အခန်း (၆) သင့်မေးခွန်းများအတွက် သမ္မာကျမ်းစာမှ အဖြေပေးခြင်း
ဂျွန်သည် မိမိကိုယ်ကို ဆက်ကပ်အပ်နှံထားသူ ခရစ်ယာန်တစ်ဦးဖြစ်သည်။ သူနှင့် သူ့ဇနီးတို့သည် သစ္စာရှိသည့်ယုံကြည်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ အလိုတော်ကို လုပ်လိုကြသည်။ သမ္မာကျမ်းစာ၌ ရှိသည့် ဗျာဒိတ်ဟောကြားချက်များနှင့် ပတ်သက်၍ ကျွန်ုပ်ဦးဆောင်ပြုလုပ်သည့် အစည်းအဝေးများကို သူတို့ ဇနီးမောင်နှံများ တက်ရောက်ခဲ့၍ သူတို့ မကြားခဲ့ဘူးသည့် အမှန်တရားနှင့်ရင်ဆိုင် တွေ့ရှိခဲ့သည်။ သူတို့၏ ဦးနှောက်ထဲတွင် မေးခွန်းကြီးများ ဝဲပျံနေပါသည်။ ဥပုသ်နေ့နှင့် ပတ်သက်၍ သူတို့ကို စိတ်သောက ဖြစ်စေပါသည်။ ဥပုသ်နေ့သည် ကျမ်းစာတော်မှလာသည့် အမှန်တရားဖြစ်ကြောင်း သူတို့ ယုံကြည်လာသည် ဖြစ်သော်လည်း သူတို့၏ အသင်းတော်မှ ပါစတာ တရားဟောဆရာများက မေးခွန်းမေး၍ သူတို့ ဇဝေဇဝါ သံသယရှိ လာတော့သည်။ သူတို့မှာ စိတ်စနောင့်စနင်း ဖြစ်နေ၍ သူတို့၏ မေးခွန်းများအတွက် အဖြေလိုအပ်နေပါသည်။ ကျွန်ုပ်နှင့် သူတို့ နှစ်ဦး သမ္မာကျမ်းစာကို အတူတကွ လေ့လာသည့်အခါ အမှန်တရားကို သူတို့ ပိုမိုနက်ရှိုင်းစွာ နားလည် လာပါတော့သည်။ သူတို့၏ မေးခွန်းများအတွက် တိကျခိုင်မာသည့် အဖြေများတွေ့ရှိ လာပါတော့သည်။ သူတို့၏ သံသယများ ပျောက်ကွယ်ပြီး ဥပုသ်နေ့စောင့်ထိန်းရခြင်း၏ မှန်ကန်သော ပျော်ရွှင်မှုနှင့်ဆုမင်္ဂလာ အပေါင်းတို့ကို တွေ့ရှိခဲ့သည်။
သင့်မှာလည်း ကျမ်းစာတော်နှင့် ပတ်သက်သော မေးခွန်းများလည်း ရှိချင်ရှိနိုင်မည်။ အချို့ ကျမ်းပိုဒ်များသည် သင့်အတွက် နားလည်ဖို့ခက်ခဲပါလိမ့်မည်။ ကျွန်ုပ်တို့၏ မေးခွန်းများအတွက် သမ္မာကျမ်းစာမှရှင်းလင်းပြတ်သားသော အဖြေများ ပေးနိုင်ပါသည်။ အမှန်အားဖြင့် ကျမ်းစာတော် တစ်လျှောက်လုံးတွင် သခင်ဘုရားက မေးခွန်းများ မေးဖို့ ဖိတ်ခေါ်ပြီး သူ၏နှုတ်ကပတ်တော်ဖြင့် တိကျထိရောက်သည့် အဖြေများကို ပေးပါသည်။
သခင်ယေရှုက ပြောသည်မှာ “ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မှုပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏” (ယောဟန်၊ ၁၇း၁၇)။ ရှင်ပေတရုသည် ဆက်၍ စိတ်နှလုံးထဲ၌ ထာဝရအရှင် ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင့်တို့ မျှော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသူ ရှိသမျှတို့အား နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြောခြင်းငှာ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့”(၁ပေ၊ ၃း၁၅)။
တမန်တော် ရှင်ပေါလုသည် တိမောသေအား အကြံပြုခဲ့သည်မှာ “သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော” (၂တိ၊ ၂း၁၅)။ဓမ္မဟောင်းကျမ်းမှ ပုရော ဖက် ဟေရှာယသည် ဤသို့မေး၏ “ဘယ်သူကိုပညာသွန်သင်ချင်သနည်း။ ပညတ်တစ်ခုပေါ်မှာ တစ်ခု၊ တစ်ခုပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာတစ်နည်း၊ တစ်နည်းပေါ်မှာ တနည်း၊ ဒီဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ရှိပါသည်တကား။ (ဟေရှာယ ၂၈း၉-၁ဝ)။ တစ်နည်းအားဖြင့် ပြောရလျှင် အကြောင်းအရာ တစ်ခုအပေါ်မှာ သမ္မာကျမ်းစာ၏ သွန်သင်မှု အတိုင်းအတာကို သေချာစွာ သိရှိနားလည်ဖို့လိုသည်။ မထင်မပေါ်သည့် ကျမ်းပိုဒ်တစ်ခုအပေါ်၌သာ နားလည်မှု မတည်ဆောက်ပါနှင့်။ အကြောင်းအရာတစ်ခုအပေါ်မှာ သမ္မာကျမ်းစာမှ ဆိုလိုချက်ကို အမှန်တကယ် သိရှိနားလည်လိုလျှင် ထိုအကြောင်းအရာကို ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ လေ့လာပါ။ ကျမ်းစာတော်မြတ်၏ သွန်သင်ပြောကြားချက်ကို သင်၏ နှလုံးသားသို့ သန့်ရှင်းသော ဝိညာဉ်တော် ပြောကြားပါစေ။
ကိုယ်ကိုကိုယ် မေးခွန်းထုတ်ကြည့်ပါ။ ဤအကြောင်းအရာပေါ် လေးနက်သည့် အထောက်အထား ဘယ်မှာရှိပါသနည်း။ ကျမ်းပိုဒ်အများစုက ဘာကိုသွန်သင်ပေးနေပါသလဲ။ သင့်အတွက် မရှင်းလင်းသည်များကို သင့်အတွက် ရှင်းလင်းပြီးသည်များအား အရိပ်မလွမ်းစေနှင့်။ကျမ်းပိုဒ်တစ်ခုတွင် သင်နားမလည်ပါက ကျမ်းစာတွင် ရှင်းလင်းသည့်ကျမ်းပိုဒ်များ သင့်အား ရှင်းလင်းပေးစေပါ။ သင်သည် ယခင်က သွန်သင်ထားချက်များကြောင့် ကာကွယ်လိုသည့် သဘောဖြင့် သင့်အတွက် သိပ်ပြီးမရှင်းလင်းသည်များကို စွဲကိုင်၍ လွယ်ကူစွာ ရှင်းလင်းသည့် ကျမ်းပိုဒ်များကို လျစ်လျူမရှုပါနှင့်။
အမှန်တရားကို ရှာဖွေဖို့အတွက် အောက်ပါအချက် လေးချက်တို့သည်မှု နည်းလမ်းများဖြစ်သည်။
(၁) ကျမ်းစာကို လေ့လာရန် ချဉ်းကပ်ရာ၌ စိတ်နှလုံးပွင့်လင်းစွာနှင့်ချဉ်းကပ်ပြီး သခင်ခရစ်တော် သင့်အား ပြောသည့်အတိုင်း လုပ်ကြည့်ပါ။ (ယောဟန် ၇း၁၇)။
(၂) အမှန်တရား ဖေါ်ထုတ်နိုင်ဖို့ ဘုရားသခင်အား သန့်ရှင်းသောဝိညာဉ်တော် အကူအညီကို တောင်းယူပါ။ (မဿဲ၊ ၇း၇။ ယောဟန်၊ ၁၆း၁၃)။
(၃) အကြောင်းအရာ တစ်ခုအပေါ်မှာ ဆက်စပ်မှုရှိသည့် ကျမ်းပိုဒ်နှင့်နှိုင်းယှဉ် ကြည့်ပါ။ (၁ကော၊ ၂း၁၃)။
(၄) ဘုရားသခင် ဖေါ်ပြပေးသော အမှန်တရားအပေါ် လုပ်ဆောင်ကြည့်ပါ။
သို့မှသာ အမှန်တရားများစွာတို့ကို သင့်အား ဖေါ်ပြပေးပါမည်။အမှန်တရားစွာတို့ကို သင့်အားဖေါ်ပြပေးပါမည်။ အမှန်တရားအားပေါ်ပေါက်ဖို့ မစောင့်ဆိုင်းပါနှင့်။ သင်သိရှိပြီးထားသည့် အမှန်တရားအပေါ် လုပ်ဆောင်ထားကြည့်ပါ။ (ယောဟန်၊ ၁၂း၃၅)။
သူ၏ နှုတ်ကပတ်တော်များကို စစ်မှန်သော သဘောထားနှင့်ချဉ်းကပ်လာ သည့်အခါ ဘုရားသခင်သည် အမှန်တရားကို ဖေါ်ပြပါလိမ့်မည်။ သင်၏ဦးနှောက်ကို ပွင့်လင်းပေးစေမည်။ ကျွန်ုပ်တို့အား သူ၏ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ထင်ရှားပေးစေမည်။ သင်၌ မေးခွန်းများနှင့် ရှိသော်လည်း ဘုရားသခင်၌ အဖြေရှိပါသည်။ အောက်ဖေါ်ပြပါ မေးနေကျ မေးခွန်းများနှင့် ကျွန်တော် ပြုစုပေးထားသည့် သမ္မာကျမ်းစာများမှ အဖြေတို့ ဖတ်ရှုသည့်အခါ ဘုရားသခင်အား ဉာဏ်ပညာနှင့် နားလည်မှု ပေးသနားရန် ဆုတောင်းပါ။
ဘုရားသခင်၏ ပညတ်တရားများနှင့် ပတ်သက်၍ မေးနေကျ မေးခွန်းများမေး။ သခင်ယေရှုသည် ချစ်ချင်းမေတ္တာ ပညတ်တော်သစ် တည်ဆောက်ဖို့ ကြွလာပြီး ပညတ်တော်ဆယ်ပါးကို ဖျက်သိမ်းရန် ကြွရောက်လာခြင်း မဟုတ်ပါသလား။ မဿဲ၊ ၂၂း၃၇-၄ဝ နှင့် ပတ်သက်၍ “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ကိုယ်နှင့် စပ်ဆိုင်သော သူကိုကိုယ်နှင့် အမျှချစ်လော့။” ဤကျမ်းပိုဒ်နှင့် ပတ်သက်၍ ထာဝရဘုရားနှင့် ကိုယ်နှင့်နီးစပ်သူတို့ကို ချစ်လျှင် ပြီးတာဘဲ မဟုတ်ဘူးလား။ ဤအရာများသည် ပညတ်တော် အသစ်မဟုတ်ပါလား။
ဖြေ။ အမှန်အားဖြင့် သခင်ယေရှုသည် ဓမ္မဟောင်းကျမ်းတွင် ဖေါ်ပြပေးသည့် ပညတ်တော်ဆယ်ပါးကို ချုံ့၍ ပြောဆိုခြင်းဖြစ်သည်။ တရားဟောရာကျမ်း၊ ၆း၅ က “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့” ဝတ်ပြုရာကျမ်း ၁၉း၁၈ က ဆက်၍ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်။” ဓမ္မဟောင်းကျမ်းက ဘုရားသခင်သည် ထာဝရချစ်ခြင်းမေတ္တာရှိသော ဘုရား ဖြစ်သည်။ (ယေလမိ၊ ၃၁း၃)။ မဿဲ၊ ၂၂း၄ဝ တွင် သခင်ယေရှုက “ဤပညတ်နှစ်ပါး (ဘုရားကို ချစ်ခြင်းနှင့် ကိုယ်နှင့်စပ်ဆိုင်သော သူကို ချစ်ခြင်း) တို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင် ဖြစ်သတည်း” ဟူ၍ မိန့်တော်မှု၏။ ပညတ်တော်ဆယ်ပါးမှ ပထမပညတ်လေးပါးတို့သည် လူသားများက ဘုရားသခင်အား မည်ကဲ့သို့ ထင်ရှားစွာ ချစ်ခြင်းကို ပြသနိုင်သည်ကို ဖေါ်ပြထားသည်။ နောက်ဆုံး ပညတ်တော်ခြောက်ပါးတို့သည် ကိုယ်နှင့်စပ်ဆိုင်သူတို့အား ချစ်ခြင်း မေတ္တာပြသနိုင်သည်ကို ဖေါ်ပြထားသည်။ “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း” ဟူ၍ သခင်ယေရှုက ပြောပြသည်။ (မဿဲ၊ ၅း၁၇)။ ပညတ်တရားများ ကို ချစ်မြတ်နိုးစွာ စောင့်ထိန်းနိုင်ဖို့ သူပြသခဲ့သည်။
ပညတ်တရား၏ အနက်အဓိပ္ပါယ်ကို ပိုမိုရှင်းလင်းအောင်လာခြင်းဖြစ်ပါသည်။ (ဟေရှာယ၊ ၄၂း၂၁)။ သခင်ယေရှုသည် ချစ်ခြင်းမေတ္တာအားဖြင့် ပညတ်တရားကို ပြည့်စုံခြင်းသို့ ရောက်ခဲ့သည်ကို ဖေါ်ပြခဲ့သည်။ (ရောမ၊ ၁၃း၁၀)။ သူဆက်၍ ပြောသည်မှာ “ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့” (ယောဟန်၊ ၁၄း၁၅)။
မေး။ ရှင်ပေါလုသည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိသည့်ခရစ်ယာန်တို့သည် ပညတ်တရားကို စောင့်ရှောက်ဖို့ မလိုကြောင်းသွန်သင်ခဲ့ပါသလား။
ဖြေ။ ရှင်ပေါလုသည် ခရစ်ယာန်များ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း မရရှိနိုင်ဘဲ ကယ်တင်ခြင်းသည် ယုံကြည်ခြင်းမှ တစ်ဆင့်ကျေးဇူးတော်အားဖြင့် ရရှိနိုင်သည်။ ယုံကြည်ခြင်းသည် သခင်ယေရှုက အခမဲ့ပေးသနားသော ကယ်တင်ခြင်း ဆုကျေးဇူးကို လှမ်းယူနိုင်သည့် လက်ဖြစ်သည်။ ယုံကြည်ခြင်းသည် နာမခံမှုသို့ မခေါ်ဆောင်ဘဲ နာခံမှုသို့သာ ခေါ်ဆောင်ပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ ရှင်ပေါလုက အတိအလင်း ပြောပြသည်။ “သို့ဖြစ်လျှင် ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကိုပယ်ကြသလော။ အလျှင်းမပယ် ၊ သာ၍ တည်စေ၏” (ရောမ၊ ၃း၃၁) ။ရောမ၊ ၆း၁၊၁၄၊၁၅ ဆက်၍ ရှင်းလင်းပြောပြသည်မှာ “ကျေးဇူးတော်ပွားများစေခြင်းငှာ အပြစ်တရားကို ကျင့်၍ ( ပညတ်တော်ကို ဖေါက်ဖျက်ခြင်း) နေရမည်လော။ ထိုသို့မပြုရ။”
မေး။ ဓမ္မဟောင်းကျမ်းခေတ်၌ရှိသော လူတို့သည်ပညတ်တရားကိုစောင့်ရှောက်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိခဲ့ပြီး ဓမ္မသစ်ကျမ်း အချိန်၌ ကယ်တင်ခြင်းကို ကျေးဇူးတော်အားဖြင့် ရရှိပါသည်ဆိုသည်မှာမှန်ကန်ပါသလား။
ဖြေ။ ဓမ္မဟောင်းအချိန်၌ သော်လည်းကောင်း၊ ဓမ္မသစ်အချိန်၌ သော်လည်းကောင်း ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့်ကျေးဇူးတော်ကြောင့် ရရှိကြပါသည်။ ဘုရားသခင်သည် ကယ်တင်ခြင်းအတွက် နည်းနှစ်မျိုးမထားရှိပါ။ တိတု၊ ၂း၁၁ က အတည်ပြုသည်မှာ “လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှာပေါ်ထွန်းလျက်ရှိ၏”(တိတု၊ ၂း၁၁)။ ဓမ္မဟောင်းအချိန်တွင် လူသားများက လာလတ္တံ့သော ခရစ်တော်အားဖြင့် ကယ်တင်ခြင်း ရရှိခဲ့သည်။ သိုးကလေးများကို ပူဇော်ပသသည့် အခါတိုင်းလာလတ္တံ့သော ကယ်တင်ရှင် မေရှိယကို ညွှန်ပြလျက်ရှိသည် (ကမ္ဘာဦး၊ ၃း၂၁။ ၂၂း၉-၁၃)။ ဓမ္မသစ်အချိန်တွင် လူသားတို့သည် လာရောက်ပြီးသော သခင်ယေရှုအားဖြင့် ကယ်တင်ခြင်း ရရှိခဲ့ပါသည်။ တစ်နည်းအားဖြင့် ယုံကြည်ခြင်း သည် ကပ်တိုင်ကို ပြန်လှမ်းမျှော်သည်။ သခင်ယေရှုအားဖြင့် ကယ်တင်ခြင်း တစ်နည်းသာလျှင် ရရှိနိုင်ပါသည်။ ( တမန်တော်၊ ၄း၁၂)။
မေး။ ကျွန်ုပ်တို့သည် ပဋိညာဉ်သစ် လက်အောက်တွင် ရှိသည့်အတွက်ဘုရားသခင်၏ ပညတ်တော်ကို စောင့်ရှောက်ဖို့ လိုအပ်ပါသေးလား။
ဖြေ။ ပဋိညာဉ်သစ်သည် အမှန်အားဖြင့် ပဋိညာဉ်ဟောင်းထက် စောခဲ့သည်။ ထိုပဋိ ညာဉ်သစ်ကို ဘုရားသခင်ကိုယ်တော်တိုင် ဧဒင်ဥယျာဉ်၌ ပေးအပ်ခဲ့သည်။ ထိုအချိန်၌ စာတန်၏ အသေအချာ လူသားများကို ဖမ်းချုပ်ထားခြင်းမှ ဖြည်ထုတ်ပေးမည့် ကယ်တင်ရှင် မေရှိယရောက်ရှိလာမည်ကို ကတိတော် ပေးခဲ့သည်။ ပဋိညာဉ်သစ်တွင် အပြစ်မှလွတ်ကင်းဖို့ သခင်ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် ရရှိနိုင်မည့်အကြောင်း ကတိတော်ပါရှိခဲ့သည်။ သူသည် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သည် သူသည် ပညတ်တရားကို ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် ရေးသားပေးသည်။ ချစ်ခြင်းမေတ္တာသည် လိုက်လျှောက်ဖို့ လှုံ့ဆော်မှု တစ်ရပ်ဖြစ်ပါသည်။ အသက်တာ အင်အားသစ် တစ်ရပ်ရရှိလာပါသည်။ (ဟေဗြဲ၊ ၈း၁၀)။ ယေဇကျေလ၊ ၃၆း၂၆။ ဆာလံ၊ ၄၀း၈။ ပဋိညာဉ်ဟောင်းတွင် ဣသရေလလူမျိုးတို့သည် ဘုရားသခင်၏ပညတ်တော်ကို မိမိအားအင်ဖြင့်စောင့်ရှောက်ရန် ကတိပြုခဲ့သည်။ သူတို့က ဘုရားသခင်ပြောသည့်အတိုင်း လိုက်လျှောက်မည်ဟု ဆိုကြသည်။ (ထွက်မြောက်ရာ၊ ၁၉း၈။ ၂၄း၃၊၇။) ဘုရားသခင်၏ ပညတ်တော်များ လိုက်လျှောက်ရန် အပြင်ပန်း၌ ကြိုးစားအားထုတ်မှုသည် စိတ်ပျက်ခြင်းနှင့် ဆုံးရှုံးခြင်းတို့နှင့်ရင်ဆိုင်ရတော့သည်။ ကျွန်ုပ်တို့ အင်အားဖြင့် မစောင့်ရှောက်နိုင်သော ပညတ်တရားသည် ကျွန်ုပ်တို့ကို စီရင်လိမ့်မည်။ (ရောမ၊ ၃း၂၃။၆း၂၃) ပဋိညာဉ်သစ်တွင် ကျွန်ုပ်တို့သည် သခင်အသစ်က ပိုင်ဆိုင်သည်။ ယင်းမှာ ယေရှုခရစ်တော်ပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် နှလုံးသားအသစ်နှင့် ဘုရားသခင်ရှေ့မှောက်တွင် အသစ်သောရပ်တည်မှုဖြင့် ရပ်တည်နိုင်ပါသည်။
မေး။ ရှင်ပေါလုသည် ကောလောသဲ၊ ၂း၁၆၊၁၇ တွင် “ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြော မစီရင်စေနှင့်” ဟု ဆိုခဲ့သဖြင့် ဥပုသ်နေ့ကို စောင့်ရှောက်ခြင်းသည် မလိုအပ်သောအရာမဟုတ်ပါသလား။
ဖြေ။ သမ္မာကျမ်းစာတွင် ကောလောသဲ၊ ၂း၁၆၊ ၁၇ သည် လူအများ နားလည်မှု အလွဲချော်ဆုံးကျမ်းပိုဒ်ဖြစ်သည်။ကျမ်းစာတော်ကို အဓိပ္ပါယ်ဖွင့်ဆိုချက်မှု တစ်ခုကတော့ သင့်အတွက် မရှင်းလင်းသည့် အချက်ကို ရှင်းလင်းနေသည့် အချက်တို့အား မရှုပ်ထွေးစေသင့်ပါ။ ဥပုသ်နေ့နှင့်ပတ်သက်၍ သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်း ဖေါ်ပြခဲ့ပါသည်။ (ကမ္ဘာဦးကျမ်း၊ ၂း၁-၃)။ သခင်ယေရှုသည် စောင့်ရှောက်ခဲ့သည်။ (လုကာ၊ ၄း၁၆)။ ရှင်ပေါလု စောင့်ရှောက်ခဲ့သည်။ (တမန်တော်၊ ၁၃း၄၂-၄၄)။ ကောင်းကင်တော်တွင်လည်း စောင့်ရှောက်သွားပါမည်။ (ဟေရှာယ၊ ၆၆း၂၂-၂၃)။ ကျမ်းစာတော်တွင် ဥပုသ်နေ့ နှစ်မျိုးအကြောင်း ဖေါ်ပြထားပါသည်။ သတ္တမနေ့ ဥပုသ်နေ့နှင့် နှစ်စဉ်ပြုလုပ်သည့် ဥပုသ်များဖြစ်သည်။ သတ္တမနေ့ ဥပုသ်နေ့သည် ဖန်ဆင်းချိန်ကတည်းက သတ်မှတ်ပေးပြီး ပညတ်တော်ဆယ်ပါး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ထိုဥပုသ်နေ့ သည် ကျွန်ုပ်တို့ကို ချစ်မြတ်နိုးပြီး တန်ခိုးတော်ကြီးမားသည့် ဖန်ဆင်းရှင်ကို အပတ်စဉ် အောက်မေ့ဖွယ်ရာ ဝတ်ပြုကိုးကွယ်သည့် နေ့ဖြစ်သည်။ နှစ်စဉ်ပြုလုပ်သည့် ဥပုသ်နေ့များမှာ ဣသရေလလူမျိုးတို့၏ သမိုင်းနှင့် သီးသန့် ပတ်သက်နေပါသည်။ ကောလောသဲ၊ ၂း၁၆-၁၇ မှာ အတိအလင်း ဖေါ်ပြခဲ့သည်မှာ “ဥပုသ်နေ့တို့ကို စောင်ရှောက်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြောမစီရင်စေနှင့်။ ထိုအရာတို့သည် နောက်ဖြစ် လတ္တံ့သော အရာတို့၏ အရိပ်ဖြစ်ကြ၏။” ဟေဗြဲ၊ ၁၀း၁ တွင် အရိပ်အဖြစ် ဖေါ်ပြသော ပညတ်တရားတို့ကို တိရစ္ဆာန်များယဇ်ပူဇော်ခြင်း နှင့် ဆက်စပ်ခြင်းပြုပါသည်။ ယေဇကျေလ၊ ၄၅း၁၇ တွင်လည်း ကောလောသဲ၊ ၂း၁၆-၁၇ နှင့်နည်းတူ ပွဲတော်ကျင်းပရေးစနစ်နှင့် ပတ်သက်သော စားသောက်ခြင်းပွဲတော်နှင့် ယဇ်ပူဇော်ခြင်း (အသားယဇ်ပူဇော်ခြင်း၊ သောက်သုံးယဇ် ပူဇော်ခြင်း၊ ပွဲတော်များ၊ လသစ်နှင့် ဥပုသ်များစောင့်ထိန်းခြင်း) တို့ကို ဖေါ်ပြချက် အစဉ်အဆက်တို့သည် တူညီနေပါသည်။ ဤစောင့်ထိန်းရသော ပွဲတော်များနှင့် ဥပုသ်များတို့သည် ဣသရေလအိမ်တော်အတွက် ညှိနှိုင်းမှု ပြုလုပ်ဖို့ ဖြစ်ပါသည်။ ဝတ်ပြုရာကျမ်း၊ ၂၃း၅-၃၂ တွင် ပွဲတော်ဥပုသ်များအကြောင်း ဖေါ်ပြသည် (ပသခါပွဲ-အခန်းငယ် ၅၊ တဆေးမဲ့မုန့်- အခန်း ငယ် ၆၊ ကောက်လှိုင်းစည်း အခန်းငယ် ၁ဝ၊ အဦးသီးသောအသီး- အခန်းငယ် ၁၇၊ တံပိုးမှုတ်ပွဲ - အခန်းငယ် ၂၄၊ အပြစ်ဖြေရာနေ့ - အခန်းငယ် ၂၇-၃၂၊ မီးဖြင့်ပူဇော်သကာ- အခန်းငယ် ၂၅ နှင့်အပြစ်ဖြေရာနေ့- အခန်းငယ် ၂၇) တို့သည် ဥပုသ်များအဖြစ် တိတိကျကျ ခေါ်ဝေါ်ပါသည်။ ဤနှစ်စဉ် ပြုလုပ်ရသောပွဲတော် ဥပုသ်များသည် ခရစ်တော်အသေခံရခြင်းနှင့် ခရစ်တော်၏ ဒုတိယအကြိမ်ပြန်လည်ကြွရောက်လာမည့်အကြောင်း တိကျစွာဆက်စပ်နေသော အရိပ်လက္ခဏာများ ဖြစ်ပါသည်။
ဘုရားသခင်က အရိပ်အဖြစ် (သို့တည်းမဟုတ်) လာလတ္တံ့သောကယ်တင်ရှင်ကို ညွှန်ပြရာ နိမိတ်လက္ခဏာအဖြစ် ဖန်တီးမှုဖြစ်သည်။ဝတ်ပြုရာကျမ်း၊ ၂၃း၃၇ သည် ကောလောသဲ၊ ၂း၁၆-၁၇ မှာ အသုံးပြုသည့်စကားရပ်များအတိုင်း ပွဲတော်ဥပုသ်များကို ရှင်းပြပါသည်။ ဝတ်ပြုရာကျမ်း၊ ၂၃း၃၈ တွင် ပွဲတော်ဥပုသ်များနှင့် သတ္တမနေ့ဥပုသ်ကွာခြားမှုကို ဤအသုံးအနှုန်းဖြင့် သုံးခဲ့သည်ကို တွေ့ရပါသည်။ “ဤရွေ့ကား၊ထာဝရဘုရား၏ ဥပုသ်နေ့ ထာဝရဘုရားအား ဆက်ကပ်ရသောထာဝရဘုရား၏ပွဲတော်များ ဖြစ်သတည်း” (ဝတ်ပြုရာကျမ်း၊ ၂၃း၃၈)။ဤဥပုသ်နှစ်မျိုးကို ခွဲခြားဖေါ်ပြထားသည်ကို တွေ့ရပါသည်။ ခရစ်တော်ကြွရောက်လာပြီဖြစ်၍ ထိုအရိပ်ပြပွဲတော် ပညတ်များသည် ပြည့်စုံမှုသို့ရောက်ရှိခဲ့ပါသည်။ သတ္တမနေ့ ဥပုသ်မှုကား ကျွန်ုပ်တို့ကို ဆက်လက်ပြီးဖန်ဆင်းရှင်သို့ ပြန်လည် ပို့ဆောင်ပါသည်။ ဘုရားသခင်၏ လူတို့သည် ဤဥပုသ်ကို ထူးကဲသည့် ဘုရားနှင့်ဆက်စပ်မှုအဖြစ် စောင့်ရှောက်ပါလိမ့်မည်။ (ဗျာဒိတ်၊ ၁၄း၁၂။ ယေဇကျေလ၊ ၂၀း၁၂၊၂၀)။
မေး။ ရောမ၊ ၁၄း၅ မှာ “နေ့ရက်တစ်ရက်ထက် တစ်ရက်သာ၍ မြတ်သည်ဟု လူအချို့ ထင်တတ်၏။ လူအချို့တို့ မထင် ။လူတိုင်းမိမိ စိတ်သဘောကျပါစေ” ဟူ၍ ဆိုထားသည့်အတွက် နေ့ရက်တစ်ရက်နှင့် တစ်ရက်ခွဲခြား၍ ပြုလုပ်ဖို့ လိုပါသေးသလား။
ဖြေ။ တစ်ခါတစ်ရံ ကျမ်းပိုဒ်များ ဖေါ်ပြချက်များထက် မဖေါ်ပြခဲ့သည်များကို သတိပြုဖို့လိုပါသည်။ အပိုဒ်ခွဲ ၅ နှင့် ၆ တို့မှာ ဥပုသ်နေ့ဝတ်ပြုခြင်းနှင့် ပတ်သက်၍ ဘာမျှမပြောဆို မဖေါ်ပြခဲ့ပါ။ နေ့ရက်တစ်ရက် တစ်ရက်အကြောင်းကိုပဲ ပြောဆိုကြပါသည်။ ဒီနေ့ရက်အကြောင်း ဆွေးနွေးချက်ကို ဥပုသ်နေ့အကြောင်းပြောနေသည်ကို ယူဆလျှင် မလိုအပ်ဘဲ ရွေးပြီးယူဆသလို ဖြစ်ပါသည်။ ရောမ၊ ၁၄း၁ တွင် “ယုံကြည်အားနည်းသော သူတို့ကို လက်ခံကြလော့၊ သို့ရာတွင် ယုံမှားဖွယ်သော ပြဿနာတို့ကို သူနှင့် မဆွေးနွေးကြနှင့် ” ဟူ၍ ပါရှိသည် ။ ဖန်ဆင်းချိန်ကတည်းက ဖယ်ရှားထားသော သတ္တမနေ့ ဥပုသ်သည် (ထွက်မြောက်ရာကျမ်း၊ ၂း၁-၃) လူတို့၏ လူ့ဝတ်တွင် ထည့်သွင်းထားခြင်း (ထွက်မြောက်ရာကျမ်း၊ ၂း၈-၁၁) မှာ သံသယဖြစ်စရာအကြောင်း တစ်ရပ်လား။ လုံးဝမဟုတ်ပါ။ ဤကိစ္စ ဖြေရှင်းဖို့သော့ချက်ကတော့ ရောမ (၁၄) အခန်းငယ် ၆ တွင် ဖေါ်ပြထားသည်။
“နေ့ရက်ကို စောင့်သောသူသည် သခင်ဘုရားကို ထောက်၍စောင့်၏။ နေ့ရက်ကို မစောင့်သောသူသည်လည်း သခင်ဘုရားကို ထောက်သောစိတ်နှင့်စား၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။ မစားသော သူသည်လည်း သခင်ဘုရားကို ထောက်သောစိတ်နှင့် မစားဘဲနေ၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏ဟု ဖေါ်ပြထားသည်။ ဤနေ့ရက် ပြဿနာနှင့် ပတ်သက်၍ ဥပုသ်နေ့များနှင့် မသက်ဆိုင်ပါ။ အစာရှောင်ခြင်း နေ့ရက်များနှင့် ပတ်သက်သည်။ အချို့သော ဂျူးလူမျိုး ခရစ်ယာန်များသည် အစာရှောင်ရာ၌ နေ့ရက်တစ်ရက်မှာ စောင့်လျှင်ပို၍ မွန်မြတ်ကြောင်း ယုံကြည်ကြ သည်။ အခြားသူများကို သူတို့၏ ခံယူချက်များနှင့် စီရင်ကြသည်။ ဖါရိရှဲတို့သည် တစ်ပတ်လျှင် နှစ်ကြိမ်အစာရှောင်ပြီး ဝါကြွားကြသည် (လုကာ၊ ၁၈း၁၂)။ သို့ဖြစ်၍ ရောမအခန်းကြီး (၁၄) တွင် ရှင်ပေါလုက နေ့ရက်တစ်ရက်တွင် အစာရှောင်ခြင်းသည် လူတိုင်း၏ မိမိစိတ်နှလုံးတွင် ရှိသည့် ခံယူချက်အရ ရွေးချယ်နိုင်သည် ဘုရားသခင်၏မိန့်မှာချက် မဟုတ်ပါ။
မေး။ တမန်တော်၊ ၂၀း၇ တွင် တပည့်တော်များတစ်ပတ်၏ ပထမနေ့ရက်တွင် စုရုံးကြသည် မဟုတ်ပါသလော။
ဖြေ။ ဒီစုရုံးတွေ့ဆုံခြင်း၏ အကြောင်းရင်းမှာ ရှင်ပေါလုသည် နောက်တစ်ရက် ခရီးထွက်ရမည်ဖြစ်၍ စုစည်းတွေ့ဆုံကြခြင်း ဖြစ်ပါသည်။ ခရီးမထွက်မီ ရှင်ပေါလုသည် သန်းခေါင်တိုင်အောင် ဟောပြောနေသည်။ ပေါလုသည် ကြာမြင့်စွာ ဟောပြောနေ၍ ပြတင်းပေါက်နားမှာ ထိုင်၍ အိပ်ငိုက်နေသော လုလင်တစ်ယောက်သည် အိမ်သုံးဆင့် အထက်မှ အောက်သို့ကျ၍ သေသွားသည်။ ထိုလုလင်ကို ရှင်ပေါလုထံ ယူဆောင်လာပြီး ရှင်ပေါလုက ထိုဥတုခု အမည်ရှိလုလင်ပေါ် ကိုယ်ကို လှဲလျက် ဖက်ယမ်းပြီး အသက်ရှိသေးသည်ဟု ပြောလိုက်သည်။ ဥသုခ သေပြီးမှ ပြန်လည်ထမြောက်သော ကြီးမားသည့် အံ့ဖွယ်ဖြစ်ပါသည်။ ရှင်းနေသည်က ထိုအစည်းအဝေးကို ညအချိန်မှာ ပြုလုပ်သော အစည်းအဝေးဖြစ်သည်။ တစ်ပတ်၏ ပထမနေ့ရက် အမှောင်ပိုင်းမှာ ဖြစ်ပါသည်။ (တမန်တော်၊ ၂း၇)။
သမ္မာကျမ်းစာတော် အချိန်မှာ ရက်တစ်ရက်၏ အမှောင်ပိုင်းသည်အလင်းပိုင်းထက် စောပြီးစတင်သည်။ (ကမ္ဘာဦး၊ ၁း၅။) ဥပုသ်နေ့ကိုသောကြာနေ့ နေဝင်ချိန်မှ စနေနေ့နေဝင်ချိန်အထိ စောင့်ရှောက်ကြပါသည်။ (ဝတ်ပြုရာကျမ်း၊ ၂၃း၃၂။ မာကု၊ ၁း၃၂)။ ဤအစည်းအဝေးကို တစ်ပတ်၏ ပထမနေ့ရက် အမှောင်ပိုင်းတွင် ပြုလုပ်ခြင်းဖြစ်လျှင် စနေနေ့ညသာ ဖြစ်ပါလိမ့်မည်။ ရှင်ပေါလုသည် ယုံကြည်သူများနှင့် ဥပုသ်နေ့ တစ်နေ့လုံး ဆုံတွေ့ခဲ့သည်။ တောက်တစ်ရက် တနင်္ဂနွေနေ့မှာ ခရီးထွက်မည်ဖြစ်၍ ယခုအစည်းအဝေးကို စနေနေ့ ညဉ့်နက်သည် အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရှင်ပေါလုသည် ခြေလျင်ဖြင့် အာသုမြို့သွားပြီး မိတုလင်မြို့သို့ ရွက်လှေဖြင့်သွားသည်။ အင်္ဂလိပ်ကျမ်းစာသစ်တွင် တမန်တော်၊ ၂း၇ ပြန်လည်ရေးသားချက်၌ ထိုအစည်းအဝေးကို စနေနေ့ည အစည်းအဝေးဖြစ်ကြောင်း အတည်ပြုထားပါသည်။ အကယ်၍သာ ရှင်ပေါလုသည် တနင်္ဂနွေနေ့ကို သန့်ရှင်းသောနေ့ဖြစ်ကြောင်း ပြန်လည် ထမြောက်ခြင်းနေ့ကို ဂုဏ်ပြုခဲ့ပါလျှင် ဘာကြောင့် ဝတ်ပြုကိုးကွယ်ခြင်းမပြုဘဲ တစ်နေကုန် ခရီးသွားနေရပါသလဲ။ မှတ်တမ်းအရ ရှင်ပေါလုသည် ဥပုသ်နေ့ကို စောင့်ထိန်းသူတစ်ဦးဖြစ်ကြောင်း ထင်ရှားပေါ် လွင်နေပါသည်။ (တမန်တော်၊ ၁၃း၄၂-၄၄။ ၁၇း၂။ ၁၆း၁၂-၁၃။ ၁၈း၄)။
မေး။ သတ္တမနေ့ရက်ကို ဘယ်နေ့ရက်များ ဖြစ်မည်နည်း။ ကျွန်ုပ်တို့ အတိအကျ ပြောနိုင်ပါသလား။
ဖြေ။ စနေနေ့သည် သတ္တမနေ့ ဖြစ်ကြောင်း နည်းလေးနည်းဖြင့် အတိအကျ ပြောနိုင်ပါသည်။
၁။ ကျမ်းစာတော်အရ။ ကျမ်းစာ၌ အဖိတ်နေ့တွင် သခင်ယေရှုကပ်တိုင်တင်ခံရ ကြောင်း ရှင်းလင်းစွာ ဖေါ်ပြထားပါသည်။ (လုကာ၊ ၂၃း၅၄)။ သူ၏ အနီးစပ်ဆုံး တပည့်တော်များ ပညတ်ထားသည့်အတိုင်း ဥပုသ်နေ့တွင် နားနေကြပါသည် (လုကာ၊ ၂၄း၁။ မာကု၊ ၁၆း၉)။ ခရစ်ယာန်အများစုသည် သခင်ယေရှု သောကြာနေ့ အဖိတ်နေ့တွင် သေဆုံးကြောင်း လက်ခံကြသည်။ နောက်တစ်ရက်တွင် ရပ်နားပြီး တနင်္ဂနွေ ပထမနေ့ရက်၌ ပြန်လည်ထမြောက်ခဲ့သည်။ ဥပုသ်နေ့သည် သောကြာနေ့နှင့် တနင်္ဂနွေနေ့ စပ်ကြားတွင် ဖြစ်သည်။ သတ္တမနေ့ သို့တည်းမဟုတ် စနေနေ့ ဖြစ်သည်။
၂။ ဘာသာစကားအရ။ ကမ္ဘာပေါ်ရှိ ဘာသာစကား (၁၄၀) ကျော်တွင်သတ္တမနေ့-စနေနေ့ကို “စက်ဘက်” ဟူ၍ ခေါ်တွင်ကြသည်။ ရာစုနှစ်ပေါင်းများစွာ၌ ဥပုသ်နေ့ကို ထိန်းသိမ်းထားကြောင်း ဘာသာစကားများက အတည်ပြုထားပေးပါသည်။
၃။ နက္ခတ် ပညာအရ။ နက္ခတ် ပညာဆရာကျော်များက အပတ်စဉ် နေ့ရက်လည်ပတ်မှုတို့သည် မည်သည့်အခါမျှ မပြောင်းလဲခဲ့ကြောင်း ထောက်ခံပါသည်။ Royal Naval Observatory (U.S) နှင့် The Royal Greenwich Observatory (England) တို့လို ဌာနများက အပတ်စဉ် လည်ပတ်မှု တည်မြဲခဲ့ကြောင်းကို အတည်ပြုခဲ့ပါသည်။
၄။ သမိုင်းအရ။ ဂျူးလူမျိုးတို့သည်တိကျသည့် ဥပုသ်နေ့မှတ်တမ်းတို့ကိုရာစုနှစ်များစွာ မှန်ကန်စွာ ထားရှိပါသည်။ နှစ်ပေါင်း ၄ဝဝဝ ကျော်အတွင်းမှန်ကန်သည့် ဥပုသ်နေ့ကို စနေနေ့တွင် ထိန်းသိမ်းထားရှိပါသည်။
မေး။ ကျွန်ုပ်သည် ထမြောက်ရာနေ့ တနင်္ဂနွေနေ့ကို ဂုဏ်ပြုစောင့်ရှောက်ပါသည်။ ဒါဘာအမှားများ ရှိလို့လဲ ။ သခင်ယေရှုသေခြင်းမှ ထမြောက်ခဲ့သည်မှာ တနင်္ဂနွေနေ့မှာ မဟုတ်ဘူးလား။
ဖြေ။ ဟုတ်ပါသည်။သခင်ယေရှုသည် တနင်္ဂနွေနေ့မှာ ရှင်ပြန်ထမြောက်ခဲ့ပါသည်။ သို့ရာတွင် ရှင်ပြန်ထမြောက်ခြင်းနေ့ကို ဂုဏ်ပြုခြင်းအားဖြင့် ဝတ်ပြုကိုးကွယ်ရမည်ကို သူအမိန့်ပညတ်ခြင်း မပြုလုပ်ခဲ့ပါ။ ပွဲတော်စားခြင်းသည် သခင်ယေရှု၏ သေခြင်းကို ပုံဆောင်သလို (၁ကော၊ ၁၁း၂၄၊၂၆)။ ရေနှစ်ခြင်း မင်္ဂလာသည်လည်း သူ၏ ရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်ခဲ့သည် (ရောမ၊ ၆း၁-၆)။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်း ကို ပုံဆောင်ခြင်းသည် ဒိဠိရောမ နေကိုးကွယ်မှုမှ ခရစ်ယာန်နေ၏နေ့တွင် ဝတ်ပြုကိုးကွယ်ဖို့ ထည့်သွင်းလာခြင်း အတွက်မဟုတ်ပါ။ လှပသည့် ရေနှစ်ခြင်းမင်္ဂလာအဖြစ် ပုံဆောင်ထားသော သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် ဘဝအသက်တာသစ်ကို ရယူနိုင်ခြင်းကို ပုံဆောင်ထားပါသည်။ ရေနှစ်ခြင်းတွင် ရေသင်္ချိုင်း၌ ဘဝဟောင်း လူဟောင်းက သဘောအားဖြင့် သေခြင်း နစ်မြုပ်ခြင်းခံရ၍ သခင်ခရစ်တော်နှင့်အတူ ဘဝသစ်သို့ ကူးပြောင်းရှင် ပြန်ထမြောက်ခဲ့ပါသည်။
မေး။ တစ်ပတ်လျှင် ခုနှစ်ရက်အထဲမှ တစ်ရက်ရက်ကို ရွေးလျှင် မပြီးဘူးလား။ ဘာကြောင့် ဥပုသ်နေ့ကို ဒီလောက် အလေးထားရပါသလဲ။
ဖြေ။ ပြဿနာသည် နေ့ရက်တစ်ခုတည်းဖြင့် မပတ်သက်ပါ။ ပြဿနာကတော့ သခင်များပြဿနာ ဖြစ်ပါသည်။ စာတန်သည် ဆရာကြီးလှည့်ကွက်ဖြင့် မူလယုံကြည်ချက်မှ သွေဖည်သည့် ဘာသာရေးမှတစ်ဆင့် ဘုရားသခင်၏ ပညတ်တရားကို ပြောင်းလဲရန် ကြိုးပမ်းခဲ့သည် (ဒံယေလ၊ ၇း၂၅)။ သမ္မာတရားကို မြေသို့နှိမ့်ချ၏။ (ဒံယေလ၊ ၈း၁၂)။ ဘုရားသခင်၏ သမ္မာတရားနံရံတွင် အပေါက်ဖေါက်ခဲ့သည်။ ဤအပေါက်ကို ဖာထေးဖို့ ဘုရားသခင်က သူ၏ ဥပုသ်နေ့ကို စောင့်ရှောက်ခိုင်းပါသည်။ (ထွက်၊ ၂၀း၈-၁၁)။ မှားယွင်းသော နေ့ရက်အတုတစ်ခုကို သိလျက်နှင့် ဝတ်ပြုကိုးကွယ်လျှင် မူလယုံကြည်ချက်ကို စွန့်လွှတ်သည့် လူက ပြဌာန်းသည့် အဖွဲ့အစည်းတစ်ရပ်၏ သွန်သင်မှုကို လက်ခံလိုက်သလို ဖြစ်ပါသည်။ တကယ့်မေးခွန်းကတော့ ကျွန်ုပ်သည် မည်သူ့ အစေအပါး ဖြစ်ပါသနည်း။ ဘုရားလား၊ လူသားတို့လား (ရောမ၊ ၆း၁၆)။ ကျွန်ုပ်မွေးနေ့ မတိုင်မီနှင့် မွေးနေ့လွန်နေ့များတွင် ဂုဏ်ပြုပွဲကျင်းပပေးခြင်းသည် ထိုနေ့ရက်များကို ကျွန်ုပ်၏ မွေးနေ့အစစ် မဖြစ်စေပါ။ ကမ္ဘာ၏ မွေးနေ့သည် သမ္မာကျမ်းစာ၏ ဥပုသ်နေ့ သတ္တမနေ့ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်အား အောက်မေ့ဖွယ်ရာ နေ့တစ်နေ့ ဖြစ်ပါသည်။အခြားနေ့ရက်များ အစားထိုး၍ မရနိုင်ပါ။
မေး။ ရှင်ပေတရုသည် ပထမဦးဆုံး ပုပ်ရဟန်းမင်းလား၊ သခင်ယေရှုသည်ရှင်ပေတရုအား “သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းတော်ကို ငါတည်ဆောက်မည်”(မဿဲ၊ ၁၆း ၁၃-၁၉) ဟု ပြောဆိုရာ၌ မည်သို့သော အဓိပ္ပါယ်ကို ဆိုလိုပါသနည်း။
ဖြေ။ (ဖိလပ္ပုကဲသရိမြို့) Cesarea Philippic ဆိုသည်မှာ ဟေလသ-ဂရိလူမျိုးတို့၏ ဒဿနိကဗေဒ တွေးခေါ်ရှင်များ၏ ဗဟိုဌာန၊ ရောမတို့၏ ဆင်တုံတရားနှင့် ဂျူးလူမျိုးတို့၏ ရိုးရာအစဉ်အလာ ဘာသာရေး ဌာနတို့ ဖြစ်ပါသည်။ သခင်ယေရှုသည် ဤဘာသာရေးနှင့် တွေးခေါ်ရှင်များကို နောက်ခံထားပြီး မေးခွန်းကို မေးသည်။ “ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မှုလျှင်” “တချို့လူများက ဗတ္တိဇံ ဆရာယောဟန်၊ ဧလိယ၊ ယေရမိ ဟူ၍ တပည့်တော်များက ဖြေရာ ယေရှုက တပည့်တော်များကို တဖန်မေးပြန်သည်။ “သင်တို့ကော ငါဘယ်သူဖြစ်သနည်း။ သခင်ယေရှုသည် သူတို့၏ ယုံကြည်ချက်ကို နက်ရှိုင်းစေပြီး ကယ်တင်ခြင်းဝန်ခံချက် ထွက်ပေါ်ဖို့ ထုတ်နုတ်ဖို့ လိုလားသည်။ ပေတရုကတော့ ချက်ချင်း ဖြေကြား ရာမှာ “ကိုယ်တော်သည် ခရစ်တော်တည်းဟူသော၊ အသက်ရှင်တော်မှုသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူပါသည်။” ဤလို တွေးခေါ်မှုမျိုးသည် သန့်ရှင်းသောဝိညာဉ်တော်၏ လှုံ့ဆော်မှုဖြင့်သာ ဖြစ်နိုင်သည်။ ပေတရု၏ ယုံကြည်ချက်ကို သခင်ယေရှု အသိအမှတ်ပြု၍ ကြေညာလိုက်သည်။ “သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ”(မဿဲ ၁၆း၁၈)။ အသင်းတော်သည် ယေရှုခရစ်တော် အပေါ်၌ တည်ဆောက်ပါသည်။ သူသည်လူတို့ပယ်ထား၍ ဘုရားသခင် ရွေးချယ်တော်မူသော အသက်ကျောက်မျက် ဖြစ်ပါသည်။ (၁၊ ပေတရု ၂း၄-၈)။ ပေတရုသည် ထိုကျောက်မှာ သခင်ယေရှုဖြစ်ကြောင်း ရှင်းလင်းသိမြင်ပါသည်။ ရှင်ပေါလုသည် ဤကိစ္စကို ၁ကော၊ ၁၀း၄ တွင် ရှင်းလင်း ပြောကြားပါသည်။ ထိုကျောက်သည် ခရစ်တော်ဖြစ်သည်။ ဒါဝိဒ်မင်းက “ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါ့ကို ကယ်တင်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏။ အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ငါခိုလှုံရာ ဖြစ်တော်မူ၏” ဟူ၍ပြောသည်။ (ဆာလံ၊ ၆၂း၁-၂)။ ယေရှုမှတစ်ပါး အခြားသော တိုက်မြစ် မရှိပါ။ (၁ကော၊ ၃း၁၁)။ မရဏာနိုင်ငံ၏ တံခါးတို့သည် မည်သည့်ခါ၌ သူ၏ အသင်းတော်ကို မနိုင်ရာ။ သတ္တိရှိသော တပည့်တော် ပေတရုသည် သခင်ယေရှု၏လုပ်ငန်းကို နားလည်မှု လွဲခဲ့သည်။ အသင်းတော်သည် ပေတရု၏ အားနည်းချက်အပေါ် တည်ဆောက်ခြင်း မဟုတ်ဘဲ သခင်ယေရှု၏ အင်အားအပေါ်မှာ တည်ဆောက်ခဲ့သည်။ ဤအံ့ဖွယ်သော အမှန်တရားကို ပေတရုကိုယ်တိုင်တွေ့ရှိလာသည်။ သခင်ယေရှုသည် ပေတရုအား ယူရာနေရာနှင့် သူ့ ဘဝတွင် ရပ်တည်ရာ အုတ်မြစ်ဖြစ်သည်။
မေး။ ပေတရုနှင့် အခြားသော တပည့်တော်များအား သခင်ယေရှုပေးသော ကောင်းကင်နိုင်ငံတော်၏ သော့များဆိုသည်မှာ ဘယ်အရာနည်း။
ဖြေ။ သော့များသည် တံခါးများကို ဖွင့်ပေးနိုင်သည်။ ပိတ်ပေးနိုင်သည်။သခင်ယေရှုက “ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” ဟူ၍ ပြောသည် (ယောဟန်၊ ၁၄း၆)။ ထိုသခင်၏ နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ (တမန်တော်၊ ၄း၁၂)။ ကျမ်းစာအားလုံးတို့သည် သခင်ယေရှု၏ သက်သေဖြစ်၏။ (ယောဟန်၊ ၅း၃၉)။ ကျမ်းတတ်တို့သည် ပညာဖွင့်သောသော့ကို သိမ်းထား၍ ကယ်တင်ရှင်ထံ သူတို့လည်း မဝင်၊ ဝင်လိုသူတို့ကိုလည်း ဆီးတားကြသည် (လုကာ၊ ၁၁း၅၂)။ ပေတရုသို့ သခင်ယေရှုပေးသော “သော့” တို့မှာ သူ၏နှုတ်ကပတ်တော်၊ သူ၏သွန်သင်မှုတို့ ဖြစ်သည်။ သူ၏ သွန်သင်မှုများသည် လူအပေါင်းတို့ ရရှိနိုင်သော အပြစ်ဖြေလွှတ်ခြင်း၊ စီရင်တော်မူခြင်းမှ လွတ်ကင်းခြင်းနှင့် ငြမ်သက်ခြင်း ကရာနီကုန်းမှ သွန်းသောသူ၏ အသွေးတော်အားဖြင့် ရရှိနိုင်သည်။ ကယ်တင်ရှင် ယေရှုသခင်အား သိကျွမ်းခြင်းသည် ကောင်းကင်တံခါးကို ဖွင့်ပေးစေပါသည် (ဟေရှာယ၊ ၂၂း၂၂)။
No comments:
Post a Comment