Tuesday, June 16, 2026

အခန်း (၉) (Church Manual ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်းတော်အသင်းတော်လက်စွဲ)


အခန်း ()

ရွေးချယ်တင်မြှောက်ခြင်းများ

 

မိမိတို့၏တာဝန်များတို့ကို ဆုတောင်းလျက်၊ လေးနက်စွာဖြင့် ထိရောက်စွာဆောင် ရွက်နိုင်ရန် အရည်အချင်းနှင့်ပြည့်၀သည့် အသင်းတော်ခေါင်းဆောင် များတို့ကို ရွေးချယ် တင်မြှောက်ခြင်းသည် အလွန်မှပင်အရေးကြီးလှသည့်အလုပ်တစ်ခုဖြစ်သည်။ ရာထူးတင် မြှောက်ခြင်းကော်မတီမှ တစ်နှစ်စာရွေးချယ်ခြင်းများအတွင်း လစ်လပ်သည့်နေရာကို ဖြည့်စွက်တာဝန်ယူမည့်ပုဂ္ဂိုလ်ကို အစားထိုးရွေးချယ်ခြင်းအထိ ရွေးချယ်တင်မြှောက်ခြင်း စည်းကမ်းနည်းလမ်းများကို ဤအခန်းမှဖော်ပြထားပါသည်။

 

            ရာထူးတင်မြှောက်ခြင်းကော်မတီနှင့်ရွေးချယ်တင်မြှောက်ခြင်းအစီအစဉ်

         

အသင်းတော်ခေါင်းဆောင်များတို့ကို ခန့်ထားသောရာထူးတင်မြှောက်ခြင်းကော်မတီ မှ တစ်နှစ်တစ်ကြိမ် (သို့မဟုတ်) နှစ်နှစ်တစ်ကြိမ်ရွေးချယ်တင်မြှောက်ရပါသည်။ ကော်မတီမှ ရွေးချယ်ခဲ့သော အမည်စာရင်းကို အတည်ပြုရန် အသင်းတော်သို့တင်ပြရပါ သည်။ ဤနည်းလမ်းအားဖြင့် အသင်းတော်fသည် ရွေးချယ်ခြင်းမတိုင်မီ အမည်စာရင်း တစ်ခုစီကို သေချာစွာလေ့လာနိုင်ပြီး ရာထူးတင်မြှောက်ခြင်းကော်မတီမှ အမည်စာရင်းကို လူထုပရိသတ်သို့တင်ပြသည့်အခါ ဖြစ်ပေါ်တတ်သည့်ပြဿနာများကိုလည်း ရှောင်ရှား နိုင်ပါသည်။

အသင်းတော်၏လိုအပ်ချက်ကို ရာထူးတင်မြှောက်သည့်ကော်မတီမှ လေ့လာပြီး အသင်းတော်ရှိ တာဝန်အမျိုးမျိုးတို့နှင့် သင့်လျော်မည့်ပုဂ္ဂိုလ်များတို့ကို အသင်းသူအသင်း သားထဲမှ စုံစမ်းလေ့လာရပါမည်။ ဤနည်းလမ်းအသုံးပြုရခြင်း၏ အကြောင်းရင်းမှာ ခေါင်းဆောင်များကို လူထုပရိသတ်မှနေ၍ တင်မြှောက်ခြင်း (သို့မဟုတ်) လျှို့ဝှက်မဲပေး ခြင်းမပြုရန်ဖြစ်သည်။

 

          ရာထူးတင်မြှောက်ခြင်းကော်မတီဝင်သည် ငယ်သောအသင်းတော်အတွက် () ဦး အနည်းဆုံးရွေးချယ်နိုင်ပြီး ကြီးသောအသင်းတော်အတွက် () ဦးထက်ပို၍ သင့်လျော် သလိုဆုံးဖြတ်ကာ ရွေးချယ်သွားနိုင်ပါသည်။ ကော်မတီဝင်အရေအတွက်ကို သတ်မှတ်ရာ တွင် အသင်းတော်၏ဆုံးဖြတ်ချက်အပေးနှင့် ဘုတ်အဖွဲ့၏လေ့လာမှုအပေါ် မူတည်ပါ သည်။ ဥပုသ်တော်နေ့ဝတ်ပြုချိန်တွင် အနည်းဆုံးသောအချိန်ကိုအသုံးပြုကာ သင့်လျော် သည့်ကော်မတီဝင်အရေအတွက်ကို အသင်းတော်သို့တင်ပြရပါမည်။

 

          မည်သည့်အချိန်နှင့် မည်ကဲ့သို့ရာထူးတင်မြှောက်ခြင်းကော်မတီကိုဖွဲ့စည်း ရမည်နည်း - ရာထူးတင်မြှောက်ခြင်းကော်မတီကို တစ်နှစ်တာ၏နောက်ဆုံးကွယ်တာ အစောပိုင်း၌ ရွေးချယ်ရမည်ဖြစ်ပြီး တစ်နှစ်တာ၏နောက်ဆုံး ဥပုသ်တော်နေ့မတိုင်မီ () ပတ်အကြိုတွင် အစီရင်ခံသင့်ပါသည်။

          သင်းအုပ်ဆရာ (သို့မဟုတ်) နယ်စီးခေါင်းဆောင် (သို့မဟုတ်) အဆိုပါ ပုဂ္ဂိုလ်မရှိ ပါက အသင်းလူကြီးအနေဖြင့် ဤကိစ္စကိုတာဝန်ယူဆောင်ရွက်ရပါမည်။ အသင်းတော်အ နေဖြင့် ရာထူးတင်မြှောက်ခြင်းကော်မတီဝင်များကို ရွေးချယ်ရန် ဖွဲ့စည်းထားသည့်ကော်မ တီတစ်ခုကို ဦးစွာဖွဲ့စည်းရပါမည်။ ဤဖွဲ့စည်းထားသောကော်မတီကို နည်းလမ်း () မျိုးဖြင့် ရွေးချယ်နိုင်ပါသည်။

          ၁။     ပရိသတ်မှနှုတ်အားဖြင့်သော်လည်းကောင်း၊ စာအားဖြင့်သော်လည်းကောင်း ဆိုတင်သွင်းနိုင်ပါသည်။ နှုတ်အားဖြင့်အဆိုပြုပါက ပုဂ္ဂိုလ်တစ်ဦးသည် ပုဂ္ဂိုလ်တစ်ဦး ထက်ပို၍ ဆိုတင်သွင်းခွင့်မရှိပါ။ ပုဂ္ဂိုလ်တစ်ဦး၏အများစုအပေါ် ဩဇာလွှမ်းမိုးခြင်းကိုအ လိုမရှိပါ။ အများပါဝင်သည့် မျှတသော ကိုယ်စားပြုသည့်ဖွဲ့စည်းထားသောကော်မတီကို ဖြစ်စေရပါမည်။ အသင်းတော်၏နိုင်ငံရေးသဘောကို ရှောင်ရှားသင့်သည်။ သင်းအုပ်ဆရာ (သို့မဟုတ်) နယ်စီးခေါင်းဆောင်မှ ဤဖွဲ့စည်းထားသည့်ကော်မတီကို ဦးဆောင်ရပါမည်။ အကယ်၍ သင်းအုပ်ဆရာ (သို့မဟုတ်) နယ်စီးခေါင်းဆောင်များကို မခန့်ထားရသေးပါက ဖွဲ့စည်းထားသောကော်မတီ၏ဥက္ကဌကို အသင်းတော်ဘုတ်

CM - ၁၃

အဖွဲ့မှနေ၍ ဖွဲ့စည်းထားသောကော်မတီအဖွဲ့ဝင်များအထဲမှ ခန့်ပေးရပါမည်။ ဖွဲ့စည်းထား သော ကော်မတီအဖွဲ့ဝင်များတို့သည် ဘုတ်အဖွဲ့ဝင်အရေအတွက်ထက် () ဦးမှ () ဦး အထိ ပို၍များသောအရေအတွက်ရှိသင့်သည်။

          ၂။      အသင်းတော်မှဘုတ်အဖွဲ့ကို အာဏာပေးကာရွေးချယ်ထားသည့်အပိုအဖွဲ့ဝင် () ဦး (သို့မဟုတ်) () ဦးပေါင်းလျက်ဖွဲ့စည်းထားသော ကော်မတီအဖြစ် ရာထူးတင် မြှောက်ခြင်းကော်မတီကို ရွေးချယ်နိုင်ပါသည်။ ဤနည်းကိုအသုံးပြုပါက ဘုတ်ဥက္ကဌ သည် ဖွဲ့စည်းထားသောကော်မတီ၏ ဥက္ကဌအနေဖြင့် ဆောင်ရွက်သွားရပါမည်။

 

          မည်ကဲ့သို့အစီအစဉ်ပြုလုပ်ရမည်နည်း - ရာထူးတင်မြှောက်ခြင်းအစီအစဉ်အဆင့် များမှာ

          ၁။     အသင်းတော်အနေဖြင့် အထက်ဖော်ပြပါနည်းလမ်းနှစ်ခုအထဲမှ မည်သည့်ဖွဲ့ စည်းထားသောကော်မတီကို အသုံးပြုလိုသည်ကို မဲဆန္ဒရယူရပါမည်။

          ၂။      အဖွဲ့အစည်းကော်မတီသည် မိမိ၏အတွင်းရေးမှူးအားဖြင့် ရာထူးတင်မြှောက် ခြင်းကော်မတီအတွက် အမည်စာရင်းများကို အသင်းတော်သို့ ထောက်ခံတင်သွင်းပါ သည်။ ဆောင်ရွက်ချက်ဟူသမျှတွင် ရာထူးကော်မတီအဖွဲ့ဝင်များမှာ မျှတသည့်ကိုယ်စား လှယ်များပါရှိရန် သေချာမှုရှိရပါမည်။

          ၃။     မဲဆန္ဒယူခြင်းအားဖြင့် အသင်းတော်သည် ရာထူးတင်မြှောက်ခြင်းကော်မတီနှင့် ၎င်း၏အတွင်းရေးမှူးကို ခန့်သွားရပါမည်။

          ၄။     သင်းအုပ်ဆရာ (သို့မဟတ်ု) နယ်စီးခေါင်းဆောင်သည် အလိုအလျောက်အဖွဲ့ ဝင်တစ်ဦးဖြစ်ရုံမျှမက ဥက္ကဌအဖြစ်မဆောင်ရွက်သင့်ပါက (သို့မဟုတ်) အသင်းတော် အတွက် ခန့်ထားခြင်းမရှိသေးပါက အဆိုပြုထားသည့် ရာထူးတင်မြှောက်ခြင်းကော်မတီ အဖွဲ့ဝင်ထဲမှ တစ်ဦးဦးကို ဥက္ကဌအဖြစ်ဆောင်ရွက်ရန် အဆိုပြုရပါမည်။

 

          ၅။     ရာထူးတင်မြှောက်ခြင်းကော်မတီမှ ခေါင်းဆောင်များတို့၏အမည်စာရင်းကို ပြင်ဆင်ရန်တွေ့ဆုံကြပြီး အသင်းတော်မှအတည်ပြုနိုင်ရန် အသင်းတော်သို့တင်သွင်းရပါ မည်။

          ၆။     မဲဆန္ဒခံယူခြင်းအားဖြင့် အသင်းတော်သည် လာမည့်နှစ်အတွက် ခေါင်းဆောင် များကို ခန့်သွားရပါမည်။

 

                     ရာထူးတင်မြှောက်ခြင်းကော်မတီ၌မည်သူပါဝင်သင့်သနည်း - အသင်း တော်စည်းမျဉ်းဥပဒေနှင့်အညီနေထိုင်သော ပုံမှန်အသင်းဝင်များတို့သာ ရာထူးတင်မြှောက် ခြင်းကော်မတီ၌ပါဝင်ရန် ရွေချယ်သင့်ပါသည်။ အသင်းတော်တိုးတက်ရေး၊ အသင်းတော် ၏အရေးကိစ္စများကို စိတ်ဝင်စားပြီး မှန်ကန်သော ဆုံးဖြတ်ချက်ရှိသူများသာဖြစ်သင့် သည်။

 

          ရာထူးတင်မြှောက်ခြင်းကော်မတီ၏အလုပ်တာဝန် - ဤကော်မတီကို ဖွဲ့စည်းပြီး လျှင်ပြီးချင်း ဥက္ကဌမှနေ၍ အစည်းအဝေးကိုခေါ်ယူရပါမည်။ စိတ်ပါစွာဆုတောင်းဆက် ကပ်လျက် အသင်းတော်၏လုပ်ငန်းတာဝန်တိုင်းကို ဆောင်ရွက်သွားရမည့်အမည်စာရင်း များကို စတင်ပြင်ဆင်ရမည်။ ခန့်ထားရန် အဆိုပြုသည့် နာမည်များသည်လည်း အသင်း တော်စည်းမျဉ်းနှင့်အညီနေထိုင်သည့် ပုံမှန်အသင်းဝင်များသာဖြစ်ရမည်။ အသင်းတော်ကို ဦးဆောင်ရန် အမည်တင်သွင်းခြင်းခံရသောသူများကို ဥပုသ်နေ့ဝတ်ပြုချိန်၌ အသင်းတော် သို့တင်သွင်းခြင်း (သို့မဟုတ်) အထူးခေါ်ယူသည့်လုပ်ငန်းလုပ်ဆောင်ရန် အစည်းအဝေး၌ တင်သွင်းခြင်းပြုရမည်။ သူတို့၏ရွေးကောက်တင်မြှောက်ခြင်းကို ပြုရာတွင် ကော်မတီ သည် ထိုသူတို့၏အကြောင်းကို ကောင်းမွန်စွာသိရှိသော သူများတို့နှင့် တိုင်ပင်မှုပြုလုပ် နိုင်သည်။ ဤကော်မတီသည် နယ်ဌာနချုပ်မှခန့်ထားခဲ့သော သင်းအုပ်ဆရာ (သို့မဟုတ်) လက်ထောက်သင်းအုပ်ဆရာတို့၏အမည်ကို အဆိုမတင်သွင်းရပါ။

          ခေါင်းဆောင်များတို့၏အမည်စာရင်းကို အသင်းတော်၏အရွယ်အစားအပေါ် ရာထူး တင်မြှောက်ခြင်းကော်မတီမှနေ၍ သုံးသပ်ရပါမည်။ ကြီးသော အသင်းတော်အတွက် ခေါင်းဆောင်ပို၍များများလိုအပ်ပါလိမ့်မည်။ ငယ်သော အသင်းတော်အတွက် အနည်း ငယ်သောခေါင်းဆောင်ကိုသာ လိုအပ်မည်ဖြစ်သည်။ ဥပုသ်စာဖြေကောင်စီမှထောက်ခံပြီး ဘုတ်အဖွဲ့မှအတည်ပြုရသည့် ဥပုသ်စာဖြေသင်ကြားသည့်ဆရာမှလွဲလျှင် ကျန်အသင်း တော်ခေါင်းဆောင်များ အားလုံးတို့ကို ရာထူးတင်မြှောက်ခြင်းကော်မတီမှ ရွေးချယ်သွားရ ပါမည်။

 

          ရာထူးတင်မြှောက်ခြင်းကော်မတီသည် မျှော်လင့်ထားသော ခေါင်းဆောင်များ ၏သဘောတူညီမှုကိုရယူခြင်း - ဒေသခံအသင်းတော်fမှ သစ္စာရှိသော ပုဂ္ဂိKလ်များတို့ကို ရွေးချယ်ပြီးသောအခါ နယ်ဌာနချုပ်မှအတည်မပြုမီ ကော်မတီအဖွဲ့ဝင်မှ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးမှနေ၍ ထိုရွေးချယ်ခဲ့သောပုဂ္ဂိKလ်များထံသို့သွားကာ အသင်းတော်၏မည် သည့်တာဝန်ကိုထမ်းဆောင်ရန် ကော်မတီမှရွေးချယ်ခဲ့ပြီးကြောင်းပြောပြကာ ၎င်းတာဝန် ကိုထမ်းဆောင်သွားရန် ဆန္ဒရှိမရှိ မိမိတို့၏သဘောထားကို ရယူသင့်သည်။

 

          ရာထူးတင်မြှောက်ခြင်းကော်မတီရှေ့၌ အသင်းသားများဝင်ရောက်ပြောဆိုခွင့်ရှိ သည် - အသင်းသားများတို့သည် ကော်မတီရှေ့၌ဝင်ရောက်၍ မိမိအကြံပြုချက် (သို့မဟုတ်) ကန့်ကွက်ချက်များတို့ကို ပြောဆိုလိုသောဆန္ဒရှိပါက ပြောဆိုရန်အခွင့်အရေး ပေးသင့်သည်။ တင်ပြပြောဆိုပြီး၍ ကော်မတီအခန်းထဲမှထွက်သွားပြီးသောအခါ ကော်မ တီမှနေ၍ ၎င်းပုဂ္ဂိုလ်၏ပြောဆိုချက်ကို အသင်းတော်သို့တင်ပြရမည်။

 

ရာထူးတင်မြှောက်ခြင်းကော်မတီ၏ဆွေးနွေးချက်များကို လျှို့ဝှက်စွာထားရှိရ မည် - ကော်မတီ၏စုံစမ်းလေ့လာချက်နှင့် ဆွေးနွေးချက်အားလုံးတို့ကို လျှို့ဝှက်စွာထား ရှိရမည်။ တစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာကိစ္စ  (သို့မဟုတ်) နာကြည်းဖွယ်ရာသတင်းစကားနှင့် ပတ်သက်သော ဆွေးနွေးချက်များတို့ကို ပြင်ပသို့သယ်ဆောင်ပြောဆိုခြင်းသည် ခရစ်ယာန်၏ကျင့်ဝတ်နှင့် ရွှေပညတ်ကိုလွန်ကျူးခြင်းဖြစ်သည်။ ဤကျူးလွန်မှုကို ပြုတတ်သောသူအနေဖြင့် လာမည့် အချိန်၌ ရာထူးတင်မြှောက်ခြင်းကော်မတီတွင် ပါဝင်ခွင့်မပြုရတော့ပါ။ ကော်မတီအပြင်၌ စုံစမ်းလေ့လာစရာကိစ္စ တစ်စုံတစ်ခုလိုအပ်လာခဲ့သော် ကော်မတီဥက္ကဌကိုယ်တိုင် ပြုလုပ်ရ ပါမည်။

 

အသင်းတော်သို့အစီရင်ခံခြင်း - ရာထူးတင်မြှောက်ခြင်းကော်မတီ အစီရင်ခံစာကို အသင်း တော်ဘုတ်အဖွဲ့သို့မဟုတ်ဘဲ အသင်းတော်တစ်ခုလုံးသို့ တင်ပြရမည်။ ဥပုသ် တော်နေ့ဝတ်ပြုချိန်၌ (သို့မဟုတ်) အသင်းတော်၏အထူးခေါ်ယူသော လုပ်ငန်းဆောင်ရွက် ခြင်းအစည်းအဝေး၌ တင်ပြနိုင်ပါသည်။

ရာထူးတင်မြှောက်ခြင်းကော်မတီသည် မိမိ၏ဆောင်ရွက်ချက်အစီရင်ခံစာကိုတင်ပြ ရန် အဆင်သင့်ရှိသည့်အခါ ဥက္ကဌအနေဖြင့် ဦးစွာသင့်လျော်သော မှတ်ချက်များကို အသင်းတော်သို့ ပြောကြားသင့်သည်။ အစီရင်ခံစာသည် အဖွဲ့ဝင်များတို့၏လက်ထဲ၌ရှိပြီး အတွင်းရေးမှူးမှနေ၍ အသံကျယ်စွာဖြင့် ဖတ်ကြားသွားရပါမည်။ ၎င်းအတိုင်း ဥက္ကဌမှနေ ပြီး လာမည့်တစ်ပတ် (သို့မဟုတ်) နှစ်ပတ်အတွင်း အတည်ပြုသွားမည့်အကြောင်း ကြေ ညာသင့်ပါသည်။

အသင်းဝင်တိုင်း ဤခေါင်းဆောင်ရွေးချယ်တင်မြှောက်ခြင်းတွင် မဲပေးဆုံးဖြတ်ရပါ မည်။ ရွေးချယ်ခြင်းသည် ရောက်ရှိနေသောသူများတို့၏အများဆန္ဒနှင့် မဲပေးခြင်းအပေါ် တွင်မူတည်သည်။

 

ရာထူးတင်မြှောက်ခြင်းကော်မတီ၏အစီရင်ခံခြင်းကိုကန့်ကွက်ခြင်း - အသင်း ဝင်များအနေဖြင့် ရာထူးတင်မြှောက်ခြင်းကော်မတီအစီရင်ခံခြင်းကို ကန့်ကွက်နိုင်ပြီး မိမိ တို့၏ကန့်ကွက်ချက်ကို ကိုယ်တိုင်ကိုယ်ကျ ဒုတိယအကြိမ်ဖတ်ကြားခြင်းမပြုမီ ဥက္ကဌ (သို့မဟုတ်) သင်းအုပ်ဆရာနှင့်တွေ့ဆုံတင်ပြရပါမည်။ (သို့မဟုတ်) ဒုတိယဖတ်ကြားချိန်တွင် အသင်းသားတစ်ဦးမှနေ၍ ၎င်းအ စီရင်ခံစာတစ်ခုလုံးကို ကော်မတီသို့ပြန်လည်၍ ထပ်မံစဉ်းစားပေးရန် တောင်းဆိုနိုင်သည်။ ဥက္ကဌအနေဖြင့် ထိုတောင်းဆိုချက်ကိုလက်ခံရမည်မှာ ထုံးစံအတိုင်းဖြစ်ပါသည်။ သို့သော် အကယ်၍တောင်းဆိုချက်သည် အဆိုပြုချက်ဖြစ်ပါက ဆွေးနွေးစရာအကြောင်းမရှိဘဲ အများမဲဆန္ဒဖြင့်ဆုံးဖြတ်သွားရပါမည်။

          ကန့်ကွက်ချက်များကို ကော်မတီမှကြားနာရမည့်အချိန်နှင့်နေရာကို ဥက္ကဌမှနေ၍ ကြေညာသွားရမည်။ ထိုအချိန်တွင် ကန့်ကွက်ချက်များကိုပြုမည့်သူများ (သို့မဟုတ်) ကန့်ကွက်ရန်ဆန္ဒရှိသည့် အခြားပုဂ္ဂိုလ်များ ၎င်းကော်မတီ၌ တက်ရောက်နိုင်ပါသည်။ ကန့်ကွက်ခြင်းကြောင့် ပြန်လည်၍ ကော်မတီမှစဉ်းစားခဲ့ရသော် ကန့်ကွက်သည့် ပုဂ္ဂိုလ် သည် ကော်မတီရှေ့သို့ ရောက်ရှိလာခြင်းအတွက် ပျက်ကွက်ခြင်းသည် ကြီးမားသည့်ကိစ္စ ရပ်တစ်ခုဖြစ်သည်။

          တင်ပြလာသည့်ကန့်ကွက်ခြင်းကို ကော်မတီမှအရေးယူစဉ်းစားရပါမည်။ တင်ပြလာ သောကန့်ကွက်ခြင်းသည် မှန်ကန်ပါက ကော်မတီမှနေ၍ ကန့်ကွက်ခြင်းခံရသည့် ပုဂ္ဂိုလ် ကို ပြန်လည်အစားထိုးရွေးချယ်ရပါမည်။ အစီရင်ခံစာကို တစ်ဖန်ပြန်လည်၍ တင်ပြလာ သည့်အခါ ၎င်းပြန်လည်၍ကော်မတီမှတင်ပြသည့် အစီရင်ခံစာကို အသင်းတော်မှအများ သဘောတူဆုံး ဖြတ်ချက်ပြုရပါမည်။

အသေးအမွှား (သို့မဟုတ်) အခြေအမြစ်မခိုင်လုံသော ကန့်ကွက်မှုများကို မည် သည့်အခါမျှ မပြုလုပ်သင့်ပါ။ သို့သော် ကြီးမားသောအကြောင်းအရင်းရှိပါက နာမည်တင် သွင်းခြင်းကို ပြောင်းလဲသင့်ပါသည်။ ထိုအကြောင်းရင်းကိုလည်း ရာထူးတင်မြှောက်ခြင်း ကော်မတီသို့ အသိပေးတင်ပြသင့်ပါသည်။

 

ရွေးချယ်ခြင်းစပ်ကြားလစ်လပ်သည့်ရာထူးအတွက်အစားထိုးခြင်း - ကွယ်လွန် ခြင်း၊ နုတ်ပယ်ခြင်း၊ နုတ်ထွက်ခြင်း (သို့မဟုတ်) အခြားသောအကြောင်းအမျိုးမျိုးကြောင့် အသင်းတော်၏လုပ်ငန်းတာဝန် တစ်နေရာရာအတွက် လစ် လပ်မှုဖြစ်ပေါ်လာပါက အသင်းတော်ဘုတ်အဖွဲ့သည် ကျန်ရှိသည့်သက်တမ်းကာလအ တွက် ဆက်ခံမည့်သူ၏အမည်စာရင်းကိုပြုစုပြီး၊ ရွေးချယ်၍တာဝန်ပေးရန် အသင်းတော် သို့တင်ပြရပါမည်။

 

 

                       ဒေသခံနယ်စည်းဝေးပွဲသို့ကိုယ်စားလှယ်စေလွှတ်ခြင်း

 

နယ်ဌာနချုပ်၏အုပ်ချုပ်ရေးတန်ခိုးအာဏာသည် ၎င်း၏မဲဆန္ဒပေးခြင်း စည်းဝေးပွဲ၌ အစပြုသည်။ နယ်အတွင်းရှိ အသင်းတော်များသည် နယ်စည်းဝေးပွဲသို့ မိမိတို့အသင်း တော်အတွက် ကိုယ်စားပြုအနေဖြင့် ရွေးချယ်စေလွှတ်ကြရသည်။ နယ်စည်းဝေးပွဲအတွက် နယ်ကိုယ်စားများကိုရွေးချယ်ခြင်း၊ လက်မှတ်များနှင့် လိုင်စင်များတို့ကိုပေးအပ်ခြင်း၊ ( ကယ်၍ နယ်အုပ်ချုပ်ရေးမှ အလုပ်အမှုဆောင်ကော်မတီအား ဤတာဝန်ကိုမပေးခဲ့သော်) ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေများတို့ကို ပြင်ဆင်ရန်လိုအပ်ပါက ပြင်ဆင်ခြင်းနှင့် အခြားအသင်း တော် လုပ်ငန်းများတို့ကိုဆောင်ရွက်ခြင်း အစရှိသည်တို့ကို ထိုစည်းဝေးပွဲကာလတွင် လုပ် ဆောင်သွားရပြီး ရွေးကောက်တင်မြှောက်မဲဆန္ဒပေးခြင်းကိုလည်း ၎င်းစည်းဝေးပွဲ၌ပြုလုပ် သည်။ ဤကော်မတီ၌ နယ်အတွင်းရှိ အသင်းတော်အားလုံးတို့အား လုပ်ဆောင်နိုင်သည့် တန်ခိုးအာဏာကိုပေးထားသည်။

 

          ကိုယ်စားလှယ်များရွေးချယ်ခြင်း - ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခြင်းခံရ မည့်အသင်းဝင်များတို့သည် ယုံကြည်စိတ်ချရသူများ၊ ခံနိုင်ရည်ရှိသူများနှင့် အများ ထောက်ခံချက်ရရှိသူများ အကျိုးအကြောင်းဆင်ခြင် သုံးသပ်တတ်သူများဖြစ်ရမည်မှာ ဘုရားသခင်၏အစီအစဉ်ဖြစ်ပါသည်။ အကြောင်းမှာ သူတို့သည် အမှုတော်တိုးတက်ရေး အတွက် စီမံကိန်းများတို့ကိုချမှတ်ပြီး ထိုစီမံကိန်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်သော ကြောင့်ဖြစ်သည်။” (9T  ၂၆၂).

 

          နယ်အစည်းအဝေးသို့စေလွှတ်ရမည့်အသင်းတော်တစ်ခုစီ၏ ကိုယ်စားလှယ်အရေအ တွက် နယ်အုပ်ချုပ်ရေးစည်းကမ်းချက်၏ ဆုံးဖြတ်ချက်အပေါ်မူတည်သည်။ ကိုယ်စား လှယ်ရွေးချယ်ရန် အချိန်ကျရောက်သောအခါ သင်းအုပ်ဆရာ (သို့မဟုတ်) ခေါင်းဆောင် အသင်းလူကြီးသည် သင်းအုပ်ဆရာနှင့်တိုင်ပင်ကာ အသင်းတော်သို့ ဤကိစ္စကိုတင်ပြရပါ မည်။ ကော်မတီတစ်ခုကိုဖွဲ့စည်း၍ ကိုယ်စားလှယ်ရွေးချယ်ခြင်း (သို့မဟုတ်) ဘုတ်အဖွဲ့မှ ရွေးချယ်ခြင်းပြုလုပ်နိုင်ပါသည်။ ဘက်လိုက်သည့်နိုင်ငံရေးအတွေးအခေါ် ဤကိစ္စတွင်မပါ ဝင်သင့်ပါ။ ဘာသာတရားကိုင်းရှိုင်း၍ အသင်းတော်၌သစ္စာရှိသူများကိုသာ ဤအစည်းအ ဝေးကြီးသို့တက်ရောက်ရန် ရွေးချယ်သွားရလိမ့်မည်။

          ကော်မတီ (သို့မဟုတ်) ဘုတ်အဖွဲ့မှ ဤရွေးချယ်မှုကိုဆောင်ရွက်၍ ပြီးစီးသောအခါ အသင်းတော်သို့ အမည်စာရင်းတင်ပြရပါမည်။ အသင်းတော်မှဆုံးဖြတ်သွားရပါမည်။ မည်သည့်အသင်းတော်ခေါင်းဆောင်တစ်ဦးတစ်ယောက်မျှ ကိုယ်စားလှယ်အဖြစ်မပါဝင် ရပါ။ ရွေးချယ်မှုပြီးသည့်နောက် အသင်းတော်စာရေးသည် ကိုယ်စားလှယ်၏ အမည်စာ ရင်းကို တောင်းဆိုမှုနှင့်အညီ နယ်အတွင်းရေးမှူးထံသို့ ပို့ပေးရပါမည်။ ထိုအခါ အသင်း တော်မှစေလွှတ်သော ကိုယ်စားလှယ်သည် အခြားအသင်းတော်များမှစေလွှတ်သော ကိုယ် စားလှယ်များနှင့်အတူ စုပေါင်းလျက် နယ်တစ်ခုလုံး၏ အသင်းတော်လုပ်ငန်းကို ၎င်းအ စည်းအဝေးအချိန်ကာလတွင် လုပ်ဆောင်သွားကြရပါသည်။

          ယူနီယံအစည်းအဝေးအတွက် ကိုယ်စားလှယ်များကို အသင်းတော်များမှ ရွေးချယ် ခြင်းမပြုရဘဲ နယ်ဌာနချုပ်မှရွေးချယ်သွားရပါမည်။ ကမ္ဘာ့ဌာနချုပ်အစည်းအဝေးကြီးသို့ တက်ရောက်ရမည့် ကိုယ်စားလှယ်များကို ဒီဝီဇံနှင့် ယူနီယံများမှ ရွေးချယ်သွားရပါမည်။

 

          ကိုယ်စားလှယ်များတို့၏တာဝန် - နယ်စည်းဝေးကြီးသို့တက်ရောက်ရန် ရွေးချယ် ထားသော ကိုယ်စားလှယ်များမှ အသင်းတော် (သို့မဟုတ်) နယ် အတွက် ကိုယ်စားပြုရန်သာမဟုတ်ပါ။ အမှုတော်လုပ်ငန်းအတွက် အမြင်ကျယ်ပြီး ကမ္ဘာ့သာသနာ တစ်ခုလုံးအတွက် မိမိတို့၌ တာဝန်ရှိကြောင်း သတိရရမည်။ မိမိတို့၏ မဲဆန္ဒပေးခြင်းသည် အဖွဲ့ တစ်ဖွဲ့ကဲ့သို့ စည်းရုံးလုပ်ဆောင်ခြင်း (သို့မဟုတ်) ကြိုးစားအားထုတ်ခြင်းများ ပြုလုပ်ရန် ကိုယ်စား လှယ်များကို ခွင့်မပြုပါ။ စည်းဝေးကာလတွင် ကိစ္စရပ်များတို့ကို လုပ်ဆောင်ရာ၌ အားအင်တောင့် တင်းသည့် အသင်းတော်အနေဖြင့် မိမိတို့ပို၍ နားလည်သောကြောင့် သူတို့အား ချုပ်ကိုင်ဦးဆောင် သွားခြင်းကိုလည်း ခွင့်မပြုရပါ။ ကိုယ်စားလှယ်တစ်ဦးစီတို့သည် ဝိညာဉ်တော်၏ လမ်းပြမှုကို လက်ခံပြီး ကိုယ်ပိုင်ယုံကြည့်ခံယူချက်ဖြင့် မဲပေးရပါမည်။ အသင်းတော်ခေါင်းဆောင်၊ နယ်လူကြီး (သို့မဟုတ်) မည်သည့်ခေါင်းဆောင်မဆို ကိုယ်စားလှယ်အဖွဲ့အစည်းတို့၏ မဲပေးခြင်းကို ကြိုးစား ချုပ်ကိုင်ထားပါက ထိုသူသည် မိမိ၏လုပ်ဆောင် နေသောတာဝန်နှင့် ထိုက်တန်သူမဟုတ် ကြောင်း သတ်မှတ်ရမည်။

 

နယ်ခေါင်းဆောင်များတို့၏တာဝန် - ဒေသခံအသင်းတော်သည် မိမိ၏ကိုယ်တိုင်ကိစ္စ အပြင် လုပ်ဆောင်ရန် ဩဇာအာဏာမရှိပါ။ စည်းဝေးကြီးကာလ၌ အမှုဆော်လုပ်ငန်းလုပ် ဆောင် ရန် နယ်ခေါင်းဆောင်များနှင့် အလုပ်အမှုဆောင် ကော်မတီတို့အား ဖြင့် နယ်အတွင်းရှိ အခြား အသင်းတော်များ တို့နှင့်အတူ စုပေါင်းကာ လုပ်ငန်းကိုစီစဉ်ဆောင်ရွက်ရန် ဩဇာအာဏာနှင့် တာဝန်ရှိပါသည်။ နယ်ခေါင်းဆောင်များတို့သည် နယ်တစ်ခုလုံးအတွက် တာဝန်ယူရမည်ဖြစ်ပြီး အသင်းတော်တစ်ခုတည်းအတွက်မဟုတ်ပါ။

 

နယ်အလုပ်အမှုဆောင်ကော်မတီ - နယ်အလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်တို့ကို နယ် တစ်ခုလုံး၏ လုပ်ငန်းကိုလုပ်ဆောင်ရန် ကိုယ်စားအဖြစ်ရွေးချယ်ခြင်းဖြစ်ပြီး အသင်းတော် တစ်ခု၊ ခရိုင်တစ်ခု၊ သင်တန်းကျောင်းတစ်ခု အတွက်သာမဟုတ်ပါ။ အဖွဲ့ဝင်တိုင်းတို့သည် နယ်အတွင်းရှိ လုပ်ငန်းဆောင်တာ အားလုံးတိုးတက်အောင်မြင်ရေးကို အားပေးပြီး ဆုံးဖြတ်ချက်များတို့ကို မချမီလုပ်ငန်းများတို့ကို သေချာစွာလေ့လာကာ ဆုတောင်းပြီးမှသာ ဆုံးဖြတ်ခြင်း၊ လုပ်ဆောင်ခြင်း ပြုရ ပါမည်။ ကော်မတီ၏ ဆုံးဖြတ်ချက်များကို အသင်းတော်တစ်ခု၊ အဖွဲ့တစ်ဖွဲ့ (သို့မဟုတ်) ပုဂ္ဂိုလ် တစ်ဦး၏ဩဇာအားဖြင့် သော်လည်းကောင်း၊ ထိန်းချုပ်ခြင်းအားဖြင့်သော်လည်းကောင်း မဖြစ်စေရပါ။

                                                                --

 



No comments:

Post a Comment