Saturday, May 30, 2026

အတူတကွ ကျမ်းစာလေ့လာသင်ယူကြစို့ Studying Together

 




နိဒါန်း

 

ဤလက်စွဲစာအုပ်ကို အထိရောက်ဆုံးဘယ်လိုကိုင်တွယ်အသုံးပြုမလဲ။

 

          ဒီစာအုပ်ကို သင်၏ မိတ်ဆွေများ၊ နီးစပ်သူများနှင့်အတူ ကျမ်းစာ ထဲက ခရစ်တော်အကြောင်း လှလှပပ ဗဟိုပြုသော သမ္မာတရားကို လေ့ လာရာတွင်၊ အထူးသဖြင့် သင့်အား အထောက်အကူဖြစ်စေရန် ပုံစံချပေး ထားပါတယ်။ အဓိကအပိုင်းကြီး()ခုနဲ့ တင်ပြပါ့မယ်။

အပိုင်း

၁။       သမ္မာတရားလေ့လာမှုအယူဝါဒအတွဲလိုက်ကို ထိုအယူဝါဒနဲ့ ကပ် လျက် အများဆုံးမေးတတ်တာတွေ ပြောပြပေးထားပြီး၊ ဝိညာဉ်ရေးရာ အဖြေများလည်း ဖြေပေးထားပါတယ်။

၂။       နေ့စဉ်ဘဝပြဿနာများမှာ အဖြေရှာဖို့ လက်တွေ့ကျမ်းစာ သင် ခန်းစာအတွဲလည်း ပါရှိပါတယ်။

၃။       အမျိုးမျိုးသော ဘာသာရေးအုပ်စုနဲ့ ဂိုဏ်းဂဏအသင်းတွေရဲ့ အကြောင်းများကို ခရစ်တော်၏ စိတ်နှလုံးနှင့် ထိုသူတို့ထံ ချဉ်းကပ်နိုင် ရန် အကြံပေးချက်နှင့်အတူ အကျဉ်းချုပ်ဖေါ်ပြပေးထားပါတယ်။

          ဒီစာအုပ်ကို ကျမ်းစာသင်တန်းမှာ သင်ခန်းစာတွဲအနေနဲ့သော် လည်းကောင်း၊သင်တန်းပေးနေစဉ်ကာလအတွင်းမှာလည်း နောက်ဆက် တွဲ အထောက်အကူစာအုပ်အဖြစ်လည်း အသုံးပြုသွားနိုင်တယ်။ စာအုပ် ထဲမှာ ကျမ်းချက်ပေါင်းရာချီပြီး ဖွင့်ပြပေးထားပါတယ်။ ကျမ်းစာအလို အတိုင်း အဖြေများပေးထားတာကြောင့် သင်ဟာ တခြားသူတွေနဲ့ ကျမ်း စာလေ့လာသင်ပေးနေစဉ်အတွင်း သင့်ကို ရှေ့ဆက်သွားနိုင်ရန် ဉာဏ် ကြွယ်လာပါစေမယ်။ ဘုရားစကားသံတော်ဟာ ဘဝကို ပြောင်းစေတဲ့ တန်ခိုးဖြစ်တယ်။ ဒီလိုပဲ ကျမ်းစာတော်မြတ်ကို မှုတ်သွင်းရေးစေခဲ့တဲ့ သန့်ရှင်းသောဝိညာဉ်တော်ဟာလည်းသင်ကတခြားသူတွေနဲ့သမ္မာတရား တန်ဖိုးရှိလှကြောင်း ဝေမျှပြောဆိုတဲ့အခါ အတူရှိနေမှာပါ။ သူတစ်ပါးနဲ့ သမ္မာတရားအသုံးဝင်မှုကိုပြတဲ့အခါ ဝိညာဉ်တော်ဟာ သင့်ဆီကတစ်ဆင့် လုပ်ဆောင်သွားပါလိမ့်မယ်။ သင့်အနေနဲ့ မလုပ်နိုင်မစွမ်းနိုင်ခံစားနေရ မည်ဆိုလည်း ဝိညာဉ်တော်ဟာ သင့်ရဲ့အစွမ်းဖြစ်နေပါ့မယ်။ သင့်အနေနဲ့ သတိမရနိုင်ခံစားနေရမည်ဆိုလည်း ဝိညာဉ်တော်ဟာ သင့်၏ ဉာဏ်ဖြစ် နေပါ့မယ်။ သင့်အနေနဲ့ အားနည်းခံစားနေရမည်ဆိုလည်း ဝိညာဉ်တော် ဟာ သင့်ရဲ့ခွန်အားဖြစ်လာပါ့မယ်။ အဆိုတစ်ရပ်ရှိပါတယ်။ မိမိကိုယ် ကျိုးကိုဘေးချထားပြီး၊ နှလုံးသားထဲမှာ ဝိညာဉ်တော်ကိုသာ နေရာပေး လုပ်ဆောင်စေရင်၊ လူတစ်ယောက်ရဲ့ အသုံးကျမှုဟာ အကန့်အသတ်မရှိ ဖြစ်တယ်။ (Desire of Ages,p.250) လောကအထဲမှာ အံ့ဖွယ်အမှုတော် ဖြစ်တဲ့၊ သူတစ်ပါးနဲ့ အတူတကွ ကျမ်းစာသွန်သင်လေ့လာသွားနေရင်၊ ဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာ သင့်ကို ကြွယ်ဝစွာ ဆုကျေးဇူးပေးပါ တယ်။ သင့်အမှုတော် သာသနာနယ်ထဲမှာ ဘုရားနိုင်ငံတော်ထဲက တိုက် ရိုက်ရောက်လာတဲ့ ဝိညာဉ်များစွာ ရှိနေပါတယ်။ အတူတကွ ကျမ်းစာ လေ့လာသင်ယူခြင်းသည် တစ်ခုတည်းသော လက်နက်ကိရိယာဖြစ်၏။ သင်ဟာ ဝိညာဉ်များစွာကိုအောင်ဖို့ ငါတို့ သခင်ဘုရားသုံးလိုတဲ့ အဓိက ပါဝင်သောဥစ္စာဖြစ်တယ်။ဝိညာဉ်တော်က သင့်ကိုတတ်စွမ်းစေနိုင်တယ်။

 


အပိုင်း (၁)

          ကျမ်းစာလေ့လာသင်ကြားပေးခြင်းမှာ လူတွေအများဆုံး ပုံမှန် မေးတတ်တာလေးတွေ တချို့အတွက် သီးသန့်အဖြေများနဲ့အတူ သင် ပေးနိုင်ပါတယ်။

          ဒီအပိုင်းမှာ ကျမ်းစာလေ့လာခြင်းအယူအဆ (၃၂)မျိုး ပါရှိတယ်။ လေ့လာချက်တိုင်းမှာကျမ်းစာသမ္မာတရားအမြင်ရှုထောင့်တစ်မျိုးစီတွေ့ရပါ့မယ်။ ကျမ်းချက်စာပိုဒ်တိုင်းဟာ စနစ်တကျအတူတကွ ဆက်စပ် ပြ ပေးထားတာကြောင့် ရှေ့ဆက်အောင်မြင်စွာနဲ့ သေချာတဲ့သမ္မာတရား ကွင်းဆက်ကို ချိတ်မိစေမှာပါ။ အကျဉ်းချုပ်စာပိုဒ်တွေမှာလည်း ကျမ်း ချက် အညွှန်းများ ဖေါ်ပြပေးထားတာကြောင့် စာသားအကြောင်းအရာ ဘာတွေလဲဆိုတာ သင်ရှင်းရှင်းသိလာလိမ့်မယ်။

          အမှန်ကိုသိရင်- ကျမ်းစာအမြင်ကြည်လင်လာမှာပေါ့။ မေးတတ် တာလေးတွေ အပိုင်းမှာလည်း အဖြေပေးဖို့ ရိုးရိုးလေးနဲ့ အမြဲလိုက်ဖက် ပေါင်းစပ်ပေးထားပါတယ်။ ကျမ်းစာအယူဝါဒဟာ ကျမ်းချက်တစ်ချက် တည်းနဲ့ပြောလို့မပြီးပါဘူး။ ကျမ်းစာသမ္မာတရားအမှန်ကို သိချင်ရင် နှုတ် ကပတ်တော်အလုံးစုံကို ထည့်စဉ်းစားရမယ်။ သင်ဟာ ဒီကျမ်းစာအယူ သဘောထားကို လေ့လာသွားတဲ့အခါမှာ တစ်ခါတစ်ရံ ခက်ခဲတဲ့ မေးခွန်း များကိုပင် အခက်အခဲမရှိ ချက်ချင်းအဖြေပေးသွားနိုင်ကြောင်း တွေ့လာ ရပါလိမ့်မယ်။


အပိုင်း (၂)

         လက်တွေ့ကျကျ ခရစ်ယာန်သာသနာ လိုအပ်ချက်အတွင်း ကျ ကျ ရောက်အောင်ပေးတဲ့အဖြေများ

          ဘုရားနှုတ်ကပတ်တော်ထဲက လက်တွေ့အဖြေများဟာ ဘဝ ပြဿနာတွေကိုပြပေးပါတယ်။ ဒီအပိုင်းမှာ ကျွန်ုပ်တို့ရဲ့နေ့စဉ်အခက်အခဲ များအတွက် ဘုရားပေးတဲ့အဖြေတွေပေးထားတယ်။ ဒီမှာခရစ်တော်ဟာ ကျွန်ုပ်တို့နဲ့အဝေးကြီးမှာရှိတာမဟုတ်ဘဲ၊ လက်တစ်ကမ်းမှာပဲရှိကြောင်း ထုတ်ပြောပြတာပါ။ ကျွန်ုပ်တို့ရဲ့ နေ့စဉ် ပြဿနာတွေကို စိတ်ဝင်စား တယ်၊ ရှင်းပေးနိုင်တယ်ဆိုတဲ့သူဟာ ခရစ်တော်ပါပဲ။

  

အပိုင်း (၃)

        

  ဂိုဏ်းဂဏများ၊ အသင်းများနဲ့ အခြားဘာသာရေးအုပ်စုများ အကြောင်းကိုသိရှိနားလည်မှု

          ဒီအပိုင်းမှာ အသင်းတော်အုပ်စုအသီးသီးရဲ့နောက်ခံအကြောင်း အကျဉ်းချုပ်ကို သူတို့ရဲ့ အဓိကဩဝါဒများဆွေးနွေးတင်ပြပြီး၊ အဲဒီသူတို့ လူတွေဆီ လက်လှမ်းရောက်နိုင်ဖို့ လက်တွေ့အကြံပြုချက်များ တင်ပြ ပေးထားပါတယ်။ ဒီကျမ်းချက်လက်စွဲစာအုပ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘာ သာရေး လောကကြီးအတွက် စာကြည့်တိုက်သုံးအညွှန်း စွယ်စုံကျမ်း စာအုပ်တစ်အုပ်လုပ်ဖို့ ကျွန်ုပ်တို့ ကြံစည်ပြုစုထားသည်တော့ မဟုတ်ပါ။ ကျွန်ုပ်ပုံစံချပြုစုထားသည်မှာ တင်ပြမှတ်သားချက်များက ခိုင်မာမှု၊တိကျ မှုနဲ့ လက်တွေ့ကျမှုရှိသောကြောင့်၊ သင့်မိတ်ဆွေတွေနဲ့ ယေရှုနှင့် သမ္မာ တရားအကြောင်း သွန်သင်ဆွေးနွေးတဲ့အခါမှာ တကယ် လက်တွေ့ အလွယ်တကူ လက်စွဲသုံးလို့ရလာပါလိမ့်မယ်။ ဒီအပိုင်းလေ့လာခြင်းက နေ ဘာသာရေးအုပ်စုအသီးသီးရဲ့ ယုံကြည်မှုအနှစ်သာရကို သင်သည် အသေအချာ နားလည်သဘောပေါက်ပြီး သခင့်အတွက် ထိုသူတို့ဆီ လှမ်း ရောက်နိုင်ဖို့ လမ်းညွှန်ဖြစ်စေနိုင်မည့်အကြောင်း ကျွန်ုပ်ဆုတောင်းပေး လိုက်ပါတယ်။

Mark Finley

It is written

International Television Ministry

(RSC မိသားစုမှ ဘာသာပြန်သည်)

 



No comments:

Post a Comment