Saturday, May 30, 2026

Section I. သွန်သင်ပေးနိုင်တဲ့ ကျမ်းစာလေ့လာခြင်းများ

မာတိကာ (Table of Contents) 

အခန်း - ၁။ သမ္မာကျမ်း The Bible (၉)

အခန်း - ၂၈။ နှစ်တစ်ထောင်နိုင်ငံတော် (ငြိမ်သက်ခြင်းနှစ်တစ်ထောင်) (၈၂)




အခန်း - ၁

သွန်သင်ပေးနိုင်တဲ့ကျမ်းစာလေ့လာခြင်းများ

မေးတတ်တာလေးတွေတချို့ အတွက် တိကျသောအဖြေများ

သမ္မာကျမ်း (The Bible)

၂ပေ ၁း၂၁     

ဘုရားသခင်၏သန့်ရှင်းသူတို့သည်သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်း                                  ကို ခံရ၍ဟောပြောကြ၏။

၂တိ ၃း၁၆              

ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ –

ဆာလံ ၁၁၉း၁၆ဝ     

နှုတ်ကပတ်တော် အလုံးစုံတို့သည် ဟုတ်မှန်ပါ၏။ (အစပိုင်းမှာပင်)

ဆာလံ ၁၂း၆-၇        

ထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့ကို ဤ လူမျိုးမှ အစဉ်ကာကွယ်စောင့်မတော်မူ                                မည်။ (ကာလတစ်လျှောက်လုံး)

မဿဲ ၂၄း၃၅           

ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကားတည်လိမ့်မည်။ (ဘုရားစကားသည်                                ထာဝရဖြစ်)

ရောမ ၁၅း၄            

မျှော်လင့်ရသော အခွင့်ရှိစေခြင်းငှါ၊ ကျမ်းစာ၌အထက်က ရေးထားသမျှသည် ငါတို့ကို                                    ဆုံးမသြဝါဒပေး၍ရေးထားသတည်း။

၂တိ ၃း၁၅              

ကယ်တင်ခြင်းအလိုငှါ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာဖြစ်၊

ယောဟန် ၅း၃၉        

ကျမ်းစာအားဖြင့် ယေရှုသည် ကယ်တင်ရှင်ဖြစ်ကြောင်းဖွင့်ပြပေးနေသည်။(ထိုကျမ်းစာပင် ငါ၏ သက်သဖြစ်၏)

၂တိ ၂း၁၅                  

သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော  ဆရာသမားဖြစ်စေလျက် ကျမ်းစာလေ့လာနိုင်ရမယ်။

ယော ၁၆း၁၃             

သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင် ပြသပေးရန်သန့်ရှင်းသောဝိညာဉ်တော်ကို ယေရှုစေလွှတ်တော်မူခဲ့၏။

၁ကော ၂း၁၃              

သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်နှင့် စပ်ဆိုင်သောအရာကို ဝိညာဉ်စကားအားဖြင့် ဖွင့်ပြ၍ပဲ့ပြင်တော်မူသောစကားနှင့်ငါတို့သည် စိတ်နှလုံးပါလျက် ဟောပြောကြရင် ဘုရားသခင် လမ်းညွှန်ပေးပါလိမ့်မယ်။

ဟေရှာ ၂၈း၉-၁၀         

ကျွန်ုပ်တို့ဟာ နှုတ်ကပတ်တရားကို နှိုင်းယှဉ် နားလည်ခြင်းရှိရင် သမ္မာတရားကို အမှန်ရှာဖွေတွေ့ရပါလိမ့်မယ်။

ယော ၁၇း၁၇             

ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။

ယော ၇း၁၇               

ငါတို့သည် စိတ်နှလုံးပါလျက် ကိုယ်တော်၏ နှုတ်ကပတ်တော်ထံ ချဉ်းကပ်လျှင်၊ ကိုယ်တော်လမ်းညွန်ပေးပါလိမ့်မယ်။

 



အခန်း - ၂

သမ္မာကျမ်းအမှန်တရား

          သမ္မာကျမ်းစာသည် စာအုပ်ပေါင်း (၆၆)အုပ်ရှိပြီး၊ လူပေါင်း (၄၄) ယောက်က နှစ်ပေါင်း (၁၅ဝဝ)ကာလအကြာတိုင်အောင် ရေးသားခဲ့ရတာ ဖြစ်တယ်။

ကျမ်းစာ၏ လှုံ့ဆော်ခြင်းခံရမှု၌ သက်သေများရှိပါတယ်။ အောက်ပါတို့ ဖြစ်တယ်။

အနာဂတ်ဟောချက်များ- ဖတ်ကြည့်ပါ။ 

ဗာဗုလုန်နိုင်ငံ(ဟေရှာ ၁၃း၁၉- ၂၂)၊ တုရုမြို့(ယေဇ ၂၆း၃-၅)၊ ဇိဒုန်မြို့(ယေဇ ၂၈း၂၁-၂၃)၊ ကုရုမင်း (ဟေရှာ ၄၄း၂၈, ၄၅း၁)၊ မေဒိရှင်ဘုရင်၊ ပေရသိရှင်ဘုရင်၊ ဟေလသရှင် ဘုရင်(ဒံ ၈း၂ဝ-၂၁)၊ ယေရှုမွေးရပ်မြေ (မိက္ခာ ၅း၂)။

ရှေးဟောင်းသုတေသနရှာဖွေတွေ့ရှိခြင်း- 

မောဘပြည်ကျောက်တုံးများ အပုံလိုက်ကို ယနေ့ခေတ် ၁၈၆၈ ခုနှစ်တွင် ဂျော်ဒန်နိုင်ငံ ဒီဘွန် (Dibon) အရပ်၌ တွေ့ရသောကြောင့်၊(၄ ရာ ၁,၃)ဖေါ်ပြချက်အရ မောဘပြည်သား တို့က ဣသရေလတို့အား တိုက်ခိုက်ခဲ့ကြောင်း သက်သေပြနိုင်ခဲ့သည်။

လာ့ရှစ်ရေးစာများ(Lachish letters)- ယနေ့ ဗေရရှေဘမြို့ မြောက်ဘက် (၂၄) မိုင်အကွာ၌ ၁၉၃၂-၁၉၃၈ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့၏။ ထိုစာအရ နေဗုခဒ်နေဇာဘုရင်သည် သက္ကရာဇ် ၅၈၆ BC ၌ ယေရုရှလင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရ၏။ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရ၏။

ပင်လယ်သေစာလိပ်(The Dead Sea Scrolls)- ၁၉၄၈ ခုနှစ်က တွေ့ခဲ့သည်။ သက်တမ်းစစ်ချက်အရ ၁၅ဝ-၁၇ဝ BCက ရေးခဲ့သော စာလိပ်ဖြစ်ကြောင်းသိရသည်။ ဧသတာစာအုပ်မှလွဲ၍ ဓမ္မဟောင်းကျမ်းစာအုပ် အပိုင်းအားလုံးပါရှိတာကို တွေ့ရ၏။ ဒါတွေက ကျမ်းစာတိကျမှန်ကန် ကြောင်း ပြောနေတာဖြစ်တယ်။

ကုရုမင်း၏ဆလင်ဒါ(Cyrus’ Cylinder- မှတ်တမ်းအရကုရုမင်းသည် ဗာဗုလုန်နိုင်ငံကို သိမ်းပိုက်ပြီးနောက်ပိုင်း၌ ဂျူးဣသရေလတို့ကို အချုပ် အနှောင်မှ လွှတ်ပေးခဲ့ကြောင်းသိရသည်။

ရိုဆက်တာကျောက် (The Rosetta Stone)- အီဂျစ်ပြည် ရိုဆက်တာမြို့၌ ၁၇၉၉ခုနှစ်က နပိုလျံခေတ်သိပ္ပံပညာရှင်များ ရှာတွေ့လိုက်တဲ့ ကျောက် တုံးစာထဲတွင် ရှေးဟောင်းအီဂျစ်တို့၏ အရုပ်စာ(hieroglyphics)၊ အများ သုံး ဒီမုတ်စာ(Demotic)နဲ့ ဂရိစာ (Greek)၊ သုံးဘာသာရေးသားခဲ့တာ တွေ့ရ၏။

ဖတ်တတ်ရန် ထူးထူးဆန်းဆန်း အမြင်သစ်ရခဲ့လိုက်သည်။ ရှေးဟောင်း အီဂျစ်တို့၏ အရုပ်စာ (hieroglyphics) ဖတ်တတ်လာခြင်းကြောင့် သမ္မာ ကျမ်းစာ အစစ်အမှန်ကို အတည်ပြုချက်လုပ်ရွေးထုတ်ပေးနိုင်ခဲ့၏။

ညီညွတ်မှုမြဲမြံစေခြင်း၊ 

သမ္မာကျမ်းစာလှုံ့ဆော်ခံရခြင်းအားဖြင့် ညီညွတ် ခြင်း ခိုင်မြဲမှုကိုလည်း ရစေတယ်။ ကျမ်းချက် (၃၀၀၀)လောက်ထဲမှာ ကျမ်းစာဟာ ဝိညာဉ်တော်တိုက်တွန်းလှုံ့ဆော်မှုကြောင့် ရေးသားခဲ့ရ ကြောင်း ကြွေးကြော်ပါတယ်။ (၂ပေ ၁း၂၁)။ တစ်ခုနှင့်တစ်ခုလည်း ပဋိပက္ခဖြစ်ခြင်းမရှိဘူး။ ဘုရားတိုက်တွန်းလို့ ရေးခဲ့တာမဖြစ်ရင်၊ အလိအကောက်ဖြစ်နေမှာပဲပေါ့။

တိကျမှု - ခေတ်ကာလတစ်လျှောက် ဒီလောက်တိကျပြီး မယုံနိုင်လောက်အောင် အမှန်ဖြစ်နေတာဟာ ဘုရာဝိညာဉ်တိုက်တွန်းခြင်း မပါရှိတာများကို ဘာမျှထည့်စဉ်းစားမိလာကြမှာမဟုတ်ပါဘူး။

ခရစ်တော်ပေါ်ထွန်းခြင်း- 

ကျမ်းစာလှုံ့ဆော်ခြင်းခံရမှုရဲ့အကြီးမားဆုံးသက်သေဖြစ်လာရတာကတော့ ခရစ်တော်ပေါ်ထွန်းခြင်း၌ သက်သေရခြင်းပါပဲ။ ကျမ်းစာလေ့လာသူများ၌ ပြောင်းလဲခြင်းလည်းဖြစ်တယ်။

(ယော ၅း၃၉။ တမန်တော် ၄း၁၂။ မဿဲ ၁၁း၂၆-၂၈)။

 


အခန်း - ၃

ဘုရား(မေတ္တာသင်္ကေတ) (A Character of Love)

ဆာလံ ၉ဝး၂              

ရှေးကမ္ဘာအဆက်ဆက်မှ နောက်ကမ္ဘာအဆက်ဆက်တိုင်အောင် (ထာဝရ)ဘုရားဖြစ်တော်မူ၏။

ဒံ ၂း၂၀                     

ထာဝရဘုရားသည် ပညာနှင့်လည်းကောင်း၊ အစွမ်းသတ္တိနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။

ဒံ၂း၂၁                     

ရှင်ဘုရင်တို့ကိုလည်း နှိမ့်ချ ချီးမြှောက်တော်မူ၏။

ဟေရှာယ ၄၆း၁ဝ        

အဦးမှစ၍အဆုံးတိုင်အောင်လည်းကောင်းဖေါ်ပြ၏။

ဟေရှာယ ၄၅း၂၁        

အနာဂတ်ကို ဖေါ်ပြနိုင်သူ ငါမှတစ်ပါး အခြားသောဘုရားသခင်မရှိ။

ဆာလံ ၃၃း၆,           

ဘုန်းတန်ခိုးအလုံးစုံနှင့် ပြည့်စုံသော ဖန်ဆင်းရှင်ဘုရားသခင် (ကမ္ဘာ ၁း၁)

ထွက် ၃၄း၆,           

ထာဝရဘုရားသည် ချစ်ခြင်း၊ သနားခြင်း၊ မေတ္တာကရုဏာနှင့် ပြည့်စုံ၍စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း သစ္စာစောင့် ခြင်းနှင့် ကြွယ်ဝတော်မူသည် ဖြစ်၍-

ယေရမိ ၃၁း၃             

ထာဝရဘုရားသည် ကရုဏာကျေးဇူးတော် ဖြင့်ချစ်သည်။

ဆာလံ ၂၄း၁              

လောကအလုံးစုံကိုပိုင်သသော ဘုရားသခင်။

ဆာလံ ၁၉း၁              

မိုးကောင်းကင်သည် ဘုန်းတော်ကို ကြားပြောနေတယ်။

ဆာလံ ၃၄း၁-၄           ဘုရားနာမတော်ကို ချီးမွမ်းဖို့ ကိုယ်တော်ခေါ်                                  ဖိတ်လျက်ရှိသကဲသို့ ကျောက်မက်ဖွယ်အလုံးစုံ                                ကို ကယ်နုတ်တော်မူ၏။

ဟေရှာယ ၄၁း၁၀        

အခက်ဒုက္ခအားလုံးမှ လွတ်ဖို့၊ ကိုယ်တော်ကတိပေးပါသည်။

ဟေဗြဲ ၁၃:၅              

မစွန့်ပစ်ပါ။ အလျှင်းပစ်မထားပါဆိုတဲ့ ကတိတော်ရှိတယ်။

 


အခန်း - ၄

မာရ်နတ်၏မူလ (Origin of Evil)

၁ယော ၄း၈               

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသည်။

မဿဲ ၁၃း၂၄-၂၈         

ဘုရားသခင်နှင့်လူတို့၏ ရန်သူသည် လူ့လောကအထဲ၌ မကောင်းသောမျိုးစေ့ကို ကြဲစိုက်ထားခဲ့လေ၏။

ယေဇ ၂၈း၁၂-၁၇        

လူစီဖါဆိုတဲ့စာတန်ဟာ ဘုရားဖန်ဆင်းတော်မူခဲ့သည်အထဲမှာ တစ်ချိန်က လှပတင့်တယ်ခြင်းနဲ့                      အသရေပြည့်စုံပြီး၊ လွတ်လပ်စွာရွေးချယ်နေထိုင်ခွင့်ရခဲ့တာကို မိမိမာန်နဲ့ ဘုရားသခင်ကို ပုန်ကန်ခဲ့ပါတယ်။

ဟေရှာ ၁၄း၁၂-၁၄       

လူစီဖါဟာ သူ့ပလ္လင်ကို ဘုရားသခင်ရဲ့ အထက်မှာ ချီးမြှောက်ထားလိုတယ်။ ဘုရားပညတ်တော်တွေကိုနားထောင်ဖို့ ထက် သူ့ပညတ်ကို သူလုပ်ထားချင်တယ်။

ဗျာ ၁၂း၇-၉                

ကောင်းကင်၌စစ်ပွဲဖြစ်လေ၏။ စာတန်နှင့်သူ၏ကောင်းကင်တမန်များက ယေရှုနှင့် ကိုယ်တော်၏ ကောင်းကင် တမန်များကို စစ်ပြိုင်တိုက်ခိုက်လေသည်။

လုကာ ၁၀း၁၀            

စာတန်သည် ကောင်းကင်မှ ပြုတ်ကျလေသည်။

ကမ္ဘာ ၁း၂၇-၃၁           

ဘုရားသခင်သည် “ငါတို့ ပုံသဏ္ဌာန်နှင့် တစ်ညီတစ်သဏ္ဌာန်တည်းလူကို ဖန်ဆင်းပြီးကြီးကျယ်ခမ်းနားသော ဥယျာဉ်၌ နေရာချထားခဲ့သည်။

 

ကမ္ဘာ ၃း၁-၇              

စာတန်ဟာ အာဒံနဲ့ဧဝတို့ကို ဦးဆောင်၍ ဘုရားသခင်အား ယုံကြည်မှု ကင်းမဲ့သွားစေရန် ဘုရားပညတ်တော်ကို ပွင့်ပွင့်လင်းလင်း ပုန်ကန်အာခံခဲ့ပါသည်။

ဟေရှာ ၅၉း၁-၂           

အပြစ်တရားသည် ကျွန်ုပ်တို့ကို ဘုရားသခင်နဲ့ဝေးကွာစေ၏။

ရောမ ၆း၂၃               

နာခံမှုမရှိတဲ့အပြစ်ရဲ့အမြင့်ဆုံးပြစ်ဒဏ်ဟာသေဒဏ်။

ယေရမိ ၁၇း၉             

လူသားသဘာဝဗီဇဟာ လူသားတို့ရဲ့ အပြစ်လုပ်တတ်ခြင်း သဘောသဘာဝကြောင့် ပြောင်းလဲသွားခဲ့၏။

ရောမ ၅း၁၂,၆း၁၆       

လူသားတစ်ရပ်လုံးဟာ အပြစ်တရား၊ ပြစ်ဒဏ်နဲ့နာခံမှုမရှိခြင်းသို့ ထိုးကျသွားခဲ့ပါတယ်။

ဟေဗြဲ ၂း၁၄-၁၇          

ယေရှုဟာ လူ့ဗီဇကို ခံယူပြီး၊ လူတို့ စုံစမ်းနှောင့်ယှက်ခြင်းကို ကိုယ်တိုင်ခံ၍ အောင်မြင်ခြင်းကိုရယူခဲ့ပါတယ်။ (ဟေဗြဲ ၄း၁၅)

ရောမ ၅း၁၇-၁၉          

ယေရှုဟာအာဒံကျရှုံးခဲ့ရခြင်းကိုပြန်အဖတ်ဆယ်ကယ်တင်ပေးခဲ့သည်။

ရောမ ၃း၂၄-၂၅           

ယေရှုအားဖြင့် ကယ်တင်ခြင်းကို ဆုကျေးဇူးတစ်ခုအဖြစ် ကျွန်ုပ်တို့ရရှိလိုက်သည်။

ဟေရှာ ၄၁း၁၃           

ယေရှုဟာ ကျွန်ုပ်တို့၏ အခက်အခဲအားလုံး၌ကျွန်ုပ်တို့နှင့်အတူ ယနေ့ရှိနေတယ်။ စိုးရိမ်ပူပန်ခြင်းမှန်သမျှကိုလည်း ကျွန်ုပ်တို့ကို ထောက်မတော်မူ၏။

ဓယဇ ၂၈:၁၇-၁၈        

နောက်ဆုံးသောကာလ၌ စာတန် လုံးဝချေမှုန်းခြင်းခံရမည်။

ဗျာ ၂၁း၁-၅                

ကောင်းကင်သစ်မြေကြီးသစ်ကို ထူထောင်ပေးတော်မူမည်။

နာဟုံ ၁း၉                 

အပြစ်တရားစာတန်သည်နောက်တစ်ဖန် ခေါင်းထောင်ထလာစရာအကြောင်း ဘယ်သောအခါမျှမဖြစ်စေတော့။

 


အခန်း - ၅

မေရှိပေါ်ထွန်းမည့်ဟောကိန်း (Prophecies of the Messiah)

မိက္ခာ ၅:၂                  

ဗက်လင်မြို့ - - မွေးရပ် (လုကာ ၂း၁-၇)

ဟေရှာ ၇း၁၄             

အပျိုကညာမှမွေးဖွားခြင်း (မဿဲ ၁း၂၃)

ကမ္ဘာ ၄၉း၈-၁ဝ          

ယေရှု၏မျိုးရိုးစဉ်ဆက် -ယုဒ (လုကာ ၁း၃၀-၃၂)

တောလည် ၂၄း၁၇       

ကြယ်တစ်လုံးသည် ယာကုပ်(ယုဒ)အမျိုးမှ ပေါ်ထွန်းမည်။ (မဿဲ ၂း၁-၂)

ဟေရှာ ၆၁း၁-၃         

မေရှိ၏ သာသနာပြုခြင်းအမှု ကြိုဟောချက်(လုကာ ၄း၁၆–၂၁)

ဆာလံ ၅၅း၁၂-၁၃       

မိတ်ဆွေ၏ သစ္စာဖေါက်ခြင်းကိုခံရ (မဿဲ ၂၆း၄၇-၅၀) ဇာခရိ ၁၁း၁၂,၁၃ အိုးထိန်းသမား၏ မြေကိုဝယ်ရန်အတွက် ငွေသား(၃ဝ)နှင့် လဲလှယ်သစ္စာဖေါက်ခြင်းခံရသည်။ (မဿဲ ၂၇း၃-၉)

ဟေရှာ ၅၃း၄-၇          

အသေသတ်သောသူထံပို့ခံရသော သိုးသငယ် ကဲ့သို့- (ယော ၁:၂၉။ တမန် ၈း၃၂-၃၅)

ဆာလံ ၂၂း၁၆            

ယေရှု၏ လက်ခြေတို့ကို ထိုးဖေါက်ခံရသော်လည်း ကျောက်တုံးနှင့် ပစ်ပေါက်ချိုးခံရသည်မဟုတ်-(လုကာ ၂၃:၃၃။ ၂၄း၃၉)

ဆာလံ ၂၂း၁၈            

အဝတ်ကိုအချင်းချင်းဝေဖန်၍ - အင်္ကျီကို မဲချလုယူကြ၏။ (မဿဲ ၂၇:၃၅)

ဆာလံ ၂၂း၁              

ယေရှု၏နောက်ဆုံးအသံစကား“အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” (မဿဲ ၂၇း၄၆)

ဆာလံ ၃၄း၂ဝ            

သူ့အရိုးတစ်ချောင်းမျှမကျိုးစေရ-(ယော၁၉:၃၆)

ဟေရှာ ၅၃း၉             

သူဌေး၏ သင်္ချိုင်းတွင်း၌ မြေမြှုပ်ခံရ-(မဿဲ ၂၇:၅၇-၆၀)

ဆာလံ ၁၆း၁၁            

အသက်ရှင်ထမြောက်တော်မူ - (မဿဲ ၂၈း၂-၇)

 


အခန်း - ၆

ခရစ်တော်၏ဘုရားဇာတိအဖြစ်တော်(Divinity of Christ)

မဿဲ ၁း၂၃                

ဧမာနွေလ “ငါတို့နှင့်အတူရှိသောဘုရားသခင်” ယော ၁၁နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ (ငယ်-၁၄)၌ နှုတ်ကပတ်တော် (ယေရှု) လူဇာတိအဖြစ်ကို ခံယူ၍ -။

ယော ၁၇:၅,၂၄                     

ဤကမ္ဘာမတည်မရှိမီ အဘဘုရားသခင်နှင့်အတူယေရှုရှိခဲ့ပြီဖြစ်ကြောင်း-။

ယော ၈း၅၀               

ယေရှုက ကိုယ်တိုင်ရှိနှင့်ပြီ၊အာဗြဟံမဖြစ်မီကငါဖြစ်၏”ဟု ပြောခဲ့သည်။ (I Am)

ထွက် ၃း၁၄                

(I Am) ‘ငါဖြစ်သည်အတိုင်း ငါဖြစ်၏” ဆိုတာဘုရားနာမတော်-

လုကာ ၅:၂ဝ-၂၄         

ဘုရားသာတတ်နိုင်တဲ့ အပြစ်လွှတ်ခြင်းအမှုကိုယေရှုပြု၏။

ယော ၂၀း၂၈              

ကျွန်ုပ်၏အရှင် ကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု သောမသက်သေပြုပြောဆို၏။

ဟေဗြဲ ၁း၈-၉             

အဘဘုရားသခင်က သားတော်ကို “အို အဘဘုရားသခင်ဟူ၍ ညွှန်းဆိုပြောခဲ့၏။

ဟေရှာ ၉း၆               

ယေရှုသည်ထာဝရအဘ” “ထာဝရဘုရား” ဖြစ်သည်။

မိက္ခာ ၅း၂                  

ရှေးကပ်ကမ္ဘာ (ever everlasting)မှ ပေါ်ထွန်းသည့်သခင် (ခရစ်တော်)ဖြစ်ကြောင်း -

၁တိ ၆း၁၅,၁၆            

ပရဏာနှင့် ကင်းလွတ်သောသူ၊ တစ်ပါးတည်းဖြစ်သောသူ - - ယေရှု

ဗျာ ၁း၁၈                  

ယေရှုသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်သလို မရဏာနဲ့ မရဏာနိုင်ငံကို အစိုးရ၏။

ဖိ၂း၅-၁၂                   

ယေရှုသည် ကျွန်ုပ်တို့၏ အရှင်သခင်ဖြစ်လာဖို့ရန် ကိုယ်တော်၏ ဘုရားဇာတိအဖြစ်တော်ကို အလိုတော်အတိုင်း စွန့်ခဲ့ပါသည်။

 


အခန်း - ၇

ဘုရားဇာတိအဖြစ်တော်အကြောင်းမေးတတ်တာတွေ

          ကျမ်းစာထဲမှာ ဧယရဟာ ဖန်ဆင်းခံယူခြင်းအထဲမှာသားဦးဖြစ် တော်မူကြောင်းပြောထားတာ့ (ကော ၁း၁၅,၁၈) ဒီလိုသာဆိုရင် ရှေး ကပ်ကမ္ဘာအစမှာ အဘဘုရားသခင်နှင့်အတူ မရှိခဲ့ဘူးလို့ မပြောနိုင်ဘူး လား။

          ဒီမေးခွန်းမေးရနိုင်တဲ့ကျမ်းချက်က (ကော ၁း၁၅)မှာ ဖေါ်ပြချက် ကြောင့်ဖြစ်တယ်။ အဲဒီအထဲမှာ ‘ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏’လို့ဆိုထားတယ်။ ဒီမှာ သားဦးစကားလုံးကို ဂရိ စကားလုံး ‘prototokos’ လို့ဖေါ်ပြထားပြီး၊ အဓိပ္ပါယ်က “ထူးကဲသူ၊ ထင် ပေါ်သူတစ်ယောက်လို့ဖြစ်တယ်။ ဒီမှာလည်း ယေရှုဟာ ဘုရားသခင်၏ အထူးအခွင့်တော်ရနဲ့ သီးခြားပုဂ္ဂိုလ်တော်အခွင့်အရေးပေး၍ ဂုဏ်တင်ခံ ရသူတစ်ပါးအဖြစ် ဖေါ်ပြပြောဆိုတာဖြစ်တယ်။ ယေရှုဟာ သားဦးဖြစ် ကြောင်းကို ကာလအထင်အမြင်နဲ့ ပြောဆိုတာမဟုတ်ဘဲ၊ ထူးခြားအခွင့် အရေးရသူတစ်ဦးဖြစ်ကြောင်း၊ အမြင်နှင့် ဖေါ်ပြထားတာဖြစ်ပါတယ်။ (သားဦး၏ အရာအားလုံးကို ကိုယ်တော် ပိုင်ဆိုင်သည်။) ဒါဝိဒ်ဟာ ယေရှဲ သားတို့၌ အဋ္ဌမသားဖြစ်သော်လည်း သားဦးဖြစ်တဲ့ အခွင့်ထူးဘိသိက်ခံခဲ့ ရပါတယ်။ ယေရှုပြောခဲ့ပါတယ်။ ကိုယ်တော်ဟာ “ငါဖြစ်သည်အတိုင်း ငါဖြစ်၏ I Am)(ယော ၈း၅၈)” လို့ ပြောတာ နဂိုရှိပုဂ္ဂိုလ်တစ်ပါးအဖြစ် အဓိပ္ပါယ်ရောက်ပါတယ်။အာဗြဟံမဖြစ်မီက ငါဖြစ်၏လို့ ယေရှုကြွေး ကြော်တယ်။ ပုရောဖက်ဟေရှာယကလည်း ထိုကိုယ်တော်ကို မြင်၍ထာဝရအဘလို့ ခေါ်ဆိုခဲ့တယ်။ (ဟေရှာ ၉း၆)။ ပုရောဖက် မိက္ခာက လည်း (မိက္ခာ ၅း၂) မှာ ရှေးကပ်ကမ္ဘာ(ever everlasting)မှ ပေါ်ထွန်းသူ လို့ပြောတယ်။ ရှင်ယောဟန်ကအစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ် ကပတ်တော်သည်လည်း ဘုရားသခင်နှင့် အတူရှိ၏လို့ (ယော ၁း၁) အစမှာပဲ ရေးပြခဲ့တယ်။ ဒါကြောင့် ယေရှုဟာ ဘုရားရှင်၏ ‘ထူးကဲသူ၊ ထင်ပေါ်သူတစ်ယောက်ဖြစ်တယ်။ လောကသားတွေ ပျောက်ဆုံးနေတဲ့ ကာလမှာ ကိုယ်တော်ဟာ ဘုရားသဏ္ဌာန်တော်နဲ့ ပြည့်စုံတော်မူသည့် တိုင် ဘုရားနှင့်ပြိုင်သော အမှုကို လုယူခြင်းမပြုခဲ့ပါဘူး။ ကောင်းကင်ဘုံ နေရာကိုစွန့်၍ လူ့ဇာတိအဖြစ်ကို အလိုတော်အတိုင်း ခံယူခဲ့တယ်။ ကိုယ် တော်ဟာ ကျွန်ုပ်တို့အားလုံး ခုခံတိုက်ခိုက်နေရတဲ့ စုံစမ်းနှောင့်ယှက်ခြင်း ကို လူသားအဖြစ်နဲ့ တိုက်ခိုက်ခဲ့ပြီး၊ ကျွန်ုပ်တို့ကိုယ်စား အောင်နိုင်မှုကို ခံယူခဲ့ပါတယ်။

(ဖိ ၂း၅-၁၁။ ဟေဗြဲ ၂း၁၄, ၁၇)။

 


အခန်း - ၈

ကယ်တင်ခြင်း (Salvation)

၁ယော ၄း၈,             

ဘုရားသခင်သည် အချစ်မေတ္တာဖြစ်တော်မူ၏။ မေတ္တာသည် ကျွန်ုပ်တို့ကို ရွေးထုတ်ဖို့ ကိုယ်တော်ကို သွက်လက်စေပါ၏။

ကမ္ဘာ ၁း၂၇-၃၁           

ဘုရားသည် မိမိပုံသဏ္ဌာန်နှင့်တူသော လူကို ဖန်ဆင်းခဲ့သည်။

က ၃း၈                     

အပြစ်တရားသည် ဘုရားနှင့်ကျွန်ုပ်တို့၏ မိတ်သဟာယကို ဖျက်ဆီးလိုက်သဖြင့်၊ မျက်မှောက်တော်မှ ကျွန်ုပ်တို့ ထွက်ပြေးခဲ့ရပါ၏။ (ဟေရှာ ၅၉း၁-၂)

ရောမ ၆း၂၃               

ဘုရားနှင့်လမ်းခွဲထွက်ပြေးတဲ့ ကျွန်ုပ်တို့မှာ ထာဝရသေခြင်း ထိုက်တန်ပါ၏။

ရောမ ၃း၂၃               

လူတိုင်းအပြစ်ရှိတယ်။ သေခြင်းပြစ်ဒဏ်ကျခံရမှာပဲ။

ရောမ ၅း၁၈,၁၉          

အာဒံသည် သေခြင်းကို ယူဆောင်ခဲ့၏။ ယေရှုက အသက်က ဆောင်ယူလာပါသည်။

ဂလာတိ ၃း၁၃            

ယေရှုသည် ကျိန်ခြင်းကိုခံစားခဲ့ရပြီ။

ဟေဗြဲ ၂း၈,              

ငါတို့အတွက် ယေရှုအသေခံပေးခဲ့သည်။

၂ကော ၅း၂၁              

ယေရှုသည် အပြစ်ရှိလာခဲ့သည်။ (ငါတို့အတွက်ပြစ်ဒဏ်ခံရ)

တ ၃း၁၉                   

ငါတို့ နောင်တရလျှင် ကိုယ်တော်အပြစ်ခွင့်လွှတ်သည်။

၁ယော ၁း၉               

ငါတို့သည် အပြစ်ဝန်ခံခြင်းရှိလျှင် ကိုယ်တော်ခွင့်လွှတ်၏။

ရောမ ၈း၁                 

ယေရှုကို လက်ခံလိုက်ပါက ငါတို့၌ အပြစ်စီရင်မခံရတော့။

ဧဖက် ၂း၈                 

ကျေးဇူးတော်ကြောင့် ယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းသို့ ရောက်ရ၏။

ယော ၁း၁၂                

ယုံကြည်ခြင်းဖြင့် ယေရှုကို လက်ခံလျှင် ဘုရားသားဖြစ်လာသည်။

၁ယော ၅း၁၁-၁၃         

ယေရှုကိုယုံလျှင် ထာဝရအသက်ဆုကျေးဇူးကို ရပါသည်။

ယော ၃း၁၆               

ကယ်တင်ခြင်းဆိုတာလက်တွေ့ရလိုက်ခြင်းဖြစ်၏။ ယုံကြည်သူတိုင်းအား ဘုရားပေးတဲ့ဆုကျေးဇူးဖြစ်သည်။

 


အခန်း - ၉

ကယ်တင်ခြင်းအကြောင်းမေးတတ်တာတွေ

          ယေရှုထံသို့ သင်လာလျှင် ကယ်တင်ခြင်း ဘယ်တော့မှမဆုံးရှုံး နိုင်လို့ ကျမ်းစာက ပြောထားတယ်မဟုတ်လား။ (ယော ၁၀:၂၈) မှာ ပြော ပါတယ်။ “ထာဝရအသက်ကိုလည်း ငါပေး၏။ သူတို့သည် ပျက်စီးခြင်းသို့ မရောက်ရ၊ အဘယ်သူမျှ သူတို့ကို ငါ့လက်မှမနုတ်မယူနိုင်ရာ။”

          ယေရှုထံရောက်လာသည်။ ယုံကြည်ခြင်းအားဖြင့်သခင့်ခွင့်လွှတ် ခြင်းခံရသည်။ ကျေးဇူးတော်ကို ခံရသည်။ ထာဝရအသက်ဆုကျေးဇူးကို လည်း ငါတို့ရလိုက်သည်။(ဧဖက် ၂း၈။ ရောမ ၃း၂၂-၂၅)၊ ကယ်တင်ခြင်းဆို တာ အခမဲ့ပေးတဲ့ဆုဖြစ်တယ်။ ငါတို့ နာခံတတ်လို့ ရလိုက်တာမဟုတ်။ ကျေးဇူးတော်ကြောင့် ယုံကြည်၍ ကယ်တင်ခြင်းရတာဖြစ်၏။ ဖိလိပ္ပိမြို့ ထောင်မှူးကြီးကမေးပါတယ်။ “အကျွန်ုပ် ကယ်တင်ခြင်းသို့ ရောက်အံ့ သောငှါဘာလုပ်ရမလဲ။” “သခင်ယေရှုခရစ်တော်ကို ယုံကြည်လော့”ဟူ၍ ပေါလုဖြေခဲ့ပါတယ်။ (တ ၁၆း၃၀,၃၁)၊ ယုံကြည်ခြင်းဟာ စိတ်ဆန္ဒတာဝန် ဖြစ်တယ်။ အဲဒီလိုယုံကြည်ခြင်းကို ရွေးလိုက်တဲ့စိတ်ကပဲ မယုံကြည်ဟု လည်းရွေးနိုင်တယ်။ မယုံကြည်ခြင်းဟာ ဝိညာဉ်အသေဖြစ်သွားရမှာပါပဲ။ (ဟေဗြဲ ၃း၁၂-၁၄)။ တကယ်လို့ ကျွန်ုပ်တို့ဘုရားသခင်၌ အဆုံးတိုင်စိတ်ချ ယုံကြည်ခြင်း မရှိပါက၊ မယုံကြည်ခြင်း စိတ်နှလုံးမွေးမိကြလိမ့်မယ်။ “ထို သူသည် အဆုံးတိုင်အောင်တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” (မဿဲ ၂၄း၁၃)။ ကျွန်ုပ်တို့ဟာ ဟောပြောချက်များကို မှတ်ဉာဏ်နဲ့ စွဲမှတ်ပြီး၊ ယုံကြည်ခြင်း အသက်တာနှင့် နေထိုင်ပါလျှင်၊ ကျွန်ုပ်တို့၌ ကယ်တင်ခြင်းရပါ၏။ (၁ကော ၁၅း၁-၂)။

          လူဟာဒုစရိုက်လုပ်တတ်တဲ့ဘဝဟောင်းကို ပြန်လှည့်သွားဖို့ အမြဲ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါဆို ကျွန်ုပ်တို့ရဲ့ အမည်ကိုလည်း အသက်စာရင်း စာအုပ်မှ ထုတ်ပစ်လိုက်ပြီး၊ ထာဝရဆုံးရှုံခြင်းသို့ ရောက်သွားကြမှာပဲ။ (၂ပေ ၂း၁၉-၂၂။ ဗျာ ၃:၅။ ၁ကော ၉း၂၇)။ ဒီမှာ ရှင်ပေါလုက (၁ကော ၉း၂၇)မှာ သုံးထားတဲ့စကားလုံး (castaway) ပယ်လိုက်သည်ဆိုတာဟာ (ယေရမိ ၆း၃၀)မှာလည်း သုံးတယ်။ ဆိုလိုတာ အဲဒီလူတွေကို မီးနဲ့ရှို့၍ အဆုံးတိုင်ဆုံးရှုံးစေရမည်ဖြစ်ပါတယ်။(ယော ၁၀း၂၈)မှာ ယေရှုထံ ကျွန်ုပ် တို့လာရင် ထာဝရအသက်ကို ရမည်။ ဆိုလိုတာ ကိုယ်တော်ကြွလာခြင်း ကို ယုံကြည်ခြင်းအားဖြင့် နှလုံးသားအထဲ လက်ခံပါလျှင် အသက်ကိုရ လိုက်သကဲ့သို့၊ ကျွန်ုပ်တို့၏ မယုံကြည်ခြင်းသည် ဝိညာဉ်သေခြင်းကို ဖြစ် လာစေသည်။ ကျွန်ုပ်တို့ဟာ မွေးဖွါးခဲ့ခြင်းမရှိဘူးလို့ မဖြစ်နိုင်ပါဘူး။ ဒါပေ မယ့်သေခြင်းသို့ရောက်နိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ရွေးချယ်လိုက် ခြင်းမှတစ်ပါး၊ သခင်ဘုရား၏ လက်တော်မှ အဘယ်အရာမျှ ကျွန်ုပ်တို့ကို မနုတ်မယူသွားနိုင်ရာ။

 


အခန်း - ၁၀

အပြစ်ဝန်ခံခြင်းနဲ့ ခွင့်လွှတ်ခြင်း (Confession and Forgiveness)

မိက္ခာ ၇း၁၈,၁၉          

ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်အလုံးစုံကို သနား၍ လွှတ်တော်မူ၏။

ဟေဗြဲ ၈:၁၂               

ကျွန်ုပ်တို့၏လွန်ကျူးသောအပြစ်များကိုမအောက်မေ့ဘဲ နေတော်မူ၏။

တမန် ၃း၁၉,၂ဝ          

ယေရှုဟာ ကျွန်ုပ်တို့၏ အပြစ်များကို ပြေစေပါတယ်။

၁ယော ၁း၉               

ငါတို့၏အပြစ်တွေကိုလွတ်အောင်လွှတ်ပါတယ်။

ဟေရှာ ၄၃:၂၅            

ငါတို့၏ဒုစရိုက်များကို မအောက်မေ့ဘဲ နေတော်မူ၏။

ဟေရှာ ၄၄း၂၂            

ငါတို့အပြစ်တွေကို တိမ်တိုက်တိမ်လွှာကဲ့သို့ ပြေစေပြီ။ ချေလိုက်ပြီ။

ဆာလံ ၃၂း၁              

အပြစ်မှ လွှတ်ခြင်းခံရာမှ ပျော်စရာမင်္ဂလာသို့ ရောက်ရ၏။

ဟေရှာ ၅၅း၇             

ဘုရားသခင်သည် သနားခြင်း ကရုဏာအပြည့်ရှိသည်။

နေဟမိ ၉း၁၇             

ကျွန်ုပ်တို့ပုန်ကန်သည့်တိုင် သနားခြင်းကရုဏာနှင့် အသင့်ရှိနေသောဘုရားသခင်ဖြစ်၏။

 

ကော ၁း၁၄               

အပြစ်ခွင့်လွှတ်တော်မူခြင်းသည် ဘုရားသခင်၏ ဂုဏ်တော်စုထဲရှိ အရင်းအမြစ်ဖြစ်သည်။

ဆာလံ ၁၀၃း၃            

အပြစ်ခွင့်လွှတ်တော်မူခြင်းသည် အလုံးစုံအဖို့ဖြစ်သည်။ ကျွန်ုပ်တို့၏ အပြစ်များအားလုံးကိုဖြေလွှတ်ပါသည်။

လုကာ ၇း၄၇              

ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်များစွာကို လွှတ်သည်။

ဧဖက် ၄း၃၂               

ကျွန်ုပ်တို့သည် အချင်းချင်းအပြစ်လွှတ်တတ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များကို လွှတ်ခဲ့သောကြောင့်ဖြစ်၏။

၂ကော ၂း၇-၁၀           

ခရစ်တော်နည်းတူဖြစ်ရန်အပြစ်လွှတ်ကြရမည်။

 



အခန်း - ၁၁

ဥရောပတိုက်အတွက် အနာဂတ်ဖွင့်ဆိုချက်

ဒံ ၂း၁             

နေဗုခဒ်နေဇာမင်းသည် သူမမှတ်မိနိုင်သော အိပ်မက်တစ်ခုကို မြင်မက်သည်။

ဒံ ၂း၂-၁၁        

မင်းကြီး၏ ပညာရှိဆရာတွေဟာ ဘုရင့်အိပ်မက်ကို ပြန်ပြောဖို့သော်လည်းကောင်း၊အိပ်မက်ကို အနက်ဖေါ်ဖို့ သော် လည်းကောင်း မတတ်နိုင်ကြ။

ဒံ ၂း၁၆           

ဒံယေလသည်ဆုတောင်းရန်အချိန်ပေးဖို့တောင်းခံသည်။

ဒံ ၂း၂၁–၂၃      

ဘုရားသခင်သည် ဒံယေလအား အိပ်မက်ကို ဖွင့်ပြပေးသည်။

ဒံ ၂း၂၈           

အိပ်မက်အနက် လျှို့ဝှက်ချက်ကို ဖေါ်ပြနိုင်သော ဘုရားသခင်တစ်ဆူသည် ကောင်းကင်ဘုံတွင်ရှိ၏။

 

ဒံ ၂း၂၉-၃၀      

အိပ်မက်က ယခုမှစ၍ နောင်ကာလဖြစ်ပျက်မည့်အရာများကို ဖွင့်ပြပေးသည်။

 

အိပ်မက်ဖေါ်ပြခြင်း

ဒံ ၂း၃၁           

ရုပ်တုကြီး

ဒံ ၂:၃၂-၃၆      

ဦးခေါင်းသည် ရွှေစင်/ရင်ပတ်နှင့်လက်နှစ်ဘက်သည် ငွေဝမ်းနှင့်ပေါင်နှစ်ဘက်သည် ကြေးဝါ/ ခြေသလုံးနှစ်ဘက်သည် သံ/ခြေဘဝါးနှင့်ဖမိုးသည် သံတစ်ပိုင်းသရွတ်တစ်ပိုင်း ကျောက်တစ်လုံးက အရုပ်ကြီးကို မြေသို့ ထိရိုက်ချလိုက်၏။

 

အိပ်မက်အနက်ဖွင့်ပြခြင်း

ဒံ ၂း၃၆           

ဘုရားသခင်နဲ့ဒံယေလ၊ “ကျွန်ုပ်တို့” အိပ်မက်အနက်ကိုဖေါ်ပြပါမည်။

ဒံ ၂း၃၈           

နေဗုခဒ်နေဇာအားကိုယ်တော်သည် ရုပ်တု၏ ရွှေဦးခေါင်းဖြစ်၏ဟု ဖွင့်ဆို၏။ ဗာဗုလုန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ၆ဝ၅ ဘီစီမှ ၅၃၉ ဘီစီအထိ အုပ်စိုးခဲ့သည်။

ဒံ ၂း၃၉           

အဆင့်နိမ့်နိုင်ငံတစ်ခုပေါ်၍ တည်ထောင်လိမ့်မည်။

ဒံ ၅း၂၈,၃၀,၃၁ 

မေဒိ-ပေရသိဘုရင်များသည် ဗာဗုလုန်နိုင်ငံကိုတိုက်နိုင်ခဲ့သည်။

ဟေရှာ ၄၄း ၂၇,၂၈၊      

မေဒိ-ပေရသိဘုရင် ကုရုမင်းသည် ဗာဗုလုန်နိုင်ငံ ၄၅း၁ ကို တိုက်ခိုက်အနိုင်ယူခဲ့ပြီး၊ ဘုရားသခင်၏ လူများကို လွှတ်ပေးမည်ဖြစ်ကြောင်း၊ ကြိုတင်ဟောချက် မှန်ကန်မှုသည် အံ့ဩလောက်ပေသည်။ [ဤကြိုတင်ဟောကိန်းကို နှစ် ၁ဝဝ ကျော် အချိန်ကထုတ်ဆိုခဲ့ခြင်းဖြစ်သည်]

ဒံ ၂း၃၉           

နောက်ထပ်တတိယနိုင်ငံတစ်ခု-ကြေးဝါနိုင်ငံထူထောင်သည်။

ဒံ ၈း ၂၀,၂၁     

ဟေလသဘုရင်သည် မေဒိ-ပေရသိဘုရင်ကို တိုက်ခိုက်အောင်နိုင်သည်။ [ဤကြိုတင်ဟောချက်ကို နှစ် (၂၀၀) ကြိုတင်ပြောဆိုခဲ့သည်။] မေဒိ-ပေရသိဘုရင်သည် ၅၃၉ ဘီစီမှ ၃၃၁ ဘီစီထိလည်းကောင်း၊ ဟေလသဂရိနိုင်ငံသည် ၃၃၁ ဘီစီမှ ၁၆၈ဘီစီထိလည်းကောင်း အုပ်စိုးခဲ့ကြသည်။

ဒံ ၂:၄၀           

စတုတ္ထနိုင်ငံပေါ်ထွန်းလာသောအခါ ထိုနိုင်ငံသည် သံကဲ့သို့ ခိုင်မာသောရောမနိုင်ငံဖြစ်သည်။ ရောမတို့သည် ၁၆၈ ဘီစီမှ ၃၅၁ အေဒီအထိ အုပ်စိုးခဲ့ကြ၏။

ဒီ ၂:၄၁           

သို့သော် နိုင်ငံသည် အချင်းချင်း ကွဲပြားသောနိုင်ငံဖြစ်လိမ့်မည်။ရောမနိုင်ငံ(သို့မဟုတ်) ကွဲပြားသောနိုင်ငံသည် ခိုင်မာသော အပိုင်းနှင့်ကျိုးပဲ့လွယ်သောအပိုင်း ရှိလိမ့်မည်။

ဒံ ၂း၄၃           

ဥရောပတိုက်ရှိ ဘုရင်နှင့် ဘုရင်မများတို့သည် နိုင်ငံ ရေရှည်တည်တံ့အံ့သောငှာတစ်ဦးနှင့်တစ်ဦးပေါင်းဖေါ်လက် ထပ်ကြခြင်း၊ နိုင်ငံရေးပူးတွဲကြံစည်ခြင်း၊ စစ်ပြုခြင်းတို့ကို ကြိုးစား လုပ်ဆောင်နေကြ၏။

ဒီ ၂း၄၄           

ဘုရားသခင်သည် မိမိနိုင်ငံတော်ကို အပြီးသတ် တည်ထောင်၏။

ဒံ ၂း၄၅           

လူတို့လက်ဖြင့် မထုမလုပ်သော ကျောက်သည် ယေရှု၏ နိုင်ငံတော်ဖြစ်သည်။

ဆာ ၂း၈-၉       

သာသနာပပုဂ္ဂိုလ်များ ခွဲဖျက်ခြင်းခံကြရမည်။

တိတု ၂း၁၁-၁၃ 

မင်္ဂလာရှိသော မျှော်လင့်ခြင်းနှင့် ဘုန်းအသရေတော်သည်ပေါ်ထွန်းလိမ့်မည်။

 


အခန်း - ၁၂

ဒုတိယကြွလာခြင်း(မူဟန်) (Second Coming [Manner])

ယော ၁၄း၁-၃  

ပြန်လာမည့်အကြောင်း ယေရှုကတိတော်ပေးခဲ့တယ်။

တ ၁း၉-၁၁      

ကောင်းကင်တမန်တို့သည် ကိုယ်တော်၏ကတိတော်နှင့် တစ်ဖန် ပြန်ကြွလာမည့် သစ္စာတည်သော သက်သေကို ပြောဆိုအတည်ပြုချက်ပေးခဲ့သည်။

ယုဒ -၁၄         

အာဒံမှဆင်းသက်၍ ခုနစ်ဆက်မြောက်ဖြစ်သူ ဧနောက်က သခင်ဘုရားပြန်လည်ကြွလာမည်ဖြစ်ကြောင်းကို အ တည်ပြု ကြိုတင်ဟောပြောခဲ့သည်။

ဆာလံ ၅ဝး၃    

ငါတို့၏ ဘုရားသခင်ကြွလာတော်မူ၏ဟု ဘုရင်ဒါဝိဒ်ကြွေးကြော်ခဲ့သည်။ သမ္မာကျမ်းစာထဲမှာ ယေရှုဒုတိယ အကြိမ်ကြွလာတော်မူမည်ကို အကြိမ် (၁၅၀၀) ကျော်အနာဂတ္တိပြောခဲ့ပါသည်။ ဓမ္မဟောင်းကျမ်းထဲမှာ ကိုယ် တော် ပထမအကြိမ်ကြွလာမယ်လို့ပြောတဲ့ ပုရောဖက်ပြုချက်တိုင်းမှာ ကိုယ်တော်ဒုတိယအကြိမ် ပြန်ကြွလာမည်ကို (၈) ကြိမ် တွေ့ရပါသည်။ ဓမ္မသစ်ကျမ်းရောက်တော့အငယ်ကျမ်းချက် ငါးချက်တိုင်းမှာ ယေရှု ပြန်လည်ကြွလာတော်မူမည့်အကြောင်းကို တစ်ကြိမ်စီ ညွှန်းဆိုနေတတ်ပါသည်။

ဗျာ ၁း၇          

ယေရှုပြန်လည်ကြွဆင်းလာတဲ့အခါ ရှိသမျှလူတွေ ရှုမြင်ရကြလိမ့်မယ်။

မဿဲ ၂၄း၂၇    

ကိုယ်တော်ကြွဆင်းလာတဲ့အခါ လျှပ်စစ်ပြက်သကဲ့သို့အာကာသတစ်ခွင်၌ ထွန်းလင်းတောက်ပနေမည်။

၁သက် ၄း၁၆-၁၇         

ကြားနိုင်တဲ့ အဖြစ်တစ်ခု ဖြစ်လာလိမ့်မယ်။ ဖြောင့်မတ်စွာ သေလွန်ခဲ့ကြသူများ ထမြောက် လိမ့်မည်။ ပြီးလျှင်ဖြောင့်မတ်စွာ အသက်ရှင်နေကြသူများ ကောင်းကင်သို့ ချီဆောင်ခြင်းကိုခံရမည်။

၁ကော ၁၅:၅၁-၅၄      

ထာဝရဘုရားသည် ကိုယ်တော်၏ လူတွေကိုမသေသော အသက်နှင့် ဝတ်ရုံဆင်ယင်ပေးလိမ့်မည်။ (ဝိဉာဏကိုယ်)။

မဿဲ ၁၆း၂၇              

ယေရှုကြွလာတော်မူရာတွင် ဘုန်းအာနုဘော် တော်ဆောင်လျက်ရှိမည်။ ကိုယ်တော်သည် ထိုက်တန်လျက်ကြွလာတော်မူ၏။

ဗျာ ၆း၁၄-၁၇             

မဖြောင့်မမတ်နေခဲ့၍ ဆိုးညစ်ကြသူ အပေါင်းတို့သည် ယေရှုကြွလာတော်မူမည်ကို ကြောက်ရွံ့  သဖြင့် မမြင်လိုသောငှါ သူတို့အပေါ် ကျောက်ကျပါစေဟုအော်ခေါ်ကြ၏။

မဿဲ ၁၃း၃၇-၄၃         

မာရ်နတ်ကိုရွေးနုတ်၍ မီးရှို့ဖျက်ဆီးပြီး ဘုရားနိုင်ငံတော်မှရှင်းထုတ်ပစ်မည်။ ဖြောင့်မတ်သူအပေါင်းသည် ထာဝရအသက်နှင့်တကွ နိုင်ငံတော်၌ထွန်းလင်းကြလတ္တံ့။

ဟေ ၂၅း၉                 

မြောင့်မတ်စွာနေခဲ့ကြသူများသည် ကြွလာတော်မူခြင်းကို မြင်၍ ဝမ်းမြောက်ကြ၏။ ဝမ်းမြောက်မှုကြီးစွာနှင့်လည်း “ဤအရှင်ကား-----ငါတို့၏ဘုရားသခင်တည်း---ဟူ၍ ကြွေးကြော်ကြလိမ့်မည်။

ဗျာ ၁၉း၁၁-၁၆          

ကောင်းကင်ဗိုလ်ခြေတို့ကို ဘုရင်တို့၏ ဘုရင်ကဦးဆောင်တပ်ချီကြွလာတော်မူခြင်းဖြင့်ကိုယ်တော်သည် ခြိမ့်ခြိမ့် သဲသဲ အောင်ပွဲခံအရှင်သခင်အဖြစ်ကြွလာတော်မူ၏။

ဟီတု ၂း၁၂,၁၃           

ကိုယ်တော်ကြွလာတော်မူခြင်းသည် ပျောက်သော လောကသားများ၏ မင်္ဂလာရှိသော မျှော်လင့်ခြင်းပေတည်း။

ဗျာ ၂၂း၁၁-၁၂,            

ငါသည် အလျင်အမြန်လာမည်။ မှန်ပေ၏ဟု ၁၇- ၂၀ ယေရှုသည် လူတို့ပြင်ဆင်နေထိုင်ကြဖို့နောက်ဆုံးဖိတ် ခေါ်နေပါ၏။



အခန်း - ၁၃

ယေရှုဒုတိယကြွလာခြင်းအကြောင်းမေးတတ်တာတွေ

          ယေရှုဟာလျှို့ဝှက်တိတ်တဆိတ် ရောက်လာမလား။ ကျမ်းစာက “လယ်ထဲရှိလူနှစ်ယောက် - - တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူ ကား နေရစ်ရလတ္တံ့လို့ဆိုထားတယ်မဟုတ်လား။ (မ ၂၄း၄၀)။

          သမ္မာကျမ်းစာထဲမှာယေရှုကြွလာခြင်းကို လျှို့ဝှက်တိတ်တဆိတ် ရောက်လာတာမဟုတ်ကြောင်း ပြောနိုင်တာ အများကြီးရှိတယ်။ (ဗျာ ၁း၇။ ဆာ ၅၀:၃,၁။ ၁သက် ၄း၁၆-၁၇။ မဿဲ ၂၄း၂၇)။ ကျမ်းစာက ကျန်ရစ်နေရစ်ခဲ့သူများကို ဖေါ်ပြပြောဆိုတဲ့အခါ သူတို့ တစ်တွေဟာ မြေကြီးပေါ်မှာ အသက်ရှင်ကျန်ရစ်ခဲ့ကြလိမ့်မယ်မပြောပါဘူး။ ဆက် ကြည့်ရမည့်ကျမ်းချက် (လုကာ ၁၇:၂၆−၃၇)ထဲမှာ ဖြစ်ပျက်မည့် အကြောင်းကို အသေးစိတ်ဖေါ်ပြထားပါတယ်။ အရင်နောဧလက်ထက် က လူနှစ်မျိုးဖြစ်သွားခဲ့တယ်။တစ်မျိုးက ကယ်တင်ခံရတယ်။ ကျန်တာ အားလုံးကျန်ရစ်ခဲ့၏။ (ရေနဲ့ လွှမ်းမိုးဖျက်ဆီးခံတာပေါ့- အငယ်၂၇)။လောတနေ့အခါကလည်း လူနှစ်မျိုးနှစ်စားပဲ။ (တစ်မျိုးက မြို့ထဲကယူ ထုတ်ခံရတယ်။ မြို့ထဲကျန်တာ အကုန် မီးလောင်သေဆုံးကြရတယ်။) ဒါမျိုးပဲ ယေရှုပြန်ကြွလာတဲ့ နေ့မှာဖြစ်မှာ။ (လုကာ ၁၇း၃ဝ-၃၇)။ လူ တစ်မျိုးက ကောင်းကင်ဘုံကို သိမ်းဆည်းခံရမည်ဖြစ်ပြီး၊ ကျန်တစ်မျိုးက လုံးလုံးဖျက်ဆီးခြင်းခံရပါလိမ့်မယ်။ (လု ၁၇း၃၇)ထဲမှာ အမေးကိုကြည့် ပါ။ “သခင်-အဘယ်အရပ်၌ ထိုသို့ဖြစ်ပါမည်နည်း။ကျမ်းစာထဲပြောထား တာရှင်းပါတယ်။ “အသေကောင်ရှိရာအရပ်၌ ရွှေလင်းတတို့သည် စုဝေး ကြလတ္တံ့။” တစ်ခါ (ဗျာ ၁၉း၁၁-၁၈)ထဲမှာ ယေရှုပြန်လာတဲ့နေ့မှာ ဆိုး ညစ်သူအားလုံး ပျက်စီးသေဆုံးခြင်းသို့ ရောက်ကြောင်းရှင်းပြထားပါ တယ်။ (၂သက် ၁း၇-၉။၂း၈)။

ကျမ်းစာထဲမှာ ယေရှုဟာ သူခိုးသည် ညအခါလာသကဲ့သို့ လာ မည်လို့ သွန်သင်ပေးထားတယ်မဟုတ်လား။

          ယေရှုပြန်လာမည့်အကြောင်းကျမ်းချက်အညွှန်းတိုင်းဆီမှာ သူခိုး သည် ညအခါလာသကဲ့သို့ ယေရှုရောက်လာမည်ဖြစ်ကြောင်း ပြောတာ ဟာ ပြန်ကြွလာတော်မူခြင်းမှာ လူတွေမမျှော်လင့်တဲ့အချိန်မျိုး၌ ဖြစ် မည်ဖြစ်ကြောင်း ညွှန်းဆိုပြောတာဖြစ်တယ်။ ကိုယ်တော် ပြန်ကြွလာ မည့် လူပုံပန်းကို ဆိုလိုတာမဟုတ်ပါ။ ကိုယ်တော်သည် သူခိုးလာသလို အမြန်လာမည်။ မျှော်လင့်မထားတဲ့အချိန်မျိုး၌ ရောက်လာမည်။ လျှပ်စစ် သည် အရှေ့မှအနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူသားသည် ကြွလာတော်မူလတ္တံ့လို့ဆိုတယ်။ (မဿဲ ၂၄း၄၂- ၄၄,၂၇။ ၁သက် ၅း၁-၅)။

          ဘုရားသခင်ရဲ့ လူတွေဟာ လာမည့်ဘေးဒဏ်ကြီးကာလ တစ် လျှောက် အသက်ရှင်နေသွားရမလား၊ ဒါမှမဟုတ် ဘေးဒဏ်ကြီးကာလ မရောက်မီ ချီထောင်သိမ်းဆည်းခြင်းစံရမလား။

          ရှေးကာလဣသရေလလူမျိုးတွေရဲ့အတွေ့အကြုံများအရကာလအချိန်နီးသောအခါ ဘုရားလူတွေအဖို့ အသက်ရှင်နေထိုင်ရေး ကိစ္စနမူနာ ပြပေးထားတာရှိပါတယ်။ ကာလနာများကိုကျော်၍ အဲဂုတ္တုပြည်ထဲက ဣသရေလလူတွေ ကယ်လွှတ်ထုတ်ဆောင်ခံခဲ့ရသကဲ့သို့ ဘုရားသခင်၏ အသင်းတော်ဟာ ကာလနာများမှ ကာကွယ်ခြင်းခံရမည်။ ပြီးတော့ဖျက် ဆီးသူလက်ထဲက ကယ်ထုတ်ခြင်းခံကြရမည်။ (၁ကော ၁၀:၁၁။ ဆာလံ ၉၁း၁၆)။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သုံးဦးဟာ ဗာဗုလုန်ဘုရင် ၏ သေရမည်အမှန် အမိန့်ကိုကျော်၍ ပုန်ကန်ခြင်းကြောင့် အပူအားကြီး တဲ့ မီးဖိုအထဲဆင်းခဲ့ရတယ်။ အဲဒီမီးအပူအလျှံထဲက ဘုရားသခင်ဟာ သူတို့ကိုထူးဆန်းစွာ ကယ်နုတ်ခဲ့တယ်။ သူတို့ရဲ့သေခြင်းကို ရင်ဆိုင်ပုန် ကန်ဝံ့တဲ့ယုံကြည်ခြင်းက မီးတွင်းထဲကိုသူတို့ဆင်းရဲစေခဲ့တယ်။(ဒံ ၃း၁၆- ၁၈) ဒီမှာလည်း ယေရှုကိုယ်တော်ဟာ ကာလနာခြင်းနောက်မှာ သူခိုး ကဲ့သို့ ငါလာမည်လို့ဆိုတယ်။ (ဗျာ ၁၆း၁၆)။ ဒီမှာ ပြောထုတ်လိုက်ရခြင်း ကို ဘာတွေးမိရမလဲ။ “ဆဌမကာလနာဖလား သွန်းလောင်းခြင်းအပြီးမှာ သူခိုးကဲ့သို့ ငါရောက်လာမည်ကိုသိပါလို့ ပြောတာ၊ ကပ်ဘေးအနှံ့ သွန်းလောင်းခြင်းမပြီးဆုံးမီမှာ ကိုယ်တော်ရောက်နှင့်ပြီထင်ပါသလား။ (ဗျာ ၁၅း၈) မှာ ယတိပြတ်ပြောထားပါတယ်။ “ဘေးဒဏ်ခုနစ်ပါး မကုန် မီတိုင်အောင် ဗိမာန်တော်အထဲသို့ အဘယ်သူမျှ မဝင်ရ။” (၂သက် ၂း၁-၃) မှာ ယေရှုကြွလာတော်မမူမီ အန္တိခရစ်ဖေါ်ထုတ်ခံရမည်။ (၂သက် ၂း၈)မှာ ကိုယ်တော်ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ဖယ်ရှားရှင်းထုတ် ခံရမည်။

          ကျမ်းစာက သွန်သင်ထားတာရှိတယ် မဟုတ်လား၊ ဖြောင့်မတ် သူတို့ဟာ ဘေးဒဏ်ကြီးကာလ(၇)နှစ်စတာနဲ့ ချီဆောင်သိမ်းဆည်းခြင်းခံ ရပြီး ဆုလာဘ်သရဖူတွေရကြမယ်။ မဖြောင့်မတ်သူအပေါင်းဟာ (၇) နှစ် ဘေးဒဏ်ကြီးအဆုံးမှာ လုံးလုံးဖျက်ဆီးခြင်းခံကြရမယ်လို့ ရှိတယ်မဟုတ် လား။

          ယေရှုပြောခဲ့တဲ့ပုံဥပမာက ရှင်းရှင်းဆိုပါတယ်။ ယေရှုဒုတိယ အကြိမ်ကြွလာတော်မူခြင်းဟာ ဘုရားဘုန်းတော်တောက်ပတဲ့ အခြေ အနေ အဖြစ်အပျက်ဖြစ်တယ်။ ယောက်ျား၊ မိန်းမတစ်တွေ ကယ်တင်ခံရ ချင်ခံရ၊ ပျောက်ပျက်ချင်ပျောက်သွား၊ ဒါပဲရှိတယ်။ ကျွန်ုပ်တို့အားလုံးရဲ့ ဘဝအထဲမှာ ပြန်စဉ်းစားစရာ (၇)နှစ်ကာလဆိုတာ မရှိတော့ပါဘူး။ ယနေ့ပင် ကယ်တင်ရာနေ့ဖြစ်တယ်။(၂ကော ၆း၂)။ (မဿဲ ၁၃း၃၀)မှာ ဂျုံစပါးပင်နဲ့ တောမြက်ပင်(ဖြောင့်မတ်သူနဲ့ ဆိုးယုတ်သူများ)တို့ဟာ မရိတ်သိမ်းမီတိုင်အောင် အတူတူ ရောနှောပေါက်နေပါလိမ့်မယ်။ ရိတ် သိမ်းချိန်မှာ ဖြောင့်မတ်သူများဟာ ကယ်တင်ခံရပြီး၊ ဆိုးယုတ်သူများ ပျက်စီးကြမယ်။ သစ္စာမရှိတဲ့ ငယ်သားပုံဥပမာထဲမှာ ဒုတိယအခွင့်အရေး ဆိုတာ မရှိတော့ဘူး။ အိမ်ရှင်သခင် ပြန်ရောက်လာတဲ့အခါမှာ သစ္စာမရှိ တဲ့ငယ်သားများဟာ ဆုံးရှုံးပျက်စီးကြရမယ်။ (မဿဲ ၂၄း၄၄-၅၁)။ သိုးနဲ့ ဆိတ်ပုံဥပမာမှာလည်း ယေရှုပြန်ကြွလာတော်မူတဲ့အခါ လူယောက်ျား မိန်းမတစ်တွေဟာ ကယ်တင်ခြင်းခံရ၊ ဒါမှမဟုတ် ဆုံးရှုံး ကြ၊ ဒါပဲရှိမယ်။ (မဿဲ ၂၅း၃၁-၄၆)။

 


အခန်း - ၁၄

ဒုတိယကြွလာခြင်း(ပုဗ္ဗနိမိတ်) (Second Coming [Signs])

မဿဲ ၂၄း၃                

ယေရှုတပည့်များက “ကိုယ်တော်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုဗ္ဗနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို အမိန့်တော်ရှိပါ” ဟုမေးကြ၏။

မဿဲ ၂၄း၄,,၁၁,၁၅   

မိစ္ဆာပုရောဖက်ဆရာဘာသာရေးသမားများ၊

မဿဲ ၂၄း၅,             

စစ်ဖြစ်ခြင်းနှင့်စစ်ဖြစ်မည့်အကြောင်း ကောလာဟလ၊

ဗျာ ၁၁း၁၈                

လူမျိုးနိုင်ငံအများ အမျက်ထွက်၍ မြေကြီးကိုဖျက်ဆီးကြတဲ့အခါ ခရစ်တော်ဟာ မြေကြီးကို                       ဖျက်ဆီးသောသူတို့ကို အဆုံးတိုင်ဖျက်ဆီးပစ်လိမ့်မည်။

လုကာ ၂၁း၂၆            

လူတို့သည် ဘေးအန္တရာယ်များကို မျှော်၍အကြောက်ကြီး ကြောက်ကြလိမ့်မည်။

၁သက်၅း၂-၃              

ငြိမ်သက်စွာနေဖို့စကားပြောလာကြသည်။

မဿဲ ၂၄း၇                

သဘာဝဘေးကျရောက်ခြင်းများ။ (မြေငလျင်လှုပ်၊ အစာငတ်ဘေး၊ ကပ်ဘေးရောဂါများ) မဿဲ၂၄း၁၂ ပြစ်မှုလုပ်သူများများပြားလာ၍ ခိုက်ရန်အမှု၊ဒုစရိုက်အမှုများ မြင့်တက်လာမည်။

၂တိ ၃း၁-၄                

အန္တရာယ်များသော ကာလအချိန်၊ စာရိတ္တချွတ်ယွင်းကြပါ၏။

မဿဲ ၂၄း၃၇-၃၉         

သည်းခံမှုကင်းမဲ့ကြ၊ အကျင့်ပျက်ကုန်ကြ၏။

ယာကုပ် ၅း၁-၅           

စီပွါးရေးအခက်အခဲကာလများ၊

လုကာ ၂၁:၃၄            

အသက်ရှင်ဖို့ကို အာရုံစိုက်နေသဖြင့် အမှတ်တမဲ့ရှိကြ၏။

မဿဲ ၂၄း၁၄              

နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုလောကီနိုင်ငံရှိသမျှတို့၌ ဟောပြောရလိမ့်မည်။ (ဗျာ ၁၄း၆-၇)။

၂ ပေ ၃း၈-၁ဝ             

အဘယ်သူမျှ မပျက်စီးရန် ထာဝရဘုရားအလိုတော်ရှိတယ်။

မဿဲ၂၄း၄၈               

ကျွန်ဆိုးက “ငါတို့အရှင်လာခဲ့လိမ့်မည်ဟု ပြောတတ်၏။ မဿဲ ၂၄း၄၂-၄၄ ဘုရားသခင်ပြောသောလမ်းညွှန်အကြံပေးချက်က - -အသင့်နေကြပါ” ဟူ၍ဖြစ်၏။

 


အခန်း - ၁၅

တရားစီရင်ခြင်း (Judgement)

ဗျာ ၁၄း၆-၇               

လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် ဘုရားသခင်၏ နောက်ဆုံး သတင်းစကားသည် စီရင်ခြင်းကိုပုံပြသည်။

ဗျာ ၂၂း၁၂                 

တစ်ဖန်ပြန်ကြွလာတော်မူသော ယေရှုဟာအကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍ ပြန်ရောက်လာလို့၊ မည်သူဟာမည်ကဲ့သို့သော အကျိုးအပြစ်တွေ ခံစားရမည်ကိုမပေးမီ၊ စီရင်ခြင်းရှိလိမ့်မည်။

မဿဲ ၁၂း၃၆              

ယေရှုဟာ အနာဂတ်ကာလ၌ စီရင်ခြင်းကို ပုံဆောင်ပြောပြခဲ့သည်။

တ ၂၄း၂၅                 

ပေါလုသည် ဖေလဇ်မင်းနှင့် နောင်ဖြစ်လတ္တံ့သော စစ်ကြောစီရင်ခြင်းကို ဆင်ခြင်ပြောပြခဲ့သည်။

ဒံ ၇:၉-၁၀                 

ဒံယေလဟာ ရာဇပလ္လင် တစ်ခွင်လုံးကိုတည်ထား၍ အသက်ကြီးသောသူတစ်ဦးထိုင်နေသည်ကိုလည်းကောင်း၊ စစ်ကြောစီရင်ခြင်း ဖွင့်လှစ်သည်ကိုလည်ကောင်း မြင်ခဲ့တယ်။

ဒေသနာ ၁၂း၁၃,၁၄     

ဘုရားသခင်သည် ကောင်းမကောင်းရှိသမျှတို့ကိုစစ်ကြောစီရင်တော်မူလတ္တံ့။

ဟေဗြဲ ၄း၁၃              

အရာရာသည်ဘုရားသခင်ရှေ့တော်မှောက်၌ ပွင့်လျက်ရှိ၏။

၂ကော ၅း၁ဝ              

ကျွန်ုပ်တို့အားလုံးသည် ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ရောက်လာကြရမည်။

ရောမ ၁၄း၁၂             

ငါတို့ရှိသမျှသည် ဘုရားသခင်၏ စစ်ကြောတော်မူခြင်းကို ခံကြရမည်။

ဆာလံ ၈၇း၆              

စစ်ကြောတော်မူရာနေ့၌ ကျွန်ုပ်တို့၏ ဖွားမြင်ခြင်းမှစ၍ ထာဝရဘုရားမှတ်တော်မူမည်။

ယေရမိ ၂း ၂ ၂            

သင့်အပြစ် (ဒုစရိုက်) အားလုံးသည် ငါ့အရှေ့မှာထင်ရှား၏။

မာလခိ ၃း၁၆             

ထာဝရဘုရားကို ကြောက်ရွံ့၍ နာမတော်ကိုအောက်မေ့ခြင်း၊ ဖြောင့်မတ်ခြင်းရှိသော သူတို့သည် ခရစ်တော်၏ ကျေးဇူးတော်ကို ခံစားရပြီး၊ ရှေ့တော်တွင် စာရင်း၌မှတ်သားလျက်ရှိ၏။

ဗျာ ၂၀း၁၂                 

စစ်ကြောစီရင်ခံရခြင်း အခြေခံမူသည် ကောင်းကင်စာစောင်၌ ကျွန်ုပ်တို့အကြောင်း ဖွင့်ထားချက်များ မှတ်တမ်းအရဖြစ်သည်။

တ ၃း၁၉,၂၀              

နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ရောက်ရင် ကျွန်ုပ်တို့၏အပြစ်များဟာဘုရားသခင်၏ စာစောင်ထဲမှထုတ်နုတ်ခံရပြီး၊ အပြစ်ပြေစေမည်ဖြစ်ပါတယ်။

ဗျာ ၃း၅                    

တကယ်လို့ ကျွန်ုပ်တို့ဟာ အပြစ်တွေ ဆက်လုပ်နေပြီး၊ နောင်တမရနိုင်ဘဲ၊ ဘုရားကို ရှင်းရှင်းပုန်ကန်နေသည် ဖြစ်တာကြောင့် ကျွန်ုပ်တို့၏ အမည်များကို ဘုရားသခင်၏ စာစောင်မှ ထုတ်ပယ်မည်။

ရောမ ၈း၁                 

အပြစ်စီရင်ခြင်းမှ ကယ်လွှတ်နိုင်သော တစ်ခုတည်းသောလမ်းမှာ ယေရှုခရစ်၌ တည်နေခြင်းဖြစ်သည်။

ဟေဗြဲ ၇း၂၄,၂၅          

ယေရှုသည် နိစ္စထာဝရတည်သော ကောင်းကင်ဘုံရှိယဇ်ပုရောဟိတ်ဖြစ်၍ကိုယ်တော်မှတစ်ဆင့် ဘုရားသခင်ထံသို့ချဉ်းကပ်ရောက်လာကြသူများအားလုံးကိုကယ်တင်ခြင်းငှာတတ်နိုင်တော်မူ၏။

ယော ၁၄း၂၆              

သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ ဥပဇ္ဈာယ်ဆရာဖြစ်သည်။

မဿဲ ၁၂း၃၁-၃၂         

သန့်ရှင်းသောဝိညာဉ်တော်၏ ခိုင်မြဲယုံကြည်စေမှု၊ ပြောင်းလဲစေမှုနဲ့လမ်းပြမှုတွေကို ဆက်ဆက် လို့သာငြင်းပယ်နေရင်ယခုဘဝ နောင်ဘဝအပြစ်လွှတ်ခြင်းမခံရအောင် လုပ်နေကြတာပဲ ဖြစ်သွားလိမ့်မယ်။

 


အခန်း - ၁၆

ပညတ်တော် (Law of God)

ဆာလံ ၁၁၁း၇,         

ပညတ်တော်အလုံးစုံသည် ဘုရားသခင်၏ ထာဝရပြဋ္ဌာန်းတော်မူခြင်းဖြစ်၍ဖြောင့်မတ်ခြင်းနှင့် ယှဉ်သောကြောင့် အစဉ်အမြဲတည်ကြ၏။

ရောမ ၃း၂ဝ               

ဘုရားပညတ်တော်အားဖြင့် ကျွန်ုပ်တို့ အပြစ်ရှိကြောင်း သိရပြီး၊ ယေရှုအထံတော်သို့ ချဉ်းကပ်ရောက်ရသည်။

ဆာလံ ၁၉း၇              

ထာဝရဘုရား၏ တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။

ဆာလံ ၁၉း၁၁            

တရားတော်ကို စောင့်ရခြင်းအကျိုးသည် ကြီးလှပေ၏။ ရောမ ၆း၁၄ ကျွန်ုပ်တို့ဟာ ကယ်တင်ခြင်းခံရဖို့အလို့ငှာ “ပညတ်တရားအောက်၌” ရှိကြရသည်မဟုတ်။ ကယ်တင်ခြင်းသည် လုံးဝဥဿုံနှင့် အစဉ်သဖြင့် ကျေးဇူးတော်အားဖြင့်သာရောက်လာ၏။

၁ယော ၃း၄                

အပြစ်တရားသည် ဘုရားပညတ်တော်ကို ချိုးဖေါက်ခြင်းကြောင့်ဖြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။

ဟေရှာ ၅၉း၁,           

အပြစ်လုပ်ခြင်း (သို့မဟုတ်) ပညတ်တော် ချိုးဖေါက်ခြင်းဟာ ထာဝရဘုရားနှင့် ဝေးစေပြီး၊ ထာဝရသေခြင်းသို့ ရောက်ပါတယ်။ (ရောမ ၆း၂၃)။

ရောမ ၃း၂၃-၃၁           

ကျွန်ုပ်တို့ဟာ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရတယ်ဆိုရင်ပညတ်တရားကို အလျှင်းမပယ်၊ သာ၍စောင့် ရှောက်ကြ၏။ (ဟေဗြဲ ၁၀း၇။ ယော၈:၂၉)။

ယော ၁၄း၁၅             

ချစ်ခြင်းသည် နာခံခြင်း၌ အစဉ်တည်၏။ ယေရှုက “ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့” ဟုဆို၏။

၁ယော ၂း၄,             

ထိုသခင်ကိုငါသိ၏ဟုပညတ်တော်တို့ကိုမစောင့်ဘဲလျက် ဆိုသောသူသည် မုသားကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။

ဟေဗြဲ ၈း၁ဝ              

ပဋိညာဉ်တရားတော်သစ်အရ ယေရှုသည် သူ့ပညတ်တော်ကိုကျွန်ုပ်တို့နှလုံးသားထဲ၌ရေးထားမည်။

ဆာလံ ၄၀း၈              

ကိုယ်တော်၏ အလိုတော်ကိုဆောင်လိုအံ့သောငှာကိုယ်တော်၏ တရားသည် နှလုံးသားထဲမှာရှိပါသည်။

ဗျာ ၁၄း၁၂                 

နောက်ဆုံးနေ့၌ ဘုရားသခင်၏ လူတို့သည် ယုံကြည်ခြင်းဖြင့် ပညတ်တော်တို့ကိုစောင့်ပါသည်။

 

ဗျာ ၁၂း၁၇                 

ယေရှု၏ အကျန်အကြွင်းလူများသည် ယေရှု၏ ပညတ်တော်တို့ကို ကာလတစ်လျှောက် သစ္စာရှိစွာစောင့်ရှောက်ပါသည်။

 


အခန်း - ၁၇

ပညတ်တော်အကြောင်းမေးတတ်တာတွေ

          ယေရှုဟာ ပညတ်တော်ဆယ်ပါးကိုရုပ်သိမ်းပြီး၊ မေတ္တာပညတ် သစ်ကိုထူထောင်ဖို့ ရောက်လာတာမဟုတ်လား။ (မဿဲ ၂၂:၃၇-၄၀) ထဲ မှာထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့နှင့်ချစ်၊ သင့်အိမ်နီးစပ်မိတ်ဆွေ များကို သင့်ကိုယ်နှင့်အမျှချစ်”လို့ ဆိုထားတယ်မဟုတ်လား။ ယေရှုအလို တော်ရှိတာ ဘုရားကိုချစ်၊ မိမိနဲ့နီးစပ်မိတ်ဆွေများကို ချစ်ဒါပဲ မဟုတ် လား။ ဒါတွေဟာ ပညတ်တော်အသစ်ဖြစ်တယ်။

          ယေရှုဟာ ဓမ္မဟောင်းကျမ်းထဲမှာ ပေးထားတဲ့ ပညတ်တွေကို အကျဉ်းချုံးပြောဆိုလိုက်ကြောင်း သင်သိရင် အံ့ဩသွားမှာပါ။ (တရား ၆း၅) က “ထာဝရဘုရားအား စိတ်နှလုံးအကြွင်းမဲ့နှင့်ချစ်လော့ဟုလည်း ကောင်း၊ (ဝတ် ၁၉၊၁၈)မှာ ‘သင့်နီးစပ်မိတ်ဆွေ(ကိုယ်နှင့်စပ်ဆိုင်သူ)ကို ကိုယ်နှင့်အမျှချစ်လော့လို့ ထပ်ပြောပါတယ်။ ဓမ္မဟောင်းကျမ်းထဲက ဘုရားသခင်ဟာ ထာဝရမေတ္တာတော်အရှင်ဖြစ်တယ်။ (ယေရမိ ၃၁း၃)။ တစ်ခါ (မဿဲ ၂၂း၄၀)ထဲမှာ ယေရှုကြေညာပါတယ်။ ‘ဤပညတ်တော် နှစ်ခု (ဘုရားကိုချစ်၊ ကိုယ့်လူကိုချစ်)ဟာ ပညတ္တိကျမ်းနဲ့ အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူသည်။’ ပညတ် တော် ပထမ(၄)ပါးဟာ လူတွေက သူတို့ဘုရားကို သူတို့ချစ်ကြောင်း၊ ဘယ်လို လက်ဆုပ်လက်ကိုင်လုပ်ပြရမည်ဖြစ်ကြောင်း ဖွင့်ပြတာ ဖြစ်ပါ တယ်။ နောက်ပညတ်တော် (၆)ပါးက လူတွေဟာ သူတို့ လူမိတ်ဆွေတွေ ကို သူတို့ ချစ်ဖို့ သူတို့ဘယ်လိုလုပ်ပြရမည့်အကြောင်းပြောနေတာ ဖြစ် တယ်။ ယေရှုက ပညတ်တော်တို့ကို ဖျက်ဖို့လာတာမဟုတ်၊ ပြည့်စုံစေဖို့ လာတာဖြစ်တယ်။” (မဿဲ ၅း၁၇)။ ယေရှုက ပညတ်တော်တို့ကို ဘယ်လို ချစ်မြတ်နိုးစွာ စောင့်ရမည့်အကြောင်း ဖွင့်ဆိုတာဖြစ်တယ်။ ကိုယ်တော် ဟာ ပညတ်တရားတော်ကိုချီးမြှောက်၍ ဂုဏ်အသရေနှင့် ပြည့်စုံစေ တော်မူ၏။” (ဟေရှာ ၄၂း၂၁)။ မေတ္တာဟာ ပညတ်တရား၏ ပြည့်စုံရာဖြစ် ကြောင်း ယေရှု ဖွင့်ဆိုပါတယ်။ (ရောမ ၁၃း၁၀)။ ထပ်၍လည်း ယေရှုက ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ပါလို့ပြောပါတယ်။(ယော ၁၄း၁၅)။

          ရှင်ပေါလုက ခရစ်ယာန်တွေဟာ ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်းသို့ရောက်ရတယ်၊ ပညတ်တော်စောင့်ဖို့မဟုတ်ဘူးလို့ သွန် သင်တယ်မဟုတ်လား၊

          ပေါလုက ခရစ်ယာန်တွေဟာ ယုံကြည်ခြင်းအားဖြင့် ကယ်တင် ခြင်းသို့ရောက်သည်လို့ ပြောတာမဟုတ်ပါဘူး၊ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရတယ်လို့ ပြောတာပါ။ ယုံကြည်ခြင်းဆိုတာ ကယ်တင်ခြင်းရဖို့အတွက် ယေရှုက လွတ်လပ်စွာ လက်ကမ်းပေးထားတဲ့အရာဖြစ်တယ်။ ယုံကြည်ခြင်းဟာ နာခံခြင်း ကင်း မဲ့ဖို့အတွက်မဟုတ်၊ နာခံခြင်းရှိဖို့ ဖြစ်တယ်။ ရှင်ပေါလုက မသေမချာ စည်းကမ်းချက်နဲ့မပြောဆိုပါ။ ယုံကြည်ခြင်းအားဖြင့် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်။ သာ၍တည်စေကြတယ်။’ (ရောမ ၃း၃၁)နှင့်(ရောမ ၆း၁,၁၄,၁၅)တို့မှာလည်း ထပ်ပြောပါတယ်။ကျေးဇူး တော်ပွါးများစေခြင်းငှာ အပြစ်တရားကိုကျင့်(ပညတ်တော်ချိုးဖေါက်)၍ နေရမည်လော။ ထိုသို့ မနေရ။--ထိုသို့ မပြုရ။

          ဓမ္မဟောင်းကျမ်းထဲမှာက ပညတ်တော်ကို စောင့်ကျင့်ခြင်းဖြင့် လူတွေကယ်လွှတ်ခံရတယ်၊ ဓမ္မသစ်ကျမ်းကာလရောက်တော့ ကျေးဇူး တော်ကြောင့် ကယ်တင်ခြင်းရတာမှန်ပါသလား။

 

          ဓမ္မဟောင်း၊ ဓမ္မသစ်ကျမ်းကာလနှစ်ရပ်စလုံးမှာ ယုံကြည်ခြင်း အားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရရှိကြတာ ဖြစ်တယ်။ ဘုရားသခင်ဟာ ကယ်တင်ခြင်းနည်းစနစ်နှစ်ခုလုပ်မထားပါဘူး။ (တိတု ၂း၁၁၊ ၁၃) ထဲမှာဖတ်ကြည့်ရင် ‘လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည်ထင်ရှားပေါ်ထွန်းလျက်ရှိ၏လို့အသေ အချာဆိုပါတယ်။ ဓမ္မဟောင်းကာလ လူယောက်ျားမိန်းမတို့ဟာ ခရစ် တော်ရောက်လာမည်ကို ယုံ၍ ကယ်တင်ခြင်းရကြပါတယ်။ သိုးသငယ် ယဇ်ပူဇော်ခြင်းပြုသမျှဟာ မေရှိကြွလာမည်ဆိုသည်ကို ညွှန်းဆိုပူဇော်ခဲ့ ကြပါတယ်။ (က ၃း၂၁။ က ၂၂း၉-၁၃)။ ဓမ္မသစ်ကျမ်းကာလ လူယောက်ျား မိန်းမတို့ဟာ ခရစ်တော်ရောက်ရှိပြီးသည်ကို ယုံ၍ကယ်တင်ခြင်းရကြပါ တယ်။ သာဓကတစ်ခုက လက်ဝါးကပ်တိုင်ကို ယုံကြည်ခြင်းနဲ့ရှေ့သို့ ရှုမျှော်နေခဲ့ကြသူများ၊ အခြားသာဓကတစ်ခုမှာက လက်ဝါးကပ်တိုင်ကို ယုံကြည်ခြင်းနဲ့ နောက်ကို ရှုမျှော်နေခဲ့ကြသူများ ဖြစ်ကြတယ်။ ယေရှု သည်သာလျှင် ကယ်တင်ခြင်းအကြောင်းဖြစ်ပါတယ်။ (တ ၄း၁၂)။

          ကျွန်ုပ်တို့ဟာ ပဋိညာဉ်သစ်တရားတော်အောက် ရောက်နေရပြီ ဆိုတော့ ပညတ်တော်များကို စောင့်ရှောက်ဖို့ အမှန်လိုအပ်နေပါသေး သလား။

          ပဋိညာဉ်တရားသစ်ဆိုတာ တကယ်တော့ ပဋိညာဉ်တရား ဟောင်းထက် ပိုရှေးကျပါတယ်။ ဒါက ဘုရားသခင်ကိုယ်တော်တိုင် ဧဒင် ဥယျာဉ်မှာ လူသားမျိုးနွယ်ကို အသေကိုင်ဖမ်းထားတဲ့စာတန်ကို ရိုက်ချိုး ဖို့ မေရှိကြွရောက်လာမည်ဖြစ်ကြောင်း ကတိတော်ပေးခဲ့တာဖြစ်တယ်။ ပဋိညာဉ်တရားသစ်ဟာ လူတွေကို ယေရှုခရစ်အားဖြင့် အပြစ်တရားမှ ရွေးနုတ်ကယ်တင်မည်ဖြစ်ကြောင်း ကတိတော်ပါဝင်တယ်။ ယေရှုကယ် တင်ပါတယ်။ ကိုယ်တော်ဟာကျွန်ုပ်တို့နှလုံးသားထဲမှာ ပညတ်စည်းကမ်း ကို ရေးသွင်းပါတယ်။ ချစ်ခြင်းမေတ္တာဟာ နာခံမှုရှိဖို့အတွက် တွန်းအား ဖြစ်လာတယ်။ ဒါက ဘဝထဲမှာ စွမ်းအင် အသစ်တစ်ရပ်ပါပဲ။ (ဟေဗြဲ ၈း၁၀။ ယေဇ ၃၆း၂၆။ ဆာလံ ၄၀:၈)၊ ပဋိညာဉ်တရားဟောင်းကာလမှာ ဣသရေလလူမျိုးတော်တွေဟာ သူတို့ကိုယ်ပိုင်အစွမ်းနဲ့ ဘုရားပညတ် တော်တွေကိုနာခံမည်ဆိုပြီး ကတိနဲ့သွားလာကြတယ်။ “ထာဝရဘုရား မိန့်တော်မူသမျှကိုပြုပါမည်လို့ သူတို့ကြွေးကြော်ခဲ့ကြတယ်။ (ထွက် ၁၉း၈။ ၂၄း၃,၇)။သူတို့အားလုံးဟာ ဘုရားပညတ်တော်ကို အပြင်ပိုင်း အတည်ဖြစ်စေဖို့ လုပ်ခဲ့ကြတာ စိတ်ပျက်လက်ပျက်နဲ့အရှုံးကိုပဲ ရလိုက် ကြတယ်။ ဘုရားပညတ်တော်ကို ကျွန်ုပ်တို့ အစွမ်းနဲ့မစောင့်နိုင်ခဲ့ကြလို့ လည်း ကျွန်ုပ်တို့ဟာ ဘုရားသခင်ရှေ့တော်မှောက်မှာ အသရေပျက်ခဲ့ကြ ရပါတယ်။ (ရောမ ၃း၂၃၊ ၆း၂၃)။ ပဋိညာဉ်တရားသစ်အောက်မှာက ကျွန်ုပ်တို့ဟာ ယေရှုခရစ်ဆိုတဲ့သခင်သစ်ရဲ့ အပိုင်ဖြစ်တယ်။ ကျွန်ုပ်တို့ ဟာ နှလုံးအသစ်နဲ့ ဘုရားသခင့်ရှေ့တော်မှောက်မှာ အသစ်ပြင်ဆင်ရပ် နေကြပါပြီ။(ယော ၁း၁၂။ ၂ကော ၅း၁၇။ ရောမ ၈း၁)။

 


အခန်း - ၁၈

သတ္တမနေ့ဥပုသ် (Sabbath)

ဗျာ ၁၄း၆,               

ဘုရားသခင်၏ နောက်ဆုံးသတင်းစကားသည် ဖန်ဆင်းရှင်ကို ကိုးကွယ်ကြဖို့ လူတွေကိုပြောနေပါတယ်။

ဗျာ ၄း၁၁                  

ကိုးကွယ်ရခြင်း၏ အခြေခံတရားဟာ ကျွန်ုပ်တို့ကို ဘုရားသခင်ဖန်ဆင်းတော်မူခဲ့သည့် အချက်ကြောင့်ဖြစ်တယ်။

ဧဖက် ၃း၉                 

ယေရှုသည်ဖန်ဆင်းခြင်းအမှုမှာပါဝင်အကျိုးတော်ဆောင်ခဲ့သည်ဖြစ်၍ ဗျာဒိတ်ကာလ၌ ဖန်ဆင်းရှင်ကို ကိုးကွယ်ရမည်ဆိုတဲ့ နောက်ဆုံးဖိတ်ခေါ်မှုဟာ ယေရှုကိုချီးမွမ်းခြင်းပြုဖို့ ဖိတ်ခေါ်ယူခြင်းဖြစ်တယ်။

ထွက်၂၀း၈-၁၁            

ထာဝရဘုရား၏ ဥပုသ်နေ့မှာ ကိုးကွယ်ဝတ်ပြုခြင်းအားဖြင့် ဥပုသ်ကိုစောင့်လျက်ဖန်ဆင်းရှင်ကို ကျွန်ုပ်တို့ကိုး ကွယ်ခြင်းဖြစ်၏။

ကမ္ဘာ ၂း၁-၃               

ဥပုသ်နေ့ကို ဖန်ဆင်းခြင်းနေ့မှ ခွဲထုတ်ထားပါတယ်။ ထာဝရဘုရားဟာ သတ္တမနေ့မှာနားပြီး၊ သတ္တမနေ့ကို ကောင်းချီးပေး၍ ငြိမ်ဝပ်စွာနေပါတယ်။

မာကု ၂း၂၇,၂၈           

ဥပုသ်နေ့ဟာ လူသားမျိုးနွယ်အားလုံး အမှတ်ရစေဖို့အတွက် ဂျူးလူမျိုးများမရှိမီ နှစ်ပေါင်း  (၂၃၀၀) က လူသားမျိုးနွယ်ကို ပေးခဲ့တာဖြစ်တယ်။

ယေဇ ၂၀:၁၂,၂၀         

ဘုရားရှင်နှင့် လူတို့စပ်ကြား၌ လူတို့အတွက် လက္ခဏာဖြစ်စေခြင်းငှာ ဥပုသ်နေ့ကို ခန့်ထား၏။

လုကာ ၄း၁၆              

ယေရှုသည် ဥပုသ်နေ့ကို သစ္စာရှိရှိစောင့်၏။

မဿဲ ၂၄း၂၀              

ယေရှုသေပြီး (၃၅) နှစ်အကြာ (၇၀) အေဒီတွင်၊  ယေရုရှလင် မြို့ပျက်စီးသော အချိန်၌ ဥပုသ်နေ့ကို စောင့်ရမည့်အကြောင်း သခင်ယေရှုက ပုဗ္ဗနိမိတ်ပြောခဲ့တယ်။

၁၃း၄၂-၄၄            

ပေါလုသည် ဥပုသ်နေ့ကို ကိုယ်တိုင်စောင့်၍ တစ်မြို့လုံးရှိ ဂျူးလူမျိုး၊ ဟေလသလူမျိုးတို့နှင့် အတူတကွဝတ်ပြုခဲ့ကြသည်။

တ ၁၆း၁၃                 

ဖိလိပ္ပိမြို့၌ တည်ထောင်ပြီး ခရစ်ယာန်အသင်း တော်မရှိသောကြောင့် ပေါလုသည် ပတ္ထနာဇရပ်ရှိရာမြို့ပြင်သို့ သွား၏။ ဗျာ ၁း၁ဝ သခင်ဘုရားသည် တစ်ရာစုအကုန်၌ပင် အထူးရက်တစ်ရက်ပြဋ္ဌာန်းခဲ့သည်။ (ဗျာ ၁း၁၀)တွင် ပြောသော သခင်ဘုရားနေ့ကို အဘယ်နေ့ဖြစ်ကြောင်း အသေအချာမရှင်းပြထားပါ။ သို့ရာတွင် (မဿဲ ၁၂း၈။ မာကု ၂း၂၇,၂၈။ လုကာ ၆း၅)က ရှင်းပါတယ်။ (လူသားသည် ဥပုသ်နေ့ကိုအစိုးရ၏။)

မဿဲ ၁၂း၈                

လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရ၏။ အကယ်၍ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရ၏ဟု ဆို လျှင် ဥပုသ်နေ့သည် သခင်ဘုရား၏ နေ့ဖြစ်ရမည်။

လု ၂၃:၅၄-၅၆၊ ၂၄း၁    ဤကျမ်းချက်အရ နေ့ရက် (၃) ရက် ဆက်ပြောထားပါတယ်။

t  ခရစ်တော်သေတဲ့နေ့- အလောင်းပြင်-သောကြာ

t  ယေရှုကိုသင်္ချိုင်းတော်၌ထားသောနေ့- ဥပုသ်နေ့၊ စနေ

t  ယေရှုအသက်ရှင်ထမြောက်တဲ့နေ့ - ပထမနေ့ - တနင်္ဂနွေ

t  ဥပုသ်နေ့သည် စနေနေ့ - ရှင်းပါတယ်။

t  ခုနစ်ရက်တွင် ပထမရက်ဖြစ်တယ်။

ဟေဗြဲ ၁၃း၈              ယေရှုသည် မနေ့၊ ယနေ့၊ နောင်ကာလ ပြောင်းလဲခြင်းမရှိ။

ဟေရှာ ၆၆း၂၂,၂၃        ကောင်းကင်သစ်၊ မြေကြီးသစ်တွင် အပတ်စဉ်ဥပုသ်နေ့ကို စောင့်ကြရလိမ့်မည်။

 


အခန်း - ၁၉

သတ္တမနေ့ဥပုသ်အကြောင်းမေးတတ်တာတွေ

          “ဥပုသ်နေ့ကိုစောင့်ခြင်းအမှု၌သင်တို့ကို အဘယ်သူမျှမစစ်ကြော မစီရင်စနှင့်လို့ ပေါလုကြေညာထားတော့၊ ဥပုသ်နေ စောင့်တာမလိုအပ် တော့ဘူးမဟုတ်လား။ (ကော ၂း၁၆-၁၇)။

          (ကော ၂း၁၆-၁၇)ကျမ်းချက်ဟာ ကျမ်းစာထဲမှာ နားလည်မှုအလွဲ နိုင်ဆုံး ကျမ်းချက်တစ်ခုပဲ။ ကျမ်းစာအနက်ဖွင့်အခြေခံစည်းကမ်း တစ်ခု က သင်၌တစ်စုံတစ်ရာနားလည်သဘောပေါက်ဖို့ရာ မရှင်းမလင်း ဖြစ်နေ တာကို ထိန်ချန်ပြီး ဆက်မသွားသင့်ပေဘူး။ ကျမ်းစာထဲက ဥပုသ်နေ့ဆို တာရှင်းပါတယ်။ ဖန်ဆင်းခြင်းနေ့ကို ပြောတာ(က ၂း၁-၃)၊ ယေရှုလိုက် လုပ်တာ(လုကာ ၄း၁၆)၊ပေါလုလိုက်လုပ်တာ(တ ၁၃:၄၂-၄၄)၊ ကောင်း ကင်ဘုံ၌လည်း လိုက်နာလိမ့်မယ်။(ဟေရှာ ၆၆း၂၂-၂၃)။ ကျမ်းစာထဲမှာ ဥပုသ်နှစ်မျိုးဖေါ်ပြပေးထားတယ်။ သတ္တမနေ့ဥပုသ်နဲ့၊ နှစ်စဉ်ဥပုသ်ဖြစ် တယ်။ သတ္တမနေ့ဥပုသ်ဟာ ဖန်ဆင်းခြင်းကာလထဲမှာ ရှိပြီး၊ ပညတ် တော်(၁၀)ပါးအထဲမှာ ဘုန်းတန်ခိုးနဲ့ ပြည့်စုံတဲ့မေတ္တာရှင်- ဖန်ဆင်းရှင်ကို အပတ်စဉ်အမှတ်ရစေဖို့ ဖြစ်တယ်။ နှစ်စဉ်ဥပုသ်ကတော့ ဣသရေလ လူမျိုးတွေအဖို့ သူတို့သမိုင်းနဲ့ အထူးပတ်သက်ပါတယ်။ (ကော ၂း၁၆-၁၇) မှာပြောတာ “ဥပုသ်နေ့များကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူ မျှမစစ်ကြောမစီရင်စေနှင့်။ ထိုအရာတို့သည် နောင်ဖြစ်လတ္တံ့သော အရာ တို့၏အရိပ်ဖြစ်ကြသည်”လို့ ဆိုပါတယ်။ သတ္တမနေ့ဥပုသ်ဟာ ဖန်ဆင်း ခြင်းကာလ၏ အမှတ်ရဖွယ်ဖြစ်တယ်။ နောင်ဖြစ်လတ္တံ့သော အရာတို့၏ အရိပ်မဟုတ်ပေဘူး။ (ဟေဗြဲ ၁၀း၁)မှာ အရိပ်ပြတယ်လို့ ဆိုတာ နွား၊ ဆိတ်၊ သိုးစတဲ့အသွေးနဲ့ ယဇ်ပူဇော်ခြင်း၌ ဆက်စပ်နေပါတယ်။ (ယေဇ ၄၅း၁၇)ဖေါ်ပြချက်ဟာ (ကော ၂း၁၆-၁၇)၌ ဖေါ်ပြချက်အတိုင်း ယူပါ တယ်။ အဲဒါအခမ်းအနားနှင့်ဆိုင်တဲ့ ပွဲသဘင်နေ့၊ ယဇ်ပူဇော်မှု စသည့် အစဉ်အလာများဖြစ်ပါတယ်။ (ဣသရေလအမျိုးအတွက် အပြစ်ဖြေခြင်း ငှာ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ ပွဲသဘင်နေ့၊ လဆန်းနေ့၊ ဥပုသ် နေ့အလိုက်ပူဇော်ခြင်းဖြစ်ပါတယ်။) (ဝတ်၂၃း၃)မှာ သတ္တမနေ့၊ ဥပုသ်နေ့ အကြောင်း ဆွေးနွေးထားပါတယ်။ (ဝတ် ၂၃း၅-၃၂)အထိမှာ အခမ်းအနား နဲ့ဆိုင်တဲ့ ဥပုသ်နေ့ပွဲများအကြောင်းပြောပြပါတယ်။ [ပသခါပွဲနေ့-အငယ်-၅၊ တဆေးမဲ့မုန့်အဇုမပွဲ-အငယ်-၆၊ အဦးရိတ်သော ကောက်လှိုင်း တစ် စည်းဆက်ကပ်ခြင်း-အငယ်-၁၀၊ အဦးသီး ဆက်ကပ်ခြင်း-အငယ်-၁၇၊ တံပိုးမှုတ်ပွဲ-အငယ်-၂၄၊ အပြစ်ဖြေရာနေ့- အငယ်-၂၇-၃၂၊ သကေနေပွဲနေ့-၃၄-၃၆၊] ဒီအပြစ်ဖြေရာနေ့နဲ့ သကေနေပွဲနေ့ နှစ်ခုစလုံးဟာ အထူးပြု ဥပုသ်နေ့လို့ ခေါ်ပါတယ်။

          ထိုသို့သော နှစ်စဉ်လုပ်နေတဲ့ ဥပုသ်နေ့များဟာ ခရစ်တော်သေ ခြင်းနှင့် ပြန်ကြွလာတော်မူခြင်း အရိပ်ကြိုပေးတဲ့အဖြစ်နဲ့ တရင်းတနှီး ဆက်စပ်မှု ရှိနေပါတယ်။ ဒါတွေဟာ ဘုရားပုံစံချပေးတဲ့အရိပ်၊ သို့မဟုတ် မေရှိ ရောက်လာမည်ကို ညွှန်ပြနေခြင်းဖြစ်တယ်။ (ဝတ် ၂၃း၃၇)ဟာ (ကော ၂း၁၆,၁၇)မှာ အဲဒီအခမ်းအနားဥပုသ်နေ့များ ဖေါ်ပြဖို့ရေးခဲ့တာဖြစ် တယ်။ (ဝတ် ၂၃:၃၈) မှာ ‘ထာဝရဘုရားအား ဆက်ကပ်ရသောဥပုသ်မှ တစ်ပါးဆိုတဲ့ ဖွင့်ဆိုချက်ကိုပြောပြီး၊ သတ္တမနေ့ဥပုသ်ကစလို့ အခမ်း အနားဆိုင်ရာ ဥပုသ်တွေကို ခွဲခြားဖေါ်ပြပေးနေတာဖြစ်တယ်။ အခုခရစ် တော် ရောက်လာခဲ့ပြီးဆိုတော့ အခမ်းအနားဆိုင်ရာ အရိပ်ပြဥပုသ်တွေ ဟာ ကိုယ်တော်၌ပြည့်စုံပြီးကြောင်း တွေ့ရပါတယ်။ သတ္တမနေ့ဥပုသ်က တော့ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်ကို အာရုံပြု၍ လုပ်သွားကြဖို့ ဆက်ရှိနေပါ တယ်။ ဘုရားသခင်ရဲ့လူတွေဟာ သူတို့ရဲ့ ကိုယ်တော်၌ ဆက်ဆံရေးကို အမှတ် အသားပြုခွဲခြားလုပ်ဆောင်နိုင်ဖို့ စောင့်ရှောက်ရပါလိမ့်မယ်။ (ဗျာ ၁၄း၁၂။ ယေဇ ၂ဝး၁၂,၂၀)။

          (ရောမ ၁၄:၅)မှာ ပြောထားတယ်မဟုတ်လား။ “နေ့ရက်တစ်ရက် ထက် တစ်ရက်သာ၍ မြတ်သည်ဟု လူအချို့ထင်တတ်၏။ လူအချို့ မထင်တတ်၊ လူတိုင်း မိမိစိတ်သဘောကျပါစေ။” အမှန်တော့, နေ့တစ်နေ့ စောင့်တာက ဘာကွဲပြားခြင်းရှိသွားမှာလဲ။

          တစ်ခါတလေ ကျမ်းချက်တစ်ချက်က မပြောတာကို အသေအချာ သိဖို့လိုသလို ဆိုလိုချက်ကို သိဖို့ကလည်း အထောက်အကူဖြစ်ပါတယ်။ အဲဒီကျမ်းချက် အငယ်-၅ နဲ့ အငယ်-၆ က ကိုးကွယ်မှု၊ သို့မဟုတ် ဥပုသ် နေ့အကြောင်း ပြောနေတာမဟုတ်ပါဘူး။ သူတို့က နေ့တစ်နေ့ကိစ္စကို ပြောနေကြတာပါ။ အဲဒီနေ့အကြောင်းတွေကိုပြောနေတာ ဥပုသ်နေ့ကို မသေမချာယူဆပြောလိုက်တာပဲဖြစ်တယ်။ (ရောမ ၁၄း၁)က အဆိုပါ ကျမ်းစာတစ်ခန်းလုံးရဲ့ ဆိုလိုရင်းကို ပြောလိုက်တာဖြစ်တယ်။ ဘာလဲဆို တော့ ‘ယုံမှားစရာငြင်းချက်တွေ၊ ဒါမှမဟုတ် ယုံကြည်အားနည်းသော အရာများကို ဆွေးနွေးခြင်းမှာ အာရုံထားပြောနေကြတာ ဖြစ်တယ်။ သတ္တမနေ့ဥပုသ်ဆိုတာ ဘုရားသခင်က ဖန်ဆင်းခြင်းထဲမှာ သီးသန့်ရက် တစ်ရက်ထားခဲ့တာ(က ၂း၁-၃)၊ ကိုယ်ကျင့်သိက္ခာဆိုင်ရာပညတ်တော်ရဲ့ ဗဟိုမှာ နေရာချပေးခဲ့တယ်ဆိုတာ(ထွက် ၂၀:၈-၁၁) သံသယရှိနေကြ သေးသလား။ ဘယ်ဖြစ်မလဲ။ အဲဒီကျမ်းပိုဒ်ရဲ့ အဓိက ဆိုလိုချက်ကို အငယ်-၆မှာတွေ့ကြရမယ်။ “နေ့ရက်ကိုစောင့်သောသူသည် သခင်ဘုရား ကိုထောက်၍စောင့်၏။ နေ့ရက်ကို မစောင့်သောသူသည် သခင်ဘုရားကို ထောက်၍မစောင့်ဘဲနေ၏။ စားသောသူသည် သခင်ဘုရားကို ထောက် သောစိတ်နှင့်စား၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။ မစားသောသူသည် လည်း သခင်ဘုရားကိုထောက်သော စိတ်နှင့်မစားဘဲနေ၍ ကျေးဇူးတော် ရှိသည်ဟုဝန်ခံ၏။”ပြောနေတဲ့ကိစ္စကအစာရှောင်ရက်နေ့များအကြောင်း ပတ်လည်ပြောနေတာဖြစ်တယ်။ ဥပုသ်နေ့ကို ပြောနေတာမဟုတ်ရ။ ဂျူး ခရစ်ယာန်တချို့တွေက သေချာတဲ့နေ့ရက်မှာ အစာရှောင်ကြရင် အကျိုး ထူးမယ်လို့ယုံကြည် ရင်းစွဲရှိကြတယ်။ ဒီတော့ သူတို့စံနဲ့ သူတို့ အခြား သူများကိုစစ်ကြောတတ်ကြတယ်။ ဖါရှိရှဲတွေက တစ်ပတ်နှစ်ရက် အစာရှောင်တတ်လို့ ကြွားလည်းကြွားတတ်ကြတယ်။ (လုကာ ၁၈း၁၂)။ အခုဒီ (ရောမ ၁၄) ကျမ်းပိုဒ်က ရက်တစ်ရက်မှာ အစာရှောင်ရမယ်၊ မရှောင်ရဘူးလို ပြောနေတာဟာ လူတစ်ဦးချင်းအလိုက် စိတ်ကြိုက်ခံယူ မှုကိစ္စဖြစ်တယ်။ ဘုရားပညတ်တော်ကိစ္စပြောနေတာမဟုတ်ပါ။

          ယေရှုတပည့်တွေဟာ ခုနစ်ရက်တွင် ပထမရက်မှာ စည်းဝေးကြ တယ်မဟုတ်လား။ (တ ၂၀:၇)။

          ဒီစည်းဝေးနေ့ ဇာတ်လမ်းဖြစ်လာတဲ့အကြောင်းက ဘာလဲဆို တော့ ပေါလုဟာ နောက်နေ့ခွဲခွါမည့်အချိန် ညလုံးပေါက်ဟောပြောနေ ရင်း ပြတင်းပေါက်ကကျသွားတဲ့ ဥတုခုကို အသက်ပြန်ရှင်စေတဲ့ အံဩ ဖွယ်အမှု ပြုခဲ့တာဖြစ်တယ်။ စည်းဝေးခဲ့ကြတာ ညအစည်းအဝေးဆိုတာ ရှင်းပါတယ်။ ဒီတော့ ခုနစ်ရက်တွင် ပထမရက်၏ ညအမှောင်ပိုင်းဖြစ် တယ်။ (တ ၂၀း၇)။ ကျမ်းစာထဲမှာ အမှောင်ပိုင်းက အလင်းပိုင်းကို ကူး ပြောင်းဖို့ဖြစ်တယ်။ (က ၁း၅)။ ဒီတော့ဥပုသ်နေ့ဟာ သောကြာည အမှောင်ပိုင်းနေဝင်ချိန်ကနေ နောက်ရက်စနေနေ့အမှောင်ပိုင်းနေဝင်ချိန် ထိလို့နားလည်ရမှာဖြစ်တယ်။ (ဝတ် ၂၃:၃၂။ မာကု ၁း၃၂)။ တကယ်လို့ အဲဒီစည်းဝေးရက်က ခုနစ်ရက်တွင်ပထမရက်၏ ညအမှောင်ပိုင်း ဖြစ် တယ်ဆိုရင် စနေနေ့ညပိုင်းအစည်းအဝေးပဲ ဖြစ်ရမယ်။ ပေါလုဟာ စနေ နေ့တောက်လျှောက် ယုံကြည်သူတွေနဲ့ စည်းဝေးနေတာဖြစ်တယ်။ သူ ဟာ နောက်နေ့တနင်္ဂနွေနေ့မှာ ခွဲခွါရမှာဆိုတော့ အစည်းအဝေးက စနေ ညအမှောင်ထိ ဆက်လုပ်နေကြပါတယ်။ နောက်နေ့ တနင်္ဂနွေနေ့မှာ ပေါလုဟာ အမြို့သို့ ခြေလျင်သွားပြီး၊ မိတုလင်မြို့ကို သင်္ဘောနဲ့ ခရီး ဆက်ခဲ့တာဖြစ်တယ်။ အင်္ဂလိပ်လက်သစ်ကျမ်းစာဘာသာပြန် (NEB) က (တ ၂း၇)ကို ပေါလုတို့ စနေညအစည်းအဝေးလုပ်ကြပြီး၊ တနင်္ဂနွေနေ့ ခရီးဆက်ကြောင်းအတည်ပြုရေးသားပါတယ်။ ပေါလုဟာ ခရစ်တော်ထ မြောက်တော်မူသောနေ့ တနင်္ဂနွေနေ့ကို လေးစားအထွတ် အမြတ်ထား ရင် တနင်္ဂနွေနေ့ တစ်နေ့လုံးမနားဘဲ ခရီးထွက်နေမှာတဲ့လား။ မှတ်တမ်း အရ ပေါလုဟာ ဥပုသ်နေ့စောင့်သူဖြစ်ကြောင်း ပြောထားပါတယ်။ (တ ၁၃:၄၂-၄၄။ ၁၇း၂။ ၁၆း၁၂,၁၃။ ၁၈:၄)။

          သတ္တမနေ့သည် ဘယ်နေ့ဆိုတာ ကျွန်ုပ်တို့ကို အမှန်ပြောပြပေး နိုင်သလား။     

          ဒါကို အနည်းဆုံး နည်းလမ်း(၄)ခုနဲ့ သတ္တမနေ့ကို စနေနေ့ဖြစ် ကြောင်း ကျွန်ုပ်တို့ အသေအချာပြောပြနိုင်ပါတယ်။

၁။       သမ္မာကျမ်းစာ- ယေရှုဟာ အဖိတ်နေ့မှာ ကပ်တိုင်တင် အသတ် ခံခဲ့ရသည်ကို ကျမ်းစာက ပြောထားတာရှင်းပါတယ်။ (လုကာ ၂၃:၅၄)၊ ကိုယ်တော်ရဲ့ရင်းနှီးမိတ်ဆွေတွေ အကုန်ပညတ်တော်ကြောင့် ဥပုသ်နေ့ မှာနားကြပါတယ်။ (လုကာ ၂၃:၅၅,၅၆)။ ယေရှုသည် ခုနစ်ရက်တွင် ပထမရက်၌ သေခြင်းမှ ထမြောက်ပါတယ်။ (လုကာ၂၄း၁။ မာကု ၁၆း၉)။ ခရစ်ယာန်တွေ အားလုံးက ယေရှုဟာ အဖိတ်နေ့ - သောကြာနေ့မှာ အသတ်ခံရပြီး၊ နောက်နေ့တစ်ရက် နားနေခဲ့တယ်။ ပထမရက်နေ့-- တနင်္ဂနွေနေ့မှာ ရှင်ပြန်ထမြောက်ခဲ့တယ်။ နားရက်ခေါ်တဲ့ဥပုသ်နေ့ဟာ သောကြာနေ့နဲ့ တနင်္ဂနွေနေ့ကြားကရက်- သတ္တမနေ့-စနေနေ့ ဖြစ်ပါ တယ်။

၂။       ဘာသာစကား- ကမ္ဘာလောကတစ်ရပ်လုံးရှိ ဘာသာစကားမျိုး (၁၄၀)၌ သတ္တမနေ့အတွက် စကားလုံးဟာ စနေနေ့ကိုညွှန်းပြီး ‘ဥပုသ်နေ့’ ရယ်လို့ ကျွန်ုပ်တို့သိကြပါတယ်။ ဒီတော့ ဘာသာစကားအားဖြင့်လည်း ရာစုနှစ်များတစ်လျှောက် ဥပုသ်နေ့ကို ထိန်းသိမ်းလာခဲ့တာ သက်သေ ဖြစ်ပါတယ်။

၃။       နက္ခတ်ဗေဒ- နက္ခတ်ပညာရှင်တွေက ရက်သတ္တပတ်လည်နေတဲ့ အချက်ဟာ လုံးလုံးမပြောင်းပါလို့ သက်သေပြဆိုပါတယ်။ အမေရိကန် နိုင်ငံ၏ ရေတပ်မတော်နက္ခတ်တာရာလေ့လာရေးဌာန (Royal Naval Observatory)နဲ့ အင်္ဂလန်ပြည် ဂရင်းဝချ်နက္ခတ်တာရာ လေ့လာရေးဌာန (Royal Greenwich Observatory)တို့က ရက်သတ္တပတ် လှည့်ပြောင်းနေ ခြင်းပုံသေရှိနေတာကို အတည်ပြုပေးပါတယ်။

၄။       သမိုင်းကြောင်း- ဂျူး(ဣသရေလ)လူမျိုးတွေဟာ ရာစုနှစ်များ တစ်လျှောက် ဥပုသ်စောင့်ခဲ့တဲ့မှတ်တမ်း အတိအကျရှိပါတယ်။ သူတို့ဟာ ဥပုသ်နေ့အမှန်စနေနေ့ကို စောင့်ထိန်းခဲ့ပါတယ်။

          ကျွန်ုပ်က ရှင်ပြန်ထမြောက်တော်မူသောနေ့ကို ချီးမြှောက်ခြင်း အားဖြင့် တနင်္ဂနွေနေ့ကို စောင့်ပါတယ်။ ဒါဘာများမှားသလဲ။ ယေရှု သခင်ဟာ တနင်္ဂနွေနေ့မှာ သေခြင်းမှ ထမြောက်တော်မူခဲ့သည် မဟုတ် လား

          ဟုတ်ပါ့-ယေရှုဟာ တနင်္ဂနွေနေ့မှာ အမှန်ပဲ ထမြောက်တော်မူခဲ့ ပါတယ်။ ဒါပေမယ့် ကိုယ်တော်ဟာ ထမြောက်တော်မူသောနေ့ကို ချီး မြှောက်ပူဇော်ကြပါလို့ တစ်ခါမျှ ပညတ်တော်မမူခဲ့ပါဘူး။ ပွဲတော်ယူတာ ကိုယ်တော်ရဲ့အသေခံတော်မူခြင်းကို အမှတ်ပြုခြင်း (၁ကော ၁၁း၂၄,၂၆)၊ ဗတ္တိဇံဟာ ရှင်ပြန်ထမြောက်တော်မူခြင်းကို အမှတ်ပြုလိုက်တာပါ။ (ရောမ ၆း၁-၆)။ ယေရှုရှင်ပြန်ထမြောက်ခြင်းအမှတ်ဟာ သာသနာပ၊ ရောမတို့ရဲ့ နေဘုရားကိုးကွယ်မှုကနေ ခရစ်ယာန်တွေအတွက် ပြဌာန်း ပေးလိုက်တဲ့တနင်္ဂနွေနေ့ဝတ်ပြုကိုးကွယ်မှုမဖြစ်စေရဘူး။သို့သော်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ အံ့ဩဖွယ်တန်ခိုးတော်ဖြင့် မစတော်မူခြင်း အားဖြင့် ဘဝသစ်သို့ အသွင်ကူးပြောင်းရောက်ရှိသော အမှတ်အသား အနေနဲ့ ဗတ္တိဇံခံယူပွဲနေ့အလှတစ်ခုရယ်လို့ယူဆသင့်ပါတယ်။ ရေသင်္ချိုင်း ၌ ဗတ္တိဇံခံယူခြင်းဟာ လူဟောင်းသေခြင်းသင်္ကေတနဲ့ လူသေမြှုပ်နှံခံရ ခြင်း၊ ခရစ်တော်၌ဘဝသစ်သို့ရှင်ပြန်ထမြောက်ခြင်းနေ့ဖြစ်ပါတယ်။

          ခုနစ်ရက်တွင် ရက်တစ်ရက်စီတိုင်းက မကောင်းဘူးလား၊ ခင်ဗျား တို့ ဘာဖြစ်လို့ ဥပုသ်နေ့ကို သိပ်ထူးခြားအောင်ပြောနေရတာလဲ။

          ပြဿနာက နေ့ရက်များကိစ္စထက် ပိုပါတယ်။ ဒါက ဆရာတွေရဲ့ အကြောင်းကိစ္စဖြစ်တယ်။ ဆရာတစ်ယောက် အလှည့်ခံလိုက်ရပြီဆိုရင်၊ စာတန်ဟာ ဘုရားပညတ်တော်ကို ပြောင်းပစ်ဖို့ ဘာသာရေးအတု အယောင်တွေကတစ်ဆင့် ရောက်လာပါတယ်။ (ဒံ ၇း၂၅)။ စာတန်ဟာ သမ္မာတရားကိုမြေသို့နှိမ့်ချ၏။ (ဒံ ၈း၁၂)။ ဘုရားသခင်၏ သမ္မာတရား နံရံကို ကျိုးပျက်အောင်လုပ်ပါတယ်။ (ဟေရှာ ၅၈း၁၂,၁၃)မှာ ကိုယ်တော် ၏ ဥပုသ်နေ့ကို စောင့်ထိန်းမှုကျိုးပျက်နေသည်ကို ပြုပြင်ဖို့ ဘုရားသခင် ပြောနေပါတယ်။ကျွန်ုပ်တို့ဟာလူစကားထက်ဘုရားစကားကို နားထောင် သင့်ပါတယ်။ (တ ၅း၂၉)။ သတ္တမနေ့မှာ ဝတ်ပြုစည်းဝေးခြင်းဟာ ထိုနေ့ ကို စောင့်ရှောက်ကြဖို့ ပညတ်တော်မူသော ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သခင် ၏အုပ်စိုးမှုကိုခံယူခြင်းဖြစ်ပါတယ်။ (ထွက် ၂၀း၈-၁၁)။ သိလျှက်နဲ့အတု အယောင်ရက်နေ့တစ်ရက်မှာ ဘုရားရှိခိုးတာဟာ ဖေါက်ပြန်တဲ့လူအား ဖြင့် စတင်ပြဋ္ဌာန်းမှု၊ တစ်ဦးတည်းပိုင်ထူထောင်မှုကို လက်ခံနေတာဖြစ် တယ်။ တကယ်မေးခွန်းအမေးထုတ်ရမှာက၊ ကျုပ်တို့ ဘယ်သူအစေခံနေ တာလဲ၊ ဘုရားကိုလား၊ လူကိုလား။ (ရောမ ၆း၁၆)။ ကျုပ်ရဲ့မွေးရက်ကို ကြို၍သော်လည်းကောင်း၊ နောက်ကျ၍သော်လည်းကောင်း မွေးနေ့ပွဲ ဆိုပြီး ဆင်ယင်ကျင်းပတာမှန်သမျှဟာ ကျုပ်ရဲ့ တကယ့်မွေးနေ့လို့မှတ် လို့မရပါဘူး။ ကမ္ဘာ့မွေးနေ့ဟာ ကျမ်းစာထဲက ဥပုသ်နေ့ဖြစ်တယ်။ ဒါက ကျွန်ုပ်တို့၏ ချစ်စွာသော ဖန်ဆင်းရှင်ဘုရားသခင်ကို အမှတ်တရရှိခြင်း ဖြစ်တယ်။ တခြားရက်တွေနဲ့အစားထိုးလို့မရပါဘူး။




အခန်း - ၂၀

ပထမနေ့ရက်စာသား (First Day Texts)

ထွက် ၃၁း၁၇-၁၈        

ဥပုသ်နေ့သည် ဘုရားနှင့်လူတို့အကြား အမှတ် ပေးလိုက်တဲ့ သင်္ကေတတစ်ခုဖြစ်တယ်။

ယေဇကျေ ၂၀း၁၂        

ဥပုသ်သည် စင်ကြယ်ခြင်း သင်္ကေတတစ်ခုဖြစ်တယ်။

ဟေဗြဲ ၄း၄-၆,          

ဥပုသ်နေ့သည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက်ယေရှုကို ယုံကြည်၍ ကိုယ်တော်ထံ၌နားခိုခြင်းအမှတ်အသား ပြုခြင်းဖြစ်၏၊

လုကာ ၂၃:၅၆            

ယေရှု၏ ရင်းနှီးတပည့်တွေဟာ ဥပုသ်နေ့မှာ ကိုယ်တော်၏ ကိုယ်ကို အလောင်းပြင်ဆင်ဆေးစီရင်ခြင်း မလုပ်ကြပါဘူး။ အမှန်လည်း ကိုယ်တော်သေပြီးနောက် အလောင်းကို ကပ်တိုင်ပေါ် မှာ တင်လျက်ဥပုသ်နေ့မှာမထားခဲ့ပါဘူး။

လုကာ ၂၄း၁              

တပည့်တော်တွေဟာ ခုနစ်ရက်တွင် ပထမရက်၌ ကိုယ်တော်၏ ခန္ဓာကိုယ်အားဆေးစီရင်ဖို့ သင်္ချိုင်းတော်သို့ သွားခဲ့ကြတယ်။

မဿဲ ၂၈:၁                

ခုနှစ်ရက်တွင် ပထမရက်၌ တပည့်အမျိုးသမီးများသည် သင်္ချိုင်းတော်သို့ သွားခဲ့ကြတယ်။

မာကု ၁၆း၂                

ခုနစ်ရက်တွင် ပထမရက်၌ တပည့်အမျိုးသမီးများသည် သင်္ချိုင်းတော်သို့သွားခဲ့ကြဘယ်။

မာကု ၁၆း၉               

ခုနစ်ရက်တွင် ပထမရက်၌ ယေရှု သက်ရှင်ထမြောက်ပါ၏။

ယော ၂၀း၁                

ခုနစ်ရက်တွင် ပထမရက် မိုးမလင်းမီစောစော အချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့သွားခဲ့၏။ [မှတ်ချက်- အထက်ဖေါ်ပြကျမ်းချက်အရ ကနဦးယုံကြည်သူတွေဟာ တနင်္ဂနွေနေ့ကို အလေးအမြတ်ထားကြရမည့်နေ့ရယ်လို့ ညွှန်းချက်ဖြစ်နိုင်ခြေအမှန် မပြောနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အဲဒီအခြေအနေမှာ ယေရှု ဟာ အသက်ရှင်ပြန်ထမြောက်တယ်ရယ်လို့ သူတို့မသိကြသေးပါဘူးလေ။]

ရောမ ၆း၃-၅              

ရှင်ပြန်ထမြောက်တော်မူခြင်းအမှတ်ဟာ နှစ်မြှုပ်ခြင်းအားဖြင့် ဗတ္တိဇံခံယူခြင်းဖြစ်ပါတယ်။ တနင်္ဂနွေနေ့ဘုရားရှိ ခိုးဖို့ အတွက်မဟုတ်ပါဘူး။

တ ၂၀း၇                   

ခုနစ်ရက်တွင် ပထမနေ့၏ ညအမှောင်ပိုင်း၌ စနေနေ့ည အစည်းအဝေးဖြစ်တယ်။ [ညွှန်း- အင်္ဂလိပ်လက်သစ်ကျမ်းစာဘာသာပြန်(NEB)] ပေါလုဟာ ညသန်းခေါင်တိုင်အောင်ဟောပြောနေခဲ့ပါတယ်။ နောက်နေ့ တနင်္ဂနွေ နေ့ပေါ့။ အဿုမြို့ထိ သူခြေလျင် လျှောက်သွားခဲ့တယ်။  နောက်သင်္ဘော တက်စီးခရီးထွက်ပြန်ရော။ ကြည့်- ပေါလုဟာ တနင်္ဂနွေနေ့ကို စင်ကြယ်စေသော အမှုမပြုခဲ့ပါဘူး။

ယော ၂၀:၁၉              

ယေရှုတပည့်တွေက ခုနစ်ရက်တွင် ပထမရက်မှာ စည်းဝေးနေခဲ့ကြသည်မှာ ဝတ်ပြုပွဲလုပ်နေကြတာမဟုတ်ပါ။ ယုဒ လူတွေကို ကြောက်လို့ သာဖြစ်တယ်။

၁ကော ၁၆း၂              

ငါတို့ရောက်လာတဲ့အခါ” လို့ဆိုဟာ နေအိမ်ကိုရောက်တာကို ဆိုပါတယ်။ တကယ့်မူရင်းဘာသာစကားအရတော့ ငွေရေတွက်စာရင်းလုပ်တာ လို့ ဆိုလိုပါတယ်။ ဥပုသ်နေ့ ပြီးပြီပေါ့။ ဒါကပထမနေ့ရောက်လာတယ်။ ကောက်ခံရတဲ့ငွေ တွေကို စာရင်းလုပ်ဖို့၊ စာရင်းပြုစုဖို့၊ သခင်ဘုရားအမှုတော်အတွက် ငွေစုသိမ်းဖို့ အိမ်မှာလုပ် ကောင်းတာပေါ့။

က ၂း၁-၃                  

ဖန်ဆင်းခြင်း၌ သတ္တမနေ့ဥပုသ်နေ့ကို ဘုရားကောင်းချီးပေးပါသည်။

ရောမ ၁၃း၁ဝ             

ကျွန်ုပ်တို့၏ ဘုရားကိုချစ်ခြင်းဟာပညတ်တော်ကို ပြည့်စုံစေဖို့၊ သို့မဟုတ်စောင့်ရှောက်ဖို့ နာခံခြင်းကို ဦးတည်ပါတယ်။

မဿဲ ၅း၁၇               

ယေရှုသည် ပညတ်တော်များကို ဖျက်ပယ်ခြင်းငှါ လာသည်မဟုတ်၊ ပြည့်စုံစေဖို့လာတာဖြစ်တယ်။

 

ရောမ ၈း၄                 


ယေရှုထံသို့ ကျွန်ုပ်တို့ ချဉ်းကပ်ပါလျှင် ဝိညာဉ်တော်အားဖြင့် ကိုယ်တော်၏ ပညတ်တော်တို့ကို
စောင့်နိုင်ကြပါတယ်။




အခန်း - ၂၁

ပညတ်တော်ကိုပြောင်းပစ်ရန်ကြိုးစားကြခြင်း

ယော ၁၇း၁၇             

ကိုယ်တော်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်။

 သုတ္တံ ၂၃း၂၃              

သမ္မာတရားကိုဝယ်လော့။ မရောင်းနှင့်။

ဟေဗြဲ ၁၃း၈              

ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလအစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။

ဆာလံ ၈၉း၃၄            

ငါ၏ ပဋိညာဉ်တရား(ပညတ်တော်)ကိုလည်းမရှုတ်ချနှင့်။

 

ထွက် ၃၁း၁၈             

ဘုရားလက်ညှိုးတော်နှင့် အက္ခရာတင်သောပညတ်တော်။

မဿဲ ၅း၁၇,၁၈           

ယေရှုသည် ပညတ်တော်ကိုပယ်ဖျက်ရန်မဟုတ်၊ ပြည့်စုံစေဖို့ ရောက်လာတာဖြစ်တယ်။

က ၂း၁-၃                  

ဥပုသ်နေ့သည် ဧဒင်ဥယျာဉ်၌ အထွတ်အမြတ်၊ စင်ကြယ်မှုနှင့်ကောင်းချီးဖြစ်တယ်။

လုကာ ၄း၁၆              

ယေရှုသည် ဥပုသ်နေ့ကိုစောင့်၏။

တ ၁၃:၄၂-၄၃             

ပေါလုသည် ဥပုသ်နေ့ကို စောင့်၏။

တ ၂၀း၂၈-၃၁             

မှားသော စကားပြောတတ်သူများသည် ကနဦး ခရစ်ယာန်များ၏ အသင်းတော်ထဲသို့ ဝင်လာလိမ့်မည်ဟူ၍ အနာဂတ္တိ စကားပြောခဲ့ကြသည်။

ဒံ ၈း၁၂                     

သမ္မာတရားကို မြေသို့နှိမ့်ချ၏။

ဒံ ၇း၂၅                     

ပညတ်တရားကို ပြောင်းလဲစေခြင်းငှါ ကြံစည်ကြ၏။

ဟေရှာ ၈း၁၆             

ပညတ်တရားကို တံဆိပ်ခတ်လော့။

ထွက် ၂၀း၈-၁၁           

ဥပုသ်နေ့၌ ကောင်းကင်ဘုံ၏ တရားဝင်တံဆိပ်တော်အချက် (၃)ချက်ပါရှိသည်။ ဘုရားသခင်၏ နာမတော်၊ ဂုဏ်တော် နှင့်ပိုင်နက်တော်ဆိုင်ရာ များဖြစ်သည်။

ဗျာ ၇း၁-၃                 

အဆုံးမဖြစ်မီ ဘုရားသခင်၏ လူတို့သည် ဥပုသ်တံဆိပ်ခတ်ခြင်းကို ခံယူကြရမည်။

ဗျာ ၁၄း၇,၁၂              

ဘုရားသခင်၏နောက်ဆုံးသတင်းစကားသည် ဖန်ဆင်းရှင်ကို ဝတ်ပြုရန်နှင့် ပညတ်တော်တို့ကို စောင့်ရှောက်ရန်ဖြစ်၏။

 


အခန်း - ၂၂

သတ္တမနေ့ဥပုသ်ကိုစောင့်ရှောက်လာကြခြင်း

ဟေရှာ ၅၆း၂              

ဥပုသ်ကို စောင့်ရှောက်သောသူတို့သည် အထူးကျေးဇူးမင်္ဂလာရမည်ဖြစ်ကြောင်း ဘုရားကတိပေး၏။

တရား ၂၈း၁,,၁၅       

ပညတ်တော်တို့ကို နာခံစောင့်ရှောက်သောသူတို့ကို ဘုရားသခင်၏ ကောင်းချီးမင်္ဂလာသက်ရောက်စေမည်ဟု မိန့်တော်မူ၏။

ထွက် ၂၀း၈-၁၁           

ဥပုသ်နေ့ကို ရက်အားလုံးအနက် ‘သန့်ရှင်းစေသောနေ့တစ်နေ့’အဖြစ် အောက်မေ့လျက် ရှိစေရမည်။

 ဝတ် ၂၃း၃                

ဥပုသ်နေ့သည် ‘ဓမ္မစည်းဝေးအမှုကိုပြုရာနေ့သို့ မဟုတ် ဘုရားလူများတို့၏ စည်းဝေးရာနေ့လို့ခေါ်ပါတယ်။ ဘုရားရှိခိုးကြရန် နေ့တစ်နေ့အဖြစ် ပုံစံချပေးထားခြင်းဖြစ်တယ်။

လုကာ ၄း၁၆              

ယေရှုဟာ ဥပုသ်နေ့မှာ ဘုရားရှိခိုးတယ်။ ပေါလုလည်း ထို့အတူပါပဲ။ (တ ၁၈း၄)။

ဝတ် ၂၃း၃၂                

ဥပုသ်နေ့ဟာသောကြာနေ့ညနေ၊ နေဝင်မှစ၍စနေနေ့ ညနေအမှောင်ပိုင်းအချိန်အထိဖြစ်ပါတယ်။ (မာကု၁း၃၂)။

ထွက် ၂၀း၈-၁၀           

ဥပုသ်နေ့ဟာ လောကီအလုပ်တွေ လုပ်ရန်နေ့မဟုတ်ရ။

ဟေရှာ ၅၈း၁၃,၁၄       

ဥပုသ်နေ့ဟာ သခင်ဘုရား၌ ကျွန်ုပ်တို့ ကိုယ်တိုင်ဝမ်းမြောက်စွာ ရှိနေရမည့်နေ့တစ်နေ့ဖြစ်တယ်။ ဤနေ့၌ ကျွန်ုပ်တို့ကိုယ်ပိုင်ပျော်ပွဲနေ့မဖြစ်စေရပါ။ အားကစားလုပ်တာ၊ ဖြေဖျော်ရေး ကျင်းပတာတွေဟာ ဥပုသ်နေ့၏ သန့်ရှင်းခြင်းနဲ့ မဆီလျော်ပါဘူး။

နေဟမိ ၁၃း၁၅-၂၂       

ဥပုသ်နေ့ဟာ ရောင်းခြင်း၊ ဝယ်ခြင်းအမှုအားဖြင့်ပျက်စီးနိုင်၏။ သာမန်လောကဆိုင်ရာ အလုပ်တွေအားဖြင့်လည်း အသေးအဖွဲ ဖြစ်သွားနိုင်တယ်။

မဿဲ ၁၂း၁၁-၁၃         

ယေရှုက ဥပုသ်နေ့မှာ အလုပ်ကောင်းလုပ်ပြပြီး၊ ဝမ်းမြောက်မှုကို သရုပ်ပြခဲ့တယ်။

မာကု ၂း၂၃-၂၈           

ယေရှုက ဥပုသ်နေ့၌ သူ့တပည့်များ၏ ကိုယ်ခန္ဓာလိုအပ်မှုကိုပေးကမ်းသည်။ ဥပုသ်နေ့ဟာ ကျွန်ုပ်တို့ရဲ့လိုအပ် ချက်တွေကိုဘုရားပေးကမ်းကြောင်းသရုပ်ပြခြင်းဖြစ်ပါတယ်။

ထွက် ၁၆း၂၇-၃ဝ         

ဣသရေလလူတချို့ဟာ မန္နမုန့်စုသိမ်းဖို့ ဥပုသ်နေ့ပြင်ဆင်ရာနေ့- သောကြာနေ့၌ နှစ်ရက်စာကောက်ယူထားခြင်းမပြုဘဲ၊ဥပုသ်နေ့၌ ကောက်သိမ်းဖို့ အလုပ်လုပ်ပါက ထာဝရဘုရားသည် အထင်အရှားဆုံးမတော်မူသည်။

မဿဲ ၁၁း၂၈-၃၀         

ဘုရားသခင်၏ ဖိတ်ခေါ်သံသည် ယေရှုထံသို့ဝင်၍ ချမ်းသာရှာဖို့ဖြစ်တယ်။ ဥပုသ်နေ့ရောက်တိုင်း သခင်ဘုရား၌ ကျွန်ုပ်တို့၏ဆက်ကပ်မှုကိုအသစ်အပ်နှံဖို့အခွင့်အရေးပေးနေခြင်းဖြစ်တယ်။

[ကျမ်းစာဥပုသ်နေ့ပြောင်းလဲခြင်း ထုတ်ဖေါ်ချက်များအကြောင်းကို စာ-၁ဝ၇ မှာဖတ်ပါ]

 


အခန်း - ၂၃

ယုံကြည်ခြင်း (Faith)

ဟေဗြဲ ၁၁း၆              

ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။

ရောမ ၁၂း၃               

ဘုရားသခင်သည် လူအသီးသီးတို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူ၏။

မာကု ၁၁း၂၂-၂၄         

တကယ်လို့ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ကျွန်ုပ်တို့ လေ့ကျင့်လျှင်၊ တောင်ကြီးသမျှ အခက်အခဲတွေ ရွေ့နိုင်လိမ့်မယ်။

ရောမ ၁၀း၁၇             

ဘုရားစကားတော်ကို  ကျွန်ုပ်တို့ နာခံလျှင်၊ ယုံကြည်ခြင်းတိုးမည်။

ဟေဗြဲ ၁၁း၁              

ယုံကြည်ခြင်းဟာ ကျွန်ုပ်တို့၏ ခရစ်ယာန်ဘဝတစ်လျှောက်လုံး၏ အတွေ့အကြုံကို ထောက်ပံ့သော အခြေခံဖြစ်ပါ၏။

ဟေဗြဲ ၄း၂                 

ကျွန်ုပ်တို့ဟာ ဘုရားစကားတော်ကို ဘဝအထဲကျင့်သုံးသွားရင် အကျိုးကျေးဇူးရှိပါတယ်။

၁ယော ၅း၁၄             

ဘုရားသခင်၌ စိတ်ချယုံကြည်ခြင်းသည် အလိုတော်နှင့်အညီ ကျွန်ုပ်တို့အားပို့ပေးသည်။

လုကာ ၅း၂ဝ              

ယုံကြည်ခြင်းကို မြင်ရသည်။ အလုပ်အားဖြင့်ထင်ပေါ်သည်။

မဿဲ ၁၇:၂ဝ              

မုန်ညင်းစေ့မျှလောက်သော ယုံကြည်ခြင်း နည်းနည်းလေးက ကြီးထွားနိုင်ပါတယ်။

ဧဖက် ၂:၈                 

ယုံကြည်ခြင်းမှသည်ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရပါတယ်။

ရောမ ၁း၅,              

ယုံကြည်နာခံစေခြင်းဖြင့် ကျေးဇူးတော်ကို ခံစားရပါတယ်။

ဂလာတိ ၂း ၂ဝ           

ယုံကြည်ခြင်းအားဖြင့် ခရစ်ယာန်အသက်ရှင်၏။

ဟေဗြဲ ၆း၁၂               

ယုံကြည်ခြင်းအားဖြင့်ဘုရားကတိတော်ကိုအမွေခံရ၏။

ယာကုပ် ၂း၁၇            

အကျင့်မပါတဲ့ယုံကြည်ခြင်းဟာ အသေဖြစ်၏။

၁ယော ၅း၄               

ယုံကြည်ခြင်းအားဖြင့် လောကကိုအောင်ရာ၏။

 


အခန်း - ၂၄

ကျန်းမာရေး (Health)

၃ယော ၁း၂                

ကျွန်ုပ်တို့ ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိဖို့ဘုရားသခင်လိုလားတော်မူပါတယ်။

၁သက် ၅း၂၃              

စင်ကြယ်ခြင်း၌ ကိုယ်ခန္ဓာ၊ စိတ်၊ ခံစားမှုနှင့်ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့် ကင်းရှင်းမှုရှိစေရမည်။

ရောမ ၁၂:၁,            

အသက်ရှင်ခြင်းလက္ခဏာဖြင့် ယဇ်ပူဇော်၍ သင်၏ ကိုယ်ခန္ဓာကိုဘုရားသခင်အားဆက်ကပ်ကြပါ။

၁ကော ၆း၁၉,၂၀         

သင့်ကိုယ်ခန္ဓာသည် ဘုရားဗိမာန်တော်ဖြစ်၏။

၁ကော ၁၀း၃၁            

သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း ဘုရားသခင်၏ ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိုပြုကြလော့။

သုတ္တံ ၂း၁                  

စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းဆန်ခတ်ခြင်းကိုဖြစ်စေသည်။

သုတ္တံ ၂၃း၂၉-၃၂          

ဆေးနှင့်ရောသော စပျစ်ရည်ကို မသောက်နှင့်။ ဝမ်းနည်းခြင်း၊ အမင်္ဂလာနဲ့ အငြင်းပွါးတာတွေပဲရောက်လာမည်။

သုတ္တံ ၄၊၁၇                

သေရည်သောက်ကျူးသူများသည် ခိုက်ရန်များစေမည်။

သုတ္တံ ၃၁း၄-၅             

သေရည်သောက်သော အမှုသည် ရှင်ဘုရင်၊ မင်းညီမင်းသားတို့နှင့် မတော်မသင့်။ တရားစီရင်မှုချော်ချွတ်တတ်၏၊

ဗျာ ၅း၁ဝ                  

ကျွန်ုပ်တို့သည် ဘုရားသခင်အချို့မှာ ရှင်ဘုရင်အရာ၌ လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌ လည်းကောင်းခန့်ထား၍ စိတ်ရှင်းဖို့လိုသည်။

က ၁:၂၉                   

ဘုရားသခင်စားစေလိုတဲ့ မူလအစားအစာမှာမြေကြီးအသီးအနှံတွေဖြစ်တယ်။

က ၇း၂                     

နောဧသည် စင်ကြယ်သော သားမျိုးနှင့် မစင်ကြယ်သော သားမျိုးတို့ကို ခွဲခြားသိ၏။ ဘုရားသခင်၏ မြေကြီးကို ရေလွှမ်းမိုးသော ကာလ၌ သူ့ကို စင်ကြယ်သော သားမျိုးကိုသာ စားရန် ဘုရားအခွင့်ပေးသည်။ စင်ကြယ်သောသားမျိုးတွင် အထီးအမခုနစ်စုံနှင့် မစင်ကြယ်သောသား မျိုးတွင် အထီး အမနှစ်စုံစီတို့ကို သဘော်ပေါ် တင်လာခဲ့သည်။

ဝတ် ၁၁း၁-၁၂            

ခွါကွဲ၍ စားမြုံ့ပြန်သော သားမျိုးသည် စင်ကြယ်၏။ ဝက်ကဲ့သို့သောမစင်ကြယ်သောသားမျိုးများ ၌ အထက်ပါအချက်များ မပြည့်စုံကြ။ စင်ကြယ်သော ရေတိရစ္ဆာန်ဆိုလျှင် အယပ် အကြေးရှိရမည်။

ဟေရှာ ၆၆း၁၅,၁၇      

ဘုရားသခင်၏ အစားအသောက်စံနှုန်းကို မနာခံ၊ ပုန်ကန်သောသူများသည် နိုင်ငံတော်၌မနေရ။

ဟေရှာ ၆၅း၁-၅          

ဘုရားသခင်သည် မစင်ကြယ်သော အသားစားသူများကို ဘုရားမသိသူများ၏ ရုပ်တုကိုးကွယ်ခြင်းကဲ့သို့မှတ်ယူ၏။

တ ၁၀း၉-၁၆              

ပေတရုမြင်သော ခြုံထည်တန်ဆာထဲ၌ မစင်ကြယ်သော သားမျိုးအားလုံးကို မြင်၏။ ကြွက်၊ မိကျောင်းခေါင်းတို၊ ခေါင်းရှည်တွေပါတယ်။ ဘုရားက ပေတရုအားသတ်စားဖို့ ပြောတယ်။ ပေတရုသည် ရွံမုန်းထိတ်လန့်၏။ ဘုရားဘာကို ဆိုလိုသလဲ။ အငယ်-၁၇ မှာ ပေတရုတွေးတော ဆင်ခြင်ပါတယ်။

တ ၁၀း၂၈                 

ပေတရုရှင်းပြပါတယ်။အာရုံမြင်ခဲ့သည်မှာအစား အစာကို မဆိုလိုဘဲ၊ တစ်ပါးအမျိုးသားတို့ကို မပေါင်းအပ်မစင်ကြယ်ဟူ၍ မမှတ်ယူရန်ဖြစ်ကြောင်းဟုဆိုသည်။ ဘုရားသခင်သည် လူမျိုးရေးအတားအဆီးကို ပယ်ဖျက်လေပြီ။ ယခု ပေတရုကို တစ်ပါးမျိုးတို့အား သက်သေခံဖို့ဖွင့်ပေးလိုက်ပြီ။ ပေတရု၏ ဘဝင်အာရုံသည် လူမျိုးတို့အကြား အတားအဆီးအားလုံးကို လက်ဝါးကပ်တိုင်တရားမှတစ်ဆင့် ရှင်းပေးလိုက်နိုင်တာဖြစ်တယ်။

ဇိ ၄း၁၃                    

ယေရှုသည် ကိုယ်ကာယအကျင့် ကျင့်သည်ကို တတ်စွမ်းနိုင်ဖို့ ဝိညာဉ်ခွန်အားပေးပါတယ်။

ဟေဗြဲ ၄း၁၅,၁၆         

ယေရှုသည် ကျွန်ုပ်တို့ကဲ့သို့ပင်စုံစမ်းနှောင့်ယှက်ခံခဲ့ရပါတယ်။ ကိုယ်တော်ဟာ ရက်(၄၀)အစာရှောင်၍ အောင်မြင်ခဲ့သလို၊ ကျွန်ုပ်တို့လည်းကိုယ်တော်၏ တန်ခိုးကိုမှီ၍ အောင်မြင်ဖို့ လုပ်နိုင်ပါတယ်။

 


အခန်း - ၂၅

ကျန်းမာရေးအကြောင်းမေးတတ်တာတွေ

          ယေရှုမပြောဖူးလား။ “လူအတွင်းသို့ဝင်သောအရာမှန်သမျှသည် နှလုံးလဲသို့ မဝင်၊ လူအတွင်းမှ ထွက်သောအရာမူကား လူကို ညစ်ညူးစေ လူကျန်းမာရေးကို ဘာကြောင့် ဒီလောက်အလေးအနက်ထားနေရသလဲ။ အမှန်တကယ် သိပ်ကို ခြားနားမှုဖြစ်နေစေသလား။

          ဒီအတွက် ဆင်ခြင်စရာကျမ်းချက်ဟာ (မာကု ၇း၁၈-၂၀) ဖြစ်တယ်။ဘာပြောစရာဖြစ်နေသလဲ။ဓမ္မသစ်ကျမ်းက ရှင်းရှင်းပဲကြေညာ ပါတယ်။(၁ကော ၆း၁၉,၂၀)မှာ“ဘာလဲ၊ သင်တို့၏ ကိုယ်ခန္ဓာဟာသန့်ရှင်း သောဝိညာဉ်တော်၏ ဗိမာန်ဖြစ်သည်ကို မသိသလော။-- သင်တို့၏ ကိုယ် ခန္ဓာ၌ ဘုရားဘုန်းတော်ကို ထင်ရှားစေကြလော” ဟု ပြောထားပါတယ်။ “အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏။ ထိုသူကို ဘုရားသခင်ဖျက်ဆီးတော်မူလိမ့်မည်။ ဘုရားဗိမာန်တော်သည် သန့်ရှင်း ရ၏။ သင်တို့သည်လည်း ဗိမာန်တော်ဖြစ်ကြ၏။”(၁ကော ၃း၁၇)။ “သင် တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း မည်သည့် အမှုကိုပြုသည်ဖြစ်စေ ဘုရားဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသော အမှု ကိစ္စတို့ကို ပြုကြလော့။” (၁ကော ၁၀း၃၁)။ အထက်ကျမ်းချက်တွေဟာ အကြောင်းအရာညီညွတ်စွာပြောပါတယ်။ တစ်နေရာရာမှာ ဘာစားစား၊ ဘာသောက်သောက်အသေအချာစဉ်းစားယူရမယ်လို့ ကျွန်ုပ်တို့ကိုမပြော ပါဘူး။ နောက်တစ်နေရာရာမှာလည်း ဘာစားစား၊ ဘာသောက်သောက် အကြောင်းမဟုတ်ပါဘူး။ (မာကု ၇)တစ်ခန်းလုံး သွန်သင်ချက်ကို ခြုံ ကြည့်ရအောင်။ ဖါရိရှဲတွေဟာ အခမ်းအနားနဲ့ ဆေးကြောခြင်းအမှုကို ပညတ်အတိုင်း အလွန်အယူသီးတတ်ကြပါတယ်။ သူတို့ဟာ ဈေးထဲမှာ တစ်ပါးအမျိုးသားများ(ဂျူးမဟုတ်သူများ) နဲ့အထိအတွေ့ရှိမိရင် ညစ်ညူး ခြင်းလို့ ယုံကြည်ကြတယ်။ (မာကု ၇း၁-၅) ဖေါ်ပြတာကိုဖတ်ကြည့်ပါ။ ချက်ပြုတ်ဖို့လုပ်တဲ့ အိုး၊ ခွက်၊ ပန်းကန်၊ ဖလားအားလုံးကို တစ်ပါး အမျိုးတို့ ထိကိုင်ထားလို့၊ သူတို့စိတ်ထဲညစ်ညူးလိမ့်မယ်မှတ်ပြီး၊ အသေ အချာစင်ကြယ်အောင်ဆေးရမယ်ဆိုတာနဲ့ ဆေးကြောခြင်း လုပ်တတ်ကြ တယ်။ (မာကု ၇)က ပြောတဲ့ ရည်ရွယ်ချက်ဟာ (ဝတ် ၁၁)မှာ ဆိုလိုတဲ့ မေတ္တာဘုရားက သူ့လူတွေကို ကျန်းမာစေဖို့ပေးတဲ့ ဝတ်ပြုခြင်းဆိုင်ရာ စင်ကြယ်ခြင်းနဲ့ ကျန်းမာရေးအကြောင်းတွေ မဟုတ်ပါဘူး။ ဂျူးလူမျိုး “ရှေးလူဟောင်းတို့ ဆက်ခံတဲ့နည်းဥပဒေသတွေသာ ဖြစ်တယ်။ (မာကု ၇း၅)။ ဖါရိရှဲတွေက လက်ဆေးကြောခြင်းမရှိဘဲ အစာစားရင်၊ တစ်ပါး အမျိုးတွေလို ညစ်ညူးခြင်းနဲ့ သင်ဆက်ဆံလိုက်တာပဲလို့ ပြောတတ်ကြ တယ်။ ဒီမှာပြဿနာက သင်ဘာစားတယ်၊ ဘယ်လိုစားတယ်ဆိုတာကို ပြောနေတာမဟုတ်ပါ။ ပြောနေတာလည်း ကျွန်ုပ်တို့၏ဘုရားကိုယ်တော် တိုင်ပြဌာန်းတဲ့ကျန်းမာခြင်းအတွက် ပညတ်ကို ငြင်းထုတ်လိုက်ဖို့ မဟုတ် ပါဘူး။ ဒါပေမယ့် တစ်ပါးအမျိုးတွေနဲ့ ထိမိရင် ညစ်ညူးတယ်လို့ အခမ်း အနားလုပ်နေတတ်တဲ့အယူအဆကို ရှုတ်ချနေခြင်းဖြစ်တယ်။ ဤကျမ်း ပိုဒ်က “အပြင်က အစားအစာအားဖြင့် လူကို မညစ်ညူးစေ၊ အပြစ်မလုပ် စေတတ်ပါဘူး။ အပြစ်လုပ်တတ်တာ လူ့နှလုံးက ထွက်တာဖြစ်တယ်။ဂျူးတွေဟာ သူတို့အဆက်ဆက်ခံသော နည်းဥပဒေသကို ခံယူလိုသော အားဖြင့် ဘုရားပညတ်တော်ကို ပယ်ဖျက်နေကြတာပါပဲ။ (မာကု ၇း၉)။ (KJV)ကအသားစားတာမှန်သမျှသည်ရေအိမ်တွင်ဆင်းကုန်၏ဘာသာ ပြန်တဲ့နေရာမှာအစားအစာမှန်သမျှသည် ရေအိမ်တွင်ဆင်းကုန်၏လို့ ဆိုသင့်တယ်။ အဲဒီစာလုံးဟာ broma ဖြစ်တယ်။ အစားအစာအားလုံးဟာ မစင်ကြယ်သည် မရှိပါဘူး။ အစားအစာအားလုံးအထဲမှာလည်း အပြစ် လုပ်တတ်စေအောင်လုပ်ထားတာ မရှိပါဘူး။ အပြစ်လုပ်တတ်စေတာက လူအပြင်ကမဟုတ်၊ လူ့အတွင်း နှလုံးသားထဲကထွက်တာ ဖြစ်တယ်။ (မာကု ၇း၂၁)။ ယေရှုသည် အသားအစားအစာမစင်ကြယ်ဟုမယူဆခဲ့ပါ။ အမှိုက်ပုံထဲက အမှိုက်သရိုက်တွေကိုသာ ဘယ်တော့မှမစားရဘူးရယ်လို့ ဆိုရမယ်။ (မာကု ၇)ကပြောတာ မစင်ကြယ်တဲ့အသားအစားအစာစားလို့ ကျန်းမာရေးကိစ္စပြောနေတာ မဟုတ်ဘဲ၊ တစ်ပါးအမျိုးတွေနဲ့ ထိမိပြီး၊ အစားအစာဆိုရင် လူဗိုက်ထဲရောက်သွားတာကို ညစ်ညူးစေတဲ့ အခမ်း အနားလုပ်နေကြတဲ့ကိစ္စဖြစ်တယ်။

 

          တမန်တော်ရှင်ပေါလု မပြောလား။ “အစားအသောက်အားဖြင့် ဘုရားရှေ့မှာမျက်နှာရသည်မဟုတ်၊ အစားကို သုံးကာမျှနှင့် မြတ်သည် မဟုတ်၊ ရှောင်ကာမျှနှင့် ယုတ်သည်မဟုတ်” (၁ကော ၈:၈)၊ ဩတ္တပ္ပ စိတ်ကို ထောက်ရသောကြောင့်၊ ဈေး၌ရောင်းသမျှကို မစစ်ကြောမမေး မြန်းဘဲ စားကြလော့။” (၁ကော ၁၀:၂၅) လို့ ကျမ်းစာက မဆိုလား။

          (၁ကော ၈း၁) ကျမ်းချက်အငယ်က ဤတွေးတောစရာ ဖြစ်နေ တာရဲ့ အဖြေအတွက် နောက်ခံဖြစ်ပါတယ်။ ပေါလုက ကျမ်းပိုဒ်အစကို ဒီလိုရေးခဲ့ပါတယ်။ရုပ်တုရှေ့၌ ပူဇော်သောယဇ်ကောင်အရာမှာ(ငယ်-၁) လို့ဆိုပါတယ်။ (ငယ်-၄) ရောက်တော့ အလေးထားပြောနေတဲ့ကိစ္စ မှားစရာမလိုတော့ပါဘူး။ “ရုပ်တုရှေ့၌ပူဇော်သောယဇ်ကောင်ကိုစားခြင်း အရာမှာ’ဆိုတာဖြစ်တယ်။ သူဆွေးနွေးတဲ့အဆုံးပိုင်း (၁ကော ၁၀း၂၈) ရောက်တော့လည်းရုပ်တုရှေ့၌ပူဇော်သော ယဇ်ကောင်ဖြစ်၏လို့ပြော ပါတယ်။ ကောရိန္သုမြို့ကြီးဟာ ဘုရားမဲ့သူများရုပ်တုရှေ့၌ တင်လှူတဲ့ ယဇ်ကောင်အသားအစိတ်အပိုင်းတွေကို ဈေးမှာ ချရောင်းကြပါတယ်။ ဒါကြောင့်လည်း အလွန်အစွဲကြီးတဲ့ ဂျူးတွေဟာ သက်သတ်လွတ်စားသူ များဖြစ်လာကြပါတယ်။ (ရောမ ၁၄း၂-၄)။ ဒီမှာ အဖြေအမှန်အမှား ပြော ဆိုရမည့်အကြောင်းက ရုပ်တု၌ ပူဇော်သောအသားစားတာ အကျင့်မှား သလား၊ မမှားဘူးလားဆိုတာပဲ ဖြစ်တယ်။ ယင်းကိုစားခြင်းဟာ အထူး သဖြင့် ရုပ်တုကိုကိုးကွယ်သမှုပြုခြင်းသာဖြစ်တယ်။ ရုပ်တုဟာ ဒီလောက မှာ အချည်းနှီးသက်သက်ဖြစ်တယ်လို့ ပေါလုပြောခဲ့ပါတယ်။ (၁ကော ၈း၄)။ စားလျှင်လည်း ကျွန်ုပ်တို့၌ မြတ်၏၊ ယုတ်၏ ဟူ၍မဖြစ်။ (၁ကော ၈း၈)။ တစ်ခါ အငယ်-၁၁,၁၃ မှာ သင်က လွတ်လွတ်လပ်လပ် ကျင့်လို့၊ တစ်ယောက်ယောက်သော ညီအစ်ကိုတို့အတွက် ထိမိလဲစရာဖြစ်၍ သူ တို့၌ ကိုယ့်ကိုကိုယ်သိသော အားနည်းတဲ့စိတ်ကိုထိခိုက်စေလျှင်၊ ရုပ်တု၌ ပူဇော်သောအသားကိုမစားသင့်ပါဘူး။ ဒီမှာပြောတဲ့အသားက မစင်ကြယ် တဲ့အစာကိုမပြော၊ ရုပ်တု၌ပူဇော်သော အစားအစာကို ပြောတာဖြစ် တယ်။ ယေရှုဟာ ဝက်ကိုစင်ကြယ်အောင်လာလုပ်တာမဟုတ်။ အပြစ် သားတွေကို စင်ကြယ်စေဖို့ ရောက်လာတာဖြစ်တယ်။ မစင်ကြယ်တဲ့ အသားမျိုးတွေဟာ OT မှာ ကျန်းမာရေးအတွက်မကောင်းပါလို့ ပြော သလို NT မှာလည်းပြောပါတယ်။ ဘုရားသခင်ဟာ ကျွန်ုပ်တို့၌ ကောင်း သောအရာကို ငြင်းတော်မမူသည်(ဆာ ၈၄း၁၁) ဖြစ်၍ မစင်ကြယ်သော အသားမျိုးဆိုတာကောင်းသော အရာမဟုတ်ပေဘူး။

          ဂျူးတို့ရဲ့ OT ယဇ်ထဲက ကျန်းမာရေးဆိုင်ရာပညတ်ချက်တွေကို ခရစ်တော်ရဲ့လက်ဝါးကပ်တိုင်တရားအားဖြင့် ဖြေရှင်းခဲ့ပြီမဟုတ်လား။

          ယေရှုသေခြင်းသည် လူတွေကိုရွေးနုတ်ဖို့ သူ့အသက်ကို ပေးခဲ့ တာဖြစ်တယ်။ ကိုယ်တော်သေခြင်းဟာ ကျန်းမာခြင်း၊ မကျန်းမာခြင်း ဘာတစ်ခုခုနှင့်မျှမပတ်သက်ပေဘူး။ အဲဒီမှာ အာရုံပေးတာ၊ ဆိုပါစို့- ဥပမာအားဖြင့်၊ ဝက်သားဟာ ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာ၊ ဘာဖြစ်လို့လဲဆိုတော့ ဝက်သားသည် ကပ်တိုင်မတိုင်မီက အမှိုက်ဖြစ် တယ်။ ကပ်တိုင်တရားနောက်ပိုင်းရောက်တော့လည်း ဝက်သားသည် အမှိုက်သရိုက်ဖြစ်သောကြောင့် ကျန်းမာရေးအတွက် မကောင်းပါဘူး။ အများစုသဘောထားနဲ့ ဆန့်ကျင်တာကတော့၊ ကျမ်းစာထဲကပြောတဲ့ ကျန်းမာရေးဆိုင်ရာပညတ်ချက်တွေဟာ ဂျူးအတွက် သက်သက်မဟုတ် ကြောင်းပါ။ နောဧသင်္ဘောထဲဝင်တဲ့အခါ စင်ကြယ်သောသားမျိုး တစ်မျိုး မျိုးတွင် အထီးအမခုနစ်စုံစီနဲ့ မစင်ကြယ်သော သားမျိုးနှစ်စုံစီကို တင် ဆောင်ဖို့ ညွှန်ကြားခံယူခဲ့ရပါတယ်။ ရေလွှမ်းပြီးစကာလမှာ အသီး အရွက်မရနိုင်တာကြောင့် တင်ခေါ်လာတဲ့ စင်ကြယ်သောသားမျိုးတချို့ ကို သတ်စားရပါလိမ့်မယ်။ ဒါကြောင့်လည်း ခုနစ်စုံစီတင်ခဲ့ရတာပါ။(ဝတ် ၁၁)မှာ လူတွေအဖို့ စင်ကြယ်သော၊ မစင်ကြယ်သော သားမျိုးတွေကို ဘုရားခွဲခြားသတ်မှတ်ပေးခဲ့တယ်။ (ဟေရှာ ၆၅း၂-၅)က ထာဝရဘုရား တစ်ဘက်၌ ပုန်ကန်ကြတဲ့သူတွေဟာ ရုပ်တုကိုရှိခိုး၊ ဝက်သားကို စား တယ်လို့ ဖေါ်ပြထားတယ်။ ဟေရှာယပုရောဖက်က ဝက်သားကို စားတဲ့ သူတွေလို ဘုရားကို ပုန်ကန်ကြသူတွေဟာ ပျက်စီးခြင်းသို့ ရောက်ကြ လိမ့်မယ်လို့ ဖေါ်ပြပါတယ်။ ဘုရားသခင်က အကောင်းဆုံးသိပါတယ်။ ကျွန်ုပ်တို့ကို ကျန်းမာရေးကောင်းတဲ့ ကိုယ်နဲ့အသက်ရှင်စေလိုပါတယ်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဗိမာန်တော်ကဲ့သို့မှတ်၍ ဘာမဆိုစွန့်တတ် ကြရန်ဖိတ်ခေါ်နေပါ၏။

          ဘုရားက နောဧကို ပြောတယ်လေ။ “အသက်ရှင်၍ လှုပ်ရှား တတ်သမျှသည် အသီးအရွက်ကဲ့သို့ သင်တို့စားစရာဖို့ဖြစ်ရမည်၊ ခပ်သိမ်း သော အရာတို့ကို သင်တို့၌ ငါပေးအပ်၏။” (က ၉:၃)၊ ဘာမဆို ကျွန်ုပ်တို့ စားရတဲ့အခွင့်မရှိပေဘူးလား။

          မေးမယ်လေ၊ “ဒါဆို ဘုရားက နောဧကို မြွေ၊ ကြွက်၊ မိကျောင်း၊ အိမ်မြှောင်၊ တီကောင်၊ ပိုးဟပ်တွေကို စားဖို့ အခွင့်ပေးထားခဲ့တယ် ထင် သလား။ ဘယ်ဟုတ်မလဲ။ နောဧဟာ စင်ကြယ်သော၊ မစင်ကြယ်သော သားမျိုးတွေကို ခွဲခြားသိထားပြီးဖြစ်တယ်။(က ၇း၂)။ ဘုရားသခင်ဟာ ရိုးရိုးလေး နောဧကို ပြောပါတယ်။ “နောဧ - အသက်ရှင်သော သတ္တဝါ အသားကိုယခုသင်တို့စားကြရမည်။”ဒီအတွက် သက်သေပြစရာကတော့ နောင်အခါ (ဝတ် ၁၁)နဲ့(တရား ၁၄)ထဲမှာ ဘုရားသခင်ဟာ မစင်ကြယ် သောသားမျိုးကိုမစားဖို့ ရှင်းရှင်းတားမြစ်ထားခဲ့ပါတယ်။ ဘုရားသခင် ဟာ သိက္ခာတော်စံနှုန်းကို မပြောင်း(ဆာလံ ၈၉း၃၄)၊ စရိုက်တော်လည်း မပြောင်း(မာလခိ ၃း၆)တာကြောင့်၊ နောဧကို တစ်စုံတစ်ရာလုပ်ဖို့ အခွင့် မပေးခဲ့တာကို မောရှေကို လုပ်ဖို့တားမြစ်မှာပဲ။ ကျန်းမာရေးဆိုင်ရာ အကြောင်းတွေနဲ့ ဘုရားပညတ်ချက်အကုန်လုံးဟာ ရောဂါဘယနည်းဖို့နဲ့ ပျော်ရွှင်ခြင်းတိုးစေဖို့ မေတ္တာနှင့်ချပေးတော်မူခြင်း ဖြစ်တယ်။ (ထွက် ၁၅း၂၆)။ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ကျမ်းစာကပေးတဲ့ကျန်းမာရေး ဆိုင်ရာစည်းကမ်းတွေဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါများကို လျော့ပါး စေတယ်ဆိုတာ အထင်အရှားပါပဲလို့ဆိုပါတယ်။ ဘုရားပေးတဲ့ နည်းလမ်း ကအကောင်းဆုံးပါ။

          ကျမ်းစာထဲမှာ အသားမစားဖို့ သင့်ကို ပညတ်လာတဲ့သူတွေကို သတိထားကြပါလို့ပြောတယ်မဟုတ်လား။ (၁တိ ၄:၃)။

          ဒီကျမ်းပိုဒ်ဟာ နောက်ဆုံးသောနေ့၌ သမ္မာတရားယုံကြည်ခြင်း ကနေခွဲထွက်ကြတဲ့လူအုပ်စုကိုပြောတာဖြစ်တယ်။ (၁တိ ၄း၃)ကျမ်းချက် အရဆိုရင်အမှားနှစ်စုံကိုသူတို့သွန်သင်နေတာပဲ။အဲဒီအုပ်စုဟာလက်ထပ် ခြင်းကို တားမြစ်တာနဲ့ အသား(KJV)၊ အစားအစာ(ဂရိ broma) စားတာ ရှောင်ဖို့ လိုက်ပြောနေကြတယ်။ ကျေးဇူးတော်သိသော စိတ်နဲ့ ဘုရားဖန် ဆင်းတော်မူသမျှသည် သုံးစရာကောင်းပါတယ်။ မဟုတ်လား။ အဲဒီမှာ အသား(meat)ဆိုတာ အထူးသဖြင့် တိရစ္ဆာန်အသားမျိုးကို မညွှန်းပါဘူး။ အဆိုပါစကားလုံးကို OT ဂရိဘာသာပြန်မှာသုံးပါတယ်။ (က ၁း၂၉)။ “မြေ တစ်ပြင်လုံး၌ စပါးသီးကို ဖြစ်စေသောစပါးပင် အမျိုးမျိုးတို့ကိုလည်း ကောင်း၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင်အမျိုးမျိုး တို့ကိုလည်းကောင်း သင်တို့စားစရာ(meat or food) အဖို့ ငါပေး၏။ သမိုင်းရာစုနှစ်များတစ်လျှောက်မှာ တချို့သော ဗရင်ဂျီဘုန်းကြီးများ၊ ခြိုး ခြံစွာကျင့်တတ်သူများ၊ ယဇ်ပွဲဆရာများဟာ လောကကို မာရ်နတ်ဆိုး တွေလို့ မှတ်ယူပြောဆိုခဲ့ကြတယ်။ အိမ်ထောင်ပြုခြင်းနဲ့ အစားအစာတွေ ဟာ ဘုရားပေးတဲ့ဖန်ဆင်းတော်မူရာဖြစ်တယ်။ ဒါတွေဟာ လူမျိုးဆက် အတွက် ကောင်းသောစီမံချက်တော်များအနက်ကအပိုင်းတွေပါပဲ။ (၁တိ ၄း၄,၅) အရဆိုရင်၊ ဘုရားသခင်ဖန်ဆင်းတော်မူသမျှဟာ ကျေးဇူးတော် ကို သိသောစိတ်နှင့်ခံယူလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အရာရာသည် စင်ကြယ်ခြင်းရှိသဖြင့် အဘယ်အရာကိုမျှ မရှောင်သင့်ပါ ဘူး။ ပေါလုဟာ ဒီမှာ အားလုံးသော ကိုယ်ခန္ဓာအပျော်အပါးသည် မကောင်းဘူး”လို့ ပြောနေကြတဲ့ အယူသီးဝါဒီတွေနဲ့ငြင်းခုန်နေခြင်း ဖြစ် တယ်။ သူက ဘုရားဖန်ဆင်းတော်မူသမျှ ကောင်းတယ်လို့ ဖွင့်ပြတယ်။ ဘုရားသခင်ဟာ သူဖန်ဆင်းထားတဲ့လူတွေအဖို့ဖန်ဆင်းပေးတော်မူသော အစားအစာများကို ကျန်းမာပျော်ရွှင်စွာ စားသုံးကြရန် အလိုတော်ရှိပါ တယ်။ ဒီမှာပြောနေတဲ့အကြောင်းက စင်ကြယ်သောသားမျိုး၊ မစင်ကြယ် သောသားမျိုးကိုမဆိုလို၊ အစားအစာဆိုတာ လောကနဲ့ဆိုင်တဲ့ အပိုင်း တစ်ခုဖြစ်တယ်။ ဘာသာရေးဘုန်းကြီးဆိုင်ရာဘဝကနေ ငြင်းပယ်ပစ် လိုက်ရမလား။ မဟုတ်။ ဘုရားဖန်ဆင်းတော်မူသမျှကောင်းတယ်။

          ကျွန်ုပ်တို့ စားခြင်း၊ သောက်ခြင်းအမှုတွေက ဘာများ ခြားနား စရာ ဖြစ်စေမှာလဲ။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ ဝိညာဉ်ရေးရာဘဝကိုပဲ ကြည့်မှာမဟုတ်ဘူးလား။

          လူသားဆိုတာ ယူနစ်တစ်ခုတည်းပါပဲ။ ရုပ်ပိုင်းကိုထိခိုက်တာ မှန် သမျှသည် စိတ်ပိုင်းနဲ့ဝိညာဉ်ဉာဏ်ကို သွားထိခိုက်တာပါပဲ။ ကျွန်ုပ်တို့ရဲ့ ကိုယ်ခန္ဓာအလေ့အကျင့်ဟာ သွေးလှည့်ပတ်မှုနဲ့ ဦးနှောက်အထိ ရောက် တာပဲ။ ဦးနှောက်ကို သွေးရောက်တာ နည်းပါးတယ်ဆိုရင် ဝိညာဉ်ဉာဏ် ခွဲခြားနားလည်ခြင်းဖြစ်နိုင်ချေနည်းလာပါတယ်။(၁သက် ၅း၂၃)မှာ ပေါလု က “သင်တို့၏ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်း အပြစ်တင်ခွင့်နှင့် ကင်း လွတ်စေခြင်းငှါ စောင့်မတော်မူပါစေ’လို့ ဆုတောင်းပေးတယ်။ (ရောမ ၁၂း၁) မှာလည်းညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာဖြင့် ယဇ်ကို ပူဇော်၍ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ပူဇော်ကြပါ” လို့ ထပ်ပြောပါတယ်။ ရှင်ယောဟန်က ဘုရားသားသမီးများအားလုံးအတွက် ယေရှုအလိုတော်မှာ သင်၏ စိတ်နှလုံးသည် ကောင်းစားသကဲ့သို့ သင် သည် အရာရာ၌ကောင်းစားခြင်းနှင့်ကျန်းမာခြင်းရှိရမည်ဖြစ်ပါတယ်။ (၃ယော - ၂)။ နှုတ်ကပတ်တော်က ပြောပါတယ်။ ကျွန်ုပ်တို့ ကိုယ်ခန္ဓာ အထဲ ဘာအစာဝင်သွားသလဲဆိုတာက ခြားနားခြင်းတစ်ခုကို ဖြစ်စေတာ ပါပဲ။

          ရင်ထဲအကျိုးကိုကြည့်ပြီး စပျစ်ရည်အနည်းငယ်သောက်ပါ” လို့ ပေါလုက တိမောသေကို လမ်းညွှန်ခဲ့တာ ဘာကိုဆိုလိုတာလဲ။

          ဒီကျမ်းချက်က ပေါလုဟာ အပျော်အရက်သောက်ကြဖို့ လမ်းပြ ပြောနေတာမဟုတ်ဆိုတာ အလွန်ရှင်းပါတယ်။ သူကရေကိုပဲ သောက် နေစရာမလိုလို့ ရှင်းပြပါတယ်။ (အရှေ့အလယ်ပိုင်းခရီးသွား ရောက်ဖူး တဲ့လူတွေသိပါတယ်။ သောက်စရာရေရဖို့ အခက်ရှိပါတယ်။) ရင်ထဲ အကျိုးဖြစ်စေဖို့နဲ့ အားနည်းရောဂါကြောင့် စပျစ်ရည်အနည်းငယ် သောက်ပါလို့ ပြောရပါတယ်။ ပေါလုသောက်ခိုင်းတဲ့ စပျစ်ရည်အမျိုး အစားဟာ ဘယ်လိုမျိုးလဲ။ (အချဉ်ဖေါက် စပျစ်ရည်လား၊ ရိုးရိုးစပျစ်ရည် လား။) ဒီမှာ တိမောသေကို ပေါလုနှစ်သိမ့်အကြံပေးခြင်းဟာ ရင်ထဲက အားနည်းရောဂါကြောင့်ဆိုတော့ သိပ်ရှင်းနေပါတယ်။ ပေါလု၏ နှစ်သိမ့် အကြံပေးခြင်းဟာ အပျော်အရက်သောက်ဖို့မဟုတ်ဘဲ၊ ကျန်းမာရေး ဆေးဝါးအတွက်သောက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဆို ဘယ်လိုစပျစ်ရည်မျိုးကို ပေါလုသောက်ဖို့ ထောက်ခံမှာတဲ့လဲ။ တမန်တော်ပေါလုက စပျစ်ရည် ကြံဖန်ရှာသောက်ဖို့ အားပေးမှာတဲ့လား။ “ဖလား၌ နီလျက်၊ အရောင် တောက်လျက်ရှိတဲ့ စပျစ်ရည်ကို မကြည့်နဲ့ (သုတ္တံ ၂၃း၃၁)၊ “အမင်္ဂလာ၊ ဝမ်းနည်း၊ ညည်းတွား၊ ထိခိုက်နာဖြစ်(သုတ္တံ ၂၃:၂၉)၊ လှည့်စားတတ်တဲ့ စပျစ်ရည်မျိုး (သုတ္တံ ၂၀း၁)၊ မူးလာပြီး အမျိုးပျက်မိန်းမကို ကြည့်ရှု၍ စိတ်နှလုံးကောက်သော စကားတွေပြောဆိုခြင်း (သုတ္တံ ၂၃း၃၂,၃၃)၊ ဒါတွေပေါလုအားပေးမှာမဟုတ်။ ကျမ်းစာက စပျစ်ရည် (wine) စကား လုံးအတွက် အချဉ်ဖေါက်သေရည်ကိုသော်လည်းကောင်း၊ ရိုးရိုးစပျစ်ရည် ဖျော်ရည်ကိုသော်လည်းကောင်း ညွှန်းဆိုပြောတတ်ပါတယ်။ (ဟေရှာယ ၆၅း၈)မှာ စပျစ်သီးပြွတ်၌ စပျစ်ရည်အသစ်ကိုတွေ့ခြင်းသည် မင်္ဂလာရှိ၏ လို့ပြောတော့ ရိုးရိုးစပျစ်ရည်၊ စပျစ်သီးကနေ လတ်လတ်ဆတ်ဆတ် အရည်ညှစ်ထုတ်လိုက်တဲ့ဖျော်ရည်ဆိုတာ ရှင်းပါတယ်။ ပွဲတော်တွင် ခွက် ဖလား၌ပေးသောစပျည်ရည်နှင့်ပတ်သက်လို့ ယေရှုက “ဤစပျစ်ရည် မျိုးအသစ်ကို ငါ့ခမည်းတော်၏ နိုင်ငံ၌သင်တို့နှင့်အတူ ငါမသောက်မီနေ့ တိုင်အောင်တစ်ဖန် ငါမသောက်၊ ငါပါဝင်လိမ့်မည်မဟုတ်လို့ ပြောခဲ့ပါ တယ်။ (မဿဲ ၂၆း၂၉)။ ပွဲတော်၌ ပေးရမည့်စပျစ်ရည်ဟာ ခရစ်တော်၏ သန့်ရှင်းသော၊ မညစ်ညူးသောအသွေးကို ကိုယ်စားပြုရသည်ဖြစ်သော ကြောင့် အချဉ်မဖေါက်ရ။ ဘာကြောင့်ဆိုတော့ အချဉ်ဖေါက်ခြင်းဟာ အပြစ်တရားလုပ်ခြင်း သဘောပါနေပါတယ်။ (၁တိ ၅း၂၃)မှာ ပေါလုက တိမောသေကို သူ့ရင်ခေါင်းရောဂါအတွက် စပျစ်ရည်နည်းနည်း၊ စပျစ် သီးဖျော်ရည်မျိုးကိုသောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ရိုးရိုးစပျစ် ဖျော်ရည် ဟာ ခန္ဓာအဖို့ ကျန်းမာရေးကောင်းစေတဲ့အရည် ဖြစ်တယ်။ တကယ် လည်း စပျစ်သီးလတ်လတ်ဆတ်ဆတ် အရည်ညှစ်သောက်ခြင်းဟာ မင်္ဂလာဖြစ်စေတာအမှန်ပဲ။

 


အခန်း - ၂၆

သေခြင်းအနေအထား (The State of Death)

ယော ၁၁း၁၁-၁၄        

ယေရှုဟာ လာဇရုအိပ်ပျော်၏လို့ သေခြင်းကို နှိုင်းယှဉ်ပြောပါတယ်။ ကျမ်းစာထဲမှာ သေတာကို အိပ်ပျော်သည်လို့ အကြိမ် (၅၀) ဖေါ်ပြခဲ့ပါတယ်။

၁သက် ၄း၁၅,၁၆         

ယေရှု၌ အိပ်ပျော်ကြသူများ ကိုယ်တော်၏ ဒုတိယအကြိမ် ကြွလာတော်မူတဲ့အခါ ထမြောက်ကြမည်။

ယော ၅:၂၈,၂၉           ထမြောက်မှုနှစ်ခုရှိပါတယ်။ (အသက်ရှင်ဖို့နဲ့ထပ်                              သေဖို့)

က ၂း၇                     

ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍ သူ၏ နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူ လျှင် လူသည်အသက်ရှင်သော သတ္တဝါဖြစ်လေ၏။ ဘုရားသည် လူအထဲကို ဝိညာဉ်မသွင်း။

ဒေသနာ ၁၂း၇            

ကိုယ်ခန္ဓာသည် နေရင်းမြေ(မြေမှုန်)သို့ ပြန်သွားရ၏။ ဝိညာဉ်စိတ်(Spirit)သည် အရင်ပေးတော်မူသောဘုရား သခင်ထံသို့ ပြန်သွားရလိမ့်မည်။ ကျမ်းစာကဖေါ်ပြထားတာ (Soul) ဝိညာဉ်ဟာ ဘုရားထံပြန်သွားသည်မဟုတ်။ စိတ်(Spirit)သာပြန်သွားခြင်းဖြစ်သည်။

ယောဘ ၂၇း၃            

ဝိညာဉ်စိတ်သည် ဘုရားပေးတော်မူသော ဇီဝအသက်၊ သို့မဟုတ် ဘုရားတန်ခိုးတော် ဖြစ်ပါတယ်။

ဆာလံ ၁၄၆း၃,         

ဘုရားပေးတဲ့အသက် (or Spirit) မြေသို့ ပြန်ရောက်သွားလျှင်၊ လူ၏ အကြံအစည်သည် ပျက်စီးကြ၏။

၁ တိ ၆း၁၆                

လူသည်ထာဝရမဟုတ်၊ ဘုရားသခင်သာလျှင်ထာဝရဖြစ်၏။

ရောမ ၂း၇                 

ကျွန်ုပ်တို့က ထာဝရအသက်ကို ရှာကြသည်။ ကျမ်းစာထဲမှာ ဝိညာဉ်(Soul) စကားလုံးအကြိမ် (၁၆၀၀)သုံးပါသည်။ သို့သော် တစ်ကြိမ်မျှ ထာဝရမသေသော ဝိညာဉ်(Soul) ဟူ၍ ဖေါ်ပြချက်တစ်ကြိမ်မျှမရှိခဲ့ပါ။

၁ကော ၁၅:၅၁-၅၄      

ယေရှုတစ်ဖန်ပြန်ကြွရောက်တော်မူလျှင် ထာဝရအသက်ကို ကျွန်ုပ်တို့ရလိမ့်မည်။

ဆာလံ ၁၁၅း၁၇          

သေလွန်သောသူသည် ထာဝရအသက်ကို မချီးမွမ်းရကြ။

တ ၂း၃၄                   

ဒါဝိဒ်သည် သေသော်လည်း ကောင်းကင်သို့ မတက်သေး။ သို့သော် ယေရှုရောက်လာမည်ကို လည်းကောင်း၊ ရှင်ပြန်ထမြောက်မည်ကိုလည်းကောင်း မြော်မြင်နေပါ၏။

ဆာလံ ၆း၅                

သေလျက်နေစဉ် ဘုရားကိုမသိတော့။

ဒေသနာ ၉း၅             

သေလျက်နေစဉ် ဘာကိုမျှသိတော့တာမဟုတ်။

ယောဘ ၁၉း၂၅,၂၆      

နောက်ဆုံးနေ့မှာ ဖြောင့်မတ်သူများ ဘုရားကိုမြင်ရဖို့ ထမြောက်ကြလိမ့်မည်။

ယေဇ ၁၈:၄               

ပြစ်မှားသော ဝိညာဉ် (လူပုဂ္ဂိုလ်)သည် အသက်သေရမည်။ ရောမ၆း၂၃ အပြစ်၏ အခသည် သေခြင်း။ သေလျှင်အသက် မရှိ။ ဘုရားပေးတဲ့ ဆုကျေးဇူးတော်ကား ထာဝရအသက်ပေတည်း။

၂တိ ၄း၇,                

တမန်တော်ရှင်ပေါလုသည် သူ၏ နောက်ဆုံးဆုအဖြစ် သခင်ဘုရားကြွလာတော်မူမည်ကို စောင့်နေ၏။

 

ဗျာ ၂၂း၁၂                 

ယေရှုကိုယ်တော် ပြန်ကြွလာတော်မူသောအခါကိုယ်တော်သည် အကျိုးအပြစ်ဆုကို ဆောင်ယူလာပေမည်။

 


အခန်း - ၂၇

သေခြင်းကိစ္စမေးတတ်တာတွေ

          ပေါလုက (၂ကော :,၈)မှာ “ခန္ဓာနှင့်ကွာဝေးရာအရပ်သို့ သွား ၍ သခင်ဘုရားနှင့်အတူ ရှိ၏” လို့ ထုတ်ပြောတာ ဘာအဓိပ္ပါယ်လဲ။

          (၂ကော ၅း၁-၁၁) အထိ ပေါလုက ဖျားနာနိုင်၊ သေနိုင်၊ ရောဂါ ရနိုင်တဲ့မြေကြီးကိုယ်ခန္ဓာကို ဘုရားသခင်ကျွန်ုပ်တို့အတွက် ပြင်ဆင်ပေး ထားတဲ့ဘုန်းတန်ခိုးနှင့်အတူ ထာဝရမသေနိုင်သောထက် အရပ် ကောင်း ကင်သို့ ဝင်စားသောကိုယ်ခန္ဓာနှင့် ခိုင်နှိုင်းပြောနေခြင်းဖြစ်တယ်။ “ခန္ဓာ နှင့်ကွာဝေးရာအရပ်သို့”ဟု ထုတ်ဖေါ်ပြောတာက မြေကြီးအနာတွေနဲ့ သေရမည့်ကိုယ်ခန္ဓာမှခွဲရမည့်သဘောဖြစ်တယ်။ “ဘုရားနှင့်အတူရှိ၏ဟုဆိုသည်မှာ ယေရှုဒုတိယကြွလာတော်မူတဲ့အခါ မသေသော ခန္ဓာနှင့် ဘုန်းတော်အောက်ရောက်ရသည့်သဘောဖြစ်တယ်။ (၂ကော ၅း၄)မှာ “သေတတ်သောအရာကို အသက်ရှင်ခြင်း၌ ဆုံးရှုံးစေခြင်းငှါ တမ်းတ တယ်လို့ ရှင်ပေါလုက သဲလွန်စပေးရေးခဲ့ပါတယ်။ ဒီစကားတွေဟာ လည်း အလျင်ကပေါလုရေးခဲ့တဲ့ (၁ကော ၁၅း၅၁-၅၄) ‘ပုပ်တတ်သော အရာသည် မပုပ်နိုင်သောအဖြစ်သို့လည်းကောင်း၊ သေတတ်သောအရာ သည် မသေနိုင်သောအဖြစ်သို့လည်းကောင်းဝင်စားခြင်းပဲဖြစ်တယ်။ (၂ကော ၅)သည် (၁ကော ၁၅) အတိုင်းပဲ ရှင်ပေါလုက ယေရှု “ဒုတိယ အကြိမ်ကြွရောက်တော်မူသောအခါ အပ်နှင်းခံရမည့် မသေနိုင်သော အသက်ကို တမ်းတမြော်မြင်ခြင်းဖြစ်ပါတယ်။ (၂တိ ၄း၆-၈ ဖတ်ကြည့် ပါ။)

          သေသူဟာ အိပ်ပျော်တယ်ဆိုတော့၊ အင်္ဒေါရမြို့က နတ်ဝင်သည် မိန်းမဟာ ဘုရင်ရှောလုနဲ့စကားပြောဖို့ သေသွားပြီးတဲ့ ပုရောဖက် ရှမွေ လကို မြေကြီးထဲက ဘယ်လိုခေါ်ထုတ်လာနိုင်သလဲ။

          ဒီဇာတ်လမ်းကို လေ့လာကြည့်ဖို့ရာ အရေးကြီးတဲ့အကြောင်း (၃) ချက်ရှိပါတယ်။

၁။       OT ခေတ်ကာလတစ်လျှောက် ထာဝရဘုရားသခင်ပညတ်တော် မူချက်ဟာ အောက်လမ်းမှော်အတတ်သင်သူများကို ဣသရေလလူမျိုး တို့၏ နယ်မြေမှနှင်ထုတ်ခြင်း၊ အသေသတ်ခြင်းလုပ်ဖို့အမိန့်ပညတ်ခြင်း ပြုခဲ့တယ်။ ဘုရားစကားတော်ဟာ အားလုံးသော ဝိညာဉ်ဆိုးမှော်အတတ် ကို နတ်ဆိုးပညာနဲ့စာတန်တန်ခိုးရယ်လို့ ဖွင့်ထုတ်ပြပေးခဲ့တယ်။ (တရား ၁၈း၁၀-၁၅။ ဟေရှာ ၄၇း၁၃,၁၄)။

၂။       ဘုရင်ရှောလုဟာ ပုရောဖက်ရှမွေလရဲ့ အကြံပေးခြင်းတွေကို ငြင်းပယ်ထုတ်ခဲ့ပြီးပြီ။ ရှောလုဟာ ထာဝရဘုရားကို မေးသော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ (၁ရာ ၂၈၆)။ ရှေလုက အင်္ဒေါရ နတ်ဝင် သည် မိန်းမကို သွားရှာတွေ့ရလောက်အောင် တကယ့်အကြောင်းက၊ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဆီက သူဘာမျှအဖြေမရဖြစ်နေလို့ပဲ။ အဲဒီမှာရှောလုတွေ့ခဲ့တာ ရှမွေလမဟုတ်။ ကျမ်းစာက ကြေညာပြောတာ အသေအချာဖတ်ပါ။ အငယ်-၁၃,၁၄ မှာ “မိန်းမက မြေကြီးထဲက ဘုရား တက်လာသည်ကိုမြင်၏လို့ပြောတော့၊ ရှောလုဟာ“ရှမွေလဖြစ်ကြောင်း သဘောပေါက်ယူလိုက်တာပဲ ဖြစ်တယ်။ (ဒေသနာ ၉း၅)အရ ‘သေသူ ဘာမျှမသိတော့’ဟု ဆိုထားတော့၊ စာတန်ဟာချစ်ရတဲ့သေသူ တစ် ယောက်ယောက်ရဲ့ ပုံသဏ္ဌာန်နဲ့တကွ အသံကိုပါယူ၍ အယောင်ဆောင် ထွက်လာတာပဲဖြစ်တယ်။ (ဗျာ ၁၆း၁၄)။

၃။       အင်္ဒေါရနတ်ဝင်သည် မိန်းမကို သွားတွေ့ခဲ့တဲ့ ရှောလုဘုရင်၏ ရလဒ်ကြီးကတော့၊ နောင်တမရခဲ့၊ အပြစ်ဝန်မခံတတ်၊ စိတ်ညစ်ပြန်လာ ပြီး အားမရှိတဲ့ဘဝပဲ ရလိုက်တယ်။ နောက်သေရ၏။ ( ၁ ရာ ၂၈း၁၆, ၂၀,၂၁။ ၂၁:၃,,,၁၀)။ စာတန်၏ အလှည့်ခံလိုက်ရတဲ့ရှောလုဟာ နတ် ဆိုးထံ သူ့ဝိညာဉ်ကိုအပ်ပစ်ခဲ့ရတယ်။

          ပေါလုကစုတေ့၍ ခရစ်တော်နဲ့ အတူနေခြင်းငှါ တောင့်တလို ချင်သောစိတ်ရှိ၏။ သေလျှင်မူကားသာ၍ အကျိုးရှိ၏လို့ (ဖိ ၁:၂၁,၂၃) ၌ ရေးသားချက်အရ လူတစ်ဦးချင်းစီဟာ သေလျှင် ကောင်းကင်ဘုံကို တိုက်ရိုက်ရောက်၏လို့မဆိုလိုဘူးလား။

          သမ္မာကျမ်းစာဟာ သူ့၌ဝိရောဓိမဖြစ်ပါဘူး။ ပေါလုဟာ တစ်နေ ရာမှာ တစ်မျိုးရေးပြီး၊ နောက်တစ်နေရာမှာ တစ်မျိုးမရေးပါဘူး တမန် တော်ပြောတာရှင်းပါတယ်။ ခရစ်တော်ဒုတိယကြွလာတဲ့အခါ ဖြောင့်မတ် ခြင်းတရားနဲ့ သေသူများဟာ ထာဝရအသက်ဆုလက်ခံရယူဖို့အတွက် ထမြောက်ကြလိမ့်မယ်။ (၁သက် ၄း၁၆-၁၇။ ၁ကော ၁၅း၅၁-၅၄)။ ရှင်ပေါ လုထောက်ပြတဲ့ဩဝါဒစာ (ဇိ ၃း၂၀-၂၁)မှာ “ငါတို့ကျင့်သော အကျင့်မူ ကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည်မျှော်လင့်လျက်နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသောအရာ ကိုပင် မိမိအောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအားဖြင့် ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင် ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော်၏ နည်းတူဖြစ်စေခြင်းငှါ အသစ်ပြင်ဆင်တော်မူလတ္တံ့” ဟု ရေး၏။ နောက်တစ်ဖန် ခရစ်တော် ဒုတိယအကြိမ်ကြွလာတော်မူ မည်ကိုမြော်မြင်ပြီး၊ တိမောသေဆီစာရေး ပို့ခဲ့တယ်။ ဒီမှာလည်း ပေါလု ဟာ ရောမထောင်ထဲကနေ ကြွေးကြော်ခဲ့ပါတယ်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသော လမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့ သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူ သော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့်တသော သူအပေါင်းတို့၌လည်း အပ်ပေး တော်မူမည်။” (၂တိ ၄း၇-၈)။ ပေါလုဟာ ယေရှုပြန်ကြွလာမည်ကို မျက်နှာချင်းဆိုင်မြင်လိုသော စိတ်အာရုံနဲ့ ထာဝရနေလိုကြောင်း တမ်း တမ်းတတရှိနေတာဖြစ်တယ်။ ဟုတ်ပါ၏။ သေရင်သာ၍ အကျိုးရှိပေ တယ်။ ဘာကြောင့်လဲဆိုတော့ သည်းမခံနိုင်လောက်အောင် အားနည်းနေ တဲ့ခန္ဓာကိုယ် ဝေဒနာကနေလွတ်လပ်ချင်လို့၊ ရောမအကျဉ်းထောင်ထဲက နေအချည် အနှောင်ခံထားရာကနေ ဖြေလွှတ်ခံရချင်လို့၊ နောက်စာတန် ၏ ဖြားယောင်းသွေးဆောင်မှုမှ လုံခြုံမှုရတဲ့နေရာရောက်လိုနေသူ ပေါလု ဖြစ်တယ်။ ပေါလုအတွက်တော့ အချိန်မရွေးသေခြင်းနဲ့ အိပ်စက်နေလိုပါ ပြီ။ သူမျှော်လင့်တဲ့ နောက်အရာတစ်ခုကတော့ သေခြင်းနှင့်အိပ်စက်ပြီး သူ့ မျက်လုံးပိတ်တဲ့အခါ “စုတေ့၍ ခရစ်တော်နဲ့အတူနေလိုခြင်း ဖြစ်ပါ တယ်။ သေခြင်းနှင့် ခရစ်တော်ဒုတိယကြွလာခြင်းအကြား အချိန်ကာလ အသိမရှိသောကြောင့်၊ ပေါလုအဖို့မှာ သေခြင်းသည် မျက်စိပိတ်၍အိပ်နေ သည်အဓိပ္ပါယ်နှင့် သူ့သခင်နဲ့ အတူတကွ ပြန်လည်နိုးထခြင်းသာ ဖြစ်ပါ တယ်။

          သူဌေးကြီးနဲ့ လာဇရုဇာတ်လမ်းမှာ သူဌေးကြီးက ချက်ချင်းကို ငရဲရောက်သွားပြီး၊ လာဇရုက ကောင်းကင်ဘုံ ရောက်နေတယ်။ သေတဲ့ လူတွေဟာ အိပ်ပျော်တယ်လို့ဆိုရင် ဒီပုံဥပမာအားဖြင့် ဘယ်လိုရှင်းပြရ မလဲ။

          ဒါဟာ ပုံဥပမာတစ်ခုရယ်လို့ မြင်မိဖို့ အရေးကြီးပါတယ်။ ယေရှု ပုံဥပမာအားဖြင့်ပြောတာ အခုဟာက (၅)ခုမြောက်ပါ။ [ပျောက်သော သိုး၊ ပျောက်သော ငွေဒင်္ဂါး၊ ပျောက်သော သားဆိုး (လု ၁၅)၊ အလုပ်ပြုတ် ဘဏ္ဍာစိုး (လု ၁၆း၁-၁၁)။ ပုံဥပမာအားဖြင့် ပြောရတာ လူ့အကျင့် စည်းမျည်းတွေကို သွန်သင်ဖို့ ပုံစံချထားတာဖြစ်တယ်။ ပုံပမာတိုင်းကို အတိအကျ တိုက်ရိုက်အဓိပ္ပါယ်ယူဖို့ မဟုတ်ပါဘူး။ ဥပမာပြောရရင် - ကျွန်ုပ်တို့မှာ သိုးမွေးမထွက်၊ ခြေလေးချောင်းပေါက်သိုးလည်း မဟုတ်ပါ ဘူး။ ငွေဒင်္ဂါးလို သတ္တုလည်းမဟုတ်။ မေးရမှာက ပုံဥပမာတိုင်းဟာ ဘာ ကိုယ်ကျင့်တရားကြီးတွေကို သင်ခန်းစာပေးနေသလဲ။ ယေရှုက ကျွန်ုပ် တို့ကို ကြိုးစားသွန်သင်ပေးတဲ့သင်ခန်းစာကို နားလည်ဖို့ထက်၊ ပုံဥပမာ အသေးစိတ် အတိအကျအဓိပ္ပါယ်ကောက်ယူဖို့ လုပ်နေရင် အခက်ကြီး ခက်ပေတော့မည်။ ကဲ- သူဌေးကြီးနဲ့လာဇရုဇာတ်လမ်းဟာ အမှန်အတိ အကျဖြစ်တယ်လို့ မှတ်ယူစဉ်းစားကြည့်ရအောင်။ လူတွေတကယ်ပဲငရဲနဲ့ ကောင်းကင်ဘုံအကြား စကားပြောလို့ ပေါက်သလား။ ကောင်းကင်ဘုံ ရောက်နေတဲ့လူတွေဟာ ငရဲကို လှမ်းမြင်နေရမှာလား။ ငရဲက လူတွေ အော်ဟစ်ငိုယိုနေတာကိုလည်း ကြားကြရနိုင်မလား။ ဝိညာဉ်ရုပ်မှာ တကယ်ပဲလက်ချောင်းတွေ၊ လျှာတွေရှိသလား။ အာဗြဟံကတော့ သူ့ဆီ ရောက်လာတဲ့လူတိုင်းကို ဖက်သိမ်းထားနိုင်တဲ့ ရင်ခွင်အကြီးကြီး ရှိရမှာ ပဲ။ ပုံဥပမာတွေကို အတိအကျနားလည်ယူရင် အလွန်ကြီးတဲ့ပြဿနာ များကို ဖန်တီးယူလိုက်တာပါပဲ။ ကောင်းကင်ဘုံရှိတဲ့နေရာကလည်း ကျွန်ုပ်တို့ရဲ့ မိတ်ဆွေများ ငရဲရောက်သွားတာ၊ တစ်သမတ်တည်းဒုက္ခ ခံစားနေရတာတွေကို လှမ်းမြင်ရတဲ့နေရာဆိုတော့ ကြောက်စရာနေရာ ဖြစ်ရော။ ယေရှု ဒီပုံဥပမာကို ဘာကြောင့်ပြောရသလဲ။ ကိုယ်တော် သွန် သင်ပေးလိုတဲ့ သင်ခန်းစာကဘာလဲ။ ဂျူးတွေမှာ ပြောနေကျ ပုံပြင်တစ်ခု ရှိတယ်။ သေတာအမှောင်လွှမ်းတဲ့ ချိုင့်ဝန်းတစ်ခုသို့ရောက်ရပြီး၊ ကယ် တင်ခံရဖို့ဆိုရင် အဘအာဗြဟံရင်ခွင်ထဲကို လုံလုံခြုံခြုံရောက်သွားဖို့နဲ့၊ ထာဝရပျောက်ဆုံးတာက ပျက်စီးခြင်းကိုသွားတာလို့ ပုံဖေါ်ကြပါတယ်။ ယေရှုက ဒီပုံပြင်ကိုသုံးပြီး၊ သင်ခန်းစာ(၃)ခု သွန်သင်ပါတယ်။ ပထမ အချက်၊ ဂျူးတွေရဲ့ယုံကြည်မှုက ချမ်းသာခြင်းသည် ဘုရားမျက်နှာပေး ခြင်း၊ ဆင်းရဲခြင်းဟာ ဘုရားမျက်နှာမပေးခြင်းသင်္ကေတအဖြစ် မှတ်ယူ ကြတယ်။ ဒီပုံဥပမာအရ ဂျူးတွေအထင် ဘုရားကောင်းချီးပေးထားတဲ့ ချမ်းသာခြင်းက ငရဲနဲ့အဆုံးသတ်ထားတယ်။ ဆင်းရဲသားကို ကောင်းကင် ဘုံပို့ထားတယ်။ ယေရှုဟာ မျှော်လင့်ထားတဲ့အဖြေကို ပြောင်းပြန်လုပ် ထားလိုက်တယ်။

၁။       ချမ်းသာတယ်ဆိုတာ လောဘကြောင့်ရတာ။ မရိုးမသားနဲ့ ဆင်းရဲ သားတွေဆီက ခေါင်းပုံဖြတ်ရိတ်လာလို့ ဘုရားမျက်နှာသာပေးခြင်း လုံး လုံးမရနိုင်ပါဘူး။

၂။       အဲဒီပုံဥပမာထဲမှာ အလွန်နက်သော ချောက်ကြီးတစ်ခုရှိတယ်လို့ ဖေါ်ပြထားတယ်။ ယေရှုပြောလိုတာက လူသေပြီးရင် ကယ်တင်ခံရဖို့ ဒုတိယအခွင့်အရေးမရနိုင်ကြောင်း ရှင်းရှင်းသိစေလိုက်တာ ဖြစ်တယ်။ အသက်ရှင်စဉ် ဆုံးဖြတ်ခံယူခြင်းဟာ ကျွန်ုပ်တို့၏ ထာဝရဦးတည်ချက်ပဲ ဖြစ်တယ်။

၃။       ယေရှု ညွှန်ပြပြောဆိုတာက ဖါရိရှဲတွေဟာ ကယ်တင်ခြင်းခံယူဖို့ ဘုရားနှုတ်ကပတ်တော်သွန်သင်မှုကို ငြင်းပယ်နေခဲ့ကြလို့၊ အခုအခါ တစ်ယောက်ယောက်က သေခြင်းမှ ထမြောက်ပြီး၊ သဘာဝလွန်ထူးဆန်း စွာနဲ့ သူတို့ကိုသွားပြောလည်း သူတို့ငြင်းပယ်ကြလိမ့်မယ်ဆိုတာပါ။

          ဂျူးတွေဟာ နိမိတ်လက္ခဏာပြဖို့ ယေရှုကို အမြဲတောင်းဆိုကြ တယ်။ ကိုယ်တော်က အကြီးမားဆုံးနိမိတ်တစ်ခုကို ပြလိုက်တယ်။ မကြာ ပါဘူး။မိတ်ဆွေလာဇရုကိုသေခြင်းမှ ထမြောက်စေပြီးခေါ်ယူလိုက်တယ်။ (ယော ၁၁း၁၁-၁၄,၄၃,၄၄)။ ဖြစ်လာတာကတော့ ဂျူးတွေဟာ ခြိမ်း ခြောက်မှုပြုပြီး လာဇရုကို သတ်ဖို့ကြိုးစားကြတယ်။ (ယော ၁၂း၁ဝ)။ ယေရှုကိုလည်း အလွန်စိတ်ဆိုးကြတယ်။ သူတို့ဟာ အလွန်လှည့်စားခံ နေရလို့လည်း ယေရှုကိုသတ်ဖို့ ကြံစည်လာကြတယ်။ သူတို့ကျမ်းစာ ဖတ်ကြတာ မျက်စိဖုံးလို့ အနက်ကို သဘောမပေါက်ကြဘူး။ (၂ ကော ၃း၁၄၊ ၁၆)။ “ထိုကျမ်းစာအားလုံးသည်ပင်ယေရှုကို သက်သေပေးနေ တာကို သူတို့သဘောမပေါက်နိုင်ကြဘူး။ (ယော ၅း၉)။ ယေရှုက လာဇရု ကို သေခြင်းမှထမြောက်စေလိုက်တဲ့အခါ သူတို့မယုံကြဘူး။ (လု ၁၆း၃၁) ထဲမှာ ယေရှုပြောထုတ်လိုက်တဲ့စကားဟာ ပုရောဖက်ပြုချက်ပဲ။ “သူတို့ သည် မောရှေ၏ စကား၊ ပုရောဖက်တို့၏ စကားကို နားမထောင်လျှင်၊ တစ်ယောက်သောသူသည် သေခြင်းမှထမြောက်သော်လည်း မယုံကြည် နိုင်ကြဟု အာဗြဟံဆိုသည်ဟု မိန့်တော်မူ၏။” ဘယ်လောက်ကောင်းတဲ့ ဖြေရှင်းချက်လဲ။ အထူးသတိပေးခြင်းပဲပေါ့ ကျမ်းစာဟာ ကျွန်ုပ်တို့ အတွက် နောက်ဆုံးအစိုးရခြင်းပဲ။ ယေရှုဟာ ဂျူးတွေ အမြဲပြောနေတဲ့ ပုံပြင်ကို အသုံးပြု၍ သမ္မာတရားတန်ခိုးကို သရုပ်ပြလိုက်တာ။ ပြောရရင်၊ ကျမ်းစာကျမ်းချက်အားလုံးဟာ လှလှပပ လိုက်လျောညီညွတ်ပါတယ်။

          (ဗျာ ၆:၉-၁၁) ထဲမှာ ယဇ်ပလ္လင်အောက်က ဝိညာဉ်များစွာဟာ “သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသော သူတို့သည် ငါတို့အသွေးကို သွန်းကြသောအပြစ်နှင့်အလျောက် ဒဏ် မပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံး နေတော်မူမည်နည်း” ဟု ကြီးသောအသံနှင့် ကြွေးကြော်နေကြတာဟာ ဘာအဓိပ္ပါယ်ပါလဲ။

          လူကိုယ်စားပုံဆောင်ခိုင်းနှိုင်းပြောဆိုခြင်းဟာသင်္ကေတပြစကားနဲ့ အခြေအနေတစ်ရပ်ကိုဖေါ်ပြဖို့ ကျမ်းစာက သုံးနေကျစနစ်တစ်ခုပဲ။ ကာဣနက အာဗေလကိုသတ်လိုက်တော့ ကာဣနကို ဘုရားသခင်ပြော တယ်။ “သင့်ညီအသွေး၏ အသံသည် မြေထဲက ငါ့ကို အော်ဟစ်လျှက်ရှိ သည်တကား”(က ၄း၁၀)။ အာဗေလ၏ အသွေးက တကယ်စကားပြော ထုတ်သလား။ မဟုတ်၊ တိုက်ရိုက်မဟုတ် ဒီစကားဟာ နစ်နာသူ အသေခံ အာဗေလကို ဘုရားသခင်အမှန်ချစ်လို့ စာနာကြင်နာမှုပေးခြင်းနဲ့ ကာဣ နတစ်ယောက် သူ့အပြစ်အတွက် သူ၌တာဝန်ရှိမှုကို ပြောပြသိစေလိုက် တာဖြစ်တယ်။ (ဟေဗြဲ ၁၂း၂၄)မှာယေရှု၏ အသွေးသည် အာဗေလ အသွေးပြောသော အရာထက် သာ၍ မြတ်၏” လို့ပြောတယ်။ အပြစ် လွှတ်ခြင်း၊ သနားကြင်နာခြင်း၊ ရွေးနုတ်ကယ်တင်ခြင်းကို ပြောနေတာ ဖြစ်တယ်။ တကယ်တော့ ယေရှု၏ အသွေးဟာ စကားသံနဲ့ပြောထွက်နေ တာမဟုတ်ပါ။ဒီစကားဟာဘုရားသခင်၏ရွေးနုတ်ကယ်တင်ခြင်းသတင်း ကို ပြောပြတာဖြစ်တယ်။ (ဗျာ ၆)မှာ ကာလတစ်လျှောက် သစ္စာရှိရှိ အသေခံခဲ့ကြတဲ့ကိုယ်တော်ရဲ့လူတွေကိုကိုယ်တော်မမေ့မလျော့ကြောင်း ထင်ရှားစွာပြောဆိုနေပါတယ်။ သူတို့ရဲ့ အသွေးတွေဟာ သူတို့ကို သတ် ဖြတ်ခဲ့ကြသူတွေအပေါ် တရားစီရင်ခြင်း လုပ်ပေးဖို့အတွက်နှင့် သစ္စာခံသူ သူတို့အပေါ် ထာဝရအသက်ဆုပေးဖို့အတွက် ဘုရားသခင်အား ကြွေး ကြော်နေကြကြောင်း သင်္ကေတပြခြင်း ဖြစ်တယ်။ ကျမ်းစာထဲမှာ ဝိညာဉ် ဆိုတဲ့စကားလုံးဟာ မကြာမကြာလူ၊ ပုဂ္ဂိုလ်ဟူ၍ အဓိပ္ပါယ်ရပါတယ်။ (ရောမ ၁၃း၁။ ယေဇ ၁၈:၄။ တ ၂၇:၃၇) ‘အသက်တာဘဝ’လို့လည်း အဓိပ္ပါယ်ရပါတယ်။ (ဟေဗြဲ ၁၃း၁၇။ ၁ ပေ ၄း၁၉။ မဿဲ ၁၀း၂၈) ပြောရ ရင်၊ (ဗျာ ၆း၉,၁၀)ကို ဒီလိုဖတ်သင့်တယ်။ “ယေရှုအတွက် အသေခံခဲ့ ကြသော ထိုသူတို့၏ အသက်တာဘဝများသည် အာဗေလသွန်းသော အသွေးကဲ့သို့ အမှတ်အသားရှိသောကြောင့်၊ တရားစီရင်ပေးရန် မြေကြီး ထဲမှ ကြွေးကြော်တောင်းဆိုနေကြကုန်၏။” နောက်ဆုံးသောတရားစီရင် ခြင်းရောက်လာပါလိမ့်မည်။ ထာဝရဘုရားကိုယ်တော်တိုင် အရာအားလုံး ကို ဖြောင့်မတ်စေပါမည်။

 ဝိညာဉ်သည် မသေသောထာဝရဖြစ်ပါသလား။

          ကျမ်းစာထဲမှာ ဝိညာဉ်(soul)စာလုံးကို အကြိမ်(၁၅၀၀)လောက် သုံးထားပါတယ်။ သို့သော် တစ်ကြိမ်တစ်ခါမျှ ‘မသေသောထာဝရဝိညာဉ်ဟုမရေးခဲ့ပါ။ ထာဝရဆိုတဲ့စကားလုံးက မသေသောသဘောဖြစ်တယ်။

ထာဝရဆန့်ကျင်ဘက်က အနတ္တပါပဲ။ အနိစ္စနဲ့သေကြရမယ်။ပြစ်မှား သော ဝိညာဉ်သည် အသက်သေရမည်လို့ (ယေဇ ၁၈း၄)မှာ ကျမ်းစာ၌ ထုတ်ပြောပါတယ်။ ယေရှုက “ကိုယ်ခန္ဓာနဲ့ စိတ်ဝိညာဉ်နှစ်ခုစလုံးဟာ ငရဲရောက်နိုင်တယ်လို့ပြောပါတယ် (မဿဲ ၁၀း၂၈)။ ထာဝရဆိုတာက ဘုရားသခင်၏ အဖြစ်တော်နဲ့သာဆိုင်ပါတယ်။ “မရဏာနဲ့ကင်းသောသူ ဘုရားသခင်တစ်ဆူတည်းရှိကြောင်း(၁တိ ၆း၁၅,၁၆)မှာ ပြောပါတယ်၊ စာတန်ဟာ ဧဒင်ဥယျာဉ်ထဲမှာ သေခြင်းအကြောင်းနဲ့ မုသားစတင်ပြော တာပဲ။ စာတန်မာရ်နတ်က မနာခံခြင်းဟာ သေရဖို့မဟုတ်၊ ဘဝမြင်မယ် လို့ လိမ်ထုတ်ပြောတယ်။ “သင်တို့ အမှန်သေရလိမ့်မည်မဟုတ်” (က ၃း၄)။ ဘုရားနှုတ်ကပတ်တော်အမှန်က “အပြစ်တရား၏အခဟာ သေ ခြင်း” (ရောမ ၆း၂၃)။ သေလျှင် ဘဝမရှိတော့။ အပြစ်တရားဟာ ငရဲမှာ ထာဝရသေခြင်းနဲ့သွင်းယူလာတာ မဟုတ်သေးဘူး။ လုံးဝပျက်စီးခြင်းနဲ့ ဘုရားသခင်၏ ရှေ့တော်မှောက်ကနေ လုံးလုံးဖယ်ထုတ်အပြစ်ပေးလိုက် တာပဲဖြစ်တယ်။ ကျမ်းစာထဲမှာကရှင်းပါတယ်။ လူဟာ သေမျိုးဖြစ်တယ်။ (ယောဘ ၄း၁၇)။ ကျွန်ုပ်တို့ကလည်း မဖေါက်ပြန်မပျက်စီးခြင်းကို ရှာနေ ကြတယ်။ (ရောမ ၂း၇)။ ဖြောင့်မတ်စွာနေသူတို့ဟာ သခင်ဘုရား ဒုတိယ ကြွလာတော်မူလျှင် မသေနိုင်သောဘဝကို ဆုအဖြစ်ရကြလိမ့်မည် (၁ကော ၁၅း၅၁-၅၄)။ အပြစ်သားတွေကတော့ သူတို့နဲ့ဆိုင်တဲ့ ထာဝရဆု ကို သူတို့လည်းရကြလိမ့်မယ်။ “ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်း ကို ဖွားတတ်၏” (ယာကုပ် ၁း၁၅)။ ရွေးချယ်ကြရမှာက ထာဝရအသက် နှင့် ထာဝရသေခြင်းပါပဲ။

          ပေတရုက ခရစ်တော်အကြောင်းပြောတဲ့အထဲမှာ ကိုယ်တော် သည် ထောင်ထဲ၌ လှောင်ထားတဲ့ဝိညာဉ်တို့ကို တရားဟောပါ၏ဆိုတာ ပေတရု ဘာကိုဆိုလိုတာလဲ။ (၁ပေ ၃:၁၉)

          ဒီစာသားကို သဘောပေါက်ဖို့ဆိုရင် စာပိုဒ်တစ်ခုလုံးဖတ်ဖို့ လိုပါ လိမ့်မယ်။ (၁ပေ ၃း၁၈-၂၂)။ အငယ်-၁၈မှာ ဖွင့်ထားတာထာဝရ ဘုရား၏ တစ်ပါးတည်းသော သားတော်ဖြစ်သော ယေရှုခရစ်ဟာ ကျွန်ုပ်တို့ အပြစ် အတွက်အသေခံခဲ့ရပြီး၊ ဝိညာဉ်တော်အားဖြင့် ‘အသက်ရှင်ခြင်း’ သို့ ရောက်ခဲ့သည်။ အငယ်-၁၉ ဆက်ရေးတာက ထပ်တူ ထိုဝိညာဉ်တော်ဟာ ထောင်ထဲ၌ လှောင်ထားတဲ့ဝိညာဉ်တွေကို သွားတရား ဟောတာဖြစ် တယ်။ ကိုယ်တော်ဟာ အဲဒီထောင်ထဲက ဝိညာဉ်တွေကို ဘယ်တုန်းက သွားတရားဟောရပါသလဲ။ အဲဒီထောင်ထဲက ဝိညာဉ်တွေဟာ ဘယ်သူ တွေလဲ။ အငယ်-၂၀ မှာပြောတယ်။ နောဧလက်ထက်က၊ စာတန်မာရ် နတ် စိတ်သက်သက်နဲ့ဆက်နေတဲ့လူယောက်ျား၊ လူမိန်းမတွေဖြစ်တယ်။ သူတို့တစ်တွေဟာ စာတန်မာရ်နတ်စိတ်ဝိညာဉ် အချည်အနှောင်ခံကြရ တဲ့သူတွေ။ ယေရှုကိုသေခြင်းမှ တိုက်ရိုက်ထမြောက်စေတော်မူခဲ့တဲ့ ထို သန့်ရှင်းသောဝိညာဉ်တော်ကပဲ၊ နောဧလက်ထက်၌ ဝိညာဉ်အသေဖြစ် တဲ့ စာတန်မာရ်နတ်စိတ်ဝိညာဉ်မျိုးရှိကြသူ လူယောက်ျား၊ လူမိန်းမတွေ ကို ဝိညာဉ်ရေးရာအသက်ရှင်ခြင်းသို့ရောက်လာဖို့ စာနာ ပြောဆိုနေတာ ဖြစ်တယ်။ ခရစ်တော်၏ဝိညာဉ်တော်ဟာ ဧဝံဂေလိတရားကို ပုရောဖက် များအား ဟောပြောစေတော်မူခြင်းအားဖြင့်၊ ဝိညာဉ် ရေးရာထောင်ထဲကျ ၍ ပိတ်မိနေသူတို့အား ဟောပြောနေခြင်းဖြစ်၏။ (၁ပေ ၁း၁၀-၁၂)။ စွမ်းအားကြီးတော်မူသော ဝိညာဉ်တန်ခိုးတော်သည် အပြစ်တရား၏ လှောင်အိမ်ကိုဖွင့်၍ အပြစ်ထောင်ကျနေသူများကို လွှတ်စေ၏(ဟေရှာ ၆၁း၁)။ (၁ပေ ၃း၂၁)က ပို၍ပင် ရှင်းလင်းစွာ သရုပ်ပြပေးပါတယ်။ ရေ လွှမ်းသောအဖြစ် ကြုံရခြင်းဟာ ဗတ္တိဇံခံခြင်းနှင့်အဆက်ဖြစ်၏။ သန့်ရှင်း သောဝိညာဉ်တော်ဟာ ယေရှုကို သေခြင်းမှအသက်ရှင်ခြင်းသို ထမြောက် စေတော်မူသကဲ့သို့၊ ထိုသန့်ရှင်းသောဝိညာဉ်တော်သည်ပင် နောဧ မိသား စုကို လှေသင်္ဘောအထဲသို့ ရောက်စေပြီး၊ သေခြင်းမှ စောင့်ရှောက်၍ အသက်ရှင်ခြင်းသို့ရောက်စေခဲ့သည်။ ဒါကြောင့် သန့်ရှင်းသောဝိညာဉ် တော်ဟာ ဝိညာဉ်ရေးအသက်ရှင်ဖို့နိုးထစေပြီး၊ လူယောက်ျား၊ လူမိန်းမ တို့ရဲ့ ဒုစရိုက်များကို စီရင်ခြင်း၊ အသက်တာဘဝများကိုပြောင်းလဲစေ သော တန်ခိုးကိုရ၍ ဗတ္တိဇံတရား၏ ရေထဲမှ သူတို့ကိုထမြောက်စေပါ သည်။ နောဧလက်ထက်က ဝိညာဉ်တော်သည် လူယောက်ျား၊ လူမိန်းမ တို့ကို သေခြင်းမှအသက်ရှင်ခြင်းသို့ ပို့ခဲ့၏။ ယနေ့တွင်လည်း ဝိညာဉ် တော်ဟာဝိညာဉ်ရေးရာထောင်ထဲလှောင်ပိတ်ခံနေကြရတဲ့လူယောက်ျား လူမိန်းမတို့ကို သေခြင်းမှ အသက်ရှင်ခြင်းသို့ ရောက်စေပါတယ်။ ဒါမျိုး ဖြစ်တာအကုန်လုံးဟာ ရှင်ပြန်ထမြောက်ခဲ့တဲ့ ခရစ်တော်၏ စွမ်းအား တန်ခိုးတော်ကြောင့်ဖြစ်ပါတယ်။

 

လူဝင်စားခြင်းအကြောင်း ကျမ်းစာဘာသွန်သင်ပေးသလဲ။

လူဝင်စားတယ်၊ လူပြန်ဖြစ်တယ်ဆိုတာ ဥပစာနှစ်ရပ်အပေါ် အခြေခံဖြစ်လို့ အဲဒီနှစ်ခုစလုံးကလည်း အမှန်မဖြစ်ပါဘူး။ ပထမက လူ တွေဟာ သူတို့ရဲ့ဖြောင့်မတ်စွာနေနိုင်ခြင်းကတစ်ဆင့် သူတို့ကိုယ် သူတို့ သန့်ရှင်းခြင်းရှိတယ်လို့ ယူဆရာကဖြစ်လာတယ်။ ဒုတိယက မသေနိုင်တဲ့ ဝိညာဉ်ရှိလို့ ခန္ဓာသေခြင်းကနေ လွတ်ကင်းတယ်လို့ဆိုတယ်။ ကျမ်းစာ သွန်သင်သည်မှာ ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ရ၏လို့ဆိုပါတယ်။(ဧဖက် ၂း၈။ ရောမ ၃း၂၄-၃၁)။ သေတယ်ဆို တာဘုန်းတော်ကြောင့် ထမြောက်ခြင်း မရောက်မီတိုင်အောင် အိပ်စက် နေပါတယ်။ (၁သက် ၄း၁၅,၁၆။ ၁ကော ၁၅း၅၁,၅၄)။ သေပြီးတော့မှ ဒုတိယအကြိမ်အခွင့်အရေးရဖို့ဆိုတာမရှိပါဘူး။ (ဟေဗြဲ ၉း၂၇)။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလရှိ၏။ (၂ကော ၆း၂)။

 


အခန်း - ၂၈

နှစ်တစ်ထောင်နိုင်ငံတော်(ငြိမ်သက်ခြင်းနှစ်တစ်ထောင်)- (Millennium)

ယော ၁၄း၁-၃            

ယေရှုပြန်လာမည်လို့ ကတိပေးတယ်။

 

တ ၁း၉-၁၁                

 

ထိုယေရှုသည်သင်တို့မျက်မှောက်၌ ကောင်းကင်သို့ တက်ကြွသွားတော်မူသည်နည်းတူ တစ်ဖန် ကြွလာတော်မ

လတ္တံ့။

 

၁သက် ၄း၁၆-၁၇         

 

ဖြောင့်မတ်စွာ သေခဲ့ကြသူများဟာ အရင်ထ မြောက်ပြီး၊ ထို့အတူဖြောင့်မတ်စွာ အသက်ရှင် သူများသည်လည်း

ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ် သို့ ချီဆောင်ခြင်းခံရ၍ ယေရှုနှင့်အတူ နေကြရ လိမ့်မည်။

 

ယော ၅း၂၈-၂၉           

 

ထမြောက်မှု နှစ်ခုရှိမည်။ အသက်ရှင်ရာ ထမြောက်ခြင်းနှင့် အပြစ်စီရင်ခံရဖို့ ထမြောက်ခြင်း ဖြစ်သည်။

 

၂သက် ၁း၈                

 

ဆိုးညစ်သော သူများဟာ ယေရှု ပြန်ကြွလာတဲ့အခါ ဖျက်ဆီးခံရမည်။

 

ဗျာ ၁၉း၁၁- ၂၁           

 

ကောင်းကင်ဗိုလ်ခြေတပ်ထုနှင့်တကွ အောင်နိုင် သူရှင်ဘုရင်ကဲ့သို့ကြွလာသော ယေရှုသခင်သည် သူ့လူတွေကို

ရွေးနုတ်ယူလိမ့်မည်။ ဆိုးညစ်သူ များ၊ ဖြောင့်မတ်ခြင်းမရှိသူများသည် ကိုယ်တော် ၏ ဘုန်းတန်ခိုးတော်အရောင်

အားဖြင့် ပျက်စီး ခြင်းသို့ရောက်ရလိမ့်မည်။

 

ဗျာ ၂၀:၁- ၂               

 

စာတန်သည် အနှစ်တစ်ထောင် လှောင်ပိတ်ခြင်းခံရမည်။

 

၂ပေ ၂း၄                   

 

သံကြိုးသည် မှောင်မိုက်သံကြိုးဖြစ်တယ်။ ဒါဟာစာတန်ကိုလူသူမရှိတဲ့မြေကြီးသို့ပစ်ချချုပ်နှောင် ထားလိုက်တာ

ဖြစ်တယ်။ လူတစ်ယောက်ကိုမျှ သွေးဆောင်ဖျက်ဆီးခြင်းမပြုနိုင်တော့ပါဘူး။

 

ဗျာ ၂၀း၁                   

 

ဂရိစကားလုံးအနက်ဆုံးသောတွင်း(bottomlesspit) ဆိုတာ လွတ်လပ်လဟာ(empty) အဓိပ္ပါယ် ဖြစ်တယ်။ 

(က ၁း၂) ကြည့်

 

ယေရမိ ၄း၂၃-၂၇         

 

မြေကြီးသည် လူသူမရှိ (သဏ္ဌာန်မရှိ၊ လွတ်လပ် လဟာ) ဖြစ်၍ နေထိုင်သူတစ်ဦးမျှမရှိတော့။

 

ယေရမိ ၂၅း၃၃            

 

ထာဝရဘုရားကွပ်မျက်တော်မူခြင်းခံရသူများကိုမသင်္ဂြိုဟ်ရ။

 

ဗျာ ၂၀း၄                   

 

ဖြောင့်မတ်သူများဟာ အသက်ရှင်၍ အနှစ်(၁၀၀၀) ပတ်လုံး သခင်ဘုရားနှင့်အတူ စိုးစံရ သည်။ သူတို့သည် 

ပလ္လင်ပေါ်၌ ထိုင်၍လည်း တရားစီရင်သောအခွင့်ရကြ၏။

 

၁ကော ၆း၂                

 

သန့်ရှင်းသူတို့ လောကကြီးကို တရားစီရင်ကြရမည်။

 

ဗျာ ၂၀း၅                   

 

နှစ်(၁၀၀၀)ကုန်သောအခါ ဆိုးညစ်သူများ ထမြောက်၍ သူတို့အတွက် နောက်ဆုံးအပြစ်ကို ခံ ယူကြရမည်။

 

ဗျာ ၂၀း၇                   

 

နှစ်တစ်ထောင်ကုန်ပြီးမှ စာတန်သည် ထောင်ထဲကလွတ်၍ ဘုရားသခင်ကို နောက်ဆုံးအကြိမ် တိုက်ခိုက်ရန် 

ထမြောက်၍ တက်လာကြသော ဆိုးညစ်သူများကိုဦးဆောင်မည်။

 

ဗျာ ၂၀း၉                   

 

စာတန်နှင့် သူ၏ ဆိုးညစ်သူအပေါင်းအသင်းများအကုန်လုံးသည်လုံးဝနှင့်နောက်ဆုံးဖျက်ဆီးခြင်းခံကြရမည်။

ဗျာ ၂၁း၁-၃                

ဘုရားသခင်သည် လှပသော ကမ္ဘာသစ်တစ်ခုကိုဖန်တီးပေးပါသည်။

 



No comments:

Post a Comment