Sunday, August 23, 2026

အခန်း ၅

 

အခန်း ဒံယေလ ခြင်္သေ့တွင်း၌

ဒါရိဲုသ်သည် ဗာဗုလုန်ထီးနန်းကို သိမ်းယူသောအခါ အစိုးရအဖွဲ့ကို ချက်ချင်းပြန်လည်ဖွဲ့စည်းလေ၏။ ထိုမင်းသည် နိုင်ငံတော်အပေါ်မှာ မင်းသား တစ်ရာနှစ်ဆယ်ကို ခန့်ထားတော်မူ၏။ ... ထိုသူတို့အပေါ်မှာလည်း သမ္မတ သုံးယောက်ကို ခန့်ထား၏။ ဒံယေလသည် ထိုသမ္မတတို့တွင် အမြတ်ဆုံးဖြစ်၏ (ဒံယေလ :၁၊ ) ထို့ပြင် ထိုဒံယေလ၌ သာလွန်သောစိတ်ဝိညာဉ်ရှိသည်ဖြစ်၍၊ သမ္မတနှင့်မင်းသားတို့ထက်သာ၍ မြတ်၏။ ရှင်ဘုရင်သည်လည်း တနိုင်ငံလုံးကို အုပ်စိုးစေခြင်းငှာ အကြံရှိတော်မူ၏ (အမှတ် ) ဒံယေလအား ပေးအပ်သော ဂုဏ်အသရေတို့ကြောင့် နိုင်ငံတော်၏ အဓိကပုဂ္ဂိုလ်များက မနာလိုဝန်တိုခြင်း ဖြစ်လာကြ၏။ သမ္မတနှင့်မင်းသားတို့သည် ဒံယေလကို အပြစ်တင်စရာ အကြောင်းကို ရှာကြ၏။ သို့သော်လည်း သူသည် သစ္စာစောင့်သောသူဖြစ်၍၊ အပြစ်တစုံတရာ၊ လွဲမှားခြင်းတစုံတရာမျှမတွေ့ရသည်ဖြစ်၍၊ အပြစ်တင်စရာအကြောင်းကို မရှာနိုင်ကြ (အမှတ် )

ဤနေရာတွင် ခရစ်ယာန်အားလုံးအတွက် မည်မျှကောင်းသော သင်ခန်းစာကို တင်ပြထားပေသနည်း။ မနာလိုဝန်တိုသော စူးရှသည့်မျက်စိတို့သည် ဒံယေလကို ရက်ဆက်၍ စောင့်ကြည့်နေကြ၏။ သူတို့၏စောင့်ကြည့်မှုများသည် မုန်းတီးခြင်းကြောင့် ထက်မြက်နေသော်လည်း၊ သူ၏အသက်တာတွင် မှားယွင်းသည်ဟု ယူဆရမည့် စကားတခွန်းမျှ၊ အပြုအမူတခုမျှ မရှိခဲ့ပေ။ သို့သော်လည်း သူသည် မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်သည်ဟု ကြွားဝါခြင်းမရှိဘဲ၊ ထိုထက် အဆပေါင်းများစွာ သာ၍ကောင်းသည့်အရာကို လုပ်ဆောင်ခဲ့၏ ဆိုလိုသည်မှာ သစ္စာရှိခြင်းနှင့် ဘုရားသခင်အတွက် သီးသန့်ဆက်ကပ်ခြင်းရှိသော အသက်တာဖြင့် နေထိုင်ခဲ့လေ၏။

ဒံယေလ၏ အပြစ်ကင်းစင်သော အကျင့်စာရိတ္တသည် ပိုမိုထင်ရှားလေလေ၊ သူ၏ရန်သူတို့က သူ့ကို ပိုမိုမုန်းတီးလေလေ ဖြစ်ကြ၏။ သူတို့သည် သူ၏ ကိုယ်ကျင့်တရား၌သော်လည်းကောင်း၊ တာဝန်ထမ်းဆောင်ရာ၌သော်လည်းကောင်း အပြစ်တင်စရာ တစုံတရာကိုမျှ မတွေ့ရသောကြောင့် ဒေါသအမျက်ဖြင့် ပြည့်နှက်နေကြ၏။ ထိုအခါ ထိုသူတို့က၊ ငါတို့သည် ဘုရားသခင်၏ပညတ်တော်နှင့်စပ်ဆိုင်၍ မှားယွင်းသည်ကိုမတွေ့လျှင်၊ ဤဒံယေလကို အပြစ်တင်စရာအကြောင်း တစုံတရာမျှမတွေ့ရကြဟု အချင်းချင်းဆိုကြ၏ (အမှတ် ) ဒံယေလသည် တနေ့လျှင် သုံးကြိမ်တိုင်တိုင် ကောင်းကင်ဘုရားသခင်ထံသို့ ဆုတောင်းလေ၏။ ဤအချက်သည်သာလျှင် သူ၏အပေါ်သို့ တင်နိုင်သမျှသော တစ်ခုတည်းသော စွပ်စွဲချက်ဖြစ်ပေသည်။

ယခုအခါ သူ၏ပျက်စီးခြင်းကို ဖြစ်စေရန် ကြံစည်ချက်တစ်ခုကို ပြုစုကြ၏။ သူ၏ရန်သူတို့သည် နန်းတော်သို့ စုဝေးလာကြပြီးလျှင်၊ ယခုမှစ၍ ရက်ပေါင်း သုံးဆယ်ပတ်လုံး ရှင်ဘုရင် ဒါရိဲုသ်မှတစ်ပါး အခြားသော ဘုရား သို့မဟုတ် လူအား မည်သူမျှ တစုံတရာကိုမျှ မတောင်းခံရကြောင်း၊ အကယ်၍ ဤအမိန့်တော်ကို ဖောက်ဖျက်ကျူးလွန်သူရှိက ခြင်္သေ့တွင်းသို့ ချပစ်ရမည်ဟူသော အမိန့်တော်ကို ထုတ်ပြန်ပေးရန် ရှင်ဘုရင်အား တောင်းပန်ကြ၏။ ရှင်ဘုရင်သည် ဤသူတို့၏ ဒံယေလအပေါ် မုန်းတီးမှုကို မသိရှိခဲ့ဘဲ၊ ဤအမိန့်တော်သည် ဒံယေလအား မည်သို့မျှ ထိခိုက်နစ်နာစေလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ သူတို့သည် ပြောစိစိဖြင့် ဤကဲ့သို့ အမိန့်ထုတ်ပြန်ခြင်းသည် ရှင်ဘုရင်၏ ဂုဏ်အသရေအတွက် အလွန်ကြီးမားမည်ဖြစ်ကြောင်း စကားချိုသာစွာဖြင့် ရှင်ဘုရင်ကို ယုံကြည်စေခဲ့ကြ၏။ စာတန်၏ အောင်ပွဲခံသော ပြုံးရယ်ခြင်းအပြုံးဖြင့် ရှင်ဘုရင်၏ ရှေ့တော်မှ ထွက်လာကြပြီးလျှင်၊ ဘုရားသခင်၏ကျေးကျွန်အတွက် သူတို့ခင်းထားသော ထောင်ချောက်ကို အတူတကွ ဝမ်းမြောက်ပျော်ရွှင်နေကြ၏။

ရဲစွမ်းသတ္တိနှင့် သစ္စာစောင့်သိမှု၏ စံနမူနာ

အမိန့်တော်သည် ရှင်ဘုရင်ထံမှ ထွက်သွားလေ၏။ ဒံယေလသည် မိမိကို ဖျက်ဆီးရန် ရရန်သူတို့၏ ကြံစည်မှုကို သိရှိနေ၏။ သို့သော်လည်း သူ၏လမ်းစဉ်ကို တစ်ခုတည်းသော အချက်တွင်မျှ မပြောင်းလဲခဲ့ပေ။ အေးချမ်းတည်ငြိမ်စွာဖြင့် မိမိ၏ မြဲတာဝန်များကို ထမ်းဆောင်ပြီး၊ ဆုတောင်းချိန်ရောက်သောအခါ မိမိ၏ အခန်းတွင်းသို့ဝင်ကာ ယေရုရှလေမ်မြို့ဘက်သို့ ဖွင့်ထားသော ပြတင်းပေါက်များကို ဖွင့်လျက် ကောင်းကင်ဘုရားသခင်ထံသို့ ဆုတောင်းပတ္ထနာပြုလေ၏။ မိမိ၏ ပြုမူဆောင်ရွက်ပုံအားဖြင့် မည်သည့် မြေကြီးအာဏာပိုင်ကမျှ မိမိနှင့် မိမိ၏ဘုရားသခင်ကြားတွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိကြောင်း၊ မည်သူ့ကို ဆုတောင်းရမည် သို့မဟုတ် မဆုတောင်းရဟု အမိန့်ပေးပိုင်ခွင့်မရှိကြောင်းကို ရဲစွမ်းသတ္တိရှိရှိဖြင့် ကြေညာနေခြင်းပင်တည်း။ မွန်မြတ်သော အဓိပ္ပာယ်ရှိသော လူသားတဦးတည်း! သူသည် သေမင်း၏ဒဏ်ခတ်မှုကို ခံရမည်ကို သိလျက်နှင့် မိမိ၏နှလုံးသားအကြွင်းမဲ့ဖြင့် ဘုရားသခင်ထံသို့ ပြန်လှည့်၏ ယနေ့ခတ် ကမ္ဘာလောကကြီးရှေ့တွင် သူသည် ခရစ်ယာန်တို့၏ ရဲစွမ်းသတ္တိနှင့် သစ္စာစောင့်သိမှုအတွက် ချီးမွမ်းဖွယ်ရာ စံနမူနာကောင်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပေသည်။

သူ၏ရန်သူတို့သည် သူ့ကို တစ်ရက်ပတ်လုံး စောင့်ကြည့်နေကြ၏။ သုံးကြိမ်တိုင်တိုင် သူ၏အခန်းသို့ ဝင်ရောက်ခဲ့ပြီး၊ သုံးကြိမ်တိုင်တိုင် စိတ်ပါလက်ပါ တောင်းပွဲပြုသံကို ကြားခဲ့ရ၏။ နက်ဖြန်နံနက်တွင် ယုဒပြည်မှ ကျွန်အဖြစ်ပါလာသူ ဒံယေလသည် ကိုယ်တော်၏အမိန့်တော်ကို မနာခံဘဲ ရဲရဲဝံ့ဝံ့ ဆန့်ကျင်နေကြောင်းကို ရှင်ဘုရင်ထံ တိုင်ကြားကြ၏။ ရှင်ဘုရင်သည် ဤစကားများကို ကြားသိရသောအခါ၊ မိမိခင်းခဲ့သော ထောင်ချောက်ကို မိမိ၏မျက်စိဖြင့် ချက်ချင်းပင် မြင်တွေ့လိုက်ရလေ၏။ သူသည် ထိုကဲ့သို့သော အမိန့်တော်မျိုးကို ထုတ်ပြန်မိခြင်းအတွက် မိမိကိုယ်ကို အလွန်ပင် စိတ်ဆိုးဝမ်းနည်းခဲ့ရပြီး၊ ဒံယေလကို ကယ်တင်နိုင်မည့် အကြံအစည်တစ်ခုကို တွေ့ရှိနိုင်ရန် နေဝင်ချိန်အထိ ကြိုးပမ်းအားထုတ်ခဲ့လေ၏။ သို့သော်လည်း ပရောဖက်၏ ရရန်သူတို့က ဤအချက်ကို ကြိုတင်မျှော်တွင်ထားကြပြီးဖြစ်၍ ရှင်ဘုရင်ရှေ့သို့ လာရောက်ကာ ဤသို့လျှောက်ထားကြ၏။ အိုရှင်ဘုရင်၊ မေဒနှင့် ပေတံရှင်ဘုရင်တို့၏ ဥပဒေအတိုင်း၊ ရှင်ဘုရင် တည်ထောင်တော်မူသော အမိန့်တော် သို့မဟုတ် ဥပဒေတစုံတရာကို မပြောင်းလဲနိုင်ကြောင်းကို သိတော်မူပါ ဟု လျှောက်ထားကြ၏။

ထိုအခါ ရှင်ဘုရင်က အမိန့်ပေးသဖြင့်၊ သူတို့သည် ဒံယေလကို ခေါ်ဆောင်လာပြီးလျှင် ခြင်္သေ့တွင်းထဲသို့ ချပစ်ကြ၏။ ရှင်ဘုရင်ကလည်း ဒံယေလအား၊ သင်သည် အမြဲတမ်း ဝတ်ပြုကိုးကွယ်နေသော သင်၏ဘုရားသခင်သည် သင့်ကို ကယ်တင်တော်မူလိမ့်မည်ဟု မိန့်ဆိုလေ၏ (အမှတ် ၁၅၊ ၁၆) တွင်းဝတွင် ကျောက်တုံးကိုတင်၍ တော်ဝင်တံဆိပ်ခတ်နှိပ်ထားလေ၏။ ထိုအခါ ရှင်ဘုရင်သည် နန်းတော်သို့ကြွသွားပြီးလျှင်၊ အစာရှောင်လျက် ညဉ့်ကိုလွန်စေတော်မူ၏။ တူရိယာတီးမှုတ်ခြင်းကိုလည်း မိမိထံသို့ မဆောင်ခဲ့ကြ။ အိပ်ပျော်ခြင်းလည်း ကင်းလေ၏ (အမှတ် ၁၈)

ငါ့ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်တော်မူပြီ

နံနက်စောစောတွင် ရှင်ဘုရင်သည် ခြင်္သေ့တွင်းဆီသို့ အပြေးအလွှားကြွသွားပြီးလျှင်၊ အို အသက်ရှင်တော်မူသော ဘုရားသခင်၏ ကျေးကျွန် ဒံယေလ၊ အမြဲတမ်း ဝတ်ပြုကိုးကွယ်နေသော သင်၏ဘုရားသခင်သည် ခြင်္သေ့တို့လက်မှ သင့်ကို ကယ်တင်နိုင်တော်မူသလော ဟု အသံကုန်ခေါ်လေ၏ (အမှတ် ၂၀) ပရောဖက်၏အသံကို ပြန်လည်ကြားရသည်မှာ အိုရှင်ဘုရင်၊ ထာဝရအသက်ရှင်တော်မူပါစေသော။ ငါ့ဘုရားသခင်သည် မိမိ၏ကောင်းကင်တမန်ကို စေလွှတ်တော်မူ၍ ခြင်္သေ့တို့၏ပါးစပ်ကို ပိတ်ထားတော်မူသည်ဖြစ်၍၊ သူတို့သည် ကျွန်ုပ်ကို မညှဉ်းဆန်းကြပါ။ အကြောင်းမူကား၊ ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်သည် အပြစ်ကင်းစင်လျက်ရှိ၏။ အိုရှင်ဘုရင်၊ ကိုယ်တော်ရှေ့တော်၌လည်း ကျွန်ုပ်သည် အပြစ်တစုံတရာကိုမျှ မပြုခဲ့ပါ ဟု လျှောက်ထားလေ၏။

ထိုအခါ ရှင်ဘုရင်သည် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်တော်မူ၍၊ ဒံယေလကို တွင်းထဲမှ ဆွဲတင်ကြရန် အမိန့်ပေးတော်မူ၏။ ထိုသို့ ဒံယေလကို တွင်းထဲမှ ဆွဲတင်ကြ၏။ သူသည် မိမိ၏ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏ကိုယ်ပေါ်တွင် အနာတရတစုံတရာမျှ မတွေ့ရပေ (အမှတ် ၂၂၊ ၂၃) ဤနည်းအားဖြင့် ဘုရားသခင်၏ကျေးကျွန်သည် ကယ်တင်ခြင်းသို့ ရောက်ရှိခဲ့လေ၏။ ထို့ပြင် သူ၏ရန်သူတို့က သူ၏ပျက်စီးခြင်းကို ဖြစ်စေရန် ခင်းထားသော ထောင်ချောက်သည်ပင် သူတို့ကိုယ်တိုင်၏ ပျက်စီးဆုံးရှုံးခြင်း ဖြစ်လာခဲ့၏။ ရှင်ဘုရင်၏အမိန့်တော်အတိုင်း သူတို့ကို ခြင်္သေ့တွင်းထဲသို့ ချပစ်လိုက်ကြရာ၊ တိရစ္ဆာန်ရိုင်းတို့သည် သူတို့ကို ချက်ချင်းပင် ကိုက်ဖြတ်စားသုံးပစ်လိုက်ကြလေ၏။

 

No comments:

Post a Comment