Tuesday, June 16, 2026

အပိုင်း (၂) (Church Manual ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်းတော်အသင်းတော်လက်စွဲ)


အခန်း - ၆။

အခန်း - ၇။








အခန်းကြီး - ၆။

အခန်း ()

အသင်းဝင်ဖြစ်လာခြင်း

 

ခရစ်တော်၏ကိုယ်ခန္ဓာ အစိတ်အပိုင်းအဖြစ်ပါဝင်ကာ အသင်းတော်၏အသင်းဝင်တစ်ဦး ဖြစ်လာရန် ဆန္ဒရှိသူတိုင်း လေးနက်သောတာဝန်ရှိသည့် အသိစိတ်ရှိသူများဖြစ်သင့်သည်။ အသစ်သောမွေးဖွားခြင်းဗဟုသုတရရှိသည့် အထောက်အထားရှိသူနှင့် သခင်ယေရှု၌ ဝိညာဉ်ရေး ဟုသုတတွင် ရွှင်လန်းဝမ်းမြောက်သူများသာလျှင် အသင်းဝင်အဖြစ်လက်ခံနိုင်ရန် မိမိကိုယ်ကို ပြင်ဆင်ထားသူများဖြစ်သည်။ သင်းအုပ်ဆရာများတို့သည် အသင်းဝင်ဖြစ်လိူ သူများကို အသင်းတော်၏အခြေခံယုံကြည်ချက်များနှင့်တကွ ဆက်နွှယ်လျက် ရှိသည့်အ သင်းတော်၏ ကျင့်ဝတ်များတို့ကို သင်ကြားပို့ချပေးရမည်။ သို့မှသာလျှင် မှန်ကန်သည့်ဝိညာဉ်ရေးအခြေခံဖြင့် အသင်းတော်ဘောင်သို့ ဝင်ရောက်လာနိုင်မည်ဖြစ်သည်။ နှစ်ခြင်းမင်္ဂလာခံယူရန် အသက်အကန့် အသတ်ထားရှိခြင်းမရှိသော်လည်း အသက်ငယ်ရွယ်သောသူများနှစ်ခြင်းခံယူလိုစိတ်ရှိပါက ထိုလူ ငယ်များတို့ကိုအားပေး၍ သင်တန်းပို့ချကာ နှစ်ခြင်းမင်္ဂလာခံယူန်ိုရန် လုံလောက်သောပြင်ဆင်မှု များကို ပြုလုပ်ပေးရမည်။

တမန်တော်ရှင်ပေါလုရေးသားခဲ့သည်မှ၊ ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောအားဖြင့် ထိုသခင် နှင့်အတူ သင်္ဂြိုဟ်ခြင်းကိုခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ဘုန်းတန်ခိုး အားဖြင့် သေခြင်းမှထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ကျင် လည်ရကြသတည်း။ (ရောမ၊ ၆း၃၊၄)

လုကာအစီရင်ခံသည်မှာ ပေတရုကလည်း၊ သင်တို့၏အပြစ်လွှတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။ ---- ထိုစကားကို အသင့်နှလုံး သွင်းမိသောသူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သောသူတို့သည် ဝင်ကြ၏” (တမန်တော် ၂း၃၈-၄၁)

အသင်းamf၏အသင်းဝင်များတို့သည် မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းသို့ ဘုရားရှင်၏ ဘုန်းတော်ကို ထင်ရှားစေရန် ဘုရားရှင်းခေါ်တော်မူamသူများဖြစ်ကြ၏။ အသင်းတော်သည် ကြွယ်၀သောခရစ်amတ်၏ကျေးဇူးတော် သိုလှောင်ထားရာနေရာဖြစ်ပြီး အသင်းတော်အားဖြင့် ဘုရားရှင်၏မေတ္တာတော်ကို  အပြည့်အဝအကုန်အစင်ကောင်းကင်၌ရှိသည့်မင်းအာဏာနှင့် တန်ခိုး များတိုင်အောင် ထင်ရှားစေရန်ဖြစ်သည်။ (AA ).

 

  နှစ်ခြင်းမင်္ဂလာခံယူခြင်း

 

အသင်းဝင်မဖြစ်မီလိုအပ်သည့်အရာတစ်ခု - ခရစ်တော်သည် နှစ်ခြင်းမင်္ဂလာခံယူခြင်းကို မိမိ၏ဝိညာဉ်ရေးနိုင်ငံတော်သို့ ဝင်ရောက်ခြင်းအတါက် လက္ခဏာတစ်ခုအဖြစ်ထားရှိပါသည်။ အသိအမှတ်ပြုခြင်းခံလိုသူတိုင်း ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့် သန့်ရှင်သော ဝိညာဉ် တော်ဘုရားတို့၏ တန်ခိုးအာဏာအောက်တွင် အသက်ရှင်လှုပ်ရှားကြရန် တိကျမှန်ကန်သည့် အခြေအနေ၌ ခရစ်တော်ကိုယ်တိုင်ပြသခဲ့ပါသည်။

နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် လောကအရာကို လေးနက်စွာ ငြင်းပယ်ခြင်းဖြစ်သည်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမတော်၌ နှစ်ခြင်းမင်္ဂလာခံယူ သောသူ တို့သည် လူထုပရိသတ်ရှေ့၌ ခရစ်ယာန်အသက်တာ ဘ၀သို့ဝင်ရောက်လာပြီး မာရ်နတ်၏ လုပ်ငန်းဟူသရွေ့ကိုစွန့်ပစ်ကာ ကောင်းကင်ရှင်ဘုရင်၏သားသမီများ၊ မိသားစုဝင်များဖြစ်လာကြ ပါသည်။ ]ထိုကြောင့် ထာ၀ရဘုရားမိန့်တော်မူပြန်သည်ကား၊ သင်တို့သည် ထိုသူတို့အထဲ မှထွက် အသီးအခြားနေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုသို့ပြုလျှင်၊ သင်တို့ကိုငါသည်လက်ခံမည်။ သင်တို့၏အဘဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီးများ ဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့်ပြည့်စုံသေ ထာ၀ရဘုရားမိန့်တော် မူ၏] (၂ကော ၆း၁၇၊၁၈)” (6T ၉၁).


နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် အသင်းတော်ဘောင်ထဲသို့ဝင်ရောက်ခြင်း၏ လမ်းကြောင် ;ဖြစ်သည်။ ၎င်းသည် အခြေခံအားဖြင့် ခရစ်တော်၏ကယ်တင်ခြင်း ပဋိညာဉ်သို့ ဝင်ရောက် ကတိသစ္စာဆိုခြင်းဖြစ်သောကြောင့် လေးနက်စွာ ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ဝမ်းမြောက် ပျော်ရွှင်စွာ ဘုရားရှင်၏မိသားစုဝင်အဖြစ် လက်ခံကြိုဆိုခြင်းလည်းဖြစ်သည်။

အသင်းတော်၏အသင်းဝင်တစ်ဦးဖြစ်ရန် ၎င်းအသင်းတော်သည် နယ်ဌာနချုပ်မှ အသိအမှတ်ပြုသည့် အသင်းတော်များဖြစ်ပါမည်။

 

နှစ်ခြင်းမင်္ဂလာပြုလုပ်နည်း - ရေထဲ၌မြုပ်နှံလျက် နှစ်ခြင်းမင်္ဂလာ ပြုခြင်းကိုသာ အသင်းတော်အနေဖြင့် ယုံကြည်ပြီး ထိုသို့ပြုလုပ်မှသာ အသင်းသာအဖြစ်လက်ခံပါသည်။ အပြစ် သားများအဖြစ် ပျောက်ဆုံးနေသည်ဟု သိရှိကာ အမှန်တကယ် မိမိတို့၏အပြစ်မှ ရိုးစင်းစွာ နောင်တတရားရပြီး ပြောင်းလဲလိုပါက ထိုသို့သောသူများကိ မှန်ကန်တိကျစွာ သင်ကြားပို့ချပြီးမှ သာ အသင်းတော်၏ အသင်းသားများအဖြစ်သို့ရောက်ရှိရန်၊ နှစ်ခြင်းမင်္ဂလာခံယူရန် လက်ခံသွား ရမည်ဖြစ်သည်။

 

နှစ်ခြင်းမယူမီသေချာစွာသင်ကြားပို့ချခြင်းနှင့် ပရိသတ်များရှေ့တွင်စစ်ဆေးခြင်း - နှစ်ခြင်းခံယူမည့်သူများကို တစ်ဦးချင်း (သို့မဟုတ်) နှစ်ခြင်းမင်္ဂလာခံယူမည့်အတန်း၌ သမ္မာကျမ်းစာမှ အသင်းတော်၏အခြေခံယုံကြည်ချက်များနှင့် အသင်းဝင်များစောင့်ထိန်းရန် သွန်သင်ချက်များနှင့် တာဝန်များတို့ကိုသင်ကြားပို့ချရမည်။ အသင်းအုပ်ဆရာအနေဖြင့် အသင်းတော်မှ ကျေနပ်လောက်သည့် လူထုပရိသတ်များရှေ့မှောက်၌ နှစ်ခြင်းခံယူမည့်သူများကို စစ်ဆေးမေးမြန်းရမည်။ စစ်ဆေးမေးမြန်းရာတွင် စစ်ဆေးခံသည့်နှစ်ခြင်းမင်္ဂလာခံယူမည့် ပုဂ္ဂိုလ် များတို့မှ ဖြေကြားချက်များမှာ မိမိတို့အနေဖြင့် အခြေခံယုံကြည်ချက်များအားလုံးကို သိရှိနား လည်ယုံကြည်လက်ခံပြီးအမှန် တကယ်လိုက်လျှောက်အသက်ရှင်ရန် ဆက်ပက်အပ်နှံကြောင်း ပေါ်လွင်သင့်သည်။ ပြင်ပအားဖြင့်သာ ပြောင်းလဲခြင်းမဟုတ်ဘဲ သူတို့၏အကျင့်ကိုထောက်သော် သူတို့၏သဘောကိုသိရကြလိမ်မည်” (မဿဲ ၇း၂၀)

          အကယ်၍ လူထုပရိသတ်ရှေ့မှောက်၌ စစ်ဆေးခြင်းသည် လက်တွေ့မကျပါက အသင်းတော်ဘုတ်အဖွဲ့ (သို့မဟုတ်) ဘုတ်အဖွဲ့မှဖွဲ့စည်းထားသော ကော်မတီမှစစ်ဆေးမှုပြုကာ နှစ်ခြင်းမင်္ဂလာမခံယူမီ အသင်းတော်သို့ သက်ဆိုင်ရာမှ အစီရင်ခံရပါမည်။

နှစ်ခြင်းမင်္ဂလာခံယူလိုသူများကို တပည့်တော်ဖြစ်ရန်စစ်ဆေးရာ၌ အနီးစပ်ဆုံးဆောင်ရွက် ရန် မဟုတ်ပါ။ ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းဝင်အမည်ခံယူရန်သက်သက်သာ နှစ်ခြင်းခံယူခြင်း (သို့မဟုတ်) လောကအရာကို စွန့်ခွာ၍ မသန့်ရှင်းသောအရာများတို့ကို တို့ထိ ခြင်းမပြုဘဲ ဘုရားဘက်၌ အမှန်တကယ်ရပ်တည်ခြင်းဟူ၍ ခွဲခြားသိသာရန် အရေးကြီးပါသည်။ နှစ်ခြင်းမင်္ဂလာမခံယူမီ၊ နှစ်ခြင်းမင်္ဂလာခံယူလိုသူအား သေချာစွာစစ်ဆေးမေးမြန်းရန်လိုသည်။ စစ်ဆေးမေးမြန်ရာ၌ အပေါ်ယံကသာလျှင်မဟုတ်ဘဲ ကြင်နာစွာ၊ လေးနက်သိမ်မွေ့စွာဖြင့် ကမ္ဘာ၏ အပြစ်ကိုဆောင်ယူသွားသော သိုးသငယ်ကို ထိုသူတို့အားပြသနိုင်ရန်လိုသည်။ ဝမ်းမြောက်ဖွယ်ရာ ဧဝံဂေလိတရား၏လိုအပ်ချက်များတို့ကို နှစ်ခြင်းမင်္ဂလာခံယူမည့်သူများတို့ သိရှိလက်ခံရန် ဆောင်ရွက်ပေးရပါမည်။” (6T  95,96).

.

                    နှစ်ခြင်းမင်္ဂလာသစ္စာဆိုခြင်းနှင့်ဆက်ပက်ကတိပြုခြင်း

 

          နှစ်ခြင်းမင်္ဂလာသစ္စာဆိုခြင်း - နှစ်ခြင်းမင်္ဂလာယူမည့်ပုဂ္ဂိုလ်များနှင့် ယုံကြည်ခြင်းအား ဖြင့် အသင်းတော်ထဲသို့ဝင်လာရန် လက်ခံမည့်သူများတို့ကို အသင်းတော်၏အခြေခံ ယုံကြည်ချက် များ အားလုံးတို့အား လက်ခံယုံကြည်ကြောင်း ဒေသခံအသင်းတော်ရှေ့ (သို့မဟုတ်) တာဝန်ရှိ ပုဂ္ဂိုလ်များတို့ရှေ့မှောက်၌ ပွင့်လင်းခိုင်လုံစွာစစ်ဆေးရပါမည်။


          သင်းအုပ်ဆရာ (သို့မဟုတ်) အသင်းလူကြီးမှနေ၍ အောက်ပါမေးခွန်းများတို့ကိုမေးမြန်းပြီး၊ ၎င်းတို့အနေဖြင့် အသံထွက်တို့ပြန်ခြင်း၊ လက်မြှောက်ပြခြင်း (သို့မဟုတ်) အခြားယဉ်ကျေးမှု ထုံးစံတစ်မျိုးမျိုးဖြင့် တုံ့ပြန်မှုပြုရပါမည်။

 

သစ္စာဆိုခြင်း

 

၁။     ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် ထာ၀ရအတူတစ်လုံးတစ်၀ တည်းတည်ရှိတော်မူသော သုံးပါးပေါင်းတစ်ဆူတည်းသော ဘုရားကို သင်ယုံကြည်ပါသလား၊

၂။      သင့်အပြစ်အတွက်ယေရှုခရစ်တော်သည် ကရာနီကုန်းပေါ်၌ အသေခံတော်မူခြင်းကို ယုံကြည်လက်ခံပြီး ၎င်းသွန်းလောင်းခဲ့သောအသွေးတော်ကြောင့် သင်၏အပြစ်နှင့် အပြစ်၏အခမှ လွတ်မြောက်သော ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရရှိ ခြင်းကို ယုံကြည်ပါသလား၊

၃။     ယေရှုခရစ်တော်ကို သင်၏ကိုယ်ပိုင်ကယ်တင်ရှင်အဖြစ်လက်ခံပြီး ဘုရားသခင်သည် ခရစ်တော်အားဖြင့် သင်၏အပြစ်ကိုဖြေလွှတ်ကာ အသစ်သောနှလုံးကိုပေး၍ လောက၏အပြစ် လမ်းကြောင်းများကို ငြင်းပယ်နိုင်ပြီး အသက်ရှင်နိုင်ခြင်းကို သင်သည် ယုံကြည်ခြင်းအားဖြင့် လက်ခံပါသလား၊

၄။     ခရစ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့်သင်လက်ခံပါသလား၊ ကောင်းကင်သန့်ရှင်းရာဌာနတော်၌ ခရစ်တော်သည် သင်၏ကြားဖျန်ဖြေသူအဖြစ် ချစ်ဖွယ်ကောင်း သောအသက်တာ၌ အသက်ရှင်နိုင်ရန် တန်ခိုးနှင့်ကျေးဇူးတော်အား ဖြင့်ပြောင်းလဲခြင်း၏ ကတိ တော်ကို လက်ခံလျက် သင်၏အိမ်ထောင်၌ ခရစ်တော်ကိုဗဟိုပြုသည့်အသက်တာဖြင့် လောကရှေ့ မှောက်တွင်အသက်ရှင်ရန် ဆန္ဒရှိပါသလား၊

၅။     သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းတော်မူသော နှုတ်ကပတ်တော်ဖြစ်ပြီး၊ ခရစ်ယာန်များတို့၏တစ်ခုတည်းသောယုံကြည်ချက်နှင့်ကျင့်ဆောင်ရန်စည်းမျဉ်းဖြစ်ကြောင်း သင်ယုံကြည်ပါသလား၊ သင်သည် နေ့စဉ်ဆုတောင်းလျက် သမ္မာကျမ်းစာကို အချိန်ယူပြီးဖတ်ရှုလေ့လာရန် ကတိပြုပါသလား၊

၆။     ပညတ်တော် (၁၀) ပါးသည် ဘုရားသခင်၏စာရိတ္တနှင့် မိမိ၏အလိုတော်ကိုဖော်ပြ သည့် ရေးသားထားသောကမ္ပည်းစာသားများဟု သင်လက်ခံပါသလား၊ သင်၏စိတ်နှလုံးထဲ၌  ခရစ်တော်ကိန်းအောင်းသည့်တန်ခိုးတော်ဖြင့် ပညတ်တော် ()ပါးတစ်ပါးတည်းဟူသော သတ္တမနေ့ဥပုသ်တော်နေ့ကို ဖန်ဆင်ခြင်း၏အထိ်မ်းအမှတ်အဖြစ် စောင့်ထိန်းရန်ပါဝင်လျက်ရှိ သော ပညတ်တော် (၁၀) ပါးစလုံးကိုလည်းစောင့် ထိန်းရန်သင်ကြံရွယ် ပါသလား၊

၇။     မင်္ဂလာရှိသောမျှော်လင့်ခြင်းဖြစ်သည့် သေနိုင်သောကိုယ်ခန္ဓာမှ မသေနိုင်သော ကိုယ်ခန္ဓာကိုရရှိမည့် (၁ကော ၁၅း၅၄) ယေရှုကြွလာခြင်းကို ကြိုဆိုရန် ပြင်ဆင်လျက်နေစဉ်၊ သူ၏ကယ်တင်ခြင်းကျေးဇူးတော်အကြောင်းကို သင်သည် စွမ်းရည်ရှိသရွေ့ သူတစ်ပါးအား ဟောပြောသက်သေခံလျက် ဝိညာဉ်ကယ်တင်ခြင်းလုပ်ငန်း၌ ပါဝင်ကာ ၍ကြွလာခြင်းအတွက် သူတစ်ပါးကိုပြင်ဆင်မှုပြုရန် ဆန္ဒရှိပါသလား၊

၈။     သမ္မာကျမ်းစာမှသင်ကြားသော ဝိညာဉ်ဆုကျေးဇူးများကို သင်လက်ခံပြီး ကျန်ကြွင်း သောအသင်းတော်၏ထင်ရှားသော အမှတ်လက္ခဏာများအထဲ၌ ပုရောဖက်ဟောသော ဝိညာဉ်တော်စာပေရေးသားချက်များကို သင်ယုံကြည့်ပါသလား၊

၉။     အသင်းတော်၏ဖွဲ့စည်းအုပ်ချုပ်ပုံကို သင်ယုံကြည်ပါသလား။ ဘုရားရှင်ကိုသင်ဝတ်ပြု ကိုးကွယ်ပြီး သင်၏ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေများအားဖြင့်လည်းကောင်း၊ သင်၏ကိုယ်တိုင် ကြိုးစား အားထုတ်မှုနှင့် အသက်တာ၌လည်း ကောင်းအသင်းတော်ကို ထောက်ပံ့ပါမည်လား၊

၁၀။   သင်၏ကိုယ်ခန္ဓာသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းအောင်းရာ ဗိမာန်ဖြစ် ကြောင်းယုံကြည်ပါသလား၊ ဘုရားရှင်ကိုဂုဏ်ပြုသောအားဖြင့်သင်၏ကိုယ်ခန္ဓာကို အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်ကာ မသန့်ရှင်းသော အစားအစာများ တို့ကို ရှောင်ကြဉ်ခြင်း၊ အရက်သေစာ၊ ဆေးလိမ်နှင့် မူးယစ်ဆေးဝါးများတို့ကို ကိုယ်တိုင်သောက် သုံးခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖောက် ကားခြင်းများတို့ကိုမပြုဘဲ၊ ကိုယ်ခန္ဓာကိုထိပါးနိုင် သည့်အရာဟူသရွေ့ကို ရှောင်ရှားပါမည်လား၊

၁၁။   ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်းတော်မှ သွန်သင်ပို့ချသည့် ကျမ်းစာတော်မြတ်မှ အခြေခံယုံကြည်ချက် စည်းမျဉ်းဥပဒေများအားလုံးကို သင်သိရှိနားလည်းပါ သလား၊ ဘုရားရှင်၏ကျေးဇူးတော်ကြောင့် ဤစည်းမျဉ်းဥပဒေအားလုံးကို သင်၏အသက်တာ၌ သူ၏အလိုတော်ကို ပြည့်စုံစေရန် သင်စောင့်ထိန်းပါမည်လား၊

၁၂။    ဓမ္မသစ်ကျမ်း၏သွန်သင်ချက်အရ၊ ရေထဲ၌နစ်မြုပ်ခြင်းအားဖြင့် ဗတ္တိဇံခံယူလျက် ခရစ်တော်၌ သင်၏ယုံကြည်ခြင်းကို လူထုပရိသတ်တို့ ရှေ့တွင်ပြသကာ သင်၏အပြစ်များကို ဘုရားရှင်ဖြေလွှတ်ကြောင်း နှစ်ခြင်းမင်္ဂလာကိုခံယူလိုပါသလား၊

၁၃။   ခရစ်တော်ကို မြော်လင့်သော သတ္တမနေ့အသင်းတော်သည် သမ္မာကျမ်းစာ၏ အနာဂတ်ဟောထားချက်မှ ကျန်ကြွင်းသောအသင်းတော်ဖြစ်ပြီး တိုင်းပြည်တိုင်း၊ လူမျိုးတိုင်း၊ ကမ္ဘာပေါ်ရှိ ဘာသာစကားမျိုးမျိုးပြောဆိုကြသည့် မည်သည့်ပုဂ္ဂိုလ်ကိုမဆို ပါဝင်၍ မိတ်သဟာယဖွဲ့ရန် ကြိုဆိုလက်ခံလျက်ရှိကြောင်း သင်လက်ခံယုံကြည်ပါသလား၊ ဤကမ္ဘာလုံး ဆိုင်ရာ အသင်းတော်၏အသင်းဝင်တစ်ဦးဖြစ်ရန် သင်ဆန္ဒရှိပါသလား၊

 

  အခြားနည်းဖြင့်သစ္စာဆိုခြင်း

 

၁။     ယေရှုခရစ်တော်ကို သင်၏ကိုယ်ပိုင်ကယ်တင်ရှင်နှင့် သခင်အဖြစ် လက်ခံပြီး သင်၏အသက်တာ၌ အသက်ရှင်ခြင်းသည် သူနှင့်အတူကယ်တင်ခြင်းခံစားရရှိသည့် ဆက်သွယ်မှုဖြင့် အသက်ရှင်လိုသော ဆန္ဒရှိပါသလား၊

၂။      ခရစ်တော်ကို မြော်လင့်သော သတ္တမနေ့အသင်းတော်၏သမ္မာကျမ်းစာမှ သွန်သင် သည့်အခြေခံယုံကြည်ချက်များအရ သင်သည်လက်ခံပြီးဘုရားသခင်၏ကျေးဇူးတော်ကြောင့် ၎င်းသွန်သင်ချက်များနှင့်အညီအသက်ရှင်ရန် ကတိပြုပါသဘား၊

          ၃။     ယေရှုခရစ်တော်ကို သင်ယုံကြည်ပြီး ပရိသတ်ရှေ့မှောက်၌ ရေနှစ်ခြင်းခံယူခြင်း အားဖြင့် ဖော်ပြလိုသောဆန္ဒရှိပြီး ၎င်းအသင်းတော်နှင့် မိတ်သဟာယဖွဲ့ခြင်း ကို ခံယူပါသလား၊ ၎င်းပြင် ဤအသင်းတော်နှင့် အသင်းတော်၏သာသနာလုပ်ငန်းကို ကူညီထောက်ပံ့သောအားဖြင့် ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေများပေးခြင်း၊ အမှုတော်အတွက် အသက်တာကို ဆက်ကပ်ခြင်း၊ မိမိ အသက်တာ၏ဩဇာသက်ရောက်မှုအားဖြင့် အသက်ရှင်ခြင်းတို့၌ သစ္စာရှိသောဘဏ္ဍာစိုးကောင်း တစ်ယောက်အဖြစ် အသက်ရှင်ရန်ဆန္ဒရှိပါသလား၊

 

နှစ်ခြင်းမင်္ဂလာပဋိညာဉ်ပြုခြင်း - အသင်းတော်သည် မိမိ၏ အခြေခံယုံကြည်ချက် (၂၈) ချက်ကို အသိအမှတ်ပြုကာ၊ နှစ်ခြင်းမဂ်လာသစ္စာဆိုခြင်းနှင့် နှစ်ခြင်းမင်္ဂလာခံယူသည့်လက်မှတ်။ ဆက်ကပ်ကတိသစ္စာပြုခြင်းများတို့ပါဝင်လျက် နှစ်ခြင်းမင်္ဂလာပဋိညာဉ်ပြုခြင်းအဖြစ် ဆောင်ရွက် ပါသည်။

နှစ်ခြင်းမင်္ဂလာခံယူသည့်လက်မှတ်နှင့် ဆက်ကပ်ကတိသစ္စာပြုခြင်းပါဝင်သည့် ပုံနှိပ်ထား သောပဋိညာဉ်ပြုခြင်းမိတ္တူစာရွက်ကို နှစ်ခြင်းမင်္ဂလာခံယူခြင်းအားဖြင့် အသင်းဝင်အဖြစ် လက်ခံ သည့် ပုဂ္ဂိုလ်တိုင်းကိုပေးရပါမည်။ နှစ်ခြင်းမင်္ဂလာခံယူခြင်းမပြုဘဲ ယုံကြည်ချက်များကို လက်ခံ ခြင်းဖြင့် အသင်းဝင်ဖြစ်လိုသူတို့အား အသင်းသားအဖြစ်လက်ခံပါက ထိုသူများတို့ကိုလည်း သင့်လျော်သည့်သင်းဝင်တစ်ဦးဖြစ်ကြောင်း အထောက်အထားလက်မှတ်ကို ပေးရပါမည်။


          နှစ်ခြင်းမင်္ဂလာခံယူသည့် လက်မှတ်နှင့် ဆက်ကပ်ကတိသစ္စာပြုခြင်း၌ ယုံကြည်သူ အသင်းသား အသစ်အနေဖြင့် မိမိ၏ဆက်ကပ်ခြင်းကိုခိုင်မာစေရန်၊ လက်မှတ်ရေးထိုးရန် နေရာ ထားရှိရပါမည်။ နှစ်ခြင်းမင်္ဂလာခံယူပြီးသည့်နောက် ၎င်းနှစ်ခြင်းမင်္ဂလာ ခံယူသည့်လက်မှတ်နှင့် ဆက်ကပ်ခြင်းလက်မှတ်စာရွက်ကို ပဋိညာဉ်ပြုသည့်ထောက်အထားအဖြစ် နှစ်ခြင်းမင်္ဂလာခံယူ သောပုဂ္ဂိုလ်ကို ပေးအပ်ရပါမည်။ ဆက်ကပ်ခြင်းအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါ သည်။

 

    ဆက်ကပ်ကတိပြုခြင်း

 

၁။     ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော် သုံးပါးပေါင်းတစ်ဆူတည်း သော ဘုရားကို ကျွန်ုပ်ယုံကြည်ပါသည်။

၂။      ကျွန်ုပ်အပြစ်အတွက် ယေရှုခရစ်တော်သည် ကရာနီကုန်းပေါ်၌ အသေခံတော်မူခဲ့ခြင်း ကို ကျွန်ုပ်ယုံကြည်လက်ခံပြီး ၎င်းသွန်းခဲ့သောအသွေးတော်ကြောင့် ကျွန်ုပ်၏အပြစ်နှင့် ၎င်းအပြစ် ၏အခမှလွတ်မြောက်ကာ ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရရှိခြင်းကို ကျွန်ုပ်ယုံကြည်ပါသည်။

၃။     ယေရှုခရစ်တော်ကို ကျွန်ုပ်၏ကိုယ်ပိုင်ကယ်တင်ရှင်အဖြစ်လက်ခံပြီး ဘုရားသခင် သည် ခရစ်တော်အားဖြင့် ကျွန်ုပ်၏အပြစ်ကို ဖြေလွှတ်ကာ အသစ်သောနှလုံးကိုပေး သည့်အတွက် လောက၏အပြစ်လမ်းကြောင်းများကို ငြင်းပယ်လျက် အသက်ရှင်နိုင်ခြင်းကို ကျွန်ုပ်သည် ယုံကြည်ခြင်းအားဖြင့် လက်ခံပါသည်။

၄။     ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်လက်ခံပြီး သူသည် ကောင်းကင်သန့်ရှင်းရာဌာနတော်၌ ကျွန်ုပ်၏ကြားဖန်ဖြေသူဖြစ်ကြောင်းကိုလည်းလက်ခံကာ ချစ်ဖွယ်ကောင်းသော ခရစ်တော်ကို ဗဟို ပြုသည့်အသက်တာအားဖြင့် အိမ်တွင်လည်းကောင်း၊ လူအားလုံးတို့ရှေ့တွင်

 

၇၈                               အသင်းတော်လက်စွဲ          

 

သော်လည်းကောင်း အသက်ရှင်နိုင်ရန် သူ၏ပြုပြင်ပြောင်းလဲပေးနိုင်သည့် ကျေးဇူးတော်နှင့် တန်ခိုးတော်၏ကတိတော်ကို ယုံကြည်လက်ခံသည်။

၅။     သမ္မာကျမ်းစည်သည် ဘုရားသခင်မှုတ်သွင်းတော်မူသော နှုတ်ကပတ်တော်ဖြစ်၍ ခရစ်ယာန်များတို့၏တစ်ခုတည်းသောယုံကြည်ချက်နှင့် ကျင့်ဆောင်ရာစည်းမျဉ်းဥပဒေဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်သည်။ ထိုကြောင့် ကျွန်ုပ်သည် နေ့စဉ်ဆုတောင်းကာ သမ္မာကျမ်းစာကိုအချိန်ယူ ပြီးဖတ်ရှုလေ့လာရန် ကတိပြုပါသည်။

၆။     ပညတ်တော် (၁၀) ပါးသည် ဘုရားသခင်၏စာရိတ္တနှင့် မိမိအလိုတော်ကိုဖော်ပြသည့် ရေးသားထားသောကမ္ပည်းစာသားများဟု ကျွန်ုပ်လက်ခံပါသည်။ ကျွန်ုပ်၏စိတ်နှလုံးထဲ၌ ခရစ်တော်ကိန်းအောင်းသည့်တန်ခိုးတော်ဖြင့် ပညတ်တော် () ပါးတစ်ပါးတည်းဟူသော သတ္တမ နေ့ဥပုသ်ကို ဖန်ဆင်းခြင်၏အထိမ်းအမှတ်အဖြစ်စောင့်ထိန်းရန် ပါဝင်လျက်ရှိသော ပညတ်တော် (၁၀) ပါးစလုံးကိုစောင့်ထိန်းရန် ကျွန်ုပ်ကြံရွယ်ပါသည်။

၇။     မင်္ဂလာရှိသောမြော်လင့်ခြင်းဖြစ်သည့် သေနိုင်သောကိုယ်ခန္ဓာမှ မသေနိုင်သော ကိုယ်ခန္ဓာကိုရရှိမည့် (၁ကော ၁၅း၅၄) ယေရှုမကြာမီ ကြွလာ၍ ပေးမည့်နေရက်ကို ကျွန်ုပ်စောင့် မျှော်လျက်ရှိသည်။ ယေရှုကြွလာခြင်းကိုကြိုဆိုရန် ပြင်ဆင်လျက်နေစဉ်၊ သူ၏ကယ်တင်ခြင်း ကျေးဇေူးတော် အကြောင်းကို ကျွန်ုပ်သည် စွမ်းရည်ရှိသရွေ့ သူတစ်ပါးတို့အား ဟောပြောသက် သေခံလျက် ဝိညာဉ်ကယ်တင်ခြင်းလုပ်ငန်း၌ ပါဝင်ကာ ဤကြွလာခြင်းအတွက် သူတစ်ပါးကို ပြင်ဆင်မှုပြုရန် ဆန္ဒရှိပါသည်။

၈။     သမ္မာကျမ်းစာမှသင်ကြားသော ဝိညာဉ်ဆုကျေးဇူးများကို ကျွန်ုပ်လက်ခံပြီး ကျန်ကြွင်း သောအသင်းတော်၏ထင်ရှားသော အမှတ်လက္ခဏာများအထဲ၌ ပုရောဖက်ဟောသောဝိညာဉ် စာပေရေးသားချက်များကို ကျွန်ုပ်ယုံကြည့်ပါသည်။

၉။     အသင်းတော်၏ဖွဲ့စည်းအုပ်ချုပ်ပုံကို ကျွန်ုပ်ယုံကြည်သည်။ ဘုရားရှင်ကိုဝတ်ပြု ကိုးကွယ်ပြီး ကျွန်ုပ်၏ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေများအားဖြင့်သော်လည်းကောင်း၊ ကျွန်ုပ်၏ကိုယ်တိုင်ကြိုးစာအားထုတ်မှုနှင့် အသက်တာ၌လည်းကောင်း အသင်းတော်ကိုထောက်ပံ့ပါမည်။

          ၁၀။   ကျွန်ုပ်ကိုယ်ခန္ဓာသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းအောင်းရာ ဗိမာန်ဖြစ် ကြောင်း ယုံကြည်ပါသည်။ ဘုရားရှင်ကိုဂုဏ်ပြုသောအားဖြင့် ကျွန်ုပ်၏ကိုယ်ခန္ဓာကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ကာ မသန့်ရှင်းသော အစားအစာများတို့ကို ရှောင်ကြည်ခြင်း၊ အရက်သေစာ၊ ဆေးလိပ်နှင့်မူးယစ်ဆေးဝါးများတို့ကို ကိုယ်တိုင်သောက်သုံခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းတို့ကိုမပြုလဲ၊ မိမိကိုယ်ခန္ဓာကိုထိပါးစေနိုင်သည့်အရာ ဟူသရွေ့ကို ကျွန်ုပ်ရှောင်ရှားပါမည်။

၁၁။   ခရစ်တော်ကိုမြော်fလင့်သော သတ္တမနေ့အသင်းတော်မှ သွန်သင်ပို့ချသည့်ကျမ်းစာ တော်မြတ်မှ အခြေခံယုံကြည်ချက်စည်းမျဉ်းဥပဒေအားလုံးကို ကျွန်ုပ်သိရှိနားလည်းပါသည်။ ဘုရားရှင်၏ကျေးဇူးတော်ကြောင့် ဤစည်းမျဉ်းဥပဒေအားလုံးကို ကျွန်ုပ်၏အသက်တာ၌ ဘုရားရှင်၏အလိုတော်နှင့်အညီ ပြည့်စုံစေရန် ကျွန်ုပ်စောင့်ထိန်းပါမည်။

၁၂။    ဓမ္မသစ်ကျမ်း၏သွန်သင်ချက်အရ၊ ရေထဲ၌နှစ်မြုပ်ခြင်းဗတ္တိဇံကို ခံယူလျက် ခရစ်တော်၌ကျွန်ုပ်၏ယုံကြည်ခြင်းကို လူထုပရိသတ်တို့ရှေ့တွင် ပြသကာ ကျွန်ုပ်၏အပြစ်များကို ဘုရားရှင်ဖြေလွှတ်ကြောင်း နှစ်ခြင်းမင်္ဂလာကိုခံယူပါသည်။

၁၃။   ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းတော်သည် သမ္မာကျမ်းစာ၏ အနာဂတ်ဟောထားချက်မှ ကျန်ကြွင်းသောအသင်းတော်ဖြစ်ပြီး တိုင်းပြည်တိုင်း၊ လူမျိုးတ်ိုင်း၊ ကမ္ဘပေါ်ရှိ ဘာသာစကားအမျိုးမျိုးပြောဆိုကြသည့် မည်သည့် ပုဂ္ဂိုလ်ကိုမဆို မိတ်သဟာယဖွဲ့ရန် ကြိုဆိုလက်ခံလျက် ရှိကြောင်း ကျွန်ုပ်လက်ခံယုံကြည်ပါသည်။ ၎င်းကမ္ဘာလုံးဆိုင်ရာ အသင်းတော်၏အသင်းဝင်တစ်ဦးဖြစ်ရန် ကျွန်ုပ်ဆန္ဒရှိပါသည်။

 

နှစ်ခြင်းခံယူရန်မဲယူသဘောတူလက်ခံခြင်း - အသင်းတော်ရှိ အသင်းသူအသင်းသား များတို့၏ရှေ့မှောက်၌သော်လည်းကောင်း၊ (သို့မဟုတ်ခန့်အပ်ထားသော အသင်းတော်၏အခြားအဖွဲ့အစည်းရှေ့၌သော်လည်းကောင်း၊ အသင်းတော်၏ ယုံကြည်ချက်များနှင့်သက်ဆိုင်သည့် မေးခွန်းများတို့ကို နှစ်ခြင်းခံယူမည့်ပုဂ္ဂိုလ်များတို့အား သေချာစွာမေးမြန်းခြင်း၊ မိမိတို့မှလည်း ယုံကြည် လက်ခံလိုက်လျှောက်ကြမည်ဟု ဖြေဆိုခြင်းများ တို့ကို ပြုလုပ်ပြီးသည့်နောက် သူတို့ကိုအသင်းဝင်အဖြစ်လက်ခံကြောင်း နှောင့်နှေးခြင်းမရှိ အချိန်မီ သဘောတူ ဆုံးဖြတ်ချက်ပြုလုပ်ရပါမည်။

 

မသိသောသူများကိုအသင်းသားအဖြစ်လက်ခံခြင်း - ပြောင်းလဲသူများကို နှစ်ခြင်းခံယူ ရန်အတွက် ပြင်ဆင်မှုပြုရာတွင် တရားဟောဆရာအနေဖြင့် နှစ်ခြင်းမင်္ဂလာခံယူကြမည့် ပုဂ္ဂိုလ် များတို့အား သင်ကြားသည့်အတန်းတွင် ဖိတ်ခေါ်သင့်သည်။ ဤတွေ့ဆုံမိတ်ဖွဲ့ခြင်း အစီအစဉ် အားဖြင့် အသင်းတော်သို့ဝင်လာမည့် အသင်းသူအသင်းသားအသစ်များတို့ကို လက်ခံနိုင်ရန် ပိုမို၍ပြင်ဆင်မှုပြုလုပ်နိုင်မည်ဖြစ်သည်။

 

နှစ်ခြင်းမင်္ဂလာအတွက်ပြင်ဆင်မှုများပြုလုပ်ခြင်း - နှစ်ခြင်းမင်္ဂလာခံယူသည့် အစီအစဉ် တွင် လိုအပ်သည့်ပြင်ဆင်မှုများကို သင်းထောက်များမှပြုလုပ်သင့်ပြီး နှစ်ခြင်းခံယူသည့်အမျိုးသား များတို့ကို ရေထဲသို့ဆင်းခြင်း၊ ပြန်လည်၍တက်လာခြင်း၌ ကူညီမှုပြုရမည်။ အမျိုးသမီးများတို့ ကိုမူ သင်းထောက်မယ်များမှ ကူညီသွားရမည်ဖြစ်သည်။

နှစ်ခြင်းခံယူသူများအတွက် နှစ်ခြင်းခံသောအခါဝတ်ဆင်ရန်ဝတ်လုံကို ပြင်ဆင်ထားရမည်။ ပြင်ဆင်ထားသောဝတ်လုံမရှိပါက သင့်လျော်သည့် အဝတ်အစားများကို ဝတ်ဆင်စေရမည်။ သင့်လျော်သည့်အဝတ်အစားများကို ဝတ်ဆင်ရန် အထူးသတိပြုသင့်သည်။

နှစ်ခြင်းမင်္ဂလာခံယူပြီးသောအခါ နှစ်ခြင်းခံယူကြသောပုဂ္ဂိုလမ်များတို့အား ကြိုဆိုလက်ခံ သည့်အစီအစဉ်တိုကလေးကို ပြုလုပ်ပေးသင့်သည်။

                                      

ပြန်လည်၍နှစ်ခြင်းခံယူခြင်း

 

ပြန်လည်၍တစ်ဖန်နှစ်ခြင်းခံယူခြင်းကို တမန်တော် ၁၉း၁- ၌သာ တွေ့ရပြီး ယုံကြည်သူ တစ်စုအား နှစ်ခြင်းဆရာယောဟန်မှ နောင်တတရားရခြင်းကြောင့် နှစ်ခြင်းပေးခြင်းကို တမန်တော်ပေါလုမှ အသိအမှတ်ပြုခဲ့ပါသည်။ နောင်တတရားရရှိခြင်းနှင့်တကွ ဧဝံဂေလိတရားနှင့် ယေရှု၏သွန်သင်ချက်များ၊ ၎င်းပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ပြုပြင်ပြောင်းလဲမှုကို ရရှိခံစားရ ခြင်းများတို့ကို သိရှိနားလည်ကာ ကိုယ်တိုင်ဆက်ကပ်မှုပြုသူများတို့အား ခရစ်ယာန်နှစ်ခြင်း မင်္ဂလာကိုပေးပါသည်။ ဤတိုးပွားလာသည့် သိရှိနားလည်မှုနှင့် ဆက်ကပ်အပ်နှံမှုရှိလာသည့် အခါတွင် တစ်ဖန်ပြန်လည်၍ နှစ်ခြင်းမင်္ဂလာခံယူခြင်းကို လက်ခံပါသည်။

 

          အခြားသောခရစ်ယာန်ဂိုဏ်းဂဏမှပုဂ္ဂိုလ်များ - ကျမ်းစာတော်မြတ်အရ၊ ခရစ်တော်ကို မြော်လင့်သော သတ္တမနေ့ ဥပုသ်အသင်းတော်၏ ယုံကြည်ချက်များကိုယုံကြည်လက်ခံသည့် အခြားသောခရစ်ယာန်ဂိုဏ်းဂဏမှ ပုဂ္ဂိုလ်များတို့အနေဖြင့် မိမိတို့ ယခင်အသင်းတော်၌ ရေအား ဖြင့် ရေနှစ်ခြင်းမင်္ဂလာကို ခံယူပြီးစီး ခဲ့သည့်တိုင် ထပ်မံ၍ တစ်ဖန်ရေနှစ်ခြင်းမင်္ဂလာကို ခံယူလို ပါက တောင်းဆိုင်နိုင်ပါသည်။

          သို့သော် အောက်ပါဥပမာအရေ အကြံပေးချက်မှာ တစ်ဖန်ထပ်မံ၍ ရေနှစ်ခြင်းမင်္ဂလာခံ ယူရန်မလိုအပ်ကြောင်း တွေ့ရပါသည်။ ထင်ရှားသည့်အချက်ကို တမန်တော် (၁၉)တွင် အထူးအကြောင်းရင်း တစ်ရပ်အဖြစ်တွေ့ရပါသည်။ ဖော်ပြချက်အရ၊ အာပေါလုအနေဖြင့် ယောဟန်၏နှစ်ခြင်းမင်္ဂလာကိုခံယူခဲ့ပြီး (တမန်တော် ၁၈း၂၅) တစ်ဖန်ပြန်လည်၍ နှစ်ခြင်း မင်္ဂလာခံယူသည့်အကြောင်းကို မတွေ့ရှိရပါ။ ယောဟန်၏နှစ်ခြင်းမင်္ဂလာကိုခံယူခဲ့သော အခြား တမန်တော်တချို့တို့သည်လည်း ထပ်မံ၍ တစ်ဖန်နှစ်ခြင်းခံယူကြသည့် မှတ်တမ်းမှတ်ရာကို မတွေ့ရှိရပါ။ (ယောဟန် ၁း၃၅-၄၀)

အကယ်၍ ယုံကြည်သူအသစ်တစ်ဥိးသည် ထူးခြားသည့် အသစ်သောအမှန်တရားကို လက်ခံခဲ့ သော်၊ ဝိညာဉ်တော်လမ်းပြပို့ဆောင်မှုကြောင့် ထိုအသစ်သောယုံကြည်သူအနေဖြင့် ထပ်မံ၍ တစ်ဖန်နှစ်ခြင်းမင်္ဂလာခံယူရန် တောင်းဆိုခြင်းကို အီး၊ ဂျီ၊ ဝှိုက်မှ ထောက်ခံကြောင်းတွေ့ ရပါ သည်။ တမန်တော် (၁၉) ၏ပုံစံကို လိုက်လျှောက်နိုင်ပါသည်။ ရေနှစ်ခြင်းမင်္ဂလာကို တစ်ကြိမ်ခံ ယူခဲ့ပြီးသော ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မိမိ၏အသစ်သောဘာသာရေးဗဟုသုတကို ဆန်းစစ် သင့်ပြီး ထပ်မံ၍တစ်ဖန် ရေနှစ်ခြင်းမင်္ဂလာခံယူရန်သင့်သည် မသင့်သည်ကို ကိုယ်တိုင် ဆုံးဖြန်ခွင့်ရှိပါ သည်။ အတင်းအဓမ္မတိုက်တွန်းရန် မလိုပါ။

          “ဤထပ်မံ၍နှစ်ခြင်းခံယူခြင်းသည် ပုဂ္ဂိုလ်တစ်ဦးစီ၏ဘုရားရှင်ကို ကြောက်ရွံ့ခြင်းအပေါ် မိမိ၏ဩတ္တမစိတ်နှိုးဆော်ခြင်းကြောင့် ပြုရမည့်အငန်းအတာဖြစ်ပါသည်။ ဤကိစ္စကို မေတ္တာဖြင့် နူးညံ့သိမ်မွေ့သောစိတ်ဖြင့် သတိကြီးစွာဆောင်ရွက်ရမည့်အရာဖြစ်သည်။ ၎င်းနောက် တိုက်တွန်း ခြင်းသည် မည်သူတစ်ဦးတစ်ယောက်နှင့်မျှမသက်ဆိုင်ဘဲ ဘုရားရှင်၏ဝိညာဉ်တော်လှုပ် ရှားမှုကို သာ အခွင့်အရေးပေးရန်ဖြစ်ပြီး ကာယကံရှင်၏ခံယူချက်နှင့် ကျေနပ်နှစ်သက်မှုအားဖြင့်သာ လျှင် လက်ခံရမည်ဖြစ်သည်။” (EV. ၃၇၃).

 

ဖောက်ပြန်ခြင်းနှင့်ပြန်လည်၍နှစ်ခြင်းခံယူခြင်း - တမန်တော်ခေတ်ရှိ အသင်းတော် အချိန်၌ ဖောက်ပြန်မှုရှိခဲ့သော်လည်း (ဟေဗြဲ ၆း၄-) ပြန်လည်၍နှစ်ခြင်းခံယူခြင်းကိစ္စကို သမ္မာကျမ်းစာမြတ်မှ ဖော်မြခဲ့ခြင်းမရှိပါ။ အီး၊ ဂျီ၊ ဝှိုက်အနေဖြင့် အသင်းဝင်များဖောက်ပြန်ပြီး နောက် တစ်ဖန်ထပ်မံ၍ ပြောင်းလဲကာ အသင်းတော်ထဲသို့ ပြန်၍ဝင်လာလိုပါက ပြန်လည်၍ နှစ်ခြင်းခံယူခြင်းကို ထောက်ခံပါသည်။

ပြုပြင်ပြောင်းလဲခြင်းအတွက် ဆုံးဖြတ်ချက်တစ်ခုကို ပြုရန် ဘုရားရှင် ခေါ်ဖိတ်လျက်ရှိပါ သည်။ ပုဂ္ဂိုလ်တစ်ဦး ဧကန်အမှန်ပြောင်းလဲပါက ပြန်လည်၍ နှစ်ခြင်းခံယူပါစေ။ ဘုရားရှင်နှင့် မိမိ၏အသစ်သောပဋိညာဉ်ကို ပြုခြင်းအားဖြင့် ဘုရားရှင်သည်လည်း မိမိ၏ပဋိညာဉ်ကို သူနှင့်အသစ်တစ်ဖန်ပြုပါစေ။” (EV. ၃၇၅).

 

မသင့်လျော်သောပြန်လည်၍နှစ်ခြင်းခံယူခြင်း - ကျမ်းစာ၏အခြေခံသွန်သင်ချက်အရ နှင့် အီး၊ ဂျီ၊ ဝှိုက်၏လမ်း ညွှန်ချက်အရ ပြန်လည်၍နှစ်ခြင်းခံယူခြင်းအမှုသည် အထူးအခြေအနေ အပေါ်မူတည်ပြီး ဆောင်ရွက်သွားရန်နှင့် မကြာခဏ လွယ်ကူစွာ ဆောင်ရွက်ရန်မသင့်သော ကိစ္စရပ်ဖြစ်ပါသည်။ နှစ်ခြင်းမင်္ဂလာခံယူခြင်းကို ကြိမ်ဖန်များစွာပြုလုပ်ခြင်းသည် နှစ်ခြင်းခံခြင်း ၏လေးနက်သော အဓိပ္ပါယ်ကိုပေါ့စေပြီး၊ သမ္မာကျမ်းစာ၏အရေးပါလှသည့် သွန်သင်ချက်ကို နားလည်မှုလွဲမှားခြင်းကို ထင်ပေါ်စေပါသည်။ ယုံကြည်သူအသင်းသားတစ်ဦးအနေဖြင့် ဝိညာဉ် ရေးပြန်လည်ရှင်သန်ပြီး အသစ်တစ်ဖန်ပြုပြင်ပြောင်းလဲရန်သာ ဖြစ်သည်။ ဤဗဟုသုတမျိုး ရရှိရန် အတွက် ပြန်လည်၍ နှစ်ခြင်းခံယူရန်မလိုဘဲ ပွဲတော်မင်္ဂလာအစီအစဉ်တွင်ပါဝင်သောခရစ်တော်၏ ကိုယ်ခန္ဓာနှင့်မိတ်သဟာယဖွဲ့ ခြင်းပြုပြီး အသစ်တစ်ဖန်ဆက်ကပ်အပ်နှံခြင်းအားဖြင့်သာ ပြုလုပ် ဆောင်ရွက်သွားရန်ဖြစ်သည်။

 

    ယုံကြည်ခြင်းအားဖြင့်အသင်းတော်ဘောင်သို့ဝင်ရောက်လာခြင်း

         

ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းတော်၏ အခြေခံ ယုံကြည်ချက်များတို့ကို ယုံကြည်လက်ခံပြီး ယုံကြည်ခြင်းအားဖြင့် အသင်းတော်ဘောင်သို့ဝင် ရောက်လာလိုပါက အောက်ပါအခြေအနေ () ရပ်ထဲမှ တစ်ခုခုအပေါ်အခြေခံလျက် လက်ခံခြင်း ကိုပြုလုပ်နိုင်ပါသည်။

          ၁။     အခြားသောခရစ်ယာန်ဂိုဏ်းဂဏမှ မြော်လင့်ခြင်းအသင်းတော်၏လုပ်ထုံးနှင့်အညီ နှစ်ခြင်းမင်္ဂလာခံယူခဲ့ပြီး မိမိ၏မူရင်းအသင်းတော်၌ရှိစဉ် သစ္စာရှိသူတစ်ဦးဖြစ်ပါက ထိုသူအား လက်ခံနိုင်ပါသည်။

          ၂။      ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းတော်မှ အသင်းသားတစ်ဦးသည် ကမ္ဘာပေါ်၌ဖြစ်ပေါ်သည့်အခြေအနေကြောင့် မိမိနေထိုင်ခဲ့သော အသင်းတော်မှ အမည်ပြောင်းရွှေ့ ခြင်းအတွက် အမည်ပြောင်းစာကို မည်သည့်နည်းနှင့်မျှ မရယူနိုင်ပါက ထိုသူအားလက်ခံနိုင် ပါသည်။

၃။     ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းတော်မှ အသင်းသားတစ်ဦးသည် မိမိ၏ အမည်စာရင်းကိုပြောင်းရွှေ့ရန် မိမိနေထိုင်ခဲ့သည့်အသင်းတော်ထံ တောင်းဆိုခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမျှမရရှိခဲ့ပါ။ ထိုအခါ သူ့အားလက်ခံရန်သင့်၊ မသင့်ကိစ္စနှင့်ပတ်သက်၍ နယ်ဌာနချုပ်ကို တာဝန်ရှိပုဂ္ဂိုလ်များတို့၏အကူအညီကို ရယူရပါမည်။

၄။     အသင်းဝင်ဖြစ်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် အကြောင်းရင်းတစ်ခုခုကြောင့် အသင်းတော်ရှိ အသင်းဝင်စာရင်းစာအုပ်၌ အမည်အထားအသိုမှားယွင်းခြင်း (သို့မဟုတ်) ပျောက်ဆုံးနေခြင်းကြောင့် မိမိ၏အမည်စာရင်းကို အသင်းဝင်စာရင်းမှ ထုတ်ပယ်ထားခြင်းခံရ ပါက ထိုသူသည် သစ္စာရှိသူတစ်ဦးဖြစ်နေလျှင် ထိုသူအားလက်ခံနိုင်ပါသည်။

အကယ်၍ ပုဂ္ဂိုလ်တစ်ဦးသည် အခြားအသင်းတော်မှ အသင်းဝင်တစ်ဦးဖြစ်နေပါက ထိုသူ ကို အသင်းတော်ဘောင်ထဲသို့လက်ခံရာတွင် အထူးသတိပြုရပါမည်။ အကယ်၍ ပုဂ္ဂိုလ်တစ်ဦး သည် ယုံကြည်ခြင်းအားဖြင့် အသင်းတော်ဘောင်သို့ဝင်ရောက်လာလိုပါက ထိုသို့ တောင်းဆိုလာ သူ၏နောက်ကြောင်းရာဇဝင်ကို ကောင်းမွန်စွာ လေ့လာသုံးသပ်ရပါမည်။ အသင်းတော်လူကြီးများ တို့သည် နယ်ဥက္ကဌထံအကြံယူရပါမည်။ လုံလောက်သောအချိန်ကိုယူကာ ထိုသူ၏အသက်တာ အခြေအနေကို သေချာစွာလေ့လာရပါမည်။

အကယ်၍ ပုဂ္ဂိုလ်တစ်ဦးသည် အသင်းတော်ဘောင်ထဲသို့ ယုံကြည်ခြင်းအားဖြင့်ဝင် ရောက် ရန် တောင်းဆိုလာပါက ထိုသူသည် အခြေားအသင်းတော်ရှိအသင်းဝင်ဖြစ်ကြောင်းသိရှိရလျှင် ပြောင်းရွှေ့စာကို အသင်းတော်မှမရရှိမချင်း ထိုသူအားလက်ခံခြင်းမပြုရပါ။ အကယ်၍ အမည် ပြောင်းစာကိုရရှိလျက်နှင့် အသူ့အားအသင်းဝင်အဖြစ် လက်ခံရန် ငြင်းပယ်ခဲ့လျှင် မတရားငြင်းပယ်ခြင်းခံရသည်ဟု ခံစားနေရသောသူသည် နယ်ကော်မတီသို့တင်ပြ၍ အသနားခံနိုင်ပါ သည်။ ဤနည်းလမ်းကိုလိုက်လျှောက်ခြင်းဖြင့် အသင်းတော်၏အမည်စာရင်းမှတ်တမ်း၏ တန်ဖိုး ရှိလှသည့်အကြောင်းရင်းကို ဖြစ်စေခြင်းနှင့် မှားယွင်းမှုများတို့ကိုလည်း အမှန်သို့ရောက်ရှိစေပါ သည်။ အပြစ်ပေးခံနေရသည့် ပုဂ္ဂိုလ်မှ လွဲလျှင်မည်သူကိုမျှ အသင်းသားအမည်စာရင်းပြောင်းရွှေ့ ခြင်းကို မည်သည့်အသင်းတော်မျှ တားဆီးပိုင်ခွင့်မရှိပါ။

          အမည်ထုတ်ပယ်ခြင်းခံရသည့် ပုဂ္ဂိုလ်တစ်ဦးသည် အသင်းတော်တစ်ခု၏ အသင်းဝင်တစ်ဦး ပြန်လည်ဖြစ်လိုပါက၊ ထိုသူအားပြန်လည်၍ လက်ခံနိုင်သည့်နည်းလမ်းမှာ ပြန်လည်၍နှစ်ခြင်း မင်္ဂလာ ခံယူခြင်းအားဖြင့်သာဖြစ်သည်။


                        အသင်းသားအမည်စာရင်းပြောင်းရွှေ့ခြင်း                

 

အသင်းသူအသင်းသားများအနေဖြင့် အခြားနေရာသို့ပြောင်းရွှေ့သွားသောအခါ၊ သူတို့၏ အသင်း သားအမည်စာရင်းကို ကိုင်တွယ်ရသောအသင်းတော်၏အသင်းစာရေးသည် သက်ဆိုင်ရာ နယ်အတွင်းရေးမှူးထံသို့ စာရေးအကြောင်းကြားကာ မိမိတို့ရောက်ရှိနေထိုင်နေသည့်နေရာ၌ တာဝန်ယူရသော သင်းအုပ်ဆရာအား မိမိတို့၏အသင်းသားအမည် စာရင်းကိုပို့ပေးရန် တောင်းဆို ခြင်းပြုရန် သတင်းပို့ပေးရပါမည်။

အသင်းသားအမည်စာရင်းကိုကိုင်တွယ်ရသော အသင်းတော်စာရေးအနေဖြင့် ပြောင်းရွှေ့ သွားသည့် အသင်းသားများတို့အား မိမိတို့၏နေရာသစ်၏နေရပ်လိမ်စာကို နယ်ဌာနချုပ်သို့ ပို့ပေး ရန် သတိပေးအကြောင်းကြားရပါမည်။

အခြားနေရာသစ်သို့ () ထက်ပို၍နေထိုင်လျက်ရှိသော အသင်းသူအသင်းသားများတို့ သည် မိမိတို့၏အသင်းဝင်အမည်စာရင်းကို ပြောင်းရွှေ့နိုင်ရန်အတွက် ချက်ချင်းတောင်းဆိုသင့် ပါသည်။ မည်သည့်အသင်းတော်နှင့်မျှ နိးကပ်မှုမရှိသောနေရာသို့ ပြောင်းရွှေ့နေထိုင်ကြသည့် အသင်းသူအသင်းသားများတို့အနေဖြင့် နယ်ဌာနချုပ်အသင်းတော်နှင့်ပေါင်းစည်းရန် တောင်းဆိုရပါမည်။


          ပြောင်းရွှေ့ခွင့်စာများကိုပေးခြင်းစနစ် - အသင်းသားများအနေဖြင့် မိမိတို့ပြောင်းရွှေ့လို သည့် အသင်းတော်၏အသင်းတော်စာရေးထံသို့ ပြောင်းရွှေ့နိုင်ရန် လျှောက်ထားရပါမည်။ ထိုအခါ အသင်းတော်စာရေးသည် ယခင်ထိုအသင်းသားများရှိရာ အသင်းတော်စာရေးထံသို့ မည်သူမည်ဝါမှ အသင်းပြောင်းစာလိုနေကြောင်း အသင်းပြောင်းစာထုတ်ပေးရန် တောင်းဆိုပေးရ ပါမည်။

          အသင်းပြောင်းစာထုတ်ပေးရမည့်အသင်းတောမှ အသင်းတော်စာရေးသည် တောင်းဆိုလွှာ ကိုရရှိသောအခါ ၎င်းတောင်းဆိုချက်ကို သင်းအုပ်ဆရာ (သို့မဟုတ်) အသင်းလူကြီးထံသို့ ယူဆောင်သွားပြီး အသင်းတော်ဘုတ်အဖွဲ့သို့ တစ်ဖန်တင်ပြရပါသည်။ စဉ်းစားဆင်ခြင်၍ တိုင်ပင် ကြပြီးနောက် ဆုံးဖြတ်ချက်ယူကာ အသင်းတော်သို့တင်ပြရပါသည်။ ဒုတိယအကြိမ်ဖတ်ကြားခြင်း ကို နောက်တစ်ပတ်တွင်ပြုလုပ်ကာ ၎င်းတောင်းဆိုချက်ကို သဘောတူညီကြောင်း အသင်းတော်မှ အများဆန္ဒရယူပြီး ဆုံးဖြတ်ရပါသည်။

          ပထမအကြိမ်ဖတ်ကြားပြီး ဒုတိယအကြိမ်ဖက်ကြားရန် တစ်ပတ်အချိန်ယူရခြင်းမှာ ပြောဆို စရာအထွေအထူးတစ်စုံတစ်ရာရှိပါက ပြောဆိုခွင့်ပေးထားခြင်းဖြစ်ပါသည်။ ကန့်ကွက်ခြင်းရှိခဲ့ သော် လူထုပရိသတ်ရှေ့တွင် ကန့်ကွက်ရန်မဟုတ်ဘဲ ၎င်းတစ်ပတ်တာကြား ကာလတွင် ကန့်ကွက်ရန်အကြောင်း အရင်းရှိသူအနေဖြင့် သင်းအုပ်ဆရာ (သို့မဟုတ်) အသင်းလူကြီးထံသို့ တင်ပြနိုင်ပြီး အသင်းတော်ဘုတ်အဖွဲ့၏အစည်းအဝေး၌ ပြန်လည်၍စဉ်းစားပါမည်။ ဘုတ်အစည်းအဝေး၌ ကန့်ကွက်သူ၏ပြောဆ်ိုတင်ပြချက်များကို သိရှိရန် ကန့်ကွက်သူအားခေါ်ယူ တင်ပြခွင့်ပေးရပါသည်။ အခြေအမြစ်မခိုင်လုံသည့်ကန့်ကွက်မှုဖြစ်ခဲ့သော် ဘုတ်အဖွဲ့မှမှန်ကန်ခြင်း ရှိ၊ မရှိ စစ်ဆေးလေ့လာရန် တာဝန်ရှိပါသည်။ အကြောင်းရင်းများတို့ကို သေချာစွာ စုံစမ်းစစ်ဆေးပြီး၍ ဖြစ်ပေါ်နေသည့်ကိစ္စရပ်အပေါ် ကျေနပ်မှုရှိမှသာ နောက်ဆုံးအနေဖြင့် ပြောင်းရွှေ့ခွင့် စာကို ထုတ်ပေးသွားရပါမည်။

အကယ်၍ ကန့်ကွက်ခြင်းသည် ပုဂ္ဂိုလ်ရေးကိစ္စနှင့်ပတ်သက်နေပါက၊ မသင့်မြတ်မှုဟူသရွှေ့ ကို အစွမ်းကုန်ကြိုးစား၍ သင့်မြတ်ခြင်းရှိရန်ဆောင်ရွက်သင့်ပါသည်။ အကယ်၍ အများနှင့် ပတ်သက်သည့် ကျူးလွန်မှုတစ်စုံတစ်ရာဖြစ်ပါက ပြစ်ဒဏ်ပေးရန် စည်းဝေးတစ်ရပ်ကို ခေါ်ယူရ မည်ဖြစ်သည်။ အကယ်၍ ဝိညာဉ်ရေးဆိုင်ရာအပြောအဆို (သို့မဟုတ်) လုပ်ဆောင်ချက်တို့၌ မတော် မလျော်ဖြစ်ပါက ထိုပုဂ္ဂိုလ်အားခေါ်ယူကာ အားပေးကူညီမှုပြုခြင်းဖြင့် သူ့အားကယ်ဆယ် သွားရမည်ဖြစ်သည်။

 

ပြောင်းရွှေ့စာကို အသင်းတော်စာရေးမှပြင်ဆင်ခြင်း - အသင်းတော်မှ ပြောင်းရွှေ့စာကို ထုတ်ပေးရန်သဘောတူဆုံးဖြတ်ပြီးသောအခါ အသင်းတော်စာရေးသည် ပုံမှတ်ပြောင်း ရွှေ့ခြင်း ပုံစုံထဲ၌ လိုအပ်သည်များကိုဖြည့်စွက်ပြီး သူ့အားလက်ခ့မည့်အသင်းတော်၏စာရေးထံ ပို့ပေးရပါ မည်။ သူ့အားလက်ခံမည့်အသင်းတော်စာရေးသည် ထိုစာကို သင်းအုပ်ဆရာ (သို့မဟုတ်) အသင်း လူကြီးထံပေးလိုက်ကာ အသင်းတော်ဘုတ်အဖွဲ့၏ထောက်ခံချက်ကို ပထမဦးစွာရယူပြီးနောက် ၎င်းတောင်းဆိုချက်ကို အသင်းတော်ပုံမှန် အစည်းအဝေး၌ အသင်းသးတစ်ဦးအဖြစ်လက်ခံရန် ဆုံးဖြတ်ကာ မဲဆန္ဒယူခြင်းဖြင့် လက်ခံသွားရပါမည်။ ထိုအခါ လက်ခံမည့် အသင်းတော် စာရေးသည် သူ၏နာမည်နှင့် လက်ခံသည့်ရက်စွဲကို အသင်းသားဦးရေမှတ်တမ်း၌ ရေးမှတ်ထားရ ပါမည်။ အသင်းတော်စာရေးအနေဖြင့် ပြောင်းရွှေ့စာ၌ ပါရှိသည့် ဖြည့်စွက်ရမည့် ကွက်လပ်တွင် ထိုသူအားလက်ခံခဲ့ကြောင်း နာမည်နှင့်ရက်စွဲများကို ဖြည့်စွက်ကာ ၎င်းစာရွက်အပိုင်းကို ပြောင်းရွှေ့ခွင့်ပြုသည့်အသင်းတော်၏ အသင်းတော်စာရေးထံ ပြန်ပို့ရပါမည်။ -လအတွင်းသာလျှင်အသုံးပြုနိုင်ခြင်း - ပြောင်းရွှေ့ခွင့်ထုတ်ပေးသောစာသည် ထုတ်ပေးသောနေ့မှစ၍ -လအတွင်းသာလျှင် အသုံးပြုနိုင်ပါသည်။

 

ပြောင်းရွှေ့ခြင်းဆိုင်ရာအခြားနည်းလမ်း - ဒီဝီဇံတစ်ခုမှ မိမိဒီဝီဇံအတွင်းရှိအသင်းတော် များ၌ အသင်းသားပြောင်းရွှေ့ခြင်းအတွက် ပြောင်းရွှေ့ခြင်းဆိုင်ရာအခြားနည်းလမ်းကို အသုံးပြုနိုင် သော်လည်း အခြားဒီဝီဇံရှ အသင်းတော် တစ်ခုခုသို့ပြောင်းရွှေ့ရန် တောင်းဆိုမှုပြုပါက အထက်ပါ ပြောင်းရွှေ့ ခြင်းစာများကိုပေးခြင်းစနစ်အတိုင်း လိုက်လျှောက်ရပါလိမ့်မည်။

 

ပြောင်းရွှေ့ချိန်အတွင်းအသင်းဝင်စာရင်း - အသင်းသားတစ်ဦး၏ပြောင်းရွှေ့ချိန်ကာလ အတွင်း သူ့အားလက်ခံသည့်အသင်းတော်မှ လက်ခံပြီဖြစ်ကြောင်း စာရွက်ဖြတ်ပိုင်းကို ပြောင်းရွှေ့ စာထုတ်ပေးသည့်အသင်းတော်မှမရရှိမချင်း သူ၏နာမည်စာရင်းကို မည်သည့်အခြေအနေမျိုး၌မဆို ရှိနေစေကာမူ ပယ်ဖျက်ခြင်းမပြုရပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ပြောင်းရွှေ့ချန်ကာလအတွင်း သူ၏ နာမည်စာရင်းသည် ပျောက်ပျက်ခြင်းမရှိဘဲ အသင်းတော်၌သာ တည်ရှိနေပါလိမ့်မည်။ ဤကဲ့သို့ ဆောင်ရွက်သွားနိုင်ရန် အသင်းတော်စာရေး၊ အသင်းလူကြီးများ၊ သင်းအုပ်ဆရာနှင့် နယ်ဥက္ကဌတို့ မှ သတိပြုကာ ကြပ်မတ်သွားရန်တာဝန်ရှိပါသည်။

 

ခက်ခဲမှုအောက်၌ရှိနေသောအသင်းသားများကိုလက်ခံခြင်း - ကမ္ဘာ့အခြေအနေများအရ အသင်းသားပြောင်းရွှေ့ခြင်းဆိုင်ရာကိစ္စ၌ တစ်ခါတစ်ရံ ဆက်သွယ်မှုပြုရန် အခက်အခဲရှိတတ်ပါ သည်။ ထိုအခြေအနေမျိုး၌နေပါက အသင်းသားတစ်ဦးတစ်ယောက်အား လက်ခံမည့်အသင်းတော် အနေဖြင့် နယ်ဌာနချုပ်နှင့်တိုင်ပင်ကာ မိမိအသင်းတော်နှင့်ပေါင်းစည်းလိုသည့် အသင်းသား၏ ဝိညာဉ်ရေးအခြေအနေကို သုံးသပ်ပြီး ကျေနပ်မှုရှိလျှင် ယုံကြည်ခြင်းအားဖြင့် ထိုသူအားမိမိ၏အသင်းဝင်အဖြစ် လက်ခံနိုင်ပါသည်။ အကယ်၍ ဆက်သွယ်မှုလမ်းစ ပွင့်လာပါက ထိုပုဂ္ဂိုလ်အားလက်ခံသည့် အသင်းတော်သည် သူ့အားမည်ကဲ့သို့ လက်ခံခဲ့ကြောင်း သက်ဆိုင်ရာသအင်းတော်သို့ အကြောင်းကြားရပါမည်။

 

အသင်းသားအစီရင်ခံစာ၌ရေတွက်ခြင်း - သုံးလတစ်ကြိမ်နှင့် တစ်နှစ်တစ်ကြိမ် အသင်းသား ဦးရေးစာရင်းအစီရင်ခံစာပြုလုပ်သည့်အခါ၊ ပြောင်းရွှေ့ ရန်ခွင့်ပြုခြင်းခံရပြီးသော အသင်းသားတစ်ဦး၏နာမည်ကို သူ့အားလက်ခံကြောင်း ဖြတ်ပိုင်းမရရှိခဲ့ပါက ထိုသူ၏ အမည်စာရင်းကို ပြောင်းရွှေ့ခွင့်ပြုသည့် အသင်းတော်မှ ထည့်သွင်းရေတွက်ရဦးမည်ဖြစ်သည်။ သို့သော် လက်ခံသည့်အသင်းတော်မှ သူ့အားလက်ခံပြီးဖြစ်ကြောင်း ဖြတ်ပိုင်းကိုရရှိခဲ့လျှင် သူ၏အမည်ကို အသင်းတော်စာရင်းမှတ်တမ်း၌ ပယ်ဖျက်ကာ လာမည့် အစီရင်ခံစာများတွင် ထည့်သွင်းခြင်းမပြု ရတော့ပါ။

 

အကယ်၍အသင်းသားအဖြစ်လက်မခံခဲ့သော် - ပြောင်းရွှေ့ခွင့်ပြုကြောင်းစာကို မရရှိရ ခြင်း၏ခိုင်လုံသည့်အကြောင်းရင်းမသိမချင်း လက်ခံသည့် အသင်းတော်သည် သူ၏နာမည်ကို လက်ခံရမည်ဖြစ်သည်။ အကယ်၍ သူ့အမည်ကိုလက်မခံခဲ့သော် အသင်းတော်စာရေးအနေဖြင့် လက်မခံရသည့်အကြောင်းရင်းအပြည့်အစုံကိုရှင်းပြကာ ပြောင်းရွှေ့ခွင့် ပြုသည့် အသင်းတော်၏ အသင်းတော်အမည်စာရင်းမှတ်တမ်း၌သာ ရှိနေရမည်ဖြစ်သည်။ ထိုကိစ္စကို သက်ဆိုင်ရာမှ နားလည်းလိုက်လျှောက်ကြရပါမည်။

 

စစ်မှန်သောအသင်းသားကိုသာလက်ခံခြင်း - ပြောင်းရွှေ့ခွင့် အတွက်ထောက်ခံစာကို စစ်မှန်၍၊ ကောင်းသောအသင်းသူအသင်းသားများတို့ကိုသာ ပေးရမည်ဖြစ်ပြီး၊ ပြစ်ဒဏ်ပေးခံရ သော အသင်းဝင်များတို့အား မည်သည့်အခါမျှမပေးရပါ။ တီးတိုးပြောဆိုသံများမှ အရာမဝင်ပါ။ သို့သော် သင်းအုပ်ဆရာ (သို့မဟုတ်) ဘုတ်အဖွဲ့မှ ပြောင်းရွှေ့ရန်ခွင့်ပြုခဲ့သည့်အသင်းတော်မှ လေ့လာသုံးသပ်ချက်အရ ပြောင်းရွှေ့မည့် အသင်းသား၌ ကလေးများကို မတော်မတရားပြုလုပ်သည့် ရာဇဝတ်မှုကျူးလွန်သူဖြစ်ပါက စဉ်းစားရန်လိုအပ်ပါမည်။ အကြောင်းမှာ လက်ခံမည့် အသင်းတော်အနေဖြင့် ထိုပုဂ္ဂိုလ်အကြောင်း ကို သိထားရန်လိုအပ်ခြင်းကြောင့်ဖြစ်သည်။ ထိုအခါ ပြောင်းရွှေ့ခွင့်ပြုသည့် အသင်းတော်မှ သင်းအုပ်ဆရာ (သို့မဟုတ်) အသင်းလူကြီးသည် လက်ခံမည့်အသင်းတော်ရှိသင်းအုပ်ဆရာ (သို့မဟုတ်) အသင်းလူကြီးတို့ထံ ၎င်းပုဂ္ဂိုလ်၏အကြောင်းနှင့်ပတ်သက်၍ လျှို့ဝှက်သတင်းပေးပို့ သင့်ပါသည်။

အကယ်၍ အသင်းဝင်တစ်ဦးသည် နေရာသစ်တွင်ပြောင်းရွှေ့ပြီးမကောင်းသောအကျင့်စရိုက် ကို ပြုလုပ်နေပါက ပြောင်းရွှေ့ခွင့်ပြုသည့် အသင်းတော်မှ သင်းအုပ်ဆရာ (သို့မဟုတ်) အသင်း လူကြီးအနေဖြင့် ဤကဲ့သို့ပြောင်းရွှေ့ခြင်းခံရသူ၏အကြောင်းသတင်းကို ကြို၍ပို့ထားခြင်းကြောင့် ၎င်းပုဂ္ဂိုလ်အားလက်ခံသည့် အသင်းတော်၏သင်းအုပ်ဆရာ (သို့မဟုတ်) အသင်းလူကြီးနှင့် ပြဿနာကိုဖြေရှင်းနိုင်ပါလိမ့်မည်။

 

အသင်းသားများသဘောတူခြင်းမရှိပါကပြောင်းရွှေ့၍မရခြင်း - အသင်းသူအသင်းသား များတို့၏ဆန္ဒနှင့် ဆန့်ကျင်၍ မည်သည့်အသင်းတော်မှ ပြောင်းရွှေ့ခွင့်မပြုရသကဲ့သို့ မည်သည့် အသင်းတော်မှလည်း ထိုအခြေအနေမျိုး၌ရှိနေသည့် ခွင့်ပြုခြင်းကိုလည်း လက်မခ့သင့်ပါ။ အသင်း ဝင်သူတို့သည် ခရစ်တော်၏ကိုယ်ခန္ဓာနှင့် ကိုယ်တိုင်ကိုယ်ကျရှိကြခြင်းဖြစ်ပြီး အသင်းတော် အနေ ဖြင့် ထိုဆက်သွယ်မှုကို အသိအမှတ်ပြုကာ ဤကိစ္စကို မိမိတို့ဆန္ဒအလျောက်ပြုခြင်းကို ရှောင်ကြဉ် ရပါမည်။

အခြားတစ်ဘက်၌ အသင်းဝင်တစ်ဦးသည် အသင်းတော်၏အရေး ကိစ္စများကို တာဝန်သိသိ အသိအမှတ်ပြုကာ ကြိုးစားအားထုတ်ပြီး အသင်းတော်၏ပြဿနာများကို လျော့ပေါ့စေရပါမည်။ အသင်းဝင်တစ်ဦးပြောင်းရွှေ့သွားသောအခါ ပြောင်းရွှေ့သူအနေဖြင့် မိမိအမည်စာရင်းကို ပြောင်းရွှေ့နေထိုင်ရာဒေသ ရှိအသင်းတော် သို့ ပြောင်းရွှေ့နိုင်ရန် အမြန်ဆုံးတောင်းဆိုသင့်ပါသည်။

အသင်းတော်တစ်ခုကို အသင်းတော်မိသားစုဝင်အဖြစ်မှ နယ်ညီလာခံအစည်းအဝေး အချိန် အခါ၌ ပယ်ဖျက်ရန်သဘောတူဆုံးဖြတ်ချက်ပြုပြီးသောအခါ ငြင်းဆန်သောသူမှလွဲ၍ သစ္စာရှိသော အသင်းဝင်များတို့၏အသင်းဝင်စာရင်းကို ခေတ္တယာယီနယ်ဌာနချုပ်အသင်းတော်သို့ပြောင်းရွှေ့ရန် စီစဉ်ရပါမည်။ ထိုအခါ နယ်ဌာနအသင်းတော် အနေဖြင့် ပြောင်းရွှေ့ခွင့်စာကို သစ္စာရှိသောအသင်း ဝင်များတို့ထံပေးပို့ရန် နှင့် သူတို့အားလိုအပ်သလိုဆက်ဆံမှုပြုရန်ဖြစ်ပါသည်။

 

အသင်းတော်ဘုတ်အဖွဲ့မှပြောင်းရွှေ့မိန့်မထုတ်ပေးနိုင်ခြင်း - အသင်းတော်ဘုတ်အဖွဲ့ သည် အသင်းဝင်သူများအတွက် အသင်းပြောင်းစာထုတ်ပေးခြင်း (သို့မဟုတ်) လက်ခံခြင်းတို့ကို ဆောင်ရွက်နိုင်သောအာဏာ မရှိပါ။ အသင်းတော်ဘုတ်အဖွဲ့၏အာဏာအကန့်အသတ်မှာ အသင်း တော်သို့ထောက်ခံချက်များတို့ကို ပေးရန်သာဖြစ်သည်။ အသင်းသားများအပြောင်းအရွှေ့ အတွက် ဆုံးဖြတ်ချက်ကို အသင်းတော်မှသာ ဆောင်ရွက်ရပါမည်။ အသင်းတော်၏ဆုံးဖြတ်ချက်အားဖြင့် မဟုတ်ဘဲ အသင်းတော်စာရေးအနေဖြင့်လည်း မည့်သည့်အသင်းသူအသင်းသားကိုမျှ အသင်းတော် အသင်းဝင်မှတ်တမ်းထဲ၌ အမည်ထုတ်ပယ်ခြင်း (သို့မဟုတ်) ထည့်သွင်းခြင်းပြုရန်အာဏာမရှိ ပါ။ အသင်းဝင်တစ်ဦးသေဆုံးသွားသောအခါ အသင်းတော်စာရေးအနေဖြင့် ထိုသေဆုံးသွားသော အသင်းသား၏သေဆုံးသည့်နေ့ရက်ကို မှတ်သာ ထားရပါမည်။ ထိုကိစ္စအတွက် အသင်းတော်၏ ဆုံးဖြတ်ချက်ကို ပြုလုပ်ရန်မလိုပါ။

 

နယ်ဌာနချုပ်အသင်းတော်၌အသင်းဝင်နာမည်စာရင်း - ဖွဲ့စည်းထားသောအသင်းတော် မရှိသည့် ဝေးကွာနေသည့်နေရာဒေသ၌ ရောက်ရှိနေသောအသင်းဝင်များတို့သည် နယ်ဌာနချုပ်အသင်းတော်နှင့် ပေါင်းစည်းသင့်ပါသည်။ သို့မှသာ အသင်းတော်၏အခွင့်အရေးများကို ရရှိနိုင်သည့်အကျိုးကျေးဇူးကို ခံစားနိုင်ကြပါလိမ့်မည်။ အသင်းတော်၏အနီးနား၊ နယ်ဌာနချုပ်လူကြီးများနှင့် အခြားအမှုဆောင်များ၊ သင်းအုပ်ဆရာများ တို့အပါအဝင် အနီးအနားတွင်နေထိုင်လျက်ရှိသည့် အသက်အရွယ်ကြီးရင့်သော၊ အင်အားချည့်နဲ့ သော အသင်းသားများတို့၏အမည်စာရင်းကို ဒေသခံအသင်းတော်၌သာ ထားရှိသင့်ပါသည်။ နယ်ဌာနချုပ်အသင်းတော်၌ မထားသင့်ပါ။

နယ်ဌာနချုပ်ဥက္ကဌသည် နယ်ဌာနချုပ်အသင်းတော်လူကြီးတာဝန်ကို ထမ်းဆောင်ရမည် ဖြစ်ပြီး အသင်းတော်စာရေးတာဝန်နှင့် ငွေးရေးကြေးရေးတာဝန်ကို နယ်ဌာနချုပ်အတွင်းရေးမှူး နှင့်ဘဏ္ဍာရေးမှူးမှ ထမ်းဆောင်သွားရပါမည်။ နယ်ဌာနချုပ်အသင်းတော်သည် အသင်းတော်ဘုတ် အဖွဲ့မရှိသော ကြောင့် အသင်းတော်ဘုတ်အဖွဲ့မှ ဆောင် ရွက်ရန်ကိစ္စရပ်များကို နယ်ဌာနချုပ် ကော်မတီမှနေ၍ ဆောင်ရွက်သွားရပါမည်။ နယ်ဌာနချုပ်ညီလာခံအစည်းအဝေးသို့ တက်ရောက်ရ မည့်ကိုယ်စားလှယ်ကိုလည်း ရွေးချယ်ပေးရပါမည်။

 

အသင်းသားဦးရေမှတ်တမ်း - အသင်းတော်၌ အသင်းဝင်ဦးရေမှတ်တမ်းတစ်အုပ်ရှိ သင့် သည်။ အမည်စာရင်းထည့်သွင်းခြင်းနှင့်ထုတ်ပယ်ခြင်းကို အသင်းတော်၏ဆုံးဖြတ်ချက်ဖြင့် ပြုလုပ် ရပါမည်။ သေဆုံးသောအခါ၌လည်း မှတ်တမ်းယူရမည်။ မည်သည့်အခြေအနေမျိုး၌မျှ အသင်းတော်သည် အနားယူသောအသင်းသားစာရင်းကို မထားရှိသင့်ပါ။

 

 


အခန်းကြီး - ၇။

အခန်း ()

စည်းကမ်းချက်

 

အထွေထွေစည်းကမ်းချက်များ

 

          သမ္မာကျမ်းစာနှင့် ဝိညာဉ်တော်စာပေတို့သည် ရှင်းလင်းပြေတ်သား၍ မမှားယွင်းနိုင်သော စကား အသုံးအနှုန်းဖြင့် ဘုရားသခင်၏သားသမီးတို့အား မိမိတို့၏သန့်ရှင်းဖြူစင်ခြင်း၊ ရိုးသား ဖြောင့်မတ်ခြင်းနှင့် ဝိညာဉ်ရေးဘက်၌ ပြင်းပြသောဆန္ဒများ ကို ထိန်းသိမ်းရန် လေးနက်သော တာဝန်ကို ပေးအပ်ထားပါသည်။ အကယ်၍ အသင်းသူအသင်းသားများတို့အနေဖြင့် ပေါ့လျော့နေ ခြင်း (သို့မဟုတ်) လမ်းလွဲသွားခြင်းရှိပါက အသင်းတော်အနေဖြင့် သူတို့အားပြန်လည်၍ ဘုရားရှင်းထံသို့ ခွန်အားအပြည့်အဝဖြင့်လှည့်လာရန် လမ်းရှာကာခေါ်ဆောင်လာရပါမည်။

 

လမ်းလွဲနေသောအသင်းသားများတို့နှင့်ဆက်ဆံခြင်း - ထိုကြောင့် သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်၊ သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍ဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် ညီအစ်ကိုကိုရပြီ။ သို့မဟုတ် သင်၏စကားကို နားမ ထောင်လျှင်၊ လူနှစ်ဦးသုံးဦးသက်သေခံ၍ စကားရှိသမျှတို့ကိုတည်စေခြင်းငှာ ကိုယ်နှင့်အတူ လူတစ်ဦးနှစ်ဦးကိုခေါ်ဦးလော့။ ထိုသူတို့၏စကားကို နားမထောင်လျှင် အသင်းတော်အားကြား ပြောလော့။ အသင်းတော်၏စကားကို နားမထောင်လျှင်။ သာသနာပလူကဲ့သို့လည်းကောင်း၊ အခွန်ခံကဲ့သို့ လည်းကောင်း ထိုသူကိုမှတ်လော့။ ငါအမှန်ဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာဖြေလွှတ်သမျှ သည် ကောင်းကင်ဘုံ၌ ဖြေလွှတ်လျက်ရှိလိမ့်မည်။” (မဿဲ ၁၈း ၁၅-၁၈)


လမ်းလွဲနေသော အသင်းသူအသင်းသားများတို့နှင့်ဆက်ဆံရာတွင် ဘုရားရှင်၏သားသမီး များတို့သည် ရှင်မဿဲအခန်းကြီး (၁၈) မှ ယေရှုခရစ်တော်ပေးခဲ့သည့် လမ်းညွှန်ချက်အတိုင်း သေချာစွာ၊ သတိကြီးစွာဖြင့် လိုက်လျှောက်ရပါမည်။

လူသားများတို့သည် တန်ဖိုးဖြတ်၍မရသောအရာဖြင့် ဝယ်ယူခြင်းခံရသည့် ခရစ်တော်၏ ပိုင်ဆိုင်သော ပိုင်ဆိုင်မှုဖြစ်သောကြောင့် သူနှင့်သူ၏ခမည်းတော်မှမေတ္တာအားဖြင့် ချည်နှောင်ထား လျက်ရှိကြောင်း ထင်ရှားစေပါသည်။ ထိုကြောင့် လူသားအချင်းချင်း မည်ကဲ့သို့ ဆက်ဆံကြရမည် ကို ဆင်ခြင်သင့်ပါသည်။ မိမိညီအစ်ကိုမောင်နှမ လူသားများတို့၏မကောင်းသော သတင်းကို ဖြန့်ချိပြောဆိုပိုင်ခွင့်မရှိပါ။ လမ်းလွဲသူများကို အသင်းသားများအးနေဖြင့် မိမိတို့ဆန္ဒအတိုင်း လုပ်လိုရာ လုပ်ဆောင်ခွင့်မရှိပါ။ လမ်းလွဲသူတို့၏ အကျိုးကို ယုတ်လျော့စေမည့်အရာကိုပင် ဖော်ပြ ရန်မသင့်ပါ။ ထိုသို့မပြုခဲ့လျှင် တဆေးနှင့်တူသောဆိုးသွမ်းမှုကို သူ့အပေါ်၌သက်ရောက်စေ ရန် သူတစ်ပါး၏စိတ်တွင် ဖြစ်ပေါ်စေလိမ့်မည်။

ညီအစ်ကိုတစ်ယောက် သင့်ကိုပြစ်မှားလျှင် ခရစ်တော်ပြောခဲ့သည်မှာ ]သူ့ထံသို့သွားပြီး သူ၏အမှားကို သင်တို့နှစ်ဦးစပ်ကြားသာလျှင်ပြောဆိုပါ] သူ၏အမှားကို သူတစ်ပါးအားမပြော ရန်ဖြစ်သည်။ တစ်ဦးတစ်ယောက်ကို ပြောဆိုမိပါက ထိုသူမှတစ်ဆင့် အခြားသူတစ်ဦး၊ ထိုနောက် အခြားသူတစ်ဦးဆက်၍ ဆက်၍ကြားသိရကာ အသင်းတော်တစ်ခုလုံးသို့ ပျံ့နှံ့မည်ဖြစ်သော ကြောင့် အသင်းတော်တစ်ခုလုံး၏ ဂုဏ်သိက္ခာကိုပင် ထိပါးနိုင်ပါသည်။ ပြဿနာကို နှစ်ဦးစပ် ကြား၌သာလျှင်ဖြေရှင်းလိုက်ရန် ဘုရားရှင်၏အကြံအစည်နှင့်အလိုတော်ဖြစ်ပါသည်။” (7T ၂၆၀).


ဘုရားရှင်၏အကြံအစည် - မည်သည့်မကောင်းမှုဒုစရိုက်မျိုး၌နားလည်မှုလွဲပြီး ကိုယ်တိုင် ထိခိုက်နာကျင်မှုများအတွက် ပြေလည်ခြင်းရရှိရန် ဆောင်ရွက်ရာတွင် ဘုရားရှင်၏အကြံအစည် သည် ပြောင်းလဲခြင်းမရှိပါ။

ခရစ်တော်၏စိတ်ဓာတ်ဖြင့်  မှားယွင်သူနှင့် တစ်ဦးချင်းတွေ့ဆုံစကားပြောခြင်းအားဖြင့် အခက်အခဲကို မကြာခဏဖယ်ရှားပစ်နိုင်ပါသည်။ မေတ္တာနှင့်သနားခြင်းကရုဏာစိတ်ဖြင့် ပြည့်၀ သော ခရစ်တော်၏စိတ်ဓာတ်ကိုမွေးမြူကာ လမ်းလွဲသူထံသို့သွားပြီး ပြဿနာကိုဖြေရှင်းပါ။ တည်ငြိမ်ညင်သာစွာဖြင့် ဆွေးနွေးပြောဆိုပါ။ ဒေါသစကားသင့်နှုတ်မျမထွက်စေပါနှင့်။ ကောင်း သော ဆုံးဖြတ်ချက်ကို ထိုသူပြုနိုင်ရန်ပြောဆိုပါ။ အောက်ပါစကားကိုသတိရပါ။ အပြစ်ရှိ သောသူကို မှားယွင်းသောလမ်းမှပြန်စေသောသူသည် ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာ သော အပြစ်တို့ကို ဖုံးအုပ်တတ်သည်ဟု ထိုသူသည်သိမှတ်စေ” (ယာကုပ် ၅း၂၀)

ထိခိုက်နာကျင်မှုခံစားရသူနှင့် လမ်းလွဲသူများတို့ကိုတွေ့ဆုံ၍ စကားပြေဆိုရာတွင် ကောင်းကင်သားအားလုံး စိတ်ဝင်စားကြသည်။ လမ်းလွဲသူသည် ခရစ်တော်၏မေတ္တာဖြင့် ဆုံးမ ခြင်းကိုလက်ခံပြီး မိမိ၏မှားယွင်းခြင်းကို ဝန်ခံကာ ဘုရားရှင်ထံ၌သော်လည်းကောင်း၊ မိမိညီအစ်ကိုထံ၌သော်လည်းကောင်း အပြစ်လွှတ်ခြင်းအခွင့်ကိုတောင်းခံပါက မိမိ၏စိတ်နှလုံးထဲ ကောင်းကင်မှရောင်ခြည်ပြည့်၀ပြီး ဘုရားရှင်၏စိတ်သဘောသည် စိတ်နှလုံးသား များကို ပေါင်းစည်းပေးသည့်အခါ၊ ထိုအခြင်းအရာအတွက် ကောင်းကင်မှ ဝမ်းမြောက်စွာဖြင့် တေးဆိုသံ ပေါ်ထွက်လာပါသည်။

သို့သော် အကယ်၍ထိုသူသည် နာခံခြင်းမရှိပါက သင်နှင့်အတူ အခြားသူတစ်ဦး (သို့မဟုတ်) နှစ်ဦးကိုခေါ်ကာ သက်သေနှစ်ဦး (သို့မဟုတ်) သုံးဦး၏ရှေ့မှောက်၌ ပြောဆိုသမျှ စကားအားလုံး တည်မြဲစေရန်ပြုလုပ်ပါ။ ---ဝိညာဉ်စိတ်ဓာတ်ပြည့်၀သူကို သင်နှင့်အတူ ခေါ်သွား ပါ။ လမ်းလွဲသူနှင့် သူ၏မှားယွင်းမှုကို နှစ်ဦးချင်းပြောဆိုပါ။ --- သဘောတူညီမှုရရှိပါက သူ၏စိတ်ထဲ၌ အလင်းရရှိပါလိမ့်မည်။

အကယ်၍ နာခံမှုမရှိသေးပါက မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်နည်။ လူနည်းစုပါ ဝင်သည့် အသင်းတော်ဘုတ်အဖွဲ့သို့ ဤကိစ္စကိုတင်ပြပြီး ထိုသူကို အသင်းတော်မှထုတ်ပစ်ရမည် လား၊ မဟုတ်ပါ၊ အသင်းတော်တစ်ခုလုံးသို့တင်ပြရပါမည်။ အသင်းတော်တစ်ခုလုံးမှ စီရင် ဆုံးဖြတ်ပါစေ။


          “အသင်းတော်၏စကားကိုနားမထောင်ပါက သာသနာပလူအဖြစ်နှင့် အခွန်ခံအဖြစ် သတ်မှတ်ပါ။ ဤလမ်းလွဲသူကို အသင်းတော်မှ၍ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစား၍ လမ်းမှန်သို့ ပို့ဆောင်ငြားသော်လည်း နာခံမှုမရှိခြင်းကြောင့် နောက်ဆုံး၌ အသင်းတော်မှသူ၏နာမည်စာရင်းကို အသင်းတော် မှတ်တမ်းစာအုပ်မှ ထုတ်ပယ်လိုက်ရပါမည်။

မည်သည့်အသင်းတော်ခေါင်းဆောင်၏အကြံပေးခြင်း၊ မည်သည့်ကော်မတီ၏ထောက်ခံ ခြင်း နှင့်ဆုံးဖြတ်ချက်အားဖြင့် မှားယွင်းသူတစ်ဦး၏ အမည်စာရင်းကို အသင်းတော်မှမှတ်တမ်း စာအုပ်မှ ထုတ်ပယ်ခြင်းမပြုရပါ။ ခရစ်တော်လမ်းညွှန်ခဲ့သောစည်းကမ်းချက်အတိုင်း သစ္စာရှိစွာ လိုက်လျှောက်ဆောင်ရွက်ပြီးမှသာ ထုတ်ပယ်နိုင်ပါသည်။ ထိုလမ်းညွှန်ချက်အတိုင်း ဆောင်ရွက် ခြင်းအားဖြင့်သာ ဘုရားရှင်ရှေ့မှောက်၌ ရှင်းလင်းပေလိမ့်မည်။ ဆိုးသောအရာသည် ဆိုးသည့် အတိုင်းထင်ရှားပြီး ၎င်းကိုဖယ်ရှားပစ်ခြင်းကြောင့်ပို၍ ဆိုးရွားစရာအကြောင်းမရှိပါ။ အသင်းတော်၏ကျန်းမာခြင်းနှင့် ဖြူစင်ခြင်းကို ထိန်းသိမ်းရပါမည်။ အသင်းတော်သည် ဘုရားရှင်ရှေ့မှောက်၌ ညစ်ညမ်းခြင်းမရှိ၊ ခရစ်တော်၏ဖြောင့်မတ်ခြင်းဝတ်လုံဖြင့် လွှမ်းခြုံထားရပါမည်။---

ခရစ်တော်ဆက်လက်၍ ပြောခဲ့သည်မှာ ငါအမှန်အကန်ဆိုသည်ကား၊ မြေကြီးပေါ်မှာ ချည်နှောင်သမျှတို့ကို ကောင်းကင်၌ချည်နှောင်လိမ့်မည်။ မြေကြီးပေါ်မျာဖြေလွှတ်သမျှတို့ကို ကောင်းကင်၌ဖြေလွှတ်လိမ့်မည်။

ဤဆိုသည် ခေတ်အဆက်ဆက် တန်ခိုးအရှိန်အဝါတည်သည်။ ခရစ်တော်ကိုယ်စား အသင်းတော်အားတန်ခိုးကိုပေးထားသည်။ မိမိလူတို့ကို စည်းကမ်းစနစ်ဖြင့် ထိန်းသိမ်းရန် တာဝန်ရှိသည်။ အသင်းတော်တိုးတက်ရေး၊ သန့်ရှင်းရေးနှင့်စနစ်တကျရှိစေရေးအတွက် ဖြစ်ပေါ် သမျှမေးခွန်းကိုဖြေရှင်းရန် အသင်းတော်သို့ တန်ခိုးအားဏာပေးအပ်ထားသည်။ မထိုက်မတန်သူ များ၊ ခရစ်တော်နှင့်မတူသည့်အပြုအမူများ၊ အမှန်တရားကို ရှုတ်ချစေသည့်လုပ်ရပ်များပြုသူတို့ကို ဖယ်ရှားပစ်ရမည့်တာဝန်သည်လည်း အသင်းတော်အပေါ်၌ ရှိပါသည်။ နှုတ်ကပတ်တော်မှညွှန်ကြားချက်နှင့်အညီ အသင်းတော်ဆောင်ရွက်သမျှတို့ကို ကောင်းကင်၌အတည်ပြုထောက်ခံသွားမည်ဖြစ်သည်။” (7T ၂၆၁-၂၆၃). 

 

အသင်းတော်၏တန်ခိုးအာဏာ - ကမ္ဘာ့ကယ်တင်ရှင်သည် ကြီးမားလှသည့်တန်ခိုး အာဏာကို မိမိ၏အသင်းတော်အား အပ်နှံထားပါသည်။ အသင်းသားများစုံစမ်းခြင်းနှင့် ရင်ဆိုင်ရ သည့်အခါ မည်ကဲ့သို့သူတို့ကိုဖြေရှင်းကူညီမစရမည့် စည်းမျဉ်းဥပဒေများကိုလည်း ဖော်ပြခဲ့ပါ သည်။ တိကျသော ညွှန်ကြားချက်များတို့ကို ပေခဲ့ပြီးသည့်နောက် သူပြောခဲ့သောအချက်မှာ ငါအမှန် အကန်ဆိုသည်ကား၊ မြေကြီးပေါ်မှာ ချည်နှောင်သမျှတို့ကို ကောင်းကင်၌ ချည်နှောင် လိမ့်မည်။ မြေကြီးပေါ်မှာဖြေလွှတ်သမျှတို့ကို ကောင်းကင်၌ဖြေလွှတ်လိမ့်မည်ဟုဖြစ်ပါသည်။ ထိုကြောင့် ကောင်းကင်၏တန်ခိုးအာဏာကို အသင်းတော်၏စည်းမျဉ်းဥပဒေ၌သက်ရောက်စေပြီး အသင်းဝင်များစုံစမ်းခြင်းနှင့်ရင်ဆိုင်ကြရသည့်အခါ နှုတ်ကပတ်တော်မြတ်နှင့်အညီ လိုက်လျှောက် ဆောင်ရွက်ဖြေရှင်းသွားရပါမည်။

ဘုရားသခင်၏နှုတ်ကပတ်တော်သည် လူတစ်ဦးတစ်ယောက်အား အသင်းamတ်၏ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်သည့်ဆုံးဖြတ်ချက်ကို ပြုရန် ခွင့်မပြုပါ။ ထိုနည်းတူ အသင်းတော်၏ သဘောထားနှင့် ဆန့်ကျင်၍ မိမိ၏ယူဆချက်များကို အတင်းအကျပ်လိုက်နာရန်ခွင့် မပြုပါ။” (3T ၄၂၈). 

အသင်းတော်၏တာဝန် - ဘုရားသခင်သည် မိမိလူ၏လူများတို့အား ကိုယ်ခန္ဓာတစ်ခု တည်းအဖြစ်မှတ်ယူကာ ယင်းတို့အထဲတွင် အပြစ်သားများအဖြစ် တစ်ဦးချင်းအနေဖြင့်တည်ရှိနေ ခြင်းကို တာဝန်ရှိည်ဟု မှတ်ယူတော်မူသည်။ အကယ်၍ ခေါင်းဆောင်များသည် ဘုရားရှင်အား မနှစ်မြို့မှု အပြစ်များအတွက် သူတို့၌တာဝန်ရှိပါသည်။” (3T ၂၆၉).

CM -


          “အကယ်၍ အသင်းတော်၌ စည်းကမ်းနှင့်အုပ်ချုပ်မှုမရှိပါက အသင်းတော်သည် အစိတ်စိတ် အမြွှာမြွှာပြိုကွဲကာ ကိုယ်ခန္ဓာတစ်ခုတည်းအဖြစ် ဆက်လက်ရပ်တည် နိုင်မည် မဟုတ် ပါ။” (3T ၄၂၈).  

 

ဆက်ကပ်မှုမရှိသူစည်းကမ်းချက်ကိုဆန့်ကျင်ခြင်း - ယောရှုကဲ့သို့ အစစအရာရာ၌ ဆင်ခြင်တရား၊ သတိတရားရှိပြီး မိမိတို့အသိုက်အဝန်း၌ရှိနေသည့်အပြစ်များကို မြန်ဆန်စွာ လေ့လာရှာဖွေအရေးယူတတ်သော စိတ်ထားမရှိသူများစွာရှိနေပါသည်။ အပြစ်ပြုသူများကို အရေးယူတတ်သည့်စိတ်ထားရှိသူအား အတားအဆီးမပြုပါနှင့်၊ ဤတာဝန်ကိုထမ်းဆောင်သူတို့ အား အနှောင့်အယှက်မပြုပါနှင့်။ တချို့သောသူများတို့သည် မိမိတို့၌တာဝန်မရှိဘဲ တာဝန်ရှိသူ များဆောင်ရွက်နေသည့်အလုပ်ကို မေးခွန်းထုတ်ခြင်း၊ သံသယရှိခြင်းနှင့်အပြစ်ရှာခြင်း များတို့ကို ပြုလုပ်တတ်ကြပါသည်။ ဤကဲ့သို့သောစိတ်ထားမျိုးသည် အပြစ်ပြုသူများအပေါ် ဘုရားရှင်၏ အမျက်တော်မသက်ရောက်စေရန် ကျူးလွန်လျက်ရှိသည့်အပြစ်များကို ပြုသူတို့အား ဆို့းမပြုပြင်ရန် ဘုရားရှင်တာဝန်ပေးအပ်ထားသူတို့၏ဆောင်ရွက်ခြင်းကို တိုက်ရိုက်အတားအဆီးပြုခြင်း ပင်ဖြစ် သည်။ အကယ်၍ အာခန်ကဲ့သို့ ကျွန်ုပ်တို့အထဲ၌ အပြစ်ပြုသူများရှိနေပြီး ယောရှုကဲ့သို့ အပြစ် ဖော်ပြသူရှိခဲ့လျှင် လူအများတို့သည် ၎င်းအပြစ်ဖော်ပြခြင်းကို အပြစ်တင်ရှုတ်ချကြမည်ဖြစ်သည်။ ဘုရားရှင်သည် မိမိ၏လူတို့၌ ညစ်ညူးခြင်း၊ မသန့်ရှင်းခြင်းရှိနေခြင်းကို ဂရုမပြု၊ သတိပေးဆုံးမ ခြင်းတို့ကို မလိုလားသူမဟုတ်ပါ။---

          “အသင်းတော်ကိုဒုက္ခပေးသည့်အရာများနှင့် ဆိုးရွားသည့်အပြစ်များကို ဘုရားရှင် အားကြောက်ရွံ့သောသဘောဖြင့် ပြုပြင်ဖယ်ရှားကာ ဘုရားရှင်၏သားသမီးများတို့အနေဖြင့် အသင်းတော်၌လိုအပ်သည့်အပြစ်ကို ရွံရှာမုန်းတီးခြင်းနှင့် အသင်းတော်ဖြူစင်သန့်ရှင်း တိုးတက် ခြင်းနှင့် ဘုရားရှင်၏ဘုန်းတော်ထင်ရှားစေခြင်းများကို မြင်တွေ့ခြင်းအတွက်ဆောင်ရွက်ခြင်းကို ဆက်ကပ်မှု မရှိသူများတို့သည် အမြဲတစေဆန့်ကျင်ကြပေလိမ့်မည်။” (3T ၂၇၀,၂၇၁).


          အသင်းတော်၏စည်းလုံးမှုကိုကာကွယ်ခြင်း - ခရစ်ယာန်များတို့သည် မိမိတို့အချင်းချင်း ကွဲပြားစေပြီး မိမိတို့ဆောင်ရွက်နေသည့်အမှုတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့်အလေ့အထ များကိုရှောင်ရှားရန် အစွမ်းကုန် ကြိုးပမ်းသင့်ပါသည်။ မိမိသားသမီးများ စည်းလုံးညီညွတ်စွာ ပေါင်းစည်းကြရန် ဘုရားရှင်၏ရည်ရွယ်ချက်ဖြစ်သည်။ ကောင်းကင်နိုင်ငံတော်တွင် အတူတကွ စုစည်းနေထိုင်ကြရန် မျှော်လင့်ထားကြသည်မဟုတ်ပါလား။ စည်းစည်းလုံးလုံးဖြင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရန် ငြင်းဆန်သော သူများသည် ဘုရားသခင်၏ဂုဏ်သိက္ခာတော်ကို လွန်စွာထိခိုက်စေပါသည်။” (8T ၂၄၀).  အသင်းတော်သည် ၎င်း၏အသင်းဝင်များအထဲ၌ စည်းလုံး မှုပျက်ပြားစေသည့်လှုပ်ရှားမှုများ၊ ခြိမ်းခြောက်မှုများတို့ကို တားဆိးသင့်ပြီး စည်းလုံးညီညွတ်ခြင်း ရှိရန် အစဉ်အားပေးသင့်ပါသည်။

          သင်းဝင်သူများတို့သည် အသင်းတော်အထဲ၌ တူညီသည့်အခွင့်းရေးရှိကြသော်လည်း တစ်ဦး တည်း (သို့မဟုတ်) အဖွဲ့လိုက်ဖြင့် အသင်းတော်၏ အခြေခံရည်ရွယ်ချက်နှင့် သွန်သင်ချက်များ နှင့်မညီညွတ်သည့် အခြားသွန်သင်ချက်များသွန်သင်ခြင်း၊ အခြားရည်ရွယ်ချက်တစ်စုံတစ်ခု၌ပါဝင် ရန် လှုပ်ရှားမှုပြုလျက်အားပေးခြင်းများ မပြုလုပ်သင့်ချေ။ ဤလုပ်ရပ်များပြုလုပ်ခြင်းဖြင့် စိတ်ဝမ်း ကွဲပြားခြင်းဖြစ်ကာ အသင်းတော်၏သက်သေခံခြင်းကို ကွဲပြားစေပြီး အသင်းတော်အားပေးအပ် ထားသည့်အတာဝန်ကို ဘုရားရှင်အပေါ်နှင့်ကမ္ဘာကြီးအပေါ် တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် လုပ်ဆောင်နိုင်ရန် အဟန့်အတားဖြစ်စေပါလိမ့်မည်။

 

ကွဲပြားခြားနားမှုများကိုသင့်တင့်အောင်ပြုလုပ်ခြင်း - အသင်းတော်၌ရှိကြသော အသင်းသူအသင်းသားများ အချင်းချင်းသဘောထားကွဲလွဲမှုများနှင့် သေးငယ်သောကိစ္စရပ်များ၌ အငြင်းပွားမှုများတို့နှင့်ပတ်သက်၍ ပြေလည်မှုရယူရန် အကောင်းဆုံးကြိုးစား၍ ဖြေရှင်း ကြရပါ မည်။ အသင်းတော်အတွင်းဖြစ်ပေါ်လာသော မညီညွတ်မှုများတို့ကိုဖြေရှင်းရာ၌ ဖြစ်နိုင်ပါက အသင်းတော်၏ စည်းကမ်းနည်းလမ်းသော်လည်းကောင်း၊ သက်ဆိုင်ရာတရားရေးအတရသော်လည်းကောင်း အကူ အညီတောင်းခံခြင်းမပြုဘဲ အချင်းချင်းဖြေရှင်းနိုင်ပါက အကောင်းဆုံးဖြစ်ပါသည်။

ညီအစ်ကိုအချင်းချင်းစပ်ကြား၌ ဖြစ်ပေါ်လာသောအခက်အခဲကို ခရစ်ယာန်မေတ္တာစိတ် သဘောဖြင့် တစ်ဦးကိုတစ်ဦး ပွင့်လင်းစွာတင်ပြပြောဆိုရှင်းလင်း၍ ပြေလည်မှုရရှိပါက ဆိုးရွား  သည့်ပြဿနာကို မည်မျှကာကွယ်တားဆီးနိုင်မည်နည်း။ အများကိုငြိစွန်းစေနိုင်မည့် ခါးသီးလှ သည့်အကောင်းသည့်အရာများတို့ကို မည်ရွေ့မည်မျှဖျက်ဆီးနိုင်ပြီး ခရစ်တော်နောက်သို့   လိုက်ကြ သော သားသမီးများမည်ရွေ့မည်မျှရင်းနှီးသိမ်မွေ့စွာ သူ၏မေတ္တာ၌စည်းလုံးမှုရရှိကြ မည်နည်း။” (TMB ၅၉).  

ညီအစ်ကိုအချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်း၊ ပဋိပက္ခဖြစ်ခြင်းနှင့် တရားစွဲဆိုခြင်းတို့သည် သမ္မာတရားလုပ်ငန်း၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည့် အရာဖြစ်သည်။ ထိုသို့ပြုသောသူများတို့ သည် မိမိတို့၏အသင်းတော်သည် မည်ကဲ့သို့သောအသင်းတော်ဖြစ်သည်ကို ဖော်ပြပြီး သူတစ်ပါး ၏ကဲ့ရဲ့သရော်မှုကိုဖြစ်စေသော မှောင်မိုက်၏တန်ခိုးကို အောင်မြင်မှုပေးခြင်းဖြစ်ပါသည်။ သူတို့ သည် ခရစ်တော်၏အနာများကို အသစ်တစ်ဖန်ထိုးဖောက်ဆုတ်ဖြဲကြပြီး သူ့အားလောကအလယ် တွင် အရှက်ခွဲခြင်းဖြစ်သည်။ အသင်းတော်၏ လုပ်ပိုင်ခွင့်အာဏာကို ငြင်းဆန်ခြင်းအားဖြင့် အသင်းတော်အား မထီမဲ့မြင်ပြုခြင်းဖြစ်သည်။” (5T ၂၄၂,၂၄၃).

ပြည်သူ့တရားရုံးများသည် များသောအားဖြင့် လူသားတို့၏အတ္တစိတ်ကိုဖော်ပြပြီး၊ ယင်းမှ တစ်ဆင့် ငြင်းခုံခြင်း၊ အနိုင်ယူလိုသောစိတ်ထားဖြင့် လုပ်ဆောင်ကြသည်။ ခရစ်တော်၏စိတ်ထား ကိုပေါ်လွင်စေရန် အသင်းတော်မှအားမပေးသည့် လုပ်နည်းလုပ်ဟန်မျိုးမှာ ဤရန်ဘက်ပြုလိုသည့် လုပ်ငန်းစဉ်မျိုးပင်ဖြစ်သည်။ ခရစ်ယာန်တို့၏တာဝန်ဝတ္တရားကင်းမဲ့ခြင်းသည် ခရစ်တော်ဘုရား၏ နောက်လိုက်များတို့အား သူတော်ကောင်းတို့ထံမသွားဘဲ မတရားသောသူတို့ထံသို့ တရားဆိုင်ရာသွားမည့်အစား မိမိကိုယ်ကိုညှဉ်းဆဲခံစေသင့်သည်ဟု ရှင်ပေါလု ပြော ဆိုခဲ့ပါသည်။ (၁ကော ၆း၁၊၇)

          ဤခေတ်အချိန်ကာလတွင် တချို့သောကိစ္စရပ်များ၌ ပြည်သူ့တရားရုံး၏အဆုံးအဖြတ်ကို ခံယူရန်လိုအပ်သော်လည်း ခရစ်ယာန်များနေဖြင့် အသင်းတော်ခေါင်းဆောင်များတို့၏ အဆုံးအဖြတ်ပေးခြင်းကို အသားပေးကာ အသင်းတော်မှ လုံး၀ဖြေရှင်းနိုင်စွမ်းမရှိသည့်ကိစ္စရပ်များ တို့၌သာ ပြည်သူ့တရားရုံး၏အဆုံးအဖြတ်ကို ခံယူသင့်ပါသည်။ ထိုသို့ပြည့်သူ့တရားရုံး၏ အဆုံးအဖြတ်ကိုခံယူရာ၌ ဖြစ်ပေါ်လာခဲ့သည့်ပြဿနာအားလုံးအပေါ် ရန်ငြိုးရန်စမရှိဘဲ ကျေအေး သွားရန်ဖြစ်ပါသည်။ မှန်မှန်ကန်ကန်ဖြင့်ဆုံးဖြတ်ပေးခြင်း၊ မသင့်မတင့် ခြားနားမှုများကို အေးချမ်းစွာဖြေရှင်းပေးခြင်းရှိစေရန်ဖြစ်ပါသည်။

ပြည်သူ့တရားရုံးသို့သွား၍ဖြေရှင်းရန် လိုအပ်သည့်ကိစ္စရပ်များမှာ ဥပမာအနေဖြင့် အာမခံ တောင်းဆိုခြင်းကိစ္စ၊ မြေယာနှင့်ပတ်သက်သောကိစ္စရပ်တချို့၌ ဆုံးဖြတ်ချက်ပြုရာတွင် အရွယ် မရောက်သေးသည့် ကလေးများအတွက် ရရှိသင့်သည့်အခွင့်အရေးကိစ္စ အစရှိသည့် အသင်းတော်မှ ပြည့်ပြည့်၀၀ဆောင်ရွက်နိုင်သောအာဏာမရှိသည့် ကိစ္စတချို့ ပင်ဖြစ်သည်။ အလားတူအခြား ကိစ္စများလည်း ပါဝင်နိုင်ပါသည်။

၁ကော () တွင်ပါရှိသည့်အတိုင်း အသင်းတော်၏ဖြေရှင်းပေးခြင်းသည်သာ အကောင်း ဆုံးဖြစ်သည့်အတွက် အသင်းတော်၏စီစဉ်ဆောင်ရွက်ပေးခြင်းကို ကြောခိုင်းကာ ပြည်သူ့ တရားရုံးကို အားကိုးရန်မသင့်ပါ။ မြေယာကိစ္စ၊ အမွေကိစ္စများ၌ပင် မိမိတို့အချင်းချင်း ပြေလည် ရာပြေလည်ကြောင်း အသင်းတော်တာဝန်ရှိလူကြီးများတို့နှင့်သာ အကောင်းဆုံးဆောင်ရွက်သွား သင့်ပါသည်။ (လုကာ  ၁၂း၁၃၊၁၄ နှင့် 9T ၂၁၆-၂၁၈). 

အသင်းတော်အတွင်းရှိယုံကြည်သူများတို့သည် တတ်နိုင်သရွေ့ လူတိုင်းနှင့် အသင့်အတင့် နေထိုင်ကြရန် - ရောမ ၁၂း၁၈ဘုရားရှင်၏လိုလားသော အရာဖြစ်သည်။ ဖြစ်ပေါ်လာသည့် ပြဿနာများကို အချိန်မီကျေအေးန်ိုင်ရန် အသင်းတော်အနေဖြင့် အမြဲတစေသတိပြုရန်လိုအပ်ပါ သည်။ တောင်းဆိုလာသည့်ဖြေရှင်းရန်ပြဿနာအတွက် အသင်းတော်မှ ပျက်ကွက်သည်ဖြစ်စေ၊ ၎င်းပြဿနာမှာ အသင်းတော်၏ဆောင်ရွက်နိုင်သည့် အာဏာအတွင်း၌မရှိသည်ဖြစ်စေ၊ သမ္မာကျမ်းစာ၏လမ်း ညွှန် ချက်အတိုင်း ဆောင်ရွက်နိုင်ပါက အကောင်းဆုံးဖြစ်ပါလိမ့်မည်။ သို့သော် အသင်းတော်၏ စည်းကမ်းနည်းလမ်းအရဆောင်ရွက်ရန် မဖြစ်နိုင်ဟုထင်ကာ ပြည်သူ့တရားရုံးသို့ သွား၍ ဆုံးဖြတ် ချက်ခံယူသင့်သည်ဟု ယူဆပါက ကာယကံရှင်၏ဩတ္တပ္ပစိတ်နှိုးဆော်ချက် အရသာ လျှင် ဖြစ်ပါလိမ့်မည်။ (SDA Bible Commentary, vol.6, p.698).

 

          သို့သော် အသင်းတော်မှကြိုးစား၍ အချိန်မီငြိမ်းချမ်းစွာဖြင့် ယုံကြည် သူများအထဲ၌ဖြစ်ပေါ် နေသည့် အသင့်မြတ်မှုများကို ဖြေရှင်းသည့်အခါ၌ သော်လည်းကောင်း၊ ပြေလည်ရန်အကြံပြုရာ၌ သော်လည်းကောင်း စီစဉ်ဆောင်ရွက်သည့်အခါတွင် ယုံကြည်သူများအနေဖြင့် ငြင်းပယ်ရန် မသင့်ချေ။ ၁ကော ၆း၇ အရ၊ အသင်းတော်၏စည်းကမ်းနှင့်မညီသည့် တရားရုံး၏ဆောင်ရွက်ခြင်း ကို အကူအညီယူခြင်းသည် ယုံကြည်သူများအတွက် ပေါ့ဆစွာထား၍လုပ်ရန်မသင့်လျော်ပါ။

အသင့်မြတ်မှုများ အချင်းချင်းဖြစ်ပေါ်ခြင်းကိုဖြေရှင်းရန် အသင်းတော်၏ စီစဉ်ဆောင်ရွက် ခြင်းကို စောင့်ဆိုင်းရန်ဆန္ဒမရှိဘဲ သည်းမခံန်ိုင်ခြင်းနှင့် တစ်ကိုယ်ကောင်းစိတ်ကိုဖော်ပြသည့် ယုံကြည်သူများရှိခဲ့ပါက အသင်းတော်မှနေ၍ သင့်လျော်သည့်ပြစ်ဒဏ်ဖြင့် အရေးယူသင့်ပါသည်။ အကြောင်းမှာ အသင်းတော်၏ပြိုကွဲခြင်းကိုဖြစ်စေပြီး အသင်းတော်၏ကောင်းမွန်စွာချမှတ် ထားသော အာဏာတန်ခိုးကို အသိအမှတ်ပြုရန် ငြင်းပယ်ခြင်းကြောင်းဖြစ်သည်။

 

အသင်းတော်အပေါ် အသင်းသားများတို့၏နစ်နာမှုများကိုဖြေရှင်းပေးခြင်း - အသင်း ဝင်များအတွင်း ဖြစ်ပေါ်နေသောသဘောထားကွဲလွဲမှုများကို ဖြေရှင်းရာ၌ ကျင့်သုံးသည့်အမူများကို သာလျှင် အသင်းတော်အဖွဲ့အစည်းများနှင့်ဌာနများအပေါ် အသင်းဝင်များတို့၏မကျေနပ်ချက်များ ကို ဖြေရှင်းကျင့်သုံးပါသည်။


အသင်းတော်အတွင်းဖြစ်ပေါ်သည့် မကျေနပ်ချက်များကို ကောင်းမွန်စွာဖြေရှင်းရန်ပြင်ဆင် ထားသည့် လုံလောက်သောအစီအစဉ်မရှိသည့်အခါနှင့် အသင်းတော်၏လုပ်ပိုင်ခွင့်အာဏာအတွင်း မဖြေရှင်းပေးနိုင်သည့်အခြေအနေရှိသော ကိစ္စရပ်မျိုးတို့မှအပ၊ အသင်းဝင်တစ်ဦးတစ်ယောက်သည် အသင်းတော်၏မည်သည့်ဖြစ်ရပ်တစ်စုံတစ်ရာကိုမျှ တရားရုံးသို့တရားစွဲဆိုရန် မလှုံ့ဆော်သင့်ပါ။

 

အသင်းသားများအပေါ် အသင်းတော်၏နစ်နာမှုများကိုဖြေရှင်းပေးခြင်း - အသင်းဝင် များအပေါ် အသင်းတော်အဖွဲ့မစည်းမှသော်လည်းကောင်း၊ ဌာနများမှသော်လည်းကောင်း မကျေနပ် သည့်အချိန်အခါများရှိနိုင်ပါသည်။ ထိုသို့သောအချိန်အခါမျိုး၌ အသင်းတော်ခေါင်းဆောင်များတို့ သည် ခရစ်ယာန်တို့၏စိတ်ရှည် သည်းခံခြင်းဖြင့် ခရစ်ယာန်များအတွင်း ဖြစ်ပေါ်နေသော အငြင်းပွားမှုများကို ဖြေရှင်းရာတွင် အသုံးပြုသည့် သမ္မာကျမ်းစာပါအကြံပြုချက်ကိုလိုက်နာလျက်၊ အသင်းဝင်များအပေါ်ဖြစ်ပေါ်သည့် အသင်းတော်အဖွဲ့အစည်းနှင့် ဌာနများ၏မကျေနပ်ချက်ကို ဖြေရှင်းရာတွင် ကျင့်သုံးပါ။ အသင်းတော်သည် ပြင်ပတရားရုံးတွင် တရားစွဲဆိုရင်ဆိုင်ခြင်းပြုမည့် အစား၊ ဖြစ်ပေါ်ခဲ့သည့်ပြဿနာကိုဖြေရှင်းအောင်မြင်နိုင်ရေးအတွက် ယင်း၏အသင်းဝင်များနှင့် အားလုံးအတွက် အကျိုးသက်ရောက်စေမည့်ကြိုးပမ်းအားထုတ်မှုကို မဆိုပူးပေါင်းလုပ်ဆောင် ရပါမည်။

အသင်းသူအသင်းသားတို့အား ဆုံးမသွန်သင်ရန်လိုအပ်သည့်အကြောင်းအရင်းများမှာ -

၁။     ဧဝံဂေလိတရား၏အခြေခံယုံကြည်ချက်များနှင့် အသင်းတော်၏ အခြေခံယုံကြည်ချက်များ (သို့မဟုတ်) သွန်သင်ချက်များတို့ကို ဆန့်ကျင်ဘက်ပြုကာငြင်းပယ်ခြင်း။

၂။      ရုပ်တုဆင်းတုကိုးကွယ်ခြင်း၊ လူ့အသက်သတ်ခြင်း၊ ခိုးခြင်း၊ ဘုရားရှင်၏ဂုဏ်တော်ကို ရှုတ်ချခြင်း၊ လောင်းကစားခြင်း၊ ဥပုသ်နေ့ချိုးဖျက်ခြင်း၊ ရဲတင်းစွာဖြင့် ဓလေ့ဆိုးများတို့ကို စွဲလမ်းလျက်လုပ်ဆောင်ခြင်း အစရှိသည့် ဘုရားသခင်၏ပညတ်တရားများတို့ကို ကျူးလွန်ခြင်း။

၃။     အိမ်ထောင်ပြုခြင်း၊ ခရစ်ယာန်အိမ်ထောင်မိသားစုနှင့် သမ္မာကျမ်းစာသွန်သင်ချက်များဆိုင် ရာ သွန်သင်ချက်များ အစရှိသည့် ဘုရားသခင်၏ပညတ်တော်ခုနစ်ပါးတစ်ပါးကို ချိုး ဖောက်ခြင်း။

၄။     အရွယ်မရောက်သေးသည့်ကလေးများ၊ လူငယ်များနှင့်အားနွဲ့သည့်သက်ကြီးရွယ်အိုများတို့ နှင့် ကမဆက်ဆံခြင်း၊ ကာမဆိုင်ရာမှားယွင်းခြင်း၊ သွေးသားတော်စပ်သူဆွေမျိုးရင်းချာနှင့် ကာမဆက်ဆံခြင်း၊ ဆန့်ကျင်ဘက်လိင်နှင့်ကာမဆက်ဆံခြင်း၊ ညစ်ညမ်းသောစာပေနှင့် ရုပ်ပုံများတို့ကိုထုတ်လုပ်ခြင်း၊ အသုံးပြုခြင်း (သို့မဟုတ်) ဖြန့်ချိခြင်းနှင့် အခြားညစ်ညမ်း၍ မတရားသောမေထုန်အမှုကိစ္စဟူသရွေ့တို့၌ပါဝင်ခြင်း။

၅။     ဇနီးမောင်နှံပြစ်မှားကြခြင်းအားဖြင့် (သို့မဟုတ်) မတရားသောကာမဆက်ဆံခြင်းကြောင့် အိမ်ထောင်ပြုကွဲကာ တရားဝင်ဇနီးမောင်နှံကွာရှင်းခဲ့ရသော်လည်း သစ္စာရှိစွာနေထိုင်လျက် ရှိသော ခင်ပွန်း (သို့မဟုတ်) ဇနီးတို့မှအပ ဇနီးမောင်နှံကွာရှင်းသည့်ပုဂ္ဂိုလ်နှင့် ပြန်လည် ထိမ်းမြားလက်ထပ်ခြင်း။

၆။     အိမ်ထောင်မိသားစုအတွင်းပါဝင်သည့် ကိုယ်ထိလက်ရောက်ညှဉ်းဆဲနှိပ်စက်မှုပြုခြင်း။

၇။     လိမ်ညာခြင်း (သို့မဟုတ်) စီးပွားရေးလုပ်ငန်းတွင်ကြံစည်၍ မတရားအမြတ်ထုတ်ခြင်း။

၈။     အသင်းတော်၏ဂုဏ်သိက္ခာကိုထိပါးစေသည့် မဟုတ်မမှန်သောလုပ်ရပ်များတို့ကိုလုပ် ဆောင်ခြင်း။

၉။     အသင်းတော်အဖွဲ့အစည်းအပေါ်သစ္စာဖောက်ကာ အသင်းတော်၏ပြုကွဲမှု၌ ပါဝင်ပတ်သက်လုပ်ဆောင်ခြင်း။

၁၀။   အသင်းတော်၏နစ်တကျဖွဲ့စည်းထားသည့် တန်ခိုးအာဏာကို အသိအမှတ်ပြုရန် အစဉ် တစိုက် ငြင်းဆန်ခြင်း (သို့မဟုတ်) အသင်းတော်၏စည်းမျဉ်းစည်းကမ်းအတိုင်း အသက်ရှင်လိုက်လျှောက်ရန်ငြင်းဆန်ခြင်း။

၁၁။   အရက်သေစာများကိုသောက်သုံးခြင်၊ ထုတ်လုပ်ခြင်းနှင့်ရောင်းချခြင်း၊

၁၂။    လူများအသုံးပြုနိုင်ရန် ဆေးရွက်ကြီးမှနေ၍ ပုံစံအမျိုးမျိုးဖြင့်ထုတ်လုပ်သောဆေး၊ ဆေးလိပ်များတို့ကို သုံးစွဲခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း။

၁၃။   တားမြစ်ထားသည့်မူးယစ်ဆေးဝါးများတို့ကိုအသုံးပြုခြင်း (သို့မဟုတ်) ထုတ်လုပ်ခြင်း၊ နီကိုဒင်းနှင့်အခြားမူးယစ်ဆေးပြား အစရှိသည့်တားမြစ်ထားသော မူးယစ်ဆေးတို့ကို မှားယွင်းစွာ အသုံးပြုခြင်း (သို့မဟုတ်) ရောင်းဝယ်ဖောက်ကားခြင်း။

 

                        ဆုံးမသွန်သင်သည့်နည်းလမ်းများ

         

ကြီးလေးသောအပြစ်များအတွက် အသင်းတော်မှနေ၍အပြစ်ပေးဆုံးမရန် နည်းလမ်းနှစ်သွယ် ရှိပါသည်။ ၎င်းတို့မှာ -

၁။ အပြစ်ဒဏ်ပေးရန်မဲယူဆုံးဖြတ်ခြင်း။

၂။ အသင်းဝင်အဖြစ်မှ ထုတ်ပယ်ရန်မဲယူဆုံးဖြတ်ခြင်း။

 

          အပြစ်ဒဏ်ပေးရန်မဲယူဆုံးဖြတ်ခြင်း - အပြစ်ကျူးလွန်ခြင်းမှာ အသင်းဝင်တစ်ဦးအဖြစ်မှ ထုတ်ပယ်ရလောက်သည့်အထိ အပြစ်ကြီးလေးခြင်း မဟုတ်ဟု ထင်မှတ်ရပါက အသင်းတော်အနေ ဖြင့် ဤအပြစ်ကျူးလွန်ခြင်းကို မနှစ်မြို့ကြောင်းဖော်ပြသည့်အနေဖြင့် အပြစ်ဒဏ် ပေးခြင်းအတွက် မဲယူဆုံးဖြတ်ရပါသည်။

          ပြစ်ဒဏ်ပေးရာ၌ ရည်ရွယ်ချက်နှစ်ခုရှိပါသည်။ () အသင်းတော်မှနေ၍ ဤအပြစ်မျိုးကို လွန်ကျူးခြင်းအတွက် ဘုရားရှင်၏ ဂုဏ်သိက္ခာကို ရှုတ်ချရာဖြစ်စေခြင်းကို မနှစ်မြို့သည့်အနေဖြင့် ဆောင်ရွက်ခြင်း၊ () အပြစ်ကျူးလွန်သည့် အသင်းဝင်များတို့၏အသက်တာပြုပြင် ပြောင်းလဲနိုင် ရန် ကျေးဇူးတော်နှင့်ကရုဏာကာလကိုပေးခြင်းတို့ဖြစ်သည်သည်။

အပြစ်ဒဏ်ပေးခြင်းအခ်ျိန်ကာလကို အနည်းဆုံးတစ်လမှအများဆုံး (၁၂) လအထိဖြစ်ပါ သည်။ အသင်းတော်၌ တာဝန်ပေးထားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါက အပြစ်ပေးထားသည့် ကာလအတွင်း ထိုတာဝန်များတို့ကို ရုပ်သိမ်းလိုက်ရပါမည်။ အပြစ်ဒဏ်ပေးခြင်းခံရသူအနေဖြင့် ဥပုသ်စာဖြေအတန်း၌ သင်ကြားခြင်း၊ အသင်းတော်၏လှုပ်ရှားမှုများတွင်ပါဝင်ခြင်း၊ အသင်းတော် ကိစ္စနှင့်ပတ်သက်သည့် အကြံပေးခြင်း၊ မဲဆန္ဒပေးခြင်း၌ပါဝင်ခြင်း အစရှိသည့် မည်သည့် ပါဝင် ပတ်သက်မှုများတို့တွင် ပါဝင်ဆောင်ရွက်ခြင်းအခွင့်မပြုရပါ။ သို့သော် ဥပုသ်စာဖြေကျောင်း၊ အသင်းတော်၏ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ် (သို့မဟုတ်) အသင်းတော်နှင့်ဆက်သွယ်မှုပြုခြင်း အားဖြင့် ခံစားရမည့်ကောင်းချီးမင်္ဂလာများတို့ကို အတားအဆီးမပြုရပါ။ အပြစ်ဒဏ်ပေးသည့် ကာလအတွင်း အသင်းဝင်စာရင်းပြောင်းရွှေ့ခြင်းမပြုရပါ။

အပြစ်ဒဏ်ပေးသည့်ကာလအတွင်း ပြစ်ဒဏ်ပေးခြင်းခံရသူသည် မည်သည့်ဆိုးရွားမှုတစ်စုံ တစ်ခုကိုမျှ ပြုလုပ်ခြင်းမရှိသည်ကလွဲလျှင် ထိုသူအားအသင်းဝင်တစ်ဦးအဖြစ်မှ ထုတ်ပယ်ရန် အချိန်ကာလပေးထားခြင်းမဟုတ်ကြောင်း သတိပြုရန်လိုသည်။ ပြစ်ဒဏ်ပေးသည့်အချိန်ကာလ ပြည့်၍ ထိုပုဂ္ဂိုလ်၏ အသက်တာ၌ပြောင်းလဲမှုရှိခဲ့လျှင် နဂိုအသင်းဝင်အဖြစ် ပြန်လည်၍သတ်မှတ် ရပါမည်။ ကာယကံရှင်းကိုလည်း အကြောင်းကြားရပါမည်။ အကယ်၍ ထိုသူသည် မည်သည့် ပြုပြင်ပြောင်းလဲမှုမျှမရှိခဲ့ပါသော် ထပ်မံ၍ သင့်လျော်သည့် ဆုံးမခြင်းကိုပြုရပါမည်။ အသင်းတော် ၏တာဝန်တစ်စုံတစ်ရာကို ထမ်းဆောင်န်ိုင်ရန်အတွက် ရွေးကောက်တင်မြှောက်ခြင်းအားဖြင့်သာ ပြုလုပ်ရပါမည်။

 

          အသင်းဝင်အဖြစ်မှထုတ်ပယ်ခြင်းဆိုင်ရာပြစ်ဒဏ်ပေးခြင်း - အသင်းတော်မှအသင်းဝင် အဖြစ် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား ထုတ်ပယ်လိုက်ခြင်းသည် ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်သော အသင်းတော်မှဆောင်ရွက်ရပါမည်။ ဤအခန်းမှညွှန်ကြားထားသည့်အတိုင်း လိုက်လျှောက်ပြီး သင်းအုပ်ဆရာ၏ အကြံဥာဏ်ကိုယူကာ (သင်းအုပ်ဆရာ မရှိပါက နယ်ဌာနချုပ်မှ ခေါင်းဆောင် များထံ အကြံဥာဏ်ယူကာ) အစွမ်းကုန်ကြိုးစား၍ လမ်းမှန်သို့ ပြန်လည်ရောက်ရှိရန် ဆောင်ရွက် ပြီးသည့်နောက် မည်သို့မျှ အကျိုးမထူပါက အသင်းဝင်အဖြစ်မှ ထုတ်ပယ်လိုက်ရန်ဖြစ်ပါသည်။

 

အသင်းဝင်အဖြစ်လက်ခံရန်ထပ်မံစစ်ဆေးစရာမလိုပါ - မည်သည့်ဓမ္မဆရာ၊ မည်သည့် အသင်းတော် (သို့မဟုတ်) မည်သည့်နယ်ဌာနချုပ်မှ အသင်းဝင်အဖြစ် တစ်ဦးတစ်ယောက်ကို လက်ခံရန် စစ်ဆေးနိုင်သည့်အာဏာမရှိပါ။ ၎င်းအာဏာသည် အသင်းတော်၏ ကမ္ဘာ့ဌာနချုပ် ညီလာခံအချိန်၌သာ ရှိပါသည်။ မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမဆို ဤလက်စွဲစာအုပ် တွင် ဖော်ပြထားချက်များမှလွဲ၍ ဆန်းစစ်ခွင့် ပြုချက်ထုတ်ပြန်ရန် ကြိုးပမ်းခြင်းသည် အသင်းတော် တစ်ရပ်အတွက် မှန်ကန်သည့်က်ိုယ်စားမပြုနိုင်ပါ။

 

အချိန်မီဆုံးမခြင်း - အသင်းတော်သည် ဆုံးမသွန်သင်ခြင်းအစီအစဉ်ကို သင့်လျော်သည့် အချိန်ကာလအတွင်းနှင့် မိမိ၏ဆုံးဖြတ်ချက်များကို ကြင်နာတရားအားဖြင့် အချိန်မီမြန်ဆန်စွာ ပြုလုပ်ရပါမည်။ အပြစ်ဒဏ်ပေးလျက် ဆုံးမသွန်သင်ခြင်းမှုကိစ္စ နှောင့်နှေးခြင်းရှိပါက အပြစ်ကျူးလွန်သူနှင့် အသင်းတော်ကိုပါ ခက်ခဲမှုနှင့်ခံစားမှုများကို ပို၍တိုးပွားစေပါလိမ့်မည်။

 

အကျင့်စာရိတ္တနှင့်စိတ်နေသဘောထားကိုဝေဖန်ခြင်းအတွက်သတိပြုခြင်း - ရဲရင့်သောအပြစ်ကို အစဉ်တစိုက်ကျူးလွန်သောသူအား အသင်းတော်မှဖယ်ရှားပစ်ရန် ပြတ်သားစွာခရစ်တော်သွန်သင်ခဲ့ပါသည်။ သို့သော်လူတစ်ဦးတစ်ယောက်၏အကျင့်စာရိတ္တနှင့် စိတ်နေသဘောထားကိုဝေဖန်ခြင်း၊ စီရင်ခြင်းအလုပ်ကို ကျွန်ုပ်တို့အား အပ်နှံထားခြင်းအပြုပါ။ ဤတာဝန်ကို ကျွန်ုပ်တို့အားပေးအပ်ရန် ကျွန်ုပ်တို့၏ဗီဇကို ဘုရားရှင်ကောင်းမွန်စွာသိသည်။ မှန်ကန်သည့်ခရစ်ယာန်များမဟုတ်ဟု ကျွန်ုပ်တို့ယူဆပြီးအသင်း တော်မှ ထုတ်ပယ်လိုက်ပါက ကျွန်ုပ်တို့အနေဖြင့် အမှားကိုသာပြုမိမည်မှာ သေချာပါသည်။ ခရစ် တော်ထံသို့ဆွဲယူခြင်းခံရသောသူများကို မျှော်လင့်စရာမရှိသော သူများဟု မကြာခဏ ကျွန်ုပ် တို့ ကောက်ချက်ချတတ်သည်။ ကျွန်ုပ်တို့၏မပြည့်မစုံ၊ မမှန်မကန်သည့်စီရင်မှု ဖြင့် ဤဝိညာဉ်များ ကိုဆက်ဆံပါက သူတို့၏ နောက်ဆုံးသောမျှော်လင့်ချက်မှာ ပျောက်ကွယ်သွားရန် သာဖြစ်ပေ မည်။ မိမိကိုယ်ကို ခရစ်ယာန်များဟု ထင်ကြသောသူအများတို့သည် ထိုစိတ်ထားကြောင့် နောက် ဆုံး၌ လိုအပ်နေသေးသောသူများဟု တွေ့ရှိရပါလိမ့်မည်။ ကောင်းကင်နိုင်ငံသို့မရောက်သင့်ဟု ထင်မြင်ခြင်းခံရသူများတို့သည် ကောင်းကင်နိုင်ငံ၌ များစွာရောက်ရှိနေကြပါမည်။ လူသားများအ နေဖြင့် ပြင်ပပေါ်လွင်သည့်အရာကိုသာဆုံးဖြတ်တတ်ပြီး ဘုရားရှင်မှာမူ နှလုံးသားကိုကြည့်ရှု၍ ဆုံးဖြတ်နိုင်ပါသည်။ ရိတ်သိမ်းချိန်တိုင်အောင် ပေါင်းပင်နှင့်စပါးပင်များ အတူတကွ ကြီးထွားခွင့် ပြုရပါမည်။ ရိတ်သိမ်းရာကာလသည် စမ်းသပ်ချိန်၏အဆုံးကာလပင်ဖြစ်သည်။ ခရစ်တော်၏နှုတ် တော်ထွက်စကားများအထဲ၌ အခြားသင်ခန်းစာယူစရာရှိသည်။ အံ့ဩဖွယ်ရာစိတ်ရှည်သည်းခံခြင်း နှင့် သိမ်မွေ့သောမေတ္တစိတ်ထားရှိကြရန် သင်ခန်းစာဖြစ်သည်။ တစ်ခါတစ်ရံ ပေါင်းပင်များတို့၏ အမြစ်သည် ကောင်းသောစပါးပင်များတို့၏အမြစ်နှင့် ငြိတွယ်လျက်ရှိသည်။ ယောက်ဆောင်မှုပြု သော သူတို့၏စစ်မှန်သည့်စာရိတ္တပေါ်လွင်ရန် အချိန်ပေး ရပါမည်။ ထိုသို့မပြုဘဲ ထိုသူတို့အား အသင်းတော်မှဖယ်ရှားလိုက်ပါက ကောင်းသောသူများတို့ကိုပါ ပျက်စီးခြင်းသို့ပို့ဆောင်နိုင်ပါ သည်။” (COL ၇၁ယ၇၂).

 

          ပုံမှန်ကျင်းပသည့်အစည်းအဝေးတွင်သာ - လုံလောက်သောအကြောင်းအရင်းအ ပေါ်၌ သာ အပြစ်ကျူးလွန်သည့်အသင်းသားများကို ပြစ်ဒဏ်ပေးရမည်ဖြစ်သည်။ သို့သော် သင့်လျော်သည့် အသင်းတော်၏လုပ်ငန်းဆောင်ရွက်ရန်အစည်း ဝေး၌သာ ဖြစ်ရပါမည်။ ၎င်းပြင် အသင်းတော် ဘုတ်အဖွဲ့မှ လေ့လာသုံးသပ်ခဲ့သောပြဿနာ ဖြစ်ရ ပါမည်။ အစည်းအဝေးကို လက်တင်ရဓမ္မဆရာ တစ်ဦး (သို့မဟုတ်) ဒေသအသင်းတော်လူကြီးအ ဖြစ် လက်တင်ခံယူရရှိပြီးသော လိုင်စင်ရဓမ္မဆရာ (သို့မဟုတ်) သင်းအုပ်ဆရာမရှိသည့်အချိန်ကာ လဖြစ်ပါက သင်းလုပ်ဆရာ (သို့မဟုတ်) နယ်ဥက္ကဌဖြင့် တိုင်ပင်ကာ အသင်းလူကြီးတစ်ဦးမှနေ၍ ဦးဆောင်သွားနိုင်ပါသည်။

 

အများ၏ဆန္ဒမဲကိုရယူခြင်း - ပုံမှန်ခေါ်ယူကျင်းပသည့် အစည်းအဝေးသို့တက်ရောက် သော အသင်းဝင်များ၏အများဆန္ဒမဲပေးဆုံးဖြတ်ချက်အရ အသင်းဝင်များအား အသင်းဝင်အဖြစ်မှ ထုတ်ပယ်ခြင်း (သို့မဟုတ်) အရေးယူ ပြစ်ဒဏ်ပေးခြင်းများကို ပြုလုပ်နိုင်ပါသည်။ အသင်းတော် အများဆန္ဒမဲပေးဆုံးဖြတ်ချက်သည် ၎င်း၏အသင်းဝင်တစ်ဦးစီတို့အား ထိန်းချုပ်ရမည့် အာဏာစက်ဖြစ်သည်။” (၅ွှယ ၁၀၇).

 

အသင်းတော်ဘုတ်အဖွဲ့မှ အသင်းသားများကို အသင်းဝင်အဖြစ်မှ ထုတ်ပယ်၍     မရပါ -  အသင်းတော်ဘုတ်အဖွဲ့မှ ထောက်ခံချက်အရ အသင်းတော်၏လုပ်ငန်းဆောင်တာ ဆောင်ရွက်သည့် အစည်းအဝေး၌သာ အသင်းသားတို့၏ အမည်စာရင်းကို ထုတ်ပယ်၍ရပါသည်။ သို့သော် မည်သည့်အခြေအနေမျိုး၌မဆို ဘုတ်အဖွဲ့မှနေပြီး အသင်းသားနာမည်ထုတ်ပယ်ခြင်း ကိစ္စကိုဆောင်ရွက်ရန် အခွင့်အာဏာမရှိပါ။ သေဆုံးသွားသော အသင်းဝင်၏နာမည်ကို အသင်း သားအမည်စာရင်းစာအုပ်မှ အသင်းစာရေးမှနေ၍ အသင်းတော်၏လုပ်ငန်းဆောင်တာ ဆောင်ရွက် သည့် အစည်းဝေး၏ဆုံးဖြတ်ချက်ပြုပြီးသည့် နောက် ထုတ်ပယ်၍ရပါသည်။

 

အသင်းသားများတို့၏အခြေခံအခွင့်အရေးများ - အသင်းဝင်များကို ပြစ်ဒဏ်မပေးမီ၊ အပြစ်ပေးရန်အတွက် စည်းဝေးထ်ိုင်၍ ဆုံးဖြတ်ချက်မပြုမီ ကြိုတင်၍သူတို့အား အကြောင်းကြားထားရပါမည်။ ပြစ်ဒဏ်အတွက် ဆုံးဖြတ်ချက်ကို ကာ ကွယ်ရန်၊ အထောက်အထားပြရန်၊ သက်သေတစ်စုံတစ်ရာ တင်ပြထုချေနိုင်ရန် သူတို့၌ အခွင့်အ ရေးရှိရပါမည်။ ဤအခွင့်အရေးကိုမပေးဘဲ မည်သည့်အသင်းတော်မှ မဲဆန္ဒပေး၍ မည်သည့်အ သင်းဝင်ကိုမျှ ထုတ်ပယ်ခြင်းမပြုသင့်ပါ။ ပြစ်ဒဏ်ကျူးလွန်သူမှ ပြစ်ဒဏ်ပေးမည့် အကြောင်းအ ရင်းနှင့်ပတ်သက်၍ စည်းဝေးမတိုင်မီ () ပတ်ထက်မနည်း ကြိုတင်၍ စာအားဖြင့် အကြောင်း ကြားထားရပါမည်။

 

ရှေ့နေများတို့သည် အသင်းသာများအတွက်ကိုယ်စားပြု၍မရပါ - စနစ်တကျစည်း ကမ်းဖြင့် မိမိ၏အုပ်ချုပ်မှုအောက်တွင်ရှိသော အသင်းတော်၏လုပ်ငန်းသည် ခရစ်ယာန်သာသနာ လုပ်ငန်းနှင့်သာ သက်ဆိုင်သောလုပ်ငန်းတာဝန်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး (သို့မဟုတ်) ပြည်သူ့ တရားရုံးနှင့်သက်ဆိုင်သည့်အရာမဟုတ်ပါ။ ထိုကြောင့် အသင်းတော်အနေဖြင့် မိမိ၏အသင်းတော် နှင့်ပတ်သက်သည့် လုပ်ငန်းတာဝန်ဟူ သရွေ့ကို ဆောင်ရွက်ရာ၌ ပြည်သူ့တရားဥပဒေအကူအညီရ ယူရန်၊ ယုံကြည်သူများတို့ကို ကိုယ်စားပြုလျက် အခွင့်အရေးတစ်ခုအဖြစ် အကူအညီရယူရန် အသိ အမှတ်မပြုပါ။ ထိုသို့လိုလားတောင့်တသော အသင်းဝင်များကိုခွင့်မပြုသင့်ပါ။

အသင်းတော်အနေဖြင့်လည်း အသင်းဝင်သူမဟုတ်သောသူများတို့အား အသင်းတော်၏အုပ် ချုပ်ရေးလုပ်ငန်းအစည်းအဝေး၌ ပါဝင်ခွင့်မပြုရပါ။ သို့သော်သက်သေခံအဖြစ်လိုအပ်သည့် အခါ များ ၌သာ ၎င်းကိစ္စအတွက် ခေါ်ယူန်ိုင်ပါသည်။

 

ပြစ်ဒဏ်ပေးခြင်းခံနေရသော သင်းဝင်သူများတို့အားပြောင်းရွှေ့ခြင်း - အခြားအသင်း တော်တစ်ခု ပြစ်ဒဏ်ပေးထားသည့်အသင်းသူ အသင်းသားတစ်ဦးကို မည်သည့်အသင်းမျှ မိမိပြစ် ဒဏ်ခံယူစဉ်ကာလအတွင်းလက်ခံခြင်းမပြုရပါ။ အကြောင်းမှာ အပြစ်ကျူးလွန်နေသည့်ပုဂ္ဂိုလ်အား သင့်အနေဖြင့်ခွင့်လွှတ်ရာရောက်ပေလိမ့်မည်။ ပြစ်ဒဏ်ပေးခြင်းခံနေရဆဲသူအား လက်ခံသည့် အသင်း တော်သည် အသင်းတော်၏စည်းကမ်းကို ချိုးဖောက်ရာရောက်သည့်အတွက် ထိုအသင်း တော်ကို နယ်ညီလာခံအစည်းဝေးတွင် အရေးယူသွားရပါလိမ့်မည်။

 

ဘုရားကျောင်းမတက်ခြင်းကြောင့်အသင်းသားများကို အသင်းတော်မှ ထုတ်ပယ်ခြင်း မပြုရ - အသင်းတော်ခေါင်းဆောင်များတို့သည် ဘုရားကျောင်းတက်ရန်ပျက်ကွက်သော အသင်း သူအသင်းသားများတို့ထံသို့ သစ္စာရှိစွာဖြင့် အလည်အပတ်ပြုခြင်း၊ အားပေးခြင်းများကို ပြုကာ ဘုရားကျောင်းသို့ ပြန်လည်၍တက်ရောက်ကြပြီး ဝတ်ပြုကိုးကွယ်ခြင်းအမှုကိုပြုလျက် ဘုရားရှင်ထံ မှ ကောင်းချီးမင်္ဂလာများတို့ကို ခံစားရရှိကြစေရန် ဆောင်ရွက်သင့်ကြပါသည်။

အသက်ကြီးရင့်၍အားအင်ချည့်နဲ့ခြင်း (သို့မဟုတ်) မလွှဲမရှောင်နိုင်သည့် အခက်အခဲတစ်စုံ တစ်ခုကြောင့် ဘုရားကျောင်းမှန်မှန်တက်ရောက်နိုင်ခြင်းမရှိသောသူများအနေဖြင့် မိမိတို့အသင်း တော်ခေါင်းဆောင်များထံ စာအားဖြင့် (သို့မဟုတ်) အခြားနည်းလမ်းတစ်ခုခုဖြင့် အသိပေးသင့်ပါ သည်။ သို့သော် အသင်းဝင်များတို့သည် အသင်းတော်၏အခြေခံယုံကြည်ချက်အပေါ် သစ္စာရှိနေ သမျှကာလပတ်လုံး ဘုရားကျောင်းတက်ရောက်ရန် ပျက်ကွက်ခြင်းကြောင့် အသင်းတော်အမည် စာရင်းစာအုပ်မှ သူတို့၏နာမည်စာရင်းကိုထုတ်ပယ်ခြင်းမပြုရပါ။

 

အခြားနေရာသို့ပြောင်းရွှေ့သွားပြီး သတင်းမပေးသောအသင်းသားများ - အသင်းသား များ အခြားတစ်နေရာရာသို့ ပြောင်းရွှေ့သွားသောအခါ အသင်းတော်လူကြီး (သို့မဟုတ်) အသင်း တော်စာရေးထံ မိမိတို့ပြောင်းရွှေ့နေထိုင်သည့်နေရာအသစ်၏လိ်ပ်စာကို ပေးထားသင့်ပါသည်။ အသင်းတော်၌ ကျန်ရှိနေသည့် အသင်းဝင်များအနေဖြင့် ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေများကိုအနည်းဆုံးတစ်ဆယ့်သုံးပတ်တစ်ကြိမ် အသင်းတော်သို့ပေးပို့ရပါမည်။ သို့သော် ပြောင်းရွှေ့ သွား သောအသင်းဝင်များတို့သည် မိမိတို့ပြောင်းရွှေ့ သွားသောနေရာသစ်၏လိမ်စာကိုမပေး၊ မိမိတို့အ နေဖြင့် ဘယ်နေရာဘယ်ဒေသသို့ရောက်ရှိနေသည်ကိုလည်း အသင်းတော်ခေါင်းဆောင်များတို့ အနေ ဖြင့် စုံစမ်းရှာဖွေသော်လည်း မသိဖြစ်နေပြီး () နှစ်တာမျှ ကြာညောင်းသွားပါက ၎င်းအသင်းဝင် များတို့၏အမည်စာရင်းကို အသင်းတော်၏အမည်စာရင်းစာအုပ်မှ အသင်းတော်၏ဆုံးဖြတ်ချက် ဖြင့် ထုတ်ပယ်နိုင်ပါသည်။ အသင်းတော်စာရင်းမှနေ၍ မည်သည့်နေရာ၌ရှိသည်ကိုမသိဟု မှတ်တမ်းရေးမှတ်ထားရမည်။ ဆုံးဖြတ်ချက်တွင် ပျောက်ဆုံးနေသည်ဟု ဖော်ပြပါမည်။

 

ငွေကြေးအခက်အခဲကြောင့် အသင်းဝင်များကိုအသင်းတော်မှ ထုတ်ပယ်ခြင်းမပြုရ - အသင်းဝင်များတို့အနေဖြင့် မိမိတို့တက်နိုင်သရွေ့ အသင်းတော်ကိုပံ့ပိုးကြရမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ငွေကြေးအားဖြင့် အသင်းတော်ကိုပံ့ပိုးရန်ပျက်ကွက်ကြပါက ထိုသို့ သော အသင်းဝင်များတို့၏ အမည်စာရင်းကို အသင်းတော်မှထုတ်ပယ်ခြင်းမပြုရပါ။

 

အသင်းသားအဖြစ်မှ နာမည်ထုတ်ပယ်လိုက်ရန်တောင်းဆိုခြင်း - အသင်းတော်မှ မိမိ ၏အမည်စာရင်းကိုထုတ်ပယ်ရန် တောင်းဆိုလာသောအသင်းဝင်များတို့၏ တောင်းဆိုချက်ကို ထူးဂရုစိုက်သင့်ပါသည်။ အသင်းတော်နှင့်သက်ဆိုင်သည်၊ မသက်ဆိုင်သည်ဟူသည့် ဆုံးဖြတ်ချက် အခွင့်အရေးမှာ အသင်းဝင်တိုင်း၌ရှိသည့်တိုင် ၎င်းအသင်းတော်မှ အမည်စာရင်းထုတ်ပယ်လိုက် ခြင်းအတွက် တောင်းဆိုချက်ကို အသင်းတော်မှလက်ခံရန် လုံလောက်သောအချိန်ကိုပေးရပါမည်။ လက်ခံန်ိုင်သည့်အကြောင်းကိစ္စကြောင့်မဟုတ်ပါက ထိုသို့သောပုဂ္ဂိုလ်အား အသင်းတော်၌ သာ ပျော်မွေ့ရန် အားပေးတိုက်တွန်းရပါမည်။

အသင်းတော်၏စာအုပ်မှ အမည်ထုတ်ပယ်ရန်တောင်းဆိုလာသည့်စာကို အသင်းတော်ဘုတ် အဖွဲ့သို့တင်ပြပြီး ၎င်းမှတစ်ဆင့် အသင်းတော်လုပ်ငန်းလုပ်ဆောင်သည့်စည်းဝေးသို့ ထပ်မံတင်ပြရပါမည်။ ပုဂ္ဂိုလ်ရေးကိုထိခိုက်မှုကိစ္စပါရှိနိုင်သည့် တွက် လူထုပရိသတ်များရှေ့၌ ဆွေးနွေးခြင်းမပြုဘဲ ဆုံးဖြတ်စရာကိစ္စကိုဆုံးဖြတ်သွားသင့်ပါသည်။

 

အသင်းသားအဖြစ်မှနာမည်ထုတ်ပယ်သူကို အကြောင်းကြားခြင်း - အသင်းတော်သည် အသင်းဝင်အဖြစ်မှထုတ်ပယ်လိုက်သည့်ပုဂ္ဂိုလ်တစ်ဦးအား ဤကဲ့သို့အသင်းဝင်အဖြစ်မှထုတ်ပယ် လိုက်ရခြင်းသည် ဝိညာဉ်ရေးအကျိုးရလဒ်နှင့် ပုဂ္ဂိုလ်ရေးဆက်နွှယ်မှုများ ဆက်လက်တည်တံ့ခိုင်မြဲ ရေးအတွက် မလွှဲမရှောင်သာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စာဖြင့် အသိပေးအကြောင်းကြားရ ပါမည်။ ထိုပုဂ္ဂိုလ်နှင့်တတ်နိုင်သရွေ့ သင်းအုပ်ဆရာ (သို့မဟုတ်) အသင်းတော်ဘုတ်အဖွဲ့မှ တာဝန်ပေးသောသူသည် အဆက်အသွယ်ပြုသင့်ပါသည်။ ထိုပုဂ္ဂိုလ်အနေဖြင့်လည်း အသင်းတော်မှ  သူ့အား မကြာမီ တစ်နေ့၌ အသင်းတော်သို့ပြန်လည်ရောက်ရှိပြီး ဘုရားသခင်၏နိုင်ငံတော်တွင် ထာ၀ရမိတ်သဟာယဖွဲ့ခြင်းကို လိုလားတောင့်တရုံမျှမက အမှန်တကယ် ထိုအခွင့်အရေးကိုရရှိရန် သေချာစွာ သိရှိစေသင့်သည်။

 

ယခင်နာမည်ထုတ်ပယ်ထားသူကိုပြန်လည်လက်ခံခြင်း - ပုဂ္ဂိုလ်တစ်ဦးအား အသင်း တော်မှ ထုတ်ပယ်လိုက်သည့်အခါ အသင်းတော်အနေဖြင့် ဖြစ်နိုင်သရွေ့ သူနှင့်အဆက်အသွယ် ဖြတ်တောက်ခြင်းမရှိ၊ အမြဲဆက်သွယ်မှုပြုလျက် မေတ္တာပြကာ အသင်းတော်ဘောင်သို့ တစ်ဖန် ပြန်လည်၍ရောက်ရှိလာရန် ကြိုးစားဆောင်ရွက်ရပါမည်။

နာမည်ထုတ်ပယ်ခြင်းခံခဲ့ရသူသည် အသင်းတော်သို့တစ်ဖန်ပြန်လည်၍ သူ့အားလက်ခံနိုင် သည့် အကြောင်းအရင်းမှာ ထိုပုဂ္ဂိုလ်အနေဖြင့် မိမိကျူးလွန်ခဲ့သည့်အပြစ်ကို ဝန်ခံခြင်း၊ အမှန်တ ကယ်နောင်တ တရားရကာ အသက်တာ၌ ပြောင်းလဲခြင်း၊ မိမိ၏လက်ရှိအသက်တာသည် အသင်း တော်၏စည်းမျဉ်း စည်းကမ်းနှင့်ညီညွတ်ပြီး လုံးလုံးလျားလျား ဆက်ကပ်အပ်နှံသူဖြစ်ကြောင်း

M -


အများရှေ့၌ထင်ရှားခြင်း များတို့အပေါ် မူတည်ရပါမည်။ ထိုအချက်များ အပေါ် အခြေခံပြီး ထိုပုဂ္ဂိုလ်အားထုတ်ပယ်ခဲ့သည့် အသင်းတော်ကသာလျှင် ပြန်လည်၍ လက်ခံသင့်ပါသည်။ သို့ သော် အခြားအသင်းတော်တစ်ပါးပါးမှ သူ့အား လက်ခံရန်ဖြစ်ပါက ထိုအသင်းတော်အနေဖြင့် သူ့ အားထုတ်ပယ်ခဲ့သည့် အသင်းတော်ထံသို့ သူ့ကိစ္စနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းကာသူ့အားမည် သည့် အကြောင်းကိစ္စကြောင့် အသင်းတော်မှ ထုတ်ပယ်ခဲ့ရကြောင်း သိရှိစေရန် ဆောင်ရွက်သင့်ပါ သည်။

          ထိုပုဂ္ဂိုလ်လွန်ကျူးသည့် အပြစ်မှာ မတော်မတရားကာမဆက်ဆံခြင်းနှင့် ပတ်သက်ပါက သူ့ အား အသင်းတော်မှပြန်လည်၍လက်ခံနိုင်သည့်အခြေအနေရှိ်သည့်တိုင fအထူးသတိပြုရန်လိုအပ်ပါ သည်။ အကြောင်းမှာ ထိုကြီးမားလှသည့်ပြစ်မှုမျိုးကို ထပ်မံ၍မလွန်ကျူးမိရန် သူ့အားအပြည့်အဝ ယုံကြည်ခြင်းအားဖြင့် သူ့အတွက်သော်လည်းကောင်း၊ အခြားမှားယွင်းစရာများကိုဖြစ်စေနိုင်သည့် ပတ်သက်မှုတွင် ပါဝင်နိုင်မည့်ပုဂ္ဂိုလ်များအတွက် သော်လည်းကောင်း စိုးရိမ်စရာရှိသောကြောင့် ဖြစ်ပါသည်။

          အသင်းတော်မှ နာမည်စာရင်းထုတ်ပယ်ရသည့်အထိ အပြစ်ပေးရခြင်းသည် အကြီးလေးဆုံး အပြစ်ဖြစ်သည့်အတွက် အသင်းတော်လုပ်ငန်းလုပ်ဆောင်သည့် အစည်းအဝေး၌တင်ပြကာ အသင်း သားများအားလုံးရှေ့တွင် ဆောင်ရွက်ရသောကိစ္စရပ်ဖြစ်ပါသည်။ ထိုကြောင့် ထုတ်ပယ်ခဲ့သည့် ပုဂ္ဂိုလ်ကို ပြန်လည် လက်ခံရာ၌ ပြုလုပ်ခဲ့သည့်ပြစ်မှုအပေါ် သံသယကင်းမဲ့စွာဖြင့် ပြန်လည်၍ လက်ခံနိုင်သည့် အထောက်အထားအပြည့်အဝရှိရပါမည်။ ပြန်လည်၍လက်ခံရာတွင်လည်း တစ်ဖန်ရေနှစ်ခြင်းမင်္ဂလာခံယူခြင်းအားဖြင့် လက်ခံရပါမည်။

 

          ပြန်လည်လက်ခံရန်အတွက်အသနားခံခွင့်ရှိခြင်း - အသင်းတော်အနေဖြင့် စည်းမျဉ်း ဥပဒေကို ကိုင်တွယ်၍ အသင်းတော်ကိုအုပ်ချုပ်ရန် တာဝန်ရှိသော်လည်း အသင်းဝင်သူများတို့၏ တရားမျှတရေးအခွင့်အရေးကို ဘေးဖယ်ထားခြင်းမပြုရပါ။ အကယ်၍ အသင်းဝင်သူများတို့အနေဖြင့် မိမိတို့အပေါ် အသင်းတော်၏စီရင် ဆုံးဖြတ်ချက်သည် တရားမျှတမှု မရှိဟု ယူဆပါကသော်လည်းကောင်း၊ သူ့ကိစ္စနှင့်ပတ်သက်၍ သိသင့်သိထိုက်၊ ကြားသင့်ကြားထိုက်သည့် သတင်းများကို ကြားသိခွင့်မရှိခြင်းသော်လည်းကောင်း အသင်းတော်မှ သူ၏ပြဿနာကို ပြန်လည်၍ သုံးသပ်ရန် ဆန္ဒမရှိခြင် (သို့မဟုတ်) သူ့အားပြန် လည်၍ အသင်းတော်အနေဖြင့်လက်ခံရန် အသင်းတော်ခေါင်းဆောင်များမှ ငြင်းပယ်ခြင်းပြုပါက သူ့အနေဖြင့်အသင်းတော်သို့ မိမိ၏ဆန္ဒကို စာအားဖြင့် ရေးသားတင်ပြတောင်းဆိုခွင့်ရှိသည်။ အသင်းတော်အနေဖြင့် သူ၏တင်ပြချက်ကို ဂရုစိုက်ရပါလိမ့်မည်။ မိမိတောင်းဆိုချက်အပေါ် တုံ့ပြန်မှုသည် တရားမျှတမှုမရှိဟု ယူဆပါက အသင်းတော်၏နယ်ဌာနချုပ် အလုပ်အမှုဆောင် ကော်မတီ အဖွဲ့ကို နောက်ဆုံးအနေဖြင့် တစ်ဖန်တင်ပြတောင်းဆိုခွင့်ရှိပါသည်။

          အကယ်၍ နယ်ဌာနချုပ်မှအကြောင်းစုံကိုသိရှိရပြီး အသင်းတော်၏ ဆောင်ရွက်ချက်မှာ တရားမျှတမှုအမှန်တကယ်မရှိဟု ကော်မတီမှ သိရှိရပါက နယ်ကော်မတီမှနေ၍ ၎င်းထုတ်ပယ် ထားသည့်အသင်းသားအား ပြန်၍လက်ခံရန် အသင်းတော်ကိုထောက်ခံချက်ပြုရပါမည်။ သို့သော် အသင်းတော်အနေဖြင့်ဆက်လက်၍ သူ့အားပြန်လည်၍လက်ခံရန် ငြင်းဆန်နေခဲ့သော နယ်ကော်မတီ မှနေ၍ ထိုပုဂ္ဂိုလ်အား အခြားသောအသင်းတော်တစ်ခုခုမှ လက်ခံရန် အဆိုပြု ထောက်ခံနိုင်ပါ သည်။ သို့မဟုတ် ယခင်မူလအသင်းတော်မှ ထိုပုဂ္ဂိုလ်အား ပြန်လည်၍လက်မခံ ရခြင်းအ ကြောင်း သည် အထောက်အထားခိုင်လုံ၍ မှန်ကန်နေခဲ့သော် မိမိ၏ ဆုံးဖြတ်ချက်ကို မှတ်တမ်းယူထားရ ပါမည်။

 



No comments:

Post a Comment