chapter
20
အခန်း ၂၀
A
type prefiguring the shameful captivity of Egypt and Ethiopa.
အီဂျစ်နှင့် အီသီယိုပီးယားတို့၏
အရှက်ရဖွယ် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမည့်အရေးကို ကြိုတင်ပုံဆောင်ခြင်း။
1.
Tartan.
Literally, “the commander,” tartan being the title of the commander
in chief of the Assyrian armies, not his personal name. In the annals of the
11th year of Sargon (711 b.c.) it is recorded that Azuri, king of
Ashdod, revolted against Assyria, and that Sargon promptly sent an army,
deposed Azuri, and set his younger brother Ahimiti upon the throne of Ashdod.
The Ashdodites, however, refused to accept the Assyrian appointee and set a
Greek adventurer upon the throne instead. According to Sargon’s annals, other
Philistine cities, with Judah, Edom, and Moab, joined in the struggle against
Assyria, and an
appeal asking him to be their ally was sent to “Pir’u [Pharaoh?] king of Musru
[Egypt?], a potentate, [who was] unable to save them.” When Sargon attacked
Ashdod, the Greek usurper fled “into the territory of Musru, which belongs to
Ethiopia,” and an Assyrian was made governor. The distant king of Ethiopia was
stricken with terror at Sargon’s advance, and quickly took steps to make his
peace with Assyria, putting the Greek in fetters and sending him to the land of
Assyria.
၁။ တာတန် (Tartan)။
စာသားအရ “သေနာပတိ” ဟု အဓိပ္ပာယ်ရပြီး တာတန်သည် အာရှုရိစစ်တပ်များ၏
သေနာပတိချုပ်ရာထူးအမည်ဖြစ်ကာ ၎င်း၏ပုဂ္ဂိုလ်ရေးအမည်မဟုတ်ပေ။ ဆာဂုန် (Sargon) မင်းကြီး
နန်းစံ ၁၁ နှစ်မြောက် (ဘီစီ ၇၁၁) မှတ်တမ်းများတွင် အာရှဒေါ့ (Ashdod) ဘုရင်
အာဇုရိ (Azuri) သည်
အာရှုရိကို ပုန်ကန်ခဲ့သဖြင့် ဆာဂုန်သည် စစ်တပ်ကို ချက်ချင်းစေလွှတ်ကာ အာဇုရိကို
ရာထူးမှချ၍ ၎င်း၏ညီငယ် အဟိမိတိ (Ahimiti) ကို အာရှဒေါ့ရာဇပလ္လင်ပေါ်တွင်
တင်မြှောက်ခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။ သို့သော်လည်း အာရှဒေါ့သားတို့သည်
အာရှုရိခန့်အပ်သူကို လက်ခံရန် ငြင်းဆန်ခဲ့ကြပြီး ၎င်းအစား
ဂရိစွန့်စားရှာဖွေသူတစ်ဦးကို ပလ္လင်ပေါ်၌ တင်မြှောက်ခဲ့ကြသည်။ ဆာဂုန်၏
မှတ်တမ်းများအရ ဂျူဒါ၊ ဧဒုံနှင့် မောဘတို့အပါအဝင် အခြားသော ဖိလိတ္တိမြို့များသည်
အာရှုရိကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ပူးပေါင်းခဲ့ကြပြီး၊ ၎င်းတို့၏မဟာမိတ်
ဖြစ်လာစေရန် “၎င်းတို့ကို မကယ်တင်နိုင်သော တန်ခိုးရှင်ဖြစ်သည့် မုသရု [အီဂျစ်?] ဘုရင်
ဖိရု [ဖာရော?]” ထံ
အကူအညီတောင်းခံခဲ့ကြသည်။ ဆာဂုန်သည် အာရှဒေါ့ကို တိုက်ခိုက်သောအခါ ဂရိအာဏာလုသူသည်
“အီသီယိုပီးယားပိုင်ဆိုင်သော မုသရုနယ်မြေထဲသို့” ထွက်ပြေးသွားခဲ့ပြီး
အာရှုရိလူတစ်ဦးကို ဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သည်။ ဝေးလံသော အီသီယိုပီးယားဘုရင်သည်
ဆာဂုန်၏ ချီတက်လာမှုကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကာ အာရှုရိနှင့်
ငြိမ်းချမ်းရေးရယူရန် အလျင်အမြန် လုပ်ဆောင်ခဲ့ပြီး၊ ဂရိလူမျိုးကို
သံခြေကျင်းခတ်လျက် အာရှုရိပြည်သို့ ပို့ဆောင်ခဲ့သည်။
Sargon. For many years the only available reference to this
important Assyrian king was the statement here made. Skeptics previously
challenged the historical accuracy of this text, but during the course of his
excavations at Khorsabad in the years 1843 to 1845, however, Botta discovered
the palace of Sargon, together with its famous inscriptions that deal with the
history of this important king.
ဆာဂုန် (Sargon)။
နှစ်ပေါင်းများစွာတိုင်အောင် ဤအရေးပါသော အာရှုရိဘုရင်နှင့်ပတ်သက်၍ ရရှိနိုင်သော
တစ်ခုတည်းသော ကိုးကားချက်မှာ ဤနေရာတွင် ဖော်ပြထားသော ထွက်ဆိုချက်သာ ဖြစ်သည်။
သံသယရှိသူများသည် ယခင်က ဤကျမ်းချက်၏ သမိုင်းဆိုင်ရာ တိကျမှန်ကန်မှုကို
စိန်ခေါ်ခဲ့ကြသော်လည်း၊ ၁၈၄၃ မှ ၁၈၄၅ ခုနှစ်များအတွင်း ခေါ်ဆာဘတ် (Khorsabad) တွင်
တူးဖော်မှုများ ပြုလုပ်နေစဉ်အတွင်း ဘိုတာ (Botta) သည် ဤအရေးပါသော
ဘုရင်၏ သမိုင်းကြောင်းကို ဖော်ပြထားသည့် ကျော်ကြားသော ကမ္ပည်းအက္ခရာများနှင့်အတူ
ဆာဂုန်၏ နန်းတော်ကို ရှာဖွေတွေ့ရှိခဲ့သည်။
2.
Loose
the sackcloth. Sackcloth is usually worn in mourning, and to loose the
sackcloth is therefore a figure of joy (Ps. 30:11). But in this instance
sackcloth seems to have been the distinctive dress of Isaiah as a camel’s-hair
garment was of John the Baptist (Matt. 3:4) and the leather girdle was of
Elijah (2 Kings 1:8).
၂။ လျှော်တေအဝတ်ကိုချွတ်လော့ (Loose the sackcloth)။
လျှော်တေအဝတ်ကို များသောအားဖြင့် မြည်တမ်းပူဆွေးရာတွင် ဝတ်ဆင်လေ့ရှိသဖြင့်
လျှော်တေအဝတ်ကို ချွတ်ခြင်းသည် ဝမ်းမြောက်ခြင်း၏ ပုံဆောင်ချက်ဖြစ်သည် (ဆာ ၃၀:၁၁)။
သို့သော် ဤဖြစ်ရပ်တွင် ဗတ္တိဇံဆရာယောဟန်၌ ကုလားအုတ်မွေးအဝတ် (မဿဲ ၃:၄) နှင့် ဧလိယ၌
သားရေခါးပန်း (၄ ရာ ၂:၈ / ၂ ဓမ္မရာဇဝင် ၁:၈) ရှိသကဲ့သို့ လျှော်တေအဝတ်သည် ဟေရှာယ၏
သီးခြားထူးခြားသော ဝတ်စုံဖြစ်ပုံရသည်။
Naked.
See on 1 Sam. 19:24. The word ‘arom, “naked,” may mean either completely naked
or only half clad. Here, as in Isa. 58:7; Eze. 18:7, 16; Micah 1:8, the latter
meaning is indicated. Isaiah laid aside his outer garment and wore only his
inner garments, a common practice in the Orient even today, particularly with
laboring men. The act was to betoken humiliation, deprivation, and shame.
အဝတ်မပါဘဲ/ အဝတ်မရှိဘဲ (Naked)။
၁ ဓမ္မရာဇဝင် ၁၉:၂၄ ကိုကြည့်ပါ။ “အဝတ်မပါဘဲ” ဟု အဓိပ္ပာယ်ရသော ‘arom ဟူသည့်
စကားလုံးသည် လုံးဝအဝတ်ဗလာဖြစ်ခြင်း သို့မဟုတ် အဝတ်အစား တစ်ဝက်တစ်ပျက်သာ
ဝတ်ဆင်ထားခြင်း နှစ်မျိုးလုံးကို ဆိုလိုနိုင်သည်။ ဤနေရာတွင် ဟေရှာယ ၅၈:၇၊ ယေဇကျေလ
၁၈:၇၊ ၁၆၊ မိက္ခာ ၁:၈ တို့တွင်ကဲ့သို့ ဒုတိယအဓိပ္ပာယ်ကို ရည်ညွှန်းသည်။ ဟေရှာယသည်
မိမိ၏ အပြင်ဝတ်လုံကို ချွတ်ထားပြီး အတွင်းအဝတ်ကိုသာ ဝတ်ဆင်ထားခဲ့ခြင်းဖြစ်ကာ၊
ဤအလေ့အထသည် အရှေ့တိုင်းတွင် ယနေ့တိုင်အောင် အထူးသဖြင့် လုပ်သားများကြားတွင်
သာမန်လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်သည်။ ဤလုပ်ရပ်သည် နှိမ့်ချခြင်း၊
ဆင်းရဲနွမ်းပါးခြင်းနှင့် အရှက်ရခြင်းတို့ကို အထိမ်းအမှတ်ပြုရန် ဖြစ်သည်။
3.
Three years. Whether Isaiah wore this
garb continuously for three years, or only at various intervals during a period
of three years, to keep the forthcoming humiliation of Egypt before the people,
is not certain.
၃။ သုံးနှစ် (Three years)။
အီဂျစ်ပြည်၏ ရှေ့တွင် ကြုံတွေ့ရမည့် အရှက်ရမှုကို လူတို့ရှေ့မှောက်၌
သတိပေးနေစေရန်အတွက် ဟေရှာယသည် ဤဝတ်စုံကို သုံးနှစ်ပတ်လုံး ဆက်တိုက် ဝတ်ဆင်ခဲ့သလော
သို့မဟုတ် သုံးနှစ်တာကာလအတွင်း မကြာခဏဆိုသလို ကြားကာလများ၌သာ ဝတ်ဆင်ခဲ့သလော
ဆိုသည်မှာ မသေချာပေ။
4.
Lead away the Egyptians. Sargon has left
no record of an invasion of Egypt, but if “Musru,” where the Greek usurper
fled, was Egypt (see on v. 1), it is likely that many of the Egyptians who had
taken part in the movement against Assyria were likewise sent to
Assyria in humiliation, as here pictured. However, in the reigns of Esarhaddon
(681–699) and of Ashurbanipal (669–627?) Egypt was, on several occasions,
invaded by the Assyrian armies, and many captives, even of the royal seed, were
taken to Assyria.
၄။ အီဂျစ်လူတို့ကို
ဖမ်းဆီးခေါ်ဆောင်သွားမည် (Lead
away the Egyptians)။ ဆာဂုန်သည် အီဂျစ်ပြည်ကို
ကျူးကျော်တိုက်ခိုက်ခဲ့သည့် မှတ်တမ်းကို ချန်ထားရစ်ခြင်းမရှိသော်လည်း၊ ဂရိအာဏာလုသူ
ထွက်ပြေးသွားခဲ့သော “မုသရု” သည် အီဂျစ်ပြည် ဖြစ်ခဲ့လျှင် (အပိုဒ်ငယ် ၁
ကိုကြည့်ပါ)၊ အာရှုရိကို ဆန့်ကျင်သော လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့်
အီဂျစ်လူအများအပြားသည်လည်း ဤနေရာတွင် ပုံဖော်ထားသည့်အတိုင်း အရှက်တကွဲဖြင့်
အာရှုရိပြည်သို့ အပို့ခံခဲ့ရဖွယ်ရှိသည်။ သို့သော်လည်း ဧသာဟဒ္ဒုန် (Esarhaddon - ၆၈၁-၆၉၉)
နှင့် အာရှုရဗနိပါလ (Ashurbanipal
- ၆၆၉-၆၂၇?) တို့၏ နန်းစံနှစ်များတွင် အီဂျစ်ပြည်သည်
အာရှုရိစစ်တပ်များ၏ အကြိမ်ကြိမ် ကျူးကျော်တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး
မင်းမျိုးမင်းနွယ်များအပါအဝင် သုံ့ပန်းအများအပြားကို အာရှုရိပြည်သို့
ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
6.
Isle. Heb. ’i, “isle,” or, as used here,
“coastland.” The peoples of the entire Palestinian seaboard, including
Philistia and Phoenicia, and possibly Cyprus, had taken part in the
anti-Assyrian revolt, but were ruthlessly suppressed. They discovered, to their
sorrow, that not even with the help of Egypt and Ethiopia could the might of
Assyria be resisted.
၆။ ကျွန်း (Isle)။
ဟေဗြဲစကားအရ ’i ဖြစ်ပြီး
“ကျွန်း” သို့မဟုတ် ဤနေရာတွင် အသုံးပြုထားသည့်အတိုင်း “ပင်လယ်ကမ်းခြေဒေသ” ဟု
အဓိပ္ပာယ်ရသည်။ ဖိလိတ္တိနှင့် ဖိုနီးရှား၊ ဖြစ်နိုင်ချေရှိသည်မှာ ဆိုက်ပရပ်စ် (Cyprus) အပါအဝင်
ပါလက်စတိုင်း ကမ်းရိုးတန်းတစ်ခုလုံးရှိ လူမျိုးများသည် အာရှုရိဆန့်ကျင်ရေး
ပုန်ကန်မှုတွင် ပါဝင်ခဲ့ကြသော်လည်း ရက်ရက်စက်စက် နှိမ်နင်းခြင်းခံခဲ့ရသည်။
အီဂျစ်နှင့် အီသီယိုပီးယားတို့၏ အကူအညီဖြင့်ပင် အာရှုရိ၏ တန်ခိုးအာဏာကို
မတွန်းလှန်နိုင်ကြောင်း ၎င်းတို့ စိတ်မကောင်းစွာဖြင့် သိရှိခဲ့ကြရသည်။
Flee.
The Dead Sea scroll 1QIsa reads “rely [for support].” Whichever reading is
accepted, the meaning is the same.
ထွက်ပြေးကြ၏ (Flee)။
ပင်လယ်သေကျမ်းလိပ် ၁ကျူအိုင်အက်စ်အေ (1QIsa) တွင်
“မှီခိုအားထားကြ၏ [အထောက်အပံ့အတွက်]” ဟု ဖတ်ရသည်။ မည်သည့်ဖတ်ရှုချက်ကိုမဆို
လက်ခံသည်ဖြစ်စေ အဓိပ္ပာယ်မှာ တူညီပါသည်။
No comments:
Post a Comment