အခန်းကြီး
၃
chapter
3 1 By the necessary change of times, vanity is added to human travail. 11
There is an excellency in God’s works. 16 But as for man, God shall judge his
works there, and here he shall be like a beast.
အခန်းကြီး ၃ ၁
အချိန်ကာလများ၏ မလွဲမသွေပြောင်းလဲခြင်းအားဖြင့် လူသားတို့၏
ပင်ပန်းဆင်းရဲစွာလုပ်ဆောင်ရသောအမှု၌ အချည်းနှီးသက်သက်ဖြစ်ခြင်းသည်
တိုးပွားလျက်ရှိ၏။ ၁၁ ဘုရားသခင်၏ အမှုတော်တို့၌ ထူးမြတ်လှပခြင်းရှိ၏။ ၁၆
သို့သော်လည်း လူနှင့်ပတ်သက်၍မူကား၊ ဘုရားသခင်သည် သူ၏အမှုတို့ကို ထိုအရပ်၌
စီရင်တော်မူလတ္တံ့။ ယခုဤအရပ်၌မူကား သူသည် တိရစ္ဆာန်ကဲ့သို့ ဖြစ်လတ္တံ့။
1. Season. Literally, “an appointed time,” from a root meaning
“to determine,” “to decree.” A season is therefore not merely a convenient
time, but a decreed time. God has ordained certain seasons for the various
natural phenomena (see Lam. 3:37; cf. James 4:15).
၁။ အချိန် (သို့မဟုတ်) ရာသီ။
တိုက်ရိုက်အဓိပ္ပာယ်မှာ “ချိန်းချက်သတ်မှတ်ထားသောအရှိန်” ဖြစ်ပြီး၊
“ပိုင်းခြားသတ်မှတ်သည်”၊ “အမိန့်ဒီကရီထုတ်ပြန်သည်” ဟုအဓိပ္ပာယ်ရသော ပုဒ်ရင်းမြစ်မှ
ဆင်းသက်လာသည်။ ထို့ကြောင့် အချိန် (ရာသီ) ဆိုသည်မှာ အဆင်ပြေရုံမျှသာရှိသော
အချိန်ကိုဆိုလိုသည်မဟုတ်ဘဲ သတ်မှတ်ပြဋ္ဌာန်းထားသော အချိန်ကာလဖြစ်၏။ ဘုရားသခင်သည်
ကွဲပြားခြားနားသော သဘာဝဖြစ်စဉ်များအတွက် အချို့သောအချိန်ကာလများကို
စီရင်ခွဲခန့်တော်မူထားသည် (ယေရမိညည်းတွားခြင်းအချာ ၃:၃၇ ကိုကြည့်ပါ၊
ရှင်ယာကုပ်ဩဝါဒစာ ၄:၁၅ နှင့် နှိုင်းယှဉ်ကြည့်ပါ)။
Time.
From a common Hebrew word for “time,” often signifying the beginning of a
period of time.
ကာလ (အချိန်)။ “အချိန်ကာလ” ဟုအနက်ရသော
သာမန်ဟေဗြဲစကားလုံးမှ ဆင်းသက်လာပြီး၊ အများအားဖြင့် အချိန်ကာလတစ်ခု၏
အစပျိုးခြင်းကို ရည်ညွှန်းဖော်ပြသည်။
Purpose. From a Hebrew word whose root means “to take delight
in,” “to have pleasure in.” The noun, therefore, basically means, “that in
which one takes delight,” a vocation or an avocation. This same noun is
translated “pleasure” in Isa. 58:3, 13; Mal. 1:10, and “delight” in Ps. 1:2; 16:3.
အမှုကိစ္စ (သို့မဟုတ်) ရည်ရွယ်ချက်။
“မွေ့လျော်အားရသည်”၊ “နှစ်သက်ပျော်မွေ့သည်” ဟုအဓိပ္ပာယ်ရသော ဟေဗြဲစကားလုံး၏
ပုဒ်ရင်းမြစ်မှ ဆင်းသက်လာသည်။ ထို့ကြောင့် ဤနာမ်သည် အခြေခံအားဖြင့် “လူတစ်ဦး
မွေ့လျော်နှစ်သက်သောအရာ”၊ အသက်မွေးဝမ်းကျောင်းအလုပ် (သို့မဟုတ်) ဝါသနာပါရာအလုပ်ဟု
အဓိပ္ပာယ်ရသည်။ ဤနာမ်စကားလုံးကိုပင် ဟေရှာယအနာဂတ္တိကျမ်း ၅၈:၃၊ ၁၃၊
မာလခိအနာဂတ္တိကျမ်း ၁:၁၀ တွင် “အလိုရှိရာ (သို့မဟုတ်) ပျော်မွေ့ခြင်း”
ဟုလည်းကောင်း၊ ဆာလံကျမ်း ၁:၂၊ ၁၆:၃ တွင် “မွေ့လျော်ခြင်း” ဟုလည်းကောင်း
ဘာသာပြန်ဆိုထားသည်။
2. To be born. Some regard the verb form as active and translate
it, “a time to bring forth.” However, most scholars contend that the verb
should be understood intransitively, and hence prefer the translation, “to be
born.”
၂။ ဖွားမြင်ခြင်း။ အချို့က
ဤကြိယာပုံစံကို ကတ္တားပုဒ် (Active) အဖြစ်မှတ်ယူကြပြီး
“ဖွားမြင်စေရမည့်အချိန်” ဟု ဘာသာပြန်ဆိုကြသည်။ သို့သော်လည်း
ကျမ်းပညာရှင်အများစုကမူ ဤကြိယာကို ကံမပါသောကြိယာ (Intransitive) အဖြစ်
နားလည်သင့်သည်ဟု ငြင်းခုံကြပြီး၊ ထို့ကြောင့် “ဖွားမြင်ခြင်းခံရမည့်အချိန်
(ဖွားမြင်ခြင်း)” ဟူသော ဘာသာပြန်ဆိုချက်ကို ပိုမိုနှစ်သက်ကြသည်။
To die. Birth and death are, naturally, the two most important
events in a person’s life. A man has no control over the time of his entrance
into the world, and under ordinary circumstances little control over the time
of his exit from it.
သေခြင်း။ ဖွားမြင်ခြင်းနှင့်
သေခြင်းတို့သည် သဘာဝအလျောက် လူတစ်ဦး၏ဘဝတွင် အရေးအကြီးဆုံးသော ဖြစ်ရပ်ကြီးနှစ်ခု
ဖြစ်ကြသည်။ လူသည် မိမိဤလောကထဲသို့ ဝင်ရောက်လာမည့်အချိန်ကို
စီမံပိုင်ခွင့်မရှိသကဲ့သို့၊ သာမန်အခြေအနေများအောက်တွင် ဤလောကမှ
ထွက်ခွာသွားရမည့်အချိန်ကိုလည်း စီမံခွဲခန့်ပိုင်ခွင့် အနည်းငယ်မျှသာရှိသည်။
To plant. This expression corresponds to the one that precedes
it, “to plant” being the counterpart of “to bring forth,” and “to pluck up,” of
“to die.” The one is concerned with human life and the second with plant life.
စိုက်ပျိုးခြင်း။ ဤဖော်ပြချက်သည်
၎င်း၏ရှေ့တွင်ရှိသော ဖော်ပြချက်နှင့် ထပ်တူညီမျှမှုရှိပြီး၊ “စိုက်ပျိုးခြင်း” သည်
“ဖွားမြင်ခြင်း (သို့မဟုတ်) ဖြစ်ထွန်းစေခြင်း” ၏ အပြန်အလှန်တွဲဖက်ဖြစ်ကာ၊
“နုတ်ပယ်ခြင်း” သည် “သေခြင်း” ၏ အပြန်အလှန်တွဲဖက်ဖြစ်သည်။ ရှေ့တစ်ခုသည် လူသားတို့၏
အသက်တာနှင့် သက်ဆိုင်ပြီး ဒုတိယတစ်ခုသည် အပင်တို့၏ သက်တမ်းနှင့် သက်ဆိုင်သည်။
To
pluck up. Literally, “to root up.” There comes a time when even the finest
fruit trees must be cut down.
နုတ်ပယ်ခြင်း။ တိုက်ရိုက်အဓိပ္ပာယ်မှာ
“အမြစ်မှနုတ်ပစ်ခြင်း” ဖြစ်သည်။ အကောင်းဆုံးသော အသီးစားအပင်ကြီးများပင်လျှင်
ခုတ်လှဲခြင်းခံရမည့် အချိန်ကာလ ရောက်လာတတ်သည်။
3.
To kill. Commentators disagree as to whether Solomon here refers to
war or to other circumstances. It is possible that he is speaking of the
execution of criminals, and of measures for the protection of threatened
communities. Or he may be thinking of an injured domestic animal, and the fact
that the extent of injury must determine whether it is more merciful to put the creature out
of its misery or to attempt to “heal” it.
၃။ သတ်ခြင်း။ ရှောလမုန်သည် ဤနေရာ၌
စစ်ပွဲကို ရည်ညွှန်းနေခြင်းလော သို့မဟုတ် အခြားသော အခြေအနေများကို
ရည်ညွှန်းနေခြင်းလော ဟူသောအချက်အပေါ် ကျမ်းစာအဖွင့်အကျယ်ကျမ်းပြုစုသူများ
သဘောထားကွဲလွဲကြသည်။ သူသည် ရာဇဝတ်ကောင်များကို ကွပ်မျက်ခြင်းနှင့်
ခြိမ်းခြောက်ခြင်းခံနေရသော လူမှုအသိုက်အဝန်းများကို ကာကွယ်စောင့်ရှောက်ရန်
အရေးယူဆောင်ရွက်ချက်များကို ပြောဆိုနေခြင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ်ပါက သူသည်
ဒဏ်ရာရရှိထားသော အိမ်မွေးတိရစ္ဆာန်တစ်ကောင်အကြောင်းကို တွေးတောနေခြင်းလည်း
ဖြစ်နိုင်ပြီး၊ ထိုသတ္တဝါအား ၎င်း၏ဆင်းရဲဒုက္ခမှ ကင်းဝေးစေရန် သတ်ပစ်ခြင်းက
ပို၍ကရုဏာသက်ရောက်မည်လော သို့မဟုတ် ၎င်းကို “ငြိမ်းစေခြင်း (ကုသခြင်း)” ပြုလုပ်ရန်
ကြိုးစားသင့်သလော ဆိုသည်ကို ရရှိထားသော ဒဏ်ရာအတိုင်းအတာအပေါ်မူတည်၍
ဆုံးဖြတ်ရမည်ဟူသောအချက်ကို တွေးတောနေခြင်း ဖြစ်နိုင်သည်။
To break down. There is a time when buildings must be
demolished and more convenient ones put up in their stead. For millenniums it
has been a common habit in the Near East to utilize the ruins of one
civilization as building materials for the new. Solomon may here refer to his
own great building projects.
ဖျက်ဆီးခြင်း။ အဆောက်အအုံများကို
ဖြိုဖျက်ရမည့်အချိန်နှင့် ၎င်းတို့၏နေရာတွင် ပိုမိုအဆင်ပြေချောမွေ့သော
အဆောက်အအုံသစ်များကို အစားထိုးဆောက်လုပ်ရမည့် အချိန်ဟူ၍ ရှိတတ်သည်။
အရှေ့အလယ်ပိုင်းဒေသတွင် ယခင်ယဉ်ကျေးမှုတစ်ခု၏ ပျက်စီးနေသော
အဆောက်အအုံအကြွင်းအကျန်များကို ယဉ်ကျေးမှုအသစ်အတွက် ဆောက်လုပ်ရေးပစ္စည်းများအဖြစ်
အသုံးချခြင်းသည် နှစ်ပေါင်းထောင်ချီ၍ အစဉ်အလာအလေ့အထတစ်ခု ဖြစ်ခဲ့သည်။ ရှောလမုန်သည်
ဤနေရာ၌ မိမိကိုယ်တိုင်၏ ကြီးကျယ်ခမ်းနားသော အဆောက်အအုံဆောက်လုပ်ရေး
စီမံကိန်းကြီးများကို ရည်ညွှန်းနေခြင်း ဖြစ်နိုင်သည်။
4.
To weep. It is a good thing at times to allow pent-up emotions to express
themselves. Israel wept bitterly in exile (Ps. 137:1). Also, the day will come
when God’s people will laugh (Ps. 52:1–6).
၄။ ငိုရသောအရှိန်။ တစ်ခါတစ်ရံတွင်
ချုပ်တည်းအောင့်အည်းထားသော ခံစားချက်များကို ထွက်ပေါ်ခွင့်ပေးခြင်းသည်
ကောင်းသောအမှုဖြစ်သည်။ ဣသရေလလူမျိုးတို့သည် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရစဉ်ကာလအတွင်း
ပြင်းထန်စွာ ငိုကြွေးခဲ့ကြသည် (ဆာလံကျမ်း ၁၃၇:၁)။ ထို့အပြင်၊ ဘုရားသခင်၏လူမျိုးတော်တို့
ရယ်မောရမည့်နေ့ရက်သည်လည်း ရောက်လာလိမ့်မည် (ဆာလံကျမ်း ၅၂:၁-၆)။
To
mourn. The word translated “mourn” is a technical term used for the loud,
public lamentations and expressions of grief indulged in by Eastern peoples
(see 2 Sam. 3:31; Jer. 4:8; 9:17–22; 49:3).
ညည်းတွားမြည်တမ်းရသောအရှိန်။
“ညည်းတွားမြည်တမ်းခြင်း” ဟု ဘာသာပြန်ဆိုထားသော စကားလုံးသည် အရှေ့တိုင်းသားများ
ကျယ်လောင်စွာ လူအများရှေ့၌ ငိုကြွေးမြည်တမ်းခြင်းနှင့် ဝမ်းနည်းပူဆွေးမှုကို
ဖော်ပြခြင်းတို့အတွက် အသုံးပြုသော သတ်မှတ်ချက်စကားလုံးဖြစ်သည် (ဓမ္မရာဇဝင်ဒုတိယစောင်
၃:၃၁၊ ယေရမိအနာဂတ္တိကျမ်း ၄:၈၊ ၉:၁၇-၂၂၊ ၄၉:၃ ကိုကြည့်ပါ)။
To
dance. In ancient times dancing was an important part of religious and festive
ceremonies, particularly in the East (see 2 Sam. 6:14, 16; 1 Chron. 15:29; cf.
Matt. 11:17; see on Ex. 15:20; 32:19).
ကရုရသောအရှိန် (သို့မဟုတ်)
ကခုန်ရသောအရှိန်။ ရှေးခေတ်ကာလများတွင်၊ အထူးသဖြင့် အရှေ့တိုင်းဒေသ၌ ဘာသာရေးနှင့်
ပွဲလမ်းသဘင် အခမ်းအနားများတွင် ကခုန်ခြင်းသည် အရေးကြီးသော အစိတ်အပိုင်းတစ်ခု
ဖြစ်ခဲ့သည် (ဓမ္မရာဇဝင်ဒုတိယစောင် ၆:၁၄၊ ၁၆၊ ရာဇဝင်ချုပ်ပထမစောင် ၁၅:၂၉ ကိုကြည့်ပါ၊
ရှင်မဿဲခရစ်ဝင် ၁၁:၁၇ နှင့် နှိုင်းယှဉ်ကြည့်ပါ၊ ထွက်မြောက်ရာကျမ်း ၁၅:၂၀၊ ၃၂:၁၉
ဆိုင်ရာ မှတ်ချက်များကိုလည်း ကြည့်ပါ)။
5. To cast away stones. Reference is probably here made to
cleaning the fields of the stones that impede cultivation, and then using them
to build demarcation walls as boundaries and retaining walls for fields and
vineyards (see Isa. 5:2, 5).
၅။ ကျောက်တို့ကို ပစ်ရသောအရှိန်။ ဤနေရာ၌
ရည်ညွှန်းချက်မှာ စိုက်ပျိုးမှုကို အဟန့်အတားဖြစ်စေသော ကျောက်တုံးများကို
လယ်ကွင်းများအတွင်းမှ ရှင်းလင်းဖယ်ရှားခြင်းနှင့်၊ ထို့နောက် ၎င်းတို့ကို
လယ်ကွင်းများနှင့် စပျစ်ဥယျာဉ်များအတွက် နယ်နိမိတ်စည်းရိုးတံတိုင်းများနှင့်
မြေထိန်းနံရံများအဖြစ် ဆောက်လုပ်အသုံးပြုခြင်းကို ဆိုလိုခြင်း ဖြစ်နိုင်သည်
(ဟေရှာယအနာဂတ္တိကျမ်း ၅:၂၊ ၅ ကိုကြည့်ပါ)။
To
embrace. Perhaps a euphemism for the marital relations of husband and wife (see
Prov. 5:20), or perhaps a figurative expression for idleness (see Eccl. 4:5,
where “the fool foldeth his hands”).
ဘက်လဲရသောအရှိန်။ ဤသည်မှာ
လင်နှင့်မယားအကြား အိမ်ထောင်ရေးသံယောဇဉ် ဆက်ဆံရေးကို ယဉ်ကျေးစွာ
ဖုံးကွယ်ပြောဆိုသောစကား ဖြစ်နိုင်သည် (သုတ္တံကျမ်း ၅:၂၀ ကိုကြည့်ပါ)။ သို့မဟုတ်ပါက
ပျင်းရိခြင်းကို တင်စား၍ ဖော်ပြသောစကားလည်း ဖြစ်နိုင်သည် (ဒေသနာကျမ်း ၄:၅ တွင်
“လူမိုက်သည် မိမိလက်တို့ကို ပိုက်လျက်နေတတ်၏” ဟုဖော်ပြထားသည်ကို ကြည့်ပါ)။
6.
To get. Literally, “to seek,” the common Hebrew term for searching or seeking.
ရှာရသောအရှိန်။ တိုက်ရိုက်အဓိပ္ပာယ်မှာ
“ရှာဖွေခြင်း” ဖြစ်ပြီး၊ ရှာဖွေစုံစမ်းခြင်းအတွက် အသုံးပြုသော သာမန်ဟေဗြဲစကားလုံး
ဖြစ်သည်။
To lose. Perhaps better, “to give up as lost,” which
would balance the expression “to seek.” The reference here may be to the lost
member of the flock or herd. The pressing of an intensive search might lead to
unpleasant reactions from neighboring families, or might prove futile.
ဆုံးရသောအရှိန်။ “ရှာဖွေခြင်း” ဟူသော
ဖော်ပြချက်နှင့် ဟန်ချက်ညီစေရန်အတွက် “ပျောက်ဆုံးသွားပြီဟု မှတ်ယူကာ
လက်လျှော့လိုက်ခြင်း” ဟု ဘာသာပြန်ဆိုလျှင် ပိုမိုကောင်းမွန်ပေလိမ့်မည်။ ဤနေရာ၌
ရည်ညွှန်းချက်မှာ သိုးအုပ် သို့မဟုတ် နွားအုပ်ထဲမှ ပျောက်ဆုံးသွားသော တိရစ္ဆာန်တစ်ကောင်အကြောင်း
ဖြစ်နိုင်သည်။ အသည်းအသန် အပြင်းအထန် လိုက်လံရှာဖွေခြင်းသည် အိမ်နီးနားချင်း
မိသားစုများထံမှ မနှစ်မြို့ဖွယ် တုံ့ပြန်မှုများကို ဖြစ်ပေါ်စေနိုင်သည်၊ သို့မဟုတ်
အချည်းနှီးသာ ဖြစ်သွားနိုင်သည်။
To
cast away. Compare the following as illustrations of this expression: 2 Kings
7:15; Prov. 11:24, 25; Jonah 1:5; Matt. 16:25; Acts 27:18, 19, 38.
ပစ်လိုက်ရသောအရှိန်။ ဤဖော်ပြချက်၏
ပုံဥပမာများအဖြစ် အောက်ပါကျမ်းချက်များကို နှိုင်းယှဉ်ကြည့်ပါ-
ဓမ္မရာဇဝင်စတုတ္ထစောင် ၇:၁၅၊ သုတ္တံကျမ်း ၁၁:၂၄၊ ၂၅၊ ယောနမှတ်တမ်း ၁:၅၊
ရှင်မဿဲခရစ်ဝင် ၁၆:၂၅၊ တမန်တော်ဝတ္ထု ၂၇:၁၈၊ ၁၉၊ ၃၈။
7.
To rend. Compare Gen. 37:29; 2 Sam. 1:11; 1 Kings 11:11; 2 Chron. 23:13; Job
1:20; 2:12.
၇။ ဆုတ်ရသောအရှိန်။ ကမ္ဘာဦးကျမ်း ၃၇:၂၉၊
ဓမ္မရာဇဝင်ဒုတိယစောင် ၁:၁၁၊ ဓမ္မရာဇဝင်တတိယစောင် ၁၁:၁၁၊ ရာဇဝင်ချုပ်ဒုတိယစောင်
၂၃:၁၃၊ ယောဘဝတ္ထု ၁:၂၀၊ ၂:၁၂ တို့နှင့် နှိုင်းယှဉ်ကြည့်ပါ။
To
keep silence. There are circumstances under which “silence is golden” (see Lev.
10:3).
တိတ်ဆိတ်စွာနေရသောအရှိန်။
“တိတ်ဆိတ်စွာနေခြင်းသည် ရွှေကဲ့သို့ အဖိုးတန်သည်” ဟူသော အခြေအနေမျိုး ရှိတတ်သည်
(ဝတ်ပြုရာကျမ်း ၁၀:၃ ကိုကြည့်ပါ)။
8.
To love. Compare the words of Christ in Matt. 5:43, 44.
၈။ ချစ်ရသောအရှိန်။ ရှင်မဿဲခရစ်ဝင်
၅:၄၃၊ ၄၄ ရှိ ခရစ်တော်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ကြည့်ပါ။
Of
war. Perhaps one illustration of the truth of this statement is that the battle
of the great day of the Lord, yet to come (Rev. 16:15–17), will be followed by
everlasting peace (Rev. 21; 22).
စစ်တိုက်ရသောအရှိန်။ ဤဖော်ပြချက်၏
မှန်ကန်ခြင်းဆိုင်ရာ ပုံဥပမာတစ်ခုမှာ၊ နောင်လာလတ္တံ့သော ထာဝရဘုရား၏
ကြီးမြတ်သောနေ့ရက်၌ ဖြစ်ပွားမည့်စစ်ပွဲ (ဗျာဒိတ်ကျမ်း ၁၆:၁၅-၁၇) ပြီးနောက်တွင်
ထာဝရငြိမ်းချမ်းခြင်း သက်ရောက်လာလိမ့်မည်ဟူသောအချက် ဖြစ်သည် (ဗျာဒိတ်ကျမ်း ၂၁၊
၂၂)။
9. What profit? See on ch. 1:3. Solomon’s question implies a
negative reply. Why should man toil to improve his status in life when he is
thwarted at every turn? He must learn that the One who places tests along
life’s pathway is a loving Father, disciplining His earthborn children for their eternal good
(see Heb. 12:11; Rev. 3:19–21).
၉။ အဘယ်အကျိုးရှိသနည်း။ အခန်းကြီး ၁:၃
ဆိုင်ရာ မှတ်ချက်ကို ကြည့်ပါ။ ရှောလမုန်၏ မေးခွန်းသည် ငြင်းပယ်သောအဖြေ
(အကျိုးမရှိပါဟူသော အဖြေ) ကို သက်ရောက်စေသည်။ လူသည် အလှည့်တိုင်း၌
အဟန့်အတားများနှင့် ရင်ဆိုင်နေရပါက မိမိ၏ဘဝအခြေအနေ တိုးတက်ကောင်းမွန်လာစေရန်
အဘယ်ကြောင့် ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်နေရမည်နည်း။ ဘဝလမ်းခရီးတစ်လျှောက်တွင်
စမ်းသပ်မှုများကို ထားရှိပေးတော်မူသော အရှင်သည် မေတ္တာရှင်အဖေဖြစ်ကြောင်း၊
ကိုယ်တော်သည် မြေကြီးပေါ်ရှိ မိမိ၏သားသမီးများကို သူတို့၏ထာဝရကောင်းကျိုးအတွက်
ဆုံးမပဲ့ပြင်နေခြင်းဖြစ်ကြောင်း လူသည် သင်ယူရမည်ဖြစ်သည် (ဟေဗြဲဩဝါဒစာ ၁၂:၁၁၊
ဗျာဒိတ်ကျမ်း ၃:၁၉-၂၁ ကိုကြည့်ပါ)။
10.
Travail. See on ch. 1:13. The stern discipline of
life necessary for the seeker after immortality (see Rom. 2:6, 7) is all under
the hand of an omnipotent, loving Father. Yet man is free to choose his own way
of life, to develop his own character, and to decide his own eternal destiny.
The practical difficulties of life can be met successfully only under God’s
leading.
၁၀။ ပင်ပန်းဆင်းရဲခြင်းအမှု။ အခန်းကြီး
၁:၁၃ ဆိုင်ရာ မှတ်ချက်ကို ကြည့်ပါ။ မသေနိုင်သောအဖြစ် (ထာဝရအသက်) ကို
ရှာဖွေသောသူအတွက် လိုအပ်သော ဘဝ၏ပြင်းထန်သော ဆုံးမပဲ့ပြင်ခြင်းတရားတို့သည်
(ရောမဩဝါဒစာ ၂:၆၊ ၇ ကိုကြည့်ပါ) အလုံးစုံတို့သည် အနန္တတန်ခိုးရှင်၊ မေတ္တာရှင်အဖေ၏
လက်တော်အောက်၌ ရှိနေပါသည်။ သို့သော်လည်း လူသည် မိမိ၏ဘဝလမ်းစဉ်ကို
ကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်၊ မိမိ၏စရိုက်လက္ခဏာကို
ကိုယ်တိုင်ပျိုးထောင်ပိုင်ခွင့်နှင့် မိမိ၏ထာဝရကံကြမ္မာကို
ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် လွတ်လပ်ခွင့်ရှိသည်။ ဘဝ၏ လက်တွေ့ကျသော
အခက်အခဲများကို ဘုရားသခင်၏ လမ်းပြပို့ဆောင်မှုအောက်တွင်သာ အောင်မြင်စွာ
ရင်ဆိုင်ကျော်လွှားနိုင်သည်။
11.
Beautiful. Compare the account in Gen. 1:31, of
God’s work in creation. Not only was everything “good,” but beautiful also,
aesthetically pleasing; not only perfect for practical use, but lovely in its
appeal to the eye and to the taste. This was true not only of some things but
of “every thing.”
၁၁။ လှပတင့်တယ်ခြင်း။ ကမ္ဘာဦးကျမ်း ၁:၃၁
တွင်ပါရှိသော ဘုရားသခင်၏ ဖန်ဆင်းခြင်းအမှုတော် မှတ်တမ်းနှင့် နှိုင်းယှဉ်ကြည့်ပါ။
ခပ်သိမ်းသောအရာတို့သည် “ကောင်း” သည်သာမက၊ လှပတင့်တယ်၍ သုခုမအလှအပရေးရာအရလည်း
စိတ်ချမ်းမြေ့ဖွယ်ရာ ဖြစ်ခဲ့သည်။ လက်တွေ့အသုံးချရန်အတွက် ပြည့်စုံရုံမျှမက၊
မျက်စိပသာဒနှင့် အာရုံခံစားမှုတို့တွင်လည်း နှစ်သက်ဖွယ် ကောင်းလှသည်။ ဤသည်မှာ
အချို့သောအရာများ၌သာ မဟုတ်ဘဲ “ခပ်သိမ်းသောအရာ” တို့၌ မှန်ကန်လှပေသည်။
Also.
This word suggests an additional point that the author would not have the
reader overlook.
၎င်းပြင် (သို့မဟုတ်) ထိုမှတစ်ပါး။
ဤစကားလုံးသည် စာရေးသူအနေဖြင့် စာရှုသူအား မျက်ကွယ်မပြုစေလိုသော
ထပ်ဆောင်းအချက်တစ်ချက်ကို ညွှန်ပြနေသည်။
Set.
Literally, “given.” This meaning should be emphasized, as it suggests the
goodness of God in supplying man’s needs.
ထားတော်မူပြီ။ တိုက်ရိုက်အဓိပ္ပာယ်မှာ
“ပေးသနားတော်မူပြီ” ဖြစ်သည်။ လူသားတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင်
ဘုရားသခင်၏ ကောင်းမြတ်ခြင်းကရုဏာတော်ကို ညွှန်ပြနေသည့်အတွက် ဤအဓိပ္ပာယ်ကို
အထူးအလေးပေးသင့်သည်။
The
world. Heb. ‘olam, from a root meaning “to conceal.” ‘Olam therefore signifies
that which is obscure. For a further discussion of the meaning of ‘olam, see on
Ex. 12:14; 21:6. The translation of ‘olam as “world”
is most unusual; it appears more commonly as “eternity,” “enduring,”
“continuity.” Deeply implanted within man is a concern for the future. This
awareness of the infinite in time and space stirs dissatisfaction with the
transitory nature of the things of this life. See on v. 14.
လောက (သို့မဟုတ်) ထာဝရကာလ။
ဟေဗြဲစကားလုံး ‘olam ဖြစ်ပြီး၊
“ဖုံးကွယ်ထားသည်” ဟုအနက်ရသော ပုဒ်ရင်းမြစ်မှ ဆင်းသက်လာသည်။ ထို့ကြောင့် ‘olam သည်
မထင်မရှားဝေဝါးသောအရာကို ဆိုလိုသည်။ ‘Olam ၏ အဓိပ္ပာယ်ကို ထပ်မံဆွေးနွေးချက်အတွက်
ထွက်မြောက်ရာကျမ်း ၁၂:၁၄၊ ၂၁:၆ ဆိုင်ရာမှတ်ချက်များကို ကြည့်ပါ။ ‘Olam ကို
“လောက (ကမ္ဘာ)” ဟု ဘာသာပြန်ဆိုခြင်းသည် အလွန်ထူးခြားဆန်းပြားလှ၏။ ၎င်းကို
အများအားဖြင့် “ထာဝရကာလ”၊ “တည်တံ့ခြင်း”၊ “အစဉ်အဆက်ဖြစ်ခြင်း” ဟု
ပိုမိုတွေ့ရှိရတတ်သည်။ လူသားတို့၏ အတွင်းစိတ်ထဲ၌ အနာဂတ်အတွက်
စိုးရိမ်ပူပန်တတ်သောစိတ်ကို နက်ရှိုင်းစွာ အမြစ်တွယ်စေထားသည်။ အချိန်နှင့် အာကာသ၏
အတိုင်းအဆမဲ့မှုကို သိမြင်နားလည်ခြင်းသည် ယခုဘဝ၏ ခဏတာရွေ့လျားပျက်စီးလွယ်သော
သဘာဝအပေါ် မရောင့်ရဲနိုင်ခြင်းကို နှိုးဆော်ပေးသည်။ အခန်းငယ် ၁၄ ဆိုင်ရာ
မှတ်ချက်ကို ကြည့်ပါ။
In
their heart. That is, in their thoughts. It is God’s design that man realize
that the present, material world does not constitute the sum of his existence. He is linked to two worlds, physically to this world, but
mentally, emotionally, and psychologically to the eternal world. Even with his
consciousness beclouded by sin, man seems dimly aware that he ought to continue
living beyond the narrow confines of this unsatisfying life.
သူတို့စိတ်နှလုံးထဲ၌။ ထိုအရာသည် သူတို့၏
အတွေးအခေါ် ထင်မြင်ချက်များထဲ၌ ဖြစ်သည်။ ယခုရှိနေသော ရုပ်ဝတ္ထုလောကသည်
လူသားတည်ရှိခြင်း၏ အလုံးစုံသော အနှစ်သာရမဟုတ်ကြောင်း လူသားတို့
နားလည်သဘောပေါက်စေရန်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်၏။ လူသည် လောကနှစ်ခုနှင့်
ဆက်နွှယ်နေပြီး ရုပ်ပိုင်းဆိုင်ရာအရ ဤလောကနှင့် ဆက်စပ်နေသော်လည်း၊
စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာနှင့် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာအရ
ထာဝရလောကနှင့် ဆက်နွှယ်နေသည်။ အပြစ်တရားကြောင့် မိမိ၏အသိစိတ် ဝေဝါးနေလင့်ကစား၊
လူသည် စိတ်ကျေနပ်မှုမရှိသော ဤကျဉ်းမြောင်းလှသော ဘဝအတိုင်းအတာကို ကျော်လွန်၍
ဆက်လက်အသက်ရှင်သင့်သည်ကို မရေမရာ သိရှိနေပုံရသည်။
No
man can find out. The unaided human intellect cannot enter into the intricacies of God’s created marvels or the
mysteries of eternity that God has not seen fit to reveal. This fact in itself
should lead men to seek a closer union with the God of all creation.
လူသည် အစမှအဆုံးတိုင်အောင် မသိနိုင်။
အထောက်အကူမပါသော လူသားတို့၏ ဉာဏ်ပညာသည် ဘုရားသခင် ဖန်ဆင်းထားတော်မူသော
အံ့ဩဖွယ်ရာတို့၏ ရှုပ်ထွေးနက်နဲမှုများ သို့မဟုတ် ဘုရားသခင် ဖွင့်ပြရန်
အလိုမရှိသော ထာဝရကာလ၏ နက်နဲသောအရာများထဲသို့ မဝင်ရောက်နိုင်ပါ။ ဤအချက်သည်
လူသားတို့အား ဖန်ဆင်းရှင်ဘုရားသခင်နှင့် ပိုမိုနီးကပ်စွာ စည်းလုံးခြင်းကို
ရှာဖွေစေရန် လမ်းပြပေးသင့်သည်။
12.
Them. That is, the “sons of men.”
၁၂။ သူတို့။ ထိုသူတို့သည် “လူသားတို့”
ကို ဆိုလိုသည်။
13.
Also. See on v. 11.
၁၃။ ၎င်းပြင်။ အခန်းငယ် ၁၁ ဆိုင်ရာ
မှတ်ချက်ကို ကြည့်ပါ။
Eat
and drink. An ascetic life is contrary to God’s will for man. It was the will
of the Creator that man enjoy, in moderation, the good things provided for his
needs and happiness.
စားသောက်ခြင်း။ တောထွက်ခြိုးခြံစွာ
အသက်ရှင်ခြင်း (အသားရှောင်၊ ကာမဂုဏ်ချုပ်တည်းခြင်း) သည် လူသားအတွက် ဘုရားသခင်၏
အလိုတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လူသည် မိမိ၏လိုအပ်ချက်များနှင့်
ပျော်ရွှင်မှုအတွက် ပြင်ဆင်ပေးထားသော ကောင်းသောအရာများကို အတင့်အသင့် အတိုင်းအတာဖြင့်
ပျော်ရွှင်စွာ ခံစားရန်မှာ ဖန်ဆင်းရှင်၏ အလိုတော်ဖြစ်ခဲ့သည်။
14.
For ever. From the same Hebrew word translated “world” in v. 11 (see on v. 11).
Here Solomon affirms the effective immutability of the divine will, operative
in the affairs of men (see Ps. 33:11; Isa. 46:10).
၁၄။ ထာဝရကာလပတ်လုံး။ အခန်းငယ် ၁၁ တွင်
“လောက” ဟု ဘာသာပြန်ဆိုထားသော ထိုဟေဗြဲစကားလုံးမှပင် ဆင်းသက်လာသည် (အခန်းငယ် ၁၁
ဆိုင်ရာ မှတ်ချက်ကို ကြည့်ပါ)။ ဤနေရာ၌ ရှောလမုန်သည် လူသားတို့၏ အရေးကိစ္စများတွင်
အလုပ်လုပ်နေသော ဘုရားသခင်၏ အလိုတော်၏ ထိရောက်သော ပြောင်းလဲ၍မရနိုင်ခြင်းကို
အတည်ပြုဖော်ပြသည် (ဆာလံကျမ်း ၃၃:၁၁၊ ဟေရှာယအနာဂတ္တိကျမ်း ၄chart၆:၁၀
ကိုကြည့်ပါ)။
Men should fear. Not abject fear (see on Deut. 4:10;
6:5) but a reverential awe based on an enlightened understanding of the divine
attributes (Ps. 40:3; 64:9) and the operation of the divine will in human
affairs (see Isa. 45:18; Mal. 3:6; cf. Rev. 15:3, 4).
လူတို့သည် ကြောက်ရွံ့ရကြမည်။
စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ကြောက်ရွံ့ခြင်းမျိုး မဟုတ်ဘဲ (တရားဟောရာကျမ်း ၄:၁၀၊
၆:၅ ဆိုင်ရာ မှတ်ချက်များကိုကြည့်ပါ)၊ ဘုရားသခင်၏ ဂုဏ်အင်္ဂါရပ်များကို
သိမြင်နားလည်ခြင်း (ဆာလံကျမ်း ၄၀:၃၊ ၆၄:၉) နှင့် လူသားတို့၏ အရေးကိစ္စများ၌ ဘုရားသခင်၏
အလိုတော် ဆောင်ရွက်ခြင်းအပေါ် အခြေခံထားသော ရိုသေခန့်ညားသော ကြောက်ရွံ့ရိုသေခြင်း
ဖြစ်သည် (ဟေရှာယအနာဂတ္တိကျမ်း ၄၅:၁၈၊ မာလခိအနာဂတ္တိကျမ်း ၃:၆ ကိုကြည့်ပါ၊
ဗျာဒိတ်ကျမ်း ၁၅:၃၊ ၄ နှင့် နှိုင်းယှဉ်ကြည့်ပါ)။
15.
That which hath been. This verse presents a word picture of the completeness
and permanency of God’s works. In a sense there is with Him no past and no
future; eternity is ever present (see Rev. 1:8).
၁၅။ ယခုဖြစ်သောအရာသည် အထက်ကဖြစ်ဖူးပြီ။
ဤအခန်းငယ်သည် ဘုရားသခင်၏ အမှုတော်တို့၏ ပြည့်စုံခြင်းနှင့်
အစဉ်အမြဲတည်တံ့ခြင်းဆိုင်ရာ စကားလုံးပန်းချီကားတစ်ချပ်ကို တင်ပြထားသည်။
တစ်နည်းအားဖြင့် ကိုယ်တော်၌ အတိတ်နှင့် အနာဂတ်ဟူ၍ မရှိပါ၊ ထာဝရကာလသည် အစဉ်အမြဲ
ပစ္စုပ္ပန်ဖြစ်နေသည် (ဗျာဒိတ်ကျမ်း ၁:၈ ကိုကြည့်ပါ)။
God
requireth. Literally, “God seeks.”
ဘုရားသခင်သည် တောင်းတော်မူ၏။
တိုက်ရိုက်အဓိပ္ပာယ်မှာ “ဘုရားသခင်သည် ရှာတော်မူ၏” ဖြစ်သည်။
That which is past. Literally, “the pursued,” from
radaph, “to pursue,” “to chase,” “to persecute.” It is translated “pursue” in
Joshua 8:16 and “persecute” in Jer. 29:18. The idea here may be that all things
in past time are open before God as if they were present; He projects His
thinking into the past as readily as He thinks in terms of the present or the
future. If this be the meaning, “the pursued” would refer to the cycles of past
ages, personified as if they were pursuing one another.
လွန်ခဲ့ပြီးသောအရာ။
တိုက်ရိုက်အဓိပ္ပာယ်မှာ “လိုက်လံဖမ်းဆီးခြင်းခံရသောအရာ” ဖြစ်ပြီး၊
“လိုက်လံရှာဖွေသည်”၊ “မောင်းနှင်သည်”၊ “ညှဉ်းဆဲသည်” ဟုအနက်ရသော radaph မှ
ဆင်းသက်လာသည်။ ၎င်းကို ယောရှုမှတ်တမ်း ၈:၁၆ တွင် “လိုက်လံသည်” ဟုလည်းကောင်း၊
ယေရမိအနာဂတ္တိကျမ်း ၂၉:၁၈ တွင် “ညှဉ်းဆဲသည်” ဟုလည်းကောင်း ဘာသာပြန်ဆိုထားသည်။
ဤနေရာ၌ ဆိုလိုရင်းမှာ အတိတ်ကာလ၌ ရှိခဲ့သမျှသော အရာအားလုံးသည် ပစ္စုပ္ပန်၌
ရှိနေသကဲ့သို့ ဘုရားသခင်၏ ရှေ့တော်၌ ပွင့်လင်းလျက်ရှိနေသည်ဟူသောအချက်
ဖြစ်နိုင်သည်၊ ကိုယ်တော်သည် ပစ္စုပ္ပန် သို့မဟုတ် အနာဂတ်အသုံးအနှုန်းဖြင့်
စဉ်းစားသကဲ့သို့ အတိတ်ကာလထဲသို့လည်း မိမိ၏ အတွေးအခေါ်ကို အလွယ်တကူ
ထည့်သွင်းနိုင်သည်။ အကယ်၍ ဤသည်မှာ ဆိုလိုရင်းဖြစ်ပါက၊
“လိုက်လံဖမ်းဆီးခြင်းခံရသောအရာ” သည် အတိတ်ကာလ၏ သံသရာစက်ဝန်းများကို
တစ်ခုနှင့်တစ်ခု လိုက်လံဖမ်းဆီးနေကြသကဲ့သို့ လူသားအသွင်သဏ္ဌာန်ဖြင့်
တင်စားပြောဆိုခြင်း ဖြစ်ပေလိမ့်မည်။
16. The place of judgment. Or, “the place of justice,”
that is, the place dedicated to the administration of justice. Bribery and
corruption resulted in enthronement of wickedness in the very courts sacred to
the dispensing of justice.
၁၆။ တရားစီရင်ရာအရပ်။ သို့မဟုတ်
“တရားမျှတမှုရှိရာအရပ်”၊ ဆိုလိုသည်မှာ တရားမျှတမှုကို စီမံခန့်ခွဲရန်အတွက်
သီးသန့်သတ်မှတ်ထားသော အရပ်ဖြစ်သည်။ တံစိုးလက်ဆောင်ယူခြင်းနှင့်
အဂတိလိုက်စားခြင်းတို့သည် တရားစီရင်ရန် သန့်ရှင်းမြင့်မြတ်သော
ရုံးတော်များ၌ပင်လျှင် မတရားသောအမှု (ဆိုးသွမ်းခြင်း) ကို နန်းတင်ခြင်းသို့
ရောက်စေခဲ့သည်။
Iniquity. From the same Hebrew word translated
“wickedness.” In both instances the word “wickedness” is preferable. By the
word “righteousness” Solomon designates the person of the judge, who is
supposed to be the embodiment, or personification, of right dealing. Thus the
first expression indicates the place, and the second, the person who sits in
authority in that place.
မတရားသောအမှု (သို့မဟုတ်)
ဒုစရိုက်အပြစ်။ “ဆိုးသွမ်းခြင်း” ဟု ဘာသာပြန်ဆိုထားသော ထိုဟေဗြဲစကားလုံးမှပင်
ဆင်းသက်လာသည်။ ဤနေရာနှစ်ခုစလုံး၌ “ဆိုးသွမ်းခြင်း” ဟူသော စကားလုံးသည်
ပိုမိုသင့်လျော်သည်။ ရှောလမုန်သည် “တရားသဖြင့်စီရင်ခြင်း (ဖြောင့်မတ်ခြင်း)” ဟူသော
စကားလုံးအားဖြင့် မှန်ကန်စွာ ဆောင်ရွက်ခြင်း၏ ပြယုဂ် သို့မဟုတ်
ကိုယ်စားလှယ်ဖြစ်ရမည့် တရားသူကြီး၏ ပုဂ္ဂိုလ်ကို ရည်ညွှန်းသည်။ ထို့ကြောင့်
ပထမဖော်ပြချက်သည် နေရာကို ညွှန်ပြပြီး၊ ဒုတိယဖော်ပြချက်သည် ထိုနေရာ၌ အာဏာစက်ဖြင့်
ထိုင်နေသော ပုဂ္ဂိုလ်ကို ညွှန်ပြသည်။
17.
God shall judge. The Hebrew verb “to judge,” used
with reference to God, expresses the concept that He is not only the one who
will act as arbiter to decide the cases of the righteous and the wicked, but
also the one who executes the penalty.
၁၇။ ဘုရားသခင် စီရင်တော်မူလိမ့်မည်။
ဘုရားသခင်နှင့် စပ်လျဉ်း၍ အသုံးပြုထားသော “စီရင်ခြင်း” ဟူသော ဟေဗြဲကြိယာသည်
ကိုယ်တော်သည် ဖြောင့်မတ်သောသူနှင့် မတရားသောသူတို့၏ အမှုအခင်းများကို
ဆုံးဖြတ်ပေးမည့် ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ရုံမျှမက၊ ပြစ်ဒဏ်ကိုလည်း စီရင်ဆောင်ရွက်မည့်သူ
ဖြစ်သည်ဟူသော အယူအဆကို ဖော်ပြသည်။
Every
purpose. See on v. 1. The same Hebrew word is translated “pleasure” in Eccl.
5:4; 12:1; Isa. 44:28; 46:10; Mal. 1:10, and “delightsome” in Mal. 3:12.
အကြံအစည် (သို့မဟုတ်)
ရည်ရွယ်ချက်ရှိသမျှ။ အခန်းငယ် ၁ ဆိုင်ရာ မှတ်ချက်ကို ကြည့်ပါ။
ထိုဟေဗြဲစကားလုံးကိုပင် ဒေသနာကျမ်း ၅:၄၊ ၁၂:၁၊ ဟေရှာယအနာဂတ္တိကျမ်း ၄၄:၂၈၊ ၄၆:၁၀၊
မာလခိအနာဂတ္တိကျမ်း ၁:၁၀ တွင် “အလိုရှိရာ (သို့မဟုတ်) ပျော်မွေ့ခြင်း”
ဟုလည်းကောင်း၊ မာလခိအနာဂတ္တိကျမ်း ၃:၁၂ တွင် “သာယာလှပသော (သို့မဟုတ်)
နှစ်သက်ဖွယ်ကောင်းသော” ဟုလည်းကောင်း ဘာသာပြန်ဆိုထားသည်။
Work.
See on ch. 1:14.
အမှုကိစ္စ (သို့မဟုတ်) အလုပ်။ အခန်းကြီး
၁:၁၄ ဆိုင်ရာ မှတ်ချက်ကို ကြည့်ပါ။
18.
The estate. Compare “the order [manner]” (Ps. 110:4). A better translation of
the entire phrase here would be simply “concerning the sons of men.”
၁၈။ အခြေအနေ (သို့မဟုတ်) အဆင့်အတန်း။
“စနစ် [သို့မဟုတ် နည်းလမ်း]” နှင့် နှိုင်းယှဉ်ကြည့်ပါ (ဆာလံကျမ်း ၁၁၀:၄)။
ဤနေရာရှိ စကားစုတစ်ခုလုံးကို ပိုမိုကောင်းမွန်သော ဘာသာပြန်ဆိုချက်အဖြစ်
“လူသားတို့နှင့် ပတ်သက်၍” ဟု အရိုးရှင်းဆုံး ဘာသာပြန်ဆိုနိုင်သည်။
Manifest.
Literally, “purify,” “select,” “test,” “prove.” In Isa. 52:11 the verb is
translated “be ye clean,” in Dan. 11:35, “to purge,” in Dan. 12:10, “shall be
purified.” Solomon thus expresses the desire that God test men as a
disciplinary measure, in order to cleanse and purify them (see Job 5:17; 23:10;
see on Eccl. 3:19).
ထင်ရှားစေခြင်း။ တိုက်ရိုက်အဓိပ္ပာယ်မှာ
“သန့်စင်စေခြင်း”၊ “ရွေးချယ်ခြင်း”၊ “စမ်းသပ်ခြင်း”၊ “သက်သေပြခြင်း” ဖြစ်သည်။
ဟေရှာယအနာဂတ္တိကျမ်း ၅၂:၁၁ တွင် ဤကြိယာကို “သန့်ရှင်းကြလော့” ဟုလည်းကောင်း၊
ဒံယေလအနာဂတ္တိကျမ်း ၁၁:၃၅ တွင် “စင်ကြယ်စေခြင်းငှါ” ဟုလည်းကောင်း၊ ဒံယေလအနာဂတ္တိကျမ်း
၁၂:၁၀ တွင် “သန့်ရှင်းခြင်းသို့ ရောက်ကြလိမ့်မည်” ဟုလည်းကောင်း ဘာသာပြန်ဆိုထားသည်။
ရှောလမုန်သည် ဘုရားသခင်က လူသားများကို သန့်စင်စေရန်နှင့် စင်ကြယ်စေရန်အတွက်
ဆုံးမပဲ့ပြင်သော နည်းလမ်းတစ်ခုအဖြစ် စမ်းသပ်တော်မူရန် အလိုရှိကြောင်း ဤသို့ဖြင့်
ဖော်ပြခြင်းဖြစ်သည် (ယောဘဝတ္ထု ၅:၁၇၊ ၂၃:၁၀ ကိုကြည့်ပါ၊ ဒေသနာကျမ်း ၃:၁၉ ဆိုင်ရာ
မှတ်ချက်ကို ကြည့်ပါ)။
That
they might see. There is hope for the man who recognizes his sinful and unclean
condition.
မိမိတို့ သိမြင်ကြမည့်အကြောင်း။ မိမိ၏
အပြစ်ရှိသောအခြေအနေနှင့် မစင်ကြယ်သောအခြေအနေကို အသိအမှတ်ပြုသောသူအတွက်
မျှော်လင့်ချက်ရှိသည်။
Beasts.
Usually translated “cattle.” It is from the root “to be dumb,” and is related
to an Arabic word meaning “to be impeded in speech,” “to be tongue-tied.”
တိရစ္ဆာန်။ အများအားဖြင့်
“ကျွဲနွားတိရစ္ဆာန်” ဟု ဘာသာပြန်ဆိုလေ့ရှိသည်။ ၎င်းသည် “စကားအအဖြစ်ခြင်း” ဟူသော
ပုဒ်ရင်းမြစ်မှ ဆင်းသက်လာပြီး၊ “စကားပြောရာတွင် အဟန့်အတားဖြစ်ခြင်း”၊
“လျှာစွဲခြင်း” ဟုအနက်ရသော အာရဗီစကားလုံးနှင့် ဆက်စပ်မှုရှိသည်။
19. Befalleth. Three times in this verse we have this
English word. In each of the three instances of its occurrence in v. 19 this
word is from a Hebrew term meaning “chance,” “fate,” “fortune.” It is from the
verb “to encounter,” “to meet,” “to befall.” In Ruth 2:3 the noun form of the
word is given as “hap,” in 1 Sam. 6:9 as “chance,” in 1 Sam. 20:26 as
“something hath befallen,” and in Eccl. 9:2, 3 as “event.”
၁၉။ ရောက်တတ်သကဲ့သို့ (သို့မဟုတ်)
ဖြစ်ပျက်တတ်သကဲ့သို့။ ဤအခန်းငယ်တွင် ဤစကားလုံးသည် သုံးကြိမ်တိုင်တိုင် ပါရှိသည်။
အခန်းငယ် ၁၉ တွင် ဤစကားလုံး ပါရှိသော ဖြစ်ရပ်သုံးခုစလုံး၌ ၎င်းသည်
“တိုက်ဆိုင်မှု”၊ “ကံကြမ္မာ”၊ “ကံဇာတာ” ဟုအနက်ရသော ဟေဗြဲစကားလုံးမှ ဆင်းသက်လာခြင်း
ဖြစ်သည်။ ၎င်းသည် “ရင်ဆိုင်ရသည်”၊ “တွေ့ဆုံရသည်”၊ “ကျရောက်ရသည်” ဟူသော ကြိယာမှ
ဆင်းသက်လာသည်။ ရုသမှတ်တမ်း ၂:၃ တွင် ဤစကားလုံး၏ နာမ်ပုံစံကို “အမှတ်မထင်
(ကံအားလျော်စွာ)” ဟုလည်းကောင်း၊ ဓမ္မရာဇဝင်ပထမစောင် ၆:၉ တွင် “ဘေးကြီး
(တိုက်ဆိုင်မှု)” ဟုလည်းကောင်း၊ ဓမ္မရာဇဝင်ပထမစောင် ၂၀:၂၆ တွင် “အမှုတစ်ခုခု
ရောက်လေပြီ” ဟုလည်းကောင်း၊ ဒေသနာကျမ်း ၉:၂၊ ၃ တွင် “အမှုအရာ” ဟုလည်းကောင်း
ဖော်ပြထားသည်။
Dieth. That inscrutable phenomenon, death, is the lot
of all living creatures, whether man or beast. The psalmist says that “man
being in honour abideth not: he is like the beasts that perish” (Ps. 49:12). In
the matter of being subject to death, man is in no way superior to beasts.
သေတတ်၏။ ထိုနားမလည်နိုင်သော
ဖြစ်စဉ်ဖြစ်သည့် သေခြင်းတရားသည် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သက်ရှိသတ္တဝါအားလုံး၏
အလှည့်ကျကံကြမ္မာ ဖြစ်သည်။ ဆာလံကျမ်းပြုသူက “ဂုဏ်အသရေရှိသော လူသည် မတည်တတ်။
ပျက်စီးခြင်းသို့ရောက်သော တိရစ္ဆာန်နှင့်တူ၏” ဟု ဆိုထားသည် (ဆာလံကျမ်း ၄၉:၁၂)။ သေခြင်းတရား၏
လက်အောက်သို့ ကျရောက်ရခြင်းနှင့် ပတ်သက်၍ လူသည် တိရစ္ဆာန်များထက် မည်သို့မျှ
သာလွန်ခြင်းမရှိပါ။
Breath.
Heb. ruach. When the breath of life departs, the living creature dies, whether
it be man or animal (see on v. 21).
အသက်ဝိညာဉ် (သို့မဟုတ်)
အသက်ထွက်သက်ဝင်သက်။ ဟေဗြဲစကားလုံး ruach ဖြစ်သည်။ အသက်ဇီဝ၏
ထွက်သက်ဝင်သက် ထွက်ခွာသွားသောအခါ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သက်ရှိသတ္တဝါသည်
သေဆုံးသွားရသည် (အခန်းငယ် ၂၁ ဆိုင်ရာ မှတ်ချက်ကို ကြည့်ပါ)။
No
preeminence. All living creatures are identical in
that, with the cessation of breath, the creature dies; the physical
consequences of death are the same. Outward appearances suggest no superiority
for man. But through faith in the Inspired Word we believe that God will redeem
man from the power of the grave (1 Cor. 15:51–58).
သာလွန်ခြင်းမရှိ။
သက်ရှိသတ္တဝါအားလုံးတို့သည် အသက်ထွက်သက်ဝင်သက် ရပ်စဲသွားသောအခါ
သေဆုံးသွားရသည်ဟူသောအချက်၌ တူညီကြသည်။ သေခြင်း၏ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ
အကျိုးဆက်များသည်လည်း အတူတူပင်ဖြစ်သည်။ အပြင်ပန်းသဏ္ဌာန်အားဖြင့် လူအတွက်
မည်သည့်သာလွန်မှုမျှ ရှိမနေကြောင်း ညွှန်ပြနေသည်။ သို့သော်လည်း မှုတ်သွင်းထားသော
နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်သည် လူသားကို
သင်္ချိုင်း၏တန်ခိုးမှ ရွေးနှုတ်တော်မူမည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်
(ကောရိန္သုဩဝါဒစာပထမစောင် ၁၅:၅၁-၅၈)။
20.
One place. That is, the grave (see Job 7:9, 10).
၂၀။ တစ်ခုတည်းသောအရပ်။ ထိုအရပ်သည်
သင်္ချိုင်းဂူဖြစ်သည် (ယောဘဝတ္ထု ၇:၉၊ ၁0 ကိုကြည့်ပါ)။
Dust.
See Gen. 2:7; 3:19; Dan. 12:2.
မြေမှုန့်။ ကမ္ဘာဦးကျမ်း ၂:၇၊ ၃:၁၉၊
ဒံယေလအနာဂတ္တိကျမ်း ၁၂:၂ တို့ကို ကြည့်ပါ။
21. Who knoweth? The RSV reads, “Who knows whether the spirit of man goes upward?” Without divine wisdom no one “knows.” The destiny of the body is known—it returns to dust, through a process of disintegration—but human wisdom cannot ascertain what happens to the “spirit,” or “breath,” except that it “shall return unto God” (see on ch. 12:7).
၂၁။ ဘယ်သူသိသနည်း။ RSV ကျမ်းမူတွင်
“လူ၏အသက်ဝိညာဉ်သည် အထက်သို့တက်သည်ကိုလည်းကောင်း... ဘယ်သူသိသနည်း”
ဟု ဖတ်ရှုရသည်။ ဘုရားသခင်၏ ဉာဏ်ပညာတော်မပါဘဲ မည်သူမျှ “မသိနိုင်” ပါ။ ခန္ဓာကိုယ်၏
လားရာကံကြမ္မာကိုမူ သိရှိကြသည်—၎င်းသည် ပုပ်သိုးပျက်စီးခြင်း ဖြစ်စဉ်အားဖြင့်
မြေမှုန့်သို့ ပြန်သွားသည်—သို့သော်လည်း “အသက်ဝိညာဉ်” သို့မဟုတ် “ထွက်သက်ဝင်သက်”
သည် “ဘုရားသခင်ထံတော်သို့ ပြန်သွားလိမ့်မည်” ဟူသောအချက်မှတစ်ပါး အခြားအဘယ်အရာ
ဖြစ်ပျက်သွားသည်ကို လူသားတို့၏ ဉာဏ်ပညာဖြင့် အသေအချာ မသိနိုင်ပါ (အခန်းကြီး ၁၂:၇
ဆိုင်ရာ မှတ်ချက်ကို ကြည့်ပါ)။
Spirit. Heb. ruach, “breath,” as it is translated in
v. 19. The life principle does not belong to the physical realm, the realm of
flesh, for it is of God and returns to Him (ch. 12:7). In v. 21 ruach is
translated “spirit.” Note that man and beast both have a ruach, and that the
ruach of man is “one” with that of the beast. If, then, the ruach, or “spirit,”
of man becomes a disembodied conscious entity at death, the ruach of beasts must also. But the Bible
nowhere so much as infers that at death a disembodied, conscious “spirit”
continues to live on; and no Christian claims this for animals. In v. 21
Solomon incredulously asks who knows—who can prove—that the ruach of man
ascends, while that of the beast descends. Solomon knows nothing of such a
proceeding and doubts that anyone else does. If so, let him prove it. It is
important to distinguish between the use of ruach to denote the literal breath
(see Job 9:18; 19:17) and its figurative use denoting the life principle (see
Gen. 6:17; 7:22), as here. The figurative use of ruach to mean “life” is
similar to the figurative use of “blood” (see on Gen. 4:10; 9:4).
အသက်ဝိညာဉ်။ ဟေဗြဲစကားလုံး ruach ဖြစ်ပြီး၊
အခန်းငယ် ၁၉ တွင် ဘာသာပြန်ဆိုထားသည့်အတိုင်း “ထွက်သက်ဝင်သက်” ဖြစ်သည်။
အသက်ရှင်ခြင်း၏ အခြေခံမူလတရား (ဇီဝတရား) သည် ရုပ်ပိုင်းဆိုင်ရာ နယ်ပယ် သို့မဟုတ်
သားငါးခန္ဓာကိုယ်၏ နယ်ပယ်နှင့် မသက်ဆိုင်ပါ၊ အကြောင်းမူကား ၎င်းသည် ဘုရားသခင်နှင့်
သက်ဆိုင်ပြီး ကိုယ်တော်ထံသို့ ပြန်သွားသောကြောင့် ဖြစ်သည် (အခန်းကြီး ၁၂:၇)။
အခန်းငယ် ၂၁ တွင် ruach ကို
“အသက်ဝိညာဉ်” ဟု ဘာသာပြန်ဆိုထားသည်။ လူနှင့် တိရစ္ဆာန် နှစ်ဦးစလုံးတွင် ruach ရှိကြပြီး၊
လူ၏ ruach သည်
တိရစ္ဆာန်၏ ruach နှင့်
“တစ်ခုတည်း” ဖြစ်ကြောင်း သတိပြုပါ။ ထို့ကြောင့် အကယ်၍ လူ၏ ruach သို့မဟုတ်
“အသက်ဝိညာဉ်” သည် သေဆုံးချိန်တွင် ခန္ဓာကိုယ်မရှိဘဲ အသိစိတ်ရှိနေသော အရာတစ်ခု
ဖြစ်လာမည်ဆိုပါက၊ တိရစ္ဆာန်များ၏ ruach သည်လည်း ထို့အတူ
ဖြစ်ရပေလိမ့်မည်။ သို့သော်လည်း ကျမ်းစာ၏ မည်သည့်နေရာတွင်မျှ သေဆုံးချိန်၌
ခန္ဓာကိုယ်မရှိဘဲ အသိစိတ်ရှိသော “အသက်ဝိညာဉ်” သည် ဆက်လက်အသက်ရှင်နေသည်ဟု
အရိပ်အမြွက်မျှပင် ဖော်ပြထားခြင်းမရှိပါ၊ မည်သည့်ခရစ်ယာန်ကမျှ တိရစ္ဆာန်များအတွက်
ဤသို့ မတောင်းဆိုကြပါ။ အခန်းငယ် ၂၁ တွင် ရှောလမုန်က လူ၏ ruach သည်
အထက်သို့တက်၍ တိရစ္ဆာန်၏ ruach
သည်
အောက်သို့ဆင်းသည်ကို မည်သူသိနိုင်သနည်း—မည်သူ သက်သေပြနိုင်သနည်း—ဟု သံသယစိတ်ဖြင့်
မေးမြန်းထားသည်။ ရှောလမုန်သည် ထိုသို့သော ဖြစ်စဉ်မျိုးကို မသိရှိပါ၊
အခြားမည်သူမဆို သိရှိလိမ့်မည်ကိုလည်း သံသယရှိသည်။ အကယ်၍ သိရှိပါက သက်သေပြပါစေ။
တိုက်ရိုက်အဓိပ္ပာယ်ရှိသော ထွက်သက်ဝင်သက်ကို ညွှန်ပြရန်အတွက် ruach ကို
အသုံးပြုခြင်းနှင့် (ယောဘဝတ္ထု ၉:၁၈၊ ၁၉:၁၇ ကိုကြည့်ပါ)၊ ဤနေရာ၌ကဲ့သို့
အသက်ရှင်ခြင်း၏ အခြေခံမူလတရားကို တင်စားညွှန်ပြရန်အတွက် ၎င်းကို အသုံးပြုခြင်းကို
ခွဲခြားသိမြင်ရန် အရေးကြီးပါသည်။ ruach ကို “အသက်ဇီဝ” ဟု
အဓိပ္ပာယ်ရရှိရန် တင်စားအသုံးပြုခြင်းသည် “သွေး” ကို တင်စားအသုံးပြုခြင်းနှင့်
ဆင်တူသည် (ကမ္ဘာဦးကျမ်း ၄:၁၀၊ ၉:၄ ဆိုင်ရာ မှတ်ချက်များကို ကြည့်ပါ)။
22.
Rejoice in his own works. That is, find contentment and satisfaction in what
this life has to offer. This is the normal outlook of the man who does not have
faith firmly based on eternal things.
မိမိအမှု၌ ပျော်မွေ့ခြင်း။ ဆိုလိုသည်မှာ
ယခုဘဝက ပေးစွမ်းနိုင်သောအရာများအပေါ်၌ စိတ်ကျေနပ်မှုနှင့် ရောင့်ရဲမှုကို
ရှာဖွေတွေ့ရှိခြင်း ဖြစ်သည်။ ဤသည်မှာ ထာဝရအရာများအပေါ်၌ ခိုင်မာစွာ
အခြေမစိုက်ထားသော ယုံကြည်ခြင်းမရှိသည့် လူသားတစ်ဦး၏ သာမန်အမြင်ပင် ဖြစ်သည်။
What shall be? What lies beyond the grave is outside
the scope of human knowledge. Similarly, it is beyond human power to bring a
dead person back from the grave. God alone can do so (see 1 Thess. 4:14–18).
There are Christians today who, like the Sadducees of old, have no faith in a
future resurrection. But God is the God of the living (see Matt. 22:23–32), and
“sons of God” (1 John 3:1, 2) will live again. Life beyond the grave has been
made a certainty by Jesus Christ (1 Cor. 15:16–22; 2 Tim. 1:10).
အဘယ်သို့ဖြစ်မည်နည်း။ သင်္ချိုင်းဂူ၏
အလွန်တွင် အဘယ်အရာရှိသနည်းဟူသောအချက်သည် လူသားတို့၏ ဉာဏ်ပညာအတိုင်းအတာ
နယ်ပယ်ပြင်ပ၌ ရှိသည်။ ထို့အတူပင်၊ သေလွန်သောသူကို သင်္ချိုင်းဂူထဲမှ
ပြန်လည်ခေါ်ဆောင်လာရန်မှာ လူသားတို့၏ တန်ခိုးစွမ်းအားပြင်ပ၌ ရှိသည်။ ဘုရားသခင်
တစ်ပါးတည်းသာလျှင် ထိုသို့ပြုနိုင်တော်မူသည် (သက်သာလောနိတ်ဩဝါဒစာပထမစောင် ၄:၁၄-၁၈
ကိုကြည့်ပါ)။ ယနေ့ခေတ်တွင် ရှေးခေတ် ဇဒ္ဒုကဲများကဲ့သို့ နောင်လာလတ္တံ့သော
ရှင်ပြန်ထမြောက်ခြင်းအပေါ် ယုံကြည်ခြင်းမရှိသော ခရစ်ယာန်အချို့ ရှိကြသည်။
သို့သော်လည်း ဘုရားသခင်သည် အသက်ရှင်သောသူတို့၏ ဘုရားသခင်ဖြစ်တော်မူ၏
(ရှင်မဿဲခရစ်ဝင် ၂၂:၂၃-၃၂ ကိုကြည့်ပါ)၊ “ဘုရားသခင်၏ သားသမီးတော်များ” သည်လည်း
(ရှင်ယောဟန်ဩဝါဒစာပထမစောင် ၃:၁၊ ၂) တစ်ဖန် ပြန်လည်အသက်ရှင်ကြလိမ့်မည်။
သင်္ချိုင်းဂူ၏အလွန်က ဘဝအသက်တာကို ယေရှုခရစ်တော်အားဖြင့် အသေအချာ
အတည်ပြုပေးတော်မူပြီးဖြစ်သည် (ကောရိန္သုဩဝါဒစာပထမစောင် ၁၅:၁၆-၂၂၊
တိမောသေဩဝါဒစာဒုတိယစောင် ၁:၁၀)။
ellen
g. white comments 11 Ed 198, 248 12 ML 166 14 DA 769; Ed 50; PP 754
အယ်လင် ဂျီ ဝှိုက်၏ မှတ်ချက်များ ၁၁
Ed ၁၉၈၊
၂၄၈ ၁၂
ML ၁၆၆ ၁၄
DA ၇၆၉၊
Ed ၅၀၊
PP ၇၅၄
No comments:
Post a Comment