အခန်း (၁၀)
ဝတ်ပြုခြင်းအစီအစဉ်များနှင့်အခြားအစည်းဝေးများ
အထွေထွေစည်းကမ်းချက်များ
တမန်တော်ယောဟန်ကြေညာသည်မှာ “ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်ကောင်း ကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍ ယခုပင်ရောက် လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူ တို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏” (ယောဟန် ၄း၂၃)။
“လူ့လက်ဖြင့်လုပ်သော ဗိမာန်တော်တို့၌ ဘုရားသခင်မနေထိုင်သည့်တိုင် မိမိလူတို့ စုဝေး သောနေရာတွင် သူအမြဲရှိခြင်းဖြင့် ဂုဏ်ပြုသည်။ သူကတိပြုခဲ့သည်မှာ မိမိလူများအတူတကွ စုရုံး ပြီး သူ့ကိုရှာသည့်အခါ၊ မိမိတို့၏ အပြစ်များကို အသိအမှတ်ပြုသည့်အခါနှင့် တစ်ဦးအတွက် တစ်ဦးဆုတောင်းသည့် အခါတွင် သူ၏ဝိညာဉ်တော်အားဖြင့်သူတို့နှင့် အတူတွေ့ဆုံမည်ဖြစ်သည်။ သို့သော် စုရုံးလျက်ရောက်ရှိ လာသူတိုင်း တို့အနေဖြင့် ဆိုးသွမ်းမှုဟူသရွေ့ကို စွန့်ပစ်ကြရမည်ဖြစ် သည်။ နံဝိညာဉ်နှင့် လည်းကောင်း၊ သစ္စာတရားနှင့် လည်းကောင်း၊ သန့်ရှင်းခြင်း၏ လှပမှုနှင့် လည်းကောင်း ဝတ်ပြုခြင်း အမှုကို မပြုပါက မိမိတို့ အတူစုရုံးခြင်းသည် အလဟဿ ဖြစ်ပေလိမ့် မည်။” (ဏု ၅၀).
ဝတ်ပြုခြင်းအစီအစဉ်များနှင့်စုရုံးခြင်းများတို့၏ရည်ရွယ်ချက် - ဝတ်ပြုခြင်းအစီအစဉ် နှင့် စုရုံးခြင်းအစီအစဉ် အားလုံးတို့၏ရည်ရွယ်ချက်သည် ဘုရားသခင်၏ဖန်ဆင်းခြင်းလက် ရာနှင့် ကယ်တင်ခြင်းအကျိုးကျေးဇူးများကြောင့် သူ့အားဝတ်ပြု ကိုးကွယ်ခြင်း၊ သူ၏နှုတ်က ပေတ်တော်၊ သွန်သင်ချက်များနှင့် ရည်ရွယ်ချက်များကို နားလည်ရန်၊ ယုံကြည်ခြင်းနှင့် မေတ္တာဖြင့် ပေါင်းသင်း ဆက်ဆံရန် ခရစ်တော်၏ ကပ်တိုင်ပေါ် အသက်စွန့်ခြင်း၌ ကျွန်ုပ်တို့ကိုယ်တိုင် ယုံကြည်ခြင်းနှင့်ပတ်သက်၍ သက်သေခံရန်နှင့် ကမ္ဘာလောကတစ်ခုလုံးရှိ လူတို့အား တပည့်တော် ဖြစ်စေရန် မိန့်မှာထားသည့် ဧဝံဂေလိတရားဟောကြားခြင်း တာဝန်ကို မည်ကဲ့သို့ ပြည့်စုံအောင် ဆောင်ရွက်ရမည်ကိုသင်ယူရန် အစရှိသည်တို့ဖြစ်သည်။ (မဿဲ ၂၈း ၁၉၊ ၂၀)။
ဝတ်ပြုရာအိမ်ကိုရိုသေသမှုပြုခြင်း - နှိမ့်ချ၍ ယုံကြည့်သောသူများအတွက် မြေကြီးပေါ်၌ ရှိသော ဘုရားသခင်၏အိမ်တော်သည် ကောင်ကင်တံခါးမကြီးဖြစ်ပါသည်။ ချီးမွမ်းခြင်းသီချင်း၊ ဆုတောင်းပတ္ထနာပြုခြင်း၊ ခရစ်တော်၏ က်ိုယ်စားလှယ်များပြောဆိုသော စကားများတို့သည် ဘုရားသခင် ခန့်အပ်ထားသော ကိုယ်စားလှယ်များဖြစ်ပြီး အထက်အရပ်ရှိ ညစ်ညမ်းမှု လုံး၀မရှိ သည့် အသင်းတော်အတွက် ဘုရားသခင်၏ လူတို့ကို ပြင်ဆင်ပေးရန် အတွက် ဖြစ်ပါသည်။
“မြင်မြတ်သန့်ရှင်းသောအရပ်မှ ဤလောကသန့်ရှင်းရာဌာနှင့် ဆက်နွှယ်နေသည့်နေရာတွင် ခရစ်ယာန်များအနေဖြင့် မိမိဘုရားရှင်နှင့်တွေ့ဆုံခြင်းကို မည်ကဲ့သို့ အလေးထားရမည်ကို သင်ယူ ရန် ဘုရားရှင်ကိုယ်တော်တိုင် မိမိ၏ ဝတ်ပြုရန်အစီအစဉ်များကို စနစ်တကျပေးလျက်၊ အခြား ယာယီကိစ္စ အားလုံးတို့ထက် ချီးမြှင့်ထားပါသည်။
အိမ်သည်မိသားစုအတွက် သန့်ရှင်းရာဌာနဖြစ်ပြီး တစ်ဦးစီဝတ်ပြုရန်အတွက် အကောင်းဆုံး အနားယူရန် အခန်းလေး (သို့မဟုတ်) တောအုပ်ကလေးဖြစ်သည်။ သို့သော် ဘုရားရှိခိုးကျောင်း သည် လူထုပရိသတ်များအတွက် သန့်ရှင်းရာဌာနဖြစ်သည်။ အချိန်၊ နေရာနှင့် ဝတ်ပြုကိုးကွယ်ပုံ တို့နှင့်ပတ်သက်၍ စည်းကမ်းချက်ရှိသင့်သည်။ သန့်ရှင်းသည့်အရာတိုင်း၊ ဘုရားရှင်အားဝတ်ပြု ကိုးကွယ်ခြင်းနှင့် သက်ဆိုင်သည့်အရာတိုင်းကို ဂရုစိုက်ခြင်း၊ ပေါ့ပေါ့ဆဆထားရှိခြင်းမပြုသင့်ပါ။
ကလေးများကိုရိုသေလေးစားမှုရှိရန်သင်ကြားပေးခြင်း - “မိဘတို့၊ သင်တို့၏ကလေး များ စိတ်ထဲ၌ ခရစ်ယာန်ဘာသာ၏ စံချိန်ကို မြှင့်တင်ပေးပါ။
သူတို့၏ တွေ့အကြုံများတွင် ခရစ်တော်ကို သင်ယူနိုင်ရန်ကူညီပါ။ ထာ၀ရဘုရား၏အိမ်တော် ကို အမြင့်မားဆုံး ကြည်ညိုလေးစားတတ်ရန် သွန်သင်ပါ။ ဘုရားရှင်၏အိ်မ်တော်သို့ ဝင်ရောက်သည့် အခါ စိတ်နှလုံး နူးညံ့ပျော့ပျောင်းပြီး ထာ၀ရဘုရား ကိန်းဝပ်တော်မူသည်၊ ဤနေရာသည် ထာ၀ရ ဘုရား၏အိမ်တော်ဖြစ်သည်၊ ကျွန်ုပ်သည် သန့်စင်သောအတွေးအမြင် မျိုးနှင့် အမြင့်မြတ်ဆုံးသော ရည်ရွယ်ချက်များရှိရမည်။ သန့်ရှင်းမြင့်မြတ်တော်မူသော ထာ၀ရဘုရား ကိန်းဝမ်ရာနေရာသို့ ရောက်ရှိနေသောကြောင့် မာန်မာန၊ မနာလိုခြင်း၊ သဝန်တိုခြင်း၊ မကောင်းမှုကို သာတွေးတောနေ ခြင်း၊ မုန်းတီးခြင်း (သို့မဟုတ်) လှည့်ဖြားခြင်းတို့ကို ကျွန်ုပ်၏ စိတ်ထဲတွင်မရှိစေရပါ။ ဤနေ့ တွင် ဘုရားသခင်သည် မိမိလူတို့နှင့်တွေ့ဆုံ၍ ကောင်းချီးပေးရန်နေရာ ဖြစ်သည်။ မြင့်မြတ် သန့်ရှင်း၍ ထာ၀ရစိုးစံတော်မူသော ဘုရားရှင်သည် ကျွန်ုပ်ကိုကြည့်ရှုနေသည်၊ ကျွန်ုပ်၏စိတ်နှလုံး ကိုရှာလျက်ရှိသည်၊ ကျွန်ုပ်၏အလျှို့ဝှက်ဆုံးအတွေး နှင့် အသက်တာ၌ လုပ်ဆောင်ချက်များကို သိမြင်တော်မူသည်} ဟူသော အသိအမြင် မျိုးရှိစေရပါမည်။” (5T ၄၉၄).
ဝတ်ပြုကိုးကွယ်သည့်နေရာတွင် ယဉ်ကျေးသိမ်မွေ့ခြင်းနှင့် ဆိတ်ငြိမ်ခြင်း - ဝတ်ပြု ကိုးကွယ်သူများ ဝတ်ပြုစည်းဝေးခန်းမဆောင်သို့ ဝင်ရောက်လာသောအခါ ယဉ်ကျေးသိမ်မွေ့စွာ ဖြင့် မိမိတို့ ထိုင်ခုံသို့ ဆိတ်ငြိမ်စွာသွားရောက်နေရာ ယူရမည်။---- ပြောနေကျစကားများပြော ခြင်း၊ တီးတိုးစကားပြောခြင်း၊ ရယ်မောခြင်းများတို့ကို ဝတ်ပြုရာအိမ်၌ ခွင့်မပြုသင့်ပါ။ ၎င်းကို အစည်းအဝေးအစမပြုမီ၌ သော်လည်းကောင်း၊ အစည်းအဝေးပြီးဆုံးချိန်၌ သော်လည်းကောင်း မပြုသင့်ပါ။ စိတ်အားထက်သန်ခြင်း၊ တက်ကြွသည့်ဘုရားတရား ကြည်ညိုခြင်း စိတ်ဓာတ်သည် ဝတ်ပြုကိုးကွယ်သူများတို့၌ ပေါ်လွင်စေရမည်။
“အကယ်၍ ပုဂ္ဂိုလ်တချို့တို့သည် အစည်းအဝေးအစမပြုမီ မိနစ် အနည်းငယ်စောင့်နေရပါ က စစ်မှန်သော ဝတ်ပြုခြင်း စိတ်ဓာတ်ကို ဆိတ်ငြိမ်စွာအာရုံပြုခြင်းအာဖြင့်ပြုကာ မိမိတို့၏ စိတ်နှလုံးသားကို ဆုတောင်းခြင်းအားဖြင့် ဘုရားရှင်ထံတော် သို့ရောက်ရှိစေပါက ဤဝတ်ပြုခြင်းသည် သူတို့၏ အသက်တာအတွက် အထူးအကျိုးရှိရုံမျှမက အခြားပုဂ္ဂိုလ်များတို့၏ ခိုင်မာသည့် ယုံကြည်ချက်နှင့် ပြောင်းလဲခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ အိမ်တော်ထဲ၌ ကောင်းကင်စေတမန်များ ရှိနေသည်ကို သူတို့အနေဖြင့် သတိရသင့်သည်---အ ကယ် ၍လူတို့သည် ဝတ်ပြုရာအိမ်ထဲသို့ဝင်လာပြီး ဘုရားရှင်ကိုအမှန်တကယ် လေးစားလျက် မိမိတို့စိတ်ထဲတွင် သူတို့သည် ဘုရားသခင်၏ ရှေ့တော်မှောက်၌ ရောက်ရှိနေသည်ဟု ခံယူကြပါ က ထိုနေရာ၌ ချိုမြတ်သောဆိတ်ငြိမ်မှု ရှိပါလိမ့်မည်။ တီးတိုးစကားပြောခြင်း၊ ရယ်မောခြင်းနှင့် အပြစ်မပါဟု ထင်ရသည့်လုပ်ငန်း ကိုင်ငန်းတွင် ပြောနေကျစကားများ တို့သည် ဘုရားရှင်အား ဝတ်ပြုကိုးကွယ်သည့် အိမ်တော်တွင် မရှိသင့်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားနာရန် စိတ်နှလုံးသားကို ပြင်ဆင်သင့်သည်။ သို့မှသာ ကြားနာရသည့်သတင်းစကားသည် တန်ဖိုးရှိပြီး စိတ်နှလုံးသားကိုထိတွေ့ပေလိမ့်မည်။” (5T ၄၉၂).
ဧည့်ဝတ်ပြုခြင်း - “ဧည့်သည်ဝတ်ပြုခြင်းအမှုကို မမေ့လျော့ကြနှင့်။ အချို့သောသူတို့ သည် ဧည့်သည်ဝတ်ကိုပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ဧည့်ခံကြပြီ” (ဟေဗြဲ ၁၃း၂)။ အသင်းတော်တိုင်း ဧည့်ဝတ်ပြုသည့် စိတ်ဓာတ်ကို မွေးမြူသင့်သည်။ ၎င်းသည် ခရစ်ယာန် အသက်တာ၌ လိုအပ်သည့်အရာနှင့် ဗဟုသုတဖြစ်သည်။ အေးစက်၍ သမာရိုးကျ ရှိနေသော အသင်းတော်သည် ဧည့်ဝတ်ပြုခြင်းနှင့် ခရစ်ယာန်ပေါင်းသင်းဆက်ဆံခြင်းကို ပပျောက်စေပြီး အသင်းတော်၏ ဝိညာဉ်ရေးအသက်တာကို ဤအရာထက်သေစေသည့်အရာ မရှိပါ။ အထူးသဖြင့် ရွေးချယ်ထားသော ဧည့်ကြိုတို့သည် ဧည့်သည်များကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမည်။ ဝတ်ပြုကိုး ကွယ်သည့် အစီအစဉ်များ ၌လည်း ဧည့်ခံကြိုဆိုရမည်။
ဝတ်ပြုကိုးကွယ်ခြင်း၌ တီးမှုတ်သီဆိုခြင်း
တေးသီချင်း၏တန်ခိုးစွမ်းအား - “တေးသီချင်းသည် ကောင်းကျိုးအတွက်ကြီးမားလှ သော တန်ခိုးစွမ်းအားရှိသော်လည်း ဝတ်ပြုကိုးကွယ်ခြင်း၌ ထိရောက်စွာ အစွမ်းကုန်အသုံး မပြု သေးချေ။ သီဆိုခြင်းများကို အများအားဖြင့် စိတ်လှုပ်ရှားမှုကြောင့် (သို့မဟုတ်) အထူးကိစ္စများ အတွက်နှင့် အခြားအချိန်များတွင် မိမိစိတ်ဆန္ဒရှိရာသို့ လိုက်၍သီဆိုကြခြင်းကြောင့် ကြားနာရသူ တို့၏ စိတ်နှလုံးကို မှန်ကန်သော ထိရောက်မှုပေးနိုင်သည့် စွမ်းအားပျောက်ကွယ် သွားပါသည်။ တေးသီချင်းသည် ချိုသာလှပရမည်၊ နှလုံးသားကို ပျော့ပျောင်းစေရမည်၊ တန်ခိုးရှိရမည်။ ချီးမွမ်း ခြင်းသီချင်းများနှင့် ဝတ်ပြုခြင်းတွင် မိမိတို့၏ အသံများကို အထက်သို့ရောက်ရှိစေပါ။ လက်တွေ့ ကျပါက သီဆိုခြင်းနှင့်အတူ တူရိယာကို အကူအညီယူလျက် သီဆိုချီးမွမ်းခြင်းအားဖြင့် လက်ခံ ဖွယ်သော ပူဇော်သကာအဖြစ် ဘုရားရှင်ထံတော်သို့ ဘုန်းတန်ခိုး ပြည့်သော ညီညွတ်ခြင်းဖြင့် ရောက်ရှိစေပါ။” (၄ွှ ၇၁).
စိတ်ပါစွာအသိတရားဖြင့်သီဆိုကျူးအေးခြင်း - “သူတို့၏ ကြိုးစားမှုအားဖြင့် လူတို့ကို ဆွဲဆောင်မှုပြုနိုင်ရန် ဘုရားရှင်၏အမှုဆောင်များတို့သည် လောကီ၏နည်းလမ်းကို လိုက်လျှောက် အသုံးပြုခြင်းမပြုရပါ။ ကျင်းပသောအစည်းဝေးများ၌ လောကအဆိုသည်များတို့ကိုအမှီပြုခြင်း၊ စိတ်ဝင်စားမှုကို လှုံ့ဆော်ရန် ပွဲလမ်းသဘင်ဆန်သောလုပ်ရပ်များကို အားကိုးခြင်းမပြုရပါ။ နှုတ်က ပတ်တော်ကို စိတ်ဝင်စားခြင်းမရှိသောသူများ၊ အမှန်တရားကို ရိုးစင်းသောနားလည်လိုသည့်ဆန္ဒ ဖြင့် တစ်ခါမျှဖတ်ရှုခြင်း မရှိသူများတို့သည် မည်ကဲ့သို့ ဝိညာဉ်တော်တန်ခိုးဖြင့် ဂုဏ်တော်ကို သီဆိုကျူးအေး နိုင်ပါမည်နည်း။ ပြင်ပပေါ်လွင် ထင်ရှားသော သီဆိုလှုပ်ရှားမှုများနှင့်အတူ ကောင်းကင်သားများတို့သည် မည်ကဲ့သို့ပေါင်းစည်း၍ ပါဝင်သီဆိုနိုင်ကြမည်နည်း။
“သီဆိုကျူးအေးမှုကို လူနည်းစုဖြင့် အမြဲမပြုသင့်ပါ။ တတ်နိုင်သရွေ့ လူထုပရိသတ် တစ်ခု လုံးပါဝင်သိဆိုစေပါ။” (၉ွှ ၁၄၃ယ၁၄၄).
တရားပလ္လင်သည်ဟစ်တိုင်မဟုတ်
အသင်းတော်သည် မည်သည့်ဓမ္မဆရာ၊ အသင်းလူကြီး (သို့မဟုတ်) အခြားသော ပုဂ္ဂိုလ် တစ်ဦးဦးအား တရားပလ္လင်ကို ပြည်သူ့ဟစ်တိုင်သဖွယ် အသုံးပြုကာ ငြင်းခုံဖွယ်ရာလွဲမှားသည့် ဩဝါဒများကိုပို့ချခြင်း၊ အသင်းတော်၏ စည်းမျဉ်း စည်းကမ်းများတို့နှင့် ဆန့်ကျင်သည့် ပြောဆို ခြင်းများတို့ကို ပြုလုပ်နိုင်ရန် အခွင့်အရေးမပေးရပါ။
အလင်းသစ်ကိုစမ်းသပ်ခြင်း - အသင်းတော်၏ ရှိရင်းစွဲယုံကြည်ချက်များတို့နှင့် မကိုက် ညီသည့် အလင်းတရားအသစ်ကို တွေ့ရှိသည်ဟု ထင်မြင်ယူဆသည့်အသင်းသားများ တို့အနေဖြင့် တာဝန်ရှိအသင်းတော်ခေါင်းဆောင်များတို့နှင့်တွေ့ဆုံကာ အကြံဥာဏ်ရယူသင့်ပါ သည်။
“အမှန်တရား၏အလင်းကို ရရှိထားသောသူများအတွက် ထောင်ချီသည့် နည်းလမ်းပေါင်း များစွာဖြင့် စုံစမ်းသွေးဆောင်မှုရှိရာ၊ ကျွန်ုပ်တို့အတွက် တစ်ခုတည်းသော လုံခြုံမှုမှာ ဗဟုသုတရှိ သည့် ညီအစ်ကိုများတို့ထံသို့ ဦးစွာတင်ပြ မေးမြန်းခြင်း မပြုဘဲ ဩဝါဒအသစ်များတို့ကို လက်ခံ ခြင်း၊ နှုတ်ကပတ်တော်၏ အနက်အဓိပ္ပါယ် အသစ်ဖွင့်ဆိုခြင်း များတို့ကို လက်ခံခြင်းမပြုကြရန် ဖြစ်ပါသည်။ ထိုသူတို့ထံ နှိမ့်ချသောစိတ်၊ သင်ယူလိုသောစိတ်ဖြင့် စိတ်အားထက်သန်စွာ ဆုတောင်းပြီး၊ အကယ်၍ မည်သည့်အလင်းတရားကိုမျှ မတွေ့ရှိရပါက မိမိတို့၏ဆုံးဖြတ်ချက်ကို သာ လက်ခံရန် ဖြစ်ပါသည်။ အကြောင်းမှာ အများစုမှပေးသော အကြံအဥာဏ်အားဖြင့် လုံခြုံမှုရှိ ပါသည်။” (5T ၂၉၃) (Acts ၁၅: ၁-၃၂).
ဤအစီအစဉ်ကို ရှေးဦးအသင်းတော်များမှ လိုက်လျှောက်ခဲ့ပါသည်။ အန္တိအုတ်မြို့၌ မေးခွန်း တစ်ခုအပေါ် ခြားနားသည့်ယူဆချက်များဖြစ်ပေါ်ခဲ့ကြသည့်အခါ ယုံကြည်သူများတို့သည် မိမိတို့ ၏ကိုယ်စားလှယ်များကို ယေရုရှလင်မြို့သို့စေလွှတ်ကာ ကြုံတွေ့ရသည့်အခက်အခဲကို တမန်တော် များ၊ အသင်းတော် လူကြီးများ တို့နှင့်အတူ တင်ပြဆွေးနွေး အဖြေရှာခဲ့ပါသည်။ အန္တိအုတ်မြို့မှ ယုံကြည်သူများတို့ သည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ယေရုရှလင်မြို့မှအသင်းတော် ခေါင်းဆောင်များတို့၏ ဆုံးဖြတ် ချက်ကိုလက်ခံကာ စည်းလုံးညီညွတ်မှုနှင့် ညီအစ်ကိုချစ်ခြင်းမေတ္တာကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ ပါသည်။
အသင်းတော်ကောင်စီမှ အလင်းတရားအသစ်ကို စ်မ်းသပ်ခြင်းပြုရန် သတိပေးခြင်းမှာ နှုတ်ကပတ်တော်မြတ်ကို ကြိုးစားလေ့လာဆည်းပူးခြင်းမှ ဟန့်တားခြင်းမဟုတ်ဘဲ အသင်းတော်ထဲ သို့ မှားယွင်းသောယုံကြည်ခံယူချက် မဝင်ရောက်လာစေရန်အတွက် ဖြစ်ပါသည်။ ဘုရားသခင် သည် မိမိသားသမီးတို့အား နှုတ်ကပတ်တော်ကို အလင်းတရားနှင့်အမှန်တရားအတွက် သစ္စာရှိစွာ ရှာဖွေလေ့လာရန် အလိုရှိပါသည်။ သို့သော် မှားယွင်းသည့်သွန်သင်ချက်များနောက်သို့ လမ်းလွဲ၍ ပါသွားခြင်းကို အလိုမရှိပါ။
“ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘုန်းတော်ကို မထင်မရှားမြင်တွေ့ရပြီ၊ ကြီးမားလှသည့် ဥာဏ်တော်ကို နားလည်နိုင်သော စွမ်းရည်မပြည့်၀ပါ။ ကျွန်ုပ်တို့သည် သတ္တုတွင်း၏အပေါ်ယံ၌ သာ လုပ်ဆောင်နေသကဲ့သို့ဖြစ်ပြီး မြေအောက်၌ တန်ဖိုးကြီးမားသည့်ရွှေနှင့် ကျောက်သံတ္တမြား တို့ကို ကြိုးစား၍တူးယူသူများတို့သာ ရယူနိုင်မည်ဖြစ်သည်။ သတ္တုတွင်း၌ နက်ရှိုင်းစွာ တူးမှသာ တန်ဖိုးရှိသည့်သတ္တုများတို့ကို ရရှိမည် ဖြစ်သည်။ မှန်ကန်သော ယုံကြည်ခြင်းအားဖြင့်သာ ဘုရားရှင်၏ အသိတရားမျိုးကို လူသားများရရှိ နိုင်မည်ဖြစ်သည်။ (ဃဥူ ၁၁၃).
“ဖြောင့်မတ်ခြင်း၏နေမင်းကြီးနှင့် အသက်ရှင်သောဆက်သွယ်မှုပြုသူ များတို့သည် အသစ် သော်အလင်းကို ဘုရားရှင်၏နှုတ်ကပတ်တော်မြတ်အားဖြင့်သာ ဖော်ပြပေးမည်ဖြစ် သည်။ ထပ်မံ၍ မည်သည့်အမှန်တရားကိုမျှ ဖော်ပြလိမ့်မည်မဟုတ်ပါဟု မည်သူမျှမှတ်ချက် မချသင့်ပါ။ ကြိုးစား အားထုတ်၍ ဆုတောင်းခြင်းဖြင့် အမှန်တရားရှာဖွေသူသည် တန်ဖိုးရှိသောအလင်းတရားကို ဘုရား ရှင်၏နှုတ်ကပတ်တော်မြတ်မှ တွေ့ရှိရမည်ဖြစ်သည်။ ဘုရားသခင်၏ ကျန်ကြွင်းသောသားသမီး များတို့၏ပိုင်ဆိုင်မှုအဖြစ် ပြန့်ကျဲလျက်ရှိသည့်
CM - ၁၄
ကျောက်မြတ်ရတနာများစွာ တို့ကိုစုသိမ်းရန် ကျွန်ုပ်တို့ဆောင်ရွက်ရပါမည်။” (CW ၃၄).
အမှန်တရားကိုကြိုးစားရှာဖွေခြင်းဖြင့် အသစ်သော အလင်းတရားဆုလာဘ်ကို တွေ့ရှိရသည့် အခါ သိရှိထားခဲ့သော အမှန်တရားကို စွန့်ပယ်ရမည်မဟုတ်ပါ။ စုစည်းလိုက်ရပါမည်။ ပို၍ မိမိ၏အလင်းတရားကို ကြီးထွားစေရပါမည်။ ထိုအကြောင်းကြောင့် “ဖြောင့်မတ်သောသူတို့၏ လမ်းသည် တက်သောအာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏” (သုတ္တံ ၄း၁၈)။
အလင်းတရားတိုးပွားခြင်းကိုလက်ခံရန် ဘုရားရှင်သားသမီးများတို့၏ စိတ်ထဲ၌ ထားရှိရ မည်မှန်သော်လည်း မိမိတို့၏ခံယူထားသည့် သမ္မာကျမ်းစာထဲမှ အခြေခံယုံကြည်ချက်များတို့မှ သွေဖည်၍မသွားစေရန် မည်သည့်ဆွဲဆောင်မှု၏အသံနှင့် လုပ်ဆောင်မှုနောက်သို့မလိုက်မပါ စေရန် သတိပြုရပါမည်။
“ကျွန်ုပ်တို့၏ အထူးသောယုံကြည်ခြင်း အချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် သတင်း စကားများတို့ကို ယူဆောင်လာသော သူတို့၏ယုံကြည်ချက်ကို လက်ခံခြင်းမပြုရပါ။ သူတို့သည် နှုတ်ကပတ်တော် သွန်သင်ချက် အမျိုးမျိုးတို့ကို ပေါင်းစည်းကာ မိမိတို့၏ ယုံကြည်ချက်နှင့် ကိုက်ညီကြောင်း သက်သေပြပေလိမ့်မည်။ လွန်ခဲ့သည့်နှစ်ပေါင်း (၅၀) အချိန်၌ ဤကဲ့သို့ပြု လုပ်ဆာင်ရွက်ခြင်းကို အကြိမ်ပေါင်းများစွာ တွေ့ရှိခဲ့ရပြီဖြစ်သည်။ ကျမ်းစာတော်မြတ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သောကြောင့် လေးစားရမည်ဖြစ်ပြီး ၎င်းတို့အားအသုံးပြုရာ တွင် လွန်ခဲ့သည့်နှစ်ပေါင်း (၅၀) နှင့် ကွာခြားနေပါက ကြီးမားသည့်မှားယွင်း မှုသာ ဖြစ်ပါလိမ့် မည်။ ဤကဲ့သို့အဓိပ္ပယ်ဖွင့်ဆို၍ အသုံးပြုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်မှ အံ့ဩဖွယ်ရာ ရေးသားဖော်ပြခဲ့သော ဘုရားရှင်၏သားသမီးများတို့ထံ လွန်ခဲ့သည့်အချိန်အခါ၌ ရောက်ရှိလာခဲ့ သောသတင်းစကားများကို မသိနားမလည်ခြင်းကြောင့်သာ ဖြစ်ပါသည်။” (CW ၃၂).
စည်းလုံးညီညွတ်မှုကိုထိန်းသိမ်းခြင်းသည်အရေးကြီးခြင်း
“ယုံကြည်ခြင်း၌ စည်းလုံးမှု” ရှိရန် ထိန်းသိမ်းခြင်းသည် အရေးကြီးသည်။ (ဧဖက် ၄း၁၃)၊ ၎င်းပြင် ဝိညာဉ်တော်၌ငြိမ်ဝပ်ခြင်းရှိရန် စည်းလုံးမှုကို “စောင့်ရှောက်ခြင်း”သည် ကျွန်ုပ်တို့ ပြုလုပ်ရန် အရေးကြီးသည်။ ထိုသို့သော စည်းလုံးမှုကို ရရှိရန် သတိပြုကာ အသင်းတော်ခေါင်း ဆောင်များတို့နှင့် တိုင်ပင်မှုပြု၍ အကြံယူရပါမည်။
“ဘုရားသခင်သည် လူတစ်စုကို ဤကမ္ဘာပေါ်မှနေ၍ ဘုရားသခင်၏ ပညတ်တော်နှင့် ယေရှု၏ သက်သေခံတော်မူချက်ဖြစ်သည့် ထာ၀ရအမှန်တရား၏ စင်မြင့်ပေါ်သို့ မြှင့်တင်ပေး ခဲ့ပါ သည်။ မိမိလူတို့ကို ဆုံးမသွန်သင်၍ ပုံသွင်းသွားလိမ့်မည်။ သူတစ်မျိုးကိုယ်တစ်ဖုံ ကိုယ်ခန္ဓာ တည်းဟူသော ခရစ်တော်ထံမှ ကိုယ်တင်ရာစိုင်းရွေ့ရှားကြကာ ကွဲပြားခြင်းမရှိကြ ပါ။ အသင်း တော်အတွက် ဆုကျေးဇူးများနှင့် အုပ်ချုပ်မှုခံစားရရှိခြင်း မတူညီသော်လည်း ယုံကြည်ခြင်း၌ တစ်လုံးတစ်၀တည်းသာ ရှိနေရပါမည်။ အကယ်၍ လူတစ်ဦးသည် ကျမ်းစာ၏ အမှန်တရားအပေါ် မိမိ၏အမြင်ကို အခြားယုံကြည်သူများနှင့် ညှိနှိုင်းခြင်းမပြုဘဲ သူ့အမြင်သာ လျှင်မှန်နေသည်ဟုသာ အတင်းအကျပ် ခံယူနေပါက တစ်လုံးတစ်၀တည်း ဖြစ်ရန်အတွက် ခရစ်တော်၏ ဆုတောင်းပေး ချက်ကို မည်ကဲ့သို့ပြည်စုံစေနိုင်ပါမည်နည်း။----”
“ဘုရားရှင်၏ရှေ့မှောက်၌ တစ်ဦးစီ၏လုပ်ငန်းနှင့် တစ်ဦးစီ၏တာဝန် ဝတ္တရားရှိနေကြ သော်လည်း ညီအစ်ကိုများတို့၏ အမြင်နှင့်ခံစားချက်များကို ဂရုမပြုဘဲ ကိုယ်၏ ဆုံးဖြတ်ချက် နောက်သို့သာ လိုက်နေပါက အသင်းတော်၌ ကွဲပြားမှုရှိလာမည်ဖြစ်ပါသည်။ ဓမ္မဆရာများ၏ တာဝန်မှာ ညီအစ်ကိုများတို့၏ ဆုံးဖြတ်ချက်ကို လေးစားရမည်ဖြစ်သည်။ သို့သော် တစ်ဦးနှင့် တစ်ဦး ဆက်သွယ်မှုပြုခြင်း၊ သူတို့သင်ကြားပို့ချသည့်ဩဝါဒများမှာ ပညတ်တော်နှင့် သက်သေခံ ချက်အားဖြင့် စမ်းသပ်ရပါမည်။ ၎င်းပြင် သင်ကြားမှုကိုလက်ခံလို စိတ်ရှိပါက အသင်းတော် အတွင်း၌ ကွဲပြားမှုမရှိနိုင်ပါ။ တချို့သောသူတို့သည် စည်းစနစ်မှလွဲချော်ကာ ယုံကြည်ခြင်း၏ကြီးမားသောအမှတ်အသားမှ ရွေ့လျောသွား မည်ဖြစ်သည်။ သို့သော် ဘုရားသခင်သည် မိမိ၏ အမှုဆောင်များကို ယုံကြည်ခြင်းတစ်ခုတည်း နှင့် ဝိညာဉ်တော်တစ်ပါးတည်းဖြင့် ပို့ဆောင်လျက်ရှိပါသည်။” (TM ၂၉,၃၀).
ဤစဉ်းစားစရာများကို ရှုမြင်သုံးသပ်ခြင်းဖြင့် တရားပလ္လလင်ကို ဘုရားသခင်၏နှုတ်ကပတ် တော် အမှန်တရားဟောကြားသူများအတွက်နှင့် ဘုရားသခင်၏အမှုတော် လုပ်ငန်းတိုးတက်ကြီး ပွားရန် အသင်းတော်၏ စည်းမျဉ်းစည်းကမ်းများတို့ကို တင်ပြရန်အတွက်သာလျှင် ဖြစ်နေရမည် ဖြစ်ပြီး၊ တစ်ဦးတစ်ယောက်၏အယူအဆနှင့် ထင်မြင်ချက် အဖြစ်စေရပါ။
ခွင့်ပြုချက်မရသည့်တရားဟောကြားသူများ - မည်သို့သော အခြေအနေမျိုး၌မဆိုအသင်း အုပ်ဆရာ၊ အသင်းလူကြီး (သို့မဟုတ်) အခြားခေါင်းဆောင်များတို့သည် မည်သည့်ဧည့်သည် (သို့မဟုတ်) တရားဝင်သက်ဆိုင်ရာမှ ခွင့်ပြုချက်မရရှိသောသတစ်ဦးတစ်ယောက်ကိုမျှ တရားဟော ခွင့်မပြုရပါ။ သာသနာလုပ်ငန်းမှထုတ်ပယ်ခြင်းခံရသူများ (သို့မဟုတ်) အခြား နေရာဒေသ၌ အသင်းတော်မှ အမည်စာရင်းထုတ်ပယ်ခြင်း ခံရသူများ (သို့မဟုတ်) အသင်း တော်၌ မည်သည့် တာဝန်မျှ မရှိသူများတို့ကို တရားပလ္လင်ပေါ်သို့ တက်ရောက်ဟောပြော ခွင့်မပြုရပါ။ ဟောပြောရန် သင့်လျော်သောသူဖြစ်ရန် မိမိ၏တရားဝင်မှန်ကန်သည့် လိုင်စင် ကတ်ပြားကိုပြသနိုင်ရမည်။
တစ်ခါတစ်ရံ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ (သို့မဟုတ်) ပြည်သူ့ခေါင်းဆောင်များတို့ကို ပရိသတ်များတိုအားဟောကြားရန် အကြောင်းကိစ္စရှိပါက ခွင့်ပြုနိုင်သော်လည်း နယ်ဌာနချုပ်မှ ခွင့်ပြုချက်မရှိသူဟူသရွေ့ကို ပလ္လင်ပေါ်သို့ တက်ရောက်ဟောပြောခွင့်မပြုရပါ။ သင်းအုပ်ဆရာ တိုင်း၊ အသင်းလူကြီးတိုင်းနှင့် နယ်ဌာနချုပ်ဥက္ကဌတို့သည် ဤစည်းမျဉ်းဥပဒေကို လိုက်လျှောက်ရ ပါမည်။
ဥပုသ်စာဖြေကျောင်းနှင့်ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်များ
ဥပုသ်စာဖြေကျောင်း - ဥပုသ်စာဖြေကျောင်းသည် ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်များထဲ၌ အသင်းတော်ရှိ အသင်းဝင်များနှုတ်ကပတ်တော်ကို လေ့လာရန် အရေးအကြီးဆုံးအစီအစဉ် တစ်ခု ဖြစ်သည်။ ဥပုသ်နေ့တိုင်း ယုံကြည်သူများနှင့် စိတ်ဝင်စားသူ ဧည့်သည်မိတ်ဆွေများ တို့သည် ဥပုသ်စာဖြေကျောင်း၌ တွေ့ဆုံကြကာ နှုတ်ကပတ်တော်ကို စနစ်တကျ လေ့လာကြပါ သည်။ အသင်းတော်ရှိ အသင်းဝင်သူများအားလုံးတို့ကို ဥပုသ်စာဖြေကျောင်းသို့ မိမိတို့၏ရ င်းနှီးသော မိတ်ဆွေများတို့နှင့်အတူ တက်ရောက်ကြရန် အားပေးကြရမည်။
ဥပုသ်စာဖြေကျောင်းတိုင်းသည် သင့်လျော်သည့် အသက်အရွယ်အလိုက် အစီအစဉ်များကို ကြိုးစား၍ ပြင်ဆင်ပေးရမည်။ လိုအပ်သည့်စာရွက်စာတမ်းများနှင့် အသုံးအဆောင်ပစ္စည်းများ ကို နယ်ဌာနချုပ်၊ ယူနီယံဌာနချုပ်နှင့် ဒီဝီဇံဌာနချုပ်၌ ရရှိနိုင်ပါသည်။
ဥပုသ်စာဖြေကျောင်းသည် ဒေသခံ (သို့မဟုတ်) ကမ္ဘာ့သာသနာလှုပ်ရှားမှု သာသနာ လုပ်ငန်းများ အတွက် အသင်းတော်အလှူငွေများထည့်ဝင်ခြင်းနှင့် နှုတ်ကပတ်တော်ကို လေ့လာ ရန် လုံလောက်သည့်အချိန်ကိုပေးခြင်း အတွက် အားပေးတိုက်တွန်းသင့်သည်။
ကြေညာခြင်းများနှင့်ဌာနဆိုင်ရာဆော်ဩခြင်းများ - ဥပုသ်နေ့ အစီအစဉ်အချိန်၌ ကြေညာသွားမည့် ကြေညာချက်များနှင့် ဌာနဆိုင်ရာနှိုးဆော်ချက်များ တို့၏ အကြောင်းအရာ ကိစ္စများနှင့် ကြာညောင်းမည့် အချိန်ကို သေချာစွာ စဉ်းစားသင့်သည်။ အကယ်၍ ၎င်းကိစ္စများတို့ သည် ဝတ်ပြုခြင်းစီအစဉ်နှင့်သော်လည်းကောင်း၊ အသင်းတော်လုပ်ငန်းနှင့်သော်လည်းကောင်း ပတ်သက်မှုမရှိပါက တာဝန်ရှိပုဂ္ဂိုလ်များတို့ အနေဖြင့် ခွင့်မပြုသင့်ပါ။ အကြောင်းမှာ ဝတ်ပြု ကိုးကွယ်ခြင်းစိတ်ဓာတ်များ မပျောက်ပျက်စေရန်နှင့် ဥပုသ်စောင့်ထိန်းခြင်း၏ လေးမြတ်ခြင်းကို လေးစားရန်ဖြစ်သည်။
များစွာသောအသင်းတော်တို့သည် ပုံနှိပ်ပြီးသားဝတ်ပြုခြင်းအစီအစဉ်နှင့် ကြေညာစရာ များ ကို ပြင်ဆင်ထားလျက်ရှိသောကြောင့် အနည်းငယ်သာလျှင် နှုတ်အားဖြင့်ကြေညာစရာ လိုအပ်မည် ဖြစ်သည်။ ထိုပုံနှိပ်ထားသောအစီအစဉ် မရှိသည့် အသင်းတော်များတို့၌ ကြေညာစရာများကို အစီအစဉ်မစတင်မီ ဦးစွာကြေညာရမည်ဖြစ်ပါသည်။
ဌာနဆိုင်ရာနှိုးဆော်မှုများတို့ကို ခွင့်ပြုရာ၌ အထူးသတိပြုရမည်ဖြစ်သည်။ နှုတ်ကပတ် တော် ကိုလေ့လာရန်နှင့် နှုတ်ကပတ်တော်ကို ဟောကြားခြင်းအတွက် လိုအပ်သည့် အချိန်ကို နှိုးဆော်မှု များမှ မယူသွားမိရန် ကာကွယ်ရမည်။
ဝတ်ပြုခြင်းအစီအစဉ် - ဥပုသ်တော်နေ့ ဝတ်ပြုခြင်းအစီအစဉ်သည် အသင်းတော်၏ အရေးအကြီးဆုံး အစီအစဉ်ဖြစ်သည်။ ဤအချိန်အခါ၌ အသင်းဝင်များတို့သည် အတူတကွစုရုံးကြ ကာ ဂုဏ်တော်မြတ်ကိုချီးမွမ်းခြင်း၊ နှုတ်ကပတ်တော်ကိုနာကြားခြင်း၊ အသက်တာ၏ တိုက်ပွဲကို ရင်ဆိုင်နိုင်ရာ ခွန်အားနှင့်ကျေးဇူးတော်ကို ရယူခြင်းနှင့် ဝိညာဉ်အောင်မြင်ခြင်းအတွက် ဘုရား သခင်၏အလိုတော်ကို သင်ယူခြင်းတို့ကိုပြုကြသည့် အချိန်အခါဖြစ်သည်။ ကြည်ညိုလေးစားခြင်း၊ ရိုးသားခြင်းနှင့် တိကျမှန်ကန်အချိန်မီတက်ရောက် ခြင်းတို့သည် အရေးကြီးလိုအပ်သောအရာများ ဖြစ်သည်။
ကျွမ်းကျင်မှု၊ လေ့လာမှုနှင့် ကြိုတင်စီမံမှုများလိုအပ်ခြင်း - “အစီအစဉ်တက်ရောက်သူ များတို့အတွက် အကောင်းဆုံး အကျိုးရရှိစေရန်နှင့် အကောင်းဆုံးသော ဩဇာညောင်းမှု ရရှိစေရန် အစည်းအဝေးကိုကျင်းပရာ၌ တတ်ကျွမ်းမှု၊ ဆည်းပူးလေ့လာမှုနှင့် ကြိုတင် စီမံမှုများကို ကောင်းမွန်စွာပြုလုပ်ရန် သင်တို့၏တာဝန်မဟုတ်ပါလား။” (RH, April ၁၄, ၁၈၈၅).
“ကျွန်ုပ်တို့၏ဘုရားသည် နူးညံ့သိမ်မွေ့၍ ကရုဏာနှင့်ပြည့်၀သောအဖ၊ ဖြစ်သည်။ သူ၏ အစီအစဉ်များသည် စိတ်ပျက်စရာ၊ စိတ်မချမ်းမြေ့စရာ အစီအစဉ်မဖြစ်သင့်ပါ။ စိ်တ်ရွှင်လန်းဖွယ်ရာ ဘုရားရှင်အားဝတ်ပြုခြင်း
အစီအစဉ်နှင့် လူ၏လုပ်ငန်း၌ပါဝင်ခြင်းဖြစ်မည်။ ခရစ်တော်နှင့်သူ၏ အသေခံခြင်းသည်လေး နက် စွာ တွေးတောရန်၊ ပြောဆိုကြရန်နှင့် ဝမ်းမြောက်ဖွယ်ရာ အကောင်းဆုံးစိတ်လှုပ်ရှားမှု ဆောင်ပုဒ် ဖြစ်ရမည်။ ကျွန်ုပ်တို့၏ကျေးဇူးတင်ခြင်းကို ဖော်ပြသည့်အခါ၌ ဘုရားသခင်နှင့် နီးကပ်စွာ တိုးဝင် ချဉ်းကပ်ခြင်းဖြစ်သည်။ “ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှား စေသောသူဖြစ်၏” (ဆာလံကျမ်း ၅ဝး၂၃)။ “ရိုသေလေးစားခြင်း၊ ပျော်ရွှင်ဝမ်းမြောက်ခြင်းဖြင့် ဖန်ဆင်းရှင်ရှေ့တော်မှောက်သို့ တိုးဝင်ချဉ်းကပ်လျက် ကျေးဇူးတော်ကိုချီးမွမ်းခြင်း၊ ငြိမ့်ညောင်း သောအသံဖြင့် သီဆိုကျူးအေးခြင်းပြုကြပါစို့” (ဟေရှာယ ၅၁း၃) (SC ၁၀၃ယ ၁၀၄).
အစီအစဉ်ပုံစံ - ဥပုသ်နေ့နံနက်အစီအစဉ်၌ အဓိကအပိုင်းနှစ်ပိုင်းခွဲခြားထားပါသည်။ တက်ရောက်ကြသောပရိသတ်များအနေဖြင့် တေးသီချင်း သီဆိုခြင်းအားဖြင့် ဂုဏ်တော်ကိုချီး မွမ်း ခြင်း၊ ဆုတောင်းပတ္ထနာပြုခြင်း၊ အလှူဒါနအားဖြင့် ပေးကမ်းစွန့်ကြဲခြင်းများကို ပြုလုပ်ကြ ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်မှ သတင်းစကားများကို နာယူကြခြင်းတို့ဖြစ် သည်။
အများဝတ်ပြုခြင်းအတွက် အစီအစဉ်ပုံစံ အတိအကျမရှိပါ။ စစ်မှန်သည့် ဝတ်ပြုခြင်း စိတ်ဓာတ်အတွက် တိုတိုတုတ်တုတ်ဆောင်ရွက်ခြင်းသည် ပို၍ကောင်းသည်။ ရှည်လျားသော အစီအစဉ်ကို ရှောင်ကြည်သင့်သည်။ အစီအစဉ်အစပိုင်း၌ အချိန်များစွာယူခြင်း အားဖြင့် နှုတ်က ပတ်တော်ကိုဟောကြားခြင်းအတွက် အချိန်ကိုမထိခိုက်စေရန် သတိပြုသင့်သည်။
အသင်းတော်သာသနာဖြန့်ချိခြင်းအစီအစဉ် - လစဉ်ပထမအပတ်ဥပုသ်နေ့သည် အသင်းတော်သာသနာဖြန့်ချိခြင်း ဥပုသ်နေ့ဖြစ်သည်။ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်များကို သာမန် အသင်းသူအသင်းသားများတို့၏ သာသနာပြုခြင်းဆိုင်ရာ ဦးတည်ချက်နှင့်ပတ်သက်ပြီး ထူးခြားသည့် အစီအစဉ်များနှင့် လှုပ်ရှားမှုများကို ဌာနများမှ တင်ဆက်သွားနိုင်ပါသည်။ “ဘုရား သခင်သည် သန့်ရှင်းမွန်မြတ်သောလုပ်ငန်းကို ကျွန်ုပ်တို့လက်ထဲ၌ အပ်နှံထားသည့် အတွက် ကျွန်ုပ်တို့သည် အတူတကွစုရုံးကာ ဤလုပ်ငန်းကိုထိရောက်စွာဆောင်ရွက်နိုင်ရန် ညွှန်ကြားချက် များတို့ကို ရယူရန်လိုအပ်ပါသည်။” (6T ၃၂).
ပရိသတ်အလယ်၌ဆုတောင်းပတ္ထုပြုခြင်း - တပည့်တော်များတို့အား ခရစ်တော်အကြံ ပေးခဲ့သည်မှာ မိမိတို့၏ဆုတောင်းချက်မှာ လိုအပ်သည့်အရာအတွက်ကိုသာ တိုတို တုတ်တုတ် ဆုတောင်းရန်ဖြစ်သည်။ (၁) မိနစ် (သို့မဟုတ်) (၂) မိနစ်ဖြင့် ပုံမှန်ဆုတောင်းခြင်းပြုရန် အတွက် လုံလောက်ပါသည်။
“ဆုတောင်းသူတိုင်း မိမိတို့မြွက်ဆိုသည့်စကားလုံးမှာ သင့်လျော်မှန်ကန်သည့် စကားလုံး ဖြစ်ရန်၊ ရှင်းလင်းပြတ်သားရန်၊ အသံနေအသံထားကောင်းမွန်ရန်လိုအပ်ပါသည်။ အကယ်၍ မှန်ကန်စွာ ဆုတောင်းပတ္ထနာပြုလျှင် ကောင်းကျိုးအတွက် တန်ခိုးတစ်ခုပင်ဖြစ်သည်။ ၎င်းသည် တန်ဖိုးရှိသည့်အမှန် တရားဘဏ္ဍာကို မိမိလူတို့ထံသို့ ဘုရားရှင်ဆက်သွယ်ရန် အသုံးပြုသည့် လမ်းကြောင်း တစ်ခုဖြစ်သည်။ ဘုရားသခင်၏လူတို့သည် မိမိတို့ပိုင်ဆိုင်သော ကြီးမားသည့်အမှန် တရားကို မှန်ကန်စွာကိုယ်စားပြုနိုင်ရန် မည်ကဲ့သို့ပြောဆိုရမည်၊ ဆုတောင်းရမည်ကို သင်ယူကြ စေ။ သက်သေခံချက်များကိုပြုခြင်းနှင့် ရှင်းလင်းပြတ်သားစွာ ဆုပတ္ထနာတောင်းလျှောက်နိုင်ပါစေ။ သို့မှသာ ဘုရားရှင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်ပါ လိမ့်မည်။” (6T ၃၈၂).
ဥပုသ်တော်နေ့၌စာပေပေးကမ်းခြင်း - အမှန်အားဖြင့် ဥပုသ်နေ့၌ ပုဂ္ဂလိကသာသနာ့ လုပ်ငန်းအတွင်းရေးမှူးသည် အသင်းဝင်သူများလက်ထဲသို့ စာပေများကိုပေးရန် အခွင့်အရေး ဖြစ် သည်။ စစ်မှန်သောဝတ်ပြုခြင်းနှင့် ကြည်ညိုလေးစားခြင်းများကို ပျက်ပြားစေနိုင်သည့် ငြင်းဆ်ိုဖွယ် ရာနည်းလမ်းများကို ရှောင်ရှားသင့်ပါသည်။
ပွဲတော်မင်္ဂလာအစီအစဉ်
ပွဲတော်မင်္ဂလာအစီအစဉ်ကို သုံးလတစ်ကြိမ်ကျင်းပလေ့ရှိသည်။ အစီအစဉ်ရှိခြေဆေး မင်္ဂလာ ပါဝင်ပြီး ကိုယ်တော်၏ညစာစားပွဲ အစီအစဉ်လိုက်လာပါသည်။ ၎င်းအစီအစဉ်သည် ပရိသတ် များ၊ ဓမ္မဆရာနှင့် အသင်းလူကြီးများတို့အတွက် အသန့်ရှင်းဆုံးနှင့် အပျော်ရွှင်ဆုံး အစီအစဉ် တစ်ရပ်ဖြစ်သင့်သည်။ ဤအစီအစဉ်ကို အများအားဖြင့် ဝတ်ပြုခြင်းအစီအစဉ် အချိန်တွင်း၌ ကျင်းပ လေ့ရှိသည်။ သို့သော် အခြားအချိန်၌လည်း စီစဉ်ဆောင်ရွက်၍ ကျင်းပနိုင်ပါသည်။
ခြေဆေးခြင်းမင်္ဂလာ - “ယခုတပည့်တော်များ၏ခြေကို ဆေးလျက်နေစဉ် ယေရှုပြောခဲ့ သည်မှာ၊ ]ငါပြုသကဲ့သို့ သင်တို့ပြုစေခြင်းငှာ သင်တို့အတွက်ပုံသက်သေကိုငါထားခဲ့ပြီ။} ဤ စကားပြေဆိုရာ၌ ခရစ်တော်သည် ဧည့်ဝတ်ပြုခြင်း၏ ဓလေ့ကို ဝမ်းမြောက်စွာပြုလုပ်ကြရန် အတွက်သာလျှင် ပြောဆိုနေခြင်းမဟုတ်ပါ။ ဧည့်သည်များတို့၏ပေကျံနေသောခြေကို ဆေးကြော ခြင်းထက်ပို၍ အဓိပ္ပါယ်ရှိသည်။ ဤနေရာ၌ ခရစ်တော်သည် ဘာသာရေးအစီ အစဉ်တစ်ခုကို ဆောင်ရွက်နေခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ဘုရားရှင်ပြုမူဆောင်ရွက် ခြင်းအားဖြင့်---ဤအစီ အစဉ်သည် သန့်ရှင်းလေးနက်သော ဘာသာရေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ၎င်းကို တပည့် တော်များအနေဖြင့် လိုက်လျှောက်ရန်ဖြစ်ပြီး မိမိတို့၏စိတ် နှလုံးသားထဲ၌ နှိမ့်ချခြင်းနှင့် အစေခံ ခြင်းဟူသည့် သူပေးသောသင်ခန်းစာကို ရင်ဝယ်ပိုက် ထားရန်ဖြစ်ပါသည်။
“ဤဆောင်ရွက်ရမည့် အစီအစဉ်ကို ပွဲတော်မင်္ဂလာအစီအစဉ်အတွက် ပြင်ဆင်မှုပြုရန် ခရစ် တော်၏ အစီအစဉ်တစ်ရပ်ဖြစ်သည်။ စိတ်နေမြင့်ခြင်း၊ ကွဲပြားခြင်း၊ ရာထူးရာခံမက်မောခြင်းများ ကျွန်ုပ်တို့၏ စိတ်နှလုံးသားထဲ၌ ရှိနေစဉ် ခရစ်တော်နှင့်ပိသဟာယဖွဲ့၍မရပါ။ သူ၏ကိုယ်ခန္ဓာနှင့် သူ၏အသွေးတော်ကိုခံယူရန် အဆင်သင့်မရှိပါ။ ထိုကြောင့် ဤသူ၏နှိမ့်ချခြင်းကိုသတိရခြင်းအစီအစဉ်ကို ဦးစွာပြုလုပ်ရန် ယေရှုမိန့်မှာခြင်းဖြစ်ပါသ်။” (DA ၆၅၀). တပည့်တော်များတို့၏ခြေကိုဆေးကြောရာတွင် ခရစ်တော်သည် ပို၍နက်ရှိုင်းသော နှလုံး သားထဲ၌ ရှိသည့်အပြစ်များကိုပါ ဆေးကြောခြင်းဖြစ်သည်။ ပါဝင်မည့်သူများအနေဖြင့် ဤသန့် ရှင်းသည့် ပွဲတော်တွင် ပါဝင်ရန် မထိုက်တန်သူများ အဖြစ်ခံစားရခြင်းကို ဤအစီအစဉ်မှနေ၍ သူတို့အားလုံးလုံးလျားလျား သန့်ရှင်းစေသည့် ဗဟုသုတကို ရရှိစေပါသည်” (ယောဟန် ၁၃း၁၀)။ ယေရှု၏ဆန္ဒသည် သူတို့၏စိတ်နှလုံးထဲ၌ ရှိသည့် ခင်မင်မှုပျက်ပြားခြင်း၊ မနာလိုဝန်တိုခြင်း၊ စိတ်နေမြင့်ခြင်းတို့ကို ဆေးကြောရန် ဖြစ်သည်။ စိတ်နေမြင့်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့သည် ကွဲပြားခြင်းနှင့်မုန်းတီးခြင်း များကို ဖန်တီးစေသော်လည်း ၎င်းအားလုံးတို့ကို ယေရှုဆေးကြောပစ် လိုက်ပါသည်။ သူတို့ကိုကြည့်ပြီး ယေရုပြောလိုက်သည်မှာ “သင်တို့သန့်ရှင်းခြင်းရှိပြီ” ဟု ဖြစ် ပါသည်။ (DA ၆၄၆).
ခြေဆေးခြင်းမင်္ဂလာမှခံစားရရှိသည့် ဝိညာဉ်ရေးဗဟုသုတမှာ လူရိုးရိုးတစ်ဦးမှ သန့်ရှင်းသူ တစ်ဦးအဖြစ် ရောက်ရှိသွားခြင်းဖြစ်ပါသည်။ အဓိကအားဖြင့် ခရစ်တော်ထံမှ ယုံကြည်သူထံသို့ ခွင့်လွှတ်ခြင်း၊ လက်ခံခြင်း၊ ယုံကြည်စိတ်ချခြင်းနှင့် တပေါင်းတစည်းတည်းဖြစ်ခြင်းများ ဆိုင်ရာ သတင်းကို ယူဆောင်ပေးသည့်အပြင် ယုံကြည်သူများအချင်းချင်း၌ လည်းဖြစ်ပေါ်စေပါ သည်။ ဤသတင်းကို နှိမ့်ချခြင်းအသက်တာအားဖြင့် ထင်ရှားပေါ်လွင်စေပါသည်။
ကိုယ်တော်၏ညစာစားပွဲ - ကောင်းကင်တမန်များ ကြော်ငြာခဲ့သည်မှာ ဤကမ္ဘာကြီး၏ ကယ်တင်ရှင်ယေရှုသည် သန့်ရှင်း၏။ ထိုနည်းတူစွာ မိမိကိုယ်ခန္ဓာနှင့် မိမိ၏အသွေးတော်ကို ပုံဆောင်သည့်အရာများလည်း သန့်ရှင်း၏။ အရှင်သခင်ကိုယ်တော်တိုင် အဓိပ္ပါယ်လေးနက်သည့် ပုံပမာဖြစ်သော တဆေးမပါသည့်မုန့်နှင့် ကစော်မပေါက်သောစပျစ်ရည်ကို ရွေးချယ်ခဲ့ခြင်းနှင့် အရိုးဆုံးသောနည်းလမ်းကို အသုံးပြုကာ တပည့်တော်များတို့၏ခြေကိုဆေးခြင်းပြုခဲ့သည့်နည်းတူ ကျွန်ုပ်တို့သည် သတိတရားကြီးစွာဖြင့် ၎င်းအတိုင်းကျင်းပကြရန်နှင့် မူလထင် ရှားလှသည့် အဓိပ္ပါယ်မပျောက်မပျက်သွားစေရန် အရေးကြီးပါသည်။ ထိုနည်းတူ သင်းအုပ်ဆရာ၊ သင်းလူကြီး၊ သင်းထောက်နှင့် သင်းထောက်မယ်များတို့မှ ဤအစီအစဉ်ကိုဆောင် ရွက်ခြင်း၌ ရှေးယခင်လုပ်ရိုးလုပ်စဉ်များ အတိုင်းသာဆောင်ရွက်ရန်၊ အစားထိုးလုပ်ဆောင်ခြင်း၊အသစ်အဆန်း တီထွင်လုပ်ဆောင်ခြင်းများအားဖြင့် ဤမွန်မြတ်သန့်ရှင်းခြင်းကိစ္စရပ်ကို အခြားလုပ်ရပ်များနည်း တူ မပြုလုပ်ကြရန် သတိပြုရပါမည်။
ကိုယ်တော်၏ ညစာစားပွဩည် သခင်ယေရှုခရစ်တော် ကျင်းပခဲ့ချိန်က သန့်ရှင်းသကဲ့သို့ ယခုအချိန်၌လည်း သန့်ရှင်းရမည်ဖြစ်သည်။ ဤသန့်ရှင်းသောပွဲတော်ကို ကျင်းပသည့်အခါတ်ိုင်း ယေရှုကျွန်ုပ်တို့နှင့်အတူ ရှိနေပါသည်။ “ဤကဲ့သို့ မိမိချိန်းဆိုထားသောအခ်ျိန်အခါတိုင်း၌ ခရစ်တော်သည် မိမိ၏ လူတို့ကိုတွေ့ဆုံကာ မိမိက်ိုယ်တိုင်ရှိနေခြင်းအားဖြင့် သူတို့ကိုခွန်အားပေး လျက် ရှိသည်။” (DA ၆၅၆ ).
တဆေးမပါသောမုန့်နှင့် ကစော်မပေါက်သောစပျစ်ရည် (လက်ဆတ်သောစပျစ်ရည်) - ညစာ စားပွဲပြင်ဆင်ထားလျက်ရှိသည့်စားပွဲ၌ ခရစ်တော်ရှိနေဆဲဖြစ်ပါသည်။ ပသခါပွဲအချိန်၌ အသုံးပြုသည့် တဆေးမပါသောမုန့်သည် သူ့ရှေ့၌ရှိသည်။ ကစော်မပေါက်သည့် ပသခါစပျစ်သည် လည်း စားပွဲပေါ် ၌ရှိသည်။ ဤသင်္ကေတများကို ခရစ်တော်အသုံးပြုခြင်းသည် မိမိ၏ အပြစ်မရှိ သောပူဇော်ခြင်းကိုပုံဆောင်ခြင်းဖြစ်သည်။ အပြစ်နှင့်သေခြင်းကို ပုံဆောင်သော မည်သည့်ပျက်စီး နိုင်သည့်အရာမျှ “အပြစ်နှင့်အစွန်းအထင်းမရှိသောသိုးသငယ်ကို” ကိုယ်စားပြု၍ မရပါ။ (၁ပေ ၁း၁၉) (Dဗ ၆၅၃).
စပျစ်ရည်ဖြစ်စေ၊ မုန့်ဖြစ်စ အချဉ်ပေါက်၍မရပါ။ အကြောင်းမှာ ပထမနေ့ည ဟေဗြဲလူတို့ ၏ ပသခါပွဲ၌ တဆေးပါခြင်းနှင့် အချဉ်ပေါက်ခြင်း ရှိသမျှအရာအားလုံးတို့သည် မိမိတို့နေထိုင် သည့်အရပ်မှ ဖယ်ရှားပစ်ခဲ့ရပါသည်။ (ထွက်မြောက်ရာကျမ်း ၁၂း၁၅၊၁၉)။ ထိုကြောင့် အချဉ် မပေါက်သောစပျစ်ရည်နှင့်တဆေးမပါသောမုန့်ကိုသာလျှင် ပွဲတော်မင်္ဂလာ အစီအစဉ်၌ အသုံးပြု ရန်သင့်လျော်ပြီး ဤအရာများကိုပြင်ဆင်မှုပြုရာတွင် အထူးသတိပြုရပါမည်။ ဤလိုအပ်သည့် စပျစ်ရည်နှင့် စပျစ်သီးမရှိသည့် ရှားပါးသောနေရာများ၌ နယ်ဌာနချုပ်ရုံးကို အကြံဥာဏ်နှင့် အကူအညီတောင်းယူသင့်ပါသည်။
ကပ်တိုင်၌ရိုက်ထားခြင်းကိုသတိရအောက်မေ့ခြင်း - “ခရစ်တော်၏ကြေမွသော ကိုယ်ခန္ဓာနှင့် သွန်းလောင်းသော အသွေးကိုပုံဆောင်သည့် မုန့်နှင့်စပျစ်ရည် ခံယူစားသောက်ကြ သောအခါ ကျွန်ုပ်တို့၏အတွေးစိတ်ထဲတွင် အထက်ခန်း၏ညစာစားပွဲ မြင်ကွင်းကို တွေ့မြင်ရပါ မည်။ ကျွန်ုပ်တို့အနေဖြင့် ဤကမ္ဘာ၏အပြစ်အတွက် ကရာနီကုန်း၌ ခရစ်တော်၏ခံစာနေရခြင်းကို ဖြတ်သန်းသွားရသကဲ့သို့ ခံစာသင့်ပါသည်။ ဤရုန်းကန်မှုကို ဘုရားရှင်နှင့် ပြန်လည်း၍ သင့်မြတ် ခြင်းအားဖြင့်ရယူခဲ့ကြောင်း သက်သေခံခြင်းဖြစ်သည်။ ကျွန်ုပ်တို့အထဲ၌ ခရစ်တော်ရိုက်ထားခြင်းခံ ခဲ့ရသည်။” (Dဗ ၆၆၁).
ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းအတွက်ကြွေးကြော်ခြင်း - ပွဲတော်မင်္ဂလာ အစီအစဉ်သည် ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းကိုညွှန်ပြသည်။ ဤအစီအစဉ်သည် တပည့် တော်များတို့၏စိတ်ထဲ၌ ဤမျှော်လင့်ခြင်းကို ထားရှိကာ စွဲမြဲစေရမည်။ ခရစ်တော်၏သေခြင်းကို သတိရအောက်မေ့ရန် အတူတကွ တွေ့ဆုံကြသည့်အခါတိုင်း၌ ]သူသည်ခွက်ကိုယူ၍ ကျေးဇူးတော် ကို ချီးမွမ်းပြီးမှ သူတို့အားပေး၍ ပြောဆိုသည်မှာ၊ အားလုံး သောက်ကြ၊ ဤခွက်ကား ငါ၏ အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။ ၎င်းသည် သင်တို့၏ အပြစ်များကိုဖြေလွှတ်ရန် သွန်းသော ကျွန်ုပ်၏အသွေးဖြစ်၏} ဟု ပြန်လည်၍ ပြောဆိုကြပါသည်။ သို့သော် သင်တို့ကို ငါပြောသည်မှာ၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏ နိုင်ငံ၌ သင်တို့နှင့် အတူ ငါ မသောက်မီနေ့တိုင်အောင် ယခုမှစ၍ တစ်ဖန်ငါမသောက်ရ” ဟုဖြစ်ပါသည်။ သူတို့၏ ဝမ်းနည်းပူဆွေးသောက ကာလ၌ သူတို့၏သခင်ပြန်ကြွလာမည့်မျှော်လင့်ခြင်းအပေါ် စိတ်သက် သာရရရှိကြပါသည်။ မပြောနိုင်သည့် တန်ဖိုးရှိသောသူတို့၏ အတွေးမှာ၊ “သင်တို့သည် ထိုမုန့် ကိုစား၍ ထိုခွက်ကိုသောက်သောအခါခါ၊ သခင်ဘရားအသေခံတော်မူခြင်းကိုကြွလာတော်မမူမီ တိုင်အောင်ပြကြ၏” (၁ကော ၁၁း၂၆) (DA ၆၅၉) ဟုဖြစ်ပါသည်။
ပွဲတော်မင်္ဂလာအစီအစဉ်အတွက်ကြေညာခြင်း - ပွဲတော်မင်္ဂလာအစီအစဉ်သည် ခရစ်ယာန်များတို့၏ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ထဲ၌ တင့်တယ်လျောက်ပစတ်စွာ တစ်ခုအဖြစ် ပါဝင်လုပ်ဆောင်န်ိုင်သည်။ သို့သော် အသင်းသားတိုင်းပါဝင်နိုင်ရန် ကြိုတင်၍သင့်လျော်သည့် အခ်ျိန်တွင် မည်သည့် အခ်ျိန်အခါ၌ ကျင်းပမည်ကို သတိပေးကြေညာသင့်သည်။အထူးသဖြင့် ၁၃ ပတ်၏ နောက်ဆုံးသောအပတ်တွင် ကျင်းပလေ့ရှိသည်။
၎င်းအပတ်မတိုင်မီတစ်ပတ်အလို ဥပုသ်တော်နေ့၌ ကြေညာခြင်းအားဖြင့် ယုံကြည်သူတိုင်း တို့သည် ထိုပွဲတော်မင်္ဂလာအစီအစဉ်တွင် ထိုက်တန်စွာ ပါဝင်နိုင်ရန် မိမိတို့၏စိတ်နှလုံးသားများ ကို ပြင်ဆင်ထားနိုင်ခြင်း၊ ယုံကြည်သူအချင်းချင်း မသင့်မြတ်မှုရှိပါက ပြေလည်မှုရယူခြင်းများ တို့ကို ပြုလုပ်န်ိုင်ကြပါလိမ့်မည်။ သို့မှသာ သတ်မှတ်ချိန်ရောက်ရှိသောအခါ ပွဲတော်မင်္ဂလာစားပွဲ သို့ချဉ်းကပ်ကြလျက် မိမိတို့ရရှိသင့်သည့်ကောင်းချီးမင်္ဂလာများကို ရရှိနိုင်ကြပါလိမ့်မည်။ ကျင်းပ မည့်နေ့ရက်အတွက်ကြေညာစဉ် မရှိသောယုံကြည်သူများတို့ကိုလည်း နီးစပ်သူမှသတင်းပေးကာ တက်ရောက်ပါဝင်နိုင်ရန် ဖိ်တ်ခေါ်ရပါမည်။
ပွဲတော်မင်္ဂလာအစီအစဉ်ကိုကျင်းပခြင်း -
အစီအစဉ်အတွက်အချိန်အကန့်အသတ် - ဤအစီအစဉ်အတွက် အချိန်အကန့်အသတ်သည် အရေးအကြီးဆုံးသောအရာမဟုတ်ပါ။ သို့သော် တက်ရောက်ခြင်း ကောင်းမွန်လာရန်နှင့် ဝိညာဉ် ရေးခွန်အားတိုးပွားရန်
(၁) ဘေးပန်းမဆီမဆိုင် ပတ်သက်မှုမရှိသည့် ကိစ္စရပ်များ တို့ကို ဤနေ့ထူးနေ့မြတ်၌ မရှိစေရန် ဖယ်ရှားရမည်။ (၂) ခြေဆေးခြင်းမပြုမီနှင့် ပြုပြီးစောအချိန်တွင် နှောင့်နှေးခြင်းမရှိစေရပါ။ (၃) ပွဲတော်မင်္ဂလာစားပွဲ၌ လိုအပ်သည့် ပုံဆောင်သည့် ဝတ္ထုပစ္စည်းများအားလုံး သင်းထောက်မယ်များ မှ ကြိုတင်၍ အဆင်သင့်ပြင်ဆင် ထားရမည်။
ပဏာမအစီအစဉ်များ - အစီအစဉ်အတွက်စကားချီးတိုသင့်သည်။ ခြေဆေးမင်္ဂလာ အစီအစဉ် သို့မသွားမီနှင့် ပွဲတော်မင်္ဂလာအစီအစဉ်သို့ ပြန်လာ၍ ပါဝင်ခြင်းမပြုမီ တိုတောင်းသော ကြေညာချက်များကိုပြုခြင်း၊ စည်းဝေးဖွင့် သီချင်းဆိုခြင်း၊ ဆုတောင်းခြင်း၊ အလှူတော်ငွေကောက် ခံခြင်းများတို့ကို မဆိုင်းမတွ တစ်ခုပြီးတစ်ခုလုပ်ဆောင်ပြီး တိုတောင်းသော တရားဟောချက်ကို သာ ဟောသွားရမည်။
ခြေဆေးခြင်း - အသင်းတော်တိုင်း ခြေဆေးခြင်းမင်္ဂလာ အစီအစဉ် ပြုလုပ်နိုင်ရန် အသင်း ဝင်သူများတို့အတွက် လိုအပ်သည့် အရာများတို့ကို ပြင်ဆင်ခြင်း၊ စီမံထားခြင်းပြု လုပ်သင့်သည်။
မုန့်နှင့်စပျစ်ရည် - ခြေဆေးမင်္ဂလာပြုလုပ်ပြီးသည့်နောက် ပရိသတ်များတို့သည် မုန့်နှင့် စပျစ်ရည်ကို စားသောက်ကြရန် ပြန်လည်၍ စုရုံးလာကြပါသည်။
ကျင်းပခြင်း - ပွဲတော်မင်္ဂလာ အစီအစဉ်သည် လေးလေးနက်နက်ကျင်းပ ရမည်ဖြစ်ပြီး ဝမ်းနည်းဖွယ်ဗဟုသုတအစီအစဉ် မဖြစ်စေရပါ။ အမှားများကို မှန်အောင်ပြုပြင်ခြင်း၊ အပြစ်များကို ဖြေလွှတ်ဖြေရှင်းခြင်းနှင့် ယုံကြည်ခြင်းကို ပြန်လည်၍ခိုင်မာစေခြင်း အစီအစဉ်ဖြစ်ပါသည်။ ဝမ်းမြောက်စွာသော ပွဲတစ်ခုကို ကျင်းပသည့်အချိန်အခါဖြစ်သည်။ တေးသီချင်းများ ငြိမ့်ညောင်း သာယာ ဝမ်းမြောက်ဖွယ်ရာ ဖြစ်စေရမည်။ အစီအစဉ်ကိုဝမ်းမြောက်စွာ လူထုပရိသတ်များ သီဆို ကျူးအေးခြင်းဖြင့် အဆုံးသတ်သွားရပါမည်။
ဆင်းရဲနွမ်းပါးသူများအတွက်အလှူငွေကို ပရိသတ်များထွက်ခွာချိန်တွင် ကောက်ခံသွားရပါ မည်။
အစီအစဉ်ပြီးဆုံးသွားသောအခါ သင်းထောက်နှင့်သင်းထောက်မယ်များတို့သည် စားပွဲရှင်း လင်းခြင်း၊ ခွက်ပန်းကန်များတို့ကို သိမ်းဆည်းခြင်း၊ ကျန်ကြွင်းသောမုန့်နှင့်စပျစ်ရည်ကို စွန့်ပစ် လ်ိုက်ခြင်းများပြုလုပ်ရပါမည်။ ကျန်ကြွင်းသော မုန့်နှင့်စပျစ်ရည်ကို စားသောက်ခြင်း (သို့မဟုတ်) ရိုးရိုးသော အစားအသောက်များကဲ့သို့ အသုံးပြုခြင်းမပြုလုပ်ရပါ။
ပါဝင်နိုင်သောသူများ - အသင်းတော်သည် ပွဲတော်မင်္ဂလာကို တံခါးဖွင့်ဝါဒအဖြစ် ကျင့် သုံးသည်။ ကယ်တင်ရှင်ထံတော်သို့ မိမိတို့၏ အသက်တာကိုအပ်နှံသူတိုင်း ပါဝင်န်ိုင်သည်။ ကလေးများတို့အနေဖြင့် ဤအစီအစဉ်သည် မည်မျှကြီးကျယ်ခမ်းနားကြောင်း သူတစ်ပါး၏ပါဝင် မှုကို သင်ယူနိုင်သည်။ သမ္မာကျမ်းစာတော်မြတ်ကို သင်ယူခဲ့ပြီး မိမိတို့၏ အသက်တာကို ဆက်ကပ်အပ်နှံကာ ယေရှုခရစ်၌ ဗတ္တိဇံကို ခံယူခဲ့သူတိုင်း ဤပွဲတော် မင်္ဂလာအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။
“ခရစ်တော်၏ ပုံပမာအရ သခင်ဘုရား၏ညစာစားပွဲ၌ ပါဝင်နိုင်ခြင်း မရှိဟု တားမြစ်ထား ခြင်းမရှိပါ။ မှန်ကန်သည့်အချက်မျာ ရဲရင့်စွာနှင့် ထင်ရှားစွာ အပြစ်ပြုသည့် ပုဂ္ဂိုလ်များအနေဖြင့် ပါဝင်ခွင့်မရှိပါ။ ဤအချက်ကို သန့်ရှင်းသော ဝိညာဉ်တော် ပြတ်သားစွာ သွန်သင်ထားပါသည်။ (၁ကော ၅း၁၁)။ သို့သော် ဤကဲ့သို့သောအပြစ်ပြုသူများမဟုတ်ပါက ဤပွဲတော်မင်္ဂလာအစီအစဉ် ၌ ပါဝင်ခွင့်မရှိဟု မည်သူမျှပြောရေးဆိုခွင့်မရှိပါ။ ဤအစီအစဉ်မျိုးကို မည်သူတက်ရောက်နိုင် သည် မနိုင်သည်ကို လူသားများလက်တွင်း၌ ဘုရားရှင်မထားရှိပါ။ မည်သူသည် စိတ်နှလုံးကိုသိရှိ န်ိုင်သနည်း။ စပါးပင်နှင့်ပေါင်းပင်ကို မည်သူခွဲခြားနိုင်သနည်း။ မိမိကိုယ်ကို ဆန်းစစ်ပြီးမှ မုန့်ကို စားစေ၊ ခွက်ကို လည်းသောက်စေ။ ]ထိုကြောင့် သခင်ဘုရား၏မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာ ရောက်၏။} “အကြောင်းမူကား မထိုက်မတန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှာ စားသောက်သောသူဖြစ်၏” (၁ကော ၁၁း၂၈၊၂၇၊၂၉)---တစ်ခါတစ်ရံ အမှန်တရားနှင့်သန့်ရှင်းခြင်း၏နှလုံးသား အစေခံမဟုတ်သူများ ဤအစီအစဉ်၌ ပါ ဝင်လိုသော ဆန္ဒရှိသူရှိပေလိမ့်မည်။ သူတို့ကိုမတားမြစ်သင့်ပါ။ တပည့်တော်များနှင့် ယုဒရှကာ ရုတ်၏ ခြေကို ခရစ်တော်ဆေးခဲ့စဉ်အခါ၌ သက်သေခံများရှိနေကြသည်ကို တွေ့ရပါသည်။ လူ သားများတို့၏မျက်စိဖြင့် သာလွန်၍ ဤမြင်ကွင်းကို တွေ့မြင်ရပါသည်။” (DA ၆၅၆).
အသင်းသားတိုင်းပါဝင်သင့်သည် - ဤပွဲတော်မင်္ဂလာအစီအစဉ်၌ မပါဝင်ဘဲမနေသင့်ပေ၊ အကြောင်းမှာ မထိုက်တန်သူများ ၎င်းအစီအစဉ်၌ ပါဝင်ကြမည်ဖြစ်သည်။ ယုံကြည်သူတိုင်းပါဝင် ရမည်။ ခရစ်တော်ကို မိမိတို့၏ ပုဂ္ဂလိကကယ်တင်ပိုင်ရှင်အဖြစ်လက်ခံ သူတိုင်း သက်သေပြရ မည်။ ဤနည်းအားဖြင့် မိမိကိုယ်တိုင်ချိန်းတွေ့ကာ မိမိလူတို့ကိုတွေ့ဆုံလျက် သူ၏ရှိနေခြင်းအား ဖြင့် မိမိလူတို့ကို ခွန်အားပေးလျက်ရှိပါသည်။ မထိုက်တန်သော စိတ်နှလုံးနှင့် လက်ရှိသူများ ဤ အစီအစဉ်ကို ဦးဆောင်ကောင်း ဦးဆောင်ပေလိမ့်မည်။ သို့သော် ခရစ်တော်ကိုယ်တိုင် ထိုအချိန် နာရီ၌ မိမိသားသမီးများတို့ကို ဦးဆောင်နေပါသည်။ ခရစ်တော်က်ို မျက်မှောက်ပြုလျက် ယုံကြည် ခြင်းဖြင့်ရောက်ရှိလာသူတိုင်း ကြီးမားသောကောင်းချီးမင်္ဂလာကို ခံစားရပါလိမ့်မည်။ ဤဘရားရှင် ပြင်ဆင်ပေးသောအခွင့်အရေးကို ငြင်းပယ်သူများတို့သည် ဆုံးရှုံးခြင်းသို့ရောက်ရှိကြပါလိမ့်မည်။ သူတို့အားပြောရန်သင့်လျော်သည့်စကားမှာ သင်တို့အားလုံးသန့်ရှင်းခြင်းမရှိပါ။” (DA ၆၅၆).
ပွဲတော်မင်္ဂလာအစီအစဉ်ကိုကျင်းပပေးနိုင်သူများ - ပွဲတော်မင်္ဂလာအစီအစဉ်ကို လက်တင်ရဓမ္မဆရာ (သို့မဟုတ်) လက်တင်ရအသင်းလူကြီးမှနေ၍ ဦးဆောင်နိုင်သည်။ အသင်း ထောက်အနေဖြင့် လက်တင်ရသော်လည်း ဦးဆောင်ခွင့်မရှိပါ။
မတက်ရောက်နိုင်သောသူများအတွက်ကျင်းပပေးခြင်း - အကယ်၍သ်းဝင်သူများတို့ အနေဖြင့် ဖျားနာခြင်း (သို့မဟုတ်) အကြောင်းရင်းတစ်စုံတစ်ရာကြောင့် အစီအစဉ်ကို မတက် ရောက်နိုင်ပါက သင်းအုပ်ဆရာ (သို့မဟုတ်) အသင်းလူကြီးတို့သည် အကူအညီပေးရန် သင်းထောက် (သို့မဟုတ်) သင်းထောက်မယ်များတို့နှင့် သူတို့၏နေအိမ်သို့ အထူးအစီအစဉ်ဖြင့် သွားရောက်ကျင်းပ ပေးနိုင်ပါသည်။
ဆုတောင်းခြင်းအစည်းအဝေး
ဆုတောင်းခြင်းအစည်းအဝေးများသည် စိတ်ဝင်စားဖွယ်ရာဖြစ်သင့်သည် - ဆုတောင်း ခြင်းအစည်းအဝေးသည် စိတ်ဝင်စားဖွယ်ရာအကောင်းဆုံးကျင်းပသည့် အစည်းအဝေးတစ်ရပ်ဖြစ် သော်လည်း အများအားဖြင့် ဖြစ်ကတတ်ဆန်းကျင်းပလေ့ရှိသည်။ အများသောသူတို့သည် တရား ဟောစည်းဝေးသို့ သာတက်ရောက်ကြပြီး ဆုတောင်းစည်းဝေးကို မတက်ရောက်လိုကြပါ။ ဤနေ ရာ၌ စဉ်းစားစရာလိုအပ်ပါသည်။ ဘုရားရှင်ထံ ဥာဏ်ပညာရယူသင့်ပြီး စိတ်ဝင်စားခြင်းနှင့် ဆွဲဆောင်မှုရှိစေရန်၊ စီစဉ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ လူတို့သည် အသက်မုန့်ကိုဆာငတ်ကြ ပါသည်။ ဆုတောင်းစည်းဝေးတွင် တွေ့ရှိနိုင်ပါက ထိုအသက်မုန့်ကို ရရှိန်ိုင်ရန် ဆုတောင်းစည်း ဝေးသို့တက်ရောက်ကြပေလိမ့်မည်။
“ရှည်လျား၍ငြီးငွေ့ဖွယ်သော စကားပြောခြင်းနှင့် ဆုတောင်းခြင်းကို မည်သည့်နေရာ၌မျှ လူတို့အလိုမရှိကြချေ။ အထူးသဖြင့် ဆုတောင်းစည်းဝေးတွင် သတိထားသင့်သည်။ တားဆီး၍ မရဘဲ အမြဲအဆင်သင့်စကားပြောလိုသောသူတို့ကို စကားပြောခွင့်ပေးခြင်းသည် အားငယ်သူနှင့် အသက်ကြီးရင့်၍ ခွန်အားနည်းသူတို့၏သက်သေခံခြင်းကို အတားအဆီးဖြစ်စေပါသည်။ လေးနက်သူမဟုတ်ဘဲ အပေါ်ယံသမားများသာလျှင် အများဆုံးစကားပြောဆိုလိုကြပါသည်။ သူတို့၏ဆုတောင်းခြင်းသည်လည်း ရှည်လျား၍ ကိစ္စမျိုးစုံကို အလိုလိုမြွက်ဆိုတတ်ပါသည်။ သူတို့သည် ကောင်းကင်တမန်များတို့ကို
CM - ၁၅
ငြီးငွေ့စေပြီး နားထောင်သောသူများတိုကိုပါ ငြီးငွေ့စေပါသည်။ ကျွန်ုပ်တို့၏ ဆုတောင်းခြင်းသည် လိုရင်းတိုရှင်းဖြစ်စေရမည်။ ရှည်လျားသောဆုတောင်းခြင်းကို တောင်းလျှောက်ရန်လိုအပ်ပါက တစ်ဦးတည်းဆုတောင်းသောအခါ၌ တောင်းလျှောက်ကြပါစေ၊ ဘုရားရှင်၏စိတ်ဝိညာဉ်သည် သင် တို့၏စိတ်နှလုံးထဲ၌ ကိန်းအောင်းပြီး သင်တို့၏တောင်းနေကျ ငြီးငွေ့ဖွယ်ဆုတောင်းချက်များတို့ ကို ဖယ်ရှားပစ်နိုင်ပါစေ။
ဆုတောင်းစည်းဝေးအစီအစဉ်အောင်မြင်ဖို့သေချာစေရန် ရိုးရိုးကြိုးစားခြင်းထက် ပို၍ စီစဉ် ဆောင်ရွက်ရန် လိုအပ်ပါလိမ့်မည်။ လူတစ်ဦးနှစ်ဦးရှိစေကာမူ အစည်းဝေးကို သတ်မှတ်ချိန်အ တိုင်း အစပြုရန်လိုအပ်ပါသည်။ ကျမ်းစာလေ့လာခြင်း (သို့မဟုတ်) ဝိညာဉ်တော်စာပေ ဖတ်ရှုလေ့ လာခြင်းကို ၁၅ မိနစ်မှ မိနစ ၂၀ အတွင်းပြုလုပ်ပြီး ဆုတောင်းခြင်း၊သက်သေခံခြင်းများ တို့ဖြင့် တစ်ခုပြီး တစ်ခုဆောင်ရွက်ကာ ကောင်းချီးပေးခြင်းဖြင့် အဆုံးသတ် လိုက်ရပါမည်။
ပတ်စဉ်မတူညီသည့် အစီအစဉ်ကို စီစဉ်ပြုလုပ်သင့်ပါသည်။
အကယ်၍ ယုံကြည်သူများအနေဖြင့် စုရုံးနေကျနေရာ၌ စုရုံးနိုင်ခြင်းမရှိပါက သင့်လျော် သည့် အိမ်တစ်အိ်မ်၌ စုရုံးကျင်းပပါက ကြီးမားသောအကျိုးကို ရရှိနိုင်ပါသည်။
အသင်းတော်လုပ်ငန်းအစည်းအဝေးများ
ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းတော်၏တည်ဆောက်ပုံ၌ ဒေသခံအသင်း တော် ၏အုပ်ချုပ်ပုံနည်းစနစ်တာဝန်များကို ရှင်းလင်းစွာ ဖော်ပြထားပါသည်။ ၎င်း၏တာဝန်များ အတွင်း အသင်းတော်၏လုပ်ငန်း အစည်းအဝေးသည် ဒေသခံအသင်းတော်ကို အဓိကအုပ်ချုပ်သွား ရပါသည်။ ထိုအစည်းအဝေးသို့ သစ္စာရှိသောအသင်းသားတိုင်းတက်ရောက်ရန် အားပေးရမည်ဖြစ် ပြီး မဲဆန္ဒပေးနိုင်သည်။ ပြစ်ဒဏ်ပေးခြင်းခံရသော သင်းဝင်သူများအနေဖြင့် တက်ရောက်ပါဝင်၍ မဲဆန္ဒပေးရန် အခွင့်မရှိပါ။
လုပ်ငန်းအစည်းအဝေးများကို အနည်းဆုံးတစ်နှစ်တစ်ကြိမ် ကျင်းပရပါမည်။ သင်းအုပ် ဆရာသည်အသင်းတော်ဘုတ်အဖွဲ့နှင့်တိုင်ပင်၍ သော်လည်းကောင်း၊ မိမိမှနေ၍သော်လည်းကောင်း ဤအစည်းအဝေးကိုခေါ်ယူနိုင်သည်။ ဤလုပ်ငန်းအစည်းအဝေးကို ကျင်းပမည်ဖြစ်ပါက တစ်ပတ် ကြို (သို့မဟုတ်) နှစ်ပတ်ကြိုကာ ဥပုသ်တော်နေ့ဝတ်ပြုကိုးကွယ်သည့် အချိနခါ၌ ကျင်းပသွားမည့် အကြောင်း နေ့ရက်အချိန်အခါနှင့် ကျင်းပမည့်နေရာကို သေးစိတ်ကြေညာသွားရပါမည်။ သင်း အုပ်ဆရာ၊ သင်းအုပ်ဆရာမှတာဝန်ပေးသည့် အသင်းလူကြီး (သို့မဟုတ်) တချို့အရေးကြီးကိစ္စများ ၌ နယ်ဌာနချုပ် ဥက္ကဌမှနေ၍ ဤအစည်းအဝေးကို ဥက္ကဌအဖြစ်ဦးဆောင်နိုင်သည်။
လာမည့်အစည်းအဝေး၌ လူဘယ်နှစ်ဦးပါဝင်ရမည်ကို အသင်းတော် အသီးသီးမှ ဆုံးဖြတ် သွားရပါမည်။
လက်ထောင်ခြင်း (သို့မဟုတ်) စာအားဖြင့် မဲဆန္ဒပေးခြင်းကိုခွင့်မပြုပါ။
အဓိကကျသော (သို့မဟုတ်) အရေးကြီးသောကိစ္စများကို ပံမှန် အစည်းအဝေး၌သော် လည်းကောင်း၊ အထူးခေါ်ယူသောအစည်းဝေး၌သော် လည်းကောင်း ဆုံးဖြတ်သွားနိုင်ပါသည်။
လုပ်ငန်းအစည်းအဝေးသည် အသင်းတော်ဘုတ်အဖွဲ့အပေါ်ဩဇာရှိပြီး အသင်းတော်၏ ဆောင်ရွက်စရာကိစ္စများကို ဘုတ်အဖွဲ့အား အသင်းတော် လုပ်ငန်းဆောင်ရွက်ခြင်းအစည်းအဝေးမှ နေ၍ ဆောင်ရွက်ခွင့်ပြုနိုင်ကြောင်း အသင်းတော်လက်စွဲ၏ဖော်ပြချက်အရ တွေ့ရှိရပါသည်။
လုပ်ငန်းအစည်းအဝေး၏ဆောင်ရွက်ရန် အကြောင်းကိစ္စများအထဲ၌ အသင်းတော်၏ဆောင် ရွက်သောလုပ်ငန်း၏အစီရင်ခံစာကို ထည့်သွင်းနိုင်သည်။ အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ် အသင်းတော်၏လှုပ်ရှားမှုအစီရင်ခံစာကို တင်ပြခြင်းကိစ္စကို ထည့်သွင်းသင့်သည်။ ဤအစီရင်ခံစာ ကိုအခြေပြုပြီး လာမည့်နှစ်၏စိမံကိန်းလျာထားချက်ကို ရေးဆွဲကာ ၎င်းအချိန်အခါ၌တင်ပြ၍ ဆုံးဖြတ်ချက်ချသွားရပါမည်။ ဖြစ်နိုင်ပါက အစီရင်ခံစာနှင့် စီမံကိန်းများကို စာရွက်အားဖြင့်ပြင် ဆင်သင့်ပါသည်။
ဒေသခံအသင်းတော်နှင့် နယ်ဌာနချုပ်စပ်ကြား စည်းလုံးညီညွတ်မှုကို ရရှိစေရန် ဒေသခံအ သင်းတော်အနေဖြင့် နယ်ဌာနချုပ်ခေါင်းဆောင်များတို့နှင့် အဓိကကျသောကိစ္စရပ်များတို့ အတွက် ဆုံးဖြတ်ဆောင်ရွက်ရန်ရှိပါက အကြံဥာဏ်တောင်းယူရပါမည်။
နယ်ဌာနချုပ်နှင့် ယူနီယံဌာနချုပ်မှလူကြီးများ (ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး) (သို့မဟုတ်) ၎င်းတို့၏ကိုယ်စားများတို့သည် မဲဆန္ဒမပေးဘဲ (ပေးခွင့်ပြုခြင်းမရှိလျှင်) မိမိတို့၏ နယ်အတွင်းရှိ အသင်းတော်များတို့၏လုပ်ငန်း အစည်းအဝေးသို့ တက်ရောက်သည့် အသင်းတော် လုပ်ငန်းအစည်းအဝေး၌ အသင်းဝင် သူတစ်ဦးဖြစ်နေပါက မဲဆန္ဒပေးနိုင်ကြောင်း ခွင့်ပြုရန် ဆုံးဖြတ်ချက်မလိုပါ။
အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်လုပ်ဆောင်ချက် - ဒေသခံအသင်းတော်တိုင်း၌ အသင်းတော် ဘုတ်အဖွဲ့အတွက် အသင်းတော်လုပ်ငန်းလည်ပတ်နိုင်ရန် အဖွဲ့ဝင်များကို အသင်းတော်လုပ်ငန်း အစည်းအဝေးမှ ရွေးချယ်ရပါသည်။ ၎င်း၏အဓိကရည်ရွယ်ချက်မှာ အသင်းတော်၏ဝိညာဉ်ရေးကို ပြုစုပျိုးထောင်ရန်နှင့် ဌာနတိုင်းမှနေ၍ ဧဝံဂေလိလုပ်ငန်းကို စီမံကိန်းဆွဲခြင်းနှင့် လုပ်ဆောင်ကြရန် အားပေးခြင်းဖြစ်ပါသည်။
အသင်းတော်ဘုတ်အဖွဲ့၏လုပ်ဆောင်ရန် ပါဝင်သည့်တာဝန်ဝတ္တရားများမှာ -
၁။ ဝိညာဉ်ရေးပြုစုပျိုးထောင်ခြင်း။
၂။ ဌာနတိုင်း၌ဧဝံဂေလိလုပ်ငန်းလုပ်ဆောင်ခြင်း။
၃။ ယုံကြည်ခံယူချက်ဖြူစင်သန့်ရှင်းမှုရှိရန် ထိန်းသိမ်းခြင်း။
၄။ ခရစ်ယာန်၏အဆင့်အတန်းကိုစွဲကိုင်ထားခြင်း။
၅။ အသင်းတော်ထဲ၌ အသင်းဝင်စာရင်းပြောင်းလဲခြင်းကို ထောက်ခံချက်ပြုခြင်း။
၆။ အသင်းတော်ငွေရေးကြေးရေးကိစ္စ။
၇။ အသင်းတော်ပိုင်ပစ္စည်းများတို့ကိုကာကွယ်ခြင်းနှင့်စောင့်ရှောက်ခြင်း။
၈။ အသင်းတော်ဌာနများကိုဝိုင်းဝန်းကူညီခြင်း။
ယေရှု၏ဝမ်းမြောက်ဖွယ်သတင်းစကားကိုဟောကြားရန် မိန့်မှာတော်မူခြင်းတွင် ဧဝံဂေလိ သာသနာလုပ်ငန်းလုပ်ဆောင်ခြင်း၊ ဝမ်းမြောက်ဖ်ွသတင်းစကားကိုကြေညာခြင်းနှင့် အဓိကအသင်း တော်၏လှုပ်ရှားမှုမှာ မဿဲ ၂၈း၁၈-၂၀ ၌တွေ့ရှိရခြင်းဖြစ်ပါသည်။ ထိုကြောင့် ဤလုပ်ငန်းများတို့ ကိုလုပ်ကိုင်ဆောင်ရွက်ရန် အသင်းတော်၏ဘုတ်အဖွဲ့သည် အဓိကအကျဆုံးကော်မတီ အဖွဲ့အစည်း တစ်ခုအဖြစ် တာဝန်ယူဆောင်ရွက်ရပါသည်။ ဘုတ်အဖွဲ့အနေဖြင့် ဤပထမဆုံးစိတ်ဝင်စားရမည့် အရာနှင့် အကောင်းဆုံးဆက်ကပ်ဆောင်ရွက်ရမည့်အရာကို အသင်းသားတိုင်းတို့အား အသိပေး ဆောင်ရွက်ရန် တိုက်တွန်းအားပေးမှုပြုပါက အသင်းတော်၌ အများဆုံးဖြစ်ပေါ်တတ်သည့် ပြဿ နာများတို့ကို လျော့နည်းစေခြင်း၊ ကာကွယ်ပေးနိုင်ခြင်းများတို့ကို ပြုနိုင်ရုံမျှမက ယုံကြည်သူ အသင်းသူအသင်းသားများတို့သည် ဝိညာဉ်ခွန်အားတိုးတက်ခိုင်မြဲလာမည်ဖြစ်ပါသည်။
ပုံမှန်အသင်းတော်ခေါင်းဆောင်များတို့ကို ရွေးချယ်တင်မြှောက်သောအချိန်၌ ဘုတ်အဖွဲ့ကို အသင်းသားများမှရွေးချယ်ပေးရပါမည်။
အဖွဲ့ဝင်များ - နယ်ဌာနချုပ်မှ အသင်းအုပ်ဆရာကိုရွေးချယ်ခန့်ထားခြင်းပြုပေးခြင်းအပြင် အသင်းတော်အနေဖြင့် အသင်းတော်ဘုတ်အဖွဲ့တစ်ခု၏ ကိုယ်စားလှယ်များကို အောက်ပါအသင်း တော်တာဝန်ရှိသူများတို့ဖြင့် ဖွဲ့စည်းရပါမည်။
- အသင်းလူကြီးများ
- အသင်းထောက်ခေါင်းဆောင်
- အသင်းထောက်မယ်ခေါင်းဆောင်
- ဘဏ္ဍာရေးမှူး
- စာရေး
- စိတ်ဝင်စားမှုတာဝန်ခံ
- မြော်လင့်ခြင်းအမျိုးသားများတာဝန်ခံ
- မြော်လင့်ခြင်းလူငယ်အဖွဲ့အစည်းခေါင်းဆောင်
- စွန့်စားသူများအဖွဲ့ညွှန်ကြားရေးမှူး
- သံတမန်အဖွဲ့ညွှန်ကြားရေးမှူး
- ကျမ်းစာကျောင်းတာဝန်ခံ
- ကလေးသာသနာလုပ်ငန်းခေါင်းဆောင်
- အသင်းတော်တေးသီချင်းတာဝန်ခံ
- ဆက်သွယ်ရေးကော်မတီဥက္ကဌ (သို့မဟုတ်) ဆက်သွယ်ရေးအတွင်းရေးမှူး
- ပတ်ဝန်းကျင်အကျိုးပြုဆောင်ရွက်ခြင်းခေါင်းဆောင် (သို့မဟုတ်) ဒေါ်ကာအဖွဲ့အစည်းခေါင်းဆောင်
- ပညာရေးအတွင်းရေးမှူး
- အိမ်ထောင်မိသားစုသာသနာလုပ်ငန်းခေါင်းဆောင်
- ကျန်းမာရေးသာသနာလုပ်ငန်းခေါင်းဆောင်
- အိမ်ထောင်နှင့်ကျောင်းအဖွဲ့အစည်းခေါင်းဆောင်
- လမ်းပြအဖွဲGYခေါင်းဆောင်
- တစ်ဦးတည်း (ကိုယ်ပိုင်) သာသနာလုပ်ငန်းခေါင်းဆောင် (သို့မဟုတ်) အတွင်းရေးမှူး
- ဓမ္မစာပေသာသနာလုပ်ငန်းတာဝန်ခံ
- ဘာသာရေးလွတ်လပ်ခွင့်ခေါင်းဆောင်
- ဥပုသ်စာဖြေကျောင်းဥက္ကဌ
- ဘဏ္ဍာစိုးအရာသာသနာလုပ်ငန်းခေါင်းဆောင်
- အမျိုးသမီးသာသနာလုပ်ငန်းခေါင်းဆောင်
တချို့သောကိစ္စရပ်များ၌ အသင်းသားအရေအတွက်ပေါ်မူတည်ပြီး အသင်းတော်ဘုတ်အဖွဲ့ ဝင်အဖြစ် အထက်ဖော်ပြပါတာဝန်ရှိ ပုဂ္ဂိုလ်များအားလုံးတို့ကို ပါဝင်အောင် ထည့်၍မရသကဲ့သို့ အပိုထပ်မံ၍ထည့်သွင်းရန်အကြောင်းမရှိပါ။ နယ်ဌာနချုပ်မှ ခန့်ထားခြင်းခံရသည့် အသင်းအုပ် ဆရာသည် ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် အမြဲပါဝင်ရမည်။
ခေါင်းဆောင်များ - အသင်းတော်ဘုတ်အဖွဲ့၏ ဥက္ကဌသည် နယ်ဌာနချုပ်မှန့်ထားသော သင်းအုပ်ဆရာဖြစ်သည်။ သင်းအုပ်ဆရာအနေဖြင့် ဤတာဝန်ကိုမထမ်းဆောင်လိုပါကသော်လည်း ကောင်း တက်ရောက်နိုင်ခြင်းမရှိပါက သော်လည်းကောင်း၊ အသင်းလူကြီးတစ်ဦးကို ဥက္ကဌအဖြစ် ဆောင်ရွက်ရန် စီစဉ်ပေးနိုင်ပါသည်။
အသင်းတော်စာရေးသည် ဘုတ်အဖွဲ့၏အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး တက်ရောက်ကြသည့် ပုဂ္ဂိုလ်များတို့ကိုသော်လည်းကောင်း၊ စည်းဝေးဆုံးဖြတ်ချက်များတို့ကို သော်လည်းကောင်းမှတ်တမ်းယူရပါသည်။
အစည်းအဝေးများ - အသင်းတော်ဘုတ်အဖွဲ့၏လုပ်ငန်းသည် အသင်းတော်၏အသက်ရှင် ခြင်း၊ ကျန်းမာခြင်းနှင့် ကြီးပွားတိုးတက်ခြင်းအတွက် လွန်စွာအရေးကြီးသောကြောင့် တစ်လတစ် ကြိမ်အနည်းဆုံးနှင့် လိုအပ်ပါက လိုအပ်သလို စည်းဝေးခေါ်ယူရန်ဖြစ်ပါသည်။ စည်းဝေးခေါ်ယူ ရာတွင် မည်သည့်လ၏မည်သည့်အပတ်၊ မည်သည့်နေ့ဟူ၍ လစဉ်တိကျသော အပတ်၊ အချိန်၊ နေရာကို ကောင်းမွန်စွာသတ်မှတ်ထားရန် လိုအပ်ပါသည်။
ဘုတ်အဖွဲ့၏အစည်းဝေးကိုကြေညာရာ၌ ဥပုသ်တော်နေ့ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်တွင် ကြေညာရမည်ဖြစ်ပြီး ဘုတ်အဖွဲ့ဝင်အားလုံးကို တက်ရောက်စေရန်တောင်းဆိုရမည်။
အသင်းတော်တိုင်းတို့သည် လုပ်ငန်းဆောင်ရွက်ခြင်းအစည်းအဝေးသို့ ဘုတ်အဖွဲ့ဝင်ဘယ်နှစ် ဦးတက်ရောက်ရမည်ကိုဆုံးဖြတ်ပြီး လာမည့်စည်းဝေး၌ကိုယ်စားလှယ်ဘယ်နှစ်ဦးပါဝင်ရမည်ကို လည်း ဆုံးဖြတ်သွားရမည်။
ကိုယ်စားအားဖြင့်သော်လည်းကောင်း၊ စာအားဖြင့်သော်လည်းကောင်း မဲဆန္ဒပေးခြင်းကို ခွင့်မပြုပါ။
ဘုတ်အဖွဲ့၏လုပ်ငန်း - ၁။ အရေးကြီးဆုံးဆောင်ရွက်ရန်ကိစ္စမှာ အသင်းတော်၏ပတ်ဝန်း ကျင်နယ်မြေဒေသအတွင်း ဧဝံဂေလိလုပ်ငန်းမည်ကဲ့သို့ ထိုးဖောက်ဖြန့်ချိရမည့် စီမံကိန်းရေးဆွဲ ခြင်းပင်ဖြစ်သည်။ ၎င်းပြင် (၃) လအတွင်းခေါ်ယူသောစည်းဝေးများ၌ တစ်ကြိမ်သည် ဧဝံဂေလိ လုပ်ငန်းစီမံကိန်းအတွက် လုံးလုံးလျားလျားဖြစ်ရမည်။ ဘုတ်အဖွဲ့အနေဖြင့် နယ်ဌာနချုပ်၏ဧဝံဂေ လိ လုပ်ငန်းစီမံကိန်း အစီအစဉ်နှင့် ဖော်ပြထားသည့်နည်းစနစ်များတို့ကို မိမိတို့၏နယ်မြေ၌ မည်ကဲ့သို့လက်တွေ့ကျင့်သုံးနိုင်မည်ကို လေ့လာသွားရမည်။ သင်းအုပ်ဆရာနှင့်ဘုတ်အဖွဲ့မှ တရားပွဲကျင်းပခြင်းအစီအစဉ်ကို ကြံဆတီထွင်လုပ်ဆောင်သွားရပါမည်။
၂။ ဌာနအသီးသီး၏သာသနာဖြန့်ချိခြင်းအစီအစဉ်ကို ကူညီဆောင်ရွက်ပေးရမည်။ အသင်း တော်ဌာနတိုင်း၏လုပ်ငန်းကို အသင်းတော်ဘုတ်အဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးရမည့် တာဝန်ရှိသည်။ ဌာနတိုင်းတို့သည်လည်း မိမိတို့ဌာနနှင့်ဆီလျော်သည့် သာသနာဖြန့်ချိခြင်းစီမံကိန်းကို တီထွင်ရ မည်။ ထိုသို့ လုပ်ဆောင်ရာ၌ ဌာနချင်းပဋိပက္ခဖြစ်ခြင်း၊ ပြိုင်ဆိုင်မှုပြုခြင်းနှင့် အကျိုးရလဒ်ကို သူ့ထက်ငါမျှော်ကိုးခြင်းဟူသည့် အတ္တစိတ်များတို့ကို ရှောင်ကြဉ်သင့်သည်။ အစီအစဉ်များအတွက် စီမံကိန်းများတို့ကို ကြေညာခြင်းမပြုမီ ဌာနတိုင်းတို့မှ ရေးဆွဲထားခဲ့သော မိမိတို့၏စီမံကိန်းအသီး သီးကို ဘုတ်အဖွဲ့သို့တင်ပြကာ ၎င်းစီမဲကိန်းအတ်ိုငး ဆက်လက်ဆောင်ရွက်နိုင်ရန် ဘုတ်အဖွဲ့မှ ဆုံးဖြတ်ချက်ပြုပေးရပါလိမ့်မည်။ ဌာနများအနေဖြင့် မိမိတို့၏လုပ်ဆောင်ချက်များမည်ကဲ့သို့ အောင်မြင်မှုရှိကြောင်းနှင့် အကျိုးရလဒ်ခံစားရကြောင်းကိုလည်း ဘုတ်အဖွဲ့သို့ အစီရင်ခံသွားရပါ မည်။ ဘုတ်အဖွဲ့အနေဖြင့် ဌာနဆိုင်ရာ အစီအစဉ်များကို မည်ကဲ့သို့ပြင်ဆင်မှုပြုရမည်၊ ဆောင်ရွက် ရမည်နှင့် ဆက်လက်လှုပ်ရှားရမည်တို့ကိုလည်း အကြံပြုနိုင်ပါသည်။
၃။ ကလေးအပါအဝင် ယုံကြည်သူတိုင်းတို့အား မည်သည့်နည်းလမ်းအားဖြင့်မဆို သာသနာ လုပ်ငန်း၌ပါဝင်စေရန် တစ်ဦးချင်း (သို့မဟုတ်) ပုဂ္ဂလိကသာသနာလုပ်ငန်းဌာနကို အားပေးရ မည်။ သာသနာလုပ်ငန်းကို ထိရောက်စွာဖြန့်ချိနိုင်ရေးအတွက်လမ်းကြောင်းအမျိုးမျိုးဖြင့်သင်တန်း ပေးသွားရမည်။
၄။ မည်သည့်အကြောင်းကြောင့် စိတ်ဝင်စားသည်ဖြစ်စေ၊ သတင်းစကားကြောင့်စိတ်ဝင်စား သည်ဖြစ်စေ၊ သာမန်အသင်းသားတစ်ဦးတစ်ယောက်အား တာဝန်ပေး၍ အချိန်မီလေ့လာဆောင် ရွက်နိုင်ရန် စိတ်ဝင်စားမှုတာဝန်ခံအား တိုက်တွန်းအားပေးရမည်။
၅။ လုပ်ငန်းအစည်းအဝေး၌သော်လည်းကောင်း၊ ဥပုဉ်နေ့အစည်းအဝေးအချိန်အခါ၌သော် လည်းကောင်း ဘုတ်အဖွဲ့သို့ (၃) လတစ်ကြိမ် အနည်းဆုံးအစီရင်ခံစာတင်ပြနိုင်ရန် ဌာနတိုင်းကို တိုက်တွန်းအားပေးရမည်။
၆။ အစီရင်ခံစာကိုမှန်မှန်ရရှိခြင်း - ဘုတ်အဖွဲ့သည် အသင်းတော် လုပ်ငန်းအသေးစိတ်ကို စဉ်းစားဆင်ခြင်၍ အသင်းတော်၏ငွေရေးကြေးရေးအခြေအနေကိုလည်း မှန်မှန်ဘဏ္ဍာရေးမှူးထံမှ ရရှိရမည်။ ဘုတ်အဖွဲ့အနေဖြင့် အသင်းဝင်ဦးရေစာရင်းကိုလေ့လာကာ သူတို့၏ဝိညာဉ်ရေးအခြေ အနေကို လေ့လာကြရမည်ဖြစ်ပြီး ဖျားနာသူများထံ၊ အားငယ်သူများထံ (သို့မဟုတ်) ဖောက် ပြန်သူများတို့ထံသို့ အလည်အပတ်ပြုရန် စီစဉ်ရပါမည်။ အခြားအသင်းတော် ခေါင်းဆောင်များတို့ သည်လည်း အခါအားလျော်စွာ အစီရင်ခံစာကို တင်ပြရမည်ဖြစ်သည်။
ဘုတ်အဖွဲ့၏ကော်မတီများ - ဘုတ်အဖွဲ့သည် ဧဝံဂေလိသာသနာလုပ်ငန်းအတွက် စီမံ ကိန်းရေးဆွဲခြင်းကို မည်သည့်လုပ်ငန်းတစ်စုံတစ်ရာမျှ ဝင်ရောက်အနှောင့်အယှက်ပေးခြင်း အခွင့် မပြုသင့်ချေ။ အကယ်၍ အခြားအသင်းတော်လုပ်ငန်းများတို့နှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက် ရာ တွင် အချိန်များစွာယူ၍ အသုံးပြုရပါက ၎င်းလုပ်ငန်းများဖြစ်သည့် ငွေရေးကြေးရေး ဆိုင်ရာကိစ္စ (သို့မဟုတ်) ဘုရားကျောင်းဆောင်လုပ်ရေးစီမံကိန်း အစရှိသည့် ကိစ္စတို့အတွက် သီးသန့်ကော်မတီများ ဖွဲ့စည်းသင့်ပါသည်။ ထိုသို့သော် ကော်မတီများတို့မှနေ၍ မိမိတို့အဆိုပြု ချက်များကို ဘုတ်အဖွဲ့သို့တင်ပြကာ သဘောတူညီချက်ကို ရယူနိုင်ပါသည်။၏
အသင်းတော်မှဖွင့်လှစ်ထားသောကျောင်းကို အသင်းတော်ကျောင်းဘုတ်အဖွဲ့မှ ကြီးကြပ်ဦး ဆောင်ရပါသည်။ အစည်းအဝေးများကို ဦးဆောင်ရန် သဘာပတိတစ်ဦးနှင့်၊ စည်းဝေးမှတ်တမ်း များနှင့် ဆုံးဖြတ်ချက်များကို ရေးသားမှတ်တမ်းယူရန် အတွင်းရေးမှူးတစ်ဦးကို အသင်းတော်မှနေ ၍ ရွေးချယ်ရပါမည်။ ဤဘုတ်အဖွဲ့သည် ၎င်း၏အစည်းဝေးများကို မှန်မှန်ကျင်းပသွားရမည်။ အထူးအစည်းအဝေးများကို သဘာပတိမှ လိုအပ်သလို ခေါ်ယူနိုင်ပါသည်။ တချို့အသင်းတော်များ အနေဖြင့် အသင်းတော်ဘုတ်အဖွဲ့ (သို့မဟုတ်) အသင်းတော်ဘုတ်အဖွဲ့၏ ဆပ်ကော်မတီတစ်ခုမှ နေ၍ ကျောင်းဘုတ်အဖွဲ့နေရာ၌ ဆောင်ရွက်ရန် ပို၍ နှစ်သက်ကြပါသည်။
အိမ်နှင့်ကျောင်းအစည်းအရုံးအစည်းအဝေးများ
အိမ်နှင့်ကျောင်းအစည်းအရုံးတို့သည် လစဉ်တွေ့ဆုံကြကာ အိမ်၊ ကျောင်းနှင့် အသင်းတော် ဆ်ိုင်ရာလှုပ်ရှားမှုများတို့ကို စီစဉ်ဆောင်ရွက်ပေးရပါသည်။ မိဘများတို့၏ပညာရေးကို ဂရုပြုရ မည်။ စာသင်ခန်းများ၊ စာအုပ်များ၊ သင်ကြားမှုဆိုင်ရာပစ္စည်းတန်ဆာပလာများ စသည့်လိုအပ် သောအရင်းအမြစ်များတို့ကို ရရှိရန် ကျောင်းကိုကူညီပေးရမည်။ အိမ်နှင့်ကျောင်းခေါင်းဆောင်များ တို့ကို အကူအညီပေးရန်အတွက် လိုအပ်သည့်အထောက်အကူပစ္စည်းများတို့ကို နယ်ဌာနချုပ်ပညာ ရေးဌာနသို့ မှာယူပေးနိုင်ပါသည်။
လူငယ်အဖွဲ့အစည်းများ
အသင်းတော်၏လူငယ်အဖွဲ့အစည်းများတို့၏ခေါင်းဆောင်မျာတို့သည် အသင်းတော်၏လူ ငယ်များ တို့နှင့်ပတ်သက်သည့် အကျိုးရှိသောလှုပ်ရှားမှုများ၊ အသင်းတော်နှင့်ပို၍ နီးကပ်မှုရှိရန်၊ အကျိုးပြုလုပ်ငန်းအတွက် သူတို့ကို သင်တန်းပို့ချပေးနိုင်ရန် ပုံမှန်အစည်းဝေးများကို ကျင်းပခြင်း အစီအစဉ်ကို ရေးဆွဲသင့်ပါသည်။
မြော်လင့်ခြင်းလူငယ်အဖွဲ့၏အစည်းအဝေးများ - မြော်လင့်ခြင်းလူငယ်အဖွဲ့အစည်း၏ အစည်းအဝေးကိုပုံမှန်ကျင်းပရန်နှင့် ၎င်း၏ဦးတည်ချက်မှာ အသင်းတော်လူငယ်များတို့၏ဝိညာဉ် ရေး၊ ပညာရေးနှင့် ကိုယ်ခန္ဓာ ကြံ့ခိုင်ရေး တိုးတက်ကြီးထွားရန် အတွက်ဖြစ်ပါသည်။ အစည်း အဝေးများသည်လည်း ခရစ်ယာန်လူမှုဆက်ဆံရေးကောင်းမွန်ရန်နှင့် သက်သေခံခြင်းအစီအစဉ် အားဖြင့် အသင်းတော်၏ဝိညာဉ်ရေးအောင်မြင်ခြင်းကို ပံ့ပိုးရန် ပြင်ဆင်ပေးခြင်းလည်းပါဝင်သည်။ မြော်လင့်ခြင်းလူငယ်သာသနာလုပ်ငန်းကော်မတီသည် မြော်လင့်ခြင်းလူငယ်အဖွဲ့အစည်း လှုပ်ရှားမှု များနှင့် အခြားလူငယ်စည်းရုံးရေး အဖွဲ့အစည်းတို့ကို အားပေးခြင်းနှင့် ကူညီမစခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးသည်။
မြော်လင့်ခြင်းလူလတ်ပ်ိုင်းလူငယ်အဖွဲ့၏အစည်းအဝေးများ - မြော်လင့်ခြင်းလူလတ် ပိုင်းလူငယ် အဖွဲ့၏အစည်းအဝေးများမှာ မြော်လင့်ခြင်းလူငယ်အဖွဲ့၏ အစည်းအဝေးများနှင့် ရည်ရွယ်ချက်တွင် တူညီမှုရှိသော်လည်း လူလတ်ပိုင်းလူငယ်များပါဝင်မှုနှင့် ပတ်သက်သည်။ အကယ်၍ အသင်းတော်ကျောင်းရှိခဲ့သော် မြော်လင့်ခြင်းလူလတ်ပိုင်းလူငယ်အဖွဲ့သည် အများအား ဖြင့်
သံတမန်အဖွဲ့အစည်းအဝေးများ - သံတမန်အဖွဲ့အစည်းအဝေးများသည် အသက်အရွယ် (၁၆) နှစ်မှ (၂၁) နှစ်အတွင်းရှိ လူယ်များတို့၏လိုအပ်ချက်များကို အထူးအစီအစဉ်များအားဖြင့် ပြင်ဆင်ပေးခြင်းနှင့် အသင်းတော်၌ ပါဝင်လှုပ်ရှားခြင်းကို ကူညီအားပေးသည်။ ၎င်း၏အစည်း အဝေးများနှင့် အခြားလှုပ်ရှားမှုများတို့ကို နယ်ဌာနချုပ်၏စည်းကမ်းချက်များနှင့်အညီ လုပ်ဆောင် ရန်ဖြစ်ပြီး နယ်ဌာနချုပ်၏စည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်ရန်ဖြစ်ပြီး ဒေသခံအသင်းတော် ၏လူငယ်သာသနာလုပ်ငန်းနှင့် လက်တွဲလုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်သည်။
လမ်းပြသူအဖွဲ့အစည်းအဝေများ - လမ်းပြသူအဖွဲ့အစည်းအဝေးများသည် လူလတ်ပိုင်း လူငယ်များတို့အတွက် အထူးအစီအစဉ်များအားဖြင့် ပြင်ဆင်ပေးခြင်းနှင့် တချို့ကိစ္စရပ်များတွင် မြော်လင့်ခြင်းလူလတ်ပိုင်းလူငယ်အစည်းအဝေးများ၏ နေရာကို အစားထိုး လုပ်ဆောင်ပါသည်။ အသင်းတော်များ၌ အတူတကွလက်တွဲ၍ လှုပ်ရှားမှုများကိုလုပ်ဆောင် ကြသည်။ လမ်းပြသူအဖွဲ့ သည် နယ်ဌာနချုပ်ဌာနဆိုင်ရာစည်းကမ်းချက်အတိုင်း တွေ့ဆုံကာ စည်းဝေးကျင်းပကြသည်။
စွန့်စားသူအဖွဲ့အစည်းအဝေးများ - စွန့်စားသူအဖွဲ့အစည်းအဝေးများသည် ငယ်ရွယ်သော ကလေးများအတွက် အထူးအစီအစဉ်များကို မိမိတို့ငယ်ရွယ်သောကလေးဘ၀အား ပျိုးထောင်ခြင်း တာဝန်ကို မိဘများပါဝင်မှုပြုကြရန် အားပေးလျက်လုပ်ဆောင်သည့်နည်းလမ်းကို ချမှတ်ခြင်းဖြစ် သည်။ အစည်းအဝေးများနှင့်အခြားလှုပ်ရှားမှုများတို့ကို နယ်ဌာနချုပ်၏စည်းကမ်းချက် နှင့်အညီ အဖွဲ့၏လက်စွဲစာအုပ်ညွှန်ကြားချက်အရ အခြားသက်ဆိုင်ရာ အသင်းတော်၏အဖွဲ့အစည်းများနှင့် လက်တွဲကာ လုပ်ဆောင်သွားရပါမည်။
-၀-
အခန်းကြီး - ၁၁။
အခန်း (၁၀)
ငွေရေးကြေးရေး
ဘုရားသခင်၏အမှုတော်လုပ်ငန်းကို ပံ့ပိုးရန်အတွက် သမ္မာကျမ်းစာ၏စီမံကိန်းသည် မိမိလူ တို့၏ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေများမှဖြစ်သည်။ ဘုရားသခင်မိန့်မှာတော်မူသည်မှာ၊ “ဆယ်ဖို့ တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှာပြုကြလော့” (မာလာခိ ၃း၁၀)။ အသင်းတော်သည် ဤစီမံကိန်းကို ရှေးအချိန်မှစ၍ လိုက်လျှောက်ကျင့်သုံးခဲ့ ပါသည်။
“ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေများ၏စနစ်သည် လူတို့၏စိတ်ထဲတွင် ကြီးမားသောအမှန် တရားကို စွဲလမ်းစေရန်ရည်ရွယ်ပြီး ဘုရားသခင်သည် မိမိဖန်ဆင်းသောသတ္တဝါ အားလုံးအတွက် ကောင်းချီးမင်္ဂလာဟူသရွေ့တို့၏ အခြေအမြစ်ဖြစ်ကြောင်းနှင့် ကောင်းမြတ်သောပြင်ဆင်ပေးသည့် ဆုလာဘ်များအတွက် ဘုရားရှင်အားပြန်လည်၍ လူသားများအနေဖြင့် ကျေးဇူးတုံ့ပြန်ခြင်းဖြစ် သည်။” (ဏဏ ၅၂၅).
“ဘုရားရှင်အတွက် ဆယ်ဖို့တစ်ဖို့များနှင့်အလှူငွေများသည် ကျွန်ုပ်တို့အားဖန်ဆင်းခဲ့သည့် အတွက်နှင့် ရွေးနုတ်ကယ်တင်ခဲ့သည့်အတွက် သူ၏ တောင်းဆိုချက်ကို အသိအမှတ်ပြုခြင်းဖြစ် သည်။ အကြောင်းမှာ ကျွန်ုပ်တို့၌ရှိသော တန်ခိုးအားလုံးတို့သည် ခရစ်တော်ထံမှ ရရှိသည့်အတွက် ဤအလှူငွေများတို့သည် ကျွန်ုပ်တို့ထံမှ ဘုရားရှင်ထံသို့ ပြန်လည်၍စီးဆင်းသွားရပါမည်။ ထိုအ ရာများတို့သည် ကျွန်ုပ်တို့၏ရှေ့မှောက်တွင် ရွေးနုတ်ခံရသောတောင်းဆိုချက်အဖြစ် အမြဲထားရှိရ ပါမည်။ ဤအချက်သည် အခြားသောအရာပါဝင်သည့် တောင်းဆိုချက်အားလုံးတို့တွင် အကြီးမား ဆုံးတောင်းဆိုချက်ဖြစ်သည်။” (၆ွှ ၄၇၉).
“ဆယ်ဖို့တစ်ဖို့သည် သန့်ရှင်း၍ ဘုရားရှင်မှမိမိအတွက် သီးသန့်ထားရှိသည်။ ၎င်းကိုအ သင်းတော်ဘဏ္ဍာတိုက်ထဲသို့ ယူဆောင်လာသော ဧဝံဂေလိလုပ်ငန်းထမ်းဆောင်သူတို့အား ထောက်ပံ့ခြင်း၌ အသုံးပြုရန်ဖြစ်သည်။” (၉ွှ ၂၇၉). ငွေကြေးလုံလောက်စွာတိုးမြှင့်လာသည့်စီမံကိန်းကို ဘုရားရှင်သည် မိမိလူတို့အားပေးပြီး ကိုယ်ထူကိုယ်ထရပ်တည်နိုင်ရန် ပြုလုပ်ကြရမည်။ ဆယ်ဖို့တစ်ဖို့စနစ်သည် လှပ၊ ရိုးစင်း၍ မျှမျှတတရှိသည့် ဘုရားရှင်၏ စီမံကိန်းဖြစ်သည်။ ဘုရားရှင်မှအစပြုသည့်အတွက် ယုံကြည်ခြင်း နှင့် ရဲရင့်ခြင်းရှိရှိ ကျွန်ုပ်တို့အားလုံးကိုင်စွဲကျင့်သုံးရမည်။ ၎င်း၌ရိုးစင်းခြင်းနှင့် အသုံးဝင်ခြင်း ပေါင်းစပ်လျက်ရှိသည် ----- လူကြီးလူငယ်အားလုံး ဘုရားရှင်အတွက် ဘဏ္ဍာထိန်းဖြစ်ပြီး ဘဏ္ဍာရေးဌာနမှတောင်းဆိုချက်ကို ပြည့်စုံစေရန် ကိုယ်စားလှယ်များလည်း ဖြစ်ပါသည်။ တမန် တော်ပြောသည်မှာ၊ “ဘုရားရှင်ကောင်းချီးပေးသည့်အလျောက် လူတိုင်းဘဏ္ဍာ တိုက်ထဲသို့ ထည့် သွင်းကြပါစို့။” (၃ွှ ၃၈၈ယ ၃၈၉).
“ဧဝံဂေလိသတင်းစကားကြွေးကြော်ဟောပြောခြင်းကို မိမိလူတို့၏ဆောင်ရွက်မှုများနှင့် ဆုကျေးဇူးများအပေါ်အမှီပြုရန် ဘုရားရှင်စီစဉ်ထားပါသည်။ စေတနာဖြင့်ပေးသော အလှူငွေများ နှင့် ဆယ်ဖို့တစ်ဖို့တို့သည် ဘုရားရှင်၏အမှုတော်အတွက် ဝင်ငွေအဖြစ်ပေါင်းစပ်လိုက်ပါသည်။ လူတို့အားပေးသောကြေးငွေထဲမှ ဆယ်ပုံတစ်ပုံကို ဘုရားရှင်တောင်းဆိုပါသည်။ ကျန်သည့်ဝင်ငွေ များကို ဤထက်မကပေးခြင်း၊ မပေးခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏လက်ထဲ၌ လွတ်လပ်စွာ အပ်နှံထားပါသည်။” (ဗဗ ၇၄).
“ဆယ်ဖို့တစ်ဖို့အသုံးပြုခြင်းနှင့်ပတ်သက်၍ ဘုရားရှင်သည် ကျွန်ုပ်တို့အား အထူးညွှန်ကြား ထားပါသည်။ ငွေကြေးမလုံလောက်ခြင်းကြောင့် အမှုတော်လုပ်ငန်းချို့တဲ့ခြင်းကို ဘုရားရှင်အလို မရှိပါ။ မိမိပြန်လည်၍ တောင်းဆိုပြီး သီးသန့်ထားရှိသည့်ငွေကို အခြားကိစ္စအတွက် ပြောင်းလဲ အသုံးပြုခြင်းကို ဘုရားရှင်မနှစ်သက်ပါ။ မည်သူမျှ မိမိတို့၏ဝင်ငွေဆယ်ဖို့တစ်ဖို့ကို သိမ်းဆည်း ထားပြီး မိမိအလိုကျအသုံးမပြုရ။ အရေးပေါ်ကိစ္စအတွက်သော်လည်းကောင်း၊ သင့်လျော်သည့် အခြားသာသနာလုပ်ငန်းကိစ္စအတွက် သော်လည်းကောင်း မိမိအလိုအတိုင်းဆုံးဖြတ်၍ အသုံးပြု ခြင်းမပြုလုပ်ရပါ။” (၉ွှ ၂၄၇).
ဘဏ္ဍာစိုးအရာ
ခရစ်ယာန်မျာတို့သည် ဘုရားသခင်၏ဖက်စပ်လုပ်ကိုင်သူများအဖြင့် မိမိ၏ပစ္စည်းများကို အပ်နှံထားကာ သူ၏စည်းကမ်းများနှင့်ညွှန်ကြားချက်အတိုင်း ထိန်းသိ်မ်းစောင့်ရှောက်ရန် ဘုရား သခင်၏ဘဏ္ဍာစိုးများဖြစ်ကြသည်။ သူ၏ဘဏ္ဍာစိုးများအဖြစ် ကျွန်ုပ်တို့အားလုံးတို့သည် “သစ္စာရှိရမည်” ဟု ဘုရားရှင်အကြံပေးထားပါသည်။ (၁ကော ၄း၂)။ ဘဏ္ဍာစိုးအရာနှင့်ပတ် သက်၍ ခရစ်ယာန်အသက်တာဘ၀တစ်ခုလုံးနှင့် ပတ်သက်သည်ဟု သိရသော်လည်း ငွေကြေး သည် အထူးအရေးကြီးသောအရာဖြစ်ခြင်းမှာ သံသယရှိစရာမလိုပါ။ ၎င်းသည်အသင်းတော်မိသား စု တစ်ခုလုံးနှင့်သက်ဆိုင်ပြီး ဘုရားရှင်သည် ကြီးမြတ်သောအရှင်၊ အရာခပ်သိမ်းကိုပိုင်ဆိုင်သော အရှင်နှင့် ကျွန်ုပ်တို့၏နှလုံးသားထဲ၌ သူ၏ကျေးဇူးတော်ကို သွန်းလောင်ပေးသောအရှင်ဖြစ် ကြောင်း အသိအမှတ်ပြုခြင်းဖြစ်သည်။
ခရစ်ယာန်ဘဏ္ဍာစိုးအရာသည် ကျွန်ုပ်တို့၏ပိုင်ဆ်ိုင်မှုများတို့နှင့် သက်ဆိုင်သည်ဟု မျှော် မှန်းလျက်ရှိစဉ် ကျွန်ုပ်တို့၏ခရစ်ယာန်ဗဟုသုတနှင့်လည်းသက်ဆိုင်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ထံမှ အရာတစ်ခုကိုတောင်းဆိုသည့်အခါ ကျွန်ုပ်တို့အတွက် အရာတစ်ခုကိုပြုရန်ဖြစ် သည်။ ကျွန်ုပ်တို့၏ နားထောင်မှုဖြင့် အထံတော်သို့ချဉ်းကပ်ခြင်းသည် ကျွန်ုပ်တို့၏ကောင်းကင် ဘုံရှင် အဖဘုရားသခင်အနေဖြင့် ဤဘဏ္ဍာစိုးအရာအားဖြင့် ကျွန်ုပ်တို့ကို မြင့်မားသောဝိညာဉ်ရေး အအသက်တာ၌ ထားရှိရန်အတွက်ဖြစ်သည်။ သူ၏အမှုတော်ကိုထမ်းဆောင်ရန် (သို့မဟုတ်) ကျွန်ုပ်တို့ရရှိသည့်ဆုကျေးဖူးများဖြင့် သူ့အားအသိအမှတ်ပြုရန် သက်သက်မဟုတ်ပါ။ သူပြင်ဆင် ထားသော သူ၏အလိုတော်နှင့်အညီ ဤအရာများတို့ကို ဆောင်ရွက်ခြင်းအားဖြင့် ဝိညာဉ်ရေးဆိုင် ရာ ကောင်းချီးမင်္ဂလာများတို့သည် ကျွန်ုပ်တို့၏စိတ်နှလုံးသားထဲသို့ စီးဆင်းလာပါလိမ့်မည်။
“ဘုရားသခင်သည် မိမိ၏ဘဏ္ဍာစိုးအားလုံးတို့အား မိမိ၏စီမံကိန်းနှင့် အစီအစဉ်အတိုင်း လိုက်လျှောက်ရန် ဆန္ဒရှိသည်။ ဘုရားသခင်၏စီမံကိန်းနှင့် လွဲချော်၍ သော်လည်းကောင်း၊ လျှော့ ချ၍သော်လည်းကောင်း၊ ဖြည့်စွက်၍သော်လည်းကောင်း ပြုလုပ်ခြင်းကို ဘုရားရှင်အလိုမရှိပါ။ မိမိတို့၌ ဘုရားရှင်ချပေးတော်မူသော ကောင်းချီးမင်္ဂလာများတို့ကို မိမိတို့စိတ်ကြိုက်ဆောင်ရွက် လိုသည့်အရာများ၊ ကောင်းသောကုသိုလ်ကောင်းမှုဖြစ်သည့်တိုင် ပြုလုပ်ရန် မသင့်ပါ။ ဘုရားရှင် ၏အစီအစဉ်အတိုင်းသာလျှင် ပေးကမ်းစွန့်ကြဲကြရန်ဖြစ်ပါသည်။” (၉ွှ ၂၄၈).
ဆယ်ဖို့တစ်ဖို့
သမ္မာကျမ်းစာ၏စီမံကိန်းကို အသိအမှတ်ပြုခြင်းနှင့် အရေးကြီးလှသောအခွင့်အရေးနှင့် တာဝန်သည် ဘုရားသခင်၏သားသမီးများပေါ်နှင့် အသင်းတော်အပေါ်တည်ရှိနေခြင်းကြောင့် ကျွန်ုပ်တို့အားလုံးတို့သည် မိမိတို့၏ တိုးပွားလာသောပစ္စည်းဥစ္စာ (သို့မဟုတ်) ကိုယ်တိုင်ဝင်ငွေ အားလုံး၏ဆယ်ပုံတစ်ပုံကို အသင်းတော်၏ဘဏ္ဍာတိုက်ထဲသို့ ပေးသွင်းရပါမည်။
ဆယ်ဖို့တစ်ဖို့ကို ဒေသခံအသင်းတော်မှအသုံးပြုရန်မဟုတ်ဘဲ ကောင်းမွန်စွာထိန်းသိမ်းကာ နယ်ဘဏ္ဍာရေးမှူးထံသို့ ပေးပို့ရပါမည်။ ထိုကြောင်း အသင်းတော်အသီးသီးမှ ဆယ်ဖို့တစ်ဖို့အား လုံးတို့သည် နယ်ဘဏ္ဍာရေးထာနသို့ရောက်ရှိ ကမ္ဘာ့ဌာနချုပ်နှင့် ဒီဝီဇံ၏စည်းကမ်း ချက်နှင့်အညီ အသင်းတော်၏ဆောင်ရွက်ရန် တာဝန်နှင့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် သတ်မှတ်ထားသော ရာခိုင်နှုန်းအတိုင်း အထက်အဖ့GJအစည်းသို့ ပေးပို့ရပါသည်။
ဤစည်းကမ်းချက်များကို ချမှတ်ရခြင်းမှာ ဆယ်ဖို့တစ်ဖို့ရရှိသည့်ငွေများကို ကမ္ဘာတစ်ခု လုံးရှိ အမှုတော်လုပ်ငန်းအတွက် စုသိမ်းခြင်းနှင့်ခွဲဝေခြင်းများ ပြုလုပ်ရန်ဖြစ်ပါသည်။ ငွေကြေးနှင့် အသင်းတော်လုပ်ငန်းကိုလုပ်ကိုင်ရာ၌ အလွန်မှပင်အရေးကြီးလှပေသည်။ ကယ်တင်ခြင်းသတင်း စကားဟောကြား
ပြန့်ချိခြင်းနှင့် သီးသန့်ခွဲခြား၍မရပါ။ အမှန်တကယ်ပေါင်းစည်းလုပ်ကိုင်ရပါသည်။
စနစ်တကျစွန့်ကြဲခြင်းနှင့်စည်းလုံးညီညွတ်ခြင်း - အသင်းတော်၏ငွေကြေးစီမံကိန်း သည် တွေ့မြင်ရသည့်ငွေရေးကြေးရေး စာရင်းဖယားအစီရင်ခံခြင်းထက် ပို၍ကြီးမားသောရည်ရွယ် ချက်ကို လုပ်ဆောင်နေပါသည်။ ကမ္ဘာ့ဌာနချုပ်မှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆယ်ဖို့တစ်ဖို့ခွဲဝေခြင်းစနစ်သည် ကမ္ဘာတစ်ခုလုံးရှိအသင်းတော်များကိုစည်းလုံးပေးခြင်းနှင့် ဝိညာဉ်ရေးတိုးတက်ကြီးပွားခြင်းကို ဖြစ်စေသည့် အံ့ဩဖွယ်ရာရည်ရွယ်ချက်တစ်ခုဖြစ်သည်။
ဆယ်ဖို့တစ်ဖို့ကိုမည်ကဲ့သို့အသုံးပြုရမည်နည်း - ဆယ်ဖို့တစ်ဖို့သည် ဓမ္မအမှုတော်လုပ် ငန်းအတွက် သန့်ရှင်းသောငွေဖြစ်ပြီး၊ ကျမ်းစာသင်ကြားပို့ချခြင်း၊ အသင်းတော်ကိုကြည့်ရှုပြုစု၍ သာသနာဖြန့်ချိသည့်လုပ်ငန်းကို ထမ်းဆောင်သူများအား ပံ့ပိုးရန်အတွက်ဖြစ်သည်။ အခြားလုပ် ငန်းများအတွက်၊ ကြွေးမြီ ဆပ်ပေးရန်အတွက်၊ အဆောက် အဦဆောင်လုပ်ရန်အတွက်မဟုတ်ပါ။
“ကျွန်ုပ်တို့၏လူများအတွက် ရှင်းလင်းတိကျသည့်သတင်းကို ကျွန်ုပ်အားပေးခဲ့ပါသည်။ မိမိတို့၏စိတ်တိုင်းကျ ကောင်းရာထင်မြင်သည့်လုပ်ငန်းများအတွက်မှားယွင်းပြီး ဆယ်ဖို့တစ်ဖို့ကို အသုံးပြုခြင်သည် ဘုရားသခင်၏ အလိုတော်နှင့်မကိုက်ညီပါ။ ဘုရားသခင်၏စီမံကိန်းနှင့် လွဲချော်၍ ဆယ်ဖို့တစ်ဖို့ကို အသုံးပြုသောသူတို့အား ဘုရားရှင်မှ စီရင်ချက်ချမည်ဖြစ်သည်။”
ဆယ်ဖို့တစ်ဖို့ကိုမည်ကဲ့သို့ထိန်းသိမ်းရမည်နည်း - ဆယ်ဖို့တစ်ဖို့သည် ဘုရားသခင်၏ ပိုင်ဆိုင်မှုဖြစ်ပြီး ၎င်းကိုဝတ်ပြုကိုးကွယ်မှုကိစ္စအဖြစ် နယ်ဘဏ္ဍာရေးဌာနသို့ မိမိအသင်းတော် နာ မည်စာရင်းရှိသည့်နေရာမှတစ်ဆင့်ထည့်ဝင်ရပါသည်။ လုပ်ရိုးလုပ်စဉ်မဟုတ်သည့် အခက်အခဲတစ်စုံတစ်ရာရှိပါက မိမိ၏နယ်လူကြီး များတို့နှင့် တွေ့ဆုံဆွေးနွေးသင့်ပါသည်။
အသင်းတော်နှင့်နယ်ခေါင်းဆောင်များပုံသက်သေပြရမည် - အသင်းလူကြီးများ၊ အသင်းတော်ခေါင်းဆောင်များ၊ ဓမ္မဆရာများနှင့် နယ်အဖွဲ့အစည်းဝန်ထမ်းများအားလုံးတို့သည် ဆယ်ဖို့တစ်ဖို့ထည့်ဝင်ခြင်း၌ ကောင်းသောခေါင်းဆောင်များအဖြစ် ပုံသက်သေပြရမည်။ ထိုသို့ သော ပုံသက်သေမပြနိုင်ပါက ခေါင်းဆောင်တာဝန်ကိုမထမ်းဆောင်သင့်ပါ။
အလှူငွေများ
ဆယ်ဖို့တစ်ဖို့အပြင် ဘုရားရှင်ထံသို့ အခြားအလှူငွေများကိုလည်း ယူဆောင်လာရန် ကျမ်းစာမှ သွန်သင်ထားပါသည်။ အလှူငွေပေးကမ်းခြင်းမပြုပါက ဆယ်ဖို့တစ်ဖို့မပေးခြင်းကဲ့သို့ ဖြစ်ကြောင်းနှင့် ဘုရားပစ္စည်းခိုးယူခြင်းဖြစ်ကြောင်း (မာလခိ ၃း၈) တွင် ဖော်ပြပါသည်။ ရှေးအ သင်းတော်တည်ထောင်ချိန်မှစ၍ အသင်းသားများတို့သည် အလှူငွေပေးကမ်းခြင်းအားဖြင့် မိမိတို့ ၏အသင်းတော်ကို တိုးတက်ကြီးပွားစေခဲ့ပါသည်။
၎င်းပြင် အလှူငွေထည့်ဝင်သည့်အစီအစဉ်ကို ကမ္ဘာ့ဌာနချုပ်မှ မည်သည့်ဥပုသ်အပတ်၌ မည်သည့်အလှူငွေကို ထည့်ဝင်ရမည့်အကြောင်း သတ်မှတ်ပေးထားပါသည်။ ဒီဝီဇံကော်မတီမှ လည်း မိမိနယ်မြေအတွက် လိုအပ်သလို စီစဉ်ဆုံးဖြတ်ပေးထားပါသည်။
ဥပုသ်စာဖြေအလှူငွေများ - အသင်းတော်၏အများဆုံးနှင့် အောင်မြင်ဆုံး စနစ်တကျ ပုံ မှန်ထည့် ဝင်သည့်အလှဥငွေမှာ ဥပုသ်စာဖြေအလှူငွေဖြစ်ပါသည်။ ကမ္ဘာ့ သာသနာ့လုပ်ငန်း အတွက် သတ်မှတ်ထားပါသည်။
အခြားအလှူငွေများ - အခြားသောအလှူငွေများကို ရံဖန်ရံခါ ကမ္ဘာ့သာသနာလုပ်ငန်းအ တွက်ကောက်ခံပြီး အထွေထွေအတွက်နှင့် ဒေသစီမံကိန်းအတွက် အသုံးပြုရန် ဖြစ်သည်။ မည် သည့်အလှူငွေမဆိုကောက်ခံရာတွင် ပေးကမ်းသူမှနေပြီး မည်သည့်တောင်းဆိုချက်ကိုမျှ မပြုခဲ့ပါ က ၎င်းထည့်ဝင်သော အလှူငွေအားလုံးတို့သည် ထိုအချိန်၌ကောက်ခံသည့် သတ်မှတ်ထားသော အလှူငွေအတွက်သာဖြစ်သည်။
နယ်ဒေသများသို့ပေးသောအထူးအလှူငွေများ - အသင်းတော်၏ကမ္ဘာတစ်ဝန်းရှိလုပ် ငန်းကို ပံ့ပိုးသည့်ငွေကြေးမှာ ရသုံးငွေစနစ်အပေါ်အခြေခံသည်။ နယ်ပယ်များအတွက် ပံ့ပိုးရန်လျာ ထားသည့်ငွေသည် ရသုံးငွေ၏ လိုအပ်ချက်များအပေါ် အခြေခံသည်။ ဤနည်းသည် ရန်ပုံငွေခွဲဝေ ရာ၌ တရားပြီးမျှတသောနည်းဖြစ်သည်။
ပုံမှန်ရသုံးငွေလျာထားချက်အပြင် အခြားနေရာမှလာသော အထူးအလှူငွေသည် နယ်တစ်ခု အတွက်သာဖြစ်ပါက အခြားသာသနာနယ်မြေအတွက် ကွဲပြားမှုကိုဖန်တီးစေပါသည်။ သို့သော် ထိုအထူးအလှူငွေသည် နေရာအသစ်အစပြုရန်အတွက်ဖြစ်ပါက ၎င်းအတွက်ကိုသုံးရန် (သို့မဟုတ်) ရှေ့လုပ်ဆောင်ရန်လုပ်ငန်းအတွက် စီစဉ်ပါက ပုံမှန်ရသုံးငွေလျာထားသည့်ရန်ပုံငွေ နှင့် ပေါင်းထည့်ရန်ဖြစ်ပါသည်။ ထိုသို့ဖြစ်ပါက အခြားနယ်မြေများနေဖြင့် မတော်တဆပို၍ကူညီ မှု လိုအပ်နေပါက ထိုလိုအပ်ချက်ကို အသိမပေးသောကြောင့် မရရှိခြင်းကိုလက်ခံနိုင်ရန် အထူး အ လှူငွေရရှိသည့်နယ်အနေဖြင့် ထိုရရှိငွေကို နေရာသစ်အတွက်သာလျှင် အသုံးပြုရန်ဖြစ်ပါသည်။
ရာဇဝင်တစ်လျှောက်၌ သစ္စာရှိသောစေတနရှင်များတို့သည် မိမိတို့၏အလှူငွေများနှင့် အထူးပေးငွေများကို မှန်သောနည်းလမ်းဖြင့် အသင်းတော်အတွက်ပေးခဲ့ပြီး နယ်များအနေဖြင့် သူတို့၏ပေးခြင်းအားဖြင့် အကျိုးများစွာ ခံစားရပါသည်။
မရှိနွမ်းပါးသူနှင့်လိုအပ်သူများကိုကူညီခြင်း - ဆင်းရဲသားနှင့် လိုအပ်သောသူများအ တွက် ကောက်ခံသည့်အလှူငွေသည် အသင်းသားများအထဲ၌ လိုအပ်သူများတို့ကို ကူညီရန်ဖြစ်ပါ သည်။ အရေးပေါ်ကိစ္စများအတွက် သီးသန့်ရန်ပုံငွေကို ထားရှိသင့်သည်။ ၎င်းပြင် အသင်းတော်အ နေဖြင့် လိုအပ်ချက်အားလုံးအတွက် ရက်ရောသောစိတ်ဓာတ်ရှိသင့်ပြီး ၎င်းသီးသန့်ထားရှိသည့်ငွေ မှ အသင်းတော်၏ကျန်းမာဖွံ့ဖြိုးရေးအတွက်ပါမက ရပ်ကွက်အတွင်း အိမ်ထောင်မိသားစုများတို့ ၏အရေးကို ကူညီရပါမည်။
အသင်းတော်ကုန်ကျစိရိတ်အတွက်ရန်ပုံငွေ - အသင်းတော်ကန်ုကျစရိတ်အတွက် ပြင်ဆင်မှုတွင် စိတ်ကျေနပ်ဖွယ်ရာအကောင်းဆုံးနည်းသည် ရသုံးငွေလျာထားခြင်းစီမံကိန်းဖြစ် သည်။ နှစ်သစ်အတွက် ရသုံးငွေလျာထားခြင်း (ကြိါနအ) အစမပြုမီ၊ ဘုတ်အဖွဲ့မှဘတ်ဂျက်ကုန် ကျမည့်စရိတ်ကို အသင်းတော်၏လာမည့်တစ်နှစ်တာလုံးအတွက် ကြိုတင်ပြင်ဆင်ထားရပါမည်။ ဘတ်ဂျက်၌ ဝင်ငွေနှင့် သုံးငွေခန့်မှန်းချက်ပါဝင်ရမည်။ သက်ဆိုင်ရာဌာနအားလုံးအတွက်လည်း ပါဝင်ရမည်။ အသုံးပြုမည့် ပစ္စည်းပစ္စယများ၏ခန့်မှန်း တန်ဖိုး၊ အာမခံကြေး၊ မွမ်းမံပြင်ဆင်မှု စရိတ်၊ သန့်ရှင်းရေးလုပ်ငန်းအတွက် စရိတ်၊ ဆင်းရဲသားနှင့် လိုအပ်သူများအတွက်ရန်ပုံငွေ၊ အသင်းတော်ကျောင်းကုန်ကျစရိတ်အတွက်၊ အစရှိသည်တို့အတွက် ပြင်ဆင်မှုပြုသင့်သည်။
ဘတ်ဂျက်ကိုလေ့လာရန်နှင့်လက်ခံရန် အသင်းတော်သို့တင်ပြပြီး လာမည့်နှစ်သစ်အတွက် ဆွဲထားသည့်ဘတ်ဂျက်မှာ လက်တွေ့ကျမကျ သေချာစေရမည်။ အသင်းတော်ကုန်ကျစရိတ် အတွက် ရန်ပုံငွေလုံလောက်ရန် အလှူငွေကောက်ခံခြင်း (သို့မဟုတ်) အမအစတောင်းခံခြင်း ပြုလုပ်နိုင်သည်။ ဝင်ငွေအခြေအနေအပေါ်မူတည်ပြီး အသင်းသားများအနေဖြင့် မိမိတို့၏အသင်း တော်ကို ပံ့ပိုးရန် တောင်းဆိုနိုင်သည်။
အထွေထွေငွေကြေးဆိုင်ရာအကြံဥာဏ်
ရန်ပုံငွေများကောက်ခံခြင်းဆိုင်ရာစည်းမျဉ်း - ရန်ပုံငွေများကောက်ခံခြင်းဆ်ိုင်ရာ စည်းမျဉ်း ဥပဒေများတို့သည် အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ မည်သည့်နယ်၊ အသင်းတော် (သို့မဟုတ်) အဖွဲ့အစည်းမျှ အထူးတိုင်ပင်ဆွေးနွေးခြင်း နှင့် အစီအစဉ်ဆွဲခြင်းမရှိဘဲ မိမိ၏နယ်မြေအပြင်ဘက်၌ ရန်ပုံငွေကောက်ခံခြင်းမပြုရပါ။ မိမိ၏ နယ်မြေအတွင်း ရန်ပုံငွေကောက်ခံပါက ဒေသအသင်းတော်၊ ယူနီယံ၊ ဒီဝီဇံနှင့် ကမ္ဘာ့ဌာနချုပ်၏ စည်းကမ်းချက်နှင့် ညီညွတ်ခြင်းရှိရမည်။ နယ်မြေတစ်ခု၌ရှိသော အသင်းတော်ဝန်ထမ်းများသည် အခြားနယ်မြေသို့သွားရောက်ကာ ရန်ပုံငွေကောက်ခံရန် ထိုနယ်မြေမှ အသင်းတော်လူကြီး၏ သဘောတူခွင့်ပြုချက်ထောက်ခံစာမရှိဘဲ ကောက်ခံခွင့်မရှိပါ။
၂။ အောက်ပါစည်းကမ်းချက်များတို့သည် ခွင့်ပြုချက်မရခြင်း၊ လိမ်လည်ခြင်းနှင့် အသင်း တော်မှမဟုတ်ခြင်းတို့ရန်ပုံငွေကောက်ခံခြင်းမှ အသင်းတော်ကိုကာကွယ်ရန်ဖြစ်သည်။
(က) နယ်မှခွင့်ပြုခြင်း၊ အသိအမှတ်ပြုခြင်းမရှိဘဲ အသင်းတော်ဘုရားကျောင်း၏ပလ္လင်ပေါ် ၌တက်၍ အလှူခံခွင့်ကို သင်းအုပ်ဆရာများနှင့် အသင်းလူကြီးများခွင့်မပြုရပါ။
(ခ) တောင်းဆိုခြင်းအားဖြင့် ပေးကမ်းသမျှရန်ပုံငွေအားလုံးတို့သည် အသင်းတော်၏ပုံမှန် လမ်းကြောင်းအတိုင်း အသင်းတော်ဘဏ္ဍာရေးဌာနသို့ရောက်ရှိရမည်။
(ဂ) နယ်နှင့်အသင်းတော်ခေါင်းဆောင်များတို့သည် ခွင့်ပြုချက်မရှိသော (သို့မဟုတ်) တရား မဝင်သောရန်ပုံငွေကောက်ခံသည့် ဖြတ်ပိုင်းစာအုပ်များပုံနှိပ်ခြင်းကို လိုအပ်သလို တားဆီးကာ ကွယ်ရမည်။
၃။ နှစ်စဉ်အသင်းတော်၏အလှူငွေကောက်ခံခြင်းအစီအစဉ် (Ingathering
သော်လည်းကောင်း၊ အခြားဒေသ (သို့မဟုတ်) ပြည်ပ၌သော်လည်းကောင်း မပြုလုပ်ရပါ။ ဤ စည်းမျဉ်းကို မချိုးဖောက်ရန် ယူနီယံနှင့်နယ်တာဝန်ရှိလူကြီးများတို့မှ ကာကွယ်သင့်ပါသည်
၄။ ဒီဝီဇံအတွင်းရှိ ဝန်ထမ်းများတို့သည် မိမိတို့မိခင်အသင်းတော်သို့ ပြန်သွားချိန်၌ သော်လည်းကောင်း၊ ဆက်သွယ်ခြင်းအားဖြင့်သော်လည်းကောင်း၊ အလှူငွေတောင်းခံရန် တောင်း ဆိုခြင်းခံရပါက ထိုကောက်ခံရမည့်ရန်ပုံငွေသည် အသင်းတော်သာသနာ့လုပ်ငန်း အတွက်သာဖြစ် ရမည့်အပြင် ၎င်းကောက်ခံရရှိသမျှအလှူငွေအားလုံးတို့သည်လည်း ပုံမှန်လမ်းကြောင်းမှတစ်ဆင့် အသင်းတော် ဘဏ္ဍာရေးဌာနသို့ ပေးသွင်းရမည်။
မေးခွန်းထုတ်စရာရန်ပုံငွေကောက်ခံသည့်စနစ်များ - မေးခွန်းထုတ်စရာရန်ပုံငွေကောက် ခံသည့်စနစ်များကို အသင်းတော်မှကြပ်တည်းစွာ ကာကွယ်သင့်သည်။
“ဘာသာရေးကိစ္စအတွက် အလှူငွေကောက်ခံသည့်အခါ အသင်းတော်၏မည်သည့်ကိစ္စ အတွက် အသုံးပြုမည်နည်း။ ဈေးသွားရန်၊ ညစာစားကြရန်၊ ပျော်ပွဲရွှင်ပွဲပြုလုပ်ရန် အစရှိသည်တို့ အတွက်ဖြစ်တတ်သည်။ မကြာခဏဝတ်ပြုကိုးကွယ်ရန်အတွက် သတ်မှတ်ထားသောနေရာကို စားပွဲသောက်ပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ အရောင်းအဝယ်ပြုလုပ်ခြင်းအားဖြင့် ထိုဝတ်ပြုရန်နေရာထိုင်ခင်းကို ရှုတ်ချရာကျပါသည်။ လူငယ်များအတွက် ဘုရားရှင်၏အိမ်တော်ကို ရိုသေမှုပြုလိုစိတ်လျော့နည်း စေပါသည်။ အခက်အခဲများကာကွယ်ရန် ချုပ်တည်းစိတ်ပျော့ညံ့သွားစေပါသည်။ တစ်ကိုယ် ကောင်းဆန်သောစိတ်ဓာတ်၊ အာဟာရစွဲလမ်းစိတ်၊ ကြွားလုံးထုတ်လိုစိတ် အစရှိသဖြင့် တိုးပွား၍ အားကောင်းလာစေပါသည်။” (9T ၉၁).
“ဘုရားရှင်၏လုပ်ငန်းတိုးတက်ကျယ်ပြန့်လာသည်နှင့်အမျှ အကူအညီပို၍ပို၍လိုအပ်လာ ပါသည်။ ထိုကြောင့် ယုံကြည်သူခရစ်ယာန်များတို့နေဖြင့် ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေများအားဖြင့် သစ္စာရှိကြပါက ဘုရားရှင်၏ဘဏ္ဍာ
တော်သည် အမြဲပြည့်လျှံလျက်ရှိပါလိမ့်မည်။ ဘုရားရှင်၏အမှုတော်လုပ်ငန်းအတွက် ပံ့ပိုးရမည့်ငွေ ကြေးကိုလည်း အခြားပျော်ပွဲရွှင်ပွဲ၊ စားပွဲသောက်ပွဲများအတွက် အသုံးပြုရန် အကြောင်းမရှိပါ။” (AA ၃၃၈).
ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေများသည် ကိုယ်ပိုင်အပ်နှံသည့်ရန်ပုံငွေမဟုတ်ပါ - အသင်းတော်ရှိ အသင်းသားများတို့မှပေးသော ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေများတို့သည် ပေးကမ်း စွန့်ကြဲသူများတို့၏ရှေ့ရေးအတွက် အကျိုးခံစားရစေရန် အပ်နှံထားသောရန်ပုံငွေမဖြစ်စေရပါ။ ဤအလှူငွေများမှာ လက်ရှိလိုအပ်သည့်ရည်ရွယ်ချက်အတွက် အသုံးပြုရန်သာဖြစ်သည်။
အဆောက်အဦစီမဲကိန်းအတွက်ငွေရေးကြေးရေးအစီအစဉ် - ဘုရားကျောင်းများဝယ် ယူရန် (သို့မဟုတ်) ဆောင်လုပ်ရန်အတွက်သော်လည်းကောင်း၊ အခြားအဆာက်အဦများအတွက် သော်လည်းကောင်း၊ ကြွေးမြီဆပ်ရန်အတွက်သော်လည်းကောင်း လိုအပ်နေသည့်ကိစ္စရပ်များအ တွက် စီစဉ်ဆောင်ရွက်ခြင်းမပြုမီ နယ်လူကြီးများနှင့် ဦးစွာတွေ့ဆုံကာ တိုင်ပင်မှုပြုရပါမည်။ အသင်းတော်ပိုင်ပစ္စည်းများဝယ်ယူခြင်း၊ ဆောင်လုပ်ခြင်းမပြုမီ နယ်နှင့် ယူနိယံကော်မတီများမှ ခွင့်ပြုချက်မရရှိပါက မည်သည့်အရာကိုမျှ စတင်၍ မပြုလုပ်ရပါ။ တည်ဆဲဥပဒေနှင့်ညီ၊ မညီ လေ့လာသုံးသပ်ပြီးမှသာ ဤကော်မတီများမှ ခွင့်ပြုသွားမည်ဖြစ်သည်။ ငွေရေးကြေးရေးနှင့်ပတ် သက်၍ အကြံပြုသောအခါ၊ ကော်မတီအနေဖြင့် အသင်းသူအသင်းသားဦးရေ၊ အသင်းတော်၏ငွေ ကြေးအင်အား၊ အဆောက်အဦတည်နေရာ အစရှိသည်တို့ကိုလည်း စဉ်းစားဆင်ခြင်သုံးသပ်သွား မည်ဖြစ်ပါသည်။
ရန်ပုံငွေများအတွက်ထိန်းသိမ်းစောင့်ရှောင့်ခြင်းနှင့် စာရင်းအင်းထားရှိခြင်း - ဘုရားရှင်၏အမှုတော်လုပ်ငန်းအတွက် ရန်ပုံငွေရယူခြင်း နှင့်ကိုင်တွယ်ထိန်းသိမ်းခြင်းသည် သန့်ရှင်းသောတာဝန်တစ်ခုဖြစ်သည်။
မှန်ကန်သောလမ်းကြောင်းသည် အသင်းသားများထံမှ အသင်းတော်သို့ ဤရန်ပုံငွေများရောက်ရှိ လာပြီး ဘဏ္ဍာရေးမှူးမှငွေထုတ်ပေးသည်။ အသင်းတော်၏ရည်ရွယ်ချက်နှင့် အညီဘဏ္ဍာရေးမှူးမှ ငွေထုတ်ပေးသည်။ နယ်အတွက်နှင့် အထွေထွေရည်ရွယ်ချက်များနှင့်ဆုင်သည့်ရန်ပုံငွေကို ဘဏ္ဍာ ရေးမှူးမှ နယ်ဘဏ္ဍာရေးမှူးထံ ပို့ပေးရပါသည်။ အသင်းတော်ဘဏ္ဍာရေးမှူးအနေဖြင့် ဘုတ်အဖွဲ့၏ ညွှန်ကြားချက်အရ ဆောင်ရွက်ရပါသည်။ အသင်းတော်အဆင့်တိုင်းရှိ ဘဏ္ဍာရေးမှူးများ (အသင်း တော်၊ နယ်၊ ယူနီယံ၊ ဒီဝီဇံ၊ ကမ္ဘာ့ဌာနချုပ်) တို့သည် မိမိတို့သဘောအတိုင်း ငွေကြေးများကို စီမံ ကွပ်ကဲ၍မရပါ။ သက်ဆိုင်ရာ အာဏာရှိကော်မတီများတို့၏ဆုံးဖြတ်ချက်အပေါ်၌သာ ငွေထုတ် ပေးခွင်းရှိသည်။
စာရင်းစစ်ခြင်း - ဒေသခံအသင်းတော်မှစ၍ ကမ္ဘာ့ဌာနချုပ်အထိအသင်းတော်၏ငွေရေး ကြေးရေးဆိုင်ရာ စာရင်းအင်းရှိသမျှတို့ကို တာဝန်ပေးအပ်ထားသော စာရင်းစစ်များမှာ စာရင်းစစ် ရပါသည်။ ဤစည်းမျဉ်းကို အသင်းတော်နှင့်ပတ်သက်သည့် အသိအမှတ်ပြုခံအဖွဲ့အစည်းအားလုံး ရှိ စာရင်းအင်းများလည်း အကျုံးဝင်ပြီး ထိုသို့ပြုလုပ်ရခြင်းသည် အသင်းတော်၏ရန်ပုံငွေများကို စိတ်ချစွာ၊ လုံခြုံစွာကိုင်တွယ်ခြင်းပင်ဖြစ်သည်။
-၀-
No comments:
Post a Comment