အခန်းကြီး - ၃၁
The
proverbs
သုတ္တံကျမ်း
introduction
နိဒါန်း
1.
Title. The title, Proverbs, is taken from
the first words of the book. The Hebrew word translated “proverbs”
comes from the root mashal, meaning “to be like,” “to compare.” The noun has
acquired several meanings:(1) a parable (see Eze. 17:2; 20:49;
24:3–5)—the parables by which the Saviour taught the people are properly
meshalim in this sense; (2) a proverbial saying, a brief, terse folk saying (1
Sam. 10:12; 24:13; Eze. 12:22, 23; Eze. 18:2, 3); (3) a byword (Deut. 28:37; 1
Kings 9:7; Ps. 44:14); (4) a prophetic figurative discourse (Num. 23:7, 18;
24:3, 15); (5) a poem of various types: (a) an ode (Num. 21:27–30); (b) a
didactic poem (Ps. 49:3, 4; Ps. 78:2); (c) a poem consisting of short sentences
of ethical wisdom,
for example, many of the proverbs of Solomon. The idea of comparison, resident
in the verb root mashal, runs through many of these definitions.
၁။ အမည်။ သုတ္တံကျမ်းဟူသော အမည်ကို
ဤကျမ်းစာ၏ ပထမဆုံးသော စကားလုံးများမှ ရယူထားခြင်း ဖြစ်သည်။ “သုတ္တံစကားပုံများ” ဟု
ဘာသာပြန်ဆိုထားသော ဟေဗြဲစကားလုံးသည် “တူညီစေရန်”၊ “နှိုင်းယှဉ်ရန်” ဟု
အဓိပ္ပာယ်ရသည့် မာရှယ် (mashal)
ဟူသော
ရင်းမြစ်စကားလုံးမှ ဆင်းသက်လာသည်။ ဤနာမ်သည် အဓိပ္ပာယ် အပြားပြားကို ဆောင်သည်— (၁)
ပုံပမာ (ယေဇကျေလ ၁၇:၂၊ ၂၀:၄၉၊ ၂၄:၃–၅ ကိုကြည့်ပါ)— ကယ်တင်ရှင်က လူတို့အား
သွန်သင်တော်မူခဲ့သော ပုံပမာများသည် ဤအဓိပ္ပာယ်အရ မေရှာလင် (meshalim) ဟု
ခေါ်ဆိုရန် မှန်ကန်ပါသည်၊ (၂) သုတ္တံစကားပုံ၊ တိုတုတ်၍ လိုရင်းရောက်သော လူထုစကားပုံ
(၁ ဓမ္မရာဇဝင် ၁၀:၁၂၊ ၂၄:၁၃၊ ယေဇကျေလ ၁၂:၂၂၊ ၂၃၊ ယေဇကျေလ ၁၈:၂၊ ၃)၊ (၃)
ကဲ့ရဲ့ပြက်ရယ်ပြုစရာ စကား (တရားဟောရာကျမ်း ၂၈:၃၇၊ ၁ ဓမ္မရာဇဝင်စတုတ္ထစောင် ၉:၇၊
ဆာလံ ၄၄:၁၄)၊ (၄) ပရောဖက်ပြုချက်ဆိုင်ရာ တင်စားချက်ပါသော ဟောပြောချက်
(တောလည်ရာကျမ်း ၂၃:၇၊ ၁၈၊ ၂၄:၃၊ ၁၅)၊ (၅) အမျိုးအစား အမျိုးမျိုးရှိသော
ကဗျာလင်္ကာ— (က) ချီးမွမ်းခြင်းကဗျာ (တောလည်ရာကျမ်း ၂၁:၂၇–၃၀)၊ (ခ)
ဆုံးမသွန်သင်သော ကဗျာ (ဆာလံ ၄၉:၃၊ ၄၊ ဆာလံ ၇၈:၂)၊ (ဂ) ကျင့်ဝတ်ဆိုင်ရာ
ပညာရှိစကားတိုများဖြင့် ဖွဲ့စည်းထားသော ကဗျာ (ဥပမာအားဖြင့် ရှောလမုန်မင်းကြီး၏
သုတ္တံစကားပုံ အများအပြား)။ မာရှယ် (mashal) ဟူသော
ကြိယာရင်းမြစ်တွင် တည်ရှိနေသည့် နှိုင်းယှဉ်ခြင်းဟူသော အယူအဆသည်
ဤအဓိပ္ပာယ်ဖွင့်ဆိုချက် အများအပြားတွင် စီးဝင်လျက်ရှိသည်။
2.
Authorship. That Solomon was the author
of the book seems evident from chs. 1:1; 10:1; 25:1. See, however, on chs.
30:1; 31:1. It is also known that Solomon “spake three thousand proverbs” (1
Kings 4:32). Until recently the authorship or divine authority was scarcely
disputed in either the Jewish or Christian church. Modern scholarship tends to assign a
postexilic date to the book and denies the Solomonic authorship of the book.
၂။ ရေးသားသူ။ ရှောလမုန်သည် ဤကျမ်းကို
ရေးသားသူဖြစ်ကြောင်း အခန်းကြီး ၁:၁၊ ၁၀:၁၊ ၂၅:၁ တို့ကို ထောက်ရလျှင်
ထင်ရှားပုံရသည်။ သို့သော်လည်း အခန်းကြီး ၃၀:၁၊ ၃၁:၁ တို့၏ မှတ်စုကို ကြည့်ပါ။
ရှောလမုန်သည် “သုတ္တံစကားပုံ သုံးထောင်ကို မြွက်ဆိုခဲ့သည်” ဟုလည်း သိရှိရသည် (၁ ဓမ္မရာဇဝင်စတုတ္ထစောင်
၄:၃၂)။ မကြာသေးမီ အချိန်အထိ ဂျူးအသင်းတော် သို့မဟုတ် ခရစ်ယာန်အသင်းတော်
နှစ်ခုစလုံးတွင် ရေးသားသူ မည်သူဖြစ်ကြောင်း သို့မဟုတ် ဘုရားသခင်၏
အခွင့်အာဏာပါရှိကြောင်းကို ငြင်းခုံခြင်း လုံးဝနီးပါး မရှိခဲ့သလောက်ပင် ဖြစ်သည်။
ခေတ်သစ်ပညာရှင်များကမူ ဤကျမ်းစာကို သုံ့ပန်းဘဝမှ
ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း ကာလတွင် ရေးသားခဲ့ခြင်း ဖြစ်သည်ဟု သတ်မှတ်ရန်
အလားအလာရှိပြီး ရှောလမုန် ရေးသားခဲ့ခြင်းဖြစ်သည်ကို ငြင်းပယ်ကြသည်။
Solomon
wrote the Proverbs in the early years of his reign, when he was still obedient
to the Spirit of God within his heart. “It was the wide dissemination
of these principles, and the recognition of God as the one to whom all praise
and honor belong, that made Solomon’s early reign a time of moral uplift as
well as of material prosperity” (PK 34).
ရှောလမုန်သည် သူ၏နှလုံးသားထဲရှိ
ဘုရားသခင်၏ ဝိညာဉ်တော်ကို နာခံဆဲဖြစ်သော သူ၏ နန်းစံစောစီးသည့် နှစ်ကာလများတွင်
ဤသုတ္တံကျမ်းကို ရေးသားခဲ့သည်။ “ဤမူဝါဒများကို ကျယ်ကျယ်ပြန့်ပြန့်
ပျံ့နှံ့စေခြင်းနှင့် ချီးမွမ်းခြင်းနှင့် ဂုဏ်အသရေအပေါင်းတို့သည်
ဘုရားသခင်တစ်ပါးတည်းထံတော်သို့သာ သက်ဆိုင်သည်ဟု အသိအမှတ်ပြုခြင်းတို့ကြောင့်
ရှောလမုန်၏ စောစီးသော နန်းစံကာလသည် ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ ကြွယ်ဝချမ်းသာမှုသာမက
ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ မြင့်မားတိုးတက်သော အချိန်အခါတစ်ခု ဖြစ်စေခဲ့သည်”
(ပရောဖက်များနှင့် ရှင်ဘုရင်များ စာမျက်နှာ ၃၄)။
3.
Historical Setting. Solomon was the third
king of Israel. The people had rejected the rulership of God when they turned
from Samuel, a wise and God-fearing judge, and requested a king (1 Sam. 8:4–7).
The reason for this decision was the desire of the people to have a visible
king to lead them to battle against the growing power of the nations around
them, and the Sea Peoples who had established themselves in Palestine (1 Sam.
8:20; see on Gen. 10:14; 21:32; see also Vol. II, p. 27).
၃။ သမိုင်းနောက်ခံ။ ရှောလမုန်သည်
အစ္စရေးနိုင်ငံ၏ တတိယမြောက် ရှင်ဘုရင် ဖြစ်သည်။ လူတို့သည် ပညာရှိ၍ ဘုရားသခင်ကို
ကြောက်ရွံ့သော တရားသူကြီး ဓမ္မရာဇဝင်ဆရာ ရှမွေလထံမှ လွှဲဖယ်ပြီး
ရှင်ဘုရင်တစ်ပါးကို တောင်းဆိုခဲ့ကြစဉ်က ဘုရားသခင်၏ အုပ်စိုးမှုကို
ငြင်းပယ်ခဲ့ကြသည် (၁ ဓမ္မရာဇဝင် ၈:၄–၇)။ ဤဆုံးဖြတ်ချက်ကို ချရခြင်း၏
အကြောင်းရင်းမှာ မိမိတို့ပတ်ဝန်းကျင်တွင် အင်အားကြီးထွားလာနေသော လူမျိုးများနှင့်
ပါလက်စတိုင်းပြည်တွင် အခြေစိုက်နေထိုင်ခဲ့ကြသော ပင်လယ်ရေကြောင်းခရီးသွား
လူမျိုးများကို ဆန့်ကျင်တိုက်ခိုက်ရာတွင် မိမိတို့အား ရှေ့တန်းမှ ဦးဆောင်မည့်
မျက်မှောက်ထင်ထင် မြင်တွေ့ရသော ရှင်ဘုရင်တစ်ပါးကို လူတို့
အလိုရှိခဲ့ကြခြင်းကြောင့် ဖြစ်သည် (၁ ဓမ္မရာဇဝင် ၈:၂၀၊ ကမ္ဘာဦးကျမ်း ၁၀:၁၄၊ ၂၁:၃၂
၏ မှတ်စုကို ကြည့်ပါ၊ အတွဲ ၂၊ စာမျက်နှာ ၂၇ ကိုလည်း ကြည့်ပါ)။
Early in his reign Saul successfully subdued the enemies of
Israel. His prosperity might have continued had not the same spirit of
self-aggrandizement that had led the people to call for a king, rendered him
intolerant of the rebukes of God (see 1 Sam. 15:22, 23).
ရှောလုသည် သူ၏နန်းစံစောစီးသည့် ကာလတွင်
အစ္စရေး၏ ရန်သူများကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည်။ လူတို့ကို
ရှင်ဘုရင်တစ်ပါး တောင်းဆိုစေရန် တွန်းအားပေးခဲ့သည့် မိမိကိုယ်ကို
ချီးမြှောက်လိုသော စိတ်ဓာတ်မျိုးကပင် ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုများကို သူအား
လက်မခံနိုင်အောင် မပြုလုပ်ခဲ့ပါက သူ၏ ကြီးပွားချမ်းသာမှုသည်
ဆက်လက်တည်တံ့နေနိုင်မည် ဖြစ်သည် (၁ ဓမ္မရာဇဝင် ၁၅:၂၂၊ ၂၃ ကိုကြည့်ပါ)။
David
began his reign with good prospects of success. Later the childlike trust in
God that had marked his early career was marred shopping by compromises. The king copied some of the ways of other
monarchs and fell into grievous sin. His early faith, his fall, and his sincere
repentance all had their influence upon Solomon. In the last years of his life
David sought to arm Solomon against the sins that had brought
such tragic consequences upon himself and his people (see PP 753; 1 Kings
2:1–4). Solomon began his reign in a spirit of humility and consecration which
enabled the Lord to bless him with unmatched prosperity (1 Kings 3:5–15). This
era was, indeed, the golden age of the Hebrew monarchy. His fame had spread
abroad throughout much of the world, and many sought his wisdom (1 Kings
4:31–34; 10:1–13).
One of the great errors of his life was his multiplication of wives, many of
whom were idolatrous (1 Kings 11:1–4). The influence of these women was to turn
his heart from God. See pp. 1059, 1060.
ဒါဝိဒ်သည် သူ၏နန်းစံကာလကို အောင်မြင်မှု
အလားအလာကောင်းများဖြင့် စတင်ခဲ့သည်။ နောက်ပိုင်းတွင် သူ၏ စောစီးသော
ဘဝတစ်လျှောက်လုံးတွင် ထင်ရှားခဲ့သော ဘုရားသခင်အပေါ် ကလေးသူငယ်ကဲ့သို့
ယုံကြည်ကိုးစားမှုသည် အလျှော့ပေး စေ့စပ်ညှိနှိုင်းမှုများကြောင့် ပျက်စီးခဲ့ရသည်။
ရှင်ဘုရင်သည် အခြားသော ဧကရာဇ်မင်းများ၏ အလေ့အထ အချို့ကို အတုယူခဲ့ပြီး ပြင်းထန်သော
အပြစ်ဒုစရိုက်ထဲသို့ ကျရောက်ခဲ့သည်။ သူ၏ စောစီးသော ယုံကြည်ခြင်း၊ သူ၏
ကျဆုံးခြင်းနှင့် သူ၏ စစ်မှန်သော နောင်တရခြင်း အားလုံးတို့သည် ရှောလမုန်အပေါ်
သက်ရောက်မှု ရှိခဲ့သည်။ ဒါဝိဒ်သည် သူ၏ဘဝ နောက်ဆုံးနှစ်ရက်များတွင် မိမိနှင့် မိမိ၏
လူမျိုးအပေါ် ထိုကဲ့သို့သော ကြေကွဲဖွံ့ချည်းဖွယ် အကျိုးဆက်များကို
ဆောင်ကြဉ်းလာစေခဲ့သည့် အပြစ်ဒုစရိုက်များရန်မှ ရှောလမုန်အား ကာကွယ်ပေးရန်
ကြိုးပမ်းခဲ့သည် (ဘိုးဘေးများနှင့် ပရောဖက်များ စာမျက်နှာ ၇၅၃၊ ၁ ဓမ္မရာဇဝင်စတုတ္ထစောင်
၂:၁–၄ ကိုကြည့်ပါ)။ ရှောလမုန်သည် နှိမ့်ချခြင်းနှင့် ဆက်ကပ်အပ်နှံခြင်း
စိတ်ဓာတ်ဖြင့် သူ၏နန်းစံကာလကို စတင်ခဲ့ရာ ထိုအချက်ကြောင့် ထာဝရဘုရားသည် သူအား
အတုမရှိသော ကြွယ်ဝချမ်းသာမှုဖြင့် ကောင်းချီးပေးတော်မူနိုင်ခဲ့သည် (၁
ဓမ္မရာဇဝင်စတုတ္ထစောင် ၃:၅–၁၅)။ ဤခေတ်ကာလသည် အမှန်စင်စစ် ဟေဗြဲဘုရင်စနစ်၏
ရွှေခေတ်ပင် ဖြစ်သည်။ သူ၏ ကျော်စောသတင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့
ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပြီး လူအများက သူ၏ ပညာဉာဏ်ကို ရှာဖွေခဲ့ကြသည်
(၁ ဓမ္မရာဇဝင်စတုတ္ထစောင် ၄:၁–၃၄၊ ၁၀:၁–၁၃)။ သူ၏ ဘဝတွင် ကျူးလွန်ခဲ့သော ကြီးမားသော
အမှားများထဲမှ တစ်ခုမှာ မိန်းမအများကို သိမ်းပိုက်ခြင်းဖြစ်ပြီး ထိုမိန်းမ
အများစုသည် ရုပ်တုကို ကိုးကွယ်သူများ ဖြစ်ကြသည် (၁ ဓမ္မရာဇဝင်စတုတ္ထစောင် ၁၁:၁–၄)။
ထိုအမျိုးသမီးများ၏ လွှမ်းမိုးမှုသည် သူ၏နှလုံးသားကို ဘုရားသခင်ထံမှ
လွှဲဖယ်သွားစေခဲ့သည်။ စာမျက်နှာ ၁၀၅၉၊ ၁၀၆၀ ကိုကြည့်ပါ။
4.
Theme. The theme of the book of
Proverbs is to exalt wisdom, which is described as “the fear of the Lord” (chs.
1:1–7; 9:10). Although wisdom has its basis in the maintenance of a right
relationship with God, the book is not really a religious treatise. Much of the
instruction is ethical and moral rather than spiritual. “Its principles of
diligence, honesty, thrift, temperance, and purity are the secret of true
success. These principles, as set forth in the book of Proverbs, constitute a
treasury of
practical wisdom” (Ed 135).
၄။ အဓိကအကြောင်းအရာ။ သုတ္တံကျမ်း၏
အဓိကအကြောင်းအရာမှာ “ထာဝရဘုရားကို ကြောက်ရွံ့ခြင်း” ဟု ဖော်ပြထားသော ပညာဉာဏ်ကို
ချီးမြှောက်ရန် ဖြစ်သည် (အခန်းကြီး ၁:၁–၇၊ ၉:၁၀)။ ပညာဉာဏ်သည် ဘုရားသခင်နှင့်
မှန်ကန်သော ဆက်ဆံရေးကို ထိန်းသိမ်းခြင်းအပေါ်တွင် အခြေခံထားသော်လည်း ဤကျမ်းသည်
စင်စစ်အားဖြင့် ဘာသာရေးဆိုင်ရာ စာတမ်းတစ်စောင် မဟုတ်ပါ။ သွန်သင်ချက် အများစုသည်
ဝိညာဉ်ရေးရာထက် ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ ဖြစ်သည်။ “၎င်း၏
လုံ့လဝီရိယရှိခြင်း၊ ရိုးသားခြင်း၊ ခြိုးခြံချွေတာခြင်း၊ ချုပ်တည်းခြင်းနှင့်
စင်ကြယ်ခြင်း ဟူသော မူဝါဒများသည် စစ်မှန်သော အောင်မြင်မှု၏ လျှို့ဝှက်ချက်
ဖြစ်သည်။ သုတ္တံကျမ်းတွင် ဖော်ပြထားသည့် ဤမူဝါဒများသည် လက်တွေ့ကျသော ပညာဉာဏ်၏
ရတနာသိုက်တစ်ခု ဖြစ်သည်” (ပညာရေး စာမျက်နှာ ၁၃၅)။
5.
Outline. The brevity of the
individual proverbs and the diversity of teachings prevent the book from having
much unity and progression. I. Introduction, 1:1–7. A. Title, 1:1. B. The
purpose, 1:2–6. C. The basis of knowledge,
1:7. II. The Wisdom Section, 1:8 to 9:18.
A. Warning against the enticement of sinners, 1:8–19.
B. The call of wisdom, 1:20–33. C. A series of admonitions, 2:1 to 7:27. D. The call and work of wisdom, 8:1–36. E. Wisdom and folly, 9:1–18. III. A Collection of Proverbs, 10:1 to 22:16. IV. A Series of Maxims, 22:17 to 24:34. V. Proverbs
Collected for Hezekiah, 25:1 to 29:27. VI. The Words of Agur, 30:1–33. VII. The
Words of Lemuel, 31:1–31. A. The instruction of a mother, 31:1–9. B. Acrostic
poem to the virtuous woman, 31:10–31.
၅။ အကျဉ်းချုပ် ဇယား။ တစ်ခုချင်းစီသော
သုတ္တံစကားပုံများ၏ တိုတုတ်မှုနှင့် သွန်သင်ချက်များ၏
ကွဲပြားခြားနားမှုတို့ကြောင့် ဤကျမ်းသည် စည်းလုံးညီညွတ်မှုနှင့် အစဉ်လိုက်
တိုးတက်ပြောင်းလဲမှု အများအပြား မရှိဘဲ တားဆီးထားသည်။ I. နိဒါန်း၊
၁:၁–၇။ A. အမည်၊
၁:၁။ B. ရည်ရွယ်ချက်၊
၁:၂–၆။ C. ပညာအတတ်၏
အခြေခံ၊ ၁:၇။ II. ပညာဉာဏ်ဆိုင်ရာ
အပိုင်း၊ ၁:၈ မှ ၉:၁၈ ထိ။
A. ပြစ်မှားသောသူတို့၏ သွေးဆောင်ခြင်းကို သတိပြုရန် သတိပေးချက်၊
၁:၈–၁၉။ B. ပညာဉာဏ်၏
ခေါ်ဖိတ်သံ၊ ၁:၂၀–၃၃။ C. ဆုံးမဩဝါဒပေးခြင်းများ၊
၂:၁ မှ ၇:၂၇ ထိ။ D. ပညာဉာဏ်၏
ခေါ်ဖိတ်သံနှင့် လုပ်ဆောင်ချက်၊ ၈:၁–၃၆။ E. ပညာဉာဏ်နှင့် မိုက်မဲခြင်း၊ ၉:၁–၁၈။ III. သုတ္တံစကားပုံများ
စုစည်းမှု၊ ၁၀:၁ မှ ၂၂:၁၆ ထိ။ IV. ဆောင်ပုဒ်များ၊ ၂၂:၁၇ မှ ၂၄:၃၄ ထိ။ V. ဟေဇကိမင်းကြီးအတွက်
စုဆောင်းထားသော သုတ္တံစကားပုံများ၊ ၂၅:၁ မှ ၂၉:၂၇ ထိ။ VI. အာဂုရ၏
စကားများ၊ ၃၀:၁–၃၃။ VII. လေမွေလမင်းကြီး၏
စကားများ၊ ၃၁:၁–၃၁။ A. မိခင်တစ်ဦး၏
သွန်သင်ချက်၊ ၃၁:၁–၉။ B. သီလရှိသော
အမျိုးသမီးအတွက် အက္ခရာစဉ်ကဗျာ၊ ၃၁:၁၀–၃၁။

No comments:
Post a Comment