အခန်း (၁၁)
ငွေရေးကြေးရေး
ဘုရားသခင်၏အမှုတော်လုပ်ငန်းကို
ပံ့ပိုးရန်အတွက် သမ္မာကျမ်းစာ၏စီမံကိန်းသည် မိမိလူ တို့၏ဆယ်ဖို့တစ်ဖို့နှင့်
အလှူငွေများမှဖြစ်သည်။ ဘုရားသခင်မိန့်မှာတော်မူသည်မှာ၊ “ဆယ်ဖို့ တစ်ဖို့ရှိသမျှကို
ဘဏ္ဍာတိုက်ထဲသို့သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှာပြုကြလော့” (မာလာခိ ၃း၁၀)။ အသင်းတော်သည် ဤစီမံကိန်းကို ရှေးအချိန်မှစ၍
လိုက်လျှောက်ကျင့်သုံးခဲ့ ပါသည်။
“ဆယ်ဖို့တစ်ဖို့နှင့်
အလှူငွေများ၏စနစ်သည် လူတို့၏စိတ်ထဲတွင် ကြီးမားသောအမှန် တရားကို
စွဲလမ်းစေရန်ရည်ရွယ်ပြီး ဘုရားသခင်သည် မိမိဖန်ဆင်းသောသတ္တဝါ အားလုံးအတွက်
ကောင်းချီးမင်္ဂလာဟူသရွေ့တို့၏ အခြေအမြစ်ဖြစ်ကြောင်းနှင့်
ကောင်းမြတ်သောပြင်ဆင်ပေးသည့် ဆုလာဘ်များအတွက် ဘုရားရှင်အားပြန်လည်၍
လူသားများအနေဖြင့် ကျေးဇူးတုံ့ပြန်ခြင်းဖြစ် သည်။” (ဏဏ ၅၂၅).
“ဘုရားရှင်အတွက်
ဆယ်ဖို့တစ်ဖို့များနှင့်အလှူငွေများသည် ကျွန်ုပ်တို့အားဖန်ဆင်းခဲ့သည့် အတွက်နှင့်
ရွေးနုတ်ကယ်တင်ခဲ့သည့်အတွက် သူ၏ တောင်းဆိုချက်ကို အသိအမှတ်ပြုခြင်းဖြစ် သည်။
အကြောင်းမှာ ကျွန်ုပ်တို့၌ရှိသော တန်ခိုးအားလုံးတို့သည် ခရစ်တော်ထံမှ
ရရှိသည့်အတွက် ဤအလှူငွေများတို့သည် ကျွန်ုပ်တို့ထံမှ ဘုရားရှင်ထံသို့
ပြန်လည်၍စီးဆင်းသွားရပါမည်။ ထိုအ ရာများတို့သည် ကျွန်ုပ်တို့၏ရှေ့မှောက်တွင်
ရွေးနုတ်ခံရသောတောင်းဆိုချက်အဖြစ် အမြဲထားရှိရ ပါမည်။ ဤအချက်သည်
အခြားသောအရာပါဝင်သည့် တောင်းဆိုချက်အားလုံးတို့တွင် အကြီးမား ဆုံးတောင်းဆိုချက်ဖြစ်သည်။” (၆ွှ ၄၇၉).
“ဆယ်ဖို့တစ်ဖို့သည်
သန့်ရှင်း၍ ဘုရားရှင်မှမိမိအတွက် သီးသန့်ထားရှိသည်။ ၎င်းကိုအ
သင်းတော်ဘဏ္ဍာတိုက်ထဲသို့ ယူဆောင်လာသော ဧဝံဂေလိ
၂၃၈ အသင်းတော်လက်စွဲ
လုပ်ငန်းထမ်းဆောင်သူတို့အား
ထောက်ပံ့ခြင်း၌ အသုံးပြုရန်ဖြစ်သည်။” (၉ွှ ၂၇၉). ငွေကြေးလုံလောက်စွာတိုးမြှင့်လာသည့်စီမံကိန်းကို ဘုရားရှင်သည်
မိမိလူတို့အားပေးပြီး ကိုယ်ထူကိုယ်ထရပ်တည်နိုင်ရန် ပြုလုပ်ကြရမည်။
ဆယ်ဖို့တစ်ဖို့စနစ်သည် လှပ၊ ရိုးစင်း၍ မျှမျှတတရှိသည့် ဘုရားရှင်၏
စီမံကိန်းဖြစ်သည်။ ဘုရားရှင်မှအစပြုသည့်အတွက် ယုံကြည်ခြင်း နှင့် ရဲရင့်ခြင်းရှိရှိ
ကျွန်ုပ်တို့အားလုံးကိုင်စွဲကျင့်သုံးရမည်။ ၎င်း၌ရိုးစင်းခြင်းနှင့် အသုံးဝင်ခြင်း
ပေါင်းစပ်လျက်ရှိသည် ----- လူကြီးလူငယ်အားလုံး ဘုရားရှင်အတွက် ဘဏ္ဍာထိန်းဖြစ်ပြီး
ဘဏ္ဍာရေးဌာနမှတောင်းဆိုချက်ကို ပြည့်စုံစေရန် ကိုယ်စားလှယ်များလည်း ဖြစ်ပါသည်။
တမန် တော်ပြောသည်မှာ၊ “ဘုရားရှင်ကောင်းချီးပေးသည့်အလျောက် လူတိုင်းဘဏ္ဍာ
တိုက်ထဲသို့ ထည့် သွင်းကြပါစို့။” (၃ွှ ၃၈၈ယ ၃၈၉).
“ဧဝံဂေလိသတင်းစကားကြွေးကြော်ဟောပြောခြင်းကို မိမိလူတို့၏ဆောင်ရွက်မှုများနှင့်
ဆုကျေးဇူးများအပေါ်အမှီပြုရန် ဘုရားရှင်စီစဉ်ထားပါသည်။ စေတနာဖြင့်ပေးသော
အလှူငွေများ နှင့် ဆယ်ဖို့တစ်ဖို့တို့သည် ဘုရားရှင်၏အမှုတော်အတွက်
ဝင်ငွေအဖြစ်ပေါင်းစပ်လိုက်ပါသည်။ လူတို့အားပေးသောကြေးငွေထဲမှ ဆယ်ပုံတစ်ပုံကို
ဘုရားရှင်တောင်းဆိုပါသည်။ ကျန်သည့်ဝင်ငွေ များကို ဤထက်မကပေးခြင်း၊ မပေးခြင်းနှင့်
ပတ်သက်၍ ကျွန်ုပ်တို့၏လက်ထဲ၌ လွတ်လပ်စွာ အပ်နှံထားပါသည်။” (ဗဗ ၇၄).
“ဆယ်ဖို့တစ်ဖို့အသုံးပြုခြင်းနှင့်ပတ်သက်၍ ဘုရားရှင်သည် ကျွန်ုပ်တို့အား
အထူးညွှန်ကြား ထားပါသည်။ ငွေကြေးမလုံလောက်ခြင်းကြောင့်
အမှုတော်လုပ်ငန်းချို့တဲ့ခြင်းကို ဘုရားရှင်အလို မရှိပါ။ မိမိပြန်လည်၍
တောင်းဆိုပြီး သီးသန့်ထားရှိသည့်ငွေကို အခြားကိစ္စအတွက် ပြောင်းလဲ အသုံးပြုခြင်းကို
ဘုရားရှင်မနှစ်သက်ပါ။ မည်သူမျှ မိမိတို့၏ဝင်ငွေဆယ်ဖို့တစ်ဖို့ကို သိမ်းဆည်း
ထားပြီး မိမိအလိုကျအသုံးမပြုရ။ အရေးပေါ်ကိစ္စအတွက်သော်လည်းကောင်း၊ သင့်လျော်သည့်
အခြားသာသနာလုပ်ငန်းကိစ္စအတွက် သော်လည်းကောင်း မိမိအလိုအတိုင်းဆုံးဖြတ်၍ အသုံးပြု
ခြင်းမပြုလုပ်ရပါ။” (၉ွှ ၂၄၇).
ငွေရေးကြေးရေး ၂၃၉
ဘဏ္ဍာစိုးအရာ
ခရစ်ယာန်မျာတို့သည်
ဘုရားသခင်၏ဖက်စပ်လုပ်ကိုင်သူများအဖြင့် မိမိ၏ပစ္စည်းများကို အပ်နှံထားကာ
သူ၏စည်းကမ်းများနှင့်ညွှန်ကြားချက်အတိုင်း ထိန်းသိ်မ်းစောင့်ရှောက်ရန် ဘုရား
သခင်၏ဘဏ္ဍာစိုးများဖြစ်ကြသည်။ သူ၏ဘဏ္ဍာစိုးများအဖြစ် ကျွန်ုပ်တို့အားလုံးတို့သည် “သစ္စာရှိရမည်” ဟု ဘုရားရှင်အကြံပေးထားပါသည်။ (၁ကော ၄း၂)။ ဘဏ္ဍာစိုးအရာနှင့်ပတ် သက်၍
ခရစ်ယာန်အသက်တာဘ၀တစ်ခုလုံးနှင့် ပတ်သက်သည်ဟု သိရသော်လည်း ငွေကြေး သည်
အထူးအရေးကြီးသောအရာဖြစ်ခြင်းမှာ သံသယရှိစရာမလိုပါ။ ၎င်းသည်အသင်းတော်မိသား စု
တစ်ခုလုံးနှင့်သက်ဆိုင်ပြီး ဘုရားရှင်သည် ကြီးမြတ်သောအရှင်၊
အရာခပ်သိမ်းကိုပိုင်ဆိုင်သော အရှင်နှင့် ကျွန်ုပ်တို့၏နှလုံးသားထဲ၌
သူ၏ကျေးဇူးတော်ကို သွန်းလောင်ပေးသောအရှင်ဖြစ် ကြောင်း အသိအမှတ်ပြုခြင်းဖြစ်သည်။
ခရစ်ယာန်ဘဏ္ဍာစိုးအရာသည်
ကျွန်ုပ်တို့၏ပိုင်ဆ်ိုင်မှုများတို့နှင့် သက်ဆိုင်သည်ဟု မျှော် မှန်းလျက်ရှိစဉ်
ကျွန်ုပ်တို့၏ခရစ်ယာန်ဗဟုသုတနှင့်လည်းသက်ဆိုင်ပါသည်။ ဘုရားသခင်သည်
ကျွန်ုပ်တို့ထံမှ အရာတစ်ခုကိုတောင်းဆိုသည့်အခါ ကျွန်ုပ်တို့အတွက်
အရာတစ်ခုကိုပြုရန်ဖြစ် သည်။ ကျွန်ုပ်တို့၏ နားထောင်မှုဖြင့်
အထံတော်သို့ချဉ်းကပ်ခြင်းသည် ကျွန်ုပ်တို့၏ကောင်းကင် ဘုံရှင် အဖဘုရားသခင်အနေဖြင့်
ဤဘဏ္ဍာစိုးအရာအားဖြင့် ကျွန်ုပ်တို့ကို မြင့်မားသောဝိညာဉ်ရေး အအသက်တာ၌
ထားရှိရန်အတွက်ဖြစ်သည်။ သူ၏အမှုတော်ကိုထမ်းဆောင်ရန် (သို့မဟုတ်) ကျွန်ုပ်တို့ရရှိသည့်ဆုကျေးဖူးများဖြင့်
သူ့အားအသိအမှတ်ပြုရန် သက်သက်မဟုတ်ပါ။ သူပြင်ဆင် ထားသော သူ၏အလိုတော်နှင့်အညီ
ဤအရာများတို့ကို ဆောင်ရွက်ခြင်းအားဖြင့် ဝိညာဉ်ရေးဆိုင် ရာ
ကောင်းချီးမင်္ဂလာများတို့သည် ကျွန်ုပ်တို့၏စိတ်နှလုံးသားထဲသို့
စီးဆင်းလာပါလိမ့်မည်။
၂၄၀ အသင်းတော်လက်စွဲ
“ဘုရားသခင်သည် မိမိ၏ဘဏ္ဍာစိုးအားလုံးတို့အား မိမိ၏စီမံကိန်းနှင့်
အစီအစဉ်အတိုင်း လိုက်လျှောက်ရန် ဆန္ဒရှိသည်။ ဘုရားသခင်၏စီမံကိန်းနှင့် လွဲချော်၍
သော်လည်းကောင်း၊ လျှော့ ချ၍သော်လည်းကောင်း၊ ဖြည့်စွက်၍သော်လည်းကောင်း
ပြုလုပ်ခြင်းကို ဘုရားရှင်အလိုမရှိပါ။ မိမိတို့၌ ဘုရားရှင်ချပေးတော်မူသော
ကောင်းချီးမင်္ဂလာများတို့ကို မိမိတို့စိတ်ကြိုက်ဆောင်ရွက် လိုသည့်အရာများ၊
ကောင်းသောကုသိုလ်ကောင်းမှုဖြစ်သည့်တိုင် ပြုလုပ်ရန် မသင့်ပါ။ ဘုရားရှင်
၏အစီအစဉ်အတိုင်းသာလျှင် ပေးကမ်းစွန့်ကြဲကြရန်ဖြစ်ပါသည်။” (၉ွှ ၂၄၈).
ဆယ်ဖို့တစ်ဖို့
သမ္မာကျမ်းစာ၏စီမံကိန်းကို
အသိအမှတ်ပြုခြင်းနှင့် အရေးကြီးလှသောအခွင့်အရေးနှင့် တာဝန်သည်
ဘုရားသခင်၏သားသမီးများပေါ်နှင့် အသင်းတော်အပေါ်တည်ရှိနေခြင်းကြောင့်
ကျွန်ုပ်တို့အားလုံးတို့သည် မိမိတို့၏ တိုးပွားလာသောပစ္စည်းဥစ္စာ (သို့မဟုတ်)
ကိုယ်တိုင်ဝင်ငွေ အားလုံး၏ဆယ်ပုံတစ်ပုံကို အသင်းတော်၏ဘဏ္ဍာတိုက်ထဲသို့
ပေးသွင်းရပါမည်။
ဆယ်ဖို့တစ်ဖို့ကို
ဒေသခံအသင်းတော်မှအသုံးပြုရန်မဟုတ်ဘဲ ကောင်းမွန်စွာထိန်းသိမ်းကာ
နယ်ဘဏ္ဍာရေးမှူးထံသို့ ပေးပို့ရပါမည်။ ထိုကြောင်း အသင်းတော်အသီးသီးမှ
ဆယ်ဖို့တစ်ဖို့အား လုံးတို့သည် နယ်ဘဏ္ဍာရေးထာနသို့ရောက်ရှိ ကမ္ဘာ့ဌာနချုပ်နှင့်
ဒီဝီဇံ၏စည်းကမ်း ချက်နှင့်အညီ အသင်းတော်၏ဆောင်ရွက်ရန် တာဝန်နှင့်လုပ်ငန်းများကို
ဆောင်ရွက်နိုင်ရန် သတ်မှတ်ထားသော ရာခိုင်နှုန်းအတိုင်း အထက်အဖ့GJအစည်းသို့ ပေးပို့ရပါသည်။
ဤစည်းကမ်းချက်များကို
ချမှတ်ရခြင်းမှာ ဆယ်ဖို့တစ်ဖို့ရရှိသည့်ငွေများကို ကမ္ဘာတစ်ခု လုံးရှိ
အမှုတော်လုပ်ငန်းအတွက် စုသိမ်းခြင်းနှင့်ခွဲဝေခြင်းများ ပြုလုပ်ရန်ဖြစ်ပါသည်။
ငွေကြေးနှင့် အသင်းတော်လုပ်ငန်းကိုလုပ်ကိုင်ရာ၌ အလွန်မှပင်အရေးကြီးလှပေသည်။
ကယ်တင်ခြင်းသတင်း စကားဟောကြား
ငွေရေးကြေးရေး ၂၄၁
ပြန့်ချိခြင်းနှင့်
သီးသန့်ခွဲခြား၍မရပါ။ အမှန်တကယ်ပေါင်းစည်းလုပ်ကိုင်ရပါသည်။
စနစ်တကျစွန့်ကြဲခြင်းနှင့်စည်းလုံးညီညွတ်ခြင်း
- အသင်းတော်၏ငွေကြေးစီမံကိန်း သည် တွေ့မြင်ရသည့်ငွေရေးကြေးရေး
စာရင်းဖယားအစီရင်ခံခြင်းထက် ပို၍ကြီးမားသောရည်ရွယ် ချက်ကို လုပ်ဆောင်နေပါသည်။
ကမ္ဘာ့ဌာနချုပ်မှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆယ်ဖို့တစ်ဖို့ခွဲဝေခြင်းစနစ်သည်
ကမ္ဘာတစ်ခုလုံးရှိအသင်းတော်များကိုစည်းလုံးပေးခြင်းနှင့်
ဝိညာဉ်ရေးတိုးတက်ကြီးပွားခြင်းကို ဖြစ်စေသည့် အံ့ဩဖွယ်ရာရည်ရွယ်ချက်တစ်ခုဖြစ်သည်။
ဆယ်ဖို့တစ်ဖို့ကိုမည်ကဲ့သို့အသုံးပြုရမည်နည်း
- ဆယ်ဖို့တစ်ဖို့သည် ဓမ္မအမှုတော်လုပ် ငန်းအတွက် သန့်ရှင်းသောငွေဖြစ်ပြီး၊
ကျမ်းစာသင်ကြားပို့ချခြင်း၊ အသင်းတော်ကိုကြည့်ရှုပြုစု၍
သာသနာဖြန့်ချိသည့်လုပ်ငန်းကို ထမ်းဆောင်သူများအား ပံ့ပိုးရန်အတွက်ဖြစ်သည်။
အခြားလုပ် ငန်းများအတွက်၊ ကြွေးမြီ ဆပ်ပေးရန်အတွက်၊ အဆောက်
အဦဆောင်လုပ်ရန်အတွက်မဟုတ်ပါ။
“ကျွန်ုပ်တို့၏လူများအတွက် ရှင်းလင်းတိကျသည့်သတင်းကို ကျွန်ုပ်အားပေးခဲ့ပါသည်။
မိမိတို့၏စိတ်တိုင်းကျ ကောင်းရာထင်မြင်သည့်လုပ်ငန်းများအတွက်မှားယွင်းပြီး
ဆယ်ဖို့တစ်ဖို့ကို အသုံးပြုခြင်သည် ဘုရားသခင်၏ အလိုတော်နှင့်မကိုက်ညီပါ။
ဘုရားသခင်၏စီမံကိန်းနှင့် လွဲချော်၍ ဆယ်ဖို့တစ်ဖို့ကို အသုံးပြုသောသူတို့အား
ဘုရားရှင်မှ စီရင်ချက်ချမည်ဖြစ်သည်။”
ဆယ်ဖို့တစ်ဖို့ကိုမည်ကဲ့သို့ထိန်းသိမ်းရမည်နည်း
- ဆယ်ဖို့တစ်ဖို့သည် ဘုရားသခင်၏ ပိုင်ဆိုင်မှုဖြစ်ပြီး
၎င်းကိုဝတ်ပြုကိုးကွယ်မှုကိစ္စအဖြစ် နယ်ဘဏ္ဍာရေးဌာနသို့ မိမိအသင်းတော် နာ
မည်စာရင်းရှိသည့်နေရာမှတစ်ဆင့်
ငွေရေးကြေးရေး
၂၄၂
ထည့်ဝင်ရပါသည်။
လုပ်ရိုးလုပ်စဉ်မဟုတ်သည့် အခက်အခဲတစ်စုံတစ်ရာရှိပါက မိမိ၏နယ်လူကြီး များတို့နှင့်
တွေ့ဆုံဆွေးနွေးသင့်ပါသည်။
အသင်းတော်နှင့်နယ်ခေါင်းဆောင်များပုံသက်သေပြရမည်
- အသင်းလူကြီးများ၊ အသင်းတော်ခေါင်းဆောင်များ၊ ဓမ္မဆရာများနှင့်
နယ်အဖွဲ့အစည်းဝန်ထမ်းများအားလုံးတို့သည် ဆယ်ဖို့တစ်ဖို့ထည့်ဝင်ခြင်း၌
ကောင်းသောခေါင်းဆောင်များအဖြစ် ပုံသက်သေပြရမည်။ ထိုသို့ သော ပုံသက်သေမပြနိုင်ပါက ခေါင်းဆောင်တာဝန်ကိုမထမ်းဆောင်သင့်ပါ။
အလှူငွေများ
ဆယ်ဖို့တစ်ဖို့အပြင်
ဘုရားရှင်ထံသို့ အခြားအလှူငွေများကိုလည်း ယူဆောင်လာရန် ကျမ်းစာမှ သွန်သင်ထားပါသည်။
အလှူငွေပေးကမ်းခြင်းမပြုပါက ဆယ်ဖို့တစ်ဖို့မပေးခြင်းကဲ့သို့ ဖြစ်ကြောင်းနှင့်
ဘုရားပစ္စည်းခိုးယူခြင်းဖြစ်ကြောင်း (မာလခိ ၃း၈) တွင် ဖော်ပြပါသည်။ ရှေးအ သင်းတော်တည်ထောင်ချိန်မှစ၍
အသင်းသားများတို့သည် အလှူငွေပေးကမ်းခြင်းအားဖြင့် မိမိတို့ ၏အသင်းတော်ကို
တိုးတက်ကြီးပွားစေခဲ့ပါသည်။
၎င်းပြင်
အလှူငွေထည့်ဝင်သည့်အစီအစဉ်ကို ကမ္ဘာ့ဌာနချုပ်မှ မည်သည့်ဥပုသ်အပတ်၌
မည်သည့်အလှူငွေကို ထည့်ဝင်ရမည့်အကြောင်း သတ်မှတ်ပေးထားပါသည်။ ဒီဝီဇံကော်မတီမှ လည်း
မိမိနယ်မြေအတွက် လိုအပ်သလို စီစဉ်ဆုံးဖြတ်ပေးထားပါသည်။
ဥပုသ်စာဖြေအလှူငွေများ
- အသင်းတော်၏အများဆုံးနှင့် အောင်မြင်ဆုံး စနစ်တကျ ပုံ မှန်ထည့် ဝင်သည့်အလှဥငွေမှာ
ဥပုသ်စာဖြေအလှူငွေဖြစ်ပါသည်။ ကမ္ဘာ့ သာသနာ့လုပ်ငန်း အတွက် သတ်မှတ်ထားပါသည်။
အခြားအလှူငွေများ
- အခြားသောအလှူငွေများကို ရံဖန်ရံခါ ကမ္ဘာ့သာသနာလုပ်ငန်းအ တွက်ကောက်ခံပြီး
အထွေထွေအတွက်နှင့် ဒေသစီမံကိန်းအတွက် အသုံးပြုရန် ဖြစ်သည်။ မည်
သည့်အလှူငွေမဆိုကောက်ခံရာတွင် ပေးကမ်းသူမှနေပြီး မည်သည့်တောင်းဆိုချက်ကိုမျှ
မပြုခဲ့ပါ က ၎င်းထည့်ဝင်သော အလှူငွေအားလုံးတို့သည် ထိုအချိန်၌ကောက်ခံသည့်
သတ်မှတ်ထားသော အလှူငွေအတွက်သာဖြစ်သည်။
နယ်ဒေသများသို့ပေးသောအထူးအလှူငွေများ
- အသင်းတော်၏ကမ္ဘာတစ်ဝန်းရှိလုပ် ငန်းကို ပံ့ပိုးသည့်ငွေကြေးမှာ
ရသုံးငွေစနစ်အပေါ်အခြေခံသည်။ နယ်ပယ်များအတွက် ပံ့ပိုးရန်လျာ ထားသည့်ငွေသည်
ရသုံးငွေ၏ လိုအပ်ချက်များအပေါ် အခြေခံသည်။ ဤနည်းသည် ရန်ပုံငွေခွဲဝေ ရာ၌
တရားပြီးမျှတသောနည်းဖြစ်သည်။
ပုံမှန်ရသုံးငွေလျာထားချက်အပြင်
အခြားနေရာမှလာသော အထူးအလှူငွေသည် နယ်တစ်ခု အတွက်သာဖြစ်ပါက အခြားသာသနာနယ်မြေအတွက်
ကွဲပြားမှုကိုဖန်တီးစေပါသည်။ သို့သော် ထိုအထူးအလှူငွေသည်
နေရာအသစ်အစပြုရန်အတွက်ဖြစ်ပါက ၎င်းအတွက်ကိုသုံးရန် (သို့မဟုတ်)
ရှေ့လုပ်ဆောင်ရန်လုပ်ငန်းအတွက် စီစဉ်ပါက ပုံမှန်ရသုံးငွေလျာထားသည့်ရန်ပုံငွေ နှင့်
ပေါင်းထည့်ရန်ဖြစ်ပါသည်။ ထိုသို့ဖြစ်ပါက အခြားနယ်မြေများနေဖြင့် မတော်တဆပို၍ကူညီ
မှု လိုအပ်နေပါက ထိုလိုအပ်ချက်ကို အသိမပေးသောကြောင့် မရရှိခြင်းကိုလက်ခံနိုင်ရန်
အထူး အ လှူငွေရရှိသည့်နယ်အနေဖြင့် ထိုရရှိငွေကို နေရာသစ်အတွက်သာလျှင်
အသုံးပြုရန်ဖြစ်ပါသည်။
ရာဇဝင်တစ်လျှောက်၌
သစ္စာရှိသောစေတနရှင်များတို့သည် မိမိတို့၏အလှူငွေများနှင့် အထူးပေးငွေများကို
မှန်သောနည်းလမ်းဖြင့် အသင်းတော်အတွက်ပေးခဲ့ပြီး နယ်များအနေဖြင့်
သူတို့၏ပေးခြင်းအားဖြင့် အကျိုးများစွာ ခံစားရပါသည်။
မရှိနွမ်းပါးသူနှင့်လိုအပ်သူများကိုကူညီခြင်း
- ဆင်းရဲသားနှင့် လိုအပ်သောသူများအ တွက် ကောက်ခံသည့်အလှူငွေသည် အသင်းသားများအထဲ၌
လိုအပ်သူများတို့ကို ကူညီရန်ဖြစ်ပါ သည်။ အရေးပေါ်ကိစ္စများအတွက်
သီးသန့်ရန်ပုံငွေကို ထားရှိသင့်သည်။ ၎င်းပြင် အသင်းတော်အ နေဖြင့် လိုအပ်ချက်အားလုံးအတွက်
ရက်ရောသောစိတ်ဓာတ်ရှိသင့်ပြီး ၎င်းသီးသန့်ထားရှိသည့်ငွေ မှ
အသင်းတော်၏ကျန်းမာဖွံ့ဖြိုးရေးအတွက်ပါမက ရပ်ကွက်အတွင်း အိမ်ထောင်မိသားစုများတို့
၏အရေးကို ကူညီရပါမည်။
အသင်းတော်ကုန်ကျစိရိတ်အတွက်ရန်ပုံငွေ
- အသင်းတော်ကန်ုကျစရိတ်အတွက် ပြင်ဆင်မှုတွင် စိတ်ကျေနပ်ဖွယ်ရာအကောင်းဆုံးနည်းသည်
ရသုံးငွေလျာထားခြင်းစီမံကိန်းဖြစ် သည်။ နှစ်သစ်အတွက် ရသုံးငွေလျာထားခြင်း
(ကြိါနအ) အစမပြုမီ၊ ဘုတ်အဖွဲ့မှဘတ်ဂျက်ကုန်
ကျမည့်စရိတ်ကို အသင်းတော်၏လာမည့်တစ်နှစ်တာလုံးအတွက် ကြိုတင်ပြင်ဆင်ထားရပါမည်။
ဘတ်ဂျက်၌ ဝင်ငွေနှင့် သုံးငွေခန့်မှန်းချက်ပါဝင်ရမည်။
သက်ဆိုင်ရာဌာနအားလုံးအတွက်လည်း ပါဝင်ရမည်။ အသုံးပြုမည့်
ပစ္စည်းပစ္စယများ၏ခန့်မှန်း တန်ဖိုး၊ အာမခံကြေး၊ မွမ်းမံပြင်ဆင်မှု စရိတ်၊
သန့်ရှင်းရေးလုပ်ငန်းအတွက် စရိတ်၊ ဆင်းရဲသားနှင့် လိုအပ်သူများအတွက်ရန်ပုံငွေ၊
အသင်းတော်ကျောင်းကုန်ကျစရိတ်အတွက်၊ အစရှိသည်တို့အတွက် ပြင်ဆင်မှုပြုသင့်သည်။
ဘတ်ဂျက်ကိုလေ့လာရန်နှင့်လက်ခံရန်
အသင်းတော်သို့တင်ပြပြီး လာမည့်နှစ်သစ်အတွက် ဆွဲထားသည့်ဘတ်ဂျက်မှာ လက်တွေ့ကျမကျ
သေချာစေရမည်။ အသင်းတော်ကုန်ကျစရိတ် အတွက် ရန်ပုံငွေလုံလောက်ရန်
အလှူငွေကောက်ခံခြင်း (သို့မဟုတ်) အမအစတောင်းခံခြင်း ပြုလုပ်နိုင်သည်။
ဝင်ငွေအခြေအနေအပေါ်မူတည်ပြီး အသင်းသားများအနေဖြင့် မိမိတို့၏အသင်း တော်ကို
ပံ့ပိုးရန် တောင်းဆိုနိုင်သည်။
အထွေထွေငွေကြေးဆိုင်ရာအကြံဥာဏ်
ရန်ပုံငွေများကောက်ခံခြင်းဆိုင်ရာစည်းမျဉ်း
- ရန်ပုံငွေများကောက်ခံခြင်းဆ်ိုင်ရာ စည်းမျဉ်း
ဥပဒေများတို့သည် အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ မည်သည့်နယ်၊ အသင်းတော် (သို့မဟုတ်)
အဖွဲ့အစည်းမျှ အထူးတိုင်ပင်ဆွေးနွေးခြင်း နှင့် အစီအစဉ်ဆွဲခြင်းမရှိဘဲ
မိမိ၏နယ်မြေအပြင်ဘက်၌ ရန်ပုံငွေကောက်ခံခြင်းမပြုရပါ။ မိမိ၏ နယ်မြေအတွင်း
ရန်ပုံငွေကောက်ခံပါက ဒေသအသင်းတော်၊ ယူနီယံ၊ ဒီဝီဇံနှင့် ကမ္ဘာ့ဌာနချုပ်၏
စည်းကမ်းချက်နှင့် ညီညွတ်ခြင်းရှိရမည်။ နယ်မြေတစ်ခု၌ရှိသော
အသင်းတော်ဝန်ထမ်းများသည် အခြားနယ်မြေသို့သွားရောက်ကာ ရန်ပုံငွေကောက်ခံရန်
ထိုနယ်မြေမှ အသင်းတော်လူကြီး၏ သဘောတူခွင့်ပြုချက်ထောက်ခံစာမရှိဘဲ
ကောက်ခံခွင့်မရှိပါ။
၂။ အောက်ပါစည်းကမ်းချက်များတို့သည်
ခွင့်ပြုချက်မရခြင်း၊ လိမ်လည်ခြင်းနှင့် အသင်း
တော်မှမဟုတ်ခြင်းတို့ရန်ပုံငွေကောက်ခံခြင်းမှ အသင်းတော်ကိုကာကွယ်ရန်ဖြစ်သည်။
(က) နယ်မှခွင့်ပြုခြင်း၊ အသိအမှတ်ပြုခြင်းမရှိဘဲ
အသင်းတော်ဘုရားကျောင်း၏ပလ္လင်ပေါ် ၌တက်၍ အလှူခံခွင့်ကို သင်းအုပ်ဆရာများနှင့်
အသင်းလူကြီးများခွင့်မပြုရပါ။
(ခ) တောင်းဆိုခြင်းအားဖြင့် ပေးကမ်းသမျှရန်ပုံငွေအားလုံးတို့သည်
အသင်းတော်၏ပုံမှန် လမ်းကြောင်းအတိုင်း အသင်းတော်ဘဏ္ဍာရေးဌာနသို့ရောက်ရှိရမည်။
(ဂ) နယ်နှင့်အသင်းတော်ခေါင်းဆောင်များတို့သည် ခွင့်ပြုချက်မရှိသော (သို့မဟုတ်)
တရား မဝင်သောရန်ပုံငွေကောက်ခံသည့် ဖြတ်ပိုင်းစာအုပ်များပုံနှိပ်ခြင်းကို
လိုအပ်သလို တားဆီးကာ ကွယ်ရမည်။
၃။ နှစ်စဉ်အသင်းတော်၏အလှူငွေကောက်ခံခြင်းအစီအစဉ်
(Ingathering
or equivalent appeal) အပြင်
အခြားသောအလှူငွေများကို မိမိဒေသ၌ သော်လည်းကောင်း၊ အခြားဒေသ (သို့မဟုတ်)
ပြည်ပ၌သော်လည်းကောင်း မပြုလုပ်ရပါ။ ဤ စည်းမျဉ်းကို မချိုးဖောက်ရန်
ယူနီယံနှင့်နယ်တာဝန်ရှိလူကြီးများတို့မှ ကာကွယ်သင့်ပါသည်
၄။ ဒီဝီဇံအတွင်းရှိ ဝန်ထမ်းများတို့သည်
မိမိတို့မိခင်အသင်းတော်သို့ ပြန်သွားချိန်၌ သော်လည်းကောင်း၊
ဆက်သွယ်ခြင်းအားဖြင့်သော်လည်းကောင်း၊ အလှူငွေတောင်းခံရန် တောင်း ဆိုခြင်းခံရပါက
ထိုကောက်ခံရမည့်ရန်ပုံငွေသည် အသင်းတော်သာသနာ့လုပ်ငန်း အတွက်သာဖြစ် ရမည့်အပြင်
၎င်းကောက်ခံရရှိသမျှအလှူငွေအားလုံးတို့သည်လည်း ပုံမှန်လမ်းကြောင်းမှတစ်ဆင့်
အသင်းတော် ဘဏ္ဍာရေးဌာနသို့ ပေးသွင်းရမည်။
မေးခွန်းထုတ်စရာရန်ပုံငွေကောက်ခံသည့်စနစ်များ
- မေးခွန်းထုတ်စရာရန်ပုံငွေကောက် ခံသည့်စနစ်များကို အသင်းတော်မှကြပ်တည်းစွာ
ကာကွယ်သင့်သည်။
“ဘာသာရေးကိစ္စအတွက် အလှူငွေကောက်ခံသည့်အခါ အသင်းတော်၏မည်သည့်ကိစ္စ အတွက်
အသုံးပြုမည်နည်း။ ဈေးသွားရန်၊ ညစာစားကြရန်၊ ပျော်ပွဲရွှင်ပွဲပြုလုပ်ရန်
အစရှိသည်တို့ အတွက်ဖြစ်တတ်သည်။ မကြာခဏဝတ်ပြုကိုးကွယ်ရန်အတွက် သတ်မှတ်ထားသောနေရာကို
စားပွဲသောက်ပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ အရောင်းအဝယ်ပြုလုပ်ခြင်းအားဖြင့်
ထိုဝတ်ပြုရန်နေရာထိုင်ခင်းကို ရှုတ်ချရာကျပါသည်။ လူငယ်များအတွက်
ဘုရားရှင်၏အိမ်တော်ကို ရိုသေမှုပြုလိုစိတ်လျော့နည်း စေပါသည်။ အခက်အခဲများကာကွယ်ရန်
ချုပ်တည်းစိတ်ပျော့ညံ့သွားစေပါသည်။ တစ်ကိုယ် ကောင်းဆန်သောစိတ်ဓာတ်၊
အာဟာရစွဲလမ်းစိတ်၊ ကြွားလုံးထုတ်လိုစိတ် အစရှိသဖြင့် တိုးပွား၍
အားကောင်းလာစေပါသည်။” (9T ၉၁).
“ဘုရားရှင်၏လုပ်ငန်းတိုးတက်ကျယ်ပြန့်လာသည်နှင့်အမျှ အကူအညီပို၍ပို၍လိုအပ်လာ
ပါသည်။ ထိုကြောင့် ယုံကြည်သူခရစ်ယာန်များတို့နေဖြင့် ဆယ်ဖို့တစ်ဖို့နှင့်
အလှူငွေများအားဖြင့် သစ္စာရှိကြပါက ဘုရားရှင်၏ဘဏ္ဍာ တော်သည် အမြဲပြည့်လျှံလျက်ရှိပါလိမ့်မည်။ ဘုရားရှင်၏အမှုတော်လုပ်ငန်းအတွက်
ပံ့ပိုးရမည့်ငွေ ကြေးကိုလည်း အခြားပျော်ပွဲရွှင်ပွဲ၊ စားပွဲသောက်ပွဲများအတွက်
အသုံးပြုရန် အကြောင်းမရှိပါ။” (AA ၃၃၈).
ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေများသည်
ကိုယ်ပိုင်အပ်နှံသည့်ရန်ပုံငွေမဟုတ်ပါ - အသင်းတော်ရှိ အသင်းသားများတို့မှပေးသော
ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေများတို့သည် ပေးကမ်း စွန့်ကြဲသူများတို့၏ရှေ့ရေးအတွက်
အကျိုးခံစားရစေရန် အပ်နှံထားသောရန်ပုံငွေမဖြစ်စေရပါ။ ဤအလှူငွေများမှာ
လက်ရှိလိုအပ်သည့်ရည်ရွယ်ချက်အတွက် အသုံးပြုရန်သာဖြစ်သည်။
အဆောက်အဦစီမဲကိန်းအတွက်ငွေရေးကြေးရေးအစီအစဉ်
- ဘုရားကျောင်းများဝယ် ယူရန် (သို့မဟုတ်) ဆောင်လုပ်ရန်အတွက်သော်လည်းကောင်း၊
အခြားအဆာက်အဦများအတွက် သော်လည်းကောင်း၊ ကြွေးမြီဆပ်ရန်အတွက်သော်လည်းကောင်း
လိုအပ်နေသည့်ကိစ္စရပ်များအ တွက် စီစဉ်ဆောင်ရွက်ခြင်းမပြုမီ နယ်လူကြီးများနှင့်
ဦးစွာတွေ့ဆုံကာ တိုင်ပင်မှုပြုရပါမည်။ အသင်းတော်ပိုင်ပစ္စည်းများဝယ်ယူခြင်း၊
ဆောင်လုပ်ခြင်းမပြုမီ နယ်နှင့် ယူနိယံကော်မတီများမှ ခွင့်ပြုချက်မရရှိပါက
မည်သည့်အရာကိုမျှ စတင်၍ မပြုလုပ်ရပါ။ တည်ဆဲဥပဒေနှင့်ညီ၊ မညီ လေ့လာသုံးသပ်ပြီးမှသာ
ဤကော်မတီများမှ ခွင့်ပြုသွားမည်ဖြစ်သည်။ ငွေရေးကြေးရေးနှင့်ပတ် သက်၍
အကြံပြုသောအခါ၊ ကော်မတီအနေဖြင့် အသင်းသူအသင်းသားဦးရေ၊ အသင်းတော်၏ငွေ ကြေးအင်အား၊
အဆောက်အဦတည်နေရာ အစရှိသည်တို့ကိုလည်း စဉ်းစားဆင်ခြင်သုံးသပ်သွား မည်ဖြစ်ပါသည်။
ရန်ပုံငွေများအတွက်ထိန်းသိမ်းစောင့်ရှောင့်ခြင်းနှင့်
စာရင်းအင်းထားရှိခြင်း - ဘုရားရှင်၏အမှုတော်လုပ်ငန်းအတွက် ရန်ပုံငွေရယူခြင်း
နှင့်ကိုင်တွယ်ထိန်းသိမ်းခြင်းသည် သန့်ရှင်းသောတာဝန်တစ်ခုဖြစ်သည်။
မှန်ကန်သောလမ်းကြောင်းသည်
အသင်းသားများထံမှ အသင်းတော်သို့ ဤရန်ပုံငွေများရောက်ရှိ လာပြီး
ဘဏ္ဍာရေးမှူးမှငွေထုတ်ပေးသည်။ အသင်းတော်၏ရည်ရွယ်ချက်နှင့် အညီဘဏ္ဍာရေးမှူးမှ
ငွေထုတ်ပေးသည်။ နယ်အတွက်နှင့် အထွေထွေရည်ရွယ်ချက်များနှင့်ဆုင်သည့်ရန်ပုံငွေကို
ဘဏ္ဍာ ရေးမှူးမှ နယ်ဘဏ္ဍာရေးမှူးထံ ပို့ပေးရပါသည်။ အသင်းတော်ဘဏ္ဍာရေးမှူးအနေဖြင့်
ဘုတ်အဖွဲ့၏ ညွှန်ကြားချက်အရ ဆောင်ရွက်ရပါသည်။ အသင်းတော်အဆင့်တိုင်းရှိ
ဘဏ္ဍာရေးမှူးများ (အသင်း တော်၊ နယ်၊ ယူနီယံ၊ ဒီဝီဇံ၊ ကမ္ဘာ့ဌာနချုပ်) တို့သည်
မိမိတို့သဘောအတိုင်း ငွေကြေးများကို စီမံ ကွပ်ကဲ၍မရပါ။ သက်ဆိုင်ရာ
အာဏာရှိကော်မတီများတို့၏ဆုံးဖြတ်ချက်အပေါ်၌သာ ငွေထုတ် ပေးခွင်းရှိသည်။
စာရင်းစစ်ခြင်း
- ဒေသခံအသင်းတော်မှစ၍ ကမ္ဘာ့ဌာနချုပ်အထိအသင်းတော်၏ငွေရေး ကြေးရေးဆိုင်ရာ
စာရင်းအင်းရှိသမျှတို့ကို တာဝန်ပေးအပ်ထားသော စာရင်းစစ်များမှာ စာရင်းစစ် ရပါသည်။
ဤစည်းမျဉ်းကို အသင်းတော်နှင့်ပတ်သက်သည့် အသိအမှတ်ပြုခံအဖွဲ့အစည်းအားလုံး ရှိ
စာရင်းအင်းများလည်း အကျုံးဝင်ပြီး ထိုသို့ပြုလုပ်ရခြင်းသည်
အသင်းတော်၏ရန်ပုံငွေများကို စိတ်ချစွာ၊ လုံခြုံစွာကိုင်တွယ်ခြင်းပင်ဖြစ်သည်။
-၀-
No comments:
Post a Comment