အခန်း (၁၄)
ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်းတော်၏
အခြေခံယုံကြည်ချက်များ
ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းတော်သည် သမ္မာကျမ်းစာတော်မြတ် ကို မိမိ၏တစ်ခုတည်းသော ယုံကြည်ချက်အဖြစ်လက်ခံပြိး မိမိ၏ အခြေခံယုံကြည်ချက် များကိုလည်း သမ္မာကျမ်းစာ၏သွန်သင်ချက်များအပေါ်အခြေခံ၍ ရေးဆွဲထားပါသည်။ ဤလက်စွဲစာအုပ်တွင် မိမိ၏ယုံကြည်ချက်များကို သမ္မာကျမ်း၏သွန်သင်ချက်များနှင့်အ ညီ အသင်းတော်၏နာလည်သဘောပေါက်မှုနှင့် ရှင်းလင်းတင်ပြမှုတို့ပါဝင်သည်။ ကမ္ဘာ့ သာသနာညီလာခံ ကျင်းပချိန်တွင် အသင်းတော်သည် သန့်ရှင်းသောဝိညာဉ်တော်၏လမ်း ညွှန်မှုကိုခံယူကာ သမ္မာကျမ်းစာ၏မှန်ကန်မှုကို ပို၍ပြည့်စုံစွာနားလည်သဘောပေါက်ရန် သို့တည်းမဟုတ် ဘုရားသခင်၏သန့်ရှင်းသော နှုတ်ကပတ်တော်သွန်သင်ချက်များကို ပို၍ သင့်လျော်သော ဘာသာစကားအသုံးအနှုန်းဖြင့် ဤဖော်ပြချက်များကို ပြန်လည်၍ပြင်ဆင် တည်းဖြတ်ရေးသားထားပါသည်။
၁။
သမ္မာကျမ်းစာ
ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းပါဝင်သော သမ္မာကျမ်းစာတစ်အုပ်လုံးသည် ဘုရား သခင်၏နှုတ်တော်ထွက်စကားများဖြစ်ပြီး ဘုရားသခင်မှုတ်သွင်းတော်မူသမျှအားဖြင့်ဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းနှိုးဆော်ချက်အတိုင်း ဘုရားသခင်၏သန့်ရှင်းသူ တို့၏ပြောဆိုရေးသားချက်များဖြစ်သည်။ ဤနှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်သည် လူသားတို့အားကယ်တင်ခြင်းရရှိနိုင်ရန်အလိုငှာ လိုအပ်သောအသိပညာကို ပေးသနား တော်မူခဲ့ပါသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏အလိုတော်ကိုဖော်ပြသော မမှား ယွင်းနိုင်သည့် ထုတ်ဖော်ပြသချက်ဖြစ်ပါသည်။ ၎င်းသည် အကျင့်စာရိတ္တ၏စံချိန်စံနှုန်းအတွေ့အကြုံ၏ဆန်းစစ်ချက်၊ ဩဝါဒများကို ထုတ်ဖော်ညွှန်ပြနိုင်သူနှင့် သမိုင်း စဉ်တစ်လျှောက်လုံးတွင် ဘုရားသခင်၏အပြုအမူများဆိုင်ရာယုံကြည်စိတ်ချရသော မှတ် တမ်းဖြစ်သည်။ (၂ပေ ၁း၂၀၊၂၁။ ၂တိ ၃း၁၆၊၁၇။ ဆာလံ ၁၁၉း၁၀၅။ သုတ္တံ ၃ဝး၅၊၆။ ဟေရှာယ ၈း၂၀။ ယောဟန် ၁၇း၁၇။ ၁သက် ၂း၁၃။ ဟေဗြဲ ၄း၁၂)။
၂။
သုံးပါးပေါင်းတစ်ဆူ
ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော သုံးပါးပေါင်း တစ်ဆူ ထာ၀ရဘုရားသခင်ရှိတော်မူ၏။ ထာ၀ရဘုရားသခင်သည် ထာ၀ရအသက်ရှင် တော်မူထသော၊ အနန္တတန်ခိုးတော်နှင့်ပြညံစုံတော်မူထသော၊ အရာခပ်သိမ်းကိုသိရှိနား လည်တော်မူထသော၊ ခပ်သိမ်းသောအရာတို့၏ အထွတ်အထိပ်ဖြစ်တော်မူထသော၊ နေရာ တိုင်းတွင် တည်ရှိတော်မူထသော အရှင်ဖြစ်တော်မူ၏။ ဘုရားသခင်သည် အနန္တတန်ခိုး ရှင်ဖြစ်တော်မူ၍ လူသားတို့မှသိကျွမ်းနားလည်နိုင်စွမ်းမရှိနိုင်သော်လည်း ကိုယ်တော်ရှင် သည် မိမိကိုယ်ကိုထုတ်ဖော်ပြသခြင်းအားဖြင့်သာ လူသားတို့သိရှိနိုင်ခဲ့ကြသည်။ ကိုယ် တော်ရှင်သည် ဖန်ဆင်းခံသတ္တဝါအပေါင်းတို့၏အစဉ်ထာ၀ရဝတ်ပြုကိုးကွယ်ခြင်း၊ ချစ်ခင် မြတ်နိုင်းခြင်းနှင့် အမှုတော်ဆောင်ရွက်ပေးခြင်းတို့နှင့် ထိုက်တန်တော်မူပါသည်။ (တရား ၆း၄။ မဿဲ ၂၈း၁၉။ ၂ကော ၁၃း၁၄။ ဧဖက် ၄း၄-၆။ ၁ပေ ၁း၁၇။ ဗျာ ၁၄း၇)။
၃။
ခမည်းတော်
ထာ၀ရဘုရားသခင်သည် ဖန်ဆင်းခြင်းအားလုံးတို့၏ဖန်ဆင်းရှင်၊ မူလအစ၊ အထောက်အမနှင့်အချုပ်အခြာအာဏာပိုင် ဖြစ်တော်မူ၏။ ကိုယ်တော်ရှင်သည် သန့်ရှင်း ဖြောင့်မတ်တော်မူသော၊ ချစ်ခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံတော်မူသော၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့်ကြွယ်၀တော်မူထသောအရှင် ဖြစ်တော်မူပါသည်။ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့တွင် ပြသတော်မူသောအရည်အချင်းများနှင့် တန်ခိုးတော်များတို့သည် အဖဘုရား သခင်၌လည်း ထုတ်ဖော်ပြသတော်မူသည်။ (ကမ္ဘာ ၁း၁။ ဗျာ ၄း၁၁။ ၁ကော ၁၅း၂၈။ ယောဟန် ၃း၁၆။ ၁ယော ၄း၈။ ၁တိ ၁း၁၇။ ထွက် ၃၄း၆၊၇။ ယောဟန် ၁၄း၉)။
၄။
သားတော်
ထာ၀ရသားတော်ဘုရားသည် ယေရှုခရစ်အားဖြင့် လူဇာတိကိုခံယူတော်မူခဲ့သည်။ သားတော်အားဖြင့်အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူ၏။ ထာ၀ရဘုရားသခင်၏ဂုဏ် အင်္ဂါလက္ခဏာတို့ကို ဖော်ပြတော်မူ၏။ လူသားတို့၏ကယ်တင်ခြင်းကို ပြီးမြောက်စေ တော်မူ၏။ ကမ္ဘာလောကသည်လည်း သူ့အားဖြင့်စီရင်ခြင်းကိုခံတော်မူ၏။ အကယ်စင်စစ် ထာ၀ရဘုရားသခင်ဖြစ်တော်မူသကဲ့သို့ ယေရှုခရစ်တော်အဖြစ်ဖြင့် လူသားစင်စစ်လည်း ဖြစ်တော်မူ၏။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေခံယူတော်မူ၍ အပျိုကညာ မာရိအားဖြင့် ဖွားမြင်ခြင်းကိုခံတော်မူ၏။ သူသည် လူသားတို့ကဲ့သို့ အသက်ရှင်တော်မူပြီး စုံစမ်းနှောင့်ယှက်ခြင်းကိုလည်း တွေ့ကြုံခံစားရ၏။ သို့ရာတွင် ထာ၀ရဘုရားသခင်၏ မေတ္တာတော်နှင့် ဖြောင့်မတ်ခြင်းတို့ကိုပြည့်စုံစွာသာဓကပြ၍ ထင်ရှားစေတော်မူ၏။ သူ၏ နိမိတ်လက္ခဏာများတို့ဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေတော်မူ၍ ဘုရား သခင်မှကတိထားတော်မူသော မေရှိယအရှင်အဖြစ် အထောက်အထားဖြစ်စေတော်မူ၏။ သူသည် ကျွန်ုပ်တို့ ကိုယ်စား၊ ကျွန်ုပ်တို့’အပြစ်အတွက် လက်ဝါးကပ်တိုင်ပေါ်တွင် မိမိ၏ ဆန္ဒအလျောက် ဒုက္ခဝေဒနာခံတော်မူသည်သာမက အသေပင်ခံတော်မူခဲ့သည်။ ၎င်းပြင် ကိုယ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူ၍ ကျွန်ုပ်တို့ ကိုယ်စား သန့်ရှင်းရာ ဌာနတော်၌ အမှုဆောင်ရန် ကောင်းကင်ဘုံသို့တက်ကြွသွားခဲ့ပါသည်။ မိမိ၏လူတို့အား နောက်ဆုံးအကြိမ်ကယ်တင်တော်မူရန်နှင့် အရာခပ်သိမ်းတို့အား မူလဖန်ဆင်းစပကတိ အ တိုင်း ပြန်လည်တည်ဆောက်ထားရှိရန် သူသည် တစ်ဖန်ကြွလာတော်မူလိမ့်ဦးမည်။ (ယော ၁း၁-၃၊၁၄။
ကော ၁း၁၅-၁၉။ ယော ၁ဝး၃၀။ ၁၄း၉။ ရောမ ၆း၂၃။ ၂ကော ၅း၁၇-၁၉။ ယော ၅း၂၂။ လု ၁း၃၅။ ဖိလိပ္ပိ ၂း၅-၁၁။ ဟေဗြဲ ၂း၉-၁၈။ ၁ကော ၁၅း၃၊၄။ ဟေဗြဲ ၈း၁၊၂။ ယော ၁၄း၁၃)။
၅။
သန့်ရှင်းသောဝိညာဉ်တော်
ထာ၀ရသန့်ရှင်းစောဝိညာဉ်တော်ဘုရားသည် ဖန်ဆင်းခြင်း၊ လူဇာတိကိုခံယူတော်မူ ခြင်းနှင့် ကယ်တင်ခြင်းလုပ်ငန်းတို့တွင် ခမည်းတော်ဘုရား၊ သားတော်ဘုရားတို့နှင့်အတူ လုပ်ဆောင်နေတော်မူသည်။ သူသည် သမ္မာကျမ်းစာရေးသားသူတို့အား တိုက်တွန်းနှိုး ဆော်တော်မူသည်။ သူသည်ခရစ်တော်၏အသက်တာကို တန်ခိုးတော်နှင့်ပြည့်၀စေတော်မူ သည်။ သူသည်လူသားတို့အား ဆွဲဆောင်တော်မူသည့်အပြစ်ရှိကြောင်းကိုလည်း ဖော်ပြ တော်မူသည်။ မိမိနှိုးဆော်ချက်ကို တုံ့ပြန်သောသူများတို့ကိုလည်း အသစ်ပြုပြင်တော်မူပြီး ဘုရားသခင်၏ပုံသဏ္ဌာန်တော်သို့ ပြောင်းလဲပေးတော်မူသည်။ ဘုရားသခင်၏သားသမီး တို့နှင့်အစဉ်အမြဲနေတော်မူရန် ခမည်းတော်နှင့်သားတော်တို့က စေလွှတ်တော်မူ၍ အသင်း တော်သို့ ဝိညာဉ်ရေးဆိုင်ရာဆုကျေးဇူးများကို ပေးသနားတော်မူပြီး ခရစ်တော်အတွက် သက်သေခံဖြစ်နိုင်ကြရန် တန်ခိုးတော်ကိုပေးသနားတော်မူသည်။ ၎င်းပြင် သမ္မာကျမ်းစာ နှင့်ပူးပေါင်းလျက် အသင်းတော်ကိုလည်း အလုံးစုံသောဖြောင့်မတ်ခြင်းတရားလမ်းသို့ ပို့ ဆောင်တော်မူသည်။ (က ၁း၁၊၂။ လု ၁း၃၅။ ၄း၁၈။ တမန် ၁ဝး၃၈။ ၂ပေ ၁း၂၁။ ၂ကော ၃း၁၈။ ဧဖက် ၄း၁၁၊၁၂။ တမန်တော် ၁း၈။ ယော၊ ၁၄း၁၆-၁၈၊၂၆။ ၁၅း၂၆၊၂၇။ ၁၆း၇-၁၃)။
၆။
ဖန်ဆင်းခြင်း
ထာ၀ရဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၏ဖန်ဆင်းရှင်ဖြစ်တော်မူပြီး သူ၏ ဖန်ဆင်းခြင်းဆိုင်ရာ လုပ်ဆောင်မှုများကို အစစ်အမှန်အတိုင်း ကျမ်းစာတော်မမြတ်တွင် ဖော်ပြထားတော်မူခဲ့ပြီးဖြစ်သည်။ ခြောက်ရက်အတွင်းဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးအပါအဝင် မြေကြီးပေါ်တွင် အသက်ရှင်သမျှ သောအရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့၏။ ထိုပထမအပတ်၏ သတ္တမနေ့ရက်တွင် အနားယူတော်မူသည်၊ ဤနည်းအားဖြင့် သူသည်ဖန်ဆင်းတော်မူခြင်းလုပ်ငန်းများကို ပြီး မြောက်စေတော်မူသည့်အထိမ်းအမှတ်အဖြစ် ဥပုသ်နေ့ကိုလည်း ထားရှိတော်မူခဲ့သည်။ ပထမဦးဆုံးသော လူယောက်ျm;နှင့်လူမိန်းမတို့ကို ဖန်ဆင်းခြင်း၏အထွတ်အထိပ်အဖြစ် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းတော်မူပြီး ကမ္ဘာကြီးကိုအုပ်စိုးစေရန်နှင့် ၎င်းတို့ကို ပြုစုစောင့်ရှောက်စေရန်တာဝန်ကိုလည်းချမှတ်ပေးတော်မူခဲ့သည်။ ကမ္ဘာကြီး အားဖန်ဆင်းပြီးသောအခါ အလွန်ကောင်းမွန်ကြောင်း တွေ့ရှိရသောကြောင့် ဘုရားသခင် ၏ဂုဏ်တော်ကို ထုတ်ဖော်ကြေညာလျက်ရှိတော်မူ၏။ (က ၁း၂။ ထွက် ၂ဝး၈-၁၁။ ဆာလံ ၁၉း၁-၆။ ၃၃း၆၊၉။ ၁၀၄။ ဟေဗြဲ ၁၁း၃)။
၇။
လူသားတို့၏သဘာ၀
လူယောက်ျm;နှင့်လူမိန်းမတို့ကို ဘုရားသခင်သည် မိမိ၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းတော်မူ၍ လွတ်လပ်စွာ တွေးတောဆင်ခြင်ရွေးချယ်လုပ်ဆောင်ပိုင်ခွင့်တန်ခိုးကို ပေးအပ်ခဲ့သည်။ လွတ်လပ်သောသတ္တဝါများအဖြစ် ဖန်ဆင်းတော်မူသော်လည်း တစ်ဦး တစ်ယောက်စီအတွက် ကိုယ်၊ စိတ်၊ ဝိညာဉ်ဟူ၍ ခွဲခြားထားမှုကင်းသောပေါင်းစည်းခြင်း ဖြင့် ၎င်းတို့၏ဇီ၀အသက်နှင့် ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့အတွက် ဘုရားသခင်ကိုမှီခိုအားထားရပါသည်။ ကျွန်ုပ်တို့၏ပထမမိဘများသည် ဘုရားသခင်၏ စကားတော်ကို နားမထောင်သည့်အခါ ကိုယ်တော်ရှင်အပေါ်၌ ထားရှိသည့် မှီခိုအားကိုးမှု ကိုငြင်းပယ်ရာရောက်၏။ သို့ဖြစ်၍ လူသည် မိမိ၏မူလအဆင့်မှ များစွာနိမ့်ကျသွားခဲ့ရ သည်။ သူတို့တွင်ရှိခဲ့သည့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်သည် ချွတ်ယွင်းအားနည်းလာ ခဲ့ပြီး သေခြင်းတရား၏အုပ်စိုးမှုအောက်သို့ ရောက်ရှိလာခဲ့ရပါသည်။ သူတို့၏သားစဉ် မြေးဆက်များတို့လည်း ဤကျဆုံးမှုသဘာ၀၏အကျိုးဆက်ကို မျှဝေခံစားကြရပါသည်။ ၎င်းတို့၏ သားစဉ်မြေးဆက်တို့သည် ချွတ်ယွင်းအားနည်းချက်နှင့် ဒုစရိုက်ပြုလိုသည့် စိတ်နေစိတ် ထားများဖြင့် မွေးဖွားလာခဲ့ကြရသည်။ သို့ရာတွင် ဘုရားသခင်သည် ခရစ်တော်အားဖြင့် ကမ္ဘာလောကကြီးအား မိမိနှင့်ပြန်လည်၍ သင့်မြတ်စေကာ သူ၏သန့်ရှင်းသောဝိညာဉ် တော်သည်လည်း နောင်တရသောအပြစ်သားတို့အား ဖန်ဆင်းရှင်၏ပုံရိပ်သဏ္ဌာန်တော်ကို ပြန်လည်ရရှိတည်ဆောက်စေပါသည်။ ထာ၀ရဘုရားသခင်၏ဘုန်းတော်အလို့ငှာ ဖန်ဆင်း တော်မူခြင်းကြောင့် ထာ၀ရအရှင်ဘုရားသခင်နှင့် လူသားအချင်းချင်းတို့အား ချစ်ခင်ကြ ရန်နှင့် ၎င်းတို့၏ပတ်ဝန်းကျင်ကိုလည်း ပြုစုစောင့်ရှောက်ရန် တောင်းဆိုတော်မူပါသည်။ (ကမ္ဘာ ၁း၂၆-၂၈။ ၂း၇။ ဆာလံ ၈း၄-၈။ တမန် ၁၇း၂၄-၂၈။ ကမ္ဘာ ၃။ ဆာလံ ၅၁း၅။ ရောမ ၅း၁၂-၁၇။ ၂ကော ၅း၁၉၊၂၀။ ဆာလံ ၅၁း၁၀။ ၁ယော ၄း၇၊၈၊၁၁၊၂၀။ က ၂း၁၅)။
၈။
မဟာအငြင်းပွားမှုကြီး
ဘုရားသခင်၏အကျင့်စရိုက်တော်၊ ပညတ်တော်နှင့် စကြ၀ဠာအပေါ် အုပ်စိုးမှုတို့နှင့် စပ်လျဉ်း၍ ခရစ်တော်နှင့်စာတန်မာရ်နတ်တို့အကြား ဖြစ်ြပွားခဲ့သည့်မဟာအငြင်းပွားမှုကြီး တွင် လူသားမျိုးနွယ်ဆက်အားလုံးတို့ ပါဝင်ပတ်သက်လျက်ရှိပေသည်။ ဖန်ဆင်းတော်မူ ခြင်းခံရသော သတ္တဝါတစ်ဦးသည် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်နှင့် အခွင့်အရေးရရှိခံစားခဲ့ ရခြင်းကြောင့်မိမိကိုယ်ကို အထင်ကြီးပြီးဘဝင်မြင့်လာကာ ဘုရားသခင်၏ရန်သူမာရ်နတ် စာတန်အဖြစ်သို့ ရောက်ရှိလာခဲ့စဉ် အနည်းစုသောကောင်းကင်တမန်တို့အား ပုန်ကန်ထ ကြွရန် ဦးဆောင်နိုင်သည့်အခါတွင် ဤယှဉ်ပြိုင်တိုက်ခိုက်ခြင်းသည် ကောင်းကင်နိုင်ငံ တော်တွင် စတင်ခဲ့ပါသည်။ စာတန်သည် အာဒံနှင့်ဧ၀တို့အား အပြစ်တရားသို့ပို့ဆောင် နိုင်ခဲ့စဉ် ကမ္ဘာလောကတါင် ပုန်ကန်ထကြွသည့်စိတ်ဓာတ်ကိုလည်း စတင်ကျင့်သုံးစေခဲ့ သည်။ ဤလူသားတို့၏အပြစ်တရားသည် လူတို့တွင်ရှိခဲ့သော ဘုရားသခင်၏သဏ္ဌာန် တော်ကို ပျက်ယွင်းမှေးမှိန်စေခြင်း၊ ဖန်ဆင်းတော်မူသောကမ္ဘာလောကကြီးအား ဆူပူအုံကြွ မှုဖြစ်စေခြင်းနှင့် ကမ္ဘာကြီးအားရေလွှမ်းမိုးသည့်အချိန်တွင် လူသားတို့အားလုံးအပေါ်သို့ ရေလွှမ်းမိုးနိုင်ခြင်း အဖြစ်သို့ ဆိုက်ရောက်စေခဲ့သည်။ ဖန်ဆင်းတော်မူသော အရာခပ်သိမ်း တို့ကို ကြည့်ရှု လျက်၊ ဤကမ္ဘာကြီးသည် တစ်လောကလုံးနှင့်ဆိုင်သောယှဉ်ပြိုင်တိုက်ခိုက်မှု၏စစ်တလင်း အဖြစ်သို့ရောက်ရှိခဲ့၍ နောက်ဆုံး၌ ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ၎င်းတို့ အထဲမှအချို့ကိုဖြောင့်မတ်သောသူအဖြစ်သို့ သတ်မှတ်ကယ်တင်ရပေတော့သည်။ ဤမဟာ အငြင်းပွားမှုကြီးတွင် မိမိ၏လူသားတို့ကိုမစရန် ခရစ်တော်သည် ကယ်တင်တော်မူသော နည်းလမ်းဖြင့် သားသမီးတို့အား လမ်းပြကာကွယ်စောင့်ရှောက်ရန်နှင့် ထောက်မကူညီရန် အတွက် သန့်ရှင်းသောဝိညာဉ်တော်နှင့် သစ္စာရှိကောင်းကင်တမနိတို့ကို စေလွှတ်တော်မူ ခဲ့ပါသည်။ (ဗျာ ၁၂း၄-၉။ ဟေရှာ ၁၄း၁၂-၁၄။ ယေဇကျေ ၂၈း၁၂-၁၈။ က ၃။ ရောမ ၁း၁၉-၃၂။ ၅း၁၂-၂၁။ ၈း၁၉-၂၂။ က ၆-၈။ ၂ပေ ၃း၆။ ၁ကော ၄း၉။ ဟေဗြဲ ၁း၁၄)။
၉။
ခရစ်တော်၏အသက်တာ၊ အသေခံတော်မူခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်း
ခရစ်တော်၏အသက်တာတွင် ထာ၀ရဘုရားခင်၏အလိုတော်ကို ပြည့်စုံစွာလိုက်နာ နားထောင်မှုရှိသည့် သူ၏ဒုက္ခဆင်းရဲခံယူခြင်း၊ အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက် တော်မူခြင်းအားဖြင့် ဘုရားသခင်သည် လူတို့၏အပြစ်ဖြေစရာအတွက် တစ်ခုတည်းသော နည်းလမ်းကိုသာ ပြင်ဆင်ထားတော်မူပါသည်။ အကြောင်းမူကား၊ ဤအပြစ်ဖြေလွှတ်ခြင်း တရားကို ယုံကြည်သောသူအပေါင်းတို့သည် ထာ၀ရအသက်ကိုရရှိစေနိုင်ရန်နှင့် ဖန်ဆင်း တော်မူသောအရာခပ်သိမ်းတို့သည် ဖန်ဆင်းရှင်၏အနန္တဖြစ်တော်မူသော သန့်ရှင်းတော်မူ သည့် သူ၏မေတ္တာတော်ကို ပို၍နားလည်းသဘောပေါက်ရန် ဖြစ်ပါသည်။ ဤပြည့်စုံလုံ လောက်သော အပြစ်ဖြေလွှတ်ခြင်းတရားသည် ထာ၀ရဘုရားသခင်၏ဖြောင့်မတ်ခြင်း၊ သူ၏ကရုဏာတရားနှင့် ပြည့်စုံတော်မူခြင်း၏စာရိတ္တတော်ကိုပြသတော်မူပါသည်။ ခရစ် တော်၏အသေခံတော်မူခြင်းသည် အစားထိုးခြင်းနှင့် ပေးအပ်တော်မူခြင်းဖြစ်ခြင်း၊ ပြန်လည်သင့်မြတ်စေခြင်းနှင့်ပြုပြင်ပြောင်းလဲပေးခြင်းကို ဖော်ဆောင်သည်။ ခရစ်တော်၏ရှင်ပြန်ထမြောက် ခြင်းသည် မကောင်းမှုဒုစရိုက်အင်အားစုများအပေါ် ဘုရားသခင်၏အောင်မြင်တော်မူခြင်း ကို ကြွေးကြော်တော်မူပြီး ဤအပြစ်ဖြေလွှတ်ခြင်းတရားကို ယုံကြည်လက်ခံသူအပေါင်းတို့ သည် အပြစ်တရားနှင့်သေခြင်းတရားတို့ အပေါ်တွင် သူတို့၏နောက်ဆုံးသောအောင်မြင်မှု ကို အာမခံပေးသည်။ ၎င်းသည် ကောင်းကင်ဘုံတွင်လည်းကောင်း၊ မြေကြီးပေါ်တွင် လည်းကောင်း၊ ရှေ့တော်၌ဒူးထောက်ဦးညွှတ်ကြမည်။ သခင်ယေရှုခရစ်၏အုပ်စိုးတော်မူ ခြင်းဘွဲ့နာမကို လူသိရှင်ကြားထုတ်ဖော်ကြေညာခြင်းဖြစ်သည်။ (ယော ၃း၁၆။ ဟေရှာ ၅၃။ ၁ပေ ၂း၂၁၊၂၂။ ၁ကော ၁၅း၃၊၄၊၂၀-၂၂။ ၂ကော ၅း၁၄၊၁၅၊၁၉-၂၁။ ရောမ ၁း၄။ ၃း၂၅။ ၄း၂၅။ ၈း၃၊၄။ ၁ယော ၂း၂။ ၄း၁၀။ ကော၊ ၂း၁၅။ ဖိလိပ္ပိ ၂း၆-၁၁)။
၁၀။ ကယ်တင်ခြင်း၏အတွေ့အကြုံ
အနန္တမေတ္တာတော်နှင့် ကရုဏာတော်ကြောင့် ထာ၀ရဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောခရစ်တော်အားကျွန်ုပ်တို့အတွက်အပြစ်ရှိသောသူဖြစ်စေတော်မူ၏။အကြောင်း မူကား၊ ထိုသူအားဖြင့်ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သော သူများဖြစ် နိုင်ကြရန်အကြောင်းတည်း။ သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြခြင်းအားဖြင့် ကျွန်ုပ်တို့ သည် မိမိ၏လိုအပ်ချက်ကို နားလည် သဘောပေါက်နိုင်သည်။ အပြစ်နှင့်ပြည့်၀သော အဖြစ်ကို ဝန်ခံနိုင်သည်။ ကျူးလွန်ခဲ့သောအပြစ်များအတွက် နောင်တရစေပါသည်။ ခရစ် တော်အားကယ်တင်ရှင်သခင်နှင့် အပြစ်ဖြေလွှတ်နိုင်သူအဖြစ်လည်းကောင်း၊ အပြစ်သား များအတွက် ကိုယ်စားတော်နှင့် စံနမူနာအဖြစ်သော်လည်းကောင်း၊ ယုံကြည်ကိုးစားနိုင် သည်။ ကယ်တင်ခြင်းကိုသယ်ဆောင်လာသည့် ဤယုံကြည်ခြင်းသည် နှုတ်ကပတ်တော် ၏မြင့်မြတ်တော်မူသော ဘုန်းတော်အားဖြင့်ရရှိလာပြီး ၎င်းသည် ထာ၀ရဘုရားသခင်၏ ကရုဏာကျေးဇူးတော်ဖြစ်သည်။ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်ရာသို့ ရောက်ရှိကြသည်။
ဘုရားသခင်၏သားသမီးများအဖြစ် ခံယူခွင့်ရကြသည်။ အပြစ်တရား၏အုပ်စိုးမှုအောက်မှ ကယ်နုတ်ခြင်းခံရကြသည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့သည် ဒုတိယ မွေးခြင်းခံယူကြပါက သန့်ရှင်းဖြောင့်မတ်သူများအဖြစ် သတ်မှတ်ခြင်းခံရကြမည်ဖြစ် သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏စိတ်နှလုံးကို အသစ်ပြုပြင်ပြောင်း လဲပေးသည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့်ဆိုင်သောပညတ်တော်ကို ကျွန်ုပ်တို့ ၏စိတ်နှလုံးထဲ တွင် ရေးမှတ်တော်မူသည်။ သန့်ရှင်းသောအသက်တာနှင့် အသက်ရှင်နေ ထိုင်နိုင်ရန် ရေးမှတ်တော်မူသည်။ သန့်ရှင်းသောအသက်တာနှင့်အသက်ရှင်နေထိုင်နိုင်ရန် တန်ခိုးတော်ကိုလည်း ပေးသနားတော်မူသည်။ သူနှင့်အတူမိတ်သဟာယဖွဲ့နေထိုင်ခြင်း အားဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းစင်ကြယ်သောဘ၀ကို ယူတင်ဝတ်ဆောင်ခြင်းဖြစ်ပြီး ယခုပစ္စုပ္ပန်တွင်လည်းကောင်း၊ တရားစီရင်ရာအချိန်တွင်လည်းကောင်း၊ ကယ်တင်ခြင်းရရှိ ခံစားရစေရန် အာမခံချက်ရရှိစေပါသည်။ (၂ကော ၅း၁၇-၂၁။ ယော ၃း၁၆။ ဂလာ ၁း၄။ ၄း၄-၇။ တိတု ၃း၃-၇။ ယော ၁၆း၈။ ဂလာ ၃း၁၃၊၁၄။ ၁ပေ ၂း၂၁၊၂၂။ ရောမ ၁ဝး၁၇။ လု ၁၇း၅။ မာ ၉း၂၃၊၂၄။ ဧဖက် ၂း၅-၁၀။ ရော ၃း၂၁-၁၆။ ကော ၁း၁၃၊၁၄။ ရောမ ၈း၁၄-၁၇။ ဂလာ ၃း၂၆။ ယော ၃း၃-၈။ ၁ပေ ၁း၂၃။ ရောမ ၁၂း၂။ ဟေဗြဲ ၈း၇-၁၂။ ယေဇ ၃၆း၁၅-၁၇။ ၂ပေ ၁း၃၊၄။ ရောမ ၈း၁-၄။ ၅း၆-၁၀)။
၁၁။ ခရစ်တော်၌ကြီးထွားခြင်း
ကပ်တိုင်ပေါ်အသေခံခဲ့သော ယေရှုခရစ်တော်သည် စာတန်မာရ်နတ်၏တန်ခိုးကို အောင်မြင်ခဲ့သည်။ ဤလောက၌ ခမည်းတော်၏လုပ်ငန်းကိုလုပ်ကိုင်စဉ် နတ်ဆိုးတို့၏ တန်ခိုးကို နိုင်နင်းခဲ့သောသခင်သည် နတ်ဆိုးစာတန်မာရ်နတ်၏ တန်ခိုးဟူသရွေ့တို့ကို ပျောက်ကွယ်စေခဲ့ပါသည်။ ယေရှု၏အောင်မြင်ခြင်းတန်ခိုးသည် ကျွန်ုပ်တို့၏အောင်မြင် ခြင်းသာဖြစ်ပြီး ဤဆိုးသွမ်းမှုတန်ခိုးတို့သည် ကျွန်ုပ်တို့ကို ထိန်းချုပ်၍မရနိုင်တော်သည့် အတွက် ကျွန်ုပ်တို့၏အသက်တာလမ်းခရီးကို ငြိမ်းအေးစွာ၊ ဝမ်းမြောက်စွာ၊ ဘုရားရှင်၏ မေတ္တာတော်အရိပ်အောက်၌ လုံခြုံစွာလျှောက်လှမ်းနိုင်ကြပါသည်။ ယခုတွင်သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏စိတ်နှလုံးထဲ၌ကိန်းဝပ်၍ ကျွန်ုပ်တို့ကိုခွန်အားပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့ ၏အသက်တာကိုကယ်တင်ရှင်ယေရှုခရစ်တော်လက်တွင်းသို့ အပ်နှံခဲ့သည့်အတွက် လွန်ခဲ့ သောကျွန်ုပ်တို့၏ဝန်ထုပ်ဝန်ပိုးအားလုံးတို့ကို ပေါ့ပါးစေရုံမျှမက အားလုံးပျောက်ကွယ် သွားပါသည်။ အမှောင်ထုထဲ၌ ကျွန်ုပ်တို့အသက်မရှင်ရတော့ပါ။ လွန်ခဲ့သောအဓိပ္ပါယ် ကင်းမဲ့သည်အသက်တာကို မေ့ပျောက်သွားနိုင်ခဲ့ပါသည်။ ခရစ်တော်၌ လွတ်လပ်မှုသည် ခရစ်တော်စာရိတ္တကဲ့သို့ကြီးထွားရန် ကျွန်ုပ်တို့အားခေါ်ဖိတ်လျက် ဆုတောင်းခြင်းအားဖြင့် သူနှင့်အကျွမ်းတဝင်ရှိခြင်း၊ နှုတ်ကပတ်တော်ကို ဖတ်ရှု၍ သူ၏အကြောင်းကိုဆင်ခြင်ခြင်း၊ သူ၏လမ်းပြမှုကိုအားကိုးခြင်း၊ သူ၏ကျေးဇူးတော်ကိုချီးမွမ်းခြင်း၊ သူ့အားဝတ်ပြုကိုးကွယ် လျက် သူနှင့်အတူလက်တွဲအသက်ရှင်ခြင်းအားဖြင့် အသင်းတော်ကို တိုးတက်ကြီးထွားစေ ရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ရှိ လူသားများတို့၏ကယ်တင်ခြင်းဆုကျေးဇူးရ ရှိရေးအတွက် ကျွန်ုပ်တို့အသက်တာကိုအပ်နှံ၍ သက်သေခံသောအခါ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့နှင့်အတူရှိမည်ဖြစ်ပြီး ကျွန်ုပ်တို့၏လုပ် ဆောင်လေသမျှတို့၌ ကူညီမစသွားမည်ဖြစ်သည်။ (ဆာလံ ၁း၁၊၂။ ၁၃း၄။ ၇၇း၁၁၊၁၂။ ကော ၁း၁၃၊၁၄။ ၂း၆၊၁၄၊၁၅။ လုကာ ၁ဝး၁၇-၂၀။ ဧဖက် ၅း၁၉၊၂၀။ ၆း၁၂-၁၈။ ဆသက် ၅း၂၃။ ၂ပေ ၂း၉။ ၃း၁၈။ ၂ကော ၃း၁၇၊၁၈။ ဖိလိပ္ပိ ၃း၇-၁၄။ ၁သက် ၅း၁၆-၁၈။ မဿဲ ၂ဝး၂၅-၂၈။ ယော ၂ဝး၂၁။ ဂလာတိ ၅း၂၂-၂၅။ ရောမ ၈း၃၈၊၃၉။ ၁ယော ၄း၄။ ဟေဗြဲ ၁ဝး၂၅)။
၁၂။
အသင်းတော်
အသင်းတော်ဟူသည်မှာ ယေရှုခရစ်တော်အား မိမိ၏သခင်ဘုရားနှင့် ကယ်တင်ရှင် ဖြစ်ကြောင်း ဝန်ခံပြောဆိုကြသော ယုံကြည်သူလူစုဖြစ်သည်။ ဓမ္မဟောင်းကျမ်းခေတ် ဘုရားသခင်၏လူများတို့နှင့် တစ်ဆက်တစ်စပ်တည်းဖြစ်လျက် ကျွန်ုပ်တို့သည် ကမ္ဘာလောကကြီးထဲမှခေါ်ထုတ်ခြင်းခံရပြီး ဝတ်ပြုကိုးကွယ် ခြင်း၊ ပေါင်းသင်းဆက်ဆံခြင်း၊ နှုတ်ကပတ်တော်မှသွန်သင်ချက်များကို ခံယူခြင်း၊ ကိုယ် တော်ရှင်၏ညစာစားပွဲအတွက်ပြင်ဆင်ခြင်း၊ လူသတ္တဝါအပေါင်းတို့အား ပြုစုစောင့်ရှောက် ခြင်းနှင့်ကမ္ဘာတစ်ဝန်းလုံးသို့ ဧဝံဂေလိတရားတော်ကိုဝေငှကြွေးကြော်ခြင်းတို့ကိုဆောင်ရွက် ကြရန်အတွက် ကျွန်ုပ်တို့အားလုံး အတူတကွပူးပေါင်းပါဝင်လာကြခြင်းဖြစ်သည်။ အသင်း တော်သည် နှုတ်ကပတ်တော်အဖြစ်ခံယူတော်မူသော ခရစ်တော်ထံမှလည်းကောင်း၊ သမ္မာ ကျမ်းစာတော်မြတ်အဖြစ်ရေးသားထားသော ဘုရားသခင်၏နှုတ်တော် ထွက်စကားများမှ လည်းကောင်း၊ ယင်း၏စီမံခန့်ခွဲပိုင်ခွင့်များကို ထုတ်နုတ်ရယူပါသည်။ အသင်းတော်သည် ထာ၀ရဘုရားသခင်၏သားသမီးများအဖြစ် လက်ခံမွေးစားတော်မူသော အမွေတော်ခံမိသား စု ဖြစ်၍ ၎င်းအသင်းဝင်များသည် အသစ်သောပဋိညာဉ်အခြေခံမူအရ အသက်ရှင်နေထိုင် ကြပါသည်။ အသင်းတော်သည် ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်၍ ခရစ်တော်ကိုယ်တော်တိုင် ဦးခေါင်းတော်ဖြစ်တော်မူသော ယုံကြည်ကိုးစားမှုအစုအဝေးဖြစ်သည်။ အသင်းတော်သည် သတို့သမီးကညာဖြစ်တော်မူ၍ သူမအားသန့်ရှင်းစင်ကြယ်စေရန်အလို့ငှာ ခရစ်တော် အသေခံတော်မူခြင်းဖြစ်သည်။ ကိုယ်တော်ရှင်သည် အောင်မြင်မှုဘုန်းတော်နှင့်တကွ ပြန် ကြွလာတော်မူသည့်အခါ ခေတ်ကာလတစ်လျှောက်တွင် တည်ကြည်ခဲ့ကြသူများပါဝင် သော၊ အသွေးတော်နှင့်ဝယ်ယူတော်မူသော အရေတွန့်ခြင်း၊ အညစ်အကြေးတင်ခြင်းကင်း သော၊ သန့်ရှင်း၍ အပြစ်အနာအဆာနှင့်ကင်းသော၊ ဘုန်းတန်ခိုးတော်ကို ထင်ရှားစေတော် မူသော အသင်းတော်ကို မိမိထံသို့သိမ်းဆည်းတော်မူလိမ့်မည်။ (ကမ္ဘာ ၁၂း၃။ တမန် ၇း၃၈။ ဧဖက် ၄း၁၁-၁၅။ ၃း၈-၁၁။ မဿဲ ၂၈း၁၉၊၂၀။ ၁၆း၁၃-၂၀။ ၁၈း၁၈။ ဧဖက် ၂း၁၉-၂၂။ ၁း၂၂၊၂၃။ ၅း၂၃-၂၇။ ကောလော ၁း၁၇၊၁၈)။
၁၃။ ကျန်ကြွင်းသောအသင်းတော်နှင့်ယင်း၏သာသနာလုပ်ငန်း
တစ်ကမ္ဘာလုံးနှင့်ဆိုင်သော အသင်းတော်တွင် ခရစ်တော်ကိုအမှန်ယုံကြည်ကြသော သူများအားလုံး ပေါင်းစပ်ပါဝင်ကြပါသည်။ သို့သော်နောက်ဆုံးသောနေ့ရက်များတွင် ဖောက်ပြန်သင်းခွဲခြင်းတွေ့ကြရသောအခါ ယေရှု၏ ယုံ ကြည်ခြင်းနှင့် ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ရှောက်ရန် အသင်းတော်မှကျန် ကြွင်းသူတို့ကို ခေါ်ထုတ်တော်မူခဲ့ပြီးဖြစ်သည်။ ဤကျန်ကြွင်းသောအသင်းတော်သည် တရားစီရင်ရာနေ့ရက်ကျရောက်ပြီဖြစ်ကြောင်း ကြေညာသည်။ ခရစ်တော်အားဖြင့်ရနိုင် သော ကယ်တင်ခြင်းတရားကိုလည်း ထုတ်ဖော် ဟောကြားသည်။ ကိုယ်တော်ရှင်၏ ဒုတိယအကြိမ်ကြွလာတော်မူခြင်းကို ကြွေးကြော်သည်။ ဤထုတ်ပြန်ကြေညာချက်ကို ဗျာဒိတ် ၁၄ တွင်ပါရှိသောကောင်ကင်တမန်သုံးပါးအားဖြင့် အမှတ်အသားပြုသည်။ ကောင်းကင်နိုင်ငံတော်တွင်ကျင်းပသော တရားစီရင်ခြင်းနှင့် ထပ်တူကျပြီး မြေကြီးပေါ် တွင် နောင်တရခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းလုပ်ငန်းအဖြစ် အကျိုးသက်ရောက်သည်။ ဤကမ္ဘာအနှံ့ကျယ်ပြန့်သော သက်သေခံခြင်းလုပ်ငန်းတွင် ယုံကြည်သူတိုင်း မိမိတို့၏ တစ်ဦးစီလုပ်ဆောင်မှု အခန်းကဏ္ဍအဖြစ် ပါဝင်ကြရန် ခေါ်တော်မူလျက်ရှိပါသည်။ (ဗျာ ၁၂း၁၇။ ၁၄း၆-၁၂။ ၁၈း၁-၄။ ၂ကော ၅း၁၀။ ယု ၃ါ်၁၄။ ၁ပေ ၁း၁၆-၁၉။ ၂ပေ ၃း၁၀-၁၄။ ဗျာ ၂၁း၁-၁၄)။
၁၄။ ခရစ်တော်၏ကိုယ်အင်္ဂါ၌စည်းလုံးညီညွတ်ခြင်း
အသင်းတော်သည် လူအမျိုးအနွယ်အသီးအသီး၊ ဘာသာစကားအမျိုးမျိုးတို့မှ ခေါ် တော်မူခြင်းခံရသော အသင်းဝင်များစွာတို့ဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းကဲ့သို့ ပေါင်းစည်း ထားလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် အမျိုးအနွယ်၊ ယဉ်ကျေးမှု၊ အသိပညာနှင့်နိုင်ငံသား တို့အရ ထူးခြားကြပြီး အနိမ့်အမြင့်၊ ဆင်းရဲချမ်းသာ၊ ကျား^မဖြစ်ခြင်းကြောင့် ကွဲပြားခြား နားကြသော်လည်း ကျွန်ုပ်တို့အတွင်း၌ စိတ်ဝမ်းကွဲမှုမရှိသင့်ချေ။ ကျွန်ုပ်တို့အားလုံးသည် ခရစ်တော်ရှေ့၌ တူညီကြပါသည်။ သန့်ရှင်းသောဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်တော်ရှင်နှင့်လည်းကောင်း၊ ကျွန်ုပ်တို့အချင်းချင်းတို့နှင့်လည်းကောင်း တစ်ခုတည်း သော မိတ်သဟာယဖွဲ့မှု၌ ကျွန်ုပ်တို့အားချည်နှောင်တော်မူပြီ။ ကျွန်ုပ်တို့အလုပ်အကျွေးပြုရာတွင်လည်းကောင်း၊ အပြုအစုခံရာတွင်လည်းကောင်း၊ မျက်နှလိုက်ခြင်း၊ ခြွင်းချန်ခြင်း တို့နှင့် ကင်းလွတ်ရမည်။ သမ္မာကျမ်းစာတွင်ပါရှိသည့် ခရစ်တော်၏ထုတ်ဖော်ပြသခဲ့ခြင်း ဖြင့် တူညီသောယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းကို ဝေငှတော်မူပြီး လူအပေါင်းတို့ထံသို့ တစ်ခုတည်းသောသက်သေခံခြင်းကို ဖြန့်ဝေပါသည်။ ဤစည်းလုံးညီညွတ်မှု၏ အခြေ အမြစ် သည် ကျွန်ုပ်တို့အား မိမိ၏သားသမီးများအဖြစ် လက်ခံမွေးစားတော်မူသော သုံး ပါးပေါင်းတစ်ဆူတည်းဟူသော ထာ၀ရဘုရားသခင်နှင့် တစ်လုံးတစ်၀တည်းဖြစ်ခြင်းတွင် တည်ရှိပါသည်။ (ရောမ ၁၂း၄၊၅။ ၁ကော ၁၂း၁၂-၁၄။ မဿဲ ၂၈း၁၉၊၂၀။ ဆာလံ ၁၃၃း၁။ ၂ကော ၅း၁၆၊၁၇။ တမန်တော် ၁၇း၂၆၊၂၇။ ဂလာ ၃း၂၇၊၂၉။ ကောလော ၃း၁၀-၁၅။ ဧဖက် ၄း၁၄-၁၆။ ၄း၁၄-၁၆။ ၄း၁-၆။ ယောဟန် ၁၇း၂၀-၂၃)။
၁၅။ ရေနှစ်ခြင်းမင်္ဂလာ
ရေနှစ်ခြင်းမင်္ဂလာခံယူခြင်းအားဖြင့် သခင်ယေရှုခရစ်၏အသေခံတော်မူခြင်းနှင့် ရှင် ပြန် ထမြောက်ခြင်းကို ယုံကြည်ကြောင်း၊ ကျွန်ုပ်တို့ဝန်ခံကြပြီး အပြစ်တရားတွင် အသေခံ ခြင်းနှင့် အသစ်သောအသက်တာ၌ ဆက်လက်နေထိုင်သွားမည်ဖြစ်ကြောင်း သက်သေခံ ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် သခင်ခရစ်တော်အား မိမိ၏သခင်ဘုရား နှင့် ကယ်တင်ရှင်အဖြစ်အသိအမှတ်ပြုခြင်းဖြစ်သည်။ သူ၏သားသမီးများဖြစ်လာကြ သည်။ သူ၏အသင်းတော်တွင်လည်း အသင်းဝင်များအဖြစ် ပါဝင်ခွင့်ရရှိကြသည်။ ရေနှစ် ခြင်းမင်္ဂလာခံယူခြင်းသည် သခင်ခရစ်တော်နှင့် ကျွန်ုပ်တို့ပေါင်းစည်းခြင်း၊ ကျွန်ုပ်တို့၏ အပြစ်ဒုစရိုက်များကို ဖြေလွှတ်ပေးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်အား ကျွန်ုပ်တို့ကြို ဆိုဧည့်ခံခြင်းတို့၏ သင်္ကေတဖြစ်သည်။ ၎င်းသည် ရေတွင်နစ်မြုပ်ခြင်းအားဖြင့်ဖြစ်ပြီး ခရစ်တော်ကိုယုံကြည်ကြောင်း အခိုင်အမာပြောဆိုခြင်းနှင့် အပြစ်ဒုစရိုက်မှ နောင်တရ ကြောင်း သက်သေပြသခြင်းအားဖြင့်သာ တည်ရှိနေပါသည်။ ရေနှစ်ခြင်းမင်္ဂလာသည် သမ္မာကျမ်းစာတွင်ပါရှိသော
၁၆။ ကိုယ်တော်၏ညစာစားပွဲ
ကိုယ်တော်ရှင်၏ညစာစားပွဲသည် ခရစ်တော်၏အသားတော်နှင့် အသွေးတော်ကို သုံးဆောင်ခြင်းသင်္ကေတများဖြစ်ကြပြီး ခရစ်တော်အား ကျွန်ုပ်တို့၏ သခင်ဘုရားနှင့် ကယ်တင်ရှင်အဖြစ်ယုံကြည်ကြောင်း ဖော်ပြခြင်းဖြစ်သည်။ ဤပွဲတော်မင်္ဂလာကျင်းပခြင်း အတွ့အကြုံတွင် ခရစ်တော်သည် မိမိလူတို့ကို တွေ့ဆုံရန်နှင့်ခွန်အားပေးရန် ကြွရောက် တော်မူပါသည်။ ပွဲတော်မင်္ဂလာတွင် ပါဝင်ခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် ကိုယ်တော်ရှင် ၏အသေခံတော်မူခြင်းကို ကိုယ်တော်ရှင်ဒုတိယအကြိမ်ကြွလာတော်မူသည်အထိ ဝမ်းသာ စွာဖြင့် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ ညစာစားပွဲ (သို့မဟုတ်) ပွဲတော်မင်္ဂလာ အတွက် ပြင်ဆင်ခြင်းတွင် မိမိကိုယ်ကိုပြန်လည်ဆန်းစစ်ခြင်း၊ မိမိအပြစ်များအတွက် နောင်တရ ခြင်းနှင့် ယင်းအပြစ်များအတွက် ဝန်ချတောင်းပန်ခြင်းတို့ပါဝင်ပါသည်။ ကျွန်ုပ်တို့၏ သခင်ဘုရားသည် ကျွန်ုပ်တို့အား အသစ်တစ်ဖန်ပြန်လည် ဆေးကြောသန့်စင်ရန် လိုအပ် ကြောင်း လက်တွေ့ပြသရန် ခရစ်တော်၏နှိမ့်ချခြင်းသဘောကဲ့သို့ ကျွန်ုပ်တို့သည် အချင်း ချင်း တို့အားကူညီ ပြုစုလိုသော ဆန္ဒရှိသင့်ကြောင်းဖော်ပြရန်နှင့် ကျွန်ုပ်တို့၏စိတ်နှလုံး များကိုချစ်ခြင်းမေတ္တာတွင်စည်းလုံးညီညွတ်ကြစေရန်အတွက် ခြေဆေးမင်္ဂလာပွဲကို ချမှတ် ပေးခဲ့ခြင်းဖြစ်သည်။ ပွဲတော်မင်္ဂလာအစီအစဉ်တွင် ယုံကြည်သူခရစ်ယာန်များ အားလုံး ပါ ဝင်ခွင့်ရှိသည်။ (၁ကော ၁ဝး၁၆၊၁၇။ ၁၁း၂၃-၃၀။ မဿဲ ၂၆း၁၇-၃၀။ ဗျာ ၃း၂၀။ ယော ၆း၄၈-၆၃။ ၁၃း၁-၁၇)။
သခင်ဘုရားသည် ခေတ်ကာလတစ်လျှောက်လုံးတွင် သူ၏ကိုယ်ခန္ဓာတည်းဟူသော အသင်းတော်ရှိအင်္ဂါများဖြစ်သော ကျွန်ုပ်တို့အားလုံးအပေါ်သို့
၁၈။ ပုရောဖက်ဟောကြားချက်ဆုကျေးဇူး
သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးများအနက်မှ တစ်ခုသောဆုကျေးဇူးမှာ ပုရောဖက်ဟောကြားချက်ဖြစ်သည်။ ဤဆုကျေးဇူးသည် ကျန်ကြွင်းသောအသင်းတော် အတွက် သက်သေပြသည့်အမှတ်အသားတစ်ခုဖြစ်ပြီး မမဝှိုက်သည် ၎င်းသာသနာ့အမှု တော်တွင် ထင်ရှားစွာပေါ်လွင်လျက်ရှိသည်။ ဘုရားသခင်၏စေတမန်တစ်ဦးအနေဖြင့် သူမ၏ရေးသားချက်များသည် ဆက်လက်တည်မြဲလျက်ရှိသော အာဏာသက်ရောက်မှုရှိ သည့် အမှန်တရား၏အရင်းအမြစ်ဖြစ်ပြီး အသင်းတော်အားနှစ်သိမ့်ခြင်း၊ လမ်းပြခြင်း၊ ညွှန်ကြားခြင်းနှင့်မှန်ကန်စေခြင်းတို့ကို ပြင်ဆင်ထားရှိပေးပါသည်။ အားလုံးသောသွန် သင်မှုများနှင့် အတွေ့အကြုံများသည် သမ္မာကျမ်းစာတည်းဟူသော စံချိန်စံညွှန်းအားဖြင့် သာ အစစ်ဆေးခံရမည်ဖြစ်ကြောင်းလည်း ၎င်း၏ရေးသားထားချက်များမှ ရှင်းလင်းစွာ ဖော်ပြထားပါသည်။ (ယောလ ၂း၂၈၊၂၉။ တမန် ၂း၁၄-၂၁။ ဟေဗြဲ ၁း၁-၃။ ဗျာ ၁၂း၁၇။ ၁၉း၁၀)။
၁၉။ ဘုရားသခင်၏ပညတ်တရား
ဘုရားသခင်၏ပညတ်တရားမှ အဓိကအခြေခံမူကို ပညတ်တော်ဆယ်ပါးတွင်ရုပ်လုံး ဖော်ထားပြီး ခရစ်တော်၏အသက်တာတွင်လည်း သာဓကပြ၍ ထင်ရှားစေခဲ့သည်။ ၎င်း အခြေခံပညတ်များသည် လူသားတို့၏ကျင့်ဝတ်နှင့် သက်ဆိုင်သောထာ၀ရဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ လိုအင်ဆန္ဒနှင့်ရည်ရွယ်ချက်များကိုဖော်ပြပြီး ခေတ်ကာလတိုင်းတွင် လူ သားတို့အားစုစည်းထားလျက်ရှိသည်။ ဤပညတ်ချက်များသည် ထာ၀ရဘုရားသခင်နှင့် သူ၏လူများတို့စပ်ကြား ပဋိညာဉ်တရား၏အခြေခံများနှင့် ထာ၀ရဘုရားသခင်၏စီရင်ဆုံး ဖြတ်ချက် စံချိန်စံညွှန်းလည်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အကျိုးဆောင်
ဃM – ၂၀
ပေးခြင်းအားဖြင့် ပညတ်ချက်များသည် အပြစ်ကိုဖော်ပြပြိး ကယ်တင်ရှင် တစ်ပါးလိုအပ် ကြောင်း အသိတရားကို နှိုဆော်ပေးသည်။ ကယ်တင်ခြင်းသည် ကရုဏာ်တော်အားဖြင့် သာဖြစ်ပြီး မိမိ၏လုပ်ဆောင်မှုများကြောင့်မဟုတ်ပါ။ သို့ရာတွင် ၎င်း၏အကျိုးတရားမှာ ပညတ်တော်ဆယ်ပါးကို ရိုသေနားထောင်ခြင်းဖြစ်သည်။ ဤနားထောင်ခြင်းသည် ခရစ် ယာန်စာရိတ္တကိုပွားများတိုးတက်စေပြီး ကိုယ်၊ စိတ်နှစ်ပါးကျန်းမာချမ်းသာဖြင်းတွင် အကျိုးဖြစ်ထွန်းစေပါသည်။ ၎င်းသည် ဘုရားသခင်အပေါ်ထားရှိသောမေတ္တာနှင့် မိမိတို့ လူသားချင်းအပေါ်ထားရှိသော ဆက်စပ်မှုတို့၏ သက်သေခံအထောက်အထားဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် နားထောင်ခြင်းသည်ကျွန်ုပ်တို့၏အသက်တာကိုပြောင်းလဲရန် ခရစ် တော်၏တန်ခိုးတော်ဖြစ်သဖြင့် ခရစ်ယာန်သက်သေခံခြင်းကို အင်အားတိုးမြှင့်စေသည်။ (ထွက် ၂ဝး၁-၁၇။ ဆာ ၄ဝး၇၊၈။ မဿဲ ၂၂း၃၆-၄၀။ တရား ၂၈း၁-၁၄။ မဿဲ ၅း၁၇-၂၀။ ဟေဗြဲ ၈း၈-၁၀။ ယော ၁၅း၇-၁၀။ ဧဖက် ၂း၈-၁၀။ ၁ယော ၅း၃။ ရော ၈း၃၊၄။ ဆာ ၁၉း၇-၁၄)။
၂၀။ ဥပုသ်နေ့
စေတနာပြည့်စသောဖန်ဆင်းရှင်သည် ခြောက်ရက်ပတ်လုံး ဖန်ဆင်းခြင်း လုပ်ငန်း ကို ဆောင်ရွက်တော်မူပြီးနောက် သတ္တမနေ့ရက်တွင် ငြိမ်ဝပ်စွာနေတော်မူ၏။ ဖန်ဆင်း တော်မူသောလုပ်ငန်းကို သတိရစေရန် လူသားများအားလုံးအတွက် ဥပုသ်နေ့ကို အထူး ရည်ရွယ်ချက်ဖြင့် တည်ထောင်တော်မူခဲ့သည်။ ဘုရားသခင်၏မပြောင်းလဲနိုင်သော ပညတ်တော်၏စတုတ္ထပညတ်သည် ဤသတ္တမနေ့ဥပုသ်ကို ငြိမ်ဝပ်ရာနေ့နှင့် ဝတ်ပြုကိုး ကွယ်ရာနေ့အဖြစ် ဥပုသ်နေ့၏အရှင်သခင်ဖြစ်တော်မူသော သခင်ခရစ်တော်၏ သွန်သင် ချက်နှင့် လက်တွေ့လုပ်ဆောင်ချက်များအတိုင်း လိုက်နာစောင့်ရှောက်ရန် တောင်းဆိုတော် မူသည်။ ဥ့ပုသ်နေ့သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူသားအချင်းချင်းတို့နှင့် ပေါင်း သင်းဆက်ဆံရာတွင်လည်းကောင်း ဝမ်းမြောက်ဖွယ်ရာ ကောင်းသောနေ့ဖြစ်သည်။ ဥပုသ် နေ့သည် ခရစ်တော်၌ရရှိသော ကယ်တင်ခြင်း၏အထိမ်းအမှတ်
၂၁။
ဘဏ္ဍာစိုးလုပ်ငန်း
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘဏ္ဍာစိုးများဖြစ်ကြသည်။ ကျွန်ုပ်တို့အား အချိန်နှင့် အခွင့်အရေးများ၊ စွမ်းရည်သတ္တိများနှင့် ပစ္စည်းဥစ္စာများ၊ ကမ္ဘာမြေကြီးနှင့် ၎င်း၏သယံဇာ တပစ္စည်းများတို့ကို ပေးအပ်ထားခဲ့သည်။ ထိုအရာများတို့ကို မှန်ကန်စွာ အသုံးပြုတတ်ရန် ကျွန်ုပ်တို့တွင်တာဝန်ရှိပါသည်။ ထာ၀ရဘုရားသခင်၏ပိုင်ဆိုင်ခြင်းကို ကိုယ်တော်ရှင်အား လည်းကောင်း၊ လူသားအချင်းချင်းတို့အားလည်းကောင်း၊ သစ္စာရှိသော လုပ်ဆောင်မှုများ အားဖြင့်လည်းကောင်း၊ ဧဝံဂေလိတရားဖြန့်ဝေခြင်းနှင့် ခရစ်တော်၏အသင်းတော်တိုးတက် ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ရန်ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေများကို ပြန်လည်ပေးလှူခြင်း အားဖြင့်လည်းကောင်း ကျွန်ုပ်တို့အသိအမှတ်ပြုပါသည်။ ဘဏ္ဍာစိုးလုပ်ငန်းသည် ထာ၀ရ ဘုရားသခင်ပေးသနားတော်မူသည့် အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ကျွန်ုပ်တို့အား ချစ်ခြင်း မေတ္တာတွင် ပြုစုပျိုးထောင်ရန်နှင့်ကျွန်ုပ်တို့၏ တစ်ကိုယ်ကောင်းဆန်မှု နှင့်လိုချင်တပ်မက် မှု တို့ကို ချိုးနှိမ်ရန်ဖြစ်ပါသည်။ဘဏ္ဍာစိုသည် မိမိ၏သစ္စာရှိခြင်းအကျိုးတရားကြောင့် သူတစ်ပါးအပေါ်ကောင်းချီးမင်္ဂလာ သက်ရောက်ခြင်းတွင် ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်။ (ကမ္ဘာ ၁း၂၆-၂၈။ ၂း၁၅။ ၅ရာ ၂၉း၁၄။ ဟဂ္ဂဲ ၁း၃-၁၁။ မာလခိ ၃း၈-၁၂။ ၁ကော ၉း၉-၁၄။ မဿဲ ၂၃း၂၃။ ၂ကော ၈း၁-၁၅။ ရော ၁၅း၂၆၊၂၇)။
၂၂။
ခရစ်ယာန်အပြုအမူ
ကျွန်ုပ်တို့သည် ဘုရားတရားကြည်ညိုသောလူများဖြစ်ကြပြီး ကောင်းကင်နိုင်ငံတော် ၏အခြေခံမူများနှင့် ညီညွတ်သောအတွးခေါ်၊ ခံစား၊ ပြုမူသူများဖြစ်ကြရန် ခေါ်တော်မူ ခြင်းခံရပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့တွင် ကိုယ်တော်ရှင်၏ အ ကျင့်စာရိတ္တမျိုးကို ပြန်လည်ဆန်းသစ်စေရန်အတွက် ကျွန်ုပ်တို့သည် ကိုယ်ကိုခရစ်တော် သခင်၏သန့်ရှင်းစင်ကြယ်မှု၊ ကျန်းမာမှုနှ်င့ ဝမ်းမြောက်မှုတို့ကို ဖြည့်ဆည်းပေးနိုင်သည့် အရာများကိုသာ ပါဝင်ပတ်သက်နေရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့၏ပျော်ရွှင်မှု နှင့်ဖြေဖျော်ဧည့်ခံမှုများသည် ခရစ်ယာန်အကြိုက်နှင့် ခရစ်ယာန်အလှအပတို့၏အမြင့်ဆုံး သော စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်ဖြစ်သည်။ လူ့ယဉ်ကျေးမှု၏ကွဲပြားခြားနားချက် များကို ကျွန်ုပ်တို့အသိအမှတ်ပြုကြသည့်အလျောက် ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှုများ သည် ရိုးသား၊ ယဉ်ကျေး၊ သပ်ရပ်ရန်နှင့် လျော်ကန်သင့်မြတ်ပြီး ယင်းဝတ်စားဆင်ယင်မှု ၏ ပကတိအလှအပသည် ပြင်ပဆင်ယင်မှုအပေါ်တွင် သာမဟုတ်ဘဲ မဖောက်ပြန်မပျက် စီးတတ်သော နူးညံ့သိမ်မွေ့ခြင်းသဘောတွင် တည်ရှိရန်ဖြစ်ပါသည်။ ၎င်းပြင်ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်သည်နှင့် အညီ ၎င်းတို့ကို လည်း လိမ္မာယဉ်ကျေးစွာ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပါသည်။ လုံလောက်သော လှုပ်ရှားမှုနှင့် အနားယူခြင်းတို့နှင့်အတူ ကျန်းမာရေးနှင့် အပြည့်၀ဆုံးသော အစားအစာ များကို လက်ခံစားသုံးရန်ဖြစ်ပြီး သမ္မာကျမ်းစာတွင် ဖော်ပြပါရှိသည့် မသန့်ရှင်းသော အစားအာများကိုလည်း ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ သေရည်သေရက်ပါဝင်သော အဖျော်ယမကာများ၊ ဆေးပင်ဆေးရွက်ကြီး
၂၃။
လက်ထပ်ထိမ်းမြားခြင်းနှင့်အိမ်ထောင်မိသားစု
လက်ထပ်ထိမ်းမြားခြင်းကို ဧဒင်ဥယျာဉ်တွင် မွန်မြတ်စွာတည်ထောင်ခဲ့ပါသည်။ ခရစ်တော်အားဖြင့်လည်း ယင်းထိမ်းမြားခြင်းသည် ယောက်ျm;တစ်ဦးနှင့်မိန်းမတစ်ဦးတို့ စပ်ကြား ဘ၀တစ်လျှောက်ချစ်ခင်ယုယစွာဖြင့် ပေါင်းသင်းနေထိုင်ကြရန်ဖြစ်ကြောင်း ထပ်မံအတည်ပြုမိန့်ကြားခဲ့သည်။ ခရစ်ယာန်များတို့အနေဖြင့် လက်ထပ်ထိမ်းမြားခြင်းဆိုင် ရာ အာမခံချက်တစ်ရပ်သည် ဇနီးသည်နှင့်ခင်ပွန်းသည်တို့ အချင်းချင်းသာပြုလုပ်ကြ သည့်ကတိအာမခံချက်မဟုတ်ဘဲ ထာ၀ရဘုရားသခင်အားလည်း ကတိပြုအာမခံချက်ပေး ခြင်းဖြစ်သည်။ ၎င်းပြင် ယုံကြည်မှုတူညီသူတွဲဖက်ကြမည့်သူနှစ်ဦးတို့သာ ပြုလုပ်ရမည့် ကတိပြုအာမခံချက်မျိုးဖြစ်သည်။ နှစ်ဦးနှစ်ဖက်နှင့်စပ်ဆိုင်သော ချစ်ခြင်းမေတ္တာ၊ ဂုဏ်အ သရေ၊ လေးစားမှုနှင့်တာဝန်ဝတ္တရားများတို့သည် ဤစပ်ဆိုင်မှုတို့၏ ရောယျက်နေသည့် အရာများဖြစ်ပြီး ခရစ်တော်နှင့်သူ၏အသင်းတော်တို့ ဆက်စပ်မှုတို့၏ ချစ်ခြင်းမေတ္တာ အထွတ်အမြတ်ဖြစ်ခြင်း၊ နီးကပ်ခြင်းနှင့် တည်မြဲခြင်းတို့ကို ပေါ်လွင်စေရန်ဖြစ်သည်။ လင်မယားကွာရှင်းနှင့် စပ်လျဉ်း၍ သခင်ခရစ်တော်မှ သွန်သင်တော်မူခဲ့သည်မှာ ပုဂ္ဂိုလ် တစ်ဦးသည် မိမိ၏ဇနီး^ခင်ပွန်းအားမှားယွင်းခြင်း (ကာမဂုဏ်လွန်ကြူးခြင်း) မှတစ်ပါး လင်မယား
၂၄။
ကောင်းကင်သန့်ရှင်းရာဌာနတွင်ဆောင်ရွက်တော်မူသော ခရစ်တော်၏အမှုတော်
ကောင်းကင်နိုင်ငံတော်တွင် သန့်ရှင်းရာဌာနတစ်ခုရှိ၍ ၎င်းသည်လူတို့လက်ဖြင့် တည်ဆောက်ခြင်းမဟုတ်ဘဲ ဘုရားသခင်ကိုယ်တော်တိုင်တည်ဆောက်တော်မူသည့် တဲတော်စစ်ဖြစ်သည်။ ထိုသန့်ရှင်းရာဌာနတွင် ခရစ်တော်သည် ကျွန်ုပ်တို့၏ ကိုယ်စား အမှုတော်ဆောင်ရွက်တော်မူပြီး လက်ဝါးကပ်တိုင်ပေါ်တွင် လူသားများအားလုံး အတွက် တစ်ကြိမ်တည်းအပြစ်ဖြေရာယဇ်အဖြစ် အသေခံတော်မူခဲ့ကြောင်း ယုံကြည်သူတို့ အား အကျိုးကျေးဇူးရရှိစေရန် ဆောင်ရွက်နေတော် မူခြင်းဖြစ်သည်။ သူသည်ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်အပ်တော်မူခြင်းကိုခံရပြီး ကောင်းကင်နိုင်ငံတော်သို့ ပြန် လည်တက်ကြွသွားပြီးချိန်မှစ၍ သူ၏လူနှင့်အဖဘုရားသခင်တို့၏ စပ်ကြား ဝင်ရောက် ဖျန်ဖြေတော်မူသော အမှုတော်ကိုစတင်ခဲ့သည်။ ပုရောက်ဖက်ဟောကြားချက်ကာလနှစ် ပေါင်း (၂၃၀၀) ၏နောက်ဆုံးဖြစ်သော (၁၈၄၄) ခုနှစ်တွင် ကိုယ်တော်သည် သူ၏အပြစ် ဖြေလွှတ်ခြင်း အမှုတော်၏ဒုတိယနှင့်နောက်ဆုံး အဆင့်သို့ ဝင်ရောက်ဆောင်ရွက်တော်မူ သည်။ ၎င်းသည် စုံးစမ်းစစ်ဆေးခြင်းနှင့်ဆိုင်သော တရားစီရင်ဆုံးဖြတ်ခြင်းဖြစ်ပြီး ရှေး ဟေဗြဲလူမျိုးတို့၏အပြစ်ဖြေရာနှစ်တွင် သန့်ရှင်းရာဌာနကို သန့်ရှင်းစင်ကြယ်စေခြင်းဖြင့် လည်းကိုယ်စားပြုခဲ့ကြသည်။ ထိုပုံဆောင်မှုဝတ်ပြုပွဲတွင် သန့်ရှင်းရာဌာနကို ယဇ်ပူဖော် သော တိရစ္ဆာန်အသွေဖြင့် သန့်ရှင်းစင်ကြယ်စေရပြီး ကောင်းကင်သန့်ရှင်းရာဌာနတွင်မူ ပြီးပြည့်စုံပြီးဖြစ်သော ခရစ်တော်၏အသွေးတော်ဖြင့် စင်ကြယ်စေပါသည်။ ဤစုံစမ်းစစ် ကြောခြင်းနှင့်ဆိုင်သော တရားစီရင်ဆုံးဖြတ်ခြင်းသည် ကောင်းကင်သားများတို့အား ကွယ်လွန်သွားခဲ့သောသူတို့တွင် မည်သူများသည် ခရစ်တော်၌ကွယ်လွန်ခြင်းဖြစ်သဖြင့် ပထမရှင်ပြန်ထမြောက်ခြင်းနှင့် ထိုက်တန်သည်ဟူ၍ မှတ်ယူခြင်းခံရကြောင်းကိုပြသ သည်။ ၎င်းပြင် အသက်ရှင်လျက်ရှိသောသူတို့တွင်လည်း သခင်ခရစ်တော်ကို ယုံကြည် နားထောင်လိုက်နာပြီး ဘုရားသခင်၏ပညတ်များနှင့် ခရစ်တော်၏ သက်သေခံတော်မူ ချက်တို့ကို စောင့်ရှောက်သောသူတို့သည်လည်း ထာ၀ရနိုင်ငံတော်ထဲသို့ အသက်ရှင်လျက် ဆောင်ယူတော်မူခြင်းခံရရန် အဆင်သင့်ရှိကြောင်း စာရင်းပြုဖော်ပြပေးသည်။ ဤတရား စီရင်ခြင်းသည် ခရစ်တော်ကိုယုံကြည်လက်ခံသူတို့အား ကယ်တင်ရာတွင် ထာ၀ရဘုရား သခင်သည် တရာမျှတကြောင်းသက်သေပြလျက်ရှိသည်။ ထာ၀ရဘုရားသခင်ဘက်၌ သစ္စာရှိလျက်ကန်ခဲ့သောသူတို့အား လည်း ကောင်းကင်နိုင်ငံတော်သို့ ဝင်စားခံထိုက်မည်ဖြစ်ကြောင်း အတိအလင်းထုတ်ပြန် ကြေညာလျက်ရှိသည်။ ဤခရစ်တော်၏ယဇ်ပုရောဟိတ်အမှုတော် ဆောင်ရွက်မှု လုပ်ငန်း ပြီးဆုံးခြင်းသည် ဒုတိယကြွလာတော်မူခြင်း မတိုင်မီ လူသားများအတွက် ကရုဏာအချိန် ကုန်ဆုံးခြင်းကို သတ်မှတ်လိမ့်မည်။ (ဟေဗြဲ ၈း၁-၅။ ၄း၁၄-၁၆။ ၉း၁၁-၂၈။ ၁ဝး၁၉-၂၂။ ၁း၄။ ၂း၁၆၊၁၇။ ဒံ ၇း၉-၂၇။ ၈း၁၃၊၁၄။ ၉း၂၄-၂၇။ တော ၁၄း၃၄။ ယေဇ ၄း၆။ ဝတ် ၁၆။ ဗျာ ၁၄း၆၊၇။ ၂ဝး၁၂။ ၁၄း၁၂။ ၂၂း၁၂)။
၂၅။ သခင်ခရစ်တော်ဒုတိယအကြိမ်ကြွလာတော်မူခြင်း
သခင်ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းသည် အသင်းတော်အတွက် မင်္ဂလာရှိ သော မျှော်လင့်ခြင်းဖြစ်ပြီး ဧဝံဂေလိတရား၏ကြီးကျယ်ခမ်းနားသော အထွတ်အထိပ်ဖြစ် သည်။ ကယ်တင်ရှင်ယေရှု၏ကြွဆင်းလာခြင်းသည် ကောင်းကင်နိုင်ငံတော်သို့ တက်ကြွ သွားသကဲ့သို့ ကမ္ဘာတစ်ဝန်းလုံးရှိ ပုဂ္ဂိုလ်တစ်ဦးချင်းတို့သည် မိမိတို့၏မျက်စိဖြင့် တွေ့ မြင်နိုင်ကြမည့်မြင်ကွင်းဖြစ်ပြီး လူတိုင်းတို့နှင့်အကျွမ်းဝင်သော ဖြစ်ရပ်တစ်ခုဖြစ်သည်။ ကိုယ်တော်ရှင်ပြန်လည်ကြွဆင်းလာသည့်အခါတွင် သေလွန်သောသန့်ရှင်းသူတို့သည် ရှင် ပြန်ထမြောက်လာကြပြီး၊ အသက်ရှင်လျက်ရှိသော ဖြောင့်မတ်သူများနှင့်အတူ ဘုန်းအသ ရေတော်နှင့်ပြည့်စုံလျက် ကောင်းကင်နိုင်ငံတော်သို့ ဆောင်ယူခြင်းကိုခံယူကြရမည်။ သို့ ရာတွင် မဖြောင့်မတ်သောအသက်ရှင်လျက်ရှိသူများသည် သေလွန်ကြလိမ့်မည်။ ပုရော ဖက်ဟောကြားချက်များအထဲတွင် အားလုံးပြည့်စုံလုနီးပါးအခြေအနေသို့ရောက်ရှိနေပြီး ယခုမျက်မှောက်ကမ္ဘာအခြေအနေကို ကြည့်ခြင်းဖြင့် သခင်ခရစ်တော်ဒုတိယအကြိမ်ကြွ လာခြင်းမှာ နီးကပ်လျက်ရှိကြောင်း ညွှန်ပြလျက်ရှိသည်။ ထိုဖြစ်ရပ်၏အချိန်ကိုမူ တိကျ စွာ ထုတ်ဖော်ပြောခဲ့ခြင်းမရှိသဖြင့် ကျွန်ုပ်တို့အားလုံး အချိန်မရွေးအဆင်သင့်ပြင်ဆင် လျက် စောင့်မျှော်ကြရန် တိုက်တွန်းနှိုးဆော်လျက်ရှိပါသည်။ (တိတု ၂း၁၃။ ဟေဗြဲ ၉း၂၈။
ယော ၁၄း၁-၃။ တမန် ၁း၉-၁၁။ မဿဲ ၂၄း၁၄။ ဗျာ ၁း၇။ မဿဲ ၂၄း၄၃၊၄၄။ ၁သက် ၄း၁၃-၁၈။ ၁ကော ၁၅း၅၁-၅၄။ ၂သက် ၁း၇-၁၀။ ၂း၈။ ဗျာ ၁၄း၁၄-၂၀။ ၁၉း၁၁-၂၁။ မဿဲ ၂၄။ မာကု ၁၃။ လု ၂၁။ ၂တိ ၃း၁-၅။ ၁သက် ၅း၁-၆)။
၂၆။ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်း
အပြစ်၏အခကားသေခြင်းပေတည်။ သို့ရာတွင် မရဏာနိုင်ငံနှင့် ကင်းလွတ်သော ထာ၀ရဘုရားသခင်တစ်ဆူတည်းသာလျှင် ကယ်တင်ခြင်း ခံရသူများတို့အား ထာ၀ရအ သက်ကို ပေးသနားတော်မူလိမ့်မည်။ ထိုအချိန်အခါအထိ သေခြင်းဟူသည်မှာ - လူသား များအားလုံးအတွက် သတိမေ့လျော့နေသောအဖြစ်သာ ဖြစ်နေပေမည်။ ခရစ်တော်တည်း ဟူသော ကျွန်ုပ်တို့၏ကယ်တင်ရှင်ကြွလာသည့်အခါ ရှင်ပြန်ထမြောက်လာသော သန့်ရှင်း သူများနှင့် အသက်ရှင်လျက်ရှိကြေသော သန့်ရှင်းသူတို့သည် ဘုန်းအသရေတော်နှင့် ချီးမြှင့်ခြင်းခံရပြီး ၎င်းတို့၏သခင်ဘုရားအားတွေ့ဆုံခြင်းငှာ ကောင်းကင်သို့ချီဆောင်ခြင်း ကိုခံရကြမည်။ ဒုတိယထမြောက်ခြင်းဖြစ်သော မဖြောင့်မတ်သောသူတို့၏ တမြောက်ခြင်း သည် နောက်ထပ်နှစ်ပေါင်းတစ်ထောင်ကြပြီးမှ ဖြစ်ပေါ်ပေမည်။ (ရော ၆း၂၃။ ၁တိ ၆း၁၊၁၆။ ဒေ ၉း၅၊၆။ ဆာ ၁၄၆း၃၊၄။ ယော ၁၁း၁၁-၁၄။ ကော ၃း၄။ ၁ကော ၁၅း၅၁-၅၄။ ၁သက် ၄း၁၃-၁၇။ ယော ၅း၂၈၊၂၉။ ဗျာ ၂ဝး၁-၁၀)။
၂၇။ မိလေနိကပ်ကာလနှင့်အပြစ်တရား၏နိဂုံး
မိလေနိကပ်ကာလသည် သခင်ခရစ်တော်နှင့် သူ၏သန့်ရှင်းသူများကောင်းကင်နိုင်ငံ တော်တွင် ပထမနှင့်ဒုတိယထမြောက်ခြင်းစပ်ကြား အနှစ်တစ်ထောင်စိုးစံမှုကာလဖြစ် သည်။ ဤအချိန်ကာလအတွင်း သေလွန်သော ဆိုးသွမ်းသူများတို့ စစ်ကြောစီရင်ခြင်းခံရ ကြမည်။ မြေကြီးပေါ်တွင်လည်း အသက်ရှင်သောလူသူကင်းမဲ့ပြီး လုံး၀ပျက်စီးယိုယွင်း လျက်နေပေမည်။ သို့ရာတွင် စာတန်မာရ်နတ်နှင့် သူ၏စေတမန်များတို့သာ ကြီးစိုးနေကြမည်။ ယင်းကာလကုန်ဆုံးချိန် တွင် သခင်ခရစ်တော်သည် သူ၏သန့်ရှင်းသူများနှင့်တကွ သန့်ရှင်းသောမြို့တော်သည် ကောင်းကင်ဘုံမှနေ၍ မြေကြီးပေါ်သို့ဆင်းသက်တော်မူမည်။ ထိုအခါ၌ မဖြောင့်မတ်သော သေလွန်သူတို့သည် ရှင်ပြန်ထမြောက်လာကြပြီး မာရ်နတ်စာတန်နှင့် သူ၏စေတမန်တို့ သည် မြို့တော်ကိုလာရောက်ဝန်းရံတိုက်ခိုက်ကြမည်။ သို့ရာတွင် ဘုရားသခင်ထံတော်မှ မီးသည် သူတို့ကိုလောင်ကျွမ်းစေပြီး ကမ္ဘာမြေကြီးကို သန့်စင်စေတော်မူလိမ့်မည်။ ဤ နည်းအားဖြင့် စကြ၀ဠာသည် အပြစ်တရားနှင့်အပြစ်သား များတို့မှ ထာ၀စဉ်လွတ်ကင်း ပေလိမ့်မည်။ (ဗျာ ၂၀။ ၁ကော ၆း၂၊၃။ ယေရမိ ၄း၂၃-၂၆။ ဗျာ ၂၁း၁-၅။ မာလ ၄း၁။ ယေဇ ၂၈း၁၈၊၁၉)။
၂၈။ မြေကြီးသစ်
သန့်ရှင်းသူများနေထိုင်ကြမည့်မြေကြီးသစ်တွင် ဘုရားသခင်သည် ကယ်တင်ခြင်းခံ ရ သူများအတွက် ထာ၀ရအိမ်တော်တစ်ဆောင်စီနှင့် ကိုယ်တော်ရှင်၏ မျက်မှောက်တော် တွင် ထာ၀ရအသက်ရှင်ခြင်း၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် လေ့လာဆည်းပူးခြင်းတို့အ တွက် ပြည့်စုံသောပတ်ဝန်းကျင်ကို ပြင်ဆင်ပေးတော်မူလိမ့်မည်။ အကြောင်းမှာ ဤမြေ ကြီးသစ်ပေါ်တွင် ဘုရားသခင်ကိုယ်တော်တိုင် မိမိ၏လူများတို့နှင့်တူ စိုးစံနေထိုင်တော်မူ မည်ဖြစ်ပြီး ဒုက္ခဆင်းရဲခံရခြင်းနှင့် သေခြင်းတရားတို့လည်း ကွယ်ပျောက်ကြလိမ့်မည်။ ကြီးမား၍ အဓွန့်ရှည်လျားသော အငြင်းပွားမှုကြီးသည်လည်း ဆုံးခန်းတိုင်ပေလိမ့်မည်။ နောက်တစ်ဖန် အပြစ်တရားသည်မရှိရကြ။ အရာခပ်သိမ်း သက်ရှိသက်မဲ့တို့က ဘုရား သခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူကြောင်း အားလုံးတို့အား ထုတ်ဖော်ကြေညာကြ ပေလိမ့်မည်။ ကိုယ်တော်ရှင်သည်လည်း ထာ၀ရကာလပတ်လုံး စိုးစံတော်မူလိမ့်မည်။ အာမင်။ (၂ပေ ၃း၁၃။ ဟေရှာ ၃၅။ ၆၅း၁၇-၂၅။ မဿဲ ၅း၅။ ဗျာ ၂၁း၁-၇။ ၂၂း၁-၅။ ၁၁း၁၅)။
-၀-
No comments:
Post a Comment