အခန်း (၁၃)
ထိမ်းမြားခြင်း၊ ကွာရှင်းခြင်း၊ ပြန်လည်ထိမ်းမြားခြင်း
လူမှုပေါင်းသင်းဆက်ဆံခြင်း
ဘုရားသခင်သည် ကျွန်ုပ်တို့အား လူသားချင်းပေါင်းသင်းဆက်ဆံတတ်သည့် ပင်ကိုယ်ဥာဏ်ကို ကျွန်ုပ်တို့၏ပျော်ရွှင်မှုနှင့် အကျိုးအတွက်ပေးထားသည်။ “အပြန်အလှန် ပေါင်းသင်းဆက်ဆံခြင်းအားဖြင့် ကောင်းမွန်သော အသက်တာဘ၀ကို ရရှိစေသည်။ လူ သားချင်းပေါင်းသင်းဆက်ဆံခြင်း၊ ရင်းနှိးမှုရရှိခြင်းအားဖြင့် မိတ်သဟာယဆောက်တည်မှု ကိုဖြစ်စေပြီး ဤနီးကပ်မှုသည် စိတ်နှလုံးကိုစုစည်းမှုပြုကာ ချစ်ခြင်းမေတ္တာ၏အသိုက် အဝန်းကို ဖြစ်စေသောကြောင့် ကောင်းကင်သားများတို့အတွက် ပျော်ရွင်အားရခြင်းဖြစ်စေ သည်။” (၆ွှ
၁၇၂).
မှန်ကန်သောဖိုမဆက်ဆံခြင်းသည် နှစ်ဦးနှစ်ဘက်အတွက် အကျိုးကိုဖြစ်စေသည်။ ထိုပေါင်းသင်းဆက်ဆံခြင်းမျိုးသည် မြင့်မြတ်၍ ကျွန်ုပ်တို့အတွက် အကာအကွယ်ဖြစ် သည်။ သို့သော် မာရ်နတ်၏ရည်ရွယ်ချက်သည် ဤကောင်းမြတ်သောအရာကို ညစ်ညမ်း စေရန်ဖြစ်ပြီး ဤအကောင်းဆုံးသော အရာ၏ညစ်ညမ်းခြင်းကို အဆိုးဆုံးအခြေအနေသို့ မကြာခဏရောက်ရှိစေပါသည်။
ယနေ့လုံခြုံ၍ပျော်ရွှင်ဖွယ်ကောင်းသော စုံလင်သည့်လူမှုပေါင်းသင်းဆက်ဆံခြင်းစံ ချိန်ကို သတိပေးရန်လိုအပ်နေသည့်အခြေအနေသို့ ယိုယွင်းပျက်စီးလျက်နေလေပြီ။ လူ့ ကျင့်ဝတ်နှင့်ဘာသာရေးစည်းမျဉ်းဥပဒေတို့မှ ဤမှားယွင်းသောမေတ္တာအလိုရမ္မက်ဩဇာကို မည်သည့်တားဆီးမှုကိုမျှမပြုဘဲ ခွင့်ပြုထားသည့်အတွက် လွတ်လပ်စွာဖြင့်ဤလူမှုဆက်ဆံ ခြင်းသည် ဆုတ်ယုတ်ခြင်း၊ ညစ်ညမ်းသည့်ဖိုမဆက်ဆံခြင်း၊ မျိုးရိုးတော်စပ်ကာသွေးနီးသူ အချင်းချင်း
ဖိုမဆက်ဆံခြင်းနှင့် ကလေးငယ်များကို မတရားလိင်ဆက်ဆံခြင်းများဖြစ်ပေါ်ကာများပြား လာခဲ့ရခြင်းဖြစ်သည်။
သန်းပေါင်းများစွာသောလူတို့သည် သမ္မာကျမ်းစာ၏သွန်သင်ချက်ကိုဘေးဖယ်ထား ကာ သန့်ရှင်းသော ထိမ်းမြား လက်ထပ်ခြင်းနှင့် မိဘအရာကို ခါးသီးမှုအဖြစ်နှင့် သံဝေဂ တရား ရာစရာ အပြစ်၏အသီးအပွင့်သို့ လဲလှယ်ပေးလိုက်ပါသည်။ ဤဆိုးသွမ်းမှုသည် အဖွဲ့အစည်း၏အခြေခံအုတ်မြစ်ဖြစ်သည့်အိမ်ထောင်ကို ဖျက်ဆီးရုံမျှမ က မိသားစုပြိုကွဲမှု သည် အခြားဆိုးသွမ်းမှုများစွာတို့ကိုပေါက်ပွားစေပါသည်။ ကလေးနှင့် လူငယ်များတို့၏ အသက်တာဘ၀ကို ပျက်စီးယိုယွင်းစေပြီး ဝမ်းနည်းကြေကွဲမှုနှင့်ကြုံတွေ့ရ သည့်အရာမှာ ကြီးမားသောဒုက္ခများသာမက၊ ထိုဒုက္ခများမှာ တစ်ခုပြီးတစ်ခု ထပ်ဆင့် တိုးပွားလာခြင်း ဖြစ်သည်။
ဤဆိုးသွမ်းမှုများတို့သည် ပို၍အတင့်ရဲလာပြီး ခရစ်ယာန်အိမ်ထောင်၏စံချိန်နှင့် ရည်ရွယ်ချက်များတို့အတွက် စိုးရိမ်ထိတ်လန့်ဖွယ်ရာဖြစ်လာပါသည်။ သူတစ်ပါး၏သား မယားကိုပြစ်မှားခြင်း၊ ညစ်ညမ်းသောစာပေနှင့်ရုပ်ပုံများ၊ ဆိုးရွားစွာပြုမူဆက်ဆံခြင်းများ (ဖိုမမတရားဆက်ဆံခြင်း၊ ကလေးငယ်၊ သက်ကြီးရွယ်အိုနှင့် မတရားဆက်ဆံခြင်းများပါ ဝင်သည်)၊ သွေးသားတော်စပ်သူနှင့် ဖိုမဆက်ဆံခြင်း၊ အမျိုးသားအချင်းချင်းကာမဆက် ဆံခြင်း၊ အမျိုးသမီးအချင်းချင်းကာမဆက်ဆံခြင်း အစရှိသည်တို့သည် ဘုရားသခင်၏ မူလစီမံကိန်းကို ပျက်စီးယိုယွင်းစေပြီး လူသားများတို့၏အသက်တာဘ၀ကို ပျက်စီးစေ ပါသည်။ (ထွက်မြောက်ရာကျမ်း ၂ဝး၁၄။ ဝတ်ပြုရာကျမ်း ၁၈း၂၂၊၂၉။ ၂ဝး၁၃။ ၁ကော ၆း၉။ ၁တိ ၁း၁၀။ ရောမ ၁း၂၀-၃၂) ဖော်ပြပါကျမ်းချက်များတို့၏ သွန်သင်ချက်များ တို့ကို ဂရုမပြု၊ သတိပေးချက်များတို့ကို ငြင်းပယ်ကာ လူ့အတွေးအခေါ်ကို အစားထိုးပြီး မရေမရာရှုပ်ထွေးမှုများစွာတို့သည် ကြီးစိုးလျက်ရှိပါသည်။ ရှေးမဆွအချိန်၊ လူသားများ ယဉ်ကျေးမှုအစပြုချိန်မှစ၍ စာတန်မာရ်နတ်သည် လူသားများတို့အား ဘုရားရှင်ကို ဖန်ဆင်းရှင်အဖြစ်မေ့ပျောက်ရန်နှင့် လူယောက်ျားနှင့် လူမိန်းမတို့အား ဘုရားရှင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခဲ့ခြင်းကို မေ့ပျောက်ရန် အမြဲကြံစည်လျက်ရှိပါသည်။
ကမ္ဘာကြီးသည် မတရားဖိုမဆက်ဆံခြင်းနှင့် ကာမအလိုရမ္မက်၏ ပျော်ပါးမှုအထဲသို့ ရောက်ရှိမည့်အကြောင်း ဘုရားရှင်၏နှုတ်ကပတ်တော်မှသတိပေးထားခဲ့ပါသည်။ သို့သော် လူသားများတို့၏အကျင့်စရိုက်သည် ပို၍ကျဆင်းဆုတ်ယုတ်ခဲ့ရာ မာရ်နတ်၏လုပ်ဆောင် ချက်ကိုဖျက်ဆီးရန် ခရစ်တော်သည်ကြွဆင်းလာခဲ့ပြီး ဖန်ဆင်းရှင်နှင့် လူသားများတို့၏ ဆက်ဆံမှု ကို မှန်ကန်စွာရှိစေရန် ဆောက်တည်ခဲ့ပါသည်။ အာဒံကျဆုံးခြင်းကြောင့် ကျွန်ုပ်တို့ အားလုံး အပြစ်ကျွန်ဖြစ်ခဲ့ရသော်လည်း ခရစ်တော်အားဖြင့် အပြစ်လွှတ်ခြင်း အခွင့်ကို ရရှိကာ ကောင်းသောလမ်းဖြစ်သည့် အသစ်သောအသက်တာဘ၀ကို ရွေးချယ် ပိုင်ခွင့်ရရှိခဲ့ပါသည်။ ကပ်တိုင်လမ်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုးကြောင့် ကျွန်ုပ် တို့သည် မကောင်းသော ဆိုးသွမ်းသည့် စရိုက်များမှ ကင်းလွတ်ကာ ဖန်ဆင်းရှင်၏ ရုပ်လုံးကို ပြန်လည်၍ရရှိနိုင်ကြပါသည်။
မိဘများနှင့် လူငယ်များတို့၏ဝိညာဉ်ရေးလမ်းပြများကဲ့သို့ ကျွန်ုပ်တို့သည် ဤပြဿနာနှင့် ရင်ဆိုင်နေရသူများကို သနားညှာတာကာ ခရစ်ယာန်၏ပေါင်းသင်း ဆက်ဆံခြင်း၊ အသိုက်အဝန်းဖန်တီးပေးရန်နှင့် သူတို့အတွက်မှန်ကန်သော ဆက်ဆံခြင်း၊ ကောင်းသောစိတ်ဓာတ်၊ ခရစ်ယာန်၏တန်ခိုးများတို့ကို ဝိညာဉ်ရေးဘက်၌ ဆွဲယူပြောင်း လဲပေးရပါမည်။
မိဘများ (သို့မဟုတ်) အပေါင်းအသင်းများတို့၏မှားယွင်းမှုသည်မည်ကဲ့သို့ရှိစေကာ မူ ကျွန်ုပ်တို့၏တာဝန်နှင့်အခွင့်အရေးသည် အမြင့်မားဆုံးသောစံချိန်ကို ခရစ်ယာန်သား သမီးများကဲ့သို့ သိရှိရန်နှင့် စွဲကိုင်ထားရန်သာဖြစ်ပါသည်။ နှုတ်ကပတ်တော်ကို လေ့လာ ခြင်း၊ သဘာ၀တရားနှင့် ရင်းနှီးခြင်း၊ မိမိခန္ဓာကိုယ်ကို တင်းကျပ်စွာစောင့်ကြပ်ထိန်းသိမ်း ခြင်း၊ ထက်သန်သော ရည်ရွယ်ချက်ထားရှိခြင်း၊ အမြဲတစေဆုတောင်းခြင်း၊ ရိုးစင်းသော သဘောထားရှိခြင်းနှင့် သူတစ်ပါးတို့အတွက် ကိုယ်ကျိုးစွန့်အသက်ရှင်ခြင်းများတို့အား ဖြင့် မိမိတို့၏ပတ်ဝန်းကျင်အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်နှင့် ဆိုးသွမ်းမှု
များတို့ကို တိုက်လှန်နိုင်ရန် ခရစ်ယာန်၏အကျင့်စာရိတ္တကို ဆောင်တည်နိုင်ပါသည်။
လူကြီးများ၊ လူငယ်များတို့အတွက် ပေါင်းသင်းဆက်ဆံခြင်းအစီအစဉ်ကို ပေါ့ပေါ့ ဆဆပျော်ပွဲရွှင်ပွဲအတွက်သာလျှင်မဟုတ်ဘဲ ဝမ်းမြောက်ဝမ်းသာစွာ ပေါင်းသင်းဆက်ဆံ ခြင်းနှင့် စိတ်ဓာတ်ရေးရာတိုးမြှင့်ရေး၊ ဝိညာဉ်ရေးရာတိုးမြှင့်ကာ ခွန်အားတန်ခိုးရရှိရန် မကြာခဏပြုလုပ်ပေးသင့်ပေသည်။ ကောင်းသောတေးသီချင်း၊ မြင့်မြတ်သောအပြောအဆို၊ ကောင်းသောကဗျာရွတ်ဆိုခြင်း၊ သင့်လျော်၍စိတ်ဓာတ်ကို မြှင့်တင်ပေးသည့်ရုပ်ပုံများ၊ ပညာရေးအတွက် တန်ဖိုးရရှိစေသည့် ကောင်းမွန်စွာရွေးချယ်ထားသော ကစားနည်းများ နှင့် သာသနာဖြန့်ချိခြင်းအတွက် အသုံးပြုရန် စီမံကိန်းများတို့သည် ဤပေါင်းသင်း ဆက်ဆံခြင်းအစီအစဉ်၌ တက်ရောက်သူအားလုံးတို့အတွက် ခွန်အားနှင့်ကောင်းချီးမင်္ဂလာ များကို ဖြစ်စေပါလိမ့်မည်။ ကမ္ဘာ့ဌာနချုပ်ရှိ လူငယ်သာသနာပြုဌာနမှနေပြီး ပေါင်းသင်း ဆက်ဆံ ခြင်းအစီအစဉ်အတွက်နှင့် အခြားမိတ်သဟာယအစီအစဉ်များတွင် ထိရောက်စွာ အကျိုးရှိရှိ အသုံးပြုနိုင်ရန် အကြံပေးချက်များ၊ သတင်းများတို့ကို ပြုစုပုံနှိပ်ထုတ်ဝေလျက် ရှိပါသည်။
ကျွန်ုပ်တို့၏အိမ်များသည် မိသားစုပေါင်းသင်းဆက်ဆံရန် အကောင်းဆုံးနေရာများ ဖြစ်သည်။ ပေါင်းသင်းဆက်ဆံရန်အတွက် ကျယ်ဝန်းသောနေရာကို အိမ်ထဲ၌သော်လည်း ကောင်း၊ အခြားနေရာ၌သော်လည်းကောင်း မရရှိနိုင်ပါက၊ ကောင်းသောပေါင်းသင်းဆက် ဆံခြင်း၊ မိတ်သဟာယဖွဲ့ခြင်းပြုလုပ်နိုင်ရန် အဟန့်အတားဖြစ်စေမည့် နေရာများကိုရှောင် ရှားနိုင်ရန် ခရစ်ယာန်များအတွက် ကောင်း သောရိုးစင်းသည့်နေရာထိုင်ခင်းများကို ရှာဖွေ ရယူနိုင်ပါသည်။
အပျိုတော်ထိန်း
အပျိုတော်ထိန်းသည် အသက်အရွယ်ပို၍ကြီးရင့်ပြီး ပျိုရွယ်သူများတို့နှင့် ပျော်ရွှင်ရင် နှီးစွာ ပေါင်းသင်းဆက်ဆံရာတွင် ဩဇာရှိသူများဖြစ်သည်။ “မိဘ
များနှင့်ဆရာသမားများတို့ကို အားကိုးရာ၌ သားသမီးများနှင့်ကျောင်းသူကျောင်းသားများ အတွက် လူမှုဆက်ဆံရေးတွင် အန္တရာယ်ရှိခြင်း၊ လူမှုဆက်ဆံရေးတွင် ထိရောက်မှုမရှိခြင်း များဖြစ်စေနိုင်သည်။” (ဃွှ
၇၆). မိမိတို့၏လက်တွင်း၌ရှိနေသည့် လူငယ်လူရွယ်များတို့၏ အကျင့်စာရိတ္တများတို့ကို ဂရုစိုက်ပြုစုပျိုးထောင်ရန် ကျွန်ုပ်တို့၏အိမ်ထောင်၊ ကျောင်းနှင့် အခြားသင်တန်းကျောင်းများတို့၏ တာဝန်ဖြစ်ပါသည်။ မိဘများအနေဖြင့် ကျွန်ုပ်တို့၏ သားသမီးလူငယ်လူရွယ်များတို့ကို ပညာပေးသည့် ကျောင်းများ၏စည်းမျဉ်းဥပဒေများကို အပြည့်အဝကူညီပံ့ပိုးရန်နှင့် အိမ်၌လည်းစည်းမျဉ်းစည်းကမ်းများတို့ကို ကောင်းမွန်စွာထား ရှိရမည်။ ထိရောက်အောင်မြင်စေလိုပါက မည်သည့်သားသမီးများတို့၏ မိတ်ဆွေလူငယ် ချင်းမျိုးကို လက်ခံရမည်ကိုလည်း သိရှိနားလည်ရန် လိုအပ်သည်။ သို့သော် ကျွန်ုပ်တို့၏ သားသမီးများတို့၏ကိုယ်တိုင် မည်သည့်လူပျို၊ အပျိုတော်ထိန်းများတို့ကို ရွေးချယ်ပေါင်း သင်းဆက်ဆံနေသည့်အပေါ်တွင် အဓိကမူတည်လျက်ရှိပါသည်။
သမီးရည်းစားထားခြင်း
သမီးရည်းစားထားခြင်းသည် လူပျိုနှင့် အပျိုနှစ်ဦး ချစ်ကျွမ်းဝင်ကြကာ တစ်ဦးနှင့် တစ်ဦးပို၍ရင်းနှီးမှုရှိကြပြီး သဘောထားခြင်းနားလည်ကြလျက်အဆုံး၌ထိမ်းမြားလက်ထပ် ၍ အိမ်ထောင်ပြုကြရန်ရည်ရွယ်ခြင်းနှင့် ပြင်ဆင်မှုပြုခြင်းဖြစ်ပါသည်။
“ထိမ်းမြားခြင်းကို လေးနက်စွာစဉ်းစား ဆင်ခြင်ပြီး အသက်တာလမ်းခရီးကို အတူ တကွလျှောက်လှမ်းမည့် ဘ၀ကြင်ဖော်၏စာရိတ္တ မည်ကဲ့သို့ရှိသည်ကို သေချာစွာလေ့လာ သုံးသပ်ရန် အရေးကြီးပါသည်။ လက်ထပ်ထိမ်းမြား၍ပေါင်းဖက်မည့် ဘ၀ကြင်ဖော်၏ အသက်တာသည် အိန္ဒြေသိက္ခာရှိခြင်း၊ ရိုးသားခြင်း၊ ယဉ်ကျေးခြင်းနှင့် ဘုရားရှင်နှစ်သက် ဖွယ်သောအသက်တာအားဖြင့် အသက်ရှင်သောပုဂ္ဂိုလ်ဖြစ်မဖြစ်ခြင်းအပေါ်တွင် တိုင်းတာ ရွေးချယ်သင့်ကြပါသည်။ ထိမ်းမြားခြင်းသည် ယခုဘ၀ပါမက နောင်ဘ၀အကျိုးနှစ်ဖြာကို ထိပါး စေပါသည်။ ရိုးသား၍သစ္စာရှိသော ခရစ်ယာန်တစ်ဦးအနေဖြင့် ဘုရားရှင်မနှစ်သက်သည့် စီမံကိန်းကို မည်သည့်အခါမျှမပြုပါ။” (MH ၃၅၉).
ခရစ်ယာန်၏သမီးရည်းစားထားခြင်းစည်းမျဉ်းဥပဒေကို လိုက်လျှောက်ရန်ပျက်ကွက် ပါက ဝမ်းနည်းကြေကွဲခြင်းသို့ ပို့ဆောင်မည်ဖြစ်သည်။ ဇနီး မောင်နှံနှစ်ဦးတို့၏သဘော ထားနှင့် ရည်ရွယ်ချက်ညီညွတ်ခြင်းသည် ပျော်ရွှင်၍ အောင်မြင်သော အိမ်ထောင်ကို ထူ ထောင်ရန် လိုအပ်သည့်အရာဖြစ်သည်။ ဘာသာအယူဝါဒ မတူညီသည့်အိမ်ထောင်ဘက် သည် အိမ်ထောင်၏ ပျော်ရွှင်မှုကိုလျော့နည်းစေပြီး၊ ရှုပ်ထွေးခြင်း၊ စိတ်ဓာတ်ရေးရာမညီ ညွတ်ခြင်းကြောင့် သားသမီးများပြုစုပျိုးထောင်ရာ၌ ကျဆုံးမှုကို ရင်ဆိုင်ကြရပေမည်။ ထို ကြောင့် သမ္မာကျမ်းစာ အကြံပေးသည်မှာ၊ “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင် ဘက်ဖြစ်သော ထမ်းပိုးကို မထမ်းကြနှင့်” (၂ကော ၆း၁၄) ဟု ဖြစ်ပါသည်။
“ အိမ်ထောင်မိသားစု၏ချည်နှောင်မှုသည် ဤလောကရှိ အခြားအရာများထက် ပို၍ အနီးကပ်ဆု့း၊ နူးညံ့သိမ်မွေ့၍ အသန့်ရှင်းဆုံးအရာဖြစ်သည်။ လူသားများတို့အတွက် ကောင်းချီးမင်္ဂလာဖြစ်စေရန် စီမံထားသည့်အရာလည်းဖြစ်သည်။ ဘုရားရှင်ကိုကြောက်ရွံ့ ခြင်းဖြင့် သတိပညာရှိစွာ ဆောင်ရွက်ခြင်းနှင့် ၎င်း၏တာဝန်သတ္တရားများကိုသိရှိနားလည် လျက် လက်ထမ်ထိမ်းမြားခြင်း၏ ပဋိညာဉ်သစ္စာကိုခံယူပါက ကောင်းချီးမင်္ဂလာဖြစ်စေပါ သည်။” (ဗံ
၁၈).
ဘုရားဝတ်ပြုခြင်း၊ ဥပုသ်စောင့်ထိန်းခြင်း၊ အပန်းဖြေခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ ငွေ ကြေးသုံးစွဲခြင်းနှင့် သားသမီးများကိုပြုစုပျိုးထောင်ခြင်းများတို့သည် ပျော်ရွှင်သာယာသော အိမ်ထောင် မိသားစု၏ ပေါင်းသင်း ဆက်ဆံခြင်းအတွက် အရေးကြီးသည့် အရာများဖြစ် သည်။ အကြောင်းမှာ ဤအရာများအပေါ် စိတ်သဘောထားကွဲပြားမှုရှိပါက ဆက်ဆံရေး ယိုယွင်းပျက်ပြားစေလျက် စိတ်ပျက်ခြင်းနှင့် ခရစ်ယာန်ဗဟုသုတလုံး၀ပျောက်ဆုံးနိုင်သည့် တိုင်အောင် ပို့ဆောင်စေသောကြောင့် ထိမ်းမြားခြင်းမပြုမီ လုံလောက်သည့်ပြင်ဆင်မှုနှင့် နားလည်တတ်ကျွမ်းသူများတို့ထံ အကြံဥာဏ်ရယူရန်လိုအပ်ပါသည်။
ဃM – ၁၈
“လူနှစ်ဦးသည် သဘောမတူလျှင်၊ ပေါင်းဖော်၍ ခရီးသွားနိုင်သလော” (အာမုတ် ၃း၃)။ ပျော်ရွှင်၍တိုးတက်အောင်မြင်သည့် အိမ်ထောင်ဘက်ပြုခြင်းသည် ကြင်ဖော်နှစ်ဦး ၏စည်းလုံးခြင်းအပေါ်မူတည်သည်။ သို့သော် ယုံကြည်သူတစ်ဦးနှင့် မယုံကြည်သူတစ်ဦး ဖြစ်နေပါက အကြံအစည်၊ အတွေးအခေါ်၊ ရည်ရွယ်ချက်များအားလုံး ခြားနားကြမည်ဖြစ် သည်။ သူတို့အနေဖြင့် သခင်နှစ်ဦး၏အစေကို အတူတကွခံယူနိုင်ကြမည်မဟုတ်ပါ။ ဖြူ စင်၍မှန်ကန်သည့် စည်းမျဉ်းဥပဒေကို ရရှိကိုင်စွဲထားသည့်တိုင် မယုံကြည်သူကြင်ဖော် တစ်ဦး၏ ဆွဲဆောင်ရာသို့လိုက်ပါကာ ဘုရားရှင်နှင့်ဝေးကွာမည်သာဖြစ်သည်။” (ဏဏ ၁၇၄).
ဝိညာဉ်တော်ရေးသားချက်မှာ “ယုံကြည်သူနှင့်မယုံကြည်သူ” ထမ်းမြားခြင်းကို မပြု ရန် ထမ်ခါတလဲအကြေံပေးထားပြီး ခရစ်ယာန်ဖြစ်ကြသည့်တိုင် ယုံကြည်ခြင်းမတူညီ သည့်ခရစ်ယာန်ကိုပင် လက်ထပ်ထိမ်းမြားခြင်းမပြုမိရန် သတိပေးထားပါသည်။ (၅ွှ ၃၆၄). အိမ်ထောင်ပြုပြီးသည်နောက် သည်းခံစရာများစွာရှိသည်။ ၎င်းပြင် အိမ်ထောင်ရေးအသက် တာ၌ ဘုရားရှင်၏စီမံကိန်းကိုပြည့်စုံစေရန် လိုအပ်သည့်အတွက် အကယ်၍ခင်ပွန်းသည် နှင့်ဇနီးသည်နှစ်ဦး စည်းလုံးခြင်းမရှိပါက တူညီသည့်ဝိညာဉ်ရေးတန်ဖိုးနှင့် အသက်တာ ကို မည်ကဲ့သို့ဖော်ပြနိုင်ကြမည်နည်း။ ဤအကြောင်းရင်းများကြောင့် အသင်းတော်အနေ ဖြင့် ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့ အသင်းသူအသင်းသားတစ်ဦးသည် အခြား ဘာသာဝင်တစ်ဦးနှင့် ထိမ်းမြားလက်ထပ်ခြင်းကို အားပေးခြင်းမပြုရုံမျှမက ထိုထိမ်းမြား ခြင်းအတွက် အသင်းတော်၏ ဓမ္မဆရာမှ ဦးဆောင်လက်ထပ်ပေးခြင်းမပြုရန် ပြင်းထန်စွာ ကန့်ကွက်ထားပါသည်။
အိမ်ထောင်ဘက်ပြုရန်အတွက် ရွေးချယ်ခြင်းကို ကာယကံရှင်များမှ ဆုံးဖြတ်ချက်ပြု ခြင်းကို အသင်းတော်အနေဖြင့် အသိအမှတ်ပြုပါသည်။ သို့သော် အသင်းတော်မျှော်လင့် သည်မှာ ယုံကြည်ခြင်းမတူညီသည့် ပုဂ္ဂိုလ်ဖြင့် အိမ်ထောင်ဘက်ပြုခြင်းအတွက် အသင်း တော်၏ဓမ္မဆရာမှ ထိမ်းမြားလက်ထပ်ခြင်းမပြုခြင်းကို သဘောထားပြည့်၀စွာဖြင့် ခံယူရန်နှင့်အသင်းတော်၏စည်းမျဉ်းကို လေးစားလျက် အသင်းတော်၏ဓမ္မဆရာမှ လက်ထပ်ပေးရန် မျှော်လင့်ခြင်းမပြုရန်ဖြစ်ပါသည်။
အကယ်၍ ထမ်းပိုးမညီ လက်ထပ်ထိမ်းမြားခြင်းကိုပြုပြီး အသင်းတော်မှအားပေးမှု မပြု၊ ဓမ္မဆရာမှ လက်ထပ်ပေးခဲ့ခြင်းမပြုသော်လည်း ထိုအိမ်ထောင်ပြုသည့် ကြင်ဖော် နှစ်ဦးအပေါ် အသင်းတော်မှပစ်ပယ်ခြင်းမပြုဘဲ မေတ္တာပြကာ အသင်းတော်၏အမှန်တရား ကို သိရှိနားလည်ယုံကြည်လက်ခံနိုင်သည့်အထိ ဆက်သွယ်မှုပြုကြရပါမည်။
ထိမ်းမြားခြင်း
အရာခပ်သိမ်းထိမ်းမြားခြင်းအပါအဝင် အားလုံးတို့သည် အလွန်ကောင်းသည် (ကမ္ဘာဦးကျမ်း ၁း၃၁) ဟု ဘုရားရှင်ပြောဆိုခဲ့သည့် အပြစ်မဝင်ခင်အချိန်၌ လက်ထပ် ထိမ်းမြားခြင်းအစီအစဉ်ကို ဘုရားရှင်ကိုယ်တိုင် အစပြုခဲ့ပါသည်။ “ထိုအကြောင်းကြောင့် ယောက်ျm;သည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တစ်သား တစ်ကိုတည်းဖြစ်ရလိမ့်မည်။” (ကမ္ဘာဦးကျမ်း ၂း၂၄)။ “ပထမဦး ဆုံးလက်ထပ်ထိမ်းမြား ခြင်းအစီအစဉ်ကို ဘုရားရှင်ပြုလုပ်ခဲ့သည်။ ထိုကြောင့် ထိုအစီအစဉ်ကို စကြ၀ဠာတစ်ခု လုံး၏ ဖန်ဆင်းရှင်မှ အစပြုခဲ့ခြင်းဖြစ်သည်။ “ထိမ်းမြားခြင်းသည် ဂုဏ်သရောရှိသော အရာဖြစ်သည်။” လူသားတို့အား ဘုရားရှင်ပထမဦးဆုံးပေးသော ဆုလာဘ်တစ်ခုဖြစ်ပြီး ၎င်းသည် အပြစ်မဝင်မီ ဘုရားရှင်ဆောင်ရွက်ခဲ့သော အရာနှစ်ခုထဲမှ တစ်ခုဖြစ်ရုံမျှမက ပရဒိသုဘုံ၏အပြင်ဘက်သို့ အာဒံဆောင်ယူလာခဲ့သောအရာဖြစ်သည်။” (ဗံ
၂၅ယ ၂၆).
အာဒံနှင့် ဧ၀၏ထိမ်းမြားခြင်းသည် လာမည့်လူသားများအားလုံးအတွက် ပုံနမူနာ ဖြစ်ရန် ဘုရားရှင်အလိုရှိသည်။ ၎င်းကို ခရစ်တော်မှ မူရင်းအတိုင်းထောက်ခံချက် ပြုခဲ့ သည်မှာ၊ “ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျား နှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ ထိုအကြောင်း ကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက် တို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို မဖတ်ဘူးသလော။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်သည်။ ဘုရားသခင်ဖက် စပ်၍ ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။” (မဿဲ ၁၉း၄ -၆)။ ထိုကြောင့် ထိမ်းမြားခြင်းသည် ဘုရားရှင်မှအစပြုခဲ့ပြီး တစ်လင်တစ်မယားစနစ်နှင့် ဆန့်ကျင်ဘက်လိင်တို့၏စပ်ကြား လူမိန်းမနှင့် လူယောက်ျm;နှစ်ဦးတို့အတွက်သာလျှင်ဖြစ် သည်။
ထိမ်းမြားခြင်းသည် ခင်ပွန်းနှင့် ဇနီးနှစ်ဦး ရာသက်ပန်ပေါင်းသင်းဆက်ဆံကြရန် တစ်ဦးအပေါ်တစ်ဦးအပ်နှံထားခြင်းနှင့် ဇနီးမောင်နှံနှစ်ဦးနှင့်ဘုရားရှင်စပ်ကြား အပ်နှံခြင်း ဖြစ်ပါသည်။ (မာကု ၁ဝး၂-၉။ ရောမ ၇း၂)။ ဤဆက်ကပ်အပ်နှံခြင်းဖြင့် တင်စားကာ နှိုင်းယှဉ်ထားပါသည်။ (ဧဖက် ၅း၃၁၊၃၂)။ ထိမ်းမြားခြင်းအပေါ် ဘုရားရှင်၏ရည်ရွယ် ချက်မှာ အသင်းတော်နှင့်ခရစ်တော်စပ်ကြား ထာ၀စဉ်တည်မြဲခြင်း ရှိသကဲ့သို့ တည်မြဲရန် ဖြစ်ပါသည်။
လူသားများတို့၏ အိမ်ထောင်အတွက် အိမ်ထောင်ပြုခြင်း၏ဖိုမဆက်ဆံခြင်းသည် သန့်ရှင်းမွန်မြတ်သော ဘုရားရှင်ပေးသည့်ဆုလာဘ်တစ်ခုဖြစ်သည်။ ၎င်းသည်အိမ်ထောင် ရေးတွင် ပြည့်စုံသည့်အရာတစ်ခု၊ ထိမ်းမြားခြင်းအတွက်ကိုသာ ထားရှိပေးသည့်အရာ တစ်ခုဖြစ်သည်။ (ကမ္ဘာဦးကျမ်း ၂း၂၄)။ သုတ္တံ ၅း၅-၂၀)။ ၎င်းအကျွမ်းတဝင်ရင်းနှီးမှု သည် ဇနီးမောင်နှံအတွက်သာ သီးသန့်ထားရှိပြီး အမြဲတစေ ပို၍ ရင်းနှီးမှုတိုးပွားရန်၊ ပျော်ရွှင်ရန်၊ လုံခြုံမှုရှိရန်နှင့် လူသားမျိုးနွယ်တို့၌ ထာ၀စဉ်တည်ရှိရန်အတွက် ဘုရားရှင် ပြင်ဆင်ထားသောအရာဖြစ်သည်။
ထိမ်းမြားခြင်း၏စည်းလုံးညီညွတ်ခြင်းသည် ဇနီးမောင်နှံနှစ်ဦး၏လေးစားချစ်ခင်ကြ ခြင်းအားဖြင့် ရရှိစေပါသည်။ “ထိမ်းမြာခြင်းသည် အသက်တာကို
“ခင်ပွန်းသည်နှင့်ဇနီးသည်နှစ်ဦးစလုံး မည်သူမျှဦးစီးခေါင်းဆောင်မဖြစ်သင့်ပါ။ ဤ ကိစ္စနှင့်ပတ်သက်၍ ဘုရားရှင်စည်းကမ်းချမှတ်ထားပါသည်။ ခင်ပွန်းသည်သည်ဇနီးသည် အား အသင်းတော်ကိုခရစ်တော်မြတ်နိုးသကဲ့သို့ မြတ်နိုးရမည်။ ဇနီးသည်သည်လည်း ခင်ပွန်းသည်ကို လေးစား၍ချစ်ရမည်။ နှစ်ဦးစလုံးအနေဖြင့် ကြင်နာသနားခြင်းစိတ်ကို မွေးမြူကြပြီး မည်သည့်အခါမျှ တစ်ဦးကိုတစ်ဦး ဝမ်းနည်းစေခြင်း၊ ထိခိုက်ဒဏ်ရာရစေ ခြင်းမပြုရပါ။” (ရွှ
၄၇).
အပြစ်ဝင်ရောက်လာခြင်းကြောင့် ထိမ်းမြားခြင်းကို မကောင်းသည့်ဘက်၌ ထိ ခိုက်ခဲ့သည်။ အာဒံနှင့်ဧ၀အပြစ်ပြုခဲ့သည့်အခါ သူတို့သည် ဘုရားရှင်နှင့်သော်လည်း ကောင်း၊ အချင်းချင်းနှင့်သော်လည်းကောင်းစည်းလုံးမှုပျက်ပြားခဲ့ ရသည်။ (ကမ္ဘာဦးကျမ်း ၃း၆-၂၄)။ သူတို့၏ပေါင်းသင်းဆက်ဆံခြင်းသည် အပြစ်ပြုခြင်း၊ ရှက်ကြောက်ခြင်း၊ အပြစ်တင်ခြင်းနှင့် နာကျင်ခြင်းများပါရှိ
တစ်လင်တစ်မယားထက် ပို၍ထိမ်းမြားခြင်းကိုပြုခြင်းသည် ထိမ်းမြားခြင်းအစီအစဉ် သို့ အပြစ်ကိုယူဆောင်လာခြင်းဖြစ်သည်။ ဓမ္မဟောင်းအချိန်၌ ထိုသို့သောထိမ်းမြားခြင်း များ၊ ကျင့်သုံးခဲ့ခြင်းသည် ဘုရားရှင်ချမှတ်ခဲ့သည့်ပုံစံနှင့် မညီညွတ်ပါ။ ထိမ်းမြားခြင်း အတွက် ဘုရားရှင်၏စီမံကိန်းသည် လူတို့၏ရေပန်းစားသည့် သမ္မာကျမ်းစာ၏သွန်သင် ချက်နှင့်ဆန့်ကျင်သော ရိုးရာဓလေ့ထက် များစွာပို၍သာလွန်းသည်။
ထိမ်းမြားခြင်းအပေါ် ခရစ်ယာန်၏ယူဆချက်မှာ အောက်ပါအချက်များပါဝင် သည်။ -
၁။ ခရစ်တော်အားဖြင့်ဘုရားရှင်၏စံချိန်ကိုပြန်လည်းရရှိရန် - ဤကမ္ဘာကြီးကို အပြစ်နှင့်၎င်း၏အပြစ်အကျိုးမှရွေးနုတ်ခြင်းအားဖြင့် ဘုရားရှင်သည် လက်ထပ်ထိမ်းမြား ခြင်းကို မူလအခြေအနေသို့ပြန်လည်၍ ရောက်ရှိရန်ဆောင်ရွက်ခြင်းဖြစ်သည်။ ဤအရာ သည် ခရစ်တော်၏နိုင်ငံတော်သို့ အသစ်တစ်ဖန်မွေးဖွားသောသူတို့၏အသက်တာ၌ ကြို တင်၍တွေ့မြင်ထားပြီး ဝိညာဉ်တော်အားဖြင့် မိမိတို့စိတ်နှလုံးသန့်ရှင်ဖြူစင်ခြင်းရှိသူများ နှင့် ယေရှုခရစ်တော်ကိုမြှောက်တင်လိုသော အဓိကရည်ရွယ်ချက်ရှိသူတို့၌ တွေ့ရှိရပါ သည်။ (၁ပေ ၃း၇၊ TMB ၆၄).
၂။ ခရစ်တော်အားဖြင့် တစ်လုံးတစ်၀တည်းနှင့်တပြေးညီပြန်လည်းရရှိခြင်း - ဝမ်း မြောက်ဖွယ်ဧဝံဂေလိသတင်းစကား၏အထူးအားပေးချက်သည် ဇနီးမောင်နှံနှစ်ဦး အချင်း ချင်းချစ်ကြ၍ နာခံမှုရှိကြရန် (၁ကော ၇း၃၊၄။ ဧဖက် ၅။၂၁။) ခင်ပွန်းသည်၏ခေါင်း ဆောင်မှုပုံစံသည် အသင်းတော်အတွက် ခရစ်တော်၏ကိုယ်ကျိုးမေတ္တာနှင့် အကျိုးဆောင် ခြင်းကဲ့သို့ဖြစ်ရန်
၃။ ကျေးဇူးတော်သည် အားလုံးအတွက်ရရှိနိုင်သည် - ဘုရားရှင်၏ စံချိန်ကိုရရှိ ရန်၊ မစွမ်းဆောင်နိုင်သူများအားလုံးအတွက် ဘုရားရှင်သည် ပြည့်စုံကုံလုံစွာ ရရှိရန်၊ ထို သူတို့အားကူညီမစရန် ရှာကြံလျက်ရှိသည်။ (၂ကော ၅း၁၉)။ အိမ်ထောင်ပြိုကွဲမှုများ ကြုံ တွေ့နေရသောသူတို့အတွက်ပါဝင်သည်။
၄။ အသင်းတော်၏တာဝန် - ဓမ္မဟောင်းအချိန်မှ မောရှေနှင့် ဓမ္မသစ်ကျမ်းအချိန်မှ ပေါလုတို့သည် အိမ်ထောင်ပြိုကွဲခြင်းပြဿနာများတို့ကို ဖြေရှင်းပေးခဲ့ရပါသည်။ (တရား ဟောရာကျမ်း ၂၄း၁-၅။ ၁ကော ၇း၁၁)။ နှစ်ဦးစလုံးအနေဖြင့်ဘုရားရှင်၏စံချိန်ကို စွဲကိုင် ထားကာ ဤကိစ္စနှင့်ကြုံတွေ့ရသူတို့အား အကောင်းဘက်သို့ရောက်ရှိရန်နှင့် ကူညီမစရွေး နုတ်ရန် နည်းလမ်းကိုသာအသုံးပြုသည်။ ထိုနည်းတူစွာ ယနေ့အသင်းတော်သည်လည်း အိမ်ထောင်ရေးပြိုကွဲသူများ၊ အိမ်ထောင်ရေးအခက်အခဲကြုံတွေ့ရသူများတို့နှင့် ရင်ဆိုင်ဖြေ ရှင်းရသောအခါ ဘုရားရှင်၏စံချိန်ကိုကိုင်စွဲရန်နှင့်အခြားတစ်ဖက်၌လည်း ထိုသူများတို့၏ အပြစ်ကိုခွင့်လွှတ်ရန်၊ ကုသပေးရန်၊ နားလည်ပေးပြီး ကြင်နာသနားသော စိတ်ကို ပြသ ရန် လိုအပ်ပါသည်။
ကွာရှင်းခြင်း
ဇနီးမောင်နှံကွာရှင်းခြင်းသည် ဘုရားရှင်၏မူလရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ် သည်။ (မဿဲ ၁၉း၃-၈။ မာကု ၁ဝး၂-၉)။ သို့သော် သမ္မာကျမ်းစာအနေဖြင့် ၎င်းကိစ္စနှင့် ပတ်သက်၍ ဆိတ်ဆိတ်မနေပါ။ အကြောင်းမှာ ကွာရှင်းခြင်းသည် လူသားများကျဆုံးခြင်း ဗဟုသုတ၏ တစ်စိတ်တစ်ဒေသကြောင့် ဖြစ်ပေါ်ခဲ့ပြီး၊ ထိခိုက်ပျက်စီးမှု ပို၍မရှိစေရန် သမ္မာကျမ်းစာ၏စည်းမျဉ်းဥပဒေများ ပေးထားလျက်ရှိပါသည်။ (တရားဟောရာကျမ်း ၂၄း၁-၄)။
သမ္မာကျမ်းစာတော်မြတ်သည် အမြဲတစေထိမ်းမြားခြင်းကို ချီးမြှင့်လျက်ကွာရှင်းခြင်းကို ရှုတ်ချကာ အိမ်ထောင်ရေး၌ မေတ္တာတရားနှင့် သစ္စာတရားရှိကြပြီး ဝမ်းမြောက်ပျော်ရွှင် ခြင်းရှိကြရန် ဖော်ပြထားပါသည်။ (သုတ္တ့ ၅း၁၈-၂၀။ ရှောလမုန်သီချင်း ၂း၁၆။ ၄း၉-၅း၁)။ ၎င်းကို အိမ်ထောင်ရေးအသက်တာအား ဘုရားရှင်နှင့်မိမိ၏လူတို့ဆက်ဆံပုံနှင့် ဖော်ညွှန်းထားပါသည်။ (ဟေရှာယ ၅၄း၅။ ယေရမိ ၃း၁)။ ဖြစ်နိုင်ပါက ပြိုပျက်ခဲ့ရသည့် အိမ်ထောင်တွင် ခွင့်လွှတ်ကြရန်နှင့် အသစ်တစ်ဖန်ပြန်လည်ထူထောင်ရန်သာ အားပေး ထားပါသည်။ (ဟောရှေ ၃း၁-၃)။ ထိုနောက် ဘုရားရှင်အနေဖြင့် ကွာရှင်းခြင်းကို ရွံရှာ မုန်းတီးပြီး ၎င်းဖြစ်ရပ်ကြောင့် ဝမ်းနည်းကြေကွဲစရာဖြစ်ကြောင်း ဖော်ပြထားပါသည်။ (မာလခိ ၂း၁၅၊၁၆)။ ယေရှုသည် ထိမ်းမြားခြင်းကိုပြုသော သူနှစ်ဦး၏အသက်တာသည် ရာသက်ပန်ပေါင်းဖက်ရန် ဆက်ပက်အပ်နှံခြင်းနှင့် ဇနီးမောင်နှံနှစ်ဦးနှင့် ဘုရားရှင်စပ် ကြားအပ်နှံခြင်းကို တွေ့မြင်စေရန် ပြန်၍ပြောဆိုခဲ့သည်။ (မဿဲ ၁၉း၄-၆။ မာကု ၁ဝး၆-၉)။ လက်ထပ်ထိမ်းမြားခြင်း၏အခြေအမြစ်ကို အားလျော့စေခြင်း (သို့မဟုတ်) ဖျက်ဆီး ခြင်း ကိုဖြစ်စေမည့်အရာများကို သမ္မာကျမ်းစာတော်မြတ်မှ သတိပေးလမ်းညွှန်မှု များစွာပြု ထားပါသည်။ (ဧဖက် ၅း၂၁-၃၃။ ဟေဗြဲ ၁၃း၄။ ၁ပေ ၃း၇)။
ထိမ်းမြားခြင်းသည် မေတ္တာ၊ သစ္စာ၊ သီးသန့်စွာ၊ ယုံကြည်ကိုးစားခြင်းနှင့် ပံ့ပိုးခြင်း စည်းမျဉ်းဥပဒေများအပေါ်မူတည်ကာ ကြင်ဖော်နှစ်ဦးစလုံးမှ ဘုရားရှင်၏စကားတော်ကို နာခံလျက် ကိုင်စွဲထားရပါမည်။ (ကမ္ဘာဦးကျမ်း ၂း၂၄။ မဿဲ ၁၉း၆။ ၁ကော ၁၃။ ဧဖက် ၅း၂၁-၂၉။ ၁သက် ၄း၁-၇)။ ဤစည်းမျဉ်းဥပဒေများကို ချိုးဖောက်ပါက သမ္မာကျမ်းစာ အနေဖြင့် အသိအမှတ်ပြုသည်မှာ ထိမ်းမြားခြင်ကိုဖျက်ဆီးစေနိုင်ကြောင်းပင်ဖြစ်သည်။
ကွာရှင်းခြင်းကို ဘုရားရှင်၏ကျေးဇူးတော်အားဖြင့်သာ ကုသနိုင်သည်။ အိမ်ထောင် ဘက်ပြိုကွဲသောအခါ ယခင်ကြင်ဖော်ဖြစ်ခဲ့သူများအနေဖြင့် မိမိတို့ ခံစားရသည့်ဗဟုသုတ ကို စဉ်းစားလျက် ပြန်လည်၍ အားယူရန်နှင့် မိမိတို့၏အသက်တာအတွက် ဘုရားရှင်၏ အလိုတော်ကို စဉ်းစားဆင်ခြင်ရပါမည်။
ကြေကွဲ၍ နာကြဉ်းသောသူများအတွက် ဘုရားရှင်သာခွန်အားပေးနိုင်သည်။ ပြုပြင်၍မရ နိုင်သည့် အပြစ်၏အဖိုးအခကို ခံယူမည့်သူများဖြစ်သည့်တိုင်အောင်၊ အကြီးမားဆုံးသော ဆိုးသွမ်းသည့်အပြစ်များကို ကျူးလွန်သော သူတိုင်း၏နောင်တတရားကို ဘုရားရှင်လက် ခံပါသည်။ (၂ရာ ၁၁း၁၂။ ဆာလံ ၃၄း၁၈။ ၈၆း၅။ ယောလ ၂း၁၂၊၁၃။ ယောဟန် ၈း၂-၁၁။ ၁ယော ၁း၉)။
သမ္မာကျမ်းစာအနေဖြင့် ဇနီးမောင်နှံပြစ်မှားကြခြင်းနှင့် မှားယွင်းမှုရှိကြခြင်းအတွက် ကွာရှင်းမှုပြုနိုင်ကြောင်း ထောက်ခံထားပါသည်။ (မဿဲ ၅း၃၂။ ၁ကော ၇း၁၀-၁၅)။
ကွာရှင်းပြီးနောက်ပြန်လည်၍ အခြားသူတစ်ဦးတစ်ယောက်နှင့် ထိမ်းမြားခြင်းကိစ္စ နှင့် ပတ်သက်၍ ပြတ်သားစွာသမ္မာကျမ်းစာမှ ဖော်ပြချက်မရှိပါ။ သို့သော် မဿဲ ၁၉း၉ ၌ ခရစ်တော်သည်ပြတ်သားစွာဖော်ပြသည်မှာ ဇနီးမောင်နှံနှစ်ဦးမှတစ်ဦးသည် ထိမ်းမြားခြင်း ကတိသစ္စာကို ချိုးဖောက်ကာ အခြားသူနှင့် မှားယွင်းခြင်းရှိပါက သစ္စာရှိသောကြင်ဖော် အနေဖြင့် ထပ်မံ၍ထိမ်းမြားခွင့်ရှိကြောင်းပင်ဖြစ်သည်။
ကွာရှင်းခြင်းနှင့်ပြန်လည်ထိမ်းမြားခြင်းအပေါ်
အသင်းတော်၏ရပ်တည်ချက်
ထိမ်းမြားခြင်းအပေါ် သမ္မာကျမ်းစာသွန်သင်ချက်ကို ဝန်ခံသောအားဖြင့် အသင်း တော်သည် ထိမ်းမြားခြင်း၏ဆက်ဆံခြင်းမှာ အခြားကိစ္စများတို့ထက် ပို၍ အရေးတကြီးမ ထားကြခြင်းကိုသတိပြုမိပါသည်။ ဇနီးမောင်နှံကွာရှင်းခြင်းနှင့် ပြန်လည်၍ ထိမ်းမြားခြင်း ပြဿနာကို ကောင်းကင်၏ရှုထောင့်နှင့် ဧဒင်ဥယျာဉ်မှဘုရားရှင်အခြေချခဲ့သော ပုံစံကို ထောက်ရှုခြင်းအားဖြင့်သာ မှန်ကန်သည့်အလင်းကို တွေ့မြင်နိုင်မှာဖြစ်သည်။
ကျွန်ုပ်တို့ကမ္ဘာအတွက် ဘုရားရှင်၏သန့်ရှင်းသောစီမံကိန်းသည် လူသားများတို့ကို မိမိ၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းပြီး များပြားစွာမွေးဖွား၍ ဖြူစင်စွာ၊ ညီညွတ်စွာ၊ ပျော်ရွှင်စွာ အတူတကွနေထိုင်ကြကာ ဤကမ္ဘာကြီးကိုပြည့်စေရန်ဖြစ်ပါသည်။ အာဒံအ တွက် မိမိ၏ဇနီးသည်အဖြစ် ဧ၀ကိုဘုရားရှင်ယူဆောင်ပေးခဲ့သည်။ ၎င်းနောက်ထိမ်းမြား ပေးခဲ့သည်။ ထိုကြောင့် ထိမ်းမြားခ်ြင်းကို ဦးစွာပြုခဲ့သူမှာ ဘုရားရှင်ကိုယ်တိုင်ဖြစ်သည်။ ဧ၀သည် အာဒံ၏အရိုးထဲမှအရိုး၊ အသားထဲမှအသားဟု ဘုရားရှင်ဖော်ပြခဲ့ပြီးသောနောက် သူတို့နှစ်ဦးသည် တစ်သားတစ်ကိုယ်တည်းဖြစ်သွားကြောင်းကို သံသယရှိစရာအကြောင်း မရှိတော့ပါ။ သူတို့နှစ်ဦး၏စိတ်ထဲတွင်လည်း မိမိတို့၏အိမ်ထောင်သည် အစဉ်အမြဲထာ၀ စဉ်တည်တံ့ ခိုင်မြဲသွားရမည်ဟု ဘုရားရှင်၏ဆန္ဒကို မည်သည့်အခါမျှ သံသယရှိစရာအ ကြောင်းလည်းမရှိပါ။
အသင်းတော်အနေဖြင့် ဤထိမ်းမြားခြင်းနှင့်အိမ်ထောင်ရေးကိစ္စကို အခိုင်အမာ ထောက်ခံပြီး ဤမွန်မြတ်၍မြင့်မားသောအဆင့်ကို နိမ့်ကျစေခြင်းသည် ကောင်ကင်၏ စံချိန်ကိုနိမ့်ကျစေခြင်းဖြစ်ကြောင်း ယုံကြည်ပါသည်။ ထိမ်းမြားခြင်းသည် ဘုရားရှင်၏ မွန်မြတ်သည့်အစီအစဉ်ဟု ယုံကြည်ခြင်းမှာ သမ္မာကျမ်းအပေါ်အခြေခံခြင်းဖြစ်ပါသည်။ ထိုaMUmင့် အတွေးအခေါ်နှင့် ဆင်ခြေဆင်လက်အားလုံးတို့သည် ကွာရှင်းခြင်းနှင့် ပြန်လည် ၍ ထိမ်းမြားခြင်းအပေါ် ဧဒင်ဥယျာဉ်၌ဖော်ပြခဲ့သည့် သန့်ရှင်းသောစံချိန်နှင့် ညီညွတ်မှုရှိရ ပါလိမ့်မည်။
အသင်းတော်သည် ဘုရားသခင်၏ပညတ်တော်ကိုယုံကြည်သကဲ့သို့ ဘုရားရှင်၏ ခွင့်လွှတ်ခြင်း ကရုဏာကိုလည်းယုံကြည်သည်။ ၎င်းပြင်အောင်မြင်ခြင်းနှင့် ကယ်တင်ခြင်း သည် ဘုရားရှင်၏အခြားသောသန့်ရှင်းသည့်စံချိန်ကို လိုက်လျှောက်ရန် ပျက်ကွက်သူများ အတွက် အာမခံချက်ရှိသကဲ့သို့ ကွာရှင်းခြင်းနှင့် ပြန်လည်၍ထိမ်းမြားခြင်းကိစ္စတွင် ကျူး လွန်သူများအတွက်လည်းရှိပါသည်။
ဤဖော်ပြချက်များတို့သည် ဘုရားရှင်၏ကရုဏာနှင့်ခွင့်လွှတ်ခြင်းကို သိမ်ဖျင်းစေ ခြင်းမဟုတ်ပါ။ ဘုရားသခင်ကိုကြောက်ရွံ့သောအားဖြင့်
ထိမ်းမြားခြင်းသည် ဘုရားရှင်မှဦးစွာအစပြုခဲ့သော်လည်း နိုင်ငံတော်အစိုးရ၏ အုပ် ချုပ်မှုအောက်၌ နေထိုင်ကြသော ကျွန်ုပ်တို့အတွက် ဘုရားရှင်၏စည်းမျဉ်းစည်းကမ်း နှင့် တိုင်းပြည်၏ စည်းမျဉ်းစည်းကမ်း နှစ်ခုစလုံး၏အုပ်ချုပ်မှုအောက်၌ ထိမ်းမြားခြင်းကိစ္စ သည် တည်ရှိနေပါသည်။ ဘုရားရှင်၏ အလိုတော်မှာ ဘုရားရှင်၏ပညတ်အတိုင်း၊ တိုင်း ပြည်၏အလိုတော်မှာ တိုင်းပြည်၏ဥပဒေအတိုင်း လိုက်လျှောက်ရပါမည်။
ဤသွန်သင်ချက်များတို့နှင့်အညီ အသင်းတော်၏ခံယူချက်ကို အောက်ပါအဆိုပြု ချက်များအားဖြင့် ဖော်ပြထားပါသည်။
၁။
“လူမခွဲမခွာစေနှင့်” ဟု ယေရှုပြောသောအခါ အသင်းတော်အတွက် ကျင့်ဝတ် ဥပဒေတစ်ခုကို ချမှတ်ခဲ့ပြီး ၎င်းဥပဒေကို လက်ထပ်ထိမ်းမြားခြင်း၌ ဆက်ဆံမှုပြုရာတွင် လူသားများအားလုံးလိက်ြလျှောက်ကြရန်ဖြစ်သည်။ ဤဥပဒေကိုပေးရာ၌ မိမိတပည့်တော် များလိုက်လျှောက်ကြရန်သာမကဘဲ နိုင်ငံဒေသတိုင်း (သို့မဟုတ်) ရိုးရာဓလေ့ခွင့်ပြုသည့် နေရာတိုင်း၌ လိုက်လျှောက်ရန်ဖြစ်ပါသည်။ “တောင်ပေါ်ဒေသနာတွင် ယေရှုရှင်းလင်းစွာ ကြေညာခဲ့သည်မှာ ထိမ်မြားခြင်း၏ချည်နှောင်မှုကို သစ္စာမရှိသည့်ကြင်ဖော်တစ်ဦးမှ လက် ထပ်မင်္ဂလာအချိန်၌ သစ္စာဆိုခဲ့ခြင်းကို ချိုးဖောက်ခြင်းမှ တစ်ပါးပယ်ဖျက်ခြင်းမပြုရန်ဖြစ် သည်။” (မဿဲ ၅း၃၂။ ၁၉း၉)။
၂။ ထိမ်းမြားခြင်းကတိသစ္စာအပေါ် သစ္စာဖောက်ခြင်းသည် အခြားသူတစ်ဦးနှင့် ဖောက်ပြန်ခြင်း (သို့မဟုတ်) အိမ်ထောင်သည်မဟုတ်သည့်လူလွတ် တစ်ဦးတစ်ယောက် နှင့် မှားယွင်းခြင်းကို ဆိုလိုပါသည်။ သို့သော် ဓမ္မသစ်ကျမ်း၏အဆိုအရ ပုံမှန်ဖိုမဆက်ဆံ ခြင်းမဟုတ်သည့် အကျင့်ဓလေ့များပါဝင်သည်။ (၁ကော ၆း၉။ ၁တိ ၁း၉၊၁၀။ ရောမ ၁း၂၄-၂၇)။ ထိုကြောင့် ညစ်ညမ်းသောဖိုမဆက်ဆံခြင်း၊ သွေးသားတော်စပ်သူနှင့်ပေါင်း ဖက်ခြင်း၊ ကလေးနှင့်
သမ္မာကျမ်းစာတော်မြတ်မှ အထက်ဖော်ပြပါအကြောင်းရင်းများကြောင့်ကွာရှင်းခွင့်ပြု သော်လည်း (၁ကော ၇း၁၀-၁၅)၊ အသင်းတော်နှင့်ပတ်သက်လာသောသူများအနေဖြင့် ပြန်လည်၍ သင့်မြတ်ခြင်းရှိကြစေရန် အစွမ်းကုန်ကြိုးစားသင့်ပြီး၊ တစ်ဦးအပေါ်တစ်ဦး ခရစ်တော်၏စိတ်ထားကဲ့သို့ ခွင့်လွှတ်ခြင်းနှင့် နဂိုအခြေအနေသို့ ပြန်လည်၍ရှိစေရန် အားပေးသင့်ပါသည်။ ထိုသင့်မြတ်ခြင်း၌အသင်းတော်အနေဖြင့် မေတ္တာဖြင့်လည်းကောင်း၊ ကြင်ဖော်နှစ်ဦး၏ကယ်တင်ခြင်းကိုရှေးရှု၍ သော်လည်းကောင်း အကောင်းဆုံးပါဝင်ကူညီ ရပါမည်။
၃။
သင့်မြတ်ရန်အတွက် ကြိုးစား၍ဆောင်ရွက်ခြင်း မအောင်မြင်ခဲ့ပါက သစ္စာရှိ သောကြင်ဖော်သည် ထိမ်းမြားမင်္ဂလာ ကတိသစ္စာကို ချိုးဖောက်သောကြင်ဖော်အား နှုတ် ကပတ်တော်အရ ကွာရှင်းခွင့်ရယူနိုင်ပြီး အခြားသူတစ်ဦးတစ်ယောက်နှင့် ထိမ်းမြားလက် ထပ်လိုပါက ထိမ်းမြားခွင့်ရှိပါသည်။
၄။
ထိမ်းမြားခြင်းကတိသစ္စာကို ချိုးဖောက်သောကြင်ဖော်သည် ဒေသခံအသင်း တော်မှ ပြစ်ဒဏ်ပေးဆုံးမရပါမည်။ အကယ်၍ အမှန်တကယ်နောင်တတရား ရရှိပါက ထိုသူကို အသင်းတော်နာမည်စာရင်းမှ မိမိ၏အမည်ကို ထုတ်ပယ်မည့်အစား သင့်လျော် သည့်ပြစ်ဒဏ်တစ်စုံတစ်ခုကို ပေးနိုင်ပါသည်။ သို့သော်အမှန်တကယ်နောင်တတရားမရရှိ ပါက အသင်းတော်၏ အသင်းဝင်တစ်ဦးအဖြစ်မှ ထုတ်ပယ်လိုက်ရပါမည်။ သို့သော် ဤဖြစ်ရပ်သည် လူအများရှေ့၌ ဟိုးဟိုးကျော်ထင်ရှားပြီး ဘုရားရှင်၏နာမတော်ကို ထိပါး စေခဲ့ပါက အသင်းတော်၏ဂုဏ်၊ ဘုရားရှင်၏ဂုဏ်ကိုထောက်ခြင်းအားဖြင့် ထိုသူ၏ နာမည်ကို အသင်းတော်၏အသင်းဝင်စာရင်းမှ ထုတ်ပယ်ရပါမည်။
မည်သည့်စည်းကမ်းချက်ကိုအသုံးပြုစေကာမူ အသင်းတော်အနေဖြင့်ပြုပြင်ရန်နှင့် ကယ်တင်ရန်ဟူသည့် သဘောထားမျိုးကိုသာ ထားရှိရပါမည်။
ခရစ်တော်၏ဝမ်းမြောက်ဖွယ်ဧဝံဂေလိသတင်းစကား၌ ကယ်တင်ရန်အတွက် ဆုံးမခြင်း သည် အမြဲတစေပါရှိပြီး အပြစ်သားကို ယေရှုခရစ်တော်၌ အသစ်သောအသက်တာသို့ ပြောင်းလဲရန်သာဖြစ်သည်။
၅။
ထိမ်းမြားခြင်းကတိသစ္စာကို ချိုးဖောက်သည့်ကြင်ဖော်တစ်ဦးနှင့် ကွာရှင်းခြင်း ပြုခဲ့သူသည် မိမိကြင်ဖော်အနေဖြင့် ထိမ်းမြားခြင်းကတိသစ္စာကို စောင့်ထိမ်းပြီးအသက်ရှင် နေသရွေ့ကာလပတ်လုံး ထိုသူသည် ထပ်မံ၍ အခြားသူနှင့် ထိမ်းမြားခြင်းအခွင့်မရှိပါ။ သို့သော် ထိမ်းမြားခြင်းပြုပါက အသင်းတော် အမည်စာရင်းမှ သူ၏နာမည်ကိုထုတ်ပယ်ရ ပါမည်။ သူထိမ်းမြားလက်ထပ်ယူသူသည် အသင်းဝင်တစ်ဦးဖြစ်နေပါက ထိုသူကိုလည်း အသင်းတော် အမည်စာရင်းမှ ထုတ်ပယ်ရပါမည်။
၆။
အိမ်ထောင်ရေးကတောက်ကဆတ်၊ ကမောက်ကမဖြစ်လွန်းပါက ဇနီးမောင်နှံ နှစ်ဦးကွဲသွားခြင်းသည် ပို၍ကောင်းသောအခြေအနေမျိုး ကြုံတွေ့တတ်ပါသည်။ “ခင်ပွန်းရှိ သောသူတို့ကိုလည်း၊ ငါပညတ်သည်သာမက၊ သခင်ဘုရားပညတ်တော်မူသည်ကား၊ မယားသည် မိမိခင်ပွန်းကိုမစွန့်ပစ်စေနှင့်၊ စွန့်ပစ်လျှင် ခင်ပွန်းမရှိဘဲနေစေ၊ သို့မဟုတ် လျှင်၊ ခင်ပွန်းဟောင်းထံသို့ ပြန်၍အသင့်အတင့်နေစေ။ ယောက်ျm;သည်လည်း မိမိမယား နှင့်မကွာစေနှင့်။(၁ကော ၇း၁၀၊၁၁)။ ၎င်းအခြေအနေမျိုးများစွာတို့၌ အကယ်၍ ဇနီးမောင် နှံနှစ်ဦးမှ အခြားအိမ်ထောင်ဘက်ကို ရှာယူပေါင်းဖက်လာပါက သားသမီးများတို့ကိုအုပ် ထိန်းခြင်း၊ ပိုင်ဆိုင်မှုများတို့ကိုခွဲဝေခြင်းနှင့် ပတ်သက်လာသူများတို့၏လုံခြုံရေးကို ကာ ကွယ်ပေးရ ခြင်းအခက်အခဲများတို့ကို ဖြေရှင်းပေးရန်ပင် လိုအပ်လာပါလိမ့်မည်။ ထို ကြောင့် ၎င်းပြဿနာမျိုးအတွက် တချို့တိုင်းပြည်များ၌တရားဝင်ကွဲခြင်းအထောက်အထား ရယူရန် ခွင့်ပြုထားသည်ကို တွေ့ရပါသည်။ သို့သော်တချို့တရားဥပဒေဘောင်များ၌ ထိုကွဲ သွားခြင်းအတွက် ကွာရှင်းခြင်းအားဖြင့်သာ ခွင့်ပြုထားပါသည်။
ကွဲကွာသွားခြင်း (သို့မဟုတ်) ကွာရှင်းခြင်းသည် ကိုယ်ထိလက်ရောက် ညှဉ်းပန်း ခြင်း (သို့မဟုတ်) ထိမ်းမြားခြင်းကတိသစ္စာကို ချိုးဖောက်ခြင်းအားဖြင့် ပြုလုပ်နိုင်သော် လည်း ထိုကွဲသွားသည့်ဇနီးမောင်နှံနှစ်ဦးစလုံးအနေဖြင့် အခြားသူတစ်ဦး တစ်ယောက်ကို ထိမ်းမြားလက်ထပ်ယူပိုင်ခွင့်မရှိပါ။ တစ်ဦးဦးမှ အလျင် ထိမ်းမြားလက်ထပ်မှသာ (သို့မ ဟုတ်) အခြားသူနှင့်မှားယွင်းမှုရှိမှသာ (သို့မဟုတ်) သေဆုံးသွားမှသာ ကျန်တစ်ဦးအနေ ဖြင့် အခြားသူနှင့်ထိမ်းမြားလက်ထပ်ခွင့်ရှိမည်ဖြစ်သည်။ အကယ်၍ အထက်ပါသမ္မာကျမ်း စာလမ်းညွှန်ချက်များကို မလိုက်နာဘဲ အခြားသူနှင့်ထိမ်းမြားလက်ထပ်ပါက အသင်းတော် ၏ အသင်းသားအမည်စာရင်းမှ မိမိ၏နာမည်ကို ထုတ်ပယ်ရမည့်အပြင် ထိုသူလက်ထပ် ယူသည့် ပုဂ္ဂိုလ်မှာ အသင်းဝင်ဖြစ်နေပါက ထိုပုဂ္ဂိုလ်ကိုလည်း အသင်းတော်၏အသင်း သားအမည်စာရင်းမှ ထုတ်ပယ်ရပါမည်။
၇။
ကြင်ဖော်ဘက်တစ်ဦးသည် ထိမ်းမြားခြင်းကတိသစ္စာကို ချိုးဖောက်၍ ဇနီး မောင်နှံကွာရှင်းကြကာ မိမိနာမည်စာရင်းသည် အသင်းတော်စာရင်းစာအုပ်ထဲမှ ထုတ်ပယ် ခြင်းခံရပြီးပြန်လည်၍ ထိမ်းမြားလက်ထပ်ခြင်း (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးသည် ဖော်ပြပါ ကိစ္စအပြင် အခြားအကြောင်းရင်းကြောင့် ဇနီးမောင်နှံကွာရှင်းလျက် ပြန်လည်၍ အခြားသူ တစ်ဦးနှင့် ထိမ်းမြားခြင်းပြုကာ အသင်းတော်စာရင်းမှ အမည်ထုတ်ပယ်ခြင်းခံရသောသူ သည် အသင်းဝင်တစ်ဦးအဖြစ်သတ်မှတ်ရန် အောက်ဖော်ပြပါအချက်မှလွှဲလျှင်မသင့်လျော် ကြောင်းဖြစ်ပါသည်။
၈။
ထိမ်းမြားခြင်းကတိခံဝန်ချက်သည် သန့်ရှင်းသောအရာဖြစ်ရုံမျှမက ဥပမာအား ဖြင့် ပို၍ရှုပ်ထွေးလာရခြင်းမှာ သားသမီးများနှင့်ပတ်သက်လာသောကြောင့် ဖြစ်သည်။ ထို ကြောင့်အသင်းဝင်တစ်ဦးအဖြစ် ပြန်လည်၍လက်ခံရန် တောင်းဆိုလာသည့်အခါ နောင်တ တရားရသူအတွက် အခွင့်အလမ်းမှာ အလွန်မှပင်ကန့်သတ်မှုကြီးမားပါသည်။ ထိုကြောင့် အသင်းတော်မှ နောက်ဆုံးဆုံးဖြတ်ချက်မပြုမီ ပြန်လည်၍ လက်ခံရန်တောင်းဆိုချက်ကို သင်းအုပ်ဆရာမှနေ၍ သော်လည်းကောင်း၊ ခရိုင်ခေါင်းဆောင်မှသော်လည်းကောင်း
၉။
အမည်စာရင်းထုတ်ပယ်ထားခြင်းခံရသောသူကို အသင်းတော်မှ ပြန်၍လက်ခံ နိုင်ရန်အတွက် ရေနှစ်ခြင်းမင်္ဂလာကို ပြန်၍ယူရန်သာဖြစ်သည်။
၁၀။ နာမည်စာရ်ှုးထုတ်ပယ်ထားခဲ့သောသူကို ပြန်၍ လက်ခံပြီးသောအခါ အသင်း တော် အနေဖြင့် စည်းလုံးညီညွတ်ခြင်းကိုရှေးရှုလျက် ထိုပုဂ္ဂိုလ်အား အသင်းတော်၏ အရေးကြီးသောခေါင်းဆောင်တာဝန်ကို မပေးမိရန်အထူးသတိပြုရပါမည်။ အထူးသဖြင့် လက်တင်ခြင်းမင်္ဂလာကိုခံယူရန် လိုအပ်သည့်တာဝန်ကို နယ်အုပ်ချုပ်ရေးခေါင်းဆောင်များ တို့နှင့် သေချာစွာတိုင်ပင်ဆွေးနွေးခြင်းမပြုဘဲ တာဝန်ပေးခြင်းမပြုသင့်ပါ။
၁၁။ သမ္မာကျမ်းစာဖော်ပြချက်နှင့်မညီသည့် ပြန်လည်၍ထိမ်းမြားလက်ထပ်ခြင်း အစီအစဉ်ကို မည်သည့်လက်တင်ရဓမ္မဆရာမျှ ထိမ်းမြားလက်ထပ်ပေးခြင်းကို ဦးဆောင်၍ ကျင်းပပေးရန်အခွင့်မရှိပါ။
အိမ်ထောင်မိသားစုအတွက်ဒေသခံအသင်းတော်၏သာသနာလုပ်ငန်း
အသင်းတော်သည် ခရစ်တော်၏ကယ်တင်ခြင်းလုပ်ငန်းကိုယ်စားလှယ်ကဲ့သို့အသင်း ဝင်များတို့၏လိုအပ်ချက်များနှင့်အသင်းဝင်တစ်ဦးစီတို့ကို ခရစ်ယာန်ဗဟုသုတတွင်အရွယ် ရော်သူများအဖြစ်သို့ကြီးထွားရန် ပြုစုပျိုးထောင်ခြင်းများအတွက် ဆောင်ရွက်ရပါမည်။ အသင်းဝင်သူများအနေဖြင့် အိမ်ထောင်ရေးနှင့်ပတ်သက်ပြီး ကွာရှင်းရသည့်ကြေကွဲဖွယ်ရာ ဗဟုသုတနှင့် အသက်တာတစ်လျှောက် ကြုံတွေ့ကြရသည့်အခါ၌ ဤအချက်သည် အထူး သဖြင့်အသင်းတော်၏ကြီးမားသောတာဝန်ဖြစ်ကြောင်း မှန်ကန်ပါသည်။ အိမ်ထောင်ဘက် ကြင်ဖော်နှစ်ဦး ပြိုကွဲရမည့်အန္တရာယ်သို့ ရောက်ရှိနေသည့်အခါ မိမိတို့နှစ်ဦးမှသော်လည်း ကောင်း၊ အသင်းတော်ရှိပုဂ္ဂိုလ်များသော်လည်းကောင်း၊ တာဝန်ရှိဓမ္မဆရာမှသော်လည်း ကောင်း ကြိုးစား၍အကောင်းဆုံး ခါးသီးစွာ
ခိုင်မာတောင့်တင်းသော ခရစ်ယာန်အိမ်ထောင်ပြုစုပျိုးထောင်ခြင်းအတွက်အသင်းဝင် သူများတို့ကိုမစရန်အထောက်အကူများတို့သည် အသင်းတော်အထဲ၌သော်လည်းကောင်း၊ အခြားအသင်းတော်အဖွဲ့အစည်း၌သော်လည်းကောင်းရရှိနိုင်ပါသည်။ ၎င်းအထောက်အကူ များတို့မှာ -
၁။
ထိမ်းမြားလက်တပ်ရန် သဘောတူညှိနှိုင်းထားပြီးဖြစ်သော ပုဂ္ဂိုလ်နှစ်ဦးကို အကြံပေးသည့်အစီအစဉ်များ။
၂။
ဇနီးမောင်နှံနှစ်ဦးနှင့် ၎င်းတို့၏အိမ်ထောင်မိသားစုအတွက် ညွှန်ကြားချက် များ။
၃။
ပြိုကွဲသောအိမ်ထောင်များနှင့် ကွာရှင်းသောပုဂ္ဂိုလ်များတို့ကို ကူညီပံ့ပိုးသည့် အစီအစဉ်များတို့ဖြစ်ပါသည်။
သင်းအုပ်ဆရာတို့၏ကူညီပံ့ပိုးခြင်းသည် ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ သွန်သင် ဆုံးမခြင်း၊ လမ်းညွှန်အကြံပေးခြင်းနှင့် ကွာရှင်းခြင်းဆိုင်ရာကိစ္စများ၌ ကုသမှုပြုခြင်းနှင့် ပြန်လည်၍သင့်တင့်မှုရရှိခြင်းများတို့တွင် အလွန်မှပင် အရေးကြီးလှပေသည်။ ဒုတိယကိစ္စ နှင့်ဆိုင်သည့် သင်းအုပ်ဆရာ၏တာဝန်သည် ပြစ်ဒဏ်စီရင်ခြင်းနှင့် ကူညီပံ့ပိုးခြင်းနှစ်ခုစ လုံးပါဝင်သည်။ ထိုတာဝန်၌ ပါဝင်သည့်အရာမှာ ဆီလျော်သည့်သတင်းစကားကို ဝေငှ ပေးရန်ဖြစ်သည်။ တချို့တို့သည် လွယ်ကူစွာစိတ်ထိခိုက်မှုဖြစ်စေနိုင်သည့်အတွက် သတိ ကြီးစွာဖြင့် ကိုင်တွယ်ဖြေရှင်းရပါမည်။ သို့သော် ဤကျင့်ထုံးသည် ပြစ်ဒဏ်ပေးရန် မလို အပ်သည့် သဘောတရားကိုမလိုက်မိရန် အရေးကြီးပါသည်။
ဘုရားရှင်ခွင့်လွှတ်သကဲ့သို့ ယုံကြည်သူများတို့သည် ခွင့်လွှတ်ခြင်းရှိကြရန်နှင့် အား နည်းသူများတို့ကို လက်ခံရပါမည်။ (ဟေရှာယ ၅၄။၅-၈။ မဿဲ ၆း၁၄၊၁၅။ ဧဖက် ၄း၃၂)။ သမ္မာကျမ်းစာတောင်းဆိုသည်မှာ လမ်းလွဲ
-၀-
No comments:
Post a Comment