Tuesday, May 26, 2026

 

အခန်း () နာခံရန်အတွက် လွတ်မြောက်မှုပေးခြင်း

        လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မိသားစုနေအိမ်သည် နားခိုရာနေရာ၊စိတ်ချလုံခြုံရာနေရာ ဖြစ်ပါသည်။ ရာစုနှစ်ပေါင်းများစွာကပင် တည်ငြိမ်မှုရှိသည့် ခိုလှုံရာနေရာ ဖြစ်ပါသည်။ စုံစမ်းနှောင့်ယှက်မှု၊ ဒုက္ခသုတ်ခနှင့် ဘဝအခက်အခဲ အားလုံးတို့မှ ရှောင်ပြေးပြီး ခိုလှုံရာနေရာ ဖြစ်ပါသည်။ တံခါးပေါက်သို့ ချင်းနင်းဝင်ရောက်ပြီး အိမ်အထဲရောက်သည်နှင့် စိတ်ချလုံခြုံမှု ခံစားရတော့သည်။ မိသားစုရဲ့ အိမ်သည် အစဉ်အလာအားဖြင့်မိသားစုဝင်များ အားလုံးစုစည်းရာနေရာ ဖြစ်ပါသည်။

        ပြီးသည့် အနှစ်သုံးဆယ် အတောအတွင်း မိသားစုအိမ်သည်အပြောင်းအလဲကြီး ပြောင်းခဲ့ပါသည်။ နှစ်ဆယ့်တစ်ရာစု နေအိမ်သည် မကြာမဏ စစ်မြေပြင်ကဲ့သို့ ဖြစ်နေပါသည်။ အိမ်အကြောင်း ရှင်းလင်းပြောပြသည့်အခါ မတော်တရော်ဖြစ်ခြင်း၊ ခိုက်ရန် ဒေါသဖြစ်ခြင်း၊ ရန်လိုမှုရှိခြင်းစသည့် ဝေါဟာရစကားများသည် ရိုးနေသောစကားများ ဖြစ်ကြသည်။ အိမ်မှာ အနေကျဲသည့် မိသားစုအကြောင်း ဖတ်ရပါသည်။ ကလေးများသည် ပြေးရင်းလွှားရင်း အစားအသောက်များကို ဖြစ်သလိုစားကြသည်။ မိသားစုခပ်များများမှာ အိမ်မှာအတူတကွ အစားအစာမစားကြတော့ပါ။ အတတ်နိုင်ဆုံးဖြစ်နိုင်သည်က အိမ်ကိုကပျာကယာ ထမင်းပြန်ပြေးစားပြီး၊ တစ်ဖန်ထွက်ခွါကြတော့သည်။ အိမ်သည် အစားအသောက်စားဖို့နေရာနှင့် အိပ်ဖို့နေရာသာ ဖြစ်တော့သည်။ မိဘနှစ်ပါးစလုံး အလုပ်လုပ်ရသည့်အခါ ထောင်ပေါင်းများစွာသော ကလေးများသည် ကိုယ့်ဘာသာကိုယ်ကြည့်ရှုပြီး ကြီးပြင်းလာခဲ့ရသည်။ 

        အစိတ်စိတ်အမြွှာမြွှာဖြစ်ကြသည့် မိသားစုအကြောင်း ဖတ်ရှုရသည်။ ကျွန်ုပ်တို့ ရဲ့ လူ့အဖွဲ့အစည်းတွင် မိဘတစ်ပါးနှင့်သာရှိသည့် အိမ်ထောင်များ တစ်နေ့တခြားကို များလာလျက်ရှိပါသည်။ အိမ်သည် ယခင်နှင့်မတူ ခြားနားပြောင်းလဲသွားပါပြီ။ ယနေ့ အိမ်ထောင်ဖွဲ့စည်းမှု အခြေအနေသည် ကွာခြားလျက်ရှိပါသည်။

        အနာဂတ်အကြောင်းအရာ လေ့လာသူများသည် နောက်နှစ်အနည်းငယ်အတွင်း အိမ်တွေမှာ အပြောင်းအလဲ ထပ်မံဖြစ်လာဦးမည်ကိုဟောကိန်းထုတ်ကြသည်။ သူတို့ရဲ့ ဟောကိန်းများမှာ အိမ်တွင်ထူးကဲသည့် အပြောင်းအလဲများ ဖြစ်လာအုံးမည်ဟု ပြောပါသည်။ အိမ်မှာပဲအလုပ်လုပ်မည့်သူများ တိုးလာမည်၊ ဈေးဝယ်ဖို့ (Online) ကွန်ပျူတာမှ တစ်ဆင့်ဝယ်ယူကြတော့မည်။ တကယ့်မေးခွန်း မေးရမှာကတော့ နှစ်ဆယ်တစ်ရာစုတွင် မိသားစုတန်ဖိုးရှင်သန်နိုင်ပါအုံးမည်လား ဖြစ်ပါသည်။

        သင့်အိမ်တွင် ဘယ်လိုအခြေအနေရှိသလဲ။ ဘာတွေထူးခြားလာမည်၊ဘာတွေကတော့ ယခင်အတိုင်း ကျန်ရှိနေမှာလဲ။ ဤအပြောင်းအလဲများကြောင့် သင့်ရဲ့ အိမ်၌ မိသားစုအတွက် ရှင်သန်တိုးတက်မှု ကြိုးပမ်းချက်ကို ဘယ်လိုထိခိုက်နိုင်မည်နည်း။ မိဘခပ်များများသည် အင်တာနက်မှ တစ်ဆင့် မိမိတို့ရဲ့ အိမ်အထဲသို့ ဘာတွေများ ဝင်လာအုံးမှာလဲ ဆိုတာကို စိုးရိမ်ကြသည်။

        အိမ်သည် စိတ်ချယုံကြည်ရေသာ ခိုလှုံနေရာ ဖြစ်ခဲ့သည်။ ဒါပေမယ့်ယနေ့ ဒါတွေအားလုံး ပြောင်းလဲခဲ့ပါပြီ။ ရုပ်မြင်သံကြားနှင့် အင်တာနက်မှတဆင့် လွန်ကဲသည့် အကြမ်းဖက်မှုများ၊ လိင်ဖောက်ပြန်မှုနှင့် သိက္ခာသမာဓိ လူ့ကျင့်ဝတ်များ ကင်းမဲ့ခြင်းတို့သည် ကျွန်ုပ်တို့ အိမ်အတွင်းသို့ အတင်းတိုးဝင် လျက်ရှိပါသည်။ ကျွန်ုပ်တို့ရဲ့ လူ့ အဖွဲ့အစည်းတွင် ဘာတွေဖြစ်ကုန်ကြပြီလဲ၊ ဘာ့ကြောင့်ရမ်းကားမှု၊ လူကျင့်ဝတ်နှင့် လောဘကြီးမှုတို့သည် တစ်နေ့တခြား တိုးပွားလာပါသနည်း။

        လူ့ကျင့်ဝတ်ပျက်ပြားရခြင်းအကြောင်း ဘာတွေများ ဖြစ်ကြသလဲ၊စီးပွားရေးကောပိုရေးရှင်း အကြီးအကဲများသည် မိမိကိုယ်ကျိုးအတွက်မကောင်းသည့် နည်းဖြင့် အခွင့်အရေးယူပြီး ကုမ္ပဏီများပျက်စီးပြီး ဒေဝါလီခံရသော အခြေအနေသို့ တွန်းပို့ ခဲ့သည်ကို တွေ့ရပါသည်။ ဘာကြောင့်ကျောင်းများတွင် ရမ်းကားမှုများ ပေါက်ကွဲလျက် ရှိပါသနည်း။ 

        ကြည့်ရတာလူတွေက မုန်းတီးမှုဖြင့် လှုံလျက်ရှိကြသည်။ အမုန်းတရားဖက်တွယ်သည့် အုပ်စုများသည် သူတို့ရဲ့ မုန်းတီးမှုများကို ဝက်(ဗ်)ဆိုက်မှတဆင့် ထုတ်လွှင့် လျက်ရှိကြသည်။ အဆင့်မြင့်နည်းပညာ မီဒီယာထုတ်လွှင့်မှုတစ်ခုသည် လိင်ဆက်ဆံရေးဇာတ်လမ်း၊ ရမ်းကားမှုနှင့် လောဘဇောဇာတ်လမ်းများကို ပရိသတ်အကြည့်များသည့် အချိန်၌ အစီအစဉ်ကို ထုတ်လွှင့်လျက်ရှိပါသည်။ ထိုထုတ်လွှင့်သည့် အဖွဲမှာ ယခုပြဿနာနှင့် ဒုက္ခရောက်နေပါသည်။

        ဟောလီဝုဒ်ရုပ်ပုံလွှာများသည် အိမ်အတွင်းသို့ ဖောက်ဝင်လျက် ရှိပါသည်။ သို့ရာတွင် ထိုအထဲတွင်ဘာတွေပါနေသလဲ။ ကျွန်ုပ်တို့ကိုပြင်းထန်စွာ ရိုက်ခတ်လာသည့် သတင်းကို ဘယ်လိုလုပ်ရပါမည်နည်း။

        အိမ်ထောင်ပြုပြီးခါစ မောင်နှံနှစ်ဖော်ရဲ့ ပြောစကားကို နားထောင်ကြည့်စို့။ သူတို့က ရုပ်မြင်သံကြားကို ဖွင့်ကြည့်သည့်အခါ မိသားစုအကြောင်း မတွေ့ရတော့ပါ။ မိသားစုအကြောင်းအရာတို့မှာ ဝိနည်းကျင့်စဉ်တစ်ခုမဟုတ်တော့ပါ။ သင့်အတွက် အိမ်ထောင်ရေးကို ဘဝရည်မှန်းချက်အဖြစ် တန်ဖိုးထားနိုင်ခြင်းသည် ယုံကြည်ခြင်း အတော်ပင်ရှိမှသာဖြစ်သည်။

        ယနေ့လူငယ်များများတို့သည် ဖိုမ ဆက်ဆံရေးနှင့် ပတ်သတ်၍ သူတို့မှာ ရွေးရန် လမ်းအများကြီးရှိသည်အနက် အိမ်ထောင်ပြုခြင်းသည် မပါဝင်ကြောင်း ပြောဆိုကြသည်။ သူတို့သည် လက်ထပ်ထိမ်းမြားခြင်း မပြုဘဲ အတူတကွ နေထိုင်ကြသည်။ လူ့ကျင့်ဝတ်စံထားမှု မရှိခြင်း၊ ကိုယ်ကျင့်တရား အိမ်မြှောင်လမ်းပြမှု မရှိခြင်းတို့ကြောင့် အခြေအနေရှုပ်ထွေးရပါသည်။ လူမှုရေးဖရိုဖရဲကျဆင်းသည့် အချိန်အခါနှင့် ရင်ဆိုင်ရပါ သည်။

        အိမ်မှာတွင်ပဲ တန်ဖိုးထားရှိမှုများ ရွဲ့စောင့်လျက်ရှိနေပါသည်။ အရာရာတိုင်း ကရုတ်ခြည်းထူးခြားစွာပြောင်းလဲနေပါသည်။ နှစ်ဆယ်တစ်ရာစုအတွက် စိုးရိမ်ရသော အချက်ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့ကို လမ်းပြဖို့ ဓူဝံကြယ်များ မရှိနိုင်တော့ဘူးလား၊ ဘယ်သူက ကျွန်ုပ်တို့အတွက် လူ့ကျင့်ဝတ်ကျင့်စဉ်တို့ကို ပုံဖော်ပေးနေပါသေးသလဲ။ ကျွန်ုပ်တို့သည် ဘယ်အရပ်သို့ ဦးတည်နေပါသလဲ။ မှီတွယ်စရာဘာမှ မရှိတော့ဘူးလား။ လူ့ကျင့်ဝတ်စံထားမှုတို့သည် ကျွန်ုပ်တို့ ခြေဖနောင့်အောက်မှာပဲပြိုလဲကြပြီလား။

        လူ့ကျင့်ဝတ်ကျင့်စဉ်တို့သည် ကိုယ်တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်မှု ပေါ်မူတည်နေပါသလား။ စိတ်ချရသည့်အရာများ မကျန်ရှိတော့ဘူးလား။(National Institute of Mental Health) ဒါရိုက်တာဖြစ်သူ ဒေါက်တာရှာဗတ်ဖရေဇီယာ သည် သူ့ ရဲစာအုပ် “Psychotrends” တွင် စိုးရိမ်စွာ ပြောသည်မှာ ကျွန်ုပ်တို့သည် စုပေါင်းရမ်းကားသည့် လူ့အဖွဲ့အစည်းတွင် နေထိုင်ကြပြီး ရုပ်ရုပ်သဲသဲ ဖြစ်စဉ်များကို တစ်ပြိုင် တည်း ဂုဏ်ယူပြီး၊ ရှုတ်ချလည်း ရှုတ်ချကြသည်” ဟူ၍ပင်၊ တစ်ဖက်မှာ ရမ်းကားမှုကို ရှုတ်ချပြီး တစ်ဖက်မှာ ကျွန်ုပ်တို့ရဲ့ ကလေးများတွေကို ရုပ်မြင်သံကြားမှတစ်ဆင့် ဖျော်ဖြေမှုပေးနေပါသည်။ တစ်ဖက်မှာ လူသတ်မှုကို ရှုတ်ချပြီး၊ တစ်ဖက်ကြတော့ ရုပ်ရှင်ဇာတ်လမ်းတွင် ချီးမြှောက်ဖော်ပြလျက် ရှိပါသည်။ တစ်ဖက်မှာ ကျင့်ဝတ်ပျက်ပြားမှုများကို ရှုတ်ချပြီး၊ တစ်ဖက်မှာ စုပြုံပြီး ကျင့်ဝတ်ပျက်ပြားမှုဇာတ်လမ်းများကိုရုပ်ရှင်ရုံတွင် တိုး၍ကြည့်ကြသည်။

        ဟောလီးဝုဒ်သည် သူတို့ရဲ့ ရုပ်ရှင်ဇာတ်လမ်းများတွင် ဖိုမဆက်ဆံရေး အညှီအဟောက်များနှင့် ကြမ်းတမ်းရမ်းကားသည့် ဇာတ်လမ်းများသည် စီးပွားရေးအရ အောင်မြင်မှုရှိသည် ကို နားလည်ကြသည်။ ကျွန်ုပ်တို့ရဲ့ လူ့အဖွဲ့အစည်းတွင် တစ်ခုခုတော့ မှားနေပြီ။ ကျွန်ုပ်တို့ ရဲ့ ကလေးများသည် အမှန်နှင့် အမှားအကြောင်းအရာများကို ပုံစံအမျိုးမျိုးဖြင့် ရင်ဆိုင်တွေ့ရှိရပါသည်။ သူတို့ကို သွန်သင်ရာ၌ အလုံးစုံမှန်ကန်ခြင်းနှင့် အလုံးစုံမှားယွင်းခြင်းဆိုသည်မှာ မရှိနိုင်ကြောင်း ပြောပြပါသည်။ သို့ဖြစ်၍ အမှန်နှင့်အမှားတို့ကို ကိုယ်တိုင် ကောင်းမကောင်း ဆုံးဖြတ်ရမည်သာဖြစ်ကြောင်း ယုံကြည်လာပါသည်။

        ကျွန်ုပ်တို့ရဲ့ ကလေးများအတွက် တန်ဖိုးထားရှိနိုင်မှုကို ကလေးများရဲ့စိတ်တွင် ယှဉ်ပြိုင်နေရာယူသည့်အကြောင်းအရာများအမျိုးမျိုးရှိကြပါသည်။ တိုင်းမ် မဂ္ဂဇင်း ရေးသားတင်ပြချက်တစ်ခုတွင် အမေရိကန်နိုင်ငံကို (America the Violent ရမ်းကားသည့် အမေရိကန်နိုင်ငံ)ဟုဖော်ပြထားပါသည်။ တင်ပြရေးသားချက်တွင် အမေရိကန် နိုင်ငံကို ရမ်းကားမှုနှင့်လူသတ်မှုတို့အား မီဒီယာသတင်းဖြန့်ချီရေးတွင် ပျော်မွေ့စွာ ဖော်ကျူးလျက်ရှိပါသည်။ 

        နောက်တင်ပြရေးသားမှုတစ်ခုတွင် တစ်နှစ်အတွင်း နိုင်ငံတွင် လူသတ်မှု ၂၃၇ဝဝ ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ ဒါကိုပဲစဉ်းစားကြည့်ပါ၊ ရုပ်မြင်သံကြား အစီအစဉ်တွင် ရမ်းကားရက်စက်မှုအကြောင်းကို များစွာအသားပေး တင်ဆက်ခဲ့ပါ သည်။ သာမန် ၁၈ နှစ်သားလေးတစ်ဦးသည် ရုပ်မြင်သံကြား အစီအစဉ်နှင့် ရုပ်ရှင်များတွင် ရမ်းကားမှု မြင်ကွင်းပေါင်း ၂ဝဝဝဝဝ ရှုမြင်ခဲ့ရသည်။ ၎င်းအထဲတွင် လူသတ်မှု အစီအစဉ်ပေါင်း ၄ဝဝဝဝ ပါဝင်နေသည်ကို ရှုမြင်ရပါသည်။ သင်စဉ်းစား ကောင်း စဉ်းစားလိမ့်မည်။ ကျွန်ုပ်တို့ ရှုမြင်ရသည့် ဖျော်ဖြေမှုများသည် ကျွန်ုပ်တို့ရဲ့ စဉ်းစားဆင်ခြင်မှုကို ထိခိုက်နိုင်ပါစေသလား။

        ကျွန်ုပ်အနေကတော့ မြင်ရသည့်အရာအားလုံတို့သည် ကျွန်ုပ်တို့ရဲ့စရိုက် အမျှင်အစများ ဖြစ်လာတတ်သည်။ လေ့လာမှုများအရ ကျမ်းစာတော်မြတ်တွင် ဖော်ပြထားသည့် အမှန်တရားကို ထောက်ခံထားပါသည်။ ကြည့်မြင်ခြင်းအား ပြောင်းလဲခြင်းရှိကြ၏ (၂ကော၊ ၃း၁၈) 

        လူသတ်မှုဇာတ်လမ်း ၄ဝဝဝ လောက်ကြည့်ပြီးသည့်အခါ ရမ်းကားမှုအပေါ် ကျွန်ုပ်စိတ်တို့သည် ထုံသွားတော့သည်။ ရုပ်မြင်သံကြား ဖန်သားပြင်မှ ရမ်းကားမှု အရေအတွက် ၂ဝဝဝဝဝ ကို ရှုမြင်ပြီးသည့်အခါ သင်ရရှိသောသင်ခန်းစာမှာ ရမ်းကားသည့် အပြုအမူသည် လက်ခံနိုင်စရာ ဖြစ်သွားတတ်သည်။ မေးစရာတစ်ခုရှိတာကတော့ ဘယ်သူ့ရဲ့ စံနမူနာဖြင့်လက်ခံနိုင်စရာ ဖြစ်သွားပြီလဲဆိုတာ ဖြစ်ပါသည်။

        သင့်ရဲ့ စဉ်းစာဉာဏ်အထဲသို့ မဖွယ်မရာ လူ့ကျင့်ဝတ်များဖြင့် ဖြည့်ထည့်ထားပါက ရရှိသည့် သဘောထားမှာ မဖွယ်မရာ ကျင့်စဉ်တို့သည်တရားဝင်လုပ်ရပ်များဖြစ်ကြောင်း လက်ခံလာပါသည်။ ဆက်၍ မေးစရာရှိတာကတော့ ဘယ်သူ့ စံနှုန်းဖြင့် တရားဝင်ဖြစ်သွား ရပါသလဲ။ ကျွန်ုပ်တို့ရဲ့ လူ့အဖွဲ့အစည်းဆောင်ပုဒ်ကတော့ ခံစားမှု ကောင်းလျှင် လုပ်သာလုပ်လိုက်ပါ၊ သင်ပျော်ရွှင်လျှင်လည်း လုပ်လိုက်ပါ။ ကျွန်ုပ်တို့ရဲ့ လူ့အဖွဲ့အစည်းတွင် လူ့ကျင့်ဝတ်ကျင့်စဉ်စံနှုန်းကော ရှိပါသေးရဲ့ လား။ ဘာဖြစ်လို့ ရာဇဝတ်မှုခင်း ဒီလောက်များပြားရပါသနည်း။ ဘာဖြစ်လို့ နေရာတိုင်းမှာ ရမ်းကားမှု ရှိရပါသနည်း။ ဘာဖြစ်လို့ အိမ်ထောင်ရေးများ ကြောက်စရာ ကောင်းလောက်အောင် များပြားစွာ ပြိုပျက်နေရပါသလဲ။ကျမ်းစာတော်မြတ်က တိကျသည့် အဖြေအချို့ပေးထားပါသည်။လူ့ကျင့်ဝတ်နှင့် မူလတန်ဖိုးထားရှိမှု ယိုယွင်းလာရခြင်း အဓိက အကြောင်းရင်းကို ဖော်ပြထားသည်။

        ပြဿနာအတိအကျကတော့ ကျွန်ုပ်တို့ရဲ့ လူ့အဖွဲ့အစည်းသည်ဘုရားသခင်၏ လူ့ကျင့်ဝတ်စံနှုန်းမှ ကျောခိုင်းခဲ့ခြင်း ဖြစ်ပါသည်။ဘုရားသခင် ချမှတ်ခဲ့သည့် စည်းကမ်းကို လွှင့်ပစ်ခဲ့ခြင်း ဖြစ်ပါသည်။ 

        ဤလူ့အဖွဲ့အစည်းကတော့ သင့်ရဲ့ စိတ်နှလုံးသည် သာလျှင် စံနှုန်းဖြစ်သည်၊ ဘယ်သူ့မှ သင့်ကို ဘာလုပ်ရမည်ကို မပြောပြနိုင်ပါ” ဟူ၍ပင်။ရှောလမုန်မင်းကြီးက ကိုယ်ရဲ့ အသိဉာဏ်ကို ယုံကြည်အားထားမှုကိုမိုက်မဲကြောင်း ဤသို့ ဆို၏ မိမိစိတ် နှလုံးကို ကိုးစားသော သူသည်လူမိုက်ဖြစ်၏ (သုတ္တံ ၂၈း၂၆) ကျွန်ုပ်တို့ စိတ်နှလုံး တစ်ခုတည်းသည်ကျွန်ုပ်တို့ကို မှားယွင်းနိုင်စေသည်။ ဓမ္မဟောင်းကျမ်းရဲ့ ပုရောဖက် ဟေရှာယက ထာဝရအမှန်တရားကို ဤသို့ဆို၏ ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ့်လမ်းသို့ အသီးသီး လိုက်သွားကြသည် (ဟေရှာယ၊ ၅၃း၆)

        သင့်ရဲ့ ကိုယ်ပိုင်စဉ်းစားဉာဏ်ကို အားထားလျှင် ဘာမဆိုတရားမျှတအောင် ဆင်ခြင်ပေးနိုင်သည်။

        ဟောရှေက ဤသို့ဆိုသည် လေမျိုးစေ့ကို ကြဲ၍ လေပွစပါးကို ရိတ်ရကြလိမ့်မည် (ဟောရှေ၊ ၈း၇) လေမျိုးစေ့ကို စိုက်လျှင် လေမုန်တိုင်းကို ရိတ်ရမည်။ သတင်းဖြန့်ချီရေး မီဒီယာမှ ရမ်းကားမှုမျိုးစေ့ကို စိုက်ခဲ့သည့်အတွက် လေမုန်တိုင်းတည်းဟူသော ရာဇဝတ်မှုများကို ရိတ်ရတော့သည်။

        မဖွယ်မရာလူ့ကျင့်ဝတ် မျိုးစေ့များ စိုက်ပျိုးခဲ့သည့်အတွက် လေမုန်တိုင်းတည်းဟူသော လင်မယားပြတ်စဲခန်းကို ရိတ်သိမ်းခဲ့ရပါသည်။ လေမျိုးစေ့များဖြစ်သော ဖိုမဆက်ဆံရေးကို ရုပ်မြင်သံကြားမှာ ပြတ်ပြတ်သားသား ဖော်ပြစိုက်ပျိုးခဲ့သည့် အတွက် လေမုန်တိုင်းတည်းဟူသော စိတ်နှလုံးမမှန်မကန် စိတ်ထားယုတ်ညံ့သော လူတို့က ကျွန်ုပ်တို့ရဲ့ကလေးများကို ချောင်းမြောင်းဖျက်ဆီးဖို့ မွေးထုတ်လာခဲ့သည်။ အကြောင်းနှင့်အကျိုးဆက်စပ်မှု ရှိပါသည်။ လူ့ကျင့်ဝတ်ကို လူ့ကျင့်ဝတ်မဲ့နေသော ကမ္ဘာမှာ ဘယ်လိုနည်းဖြင့် ကာကွယ်ပေးနိုင်မည်နည်း။

        ကျွန်ုပ်တို့ လေမျိုးစေ့ကြဲခဲ့သဖြင့် လေမုန်တိုင်းကို ရိတ်သိမ်းနေရပါသည်။ ကျွန်ုပ်တို့ရဲ့ စိတ်ဦးနှောက်ကို မည်ကဲ့သို့ ကာကွယ်ပေးနိုင်မည်နည်း။ သင့်ရဲ့ ကလေးများ၊ သင့်ရဲ့ မြေမြစ်တို့ရဲ့ ဦးနှောက်ကို ဘယ်လိုကာကွယ်ပေးနိုင်ပါသလဲ။ လူ့ကျင့်ဝတ်မရှိသော ကမ္ဘာပေါ်တွင် လူ့ကျင့်ဝတ်နှင့်အညီ သင်ဘယ်လို နေထိုင်သွားနိုင်မည်နည်း။ ဗျာဒိတ်ကျမ်းတွင် ရှင်းလင်းပြတ်သားသည့် အဖြေအချို့ပေးနေပါသည်။ ဗျာဒိတ်ကျမ်းသည် သခင်ယေရှုကို ရှင်းလင်းဖော်ပြသော ကျမ်းပင်ဖြစ်ပါသည်။ ထိုကျမ်းသည် ကမ္ဘာမြေကြီး၏ နိဂုံးချုပ် သမိုင်းအချိန်ကာလအတွက် ဘုရားသခင်ပေးသော သတင်းစကား ဖြစ်ပါသည်။

        သမ္မာကျမ်းစာ၏ နောက်ဆုံးကျမ်းစာအုပ်၊ ဗျာဒိတ်ကျမ်းသည် ကမ္ဘာမြေကြီးဟု ခေါ်တွင်သော ဤဂြိုဟ်ပေါ်တွင် နောက်ဆုံးနေထိုင်ကြသည့်မိန်းမ၊ ယောက်ျားတို့အတွက် သတင်းစကားကမ်းလှမ်းပေးခဲ့သည်။ဗျာဒိတ်ကျမ်းသည် သင်နှင့်ကျွန်ုပ်တို့အတွက် သတင်းစကားပေးရန် ရှိပါသည်။ ကျွန်ုပ်တို့ကို ကိုယ်ကျင့်တရားရှိဖို့ ခေါ်ဆောင်နေပါသည်။ဘုရားသခင်၏ စံနှုန်းထားဘက်သို့ ပြန်လည်ခေါ်ဆောင်ပါသည်။ ဤသတင်းစကားသည် နောဧလက်ထက်က လူသားများအတွက် အရေးကြီးသလို ကျွန်ုပ်တို့ခေတ်ရှိသည့် လူများအတွက်လည်း ဤသတင်းစကားများအရေးကြီးနေပါသည်။

        ဤသတင်းစကားများသည် လူသားများအတွက် နောက်ဆုံးပိတ်သတင်းစကားများ ဖြစ်ပါသည်။ မြေကြီးပေါ်မှာ နေသောသူတည်းဟူသော အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တစ်ပါးက (ဗျာဒိတ်၊ ၁၄း၆) 

        ဤသတင်းစကားများသည် အရေးကြီးသော သတင်းစကားများဖြစ်သည်။ တစ်ကမ္ဘာလုံးအတွက် သတင်းစကားများ ဖြစ်သည်။ ပထဝီမြေကြီး အဆီးအတား နယ်နိမိတ်ကို ကျော်လွှားပြီး ပြောသော သတင်းစကားများဖြစ်ပါသည်။ 

        ဤသတင်းစကားများသည် ဘာသာစကားကွဲလွဲမှု အခက်အခဲကိုဖောက်ထွင်းပြီး အရှေ့မှအနောက်သို့၊ တောင်မှမြောက်ဖက်သို့ ပြေးလွှားလျက် ရှိပါသည်။ 

        ဤသတင်းစကားသည် ကမ္ဘာရဲ့ ထောင့်ဆုံးတိုင်အောင် ကူးသွားသည်။  သတင်းစကား ဘာကိုပြောနေပါသလဲ။ အခန်းငယ်  တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ (ဗျာဒိတ်၊ ၁၄း၇) ဘုရားသခင်ကို ကြောက်ရွံ့လော့ ဆိုသည်မှာ ကြောက်ဖျားတုန်အောင် ဖြစ်ဖို့မဟုတ်ပါ၊ အဓိပ္ပါယ်မှာ ဘုရားသခင်ကို ကြည်ညိုရိုသေလေးစားပြီး နာခံဖို့ ဖြစ်ပါသည်။

        ဤကျမ်းပိုဒ်ရဲ့ အရေးကြီးပုံကို သတိထားမိပါသလား။ ပြန်၍ လေ့လာ ကြည့်ရအောင် ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊တရားစီရင်သော အချိန်ရောက်လာပြီ။ 

        ဤကျမ်းပိုဒ်သည် ကိုယ်ကျင့်တရားနှင့်စပ်ဆိုင်သော တာဝန်ဝတ္တရားမေးခွန်းများရဲ့ အဖြေဖြစ်ပါသည်။ ဘာကြောင့် လူ့အဖွဲ့အစည်းတွင် ရမ်းကားမှုနှင့် မှုခင်း ရာဇဝတ်မှု များပြားရပါသလဲ။ ဥပဒေမဲ့ ဖြစ်ကြပြီး မတရားသည့် လူ့ကျင့်ဝတ် ဤမျှလောက် များပြားနေရပါသလဲ။ ဒီပြဿနာသည် ကိုယ်ကျင့်တရားနှင့် တာဝန်ဝတ္တရားများအပေါ် တဝဲလည်လည် လှည့်ပတ်နေပါသည်။ တရားစီရင်မှုသည် ကျွန်ုပ်တို့ရဲ့ လုပ်ရပ်အပေါ်  တာဝန်ယူရပါမည်။ ကျွန်ုပ်တို့ ရွေးချယ်ခဲ့သည့် လုပ်ရပ်အပေါ် တာဝန်ရှိပါသည်။

        အကယ်၍သာ ကျွန်ုပ်ရဲ့ လုပ်ရပ်အတွက် တာဝန်မရှိဘူးဆိုလျှင်ဘုရားသခင်၏ တရားစီရင်မှုသည် ထိရောက်မှု မည်ကဲ့သို့ ရှိမည်နည်း။ကျွန်ုပ်လူဖြစ်လာရခြင်း အကြောင်းသည် ကံတရားအားဖြင့်သာ ဖြစ်နေခြင်း၊ ကျွန်ုပ်သည် အဏုမြူဒြပ်ပေါင်း တစ်ခုမှ ကြီးထွားမှုသာ ဖြစ်လျှင်ကျွန်ုပ်လုပ်ရပ်အတွက် တာဝန်ရှိနိုင်မည် မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်အရက်သမားဖြစ်ရခြင်းသည် ကျွန်တော့ အဖေ၊ အဘိုးတို့က အရက်သမားဖြစ်သည့်အတွက် အရက်သမား တစ်ဦးဖြစ်ရလျှင် ကျွန်ုပ်လုပ်ရပ်အတွက် တာဝန်မရှိဘူး ဖြစ်ချင်ဖြစ်မည်။ ငယ်စဉ်ကတည်းက ကျွန်ုပ်အား စော်ကားထားပြီး မူးယစ်ထုံထိုင်းဆေး အတင်းတိုက်ကျွေးခံရသဖြင့် မူးယစ်ဆေးဝါး ကျွန်ခံနေရလျှင် ဤလုပ်ရပ်အတွက် တာဝန်မရှိဖြစ်ချင် ဖြစ်မည်။ ကျွန်ုပ်ရာဇဝတ်ကောင် ဖြစ်ခဲ့လျှင် ကျွန်ုပ်ရဲ့ မျိုးဗီဇဒြပ်က ဒီလိုဖြစ်အောင်လုပ်ခဲ့လျှင် ကျွန်ုပ်ရဲ့ လုပ်ရပ်အတွက် တာဝန်မရှိနိုင်ပါ။ ကျွန်ုပ်ရဲ့လုပ်ရပ်အပေါ် ကျွန်ုပ်ရွေးချယ်လုပ်ကိုင်ခြင်း မဟုတ်လျှင် အခြားသူ တစ်ဦးဦး က တာဝန်ရှိနိုင်ပါလိမ့်မည်။ ကျွန်ုပ်တို့နေထိုင်သည့် လူ့အဖွဲ့အစည်းတွင် ကျွန်ုပ်တို့လုပ်သမျှ အရာအားလုံးတို့အတွက် တာဝန်မရှိကြောင်းပြောနေလေ့ရှိသည်။ သင်လုပ်ခဲ့သည့် လုပ်ရပ်အားလုံးတို့သည် ဘဝဖိအားမှုကြောင့် လုပ်ခဲ့ရသည်ဟု ဆိုကြသည်။ 

        အမှန်နှင့်အမှားတို့သည် သင်ရဲ့ တွေးခေါ်မှုအပေါ် မူတည်နေကြောင်းဆိုကြသည်။ သဘောတရားကတော့ ကျွန်တော်ရဲ့တာဝန်သည် ကျွန်ုပ်အပေါ်၌သာ မူတည်နေ၍ ကျွန်ုပ်သာလျှင်ဆုံးဖြတ်သည့်အတိုင်း တာဝန်ရှိနိုင်ပါသည်။ ကျွန်ုပ်ရဲ့ စဉ်စားဉာဏ်ထက်မြင့်သည့် တာဝန်ခံဖို့မလိုပါ။ ဘုရားသခင်အား တာဝန်ခံဖို့ သန်းပေါင်းများ စွာသော လူအတွက် နေရာမပေးခဲ့ပါ။ 

        သင့်ထက်မြင့်မားသော အာဏာကို တာဝန်ခံဖို့မလိုကြောင်း သင်အယူအဆ လက်ခံထားပါက၊ နောက်ဆုံးစီရင်ချက်သင့်အတွက် မရှိဘူးလို့ ယူဆပါက ဤကဲ့သို့ ယူဆခဲ့လျှင် အမှန်တကယ်ပင် သင့်ဘဝကို ထိန်းကျောင်းပေးမည့် လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရားမရှိနိုင်တော့ပါ။ တရားစီရင်မှုဆိုသည်မှာ ကိုယ်ကျင့်တရားနှင့်သက်ဆိုင်သော ရွေးချယ်မှု အပေါ်တာဝန်ယူနိုင်ခြင်းကို ဆိုလိုပါသည်။ 

        နောက်ဆုံးကမ္ဘာကြီးရဲ့ သမိုင်းနေ့ရက်များတွင် ဘုရားသခင်က မိန်းမ၊ ယောက်ျား၊ လူအပေါင်းတို့ကို တရားစီရင်ဖို့ ခေါ်ယူနေပါသည်။ ဘုရားသခင်၏ နောက်ဆုံးစီရင်ချက်နေ့အတွက် ကိုယ်ကျင့်တရား စံတင်ထားမှု ရှိပါသလား၊ ရှိပါသည်။ ဘုရားသခင်ရဲ့ ဥပဒေသ ပညတ်တော်နှင့် ပတ်သက်သော ကိုယ်ကျင့်တရားသည် ‘စံအဖြစ် တရားစီရင်မှု ပြုသွားပါလိမ့်မည်။

        ဗျာဒိတ်ကျမ်းသည် သင့်အားပြုသမျှ လုပ်ရပ်အတိုင်းအတွက် သင့်မှာ တာဝန်ရှိကြောင်း ပြောနေပါသည်။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကျမ်းစာတော်မြတ်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ ဥပဒေပညတ်တော်သို့ ပြန်လည် ခေါ်ဆောင်ပါသည်။ ဘုရားသခင်၏ ပညတ်တော်တို့သည် ထာဝရတည်မြဲသော ကိုယ်ကျင့်တရား စံထားမှုဖြစ်ပါသည်။

        သခင်ယေရှုရဲ့ ညီအစ်ကိုဖြစ်သူ ရှင်ယာကုပ်က ဤကဲ့သို့ ဆိုပါသည်။

လွှတ်ခြင်းတရားအတိုင်း စီရင်ခံရလတ္တံ့သော သူကဲ့သို့၊ ပြောဆိုပြုမူကြလော့” (ယာကုပ်၊ ၂း၁၂)

        ဘုရားသခင်၏ ပညတ်တော်တိုင်းသည် လွတ်မြောက်မှုပေးသည့်ဥပဒေများ ဖြစ်ပါသည်။ ဥပမာအချို့မှာ ဆဋ္ဌမမြောက်ပညတ်တော်က “လူ့အသက်ကို မသတ်နှင့် (ထွက်မြောက်၊ ၂၀း၁၃) လွတ်မြောက်စေသည်။ အသက်ကို အထွတ်အမြတ်ပြုပါသည်။

        သတ္တမမြောက်ပညတ်တော်က သူ့မယားကို မပြစ်မှားနှင့်(ထွက်မြောက် ၂၀း၁၄) မိသားစုကို အထွက်အမြတ် ထိန်းသိမ်းထားသည်။ အိမ်ထောင်ပြုမှုကို ကာကွယ်ပေးသည်။

        အဋ္ဌမမြောက်ပညတ်တော်က သူ့ ဥစ္စာကိုမခိုးနှင့် (ထွက်မြောက်၊၂၀း၁၅) ဤပညတ်တော်လည်း လွတ်မြောက်မှုနှင့် သက်ဆိုင်သော ဥပဒေဖြစ်ပါသည်။ ကိုယ်ပိုင်ဆိုင်သောအရာများနှင့် ပိုင်ဆိုင်ပစ္စည်းများကို ကာကွယ်ပေးသည်။

        ဥပုသ်နေ့နှင့်စပ်ဆိုင်သော စတုတ္ထမြောက်ပညတ်တော်က ဥပုသ်နေ့ကို အောက်မေ့လော့” ကျွန်ုပ်တို့အား အလုပ်အကိုင် ချည်နှောင်မှုမှ လွတ်မြောက်မှု ပေးပါသည်။ ကမ္ဘာရဲ့ တန်ဖိုးထားမှုစနစ်၊ အလုပ်အကိုင်ဖြင့် ကျွန်ခံမှုမှ လွတ်မြောက်မှု ပေးပါ သည်။ အခြားနေ့ရက်များထက် ဥပုသ်နေ့သည် မိဘများက သားသမီးကလေးများသို့ ကိုယ်ကျင့်တရားတန်ဖိုးလွှဲအပ်ပေးနိုင်သည်။ မိသားစုများနှင့် အပေါင်းအသင်း သူငယ်ချင်းများအတွက် လောကီရေးရာနှင့် ပတ်သက်မှုရှိသည့် ခေတ်တွင် ဝိညာဉ်ရေးရာတို့ကို ပြန်လည်ခံစားမှုပြုနိုင်သည့် ပတ်ဝန်ကျင်ကို ဖန်တီးပေးပါသည်။

        ဥပုသ်နေ့ကို ဧဒင်ဥယျာဉ်အတွေ့အကြုံပြန်လည် ခံစားရန်ဘုရားသခင်က တမင်သီးသန့်စွာ ဖန်တီးပေးခဲ့ပါသည်။ ဘုရားသခင်သည်သူ့ရဲ့သားသမီးများနှင့် မိတ်သဟာယပြုလို၍ သားသမီးများကို ချစ်မြတ်နိုးသည့်မိဘများနည်းတူ တယ်လီဖုန်းခေါ်သံကို စောင့်ဆိုင်းခြင်း၊ နှုတ်ဆက်ကတ်ပြားနှင့် အီးမေးလ်ကို မျှော်နေခြင်းတို့ကို ဥပုသ်နေ့တိုင်း ဘုရားသခင်သည် သူ့သားသမီးများနှင့်အတူ ထာဝရအရသာကို မြည်းစမ်းစေချင်သည်။

        လူသားများအတွက် ဘုရားသခင်၏ နောက်ဆုံးနေ့ သတင်းစကားကိုကောင်းကင်တမန်သုံးပါးမှ မိုးယံစပ်ကြားအသံကြီးစွာဖြင့် ဟစ်ကြွေးခြင်းကို သင်သတိထားမိပါသလား။ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြလော့” (ဗျာဒိတ်၊ ၁၄း၇) ဥပုသ်နေ့သည် ကျွန်ုပ်တို့ကို ချစ်မြတ်နိုးသော ဖန်ဆင်းရှင်အကြောင်းကို ပြောပြပါသည်။ ဥပုသ်နေ့အပတ်စဉ်တွင် ကျွန်ုပ်တို့သည် တစ်စတစ်စပြောင်းလဲလာခြင်း (Evolve) မဟုတ်ဘဲ စကြဝဠာဘုရင်အရှင်သခင်၏ သားသမီးများဖြစ်ကြောင်း သတိရ အောက်မေ့စေပါသည်။ 

        ကျွန်ုပ်တို့သည် ကံအလျောက် ဖြစ်ပေါ်လာခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့ဘဝသည် အထိန်းအကွပ်မဲ့ ပရမ်းပတာအဖြစ်အပျက်များဖြင့် စုစည်းထားခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့ရဲ့ ဥပဓိရုပ်နှင့်လက္ခဏာ အမှတ်အသားတို့သည် မျိုးဗီဇနှင့် ပတ်ဝန်းကျင်ပေါ်သာ မူတည်ခြင်းမဟုတ်ဘဲ ဆိုးဝါးသည့် အဖြစ်အပျက်နှင့် အတွေ့အကြုံများ ထက်ကြီးမားသည့် စွမ်းအားရှင်ပေါ် မူတည်နေပါသည်။ ဤစွမ်းအားသည် ဖန်ဆင်းရှင်မှ လာပါသည်။ ဖန်ဆင်းရှင် ဘုရားသခင်သည် ကျွန်ုပ်တို့ရဲ့ အတွေးအခေါ် ပုံစံကို ပြန်လည် တည်ဆောက်ပေးနိုင်သည်။ ကျွန်ုပ်တို့၏ စရိုက်အပြုအမူကို ပြောင်းလဲပေးနိုင်သည်။ ကျွန်ုပ်တို့၏ အတွင်းနှလုံးကို ကုစားပေးနိုင်သည်။

        ဥပုသ်နေ့သည် ဤအကြောင်းအရာ များနှင့် ပတ်သက်သည်။ စကားအားဖြင့် မိန့်ဆို၍ မြေကြီးပေါ်လာသည်၊ နေ၊ လ၊ ကြယ်များကို ဖန်ဆင်းတော်မူသော ဖန်ဆင်းရှင် ဘုရားသခင်သည် သင့်ရဲ့ ဘဝကို ပြောင်းလဲပေးနိုင်သည်။ ဥပုသ်နေ့သည် မျှော်လင့်ခြင်းအကြောင်း ပြောပြနေပါသည်။ကျွန်ုပ်တို့သည် အင်အားချည့်နဲ့သော်လည်း ဘုရားရှင်သည် အင်အားကြီးမားပါသည်။ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးအပေါ်တွင် သူ့ရဲ့ပညတ်တော်ကို အစကနဦးက မိဘများနည်းတူ ရေးမှတ်လိုကြောင်းကို ဥပုသ်နေ့ကပြောပြနေပါသည်။ 

        ဥပုသ်နေ့သည် ကျွန်ုပ်တို့ကို အများသိကြသည့် သီချင်းစာသားများ ပြောသလို ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေပါသည်။

        “Turn your eyes upon Jesus, look full in His wonderful face and the things of earth will grow strangely dim in the light of his glory and grace.”

        ဘုရားသခင်ရဲ့ ပညတ်တော်များသည် ပြည့်ဝသောဘဝကို ရှင်သန်နေထိုင်ဖို့အတွက် လွတ်မြောက်မှုပေးပါသည်။ ဘုရားသခင်ရဲ့ ပညတ်တော်ကို လိုက်လျှောက်ခြင်းသည် ပျော်ရွှင်ချမ်းမြေ့မှုအတွက် ကောင်းကင်မှပြဌာန်းချက်ဖြစ်ပါသည်။ ဘုရားသခင်၏ ပညတ်တော်များကို လုံးလုံးလျားလျား ဂရုမစိုက်ကြလျှင် လူ့အဖွဲ့အစည်းတွင် ဖြစ်ပေါ်နိုင်သည့် ရုန်းရင်းဆန်ခတ်မှုတို့ကို စဉ်းစားကြည့်ပါ။ ဘုရားသခင်၏ ပညတ် တော်ကို ကျောခိုင်းလျှင် လူ့အဖွဲ့အစည်း တစ်ခုလုံးတွင် လူထုအရေးအခင်း ရမ်းကားမှုများဖြစ်ခြင်း၊ နေရာအနှံ့ မတရားသည့် လူ့ကျင့်ဝတ်ဖောက်ဖျက်ခြင်း၊ ဓါးပြတိုက်မှု၊ လုယက်မှုနှင့် တစ်နိုင်ငံလုံးအတွက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်သွားမည်။

        ဘုရားသခင်၏ ပညတ်တော်သည် သူ့ပလ္လင်တော်ရဲ့ အုတ်မြစ်ဖြစ်သည်။ အခြားသော ဥပဒေများအားလုံး၏ အခြေခံ ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်က ပြောသေးသည်။ ကျွန်ုပ်ထင်တာကတော့ ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်း ရရှိပြီးဖြစ်၍ ဘုရားသခင်၏ ပညတ်တော်ကိုစောင့်ထိန်းရန် မလိုတော့ဘူး မဟုတ်ပါလား” ဟူ၍ပင် ပြောလိုက်သည် (ဧဖက်၊ ၂း၈) သခင်ခရစ်တော် ကပ်တိုင်ပေါ် သတ်ခံရန် တင်ခြင်းခံရသောအခါ သူသည် ကျွန်ုပ်တို့ရဲ့ အပြစ်အတွက် အပြစ်သားတစ်ဦးလို စီရင်မှုခံရပါသည်။ သူ့မှာ အပြစ်မရှိသော်လည်း ကျွန်ုပ်တို့ အပြစ်များအတွက် ရှုတ်ချစီရင်မှု ခံရပါသည်။ သို့မှသာ ကျွန်ုပ်တို့ကိုယ်တိုင် ရှိသည့်အပြစ်အားလုံးမှ ခွင့်လွှတ်ခြင်းခံရပါမည်။

        ဘုရားသခင်သည် သူ၏ ပညတ်တော်များကို ပြင်ဆင်လိုက်ပါက သခင်ယေရှုသည် အသေခံရန် လိုအပ်မည် မဟုတ်ပါ။

        “အပြစ်၏ အခကားသေခြင်းပေတည်း ကျမ်းစာကပြောသည် (ရောမ၊ ၆း၂၃) ဘုရားသခင်သည် သူရဲ့သားတော်ကို ဘာကြောင့် ဤရက်စက်သော သေခြင်းသို့ စေလွှတ်ရပါသနည်း။ သူ့ရဲ့ ပညတ်တော်ကို သူ့အစွမ်းအားဖြင့် ပြင်လိုက်လျှင် ဤကဲ့သို့သော သေခြင်းမျိုးကိုသူ့ရဲ့သားတော်ခံဖို့လိုမည် မဟုတ်ပါ။

        ပညတ်တော်ဥပဒေနှင့် စီရင်ချက်သည် သခင်ခရစ်တော်၏ ဧဝံဂေလိတရားတော် တစ်စုတစ်စည်းတည်း ဖြစ်ပါသည်။ 

        “ဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ ပညတ်တော်ကို လွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်း ဖြစ်သတည်း (၁ယောဟန်၊ ၃း၄)

        ကျွန်ုပ်ခိုးမှုပြုသည့်အခါ ထိုပြုမူချက်ကို အပြစ်ဟူ၍ မစဉ်းစားချင်ပါ။အပြစ်သည် ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်သည်။ အပြစ်ဒုစရိုက်ဟူသည်ကား ကျွန်ုပ်စဉ်းစားချင်သလို မကဘဲ သီးသန့်ဖြစ်ပါသည်။ ကျမ်းစာတော်မြတ်ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ အပြစ်ဒုစရိုက်သည် ဘုရားသခင်၏ ပညတ်တော်ကို ချိုးဖောက်ခြင်းဖြစ်သည်။

        လူတစ်ဦးတစ်ယောက်ကပြောလိုက်သည်မှာ “ကျွန်ုပ်အိမ်ထောင်ရေးနှင့်ပတ်သက်၍ မကျေနပ်ပါ။ သို့ဖြစ်၍ ရုံးပိတ်ရက်တွင် ကျွန်ုပ်ရဲ့ အတွင်းရေးမှူးနှင့် ခရီးထွက်ပါက အပြစ်မရှိပါ။ နှစ်ဦးနှစ်ယောက်သော လူကြီး နှစ်ဦးရဲ့ သဘောတူခြင်း ဖြစ်တာပဲ ကျမ်းစာတော်က ဘယ်လိုပြောပါသလဲ၊ ကျမ်းစာတော်မြတ်က သူ့မယားကို မပြစ်မှားနှင့် ဆိုပါသည်။ ဘုရားသခင်၏ ပညတ်တော်သည် သူ့ရဲ့ ထာဝရတည်မြဲသည့် ကိုယ်ကျင့်တရားစံနှုန်း ဖြစ်ပါသည်။ ယင်းစံနှုန်းသည် အပြစ်ကို အဓိပ္ပါယ်ဖော်ပြပြီး ဘုရားနှင့်စာရင်းရှင်း စီရင်မှုခံယူရန် ဖြစ်ပါသည်။

        ယနေ့ကျွန်ုပ်တို့ကလေးများအတွက် ရုပ်မြင်သံကြားအစီအစဉ်တွင်လူသတ်မှု ဇာတ်လမ်း၊ ရက်စက်ကြမ်းကြုတ်မှု ဇာတ်လမ်းနှင့် မဖွယ်မရာကိုယ်ကျင့်တရားပျက်ပြားမှု ဇာတ်လမ်းများ မဟုတ်ပါ။ ကျွန်ုပ်တို့ ကလေးများတွက် ဘုရားသခင်ချမှတ်ပေးသော ကိုယ်ကျင့်တရားအကြောင်းသွန်သင်ပြောကြားဖို့ ဖြစ်ပါသည်။ ဘုရားသခင် ရဲ့ ကိုယ်ကျင့်တရားသည်ကျွန်ုပ်တို့ကို အကာအကွယ်ပေးသည်။ ဘုရားသခင်ရဲ့ ပညတ်တော်သည် ကျွန်ုပ်တို့၏ ပျော်ရွှင်မှုကို ချုပ်ချယ်ရန် တစ်ဖက်သတ်ရေးဆွဲသော စည်းကမ်းချက်မဟုတ်ပါ။ ဘုရားသခင်၏ ပညတ်တော်သည် လွတ်မြောက်မှု လမ်းစဖြစ်ပြီး စစ်မှန်သောပျော်ရွှင်မှုကို ပေးနိုင်သည်။

        ဘုရားသခင်၏ ပညတ်တော်သည် ကျွန်ုပ်တို့ကို ပျက်စီးခြင်းသို့ပို့ဆောင်မည့် လူနေမှုအနေအထားမှ ကာကွယ်ပေးသည်။ အချို့သောခရစ်ယာန်များက သူတို့ရဲ့ ဘုရားကျောင်းတွင် ပညတ်တော်အကြောင်း မဟောကြားတော့ပါ။ ဘုရားသခင်၏ မေတ္တာတော်အကြောင်းကိုသာဟောကြားတော့သည်။ ဘုရားသခင်၏ ပညတ်တော်နှင့် ဘုရားသခင်ရဲ့မေတ္တာတော်ကို သီးခြားကွဲပြားသောအကြောင်းအရာ နှစ်ခုအဖြစ် ယူဆကြသည်။

        ချစ်ခြင်းမေတ္တာသည် အမြဲပင်နာခံမှုဘက်သို့ ယိမ်းယိုင်ပို့ဆောင် ပေးပါသည်။ ချစ်ခြင်းမေတ္တာသည် ဘယ်တော့မှ မနာခံမှုဘက်သို့ မပို့ဆောင်ပါ။ တာဝန်သိသည့် ခရစ်ယာန်များအား ဘုရားသခင်၏ ပညတ်တော်ကိုစောင့်ထိန်းဖို့ ပို့ဆောင်ပါသည်။ သခင်ယေရှုမိန့်ကြားသည်မှာ ငါ့ကို ချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့ (ယောဟန်၊ ၁၄း၁၅)

        သခင်ယေရှုသည် ငါ့ကို ချစ်လျှင် ငါ့ပညတ်ကို မစောင့်ရှောက်ပါနှင့် လို့ ပြောခဲ့ပါသလား၊ မဟုတ်ပါ။ ချစ်ခြင်းမေတ္တာရဲ့တုံ့ပြန်မှုသည်ဘုရားသခင်၏ ပညတ်တော်ကို စောင့်ထိန်းစေပါသည်။ 

        ပညတ်တော်ကို စောင့်ထိန်းရခြင်းအကြောင်းက ဘုရားသခင်ရဲ့ မျက်နှာသာရဖို့ မဟုတ်ဘဲ သူ့ကို ချစ်သည့်အတွက် ကျွန်ုပ်တို့ရဲ့ ပြန်လည် တုံ့ပြန်မှုဖြစ်သည်။ ဘုရား သခင်ကို နာခံခြင်းသည် ကျွန်ုပ်ကယ်တင်ခြင်း ခံရဖို့မဟုတ်ပါ။ ကျွန်ုပ် ကယ်တင်ခြင်း ရရှိခဲ့ပြီး ဖြစ်ပါသည်။

        ကျွန်ုပ်ရဲ့ နာခံမှုအားလုံးတို့သည် ကယ်တင်ခြင်းကို မရရှိနိုင်ပါ။ ကျွန်ုပ်ကယ်တင်ခြင်းရရှိခြင်းသည် ကပ်တိုင်မှာဆောင်ရွက်ပေးပြီး ဖြစ်ပါသည်။ “ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကို အဘယ်သို့ သိသနည်းဟူမူကား၊ပညတ်တော်တို့ကို စောင့်ရှောက်လျှင်သိရသတည်း (၁ယောဟန်၊ ၂း၃)။ပြတ်ပြတ်သားသား ဖော်ပြချက်မှာ သူ့ပညတ်တော်ကို စောင့်ရှောက်လျှင်သူ့ကိုသိကျွမ်းရခြင်းဖြစ်ပါသည်။

        ရှင်ယောဟန်က ဘုရားသခင်ကို သိကျွမ်းရခြင်း အထောက်အထားသည် ဤအချက်ပေါ်တွင် မူတည်ပါသည်။ ကျွန်ုပ်တို့သည် အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်းရဲ့ အထောက်အထားကို သိရှိရသောနည်းဖြစ်ပါသည်။ သခင်ခရစ်တော် ကျွန်ုပ်တို့ကို ပိုင်ဆိုင်ကြောင်း အထောက်အထားပင်ဖြစ်ပါသည်။ ထိုသခင်ကို ငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသားကိုသုံးသော သူဖြစ်၍ ထိုသူ၌ သစ္စာမရှိ (၁ယောဟန်၊ ၂း၄)

        သခင်ခရစ်တော်သို့ အပ်နှံခြင်းခံရလျှင်၊ သူ့ကို အမှန်တကယ်သိကျွမ်းခဲ့လျှင်၊ ကျွန်ုပ်တို့ရဲ့ နှလုံးသားကို သူ့အားပေးအပ်လျှင် ကျွန်ုပ်တို့ရဲ့သဘာဝတုံ့ပြန်မှုသည် သူ့ကိုနာခံဖို့ ဖြစ်ပါသည်။ ကျေးဇူးတော်နှင့် ပညတ်တော်တို့သည် ဆန့်ကျင်ဘက် သဘောတရားများ မဖြစ်ကြပါ။ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရရှိသည့်အခါ၊ သင့်အား ကယ်တင်ခြင်းသည် မနာခံဖို့အတွက် ကယ်တင်ခြင်းရသည် မဟုတ်ပါ။ နာခံဖို့ ကယ်တင်ခြင်း ရရှိပါသည်။ 

        ကယ်တင်ခြင်းအားလုံးတို့သည် ကျေးဇူးတော်အားဖြင့် ရရှိပါသည်။ ဓမ္မဟောင်းကျမ်းအချိန်က ယုံကြည်သူများသည် လာလတ္တံ့သော ခရစ်တော်ကို မျှော်ကိုးလျက်ရှိပါသည်။ ဓမ္မသစ်အချိန်အခါတွင် လာရောက်ခဲ့သည့် ခရစ်တော်ကို ရှုမျှော်ခဲ့ရသည်။ ယခင်က ယုံကြည်သူများသည် လာလတ္တံ့သော ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း ရရှိပါမည်။ကျွန်ုပ်တို့ခေတ်တွင် ရောက်ရှိလာခဲ့သည့် ကျေးဇူးတော်အားဖြင့်ကယ်တင်ခြင်းကို ရရှိခဲ့ပါသည်။ 

        ကယ်တင်ခြင်းသည် ကျေးဇူးတော်အားဖြင့် တစ်ခုတည်းသာဖြစ်လျှင်၊ ဘုရားသခင်၏ ပညတ်တော်အခန်း ကဏ္ဍသည် ဘယ်လိုဖြစ်မည်နည်း။ တမန်တော် ရှင်ပေါလုသည် ရှင်းရှင်းပဲဖော်ပြပါသည်။ ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည် (ရောမ၊ ၃း၂၀) ပညတ်တော်ကို ဖယ်ထုတ်လျှင် အပြစ်ဒုစရိုက်ကိုလည်း ဖယ်ထုတ်ရမည်။ ပညတ်တော်မရှိလျှင် အပြစ်လည်းမရှိပါ။ အပြစ်မရှိလျှင် ကယ်တင် ခြင်းအတွက် ပြစ်လည်းမရှိပါ။

        ဘုရားသခင်သည် သူ၏ပညတ်တော်အားဖြင့် အပြစ်ကိုဖော်ထုတ်ပါသည်။ ရှင်ပေါလုက ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။ အဘယ်သို့ နည်းဟူမူကား၊ လောဘစိတ်မရှိစေနှင့်ဟု ပညတ်တရားမဆိုလျှင် လောဘသဘောကို ငါမသိ (ရောမ၊ ၇း၇)

        ဘုရားသခင်၏ ပညတ်တော်ကိုချိုးဖောက်လျှင် အပြစ်ဖြစ်သည်။ပညတ်တော်သည် အပြစ်ကို သိဖို့ အဓိပ္ပါယ်ဖော်ပြပေးသည်။ ပညတ်တော်က ဒီကမှန်သည်၊ ဒီဟာကတော့ မှားသည်” ဖော်ပြသည်။ပညတ်တော်သည် တရားစီရင်ဖို့အတွက် ဘုရားသခင်၏ ကိုယ်ကျင့်တရား စံနှုန်းဖြစ်ပါသည်။ ပညတ်တော်သည် လူ့အဖွဲ့အစည်းအားလုံးရဲ့  အုတ်မြစ်ကို အဓိပ္ပါယ် ဖော်ထုတ်ပေးပါသည်။

        တရားစီရင်မှုသည် အမျိုးသမီး၊ အမျိုးသားတိုင်းကို ပညတ်တော်စောင့်ထိန်းဖို့ ခေါ်ယူနေပါသည်။ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း ရရှိသည့် ခရစ်ယာန်တိုင်းကို နာမခံမှုရှိသည့်အသက်တာ၊ ဖြောင့်မတ်သည့် အသက်တာ၊ သန့်ရှင်းမြင့်မြတ်သည့် အသက်တာကို နေထိုင်သွားဖို့ ခေါ်ဖိတ်သည်။

 

ကျေးဇူးတော်ရဲ့ အခန်းကဏ္ဍဘယ်သို့နည်း

        “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာဖြစ်သတည်း (ဧဖက် ၂း၈) ကျေးဇူးတော်သည်ဘုရားသခင်ရဲ့ သနားညှာတာမှု၊ ဘုရားသခင်ရဲ့ လွတ်မြောက်ပေးခြင်းနှင့်ဘုရားသခင်ရဲ့ ခွင့်လွှတ်ပေးခြင်း ဖြစ်ပါသည်။ ကျေးဇူးတော်သည်ဘုရားသခင်၏ ဘုန်းတန်ခိုး၊ ဘုရားသခင်မှလာသည့် ချစ်ခြင်းမေတ္တာကိုအပြစ်သားများသို့ ကမ်းလှမ်းမှုဖြစ်သည်။ ကျေးဇူးတော်သည် ဘုရားသခင်၏ ပညတ်တော်ကို ဖယ်ထုတ်ပါသလား။

        ကျွန်ုပ်သည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရရှိပါကဘုရားသခင်၏ ပညတ်တော်ကို ချိုးဖောက်နိုင်ပါသလား။ “ယုံကြည်ခြင်းအားဖြင့် ပညတ်တော်ကို ပျက်ပြယ်စေပါသလား၊ လုံးဝမဟုတ်ပါ။ အမှန်အားဖြင့် ပညတ်တော်ကိုသာ၍ တည်ဆောက်ရပါမည် (ရောမ၊ ၃း၃၁) ရှင်ပေါလုက ပြောလိုက်သည်မှာ ယုံကြည်ခြင်းအားဖြင့် ငါတို့သည်ပညတ်တော်ကို အလျှင်းမပယ် သာ၍တည်စေ၏။

        ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း ရရှိသူများသည် နားထောင်မှုရှိကြသည်။ ပညတ်တော်ကို တည်ဆောက်သည်၊ ပညတ်တော်ကို စောင့်ထိန်းပါသည်။ အောက်ပါအဖြစ်အပျက်မှာ ကျေးဇူးတော်အားဖြင့် ပညတ်တော်ကို စောင့်ထိန်းရမည်၊ မဖောက်ဖျက်ရပါ။

        လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကျွန်ုပ်သည် ကျမ်းစာလာ ဗျာဒိတ်ဟောကြားချက်ကို အမေရိကန်နိုင်ငံအရှေ့ကမ်းခြေဒေသများတွင် တရားဟောအစီအစဉ်များ ကျင်းပပေးခဲ့သည်။ တစ်ညနေတွင်တရားဟောအစီအစဉ်ပြီးဆုံးသည့်အခါ နောက်တစ်နေရာသို့ တရားဟောရန် စိတ်လောနေ၍ သတ်မှတ်သည့် ကားမောင်း အမြန်ဆုံး သတ်မှတ်ချက် တစ်နာရီလျှင် မိုင် ၆ဝ ဖြစ်သော်လည်း ကျွန်ုပ် မိုင် ၇ဝ ထိ ကားမောင်းလျက်ရှိပါသည်။ ယာဉ်ထိန်းရဲက ကျွန်ုပ်၏ကားမောင်းလိုင်စင်ကို တောင်းယူပါသည်။ ကျွန်တော်က သင်းအုပ်ဆရာ လိုင်စင်ကို ပေးလိုက်သည်။ ရဲအရာရှိက ပြုံးလိုက်သည်။     

        ကျွန်တော်နှင့် ရဲအရာရှိနှစ်ဦးတို့ စကားခဏ ပြောကြသည်။ကျွန်တော်က ရဲအရာရှိကို ဤကဲ့သို့ ပြောမိလိုက်သည်။ ရဲအရာရှိရယ် ဟိုတစ်နေရာမှာ တရားဥပဒေ၊ ပညတ်တော်အကြောင်းကို ကျွန်တော်တရားဟောခဲ့ပါသည်။ ကျွန်တော်က လူတွေကို တရားဥပဒေ၊ ပညတ်တော်စောင့်ထိန်းဖို့ ဟောပြောခဲ့သည်။ သို့ပါ၍ ဒီတစ်ကြိမ်လောက်ပဲ ကျွန်တော့ကို သနားကရုဏာပေးပါ။ ရဲအရာရှိရယ် ခင်ဗျားနှင့် ကျွန်တော်က ဥပဒေဘက်တော်သားတွေပါ။ လူတွေဥပဒေကို ချိုးဖောက်လျှင် ခင်ဗျားက သူတို့ကို ဖမ်းဆီးသည်၊ ကျွန်တော်က သူတို့ကို ဥပဒေလိုက်နာဖို့ဟောပြောပေးသည်။ ဒါကြောင့် ဒီတစ်ကြိမ်ပဲ ကျွန်တော့်ကို သနားကရုဏာပေးပါ။ ရဲအရာရှိက မဲ့ပြုံးပြုံးပြီး၊ ကောင်းပါပြီ၊ ဒီတစ်ကြိမ်တော့  ခင်ဗျားကရုဏာ ကျေးဇူးတော်အောက်မှာ ရှိနေပြီးသွားပါ။

        ဥပဒေကို ချိုးဖောက်သည့်အခါ ကျွန်ုပ်ဘာကို ရထိုက်ပါသလဲ။ ကားမောင်းမြန်လွန်းတဲ့ ဒဏ်ခတ်တဲ့ လက်မှတ်. . . ဟုတ်ပါသည်။ လွတ်ငြိမ်းခွင့် ရရှိသည့်အခါ ဥပဒေရဲ့ ဒဏ်ခတ်မှုမှ လွတ်ကင်းခွင့် ရရှိခဲ့ပါ သလား။ ရရှိပါတယ်။ ဥပဒေအာဏာစက်အောက်မှ ကင်းလွတ်ခွင့် ရှိပါသလား။ လုံးဝမဟုတ်ပါဘူး။ ကားထဲပြန်ဝင်ပြီး ကျွန်ုပ်ဇနီးသည်ကိုကျွန်တော် ဥပဒေဘောင်အောက်မှာ မရှိတော့ဘူးပြောပြီး ကရုဏာကျေးဇူးအောက်မှာရှိသည့်အတွက် မြန်နိုင်သလောက်မြန်အောင် မောင်းနိုင်ပြီလို့ ပြောနိုင်သလား။ ရဲအရာရှိရဲ့ သနား ကရုဏာအောက်မှာ ရှိသည့်အတွက် တစ်နာရီမိုင် ၉၀ ထိကား မောင်းနိုင်ပြီလို့ ပြောနိုင်သလား။ လုံးဝပြောလို့မရပါ။ ဘာတွေဖြစ်ခဲ့သလဲ။ ကျွန်ုပ်အခု ကျေးဇူးတော်အောက်မှာ ရှိနေသည့်အတွက် ဥပဒေမချိုးဖောက်မိအောင် အထူးဂရုစိုက်ရပါသည်။ သခင်ယေရှုက ကျွန်ုပ်ကိုသူ့ရဲ့  ကရုဏာကျေးဇူးကြောင့် ကယ်တင်သည် စ၍ သူရဲ့ ဥပဒေပညတ်တော်ကို မချိုးဖောက်ချင်ပါ။ သူရဲ့ ပညတ်တော်များကို ကျောမပေးချင်ပါ။

        သင်သည် ကရုဏာကျေးဇူးကြောင့် ကယ်တင်ခြင်း ရရှိသည့်အတွက်ဥပဒေပညတ်တော်ရဲ့ စီရင်ချက် ဒဏ်ခတ်မှု မခံရတော့ပါ။ သခင်ယေရှုကပြောသည် ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်၊ ပြည့်စုံခြင်းငှာ ငါလာသတည်း (မဿဲ၊ ၅း၁၇)

        သခင်ယေရှုသည် ပညတ်တော်တရားကို ပယ်ဖျက်ရန် ကြွလာသည် မဟုတ်။ ပဉ္စမမြောက်ပညတ်တော် ဖြစ်သော သင်၏ မိဘကို ရိုသေစွာပြုလော့ ဟူ သော ပညတ်တော်ကို ပယ်ဖျက်ဖို့လာသည် မဟုတ်ဘဲ သူနှင့်တွေ့သူအားလုံးအပေါ်  သနားကြင်နာ စာနာထောက်ထားတတ်သော သူရဲ့နှလုံးသားကို ဖော်ပြဖို့ ဖြစ်ပါသည်။ သခင်ယေရှုသည် သတ္တမမြောက်ပညတ်တော် သူ့မယားကို မပြစ်မှားနှင့်ကို ပယ်ဖျက်ရန် ကြွလာသည်မဟုတ်၊ သန့်ရှင်းစင်ကြယ်မှုကို စံပြအဖြစ် ဖော်ထုတ်ရန်သာ ဖြစ်ပါသည်။ ထိုနည်းတူ သခင်ယေရှုသည် စတုတ္ထမြောက် ပညတ်တော်ကိုပယ်ဖျက်ရန်မလာ၊ ဥပုသ်နေ့ကို အောက်မေ့လော့ ကျမ်းစာတော်မြတ်က ဤသို့ဆိုသည်၊ ယေရှုသည် ထုံးစံရှိသည့်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာကို ဖတ်ရွတ်ခြင်းငှာ ထတော်မူ၏ (လုကာ၊

၄း၁၆)

        ပညတ်တော်များဖြစ်သော လူ့အသက်ကို မသတ်နှင့်၊ သူ့မယားကို မပြစ်မှားနှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ အခြားသော ပညတ်တော်များကို ပယ်ဖျက်ရန် ယေရှုလာသည် မဟုတ်သလို၊ ဥပုသ်နေ့ကို ပယ်ဖျက်ရန်ကိုလည်း လာရောက်ခြင်း မဟုတ်ပါ။ ဥပုသ်နေ့ကို စောင့်ထိန်းဖို့ ပညတ်တော်သည်ပညတ်တော်ဆယ်ပါးရဲ့ အလယ်ဗဟိုတွင် တည်ရှိခြင်းသည် အကြောင်းအရာ ရည်ရွယ်ချက်ရှိပါသည်။ ပထမလေးခုသော ပညတ်တော်သည် ဘုရားနှင့်ကျွန်ုပ်တို့ စပ်ကြားဆက်စပ်မှုကို ဖော်ပြပြီး နောက်ဆုံးပညတ်တော်လေးခုက ကျွန်တော်တို့နှင့် ပတ်သက်မှုရှိသည့် လူသားအချင်းချင်း ဆက်ဆံမှုကို ဖော်ပြပါသည်။ ဥပုသ်နေ့ပညတ်တော်သည် ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်ဖို့ ပညတ်တော်ဖြစ်ပြီး နာခံမှုရှိဖို့ အခြေခံအားလုံး ဖြစ်သည်။

        ကျွန်ုပ်တို့ကို ဖန်ဆင်းသည့်အတွက် သူ့အား အခြားသော ဘုရားများကို မကိုးကွယ်ဘဲ သူ့အားကိုးကွယ်ရပါမည်။ သူသည် ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်ဖြစ်သည့်အတွက် အခြားသော လူသားအားလုံးတို့ကို နောက်ဆုံးပညတ်တော်ခြောက်ပါး မိန့်မှာသည့်အတိုင်း လေးစားရပါမည်။ ဥပုသ်နေ့ပညတ်တော်သည် ဘုရားသခင်ရဲ့ ပညတ်တော်ဆယ်ပါး စောင့်ထိန်းရခြင်း၏ အကြောင်းရင်း ဖော်ပြထားခြင်းကို ရှင်းပြပါသည်။ နာခံမှုအားလုံးရဲ့ အခြေခံအုတ်မြစ်သည် ဖန်ဆင်းရှင်အား ဥပုသ်နေ့တွင် ဝတ်ပြုကိုးကွယ်ဖို့ ဖြစ်ပါသည်။

        ဧဖက်၊ ၃း၉ တွင် တမန်တော်ရှင်ပေါလုက အလုံးစုံကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏ ရှေးကပ်ကာလပတ်လုံးဝှက်ထားလျက် ရှိသည့် ဤနက်နဲသောအရာ၏ အမှုအရေးကိုလူတိုင်းအား ရှင်းလင်းစေမည်။ သခင်ယေရှုသည် ဘုရားသခင်ရဲ့ အစီအစဉ်အတိုင်း ဥပုသ်နေ့ကို စောင့်ထိန်းခြင်းအားဖြင့် ဥပုသ်နေ့တွင် ဝတ်ပြုကိုးကွယ်ဖို့ စံပြနမူနာ ပြသသွားသည်။

ပညတ်တရားနှင့် ကျေးဇူးတော်တရား နားလည်မှုရှုပ်ထွေးခြင်း

        ခရစ်ယာန်ခပ်များများသည် ပညတ်တရားနှင့် ကျေးဇူးတရားဆက်စပ်မှုအကြောင်း စိတ်ရှုပ်ထွေးလျက် ရှိပါသည်။ ရှင်ပေါလုက “သင်တို့သည် ပညတ်တရား လက်၌မရှိ၊ ကျေးဇူးတရားလက်၌ ရှိသောကြောင့်အပြစ်တရားသည် သင့်ကို မအုပ်စိုးရ (ရောမ၊ ၆း၁၄)

        အပြစ်သည် သင့်အား ဘယ်အချိန်မှာ အုပ်စိုးသနည်း။ ဘုရားသခင်ရဲ့လမ်းကို မလျှောက်ဘဲ ကိုယ့်လမ်းကိုယ်လျှောက်သည့်အခါ၊ ဘုရားသခင်ပညတ်ကို ချိုးဖောက်သည့်အခါ အပြစ်သည် ကျွန်ုပ်တို့ကို အုပ်စိုးတော်မူသည်။

        ပညတ်တော်အောက်မှာရှိသည် အဓိပ္ပါယ်က ဘာကိုဆိုလိုပါသလဲ။ပညတ်တော်အောက်မှာ ရှိသည်ဆိုသည်မှာ ပညတ်တော်အားဖြင့်ကယ်တင်ခြင်းကို ရရှိခြင်းဖြစ်ပါသည်။ ပညတ်တော်ကို စောင့်ထိန်းဖို့အတွက် ကိုယ့်အားကိုယ်ကိုးလျှင် အတ္တလန်တိတ်သမုဒ္ဒရာကို ကူးဖို့ကြိုးစားသလိုဖြစ်သည်။ သင်သည် အိုလံပစ် ရေကူချန်ပီယံ ဖြစ်လင့်ကစား ခရီးဝေးကွာလွန်း ဖြစ်နေပါသည်။ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ဘုရားသခင်ရဲ့ ပညတ်တော်ကို ကိုယ်အားတစ်ခုတည်းဖြင့် မစွမ်းဆောင်နိုင်ပါ။ ကယ်တင်ခြင်း ရရှိဖို့အတွက် ပညတ်တော်ကို အားကိုး စောင့်ထိန်းလျှင် ကျွန်ုပ်တို့သည် မကြာခဏ စိတ်ပျက်မှုရှိပြီး စီရင်ချက်အမြဲခံစား နေရမည်ဖြစ်သည်။ သို့ရာတွင် သခင်ယေရှုအား ကျွန်ုပ်တို့ရဲ့ ကယ်တင်ခြင်း အရင်းအမြစ်ဖြစ်လျှင် အရာရာတိုင်း လဲသွားပါမည်။

        ကျေးဇူးတရားလက်အောက်မှာ ရှိသည်ဆိုသည်မှာ သခင်ခရစ်တော်ရဲ့ ခွင့်လွှတ်ခြင်းကို လက်ခံပြီး၊ ခွင့်လွှတ်ခြင်းကိုရကာ ကျွန်ုပ်တို့တွင် သူ့ရဲ့အင်အားဖြင့် ပြည့်ဝသွားသည်ကို ဆိုလိုသည်။ သခင်ယေရှုသည် ကျွန်ုပ်ရဲ့ နှလုံးသားတွင် သူရဲ့ ပညတ်တော်ကို ရေးမှတ်ပါသည်။ သူ့အား နာခံရန် ဆန္ဒရှိသည်။

        သမ္မာကျမ်းစာသည် ဤအချက်နှင့် ပတ်သက်၍ ရှင်လင်းပြတ်သားသည်။ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်ထံပါးသို့လာပြီး သနားကရုဏာခံယူလျှင် သူက ငါသား သင်သည် ယခင်က ဘာပဲလုပ်ခဲ့လုပ်ခဲ့၊သင့်ဘဝဘယ်လောကပဲ ရှိပါစေ၊ ငါသည် သင့်အားအပြစ်လွှတ်မည်။ သင်နောက်တစ်ခါ အစကနေပြန်စေနိုင်ပြီ” ပညတ်တော်သည် ကျွန်ုပ်တို့လိုအပ်ချက်ကို ဖော်ပြပေးပါသည်။ ဘုရားသခင်၏ ပညတ်တော်ကို ကြည့်သည့်အခါ ကျွန်ုပ်သည် ဘယ်လိုလူစားမျိုးဖြစ်သည်ကို မြင်နိုင်သည်။ ဘုရားသခင်ရဲ့ ကျင့်ဝတ်နှင့် ကျွန်ုပ်ဘယ်လိုမှ နှိုင်းယှဉ်၍ မရနိုင်ပါ။

        တစ်ခါတစ်ရံ ကျွန်ုပ်၌ စိတ်မရှည်ခြင်း၊ တစ်ခါတစ်ရံ သနားကြင်နာမှုရှိသင့်သလောက် မရှိခဲ့ပါ။ ဘုရားသခင်ရဲ့ ပညတ်တော်ကို မစောင့်ထိန်းခဲ့သဖြင့် သူရဲ့ ကရုဏာကျေးဇူးကိုရရှိဖို့အတွက် သူ့ကိုရှာရပါသည်။ ဆာလံ ဆရာဒါဝိဒ်မင်းက ထာဝရဘုရား၏ တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏” (ဆာလံ၊ ၁၉း၇) ပညတ်တော်ဆယ်ပါးသည် ကျွန်ုပ်အား သခင်ယေရှုထံပါးသို့ တွန်းပို့ပါသည်။ ကျွန်ုပ်က အိုယေရှု၊ ကျွန်ုပ်ရဲ့ နှလုံးကြေကွဲပါပြီ။ ကျွန်ုပ်အပြစ်များဖြင့် ပိ၍ နေပါသည်။ ကျွန်ုပ်ကို အပြစ်လွှတ်တော်မူပါ။ ကျွန်ုပ်ရဲ့ အပြစ်ကို ယူဆောင်သွား ပါသည်။ ပညတ်တော်ကို စောင့်ထိန်းနိုင်ဖို့နှင့် နာခံတတ်ဖို့ ကူညီမစပါ။

        တစ်ကြိမ်က ရှေ့နေကြီး တစ်ဦးသခင်ယေရှု ထံရောက်လာပြီးမေးသည်။ အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်ပညတ်သည်သာ၍ ကြီးသနည်းဟု မေးလျှောက်သော်၊ ယေရှုက သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့ ဟု ပြန်ဖြေသည် (မဿဲ၊ ၂၂း၃၆-၄ဝ) ဤဟာသည် ပထမဆုံးနှင့် အကြီးမားဆုံး ပညတ်တော်ဖြစ်သည်။ ဒုတိယကတော့ ဤအတိုင်းပင်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ဟူ၍ပင်။

        သခင်ယေရှုဘာများဆိုလိုသလဲ။ သူသည် ပညတ်တော်ဆယ်ပါးကိုခြုံ၍ ပြောနေသည်။ သူကဆက်၍ ရှင်းပြသည်မှာ ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင် ဖြစ်သတည်းဟု မိန့်တော်မူ၏။ 

        ပညတ်တော် တစ်ခုလုံးကို စာလုံးတစ်လုံးတည်းဖြင့် ချုပ်ဆိုနိုင်သည် “အချစ် ပင်တည်း။ (Love) သခင်ယေရှုသည် ပထမပညတ်တော်လေးပါးကို ဘုရားသခင်ကို ချစ်ခြင်းဖြင့် ချုပ်လိုက်သည်။ နောက်ဆုံးပညတ်တော်ခြောက်ပါးကို ကိုယ်နှင့်စပ်ဆိုင်သော သူ့ကို ချစ်လော့ဟူ၍ပင်။

        သခင်ယေရှုပြောခဲ့သည်မှာ သင်သည် လုံးလုံးလျားလျား ချစ်တတ်မယ်ဆိုလျှင် ဘုရားသခင်ကို ချစ်မည်။ သင်သည် လုံးလုံးလျားလျား ချစ်တတ်မည်ဆိုလျှင်လည်း လူသားချင်းကို ချစ်တတ်မည်။

        ချစ်ချင်းမေတ္တာသည် နာခံမှုသို့အမြဲပို့ဆောင်မည်။ ဘုရားသခင်၏ ပညတ်တော် ဆယ်ပါးကို ကျောက်ပြားပေါ်၌ သူ၏ကိုယ်တော်တိုင် လက်ညှိုးဖြင့် ရေးသားခဲ့သည်။ ဘုရားသခင်၏ ပညတ်တော်များကို စောင့်ရှောက်ခြင်းသည် သင့်အားအချုပ်အနှောင် မဖြစ်စေပါ။ အချုပ်အနှောင်မှ ကင်းလွတ်အောင် ဆောင်ကြဉ်းပေးသည်။ ပညတ်တော်ဆယ်ပါးကို ပေးခြင်းသည် ကျွန်ုပ်တို့၏ လွတ်လပ်မှုကို ချုပ်ချယ်ရန် မဟုတ်ဘဲ လွတ်လပ်မှု အမှန်တကယ်ရှိအောင်ပေးခြင်း ဖြစ်သည်။ ပညတ်တော်သည် ဘုရားသခင်ကိုယ်တော်တိုင် ပေးအပ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ စကားတော်အားဖြင့် ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏ (ထွက်မြောက်၊ ၂၀း၂) ဤကျမ်းချက်၌ ဆက်၍ ပညတ်တော်ဆယ်ပါးကို ပေးအပ်ခဲ့သည်။ ထိုပညတ်တော်များကိုကောင်းကင်နှင့် မြေကြီး၏ အရှင်သခင် ဘုရားသခင် ကိုယ်တော်တိုင်၏ လက်ညှိုးတော်နှင့် ကျောက်ပြားပေါ်၌ရေးခဲ့သော ပညတ်ဖြစ်သည်။ ထိုပညတ်တို့သည် ခေတ်အဆက်ဆက် အစဉ်ထာဝရတည်မြဲသော ကျင့်ဝတ်ဖြစ်သည်။

        ပညတ်တော်ဆယ်ပါးကို လေ့လာသုံးသပ်ကြစို့၊ ယင်းတို့သည်ဘုရားသခင်၏ ကျင့်ဝတ်လမ်းညွှန် အဖြစ်အသက်တာ ရှင်သန်နိုင်ဖို့ ဖြစ်သည်။

        “ငါမှတစ်ပါး အခြားသော ဘုရားကို မကိုးကွယ်နှင့် ဘုရားသခင်ပြောနေသည်မှာ ငါသည် သင့်ဘဝအသက်တာ၌ အထွတ်အထိပ် ဖြစ်ရမည် အခြားသော ဘုရား၊ သင့်အိမ်၊ သင့်ငွေ သင့်ဥစ္စာပစ္စည်း စသည်တို့မှာ ဘုရားသခင်ထက် ဦးစားပေးလျှင် သူမကျေနပ်နိုင်ပါ။

        ဒုတိယပညတ်တော်က ရုပ်တုဆင်းတုကို ကိုယ့်အဖို့ မလုပ်နှင့် အဓိပ္ပါယ်ကတော့ ဘုရားသခင်သာလျှင် အထွတ်အထိပ်ဖြစ်၍ သူ့ကိုသာလျှင် ဝတ်ပြုကိုးကွယ်ရမည်။ ဘုရားသခင်ဆိုလိုသည်မှာ ငါ့ဆီကိုတိုက်ရိုက်လာပါ။ ရုပ်တုဆင်းတုမှ တစ်ဆင့် မလာပါနှင့်။

        တတိယပညတ်တော်က သင်၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက်ဆိုနှင့် ဘုရားသခင်က ပြောနေသည်မှာ “ငါ၏ နာမကိုလေးစား၍ ငါ့အားချစ်မြတ်နိုးလော့။” စဉ်းစားလိုက်ပါ။ သခင်ယေရှု၏ နာမတော်သည် ကောင်းကင်တမန်များပင် လေးစားသောအားဖြင့် သူတို့၏ မျက်နှာကိုပင် ကာထားရသည်။ ထိုနာမတော် ကို သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း ဟူ၍ပင် ကောင်းကင်တမန်များက သီဆိုလျက် ရှိနေသည်ကို ဆဲဆိုလျက်ရှိနေလျှင် ဘယ်သို့ ဖြစ်မည်နည်း။

        ကျွန်ုပ်တို့၏ ခေတ်နှင့် လိုက်ဖက်အောင် ပညတ်တော်ဆယ်ပါးက စကားပြောနေသည်၊ သခင်ယေရှု၏ နာမတော်ကို လေးစားမြတ်နိုးစွာအားဖြင့်သာ အသုံးပြုဖို့သင့်ပါသည်။ 

        စတုတ္ထပညတ်တော်သည် ဥပုသ်နေ့နှင့် ပတ်သက်၍ ဘုရားသခင်၏ ပညတ်တော်များအနက်မှ အချုပ်အချာအလယ်ဗဟို၌ ရပ်တည်သည်။  ဘုရားသခင်သည် လူသားတိုင်းအား ဥပုသ်နေ့ကို အောက်မေ့ရန် မိန့်မှာသော်လည်း သူတို့တတွေ မေ့လျှော့သွားပုံရသည်။ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံးကို အလုပ်ကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏” (ထွက်မြောက်၊ ၂၀း၈-၁၀)

        လူသည် တစ်စတစ်စပြောင်းလဲလာပြီး လူအဖြစ်သို့ ကူးပြောင်းလာကြောင်းယုံကြည်သည့် ဤဘုရားမဲ့ခေတ်ကြီးတွင် ဘုရားသခင်က ကောင်းကင်မြေကြီး ဖန်ဆင်းရှင်ကို ကိုးကွယ်ရန် ခေါ်ယူနေပါသည်။ ဥပုသ်နေ့ပညတ်သည် ကျွန်ုပ်တို့အား မြေကြီးနှင့်စပ်ဆိုင်သော ဆိုးကျိုးများမှ လွတ်မြောက်စေပြီး ထာဝရတန်ဖိုးရှိသည်များနှင့် အပတ်စဉ်နေ့တစ်နေ့တွင် ထိတွေ့ပေးသည်။ ဦးနှောက်ကို ထုံထိုင်းစေသည့် လောကီရေးရာချုပ်နှောင်မှုမှ လွတ်ကင်းစေပြီး ထွတ်မြတ်သည့် အမှန်တရားနှင့် ထိတွေ့ပေးသည်။

        ပဉ္စမပညတ်တော် သင်၏ မိဘကို ရိုသေစွာပြုလော့ ဟူသောကတိတော်နှင့် တစ်ပါးတည်းရှိသည်။ သင်၏ ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသော ပြည်၌ သင်၏အသက်တာရှည်မည့် အကြောင်း။” ကောင်းမြတ်လိုက်သည့် ကတိတော်ပါပဲ။ မိဘနှင့်သားသမီး စပ်ကြားဆက်ဆံရေး အပေါင်းလက္ခဏာရှိလျှင် အသက်တာရှည်ပြီးကျန်းမာပျော်ရွှင်မှုနှင့် ပြည့်ဝပါသည်။

        ဆဋ္ဌမပညတ်တော် လူ့အသက်ကို မသတ်နှင့် သည် ခေတ်နှင့်အညီမိန့်မှာခြင်းဖြစ်သည်။ ယခုခေတ်အချိန်တွင် နိုင်ငံများများရဲ့ စစ်လက်နက် စုဆောင်မှုသည် သန်းပေါင်းများစွာကို သတ်သေနိုင်စေသည်။ လိုသည့်အခါ ကိုယ်ဝန်ဖျက်ချသည့် အချိန်ဖြစ်သည်။ ချောင်းမြောင်းနေသည့်သေနတ်သမားများ အပြစ်မဲ့သူများကို သတ်ဖြတ်ကြခြင်း၊ ဒီဒုက္ခများကြားပညတ်တော်တစ်ခုသည် လူ့အသက်ကို တန်ဖိုးထားသေးသည်ကို တွေ့ရပါသည်။ လူ့အသက်ကို မသတ်နှင့်၊ ဆဋ္ဌမပညတ်တော်သည် လူ့အသက်ကို သတ်ဖို့၊ စစ်ခင်းကျင်းမှုမှ လွတ်မြောက်စေသော ပညတ်ဖြစ်သည်။ လူတိုင်းလူတိုင်းကို အသက်ရှင်ခြင်းဆိုသည်မှာ ဘုရားထံတော်မှ ရရှိခဲ့သည့်လက်ဆောင်မွန်ဖြစ်ကြောင်း အသိပေးသည်။

        သတ္တမပညတ်တော်သည် သူ့မယားကို မပြစ်မှားနှင့် ဆိုသည်မှာယခု ခေတ်လူနေမှုဆက်ဆံရေး အခြေအနေကို သတိပေးအော်ပြောနေပါသည်။ ကိုယ်ကျင့်တရားပျက်ပြားချိန်၊ စာရိတ္တ သန့်ရှင်းမှု မရှိသည့် အချိန်တွင် ဘုရားသခင်၏ ပညတ်တော်သည် ဤခေတ်ရှိလူတွေကို သတိပေးစကားပြောနေပါသည်။

        လူ့အဖွဲ့အစည်းတစ်ခုသည် ဘုရားသခင်၏ ပညတ်တော်ကိုကျောခိုင်းပြီး လူ့ကျင့်ဝတ်ကို ပွင့်ပွင့်လင်းလင်း ဖောက်ဖျက်သည့်အခါ ထိုလူ့အဖွဲ့အစည်းသည် ပျက်စီးခြင်းသို့ ဦးတည်နေပါသည်။ သတ္တမပညတ်တော်သည် ကိုယ်ကျင့်တရား သန့်ရှင်းမွန်မြတ်ဖို့ ခေါ်ယူနေပါသည်။ ကျွန်ုပ်တို့ကို လိင်ဆက်ဆံမှုမှ ကူးစက်တတ်သော ရောဂါဆိုးတို့မှ ကင်းလွတ်စေပါသည်။ ဤရောဂါဆိုးများသည် နိုင်ငံတစ်နိုင်ငံလုံးကို ပျက်သုဉ်းစေနိုင်သည်။ ကျွန်ုပ်တို့ဘဝ သန့်ရှင်းမှုအတွက် ရေးမှတ်ထားသည့် ပညတ်တော်ကို ဖောက်ဖျက်ခြင်း၏ ကိုယ်ကာယပျက်စီခြင်း၊ စိတ်နှလုံးနှင့်ခံစားချက် ပျက်စီးယိုယွင်းခြင်းတို့မှ ပြန်လည်ခေါ်ယူနေပါသည်။ ဤအခြေခံကိုယ်ကျင့်တရားကို ဖောက်ဖျက်၍ ခံစားရသောကြီးမားသည့် အပြစ်ရှိခံစားချက်တို့မှ လွတ်ကင်းစေပါသည်။

        ရှစ်ပါးသောပညတ်တော် သူ့ ဥစ္စာကိုမခိုးနှင့် ဘုရားသခင်ပေးသနားသော ဥစ္စာပစ္စည်းများကို ကာကွယ်ပေးပါသည်။ ခိုးယူခြင်းသည် မှားပါသေးသည်။ ခါးပိုက်နှိုက်ယူခြင်းသည်လည်း မှားပါသည်။ ကိုယ်မပိုင်ဆိုင်သည်များကို ယူလျှင် မှားပါသည်။ ရှစ်ပါးမြောက်သော ပညတ်တော်သည် ကိုယ်ပိုင်ဆိုင်သည်များကို အခြားသူများက ကိုယ်ကျိုးအတွက် ခိုးယူခြင်းမှ ကာကွယ်စိတ်အေးချမ်းမှု ရှိစေသည်။

        ကိုးပါးမြောက်ပညတ်တော် ကိုယ်နှင့်စပ်ဆိုင်သော သူတစ်ဘက်၌ မမှန်သော သက်သေကို မခံနှင့် သင့်ရဲ့ သိက္ခာကို ကာကွယ်ပေးသည်။လိမ်လည်ခြင်းသည် မှားယွင်းသည်။ သူများကို အတင်းအဖျင်းဆိုခြင်းသည်လည်း မှားယွင်းသည်။ သူများရဲ့ သိက္ခာကို ညစ်ညမ်းအောင် ပြုလုပ်ခြင်းသည်လည်း မှားယွင်းသည်။ ကျွန်ုပ်တို့ရဲ့ သိက္ခာနှင့် နာမည်ကောင်းကို ဘုရားသခင်က ကာကွယ်ပေးပါသည်။ 

        ဆယ်ပါးမြောက်ပညတ်တော်သည် ကျွန်ုပ်တို့ရှိသည်များနှင့်ကျေနပ်မှုရှိကြရန် ဘုရားသခင်က တောင်းဆိုနေသည်။ ဘုရားသခင်ကောင်းမှု၌ ကျေနပ်မှုရှိရန် ကောင်းကင်ဘုံမှ တောင်းဆိုချက်ဖြစ်ပါသည်။ဤနောက်ဆုံးသော ပညတ်တော်မှာ ကိုယ်နှင့် မစပ်ဆိုင်သောအရာအားလုံးအပေါ် တပ်မက်လိုချင်သော စိတ်မရှိစေနှင့် (ထွက်မြောက်၊၂၀း၁၇) ဘုရားသခင် ပေးသနားတော်မူသော အရာများအတွက် ကျေးဇူးတင်၍ ကျေနပ်မှုရှိရန် အာရုံပြုပေးသည်။ ကျွန်ုပ်တို့၌ မရှိသည်များကို မကျေနပ်၍ ညည်းညူခြင်းမပြုရန်ဖြစ်သည်။

        ပညတ်တော်ဆယ်ပါးသည် ယနေ့ခတ်ရှိ လူအပေါင်းတို့ကိုစကားပြောနေပါသည်။ ယနေ့ လူ့အဖွဲ့အစည်းအသီးသီးတို့အား အဓိပ္ပါယ်အပြည်နှင့်စကားပြောလျက် ရှိပါသည်။ ဆာလံကျမ်းဆရာရဲ့ ဖော်ပြချက်မှာ ဘုရားသခင်၏ ပညတ်တော်သည် ထာဝစဉ်တည်မြဲလျက်ရှိပါသည်။ (ဆာလံ၊ ၁၁၁း၇-) သူ့ရဲ့ လက်တော်အားဖြင့် ပြုသမျှအရာအားလုံးတို့သည် အမှန်စင်စစ်ဖြစ်၍ တရားမျှတမှု ရှိပါသည်။ သူ့ရဲ့ တရားတော်သည် စိတ်ချယုံကြည်ရပြီး ထာဝစဉ်ရပ်တည်လျက် ရှိပါသည်။ သူရဲ့ ပဋိညာဉ်ကို ထာဝစဉ်မိန့်တော်မူလျက် ရှိပါသည်။ စာတန်မာရ်နတ်သည်နာခံမှုမရှိသည့်အတွက် ကောင်းကင်ဘုံကို ဆုံးရှုံးရပါသည်။ အာဒံနှင့်ဧ၀တို့သည် နာခံမှုမရှိသည့်အတွက် ဧဒင်ဥယျာဉ်ကို ဆုံးရှုံးခဲ့ရပါသည်။

        ဘုရားသခင်သည် လူအပေါင်းတို့ကို ပညတ်တော်ဆယ်ပါး ပြန်လည်စောင့်ထိန်းရန် ခေါ်နေပါသည်။ သူသည် ကျွန်ုပ်တို့အား ဤကတိတော်ကို ပေးထားပါသည်။ “နောင်ကာလ အခါ ဣသရေလအမျိုးတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့စိတ်ဝိညာဉ်ထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာ ငါရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့လည်း ငါ၏လူဖြစ်ကြလိမ့်မည် (ဟေဗြဲ၊ ၈း၁ဝ)

        ဘုရားသခင်ကပြောသည်။ သူရဲ့ ပညတ်တော်ကို ကျွန်ုပ်တို့ စိတ်နှလုံးထဲတွင် ထည့်သွင်းပေးမည်။ ဒါက ဘာအဓိပ္ပါယ်ကို ဆိုလိုပါသလဲ။ဘုရားသခင်ရဲ့ ပညတ်တော်သည် ကျွန်ုပ်တို့ စိတ်နှလုံးထဲတွင် ရှိပါကကျွန်ုပ်တို့ သတိရနားလည်သွားပါမည်။ ဘုရားသခင်၏ ပညတ်တော်သည်ကျွန်ုပ်တို့ စိတ်နှလုံးထဲတွင်ရှိလျှင် ကျွန်ုပ်တို့ ချစ်မြတ်နိုးသွားမည်။နောက်ဆုံးကာလ ဘုရားသခင်ရဲ့ လူတို့၏ စိတ်နှလုံးထဲသို့ ပညတ်တော်ရေးမှတ်ထားပေးလိမ့်မည်။ သူတို့သည် ဘုရားရှင်ကိုချစ်မြတ်နိုး၍ သူ့အားနာခံမှု ရှိပါသည်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် နာခံဖို့အတွက် လွတ်မြောက်မှု ရရှိခဲ့ပါသည်။ သခင်ခရစ်တော်၏ တန်ခိုးအာနုဘော်အားဖြင့် မကောင်းဆိုးဝါးလက်များမှ လွတ်ကင်းသွားပါ သည်။ ချုပ်နှောင်မှုမှ ကယ်တင်ခြင်း ရရှိသွားပါသည်။ သခင်ယေရှုအားဖြင့် ဘုရားတရားဘဝ နေထိုင်သွားနိုင်ရန် လွတ်မြောက်မှု ရရှိပါသည်။ နောက်ဆုံးကာလ ဘုရားသခင်၏ လူနှင့်ပတ်သတ်သော မှတ်ချက်မှာ-

        “ဘုရားသခင်၏ ပညတ်တော်တို့ကို လည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏ (ဗျာဒိတ်၊ ၁၄း၁၂)

        သူတို့ဒီမှာ ရှိသည်။ သစ္စာရှိသူတို့ ဘုရားသခင်၏ ပညတ်တော်ကိုစောင့်ထိန်းပြီး ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း ဖြစ်ကြပါသည်။ဗျာဒိတ်ကျမ်း၏ နောက်ဆုံးအခန်းတွင် ကယ်တင်ခြင်းခံရသူများကို ဤသို့ ဖော်ပြထားသည် အသက်ပင်နှင့်ဆိုင်၍ မြို့တံခါအတွင်းသို့ ဝင်အံ့သောငှာ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။” (ဗျာဒိတ်၊ ၂၂း၁၄) ယေရှုခရစ်သည် ကျွန်ုပ်တို့ကို အပြစ်မှ ဖြေလွှတ်ခဲ့သည်။ သခင်ယေရှုက ကျွန်ုပ်တို့ကို သူ့ထံလာရန်ခေါပြီး သနားကြင်နာမှုပေးသည်။                ကျွန်ုပ်တို့မျက်စိ အထဲသို့ ကြည့်ပြီး ကျွန်ုပ်တို့ဘဝကို ပြောင်းလဲပေးပါသည်။ ကျွန်ုပ်တို့ ယောက်ျားသစ်၊ မိန်းမအသစ်များအဖြစ် ပြုပြင်ပြောင်းလဲပေးပါသည်။ ကျွန်ုပ် တို့သည် ယေရှုကို ဖိတ်ခေါ်ပြီး ကိုယ်မလုပ်နိုင်သောအရာများကို ကျွန်ုပ်တို့ဘဝအား ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုပါမည်လား။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မိခင်တစ်ဦးသည် သားငယ်အား ထင်ပေါ်ကျော်ကြားသည့် တရားဟော ဆရာဒွိုက်မူးဒီစကားပြော စည်းဝေးသို့ ခေါ်သွားသည်။ စည်းဝေးပွဲပြီးသည့်အခါ ဧဝံဂေလိဆရာမူးဒီအား လက်ဆွဲနှုတ်ဆက်ရန် တန်းစီပါသည်။ သူ့မရဲ့ ဆန္ဒကတော့ သူ့သားကလေးကို တရားဟောဆရာနှင့် လက်ဆွဲနှုတ်ဆက်ဖို့ ဖြစ်ပါသည်။ လက်ဆွဲနှုတ်ဆက်ဖို့ အလှည့်ကျသည့်အခါ သားကလေးက သူ့လက်ကို ဆုပ်ကိုင်ပြီး နှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့သည်။ မိခင်ဖြစ်သူက ချော့မော့ပြီး သားငယ်ရဲ့ လက်ကို တရားဟောဆရာလက်ထဲသို့ ထည့်ပေးသည်။ ကလေးငယ်တော့ သူ့လက်ကလေးများကို ဖွင့်မပေးပါ။ လက်ကလေးများကို နောက်ဆုံးသော ဖွင့်လိုက်သည့်အခါ လှပသည့် ဂေါ်လီလုံးအနည်းငယ်ကို တွေ့လိုက်ရသည်။ သူထင်တာကတော့ တရားဟောဆရာကသူ့ဂေါ်လီလုံးကို ယူသွားမည် စိုးရိမ်၍ သူ့လက်ကလေးများ ဆုပ်ထားခြင်းဖြစ်သည်။

        သင်ဘာကို ဆုပ်ကိုင်ထားသလဲ မိတ်ဆွေတို့၊ ဘာကို ဆွဲကိုင်နေထားသလဲ။ ယေရှုသည် သင့်လက်များကို ဆွဲယူသည့်အခါ သင်ဘာကိုမျှ မှီခိုစွဲကိုင်ထားရန် မလိုပါ။ သင့်ရဲ့ဘဝကို ယေရှုလက်သို့ အပ်နှံပြီး ကောင်းမွန်နာခံသည့် ဘဝကို နေထိုင်သွားနိုင်အောင် လွတ်မြောက်မှု ရရှိနိုင်ပါသည်။

        ယခုပင် သခင်ယေရှုရဲ့ လက်ကို ဆွဲကိုင်ဖို့အတွက် အခြားဘာများအရေးကြီးနေပါသလဲ။ ဘာဖြစ်လို့ တုံ့ဆိုင်းနေရပါသလဲ။ သင်ယခင်ကပြုလုပ်ခဲ့သည့် အပြစ်အမှားတို့ကို သူ၏ ကျေးဇူးတော်ဖြင့် အပြစ်ဖြေလွှတ်ပေးမည်။ သင့်ဘဝကို ပြုပြင်ပြောင်းလဲ၍ လူသစ်ဖြစ်သွားမည်။

        ကျွန်ုပ်သည် ဤဓမ္မတေးသီချင်းဟောင်းကို ချစ်မြတ် နိုးပါသည်။ “ချစ်ဖွယ် ဘုရားရှင် အံ့ဖွယ်ကရုဏာ၊ ပြစ်ဒုစရိုက်ထက်သာလွန် ကရုဏာ၊သိုးသငယ် သေခံရာ ကရာနီ၊ ဟိုတောင်ကုန်းပေါ်သွားတော်သွန်းခဲ့ပြီ။ ဘုရားရှင်၊ ကရုဏာ (အံ့ဖွယ် ကရုဏာ ကန့်သတ်မရှိ) ဘုရားသခင်ကရုဏာ (အံ့ဖွယ်ကရုဏာ ကန့်သတ်မရှိ) အပြစ်အားလုံး ထက်ကြီးမားပေသည်။ ဘုရားရှင်ရဲ့ ကျေးဇူးတော် ကရုဏာသည် သူ၏သလွန်တော်မှကျွန်ုပ်တို့ နှလုံးသားထဲသို့ စီးဆင်းလျက် ရှိနေပါသည်။ ယခုပင်သင့်ရဲ့ ဘဝကို သူ့လက်ထဲတွင် အပ်နှံပါလား။ သူ၏ကရုဏာ ကျေးဇူးဝင်နိုင်ဖို့ သင့်နှလုံးသားကို ဖွင့်ပေးပါလား။ သင့်ပြုခဲ့သမျှသော အပြစ်ဒုစရိုက်များကိုဖြေလွှတ်ပြီး နာခံသောဘဝကို နေထိုင်သွားနိုင်မည်။

        သင်ရဲ့ ငြိမ်သက်လျက်ရှိသည့် ဝိညာဉ်နှလုံးသားမှ သူ့ကို ရိုသေစွာနာခံဖို့ ပြောပြလိုက်ပါလား။ ဘုရားရှင်၏လမ်းသည် အကောင်းဆုံးလမ်းဖြစ်၍ သူ့အား နားထောင်ဖို့ ပျော်မွေ့လျက်ရှိကြောင်း ပြောပြလိုက်ပါလား။

 

 

No comments:

Post a Comment