အခန်းကြီး - ၅
The
lamentations of Jeremiah
ယေရမိမြည်တမ်းစကား
introduction
နိဒါန်း
1.
Title. The first word of the book of
Lamentations in Hebrew is ’ekah, “how!” This word is used in the Hebrew Bible
as the name of the book. The Talmud indicates that the ancient Jews also knew
the book by the name Qinoth, “Lamentations,” and this title was translated by
the LXX as Thrēnoi.
The Latin Vulgate took over the Greek title and amplified it with a statement
of the traditional authorship of the book, Threni, id est Lamentationes
Jeremiae Prophetæ, “Threni, that is the Lamentations of Jeremiah the Prophet.”
Thus was developed the title of the book as it stands in the English Bible,
“The Locker of Lamentations of Jeremiah.”
၁။ အမည်။ ဟေဗြဲဘာသာစကားဖြင့်
မြည်တမ်းစကားကျမ်း၏ ပထမဆုံး စလုံးမှာ "အို (သို့မဟုတ်) အဘယ်သို့နည်း" ဟု
အဓိပ္ပာယ်ရသော "ဧခါ" (’ekah) ဖြစ်သည်။
ဤစကားလုံးကို ဟေဗြဲသမ္မာကျမ်းစာတွင် ကျမ်းစာစောင်၏ အမည်အဖြစ် အသုံးပြုသည်။
ဂျူးဓမ္မသတ်ကျမ်း (Talmud)
က
ရှေးဟောင်းဂျူးလူမျိုးများသည် ဤကျမ်းကို "မြည်တမ်းစကားများ" ဟု
အဓိပ္ပာယ်ရသော "ကိနုတ်" (Qinoth) အမည်ဖြင့်လည်း
သိကြကြောင်း ညွှန်ပြပြီး ဤအမည်ကို ဂရိဘာသာပြန်သမ္မာကျမ်း (LXX) က
"သြေနွိုင်း" (Thrēnoi)
ဟု
ဘာသာပြန်ခဲ့သည်။ လက်တင်ဗာဂိတ် (Latin Vulgate) ကျမ်းသည် ဂရိအမည်ကို ရယူပြီး ရိုးရာအရ
ယေရမိရေးသားခဲ့သည်ဟူသော ဖော်ပြချက်ဖြင့် ထပ်မံဖြည့်စွက်ကာ "သြေနီ၊ အိဒ်
အက်စ်တ် လာမင်တာစီအိုနက်စ် ဂျေရမီအေ ပရောဖက်တေး" (Threni, id est Lamentationes Jeremiae
Prophetae) ဟု အမည်ပေးခဲ့ပြီး၊ ၎င်း၏ အဓိပ္ပာယ်မှာ
"သြေနီ၊ ဆိုလိုသည်မှာ ပရောဖက် ယေရမိ၏ မြည်တမ်းစကားများ" ဖြစ်သည်။
ထိုသို့ဖြင့် အင်္ဂလိပ်သမ္မာကျမ်းစာတွင် တွေ့ရသည့်အတိုင်း
"ယေရမိမြည်တမ်းစကားကျမ်း" ဟူသော အမည် ဖြစ်ပေါ်လာခဲ့သည်။
2.
Authorship. Both Jews and Christians
from ancient times have considered the Lamentations to be the work of the
prophet Jeremiah. The earliest testimony to this is contained in the opening
words of the book as it stands in the LXX: “And it came to pass, after Israel
was taken captive, and Jerusalem made desolate, that
Jeremias sat weeping, and lamented with this lamentation over Jerusalem, and
said, …” Although there is no evidence that this statement ever stood in the
Hebrew text, it does indicate the belief of a segment of the Jews at least as
early as the 2d century b.c. Later testimonies to Jeremiah’s authorship are
found in the Talmud, the Targums, and the writings of the great Christian
Hebrew scholar Jerome, who translated the Bible into Latin about a.d. 400.
၂။ ကျမ်းရေးသူ။ ရှေးခေတ်ကာလမှစ၍
ဂျူးလူမျိုးများနှင့် ခရစ်ယာန်များ နှစ်ဦးစလုံးသည် မြည်တမ်းစကားကျမ်းကို ပရောဖက်
ယေရမိ၏ လက်ရာအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဤအချက်အတွက် အစောဆုံး သက်သေအထောက်အထားကို
ဂရိဘာသာပြန်သမ္မာကျမ်း (LXX)
တွင်
ပါရှိသော ဤကျမ်း၏ အဖွင့်စကားများတွင် တွေ့ရသည် - "ဣသရေလလူတို့ သုံ့ပန်းအဖြစ်
ဖမ်းဆီးခြင်းခံရပြီး၊ ယေရုရှလင်မြို့ ပျက်စီးခြင်းသို့ ရောက်ပြီးနောက်၊ ယေရမိသည်
ငိုကြွေးလျက် ထိုင်နေပြီး ယေရုရှလင်မြို့အပေါ် ဤမြည်တမ်းစကားဖြင့် ညည်းတွားလျက်
ပြောဆိုသည်မှာ..."။ ဤဖော်ပြချက်သည် ဟေဗြဲကျမ်းစာသားတွင် ပါရှိခဲ့ဖူးကြောင်း
အထောက်အထား မရှိသော်လည်း၊ အနည်းဆုံး ခရစ်တော်မပေါ်မီ ဘီစီ ၂ ရာစုလောက်ကပင်
ဂျူးလူမျိုးစုတစ်ခု၏ ယုံကြည်ချက်ကို ညွှန်ပြနေသည်။ ယေရမိ ရေးသားခဲ့ခြင်း
ဖြစ်ကြောင်း နောက်ပိုင်း သက်သေအထောက်အထားများကို တာမုဒ်ကျမ်း (Talmud)၊
တာဂမ်ကျမ်းများ (Targums)
နှင့်
ခရစ်သက္ကရာဇ် အေဒီ ၄၀၀ ခန့်တွင် သမ္မာကျမ်းစာကို လက်တင်ဘာသာသို့ ပြန်ဆိုခဲ့သော
ခရစ်ယာန် ဟေဗြဲပညာရှင်ကြီး ဂျရုမ်း (Jerome) ၏ စာပေများတွင်
တွေ့ရသည်။
In
modern times critical scholars have doubted that
Jeremiah was the author. Their arguments have been based on the fact that
nowhere does the Hebrew Bible specifically state that Jeremiah wrote
Lamentations, and that although the prophecy bearing his name is found in the
second section of the Hebrew Bible, known as the Prophets, Lamentations is
separated from it and appears in the third section, the Writings (see Vol.
I, p. 37). Critics have also pointed to certain passages which they feel do not
fit the character of Jeremiah as revealed in his other writings (Lam. 1:21;
2:9; 3:59–66; 4:17, 20).
ခေတ်သစ်ကာလတွင် ဝေဖန်ရေးပညာရှင်များက
ယေရမိသည် ကျမ်းရေးသူ ဖြစ်သည်ကို သံသယရှိခဲ့ကြသည်။ သူတို့၏ အကြောင်းပြချက်များမှာ
ဟေဗြဲသမ္မာကျမ်းစာ၏ မည်သည့်နေရာတွင်မျှ ယေရမိသည် မြည်တမ်းစကားကျမ်းကို
ရေးသားခဲ့သည်ဟု တိကျစွာ ဖော်ပြမထားခြင်းကြောင့်လည်းကောင်း၊ သူ၏အမည်ပါသော ပရောဖက်ပြုချက်ကျမ်းသည်
ဟေဗြဲကျမ်းစာ၏ ဒုတိယပိုင်းဖြစ်သော "ပရောဖက်ကျမ်းများ" တွင်
ပါရှိသော်လည်း၊ မြည်တမ်းစကားကျမ်းမှာမူ ထိုအပိုင်းနှင့် သီးခြားခွဲထုတ်ထားပြီး
တတိယပိုင်းဖြစ်သော "ကျမ်းစာများ" (The Writings) တွင်
ပါရှိနေခြင်းကြောင့်လည်းကောင်း ဖြစ်သည် (အတွဲ ၁၊ စာမျက်နှာ ၃၇ ကို ကြည့်ပါ)။
ဝေဖန်ရေးသမားများသည် ယေရမိ၏ အခြားသော ရေးသားချက်များတွင် ထင်ရှားသော သူ၏
စရိုက်လက္ခဏာများနှင့် မကိုက်ညီဟု သူတို့ယူဆသော အချို့သော ကျမ်းပိုဒ်များကိုလည်း
ထောက်ပြခဲ့ကြသည် (မြည်တမ်းစကား ၁:၂၁၊ ၂:၉၊ ၃:၅၉-၆၆၊ ၄:၁၇၊ ၂၀)။
However, none of these arguments are conclusive.
Scholars, both critical and conservative, are united in the belief that
Lamentations was written in the days of Jeremiah. There are, moreover, several
striking parallels of phraseology and subject matter between Jeremiah’s
prophecy and the Lamentations, which point to him as author. In view of the
lack of definitive evidence that he was not the author, there is no reason to
disregard the ancient belief of the Jews that Jeremiah wrote the Lamentations
(see PK 461–463).
သို့သော်လည်း ဤအကြောင်းပြချက်များအနက်
မည်သည့်အချက်မျှ အတည်မပြုနိုင်ပါ။ ဝေဖန်ရေးပညာရှင်များနှင့် ရှေးရိုးစွဲပညာရှင်
နှစ်ဦးစလုံးသည် မြည်တမ်းစကားကျမ်းကို ယေရမိ၏ ခေတ်ကာလတွင် ရေးသားခဲ့သည်ဟူသော
ယုံကြည်ချက်၌ တညီတညွတ်တည်း ရှိကြသည်။ ထို့ပြင် ယေရမိပရောဖက်ပြုချက်ကျမ်းနှင့်
မြည်တမ်းစကားကျမ်းတို့အကြား အသုံးအနှုန်းနှင့် အကြောင်းအရာများစွာ ထူးခြားစွာ
တူညီနေခြင်းက သူ့ကို ကျမ်းရေးသူအဖြစ် ညွှန်ပြနေသည်။ သူသည် ကျမ်းရေးသူ မဟုတ်ကြောင်း
ခိုင်မာသော သက်သေအထောက်အထား မရှိသည့်အတွက်၊ ယေရမိသည် မြည်တမ်းစကားကျမ်းကို
ရေးသားခဲ့သည်ဟူသော ရှေးဟောင်းဂျူးလူမျိုးများ၏ ယုံကြည်ချက်ကို ပယ်ချရန်
အကြောင်းမရှိပါ (ပရောဖက်များနှင့် ရှင်ဘုရင်များ စာမျက်နှာ ၄၆၁-၄၆၃ ကို ကြည့်ပါ)။
3.
Historical setting. The historical
setting of the book of Lamentations is in the final days of the kingdom of
Judah, particularly the destruction of Jerusalem, with all its attendant evils,
both during and after the final siege of the city. After the death of good king
Josiah the political, social, and religious situation deteriorated rapidly
under the successive reigns of Jehoahaz, Jehoiakim, Jehoiachin, and Zedekiah
(for a complete discussion of this period, see pp. 346–348). The people of Jerusalem
suffered the most intense hardships during the final siege of the city, 588–586
b.c. Practically the whole population of Judah was swept away by successive
waves of Babylonian conquest and captivity (for the three principal stages of
the Captivity, 605–586 b.c., see Vol. III, pp. 90, 91). Only the poorest of the
land were left, scattered throughout the near-empty cities and countryside.
Little wonder that the book of Lamentations pours forth the mournful tones of
distress and sorrow.
၃။ သမိုင်းနောက်ခံ။ မြည်တမ်းစကားကျမ်း၏
သမိုင်းနောက်ခံသည် ယုဒနိုင်ငံ၏ နောက်ဆုံးနေ့ရက်များ၊ အထူးသဖြင့် မြို့တော်ကို
နောက်ဆုံးအကြိမ် ဝိုင်းရံစဉ်ကာလနှင့် ဝိုင်းရံပြီးနောက်ပိုင်းတွင် ကြုံတွေ့ခဲ့ရသော
ဘေးဒုက္ခဆိုးများ အားလုံးနှင့်တကွ ယေရုရှလင်မြို့ ပျက်စီးခြင်း ကာလဖြစ်သည်။
မင်းကောင်းမင်းမြတ် ယောရှိမင်း ကွယ်လွန်ပြီးနောက်၊ ယေဟောဟတ်၊ ယေဟောယာကိမ်၊
ယေဟောယာခိန်နှင့် ဇေဒကိတို့၏ ဆက်တိုက်အုပ်ချုပ်မှုအောက်တွင် နိုင်ငံရေး၊
လူမှုရေးနှင့် ဘာသာရေး အခြေအနေများသည် လျင်မြန်စွာ ဆုတ်ယုတ်ပျက်ပြားသွားခဲ့သည်
(ဤကာလအကြောင်း အပြည့်အစုံ ဆွေးနွေးချက်ကို စာမျက်နှာ ၃၄၆-၃၄၈ တွင် ကြည့်ပါ)။
ယေရုရှလင်မြို့သူမြို့သားများသည် ခရစ်တော်မပေါ်မီ ဘီစီ ၅၈၈-၅၈၆ ခုနှစ်
မြို့တော်ကို နောက်ဆုံးအကြိမ် ဝိုင်းရံစဉ်အတွင်း အပြင်းထန်ဆုံးသော
ဆင်းရဲဒုက္ခများကို ခံစားခဲ့ရသည်။ ယုဒပြည်၏ လူဦးရေအားလုံးနီးပါးသည် ဗာဗုလုန်၏ ဆက်တိုက်ကျူးကျော်သိမ်းပိုက်မှုနှင့်
သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှု လှိုင်းတံပိုးများကြောင့်
ပျောက်ကွယ်သွားခဲ့ရသည် (ဘီစီ ၆၀"၅-၅၈၆ ခုနှစ်အတွင်း သုံ့ပန်းအဖြစ်
ဖမ်းဆီးခြင်းခံရသည့် အဓိက အဆင့်သုံးဆင့်ကို အတွဲ ၃၊ စာမျက်နှာ ၉၀၊ ၉၁ တွင်
ကြည့်ပါ)။ ပြည်တော်၏ အဆင်းရဲဆုံးသော သူများသာ ကျန်ရစ်ခဲ့ပြီး
ဆိတ်သုဉ်းလုနီးပါးဖြစ်နေသော မြို့ပြများနှင့် ကျေးလက်တောရွာများတွင်
ပြန့်ကျဲနေခဲ့ကြသည်။ ထို့ကြောင့် မြည်တမ်းစကားကျမ်းသည် စိတ်သောကနှင့်
ဝမ်းနည်းပူဆွေးမှုတို့၏ ညည်းတွားသံများကို သွန်းလောင်းထားခြင်းမှာ အံ့ဩစရာ
မဟုတ်ပေ။
4.
Theme. More than a century before the
fall of Jerusalem the prophet Micah had foretold its destruction, because the
leaders of Judah “build up Zion with blood, and Jerusalem with iniquity” (Micah
3:10). For 40 years Jeremiah urged the people of Judah to repent; he sought to
strengthen the hands of Josiah and his sons toward just government at home and
a wise and honest policy abroad; and above all, he warned Judah of the
certainty of destruction to come if she persisted in her evil ways. The Lamentations
are the climax of these prophecies. They testify to the sure fulfillment of
God’s promised judgments. Yet their message is not without hope. Through the
picture of desolation runs a thread of expectation that the Lord will forgive
and relieve the sufferings of His people. In the final chapter this hope swells
into a prayer: “Turn thou us unto thee, O Lord, and we shall be turned; renew
our days as of old” (Lam. 5:21).
၄။ အဓိကအကြောင်းအရာ။ ယေရုရှလင်မြို့
မပျက်စီးမီ တစ်ရာစုမက ကြိုတင်၍ ပရောဖက်မိက္ခာသည် ယုဒခေါင်းဆောင်များသည်
"ဇိအုန်မြို့ကို အသွေးနှင့်လည်းကောင်း၊ ယေရုရှလင်မြို့ကို
ဒုစရိုက်နှင့်လည်းကောင်း တည်ဆောက်ကြသောကြောင့်" ထိုမြို့ ပျက်စီးမည့်အကြောင်း
ကြိုတင်ဟောပြောခဲ့သည် (မိက္ခာ ၃:၁၀)။ ယေရမိသည် အနှစ် ၄၀ တိုင်တိုင်
ယုဒပြည်သူများကို နောင်တရရန် တိုက်တွန်းခဲ့သည်၊ သူသည် ယောရှိနှင့် သူ၏သားများအား
ပြည်တွင်း၌ တရားသဖြင့် အုပ်ချုပ်ရန်နှင့် ပြည်ပ၌ ပညာသတိရှိပြီး ရိုးသားသော
မူဝါဒကို ကျင့်သုံးရန် ခွန်အားပေးခဲ့သည်၊ ထို့ထက်မက အကယ်၍ ယုဒပြည်သည် မိမိ၏
ဆိုးညစ်သော လမ်းစဉ်၌ ဆက်လက်တည်ရှိနေပါက ပျက်စီးခြင်းသို့ မလွဲမသွေ
ရောက်ရှိမည့်အကြောင်း သတိပေးခဲ့သည်။ မြည်တမ်းစကားကျမ်းသည် ဤပရောဖက်ပြုချက်များ၏
အထွတ်အထိပ် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ဂတိပြုထားတော်မူသော တရားစီရင်မှုများ
အမှန်တကယ် ပြည့်စုံလာခြင်းကို သက်သေထူကြသည်။ သို့သော်လည်း ၎င်းတို့၏ သတင်းစကားသည်
မျှော်လင့်ချက် ကင်းမဲ့နေသည် မဟုတ်ပါ။ ပျက်စီးခြင်း မြင်ကွင်းများကြားတွင်
ထာဝရဘုရားသည် မိမိ၏ လူမျိုးတော်ကို ခွင့်လွှတ်ပြီး ဆင်းရဲဒုက္ခများကို
သက်သာစေလိမ့်မည်ဟူသော မျှော်လင့်ချက် အမျှင်တန်းလေး တစ်ခု ဖြတ်သန်းစီးဆင်းနေသည်။
နောက်ဆုံးအခန်းတွင် ဤမျှော်လင့်ချက်သည် ဆုတောင်းချက်တစ်ခုအဖြစ် အားကောင်းလာသည် -
"အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကိုယ်တော်ဆီသို့ ပြန်လှည့်တော်မူပါ။
အကျွန်ုပ်တို့သည်လည်း ပြန်လှည့်ပါမည်။ အကျွန်ုပ်တို့၏ နေ့ရက်ကာလကို ရှေးကာလကဲ့သို့
အသစ်ပြုပြင်တော်မူပါ" (မြည်တမ်းစကား ၅:၂၁)။
The literary structure of Lamentations reflects its
theme. The book is made up of five poems, corresponding to the five chapters in
our modern printed Bibles. The first four of these are
written in a meter typical of the Hebrew qinah, or elegy (see Vol. III, p. 27).
While the elegiac meter is often lost in translation, it does show through
frequently in the English of Lamentations, as in the following example: “Judah
is gone into captivity because of affliction, and because of great servitude:
She dwelleth among the heathen, she findeth no rest: All her persecutors overtook her
between the straits” (Lam. 1:3).
မြည်တမ်းစကားကျမ်း၏ စာပေတည်ဆောက်ပုံသည်
၎င်း၏ အဓိကအကြောင်းအရာကို ထင်ဟပ်စေသည်။ ဤကျမ်းကို ကျွန်ုပ်တို့၏
ခေတ်သစ်ပုံနှိပ်သမ္မာကျမ်းစာများရှိ အခန်းကြီး ငါးခန်းနှင့် ကိုက်ညီသော ကဗျာ
ငါးပုဒ်ဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့အနက် ပထမ ကဗျာ လေးပုဒ်ကို ဟေဗြဲဘာသာစကား၏ "ကိနဟ်"
(qinah) သို့မဟုတ်
မြည်တမ်းစပ်ဆိုမှု (elegy)
၏
သီးခြားလင်္ကာစနစ်ဖြင့် ရေးသားထားသည် (အတွဲ ၃၊ စာမျက်နှာ ၂၇ ကို ကြည့်ပါ)။
ဘာသာပြန်ဆိုရာတွင် မြည်တမ်းလင်္ကာစနစ်သည် မကြာခဏ ပျောက်ဆုံးသွားတတ်သော်လည်း၊
မြည်တမ်းစကားကျမ်း၏ အင်္ဂလိပ်ဘာသာပြန်တွင် အောက်ပါဥပမာအတိုင်း မကြာခဏ
ထင်ဟပ်ပေါ်လွင်နေသည် - "ယုဒပြည်သည် ဆင်းရဲခြင်းကြောင့်လည်းကောင်း၊
ပြင်းထန်စွာ အစေခံရခြင်းကြောင့်လည်းကောင်း သိမ်းသွားခြင်းကို ခံရလေပြီ။ သူသည်
တစ်ပါးအမျိုးသားတို့တွင် နေ၍ အနားယူရာကို မတွေ့။ လိုက်ရှာသော သူအပေါင်းတို့သည်
ကျဉ်းမြောင်းသော အရပ်တို့တွင် သူ့ကို မှီကြပြီ" (မြည်တမ်းစကား ၁:၃)။
The
fifth poem, which is a prayer rather than an elegy, is written in the usual
Hebrew poetic meter, each of the two halves of a verse having four stress
accents. See also Vol. III pp. 19, 27.
မြည်တမ်းလင်္ကာထက် ဆုတောင်းချက်
ပိုမိုဆန်သော ပဉ္စမမြောက် ကဗျာကိုမူ သာမန်ဟေဗြဲကဗျာစနစ်ဖြင့် ရေးသားထားပြီး၊
ကျမ်းပိုဒ်တစ်ခုစီ၏ ထက်ဝက်စီတွင် ဖိစီးသံ လေးခုစီ ပါရှိသည်။ အတွဲ ၃၊ စာမျက်နှာ ၁၉၊
၂၇ ကိုလည်း ကြည့်ပါ
5. Outline.
၅။ အကျဉ်းချုပ် ကဏ္ဍခွဲများ။
I.
The Sad Condition of Once-proud Jerusalem, 1:1–22. A. The lamentable state of
the city, 1:1–11. B. The wail of the city over her own condition, 1:12–17. C.
The confession and prayer of the city, 1:18–22.
၁။ တစ်ချိန်က ဂုဏ်ယူဝင့်ကြွားခဲ့သော
ယေရုရှလင်မြို့၏ ဝမ်းနည်းဖွယ် အခြေအနေ၊ ၁:၁-၂၂။ (က) မြို့တော်၏
သနားစရာကောင်းသော အခြေအနေ၊ ၁:၁-၁၁။ (ခ) မိမိ၏ အခြေအနေအပေါ် မြို့တော်၏
ငိုကြွေးမြည်တမ်းသံ၊ ၁:၁၂-၁၇။ (ဂ) မြို့တော်၏ ဝန်ခံခြင်းနှင့်
ဆုတောင်းခြင်း၊ ၁:၁၈-၂၂။
II.
The Judgments of God Upon Wicked Jerusalem, 2:1–22. A. War, siege, and
destruction, 2:1–13. B. Captivity and distress, 2:14–22.
၂။ ဆိုးညစ်သော ယေရုရှလင်မြို့အပေါ်
ဘုရားသခင်၏ တရားစီရင်မှုများ၊ ၂:၁-၂၂။ (က) စစ်ပွဲ၊ ဝိုင်းရံခြင်းနှင့်
ဖျက်ဆီးခြင်း၊ ၂:၁-၁၃။ (ခ)
သုံ့ပန်းဖြစ်ခြင်းနှင့် ဆင်းရဲဒုက္ခရောက်ခြင်း၊ ၂:၁၄-၂၂။
III. Hope Amid Afflictions, 3:1–66. A. The
people despair because of their afflictions, 3:1–20. B. The people turn in hope to God, 3:21–41. C. A further description of God’s judgments, 3:42–54.
D. A prayer recognizing God’s mercies, 3:55–63.
E. A prayer for God to punish the enemies of His
people, 3:64–66.
၃။ ဘေးဒုက္ခများကြားထဲမှ
မျှော်လင့်ချက်၊ ၃:၁-၆၆။
(က) မိမိတို့ ခံစားရသော ဘေးဒုက္ခများကြောင့် လူတို့
စိတ်ပျက်အားလျော့ခြင်း၊ ၃:၁-၂၀။ (ခ) လူတို့သည် မျှော်လင့်ချက်ဖြင့်
ဘုရားသခင်ထံတော်သို့ မျက်နှာမူခြင်း၊ ၃:၂၁-၄၁။ (ဂ) ဘုရားသခင်၏ တရားစီရင်မှုများကို
ထပ်မံဖော်ပြခြင်း၊ ၃:၄"၂-၅၄။ (ဃ) ဘုရားသခင်၏ ကရုဏာတော်များကို
အသိအမှတ်ပြုသော ဆုတောင်းချက်၊ ၃:၅၅-၆၃။ (င) မိမိတို့၏ ရန်သူများကို
အပြစ်ပေးတော်မူရန် ဘုရားသခင်ထံ ဆုတောင်းချက်၊ ၃:၆၄-၆၆။
IV. Judgments Upon the People of Judah as a Result of
Their Sins, 4:1–22. A. The appalling calamities that have come
upon the people, 4:1–12. B. The iniquity of
prophets and priests, 4:13–16. C. The
downfall of the kingdom of Judah, 4:17–20. D. Judgment prophesied on
Edom, Lam 4:21, 22.
၄။ မိမိတို့၏ အပြစ်များကြောင့်
ယုဒပြည်သူများအပေါ် ရောက်လာသော တရားစီရင်မှုများ၊ ၄:၁-၂၂။ (က)
လူတို့အပေါ် ကျရောက်လာသော ထိတ်လန့်ဖွယ် ဘေးဆိုးကြီးများ၊ ၄:၁-၁၂။ (ခ)
ပရောဖက်များနှင့် ယဇ်ပုရောဟိတ်တို့၏ ဒုစရိုက်အပြစ်၊ ၄:၁၃-၁၆။ (ဂ)
ယုဒနိုင်ငံတော် ပြိုလဲခြင်း၊ ၄:၁၇-၂၀။ (ဃ) ဧဒုံပြည်အပေါ် တရားစီရင်မည့်အကြောင်း
ပရောဖက်ပြုချက်၊ မြည်တမ်းစကား ၄:၂၁၊ ၂၂။
V.
A Prayer for Restoration to God’s Favor, 5:1–22. A. The pitiful plight of the
people after the fall of Jerusalem, 5:1–18. B. Recognition that only God can
restore, 5:19–22.
၅။ ဘုရားသခင်၏ မျက်နှာသာတော်ကို
ပြန်လည်ရရှိရန် ဆုတောင်းချက်၊ ၅:၁-၂၂။ (က) ယေရုရှလင်မြို့ ပြိုလဲပြီးနောက်
လူတို့၏ သနားစရာကောင်းသော အခြေအနေ၊ ၅:၁-၁၈။ (ခ) ဘုရားသခင်သာလျှင်
ပြန်လည်တည်ဆောက်ပေးနိုင်ကြောင်း အသိအမှတ်ပြုခြင်း၊ ၅:၁၉-၂၂။

No comments:
Post a Comment