အပိုင်း ၂—
သင့်လျော်သော အိမ်ထဖက်ကို ရှာဖွေခြင်း
လက်တွေ့ကျပါ
မင်္ဂလာဆောင်ခြင်းတွင် ပါဝင်သော တာဝန်များကို မယူမီ လူငယ်များနှင့် လူငယ်မလေးများသည်
ယင်း၏ တာဝန်ဝတ္တရားများနှင့် ဝန်ထုပ်ဝန်ပိုးများအတွက် ပြင်ဆင်ပေးနိုင်မည့်
လက်တွေ့ဘဝ အတွေ့အကြုံမျိုး ရှိသင့်ပေသည်။
အမျိုးသားများနှင့် အမျိုးသမီးများ နှစ်ဦးစလုံးသည်
အိမ်ထောင်ပြုစုပျိုးထောင်ရာတွင် အသီးသီး ပါဝင်ပတ်သက်ကြရသဖြင့် မိန်းကလေးများသာမက
ယောကျ်ားလေးများပါ အိမ်တွင်းမှု တာဝန်ဝတ္တရားများကို သိရှိနားလည်ထားသင့်ပေသည်။
အိပ်ရာပြင်ဆင်ခြင်းနှင့် အခန်းကို သပ်ရပ်အောင် သိမ်းဆည်းခြင်း၊ ပန်းကန်ဆေးခြင်း၊
အစားအစာ ပြင်ဆင်ချက်ပြုတ်ခြင်း၊ မိမိ၏ အဝတ်အထည်များကို လျှော်ဖွပ်ခြင်းနှင့်
ပြုပြင်ခြင်းတို့သည် မည်သည့် ယောကျ်ားလေးကိုမျှ ယောက်ျားပီသမှု လျော့နည်းသွားစေမည်
မဟုတ်ပေ။ ယင်းသည် သူ့ကို ပို၍ ပျော်ရွှင်စေပြီး ပို၍ အသုံးဝင်စေမည် ဖြစ်သည်။
ဇနီးတစ်ဦးနှင့် မိခင်တစ်ဦး၏ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ လက်တွေ့ကျကျ အသိပညာ
အလွန်နည်းပါးကြသော အိမ်ထောင်ကျပြီး မိသားစုကိုယ်စီ ရှိနေကြသည့် မိန်းကလေးများ
အလွန်များပြားပေသည်။ ၎င်းတို့သည် စာဖတ်နိုင်ကြပြီး ဂီတတူရိယာများကိုလည်း
တီးခတ်နိုင်ကြသည်၊ သို့သော် ဟင်းချက်ရန် မတတ်ကြပေ။ မိသားစု ကျန်းမာရေးအတွက်
အလွန်အရေးကြီးသော မုန့်ဖုတ်လုပ်ငန်း ကောင်းများကို မလုပ်တတ်ကြပေ။ မည်သည့်အခါမျှ
မသင်ယူခဲ့ဖူးကြသောကြောင့် အဝတ်အထည်များကို ဖြတ်တောက်ချုပ်လုပ်ရန် မတတ်ကြပေ။
ဤအရာများကို မလိုအပ်သော အရာများအဖြစ် ၎င်းတို့က ယူဆခဲ့ကြပြီး
အိမ်ထောင်ကျသည့်အခါတွင် ဤအရာများကို ဇနီးမယားအတွက် လုပ်ဆောင်ပေးရန် ၎င်းတို့၏
ကိုယ်ပိုင် ကလေးငယ်များကဲ့သို့ပင် အခြားသူတစ်ဦးဦးကို အမှီသဟဲပြုနေကြရလေသည်။
လူငယ်တစ်ဦးက ဇနီးသည်တွင် ရှာဖွေသင့်သည့် အရာများ
ဘဝ၏ ဝန်ထုပ်ဝန်ပိုးများကို မိမိ၏ ဝေစုအလျောက် ထမ်းဆောင်ရန် သင့်လျော်သူ၊
မိမိအား မြင့်မြတ်စေပြီး သန့်စင်ပေးမည့်သူ၊ မိမိ၏ မေတ္တာဖြင့် သူ့ကို
ပျော်ရွှင်စေမည့်သူ တစ်ဦးအား မိမိဘေးတွင် ရပ်တည်ရန် လူငယ်တစ်ဦးက ရှာဖွေပါစေ။
“သတိပညာရှိသော
ဇနီးသည်ကား ထာဝရဘုရားပေးသနားတော်မူသော အမွေဥစ္စာ ဖြစ်၏။” “သူ၏ခင်ပွန်းသည်၏
စိတ်နှလုံးသည် သူမကို လုံခြုံစွာ ယုံကြည်တတ်၏။” “သူသည် မိမိ၏ခင်ပွန်းအား
တစ်သက်တာလုံး မကောင်းမှုကို မပြုဘဲ ကောင်းမှုကိုသာ ပြုတတ်၏။” “သူသည်
နှုတ်ကိုပွင့်၍ ပညာနှင့်စကားပြောတတ်၏။ သူ၏လျှာတွင် မေတ္တာတရား၏ ဥပဒေသ ရှိ၏။
မိမိအိမ်သူအိမ်သားတို့၏ အကျင့်အကြံများကို ကြည့်ရှုတတ်၏။ ပျင်းရိခြင်းမုန့်ကို
မစားတတ်၏။ သားသမီးတို့သည် ထမြောက်၍ သူ့ကို မင်္ဂလာရှိသူဟု ခေါ်ကြ၏။
ခခင်ပွန်းသည်လည်း သူ့ကို ချီးမွမ်း၏။ သမီးတို့သည် အကျင့်သီလနှင့် ပြည့်စုံကြသော်လည်း
သင်မူကား အားလုံးကို ကျော်လွန်၍ တင့်တယ်ပေ၏။” “ဇနီးသည်ကို တွေ့ရှိသောသူသည်
ကောင်းသော အရာကို တွေ့ရှိ၏၊ ထာဝရဘုရား၏ ကျေးဇူးတော်ကိုလည်း ခံစားရ၏။” သုတ္တံကျမ်း
၁၉:၁၄၊ ၃၁:၁၁၊ ၁၂၊ ၂၆-၂၉၊ ၁၈:၂၂။
ရေါ့ဖ် (Rolf) သည် ဥရောပရှိ ထင်ရှားသော သင်းအုပ်ဆရာတစ်ဦး၏ သား ဖြစ်သည်။
သူလက်ထပ်လိုသော မိန်းကလေးသည် သူ့ကို ချစ်ပ်မချစ် မသေချာသေးသော်လည်း သူက သူမအား
မိမိထံတွင် ကတိကဝတ်ပြုရန် တွန်းအားပေးနေခဲ့သည်။
သူမသည် အိမ်ထောင်ရေး တာဝန်များကို စိတ်နေသဘောထားအရသော်လည်းကောင်း၊
လေ့ကျင့်မှုအရသော်လည်းကောင်း တာဝန်ယူရန် အသင့်မဖြစ်သေးကြောင်း ဖော်ပြနေသည့်
အခြားသော ပြဿနာများလည်း ရှိနေခဲ့သည်။ ဧလင်ဝှိုက် (Ellen White) သည် အိမ်ထောင်ပြုရန် စီစဉ်နေကြသော လူငယ်တိုင်း ဖြေဆိုသင့်သည့်
မေးခွန်းအချို့ကို ရေါ့ဖ်ထံ မေးမြန်းထားပေသည်။
ဂရိတ် ဂရင်းစ်ဘီ၊ အင်္ဂလန်၊ စက်တင်ဘာ ၂၃၊ ၁၈၈၆ ချစ်ရသော ရေါ့ဖ်၊
ဘာဆယ်မြို့တွင် ရှိနေစဉ်အတွင်း သင်က သူမအပေါ်
အာရုံစိုက်ပြုမူနေခြင်းနှင့် ပတ်သက်၍ (Edith) နှင့် စကားအနည်းငယ် ပြောဖြစ်ခဲ့သည်။ တစ်သက်တာလုံး သင်နှင့်
သင့်အကျိုးစီးပွားများကို ပေါင်းစပ်ဆက်နွှယ်နိုင်လောက်အောင် သင့်ကို အမှန်တကယ်
ချစ်မြတ်နိုးကြောင်း သူမ၏ စိတ်နှလုံးသည် လုံးဝ ဆုံးဖြတ်ပြီးပြီလောက်အောင် ရှိ
မရှိကို သူမအား ကျွန်ုပ် မေးမြန်းခဲ့သည်။ ဤအချက်နှင့် ပတ်သက်၍ သူမအနေဖြင့် လုံးဝ
မဆုံးဖြတ်ရသေးကြောင်း သူမက ပြန်လည် ဖြေကြားခဲ့သည်။ မည်သည့်လမ်းကို
လျှောက်လှမ်းနေသည်ကို သူမ အတိအကျ သိသင့်ကြောင်း၊ အကယ်၍ မချစ်ဘဲနှင့် မည်သည့်လူငယ်၏
အာရုံစိုက်မှုကိုမျှ အားပေးအားမြှောက်ပြုခြင်း မပြုရန်နှင့် ဦးစားပေးမှု မပြရန်
သူမအား ကျွန်ုပ် ပြောပြခဲ့သည်။
သူမက သင့်ကို ချစ်မိသည် မချစ်မိ မသိသေးကြောင်း၊ သို့သော်
သင်နှင့် စေ့စပ်ထားမည်ဆိုလျှင် သင်နှင့် ရင်းနှီးကျွမ်းဝင်လာနိုင်မည်ဟု
ထင်မြင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။ သို့သော် လက်ရှိအခြေအနေအရ
သင်တို့နှစ်ဦးစလုံးတွင် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်ခွင့် အခွင့်အလမ်း
မရှိခဲ့ကြပေ။
သူမသည် အိမ်တွင်းမှုလုပ်ငန်းများကို မနှစ်မြို့ကြောင်း
ကျွန်ုပ်တွင် အကြောင်းရင်း ရှိခဲ့ပြီး၊ သင့်အနေဖြင့် ပျော်ရွှင်ဖွယ်ကောင်းသော
အိမ်ထောင်တစ်ခုကို ဖန်တီးပေးနိုင်သည့် ဇနီးသည်မျိုး ရှိသင့်ကြောင်းကိုလည်း
ကျွန်ုပ် သိရှိခဲ့သည်။ အိမ်တစ်အိမ်ကို ဖြစ်ပေါ်စေသော ထိုတာဝန်ဝတ္တရားများတွင် သူမ၌
အတွေ့အကြုံ ရှိ မရှိကို ကျွန်ုပ် မေးမြန်းခဲ့သည်။ သူမ၏ ဖခင်၏ မိသားစုအတွင်းတွင်
ရှိစဉ်က အိမ်တွင်းအလုပ်များကို လုပ်ကိုင်ခဲ့ဖူးကြောင်း သူမက ဖြေကြားခဲ့သည်။ သူမ၏
စရိုက်လက္ခဏာကို ကျွန်ုပ်အား ဖော်ပြခဲ့သည့်အတိုင်း သူမအနေဖြင့် ဘဝ၏ လက်တွေ့ကျသော
တာဝန်များတွင် အထူး ပညာပေးသင်ကြားမှု လိုအပ်သော်လည်း ဤအရာများအတွက်
နှစ်သက်လိုလားခြင်း သို့မဟုတ် စိတ်ပါဝင်စားခြင်း မရှိသောကြောင့် ဤမေးခွန်းများကို
ကျွန်ုပ် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
သူမသည် မည်သည့်အရာတွင်မျှ ဆုံးဖြတ်ချက် မချရသေးကြောင်း၊
သင်က အလွန်တရာ တိုက်တွန်းနေပြီး သူမကို ချစ်မြတ်နိုးသော်လည်း သင်သည် အလွန်
ကြင်နာတတ်ပြီး အာရုံစိုက် ဂရုစိုက်ပေးတတ်သော်လည်း သင့်ကို ချစ်ကြောင်း သူမအနေဖြင့်
မပြောနိုင်သေးကြောင်း သူမက ပြောပြခဲ့သည်။ “သို့ဖြစ်လျှင် နှစ်ဦးသား သဘောတူညီချက်
တစ်စုံတစ်ရာသို့ ရောက်ရှိကြလော့။ သူ့ကို လမ်းမှားပေါ်သို့ မခေါ်ဆောင်နှင့်” ဟု
ကျွန်ုပ် ပြောခဲ့သည်။
သင့်နှင့် အိမ်ထောင်ပြုရခြင်း၏ ရည်ရွယ်ချက်ကို သူမအနေဖြင့်
စဉ်စားသင့်ကြောင်း၊ ထိုသို့သော ခြေလှမ်းတစ်ရပ်အားဖြင့် သင်တို့နှစ်ဦးစလုံးသည်
ဘုရားသခင်ကို ဘုန်းထင်ရှားစေနိုင်မည်လောက်ရှိမရှိ၊ သင်တို့သည် ပို၍
ဝိညာဉ်ရေးရာထက်မြက်လာမည်လောက်ရှိမရှိ၊ နှင့် သင်တို့၏ ဘဝများသည် ပို၍
အသုံးဝင်လာမည်လောက်ရှိမရှိတို့ကို သူမ စဉ်စားသင့်ကြောင်း ကျွန်ုပ် ပြောပြခဲ့သည်။
အလျင်စလိုလုပ်ဆောင်တတ်ကြပြီး အတ္တဆန်ဆန် စီစဉ်ထားကြသော အိမ်ထောင်ရေးများသည်
ယေဘုယျအားဖြင့် ကောင်းကျိုး မဖြစ်ထွန်းစေဘဲ မကြာခဏဆိုသလို သနားစရာကောင်းသော
အရှုံးသမားများအဖြစ်သို့ ရောက်ရှိသွားတတ်ကြပေသည်။
ယခုအခါ ရေါ့ဖ်၊ Edith ကို လက်မထပ်ရဟု သင့်အား ပြောဆိုရန်မှာ ကျွန်ုပ်၏ တာဝန်ဖြစ်သည်ဟု ကျွန်ုပ်
မပြောလိုပါ၊ သို့သော် သင့်အပေါ် ကျွန်ုပ်တွင် စိတ်ဝင်စားမှု ရှိကြောင်းကိုမူ
ကျွန်ုပ် ပြောလိုပါသည်။ ဤနေရာတွင် ဆင်ခြင်သုံးသပ်သင့်သည့် အရာများ ရှိပေသည်–
သင်လက်ထပ်မည့်သူသည် သင့်အိမ်ထောင်အတွက် ပျော်ရွှင်မှုကို ယူဆောင်လာပေးမည်လောက်ရှိမရှိ။
Edith သည် စီးပွားရေးကို ခြိုးခြခြံခြံ သိမ်းဆည်းတတ်သူ တစ်ဦး
ဟုတ်ပါသလောက်ရှိမရှိ၊ သို့တည်းမဟုတ် အကယ်၍ အိမ်ထောင်ပြုခဲ့ပါက သူမ၏ ကိုယ်ပိုင်
ဝင်ငွေများကိုသာမက သင့်ဝင်ငွေများကိုပါ အချည်းနှီးသော အယောင်ဆောင် ဂုဏ်ယူမှုနှင့်
အပေါ်ယံ အဆင်အယောင်များကို နှစ်သက်မြတ်နိုးသည့် ဆန္ဒအတွက်ပါ ကုန်ခန်းသွားအောင်
သုံးစွဲပစ်မည့်သူ ဟုတ်ပါသလောက်ရှိမရှိ။ ဤကိစ္စနှင့် ပတ်သက်၍ သူမ၏ မူဝါဒများသည်
မှန်ကန်ပါသလောက်ရှိမရှိ။
Edith သည် ကိုယ်ကျိုးစွန့်လွှတ်ခြင်းဟူသည် မည်သည်ကိုမျှ သိရှိနားလည်မည်ဟု ကျွန်ုပ်
မထင်ပေ။ အကယ်၍ သူမသာ အခွင့်အလမ်း ရရှိမည်ဆိုပါက သူမတွင် ရှိပြီးသား
အရင်းအမြစ်များထက်ပင် ပိုမို၍ သုံးစွဲပစ်မည့် နည်းလမ်းများကို
ရှာဖွေတွေ့ရှိလိမ့်မည် ဖြစ်သည်။ သူမနှင့် ပတ်သက်လာလျှင် ကိုယ်ကျိုးရှာသော
ပျော်မွေ့မှုများကို တစ်စုံတစ်ရာမျှ မကျော်လွှားနိုင်ခဲ့ကြဘဲ၊ ဤသဘာဝအတိုင်း
ကိုယ်ကျိုးအတွက် လိုက်စားမှုသည် သူမ၏ ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
သူမသည် လွယ်ကူ၍ သာယာပျော်ရွှင်ဖွယ်ကောင်းသော အချိန်ကာလကို လိုလားတောင့်တနေသူ
ဖြစ်သည်။
ကျွန်ုပ် ပွင့်ပွင့်လင်းလင်း ပြောရပေမည်။ ရေါ့ဖ်၊ အကယ်၍ သသာ
သူမကို လက်ထပ်ခဲ့မည်ဆိုပါက သင်တို့သည် အိမ်ထောင်ဖက် အဖြစ် စုံတွဲဖြစ်လာမည်
ဖြစ်သော်လည်း သင့်လျော်ကိုက်ညီသော စုံတွဲတစ်တွဲတော့ ဖြစ်လာမည် မဟုတ်ကြောင်း
ကျွန်ုပ် သိရှိပါသည်။ သင်ဇနီးအဖြစ် ပြုလုပ်မည့်သူတွင် တစ်စုံတစ်ရာ
လိုအပ်နေလိမ့်မည် ဖြစ်သည်။ ခရစ်တော်၌ ဘုရားတရားကိုင်းရှိုင်းခြင်းနှင့်
ဘာသာရေးကိုင်းရှိုင်းခြင်းတို့နှင့် ပတ်သက်လာလျှင် အလွန်ကြီးမားသော အတ္တဆန်မှုက
ဝိညာဉ်ကို လွှမ်းမိုးထားရာတွင် ကြီးထွားလာနိုင်မည် မဟုတ်ပေ။
ရေါ့ဖ်၊ ကျွန်ုပ်၏ သားတစ်ဦးအား ရေးသားသကဲ့သို့ပင်
သင့်ထံသို့ ကျွန်ုပ် စာရေးသားလိုက်ပါသည်။ ကျွန်ုပ်တို့၏ ရှေ့တည့်တည့်တွင် ကြီးမား၍
မြင့်မြတ်သော အလုပ်တစ်ခု ရှိနေပြီး ဤလောကတွင် ကျွန်ုပ်တို့ လုပ်ဆောင်မည့်
အခန်းကဏ္ဍသည် ဘဝတွင် ကျွန်ုပ်တို့၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များအပေါ်တွင်သာ
လုံးဝ မူတည်နေပေသည်။ ကျွန်ုပ်တို့သည် ကိုယ်၏အလိုဆန္ဒကို လိုက်လျောနေမိခြင်း
ဖြစ်ပေမည်။ သင့်တွင် အသုံးဝင်သော လူတစ်ဦးဖြစ်လာစေရန် ဖန်တီးပေးနိုင်စွမ်းရှိသော
အရည်အသွေးများ ရှိနှင့်ပြီးသား ဖြစ်သည်၊ သို့သော် အကယ်၍ သာ သင်သည် ကိုယ်၏အလိုဆန္ဒကို
လိုက်လျောနေမည်ဆိုပါက ကိုယ်ကျိုးဆန္ဒ၏ ဤပြင်းထန်သော ရေစီးကြောင်းသည် သင့်ကို
လွင့်စင်သွားစေလိမ့်မည် ဖြစ်သည်။ သင့်အတွက် မြင့်မားသော စံချိန်စံညွှန်းတစ်ခုကို
ချမှတ်ထားပြီး ထိုစံချိန်စံညွှန်းသို့ ရောက်ရှိရန် စိတ်ရင်းမှန်ဖြင့်
ကြိုးစားအားထုတ်ပါ။
ခရစ်တော်ယေရှု၌ ပြည့်စုံသော လူသားတစ်ဦးအဖြစ်
ကြီးထွားလာခြင်းသည် သင့်နှလုံးသား၏ အဓိက အကျဆုံး ရည်ရွယ်ချက် ဖြစ်လာပါစေ။
ခရစ်တော်၌ သင်သည် ရဲစွမ်းသတ္တိရှိရှိဖြင့် လုပ်ဆောင်နိုင်ပေသည်၊ ခရစ်တော်
မပါဘဲနှင့်မူ သင်သည် မည်သည့်အရာကိုမျှ သင်လုပ်သင့်သည်အတိုင်း မလုပ်ဆောင်နိုင်ပေ။
သင့်တွင် သင်ရည်ရွယ်ထားသည်ကို အကောင်အထည်ဖော်မည့် ဆုံးဖြတ်ချက် ခိုင်မာမှု
ရှိပေသည်။ အကယ်၍ သင်၏ စွမ်းအားအင်အား အားလုံးကို ဘုရားသခင်ထံ အပ်နှံထားမည်ဆိုပါက
ဤအရာသည် သင်၏ စရိုက်လက္ခဏာတွင် ကန့်ကွက်စရာ အင်္ဂါရပ်တစ်ခု မဟုတ်ပေ။ သင်သည် သင်၏
စိတ်ကူးစိတ်သန်း အလိုရှိတိုင်း သင့်ကိုယ်သင် စီမံခန့်ခွဲပိုင်ခွင့် လုံးဝ
မရှိကြောင်း ကျေးဇူးပြု၍ ဤအချက်ကို သတိရပါ။ ခရစ်တော်သည် အဆုံးအစမရှိသော
တန်ဖိုးကြီးပေး၍ သင့်ကို ဝယ်ယူခဲ့ပြီး ဖြစ်သည်။ သင်သည် ကိုယ်တော်၏ ပိုင်ဆိုင်မှု
ဖြစ်ပြီး သင်၏ အစီအစဉ်များအားလုံးတွင် ဤအချက်ကို သင် ထည့်သွင်းစဉ်စားရပေမည်။
အထူးသဖြင့် သင်၏ အိမ်ထောင်ရေး ဆက်ဆံမှုများတွင် ဝိညာဉ်ရေးရာ
ကြီးထွားမှု၌ သင်နှင့်အတူ ပခုံးချင်းယှဉ်တွဲ၍ ရပ်တည်ပေးမည့်သူ တစ်ဦးကို ရရှိရန်
သတိထားပါ။
ရေါ့ဖ်၊ ဤအရာအားလုံးကို သင် စဉ်စားဆင်ခြင်စေလိုပါသည်။
ဘုရားသခင်သည် ဤကိစ္စနှင့် ပတ်သက်၍ ဆုတောင်းပေးရန် သင့်ကို ကူညီတော်မူပါစေ။
ကောင်းကင်တမန်များသည် ဤရုန်းကန်မှုကို စောင့်ကြည့်နေကြပေသည်။ ဤကိစ္စနှင့် ပတ်သက်၍
သင်ကိုယ်တိုင် စဉ်စားဆင်ခြင်ပြီး ဆုံးဖြတ်ချက်ချရန် သင့်အား ကျွန်ုပ်
ချန်ထားခဲ့ပါ၏။
အယ်လင် ဂျီ ဝှိုက် (Ellen G. White)
No comments:
Post a Comment