Tuesday, May 26, 2026

  

အခန်း () ထာဝရသို့ ကြိုတင်စပေါ်ရရှိခြင်း

        နှစ်ဘက်စလုံး ထိခိုက်ဒဏ်ရမှုကတော့ မြင့်မားပါသည်။ အမြောက်ပစ်ခတ်မှုသည် ပြင်းထန်ပါ၏။ အမြောက်တပ်မှ တစ်နေ့လုံးပစ်ခတ်မှု ရှိခဲ့သည်။ ဝင်ရိုးစွန်းတပ်ဖွဲ့မှ လေယာဉ်ဗုံးကြဲချမှုကြောင့် မြေကြီးသည် ပြင်းစွာ တုန်ခါခဲ့သည်။ မဟာမိတ်တပ်ဖွဲ့မှလည်း သူတို့၏ လက်နက်မျိုးစုံတို့ဖြင့် ပြန်လည်တုံ့ပြန်သည်။ ရန်သူနှစ် ဘက်စလုံးမှ ကတုတ်ကျင်းတစ်ဖက်တစ်ချက်မှာ မျက်နှာချင်းဆိုင် ရင်ဆိုင်နေကြပါသည်။ 

        အသက်ဆယ့်ရှစ်နှစ်အရွယ်ရှိ အမေရိကန်စစ်သားကလေးဂျိုးသည် သူကိုယ်တိုင် မကြာမီက အသစ်တူးထားသည့် ကတုတ်ကျင်း၏နံရံကို မောဟိုက်စွာ မှီလျက်ရှိပါသည်။ နေလုံးကြီးသည် ဝင်စပြုနေပြီ။ သူမသေဘဲ နောက်ထပ်တစ်ရက်တော့ ကုန်လွန်သွားပါပြီ။ ထိုနေ့သည် ၁၉၄၃ ခုနစ်၊ ခရစ္စမတ်အကြိုနေ့ဖြစ်သည်။ သူ့ခေါင်းထဲတွင် အိမ်အကြောင်းဝင်လာပါသည်။

        အမေ၊ အဖေ၊ အစ်ကိုကြီးတောမ်၊ အစ်မအဲလစ်၊ လတ်လတ်ဆတ်ဆတ်ဖုတ်ပြီးသား ထာပဌာမုန့်၊ ကူကီမုန့်၊ ဆီပြန်နှပ်ကြက်ဆင်သား၊ ရောင်စုံစက္ကူများဖြင့် ထုပ်ပိုးထားသည့် လက်ဆောင်များ၊ ခရစ္စမတ်သစ်ပင်၊အပြုံးကလေးများ၊ ဖက်တွယ် မှုများ၊ မီးဖိုတွင် ထင်းတုံးလောင်နေသည်ပုံ၊ချောကလက်အနွေး၊ ငြိမ်းချမ်းရေး၊ ဒါတွေဟာ သူ့ခေါင်းထဲတွင် နွေးထွေးစွာ စိမ့်ဝင်လာသည်။ သို့ရာတွင် အိပ်မက်ဆိုးကြီးတည်းဟူသော စစ်ပွဲသည် သူအား သေမင်းမျက်နှာနှင့် အမြဲစိုက်ကြည့်လျက် ရှိသည်။ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းမှုနှင့်လူသားအားလုံး အတွက် မိတ်သဟာရှိကြပါစေ ဟူသောဆောင်ပုဒ်သည် စိတ်ကူးယဉ် အမျှင်သက်သက်သာ ဖြစ်နေသည်။

        ယခုစစ်မြေပြင်မှာ ငြိမ်သက်လျက်ရှိပါသည်။ လေထဲမှာအေးစိမ့်ပြီး မြူကင်းနေသည်။ လ၏အလင်းရောင်ထက်တွင် ကြယ်များမှိတ်တုတ်မှိတ်တုတ် လင်းလျက် ရှိပါသည်။ သူသည် သီချင်းသံများ ကြားရသလို ဖြစ်နေသည်။ ဟုတ်ကော ဟုတ်ပါရဲ့လား။ ၁၉၄၃ ခု၊ ခရစ္စမတ်အကြိုနေ့ညမှာ နားကြားများမှားနေသလား။ မသိမသာ ထောင်ချောက်တစ်မျိုးမျိုးများ ဆင်နေသလား။ ဒုစရိုက်အန္တရာယ် တစ်မျိုးမျိုးများ ဖြစ်နေသလား ဟူ၍ သူမယုံနိုင်အောင် ဖြစ်နေသည်။ 

        ကြားနေကျ ခရစ္စမတ်သီချင်းသံ ပျော်ရွှင်စွာ ထွက်ပေါ်လာပါသည်။ ဆိုသည့် အသံကတော့ ဂျာမန်ဘာသာဖြစ်သော်လည်း တေးသံကတော့ မမှားနိုင်ပါ။ 

        “Silent night, Holy night, Al is calm, Al is bright......

        ကိုက်အနည်းငယ်ဝေးသည့် နေရာမှ ဘွင်းဘွင်းမြင်နိုင်သည့် ဂျမန်စစ်သားတို့သည် ခရစ္စမတ်သီချင်းများ ဆိုနေကြသည်။ တဖြည်းဖြည်းနှင့် သတိကြီးစွာ ဂျိုးသည် သူ၏ မြေကတုတ်ကျင်းမှ ခေါင်းပြူထွက်ကြည့်သည်။ သူ၏နှလုံးသားနှင့်ခံစားချက်တို့သည် မြင့်တက်လာပြီး စိတ်မထိန်းနိုင်တော့ဘဲ သူလည်း တစ်ဆက်တည်း သီချင်းဆို တော့သည်။

         “Silent night, Holy night, Al is calm, Al is bright. ....

သူ၏ အမေရိကန်အဖော်စစ်သားများလည်း သီချင်းလိုက်ဆိုနေကြသည်။ မကြာမီအတွင်းမှာ အသံများသည် ယခင်နာရီပေါင်းအနည်းငယ်က ဆဲသံဆိုသံ၊ အနိဌာရုံအသံတို့သည် ချီးမွမ်းခြင်း သီချင်းသံများဖြင့် ပဲ့တင်ထပ်တော့သည်။ နှစ်ဘက်သော စစ်သည်များသည် တစ်ဦးမှတစ်ဦးသို့ ချဉ်ကပ်လာပြီး၊ တစ်ဦးကိုတစ်ဦး ဖက်ကြသည်၊ ရယ်မောကြသည်၊ အတူတကွ သီချင်းဆိုကြသည်။ တစ်ညတာ အတွက်တော့ သူတို့သည် ညီရင်းအစ်ကို ဖြစ်ကြသည်။ တူညီသည့် လူသားချင်း ဆက်ဆံမှုကို မျှဝေခံစားကြသည်။ တိုက်ပွဲများ ရပ်တန့်သွားသည်၊ ဗုံးကြဲမှုစဲသွားသည်။ မော်တာအမြောက်သံများ မကြားရတော့ပါ။ ထိုခရစ္စမတ်အကြိုညတွင် ခဏတစ်ဖြုတ်ရန်သူများသည် သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။ တစ်နည်းအားဖြင့်တော့ တမန်တော်၊ ၁၇း၂၄၊ ၂၆ တွင် ဖော်ပြသည့် အမှန်တရားကို သဘောပေါက်ကြသည်။

        “လောကဓါတ်မှစ၍ လောကဓါတ်၌ ရှိလေသမျှသော အရာတို့ကိုဖန်ဆင်းတော်မူသော ဘုရားသခင်သည်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍ လူတို့လက်ဖြင့် ပြုလုပ်သော ဗိမာန်၌ ကိန်းဝပ်တော်မူသည် မဟုတ်။ ဘုရားသခင်သည် မြေတစ်ပြင်လုံး၌နေရသော လူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့် ဖန်ဆင်းတော်မူ၍ သူတို့အား ခွဲဝေစီမံသော အချိန်ကာလကိုလည်းကောင်း၊ သူတို့၏ နေရာအပိုင်းအခြားကိုလည်းကောင်း မှတ်သားတော်မူ၏ (တမန်တော်၊ ၁၇း၂၄၊ ၂၆)

        လူသားတိုင်းတို့၏ သိက္ခာ၏အနှစ်သာရ အာလုံးမှာ ဖန်ဆင်းခြင်းခံရ၍ ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံးသည် အလွန်ထူးခြားစွာ ဖန်ဆင်းခြင်းခံရ၍ ဘုရားသခင်သည် လူသားတိုင်း အပေါ်တန်ဖိုးထားရှိပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဖခင်ဖြစ်သည်။ ကျွန်ုပ်တို့၌ တူညီသော အမွေဆက်ခံနိုင်မည့်အရာ ရှိကြပါသည်။ ကျွန်ုပ်တို့သည် စကြဝဠာဘုရင်ကြီး၏ သားသမီးများ ဖြစ်ကြသည်။ တစ်မိသားစုတည်းက ဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် ဘုရားတစ်ဆူတည်းက ပုံဖော်ထားသည့်ညီအစ်ကို မောင်နှမများ ဖြစ်ကြသည်။

        ဖန်ဆင်းခြင်းခံရ၍ မိမိကိုယ်ကို မိမိတန်ဖိုးထားနိုင်သော သဘောရှိပါသည်။ စကြဝဠာကို ဖန်ဆင်းခဲ့သောဖန်ဆင်းရှင်သည် ကျွန်ုပ်တို့ကိုဖန်ဆင်းခဲ့သည်။ ကျွန်ုပ်တို့သည် သူ၏မျက်မှောက်၌ ထူးကဲသော သူများဖြစ်ကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား မျိုးဗီဇနှင့် ဗီဇသက်မျှင်များ ပေါင်းစည်းပေးပြီးသည့်အခါ ကျွန်ုပ်တို့အား အကျင့်စရိုက်တစ်မျိုးစီဖြင့် ဖန်ဆင်းခဲ့သည်။ ထိုသို့ ပြုလုပ်ခဲ့ပြီးသည့်အခါ ပုံဖော်သည့် မှိုပုံစံခွက်များကို လွှင့်ပစ်ပြီး စကြဝဠာတစ်ခုလုံး၌ ကျွန်ုပ်တို့နှင့်တူသော အခြားတစ်ဦးတစ်ယောက်မျှ မရှိနိုင်တော့ပါ။ သင်သည်ထူးကဲစွာ အမျိုးအစားတွင် တစ်ဦးသာ ရှိပါသည်။

        Evolution တစ်စတစ်စဖြစ်တည်ခြင်း သဘောတရားသည် လူသားဆန်မှု မရှိပါ။ အကယ်၍သာ ကျွန်ုပ်သည် ဒြပ်ပေါင်းများစုစည်းမှုဖြင့်သက်ရှိဖြစ်လာခဲ့လျှင် ကျွန်ုပ်သည် ကံတရားအားဖြင့်သာ လူသားဖြစ်လာခဲ့ရသည်။ ကျွန်ုပ်သည် တိရစ္ဆာန်အဆင့်မှ တိုးတက်လာပြီး လူသားဖြစ်လာခဲ့လျှင် အသက်တာဘဝသည် ဘာမျှအဓိပ္ပါယ်ရှိနိုင်မည် မဟုတ်ပါ။ ထိုသို့ဖြစ်လျှင် ကျွန်ုပ်သည် ကမ္ဘာဟုခေါ်တွင်သော ဂြိုဟ်ပေါ်ရှိ အခြားသော လူခြောက်ဘီလျှံနှင့် နေရရှိဖို့အတွက် တစ်ဦးနှင့်တစ်ဦးကို ကုတ်ဖဲ့ရသည့် အဖြစ်မျိုးနှင့်သာ အသက်ရှင်ရမည် ဖြစ်ပါသည်။ ဖန်ဆင်းခြင်းမှာ အသက်ရှင်နေထိုင်ဖို့ ကိုယ်ကျင့်တရားနှင့် အညီအသက်ရှင်ဖို့ အကြောက်တရားဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်ကို ဖန်ဆင်းခဲ့သည့်အတွက် ကျွန်ုပ်၏လုပ်ရပ်အတွက် တာဝန်ယူရပါမည်။ ကျွန်ုပ်ကို ဖန်ဆင်းခဲ့သည့် အတွက် သူ့အပေါ်၌ တာဝန်ရှိပါသည်။ သူသည် ကိုယ်ကျင့်တရားလောက၌ လုံးဝဥဿုံသဘောတရားကို တည်ဆောက်ခဲ့သည်။                           တစ်စတစ်စဖြစ်တည်ခြင်း (Evolution) သည် အသက်ရှင်နေထိုင်ဖို့၊ကိုယ်ကျင့်တရားလိုက်နာဖို့ ဥပဒေသများ ဖန်တီးမှုမရှိခဲ့ပါ။ လူသားသည် အဆင့်မြင့်တိရစ္ဆာန်ဖြစ်၍ အမြင့်ဆုံးစံနှုန်းမှာ စိတ်ဦးနှောက်မျှသာ ဖြစ်ပါသည်။ ကိုယ်ကျင့်တရားဆိုသည်မှာ လူ့အတွင်းမှဖြစ်ပေါ်လာသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ အပြုအမူအတွက် ထိန်းကွပ်ရန်လုံးဝဥဿုံစံနှုန်းများ မရှိနိုင်ပါ။ ဖန်ဆင်းခြင်းမှာမူ ကျွန်ုပ်တို့အတွက် မျှော်လင့်ခြင်း သဘောတရားရှိပါသည်။ ကျွန်ုပ်ကို ဖန်ဆင်းခဲ့သော ဘုရားသည် ကျွန်ုပ်အားချစ်ပါသည်။သူသည် ကျွန်ုပ်အားအရေးစိုက်၍ ဤဘဝတစ်ခုလုံးတွင် ကျွန်ုပ်အားထိန်းကျောင်းသွားပါလိမ့်မည်။

        Evolution သည် ဘဝစိတ်ခေါ်မှုအတွက် ရင်ဆိုင်ဖို့ မိမိကိုယ်တွင်းမှအင်အား ရှာဖွေရသည်။ ဖန်ဆင်းခြင်း၌ အင်အားရယူဖို့ ကိုယ်၏ ပြင်ပ၌ ရှာဖွေနိုင်သည်။ တန်ခိုးကြီးမား၌ အလုံးစုံသော အရာတို့ကို သိနားလည်သော မေတ္တာရှင် ဘုရားသခင်အား မျှော်ကိုးနိုင်သည်။ ဖန်ဆင်းခြင်းသည် ဦးတည်ရာလမ်းကြောင်းကို ပြသခံစားနိုင်သည်။ ကျွန်ုပ်ကို ဖန်ဆင်း၍ ချစ်မြတ်နိုးသောဘုရားသည် ကျွန်ုပ်အတွက် ကောင်းကင်ဘုံ၌  နေရာစီစဉ်ပေးနေပါသည်။ သေခြင်းသည် နံနက်မိုးလင်း ချိန်မရှိသော ရှည်လျားသည့် ညဉ့်မဟုတ်ပါ။ သင်္ချိုင်းသည် မှောင်မိုက်သည့် မြေကြီးတွင်းတစ်ခု မဟုတ်ပါ။ ဘုရားသခင်သည် ကြီးကျယ်ခမ်းနားသော နံနက်ယံအသစ်ကို စီစဉ်ထားပါသည်။

        တစ်စတစ်စဖြစ်တည်မှု (evolution) ယုံကြည်သူများအတွက် သေခြင်းသည် နိဂုံးချုပ်ဖြစ်သည်။ နောက်တစ်နေ့ နံနက်ခင်းမရှိတော့ပါ။ဖန်ဆင်းခြင်းသည် မျှော်လင့်ခြင်း အကြောင်းပြောပြနေပါသည်။ evolution သည် သေခြင်းအကြောင်း ပဲ့တင်သံထပ်သည်။ ဖန်ဆင်းခြင်းသည် ထာဝစဉ်ဘဝမေးခွန်းများအတွက် အဖြေပေးသည်။ ကျွန်ုပ်ဘယ်ကနေလာပါလဲ။ ကျွန်ုပ်ဒီနေရာမှာ ဘာလုပ်နေသလဲ။ ကျွန်ုပ်ဘယ်သို့သွားအုံး မည်နည်း။ evolution မှာမူ ရှုပ်ထွေးရွဲ့စောင်းသည့် သက်ရှိအစကနဦးအကြောင်းကို ဖော်ပြသည်။ ဘဝ၏ ရည်ရွယ်ချက်မေးခွန်းကို အဖြေမပေးဘဲ နောက်ဆုံးဘဝ၏ ဦးတည်ချက်ကို ဟာလာဟင်းလင်းချန်ထားခဲ့ပါသည်။ ဖန်ဆင်းခြင်းသည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့် ပေါင်းစည်းပေးသည်။ ကိုယ့်ကိုကိုယ် လေးစားမှုရှိအောင် ဖန်တီးပေးသည်။ အခြားလူသားအားလုံးနှင့် ပေါင်းစည်းပေးသည်။ ကျွန်ုပ်တို့အားလုံးသည် တစ်နေရာတည်းမှ လာကြသည်ကို ဖန်တီးပေးခဲ့သည်။ ဂရုစိုက်တတ်သောဘုရားအား ယုံကြည်ကိုးစားဖို့ အားပေးသည်။ ဘုရားသခင်၏ မကုန်ခန်းနိုင်သော တန်ခိုးတော်နှင့် ဆက်သွယ်ပေးပြီး သေခြင်း၏ နောက်မျှော်လင့်နိုင်သော အသက်တာကို ပေးဆောင်နိုင် သည်။

ဖန်ဆင်းခြင်းနှင့်ဥပုသ်နေ့

        ကျွန်ုပ်တို့၏ ကမ္ဘာတွင် ဖန်ဆင်းခြင်း၏ မျှော်လင့်ခြင်းတရားကိုအလွန်လိုအပ်နေသဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ဥပုသ်နေ့ကို ပေးသနားခဲ့သည်။ 

        ၁၈ဝဝ ခုနှစ် အလယ်ပိုင်းလောက်တွင် (evolution Hypothesis) တစ်စတစ်စဖြစ်တည်မှု၏ ဖြစ်နိုင်ခြေတွက်ချက်မှု သဘောတရားသည် စာတတ်ပေတတ် ကမ္ဘာကို အလုံးအရင်းဖမ်းစားချိန်တွင် ဘုရားသခင်သည် မယုံနိုင်လောက်အောင် မျှော်လင့်ခြင်းသတင်းကို ဗျာဒိတ်၊ ၁၄း၆- တွင် တွေ့နိုင်ပါသည်။ မြေကြီးပေါ်မှာ နေသောသူအသီးသီးဘာသာစကားကိုပြောသော လူမျိုးနွယ်ခပ်သိမ်းတို့အား ထာဝရ ဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တစ်ပါးက ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့။ ကောင်းကင်၊ မြေကြီးနှင့် သမုဒ္ဒရာတို့ကို ပြုလုပ်သောသူကို ဘယ်လိုခေါ်ပါသလဲ။ ဖန်ဆင်းရှင်ပါ။ သမ္မာကျမ်းစာ၏ နောက်ဆုံးစာအုပ်တွင် ကောင်းကင်ဘုံမှ လူသားတို့အား ဖန်ဆင်းရှင်ကိုကိုးကွယ်ရန် ပြောပါသည်။

        လူသားများတို့အား ဘုရား သခင်၏ နောက်ဆုံးနေ့သတင်းစကားမှာကောင်းကင်နှင့် မြေကြီးကို ပြုလုပ်ဖန်ဆင်းသောသူ၊ ဖန်ဆင်းရှင်အားဝတ်ပြုကိုးကွယ်ဖို့ ခေါ်ယူ နေပါသည်။ ဝတ်ပြုကိုးကွယ်ခြင်း၏ အခြေခံသဘောတရားကတော့ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့သည်။တစ်စတစ်စ ဖြစ်တည်မှု (Evolution) ကို သင်လက်ခံပါက ဝတ်ပြုကိုးကွယ်ခြင်း၏ အခြေခံကို ဖျက်ဆီးလိုက်ပါသည်။ ဗျာဒိတ်ဆရာယောဟန်သည် ဤကဲ့သို့ တိုတုတ်ပြတ်သား စွာဆိုသည်။အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက် ရှိကြပါ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးကို ခံစားထိုက်တော်မူ၏ (ဗျာဒိတ်၊ ၄း၁၁)

        သူသည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဖန်ဆင်းခဲ့သည်။ အကယ်၍သာ သူသည် ကျွန်ုပ်တို့ကို မဖန်ဆင်းခဲ့ပါက၊ ကျွန်ုပ်တို့သည် အလိုအလျောက်တစ်စနှင့်တစ်စ ဖြစ်တည်လာခဲ့ပါက ဇီက အသက်တာဘဝသည် စကြဝဠာ၏ ကံအားလျော်စွာ ရွေးချယ်မှုကြောင့် ဖြစ်တည်လာလျှင် ဝတ်ပြုကိုးကွယ်ဖို့ အကြောင်းအရာ တစ်စုံတစ်ရာ မရှိနိုင်တော့ပါ။

        တစ်စတစ်စ ဖြစ်တည်မှု (Evolution) ခေတ်တွင် ဘုရားသခင်သည်ကျွန်ုပ်တို့ကို ဥပုသ်နေ့အားပေးသနားခြင်းမှာ သူ၏ ဖန်တီးမှုတန်ခိုးနှင့်အာဏာကို ထာဝရပုံဆောင်ခြင်းအဖြစ် ထားရှိခဲ့ပါသည်။ အပတ်စဉ် ဥပုသ်နေ့သည် ကျွန်ုပ်တို့ကို ကိုယ့် ဘာသာကိုယ် ဖြစ်လာသည် မဟုတ်ဘဲ သူသည် ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့ကြောင်း သတိရအောက်မေ့ဖို့ ဖြစ်ပါသည်။ သူနှင့်ကင်းကွာပြီး ဇီဝအသက်မတည်ရှိနိုင်ပါ။

        “ကျွန်ုပ်တို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏ (တမန်တော်၊ ၁၇း၂၈)

        ဥပုသ်နေ့သည် ကျွန်ုပ်တို့အား ကိုယ်၏အရင်းအမြစ်သို့ ပြန်လည်ခေါ်ယူနေပါသည်။ ကျွန်ုပ်တို့၏ မိသားစုအစနှင့် အဆက်အသွယ်ပြုလုပ်ပေးပါသည်။ ဤကမ္ဘာကြီး စတင်ကတည်းက ဥပုသ်နေ့ကို အစဉ်အဆက်စောင့်ရှောက်ခဲ့ကြသည်။ ပြတ်တောက်မှုမရှိ အချိန်စတင်သည်မှ ဖန်ဆင်းရှင်နှင့် အဆက်အသွယ် ပြုလုပ်ပေးပါသည်။ ကျွန်ုပ်တို့သည်ဘုရားသခင်၏ သားသမီးများဖြစ်ကြောင်း ကြီးကျယ်ခမ်းနားသည့် အမှန်တရားအပေါ် အာရုံစူးစိုက်ဖို့ သတိပေးပါသည်။ ဥပုသ်နေ့သည် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် နီးစပ်ရင်းနှီးမှုရှိအောင် ခေါ်ဖိတ်ပါသည်။

        ရှီယာကလေးသည် အသက်လေးနှစ်အရွယ်တွင် သူ၏ မောင်လေးမွေးဖွားခဲ့သည်။ ရှီယာသည် မိဘတို့အား ကလေးလေးကို သူနှင့်သီးသန့်ထားခဲ့ဖို့ တောင်းဆိုပါသည်။ မိဘများက လေးနှစ်သားကလေး၏ မနာလိုစိတ်ကြောင့် သူ့မောင်လေးကို ရိုက်မိမှာစိုး၍ ခွင့်မပြုခဲ့ပါ။ အချိန်ကြာလာတော့ရှီယာကလေးမနာလိုစိတ် တစ်စုံတစ်ရာ မပြသည့်အတွက် ရှီယာကလေးကို သူမ၏ မောင်လေးနှင့် သီးသန့်နေခွင့်ပေးလိုက်သည်။ ဝမ်းသာအားကြီးစွာဖြင့် ရှီယောလေးသည် ကလေးလေးအခန်းသို့ ဝင်ပြီးတံခါးပိတ်လိုက်သည်။ သို့ရာတွင် မိဘနှစ်ဦးချောင်းကြည့်နိုင်ဖို့ အနည်းငယ် တံခါးဟထားခဲ့ပါသည်။ ရှီယာသည် ကလေးလေးအနားသို့ သွားပြီး မျက်နှာနီးကပ်စွာထားသည်ကို မိဘများက တွေ့ရသည်။ ရှီယာက ကလေးလေးအား ကလေးလေးရေ၊ နင်ဘုရားသခင်ကို ဘယ်လိုခံစားရသလဲ ဆိုတာပြောပြပါ။ ငါမေ့စပြုလာပြီ။

        အမှန်ကတော့ ကျွန်ုပ်တို့သည် မေ့တတ်နိုင်ပါသည်။ သို့ဖြစ်၍ ဘုရားသခင်က ကျွန်ုပ်တို့အား အောက်မေ့ပါ ဟူ၍ သတိပေးနေပါသည်။ အပတ်စဉ်ဥပုသ်နေ့တွင် ကျွန်ုပ်တို့အား ဘုရားသခင်သည် ဘယ်ပုံဘယ်နည်းရှိသည်ကို သတိရအောက်မေ့စေပါသည်။ ဘုရားသခင်နှင့်ကျွန်ုပ်တို့စပ်ကြား အသစ်သော ဆက်ဆံရေးသို့ ဖိတ်ခေါ်နေပါသည်။

မသိမသာလွန်း မဟုတ်သည့် လိမ်လည်လှည့်စားခြင်း 

        ကျွန်ုပ်တို့ကို ဖန်ဆင်းခြင်း၏ ထူးကဲခြားနားမှု အခြေအနေကို ဖျက်ဆီးလို၍ စာတန်သည် သိပ်ပြီးမထင်မရှား မဟုတ်သည့်နည်းဖြင့် အတုအပကို အစားထိုးဖို့ ကြိုးစားသည်။ ဤအတုအပများကို အချို့သော ခရစ်ယာန်များကို စိတ်ကောင်းထားပြီး ဖန်ဆင်းခြင်းနှင့် တစ်စတစ်စဖြစ်တည်မှု (Evolution) တို့ကို သဟဇာတဖြစ်အောင် ပေါင်းစည်းဖို့ ကြိုးစားခဲ့သည်။ သူတို့၏ တွေးခေါ်မှုမှာ ဘုရားသခင်သည် အရာရာတိုင်းကို ဖန်ဆင်းခြင်း၏ အကြောင်းအရာဖြစ်သည်။ သို့ရာတွင် ကမ္ဘာကြီး ဖြစ်ပေါ်လာဖို့ အချိန်သိပ်ပြီး ကြာမြင့်ခဲ့သည်။ ဤနည်းဖြင့် သိပ္ပံအချက်များနှင့် ကမ္ဘာဦးကျမ်း၏ ဖန်ဆင်းခြင်းအကြောင်းအရာတို့ကို သဟဇာတလိုက်ဖက်အောင် ကြိုးစားခဲ့သည်။ သူတို့ပြောဆိုရာမှာ ဖန်ဆင်းခြင်းနေ့ရက်များသည် အတိုင်းအတာ မရှိကြာရှည်ခဲ့သည်။ တစ်စတစ်စဖြစ်တည်မှု (Evolution) အမြင်ကို လက်ခံခဲ့၍ အကြောင်းအရာများ ရှင်းပေးသည်ထက် ပြဿနာပိုမိုရှုပ်ထွေးစေခဲ့သည်။ ဆာလံဆရာ၏ ပြောဆိုချက်များကို ပစ်ပယ်လိုက်သည်။ ဆာလံဆရာ၏ ပြဆိုချက်မှာ ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်အသက်အားဖြင့် မိုးကောင်းကင်တန်ဆာ များကိုလည်းကောင်း ဖန်ဆင်းတော်မူ၏ (ဆာလံ၊ ၃၃း၆၊ )

        ရှင်းလင်းပြတ်သားသည့် ဟေဗြဲ၊ ၁၁း၃ ကြေညာချက်ကိုလျစ်လျူရှုခဲ့သည်။ ယခုမြင်ရသော အရာတို့သည် အရင်ထင်ရှားသောအရာထဲကမဖြစ်ဘဲ၊ လောကဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏ (ဟေဗြဲ၊ ၁၁း၃)

        သမ္မာကျမ်းစာသည် ကမ္ဘာကြီးကို ဘုရားသခင်က စာသားအတိုင်း ၂၄ နာရီ ရှိသည့်ရက်၊ ခြောက်ရက်အတွင် ဖန်ဆင်းခဲ့သည်။ သတ္တမနေ့၌ နားနေတော်မူသည်။ စာသားတည်ဆောက်မှုအရ ကမ္ဘာဦးကျမ်း အခန်းကြီး () နှင့် () အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အခြားသော အဓိပ္ပါယ်ကို မဆောင်နိုင်ပါ။ ဟေဗြဲဘာသာဖြင့် ရက်ကို ယောင်မ်(YOM) ဟူ၍ ဖြစ်သည်။ သမ္မာကျမ်းစာတွင် ယောင်မ် အရှေ့တွင် နံပါတ်တစ်ခုခုကနာမဝိသေသနအဖြစ် ဖော်ပြပါက အချိန်ကို ၂၄နာရီ အကန့်အသတ်ကိုဖော်ပြခြင်း ဖြစ်ပါသည်။ သမ္မာကျမ်းစာတွင် ဘယ်သောအခါမျှ ယောင်မ် အရှေ့တွင် နံပါတ်ဖော်ပြလျှင် ထိုအချိန်ကို အကန့်အသတ်မရှိ ရှည့်လျားသောအချိန်ကို အဓိပ္ပါယ်မဆောင်ပါ။ ခြွင်းချက်မရှိ ၂၄ နာရီ ရက်ကိုသာ အဓိပ္ပါယ်ဆောင်သည်။ ဖန်ဆင်းခြင်း၏ အချိန်အတိုင်းအတာကိုအကန့်အသတ်မရှိ ကြာရှည်ခဲ့သည်ဟု မှားယွင်းသော အယူအဆကိုလက်ခံလျှင် သမ္မာကျမ်းစာ၏တိကျသော ဘာသာစကားကို စိန်ခေါ်ရာကျပါသည်။ ထိုမှားယွင်းသော အယူအဆကို လက်ခံလျှင် ကျမ်းစာတော်၊နှုတ်ကပတ်တော်၏ သဒ္ဒါကို မိမိ၏ ကိုယ်ပိုင်အယူအဆဖြင့် အစားထိုးရာကျပါသည်။ အကယ်၍သာ ကမ္ဘာဦးကျမ်းကို ရေးသားခဲ့သော မောရှေသည် ကမ္ဘာကြီးက နှစ်ပေါင်းသန်းပေါင်းများစွာ ဖြစ်တည်ဖို့ကြာခဲ့လျှင် သူအခြားစကားလုံးကို ရွေးပြီးရေးသားဖော်ပြပါလိမ့်မည်။

        ဒီထက်မက ဘုရားသခင်သည် ကမ္ဘာကြီးကို စာသားပါသည့် အတိုင်းခြောက်ရက်အတွင်း ဖန်ဆင်းမှု မပြုခဲ့သော် သတ္တမနေ့ဥပုသ်သည် ဘာအဓိပ္ပါယ်ရှိပါတော့မည်နည်း။ ဘုရားသခင်က ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့၊ ခြောက်ရက်ပတ်လုံးအလုပ်ကို ကြိုးစား၍ လုပ်ဆောင်လော့၊ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏ ဟူ၍ အဘယ်သို့ မိန့်တော်မူမည်နည်း (ထွက်မြောက်၊ ၂း၈-၁၁)

        ဖန်ဆင်းခြင်း၏ နေ့ရက်ကို တစ်ပတ်လျှင် ခြောက်ရက်အတွင်း မပြုလုပ်ခဲ့လျှင် သတ္တမနေ့ဥပုသ်ကို ထာဝရအောက်မေ့ဖွယ် နေ့ရက်အဖြစ်ထားရှိခြင်းမှာ အဓိပ္ပါယ် လုံးဝမရှိနိုင်တော့ပါ။ ခုနစ်ရက် တစ်ပတ်သည်လည်း အစကနဦးကပင် မရှိခဲ့ကြောင်း ဖြစ်သွားမည်။ ဖန်ဆင်းခြင်းသည်နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ကြောင်း လက်ခံလျှင် သတ္တမနေ့ဥပုသ်ကို စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်လိမ့်မည်။ သမ္မာကျမ်းစာတော်မြတ်၏ အခွင့်အာဏာကို စိန်ခေါ်ခြင်းဖြစ်သည်။ ဤသို့ ပြုလုပ်လျှင် ကျမ်းစာတော်မြတ်၏ ကောင်းမြတ်ခြင်းကိုလေးနက်သည့် မေးခွန်များမေးမြန်းရာသက်ရောက်ပါလိမ့်မည်။

        စာတန်သည် ဘုရားသခင်၏ အာဏာကို စိန်ခေါ်မှု တစ်ရက်အနေဖြင့်ဥပုသ်နေ့ကို တိုက်ခိုက်နေပါသည်။ ဥပုသ်နေ့ကို စောင့်ထိန်းခြင်းသည်ကောင်းသော အကြံပေးချက် တစ်ခုသာမကဘဲ ဘုရားသခင်၏ ပလ္လင်တော်မှထုတ်ပြန်သော အမိန့်တစ်ရပ်ပင်ဖြစ်သည်။ ဥပုသ်နေ့ကို ပေါ့ပေါ့တန်တန်ယူဆပြီး အခြားသော ရိုးရိုးနေ့ရက်များ နည်းတူ သတ်မှတ်ခဲ့လျှင် ဘုရားသခင်နှင့် မိတ်သဟာယဆက်ဆံရေး ယုံကြည်ချက်သည် အရေးပါလှသော ရှုထောင့်တစ်ခုကို လွဲချော်သွားလိမ့်မည်။

        ဥပုသ်နေ့ကို ကျွန်ုပ်တို့အားပေးကမ်းခြင်းသည် ဖန်ဆင်းရှင်က ကျွန်ုပ်တို့ကို သူနှင့်ပေါင်းစည်းနိုင်ဖို့ ဖြစ်သည်။ ဥပုသ်နေ့၏ အချက်အချာရည်ရွယ်ချက်သည် ဆက်သွယ်မှုဖြစ်၏။ ဘုရားသခင်သည် ဘုန်းအသရေတန်ခိုးတော် ခံစားထိုက်၍ ကျွန်ုပ်တို့၏ အမြင့်မားဆုံး ကိုးကွယ်မျှော်ကိုးခြင်း၊ အနက်ရှိုင်းဆုံး သစ္စာခံမှုနှင့် လုံးလုံးလျားလျား သစ္စာထားအသိအမှတ်ပြုရန် ဖြစ်သည်။

ဥပုသ်နေ့နှင့် ကယ်တင်ခြင်း

        ဥပုသ်နေ့နှင့် ပတ်သက်၍ အခြားအဓိပ္ပါယ်အကြောင်းအရာ ရှိပါသေးသည်။ ဥပုသ်နေ့သည် မောပန်းလျက်ရှိသော ကျွန်ုပ်တို့၏ နှလုံးသားသို့ အားပေးစကား ပြောလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိဖို့အတွက် ဥပုသ်နေ့တွင် ခရစ်တော်၌ နားနေခြင်းပြုနိုင်သည်။ ဥပုသ်နေ့သည် သူ၏ နားနေခြင်း အထိမ်းအမှတ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ကြိုးပမ်းမှု တစ်ရပ်မဟုတ်ပါ။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ ရောက်ရှိခြင်း၏ အထိမ်းအမှတ်ဖြစ်သည်။ ကိုယ်၏ ကုသိုလ်အားထုတ်မှု ကြောင့် မဟုတ်ပါ။ ကိုယ့်ကိုကိုယ် အားကိုးခြင်းမပြုဘဲ သူ၌သာ ယုံကြည်ကိုးစားဖို ခရာ ခေါ်သံဖြစ်ပါသည်။

        ဟေဗြဲကျမ်းကို ပြုစုရေးသားသူသည် ဥပုသ်နေ့ကို ခရစ်တော်၌ နားနေဖို့ ပြုနိုင်သည့် သရုပ်ဆောင်မှုကို ရေးသားဖော်ပြထားသည်။ သူကထိုကြောင့် ဘုရား သခင်၏ လူတို့အဖို့အလိုငှာ၊ ငြိမ်ဝပ်ခြင်းချမ်းသာတစ်မျိုးသည် ကျန်ရစ်သေး၏။ ဘုရားသခင်သည် မိမိအမှုအရာတို့ကို ပြီးစီ၍ ငြိမ်ဝပ်စွာနေတော်မူသည် နည်းတူ၊ ထိုချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိတို့အမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေရ၏ (ဟေဗြဲ ၄း၉၊ ၁၀)

        မှန်ကန်သည့် ဥပုသ်စောင့်နားနေခြင်းသည် ကယ်တင်ခြင်းရရှိဖို့အတွက် ကိုယ်၏ကြိုးစားမှုတစ်ရပ်မှ နားနေရပ်နားခြင်းကို ဆိုလိုသည်။ဘုရားသခင်သည် ခရစ်တော်အားဖြင့် ကယ်တင်ခဲ့ပါသည်။ ကပ်တိုင်ပေါ်တွင် သခင်ယေရှုက ကျွန်ုပ်တို့ သေသင့်သည့် သေခြင်းကို သူကိုယ်တိုင်လိုလိုလားလား အသက်ပေးသေပေးခဲ့သည်။ သူ၏ဖြောင့်မတ်သောအသက်တာကို ကျွန်ုပ်တို့၏ အပြစ်နှင့်ပြည့်ဝသော အသက်တာ အစားအစတေးခံပေးခဲ့သည်။ ဥပုသ်နေ့သည် ကယ်တင်ခြင်းရရှိဖို့ ခရစ်တော်၌ နားနေခြင်းအားဖြင့် ထာဝစဉ်အောက်မေ့ဖွယ်ရာ အထိမ်းအမှတ် ဖြစ်ပါသည်။ 

        နာဇရက်မြို့မှ လက်သမားသည် ကျွန်ုပ်တို့ နေဖို့အတွက် နေရာအထူးစီစဉ် ပေးနေပါသည်။ ထိုနေရာ၌ ခိုလှုံရာ နေရာရရှိမည် ဖြစ်သည်။သူ၏လုပ်ငန်းသည် ပြည့်စုံစွာပြီး မြောက်သည့်အတွက် ထိုနေရာ၌ကျွန်ုပ်တို့ လုံခြုံမှုရရှိပါသည်။ ခရစ်တော်အားဖြင့် အဖဘုရားသည် ကျွန်ုပ်တို့ကိုကြိုဆိုလက်ခံမည်ဖြစ်ကြောင်း သိပါသည်။ ဥပုသ်နေ့မှာ ကျွန်ုပ်တို့နားနေသည့်အခါ သူ၏ ကျေးဇူးတော်အားဖြင့် နားနေရပါသည်။ သူ၏ ဖြောင့်မတ်ခြင်းတွင် နားနေရပါသည်။ သူ၏ ကယ်တင်ခြင်းမှာ နားနေရပါသည်။

        ဥပုသ်နေ့နားနေခြင်းသည် ခရစ်တော်နှင့် ယုံကြည်ခြင်းအတွေ့အကြုံအထိမ်း အမှတ် ဖြစ်သည်။ သူ့ကို ယုံကြည်ကိုးစားခြင်း၏ ပုံဖော်သရုပ်ပြခြင်း ဖြစ်ပါသည်။ တစ်ပတ်လုံးလုံး ကျွန်ုပ်တို့ အလုပ်လုပ်ပြီး သတ္တမနေ့တွင် ကျွန်ုပ်တို့နားနေပါသည်။ ထိုနေ့၌ အလုပ်မှ လုံးလုံးရပ်နားပြီး သခင်ခရစ်တော်နှင့်အတူ နားနေပါသည်။ သခင်ယေရှု၌ ပိုင်ဆိုင်သော နေရာရရှိပါသည်။ ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက် ပင်ပင်ပန်းပန်းမလုပ်ရပါ။ ကျွန်ုပ်တို့၏ အသက်တာအတွက် စိုးရိမ်ပူပန်မှုနှင့် အပြစ်ရှိကြောင်း ခံစားချက်တို့နှင့် ပြည့်လျှံဖို့ မလိုပါ။ ဥပုသ်နေ့သည် စိတ်သက်သာမှု၊ ခံစားချက်တို့ ဖော်ဆောင်ပါသည်။ ကယ်တင်ခြင်းသည် သခင်ယေရှုမှတစ်ဆင့် ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းနှင့် မထိုက်တန်ပါ။ ကယ်တင်ခြင်းရရှိဖို့ မလုပ်ဆောင်နိုင်ပါ။ ကယ်တင်ခြင်းရရှိဖို့ ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ ဥပုသ်နေ့၌ နားနေဝတ်ပြုကိုးကွယ်မှု ပြုနိုင်သည်။

        သခင်ယေရှုနောက်ဆုံး အသက်ရှူထုတ်အမှုပြီးပြီ ဟူ၍ ပြောပြီးမျက်စိမှိတ်ခါ သေသွားသည်။ ဤသည်မှာ ကယ်နုတ်ခြင်းအလုပ် ပြည့်စုံခြင်းသို့ ရောက်သည်။ သခင်ယေရှုသည် ဥပုသ်နေ့တွင် ရပ်နားသည်။ ထိုရပ်နားခြင်းသည် အမှုအားလုံးပြီးဆုံးကြောင်း ပုံဆောင်ခြင်း ဖြစ်သည်။

            ဖန်ဆင်းခြင်း အလုပ်ပြီးဆုံးသည့်အခါ ဘုရားသခင်နားနေတော်မူသည်။ ဤကမ္ဘာကို ဖန်ဆင်းခြင်း အလုပ်ပြီးဆုံးခဲ့သည်။ အပတ်စဉ်တွင် နောက်ဆုံးရက်၌ ကျွန်ုပ်တို့လည်း ကြေညာလိုက်သည်။ဘုရားသခင် ကပ်တိုင်ပေါ်ခရစ်တော်ပြီး မြောက်ခဲ့သည့် အလုပ်အတွက် အကျွန်ုပ်လည်း နားနေပါမည်။ ကျွန်ုပ်လက်ထဲတွင် ဘာမျှမပါလာဘဲ သင်၏ကပ်တိုင်ကို အကျွန်ုပ်ဖက်တွယ်ပါ၏။

        ပုရောဖက်ယေဇကျေလကြေညာခဲ့သည်မှာ ထိုမှတစ်ပါး ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေသည်ဟု သူတို့သည် သိမည်အကြောင်း၊ ငါနှင့်သူတို့ စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေခြင်းငှါ၊ ငါ၏ ဥပုသ်နေ့တို့ကို ငါခန့်ထား၏ (ယေဇကျေလ၊ ၂၀း၁၂)

        ဘုရားသခင် ကျွန်ုပ်တို့ကို ဥပုသ်နေ့ ပေးရခြင်းအကြောင်းအရာနောက်တစ်ခု ကတော့၊ ဘုရားသခင်သည် ကျွန်ုပ်တို့ သန့်ရှင်းပေးသူ ဖြစ်သည်။ ဒီလိုမျိုးပဲ သတ္တမနေ့ကို ဘုရားသခင်က သန့်ရှင်းစေသည်။ သတ္တမနေ့သည် ဖန်ဆင်းချိန် အခြားနေ့ရက်များ နည်းတူ သာမန်ရက်တစ်ရက် ဖြစ်ပါသည်။ သို့ရာတွင် ဤသတ္တမနေ့ရက်ကို ခွဲထုတ်ပြီး သန့်ရှင်းစေသည်။ ဥပုသ်နေ့မှတစ်ဆင့် ကျွန်ုပ်တို့ကိုလည်း ဘုရားသခင်က သင်တို့အတွက်လည်း ဤနည်းတူ ပြုလုပ်ပေးချင်ပါသည်။ သင်တို့ကို ခွဲထုတ်ပြီး ငါ၏ထူးမြတ်သော သားသမီးများအဖြစ် ပြုလုပ်ပေးစေချင်သည်။ အကျွန်ုပ်၏ကိုယ်ကို သင်တို့၏ကိုယ်ထဲသို့ လောင်းချပြီး သန့်ရှင်းစေချင်သည်။ ငါ၏သန့်ရှင်းမှုကို သင်တို့၌ မျှဝေပေးချင်ပါသည်။

        ဥပုသ်နေ့သည် ကျွန်ုပ်တို့အား သတိရအောက်မေ့စေသည်မှာ ကျွန်ုပ်တို့၏ ပင်ကိုယ်အရည်အချင်း ဘယ်ကရလာပါသလဲ၊ ကျွန်ုပ်တို့၏ ကောင်းကင်ဘုံ အရှင်အဖဘုရားနှင့် ယေရှုခရစ်တော်တို့၏ ဆက်ဆံမှုတွင် အကျွန်ုပ်ဘယ်နေရာမှာ ရှိနေပါသလဲဆိုတာကို သတိရအောက်မေ့စေပါသည်။ ဥပုသ်နေ့သည် အမြဲတစေရှင်သန်သော ဘုရားသခင်၏ ကတိတော်ကို ကျွန်ုပ်တို့၏ ဘဝအတက်အကျ၌ သူသည် ကျွန်ုပ်တို့ကို ကြီးထွားတိုးတက်နိုင်ဖို့ ကူညီပေးနိုင်သော တန်ခိုးရှိပါသည်။ ကျွန်ုပ်တို့သည် အဖဘုရားနှင့် ထိုထူးခြားသည့်အချိန်ကို လိုအပ်ပါသည်။ ဥပုသ်နေ့၏ ထူးကဲသော အချိန်ကို ကျွန်ုပ်တို့အား သန့်ရှင်းစေသော ဘုရားသခင်နှင့်အတူလိုအပ်ပါသည်။ သို့မှသာ ကျွန်ုပ်တို့ ဆက်လက်ပြီး ကြီးထွားလာနိုင်ပါသည်။

        ဥပုသ်နေ့သည် ခုရစ်ရက်အပတ်စဉ်လည်ပတ်မှုတွင် ဖန်ဆင်းချိန်မှစ၍ ယခုထက်တိုင် ဆက်လက်၍ တည်မြဲနေပါသည်။ ဥပုသ်နေ့သည် ဧဒင်ဥယျာဉ်မှစတင်ပြီး သခင်ခရစ်တော် ဒုတိယကြွလာပြီးနောက် ကမ္ဘာမြေကြီး အသစ်တစ်ဖန် ဖြစ်လာသည့်အခါ ဧဒင်ဥယျာဉ်၌ ဆက်လက်၍ အောင်ပွဲခံလိမ့်မည်။ ပုရောဖက်ဟေရှာယသည် ဘုရားသခင်က ကောင်းကင်သစ်နှင့် မြေကြီးသစ်ပြန်လည် ဖန်ဆင်းပေးမည့် အချိန်ကို ပြောပြပါသည် (ဟေရှာယ၊ ၆၅း၁၇) သူသည်ဆက်၍ လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာကိုးကွယ်ခြင်းငှာ၊ လဆန်းနေ့နှင့် ဥပုသ်နေ့ အစဉ်အတိုင်းလာကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏ (ဟေရှာယ၊ ၆၆း၂၃)

         ဥပုသ်နေ့သည် ဘုရားသခင်နှင့် အစဉ်အမြဲဆက်ဆံခြင်းကို လှပစွာသက်သေ ထူပေးပါသည်။ ဧဒင်ဥယျာဉ်မှစတင်ပြီး ကမ္ဘသစ်၌ဘုရားသခင်တည်ပေးမည့် ဥယျာဉ်တော်အထိ တည်မြဲခဲ့ပါသည်။ ပျောက်ဆုံးခဲ့သည့် ပရဒိသုဘုံမှစ၍ တစ်ဖန်ပြန်လည်ပေးအပ်မည့် ပရဒိသုဘုံအထိ ဥပုသ်နေ့သည် ဆက်လက်၍ တည်မြဲလိမ့်မည်။ ကျွန်ုပ်တို့သည် ထိုအစဉ်အမြဲကို ကျွန်ုပ်တို့၏ အသက်တာတွင် လိုအပ်ပါသည်။ အဖဘုရား သခင်နှင့် ကျွန်ုပ်တို့စပ်ကြား အမြဲထာဝစဉ်ဆက်ဆံမှု လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် နေရာတစ်ခုကို ကျွန်ုပ်တို့အတွက် ဘုရားသခင်အမြဲရှိမည့် အာမခံချက်လိုအပ်နေပါသည်။ ဥပုသ်နေ့အားဖြင့် ကျွန်ုပ်တို့သည် ကျေနပ်စွာ နားနေနိုင်သော ငြိမ်သက်မှုကို ရရှိပါမည်။ ထိုနေရာ၌ သူ၏သားသမီးများဖြစ်သည့်အလျောက် ကျွန်ုပ်တို့၏အရင်းအမြစ် ကို ရှာတွေ့နိုင်ပါလိမ့်မည်။ ထိုနေရာ၌ ကျွန်ုပ်တို့ ဆက်လက်ကြီးထွားပြီး ရင့်ကျက်မှု ရရှိနိုင်ပါလိမ့်မည်။ ဟုတ်ပါသည်၊ ကျွန်ုပ်တို့ ထိုအစဉ်အမြဲ ထာဝစဉ်တည်ရှိမည့် နေရာကို ဘုရားသခင်နှင့် ကျွန်ုပ်တို့အသက်တာ ဘဝထာဝစဉ် ချည်နှောင်ခြင်းခံရဖို့ လိုအပ်ပါသည်။

        Reader Digest စာအုပ်တွင် ကွယ်လွန်သူ ဟာဗီပင်းနစ် အကြောင်းကို ဤသို့ ရေးသားခဲ့သည်။ အသက် ၉ဝ နှစ်ရှိကြေးစားဂေါက်သီး ရိုက်သမား ဟာဗီပင်းနစ်အတွက် အောင်မြင်မှုသည် နောက်ကျစွာ ရောက်ရှိလာခဲ့သည်။ သူရေးသားခဲ့သော ပထမဆုံး စာအုပ်နီကလေး သည် စာအုပ်ရေပေါင်း တစ်သန်းကျော် ရောင်းချရရှိခဲ့ပါသည်။ သူ၏ စာအုပ်ထုတ်ဝေသူများဖြစ်သည့် ဆိုင်မွန်နှင့် ရူးစတား တို့သည် အားကစား စာအုပ်များအနက် ခေတ်အဆက်ဆက်၌ အရောင်းရအတွင်ဆုံး စာအုပ်ဖြစ်သည်ဟု ယုံကြည်ပါသည်။ ဟာဗီပင်းနစ်၏ စာအုပ်ထုတ်ဝေမှုနှင့် ရောင်းချမှုအကြောင်းမှာ အတော်ပင် စိတ်ဝင်စားစရာ ကောင်းပါသည်။ ယာယီသည် ငွေကြေးအတွက် စာအုပ်မရေးပါ။

        ၁၉၂ဝ နှစ်ပိုင်းတွင် ဟာဗီပင်းနစ်မှတ်စု စာအုပ်နီတစ်အုပ် ဝယ်ပြီးဂေါက်သီး ရိုက်ခြင်းနှင့်ပတ်သက်၍ သူ့အမြင်ကို မှတ်စုစာအုပ်တွင်ရေးမှတ်ခဲ့သည်။ သူ့သားမှလွဲ၍ အနှစ် (၂၀) လုံးလုံးမည်သူ့ကိုမှ မပြသခဲ့ပါ။ ၁၉၉၁ ခုနှစ်တွင် ဒေသရှိ စာရေးဆရာတစ်ဦးအားပြသပြီး စာအုပ်ထုတ်ဝေဖို့ သင့်၊ မသင့် သဘောထားမေးခဲ့သည်။ စာရေးဆရာက ဖတ်ရှုပြီး အလွန်ပင်ပျော်ရွှင် စိတ်လှုပ်ရှားခဲ့ပါသည်။ သူသည် အကြီးဆုံးစာအုပ်ထုတ်ဝေသူဆိုင်မွန်နှင့် ရူးစတားတို့ကို ချက်ချင်းဆက်သွယ်လိုက်သည်။နောက်တစ်ရက်ညနေတွင် စာအုပ်ထုတ်ဝေသူများက ကြိုတင်ငွေကျပ် ၉ဝဝဝဝ နှင့် သဘောတူခဲ့သည်။ ဝမ်းမြောက်သည့် စာရေးဆရာက ဟာဗီပင်းနစ်၏ဇနီးကို သတင်းကောင်း ပေးလိုက်သည်။

        ထိုညနေပိုင်းနောက်မှ စာရေးဆရာနှင့်ပင်းနစ်တွေ့ဆုံသည့်အခါအဘိုးကြီးက စိတ်မသက်မသာ ဖြစ်နေသည်ကို တွေ့ရသည်။ အကြောင်းအရာတစ်ခုခုက အဘိုးကြီးကို စိတ်သောက ဖြစ်နေပုံရသည်။ နောက်ဆုံးသော အဘိုးကြီးက ပွင့်ပွင့်လင်းလင်းပဲ ရှင်းပြတော့သည်။ သူမှာ ကျန်းမာရေး ကုန်ကျစရိတ်ပေးဆောင်နေရ၍ ထိုမျှလောက်ကြီးမားသော ငွေပမာကို စာအုပ်ထုတ်ဝေဖို့ ဆိုင်မွန်နှင့်ရူးစတားသို့ပေးနိုင်မည် မဟုတ်ပါ။ စာရေးဆရာသည် ထိုငွေပမာဏကို ပင်းနစ်ပေးရမည် မဟုတ်ဘဲ သူရရှိမည့် ငွေဖြစ်ကြောင်း ရှင်းပြရသည်။ ငွေကျပ် ၉ဝဝဝဝ သည် သူရရှိမည့် ငွေဖြစ်သည်ကို သူလုံးဝ သဘောမပေါက်ခဲ့ပါ။ ဥပုသ်နေ့အားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အားထာဝရကို ကြိုတင်စပေါ် ထားခဲ့ပါသည်။ 

        ဂျူးစာရေးဆရာ(Abraham Herschel) က ဥပုသ်နေ့တိုင်း ကောင်းကင်ဘုံသည် ကမ္ဘာမြေကြီးကို ထိတွေ့ခဲ့ကြောင်းကို ဤသို့ရေးသားခဲ့သည်။ The Sabbath is a palace in time” ဥပုသ်နေ့ဟူသည် အချိန်နှင့်ဖွဲ့စည်းသော နန်းတော်တစ်ခုဖြစ်သည်။ ဥပုသ်နေ့သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ ကောင်းကင်နားနေရာသို့ဝင်စားရန် ခေါ်ဖိတ်လျက်ရှိပါသည်။ ထာဝစဉ်ကာလပတ်လုံး ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်နှင့် ဆက်ဆံရေးမိတ်သဟာယ ရှိဖို့ခေါ်ဖိတ်လျက်ရှိသည်။ အမှန်တကယ်တော့ ဥပုသ်နေ့သည် ထာဝရနှင့်စပ်ဆိုင်သောအရာတို့ကို ကြိုတင်စပေါ်ရရှိခြင်း ဖြစ်ပါသည်။ နောက်ထပ်ကောင်းမြတ်ခြင်းတို့ကို ကျွန်ုပ်တို့ အများကြီးရရှိဦးမည်၊ သို့သော် ဥပုသ်နေ့သည် စပေါ်၏ ပထမအရစ်အဖြစ် ရရှိခြင်းဖြစ်သည်။ သန်းပေါင်းများစွာ လူအပေါင်းတို့သည် သူတို့၏အလုပ်အလွန်များခြင်း နှင့် အချိန်ကုန်လွန်ပြီး အသက်တာ၏ အကြီးမားဆုံးကောင်းချီးမင်္ဂလာနှင့် လွဲချော်နေရပါသလား။ အရာရာပစ္စည်းများကို ရရှိအောင် ကြိုးပမ်းချက်များကြောင့် အရေးကြီးဆုံးဖြစ်သည့် ဘုရားသခင်နှင့် ကိုယ်အနီးစပ်ဆုံးသူတို့အား ကောင်းမြတ်သည့် ဆက်ဆံရေးကို လွဲချော်နေပြီလား။ သင်မျှော်မှန်းနိုင်သည်ထက် ဘုရားသခင်သည် ကျွန်ုပ်တို့အား သူနှင့်ပိုမိုနက်ရှိုင်းသည့် ဆက်ဆံရေးလိုလားကြောင်း သင်ခံစားမိပါသလား။ ဥပုသ်နေ့၏ ငြိမ်သက်ခြင်းသည် ကျွန်ုပ်တို့အား အချက်ပြခေါ်နေပါသည်။ ပျော်ရွှင်မှုရှိသည့် ဥပုသ်နေ့ ဝတ်ပြုစောင့်ရှောက်ခြင်းသည် သင့်အား ခေါ်နေပါသည်။ ဥပုသ်နေ့ဝတ်ပြု ကိုးကွယ်ခြင်း၏ မိတ်သဟာယသည် သင့်အား ဖိတ်ခေါ်နေသည်။ ဒီအပတ် ဥပုသ်နေ့တွင် သခင်ယေရှုကိုယ်တိုင်သင့်အား ဝတ်ပြုကိုးကွယ်ဖို့ ခေါ်နေပါသည်။ လာပါ၊ ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါထံလာကြလော့၊ ငါသည် ချမ်းသာပေးမည် (မဿဲ၊ ၁၁း၂၈)

        ယခုပင်သင့်၏ နှလုံးသားကို ဘုရားသခင်အား ဖွင့်ပေးပါလား။ သင်၏ဝိညာဉ် ဆာလောင်မွတ်သိပ်မှုအတွက် ဖြည့်ဆည်းပေးရန် သူ့အားတောင်းဆိုပါလား။ ဒီအပတ်ဥပုသ်နေ့တွင် ထာဝရ၏ခံစားချက်ကို မြီးစမ်းကြည့်ဖို့ သူ့အားတောင်းဆိုပါလား။ သင်၏ မျက်လုံးကို ဖွင့်ပေးပြီးဥပုသ်နေ့၏ မိတ်သဟာယအလှကိုမြင်နိုင်ဖို့ တောင်းဆိုပါလား။

No comments:

Post a Comment