မာတိကာ (Table of Contents)
အခန်း - ၆၂။ သတ္တမနေ့ဥပုသ်ကို ပြောင်းလိုက်တဲ့ သမိုင်းဖေါ်ပြချက် (၁၅၄)
အခန်း - ၂၉
နှစ်တစ်ထောင်နိုင်ငံတော်အကြောင်းမေးတတ်တာတွေ
ယေရှုပြန်ကြွလာတဲ့အခါ သူ့နိုင်ငံတော်ကို မြေပြင်မှာ နှစ်တစ်
ထောင်အကြာ ထူထောင်ထားမည်မဟုတ်ဘူးလား။ ကျွန်ုပ်အနေနဲ့ အမြဲ တွေးနေမိတာက
နှစ်တစ်ထောင်နိုင်ငံတော်ကာလအတွင်း မြေကြီးပေါ် မှာ
လူတွေအသက်ရှင်နေထိုင်ကြလိမ့်မယ်လို့ထင်တယ်။
(ယော ၁၄း၁-၃) မှာ ယေရှုက
ကျွန်ုပ်တို့အတွက်နေရာကို ပြင် ဆင်ထားပြီး၊ ကိုယ်တော်ရှိရာအရပ်၌
ကျွန်ုပ်တို့ကိုရှိစေခြင်းငှါ လာရောက် သိမ်းဆည်းမည်လို့ဆိုခဲ့ပါတယ်။ (၁သက် ၄း၁၆,၁၇)မှာလည်း ကိုယ်တော် ရှိရာ မိုးတိမ်ပေါ်သို့ ကျွန်ုပ်တို့
ချီဆောင်ခံရမယ်လို့ ဖွင့်ဆိုထားတယ်။ (မဿဲ ၁၆း၂၇)မှာလည်း ယေရှုဟာ
လူအသီးသီးတို့အတွက် ထိုက်တန်တဲ့ အကျိုးအပြစ်ကိုပေးရန်၊ ဘုန်းအာနုဘော်တော်ကို
ဆောင်လျက် ကောင်း ကင်တမန်များခြံရံပြီး၊ ရောက်လာမည်လို့ ဆိုတယ်။(၂သက် ၁း၇-၈)မှာ
သခင်ယေရှုသည် သူ့ကိုနားမထောင်သူ၊ ဆိုးညစ်သူများကို မီးလျှံအားဖြင့် ဒဏ်ပေးရန် ကောင်းကင်တမန်များနဲ့
အတူရောက်လာမည်ပြောတယ်။ (ယေရမိ ၂၅း၃၃) မှာ
ထာဝရဘုရားကွပ်မျက်တော်မူခြင်းခံရသူများကို မြေကြီးအစမှသည် အဆုံးတိုင်အောင်
သင်္ဂြိုဟ်မည့်သူ မရှိရဟုဆိုသည်။ (ယေရမိ ၄း၂၃-၂၇)၌လည်း နှစ်တစ်ထောင်ကာလအတွင်း
လူသူကင်းမဲ့ တဲ့မြေကြီးပေါ်မှာ ‘လူတစ်ယောက်မျှ’ နေသူမရှိကြောင်း အဆုံးသတ်
ပြောထားပါတယ်။ (ဗျာ ၂၀း၁-၂)မှာ စာတန်ဟာ အနက်ဆုံးသောတွင်း (abyss)ထဲ၌ သံကြိုးကြီးနဲ့ချည်နှောင်ခံထားရ၏လို့ ထပ်ပြောထားတယ်။ ဂရိစကားလုံး abussos ဟာ ဟေဗြဲဘာသာ စကားနဲ့ရေးတဲ့ OT ကျမ်းကို
ဂရိဘာသာပြန်ဆိုတဲ့အခါ ‘လွတ်လပ်လဟာ’ အဓိပ္ပါယ်နဲ့ အသုံးပြုထားပါ တယ်။ (က ၁း၂)မှာ
ဘုရားသခင်ဟာ ကမ္ဘာကြီးကို ဖန်ဆင်းခြင်းအစမှာ ကိုယ်တော်သည် သွေ့ခြောက်သော
မြေပြင်ကိုခွဲထုတ်၍ အသက်ရှင် သောသတ္တဝါနဲ့ အပြည့်ရှိတဲ့ ကမ္ဘာသစ်ကို
ကိုယ်တော်ဖန်ဆင်းမှုမပြု မချင်း၊ မြေကြီးဟာ လွတ်လပ်လဟာဖြစ်၊
မှောင်မိုက်ဖုံးလွှမ်းနေ၊ လူသူ မရှိ၊ အနက်ဆုံးသောတွင်းကဲ့သို့ ဖြစ်၏။
ဒီမှာမြေကြီးဟာ လွတ်လပ် လဟာအဆင့်ကို တစ်ဖန်ပြန်ရောက်မယ်။ အပြစ်တရားသည် ဖျက်ဆီးခံ
ရပြီ။ ကမ္ဘာဟောင်း၏ အနက်ဆုံးသောတွင်း (abyss)ထဲက အလွန်လှပ
တဲ့အံ့ဖွယ်ကမ္ဘာသစ်ကို ဘုရားသခင်ဖန်ဆင်း ပေးပါတော့မည်။ (၂ပေ ၃း၁၃။ ဗျာ ၂၁း၁-၅)။
အခန်း - ၃၀
ကောင်းကင်ဘုံ Heaven
ယော ၁၄း၁-၃
ကောင်းကင်ဘုံဆိုတာအမှန်ရှိတယ်။
၂ပေ ၃း၁၀-၁၃
သခင်ဘုရားသည် ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို
ဖန်ဆင်းထားမည်ဟု ကတိတော်ပေးခဲ့ သည်။
မဿဲ ၅း၅
စိတ်နူးညံ့သိမ်မွေ့သော သူတို့သည် ပြည်တော်မြေကို
အမွေခံရမည်။
ဗျာ ၂၁း၁-၅
သန့်ရှင်းသောမြို့၊ ယေရုရှလင်မြို့ သစ်သည် ကောင်းကင်ဘုံမှ၊ ဘုရားသခင်ထံမှ
ကျဆင်းလာ လိမ့်မည်။
ဟေရှာ ၄၅း၁၈
ဘုရားသည် လူတို့နေထိုင်ဖို့ ဤကမ္ဘာကိုဖန်ဆင်းခဲ့တယ်။
မိက္ခာ ၄း၈
ဦးဆုံး သို့မဟုတ် မူလနေထိုင်ရာကုန်းကို ပြန်လည်နေရာချထားပေးမည်။
ဇိ ၃း၂၁
ဘုရားသခင်သည် ကျွန်ုပ်တို့အား ဘုန်းအသရေနှင့်ပြည့်စုံသောမသေနိုင်သည့်
ထာဝရကိုယ်ခန္ဓာ ကိုပေလိမ့်မည်။
ဟေရှာ ၃၅:၃-၆
ပုံပန်းမကျဖြစ်တဲ့ရုပ်ခန္ဓာအားလုံး အနာငြိမ်းလိမ့် မည်။
(မျက်စိကန်းသူများ မျက်စိပွင့်လင်း၏။ နားပင်းသောသ
တို့ နားပင်းခြင်းနဲ့ လွတ်၏။ ခြေဆွံ့သောသူများ
ခုန်ပေါက်သွားလာကြ၏။)
ဟေရှာ ၆၅း၁၇
ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ဘုရားဖန်ဆင်းမည်။
ဟေရှာ ၆၅း၂၁-၂၃
“ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြ ရလိမ့်မည်။
ကိုယ်စိုက်သော စပျစ်ဥယျာဉ်၏ အသီးကို စားကြ
လိမ့်မည်။”
ဟေရှာ ၆၅၊၂၅
တောခွေးနဲ့ သိုးသငယ်တို့သည် အတူကျက်စားကြလိမ့်မည်။
ဘုရားသခင်၏ နိုင်ငံတော်သစ် သည် ငြိမ်းချမ်း
သောနေရာ အရပ်ဖြစ်သည်။
မဿဲ ၈း၁၁
ငါတို့သည် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့နှင့် အတူပေါင်းဖက်ရေတွက်ဝင်ရမည်။ ခေတ်ကာ
လတစ်လျှောက်
အကြီးဆုံးသော ကျွန်ုပ်တို့၏ စိတ်အာရုံဖြစ်သည်။
ဗျာ ၂၁း၃
ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူ ကိန်းဝပ်တော်မူ၍
ကိုယ်တော်သည် ကျွန်ုပ်တို့ရဲ့ ဘုရား ဖြစ်မည်။
ဗျာ ၂၂း၃-၄
ကျွန်ုပ်တို့သည် ဘုရားသခင်ကို အစဉ်ချစ်၍ ဝတ်ပြုကြ၏။
မျက်နှာတော်ကို မြင်ရ၍ ဝမ်းမြောက်ဝမ်းသာရှိမည်။
ဗျာ ၂၁:၁၆,၁၇
ဘုရားသခင်၏ မြို့သစ်သည် မိုင်ပေါင်း(၁၅ဝဝ)ပတ်လည်နှင့်
မြို့ရိုးထု (၁၄၄)တောင်၊ သို့မဟုတ် (၂၁၆)ပေအထ
ရှိမည်။
ဗျာ ၂၁း၁၈-၂၁
ဤရင်သပ်ရှုမောဖွယ်ဖြစ်သောမြို့သည်တောက်ပသော
ကျောက်မျက်ရတနာများ၊ ရွှေလမ်းငွေ လမ်းများ၊ ပုလဲ
စီခြယ်သော ဂိတ်တံခါးများရှိ သည့်မြို့ရိုးကိုယ်ရှိသည်။
ဗျာ ၂၁း၇-၈
ထိုမြို့ကိုဝင်ခွင့်ရနိုင်တဲ့ လိုအပ်ချက်ကို စာရင်းလုပ်ပြပါ။
(
/
)
ဗျာ ၂၂း၁၇
ဝိညာဉ်တော်နှင့် မင်္ဂလာဆောင် သတို့သမီးကလာခဲ့ပါဟု ဆိုကြ၏။
အခန်း - ၃၁
ဆိုးညစ်သူတို့အားဖျက်ဆီးခြင်း
ယေရမိ ၂၁:၃
ဘုရားသခင်၏ ဂုဏ်တော်တစ်ရပ်သည် ချစ်ခြင်းဖြစ်၏။
၂ပေ ၃း၉
ဘုရားသခင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပျက်စီးစေလိုပါ။
ဟေဗြဲ ၁၂း ၂၉
ဘုရားသခင်သည် လောင်သောမီး ဖြစ်၏။ ဒုစရိုက်လုပ်သော
သူတိုင်းအတွက် ဘုရားသခင် သည် လောင်မီးပါပဲ။
မာလခိ ၄း၁-၃
အပြစ်သားတွေအားလုံးဟာ အပြီးသတ် လောင်ကျွမ်းပျက်စီးမည်။
ပြာမှုန့်ဖြစ်ကုန်ကြလိမ့်မည်။
ဆာလံ ၃၇း၁၀
မတရားသောသူသည် မရှိရ။ မနေရ။
ဆာလံ ၃၇း၂၀
မတရားသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်ကြရမည်။
မီးခိုးဖြစ်လျက် ကွယ်ပျောက်ကုန်ကြ မည်။
ဆာလံ ၃၇း၃၆
မတရားသောသူတို့သည် ကွယ်ပျောက်၍ ရှာမတွေ့ရကြ။
မဿဲ ၂၅း၄၆
သူတို့အတွက် ပြစ်ဒဏ်သည် ထာဝရဖြစ်၏။ မှတ်သားရမည်မှာ ကျမ်းစာသား၌ “ထာဝရပြစ်
ဒဏ်” ဟုမပြော
ပြစ်ဒဏ်အမျိုးအစားတစ်မျိုးဖြစ်သည်။ ထာဝရဖြစ်သည်။
ယုဒ -း၇
သောဒုံနဲ့ဂေါမောရမြို့ရှိလူတို့သည် ထာဝရမီးနှင့်
လောင်ကျွမ်းကုန်ဆုံးရသော အပြစ်ပေးခံခြင်းသည် နမူနာ
တစ်ရပ်ဖြစ်၏။ အဲဒီမြို့နှစ်မြို့ဟာ
ယနေ့ပင်လယ်သေအရပ်ဒေသတစ်ခု၏ အောက် ၌ ပျက်စီး နစ်မြုပ်ခဲ့ရပါ
တယ်။
၂ပေ ၂း၆
သောဒုံနဲ့ဂေါမောရမြို့နှစ်မြို့ မီးရှို့ခံရပြီး ပြာမှုန့်ဖြစ်သွားခဲ့၏။
မဿဲ ၃း၁၁,၁၂
လောကထဲက အပြစ်တရားကို လုံးဝအမြစ်ပြတ်ရှင်းလင်းပစ်သည့်အမှုမပြီးမချင်း၊
မီးသည် မငြိမ်း ရာ၊ မကုန်ရာ
ဖြစ်၏။
ယေရမိ ၁၇း၁၉-၂၇
ယေရုရှလင်မြို့သည် မီးရှို့၍ ထိုမီးသည် လူလက်ဖြင့်
မငြိမ်းသတ်နိုင်ဘဲ ပျက်စီးခြင်းသို့ ရောက်ရမည်။ ထိုမီးသည် ယေရုရှလင်မြို့ကို
အပြီးသတ်နှင့် လုံးဝဖျက်ဆီးလိုက်ပါမည်။ သို့သော် ယနေ့ ယေရုရှလင်မြို့သည်
မီးဖြင့်မပျက်စီးသေး။
ဗျာ ၂ဝး၁ဝ
ဆိုးညစ်သူတို့သည် ကမ္ဘာအဆက်ဆက် ပျက်စီးခြင်းသို့ရောက်ရမည်။
‘ကမ္ဘာအဆက်ဆက်’ ဆို သဖြင့်
အဆုံးမဲ့
အဖြစ်ဟူ၍ အစဉ်အဓိပ္ပါယ်ပေါက် စေမည်မဟုတ်။ ဒါကိုတိုက်ရိုက်
အဓိပ္ပါယ်ပေါက် ရမည်မှာ “ကပ်ကမ္ဘာကုန်
သည့်တိုင်ထိ” ဟူ၍ ယူရမည်။
ထွက် ၂၁း၆
ကျွန်သည် အသက်ရှင်နေသမျှ အစဉ်အမြဲ ကျွန်ခံရမည်။
၁ရာ ၁း၂၂,၂၈
ဟန္နသည် သားရှမွေလကို အသက်ရှိသမျှ အမြဲနေရစေရန် ထာဝရဘုရားထံ
ဆက်ကပ်ထား လိုက်သည်။
၂ပေ ၂း၄
ပြစ်မှားသော ကောင်းကင်တမန်များနှင့် ဆိုးညစ်သူများသည်
စစ်ကြောစီရင်ခံကြရမည်။ ငရဲသည် မီးရှို့မခံရ
သေး။
ဗျာ ၂၀:၉
ဘုရားသခင့်အထံတော် ကောင်းကင်မှ မီးကျ၍ ဆိုးညစ်သူ တို့ကိုမျိုလေ၏။ ထိုသူတို့
လုံးလုံး ဖျက်ဆီးခံလိုက်
ရ၏။
ယေဇ ၂၈း၁၇,၁၈
စာတန်သည်ကိုယ်၌မီးလောင်၍ ပြာမှုန့်ဖြစ်ရ၏။
ဟေရှာ ၄၇း၁၄
မီးအရှိန်မှ မိမိတို့ကို မကယ် မနုတ်ရ။ နွေးစရာဖို့မီးတစ်ခဲမျှ
မကျန်ရစ်ရ။
ဩဗဒိ -:၁၆
ပတ်လည်နေသော ဆိုးညစ်သူအပေါင်းတို့သည် မရှိဘူးသောသူများကဲ့သို့ဖြစ်ကြလိမ့်မည်။
၂ပေ ၃း၁၂-၁၃
ကမ္ဘာအဟောင်းသည် ဖျက်သိမ်းခြင်းခံရမည်။ သို့သော် ဘုရားသခင်သည် ကောင်းကင်သစ်၊
မြေကြီးသစ်ကို
ဖန်ဆင်းပေးတော်မူမည်။
အခန်း - ၃၂
ဆိုးညစ်သူများအားဖျက်ဆီးခြင်းအကြောင်းမေးတတ်တာတွေ
ငရဲဟာ အခုကမ္ဘာကြီးဗဟိုမှာ ပူလောင်တဲ့နေရာတစ်ခုလား။
ကျမ်းစာအရပြောရင် ကာလကုန်သော၌ ဆိုးညစ်သူများ၏
နောက်ဆုံးပျက်သုဉ်းခြင်းရောက်လာလိမ့်မယ်။ ဆိုးညစ်သူများသည် စစ် ကြောခံကြရမည်။(၂ပေ
၂း၄)။ ဒုစရိုက်လုပ်သောသူတိုင်းအတွက် ဘုရား သခင်သည် လောင်သောမီးဖြစ်၏။ (ဟေဗြဲ
၁၂း၂၉)။ ငရဲမီးသည် နောက် ဆုံးသောကာလ၌ ကောင်းကင်ဘုံမှ ကျလာခြင်းဖြစ်၏။ မြေကြီး
ဗဟိုတစ် နေရာက ပူလောင်တဲ့အရပ်မဟုတ်ပါ။ (ဗျာ ၂၀း၉)။ မတရားဆိုးညစ်သူ
တွေအကုန်ပျောက်ကုန်မည်။ သူတို့ကို မြေကြီးမှ အဆက်ပြတ်စေမည်။ (သုတ္တံ ၁၀း၂၅။ ဆာလံ
၃၇း၁၀,၁၁,၂၀,၃၄,၃၈)။ သူတို့အားလုံးသည်
ပြာမှုန့်ဖြစ်ကုန်ကြလိမ့်မည်။ (မာလခိ ၄း၁၃)။ ယင်းသို့သော နောက်ဆုံး
ပျက်သုဉ်းခြင်းသည် နှစ်တစ်ထောင်ကာလအဆုံး၌ ဖြစ်လိမ့်မည်။ (ဗျာ ၂၀း၅)။
အပြစ်စီရင်ခံရဖို့ ထမြောက်ခြင်းဖြစ်သည်။ (ယော ၅:၂၈, ၂၉)။
ကျမ်းစာရေးသားချက်ထဲမှာ ဆိုးညစ်သူတွေ မီးအိုင်အထဲ နေ့ည
မပြတ် ကမ္ဘာအဆက်ဆက်ပူပြင်းစွာခံရမယ်လို့ပြောတာ ဘာသဘောလဲ။
ကျမ်းစာထဲက ‘ကမ္ဘာအဆက်ဆက်’ ဆိုတာ ‘ဤကပ်ကမ္ဘာကုန်
သည့်တိုင်’၊ဒါမှမဟုတ် ‘သူတို့ ရှိနေသမျှတိုင်’ လို့ အတိအကျ ဘာသာပြန် သင့်တယ်။
(မာလဓိ ၄း၁-၃)မှာ အပြစ်သားတွေအားလုံးဟာ အပြီးသတ် လောင်ကျွမ်းပျက်စီးမည်၊
ပြာမှုန့်ဖြစ်ကုန်ကြလိမ့်မည်လို့ ဆိုထားတယ်။ အပြစ်တရားနဲ့သေခြင်းရှိတဲ့
ကမ္ဘာဟောင်းကုန်ဆုံး၍ ကမ္ဘာသစ်ကို ဘုရား သခင်နေရာချပေးသည်။ (ဗျာ ၂၁း၁-၄)။
ဘုရားသခင်သည် ကောင်းကင် သစ်၊ မြေကြီးသစ်ကို ဖန်ဆင်းပေး၍ ငိုရခြင်း၊ သေဆုံးခြင်း၊
အနာဖြစ်ခြင်း နဲ့နာကျင်ခြင်းတွေ ဘယ်တော့မှ မရှိတော့ဘူး။ OT ကာလအခါ ကျွန် တစ်ယောက်ဟာ သူ့သခင်ကို အသက်ဆုံးတိုင်အစေခံရပါတယ်။ ထွက်
၂၁း၆)။ ဟန္နသည် သားရှမွေလကို ဗိမာန်တော်၌တစ်သက်လုံး ဆက်ကပ် ခဲ့တယ်။ (၁ရာ ၁း၂၂)။
ဤအဖြစ်နှစ်ခုစလုံး၌ အချိန်ကာလဆိုတာ သူတို့ အသက်ရှင်သရွေ့ကို ပြောတာဖြစ်တယ်။ (၁ရာ
၁း၂၈)မှာ ပြောတာရှင်းပါ တယ်။ “သူသည် တစ်သက်လုံး ထာဝရဘုရားထံတော်၌ အငှါးနေရပါလိမ့်
မည်။” ပုရောဖက်ယောနသည်လည်း ဝေလငါးကြီးဗိုက် အထဲရောက်နေ တဲ့အတွေ့အကြုံကို
‘အစဉ်အမြဲ’ဟု ခံစားဖေါ်ပြခဲ့တယ်။ (ယောန ၂း၆)။ အစဉ်အမြဲဆိုတာ အကန့်အသတ်တစ်ခုပါ။
မဆုံးနိုင်တဲ့ အချိန်အထိ-လို့ မဟုတ်ပါဘူး။ ဒါက
ထာဝရဘုရားစီရင်တော်မူသော ကာလတစ်လျှောက် ၌ ကပ်ကမ္ဘာကုန်သည့်တိုင် (ဝါ)
ထိုအခြေအနေအထဲ ပုရောဖက်ယောန နေနိုင်သည့်ကာလအထိလို့ ဆိုရမှာဖြစ်တယ်။ ဆိုးညစ်သူတွေ
ပြစ်ဒဏ်ခံ ရခြင်းဟာ ထာဝရဖြစ်တယ်။ (မဿဲ ၂၅း၄၆)။ သူတို့ကို မီးအိုင်ထဲပစ်ချ မည်။
ပြာမှုန့်ဖြစ်မည်။ ထာဝရပျောက်ကုန်ကြမည်။ ဒါက ထာဝရမဆုံးနိုင် တဲ့ “ပြစ်ဒဏ်ခံရခြင်း” မဟုတ်။
ပူလောင်ခြင်းအတောမသတ်တဲ့အခြေ အနေမဟုတ်ပါ။ ပူလောင်နေတဲ့
ထာဝရငရဲတစ်ခုလုပ်ထားတယ်ဆိုတဲ့ အယူအဆဟာ ဘုရားသခင်က ကိုယ်တော်ဖန်ဆင်းထားတဲ့
သတ္တဝါတွေ ကို ဖျက်ဆီးရာမှာ အကြိုက်တွေ့နေတဲ့ကြောက်စရာ စကြဝဠာဘီလူးကြီး
တစ်ကောင်ရှိတယ်လို့ ဖြစ်သွားတယ်။ အမှန်တော့ မေတ္တာရှင်ထာဝရ ဘုရားဟာ အပြစ်တရားကို
စကြဝဠာမှထုတ်ပစ်တာ။ ဒီလိုမလုပ်ရင် ကမ္ဘာကြီးကို ဖျက်ဆီးပါလိမ့်ဦးမည်။
ကင်ဆာရောဂါကုသတဲ့ ဆရာဝန် ဟာ ရောဂါသည်ကို သူဘယ်လောက်နာကျင်ပါစေ ခွဲဖြတ်ဖို့
လုပ်ရမှာပဲ။
“ထာဝရမီး” လို့ ခံစားဖေါ်ပြထားတာ ဘာသဘောလဲ။
ရှေးဟောင်းမြို့နှစ်မြို့ဖြစ်တဲ့၊ ဒုစရိုက်လုပ်ရပ်တွေနဲ့ ပြည့်နေတဲ့
သောဒုံနဲ့ ဂေါမောရဟာ ကောင်းကင်မှကျသော ထာဝရမီးနဲ့ ကျွမ်းလောင် ခဲ့တယ်။
ကျမ်းစာကပြောတာ အဲဒီမြို့နှစ်မြို့ဟာ ထာဝရမီးနဲ့လောင်ကျွမ်း ခဲ့တယ်ဆိုတာပါ။
(ယုဒ-၇)။ အဲဒီမြို့တွေ ယနေ့လောင်မနေတော့ပါဘူး။ ပင်လယ်သေ အောက်တစ်နေရာမှာ
ပျက်စီးနစ်မြုပ်နေပါတယ်။ (၂ပေ ၂း၆)မှာ ပြောတာ မြို့နှစ်မြို့ဟာ
ပြာမှုန့်ဖြစ်သွားခဲ့တယ်လို့ ဆိုတယ်။ ‘ထာဝရမီး’အလောင်ခံ ရခြင်းဟာ ခံစားရသူ၏
ထာဝရအဖြစ်ကိုပြောတာ၊ လုံးလုံးနဲ့ ထာဝရ လောင်မီးခံလိုက်ရတဲ့အဖြစ်ကိုပြောတာပါ။
(မာကု ၉:၄၃,၄၈) မှာ “ပိုးမသေမီးမငြိမ်းရာ” ငရဲမီးလို့ ပြောတယ် မဟုတ်လား။
မငြိမ်းနိုင်တဲ့မီးလို့ဆိုတာ လူလက်နဲ့ သွားငြိမ်းလို့ မရဆိုလိုတာ ဖြစ်တယ်။
လုံးလုံးလျားလျား လောင်မီးဖြစ်တယ်။ ဣသရေလဂျူးတွေရဲ့ မနာခံခြင်းအပြစ်ကြောင့်
ယေရုရှလင်မြို့ဟာ ၅၈၆ အေဒီမှာ နေဗုခဒ် နေဇာမင်း၏ ဖျက်ဆီးခြင်းခံလိုက်ရတယ်။ မြို့ဟာ
မငြိမ်းနိုင်တဲ့မီးနဲ့ အလောင်ခံခဲ့ရ၏။ ပျက်စီးခြင်းရောက်မည်လို့ပြောတဲ့
ပုရောဖက်ပြုချက် ကို (ယေရမိ ၁၇း၂၇)မှာ ဖတ်ကြည့်လို့ရတယ်။ “ထိုမီးသည် မငြိမ်းမသေ ဘဲ ယေရုရှလင်မြို့ ဘုံဗိမာန်တို့ကို လောင်ရလိမ့်မည်”။ သို့တိုင် ယေရုရှ လင်မြို့သည် ယနေ့လောင်ကျွမ်းနေသည်မဟုတ်။ လောင်မီးသည်
ပြည့်စုံ သော အမှုကိုလုပ်ဆောင်ပါတယ်။
အခန်း - ၃၃
သားရဲတံဆိပ် (The Mark of the Beast)
ဗျာ ၁၃း၁,၂
သားရဲတစ်ကောင်သည် ပင်လယ်ထဲက တက်လာရာ ကျားသစ်၊ ဝံ၊ ခြင်္သေ့၊
နဂါးကဲ့သို့ဖြစ်၏။
ဒံ ၇း၁၇
သားရဲကောင်သည် ဘုရင်၊ ဘုရင့်နိုင်ငံ၊ အုပ်ချုပ်အာဏာ၊
မြို့ပြ သို့မဟုတ် ဘာသာရေးကို ကိုယ်စားပြုသည်။
ဗျာ ၁၇း၁၅
ပင်လယ်သည် လူထု၊ နိုင်ငံအများ၊ သို့မဟုတ်ဘာသာရေး
အုပ်စုများကို ကိုယ်စားပြု၏။
ဒံ ၇:၁-၉
ခြင်္သေ့၊ ဝံ၊ ကျားသစ်နှင့် နဂါးတို့သည် ဗာဗုလုန်နိုင်ငံ၊
မေဒိ ပေရသိနိုင်ငံ၊ ဂရိနိုင်ငံနှင့်ရောမနိုင်ငံတို့ကိုပုံဆောင်သည်။
ဗျာ ၁၃း၂
နဂါး သို့မဟုတ် ဘုရားမရှိသူတို့၏ရောမမြို့သည် မိမိ၏ အုပ်စိုးမှုအောက်မှာ
အာဏာအသစ်ကိုပေး ၏။ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီးသည်
ဘုရားမရှိသူတို့နေထိုင်ရာ ရောမမြို့မှ အုပ်စိုးမှုအာဏာကို လက်ခံရရှိသည်။
ဗျာ ၁၃း၅
ထိုသားရဲ၏အစွမ်းသည် ဘုရားသခင်ကို
ပြစ်မှားသောစကားကိုပြောဆို၏။
လုကာ ၅း၂၁
မည်သူတစ်ဦးတစ်ယောက်မဆို သူ၌အပြစ်လွှတ် နိုင်သောတန်ခိုးရှိသည်ဟု
ကြွေးကြော်လေသော် ထိုသူသည် ဘုရားသခင်ကို ပြစ်မှားသော
စကားပြောသူဖြစ်လေ၏။
ယော ၁၀း၃၃
ကျမ်းစာက ဆိုသည်မှာ လူတစ်ယောက်သည် သူ့ကိုယ်သူ ဘုရားဖြစ်သည်ဟုပြောလျှင်
ဘုရားသခင်ကို ပြစ်မှားသောအပြစ်လွန်ကျူးသူဖြစ်၏။ ပုပ်ရဟန်းမင်းကြီးသည် မြေကြီးပေါ်၌ ဘုရားဖြစ်သည်ဟု သူ့ကိုယ်သူ ကြွေးကြော်ခဲ့သည်။
ဗျာ ၁၃း၅
ထိုသားရဲ၏ အစွမ်းသည် မြေကြီးပေါ်မှာ
လလေးဆယ့်နှစ်လပတ်လုံး အုပ်စိုးစီရင်ခွင့်ရ၏။
ဗျာ ၁၂း၆,၁၄
တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်သည်ရက်ပေါင်း (၁၂၆ဝ)၊
လပေါင်း(၄၂)လ ရှိသည်။ ထိုကာလအတွင်း ဘုရားသခင်၏ လူတို့သည် တော၌
ပုန်းအောင်းနေထိုင်ကြရသည်။
ယေဇ ၄း၆
နှစ်အစား ရက်ကို ငါထားပြီ။
တော ၁၄း၃-၄
ရက်တစ်ရက်သည် နှစ်တစ်နှစ်။ (က ၂၉း၂၇)။
ဒံ ၇း၂၅
ပုပ်ရဟန်းမင်းကြီး၏ အာဏာဖြင့် ဘုရားပညတ်တော်ကိုပြောင်း၍
ရက်ပေါင်း(၁၂၆၀) ပုရောဖက်နှစ်(ဝါ) အတိအကျ
နှစ်ပေါင်း(၁၂၆ဝ)ကိုယူလျက်ဦးသျှောင်အာဏာဖြင့်ပိုင်စိုး၏။ ၅၃၈ အေဒီတွင်ဘုရားမဲ့
နိုင်ငံရေးရောမအင်ပါယာသည် ပုပ်ရဟန်းမင်းကြီးကို
အင်ပါယာတစ်ခုလုံးအပေါ်ဝယ်မြို့ပြနှင့် ဘာသာရေးအုပ်စိုးမှုအာဏာကို ပေးအပ်ခဲ့သည်။
နောင်အခါ အတိအကျနှစ်ပေါင်း (၁၂၆ဝ)၊ သက္ကရာဇ် ၁၇၉၈ အေဒီ၌ ပြင်သစ်ပြည် နပိုလျံဘုရင်၏စစ်ဗိုလ်ချုပ်
ဘာသီယာသည် ပုပ်ရဟန်းမင်းကြီးကိုချုပ်နှောင်လိုက်သည်။
ဗျာ ၁၃း၁၈
သားရဲအရေအတွက်သည် လူ၏ အရေအတွက်ဖြစ်သည်။ ၆၆၆ လည်းဖြစ်သည်။
ကျမ်းစာထဲမှာ ၆ ဂဏန်းသည် အမင်္ဂလာ ဖြစ်၏။ ၇ ဂဏန်း သည်
ပြည့်စုံခြင်းမင်္ဂလာဂဏန်း ဖြစ်သည်။ ၆သုံး လုံးဂဏန်းသည်
အမင်္ဂလာ ဂဏန်းကြီး၊ နဂါး၊ သားရဲ၊ မိစ္ဆာပုရောဖက်ကို
ကိုယ်စားပြုသည်။ စာတန်၏မိစ္ဆာသုံးလုံး
ဂဏန်းကိုတွက်ကြည့်ကြ ရအောင်။ ၆၆၆ ဂဏန်းသည်
အလွန်အပူဇော်ခံသောပုပ်ရဟန်းမင်း၏ ဘွဲ့ထူးတံဆိပ်နှင့် နီးကပ်စွာဆက်စပ်နေပါသည်။ Vicarius
Filii Dei သည် ဘုရားသခင်၏
သားတော်ရဟန်းမင်းဟု ဆိုလိုသည်။
V = ၅
F = ၀
D = ၅၀၀
I = ၁
I = ၁
E = ၀
C = ၁၀၀ L
= ၅၀
I = ၁
A = ၀
I = ၁
၅၀၁
R = ၀
I = ၁
I = ၁
၅၃
U = ၅
S = ၀
၁၁၂ + ၅၃ + ၅၀၁ = ၆၆၆
ဒံ ၃း၁
နေဗုခဒ်နေဇာဘုရင်သည် အလျားအတောင်(၆ဝ) အနံ(၆)
တောင်အတိုင်းအတာရှိတဲ့ရွှေရုပ်တုကို တည်ဆောက် ခဲ့တယ်။
ဒံ ၃း၃-၄
သူ့နိုင်ငံတစ်ဝန်းလုံးကလူများသည် သူ၏ ရွှေရုပ်တုကို
ရှိခိုးကြရန် စုဝေးရောက်လာကြရ၏။
ဒံ ၃း၁၄
ဘုရားသခင်၏ သစ္စာခံနောက်လိုက်များအတွက်အဓိကပြဿနာ
ဖြစ်ရတဲ့အန္တရာယ်ကာလသည် မှန်သောကိုးကွယ်မှုနဲ့မိစ္ဆာကိုးကွယ်မှုအကြောင်းဖြစ်နေပြီ။
ဗျာ ၁၃း၁၃-၁၇
ရုပ်တုကိုတစ်ဖန်တည်ထောင်လာလိမ့်မည်။ သမ္မာတရားမှ လွဲသောမိစ္ဆာသည်
အပူဇော်ခံလိုသည်။ အဓိကဖြစ် လာရသော ပြဿနာသည် ထာဝရဘုရားနှင့်
သမ္မာတရားကို နာခံကိုးကွယ် ခြင်းနှင့်
မိစ္ဆာကိုးကွယ်မှုအကြောင်း ဖြစ်လာသည်။ စီးပွါးရေးပိတ်ဆို့မှုပြီးတဲ့နောက်
သေဒဏ်အမိန့်ပေးလိမ့်မည်။
ဗျာ ၁၄း၇
ဖန်ဆင်းရှင်ထာဝရဘုရားကို ဥပုသ်နေ့၌ မှန်မှန်ကိုးကွယ်ကြရန်
အချိန်ရောက်လာပြီ။
ဗျာ ၁၄း၉-၁၁
တနင်္ဂနွေနေ့၌ပြုသော ဥပုသ်အတုကို ရှောင်ကြရန် အချိန်
ရောက်လာပြီ။
ဗျာ ၁၄း၁၂
ဘုရားသခင်အားသစ္စာပေးသော အမှတ်သင်္ကေတအဖြစ် ပညတ်တော်တို့ကို
စောင့်ရှောက်ရန်အချိန်ရောက်လာပြီ။
ရောမ ၆း၁၉
နေ့ရက်များအကြောင်းထက်ကို ပို၍အရေးကြီးပါသည်။ သခင့်အမှုကို
ပြုရသည့်အကြောင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ သစ္စာခံခြင်းဘယ်မှာလဲ။
မာကု ၇:၉
လူပညတ်တာနဲ့ ဘုရားပညတ်တော် အကြားဗဟိုပြုရတဲ့ အကြောင်း၌
ပြဿနာဖြစ်ပါတယ်။
ယော ၁၄း၁၅
ယေရှုသည် ကိုယ်တော်အား ချစ်၍ နာခံကြရန်ကျွန်ုပ်တို့ကို
တောင်းဆိုနေပါသည်။
ဆာ ၉၁
အန္တရာယ်ရောက်သောအချိန်၌ အနန္တတန်ခိုးရှင်၏ အရိပ်ကို
ကျွန်ုပ်တို့ ခိုလှုံရလိမ့်မည်။
အခန်း - ၃၄
ကာသိုလစ်အကြောင်း
မေးတတ်တာတွေ
ရှင်ပေတရုဟာ ပထမဦးဆုံးသာပုပ်ရဟန်းမင်းဖြစ်သလော။
“ဤကျောက်အပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်”လို့ ပေတရုကို သခင်ယေရှုပြောခဲ့တာ
ဘာအဓိပ္ပါယ်လဲ။ (မဿဲ ၁၆:၁၃-၁၉)၊
ဖိလိပ္ပိကဲသရိမြို့ဟာ ဂရိဒဿနပညာအရပ်ဒေသ၊ ရောမတို့၏ ယုတ္တိဗေဒပညာ၊
ဂျူးတွေရဲ့ ဘာသာရေးဓလေ့များရှိတဲ့ ဗဟိုနေရာဖြစ် တယ်။ ယေရှုဟာ ကမ္ဘာဘာသာရေးကြီးနဲ့
ဒဿနပညာနောက်ခံ အကြောင်းကို ဆန်ပြီး သူကိုယ်တိုင်ရဲ့ အခြေအနေကို လူတွေ သိစေဖို့
မေးလိုက်ပါတယ်။ “ငါ့ကို လူတွေဘယ်သူဖြစ်တယ်လို့ ပြောနေကြသလဲ။ ဗတ္တိဇံယောဟန်၊ ဧလိယ၊
ပုရောဖက်ယေရမိတစ်ယောက်ယောက် ဖြစ် တယ်လို့ လူတွေပြောနေကြကြောင်း
ကိုယ်တော့်တပည့်တွေက အဖြေ ပေး ကြပြီးတဲ့အခါ သင်တို့ကော ငါ့ကို အဘယ်သူဖြစ်တယ်လို့
ထင်ကြ သလဲလို့ မေးလိုက်ပါတယ်။ ယေရှုဟာ တပည့်တွေရဲ့ ယုံကြည်ခြင်းကို လိုလားခဲ့ပါတယ်။
မေရှိယဖြစ်ကြောင်း ဝန်ခံမှုပြုကြဖို့ ကိုယ်တော်အလို တော်ရှိတယ်။ ပေတရုက
ချက်ချင်းတုံ့ပြန်ခဲ့တယ်။ ‘ကိုယ်တော်သည်
ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သား တော်ဖြစ်တယ်။”
ဒီလိုတွေးမိလို့အဖြေထွက်လာတာ ဝိညာဉ်တော်တိုက် တွန်းလို့သာ ဖြစ်နိုင်တယ်။
သခင်ယေရှုဟာ ပေတရုရဲ့ ယုံကြည်ခြင်းကို အတည် ပြုလိုက်ပြီး၊ “သင်သည်
ပေတရု(ရွေ့နိုင်တဲ့ကျောက်တုံး) ဖြစ် သည်။ ဤကျောက်(မရွေ့နိုင်တဲ့ကျောက်၊
ငါခရစ်တော်ဖြစ်သည်အတိုင်း ဖြစ်သည့်ဟူလို)အပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။
ထိုအသင်း ကို မရဏာနိုင်ငံ၏ တံခါးတို့သည်မနိုင်ရာ”။ ဒါကြောင့်
အသင်းတော်သည် ယေရှုခရစ်တော်အပေါ်၌ တည်ထားပါတယ်။ ကိုယ်တော်ဟာ တိုက် ဆောက်သူတို့ပယ်၍
အမြစ်ထောင့်ကျောက်အဖြစ် အသုံးခံထားရပါ တယ်။ (၁ပေ ၂း၄၈)။ ပေတရုဟာ
စောစောပိုင်းကတည်းကပဲ ယေရှုသည် ကျောက်ဖြစ်ကြောင်း ရှင်းရှင်းသိနားလည်ခဲ့သူပါ။
ပေါလုဟာ ဒါကို (၁ကော ၁ဝး၄)မှာ ရှင်းပြပြီး ကြေညာခဲ့ပါတယ်။ “ထိုကျောက်ကား ခရစ်
တော်ဖြစ်သတည်း။” ဒါဝိဒ်ကလည်း ပြောဆိုပါတယ်။ ‘အကယ်စင်စစ် ငါ့ဝိညာဉ်သည်
ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏။ ငါ့ကိုကယ် တင်ခြင်းအကြောင်းသည် အထံတော်က
သက်ရောက်ရ၏။ အကယ် စင်စစ် ဘုရားသခင်သည် ငါ၏ ကျောက်၊ ငါ့ကိုကယ်တင်ခြင်းအကြောင်း၊
ငါခိုလှုံရာဖြစ်တော်မူ၍၊ ငါ၌လှုပ်ရှားခြင်းများစွာ မရှိရာ။ (ဆာလံ ၆၂း၁,၂)။ ယေရှုမှလွဲ၍ အဘယ်ကျောက်မြစ်မှ မရှိပေဘူး။ (၁ကော ၃း၁၁)၊ မရဏာ တံခါးသည်
ကိုယ်တော်၏ အသင်းတော်အပေါ်၌ ဘယ်သောအခါမျှ လာ နိုင်ရမှာမဟုတ်။ ပေတရုဟာ သူ့သခင် ကို
သုံးကြိမ်ငြင်းပယ်ခဲ့သေးတယ်။ သူက ယေရှုကို ယေရုရှလင်မသွားဖို့
ကြိုးစားတားဆီးခဲ့သေးတယ်။ သတ္တိ နဲ့ ယေရှုတပည့်တွေက ယေရှုပြုသော သာသနာကို နားလည်မှုလွဲခဲ့ပါ
တယ်။ ယေရှုပြောတာ'စာတန် ငါ့နောက်ကို လိုက်နှောင့်ယှက်နေတယ်”
ဆိုတာ၊ (ကိုယ်တော်ကို စာတန်လွှမ်းမိုးနေပြီ ဆိုတာလား)။ မဟုတ်ဘူး။ အသင်းတော်ဆိုတာ
အားနည်းတဲ့လူပေတရု အပေါ်မှာ တည်ဆောက်မှာ မဟုတ်ဘူး။ အစွမ်းတန်ခိုးနဲ့
ယေရှုအပေါ်မှာပဲ တည်ဆောက်မှာပါ။ ပေတ ရုဟာ သူကိုယ်တိုင်အံ့ဖွယ်အမှန်တရားကို
တွေ့လိုက်တယ်။ သခင်ယေရှု သည် သူ့အတွက်စွမ်းအင်အရင်းအမြစ်၊ သူ့ဘဝဗဟိုပြုရာနှင့်
သူရပ်တည် နေရတဲ့အမြစ်ကျောက်ဖြစ်ပါတော့တယ်။
ယေရှုက ပေတရုနဲ့ တပည့်တော်အပေါင်းကို
ပေးတယ်ဆိုတဲ့ ‘ကောင်းကင်နိုင်ငံရဲ့သော့’ ဆိုတာ ဘာတွေလဲ၊
သော့ဆိုတာ တံခါးကို ဖွင့်ဖို့၊ ပိတ်ဖို့အတွက်ဖြစ်တယ်လို့ ယေရှု ပြောပါတယ်။
“ငါသည် လမ်းခရီး(တံခါး) ဖြစ်တယ်။--ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ
ခမည်းတော်ထံသို့မရောက်ရ။” (ယော ၁၄း၆)။ “ထိုသခင်၏ နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ
ကောင်းကင်အောက်လူတို့တွင်မပေါ်မရှိ (တ ၄း၁၂)။ “ကျမ်းစာသည်ပင် လျှင်
ယေရှုအကြောင်းဖြစ်တယ်’ (ယော ၅း၃၉)။ ကျမ်းတတ်တွေ၊ ဖါရိရှဲ တွေဟာ
မေရှိပေါ်မည့်အကြောင်း ‘ပညာသော့’ကို သိမ်းဝှက်ထားလိုက် ကြတယ်။(လုကာ ၁၁း၅၂)။
ကောင်းကင် အဝင်လမ်းကို သူတို့ ပိတ်ထား ကြတယ်။ ယေရှု ပေတရုကိုပေးတယ်ဆိုတဲ့
‘သော့တွေ’ ဆိုတာ ‘ကိုယ် တော့်စကား၊ ကိုယ်တော့်ဩဝါဒများ၊ ကျား/မ
မည်ရွေ့မည်မျှအပြစ်လွှတ် ခံကြရမည့်အကြောင်း၊ စစ်ကြောခြင်းမှ လွတ်ခြင်းအခွင့်၊
အသွေးတော်မှ သည် ငြိမ်သက်ခြင်းနဲ့ လက်ဝါးကပ်တိုင် ပေါ်မှာအသေခံရခြင်းအကြောင်း
တွေဖြစ်တယ်။ ကတိတော်အတိုင်း မေရှိဖြစ်သောယေရှုကိုသိခြင်းသည်
ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဖြစ်ပေ သည်။ (ဟေရှာယ ၂၂း၂၂)။
စာတန်ဟာ တန်ခိုးပြနိုင်တယ်ဆိုတာဖြစ်နိုင်သလား၊
ပြနိုင်တာပေါ့။ (ဗျာ ၁၃း၁၄)မှာ ရှင်ယောဟန်ပြောတယ် ‘မာရ် နတ်ဝိညာဉ်သည် နိမိတ်လက္ခဏာပြပိုင်၏။’ (ဗျာ
၁၆း၁၄၊ ၁၉း၂၀)၌ ဖေါ်ပြချက်အရ ထောင်ပေါင်းများစွာသော သူတို့သည် သားရဲတံဆိပ်ကို
ခံယူကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့အရှေ့၌ပြသော နိမိတ်အမှား တွေကို
လက်ခံယူလိုက်လို့ဖြစ်တယ်။ ပေါလုကလည်း (၂သက် ၂း၉-၁၁) မှာ စာတန်သည်
မုသားနဲ့ဆိုင်တဲ့ထူးဆန်းတဲ့တန်ခိုးများ၊ နိမိတ်လက္ခဏာ များ၊
အံ့ဖွယ်သောအမှုအမျိုးမျိုးတို့ကို လုပ်ပြလိမ့်မယ်လို့ သတိပေးခဲ့ပါ တယ်။ တမန်တော်က
ဘာကြောင့်လူတွေလှည့်စားခံရမှာကို အစဖေါ် ပေးခဲ့တယ်။ သူပြောတယ်။ ‘ထိုသူတို့သည်
သမ္မာတရား၏ ချစ်ခြင်းကို လက်မခံကြတော့။” လှည့်စားခံရခြင်းမှ
လွတ်ဖို့တစ်ခုတည်းသောလမ်း ဆိုတာ ယေရှုကိုသိခြင်း၊ သမ္မာတရားရေးသူနဲ့
သူရေးတဲ့သမ္မာတရားကို သိကျွမ်းရမှာဖြစ်တယ်။ (ဟေရှာ ၈း၂၀)မှာရေးထားတယ်။ 'တရားတော် ကိုလည်းကောင်း၊ သက်သေခံတော်မူချက်ကိုလည်းကောင်း နားထောင် ကြကုန်၊
သူတို့ပြောသော စကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင်၊ သူတို့၌အရုဏ်မတက်သေး။ (မဿဲ
၇း၂၁)မှာ ယေရှုက လူအများဟာ ကိုယ်တော့်နာမနဲ့နိမိတ်တို့ကို လုပ်ခဲ့ကြောင်း၊
နောင်ကာလမှာ ကြွေး ကြော် ပြောလာကြလိမ့်မယ်လို့ ဆိုတယ်။ ကယ်တင်ရှင်ပြန်ပြောပါတယ်။
“သင်တို့ကို ငါအလျှင်းမသိ (ကိုယ်တော့်နာမနဲ့နိမိတ်တန်ခိုးပြခဲ့သူများကို ပင်လျှင်)
အဓမ္မအမှုကိုပြုသောသူတို့-- ငါထံမှဖယ်ကြ” တဲ့။ (၁ယော ၃း၄) မှာ
ရှင်ယောဟန်ရေးပို့ပါတယ်။ “ဒုစရိုက်ပြုသူ(အဓမ္မလူ)များဟာ ပညတ် တော်ကိုလွန်ကျူး၏။
ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်း ဖြစ်သတည်း။ တကယ်လို့
တန်ခိုးနိမိတ်ပြလိုက်ခြင်းက ကျွန်ုပ်တို့ ခန္ဓာ ကိုယ်၌ရှိတဲ့အသားမျှင်တွေ၊
အာရုံကြောတွေကို နေရာတကျဖြစ်စေဖို့ အတွက် ဘုရားပညတ်ပေးထားတဲ့ ကျန်းမာရေးဆိုင်ရာကို
မလေးမစား လုပ်လာခဲ့ရင်၊ ဒါမှမဟုတ် ကိုယ်ကျင့်ဆိုင်ရာ ပညတ်တော်တွေကိုလည်း
မလေးမစားထိခိုက်လာရင် သူတို့လုပ်တဲ့နိမိတ်ဆိုတာ ဘုရားဆီက ဖြစ် တာမဟုတ်ပါဘူး။
အပျိုစင်မာရိအကြောင်းနဲ့ပတ်သက်လို့ ကျမ်းစာမှာဘာပြောသလဲ။
နှုတ်ကပတ်တော်၏ မဟာသစ္စာတစ်ရပ်ကတော့ ဘုရားဖြစ် သော ဘုရားသခင်၏သားတော်ဟာ
အပျိုစင်ကညာမှ မွေးဖွါးခဲ့တယ်ဆို တာပဲ။ ပုရောဖက်ဟေရှာယကလည်း
အနှစ်(၆၀၀)ကြိုတင်ပြီး၊ အနာဂတ္တိ ပြောဟောခဲ့ပါတယ်။ (ဟေရှာ ၇း၁၄)။
ကောင်းကင်တမန်ဂါဗြေလဟာ ယောသပ်ကို မြင်စေပြီး၊ မာရိ၌ ပဋိသန္ဓေရှိခြင်း၏
အရေးပါမှုကို ရှင်းပြ ပေးခဲ့တယ်။ ကောင်းကင်တမန်ဂါဗြေလက မာရိကိုအလွန်အံ့အားသင့်စေ
တဲ့ စကားတွေ လည်းပြောခဲ့ပါတယ်။ “ထိုသားသည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူ
ဖြစ်သောကြောင့်၊ ယေရှုဟူသော အမည်ဖြင့် မှည့်ရ မည်။” (မဿဲ ၁း၂၁)။ ဤပဋိသန္ဓေသည်
သန့်ရှင်းသော ဝိညာဉ်တော် ကြောင့်ဖြစ်၏။(အငယ် ၂၀ ရှင်ပေါလုကလည်း (၁တိ ၃း၁၆)မှာ
“မှန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာဖြစ်သည်။ ဘုရားသခင်သည် ကိုယ် ခန္ဓာ၌
ပေါ်ထွန်းတော်မူပြီ။ လို့ဆိုပါတယ်။ ကျမ်းစာက မာရိ၌ အပြစ်ကင်း စင်သည်ဟုမပြော။ (ရောမ
၃း၂၃)။ ဘုရားဝတ်၌မွေ့လျော်သူ၊ ဖြောင့်မတ် သူအမျိုးသမီးတစ်ယောက် လို့လည်းမပြောပါ။
သူမကို ကိုးကွယ်ဖူးမြော်ရ မည်ဟူ၍လည်း ကျမ်းစာက မသွန်သင်ပါ။ ဘုရားသခင်တစ်ပါးတည်းကို
သာလျှင် ကိုးကွယ်ကြရမည်။ (ဗျာ ၁၄း၇)။ ရှင်ယောဟန်က ဘုရားရှင်၏
ကောင်းကင်တမန်ကိုမြင်၍ ကိုးကွယ်ခြင်းငှာ ခြေရင်းသို့ ပျပ်ဝပ်လျှင်၊ ကောင်းကင်တမန်က
“ဘုရားသခင်ကိုသာကိုးကွယ်လော့'လို့ သူ့ကိုယတိ ပြတ်ပြော၍
လမ်းညွှန်ပေးခဲ့ပါတယ်။ (ဗျာ ၁၉း၁၀)။ မာရိကို အကောင်း
ဆုံးကျွန်ုပ်တို့ဂုဏ်ပြုပေးနိုင်တာဟာ ဂါလိလဲပြည်ကာနမြို့တွင် မင်္ဂလာ
ဆောင်ပွဲကိုခံကြစဉ် သူမရဲ့နာခံခြင်းအပြောဖြစ်တယ်။ ပွဲခံလူတွေကို သူမ ပြောခဲ့ပါတယ်။
မယ်တော်ကလည်း ‘သူစေခိုင်းသမျှကိုပြုကြလော့’ ဟု
အစေခံတို့ကိုပြော၏။ ဒါက မာရိဟာ ယေရှုကိုနာခံခြင်းရှိတာကြောင့်
ဂုဏ်ပြုချီးမွမ်းရပါတယ်။
အခန်း - ၃၅
မှန်သောအသင်းတော် (True Church)
ဗျာ ၁၄း၆-၁၂
ကမ္ဘာကြီး၏ နောက်ဆုံးအချိန်၌ ဘုရားသခင်၏မှန်သော အသင်းတော်၏
သတင်းစကားဖြစ်သည်။
ဗျာ ၁၄း၆ခ
ဘုရားသခင်၏ မှန်သောအသင်းတော်သည် ဧဝံဂေလိတရားကို ဟောပြောသည်။
(ဧဖက် ၂း၈။ ၁ယော ၁း၇။
ယော ၁း၂)။
ဗျာ ၁၄း၉
ဘုရားသခင်၏ မှန်သော အသင်းတော်သည် မြေကြီးပေါ်
နေလူခပ်သိမ်းနှင့် ဆိုင်သောသာသနာပြုလှုပ်ရှားမှုကိုပြုသည်။ (မဿဲ ၂၈း၁၉,၂၀။ မာကု ၁၆း၁၅)။
ဗျာ ၁၄း၇
ဘုရားသခင်၏ မှန်သော အသင်းတော်သည် လူအပေါင်းတို့အား
ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့ဟု ဆော်ဩနေသည်။ (၁ကော ၆း၁၉,၂၀။ ၁၀:၃၁) ဖတ်ပါ။
ဗျာ ၁၄း၇
ဘုရားသခင်၏ မှန်သော အသင်းတော်သည် “တရားစီရင်တော်မူသော အချိန်ရောက်လာပြီ” ဟု ကြေညာနေပါသည်။ (မ၁၂:၃၃,၃၇။ တ ၂၄း၂၅။ ဒံ ၇:၉-၁၄)။
ဗျာ ၁၄း၇
ဘုရားသခင်၏ မှန်သော အသင်းတော်သည် လူအပေါင်းတို့အား
ဖန်ဆင်းတော်မူသော အရှင်ကိုကိုးကွယ်ကြလော့ဟု ဆော်ဩနေသည်။
ဗျာ ၄း၁၁
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူသော
အရှင်ဖြစ်တာကြောင့် ကိုးကွယ်မှု ဘုန်းအသရေကိုခံစားထိုက်၏။
ထွက် ၂၀း၈-၁၁
ဖန်ဆင်းခြင်း၏အမှတ်သင်္ကေတသည် ဥပုသ်နေ့တည်း။
က ၂း၁-၃
လူအပေါင်းတို့အား ဘုရားသခင်၏ မှန်သောအသင်းတော်သည်
ပညတ်တော်ကို စောင့်လျှက်ရှိသော ဧဒင်ဥယျာဉ်အသက်တာသို့
ပြန်သွားဖို့ကျွန်ုပ်တို့ကိုဦးဆောင်သွားနေပါသည်။
ဗျာ ၁၄း၁၂
ဘုရားသခင်၏ မှန်သော အသင်းတော်သည် ဘုရားသခင်၏ ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၌ ယုံကြည်ခြင်းကိုလည်းကောင်း စောင့်ရှောက်ကြရန်ဆော်သြနေပါသည်။
ဗျာ ၁၄း၈
ဘုရားသခင်၏မှန်သောအသင်းတော်သည် မိစ္ဆာအယူဝါဒနှင့်
ဗာဗုလုန်မြို့ကြီး၏ ဝိညာဉ်ရေးရာ အမှားတွေကို သတိပေးပြောကြားနေပါသည်။
ဗျာ ၁၄း၉-၁၁
ဘုရားသခင်၏ မှန်သောအသင်းတော်သည် သေခြင်းအကြောင်း
အမှန်ကိုသွန်သင်ပေးနေသည်။ (ယော ၁၁း၁၁-၁၄။ ဒေသနာ ၉း၅၊ ဆာလံ ၁၄၆း၃,၄) ဖတ်ကြည့်ပါ။
ယော ၁၀း၁၆
ယေရှုသည် မှန်သောသိုးထိန်းဖြစ်၍ လူအပေါင်းတို့အား
ကိုယ်တော့်နောက်သို့ လိုက်ကြရန်နှင့် မှန်သောလမ်းသို့လိုက်ဝင်ကြရန် ခေါ်ယူနေပါ၏။
ဗျာ ၂၂း၁၇
ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက “လာကြပါ” ဟု ခေါ်ယူနေပါတယ်။ ကိုယ်တော် ၏ ဘုန်းအာနုဘော်တော်နှင့် ပြည့်စုံသောဝိညာဉ်တော်အစွမ်းအားဖြင့်လည်းကောင်း၊ ခရစ်တော်ဗဟိုပြုတဲ့ ကိုယ်တော့်အားဖြင့် လည်းကောင်း၊
အသင်းတော်၏မှန်သောသွန်သင်ခြင်းအားဖြင့်လည်းကောင်း ယေရှုက သူ့လူအပေါင်း အထဲသို့ဝင်ရောက်လာကြဖို့ ကျွန်ုပ်တို့ကို ခေါ်ယူနေပါသည်။
အခန်း - ၃၆
ဗာဗုလုန်ဝိညာဉ် (ဗျာ-၁၇)
ဗျာ ၁၇:၁၅
ဘုရားသခင်၏ ဖွင့်ထုတ်ချက်အရ ဝိညာဉ်ရေးရာဖေါက်ပြန်မှု
စနစ်သည် သမ္မာတရားတော်နှင့်
ရောထွေးလျက်ရှိနေကြ၏။
ဒံ ၈း၁၂
သမ္မာတရားကို မြေသို့ နှိမ့်ချ၏။
ဧဖက် ၅း၃၁-၃၃
ခရစ်တော်၏ သတို့သမီးဆိုသည်မှာ အသင်းတော်ကိုဆိုလိုသည်။
ယေရမိ ၆း၂
ဇိအုန်သမီးသည် အဆင်းလှသော အမျိုးသမီးဖြစ်၏။
ဟေရှာ ၅၁း၁၆
ဇိအုန်မြို့သည် ငါ၏လူမျိုးဖြစ်၏။
ဗျာ ၁၂း၁-၃
ကောင်းကင်၌ အဆင်းလှသော အမျိုးသမီးပေါ်လာသည် ဆိုသည်မှာ
ဓမ္မသစ်ကျမ်းကာလခရစ်ယာန်အသင်းကိုဆိုလို၏။
ဗျာ ၁၇း၁-၂
ဗျာဒိတ်ကျမ်း အခန်းကြီး(၁၇)တွင်
ပြောသောပြည့်တန်ဆာကြီးဆိုသည်မှာကျဆင်းသောအသင်းအုပ်စုကို ညွှန်း သည်။
ဗျာ ၁၇း၄
ထိုကျဆင်းသော အသင်းအုပ်စုအတုစနစ်၏ အရောင်သည် မောင်းသောခရမ်းရောင်နှင့်
နီရဲရဲ အရောင်ဖြစ်၏။ ရောမအသင်း
လက်ရှိသုံးနေတဲ့အရောင်ဖြစ်၏။ သူမ၏ဌာနချုပ်ရှိရာအရပ်သည် တောင်ခုနစ်လုံးပေါ်မှာ
ရှိသည်။ ရောမမြို့ဖြစ်သည်။ (အငယ်- ၉)
ဗျာ ၁၇:၅
ထိုအတုစနစ်သည် ဓမ္မဟောင်းကျမ်းကာလ၏ ဗာဗုလုန် ပြန်လည်အသက်ဝင်လာခြင်း
ဖြစ်သည်။
က ၁၁း၉
ဗာဗုလုန်အဓိပ္ပါယ်မှာ ရှုပ်ထွေးခြင်းကိုဆိုသည်။ ထိုစဉ်က ဘာသာစကားအပြောအဆို ရှုပ်ထွေး ခြင်းကို ဘုရားပြုခဲ့၏။ ဝိညာဉ်ဗာဗုလုန်ဆိုသည် မှာ
ဘာသာရေးရှုပ်ထွေးခြင်းကို ညွှန်းပါသည်။
ဒံ ၄း၃၀
ဗာဗုလုန်မြို့သည်ကား လူတို့၏ ဓလေ့ထုံးစံနှင့် အောင်မြင်မှုကို အခြေပြုသော
လူလုပ်စနစ်တစ်ရပ်ဖြစ်သည်။(ဟေရှာ ၄၅း၂၂)။
ယေရမိ ၅၁း၄၇
ရှေးခေတ်ဗာဗုလုန်မြို့ကြီးသည် သူမ၏ဗိမာန်ထဲ၌
ရုပ်တုဖြင့်အပြည့်ရှိစေသကဲ့သို့ ဝိညာဉ်ဗာဗုလုန်သည်လည်းပြုစုလိမ့်မည်။
ထွက် ၂ဝး၄-၅
အသက်မရှိတဲ့ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်ကြနှင့်။
ယေဇ ၈း၁၄
မိန်းမတို့သည် သစ်သီးသစ်ရွက်တိုးဖို့ တမ္မုဇနတ်အတွက်
ငိုကြွေးနေခဲ့ကြ၏။ ဗာဗုလုန်မြို့မှာလူကြီးသူမတို့အား ရှိခိုးခြင်း၊ သို့မဟုတ်
“စိန့်” ခေါ်သန့်ရှင်းသူများအားရှိခိုးခြင်းများသည် အစဉ်အလာဖြစ်လာသည်။
ဒေသနာ ၉း၅
သေသောသူမူကား အဘယ်အရာကိုမျှ မသိတော့။
ဆာလံ ၁၁၅း၁၇
သေသောသူသည် ထာဝရဘုရားကို မချီးမွမ်းရကြ။
ယေဇ ၈း၁၆
နေကို ကိုးကွယ်ခြင်းသည် ထာဝရဘုရား၏ ဗိမာန်ထဲသို့ ဝင်လာခဲ့၏။
ယေဇ ၂၀:၁၂,၂၀
ဥပုသ်နေ့သည် ဘုရားပြုသော လက္ခဏာ သက်သေဖြစ်တယ်။
ဗျာ ၁၇း၁၂-၁၄
ဝိညာဉ်ဗာဗုလုန်သည် လူမျိုးကိုစုမည်။ မြေပေါ်မှာ
ဘုရားနိုင်ငံတော်ကို တည်ထောင်၍ ဘုရားရှိခိုးရန် အများဆိုင်နေ့ တစ်နေ့ကို
သတ်မှတ်မည်။
ဗျာ ၁၈း၁
ဝိညာဉ်ရေးရှုပ်ထွေးနေတဲ့ကာလ၌ မြေကြီးသည် ဘုရား၏ ရောင်ခြည်အားဖြင့်
ထွန်းလင်းမည်။
ဗျာ ၁၈း၂-၄
ဗာဗုလုန်မြို့အတွင်းမှ ထွက်လာကြဖို့ ဘုရားသခင်က
နောက်ဆုံးခေါ်ယူနေပါသည်။
၁ယော ၃း၄
ဒုစရိုက်သည်ကားပညတ်တော်ကိုလွန်ကျူးခြင်း၊ သို့မဟုတ် ချိုးဖေါက်ခြင်း ဖြစ်ပေသည်။
ဘုရားသခင်နောက်ဆုံးခေါ်ယူနေရသည့်အကြောင်းမှာကိုယ်တော်၏ လူများက
ပညတ်ချိုးဖေါက်နေခြင်းကို စွန့်၍ ကိုယ်တော်၏ ဥပုသ်နေ့ကိုစောင့်သောလူများထဲသို့
ဝင်ကြဖို့ဖြစ်တယ်။
ဗျာ ၁၄း၁၂
ဒီမှာ “ဘုရားပညတ်တော်တို့ကို စောင့်သူများရှိ၏။” ယေရှု၏ ယုံကြည်ခြင်းလည်းရှိ၏။
အခန်း - ၃၇
ပုရောဖက်ပြုနိုင်တဲ့ဆုကျေးဇူး (Gift of Prophecy)
အာမုတ် ၃း၇
ထာဝရဘုရားသည် မိမိကျွန်ပုရောဖက်တို့အားဖြင့်
ဖေါ်ပြတော်မူပါ၏။
တော ၁၂း၆
ဘုရားသခင်သည် ရူပါရုံအားဖြင့်လည်းကောင်း၊ အိပ်မက်အားဖြင့်လည်းကောင်း
သူ၏အလိုတော်ကို ဆက်သွယ်ပေးသည့်နည်းတစ်ရပ်ကို သုံးပါသည်။
ဗျာ ၁၂း၁၇
နဂါးသည် ဘုရားပညတ်တော်တို့ကို စောင့်ရှောက်သောသူ၊
ယေရှုသက်သေရကြသူ အကျန်အကြွင်းတို့ကို စစ်ပြုလေ၏။
ဗျာ ၁၉း၁၀
ပုရောဖက်ဟောသောစကားသဘောသည်ယေရှု၏ သက်သေဖြစ်၏။
ဗျာ ၂၂း၆,၉
ရှင်ယောဟန်ရှေ့ ရောက်လာသောကောင်းကင်တမန်သည်
ပုရောဖက်စကားပြောသော ကောင်းကင်တမန်
ဖြစ်သည်။ နောက်ဆုံးသော နေ့၌ ပေါ်လာမည့်ကောင်းကင်တမန်ဖြစ်၏။
ဧဖက် ၄း၈,၁၁-၁၅
ယေရှုပေးတော်မူသောဆုကျေးဇူးများထဲက တစ် ခုသည်
ပုရောဖက်ပြုနိုင်သောဆုကျေးဇူးဖြစ်၏။ ထိုဆုကျေးဇူး
သည် နောက်ဆုံးနေ့တိုင် ရှိလိမ့် မည်။
၁ ကော ၁း၄-၇
ယေရှုကြွလာပြီး နောက်၌ရှိကြသော အသင်းများသည်
ဆုတော်တစ်စုံတစ်ခုကိုမျှ ရရှိကြမည် မဟုတ်။
၁ ယော ၄း၁
“ခပ်သိမ်းသောစိတ်ဝိညာဉ်များကို စစ်ဆေးကြဖို့ကျမ်းစာက
တိုက်တွန်းပါတယ်။ ပုရောဖက်ပြု ကြေညာ
ဟောပြောစကားတွေတိုင်းဟာ မှန် သော ပုရောဖက်ပြုခြင်းဖြစ်သော
ကျမ်းစာ အလို အတိုင်းစစ်ဆေးခံနိုင်ရ
မည်။(မဿဲ၂၄၊၅,၁၁,၂၄)
မှန်သောပုရာဖက်ပြုချက်စစ်ဆေးခြင်း
တရား ၁၃း၁-၄
မှန်သောပုရောဖက်များသည် အလိုတော်ကို နာခံခြင်းအမြဲ
ရှိနေကြသည်။
ယေရမိ ၂၈း၈,၉
မှန်သော ပုရောဖက်ပြောစကားများသည် ခြွင်း ချက်မရှိတဲ့အခါ
အမြဲတမ်း စကားပြည့်စုံခြင်းသို့ ရောက်၏။
ဟေရှာ ၈း၁၉,၂၀
တရားတော်ကိုလည်းကောင်း၊ သက်သေခံတော် မူချက်ကို လည်းကောင်း
နားထောင်ကြကုန်။ သူတို့ပြောသော
စကားသည် နှုတ်ကပတ်တော် နှင့်မညီလျှင်၊ သူတို့၌
အရုဏ်မတက်သေး။ အလင်း မရှိ။
ယေဇ ၇း၁၆
ပညတ်တော်တို့ကို သူတို့ မနာခံကြတဲ့အခါ ရူပါရုံကို ဘုရား
ဖယ်ရှားလိုက်၏။
၁ယော ၄း၁-၃
မှန်သောပုရောဖက်များသည် ယေရှုခရစ်ကို စေ့စေ့ဆင်ခြင်ကြည့်ရှုခြင်းကို
အလေးထားတတ် ကြသည်။
ဒံ ၁၀း၇
ဗျာဒိတ်ရူပါရုံကို မြင်သော မှန်သောပုရောဖက်သည်
ကြောက်ရွံ့တုန်လှုပ်ခြင်းမဖြစ်။
မဿဲ ၇း၁၅-၁၆
ပုရောဖက်ပြုသူတို့၏ အသက်ရှင်မှု အကျိုးကျေးဇူးသည်ဘုရားစေလွှတ်တော်မူကြောင်း
အထောက်အထားကိ
ဖွင့်ပြပါသည်။
၆ ရာ ၂၀း၂ဝ
ဘုရားသခင်၏ ပုရောဖက်များကို ယုံကြည်လျှင်အောင်မြင်ကြလိမ့်မည်။
၁ကော ၁၂း၂၇,၂၈
ဘုရားသခင်သည် အသင်းတော်၌ မှန်သော ပုရောဖက်တို့ကို ခန့်ထား၍
ပညတ်တော်တို့ကို စောင့်ရှောက်ရင်း
အခက်အခဲ ကာလတစ် လျှောက် အသင်းတော်တို့ကို ကြပ်မတ်ပေးခဲ့
သည်။ ကိုယ်တော့်လူများထံ ဗတ္တိဇံ ဆရာ
ယော ဟန်ကို ယေရှု ပထမကြွလာမည့် လမ်းအတွက် ပြင်ဆင်ကြရန်
စေလွှတ်တော်မူသကဲ့သို့၊ နောက် ဆုံးနေ့
ပညတ်တော်တို့ကို စောင့်ကြသော အသင်းတော်များသည်
ပုရောဖက်ပြုခြင်း ဆု ကျေးဇူးများဖြင့် မင်္ဂလာရှိကြ
လိမ့်မည်ဟု ဘုရား သခင်ကတိတော်ပေးခဲ့သည်။
ခရစ်တော်ကြွလာမည်ကို မြော်လင့်သောသတ္တမနေ့အသင်းတော် သည်
အယ်လင်ဂျီဝှိုက်(Ellen G.
White) ရေးသားချက်အတိုင်း အသင်း တော်၌
စစ်မှန်သောပုရောဖက်ပြုခြင်းဆုကျေးဇူးရှိကြောင်း ယုံကြည်ပါ သည်။ သူမ၏
ရေးသားချက်များသည် ကျမ်းစာအတိုင်း နေရာကျပါ သည်။ ထိုအရာများက (ဗျာ ၁၂း၁၇)
ဖေါ်ပြသည်အတိုင်း၊ ပုရောဖက် ပြုခြင်းဆုကျေးဇူးသည် ဘုရားသခင်၏
နောက်ဆုံးသောနေ့အသင်းတော် ၌ ပေါ်ထင်မည်အကြောင်း ကြေညာချက်
အလိုပြည့်စုံခြင်းပင်ဖြစ်သည်။ သူမ၏ ရေးသားချက်များသည် မှန်သော ပုရောဖက်တစ်ယောက်ကို
ကျမ်းစာအတိုင်းဝေဖန်စစ်ဆေးခြင်းအမှုအောင်ခဲ့သည်။
အခန်း - ၃၈
ဗတ္တိဇံအကြောင်း (Baptism)
မဿဲ ၂၈း၁၉,၂၀
သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ် စေလျက်၊
ခမည်းတော်၊ သားတော်၊ သန့်ရှင်း သောဝိညာဉ်
တော်၏ နာမ၌ ဗတ္တိဇံကိုပေးကြ လော့။ ငါသည် သင်တို့အား
ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေ
ခြင်းငှါ ဆုံးမ သြဝါဒပေးကြလော့။
မာကု ၁၆း၁၆
ယုံကြည်၍ ဗတ္တိဇံခံယူသော သူတို့သည် ကယ်တင်တော်မူခြင်း
သို့ရောက်လတ္တံ့။
ယော ၃း၅
ရေနှင့်ဝိညာဉ်မမွေးသောသူမည်သည်ကားဘုရားသခင်၏
နိုင်ငံတော်ထဲသို့မဝင်ရ။
ဖက် ၄း၅
သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဗတ္တိဇံတစ်ပါး။
မဿဲ ၃း၁၃-၁၇
ယေရှုသည် အသက်အရွယ်ရောက်သူ တစ်ဦးအဖြစ်၌ ဗတ္တိဇံ ခံယူခဲ့သည်။
ယော ၃း၂၃
ကျမ်းစာထဲက ဗတ္တိဇံယူရာ၌ ရေများသောအရပ်ဟုဆိုသည်။
ဓာကု ၁း၉-၁ဝ
ယေရှုသည် ရေထဲသို့ဆင်း၍ ရေထဲမှ ‘ပေါ်ထခဲ့သည်’ ဖြစ်သောကြောင့်
ကိုယ်တော်သည် လုံးလုံးနစ်မြုပ်ခဲ့ပြီ
တည်း။
တ ၈း၃၀
ဖိလိပ္ပုသည် အဲသယောပိအမတ်နဲ့အတူ ရေထဲသို့ဆင်း၏။
လုံးလုံးနစ်မြုပ်ခြင်းအားဖြင့် အမတ် ကို ဖိလိပ္ပုဗတ္တိဇ
ပေးခဲ့၏။
ကော ၂း၁၂
ဗတ္တိဇံအားဖြင့် ခရစ်တော်နှင့်အတူ သင်္ဂြိုဟ်ခြင်းခံယူသည်။
ရောမ ၆း၃-၆
ဗတ္တိဇံသည် အသက်ရှင်ထမြောက်မှု သင်္ကေတတစ်ခုဖြစ်၍မိမိဘဝဟောင်း၏သေခြင်း၊
သင်္ဂြိုဟ် ခံယူခြင်းနှင့်၊ ယေရှုနဲ့အတူ ဘဝအသစ်သို့ ရောက်ရှိလာခြင်းကို
ကိုယ်စားပြုသည်။
တ ၂း၃၈
နောင်တရကြ၍ ဗတ္တိဇံကို ခံယူကြလော့။
မာကု ၁၆း၁၆
ယုံကြည်၍ ဗတ္တိဇံခံယူသောသူတိုင်း၊ ကယ်တင်တော်မူခြင်းသို့ရောက်ရမည်။
တ ၂း၄၁-၄၂
ထိုစကားကို အသင့်နှလုံးသွင်းမိကြတဲ့သူတွေဗတ္တိဇံကို
ခံယူခဲ့ကြသည်။ ထိုသူတို့သည် တမန်တော်တို့၏ ဩဝါ
များ၊ လမ်းညွှန်ချက်များကို တစ်သဝေမတိမ်း
ဆက်လက်ခံယူကြပါသည်။ (မဿဲ ၂၈၊၁၉,၂၀) မှာအတိုင်း။
၁ ကော ၁၂း၁၃
ဗတ္တိဇံယူသည်မှာ ကိုယ်ခန္ဓာ (အသင်းတော်)အထဲသို့
ဝင်ရောက်ခြင်းဖြစ်၏။ (တ ၂း၄၆-၄၇) မှာလည်းဖတ်ကြည့်ပါ။
မဿဲ ၂၈း၁၉,၂၀
ယေရှုသည် တပည့်တော်ဖြစ်သူများကိုသာ ဗတ္တိ ဇံပေးရန်
အခွင့်ပေးသည်။ ထိုတပည့်တော်များ သည် ယေရှုပေး
သမျှ ပညတ်တို့၏ သမ္မာတရား အမြင်ကို သွန်သင်ပေးကြရမည်။
တပည့်တော် များသည် လူမျိုးတကာအား
ပညတ်တော်များ ကိုသွန်သင်၍ ဗတ္တိဇံပေးကြရန် စေလွှတ်တော်မူ
ခဲ့သည်။ အကယ်၍ သင့်အား သန့်ရှင်းသော
ဝိညာဉ်တော်က ဗတ္တိဇံ ခံယူဖို့ နှိုးဆော်ခဲ့ပါလျှင်
ယေရှုပေးသမျှ ပညတ်တော်တို့ကို သွန်သင်ပေး တဲ့၊ ဥပုသ်နေ့
မြတ်ကိုလည်း စောင့်ထိန်းတဲ့ အသင်းတော်တစ်ပါးကို ရှာဖွေပါ။
တ ၂၂:၁၆
ထလော့၊ ဗတ္တိဇံကိုခံ၍ သင်၏ အပြစ်များကိုဆေးကြောလော့။
အခန်း - ၃၉
ဆယ်ဖို့တစ်ဖို့
(သို့မဟုတ်) ဘဏ္ဍာစိုးခရစ်ယာန်
(Tithe or Christian Stewardship)
တရား ၈း၁၈
စည်းစိမ်ရတတ်သော အစွမ်းကို လူတိုင်းအားဘုရားပေး၏။
ဆာလံ ၂၄း၁
မြေကြီးကို ဘုရားပိုင်သည်။
ဟဂ္ဂဲ ၂း၈
ရွှေနှင့်ငွေသည် ဘုရားဥစ္စာဖြစ်သည်။
မာလခိ ၃း၈-၁၁
လူသည် ဘုရားသခင်၏ ဥစ္စာတော်ကို လုယူရမည်လော။ သို့သော်လည်း
သင်တို့သည် ငါ့ ဥစ္စာ ကို လုယူကြပြီ။
ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း၊ ပူဇော်သကာတို့ကိုလည်းကောင်း
လုယူကြပြီ။ ဆယ်ဖို့တစ်ဖို့ရှိသမျှကို
ဘဏ္ဍာတိုက်ထဲသို့ သွင်း ကြလော့။ ထိုသို့စုံစမ်းကြလော့ဟု
အရှင်ထာဝရ ဘုရား မိန့်တော်မူ၏။
သုတ္တံ ၃း၉-၁၀
ထာဝရဘုရားကို ဦးစွာချီးမွမ်းလျှင်၊ ကိုယ်တော်သည်ကောင်းကင်ဘုံ၏
ကြွယ်ဝသောကောင်းချီး မင်္ဂလာကို
သွန်းလောင်းတော်မူလိမ့်မည်။
မဿဲ ၆း၃၃
ဘုရားသခင်၏ နိုင်ငံတော်ကို ဦးစွာရှာကြလော့။ နောင်မှ အရာရာကို သင့်အား ထပ်လောင်းပေး
မည်။
က ၁၄း၂ဝ
‘အမြင့်ဆုံးသော ဘုရားသခင်သည်
မင်္ဂလာရှိတော်မူစေသတည်း။’ အာဗြဟံသည် ဥစ္စာရှိသမျှ ၏
ဆယ်ဖို့တစ်ဖို့ကို ယေရှုပုံစံဖြစ်သော၊ မေလခိ ဇေဒက်အား ပေးလှူလေ၏။
ဝတ် ၂၇း၃၂
ဆယ်ဖို့တစ်ဖို့သည် ဆယ်စုတစ်စုဖြစ်၏။
မဿဲ ၂၃:၂၃
ဆယ်ဖို့တစ်ဖို့အကြောင်းနဲ့ ပတ်သက်လို့ ယေရှုပြောခဲ့ပါ၏။
‘ဆယ်ဖို့တစ်ဖို့ပေးလှူကြရမည်။' သို့သော်လည်း ဖါရိရှဲများက သူတစ်ပါးကိုသနား ခြင်း၊ တရားသဖြင့်စီရင်ခြင်း၊
ကရုဏာထားခြင်း တို့၌ ပျက်ကွက်သည်ကို ကိုယ်တော်ရှုတ်ချလေ ၏။
၂ကော ၉း၇
စိတ်ပါလက်ပါစေတနာစိတ်နဲ့ ပေးလှူခြင်းကိုဘုရားချစ်၏။
၁ကော ၉း၁၃,၁၄
ဧဝံဂေလိကို ဟောပြောသောသူများသည် ဧဝံဂေလိတရားကို အမှီပြု၍
အသက်မွေးကြရမည်။
၁တိ ၅:၁၈
လုပ်ဆောင်သောသူသည် အခကို ခံထိုက်ပေ၏။
သုတ္တံ ၁၁:၂၄,၂၅
သူတစ်ပါးကို စွန့်ကြဲတတ်သော နှလုံးသားရှိသူ သည်
ကျွန်ုပ်တို့၏ ဘုရားသခင်ထံမှ အစဉ် မပြတ်ကောင်းချီးခံရ
လိမ့်မည်။
တရား ၁၄:၂၂
ခရစ်ယာန်တို့၏ ဘဏ္ဍာရေးကို ဘုရားသခင်ဆွေးနွေး အကြံပေးပါတယ်။
“ဆယ်ဖို့တစ်ဖို့ကို သင်တို့အမှန်ပေးရ
မည်။” ရှေးလူမျိုးတော် ဣသ ရေလတို့၏ရက်နေ့များကဲ့သို့
ယနေ့အခါ၌လည်း လိုက်နာကြရမည်။
ယော ၁၃း၁၇
ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင်
မင်္ဂလာရှိ၏။
အခန်း - ၄၀
ခရစ်ယာန်စံနှုန်း (Christian Standards)
၂ကော ၅း၂ဝ
ကျွန်ုပ်တို့သည် ခရစ်တော်၏ သံတမန်များဖြစ်ကြ၏။
ဟေရှာ ၆၂း၁ဝ
လူများအဖို့ စံနှုန်းတစ်ရပ်ကို ထူထောင်ပေးပါ။
၁ယော ၂း၁၅-၁၇
လောက၌ရှိသော အရာများကို မချစ်ကြနှင့်။ လောကနှင့် လောကီတပ်မက်ခြင်းသည်
ရွေ့သွားပျောက်ကွယ်လေ၏။
ရောမ ၁၂:၁,၂
ဤလောက၏ ပုံစံခွက်ထဲသို့ ဖိသိပ်လျှက်မရောက်စေနဲ့။ သင်တို့သည်
လောကီပုံသဏ္ဌာန် ကိုမဆောင်ကြနှင့်။
စိတ်နှလုံးကို အသစ်ပြုပြင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့
ရောက်ကြလော့။
ဖိလိပ္ပိ ၄း၇,၈
စင်ကြယ်သော သမ္မာတရားအကျင့်၊ လျောက်ပတ်သောအကျင့်၊
ဖြောင့်မတ်သော အကျင့်၊ သူ တစ်ပါးနှစ်သက
ဖွယ် ဖြစ်သောအကျင့်၊ ရိုးသား သောအကျင့်၊ တရားမျှတစွာ စီရင်ခြင်းအကျင့်၊
ချီးမွမ်းဖွယ်ဖြစ်သော အကျင့်ရှိ
သမျှတို့ကို နှလုံး သွင်းကြလော့။
၂ကော ၃း၁၈
နှလုံးသွင်းလုပ်ဆောင်နေခြင်းအားဖြင့် ပြောင်းလဲမှုရောက်လာသည်။
ဆာလံ ၁၁:၅
လုယူဖျက်ဆီးခြင်းအမှု နှစ်သက်ကြသူများသည်ဘုရားသခင်၏အမျက်တော်ကို
နှိုးဆော်နေ၏။
ဆာလံ ၁၁၉:၃၇
အနတ္တကို ပဏာမ မပြုစေဖို့ မျက်စိကို အခြားသို့ လွှဲပစ်ပါ။
ဖိလိပ္ပု ၂:၅
ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။
၁တိ ၂း ၉-၁၀
မိန်းမတို့သည် အိန္ဒြေရသောအဝတ်အစား၊ သင့်တင့်လျောက်ပတ်သော
အဝတ်အစားကို ဝတ် ဆင်၍ ရွှေငွေပုလဲ
အဆင်တန်ဆာများနှင့် အဖိုး တန်အဝတ်အစားများဝတ်ဆင်ခြင်းကို
ရှောင်ရှား ပြီး၊ ကောင်းသောအကျင့်နှင့်
ကိုယ်ကိုတန်ဆာ ဆင်ရမည်။
၁ ပေ ၃း၂-၅
မှန်သောအဆင်တန်ဆာဆင်ခြင်းသည် အပြင်ပန်းတန်ဆာ
ဆင်ယင်ခြင်းမဟုတ်။ နှလုံးသား၌ ချစ်စရာ့အသွင
ဖြစ်ရမည်။
က ၃၅း၂-၄
ယာကုပ်သည် ဗေသလအရပ်၌ ဘုရားသခင်နှင့် တွေ့ဆုံပြီး
နောက်နိုးကြားရေးအမှုတော်ဆောင် ရာ၌ သူ့အိမ်သားများ အားလုံးကို သူတို့၏ လက်
ဝတ်ရတနာများကို ချွတ်ကြ၍ သူတို့ဆောင်ခဲ့ သောရုပ်တုများကို ဖျက်ဆီးပစ်ကြရန်
အမိန့်ပေး ခဲ့သည်။
ထွက် ၃၃း၃-၆
ဣသရေလလူမျိုးသားသမီးတို့သည် ကတိတော်ပြည်သို့ဝင်ရောက်သောအခါ
သူတို့၏ လက်ဝတ် တန်ဆာများကို ချွတ်ပစ်ကြရ၏။
ဟေရှာ ၃း၁၆−၂၄
ဘုရားသခင်သည် သူ့လူများ၌ လူလုပ်လက်ဝတ်လက်စားတွေဆင်ယင်ပြီး၊
စာရိတ္တအလှကင်းမဲ့ ခြင်းကို မြင်ရ
သောအခါ နှစ်သက်တော်မမူ ကြောင်းဖေါ်ပြခဲ့သည်။
ဟောရှေ ၂း၁၃
လက်ဝတ်ရတနာများဝတ်ဆင်ခြင်းသည် ရုပ်တုကိုးကွယ်ခြင်းနှင့်ပတ်သက်နေပြီး၊
ဘုရားသခင် ကိုမေ့လျော့၏။
ဗျာ ၁၇း၁-၅
ဘုရားသခင်ပုံပြသော မိစ္ဆာအသင်းသည် ရတနာဆင်ယင်ခြင်းရှိနေသည်။
ထိုသူမသည် သူမ၏ အချစ်စစ် ယေရှုခရစ်ကို စွန့်ခွါထွက်သွား၏။
ဟေရှာ ၆၁း၁-၃
ယေရှုသည် ကျွန်ုပ်တို့အား အလှစစ်စစ်ကို ပေး သည်။
ကျွန်ုပ်တို့ကို ကယ်တင်ခြင်းဝတ်ရုံကို ဝတ် ဆင်စေပြီး၊ ငြိမ်
သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ အပြစ်ခွင့်လွှတ်ခြင်း၊
စီရင်ခြင်းမှလွတ်ရခြင်းနဲ့ ပျော်ရွှင်မှုအလုံးစုံကို အခမဲ့ပေး
ပါသည်။ (ဟေရှာ ၆၁း၁ဝ)ကြည့်။
ယော ၈း၂၉
ဘုရားသခင်နှစ်သက်တော်မူသောအမှုကို အစဉ်ငါပြုသည်။
ယော ၁၃:၁၇
ပျော်ရွှင်ခြင်းသည် ဘုရားအလိုတော်ကို သိ၍လုပ်ဆောင်ရာမှ
ရောက်လာသည်။
ဆာလံ ၄၀း၈
ကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏ အလိုကိုဆောင်ရာ၌
အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ ၏။
အခန်း - ၄၁
သန့်ရှင်းသောဝိညာဉ်တော် (The Holy Spirit)
ယော ၁၆း၇
သန့်ရှင်းသောဝိညာဉ်တော် (‘ဥပဇ္ဈာယ်ဆရာ”ဟူ၍လည်း ဖေါ်ပြ)သည်
ဘုရားဖြစ်ကြောင်း ယေရှုကြေညာသည်။
ယော ၁၆း၈
သန့်ရှင်းသော ဝိညာဉ်တော်သည် အပြစ်စီရင်ခြင်းကိုပြုသည်။
မဿဲ ၂၈း၁၉,၂၀
သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားအဖြစ် တော်၌ တစ်ပါးအပါအဝင်ဖြစ်သည်။
ဧဖက် ၄း၃ဝ
သန့်ရှင်းသောဝိညာဉ်တော်သည် စိတ်နာနိုင်၏။
က ၆း၃
သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့၌ ‘အစဉ်မဆုံးရ။’ဖြောင့်မတ်စွာနေဖို့တွန်းပို့ပေးနိုင်
သည်။
ရောမ ၈:၂၆
သန့်ရှင်းသော ဝိညာဉ်တော်သည်
ကျွန်ုပ်တို့အတွက်ကိုယ်စားပြုစောင့်မတော်မူသည်။
ရောမ ၈း၂၇
ဝိညာဉ်တော်သည် စိတ်နှလုံးကိုသိ၏။
ရောမ ၈း၁၆
ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် သက်သေခံတော်မူ၏။
ဂလာတီ ၅း၂၂-၂၆
သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ ဘဝများထဲတွင် ဝိညာဉ်ရေးအကျိုးအသီးကို
ထုတ်လုပ်ပေးသည်။
ယေဇ ၃၆း၂၆,၂၇
သန့်ရှင်းသောဝိညာဉ်တော်သည် စာရိတ္တအသွင်ပြောင်းလဲစေခြင်း၊
နှလုံးအသစ်ပေးခြင်းဖြင့် မစ တော်မူ၏။
က ၁း၂
ဝိညာဉ်တော်သည် ခမည်းတော်၊ သားတော်တို့နှင့်
အတူဖန်ဆင်းခြင်း၌ ပါဝင်ခဲ့သည်။ ကိုယ်တော်သည်ပြန်လည်
ဖန်ဆင်းခြင်း၌ ပါဝင်ခဲ့ သည်။
ရောမ ၈း၁၁
ကျွန်ုပ်တို့သည် ယေရှုအတွက် သေရမည်ကိုကြောက်ရွံ့ခြင်း
အလျင်းမရှိ။ သန့်ရှင်းသောဝိညာဉ်တော်မှတစ်ဆင့် ကိုယ်တော်၏ သစ္စာကို ခံသူ
လူအဖြစ်နှင့်ထမြောက်လာပါလိမ့်မည်။
ယော ၁၆း၁၃,၁၄
သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာတရားကို အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။
ယော ၁၄း၂၆
သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ ဥပဇ္ဈာယ် ဆရာဖြစ်သည်။
မဿဲ ၁၂း၃၁,၃၂
သန့်ရှင်းသော ဝိညာဉ်တော်၏ အပြစ်ကို ဖေါ်ပြ ခြင်း၊ ပြောင်းလဲစေနိုင်ခြင်း၊
တန်ခိုးကိုခံယူခြင်း တို့ကို လုံးဝ
ဥဿုံထပ်ကာထပ်ကာ ငြင်းပယ်နေ ခြင်းသည် ယခုဘဝ၊ နောင်ဘဝ
အပြစ်လွှတ်ခြင်း မခံရနိုင်။
ရောမ ၈း၁၄
ဘုရားသခင်၏ ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသော သူတို့သည်
ဘုရားသခင်၏ သားဖြစ်ကြ၏။
အခန်း - ၄၂
သန့်ရှင်းသောဝိညာဉ်တော်အကြောင်း မေးတတ်တာတွေ
အခြားသောဘာသာစကားအကြောင်း ကျမ်းစာထဲမှာဘာပြောခဲ့ သလဲ။
ဘာသာစကားဆုကျေးဇူးအကြောင်းမစဉ်းစားခင်၊ အောက်ဖေါ်ပြ
ပါအချက်တွေကို အသေအချာမှတ်သားမိဖို့လိုတယ်။
၁။
တမန်တော်အခန်းကြီး(၂)အထဲမှာပြောကြတဲ့ဘာသာစကားဟာ
ဘာသာစကားအတားအဆီးကိုဖြိုဖျက်လိုက်ပြီး၊ ဧဝံဂေလိ ဆက် စေဖို့နဲ့
အစစ်အမှန်သမ္မာတရားကို ထူထောင်ဖို့ တကယ့် စကား ပြောဘာသာစကားကိုပြောခဲ့ကြတာဖြစ်တယ်။
(တ ၂း၄-၈)
၂။ 'glossalalia' စကားလုံးကို (ဗျာ ၁၄း၆) မှာလည်းသုံးပါတယ်။
၃။
တမန်တော်ဝတ္ထုထဲမှာဘာသာစကားပြောခြင်းအကြောင်း နေရာ
(၃)ခုမှာပဲဖေါ်ပြထားပါတယ်။ (တမန် ၂၊၁ဝ၊၁၉)။ အဲဒီ နေရာ တိုင်းမှာ အခြားသော
ဘာသာစကားပြောလူအုပ်စုရှိနေကြတာ ပဲ။
က။
တမန်တော်(၂)မှာ ဘာသာစကားပြောတာ တကယ့် စကားပြောဘာသာစကားပြောတာပါ။
(အငယ် ၈၊၁၁)
ခ။
တမန်တော်(၁၀)မှာ ကော်နေလိနဲ့သူ့အိမ်ထောင်မိသားစု များက
ယေရှုကိုလက်ခံပြီးတဲ့နောက် ဘာသာစကား ပြောခဲ့ပါတယ်။ ပေတရုက ဂျူးလူမျိုး၊ ကော်နေလိ
အုပ်စု က ဂရိလူမျိုးဖြစ်တယ်။ ကော်နေလိ သူ့စကားနဲ့သူပြော နေတာကို ပေတရုနားလည်နေတယ်။
ဒါက ကော်နေလိ အမှန်ပြောင်းလဲခြင်းကို ပေတရုစိတ်၌ အတည်ပြုချက် ပေးနိုင်ခဲ့တယ်။ [(တ
၁၁း၁၇)၌ဖော်ပြတဲ့ ဘုရားသခင် ပေးတဲ့ ဆုကျေးဇူးနည်းတူ တပည့်တော်များ လက်ခံရကြ
ခြင်းဖြစ်တယ်။]
ဂ။
လူမျိုးတကာတို့၏ တမန်တော်ကြီးရှင်ပေါလုဟာ ဧဖက် မြို့၌
ဘာသာစကားပြောတာကိုသက်သေရခဲ့တယ်။ (တ ၁၉) ကျမ်းစာထဲမှာ ဘာသာစကားပြောတယ်ဆိုတဲ့
နေရာတိုင်းမှာ ဘာသာ စကားမျိုးတူတစ်မျိုးထက်ပိုပြော ကြတဲ့
လူအုပ်စုတွေရှိနေတတ်ကြပါတယ်။
၄။
ကောရိန္ဒုမြို့ အသင်းတော်ဟာ ရှင်ပေါလုအတွက် ပြဿနာမြို့
တစ်မြို့ပါပဲ။ မကြာခဏခိုက်ရန်ဖြစ်ခြင်း၊ စကားများခြင်းရှိတဲ့ မြို့။ ကောရိန္တုမှာ
စစ်မှန်သောဆုကျေးဇူးကို အလွဲသုံးခြင်းကိစ္စ ထိန်းနိုင်ဖို့ သူကြိုးစားခဲ့ရပါတယ်။
ဒါကြောင့် အောက်ဖေါ်ပြပါ လမ်းညွှန်ချက်တွေ သူချမှတ်ပေးခဲ့ရပါတယ်။
က။
တစ်ကြိမ်မှာ လူတစ်ယောက်သာလျှင် စကားပြောကြဖို့။ (၁ကော ၁၄း၂၇)။
ခ။
ဘာသာစကားအနက်ဖေါ်ပြောသူ တစ်ယောက်အမြဲရှိ
နေရမည်။ (၁ကော ၁၄း၂၈)။
ဂ။
စည်းဝေးပွဲတစ်ခုမှာ လူနှစ်ယောက် ဒါမှမဟုတ် သုံး ယောက်လောက်သာလျှင်
အများဆုံးဟောပြောရမည်။ (၁ကော ၁၄း၂၇)။
ဃ။
စကားပြောသူဟာ နားလည်တဲ့စကားကို ပြောရမည်။ လူတွေ
ဘာတွေပြောဆိုနေကြတာကိုလည်း ထိန်းနိုင်ရ မည်။ (၁ကော ၁၄း၃၂)။
င။
ဘုရားသခင်သည် ရုန်းရင်းဆန်ခတ်သောအမှုကို ပြုစု တော်မမူ။ (၁ကော
၁၄း၃၃)။
၅။
ပေါလုဟာ နားလည်လွယ်တဲ့စကားနဲ့ ထိထိရောက်ရောက်ပြော ဆိုတတ်ကြဖို့
တောင်းဆိုခဲ့ပါတယ်။ (၁ကော ၁၄း၉,၁၉)။
၆။
သန့်ရှင်းသောဝိညာဉ်တော်ဟာ ကောင်းကင်ဘာသာစကားနဲ့ ငါ တို့
ဆုတောင်းခြင်းကိုမစ၍ အနက်ဖေါ်ပြတော်မူပါတယ်။ ဘုရား သခင်၏ ပလ္လင်တော်ရှေ့မှာ
ငါတို့အတွက် ကြားဝင်ဆုတောင်း ပေးခြင်းပြုတော်မူပါတယ်။ (ရောမ ၈း၂၆)။
၇။
ဘုရားသခင်သည် အမြင့်ဆုံးဉာဏ်အာရုံကို ကျွန်ုပ်တို့ စိတ်ထဲ၌
သွင်းပေးထားသည်ဖြစ်၍ ကျွန်ုပ်တို့ စိတ်နှလုံးကိုထိန်းချုပ်ဖို့ လုပ် လာတဲ့
အဘယ်အစွမ်းတန်ခိုးမျိုးဖြစ်ဖြစ် အန္တရာယ်ကြီးလှပါ တယ်။ စိတ်နှလုံးဟာ ဉာဏ်ပညာရဲ့
အခြေခံဖြစ်ပါတယ်၊ ဒီစိတ် နှလုံးနှင့်သာ ကျွန်ုပ်တို့ဟာ ဘုရားဝတ်ပြုခြင်း
လုပ်နေကြရပါ တယ်၊ စိတ်နှလုံးကိုဖြတ်၍ ဘုရားဝတ်ပြုခြင်းပုံစံ အဘယ်ပုံစံ မဆို
စိတ်လွတ်လပ်မှုကို ကြိုးကိုင်ခြင်းပြုလုပ်လာပါတယ်။ (ဖိ ၂း၅)။
၈။
ဘာသာစကားပြောခြင်းဟာ ဝိညာဉ်ဆုကျေးဇူးများအနက်က တစ်ခုဖြစ်ပါတယ်။ ဒါဟာ
တမန်တော်(၁း၆-၈)မှာဆိုတဲ့ သန့်ရှင်း သောဝိညာဉ်တော် ဆင်းသက်ခြင်း သက်သေရတဲ့ လက္ခဏာ
တစ်ခုတော့မဟုတ်ပါဘူး။ လူတိုင်းကတော့ ဘာသာစကားပြော ဝိညာဉ်ဆုကျေးဇူး
(တကယ့်စကားပြောဘာသာရပ်) ကိုရပြီး၊ ဧဝံ ဂေလိဟောပြောနိုင်ကြလိမ့်မယ်တော့မဟုတ်ပါဘူး၊
ရွှေကို အမှု တော်ဆောင်ဖို့ လိုအပ်ချက်ရှိလာရင် ဘုရားသခင် မစတော်မူပါ လိမ့်မယ်။
(၁ကော ၁၂း၆-၁၁,၁၈,၂၉,၃၀)။
အခန်း - ၄၃
ကျမ်းစာထဲကအကြာဆုံးနဲ့အံ့ဩဖွယ်အကောင်းဆုံးဖြစ်တဲ့
ပုရောဖက်ပြုချက်
ဒံယေလ ၇,၈,၉
ဒံယေလအနာဂတ္တိဟောချက်တွေဟာ ဗျာဒိတ်ကျမ်းရဲ့ နက်နဲမှုကို
အဓိပ္ပါယ်ဖွင့်ဆိုပေးပါတယ်။ ပုရောဖက်ဒံယေ
လဟာ စစ်ကြောစီရင်ခြင်း၏ အသေးစိတ်အကြောင်းတွေကို
ပြောပြနေပါတယ်။
ဒံ ၇:၉-၁၀
စီရင်ခြင်းပြုတဲ့နေရာ ဘယ်မှာလဲ။
ဒံ ၈း၁၄
စီရင်ခြင်းရှိလိမ့်မယ်ဆိုတာကို ကျွန်ုပ်တို့ အခု သိကြရပြီ။
ဘယ်သောအခါဖြစ်လာလိမ့်မလဲ။
ဝတ် ၁၆:၂၉,၃၀
ဝတ်ပြုရာကျမ်းစာအုပ်ဟာ သန့်ရှင်းရာအရပ်ကိုဆေးကြောသုတ်သင်လိမ့်မည်ဆိုတဲ့အကြောင်း
ကောင်းကောင်း
သိဖို့ အကူအညီပေးပါလိမ့်မယ်။ (ဝတ် ၂၃: ၂၇-၂၉)။
ဒံ ၈း၁၆,၁၇,၁၉
ထိုသို့သော ဒံယေလ၏ ရူပါရုံဟာ နောက်ဆုံးမှာ ဖြစ်လာမည့်
အချိန်ကိုပြောပြနေပါတယ်။
ဒံ ၈:၁၆
ရူပါရုံအကြောင်းနဲ့ပတ်သက်ပြီး ဒံယေလကိုအဘယ်သူ ရှင်းပြနေသလဲ။
ဒံ ၉း၂၁-၂၃
ဂါဗြေလ၏မစ်ရှင်ဟာ အဘယ်ကြောင့်ကြန့်ကြာနေရပါသလဲ။
ဒံ ၈း၂၇
ဂါဗြေလသည်ဒံယေလ၏ ရူပါရုံကိုရှင်းပြဖို့ ပြန်လှည့်လာ၏။
တော ၁၄း၃၄
ကျမ်းစာ အနာဂတ္တိသဘောရဲ့ သော့ချက်ဟာရက်တစ်ရက်သည်
နှစ်တစ်နှစ်ဖြစ်ကြောင်းအခြေခံမူဖြစ်ပါတယ်။ (ယေဇ ၄း၆)။
ဒံ ၉း၂၅
ဤအချိန်သည် နှစ် (၄၉၀)နဲ့ နှစ် (၂၃၀၀) နှစ်ခုစလုံး၏
အစနေ့စွဲဖြစ်ပါ၏။
လုကာ ၃း၂၁,၂၂
ဘုရားသခင်သည် နာဇရက်မြို့ သားယေရှုအား (တ ၁၀:၃၀) သန့်ရှင်းသော
ဝိညာဉ်တော်တန်ခိုးနှင့်
ဘိသိက်ပေးခြင်းဖြစ်သည်။
ဒံ ၉း ၂၇
ဤကျမ်းစာပိုဒ်သည် ယေရှုအသေခံရသော နေ့ကို အတိအကျပြောပြသည်။
မဿဲ ၂၇:၅၁
ယေရှုသေဆုံးသောအခါ ဗိမာန်တော်ကန့်လန့်ကာသည် အထက်မှအောက်အထိ
စုတ်ကွဲလေ၏။
မှတ်ချက်။ အနာဂတ္တိစကားပထမပိုင်း (သို့မဟုတ်) ဂျူးတွေအတွက်
သီတင်း(၇၀) ပုရောဖက်ပြုချက်သည်
အေဒီ(၃၄) တွင် ကုန်ဆုံးခဲ့ပါပြီ။ ကျန်သော နှစ် (၁၈၁၀) သည်
(၁၈၄၄)မှာ နိဂုံးရောက်ခဲ့ပါသည်။
------------နှစ်ပေါင်း
(၄၉၀)---------------------နှစ်ပေါင်း (၁၈၁ဝ) -----------
457BC
AD 27, AD 31, AD 34
A.D 1844
အခန်း - ၄၄
သားရဲပေါ်ချိန်၊
ယနေ့အဖို့ဗျာဒိတ်
(The Time of the Beast: Revelation for Today)
ဗျာ ၁၄း၆-၁၂
မြေကြီးနောက်ဆုံးအချိန်မှာ ယေရှုသည် သူ့လူတွေပြင်ဆင်နေကြရန်
အထူးသတင်းစကားဖွင့်ပြပါသည်။ ဧဝံဂ
လိ သတင်းစကားသည် တစ် ကမ္ဘာလုံးသို့ရောက်၏။
ယော ၃း၁၆
ဧဝံဂေလိတရားသည် ခရစ်တော်၏ ကယ်တင်ခြင်းကျေးဇူးအကြောင်း
သတင်းကောင်း ဖြစ် သည်။
တ ၄း၁၂
ဧဝံဂေလိတရားသည် ကျွန်ုပ်တို့ သခင်ဘုရား၏ မေတ္တာတော် အားဖြင့်သာလျှင်
ကယ်တင်ခြင်းရကြောင်းဖွင့်ပြပါသည်။
ဗျာ ၁၄း၇
လူသားအားလုံးသို့ ဘုရားသခင် အဓိကဖွင့်ပြနေသော
အကြောင်းအရာမှာ ကိုယ်တော်၏တရားစီရင်တော်မူသော အချိန်ရောက်လာမည်ဖြစ်၏။
ဗျာ ၁၄း၆
ဤကမ္ဘာမြေအတွက် ဘုရားသခင်၏ အထူးသတင်းစကား။
ဗျာ ၁၄း၇
ဤသတင်းစကားကို ဂရုတစိုက်လုပ်ရလောက်အောင်၊
အထူးအချိန်ကာလသည်ဘာလဲ။
မဿဲ ၁၂း၃၆
တရားစီရင်မည့်အချိန်နှင့်ပတ်သက်၍ ယေရှုနှင့် ပေါလုတို့ ဘာပြောခဲ့သလဲ။
တ ၂၄း၂၅
ပေါလုက စစ်ကြောစီရင်ခြင်းဟာ နောင်ဖြစ်လတ္တံ့သောနေ့ဟု
ကြေညာခဲ့ပါတယ်။
ဗျာ ၂၂း၁၁
ယေရှုပြန်ကြွလာတော်မူတဲ့အခါ လူအုပ်စုနှစ်မျိုးနှစ်စားသာ
ရှိလိမ့်မည်။
ဗျာ ၁၄း၇
ဖန်ဆင်းတော်မူသောအရှင်ကို “ကိုးကွယ်ကြလော့” ဟူ၍
ကြွေးကြော်နေပါသည်။
ဗျာ ၁၄း၈
ဒုတိယကောင်းကင်တမန်က လေးနက်တည်ငြိမ်သော ကြေညာချက်ကို
ထုတ်ပြောနေ၏။
ဗျာ ၁၈း၄
ကိုယ်တော်၏လူတွေကို ဗာဗုလုန်မြို့ထဲမှ ထွက်လာကြဖို့
ခေါ်ထုတ်နေသည်။
ဗျာ ၁၄း၉-၁၁
တတိယကောင်းကင်တမန်၏သတင်းစကားမှာမည်သို့ သတိပေးနေသည်ကို
ဆိုလိုခြင်းဖြစ် သည်။
ဗျာ ၁၄း၁၂
သစ္စာရှိတည်ကြည်သော ယေရှုနောက်လိုက်များကိုဖေါ်ပြ၏။
ဗျာ ၁၉း၁၁-၁၆
ယေရှုပြန်ကြွလာတော်မူသောအခါ ကိုယ်တော်၏
နောက်လိုက်များအားပြောရန် အထွတ်အထိပ်ကာလအချိန်အကြောင်းဖေါ်ပြနေခြင်းဖြစ်သည်
ဗျာ ၂၂း၁၄
ယေရှုပြန်ကြွလာတဲ့အခါ အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍
ဘယ်သူဘာရမည်ကို စီရင်ခြင်းမတိုင်မီ အဆုံး အဖြတ်ပေးဖို့ လိုအပ်ချက်ဖြစ် ပါ၏။
ဒံ ၇:၇-၁၀
အနာဂတ္တိရူပါရုံထဲမှာ ဒံယေလမြင်ရတဲ့ စစ်ကြောစီရင်ခြင်းသည်
မိုးကောင်းကင်၌ ဖြစ်ပါ သည်။
ဗျာ ၁၄း၁၇
ဤကမ္ဘာကြီးအတွက် ဘုရားသခင်၏ သတိပေးခြင်းနောက်ဆုံးသတင်းစကားသည်ယနေ့
ကျွန်ုပ်တို့စီရင်မှုအထဲမှာရှိနေရပါကြောင်း ရှင်းလင်းစွာ ဖေါ်ပြနေပါသည်။
ဟေဗြဲ ၄း၁၄-၁၆
ကျွန်ုပ်တို့၏ သခင်ဘုရားသည် ကိုယ်တော်၏ ပလ္လင်တော်ရှေ့၌
အပြစ်ခွင့်လွှတ်ခြင်းနှင့် သနား ခြင်းကရုဏာကို ယနေ့အခါ
ရှာဖွေကြဖို့ဖိတ်ခေါ်နေပါသည်။ သို့မှသာလျှင် ကိုယ်တော်၏ နောက်
ဆုံးစစ်ကြောစီရင်ခြင်းအတွက် ပြင်ဆင်ထားပြီး ဖြစ်ပါလိမ့်မည်။
ဟေဗြဲ ၇း၂၅
စစ်ကြောစီရင်ရာကာလ၌ ကျွန်ုပ်တို့ ချဉ်းကပ်ဝင်လာကြရန်
ယေရှုဖိတ်ခေါ်နေပါပြီ။
အခန်း - ၄၅
အယူသီးဂိုဏ်းကို
ဘယ်လိုလုပ်သိရမလဲ (How to identify a Cult)
မဿဲ ၂၄း၂၄
မိစ္ဆာဆရာများ၊ ပုရောဖက်များ အကြောင်းကိုယေရှုသတိပေးသည်။
ယော ၈း၃၂
ယေရှု၌ ယေရှုမှတစ်ဆင့်သမ္မာတရားသည် ကျွန်ုပ်တို့ကိုလွှတ်၏၊
သိသာထူးခြားချက် (၁)
ဆာလံ ၁၄၆း၃
အထူးသဖြင့် အယူသီးဂိုဏ်းမှာ တစ်ဦးတည်းသော အာဏာ
အပြည့်ကိုင်ထားတဲ့ လူခေါင်းဆောင်တစ်ယောက်ရှ
ပါတယ်။ အဲဒီလူဟာ အယူ သီးဂိုဏ်းရဲ့မေရှိသခင်ဖြစ်လာတာပဲ။
ဟေရှာ ၄၅း၂၂
ယေရှုသည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်း၌ တစ်ဦးတည်းသော အရင်းအမြစ်ဖြစ်ပါသည်။
သိသာထူးခြားချက် (၂)
မာကု ၇း၇
အယူသီးဂိုဏ်းခေါင်းဆောင်၏စကား၊ ဒါမှမဟုတ် သူ့ဩဝါဒတွေဟာ လုံးဝဥဿုံအမှန်လို့
ဖြစ်လာ တယ်။
သိသာထူးခြားချက် (၃)
ယောရှု ၂၄:၁၅
အယူသီးဂိုဏ်းတိုင်းသည် သူ့အသင်းဝင်တွေကိုအဓမ္မ (ဗျာ ၂၂း၁၇)
အကျပ်ကိုင်ထိန်းချုပ်နိုင်ရန် ‘ဖိအား’ နည်းဗျူ ဟာကို သုံးသည်။
သိသာထူးခြားချက် (၄)
ရောမ ၆း၂၃
အယူသီးဂိုဏ်းတိုင်းသည် ယေရှုဟာ(ဘုရားဖြစ်သော) ဘုရားသခင်၏ သားတော်ဖြစ်သည် ဆို သော ဧဝံဂေလိပြု
ဗဟို အမှန်တရားကို ငြင်းပယ် ပါသည်။ (ဧဖက် ၂း၈)။
သိသာထူးခြားချက် (၅)
၁ကော ၇း၁၃,၁၄
အယူသီးဂိုဏ်းတိုင်းသည် သူတို့ထံ “ပြောင်းလဲ
ရောက်ရှိလာသူများ”ကို သူတို့မိသားစုကို စွန့်၍ ထွက်လာကြရန်
မကြာခဏတိုက်တွန်းနေလျက် ရှိ၏။(မဿဲ ၁၀:၃၈။ ဧဖက် ၅း၂၂၊ ၂၃)။
၂သက် ၂း၁၀-၁၂
လူများစွာဟာ လှည့်စားခံကြရပါ၏။ အဘယ်ကြောင့်ဆိုသော်
သမ္မာတရားကို သူတို့လက်ခံရ ခြင်းမရှိလို့ဖြစ်တယ်။
ယော ၁၄း၆
ယေရှုသည် သမ္မာတရား၊ လမ်းခရီးနှင့်အသက်လည်းဖြစ်၏။
ကယ်တင်ခြင်းသို့ ရောက်သော လမ်းမကို ကျွန်ုပ်တို့လျှောက် လှမ်းဝင်သွားတဲ့ အခါ
ကိုယ်တော်သည် သမ္မာတရားတော်ထံသို့ ပို့ဆောင်၍ ကိုယ်တော်၏ အသက်လမ်းမကို
ကျွန်ုပ်တို့ ရှာတွေ့ကြလိမ့်မည်။
ယော ၁၂း၃၅
ကျွန်ုပ်တို့၏ တစ်ခုတည်းသော လုံခြုံမှုသည် ယေရှု ဖွင့်ပြတော်မူတဲ့
နှုတ်ကပတ်တော်အလင်း ရောင်အောက်မှာ အသက်တာ နေထိုင်လျှောက် လှမ်းနေကြဖို့ဖြစ်တယ်။
အခန်း - ၄၆
ဂိုဏ်းဂဏတွေဘာကြောင့်များနေရသလဲ
၁တိ ၃း၁၆
တမန်တော်ရှင်ပေါလုက ဘုရားသခင်၏ အသင်း
တော်သည် သမ္မာတရား၏ တည်ရာမဏ္ဍိုင်နှင့်
အခြေစိုက်ရာဖြစ်ကြောင်း ရှင်းလင်း ပြောပြခဲ့ပါ တယ်။
ယော ၁၇း၁၇
ယေရှုက သူ့လူများသည် ကာလတစ်လျှောက်
ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို
သန့်ရှင်းစေတော်မူမည်ဟု ဖေါ်ပြခဲ့ပါသည်။
ဗျာ ၆း၁-၇
ဗျာဒိတ်ဖွင့်ဆိုသူရှင်ယောဟန်က မြင်းစီးသူလေးယောက်ကို
သင်္ကေတပြုဖွင့်ဆိုခြင်း၌ သမ္မာ တရားတော်ချီတက်
မှုနှင့် စာတန်မှ သမ္မာတရား
ကိုဖျက်ဆီးရန်ကြိုးပမ်းမှုအကြောင်း ဖွင့်ပြခဲ့၏။
t မြင်းဖြူ -
တမန်တော်ဆိုင်ရာသန့်ရှင်းခြင်း။
(ကော ၁း၁၆၊ ဗျာ ၁၂း၁၊ ဗျာ ၁၉:၇) (AD. ၃၁-AD. ၁၀၀)
t မြင်းနီ -
သတ်ဖြတ်နှိပ်စက်ခြင်း။
(AD. ၁၀၀ AD. ၃၁၃)
t မြင်းနက် - ရောနှော
အပေးအယူလုပ်ကြခြင်း။
(AD. ၃၁၃ AD. ၅၃၈)
t မြင်းမွဲ - ၂
ဝိညာဉ်ရေးအသေဖြစ်ခြင်း။
(AD. ၅၃၈ AD. ၁ ၅၀၀)
ဒံ ၈း၁၂
‘သမ္မာတရားကို မြေသို့နှိမ့်ချ၏’ ဟူသော အနာဂတ္တိပြောစကား။
၂သက် ၂း၃-၇
သမ္မာတရားထံမှ ဖယ်ခွါသူများ၊သို့မဟုတ် ထွက်ခွါသူများ
ရှိလိမ့်မည့်အကြောင်း အနာဂတ္တိပြော စကား။
ယုဒ -း၃
သန့်ရှင်းသူများ၌ရှိသောယုံကြည်ခြင်း တရားဘက်၌ နေ၍
အလွန်ကြိုးစားတိုက်လှန်ကြရန် တိုက်တွန်းသော
စကား။
ဗျာ ၁၄း၆-၇
မြေကြီးစွန်းတိုင်အောင် လူခပ်သိမ်းတို့အားထာဝရသမ္မာတရားဖြစ်သော
သတင်းကောင်းကို ဟောပြောဝေမျှ
နေသည်။
ဗျာ ၁၂း၁၇
‘ကျန်ကြွင်းသောအမျိုးအနွယ်’ ဟု ခေါ်သောသူ များကိုဖေါ်ပြ၏။
ဘုရားသခင်အားသစ္စာရှိလျက် ကျန်နေကြ
သောသူများဖြစ်၏။ နောက်ဆုံးသောနေ့တိုင်အောင် ပညတ်တော်ကို
စောင့်သူများဖြစ်ကြ၏။
ဗျာ ၁၄း၁၂
ဘုရားသခင်၏ ပညတ်တို့ကို စောင့်သူများနှင့် ယေရှု၏
ယုံကြည်ခြင်းနှင့်ပြည့်သူများကို ဖေါ်ပြ ထားသည်။
ဟေရှာ ၈း၂ဝ
ဘုရားသခင်၏ တရားတော်ကိုလည်းကောင်း၊ သက်သေခံတော်မူချက်ကိုလည်းကောင်း
နာခံနေရာမှလွဲစေရန် လာရောက်သွန်သင်ခြင်းကို လက်မခံကြဖို့ သတိပေးနေ၏။
အခန်း - ၄၇
ကျမ်းစာထဲက
ပြောနေတဲ့အမေရိကန်တိုင်းပြည်
အနာဂတ္တိကျမ်းစာများက ဘုရားသခင်၏ အကြံအစည်တော်နှင့်
ရည်ရွယ်ချက်အလုံးစုံရှိသည်အတိုင်း၊ ထိုနိုင်ငံများက ခင်းကျင်းပြနေကြ သည်။
ဒံယေလအနာဂတ္တိကျမ်းနှင့် ဗျာဒိတ်ကျမ်းတို့သည် သမိုင်း စဉ်
ဆက်ဖြစ်ပျက်ခဲ့သည်များကို ရေးသားခဲ့ပြီး၊ ထိုနိုင်ငံများက ဘုရားသခင် ၏ ရည်ရွယ်ချက်အတိုင်း
သိသာထင်ရှားစွာ ဖြစ်ပျက်ခဲ့သည်များကိုလည်း ဆွေးနွေးဖေါ်ပြပေးခဲ့ပါသည်။
အာမုတ် ၃း၇
ဘုရားသခင်သည် အနာဂတ်၏နက်နဲဆန်းကြယ်ခြင်းကို ကျမ်းစာ၏
ပုရောဖက်များမှတစ်ဆင့်
ရှင်းရှင်းလင်းလင်းသိစေလိုက်ပါတယ်။
ဗျာ ၁၃း၁-၁၀
ဗျာဒိတ်(၁၃)မှာ ပြောတဲ့ ကျားသစ်နဲ့တူသော သားရဲအကြောင်း ဖွင့်ပြတဲ့အခါ
ရောမအသင်းတော်ကိုဆိုလိုကြောင်း သိသာထင်ရှားတဲ့အထောက်အထား(၆)ချက်ရှိနေပါတယ်။
(၁)။ ဗျာ ၁၃း၁ - ပင်လယ်ထဲကထွက်လာခြင်း(ဗျာ ၁၇း၁၅)။
လူနေ ထူထပ်သောအရပ်။
(၂)။ ဗျာ ၁၃း၂ - ဘုရားတရာမဲ့ရောမမြို့အုပ်စိုးသူထံမှ တံဆိပ်
တုံး (အာဏာစက်)ကို လက်ခံရလိုက်သည်။
(၃)။ ဗျာ ၁၃း၅ - ဘုရားသခင်ဆီက အထူးအခွင့်အရေးနဲ့ သီး
ခြားလုပ်ပိုင်ခွင့်တွေ သူရတယ်လို့လိုက်ပြောနေတယ်။
(လု ၅း၂၀-၂၂)။
(၄)။ ဗျာ ၁၃း၇ - သန့်ရှင်းသူများ(ယုံကြည်သူများ)တို့ကို ညှဉ်း
ဆဲ နှိပ်စက်၏။
(၅)။ ဗျာ ၁၃း၅ - ပုရောဖက်ဖေါ်ပြတဲ့ လများ - သို့မဟုတ်
(၁၂၆၀)ရက်၊ သို့မဟုတ် တိကျတဲ့နှစ်ကာလဖေါ်ပြခြင်း
ဖြစ်၏။
(၆)။ ဗျာ ၁၃း၁၈ - ဗျာဒိတ်(၁၈)တွင်ပြောတဲ့ သားရဲသည် ကျား
သစ် နဲ့တူ၍ ထူးခြားတဲ့ ၆၆၆ နံပါတ်ကိုသိသာစေခြင်းဖြစ် ၏။
ဗျာ ၁၃း၁၀
ဒုတိယသားရဲသည် ပထမသားရဲ ဖမ်းဆီးသွားခြင်းခံရချိန်၌
(ခန့်မှန်း-၁၇၉၈ ၌) ပေါ်ထွက်လာ ပါသည်။ မတူညီသော သီးခြားတန်ခိုးရှိ၏။
ဗျာ ၁၃း၁၁
ဒုတိယသားရဲသည် လူနေမထူထပ်တဲ့အရပ်-မြေကြီးထဲက ပေါ်ထွက်လာ၏။
ဗျာ ၁၃း၁၁
ဒုတိယသားရဲမှာ သရဖူမပါ။ ချိုနှစ်ချောင်းပါ၏။ အုပ်စိုးသူ ဘုရင်မရှိခြင်းဖြစ်သည်။
ဒီမိုကရက်တစ်/ပြည်ထောင် စုသမ္မတ နိုင်ငံထူထောင်ခြင်း ဖြစ်သည်။
ဗျာ ၁၃း၁၁
ဤဗျာဒိတ်(၁၃း၁၁)မှာပြောတဲ့ သားရဲသည်ငယ်ရွယ်သော သားရဲ၊
လွတ်လပ်ခြင်းအစွမ်း အပြည့်ယူသော လူငယ် တစ်ယောက်အဖြစ်မျိုး။ အပြစ်ပြောစရာမလို၊ နိုင်ငံငယ်အသစ်ဖြစ်သည်။ (ဒံ ၇း၁၇,၂၃)၌ သားရဲတစ်ကောင်သည် နိုင်ငံ တစ်နိုင်ငံဖြစ်သည်ကို ဆိုလိုသည်။)
အနာဂတ္တိကျမ်းစာထဲမှာ- လူနေမထူထပ်သော အရပ်၌ နိုင်ငံငယ်တစ်ခုသည် ၁၇၉၈ ခုနှစ်
လောက်တွင် ဘုရင်မလို၊ လူတွေ အုပ်စိုးခြင်းဖြင့် အလျင်အမြန်
ပေါ်ထွန်းလာမည်ဟုဆိုပါသည်။ ၎င်းသည် ယေရှုကဲ့သို့သော သိုးသငယ်အရည် အချင်းမျိုး၊
လူတွေရဲ့လွတ်လပ်စွာ ရွေးချယ်ခွင့် ကို အခွင့်ပေး၏။ ယင်းသို့ အနာဂတ္တိဟောချက်နဲ့
အညီ ထိုနှစ်ကာလအတွင်း ပေါ်ထွန်းလာသော တစ်ခုတည်းသောနိုင်ငံမှာ အမေရိကန် ပြည်
ထောင်စုနိုင်ငံဖြစ်ပါသည်။
ဗျာ ၁၃း၁၁,၁၂
သိုးသငယ်နဲ့တူတဲ့ သားရဲရဲ့ အင်္ဂါရပ်ဟာ နဂါးအသွင်သို့
အလျင်အမြန်ပြောင်းသွားသည်။ ဘာသာရေးလွတ်လပ် ခွင့်မှ
သည်ဘာသာရေးဖိနှိပ်ခြင်းသို့ရောက်သွားပါသည်။
ဗျာ ၁၃:၁၂
ဒုတိယသားရဲ(အမေရိကန်နိုင်ငံ)ဟာ သူရဲ့ဩဇာကို ပထမသားရဲ
(ပုပ်ရဟန်းမင်း)ထံသို့ အပ်ပေး လိုက်၏။
ဗျာ ၁၃:၁၂
နောက်ဆုံးပဋိပက္ခအချိန်မှာ အဓိကကျတဲ့အကြောင်းကတော့
ဝတ်ပြုခြင်း အကြောင်းပဲ ဖြစ်တယ်။ (ဗျာ ၁၄း၆,၇,၁၂) လည်း ဖတ်ကြည့် ပါ။ ဥပုသ်နေ့သည်
ဘုရားသခင်၏မှန်သော ဝတ် ပြုကိုးကွယ်ခြင်း၏ အဓိကသင်္ကေတဖြစ်သည်။ (ဗျာ၄း၁၁။ ထွက်
၂၀း၈-၁၁။ ယေဇ ၂၀း၁၂)။
ဗျာ ၁၃း၁၃,၁၄
စာတန်သည် နိုင်ငံတကာအကျပ်အတည်း ကာလ၌ ညီညွတ်သောစုပေါင်းအသင်းနှင့်
နိုင်ငံ တစ်ခုကိုဖွဲ့စည်း၍ ဘုရားသခင်၏ လူအများကို
ပြင်းပြင်းထန်ထန်ဆန့်ကျင်၊ဖိနှိပ်ခြင်းပြုလောက် နိုင်တဲ့ တန်ခိုးနိမိတ်နဲ့
အံ့ဩဖွယ်ရာများကိုလုပ်ပြ လာလိမ့်မည်။ (ဗျာ ၁၀း၁၃။ ဗျာ ၁၉း၂၁)။
ဗျာ ၁၂း၁၇
ဘုရားသခင်၏သစ္စာခံလူများသည် ပညတ်တော်တို့ကို
ထိခိုက်ဖိနှိပ်လာတဲ့ အကျပ်ကိုင်မှုကိုမလိုက်ဘဲနေလိမ့် မည်။
လက်တွေ့အသုံးချ ခရစ်ယာန်ဝါဒ
သိုသိုသိပ်သိပ် ထိမိအောင် ပြပေးနိုင်တဲ့အဖြေများ
အခန်း - ၄၈
သမ္မာတရားရှာဖွေတွေ့ရှိခြင်း (Discovering Truth)
1။ စိတ်နှလုံးဖွင့်၍ ကျမ်းစာကိုဖတ်ပါ။ (မဿဲ ၁၁၊ ၂၅)။
2။ သင့်စိတ်နှလုံးအပြည့်နဲ့ ဘုရားနှုတ်ကပတ်တော်ကို ရှာဖွေလျှင် ဘုရားသခင်သည်
သမ္မာတရားကို ဖွင့်လှစ်ပေးလိမ့်မည်ဟူ၍ ယုံကြည်ခြင်းရှိရမည်။ (ယော ၈း၃၂။ ယေရမိ
၂၉း၁၃)။
3။ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကိုရဖို့ အစဉ်မပြတ် ဆု တောင်းနေရမည်။
ဝိညာဉ်တော်သည် သမ္မာတရားကို သွန်သင်ပြ သမည်ဟု ဘုရား ကတိတော်ရှိပါ၏။ (ယော ၁၆း၁၃)။
4။ ပေးထားတဲ့အကြောင်းအရာနဲ့ပတ်သက်၍ကျမ်းချက်များများတတ် နိုင်သမျှကို
ဖတ်နိုင်ဖို့ကြိုးစားပါ။ ကျမ်းချက်ဖေါ်ပြချက်တစ်ခု တည်းနဲ ကျမ်းစာအယူဝါဒကို
မတည်ဆောက်ပါနဲ့။ (ဟေရှာ ၂၀:၉, ၁၀။ ၁ကော ၁း၁၃)။
5။ သမ္မာကျမ်းစာကို သင့်အတွက် အမှန်တရားကို ဖွင့်ပြသောဘုရား
သခင်၏နှုတ်ကပတ်တော်အဖြစ်လက်ခံရမည်။ (၂ပေ ၂း၂၁။ ယော ၁၇း၁၇)။
6။ အတိတ်က အတွေးအာရုံတွေကို ပြောင်းလဲရန် ဘာမဆိုတတ်နိုင် သည်ဟူ၍
ဆန္ဒရှိနေရမည်။ သင်သည် သမ္မာတရား၌အသက်ရှင် နေခြင်းမရှိက၊ သမ္မာတရားကို
ဘယ်တော့မှသိမည်မဟုတ်။ (ယော ၁၇း၁၇)။
7။ သင့်ရဲ့ကိုယ်ပိုင်အတွေးကို ဘုရားနှုတ်ကပတ်တော်၏ သစ္စာသို့ အပ်နှံလိုက်ရန်
ဆန္ဒရှိနေရမည်။ (သုတ္တံ ၁၄း၁၂။ ယော ၁၇း၁၇)။
8။ ကျမ်းစာကရှင်းရှင်းလင်းလင်း သွန်သင်ပေး၍ လုပ်နေတာကို မလုပ်ဖို့
ဖျောင်းဖျတားဆီးသူ၊ မည်သည့်နှစ်သိမ့်အကြံပေး ဆွေး နွေးလာသူကို မဆို
သူတို့စကားနားမထောင်ပါနဲ့။(သုတ္တံ ၁၉း၁၇)။
9။ သမ္မာတရားအလုံးစုံသည် လမ်းခရီးဖြစ်သော ယေရှုဆီသို့ နီးသည်
ထက်နီးလာစေပါမည်။ သင်လေ့လာနေတဲ့အကြောင်း အရာမှန် သမျှ၌ ယေရှုကိုရှာဖွေရမည်။
မေးကြည့်ပါ။ ‘ဤလေ့လာခြင်း ခေါင်းစဉ်သည် ယေရှုနှင့်နီးသည်ထက်နီးလာဖို့ အကျွန်ုပ်အား
ဘယ်လိုပို့ဆောင်ပေးသလဲ။' (ယော ၁၄း၆)။
ဆုတောင်းခြင်းအခြေခံသဘောထား-
အခန်း - ၄၉
ဆုတောင်းချက်အဖြေအမှန်
ဘယ်လိုရပါ့မလဲ
(Prayer
Principles: How to Really Get Answers)
1။ ကျွန်ုပ်တို့ကိုချစ်တဲ့သခင်ဘုရားသည် သူ့ကို ရှာဖွေဖို့ ခေါ်ဖိတ်နေပါ တယ်။
(လုကာ ၁၁း၁၃။ မဿဲ ၇း၁၁။ ဆာလံ ၆၅း၂။ မာကု ၁၁၊ ၂၃, ၂၄)။
2။ ဘုရားအလိုတော်သို့အပ်နှံရန် သင့်ဘဝ၌စိတ်ချရပါစေ။ အလိုတော် နဲ့ မညီတဲ့ကိစ္စ
သင့်၌ရှိလာလို့ ဘာမဆိုဘုရားသခင်အား အပ်နှံရန် ဆန္ဒရှိနေရမည်။ (၁ယော ၅း၁၄,၁၅။ မဿဲ ၂၆း၃၉)။
3။ သင့်အား မည်သည့်နည်းနဲ့မဆို အန္တရာယ်ပေးသော၊ စိုးရိမ်စေသော အရာအားလုံးကို
ဘုရားသခင်ထံဖေါ်ပြအပ်နှံပါ။ (၁ပေ ၅း၇။ ဆာလံ ၅၅း၂၂)။
4။ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ကျေးဇူးတင်ခြင်း၊ ချီးမြှောက်ခြင်းအရာ
မှန်သမျှကို သင့်ဆုတောင်းချက်အထဲရောနှောပါဝင်ပါစေ။ (ဖိ ၁း၄။ ကော ၃း၁၅-၁၇။ ၁သက်
၅း၁၈)။
5။ ဆုတောင်းခြင်း၏ ရည်စူးချက်သည် ဘုရားသခင်၏စိတ်နှလုံးနှင့်
တစ်လုံးတစ်ဝတည်းအဖြစ်သို့လည်းကောင်း၊ မိတ်သဟာယတော် ၏နက်ရှိုင်းရာသို့လည်းကောင်း
ဦးတည်ဆိုက်ရောက်စေရမည်။ (ဗျာ ၃း၂၀။ ဧဖက် ၃း၁၆-၁၉)။
6။ ဘုရားသခင်သည် သင့်အားဆုတောင်းဖို့ ငြိမ်သက်ရာနေရာကို ရှာဖွေရန်နှင့်၊
သင့်စိတ်နှလုံးအကြွင်းမဲ့နှင့် ဆုတောင်းဖို့ နေ့စဉ် ကိုယ်တော်အားရှာဖွေရန်
ဖိတ်ခေါ်နေပါ၏။ (မာကု ၁း၃၅။ ယေရမိ ၂၉း၁၃)။
7။ ဘုရားသခင် သင့်ကို ကြားနိုင်လောက်သောအခါမှာ ဆုတောင်းခြင်း ကို
အသံကျယ်ကျယ်ဖွင့် ဆုတောင်းတတ်ဖို့ သင်လေ့လာပါ။ (မဿဲ ၂၆:၃၉။ လုကာ ၁၁း၁)။
8။ ဘုရားသခင်ပေးတဲ့အဖြေများကို မှတ်တမ်းတင်ထားပါ။ ကောင်းချီး
များကိုလည်းရေတွက်ပါ။ (တရား ၈း၂,၁။ ၅ရာ ၁၆း၁၂)။
အခန်း - ၅၀
ခရစ်ယာန်တစ်ယောက်ဖြစ်လာဖို့
ကျွန်ုပ်ဘယ်လိုလုပ်ရမှာလဲ
1။ ဘုရားသခင်ဟာသင့်ကိုအလွန်ချစ်ကြောင်းနှင့် သင့်ကိုကယ်တင်ရန်
အလိုတော်ရှိကြောင်း သိမှတ်ပါ။ (၂ပေ ၃း၉။ ၁တိ ၂း၃-၅)။
2။ သင်ဟာ အပြစ်သားတစ်ယောက်ဖြစ်ကြောင်းနဲ့ ယေရှုခရစ်မရှိက
ပျောက်နေမည်ဖြစ်ကြောင်း သိမှတ်ပါ။ (ယေရမိ ၁၇:၉။ ရောမ ၃:၂၃။ ၆း၂၃)။
3။ ကယ်တင်ခြင်းသည် ယေရှုအားဖြင့် လွတ်လပ်စွာပေးတဲ့ဆုကျေးဇူး တစ်ခုဖြစ်ကြောင်း
လက်ခံပါ။ ဒါဟာ ဖြောင့်မတ်တဲ့အကျင့်တရား၊ ကောင်းတဲ့လုပ်ဆောင်မှုတွေနဲ့ ‘လုပ်ခအကျိုး' ရလိုက်တဲ့ တစ်စုံ တစ်ခုမဟုတ်ပါဘူး။ (ဧဖက် ၂း၈။ ရောမ ၃း၂၄-၂၇)၊
4။ သိလျက်လုပ်နေတဲ့ ဒုစရိုက်တွေကို နောင်တနဲ့ပြောင်းလဲလိုက်ပါ။ ယေရှုကို
ဝန်ချတောင်းပန်ပါ။ (တ ၃း၁၉။ ၁ ယော ၁း၉)။
5။ ဘုရားသခင်သည် ခရစ်တော်အတွက်နဲ့ ကျွန်ုပ်တို့ကို အပြစ်လွှတ် ကြောင်းကို
ယုံပါ။ ယေရှုသို့ ကျွန်ုပ်တို့၏အသက်တာကို အပ်နှံလိုက် လျှင် သင်သည်
အပြစ်လွှတ်ခံရပြီး၊ လက်ခံခြင်းလည်း ရလိုက်မည်။ ယုံကြည်ခြင်းအားဖြင့်
ထာဝရအသက်တည်းဟူသော ဆုကိုရသည်။ (ဧဖက် ၁း၄-၇။ ၁ယော ၅း၁၁-၁၃)
6။ ယခုတွင် သင်သည် ခရစ်တော်၏သားသမီး၊ တန်ဖိုးမဖြတ်နိုင်သော ကိုယ်တော့်
ပိုင်ဆိုင်ရာဖြစ်သည်ဆိုသောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်မှတစ်ဆင့် သင့်ဘဝထဲ၌
အံ့ဩဖွယ်ရာပြောင်းလဲခြင်း များကို ကိုယ်တော်စတင်မစလာလိမ့်မည်။ (ယော ၁း၁၂။ ၂ကော
၅း၁၇)။
7။ ကျွန်ုပ်တို့၏ ကယ်တင်ရှင်သခင်သည် မြေကြီးမှ ကောင်းကင်သို့ ရောက်ဖို့
လမ်းပြသွားမည်ဟု ကတိပေးခဲ့ပါသည်။ သင်ပြိုလဲနိုင်ပါ တယ်။ သတိရပါ။ အဲဒီနေရာမှာ
သင့်ကိုဆွဲထူဖို့ ကိုယ်တော်ရှိနေ တယ်။ ကောင်းကင်ဘုံသို့သွားရာလမ်းကိုလည်း
ပြန်စတင်ဖို့ သင့်ကို ဆွဲခေါ်နေပါတယ်။
အခန်း - ၅၁
ဆုံးဖြတ်ချက်ချစေဖို့လမ်းညွှန်ခြင်း
1။ ပညာလိုသူ ပညာတောင်းရင်ပေးမည်ဟု ဘုရားကတိတော်ရှိ၏။
(ယာကုပ် ၁း၅)။
2။ ဘုရားသခင်သည် သင့်ဆုတောင်းခြင်းအဖြေကို မပေးဘဲဖြစ်နေ နိုင်တဲ့၊
သင်၏စိတ်နှလုံးထဲမှာ သိလျက်လုပ်နေတဲ့အပြစ်၊ မသိဘဲ လုပ်နေမိတဲ့အပြစ်တွေကိုရှာဖွေပါ။
(ဆာလံ ၆၆း၁၈)။
3။ သင့်ဆန္ဒအရလုပ်နေတာ ဘုရားဘုန်းထင်ရှားပါရဲ့လားဆိုတာ
ရှာဖွေလိုသောအကြောင်းရင်းကို ဆန်းစစ်ပါ။ (ယာကုပ် ၄း၃)။
4။ ဘုရားသခင်သည် သင့်ကို လမ်းပြပေးဖို့အလိုတော်ရှိသည်ဟု မဆို ဘဲ။
လမ်းပြပေးလိမ့်မည်ကို ယုံကြည်သောစိတ်ရှိရမည်။ (ဆာလံ ၃၂း၈။ ဟေရှာ ၅၈း၁၁)။
5။ သင်ဆုံးဖြတ်ချက်ချရတော့မယ်ဆိုရင် ကျမ်းစာအခြေခံတရား တစ် ခုခုလောက်တော့
ပါဝင်ပတ်သက်ပါရဲ့လားဆိုတာ ရှာဖွေပါ။ သမ္မာ ကျမ်းစာ၌ လမ်းညွှန်မှီငြမ်းစရာ
အများကြီးရှိနေသည်။ ဘုရားသခင် သည် မကြာခဏကျွန်ုပ်တို့ကို ကိုယ်တော်၏
နှုတ်ကပတ်တော်မှ တစ်ဆင့် လမ်းညွှန်ပေးနေပါသည်။ (ဆာလံ ၁၁၉း၁၀,၁၁,၁၀၅, ၁၃၃)။
6။ ဘုရားနှုတ်ကပတ်တော်ကို ယုံကြည်သူ၊ ဘုရားဝတ်မွေ့လျော်သူ
ခရစ်ယာန်နှစ်သိမ့်အကြံပေးဆရာများထံမှ အကြံဉာဏ်ကို ရှာဖွေ
တောင်းခံပါ။ (သုတ္တံ ၁၁:၁၄။ ၁၅:၂၂)။
7။ သင်ဘယ်လမ်းသွားရမည်ကို လမ်းပြပေးနိုင်တဲ့ ဘုရားဘိသိက်ခံ
အသိုက်အဝန်းများထံမှ - အထောက်အပံ့ကို ရှာဖွေပါ။ ယင်း ‘အထောက်အပံ့’ တွေဟာ
ကျွန်ုပ်တို့ဆုံးဖြတ်ချက်ပြုသော ဖြစ်စဉ် အထဲမှာ ကျွန်ုပ်တို့ကို
လမ်းပြမှတ်တိုင်ကဲ့သို့ ဖြစ်စေပါတယ်။ ၎င်းတို့ က ဘုရားနှုတ်ကပတ်တော်နေရာကိုဝင်မယူပါ။
စီရင်ခြင်း အမှန်နဲ့ သာမန်အတွေးကောင်းခြင်းလည်းမပေးနိုင်ပါ။ သို့သော် ကျွန်ုပ်တို့
ဆုံးဖြတ်ချက်ချလုပ်ရပ်တွေမှာ အထောက်အကူဖြစ်ရပါတယ်။ (သုတ္တံ ၂၃:၂၆။ ဒေသနာ ၈း၅။ ရောမ
၈း၂၈)။
8။ ဆုံးဖြတ်ချက် တစ်ခုချနိုင်ဖို့ရာ စိတ်ပါလက်ပါဆုတောင်းဖို့ဖြစ်လာ တဲ့အခါ၊
ဘုရားနှုတ်ကပတ်တော်နှင့်တိုင်ပင်ပါ။ ထိုအကြောင်းကို
အသေအချာတွေး၍၊နှစ်သိမ့်အကြံပေးခြင်းကိုရှာမှီးပြီးလျှင်၊ ကောင်း ချီး
ရောက်လာမည်ကို ကြည့်ရှုပါ။ ဘုရားသခင်ကိုယ်တော်တိုင် သင့်ကိုခေါ်ဆောင်သွားနေပါကြောင်း
ယုံကြည်စိတ်နှင့် တတ်နိုင် သမျှ ပညာပါတဲ့ဆုံးဖြတ်ချက်ကိုချပါ။ (ဆာလံ ၉၀း၁၂)။
အခန်း - ၅၂
ယုံကြည်ခြင်း
ဘယ်လိုတိုးစေမလဲ
ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်၌ စိတ်ချယုံမှတ်ခြင်းဖြစ်
တယ်။ မိတ်ဆွေကောင်းတစ်ယောက်လို ကိုယ်တော်၌ စိတ်ချယုံကြည် ခြင်းဖြစ်တယ်။
ဘုရားရှင်ကိုယ်တော်နှင့်ဆက်ဆံရေး နီးကပ်စွာတိုးတက် လာခဲ့သည်နှင့်အမျှ၊
ကျွန်ုပ်၏အသိတရား၌ ကိုယ်တော်သည် ကျွန်ုပ်ကို ဂရုစိုက်ပြီး၊ ကျွန်ုပ်၏
ကောင်းကျိုးချမ်းသာကိုသာ လိုလားသူဖြစ်၏။ ဘုရားသခင်ကို အကျွန်ုပ်ပိုသိလေလေ၊
ကိုယ်တော်အား ပို၍ယုံကြည် စိတ်ချမိရလေလေဖြစ်ရပါ၏။
1။ ယုံကြည်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏ ဘာသာရေးအတွေ့အကြုံ (အောက်၊ သို့မဟုတ်
ထောက်အဖြစ်) ၌ရှိတဲ့အရာဝတ္ထုဖြစ်ပါတယ်။ (ဟေဗြဲ ၁၁း၁)။
2။ ယေရှုသည် ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှိ မေတ္တာတော်ရှင် ခမည်း
တော်ဘုရားသခင်နှင့်အတူ စိတ်ချယုံကြည်ခြင်းဖြင့် မိတ်သဟာယ ဝတ်ပြုကြဖို့
ဖိတ်ခေါ်နေပါသည်။ (မာကု ၁၁း၂၂-၂၄)။
3။ ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်စိတ်တော်နှင့်မတွေ့နိုင်။ (ဟေဗြဲ ၁၁း၆)။
4။ ဘုရားသခင်သည် ခရစ်ယာန်အသီးသီးတို့အား ယုံကြည်ခြင်း အတိုင်းအတာတစ်ခုစီ
ပေးသနားတော်မူပါ၏။ (ရောမ ၁၂း၃)။
5။ အနည်းငယ်သောယုံကြည်ခြင်းသည်ပင်လျှင် ဘုရားသခင်မစတော် မူသော
အံ့ဖွယ်တန်ခိုးနှင့် ဆက်စပ်နေပါသည်။ (လုကာ ၁၇:၅,၆)။
6။ ကျမ်းစာထဲက ယုံကြည်ခြင်း အကြောင်းနမူနာများကို ဖတ်ရှုခြင်း သည်
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးစေပါသည်။ (ရောမ ၁၀:၁၇)။
7။ ကျမ်းစာဖတ်ရှုခြင်းအကျိုးကျေးဇူးရှိစေရန် ယုံကြည်ခြင်းကို ပုဂ္ဂိုလ်
ရေးအသုံးချမှုရှိရမည်။ ဇာတ်လမ်းတိုင်းမှာ သင့်ကိုယ်သင် နေရာယူ ကြည့်ပါ။
ဘုရားစကားသံတော်ကိုဖတ်မိတဲ့အခါတိုင်း သင့်ဘဝထဲ မှာ ဘုရားသခင်ဟာ
နိမိတ်ပြပြောင်းလဲခြင်းအမှုနဲ့ ပြီးစီးစေမယ်လို့ သင်ယုံကြည်နေရမယ်။ (ဟေဗြဲ ၄း၂)။
8။ ဘုရားနှုတ်ကပတ်တော်ကို လေ့လာခြင်းမှတစ်ဆင့် သင့်ယုံကြည်
ခြင်းတိုးလာစေဖို့မျှော်လင့်ပါ။ (၂ပေ ၁း၃-၄)။
9။ ယေရှုနဲ့နီးရာသို့ချဉ်းကပ်၍ ယုံကြည်ခြင်းကိုလက်ခံယူပါ။ (ဟေဗြဲ ၁၀း ၂၂)။
10။ ယုံကြည်ခြင်းအားဖြင့်အသက်ရှင်နေတယ်ဆိုတာ
နေ့စဉ်၊ တစ်သ မတ်တည်း၊ ယေရှုနဲ့အတူ စိတ်ချယုံကြည်မိတ်သဟာယပြုနေခြင်း ဖြစ်ပါတယ်။
(ရောမ ၁ဝး၁၇)။
11။ ယေရှုကိုစေ့စေ့ဆင်ခြင်ကြည့်ရှု၊
ယေရှုကိုစိတ်ချယုံကြည်၊ ယေရှုထံ မှ ယုံကြည်ခြင်းကိုလက်ခံရယူသော ကျွန်ုပ်တို့ဟာ
ယုံကြည်ခြင်း တိုးပါတယ်။ (ဟေဗြဲ ၁၂း၁, ၂)။
12။ ယုံကြည်ခြင်းဆိုတာ
ကျွန်ုပ်တို့လိုတာ ဘာဖြစ်ဖြစ် ဘုရားမစတော်မူ မည်လို့ ယုံကြည်တာမဟုတ်။ ယေရှု
ဂေသရှေမန်ဥယျာဉ်၌ “ခမည်း တော်အလိုအတိုင်းဖြစ်စေပါ”လို့ လက်ခံတဲ့စိတ်ဖြစ်ရပါမယ်။
(မဿဲ ၂၆း၃၉)။
13။ ကျွန်ုပ်တို့ဟာ
ယုံကြည်ခြင်းအားဖြင့် ဘုရားသခင့်အလိုတော်ကို စိတ်ပါလက်ပါရှာရင်၊ လုံးဝ
ကိုးစားယုံကြည်မှုကို ကျွန်ုပ်တို့ရနိုင် တယ်။ (၁ယော ၅း၁၄)။
ခရစ်ယာန်များအသက်ရှင်နေထိုင်ခြင်းသည် ကျွန်ုပ်တို့ကို ချစ်၍
ကျွန်ုပ်တို့ကို အကောင်းဆုံးဖြစ်စေလိုသော ဘုရားသခင်က ကျွန်ုပ်တို့ကို
အမွေခံသားသမီးများအဖြစ် နောက်ဆုံးအပြီးသတ်ကောင်းစားဖို့ရာ အမြဲ တမ်းလမ်းပြနေမည်ကို
မပြတ်တမ်းယုံကြည်မှု၊ စိတ်ချမှုတစ်ခု ဖြစ်ပါ သည်။
အခန်း - ၅၃
ဒေါသ၊ အမုန်းတရားနဲ့
မကျေနပ်ချက်တွေကိုရှင်းထုတ်နည်း
1။ သင်စိတ်ဆိုးတတ်တယ်ဆိုဟာ ဝန်ခံပါ။ ဘုရားသခင်ရှေ့မှာ ရိုးသား ခြင်းရှိပါ။
ဘုရားသခင်ရှေ့၌ သင်၏ ခံစားမှုစစ်စစ်ကို ဖုံးကွယ်ဖို့ မကြိုးစားပါနှင့်။ (ဟေဗြဲ
၄း၁၃။ ဧဖက် ၄း၂၆)။
2။ သင်စိတ်ဆိုးတယ်ဆိုတာကို ရအောင်ရှာပါ။ (က ၄း၆)မှာ ကာက္ကန ကို
ဘုရားသခင်မေးပါတယ်။ ‘သင်အဘယ်ကြောင့် စိတ်ဆိုးသနည်း။
3။ စိတ်လှုပ်ရှားအမျက်ထွက်ခြင်းက သင့်ကို မလွှမ်းမိုးစေပါနှင့်။ (သုတ္တံ
၁၆:၃၂။ ဒေသနာ ၇၊၉။ သုတ္တံ ၁၄၊၂၉)။
4။ သင့်စိတ်ဆိုးခြင်းအမှုကို ဘုရားထံအပ်ပါ။ စိတ်ဆိုးပြီးပြောတဲ့ စကား ဟာ
တခြားသူတွေကိုလည်း စိတ်ဆိုးစေမည်ဆိုတာ သတိရပါ။ (သုတ္တံ ၁၅း၁။ ဆာလံ ၃၇၊၇,၈)။
5။ သူတစ်ပါးက သင့်ကို ပြစ်မှားတာအားလုံးကို ခွင့်လွှတ်လိုက်ပါ။ ဘုရားသခင်ဟာ
သူ့ကိုသင်ပြစ်မှားခဲ့တာမှန်သမျှကို အပြစ်လွှတ် တော်မူခဲ့တာသိပြီး၊ အခုလည်း
တခြားသူတွေ သင့်ကိုပြစ်မှားခြင်း ပြုခဲ့တာမှန်သမျှအတွက်
သင်ကခွင့်လွှတ်ခြင်းပေးနိုင်ဖို့ ဘုရားသခင် ထံ ဆုတောင်းပါ။ (ဧဖက် ၄း၃၂။ လုကာ ၁၁း၄။
ကော ၃း၁၃)။
6။ သင်ကလည်းစိတ်ဆိုးမိခဲ့တဲ့အတွက် မိမိကိုယ်မိမိ အပြစ်လွှတ်တတ် ပါ။ (၁ယော
၁း၉)။
7။ အမျက်ထွက်စိတ်ဆိုးမှုကို မြန်မြန်ရှင်းပစ်ပါ။ စုသိမ်းမထားပါနဲ့။
သင့်အနေနဲ့ လူတစ်ယောက်ယောက်ဆီက အပြစ်ခွင့်လွှတ်ပါလို တောင်းပန်စရာရှိနေရင်
လုပ်လိုက်ပါ။ (ဧဖက် ၄း၁၆)။
အခန်း - ၅၄
အပြစ်သွေးဆောင်ခံရခြင်းကိုဖြေရှင်းနည်း
1။ စာတန်သည် ကျွန်ုပ်တို့ အပြစ်သွေးဆောင်ခံရခြင်းအားလုံး၏ အစ ဖေါ်ပေးသူတည်း။
(ယာကုပ် ၁း၁၂-၁၅။ ယော ၈း၄၄)။
2။ ဘုရားသခင်ဟာ သင်သွေးဆောင်ခံရလို့ ခံနိုင်စွမ်းထိပ်ထိရောက် သွားအောင်
ဘယ်တော့မှ အခွင့်မပေးပါဘူး။ သခင့်အစွမ်းနဲ့ သင် လွတ်မြောက်လာနိုင်ပါတယ်။ (၁ကော
၁၀း၁၃)။
3။ ယေရှုသွေးဆောင်ခံရတဲ့အရာတိုင်းလိုမျိုး ကျွန်ုပ်တို့၌လည်း ဖြစ်နေ မှာပဲ။
ကိုယ်တော်ဟာ ကြီးကြီးမားမားအဆင့် အထိ ရောက်သွားခဲ့ တယ်။ အောင်မြင်ခဲ့တာပါပဲ။
(ဟေဗြဲ ၄း၁၅,၁၆)။
4။ ယေရှု၏အစွမ်းတန်ခိုးအားဖြင့်၊ အပြစ်သွေးဆောင်ခံရမှုကို အောင်ရ ခြင်းသည်
ကျွန်ုပ်အဖို့ဖြစ်၏။ (၁ယော ၅း၄။ ရောမ ၈း၅- ၁၅။ ၁ကော ၁း၂၇-၃၀)။
5။ အပြစ်သွေးဆောင်ခံခြင်းအောင်မြင်မှုကို ထိန်းထားနိုင်ရန်၊ အထူး
ပျော်ပါးရာနေရာများ၊ အကျင့်လုပ်နေခြင်းများ၊ အပြစ်သွေးဆောင် သော
အရင်းခံလှုပ်ရှားမှုများတို့ကို ရှောင်ရှားဖို့လိုတယ်။ (ယာကုပ် ၄၊၇,၈။ ဖိလိပ္ပိ ၄း၇,၈)။
အခန်း - ၅၅
မိမိကိုယ်မိမိတန်ဖိုးမထားတတ်သူကိုအကူအညီပေးခြင်း
1။ မေတ္တာရှင်ဖန်ဆင်းရှင်က သင့်ကို အသက်သွင်း၍ ဖန်ဆင်းခဲ့တယ်၊ တကယ်လို့ သင်ဟာ
သင့်ဘဝကို ဘုရားသခင်ထံဆက်ကပ်လိုက်ရင်၊ ဘုရားသခင်၏ မိသားစုအတွင်းကို
သင်ရောက်လာမှာပဲ။ (ဧဖက် ၃:၁၀,၁၈။ ယော ၁း၁၂)။
2။ သင်ဟာ ရှားရှားပါးပါး အမျိုးအစားတစ်ခု၊ ဤကမ္ဘာစကြဝဠာထဲမှာ
သင်နဲ့တူတာဘယ်သူမျှမရှိ။ သင်သည် ဘုရားသခင်အရှေ့၌ အထူး သီးသန့်တစ်ယောက်ဖြစ်ပါ၏။
(ဟေရှာ ၄၃း၁,၄,၇,၂၁။
၁၃း၁၂။ ထွက် ၃၃း၁၂)။
3။ ယေရှုသည် သင့်အတွက် အသက်ပေးခဲ့တယ်။ ဘယ်သူ တစ်ယောက် မျှ ဒီလိုကိုယ်တော့်လို
အသက်ပေးလိမ့်မှာမဟုတ်ဘူး။ သင်ဟာကိုယ် တော်ရှင် ဘုရားသခင်ရဲ့
မျက်မှောက်တော်အောက်မှာ ကြီးစွာသော တန်ဖိုးဖြစ်ပါတယ်။ (ဂလာ ၂း၂၀)။
4။ သင့်ခန္ဓာကိုယ်မှာ ယို့ယွင်းခြင်း၊ မစွမ်းဆောင်နိုင်ခြင်း၊
ချွတ်ယွင်းခြင်း ဖြစ်နေသည့်တိုင်အောင်၊ ကိုယ်တော်၏ မေတ္တာသည် မဟန့်တားပါ။
အရာရာတိုင်းသည် သင့်ကောင်းကျိုးအတွက် အပြီးသတ်လုပ်ဆောင် ပေးပါလိမ့်မယ်။ (ရောမ ၈း၂၈,၃၁-၃၇)။
5။ သင့်ဘဝအတွက် ဘုရားသခင်အကြံအစည်တော်ရှိတယ်။ (ဆာလံ ၃၇း၂၃။ ယေရမိ ၁း၅)။
6။ သင့်ဘဝကို ကိုယ်တော့်လက်ထဲအပ်ရင်၊ သင့်ရဲ့အမှန်အကန် စွမ်းအင် သတ္တိတွေကို
ပြည့်ဝလာစေဖို့ ကိုယ်တော်တတ်နိုင်ပါတယ်။ (သုတ္တံ ၃း၅-၆။ ဆာလံ ၁း၁-၃)။
အခန်း - ၅၆
အကြောက်တရားကိုရင်ဆိုင်ခြင်း
1။ ဘုရားမေတ္တာတော်ကို စိတ်ချယုံကြည်ပါ။ အကြောက်တရားမှ သင့်ကိုလွှတ်လိမ့်မည်။
(၁ယော ၄း၁၈,၁၉။ ဆာလံ ၅၆:၃။ သုတ္တံ ၃း၂၃-၂၆)။
2။ စာတန်ဟာ အကြောက်တရားကို လှုံ့ဆော်၏။ ဘုရားသခင်သည် ထိုအမှုမှလွတ်စေသည်။
(၂တိ ၁း၇။ ဆာလံ ၂၇း၁)။
3။ အကြောက်တရားဝန်ထုပ်ကို ထာဝရဘုရား၌ ချထားလော့။ ကိုယ် တော်သည်
သင့်ကိုစောင့်မမည်။ ချမ်းသာပေးမည်။ (ဆာလံ ၅၅:၁၂။ မဿဲ ၁၁း၂၆-၂၈)။
4။ ကိုယ်တော့်မျက်မှောက်တော်အောက်၌ အကြောက်တရား ပျောက် ကွယ်၏။ (ဟေရှာ ၄၁း၁၀။
ဆာလံ ၆၁း၂)။
5။ ဘုရားသခင်ကိုသာ သင်ကိုးစားလျှင်၊ လူသည် မိမိကိုဘာလုပ်လုပ်၊ ဘာပြောပြော
ကြောက်စရာမလိုတော့ပါ။ (ဆာလံ ၅၆း၁၁)။
6။ သင့်၌ထိခိုက်စေမည့် အခြေအနေအရပ်ရပ်ကို ဘုရားသခင် ထိန်း ချုပ်ထားသည်ဖြစ်၍
ကိုယ်တော်၌ရှိပြီး၊ အရာရာကို သင်စိတ်ချစွာ ရင်ဆိုင်နိုင်ပါသည်။ (ဆာလံ ၄၆း၁,၂။ ၉၁း၁,၂)။
အခန်း - ၅၇
အထီးကျန်ဖြစ်မှုကို
ဖြေရှင်းနည်း
1။ ဘုရားသခင်သည် ယာကုပ်၌အထီးကျန်ဖြစ်နေခြင်းနှင့် ကိုယ်တော် ဂရုစိုက်နေသည်ကို
စိတ်ချစေလိုကြောင်း ကိုယ်တော်တိုင်ဖွင့်ပြပေး ခဲ့ပါသည်။ (က ၂၈း၁၅)။
2။ ဧလိယသည် စိတ်ပျက်လက်ပျက်ဖြစ်လာတဲ့အခါ တောအရပ်ဂူ တစ်ခု၏ အမှောင်ထဲသို့
ပြေးဝင်ပုန်းခိုနေ၏။ ထိုအခါ သူ၌ စိတ် မချမ်းမြေ့ဖြစ်နေခြင်းအတွက်
ဘုရားသခင်အားပေးစကား ပြောခဲ့ သည်။ (၃ရာ ၁၉း၉,၁၁-၁၅)။
3။ ဘုရားသခင်သည် သူ့သားသမီးတွေကို ဘယ်တော့မှစွန့်ပစ်၍ မထား ကြောင်း
ကတိတော်ပေးထားပါ၏။ (ဟေဗြဲ ၁၃း၅)။
4။ ယေရှုသည် လူတို့၏ရွံရှာမှုနှင့်ပစ်ပယ်မှုကိုခံရပြီး၊ လက်ဝါးကပ်တိုင်
ပေါ်မှာ တစ်ကိုယ်တည်းတင်ထားခံရသောကြောင့်၊ ယနေ့ သင့်၌ အထီးကျန်ဖြစ်နေခြင်းကို
အပြည့်အဝနားလည်ပေးပါတယ်။ (ဟေ ရှာ ၅၃:၃,၄။ ၆၃း၃,၉)။
5။ ယေရှုထံသို့သင်လှည့်ပြောင်းလာခဲ့သော်၊ ဘုန်းတော်ဖြင့်ကိုယ်တော် ထင်ရှား၍
သင့်စိတ်နှလုံးကိုပြည့်စေမည်။ သင်တို့သည်လည်း ဘုရား
သခင်၏သားသမီးများဖြစ်လာကြလိမ့်မည်။ (၂ကော ၆း၁၆-၁၈)။
6။ ကွာရှင်းခံရလို့၊ ဒါမှမဟုတ် လင်သေမုဆိုးမတစ်ယောက်ဖြစ်လာလို့ တစ်ယောက်တည်း
အနေခက်၊ စိတ်ကသိကအောက် ဖြစ်နေသော ခရစ်ယာန်အမျိုးသမီးတစ်ယောက်ကို
ဘုရားသခင်ကိုယ်တိုင် အမျိုး သမီးပိုင်းဆိုင်ရာ
စိတ်နှလုံးလိုအင်ပြည့်စေမည့်အကြောင်း စိတ်ချ ယုံကြည်စေခဲ့ပါသည်။
(ဟေရှာ ၅၄း၄-၈)။
7။ သင်အထီးကျန်ဖြစ်နေရာမှ လွတ်လာဖို့က သင့်ဘဝကို တခြားသူ များအတွက်
ပျော်ရွှင်စေရန်လုပ်ပေးဖို့ လိုအပ်ချက်ဖြစ်လာပါတယ်။ မိတ်ဆွေလိုချင်ရင် သင်ကိုယ်၌က
လူတစ်ယောက်ယောက်ရဲ့ မိတ်ဆွေဖြစ်နေရပါမယ်။ (သုတ္တံ ၁၁:၂၅။ ၁၈၊ ၂၄)။
အခန်း - ၅၈
စိတ်ဓာတ်ကျခြင်းကိုကျော်လွှားရန်နည်းစနစ်
စိတ်ဓာတ်ကျခြင်းဟာ အဆင့်အမျိုးမျိုးနဲ့ လူထောင်ပေါင်း များ စွာကို
ဒုက္ခပေးနေပါတယ်။ တချို့ စိတ်ဓာတ်ကျသူများဟာ အလွန် ပြင်းထန်တာကြောင့်၊
ပြန်နာလန်ထူလာဖို့၊ စိတ်စွမ်းအင်ပြန်ရလာဖို့ဆို တာ
ဆေးဝါးအကူအညီအားဖြင့်လည်းကောင်း၊ စိတ်ပညာရှင်နှစ်သိမ့်ခြင်း အားဖြင့်လည်းကောင်း
ကုသခံယူရန်လိုအပ်လာပါတယ်။ အောက်ပါ
ကျမ်းစာအခြေခံစည်းမျဉ်းလိုရင်းအချုပ်ဖေါ်ပြချက်များက စိတ်ဓာတ်ကျ
နေသူများကိုကူညီနိုင်ရန် သင့်အားအထောက်အကူဖြစ်စေပါလိမ့်မယ်။
စိတ်ဓာတ်ကျခြင်းအနက်ဖွင့်ချက် --- စိတ်ဓာတ်ကျခြင်းဆိုသည်မှာ
လက်ရှိဘဝ၌ ပျော်ရွှင်မှုနည်းပါးခြင်း၊ ပြဿနာတွေချည်း ဖြစ်လွန်းလှ
တယ်လို့အထင်ရောက်ခြင်း၊ အနာဂတ်ဘဝအတွက်လည်း မျှော်လင့်ချက် နည်းလှတယ်လို့ - -
စသည်ဖြင့် စိတ်မချမ်းမြေ့စရာအာရုံရောက်နေတာ မျိုးဖြစ်ပါတယ်။
သင်ခံစားနေရသလိုမျိုး သင်တစ်ဦးတည်း၌ဖြစ်တတ်တာ မဟုတ် ပါဘူး။
ယုံကြည်ခြင်းကြီးတဲ့လူတွေ၊ ကျမ်းစာထဲကပုဂ္ဂိုလ်ကြီးတွေ လည်း
စိတ်ပျက်အားလျော့တတ်ခဲ့ကြတာပါပဲ။
၁။ နမူနာအားဖြင့်- ဒါဝိဒ်စိတ်ဓာတ်ကျဆင်းခဲ့ရတာကို ကြည့်ပါ။ (ဆာလံ ၆း၆,၇။ ၄၀း၁၂။
၈၈)တို့မှာ ဖတ်ကြည့်ပါ။ သူစိတ်ဓာတ် ကျစဉ်မှာ ဒါဝိဒ်ဟာ
ပြန်နာလန်ထူလာဖို့ အောက်ပါစည်းမျဉ်းကို ရှာတွေ့ခဲ့တယ်။
က။ စိတ်ပျက်အားလျော့တဲ့အခါမှာ
ဘုရားသခင်ဟာ ကျွန်ုပ်
တို့ကို
စွန့်ပစ်တော်မမူပါဘူး။ (ဆာလံ ၁၆း၈။ ၁၃၉း၇- ၁၇)။
ခ။ အခက်အခဲရောက်ရာကာလမှာပင်
ဝမ်းမြောက်ခြင်းရှိနေ ဖို့ စိတ်ချမှု၊ သို့မဟုတ် ယုံကြည်ခြင်းက တွန်းပို့ပေးပါ တယ်။ (ဆာလံ ၅း၁၁။ ၂၈း၇,၈)။
ဂ။ ဘုရားသခင်သည်
ကျွန်ုပ်တို့ကိုစမ်းသပ်ခြင်း၊ နာကျင်စေ
ခြင်းအားဖြင့်
ကိုယ်တော်နှင့်နီးရာသို့ ဆွဲခေါ်ယူနေသည်။
စမ်းသပ်ခြင်းခံရတိုင်းမှာ
ဆုတောင်းနေကြရန် ကျွန်ုပ်တို့ ကို နှိုးဆော်နေပါတယ်။ (ဆာလံ ၁၁၉း၆၇,၇၁။ ၆၂း၈)။
ဃ။ ရုန်းကန်ကြိုးစားနေတဲ့အချိန်မှာဘုရားသခင်သည်ကျွန်ုပ်
ဘဝကို
အပြည့်အဝထိန်းပေးထားပါတယ်။ (ဆာ ၁၁၈း၆,
၈,၁၄,၁၇)။
၂။ စိတ်ဓာတ်ကျနေစဉ်၌ ကျေးဇူးတော်ချီးမွမ်းခြင်းသည် စိတ်ဓာတ် ကျနေခြင်းမှလွတ်မြောက်ရန် အဓိကအချက်တစ်ခုဖြစ်၏။ (ဆာ လံ ၁၁၈:၁။ ၁၁၃:၃။ ၇၁း၁-၃,၈,၂၄။
၅၉း၁၆)။
၃။ စိတ်ပျက်အားလျော့နေစဉ် ဘုရားသခင်ထံတော်သို့ လာခဲ့ဖို့ ဘုရားသခင်မျှော်လင့်နေပါတယ်။ ထိုအခါ ဆုတောင်းခြင်းက အဖြေပေးရန် ကိုယ်တော်ဝမ်းမြောက်ဝမ်းသာကြိုဆိုနေပါတယ်။ (ဆာလံ ၆၁း၂။ ၆၀:၄။ ၅၆:၃,၈,၁၁)။
၄။ ဝန်မခံရသေးတဲ့အပြစ်သည် ပြစ်ဒဏ်သင့်နေသဖြင့်၊ စိတ်ဓာတ် ကျဆင်းစေနိုင်ပါသည်။ တကယ်လို့ သင်ဟာ ဒုစရိုက်လုပ်မိထား တဲ့ အကြောင်းတချို့ကြောင့်၊ ပြစ်ဒဏ်ကျခံရမယ်လို့ စိတ်ခံစားမိ နေရင်၊ ကျမ်းစာအလိုအတိုင်း ဆွေးနွေးနှစ်သိမ့်ခံယူမှုကို ရှာပါ။ [ဆာလံ ၃၈း၁၇,၁၈
(ကိုယ်အပြစ်ကိုဖေါ်ပြပါ၏) ၁ယော ၁း၉ (သင့်အပြစ်ကို ဝန်ခံလိုက်ပါ)]
၅။ ဆာလံသီချင်းအမှတ်(၅၁)ကို သီကျူး၍ ဆုတောင်းခြင်းပြုပါ။ ဘုရားသခင် သင့်ကို အပြစ်ခွင့်လွှတ်တော်မူကြောင်း ယုံကြည် စိတ်ချထားပါ။ တကယ်လို့သင်ဟာ ယေဘုယျအားဖြင့် ပြစ်ဒဏ် ကျခံရမယ်လို့ ဇဝေဇဝါစိတ်ဖြစ်နေရင်၊ ကိုယ့်စိတ်၌ ဒီလို အတွေးရောက်နေဖို့လိုတယ်။ ‘ဘုရားသခင်
ကျွန်ုပ်ကို ချစ်တယ်။ ကျွန်ုပ်ကိုလက်ခံတော်မူတယ်။ ဘုရားသားတစ်ယောက်အဖြစ်နဲ့ လည်း လက်ခံ တော်မူတယ်။' (၁တိ ၂း၃-၆။ ၁ပေ ၃း၉။ ဒေသနာ ၁း၃-၇)။
၆။ ကိုယ်ခန္ဓာအကြောင်းအားဖြင့်လည်းအချိန်အခါအလိုက်စိတ်ပျက် အားလျော့တတ်ပါတယ်။ ပုရောဖက်ဧလိယသည် ကရမေလ တောင်၌ သူ၏ စိတ်အားကြီးစွာသော အောင်ခြင်းနဲ့ ဗာလယဇ် ဆရာတွေကို သတ်နိုင်ခဲ့ပြီးတဲ့နောက်မှာ၊ ဧလိယ စိတ်ဓာတ်ကျ ပြီးသေချင်စိတ်ပေါက်သွားပါတယ်။ (ဒီမှာ ဘုရားသခင်က သူ့ကို သေခြင်းမတွေ့စေရလို့ စကားတော်ရှိခဲ့သူ လူတစ်ယောက်ဖြစ် သေးတယ်ဆိုတာသတိထားပါ)။ မောပန်းတယ်၊ ဆာလောင် တယ်၊ တစ်နေ့လုံးစိတ်ဖိစီးမှုဒဏ်နဲ့ဖြေလျော့၍ လုံးလုံးလျားလျား ပင်ပန်းအားကုန်နေတဲ့ ဧလိယဟာတစ်ဖက်က ယေဇဗေလရဲ့ ခြိမ်းခြောက်မှုအောက်မှာ လက်မှိုင်ချအရှုံးပေး ထွက်ပြေးရပြီး၊ စိတ်ပျက်အတွေးဖိစီးခဲ့တယ်။ (၃ရာ ၁၉း၁-၄)မှာ ဖတ်ကြည့်ပါ။ ဧလိယစိတ်ဓာတ်ကျတဲ့အတွက် ဘုရားသခင်ရဲ့ အဖြေက ည ဘက် ကောင်းကောင်းအိပ်စက်ခြင်း၊ ပူနွေးတဲ့အစာစားခြင်းနှင့် အတူ အားဖြစ်စေတဲ့နှုတ်ကပတ်တော်ပါပဲ။ (၃ရာ ၁၉း၅-၁၃)။
၇။ ရောမမြို့၌အကျဉ်းကျနေတဲ့ ရှင်ပေါလုအဖို့ စိတ်ဓာတ်ကျတာရဲ့ ဖြေဆေးကို အောက်ပါရှုထောင့်နဲ့ရှာတွေ့ ခဲ့တယ်။
က။ ဘုရားသခင်၏
အုပ်စိုးမှုအမြင်ရှိခြင်းတစ်ခု။ (ဖိ ၁း၁၂)။
ခ။ ခရစ်တော်သခင်ကိုသာ
အရာရာအားလုံး၌ ထင်ရှားစေဖို့
လိုလားခြင်း။
(ဖိ ၁း၂ဝ)။
ဂ။ ထောင်တွင်း၌
ဆုတောင်းခြင်း၊ ကျေးဇူးတော်ချီးမွမ်း
ခြင်း။
(ဖိ ၄း၆)။
ဃ။ ထောင်ထဲမှာပင်လျှင်
ဝမ်းမြောက်ဝမ်းသာရှိနေခြင်း။
(ဖိ ၄း၄)။
င။ ဘုရားသည်
သူ့ပြဿနာတွေထက် ပိုကြီးမြတ်တယ်၊ သူ
လိုတာ
အားလုံးကို ပေးနိုင်တယ်ဆိုတာ အာရုံခံမိခြင်း။ (ဖိ ၄း၁၃,၁၉)။
အခန်း - ၅၉
ငယ်ကျိုးငယ်နာ-အနာငြိမ်းစေဖို့
လူအတော်များများဟာ သူတို့ငယ်စဉ်က သူတို့ကို အမှားလုပ်ခဲ့ ကြလို့၊
ခါးသီးစွာသော အမုန်းတွေနဲ့ ကျောက်ချနေတတ်ကြတယ်။
အောက်ဖေါ်ပြပါကျမ်းစာလေ့လာခြင်းတွေက ငယ်စဉ်က သူနာခဲ့တဲ့ အနာတွေ ပျောက်စေဖို့
သန့်ရှင်းသော ဝိညာဉ်တော်ကို အခွင့်ပေးခြင်း အားဖြင့် ခါးသီးသောအမုန်းထောင်ချောက်ထဲက
ထွက်လာနိုင်ရန် အကူ အညီပေးပါလိမ့်မယ်။
၁။ သမ္မာကျမ်းစာက အကြံပေးသည်မှာ ကျွန်ုပ်တို့၌သူငယ်၏ အရာ များ၊ သို့မဟုတ် ငယ်ကျိုးငယ်နာတွေကို ပယ်ရှားဖို့ပြောပါတယ်။ (၁ ကော ၁၃း၁၁)။
၂။ ရှင်ပေါလုက နောက်ကျသောအရာများကို စိတ်မှတ်မထားဖို့ ကျွန်ုပ်တို့အား အကြံပေးဆွေးနွေးခဲ့ပါတယ်။ (ဖိ ၃း၁၃)။
၃။ တကယ်လို့ ကျွန်ုပ်တို့ဟာ မိမိကိုယ်နဲ့သူတစ်ပါးကို ရိုးသားစွာ စိတ်ရှိပါလျှင်၊ အတိတ်အနာကိုမေ့ပစ်လို့ ဖြစ်နိုင်ပါတယ်။ (ဧဖက် ၄း၂၅)။
၄။ ကျွန်ုပ်တို့ကို မမွေးမီကပင် ဘုရားသိတယ်။ ကျွန်ုပ်တို့ဘဝများ အတွက် အကြံအစည်တော်ရှိထားပြီးဖြစ်တယ်။ (ယေရမိ ၁:၅)။ ၅။ ဘုရားသခင် အုပ်စိုးတော်မူသည်ဖြစ်၍ ကျွန်ုပ်တို့အပေါင်းသည် ကိုယ်တော်၏ ဖန်ဆင်းတော်မူရာလည်း ဖြစ်ပါသောကြောင့်၊ အဘယ်သူ တစ်ဦးတစ်ယောက်မျှ ကျွန်ုပ်တို့ဘဝများအထဲက ဘုရားကြံစည်တော်မူရာကို လာရောက်ဖျက်ဆီးပစ်နိုင်ကြမည် မဟုတ်ပါ။ (ဖက် ၂း၁၀)။
၆။ ကျွန်ုပ်တို့၌ခပ်သိမ်းသောအရာများ ဖြစ်လျက်-ပျက်လျက်ရှိခြင်း နှင့် ကိုယ်တော်၏အလိုတော်ကာလထဲ၌ ခပ်သိမ်းသောအရာများ ကိုလည်း လှပစွာ ဖန်ဆင်းပေးထားပါမည်ကို ရည်စူးလုပ်ဆောင် တော်မူ၏။ (ဒေသနာ ၃း၁၊ ၁၁)။
၇။ ဘုရားသခင်သည် နှလုံးကြေကွဲသူတို့၏ အနာကိုစည်း၍ ကျွန်ုပ် တို့ ဘဝ၏ ပြာအရာများအတွက် လှပခြင်းကိုပေးတော်မူ၏။ (ဟေရှာ ၆၁း၁-၃)။
၈။ သူတစ်ပါးသည် ကျွန်ုပ်တို့ကို နည်းမျိုးစုံနဲ့ ပြစ်မှားသော အပြစ် များကို ကျွန်ုပ်တို့သည် ရိုးသားစွာနဲ့ အပြစ်ခွင့်လွှတ်နိုင်ရမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့က ခရစ်တော်ကို နည်းမျိုးစုံနဲ့ ပြစ်မှားသောအပြစ်များကို ကိုယ်တော်သည် အပြစ်ခွင့်လွှတ် တော်မူခဲ့သောကြောင့်ဖြစ်ပါသည်။ (ဧဖက် ၄:၃၂)။
၉။ သူတစ်ပါးသည် ကျွန်ုပ်တို့ကို ပြစ်မှားခဲ့သည်များကို ကျွန်ုပ်တို့ ခွင့်လွှတ်ခြင်းဆက်လက်ပြုနေခြင်းသည် ခါးသီးမုန်းတီးမှုအနာ စိမ်းကိုခွဲစိတ်ကုသခြင်းဖြစ်၏။ ယေရှုသည် သူ့ကို လက်ဝါးကပ် တိုင်တင်၍ သတ်ခဲ့ကြသူများကို အပြစ်လွှတ်ခဲ့သကဲ့သို့၊ ကျွန်ုပ်တို့ သည်လည်း ကျွန်ုပ်တို့ကို နာကျင်အောင် လုပ်ခဲ့ကြသူများကို အပြစ်လွှတ်နိုင်ရမည်။ (ကော ၃း၁၃)။
လက်စားချေခြင်းစိတ်ဓာတ်သည် မိမိကိုယ်မိမိ ဖျက်ဆီး၏။ အဆိုးကို အကောင်းဖြင့်
ကျွန်ုပ်တို့အောင်နိုင်ကြလျှင်၊ ကျွန်ုပ်တို့ ကိုယ်၌ က
အနာငြိမ်း-ချမ်းသာခြင်းရပါ၏။ (ရောမ ၁၂း၁၉-၂၁)။
အခြားသူများက သင့်ကို ညှဉ်းဆဲမည်ကြံသော်လည်း ဘုရား သခင်သည်
ချမ်းသာစေခြင်းနှင့်ပြီးစီးစေလိမ့်မည်။ (က ၅၀:၂၀)
အခန်း - ၆၀
လူကိုကူညီရန်
အဆင့်(၇)ဆင့်-ဆေးလိပ်ဖြတ်နည်း
(Seven Step in
Helping People - Quit Smoking)
၁။ ဆေးလိပ်သောက်ခြင်းသည်
သင့်ခန္ဓာကိုယ်၊ သင့်ဘုရား သခင်နဲ့ ပြိုင်ဆိုင်ပြုသောဒုစရိုက်တစ်ခုဖြစ်သည်။
“ညီအစ်ကိုတို့၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်း တည်းဟူသော
သင်တို့ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း ဘုရား သခင်၏ ကရုဏာတော်ကို ထောက်ထား၍၊
သင်တို့ကို ငါတိုက်တွန်း နှိုး ဆော်ပေ၏။” (ရောမ ၁၂း၁)။
“သင်တို့သည် အဖိုးနှင့်ဝယ်တော်မူသောသူ ဖြစ်သောကြောင့်၊
ဘုရားသခင်ပိုင်တော်မူသောသင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အား ဖြင့် ဘုရားသခင်၏
ဂုဏ်တော်ကို ထင်ရှားစေကြလော့။” (၁ကော ၆း၁၉,၂၀)။
၂။ သင့်အားနည်းမှု၊
မစွမ်းမဆောင်နိုင်မှုတွေဟာ သင်ကိုယ် တိုင်က စွန့်လွှတ်ခဲ့ရမှာကို သိမှတ်ရမည်။
ကျမ်းစာထဲက ‘သွေးသွန်နာ’ ဖြစ်နေတဲ့
အမျိုးသမီးလိုမျိုး၊ နှစ်များစွာ အကူအညီရှာနေရနိုင်ပါတယ်။ ဒါမှမဟုတ်
ဗေသေသဒရေကန်နားမှာ နှစ်ပေါင်း(၃၈)နှစ် တိုင်အောင် စောင့်နေတဲ့ လူတစ်ယောက်လိုမျိုး၊
သင်ဟာလည်း ဆေးလိပ်ဖြတ်ဖို့ အရမ်းကာရော ကြိုးစားပမ်းစားနေရနိုင်ပါတယ်။(ယော ၅း၅-၈)။
သင် အားနည်း လှတယ်လို့ဝန်ခံပါ။ သင့်ကိုယ်ပိုင်အစွမ်းနဲ့မလုပ်နိုင်ဘူးဆိုတာ လည်း
သိထားဖို့လိုတယ်။ “ငါနှင့်ကွာလျှင် သင်တို့သည်
အဘယ်အမှုကိုမျ မတတ်နိုင်ကြ။” (ယော ၁၅း၅)။
၃။ ယုံကြည်ခြင်းအားဖြင့်၊
သင်သည် အားနည်းသော်လည်း ခရစ်တော်မှာ ခွန်အားနှင့်ပြည့်စုံသည်။
သင်မလုပ်နိုင်သော်လည်း ကိုယ် တော်သည် တန်ခိုးနှင့်ပြည့်စုံ၏။ ကျွန်ုပ်တို့၏
အားနည်းခြင်း၊ ဆန္ဒထွေ ပြားခြင်းကို တန်ခိုးရှင်၏အလိုတော်ထံသို့အပ်နှံလိုက်တဲ့အခါ
စကြဝဠာ ထဲရှိ စွမ်းအင်အားလုံးသည် ကျွန်ုပ်တို့အဖို့ သုံးစရာဖြစ်လာရပါ၏။ (ဖိလိပ္ပိ
၄း၁၃။ ၁ယော ၅း၁၄,၁၅)။
၄။ သင့်ကိုယ်ခန္ဓာကိုလည်းကောင်း၊
သင့်ဆေးလိပ်ဆေးရွက် တွေကိုလည်းကောင်း ဘုရားသခင်အား အပ်ပေးလိုက်ပါ။ (ယောရှ ၂၄း၁၅။
၂ကော ၆း၂)။
၅။ အောင်ခြင်းသည်
ယခုပင်သင်ရလိုက်ပြီလို့ ယုံကြည်ပါ။ ဆေးလိပ်သောက်ခြင်းကို အောင်လိုက်ပြီလို့
ကိုယ်တော်အခွင့်ပေးသည် ကို ယခုပင် ကျေးဇူးတော်ချီးမွမ်းလိုက်ပါ။ (၁ကော ၁၅း၅၇။ မဿဲ
၇း၇။ ၁ယော ၅း၄)။
သင်ဟာ ဦးနှောက်အာရုံကြောစနစ်၌ နီကိုတင်းဓာတ်ကြောင့်
စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုခံရလို့ ဆေးလိပ်မသောက်ရမနေနိုင်-အာသာ
ငမ်းငမ်းဖြစ်နေနိုင်ပါတယ်။ ဒါလည်း သင်ဆေးလိပ်မသောက်လည်း ရပါ တယ်။ ဆေးလိပ်သောက်တာ
ရွေးချယ်မှုတစ်ခုပါ။ ဒီမှာ အာသာငမ်းငမ်း ဖြစ်ခြင်းနဲ့ အောင်ခြင်းအကြားမှာ
မေးစရာတွေရှိလာပါတယ်။ အောင်မြင် ခြင်းကတော့ ယေရှု၌ယုံကြည်ခြင်းအားဖြင့်
သင်ရလိုက်တာပါပဲ။
၆။ သင့်ဆေးလိပ်ဆေးရွက်တွေကို
ဖျက်ဆီးပစ်လိုက်ပါ။ လွှင့်ပစ်လိုက်ပါ။ အနားမှာ ဘာတစ်ခုမျှမကျန်စေပါနဲ့။ ဘုရားသခင်၏
အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကိုဆီးတားကြလော့။ (ယာကုပ် ၄း၇,၈)။
၇။ အောင်ခြင်းဟာ
အခုသင့်အတွက် ဖြစ်နေပြီလို့ ယုံပါ။
အောင်ခြင်းကိုခံယူဖို့ဘုရားသခင်ကိုကျေးဇူးတင်ကြစို့။ သင်လွတ်မြောက်
ပြီဆိုတာကိုယ်တော်ကို ချီးမွမ်းလိုက်ပါ။ ပြီးတော့ နီကိုတင်းစွဲညှိနေတဲ့ သင့်ခန္ဓာ
ကိုယ်ကို အမြစ်ဖြုတ်ပစ်ရန် အောက်ပါခန္ဓာကျန်းမာရေးကို လေ့ကျင့်ပါ။
Ø သင့်မှာ ဆေးလိပ်ကို
သောက်လိုစိတ်ဆန္ဒပြင်းပြင်းပြပြဖြစ်လာခဲ့ ရင်၊ အသက်လေကို ဖြည်းဖြည်းနဲ့ပြင်းပြင်း
ရှူနေပါ။ ဆေးလိပ် သောက်ချင်စိတ်ကုန်တဲ့အထိ ထပ်ကာထပ်ကာရှူပေးပါ။
Ø ရေဖန်ခွက်ဆယ်ခွက်၊
ဆယ့်နှစ်ခွက်ကို နေ့စဉ်သောက်ပေးပါ။ (၅)ရက်လောက် ဆက်သောက်ပေးပါ။
Ø ညအိပ်ရာမဝင်မီ
ရေနွေး(အပူကြီးမဟုတ်)နဲ့ရေချိုးပေးပါ။ ည တိုင်း အနည်းဆုံး (၈)နာရီ
အိပ်စက်နိုင်ရန်စီမံပါ။
Ø ကော်ဖီနဲ့ အရက်သောက်တာရှောင်ပါ။
Ø မိနစ်(၃၀)လမ်းလျှောက်ခြင်း
နေ့စဉ် နှစ်ကြိမ်လုပ်ပါ။
ဘုရားသခင်၏ အစွမ်းသည် ဆေးလိပ်ထက် သာလွန်ကြောင်း ကိုယ်တော်အား
ဆက်၍သာချီးမွမ်းပေးပါ။ (၁ယော ၄း၄)။
အခန်း - ၆၁
သတ္တမနေ့ဥပုသ်၌အလုပ်လုပ်သည့်ပြဿနာဖြေရှင်းနည်း
၁။ကျမ်းစာအလိုတော်ဥပုသ်နေ့အကြောင်းကို စစ်ဆေးပါ။ (က ၂း၁-၃။
ထွက် ၂၀း၈-၁၁။ ယေစ ၂၀း၁၂။ လုကာ ၄း၁၆။ တမန် ၁၃:၄၂-၄၄။ ဟေရှာ ၆၆း၂၂-၂၃)
ကျမ်းချက်စာသားတွေ အားလုံးကို လိုက်ဖတ်ဖို့ လိုအပ်ချက် မဟုတ်ပါဘူး။
အခြေခံလိုအပ်ချက်ဟာ လူတစ်ဦးချင်းစီက ဥပုသ်ပညတ် ကို ခိုင်မာစွာယုံကြည်သွားဖို့ပါပဲ။
၂။ ဘုရားသခင်သည်
လူတစ်ဦးချင်းစီ၏ ခန္ဓာပိုင်းလိုအင်ကို သိပြီး၊ လုပ်ပေးဖို့ကတိတော်ရှိတယ်။ (မဿဲ
၆း၃၃။ ဖိ ၄း၁၉။ ဆာ ၃၇း၂၃-၂၇)။
၃။ ဒီလိုဆုံးဖြတ်ချက်ချနိုင်ဖို့က
အရေးကြီးတဲ့အကြောင်း နှစ် ခုပါဝင် ပတ်သက်နေပါတယ်။
က။ မည်သူသည်
ကျွန်ုပ်၏သခင်အမှန်အကန်လဲ။ မည်သူ၏
စကားသံကို
ကျွန်ုပ်နားထောင်ရမှာလဲ။ (ရောမ ၆း၁၆။ တ ၅း၂၉)။
ခ။ နှုတ်ကပတ်တော်နဲ
ဘုရားသခင်ပြောသမျှတွေကို ယုံ
ကြည်ဖို့
အကျွန်ုပ် ၌လုံလောက်တဲ့ စိတ်ချယုံကြည်မှုရှိပါ သလား။ (မာကု ၁၁း၂၃, ၂၄)။
၄။ လူတစ်ယောက်ချင်းစီတွေဟာ
သူတို့ရဲ့ အလုပ်ရှင်တွေနဲ့ စကားပြောကြတဲ့အခါမှာ သူတို့ ဘာကြောင့်
စနေနေ့အားရက်လိုချင် ကြောင်းနှင့် ဘာသာရေးကိစ္စဖြစ်ကြောင်းကို ရှင်းပြတတ်ကြရန်
သူတို့ကို အားပေးရမယ်။ သူတို့ဟာ မကြာမီကဘဲ သတ္တမနေ့ဥပုသ်ကို လက်ခံ၍ အဲဒီနေ့မှာ
ဘုရားရှိခိုးသွားရမယ်လို့ပြောရဲရမယ်။ သူတို့ဟာ စနေနေ့ သည် ပညတ်တော်ထဲက
ဥပုသ်ဖြစ်ကြောင်းကို ဘုရားနှုတ်ကပတ်တော် အခြေခံတရားနဲ့အညီ
ခိုင်ခိုင်မာမာယုံကြည်နေရမယ်။ သူတို့ရဲ့ ဩတ္တပ္ပ စိတ်တရားကို
မကျိုးပျက်စေနိုင်ကြောင်း ယုံကြည်မှုရှိနေရမယ်။ သူတို့ အလုပ်ကိုသူတို့ မပြုတ်ချင်ကြပါဘူး။
သူတို့ရဲ့ အလုပ်ရှင်ကိုလည်း လေး စား၊ ကျေးဇူးတင်ကြတယ်။ သို့သော်လည်း သူတို့ဟာ
သောကြောနေ့ ညနေဝင်အချိန်မှသည် စနေနေ့ညနေဝင်သည့်အချိန်အထိ နားရက်လိုချင် ကြပါတယ်။
သူတို့ဟာ တနင်္ဂနွေနေ့အပါအဝင် အခြားနေ့တွေ၊ နေ့တိုင်း အချိန်ပိုတွေမှာ
အလုပ်လုပ်ပေးကြပါမယ်လို့ ရှင်းပြပြောပြကြရမယ်။
၅။ အလုပ်ရှင်တွေဆီ
သတ္တမနေ့အသင်းတော်ရဲ့သင်းအုပ်ထံ မှ သမ္မာကျမ်းစာအခြေခံအဆင့်
ရှင်းပြ-ရေးသားသောမေတ္တာရပ်ခံစာကို တင်ပြပေးပို့နိုင်ပါတယ်။ ဒီလိုလုပ်တာ
သူတို့အတွက် ကမ္ဘာပေါ်မှာ အလွန်အလုပ်ကြိုးစားလုပ်တတ်သောအလုပ်သမားများအဖြစ်၊
သန်းချီရှိ စနေဥပုသ်ကို စောင့်ကြသူများ အသင်းတော်ရဲ့အသင်းသားတစ်ယောက် အဖြစ်နဲ့
အလုပ်ရှင်၏ အသိအမှတ်ပြုခြင်းကိုရရှိမှာဖြစ်တယ်။
၆။ ဖြစ်စဉ်တစ်ရပ်လုံးအတွက်
ဆုတောင်းခြင်းနဲ့ လွှမ်းခြုံပါ။ လူတစ်ဦး တစ်ယောက်ဟာ သူတို့အလုပ်ရှင်ဆီကို
သွားတွေ့ဖို့ရှိသည်ကို သိပြီး၊ သူတို့အတွက်
ဘုရားသခင်ကြားဝင်အကျိုးဆောင်ပေးတော်မူပါ ရန် စိတ်ပါလက်ပါဆုတောင်းပေးနေကြရပါမည်။
၇။ အကယ်၍
လူတစ်ယောက်ယောက်ဟာ အလုပ်ပြုတ် သွားခဲ့ရင်
သူတို့ယုံကြည်ခြင်းနဲ့ဆုံးဖြတ်လုပ်ဆောင်ခဲ့သည်များကို ချီးမွမ်း ပြီး၊
သူတို့လိုအပ်သည်များကို ဖြည့်ဆည်းပေးမည့်အကြောင်း ထိုသူကို စိတ်ချမှုပေးပါ။ (ဟေရှာ
၅၆း၂။ ၅၈း၁၃,၁၄)။
အခန်း - ၆၂
သတ္တမနေ့ဥပုသ်ကိုပြောင်းလိုက်တဲ့သမိုင်းဖေါ်ပြချက်
၁။ အထက်ပါမေးခွန်းကို
တုံ့ပြန်ဖို့ဆိုလျှင်၊ “ပျော်ပွဲရွှင်ပွဲစည်း မျဉ်းတွေကို ရေးဆွဲထူထောင်ပေးရန်
အသင်းတော်မှာ အာဏာရှိတယ်ဆို တဲ့အကြောင်း၊ တစ်နည်းနည်းနဲ့ သင်သက်သေပြပေးနိုင်သလား။”
စတီ ဖင်ကီးနင် (Stephan Keenan) ကရေးခဲ့ပါတယ်။
“အသင်းတော်က အာဏာမရှိဘူးလား။ မျက်မှောက်ခေတ်အသင်းတွေက သဘောတူ မထားတဲ့အရာကို
အဲဒီအသင်းတော်က မလုပ်ဆောင်ခဲ့သင့်ဘူး။ အဲဒီ အသင်းတော်ဟာ ရက်သတ္တပတ်တွင်
ပထမရက်တနင်္ဂနွေနေ့ကို စောင့်ဖို့ ရာ မလုပ်ခဲ့သင့်ဘူး။ ဘာကြောင့်လည်းဆိုတော့
သတ္တမနေ့ -စနေနေ့ကို စောင့်ခြင်းသည်သာလျှင် အစားထိုးမရတဲ့အမှန်ဖြစ်တယ်။
ပြောင်းစောင့် တယ်ဆိုတာ သမ္မာကျမ်း အုပ်စိုးမှုက အခွင့်မပေးပါဘူး။” စတီဖင်ကီးနင် (A
Doctrinal Catechism, p.174)
၂။ ကျမ်းစာကို
ကမ္ဘာဦးကျမ်းကနေ၊ ဗျာဒိတ်ကျမ်းအထိ ဖတ်ကြည့်ပါ။ တနင်္ဂနွေနေ့ကို
စင်ကြယ်စေဖို့အကြောင်း၊ စာကြောင်းတစ် ကြောင်းမျှ တွေ့ရမှာမဟုတ်ပါဘူး။
ကျမ်းချက်များစွာက စနေနေ့ကို ဘာသာရေးလုပ်ရန်စောင့်ဖို့ပြောနေတာပါပဲ။ ထိုနေ့ကို
ကျွန်ုပ်တို့ အမြဲစင် ကြယ်စေခဲ့တာပါ။ ( Cardinal Gibbons, Faith of
our Fathers, pp. 111,112)
၃။ Monsignor Segur, က Plain Talk About the Protestantism of Today p. 225 မှာ ရေးခဲ့ပါတယ်။ “ဒါက ကာသိုလစ် အသင်းတော်ဟာ ယေရှုခရစ်ရဲ့ အာဏာကိုယူပြီး၊
ဒီနားရက်ကို တနင်္ဂနွေ နေ့နဲ့အစားထိုးခဲ့တာ၊ ကျွန်ုပ်တို့သခင်ဘုရား၏
ရှင်ပြန်ထမြောက်ခြင်းကို အမှတ်ရတဲ့နေ့အဖြစ် အသွင်ပြောင်းယူခဲ့လိုက်တာဖြစ်တယ်။
“ဒီလိုနဲ့ပဲ ပရိုတက်စတင့်တွေ တနင်္ဂနွေနေ့ကို စောင့်လာတာဟာ ကာသိုလစ် အသင်းရဲ့အာဏာ
အောက်မှာ သူတို့လူတွေအားလုံးက ဂါရဝပေးနေကြ တာပဲဖြစ်ဘယ်။”
၄။ “သူတို့တစ်တွေ
(ပုပ်ရဟန်းမင်းကြီးများ)က ဥပုသ်နေ့ကို သခင်ဘုရားနေ့ရယ်လို့ ပြောင်းတာလို့
ယိုးစွပ်ယူပါတယ်။ ဒါကလည်း ပညတ်တော်ဆယ်ပါးနဲ့ သဘောကွဲတယ်လို့ယူရပါ့မယ်။ ဒီလို
ဥပုသ်နေ့ ကို ပြောင်းရခြင်းအကြောင်းကို သူတို့ပါးစပ်ထဲက နမူနာတွေ အများ
ပြောစရာမရှိပါဘူး။ သူတို့ဟာ အသင်းတော်အာဏာကြီးကို ကိုင်ထားဖို့ လိုနေပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ ပညတ်တော်ဆယ်ပါး၏ စည်း ကမ်းတွေကို ဖယ်ထုတ်နိုင်ခဲ့လို့ပါပဲ။ (Philip
Schaff, The Creeds of Christendom, Vol. 3, p. 64)
၅။ ရိုမင်ကာသိုလစ်အသင်းတော်ဟာ Lacdicea(လောဒိကိ) ကောင်စီကြေညာချက်ကို လွှဲပြောင်းရောက်လာခြင်းတရားဝင်စကားသံ အဖြစ် ‘စနေနေ့မှသည် တနင်္ဂနွေနေ့သို့ တည်ငြိမ်လေးနက်စွာ’ဟု
ရွတ်ဆို ပါတယ်။ အမေးအဖြေပုံစံတစ်ခုရဲ့ ဘာသာစကားကို ဖတ်ကြည့်ပါ။
“အမေး-- ဥပုသ်နေ့ဆိုတာ ဘယ်နေ့လဲ။”
“အဖြေ-- စနေနေ့သည် ဥပုသ်နေ့ဖြစ်သည်။”
“အမေး--ကျွန်ုပ်တို့သည် စနေနေ့အစား တနင်္ဂနွေနေ့ကို ဘာ
ကြောင့် စောင့်ရပါသလဲ။”
“အဖြေ-- စနေနေ့အစား တနင်္ဂနွေနေ့ကို ကျွန်ုပ်တို့စောင့်လာခဲ့
သည့်အကြောင်းမှာ၊
ကာသိုလစ် အသင်းတော်သည်
(A.D. 336) က လောဒိကိကောင်စီမှ ဆုံးဖြတ်ချက်အရ
စနေနေ့မှသည်
တနင်္ဂနွေနေ့သို့ တည်ငြိမ်လေးနက်စွာ
လွှဲပြောင်းပေးလာခဲ့သောကြောင့်ဖြစ်ပါသည်။
[Rev Peter Gelermann, C.SS.R., The Convert's
Cayechism of Catholic, p.50, 2nd edition, 1910]
ဂိုဏ်းဂဏအသင်းတော်များနဲ့အခြားဘာသာရေး
အုပ်စုများကိုနားလည်သဘောပေါက်ခြင်း
သူတို့၏မူလပေါ်ပေါက်ခြင်း၊ အဓိကယုံကြည်မှုဝါဒတချို့၊ သတ္တမ
နေ့မြော်လင့်ခြင်းအသင်းနဲ့ သာမန်ကိုက်ညီတဲ့ယုံကြည်မှု ဝါဒများ၊
ဝါဒနားလည်မှုလွဲခြင်းများနှင့် သူတို့ဆီချဉ်းကပ်ရန် အကြံပြုချက် များ၊
No comments:
Post a Comment