အခန်းကြီး - ၇
micah introduction
မိက္ခာအနာဂတ္တိကျမ်း နိဒါန်း
Title. The book is named after the prophet whose message it bears. Micah
(Heb. Mikah) is a shortened form of Mikayah, which means, “Who is like Yahweh?”
In the Hebrew, as in the English, the books stands sixth in the order of the
Minor Prophets. In the LXX it stands third, after Amos and Hosea, possibly
because of its size.
၁။ အမည်ခေါင်းစဉ်။ ဤကျမ်းစာအုပ်ကို
၎င်းတွင်ပါရှိသော ဗျာဒိတ်တော်သတင်းစကားကို ဆောင်ကျဉ်းပေးခဲ့သူ ပရောဖက်၏အမည်ကို
အစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်သည်။ မိက္ခာ (ဟေဗြဲဘာသာဖြင့် Mikah) သည် Mikayah ဟူသောအမည်၏ အတိုကောက်ပုံစံဖြစ်ပြီး၊ “ထာဝရဘုရားနှင့် မည်သူတူသနည်း” ဟု
အဓိပ္ပာယ်ရသည်။ ဟေဗြဲကျမ်းစာတွင်လည်းကောင်း၊ အင်္ဂလိပ်ကျမ်းစာတွင်လည်းကောင်း၊
ဤကျမ်းသည် မထင်ရှားသော ပရောဖက်ကြီးဆယ်နှစ်ပါးကျမ်း (Minor Prophets) အစဉ်အတိုင်း ဆဋ္ဌမမြောက် (၆) တွင်
တည်ရှိသည်။ LXX (သမ္မာကျမ်းစာ
ဂရိဘာသာပြန်) တွင်မူ ၎င်း၏ ကျမ်းအရွယ်အစားကြောင့် ဖြစ်နိုင်သည်၊ အာမုတ်ကျမ်းနှင့်
ဟောရှေကျမ်းတို့၏နောက်တွင် တတိယမြောက် (၃) အဖြစ် တည်ရှိသည်။
Authorship. Micah was called a “Morasthite,” a term applied to one who
came probably from the village of Moresheth-gath, believed to be in the
southern part of Judah, toward Philistia. He must not be confused with Micaiah
the son of Imlah, who prophesied in the days of Ahab (1 Kings 22:8–28). Nothing
is known of the prophet except what is revealed in the book itself. The fact
that his father’s name is not mentioned may suggest that he was a man of humble
birth. He was doubtless a Judean, as may be deduced from the fact that he
mentions only the kings of Judah (Micah 1:1). He was the younger contemporary
of Isaiah and of Hosea, both of whom began their ministry in the reign of
Uzziah, the predecessor of Jotham (Isa. 1:1; Hosea 1:1). Tradition says that he
died peacefully in the place of his birth in the early part of Hezekiah’s reign
before the fall of Samaria. Micah’s language is poetical, rhythmical, and
measured. His style might be taken to betray a peasant background, inasmuch as
it is rugged, simple, and forthright. The prophet is noted for his frequent use
of figures of speech and his play on words. He is bold, stern, and
uncompromising in dealing with sin, yet tender of heart, regretfully sorrowful
in spirit, loving, and sympathetic.
၂။ ကျမ်းပြုသူ။ မိက္ခာကို “မောရရှက်လူ”
ဟု ခေါ်ဝေါ်ခဲ့ကြပြီး၊ ထိုအသုံးအနှုန်းမှာ ဖိလိတ္တိပြည်ဘက်သို့ ဦးတည်သော
ယုဒပြည်တောင်ပိုင်းတွင် တည်ရှိသည်ဟု ယူဆရသည့် မောရရှက်ဂတ်ရွာမှ လာသူကို
ရည်ညွှန်းခြင်းဖြစ်သည်။ အာဟပ်မင်းကြီး၏ လက်ထက်တွင် ဗျာဒိတ်ဟောခဲ့သော ဣမလာ၏သား မိက္ခာနှင့်
(ဓမ္မရာဇဝင်တတိယစောင် ၂၂:၈-၂၈) သူ့ကို မရောထွေးသင့်ပါ။ ဤကျမ်းစာအုပ်အတွင်း၌
ဖော်ပြထားသောအရာများမှတစ်ပါး ဤပရောဖက်နှင့်ပတ်သက်၍ အခြားအရာကိုမျှ မသိရှိရပါ။
သူ၏ဖခင်အမည်ကို ဖော်ပြထားခြင်းမရှိခြင်းက သူသည် နိမ့်ကျသော မျိုးရိုးနောက်ခံမှ
လာသူတစ်ဦး ဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်။ သူသည် ယုဒရှင်ဘုရင်များ၏ အမည်များကိုသာ
ဖော်ပြခဲ့သည့် အချက်ပေါ်မူတည်၍ (မိက္ခာကျမ်း ၁:၁) သူသည် ယုဒပြည်သားတစ်ဦး
ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ သူသည် ဟေရှာယနှင့် ဟောရှေတို့ထက် အသက်ငယ်သော
ခေတ်ပြိုင်တစ်ဦးဖြစ်ပြီး၊ ထိုသူနှစ်ဦးစလုံးသည် ယောသံမင်းကြီး၏ အစဉ်အဆက်မတိုင်မီ
ဩဇိမင်းကြီး၏ လက်ထက်တွင် မိမိတို့၏ အမှုတော်လုပ်ငန်းကို စတင်ခဲ့ကြသူများဖြစ်သည်
(ဟေရှာယအနာဂတ္တိကျမ်း ၁:၁၊ ဟောရှေအနာဂတ္တိကျမ်း ၁:၁)။ ပါးစပ်ရာဇဝင်များအရ သူသည်
ရှမာရိမြို့ မပျက်စီးမီ ဟေဇကိမင်းကြီး နန်းစံသည့် ကာလဦးပိုင်းတွင် မိမိ၏ ဇာတိမြေ၌
ငြိမ်းချမ်းစွာ ကွယ်လွန်ခဲ့သည်ဟု ဆိုကြသည်။ မိက္ခာ၏ အရေးအသားစကားလုံးများသည်
ကဗျာဆန်ပြီး၊ ကာရန်ညီညွတ်ကာ၊ စည်းဝါးကိုက်ညီမှု ရှိသည်။ သူ၏ အရေးအသားဟန်သည်
ကြမ်းတမ်း၊ ရိုးရှင်းပြီး၊ ပွင့်လင်းပြတ်သားသည့်အတွက် လယ်သမားနောက်ခံ သဘောသဘာဝ
ရှိကြောင်း ယူဆနိုင်သည်။ ပရောဖက်သည် တင်စားချက်များနှင့်
စကားလုံးအလှည့်အပတ်များကို မကြာခဏ အသုံးပြုတတ်ခြင်းကြောင့် လူသိများသည်။ သူသည်
အပြစ်ကို ကိုင်တွယ်ရာတွင် ရဲရင့်ခြင်း၊ ပြတ်သားခြင်းနှင့် လုံးဝ
အလျှော့မပေးခြင်းတို့ ရှိသော်လည်း၊ တစ်ဖက်တွင်မူ စိတ်နှလုံး နူးညံ့သိမ်မွေ့ခြင်း၊
နောင်တရ၍ ဝမ်းနည်းတတ်သော စိတ်ဝိညာဉ် ရှိခြင်း၊ ချစ်ခြင်းနှင့်
စာနာထောက်ထားခြင်းတို့ ရှိသည်။
Historical Setting. Micah, as did Isaiah, carried on his prophetic
ministry in the critical period of the latter half of the 8th century b.c.,
when Assyria was the dominant world power. In his own country Jotham, the king
of Judah, when he began his prophetic ministry, “did that which was right in
the sight of the Lord,” although the people of his kingdom “sacrificed and
burned incense still in the high places” (2 Kings 15:34, 35). Ahaz, Jotham’s
son and successor, went the full length of idolatry, even burning “his children
in the fire, after the abominations of the heathen” (2 Chron. 28:3). He did not
hesitate to rearrange and change the brazen altar of burnt offering, and the
laver, and to place within the sacred Temple precincts an idolatrous altar
which he saw at Damascus (2 Kings 16:10–12, 14–17). These and other iniquitous
acts against the true worship of the Lord made Ahaz probably the most
idolatrous king who had reigned over Judah. During the time of this spiritual
declension among the inhabitants of Jerusalem and Judah, Micah exercised his
prophetic office. The contents of his book set forth the moral and religious
conditions among the people during the reigns mentioned. This idolatry was
aggravated by the compromising attitude many took in observing outwardly the
traditional forms of the worship of the Lord while pursuing their idolatrous
worship and practices. The priests of the Lord were in an apostate condition.
They countenanced heathenism to retain their popularity with the people, and
instead of defending the poor against the predatory rich, they themselves were
possessed of a covetous spirit. There were many false prophets who curried the
favor of the people by assuring them that good times lay ahead, while scoffing
at the threatened judgments that the true prophets of the Lord predicted would
surely result from the nation’s multiplying transgressions. These false
prophets further lulled the people into a deadly spiritual sleep by calming
their fears with the deceptive doctrine that because the descendants of Abraham
were the special people of God, they could be certain that the Lord would never
forsake them. The nobles and leading class had given themselves over to lives
of luxury. In their ardent desire for the good things of life, they became
unscrupulous and cruel in their dealings with the peasants. Their greed ground
down the poor by excessive exactions and deprived them of their legal rights.
As occasionally and gratifyingly happens, a bad ruler is followed by a son who
becomes a good ruler. Hezekiah, who succeeded Ahaz, was as devoted to God as
his father had been devoted to idols. “He trusted in the Lord God of Israel; so
that after him was none like him among all the kings of Judah, nor any that
were before him” (2 Kings 18:5). He resolutely set about to undo his father’s
apostasy, to reform the moral and spiritual conditions of Judah, to abolish
idolatry, and to bring his people back to the true worship of the Lord. In this
he was supported by Micah. The bitter struggle that the man of Moresheth-gath
had during much of his life to plant the seeds of truth upon the well-nigh
sterile soil of his people’s heart began to yield fruit. Reformation
characterized the reign of Hezekiah.
၃။ သမိုင်းနောက်ခံအခြေအနေ။ မိက္ခာသည်
ဟေရှာယကဲ့သို့ပင် အဆီးရီးယားနိုင်ငံသည် ကမ္ဘာ့အာဏာအရှိဆုံး နိုင်ငံဖြစ်နေသည့် ဘီစီ
ရှစ် (၈) ရာစု၏ နောက်ဆုံးထွက် ထူးခြားဆိုးဝါးသော ကာလအပိုင်းအခြားအတွင်း မိက္ခာ၏
ပရောဖက်ပြုခြင်း အမှုတော်လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။ သူ၏ ကိုယ်ပိုင်တိုင်းပြည်တွင်
ယုဒရှင်ဘုရင် ယောသံသည် မိက္ခာ၏ ပရောဖက်ပြုခြင်း အမှုတော်လုပ်ငန်းကို
စတင်သည့်အချိန်၌ “ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြုလေ၏”၊ သို့သော်လည်း
သူ၏နိုင်ငံတော်အတွင်းရှိ လူတို့သည် “ကုန်းမြင့်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို
မီးရှို့ကြသေး၏” (ဓမ္မရာဇဝင်တတိယစောင် ၁၅:၃၄၊ ၃၅)။ ယောသံ၏သားနှင့် နန်းလျာဖြစ်သော
အာဟတ်မင်းကြီးသည် ရုပ်တုကိုးကွယ်ခြင်းကို အဆုံးစွန်အထိ လုပ်ဆောင်ခဲ့ပြီး၊
“တစ်ပါးအမျိုးသားတို့၏ စက်ဆုပ်ရွံရှာဖွယ် ထုံးစံအတိုင်း မိမိသားသမီးများကို
မီးတိုက်၍ ပူဇော်လေ၏” (ရာဇဝင်ချုပ်ဒုတိယစောင် ၂၈:၃)။ သူသည် ဒမာသက်မြို့တွင်
မြင်တွေ့ခဲ့သော ရုပ်တုကိုးကွယ်သည့် ယဇ်ပလ္လင်တစ်ခုကို သန့်ရှင်းသော
ဗိမာန်တော်ဝင်းအတွင်း၌ ထားရှိရန်နှင့် မီးရှို့ရာယဇ်ပူဇော်ရာ ကြေးဝါယဇ်ပလ္လင်နှင့်
ရေကန်တို့ကို ပြောင်းလဲပြင်ဆင်ရန် ဝန်မလေးခဲ့ပေ (ဓမ္မရာဇဝင်တတိယစောင် ၁၆:၁၀-၁၂၊
၁၄-၁၇)။ ထာဝရဘုရားအား စစ်မှန်စွာ ကိုးကွယ်ခြင်းကို ဆန့်ကျင်သော ဤဆိုးယုတ်သည့်
လုပ်ရပ်များနှင့် အခြားသော လုပ်ရပ်များကြောင့် အာဟတ်သည် ယုဒပြည်ကို
အုပ်စိုးခဲ့သမျှသော ရှင်ဘုရင်များထဲတွင် ရုပ်တုကိုးကွယ်မှုအများဆုံး ရှင်ဘုရင်
ဖြစ်နိုင်ခဲ့သည်။ ယေရုရှလင်မြို့နှင့် ယုဒပြည်သူတို့အကြားတွင် ဤကဲ့သို့သော
ဝိညာဉ်ရေးရာ ဆုတ်ယုတ်ကျဆင်းမှု ဖြစ်ပွားနေသည့် အချိန်ကာလအတွင်း မိက္ခာသည် သူ၏
ပရောဖက်အရာကို ဆောင်ရွက်ခဲ့သည်။ သူ၏ကျမ်းစာအုပ်တွင် ပါရှိသောအကြောင်းအရာများသည်
အထက်ပါ ဖော်ပြခဲ့သော မင်းမြတ်တို့၏ လက်ထက်အတွင်း လူတို့အလယ်၌ ဖြစ်ပွားနေသော
ကိုယ်ကျင့်တရားနှင့် ဘာသာရေးဆိုင်ရာ အခြေအနေများကို ဖော်ပြထားခြင်းဖြစ်သည်။
ဤရုပ်တုကိုးကွယ်ခြင်းသည် လူအများစုက မိမိတို့၏ ရုပ်တုကိုးကွယ်မှုနှင့်
အလေ့အထများကို ဆက်လက်လုပ်ဆောင်နေစဉ်မှာပင်၊ ထာဝရဘုရားကို ကိုးကွယ်ခြင်းဆိုင်ရာ
ရိုးရာထုံးတမ်းစဉ်လာများကို အပေါ်ယံအားဖြင့် လိုက်နာကျင့်သုံးခြင်းဟူသော
လိုက်လျောညီထွေဖြစ်အောင် နေထိုင်သည့် သဘောထားကြောင့် ပိုမိုဆိုးဝါးလာခဲ့သည်။
ထာဝရဘုရား၏ ယဇ်ပုရောဟိတ်များသည် ဘာသာတရားဖောက်ပြန်သော အခြေအနေတွင် ရှိနေကြသည်။
၎င်းတို့သည် ပြည်သူတို့အလယ်တွင် မိမိတို့၏ ရေပန်းစားမှုကို ဆက်လက်ထိန်းသိမ်းထားရန်
တစ်ပါးအမျိုးသားတို့၏ အလေ့အထများကို ခွင့်ပြုပေးခဲ့ကြပြီး၊ လုယက်ဖျက်ဆီးတတ်သော
ချမ်းသာသူများဘေးမှ ဆင်းရဲသားများကို ကာကွယ်ပေးမည့်အစား၊ ၎င်းတို့ကိုယ်တိုင်
လောဘရမ္မက်စိတ် လွှမ်းမိုးခြင်းကို ခံခဲ့ကြရသည်။ ပြည်သူတို့၏ စိတ်ကျေနပ်မှုကို
ရရှိရန်အတွက် ကောင်းသောအချိန်ကာလများ ရှေ့တွင်ရှိနေသည်ဟု အာမခံချက်ပေးကာ
ပြည်သူတို့ကို မြှောက်ပင့်ပေးနေသော ပရောဖက်အတုများစွာ ရှိခဲ့ပြီး၊ တိုင်းပြည်၏
များပြားလှသော လွန်ကျူးမှုများကြောင့် ဧကန်အမှန် ဖြစ်ပျက်လာလိမ့်မည်ဟု ထာဝရဘုရား၏
ပရောဖက်စစ်များ သတိပေးဟောပြောခဲ့သော တရားစီရင်ခြင်းဘေးဒဏ်များကိုမူ လှောင်ပြောင်
သရော်ခဲ့ကြသည်။ ထိုမျှမက၊ ဤပရောဖက်အတုများသည် အာဗြဟံ၏ သားမြေးများသည် ဘုရားသခင်၏
အထူးရွေးကောက်ခြင်းခံရသော ပြည်သူများဖြစ်သောကြောင့် ထာဝရဘုရားသည် သူတို့ကို
မည်သည့်အခါမျှ စွန့်ပစ်လိမ့်မည်မဟုတ်ဟူသော လှည့်စားတတ်သော အယူဝါဒဖြင့် လူတို့၏
ကြောက်ရွံ့မှုများကို ငြိမ်းအေးစေကာ လူတို့ကို ဝိညာဉ်ရေးရာ သေဆုံးခြင်း
အိပ်မောကျမှုထဲသို့ ရောက်ရှိစေခဲ့သည်။ မှူးမတ်များနှင့် ခေါင်းဆောင်ပိုင်း
လူတန်းစားများသည် ဇိမ်ခံအသက်ရှင်ခြင်း၌ ကိုယ်ကို အပ်နှံထားကြသည်။ ၎င်းတို့သည် ဘဝ၏
ကောင်းမွန်သောအရာများကို အလွန်အမင်း အလိုရှိကြသဖြင့်၊ လယ်သမားများနှင့်
ဆက်ဆံရာတွင် ကိုယ်ကျင့်တရား ကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်လာခဲ့ကြသည်။ ၎င်းတို့၏
လောဘဇောသည် မတရားသဖြင့် အဓမ္မတောင်းခံမှုများဖြင့် ဆင်းရဲသားများကို
နှိပ်စက်ညှဉ်းပန်းခဲ့ပြီး ၎င်းတို့၏ ဥပဒေကြောင်းအရ ရပိုင်ခွင့်များကို
ပိတ်ပင်ခဲ့သည်။ တစ်ခါတစ်ရံတွင် စိတ်ကျေနပ်ဖွယ် ဖြစ်ပျက်တတ်သည်အတိုင်း၊ မကောင်းသော
အုပ်စိုးသူ၏နောက်တွင် ကောင်းမွန်သော အုပ်စိုးသူဖြစ်လာမည့် သားတစ်ဦး
လိုက်ပါလာတတ်သည်။ အာဟတ်၏ နန်းလျာဖြစ်သော ဟေဇကိသည် မိမိ၏ဖခင် ရုပ်တုများအပေါ်တွင်
စိတ်အားထက်သန်ခဲ့သကဲ့သို့ ဘုရားသခင်အပေါ်တွင် စိတ်အားထက်သန်မှု ရှိခဲ့သည်။ “သူသည်
ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ကိုးစားသဖြင့်၊ သူ၏နောက်၌
ယုဒရှင်ဘုရင်အပေါင်းတို့တွင် သူနှင့်တူသောသူတစ်ယောက်မျှမရှိ၊ သူ၏အမှီစပြုသော
မင်းတို့တွင်လည်း မရှိ” (ဓမ္မရာဇဝင်တတိယစောင် ၁၈:၅)။ သူသည် မိမိဖခင်၏
ဘာသာတရားဖောက်ပြန်မှုကို ပယ်ဖျက်ရန်၊ ယုဒပြည်၏ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးရာ
အခြေအနေများကို ပြုပြင်ပြောင်းလဲရန်၊ ရုပ်တုကိုးကွယ်ခြင်းကို ဖျက်ဆီးရန်နှင့်
မိမိ၏ ပြည်သူများကို ထာဝရဘုရားအား စစ်မှန်စွာ ကိုးကွယ်ခြင်းသို့
ပြန်လည်ခေါ်ဆောင်ရန် ပြတ်ပြတ်သားသား စတင်လုပ်ဆောင်ခဲ့သည်။ ဤအမှုတွင် မိက္ခာသည်
သူ့ကို ကူညီထောက်ပံ့ပေးခဲ့သည်။ မိမိပြည်သူတို့၏ စိုးစဉ်းမျှ
အသီးမသီးနိုင်လောက်အောင် ခြောက်သွေ့နေသော နှလုံးသားမြေဆီလွှာပေါ်တွင်
သမ္မာတရားမျိုးစေ့များကို စိုက်ပျိုးရန် မောရရှက်ရွာသား မိက္ခာသည်
သူ၏ဘဝသက်တမ်းတစ်လျှောက်လုံး၌ ပြင်းထန်စွာ တိုက်ပွဲဝင်ခဲ့ရမှုများသည် အသီးအပွင့်များ
စတင်ရရှိလာခဲ့သည်။ ပြုပြင်ပြောင်းလဲခြင်း အမှုသည် ဟေဇကိမင်းကြီး၏ စိုးစံရာကာလကို
ထူးခြားထင်ရှားစေခဲ့သည်။
Theme. Two main themes predominate: (1) the condemnation of the sins of
the people and the consequent chastisement in captivity, and (2) the
deliverance of Israel and the glory and gladness of the Messianic kingdom.
Throughout the book of Micah threatening and promise, judgment and mercy,
alternate. The prophecies of Micah and Isaiah have much in common. Inasmuch as
the two prophets were contemporaries, and so had to deal with the same
conditions and subjects, we can readily understand why their words and messages
were so often similar. Though in the opening words of his book Micah tells us
what “he saw concerning Samaria and Jerusalem,” his prophecy deals more with
Judah than with Israel. Though the ten tribes had cut themselves off from Judah
and from Jerusalem, the center of the worship of the Lord, they were still
God’s people, and God was seeking to restore their allegiance to Him.
၄။ အဓိကအကြောင်းအရာ။ အဓိက အကြောင်းအရာ
နှစ် (၂) ချက်သည် လွှမ်းမိုးလျက်ရှိသည်၊ (၁) ပြည်သူတို့၏ အပြစ်များကို
ပြစ်တင်ရှုတ်ချခြင်းနှင့် ၎င်း၏အကျိုးဆက်အဖြစ် သုံ့ပန်းအဖြစ်
ဖမ်းဆီးချုပ်နှောင်ခြင်း ခံရခြင်းဘေးဒဏ်၊ နှင့် (၂) ဣသရေလလူတို့ကို
ကယ်လွှတ်ခြင်းနှင့် မေရှိယနိုင်ငံတော်၏ ဘုန်းအသရေနှင့် ဝမ်းမြောက်ခြင်းတို့
ဖြစ်သည်။ မိက္ခာကျမ်းတစ်စောင်လုံးတွင် ခြိမ်းခြောက်ခြင်းနှင့် ကတိတော်၊
တရားစီရင်ခြင်းနှင့် ကရုဏာတော်တို့သည် တစ်လှည့်စီ ပါဝင်နေသည်။ မိက္ခာနှင့်
ဟေရှာယတို့၏ ပရောဖက်ပြုချက်များသည် တူညီသောအချက်များစွာ ရှိကြသည်။ ထိုပရောဖက် နှစ်
(၂) ပါးစလုံးသည် ခေတ်ပြိုင်များဖြစ်ကြပြီး၊ တူညီသောအခြေအနေများနှင့်
အကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းခဲ့ကြရသဖြင့်၊ ၎င်းတို့၏ စကားလုံးများနှင့်
ဗျာဒိတ်တော်သတင်းစကားများသည် အဘယ်ကြောင့် ဤမျှအထိ မကြာခဏ တူညီနေကြရသည်ကို
ကျွန်ုပ်တို့ အလွယ်တကူ နားလည်နိုင်သည်။ မိက္ခာသည် မိမိကျမ်း၏
အစပြုစကားလုံးများတွင် “ရှမာရိမြို့နှင့် ယေရုရှလင်မြို့တို့၏အကြောင်းကို မြင်ရသော
ဗျာဒိတ်တော်” ဟု ဆိုထားသော်လည်း၊ သူ၏ ပရောဖက်ပြုချက်သည် ဣသရေလပြည်ထက်
ယုဒပြည်အကြောင်းကို ပိုမိုကိုင်တွယ်ထားသည်။ မျိုးနွယ်စု တစ်ဆယ် (၁၀) စုသည် ယုဒပြည်နှင့်
ထာဝရဘုရားကို ကိုးကွယ်ရာဗဟိုဌာနဖြစ်သော ယေရုရှလင်မြို့မှ မိမိတို့ကိုယ်ကို
ဖြတ်တောက်ထားခဲ့ကြသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ ပြည်သူများ ဖြစ်နေကြသေးသဖြင့်
ဘုရားသခင်သည် မိမိထံသို့ ၎င်းတို့၏ သစ္စာစောင့်သိမှုကို ပြန်လည်ရရှိစေရန်
ရှာဖွေနေခြင်းဖြစ်သည်။
Outline. I. National Guilt and Corruption, 1:1 to 3:12. A. Introduction,
1:1–4. B. Judgment on Israel and Judah, 1:5–16. C. Threats upon princes and
false prophets, 2:1 to 3:11. D. The destruction of Zion and the Temple, 3:12.
II. The Messianic Age and Its Blessings, 4:1 to 5:15. A. Glory of the mountain
of the Lord’s house, 4:1–5. B. Israel’s restoration and revival, 4:6–10. C.
Zion’s victory over her enemies, 4:11–13. D. Messiah’s birth and power, 5:1–4.
E. Victory over the adversaries, 5:5–9. F. The abolition of idolatry, 5:10–15.
III. Punishment for Sin and Hope in Repentance, 6:1 to 7:20. A. God’s
controversy because of ingratitude, 6:1–5. B. Obedience above sacrifice, 6:6–8.
C. Divine rebuke and threatened punishment, 6:9–16. D. Israel’s penitence and
confession of faith, 7:1–13. E. Prayer for restoration and God’s assurance,
7:14–17. F. God’s mercy and faithfulness praised, 7:18–20.
၅။ အကျဉ်းချုပ် ကဏ္ဍခွဲများ။ I. အမျိုးသားရေးဆိုင်ရာ အပြစ်နှင့်
ပျက်စီးယိုယွင်းခြင်း၊ ၁:၁ မှ ၃:၁၂ အထိ။ A. နိဒါန်း၊ ၁:၁-၄။ B. ဣသရေလပြည်နှင့် ယုဒပြည်အပေါ် တရားစီရင်ခြင်း၊ ၁:၅-၁၆။ C. မင်းညီမင်းသားများနှင့်
ပရောဖက်အတုများအပေါ် ခြိမ်းခြောက်ခြင်း၊ ၂:၁ မှ ၃:၁၁ အထိ။ D. ဇိအုန်မြို့နှင့် ဗိမာန်တော်
ဖျက်ဆီးခံရခြင်း၊ ၃:၁၂။ II. မေရှိယခေတ်ကာလနှင့် ၎င်း၏ ကောင်းချီးမင်္ဂလာများ၊ ၄:၁ မှ ၅:၁၅ အထိ။ A. ထာဝရဘုရား၏ ဗိမာန်တော်တည်ရာ တောင်တော်၏
ဘုန်းအသရေ၊ ၄:၁-၅။ B. ဣသရေလလူတို့ကို ပြန်လည်နေရာချထားခြင်းနှင့် နိုးထစေခြင်း၊ ၄:၆-၁၀။ C. ရန်သူတို့အပေါ် ဇိအုန်မြို့
အောင်နိုင်ခြင်း၊ ၄:၁၁-၁၃။ D. မေရှိယ၏ ဖွားမြင်ခြင်းနှင့် တန်ခိုးတော်၊ ၅:၁-၄။ E. ရန်ဘက်ပြုသူတို့အပေါ် အောင်နိုင်ခြင်း၊
၅:၅-၉။ F. ရုပ်တုကိုးကွယ်ခြင်းကို ပယ်ဖျက်ခြင်း၊
၅:၁၀-၁၅။ III. အပြစ်အတွက် အပြစ်ပေးခြင်းနှင့်
နောင်တရခြင်း၌ မျှော်လင့်ချက်ရှိခြင်း၊ ၆:၁ မှ ၇:၂၀ အထိ။ A. ကျေးဇူးကန်းခြင်းကြောင့် ဘုရားသခင်၏
တရားတွေ့တော်မူခြင်း၊ ၆:၁-၅။ B. ယဇ်ပူဇော်ခြင်းထက် နာခံခြင်းသည် သာမြတ်ခြင်း၊ ၆:၆-၈။ C. ဘုရားသခင် ဆုံးမခြင်းနှင့်
ခြိမ်းခြောက်ထားသော အပြစ်ဒဏ်၊ ၆:၉-၁၆။ D. ဣသရေလတို့၏ နောင်တရခြင်းနှင့် ယုံကြည်ခြင်းကို ဝန်ခံခြင်း၊ ၇:၁-၁၃။ E. ပြန်လည်ထူထောင်ရန် ဆုတောင်းခြင်းနှင့်
ဘုရားသခင်၏ အာမခံချက်၊ ၇:၁၄-၁၇။ F. ဘုရားသခင်၏ ကရုဏာတော်နှင့် သစ္စာတော်ကို ချီးမွမ်းခြင်း၊ ၇:၁၈-၂၀။
micah
Micah was a prophet from Moresheth-gath (ch. 1:1, 14), probably Tell
ej–Judeideh in southwestern Judah. He should not be
confused with Micaiah, the son of Imlah, a prophet of Israel in Ahab’s time
(9th century b.c.). Earlier commentators attempted to equate the two men,
because of the use of similar expressions in their utterances (Micah 1:2; cf. 1
Kings 22:28). However, the chronological data given by Micah are against such
an identification and show that a century or more lies between the two men.
Micah states that his ministry fell in the time of the kings Jotham, Ahaz, and
Hezekiah (ch. 1:1). Since Jotham’s sole reign
began after the death of his father Uzziah in 740/39, the initial date for
Micah’s prophetic ministry should probably be placed after that date. He was
therefore a somewhat younger contemporary of Isaiah,
to whose vocabulary and terminology his prophecies show great similarity (Micah
4:1–4; cf. Isa. 2:2–4). Also, Jeremiah (ch. 26:18), quoting Micah (ch. 3:12),
testifies that Micah ministered during Hezekiah’s time. All this leads to the
conclusion that Micah prophesied from about 740 to about 700 b.c.
မိက္ခာ မိက္ခာသည်
မောရေရှက်ဂဒ်မြို့မှ ပရောဖက်တစ်ဦးဖြစ်ပြီး (အခန်းကြီး ၁:၁၊ ၁၄)၊ ၎င်းသည် ယုဒပြည်
အနောက်တောင်ပိုင်းရှိ တဲလ်အက်ဂျူဒေဒါ (Tell ej-Judeideh) ဖြစ်နိုင်သည်။ သူ့ကို
အာဟပ်မင်းလက်ထက် (ဘီစီ ကိုး ရာစု) က ဣသရေလပြည်၏ ပရောဖက်တစ်ဦးဖြစ်သော ဣမလာ၏သား
မိက္ခာနှင့် မရောထွေးသင့်ပေ။ ရှေးဦးကျမ်းစာမှတ်ချက်ပြုသူများသည် ၎င်းတို့၏
မြွက်ဆိုချက်များတွင် ဆင်တူသော အသုံးအနှုန်းများ ပါရှိခြင်းကြောင့် (မိက္ခာ ၁:၂၊
ဓမ္မရာဇဝင်တတိယစောင် ၂၂:၂၈ နှင့် နှိုင်းယှဉ်ရန်) ထိုလူ နှစ် ဦး ကို တစ်ဦးတည်းဟု
သတ်မှတ်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် မိက္ခာကျမ်းတွင် ပေးထားသော
သက္ကရာဇ်အချက်အလက်များသည် ထိုသို့သတ်မှတ်ခြင်းကို ဆန့်ကျင်နေပြီး ထိုလူ နှစ် ဦး
ကြားတွင် ရာစုနှစ်တစ်ခု သို့မဟုတ် ထိုထက်မက ကွာဟနေကြောင်း ပြသနေသည်။ မိက္ခာက မိမိ၏
အမှုတော်ဆောင်မှုသည် ယောသံ၊ အာခတ်နှင့် ဟေဇကိ ရှင်ဘုရင်များလက်ထက်တွင်
ကျရောက်ခဲ့ကြောင်း ဖော်ပြထားသည် (အခန်းကြီး ၁:၁)။ ယောသံ၏ တစ်ဦးတည်းသော
စိုးစံမှုသည် သူ၏ဖခင် ဩဇိမင်း ၇၄၀/၃၉ တွင် ကွယ်လွန်ပြီးနောက် စတင်ခဲ့သဖြင့်၊
မိက္ခာ၏ ပရောဖက်ပြုချက်ဆိုင်ရာ အမှုတော်ဆောင်မှု စတင်ရာ သက္ကရာဇ်ကို ထိုရက်စွဲ၏
နောက်ပိုင်းတွင် ထားရှိသင့်သည်။ ထို့ကြောင့် သူသည် ဟေရှာယထက် အသက်ငယ်သော
ခေတ်ပြိုင်တစ်ဦး ဖြစ်ပြီး၊ သူ၏ ပရောဖက်ပြုချက်များသည် ဟေရှာယ၏ ဝေါဟာရနှင့်
အသုံးအနှုန်းများနှင့် အလွန်ဆင်တူကြောင်း ပြသနေသည် (မိက္ခာ ၄:၁-၄၊ ဟေရှာယ ၂:၂-၄
နှင့် နှိုင်းယှဉ်ရန်)။ ထို့ပြင် ယေရမိကျမ်း (အခန်းကြီး ၂၆:၁၈) တွင် မိက္ခာကျမ်း
(အခန်းကြီး ၃:၁၂) ကို ကိုးကား၍ မိက္ခာသည် ဟေဇကိမင်းလက်ထက်တွင် အမှုဆောင်ခဲ့ကြောင်း
သက်သေခံထားသည်။ ဤအချက်အားလုံးသည် မိက္ခာသည် ခန့်မှန်းခြေ ဘီစီ ၇၄၀ မှ ၇၀၀
ဝန်းကျင်အထိ ပရောဖက်ပြုခဲ့သည်ဟူသော ကောက်ချက်သို့ ပို့ဆောင်ပေးသည်။

No comments:
Post a Comment