Monday, June 15, 2026

လူသားမျိုးနွယ်တစ်ခုတည်း- လူမျိုးရေးဝါဒ၊ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုဝါဒ၊ မျိုးနွယ်စုစွဲဝါဒ နှင့် လူမျိုးစုဗဟိုပြုဝါဒတို့ကို ဖြေရှင်းဖြေဖျောက်ခြင်းဆိုင်ရာ လူသားချင်းဆက်ဆံရေးထုတ်ပြန်ချက်

 


ကမ္ဘာတစ်ဝန်းရှိ လူ့အဖွဲ့အစည်းတိုင်းနှင့် ဒေသတိုင်းတွင် သန်းပေါင်းများစွာသော လူသားများ ခံစားနေရသည့် လူမျိုးရေးမတရားမှု၊ မျိုးနွယ်စုပဋိပက္ခများနှင့် ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှု အယူအဆဆိုးများ၏ ကျန်ရှိနေသေးသော အန္တရာယ်ဆိုးများကို ကမ္ဘာကြီးက ပိုမိုသိရှိနားလည်လာသည်နှင့်အမျှ၊ လူသားချင်း ဆက်ဆံရာတွင် ကျမ်းစာမူများကို ထုတ်ဖော်ကြေညာရန် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်သည် အလွန်အရေးကြီးလာပါသည်။ ဘုရားသခင်သည် မြေကြီးပြင်တစ်ပြင်လုံး၌ နေရစ်စိမ့်သောငှာ၊ တစ်ဦးတည်းသော အသွေးမှ လူအမျိုးမျိုးတို့ကို ဖန်ဆင်းတော်မူ၍ (တမန်တော် ၁၇:၂၆) ဟု လည်းကောင်း၊ ယေရှုက မိမိနှင့်ထပ်တူ မိမိအိမ်နီးနားချင်းကို ချစ်ရန် (မဿဲ ၂၂:၃၉) ဟုလည်းကောင်း ကျွန်ုပ်တို့အား သွန်သင်ထားပါသည်။ သတ္တမနေ့ အဒ်ဗင်တစ်အသင်းတော် (The Seventh-day Adventist Church) သည် ယေရှု၏ သွန်သင်ချက်များနှင့် ကိုက်ညီသော နှုတ်ကပတ်တော်နှင့် လုပ်ရပ်နှစ်ခုစလုံးကို မျှော်လင့်နေသည့် ကမ္ဘာကြီးအား မိမိ၏ ကတိကဝတ်များနှင့် ကရုဏာတရားများကို ရှင်းလင်းစွာ ပြသရန် အရေးကြီးသော တာဝန်ရှိကြောင်း အသိအမှတ်ပြုပါသည်။ ကျွန်ုပ်တို့၏ ကတိကဝတ်သည် ခရစ်တော်တစ်ပါးတည်းသာလျှင် လူသား၏နှလုံးသားကို ပြောင်းလဲနိုင်သည်ဟု ကျွန်ုပ်တို့အသိအမှတ်ပြုထားသည့်အတိုင်း ဒုက္ခပင်လယ်ဝေနေသော ဤကမ္ဘာလောကကြီးရှိ လူအမျိုးအနွယ်၊ မျိုးနွယ်စု၊ ဘာသာစကားနှင့် လူစုအပေါင်းတို့ (ဗျာဒိတ် ၁၄:) ထံသို့ ယေရှုခရစ်၏ ဧဝံဂေလိတရားကို ဟောပြောရန် ကျွန်ုပ်တို့၏ သာသနာပြုလုပ်ငန်းမှ စီးဆင်းလာခြင်း ဖြစ်သည်။

ဘုရားသခင်ဖန်ဆင်းထားသော လူသားအားလုံး တန်းတူညီမျှမှုရှိခြင်း

သတ္တမနေ့ အဒ်ဗင်တစ်ဘာသာဝင်များသည် လူသားများကို ဘုရားသခင်၏ သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားကြောင်း ထင်ရှားစေသည့် မပြောင်းလဲသော ကျမ်းစာသမ္မာတရားများကို စွဲမြဲစွာ ကတိပြုထားကြသည် (ကမ္ဘာဦး :၂၇) ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်းမှတ်တမ်းအပေါ် အခြေခံ၍ ကျွန်ုပ်တို့သည် ခေတ်ကာလအားလုံး၊ နေရာအားလုံးနှင့် အခြေအနေအားလုံးတွင် လူသားအားလုံး၏ ဘုရားသခင်ပေးသနားတော်မူသော၊ မပြောင်းလဲနိုင်သော တန်းတူညီမျှမှုကို ယုံကြည်ကြသည်။ ကျွန်ုပ်တို့အားလုံးသည် လူသားအားလုံးကို မိသားစုတစ်ခုတည်း ဖြစ်စေခဲ့သည့် ကျွန်ုပ်တို့၏ မူလဘိုးဘေးများဖြစ်သော အာဒံနှင့် ဧဝတို့မှ ဆင်းသက်လာသူများ ဖြစ်ကြသည် (ကမ္ဘာဦး :၂၀) ဘုရားသခင်ကို ပုန်ကန်ရန် လူသားတို့၏ ရွေးချယ်မှုကြောင့် ဖြစ်ပေါ်လာသည့် ဝမ်းနည်းဖွယ် ရလဒ်များသည်ပင် လူသားအားလုံးကြားရှိ တည်မြဲသော ဆက်ဆံရေးကို ဖျောက်ဖျက်၍မရနိုင်ပါ။ ဘုရားသခင်သည် လူသားအားလုံးအား ကိုယ်တော်နှင့်လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦးလည်းကောင်း ခံစားစေလိုသော အခြေခံကျသည့် စည်းလုံးညီညွတ်မှုကို အပြစ်ရှိစွာ အပိုင်းပိုင်းဖြတ်တောက်ပစ်ရန်နှင့် ခွဲခြားပစ်ရန် လူမျိုး၊ လူမျိုးစု၊ ဇာတ်နှင့် မျိုးနွယ်စု ကွဲပြားမှုများကို အသုံးပြုကြသည်။

ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်ခြင်းနှင့် အတိတ်အတွက် တောင်းပန်ခြင်း

အရေပြားအရောင်၊ မွေးရပ်ဒေသ၊ ဇာတ် သို့မဟုတ် မျိုးရိုးစဉ်ဆက်ကို အကြောင်းပြ၍ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လွှမ်းမိုးချုပ်ကိုင်ခြင်း ပြုမူပုံများအတွက် သမိုင်းတစ်လျှောက်နှင့် ယခုထက်တိုင် ဆက်လက်ကြိုးပမ်းမှုများ ရှိနေသော်လည်း၊ ကျွန်ုပ်တို့သည် လူသားအားလုံး၏ တန်းတူညီမျှမှုနှင့် ဂုဏ်သိက္ခာဆိုင်ရာ ကျမ်းစာမူများကို သစ္စာရှိစွာ ဆက်လက်စွဲကိုင်ထားကြသည်။ ဤသို့သော ကြိုးပမ်းမှုများသည် ကျွန်ုပ်တို့၏ မျှဝေခံစားအပ်သော လူသားဆန်မှုကို ငြင်းပယ်ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့သော ရန်လိုစော်ကားမှုနှင့် ခွဲခြားဆက်ဆံမှုအားလုံးကို ဘုရားသခင်အပေါ် ပြစ်မှားစော်ကားမှုအဖြစ် ကျွန်ုပ်တို့ ပြင်းထန်စွာ ရှုတ်ချပါသည်။ သို့သော်လည်း၊ ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ အသင်းတော်ဝင် အများအပြားသည် လူသားအားလုံး တန်းတူညီမျှမှုရှိခြင်းဟူသော ဤကျမ်းစာသမ္မာတရားကို လိုက်နာစောင့်ထိန်းရန် ပျက်ကွက်ခဲ့ကြကြောင်းကိုလည်း ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။ ယေရှု၏ သွန်သင်ချက်များနှင့် စံနမူနာများနှင့် ဆန့်ကျင်ဘက်ဖြစ်လျက်၊ ယုံကြည်သူအများအပြားနှင့် အသင်းတော်အဖွဲ့အစည်းများသည် လူသားမိသားစုကို နာကျင်စေပြီး ဒဏ်ရာရစေသော လက်တွေ့လုပ်ဆောင်မှုများသို့ ဦးတည်စေသည့် လူမျိုး၊ မျိုးနွယ်စု၊ ဇာတ်နှင့် လူမျိုးစု တန်ဖိုးဖြတ်မှုဆိုင်ရာ အပြစ်ရှိပြီး လူသားမဆန်သော အတွေးအခေါ်များကို လက်ခံရယူခဲ့ကြသည်။ ဤအတွေးအခေါ်ပုံစံများနှင့် ၎င်းတို့မှ ထွက်ပေါ်လာသော လက်တွေ့လုပ်ဆောင်မှုများသည် ကျွန်ုပ်တို့ကိုယ်တိုင် လိုက်နာနေထိုင်ရန်နှင့် သွန်သင်ရန် ကတိသစ္စာပြုထားသည့် သမ္မာတရားများကိုပင် ထိခိုက်ပျက်ပြားစေသည်။ အတိတ်ကာလက ဤကိစ္စရပ်များနှင့် ပတ်သက်၍ ကျွန်ုပ်တို့ အလုံအလောက် ပြတ်ပြတ်သားသား မပြောဆိုခဲ့ သို့မဟုတ် ရဲရဲဝံ့ဝံ့ မလုပ်ဆောင်ခဲ့မိသည်များအတွက် ကျွန်ုပ်တို့ တောင်းပန်ပါသည်။

ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ကိုယ်စားလှယ်များ ဖြစ်ခြင်း

သတ္တမနေ့ အဒ်ဗင်တစ်ဘာသာဝင်များသည် မတူကွဲပြားသော ကမ္ဘာလုံးဆိုင်ရာ အသင်းတော်ကြီး၏ အဖွဲ့ဝင်များဖြစ်ကြပြီး ကျွန်ုပ်တို့၏ မျှဝေခံစားအပ်သော ဘိုးဘေးစဉ်ဆက်အကြောင်း ကျမ်းစာသမ္မာတရားကို စံနမူနာပြခြင်းနှင့် ထောက်ခံပြောဆိုခြင်းအားဖြင့် လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိုယ်စားလှယ်များဖြစ်ရန် ကတိပြုထားကြသည်။ ခရစ်တော်၏မေတ္တာတော်သည် ငါတို့ကို နိုင်ထက်စီးနင်းသွေးဆောင်၏ ဖြစ်၍ လူသားတို့အား ကိုယ်တော်၏ ရှုထောင့်မှ ကြည့်မြင်ရန်နှင့် ဤကွဲပြားနေသော ကမ္ဘာကြီးထဲတွင် မိမိနှင့်သင့်မြတ်ခြင်းတရားစကား ( ကောရိန္သု :၁၄၊ ၁၉၊ ၂၀) ဖြင့် ကိုယ်တော်၏ သံတမန်များ ဖြစ်ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် အရေပြားအရောင်၊ ဇာတ်၊ မျိုးနွယ်စု သို့မဟုတ် လူမျိုးစုကြောင့် ဖယ်ကြဉ်ခံရသူများနှင့် မတရားနှိပ်စက်ခံရသူများကို ကူညီပံ့ပိုးပေးပြီး စောင့်ရှောက်သွားမည်ဖြစ်သည် (မဿဲ ၂၅:၄၀) အခြားသူများကို နှိပ်စက်ညှဉ်းပန်းပြီး မတရားပြုမူသူများသည် ကျမ်းစာမူများနှင့်အညီ သင့်လျော်စွာ တရားစီရင်ခြင်းခံရမည်ဖြစ်ပြီး နောက်ဆုံးတွင် ဘုရားသခင်၏ တရားစီရင်ခြင်းကို ရင်ဆိုင်ရမည်ဟု ကျွန်ုပ်တို့ ယုံကြည်သည် (ဒေသနာ ၁၂:၁၄၊ ဟေဗြဲ :၂၇) ကျမ်းစာ၌ သွန်သင်ထားသည့် လူသားတို့၏ မူလအစနှင့် တန်းတူညီမျှမှုဆိုင်ရာ ဘုရားသခင်၏ သမ္မာတရားသည် လူသားချင်းဆက်ဆံရေး အားလုံးအတွက် အမျှော်အမြင်အရှိဆုံးသော အခြေခံအုတ်မြစ်ဖြစ်ကြောင်း ကျွန်ုပ်တို့ သွန်သင်ပြီး တိုက်တွန်းသွားမည် ဖြစ်သည်။

ခရစ်တော်အားဖြင့် အသက်တာများနှင့် ဆက်ဆံရေးများ ပြောင်းလဲခြင်း

ဘုရားသခင်သည် လူသားအားလုံးအတွက် ကိုယ်တော်၏ ကျေးဇူးတော်ရှိသော ကယ်တင်ခြင်းကို တုံ့ပြန်ခဲ့ကြသူများ (ဂလာတိ :၂၈) အပေါ် လူသားချင်းဆက်ဆံရေး အားလုံးတွင် တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိခြင်းဆိုင်ရာ ကျွန်ုပ်တို့၏ ကတိကဝတ်ကို ပြသရန် အထူးတာဝန်တစ်ရပ်ကို ပေးအပ်ထားပါသည်။ ဘုရားသခင်သည် လူတစ်ဦးစီကို ထူးခြားဆန်းပြားစွာ ဖန်ဆင်းထားပြီး ကျွန်ုပ်တို့၏ အသက်တာတွင် ကိုယ်တော်၏ တန်ခိုးပါသော လွှမ်းမိုးမှုသည် လူတစ်ဦးစီ၏ လူသားဆိုင်ရာ အမွေအနှစ်နှင့် ယဉ်ကျေးမှုကို ရိုသေစွာ တန်ဖိုးထားတတ်သော ကွဲပြားခြားနားမှုများကို ဂုဏ်ပြုခြင်းသို့ ဦးတည်စေသည်။ လူမျိုးရေးဝါဒ၊ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုဝါဒ၊ မျိုးနွယ်စုစွဲဝါဒ နှင့် လူမျိုးစုဗဟိုပြုဝါဒ ဟူသော အပြစ်များအတွက် နောက်ဆုံးအဆင့် အဖြေရှာခြင်းမှာ ခရစ်တော်နှင့် ကိုယ်တော်၏ ကယ်တင်ခြင်းတန်ခိုးအားဖြင့် တစ်ဦးချင်းစီ၏ အသက်တာများနှင့် ဆက်ဆံရေးများကို ပြောင်းလဲခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ကျမ်းစာမူများအပေါ် အခြေခံကာ တရားမျှတခြင်း၊ ဂရုစိုက်ခြင်းနှင့် မေတ္တာထားခြင်းရှိသော အသင်းတော်တစ်ခုအဖြစ် ရှင်သန်နေထိုင်ရန် ကျွန်ုပ်တို့၏ ခရစ်ယာန်ကတိကဝတ်ကို လက်ခံယုံကြည်ပါသည်။

ထာဝရဧဝံဂေလိတရားနှင့် မကြာမီပြန်လည်ကြွလာခြင်း မျှော်လင့်ချက်

ဘုရားသခင်သည် နေရာတိုင်းရှိ လူတိုင်းကို ကောင်းကင်တမန် သုံးပါး၏ ဗျာဒိတ်သတင်းစကားများ (ဗျာဒိတ် ၁၄:-၁၂) တွင် ပါဝင်သော ယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကို အဓိကထားသည့် ထာဝရဧဝံဂေလိတရားကို ကြေညာရာတွင် ကျမ်းစာပရောဖက်ပြုချက်၌ ဖော်ပြထားသော ကျန်ကြွင်းသောအသင်းတော် (ဗျာဒိတ် ၁၂:၁၇) သို့ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်နေပါသည်။ ဤသတင်းစကားများကို ခရစ်တော်၏ မကြာမီ ပြန်လည်ကြွလာခြင်းနှင့်အတူ နိဂုံးချုပ်လျက် လူအမျိုးအနွယ်၊ မျိုးနွယ်စု၊ ဘာသာစကားနှင့် လူစုအပေါင်းတို့ (ဗျာဒိတ် ၁၄:၆၊ ၁၄) ထံသို့ ပေးရမည် ဖြစ်သည်။ ယခင်အရာများသည် ကွယ်ပျောက်သွားပြီဖြစ်၍ နောက်တစ်ဖန် စိတ်မသာညည်းတွားခြင်း၊ ငိုကြွေးခြင်း၊ ပင်ပန်းခြင်း မရှိရလတ္တံ့ (ဗျာဒိတ် ၂၁:) ဟူသော ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ကျွန်ုပ်တို့ မျှော်လင့်စောင့်စားနေကြသည်။

အတည်ပြုချက်

ဤထုတ်ပြန်ချက်ကို မေရီလန်းပြည်နယ်၊ ဆေးဗားစပရင်းမြို့ရှိ သတ္တမနေ့ အဒ်ဗင်တစ်အသင်းတော် အထွေထွေညီလာခံ အမှုဆောင်ကော်မတီ (General Conference of Seventh-day Adventists Administrative Committee) မှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အတည်ပြုမဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 မူရင်းဖက်ရန်

https://gc.adventist.org/official-statements/one-humanity-a-human-relations-statement-addressing-racism-casteism-tribalism-and-ethnocentrism/

No comments:

Post a Comment