အခန်း - ၁။
အခန်း - ၂။
အခန်း - ၃။
အခန်း - ၄။
အခန်း - ၅။
အခန်းကြီး - ၁။
အခန်း (၁)
ဘာကြောင့်အသင်းတော်လက်စွဲလိုအပ်သနည်း
ဘာကြောင့်ခရစ်တော်ကို မြော်လင့်သောသတ္တမနေ့အသင်းတော်အနေဖြင့် အသင်းတော် လက်စွဲရှိရန်လိုအပ်သနည်း။
ဘုရားရှင်သည် စည်းကမ်းစနစ်ရှိသောဘုရားရှင်ဖြစ်ကြောင်း သူ၏ဖန်ဆင်းခြင်းနှင့်ရွေးနုတ် ကယ်ကယ်တင်ခြင်းလုပ်ငန်း၌ ထင်ရှာလျက်ရှိပါသည်။ ထို့ကြောင့် စည်းစနစ်သည်သူ့အသင်း တော်၏ အနှစ်သာရတစ်ခုဖြစ်သည်။ စည်းစနစ်ကို အသင်းတော်၏လည်ပတ်မှု အတွက်သော် လည်းကောင်း၊ သာသနာဖြန့်ချိရန်အတွက်သော်လည်းကောင်း စည်းမျဉ်းဥပဒေ ကောင်းမွန်စွာ ထားရှိခြင်း အားဖြင့်သာ ရရှိနိုင်ပါသည်။ ဘုရားရှင်၏အမှုတော်အတွက်သော်လည်းကောင်း၊ လူသားများအတွက်သော်လည်းကောင်း၊ အောင်မြင်သောဘာသာရေးအဖွဲ့ အစည်းတစ်ခုဖြစ်ရန် စည်းကမ်းစနစ်နှင့် ဥပဒေများလိုအပ်ပါသည်။ သမ္မာကျမ်းစာ၏ထောက်ခံချက်မှာ၊ ”ခပ်သိမ်း သောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်းစီရင်ကြလော့” (၁ကော ၁၄း၄၀) ဟုဖြစ်ပါသည်။
အယ်လင်ဂျီဝှိုက်မှ ၎င်းလိုအပ်ချက်များကို ၁၈၇၅ ခုနှစ်၌ ဖော်ပြခဲ့သည်မှာ၊ “ခရစ်တော်၏ အသင်းတော်သည် ကြောက်ဖွယ်ရာကောင်းသော အန္တရာယ်နှင့် အမြဲရင်ဆိုင်ရသည်။ မာရ်နတ် သည် ဘုရားခသင်၏သားသမီးများတို့ကို ဖျက်ဆီးရန် ကြိုးစားလျက်ရှိသောကြောင့် ပုဂ္ဂိုလ်တစ်ဦး ၏ အတွေးအခေါ်နှင့်ဆုံးဖြတ်ချက်ကို သာယုံက်ြာအားကိုး ရန်မလုံလောက်ပါ။ ထိုကြောင့် ခရစ် တော်သည် မိမိ၏နောက်လိုက်တပည့်တော်များကို အတူတကွ စုရုံးစေပြီးအကောင်းဆုံးသောစနစ်၊ စည်းကမ်းနှင့်ဥပဒေများတို့ကို စဉ်းစားဆင်ခြင်သုံးသပ်ကာ ဝိုင်းဝန်းဆုံးဖြတ်အတည်ပြုကြပြီး ထားရှိရခြင်းဖြစ်သည်” (3T 445).
သို့သော် အသင်းတော်တည်ထောင်စအချိန်၌ အသင်းတော်ခေါင်းဆောင် များတို့သည် နှစ်စဉ်ညီလာခံအစည်းအဝေးရှိခဲ့သော်လည်း ဤအရေးကြီးလှသည့်
ဘာကြောင့်အသင်းတော်လက်စွဲလိုအပ်သနည်း
၂၁
အသင်းတော်အုပ်ချုပ်ရေးဥပဒေကို လျင်မြန်စွာထုတ်ဝေခြင်းမပြုခဲ့ချေ။ နောက်ဆုံးတွင် ၁၈၈၂ ခု နှစ်၌ ကမ္ဘာ့ဌာနချုပ်ညီလာခံမှ “အသင်းတော်ခေါင်းဆောင်များအတွက် ညွှန်ကြားချက်များကို” Review and Herald မဂ္ဂဇင်း (သို့မဟုတ်) ဝေစာပုံစံဖြင့်ပုံနှိပ်ရန် ပြင်ဆင်ခဲ့ပါသည်။ (RH, Dec. ၂၆, ၁၈၈၂). ဤတိုးတက် ကြီးထွား ခြင်းကိုကြည့်ခြင်းဖြင့် အဖွဲ့အစည်းတစ်ခုကို ထိရောက်စွာဖြင့် သော်လည်းကောင်း၊ စည်းလုံး ညီညွတ်စွာဖြင့်သော်လည်းကောင်း အုပ်ချုပ်ရေးစည်းမျဉ်းဥပဒေကို စာအုပ်အဖြစ်ပုံနှိပ်ဖြန့်ချိရန် လိုအပ်လာပါသည်။
၁၈၈၃ ခုနှစ် ကမ္ဘာ့ဌာနချုပ်ညီလာခံအချိန်၌ အသင်းတော်၏အုပ်ချုပ်ရေး ဥပဒေကို အသင်း တော်လက်စွဲစာအုပ်အဖြစ် အမြဲတမ်းထားရှိရန် အဆိုပြုချက်တင်သွင်းခဲ့ရာ၊ ကိုယ်စားလှယ် များမှ ထိုအဆိုပြုချက်ကို လက်မခံခဲ့ပါ။ အကြောင်းမျာ ထိုလက်စွဲစာအုပ်ကို တစ်ဦးတစ်ယောက်မှ မိမိ ဆန္ဒအလျောက် အလွဲသုံးစားပြုကြမည်ဟု စိုးရိမ်ခဲ့ကြသောကြောင့်ဖြစ်သည်။
သို့သော် ဤစိုးရိမ်မှုသည် အနှစ် (၂၀) မျှရှိခဲ့ပြီးဖြစ်သောကြောင့် ကန့်ကွက်သူများ တဖြည်း ဖြည်းလျော့နည်းလာကာ ကမ္ဘာ့ဌာနချုပ်ညီလာခံမှနေ၍ ဆက်လက်ဆုံးဖြတ်ချက်များကို ပြုလုပ်ခဲ့ ပါသည်။
လက်စွဲစာအုပ်အဖြစ် ပထမအနေဖြင့်မပုံနှိပ်နိုင်ခဲ့သော်လည်း စာအုပ်ငယ်လေးအဖြစ် အများ သဘောတူနိုင်သည့်အသင်းတော်ကို လမ်းညွှန်ရန် အတွက် တစ်ချိန်ပြီးတစ်ချိန်ပြုစုခဲ့ပါသည်။ ၁၉၀၇ ခုနှစ်၌ စာမျက်နှာ ၁၈၄ ပါရှိသည့်အာအုပ်ကို “အသင်းတော်၊ ၎င်း၏အဖွဲ့အစည်း စနစ်နှင့် ဥပဒေ” ခေါင်းစဉ်အမြစ် J.N. Lသကါ့ဘသမသကါ့ မှ ပုံနှပ်ထုတ်ဝေခဲ့ပါသည်။ ထိုစာအုပ်ငယ်၌ ပါရှိ သည့် အကြောင်းအရာများကို ယထုအသင်းတော်လက်စွဲစာအုပ်တွင် များစွာတွေ့ရှိရပါသည်။
၂၁ ရာစုစောစောပိုင်းအချိန်တွင် အသင်းတော်သည် လျင်မြန်စွာ တိုးတက်လာသည့်အတွက်၊ တစ်ကမ္ဘာလုံးရှိ သင်းအုပ်ဆရာများနှင့်အသင်းသား များအသုံးပြုရန် လက်စွဲစာအုပ်လိုလာပါသည်။ ထို့ကြောင့် ၁၉၃၁ ခုနှစ်၌
၂၂ အသင်းတော်လက်စွဲ
အသင်းတော်လက်စွဲစာအုပ်ကိုပုံနှိပ်ရန် ကမ္ဘာ့ဌနချုပ်ကော်မတီမှ ဆုံးဖြတ်ခဲ့ပါသည်။ J.
J.L. McElhany ကမ္ဘာ့ဌာနချုပ်ဥက္ကဌမှ မူကြမ်းကို ပြင်ဆင်ကာ ၁၉၃၂ ခုနှစ်တွင် ပုံနှိပ်ခဲ့ပါသည်။
ဤပထမဦိးဆုံးပုံနှိပ်ခဲ့သည့် အသင်းတော်လက်စွဲစာအုပ်၏နိဒါန်းအဖွင့်ဝိကျ၌ပြောခဲ့သည်မှာ “ကျွန်ုပ်တို့အနေဖြင့် မလုပ်မဖြစ်ပြုလုပ်ရမည့်အရာသည် အသင်းတော်၏လက်စွဲစာအုပ် ကိုထားရှိ ရန် နှင့် အသင်းတော်၏ကျင့်ထုံးများနှင့်အုပ်ချုပ်ပုံအုပ်ချုပ်နည်းကို ထိန်းသိမ်းထားရန်” ဖြစ်ပါ သည်။
“ထိန်းသိမ်း” ဆိုသည့်စကားကို သတိပြုပါ။ အသင်းတော်၏အုပ်ချုပ်ရေးပုံစံတစ်ခုလုံးကို တစ်မုဟုတ်ချင်း ကြိုးစားဖန်တီးခဲ့ခြင်းမဟုတ်၊ အတင်းအကျပ်ပြဌာန်းခြင်းလည်းမဟုတ်ပါ။ အချိန် များစွာ ယူခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ် ဆုံးဖြတ်ချက်များကို ပြုခဲ့ရာ၊ လိုအပ်သည့် စည်းကမ်း များကို ထည့်သွင်းခဲ့ပြီးတိုးတက်၍ ရှုပ်ထွေးမှုရှိသည့်အသင်းတော်ကို အုပ်ချုပ်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်ပါ သည်။
အသင်းတော်လက်စွဲ၏အာဏာနှင့်လုပ်ဆောင်မှု
၁၉၃၂ ခုနှစ်မှစ၍ အသင်းတော်လက်စွဲသည် ယခုလက်ရှိစာအုပ်ပုံစံ အဖြစ် စတင်၍ထား ရှိခဲ့ပါသည်။ ဒေသခံအသင်းတော်၏ဆောင်ရွက်ချက်များနှင့် အုပ်ခုပ်ပုံများကိုဖော်ပြပြီး အသင်း တော်တစ်ခုလုံးနှင့် မည်ကံသို့ဆက်သွယ်လျက်ရှိကြောင်းနှင့် အသင်းဝင်စာရင်းကို မည်ကဲ့သို့ မှတ်တမ်းယူကာ ထိန်းသိမ်းရမည်အကြောင်းကို ဖော်ပြပါသည်။ အသင်းတော် လက်စွဲသည် အသင်း တော်အနေဖြင့် ခရစ်ယာန်အသက်တာအကြောင်းကိုသော်လည်းကောင်း၊ အသင်းတော် ၏အုပ်ချုပ်ပုံအုပ်ချုပ်နည်း စည်းမျဉ်းဥပဒေကိုသော်လည်းကောင်း၊ ကျမ်းစာမှ ဖော်ပြသည့် စည်းမျဉ်းဥပဒေကို အခြေပြုသည့် အတိုင်း နားလည်ရမည်အကြောင်းနှင့် အခါအားလျော်စွာ ကမ္ဘာ့ဌာနအုပ် ညီလာခံအစည်းအဝေး၏လုပ်ပိုင်ခွင့်အာဏာကိုလည်း သိရှိရန်ရှင်းပြထား၍
ဘာကြောင့်အသင်းတော်လက်စွဲလိုအပ်သနည်း
၂၃
ပါသည်။ ”ဘုရားသခင်သည် ကမ္ဘာအရပ်ရပ်ရှိ မိမိ၏အသင်းတော်များမှ ကိုယ်စားလှယ်များတို့ကို ကမ္ဘာ့ဌာနချုပ်ညီလာခံ၌ စုရုံးစေသည့်အခါ အသင်းတော်fကိစ္စများတို့ကို ဆောင်ရွက်နိုင်ရန် အာဏာရှိရမည်။” (၉ွှ ၂၆၁).
အသင်းတော်လက်စွဲကို ပုံစံ ၂ ခုခွဲခြားထားပါသည်။ အခန်းတိုင်း၌ ပါရှိသည့် အကြောင်း အရာများသည် တစ်ကမ္ဘာလုံးအတွက်တန်ဖိုးရှိပြီးအသင်းတော်အဖွဲ့အစည်းတိုင်းနှင့် အသင်းသား တိုင်းအတွက်အကျွမ်းဝင်သည်။ တချို့အပိုင်းများ၌ လိုအပ်ချက်အမျိုးမျိုးကိုသိရှိရန် ပိုရှင်းပြချက် ကို လမ်းညွှန်ခြင်းနှင့်ပုံနမူနာကဲ့သို့ အသင်းတော်လက်စွဲ၏အဆုံးပိုင်း၌ မှတ်ချက်များ အဖြစ်တွေ့ရှိ နိုင်ပါသည်။ မှတ်ချက်များတွင် ခေါင်းစဉ်ငယ်လေးများရှိပြီး အခန်း၏ခေါင်းစဉ်ငယ်နှင့် ဆက်စပ် ပေးထားရာ အဓိကကောက်နုတ်ချက်၏ စာမျက်နှာနံပါတ်တွင် တွေ့ရှိရပါသည်။
အသင်းတော်၏စံချိန်နှင့်ကျင့်ထုံးများတို့ကို သမ္မာကျမ်းစာ၏စည်းမျဉ်းဥပဒေနှင့် စည်းကမ်း ချက်များအပေါ် အခြေပြုထားပါသည်။ ဤစည်းမျဉ်းဥပဒေများကို ဝိညာဉ်တော်စာပေမှ လေးပေး ထောက်ခံလျက် ထိုလက်စွဲစာအုပ် တွင်ထည့်သွင်းထာပါသည်။ ၎င်းတို့ကိုအသင်းတော် များတို့၏ အုပ်ချုပ်ရေး နှင့်လည်ပတ်မှုအတွက် မည်သည့်အကြောင်းကကစ္စရပ်တွင်မဆို လိုက် လျှောက်ရပါ မည်။ အသင်းတော်လက်စွဲသည် ဒေသခံအသင်းတော်နှင့်နယ်အုပ်ချုပ်ရေးအဖွဲ့ (သို့မဟုတ်) ခရစ် တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းတော်၏ အခြားအဖွဲ့အစည်းစပ်ကြား မည်ကဲ့သို့ဆက် သွယ်မှုနှင့် အဆက်အစပ်ရှိကြောင်းကိုလည်း ဖော်ပြထားပါသည်။ ကမ္ဘာ့ ဌာနချုပ်မှ အတည်ပြု ထားသည့် ဤအသင်းတော်လက်စွဲ၌ ပါရှိသော စည်းမျဉ်းဥပဒေများတို့နှင့် ဆန့်ကျင်သော အခြား စည်းမျဉ်းဥပဒေများတို့ကို ကြိုးစားပြုလုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်းများ မပြုလုပ်ရပါ။
ပြောင်းလဲမှုများပြုလုပ်ခြင်း
ကမ္ဘာ့ဌာနချုပ်သည် နှစ်ပေါင်းများစွာကိုကျော်ဖြတ်ခဲ့ပြီး အသင်းတော်လက်စွဲ၏ အရေးကြီးသော ပြောင်းလဲသင့်သည့်အချက်များကို ဆုံးဖြတ်ခဲ့
၂၄
အသင်းတော်လက်စွဲ
ပါသည်။ ဤအရေးကြီးလှသည့်အသင်းတော်၏ကမ္ဘာတစ်ခုလုံးလုပ်ငန်းကို စနစ်တကျတိကျမှန် ကန်စွာဆောင်ရွက်န်ိုန်ရန် ၁၉၄၆ ခုနှစ်၌ ကမ္ဘာ့ထာနချုပ်ညီလာခံအချိန်တွင် အသင်းတော်၏ အုပ်ချုပ်ရေးစည်းကမ်းကိုပြောင်းလဲခြင်း၊ သုံးသပ်ကာပြုပြင်ခြင်းများအတွက် ကမ္ဘာ့ဌာနချုပ် ညီလာ ခံ၌သာလျှင် ပြုလုပ်နိုင်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ GC Report, No. 8, p. 197 (June 14, 1946).
၁၉၄၈ ခုနှစ်၌ မိမိဒေသ၏အခြေအနေအရ အထူးလိုအပ်သည့် ဆုံးဖြတ်ချက်တချို့ကိုလုပ် သင့်ကြောင်းတွေ့မြင်ရသည့်အတွက် ကမ္ဘာ့ ဌာနချုပ်ကော်မတီမှ ဆုံးဖြတ်ခဲ့သည့်အချက်မှာ၊ အသစ်ပုံနှိပ်သောအသင်းတော်လက်စွဲကို ပြုပြင်ခြင်းမဟုတ်ဘဲ ပေါင်းထည့်နိုင်သည့် မိမိတို့၏ဒီဝီဇံ မှ အသုံးပြုရန်လိုအပ်သည့် ပြင်ဆင်ထားသောစည်းမျဉ်းဥပဒေကိုလည်း အသုံးပြုသွားန်ိုင်ရန် ကမ္ဘာ့ဌာနချုပ်၏ခွင့်ပြုချက်ကိုရယူပြီးမှသာ ပုံနှိပ်၍ပေါင်းထည့် နိုင်ကြောင်းဖြစ်ပါသည်။ (Autumn Council actions,
1948, p. 19).
၂၀၀၀ ပြည့်နှစ် ကမ္ဘာ့ဌာနချုပ်မှ လက်ရှိအသင်းတော်လက်စွဲ၌ ပါရှိသည့် အချက်အလက် တချို့ကို ပြန်လည်သုံးသပ်ကာ မှတ်ချက်များအဖြစ် ခွဲခြားခွင့်ပြုလိုက်ရာ လမ်းညွှန် အဖြစ်နှင့် ပုံပမာအဖြစ်အသုံးပြုနိုင်ရန်နှင့် သင့်လျော် သလိုပြောင်းလဲမှုပြုလုပ်နိုင်ကြောင်း သဘောတူ ခဲ့ပါသည်။ သို့သော် အသင်းတော်လက်စွဲကို မူ တစ်ကမ္ဘာလုံးမှကိုယ်စားလှယ်စုံညီသည့် ကမ္ဘာ့ ဌာနချုပ်ညီလာခံအချိန်၌သာလျှင်ပြုပြင်ပြောင်းလဲခွင့်ရှိပါသည်။ အကယ်၍ဒေသခံ အသင်းတော်၊ နယ် (တိုင်း)၊ ယူနီယံတို့မှ ပြုပြင်ပြောင်းလဲစေလိုသောအချက်များရှိပါက မိမိတို့၏အဆိုပြုချက်ကို လေ့လာပြီးဆုံးဖြတ်န်ိုငရန် အသင်းတော်၏ အထက်အဖွဲ့အစည်းများသို့တင်ပြရပါမည်။ ထိုအဖွဲ့ အစည်းမှ ၎င်းအဆိုတင်သွင်းချက်ကို သဘောတူပါက တစ်ဖန် ထက်အဖွဲ့အစည်းသို့ သဘော တူညိချက်ကို ထပ်မံရယူရပါသည်။ အသင်းတော်f၌ တာဝန်ရှိသည့်အဖွဲ့အစည်းအဆင့်ဆင့်တို့၏ သဘောတူညီချက်များကို ရယူပြီးသည့်နောက်၊ နောက်ဆုံး၌
ဘာကြောင့်အသင်းတော်လက်စွဲလိုအပ်သနည်း
၂၅
ကမ္ဘာ့ ဌာနချုပ်၏အသင်းတော်လက်စွဲကော်မတီအဖွဲ့ထံရောက်ရှိသွားပါသည်။ ထိုအခါ ပြုပြင် ပြောင်းလဲသည့်အရာများ၊ ထည့်သွင်းသင့်သည့်အချက်များ၊ ဖယ်ရှားသင့်သည့်အချက်များတို့ကို ထိုကော်မတီမှပြုလုပ်ကာ ကမ္ဘာ့ဌာနချုပ်နှစ်ပတ်လည်အစည်းအဝေး (သို့မဟုတ်) ညီလာခံအစည်း အဝေးသို့ ဆုံးဖြတ်နိုင်ရန်အတွက် တင်ပြရပါသည်။
မှတ်ချက်များကို ပြန်လည်းစိစစ်ရာ၌လည်း ၎င်းနည်းလမ်းအတိုင်းဆောင်ရွက်ရပါသည်။ ကမ္ဘာ့ဌာနချုပ်အလုပ်အမှုဆောင်ကော်မတီမှပြောင်းလဲမှု ပြုလုပ်လိုသည့်မှတ်ချက်များကို နှစ်ပတ် လည်အစည်းအဝေးတိုင်း၌ ပြုလုပ်နိုင်ပါသည်။
အသင်းတော်လက်စွဲကော်မတီအစီရင်ခံစာ၌ အသင်းတော်လက်စွဲ၏အဓိကအကြောင်းအရာ ခေါင်းစဉ်ကြီးများကိုပြောင်းရန် ကမ္ဘာ့ဌာနချုပ်နှစ်ပတ်လည်အစည်းအဝေးသို့ အဆိုတင်သွင်းပြီး အလုပ်အမှုဆောင်အဖွဲ့မှ နောက်ဆုံးအနေဖြင့် အတည်ပြုဆုံးဖြတ်ရန်ဖြစ်ပါသည်။ သို့သေည် အများစု အနေဖြင့် ၎င်းအဆိုတင်သွင်းချက်ကို ကမ္ဘာ့ဌာနချုပ်ညီလာခံအစည်းအဝေး၌ဆုံးဖြတ်ချက် ပြုရန်ရွှေ့ဆိုင်းလ်ိုက်ပါသည်။
ထို့ကြောင့် ကမ္ဘာ့ဌာနချုပ်၏ (၅) နှစ်တစ်ကြိမ်ညီလာခံအစည်းအဝေး၌သာလျှင် အသင်း တော်လက်စွဲ၌ပါရှိသည့် အဓိကအကြောင်းအရာများနှင့်မှတ်ချက်များတို့ကို ပြောင်းလဲခြင်း၊ ပြင် ဆင်ခြင်း၊ ထုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်း အစရှိသည်တို့ကို နောက်ဆုံးအနေဖြင့် သဘောတူဆုံး ဖြတ်ချက်ပြုလုပ်ရပါသည်။
အသင်းတော်လက်စွဲအသစ်ကို ကမ္ဘာ့ဌာနချုပ်၏ (၅) နှစ်တစ်ကြိမ်ညီလာခ့ အစည်းအဝေး ပြီးဆုံးတိုင်း၌ ပုံနှိပ်ထုတ်ဝေပါသည်။ နောက်ဆုံး ပုံနှိပ်ထုတ်ဝေသည့် အသင်းတော်လက်စွဲကိုသာ လျှင် အမြဲအသုံးပြုသင့်ပါသည်။ ဤအသင်းတော်လက်စွဲစာအုပ်သည် ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဌာန ချုပ် ညီလာခံအစည်းအဝေးမှ ပုံနှိပ်ထုတ်ဝေထားသော လက်စွဲစာအုပ်ဖြစ်ပါသည်။
၂၆ အသင်းတော်လက်စွဲ
မည်သည့်နေရာ၌အကြံဥာဏ်ရယူရမည်နည်း
အသင်းတော်တာဝန်ရှိပုဂ္ဂုလ်များ၊ ခေါင်းဆောင်များ၊ သင်းအုပ်ဆရာများနှင့် အသင်းသားများတို့သည် မိမိတို့၏အသင်းတော်ကိုအုပ်ချုပ်ရာ၌ မရှင်းမလင်းသည့်ကိစ္စများရှိလျှင် သေည်လည်းကောင်း၊ အသင်းတော်လက်စွဲမျ မေးခွန်းတစ်စုံတစ်ရာပေါ်ပေါက်လာလျှင်သော် လည်းကောင်း၊ မိမိတို့၏နယ် (တိုင်း) သာသနာ့ခေါင်းဆောင်များထံ မေးမြန်းကာ အကြံ ဥာဏ် တောင်းရပါမည်။ ထိုသူတို့အနေဖြင့် ရှင်းလင်းစွာနားမလည်ပါက ယူနီယံသို့တစ်ဆင့်မေးမြန်း၍ အကြံဥာဏ်ရယူရပါမည်။
အသင်းတော်လက်စွဲဝေါဟာရအသုံးပြုပုံ
အသင်းတော် -– စာတည်းဖြတ်ခြင်းနှင့်ပုံနှိပ်ထုတ်ဝေခြင်းသက်သာရန်အတွက် ”အသင်းတော်” ဟု အသုံးပြုရာတွင် တစ်ကမ္ဘာလုံးရှိ ”ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့ အသင်းတော်” ကိုဆိုလိုခြင်းဖြစ်သည်။ ဒေသခံအသင်းတော်တစ်ခုစီကို ဆိုလိုခြင်းမဟုတ်ပါ။
Conference, mission, section, delegation, field, union of
churches - ဤအခေါ်အဝေါ်များတို့ကို မြန်မာစကားဖြင့် အနက်ဖွင့်ပြန်ဆိုရန်အလွယ်ကူပါ။ အခန်း (၃) “အဖွဲ့ အစည်းနှင့်တန်ခိုးအာဏာ” ခေါင်းစဉ်ရှိအကြောင်းအရာကို ဖတ်ရှုလေ့လာပါ။
သင်းအုပ်ဆရာနှင့်ဓမ္မဆရာ (Pastor and Minister) -– ကမ္ဘာ့အသင်းတော်နယ်မြေ
အများစုတို့သည် ”သင်းအုပ်ဆရာ (Pastor)” က dkဘာသာရေးတွင် ဦးဆောင်သူအဖြစ် ”ဓမ္မဆရာ (Minister)” ထက် ပို၍ခေါ်ဝေါ်အသုံးပြုကြသည်။ ”သင်းအုပ်ဆရာ (Pastor) “ သည် ဒေသခံအသင်းတော် (သို့မဟုတ်) ခရိုင်ဒေသဆိုင်ရာ အသင်းတော်လုပ်ငန်းတို့ကို ဦးဆောင်ရန် Conference (တိုင်း) မှ တာဝန်ပေးအပ်ခန့်ထားသူဖြစ်သည်။
ဘာကြောင့်အသင်းတော်လက်စွဲလိုအပ်သနည်း
၂၇
ဝေါဟာရတစ်ခု၏အတိုကောက်စကားလုံး - ပုရောဖက်မ အီး၊ ဂျီ၊ ဝှိုက် စာအုပ်များ၏ နာနည်အတိုကောက်စကားလုံးများကို ဤစာအုပ်၏အဆုံးပိုင်းတွင်ဖော်ပြထားပါသည်။
သမ္မာကျမ်းစာကောက်နုတ်ချက်များ - သမ္မာကျမ်းစာကောက်နုတ်ချက်များကို New King James Version မှကောက်နုတ်ထားပါသည်။ SOP စာအုပ်မှလွှဲလျှင်အခြား Version ကို အသုံးပြု ပါက မည်သည့် Version မှကောက်နုတ်အသုံးပြုပါက မည်သည့်မှကောက်နုတ်အသုံးပြုကြောင်း ဖော်ပြထားပါသည်။
-၀-
အခန်းကြီး - ၂။
အခန်း (၂)
အသက်ရှင်သောဘုရားသခင်၏အသင်းတော်
နှုတ်ကပတ်တော်သည် အသင်းတော်ကို နည်းလမ်းအမျိုးမျိုးဖြင့် တင်စားကာ အနက်ဖော် ဆောင်လျက်ရှိသည်။ “ဘုရားသခင်၏အသင်းတော်” (တမန်တော် ၂ဝး ၂၈)၊ “ခရစ်တော်၏ကိုယ်ခန္ဓာ” (ဧဖက် ၄း၁၂) နှင့် “အသက်ရှင်သောဘုရားသခင်၏အသင်းတော်” (၁တိမောသေ ၃း၁၅) တို့ဖြစ်သည်။
ဘုရားသခင်းအသင်းတော်၌ပါဝင်ရခြင်းသည် ထူးခြား၍ ဝိညာဉ်ရေးအတါက် ကျေနပ် ဖွယ်ရာအခွင့်အရေးတစ်ခုဖြစ်သည်။ ဘုရားသခင်၏ရည်ရွယ်ချက်သည် ကမ္ဘာအရပ်ရပ်မှ မိမိ၏လူ တို့ကို တစ်ခုတည်းသော ခရစ်တော၏ကိုယ်ခန္ဓာအဖြစ်ပေါင်းစည်းပြီး အသက်ရှင်သည့်ဦိးခေါင်း မှာ ခရစ်တော်ကိုယ်တိုင်ဖြစ်ရန်ဖြစ်သည်။ ယေရှုခရစ်တော်၌ ဘုရားရှင်၏သားသမီးများဖြစ်သော သူတိုင်း ဤကိုယ်ခန္ဓာ၏အစိတ်အပိုင်းများဖြစ်ပြီး အချင်းချင်းဆက်သွယ်မှုပြုကြကာ တစ်ဦးနှင့် တစ်ဦးသော်လည်းကောင်း၊ မိမိတို့၏ဘုရားရှင်နှင့် သော်လည်းကောင်း ပျော်ရွှင်စွာပေါင်းသင်း ဆက်ဆံ့ခွင့်ရရှိန်ိုကြရန်ဖြစ်ည်။
သမ္မာကျမ်းစာမှခေါ်ဆိုသည့် အသင်းတော် (Church) သည် အနည်းဆုံး အဓိပ္ပါယ် (၂) မျိုးရှိသည်။ အထွေထွေသဘောတရားအရ တစ်ကမ္ဘာလုံးရှိ အသင်းတော် (မဿဲ ၁၆း၁၈၊ ၁ကော ၁၂း၂၈) နှင့် အတိအကသဘော တရားအရ နေရာတစ်ခု (သို့မဟုတ်) နယ်မြေ (သို့မဟုတ်) မြို့တစ်မြို့၌တည်ရှိ နေသည့်အသင်းတော်၊ ဥပမာအနေဖြင့် “ရောမအသင်းတော် (ရောမ၊ ၁း၆၊၇)၊ ကောရိန်သုအသင်းတော် (၁ကော ၁း၂) နှင့် သက်သာလောနိတ် (၁သက် ၁း၁)၊ ဂလာတိ (၁ကော ၁၆း ၁)၊ အာရှ (၁ကော ၁၆း ၁၉) နှင့် ရှုရိ။ ကိလိကိ (တမန်တော် ၁၅း၄၁)” အသင်းတော်များ ဖြစ်ကြပါသည်။
အသင်းတော်၏ဦးခေါင်း၊ ခရစ်တော်နှင့်အသက်ရှင်တော်မူသော ဘုရားရှင်သည် မိမိကိုယ် ခန္ဓာရှိ ခန္ဓာအစိတ်အပိုင်းများကို လွန်စွာချစ်တော်
အသက်ရှင်သောဘုရားသခင်၏အသင်းတော်
၂၉
မူသည်။ အသင်းတော်၌ သူ၏ဘုန်းတော်ကိုထင်ရှားစေရမည်။ (ဧဖက် ၃း၂၁)။ အသင်းတော်အား ဖြင့် ဘုရားရှင်၏ပညာမျိုးစုံကို သူဖော်ပြလိမ့်မည်။ (ဧဖက် ၃း၁၀)။ တစ်နေ့ပြီး တစ်နေ့ အသင်း တော်ကို သူပြုစုပျိုးထောင်သည်။ (ဧဖက်၊ ၅း ၂၉)။ သူ၏လိုလားတောင့်တ သည့်အရာသည် အသင်းတော်အနေဖြင့် အပြစ်အနာအဆာမရှိ၊ အညစ်အကြေးတင်ခြင်းနှင့် အရေတွန့်ခြင်းမရှိဘဲ ပြစ်တင်စရာမရှိ၊ သန့်ရှင်းဖြူစင်၍ တင့်တယ် ခမ်းနားသော အသင်းတော် တစ်ခုဖြစ်ရန် ဖြစ်ပါ သည်။ (ဧဖက် ၅း ၂၇)။
အကာအဆီးနံရံမရှိ
အစ္စရေးလူမျိုးနှင့် အခြားသောလူမျိုးများစပ်ကြား အတားအဆီးနံရံမရှိ၊ ဘုရားရှင်၌စည်း လုံးညီညွတ်ခြင်းရှိရန်ဟောပြောကာ ပုံသက်သေအားဖြင့်ပါ အမှန်တရားကိုခရစ်တော်သည် ကြိုးစားရှာဖွေသွန်သင်ဆုံးမလျက်ရှိသည်။ (သောဟန် ၄း၄-၄၂။ ၁ဝး၁၆။ လုကာ ၉း၅၁-၅၆။ မဿဲ ၁၅း ၂၁-၂၈)။ တမန်တော်ပေါလုရေးသားခဲ့သည်မှာ၊ “တစ်ပါးအမျိုးသားတို့သည် ဧဝံဂေလိတရားအားဖြင့် ယုဒအမျိုးသားတို့နှင့်အတူ အမွေခံ၍၊ တစ်လုံးတစ်၀တစ်ကိုယ်တည်း ဖြစ်လျက် ခရစ်တော်နှင့် ဆ်ိုင်သောကတိတော်ကို ဆက်ဆံရကြသတည်း” (ဧဖက် ၃း၆)။
ခရစ်တော်၏တပည့်တော်နောက်လိုက်များအထဲ၌ ဇာတ်၊ လူမျိုး၊ အသားရောင်မရှိဘဲ
အားလုံးတို့သည် တစ်သွေးတစ်သားတည်းဖြစ်သည်။ ဘုရားရှင်ရွေးချယ်ထားသောသူများမှာ ကမ္ဘာလုံးဆိုင်ရာညီ အစ်ကိုမောင်နှမများ၊ အသစ်သောလူသားများ “ယေရှုခရ်တော်၌ အားလုံးတို့သည် တစ်လုံးတစ်၀တည်းဖြစ်သည်” (ဂလာတိ ၃း ၂၈)။
“ဤလောကသို့ ကရုဏာနှင့် ခွင့်လွှတ်ခြင်းသတင်းစကားဖြင့် ခရစ်တော်ကြွဆင်းလာ ခဲ့သည်။ သူသည် ဘာသာရေး၏အခြေံအုတ်မြစ်ကို ယုဒလူနှင့်တစ်ပါး အမျိုးသားများ၊ အသားဖြူ နှင့်အသားမည်းများ၊ လူလွတ်နှင့်ကျွန်များ
၃၀
အသင်းတော်လက်စွဲ
အားလုံးတို့အတွက် တစ်ပေါင်းတစ်စည်းတည်း ညီအစ်ကိုမောင်နှမများသဖွယ် ဘုရားရှင်၏ရှေ့ မှောက်၌ တန်းတူညီတူသတ်မှတ်ခဲ့ပါသည်။ ကန့်သတ်မှု အကျယ်အဝန်းမထားရှိသည့်မေတ္တာဖြင့် လူသားအားလုံးတို့ကို ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် ချစ်တော်မူ၏။” (7T ၂၂၅).
“နိုင်ငံ၊ လူမျိုး၊ ဇာတ်၊ အဆင့်အတန်းခွဲခြားခြင်းမရှိဘဲ လူအားလုံးကို ဘုရားရှင်အသိအမှတ် ပြုတော်မူသည်။ လူသားအားလုံးကို မိသားစုတစ်ခုတည်းဖြင့် ဖန်ဆင်းတော်မူပြီး အားလုံးကိုတစ်ခု တည်းရွေးနုတ်တော်မူသည်။ အကာအဆီးနံရံဟူသရွေ့ကို ခရစ်တော်လာရောက် ဖြိုဖျက်ခဲ့ကာ ဗိမာန်တော် ၏နံရံတိုင်းကိုဖွင့်ပြီး ဝိညာဉ်တိုင်းဘုရားရှင်ထံတော်သို့ လွတ်လပ်စွာတိုးဝင်ချဉ်းကပ် နိုင်သည်။ ခရစ်တော်၌ ယုဒလူမရှိ၊ ဟေလသူလူမရှိ၊ လူလွတ်မရှိ၊ ကျွန်မရှိချေ။ တန်ဖိုးကြီးမားလှ သော မိမိ၏သွေးတော်ဖြင့် လူအားလုံးကို ဝယ်ယူတော်မူခဲ့သည်။” (COL ၃၈၆).
ခရစ်တော်တန်ဖိုးထားသောအကြီးမားဆုံးအရာ
ခရစ်တော်၏အမှုတော်၌ ခေါင်းဆောင်များအဖြစ်ဦးဆောင်ရန် ခေါ်တော်မူခြင်းခံရသောသူ တို့သည် “အသင်းတော်ကိုထိန်းသိမ်းကြည့်ရှုရမည်” (၁တိမောသေ ၃း၅)၊ “ဘုရားသခင်၏အသင်း တော်ကိုအုပ်ချုပ်ရမည်” (တမန်တော် ၂ဝး၂၈)၊ “အသင်းတော်အားလုံးကိုစိတ်ဝင်စားမှုပြရမည်” (၂ကော၊ ၁၁ ၂၈)။
“ခရစ်တော်၏အသ်ငးတော်၌ အားနွဲ့ခြင်း၊ မပြည့်မစုံချွတ်ယွင်းခြင်းများ မည်၍မည်မျှရှိ စေကာမူ ဤကမ္ဘာပေါ်၌ အကြီးမားဆုံးခရစ်တော်တန်ဖိုးထားသည့် တစ်ခုတည်းသောအရာ ဖြစ်ကြောင်း ညီအစ်ကို မောင်နှမများကို ကျွန်ုပ်သက်သေခံသည်။ ကမ္ဘာတစ်ခုလုံးသို့ မိမိထံလာပြီးကယ်တင်ခြင်းရယူကြရန် လက်ဖြန့်ကာခေါ်ဖိတ်သောအခါ ဝိညာဉ်တိုင်း စိတ်နှလုံးကြေကွဲ၍ နောင်တတရားဖြင့် သူ့ထံလာသူတိုင်းတို့အား ဘုရားရှင်၏ကူညိမှုကို ရရှိရန်
အသက်ရှင်သောဘုရားသခင်၏အသင်းတော်
၃၁
မိမိ၏ကောင်းကင်တမန်များတို့ကို အကူအညီးပေးရန်စေခိုင်းသည်။ ထိုအခါ မိမိအသင်းတော်၏ အလယ်၌ ဝိညာဉ်တော်အားဖြင့် ကိုယ်တ်ိုင်ကြွမြန်းတော်မူသည်။” (TM ၁၅).
ခရစ်တော်၏သတို့သမီးနှင့် မိမိအကြီးမားဆုံးတန်ဖိုးထားရှိသည့်အရာ ကဲ့သို့အသင်းတော် သည် ဘုရားရှင်၏အမိန့်တော်နှင့် အကျင့်စာရိတ္တကို ကိုယ်စားပြု ဖော်ပြရန် လုပ်ဆောင်မှုဟူသရွေ့ တွင် ဘုရားရှင် မျှော်လင့်လျက် ရှိသည်။
”ဤအချိန်၌အသင်းတော်သည်လှပသည့် ]ခရစ်တော်၏ဖြောင့်မတ်ခြင်း} ဝတ်လုံကို ဝတ်ဆင်ရန်ဖြစ်သည်။ ဘုရားသခင်၏ပညတ်တော်နှင့် ယေရှု၏ သက်သေခံချက်ကို မြင့်မားသော အထက်အရပ်၌က်ိုင်စွဲကာ ကမ္ဘာ သို့ရှင်းလင်းပြတ်သားစွာ ဖော်ပြရပါမည်။ ပညတ်တော်ကို ချိုး ဖောက်၍ ပျက်စီးယိုယွင်းနေသည့် ဤမှောင်မိုက်ကမ္ဘာထဲတွင် ထူးခြားစွာ သန့်ရှင်းသော အလှအ ပသည် မိမိအသင်းတော်၌ ပေါ်လွင်ရပါမည်။ သို့မှသာ ကျွန်ုပ်တို့သည် ဘုရားရှင် နှင့်သူ၏ပညတ် တော်ကို အသိအမှတ်ပြုပြီး ဤ ကမ္ဘာမိုးမြေကို စိုးပိုင်အုပ်ချုပ်ကြောင်း သူ၏အုပ်ချုပ်မှုအခြေခံ အုတ်မြစ် ဖြစ်သည့် မိမိ၏ပညတ်တော်အား ဖြင့်ထင်ရှား စေလိမ့်မည်။ ဘုရားရှင်၏ တန်ခိုးအာ ဏာကို ကမ္ဘာရှေ့၌ရှင်းလင်း တိကျစွာ ထားရှိရပါမည်။ မည်သည့် ပညတ်တရားမျှ ဘုရားရှင်၏ ပညတ်တရားကို ဆန့်ကျင်၍ မရကြောင်း လူတိုင်းအသိအမှတ် ပြုရပါမည်။ ဘုရားရှင်၏ အစီအ စဉ်ကို ဆန့်ကျင်ရန် မိမိတို့၏ဆုံးဖြတ်ချက် တန်ခိုးဩဇာအားဖြင့် သော်လည်းကောင်း၊ လှုပ်ရှားမှု များအားဖြင့် သော်လည်းကောင်းခွင့် ပြုပါက ဘုရားရှင်၏ ရည်ရွယ်ချက်ကျဆုံးရန်သာဖြစ်သည်။ သို့သော် မှန်ကန်သည်ဟု ထင်ရသော်လည်း မှန်ကန်ခြင်းမရှိသည့်ကြောင်းပြချက်ပြုကာ အကယ်၍ အသင်းတော်သည် ဤကမ္ဘာမြေ ပေါ်၌ ယိမ်းယိုင်ခြင်းရှိပါက ကောင်းကင်စာစောင်၌ သန့်ရှင်း မွန်မြတ်သည့် ပေးအပ်ထားသော တာဝန် အပေါ် သစ္စာ ဖောက်ခြင်းနှင့် ခရစ်တော်၏နိုင်ငံတော် အပေါ် သစ္စာမရှိခြင်းဟု ရေးမှတ်ထားမည်ဖြစ်ပါသည်။ အသင်းတော်သည် တိကျခိုင်မြဲစွာ မိမိ၏ စည်းမျဉ်း
၃၂
အသင်းတော်လက်စွဲ
ဥပဒေပေါ် ဤကမ္ဘာပေါ်၌သော်လည်းကောင်း၊ စကြ၀ဠာတစ်ခုလုံးရှေ့၌ သော်လည်းကောင်း ကိုင်စွဲထားရမည်။ ဘုရားသခင်၏ပညတ်တော် သန့်ရှင်းမွန်မြတ်ခြင်း၊ ဂုဏ်အသရေရှိခြင်းကို သစ္စာရှိစွာနှင့်ခိုင်မြဲစွာ ထိန်းသိမ်းထားနိုင်မှသာ ကမ္ဘာအတွက် အံ့ဩစရာ၊ သတိမူစရာဖြစ်စေပြီး လူအများတို့သည် ဘုရားရှင်၏သားသမီးများတို့၏ကောင်းသောအသက်တာကို တွေ့မြင်ခြင်း အားဖြင့် ကောင်းကင်ဘုံရှိအဖခမည်းတော်၏ ဘုန်းတော်ကို တွေ့မြင်နိုင်ပေလိမ့်မည်။”
(TM ၁၆ယ၁၇).
တမန်တော်ပေတရုရေးသားခဲ့သည်မှာ “သင်တို့မူကား၊ မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်း တော်သို့ခေါ်သွင်းတော်မူသော သူ၏ဂုဏ်ကျေးဇူးများကိုဖော်ပြစေခြင်းငှာ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူ သော အပေါင်းအသင်းဖြစ်ကြ၏။” (၁ပေတရု ၂း၉)။
ခရစ်တော်၌ပြည့်စုံခြင်း
“ဘုရားသခင်သည် မိမိအသင်းတော်အတွက် စွမ်းရည်များနှင့်ကောင်းချီးမင်္ဂလာများတို့ကို ပြင်ဆင်ပေးခဲ့ပြီး သူကိုယ်တိုင်၏ ပြည့်စုံခြင်းကို ကမ္ဘာသို့ဖော်ပြရန်နှင့် သူ၏အသင်းတော်သည် သူ့အားဖြင့် ပြည့်စုံခြင်းရှိကြောင်းပြသရန်၊ ၎င်းပြင် သူ၏ဥပဒေပညတ်တရားတို့သည် ဤကမ္ဘာ ပေါ်ရှိ ပညတ် တရားများတို့ထက် ပို၍မြင့်မားသာလွန်ကြောင်း ကမ္ဘာအဆက်ဆက်ထင်ရှားစေရန် ဖြစ်သည်။ သူ၏အသင်းတော်သည် ကောင်းကင်ဗိသုကာမှ ယူဆောင်လာသော ရွှေကိုက်တံဖြင့် ဘုရားရှင်၏ချိန်ကိုက်ထားသော အတိုင်းအတာနှင့်အညီ ကျောက်တုံးတိုင်းကို တိုင်းတာဖြတ် တောက်၊ ပြင်ဆင်မွမ်းမံကာ ကောင်းကင်ပုံသဏ္ဌာန်ရှိ ဗိမာန်တော်၏အလားသဏ္ဌာန်ကဲ့သို့ ထွန်း လင်းတောက်ပလျက် ကောင်းကင် ၏သင်္ကေတကိုဆောင်သော ဖြောင့်မတ်ခြင်း နေမင်း၏အလင်း ကို ရှင်းလင်းပြတ်သားစွာ မြင်ကွင်း တိုင်းတွင်ပေါ်လွင် စေရန်ဖြစ်သည်။”
အသက်ရှင်သောဘုရားသခင်၏အသင်းတော်
၃၃
“ယေရှုရှင်သည် မိမိ၏ကရုဏာနှင့်ကြွယ်၀သောကျေဇူးတော်ကိုပြသရန် လူသားများတို့၏ နှလုံးသားများကို စမ်းသပ်လျက်ရှိသည်။ ဘုရားရှင်၏ ထိရောက်လှသော ပြုပြင်ပြောင်းလဲခြင်းသည် သူ၏ပညတ်တရားများနှင့် အုပ်ချုပ်မှုကိုဆန့်ကျင်ပြီးအောင်မြင်လျက် ရှိသည်ဟု ဝါကြွားသောစာတန်မာရ်နတ်ကိုပင် အံ့ဩစေရုံမျှမက မိမိလှည့်ဖြားသွေးဆောငမှုဖြင့် ပြုလဲစေရန်တိုက်ခိုက်၍ မရနိုင်သည့် ခိုင်ခံ့သောခံတပ်သဖွယ်ရပ်တည်လျက်ရှိသည်ကို တွေ့မြင်စေ ပါသည်။ ၎င်းတို့သည် သူ့အတွက်နာ်မလည်နိုင်သည့် နက်နဲခက်ခဲသောအရာဖြစ်သည်။ ဘုရား သခင်၏ကောင်းကင်တမန်များဖြစ်သော ကောင်းကင်တမန်သရပ်နှင့် ခေရုဗိမ်တို့သည် မိမိတို့၏ တန်ခိုးတော်များဖြင့် လူသားများတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိုရှုမြင်ကာ ဝမ်းမြောက်အံ့ဩ လျက် တစ်ချိန်က ဘုရားရှင်၏အမျက်တော်ကို ခံခဲ့ရပြီး ကျဆုံးခဲ့သည့်လူသား များတို့အနေဖြင့် ခရစ်တော်ကြောင့် ဘုရားရှင်၏စာရိတ္တနှင့် တစ်သဏ္ဌာန် တည်းဖြစ်လာကြခြင်းကို တွေ့မြင်ကြပါ သည်။ ဘုရားရှင်၏သားသမီးများအဖြစ် လုပ်ကိုင်ဆောင်ရွက်စရာနှင့် ကောင်းကင် ၏နှစ်သက် ဖွယ်ရာ အရေးကြီးလှသည့် လုပ်ငန်းကဏ္ဍကို ဆောင်ရွက်ရန်ရှိနေကြသည်ကို တွေ့ရပါသည်။”
“သူ၏အသင်းတော်သို့ လုံလောက်သောပစ္စည်းတန်ဆာပလာများတို့ကိုပေးခဲ့ရာ သူ၏ရွေးနုတ် ဝယ်ယူခဲ့သည့် သူပိုင်ဆိုင်သောလူသားများတို့ထံမှ ကြီးမားလှသည့် ဘုန်းတော်ကို ပြန်လည်၍ ရရှိစေရန်ဖြစ်သည်။ အသင်းတော်အား ခရစ်တော်၏ဖြောင့်မတ်ခြင်းကိုပေးခဲ့ရာ သူ၏ကြွယ်၀သော ကရုဏာ၊ မေတ္တာ၊ ကျေးဇူးတော်များတို့ကို သိုလှောင်ထားသောတန်ဖိုးရှိသည့် သိုလှောင်ရုံသဖွယ် သူတစ်ပါးရှေ့မှောက်၌ ထင်ရှားစေရန်နှင့် ခင်းကျင်းပြသရန်ဖြစ်သည်။”----
“မိမိ၏မေတ္တာကြောင့် ဒုက္ခအပေါင်းကိုခံရခြင်း၊ ရှုတ်ချခြင်းများကို ခံခဲ့ရခြင်းအကျိုးရလဒ် အဖြစ် ခရစ်တော်သည် မိမိလူတို့၏အသက်တာ၌ ပေကျံခြင်းမရှိသောဖြူစင်ခြင်း၊ အစွန်းအကွက် မရှိသော ပြည့်စုံခြင်းဖြင့်ကြည့်နေရာမိမိ၏ဘုန်းတော်ကို ထပ်ဆင့်၍ဖြည့်ဆည်းကာ ဘုန်းတော် အပေါင်း
CM – ၃
၃၄
အသင်းတော်လက်စွဲ
ထွန်းလင်းတောက်ပရာ ဗဟိုအချက်အချာဖြစ်သည့် ခရစ်တော်ကို ထင်ရှားစေရန်ဖြစ်သည်။ ]သိုးသငယ်၏မင်္ဂလာညစာစားပွဲ} သို့ခေါ်ခြင်းခံရသောသူ တို့သည် မင်္ဂလာရှိကြ၏”(TM ၁၇-၁၉).
အသင်းတော်သည် ဝိညာဉ်ရေးစည်းလုံးခြင်းအတွက် ဖော်ပြခဲ့သည့် စည်မျဉ်းဥပဒေများတို့ကို ကျင့်ဆောင်ရန် ခရစ်တော်၏အသင်းတော်ဖြစ်သည်။ ခရစ်တော်၏ ဖြောင့်မတ်ခြင်းမှရရှိသည့် ငြမ်သက်ခြင်းနှင့် တန်ခိုးတော်အားဖြင့် အသင်းတော်ဝန်ဝံချက် ပြုသည်မှာ လူသားများတို့၏စပ်ကြား၌ အပြစ်တည်ဆောက်ခဲ့သော အဟန့်အတားဟူ သရွေ့ကို အောင်မြင်ရန်ဖြစ်သည်။
-၀-
အခန်းကြီး - ၃။
အခန်း (၃)
အဖွဲ့အစည်းနှင့်တန်ခိုးအာဏာ
အသင်းတော်အဖွဲ့အစည်းသည် ဘုရားသခင်၏စည်းမျဉ်းဥပဒေအပေါ် အခြေခံသည်။ “မည်သည့်အခါမျှ တစ်ဦးတစ်ယောက်၏အကြံဥာဏ်သည် သင်၏အသင်းတော်၌ရှိသည့် ညီညွတ် သော စည်းကမ်းစနစ်အပေါ်ရှိနေသည့် ယုံကြည်ခြင်းကို ယိမ်းယိုင်ခြင်းမရှိပါစေနှင့်----- ကောင်းကင်ဘုံရှင်ဘုရားသခင်သည် စည်းကမ်းစနစ်ရှိသောဘုရားဖြစ်ပြီး မိမိနောက်တော်သို့ လိုက်သော သူအားလုံးတို့အား စည်းစနစ်ရှိရန်၊ စည်းကမ်းကိုထိ်န်းသိမ်းရန် အလိုရှိပါသည်။”
အဖွဲ့အစည်းအတွက်သမ္မာကျမ်းစာအခြေခံ
ဘုရားသခင်သည် ဣသရေလလူမျိုးများတို့အား အဲဂုတ္တုပြည်မှခေါ်ထုတ်၍ ထူးခြားသောလူ မျိုးစုတစ်စုအနေဖြင့် ရွေးချယ်သောအခါတိုင်းရေးပြည်ရေး ကိစ္စသော်လည်း ကောင်း၊ ဘာသာရေး ကိစ္စသော်လည်းကောင်းမိမိတို့ကို အုပ်ချုပ်ကွပ်ကဲရန် တိကျကောင်းမွန်သော အုပ်ချုပ်မှုစည်းစနစ် ကို သူတို့အတွက် ပြင်ဆင်ပေးခဲ့ပါသည်။
“ဣသရေလလူမျိုးများတို့၏အုပ်ချုပ်ရေးဥပဒေသည် အကောင်းဆုံးတိကျသေချာသော စည်းမျဉ်းဥပဒေဖြစ်ပြီး ပြည့်စုံ၍ရှင်းလင်းကာ အံ့ဩဖွယ်ရာဖြစ်ပါသသည်။ စနစ်သည် ထိထိမိမိ ဖြစ်ပြီးပြည့်စုံကာ အစီအစဉ်များသည် ဘုရားရှင်၏ဖန်ဆင်းခြင်းလုပ်ငန်းကိုပြသသည့် လွယ်ကူ သောအစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် တန်ခိုးအာဏာနှင့်အုပ်ချုပ်ခြင်း၏ဗဟို၊ ဣသရေလ ၏ ဘုရင်ဖြစ်သည်။ ဘုရားရှင်၏နာမ၌ သူ၏တရားဥပဒေကိုကွပ်ကဲအုပ်ချုပ်ရန် မောရှေကို ဘုရားရှင်ခန့်ထားခဲ့ပါသည်။ အမျိုးအနွယ်များမှ အသက်ကြီးသူ (၇၀) စီပါရှိသည့်အဖွဲ့ကိုရွေးချယ် ကာ တိုင်းပြည်၏ထွေထွေကိစ္စရပ်
၃၆ အသင်းတော်လက်စွဲ
များတို့ကို မေရှေအားကူညီဆောင်ရွက်ရန်ဖြစ်ပါသည်။ ထိုနောက် တဲတော်၌ ဘုရားထံတော်သို့ ချဉ်းကပ်မေးမြန်းရန် ယဇ်ပုရောဟိတ်များတို့ကို တာဝန် ပေးထားပါသည်။ လူမျိုးစုများတို့ကို အုပ်ချုပ်ရန် ခေါင်းဆောင်များတို့ကို ရွေးချယ်ပေးပါသည်။ ၎င်းနောက် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်တို့ကို ရွေးချယ်ခန့်ထားပါသည်။ အထူးတာဝန်ကို ဆောင်ရွက်ရန် ခေါင်းဆောင်များတို့ကိုလည်းခန့်ထားပါသသည်။”
ဓမ္မသစ်အချိန်၌ရှိသော အသင်းတော်သည်လည်း မိမိ၏အဖွဲ့အစည်း ကို တစ်မျိုးတည်းသော ပြည့်စုံခြင်းဖြင့် အုပ်ချုပ်ခဲ့သည်ကို ပြသပါသည်။ ခရစ်တော်ကိုယ်တိုင် အသင်းတော်ကို တည် ထောင်ခဲ့ပါသည်။ (မဿဲ ၁၆း၁၈)။ အသင်းသားများကို တစ်ဦးစီ၊ မိမိခန္ဓာကိုယ်နှင့်မိမိ နှစ်သက် သလိုနေရာချထားလျက် ဆက်သွယ်ပေးပါသည်။ (၁ကော ၁၂း ၁၈)။ သူတို့အားဆု ကျေးဇူးများ နှင့် လုံလောက်သောစွမ်းရည်များတို့ကို အမှုတော်အတွက်လွှဲအပ်ကာ အသက်ရှင်သည့် ကိုယ်ခန္ဓာ တစ်ခု၏အစိတ်အပိုင်းများအဖြစ် စည်းရုံးလျက် သူကိုယ်တိုင်ဦးခေါင်းအဖြစ်ရပ်တည်ပါ သည်။
“ဥပမာကား၊ ကိုယ်တစ်ခု၌ အင်္ဂါအများရှိသည်ဖြစ်၍၊ ထိုအင်္ဂါများသည် ဆောင်ရွက်စရာ အမှုတစ်ခုတည်းမရှိသကဲ့သို့၊ ထို့အတူ၊ အများဖြစ်သော ငါတို့သည် ခရစ်တော်၌ တစ်ကိုယ်တည်း ဖြစ်၍ အသီးအသိးအင်္ဂါချင်းဖြစ်ကြ၏” (ရောမ ၁၂း၄၊၅)။ “အသင်းတော်တည်းဟူသော ကိုယ်ဦး ခေါင်းဖြစ်တော်မူ၏။ အရာရာ၌ထူးမြတ်ခြင်းငှာ မူလအရင်းဖြစ်၍၊ သေသောသူတို့တွင် သားဦး ဖြစ်တော်မူ၏” (ကောလောသဲ ၁း၁၈)။
“ဆုကျေးဇူးတော် အထူးထူးအထွေထွေရှိငြားသော်လည်း ဝိညာဉ်တော်တစ်ပါးတည်းရှိ၏။ ဓမ္မဆရာအမှုအထူးထူးအထွေထွေရှိငြားသော်လည်းသခင်တစ်ပါးတည်းရှိ၏” (၁ကော ၁၂း ၄၊၅)။ “ဥပမာကား၊ ကိုယ်တစ်ခုတည်း၌ အင်္ဂါအများရှိသည်ဖြစ်၍၊ ထိုတစ်ခုတည်းသော ကိုယ်၏အင်္ဂါ အပေါင်းတို့သည် များလျက်နှင့်ကိုယ်တစ်ခုတည်းဖြစ်သကဲ့သို့၊ ထိုနည်းတူခရစ်တော်ဖြစ်၏” (၁ကော ၁၂း ၁၂)။ “သင်တို့သည် ခရစ်တော်၏ကိုယ်ဖြစ်ကြ၏။ အသီးအသီးအင်္ဂါတော် ဖြစ်ကြ၏။ ဘုရားသခင်သည် ပထမအရာ၌ တမန်တော်
အဖွဲ့အစည်းနှင့်တန်ခိုးအာဏာ
၃၇
တို့ကိုလည်းကောင်း၊ ဒုတိယအရာ၌ ပုရောဖက်တို့ကိုလည်းကောင်း၊ တတိယအရာ၌ ဆရာတို့ကို လည်းကောင်း၊ ထိုနောက် တန်ခိုးပြသောသူတို့ကိုလည်းကောင်း၊ ထိုနောက် အနာရောဂါကိုငြိမ်း စေနိုင်သောအခွင့်ရှိသောသူတို့ကို လည်းကောင်း၊ သင်းထောက်တို့ကိုလည်းကောင်း၊ စီရင်အုပ်စိုး သောသူတို့ကိုလည်းကောင်း၊ အမျိုးအမျိုးသောဘာသာစကားကိုပြောနိုင်သောသူတို့ကို လည်းကောင်း၊ အသင်းတော်၌ခန့်ထားတော်မူ၏” (၁ကော ၁၂း ၂၇၊၂၈)။
အဖွဲ့အစည်း၏အရေးကြီးခြင်း
ကိုယ်ခန္ဓာတစ်ခု၌ရှိသော ခန္ဓာအစိတ်အပိုင်းအားလုံးတို့သည် ညီညီညွတ်ညွတ် မိမိတို့၏ တာဝန်ကို အတူတကွထမ်းဆောင်ခြင်းမရှိပါက ရှင်သန်ခြင်းမရှိသကဲ့သို့ ဝိညာဉ်ရေးအသင်းတော် ခန္ဓာ၌ရှိကြသော ခန္ဓာအစိတ်အပိုင်းများဖြစ်ကြသည့် အသင်းသားတိုင်းတို့သည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဘုရားရှင်ပေးအပ်ထားသော တာဝန်ကို အထက်မှလမ်းညွှန်မှုအတိုင်း ဆောင် ရွက်ခြင်းမရှိပါက အသင်းတော်သည် ရှင်သန်ခြင်း၊ တိုးတက်ကြီးပွားခြင်းမရှိနိုင်ပါ။ ဖွဲ့စည်းထား သော အုပ်ချုပ်ရေးအဖွဲ့အစည်းမရှိသည့် တိုင်းပြည်သည် ဖရိုမရဲဖြစ် ပါလိမ့်မည်။ ဖွဲ့စည်းမှုမရှိ သော စီးပွားရေးလုပ်ငန်းသည် ဆုံးရှုံးမည်သာဖြစ်သည်။ အဖွဲ့အစည်းမရှိသော အသင်း တော်တစ်ခု သည် ကွဲပြားပြီးပျက်စီးယိုယွင်းသွားပေလိမ့်မည်။
ကျန်းမာဖွံ့ဖြိုးသော အသင်းတော်နှင့် ကမ္ဘာတစ်ခုလုံးသို့ကယ်တင်ခြင်း ဧဝံဂေလိသတင်း ဖြန့်ချိသောလုပ်ငန်းအောင်မြင်ရန် အသင်းတော်အဖွဲ့အစည်းအာ ရိုးသား၍ထိရောက်သောစနစ်ကို ခရစ်တော်ပေးခဲ့ပါသည်။ ဤလုပ်ငန်းတာဝန်ပြီးမြောက်၍ မိမိတို့၏ကြိုးစားမှုအောင်မြင်ရန် ဤ ဘုရားရှင်ပေးထားသည့်ပုံစံ ကို သစ္စာရှိစွာလိုက်နာ၍ ထောက်ခံအားပေးမှု အပေါ်မူတည်ပါ သည်။
“အချိန်ကုန်လုပြီဖြစ်သောကြောင့် တချို့သူများအနေဖြင့် အတွေးပိုကာ မိမိ၏ ဘာသာရေးအဖွဲ့အစည်း၌ ယုံကြည်သူတစ်ဦးစီတို့သည်
၃၈ အသင်းတော်လက်စွဲ
လွတ်လပ်စွာလုပ်ဆောင်ကြရမည်ဟု ထင်ကြပါသည်။ သို့သော် တစ်သီးပုဂ္ဂလဖြင့် လွတ်လွတ် လပ်လပ် ကိုယ်စီမံကိန်းနှင့်ကိုယ်လုပ်ကိုယ်ခြင်းကို အမှုတော်လုပ်ငန်းတွင် မရှိသင့်ကြောင်း ဘုရားရှင်မှညွှန်ကြားခဲ့ပါသည်။” (TM ၄၈၉).
“အိုစာတန်မာရ်နတ်သည် ယခုအချိန်၌ အသင်းတော်အနေဖြင့် ကောင်းမွန်စွာ စနစ်တကျ ဖွဲ့စည်းရမည့်အချိန်တွင် စနစ်တကျမရှိဘဲ ကမောက်ကမစည်းမဲ့ကမ်းမဲ့ဖြစ်ပြီး နှုတ်ကပတ်တော်နှင့် မညီသည့် မှားယွင်းသည့်နည်းစနစ်များကို အသင်းတော်ထဲ၌ရှိရန် အောင်မြင်စွာဆောင်ရွက် နိုင်ခြင်းအတွက် မည်မျှ ဝမ်းသားမည်နည်း။ ကျွန်ုပ်တို့သည် တည့်တည့်မတ်မတ် အဖွဲ့အစည်း၏ အုပ်ချုပ်ခြင်းစနစ်ကို ချိုးဖျက်ခြင်းမရှိ၊ သတိပညာဖြင့်ကြိုစားလုပ်ဆောင်လိုသည်။ အသင်းတော်၏ စည်းမျဉ်းစည်းကမ်းနှင့်မညီသည့် တစ်ဦးတစ်ယောက်၏ထိန်းချုပ်မှုဖြင့် အသင်းတော်၏ လုပ်ငန်းကိုဆောင်ရွက်ရန် ယခုအချိန်တွင် ကျွန်ုပ်တို့မလိုလားပါ။” (TM ၄၈၉).
အဖွဲ့အစည်း၏ရည်ရွယ်ချက်များ
“ကျွန်ုပ်တို့သည် အရေအတွက်အားဖြင့် တိုးပွားလသည်နှင့်အညီ အုပ်ချုပ်ပုံစနစ် ကောင်းမွန်စွာမရှိပါက ရှုပ်ထွေးမှုများစွာရှိမည်မှာထင်ရှားပြီးလုပ်ငန်းကိုလည်း အောင်မြင် ထိရောက်စွာလုပ်ဆောင်နိုင်မည်မဟုတ်ပါ။ သာသနာ လုပ်ငန်းကိုပံ့ပိုးရန် ပြင်ဆင်ပေးခြင်း အတွက်၊ နယ်မြေသစ်သို့ သတင်းစားဖြန့်ချိရန်အတွက်၊ အသင်းတော်နှင့်သာသနာလုပ်ငန်းကို သစ္စာမရှိသူတို့လက်မှကာကွယ်ရန်အတွက်၊ အသင်းတော်ပိုင် ပစ္စည်းများကို ထိန်းသိမ်းရန်၊ အမှန်တရားကိုပုံနှိပ်တိုက်မှ ပုံနှိုပ်ထုတ်သေရန်နှင့် အခြားများစွာသောကိစ္စရပ်များတို့ကို ဆောင်ရွက်ရန်အတွက် ကောင်းသောဖွဲ့စည်းအုပ်ချုပ်ပုံစနစ် သည် လွန်စွာ အရေးကြီးလှပါသည်။” (TM ၂၆).
အဖွဲ့အစည်းနှင့်တန်ခိုးအာဏာ
၃၉
“မြင်တွေ့ရသော အသ်ငးတော်၏အသင်းသားများအဖြစ်သော်လည်းကောင်း၊ ဘုရားသခင် ၏စပျစ်ဥယျာဉ်၌ အမှုထမ်းများအဖြစ်သော်လည်းကောင်း ကျွန်ုပ်တို့ယုံကြည်သူ အားလုံးတို့သည် အသင်းတော်ထဲ၌ ငြိမ်သက်အေးချမ်းခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် မေတ္တာဖြင့် ပြည့်၀ခြင်းအမြဲရှိ စေရန် စောင့်ထိန်းသင့်ကြသည်။ ခရစ်တော်၏ဆုတောင်းခြင်းကို မှတ်သားပါ။ ]ထိုသူအပေါင်း တို့သည် တစ်လုံးတစ်၀တည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ် သည်လည်းကိုတော်၌ ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌ တစ်လုံးတစ်၀တည်းဖြစ်စေ ခြင်းငှာ ဆုတောင်းပါ၏။ သို့မှသာ ကိုယ်တာ်သည် ကျွန်ုပ်ကိုစေလွှတ်ကြောင်း လောကီသားတို့ သည် သိကြမည်ဖြစ်သည်။} အသင်းတော်၏စည်းလု့းခြင်းသည် ခရစ်တော်ယေရှုကို ဤကမ္ဘာသို့ ရွေးနုတ်ရှင်အဖြစ် ဘုရားသခင်စေလွှတ်တော်မူကြောင်းထင်ရှားသော အထောက်အထားတစ်ခု ဖြစ်သည်။”
ဓမ္မသစ်ကျမ်းအချိန်၏ပုံစံ
ဧဝံဂေလိသတင်းစကားကို အသင်းတော်အား ကမ္ဘာအနှံ့သို့ယူဆောင်ရန် ကယ်တင်ရှင် စေခိုင်းလိုက်ပါသည် (မဿဲ ၂၈း ၁၉၊၂၀။ မာကု ၁၆း၁၅)။ ဤစေခ်ိုင်းခြင်းသည် ဧဝံဂေလိတရား ကိုဟောရုံသာမဟုတ်ဘဲ သတင်းစကားလက်ခံသူများတို့ကို တည်တံ့ခိုင်မြဲစေရန်လည်း ဖြစ်ပါ သည်။ လုပ်တောင်ရမည့်အရာများမှာ သိုးစုကိုထိန်းသိမ်းခြင်း၊ လုံခြုံစွာထားရှိခြင်းနှင့်ဆက်ဆံခြင်း၊ ပြဿနာများကို ဖြေရှင်းပေးခြင်းများပါဝင်ပါသည်။ ထိုအခြေအနေများအတွက် စနစ်တကျ ဖွဲ့စည်းခြင်းလိုအပ်ပါသည်။
ကနဦးအချိန်၌ တမန်တော်တို့သည် ယေရုရှလင်မြို့ရှိ အသင်းတော်၏လှုပ်ရှားမှုများကို လမ်းညွှန်ရန် ကောင်စီတစ်ခုကိုဖွဲ့စည်းခဲ့ပါသည်။ (တမန်၊ ၆း၂။ ၈း၁၄)။ အဖွဲ့ငယ်လေး လွန်စွာကြီးမားလာသောအခါ ပေါ်ပေါက်လာ
၄၀
အသင်းတော်လက်စွဲ
သည့်ကိစ္စရပ်များအတွက် အုပ်ချုပ်ကွပ်ကဲရန် ပြဿနာတစ်ခုဖြစ်လာသည့် အတွက် လုပ်ငန်းကို ထိန်းသိမ်းစောင့်ရှောက်ရန် အသင်းတော်မှ အသင်းထောက်များကို ခန့်ထားခဲ့ပါသည်။ (တမန်တော် ၆း ၂-၄)။
နောက်ပိုင်း၌ အသင်းတော်သည် ကြီးထွားလာခဲ့ရာ အာရှတိုက်၌ သာမက ဥရောမတိုက်သို့
ရောက်ရှိသွားသည့်အတွက် သာ၍ ကြီးမားသောအုပ်ချုပ်ရေး စိစ်လိုလာပါသည်။ အာရှမိုင်းနား၌ အသင်းတော်တိုင်းအတွက် အသင်းလူကြီးမျာကို လက်တင်ပေးခဲ့သည် (တမန်တော် ၁၄း၂၄)။ ရောမအင်ပါရာတစ်ခွင်ရှိနယ်များသို့ အသင်းတော်သည်ပျံ့နှံ့ခဲ့ရာ အသင်းတော်ကိုအုပ်ချုပ်ရန် အတွက် “conferences” အဖြစ်ဖွဲ့စည်းခဲ့ပါသည် (ဂလာတိ ၁း၂)။ ထိုနောက် တစ်ဆင့်ပြီးတစ်ဆင့်ရှေးဦး အသင်းတော်သည် ကြီးထွားလာခဲ့ပါသည်။ လိုအပ်ချက်များပေါ်ပေါက်လာသည့်အလျောက် ဘုရားသခင်သည် မိမိ၏အမှုတော်လုပ်ငန်းအတွက် အသင်းတော်ရှိခေါင်းဆောင်များကိုလမ်းပြကာ လုပ်ငန်းကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ဖွဲ့စည်းအုပ်ချုပ်ပုံကို ထူထောင်ကြ ပါသည်။
ယနေ့အသင်းတော်အဖွဲ့အစည်း
ခရစ်တော်ကို မြော်လင့်သောသတ္တမနေ့အသင်းတော် အုပ်ချုပ်ပုံစနစ်သည် ကိုယ်စားပြုစနစ် ဖြင့်ပြီး လုပ်ပိုင်ခွင့်တန်ခိုးအာဏာသည် အောက်ခြေမှအသင်းသူ အသင်းသားများတို့၏ အခါ အားလျော်စွာ ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်အားဖြင့်ဆောင်ရွက်သည်။ ဤစနစ်သည် အနိမ့်ဆုံးအုပ်ချုပ်ရေးအဖွဲ့အစည်းမှ အမြင့်ဆုံးအုပ်ချုပ်ရေးအဖွဲ့အစည်းအားလုံး တို့၌ ကျင့်သုံး ပါသည်။ ဤအုပ်ချုပ်ပုံစနစ်သည် သာသနာလုပ်ငန်းအတွက် လက်တင်မင်္ဂလာ ပေးခြင်းကိုလည်း ကမ္ဘာတစ်ခုလုံးရှိအသင်းတော်အသီးသီးမှ အသိအမှတ်ပြုပါသည်။
အဖွဲ့အစည်းနှင့်တန်ခိုးအာဏာ
၄၁
“အသင်းတော်ရှိ အသင်းတော်တိုင်းတို့သည် အသင်းတော်ခေါင်းဆောင်များတို့ကို ရွေးချယ်တင်မြှောက်ရာတွင် ပြောရေးဆိုခွင့်ရှိသည်။ အသင်းတော်အနေဖြင့် မိမိတို့၏နယ် (တိုင်း) ခေါင်းဆောင်များကို ရွေးချယ်တင်မြှောက်သည်။ နယ်အနေဖြင့် မိမိတို့၏ကိုယ်စားလှယ်များကို ရွေးချယ်ပြီး ၎င်းတို့မှတစ်ဆင့် ယူနီယံခေါင်းဆောင်များကို ရွေးချယ်တင်မြှောက်သည်။ ထိုနောက် ယူနီယံ၌ မိမိတို့၏ကိုယ်စားလှယ်ကိုရွေးချယ်ကာ ကမ္ဘာ့ဌာနချုပ်ခေါင်းဆောင်များကို ရွေးချယ် တင်မြှောက်ရပါသည်။ ဤအစီအစဉ်အားဖြင့် နယ်တိုင်း၊ အဖွဲ့အစည်းတိုင်း၊ အသင်းတော်တိုင်းနှင့် အသင်းသားတိုင်းတို့သည် တိုက်ရိုက်အားဖြင့် (သိုပမဟုတ်) ကိုယ်စားလှယ်အားဖြင့် ကမ္ဘာ့ဌာနချုပ်မှ အသင်းတော်၏ အဓိကအရေးကြီးသောတာဝန်များကို ထမ်းဆောင်ရသည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရာ၌ ပြောရေးဆိုခွင့်ရှိခြင်းဖြစ်သည်။” (8T 236, 237).
လက်ရှိအသင်းတော်အုပ်ချုပ်ပုံစနစ်သည် အသင်းတော်၏ယုံကြည် ခံယူချက်ကို နားလည်သည့် အပေါ်၊ အသင်းသူအသင်းသားတိုးတက်ကြီးပွားသည့်အပေါ်နှင့် ရေမြေဒေသ ကွဲပြားခြားနားမှုအပေးမူတည်လျက်ရှိပါသည်။ နယ်မှကိုယ်စားလှယ်များတို့သည် ၁၈၆၃ ခုနှစ်၌တွေ့ဆုံကြကာ ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသ်းတော် ကမ္ဘာ့ဌာနချုပ်ကို ဖွဲ့စည်းခဲ့ပါသည်။
ယုံကြည်သောအသင်းသားတစ်ဦးမှနေပြီး အသင်းတော်၏တစ်ကမ္ဘာလုံးဗဟိုဌာနချုပ် တိုင်အောင် စပ်ကြား၌ အသင်းတော်အဖွဲ့အစည်း အဆင့်ပေါင်းများစွာရှိသည်။ ၎င်းအသင်းတော် အဖွဲ့အစည်းအဆင့်များတို့၌ အချိန်အခါ အကန့်အသတ်ထားရှိသည့်အပေါ် မိမိတို့၏သာသနာ့ လုပ်ငန်းစီမံကိန်းများအတွက် စည်းဝေးကြီကိုကျင်းပကာ မိမိတိုပ၏အဖွဲ့အစည်းခေါင်းဆောင်များ တို့ကို ရွေးချယ်တင်မြှောက်ကြပါသည်။ ဒေသခံအသင်းတော်အစည်းအဝေးကို လုပ်ငန်း လုပ်ဆောင်ရာအစည်းအဝေး (Business Meeting) ဟု ခေါ်ပါသည်။ ခရစ်တော်ကို မြော်လင့်သော သတ္တမနေ့ အသင်းတော်ဆောက်တည်ပုံ၌ မည်သည့်အဖွဲ့အစည်းမျှ မိမိ၏အဆင့်အတန်း ကို သတ်မှတ်ခြင်း၊ ကိုယ့်ဟာကိုယ်လည်ပတ်ခြင်း၊ အခြားအသင်းတော်မိသားစုအပေါ် တာဝန်မရှိခြင်း အစရှိသည် တို့မှာ ထားရှိသည့်ကန့်သတ်မှုထက်ကျော်လွန်၍ မရှိသင့်ပါ။
၄၂
အသင်းတော်လက်စွဲ
အသင်းတော်အဖွဲ့အစည်း၏အကြောင်းအရာအကျဉ်းချုပ်
၁။ ဒေသခံအသင်းတော် (Local
Church) - ဖော်ပြပါဒေသတစ်ခု၌ရှိာကသော အသင်းသား တစ်စု ကို နယ်ညီလာခံရွေးကောက်တင်မြှောက်ပွဲ၌ အသင်းတော်တစ်ခုအဖြင့် ဆုံးဖြတ် အတည်ပြုခဲ့ ခြင်းကို တရားဝင် အသင်းတော်တစ်ခုအဖြစ်ရောက်ရှိခြင်းဖြစ်သည်။
၂။ ဒေသခံနယ် (Local Conference) - ဖော်ပြပါမြေအနေအထား၌ ဒေသခံအသင်းတော်များ စုပေါင်းတည်ရှိနေသည့်နယ်ဒေသကို ယူနီယံညီလာခံရွေးကောက်တင်မြှောက်ပွဲတွင် ညီအစ် မဒေသခံနယ်အဖြစ် လက်ခံခဲ့ပြီးနောက် ဒီဝီဇံ၏ နှစ်တစ်ဝက်အလုပ်အမှုဆောင်အစည်း အဝေး၊ နှစ်ဆုံးအစည်းအဝေး (သို့မဟုတ်) ဒိဝီဇံကောင်စီအစည်းအဝေးမှနေ၍ ဆုံးဖြတ် အတည်ပြု ခြင်းဖြင့် တရားဝင်ဒေသခံနယ်မြေအဖြစ် ရောက်ရှိသွားခဲ့ပါသည်။
၃။
အသင်းတော်များပေါင်းစည်းခြင်း (Union of Churches) - ဖော်ပြပါမြေအနေအထားအပေါ် အသင်းတော်များစုပေါင်းရှိနေသည့်နယ်ဒေသကို ; ကမ္ဘာ့ဌာနချုပ်ညီလာခံအစည်းအဝေးမှ တရားဝင်အသင်းတော်များ ပေါင်းစည်းခြင်း (Union of Churches) အဖြစ်အတည်ပြုဆုံးဖြတ် ခြင်းဖြစ်သည်။ Conference (သို့မဟုတ်) Mission အဆင့်ထားရှိနိုင်သည်။
၄။ Union Conference/ Mission - ဖော်ပြပါနယ်မြေအနေအထားရှိနယ် (Conference) များပေါင်း စည်းထားကာ ကမ္ဘာ့ဌာနချုပ်ညီလာခံ အစည်းအဝေးမှ တရားဝင် Union Conference/
Mission အဖြစ်အတည်ပြုဆုံးဖြတ် ခြင်းဖြစ်သည်။
၅။ ကမ္ဘာ့ဌာနချုပ်နှင့်၎င်း၏ဒီဝီဇံများ - ကမ္ဘာ့ဌာနချုပ်သည် တစ်ကမ္ဘာလုံးရှိ အသင်းတော် ကြီးကို ကိုယ်စားပြုသည်။ ၎င်း၏အစိတ်အပိုင်းဖြစ်သော အသင်းသူအသင်းသားများ တို့အားဖြင့် ၎င်း၏အခြေခံဖွဲ့စည်း
အဖွဲ့အစည်းနှင့်တန်ခိုးအာဏာ
၄၃
အုပ်ချုပ်ပုံကိုရေးဆွဲသည်။ တစ်ကမ္ဘာလုံး၏လုပ်ငန်းကိုဆောင်ရွက်ရာ၌ လွယ်ကူစေရန် ကမ္ဘာ့ဌာနချုပ်အနေဖြင့် နယ်ပယ်အုပ်ချုပ်ရေးရုံးများကို ထားရှိရာ ၎င်းကိုဒီဝီဇံဟု ခေါ်ကာ ကမ္ဘာ့ဌာနချုပ်၏အလုပ်အမှုဆောင်ကော်မတီမှ နှစ်ပတ်လည်းအစည်းအဝေးတွင် မိမိတို့ လက်အောက်ခံများဖြစ်ကြသည့် ယူနီယံ၊ နယ်ပယ်များအစရှိသည်တို့ကို နယ်မြေဒေသ နှင့်အညီ စနစ်တကျအုပ်ချုပ်ကွပ်ကဲနိုင်ရန် ခွဲခြားသတ်မှတ်ဖွဲ့စည်းထားပါသည်။
သမ္မာကျမ်းစာသည် ယုံကြည်ချက်နှင့်ကျင့်ဝတ်၏အခြေခံအုတ်မြစ်ဖြစ်သည်။ ၎င်းကိုအခြေ ပြုကာ ကမ္ဘာ့ဌာနချုပ်ညီလာခံမှ အသင်းတော်၏အခြေခံယုံကြည်ချက်များတို့ကို ချမှတ်ခြင်း ဖြစ်သည်။ ကမ္ဘာ့ဌာနချုပ်ညီလာခံအချိန်တွင်လည်း ယူနီယံနှင့် တိုက်ရိုက်ဆက်နွှယ်သည့် နယ်မြေ ကိုသတ်မှတ်ခြင်း၊ အသင်းတော်လက်စွဲကို ပြန်လည်သုံးသပ်ခြင်း၊ ကမ္ဘာ့ထာနချုပ်နှင့်ဒီဝီဇံ ခေါင်းဆောင်များတို့ကို ရွေးချယ်တင်မြှောက်ခြင်း၊ အခြားဆောင်ရွက်စရာများတို့ကို ဖွဲ့စည်း အုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့်အညီဆောင်ရွက်ခြင်းနှင့် ကိစ္စရပ်တချို့တို့ကို အလုပ်အမှုဆောင် ကော်မတီလက်ထဲသို့ အပ်နှံခြင်းများပြုလုပ်သည်။ ကမ္ဘာ့ဌာနချုပ်အလုပ်အမှုဆောင်ကော်မတီမှ အသင်းတော် တစ်ခုလုံး၏ကိုယ်စား အသင်းတော်လုပ်ငန်းကိုဆောင်ရွက်နိုင်သည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ အသင်းတော်အဖွဲ့အစည်းတို့သည် ကမ္ဘာ့ဌာနချုပ်၏ညီလာခံ အစည်းအဝေးကို အသင်းတော်၏အချုပ်အခြာအာဏာအဖြစ် အသိအမှတ်ပြုသည်။
တည်ရှိသောအဖွဲ့အစည်းများ၏တာဝန်
အသင်းတော်၏ဖက်စပ်ပါဝင်သောအဆင့်ရှိလည်ပတ်မှုများ၌ ပညာရေး၊ ကျန်းမာရေး၊ ပုံနှိပ်ထုတ်ဝေခြင်းနှင့် အခြားသောအဖွဲ့အစည်းများပါဝင်ပြီး
၄၄ အသင်းတော်လက်စွဲ
နွမ်းပါးနေသည့်ကမ္ဘာကြီး၏လိုအပ်ချက်များတို့ကို ခရစ်တော်၏နာမ၌ ကူညီမစရန်ဖြစ်သည်။ ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းတော်၏ ယုံကြည်ချက်နှင့် အတွေးအခေါ်အရ၊ ဤအဖွဲ့အစည်းများတို့သည် မိမိတို့၏ ဖွဲ့စည်းစမှနေပြိးအသင်းတော်၏ဝိညာဉ်ရေးနှင့် ကမ္ဘာသို့ ဧဝီဂေလိသတင်းစကားဖြန့်ချိရန်လုပ်ငန်းများတို့ကိုလုပ်ဆောင်ရန် မရှိမဖြစ်လိုအပ်သည့် တန်ဆာပလာများဖြစ်ပါသည်။
မည်သည့် အသင်းတော်အဖွဲ့အစည်း (သိုပမဟုတ်) သင်တန်းကျောင်းမျှ မိမိတို့၏ရစရာ၊ အကြွေးမြီ၊ လုပ်ဆောင်ချက်များ (သို့မဟုတ်) အခြားအသင်းတော်အဖွဲ့အစည်းများကို ခြွင်းချန် ထားခြင်း အစရှိသည်တို့မှ မိမိတို့၏ တာဝန်သာဖြစ်သည်ဟု မမှတ်ယူသင့်ပါ။ အသင်းတော်၏ အသိအမှတ်ပြုခြင်းခံရခြင်းကြောင့် မိမိစိတ်ကြိုက်ရပ်တည်ရန်မဟုတ်ဘဲ အားလုံးတို့သည် ဆက်စပ် ပါဝင်မှုရှိနေကြပါသည်။
ရှေးဦးအသင်းတော်၌တန်ခိုးအာဏာ
ဖန်ဆင်းရှင်၊ ကယ်တင်ရှင်နှင့်စောင့်ထိန်းရှင်၊ ဖန်ဆင်းခြင်းအားလုံးတို့၏ သခင်နှင့် ဘုရာင်အဖြစ်ဘုရားတစ်ဆူတည်းသာ အသင်းတော်တန်ခိုးအာဏာ အခြေအမြစ်ဖြစ်ပါသည်။ မိမိ၏ပုရောဖက်များနှင့်တမန်တော်များထံသို့ တန်ခိုးအာဏာကို ခွဲဝေပေးခဲ့သညါ။ (၁ကော ၁ဝး၈)။ ထိုကြောင့် သူတိုပသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုသယ်ဆောင်ရန်နှင့် အသင်းတော်၏အကျင့်စာရိတ္တတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်အရေးကြီး၍ ထူးခြားသော တာဝန်ကို ရရှိသူများဖြစ်သည်။ (ဧဖက် ၂း၂၀)။
ရှေးဦးအသင်းတော်သည် ဖြူစင်သန့်ရှင်းသောယုံကြည်ချက်နှင့်ကျင့်စရိုက်များတို့ကို ထင်ရှားပြသစေခဲ့သည်။ အသင်းလူကြီးများအနေဖြင့် ကြီးမားသော တာဝန်ကိုထမ်းဆောင်ခဲ့ သည်။ သူတို့၏အဓိကဆောင်ရွက်ချက်တစ်ခုမှာ သင်းအုပ်ရာ တာဝန် ဖြစ်သည့် အသင်းတော်ကို ထိ်န်းသိမ်းအုပ်ချုပ်
အဖွဲ့အစည်းနှင့်တန်ခိုးအာဏာ
၄၅
ခြင်းဖြစ်သည်။ (တမန်တော် ၂ဝး၁၇-၁၈။ ဟေဗြဲ ၁၃း၁၇။ ၁ပေ ၅း ၁-၃)။ အထူးတာဝန်မှာ မှန်သောယုံကြည်ချက်အတွက် သင်တန်းပေးခြင်းနှင့် လမ်းလွဲသူများတို့ကို လမ်းမှန်သို့ ပို့ဆောင်ခြင်းတို့ဖြစ်သည်။ (၁တိ ၃း၁၊၂။ တိတု ၁း၅၊၉)။ ဝိညာဉ်များတို့သည် ဘုရားရှင်ထံမှ လာသည်မလာသည်ကို စစ်ဆေးရန် ညွှန်ကြားခြင်းခံရသည်။ (၁ယော ၄း၁) (သို့မဟုတ်) ပေါလု အဆိုအရ “ခပ်သိမ်းသောအရာကိုစုံစမ်း၍၊ ကောင်းသောအရာကိုအမြဲက်ိုင်စွဲ ကြလော့” (၁သက် ၅း ၂၁)။
ဥပဒေကိုလိုက်လျှေက်ရာ၌ နှစ်ခုစလုံးသည်မှန်ပါသည်။ (မဿဲ ၁၈း၁၅-၁၇)၊ တစ်ဦးတည်း ကိစ္စမှ အများအတွက်ဆုံးမပြောဆိုခြင်း (မဿဲ ၁၈း ၁၆။ ဂလာတိ ၆း၁) အသင်းသားအဖြစ်မှ ထုတ်ပယ်ခြင်းအထိ (မဿဲ ၁၈း၁၈။ ၁ကော ၅း၁၁၊၁၃။ ၂ကော ၂း ၅-၁၁)။
ထို့ကြောင့် အသင်းတော်အနေဖြင့် မိမိကိုယ်ကိုအုပ်ချုပ်ရန် မိမိ၏စည်းကမ်းချက်များကို ချမှတ်န်ိုင်သည့်တန်ခိုးအာဏာရှိသည်။
ကမ္ဘာ့ဌာနချုပ်၏အမြင့်ဆုံသောတန်ခိုးအာဏာ
ယနေပအသင်းတော်တွင် ကမ္ဘာ့ဌာနချုပ်ညီလာခံအစည်းဝေးနှင့် ကမ္ဘာ့ဌာနချုပ် အလုပ် အမှုဆောင်ကော်မတီသည် အသင်းတော်၏အုပ်ချုပ်ရေး၌ အမြင့်ဆုံးသောအာဏာရှိသည်။ ကမ္ဘာ့ဌာနချုပ်အလုပ်အမှုဆောင်ကော်မတီကို ရွေးချယ်တင်မြှောက်ခြင်းအဖွဲ့မှ မိမိတို့၏လက် အောက်ခံအဖွဲ့အစည်းများကိုဖွဲ့စည်းကာ အမှုတော်လုပ်ငန်းကို ထမ်းဆောင်ရန်ခွင့်ပြုထားသည်။ ထို့ကြောင့် လက်အောက်ခံအဖွဲ့အစည်းများအားလုံးနှင့် အဖွဲ့အစည်းအားလုံးတို့သည် ကမ္ဘာ့ဌာန ချုပ်ညီလာခံအစည်းအဝေးနှင့် ကမ္ဘာ့ဌာနချုပ်အလုပ်အမှုဆောင်ကော်မတီကို ဘုရားရှင်၏ အောက်၌ အသင်းတော်၏အမြင့်ဆုံးသောတန်ခိုးအာဏာရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းဟု အသိအမှတ်ပြုပါသည်။
၄၆
အသင်းတော်လက်စွဲ
အသင်းတော်များနျင့်နယ်အုပ်ချုပ်ရေးအဖွဲ့စပ်ကြား၊ အောက်ခြေအဖွဲ့အစည်းများနှင့် အထက်အဖွဲ့အစည်းများစပ်ကြား ကွဲပြားမှုတစ်စုံတစ်ရာဖြစ်ပေါ်ပါက မိမိတို့နှင့်သက်ဆိုင်သည့် အုပ်ချုပ်ရေးအဖွဲ့အစည်းသို့တင်ပြကာ ဖြေရှင်းသွားကြပါမည်။ အမြင့်ဆုံးသော အုပ်ချုပ်ရေး အဖွဲ့အစည်းသို့တိုက်ရိုက်တင်ပြရန်မလိုပါ။ သို့သော် ကမ္ဘာ့ဌာနချုပ်အလုပ်အမှုဆောင် ကော်မတီ သည် ရှိသမျှမေးခွန်းများနှင့်ပြဿနာများကိုဖြေရှင်းရန် နောက်ဆုံအာဏာရှိ အဖွဲ့အစည်းဖြစ်ပါ သည်။ ကော်မတီ၏ဆုံးဖြတ်ချက်များကို ကမ္ဘာ့ဌာနချုပ်ညီလာခံအချိန်၌ သော်လည်းကောင်း၊ နှစ်ပတ်လည်အစည်းအဝေး၌ သော်လည်းကောင်း ပြန်လည်၍သုံးသပ်နိုင်ပါသည်။ အဖွဲ့အစည်းများ တို့သည် အခြားအဖွဲ့အစည်းများတို့၏ဆုံဖြတ်ချက်များကို သုံးသပ်ရာတွင် သူတို့၏ ကြွေးမြီများ ကိစ္စနှင့် ပတ်သက်၍ တာဝန်မရှိamကာင်းသိမှတ်ရမည်။
“ဘုရားသခင်ကျွန်ုပ်ကို မကြာခဏညွှန်ကြာသည်မှာ ပုဂ္ဂိုလ်တစ်သီးတစ်ယောက်၏ ဆုံးဖြတ်ချက်ကို လက်မခံရန်ဖြစ်သည်။ အမှုတော်လုပ်ငန်းကို စီမံခန့်ခွဲရာ ၌သေည်လည်းကောင်း၊ ထမ်းဆောင်ရာ၌သော်လည်ကးကောင်း၊ တစ်ယောက်သောသူ (သို့မဟုတ်) လူအနည်းစု၏ ဆုံးဖြတ်ချက်၊ အကြံအဥာဏ်ဖြင့်မပြည့်စုံပါ။ လုံလောက်ခြင်းမရှိပါ။ သို့သော် ကမ္ဘာ့ဌာနချုပ် စည်းဝေး၌ ယုံကြည်သူအားလုံး (သို့မဟုတ်) ကမ္ဘာအရပ်ရပ်ရှိကိုယ်စားလှယ် အားလုံးစုရုံးရောက် ရှိလာချိန်၌ တစ်ဦးတစ်ယောက် (သို့မဟုတ်) လူနည်းစု၏ဆုံးဖြတ်ချက်၊ အကြံအဥာဏ်အားဖြင့် မဟုတ်ဘဲ လူအများ၏သဘောတူညီချက်ကို တန်ဖိုးထား၍ ဆောင်ရွက်စရာများကို ဆောင်ရွက် ကြရမည်။ မိမိ၏တစ်ဦးတည်းသောအလိုဆန္ဒသည် အများအလိုဆန္ဒနှင့်ဆန့်ကျင်ပါက ကြည်ဖြူစွာ အရှုံးပေးရပါမည်။ တစ်ဦးတည်း (သို့မဟုတ်) လူနည်းစု၏ အလိုဆန္ဒသဘော တူညိချက်ကို ဦးစားပေးခြင်း၊ လက်ခံခြင်းမပြုသင့်ပါ။ အများသဘောတူညီချက်ကို လက်ခံရပါ မည်။” (9T ၂၆၀).
-၀-
အခန်းကြီး - ၄။
အခန်း (၄)
သင်းအုပ်ဆရာများနှင့်အခြားအသင်းတော်ဝန်ထမ်းများ
မြင့်မြတ်သောခန့်အပ်ခြင်းခံရသည့်သာသနာ့လုပ်ငန်းတစ်ရပ်
မြင့်မြတ်သည့်သာသနာ့လုပ်ငန်းတစ်ရပ်ကိုဆောင်ရွက်ရန် ဘုရားသခင်၌အသင်းတော် တစ်ခုရှိသည်။ “ခရစ်တော်၏ကိုယ်ကိုတည်ဆောက်၍၊ ဓမ္မဆရာ၏အမှုကို ပြုတတ်မည် အကြောင်း၊ သန့်ရှင်းသူတို့ကိုပြင်ဆင်ခြင်းအလိုငှာ၊ ထိုသခင်သည် လူအချို့တို့ကိုတမန်တော်အရာ ၌လည်းကောင်း၊ အချို့တို့ကို ပုရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုသာသနာပြုအရာ၌ လည်းကောင်း၊ အချို့တိုပကိုသင်းအုပ်ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။ ငါတို့ရှိသမျှ သည် ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်၏သားတော်ကိုသိကျွမ်းခြင်းသို့လည်းကောင်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသော ကြီးရင့်သော လူ၏အဖြစ်သို့ရောက်ကြသည်တိုင်အောင်ဖြစ်သတည်း ------”
“ဘုရားရှင်မှခန့်ထားသောသူသည် အသင်းတော်ကို သဝန်တိုသော မေတ္တာ၊ ဇွဲလုံ့လဖြင့် သတိကြီးစွာရွေးချယ်ခြင်းခံရပြီး အသင်းတော်သည် မာရ်နတ်၏ဆိုးရွားသော လှည့်ကွက်ထဲသို့ မရောက်ရှိဘဲ ကမ္ဘာတစ်ခုလုံး၌ လူတို့၏အလယ်တွင် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရန် ဖြစ်သည်။”
နယ် (တိုင်း) ဥက္ကဌ - နယ်ဥက္ကဌသည် ကော်ငးသောအသရေရှိပြီး ဗဟုသုတရှိသည့် လက်တင်ရဓမ္မဆရာဖြစ်ရမည်။ မိမိ၏နယ်ဒေသအတွင်းရှိ အသင်းတော်အားလုံးတို့၏ အဓိက အသင်းလူကြီးနှင့် ဧဝံဂေလိဓမ္မအမှုတော်လုပ်ငန်း၏ခေါင်းဆောင်နှင့် ကြည့်ရှုစီမံအုပ်ချုပ်သူဖြစ် သည်။ သူတို့၏
၄၈ အသင်းတော်လက်စွဲ
အကြံအစည်နှင့်လုပ်ဆောင်မှုအားလုံးတို့နှင့်ပတ်သက်ပြီး ဝိညာဉ်ရေးကိစ္စတွင် အကြံပေးသူ ဖြစ်သည်။ အသင်းတော်တိုင်းတို့၏လုပ်ငန်း၊ အစည်းအဝေး၊ ဘုတ်အစည်းအဝေး၌ အရေးကြီး ကိစ္စများတွင် ပါဝင်ဦးဆောင်လမ်းညွှန်မှုပြုနိုင်ရမည်။ မိမိ၏ရာထူးအရ၊ လိုအပ်သလို အသင်းတော်၏မည်သည့် အစည်းဝေး၌မဆို ပါဝင်နိုင်သည်။ အသင်းတော်၏မှတ်တမ်းအားလုံးကို သိပိုင်ခွင့် စစ်ဆေးခွင့်ရှိသည်။
နယ်ဥက္ကဌသည် အသင်းတော်၏လက်ရှိတင်မြှောက်ထားခြင်းခံရသော လူကြီးများကို ဘေးဖယ်ရန်အာဏာမရှိပါ။ သူတို့နှင့်အတူ လက်တွဲအလုပ်လုပ်ရန်သာဖြစ်သည်။ အသင်းတော် လူကြီးများလည်း သူတို့၏အသင်းတော်အပေါ် နယ်၏ဩဇာသက်ရောက်မှု၊ ဆက်သွယ် မှုကို အသိအမှတ်ပြုကာ အသင်းတော်၏အရေးကိစ္စဟူသရွေ့ကို သူနှင့်အတူတိုင် ပင်လုပ်ဆောင်သွား ရမည်။ သူ၏လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်ကို မလုပ်ဆောင်နိုင်ရန် သူ့အားကြိုးစား၍မဖယ် ထားသင့်ပါ။
နယ် (တိုင်း) ဌာနဆိုင်ရာညွှန်ကြားရေးမှူးများ - နယ်ဌာနဆိုင်ရာညွှန်ကြားရေးမှူး များတို့သည် အရေးကြီးသောသာသနာ့လုပ်ငန်းဌာနများကို နယ်ကော်မတီမှညွှန်ကြားချက်အပေါ် နှင့် နယ်ဥက္ကဌ၏အကြံပေးချက်အပေါ် ထိန်းသိမ်းစောင့်ရှောက်တာဝန်ယူရပါသည်။ ပေးအပ်ထား သောတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် မိမိတို့နယ်အတွင်းရှိအသင်းတော်တိုင်းသို့သွား ရောက်ပြီး မိမိတို့၏ဌာနနှင့်ဆိုင်သည့် စီမံကိန်းများကို ရှင်းလင်းတင်ပြရပါမည်။ ဤညွှန်ကြား ရေးမှူးများတို့သည် အသင်းတော်၏စီမံကိန်းအားလုံးတို့ကို စိတ်ဝင်စားလျက် မိမိဌာနနှင့် ဆိုင် သည့်လုပ်ငန်းကိုမက အခြားဌာန အတွက်ကိုပါ အားပေးမှုပြုရပါမည်။
ဌာနဆိုင်ရာညွှန်ကြားရေးမှူးများတို့သည် အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်ခြင်း (သို့မဟုတ်) အုပ်ချုပ်ရေးဩဇာအာဏာကိုတာဝန်ယူခြင်းများမပြုရဘဲ အသင်းတော်များတိုးတက် ရေးအတွက် အကြံပေး၊ တွန်းအားပေး
သင်းအုပ်ဆရာများနှင့်အခြားအသင်းတော်ဝန်ထမ်းများ
၄၉
လုပ်ဆောင်သောသူများသာဖြစ်သည်။ နယ်ကော်မတီနှင့် နယ်ဥက္ကဌသည်တို့၏ အသင်းတောများအတါက် တာဝန်ရှိသကဲ့သို့မဟုတ်ပါ။ မိမိဌာနတိုးတက်ရန် နယ်တစ်ခုလုံးရျိ အသင်းတောများအပေါ် တိုက်တွန်းအားပေးလုပ်ဆောင်သွားရန်ဖြစ်သည်။ သို့သော် နယ်ဥက္ကဌမှတာဝန် ပေးအပ်ခြင်းမရှိပါက အသင်းတော်၏ရွေးကောက်တင်မြှောက်ခြင်းနှင့် အုပ်ချုပ်ရေးလုပ်ငန်းတာဝန်ကိုသော်လည်းကောင်း၊ အခြားဌာနနှင့်ပတ်သက်သည့်ကိစ္စကိုသော် လည်းကောင်းဆောင်ရွက်ခြင်းမပြုသင့်ပါ။
လက်တင်ရဓမ္မဆရာများ - သင်းအုပ်ဆရာအဖြစ်သော်လည်းကောင်း၊ ခရိုင်ဒေသ ခေါင်းဆောင်အဖြစ်သော်လည်းကောင်း နယ် (တိုင်း) ကော်မတီမှ တာဝန်ပေးထာသော လက်တင် ရဓမ္မဆရာသည် နယ်ဥက္ကဌနေရာကိုယူပြီးမိမိနယ်မြေတွင် ဦးဆောင်သွားရန်မဟုတ်ပါ။ နယ်ဥက္ကဌကဲ့သို့ အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်ရန်မဟုတ်ပါ။ သို့သော်f ဥက္ကဌနှင့်လက်တွဲ၍ နယ်၏စီမံကိန်းနှင့်စည်းမျဉ်းဥပဒေများကို ဆောင်ရွက်သွားရပါမည်။
အသင်းတော်တစ်ခုအားပေးထားသောတာဝန်အပေါ် လက်တင်ရဓမ္မဆရာနှင့် အတူ အသင်း လူကြီးများမှကူညီ၍ ထမ်းဆောင်ကြရပါမည်။ လက်တင်မင်္ဂလာရရှိသည့်အတွက် ဓမ္မဆရာသည် အသင်းတော်၏လုပ်ဆောင်ရမည့် ဝတ်ပြုခြင်းအစီအစဉ်အားလုံးကို ဦးဆောင်နိုင်သည်။ လက်တင် ရဓမ္မဆရာသည် အသင်းသူအသင်းသားများတို့၏ ဝိညာဉ်ရေးခေါင်းဆောင်နှင့် အကြံပေး သူဖြစ် ရမည်။ လက်တင်ရဓမ္မဆရာသည် အသင်းလူကြီးများတို့အား အသင်းတော်၏လုပ်ငန်းဟူသရွေ့ကို မည်ကဲ့သို့လုပ်ဆောင်ရမည်အကြောင်းလမ်းညွှန်သင့်သည်။
သင်းအုပ်ဆရာသည် အသင်းတော်ဘုတ်အဖွဲ့၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးဘုတ်အဖွဲ့၏ ဥက္ကဌအဖြစ် ဆောင်ရွက်ရပါမည်။ သူမရှိသောအခါ၌သော်လည်းကောင်း၊ ရှိနေစဉ် သူ၏ဆန္ဒအရ သော်လည်းကောင်း အသင်းလူကြီးအား ဥက္ကဌအဖြစ် သင်းအုပ်ဆရာနှင့်အတူ ဆောင်ရွက်ခွင့်ပြု နိုင်ပါသည်။
CM - ၄
၅၀
အသင်းတော်လက်စွဲ
သင်းအုပ်ဆရာသည် အသင်းလူကြီးများတို့၏ကူညီမှုဖြင့် ဝိညာဉ်ရေးအစီအစဉ်အားလုံး၊ ဥပုသ်နေ့ နံနက်ဝတ်ပြုခြင်း၊ ဆုတောင်းစည်းဝေး၊ ပွဲတော်မင်္ဂလာအစီအစဉ်နှင့် ရေနှစ်ခြင်းမင်္ဂလာ အစီအစဉ် အစရှိသည်တို့ကို စီစဉ်ခြင်း၊ ဆောင်ရွက်ခြင်းများပြုလုပ်နိုင်သည်။ သင်းအုပ်ဆရာများသည် မိမိ ပတ်လည်၌ရှိသည့် ပုဂ္ဂိုလ်များကို မိမိဆန္ဒအလျောက် အချိန်မရွေး မိမိ၏လုပ်ငန်းတာဝန်များတို့ကို ကူညီရန်ခေါ်ယူန်ိုင်သည်။ သို့သော် အထူးသဖြင့်ရွေးချယ်ခြင်းခံရသော အသင်းတော်လူကြီးများ တို့နှင့် အမြဲလက်တွဲလုပ်ဆောင်ရပါမည်။
တရားဟောဆရာတစ်ဦးသည် အသင်းတော်တစ်ခု၌ တရားပွဲကျင်းပရန် တာဝန်ကျရောက် သောအခါ သင်းအုပ်ဆရာသည် ထိုတရားဟောဆရာအား ကူညီရပါမည်။ ထိုသို့သင်းအုပ်ဆရာ အား တရားပွဲ၌ပါဝင်ကူညီရန်ဖေါ်ဖိတ်ခြင်းဖြင့် အသင်းသာဖြစ်လာမည့် ပုဂ္ဂိုလ်များတို့နှင့် ရင်နှီးနိုင်သည့် အခွင့်အရေးကို ရရှိစေပါသည်။
သင်းအုပ်ဆရာများ (သို့မဟုတ်) လက်ထောက်သင်းအုပ်ဆရာများတို့သည် အသင်းတော်မှ ရွေးချယ်တင်မြှောက်ရမည့် ပုဂ္ဂိုလ်များမဟုတ်ပါ။ နယ် (တိုင်း) ကော်မတီမှရွေးချယ်တင်မြှောက် ရပြီးသူတို့၏ရွေးချယ်တင်မြှောက်ထားသည့်တာဝန်ကို အချိန်မရွေးအပြောင်းအလဲ ပြုလုပ်နိုင် ပါသည်။
သင်းအုပ်ဆရာတာဝန်ကို နယ်ကော်တီမှ ရုပ်သိမ်းနိုင်ပြီး ထိုသင်းအုပ်ဆရာ၏ အသင်းတော် ၌ရှိသည့် မိမိအသင်းဝင်အမည်စာရင်းကို မထိခ်ိုစေရပါ။ သို့သော် သင်းအုပ်ဆရာမှ ရိုးရိုးအသင်း သားတစ်ဦးဖြစ်သွားခြင်းကြောင့် သင်းအုပ်ဆရာနှင့်ပတ်သက်သည့် သာသနာ့လုပ်ငန်းများတို့ကို လုပ်ဆောင်ခွင့်မရှိတော့ပါ။
လိုင်စင်ရဓမ္မဆရာများ - ဓမ္မအမှုတော်လုပ်ငန်း၌ အထူးသဖြင့် ဝိညာဉ်အောင်မြင်ခြင်းတွင် အခွင့်အရေးပေးသည့်အနေဖြင့် လူတို့အားနယ်အုပ်ချုပ်ရေးအဖွဲ့မှ ဓမ္မအမှုတော်လုပ်ငန်းလုပ်ဆောင် နိုင်ရန် လိုင်စင်ပေးထားခြင်းဖြစ်သည်။ ထိုလိုင်စင်ကိုပေးထားခြင်းအားဖြင့် ဓမ္မအမှုတော်လုပ်ငန်း
၅၁ သင်းအုပ်ဆရာများနှင့်အခြားအသင်းတော်ဝန်ထမ်းများ
အတွက် မိမိ၏စွမ်းရည်ကို ပို၍တိုးမြှင့်ပြုစုပျိုးထောင်လုပ်ဆောင်နိုင်သည့်အခွင့်အရေးကို အမြဲတစေ ပေးထားခြင်းဖြစ်သည်။
လိုင်စင်ရဓမ္မဆရာများသည် တရားဟောပိုင်ခွင့်၊ တရားပွဲကျင်းပခွင့်၊ သာသနာဖြန့်ချိရန် တွင်ဦးဆောင်ခွင့်နှင့် အသင်းတော်လုပ်ငန်းမှန်သမျှ၌ လိုအပ်သလိုပါဝင်ကူညီခွင့်ရှိသည်။
သို့သော် တချို့အခြေအနေများတွင် နယ်၏လုပ်ငန်းအတွက်လိုအပ်လာပါက လိုင်စင်ရ ဓမ္မဆရာတစ်ဦးကို သင်းအုပ်ဆရာတစ်ဦးအဖြစ်သော်လည်းကောင်း၊ လက်ထောက်သင်းအုပ်ဆရာ အဖြစ်သော်လည်းကောင်း အသင်းတော်တစ်ခုအတွက် (သို့မဟုတ်) အသင်းတော်အများစုတစ်စုကို ဦးဆောင်ရန် ခန့်အပ်နိုင်ပါသည်။ လိုင်စင်ရဓမ္မဆရာသည် သင်းအုပ်ဆရာ၏လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် အသင်းတော်တစ်ခု (သို့မဟုတ်) အသင်း တော်များအဖွဲ့မှ သူ့ကို အသင်းလူ ကြီးအဖြစ် တင်မြှောက်ရမည်။ ထို့နောက်လိုင်စင်ရဓမ္မဆရာ၏လုပ်ပိုင်ခွင့်သက်တမ်းကို တိုးမြှင့် ခြင်းသည် ဒီဝီဇံ၏အလုပ်အမှုဆောင်ကော်မတီ၏ လက်ထဲ၌ရှိသောကြောင့် မည်သည့်တာဝန်၊ မည်သည့် လုပ်ငန်းကိုလုပ်ဆောင်နိုင်ကြောင်းတိတိကျကျဖော်ပြရမည်။ သို့သော် မိမိ၏လုပ်ဆောင် နိုင်သည့် လုပ်ငန်းကို မိမိအားတာဝန်ခန့်အပ်သည့်အသင်းတော်၌သာလျှင် လုပ်ဆောင်ခွင့်ရှိပါ သည်။ ဒီဝီဇံကော်မတီမှ အတည်ပြုပြီးမှသာ နယ်ကော်မတီမှအတည်ပြုသွားနိုင်ပါသည်။
နယ်ကော်မတီသည် လိုင်စင်ရဓမ္မဆရာ၏သက်တမ်းကို ဒီဝီဇံမှခွင့်ပြုထားသည်ထက် ပိုပြီး တိုးပေး၍မရပါ။ ထိုနည်းတူ လိုင်းစင်ရဓမ္မဆရာ၏လုပ်ဆောင်ပိုင်ခွင့်သက်တမ်းကိုလည်း အသင်း လူကြီးတစ်ဦးအဖြစ် မည်သည့် အသင်းတော်၌မျှ သတ်မှတ်ထားသည့်အချိန်အကန့်အသတ်ထက် ကျော်လွန်ပြီးဆောင်ရွက်၍မရပါ။ နယ်ကော်မတီတစ်ခု၏ဆုံးဖြတ်ချက်သည် အသင်းတော်၏ ရွေးချယ်တင်မြှောက်ခြင်း (သို့မဟုတ်) ဧဝံဂေလိသာသနာ့လုပ်ငန်း၌လက်တင်ပေးခြင်းကို အစား ထိုး၍ မရပါ။
၅၂
အသင်းတော်လက်စွဲ
သမ္မာကျမ်းစာသင်ကြားပို့ချသူများ - နယ်ဒေသအနေဖြင့် တရားပွဲကျင်းပခြင်း (သို့မဟုတ်) ဒေသခံအသင်းတော်ကို ကြည့်ရှုခြင်းတာဝန်များကို ပါဝင်ကူညီထမ်းဆောင်ရန် သမ္မာကျမ်းစာသင်ကြားပို့ချသူများကို တာဝန်ပေးခန့်အပ်ပါသည်။ ဤသင်ကြားပို့ချသူများတို့ သည် နယ်၏ညွှန်ကြားမှုအောက်တွင်ရှိပြီး တရားပွဲကျင်းပရာ၌ ကျမ်းစာသင်ကြားပို့ချသူသည် တရားဟောဆရာ၏အုပ်ချုပ်မှုအောက်၌ရှိပြီးအသင်းတော်၏အလုပ်ကို လုပ်ကိုင်ရန်တာဝန်ပေး ပါက သင်းအုပ်ဆရာ၏လက်အောက်၌ရှိကာ သင်းအုပ်ဆရာ၏ ညွှန်ကြားမှုအရ လုပ်ငန်းကိုထမ်း ဆောင်ရပါသည်။ သူတို့သည် ဆရာ၏ညွှန်ကြားမှုအရ လုပ်ငန်းကို ထမ်းဆောင်ရပါသည်။ သူတို့ သည် နယ်ဒေသ၏အထူးသောအစီအစဉ်တစ်စုံတစ်ရာ မရှိဘဲ ဝိညာဉ်ရရှိရေးလုပ်ငန်းအပြင် ရုံးလုပ်ငန်းနှင့်အခြားမည်သည့်လုပ်ငန်းကို လုပ်ဆောင်ခွင့်မပြုပါ။
နယ် (တိုင်း) မှဦးဆောင်သည့်အသင်းတော်ဝန်ထမ်းများ - သင်းအုပ်ဆရာများ၊ သမ္မာကျမ်းစာသင်ကြားပို့ချသူများ၊ နယ်ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးများအားလုံး၊ နယ်မှ လိုင်စင် ထုတ်ထားပေးပြီး နယ်နှင့် သက်ဆိုင်သော ဝန်ထမ်းဟူသရွေ့တို့သည် နယ်ဥက္ကဌနှင့် နယ်ကော်မတီ၏ ညွှန်ကြားချက်အောက်တွင် အမှုတော်လုပ်ငန်းကို ထမ်းဆောင်ရပါသည်။ ဒေသ ခံအသင်းတော်၏အုပ်ချုပ်မှုအောက်၌မရှိပါ။ ထိုဝန်ထမ်းများ၏ကူညီမှုကိုလိုအပ်လျှင် နယ်ဥက္ကဌ ထံတောင်းဆိုနိုင်ပါသည်။ သို့သော် အလုပ်ခန့်အပ်ခြင်းနှင့် အခြားကိစ္စများနှင့် ပတ်သက်လာပါက နယ်ကော်မတီ၏ဆုံးဖြတ်ချက်အပေါ်၌သာ မူတည်သည်။ ဝန်ထမ်းများတို့၏ တာဝန်ကို လိုအပ် သလိုနယ်ကော်မတီမှ ပြောင်းလဲနိုင်သည်။ ပြောင်းလဲမှုပြုသည့်အခါ အမှုဆောင်မှသော်လည်း ကောင်း၊ အသင်းတော်မှ သော်လည်းကောင်း လက်ခံနိုင်သည့်အကျိုးအကြောင်း တစ်စုံတစ်ရာ ကြောင့် ကန့်ကွက်မှုပြုလာပါက နယ်ကော်မတီမှနေ၍ နယ်တစ်ခုလုံး၏ကောင်းကျိုးအတွက် ပြန်လည်၍ စဉ်းစားသုံးသပ်ရပါမည်။ လက်ခံနိုင်သည့်အကျိုးအကြောင်းတစ်စုံတစ်ရာမျှမရှိဘဲ အမှုဆောင်အနေဖြင့် နယ်ကော်မတီ၏ဆုံးဖြတ်ချက်ကို လက်မခံပါက အာဏာဖီဆန်ခြင်းဟု သတ်မှတ်ကာ
သင်းအုပ်ဆရာများနှင့်အခြားအသင်းတော်ဝန်ထမ်းများ
၅၃
စည်းကမ်းအရအရေးယူသွားရပါမည်။ ထိုကြောင့် ဝန်ထမ်းများအနေဖြင့် နယ်ကော်မတီ၏ ဆုံးဖြတ်ချက်ဟူသရွေ့ကို နာခံရပါမည်။ အကယ်၍ နယ်ကော်မတီ၏ဆုံးဖြတ်ချက်ကို ဝန်ထမ်း တစ်ဦိးတစ်ယောက်အနေဖြင့်ငြင်းဆန်ပြီး အသင်းတော်မှထိုဝန်ထမ်းအား အားပေးထောက်ခံမှု ပြုပါက ထိုအသင်းတော်ကို နယ်မှတစ်နည်းတစ်လမ်းအားဖြင့် အရေးယူသွားရပါမည်။
ခန့်အပ်လွှာများနှင့်လိုင်စင်များ
ဒေသခံအသင်းတော်မှနေ၍ ကမ္ဘာ့ဌာနချုပ်အထိ တာဝန်ရှိခေါင်းဆောင်များတို့သည် ဘုရားသခင်၏အမှုတော်ကို ဂရုတစိုက်ကာကွယ်စောင့်ရှောက်ကြရမည်။ သက်ဆိုင်ရာအုပ်ချုပ်ရေး ကော်မတီမှ အချိန်ပြည့်အသင်းတော်ဝန်ထမ်းများကို နှစ်အကန့်အသတ်ဖြင့် တရားဝင်ခန့်အပ် လွှာများနှင့် လိုင်စင်များကို ထုတ်ပေးပါသည်။
နယ်ဒေသ၌ရှိသောကော်မတိသည် အသင်းတော်ကိုကိုယ်စားပြုရန် အသင်းအုပ်ဆရာများနှင့် ဧဝ့ဂေလိအမှုဆောင်များအဖြစ် ပုဂ္ဂိုလ်များကိုတန်ခိုးအာဏာပေးအပ်ထားပါသည်။ ဤတန်ခိုး အာဏာရှိကြောင်း ခန့်အပ်လွှာများနှင့် လိုင်စင်များအားဖြင့်သာသိရပါသည်။ ထိုခန့်အပ်လွှာနှင့် လိုင်စင်များကို ပုံနှိပ်စာသားဖြင့် ကောင်းမွန်စွာရေးသားထားပြီး အစပြုသည့်နေ့စွဲနှင့်ကုန်ဆုံးသည့် နေ့စွဲပါရှိပြီး နယ်ဒေသခေါင်းဆောင်များမှ လက်မှတ်ရေးထိုးထားပါသည်။ ဤတန်ခိုးအာဏာ သည် ပေးခြင်းခံရသူမှရရှိသော်လည်း ပေးအပ်သည့်ဖွဲ့အစည်း၏လက်တွင်း၌ရှိသည့်အတွက် အချိန်မရွေးပေးအပ်သည့် အဖွဲ့အစည်းမှ ပြန်လည်ရုပ်သိမ်းနိုင်သည်။ ဤခန့်အပ်လွှာများနှင့် လိုင်စင်များရရှိသည့်အမှုဆောင်များတို့အနေဖြင့် မိမိကိုယ်ပိုင်ပစ္စည်းမဟုတ်သောကြောင့် အလုပ်မှ ရပ်စဲခြင်းခံရသည့်အခါ (သို့မဟုတ်) ပေးအပ်သည့်အဖွဲ့အစည်းမှ ပေးအပ်ရန်တောင်းဆို သည့်အခါ ပြန်လည်၍ ပေးအပ်ရပါမည်။
၅၄ အသင်းတော်လက်စွဲ
အသင်းတော်ရန်သူများတို့သည် ကျွန်ုပ်တို့၏တရားပလ္လင်ပေါ်သို့ တက်ရောက်ဟောပြော ခြင်းအခွင့်မပြုမိစေရန် တရားစကားဟောပြောမည့် ပုဂ္ဂိုလ်များအနေဖြင့် မိမိတို့တရားဝင် ကိုင်ဆောင်နေသည့်အသင်းတော်မှ ပေးအပ်ထားသောခန့်အပ်လွှာ (သို့မဟုတ်) လိုင်စင်ကိုပြသရ ပါမည်။ သို့သော် နိုင်ငံတော်အစိုးရ၏တာဝန်ရှိ ပုဂ္ဂိုလ်များ (သို့မဟုတ်) ပြည်သူခေါင်းဆောင်များ တို့မှ မိန့်ခွန်းပြောကြားရန် အထူးအစီအစဉ်ရှိပါက ခြွင်းချက်အဖြစ်ခွင့် ပြုသင့်ပါသည်။ သို့ရာတွင် ခွင့်ပြုခြင်းပေးနိုင်ရန် အထောက်အထားမရှိသူအားလုံးတို့အား တရားပလ္လင်ပေါ်သို့ တက်ရောက် ဟောပြောခွင့်မပြုရပါ။
သက်တမ်းကုန်ဆုံးသွားသောခန့်အပ်လွှာများနှင့်လိုင်စင်များ - ခန့်အပ်လွှာများနှင့် လိုင်စင်များတို့သည် နယ်ဒေသရွေးချယ်တင်မြှောက်ပွဲနှင့် ညီလာခံစည်းဝေးသက်တမ်း နှင့်အညီ သော်လည်းကောင်း၊ အုပ်ချုပ်ရေးစည်းမျဉ်းဥပဒေနှင့်အညီသော်လည်းကောင်း ပေးအပ်ထားပြီး နယ်ဒေသညီလာခံ အစည်းအဝေး (သို့မဟုတ်) နယ်ဒေသအလုပ်အမှုဆောင်အစည်းအဝေးမှ ပြန်လည်၍သက်တမ်းတိုးပေးရပါသည်။ သက်တမ်းကုန်ဆုံးသွားသော ခန့်အပ်လွှာများနှင့်လိုင်စင် များကို ကိုင်ဆောင်သောသူတို့သည် မည်သည့် အသင်းတော်ကိစ္စကိုမျှ လုပ်ဆောင်ရန်တန်ခိုး အာဏာမရှိပါ။
အငြိမ်းစားဝန်ထမ်းများ - အငြိမ်းစားဝန်ထမ်းများတို့သည် ဂုဏ်ပြုခြင်းခံထိုက်သူများနှင့် ဘုရားရှင်၏အသင်းတော်ကိုတည်ဆောက်ရာ၌ အကူအညီပေးထိုက်သူများဖြစသည်။ မိမိတို့ အသင်းဝင်အမည်စာရင်းရှိရာ နေရာ၌ ဆက်လက်၍အသင်းတော်ကို ကူညီမစခြင်းအားဖြင့် ကောင်းချီးမင်္ဂလာ ဖြစ်စေနိုင်သည်။ သင်းအုပ်ဆရာထမ်းဆောင်ရမည့်တာဝန်များကို နယ်ဒေသ ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ ထမ်းဆောင်ပေးနိုင်သည်။
ခန့်အပ်လွှာမရှိသည့်ယခင်ဓမ္မဆရာများ - ယခင်အချိန်၌ လက်တင်ရဓမ္မဆရာဖြစ်ခဲ့သော် လည်း ယခုတွင် ခိုင်လုံသောခန့်အပ်လွှာမရှိသည့် ပုဂ္ဂိုလ်များကို
သင်းအုပ်ဆရာများနှင့်အခြားအသင်းတော်ဝန်ထမ်းများ
၅၅
အသင်းလူကြီးအဖြစ်ရွေးကောက်နိုင်ပြီး အကယ်၍ မိမိတို့၏လက်တင်ရခဲ့ခြင်း ဆိုင်ရာခန့်အပ်လွှာ အခိုင်အမာရှိနေသေးပါက အသင်းလူကြီးအဖြစ်တာဝန် ပေးခြင်းအတွက် လက်တင်ပေးရန် မလိုအပ်တော့ပါ။ မိမိတို့၏ဆောင်ရွက်ရမည့်တာ၀ဝန်မှာ ဒေသအသင်းတော်၏အသင်းလူကြီး တာဝန်သာဖြစ်သည်။
-၀-
အခန်းကြီး - ၅။
အခန်း (၅)
အသင်းတော်များနှင့်အဖွဲ့ငယ်များနှင့်ဖွဲ့စည်းခြင်း၊
ပေါင်းစည်းခြင်းနှင့် ဖျက်သိမ်းခြင်း
အသင်းတော်တစ်ခုဖွဲ့စည်းခြင်း
နယ်လုပ်အမှုဆောင်ကော်မတီ၏ ထောက်ခံချက်အပေါ်မူတည်ပြီး အသင်းတော်တစ်ခုကို လက်တင်ရဓမ္မဆရာ တစ်ဦးမှနေ၍ဖွဲ့စည်းရပါသည်။ အသင်းတော်တစ်ခု ဖွဲ့စည်းရာ၌ ပါဝင်သူ များစွာ ရှိသော်လည်း ဒေသခံနယ် ဥက္ကဌကို ပါဝင်စေရန် ဖိ်ခေါ်ရပါမည်။
နှစ်ခြင်းမင်္ဂလာခံယူပြီးသည့် ယုံကြည်သူများပါဝင်သည့် အဖွဲ့ငယ်တစ်ခုအနေဖြင့် အသင်းတော် တစ်ခုအဖြစ်သို့ ဖွဲ့စည်းနိုင်သည့်အခြေအနေသို့ ရောက်ရှိလာသောအခါ ထိုအဖွဲ့ငယ် ကို အသင်းတော်တစ်ခု အဖြစ်သို့ဖွဲ့စည်း နိုင်ရန်နယ်ဥက္ကဌနှင့်ညှိနှိုင်းတိုင်ပင်ကာ နယ်အလုပ်အမှု ဆောင်ကော်မတီ၏ သဘောတူညီချက်ကို ဦးစွာရယူကာ သင့်လျော်သည့်နေ့ရက်ကို ရွေးချယ်၍ ဖွဲ့စည်းမည့် အချိန်ကို သတ်မှတ်ရပါမည်။
သဘောတူသတ်မှတ်ထားသည့် နေ့ရက်ရောက်ရှိလာသောအခါ ယုံကြည်သူများစုံရုံးကြကာ ဦးဆောင်သူမှနေ၍ ဦးစွာအသင်းတော်၏ အခြေခံယုံကြည်ချက်များကို အတိုချုံးပြန်လည်လေ့လာ သုံးသပ်ဖတ်ကြားသွားရပါမည်။
ထိုနောက် ဦးဆောင်သူမှနေ၍ ဖတ်ကြားခဲ့သည့် အခြေခံယုံကြည်ချက်များကို ယုံကြည် လက်ခံသဘောတူပြီး အသင်းတော်နှင့်ပေါင်းစည်းရန် ဆန္ဒရှိသူများကို ရှေ့သို့တက်လာရန် ခေါ် ဖိတ်ရပါမည်။ ရှေ့သို့တက်လာသော တစ်ဦးစီ၏အမည်စာရင်းကို မှတ်တမ်း ယူထားရပါမည်။ အကယ်၍ နယ်အသင်းတော်၏အသင်းဝင်တစ်ဦး (သို့မဟုတ်) အခြားအသင်းတော်မှ အသင်းဝင် တစ်ဦးဖြစ်နေသည့် ပုဂ္ဂိုလ်များပါရှိပါက ပြောင်းရွှေ့စာကိုတင်ပြရပါမည်။
အသင်းတော်များနှင့်--------ဖျက်သိမ်းခြင်း
၅၇
၎င်းမှတစ်ဆင့်အသင်းတော်၏ အမာခံအသင်းဝင်များကိုပြောင်းရွှေ့လာသည့် အသင်းဝင်များတို့မှ ဖွဲ့စည်းသွားရပါမည်။
အကယ်၍ ပြောင်းရွှေ့လာသူတစ်ဦး တစ်ယောက်မျှမရှိခဲ့သော်ရှိနေသည့် အသင်းဝင်များထဲမှ အမာခံသုံးဦးကိုရွေးချယ်ရပါမည်။ ထိုသူများတို့အား ဤမေးခွန်းများကိုမေးရပါမည်။ ခရစ်တော် ကို သင်တို့၏ ကိုယ်ပိုင်ကယ်တင်ရှင် အဖြစ်လက်ခံကြပါသလား။ သင်တို့၏ယုံကြည်ခြင်းသည် ဖတ်ကြားခဲ့သည့် အခြေခံယုံကြည်ချက်များနှင့် ကိုက်ညီပါသလား၊ သင်တို့သည် ရေနှစ်ခြင်း မင်္ဂလာကို ခံယူခဲ့ပြီးပြီလား။ သင်တို့သည် စစ်မှန်သောယုံကြည်သူများဖြစ်ပြီး တစ်ဦးအပေါ် တစ်ဦး ယုံကြည်စိတ်ချကာ ဝမ်းမြောက်ပျော်ရွှင် စွာဆက်ဆံနိုင်ကြပါမည်လား၊ အစရှိသည့် မေးခွန်းများကို မေးသွားရပါမည်။
ဤမေးခွန်းများကိုလက်ခံပါသည်ဟု အပေါင်းလက္ခဏာဖြင့်ဖြေဆိုပါက ဤအသင်းတော် အသစ်အတွက် အသင်းတော်၏အမာခံပုဂ္ဂိုလ်သုံးဦးကို သတ်မှတ်ကြောင်းကြေညာရပါမည်။ ထိုနောက် ဦးဆောင်သူမှနေ၍ ဤအသင်းတော်အသစ်နှင့်ပေါင်းစည်းရန် အသင်းဝင်မည်စာရင်း များကို တစ်ဦးချင်းဖတ်ကြားကာ အမာခံပုဂ္ဂိုလ်သုံးဦးတို့၏သဘောတူထောက်ခံချက်အားဖြင့် အသင်းဝင်များဖြစ်လာကြပါသည်။ သို့သော် အထူးသတိပြုရန်အချက်မှာ လက်ခံသွားမည့်သူများ တို့သည် အမှန်တကယ်ယုံကြည်သူများဖြစ်ပြီး ညီအစ်ကိုမေတ္တာဖြင့် ပေါင်းသင်းဆက်ဆံနိုင်ကြ မည့် ပုဂ္ဂိုလ်များဖြစ်ရန် လိုအပ်ခြင်းဖြစ်ပါသည်။ အကယ်၍ ယုံကြည်ခံယူချက်၌ အခက်အခဲတစ်စုံ တစ်ရာရှိသည်ဖြစ်စေ၊ ပေါင်းသင်းဆက်ဆံရာ၌ ပြဿနာတစ်စုံတစ်ရာရှိနိုင်သည်ဖြစ်စေ တွေ့ရှိရ ပါက မေတ္တာဖြင့်ပညာပါပါ ညှိနှိုင်းဆောင်ရွက်သွားရပါမည်။
အမာခံအဖွဲ့မှ အသင်းဝင်များတို့ကိုလက်ခံရန် ဆုံးဖြတ်ချက်ပြုပြီးသောအခါ အသင်းတော် တစ်ခုအဖြစ်သို့ရပ်တည်နိုင်ရန် အသင်းတော်ခေါင်းဆောင်များတို့ကို ရွေးချယ်တင်မြှောက်ရ ပါမည်။ ထိုအခါ ရာထူးတင်မြှောက်ခြင်းကော်မတီကို လက်တင်ရဓမ္မဆရာမှနေ၍ ဦးစွာဦးဆောင် ဖွဲ့စည်းသွားရပါမည်။ ထိုနောက် လိုအပ်သည့်အသင်းတော်ခေါင်းဆောင်များတို့ကို တင်မြှောက် သွား
၅၈
အသင်းတော်လက်စွဲ
ရပါမည်။ ရွေးချယ်တင်မြှောက်ပြီးသောအခါ အသင်းလူကြီးကိုလက်တင် မင်္ဂလာမပေးရသေးပါက လက်တင်ပေးရပါမည်။ ထိုနည်းတူစွာ သင်းထောက်များနှင့် သင်းထောက်မယ်များတို့ကိုလည်း တိုတောင်းလှသောအချိန်တစ်ခုကို ယူပြီး လက်တင်ပေးသွားရပါမည်။ ထိုအခါ အသင်းတော်သည် အမှုတော်အတွက် ပြည့်စုံစွာလည်ပတ်မှု ပြုနိုင်သည့်အခြေအနေသို့ ရောက်ရှိသွားပါသည်။
ဖွဲ့စည်းခြင်းအစီအစဉ်အဆုံးမသတ်မီ ဤဖွဲ့စည်းပြီးစီးခဲ့သည့်အသင်းတော်အသစ်ကို ကမ္ဘာတစ်ဝန်းရှိ အသင်းတော်မိသားစုဝင်တစ်ခုအဖြစ် ပေါင်းစည်းပါဝင်နိုင်ရန် နယ်ဒေသခံ လူကြီးများတို့အနေဖြင့် ရွေးချယ်ခဲ့သော အသင်းတော်လူကြီးများတို့ကို မိမိတို့သက်ဆိုင်ရာ ထမ်းဆောင်ရမည့်တာဝန်များအတွက် ကောင်းမွန်စွာသင်တန်းပေး၍ ညွှန်ကြားမှုများတို့ကို ပြုရပါ မည်။ အသင်းတော်အတွက် လိုအပ်သည့် ပစ္စည်းပစ္စယများတို့ကိုလည်း ရရှိစေရမည်။ ပွဲတော်မင်္ဂလာကျင်းပနိုင်ရန် ပွဲတော်မင်္ဂလာပွဲတော်အုပ်၊ ခွက်၊ ဇလုံ၊ ပဝါများတို့ကိုလည်း ရရှိစေ လျက် ဖြစ်န်ိုင်ပါက ဖွဲ့စည်းပြီးသောနေ့အချိန်အခါ၌ ပွဲတော်မင်္ဂလာအစီအစဉ်ကို ကျင်းပနိုင်ပါက သင့်လျော်မည်ဖြစ် သည်။ ဘဏ္ဍာရေးမှူး၊ အသင်းတော်စာရေးနှင့် အခြားအသင်းတော်တာဝန်ရှိ ပုဂ္ဂိုလ်များတို့အတွက် လိုအပ်သည့်စာအုပ် စာတမ်းမှတ်တမ်းမှတ်ရာများအားလုံးရှိစေကြေပြီး မိမိတို့၏ တာဝန်အသီးသီးတို့ကို ကောင်းမွန်စွာစတင်ဆောင်ရွက်နိုင်ရန် အရေးကြီးပါသည်။
အဖွဲ့ငယ်တစ်ခုဖွဲ့စည်းခြင်း
ကွဲပြားလျက်ရှိသည့် ယုံကြည်သူများအနီးမဝေးရှိရာနေရာများတွင် နေထိုင်ကြသည့်အခါ၌ သော်လည်းကောင်း၊ အဖွဲ့ငယ်တစ်ခု (အိမ်ဘုရားကျောင်း) သို့မဟုတ် အသင်းတော်ထူထောင်နိုင် ရန်အတွက် အဖွဲ့အစည်းတစ်ခုရှိနိုင်
အသင်းတော်များနှင့်--------ဖျက်သိမ်းခြင်း
၅၉
ပါက မိတ်သဟာယဖွဲ့ခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းများကို အတူတကွစုပေါင်းကာ အသင်းတော် တစ်ခုအဖြစ်ဖွဲ့စည်းနိုင်ရန် စည်းရုံးမှုပြုလုပ်ကြရပါမည်။ သို့မဟုတ် ထိုနေရာဒေသတစ်ခွင်၌ အိမ်ဘုရားကျောင်းများတို့ကို တိုးပွားစေသင့်ပါသည်။
အဖွဲ့ငယ်လေးတစ်ခုအဖြစ်ရပ်တည်နိုင်ရန် နယ်ကော်မတီမှ သဘောတူဆုံးဖြတ်ချက်ပြု ရပါမည်။ ထိုနည်းတူဖျက်သိမ်းရန် လိုအပ်လာပါကလည်း ၎င်းအတိုင်းပြုလုပ်ရပါမည်။ မိမိနယ် ဒေသအတွင်း အဖွဲ့ငယ်ဖွဲ့စည်းခြင်းအတွက် လမ်းညွှန်ချက်များကို ဒီဝီဇံမှ (သို့မဟုတ်) နယ်မှစာသားအားဖြင့် ရေးသားချက်များကိုပြုလုပ်ကာ မှတ်တမ်းယူရပါမည်။
အဖွဲ့ငယ်များ (သို့မဟုတ်) အိမ်အဖွဲ့များနှင့်သက်ဆိုင်သည့် အသင်းဝင်များအနေဖြင့် အသစ် သောအဖွဲ့ငယ်တစ်ခုဖွဲ့စည်းနိုင်ရန် အမာခံအသင်းဝင်များရှိရပါမည်။ အဖွဲ့တစ်ခု၌ပါဝင်လိုသည့် အသင်းဝင်များတို့သည် မိမိတို့၏ နယ်ဌာနချုပ်အသင်းတော်နှင့်သော်လည်းကောင်း၊ နီးစပ်ရာ ဒေသခံမိခင် အသင်းတော်တစ်ခုခုနှင့်သော်လည်းကောင်း ပေါင်းစည်းနိုင်ပါသည်။ နယ်ဌာချုပ် အသင်းတော်မှနေ၍ သူတို့သည် အဖွဲ့ငယ်တစ်ခုနှင့်သက်ဆိုင်ကြောင်း နာမည်စာရင်း ပြောင်ရွှေ့ လာခြင်းအတွက် ဆုံးဖြတ်ချက်ယူရပါလိမ့်မည်။
အဖွဲ့ငယ်တစ်ခုကို နယ်ကော်မတီမှသဘောတူဖွဲ့စည်းပြီးစီးသောအခါ အဖွဲ့ခေါင်းဆောင် တစ်ဦး၊ စာရေးတစ်ဦးနှင့် ငွေထိန်းတစ်ဦးပါဝင်သည့်အဖွဲ့ခေါင်းဆောင်များကို ရွေးချယ်ရပါမည်။ ဤရွေးချယ်မှုကို နယ်စီးသင်းအုပ်ဆရာ (သို့မဟုတ်) နယ်ကော်မတီမှ တာဝန်ပေးအပ်သည့် ဓမ္မဆရာမှနေ၍ အဖွဲ့ငယ်အဖြစ်ရပ်တည်မည့် အဖွဲ့ငယ်ရှိအသင်းသူအသင်းသားများတို့နှင့် တိုင်ပင် ညှိနှိုင်းကာ ဆောင်ရွက်သွားရပါမည်။
ဖွဲ့စည်းထားသောအဖွဲ့ငယ်အတွက် တာဝန်ထမ်းဆောင်ရန် ခန့်ထားခြင်ကို ၎င်းအဖွဲ့ငယ်နှင့် သက်ဆိုင်သည့် သင်းဝင်သူများအထဲမှ မဲဆန္ဒဖြင့်
၆၀
အသင်းတော်လက်စွဲ
ရွေးချယ်ခန့်အပ်သွားရပါမည်။ ၎င်းတာဝန်ကို နယ်တာဝန်ခံလက်တင်ဓမ္မဆရာ (သို့မဟုတ်) နယ်ကော်မတီမှ တာဝန်ပေးအပ်ခြင်းခံရသူမှ ဦးဆောင်သွားရပါမည်။ အဖွဲ့ငယ်ကိုဦးဆောင်သွား ရမည့် ပုဂ္ဂိုလ်များတို့မှာ ခရစ်တော်ကို မြော်လင့်သော သတ္တမနေ့အသင်းတော်၏ စည်းမျဉ်း စည်းကမ်းနှင့်အညီ နေထိုင်ကျင့်သုံးအသက်ရှင်သောယုံကြည်သူများကိုသာ ရွေးချယ်ခန့်အပ်ရပါ မည်။
ဖွဲ့စည်းထားသောအသင်းတော်လူကြီးများကဲ့သို့ ဖွဲ့စည်းထာသော အဖွဲ့ငယ်ကို ဦးဆောင်သွား ရမည့်ခေါင်းဆောင်ကို မိမိထမ်းဆောင်သွားရမည့်တာဝန်အတွက် လက်တင်ပေးရန်မလိုပါ။ သို့သော် လိုအပ်၍ အခြေအနေပေါ်မူတည်ပြီး ၎င်းအဖွဲ့ငယ်အတွက် အရေးတကြီးဆောင်ရွက်ပေး ရန် ကိစ္စပေါ်ပေါက်လာပါက ဗဟုသုတရှိပြီး အရည်အချင်းပြည့်၀သည့် ပုဂ္ဂိုလ်တစ်ဦးဦိးကို နယ်ကော်မတီမှတာဝန်ပေးကာစေလွှတ်၍ ဆောင်ရွက်ပေးစေနိုင်ပါသည်။
အဖွဲ့ငယ်စာရင်းအနေဖြင့် အဖွဲ့ငယ်၏လှုပ်ရှားမှုများနှင့်စည်းဝေးများကို အမြဲမှတ်တမ်းယူ ကာ မိခင်အသင်းတော် (သို့မဟုတ်) နယ်အတွင်းရေးမှူးထံသို့ မှန်မှန်ပေးပို့ရပါမည်။ ဤအစီရင်ခံ စာများတို့တွင် တက်ရောက်သူဦးရေနှင့် အဖွဲ့ငယ်၏ လှုပ်ရှားမှုများ၊ တစ်ပတ်စာအတွင်း (သို့မဟုတ်) ဥပုသ်တော်နေ့၌ သာသနာပြုလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်း အစရှိသည်တို့ပါဝင်ရ ပါမည်။
အဖွဲ့ငယ်၏ငွေထိန်းအနေဖြင့် အဖွဲ့ငယ်၏ဝင်ငွေသုံးငွေစာရင်းမှတ်တမ်း ကိုတိကျ မှန်ကန်စွာထိန်းသိမ်းကာ ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေများ၊ အခြားမည့်သည့်အလှူငွေမဆို ကောက်ခံရရှိသည့်စာရင်းအင်းနှင့် နယ်သို့ပို့ရမည့် အလှေူငွေများကို နယ်ဘဏ္ဍာရေးမှူးထံသို့ သတ်မှတ်ထားသည့် အချိန်အတိုင်း နှောင့်နှေးခြင်း၊ ပျက်ကွက်ခြင်းမရှိစေဘဲ ပို့ပေးရပါမည်။
အကယ်၍ အဖွဲ့ငယ်တစ်ခု၏အသင်းဝင်များသည် နယ်ဌာနချုပ် အသင်းတော်၏ အသင်းဝင် များဖြစ်နေပါက ထိုသို့သောအသင်းဝင်များကို စည်းကမ်းပိုင်းဆိုင်ရာ ကိုင်တွယ် ခွင့်သော် လည်းကောင်း၊ အမည်စာရင်း
အသင်းတော်များနှင့်--------ဖျက်သိမ်းခြင်း
၆၁
ပြောင်းရွှေ့ခြင်း၊ လက်ခံခြင်းတာဝန်ကို ပြုလုပ်ခြင်းအခွင့်သော်လည်းကောင်းမရှိပါ။ ထိုသို့သော ကိစ္စများအတွက် နယ်ဌာနချုပ်ကော်မတီမှ တာဝန်ယူသွားပါလိမ့်မည်။ နယ်ဌာနချုပ် အသင်းတော် ၏ဘုတ်အဖွဲ့၌ နယ်အသင်းတော်၏အသင်းလူကြီးသည် နယ်ဥက္ကဌ ကိုယ်တိုင်ပင်ဖြစ်သည်။
အကယ်၍ နယ်အနေဖြင့် အဖွဲ့ငယ်တစ်ခုကို မိမိမှနေ၍ တိုက်ရိုက်ဖွဲ့စည်းခြင်းမပြုဘဲ မိခင် အသင်းတော်တစ်ခုမှနေ၍ ဖွဲ့စည်းခဲ့ပါက ထိုအဖွဲ့ငယ်သည် ၎င်းမိခင်အသင်းတော်နှင့် သာသက် ဆိုင်ပြီး ထိုမိခင်အသင်းတော်၏အုပ်ချုပ်မှုအောက်တွင် လှုပ်ရှားသွားရပါမည်။
အဖွဲ့ငယ်တစ်ခုသည် ကြီးထွားလာပြီး အသင်းတော်တစ်ခုအဖြစ်သို့ တိုးမြှင့်ဖွဲ့စည်းရန် အခြေအနေသို့ ရောက်ရှိလာပါက အသိအမှတ်ပြုလျက်ဖွဲ့စည်းနိုင်ရန် အသင်းတော်အဆင့်သို့ ရောက်ရှိရပ်တည်နိုင်မည့် အရည်အချင်းရှိဦးဆောင်မှုပြုနိုင်မည့်ခေါင်းဆောင်များကို တင်မြှောက် နိုင်ရန် ပြင်ဆင်မှုပြုရပါမည်။
အသင်းတော်များကိုပေါင်းစည်းခြင်း
အသင်းတော်နှစ်ခုကို တစ်ခုတည်းအဖြစ်သို့ပေါင်းစည်းရန် လိုအပ်လာပါက နယ်ကော်မတီ မှ ၎င်းကိစ္စရပ်အတွက် အဆိုပြုဆုံးဖြတ်ချက်ပြုရပါမည်။ ပုံမှန်ခေါ်ယူသည့်အစည်းအဝေး၌ နယ်ဥက္ကဌ (သို့မဟုတ်) သင်းအုပ်ဆရာ (သို့မဟုတ်) အခြားလက်တင်ရဓမ္မဆရာမှ ထိုအသင်း တော်တစ်ခုစီ၏သဘာပတိအဖြစ်ဆောင်ရွက်ကာ ပေါင်းစည်းသင့်ကြောင်း မဲဆန္ဒရယူရပါမည်။ အသင်းတော်နှစ်ခုစလုံး ဆုံဖြတ်ချက်ပြုပြီးသောအခါ ၎င်းအသင်းတော်နှစ်ခု စုပေါင်းစည်းဝေး ခြင်းကို ပြုရန် နယ်ဥက္ကဌ (သို့မဟုတ်) နယ်ဥက္ကဌမတက်ရောက်နိုင်ပါက နယ်ဌာနချုပ်၏ တာဝန် ပေးအပ်ခြင်းခံရသည့် လက်တင်ရဓမ္မဆရာ တစ်ဦးမှဦးဆောင်ကာ စီစဉ်ဆောင်ရွက်သွားရ ပါမည်။
၆၂
အသင်းတော်လက်စွဲ
ပေါင်းစည်းသင့်သည့်အကြောင်းယင်းများနှင့် အခြားအထူးကိစ္စရပ်များ (သို့မဟုတ်) ပါဝင် ပတ်သက်သည့်အခြေအနေများ၊ ပိုင်ဆ်ိုင်မှုထုခွဲရောင်းခြင်းနှင့် ငွေရေးကြေးရေးဆိုင်ရာတာဝန် အစ ရှိသည့်သဘောတူညီချက်အားလုံးတို့ကို သေချာစွာ စာသားအားဖြင့်ပြင်ဆင်ကာ မှတ်တမ်းတင် ရေးမှတ်ထားရပါမည်။ အသင်းတော်နှစ်ခုစလုံးတို့မှ အသင်းတော်လူကြီးများတို့သည် မိမိတို့ လက်ရှိတာဝန်မှ ရပ်ဆိုင်းသွားကြရမည်ဖြစ်ပြီး ဖွဲ့စည်းမည့်အသင်းတော်အသစ်၏ အမည်နာမကို ခေါ်တွင်ရပါမည်။
သဘောတူညီချက်ကိုပေါင်းစည်းခဲ့သည့် အသင်းတော်နှစ်ခုမှလက်ခံ ရယူထိန်းသိမ်းထားရ ပါမည်။ ထိုနောက် ဤဖွဲ့စည်းခဲ့သည့်အသင်းတော်အသစ်အတွက် ကျန်ရှိသည့်တစ်နှစ်တာကာလ အတွင်း အသင်းတော်ကို ဦးဆောင်သွားမည့် အသင်းလူကြီးများတို့ကို ရာထူးတင်မြှောက်ရေး ကော်မတီမှ ရွေးချယ်တင်မြှောက်သွားရပါမည်။
သဘောတူညီချက်မိတ္တူကို နယ်ဌာနချုပ်သို့တစ်စောင်ပို့ပေးရပါမည်။
အသင်းတော်နှစ်ခုပေါင်းစည်းချိန်တွင် အသင်းတော်နှစ်ခုစလုံးမှ သင်းဝင်အားလုံးတို့၏ အမည်စာရင်းများတို့သည် အသစ်ပေါင်းစည်းသောအသင်းတော်ထဲ၌ တစ်ဦးတစ်ယောက်မျှမ ကျန်ရစ်စေဘဲ အားလုံးထည့်သွင်းမှတ်တမ်းယူကာ ရေးမှတ်ထားရပါမည်။ ပေါင်းစည်းခဲ့သည့် မိမိအသင်းသူအသင်းသားများအတွက် အသင်းတော်၏စည်းကမ်းပိုင်းဆိုင်ရာကိစ္စများကို အသင်းတော်အသစ်မှ တာဝန်ယူသွားရပါမည်။ အသင်းတော်စည်းကမ်းချက်များအတိုင်း မလိုက် လျှောက်သော အသင်းဝင်များရှိပါက လက်စွဲအာအုပ်၌ ဖော်ပြပါရှိသည့် အချက်အလက်များ အတိုင်း အရေးယူပြစ်ဒဏ်ပေးသွားရပါမည်။
အသင်းတော်နှစ်ခုစလုံးတို့၏မတ်တမ်းများသည် ပေါင်းစည်းခဲ့သည့် အသင်းတော်အသစ်၏ မှတ်တမ်းများဖြစ်သွားပါသည်။ ဤအသင်းတော် အသစ်၏ပေါင်းစည်းခြင်းကိစ္စကို နယ်ဒေသခံ အဖွဲ့ချုပ်သို့ လာမည့်ညီလာခံအစည်းအဝေးတွင် သင့်လျော်သည့်ဆုံးဖြတ်ချက် ပြုလုပ်နိုင်ရန် အကြောင်းကြားရပါမည်။
အသင်းတော်များနှင့်--------ဖျက်သိမ်းခြင်း
၆၃
အသင်းတော်များကိုဖျက်သိမ်းခြင်း (သို့မဟုတ်) ထုတ်ပယ်ခြင်း
“ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့ သင်တို့လည်းကိုယ်ခင်ပွန်းကို ချစ်ကြလော့။ ထိုအသင်းတော်သည် သန့်ရှင်းလျက်၊ အပြစ်ကင်းလျက်ရှိသည်ဖြစ်၍၊ အညစ် အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှစသည် တို့နှင့်လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက်ရှိ သောအသင်းတော်ကို ခရစ်တော်သည် မိမိအားဆက်သအံ့သောငှာ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြောခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အဖို့အလို့ငှာ ကိုယ်ကိုကိုယ်စွန့်တော်မူ၏--- ကိုယ်အသားကိုမုန်းသောသူတစ်ယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူသကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။ အကယ်စင်စစ် ငါတို့သည် သခင်ဘုရား၏အသားတော်၊ အရိုးတော်တို့ ပင်ဖြစ်၍၊ ကိုယ်တော်မြတ်၏အင်္ဂါဖြစ်ကြ၏” (ဧဖက် ၅း၂၅-၃၀)။
လမ်းလွဲသောအသင်းတော်ကို နည်းလမ်းရှိသမျှ၊ စည်းကမ်းရှိသမျှဖြင့် တတ်နိုင်သမျှ ကြိုးစားအားထုတ်ကာ လမ်းမှန်သို့ပြန်လည်ရောက်ရှိနိုင်ရန် ကူညီမစရမည်။ ဘုရားရှင်၏အမှုတော် မြတ်၌ အမြဲတစေကူညီမစခြင်း၊ ကယ်တင်ခြင်းအမှုကိုသာ ပြုလုပ်ရကြမည်။
အသင်းတော်၏အခြေအနေသည် အမြဲတည်ငြိမ်မည်မဟုတ်ပေ။ အသင်းတော်တစ်ခုကို အသင်းတော်ကမ္ဘာ့မိသားစုမှ ဖျက်သိမ်းနိုင်ခြင်း (သို့မဟုတ်) ထုတ်ပယ်နိုင်ခြင်းပြုလုပ်နိုင်သည့် အကြောင်းရင်များမှာ အောက်ပါတိုင်းသာဖြစ်သည်။
၁။ အသင်းသားများပျေက်ဆုံးခြင်း - တစ်ခါတစ်ရံ၊ အသင်းတော် တစ်ခုကိုတည်တံ့ခိုင် မြဲရန် ကြိုးစား၍ ထိန်းသိမ်းမှုပြုသော်လည်း အသင်းသားများတို့သည် အခြားအရပ်ဒေသသို့ ပြောင်းရွှေ့သွားခြင်း၊ ကွယ်လွန်သွားခြင်း၊ ဖောက်ပြန်ကြခြင်းတို့ကြောင့် တည်မြဲရန်ထိ်န်းသိမ်းနိုင် စွမ်းမရှိသည့်အခြေအနေသို့ ရောက်တတ်ပါသည်။ ထိုသို့သောအခြေအနေ မျိုးသို့ရောက်ရှိလာပါက
၆၄
အသင်းတော်လက်စွဲ
၎င်းအသင်းတော်ကိုဖျက်သိမ်းလိုက်ရန် နယ်ကောမတီမှဆုံးဖြတ်အဆိုတင်သွင်းသင့်ပါသည်။
ဖျက်သိမ်းရန်အပြီးအပိုင်ဆုံးဖြတ်ချက်မပြုမီ ထိုအသင်းတော်ထဲ၌ကျန်ရှိသေးသည့် သစ္စာရှိ သော အသင်းသူအသင်းသားအနည်းစုကို နီးစပ်ရာ အသင်းတော်များသို့ မိမိတို့၏ အသင်းဝင် စာရင်းကို ပြောင်းရွှေ့ရန် စီစဉ်ပေးရပါမည်။
လုံလောက်သည့်အသင်းဝင်များကျန်ရှိနေသေးပါက နယ်ဥက္ကဌ (သို့မဟုတ်) တာဝန်ပေးအပ် ခြင်းခံရသည့် ဓမ္မဆရာတစ်ဦးမှ အလုပ်အမှုဆောင်စည်းဝေးတစ်ရပ်ကိုခေါ်ယူကာ သစ္စာရှိသော အသင်းသူအသင်းသားများတို့၏ အမည်စာရင်းကို အခြားသောအသင်းတော်များနှင့် ပေါင်းစည်း နိုင်ရန် အစီအစဉ်ပြုလုပ်၍ တောင်းဆိုခြင်းပြုလုပ်ရပါမည်။ ဤနည်းလမ်းအားဖြင့် နယ်ကော်မတီ ၏သဘောတူညီခြင်း၊ ထောက်ခံချက်ပြုခြင်းအပေါ် ဖျက်သိမ်းနိုင်ပါသည်။
အကယ်၍ သင်းဝင်သူနည်းလွန်း၍ အစည်းအဝေးခေါ်ယူရန်မဖြစ်နိုင်ကြောင်း နယ်ကော်မတီမှသိရှိရပါက သစ္စာရှိသောသင်းဝင်သူများတို့၏ အမည်စာရင်းကို နယ်ကော်မတီမှ နေ၍ အခြားသောအသင်းတော် (သို့မဟုတ်) နယ်ဌာနချုပ်အသင်းတော်သို့ ပြောင်းရွှေ့ပေးနိုင်သည့် တန်ခိုးအာဏာရှိပါသည်။ ဤနည်းဖြင့် အသင်းတော်ကိုဖျက်သိမ်းခြင်းပြု လုပ်နိုင်ပါသည်။
အသင်းတော်ဖျက်သိမ်းချိန်၌ အသင်းသားတချို့တို့သည် ပြစ်ဒဏ်ပေးခြင်းခံနေရသည့်အခါ ဖြစ်နေသောလည်း သစ္စာရှိနေသူများဟု သိရှိရသည့် တိုင်း နာမည်စာရင်းပြောင်းရွှေ့ခြင်းကို မပြု လုပ်နိုင်ပါ။ မိမိတို့၏အမည်စာရင်းကို ခေတ္တယာယီနယ် ဌာနချုပ်အသင်းတော်၌ထားရှိပြီး နယ် အုပ်ချုပ်ရေးတာဝန်ရှိပုဂ္ဂိုလ်များမှ အမှန်တကယ်သစ္စာရှိသော အသင်းသားများဖြစ်၊ မဖြစ် စစ်ဆေးလေ့လာရပါမည်။ အကယ်၍ အမှန်တကယ်သစ္စာရှိသော သင်းဝင်သူများဖြစ်ပါက နယ်ဌာနချုပ်အသင်းတော် (သို့မဟုတ်) အခြားအသင်းတော်သို့ နာမည်ပြောင်းရွှေ့ခြင်းကို ပြုလုပ်နိုင်ပါသည်။ အကယ်၍ သစ္စာရှိသူများမဟုတ်၊ ကြိုးစား၍အသင်းတော်ဘောင်းသို့ ခေါ်ဆောင်၍ မရနိုင်တော့ပါက နယ်ကော်မတီ၏ဆုံးဖြတ်ချက်ဖြင့် အသင်းဝင်အဖြစ်မှ ဖယ်ရှား ပစ်လိုက်ရန် သင့်လျော်ပါသည်။
အသင်းတော်များနှင့်--------ဖျက်သိမ်းခြင်း
၆၅
၂။ ပြစ်ဒဏ်ပေးခြင်း - ပြစ်ဒဏ်ပေခြင်းအကြောင်းအရင်းများကြောင့် အသင်းတော်ကို
ထုတ်ပယ်လိုက်ရခြင်းသည် ရှားပါးလှပေသည်။ အကြောင်းမှာ အသင်းတော်၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်သည် ရှာဖွေခြင်းနှင့် ကယ်တင်ခြင်းလုပ်ငန်း သာလျှင် ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ပြင်းထန်လှသည့် ပြဿနာများဖြစ်သော ဖောက်ပြန်ခြင်း၊ အသင်းတော်လက်စွဲ၏သွန်သင်ချက် နှင့်အညီ လိုက်လျှောက်ရန် ငြင်းဆန်ခြင်း (သို့မဟတ်) နယ် ဌာနချုပ်၏အုပ်ချုပ်ကို ဇွတ်တရွတ် ပုန်ကန်ခြင်းများဖြစ်နေပါက ၎င်းအသင်းတော်ကို ထုတ်ပယ်ခြင်းမပြုဘဲ ဖြစ်ပေါ်နေသောပြဿနာ ကို ပျောက်ပျက်စေရန် အကောင်းဆုံး ကြိုးစားဖြေရှင်းသင့်ပါသည်။ ဦးစွာသင်းအုပ်ဆရာအနေဖြင့် အသင်းတော်ရှိအသင်းသူအသင်း သားများတို့၏ဝိညာဉ်ရေးခွန်အားကို ဟောပြောသွန်သင်ခြင်း၊ အလည်အပတ်ပြုခြင်းအားဖြင့် ကြိုးစားဆောင်ရွက်ရပါမည်။ နယ်ဌာနချုပ်မှလည်း သင်းဝင်သူများ တို့၏အသက်တာကို အသစ်တစ်ဖန် ပြန်လည်၍ ဘုရားရှင်ထံဆက်ကပ်မှုပြုနိုင်ရန်၊ ဝိညာဉ်ရေး နိုးကြားခြင်းအစည်းအဝေးကို ကျင်းပပေးရန် အားပေးရပါမည်။ ဤကြိုးစားလုပ်ဆောင်မှု
မအောင်မြင်ပါက သင်းအုပ်ဆရာသည် နယ်ဌာနချုပ်ကော်မတီနှင့်လက်တွဲကာ အသင်းတော်နှင့် ၎င်း၏အုပ်ချုပ်ရေးခေါင်းဆောင်များတို့ဖြင့် ဤအသင်းတော်ကိုတည်တံ့ ခိုင်မြဲစေနိုင်ရေးအတွက် ကုသမှုနှင့်ပြန်လည် သင့်တင့်မှုရရှိနိုင်ရေးအတွက် နည်းလမ်းကို ရှာဖွေလုပ်ဆောင်ကြရပါမည်။
ထိုသို့သောဆာင်ရွက်စရာအပေါင်းတို့ကို ဆောင်ရွက်ခြင်းသည် ဤအသင်းတော်အား ထုတ်ပယ်ခြင်းမှကာကွယ်ရန် ကြိုးစားဆောင်ရွက်ကြခြင်းပင် ဖြစ်သည်။
သို့သော် ဤအသင်းတော်ကိုတည်တံ့ခိုင်မြဲရန် ကြိုးစားခဲ့သမျှအောင်မြင်ခြင်းမရှိပါက ထုတ်ပယ်လိုက်ရန် နယ်ကော်မတီမှသေချာစွာလေ့လာသုံးသက်သွားရန်သာဖြစ်သည်။ ထုတ်ပယ်လိုက်ရန် ဆုံးဖြတ်ချက်ချမည်ဆိုပါက နယ်ဌာနချုပ်အနေဖြင့် အောက်ပါနည်းလမ်း အတိုင်းလိုက်လျှောက်ရပါလိမ့်မည်။
CM - ၅
၆၆
အသင်းတော်လက်စွဲ
က။ ထုတ်ပယ်ခြင်းကိုထောက်ခံရန် ဆုံးဖြတ်ချက်နှင့်အတူ ထောက်ခံချက်အကြောင်း အရင်းများ တို့နှင့်အတကွ အသင်းတော်သို့လုပ်ငန်းလုပ်ဆောင်သည့် အစည်းအဝေးတွင် တက်ရောက်လာသူ များတို့အနေဖြင့် သတင်းရရှိရန်နှင့် စဉ်းစားဆင်ခြင်သုံးသပ်နိုင်ရန်အတွက် တင်ပြရပါမည်။
ခ။ ထောက်ခံချက်ကို အသင်းတော်အနေဖြင့်လက်မခံကါက အောက်ပါ နည်းလမ်းထဲမှ တစ်ခုဖြင့်တုံ့ပြန်ချက်ပြုနိုင်သည်။
(၁) အပြစ်ဒဏ်ပေးရန် အကြောင်းအချက်များကိုပယ်ဖျက်ခြင်းနှင့် နယ် ဌာနချုပ်၏တင်ပြ ချက်များကို လက်ခံခြင်းပြုပြီးနောက် ဖျက်သိမ်းခြင်း (သို့မဟုတ်) ထုတ်ပယ်ခြင်းအတွက် ထောက်ခံခြင်းကို ပြန်လည်၍ရုပ်သိမ်းလိုက်ရန် နယ်ဌာနချုပ်ကိုတောင်းဆိုခြင်း၊
(၂) ယူနီယံအလုပ်အမှုဆောင်ကော်မတီထံသို့ အသနားခံစာတင်သွင်းခြင်း Union (သို့မဟုတ်) Churches လက်အောက်၌ရှိပါက ဒီဝီဇံသို့တင်သွင်းခြင်းကို မိမိအသင်းတော်အတွက် ပြောဆိုပေးနိုင်ရန် ပြုလုပ်နိုင်ပါသည်။
ဂ။ အကယ်၍ အသင်းတော်သည် ဆက်လက်၍ ပုန်ကန်မှုပြုနေပါက နယ်ဌာနချုပ်အလုပ် အမှုဆောင်ကော်မတီအနေဖြင့် ပုံမှန်ညီလာခံအစည်းအဝေး (သို့မဟုတ်) အထူးခေါ်ယူသည့် အစည်းအဝေး၌ ၎င်းအသင်းတော်ကိုပယ်ဖျက်လ်ိုက်ရန် ထောက်ခံချက်ပြုလုပ်သွားရပါမည်။
ဃ။ ညီလာခံအစည်းအဝေးမထုတ်ပယ်ရန် ဆုံးဖြတ်ချက်ချပြီးပါက နယ်ဌာနချုပ်အနေဖြင့် ၎င်းဆုံးဖြတ်ချက်ကို အပြည့်အဝထောက်ခံသွားရန်သာဖြစ်သည်။
ယုံကြည်သူများ၊ မှတ်တမ်းများနှင့်ရန်ပုံငွေများတို့ကိုထိန်းသိမ်းခြင်း
ဖျက်သိမ်းလိုက်သောအသင်းတော်၌ရှိနေသေးသည့် သစ္စာရှိသော အသင်းသူအသင်းသားများ အနေဖြင့် မိမိတို့၏မည်စာရင်းကို အသင်းတော်
အသင်းတော်များနှင့်------ဖျက်သိမ်းခြင်း ၆၇
ထဲ၌ ထားရှိလိုသောဆန္ဒရှိကြပါသည်။ သူတို့၏အရေးကိစ္စကို ဆောင်ရွက်ပေးရာတွင် မိမိတို့၏ အမည်စာရင်းကို နယ်ဌာနချုပ်အသင်းတော်၌ ခေတ္တယာယီတစ်နှစ်တာအတွင်းထားရှိရန်ဖြစ်ပြီး တစ်နှစ်တာလွန်သွားသောအခါ မိမိတို့၏အမည်စာရင်းကို နယ်ဌာနချုပ်အသင်းတော်၌ ဖြစ်စေ၊ အခြားအသင်းတော်၌ဖြစ်စေ မိမိတို့၏ ဆန္ဒအလျောက် ပြောင်းရွှေ့၍ထားရှိနိုင်ပါသည်။ သို့သော် ထိုသို့ပြောင်ရွှေ့ခွင့်မပြုမီ သူတို့၏အသက်တာအခြေအနေကို နယ်ဌာနချုပ်ကော်မတီမှ ဆန်းစစ် ကာ ကျေနပ်လောက်သည့်အခြေအနေ၌ ရှိနေပါက နယ်ဌာနချုပ်ကော်မတီအနေဖြင့် မိမိတို့၏ အမည်စာရင်းကို နယ်ဌာနချုပ်အသင်းတော် (သို့မဟုတ်) မိမိတို့ ကြိုက်နှစ်သက်ရာအသင်းတော် သို့ ပြောင်းရွှေ့ရန်အတွက် ထောက်ခံပေးနိုင်ပါသည်။
ဖျက်သိမ်းလိုက်သောအသင်းတော်၌ အမည်စာရင်းရှိနေသည့်ပြစ်ဒဏ်ပေးခြင်း ခံနေရသော သင်းဝင်သူများတို့၏အမည်စာရင်းကို နယ်ဌာနချုပ်အတွင်းရေးမှူးထံသို့ပေးပို့ကာ နယ်ဌာနချုပ် ကော်မတီမှ “ပျောက်ဆုံးသော အသင်းသားများ” စာရင်းအထဲ၌ ထားရှိနိုင်ရန်ဖြစ်သည်။
အသင်းသားများပျောက်ဆုံးသွားခြင်း (သို့မဟုတ်) ပြစ်ဒဏ်ပေးခြင်းခံရခြင်းတို့ ကြောင့် ဖျက်သိမ်းလိုက်ရသည့်အသင်းတော်တစ်ခု၏အလှူငွေအားလုံး၊ ငွေရေးကြေးရေးစာရင်းနှင့် ၎င်း၏ပိုင်ဆိုင်မှုအားလုံးတို့ကို မိမိတို့၏ အသင်းတော်နာမည်ဖြင့်ရှိသည်ဖြစ်စေ၊ နယ်ဌာနချုပ် အမည်နှင့်ရှိသည်ဖြစ်စေ တရားဝင်အဖွဲ့အစည်းတစ်ခု၏နာမည်နှင့်ရှိနေသည်ဖြစ်စေ ၎င်းတို့ကို နယ်ဌာနချုပ်အတွက် ယုံကြည်စိတ်ချရသည့် “TRUST” ၌ထားရှိရပါမည်။ ထိုကြောင့် နယ်ဌာနချုပ်အနေ ဖြင့် ၎င်းအသင်းတော်၏ပိုင်ဆိုင်မှုနှင့်ရန်ပုံငွေအားလုံးတို့အပေါ် ထိန်းသိမ်းစောင့်ရှောက်ရန်၊ ကာကွယ်ရန်၊ ထုခွဲရောင်းချရန် အာဏာနှင့်အခွင့်အရေးရှိပါသည်။ ထိုအသင်းတော်၏မှတ်တမ်း အားလုံးတို့သည် နယ်ဌာနချုပ်အတွင်းရေးမှူး (သို့မဟုတ်) ဘဏ္ဍာရေးမှူး၏လက်ထဲ၌ ထိန်းသိမ်းစောင့်ရှောက်သွားရန် တာဝန်ရှိပါသည်။
၆၈
အသင်းတော်လက်စွဲ
ကိစ္စတချို့တို့တွင် အသင်းတော်ကို အပြစ်ပေးခြင်းနှင့် မပတ်သက်ဘဲ ၎င်းအသင်းတော်fအား ထုတ်ပစ်ရန် (သို့မဟုတ်) ဖျက်သိမ်းရန်ပြုလုပ်မည့်အစညး အဖွဲ့ငယ်အဆင့်သို့ ပြန်လည်၍ ထားရှိ ရန်ဖြစ်ပါသည်။ ထိုဆုံးဖြတ်ချက်ကို နယ်ဌာနချုပ်ကော်မတီအစည်းအဝေး၌ အများစု၏သဘော တူညီချက်ဆန္ဒကို ရယူရမည်ဖြစ်ပြီး နယ်စီးသိက္ခာတော်ရဓမ္မဆရာနှင့် အသင်းသားများညှိနှိုင်း တိုင်ပင်မှုပြုလုပ်ကြကာ မိမိတို့၏သဘောတူညီချက်ကို သင်းအုပ်ဆရာမှနေ၍ သော်လည်းကောင်း၊ နယ်ကိုယ်စားလှယ်မှနေ၍သော်လည်းကောင်း အသင်းတော်သို့တင်ပြရမည်။
အသင်းတော်၏လုပ်ငန်းလုပ်ဆောင်သည့်အစည်းအဝေး၌ အသင်းပြောင်းရွှေ့ခြင်းစာများကို သစ္စာရှိကျန်ရစ်နေသည့် အသင်းဝင်သူများ၏အမည်စာရင်းကို နယ်ဌာနချို့အသင်းတော် (သို့မဟုတ်) မိမိတို့၏ဆန္ဒ အလျောက်ပြောင်းရွှေ့လိုသည့်အသင်းတော်သို့ ပြောင်းရွှေ့နိုင်ရန် ဆုံးဖြတ်ပေးနိုင်ပါသည်။ ထိုအစည်းအဝေးတစ်ခုတည်း၌ သင်းအုပ်ဆရာသည် ဒေသခံအသင်းသူ အသင်းသားများတို့နှင့် တိုင်ပင်ကြကာ သင်းဝင်သူများတို့အထဲမှ အသစ်သော အဖွဲ့ငယ်၏ ခေါင်းဆောင်များဖြစ်ကြသည့်အဖွဲ့ငယ်ခေါင်းဆောင်စာရေးနှင့် ဘဏ္ဍာရေးမှူးများကို ဖွဲ့စည်းပေး ရပါမည်။ အဖွဲ့ငယ်နှင့်ပတ်သက်၍ အသေးစိတ်ဖွဲ့စည်းပုံကို “အဖွဲ့ငယ်ဖွဲ့စည်းခြင်း” ခေါင်းစဉ် အောက်ပါအကြောင်းအရာကို ကြည့်ရှုနိုင်ပါသည်။
-၀-
No comments:
Post a Comment