုံကြည်ခြင်း။ လူတစ်ဦးချင်းစီတိုင်းမှာ မသေနိုင်၊ မပျက်နိုင်တဲ့ဝိညာဉ်ဟာ
ကိုယ်ခန္ဓာနဲ့သီးခြားရှိနေပြီး၊ လူသေ လျှင် ကိုယ်ခန္ဓာသေ၍ သီးခြားဝိညာဉ်သည်
ကောင်းကင်ဘုံ၊ သို့မဟုတ် ငရဲဘုံတစ်ခုခုသို့ရောက်သွားမည်ဆိုတဲ့ ယုံကြည်ချက်။
(၁တိ ၆း၁၅,၁၆။ က ၂း၇။ ဒေသနာ ၁၂း၇။ ယောဘ ၂၇:၃။ ဆာလံ ၁၄၆း၄။ ၆:၅။ ၁၁၅:၁၇။ ယော
၁၁း၁၁-၁၄)ဖတ်ကြည့်ပါ။ အမှတ်ရပါ။ ကျမ်းစာ သည် ‘ဝိညာဉ်’ စကားလုံးကို အကြိမ်ပေါင်း
(၁၆၀၀) သုံးခဲ့ပါ တယ်။ ဒါကို မသေနိုင်တဲ့ဝိညာဉ်၊ သို့မဟုတ် ထာဝရဝိညာဉ်လို
ဘယ်တော့မှမပြောပါ။ ကျမ်းစာထဲမှာ သေသည်ကို အိပ်သည်ဟု (၅၃) ကြိမ်ဆိုပါသည်။
၄။ တနင်္ဂနွေနေ့ကို အလေးအမြတ်ထားခြင်း။
ယေရှုသည်ရက် သတ္တပတ်တွင် ပထမရက်၌ သေခြင်းမှ ထမြောက်တော်မူသည်ဖြစ်၍
ခရစ်ယာန်အားလုံးသည် ထိုနေ့တွင် ဝတ်ပြုရမည်ဆိုတဲ့ ယုံကြည်ချက်။ (က ၂း၁-၃။
ထွက်၂၀၊၈-၁၁။ ယေဇ ၂၀:၁၂-၂၀။ လုကာ ၄း၁၆။ မဿဲ ၂၄း၂၀။ တ ၁၃:၄၂-၄၄။ ဗျာ ၁း၁၀။ မဿဲ
၁၂း၈။ လုကာ ၆း၅။ ဟေရှာ ၆၆း၂၂, တရားသည် ခရစ်တော်အားဖြင့်
စုံလင်ခြင်းရှိ၏၊ ဖတ် ကြည့်ပါ။ (မဿဲ ၅း၁၇,၁၈။ ယော ၁၄း၁၅။
ရောမ ၆း၁၃,၁၄။ ၃း၂၈-၃၁။ ၁၀း၄။ ဆာလံ ၄၀း၈။ ဟေဗြဲ ၈း၁၀။ ၁ယော
၂း၃-၆။ ယာကုပ် ၂း၁ဝ-၁၇)။
ဂိုဏ်းဂဏမဲ့ ကျမ်းစာအတိုင်းနေကြသည့်အသင်းသား
မိတ်ဆွေများထံချဉ်းကပ်ခြင်းအလားအလာများ
1။ ခရစ်တော် ၌တစ်လုံးတစ်ဝတည်းရှိမှုကို အခြေခံလျက် ခရစ်ယာန်
မေတ္တာနဲ့မိတ်သဟာယဖွဲ့ခြင်းကို ခိုင်မြဲစွာထူထောင်ပါ။
2။ ခရစ်တော်အားဖြင့်သာလျှင် ကယ်တင်ခြင်းရသည်ဆိုတဲ့ သင့်ရဲ့
ကိုယ်ရေးသက်သေခံခြင်းကို အချိန်ယူပြောပြပေးပါ။
3။ ကျမ်းစာသည် ဘုရားရှင်၏နှုတ်ကပတ်တော်ဖြစ်၍ ယုံကြည်ခြင်း ၏ တစ်ခုတည်းသော
စံချိန်ဖြစ်ကြောင်း၊ အလေးအနက်ထား ပြော ပေးပါ။
4။ ယေရှုဒုတိယအကြိမ်ကြွလာတော်မူမည့်မူဟန်ကို ဆွေးနွေးပါ။ ချီ ဆောင်တယ်ဆိုတာ
ကျမ်းစာနဲ့ မညီကြောင်း လေ့လာပြောဆို ဆွေး နွေးပါ။ နောင်ကျမ်းစာသင်တဲ့အခါ
လမ်းရှင်းပြီးဖြစ်လာပါလိမ့် မယ်။
5။ ဒံယေလအခန်းကြီး(၂)နဲ့ ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး(၂၄) လေ့လာခြင်းဖြင့်
ခရစ်တော်ဒုတိယအကြိမ်ကြွလာဖို့နီးပြီဆိုသည် ကို တင်ပြဆွေးနွေးပါ။
6။ “အဘယ်ကြောင့် ဂိုဏ်းဂဏမဲ့အုပ်စုတွေများနေရသလဲ။” လေ့လာ ချက်အထဲက (ဗျာ
၁၄း၆-၁၂။ ဗျာ ၁၇,၁၈) ကျမ်းစာ လေ့လာခြင်း ဟာ
ထိုအုပ်စုများအတွက် အထူးအကူအညီဖြစ်နိုင်ပါတယ်။
အခန်း - ၆၅
ဗုဒ္ဓဘာသာ (Buddhists)
ဗုဒ္ဓဆိုသည်မှာ ဂေါတမ၏နာမနဲ့ ဘွဲ့တော်ဖြစ်တယ်။ ထိုသူဟာ
ဗုဒ္ဓဘာသာလူထောင်ခဲ့သူဖြစ်တယ်။ ဗုဒ္ဓအဓိပ္ပါယ်မှာ “အမြိုက်တရားရ ခြင်း၊ သိခြင်း” ဖြစ်ပါတယ်။ ဗုဒ္ဓဟာ လွန်ခဲ့တဲ့အနှစ် (၂၅ဝဝ)ကျော်၊ ဘီစီ (၆) ရာစုလောက်မှာ
ပေါ်ထွန်းခဲ့ပါတယ်။ ယနေ့ကာလမှာ သုံးပုံတစ်ပုံ သော ကမ္ဘာ့လူဦးရေဟာ ဗုဒ္ဓဘာသာဝင်တွေ
ဖြစ်တယ်။ ဗုဒ္ဓဘာသာဟာ သီရိလင်္ကာနိုင်ငံ၊ ဗဟိုအာရှ၊ အရှေ့အာရှနဲ့
အရှေ့တောင်အာရှနိုင်ငံများရဲ့ အခြေခံဘာသာရေးဖြစ်ပါတယ်။ သွန်သင်ချက်တွေထဲမှာ
ညီအစ်ကို ချစ် ခြင်းဖြင့် ကွန်ချက်ဘဝကို ဦးတည်ပါတယ်။ ဩဝါဒထဲမှာ လောက၏
အမင်္ဂလာနှလုံးသား၌ အတ္တတရားရှိခြင်းကို ‘မဂ္ဂင်တရားရှစ်ပါး’ ခေါ်တဲ့ စနစ်တစ်ရပ်က နုတ်ယူကယ်ဆယ်နိုင်ကြောင်းဆိုတာပဲ ဖြစ်တယ်။ မဂ္ဂင်
တရားရှစ်ပါး ဆိုတာ -
1။ မှန်သောသစ္စာအာရုံမြင်ခြင်း။ (Right belief) သမ္မာဒိဋ္ဌိ
2။ မှန်သောလုံ့လဝီရိယထားခြင်း။ (Right efforts )သမ္မာဝါယမော
3။ မှန်သောစကားပြောအမှုကိုပြုခြင်း။ (Right thinking )သမ္မာဝါစာ
4။ မှန်သောသတိဖြင့်အောက်မေ့ခြင်း။ (Right ideals )သမ္မာသတိ
5။ မှန်သောကုသိုလ်ပြုခြင်း။ (Right works)သမ္မာကမ္မန္တော
6။ မှန်သောအတွေးအကြံကိုပြုခြင်း။ (Right deeds)သမ္မာသင်္ကပ္ပေါ
7။ မှန်သောအသက်မွေးခြင်း။ (Right way of earning a living) သမ္မာအာဇီဝေါ
8။ မှန်သောအာရုံ၌တည်ကြည်ခြင်း။(Right meditation)သမ္မာသမာဓိ
ဘဝရဲ့ လျှို့ဝှက်ချက်ကမေတ္တာဖြစ်တယ်။ မေတ္တာသည်သာလျှင်
အမုန်းတွေချေဖျက်ပစ်နိုင်ပါတယ်။ သူ့ရန်သူအပေါ်
သူမေတ္တာလွှမ်းနိုင် ခဲ့ရင်၊ မြတ်သောပတ္တမြားအသက်ကိုရခြင်းပါပဲ။ အဆုံးစွန်ပန်းတိုင်မှာ ငြိမ်းချမ်းခြင်းနဲ့မေတ္တာပြည့်တဲ့၊
ပြည့်စုံခြင်းအဆင့်ရှိတဲ့ နိဗ္ဗာန်ဘုံ ဖြစ် တယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့
အရှုံးကြီးထဲကတစ်ခုကတော့ မေတ္တာရဲ့ အရင်း အမြစ်ကိုလည်းကောင်း၊ လူသားတွေရဲ့
ကျရှုံးခြင်းနောက် အခြေ အနေမှာဖြစ်တဲ့ သဘာဝကိုလည်းကောင်း၊ ရွေးနုတ်ကယ်တင်ခံရရန်
ယေရှုခရစ်အားဖြင့်သာလျှင် ဖြစ်နိုင်တယ်ဆိုတာကိုလည်းကောင်း နား
မလည်နိုင်သေးခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားဆိုတာ ကို ကိုယ်ကျိုး
အတ္တမရှိခြင်း၊ ယေရှုကို လူကဖြစ်တဲ့ဘုရား၊ ကယ်တင်ခြင်း ကို ကောင်းသောသီလအားဖြင့်
ဖြောင့်မတ်ရာသို့ ရောက်၍ ပုဂ္ဂိုလ်ရေးရာ ကင်းမဲ့ဇုန်ထဲမှာ
ငြိမ်းချမ်းခြင်းနှင့်မေတ္တာရှိသော စကြဝဠာဆိုင်ရာသိခြင်း တစ်ခုလို့
မြင်တတ်ကြပါတယ်။
ဗုဒ္ဓဘာသာဝင်တို့၏စိတ်နှလုံးသို့ ချဉ်းကပ်နိုင်သောအလားအလာ
1။ သင့်ဘဝမှာ ယေရှုပေးလာတဲ့ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊
ချစ်ခြင်းအကျိုးထွက်တွေကို ပြောပြဝေမျှပေးပါ။
2။ ကြုံရင်မေးခွန်းမေးဖို့လိုတယ်။ ‘မေတ္တာရဲ့အရင်းခံက
ဘာလဲ။’ ‘ကျုပ်တို့စိတ်ထဲအမှန်ကို လုပ်ချင်နေတဲ့အခါ
ဘာကြောင့်အမှား လုပ်မိကြတာလဲ။’ ‘သီလရှိတဲ့လူတွေလည်း
မုသားပြောတတ်ကြ သလား။’ (မုသားပြောခြင်းဟာ
ငါးပါးသီလထဲပါလို့ ဒုစရိုက်ကြီး ဖြစ်ပါတယ်။) ‘ယေရှုဟာ
မုသားစကားနဲ့ သူ့ကိုသူ ဘုရားလို့ ပြော တာ သီလရှိတဲ့သူတစ်ဦးဖြစ်လာမလား။’ ‘ကောင်းမှုလုပ်ရမှာ သိ လျက်နဲ့မလုပ်နိုင်ဘဲ ဆုံးရှုံးနေကြတာဘာကြောင့်လဲ၊’
‘ဒုစရိုက် ကြောင့် ပြစ်ဒဏ်ခံရတော့မယ်လို့ မကြာမကြာ ခံစားနေမိရတာ
ဘာကြောင့်လဲ’ ‘တစ်စုံတစ်ယောက်ဟာသူ့ အသက်တာ ပျောက်
ဆုံးနေတယ်လို့ အထင်ရောက်နေတာဘာကြောင့်လဲ။’
3။ မေတ္တာပန်းတိုင်သည် ပညတ်တော်တစ်ချက်ဖြစ်ကြောင်း ဆွေးနွေး ပါ။ မာရ်နတ်ရဲ့
မူလဇာတိကို လေ့လာကြပါ။ ကယ်တင်ခြင်း စီမံ ချက်နှင့် ရွေးနုတ်တော်မူခြင်းသည်
ယေရှု၌သာဖြစ်ပါတယ်။
4။ နှုတ်ကပတ်တော်အနက်ဖွင့်ခြင်း၊ ဆွေးနွေးခြင်းအားဖြင့် ကျမ်းစာ ပညာမှာ
လေးစားခံရအောင် တည်ဆောက်ပါ။ ဒံယေလအခန်းကြီး (၂)၌ အနာဂတ္တိဟောချက်၊
ဓမ္မဟောင်းကျမ်းစာ၌ ခရစ်တော်သည် ဘုရားဖြစ်လာခြင်း အနာဂတ္တိဟောချက်များနှင့်
ဒုတိယကြွလာ တော်မူခြင်းအကြောင်းတွေဟာ ဗုဒ္ဓဘာသာဝင် တွေရဲ့စိတ်နှလုံးထဲ မှာ
အထူးစွဲလမ်းစေနိုင်ပါတယ်။
အထောက်အကူဖြစ်စေတဲ့အနက်ဖွင့်ချက်များ
ကမ္မ - ကောင်းမှုနှင့်မကောင်းမှုပြုခြင်း၊ သို့မဟုတ် လူတစ်ဦးတစ်ယောက်၏
ကိုယ်တိုင်ပြုသောအမှု (ကံတရား)။
နိဗ္ဗာန်
- အစိုးမရအနတ္တအဖြစ်နဲ့ မွေးဖွါးခြင်းရှိတဲ့ ဘဝသံသရာထဲမှာဘဝတစ်ခုဟာ ငြိမ်းချမ်းတဲ့ဘုံတစ်ခု၌ စကြဝဠာနဲ့အတူ တစ်လုံးတစ်ဝ တည်းဖြစ်လာတဲ့အခါ အန္တိမ အဆုံးသတ်ရလိုက်ခြင်းဖြစ်ပါတယ်။
ပြန်လည်မွေးဖွါးခြင်း - ဘဝသံသရာ၊ သေခြင်းနှင့်မွေးဖွါးခြင်းတို့သည် လူတစ်ယောက်၏ အကျင့်သီလအားဖြင့် အန္တိမငြိမ်းချမ်းခြင်း၊ သို့မဟုတ်၊
ဒုက္ခရောက်ခြင်းဖြင့် တက်လိုက်-ကျလိုက်နဲ့ အစဉ်အတိုင်း ဆက်ဆက်ဖြစ်ပျက်နေခြင်းကို
အဆုံးအဖြတ်ပေးနေပါသည်။
အခန်း - ၆၆
ကာသိုလစ် (Catholics)
ရောမကာသိုလစ်အသင်းတော်သည် ဓမ္မသစ်ကျမ်းကာလအချိန် ၌ ရှင်ပေါလုကို ပထမဦးဆုံး
ပုပ်ရဟန်းမင်းဖြစ်သည်ဟု ယုံကြည်၍ မူရင်းအသင်းတော်အဖြစ် ခြေရာကောက်ယူရန်
ကြိုးစားခဲ့သည်။ ယေရှု ပြောခဲ့တာကို ကောက်ယူတယ်။ “ငါဆိုသည်ကား သင်သည်ပေတရုဖြစ် ၏။
ဤကျောက်ပေါ်မှာ ငါ့အသင်းတော်ကို ငါတည်ဆောက်မည်။”- - -
“ကောင်းကင်နိုင်ငံ၏သော့ကိုလည်းသင့်အားငါပေးမည်။”(မ ၁၆း၁၈,၁၉)
မှာပြောသလို ကောင်းကင်ဘုံရှင်၏ ဘုရားအာဏာသည် ပုပ်ရဟန်းမင်း
အားအပ်ပေး၍ကာသိုလစ်အသင်းတော်ဟာ နှုတ်ကပတ်တော်၏အထက် အဆင့်မှာရှိရပြီး၊ အသင်းတော်၌
အုပ်စိုးမှုအာဏာကို ထူထောင်လိုက်ပါ တယ်။ ကျမ်းစာကို အသင်းတော်က
အနက်ဖွင့်ပေးခြင်းနှင့် ဘုန်းတော်
ကြီးတွေကနားလည်ယူတဲ့အတိုင်း-အသင်းတော်အထဲဓလေ့ထုံးစံအတိုင်း
ရောစပ်မွှေနှောက်လာခဲ့တာအသင်းတော်ရဲ့သမ္မာတရားဖြစ်လာပါတယ်။
ရာစုနှစ်တွေတစ်လျှောက်မှာလည်း အသင်းတော်ကောင်စီ၏ ဩဝါဒများ၊ စာချွန်တော်အမိန့်များ၊
ပုပ်ရဟန်းမင်းကြီးရုံးတော်အမိန့် ဒီကရီများက သမ္မာတရားအခြေခံကြီးဖြစ်လာပါတယ်။
ယနေ့ကမ္ဘာပေါ်မှာ ကာသိုလစ်အသင်းဝင်လူဦးရေ (၉၂၆) သန်းရှိ တယ်။
ကမ္ဘာ့လူဦးရေ၏ ၁၈. ၅% ရှိနေတယ်။ ကမ္ဘာ့လူဦးရေ၏ ၃၂%ဟာ ခရစ်ယာန်တွေဖြစ်တယ်လို့
စဉ်းစားကြည့်ရင်၊ ကာသိုလစ် အသင်းသား တွေဟာ ကမ္ဘာပေါ်မှာ ဘာသာရေးနဲ့
နိုင်ငံရေးရောမွှေ လွှမ်းမိုးနိုင်တဲ့ အဓိကအုပ်စုကြီးတစ်ခုလို ဖြစ်နေပါတယ်။
အမေရိကန်နိုင်ငံမှာ လူ(၄) ယောက်မှာ(၁)ယောက်ဟာ ကာသိုလစ် ဖြစ်တယ်။ ကာသိုလစ်အသင်း သား
(၅၃)သန်းရှိတယ်။ သူတို့အတော်များများက ပွင့်လင်းလာကြပါ တယ်။ ငြိမ်သက်ခြင်းနဲ့
ယေရှုသာပေးနိုင်တဲ့၊ ပြစ်ဒဏ် ကျခံရခြင်းမှ လွှတ် ခြင်းအခွင့်ကိုတမ်းတရင်းနဲ့ ခရစ်ယာန်များဖြစ်လိုကြပါတယ်။
ကာသိုလစ် ထောင်ပေါင်းများစွာဟာလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်မှသာ လျှင်ပေးနိုင်တဲ့
သမ္မာတရားစစ်ကို မျှော်လင့်နေကြပါတယ်။ ပြောရရင်
ဘာသာရေးအုပ်စုတွေများစွာရှိတဲ့အထဲမှာ ကာသိုလစ်တွေဟာ သမ္မာ တရားကိုလက်ခံရန်အတွက်
အသီးများစွာ သီးသောလယ်ကွင်းတစ်ခု ဖြစ် ပါတယ်။
ကာသိုလစ်များအစဉ်အလာစွဲဝါဒရေးရာယုံကြည်မှုများတချို့
1။ ဘုရားဇာတိအဖြစ်တော်
2။ အပျိုကညာမှမွေးဖွားခြင်း (ခြောက်ပြစ်ကင်း သန္ဓေတည်ခြင်း
အတွေးမဟုတ်တာတောင်မှ)
3။ ဘုရားသခင်အား နာခံခြင်း - မဖြစ်မနေလိုအပ်ချက်
4။ ကျမ်းစာမှ လှုံ့ဆော်မှုတ်သွင်းတော်မူခြင်း
5။ ခရစ်တော် ဒုတိယအကြိမ်ကြွလာတော်မူခြင်း
6။ ဆုတောင်းခြင်း အရေးပါမှု
ကာသိုလစ်များ၌ အဓိကဝါဒရေးရာကွဲလွဲခြင်းနှင့်
ကျမ်းစာအလိုအတိုင်းဖြစ်သင့်သည်များ
၁။ ပုပ်ရဟန်းမင်းအဆက်ဆက်- ဆက်ခံမှု။ ယေရှုက
ပေတရုအား အာဏာပေးလိုက်သည့်အမြင်ကို ခံယူ၍ ထိပ်ဆုံးက ပုပ်ရဟန်းမင်းကို
ရာစုနှစ်များတစ်လျှောက်၌ ‘ဦးခေါင်း’၊ သို့မဟုတ် အသင်းတော်၏ အုတ် မြစ်အဖြစ် အာဏာပေးပြီး၊ ဆက်ခံလာစေခဲ့ကြပါတယ်။
ကျမ်းချက်ဖတ် ကြည့်ပါ။ (ဧဖက် ၁း၂၂။ ၄း၁၅။ ၁ကော ၁၀း၄။ တရား ၃၂း၃,၄။ ဆာလံ ၆၂း၁,၃။ ၁ပေ ၂း၇)။
၂။ ခရစ်ယာန်ဓမ္မမင်္ဂလာကိစ္စ။ ဘုရားသခင်သည် ဗတ္တိဇံပေး ခြင်း၊ အတည်ပြုပေးခြင်း၊ အပြစ်ဝန်ခံခြင်း၊
သန့်ရှင်းသောပွဲတော်ပေးခြင်း၊ လက်ထပ်ပေးခြင်း၊ သန့်ရှင်းသောအမိန့်ထုတ်ခြင်း၊
ထူးကဲလွန်ဘိသိက် ပေးခြင်းစသည့် ခရစ်ယာန်ဓမ္မမင်္ဂလာများအားဖြင့် သူတို့အား ကျေးဇူး
တော်ချပေးသည်ဟူသောအယူရှိခြင်း။
(ယေရှုသည်သာလောကအတွက်
ကျေးဇူးတော်စီးဆင်းရာလမ်းကြောင်း ဖြစ်သည်။ ဧဖက် ၂း၅။ ရောမ ၆း၁၄,၁၅။ ၃း၂၅-၃၁)။
၃။ မရဏာ-ပါဂတိုရီအရပ်။ လူတစ်ဦးချင်းစီတိုင်းဟာ
ကောင်းကင် ဘုံရောက်ဖို့ ထိုက်တန်တယ်လို့ မကောင်းခဲ့သလို ငရဲရောက်လောက် အောင်လည်း
မဆိုးပါဘူးဟု ဆိုချင်တာကြောင့်၊ အလယ်ဘုံအဆင့် တစ်ခု မှာ သူတို့ရဲ့ အပြစ်တွေကို
သန့်စင်ရှင်းလင်း၊ မထုတ်မချင်းခံစားနေရဦး မည်ဟူသောယုံကြည်ခြင်း။ ဤရှုထောင့်သည် ဝိညာဉ်မသေနိုင်ဆိုခြင်း
ကို နားလည်မှုလွဲခြင်းဖြစ်သလို၊ လူတစ်ဦးချင်းဟာ ဘယ်လို ကယ်တင်
ခြင်းခံရသည့်အယူအဆအပေါ်၌လည်း အခြေခံနေပါသည်။ (ကျမ်းချက်
ဖတ်ကြည့်ပါ။ ဆာလံ ၆း၅။ ၁၁၅:၁၇။ ဒေသနာ ၉:၅၊ ယော ၁၁၊၁၁-၁၄။ ၎င်းအပြင် ဟေဗြဲ ၄း၁၅။
ဧဖက် ၂း၈။ ရောမ ၃း၂၅-၂၆)၊
၄။ ကျမ်းစာအပေါ် ဓလေ့ထုံးတမ်း စံထားခြင်း။
နှုတ်ကပတ် တော်ကို အသင်းတော်ကအနက်
ဖွင့်ပေးရမည်၊ အသင်းတော်ကောင်စီ၏ အမိန့်ဒီကရီအတိုင်းစီထားပြီး၊
မှန်ကန်စွာနားလည်ယူရမည်ဟူသောခံယူ ချက်။ (ကျမ်းချက်ဖတ်ကြည့်ပါ။ ယော ၁၇း၁၇။ ၂တိ
၃း၁၆။ ယော ၅း၃၉။ ၂တိ ၂း၁၅။ ယော ၁၆း၇-၁၃)။
၅။ အပြစ်ကင်းရှင်းစွာသန္ဓေတည်ခြင်း။ ယေရှုသည် အပြစ်ကင်း ရှင်း၏။ အဘယ်ကြောင့်ဆိုသော် မယ်တော်မာရိက သန့်ရှင်းသော
ဝိညာဉ် တော်အားဖြင့် ဆန်းကြယ်စွာသူ့အား ကွယ်ကာပေးခဲ့သည်ဟု ယုံကြည် သည်။
(ကျမ်းချက်ဖတ်ကြည့်ပါ။ ရောမ ၃း၂၃။ ၃း၉-၁၂။
ဟေရှာ ၆၄း၆။ ယေရမိ ၁၇း၉)။
၆။ အပြစ်ဝန်ခံခြင်း။ မြေပေါ်က
ဘုန်းတော်ကြီးတွေဟာ ဘုရား သခင်နဲ့ လူအကြားမှာ ဖျန်ဖြေပေးသူများဖြစ်ကြသည်ဟု
ယုံကြည်ခြင်း။ (ကျမ်းချက်ဖတ်ကြည့်ပါ။ ၁တိ ၂း၅။ ဟေဗြဲ ၄း၁၄-၁၆။ ၁ယော ၁း၉)။
၇။ နိမိတ်၊ ရူပါရုံ၊ လက္ခဏာနှင့်အံ့ဖွယ်ရာများ။ ဆန်းကြယ်သော
နိမိတ်လက္ခဏာများသည် မှန်ကန်သည်၊ ခိုင်လုံသည်၊ အတည်ဖြစ်သည် ကိုယုံကြည်ခြင်း။
(ကျမ်းစာကပြောတာ စာတန်သည် အတုအယောင် နိမိတ်လက္ခဏာများကို ပြုနိုင်သည်ဖြစ်၍
နိမိတ်လက္ခဏာ အားလုံးကို ဘုရားနှုတ်ကပတ်တော်အားဖြင့် စစ်ဆေးရမည်ဟုဆိုထားသည်။)
(ကျမ်းချက်ဖတ်ကြည့်ပါ။ ဗျာ ၁၆း၁၃,၁၄။ ၁၉:၂၀။ မဿဲ ၇:၂၁-၂၃။ ၂၄း၂၄။ တရား ၁၃း၁-၃။ ဟေရှာ ၈း၂၀။ လုကာ ၁၆:၃၁)။
၈။ ဝိညာဉ်မသေနိုင်-ဆိုတဲ့ယုံကြည်ခြင်း။ လူတစ်ဦးချင်းစီတိုင်းမှာ
မသေနိုင်၊ မပျက်နိုင်တဲ့ဝိညာဉ်ဟာ ကိုယ်ခန္ဓာနဲ့သီးခြားရှိနေပြီး၊ လူသေ လျှင်
ကိုယ်ခန္ဓာသေ၍ သီးခြားဝိညာဉ်သည် ကောင်းကင်ဘုံ၊ သို့မဟုတ် ငရဲဘုံတစ်ခုခုသို့
ရောက်သွားမည်ဆိုတဲ့ ယုံကြည်ချက်။ (၁တိ ၆း၁၅,၁၆။ က ၂း၇။ ဒေသနာ ၁၂း၇။ ယောဘ ၂၇:၃။ ဆာလံ ၁၄၆း၄။ ၆း၅။ ၁၁၅း၁၇။ ယော
၁၁း၁၁-၁၄) ဖတ်ကြည့်ပါ။ အမှတ်ရပါ။ ကျမ်းစာသည် ‘ဝိညာဉ်’ စကားလုံးကို အကြိမ်ပေါင်း (၁၆၀၀) သုံးခဲ့ပါတယ်။ ဒါကို မသေနိုင်တဲ့ ဝိညာဉ်၊
သို့မဟုတ် ထာဝရဝိညာဉ်လို့ ဘယ်တော့မှမပြောပါ။ ကျမ်းစာထဲ မှာ သေသည်ကို အိပ်သည်ဟု
(၅၃)ကြိမ်ဆိုပါသည်။
၉။ တနင်္ဂနွေနေ့ကို အလေးအမြတ်ထားခြင်း။ ယေရှုသည် ရက် သတ္တပတ်တွင်
ပထမရက်၌သေခြင်းမှထမြောက်တော်မူသည်ဖြစ်၍ ခရစ် ယာန်အားလုံးသည် ထိုနေ့တွင်
ဝတ်ပြုရမည်ဆိုတဲ့ယုံကြည်ချက်။ (က ၂း၁-၃။ ထွက်၂၀း၈-၁၁။ ယေဇ ၂၀း၁၂-၂၀။ လုကာ ၄း၁၆။
မဿဲ ၂၄း၂၀။ တ ၁၃:၄၂-၄၄။ ဗျာ ၁း၁၀။ မဿဲ ၁၂း၈။ လုကာ ၆း၅။ ဟေရှာ ၆၆:၂၂,၂၃)။
၁၀။ သေသူအတွက်ဆုတောင်းပေးခြင်း။ သူတို့ ဆုတောင်းလျှင် မရဏာ-ပါဂတိုရီအရပ်၌ ချည်နှောင်ခံနေရသည့်၊
ဒုက္ခခံစားနေရသည့် ဝိညာဉ်များကို ဘုရားသခင်လွှတ်ပေးနိုင်သည်ဆိုတဲ့ ယုံကြည်ခြင်း။
(ကျမ်းချက်ဖတ်ကြည့်ပါ။ ဒေသနာ ၉း၅။ ဆာလံ ၁၁၅:၁၇။ ၆း၅။ ၁၄၆း၃,၄။
ယော ၁၁း၁၁-၁၄။ ယေဇ ၁၄း၁၄,၂၀။ ဆာလံ ၄၉း၇,၈။ ၁တိ ၂း၆)။
၁၁။ မွေးစကလေးငယ်ဗတ္တိဇံ။ မွေးစကလေးငယ်တွေကို အာဒံ ကျူးလွန်ခဲ့တဲ့အပြစ်အတွက်
ဗတ္တိဇံပေးခြင်းဖြစ်သည်။ (မူလနဂိုအပြစ်ဟု ခေါ်သည်။) (ကျမ်းချက်ဖတ်ကြည့်ပါ။ မာကု
၁၆း၁၆။ တ ၂း၃၈-၄၂။ မဿဲ ၂၈း၁၈-၂ဝ)။
ကာသိုလစ်ဘာသာဝင်တို့၏စိတ်နှလုံးသို့ချဉ်းကပ်ခြင်း
သူတို့ဘာသာဝင်လူတိုင်းနဲ့အတူ မိတ်ဆွေမေတ္တာ၊ ရိုးသားမှု၊
ဘုရားနှုတ်ကပတ်တော်အပေါ် ပွင့်လင်းမှုအကြောင်းတွေကို မျှဝေ ဆွေး နွေးခြင်းဟာ
အားကြီးစွာနဲ့ထိရောက်ပါတယ်။ အောက်ပါအချက်တွေကို စိတ်မှတ်ထားဖို့လိုပါ့မယ်။
၁။ ကာသိုလစ်တွေဟာ ဘုရားနှုတ်ကပတ်စကားတွေကို ကြီးစွာ
လေးစားမြတ်နိုးသူတွေဖြစ်ပါတယ်။ သို့သော်လည်း တရားသွန်သင်ခြင်း များကို
ဂရုမမူခြင်းနှင့် မလေ့လာခြင်းအများဆုံးဖြစ်နေပါတယ်။ ယနေ့ မှာတော့
ဧဝံဂေလိကာသိုလစ်တွေဟာ နှုတ်ကပတ်တရားကို ပုံမှန် လေ့လာနေကြလို့ တိုးတက်တဲ့အုပ်စုများရှိလာနေကြပါပြီ။
၂။ ကာသိုလစ်တွေဟာ မကြာခဏ သူတို့၌ အကျင့်အားဖြင့် ကယ်
တင်ခြင်းရ၏ဆိုတဲ့ကိစ္စနဲ့ သူတို့စိတ်နှလုံးတွင် ကြီးစွာရုန်းကန် ဖြတ်
ကျော်ရဖို့ဖြစ်ရတယ်။ သူတို့တစ်တွေဟာ ခရစ်တော်၌ ကယ်တင်ခြင်းရ၏
ဆိုတဲ့စိတ်ချရမှုလိုနေတာပါ။ (၁ယော ၅း၁၁-၁၇)ဖတ်ခိုင်း။
၃။ မကြာမကြာဆိုသလို ကာသိုလစ်တွေဟာ ကျမ်းစာသမ္မာ တရားကို
အလေးထားနားလည်ခြင်းရှိကြတယ်။ အထူးသဖြင့်ပုရောဖက် ပြုချက်တွေကို အလေးထားတတ်တယ်။
သူတို့ကို စွဲလမ်းဆွဲဆောင်နေတဲ့ အကြောင်းတွေထဲမှာ ဒံယေလအခန်းကြီး (၂)၊
ရှင်မဿဲအခန်းကြီး (၂၄)၊ နဲ့ ကြိုတင်အနာဂတ်ပြောလာတဲ့ ခရစ်တော်၏ အကြောင်းတွေ ဖြစ်ပါ
တယ်။
၄။ ကာသိုလစ်တွေနဲ့
ကျမ်းစာလေ့လာတဲ့အခါ ပုရောဖက်ပြု ချက် အကြောင်းဆွေးနွေး၍ ကျမ်းစာတော်မြတ်၏
အုပ်စိုးမှုကို ထူထောင် ပါ။ နောက်မှ
ဘယ်လိုကယ်တင်ခြင်းရတယ်ဆိုတဲ့အကြောင်းဆွေးနွေးပါ။
ယခင်အနည်းဆုံး ကျမ်းစာလေ့လာခြင်း ဆယ်ခုလောက်လုပ်ပြီးရင်၊
ပညတ်တရားစောင့်ရှောက်ဖို့၊ ဥပုသ်နေ့စောင့်ဖို့ အကြောင်းတွေဆွေးနွေး နိုင်ပါတယ်။
၅။ ဥပုသ်နေ့အကြောင်းတင်ပြတဲ့အခါရောက်ရင်၊ ပညတ်တော် အချက်ဖြစ်ကြောင်း၊
ကာသိုလစ်တွေ အကုန်လက်ခံပြီးတော့၊ ဘုရား ပညတ်ချက်တွေရဲ့ ဗဟိုဖြစ်ကြောင်း စသည်ဖြင့်
ကြီးစွာ အလေးထား ပြောပါ။
၆။ သင့်ရဲ့ကာသိုလစ်မိတ်ဆွေကို ကျမ်းစာကိုနားလည်ခြင်းဆို တာ အသင်းတော်ကို
နားလည်ဖို့လိုတာမဟုတ်ကြောင်း၊ အယူဝါဒ အားလုံးရဲ့ အခြေခံလည်းဖြစ်၊
အကျင့်စာရိတ္တအားလုံးရဲ့ အုတ်မြစ်လည်း ဖြစ်ကြောင်း လမ်းညွှန်ပြောသွားပါ။
၇။ ကာသိုလစ်တွေဟာ ယေဘုယျအားဖြင့် နွေးထွေးသော၊ စိတ်ပြင်းပြသော၊
စိတ်ပါလက်ပါဖြစ်သော အတူတကွ ဆုတောင်းခြင်းကို ကြီးစွာ တန်ဖိုးထားတတ်ကြပါတယ်။
ကာသိုလစ်ဘာသာဝင်တွေဟာ မကြာခဏ နှုတ်ကပတ်တော် ကျောင်းသားအဖြစ်
စိတ်အားထက်သန်ကြပါတယ်။ သူတို့စိတ်နှလုံးသည် လည်း သမ္မာတရားကို
အလွန်အမင်းနားလည်လိုသောအားဖြင့် ပူပန် နေ တတ်ပါတယ်။ ဘုရားအလိုတော်ကိုသိဖို့
တောင့်တခြင်းရှိကြတယ်။ သမ္မာ တရားကိုမေတ္တာနှင့်လည်းကောင်း၊ ယုတ္တိရှိစွာနှင့်လည်းကောင်း၊
သူတို့ကို တင်ဆက်တတ်ရင်၊ ထောင်ပေါင်းများစွာတို့သည် လက်ခံလာကြပါလိမ့် မည်။
အခန်း - ၆၇
ခရစ်ယာန်သိပ္ပံသမားများ (Christian Scientists)
ခရစ်ယာန်သိပ္ပံပညာရပ်သည် မက်ဆာချူးဆက်ပြည်နယ် ဘော့စ်တွန်တွင် ၁၈ဝဝ
နှစ်လယ်နှစ်များ၌ မေရီဘူကာအက်ဒီ(Mary Baker Eddy)ဆိုသူက သူမ၏
ရူပါရုံကို ဖွင့်ထုတ်ကြေညာခဲ့ခြင်းအားဖြင့် စတင်လာခဲ့ပါတယ်။
အဓိကအရေးကြီးသောအချက်မှာ ခရစ်ယာန်သိပ္ပံ ပညာရပ်သည် ရုပ်ပိုင်းဆိုင်ရာအင်အားကို
ထိန်းချုပ်ဖို့ စိတ်ဝိညာဉ်ပိုင်း ဆိုင်ရာစွမ်းအားကို ဖေါ်ထုတ်ခြင်းဖြစ်၏။ သူတို့က
ကျမ်းစာကို အမှတ် သင်္ကေတသက်သက်ဖြစ်၍ တင်စားချက်အဖြစ်သာ ယုံကြည်ကြတယ်။
စာတန်နတ်ဆိုးဆိုတာမရှိ။ နတ်ဆိုးဆိုတာကို စိတ်ကူးထွင်လုံးသက်သက် လို့ပဲမြင်တယ်။
မမာမကျန်းမှု၊ ဒုက္ခဝေဒနာတွေ၊ နာကျင်မှုတွေနှင့် သေခြင်းတရားကိုလည်း တကယ်တော့
အမြင်အာရုံမှားခြင်းလို့ ယူဆကြ တယ်။ ၁၈၇၅ ခုနှစ်မှာ မေရီဘေကာအက်ဒီက နှုတ်ကပတ်တရား
သော့ ချက်တွေနဲ့ သိပ္ပံနှင့်ကျန်းမာရေး(Science and Health)စာအုပ်ကို
ပုံနှိပ် ထုတ်လိုက်တယ်။ သူမတွက်ပြသည်မှာ ဘုရားသခင်သည် ကောင်းမြတ် ခြင်း၊
အနန္တနှင့်အကြွင်းမဲ့တန်ခိုးတော်ရှင်ဖြစ်သောကြောင့် စာတန်မာရ် နတ်ဟာ ဘုရားနဲ့အတူ
ဘယ်လိုမျှ လာရောက်ဆက်စပ်၍မရနိုင်ဟု ဆိုပါ တယ်။ ခရစ်ယာန်သိပ္ပံသမားတွေက
ကမ္ဘာဦးကျမ်းအခန်းကြီး (၁) ၌ ဝိညာဉ်တော်နှင့်ပြည်စုံခြင်းကို ဖန်ဆင်းဖွင့်ပြသည်ဟူ၍
လည်းကောင်း၊ ကမ္ဘာဦးကျမ်း အခန်းကြီး(၂) က ရုပ်ပစ္စည်းဖန်ဆင်းခြင်းအမှားကို ဥပစာ
တင်စားချက်ဖြစ်တယ်၊ ထို့အပြင် လူသားတို့အမြင်မှားခြင်းအတွေးကနေ နတ်ဆိုး
ရောက်လာရတယ်လို့လည်း ယူဆကြတယ်။ သူတို့အသင်းတော် က သိက္ခာတင်ဘုန်းကြီးမထား။
အသင်းတော်က တစ်ကမ္ဘာလုံးကို ဖြန့် ဝေနိုင်တဲ့လူသိများသော နိုင်ငံတကာ နေ့စဉ်သတင်းစာ
(Christian Science Monitor) ကို ထုတ်ဝေပေးထားပါတယ်။
ခရစ်ယာန်သိပ္ပံသမားတို့အစဉ်အလာစွဲဝါဒရေးရာ
ယုံကြည်မှုများတချို့
1။ ဘုရားသခင်သည် ထာဝရ၊ မေတ္တာတော်အရှင်၊ အရာရာကို သိ တော်မူ၍
လူသားတစ်ရပ်လုံး၏ ဖခင်ကြီးဖြစ်တယ်။
2။ လူ့စိတ်သည် လူ့ခန္ဓာကိုယ်ကို စွမ်းအားပြည့်လွှမ်းမိုးထားသည်။
3။ ထာဝရဘုရားသည် ယခုတိုင် ကိုယ်တော်၏ အသင်းတော်ကို လမ်း ပြဖို့
ပုရောဖက်ပြုဆုကျေးဇူးပေးနေသေးသည်။
ခရစ်ယာန်သိပ္ပံသမားများ၌ အဓိကဝါဒရေးရာကွဲလွဲခြင်းနှင့်
ကျမ်းစာအလိုအတိုင်းဖြစ်သင့်သည်များ
၁။ ကျမ်းစာသည် ဥပစာတင်ခြင်းတွေသာ ဖြစ်သည်။ ကျမ်းစာထဲ
ဖေါ်ပြထားတာတွေ တစ်ခုမျှ တိုက်ရိုက်အဓိပ္ပါယ်ကောက်ယူလို့မရဟူ၍ ယုံကြည်ခြင်း။
(ကျမ်းချက်ဖတ်ကြည့်ပါ။ ၂တိ ၃း၁၆။ ၂ပေ ၁း၂၁။ ယော ၁၇း၁၇။ ဗျာ ၂၁း၅။ ယော ၅း၃၉)။
၂။ နတ်ဆိုးစာတန်မရှိ။ နတ်ဆိုးစာတန်ဆိုတာ
အတွေးစိတ်ကူး ယဉ်အမျိုးအစားတွေသာဖြစ်တယ်လို့ယုံကြည်ခြင်း။
(ကျမ်းချက်ဖတ်ကြည့်ပါ။ ယေဇ ၂၈း၁၂-၁၅။ ဟေရှာ
၁၄း၁၂-၁၄။ ဗျာ ၁၂း၇-၉။ မဿဲ ၄း၁-၆။ ၁ပေ ၅း၈။ ဧဖက် ၆း၁၀-၁၂)။
၃။ ဝိညာဉ်မသေနိုင်ဆိုတဲ့ယုံကြည်ခြင်း။ လူတစ်ဦးချင်းစီတိုင်းမှာ မသေနိုင်၊
မပျက်နိုင်တဲ့ဝိညာဉ်ဟာ ကိုယ်ခန္ဓာနဲ့ သီးခြားရှိနေပြီး၊ လူသေ လျှင် ကိုယ်ခန္ဓာသေ၍
သီးခြားဝိညာဉ်သည် ကောင်းကင်ဘုံ၊ သို့မဟုတ် ငရဲဘုံတစ်ခုခုသို့ရောက်သွားမည်ဆိုတဲ့
ယုံကြည်ချက်။ (၁တိ ၆း၁၅,၁၆။ က ၂း၇။ ဒေသနာ ၁၂း၇။ ယောဘ ၂၇း၃။
ဆာလံ ၁၄၆း၄။ ၆း၅။ ၁၁၅း၁၇။ ယော ၁၁း၁၁-၁၄)ဖတ်ကြည့်ပါ။ အမှတ်ရပါ။ ကျမ်းစာသည် ‘ဝိညာဉ်’ စကားလုံးကို အကြိမ်ပေါင်း (၁၆ဝဝ) သုံးခဲ့ပါတယ်။ ဒါကို မသေနိုင်တဲ့
ဝိညာဉ်၊ သို့မဟုတ် ထာဝရဝိညာဉ်လို ဘယ်တော့မှမပြောပါ။ ကျမ်းစာထဲ မှာ သေသည်ကို
အိပ်သည်ဟု (၅၃) ကြိမ်ဆိုထားပါသည်။
ခရစ်ယာန်သိပ္ပံသမားများကိုချဉ်းကပ်နိုင်သည့်အလားအလာ
ခရစ်ယာန်သိပ္ပံသမားတွေဟာ အကောင်းမြင်အတွေးရှိခြင်း၊ စိတ်
ကျန်းမာရေးအတွက်ရပ်တည်ချက်၊ ပျော်ရွှင်ခြင်းအားပေးခြင်း၊ ကိုယ်ကျိုး
စွန့်အနစ်နာခံတတ်ခြင်း၊ ကျေးဇူးသိတတ်ခြင်းတို့ကြောင့် ထင်ရှားသော ကြေးရည်တတ်
ပညာတတ်ကြီးပွါးချမ်းသာသူများအသင်းဝင်တွေရှိကြပါ တယ်။ အသင်းတော်ဝတ်ပြုပွဲတွေမှာ
ကျမ်းစာဖတ်ကြားခြင်း၊ ယုံကြည် သူများ၏ သက်သေခံချက်ဖတ်ပြခြင်း၊ မေရီဘေ့ကာအက်ဒီ၏
စာအုပ်မှ ပို့ချချက်များစသည်ဖြင့် ပြုလုပ်ကြပါတယ်။ ခရစ်ယာန်သိပ္ပံသမားများ ဟာ
သူတို့ရဲ့ အိမ်နီးချင်းမိတ်ဆွေတွေကို ဖိတ်ခေါ် ညနေစာတည်ခင်း ခြင်းဖြင့်
ရင်းနှီးဖော်ရွေသော ဆက်ဆံရေးကို ထူထောင်ကြပါတယ်။ Desire of Ages စာအုပ်ကို မိတ်ဆွေများအား ပေးဖတ်ခြင်းဖြင့် ရင်းနှီး ဖေါ်ရွေသော
ဆက်ဆံရေးကို နီးကပ်စွာ တိုးတက်စေတတ်ပါတယ်။ သင့်ရဲ့ခရစ်ယာန်
သိပ္ပံသမားနီးစပ်မိတ်ဆွေများကို ချဉ်းကပ်ရန် အောက် ပါအကြံပြုချက်များက
အထောက်အကူပြုသက်သေပေးပါလိမ့်မယ်။
1။ ရှေးဟောင်းသုတေသနလေ့လာခြင်း၊ ပုရောဖက်ပြုခြင်းများမှ တစ် ဆင့်
သမ္မာကျမ်းစာကို စိတ်ချယုံကြည်ခြင်းရှိလာရန် တည်ဆောက် ပါ။
2။ ပညတ်တရားအမြင်ထဲက ကြီးစွာအငြင်းပွါးရတဲ့အပြစ်လုပ်ခြင်း၏ အဖိုးအခသည်
သေခြင်းဖြစ်တယ်ဆိုတာကို အချိန်ယူဆွေးနွေးပေး ပါ။ (ရောမ ၆း၂၃)။
3။ ဒုစရိုက်ပြုခြင်းဆိုတာကို ရှင်းရှင်းလင်းလင်းသိစေဖို့ အဓိပ္ပါယ်နှင့် တကွ
ပြောပြဆွေးနွေးပါ။
4။ ကယ်တင်ခြင်းစီမံချက်အကြောင်းနဲ့ ယေရှု အဘယ်ကြောင့် အသေ ခံပေးခဲ့ရသည်ကို
အသေးစိတ်ဂရုတစိုက်သင်ကြားပေးပါ။
သင့်၏ မိတ်ဆွေခရစ်ယာန်သိပ္ပံသမားသည် အလွန်အမင်း ရည် မွန်၍ သင်နှင့်အတူ
အချိန်ယူရတာကို ဝမ်းမြောက်စိတ်ရှိကြကြောင်း သင် တွေ့ရပါလိမ့်မည်။ သူတို့၌
အလွန်လိုအပ်နေသည်မှာ ကယ်တင်ခြင်း အစီ အမံကိုလည်းကောင်း၊ ခရစ်တော်၏
အပြစ်ရွေးနုတ်ကယ်တင်ခြင်း အဓိ ပ္ပါယ်ကိုလည်းကောင်း၊ ဘာကြောင့် ယေရှု
အသေခံပေးခဲ့ရသလဲနှင့် ဒါကို အထူးသဖြင့်သူတို့ကိုယ်၌က ဘာအဓိပ္ပါယ်ရှိသလဲဆိုတာ
အပြည့်အဝ နား လည်သိရှိလိုကြခြင်းဖြစ်ပါတယ်။
အခန်း - ၆၈
ခရစ်အသင်းတော်များ (Churches of Christ)
အလက်ဇန္ဒားကမ်းဘဲလ်(Alexander Campbel)ဆိုသူက ၁၈၄ဝ
နှစ်လယ်နှစ်များတွင် တည်ထောင်ခဲ့သော ခရစ်အသင်းတော်များသည် ပရက်စဘီတေးရီးရန်း
အသင်းတော်အုပ်စုမှ ခွဲထွက်ကြီးထွားလာခဲ့ပါ သည်။ ကမ်းဘဲလ်ဟာ လူသားလိုအပ်ချက်တွေနဲ့
ဖွဲ့စည်းမှုစနစ်ကို ကန့် ကွက်ဖေါ်ပြပေးခဲ့ပါတယ်။ ၁၉၀၀ နှစ်များအစပိုင်းမှာ
ကမ်းဘဲလ် နောက် လိုက်တွေဟာ ဂီတပစ္စည်းများအသုံးပြုခြင်းအကြောင်းနှင့် ခရစ်ယာန်
မစ်ရှင်အဖွဲ့အစည်းများတည်ဆောက်မှုကိစ္စတွေကြောင့် အုပ်စုကွဲ လမ်းခွဲ ထွက်ကြပါတယ်။
၁၉ဝ၆ ခုနှစ်မှာ ခရစ်အသင်းတော်များ (Churches of Christ) ဆိုပြီး မွေးဖွါးလာခဲ့ပါတယ်။ အမေရိကန်တလွှားမှာ ယနေ့ ခရစ်
အသင်းတော်အသင်းဝင်တွေ စုစုပေါင်း(၂. ၇)သန်းလောက်ရှိ သော်လည်း၊ အတိအကျပြောဖို့
ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဒေသခံ အသင်းတွေဟာ လွတ်လွတ်လပ်လပ်ရှိတဲ့
အဖွဲ့အစည်းများအဖြစ်နဲ့ လုံးလုံးကိုယ်ပိုင်အုပ်ချုပ်မှုတာဝန်ယူ၍ မိမိကိုယ်မိမိ
ရပ်တည်သော အသင်းတော်များဖြစ်ကြသောကြောင့် ဖြစ်ပါတယ်။ ခရစ်အသင်းတော် များ၏
အဓိကယုံကြည်ခြင်းတွေအထဲမှာ အောက်ပါတို့ပါဝင်၏။
၁။ သမ္မာကျမ်းစာသည် လှုံ့ဆော်အားပေးခြင်းပြုသည်ကို လက်ခံ သည်။ ဒါပေမယ့်
ဓမ္မဟောင်းကျမ်းကို ဓမ္မသစ်ကျမ်း၏ အောက်အဆင့်သို့ နှိမ့်ချထား၍သုံးကြသည်။ သူတို့ဟာ
ဘုရားဝတ်ပြုပုံစံအားလုံး၊ ဖွဲ့စည်းပုံ၊ အယူဝါဒ၊ စည်းကမ်း၊ အသင်းတော်စီမံခြင်း၊
ကျမ်းရိုးယုံကြည်ခြင်းတို့မှာ ဓမ္မသစ်ကျမ်းအတိုင်းဖြစ်ရမယ်လို့ ယုံကြည်ကြတယ်။
၂။ ကျွန်ုပ်တို့(သူတို့)သည် ပဋိညာဉ်တရားသစ်အောက်၌ ရှိကြသည် ဖြစ်၍
ဓမ္မဟောင်းကျမ်းလိုအပ်ချက်တွေ အကုန်ပြည့်စုံပြီလို့ ဆိုပါတယ်။ (ဥပုသ်နေ့၊
ကျန်းမာစွာအသက်ရှင်ခြင်းကိစ္စများ စသည်ဖြင့်၊ . . . )
၃။ ဝိညာဉ်မသေနိုင်ကြောင်းနှင့် ထာဝရပြင်းပြစွာ ခံရမည့်ဝေဒနာ
အပေါ်ယုံကြည်ခြင်း။
၄။ တနင်္ဂနွေနေ့ကို အထွတ်အမြတ်ထားခြင်း၊ တနင်္ဂနွေနေ့ဟာ ပဋိ ညာဉ်တရားဟောင်းအရ ဥပုသ်မဟုတ်၊ ပဋိညာဉ်တရားသစ်အရ သခင်
ဘုရားနေ့ဖြစ်တယ်လို့ငြင်းဆိုကြတယ်။
၅။ ပွဲတော်ကို ဝတ်ပြုစည်းဝေးနေ့တိုင်းတွင် ကျင်းပကြသည်။
၆။ သူတို့က ‘ခရစ်တော်၏ အသင်းတော်များ’ ဆိုတာကို ကျမ်းစာထဲမှာ အသင်းတော်တစ်ပါးအတွက် အမှန်အကန်အမည်ဖြစ်ရမည်လို့
ယုံကြည်ကြပါတယ်။ သူတို့ညွှန်းတဲ့ ကျမ်းချက်တွေဟာ (ရောမ ၁၆း၁၆။ ကောလောသဲ ၁:၂၄။ ဧဖက်
၅း၂၇) တို့ ဖြစ်ပါတယ်။
ခရစ်အသင်းတော်များ အစဉ်အလာစွဲ
ဝါဒရေးရာယုံကြည်မှုများတချို့
1။
ယုံကြည်ခြင်းအခြေခံအဖြစ်
သမ္မာကျမ်းစာ၏အရေးပါခြင်း။
2။ ခရစ်တော်သည် လူသားတို့အဖို့ တစ်ပါးတည်းသော ကယ်တင်ရှင် ဖြစ်ပါ၏။
3။ တိတိကျကျနဲ့၊ မြင်ရသော၊ ကြားရသော ခရစ်တော်ဒုတိယ
အကြိမ်ကြွလာတော်မူခြင်းအကြောင်း။
4။ လုံးလုံးနစ်မြုပ်လိုက်ခြင်းအားဖြင့် ဗတ္တိဇံပေးခြင်း။
5။ ယုံကြည်သူတိုင်းအဖို့ သက်သေခံခြင်းသည် အသက်ရှင်ရာလမ်း တစ်ခုဖြစ်ပါတယ်။
ခရစ်အသင်းတော်များ၌ အဓိကဝါဒရေးရာကွဲလွဲခြင်းနှင့်
ကျမ်းစာအလိုအတိုင်းဖြစ်သင့်သည်များ
၁။ ဓမ္မဟောင်းကျမ်းသည် ဓမ္မသစ်ကျမ်းထက် အတိုင်းအတာတစ်ခု အထိ အဆင့်နိမ့်သည်။
အယူဝါဒအားလုံးသည် ဓမ္မသစ်ကျမ်းမှသာ ဖြစ ရ မည်ဟူ၍ မှတ်ယူ၏။ (ကျမ်းချက်ဖတ်ကြည့်ပါ။
၂တိ ၃း၁၆,၁၇။ ၂ပေ ၁း၂၁။ ၁ပေ ၁း၉-၁၁။ လုကာ ၂၄း၂၇,၄၄)။
၂။ တနင်္ဂနွေနေ့ကို အလေးအမြတ်ထားခြင်း။ ယေရှုသည်ရက်
သတ္တပတ်တွင် ပထမရက်၌ သေခြင်းမှ ထမြောက်တော်မူသည်ဖြစ်၍ ခရစ်ယာန်အားလုံးသည်
ထိုနေ့တွင် ဝတ်ပြုရမည်ဆိုတဲ့ ယုံကြည်ချက်။ (က ၂း၁-၃။ ထွက်၂၀း၈-၁၁။ ယေဇ ၂၀:၁၂-၂၀။
လုကာ ၄း၁၆။ မဿဲ ၂၄း၂၀။ တ ၁၃:၄၂-၄၄။ ဗျာ ၁း၁၀။ မဿဲ ၁၂း၈။ လုကာ ၆း၅။ ဟေရှာ ၆၆း၂၂,၂၃)။
၃။ ဝိညာဉ် မသေနိုင်ဆိုတဲ့ယုံကြည်ခြင်း။ လူတစ်ဦးချင်းစီတိုင်းမှာ
မသေနိုင်၊ မပျက်နိုင်တဲ့ဝိညာဉ်ဟာ ကိုယ်ခန္ဓာနဲ့သီးခြားရှိနေပြီး၊ လူသေ လျှင်
ကိုယ်ခန္ဓာသေ၍ သီးခြားဝိညာဉ်သည် ကောင်းကင်ဘုံ၊ သို့မဟုတ် ငရဲဘုံတစ်ခုခုသို့
ရောက်သွားမည်ဆိုတဲ့ ယုံကြည်ချက်။ (၁တိ ၆း၁၅,၁၆။ က ၂း၇။ ဒေသနာ
၁၂း၇။ ယောဘ ၂၇း၃။ ဆာလံ ၁၄၆း၄။ ၆း၅။ ၁၁၅း၁၇။ ယော ၁၁း၁၁-၁၄)ဖတ်ကြည့်ပါ။ အမှတ်ရပါ။
ကျမ်းစာသည် ‘ဝိညာဉ်’ စကားလုံးကို အကြိမ်ပေါင်း (၁၆ဝဝ) သုံးခဲ့ပါတယ်။ ဒါကို
မသေနိုင်တဲ့ ဝိညာဉ်၊ သို့မဟုတ် ထာဝရဝိညာဉ်လို ဘယ်တော့မှမပြောပါ။ ကျမ်းစာထဲ မှာ
သေသည်ကို အိပ်ပျော်သည်ဟု (၅၃)ကြိမ်ဆိုပါသည်။
၄။ ထာဝရပြင်းပြစွာသောဝေဒနာ။ ဘုရားသခင်သည် ပျောက်သူ
ရှုံးသူများကိုငရဲသို့ချလိုက်၍ ထာဝရပြစ်ဒဏ်ပေးမည်ဟူသော ယုံကြည် ချက်။ (မဿဲ ၄း၁–၃။
ဆာလံ ၃၇း၁၀,၁၁,၂၀,၃၈။ ယုဒ ၇။ ၂ပေ ၂း၆။ ဗျာ ၂၀:၉။ ဟေဗြဲ ၁၂း၂၉)။
၅။ ခရစ်တော်၏အသင်းတော်ဆိုတဲ့အမည်။ အလိုတော်လှုံ့ဆော် ချက်ဖြစ်သည်။
ဓမ္မသစ်ကျမ်းကာလ အသင်းတော်အမည်ကို ဘုရားသခင် ရွေးမှတ်တော်မူခဲ့ခြင်းဖြစ်သည်။
(ကျမ်းချက်ဖတ်ကြည့်ပါ။ မဿဲ ၇း၂၁-၂၇။ ၁ယော
၂း၃-၄။ ဗျာ ၁၄း၁၂။ ယော ၁၄း၁၅။ ၁၅း၁၄)။
၆။ ပဋိညာဉ်တရားသစ်သည် ဘုရားပညတ်တော် ပြီးဆုံးရာဖြစ်၏။ (ကျမ်းချက်ဖတ်ကြည့်ပါ။
ဟေဗြဲ ၈း၁၀။ ယော ၁၄း၁၅။ ယာကုပ် ၂း၁၀-၁၂။ ၁ယော ၂း၃-၄။ ဗျာ ၁၄း၁၂)။
၇။ ကျွန်ုပ်တို့သည် ‘အသင်းတော်ကာလ’အတွင်း
‘လွှတ်ခြင်းတရား’ အောက်၌ အသက်ရှင်ကြရ၏။ ဤတရားတွင်
ဘုရားသခင်က ကျွန်ုပ်တို့ အား ရှင်ပေါလု၏ ဩဝါဒစာများမှတစ်ဆင့်
အဓိကလမ်းညွှန်ခြင်းဖြင့် ဖြေရှင်းပေးပါသည်။ (ကျမ်းချက်ဖတ်ကြည့်ပါ။ ယော ၅း၃၄။ ၂တိ
၃း၁၆-၁၇။ ယေရမိ ၁၅း၁၆။ ယော ၆း၆၃။ လုကာ ၂၄း၂၇,၄၄) ယေရှုနှင့် နှုတ်ကပတ်တော်သည် ခရစ်ယာန်တွေအဖို့ ပုံသက်သေဖြစ်ပါတယ်။
(မဿဲ ၇း၂၁-၂၇။ ဟေရှာ ၈း၂ဝ။ ဆာလံ ၁၁၉း၁ဝ၅)။
ခရစ်အသင်းတော်၏အသင်းဝင်များသို့
ချဉ်းကပ်နိုင်သည့်အလားအလာ
၁။ မိတ်ဆွေအဖြစ် ရင်းနှီးမှုကို ခိုင်မြဲစွာချည်နှောင်ပါ။ မကြာမကြာ ဆိုသလို
သူတို့သည် အလွန်အငြင်းသန်ပါသည်။ တကယ်လည်း သူတို့ ဟာ ခရစ်တော်၏
အသင်းတော်များဖြစ်သည်ဆိုတဲ့ အသင်းတော်အမည်
များကိစ္စနှင့်သော်လည်းကောင်း၊ကျွန်ုပ်တို့အားလုံးဓမ္မသစ်ကာလအောက် ၌
ရှိကြသည်ဆိုသည်ကိုလည်းကောင်း ဖိပြောတတ်ကြပါသည်။
၂။ ဦးဆုံးလုပ်ရမှာက ယေရှု၌ မိမိကိုယ်ရေးသက်သေခံခြင်းကို ပြော
ကြတာပိုကောင်းပါတယ်။ ဖြစ်နိုင်သမျှငြင်းတာကိုရှောင်ပါ။
၃။ စာအုပ်စာပေတွေအထဲက ယေရှုကြွလာတော်မူခြင်းအကြောင်း စာတမ်းဖြစ်သည့် ‘Signs
of the Times’ ကို ပေးဖတ်ပါ။ Don and Marge
Gray ရေးသည့် ‘Open Secrets’ လည်း
ပိုကောင်းပါသည်။ Steps to Christ စာအုပ်ဆိုရင်
အလွန်ကောင်းပါသည်။
၄။ ထိုသူဟာ ပွင့်လင်းလာသည်၊ ဒါမှမဟုတ် သဘောပေါက်လက်ခံ လွယ်လာသည်ဆိုလျှင်
ဒံယေလအနာဂတ္တိကျမ်းနှင့် ဗျာဒိတ်ကျမ်းတို့မှ ပုရောဖက်ပြုချက်များကို
အစဉ်အလိုက်လေ့လာခြင်းပြုပေးပါ။ ပုရော ဖက်များ၏ နိမိတ်စကားများဟာ
နက်နဲရာနှုတ်ကပတ်တော်သမ္မာတရား ထဲသို့ရောက်လာအောင် အတွေးလှုံ့ဆော်ပေးလာပါလိမ့်မည်။
၅။ ကျမ်းစာကပြောသည်များ (The Bible Says) သင်ခန်းစာနှင့်
သူတို့ကို အပတ်စဉ်မပြတ်ဆက်သွယ်ဖို့လိုသည်။ ဧဝံဂေလိအစည်းအဝေး များသို့
သူတို့ကိုဖိတ်ခေါ်မိတ်ဆက်ပေးပါ။
အခန်း - ၆၉
ဂိုဏ်းချုပ်ဂိုဏ်းအုပ်တို့ရဲ့အသင်းများ (Episcopalians)
ဂိုဏ်းချုပ်ဂိုဏ်းအုပ်အဆင့်ဆင့်ရှိတဲ့အသင်းသည် အဋ္ဌမမြောက်
ဟင်နရီဘုရင်ကြီးက ၁၅၃၄ ခုနှစ်တွင် နိုင်ငံရေးပယောဂကြောင့် ရောမ
ကာသိုလစ်အသင်းတော်မှခွဲထွက်လာခဲ့ပြီး၊ အင်္ဂလန်မြေပေါ်တွင် အင်္ဂလီ ကန်
ယုံကြည်ခြင်းအဖြစ် သူတို့ အရင်းအမြစ် ကောက်ယူခဲ့ကြပါတယ်။ ဂိုဏ်းချုပ်ဂိုဏ်းအုပ်အသင်းတော်ဟာ
ကာသိုလစ်စနစ်အခမ်းအနားလုပ်ပုံ အတိုင်း ဂိုဏ်းချုပ်ဂိုဏ်းအုပ်တွေ၊ ဘုန်းကြီးတွေနဲ့
ထိန်းသိမ်းထားခဲ့ကြပါ တယ်၊ ခရစ်ယာန်အသက်ရှင်နေထိုင်မှုကိုလည်း
အာဏာနှင့်အုပ်စိုးသော တရားသေဝါဒဖွင့်ဆိုချက်ထက် လမ်းညွှန်ခံယူခြင်းတို့ဖြင့်
လိုက်နာစေပါ တယ်။ တင်းကျပ်တဲ့ပညတ်ချက်မထားပါဘူး။ နှုတ်ကပတ်တော်ကိုလည်း ရိုးရာ
အနက်ဖွင့်ချက်အရ လက်ခံလာခဲ့ကြပါတယ်။ အသင်းတော်ဟာ
အလွန်သည်းခံနိုင်ခြင်း၊အခွင့်ပေးတတ်ခြင်းနှင့် အလွန်လည်းလူမှုရေးများ
၌တက်တက်ကြွကြွရှိကြပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ ဂိုဏ်းဂဏပေါင်း စုံ ဆက်ဆံရေး (ecumenism) မှာစိတ်အားကြီးပါတယ်။ အမေရိကန်နိုင်ငံ တွင်းမှာ သူတို့ရဲ့အသင်းသားများ
(၂.၅) သန်းခန့် ပျမ်းမျှရှိပါတယ်။ ‘The Book of common Prayer’ ခေါ်တဲ့ ဆုတောင်းခြင်းစာအုပ်ဟာ သူတို့ရဲ့ အယူဝါဒအခြေခံ ဖြစ်လာပါတယ်။
သူတို့ရဲ့ ယုံကြည်ချက်တွေအထဲမှာ ကလေးငယ်ဗတ္တိဇံပေးခြင်း၊ ဝိညာဉ်မသေနိုင်တဲ့အယူ၊
တနင်္ဂနွေနေ့ဝတ် ပြုခြင်းများထိန်းသိမ်းထားပါတယ်။ ကျမ်းစာကို
လူ့ယဉ်ကျေးမှုထိန်းသိမ်း ရေးအတွက်ဖြစ်သည်ဟု မြင်ကြပါတယ်။ တစ်ဖန် သမ္မာကျမ်းစာကို
ခရစ် ယာန်အယူဝါဒအတွက် အစိုးရတော်မူသော နှုတ်ကပတ်တော်စံညွှန်း အဖြစ်
ဘုရားစကားသံတော်များပါဝင်သည်ဟု မမြင်ကြပါ။ သူတို့တချို့ တွေက
အပျိုကညာမွေးဖွါးခြင်း၊ ခရစ်တော်ဘုရားဖြစ်ခြင်း၊ နိမိတ်တန်ခိုး ကိစ္စ၊
အထင်ကရဖြစ်တဲ့ ယေရှုဒုတိယကြွလာခြင်းအကြောင်းနဲ့ ကောင်း ကင်တမန်ရှိတယ်ဆိုတာတွေကို
အတွေးမေးခွန်းထုတ်တတ်ကြပါတယ်။
ဂိုဏ်းချုပ်အသင်းများ၌ အစဉ်အလာစွဲဝါဒရေးရာ
ယုံကြည်မှုများတချို့
၁။ ဘုရားစာတိအဖြစ်တော် - သုံပါးတစ်ဆူအယူဖြစ်တဲ့ သုံးပါးစလုံး တန်းတူခြင်း၊
ထာဝရမေတ္တာရှင်ဖြစ်ခြင်း၊ တန်းခိုးတော်အစုံပြည့်စုံခြင်း၊ အရာရာကို
သိခြင်းရှိကြတဲ့ သီးခြားထူးခြားဂုဏ်တော်နှင့်ပြည့်စုံသော -ခမည်းတော်ဘုရား၊
သားတော်ဘုရား၊ သန့်ရှင်းသောဝိညာဉ်တော် ဘုရား၊ အပါအဝင်သုံးပါးတစ်ဆူဖြစ်ခြင်း။
၂။ ဘုရားသခင်၏ သဘာဝတော်။ ဂိုဏ်းချုပ်တို့၏အသင်းနဲ့
သတ္တမ နေ့မြော်လင့်ခြင်းအသင်းနှစ်ပါးစလုံးဟာ ‘ဘုရားသခင်သည်
ချစ်ခြင်း မေတ္တာဖြစ်ကြောင်း’ကို အထူးအလေးအနက်
ထားတတ်ကြပါတယ်။
၃။ သမ္မာတရား၏ အန္တိမအောင်ပွဲခံခြင်း။ ဂိုဏ်းချုပ်တို့၏ အသင်းနဲ့
သတ္တမနေ့မြော်လင့်ခြင်းအသင်းနှစ်ပါးစလုံးဟာ နောက်ဆုံးဆန်းစစ်ချက် အနေနဲ့ ‘ဘုရားအကြံအစည်တော်သည် ပြီးစီးပြည့်စုံလိမ့်မည်’ ဟု ယုံ ကြည်ကြသည်။
၄။ ဆုတောင်းခြင်း။ ဂိုဏ်းချုပ်တို့၏အသင်းနဲ့သတ္တမနေ့မြော်
လင့်ခြင်းအသင်းနှစ်ပါးစလုံးဟာ ‘ဘုရားသခင်သည်
ဆုတောင်းခြင်းကို အဖြေပေးသည်’ ဟုယုံကြည်ကြသည်။
၅။ လူမှုရေးစိတ်။ ဂိုဏ်းချုပ်တို့၏
အသင်းနဲ့ သတ္တမနေ့မြော်လင့်ခြင်း အသင်းနှစ်ပါးစလုံးဟာ ‘ခရစ်ယာန်များ၏
ချစ်ခြင်းသည် ဆင်းရဲသူ များ၊ ဒုက္ခရောက်သူများတို့အပေါ်၌
လူမှုရေးဆောင်ရွက်ခြင်းအားဖြင့် စောင့်ရှောက်လိုစိတ်ဖြစ်စေသည်’ ဟု ယုံကြည်ကြသည်။
ဂိုဏ်းချုပ်ဂိုဏ်းအုပ်တို့၏ အသင်းများ၌
အဓိကဝါဒရေးရာကွဲလွဲခြင်းနှင့် ကျမ်းစာအလိုအတိုင်းဖြစ်သင့်သည်များ
၁။ ကျမ်းစာသည် လူ့ယဉ်ကျေးမှုထိန်းပေးရန်ဖြစ်၍
ယုံကြည်ခြင်း အတွက် လွှမ်းမိုးအုပ်စိုးခြင်းမရှိ၊ (ကျမ်းချက်ဖတ်ကြည့်ရန်။ ၂တိ ၃း၁၆,၁၇။ ယော ၁၇း၁၇။ ၂ပေ ၁း၂၁။ ၁တိ ၂း၁၅။ ယော ၇း၁၇)။
၂။ တနင်္ဂနွေနေ့ကို အလေးအမြတ်ထားခြင်း။ ယေရှုသည်ရက် သတ္တပတ်တွင် ပထမရက်၌ သေခြင်းမှ ထမြောက်တော်မူသည်ဖြစ်၍
ခရစ်ယာန်အားလုံးသည် ထိုနေ့တွင် ဝတ်ပြုရမည်ဆိုတဲ့ ယုံကြည်ချက်။ (က ၂း၁-၃။
ထွက်၂၀း၈-၁၁။ ယေဇ ၂၀း၁၂-၂၀။ လုကာ ၄း၁၆။ မဿဲ ၂၄း၂၀။ တ ၁၃:၄၂-၄၄။ ဗျာ ၁း၁၀။ မဿဲ
၁၂း၈။ လုကာ ၆း၅။ ဟေရှာယ ၆၆း၂၂,၂၃)။
၃။ ဝိညာဉ်မသေနိုင်ဆိုတဲ့ယုံကြည်ခြင်း။ လူတစ်ဦးချင်းစီတိုင်းမှာ မသေနိုင်၊
မပျက်နိုင်တဲ့ဝိညာဉ်ဟာ ကိုယ်ခန္ဓာနဲ့ သီးခြားရှိနေပြီး၊ လူသေ လျှင် ကိုယ်ခန္ဓာသေ၍
သီးခြားဝိညာဉ်သည် ကောင်းကင်ဘုံ၊ သို့မဟုတ် ငရဲဘုံ တစ်ခုခုသို့ရောက်သွားမည်ဆိုတဲ့
ယုံကြည်ချက်။ (၁တိ ၆း၁၅,၁၆။ က ၂း၇။ ဒေသနာ ၁၂း၇။ ယောဘ ၂၇၊၃။
ဆာလံ ၁၄၆း၄။ ၆:၅။ ၁၁၅း၁၇။ ယော ၁၁း၁၁-၁၄)ဖတ်ကြည့်ပါ။ အမှတ်ရပါ။ ကျမ်းစာသည် ‘ဝိညာဉ်’
စကားလုံးကို အကြိမ်ပေါင်း (၁၆၀၀) သုံးခဲ့ပါတယ်။ ဒါကို မသေနိုင်တဲ့ ဝိညာဉ်၊
သို့မဟုတ် ထာဝရဝိညာဉ်လို့ ဘယ်တော့မှမပြောပါ။ ကျမ်းစာထဲ မှာ သေသည်ကို အိပ်သည်ဟု
(၅၃)ကြိမ်ဆိုပါသည်။
၄။ မွေးစကလေးငယ်ဗတ္တိဇံ။ မွေးစကလေးငယ်တွေကို
အာဒံကျူးလွန်ခဲ့တဲ့အပြစ်အတွက် ဗတ္တိဇံပေးခြင်းဖြစ် သည်။ (မူလနဂိုအပြစ်ဟု ခေါ်သည်။)
(ကျမ်းချက်ဖတ်ကြည့်ရန်။ မဿဲ ၃း၁၃-၁၇။ ကော
၂း၁၂။ မဿဲ ၂၈း၁၉-၂၀။ ရောမ ၆း၁-၆။ တ ၈း၃၅-၃၈။ တ ၂း၃၈-၄၁။ မာကု ၁၆း၁၅,၁၆။ ယော ၃း၂၃)။
၅။ ကယ်တင်ခြင်းသည် ကောင်းသောကိုယ်ကျင့်တရားနှင့် အသက်
ရှင်နေထိုင်ခြင်းအားဖြင့်ရလာသည်။ (ကျမ်းချက်ဖတ်ကြည့်ရန်။ ရောမ ၃း၁၀။ ယေရမိ ၁၇း၉။
ဟေရှာ ၆၄း၆။ ၂ကော ၅း၂၁။ ဂလာတိ ၃း၁၃။ ရောမ ၃း၂၃-၂၈။ ၅း၁၈)။
သင့်မိတ်ဆွေဂိုဏ်းချုပ်အသင်းဝင်တွေကို ခရစ်တော်အသေခံတော်မူခြင်းအကြောင်း၏ အလှအပကို
ရှင်းလင်းစွာ ပြောပြတတ်ပါ။
ဂိုဏ်းချုပ်တို့၏အသင်းဝင်များသို့
ချဉ်းကပ်နိုင်သည့်အလားအလာ
ဂိုဏ်းချုပ်တို့၏ အသင်းသားတွေဟာ အထွေထွေသဘောအား ဖြင့်
အလွန်ခင်မင်တတ်ခြင်း၊ ဂရုတစိုက်ရှိခြင်းနှင့် ချစ်တတ်သူတွေဖြစ် ကြပါတယ်။
ထိုသူတို့နဲ့ မိတ်ဆွေဖြစ်ဖို့ တိုးတက်တည်ဆောက်တဲ့အခါမှာ သင့်သက်သေခံချက်ကို
ပွင့်ပွင့်လင်းလင်းပြောပြပါ။ ယေရှုဟာ သင့် အတွက် ဘာအဓိပ္ပါယ်လဲဆိုတာ ရှင်းပြပါ။
ယေရှု၏ မေတ္တာတော်ဟာ အယူဝါဒတွေဖိပြောနေလို့ ဘာမျှဖြစ်မလာတဲ့အခါ
လူ့နှလုံးသားများကို ကြေကွဲစေတတ်ပါတယ်။ သင့်သက်သေခံချက်နဲ့ စိတ်ဝင်စားလာရင်၊
ကျမ်းစာလှုံ့ဆော်ခြင်းသင်ခန်းစာတွေနဲ့တိုးတက်တည်ဆောက်ပါ။ ဒါက
ဂိုဏ်းချုပ်အသင်းဝင်တွေရဲ့ကျမ်းစာအမြင်များကို ကြီးစွာ
ခြေဖျက်ပစ်ရန် လိုအပ်ပါတယ်။ ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး(၂)၊ မဿဲ-၂၄ နှင့်
ခရစ်တော်ဒုတိယကြွလာခြင်းအမူအရာအကြောင်းသင်ခန်းစာများဖြစ်တဲ့
ပုရောဖက်လေ့လာခြင်းတွေကို ရှင်းရှင်းလင်းလင်း ဆွေးနွေးပေးပါ။ ဝိညာဉ်တော်သည်
စိတ်နှလုံးကို တို့ထိတော်မူမည်။ လူများစွာဟာ သူတို့ ရဲ့ဝိညာဉ်
ရေးရာအိပ်ပျော်နေရာမှ ခရစ်တော်၌ဘဝအသစ်နဲ့ နိုးထလာ ကြပါလိမ့်မည်။
အခန်း - ၇၀
ဟိန္ဒူဘာသာဝင်များ (Hindus)
ဟိန္ဒူဘာသာသည် Hindustan အမည်မှ
ဆင်းသက်ယူလာပါ တယ်။ အင်ဒု(သို့မဟုတ်)ဟိန္ဒူနယ်မြေဟူသော ပါရှန်းလူမျိုးစကားလုံး
ဖြစ်ပါတယ်။ ဒီအမည်အခေါ်သည် အိန္ဒိယကျွန်းစွယ်တစ်ခုလုံး၌သုံးစွဲနေ ပါတယ်။
ဟိန္ဒူယောက်ျားတွေဟာ သူတို့ရဲ့ ရှည်တွဲခေါင်းပေါင်းတွေနဲ့
ကွဲကွဲပြားပြားထင်ရှားသလို ဟိန္ဒူအမျိုးသမီးတွေကလည်း သူတို့ရဲ့ ရောင်စုံ
ကိုယ်ရုံအဝတ်ဆာရီတွေနဲ့ လှလှပပတွေ့ရတတ်ပါတယ်။ သူတို့ ဓလေ့ရိုးရာအားဖြင့်
ဟိန္ဒူတွေမှာ လူ့အဆင့်အတန်းဇာတ် (၄) မျိုးကွဲ၍ ရှိလာပါတယ်။ (၁)ဗြဟ္မာ (၂)ရှတ္တိယ
(၃)ဗစ္စယ (၄)ဆုဒြ ဆိုပြီး ဖြစ်ပါ တယ်။
ဇာတ်မဲ့လူအုပ်စုတွေကို “မတို့မထိအပ်-အောက်တန်းစား” လို့ သတ်မှတ်လိုက်ပါတယ်။
ဒါကြောင့် ဇာတ်နိမ့်-ဇာတ်မြင့် ပဋိပက္ခတိုက် ပွဲတွေအစဉ် ဖြစ်နေတတ်ပါတယ်။
ဗြဟ္မာလူစုက ဇာတ်အမြင့်ဆုံးနဲ့ ဉာဏ်ကြီးရှင်များအဖြစ် အထွတ်အမြတ်ထားကြရပါတယ်။
ဇာတ်မတူ - လက်ထပ် အိမ်ထောင်ပြုခြင်း၊ ဇာတ်မတူသူများ တရင်းတနှီးပေါင်းသင်း ခြင်း၊
စီးပွါးကုန်သွယ်မှုပြုတဲ့ အခါမှာလည်း ဇာတ်မတူသူတွေနဲ့ဖက်စပ် လုပ်ကိုင်ခြင်း
စသည်တို့ကိုတားမြစ်ထားကြပါတယ်။
ဟိန္ဒူတို့ ယေဘုယျယုံကြည်မှုများ
၁။ ဘုရားသည် အတ္တကင်း၍နေရာတကာ၌ရှိတယ်။ ဒီအကျိုးဆက် ကနေ သူတို့ဟာ
ဘုရားအများကြီး ကိုးကွယ်ကြသူများဖြစ်လာပါတယ်။ ၂။ အဆုံးစွန်ကယ်တင်ခြင်းဟာ ဖြောင့်မတ်စွာကျင့်သော သီလ သိက္ခာတွေနဲ့
စင်ကြယ်စွာ နေထိုင်ခြင်းအားဖြင့်ရလာပါတယ်။
၃။ အဖန်ဖန်ပြန်လည်မွေးဖွါးခြင်း၊ သို့မဟုတ် ‘ကမ္မ’ လို့ခေါ်သော သံသရာဘီးကြီးပြည့်စုံမှုမရောက်မချင်း၊ သေခြင်း၊
မွေးဖွားခြင်းတွေကို စဉ်ဆက်မပြတ်ခံယူရခြင်း။
၄။ ယေရှုကို လူကောင်းတစ်ဦးဖြစ်တယ်၊ ဉာဏ်အလင်းပြဆရာဖြစ် တယ်၊
ပုရောဖက်တစ်ယောက်ဖြစ်တယ်လို့ယုံကြည်၏။
၅။ ရှေးအိန္ဒိယလူမျိုးတွေရဲ့ ကျမ်းစာတော်မြတ်ဖြစ်တဲ့ ဘဂ္ဂဒဗီတ (Bagda
Vita)ဟာ သမ္မာကျမ်းစာအုပ်သွန်သင်ခြင်းထက် သာလွန်တယ် လို့
ယုံကြည်တယ်။
၆။ ဘဝအနှစ်သာရကို သိက္ခာပြည့်ဝသော ဘုံအဆင့်အထိ ‘ဘုရား
ဖြစ်ခြင်း’ အရောက် တိုးတက်ကျင့်ကြံကြပါတယ်။
သူတို့ကိုချဉ်းကပ်နိုင်သည့်အလားအလာ
ခရစ်ယာန်ဘာသာနဲ့ ဟိန္ဒူဘာသာအကြားမှာ တူညီချက် အလွန် နည်းပါတယ်။
ဘုံတူနယ်မြေကျဉ်းမြောင်းပါတယ်။ ဟိန္ဒူတွေဆီ ခရစ် ယာန်များ- အများအပြားချဉ်းကပ်ကြတာ
မအောင်မြင်ကြပါဘူး။ သူတို့ က သမ္မာကျမ်းစာကို လက်မခံကြတာကြောင့်
မိတ်ဖြစ်ဆွေဖြစ်နှင့်ဒဿန အမြင်ဖလှယ်နိုင်ကြတာကလွဲလို့ အစပျိုးနိုင်တဲ့
အခြေခံနည်းပါတယ်။ အောက်ပါအတိုင်းချဉ်းကပ်ကြဖို့ အကြံပေးလိုပါတယ်။
၁။ ပုဂ္ဂိုလ်ရေးမိတ်ဆွေအဖြစ်ကို ထူထောင်ပါ။ ညနေစာအတူစားဖို့ ဖိတ်ခေါ်ပါ။
သူတို့အများက သက်သတ်လွတ်စားတတ်ကြပါတယ်။ ဒါက
ဆက်ဆံရေးလိုအပ်ချက်အချက်တစ်ချက်ပါပဲ။
၂။ ဒုစရိုက်၊ သုစရိုက်အကြောင်းတွေကို ဆွေးနွေးကြည့်ပါ။ ဒုစရိုက် ဘယ်ကဖြစ်လို့
ဘယ်လိုကျူးလွန်မိတာကိုမေး၍ ဆွေးနွေးပါ။
၃။ ဘုရားဖန်ဆင်းခြင်းဆိုတာ လူ့ကိုယ်ပိုင်၊ အသိတရား၊ ဆင်ခြင်တုံ
တရားတွေဖြစ်တယ်ဆိုရင် ဘုရားဟာ ပုဂ္ဂိုလ်တစ်ပါး၊ ဉာဏ်ကြီးရှင်နဲ့
မေတ္တာရှင်ဖြစ်ရမယ်လို့ ဆင်ခြေပေးဆွေးနွေးကြည့်ပါ။ တကယ်လို့ သူက ဘုရားဆိုတာ
ပုဂ္ဂိုလ်တစ်ပါး၊ ဉာဏ်ကြီးရှင်နဲ့ မေတ္တာရှင်မဟုတ်ဘူးလို့ ဆိုရင်၊ သူ့ကို
ဘာကြောင့် အတ္တမရှိသူတစ်စုံတစ်ယောက်က လူပုဂ္ဂိုလ် တစ်စုံတစ်ယောက်ကို
ဖန်ဆင်းရသလဲလို့မေးပါ။ ဉာဏ်မရှိသူက ဉာဏ် ရှိတဲ့ သူတွေကိုဖန်ဆင်းနိုင်သလား။
မချစ်တတ်သူတစ်စုံတစ်ယောက်က ချစ်တတ်သူတစ်စုံတစ်ယောက်ကို ဘယ်လို
ထုတ်လုပ်ပေးနိုင်မလဲ။ မေး ကြည့်ပါ။ မေတ္တာတရားအစဖြစ်တဲ့ အရင်းအမြစ်က ဘယ်မှာရှိသလဲ။
နောက်ဟိန္ဒူဇာတ်ခွဲခြားဆက်ဆံရေးအကြောင်း မေးကြည့်ပါ။ တကယ် လို့ ‘ကျွန်ုပ်တို့တစ်တွေဟာ ဘုရားသားသမီးတွေဖြစ်ကြကုန်၏’ ဆိုရင်၊ ဘာကြောင့်ဇာတ်မတူသူ - လူတွေအချင်းချင်း တိုက်ခိုက်သတ်ဖြတ်တာ တွေ
ဖြစ်နေရတာလဲလို့မေးကြည့်ပါ။
၄။ သူတို့ဆီအလည်အပတ်ရောက်တာနည်းနည်းကြာလာရင်၊ သမ္မာ ကျမ်းစာဟာ
ဘုရားလှုံ့ဆော်၍ ရေးသားထားကြောင်း လေ့လာချက်နှင့် တကွ သင်ခန်းစာကိုဆွေးနွေးပါ။
၅။ ယေရှုပြုတော်မူခြင်းအကြောင်းနဲ့ သင့်ရဲ့ သက်သေခံခြင်းကို ဆက်လက်ပြောဆိုပါ။
၆။ ကယ်တင်ခြင်းစီမံချက်ကို အသေအချာရှင်းလင်းပြပေးပါ။
၇။ ဘဝများစွာ ပြန်လည်မွေးဖွါးခြင်းဟာ အောက်ပါအကြောင်းတွေ အရ
ကျမ်းစာအလိုတော်မဟုတ်ကြောင်းပြောပြပါ။
က။ ကယ်တင်ခြင်းဟာ ယေရှုအားဖြင့်ရတယ်။
ကိုယ့်အကျင့်ကြောင့်ရတာမဟုတ်ဘူး။ (ဧဖက် ၂း၈-၁၀။ ၂ကော၅း၂၁)။
ခ။ လူသားဇာတိသဘောဟာ ကျဆုံးခြင်းရှိတယ်။
ကျွန်ုပ်တို့တစ်တွေဟာ ဘုရားဖြစ်ကြရမှာ မဟုတ်ဘူး။ (ယေရမိ ၁၇:၉။ ဟေရှာ ၅၄း၆)။
ဂ။ သေခြင်းနောက် ဒုတိယအကြိမ်
အခွင့်အရေးဆိုတာမရှိ။ (ဟေဗြဲ ၉း၂၇,၂၈။ ၂ကော ၆း၂)။
ဃ။ ဝိညာဉ်သည် မသေနိုင်ဆိုတာမဟုတ်ပါ။ (ဒေသနာ
၉း၅။ ဆာလံ ၁၁၅း၁၇။ ယော ၁၁း၁-၁၄)။
ဟိန္ဒူတို့သည် ခရစ်ယာန်များကို ယေဘုယျအားဖြင့် အလွန် သည်းခံပေးတတ်ကြပါတယ်။
အထူးသဖြင့် ခရစ်ယာန်နယ်မြေရောက်သူ ဟိန္ဒူများ၌ဖြစ်ပါတယ်။ အမေရိကန်ပြည်၊
ဥရောပအနောက်နိုင်ငံများ၌ နေထိုင်ကြတဲ့ ဟိန္ဒူတွေဟာ အိန္ဒိယပြည်မှာရှိကြတဲ့
ဟိန္ဒူတွေထက် သတင်းကောင်းအပြောရောက်ဖို့ ပိုမိုလွယ်ကူနေတတ်ပါတယ်။ သတင်း
ကောင်းတရားဟာ ယဉ်ကျေးမှု ကူးသန်းခြင်းတရားဖြစ်တယ်။ နေရာ တကာမှာ လူယောက်ျား၊
လူမိန်းမအပေါင်းတို့၏ စိတ်နှလုံးတွေကို ထိုး ဖေါက်ဝင်ရောက်သွားတယ်။ ဧဝံဂေလိတရားဟာ
အဖိနှိပ်ခံထားရတဲ့ဝန် ထုပ်ကို ဖြေလွှတ်ပေးတယ်။ ပြစ်ဒဏ်ကျစိတ် ဒဏ်ချက်ကိုလည်း လွှတ်
ပေးတယ်။ ခရစ်တော်၌ စိတ်ချယုံကြည်မှုနဲ့ အာမခံရထားတယ်။ ဒါကြောင့်
သင့်မိတ်ဆွေဟိန္ဒူများနှင့်အတူတကွ သင့်ကိုယ်ရေးသက်သေ ခံချက်ကို ဝေမျှပေး၍
သန့်ရှင်းသော ဝိညာဉ်တော်လုပ်ဆောင်မှုကို စောင့်မျှော်၍သာ နေပါ။
အခန်း - ၇၁
အစ္စလမ်(မွတ်စလင်) (Islam)
မွတ်စလင်ဘာသာရေးသည် အမြန်ဆုံးကြီးထွားနေသည့် ကမ္ဘာ့ ဘာသာရေးတစ်ခုဖြစ်တယ်။
ကမ္ဘာ့နယ်မြေထဲမှာ လူသန်းပေါင်း (၈၀၀) ကျော်ကို
စွဲလမ်းနှစ်ခြိုက်စေတဲ့ဘာသာရေးလည်းဖြစ်တယ်။ လွန်ခဲ့တဲ့
ခုနစ်ရာစုနှစ်များစောစောပိုင်းကစလို့ မိုဟာမက်ဆိုသူ တည်ထောင်ခဲ့ပြီး၊
မွတ်စလင်ယုံကြည်မှုဟာ တစ်ဆူတည်းသောဘုရား အလ္လာ (ကျမ်းစာထဲ ကဘုရား)အား
လုံးဝဥဿုံနာခံခြင်းပေးဖို့ အလေးထား သွန်သင်ပါတယ်။ အစ္စလမ်စကားလုံးဟာ အညံ့ခံခြင်း၊
မိမိကိုယ်မိမိ ဘုရားသခင်ကို အပ်နှံ ခြင်း၊ တခြားဘာသာရေးကို စွန့်လွှတ်လိုက်ခြင်း
ဆိုတဲ့အဓိပ္ပါယ်အရင်း အမြစ်ကိုယူ၍ ခေါ်ဆိုခဲ့ပါတယ်။ ငြိမ်းချမ်းခြင်း
သဘောကိုပေါက်စေတဲ့ အာရဗီအမြစ်စကားလုံးဟာ ဆလမ် (Salam) ဖြစ်တယ်။
အစ္စလမ်တွေရဲ့ ဘာသာရေး၌မူလတာဝန်(၅)ချက်ရှိပါတယ်။
1။ ဆဟဓ(Shahada)ခေါ်တဲ့ သက်သေကို ကြေညာပေးရမယ်။ ‘အလ္လာမှလွဲ၍ အခြားသောဘုရားဆိုတာမရှိ။ မိုဟာမက်သည်
အလ္လာ၏တမန်တော်ကြီးဖြစ်သည်။’ ဒါပဲ။
2။ တစ်နေ့လျင်(၅)ကြိမ် မိုဟာမက် မွေးရပ်မြေမက္ကာမြို့ကို မျက်နှာ မူပြီး၊
ဆုတောင်းဆလတ်(Salat) ပြုရမည်။ (နံနက်၊ မွန်းတည့်၊
မွန်းလွဲ၊ နေဝင်ချိန်နဲ့ညနေခင်း)။
3။ ဆင်းရဲသားများအားပေးကမ်းခြင်း (Zakat) ပြုရမည်။
ပမာဏကို မွတ်စလင်အုပ်ချုပ်သူက ပုံသေ ရာခိုင်နှုန်း သတ်မှတ်စည်းကြပ် ကောက်ယူပါတယ်။
4။ (Ramadan) ရမဒန်ကာလအချိန် အစာရှောင်ရမည်။
5။ ဟဂျ်(Hajj) ခေါ် မက္ကာမြို့သို့
ဘုရားဖူးရောက်ခြင်း၊
အသက်ရှင်ချိန်အတွင်း အနည်းဆုံး တစ်ကြိမ်သွားရမည်။ မွတ် စလင်တွေဟာ ကိုရမ်(Koran)ကျမ်းကို ဘုရားထံမှ နှုတ်တိုက်စကားလုံး ဖြစ်ခြင်း၊ မဖေါက်မပြန်ခြင်း၊
တိုက်ရိုက်ပြောဆိုပေးခြင်းနဲ့ ဘုရားပြောတဲ့ ဘာသာစကားဖြစ်တယ်လို့ လက်ခံထားကြပါတယ်။
သူတို့က သူတို့ရဲ့ မူရင်းအဖြစ် အာဗြဟံဆီက ဆင်းသက်သူများဖြစ်ကြောင်း၊ ယဇ်ပူဇော်ဖို့
တင်ခဲ့တဲ့၊ ဘုရားကတိတော်ခံရတဲ့သားဟာ ဣဇာက်မဟုတ်ဘူး၊ ဣရှမေ လဖြစ်ကြောင်း
ယုံကြည်ချက်နှင့် ခြေရာကောက်ယူခဲ့ကြပါတယ်။ အာဗြ ဟံ၊ မောရှေ၊ ဗတ္တိဇံဆရာယောဟန်စတဲ့
သူတို့ရဲ့မျိုးရိုးစဉ်ဆက် ကောက် ယူချက်အရ ယေရှုကို ပုရောဖက်တစ်ယောက်လောက်ပဲ
ရိုးရိုးယုံလိုက်ကြ ပါတယ်။ အစ္စလမ်ဘာသာရေးသည် ဂျူး-ရဟူဒီဘာသာရေး၊ ခရစ်ယာန်
ဘာသာရေးတို့နဲ့နီးစပ်တယ်ဆိုတာထက်ကို၊ ကမ္ဘာ့ဘာသာရေးကြီးတစ်ခု ဖြစ်နေပါတယ်။
မွတ်စလင်တွေက ဂျူး-ရဟူဒီတွေကို ရှုံးနိမ့်ခဲ့တယ်။ ခရစ်ယာန်ဘာသာရေးဟာ ဝိညာဉ်ရေးရာ
ဖေါက်ပြန်လာခဲ့တယ်။ ဒါ့ ကြောင့် ဘုရားဟာ ပုရောဖက်မိုဟာမက်ကို ရွေးကောက်လိုက်ပြီး၊
ဖေါက် ပြန်ပျက်စီးနေတဲ့ ဘာသာရေးကို ပြန်လည်ထူထောင်ရေးလုပ်စေခဲ့တာ ဖြစ်ပါတယ်။
မွတ်စလင်များ အစဉ်အလာစွဲဝါဒရေးရာယုံကြည်မှုများတချို့
၁။ မွတ်စလင်တွေဟာ အနန္တတန်ခိုးရှင်၊ အရာရာတိုင်းကို သိတဲ့ မေတ္တာတော်အရှင်
ဘုရားသခင်ကို ယုံကြည်တယ်။
၂။ နောက်ဆုံးတရားစီရင်ခြင်းရှိတာကို မွတ်စလင်တွေက ယုံကြည် တယ်။ လူသားတွေဟာ
သူတို့လုပ်ခဲ့သမျှအတိုင်း သိက္ခာရှိရှိ တာဝန်ယူ ကြရမယ်ဆိုတဲ့အချက်ကို
လက်ခံကြပါတယ်။
၃။ မွတ်စလင်တွေဟာ မေရှိပြန်ကြွလာတဲ့အခါ သေခြင်းမှ သူတို့
နောက်ဆုံးပြန်ရှင်ထမြောက်ကြလိမ့်မည်လို့ ယုံကြည်ကြပါတယ်။ မွတ် စလင်တွေဟာ
ဆင်းရဲတဲ့သူများအား အထောက်အပံ့ပေး၍ အကူအညီ ပေးကြရန် အလွန်အလေးထားကြပါတယ်။
၅။ မွတ်စလင်တွေဟာ ဆုတောင်းခြင်းကို ဦးစားပေးနေရာမှာထား ကြပါတယ်။
၆။ မွတ်စလင်တွေဟာ အရက်မသောက်၊ လောင်းကစားမလုပ်၊ ဝက် သားမစားကြပါ။
၇။ မွတ်စလင်တွေဟာ ဘုရားသခင်အားနာခံခြင်းကို အလေးအမြတ် နေရာမှာထားပါတယ်။
၈။ မွတ်စလင်တွေဟာ ဘုရားနှင့်မာရ်နတ်အကြား ကြီးစွာအငြင်းပွား ခြင်းရှိသည်ကို
ယုံကြည်ပါတယ်။
သမ္မာကျမ်းစာအတွေးနှင့် ဆန့်ကျင်သော မွတ်စလင်များ၏
ယုံကြည်ခြင်းတချို့နှင့်ကျမ်းစာအလိုအတိုင်းဖြစ်သင့်သည်များ
၁။ ယေရှုသည် ပုရောဖက်တစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် ဘုရား
သခင်၏ ထာဝရသားတော်မဟုတ်။
(ကျမ်းချက်ဖတ်ကြည့်ရန်။ ယော ၈း၅၈။
ယှဉ်ကြည့်ရန် ထွက် ၃း၁၄။ ဟေဗြဲ ၁း၆-၈။ မိက္ခာ ၅း၂။ ဟေရှာ ၉း၆)။
၂။ သမ္မာကျမ်းစာကို လူတွေ့ပြန်ရေးလို့ အမှားတွေနဲ့ တိတိကျကျ မိတ္တူ
ကူးယူခဲ့ခြင်းမရှိသောကြောင့် အမှန်တကယ် အားကိုးမရနိုင်။ (ကျမ်းချက်ဖတ်ကြည့်ရန်။
၂တိ ၃း၁၆။ ၂ပေ ၁း၂၁။ ဆာလံ ၁၂း၆- ၇။ မဿဲ ၂၄း၃၅။ ဆာလံ ၁၁၉း၁ဝ၅)။
၃။ ကယ်တင်ခြင်းကို အစ္စလမ်ဘာသာရေး တာဝန်ကြီး (၅) ချက်ကို
လိုက်လျှောက်ခြင်းဖြင့်ရရှိနိုင်သည်။
(ကျမ်းချက်ဖတ်ကြည့်ရန်။ ရောမ ၃း၂၃။ ဟေရှာ
၅၉း၁-၂။ ရောမ ၆:၂၃။ ဧဖက် ၂း၈။ ဟေဗြဲ ၂း၈,၉။ ၂ကော ၅း၂၁။ ဂလာတိ
၃း၁၃)။
၄။ သမ္မာကျမ်းစာအစား မိုဟာမက်အားဖြင့် ဗျာဒိတ်ဖွင့်ဆိုပါတယ်။
ကယ်တင်ခြင်းမှီငြမ်းစရာကိုလည်း ပြပေးထားတယ်။
(ကျမ်းချက်ဖတ်ကြည့်ရန်။ ယော ၁၇း၁၇။ ၁၄း၆။ တ ၄း၁၂။ ဟေရှာ
၄၅း၂၂)။
မွတ်စလင်မိတ်ဆွေများသို့ချဉ်းကပ်နိုင်သည့်အလားအလာ
၁။ ကျွန်ုပ်တို့အချင်းချင်း၌ အချက်အလက် တူတာလေးတွေကို အခြေခံ၍
မိတ်ဆွေဖြစ်ရေးထူထောင်ပါ။
၂။ မွတ်စလင်မိတ်ဆွေကို သက်သတ်လွတ် ညနေစာစားဖို့ သင့်နေ အိမ်ကိုဖိတ်ခေါ်ပါ။
၃။ စစ်မှန်တဲ့ခရစ်ယာန်ဘာသာရေးဖြစ်လာဖို့အတွက် သင် စိတ်ပူ
ပန်ပါကြောင်းပြောပြပါ။ ခရစ်ယာန်ဘာသာရေးမှာ ဖေါက်ပြန်ခြင်းတွေ ဖြစ်နေလို့
ပြန်လည်ပြင်ဆင်ရေးလိုအပ်ကြောင်းအသိပေးပါ။
၄။ ကျမ်းစာအုပ်စိုးခြင်းရှိသည့်အကြောင်းကို အတည်ပြု
ပြောဆို၍ ကျမ်းစာထဲက ပုရောဖက်ပြုချက်များကို လေ့လာပေးပါ။
၅။ မွတ်စလင်မိသားစုတွေဟာ ဖခင်ခေါင်းဆောင်မှုအခန်းကို အမြင့် မှာထားပြီး
လေးစားကြသောကြောင့် အလွန်ကျစ်လစ်တဲ့မိသားစု ဖြစ်၍ သူတို့ဖခင်ကို
မိသားစုခေါင်းဆောင်အဖြစ် လေးလေးစားစား ဆက်ဆံ ပေးပါ။
၆။ စာပေအထဲက ပုရောဖက်များနှင့် ဘုရင်တွေ၊ ထို့အပြင် ရှေးဘိုး
ဘေးဖခင်ကြီးများနှင့် ပုရောဖက်တွေရဲ့ အကြောင်းအရာများကို လေ့လာ ဆွေးနွေးပေးပါ။
၇။ သင့်လျော်တဲ့ အချိန်တစ်ခုမှာ သင့်ကိုယ်ရေးသက်သေခံခြင်း အကြောင်းကို
ပွင့်ပွင့်လင်းလင်းပြောပြပါ။ ကယ်တင်ခြင်းသို့ ရောက်ရတဲ့ စီမံချက်အကြောင်းကိုလည်း
ဖေါ်ပြပေးပါ။ ယေရှုက သူဟာ ဘုရားသား ဖြစ်ကြောင်းကြေညာခဲ့တာကို အကြိမ်ကြိမ်
အခိုင်အမာပြောပြပေးပါ။ ယေရှုဟာ ဘုရားဖြစ်တာလား၊ လူလိမ်လား၊ ဒါမှမဟုတ် ရူးသွပ်ဝေဒနာ
ရနေတာလား၊ တစ်ခုခုတော့ဖြစ်ရမယ်။ ကိုရမ်ကျမ်းမြတ်ထဲမှာ ယေရှုကို
ပုရောဖက်ဖြစ်တယ်လို့ပြောထားတော့၊ ဖြောင့်မတ်တဲ့ပုရောဖက် တစ် ယောက်က သူ့အကြောင်းနဲ့
ပတ်သက်ပြီး၊ လောကအညာမိအောင် ကြိုးစားပြီး လိမ်လည်နေမှာတော့ မဟုတ်လောက်ဘူး။
ဓလေ့ထုံးစံတွေနဲ့ချုပ်နှောင်ထားခြင်း၊ မိသားစုချည်နှောင်မှု အား
ကောင်းခြင်း၊ လူမှုဆက်ဆံရေးထဲမှာ ဖိအားလည်း အလွန်ကြီးမားတာ ကြောင့်
မွတ်စလင်မိတ်ဆွေတွေကို ခရစ်ယာန်ဘာသာဝင် ဖြစ်လာရန် အလွန်ခက်ခဲလှပါတယ်။ ဒါပေမယ့်
စိတ်ရှည်ရှည်ထားပါ။ သမ္မာတရားကို တိုး၍တိုး၍ပြောပြပေးပါ။သင့်ရဲ့မွတ်စလင်အပေါင်းအသင်းကိုအကောင်း
မြင်ဆက်ဆံရေးနဲ့ရှုမြင်ပြီး၊ အချိန်သင့်ရင် ယေရှုအကြောင်း မျှဝေပြော ပြပါ။
အခန်း - ၇၂
ယေဟောဝါသက်သေအသင်း(Jehovah's
Witnesses)
ယေဟောဝါသက်သေအသင်းဟာ ၁၈၄၀ ခုနှစ်များ၌ မီးလ်လား တပည့်များက အုပ်စုဖွဲ့၍
ကြီးထွားလာခြင်းဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှု ကို စုစည်းစီစဉ်သူ ချားလ်တာဇီရပ်ဆဲလ် [Charles
Taze Russel(1852- 1916)] ဟာ လူရွယ်ဘဝမှာ ဝီလျံမီးလ်လားရဲ့
ဩဇာသက်ရောက်မှု အောက်မှာရှိခဲ့ပါတယ်။ ၎င်းသက်သေတွေဟာ ယေဟောဝါဆိုတဲ့ တစ်ဆူ
တစ်ပါးတည်းဖြစ်သော ဘုရားကို ဥဿုံနာခံရခြင်း၊ အိမ်တံခါးပေါက် အရောက်နဲ့
လမ်းဘေးဧဝံဂေလိလုပ်ခြင်းကို အတင်းအကျပ်ပြုလုပ်ခြင်း၊
အပြီးသတ်အာမဂေဒုန်စစ်ပွဲအားဖြင့် ဘုရားနိုင်ငံတော်ကို ဇာတ်ဆန်ဆန်
ထူထောင်ထားရှိခြင်းတို့ကို အလေးထားဖွင့်ဆိုကြပါတယ်။ သူတို့က ခရစ် တော်ဟာ
မြေကြီးပေါ်နှစ်တစ်ထောင်နိုင်ငံတော်ကာလမှာ ကြွလာအုပ်စိုး မည်လို့ယုံကြည်တယ်။
(အားလုံးထမြောက်ခြင်း၊ တရားစီရင်ခြင်းခံကြရ မည့် ကာလကို ညွှန်းကြပါတယ်။)
၎င်းသက်သေတွေဟာ သမားရိုးကျ ဇဝံဂေလိခရစ်ယာန်တွေနဲ့ မတူ၊ ထူးခြားကွဲပြားပြီး၊
သုံးပါးတစ်ဆူအယူ ကို ဘုရားမဲ့လူမျိုးတွေရဲ့ ယုံကြည်ခြင်းဆိုပြီး၊
ငြင်းပယ်ထုတ်ခဲ့ကြပါ တယ်။ သူတို့က ယေရှုကို ဘုရားမဟုတ်၊ ဒါပေမယ့် ဘုရားသားတော့ဖြစ်
တယ်။ ဘုရားသခင်သည်သာလျှင် အစမှာအားလုံးကို ဖန်ဆင်းခဲ့၏။ သန့်ရှင်းသော
ဝိညာဉ်တော်ကိုလည်း ဘုရား၏ စွမ်းအား၊ သို့မဟုတ် ပုဂ္ဂိုလ်မဲ့အင်အားစုဖြစ်တယ်လို့
ယုံကြည်တယ်။
ယေဟောဝါသက်သေတွေဟာ ရန်လိုသောစာအုပ်- ပုံနှိပ်ထုတ် ဝေခြင်းလုပ်ငန်းကို
ဆက်လုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ မဂ္ဂဇင်းစာအုပ်ဖြစ် တဲ့ ‘ကင်းမျှော်စင်’ နဲ့
‘နိုးလော့” စာအုပ်တွေဟာ လစဉ်စာအုပ်(၁ဝ)သန်း ကျော် ထုတ်နိုင်သောကြောင့်၊
အမေရိကန်ပြည်မှာ အများဆုံးထုတ်တဲ့ ဘာသာရေးဂျာနယ်အဖြစ်ပြောလာနိုင်ကြပါတယ်။
ချားလ်တာဇီရပ်ဆဲလ် ကွယ်လွန်တဲ့နောက်၊ ခေါင်းဆောင်သစ်ဂျိုးဇက်အက်ဖ်ရှူသဖို့ဒ်(Joseph
F.Rutherford)ဟာ မစ်ရှင်နည်းသစ်တစ်ရပ်အနေနဲ့ အိမ်ပေါက်အရောက်
မစ်ရှင်လုပ်ခြင်းနှင့်အတူ ‘ကင်းမျှော်စင်’ နှင့်
‘နိုးလော့’ မဂ္ဂဇင်းစာအုပ် တွေကို
အခမဲ့ဖြန့်ဝေပေးခြင်းများ တိုးတက်လုပ်ဆောင်ခဲ့ကြပါတယ်။ သက်သေအသင်းသားတွေတိုင်းဟာ
သူတို့ရဲ့ ယေဟောဝါသက်သေနိုင်ငံ တော်ခန်းမဆီကို တစ်ပတ်လျှင် (၃)ကြိမ်၊
သို့မဟုတ်(၄)ကြိမ်တက်ရောက် ရမည်၊ အိမ်ပေါက်ဝအရောက်မစ်ရှင်ကိုလည်း တစ်ပတ်လျှင်
အနည်းဆုံး (၁ဝ)နာရီ ရောက်ရမည် စသည်ဖြင့် လိုက်နာရန် တိုက်တွန်းခံကြရပါ
တယ်။ယုံကြည်သူတိုင်းသည်ယဇ်ပုရောဟိတ်မျိုးဖြစ်သည်ဆိုတဲ့ ကျမ်းစာ
အယူဝါဒကိုလက်ခံကြတဲ့ ယေဟောဝါသက်သေတွေဟာ ဗတ္တိဇံခံယူခြင်း ကို သာသနာနယ်၌
ဘိသိက်ယူခြင်းလို့ယုံစားတယ်။ ဒါကြောင့် သက်သေ ဝင်တိုင်းက သူတို့ဟာ ယေဟောဝါဘုရားရဲ့
သင်းအုပ်တစ်ယောက်ဖြစ် တယ်ဆိုတဲ့အချက်ကို လက်ခံကြရပါတယ်။ နိုင်ငံတော်ခန်းမထဲ၌ ရက်
သတ္တပတ် အလယ်ရက်အစည်းအဝေးဟာ သာသနာအတွက် သင်တန်း ပေးခြင်း ကဏ္ဍသာဖြစ်ပါတယ်။
ယေဟောဝါသက်သေတွေဟာ မွေးနေ့၊ ခရစ္စမတ်နဲ့ အီစတာနေ့တွေကို ဘုရားမရှိသူတွေရဲ့
အားလပ်ရက်အဖြစ် သတ်မှတ်၍ ငြင်းပယ်လိုက်ပါတယ်။ သွေးလှူဖို့ငြင်းတယ်။ နိုင်ငံ့အလံ
တွေကို အလေးမပြုလိုကြ။ သူတို့၌ ဘုရားသခင်ကိုသာ နာခံရမည်လို့ သီးသန့်ဖြစ်ခြင်းကို
သတိရှိ၍ စောင့်ကြရသောကြောင့် အဘယ်ကတိ သစ္စာကိုမျှမဆိုကြတော့။ ယေဟောဝါသက်သေတွေဟာ
သာသနာထဲမှာ လစာရိက္ခာယူသူ မရှိကြပါဟု ကြွေးကြော်နေသော်လည်း၊ သူတို့ဆီမှာ
ပျမ်းမျှအသင်း (၂၂) ခုလောက်ကို ပတ်လမ်းတစ်ခွင်၊ ဒါမှမဟုတ် ခရိုင် တစ်ခုကို
လှည့်ပတ်၍ ကြည့်ပေးရတဲ့ ‘Overseers’ ကြီးကြပ်သူ၊
သို့မဟုတ် ခရီးလှည့်သင်းအုပ် ဆရာတွေရှိကြပါတယ်။ အဲဒီဆရာတွေက လခစားတွေဖြစ်ကြပါတယ်။
ယေဟောဝါသက်သေများ၌ အစဉ်အလာစွဲ
ဝါဒရေးရာယုံကြည်မှုများတချို့
1။ ယုံကြည်သူတိုင်း၏ယဇ်ပုရောဟိတ်အမျိုးဖြစ်ခြင်း။ လူတိုင်း သည်
သက်သေအသင်းဆီသို့ ခေါ်ယူတော်မူခြင်းခံကြရတယ်။
2။ သေခြင်းအခြေအနေ။ လူသားကိုယ်၌ မသေနိုင်သော ဝိညာဉ်ဆို တာမရှိ။ သေခြင်းဆိုတာ
အိပ်ခြင်းပဲလို့ယုံကြတယ်။
3။ ဆိုးညစ်သူများကို အပြီးအပြတ် ခြေမှုန်းခြင်းကိစ္စ။ ဘုရားသခင် သည်
အပြစ်သားတွေကို ငရဲအထဲမှာ နှစ်သန်းပေါင်းများစွာ ပြင်းစွာ
လောင်ကျွမ်းထားစေမှာမဟုတ်ပါ။ အပြီးသတ်မီးရှို့ ဖျက်ဆီးလိုက် မည်ဖြစ်ပါသည်။
4။ ဗတ္တိဇံသည် လုံးလုံးနစ်မြုပ်လိုက်ခြင်းဖြစ်သည်။
5။ အချိန်နိမိတ်လက္ခဏာ။ ကမ္ဘာ့အခြေအနေသည် အရာရာ အားလုံး၌
အဆုံးပိုင်းရောက်နေသည်မှာ လက်ငင်းဖြစ်နေပြီ။
ယေဟောဝါသက်သေများ၌အဓိကဝါဒရေးရာကွဲလွဲခြင်းနှင့်
ကျမ်းစာအလိုအတိုင်းဖြစ်သင့်သည်များ
၁။ ယေဟောဝါဆိုတဲ့ဘုရားတစ်ပါးတစ်ဆူသာရှိသည်။ ယေရှုသည် ခမည်းတော်ဘုရားသခင်က
လွှတ်လိုက်တဲ့ သာ၍ငယ်သောဘုရားသာ လျှင်ဖြစ်တယ်။ ဒီအယူအဆအမှားကိုပြင်ပေးဖို့
အောက်ပါအချက်များကို မှတ်သားပါ။
က။ ယေရှုဟာ
အပြည့်အဝဘုရားဖြစ်တယ်လို့ ယူရင်ယူ၊ သို့
မဟုတ်ရင်၊ဘုရားလုံးဝမဟုတ်တော့ပါ။(ဟေရှာ
၄၃း၁၀)။
ခ။ ယေဟောဝါဘုရားဆိုတာ
ဘယ်သူလဲ။
ယေဟောဝါဘုရားဆိုတာ - ယေရှုဆိုတာ -
ဘုန်းတော်ထင်ရှား(ဟေရှာ ၄၂း၈) ဘုန်းတော်ထင်ရှား
(မဿဲ၁၆း၂၇)
ဖန်ဆင်းရှင် (ဧဖက် ၃း၉) ဖန်ဆင်းရှင်(ဟေရှာ ၄၀း၂၈)
ရွေးနုတ်သူ (ဟေရှာ ၃၃:၂၂) ရွေးနုတ်သူ (တ
၄း၁၂)
တရားသူကြီး(ဟေရှာ ၃၃း၂၂)တရားသူကြီး(ယော ၅း၂၂)
ဘုရင် (ဟေရှာ ၃၃း၂၂) ဘုရင် (ဗျာ ၁၉း၁၁-၁၆)
ကျောက် (တရား ၃၂း၃,၄) ကျောက် (၁ ကော ၁၀း၄)
အစနှင့်အဆုံး(ဟေရှာ ၄၁း၄) အစနှင့်အဆုံး(ဗျာ ၁:၈-၁၁)
ဂ။ အထက်ပါကျမ်းချက်တွေကို
ကြည့်ရင်၊ ဓမ္မသစ်ကျမ်းစာ
ထဲမှာ
ယေရှုကို ဖေါ်ပြချက်အတိုင်းပဲ၊ ဓမ္မဟောင်းကျမ်း စာထဲမှာ ယေဟောဝါကို ဖေါ်ပြတာဖြစ်နေပါတယ်။ ယေ ဟောဝါဆိုတာ ဘုရားသခင်၏ မိသားစုနာမတော်ပဲ။ ခမည်းတော်ကိုခေါ်ဖို့ အသုံးပြုတာဖြစ်သော်လည်း၊ သား တော်၏ အမှုတော်ကို ပုံဖေါ်ပြောလိုက်တာလဲဖြစ်တယ်။
(တရား
၆း၄) မှာ “ငါတို့၏ဘုရား သခင် (Elohim, plural)
ထာဝရဘုရား
(Jehovah)သည် တစ်ဆူတည်း (Echad)
သော (ပေါင်းစပ် စုစည်းနေသော) ထာဝရဘုရား
(Jehovah) ဖြစ်တော်မူ၏” လို့ ဆိုပါတယ်။
[တစ်ဆူတည်း(Echad) - စကားလုံးသည်
မျိုးတူအရာ
နှစ်ခု
တစ်သားတည်း ရောစပ်နေသည်ကို ညွှန်းပြသော
ပေါင်းစပ်စုစည်းနေခြင်းကို
ဆိုပါသည်။ ဥပမာအားဖြင့်
နေ့နှင့်ညသည်
တစ်ရက်၊ လင်နှင့်မယားသည် တစ်လုံး
တစ်ဝပုံသို့ဖြစ်၏။
ဃ။ ယေရှုဘယ်သူလဲ။
(1) ပုရောဖက်ဟေရှာယ၏သက်သေခံချက်။ (ဟေရှာ ၉း၆)
(2) ကောင်းကင်တမန်၏သက်သေခံချက်။ (မဿဲ ၁း၂၁)
(3) သောမ၏သက်သေခံချက်။ (ယော ၂၀း၂၆-၂၈)
(4) ယုဒလူတို့၏သက်သေခံချက်။ (လု ၅း၂၁၊ ယော ၁၀း၃၃)
(5) ယေရှု၏သက်သေခံချက်။ ‘ငါဖြစ်သည်အတိုင်း ငါဖြစ်၏။’ (ယော ၈း၅၈,၅၉)။ “ငါဖြစ်သည်အတိုင်းငါဖြစ်၏။ I
AM” သည် (ထွက် ၃း၁၄)မှာပြောတဲ့ ကိုယ်တော်တိုင်ရှိပြီး၊ တစ်ပါး
တည်းသော ယေဟောဝါကို ဆိုလိုပါသည်။
(6) ခမည်းတော်ဘုရား၏ သက်သေခံချက်။ (ဟေဗြဲ ၁း၇-၉) ခမည်းတော်ကသားတော်ကို
“အို-ဘုရားသခင်” ဟူ၍ ခေါ်ဆို ၏။
င။ ယေရှုသည်
သားဦးဖြစ်တော်မူ၏။ (ကောလောသဲ ၁း၁၅
နှင့် ဟေဗြဲ ၁း၆ ကို နှိုင်းယှဉ်စဉ်းစားပါ။)
(1) ယေရှုသည် ဝေနေယျသတ္တဝါအပေါင်းတို့တွင် သားဦးဖြစ် တော်မူ၏လို့ဆိုပါတယ်။
ဒါဆို ယေရှုဟာ သေတတ်သူ များ၏ ထမြောက်ခြင်းအထဲက သားဦးဖြစ်ပါသလား၊ မဟုတ်။ (လုကာ
၇း၁၁–၁၅၊ ၈:၄၁,၄၂,၄၉-၅၅။ ယော ၁၁း၃၈-၄၄)
(2) ရှင်းရှင်းပြောရရင်၊ သေတတ်သူများထဲက သားဦးဖြစ်၏ ဆိုတာ ပထမဦးစွာ
ထမြောက်လာသူတစ်ဦးဟူ၍ အဓိ ပ္ပါယ် မဟုတ်ပါ။ သေခြင်းအပေါ်၌ အထူးအခွင့်ထူးခံရ သော
တန်ခိုးနှင့်အတူ ထမြောက်လာသူတစ်ဦး ဟူ၍ အဓိပ္ပါယ် ဖြစ်ပါသည်။
(3) ဒါဝိဒ်ဟာ ယေရှဲသားတွေအထဲမှာ အငယ်ဆုံးဖြစ်တယ်။ သို့သော် သားဦးအရာ၌
ခန့်ထားခံရတယ်လို့ဆို၏။ (ဆာ ၈၉း ၂၀, ၂၇)။
(4) ဂရိစကားလုံး ‘prototokos’ သည်
မျိုးစဉ်စာရင်းအဆင့် ဆင့် အလိုက်မဟုတ်ဘဲ၊ အခွင့်ထူးခံစိတ်နဲ့သားဦးဆိုသော
အဓိပ္ပါယ်ဖြစ်ပါတယ်။ သားဦးဖြစ်ကြောင်းဖေါ်ပြသည်မှာ ယေရှုသည် သားဦးဖြစ်ခြင်း၌
အမှန်အကန်အခွင့်ထူးနှင့် အာဏာကို ရသည်ဟူ၍ နားလည်ယူဖို့ ဖြစ်ပါတယ်။
ရှေးဣသရေလအမျိုး၌ သားဦးဖြစ်သူဟာ ဖခင်ကို ကိုယ် စားပြုရသော အခွင့်ထူးခံရပါတယ်။
ယေရှုဟာ ခမည်း တော်ဘုရားသခင်၏ ဘုန်းတော်ပွင့်ဖို့ ရောက်လာတာ ဖြစ်တယ်။ (ယော ၁၄း၉)။
စ။ ယေရှုသည်
တစ်ပါးတည်းသော - ဖြစ်ဖွါးစေသောသား
ဖြစ်၏။
(ယော ၃း၁၆)ထဲမှာ ဂရိစကားလုံး Monogenes
ရဲ့ အဓိပ္ပါယ်သည် “တစ်မျိုးထဲကတစ်ယောက်တည်း”၊ သို့မဟုတ် “အတုအပ မရှိ၊ တစ်ယောက်တည်း” ဟူ၍ ဖြစ်ပါတယ်။ ယေရှုဟာ ဖန်ဆင်း ခြင်းအားလုံးအထဲက
‘အတုမရှိ တစ်ပါးတည်း’ ဖြစ်ပါတယ်။
ကိုယ်တော်ဟာ
‘တစ်မျိုးထဲက တစ်ယောက်တည်းသော’၊ ဘုရား သခင် ၏ ဘုရားဖြစ်သော ဘုရားသားဖြစ်ပါတယ်။ ကျွန်ုပ်တို့၏
အထဲကိုရောက်လာတဲ့
လူ့အသွေးအသားနှင့် နေထိုင်လာ သော၊ ခမည်းတော်ဘုရားကို ဖွင့်ပြသော၊ တစ်ပါးတည်း သော ထာဝရ ကိုယ်တော်ဖြစ်ပါတယ်။
ဆ။ ဘုရားသခင်ဖန်ဆင်းခြင်း၌အစပြုခဲ့သော-
ယေရှု။
(1) ဘုရားသခင်ဖန်ဆင်းခြင်း၌အစပြုသည်ကို-ယင်းအတွက် ဂရိစကားလုံး Arche ကိုသုံးပါသည်။ ယေရှုသည် အစပြု သူ- သို့မဟုတ် ဘုရားသခင်ဖန်ဆင်းခြင်း၌
မူရင်းအစဖြစ် တယ်။
(2) ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူ၏။ (ယော ၁း၃)။
(3) ထိုသခင်အားဖြင့် -ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်း လျက်ဖြစ်ကြ၏။ (ကော ၁း၁၆,၁၇။ ဟေဗြဲ ၁၁း၃)။
၂။ ခရစ်တော်သည် ပညတ်တရားပြည့်စုံရာဖြစ်သည်။
(ကျမ်းချက်ဖတ်ကြည့်ရန်။ မဿဲ ၅း၁၇။ ယော ၁၄း၁၅။ ရောမ ၆း၁၃,၁၄။ ၃:၂၈-၃၁။ ဆာလံ ၄၀း၈။ ဟေဗြဲ စ၊၁၀။ ၁ယော ၂း၃- ၆။ ယာကုပ် ၂း၁၀-၁၇)။
၃။ ခရစ်တော်၏ကိုယ်တိုင်ထင်ရှားခြင်းကို ၁၉၁၄ ခုနှစ်တွင်ဝိညာဉ် ရေးရာ ဒုတိယအကြိမ် ကြွလာပြီးဖြစ်ကြောင်းဖြင့် ဖွင့်ဆိုခဲ့ကြ သည်။ Parousia ဆိုတဲ့စကားလုံးကို
ယေရှုမျက်မြင်မရရှိနေခြင်း ဟု အဓိပ္ပါယ်ကောက်ယူဖေါ်ပြကြပါတယ်။
မှတ်ချက်။ ယေဟောဝါသက်သေတို့၏ ‘တရားသူကြီး’
ရူသာဖို့ဒ်ရဲ့ခေါင်းဆောင်မှုအောက်၌ သက်သေအသင်းဝင်တွေကို ဟေဗြဲ- ၁၁ ၌ဖေါ်ပြသော၊ ကျမ်းစာပုရောဖက်များဖြစ်ကြသော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ဟာ ၁၉၁၄ ခုနှစ်အတွင်းမှာ ကျမ်းစာအလိုတော်
“မင်းတို့ရဲ့အိမ်” ၌ ထမြောက်ဝင်ရောက်ခဲ့ပြီးဖြစ်တယ်လို့သွန်သင်ပေးလာပါတယ်။
အမှန်တော့ ဒါကို ၁၉၂၅ ခုနှစ်မှာဖြစ်ခဲ့တယ်လို့
ကြေညာလိုက်ပြီး၊ “ယခုသန်းပေါင်းများစွာသော သူတွေ ဘယ်တော့မျှမသေရတော့ဘူး (millions
Now Living will Never Die)” ဆိုတဲ့စာအုပ်လည်း
ထုတ်ဝေခဲ့တယ်။ သမိုင်းခေတ်
တစ်လျှောက်မှာလည်း သူတို့တစ်တွေဟာ အာမဂေဒုန်ဆိုတဲ့နောက်ဆုံး ကာလစစ်ပွဲနဲ့
ခရစ်တော်ဘုန်းထင်ရှားရောက်လာမည်ဆိုတာကို ရက်စွဲတွေအကြိမ်ကြိမ် နိမိတ်ချပေး နေခဲ့ကြပါတယ်။ (ဒါက သူတို့ပြောထားတဲ့ ခရစ်တော်ဟာ သူ့ နိုင်ငံတော်ကို Parousia သို့မဟုတ်
မျက်မြင်မရအုပ်စိုးရောက်ရှိနေပြီဆိုတဲ့အပြောနဲ့ မညီဘူးဖြစ်လာပါတယ်)။ ၁၉၇၅ ခုနှစ် ရောက်တဲ့အထိပါပဲ၊ သူတို့ဟာ အထင်ကရ
အာမဂေဒုန်စစ်ပွဲအဲဒီနှစ်မှာဖြစ်လိမ့်မယ်လို့ သွန်သင်ပေးနေခဲ့ကြပါတယ်။ [၁၉၆၈ ခု၊ အောက်တိုဘာလ(၈)ရက်နေ့ထုတ် ‘နိုးလော့’
မဂ္ဂဇင်းထဲမှာ ‘၁၉၇၅ ခုနှစ်ကမ္ဘာကုန်ဆုံးမည့်ပုံစံပြ
ဇယားချပ်’ကို ထုတ်ပြန် ထားပါတယ်။]
Parousia စကားလုံး၏အဓိပ္ပါယ်။ လက်သုံးဂရိစကားလုံး Parousia ဟာ လူပုဂ္ဂိုလ်ဆိုက်ရောက်ခြင်း၊ ဒါမှမဟုတ် လူတစ် ယောက် ထင်ရှားပြခြင်းအတွက် အသုံးပြုဖေါ်ပြကြပါတယ်။ သမ္မာကျမ်းစာထဲမှာ မျက်မြင်မရရောက်ခြင်းရှိတယ်လို့ ဘယ်တုန်းကမျှပြောတာ
မရှိပါ။ (မဿဲ ၂၄း၃)။
က။ (၁ ကော ၁၆း၁၇) - သတေဖန်ရောက်လာတယ် (Parousia) လို့ ဒီစကားလုံးသုံးခဲ့တာ
တကယ်ရောက်လာတာ၊ အထင်ကရ ဖြစ်ခဲ့တာတစ်ခုပါပဲ။
ခ။ (၂ပေ ၁း၁၆) - ယေရှုကြွလာတော်မူတယ်(Parousia)လို့
ဒီစကားလုံးသုံးခဲ့တာ အထင်ကရနဲ့ ကိုယ်တော်တိုင်
ရောက်လာတော်မူတဲ့အဖြစ်မှန်ကိုပြောတာပါပဲ။
ဂ။
(လုကာ ၂၄း၃၆-၄၃,၅၁) - ယေရှုသည် ဘုန်းထင်ရှား
သော ကိုယ်ခန္ဓာနဲ့ထမြောက်၍ ကောင်းကင်သို့ တက်ကြွ တော်မူခဲ့တယ်။ ထိုနည်းအတိုင်းပဲ
ကိုယ်တော်ပြန် ကြွ ဆင်းလာပါလိမ့်မည်။
၄။
ယေရှုဘယ်လိုပြန်ကြွလာမလဲဆိုတာကို ဖွင့်ပြကြတယ်။
(ကျမ်းချက်ဖတ်ကြည့်ရန်။ မဿဲ ၂၄း၂၇။ ၁သက် ၄း၁၆-၁၇။ ဆာလံ
၅၀း၃။ ဗျာ ၁း၇။ မဿဲ ၂၄း၃၀။ ၁၆း၂၇,၂၈။ ၁၃း၂၄-၃ဝ) ယေရှုပြန်ကြွလာတဲ့အခါ ကမ္ဘာကြီး လုံးဝပျက်သုန်းလိမ့်မည်ဟု
ကျွန်ုပ်တို့သိကြရမည်။ (၂ပေ ၃း၁၀။ ၂သက် ၁း၇-၉) ယေရှု ပြန် ကြွလာတဲ့အခါ
ထမြောက်ခြင်းဖြစ်လိမ့်မယ်။ (၁ကော ၁၅း၅၁-၅၄)။
၅။
ဖန်ဆင်းခြင်းရက်များသည် နှစ်ပေါင်း(၇,၀၀၀)စီကြာခဲ့သည်။
က။
ရက်နေ့၏ ဟေဗြဲဘာသာစကားမှာ Yom ဖြစ်သည်။
ရက် ကို သတ်မှတ်လျှင် ပထမနေ့၊ ဒုတိယနေ့၊ တတိယနေ့ စသည်ဖြင့် နံပါတ်စဉ်တပ်၍
ပြောကြတယ်။ ဟေဗြဲ ဘာသာသဒ္ဒါစည်းကမ်းအရ ရက်တစ်ရက်ကို (၂၄)နာရီ ကာလ သတ်မှတ်ပါတယ်။
ခ။
(ဆာလံ ၃၃း၆,၉)နှင့် (ဟေဗြဲ ၁၁း၃)
ကျမ်းချက်တို့အရ ဖန်ဆင်းခြင်းဟာ ရုတ်ခြည်းဖြစ်ပေါ်လာတာဖြစ်တယ်။
နှစ်ထောင်ပေါင်းချီကြာအောင် ဖြစ်ပျက်ပြောင်းလဲလာ ခြင်းတစ်ခုမဟုတ်ပါဘူး။
ဂ။
တကယ်လို့ ဖန်ဆင်းခြင်းရက်နေ့တစ်ရက်ဟာ နှစ် (၇,ဝဝဝ)ကြာခဲ့တယ်ဆိုရင်၊
ဖန်ဆင်းတဲ့ရက်တစ်ရက်ကို အလင်းပိုင်းနဲ့အမှောင်ပိုင်းရယ်လို့ ကာလတူညီ သတ်
မှတ်ခဲ့တာဖြစ်လို့၊ အမှောင်ကာလ နှစ်(၃,၅ဝဝ)နဲ့ အလင်းကာလ
နှစ်ပေါင်း(၃,၅ဝဝ)ရှိနေလိမ့်မယ်။ အကျိုး ဆက်ကိုကြည့်ရင်၊
အားလုံးသော သစ်ပင်တွေနဲ့တိရစ္ဆာန် တွေရဲ့အသက်ဟာ အမှောင်ကာလနှစ်ရှည်အတွင်းမှာ
အလင်းရောင်မရဘဲနဲ့၊ ဖန်ဆင်းခြင်းရက်သတ္တပတ် (၇) ရက်လည်းပြီးဆုံးရော
အကုန်လုံးသေကုန်ရပါလိမ့်မယ်။
ဃ။
ပညတ်တော်က ရှင်းရှင်းလင်းလင်းညွှန်ပြောခဲ့တာ ဖန် ဆင်းခြင်းသည်
(၂၄)နာရီအချိန်ရက်(၇)ရက်နဲ့ ဖန်ဆင်းခဲ့ ကြောင်း ယေဟောဝါဘုရား ကိုယ်တိုင်
ကြေညာခဲ့ပါ တယ်။ (ထွက် ၂၀း၁၁)။
ယေဟောဝါသက်သေတို့နှင့်တွေ့ ရာ၌အကြံပြုချက်များ
1။ ပြောနေကြတာအားလုံးဟာ ကျမ်းစာထဲကပဲ တိုက်ရိုက်ဖြစ်ရမယ် လို့
အခိုင်အမာပြောထားပါ။ (ယော ၁၇း၁၇)။
2။ ခေါင်းစဉ်တစ်ခုတည်းကို ရွေးပါ။ ခေါင်းစဉ်တစ်ခုတည်းကိုပဲ ဆွေး
နွေးဖို့ဦးတည်ပါ။
3။ သူတို့ကို သူတို့အနက်ဖွင့်ချက်တင်ပြဖို့ မိနစ် (၃၀) အချိန်အခွင့်
အရေးပေးပါ။
4။ သင့်အလှည့်မှာ မေးခွန်းထုတ်မေးပြီးတော့ သင့်အမြင်ကို မိနစ် (၃၀) အချိန်ယူ
ထုတ်ပြောပြပါ။ ဒီလိုလုပ်တာဟာ ခေါင်းစဉ်ကို ဟိုကျော်-ဒီကျော်လုပ်တာထက်
အကြောင်းအရာတစ်ခုအပေါ် လေ့ လာတဲ့အတွေးအမြင် အပြည့်အဝကွင်းဆက်မိအောင် သိလာမယ်။
5။ သုံးပါးတစ်ဆူခေါင်းစဉ်နဲ့အစပြု မဆွေးနွေးပါနှင့်။ ယေရှု ဘယ်သူ
လဲဆိုတာမျိုးလို၊ ခရစ်တော်ဒုတိယကြွလာခြင်း၊ ဒါမှမဟုတ် ဖန် ဆင်းခြင်းစတဲ့
အကြောင်းအရာတစ်ခုခုကို ရွေးချယ်ပါ။
6။ လူတွေ အချင်းချင်းငြိမ်သက်ခြင်းဟာ ယေရှုကိုသိခြင်းမှ ရောက် လာတယ်ဆိုတာကို
အလွန်အလေးအနက်ထား ပြောဆိုပေးပါ။ ယေဟောဝါသက်သေတွေဟာ ပညတ်တရားအနှောင်အဖွဲ့အောက်
မှာရှိနေကြတာကြောင့်၊ ဧဝံဂေလိ သတင်းကောင်းသည် အမှန် အဖြေပေးပါလိမ့်မည်။
အခန်း - ၇၃
ဂျူး (Jews)
ထာဝရဘုရားသခင်၏စိတ်တော်သည် ဂျူးနိုင်ငံကိုမျှော်ပါတယ်။
ယေရုရှလင်ဟာ ကိုယ်တော်ငိုကြွေးပေးခဲ့ရတဲ့မြို့ဖြစ်တယ်။ (လုကာ ၁၉း၄၁)။
ဓမ္မဟောင်းကျမ်းစာထဲမှာ ဂျူးနိုင်ငံအတွက် ကောင်းချီး မင်္ဂလာ
နဲ့ကျိန်ခြင်းအမင်္ဂလာ နှစ်ခုစလုံးပါတဲ့ကတိတော်နဲ့ ပြည့်နေပါတယ်။ (တရား-၂၈)။ ကျမ်းစာတစ်အုပ်လုံးမှာနာခံခြင်းဟာ
အလျှံပယ်ကြွယ်ဝ မယ်၊ မနာခံလျှင် သူတို့လူတွေ ပြန့်ကျဲထွက်ပြီး၊ အနှိပ်စက်ခံရ၊
အနာခံ- သေကြရမယ်ဆိုတာအဖြေထွက်ပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့အနှစ် (၂,ဝဝဝ) လောက်က ယေရှုဟာ
သူ့လူတွေဆီရောက်လာသော်လည်း သူ့လူတွေက လက်ခံလိုစိတ်မရှိခဲ့ပါဘူး။ (ယော ၁း၁)။
မေရှိရောက်လာတာကို ငြင်းပယ် ထုတ်ခဲ့တဲ့ ဂျူးခေါင်းဆောင်တွေဟာ လူမျိုးတော်ရဲ့
ကြမ္မာကိုဖန်တီးယူ လိုက်တာပါပဲ။ သူတို့လုပ်တဲ့ ဒုစရိုက်များက ခွက်ဖလားအပြည့်ပါပဲ။
ဘုရားသခင်ဟာ ခရစ်ယာန်အသင်းတော်ကို ကိုယ်တော်ရဲ့ဣသရေလ လူသစ်အနေနဲ့
ထူထောင်ပေးလိုက်ပါတယ်။ မေတ္တာနဲ့ အပြစ်လွှတ်ခြင်း ဆိုင်ရာ ဧဝံဂေလိသတင်းကောင်းကို
ကမ္ဘာလောကကြီးအားကြားပြော ရန် ယနေ့ယဇ်ပုရောဟိတ်အလားတူဆရာများရဲ့
ဘုရားသခင့်နိုင်ငံတော် ဖြစ်လာပါတယ်။ (ဒံ ၉း၂၃-၂၇။ မဿဲ ၂၃း၃၇-၃၈)။ ဣသရေလလူမျိုး
တွေဟာ ဘုရားသခင့်မေတ္တာတော်ကို ငြင်းပယ်၍ ကိုယ်တော်တရားဝင် ရွေးကောက် လိုက်တဲ့လူတွေနဲ့လည်း
အပေါင်းအသင်း မပြုလုပ်ကြသော် လည်း၊ တစ်နေ့ကျရင် ဂျူးလူမျိုးအမြောက်အမြားဟာ
ဘုရားသခင်၏ နောက်ဆုံးနေ့သတင်းစကားကို လက်ခံလာကြလိမ့်မယ်လို့ ကြိုတင်
ဟောကိန်းထုတ်ခဲ့ပါတယ်။ (ရောမ ၁၁း၂၃,၂၄)။ ဘုရားသခင် ၏
မျက်မှောက်တော်အောက်မှာ အသင်းတော်သည် ကိုယ်တော်၏ ဝိညာဉ် ရေးဣသရေလဖြစ်ပါတယ်။
ခရစ်တော်နှင့်သမ္မာတရားကို လက်ခံလိုက် ကြတဲ့လူတိုင်းဟာ အာဗြဟံကို ဘုရားပေးလိုက်တဲ့
ကတိတော်အရ ဂျူးတွေ ဖြစ်လာကြပါတယ်။ (ဂလာ ၃း၂၇-၂၉)။ ဆရာမကြီးအယ်လင် ဝှိုက်(Ellen
White) ကလည်း ဂျူးလူမျိုးများစွာဟာ ခရစ်တော်ကို လက်ခံ
ပြီးလျှင်၊ ကိုယ်တော်ပြန်ကြွလာခြင်းအတွက် လောကကို ကူညီ ပြင်ဆင် ပေးကြလိမ့်မယ်လို့
ဟောကိန်းထုတ်ပေးခဲ့ပါတယ်။
“ဂျူးတွေအထဲက လူအမြောက်အမြား
ပြောင်းလဲရောက်လာကြ လိမ့်မယ်။ အဲဒီပြောင်းလဲရောက်လာသူတွေဟာ သခင်ဘုရားရဲ့ လမ်းခရီး
ကိုပြင်ဆင်ရန် အကူအညီပေးကြလိမ့်မယ်။ သဲကန္တာရထဲ၌ ဘုရားသခင် အဖို့လမ်းမကြီးကို
ဖြောင့်တန်းစေကြပါလိမ့်မည်။”
(Evangelism, p.574)
ဗျာဒိတ်အခန်းကြီး(၁၈)က ကောင်းကင်တမန်သည် ကျယ်သော
အသံနှင့်ကြွေးကြော်လာလျှင်၊ ဧဝံဂေလိသတင်းကို ခရစ်တော်၏ အသင်း တော်များက
ဟောပြောအသက်ရှင်နေထိုင်ခြင်းအားဖြင့် လောကကြီး လင်းထိန်တောက်ပလာပါမည်။ ထိုအခါ
ပင်တေကုတ္တေနေ့မှာကဲ့သို့ ဂျူး ထောင်ပေါင်းများစွာ ပြောင်းလဲလာကြလိမ့်မည်။
ယခုပင်လျှင် ကျွန်ုပ်တို့ ၏အိမ်နီးချင်းဂျူးတွေဆီသို့ ကျွန်ုပ်တို့၌ရှိသော
ဘုရားသခင်၏ မေတ္တာ စိတ်နှင့် ကြင်နာစွာသွားရောက်ဝေမျှပေးဖို့ အချိန်ရောက်လာပါပြီ။
ရှေးဟောင်းဂျူးသမိုင်းကြောင်းအရ အဓိကအမှန်တရား
1။ အာဗြဟံ - ဘုရားသခင်၏လူတွေရဲ့ဝိညာဉ်ဖခင်တစ်ယောက်ဖြစ်ဖို့
ခေါ်ယူတော်မူခြင်းခံရ၏။ (၂,၀၀၀ ဘီစီ) (က ၁၂း၁-၉)။
2။ အဲဂုတ္တုပြည်၌ကျွန်ခံရခြင်း။ (ခန့်မှန်း ၁၈၇၅ B.Cမှ ၁၄၄၅ B.C) (နှစ်ပါင်း ၄၃ဝ) (ထွက် ၁၂:၄၀၊
ဂလာတိ ၃း၁၇)။
3။ မောရှေ - အဲဂုတ္တုပြည်မှ ဣသရေလလူမျိုးများကို ဦးဆောင် ခေါ် ထုတ်လာသူ (
ဘီစီ ၁၅ ရာစု)
4။ ဒါဝိဒ် - ဣသရေလတို့ရဲ့ ဘုန်းအကြီးဆုံးကာလ။ ဒါဝိဒ်နိုင်ငံတော်
အချိန်အတွင်းမှာ ဘုရားသခင်၏ဗိမာန်တော်ဆောက်ဖို စီစဉ်ခဲ့တာ ကို
သားတော်ဘုရင်ရှောလမုန်က ပြီးစီးစေခဲ့သည်။ (ဘီစီ ၁,ဝဝဝ)
5။ နေဗုခဒ်နေဇာဘုရင် - ယေရုရှလင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး၊
ဉာဏ်ကောင်းသောဟေဗြဲလူများစွာကို ဖမ်းဆီးခေါ်ဆောင်သွားရာ တွင်၊ ဒံယေလအပါအဝင်
လူငယ်များစွာပါသွားသည်။ (၆၀၅ ဘီစီ)
6။ ကုရုမင်း - ဗာဗုလုန်တို့ကို တိုက်ခိုက်အောင်နိုင်၍ ဣသရေလ
လူမျိုးတို့ကိုလွှတ်ပေးခဲ့သည်။ (၅၃၈ ဘီစီ)
7။ ဗာဗုလုန်တိုင်းပြည်၌ ဖမ်းချုပ်ထားခံရချိန်၊ (၆၀၅ ဘီစီ မှ ၅၃၅ ဘီစီ) (ဒံ
၉း၁-၂။ ၆ရာ ၃၆း၂၁)။
8။ ယေရုရှလင်မြို့ ဖျက်ဆီးခံရခြင်း။ ရောမဘုရင်တိတု Titus (၇၀ အေဒီ)
ယနေ့ကာလ ဂျူးရဟူဒီဘာသာရေး
ယနေ့ဂျူးရဟူဒီတွေဟာ အဓိကအုပ်စုကြီးလေးစု ကွဲနေပါတယ်။
1။ လောကဂျူးများ - မကြာမကြာ ဘုရားတရားမဲ့အမြင်တွေ ရှိကြ တယ်။ လူမျိုးဓလေ့အရ
မွေးဖွါးဆင်းသက်လာတဲ့ ဂျူးလူမျိုးတွေ ဖြစ်ကြတယ်။
2။ သဘောကောင်း/ပြန်လည်ပြင်ဆင်ရေးဝါဒီဂျူးများ - ဥပုသ်နေ့ကို စောင့်ခြင်းအမှု၌
ကျမ်းစာအမြင်ကျယ်ကြသူတွေဖြစ်တယ်။ ဓလေ့ ဘာသာအားလပ်ရက်များကို နာခံကြပြီးတော့၊
များသောအားဖြင့် ဂျူးတွေပညတ်တဲ့ အစားအသောက်ပညတ်များကို စောင့်ရှောက် ခြင်း
မလုပ်လိုကြ။
3။ ရှေးရိုးစွဲဝါဒီ ဂျူးတွေ - ဂျူးရဟူဒီဘာသာရေး၏ နှစ်ရာပေါင်းများစွာ
ကဟောင်းသောဓလေ့များအစား၊ ခေတ်ပြိုင်လူ့အဖွဲ့အစည်းအတွင်း မှာ ဂျူးတို့ဘဝအထဲရှိ
ခေတ်မီအမြင်တွေနဲ့ ထိန်းသိမ်းစောင့်ရှောက် နေထိုင်ကြရန် အလေးအနက်ထားကြပါတယ်။
4။ အော်သိုဒေါ့ဂျူးရဟူဒီများ - ပိုကဲစွာ တိကျလိုသူတွေ၊ အစား အသောက်၊
အဝတ်အစား၊ ဥပုသ်နေ့စောင့်ခြင်း၊ ဂျူးတွေရဲ့ယဇ် ပွဲတွေကို ဆက်လုပ်နေကြဖို့
အလွန်ရှေးရိုးစွဲ ရှိကြသူတွေဖြစ် ကြတယ်။ တချို့သူတွေမှာ
ဇီယွန်ဝါဒစိတ်ကြီးဝင်နေကြပါတယ်။
ဂျူးတို့၌အစဉ်အလာစွဲ ဝါဒရေးရာအမှန်တရားတချို့
1။ ကျန်းမာသောအသက်ရှင်နေထိုင်ခြင်း။
2။ သေခြင်းနှင့်ပတ်သက်၍ နားလည်ခံယူခြင်း။
3။ ဓမ္မဟောင်းကျမ်းစာကို တန်ဖိုးထားခံယူခြင်း။
4။ သတ္တမနေ့၊ ဥပုသ်နေ့ကိုစောင့်ခြင်း။
5။ မေရှိရောက်လာမည်ဆိုသည်ကို ယုံကြည်ခြင်း။
ဂျူးများကို ချဉ်းကပ်နိုင်သည့်အလားအလာ
1။ မိတ်ဖြစ်-ဆွေဖြစ်အလုပ်ကို တိုးတက်ဆောင်ရွက်ပါ။ ဂျူးယဉ်ကျေး
မှုနှင့်သမိုင်းရေးကို တန်ဖိုးထားကြာင်း ဖွင့်ပြောပါ။ ရှေးဟေဗြဲလူ ပုရောဖက်တွေဟာ
ဘုရားသခင် နှိုးဆော်ခြင်းခံရတာမှန်ကြောင်း၊ သင်ရဲ့အခိုင်အမာယုံကြည်မှုကို
ဝေမျှပြောဆိုပါ။
2။ သင့်ရဲ့ဂျူးမိတ်ဆွေတွေနဲ့ လူမျိုးအပေါင်းကို “အသွေးတစ်ပါး” အောက်၌
ဘုရားသခင်ဖန်ဆင်းခဲ့သည်ကို သင်ယုံကြည်ကြောင်း ဆွေးနွေးပြောဆိုပါ။
ခရစ်ယာန်များနှင့် ဂျူးတွေဟာ အာဗြဟံ၏ အမျိုးအနွယ်တွေဖြစ်ကြပါတယ်။
3။ သတ္တမနေ့မြော်လင့်ခြင်းအသင်းသားတွေဟာ သူတို့ကို သူတို့ဝိညာဉ်
ဂျူးလူတွေဖြစ်ကြတယ်လို့ ယုံကြကြောင်းကို ပွင့်လင်းသော အတွေး နှင့်ထုတ်ပြောပြပါ။
ကျွန်ုပ်တို့ဟာ ဓမ္မဟောင်းကျမ်းထဲက အစား အသောက်ပညတ်တွေနဲ့
ကျမ်းစာအလိုတော်ဥပုသ်နေ့စောင့်ခြင်းကို လက်ခံကြပါတယ်။
4။ သင်အလည်အပတ်ရောက်စဉ် ယခင်က သဘောတူထားတဲ့ အချက် တွေကို သာလျှင်
ဆွေးနွေးပေးပါ။ ကျွန်ုပ်တို့ရဲ့ မိတ်ဆွေဂျူးတွေဟာ အထောက်အကူဖြစ်စေတဲ့စာအုပ်စာပေတွေ
ဖတ်တာကို တန်ဖိုး ထားတတ်ကြပါတယ်။ အထူးသဖြင့် အထောက်အကူဖြစ်စေတဲ့
စာအုပ်တွေရှိပါတယ်။ ပေးဖတ်ပါ။ Free the Captor (John Weidner),
Israel's Pre-existent Messiah and Daniel 's Prophetic Jig-saw Puzzle ( Robert
Odom), The Quest of a Jew ( Samuel Jacobson), The Almost Forgotten Day (Mark A.
Finley) & Patriarchs and Prophets, Prophets and Kings (Ellen G.
White) တိုရဲ့စာအုပ်တွေပေးဖတ်ပါ။
5။ သင့်ရဲ့မိတ်ဆွေ ဂျူးတွေကို ‘သက်ရှင်လေရှုအစီအမံ’နဲ့ ‘ဆေးလိပ် ဖြတ်စို့’
စည်းဝေးသင်တန်းနှင့် အာဟာရဗေဒအခန်းစဉ်များနဲ့ သက်
သတ်လွတ်ချက်ပြုတ်ကျောင်းတို့ဆီကို ဖိတ်ခေါ်လိုက်ပါ။
6။ ကျန်းမာရေးအစီအစဉ်တွေဟာ လူတွေရဲ့ အစွဲအလမ်းတွေကို ဖြတ် တောက်ဖို့
အလွန်ထိရောက်တဲ့ပွဲတွေဖြစ်ပါတယ်။ သင့်ဂျူးမိတ်ဆွေ တွေနဲ့ ဘာသာရေးဆွေးနွေးခြင်းအထဲ
အမှန်ရောက်နေပြီလို့ထင်ရင်၊ အောက်ပါမေးခွန်းတွေနဲ့ ဆွေးနွေးပါ။
က။
သင့်ထင်မြင်ချက်အရ၊ ကျမ်းစာထဲမှာ ဣသရေလလူမျိုး
တော်တွေကြီးပွါးအောင်မြင်ခဲ့တာဘာအကြောင်းကြောင့် လဲလို့ မေးကြည့်ပါ။ အဲဂုတ္တုမှာ
ကျွန်ခံခဲ့ရတာ၊ ဗာဗုလုန် ဆီ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတာ၊ ယေရုရှလင် မြို့ပျက်
စီးခြင်း အကြောင်းတွေကို ဘုရားဘာကြောင့် အခွင့်ပေးခဲ့ သလဲလို့မေးပါ။ (တရား-၁၈နဲ့
ယေရမိ -၁၇ စသည့် ကျမ်းစာ အခန်းကြီးများဖတ်ပါ)
ခ။
ဟေရှာယအနာဂတ္တိကျမ်းအခန်းကြီး(၅၃)မှာ ပုရောဖက် ဟေရှာယပြောတဲ့သူဟာ
ဘယ်သူလဲ။ ဟေရှာယအခန်း ကြီး (၅၃)ကို သင့်ဂျူးမိတ်ဆွေနဲ့အတူ အသံကျယ်ကျယ် ဖတ်ကြည့်ပါ။
ဂ။
ဓမ္မဟောင်းကျမ်းထဲက မေရှိပေါ်မည့်ပုရောဖက်ပြုချက်
အကြောင်းကို (ဒံ ၉း ၂၃-၂၇။ မိက္ခာ ၅း၂။ ဟေရှာ ၉း၆။ ၇း၁၄။
ဆာလံ ၂၂)နှင့် (က ၄၉း၁၀)တို့မှာ ဆန်းစစ်ခြင်း ဖြင့် အတူလေ့လာကြပါ။
ဃ။
သင့်သက်သေခံချက် ဝေမျှတဲ့အထဲမှာ ငြိမ်သက်ခြင်း၊
အပြစ်ခွင့်လွှတ်ခြင်း၊ ပြစ်ဒဏ်ကျခံရခြင်းမှ လွတ်ခြင်းနဲ့ အတူ သင့်ကို
ယေရှုပေးတဲ့ကယ်တင်ခြင်း စိတ်ချရမှု အကြောင်းတွေကို ပြောပြပေးပါ။
င။
ဒံယေလအနာဂတ္တိကျမ်းထဲက ရှေးကာလပုရောဖက်ပြု ချက်များအကြောင်း
စနစ်တကျလေ့လာခြင်း သင်တန်း လုပ်တဲ့အခါ သင့်ဂျူးမိတ်ဆွေကို ဖိတ်ခေါ်တက်ရောက် စေပါ။
ခရစ်ယာန်များစွာဟာ ဂျူးတွေနဲ့ ဆက်ဆံရေးထူထောင်တဲ့အခါ
ခက်ခဲခြင်းကြုံကြရပါတယ်။ အထက်ပါဖေါ်ပြထားတဲ့ လိုရင်းအချက်တွေ နဲ့ လေ့လာသွားရင်၊
သင့်ဂျူးမိတ်ဆွေတွေနဲ့ဆက်ဆံရတာ ဆု-အကျိုး ခံစားရကြောင်း သင်တွေ့ မြင်လာပါလိမ့်မယ်။
အခန်း - ၇၄
လူသရင် (Lutherans)
လူသရင်တွေဟာ (၁၆)ရာစုနှစ်မှာ ကာသိုလစ်ထဲက ခွဲထွက်
ကြီးထွားလာတာဖြစ်ပါတယ်။ မာတင်လူသာဆိုသူရဲ့ အားကောင်းသော သွန်သင်ခြင်းတွေဟာ
သူ့ကိုထောက်ခံအားပေးတဲ့ ဂျာမဏီနိုင်ငံမင်းသား များ၏အာဏာအားဖြင့် ထိုစဉ်က
ဩဇာရှိနေသောရောမမြို့က ပုပ်ရဟန်း မင်း၏အောက်မှ အဓိက ခွဲထွက်လာနိုင်ခဲ့ပါတယ်။
လူသာရင်ဟာ ဓလေ့ ထုံးစံအပေါ်မှာ ဘုရားနှုတ်ကပတ်တော်၏ဩဇာလွှမ်းမိုးခြင်းကို ယုံကြည်
သူဖြစ်တယ်။ သူကကျေးဇူးတော်ကြောင့် ခရစ်တော်၌သာလျှင် ကယ်တင်ခြင်းရခြင်း၊
ယုံကြည်သူတိုင်း၏ ယဇ်ပုရော ဟိတ်ဖြစ်ခြင်း၊ ဘုရားသခင်၏ အခမဲ့ပေးသောဆုကိုမရဘဲ၊
လူသားတို့၌အပြစ်နှင့် မွေးဖွား ရောက်လာ၍ ပျောက်ဆုံးနေခြင်း စသည်တို့ကို
အလေးအနက်ထား သွန်သင်ပါတယ်။ လူသာရင်ဟာ ခရစ်တော်ဒုတိယအကြိမ် ကြွလာခြင်း
တစ်ရပ်လုံးကို ကယ်တင်ရန်ရောက်လာခြင်းဟူ၍ မြင်ပါတယ်။ လူသားမျိုးနွယ်တွေဟာ
သူတို့ကိုယ်တိုင်အားဖြင့် ဘာမျှ လုပ်ယူလို့မရကြောင်း မြင်ပါတယ်။ လူသာရင်ဟာ ဓမ္မသစ်ကျမ်းကို
၁၅၂၂ ခုနှစ်တွင်လည်း ကောင်း၊ ဓမ္မဟောင်းကျမ်းကို ၁၅၃၄ ခုနှစ်တွင်လည်းကောင်း
ဘာသာပြန် ထုတ်ဝေခဲ့ရာ၊ ဂျာမဏီနိုင်ငံတစ်လွှား၌ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ခဲ့
သောကြောင့်၊ အလွန်အောင်မြင်ပြီး အရောင်းရအကောင်းဆုံးစာအုပ် တစ်အုပ်ဖြစ်ခဲ့ပါတယ်။
မာတင်လူသာဟာ အိမ်ထောင်မပြုတဲ့ဗြဟ္မစရိယ အကျင့်ရှိဘုန်းကြီးဝါဒကို
ကျမ်းစာထဲမှာဖေါ်ပြတာမတွေ့ရဟုဆို၍ ဓလေ့ထုံးတမ်းဝါဒနဲ့ အဆက်ဖြတ်ပြီး၊
သူကိုယ်တိုင်သီလရှင်ထွက် အမျိုးသမီး တစ်ယောက်နှင့် လက်ထပ်ပေါင်းသင်းခဲ့ပါတယ်။
သူ့စိတ်ထဲမှာ ဘုရား နှုတ်ကပတ်တော်သည် ယုံကြည်မှုနှင့်အယူဝါဒအပေါ်၌
နောက်ဆုံးအစိုးပိုင်ခြင်းရှိတယ်ဆိုတာကို ကြွေးကြော်လိုသော ဆန္ဒပြင်းပြလျက်ရှိပါ
တယ်။ ယနေ့ကာလအမေရိကန်နိုင်ငံထဲမှာ လူသာရင် အသင်းကွဲ (၁၀)ခု ကျော်ရှိနေပြီး၊
အသင်းသားပေါင်း(၁ဝ)သန်းနီးပါး ရှိနေပါတယ်။ ဖြတ် သန်းလာတဲ့နှစ်များတစ်လျှောက်မှာ
လူသရင်ဝါဒီတွေဟာ နှုတ်ကပတ် တော်နောက်ကို လိုက်ရင်း၊ လိုက်ရင်းနဲ့ သိသိသာသာ
လွတ်လွတ် လပ်လပ်သဘောကောင်းသူများဖြစ်လာကြပါတယ်။ ယနေ့ လူသရင်ဝါဒီ တွေအထဲမှာ
ယုံကြည်ခြင်းအမျိုးမျိုး ရှိလာနေကြပါတယ်။ တချို့တွေက အပျိုကညာမွေးဖွားခြင်းကို
ငြင်းပယ်ခြင်း၊ အထင်ကရ ဖန်ဆင်းခြင်း ရက် သတ္တပတ်ကို မေးခွန်းထုတ်ခြင်း၊
တစ်ကမ္ဘာလုံးရေလွှမ်းမိုးခဲ့သည်ကို ငြင်း ပယ်ခြင်း၊ ယေရှုဒုတိယအကြိမ်
ကြွလာတော်မူခြင်းအကြောင်းကို အလွန် တအံ့တဩဖြစ်တတ်ခြင်းများ ရှိလာကြပါတယ်။
လူသာရင်ဝါဒီတွေ အများဆုံးဟာ အရင်နှစ်များအခါက သေသေချာချာ ကျမ်းစာဖတ်- သင်
ယူခြင်းကိုမလုပ်ခဲ့ကြပါဘူး။
လူသရင်များ အစဉ်အလာစွဲဝါဒရေးရာ
ယုံကြည်မှုများတချို့
1။ ဘုရားနှုတ်ကပတ်တော်၏ အစိုးပိုင်မှုရှိခြင်း။
2။ ကျေးဇူးတော်သက်သက်ကြောင့်သာ ကယ်တင်ခြင်းရ၏။
3။ အထင်ကရ ခရစ်တော်ဒုတိယအကြိမ်ကြွလာတော်မူခြင်း။
4။ ဘုရားသခင်၏ဇာတိအဖြစ်တော်။
5။ ဘုရားသခင်အား နာခံခြင်း။
လူသရင်များ၌ အဓိကဝါဒရေးရာ
ကွဲလွဲခြင်းနှင့်ကျမ်းစာအလိုအတိုင်းဖြစ်သင့်သည်များ
၁။
ရေဖျန်းဗတ္တိဇံပေးခြင်း
(ကျမ်းချက်ဖတ်ကြည့်ရန်။ မဿဲ ၂၈း၁၉-၂၀။ မာကု
၁၆း၁၆။ မ ၃း၁၃-၁၇။ တ ၈း၂၆-၃၈။ ယော ၃း၂၃။ ရောမ ၆း၁-၈။ ကော ၂း၁၂)။
၂။
ဝိညာဉ်မသေနိုင်ဆိုတဲ့ယုံကြည်ခြင်း။ လူတစ်ဦးချင်းစီတိုင်းမှာ
မသေနိုင်၊ မပျက်နိုင်တဲ့ဝိညာဉ်ဟာ ကိုယ်ခန္ဓာနဲ့ သီးခြားရှိနေပြီး၊ လူသေ လျှင်
ကိုယ်ခန္ဓာသေ၍ သီးခြားဝိညာဉ်သည် ကောင်းကင်ဘုံ၊ သို့မဟုတ် ငရဲဘုံတစ်ခုခုသို့
ရောက်သွားမည်ဆိုတဲ့ ယုံကြည်ချက်။
(၁တိ ၆း၁၅,၁၆။ က ၂း၇။
ဒေသနာ ၁၂း၇။ ယောဘ ၂၇:၃။ ဆာလံ ၁၄၆း၄။ ၆း၅။ ၁၁၅း၁၇။ ယော ၁၁း၁၁-၁၄) ဖတ်ကြည့်ပါ။
အမှတ်ရပါ။ ကျမ်းစာ သည် ‘ဝိညာဉ်’ စကားလုံးကို အကြိမ်ပေါင်း (၁၆၀၀) သုံးခဲ့ပါတယ်။ ဒါကိုမသေနိုင်တဲ့ဝိညာဉ်၊ သို့မဟုတ် ထာဝရဝိညာဉ်လို့
ဘယ်တော့မှ မပြောပါ။ ကျမ်းစာထဲမှာ သေသည်ကို အိပ်ပျော်သည်ဟု (၅၃)ကြိမ် ဆိုပါ သည်။
၃။ တနင်္ဂနွေနေ့ကို အလေးအမြတ်ထားခြင်း။
ယေရှုသည်ရက် သတ္တပတ်တွင် ပထမရက်၌ သေခြင်းမှထမြောက်တော်မူသည်ဖြစ်၍
ခရစ်ယာန်အားလုံးသည် ထိုနေ့တွင် ဝတ်ပြုရမည်ဆိုတဲ့ယုံကြည်ချက်။ (က ၂း၁-၃။
ထွက်၂၀း၈-၁၁။ ယေဧ ၂၀း၁၂-၂၀။ လုကာ ၄း၁၆။ မဿဲ ၂၄း၂၀။ တ ၁၃း၄၂-၄၄။ ဗျာ ၁း၁၀။ မဿဲ
၁၂း၈။ လုကာ ၆း၅။ ဟေရှာ ၆၆း၂၂,၂၃)။
၄။
အသင်းတော်နှင့်လောကနိုင်ငံဆက်ဆံရေး။ ဘုရားသခင့်
အသင်းတော်နှင့်လောကနိုင်ငံတို့အကြား ဆက်ဆံရေးသည် ပူးတွဲ လုပ် ဆောင်ကြဖို့
အလွန်လိုကြောင်း လူသာရင်ယုံကြည်သည်။ ခရစ်ယာန် များအတွက် ဥပဒေရေးဆွဲရန်
အသင်းတော်ကို ဘုရားအသုံးပြုသည် ဟူ၍ လူသာရင်ရှုမြင်ပါတယ်။
၅။
ပွဲတော်ယူခြင်း။ လူသရင်တွေဟာ ပွဲတော်မုန့်အထဲမှာ သူတို့ အခေါ်
‘အထောက်အထားခိုင်ခိုင်လုံလုံရှိခြင်း’၊ တစ်နည်း ‘ခရစ်တော်၏
အမှန်ထင်ရှားခြင်း’ ဆိုတာကို အလေးအနက်ထား စိတ်အားကြီးခြင်းဖြင့် ခံယူကြပါတယ်။
ကျမ်းစာကပြောထားတာ ပွဲတော်မင်္ဂလာကို ခရစ်တော် အသေခံခြင်းအမှတ်အသားအနေဖြင့်
ယုံကြည်၍ခံယူကြဖို့သာဖြစ်တယ်။ (၁ကော ၁၁း၂၃-၂၈)။ ယေရှုထုတ်ပြောတော်မူတဲ့
‘ငါသည်--ဖြစ်သည်’ ဆိုတာနဲ့ အတိအကျယေရှု ကိုယ်ထင်ရှားနေပြီဟူ၍ သဘောသက်ရောက်
သည်မဟုတ်။ ယှဉ်ကြည့်ပါ။ ‘ငါသည် အလင်းဖြစ်သည်။’ ‘ငါသည် ကောင်းသောသိုထိန်းဖြစ်သည်။’
‘ငါသည် စပျစ်နွယ်ပင်ဖြစ်သည်။’ ‘ငါ သည် ကျောက်ဖြစ်သည်။’ ဆိုတာတွေက ခရစ်တော်၏အမှု၌
ရှုထောင့် တစ်ခုစီကို အမှတ်အသားပေးဖေါ်ပြခြင်းမျှသာဖြစ်ပါတယ်။
လူသရင်တို့၏စိတ်နှလုံးသို့ချဉ်းကပ်ခြင်း
၁။
မိတ်ဆွေဖြစ်အားကောင်းအောင် တည်ဆောက်ပါ။ နှုတ်ကပတ်
တော်အုပ်စိုးခြင်းကို အလေးထားပြောပါ။ ခရစ်တော်အားဖြင့်သာလျှင် ကယ်တင်ခြင်းရကြောင်း
အတည်ပြုပြောပေးပါ။ သင်ကလည်း ခရစ်
တော်၌ ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့်သာလျှင်
ကယ်တင်
ခံရသည်ဖြစ်ကြောင်း ရိုးရှင်းစွာပြောပြပါ။
၂။
ဘုရားနှုတ်ကပတ်တော်ကို အထင်အရှားဖွင့်လှစ်ပြီး အနာဂတ္တိ
စကားများတင်ပြပါ။ (ဒံယေလ ၂။ မဿဲ၂၄။ ခရစ်တော်၏ ဇာတိအဖြစ် တော်)
၃။
သင့်လျော်သောအချိန်ရောက်ရင်၊ ပုံမှန်ကျမ်းစာသွန်သင်ခြင်းကို
စနစ်တကျပြုလုပ်ပါ။
၄။
လူသာရင်လူတွေဟာ ကယ်တင်ခြင်းစီမံချက်အမြင်များ၌ ရှင်း
ရှင်းလင်းလင်းရှိကြပါသော်လည်း၊ အနာဂတ္တိအဖြစ်အပျက်များ၌ ကျမ်း စာအတိုင်း
အသေးစိတ်လေ့လာခြင်းတွေကို ဘယ်အခါမျှ ဖွင့်ပြခြင်းခံရ တာ မရှိခဲ့ပါဘူး။
၅။
နာခံခြင်းသည် ဘုရားသခင်ရဲ့မေတ္တာတော်ကို အစဉ်လေးမြတ်
ခြင်းအတွက်ဖြစ်ကြောင်း အလေးထားပြောပါ။ ကိုယ်တော်၏ မေတ္တာ တော်သည် ကျွန်ုပ်တို့ကို
အနိုင်အထက်ပြုဆွဲခေါ်ယူနေသည်။ (၂ကော ၅း၁၄)။ ကျွန်ုပ်တို့ကို အမှုဆောင်ရန်ဖြစ်စေ၏။
ကယ်တင်သောအရှင် ကြေညာပါတယ်။ ‘ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့’ (ယော ၁၄း၁၅)။ မေတ္တာဆိုတာ နာခံခြင်းအစဉ်ရှိတယ်။ (ရောမ ၁၃း၁ဝ)။
ပညတ်တော်ကိုလည်း တုံ့ပြန်နာခံခြင်းရှိတယ်။ (ဗျာ ၁၄း၁၂)။
၆။
လူသရင်လူတွေအဖို့ လိုအပ်ချက်ဖြစ်နေတာကတော့ လူသာရင်
အမြင်ထက်အလင်းပြပေးခြင်းကို သူတို့လိုက်လာမလား၊ ဒါမှမဟုတ်
သူတို့ရခဲ့တာဆုံးရှုံးခံမလားဆိုတာပဲဖြစ်တယ်။ (ယော ၁၂း၃၅)။ အလင်း သည်
တိုးပွားထွန်းလင်းနေပါသည်။ (သုတ္တံ ၄း၁၈)။ ဆက်လက်တိုးတက် နေရ၏။
၇။
“ဂိုဏ်းဂဏအသင်းတွေ အဘယ်ကြောင့်များနေရပါသလဲ” ဆိုတဲ့
လေ့လာခြင်းသင်ခန်းစာကို ဆွေးနွေးပါ။ [အလင်းပိုရလေအောင် ဆက် လက်လိုအပ်ချက်များက
အစဉ်အထောက်အကူဖြစ်စေပါတယ်။]
အခန်း - ၇၅
မက်သောဒစ် (Methodists)
မာတင်လူသာနောက်လိုက်တွေနဲ့ ကယ်ဗင်နောက်လိုက်တွေဟာ
အသင်းတော်၌ပုံမှန်အသက်ရှင်နေထိုင်မှုကို (၁၇)ရာစု၊ (၁၈)ရာစုရောက် တော့
စည်းကမ်းတင်းကျပ်ခြင်းနဲ့ မှန်မှန်တက်လှမ်းလာခဲ့ကြပါတယ်။ မက်သောဒစ်အသင်းတော်ဟာ
ဂျာမဏီမှာ ဘုရားတရားကိုင်းရှိုင်းသူများ လှုပ်ရှားမှုမှတိုးပွားလာခဲ့ပါတယ်။
၎င်းတို့ အလေးအနက်ထားတဲ့ကိစ္စများမှာ
၁။ သမ္မာတရားဗဟိုပြုယုံကြည်မှု၊
၂။ စစ်မှန်တဲ့ခရစ်ယာန်အသက်ရှင်နေထိုင်မှု၊
၃။ သီချင်းကျူးခြင်း၊ သက်သေခံခြင်း၊ သာသနာပြုစိတ်အားကြီး
ခြင်းတို့၌
လွတ်လပ်စွာထုတ်ဖေါ် မှုတို့ဖြစ်ပါတယ်။
မက်သောဒစ်အသင်းကိုတည်ထောင်သူ ဂျွန်ဝက်စလေ [John
Wesley (1703-1791)]ဟာ
သာသနာပြုလုပ်ငန်းကိုလေ့လာရန် အော့စ် ဖို့ဒ်တက္ကသိုလ်တက်ရောက်ခဲ့ပါတယ်။
အော့စ်ဖိုဒ်တက္ကသိုလ်တက်နေစဉ် တခြားကျောင်းသားတွေနဲ့ ‘The Holly
Club’ ဆိုပြီး၊ ဘာသာရေးအဖွဲ့ အစည်းတစ်ခုတည်ထောင်ခဲ့တယ်။
သူတို့လေ့ကျင့်မှုတွေဟာ အလွန် စည်းကမ်းကြီး၍ တိကျလှသောကြောင့်၊ သူတို့ဟာ
မက်သောဒစ်အမည်ရ ခဲ့တယ်။ ဂျွန်ဟာ ၁၇၃၈ ခုနှစ် မေ(၂၄)ရက်မှာ အော်ဒါဂိတ်ဘုရားရှိခိုး
ကျောင်း၌ ထူးဆန်းစွာနဲ့ပြောင်းလဲခြင်းသို့ရောက်လာခဲ့ပြီးနောက်၊ ဘုရား ကျောင်းထဲမှာ
မာတင်လူသာရဲ့ ရောမဩဝါဒစာစောင်ကို သာမန်လူ တရားဟောဆရာက ဖတ်ပြနိုင်တဲ့အဆင့်သာ ရှိနေပါတယ်၊
ဒါနဲ့ဂျွန်ဟာ အင်္ဂလန်ပြည်တစ်လွှားမှာ မက်သောဒစ်အဖွဲ့အစည်းကို ထူထောင်လိုက် ပါတယ်။
ယင်းအဖွဲ့အစည်းများအားလုံးဟာ သန့်ရှင်းခြင်း၊ ကျေးဇူးတော် ၌ ကြီးထွားခြင်း၊
ခရစ်ယာန်ဘဝနဲ့အသက်ရှင်နေထိုင်ခြင်းတို့ကို အလေး ထားကြပါတယ်။ ဘာသာရေးတိကျမှုလိုသော
ခေတ်တစ်လျှောက်မှာ ဝက်စ်လေတို့ရဲ့ သွန်သင်ချက်တွေဟာ ခရစ်ယာန် အသက်လေသစ်ကို
ရှူလိုက်ရတာနဲ့တူပါတယ်။ ယနေ့အမေရိကန်ပြည်မှာ မက်သောဒစ် အသင်းသားများ (၁၀) သန်း၊
(၁၁)သန်းလောက် ရှိနေပါတယ်။ အတိတ် က ဘာသာရေးကိုင်းရှိုင်းခြင်း ဆိုတာကလည်း
ပျောက်နေပါပြီ။ မက်သောဒစ်လူများစွာဟာလည်း ယနေ့အခါမှာ ခရစ်ယာန်သာသာ
အခြေခံကျမ်းရိုးကိုပင်တွေးတောခြင်းရှိလာကြတယ်။ ဥပမာ အပျိုကညာ မွေးဖွားခြင်း၊
ခရစ်တော်ဟာ ဘုရားဖြစ်ခြင်း၊ ကမ္ဘာကိုရေလွှမ်းခဲ့ခြင်း၊
ခရစ်တော်ရဲ့တန်ခိုးနိမိတ်ပြခြင်းနှင့် ခရစ်တော် ဒုတိယအကြိမ်ကြွလာ
ခြင်းအကြောင်းတွေမှာ တွေးတောခြင်းရှိနေကြပါတယ်။
မက်သောဒစ်များ အစဉ်အလာစွဲဝါဒရေးရာယုံကြည်မှုများအချို့
1။ ဘုရားသခင်၏ဇာတိအဖြစ်တော်(သုံးပါးတစ်ဆူ)။
2။ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရ၏။
3။ သန့်ရှင်းခြင်း၊ စင်ကြယ်ခြင်း၊ ကျေးဇူးတော်၌ကြီးထွားခြင်းတို့ကို
အထူးအလေးအနက်ထားသည်။
4။ ငရဲ၌ ထာဝရလောင်ကျွမ်းခံရခြင်းရှိမည်ကိုငြင်းပယ်သည်။
5။ သခင်ဘုရား၏ညစာပွဲတော်ကို ဆက်ခံကျင်းပသည်။
မက်သောဒစ်များ၌ အဓိကဝါဒရေးရာကွဲလွဲခြင်းနှင့်
ကျမ်းစာအလိုအတိုင်းဖြစ်သင့်သည်များ
၁။
အထင်ကရ ဒုတိယကြွလာတော်မူခြင်းကို ငြင်းပယ်သည်။
(ကျမ်းချက်ဖတ်ကြည့်ရန်။ ၁တိ ၄း၁၅-၁၇။ ဗျာ ၁း၇။ မဿဲ ၁၆း၁၇။
မဿဲ ၂၄း၂၇)။
၂။
ဝိညာဉ် မသေနိုင်ဆိုတဲ့ ယုံကြည်ခြင်း။ လူတစ်ဦးချင်းစီတိုင်းမှာ
မသေနိုင်၊ မပျက်နိုင်တဲ့ဝိညာဉ်ဟာ ကိုယ်ခန္ဓာနဲ့သီးခြားရှိနေပြီး၊ လူသေ လျှင်
ကိုယ်ခန္ဓာသေ၍ သီးခြားဝိညာဉ်သည် ကောင်းကင်ဘုံ၊ သို့မဟုတ်
ငရဲဘုံတစ်ခုခုသို့ရောက်သွားမည်ဆိုတဲ့ ယုံကြည်ချက်။
(၁တိ ၆း၁၅,၁၆။ က ၂း၇။
ဒေသနာ ၁၂း၇။ ယောဘ ၂၇း၃။ ဆာလံ ၁၄၆း၄။ ၆း၅။ ၁၁၅း၁၇။ ယော ၁၁း၁၁-၁၄)ဖတ်ကြည့်ပါ။
အမှတ်ရပါ။ ကျမ်းစာသည် ‘ဝိညာဉ်’ စကားလုံးကို အကြိမ်ပေါင်း (၁၆ဝဝ) သုံးခဲ့ပါ တယ်။
ဒါကို မသေနိုင်တဲ့ဝိညာဉ်၊ သို့မဟုတ် ထာဝရဝိညာဉ်လို ဘယ် တော့မှမပြောပါ။
ကျမ်းစာထဲမှာ သေသည်ကို အိပ်သည်ဟု (၅၃)ကြိမ် ဆိုပါသည်။
၃။ တနင်္ဂနွေနေ့ကို အလေးအမြတ်ထားခြင်း။
ယေရှုသည်ရက် သတ္တပတ်တွင်ပထမရက်၌ သေခြင်းမှ ထမြောက်တော်မူသည်ဖြစ်၍
ခရစ်ယာန်အားလုံးသည် ထိုနေ့တွင် ဝတ်ပြုရမည်ဆိုတဲ့ယုံကြည်ချက်။ (က ၂း၁-၃။
ထွက်၂၀း၈-၁၁။ ယေဧ ၂၀း၁၂-၂၀။ လုကာ ၄း၁၆။ မဿဲ ၂၄:၂၀။ တ ၁၃း၄၂-၄၄။ ဗျာ ၁း၁၀။ မဿဲ
၁၂း၈။ လုကာ ၆း၅။ ဟေရှာ ၆၆း၂၂,၂၃)။
၄။
ကလေးငယ်ဗတ္တိစံနှင့် အရွယ်ရောက်လူကြီးဗတ္တိဇံ။ အရွယ်
ရောက်သူလူကြီးတွေကို အသင်းတော်မှာ ရံဖန်ရံခါ နစ်မြုပ်လိုက်ခြင်း
အားဖြင့်ဗတ္တိဇံပေးခဲ့ကြပါသော်လည်း ဝါဒအားဖြင့် ရေဖျန်းခြင်းကို တရား
ဝင်လက်ကိုင်ထားကြသည်။
(ကျမ်းချက်ဖတ်ကြည့်ရန်။ မဿဲ ၂၈း၁၉,၂၀။ မာကု ၁၆း၁၆။ ယော ၃း၅။ တ ၂း၃၈-၄၁။ တ ၈း၂၆-၃၈။ ကော ၂း၁၂။ ရောမ ၆း၁-၈)။
၅။ ကျမ်းစာအုပ်စိုးခြင်းကို လူများစွာက ငြင်းပယ်ကြသည်။
မက်သောဒစ်လူများစွာသည် ဓမ္မဟောင်းကျမ်း၊ ဓမ္မသစ်ကျမ်းတို့ ၏
လှုံ့ဆော်တိုက်တွန်းခြင်းကို သံသယအတွေးများနေကြပါတယ်။ သူတို့ က ကျမ်းစာကို
ဘုရားစကားသံတော်ရှိတယ်လို့ ယုံကြည်ကြပါသော် လည်း အမှန်တကယ်
ဘုရားနှုတ်ကပတ်တော်ဖြစ်ရဲ့လားဆိုပြီး မေးခွန်း ထုတ်တတ်ကြပါတယ်။ မကြာခဏ၌လည်း
ကျမ်းစာကို သမိုင်းအမြင်၊ ယဉ်ကျေးမှု အမြင်တွေအတွက် ပြင်ဆင်ထားတာလို့
ယုံကြည်ထားတတ် ပါတယ်။ (ကျမ်းချက်ဖတ်ကြည့်ရန်။ ယော ၁၇း၁၇။ ၂တိ ၃း၁၆,၁၇။ ၂ပေ ၁း၂၀,၂၁။ မဿဲ
၄း၄)။
မက်သောဒစ်ဘာသာဝင်တို့၏စိတ်နှလုံးသို့ ချဉ်းကပ်ခြင်း
၁။
သူတို့ရဲ့ အရင်းအမြစ်နဲ့ တူညီချက်ဟာ မြော်လင့်ခြင်းအသင်းလို
ပဲဖြစ်တယ်လို့ပြောပြပါ။ ဝက်စ်လေတို့ရဲ့ ရှုထောင့်ဖြစ်တဲ့ ကျေးဇူးတော် သည်
အားလုံးအတွက် အခမဲ့ဖြစ်တယ်ဆိုတာကို တန်ဖိုးထားလေးစား ကြောင်း ထုတ်ပြောပြပါ။
ဘုရားသခင်ဟာ ကယ်တင်ခြင်းရဖို့လူ နည်း နည်းလောက်ပဲရွေးကောက်မှာ မဟုတ်ပါဘူး။
ဝက်စ်လေတို့ဟာ ခရစ် ယာန်များ ကြီးထွားဖို့၊ အသက်တာစင်ကြယ်သန့်ရှင်းခြင်းရှိကြဖို့
လိုအပ် ချက်ကို အမှန်နားလည်ခြင်းရှိခဲ့ကြောင်းကို လက်ခံဆွေးနွေးပေးပါ။
၂။ မက်သောဒစ်ဝါဒီတွေဟာ ယခင်တည်ထောင်ခဲ့တဲ့ အသင်းတော်
များကဲ့သို့ပင်၊ တည်ထောင်စလူတွေရဲ့ အမွေအနှစ်မှ လွင့်မျောထွက်သွား
နေပြီဖြစ်ကြောင်း ထုတ်ဖေါ်ပြောပြပါ။
၃။
သမ္မာကျမ်းစာ၏ အုပ်စိုးခြင်း၊ လှုံ့ဆော်ခြင်းတို့ကို ဒံယေလ
အခန်းကြီး(၂)နှင့် ရှင်မဿဲခရစ်ဝင်ကျမ်းအခန်းကြီး(၂၄)တို့၌ လေးစား
ထိုက်ခြင်းကိုတည်၍ အတူလေ့လာကြပါ။
၄။
သင့်လျော်သောအချိန်ရောက်ရင်၊ ပုံမှန်ကျမ်းစာသွန်သင်ခြင်းကို
စနစ်တကျပြုလုပ်ပါ။
မှတ်ချက်။
မက်သောဒစ်အသင်းအဖွဲ့ တည်ဆောက်ပုံသည် မြော်လင့်ခြင်းအသင်းတော်
တည်ဆောက်ပုံနှင့် အလားတူဖြစ်ပါတယ်။ မြော်လင့်ခြင်းအသင်းတော် တည်ထောင်လာကြသူများထဲက
စောစွာ သော လူတွေဟာ မက်သောဒစ်နောက်ခံကလာကြသူတွေ ဖြစ်ကြပါ တယ်။ ဒါကြောင့်လည်း
မြော်လင့်ခြင်းအသင်းတော်ထဲမှာ ကျွန်ုပ်တို့ နားလည်ခဲ့ကြတဲ့ အယူဝါဒနဲ့
ဖွဲ့စည်းတည်ဆောက်မှုအဆောက်အအုံ တွေဟာ မက်သောဒစ်ဝါဒ ကြီးစွာလွှမ်းမိုးသက်ရောက်နေတာ
တွေ့နေ ကြရတာပါပဲ။ သက်သေခံတစ်ရပ်အနေနဲ့ ပြောစရာရှိနေတာကတော့ ဘုရားသခင်၏အလင်းသည်
တိုးတက်ထွန်းလင်းနေသည်ဆိုတာပါပဲ။
အခန်း - ၇၆
မော်မွန် (Mormons)
မော်မွန်အသင်းကိုတည်ထောင်သူ ဂျိုးဇက်စမစ်(Joseph Smith) က ၁၈၂ဝ ခုနှစ်
ဆောင်းဦးရာသီထဲမှာ ဘုရားသခင်နှင့်ယေရှုကို သူတွေ့ မြင်ခဲ့ရတယ်လို့ ရူပါရုံဖွင့်
ကြွေးကြော်ခဲ့ပါတယ်။ ဘုရားသခင်က သူ့ကို ဘယ်အသင်းနှင့်မျှမဆက်ဆံဘဲ ခရစ်တော်၏
အသင်းတော်ကို အပြည့် အဝထူထောင်ဖို့ မှာလိုက်ပါတယ်လို့ ဆိုတယ်။ ၁၈၂၃ ခုနှစ်
စက်တင်ဘာ အရောက်မှာ မော်ရိုနီ(Moroni)ခေါ်တဲ့ကောင်းကင်တမန်တစ်ပါးဟာ
မစ္စ တာစမစ်ကိုရူပါရုံအားဖြင့်ကိုယ်ထင်ပြပြီး၊ အမေရိကတိုက်၌ ရှေးဟောင်း
နေထိုင်ခဲ့သူတို့ရဲ့သမိုင်းကို ရေးထားတဲ့ စာအုပ်တစ်အုပ်သည် ကူမိုရလို့
ခေါ်တဲ့တောင်ပေါ်မှာ မြေမြှုပ်ထားကြောင်း၊ ထိုနေရာသည်ပါမိုင်ရ၊ ယခု
နယူးယော့မြို့မှ (၄)မိုင်အကွာတွင်ရှိကြောင်း နိမိတ်ပေးပြောခဲ့ပါတယ်။
နောက်တစ်နေ့မှာ စမစ်ဟာ ယင်းစာအုပ်ကို ရှာတွေ့ခဲ့တယ်လို့ဆိုတယ်။ ယင်းစာအုပ်ကို ၁၈၂၇
ခုနှစ် မရောက်မချင်း သူဖတ်ခွင့်မရဘူးလို့ ဆိုသော် လည်း၊ နောက်ဆုံးတော့ သူဟာ
ရွှေပြားပေါ်မှာ ဘာသာပြန် ရေးသား ထားနိုင်ခဲ့တယ်။
ရူပါရုံနဲ့ဗျာဒိတ်ပေါင်းစပ်ဖွင့်လှစ်ပေးထားခြင်းဖြင့် သူ့ရဲ့ သွန်သင်ချက်တွေဟာ
မော်မွန်ကျမ်းစာအုပ်ရဲ့အခြေခံကို ပုံစံချပေးထားခဲ့ ပါတယ်။ မစ္စတာစမစ်ဟာ
နောက်ထပ်စာအုပ်နှစ်အုပ်ကိုလည်း ရေးသား ခဲ့တယ်။ (Doctrine and Covenants/
The Pearl of Great Price) မော်မွန်တွေဟာ
အလုပ်ကြိုးစားကြသူတွေ၊ ဇွဲရှိကြသူတွေ၊ ကိုယ်ကျင့် သိက္ခာကောင်းကြသူတွေ၊
မိမိကိုယ်မိမိ ငြင်းပယ်တတ်သူတွေ ဖြစ်ကြ တယ်။ သို့တိုင်
သူတို့ခံယူထားတဲ့အယူဝါဒကတော့ ကျမ်းစာနှင့် အနည်း ငယ်မျှလောက်သာလျှင်
ဆီလျော်မှုရှိနေတာပါပဲခင်ဗျား။
မော်မွန်တို့ယုံကြည်သည်မှာ
၁။
ကျမ်းစာသည် မှန်ကန်စွာ ဘာသာပြန်ဆိုထားနိုင်မှသာလျှင်
ဘုရားစကားသံတော်ဖြစ်လိမ့်မယ်။ သူတို့က မော်မွန်ကျမ်းစာအုပ်ဟာ သမ္မာကျမ်းစာအုပ်ထက်
သာလွန်တယ်လို့ ဆိုတယ်။ အဘယ်ကြောင့်ဆို သော် သူတို့ကျမ်းထဲကစကားလုံးတွေဟာ
‘အစစ်’တွေဖြစ်လို့ဆိုပါတယ်။
၂။
လူသားဟာ ဖန်ဆင်းခြင်းမတိုင်မီကပင် မသေနိုင်သော ဝိညာဉ်နဲ့
ထာဝရဘုရားနှင့်အတူ ရှိခဲ့တယ်လို့ ဆိုတယ်။ ဖန်ဆင်းခြင်းလုပ်ခဲ့ရတဲ့ အကြောင်းတစ်ရပ်က
ထိုဝိညာဉ်အတွက် ခန္ဓာကိုယ်ကို ဖန်တီးပေးရန် သာဖြစ်တယ်လို့ဆိုတယ်။
၃။
အာဒံနဲ့ဧဝတို့နှစ်ယောက်အပြစ်လုပ်မိခဲ့ကြတာကိုဘုရားနှစ်သက်
တော်မူတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေကြီးကို လူတွေနဲ့ ပြည့်စေနိုင်လို့ ဖြစ်တယ်။
၄။
မသေနိုင်တဲ့ဝိညာဉ်တွေဟာ ယနေ့ဝိညာဉ်ကမ္ဘာ၌ အသက်ရှင် နေလျက်နှင့်၊
ယေရှုက သူတို့ကို ဧဝံဂေလိတရား ဟောပေးနေပါတယ်။ ၅။
သူတို့ဟာ မော်မွန်ဗိမာန်ထဲမှာ လူသေကို ဗတ္တိဇံရေကန်ထဲ၌ ဗတ္တိ
ဇံပေးဖို့ အတွက် ဝတ်ပြုပွဲကျင်းပတတ်ကြပါတယ်။
၆။
ယေရှုဟာ ကာနမြို့ မင်္ဂလာဆောင်ပွဲမှာ မာရိ၊ မာသ နှင့် အခြား သော
မာရိတို့နဲ့ လက်ထပ်ခဲ့တယ်။[(Joumal of discourses, vol.4, p.259) မှာဖတ်ကြည့်ပါ။] သူတို့ဟာ နယ်မြေခံဥပဒေကခွင့်ပြုလျှင်၊ မယားအများယူခြင်း၊
သို့မဟုတ် များစွာသော လက်ထပ်ခြင်းပြုနိုင်သည် ဟု လက်ခံယုံကြည်ထားကြပါတယ်။
၇။
လက်ထပ်ခြင်းသည် မော်မွန်ဗိမာန်၌ စာရင်းသွင်းတံဆိပ်ခတ်နှိပ် ထား၍
ထာဝရလည်းဖြစ်ရသည်။
၈။
ကောင်းကင်ဘုံ (၃) ဆင့် ရှိသည်။ အထက်ကောင်းကင်ဘုံ (celestial) သည် သစ္စာခံမော်မွန်တို့အတွက်၊ မြေနေဘုံ(terrestrial) သည် မော်မွန်ကို သစ္စာခံနည်းသူများအတွက်၊ အဆင့်နိမ့်ဘုံ(telestral) သည် အခြားသူများကို အစေခံကြဖို့အတွက်ဖြစ်ကြတယ်။ အနှစ်သာရ
အားဖြင့်ပြောရရင်၊ လူသားတိုင်းဟာ ထာဝရအသက်ကို ရကြမယ်။ အချို့ တွေဟာ အခြားသူ
တွေအတွက် အစေခံကျွန်တွေဖြစ်နေကြရမယ်။
မော်မွန်များ၌ အစဉ်အလာစွဲဝါဒရေးရာယုံကြည်မှုများတချို့
1။ မော်မွန်တွေဟာ ဆယ်ဖို့တစ်ဖို့ ပေးဖို့ သစ္စာရှိကြသူတွေဖြစ်တယ်။
2။ မော်မွန်တွေဟာ ကျန်းမာရေးအတွက် စိုးရိမ်တတ်ကြပါတယ်။ အရက်မသောက်။
ဆေးလိပ်မသောက်။
3။ မော်မွန်တွေဟာ ယနေ့ အသင်းတော်များ၌ ပုရောဖက်ပြုခြင်း ကို လက်ခံကြပါတယ်။
4။ မော်မွန်တွေဟာ လုံးလုံးနစ်မြုပ်ခြင်းဗတ္တိဇံကိုယုံကြည်သည်။
5။ မော်မွန်တွေဟာ ယနေ့ဘာသာရေးခန္ဓာကိုယ်သည် ‘လဲပြိုနေတဲ့ ဗာဗုလုန်’ ဖြစ်နေသည့်အယူကို လက်ခံကြသည်။ ခရစ်ယာန် ဘာသာရေးသည်
ဓမ္မသစ်ကျမ်းသွန်သင်ခြင်းဆီသို့ ပြန်လာဖို့လို သည်။
မော်မွန်များ၌အဓိကဝါဒရေးရာကွဲလွဲခြင်းနှင့်
ကျမ်းစာအလိုအတိုင်းဖြစ်သင့်သည်များ
၁။
ကျမ်းစာသည် မှားယွင်းသော ဘာသာပြန်ထားခြင်းရှိနေသည် ဟုပြောသည်။
(ကျမ်းချက်ဖတ်ကြည့်ရန်။ ၂တိ ၃း၁၅,၁၆။ ယော ၁၇း၁၇။ ၅း၃၉။ ဆာလံ
၁၂း၆။ ၂ပေ ၁း၂၁။ မဿဲ ၄း၄)။
၂။
လူသေအတွက် ဗတ္တိဇံ။
(၁ကော ၁၅း၂၉) ကျမ်းချက် အပေါ်မှ တွက်ချက်လွဲ၍နားလည်မှုကို
အခြေခံယုံကြည်ခြင်းဖြစ်သည်။
ဓမ္မသစ်ကျမ်းထဲမှာ ခံယူတဲ့ဗတ္တိဇံသည် ယေရှု၌ ယုံကြည်ခြင်း၊
ဒုစရိုက်ကိုနောင်တရခြင်း၊ ယေရှု၏သွန်သင်ခြင်းများကို လက်ခံခြင်းတို့ ကို ညွှန်း၍
လူတစ်ဦးချင်းဆုံးဖြတ်ချက်ဖြင့် အစဉ်လုပ်လာကြတဲ့အမှုဖြစ် သည်။
(ကျမ်းချက်ဖတ်ကြည့်ရန်။ တ ၂း၃၈-၄၁။ မာကု ၁၆း၁၆။ မ တ ၂၈း၁၉-၂ဝ)။
ဓမ္မသစ်ကျမ်းထဲမှာ ကယ်တင်ခြင်းဆိုတာ လူတစ်ဦးတစ်ယောက်
၏ရွေးချယ်မှုဖြစ်တယ်။ လူတစ်ယောက်ယောက်၏ ထိုသို့သော အခွင့် အရေးကို
အခြားလူတစ်ဦးတစ်ယောက်ကမျှ ပေးကမ်းနိုင်သည်မဟုတ်။ (ကျမ်းချက်ဖတ်ကြည့်ရန်။ ဗျာ
၂၂း၁၇။ ဆာလံ ၄၉း၇)။
(၁ကော ၁၅း၂၉) ကျမ်းချက်ထဲမှာ ပေါလုဟာ ထမြောက်ခြင်း
အကျိုးကျေးဇူးအကြောင်းငြင်းချက်ပေးနေတာဖြစ်တယ်။ ဖြစ်နိုင်တာက
သူမေးခွန်းထုတ်နေခြင်းပါပဲ။ ထမြောက်ခြင်းအလျှင်းမရှိလျှင်--သေလွန်
သောသူတို့၏ကိုယ်စား(Greek
translation-on behalf of or because of)အဘယ်ကြောင့်
ဗတ္တိဇံကိုခံသနည်း။ ခရစ်တော်ပြန်ကြွလာတော်မူတဲ့ အခါ
ခရစ်တော်၌သေလွန်ခဲ့ကြသောသူတို့သည် ထမြောက်ကြလိမ့်မည်။
ဖြောင့်မတ်စွာနေထိုင်အသက်ရှင်ကြသူအပေါင်းတို့သည် မိုးကောင်းကင် ၌ ယေရှုထံသို့
ချီဆောင်တက်ရောက်လိမ့်မည်။ (၁သက် ၄း၁၆-၁၇)။ သေလွန်သောသူတို့၏ ကိုယ်စား(on
behalf of or because of) ဗတ္တိဇံ ကို ခံယူသည်ဆိုသည်မှာ
သူတို့၏ ဘုရားဝတ်ပြုခြင်း အရှိန်အဝါနှင့် ခရစ်ယာန်အသက်ရှင်နေထိုင်မှုအကျိုးအတွက်
ဗတ္တိဇံခံယူရခြင်းကို ဆို လိုပါသည်။ ပြောရရင် ထိုသူတို့နဲ့အတူတကွ ထာဝရနေရာ၌ ဆုံရန်
ပြင်ဆင်မှုဖြစ်ပါသည်။ (ကျမ်းချက်ဖတ်ကြည့်ရန်။ ဟေဗြဲ ၁၁း၃၉,၄ဝ)။
၃။
တနင်္ဂနွေနေ့၌ဝတ်ပြုခြင်း။ မော်မွန်တို့ ယုံကြည်ကြသည်မှာ မူရင်းဂရိကျမ်းစာထဲ၌ ရက်သတ္တပတ်တွင်
ပထမရက်ကို ‘ဥပုသ်နေ့’ဟူ၍ ရှစ်ကြိမ်ခေါ်ဆိုထားသည်ဟု ပြောသည်။ ဒါကလည်း ရက်သတ္တပတ်
စကားလုံးကို မူရင်းဘာသာ၌ မျိုးတူစကား၊ အမြစ်စကားလုံးဖြစ်တဲ့
ဥပုသ်နေ့စကားလုံးနှင့်ယှဉ်ပြီး နားလည်မှုလွဲချက်တစ်ခုသာဖြစ်ပါတယ်။
စကားလုံးကွဲပြားပါတယ်။
(ကျမ်းချက်ဖတ်ကြည့်ရန်။ က ၂း၁-၃။
ထွက်၂၀း၈-၁၁။ ယေဇ ၂၀း၂၀။ လုကာ ၄း၁၆။ မဿဲ ၂၄း၂၀။ တ ၁၃း၄၂-၄၄။ မဿဲ ၁၂း၈။ လုကာ ၆း၅။
ဟေရှာ ၆၆း၂၂,၂၃)။
၄။
ဝိညာဉ် မသေနိုင်ဆိုတဲ့ ယုံကြည်ခြင်း။
လူတစ်ဦးချင်းစီတိုင်းမှာ မသေနိုင်၊ မပျက်နိုင်တဲ့ဝိညာဉ်ဟာ
ကိုယ်ခန္ဓာနဲ့သီးခြားရှိနေပြီး၊ လူသေ လျှင် ကိုယ်ခန္ဓာသေ၍ သီးခြားဝိညာဉ်သည်
ကောင်းကင်ဘုံ၊ သို့မဟုတ် ငရဲဘုံတစ်ခုခုသို့ရောက်သွားမည်ဆိုတဲ့ ယုံကြည်ချက်။
(၁တိ ၆း၁၅,၁၆။ က ၂း၇။ ဒေသနာ ၁၂း၇။ ယောဘ ၂၇း၃။ ဆာလံ ၁၄၆း၄။ ၆:၅။ ၁၁၅း၁၇။ ယော
၁၁း၁၁-၁၄)ဖတ်ကြည့်ပါ။ အမှတ်ရပါ။ ကျမ်းစာသည် ‘ဝိညာဉ်’စကားလုံးကို အကြိမ်ပေါင်း
(၁၆၀၀) သုံးခဲ့ပါ တယ်။ ဒါကို မသေနိုင်တဲ့ဝိညာဉ်၊ သို့မဟုတ် ထာဝရဝိညာဉ်လို့ ဘယ်
တော့မှမပြောပါ။ ကျမ်းစာထဲမှာ သေသည်ကို အိပ်သည်ဟု (၅၃)ကြိမ် ဆိုပါသည်။
မော်မွန်တို့၏စိတ်နှလုံးသို့ ချဉ်းကပ်ခြင်း
1။ မိတ်ဖြစ်ဆွေဖြစ်ကို နီးကပ်စွာချည်နှောင်ပါ။
2။ သူတို့ကို ထမင်းစားဖိတ်ပါ။
3။ မော်မွန်တွေဟာ မိသားစုချည်နှောင်မှု အားကောင်းသူတွေ ဖြစ်ကြ တယ်။
သင်နှင့်အတူ ကျမ်းစာလေ့လာရင်၊ သူတို့မိသားစု တစ်စုလုံး ကို လေးစားသောအားဖြင့်
မိသားစုတစ်စုလုံးကို ဖိတ်ခေါ်ပေးပါ။
4။ ကျမ်းစာတိုက်တွန်းလှုံ့ဆော်တော်မူခြင်းသင်ခန်းစာကို တင်ပြပါ။
5။ ယေရှုခရစ်၌ သင့်ရဲ့ကိုယ်တိုင် သက်သေခံချက်ကို ဝေမျှပေးပါ။
6။ ကျမ်းစာလေ့လာခြင်းကာလ ရက်သတ္တပတ် (၃-၅)ပတ်လောက် ရှိ
လာရင်၊ခေါင်းစဉ်ပြောင်း-လေ့လာဖို့လိုမယ်။“မော်မွန်ကျမ်းသတင်း ကောင်းစာအုပ်ဟာ
သမ္မာကျမ်းစာ၏ သတင်းကောင်းဟုတ်ပါရဲ့ လား” ဆိုတဲ့သင်ခန်းစာဖြစ်တယ်။
7။ သင့်ရဲ့မော်မွန်မိတ်ဆွေကို မှန်သောခရစ်တော်နောက်လိုက်ဖို့ ချစ် သောစိတ်နဲ့
မေတ္တာရပ်ခံပြောကြည့်ပါ။
မော်မွန်တွေနဲ့သင်ကြုံတွေ့ရတဲ့အခါ အထောက်အကူရဖို့ ကျွန်ုပ်
အနေနဲ့ ကျမ်းစာသင်ခန်းစာခေါင်းစဉ် “မော်မွန်ကျမ်းသတင်းကောင်း စာအုပ်ဟာ
သမ္မာကျမ်းစာ၏ သတင်းကောင်းဟုတ်ပါရဲ့လား” ကို ပြုစု ပေးထားပါတယ်။
မော်မွန်အသင်းတော်ဟာ သမ္မာကျမ်း၏ ကျမ်းချက် တွေကိုသုံး၍ သွန်သင်ပေးခဲ့ခြင်းအထဲမှာ
သူတို့ ဩဝါဒအထဲမှာကိုက အမှားတွေဖွင့်ထုတ်ပေးနေတာ သင့်အနေဖြင့်
ရှင်းရှင်းမြင်ရပါလိမ့်မယ်။
“မော်မွန်ကျမ်းသတင်းကောင်းစာအုပ်ဟာ
သမ္မာကျမ်းစာ၏သတင်းကောင်းဟုတ်ပါရဲ့လား”
ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်
ပဋိသန္ဓေယူခဲ့သည်ဆို တာဟုတ်ပါသလား။
သမ္မာကျမ်းစာထဲ၌အဖြေ။ (မဿဲ ၁း၁၈-၂၁။ လုကာ ၁း၃၅)။
မော်မွန်တို့၏တုံ့ပြန်ချက်။
မော်မွန်အသင်းတော်ရဲ့ ဒုတိယမြောက်ဥက္ကဋ္ဌအဖြစ် ဆက်ခံခဲ့သူ
ဘရီဂန်ယန်း(Brigham Young)တစ်ခါကထုတ်ပြောခဲ့ပါတယ်။
“အခုချိန်ကစပြီး နောင်လည်းမှတ်ထားဖို့က ယေရှုခရစ်ဟာ သန့်
ရှင်းသောဝိညာဉ်တော်အားဖြင့် မွေးဖွားလာတာ မဟုတ်ဘူးဆိုတာပါပဲ။”
(Journal of
discourses, vol.1, p.51).
တစ်ဖန် တမန်တော်(၁၂)ပါးအသင်းတော်ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျိုး
ဇက်ဖီးလ်ဒင်းစမစ်(Joseph Fielding
Smith)ဆိုသူက မော်မွန်ကျမ်းစာ အုပ်နဲ့
သမ္မာကျမ်းစာအုပ်နှစ်အုပ်စလုံးမှာ ခရစ်တော်ဟာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်
မွေးဖွားခဲ့တယ်ဆိုတာကို ငြင်းပါတယ်။ သူက အောက်ပါအတိုင်းကြေညာခဲ့ပါတယ်။
“သူတို့တစ်တွေပြောနေတာ မော်မွန်ကျမ်းစာအုပ်က ယေရှုသည်
သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မွေးဖွားခဲ့တယ်လို့ ရေးထားတယ် ပြောကြတယ်။
အဲဒီလိုထုတ်ပြောတာကို ကျုပ်စိန်ခေါ်တယ်။ မော်မွန် ကျမ်းစာအုပ်ထဲမှာ
အဲဒီလိုမပြောပါဘူး။ သမ္မာကျမ်းစာအုပ်ထဲမှာလည်း မပြောခဲ့ပါဘူး။” (Doctrines of Salvation, vol.1, p.19)
ယေရှုသည် အပျိုကညာတစ်ယောက်က မွေးဖွားခဲ့တာလား။
သမ္မာကျမ်းစာထဲ၌အဖြေ။ (ဟေရှာ ၉း၆။ ဟေရှာ ၇း၁၄)။
မော်မွန်တို့၏တုံ့ ပြန်ချက်။
၁၈၅၂ ခုနှစ်၊ ဧပြီလ(၉)ရက်တွင် ဘရီဂန်ယန်းနဲ့တွေ့ဆုံစကား
ပြောခြင်းအထဲမှာ ဘရီဂန်ယန်းကြေညာခဲ့ပါတယ်။
“အပျိုစင်မာရိဟာ ယေရှုကို
ပဋိသန္ဓေဆောင်ခဲ့တဲ့အခါ သူ့အဖေ က ကိုယ်အလားသဏ္ဌာန်တူ သူ့ကိုဖြစ်ဖွားစေခဲ့တာပါပဲ။
ယေရှုဟာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖြစ်ဖွားစေခဲ့တာမဟုတ်ပါဘူး။ ဒါဆို အဖေက
ဘယ်သူဖြစ်မလဲ။ ထိုသူဟာ လူသားမိသားစုရဲ့ ပထမဦးဆုံး သောသူပဲ။ ----- ဒီအကြောင်းကို ကျုပ် ထပ်ပြောပြချင်ပါသေးတယ်။ ဒါပေမယ့် ကျုပ်ဟာ
ဥဿုံအမှန်ကို ခင်ဗျားတို့ကို ပြောပြနေတာလား။ ဒီမှာဗျ- လူတွေရဲ့ အယူသီးတွက်ချက်နဲ့
ဖြောင့်မတ်လွန်လွန်းခြင်း မှန်း ချက်တွေထဲမှာ ဘုရားကို လွန်ကျူးပြောတာမရှိပါဘူး။
ဘယ်လိုဖြစ်ဖြစ် ကျုပ်တတ်နိုင်သလောက်တော့ ခင်ဗျားတို့ကို အမှန်ပြောပေးခဲ့ပါတယ်။
ကျုပ်တို့ရဲ့ ညီအစ်ကိုကြီးယေရှုဟာ ဧဒင်ဥယျာဉ်၌ရှိခဲ့တဲ့ စရိုက်လက္ခဏာ အလား
သဏ္ဌာန်တူသူအားဖြင့် အသွေးအသားနှင့် မွေးဖွားလာတာဖြစ် တယ်။ ထိုသူဟာ ကောင်းကင်ဘုံရှင်ထာဝရဘုရားဖြစ်တယ်။ ကဲ-အခု ဒီအယူဝါဒကိုကြားလိုက်ရတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ အလင်းမရ သေးရင်
ခဏအနားယူလိုက်၊ ဒါမှမဟုတ် သူတို့ကို တခြားလူတွေကဲ့သို့
သဘောထားဆက်ဆံပေးလိုက်ဖို့ပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သူတို့ရဲ့
ကယ်တင်ခြင်းနဲ့ ပြစ်ဒဏ်ခံရခြင်းကို သက်သေပေးရလိမ့်မယ်။” (The Journal of
Discourses, vol.1, pp.50-51)
ဒီလိုနည်းတူဆင်ခြေပေးပြီး သူတို့ရဲ့တမန်တော်ကြီး အော်ဆင်
ပရက်(Apostle Orson Pratt)ဆိုသူကလည်း
ပြောခဲ့ပါသေးတယ်။
“ယေရှုရဲ့အသွေးအသားခန္ဓာကိုယ်ဟာ
အမေတစ်ယောက်၊အဖေ တစ်ယောက်တော့ရှိရမယ်။ ဒါကြောင့် အသွေးအသားရှိနေတဲ့ ယေရှုရဲ့
အမေနဲ့အဖေဟာ အသွေးအသားအလိုအတိုင်း လင်နဲ့မယား စွမ်းအင်နှင့် အတူတကွ
ပါဝင်ပတ်သက်ခြင်း ရှိခဲ့ရပါမယ်။ ဒီမှာ အပျိုစင်မာရိဟာ
ထိုအချိန်ကာလအတွက် ခမည်းတော်ဘုရားသခင်၏ တရားဝင်မယား ဖြစ်နေရပါမယ်။ ကျုပ်တို့ ဒီမှာတရားဝင်မယားဆိုတဲ့ စကားကိုသုံးပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့
ကိုယ်တော်ဟာ မာရိကို မှေးမှိန်စေလိုက် တယ်၊ သို့မဟုတ်
တရားမဝင်ကယ်တင်ရှင်တစ်ပါးဖြစ်ဖွားစေလိုက်တယ် လို့ပြောရင်၊
အမြင့်ဆုံးအဆင့်နဲ့ဘုရားကို စော်ကားခြင်းဖြစ်သွားပေလိမ့် မယ်။ ကိုယ်တော်မှာ အပျိုစင်မာရိကို
လင်တစ်ယောက်အစွမ်းနဲ့ သား တစ်ဦးဖွားစေအောင် မှေးမှိန်စေတော်မူနိုင်တဲ့
တရားဝင်အခွင့်အရေးရှိ တယ်။ ဘာကြောင့်လဲဆိုတော့ လူတွေကို အုပ်စိုးဖို့
ကိုယ်တော်ပေးခဲ့တဲ့ ပညတ်တော်များဟာ ကိုယ်တော်ကို လာစိုးမိုးဖို့ ရည်ရွယ်ခဲ့တာ
မဟုတ် ဘူး။ ကိုယ်တော်၏သိက္ခာကိုလည်း ပြဌာန်းပေးဖို့မဟုတ်ပါ။ ကိုယ်တော် ဟာ
မာရိနဲ့လမ်းရှင်းပေးပြီးလိုက်တဲ့နောက် သူမရဲ့လက်ထပ်တာဝန်ရှိသူ ယောက်ျားယောသပ်အား
ပေးအပ်လိုက်တာလည်း တရားဝင်လုပ်ရပ်ဖြစ် ပါတယ်။ ခမည်းတော်ဘုရားသခင်ဟာ မာရိကို
ယောသပ်အား ပေးလိုက် တာ အချိန်ကာလတစ်ခုအတွက်၊ သို့မဟုတ် ကာလတစ်ခုနဲ့ထာဝရ
အတွက်ဖြစ်မဖြစ်ဆိုတာ ကျုပ်တို့မသိရပါဘူး။ ဘုရားသခင်သည် မာရိ၏ ပထမဦးဆုံး
လင်ယောက်ျားဖြစ်သည်ဆိုသောကြောင့်၊ ယောသပ်ရဲ့ဇနီး ဖြစ်ဖို့ သူမကိုပေးလိုက်တာဟာ
သေနိုင်သော ကိုယ်ခန္ဓာနှင့်ပေးခဲ့တာ ဖြစ်တယ်။ ထမြောက်ခြင်းကာလရောက်ပြီးတဲ့အခါ
ဘုရားသခင်သည် မာရိကို ထာဝရဘုံ၌ ကိုယ်တော်၏ ဇနီးအဖြစ်သိမ်းပိုက်မည်ဟု ကြံစည်
တော်မူခဲ့ပါတယ်။” (The Seer, p.158)
“ကယ်တင်ရှင်ကိုမွေးဖွားလာတာ သဘာဝအတိုင်း
ကျုပ်တို့ သား သမီးတွေမွေးလာသလိုပါပဲ။ ဒါက သဘာဝလှုပ်ရှားမှု၏ ရလဒ်ပါ။ ကိုယ် တော်ဟာ
သူ့အဖေခမည်းတော် ဖြစ်ဖွားစေသောအားဖြင့် အသားနှင့် အသွေးနှင့်ပါဝင်ခဲ့ပါတယ်။
ကျုပ်တို့၌ ကျုပ်တို့ဖခင်တွေအားဖြင့် မွေးလာ သလိုပဲပေါ့။” (The Journal of
Discourses, vol.8, p.115 )
မော်မွန်အသင်းတော်၏ ပထမနာယကအဖွဲ့၊ အဖွဲ့ဝင်တစ်ဦး ဖြစ် သူ
ဟက်ဘာစီကင်းဘောလ် (Heber C.
Kimball) ဆိုသူကလည်း အောက်ပါအတိုင်းပြောဆိုခဲ့ပါတယ်။
“ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်
ကိုယ်တော်၏ဖန်ဆင်းခြင်း ကို ကျုပ်မျှော်ကြည့်တဲ့အခါ
လမ်းကြောင်းဆက်နွှယ်မှုအားဖြင့်၊ ကျုပ် ပြောရမယ်ဆိုရင်၊ ကျုပ်ဟာ သဘာဝ၌
မွေးဖွားရောက်လာသလို၊ ကျုပ် အဖေလည်း ဒီအတိုင်းပဲ၊ ထို့အတူ ကျုပ်တို့ရဲ့
ကယ်တင်ရှင်ယေရှုခရစ် သည်လည်း ထိုအတိုင်းပါပဲ။ ကျမ်းစာထဲကအတိုင်းပြောရရင် ခရစ်တော်
ဟာ အသွေးအသားနဲ့ ခမည်းတော်ဘုရားက ပထမဦးဆုံး မွေးဖွားလိုက် သူဖြစ်တယ်။ အဲဒီအထဲမှာ
သဘာဝလွန်အကြောင်း ဘာမျှမရှိပါဘူး။” (The Journal of Discourses,
vol.8,p.211)
ကယ်တင်ခြင်းရဲ့ အခြေခံဇာစ်မြစ်က ဘယ်မှာလဲ။
သမ္မာကျမ်းစာထဲ၌အဖြေ။ (ယော ၁၄း၆။ တ ၄း၁၂)။
မော်မွန်တို့၏တုံ့ပြန်ချက်။
ခြွင်းချက်မရှိ၊ သို့မဟုတ် ယေဘုယျကယ်တင်ခြင်းဟာ ထမြောက်
ခြင်းသို့ရောက်တယ်ဆိုတဲ့အကြောင်းနဲ့ ရှိရမည့်ဧဝံဂေလိပညတ်ကို နာခံ စရာမလိုဘဲ၊
ကျေးဇူးတော်သက်သက်အားဖြင့်သာလျှင် လက်ခံရရှိကြမှာ ဖြစ်ပါတယ်။
ဒီလိုမျိုးကယ်တင်ခြင်းဟာ နောက်ဆုံးမှာ လူသားအားလုံး ဆီကိုရောက်လာမှာဖြစ်တယ်။ - -
ဒါက ဖြောင့်မတ်သူတို့အတွက် ကယ်တင်ခြင်းမဟုတ်ဘူး။ သန့်ရှင်းသူ(စိန့်)တွေရှာနေတဲ့
ကယ်တင်ခြင်း မျိုးလည်းမဟုတ်ဘူး။ ဒီယေဘုယျ၊ သို့မဟုတ် ခြွင်းချက်မရှိ ကယ်တင်
ခြင်းကိုရတယ်ဆိုတဲ့သူတွေဟာ သူတို့ရဲ့ အကျင့်အတိုင်း စီရင်ခြင်းခံကြရ မှာပါ။ သူတို့
- -ထာဝရအဖြစ်မှာ - - ဒဏ်ခတ်ခံကြရမှာပါ။ သူတို့တစ်တွေ ဟာ အဖိုးတန်သူ-လူများအဖြစ်နဲ့
ပိုထိုက်တန်အောင်၊ အစေခံကျွန်မျိုး လုပ်ကြရပါလိမ့်မယ်။” (Mormon Doctrine, p. 699).
မသေသောဘဝ၊ ထာဝရအသက်တော့မဟုတ်။ ခြွင်းချက်မရှိ၊ သို့မဟုတ်
ယေဘုယျကယ်တင်ခြင်းဟာ အထက်ကောင်းကင်ဘုံပေါ်၌ အမွေခံရရှိ ခြင်း အထဲမှာပါတဲ့
ဧဝံဂေလိနာခံခြင်းနဲ့ချိတ်ဆက်ပြီး၊ ကျေးဇူးတော်အား ဖြင့် ရောက်လာတာဖြစ်တယ်။
မည်သို့ပင်ဖြစ်စေ - - ချီးမြှောက်ဂုဏ်ပြုခံ အဆင့်ကို မရောက်ကြတဲ့၊ အဲဒီလူတွေဟာ
မသေတဲ့ ဘဝကိုပဲရမယ်။ ထာဝရ အသက်ကိုတော့ ရကြမည်မဟုတ်။ သူတို့တစ်တွေဟာ အိမ် ထောင်ပြု
ရတဲ့အခွင့်မရှိ၊ သီးခြားနေထိုင်၍ တစ်ကိုယ်တည်း ဖြစ်ကြရပါ မယ်။”---
“ကယ်တင်ခြင်းအပြည့်အဝရဖို့ဆိုတာ ဉာဏ်ပညာ၊
အမှန်တရား၊ ဖြောင့်မတ်ခြင်း၊ သမ္မာတရားအခြေခံအားလုံး၏ ပါရမီရရှိခြင်းအားဖြင့်
သာလျှင် လက်ခံရမှာဖြစ်တယ်။ အပြစ်မှ ရွေးနုတ်ခံရခြင်း၊ ဧဝံဂေလိ တရား၊
ယဇ်ပုရောဟိတ်အဖြစ်နှင့်တကွ တံဆိပ်ခတ်နှိပ်ခြင်းအစွမ်းတွေ မရခဲ့ဘူးဆိုရင် -- ကယ်တင်ခြင်းအမှန်ရလိမ့်မည်မဟုတ်။
အဆက်မပြတ် ရူပါရုံမဖွင့်နိုင်ဘူးဆိုရင်လည်း ------ ကယ်တင်ခြင်း ရလိမ့်မည်မဟုတ်။
တည်ထောင်သူ ဂျိုးဇက်စမစ်အတွက်နှင့်၊ ပြန်လည်နေရာချထားရေးကို
မရောက်နိုင်ဘူးဆိုရင်လည်း ကယ်တင်ခြင်းရလိမ့်မည်မဟုတ်။”
“သခင်ယေရှုခရစ်၏ နောက်ပိုင်းသန့်ရှင်းသူများ၏ အသင်းတော်
ရဲ့အပြင်ဘက်မှာ ကယ်တင်ခြင်းဆိုတာ မရှိဘူး။” (Mormon Doctrine, pp.889-670)
ခရစ်တော်၏ အသွေးတော်အားဖြင့် ဖြေလွှတ်ပေးဖို့အတွက်
အလွန်ကြီး တဲ့ အပြစ်ဆိုတာရှိသလား။
သမ္မာကျမ်းစာထဲ၌အဖြေ။ (၁ပေ ၂း၂ဝ-၂၄)။
မော်မွန်တို့၏တုံ့ပြန်ချက်။
Doctrine of Salvation Joseph Fielding Smith က အောက်ပါ အတိုင်းရေးသားခဲ့ပါတယ်။
“ဆရာဂျိုးဇက်စမစ် သွန်သင်ထားခဲ့ပါတယ်။
လူတွေကျူးလွန် နိုင်တဲ့ မကယ် မမနိုင်တဲ့သေရာပါဒုစရိုက်ဆိုတာရှိတယ်။ အဲဒီလို
ဒုစရိုက် လုပ်မိသူတွေဟာ ခရစ်တော်၏ အပြစ်ဖြေလွှတ်ခြင်းတန်ခိုးထက်ကို ကျော်သွား၍
အပြစ်သမားတို့နေရာကိုရောက်လိမ့်မယ်။ အဲဒီလိုမျိုးအပြစ် ကို လုပ်မိခဲ့ရင်၊ သူတို့
နောင်တရပါပြီဆိုတာတောင်မှ ခရစ်တော်၏ အသွေးတော်ဟာ သူတို့အပြစ်ကို
ဆေးကြောပေးလိမ့်မည်မဟုတ်ဘူး။ ဒါကြောင့် သူတို့အဖို့ တစ်ခုတည်းသော
မျှော်လင့်ခြင်းဟာ သူတို့အသွေး
မြေကျရမယ်၊ဖြစ်နိုင်သမျှသူတို့အတွက်သူတို့ကပဲဖြေလွှတ်ကြရမယ်။”
“ပြစ်မှုကြီးအမှန်လုပ်ခဲ့ကြတဲ့လူတွေဟာ
ခရစ်တော်၏ အပြစ် ဖြေလွှတ်ခြင်းတန်ခိုးထက်ကိုကျော်၍ သူတို့ကိုယ်သူတို့
အပြစ်သမားတို့ ရဲ့ နေရာကိုရောက်စေခဲ့တာကြောင့်၊ သူတို့တတ်နိုင်သမျှအတိုင်းအတာ နဲ့
သူတို့အပြစ်အတွက် အပြစ်ဖြေလွှတ်ခြင်းလုပ်ခဲ့ကြရတယ်။”
(Doctrine of
Salvation, vol.1,pp.135-136)
အဲဒီအပြစ်မျိုးတွေကို ဘယ်လို ဖြေလွှတ်ပေးနိုင်မလဲ။
သမ္မာကျမ်းစာထဲ၌အဖြေ။ (ယော ၃း၁၆။ ဂလာ ၂း၂၀။ ၁ယော ၁း၇-၉။ မဿဲ
၁၂း၃၂)။
မော်မွန်တို့၏တုံ့ပြန်ချက်။ မော်မွန်အသင်း၏ ဒုတိယမြောက်ဥက္ကဋ္ဌဖြစ် သူ
ဘရီဂန်ယန်းကဒီလိုပြောခဲ့ပါတယ်။
“လူတွေကျူးလွန်နိုင်တဲ့ ဒုစရိုက်တွေရှိတယ်။
အဲဒီအတွက် ဒီ လောကထဲမှာ၊ သို့မဟုတ် ရောက်လာမည့်နေရာထဲမှာ ခွင့်လွှတ်ခြင်းကို
သူတို့မရနိုင်ကြဘူး။ အကယ်၍ သူတို့အခြေအနေကို သူတို့မြင်ရနိုင် အောင်
မျက်လုံးတွေပွင့်နေကြမယ်ဆိုရင်၊ သူတို့အသွေးကို မြေကြီးပေါ် ခွဲချလိုတဲ့စိတ်ဆန္ဒအပြည့်အဝရှိကြရလိမ့်မယ်။
အဲဒီကထွက်တဲ့မီးခိုးဟာ သူတို့အပြစ်အတွက် သူတို့အပြစ်ဖြေရာယဇ်အနေဖြင့် ကောင်းကင်ကို
တက်ရောက်သွားပါတယ်။ မီးခိုးအမွှေးရနံ့သည် သူတို့အပြစ်ကို ဖြေလွှတ် ပေးပါတယ်။
အဲဒီလိုမှမလုပ်ရင်၊ သူတို့အပြစ်က သူတို့ဆီမှာ စွဲကပ်နေပြီး တော့၊ ဝိညာဉ်ကမ္ဘာထဲမှာ
သူတို့အပေါ်၌ ဆက်ရှိနေရစ်မှာပဲ။”
“ကျုပ်တို့ညီအစ်ကိုတွေက ကမ္ဘာမြေကြီးပေါ်မှ
လူတွေကို အဆက်ဖြတ်ပစ်တဲ့အကြောင်း ပြောကြတာ ခင်ဗျားကြားမိတဲ့အခါ အယူ
ဝါဒကြီးလွန်းတယ်လို့ ခင်ဗျားတွေးမိလိမ့်မယ်ဆိုတာ ကျုပ်သိပါတယ်။ သို့သော် ဒါက
သူတို့ကို ကယ်တင်ဖို့ပဲ။ သူတို့ကိုဖျက်ဆီးရန်မဟုတ်။”
“ရှိပါသေးတယ်။ မတရားတဲ့သူတွေကို ကျုပ်သိတယ်။
သူတို့ကို သူတို့လည်းသိတယ်။ ဒီအပေါ် သူတို့အပြစ်လွှတ်ခံရနိုင်ဖို့တစ်ခုတည်း
သောအခြေအနေက၊ သူတို့အသွေးမြေကျအောင်လုပ်ပေးဖို့ သူတို့ညီအစ် ကိုတွေကို
တောင်းပန်ရလိမ့်မယ်။ ဒါမှ အဲဒီကထွက်တဲ့မီးခိုးဟာ ဘုရား သခင်ဆီကို ယဇ်ပူဇော်ခြင်းအနေနဲ့တက်သွားပြီး၊
ထိုသူတို့၌ မီးတောက် နေတဲ့ အမျက်တော်ဟာကျေအေးစေဖို့ ဖြစ်လာလိမ့်မယ်။ ပညတ်တော်
လည်းဘောင်ဝင်လာပါတယ်။ ကျုပ်မှာ ပြောစရာရှိပါသေးတယ်။ ကျုပ် ဆီကို
သူတို့အပြစ်တွေအတွက် ဆေးကြောရန် သူတို့အသက်ကို လာပေး တဲ့လူ
ရှိခဲ့ဖူးတယ်ဆိုတာပါပဲ။”
“ဘုရားသခင်၏ သားတော်ရဲ့အသွေးဟာ လူကျဆုံးရာမှ
လူတွေ ကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက်မြေကျပေးခဲ့တယ်။ ဒါလည်း လူတွေက
လွတ်ငြိမ်းချမ်းသာမရနိုင်တဲ့အပြစ်များ လွန်ကျူးနိုင်ပါတယ်။ ဟိုးအရင် က
ရက်တွေအတိုင်းပဲ ဒီနေ့လည်း ဒီလိုပါပဲ။ ဒီအခြေခံတရားကို ဒီလိုပဲ
လူသိရှင်ကြားသင်ပေးခဲ့တာပါ။ ဒါလည်း လူတွေ နားမလည်နိုင်ကြသေး ဘူး။ ပညတ်တော်ကတော့
အတိအကျ တစ်မျိုးတည်းပဲလေ။ ရှေးကာလ ရက်တွေက ယဇ်ပလ္လင်ပေါ်တင်လှူပူဇော်ခြင်းနဲ့
အပြစ်ဖြေလွှတ်နိုင် တယ်။ သိုးကလေး၊ နွားကလေး၊ ခိုကလေးအသွေးနဲ့ အပြစ်လွတ်ငြိမ်း
ချမ်းသာ မရနိုင်တဲ့အပြစ်များရှိပါတယ်။ ဒါပေမယ့် အဲဒါကို လူ့အသွေးနဲ့ပဲ အပြစ်
ခွင့်လွှတ်ခြင်းလုပ်ရမယ်။ ဒီအကြောင်းကိုပဲ လူတွေ ဒါမျိုးသူတို့ လုပ်ခဲ့ကြတာကို
ခင်ဗျားကို ပြောပြနေတာပေါ့။ သူတို့ ဒီအယူဝါဒကို နားလည် လို့လည်း
အဲဒီအကြောင်းစကားလုံးအနည်းငယ် ခင်ဗျားဆီကို ထုတ်ပြောခဲ့တာ။ ခင်ဗျားအဲဒီအယူဝါဒကို
မသင်ယူခဲ့ဖူးဘူးမဟုတ်လား။” (Sermon by Brigham Young, Journal of
Discourses, vol.4, pp.53- 54; Desert News, 1856, p.235)
လူတစ်ဦးတစ်ယောက်ဟာ နောင်တမရအပြစ်ဝန်ခံခြင်းမရှိရင်၊ သူတို့
အပြစ်များ၌ ကယ်တင်ခြင်းရရှိပါ့မလား။
သမ္မာကျမ်းစာထဲ၌အဖြေ။ (တ ၁၆း၃၀,၃၁။ တ ၃း၁၉,၂၀)။
မော်မွန်တို့၏တုံ့ပြန်ချက်။
မော်မွန်အသင်း၏ ဒုတိယမြောက်ဥက္ကဋ္ဌဖြစ်သူ ဘရီဂန်ယန်း
ပြောခဲ့ပါတယ်။ - - -
“ခင်ဗျားကို အမှုတစ်ခု ကျုပ်မှန်းဆပြောပါရစေ။
ကဲ-ခင်ဗျားရဲ့ မိတ်ဆွေကို ခင်ဗျားရဲ့မိန်းမနဲ့ ကုတင်ပေါ်အိပ်နေတာတွေ့လိုက်ရတယ်
ဆိုပါစို့။ သူတို့နှစ်ယောက်စလုံးကို လှံနဲ့ထိုးသတ်လိုက်တယ်။ ခင်ဗျားဟာ
ဖြောင့်မတ်မှန်ကန်ပါလိမ့်မယ်။ ပြီးတော့ သူတို့နှစ်ယောက်က အပြစ် ဆေးကြောခံရပါလိမ့်မယ်။
ဘုရားသခင်ရဲ့နိုင်ငံတော်အထဲ သူတို့ လက်ခံ ရောက်ရှိသွားတာပေါ့။ ကျုပ်ဟာ
အဲဒီလိုအမှုမျိုးနဲ့ အဲဒီလို အခြေအနေ အောက်မှာဆို
ချက်ချင်းကျုပ်လည်းအဲဒီလိုလုပ်မိမှာပဲ။ ကျုပ်ဆီမှာတော့ မိန်းမနှလုံးအထဲ
လှံနဲ့ထိုးဖေါက်မိလောက်အောင် ကျုပ် အလွန်ချစ်တဲ့ မိန်းမတစ်ယောက်မျှမရှိပါဘူးဗျာ။
ကျုပ်ဟာ လက်ချည်းသန့်သန့်နဲ့ပဲလုပ် ရပါလိမ့်မယ်။---
“လူတွေ သူတို့ဘုရားသခင်နဲ့ပြုထားတဲ့
ပဋိညာဉ်များကို ဖေါက် ဖျက်တာ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်
တစ်ယောက်မျှမရှိပါဘူး။ အဲဒီအပြစ်ကြွေးအတွက်ကို ဆပ်ပေးရမှာလည်းမဟုတ်ပါဘူး။ ခရစ်တော်
ကျခဲ့တဲ့အသွေးကလည်း ဘယ်တော့မျှ ဖြေလွှတ်ပေးလိမ့်မည် မဟုတ်ပါ ဘူး။ သို့သော် ခင်ဗျားအသွေးကပဲ
အဲဒီအတွက် အပြစ်ဖြေပေးရမယ်။---(Journal of Discourses, vol.3, p.247)
ယနေ့အခါမှာရော သူတို့ဘာပြောနေသေးသလဲ။ Joseph
Fielding Smith (ဂျိုးဇက်ဖီးဒင်းစမစ်)ဟာ မကြာမတင်နှစ်တွေက
မော်မွန်အသင်း တော်၏ တရားဝင် သမိုင်းဆရာတစ်ဦးဖြစ်သည့်ပြင်၊ နှစ်များစွာ
တစ်လျှောက်၌ အသင်းတော်ရဲ့ ‘ပြောရေးဆိုခွင့်ရှိသူ’ လည်းဖြစ်ခဲ့တယ်။
သူ့ရေးသားချက်များအရ သူပြောခဲ့သည်မှာ -
“လူတွေဟာ သေရာပါအပြစ်တစ်ခုခုကို
ကျူးလွန်နိုင်ပါတယ်။--- အဲဒါ သူ့ကို ခရစ်တော်အသွေးနဲ့
ပြေငြိမ်းချမ်းသာပေးနိုင်တဲ့အဆင့်ကို ကျော်၍ နေရာချထားပေးလိမ့်မယ်။ ဒါကြောင့်
အပြစ်ပြေစေဖို့ဆိုတာ သူတို့အသွေးမြေကျမှသာ မျှော်လင့်စရာတစ်ခုတည်းရှိလာပါတယ်။”
(Doctrine of
Salvation, vol.1, pp.134-135, Joseph Fielding Smith)
ဒါက လူတစ်ဦးတစ်ယောက်ဟာ သွေးမြေကျရမယ်လို့ဆိုလိုတာလား။
မော်မွန်အသင်းတော်၏ တရားဝင်သမိုင်းဆရာတစ်ဦးဖြစ်သည့် Joseph Fielding Smith (ဂျိုးဇက်ဖီးဒင်းစမစ်)က
‘သွေးနှင့်အပြစ် ဖြေခြင်း’ အယူ ဝါဒနဲ့ပတ်သက်၍ ဤသို့ပြောခဲ့ပါတယ်။
“သွေးနှင့်အပြစ်ဖြေခြင်းတရားကို စကားတစ်လုံး၊
နှစ်လုံးနဲ့ပြောရ ပါမယ်။ ဒီအယူဝါဒကဘာလဲ။ စင်စင်ကြယ်ကြယ်တွေးကြည့်ပါ။ ခင်ဗျား က
ပျက်စီးခြင်းအရိပ်အမြွက်ကို ဘေးချထားခဲ့လိုက်ပြီး၊ စွပ်စွဲချက်များကို လည်း
လိမ်လည်တာမျိုးမကြာခဏ လုပ်ဆောင်ခဲ့တာကို သာယာနေ တတ်တယ်ဆိုပါစို့။- ဒါက
ရိုးရိုးလေးပါပဲ။ ခရစ်တော်ရဲ့ အပြစ်ဖြေလွှတ် ခြင်းမှတစ်ဆင့် လူသားအားလုံးတို့ဟာ
ပညတ်တော်ကို နာခံခြင်းနှင့် ဧဝံ ဂေလိတရားသိက္ခာရှိခြင်းအားဖြင့်
ကယ်လွှတ်ခြင်းရကြပါတယ်။ ------ ဒါပေမယ့် လူတွေဟာ သူတို့ရဲ့ အလင်း၊ သူတို့ရဲ့
အသိဉာဏ်အလိုက် သူတို့ ကျူးလွန်နိုင်၍ မကယ် မမနိုင်တဲ့သေရာပါဒုစရိုက်ဆိုတာရှိတယ်။
အဲဒီလိုဒုစရိုက်လုပ်မိသူတွေဟာခရစ်တော်၏အပြစ်ဖြေလွှတ်ခြင်းတန်ခိုး ထက်ကို
ကျော်သွား၍ အပြစ်သမားတို့နေရာကို ရောက်လိမ့်မယ်။ အဲဒီလို မျိုးဖြစ်ရင်
သူကယ်လွှတ်ခံရဖို့က အပြစ်ပြေငြိမ်းရန် သူ့အသက်ကို ယဇ် တင်ပူဇော်ရမယ်။ ထိုသူပြုတဲ့မုသားတန်ခိုးအတိုင်းရှိသမျှ၌
အဲဒီအပြစ် အတွက် ခရစ်တော်၏ အသွေးသက်သက်နဲ့ဆိုရင်၊ အခြေအနေတစ်ခုခု အောက်မှာ
အရာရောက်မှာမဟုတ်တော့ပါဘူး။ (Ibid. pp.133-134)
မော်မွန်၏လူ(၇၀)ပါ ပထမဦးဆုံးကောင်စီဝင်ဖြစ်သူ ဘရုစ်မက်
ကွန်ကီ(Bruce McConkie)က သူရေးတဲ့စာအုပ်
‘မော်မွန်အယူဝါဒ’ ထဲမှာ ဒီလိုရေးခဲ့ပါတယ်။ “အခြေအနေတစ်ခုခုအောက်က အလေးအနက် လုပ်
ခဲ့တဲ့အပြစ်တွေအတွက် ခရစ်တော်၏ ဆေးကြောခြင်းဟာ အလုပ်မလုပ် ပါဘူး။
ဘုရားပညတ်ချက်ကတော့ အဲဒီအပြစ်လုပ်ခဲ့တဲ့လူကပဲ သူတို့ အပြစ်အတွက်
ပြေငြိမ်းချမ်းသာရဖို့ သူတို့အသွေးမြေကျ၍ ပေးဆပ် ရပါ့မယ်။ (p.87)
“ဘီအိခ်ျရောဘတ် (B. H. Robert) ဆိုသူ မော်မွန်အသင်းတော် သမိုင်းပညာရှင်ဆိုသူကလည်း
သွေးနှင့်အပြစ်ဖြေခြင်းတရားကို အောက် ပါအတိုင်းဖေါ်ပြပေးခဲ့တယ်။
“လူတစ်ယောက်ယောက်က သူလုပ်လိုက်တဲ့အပြစ်ဟာ ကယ်
တင်ခြင်းကို ကိုယ်စားပြုပေးနိုင်တဲ့အဆင့်ကို ကျော်၍ သူ့အပြစ်က နေရာ
ကျသွားပြီဆိုတဲ့အခါ သူ့ဝိညာဉ်ကိုကယ်တင်ခြင်း လုပ်ပေးဖို့လိုအပ်လာပါ တယ်။ ဒါက
ဘာလဲဆိုတော့ အပြစ်လုပ်ခဲ့တဲ့သူရဲ့ ကိုယ်တိုင်အသွေး မြေကျခြင်းကိုပဲ ဒီမှာ ညွှန်းဆိုပြောနေတာဖြစ်တယ်။”
(A Comprehensive
History of the Church, By B.H. Roberts, vol.4, p.129)
အဲဒါချစ်ခြင်းမေတ္တာဖြစ်ပါသလား။
သမ္မာကျမ်းစာထဲ၌အဖြေ။ (၁ယော ၄း၈-၁၀၊ ၁၉-၂၁)။
မော်မွန်တို့၏တုံ့ပြန်ချက်။
ဤအရာသည် သင်၏ညီအစ်ကိုကိုချစ်ခြင်းဖြစ်သည်။ “ဆိုပါစို့၊ သူက
အလွန်ရိုင်းစိုင်းတဲ့ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့မိပြီးတော့၊ ဒါကို
ချီးမြှောက်ဂုဏ်ပြုခြင်းမှ သူ့ကို ရုပ်သိမ်းမယ်ဆိုတာလည်း သူသိတယ်။ ပြီးတော့လည်း
ဒါကို သူ့အသွေး မြေမကျဘဲနဲ့ မရနိုင်ဆိုတာကိုလည်း ကောင်း၊ ပြီးတော့
သူ့အသွေးကိုမြေကျစေခြင်းအားဖြင့်၊ သူလုပ်ခဲ့တဲ့ အပြစ်ကို ဆေးကြောလိမ့်မယ်၊
ကယ်လွှတ်ခြင်းခံရမယ်၊ ဘုရားအများနဲ့ အတူ
ချီးမြှောက်ဂုဏ်ပြုခံရမည်ဆိုတာကိုလည်းကောင်း သူသိထား တယ်။ အခုပဲ
“အကျွန်ုပ်အသွေးကိုထွက်ကျအောင်လုပ်ပေးပါ။ ဒါမှကျွန်ုပ် ကယ်တင်ခြင်းရပြီး၊ ဘုရားအများနဲ့အတူ
ချီးမြှောက်ဂုဏ်ပြုခံရပါမယ်” လို့ပြောမည့် လူမိန်းမဖြစ်ဖြစ်၊ လူယောက်ျားဖြစ်ဖြစ်
ဒီအိမ်ထဲမှာရှိတယ် မဟုတ်လား။
“အဲဒီယောက်ျား၊ မိန်းမကို သူ့အသွေးမြေကျလောက်အောင်
လုပ်ရဲတဲ့လုံလောက်သောအချစ်မျိုးနဲ့ ခင်ဗျားသူကိုချစ်ပါသလား။ လူတွေ ဟာ
သူတို့အပြစ်ကြီး ပြေငြိမ်းချမ်းသာရဖို့အတွက် သူတို့က ဖြောင့်မတ် စွာအသေခံခဲ့တဲ့
သာဓကဖြစ်ရပ်တွေအများကြီး ကျုပ်- ခင်ဗျားကို ပြောပြ နိုင်ပါတယ်။ လူမျိုးတကာတွေအထဲမှာ
ဒီအခြေခံစည်းကမ်းကို တားမြစ် ပိတ်ဆီးနေတဲ့ဆိုးညစ်မိုက်မဲမှုတွေဟာ
အားအပြည့်ဖြစ်နေတယ်။ ဒါပေ မယ့် အချိန်ရောက်လာရင် ပညတ်တော်သည်
အားအင်အပြည့်နဲ့ရှိလာပါ လိမ့်မယ်။
“ဤအရာသည် သင့်ကိုယ်ကို သင်ချစ်သကဲ့သို့
သူတစ်ပါးကို ချစ်ခြင်းဖြစ်သည်။ " ထိုသူအကူအညီလိုလျှင် ကူညီလိုက်ပါ။ ထိုသူသည်
ကယ်တင်ခြင်းလိုလျှင် သူ့အသွေးထွက်အောင်လုပ်ပေးဖို့ လိုအပ်ချက် ဖြစ်သည်။
ဒီလိုလုပ်ပေးမှ သူတို့ကယ်တင်ခြင်းခံရမယ်။ အသွေးထွက်ကျ အောင်လုပ်ပေးလိုက်ပါ။
ဒီနည်းကပဲ လူတွေကို ချစ်သည့်နည်းဖြစ်ပါ တယ်။” (Prophet Brigham Young,
discourse delivered February 8, 1857, Printed in Desert News, February 18,
1857, also Journal of dis- courses, vol.4, pp.219-220)
အခန်း - ၇၇
နာဇရင်းလူများ (Nazarenes)
နာဇရင်းအသင်းတော်သည် အရှေ့ပိုင်းပြည်နယ်များနှင့် ကာလီ
ဖိုးနီးယားပြည်နယ်တို့၏ သန့်ရှင်းသူများအသင်းအဖွဲ့မှ တိုးပွားလာခြင်း ဖြစ်သည်။
၁၉ဝ၇ ခုနှစ်တွင် ချီကာဂိုမြို့၌ ဖွဲ့စည်းထူထောင်ခဲ့ပြီး၊ ယနေ့ အမေရိကန်နိုင်ငံတွင်
အသင်းဝင်ပေါင်း(၃)သိန်းထိရှိလာပါသည်။ သူတို့၌ မစ်ရှင်စိတ်ပြင်းပြစွာရှိရမည်ကို
အထူးအလေးပေးသွန်သင်သော ကော လိပ်ကျောင်း(၈)ကျောင်းနှင့် သီဩလိုဂျီကျမ်းစာကျောင်း
တစ်ကျောင်း ရှိသည်။အပြောင်းအလဲမကြိုက်သူ၊ ကျမ်းရိုးကိုင်ခရစ်ယာန်များဖြစ်ကြ၍
နာဇရင်းအသင်းသားများယုံကြည်သည်မှာ-----
1။ ဘုရားသခင်မှုတ်သွင်းတော်မူခြင်းအားဖြင့် ရေးသားခဲ့သည့် သမ္မာ ကျမ်းစာ။
2။ အထင်ကရ ဒုတိယအကြိမ်ကြွလာတော်မူမည့်ခရစ်တော်။
3။ ခရစ်တော်၌ ယုံကြည်ခြင်းတစ်ခုတည်းအားဖြင့်သာလျှင် ရသော ကယ်တင်ခြင်း။
4။ မသေနိုင်သောဝိညာဉ်။
5။ ထာဝရ၌ပြင်းစွာသောဒဏ်ခံရခြင်း။
6။ တနင်္ဂနွေနေ့ အထွတ်အမြတ်ဖြစ်ခြင်း။
7။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ ရှောင်ကြဉ်သည်။
8။ လောကနေထိုင်မှုဘဝနှင့်လမ်းခွဲ၍ ရှေးရိုးစွဲဘဝနေထိုင်မှ စတိုင်ကို ယူသည်။
9။ လုံးလုံးနစ်မြုပ်ခြင်းပြုသောဗတ္တိဇံပေးခြင်း။
နာဇရင်းလူတို့သည် ကျမ်းရိုးကိုင်ခရစ်ယာန်များဖြစ်ကြ၍
ကြီးသော ဂုဏ်သိက္ခာနှင့် လူ့ကျင့်ဝတ်တရားကို စောင့်ရှောက်သူများဖြစ်ကြသည်။
သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းတော်မူခြင်းအားဖြင့် ဘုရား
စကားသံတော်ဖြစ်သည်ကို ယုံကြည်ရင်းရှိသောကြောင့်လည်း၊ ဘဝ အတွက် ကိုယ်ကျင့်တရားကိုစေခိုင်းနေသည်ဟူ၍လက်ခံကြသည်။
သူတို့ ၌ အားကောင်းသောအမြင်တစ်ခုမှာ ဘုရားသခင်သည် သူတို့လှုပ်ရှားမှု ကို
တစ်ကြိမ်တစ်ဖန် အဆင့်မြင့်စာရိတ္တစံနှုန်းဖြင့် ခရစ်ယာန်ဝါဒမြှင့်တင်
ပေးသည်ဟူ၍ဖြစ်သည်။ သူတို့ကိုသူတို့လည်း ပြန်လည်ထူထောင်ရေး သမားအဖြစ်မြင်ကြသည်။
သူတို့ရဲ့သမ္မာတရားစံနှုန်းသည် ထောက်ခံမှု ရရှိပါသော်လည်း
လုံလောက်သည့်အဆင့်သို့ရောက်ခဲ့သည် မဟုတ်ပါ။ မသိကျိုးကျွန်ပြု၍ သူတို့ဟာ
ဒွိစုံအမှားနှစ်ခုဖြစ်တဲ့ မသေနိုင်သော ဝိညာဉ်အယူနှင့်
တနင်္ဂနွေအထွတ်အမြတ်ထားခြင်းကို ကိုင်စွဲထားသေး သည်။
ထိုသူတို့နှင့်ထိတွေ့ဆက်ဆံတဲ့အခါ ကျယ်ပြန့်စုံလင်သမ္မာ တရား လေ့လာခြင်းကို
ပြင်ဆင်ထားရမည်။ ၎င်းတို့မှာ ပညတ်တော်၊ ဥပုသ်နေ့ နှင့် အပြောင်းအလဲ၊
ဗာဗုလုန်ပြိုလဲခြင်း၊ ဂိုဏ်းဂဏအသင်းတော်များ ကွဲကွဲပြားပြားဘာကြောင့်
များနေရသလဲစသည့် သင်ခန်းစာများအပြင်၊ ခရစ်တော်ကြွလာမည်ကို မျှော်လင့်ခြင်းအကြောင်း
ပုရောဖက်ပြုချက် များပြားလာခြင်းကိုလည်း ဆွေးနွေးကြရပါမည်။ ယင်းသင်ခန်းစာတို့မှာ
ကျွန်ုပ်တို့ အသင်းတော်၏ အနာဂတ္တိ သတင်းစကားများဖြစ်သည့်ပြင်၊
ဗျာဒိတ်ကျမ်းအခန်းကြီး-၁၀,၁၂,၁၄,၁၇ နှင့် ၁၈ တို့ကို ကောင်းစွာ နား လည်ခြင်းဖြစ်၍
နာဇရင်းလူတို့အပေါ် သိသိသာသာ အကျိုးသက်ရောက် မှုရှိနိုင်ပါလိမ့်မည်။
နာဇရင်းလူများ အစဉ်အလာစွဲဝါဒရေးရာယုံကြည်မှုများတချို့
1။ သမ္မာကျမ်းစာသည် ဘုရားစကားသံတော်ဖြစ်၏။
2။ သုံးပါးတစ်ဆူ (သို့မဟုတ်) ဘုရားသခင်၏ဇာတိအဖြစ်တော်။
3။ ခရစ်တော်အားဖြင့်သာလျှင် ကယ်တင်ခြင်းရခြင်း။
4။ ခရစ်တော်ဒုတိယအကြိမ်ကြွလာတော်မူမည်။
5။ သန့်ရှင်းစင်ကြယ်မှုကိုအလေးအမြတ်ထားခြင်း။
6။ ဆုတောင်းခြင်းနှင့် ဆက်ကပ်မြှုပ်နှံသောအသက်တာလိုအပ်မှု။
နာဇရင်းလူတို့၌ အဓိကဝါဒရေးရာ
ကွဲလွဲခြင်းနှင့်ကျမ်းစာအလိုအတိုင်းဖြစ်သင့်သည်များ
၁။
တနင်္ဂနွေနေ့ကို အလေးအမြတ်ထားခြင်း။
ယေရှုသည်ရက် သတ္တပတ်တွင် ပထမရက်၌ သေခြင်းမှ ထမြောက်တော်မူသည်ဖြစ်၍
ခရစ်ယာန်အားလုံးသည် ထိုနေ့တွင် ဝတ်ပြုရမည်ဆိုတဲ့ယုံကြည်ချက်။ (က ၂း၁-၃။
ထွက်၂၀း၈-၁၁။ ယေ ၂၀၊၁၂-၂၀။ လုကာ ၄း၁၆။ မဿဲ ၂၄း၂၀။ တ ၁၃း၄၂-၄၄။ ဗျာ ၁း၁၀။ မဿဲ ၁၂း၈။
လုကာ ၆း၅။ ဟေရှာ ၆၆း၂၂,၂၃)။
၂။
ဝိညာဉ် မသေနိုင်ဆိုတဲ့ ယုံကြည်ခြင်း။
လူတစ်ဦးချင်းစီတိုင်းမှာ မသေနိုင်၊ မပျက်နိုင်တဲ့ဝိညာဉ်ဟာ ကိုယ်ခန္ဓာနဲ့
သီးခြားရှိနေပြီး၊ လူသေ လျှင် ကိုယ်ခန္ဓာသေ၍ သီးခြားဝိညာဉ်သည် ကောင်းကင်ဘုံ၊
သို့မဟုတ် ငရဲဘုံတစ်ခုခုသို့ရောက်သွားမည်ဆိုတဲ့ ယုံကြည်ချက်။
(၁တိ ၆း၁၅,၁၆။ က ၂း၇။ ဒေသနာ ၁၂း၇။ ယောဘ ၂၇း၃။ ဆာလံ ၁၄၆း၄။ ၆:၅။ ၁၁၅း၁၇။ ယော
၁၁း၁၁-၁၄)ဖတ်ကြည့်ပါ။ အမှတ်ရပါ။ ကျမ်းစာသည် ‘ဝိညာဉ်’ စကားလုံးကို အကြိမ်ပေါင်း
(၁၆၀၀) သုံးခဲ့ပါ တယ်။ ဒါကို မသေနိုင်တဲ့ဝိညာဉ်၊ သို့မဟုတ် ထာဝရ ဝိညာဉ်လို့ ဘယ်
တော့မှမပြောပါ။ ကျမ်းစာထဲမှာ သေသည်ကို အိပ်သည်ဟု (၅၃)ကြိမ် ဆိုပါသည်။
၃။
ထာဝရပြင်းပြစွာသောဝေဒနာ။ ဘုရားသခင်သည်
ပျောက်သူ-ရှုံးသူများကို ငရဲသို့ချလိုက်၍ ထာဝရပြစ်ဒဏ်ပေးမည် ဟူသောယုံကြည် ချက်။
(မဿဲ ၄း၁-၃။ ဆာလံ ၃၇း၁၀,၁၁,၂၀,၃၈။ ယုဒ ၇။ ၂ပေ ၂း၆။ ဗျာ
၂၀း၉။ ဟေဗြဲ ၁၂း၂၉)။
နာဇရင်းအသင်းဝင်များသို့ ချဉ်းကပ်နိုင်သည့်အလားအလာ
1။ အားကောင်းသော ခရစ်တော်ဗဟိုပြုမိတ်ဆွေဖြစ်မှုကိုထူထောင်ပါ။
2။ ခရစ်တော်သည်သာလျှင် ကယ်တင်ခြင်းပေးနိုင်ကြောင်း၊ သွန်သင် သော
ဩဝါဒမှန်သမျှ၌ သမ္မာတရားအထောက်အကူ လိုအပ်ခြင်းနှင့် ခရစ်တော်မကြာမတင်
ပြန်လည်ကြွလာတော်မူမည့်အကြောင်းတို့ ကို အလေးထားပြောဆိုပေးပါ။
3။ ခရစ်ယာန်ဝါဒကျဆင်းခြင်းအကြောင်းနှင့်၊ အသင်းတော်များအထဲ၌
ဖေါက်ပြန်သင်းကွဲခြင်းများ၊ ဘုရားသခင်၏ ပြန်လည်နေရာချထား ရေးအကြံအစည်တော်တို့ကို
အတူတကွ လေ့လာပါ။
4။ နာဇရင်းလူတွေဟာ
ဒံယေလအနာဂတ္တိကျမ်းနှင့်ဗျာဒိတ်ကျမ်းတို့ကို ပုရောဖက်ပြုလေ့လာချက်များ၌
အထွေအထူးတုံ့ပြန်ပေးလာတတ် ကြပါသည်။
5။ ဗျာဒိတ်ကျမ်းအခန်းကြီး(၁၄)ကို လေ့လာခြင်းဖြင့် ကောင်းကင်
တမန်သုံးပါးသတင်းစကားများကို တစ်ဆင့်ပြီးတစ်ဆင့်ပြောပေးပါ။
အခန်း - ၇၈
ပင်တေကုတ္တေအသင်း (Pentecostals)
ပင်တေကုတ္တေဝါဒသည် ရိုးရာကာသိုလစ်စနစ်နှင့် သမိုင်းတစ်
လျှောက်ရှိခဲ့သည့် ပရိုတက်စတင့်ဝါဒတို့အကြား၌ ခရစ်ယာန်ဘာသာရေး ၏
‘တတိယအင်အားစုကြီး’ အဖြစ် မကြာမကြာ ညွှန်းဆိုကြရပါသည်။ ပင်တေကုတ္တေတို့သည်
ကမ္ဘာပေါ်တွင် အလျင်အမြန် တိုးပွားနေလျက်ရှိ သည်။ အဓိကအသင်းကြီး(၁၅)ခုနှင့်
လွတ်လပ်သော အုပ်စုအဖွဲ့ငယ် များစွာတို့ဖြင့် ကမ္ဘာတစ်လွှားအသင်းသား
(၁၅)သန်းမျှလောက်ရှိလာပြီး၊ အထူးသဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့်
ဗတ္တိဇံပေးခြင်း ကို အလေးအနက်ထား၍ (glossolalia) ခေါ် အခြားဘာသာစကား ပြော ခြင်း၊ ဘုရားကုအနာငြိမ်းစေခြင်း၊ ကနဦးအသင်းတော်၏
သိဒ္ဓိတင် ဆုကျေးဇူးတို့ဖြင့် ပူးတွဲလေ့ကျင့်ကြသည်။ တကယ့်ပင်တေကုတ္တေ
လှုပ်ရှားမှုသည် အမေရိကန်နိုင်ငံတွင် ဆယ့်ရှစ်ရာစု၊ ဆယ့်ကိုးရာစုနှစ်
များနှောင်းပိုင်းကာလတို့၌ သန့်ရှင်းစင်ကြယ်ခြင်းလှုပ်ရှားမှုများမှ တိုး
တက်ကြီးထွားလာခြင်းဖြစ်သည်။ နှစ်ဆယ်ရာစုခေတ် ပင်တေကုတ္တေတို့
ကြီးထွား-တိုးပွားလာခြင်းသည် ယနေ့ကမ္ဘာတွင်ခေတ်သစ်ခရစ်ယာန်ဝါဒ ရေးရာ၌
မှတ်သားဖွယ်အံ့မခန်းဖြစ်ရပ်တစ်ခုဖြစ်လာပါသည်။ ပင်တေကု တ္တေအသင်းများကို
ကမ္ဘာတစ်လွှား၌ လှုပ်ရှားဖွဲ့စည်းကြပြီး၊ တောင် အမေရိကတိုက်၊
လက်တင်အမေရိကနှင့်အာဖရိကတို့အပြင် အမေရိကန် နိုင်ငံတစ်လွှားတို့၌လည်း
ကြီးကြီးမားမား စုစည်းနိုင်ခဲ့ကြသည်။ ဥရောပ လူနေမှု အဖွဲ့အစည်းများအတွင်း၌လည်း၊
ပင်တေကုတ္တေအသင်းများ ကြီးထွားလျက်ရှိလာပါသည်။ များစွာသော ပင်မဘာသာရေး အသင်း
တော်ကြီးများ၏ ပုံသေကားကျလုပ်နေသော ခေတ်ကာလအထဲတွင်
လိုလိုလားလားနှင့်ဝမ်းမြောက်ဝမ်းသာ စိတ်အားထက်သန်စွာ ဘုရားဝတ် ပြုကြသော
ပင်တေကုတ္တေအသင်းများသည် လူထောင်ပေါင်းများစွာကို ဆွဲဆောင်ထားခဲ့ကြသည်။
အလွန်အသေးစိတ်ကျသော ဘုရားဝတ်ပြုပွဲ မျိုးကိုရှောင်ရှား၍ သူတို့သည် ကနဦး
ခရစ်ယာန်များ၏ ရိုးသားမှုရှိခြင်း၌ စွဲလမ်းနေဖို့ကြိုးစားကြသည်။
အချိန်အခါအလိုက်လည်း သူတို့ရဲ့ လိုလို လားလားဝတ်ပြုလုပ်ဆောင်ခြင်းများ၌
သက်သေခံခြင်း၊ အခြားဘာသာ စကားပြောခြင်း၊ အနာငြိမ်းလုပ်ဆောင်ခြင်းတို့ဖြင့်
ကောက်သင်းကောက် လုပ်လာကြ၍ ကစဉ့်ကလျားဖြစ်လာကြ၏။
ပင်တေကုတ္တေတို့ အစဉ်အလာစွဲဝါဒရေးရာယုံကြည်မှုများတချို့
1။ သမ္မာကျမ်းစာသည် ယုံကြည်ခြင်းနှင့် လေ့ကျင့်ခြင်းတို့အတွက်
တစ်ခုတည်းဖြစ်သောစည်းမျဉ်းဖြစ်သည်။
2။ ခရစ်တော်၏အသွေးအားဖြင့် ကယ်တင်ခြင်း။
3။ မကြာမတင်ယေရှုပြန်ကြွလာမည့်အကြောင်းအမှန်တရား။
4။ လုံးလုံးနစ်မြုပ်ခြင်းပြုရသည့်ဗတ္တိဇံပေးခြင်း။
5။ သခင်ဘုရား၏ ပွဲတော်ယူခြင်း။ (ခြေဆေးခြင်းအမှုကို တချို့လေ့ ကျင့်လာကြသည်။)
6။ အပျိုကညာ၏မွေးဖွားခြင်း၌ယုံကြည်မှု။
7။ ယနေ့အသင်းတော်များအထဲတွင် ဝိညာဉ်ဆုကျေးဇူးနှင့် သမ္မာ ကျမ်းစာအတိုင်း
ပုရောဖက်ပြုခြင်းဆုကျေးဇူးများ သိသာထင်ရှား လာပါသည်။
ပင်တေကုတ္တေအသင်းများ၌ အဓိကဝါဒရေးရာ
ကွဲလွဲခြင်းနှင့်ကျမ်းစာအလိုအတိုင်းဖြစ်သင့်သည်များ
၁။ မထင်မှတ်ဘဲရောက်လာမည့်ချီဆောင်ခြင်း။ ခရစ်တော်သည်
ဘေးဒဏ်ကြီးကာလမတိုင်မီ မထင်မှတ်ဘဲ ကြွလာတော်မူမည်ဆိုတဲ့ အကြောင်း၌၊ ခရစ်တော်သည်
သူ့အသင်းတော်ကို ရုတ်ခြည်းဆွဲယူ၊ သို့ မဟုတ် ချီဆောင်တော်မူခြင်းဖြင့်
မြေကြီးပေါ်၌ မယုံကြည်သူများ ကျန် ရစ်ခဲ့ပြီး ဘေးဒဏ်ကြီးတစ်လျှောက်မှာ
ပြစ်ဒဏ်ခံကြရမည်ဆိုတဲ့ ယုံ ကြည်ချက်။ (ကျမ်းချက်ဖတ်ကြည့်ရန်။ ၁သက် ၄း၁၆,၁၇။ ၂သက် ၁း၇-၉။ မဿဲ ၁၃း၃၀။ လုကာ ၁၇:၂၆-၃၇။ မဿဲ ၂၄း၂၇။ ဆာလံ ၅၀း၃။ ဗျာ
၁း၇)။
၂။ ဝိညာဉ် မသေနိုင်ဆိုတဲ့ ယုံကြည်ခြင်း။ လူတစ်ဦးချင်းစီ
တိုင်းမှာ မသေနိုင်၊ မပျက်နိုင်တဲ့ဝိညာဉ်ဟာ ကိုယ်ခန္ဓာနဲ့သီးခြားရှိနေပြီး၊
လူသေလျှင် ကိုယ်ခန္ဓာသေ၍ သီးခြားဝိညာဉ်သည် ကောင်းကင်ဘုံ၊ သို့မဟုတ်
ငရဲဘုံတစ်ခုခုသို့ရောက်သွားမည်ဆိုတဲ့ ယုံကြည်ချက်။
(၁တိ ၆း ၅,၁၆။ က ၂း၇။ ဒေသနာ ၁၂း၇။ ယောဘ ၂၇း၃။ ဆာလံ ၁၄၆း၄။ ၆:၅။ ၁၁၅း၁၇။ ယော
၁၁း၁၁-၁၄)ဖတ်ကြည့်ပါ။ အမှတ်ရပါ။ ကျမ်းစာ သည် ‘ဝိညာဉ်’ စကားလုံးကို အကြိမ်ပေါင်း
(၁၆၀၀) သုံးခဲ့ပါတယ်။ ဒါကို မသေနိုင်တဲ့ဝိညာဉ်၊ သို့မဟုတ် ထာဝရဝိညာဉ်လို့
ဘယ်တော့မှမပြောပါ။ ကျမ်းစာထဲမှာ သေသည်ကို အိပ်သည်ဟု (၅၃)ကြိမ် ဆိုပါသည်။
၃။ တစ်ကြိမ်ကယ်တင်ခံရရင် အမြဲကယ်တင်ခံရခြင်းဖြစ်တယ်။ လူတစ်ယောက်ဟာ ခရစ်တော်ဆီရောက်လာရင်
သူတို့၌ ဘယ်တော့မှ မဆုံးရှုံးနိုင်ဟူသောယုံကြည်ချက်။
(၁ကော ၁၅း၁-၂။ ၂ပေ ၂း၂၀-၂၂။ ၁ကော၉း၂၇)
ဖတ်ကြည့်။ [ရေမျော ကမ်းတင်(castaway)စကားလုံးဒီမှာသုံးတာ
(ယေရမိ ၆း၃၀) မှာလည်း သုံးတယ်။ လောင်ကျွမ်းစေတော်မူသည်၊ ဒါမှမဟုတ်- ပယ်တော်မူသည်
ဖြစ်ပါတယ်။] (ဟေဗြဲ ၄း၄-၇။ ဗျာ ၃း၅။ ဖိ ၄း၃) တွေမှာဖတ်ကြည့်ရင်၊ ခရစ်တော်ကို
ကျွန်ုပ်တို့လက်ခံလိုက်တဲ့အခါ၊ ကျွန်ုပ်တို့ရဲ့အမည်တွေဟာ အသက်စာရင်း-စာအုပ်မှာ
ရေးသွင်းပြီးဖြစ်တယ်။ ဒါကို စာရင်းဖျက်လို့ ရတယ်ဆိုထားတော့ တစ်ကြိမ်တစ်ခါက
လက်ခံထားပြီးသူတွေဟာ အပယ်ခံရနိုင်တယ်ဆိုတာဖြစ်နိုင်တာပဲပေါ့။
ပင်တေကုတ္တေအသင်းသားအများအပြားဟာ ‘တစ်ကြိမ် ကယ်တင်ခံရ လျှင်
အမြဲကယ်တင်ခြင်းရခြင်းဖြစ်တယ်’ ဆိုတာကို မယုံကြပါဘူး။ မည်သို့ပင်ဖြစ်စေ
-သင့်အနေနဲ့ ပင်တေကုတ္တေအသင်းသားတစ်ယောက် ယောက်ကိုတွေ့လို့ ထိုသူဟာ
အခြားဘာသာစကားပြောဆုရလိုက်ပြီ ဆိုတာနဲ့ ခရစ်တော်၏ တံဆိပ်နှိပ်ခံရ၍
သူတို့ဆုံးရှုံးခြင်းသို့ မရောက် နိုင်တော့ကြောင်း ယုံကြည်နေတာတွေ့ရတက်ပါတယ်။
ဒါကြောင့်လည်း ဒီအပိုဒ်ကို ကျွန်ုပ်တို့ထည့်သွင်းပေးလိုက်ရခြင်းဖြစ်တယ်။
၄။
တနင်္ဂနွေနေ့ကို အလေးအမြတ်ထားခြင်း။
ယေရှုသည်ရက် သတ္တပတ်တွင်ပထမရက်၌ သေခြင်းမှထမြောက်တော်မူသည်ဖြစ်၍
ခရစ် ယာန်အားလုံးသည် ထိုနေ့တွင် ဝတ်ပြုရမည်ဆိုတဲ့ယုံကြည်ချက်။
(က ၂း၁-၃။ ထွက်၂၀း၈-၁၁။ ယေဇ ၂၀း၁၂-၂၀။ လုကာ ၄း၁၆။ မဿဲ
၂၄း၂၀။ တ ၁၃း၄၂-၄၄။ ဗျာ ၁း၁၀။ မဿဲ ၁၂း၈။ လုကာ ၆း၅။ ဟေရှာ ၆၆း၂၂,၂၃)။
၅။
အခြားသောဘာသာစကားပြောဆိုခြင်း။ သန့်ရှင်းသော
ဝိညာဉ်တော်နှင့်ပြည့်ဝသော အမှတ်လက္ခဏာအဖြစ် ပီတိသောမနဿ စိတ်ဖြင့်
စကားပြောထုတ်လိုက်ခြင်းဖြစ်သည်။ (ဒါကို သန့်ရှင်းသော
ဝိညာဉ်တော်၏ဘာသာစကားဖြစ်တယ်လို့ဆိုတယ်။) ပြောထုတ်လိုက်သူ က နားမလည်ပါ။ သို့သော်
ဘုရားသခင်သာလျှင် နားလည်သည်။ ပင်တေ ကုတ္တေအသင်းသားများအားလုံးဟာ ဘာသာစကားမပြောရင်
သန့်ရှင်း သောဝိညာဉ်တော်ဗတ္တိဇံမရခဲ့ဟုဆိုကြသည်။
က။
သင့်ရဲ့ ပင်တေကုတ္တေအသင်းဝင်မိတ်ဆွေကို သင်ဟာ စစ်မှန်ခိုင်လုံတဲ့
ကျမ်းစာအလိုတော်ဘာသာစကားပြော ဆုကျေးဇူးကိုသာလျှင် ယုံကြည်ကြောင်း ရှင်းပြပြောဆို
ပါ။
ခ။
ဘုရားသခင်သည် မည်သူကို မည်သည့်ဆုကျေးဇူးပေး ကြောင်း၊
ကိုယ်တော်ရွေးခန့်ပါကြောင်း အတည်ပြုပေး ပါ။ ဆုကျေးဇူးတွေဟာ
လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ကိုယ်တော်အကောင်းဆုံး ယူဆ၍ ပေးကမ်းတော်မူခြင်း
ဖြစ်သည်။ (၁ကော ၁၂း၁၁)။
ဂ။
လူတိုင်းက အခြားဘာသာစကားပြောဆုကျေးဇူးမရနိုင် ကြောင်းကို
ထောက်ပြပြောဆိုပါ။ အခြားဘာသာစကား ပြောခြင်းဟာ ဆုကျေးဇူးစာရင်းအထဲက တစ်ခုသာဖြစ်
ပြီး၊ သာ၍ငယ်သော ဆုတစ်ခုသာဖြစ်ပါတယ်။ (၁ကော ၁၂း၂၇-၃၁)။
ဃ။
ချစ်ခြင်းမေတ္တာသည် အခြားဘာသာ စကားပြောခြင်း (သို့မဟုတ်)
အနာဂတ္တိစကားပြောခြင်းအမှုထက် ဘုရား သခင်အတွက် ပိုအရေးပါလှပါ၏။ (၁ကော ၁၃း၁,၂)။
င။
သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်ဝသော လက္ခဏာ သည် ယေရှုအတွက်
သက်သေခံလိုခြင်းဆန္ဒဖြစ်သော မေတ္တာနှလုံးသားဖြစ်ပါသည်။ (တ ၁း၆-၈)။
စ။
အခြားဘာသာစကားသည် ပြောသူတို့-ကိုယ့်အဖို့ တည် ဆောက်စေရန်
ယုံကြည်သူများအား အထူးတလည် ပေးကမ်းတော်မူခြင်းမဟုတ်၊ မယုံကြည်သူများအဖို့ ဧဝံ
ဂေလိသတင်းကောင်း မြင်မိစေရန် အတည်ပြုပေးသည့် နိမိတ်လက္ခဏာဖြစ်ပါသည်။ (၁ကော ၁၄း၂၂)။
ဆ။ ဘာသာစကားပြောခြင်းသည် ဘုရားပေးကမ်းသည့် တကယ့်ဘာသာစကားဖြစ်တယ်။ ထို့ကြောင့်
ဧဝံဂေလိ သတင်းကောင်း ဆက်သွယ်ရောက်ရှိသွားစေရန် ဘာသာ စကားအတားအဆီး
ပြိုပျက်စေနိုင်ခဲ့ပါတယ်။ (တ ၂း၄-
၁၁)။
ဇ။
(၁ကော ၁၄)အခန်းကြီးတစ်ခန်းလုံး၌ ရှင်ပေါလုက နား
လည်ရခက်သည့်ဗလုံးဗထွေးစကားလုံးများနှင့်မပြောဘဲ၊
နားလည်ရလွယ်သောစကားနှင့်ပြောဆိုကြဖို့ တိုက်တွန်း ခဲ့သည်။ (၁ကော ၁၄း၇-၁၉)။
ဈ။
တမန်တော်ကြီးသည် အသင်းတော်၌ အခြားဘာသာ စကားဖြင့်ပြောမည်ဆိုက
အောက်ဖေါ်ပြပါ အထိန်းကို ချမှတ်ပေးခဲ့သည်။
(၁)
တစ်ကြိမ်လျှင် လူတစ်ဦးစီသာပြောဆိုကြရမည်။
လူတွေများစွာစုပြုံပြောဆိုနေခြင်းကြောင့်၊ မလို လားအပ်သော ဒေါသပေါက်ကွဲမှု
မရောက်စေ သင့်ပါ။ (၁ကော ၁၄း၂၆,၂၇)။
(၂)
ပေးထားသည့် ဝတ်ပြုချိန်တစ်ခုအတွင်းမှာ လူ နှစ်ဦးထက် မပိုစေပဲ၊
အများဆုံး-သုံးဦးလောက် အထိသာပြောခွင့်ပေးရမည်။(၁ကော၁၄း၂၆,၂၇)
(၃) ပြည်ပဘာသာစကားပြောခြင်း၌ စကားပြန်သုံးရ မည်။ သို့မှသာ
အသင်းတော်တစ်ခုလုံးသည် ဟောပြောခြင်းကို နားလည်သည့် အကျိုးခံစားရ လိမ့်မည်။
အတူတကွလည်း ဘုရားဝတ်ပြုခြင်း အာရုံရရှိပေလိမ့်မည်။ (၁ကော ၁၄း၂၈)။
ည။
ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော် ပြည့်ဝခြင်း သည်
ဘုရားသခင်၏သမ္မာစကားကို ချစ်မြတ်နိုးစွာနာခံ ခြင်းရှိကြသော ထိုသူတို့အပေါ်သို့
သွန်းလောင်းပေး တော်မူခြင်းသာဖြစ်၏။ (တ ၅း၃၂။ ယော ၁၄း၁၅-၁၆)။
ပင်တေကုတ္တေအသင်းဝင် သင့်မိတ်ဆွေများဆီသို့ ချဉ်းကပ်
ဆက်ဆံတဲ့အခါ သင်သည် သခင်ဘုရားကို စိတ်အားကြီးစွာချစ်ကြောင်း
ပွင့်လင်းစွာသူတို့ကိုသိစေပါ။
၂။
သင်၏ ထာဝရအသက်အာမခံရှိသည့် အခြေခံအချက်အဖြစ် ယေရှုနှင့်
သင့်ကိုယ်တွေ့ဖြစ်ရပ်အကြောင်း သူတို့ကို ဝေမျှပြောပြပါ။ (ယော ၁၇း၁၇)။
၃။
ကျွန်ုပ်တို့ရဲ့ စိတ်လှုပ်ရှားမှုဟာ ယုံကြည်စိတ်ချရသည်မဟုတ်
တစ်ခါတစ်ရံတက်မည်။ တစ်ခါတစ်ရံကျမည်။ စာတန်က ကျွန်ုပ်တို့ရဲ့ စိတ်လှုပ်ရှားမှုကို
ကြိုးကိုင်ဆွဲနေနိုင်သည်။ စာတန်ဟာ တကယ့်နိမိတ် လက္ခဏာအတုတွေကို ပြပေးနိုင်တယ်။
ဒါမှမဟုတ် လှည့်စားဖို့ ပြုစားနိုင် တဲ့ နိမိတ်လက္ခဏာတွေလည်း ပြနိုင်တယ်။ (မဿဲ
၂၄း၂၄။ ဗျာ ၁၆း၁၃,၁၄)။
၄။
တချို့လူတွေဟာ သူတို့၌ တန်ခိုးနှင့်တကွ ခရစ်တော်မစတော်မူ
၏လို့ဆိုကြပါတယ်။ ကိုယ်တော့်နာမနဲ့ နတ်ဆိုးတွေကို သူတို့ မောင်း
ထုတ်ပြနိုင်ကြပါတယ်။ ဒါပေမယ့် ကိုယ်တော်က ပြောလာမယ်- “သင်တို့ ကိုငါအလျှင်းမသိ”
လို့ပြောလိမ့်မယ်။ (မဿဲ ၇း၂၁-၂၃)။
၅။
ယုံကြည်ခြင်းဆိုတာ တည်ကြည်နေရမယ်ဆိုရင် ရေးသားထား သည့်
ဘုရားနှုတ်ကပတ်စကားအပေါ် အခြေခံကြရပါ့မယ်။ (မ ၇း၂၄)။ ၆။
ကျွန်ုပ်တို့ရဲ့ အကွယ်အကာသည် ဘုရားနှုတ်ကပတ်စကားကို သိ
၍သမ္မာတရားအားဖြင့်အသက်ရှင်နေထိုင်ကြရန်ဖြစ်၏။ (ဟေရှာ ၈း၂ဝ)။
၇။
သမ္မာတရားသည် ကျွန်ုပ်တို့အား အမှားလုပ်ခြင်းမှ လွှတ်ခြင်း
ချမ်းသာကိုပေးပါသည်။ (ယော ၈း၃၂)။
၈။
သမ္မာကျမ်းစာအုပ်ကို ရေးသားခဲ့တာ သန့်ရှင်းသောဝိညာဉ်တော် ဖြစ်ပါတယ်။
(၂ပေ ၁း၂၁)။
၉။
သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသည်ဆိုသည်မှာယေရှုပြော
စကားများကို ကိုယ်တိုင်ခံယူခြင်းဖြစ်ရသည်။ (ယော ၆း၆၃)။
၁၀။
အကြီးမားဆုံးသောနိမိတ်ပြချက်သည် သင့်၌ ပြောင်းလဲသော
စိတ်နှလုံးဖြစ်သည်။ (ယော ၃း၂-၇)။
၁၁။
သမ္မာတရားကိုငြင်း၍ ရင်သပ်ရှုမောဖွယ်ရာနိမိတ်ကို မျှော်လင့်
နေခြင်းသည်ကျမ်းစာအလိုတော်နှင့်မကိုက်ညီပါ။ (လုကာ ၁၆း၂၇-၃၁)။ ၁၂။
နှုတ်ကပတ်တော်၌ဖွင့်ပြသော ဘုရားသခင်၏ သမ္မာတရားကို လက်ခံရရှိခြင်းက
ကျွန်ုပ်တို့ကို ယုံမှားလွန်ခြင်းမှ အကွယ်အကာဖြစ်စေ ပါသည်။ (၂သက် ၂း၉-၁၂)။
အခန်း - ၇၉
ပရက်စ်ဘီတေးစီးရင်း
(Presbyterians)
ပရက်စ်ဘီတေးရီးရင်းတို့ဟာသူတို့ရဲ့ဇာစ်မြစ်ကို
ဂျွန်ကယ်လ်ဗင်
(John Calvin) ၏
ပြန်လည်ပြုပြင်ရေးကာလအတွင်း၊ သူ၏ဩဝါဒများ အပေါ်၌ ခြေရာခံခဲ့ကြသည်ဟုဆိုသည်။
ကယ်လ်ဗင်၏ ရှုတောင့်သည် ဘုရားသခင်၏အုပ်စိုးတော်မူခြင်းကို သူ၏ နားလည်မှုအရ
‘ယုံကြည်ခြင်း
ဖြင့်ဖြောင့်မတ်ရာသို့ရောက်သည်’ ဆိုတာနှင့်ဖက်စပ်ထားသည်။
ထိုမှ ဘုရားသခင်သည် လူတချို့ကို ကယ်တင်ခြင်းပေး၍ အချို့ကို ပြစ်ဒဏ်ခံရ စေသည်ဟူ၍
သူ့ကိုယုံကြည်ခြင်းရောက်စေခဲ့သည်။ ထို့ကြောင့် ဘုရား သခင်၏ ကြိုတင်စီမံချက်အထဲ၌
အချို့သည် ကယ်တင်ခံရ၍ အချို့သည် ပျောက်ဆုံးကုန်ကြသည်။ ကယ်လ်ဗင်၏
ဘုရားသခင်အုပ်စိုးတော်မူခြင်း အယူအဆအရဘာသာရေးအသင်းတော်နှင့် နိုင်ငံတော်အကြား၌
သီးခြား အမြင်ရှင်းလျက်ရှိ၏။ ကယ်လ်ဗင်သည် လူတိုင်းအတွက် ဘာသာရေး
သဘောထားကြီးခြင်းရှိသည်ကို ယုံကြည်သည်။
ယနေ့ အမေရိကန်နိုင်ငံတွင် ပရက်စ်ဘီတေးရီးရင်းအသင်းသား
ခန့်မှန်း ၄,၅ဝဝ,ဝဝဝ ယောက်ရှိနေသည်။ သူတို့၏ အသင်းတော် အုပ်ချုပ်
ရေးစနစ်အရဒေသခံအသင်းတော်များအား လွတ်လွတ်လပ်လပ် ဖွဲ့စည်း အုပ်ချုပ်ခွင့်
ပေးအပ်ထားခြင်းဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိကြသည်။
အသင်းတော်အမှုဆောင်သင်းအုပ်တွေကို ဘိသိက်ပေးရန်နှင့် ခန့်ထားရန် တာဝန်မှာ၊
ပရက်စ်ဘီတာ (Presbyters) ဟုခေါ်သည့် အသင်းတော်
လူကြီးမင်းများအုပ်စုက ခန့်အပ်ထားသောဘုတ်အဖွဲ့၏တာဝန်ဖြစ်သည်။ ပရက်စ်ဘီတာအုပ်စုကို
(Synod)ခေါ် ကောင်စီဝင်များက ကြီးကြပ်ပါ သည်။
ပရက်စ်ဘီတေးရီးရင်းအသင်းတော်များ၏ အဆင့်အမြင့်ဆုံး အုပ်ချုပ်ရေးအဖွဲ့မှာ
သင်းအုပ်များနှင့် ပရက်စ်ဘီတာများအထဲက ရွေး တင်၍ သာမန်ကိုယ်စားလှယ်များ
ပါဝင်တက်ရောက်ကြရသော လွှတ် တော်ညီလာခံကြီးဖြစ်ပါသည်။
ပရက်စ်ဘီတေးရီးရင်းတို့၏ သမ္မာတရားနားလည်မှုကို လမ်းညွှန်
ပေးနေသည်မှာ ၁၆၄၉ ခုနှစ် ‘ဝက်စ်မင်နစ်စတာ-ဝန်ခံခြင်း’ ဖြစ်ပါသည်။ ၁၉၆၇
ခုနှစ်ရောက်သောအခါ ပို၍ သဘောထားကြီးသောယုံကြည်ချက်၌ ဝန်ခံခြင်းများဖြစ်သည့်
ချစ်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ဘုရားသခင်သည် ခရစ်တော်မှတစ်ဆင့်လောကလူတွေနှင့်ရန်ငြိမ်းခြင်းဘယ်လိုလုပ်ဆောင်
တော်မူခဲ့သည်တို့ကို ခံယူလာကြသည်။ ယနေ့ပရက်စ်ဘီတေးရီးရင်း အသင်းတော်များသည်
ပင်မ-ပရိုတက်စတစ်အသင်းတော်များအားလုံး ကဲ့သို့ ကျမ်းစာအလိုတော်ကို
အလေးမထားတော့သည်နှင့်အတူ ယခင်က သူတို့ကိုင်စွဲထားတဲ့အဆင့်မှ သိသိသာသာအားပျော့လာခဲ့ကြပါသည်။
ပရက်စ်ဘီတေးရီးရင်းများ
အစဉ်အလာစွဲဝါဒရေးရာယုံကြည်မှုများတချို့
1။ လှုံ့ဆော်တော်မူခြင်းအားဖြင့် ရေးသားခဲ့တဲ့ သမ္မာကျမ်းစာ။
(သဘောထားကြီးစေဖို့လှုံ့ဆော်ခံရတဲ့ပရက်စ်ဘီတေးရီးရင်း
အချို့ သင်းအုပ်များက နှုတ်ကပတ်တော်ဖြောင့်မတ်ခြင်းအပေါ် သံသယ
ရှိကြ၏။)
2။ သုံးပါးတစ်ဆူ၊ သို့မဟုတ် ဘုရားသခင်၏ ဇာတိအဖြစ်တော်။
3။ ယေရှုခရစ်အားဖြင့်ရသောထာဝရအသက်။
4။ အပျိုကညာမှ မွေးဖွားခြင်း။
5။ ကောင်းကင်ဘုံ။
6။ အထင်ကရနှင့် ယေရှုခရစ်ဒုတိယအကြိမ်ကြွလာတော်မူခြင်း။
(တချို့သူတို့လူတွေ၌ အနာဂတ်အကြောင်းကို စိတ်ရှုပ်ထွေးနေ
ကြသည့်တိုင်၊)
ပရက်စ်ဘီတေးရီးရင်းတို့၌ အဓိကဝါဒရေးရာ
ကွဲလွဲခြင်းနှင့်ကျမ်းစာအလိုအတိုင်းဖြစ်သင့်သည်များ
၁။
ခွဲခန့်မှတ်သားတော်မူခြင်း။ ဘုရားသခင်သည် လူတချို့ကို ကယ်တင်ခြင်းရဖို့၊ တချို့ကိုပျောက်ဆုံးကြဖို့
ခွဲခန့်မှတ်သားတော်မူသည် ဆိုတဲ့ အထွေထွေအယူဝါဒ လက်ကိုင်ထားခြင်းသည် ဘုရားသခင်၏
မေတ္တာတော်နှင့်ဖြောင့်မတ်ခြင်းနှစ်ခုစလုံးကို ငြင်းပယ်သကဲ့သို့ လူသား တို့၏
ရွေးချယ်မှုလွတ်လပ်ခြင်းကိုလည်း ငြင်းပယ်နေသည်။(၁တိ ၂း၃-၅။ ၂ပေ ၃း၉ ။ ဗျာ ၂၂း၁၇)။
လူပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် ခွဲခန့်မှတ်သား တော်မူခြင်းအကြံအစည်တော်သည်
ဘုရားသခင်၌ရှိသည်မှာမှန်ပါ၏။
ဤသို့ ခွဲခန့်မှတ်သားတော်မူခြင်းအကြံအစည်သည်
လူသားအားလုံးကို ကယ်တင်ဖို့သာဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းဟာ ဘုရားသခင်
၏ အကြံအစည်တော်ကို သူတို့လက်ခံရလိမ့်မည်ဆိုသည့်အကြောင်း၌ သူတို့
တစ်ဦးချင်းစီတိုင်းက ရွေးချယ်ပိုင်သော အခွင့်အရေးရှိထားကြ သည်။
၂။
တနင်္ဂနွေနေ့ကို အလေးအမြတ်ထားခြင်း။
ယေရှုသည်ရက် သတ္တပတ်တွင် ပထမရက်၌ သေခြင်းမှ ထမြောက်တော်မူသည်ဖြစ်၍
ခရစ်ယာန်အားလုံးသည် ထိုနေ့တွင် ဝတ်ပြုရမည်ဆိုတဲ့ ယုံကြည်ချက်။ (က ၂း၁-၃။
ထွက်၂၀း၈-၁၁။ ယေဇ ၂၀း၁၂-၂၀။ လုကာ ၄း၁၆။ မဿဲ ၂၄း၂၀။ တ ၁၃း၄၂-၄၄။ ဗျာ ၁း၁၀။ မဿဲ
၁၂း၈။ လုကာ ၆း၅။ ဟေရှာ ၆၆း၂၂,၂၃)။
၃။
ဝိညာဉ် မသေနိုင်ဆိုတဲ့ ယုံကြည်ခြင်း။
လူတစ်ဦးချင်းစီတိုင်းမှာ မသေနိုင်၊ မပျက်နိုင်တဲ့ဝိညာဉ်ဟာ ကိုယ်ခန္ဓာနဲ့
သီးခြားရှိနေပြီး၊ လူသေ လျှင် ကိုယ်ခန္ဓာသေ၍ သီးခြားဝိညာဉ်သည် ကောင်းကင်ဘုံ၊
သို့မဟုတ် ငရဲဘုံတစ်ခုခုသို့ ရောက်သွားမည်ဆိုတဲ့ ယုံကြည်ချက်။ (၁တိ ၆း၁၅,၁၆။ က ၂း၇။ ဒေသနာ ၁၂း၇။ ယောဘ ၂၇း၃။ ဆာလံ ၁၄၆း၄။ ၆း၅။ ၁၁၅း၁၇။ ယော
၁၁း၁၁-၁၄)ဖတ်ကြည့်ပါ။ အမှတ်ရပါ။ ကျမ်းစာသည် ‘ဝိညာဉ်’ စကားလုံးကို အကြိမ်ပေါင်း
(၁၆၀၀) သုံးခဲ့ပါတယ်။ ဒါကို မသေနိုင်တဲ့ ဝိညာဉ်၊ သို့မဟုတ် ထာဝရဝိညာဉ်လို့
ဘယ်တော့မှမပြောပါ။ ကျမ်းစာထဲ မှာ သေသည်ကို အိပ်ပျော်သည်ဟု (၅၃)ကြိမ် ဆိုပါသည်။
၄။
ဘုရားသခင်မှုတ်သွင်း၍ရေးခဲ့တဲ့သမ္မာကျမ်းစာ။ ဒါပေမယ့် အချို့
ပရက်ဘီတေးရီးရင်းတွေဟာ ဘုရားသခင် မှုတ်သွင်းတော်မူခဲ့တဲ့ သမ္မာ ကျမ်းစာကို
အမြင်မရှင်းဖြစ်နေတတ်ကြပါတယ်။ အောက်ပါ ကျမ်းချက် တွေဟာ
သမ္မာကျမ်းစာ၏အုပ်စိုးမှုကို ထူထောင်ပေးရာတွင် အထောက် အကူဖြစ်စေပါလိမ့်မယ်။
(ကျမ်းချက်ဖတ်ရှုရန်။ ၂တိ ၃း၁၆။ ၂ပေ ၁း၂၁။
ဟေရှာ ၃၄း၁၆။ ဆာလံ ၁၁၉း၁၀၅။ ယော ၁၇း၁၇။ ၂ရာ ၇၊၂၈။ သုတ္တံ ၁၂း၆,၇)။
၅။
ခရစ်တော်သည် ပညတ်တရားပြည့်စုံရာဖြစ်သည်။
(ကျမ်းချက်ဖတ်ကြည့်ရန်။ မဿဲ ၅း၁၇။ ယော ၁၄း၁၅။ ရောမ ၆း၁၃၊
၁၄။ ၃း၂၈-၃၁။ ဆာလံ ၄၀း၈။ ဟေဗြဲ ၈း၁၀။ ၁ယော ၂း၃- ၆။ ယာကုပ် ၂း၁ဝ-၁၇)။
ပရက်ဘီတေးရီးရင်းများသို့
ချဉ်းကပ်နိုင်သည့်အလားအလာ
1။ စစ်မှန်တဲ့ခရစ်ယာန်ဂရုပြုမှု၊ ပါးနပ်မှုနှင့် ကြင်နာမှုများကို လက် တွေ့
သရုပ်ဖေါ်ပြသပေးပါ။
2။ ဘုရားသခင်၏ မေတ္တာတော်အကြောင်း စာအုပ်စာတမ်းများ၊ သို့မဟုတ်
ဆောင်းပါးများမျှဝေပေးဖတ်ပါ။ အချိန်အခါ နိမိတ်နှင့် ဆိုင်သောခေါင်းစဉ်အလိုက်
ယနေ့စိတ်ဝင်စားဖွယ်ရာ အကြောင်း အရာများကို ဆွေး နွေးပါ။
3။ အောက်ပါမေးခွန်းမျိုးကို မေးစမ်းပါ။
က။
ကမ္ဘာ့အရှေ့အလယ်ပိုင်း၌ မငြိမ်မသက်ဖြစ်နေတာကို သင်ဘယ်လိုနားလည်သလဲ။
ခ။
ဒီနေ့ကမ္ဘာကြီးဟာ ဘာဖြစ်နေသလဲဆိုတာကို သင့်၌
အာရုံတစ်မျိုးမျိုးနဲ့တွေးမိပါသလား။
ဂ။
ဘုရားသခင်ဟာ မေတ္တာတော်အရှင်ဖြစ်တော့၊ ကိုယ် တော်က
ဘာကြောင့်အပြစ်မဲ့သူများစွာကို ဒုက္ခခံစားနေရ အောင် ဖြစ်နေစေရပါသလဲ။
ဃ။
အနာဂတ်ကမ္ဘာကြီးအကြောင်းကိုရော သင့်မှာတအံ့တ ဩ ဖြစ်နေမိဖူးပါသလား။
င။
ထာဝရအသက်ရပြီဆိုတဲ့စိတ်ချရမှု သင့်မှာရှိသလား။ ဒီနေ့ညသင်သေသွားရင်၊
ခရစ်တော်ဆီရောက်ပြီး၊ ထာဝ ရ နေရလိမ့်မယ်လို့ သင့်မှာ
မိမိကိုယ်-မိမိစိတ်ချမှုရှိပါရဲ့ လား။
4။ သမ္မာကျမ်းစာဟာ ကျွန်ုပ်တို့ရဲ့ နက်နဲရာမေးခွန်းများ၏ အဖြေကို လည်းကောင်း၊
လူ့နှလုံးသားလိုအပ်ချက် အမြင့်ဆုံးကိုလည်း ကောင်း- ပေးကမ်းနေပါကြောင်း
အကြံပေးပြောဆိုပါ။
5။ သင့်ရဲ့မိတ်ဆွေသစ်ကို အပတ်စဉ် ကျမ်းစာလေ့လာခြင်းဝိုင်းသို့ ဖိတ်ခေါ်ပါ။
ကျွန်ုပ်တို့ခေတ်အတွက် ကျမ်းစာအလိုပုရောဖက် ပြောစကားများရှာဖွေခြင်းနှင့် ဘဝအတွက်
မေးခွန်းကြီးများကို အဖြေပေးခြင်းများလေ့လာကြရပါမည်။
အခန်း - ၈၀
ဘုရားသခင်၏အသင်းတော်ရေဒီယိုအသံ
(Herbert W. Armstrong group)
အမေရိကန်နိုင်ငံအထဲမှာ ဘုရားသခင်၏ အသင်းတော်အမည်ကို
ဘာသာရေးဂိုဏ်းဂဏအုပ်စုအတွင်း သီးခြားအသင်းပေါင်း (၂၀၀) ကျော် လောက်က
အသုံးပြုနေကြပါတယ်။ ကျမ်းရိုးကိုင်ဝါဒအရ ယင်းအမည် ဟာ ဘုရားတန်ခိုးတော်အားဖြင့်
စုစည်းထားတဲ့အသင်းတော်များဖြစ် ကြောင်း ညွှန်းဆိုခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။
ကာသိုလစ်ဝါဒကနေ ခွဲထွက်လာတဲ့ ပြန်လည်ပြုပြင်ရေးအသင်းတော်များရဲ့ အမှားတွေကို
ဆုပ်ကိုင်မထားဟုဆိုပါတယ်။ သူတို့ဟာ နိမိတ်တန်ခိုးပြခြင်း၊ အခြား
ဘာသာစကားပြောခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံခြင်း
အကြောင်းတွေကိုအထူးပြု၍ ဓမ္မသစ်ကျမ်းအသင်းတော်၏ ဖွဲ့စည်းမှု၊ လှုပ်ရှားမှုကို
အလေးအနက်ထားဖို့ ကြိုးစားနေကြပါတယ်။ သတ္တမနေ့ ဘုရားသခင့် အသင်းတော်ဟာ ၁၈ဝဝ
နှစ်လယ်နှစ်များအတွင်းမှာ မျှော်လင့်ခြင်းလှုပ်ရှားမှုထဲက
တိုးပွားလာခြင်းဖြစ်ပါတယ်။ ၁၈၆၀ မှ ၁၈၆၃ ခုနှစ်အတွင်းမှာ
ခရစ်တော်ကြွလာခြင်းကိုမြော်လင့်သော သတ္တမ နေ့အသင်းတော် ဖွဲ့စည်းပေါ်ပေါက်လာတဲ့အခါ
ယင်းအမည်ကို သူတို့ ငြင်းပယ်ထွက်သွားခဲ့ပါတယ်။ အုပ်စုငယ်လေးတစ်ခုကတော့ ဘုရား သခင်၏
အသင်းတော်မည်ကို ခံယူလာပါတယ်။ ၁၉၃၀ နှစ်များ၌ ဟား ဘတ်ဒဘလ်ယူအမ်း စထရောင်း(Herbert W. Armstrong group) ဟာ
ဘုရားသခင်၏သတ္တမနေ့အသင်းတော်မှခွဲထွက်ပြီး၊ ယနေ့ တစ်ကမ္ဘာလုံး ဆိုင်ရာဘုရားသခင်၏
အသင်းတော်ဟူ၍လူသိများတဲ့ ဘုရားသခင်၏ အသင်းတော် ရေဒီယိုအသံကို စတင်လာခဲ့ပါတယ်။
သူတို့ဟာ “နားလည် လွယ်သောသမ္မာတရား” (Plain Truth) မဂ္ဂဇင်းစာစောင်ကို
သန်းချီပြီး အခမဲ့ပုံနှိပ်ဖြန့်ဝေကြပါတယ်။ ယင်းအသင်းတော်ဟာ ‘သံတမန်ကော လိပ်ကျောင်း
(Ambassador College)’ကို ကမကထပြုထောက်ပံ့ပြီး၊
သံတမန်ကောလိပ်ကျောင်း၏ စာပေးစာယူ ကျမ်းစာသင်တန်းကို ဦးစီး ထားပါတယ်။
ဘုရားသခင်၏အသင်းတော်ရေဒီယိုအသံအသင်းသားများ၏
အစဉ်အလာစွဲဝါဒရေးရာယုံကြည်မှုများတချို့
1။ ဘုရားသခင်မှုတ်သွင်း၍ရေးသားခဲ့သောသမ္မာကျမ်းစာ။
2။ ခရစ်တော်ဒုတိယအကြိမ်ကြွလာတော်မူခြင်း။
3။ လူသေခြင်းအခြေအနေနှင့် ဆိုးညစ်သူများကို အပြီးအပြတ် ချေ
မှုန်းသုတ်သင်ခြင်း။
4။ ကျမ်းစာအလိုတော် ကျန်းမာရေး/အစားအသောက် ပညတ်တော် များကိုလက်ခံခြင်း။
5။ သတ္တမနေ့ဥပုသ်ကိုစောင့်ခြင်း။
6။ ဆယ်ဖို့တစ်ဖို့ပေးလှူခြင်း၊ အခြေခံစည်းကမ်းကိုလက်ခံခြင်း။
ဘုရားသခင်၏အသင်းတော်ရေဒီယိုအသံအသင်းသားများ၌
အဓိကဝါဒရေးရာကွဲလွဲခြင်းနှင့်ကျမ်းစာအလိုအတိုင်းဖြစ်သင့်သည်များ
၁။
ခရစ်တော်သည် နှစ်တစ်ထောင်နိုင်ငံတော်ကာလအတွင်း မြေ
ကြီးပေါ်မှာအုပ်စိုးတော်မူမည်ဖြစ်၍ ကယ်တင်ခြင်းမရကြသူများအား နာ ခံမှုဖြစ်စေရန်
ပလိပ်ရောဂါကပ်ဆိုးဘေးဒဏ်ကို သွန်းလောင်း၍ အပြစ် ပေးလိမ့်မည်ဟူသောယုံကြည်ခြင်း။
(ကျမ်းချက်ဖတ်ကြည့်ရန်။ ဗျာ ၁၉း၁၁-၁၂။
၂၀း၁-၁၀။ ယော ၅း၂၈,၂၉။ ယေရမိ ၄း၂၃-၂၆။ ၂၅:၃၃)
ဗျာဒိတ်ကျမ်းအခန်းကြီး(၂ဝး၁) မှာသုံးထား တဲ့စကားလုံး Abusso ဟာ(ကမ္ဘာ ၁း၁,၂)နဲ့(ယေရမိ ၄း၂၃) တို့မှာ သုံးထား တဲ့
စကားလုံးအတိုင်းဖြစ်ပြီး၊ ဘာသာပြန်ချက်မှာ ‘လွတ်လပ်လဟာ’၊ ‘အနက်ဆုံးသောတွင်း’ ဟူ၍ဖြစ်ပါတယ်။ အဓိပ္ပါယ်က လူသူကင်းမဲ့သော မြေဖြစ်ပါတယ်။
ပလိပ်ကပ်ဘေးရောက်မည့်အချိန် ကာလကိုအတိအကျ သိဖို့ဆိုရင်၊ (ကမ္ဘာ ၁၅း၁,၈။ ၁၆း၁၂-၂၁) ကျမ်းချက် ကိုဖတ်ကြည့်ရပါ မယ်။
၂။
ဘုရားသခင်၏အသင်းတော်ရေဒီယိုအသံအသင်းသည် ဂျူးလူမျိုး
ဆိုင်ရာယစ်ပွဲများကို ဆက်စောင့်သည်။ ပဿခါပွဲ၊ တဆေးမဲ့မုန့်လုပ်ခြင်း၊
အဦးသီးဆက်ကပ်ခြင်းတို့ကို လိုက်နာသည်။ ဂျူးရဟူဒီပြက္ခဒိန် နီဆန်း Nisan လ (၁၄)ရက်ရောက်တိုင်း၊ နှစ်စဉ်ခြေဆေးမင်္ဂလာနှင့် အတူ
ပသခါပွဲတော်ကိုကျင်းပကြသည်။
(ယင်းပွဲလုပ်ခြင်းများသည်
ခရစ်တော်အားဖြင့်ပြည့်စုံခဲ့ပြီးဖြစ်ကြောင်းကို ကျမ်းချက်ဖြင့်ပြောနိုင်သည်။ ကော
၂း၁၄-၁၇။ ၁ကော ၅း၇,၈။ ဂလာတိ ၄း၁-၁၁။ ၃း၂၆-၂၉)။
၃။
ဘုရားသခင်၏ အသင်းတော်ရေဒီယိုအသံအသင်းသည် ဗုဒ္ဓဟူး နေ့တွင်
ခရစ်တော်ကို လက်ဝါးကပ်တိုင်ပေါ် ၌သတ်ခဲ့ကြသည်ဟု ယုံ သည်။
ယေရှုမိန့်တော်မူချက်အတိုင်း “ယောနသည် ငါးကြီးဝမ်းထဲတွင် သုံးရက်
(သုံးည)နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာ သုံးရက် (သုံးည) နေရလတ္တံ့။” (ယောန
၁း၁၇။ မဿဲ ၁၂း၄၀)။
က။
ယေရှုသည် သူရှင်ပြန်ထမြောက်တော်မူခြင်းကိုဖေါ်ပြရာ တွင်
စကားအမျိုးမျိုးဖြင့် ထုတ်ပြောပြခဲ့သည်။ (မဿဲ ၂၆:၆၁။ ၂၇း၃၉။ မာကု ၁၄း၅၈)မှာ
‘သုံးရက်အတွင်း’ဟု လည်းကောင်း၊ (မဿဲ ၂၇း၆၃။ ၁၂း၄၀) မှာ ‘သုံးရက် မြောက်သောနေ့တွင်’
ဟုလည်းကောင်း၊ (မဿဲ ၁၆း၂၁။ ၁၇း၂၃။ ၂၀း၁၉။ ၂၇း၆၄။ မာကု ၉း၃၁။ ၁၀:၃၄။ လုကာ ၉း၂၂။
၁၈:၃၃။ ၂၄း၇,၂၁,၄၆) မှာ
‘သုံးရက်မြောက်သော နေ့၌’ဟုလည်းကောင်း ကိုယ်တော်
ထမြောက်တော်မူ မည်ဟုပြောခဲ့သည်။ ‘သုံးရက်အတွင်း’ ‘သုံးရက်မြောက် နေ့တွင်’ ဟူ၍
ပြောစကားသည် ‘သုံးရက်မြောက်နေ့၌’ ဆိုသည့်ထုတ်ပြောလိုက်ခြင်းနှင့်
ဆီလျော်ညီညွတ်မှုရှိပါ သည်။ ယေရှုသည် (၂၄) နာရီ အကြာကာလ အချိန်(၃)
ချိန်ကြာပြီးနောက်တွင် ထမြောက်တော်မူခဲ့သည် မဆို ပါ။ ကိုယ်တော်သည်
သုံးရက်မြောက်သောနေ့၌ မိန့် တော်မူသည်အတိုင်း ထမြောက်ခဲ့ပါသည်။
ခ။
ရှေးခေတ်လူတို့၏ အစဉ်အလာအရ ရေတွက်ခြင်းစနစ်
သည်အချိန်ကိုထည့်တွက်ယူခဲ့ကြပါသည်။ ရက်တစ်ရက် တွင် အစပြုသည့်အချိန်ကစ၍
ထိုရက်၌အချိန်ကုန်သည် အထိ ထည့်တွက်ကြပါသည်။ ရက်ပိုင်းအတွင်း အစနှင့်
အဆုံးပိုင်းထဲ၌ အချိန်အပိုင်းအစ အနည်းငယ်ဖြစ်စေ ထည့်ယူကြပါသည်။ ကျမ်းစာထဲမှာ သုံးရက်ကာလ
အချို့ကိုရေးသားတဲ့အခါ သုံးရက်ဆိုတာနဲ့မယူဘဲ၊ သုံး ရက်မြောက်သောနေ့ကိုယူပါသည်။
(ကျမ်းချက်ဖတ်ကြည့်ရန်။ ကမ္ဘာ ၄၂း၁၇-၁၉။ ၃ရာ ၁၂:၅,၁၂။
၆ရာ၁၀:၅,၁၂)။
ဂ။
သမ္မာကျမ်းစာထဲမှာ ယေရှုသည် သောကြာနေ့တွင်
လက်ဝါးကပ်တိုင်ပေါ်၌အသတ်ခံရပြီး၊ တနင်္ဂနွေနေ့တွင် ထမြောက်တော်မူခဲ့ကြောင်း
ရှင်းရှင်းလင်းလင်း သက် သေရှိပါသည်။ (ကျမ်းချက်ဖတ်ကြည့်ရန်။ မာကု ၁၆း၉။ လုကာ ၂၄း၁၊
၁၃၊ ၂၁၊ ၄၆။ ၂၃း၅၄ - ၂၄း၁)။
[ဤအကြောင်းနှင့်ပတ်သက်၍ ရှေ့ဆက်လေ့လာလိုလျှင် ‘သတ္တ မနေ့
မြော်လင့်ခြင်းဆိုင်ရာမှီငြမ်းစရာစာအုပ်’ အတွဲအမှတ်(၉)၏ မှတ် ချက်စာတွဲစာမျက်နှာ (၂၄၈-၂၅၁).9 BC- ထိကို ဖတ်ကြည့်ကြပါ။]
ဘုရားသခင်၏အသင်းတော်ရေဒီယိုအသံအသင်းသားများသို့
ချဉ်းကပ်နိုင်သည့်အလားအလာ
1။ ရင်းရင်းနှီးနှီးနှင့် စိတ်ပါလက်ပါ မိတ်ဆွေဖြစ်မှုကို ထူထောင်ပါ။
2။ သင့်၏သက်သေခံချက်နှင့်အတူ ယေရှု၌သင့်ကိုယ်တွေ့ ဆက်ဆံ ရေးအကြောင်းကို
ဝေမျှပြောပြပါ။ အမ်းစထရောင်း နောက်လိုက် အတော်များများဟာ ပညတ်သမားစိတ်ကြီးနဲ့
တိမ်းညွှတ်လျက်ရှိပါ တယ်။ ခရစ်ယာန်တွေ ‘မလုပ်မဖြစ်လုပ်ရမည့်အရာများကို အလေး
ထားပြောပေးပါ။ သူတို့တစ်တွေဟာ ယေရှု၌ ကယ်တင်ခြင်းစိတ်ချရ မှုကိုလိုအပ်နေပါတယ်။ (၁ယော ၅း၁၁,၁၂။ ယော ၁း၁၂၊ ရောမ ၃း၂၅-၃၁။ ၆း၁၄,၁၅။ ဖက် ၂၁၈)။
3။ ကောင်းကင်တမန် (၃) ပါး၏ သတင်းစကား အရေးပါခြင်းများကို အတူတကွလေ့လာပါ။
လူများစွာဟာကျမ်းစာကို ကောင်းကောင်း သင်ယူလိုကြပြီး၊ ဗျာဒိတ်ကျမ်း၏
နက်နဲရာအမှန်တရားကိုလည်း၊ ကောင်းစွာလေ့လာသင်ယူတုံ့ပြန်တတ်ကြပါတယ်။
4။ တကယ်လို့သင်ဟာ သူတို့နဲ့ပြောကြစဉ် နှစ်တစ်ထောင်နိုင်ငံတော် အကြောင်း၊
ဂျူးတို့ရဲ့ပွဲတော်များစောင့်ရှောက်ခြင်း၊ ဒါမှ မဟုတ် ဗုဒ္ဓဟူးနေ့၌
ကပ်တိုင်တင်စီရင်ခြင်းအကြောင်း ခေါင်းစဉ်များကို ဆွေးနွေးရောက်လာတဲ့အခါ
ဘုရားသခင်အား ချစ်သောမေတ္တာစိတ် ဖြင့် လိမ္မာပါးနပ်စွာရှိကြပါ။
5။ ကျွန်ုပ်တို့၏ ကျမ်းရိုးကိုင်ယုံကြည်ချက် (၂၇) ချက်ပါတဲ့ What
Adventist Believe ဟာ ဒီလူစုနှင့်ရင်ဆိုင်ဆွေးနွေးဖို့အကောင်း
ဆုံးစာအုပ်ဖြစ်သည်။
အခန်း - ၈၁
ဘာသာတရားမရှိသောလောကလူများ (Secularists)
ဘာသာတရားမရှိသောလောကလူများ၏ ဝါဒသည် ငွေကြေး
ဆိုင်ရာရုပ်ပစ္စည်းနောက်ကို တက်တက်ကြွကြွလိုက်ပါနေခြင်း၊ ဒါမှ မဟုတ်
လောကဒဿနအမြင်နဲ့ ဘုရားရှိသည်ကို ငြင်းပယ်လိုက်ခြင်းမျိုး တစ်ခုခုဖြစ်တတ်ပါတယ်။
သူတို့ဖြစ်နေတာ မကောင်းဘက်က ကြည့် ပြောရရင်၊ သူတို့ဟာ ထင်သာမြင်သာအောင်မနေတတ်ကြသလို
ဘုရား တရားနှင့်ဘာသာရေးကိုမကိုင်းရှိုင်း၍ ဝိညာဉ်ရေးရာတန်ဖိုးလည်း မရှိကြ ပါဘူး။
သမ္မာကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ဘုရားရှိခိုးကျောင်း သွားခြင်းနှင့်
ယေဘုယျအားဖြင့် ဘာသာရေးလှုပ်ရှားမှုများ - သူတို့၌ အရေးမကြီးပါလို့
မှတ်ယူတတ်ကြတယ်။ ဘာသာတရားမရှိသော လောက လူများရဲ့အသက်တာအထဲမှာ
ဘုရားသခင်အစား-ငွေကြေး ပစ္စည်းအပြင်အဆင်၊ ရုပ်ပစ္စည်းအရာများ၊ အရက်သေစာ၊ ဘိန်းဘင်း
ကစော်၊ ကာမဆန္ဒနှင့် အားကစားအရာများဖြင့်နေရာချထားကြပါတယ်။
ဘာသာတရားမရှိသောလောကလူများ၏ဆောင်ပုဒ်မှာ “ဘဝကို အပြည့်
အဝပျော်ပျော်ရွှင်ရွှင်နေသွားပြဖို့’ သဘောထားပြီး၊ ‘ပျော်သလိုသာနေ’ ဆိုတဲ့
စကားလုံးနဲ့အနှစ်ချုပ်ပြောဆိုပါတယ်။ ဘာသာတရားမရှိသော လောက လူများကို
အနည်းဆုံးသီးသန့်အတန်းအစား (၄)မျိုးခွဲခြားကြည့် ရှုနိုင်တယ်။
၁။
ဉာဏ်ပညာရှင်လောကသားများ။
လောကပညာရှင်အမျိုး အစားတွေဟာ သမ္မာကျမ်းစာကို ဘုရားသခင်
မှုတ်သွင်းရေးသားတဲ့ အကြောင်း၊ ဘုရားရှိတယ်ဆိုတာနဲ့ ဘာသာရေးအုပ်စုဖွဲ့နေတာတွေကို
သံသယရှိကြပါတယ်။
၂။
ခေါင်းမာတဲ့လောကသားများ။ အလုပ်သမားလူတန်းစား၊ ပညာတတ်လူတန်းစား၊
စက်ရုံအလုပ်ရုံလုပ်သားတွေဟာ တစ်ပတ်လုံး အလုပ်လုပ်ကြပြီးနောက်၊ အနားယူမယ်။
ဘီယာသောက်မယ်။ အားရက် တွေမှာ ဘောလုံးပွဲကြည့်မယ်။ ဒါမျိုးတွေနဲ့
သံသရာလည်ပတ်နေလိုကြ
ပါတယ်။
၃။
ဘာသာရေးစိတ်ကုန်နေကြတဲ့လောကသားများ။ လူမှုရေး
စိတ်ရှိကြသူတွေဖြစ်တယ်။ သူတို့မိဘတွေဟာ ဘာသာရေးအဖွဲ့အစည်း တစ်ခုခုမှာ
အသင်းဝင်တွေဖြစ်ကြပြီး၊ သူတို့က အသင်းတော်ကို ခေတ်
ပေါ်ပျော်စရာနေရာတစ်ခုမဟုတ်ဘူးလို့ ရှုမြင်ကြပါတယ်။ အဲဒီလူတွေ ဟာ
ဆင်းရဲမွဲတေမှုအရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးရေးနဲ့လူမှုရေးတရားမျှတ ခြင်းတို့မှာ
စိတ်ပါနေတတ်ပြီး၊ ဘုရားသခင်ကို အနည်းအကျဉ်းလောက် သာ စိတ်ပါဝင်စားမှုရှိတတ်ကြပါတယ်။
ဘာသာတရားမရှိသော လောက လူများဟာ ခရစ်ယာန်ဘာသာစာရိတ္တပညာရေးကို မကြာမကြာ စိတ်ပါ
ဝင်စားမှုပြတတ်ကြပြီး၊ ခရစ်ယာန်ဘာသာရေး၏ ခရစ်တော် အကြောင်း အရာများကို
မလိုလားကြပါဘူး။
၄။ ရုပ်ဝါဒီလောကသားများ။
မြို့ပြနေငယ်ရွယ်သူအတတ်ပညာရှင်များဟာ လှပတဲ့အိမ်၊ လခကောင်းကောင်းအလုပ်၊
နောက်ဆုံးပေါ်ကားစီးရပြီး၊ ပျော်စရာအပန်းဖြေခရီးတွေထွက်ဖို့ ပန်းတိုင်ထားကြတယ်။
ရုပ်ပစ္စည်းတန်ဖိုးတွေကို သူ့ဘဝအတွက် အိပ်မက်ကြီးနဲ့ ပိုင်ဆိုင် မှုများ ဟာ
သူ့ဘဝမှာ အဓိကစွဲလမ်းတပ်မက်မှုဖြစ်နေတာပါပဲ။
လောကသားများသို့ချဉ်းကပ်နိုင်သည့်အလားအလာ
လူသားတိုင်းဟာ ကြင်နာသနားခြင်းကို လိုလားတုံ့ပြန်တတ်ကြ
ပါတယ်။ စစ်မှန်တဲ့မိတ်ဆွေဖြစ်မှုဟာ အစွဲအလမ်းဘက်လိုက်မှုတွေကို
ချေဖျက်ပေးနိုင်တယ်။ တစ်ခုတော့ အသေအချာသိထားပါ။ လောကသား တွေကို ခရစ်တော်ရစေဖို့
အငြင်းသန်နေလို့ကတော့မရနိုင်ပါဘူး။ လူသား တိုင်းဟာ သူတို့ဘဝမှာ လိုအပ်ချက်တွေနဲ့ခံစားနေရတတ်ပါတယ်။
အဲဒီ ‘လိုအပ်ချက်တွေနဲ့ခံစားနေရခြင်း’ ကပဲ သူတို့တစ်တွေဟာ အကူအညီ
လိုနေတယ်လို့ခံယူကြတယ်။ အဲဒါတွေကတော့ ကျန်းမာရေးကောင်းဖို့ လိုအပ်ခြင်းမျိုး
(ဆေးလိပ်ပြတ်၊ အဆီလျှော့စားလို၊ စိတ်တင်းမာမှုလျှော့ ပစ် လိုသည်စသည်ဖြင့်-)၊
ပျော်စရာအိမ်ထောင်ရေးလိုလားခြင်း၊ အလုပ် ကောင်း ကောင်းတစ်ခုလိုအပ်ခြင်း၊
မိတ်ဆွေကောင်းလိုအပ်ခြင်း၊ အသင့် အတင့်သိရှိ နားလည်မှုဖြင့်နေထိုင်လိုခြင်း၊
ဒါမှမဟုတ် ခွင့်လွှတ်ပေးမှုကို လိုအပ်ခြင်း၊
ပြစ်ဒဏ်ခံစားနေရခြင်းမှလွှတ်ခြင်းတရား၊ သို့မဟုတ် စိတ် တွင်းငြိမ်းချမ်း
ခြင်းတို့ဖြစ်ပါတယ်။ သင့်မိတ်ဆွေလောကသားတွေရဲ့ သူတို့ဘဝအထဲက
လိုအပ်ချက်ခံစားနေရတာများကို သိအောင်လုပ်ပြီး တော့
ဖြည့်ဆည်းပေးနိုင်အောင်ကြိုးစားပါ။ သူတို့အစွဲအလမ်းဖြစ်နေတဲ့ နံရံကို
ဖြိုဖျက်နိုင်ရန်လည်း ဂရုစိုက်ပါ။ သင့်အဖို့က ယေရှုပြုသော ကိုယ် တွေ့အရာများကို
ဝေမျှပြောကြားနိုင်ရန် အချိန်ကောင်းနှင့်အခွင့်အလမ်း များရှာဖွေပါ။
လောကသားများသို့ချဉ်းကပ်နိုင်သည့်အဓိကအချက်(၃)ချက်
1။ ကယ်တင်ခြင်းစီမံချက်အကြောင်းကို ရိုးရိုးသားသားနဲ့ ချစ်စရာ ကောင်းအောင်
ဝေမျှပြောပေးပါ။
က။
ပြည့်ဝတဲ့ကမ္ဘာကြီးကို ဘုရားသခင်ဖန်ဆင်းခဲ့သည်။ (က ၁း၂ဝ)။
ခ။
အာဒံနဲ့ ဧဝတို့ဟာ အပြစ်လုပ်မိလို့ ဧဒင်ဥယျာဉ်မှ ထွက်ခဲ့ ရပါတယ်။ (က
၃း၁-၅)။
ဂ။
အပြစ်တရားသည် ကျွန်ုပ်တို့နှင့်ဘုရားသခင်ကို လမ်းခွဲ ပေးနေသည်။
(ဟေရှာ ၅၉း၁-၂)။
ဃ။
အပြစ်လုပ်ခြင်း၏ အဖိုးအခသည် သေရမည်။ (ရောမ ၆း၂၃)။
င။
လူတိုင်းအပြစ်လုပ်ကြသည်ဖြစ်၍ အားလုံးဟာ ထာဝရ သေခြင်းကို
ရင်ဆိုင်ရဖို့ရှိနေတယ်။ (ရောမ ၃း၂၃။ ၅း၁၈)။
စ။
ယေရှုအားဖြင့် ကျွန်ုပ်တို့သည် ထာဝရအသက်ဆုကျေး ဇူးကို
လက်ခံရရှိကြပါသည်။ (ယော ၃း၁၆။ ဧဖက် ၂း၈။ ၂ကော ၅း၂၁)။
2။ ကျမ်းစာထဲက အနာဂတ္တိစကားကြီးတချို့ကို သမ္မာကျမ်းစာ၏
ယုံကြည်စိတ်ချရသောသက်သေအဖြစ် ဝေမျှပြောပေးပါ။
က။
ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး(၂)ထဲက - ဗာဗုလုန် နိုင်ငံအကြောင်း၊
မေဒိပေရသိနိုင်ငံ၊ ဟေလသနိုင်ငံ၊ ရောမနိုင်ငံ၊ ရောမအစိတ်စိတ်ကွဲခြင်း၊
ယေရှုမွေးဖွား ရောက်လာခြင်း။
ခ။
ယေရှုမွေးရပ် - ဗက်လင်မြို့။ (မိက္ခာ ၅း၂)။
ဂ။ ကိုယ်တော်မွေးဖွားခြင်းမတိုင်မီ၊ နှစ်(၁၅၀)က ကုရုမင်း။(ဟေရှာ ၄၄း၂၈၊ ၄၅း၁-၂)။
ဃ။
တုရုမြို့ပျက်စီးမည်အကြောင်းအနာဂတ္တိပြောစကား။ (ယေဇ ၂၆း၁-၄,၁၉-၂၁)။
င။
အဲဂုတ္တုနိုင်ငံ လူသူကင်းမဲ့ ဆိတ်ညံခြင်းအကြောင်း။ (ယေဇ ၂၉း၁-၉)။
3။ တတိယချဉ်းကပ်ပြောဆိုရမည့်အချက်က ဆင့်ကဲဖြစ်စဉ် သီအိုရီ ဟာ
မှန်းဆပြောဆိုခြင်းသာဖြစ်၍ အမှန်ကို သက်သေမပြနိုင်ဆိုတာ ဘဲ ဖြစ်တယ်။
အောက်ပါသိပ္ပံနည်းဥပဒေ(၃)ချက်က ယင်းဆင့်ကဲ ဖြစ်စဉ် သီအိုရီကို ချေပနိုင်ပါတယ်။
က။
သိပ္ပံနည်းဥပဒေသက ဘဝကို ဘဝကသာ မွေးဖွားတယ် လို့ ကြေညာတယ်။
ဆင့်ကဲဖြစ်စဉ်သီအိုရီက လုံလောက် သော အချိန်၊ မှန်ကန်တဲ့အခြေအနေအောက်မှာ အသက်
မရှိတဲ့အရာတွေဟာ အသက်ရှင်တဲ့သတ္တဝါတွေဖြစ်လာ လိမ့်မယ်လို့ ထုတ်ပြောပါတယ်။
ခ။
သိပ္ပံနည်းဥပဒေသက မျိုးတူကို မျိုးတူကပဲထုတ်လုပ်ပေး
တယ်လို့ ကြေညာတယ်။ ဆင့်ကဲဖြစ်စဉ်သီအိုရီက တိရစ္ဆာန်တွေရဲ့
အမျိုးအစားနဲ့ မျိုးစပ်တွေအကြားမှာ ဆက်စပ်နေတဲ့အဟရှိနေတယ်လို့ပြောတယ်။ ဒီလို
အခိုင်အမာပြောနိုင်ရအောင် သိပ္ပံပညာအားဖြင့် အတိ အကျသက်သေ မပေးနိုင်ကြသေးပါဘူး။
ဂ။
သိပ္ပံနည်းဥပဒေ သကတစ်ခုတည်း ကျန်ရစ်နေလျှင် ပြိုပျက်သွားမယ်လို့
ကြေညာပါတယ်။ [အပူအားနှင့် အခြားစွမ်းအင်များ ဆက်စပ်ပုံကိုလေ့လာသောပညာရပ် (Thermodynamics) ၏ ဒုတိယနည်း ဥပဒေသဖြစ် သည်။] ဆင့်ကဲဖြစ်စဉ်သီအိုရီက တစ်ခုတည်းကျန်ရစ်နေ
လျှင် တည်ဆောက်မှုဖြစ်လာလိမ့် မည်ဟုဆို၏။
သမ္မာကျမ်းစာကပဲ ဘဝရဲ့ကြီးမားသောမေးခွန်းတွေကို အဓိပ္ပါယ်
ရှိရှိဖြေပေးနိုင်ပါတယ်။ အကျွန်ုပ်ဘာကြောင့် ဒီမှာလူလာဖြစ်နေရသလဲ။ အကျွန်ုပ် ဘယ်က
ရောက်လာသလဲ။ ကျွန်ုပ်ရဲ့ အနာဂတ်လားရာဟာ ဘာလဲ-ဘယ်လဲ။ သမ္မာကျမ်းစာထဲမှာ
မေတ္တာရှင်ခရစ်တော်သည် ကျွန်ုပ် တို့ကိုဖန်ဆင်းပေးနေကြောင်းဖွင့်ပြထားပါတယ်။
ခရစ်တော်သည် ကျွန်ုပ် တို့ကို ပုဂ္ဂိုလ်ရေးအရ လမ်းညွှန်ပေးပါလိမ့်မယ်။ ခရစ်တော်၌
ကျွန်ုပ်တို့ လုံခြုံမှုရရှိနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ထာဝရအနာဂတ်ဟာ ခရစ်တော်၏
လက်ထဲမှာရှိပါတယ်။ သင့်ရဲ့လောကမိတ်ဆွေတွေကို ပြောပါ။ “ဘုရား သခင်မရှိလျှင် မျှော်လင့်ခြင်းဆိုတာမရှိ၊
ဘုရားသခင်၏လက်ထဲမှာပဲ ကြီးစွာသော ၀မ်းမြောက်ခြင်းဟာ စိတ်ချရပါတယ်။’
အခန်း - ၈၂
သတ္တမနေ့မြော်လင့်ခြင်းအသင်း၏ယခင်ကအသင်းသားဟောင်းများ
(Fomer Seventh-day Adventists)
သုတေသနပြုလေ့လာချက်အရပြောရရင်၊ မြော်လင့်ခြင်းအသင်း ရဲ့
ယခင်က အသင်းသားဟောင်းအများဆုံးဟာ အယူဝါဒအကြောင်းနဲ့ အသင်းတော်က ထွက်သွားခဲ့ကြတာ
မဟုတ်ပါဘူး။ တချို့က ဟုတ်ပါ လိမ့်မယ်။ ဒါပေမယ့် အများစုမဟုတ်ပါဘူး။
ထွက်သွားကြသူအများစုဟာ အောက်ပါအကြောင်း(၄)ချက်ထဲက တစ်ချက်ချက်ကြောင့်ဖြစ်ရပါတယ်။
1။ အသင်းတော်ထဲက အခြားအသင်းသားနဲ့၊ ဒါမှမဟုတ် သူတို့ရဲ့
သင်းအုပ်တစ်ယောက်ယောက်နဲ့ စကားများရန်ဖြစ်ခြင်း။
2။ အသင်းတော်ဟာ သူတို့ရဲ့ဘဝအတွက် မဆီလျော်တော့သလို၊ သူ တို့လိုအပ်ချက်လည်း
မရနိုင်ကြောင်း မြော်မြင်မိကြခြင်း။
3။ အသင်းတော်၏ စံနှုန်းနဲ့လိုက်ဖက်အောင်နေထိုင်ဖို့ သူတို့၌ ဖြစ် မလာတဲ့အခါ
စိတ်ပျက်အားလျော့သွားခြင်း။
4။ လုံလောက်တဲ့ ဆက်ကပ်မှုနဲ့ ကျမ်းစာသင်ယူခြင်း အသက်တာ
မပြည့်စုံခဲ့သောကြောင့်၊ ယေဘုယျအားဖြင့် ဝိညာဉ်ရေးရာကြီး ထွားဖို့
စိတ်ဝင်စားမှုမရှိတော့ခြင်း။
အသင်းသားတစ်ယောက်ဟာ ထင်သာမြင်သာအကြောင်း တစ်စုံ
တစ်ရာမရှိဘဲနဲ့၊ မကြာခဏ အသင်းတော်ဝတ်ပြုစည်းဝေးတက်ရောက် ခြင်းပျက်ကွက်လာတဲ့အခါ
သူ့မှာဝိညာဉ်ရေးရာပြဿနာ တစ်ခုခုညွှန်းပြ နေတာပါပဲ။
တကယ်လို့သူတို့ဆီချက်ချင်းသွားရောက် လည်ပတ်တွေ့ဆုံ ပြီး၊
သူတို့ရဲ့ဝိညာဉ်ရေးရာပြဿနာတွေကို ဆွေးနွေး- မဖြေရှင်းပေးဘူး ဆိုရင်၊
ဖေါက်ပြန်သင်းကွဲခြင်းအဖြေ ထွက်လာမှာပါပဲ။ နွေးထွေးမှု၊ မိတ်ဆွေဖြစ်မှုနဲ့
မေတ္တာထားခြင်းတွေဟာ ဖေါက်ပြန် သင်းကွဲခြင်းကို ပိတ်ဆို့လိုက်ဖို့ မကြာမကြာ
ဘုရားသခင်အသုံးပြုနေတဲ့ အစွမ်းအစတွေ ပဲဖြစ်ပါတယ်။
အသင်းတော်ထဲမှာ အသင်းသားတစ်ယောက်ယောက်က
စိတ်ပျက်အားလျော့နေခြင်း၊ ဒါမှမဟုတ်-စိတ်ဝင်စားမှု
မပြခြင်း၌သိသာသည့်လက္ခဏာ
1။ အသင်းတော်ကိုပုံမှန်မတက်ရောက်ခြင်း/ဆုတောင်း အစည်းအဝေး မတက်ရောက်ခြင်း။
2။ အကဲဖြတ်အပြစ်ရှာအမူအရာရှိလာခြင်း၊ သို့မဟုတ် အထွေထွေ ကိစ္စ
အဆိုးမြင်စိတ်ရှိလာခြင်း။
3။ စိတ်အားထက်သန်မှုကင်းမဲ့လာခြင်း။
4။ အကျင့်ဟောင်းပုံစံသို့ ပြန်လှည့်သွားခြင်း။ (ဆေးလိပ်ပြန်သောက်၊
စုပေါင်းအရက်သောက်ပွဲနှင့်လောကီပျော်ပွဲရွှင်ပွဲလိုက်စားခြင်း)
5။ ဥပုသ်နေ့ကို မလေးမစားပြုခြင်း။ (သောကြာနေ့ ညတီဗီကြည့်၊
ဥပုသ်ညနေဈေးအဝယ်ထွက်၊ ဥပုသ်နေ့မှာ အချိန်ပိုလုပ်ခြင်း)
6။ အသင်းသားများနှင့်လမ်းခွဲ၍ သူစိမ်းဆန်ဆန် ဆက်ဆံလာခြင်း၊
အသင်းတော်၏လူမှုရေးလုပ်ငန်းများ၌ပါဝင်ရန်ပျက်ကွက်လာခြင်း။
မြော်လင့်ခြင်းအသင်း၏
ယခင်အသင်းသားဟောင်းများသို့ချဉ်းကပ်ခြင်း
1။ မြော်လင့်ခြင်းအသင်း၏ယခင် အသင်းသားဟောင်းများကို သတ္တမ
နေ့အယူဝါဒအကြောင်းနဲ့ပတ်သက်ပြီး၊ သိမြင်လာစေဖို့ ရှင်းပြရန် လိုအပ်တော့မည်မဟုတ်ပါ။
သူတို့လက်ရှိနေထိုင်နေတဲ့ အသက်တာ အားဖြင့်လည်း ပြစ်ဒဏ်စီရင်ခံရရန် အမှန်တကယ်
မလိုအပ်ပါ။ သူတို့၏ဘဝနေထိုင်ပုံစံနဲ့ အမူအကျင့်တွေကို အံ့ဩထိတ်လန့်တဲ့
အမူအရာမပြပါနဲ့။ အများစုက ပြစ်ဒဏ်ကျခံရတော့မည့် အသိနဲ့ ထိုးကျင့်ခံစားနေရတာပါ။
ဆက်လက်ပြစ်ဒဏ်ခံရတော့မည်ဆိုတာ ကပဲ ရန်လိုဆန့်ကျင်မှုတွေကို
ဖန်တီးဖြစ်ပေါ်စေပါလိမ့်မယ်။
2။ မေတ္တာပြခြင်း၊လက်ခံခြင်းနဲ့စစ်မှန်တဲ့ပတ်သက်မှုတွေကို လက်တွေ့ ဖန်တီးပေးပါ။
3။ အထွေထွေအားဖြင့်စိတ်ဝင်စားမှုရလာစေဖို့ အောက်ပါမေးခွန်းတွေ
မေးမြန်းခြင်းမျိုး - စလုပ်ပေးပါ။
က။
အဲဒီရပ်ကွက်ထဲမှာရောက်နေတာ နှစ်အတော်ကြာခဲ့ပြီ လား။
ခ။
တစ်ယောက်တည်းနေတာလား။ အိမ်ထောင်ကျပြီလား။ သားသမီးရှိသလား။
ဂ။
အလုပ်ကအိမ်နဲ့နီးသလား။ ဘာအလုပ်လုပ်သလဲ။ ဒီလို မေးခွန်းမေးတာဟာ
ခြိမ်းခြောက်ခြင်းမရှိ၊ ရင်းနှီးကျွမ်း ဝင်လာစေဖို့ အခြေခံပေးတာဖြစ်ပါတယ်။
သူတို့ကို ယဉ် ကျေးစွာမေးပါ။ တခြားသူတွေကို သူတို့စိတ်ဝင်တစား ရှိပါရဲ့လားဆိုတာကို
ချစ်သောစိတ်ဖြင့်မေးကြည့်ပါ။
4။ ဆက်ပြီးအောက်ပါမေးခွန်းများမေး၍ ဘာသာရေးစိတ်ဝင်စားလာ စေဖို့ဦးတည်ပါ။
က။
ခင်ဗျားဟာ အရင်က သတ္တမမြော်လင့်ခြင်းအသင်းကို ပုံမှန်တက်လာခဲ့တာ
ကျွန်တော်သိပါတယ်။ အဲဒါဘယ် လောက်ကြာတုန်းကလဲ။
ခ။
နှစ်အတော်ကြာကြာ အဲဒီမှာ အသင်းသားတစ်ယောက် ဖြစ်ခဲ့သလား။
ဂ။
လူတွေ ဘာကြောင့်ထွက်သွားရသလဲဆိုတာ အကြောင်း အမျိုးမျိုးရှိတတ်ပါတယ်။
တချို့က သူတို့ဘဝထဲမှာ မကျေမနပ်ဖြစ်လို့၊ တချို့လူတွေက အသင်းသားအချင်း ချင်း၊
သို့မဟုတ် သင်းအုပ်တွေနဲ့ မသင့်မတင့်ဖြစ်လို့၊ ဒါလည်း တချို့လူတွေမှာ
သူတို့လိုအပ်ချက်ကို အသင်း တော်က လုပ်မပေးလို့- စသည်ဖြင့် ရှိတတ်ကြပါတယ်။ မေးရမှာက
‘သင်တို့ ဘာကြောင့် အသင်းတော်ကို မတက်တော့တာလဲဆိုတာ ကျွန်တော့်ကို ပြောပြပေး
နိုင်မလားခင်ဗျား။ ကျုပ်တကယ်သိချင်ပါတယ်။’
ဃ။
သေသေချာချာနားထောင်၊ မေးသင့်တာကိုမေးပါ။ လူ အပေါ် အသင်းတော်အပေါ်မှာ
စစ်ကြောတာမျိုးမလုပ်ပါ နဲ့။ ‘ဒီလိုဘာကြောင့် သင်ခံစားနေရတာကို ကျုပ်နား လည်မိတယ်’ လို့ ဆိုတဲ့
မှတ်ချက်မျိုးပေးနိုင်ပါတယ်။
င။
သူတို့ပြောတာ သေသေချာချာနားထောင်ပြီးတဲ့ အခါမှာ၊ သင်က သင့်၌
ယေရှုခရစ်တော် အဘယ်မျှကောင်းသည် ကို ပြောပြပါ။ ယေရှု၏ မယုံနိုင်လောက်သော မေတ္တာ
တော်၊ အံ့မခန်းအပြစ် လွှတ်ခြင်းအကြောင်းတွေပြောပြီး၊ ကိုယ်တော်ဟာ အသက်တာ
ပြောင်းလဲစေနိုင်တဲ့ တန်ခိုး ရှင်ဖြစ်ကြောင်း ဖေါ်ပြပေးပါ။ ကျမ်းညွှန်း ကျမ်းချက်
အဖြစ် (မိက္ခာ ၇း၁၈,၁၉။ ဟေဗြဲ ၈း၁၂။ ၁ယော ၁း၉)
တို့ကိုသုံးနိုင်တယ်။ အလေးထားပြောပြရမှာက မကြာမီ ယေရှုပြန်ကြွလာတော်မူတဲ့အခါ
ကိုယ်တော်ဟာ နာကျင် ခံစားနေခဲ့ရတဲ့ ကိုယ်တော့်သားသမီးများကို အသင်း တော်ဆီကို
ပြန်လည်ခေါ်ယူနေပါကြောင်းရှင်းပြပေးပါ။ အတူတူဆုတောင်းကြပြီး၊ နောက်တစ်ပတ်အိမ်ကို
လာခဲ့ ပါဦးမယ် လို့ပြောပါ။ အများအားဖြင့် ပထမအကြိမ်မှာ သူတို့ကို
အသင်းတော်ပြန်တက်ဖို့ ပြောတာ ပညာမပါ-ပါဘူး။ သူတို့က မတက်သေးဘူးလို့ ငြင်းလိုက်ရင်၊
နောက်ဒုတိယအကြိမ်မှာလည်း ငြင်းဖို့ အလွန်ဖြစ်နိုင်ပါ တယ်။
စ။
နောက်အပတ်မှာ သင်သွားရောက်လည် ပတ်တွေ့ဆုံဖို့
သေချာပါစေ။ သင့်မိတ်ဆွေသစ်ရဲ့ အသစ်တက်လာနေ
တဲ့ယုံကြည်ခြင်းကို ကျဆင်းစေအောင်တစွတ်စွတ်မလုပ် ပါနဲ့။ ဒီဒုတိယအကြိမ်မှာလည်း
ကောင်းကောင်းနား ထောင်ပေးပါ။ ကျမ်းစာထဲက မြော်လင့်ခြင်းပဋိညာဉ်
ကျမ်းချက်တွေဖြစ်တဲ့ (ဆာလံ ၃၂:၈။ ၄၀:၁,၂။ ဆာလံ ၃၂။၁,၂) တို့ကို ဖတ်ရှုဝေမျှပေးပါ။
သင့်မိတ်ဆွေကို ထမင်းစားဖိတ်ခေါ်ပါ။ Step to Christ စာအုပ် မိတ္တူ တစ်အုပ်ပေးဖတ်ပါ။ အထူးသဖြင့် စာမျက်နှာ(၁၀၀) ထဲက
‘ဘုရားသခင်၏ အံ့ဖွယ်မေတ္တာတော်နှင့် ဆု တောင်း အဖြေပေးလိုတော်မူခြင်း’ အကြောင်းကို မှတ် သားပေးလိုက်ပါ။
ဆ။
သင့်ရဲ့တတိယအကြိမ်အလည်အပတ်မှာ သင့်မိတ်ဆွေ ကို
အသင်းတော်မှာလုပ်တဲ့အစီအစဉ်အချို့ တက်ရောက် ဖို့ ဖိတ်ခေါ်ပါ။ ကျုပ်အနေနဲ့
လူမှုရေးအစီအစဉ်မှာ သင့် မိတ်ဆွေကို လာတက်ရောက်ဖို့ ဦးစားပေး ဖိတ်ခေါ်စေ ချင်တယ်၊
ဒါမှမဟုတ် ဥပုသ်နေ့နံနက်ပိုင်း အသင်းတော် ဂတ်ပြုပွဲမကိုင်မီမှာလုပ်တဲ့
အစည်းအဝေးကိုလာဖို့ ဖိတ် ခေါ်ပေးပါ။ သူတို့ကို ကြို-ပို့ယာဉ် စီစဉ်ပေးပါ။ သူတို့
အိမ်အပြန်မှာ တစ်ဦးတည်း ပြန်တာထက် သင်နှင့်အတူ ပြန်ကြရင် သူတို့စိတ်ချမ်းသာပါ
လိမ့်မယ်။
5။ လေးကြိမ်မြောက်သွားရောက်လည်ပတ်တဲ့အခါမှာ သူတို့ အသင်း တော်ကို
ပြန်တက်လာတာနဲ့ပတ်သက်ပြီး၊ အသင်းသားတွေက
အကောင်းမြင်မှတ်ချက်ပေးတဲ့အကြောင်းပြောပြပေးပါ။ သူတို့ရဲ့ အရင်မိတ်ဆွေတွေကလည်း
သူတို့ပြန်လာတာကို တကယ် ဝမ်း သာကြောင်း အသိပေးပါ။ လူပုဂ္ဂိုလ်ချင်းအရသိခဲ့တဲ့သူတို့ရဲ့
မိတ် ဆွေတွေကလည်း သူတို့ကိုတယ်လီဖုန်းဆက်ပြီး အားပေးစကား ပြောရင်း၊ သူတို့ကို
အသင်းတော်မှာပြန်မြင်ရတာ ဝမ်းမြောက် ကြောင်း ထုတ်ပြောခိုင်းပါ။ သူတို့ကို
အသင်းတော်သို့ ဖိတ်ခေါ်ပါ မြော်လင့်ခြင်းအသင်းရဲ့ ယခင်က အသင်းသားဟောင်းတွေဟာ
အကောင်းဆုံးရလဒ်ထွက်ခဲ့၍ အလွန်အကျိုးရှိတဲ့သာသနာကွင်း တစ်ခုလည်းဖြစ်ပါတယ်။
သူတို့ဟာ အသင်းတော်ထဲမှာ မိတ်ဆွေ အသိများရှိနေပြီးလည်းဖြစ်တယ်။ မကျေနပ်မှု၊
ရန်ဖြစ်မှု၊ သို့မဟုတ် ပုဂ္ဂိုလ်ရေးပြဿနာတွေက သူတို့ကို အသင်းကထွက်ခွါသွားစေခဲ့ တာ
ဖြစ်တယ်။ တကယ်တော့သူတို့တစ်တွေဟာ မေတ္တာနှင့် ဂရုစိုက်ခြင်းနှင့်အတူ
အသင်းတော်ပြန်လာတက်ဖို့ စိတ်ရင်းနဲ့ ဖိတ် ခေါ်မှာကို စောင့်မျှော်နေကြတာဖြစ်တယ်။
အခန်း - ၈၃
သတ္တမနေ့
နှစ်ခြင်းအသင်းများ (Seventh-Day Baptists)
သတ္တမနေ့မြော်လင့်ခြင်းအသင်းသည် သတ္တမနေ့နှစ်ခြင်းအသင်း
နှင့် နီးစပ်တဲ့သမိုင်းအဆက်ရှိခဲ့ပါတယ်။ သတ္တမနေ့ နှစ်ခြင်းဆရာ ရေးချဲယ်အုတ်
ပရက်စတွန် (Rachel Oaks Preston)ဟာ ဂျိုးဇက်ဘိတ် (Joseph Bates)ကို
ဥပုသ်နေ့သစ္စာအကြောင်းဆွေးနွေးပြောပြတဲ့အခါ ကျမ်းစာမှအသေအချာသွန်သင်သည့်အတိုင်း
လက်ခံခဲ့ပါတယ်။ ဆရာ မေးလ်လားရဲ့ မြော်လင့်ခြင်းအသင်းသားတွေဟာ
မြော်လင့်ခြင်းနှစ်ခြင်း အသင်းသားတွေက သူတို့ကို စစ်မှန်တဲ့ကျမ်းစာ
အလိုတော်ဥပုသ်နေ့ အကြောင်း ပြန်လည်သွန်သင်ပေးခြင်း မပြုခဲ့သေးသည်တိုင်အောင်၊
တနင်္ဂနွေနေ့ကို ဥပုသ်စောင့်သူများဖြစ်ခဲ့ပါတယ်။ ကျမ်းစာကိုယုံကြည် ကြတဲ့
နှစ်ခြင်းခရစ်ယာန်တွေဟာ ဥပုသ်သစ္စာကို စောင့်ရင်း ပြန်လည်
ပြုပြင်ရေးခေတ်တစ်လျှောက် ဥရောပတစ်ခွင်မှာ ရှင်သန်နေခဲ့ကြပါ တယ်။ သူတို့ဟာ
၁၇-ရာစုနောက်ပိုင်း အမေရိကတိုက်ကိုရောက်လာပြီး၊ ရုတ်ကျွန်းစုပြည်နယ် (Rhode
Island) နယူးပို့မြို့ (New Port)မှာ
ပထမဆုံးအသင်း စတင်တည်ထောင်ခဲ့ကြပါတယ်။ ယနေ့အမေရိကန် တိုင်းပြည်မှာ သူတို့ရဲ့
အသင်းဝင်စာရင်းဟာ (၅,၀၀၀)ခန့်ရှိနေပြီး၊ တစ်
ကမ္ဘာလုံးအတိုင်းအတာနဲ့အသင်းဝင်ပေါင်း (၅၀,၀၀၀)
ပျမ်းမျှရှိပါတယ်။ အုပ်ချုပ်ရေးအာဏာကို အထွေထွေညီလာခံမှာ ဗဟိုပြုထားပါတယ်။
သို့ပါသော်လည်း ဒေသခံအသင်းတော်များ၏ လုပ်ငန်းတွေဟာ သွန်သင် ခြင်း၊
လေ့ကျင့်ခြင်းနှစ်ရပ်စလုံး၌ လွတ်လပ်မှုအပြည့်နှင့် လွတ်လပ်တဲ့
အသင်းတော်များဖြစ်ကြပါတယ်။
သတ္တမနေ့နှစ်ခြင်းတွေနဲ့
သတ္တမနေ့မြော်လင့်ခြင်းအသင်းတို့ရဲ့ အဓိကကွဲလွဲချက်တစ်ခုဟာ
‘ပုရောဖက်ပြုအရေးကြီးခြင်း’ ကိစ္စဖြစ်ပါ တယ်။ သတ္တမနေ့မြော်လင့်ခြင်းအသင်းသားတွေဟာ
(ဗျာဒိတ် ၁၄း၆- ၁၂) အရ နောက်ဆုံးနေ့သတင်းစကားကို ကြေညာပေးရန် သခင်ဘုရား ထံမှ
အထူးကော်မရှင်ရသူများအဖြစ်နဲ့၊ (ဗျာဒိတ် ၁၂း၁၇)အရလည်း ပုရောဖက် ပြုနိုင်တဲ့
ကျန်ကြွင်းသောအမျိုးအနွယ်တွေလို့ သူတို့ကို သူတို့မြင်ကြပါ တယ်။ အခုဒါဟာ
တစ်ကမ္ဘာလုံးမှာ လူခုနှစ်သန်းထိ အသင်းဝင်များပြား လာသည့်တိုင်၊
မြော်လင့်ခြင်းလှုပ်ရှားမှု ဖြစ်နိုင်ချေရှိတဲ့ ဧဝံဂေလိအမှုကို ပြုရင်း အသက်ရှင်မှုကိုပေးသော
နောက်ဆုံးနေ့ သတင်းစကားဖြစ်ပါ၏။
သတ္တမနေ့နှစ်ခြင်းအသင်းသားများ၏
အစဉ်အလာစွဲဝါဒရေးရာယုံကြည်မှုများတချို့
1။ ဘုရားသခင်မှုတ်သွင်း၍ရေးသားထားသောသမ္မာကျမ်းစာ။
2။ သုံးပါးတစ်ဆူ၊ သို့မဟုတ် ဘုရားဇာတိအဖြစ်တော်။
3။ အပျိုကညာမှမွေးဖွားခြင်း။
4။ ခရစ်တော်အားဖြင့်သာလျှင် ကယ်တင်ခြင်းရနိုင်ခြင်း။
5။ သတ္တနေ့ဥပုသ်စောင့်ခြင်း။
6။ လုံးလုံးနစ်မြုပ်သောဗတ္တိဇံပေးခြင်း။
7။ အထင်ကရပြန်လည်ကြွလာတော်မူမည့်ခရစ်တော်။ (တချို့ များက
တိတ်တဆိတ်ချီဆောင်ခြင်းကို လက်ခံခြင်းရှိနိုင်ပါသည်။)
8။ ဘာသာရေးလွတ်လပ်ခြင်းနှင့် စိတ်သန့်သန့်နဲ့နေခြင်းကို ကြီးစွာ အားပေးသည်။
သတ္တမနေ့နှစ်ခြင်းအသင်းသားများ၌ အဓိကဝါဒရေးရာ
ကွဲလွဲခြင်းနှင့်ကျမ်းစာအလိုအတိုင်းဖြစ်သင့်သည်များ
(အောက်ပါအချက်များကို
သတ္တမနေ့နှစ်ခြင်းအသင်းသားများ အားလုံးက အတိအကျယုံကြည်ကြသည်မဟုတ်သော်လည်း အများစုက
ယုံကြည်ကြသည်။)
၁။
တစ်ကြိမ်ကယ်တင်ခံရရင် အမြဲကယ်တင်ခံရခြင်းဖြစ်တယ်။
လူတစ်ယောက်ဟာ ခရစ်တော်ဆီရောက်လာရင် သူ၌ဘယ်တော့မှ မဆုံး
ရှုံးနိုင်ဟူသောယုံကြည်ချက်။
(၁ကော ၁၅း၁-၂။ ၂ပေ ၂း၂၀-၂၂။ ၁ယော
၉း၂၇)ဖတ်ကြည့်။ [ရေမျော ကမ်းတင်(castaway)စကားလုံးဒီမှာသုံးတာ
(ယေရမိ ၆း၃ဝ) မှာလည်း သုံးတယ်။ လောင်ကျွမ်းစေတော်မူသည်၊ ဒါမှမဟုတ်၊ ပယ်တော်မူ
သည်ဖြစ်ပါတယ်။] (ဟေဗြဲ ၄း၄-၇။ ဗျာ ၃း၅။ ဖိ ၄း၃)တွေမှာ ဖတ် ကြည့်ရင်၊ ခရစ်တော်ကို
ကျွန်ုပ်တို့လက်ခံလိုက်တဲ့အခါ၊ ကျွန်ုပ်တို့ရဲ့ အမည်တွေဟာ အသက်စာရင်းစာအုပ်မှာ
ရေးသွင်းပြီးဖြစ်တယ်။ ဒါကို စာရင်းဖျက်လို့ရတယ်ဆိုထားတော့ တစ်ကြိမ်တစ်ခါက
လက်ခံထားပြီး သူတွေဟာ အပယ်ခံရနိုင်တယ်ဆိုတာ ဖြစ်နိုင်တာပဲပေါ့)။
၂။
ဝိညာဉ် မသေနိုင်ဆိုတဲ့ ယုံကြည်ခြင်း။
လူတစ်ဦးချင်းစီတိုင်းမှာ မသေနိုင်၊မပျက်နိုင်တဲ့ဝိညာဉ်ဟာ ကိုယ်ခန္ဓာနဲ့
သီးခြားရှိနေပြီး၊ လူသေ လျှင် ကိုယ်ခန္ဓာသေ၍ သီးခြားဝိညာဉ်သည် ကောင်းကင်ဘုံ၊
သို့မဟုတ် ငရဲဘုံတစ်ခုခုသို့ရောက်သွားမည်ဆိုတဲ့ ယုံကြည်ချက်။ (၁တိ ၆း၁၅,၁၆။ က ၂း၇။ ဒေသနာ ၁၂း၇။ ယောဘ ၂၇း၃။ ဆာလံ ၁၄၆း၄။ ၆:၅။ ၁၁၅း၁၇။ ယော
၁၁း၁၁-၁၄)ဖတ်ကြည့်ပါ။ အမှတ်ရပါ။ ကျမ်းစာသည် ‘ဝိညာဉ်’ စကားလုံးကို အကြိမ်ပေါင်း
(၁၆၀၀) သုံးခဲ့ပါတယ်။ ဒါကို မသေနိုင်တဲ့ ဝိညာဉ်၊ သို့မဟုတ် ထာဝရ ဝိညာဉ်လို့
ဘယ်တော့မှမပြောပါ။ ကျမ်းစာထဲ မှာ သေသည်ကို အိပ်သည်ဟု (၅၃)ကြိမ် ဆိုထားပါသည်။
၃။
ထာဝရပြင်းပြစွာသောဝေဒနာ။ ဘုရားသခင်သည်
ပျောက်သူ-ရှုံးသူများကို ငရဲသို့ချလိုက်၍ ထာဝရပြစ်ဒဏ်ပေးမည် ဟူသော ယုံကြည် ချက်။
(မဿဲ၄း၁-၃။ ဆာလံ၃၇း၁၀,၁၁,၂၀,၃၈။ ယုဒ၇။ ၂ပေ ၂း၆။ ဗျာ ၂၀း၉။ ဟေဗြဲ ၁၂:၂၉)။
၄။
မထင်မှတ်ဘဲရောက်လာမည့်ချီဆောင်ခြင်း။
ခရစ်တော်သည်
ဘေးဒဏ်ကြီးကာလမတိုင်မီ မထင်မှတ်ဘဲ ကြွလာတော်မူမည်ဆိုတဲ့
အကြောင်း၌၊ ခရစ်တော်သည် သူ့အသင်းတော်ကို ရုတ်ခြည်းဆွဲယူ၊ သို့မဟုတ်
ချီဆောင်တော်မူခြင်းဖြင့် မြေကြီးပေါ်၌ မယုံကြည်သူများ ကျန်ရစ်ခဲ့ပြီး
ဘေးဒဏ်ကြီးတစ်လျှောက်မှာ ပြစ်ဒဏ်ခံကြရမည်ဆိုတဲ့ ယုံကြည်ချက်။ (ကျမ်းချက်ဖတ်ကြည့်ရန်။
၁သက် ၄း၁၆,၁၇။ ၂သက် ၁း၇-၉။
မဿဲ ၁၃:၃၀။ လုကာ ၁၇း၂၆-၃၇။ မဿဲ ၂၄း၂၇။ ဆာလံ ၅၀း၃။ ဗျာ ၁း၇)။
သတ္တမနေ့နှစ်ခြင်းအသင်းသားများသို့
ချဉ်းကပ်နိုင်သည့်အလားအလာ
၁။
ကျွန်ုပ်တို့၌ အတူတကွ ဆုပ်ကိုင်ထားတဲ့ဘုံဝါဒကို သဘော တူညီ
ချက်ထူထောင်ပါ။ သင့်ရဲ့ယုံကြည်ခြင်းကို အခိုင်အမာပြောပြပြီး၊ ခရစ်
တော်၌သင့်ရဲ့ဆက်ကပ်ခြင်းကိုတင်ပြပါ။ယုံကြည်သောအားဖြင့် ကျေးဇူး တော်ကြောင့်
ကယ်တင်ခြင်းသို့ ရောက်ရကြောင်းကို သင်ယုံကြည်သည့် အကြောင်း ထုတ်ပြောပြပါ။
၂။
ဗျာဒိတ်ကျမ်း ၁၄း၆-၁၂ မှာ အနှစ်ချုပ်ပြောနေတဲ့ ယနေ့အတွက် ဘုရားသခင်၏
သတင်းစကားတော်ကို သူတို့နားလည်သဘောပေါက်ပါ ရဲ့လားလို့မေးကြည့်ပါ။
ဗျာဒိတ်ကျမ်းအခန်းကြီး (၁၄) မှာ ပြောနေတဲ့ နောဧနေ့ရက်များကာလက
သူရလိုက်တဲ့သတင်းစကားတွေဟာ ကျွန်ုပ် တို့ရဲ့ ယနေ့အတွက် သတင်းစကားတွေကဲ့သို့
အရေးကြီးလှကြောင်းကို သင်၏ ခိုင်မြဲသောယုံကြည်ခြင်းဖြင့် ဝေမျှပြောပြပါ။
ဒီလိုနဲ့ပုရောဖက်ပြု ချက်သတင်းစကားများ၏ နက်နဲရာကို သူနှင့်အတူတကွ ရှာဖွေလေ့လာ
သွားမည်ဆိုတဲ့အကြောင်းအကြံပြုပါ။
၃။
သတ္တမနေ့နှစ်ခြင်းတွေဟာ အယ်လင်ဂျီဝိုက်(Ellen G.White)၏ စာအုပ်တွေထဲမှာ ထင်ပေါ်နေတဲ့ သူမရဲ့ပုရောဖက်ပြုဆုကျေးဇူးကို လက်
မခံကြပါ။ ဘုရားသခင်၏ နောက်ပိုင်းနေ့လှုပ်ရှားမှု၌ ပုရောဖက်ပြုခြင်း
ဆုကျေးဇူးအဆင့်အတန်းအကြောင်းကို သမ္မာကျမ်းစာအတူတကွ လေ့ လာကြမည်ဆိုပါက၊
ကျမ်းချက်များဖြစ်တဲ့ (ဧဖက် ၄:၈,၁၁-၁၅။ ၁ကော ၁း၆-၈။ ဗျာ
၁၂း၁၇။ ၁၉:၂၀)ကိုလည်းကောင်း၊ စစ်မှန်တဲ့ ပုရောဖက် တစ်ဦးအားစမ်းသပ်ခြင်းဖြစ်တဲ့
(တရား ၁၃း၁-၄။ ဟေရှာ ၈း၂၀။ ဒံ ၁၀း၁၇။ ယေရမိ ၂၈း၉) ကိုလည်းကောင်း
အသုံးပြုဖြေရှင်းပြီး၊ နောက် ဆုံးမှာ (မဿဲ ၇း၁၅)ကျမ်းချက်ကို ပြပေးရပါမယ်။
အစပိုင်းမှာ သတ္တမနေ့ နှစ်ခြင်းအသင်းသားတွေရဲ့ အထိမခံနိုင်တဲ့အချက်တွေကို
ရှောင်ကြဖို့ ကျွန်ုပ်အနေနဲ့ အကြံပေးလိုပါတယ်။ ကျွန်ုပ်တို့အတူတကွ ဆုပ်ကိုင်
ထားတဲ့ဘုံအယူဝါဒမှာနေပါ။ သတ္တမနေ့နှစ်ခြင်း အသင်းသားအများစု ဟာ ဒံယေလ၏
အနာဂတ္တိပြောစကားတွေနဲ့ ဗျာဒိတ်ကျမ်းလေ့လာတဲ့ အခါ အံ့ဩခြင်းဖြစ်ကြပါတယ်။
ဒံယေလအခန်းကြီး(၂)ထဲက အကြောင်း အရာတချို့ဟာ သင့်ရဲ့ သတ္တမနေ့နှစ်ခြင်း
လူမိတ်ဆွေတွေကို အသေ အချာ စိတ်လှုပ်ရှားစေပါလိမ့်မယ်။
ကိုယ်စားပြု ဆုတောင်းခြင်းတန်ခိုး
ဤအခန်း၌ပြသောအခြေခံစည်းမျဉ်းသည် သင့်ကို ပို၍ထိရောက် သော
ဝိညာဉ်အောင်နိုင်သူတစ်ယောက်ဖြစ်လာစေရန် တတ်စွမ်းနိုင်ပါ သည်။ လူတွေဟာ
ကျွန်ုပ်တို့ပြောပြတဲ့ စကားသက်သက်နဲ့တော့ ခရစ် တော်ကိုရလာတာမဟုတ်ပါဘူး။
ကျွန်ုပ်တို့အားဖြင့် သူတို့ရဲ့အသက်တာ ထဲမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့
အလုပ်လုပ်ခြင်းကြောင့် ဥဿုံ အကျိုးသက်ရောက်မှုရလာတာဖြစ်ပါတယ်။
သန့်ရှင်းသောဝိညာဉ်တော် ၏စစ်မှန်သောဖြည့်စွက်ပေးခြင်းကို သူတို့မရခဲ့ရင်၊
ကျွန်ုပ်တို့ပြောစကား တွေဟာ ထိရောက်ခြင်းဘာမျှမရှိနိုင်ပါဘူး။
ရှင်မာကုခရစ်ဝင်ကျမ်းဟာ ယေရှုကို ဝိညာဉ်အောင်နိုင်သူအဖြစ်
ယေရှု၏အံ့ဩမကုန်နိုင်သောတန်ခိုးတော်ကို ဖေါ်ပြခဲ့ပါတယ်။ လူထုကြီး က
အံ့ဩ၍ပြောထုတ်ခဲ့ကြတယ်။ “ထိုသူဟာ--ကျမ်းပြုဆရာ နည်းတူ မဟုတ်၊ အစိုးရသောသူနည်းတူ
ဆုံးမဩဝါဒပေးတော်မူ၏။” (မာကု ၁း၂၂)။ ယေရှု၏ဝိညာဉ်အောင်နိုင်ခြင်းတန်ခိုး၌လျှို့ဝှက်ချက်ကို
အခန်း ငယ် (၃၅)မှာ တွေ့ရပါမယ်။ “နံနက်အချိန်မိုးမလင်းမီ ကိုယ်တော်သည် ထပြီးလျှင်၊
တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော်မူ၏။”
ယေရှု၏ တန်ခိုးတော်လျှို့ဝှက်ချက်ဟာ ကိုယ်စားပြုဆုတောင်း
ခြင်းလျှို့ဝှက်ချက်ပဲဖြစ်တယ်။ အကယ်၍ သင်ဟာ ဝိညာဉ်အောင်နိုင်သူ တစ်ယောက်ဖြစ်လိုလျှင်၊
လူတစ်ဦးတစ်ယောက်အတွက် သင်ဒူးထောက် ဆုတောင်းတဲ့အခါ ကောင်းကင်တန်ခိုး သင့်အပေါ်
ဆင်းသက်လာပါ လိမ့်မယ်။ အခြားသူများအတွက်
ကျွန်ုပ်တို့ဆုတောင်းတဲ့အခါ ထိုသူတို့ ဆီကိုရောက်နိုင်ဖို့ ဘုရားသခင်သည်
ကျွန်ုပ်တို့အား ဉာဏ်ပညာပေး တော်မူမည်ဟု (ယာကုပ် ၁း၅)မှာ ပြောထားပါတယ်။
ဘုရားသခင်ဟာ လူတွေရဲ့နှလုံးသားသော့ကို ပေးတော်မူခြင်းဖြစ်တယ်။ သန့်ရှင်းသော
ဝိညာဉ်တော် အုပ်စိုးတော်မူခြင်းဖြင့် ကျွန်ုပ်တို့ဆုတောင်းကြတဲ့အခါမှာ၊
ကျွန်ုပ်တို့ဆုမတောင်းလို့ ကိုယ်တော်မရှိတဲ့လမ်း၌ သူတို့ရဲ့နှလုံးသား အပေါ်မှာ
ဘုရားသခင်လုပ်ဆောင်မစတော်မူပါတယ်။ ဤစကြာဝဠာ၏ အကောင်းနှင့်အဆိုးရှိတဲ့အကြား၊
ကြီးစွာသောအချင်းများနေကြတဲ့အထဲ ဘုရားသခင်သည် လူသားလွတ်လပ်မှုကို ပေးထားပါတယ်။
ကိုယ်တော် ဟာ သားသမီးတိုင်းကို သူတို့၌ရွေးချယ်နိုင်တဲ့ အခွင့်အရေးပေးထားပါ တယ်။
ကောင်းကင်တမန်များအားဖြင့်သော်လည်းကောင်း၊ သန့်ရှင်း သော
ဝိညာဉ်တော်အုပ်စိုးတော်မူခြင်းအားဖြင့်သော်လည်းကောင်း၊ လူ့
ဘဝများ၌ပေးကမ်းတော်မူသောအခြေအနေအားဖြင့်သော်လည်းကောင်း ဘုရားသခင်သည်
လူတစ်ဦးချင်းစီတိုင်းက ကိုယ်တော်ထံရောက်လာဖို့ လူသားတိုင်းရဲ့ လွတ်လပ်ခြင်းကို
မထိမခိုက်စေဘဲ အရာရာ၌ ကိုယ်တော် လုပ်ဆောင်နေပါတယ်။
ကျွန်ုပ်တို့သည် သီးသန့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်
ဘုရားသခင်အရှေ့၌ ကိုယ်စားပြုဆုတောင်းပေးနေတဲ့အခါမှာ ကျွန်ုပ်တို့ ၏ လွတ်လပ်မှုကို
ကိုယ်တော်သိမှတ်၍ ထိုသူတို့ထံရောက်သွားရန် ကျွန်ုပ်တို့မှတစ်ဆင့်
သန့်ရှင်းသောဝိညဉ်တော်ကို သွန်းလောင်းပေး တော်မူပါတယ်။ ကျွန်ုပ်တို့ဟာ
ကိုယ်တော်ရဲ့ အုပ်စိုးခြင်းအတွက် ဆက် သွယ်ရာလမ်းကြောင်းဖြစ်ရပါတယ်။
တန်ခိုးတော်ပိုက်ဆက်လည်းဖြစ် တယ်။ အသက်ရေသည် ဘုရားသခင်၏ပလ္လင်တော်ဆီမှ ရေငတ်သော
ဝိညာဉ်များဆီသို့ ကျွန်ုပ်တို့မှတစ်ဆင့် စီးဆင်းစေတော်မူပါတယ်။
အကောင်းနှင့်အဆိုးတို့အကြား ပဋိပက္ခဖြစ်ကြတဲ့အခါမှာ-
“ကျွန်ုပ်တို့ ဆုမတောင်းခဲ့၍
ဘုရားသခင်ပေးမည်မဟုတ်သည်များကို ယုံကြည်ခြင်းနဲ့ ဆုတောင်းနေခြင်းဖြင့်
အဖြေပေးတော်မူရာ၌ ဘုရား သခင်မစတော်မူပါလိမ့်မည်။”
(Great Controversy, p.525)
တစ်ဖက်စာမျက်နှာအပိုင်းထဲမှာ သင့်ကို ကိုယ်စားပြုဆုတောင်း
သူတစ်ဦးဖြစ်လာဖို့ အခွင့်အရေးတစ်ခုပေးထားပါတယ်။ ဘယ်ဘက်စာ တိုင်ထဲမှာ
သင်ဆုတောင်းပေးနေသောလူတွေရဲ့အမည်ကို ရေးသွင်းပါ။ ဒါမှမဟုတ် သင့်အနေဖြင့်
ဘုရားသခင်အရှေ့ အထူးတောင်းဆိုချက်များ ရေးသွင်းနိုင်ပါတယ်။ ညာဘက်စာတိုင်ထဲမှာ
ဘုရားသခင်ပေးလာတဲ့ အဖြေကိုရေးသွင်းပါ။ သင့်ယုံကြည်ခြင်းအားကောင်းလာစေရန် အောက်
ပါဘုရားကတိတော်ကျမ်းချက်များ မှန်မှန်ဖတ်ရှုပေးပါ။
(မဿဲ ၇း၇။ မာကု ၁၁း၁၄။ ၁ယော ၅း၁၆)။
ဆုတောင်းဒိုင်ယာရီ
|
ဆုတောင်းချက် |
ဘုရားသခင်၏အဖြေရခြင်း |
|
________________________ |
________________________ |
|
________________________ |
________________________ |
|
________________________ |
________________________ |
|
________________________ |
________________________ |
|
________________________ |
________________________ |
|
________________________ |
________________________ |
|
________________________ |
________________________ |
|
________________________ |
________________________ |
|
________________________ |
________________________ |
|
________________________ |
________________________ |
|
________________________ |
________________________ |
|
________________________ |
________________________ |
|
________________________ |
________________________ |
|
________________________ |
________________________ |
No comments:
Post a Comment