Tuesday, May 26, 2026

  

အခန်း () စာတန်၏ လိမ်လည်လှည့်ဖြားမှုကို ဖေါ်ထုတ်ခြင်း

        လွန်ခဲ့သည့် အပတ်အနည်းငယ်တွင် ညနေ CNN သတင်းမဖမ်းယူမီ ကျွန်တော်၏ ရုပ်မြင်သံကြားစက်တွင် ထုတ်လွင့်သည့် လိုင်းများကို ရှာကြည့်နေပါ သည်။ ထုတ်လွင့်သည့် ချယ်နယ်တစ်ခုမှာ တင်ပြသည့် Magician's Secrets Revealed” မျက်လှည့်ဆရာများ၏ လျှို့ဝှက်ချက်ဖေါ်ထုတ်ခြင်း အစီစဉ်သည် ကျွန်တော်၏ အာရုံသတိကို ဖမ်းစားလိုက်သည်။ မျက်လှည့်ဆရာသည် အမျိုးသမီးတစ်ဦးကို လွှဖြင့် နှစ်ပိုင်းဖြတ်နေသည်ကို တွေ့ရပါသည်။ သို့ရာတွင် ဤမြင်ကွင်းမှာ မျက်စိလှည့်ကွက် တစ်ခုမျှသာ ဖြစ်ပါသည်။ မျက်စိကို လှည့်စားသည့် ထွင်လုံးတစ်ခုမှာ မျက်လှည့်ဆရာသည် ဓါးတစ်ချောင်းကို ယူပြီး သူ၏တပည့်တစ်ဦး၏ ဝမ်းပိုက်ထဲသို့ ထိုးသွင်းလိုက်သည်ကို၊ ဓါးဖျားမှာ တစ်ဖက်သို့ ထုတ်ခြင်းဖေါက်သွားသည်ကို ပရိတ်သတ်များ မြင်ရလိမ့်မည်။ ဓါးအစစ် ဖြစ်ကြောင်းကို ပြသလို မျက်လှည့်ဆရာသည် ဓါးသွားကို စမ်းကြည့်လိုက်၊ သစ်တော်သီးတစ်လုံးကို ထက်ခြမ်းခွဲပြလိုက်နှင့် ပရိတ်သတ်၏ အာရုံကို ဖမ်းစားလျက်ရှိပါသည်။ သီချင်းတီးလုံးများ ထွက်လာပြီး မီးရောင်ကို မှိန်လိုက်သည်တွင် စိတ်လှုပ်ရှားစရာဖြစ်လာတော့သည်။ ပရိတ်သတ်က ငြိမ်လျက်ရှိစဉ် မျက်လှည့်ဆရာသည် သူ့ဓါးကို သူ၏လှပသော မော်ဒယ်အမျိုးသမီး ကိုယ်ထဲသို့ စိုက်သွင်းလိုက်သည်။

        မျက်လှည့်ဆရာ၏ လျှို့ဝှက်ချက်များ ဖေါ်ထုတ်ခြင်း ဇာတ်လမ်းတွင် အမှန်တကယ်ဖြစ်ရပ်ကို ပြသသွားသည်။ မီးကို မှိန်လိုက်သည့်အချိန်တွင် ပရိတ်သတ်တို့၏ မျက်စိမှာ မော်ဒယ်အမျိုးသမီးဖက်သို့ အာရုံရောက်လိုက်သည်။ ထိုတစ်ခဏချင်းတွင် ဒုတိယလက်ထောက်က မျက်လှည့်ဆရာကို နောက်ထပ်ဓားတစ်ချောင်းကို ပေးလိုက်သည်။ ဒုတိယဓါးချောင်းသည် ပါးလွှာပြီးကွေးရန် လွယ်ကူပါသည်။ ဓါးကို စိုက်သွင်းသည့်အခါ အမျိုးသမီးကိုယ်ထဲသို့ အမှန်တကယ်မဝင်ဘဲ ခါးတွင်တပ်ထားသည့် ပြွန်ချောင်းထဲသို့ ကွေ့ပတ်ဝင်ပြီး ကျောဖက်သို့ ပြန်ထွက်လာသည်ကို တွေ့ရပါလိမ့်မည်။ ပြကွက်တစ်ခုလုံးသည် မျက်စိကို လှည့်စားခြင်းသာ ဖြစ်ပါသည်။ မျက်လှည့်ဆရာက ဓါးကို မော်ဒယ်၏ ကိုယ်ထဲသို့ ဟန်ဆောင်ပြီး ထိုးသွင်းသည်။ မော်ဒယ်အမျိုးသမီးကလည်း နာကြင်စွာဖြင့် မျက်နှာကို စာတန်၏လိမ်လှည်လှည့်ဖြားမှုကို ဖေါ်ထုတ်ခြင်း ရှုံ့မဲ့ပြသည်။ သို့ရာတွင် ဤအဖြစ်ပျက်များ အားလုံးတို့သည် ယုံတမ်းဟန်ဆောင်မှုသာ ဖြစ်သည်။

        ဒေးဗစ်ကော်ပါဖီးလ်သည် မျက်စိကို လှည့်စားသူ ထင်ပေါ်ကျော်ကြားဆုံး မျက်လှည့်ဆရာဖြစ်သည်။ တစ်နှစ်တစ်နှစ် ကမ္ဘာအနှံမှာ ပွဲပေါင်း ၅၀၀ ကျော် မျက်လှည့်ပြခဲ့သည်။ မျက်စိလှည့်စားမှုများ အထဲတွင် (Statue of Liberty) အမေရိကန်နိုင်ငံရှိ ရုပ်ထုကို ပျောက်သွားအောင်လုပ်ပြခြင်း၊ အမေရိကန်နိုင်ငံရှိ (Grand Cayon) နက်စောက်သော ချောက်ကြီးထဲတွင် ပျံသန်းခြင်းနှင့် တရုတ်ပြည်ရှိ မဟာတန်တိုင်းကြီးကို လမ်းလျှောက်ပြီး ဖြတ်ကျော်ခြင်းတို့ ပါဝင်သည်။ (Forbes Magazine) စာစောင်တွင် ၂၀၀၃ ခုနစ်မှ ၂၀၀၅ ခုနစ် အတွင်း အမေရိကန်ဒေါ်လာသန်း(၁၅၀) ဝင်ငွေရရှိခဲ့ကြောင်း မှတ်တမ်း သတင်းတင်ပြခဲ့သည်။ ကြည့်ရပုံက သန်းပေါင်းများစွာသော လူတို့သည် အလှည့်စားခံဖို့အတွက် ငွေမြောက်များစွာ အကုန်အကျ ခံချင်ကြသည်။ သို့ရာတွင် စကြဝဠာကြီး၏ အကြီးမားဆုံး လှည့်စားသူနှင့်နှိုင်းယှဉ်လျှင် ဒေးဗစ်ကော်ပါဖီးလ်သည် ဖယောင်းတိုင်ကလေး တစ်မျှတောင် ခြေရာမမှီပါ။ စာတန်သည် လိမ်လည်လှည့်စားသူ အကြီးမားဆုံး ဆရာတစ်ဦးဖြစ်ပါသည်။ သူသည် လိမ်ညာသူ မုသာဖခင်ဖြစ်သည် (ယောဟန်၊ ၈း၄၄) ခြောက်ပြစ်ကင်းငြိမ်းချမ်းမှုရှိသည့် ကောင်းကင်ဘုံတွင် ကောက်ကျစ်စဉ်းလဲသည့် စာတန်သည် ပါးနပ်စွာဖြင့် ကောင်ကင်တမန်သုံးပုံတစ်ပုံကို သူ့ဖက်ပါအောင် လှည့်စားနိုင်ခဲ့သည် (ဗျာဒိတ်၊ ၁၂း၁၁) ဧဒင်ဥယျာဉ်တွင် လက်လှည့်အတတ်ဖြင့် ဧဝပြီးအာဒံကို လှည့်စားခဲ့သည်။ ထောင်စုနှစ်များ တစ်လျှောက်လုံး စာတန်သည် သူ၏ဆိုးညစ်သော လိမ်လည်လှည့်စားမှုဖြင့် သန်းပေါင်းများစွာသော လူအပေါင်းတို့အား လမ်းလွဲအောင် ပြုလုပ်ခဲ့သည်။ သူ၏ အကြီးမားဆုံးသော လိမ်လည်လှည့်ဖျားမှုသည် ထင်ယောင်ထင်မှား အတတ်ပင် ဖြစ်ပါသည်။ မဟုတ်သည့် အရာများကို ဟုတ်သယောင်ယောင်ဖြစ်အောင် လုပ်တတ်သည်။ သူသည် လိမ်လည်လှည့်စားမှု၊ မှားယွင်းမှုများနှင့် သစ္စာမဲ့မှုများကို အသုံးချပြီး သူ့လို တဖက်သို့ ဆွဲသွင်းသည်။ 

        သူ၏ အကြီးမားဆုံးသော လိမ်လည်လှည့်ဖျားမှုတို့မှာ ဘာသာတရားများနှင့် သက်ဆိုင်ပါသည်။ မမှန်မကန်သည်များကို အမှန်တရားအဖြစ် တန်ဆာဆင်ပေးသည်။ သူ၏ လိမ်လည်မှုတို့ကို အမှန်တရားအဖြစ် အထင်မှား အမြင်မှား ဖြစ်သွားအောင် လုပ်တတ်သည်။ ဦးနှောက်ကို ရှုတ်ထွေးအောင် မိစ္ဆာဒိဌိ အယူဝါဒများကို ခရစ်ယာန်များ၏ ကျင့်စဉ်အဖြစ် ပြုပြင်ပြောင်းလဲပေးလိုက်သည်။ သူသည် အမှားများကို အမှန်တရားနှင့် အနီးစပ်ဆုံးဖြစ်အောင်လုပ်နိုင်လျှင် သူ၏ လိမ်လည်လှည့်ဖျားမှုသည် တန်ခိုးအာဏာ ပိုရှိလာသည်။ 

        သမ္မာကျမ်းစာ၏ နောက်ဆုံးကျမ်းစာအုပ် ဗျာဒိတ်ကျမ်းသည် စာတန်မာရ်နတ်၏ အစီအစဉ်ကို မျက်နှာဖုံးခွာချပေးလိုက်သည်။ သူ၏ ထင်ယောင်ထင်မှားအောင် လှည့်စားခြင်းကို ဖေါ်ထုတ်လိုက်သည်။ သူ၏ မုသာတို့ကို ဗူးပေါ်သလို ပေါ်သွားပါသည်။ ဗျာဒိတ်ကျမ်းသည် ကျွန်ုပ်တို့၏ အမြင်မှန်အောင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်စေသည်။ အမှန်တရားသည် ကြီးကျယ်ခမ်းနားစွာ တောက်ပြောင်ပါသည်။ အထူးသဖြင့် ဗျာဒိတ်ကျမ်းမှာ ဖေါ်ပြခဲ့သည့် မိန်းမနှစ်ယောက်အကြောင်းတွင် အကောင်းနှင့်အဆိုးအမှန်တရား ဖေါ်ပြချက်မှာ မှန်ကန်ပါသည်။ အဖြူရောင် ဝတ်ဆင်သည့် မိန်းမအကြောင်းကို ဗျာဒိတ်အခန်းကြီး (၁၂) တွင် ဖေါ်ပြပြီး အနီရောင်ဝတ်ဆင်သည့် မိန်းမအကြောင်းကို ဗျာဒိတ်ကျမ်းအခန်းကြီး (၁၇) တွင် ဖေါ်ပြထားပါသည်။ ဖေါ်ပြပါ ဗျာဒိတ်ကျမ်း အခန်းကြီး နှစ်ခုတွင် အမှန်တရားနှင့် အမှားတို့ကို ကွဲကွဲပြားပြား နှိုင်းယှဉ်ပြီး ဖေါ်ပြခဲ့သည်။ အဖြူရောင်ဝတ်ဆင်သူ မိန်းမနှင့်အနီရောင်ဝတ်ဆင်သူ မိန်းမတို့၏ ပုံဆောင်မှု အကြောင်းအရာနှင့် ပတ်သက်၍ ဗျာဒိတ်ဆရာယောဟန်သည် ရှင်းလင်းပြတ်သားစွာ နှိုင်းယှဉ် ဖေါ်ပြခဲ့ပါသည်။ ၄င်းမှာ ဘာသာရေး စနစ်နှစ်ခု ဖြစ်ပါသည်။ အမှန်တရားနှင့်မှားသော ဘာသာရေးစနစ်တို့ ဖြစ်ပါသည်။ အဝတ်ဖြူဝတ်ဆင်သော မိန်းမသည် ဘုရားသခင်၏ ပညတ်တော်ကို စောင့်ရှောက်သည် (ဗျာဒိတ်၊ ၁၂း၁၇) အဝတ်နီကို ဝတ်ဆင်သောမိန်းမသည် လက်ထဲ၌ ရွှေဖလားကို ကိုင်ထားသည်။ ရွှေဖြင့်ပြုလုပ်သော ဖလားသည် အထဲမှာရှိသည့် အရာများသည်လူအပေါင်းတို့ကို လိမ်လည်လှည့်စားခဲ့သည်။ ကြီးကျယ်ခမ်းနားသည့် ရွှေဖလားအတွင်းဝယ် စက်ဆုပ်ဖွယ်ရာကောင်းသောအရာများနှင့်ပြည့်နေသည် (ဗျာဒိတ်၊ ၁၇း၄) စက်ဆုပ်ဖွယ်ရာကောင်းခြင်းဆိုသည်မှာ ပုန်ကန်မှုနှင့် တရားမဲ့ပြုကျင့်ခြင်း အဓိပ္ပါယ်ရရှိပါသည်။ ဗျာဒိတ်ကျမ်း အခန်းကြီး (၁၂) ပါ အဝတ်ဖြူဝတ်ဆင်သော မိန်းမသည် သူ၏ နောက်လိုက်များကို ဘုရားသခင်၏ပညတ်တော်များ စောင့်ထိန်းရန် ခေါ်သွားပြီး အဝတ်နီ- ခရမ်းရောင်ဝတ်ဆင်သော မိန်းမသည် သူ၏ နောက်လိုက်များကို ရွှေဖလားမှ မမှန်သည့် တရားဖက်သို့ ခေါ်ဆောင်ပြီး ဘုရားသခင်ပညတ်တော်ကို ဆန့်ကျင်ရန် ပြုလုပ်ပါသည်။ 

        အခြေခံပြဿနာကတော့ ဘုရားသခင်၏လမ်းစဉ် သို့တည်းမဟုတ် လူတို့၏ လမ်းစဉ်ဖြစ်သည်။ ဒီနေရာမှာ ဥပုသ်နေ့သည် ပြဿနာ၏ အချက်အချာ အလယ်ဗဟိုမှာ ရှိသည်ကို တွေ့ရပါလိမ့်မည်။ 

        ဗျာဒိတ်ကျမ်းသည် အသင်းတော်ကို သန့်ရှင်းသောမိန်းမနှင့် နှိုင်းယှဥ်သည်။ ခရစ်တော်သည် သူမ၏ ခင်ပွန်းဖြစ်သည်။ အသင်းတော်မှာ သူ၏ သတို့သမီးဖြစ်သည်။ အသင်းတော်၏ ခေါင်းဆောင်ဖြစ်သူ ခရစ်တော်သည် သတို့သမီး လမ်းညွှန်ထိန်းကွပ်ခြင်း ပြုပါသည်။ သမ္မာကျမ်းစာသည် မှန်ကန်သော အသင်းတော်ကို သန့်ရှင်းသောမိန်းမနှင့် နှိုင်းယှဉ်ထားသည်။ သူမသည် ဝိညာဉ်ရေးဆိုင်ရာ မှားယွင်းမှုများ မကျူးလွန်ခဲ့သည့် ခင်ပွန်းသည်အပေါ် သစ္စာစောင့်ထိန်းသည်။ မှားယွင်းသော အသင်းတော်ကို သမ္မာကျမ်းစာက ပြည့်တန်ဆာ (သို့မဟုတ်) မတရားသော မေထုန်ကျူးလွန်သူအဖြစ် ပုံဆောင်ထားပါသည်။ ဤမိန်းမသည် စစ်မှန်သော ချစ်သူ ယေရှုခရစ်တော်အား စွန့်လွှတ်ပြီး လောကီနှင့် ပူးပေါင်းသွားခဲ့သည်။ 

        စိတ်လှုပ်ရှားဖွယ်ရာကောင်းသည့် ဖြစ်ရပ်တစ်ခုတွင် ဗျာဒိတ်ဆရာယောဟန်သည် လူသားများ၏သမိုင်းတွင် အထူးခြားဆုံးအချိန် အကန့်တစ်ခုကို ဖေါ်ပြထားသည်။

        “ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာဟူမူကား၊ မိန်းမတစ်ဦးသည် နေကို ဝတ်လျက်၊ လကို ခြေဖြင့်နင်းလျက် မိမိခေါင်းပေါ်၌ ကြယ်ဆယ့်နှစ်လုံးဖြင့်ပြီးသော သရဖူကို ဆောင်းလျက် ပေါ်လာ၏။ ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ ဖွားအံ့သော ဝေဒနာပြင်းသောကြောင့် ဟစ်အော်လေ၏ (ဗျာဒိတ်၊ ၁၂း၁၊၂)

        ကျမ်းစာတော်အရ ဤကလေးသည် ကမ္ဘာပေါ်ရှိရှိသမျှ လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်ချုပ်သွားမည်။ နောက်ဆုံးမှာ ထိုသားကို ဘုရားသခင်ထံသို့ လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီယူတော်မှု၏ (ဗျာဒိတ်၊ ၁၂း၅) ဤကျမ်းပိုဒ်သည် သခင်ယေရှုကို ရည်ညွှန်းခြင်း ဖြစ်သည်ကို ရှင်းနေပါသည်။

        သမ္မာကျမ်းစာက ဤမိန်းမသည် လပေါ်ရပ်လျက်ရှိသည်ကို ဖေါ်ပြထားပါသည်။ လသည် နေရောင်ခြည် အလင်းရောင်ကို ထင်ဟပ်သည်ဖြစ်၍ ဓမ္မဟောင်းခေတ် အသင်းတော်သည် သခင်ယေရှု၏ ဧဝံဂေလိ သတင်းစကားကို ထင်ဟပ်ပေးပါသည်။ ဓမ္မဟောင်းခေတ် သတင်းဖြန့်ပေးခြင်း မှေးမှိန်ကုန်ဆုံးသည့်အခါ ဓမ္မသစ်ခေတ် အသင်းတော်သည် သခင်ယေရှုခရစ်အားဖြင့် ဧဝံဂေလိသတင်းစကားသည် ကြီးကျယ်ခမ်းနားစွာ  တောက်ပတော့သည်။ မိန်းမ၏ ခေါင်းပေါ်၌ ဆောင်းထားသော ကြယ်ဆယ့်နှစ်လုံးမှာ ဓမ္မသစ်အသင်းတော်သည် သန့်ရှင်းမြင့်မြတ်စွာ ခံစားချက်ရှိသည့် တမန်တော်များဖြင့် ထိန်းကျောင်းလမ်းသွားမည်ကို ဆိုလိုပါသည်။ ဤရုပ်ပုံလွှာသည် ဘုရားသခင်၏ မှန်ကန်သော အသင်းတော်ဖြစ်သည်။ ခရစ်တော်၏ ဖြောင့်မတ်ခြင်းဖြင့် တန်ဆာဆင်လျက် ရှိပါသည်။ အသင်းတော်သည် ဝိညာဉ်ရေးရာနှင့်ပြည့်စုံသော အုပ်ထိန်းသူများဖြင့် လမ်းပြလမ်းညွှန်မှုကို ခံယူပြီး သမ္မာကျမ်းစာ၌ ခိုင်မြဲလျက်ရှိပါသည်။ မှန်ကန်သော အသင်းတော်၏ ပုံဖော်ခြင်းသည် အလွန်လှပပါသည်။ လူသားများ၏ အစဉ်အလာနှင့် ရောနှောခြင်းမရှိဘဲ လူတို့၏ ဝါဒရေးရာတို့သည် မသိနိုင်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တွင် အခြေခံသည်။ သို့ရာတွင် ဗျာဒိတ်အခန်းကြီး (၁၇) တွင် ရုပ်ပုံသည် ရုတ်ချည်း ပြောင်းလဲသွားသည်။ ရှင်ယောဟန်၏ ရူပါရုံသည် ဤအခန်းကြီး (၁၇) ဗျာဒိတ် အခန်းကြီး (၁၂) နှင့် လုံးလုံးလျားလျား ကွာခြားနေပါသည်။

        “ငါ့ကို ဝိညာဉ်တော်အားဖြင့် တောသို့ ခေါ်ဆောင်သွားလေ၏။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၏။ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသောနာမတို့နှင့် အပြည့်ရှိသော သားရဲနီပေါ်မှာ ထိုင်လျက်ရှိသော မိန်းမတစ်ဦးကို ငါမြင်၏။ ထိုမိန်းမသည် အနီရောင်အဝတ်၊ ခရမ်းရောင်အဝတ်ကို ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မျက်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက်ရှိ၏။ စက်ဆုပ်ရွံရှာဖွယ်သော အရာနှင့်လည်းကောင်း၊ ပြည့်သော ရွှေဖလားကို ကိုင်လျက်ရှိ၏။ နဖူး၌ အက္ခရာတင်သောဘွဲ့မှုကား၊ နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည်တန်ဆာတို့၏ အမိ၊ မြေ၌ စက်ဆုပ်ရွံရှာ ဖွယ်သောအရာတို့၏ အမိပေတည်း။(ဗျာဒိတ်၊ ၁၇း၃-)

        ကျောက်မျက်တန်ဆာဝတ်ဆင်သော ဤမိန်းမသည် မှားယွင်းသော ခွက်ဖလားရှိ သဘောတရားများကို လှည့်ပြီး တိုက်ကျွေးသည့်အတွက် ကမ္ဘာကြီးသည် မှားယွင်းသော သဘောတရား အယူအဆများနှင့် မူးယစ်ကြသည်။ သူမသည် ပြည့်တန်ဆာဖြစ်သည်။ အမှန်ချစ်သူ ယေရှုခရစ်အား စွန့်လွှတ်ခဲ့သည်။ ဗျာဒိတ်ကျမ်း အခန်းကြီး (၁၂) တွင် တမန်တော် ရှင်ယောဟန်သည် မှန်ကန်သော အသင်းတော်ကို ရှင်းလင်းဖေါ်ပြခဲ့သည်။ ဗျာဒိတ်အခန်းကြီး (၁၇) တွင် မှားယွင်းသော အသင်းတော်ဖွဲ့စည်းပုံကို ရှင်းလင်းဖေါ်ပြခဲ့ပါသည်။ အမှန်တရားကို စွန့်ပယ်သည့် ဤမိန်းမပျက် သည် ပြည်တန်ဆာများ၏ မိခင်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူ့မှာ သမီးအများ(သို့မဟုတ်) အသင်းတော်များ ရှိသည်။ ထိုအသင်းတော်များသည် သူမ၏ မှားယွင်းသော အယူဝါဒစပျစ်ရည်ဖြင့် မူးယစ်ကြပြီး လမ်းမှားသို့ ရောက်ရှိခဲ့ကြသည်။

        မိန်းမနှစ်ဦး၏ ပုံဝတ္တုအကြောင်း၊ တစ်ဦးက အဝတ်ဖြူတန်ဆာနှင့် အခြားတစ်ဦးက ခရမ်းရောင်နှင့် အနီရောင်ဝတ်ဆင်သူ အကြောင်းမှာ အကောင်းနှင့်အဆိုး၊ အမှန်နှင့်အမှား၊ ဘုရား၏ နှုတ်ကပတ်တော်နှင့် လူသားများ၏ ရိုးရာအစဉ်အလာတို့သည် ထူးခြားသည့် အငြင်းပွားမှုဇာတ်လမ်းရှည်ကြီး ဖြစ်ပါသည်။

        ဗျာဒိတ်ကျမ်းတွင် လွန်ခဲ့သည့် နှစ်ပေါင်းထောင်ပေါင်းများစွာကပင် ကောင်းကင်ဘုံ၌ ဖြစ်ပွားခဲ့သည့် စစ်ပွဲကြီးအကြောင်းကို ဖေါ်ပြခဲ့သည်။ 

        “ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့ နေစရာမရှိ။ ထိုအခါ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်သူ၏ တမန်တို့ကိုလည်းကောင်း မြေကြီးသို့ ချလိုက်ကြ၏ (ဗျာဒိတ်၊ ၁၂း၇-)

        ကောင်းကင်၌ ဖြစ်ပွားခဲ့သည့် စစ်ပွဲကြီးတွင် စာတန်မာရ်နတ်သည် ကောင်းကင်တမန် သုံးပုံတစ်ပုံကို လှည့်ဖြားလိုက်သည်။ ဗျာဒိတ်ကျမ်းကဆက်၍- သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစ်စုကို ဆွဲငင်၍ မြေကြီးသို့ ချလိုက်ကြ၏ (ဗျာဒိတ်၊ ၁၂း၄) စာတန်မာရ်နတ်သည် လိမ်လည်သူတစ်ဦး၊ လှည့်စားသူတစ်ဦး ဖြစ်သည်။ သူသည် မြေကြီးပေါ်သို့ ချလိုက်သည့်အခါ အာဒံနှင့်ဧဝတို့ကို ဧဒင်ဥယျာဉ်၌ လိမ်လည်လှည့်ဖျားခဲ့သည်။ လက်တွေ့သူသည် ဧဝအား ထိုသစ်ပင်၏ အသီးကို စားနိုင်သည်၊ သင်သည် လုံးဝ မသေရပါ။ ဥယျာဉ်မှာရှိသည့် သစ်ပင်အားလုံး အတူတူပါဘဲ ဒီအသီးကိုပဲစားစား၊ မစားစား ဘာမျှမထူးခြားပါ။ သခင်ယေရူသည် စာတန်နှင့် ပတ်သက်၍ ရှင်းရှင်း ပြောလိုက်သည်မှာ သူသည် မုသာစကားကို ပြောသည့်အခါ မိမိ ပကတိအတိုင်း ပြော၍ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသာ၏အဘလည်း ဖြစ်၏ (ယောဟန်၊ ၈း၄၄)

အဝတ်ဖြူတန်ဆာနှင့်မိန်းမ

        သမ္မာကျမ်းစာသည် ဘာသာရေးစနစ်နှစ်မျိုးရှိကြောင်း သွန်သင်ပြသပါသည်။ တစ်ခုက သခင်ယေရှု၌ ဗဟိုအခြေခံပြီး သူသည် ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏ (ယောဟန်၊ ၁၄း၆) ကျမ်းစာတော်၌ ခိုင်မြဲစွာ အခြေခံသည်။ သို့ဖြစ်၍ ဗျာဒိတ်အခန်းကြီး (၁၂) တွင် မှန်ကန်သော အသင်းတော်ကို အဖြူရောင်တန်ဆာဖြင့် ဝတ်ဆင်သော မိန်းမနှင့် နှိုင်းယှဉ်ပါသည်။ သူမ၏ တရားတော်သည် သန့်ရှင်းမွန်မြတ်သည်။ သခင်နှင့် သစ္စာရှိသည်။ အမှန်တရားကို အပေးအယူ ညှိနှိုင်းမှု မပြုပါ။ 

        အမှန်တရားနှင့် အမှားတို့သည် ရေနှင့် ဆီကွာခြားသလို မရောနှောနိုင်ပါ။ ဘုရားသခင်သည် အမှားနှင့်အမှန်ကို မရောနှောသောအသင်းတော်ကို ရှာနေပါသည်။ သူသည် နှုတ်ကပတ်တော်နှင့် အညီနေထိုင်သော လူမျိုးတို့ကို ရှာနေပါသည်။ ဗျာဒိတ်အခန်းကြီး (၁၂) တွင် ဖေါ်ပြသည့် အဖြူရောင်တန်ဆာဆင်သူ မိန်းမသည် ကမ္ဘာပေါ် တွင် မြင်နိုင်သော ဘုရားသခင်၏ မှန်ကန်သော အသင်းတော်ကို ပုံဆောင်ထားသည်။ ခေတ်အဆက်ဆက် သစ္စာရှိသောသူတို့၏ သမ္မာကျမ်းစာ သွန်သင်မှုကို အပေးအယူ ညှိနှိုင်းအလျှော့မပေးခဲ့ခြင်း သဘောကိုဆောင်သည်။

အနီရောင်တန်ဆာဆင်သူမိန်းမ

        သမ္မာကျမ်းစာတွင် အဖြူရောင်ဝတ်ဆင်သူ မိန်းမအပြင် အနီရောင်ဝတ်ဆင်သူ မိန်းမအကြောင်းကိုလည်း ဖေါ်ပြထားပါသည်။ အနီရောင်ဝတ်ဆင်သူ မိန်းမ၏ လက်တွင် စပျစ်ရည်ဖလားကို ကိုင်ထားပြီး ထိုစပျစ်ရည်ဖလားသည် မှားယွင်းသောသွန်သင်မှုကို ပုံဆောင်ပါသည်။ သူမသည် အမှန်တရားမှ လွဲမှားသူ မိခင်အသင်းတော် ဖြစ်သည်။သူမ၏ လွဲမှားသောသွန်သင်မှု စပျစ်ရည်ကို များစွာသော အသင်းတော်တို့က သောက်သုံးမိခဲ့သည်။ သူမသည် သားရဲနီပေါ်မှာ ထိုင်စီးကြောင်း ကျမ်းစာတော်က ဖေါ်ပြပါသည်။ ကျမ်းစာတော်မှာ သားရဲကို နိုင်ငံရေးစနစ် တစ်ခုကို ဆိုလိုသည်။ (ဒံယေလ၊ ၇း၁၇၊၂၃)

        ဤမှားယွင်းသော အသင်းတော်သည် အနီရောင်နှင့် ခရမ်းရောင်ကို ဆင်မြန်းပြီး ပြည့်တန်ဆာ၏ မိခင်ဖြစ်ပါသည်။ သူမသည် စစ်မှန်သော ချစ်သူယေရှုအား စွန့်လွှတ်ပြီး လူသားများ၏ ရိုးရာအစဉ်အလာနှင့် အသင်းတော် ကောင်စီတို့၏ ဥပဒေ ပြဌာန်းချက်ကို ဘုရားသခင်၏နှုတ်ကပတ်တော် အထက်၌ တင်ထားပါသည်။ ကျမ်းစာတော်၏ သွန်သင်မှုကို သစ္စာဖေါက်ခဲ့သည်။ သူမသည် မိခင်အသင်းတော်ကြီးဖြစ်ပြီး သူမနှင့်အတူအခြားသော အသင်းတော်များက ကျမ်းစာတော် အမှန်တရားသွန်သင်မှုမှ စွန့်လွှတ်ခဲ့ကြသည်။

        ဗျာဒိတ်၊ ၁၇း၅ တွင် နဖူး၌ အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသောအရာ ဗာဗုလုန်မြို့ကြီး ဟူ၍ ပါရှိပါသည်။ ဗျာဒိတ်ကျမ်း အခန်းကြီး (၁၇) ကို နားလည်ဖို့ အတွက် နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး ဟူသောစာကြောင်းကို ပထမဦးစွာ နားလည်ဖို့လိုပါသည်။ ကျဆုံးသော ဗျာဒိတ်ကျမ်းအခန်းကြီး (၁၇) အသင်းတော်စနစ်သည် ရှေးဓမ္မဟောင်းကျမ်း ဗာဗုလုန်မြို့ကြီး၏ မိစ္ဆာဒိဠိ သွန်သင်မှုမျိုးနှင့် ဆင်တူရိုးမှား သွန်သင်မှုများ ရှိကြသည်။ ထူးကဲအံ့ဩစရာဖြစ်သော်လည်း ဒါဟာအမှန်ဖြစ်ခဲ့သည်။ ဓမ္မဟောင်းကျမ်း၌ ဘုရားသခင်၏ လူမျိုးဣသရေလတို့သည် ဗာဗုလုန်မြို့ကြီးနှင့် အမြဲတစေ ဆန့်ကျင်ဖြစ်ခဲ့သည်။ ဘုရားသခင်၏ မှန်ကန်သော အသင်းတော်သည် ဣသရေလနိုင်ငံဖြစ်သည်။ သမ္မာသစ်ကျမ်းခေတ်တွင် ခရစ်ယာန်အသင်းတော်သည် ဝိညာဉ်ရေး ဣသရေလ ဖြစ်ခဲ့သည်။ တမန်တော်ရှင်ပေါလုကနေပြီး သခင်ဘုရားသည် ခရစ်တော်နှင့် စပ်ဆိုင်လျှင် အာဗြဟံ၏ မျိုးနွယ်ပင်ဖြစ်၍ ကတိတော်အတိုင်း အမွေခံ၏ အရာ၌ တည်ကြ၏ (ဂလာတိ၊ ၃း၂၉) ဝတ်ရုံဖြူနှင့် မိန်းမသည် ဝိညာဉ်ရေး ဣသရေလ အစစ်အမှန်ကို ပုံဆောင်ထားသည်။ ခရစ်တော်၏ စစ်မှန်သော နောက်လိုက်များ ဖြစ်ကြသည်။ ဆက်လက်၍ သခင်ဘုရားက အပြင်အားဖြင့်သာ ယုဒလူဖြစ်သော သူသည် ယုဒလူ မှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား၌ အရေဖျားလှီးခြင်း အမှန်မဟုတ်။ အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်ဖြစ်၏ (ရောမ၊ ၂း၂၈၊၂၉)

        လူအမျိုးမျိုးမှ ပုဂ္ဂိုလ်တစ်ဦးချင်းသည် သခင်ယေရှုနှင့် သူ၏သွန်သင်မှုကို လက်ခံသောသူသည် သခင်၏ စစ်မှန်သော နောက်လိုက်များ ဖြစ်ကြသည်။ ယခင်က ဣသရေတို့သည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသည့် လူမျိုးဖြစ်ခဲ့သလို ယနေ့တွင် ခရစ်တော်ကို လက်ခံသောသူအားလုံးတို့သည် အရွေးချယ်ခံရသော သူများဖြစ်ကြသည်။ 

        ဓမ္မဟောင်းကျမ်းခေတ်တွင် ဗာဗုလုန်နိုင်ငံသည် ဝတ်ပြုကိုးကွယ်ခြင်း စနစ်အတုကို တည်ထောင်ခဲ့သည်။ ဤနည်းတူ ဝိညာဉ်ရေးဗာဗုလုန်သည် ဝတ်ပြုကိုးကွယ်ခြင်း စနစ်အတုကို ဗျာဒိတ်ကျမ်းတွင် ဖေါ်ပြထားပါသည်။ ဝိညာဉ်ရေးဗာဗုလုန်သည် ဓမ္မဟောင်းကျမ်း ဗာဗုလုန်အစစ်နည်းတူ ဘာသာရေးဝတ်ပြု ကိုးကွယ်မှုကို ဆက်လက်ထိန်းသိမ်းလျက် ရှိပါသည်။ 

ဝိညာဉ်ရေးဗာဗုလုန်၏ အသွင်လက္ခဏာ 

        အနီရောင်ဝတ်ဆင်သော မိန်းမသည် မည်သူနည်း။ မည်သည့် ဓမ္မဟောင်းခေတ် ဗာဗုလုန်မှ အမူအကျင့်တို့ကို အတုယူနေပါသနည်း။ ဗျာဒိတ်၊ ၁၇း၂ တွင် သူမသည် လောကီရှင်ဘုရင်တို့နှင့် မတရားသောမေထုန်ကို ပြုကြသည်။ မတရားမေထုန်သည် ဥပဒေနှင့်ဆန့်ကျင်သည့် ပေါင်းစည်းမှုဖြစ်သည်။ မြေကြီးသားတို့ သည် သူ၏မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ်မှုးကြပြီး (အခန်းငယ် ) သို့ဖြစ်၍ ဗျာဒိတ်ကျမ်းဖေါ်ပြခဲ့သည့် မိန်းမသည် သားရဲနီပေါ် ထိုင်၍ စီးခြင်းသည် အသင်းတော်နှင့် နိုင်ငံတော်ကို အစိုးရတို့၏ ပေါင်းစည်းခြင်းကို ပုံဆောင်သည် ဒီနေရာမှာ အလေးအနက်ထားရမည်က အသင်းတော်သည် နိုင်ငံတော် အစိုးရအာဏာပိုင်တို့အပေါ် လွှမ်းမိုးခြင်းကို ဖေါ်ပြနေသည်။ အနီရောင်မိန်းမသည် (ကျဆုံးသောအသင်းတော်စနစ်) သားရဲကိုစီးခြင်း ဆိုသည်မှာ (သို့တည်းမဟုတ်) လွှမ်းမိုးခြင်း (နိုင်ငံတော် အာဏာပိုင်) ပြုခဲ့သည်။ ကျမ်းစာတော်သည် မှားယွင်းသော အသင်းတော်က စပျစ်ရည်ဖလားကို လှည့်ပြီး တိုက်ကျွေးသည့်အတွက် လူမျိုးအမြောက်အမြားတို့ကို သူ၏ မှားယွင်းသော သွန်သင်မှုဖြင့် အမှားကို အမှန်နေရာ၌ လက်ခံကြခြင်းကို ဖေါ်ညွှန်းခြင်း ဖြစ်ပါသည်။

        သမ္မာကျမ်းစာတော်၌ အခြေခံဘာသာရေးစနစ် နှစ်မျိုးရှိကြောင်းကို ဖေါ်ပြထားပါသည်။ အမှန်တရားရှိသည့် စနစ်ကို ဗျာဒိတ်အခန်းကြီး (၁၂)တွင် ဖေါ်ပြထားပြီး မမှန်မကန် မှားယွင်းသည့် စနစ်ကို ဗျာဒိတ် အခန်းကြီး (၁၇) တွင် ဖေါ်ပြထားပါသည်။ မှန်ကန်သည့် အသင်းတော်တွင် လူတိုင်းက ကယ်တင်ခြင်းရမည် မဟုတ်ပါ။ အချို့သော သူတို့သည် ခရစ်တော်နှင့် နှလုံးသား ထိတွေ့မှု မရှိခဲ့သည့်အတွက် ကယ်တင်ခြင်း စီမံချက်၌ ကျကျန်ခဲ့မည် ဖြစ်ပါသည်။ မှန်ကန်သည့် အသင်းတော်၌ အသင်းဝင်ဖြစ်ရုံနှင့် ကယ်တင်ခြင်း စိတ်ချရသည် မဟုတ်ပါ။ ကျမ်းစာတော် မြတ်မှာလည်း ဖေါ်ပြသေးသည်။ မှားယွင်းသော အသင်းတော်၌ရှိသည့် လူအချို့တို့သည် သခင်ယေရှုကို သိကျွမ်းပြီး ချစ်ခင်လေးစားကြသည်။ သို့ရာတွင် နောက်ဆုံးကာလအတွက် အမှန်တရားကို ပြည့်ပြည့်စုံစုံ မသိရှိခဲ့ပါ။ ဘုရားသခင်သည် လူတိုင်းလူတိုင်းကို မှားယွင်းသော ဘာသာရေးစနစ်မှ မှန်ကန်သော ဘာသာရေးစနစ်သို့ ဆွဲခေါ်ဖို့ ကြိုးပမ်းနေပါသည်။

        အနီရောင်ဝတ်ဆင်သူ မိန်းမ၏ နဖူးတွင် ဘာရေးမှတ်ထားသည်ကို သေချာသတိထား ကြည့်ပါ။ နက်နဲသောအရာ ဗာဗုလုန်မြို့ကြီး (ဗျာဒိတ်၊ ၁၇း၅) ကမ္ဘာကြီးကို ရေလွှမ်းမိုးပြီးသည့်နောက် ဆိုးသွမ်းသော လူတို့သည် ဘုရားသခင်ကို အံတုလာသည်။ သူတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မနာခံဘဲ သူတို့၏ ကိုယ်ပိုင်ဘာသာရေးစနစ်ကို တည်ထောင်ပြီး ဗာဗုလုန်ရဲတိုက် မျှော်စင်ကြီးကို တည်ဆောက်ခဲ့သည်။ ဒီနေရာမှာ ဘုရားသခင်သည် သူတို့၏ ဘာသာစကားကို ရှုတ်ထွေးစေပါသည်။ နောက်ပိုင်းတွင် ဗာဗုလုန်ရဲတိုက်မျှော်စင်ကြီး၏ နေရာ၌ ဗာဗုလုန်မြို့ကြီးကို တည်ဆောက်ခဲ့လေသည်။ ဗာဗုလုန်ဆိုသော နာမည်မှာ ဟေဗြဲဘာသာ၌ ရှုတ်ထွေးခြင်းခေါ်သံနှင့် အသံထွက်တူညီသလို ဖြစ်ပါသည်။ ဗာဗုလုန်ရဲတိုက်ကြီး၌ ဘာသာစကားကို ရှုတ်ထွေးစေသောနေရာကို သတိရအောက်မေ့ခြင်း ဖြစ်ပါသည်။

        သားရဲနီကို စီးသောမိန်းမ၊ ဗာဗုလုန် - ပုံဆောင်ခြင်းတို့နှင့် ပတ်သက်၍ (Bible Cometary) ကျမ်းစာတော် ဝေဖန်ဆွေးနွေးခြင်း၌ (Robert Janieson, A. R Fausset) နှင့် (David) တို့သည် ဤသို့ ဝေဖန်ကြသည်။ နိုင်ငံတော်အစိုးရနှင့် အသင်းတော်တို့ သည် ဘုရားသခင်၏ ထူးမြတ်သော လက်ဆောင်ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတော်အစိုးရကို ညစ်ညမ်းအောင်ပြုလုပ်လျှင် နိုင်ငံတော်သည် သားရဲလို ဖြစ်သွားသည်။ အသင်းတော်ကြီးမှာလည်း အမှန်တရားကို စွန့်လွှတ်လျှင် ပြည့်တန်ဆာ ဖြစ်သွားသည်။ (စာမျက်နှာ၊ ၅၉၃)

ဗာဗုလုန်- မြေကြီးသားများ၏ စနစ်

        ဓမ္မာဟောင်းကျမ်း၌ ဗာဗုလုန်ကို ဖေါ်ပြသည့် သဘောသဘာဝ ငါးချက်ကို လေ့လာကြစို့။ ကမ္ဘာဦးကျမ်း ၁၁း၈-၁၀တွင် ဗာဗုလုန်မြို့၏ အစဦးပိုင်း ဖြစ်ပေါ်လာပုံကို ရှင်းပြသည်။ ကုရှသည် သားနိမ်ရောဒကိုလည်းရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သော သူဖြစ်၏။ ထို့ကြောင့် စကားပုံ၌ ဘုရားရှေ့ နိမ်ရောဒ၊ အားကြီး မုဆိုးပြုလုပ်လိုသည်ဟု စပ်ဆိုသတည်း။ သူ၏ နိုင်ငံအဦးကား ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရကမြို့၊ အက္ကဒ်မြို့၊ ကာလာနေမြို့တည်း (အခန်းငယ် -၁၀) ဗာဗုလုန်သည် ဘုရားသခင်ကို တော်လှန်ပြီး ဘုရားသခင်နှင့် ဆန့်ကျင်သောစနစ်ကို တည်ထောင်ခဲ့သည်။

        ဒံယေလခေတ်တွင် နေဗုဒ်ခနေဇာသည် ဤသို့ကြွားဝါခဲ့သည်။ ဤမြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဖို့၊ ငါ့တန်ခိုးအာနုဘော်အားဖြင့် ငါတည်လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လောဟု မြွတ်ဆို၏ (ဒံယေလ၊ ၄း၃၀) သူ့ထက်စောပြီး လူစီဖာလိုဘဲ နေဗုဒ်ခနေဇာသည် ငါ ဆိုသည့် ဒုက္ခနှင့် ရင်ဆိုင်နေရပါသည်။ ဝိညာဉ်ရေးဗာဗုလုန်သည် လူက တီထွင်သောဘာသာရေးစနစ် ဖြစ်သည်။ ခေါင်းဆောင်မှုပိုင်းမှာ မြေကြီး၏ လူသားခေါင်းဆောင်မှုမှ ခရစ်တော်၏ ခေါင်းဆောင်မှုကို အစားထိုးလိုက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ မှန်ကန်သော အသင်းတော်သည် လူအပေါင်းတို့ကို ယေရှုခရစ်တော်၏ ခေါင်းဆောင်မှုကို လက်ခံဖို့ ဦးတည်ပေးသည်။ မှားယွင်းသော ဘာသာရေးစနစ်သည် လူအပေါင်းတို့ကို သခင်ယေရှုအား ကျွန်ုပ်၏ တစ်ဦးတည်းသော ယဇ်ပုရောဟိတ်ချုပ်အဖြစ်မှ လွဲပြီး ဘာသာရေးခေါင်းဆောင်များသို့  ဦးတည်ပေးသည်။ သခင်ယေရှုအကြောင်းနှင့် ပတ်သက်၍ သမ္မာကျမ်းစာက သူသည် အသင်းတော်တည်းဟူသော ကိုယ်၏ ဦးခေါင်းဖြစ်တော်မှု၏။ အရာရာ၌ ထူးမြတ်ခြင်းငှာ မူလအရင်းဖြစ်၍ သေသောသူတို့တွင် သားဦး ဖြစ်တော်မူ၏ (ကောလောသဲ၊ ၁း၁၈)

        သမ္မာကျမ်းစာသည် ဘုရားသခင်၏ မှန်ကန်သော အသင်းတော်၏ ခေါင်းဆောင်မှာ မြေကြီးပေါ်ရှိခေါင်းဆောင်များ မဟုတ်ဘဲကောင်းကင်ဘုံ၌သာ ခေါင်းဆောင် ရှိပါသည်။ ပုဂ္ဂိုလ်တစ်ဦးက ပြောဖူးသည် ဘုရားသခင်၏ မှန်ကန်သော အသင်းတော်သည် တစ်ခုတည်းအကြီးမားဆုံး အဖွဲအစည်းဖြစ်သည်။ ကိုယ်ထည်ပိုင်းက မြေကြီးပေါ် ရှိပြီး ခေါင်းပိုင်းက ကောင်းကင်ဘုံတွင် ရှိပါသည် ဘုရားသခင်၏ မှန်ကန်သောအသင်းတော်သည် လူအပေါင်းတို့ကို သခင်ယေရှုဖက်သို့ လက်ညှိုးထိုးပြသနိုင်သည်။ သခင်ယေရှုသာ ကျွန်ုပ်တို့၏ အပြစ်ဒုစရိုက်များကို ဖြေလွှတ်ပြီး အပြစ်၏ ချည်နှောင်မှုမှ လွတ်ကင်းနိုင်သည်။ ဗျာဒိတ်ကျမ်းမှာ ဖေါ်ပြသည့် ဝိညာဉ်ရေးဗာဗုလုန်သည် ကမ္ဘာမြေကြီးမှာ ပေါက်ဖွားလာပြီး လူသားတို့၏ ရိုးရာအစဉ်အလာစာတန်၏ လိမ်လှည်လှည့်ဖြားမှုကို ဖေါ်ထုတ်ခြင်း ဘာသာရေးစနစ် ဖြစ်ပါသည်။ ခေါင်းဆောင်မှုမှာ လူသားခေါင်းဆောင်များ ဖြစ်ကြသည်။ ပြန်၍ ခြုံကြည့်လျှင် မှားယွင်းသော ဗာဗုလုန်၏ ဘာသာရေးဝိသေသ လက္ခဏာ ပထမနှစ်ခုမှာ () ရိုးရာအစဉ်အလာကို ဘုရားသခင်၏မှန်ကန်သော နှုတ်ကပတ်တော် အထက်၌လက်ခံခြင်း () ခရစ်တော် အစားမြေကြီးပေါ်ရှိ လူသားခေါင်းဆောင်ကို အသင်းတော်၏ ခေါင်းဆောင်အဖြစ်ထားရှိခြင်းတို့ ဖြစ်သည်။

ဗာဗုလုန် - ရုပ်တုကိုးကွယ်ခြင်းစနစ်၌ အခြေစိုက်ခြင်း

        ရှေးဗာဗုလုန်၏ တတိယ ဝိသေသလက္ခဏာမှာ ဗာဗုလုန်သည် ရုပ်တုဆင်းတုကို ကိုးကွယ်သော နေရာဖြစ်သည်။ ရှေးဗာဗုလုန်အကြောင်းကို နားလည်မှ ဝိညာဉ်ရေးဗာဗုလုန်သည် မည်သူ ဖြစ်မည်နည်း။ ဘာကြောင့် ထိုနေရာမှ ထွက်ခွာရမည်နည်းဆိုသည်ကို နားလည်နိုင်မည်။ Dr. Aleravdo Hisolp က ဆိုသည် ဗာဗုလုန်သည် ရုပ်တုဆင်းတုကို ကိုးကွယ်ရာ အဓိကနေရာ ဖြစ်ပါသည် (The Tow Babylons, 12). ဓမ္မဟောင်းခေတ်တွင် ဗာဗုလုန်သည် ရုပ်တုဆင်းတု ကိုးကွယ်ရာဌာနချုပ် ဖြစ်သည်။ ဗာဗုလုန်မြို့၏ ကြီးကျယ်ခမ်းနားသော ဘုရားကျောင်းများတွင် ဗာဗုလုန်ရုပ်တု ဘုရားများနှင့်ပြည့်ညှပ်လျက် ရှိပါသည်။ ထိုရုပ်တု ဘုရားများရှေ့၌ မိစ္ဆာဒိဠိ ပုဂ္ဂိုလ်များ ဦးညွတ်အရိုအသေပေး ကိုးကွယ်ကြသည်။ ယေရုရှလင်မြို့ရှိ ဘုရားသခင်၏ ဗိမာန်တော်တွင် ထိုရုပ်တုမျိုး မရှိပါ။ ဓမ္မသစ်ခေတ်တွင် ခရစ်ယာန်အသင်းတော်များ၌ ပုဂ္ဂိုလ်တစ်ဦးချင်းသည် ခရစ်တော်ကို တိုက်ရိုက်ဝတ်ပြုကိုးကွယ်ရန် ညွှန်ကြားထားပါသည်။ ရုပ်တုဆင်းတု ကိုးကွယ်မှု အစီအစဉ်မရှိရပါ။

သမ္မာကျမ်းစာကတော့ ရှင်းရှင်းလေးဘဲ ဆိုသည်-

        “အထက်မိုးကောင်းကင်၌လည်း၊ အောက်အရပ် မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီး အောက်ရေထဲ၌ လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင် ရုပ်တုဆင်းတုကို ကိုယ့်အဖို့မလုပ်နှင့်။ ဦးမချ ဝတ်မပြုနှင့်(ထွက်မြောက်ရာကျမ်း၊ ၂၀း၄၊ ) 

        ကျမ်းစာတော်မြတ်၏ ညွှန်ကြားချက်ကတော့ ရှင်းလင်းပါသည်။အကယ်၍ ရုပ်တုဆင်းတုများကို ဝတ်ပြုရာ ဗိမာန်တော်ထဲတွင် ထည့်သွင်းပါက ထိုအရာများကိုလည်း ထွက်မြတ်သည်ဟု ယူဆပြီး ဘုရားသခင်တစ်ဦးတည်းကိုသာလျှင် ဆက်ကပ်ကိုးကွယ်ရမည်ကို ထိုအရာများကိုလည်း ထွက်မြတ်ကိုးကွယ်ရန် ရှိသွားပါမည်။ သမိုင်းတွင် ဤလို အခြေအနေမျိုး မကြာခဏ ထပ်တလဲလဲဖြစ်ခဲ့သည်။ ရုပ်တုဆင်းတုများကို ရိုသေကိုင်းရှိုင်းပြီး နမ်းရှုတ်ကြသည်။ ဓာတ်တော်၊ မွေတော်များကို သန့်ရှင်းခြင်းအဖြစ် ယူဆခြင်းနှင့် ရုပ်တုများကို ဘုရားအဖြစ် ဝတ်ပြုကိုးကွယ်ကြသည်။ ဘုရားသခင်သည် မှန်ကန်သော ဘာသာရေးစနစ်မှာ လူအပေါင်းတို့အား သူ့ကို တိုက်ရိုက် ကိုးကွယ်ဖို့ ဖြစ်သည်။ ရုပ်တုဆင်းတုများကို အသုံးမပြုဘဲ သန့်ရှင်းသော ဝိညာဉ်တော်က သူတို့ စိတ်နှလုံးသားတွင် ကိန်းဝပ်စေသည်။ ဗာဗုလုန်သည် လူသားတို့အား လူပြုလုပ်သော ရိုးရာအစဉ်အလာ နောက်သို့ လိုက်ပြီး မြေကြီးသား ခေါင်းဆောင်ကို အထွတ်အမြတ်ထား၍ သူ၏ ရုပ်တုကို ဝတ်ပြုကိုးကွယ်ခြင်း ပြုလုပ်သွားမည်။

ဗာဗုလုန် - ဘိုးဘွားများ ဝိညာဉ်ဝတ်ပြုကိုးကွယ်ခြင်း

        ရှေးဗာဗုလုန်ကို သိမြင်နိုင်သည့် စတုတ္ထ ဝိသေသလက္ခဏာမှာ လူတစ်ဦးသည် သေပြီးနောက် သူ၏ ဝိညာဉ်သည် မပျောက်ကွယ်ဘဲ ထာဝစဉ်တည်ရှိနေကြောင်း အယူအဆ ဖြစ်ပါသည်။ ယေဇကျေလ ၈း၁၃ တွင်သမ္မာကျမ်းစာက ဆိုသည်။ တဖန် လှည့်၍ သွားဦးလော့။ သူတို့ပြုသော အမှုတို့တွင် သာ၍ကြီးစွာသော စက်ဆုပ်ရွံရှာဖွယ် အမှုတို့ကို မြင်လိမ့်မည်။” (ဆိုလိုသည်မှာ ရုပ်တုဆင်းတု ကိုးကွယ်ခြင်းထက် ပို၍ စက်ဆုပ်စရာ အပြုအမှုများ) အခန်းငယ် (၁၄) ကဆက်ပြီး ဗိမာန်တော် မြောက်ဖက် ဝင်ပေါက်ဝဖြင့် အစောင့်သွား၍ ထိုအရပ်၌ မိန်းမတို့သည် တမ္ဗုဇနတ် အဖို့ ငိုကြွေးကြ၏။

        တမ္ဗုဇနတ်သည် မည်သူနည်း၊ မိန်းမများသည် မည်သည့်အတွက်ကြောင့် ငိုကြွေးရသနည်း။

        တမ္မဇဆိုသည်မှာ ဗာဗုလုန်၏ သီးနှံဘုရား ဖြစ်သည်။ ဗာဗုလုန်ပြည်သားတို့က နွေဦးကာလ ကုန်ဆုံးသည့်အခါ နွေရာသီရောက်လာပြီး နွေရာသီ၏ အပူဒဏ်ကြောင့် သီးနှံပင်များ အပူလောင်ကျွမ်း၍ တမ္ဗုဇ သေသွားပါသည်။ သို့ဖြစ်၍ သူတို့တတွေ ငိုကြွေးပြီး တမ္မဇအား သေရွာပြန်လာရန် ဆုတောင်းကြသည်။ မသေနိုင်သော ဝိညာဉ်အယူအဆသည် သမ္မာကျမ်းစာမှလာသည် မဟုတ်ပါ။ ဗာဗုလုန်သားတို့၏ ယုံကြည်ချက်မှာ ခရစ်ယာန် အသင်းတော်သို့ စိမ့်ဝင်ခဲ့ခြင်းဖြစ်ပါသည်။ ယုံကြည်ချက် အခြေအမြစ်မှာ ဗာဗုလုန်မှာ ဖြစ်သည်။ သို့ရာတွင် ယုံကြည်ချက် သဘောတရားသည် (Greek Philosophy) ဟေလသတွေးခေါ်မှုတွင် ခိုင်မာစွာ စွဲမြဲလျက်ရှိသည်။ အောက်ဖေါ်ပြပါ အဆိုသည် မိစ္ဆာဒိဠိတို့၏ ထာဝရရှင်သန်နေထိုင်သော ဝိညာဉ်သည် မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတတ်လာသည်ကို ရှင်းပြပါသည်။ ပထမ အဆိုကတော့ ၁၈ဝ၅ မှ ၁၈၇၄ ထိ အသက်ရှင်နေထိုင်ခဲ့သော မက်သဒစ် အသင်းအုပ်ဆရာ Amos Phelps မှ ဖြစ်သည်။ 

        “ဤယုံကြည်ပို့ချချက် သဘောတရားသည် အကျင့်ပျက် နောက်ကျနေသော ခရစ်ယာန်တို့၏ သမိုင်းမှ ပြန်လည်ရှာဖွေနိုင်ပါသည်။ သိက္ခာမဲ့သည့် ယုဒ ယုံကြည်ချက်၊ မိစ္ဆာဒိဠိတို့၏ အတွေးခေါ်ချက်၊ အယူသည်းသည့် ရုပ်တုဆင်းတု ကိုးကွယ်ခြင်း၊ ဧဒင်ဥယျာဉ် ရှုတ်ထွေးအောင်ပြုလုပ်သည့် အဖျက်သမားစာတန် အထိ နောက်ကြောင်းပြန် ရှာဖွေတွေ့ရှိနိုင်ပါသည်။ Protestaant ဘာသာဝင်တို့က ကာတိုလစ်တို့ထံမှ ငှားယူသည်။ ကာတိုလစ်တို့က ဖါရိရှဲထံမှ ငှားယူသည်။ ဖါရိရှဲတို့က မိစ္ဆာဒိဠိထံမှ ငှားယူသည်။ မိစ္ဆာဒိဠိတို့က ရှေးမြွေဟောင်းထံမှလည်းကောင်း အဆင့်ဆင့် ငှားယူကြသည်။ ရှေးမြွေဟောင်း စာတန်သည် ပါရဒိသုဘုံ၌ သူ့စကားကို သိပ်နားထောင်လိုသည့် ပရိသတ်နှစ်ဦးတို့အား ဤယုံကြည်ချက် သဘောတရားကို ဟောပြောခဲ့သည်။ သင်တို့အမှန်ပင် မသေရပါ။” (Amos Phelps, Is Man by Nature Immortal.)

        A.D 165 နှစ်တွင် သေဆုံးခဲ့သည့် ရှေးဦးခရစ်ယာန် ခေါင်းဆောင်တစ်ဦးဖြစ်သူ Justin Martyr စကားကိုလည်း နားထောင်ကြည့်ပါဦး- အကယ်၍ သင်သည် ရှင်ပြန်ထမြောက်ခြင်း၏ အမှန်တရားကို လက်မခံသော ခရစ်ယာန်တစ်ဦးနှင့် အပေါင်းအသင်းဖြစ်ခဲ့သော် ထိုသူသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား၊ အမည်ကို ကဲ့ရဲပြီး လူသေ၏ထမြောက်မှု မရှိခြင်း၊ ၄င်းလူသေ၏ ဝိညာဉ်သည် ကောင်းကင်ဘုံသို့ သယ်ဆောင်မှု ပြုကြောင်း ထိုသူဆိုလျှင် ၄င်းလူသည် ခရစ်ယာန်တစ်ဦး ဖြစ်နိုင်ချေမရှိပါ။” (Justin Martyr, Dialogue With Trypho, chapter Ixxx, Ante Nicene Father,1;239)

        သမ္မာကျမ်းစာသည် လူသေပြီးလျှင် ဘာတွေဖြစ်သွားမည်ကို ရှင်းရှင်းလင်းလင်း ဖေါ်ပြထားသည်။

        “အပြစ်တရား၏ အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးသော လက်ဆောင်ကျေးဇူးတော်ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း (ရောမ၊ ၆း၂၃)

        “လူသည် အသက်ထွက်၍ မြေသို့ ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင် သူ၏ အကြံအစည်တို့သည် ပျက်စီးကြ၏ (ဆာလံ၊ ၁၄၆း၄)

        “အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ (ဒေသနာကျမ်း၊ ၉း၅)

        The King James Version. သမ္မာကျမ်းစာအုပ်တွင် (Soul) ဝိညာဉ်ဆိုသော စာလုံးကို ၁၆၀၀ ကြိမ် အသုံးပြုခဲ့သော်လည်း Immortal soul ထာဝရဝိညာဉ်ဟူသော အသုံးအနှုန်းကို တစ်ကြိမ်တစ်ခါမျှ မသုံးခဲ့ပါ။ကျမ်းစာတော်မြတ်တွင် ထပ်ခါတလဲလဲ ဘုရားသခင်၌သာ ထာဝရရှိသည် (၁တိ၊ ၆း၁၆ ကိုကြည့်ပါ) ဗာဗုလုန်လူမျိုးသာလျှင် လူသေသည့်အခါ ၄င်း၏ ထာဝရဝိညာဉ်သည် ကိုယ်မှ ထွက်ခွာသွားသည်။ သို့ဖြစ်၍ ဗာဗုလုန်လူမျိုးတို့သည် ဘုရားနှင့် ဘုရားမတို့၏ စနစ်ကို တည်ထောင်ပြီး ဆက်လက်၍ အသက်ရှင်နေသေးသည့် ထာဝရဝိညာဉ်ကို ဝတ်ပြုကိုးကွယ်ကြသည်။ ဘုရားသခင်၏လူမျိုး ဣသရေလတို့သည် လုံးလုံးလျားလျား ကွာခြားသည့် ယုံကြည်ချက်များ ရှိကြသည်။ သူတို့မှာ လူသေသည့်အခါ အသက်ထွက်၍ မြေသို့ ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏ဟူ၍ သွန်သင်ပြသသည်။ လူသားများ သေသည့်အခါ အခြေအနေ မည်သို့ဖြစ်သွားသည်ကို သမ္မာကျမ်းစာက စိတ်ချယုံကြည်ရသော အဖြေပေးနိုင်သည့် ကျမ်းစာအုပ်ဖြစ်သည်။ ဆာလံ၊ ၁၁၅း၇ တွင် "သေလွန်သောသူ ငြိမ်းရာထဲသို့ ဆင်းသောသူ ရှိသမျှတို့သည် ထာဝရဘုရားကို မချီးမွမ်းရကြ" လူသေ၏ငြိမ်သက်မှုကို ဖျက်သိမ်းပြုလုပ်နိုင်ခြင်းသည် သမ္မာကျမ်းစာ၏ အဆိုနှင့် သဟဇာတ မရှိနိုင်ပါ။

        မိတ်ဆွေတို့၊ ဗျာဒိတ်ကျမ်းသည် ဘာသာရေးစနစ်ကြီး နှစ်ခုရှိကြောင်း ဖေါ်ပြထားသည်။ စစ်မှန်သော စနစ်သည် ဗျာဒိတ်အခန်းကြီး (၁၂) ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် အခြေခံပါသည်။ ထိုစနစ်သည် သူ၏ နှုတ်ကပတ်တော်ဖြင့် လူသားတို့ကို သခင်ယေရှုတစ်ပါးတည်းကိုသာ ယုံကြည်စိတ်ချဖို့ သွန်သင်သည်။ လူသားများသည် ရုပ်တုဆင်းတုမှ တစ်ဆင့်မပါဘဲ သခင်ယေရှုသို့ တိုက်ရိုက်လာပြီး ဝတ်ပြုကိုးကွယ်ဖို့ ခေါ်ယူနေပါသည်။ လူသေသည့်အခါ သူတို့သည် ရှင်ပြန်ထမြောက်မှု မရှိမချင်း အိပ်စက်ရမည်ကို သွန်သင်ပေးပါသည်။ သမ္မာကျမ်းစာ၏ အမှန်တရားကို ထောက်ခံပေးပါသည်။ လူသေပြီးသည့်အခါ သူတို့၏ ဝိညာဉ်သည် အသိတရား တစ်မျိုးမျိုးဖြင့် ဝိညာဉ်လောက၌ အဆုံးမရှိနေထိုင်ခြင်း မရှိကြောင်း သွန်သင်ပြသည်။

        ဗျာဒိတ်အခန်းကြီး (၁၇) သည် မှားယွင်းသော ဘာသာရေးစနစ်ကို ရှင်းလင်းဖေါ်ပြပါသည်။ ထိုစနစ်ကို ဗာဗုလုန်မြို့ကြီး အဖြစ်ဖေါ်ညွှန်းပါသည်။ အမှန်တရားကို စွန့်လွှတ်သည့် မိခင်အသင်းတော်ဖြစ်သည်။ ဤအသင်းတော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ပေါ်တွင် အခြေခံခြင်းကို မပြုဘဲ ရိုးရာအစဉ် အလာပေါ်၌ အခြေခံသွားပါသည်။ ခရစ်တော်၏နေရာတွင် မြေကြီးသား ခေါင်းဆောင်က နေရာယူထားပါသည်။ ၄င်း၏ အရောင်အသွေးမှာ အနီနှင့်ခရမ်းရောင် ဖြစ်ပါသည်။ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွင် ရုပ်တုဆင်းတုကို အသုံးပြုသည်။ ရုပ်တုဆင်းတုဘုရားနှင့် ဘုရားမတို့အစား သူတော်စင် (Saints)များကို ဝတ်ပြုကိုးကွယ်ခြင်း၌ အသုံးပြုသည်။သူတို့၏ သွန်သင်မှုတွင် လူသေသည့်အခါ ရှင်ပြန်ထမြောက်မှုနေ့အထိ အိပ်စက်ခြင်းမရှိဘဲဝိညာဉ်လောကတွင် ထာဝရဝိညာဉ်က ဆက်လက်နေထိုင်သည်။ မှားယွင်းသော သွန်သင်မှုထည့်ထားသော ခွက်ဖလားကို တစ်ဆင့်တစ်ဆင့် ကမ်းလှမ်းပေးပြီး အခြားသော အသင်းတော်များက မိခင်အသင်းတော်၏ မှားယွင်းသော သွန်သင်မှုကို သောက်သုံးလျက်ရှိပါသည်။ ဤအခြားသော အသင်းတော်များလည်း လူသေပြီးလျှင် သူ၏ဝိညာဉ်က ကိုယ်ထည်နှင့်ခြားနားပြီး သီးသန့်နေထိုင်သွားကြောင်း မှားယွင်းသည့် အယူအဆကိုလက်ခံလျက် ရှိကြပါသည်။

ဗာဗုလုန် - နေကိုးကွယ်မှု ဗဟိုဌာန

        ဗာဗုလုန်မြို့ကြီး၏ ပဉ္စမ ဝိသေသလက္ခဏာမှာ ဓမ္မဟောင်းကျမ်း၌သော် လည်းကောင်း၊ ဓမ္မသစ်ကျမ်း၌ သော်လည်းကောင်း ယေဇကျေလကျမ်း၊ ၈း၁၆ တွင် ဖေါ်ပြထားပါသည်။ အမှန်အားဖြင့် ဤအချက်သည် ဗာဗုလုန်မြို့ကြီးကို ဖေါ်ပြသည့် သော့ချက် ဖြစ်ပါသည်။ 

        “ထာဝရဘုရား၏ အိမ်တော်အတွင်း တံတိုင်းထဲသို့ ဆောင်သွား၍ ဗိမာန်တော်ဦးနှင့် ယဇ်ပလ္လင်ကြားမှာ လူနှစ်ကျိပ် ငါးယောက်တို့သည် ဗိမာန်တော်ကို ကျောခိုင်းလျက်၊ အရှေ့သို့ မျက်နှာပြုလျက် အရှေ့မျက်နှာ၌ နေကို ကိုးကွယ်ကြ၏ (ယေဇကျေလ၊ ၈း၁၆)

     ပုရောဖက် ယေဇကျေလသည် နေကို ကိုးကွယ်သည့် ဗာဗုလုန်သားတို့၏ အစဉ်အလာကို ဤလူတို့က လိုက်နာပြီး နေကို ကိုးကွယ်နေသည်ကို တွေ့ရသည်။ သူတို့သည် နေထွက်ရာအရပ် အရှေ့ဖက်သို့ ဒူးထောက် မျက်နှာမူပြီး နေထွက်လာသည့်အခါ နေကို ကိုးကွယ်ကြသည်။ ရှေးကျသော ဗာဗုလုန်ပြက္ခဒိန်များတွင် နေကို အလယ်ဗဟိုမှာ ထားပါသည်။ နေကိုးကွယ်မှုကို အလေးထားသည့် သဘောဖြစ်ပါသည်။ ဗာဗုလုန်သားတို့သည် နေကို ဖန်ဆင်းရှင် သူ၏ လက်တော်ဖြင့်ဖန်ဆင်းခဲ့ကြောင်းကို မယုံကြည်ပါ။ သူတို့အနေဖြင့် ကောင်းကင်ယံ၌နေသည် အတောက်ပဆုံး အရာဖြစ်ပြီး သက်ရှိအားလုံးတို့၏ အခြေအမြစ်ဖြစ်ကြောင်း ယုံကြည်ကြသည်။ သို့ဖြစ်၍ နေကို ချစ်မြတ်နိုးစွာ ဦးညွတ်ရှိခိုးကြပါသည်။ ရှေးခေတ် ဗာဗုလုန်မြို့တွင် နေကို ကိုးကွယ်ခြင်းသည် ရှေးပဝေသဏီကတည်းက ပြုလုပ်ခဲ့သည်။" (James G, Frazer, The Worship of Nature, 1;529).

        Millennium ထောင်စုနှစ်များ အဆက်ဆက်တွင် မှားယွင်းသော ဝတ်ပြုကိုးကွယ်မှုများတွင် နေကို ကိုးကွယ်မှု၌ အခြေအမြစ်ရှိခဲ့သည်။ စာတန်သည် ဖန်ဆင်းခြင်းခံရသည့် အရာပစ္စည်းများကို ဖန်ဆင်းရှင် အထက်၌ မြှင့်တင်ထားသည်။ Assyrians လူမျိုးတို့သည် နေဘုရားရှာမါး() SHAMASH ကိုးကွယ်သည်။ အီဂျစ်လူမျိုး တို့သည် နေဘုရား အာမွန်ရာ Armonra ကို ကိုးကွယ်သည်။ Hittites လူမျိုးတို့သည် အာရီနာ နေဘုရားမ Arinna ကိုးကွယ်သည်။ အိန္ဒိယနိုင်ငံတွင် ကိုနရ” (Konark) နေဘီလုံးကြီးသည် ထင်ပေါ်ကျော်ကြားသော တံဆိတ်ပင်ဖြစ်သည်။ Nordic Trundholm နေ၏ မြင်းရထားသည် Vikings ဗိုက်ကင်းလူမျိုးတို့၏ နေဘုရားကိုးကွယ်မှုကို ဖေါ်ပြသည်။ Greek လူမျိုးတို့၏ Helios နေဘုရား၊ ပါးရှားနှင့် ရောမတို့၏ နေဘုရား Mithra တို့သည် လူအုပ်ကြီးတို့မှ ကိုးကွယ်ကြသည်။ ဘုရားသခင်၏ ဥပုသ်နေ့သည် ဖန်ဆင်းရှင်အားဝတ်ပြုကိုးကွယ်ရန် ဘုရား၏လူမျိုးတို့ကို ဖိတ်ခေါ်နေပါသည်။ နေဘုရားကိုးကွယ်ခြင်းသည် ဖန်ဆင်းခြင်းခံရသော အရာဝတ္ထုများကို ကိုးကွယ်ဖို့ ဖိတ်ခေါ်နေသည်။ 

        ပထမနှင့်ဒုတိယ ရာစုနှစ်များတွင် ရောမမြို့ရှိ ခရစ်ယာန်အသင်းတော်၌ ဟေဗြဲဂျူးလူမျိုး မဟုတ်သည့် အသင်းသားများ အဓိက ပါဝင်နေပါသည်။ ဒီအခြေအနေက ယေရုရှလင်မြို့ရှိ အသင်းတော်နှင့်အရှေ့အလယ်ပိုင်း အသင်းတော်များနှင့်အတော်ပင် ခြားနားနေသည်။ ဤနေရာများတွင် အသင်းသားများမှာ အဓိက ဂျူးနှင့်ဂျူးခရစ်ယာန်များ ဖြစ်ကြသည်။ တမန်တော်အခန်းကြီး () တွင် ဖေါ်ခဲ့သည့် ပင်တေကုတ္တေနေ့တွင် ခရစ်ယာန်အဖြစ်သို့ ပြောင်းလဲသွားသည့် အသင်းသားသစ်များသည် ဂျူးအနွယ်ဝင်များ ဖြစ်ကြသည်။ ရောမမြို့၌ ဝင်လာသည့် ဂျူးအနွယ်များ မဟုတ်သည့် အသင်းသားသစ်များသည် ဒိဌိအယူဝါဒ နောက်ခံမှဖြစ်၍ နေကို ကိုးကွယ်ခြင်းဓလေ့သည် သူတို့ကို ထိတွေ့သက်ရောက်မှု ရှိပါလိမ့်မည်။ The New Schaff- Herzog Encyclopedia of Religious Knowledge, vol.7, Page 421 တွင် အောက်ဖေါ်ပြပါ ထူးခြားထိတ်လန့်ဖွယ်ကောင်းသော တွေ့ရှိချက်ကို မှတ်တမ်းတင်ခဲ့သည်။

        “ပထမခရစ်ယာန် ရာစုနှစ်တွင် ရောမမြို့၌ Mithra နောက်လိုက်အသင်းအဖွဲ့ကို ဖွဲ့စည်းလိုက်သည် ရောမနိုင်ငံသားတို့သည် နေဘုရား jithra ကို အများက Soliuvectus-“The Invisible Sun” “မမြင်နိုင်သောနေ အဖြစ်သိကြသည်။ ဧကရာဇ်ဘုရင် Aurelian မိခင်သည် နေဘုရား၏ ယဇ်ပုရောဟိတ်မ ဖြစ်ခဲ့သည်။ ဧကရာဇ်ဘုရင် ကိုယ်တိုင်ကလည်း နေဘုရားကိုးကွယ်မှုကို အထူးကြည်ညိုပါသည်။ သူ၏ မှတ်တမ်းရေးမှတ်သူ Falvius Vopiscus က ပြောသည်မှာ ဧကရာဇ်မင်းသည် နေနတ်ဘုရားကို Sol Dominus Imperil Romanic” (The Sun, Lord of the Roman empire) နေကို ရောမအင်ပါယာ၏ အရှင်သခင်အဖြစ် တရားဝင်ကြေညာလိုက်သည်။

        အများသိ သမိုင်းဆရာ Arthus Weigall က သူ၏ စာအုပ် Pagamisan in Our Christianity Page ၁၄၅ တွင် ဤသို့ ဆို၏။ နေ၏ ပွဲသဘင်အဖြစ် တနင်္ဂနွေနေ့သည် Mithra သန့်ရှင်းရာနေ့ ဖြစ်သည် သို့ဖြစ်၍ စိတ်ဝင်စားဖွယ်ကောင်းသည်က Mithra ကို Dominus Lord သခင်အဖြစ်ခေါ်ယူနေ၍ ခရစ်ယာန်များ အချိန်မတိုင်မီ တနင်္ဂနွေနေ့ကို The Lord's Day ပေ သခင်၏ နေ့အဖြစ် ရပ်တည်ခဲ့သည်။ သမိုင်းဆရာကြီးက ဤနေရာမှာ သိသာထင်ရှားအောင် ပြောလိုက်သည်မှာ တနင်္ဂနွေ နေ့သည် ဒိဋ္ဌိဘုရား Mithra အတွက် ရည်စူးသတ် မှတ်ခဲ့သည့် Mithra ကို လည်း Lord သခင်အဖြစ် ယူဆသည့်အတွက် တနင်္ဂနွေနေ့ကို ခရစ်တော်အားဖြင့် ရည်စူးခြင်း မဟုတ်ဘဲ ဒိဠိတို့၏ ဘုရားအတွက် ရည်စူးခြင်း ဖြစ်ရမည်။ ဤသတ်မှတ်ချက်သည် Tel-el-Amarma စာများ၌ အသုံးပြုသည့် ခေါ်ဝေါ်သမုတ်မှုများဖြစ်သော The King my Lord, the Sun from heaven”; “My Lord the Sun”; The Sun – god my Lord ဆိုသည့် အခေါ်အဝေါ်များက ပို၍တိကျအောင် ထောက်ခံနေပါသည်။

        The Catholic Encyclopedia က ထိုးထွင်းအမြင်ကို ဤသို့ဆို၏ တနင်္ဂနွေ နေ့ကို Mithra အား ဂုဏ်ပြုသည့်အနေဖြင့် သန့်ရှင်းအောင်ထားသည် (Vol.10, p.403,404 article Mithraisn) ပညာရှင်က Frang Curmont ဆက်၍ The deist Solis (Sunday) တနင်္ဂနွေနေ့သည် Mithra သစ္စာရှိနောက်လိုက်အတွက် သန့်ရှင်းသောနေ့ဖြစ်၍ ခရစ်ယာန်များနည်းတူ ဥပုသ်နေ့ကို မစောင့်ထိန်းဘဲ တနင်္ဂနွေနေ့ကို သန့်ရှင်းအောင် စောင့်ရှောက်ရခြင်း ဖြစ်ပါသည်။ (F. Curmont, textes, monuments, figures, relatifs aux my steries de Mithra, vol,1, Page 119).

        Professor Agratiufro de Alweida က သူ၏ စာအုပ်အကြောင်းနှင့် ပတ်သက်၍ ဤသို့ပြောပြသည်။ အပတ်စဉ်တိုင်း၏ ပထမနေ့ရက် တနင်္ဂနွေကို Mithra အတွက် မြင့်မြတ်ကြောင်း ကြေညာသည်။အဘယ်ကြောင့်ဆိုသော် စာရေးဆရာ ခပ်များများက ခေတ်အဆက်ဆက်၌ အတည်ပြု လက်ခံခဲ့ကြသည်။ နေသည် အထူး မြင့်မြတ်သည့် ဘုရားဖြစ်၍ တနင်္ဂနွေနေ့ကို The Lord's Day သခင်၏ နေ့အဖြစ် နောက်ပိုင်းခရစ်ယာန်လောကမှလည်း အတည်ပြုခေါ်ဝေါ်ခဲ့သည်။” Mithraisn, p.3).

        အထောက်အထားကတော့ ငြင်း၍ပင်မရပါ။ ရောမမြို့တွင် ခရစ်ယာန်ဖြစ်လာသော ဂျူးလူမျိုးမဟုတ်သူများသည် Mithra နေဘုရားကိုးကွယ်မှု၏ လွှမ်းမိုးမှုခံရပါသည်။ သူတို့မှာ တနင်္ဂနွေနေ့ကို သခင်၏နေ့ (The Lord's Day) သဘောတရားကို ခံစားမှုရှိပြီးသား ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် Mithra သို့မဟုတ် Helios (နေ) သည် သခင်ပင်ဖြစ်သည်။ သို့ဖြစ်၍ ဂျူးလူမျိုး မဟုတ်သည့် ခရစ်ယာန်များသည် Mithra အစားသခင်ယေရှုဖက်သို့ သစ္စာခံ ပြောင်းရွှေ့ဖို့ နေ၏နေ့ရက်ကို လက်ခံနိုင်ရန် လွယ်ကူသွားသည်။

        ဧကရာဇ်ဘုရင် Constantine ရောမအင်ပါယာ၏ ဧကရာဇ်အဖြစ်လက်ခံ ယူသည့်အခါ သူ၏မိသားစု ဘုရားအဖြစ် Apollo နေဘုရားကို ရွေးချယ်ခဲ့သည်။ Apollo သည် ဆီစာဘုရင်များ အဆက်ဆက်က Romans သူ ရောမတို့၏ နေဘုရားနှင့် ဆက်စပ်မှုရှိသည့်အတွက် ဖြစ်သည်။ Constantine ဧကရာဇ်ဘုရင်၏ အကာအကွယ်ပေးသူ၊ ယှဉ်၍ မရနိုင်သော လမ်းပြအဖြစ် ရောမအင်ပါယာ တစ်ခွင်လုံးတွင် အောင်ပွဲခံပွဲ လမ်းသဘင်များ ကျင်းပသည်။ (Edward Gibbon, The Delive and Fall of the Roman empire, vol.2,chapter 20,p.251.)

        ရောမအင်ပါယာတွင် ဂျူးလူမျိုးဆန့်ကျင်ရေး၊ လူမှုရေးနှင့်နိုင်ငံရေး မငြိမ်မသက်မှုတို့ကြောင့် မသမာသည့် အသင်းတော် ခေါင်းဆောင်ကြီးများ အာဏာဆုပ်ကိုင်သည့် အချိန်တွင် အင်ပါယာကြီးကို ပေါင်းစည်းဖို့အတွက် တနင်္ဂနွေနေ့ကို အသုံးချခဲ့ပါသည်။ 

        များမကြာမီက ခရစ်ယာန်ဖြစ်လာခဲ့သည့် ဒိဠိရောမ ဧကရာဇ်သည်ရည်မှန်းချက်ကြီးပြီး လောဘစိတ်လွှမ်းမိုးနေသည့် အသင်းတော်ခေါင်းဆောင်များက အသင်းတော်ကြီး၏ အာဏာနှင့်ဂုဏ်အသရေ တိုးပွားဖို့အတွက် တနင်္ဂနွေနေ့မှာ ဝတ်ပြုကိုးကွယ်ဖို့ နေ့တစ်နေ့အဖြစ် သတ်မှတ်ပေးဖို့ တိုက်တွန်းပါသည်။

        Constantine ကိုယ်တိုင်ကလည်း အလက်ဇန်းဒီးယား ဘုန်းတော်ကြီး Alexander (အေဒီ ၃၁၃-၃၂၅) သို့ရေးသည့်စာတွင် သူ၏ ဘာသာရေးမှုဝါဒများကို ရှင်းရှင်းဘဲ ဆိုလိုက်သည်။ ငါ၏ရည်ရွယ်ချက်မှာ ပထမဦးဆုံး နိုင်ငံအသီးသီးမှ နတ်ဘုရားများ အပေါ် ယူဆထားသည့် အယူအဆတို့ကို တစ်ပြေးညီရှိအောင် ပြုလုပ်လိုပါသည်။ (The Life Constantine, book 2,chapter 65).

        Constantine သည် သူ၏ အရပ်ဖက်ပိုင်းဆိုင်ရာ တနင်္ဂနွေနေ့ ဥပဒေခြောက်ခုကို ပြဌာန်းခြင်းအားဖြင့် သူ၏အင်ပါယာကို စုစည်းနိုင်မည်ဟု သူမျှော်လင့်ခဲ့ပါသည်။ ဒီလိုရဖို့သူသည် ကျွမ်းကျင်စွာ အများနားနေရန် ရက်တစ်ရက်၊ ထိုနေ့ရက်ကို ပျော်ပွဲ ရွှင်ပွဲနှင့် ကိုးကွယ်မှုပြုရန် နေ့ရက်အဖြစ် အင်ပါယာတစ်ခုလုံးတွင် စောင့်ထိန်းစေပါသည်။ ထိုနေ့ရက်ကို ဒိဠိများနှင့် ခရစ်ယာန်များနှင့် နှစ်ဖက်စလုံး သဘောတူလက်ခံနိုင်ရန် ဖြစ်ပါသည်။

        Stanley History of the eastern Church အရှေ့အသင်းတော် များ၏ သမိုင်းစာအုပ်တွင် သူဤသို့ မှတ်တမ်းတင် ရေးသားခဲ့သည်။ ခေတ်ဟောင်းဒိဠိများ၏ Deis Solis, တနင်္ဂနွေအမည်နာမကို အပတ်စဉ် ခရစ်ယာန်များ၏ ပွဲတော်များအတွက် ဆက်လက် အသုံးပြုခြင်းသည် ဒိဋ္ဌိများနှင့် ခရစ်ယာန်များပေါင်းစည်း လက်ခံထားသော တစ်ပတ်၏ ပထမနေ့ရက်ကို Constantine အဆိုပြုခဲ့သော Venerable day of the Sun သိက္ခာတော်နှင့်အပြည့်စုံသော နေဘုရား၏နေ့အဖြစ် အားလုံးလက်ခံဖို့ ဖြစ်ပါသည်။ သူ၏ ဥပဒေ ပြဌာန်းချက်ဖြစ်သော ဤနေ့ရက်ကို စောင့်ထိန်းဖို့လုပ်ရပ်သည် သခင်၏နေ့ရက် Lord's Day ကို သမိုင်းခေတ်သစ်အဖြစ် ခေါ်တွင်ခဲ့သည်။ သူ၏ အင်ပါယာအတွင်းရှိ ကွဲပြားနေသည့် ဘာသာရေးအဖွဲအစည်း အားလုံးကို တစ်ခုတည်းသော အဖွဲ့အစည်း တစ်ခုအောက်သို့ သဟဇာတရှိအောင် စုသည်းခြင်းဖြစ်သည် (A.P. Stanley, History of the eastern Church,P.134.)

        သမိုင်းနှင့် ဗျာဒိတ်ဟောကြားချက်သည် သမ္မာကျမ်းစာပါ ဥပုသ်နေ့မပြောင်းလဲခဲ့ပုံမှာ ရှင်းလင်းပါသည်။ ဘုရားသခင်သည် သတ္တမနေ့ဥပုသ်နေ့ကို စနေနေ့မှ တနင်္ဂနွေနေ့သို့ မပြောင်းလဲခဲ့ပါ။ သခင်ယေရှုက ဥပုသ်နေ့ကို မပြောင်းလဲခဲ့ပါ။ ဥပုသ်နေ့ ပြောင်းလဲခဲ့ခြင်းသည် တဖြေးဖြေးချင်း နှစ်ပေါင်းများစွာ ပြောင်းလဲလာခဲ့သည်။ ဒိဠိတို့၏ နေဘုရားကိုးကွယ်ခြင်း အလေ့အထက အသင်းတော်နှင့်နိုင်ငံတော်တို့ အစောပိုင်းက ပေါင်းစည်းမှုကြောင့် ခရစ်ယာန်အသင်းတော်အတွင်းသို့ ဒိဠိတို့၏ အယူအဆတို့ကို စိမ့်ဝင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

        ဣသရေလတို့သည် ဖန်ဆင်းရှင်ကို တစ်ပတ်၏ သတ္တမနေ့၊ သမ္မာကျမ်းစာ ဥပုသ်နေ့တွင် ဝတ်ပြုကိုးကွယ်ကြသည်။ ဗျာဒိတ်အခန်းကြီး (၁၂) တွင် ဖေါ်ပြထားသော ဘုရားသခင်၏ မှန်ကန်သော အသင်းတော်သည်သူ၏ ပညတ်အားလုံးတို့ကို ဥပုသ်နေ့ ပညတ်အပါအဝင် စောင့်ရှောက်ခဲ့သည်။ မှားယွင်းသော အသင်းတော်သည် ဗာဗုလုန်မြို့ကြီး၏ နေဘုရားနေ့ကို အသက်ပြန်လည်သွင်းပြီး မှားယွင်းသော သွန်သင်မှုခွက်ဖလားကို လှည့်ပြီး တိုက်ကျွေးနေပါသည်။ ထိုခွက်ဖလားမှ သောက်သုံးခဲ့သော အသင်းတော်ခပ်များများက တစ်ပတ်၏ ပထမနေ့ရက် တနင်္ဂနွေနေ့တွင် ဝတ်ပြုကိုးကွယ်ခြင်းအမှုကို စောင့်ရှောက်သည်။ 

        ဘုရားသခင်၌ နိမိတ်လက္ခဏာရှိသည်။ ငါနှင့်သူတို့စပ်ကြားမှာ လက္ခဏာ သက်သေဖြစ်စေခြင်းငှာ ငါ၏ဥပုသ်နေ့တို့ကို ငါခန့်ထား၏ (ယေဇကျေလ၊ ၂ဝး၁၂) ဓမ္မဟောင်းခေတ် တစ်လျှောက်လုံး၊ ဓမ္မသစ်သို့ ရောက်၍ ခေတ်ကာလ ကုန်ဆုံးသည့်တိုင်အောင် ဘုရားသခင်၏ နိမိတ်လက္ခဏာမှာ ဥပုသ်နေ့ဖြစ်သည်။ ဤနိမိတ်လက္ခဏာသည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အား သစ္စာစောင့်သိခံယူမှု သင်္ကေတဖြစ်သည်။ ဗာဗုလုန်မြို့ကြီး၏ သွန်သင်မှုဖြစ်သော နေဘုရားကိုးကွယ်ခြင်း၊ ဒိဠိတို့၏ အယူအဆ သဘောတရားသည် ဒိဠိတို့၏ ခေတ်အဆက်ဆက်မှ ဆင်းသက်လာပြီး ခရစ်ယာန်အသင်းတော်သို့ စိမ့်ဝင်လာခဲ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်မိန့်မှာချက် မဟုတ်ဘဲ သူတို့၏ ညှိနှိုင်းလက်ခံမှုကြောင့် ဖြစ်ပါသည်။

        Arthur P. Stanly က ဆက်၍ ပြောသည်မှာရောမဧကရာဇ် ဘုရင်၏ငွေပြားစေ့တွင် တစ်ဖက်မှာ ခရစ်တော်၏ အမည်နာမအက္ခရာပါပြီး အခြားတစ်ဖက်၌ နေဘုရား၏ ရုပ်ပုံပါရှိသည်။ ကြည့်ရပုံက ထိုတောက်ပနေသော နေမင်း၏ရုပ်ပုံလွှာကို မစွန့်လွှတ်နိုင်သလို ဖြစ်နေသည်။ အံ့ဖွယ်ကောင်းပါ၏။ Constantine ငွေအကြွေစေ့ တစ်ဖက်တွင် ခရစ်တော်၏ အမည်ကိုရေးပြီး အခြားတစ်ဖက်တွင် နေဘုရား၏ ရုပ်ပုံလွှာကို ထည့်ထားပါသည်။ ဤအဖြစ်မှာ ခရစ်ယာန်အသင်းတော်နှင့် ဒိဋ္ဌိအယူဝါဒ နှစ်ခုစပ်ကြား လက်ထပ်မင်္ဂလာပွဲ ပြုလုပ်ခဲ့သည်။ Constantine ကိုယ်တိုင်သည် နာမည်အားဖြင့်သာ ခရစ်ယာန်ဖြစ်ခဲ့သည်။ သို့ဖြစ်၍ သမ္မာကျမ်းစာမှာ မပါသည့်ကျင့်စဉ် အမျိုးမျိုးတို့သည် ခရစ်ယာန်အသင်းတော်တွင် ကျင့်သုံးလာခဲ့သည်။ ကျမ်းစာ၏ သမိုင်းတွင်ဖေါ်ပြလျက်ရှိပါသည်။ Dr Alexander Hislop က ဤသို့ဆိုသည်။

        “ဒိဠိများအား အမည်အားဖြင့်သာ ခရစ်ယာန်ဖြစ်ဖို့ စိတ်ပြေရာပြေကြောင်းရရှိအောင် ရောမအစိုးရသည် လုပ်နေကျ နည်းလမ်းအားဖြင့် ခရစ်ယာန်နှင့် ဒိဋ္ဌိတို့၏ ပွဲတော်များကို ဂဟေဆက်ပေါင်းစပ်လိုက်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ဒိဠိနှင့်ခရစ်ယာန်တို့ နှစ်ဖက်စလုံးမှ ကျေနပ်၍ လက်ဆွဲနှုတ်ဆက်နိုင်သည့် အဖြစ်သို့ ပြုလုပ်ခဲ့သည်။ (The Tow Babylons, p.105).

        အခြားနည်းအားဖြင့် ပြောရမည်ဆိုလျှင် ရောမအစိုးရသည် ပြိုလဲနေသော အင်ပါယာကြီးကို စုစည်းထိန်းသိမ်းနိုင်ဖို့ ပြေရာပြေကြောင်း ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ 

        တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်းအစ ဘယ်လိုဖြစ်ခဲ့သနည်း။ ဘယ်ကနေ လာပါသနည်း။ အသင်းတော်အတွင်း မည်ကဲ့သို့ ဝင်လာပါသနည်း။

        The Baptist Manuel စာစောင်ကို ရေးသားသူ Dr. Edward T. Hiscox သည် ၁၉၈၃ ခု၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ပြုလုပ်သော Baptist Convention သင်းအုပ်ဆရာများ အစည်းအဝေးတွင် သူစာစောင်တစ်ခုတွင်သွင်းခဲ့သည်။ သူ၏ စာစောင်တွင် ပညတ်တော်တစ်ခုရှိသည်မှာ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောက်မေ့လော့ သို့ရာတွင် ဥပုသ်နေ့သည် တနင်္ဂနွေနေ့ မဟုတ်ပါ။ သို့ရာတွင် တစ်ချို့က ဝင့်ကြွားစွာ ပြောချင်ပြောမည်။ ဥပုသ်နေ့ကို သတ္တမနေ့မှ ပထမနေ့ရက်သို့ ပြောင်းရွှေ့လိုက်သည်ဘဲ။ ဒီလို ပြောင်းလဲကြောင်းကို အထောက်အထား ဘယ်မှာ ရှာလို့တွေ့မှာလဲ။ ဓမ္မသစ်ကျမ်းမှာ ဘယ်လိုမှ ရှာလို့တွေ့မှာ မဟုတ်ဘူး။ ကျမ်းစာတော်တွင် တစ်ပတ်၏ သတ္တမနေ့ဥပုသ်မှ ပထမနေ့ ဥပုသ်သို့ ပြောင်းလဲခဲ့ကြောင်း အထောက်အထား လုံးဝမရှိပါ။ ကျွန်တော့်အနေဖြင့် သခင်ယေရှုသည် သူ၏တပည့်တော်များနှင့် သုံးနှစ်လုံးလုံး ဆွေးနွေးပြောဆိုရာ၌ (ဥပုသ်နေ့နှင့်ပတ်သက်သော မေးခွန်းအပါအဝင်) ဤဥပုသ်နေ့ရက် ရွှေ့ပြောင်းခြင်းဖြင့် အကြောင်းကို လုံးဝမပြောဆိုခဲ့ပါ။ ထိုနောက် သူပြန်လည် ရှင်ပြန်ထမြောက်ပြီး ရက်ပေါင်း (၄၀)ပတ်လုံးကို အသိပေး ပြောကြားခြင်း လုံးဝမရှိခဲ့ပါ။ စိတ်မကောင်းစရာဖြစ်သည်က တနင်္ဂနွေနေ့သည် ဒိဋ္ဌိအမှတ်အသားနှင့်ပါရှိပြီး အမည်နာမကို နေဘုရား၏ အမည်ဖြင့် ပုပ်ရဟန်းမင်းတို့မှ မိမိမူလ ယုံကြည်ချက်ကို စွန့်လွှတ်၍ ဤနေ့ရက်ကို လက်ခံအတည်ပြုခဲ့ပြီးသည် နောက်ပရိုတက်စတင့် အသင်းတော်များသို့  ကြီးမြတ်သန့်ရှင်းသည့် အမွေအနှစ်အဖြစ် လွှဲအပ်ပေးခဲ့သည်။ 

        အသင်းတော်အတွင်းသို့ ဗာဗုလုန်နိုင်ငံ၏ ယုံကြည်ချက် အလေ့အကျင့်များ ဝင်နိုင်ဖို့ တံခါးဖွင့်ထားလျက်ရှိသည်။ ရောမအသင်းတော်ကဆိုသည်။ ခရစ်ယာန်လောကသည် တနင်္ဂနွေနေ့ကို ဥပုသ်နေ့အဖြစ် ဆောင်ရွက်ပေးသည့်အတွက် ကာတိုလစ်အသင်းတော်ကို ကျေးဇူးတင်ရပါမည်။ သို့ရာတွင် ကျမ်းစာတော်မြတ်၌ ရှေ့ပြေး အထောက်အထားမရှိပါက တနင်္ဂနွေနေ့ကို ဥပုသ်နေ့အဖြစ် စောင့်ရှောက်ရန် ပညတ်တော်မရှိခဲ့ပါ။ (Our Sunday Visitor, January 4, 1931)

        စတုတ္ထရာစုနှစ်တွင် ရောမအင်ပါယာကြီး မပြိုလဲဖို့ ကြိုးပမ်းချက်တွက် ဒိဠိများကို ခရစ်ယာန်အဖြစ်သို့ ပြောင်းလဲရန် လုပ်ရပ်ကြောင့် အသင်းတော်ခေါင်းဆောင်များက ထိုတံခါးကို ဖွင့်ပေးခဲ့သည်။ အပေါ်ယံတွင် ခရစ်ယာန်တစ်ဦးအနေဖြင့် ရောမဧကရာဇ်ဘုရင် (Constantine) သည် ထိုတံခါးပေါက်မှ ဝင်လာပြီး အသင်းတော်နှင့် နိုင်ငံတော်အစိုးရတို့က ပေါင်းစည်းလိုက်သည်။ ဗာဗုလုန်နေဘုရားကို ကိုးကွယ်မှုသည် ခရစ်ယာန်အသင်းတော် အတွင်းသို့ ဝင်ရောက်ခဲ့ပါသည်။ ဒိဠိအယူဝါဒနှင့် ခရစ်ယာန်အယူဝါဒ ပေါင်းစည်းမှုကြောင့် ဗာဗုလုန် အယူဝါဒသည် ခရစ်ယာန်အသင်းတော်သို့ စိမ့်ဝင်နိုင်ခြင်း ဖြစ်ပါသည်။

        F.G. Leuts ကဆိုသည် -  “တနင်္ဂနွေနေ့ကို စောင့်ထိန်းခြင်းအားဖြင့် ကာတိုလစ်ဘာသာဝင် မဟုတ်သူများသည် နှစ်ပေါင်း ၁၈ဝဝ အားလုံး ကာတိုလစ်အသင်းတော်၏ ကျင့်စဉ်များကို ဆက်၍လိုက်လျှောက်ခြင်းသာဖြစ်သည်။ ဤသည်မှာ ရိုးရာအစဉ်အလာကို လိုက်လျှောက်ခြင်းဖြစ်ပြီး သမ္မာကျမ်းစာတော်၏ အခမ်းအနား လိုက်လျှောက်ခြင်း မဟုတ်ပါ။ (The question Mox,p.99.)

        ယေဇကျေလ၊ ၈း၁၆ တွင် ဣသရေလ ယဇ်ပုရောဟိတ် နှစ်ဆယ့်ငါးဦးတို့က နေဘုရားကို ကိုးကွယ်မှု ကျင့်စဉ်အကြောင်း ဖတ်ရပါသည်။ ဤယဇ်ပုရောဟိတ်များသည် မှန်ကန်သည့် ဘုရားကိုကျောပေးပြီး သူ၏ ပညတ်တရားနှင့် မိန့်မှာချက်တို့ကို ပုန်ကန်ပြီး သတ္တမနေ့ဥပုသ်ကို မစောင့်ရှောက်ဘဲ နေလိုက်သည်။ ယေဇကျေလသည် အကောင်းနှင့်အဆိုး ပြဿနာအဓိက အကြောင်းရင်းကို ဖေါ်ပြလိုက်သည်။

        “ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏ တရားကိုဖျက်၍ ငါ၏ သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာ မသန့်ရှင်းသော အရာတို့ကို မပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ရောနှောကြ၏။ ငါ၏ ဥပုသ်နေ့မှလည်း မျက်နှာလွှဲကြ၏။ သူတို့အလယ်၌ ငါသည်ရှုတ်ချခြင်းကိုခံရ၏ (ယေဇကျေလ၊ ၂၂း၂၆)

        ဘုရားသခင်က ရှေးဣသရေလနိုင်ငံ၌ ယဇ်ပုရောဟိတ်များသည် သူတို့၏ မျက်စိများကို သူ၏ဥပုသ်နေ့မှ မျက်ကွယ်ပြုကြသည်။ သို့ဖြစ်၍ သူတို့အလယ်၌ ဘုရားသခင်၏ နာမတော်သည် ရှုတ်ချခြင်းခံရ၏။ နောက်ဆုံးနေ့ရက်များ၌ ဗာဗုလုန်တို့၏ နေဘုရားကို ကိုးကွယ်မှုသဘောတရားသည် ပြန်၍ လက်ခံပါလိမ့်မည်။ ဒီလိုအခါမှာ လူတို့သည် မှန်ကန်သော ဥပုသ်နေ့မှ မျက်ကွယ်ပြုကြလိမ့်မည်။ လူတို့သည် ပြောကြအုံးမည်၊ ဘာမှထူးတာမဟုတ်ပါဘူး ဟူ၍ ပြောမည်။ မိတ်ဆွေတို့၊ သိပ်ကို ထူးပါသည်။ James Wharley က ဤသို့ဆိုသည်။ ဒုတိယ ရာစုနှစ် ကုန်တွင် ခရစ်ယာန်အသင်းတော်တွင် ပြောင်းလဲမှုများ လက်ခံလာသည်ကို မှတ်သားဖို့ လိုအပ်ပါသည်။ ခရစ်ယာန်လောကတွင် မိစ္ဆာဒိဌိ အယူဝါဒ လွမ်းခြုံလာသည်ကို တွေ့နေရပါပြီ။ ထိုအမှားအယွင်း မျိုးစေ့များသည် အသင်းတော်ကို လွှမ်းမိုး၍ အလှအပနှင့် ဂုဏ်အသရေကို အကျည်းတန်စေသည့် အရာတို့သည် အမြစ်တွယ်စရှိနေပါပြီ။ (Church History, Century 2 Section 7).

        ဟုတ်ပါသည်။ မင်္ဂလာလက်ထက်ပွဲ ကျင်းပဖြစ်ခဲ့သည်။ နောက်ပြီးတော့ လူသားများ ရိုးရာအစဉ်အလာမျိုးစေ့သည် ဆက်လက်၍ ဖွံ့ဖြိုးကြီးထွားလာတော့သည်။ (Hislop ဆက်၍ မိစ္ဆာဒိဋ္ဌိတို့ကို လမ်းတစ်ဝက်လိုက်လျောဖို့ အကျင့်သည် အတော်ပင်တိုးတက် ခိုင်မာလျက်ရှိနေသည်။ ဖြောင့်မတ်သော သူများက ဤပြောင်းလဲမှု ဒီရေကို ဟန့်တားဖို့ ကြိုးစားပါသေး၏။ သို့ရာတွင် အမှန်တရားကို စွန့်လွှတ်ခြင်းအမှုသည် ဆက်လက်၍ ဖြစ်နေသဖြင့် နောက်ဆုံး၌ အုပ်စုအနည်းငယ်မှအပ အသင်းတော်သည် ဒိဠိတို့၏ အယူသည်းမှုအောက်တွင် နစ်မြုပ်လျက် ရှိတော့သည်။ (The Tow Baby-lons,p.93).

        သခင်ခရစ်တော် သေဆုံးပြီးနှင့် တမန်တော်များ၏ အချိန်လွန်လာခဲ့သော် အသင်းတော်သည် မူလသွန်သင်မှု လမ်းလွဲလျှောက်လှမ်းတော့သည်။ သို့ရာတွင် ကျန်ကြွင်းသော ယုံကြည်သူ အနည်းစုတို့သည် ဘုရားသခင်နှင့် သစ္စာစောင့်သိလျက် ရှိကြသည်။ ခေတ်အဆက်ဆက် ဘုရား၌ သစ္စာရှိသော အနည်းငယ်ကျန်ကြွင်းသော သူများသည် ကျွန်ုပ်တို့ လျောမှု မပြုလုပ်ပါ။ အခြားသော လူအုပ်ကြီးက ဘာပဲလုပ်လုပ် ကျွန်ုပ်တို့သည် အမှန်တရားပေါ်မှာပဲ ရပ်တည်မည်။ ကျွန်ုပ်တို့၏ အသက်တာကို သခင်ခရစ်တော်၌ အပ်နှံပါသည်။ ခရစ်တော်က ငါ့ကို ချစ်လျှင် ငါ့ပညတ်ကို စောင့်ရှောက်ပါ။ (ယောဟန်၊ ၁၄း၁၅) ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့၏ လမ်းပြအဖြစ် ယူမည်။ သခင်ယေရှုအတွက် သစ္စာရှိစွာ ရပ်တည်မည်။

        တစ်ခါတစ်ရံမှာ ထိုကျန်ကြွင်းသူ အနည်းစုတို့သည် ဖိနှိပ်မှုနှင့် ညှဉ်းဆဲမှု ခံရကြသည်။ သို့ရာတွင် သူတို့သည် ဗာဗုလုန်အယူအဆနှင့်လူသားများ ထုတ်ပြန်သည့် အမိန့်များကို သမ္မာကျမ်းစာ သွန်သင်ချက်ထက်ဆန့်ကျင်ပြီး မလိုက်နာပါ။ သခင်ခရစ်တော်အစား ဗာဗုလုန်၏ လူသားခေါင်းဆောင်များကို အသင်းတော်၏ ခေါင်းဆောင်များအဖြစ် လက်မခံပါ။ ဗာဗုလုန်၏ ရုပ်တုဆင်းတု သဘောတရားများကို လက်မခံပါ။ သခင်ယေရှုအား တိုက်ရိုက်ဝတ်ပြုကိုးကွယ်သည်။ ဗာဗုလုန်တို့၏ ထာဝရဝိညာဉ်တည်ရှိမှုကို လက်မခံပါ။ ဗာဗုလုန်တို့၏ နေဘုရားကိုးကွယ်မှုကို လက်မခံပါ။

        မိတ်ဆွေတို့၊ သမ္မာကျမ်းသွန်သင်ချက်ကို နားလည်အောင်လုပ်ပြီး ဗျာဒိတ်ကျမ်းအခန်းကြီး (၁၇) တွင် ဖေါ်ပြခဲ့သည့် အနီရောင်ဝတ်မိန်းမသည် ရောမအသင်းတော်ဖြစ်ကြောင်း နားလည်ရမည်။ သူမ၏ သမီးများမှာ သူမ၏ခွက်ဖလားမှ သောက်ယူသည့် ပရိုတက်စတင့်အသင်းတော်များ ဖြစ်ပြီး သူမမှာ အမှားများကို လက်သင့်ခံကြခြင်း ဖြစ်သည်။ သို့ရာတွင် ရောမအသင်းတော် အတွင်း၌ပင်လျှင် ဘုရားသခင်သည် သူ၏ လူများရှိကြသည်။ သို့ပေမယ့် သူတို့သည် အန္တရယ်ကြီးရှိ နေပါသည်။ သူတို့၏ လုံခြုံရေးအတွက် ထိုရောမအသင်းတော်မှ ချက်ချင်းထွက်ခွာဖို့ လိုပါသည်။ (Janieson, Faisset and Brown Commentary, P.593).

        ကျွန်ုပ်ဆီကို အချို့လူများ လာရောက်ပြီး မေးပါသည်။ ပါစတာ ကျွန်ုပ်တို့၏ အသင်းတော်တွင် နေပြီး ပြုပြင်ပေးလျှင် မရဖူးလား ဘုရားသခင်က ပြောသည်။ ဗာဗုလုန်မှ ထွက်လာရမည်။ အမှန်တရားကို စွန့်လွှတ်ပြီး ကမ္ဘာ့အလိုနှင့် လိုက်လျောညီထွေနေသော အသင်းတော်များတွင် အမှန်တရားကို လက်ခံသော မှန်ကန်သည့် အသင်းသားများရှိကြပါသည်။ သူတို့၏ လုံခြုံစိတ်ချမှုအတွက် ထိုနေရာမှ ထွက်ခွာရပါမည်။

        ခင်ဗျားတို့စဉ်းစားလျှင် စဉ်းစားပါလိမ့်မည်။ အမှန်တရားကို ယုံကြည်ပြီး ရှိသည့်နေရာ၌ပင် နေလို့မရဖူးလား။ မိတ်ဆွေတို့၊ အမှန်တရားကို စွန့်လွှတ်ပြီး ကမ္ဘာ့အလိုနှင့် လိုက်လျောညီထွေနေတတ်သော အသင်းသားများ၌ မမြင်ရသော အမှန်တရားကို လက်ခံသည့် မှန်ကန်သော အသင်းသားများ ရှိကြပါသည်။ သို့ရာတွင် စိတ်ချလုံခြုံမှုအတွက် ထိုနေရာမှ ထွက်ခွာလာရမည်။ ဘုရားသခင်သည် သင်တို့အား ထွက်ခွာလာဖို့ ခေါ်နေသည်။ အဘယ်ကြောင့်ဆိုသော် ဗာဗုလုန်ကြီး ပြိုလဲနေပြီ။

        ကာတိုလစ်စာရေးဆရာကြီး Cardinal Gibbons သည် ဤသို့ဆိုသည်။ စဉ်းစားဆင်ခြင်မှုနှင့် မူမှန်စိတ်အခြေအနေက ရွေးချယ်ရန် လမ်းနှစ်သွယ် ရှိပါသည်။ ပရိုတက်စတင့်ဖြစ်ပြီး စနေနေ့ကို ဥပုသ်နေ့အဖြစ် သန့်ရှင်းအောင် စောင့်ရှောက်ရပါမည်။ သို့တည်းမဟုတ် ကာတိုလစ်တစ်ဦးဖြစ်ပြီး တနင်္ဂနွေနေ့ကို သန့်ရှင်းအောင် ထားရမည်။ ညှိနှိုင်းလိုက်လျောမှုသည် လုံးဝမဖြစ်နိုင်ပါ။ (Catholic Mirror, December 23,1893). ဒီအချက်မှာတော့ Cardinal Gibbons နှင့် အတူ လုံးလုံးလျားလျား လက်ခံသဘောတူပါသည်။ ကာတိုလစ်၊ ကာဒီနယ်က ဤသို့ ညှိနှိုင်းလိုက်လျောမှု လုံးဝမပြုနိုင်ဘူးဆိုသည်မှာ အလွန်ပင် မှန်ကန်ပါသည်။ ဒီပြဿနာတွေက ရှင်းလွန်းပါသည်။ တစ်ခုခုကို ရွေးချယ်ရန် လိုအပ်ပါသည်။ အထောက်အထား ရှင်းလင်းနေပြီဖြစ်၍ ဆုံးဖြတ်ချက်ချရန် လိုအပ်ပါသည်။ ဘုရားသခင်သည် လူအပေါင်းတို့ကို ရပ်တည်ချက် လုပ်ဖို့ ခေါ်ယူနေပါသည်။ 

        ကျမ်းစာတော်မြတ်၏ စကားကို နားထောင်ကြည့်ပါ။ သူသည် ကျယ်သောအသံနှင့် ကြွေးကြော်၏။ သူ၏ ရိုးရာအစဉ်အလာသည်လည်း ပြိုလဲပြီ။ ဤအသင်းတော်သည် ဝတ်ရုံတော် အနီနှင့်ခရမ်းရောင်မှာ ပြိုလဲနေပြီ။ ရုပ်တုဆင်းတုစနစ်တို့နှင့် အတူပြိုလဲပြီ။ မှားယွင်းသည့် သွန်သင်မှုနှင့် စပ်ဆုပ်စရာကောင်းသည့် စနစ်တို့သည် ပြိုလဲပြီ။ ကျမ်းစာတော်မြတ်နှင့် သွေဖည်ပြီး လမ်းလွဲသွားသည့် ယုံကြည်ချက်၊ လုပ်ဆောင်ချက်တို့သည် နိဂုံးချုပ်ခဲ့ပြီ။ 

        “အခြားသော ကောင်းကင်အသံကား၊ ငါ၏ လူမျိုးတို့၊ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း၊ ကင်းလွတ်အံ့သောငှာ သူ၏ အထဲက ထွက်ကြလော့။ (ဗျာ၊ ၁၈း၄) သူ၏ အပြစ်ကိုမျှ၍ မခံရဘဲ ဗာဗုလုန်မှာ နေ၍ မရပါ။ ဗာဗုလုန်ကြီး ပြိုလဲပြီ။ သူကို ဘယ်လိုနည်းနှင့်မျှ ပြင်လို့မရပါ။ သင့်ရဲတာဝန်၊ သင့်ရဲ့အလုပ်ကတော့ ထွက်လာဖို့ပဲ ဖြစ်ပါသည်။ 

        ဘုရားသခင်သည် သစ္စာရှိသောသူတို့အား ဗာဗုလုန်၏ ခွက်ဖလားမှသောက်သုံးရသော အသင်းတော်များမှ ထွက်လာရန် ခေါ်နေပါသည်။ အချိန်သည် ကုန်လုပြီ ဖြစ်၍ ဆိုင်းနေ၍ မဖြစ်ပါ။ များမကြာမီ လူသားတိုင်းသည် နောက်ဆုံးရွေးချယ်မှု ပြုလုပ်ရတော့မည်။ ခရစ်တော်အတွက် လုံးလုံးလျားလျား သို့တည်းမဟုတ် ရိုးရာအစဉ် အလာအတွက်ကိုပဲလား။ အမှန်တရားဖက်ကိုပဲ ရွေးမှာလား သို့တည်းမဟုတ် မှားယွင်းသည့်ဖက်ကို ရွေးမှာလား၊ နှုတ်ကပတ်တော်ကျမ်းစာဖက်မှာ ရပ်တည်မှာလား သို့တည်းမဟုတ် လူသားများဖက်ကနှင့် လူသားတို့၏ အစား ရုပ်တုဆင်းတုဖက်မှ ရပ်တည်မှာလား။

        ကျွန်ုပ်တို့အတွက် စိတ်ချလုံခြုံမှုရှိသည့် တစ်ခုတည်းသောနည်းကတော့ ရိုးရာအစဉ်အလာကို အခြေခံသည့် အသင်းတော်ဝတ်ပြုကိုးကွယ်ခြင်း၌ ရုပ်တုဆင်းတုကို အသုံးချသည့် အသင်းတော်ခွက်ဖလားမှ သောက်သုံးခဲ့ပြီး တနင်္ဂနွေနေ့ဝတ်ပြုခြင်းကို ဆက်လက်ပြုလုပ်ခြင်း၊ ထိုသော အသင်းတော်များမှ ထွက်လာဖို့ဘုရားသခင်က တောင်းပန်နေပါသည်။

        သခင်ယေရှုကပြောသည် ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ (ယောဟန်၊ ၁၀း၂၇) သူကပြောသည် ငါ့ကလေး၊ သင့်အား ငါတောင်းဆိုသည်။ အသင်းတော်တိုင်း၌ ရှိသောသူများအား သင်တို့၏ အယူအဆအမျိုးမျိုးကို ချန်ထားပြီး သမ္မာကျမ်းစာနောက်သို့ လိုက်လျှောက်ပါ။ ရိုးရာအစဉ်အလာကို အခြေခံသည့် အသင်းတော်များရှိ သူတို့၏ နှလုံးသားကို စကားပြောပြီး ထွက်လာဖို့ ဖိတ်ခေါ်ပါသည်။

        ဟုတ်ပါသည်။ မိတ်ဆွေတို့ကို ကျွန်တော်တောင်းပန်ပါသည်။ သခင်ယေရှုနာမဖြင့် သင်တို့အား ကိုယ့်အလိုကို မလိုက်ဘဲ သူအလိုက် လိုက်လျှောက်ရန် တောင်းပန်သည်။ သင်၏ ကျမ်းစာတော်လက်မှာ ပိုက်ပြီး သခင်ယေရှုအား အကျွန်ုပ်၏ နှလုံးသားကို ခေါ်နေသည်ကို ကြားပါ၏။ ဒိဠိများနှင့် ခရစ်ယာန်များ ထိုလွန်ခဲ့သည့်အချိန်များ၍ ပေါင်းစည်းခဲ့သည်ကို သိမြင်ပါ။ ထိုပြဿနာများကို ယခုရှင်းလင်းစွာ နားလည်ပါ၏။ နှစ်ပေါင်း (၁၈၀၀) ကျော်ကတည်းက အလျှော့အတင်း လိုက်လျောညှိနှိုင်းမှုများ ပြုခဲ့ကြသည်ကို ကျွန်တော်သိမြင်လာပါ၏။ ဘုရားသခင်သည် ကျန်ကြွင်းသော သားသမီးများကို ခေါ်ထုတ်လျက်ရှိသည်ကို ကြားရပါ၏။ သို့ဖြစ်၍  သခင်ယေရှုဘုရားအတွက် ကျွန်ုပ်ရပ်တည်ပေးပါမည်။ အကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်၌ ရပ်တည်မည်။ သခင်ခရစ်တော်နှင့် အတူ ရပ်တည်မည်။ အကျွန်ုပ်သည် တစ်ဦးတည်းပဲ ရပ်တည်နေပါရစေ ထွက်လာဖို့ကျွန်တော် ဆုံးဖြတ်သည်။

        မိတ်ဆွေတို့၊ သင့်နှလုံးတွင် ယခုပင် ဆုံးဖြတ်ချက်ချပါလား။ သင့်စိတ်ထဲတွင် ဖြတ်ထားပြီး သခင်ယေရှုအားသခင်၊ သင်ပြောသော ဗာဗုလုန်ကြီးပြိုလဲပြီ ဖြစ်ကြောင်းကို ကြားသိရပါပြီ။ သခင်၏ တိုက်တွန်းချက် ထွက်လာပါ။ ငါ့လူ အပေါင်းတို့အား ကြားပါပြီ။

     
သခင်ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် သင်တို့၏ နှလုံးသားအား နူးညံ့စွာ စကားပြောနေပါသည်။ သူသည် ငါ့သား သင့်အား ငါချစ်သည်။ ကပ်ကြီးများနှင့် ဒုက္ခမရောက်စေလိုပါ။ ယခုသင့်အား ခေါ်ယူနေပါသည် ဗာဗုလုန်ကြီးတွင် သခင်ယေရှု၏လူများ ကျန်ရှိနေပါသေးသည်။ သင့်အား ခေါ်နေသည်ကို ကြားပါ၏လား၊ သင့်နှလုံးသားကို စကားပြောနေသည်ကို ကြားပါသလား။ ယခု အချိန်၌ပင် သင်သည် သခင်ယေရှုအား သခင်ယေရှု၊ သင့်အားချစ်ပါ၏။ သင့်နောက်သို့ လိုက်လျှောက်ရန် ဆုံးဖြတ်ပါ၏။ အဘယ်ကြောင့်ဆိုသော် သင့်အားချစ်ပါ၏။ သင်၏ ပညတ်တော်တို့ကို လိုက်လျှောက်သူများနှင့်အတူ ပါဝင်လိုပါ၏။ ကျွန်ုပ်အား နူးညံ့စွာ ငါကိုချစ်လျှင် ငါ့ပညတ်ကို စောင့်ရှောက်ကြ ခေါ်လျက်ရှိသည်ကို ကြားရ၍ နောက်သို့လိုက်ရန် ဆုံးဖြတ်ပါ၏ သခင် ဟူ၍ ပြောနိုင်ပြီလား။

No comments:

Post a Comment