Wednesday, June 3, 2026

အပိုင်း (၂) (၂၁) ရာစုနှစ် အသင်းထောက်နှင့်အသင်းထောက်မယ်များ


အခန်း - ၇။ အမျိုးသမီးများအသင်းထောက်အဖြစ် သို့မဟုတ် အသင်းထောက်မယ်အဖြစ်ပါဝင်ဆက်ကပ်ခြင်း

အခန်း - ၁၁။ စီးပွားရေးစီမံသူအဖြစ်လုပ်ဆောင်သော အသင်းထောက်များနှင့်အသင်းထောက်မယ်များ






အခန်း ၇

အခန်း ()

အမျိုးသမီးများအသင်းထောက်အဖြစ် သို့မဟုတ် အသင်းထောက်မယ်အဖြစ်ပါဝင်ဆက်ကပ်ခြင်း

 

ဖိဗေ အမည်ကို ကြားလိုက်သည်နှင့် ပထမရာစုနှစ်မှခရစ်ယာန် အသင်းတော်တွင် အသင်းထောက် သို့မဟုတ် အသင်းထောက်မယ်အမျိုးသမီး တစ်ဦးဖြစ်ကြောင်းကို ပြန်လည်အမှတ်ရကြသည်။ (ရောမ ၁၆း၁၊၂) ရှင်ပေါလု ကိုယ်တိုင်က ဖိဗေ ကို ကင်ခြေမြို့ အသင်းတော်၏ အမှုတော်ဆောင်ကြီး တစ်ဦးအဖြစ် အသိအမှတ်ပြု၏။ သူမ၏လုပ်ဆောင်ချက်ကို စကားလုံးမျိုးစုံဖြင့် ဘာသာပြန်ဆိုထားပါသည်။ အစေခံ အသင်းထောက် အသင်းထောက် မယ် အမှုတော်ဆောင်ကြီး ဟူ၍ အမျိုးမျိုးဘာသာပြန် ခေါ်ဆိုကြသည်။ (ရောမ ၁၆း၁၊၂) မူရင်းဟေလသဘာသာမှ ပြန်ဆိုထားသော စကားထက် ပို၍ များသော လုပ်ဆောင်ချက်များကို ဖိဗေ ကိုယ်တိုင်လုပ်ဆောင်ခဲ့ပါသည်။ အချုပ်အားဖြင့်ပြန်ဆိုရသော် ဖိဗေသည် အသင်းထောက်မယ် တစ်ဦးဖြစ်ခဲ့ သည်။ ဆရာကြီးအော်ရီဂင်၊ ဆရာကြီးခရိုင်စိုစတွမ်၊ ဆရာကြီးသီအိုဒိုရက် စသည့်ရှေးဦးအသင်းတော်တွင် စာပေရေးသားသော ဆရာကြီးများက ဖိဗေ ကိုအမွှမ်းတင်ရေးသားကြသည်။

ရော်နယ်ဒဘျူဖီးယက်၊ ရေဗက္ကာမယ်ရေးဂရုသုအိနှင့် ဂေါ်ဒန်ဒီပီး အစရှိ သော စာရေးဆရာများလည်း ဖိဗေ ကို အသင်းထောက်မယ် အဖြစ် သတ်မှတ်ရေးသားထားကြသည်။ မူရင်းဟေလသဘာသာကိုပြန်ဆိုရာ၌ ဖိဗေကို အစေခံ အဖြစ်ပြန်ဆိုသော်၊ ရှင်ပေါလုထောက်ခံခဲ့သော ဖိဗေ၏ ရာထူးကို ထိခိုက်သွားစေနိုင်သည်။ ၎င်းပြင် ရောမအသင်းတော်မှ ဖိဗေ ကို အရေးပေး လှိုက်လှဲပျူငှာခြင်းကို လျော့ပေါ့သွားစေနိုင်သည်။ ရှင်ပေါလုရေးသားထား သော စာကို ဖိဗေ ကိုယ်တိုင် ရောမမြို့သို့ယူဆောင်လာသည်ဟု အားလုံးက အတည်ပြုထားကြသည်။ အစေခံဟုရိုးရိုးသာ သတ်မှတ်မည်ဆိုလျှင် ရောမမှ ရှိသောအသင်းတော်သည် ဖိဗေ ကို အလေးမထားမထင်မရှားဟု သဘော ထားကာ၊ သူမယူဆောင်လာသော စာကိုအဆင့်မရှိဟု သတ်မှတ်ကြလိမ့်မည်။ ထိုကြောင့် လိုက်လှဲပျူငှာအရေးတယူဆက်ဆံကြရန် ကင်ခြေ အသင်းတော်၏ အသင်းထောက် ဟု ရာထူးပေးတပ်၍ခေါ်ဆိုရန်လိုအပ်၏။

မူရင်းဟေလသဘာသာစကားဖြင့် ဖိဗေ ရာထူးကိုခေါ်ဆိုရာမှာ စကားလုံးများစွာဖြင့် ပြန်ဆိုကြသော်လည်း ဆရာကြီး အေဂင် က ဘာသာပြန် ဆိုသူအားလုံး၏စကားလုံးများထက် ဖိဗေ လုပ်ဆောင်မှုအပေါ် သုံးသပ် သွားရာမှာ သူမ၏ လုပ်ဆောင်မှုကို အမျိုးသားအမျိုးသမီးအခွင့်အာဏာနှင့် အသင်းတော်၏ အုပ်ချုပ်ရေးအရ ဆွေးနွေးဆုံးဖြတ်ရန် ရှုပ်ထွေးမှုရှိကြောင်း ဖော်ပြပါရှိသည်။ ရောမ ၁၆း၁ ကိုဖတ်ရှုခြင်းဖြင့် ဆုံးဖြတ်ချက်ချရန် ခဲယဉ်းလှ သည်။ ဆရာကြီးအေဂင် က ရောမ ၁၆း၁ ကို မူရင်းဘာသာစကားမှ ပြန်ဆိုရာတွင် အစွန်းနှစ်ဖက်ရောက်သွားပြီး အငြင်းအခုံဖြစ်လာကြသည်ဟု ဆို သည်။ ဖိဗေ သည် အသင်းထောက် သို့မဟုတ် အမှုတော်ဆောင် ဖြစ်ရမည်။ အကြောင်းမှာ သူမသည် ရိုးရိုးအစေခံတစ်ဦးမဟုတ်ချေ။ သို့မဟုတ် ဖိဗေ သည် အစေခံတစ်ဦးသာဖြစ်ရမည်။ အကြောင်းမှာ အသင်းထောက် သို့မဟုတ် အမှုတော်ဆောင်ဖြစ်သည်ဟု ထင်ထင်ရှားရှားဖော်ပြမထားပါ။ အခြေအနေအရ ဆရာကြီး အေဂင် ကဖိဗေသည် ကူညီရန်စောင့်နေသူ၊ အစေခံ၊ သတင်း သယ်ဆောင်ပေးသူ၊ တမန်တော်ကိုယ်စားလှယ်ဟု မူရင်းစကားရပ်ကိုသုံးသပ် ဘာသာပြန်ဆိုချင်သည်။ ဆရာကြီး အေဂင်က အချုပ် အားဖြင့်အချက် () ချက်ဖြင့် အတည်ပြုသတ်မှတ်လိုက်သည်။

ရှင်ပေါလုက ဖိဗေ ကို မူရင်းစကားဟေလသဘာသာဖြင့်ခေါ်ဆိုရာမှာ-

() ကြိုဆိုကူညီရေး -ဖိဗေ ၏လုပ်ဆောင်ချက်မှာ အထူးသဖြင့် ဆင်းရဲ သူ ဆင်းရဲသားများနှင့် ထိတွေ့ ကူညီနေရပြီး ဆာလောင်နေသူ၊ အားအင်ချည့်နဲ့ နေသူများကို ကျွေးမွေးပြုစုစောင့်မသော နှိမ့်ချစွာ စောင့်နေသောစားပွဲထိုး တစ်ဦးနှင့် အလားသဏ္ဌာန်တူညီပေမည်။

() ယဉ်ကျေးသိမ်မွေ့သူ - ဖိဗေ၏လုပ်ဆောင်ချက်သည် အသင်းတော်၏ လိုအပ်ချက်နှင့် အသင်းသားများလိုအပ်ချက်မှန်သမျှကို စိတ်ခိုင်မာပြီး ဇောကြီး စွာဖြင့် ပါဝင်ကူညီအစေခံသောသူဟု ပြန်ဆိုနိုင်သည်။ အစေခံသူတို့နှင့် အတူ နေထိုင်နိုင်သူဟု အဓိပ္ပါယ်ကောက်ယူနိုင်သည်။

အမျိုးသမီးများအသင်းထောက်အဖြစ် ----- ပါဝင်ဆက်ကပ်ခြင်း

 

() လူမှုဆက်သွယ်ရေး၊ သတင်းထုတ်ပြန်ရေး -ဖိဗေ သည် ပြောရေးဆို ခွင့်ရှိသူ၊ သတင်းထုတ်ပြန်နိုင်သူနှင့် အသင်းတော်၏ ကိုယ်စားပြု ပုဂ္ဂိုလ်ဟု သတ်မှတ်နိုင်သည်။

() ကြားခံကိုယ်စားလှယ်/အရေးပါသူ - ဖိဗေသည် အသင်းတော်အတွက် လုပ်ဆောင်လိုသမျှကို ကြားခံကိုယ်စားလှယ်၊ တမန်တော်ကိုယ်စားအဖြစ် သို့မ ဟုတ် အသင်းလူကြီးအဖြစ်သော်လည်းကောင်း၊ ရှင်ပေါလုက အသင်းတော် ရုံးခန်းအရာရှိ၊ အသင်းထောက်ဟု သတ်မှတ်ထားသည်။

ဆရာကြီး အေဂင်က ရောမ ၁၆း၁ မှ မူရင်းစကားလုံးကို သုံးသပ်ထား ရာမှာ ရှင်ပေါလုက စားပွဲထိုး၊ သူရင်းငှား စသည့်စကားများဖြင့် ခေါ်ဆိုလိုခြင်း မဟုတ်ပါဟု ဆရာကြီး အေဂင်ကအတည်ပြုပါသည်။ နားလည်လွယ်အောင် သာ ရေးသားဖော်ပြခြင်းဖြစ်ကြောင်း သဘောပေါက်စေလိုသည်။ သူ၏ နိဂုံးချုပ် ရှင်းလင်းချက်မှာ ဖိဗေသည် ကင်ခြေအသင်းတော်၏ အစေခံလည်း မဟုတ် သကဲ့သို့ အသင်းထောက်လည်းမဟုတ်ပါ။ သူမသည် ကိုယ်စားလှယ်တော်၊ ပြောရေးဆိုခွင့်ရှိသူနှင့် မိမိ၏အသင်းတော်အတွက် ကိုယ်စားပြုပြီး ရောမ အသင်းတော်သို့ ခရီးသွားခဲ့သူတစ်ဦးဖြစ်သည်။

ထို့အတွက်ကြောင့် ဆရာကြီး အေဂင်အနေဖြင့် ဖိဗေသည် ရှင်ပေါလု၏ စာကိုယူသွားပေးသူဟု ဆရာကြီးဖီးယက်၊ ဆရာကြီးဂရုသုအိ၊ ဆရာကြီးဖီးများ ကဲ့သို့ သူကိုယ်တိုင်ထောက်ခံထားပါသည်။ ဆရာမကြီးဗွိုင်မီစတာက ရောမ ၁၆: ကိုသုံးသပ်ပြီး၊ဖိဗေ သည် အသင်းထောက် သို့မဟုတ် အသင်းထောက် မယ်ဖြစ်သည်ဟူသည့်အဆိုကို ကန့်ကွက်သော်လည်း လိမ်မာပါးနပ်စွာ သူ၏ သဘောမတူညီနိုင်သော အမျိုးသမီးတစ်ဦးကို အသင်းထောက်ခန့်အပ်သည့် စကားကို ရှင်ပေါလုက ထိုသို့မဆိုလိုခဲ့ကြောင်း ကို သက်သေပြရှင်းလင်းခဲ့သည်။ ဆရာကြီးအေဂင်အနေဖြင့် အမျိုးသမီးတစ်ဦးကို အသင်းထောက်ခန့်အပ်ခြင်း အတွက် သူမကန့်ကွက်ပါ။

ဆရာကြီး ဝိဂျဂတ် က ပထမရာစုနှစ်မှာ အမျိုးသမီးများ အသင်းထောက်၊ အသင်းထောက်မယ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရကြောင်း လက်ခံခဲ့ပါသည်။ ရှင်ပေါ လုသုံးခဲ့သော ဟေလသဝေါဟာရ ဒိုင်ယာကိုနော့ ဆိုသည့် စကားကို ရောမ ၁၆း၁ တွင်တွေ့ရှိရသည်။ သို့သော် ထိုစကားလုံးသည် အသင်းထောက်သီးသန့် ကိုသာ မဆိုလိုပါ။ သူက ဆက်လက်ရှင်းပြထားသည်မှာ- ဒိုင်ယာကိုနော့ဟု ဖိဗေကို အမွှမ်းတင်ခေါ်ဆိုရာမှာ သာသနာအမှုတော်အတွက်သာ ရည်ရွယ်ပြီး ခေါ်ဆိုခြင်းမျိုးမဟုတ်ကြောင်း၊ အထွေထွေလုပ်ဆောင်မှုအတွက် ရည်ညွှန်းခေါ် ဆိုထားကြောင်း သုံးသပ်ပါသည်။ ဓမ္မသစ်ကျမ်း၌ အထူးသဖြင့် ထိုဝေါဟာရကို အစေခံဟုအသုံးပြုလေ့ရှိပါသည်။ တိမောသေ သြဝါဒပထမစောင် ၃း၈-၁၂ မှာ လည်း အမျိုးသမီးအသင်းထောက်၊ အသင်းထောက်မယ်များ ပထမရာစုနှစ်တွင် ရှိခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။ ဂျင်းဒဲနီယယ်လပ် ၏အဆိုအရ အသင်း ထောက်ဟုဆိုသောစကားလုံးသည် နည်းပညာအရခေါ်ဆိုသော ဝေါဟာရဖြစ် သည်ဟု သုံးသပ်ပြန်သည်။ အမျိုးသမီး အသင်းထောက်ဟူသောစကားမှာ မေးခွန်းသဖွယ်ဖြစ်လာပြန်ပါသည်။ အသင်းထောက်၏ ဇနီးသည်ဟုလည်း မြင် နိုင်ပြီး အသင်းထောက်အမျိုးသမီးနှင့်ယှဉ်ပြီး ရှင်းလင်းစွာ မြင်နိုင်ပါသည်။ အသင်းထောက်မယ်ကိုမူ ကောင်းစွာနားလည်ရမည်။ ဗွိုင်မီစတာ က ဝိဂျဂတ် နှင့်တသဘောတည်းပင် သူမ၏ရှင်းလင်းချက်မှာ အမျိုးသမီးဟု ဟေလသ ဝေါဟာရအရ၊ မိန်းမ နှင့်ဇနီးကို သီးခြားဘာသာပြန်ဆိုပြီး မိန်းမနှင့်မိန်းမ အသင်းထောက်ကို ခွဲခြားပြန်ဆိုထားသည်။ သို့မဟုတ် အသင်းထောက်၏ ဇနီးသည် သို့မဟုတ် အသင်းထောက်မယ်ဟုလည်း ရေးသားထားသည်။ သူတို့ ၏ဇနီးများ သို့မဟုတ် အသင်းထောက်မယ်များ သို့မဟုတ် ဇနီးသည်များဟု မူရင်းကျမ်းစာ (KJV) မှာ (NRSV) (NASB) (NIV) ဘာသာပြန်ကျမ်းစာများမှ မတူညီသောဘာသာပြန်ဆိုချက် များ တွေ့ရပါသည်။

၎င်းကျမ်းချက်ကိုအဓိပ္ပါယ်ဖွင့်ဆိုရာမှာ အသင်းထောက်၏ ဇနီးသည်ဟု ပြန်ဆိုရလောက်သော ဟေလသသဒ္ဒါ၏ ပိုင်ဆိုင်မှုပြပုဒ်လည်းမဟုတ်သော ကြောင့် ဆရာမကြီး ဗွိုင်မီစတာက ဇနီးသည်များကို ဆိုလိုခြင်းလုံးဝမဖြစ်နိုင် ကြောင်းနှင့် တစ်ဖက်မှလည်း လေးလေးနက်နက်စိစစ်သော်၊ ယင်းအမျိုးသမီး များသည် အသင်းတော်အတွင်း အမျိုးသားများနှင့်လက်တွဲလုပ်ဆောင်နေသော အမျိုးသမီးများဖြစ်ကြသည်။ အဖြစ်နိုင်ဆုံးမှာ ၎င်းအမျိုးသမီးများသည် အမျိုး သမီးအသင်းထောက်များသာဖြစ်ကြသည်မှာ သေချာပါသည်ဟု ကယ်ဗင်မက် ဒီဂန်နှင့်ခါးရလိုင်းအိုစစ်တို့က အမြင်ရှိကြသည်။

အမျိုးသမီးအသင်းထောက်ဖြစ်ကြောင်း အချက်နှစ်ချက်အပေါ်မူတည်ပြီး အတည်ပြုနိုင်သည်။ ပထမတစ်ချက်မှာ အမျိုးသမီးအသင်းထောက် ဖိဗေ အမှုတော်၌ရပ်တည်ချက်သည် ရှင်ပေါလုတည်ထောင်သော အသင်းတော်များ မှာ အသင်းထောက်ရာထူးများဖြစ်ပြီး (ရောမ ၁၆း၁၊၂) ဒုတိယအချက်မှာ အခန်း ငယ် () အမျိုးသားများဖြစ်ပြီး၊ အခန်းငယ် (၁၁) အမျိုးသမီးများနှင့် အပြိုင် ယှဉ်တွဲထားသည်။ ကျမ်းချက်၏ရှေ့ပိုင်း စကားလုံးသုံးလုံးမှာ လိင်ဖိုမအခေါ်၏ အပြောင်းအလဲရှိပါသည်။ ရောမ ၁၆း၁ မှာ အသုံးပြုထားသော ယောက်ျားကို ခေါ်ဝေါ်သောသဒ္ဒါစကား၊ အခန်းငယ် (၁၁) တွင်သုံးထားသော လိင်နာမ် စကား အမျိုးအစားသည် အခန်းငယ် () တွင်အသုံးပြုထားသောနည်းလမ်းဟု ကျား၊ မ၏ ပြောင်းလဲခေါ်ခြင်း၌ အရေးမကြီးကြောင်း အသင်းထောက်အဖြစ် လက်ခံ နိုင်ကြောင်းတွေ့ ရသည်။

ဒီဝီစီကထပ်မံပြီး ရှေ့ပိုင်းရေးသားချက်များကိုထောက်ခံပြန်သည်။ ၁၈၄၁ ခုနှစ်မှပုံနှိပ်ထုတ်ဝေသော နှစ်ခြင်းအသင်းတော်၏ မဂ္ဂဇင်းစာအုပ်၌ သူတို့၏ အသင်းတော်အတွင်း အသင်းထောက်မယ်၏ လုပ်ငန်းလုပ်ဆောင်မှ လျော့ရဲ သွားသောအချိန်မှာရေးသားကာ အသက်ပြန်သွင်းခဲ့ပါသည်။

တမန်တော်များအချိန်၌ အသင်းတော်များ၏ ခေါင်းဆောင်ပိုင်းအဆင့်ကို သုံးသပ်လျှင် သံသယဝင်ဖွယ်ရာရှိသည်။ ကျွန်ုပ်တို့အားလုံးက ဖိဗေ သည် အသင်းထောက်မယ်ဖြစ်ကြောင်း ယုံကြည်ကြပါသည်။ ဧဝေါဒိ၊ သုန္တုတ်နှင့် အခြားသောသူများတို့ကို ရှင်ပေါလုက မိန်းမတို့သည် တည်ကြည်သောသူ၊ ချော စားတတ်သောသူမဖြစ်ရ၊ သမ္မာသတိရှိသောသူ၊ အရာရာမှာ သစ္စာရှိသောသူဖြစ် ရမည်ဟု သြဝါဒပေးထား၏။ ထိုစကားများသည် အသင်းထောက်တို့၏ ဇနီး အတွက်ပေးသော သြဝါဒစကားမဟုတ်ပါ။ တိုက်ရိုက် သြဇာရှိသော အမျိုးသမီး များကို သတိပေးခြင်းဖြစ်သည်။

ဂါရီစရော့နှင့်ဂျိမ်း(စ်)ထရိတ်ဒါတို့လည်း ဖိဗေ သည် တိမောသေ သြဝါဒ စာပထမစောင်အခန်း () အရ၊ အသင်းထောက်နေရာနှင့်အမျိုးသမီး ခန္ဓာပင် ဖြစ်နေသော်လည်း အသင်းထောက် ယောက်ျားများနည်းတူ တန်းတူ လုပ် ဆောင်နေကြောင်း ထောက်ခံထားပါသည်။ ဂျွန်ဖရန့်ဂလင်းဘားနက်) သည် လည်း ၎င်းအတိုင်းလက်ခံသည်။ သူ၏မှတ်ချက်မှာ ၎င်းအမျိုးသမီးများသည် နှုတ်ကပတ်တော်၏ စံချိန်စံညွှန်းအတိုင်း ခေါင်းဆောင်ရာထူးကို အပ်နှင်းရွေး ချယ်ထားခြင်းခံရသည်။ (၁တိ ၃း၈-၁၃) ၎င်းအပြင် အသင်းတော် သမိုင်း ကြောင်းအတိုင်း၊ ဖိဗေနှင့်ပြစ်ကိလတို့သည် အသင်းထောက်မယ်ကြီးများဖြစ်ခဲ့ ကြသည်။ ရှင်ပေါလုနှင့်အတူလိုက်ပါ အစေခံခဲ့သူများဖြစ်သည်။

ယူတီအီးအိုင်စန်သည် ကျောက်ဂူနံရံများပေါ်၌ အမျိုးသမီး အသင်း ထောက်နှင့် အသင်းထောက်မယ်များအကြောင်း ရေးသားထားခြင်းကို ရှာဖွေ တွေ့ရှိခဲ့သည်။ ထိုကျောက်ဂူများမှာ သင်္ချိုင်းဂူများဖြစ်သည်။ () ရာစု နှစ်မှ () ရာစုနှစ်အထိ ရှာဖွေမှုပြုခဲ့သော ကျောက်သင်္ချိုင်းအုတ်ဂူများဖြစ်၏။ သက်တမ်း ကိုပြန်၍တွက်ချက်ရာ အာရှမိုင်းနားမှာ ဒုတိယရာစုနှစ်တွင် တည်ရှိခဲ့သော ကျောက်ဂူများဟု သတ်မှတ်၏။

ရှာဖွေစုဆောင်းထားသောတွေ့ရှိချက်များမှာ အာရှမိုင်းနားတွင်နေထိုင်ခဲ့ သော အမျိုးသမီးအသင်းထောက်များ များစွာပါဝင်သည်။ တိမောသေ သြဝါဒစာ ၃း၁၁ ကိုဖတ်ရခြင်းဖြင့် ပလီနီ ဒုတိယရာစုနှစ်၌ အမျိုးသမီး အသင်းထောက် များ အာရှမိုင်းနားတွင်ရှိခဲ့ကြောင်းနှင့် ထိုအာရှမိုင်းနားဒေသမှာပင် အမျိုးသမီး အသင်းထောက်များ နဂိုကတည်းမှာပင်စတင်ရှိခဲ့ကြောင်း ယူဆသည်။

မှတ်တမ်းမှတ်ရာများကို လေ့လာဖတ်ကြားချက်အရ သင်္ချိုင်းဂူ ကျောက် တုံးပေါ်၌ အမျိုးသမီးအသင်းထောက် သို့မဟုတ် အသင်းထောက်မယ်များတို့ သည် ခင်ပွန်းသည်လင်ယောက်ျားကို မှီခိုပြီး ခင်ပွန်းသည်ကြောင့် အသင်း ထောက်ဖြစ်လာခြင်းမျိုးမဟုတ်ပါ။ ဗက်စီလီစာအမည်ရှိသော အမျိုးသမီးကြီး သည် အသင်းထောက်ဖြစ်ပြီး သူမသည် ကျောက်တုံးဂူပေါ်မှာ ကျောက်စာ ကမ္ဗည်းထိုးထားပြီး သူမ၏ယောက်ျားနှင့်မိသားစုကို မှတ်တမ်းတင်ဂုဏ်ပြုခဲ့ ကြောင်း တွေ့ရှိရသည်။ ထိုကျောက်တုံးပေါ်မှ ကျောက်စာသည် ရေးသားထား ခြင်းခံရပုံမှာ- ဤသူသည် ပထမဦးဆုံးရပ်ရွာ၌ လာရောက်နေထိုင်သော သူ ကွီတတ် ဖြစ်ပြီး၊ သူ့ဖခင်၏အမည်မှာ ဟာရေကလိယပ် ဖြစ်သည်။

အမျိုးသမီးများအသင်းထောက်အဖြစ် ----- ပါဝင်ဆက်ကပ်ခြင်း

 

သူ၏မိန်းမ မက်ထရိုနာ နှင့်အတူ ကလေးနှစ်ယောက်ဖြစ်သော အာနီစီတပ် နှင့် ကက်တီးလာ စုစုပေါင်းလူလေးဦး ယခုသင်္ချိုင်းဂူအထဲ၌ လဲလျောင်းခဲ့ကြ သည်။အာနီစီတပ် ဇနီးသည် ဘက်စီလီစာသည် အသင်းထောက်ဖြစ် သည်။ အသင်းတော်ကွပ်ကဲအုပ်ချုပ်သူဖြစ်သည်။ ယခုကျောက်တိုင်ကို သူမ သည် အရွယ်မရောက်သေးသောလူမမယ် သားလေးနှင့်အတူ စိုက်ထူခဲ့ပါသည်။ သားငယ်၏ နာမည်မှာ နူမီတိုရိယ ဖြစ်သည်။ ကျောက်စာကို အချက်သုံးချက် အားဖြင့် မှတ်သားနိုင်သည်။ ပထမတစ်ချက်မှာ ဘီစီလီစာသည် အသင်းတော်၌ ရာထူးရှိသူဖြစ်ပြီး သူမ၏ ခင်ပွန်းသည်မှာ မည်သည့်ရာထူးမျှမရှိကြောင်း သိသာ နေပါသည်။ ထိုကြောင့် ဒုတိယရာစုနှစ်အတွင်း အသင်းတော်အတွင်း အသင်း ထောက်ခင်ပွန်းသည်ကို လက်ထပ်ပေါင်းသင်းရုံဖြင့် အသင်းထောက် အမျိုး သမီး အလိုအလျောက် ရရှိသောဓလေ့မကျင့်သုံးခဲ့ကြောင်းသိသာပါသည်။ တိ ၃း၁၁ ကို ဘာသာပြန်ဆိုသူတချို့က ထိုသို့သတ်မှတ်ကြ၏။ ပို၍ ကောင်းသော အဓိပ္ပါယ်ဖော်ဆောင်မှုတစ်ရပ်မှာ ထိုအချိန်၌ ဖော်ပြသောမိန်းမကြီးများသည် အမျိုးသမီးအသင်းထောက်များပင်ဖြစ်ကြောင်း အမျိုးသား အသင်းထောက်နှင့် လက်ထပ်ထိမ်းမြားခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူမတို့ ကိုယ်တိုင်က အသင်းထောက်ပင်ဖြစ်သည်။ အခြားဥပမာတစ်ခုမှာ ဂေါ်စလုမှအသင်းထောက် စထရာတီဂိ(စ်) သည် သူမ၏သားငယ် ပန်ခရာ့တိအော့နှင့်အတူ မိမိ၏ ခင်ပွန်းသည်မဲန်နိယာ့၊ ချွေးမအလက်ဇန္ဒြီးယားနှင့် သူမ၏သား ဒိုမနော့ ကို သင်္ချိုင်းကျောက်ကမ္ပည်းတစ်ခုကို ရေးထိုးမှတ်တမ်းပြု ချီးမြှင့်ခဲ့ကြောင်း တွေ့ရှိ ရသည်။

ဒုတိယမှတ်သားစရာအနေဖြင့် အမျိုးသမီးအသင်းထောက်များသည် အပျို စင်ဖြစ်ရမည် မဟုတ်ချေ။ နေရာဒေသကွဲပြားခြင်းဖြင့် ဥပမာ၊ မာကေဒေါနိ ပြည်၌ အမျိုးသမီးအသင်းထောက်နှစ်မျိုးကိုတွေ့ရသည်။ အဲဒိစ အရပ်မှာ အမျိုးသမီးအသင်းထောက်နှစ်ဦးမှာ တစ်ဦးသည် အပျိုစင်ဖြစ်ပြီး တစ်ဦးမှာ အပျိုမဟုတ်ချေ။ ကျောက်စာထဲ၌ အဂါသိုခလေယာအပျိုစင်အသင်းထောက် ကျောက်တိုင်ဟုရေးထိုးထားပြီးနောက် တစ်ခုမှာ အသင်းထောက် သီအိုဒိုစီး ယားနှင့် အပျိုစင်များဖြစ်ကြသော အက်စပီးလယားနှင့် အဂါသိုခလေယာ ဟု ကျောက်စာအက္ခရာတင်ရေးထိုးထားပါသည်။ သို့ဖြင့် အသင်းထောက်နှင့် အပျို စင်တို့မှာ ကွဲပြားခြားနားသောအဖွဲ့အုပ်စုနှစ်စုဖြစ်သည်။ အာရှမိုင်းနားမှရှိသော အမျိုးသမီးများ၏ ကွဲပြားရပ်တည်မှုပုံစံမှာ များသောအားဖြင့် ဇနီးသည် ဘဝနှင့် မိခင်ဘဝများဖြစ်ပြီး တခြားအမျိုးသမီးများမှာ သီလရှင်ကျောင်းနှင့် ဆက်စပ် နေထိုင်သော အုပ်စုနှစ်စုတို့ဖြစ်သည်။ အမျိုးသမီးများတို့သည် မတူညီသော မိသားစုများမှကွဲပြားစွာဆင်းသက်လာကြသော်လည်း မောဘဒေသ၌-

အမျိုးသားအသင်းထောက်နှင့် ဆက်နွယ်ပတ်သက်ပြီး နာမည်တွဲပါလာ သောအမျိုးသမီးတစ်ဦးတစ်ယောက်မျှ ထိုဒေသ၌မတွေ့ရပါ။ ခါလီဒွန် ကောင်စီ (၄၅၁) ခေနွန် (၁၅) အရ၊ အမျိုးသမီးကြီးများသည် ထိုခေတ် ထိုအချိန် အသင်း တော်တွင်ရာထူးများ ရရှိခဲ့ကြောင်း ထင်ရှားလျက်ရှိသည်။

တတိယနှင့် နောက်ဆုံးမှတ်ချက်အရ၊ အမျိုးသမီးအသင်းထောက်နှင့် မုဆိုး မဟူ၍ ခြားနားထားသော အုပ်စုနှစ်စုရှိပြန်သည်။ ဝိဂျဂတ် က ဤအချက် ကို လိုက်ပါသဘောတူထားသည်။ ပထမရာစုနှစ်၌ ပညာရပ်ဝေါဟာရစကားနှင့် လက်တွေ့ကျင့်သုံးခြင်းနှစ်ရပ်သည် ရှုပ်ထွေးခဲ့သည်။ ခရစ်သက္ကရဇ် (၅၁၇) ခုနှစ် အီပါအွန်မှ ဆင်နော့ အသင်းထောက်မယ်ဟုခေါ်ဆိုတတ်သော မုဆိုးမ များအကြောင်း၊ တစ်ခါတစ်ရံမုဆိုးမများကို အသင်းထောက်မယ်ဟု ခေါ်ဆို သတ်မှတ်တတ်ကြသည်။ မုဆိုးမနှင့်အသင်းထောက်မယ် ထိုနှစ်ဖွဲ့သည် သီး ခြားစီရပ်တည်နေထိုင်ကြသည်။ အင်္ဂလန်နိုင်ငံ၌ ၁၆၇၉ ခုနှစ်တွင် မုဆိုးမ လေး ဦးကို အသက် ၆ဝ နှစ်ကျော်သောကြောင့် ဗရိစတို မြို့၌ရှိသော ဘရော့မိ နှစ်ခြင်းအသင်းတော်၌ အသင်းတော်ကိုအုပ်ချုပ်ဖို့ရန် ရွေးချယ်ခန့်ထားခြင်းခံရ သည်။ ၁တိ ၅း၁၁ ကိုအခြေခံပြီး အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ် သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဒီဝိစီ က၊ တိ () ကိုအခြေခံပြီး နှစ်ခြင်း အသင်းတော်က မုဆိုးမကို အသင်းထောက် တင်မြှောက်သောအမြင်မျိုး မဟုတ် ကြောင်း၊ နှစ်ခြင်းအသင်းတော်အနေဖြင့် အုပ်စုနှစ်စုနှင့် ဆက်နွယ်ခံယူချက် ရှိကြောင်း အီးဂလင်ဟင်စန် က ဓမ္မသစ် ခေတ်အချိန်က အမျိုးသမီးအသင်း ထောက်ကို မုဆိုးမများမှ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း ထင်ရှားစွာပြသပေးခဲ့ သည်။

အခြားသောတွေ့ရှိချက်တစ်ချက်မှာ အသင်းတော်မှ အသင်းထောက် ဖြစ် စေ၊ အသင်းထောက်မယ်ဖြစ်စေ ထိုအမျိုးသမီးများသည် အသင်းတော်၏ အုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ရသူများဖြစ်သည်။ တချို့သော သူမ တို့၏ အုတ်ဂူကျောက်စာ၌ သင်းထောက်၊ သင်းထောက်မယ်ဟု အတိုကောက် စာသားများကို တွေ့ရှိရသည်။ အသင်းတောက်မာရီယား၏အုတ်ဂူ ကျောက်ပြား ပေါ်၌ အက္ခရာတင်ချက်မှာ သူမသည် အသက် ၃၈ နှစ်တွင် သေဆုံးသည် ဟု မှတ်တမ်းတင်ထားသည်။ အဓိပ္ပါယ်မှာ ငယ်ရွယ်သော အမျိုးသမီးများကို လက် တင်ဘိသိက်ပေးသိက္ခာတင်ပေးခဲ့ကြောင်း (၁၇) ရာစု နှစ်တွင် အစဉ်အလာရှိခဲ့ သည်။

 



အခန်း ၈

အခန်း ()

ဘုရားသခင်၏နှုတ်ကပတ်တော်ကိုသင်ကြားပေးသူများအဖြစ် ပါဝင်လုပ်ဆောင်သောအသင်းထောက်များနှင့်အသင်းထောက်မယ်များ

 

အသင်းထောက်နှင့် အသင်းထောက်မယ်အကြောင်းကို ရေးသားသော စာရေးသူအလွန်နည်းပါသည်။ အထူးသဖြင့် ၎င်းအသင်းထောက် အသင်း ထောက်မယ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သွန်သင်သောသူ အလွန်ရှားပါးကြောင်းတွေ့ရသည်။ စာအုပ်စာပေများမရှိသလောက်ဖြစ်ရခြင်း မှာ ဓမ္မသစ်အချိန်မှာ မှတ်တမ်းများမရှိခဲ့သောကြောင့်ဖြစ်သည်။ သတေဖန်နှင့် ဖိလိပ္ပုတို့သည် နမူနာယူရန်ကောင်းသော အသင်းထောက်ကြီးများဖြစ်သည်။ (တမန်တော် ၆း၈-၆ဝ။ ၈း၅-၄ဝ) အိုဝင်ခတ်ဝိက၊သတေဖန်နှင့်ဖိလိပ္ပုတို့ သည် တရားဒေသနာဟောကြားသောသူဖြစ်သည့်အပြင် တခြားခြွင်းချက် အတွက် လုပ်ဆောင်မှုရှိသေးသည်။ သူတို့သည် ရိုးရိုးအသင်းထောက်မဟုတ်ကြ ပါ။ အသေးစိတ်ကိုဆက်ပြီးရေးသားခြင်းမပြုသည့်တိုင်ရိချတ်အာရ်ဂေးလာဒဲ့ က ဟောပြောသွန်သင်ခြင်းအမှုတော်သည် ကျယ်ပြန့်သော အသင်းထောက် များတို့၏ လုပ်ဆောင်စရာများဖြစ်ကြသည်။ အသင်းတော်၏ သမိုင်းတစ် လျှောက် အသင်းထောက်များသည် ဟောပြောခြင်း၊ သွန်သင်ပေးခြင်းများကို လုပ်ဆောင်ခဲ့ကြရသည်။ ဂွန်အမ်ဟူး ကလည်း တတိယရာစုနှစ်အစောပိုင်း ကာလ၌ အသင်းထောက်မယ်များသည် နှုတ်တိုက်သင်ကြားပေးခြင်း အလုပ် သည် အလွန်အရေးပါသောအလုပ်ဖြစ်သည်ဟု ရေးသားထားသည်။ ဗွိုင်မီ စတာ ပိုမိုနက်နဲသောအသင်းထောက်မယ်များတို့၏ အလုပ်ကို နှုတ်တိုက် သင်ကြားပေးခြင်းအလုပ်ဟု ထောက်ခံအတည်ပြုထားသည်။ သူမကိုယ်တိုင်က ရေနှစ်ခြင်းခံယူပြီး ရေထဲမှပြန်လည်ထွက်လာသောအခါ၊ အသင်းထောက်မယ် များတို့သည် လက်တွဲကြိုဆိုကာ ရေနှစ်ခြင်း၏သဘောတရားနှင့် စောင့်ထိန်းရ မည့်ပညတ်ချက်များ မချိုးဖျက်မိစေရန် သင်ကြားပြီးပညာပေးကြသည်ဟု သက်သေခံ၏။ ရေနှစ်ခြင်းမင်္ဂလာကို ပိုမိုသန့်ရှင်းအောင် ထားရှိရမည့်နေပုံ ထိုင်ပုံမှအစ သွန်သင်ပေးပါသည်။ ထိုကြောင့် အသင်းထောက်မယ်၏အလုပ် တာဝန်သည် မရှိမဖြစ်အထူးလိုအပ်သောနေရာဖြစ်ပေသည်။

၁၆၇၉ ခုနှစ်အချိန်က နှစ်ခြင်းအသင်းတော်မှ အသင်းထောက်မယ်တို့၏ အခန်းကဏ္ဍမှာ ဖျားနာသူများကို နှုတ်ဖြင့်အားပေးစကားပြောခြင်း၊ အခြေအနေ အရကူညီမစပေးခြင်းနှင့် လူအများတို့ကို ယေရှုခရစ်တော်အား ယုံကြည်ခြင်း ပိုမိုခိုင်မြဲစေရန်တည်ဆောက်ပေးခြင်းများကို လုပ်ဆောင်ပေးရသည်။ ထိုအလုပ် များသည် အသင်းထောက်မယ်များ နှုတ်ကပတ်တော်ကို သင်ကြားပေးရ ကြောင်း ညွှန်ပြသက်သေထူနေပါသည်။

အဲလစ်မိုအာလေကလည်း ၁၆ဝဝ ခုနှစ်ကဲ့သို့သောနှစ်များ၌ အသင်း ထောက်များသည် ဥပုသ်နေ့တွင် ဓမ္မဆရာအသင်းအုပ်မရှိသောအချိန်များ၌ တရားဒေသနာဟောကြားကြသည်ဟု ရေးသားထားပါသည်။

ဘင်ဂျမင်အဲလ် မာကာ က အသင်းထောက်၊ အသင်းထောက်မယ်များ ကျမ်းစာသင်ပေးရသည့်အဆိုကို သဘောမတူသော်လည်း၊ အသင်းထောက်များ သည် ယုံကြည်ခြင်းနှင့်ပတ်သက်၍ သြတ္တပ္ပစိတ်ကင်းရှင်းစေရန် စွဲကိုင်ပေးသူ ဖြစ်သည်ဟု ဝန်ခံထားသည်။ သို့သော် သွန်သင်ဆုံးမရန်ခေါ်တော်မူခြင်းခံရသူ မဟုတ်ဟု အတတ်ပြောမှတ်ချက်ချထားပါသည်။ (၁တိ ၃း၉) ယင်းအဆိုပြု ချက်အရ အသင်းထောက်သည် အသင်းတော်အတွင်း သွန်သင်ခြင်း၊ ကျမ်းစာ သင်ပေးခြင်းတာဝန်မရှိဟု သတ်မှတ်ထားသည်။ အသင်းထောက် ရာထူးကို ပိုပြီးအားပေးထားသောအနေဖြင့် မာကာ က၊ ဒီအေခါးစန် ရေးသားထားသော စာပိုဒ်ကို ပြန်ပြီးတင်ပြထားသည်မှာ၊ အသင်းထောက်များသည် အသင်းတော် အတွင်းမြောက်မြားစွာသော မတူညီကွဲပြားသည့် တာဝန်ဝတ္တရားများကို ယူ ထားကြရသည်။ သို့သော် အသင်းလူကြီးများကဲ့သို့ သင်ကြားခြင်း၊ သွန်သင်ခြင်း အလုပ်ကို အသင်းတော်က သတ်သတ်မှတ်မှတ် အသိအမှတ်ပြုခြင်း မရှိကြပါ ချေ။ မာကာ အနေဖြင့် အသင်းထောက်များ၏ တာဝန်သည် သွန်သင်ခြင်းနှင့် သိပ်မသက်ဆိုင်ဟုဆိုလိုပါသော်လည်း၊ မသင်ကြားရဟု ယတိပြတ် တားဆီးလို ခြင်းမျိုးမဟုတ်ပါ။ အခြေအနေပေးလာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော် ကို သင်ကြားပေးရမည်ဟု သုံးသပ်ထားသည်။

ရိုစလင်းဘရောင်းသည် အင်္ဂလီကန်အသင်းသားတစ်ဦးဖြစ်သော်လည်း ခရစ်ယာန်၏ ထုံးစံကို စိတ်ဝင်တစားရေးသားခဲ့သည်။ သူမက ဧဝံဂေလိတရား ဟောကြားရာမှာ အမှုတော်ဆောင်မှ တရားဟောကြားနေသောအချိန်အတွင်း အသင်းထောက်များအတွက် ဟောကြားရန်မလိုသော်လည်း သူတို့ကို ဟော ပြောတတ်ရန် သင်ကြားပေးထားရမည်။ ထိုသို့အဆင်သင့်သင်ကြားပေးခြင်း ကြောင့် အချိန်မရွေးလိုအပ်သော အခြေအနေ၌ ဟောပြောနိုင်သည်။ အသင်း ထောက်များကို တရားဟောပြောတတ်ရန် သင်တန်းပေးထားခြင်းဖြင့် ဧဝံဂေလိ တရားကိုကြွေးကြော်နိုင်သည်ဟု ဘရောင်းကမှတ်ချက်ချထားသည်။ ဥပမာ၊ () အသင်းထောက်တစ်ဦးသည် မတော်ရေနှစ်ခြင်းမင်္ဂလာပွဲ၊ လက်ထပ်မင်္ဂလာ ပွဲ: အသုဘအစီအစဉ်၊ အထူးသဖြင့် သူတို့မှ နှုတ်တိုက်သင်ကြားပေးခဲ့သော် သူ တစ်ဦးဦးက တစ်နေရာရာတွင် တောင်းဆိုလာတတ်သည်။ ထိုအချိန်မျိုးမှာ တရားဟောရန်အဆင်သင့်ရှိကြရမည်။ () နယ်မှကျောင်းများတွင် တက်ကြွ လှုပ်ရှားသောအသင်းထောက်တစ်ဦးသည် တစ်ပတ်တာလုံးအချိန်ယူပြီး လူများ ကို ဘုရားကျောင်းတက်လာအောင် လိုက်လံစည်းရုံးနေလိမ့်မည်။ ထိုကြောင့် ဟောပြောတတ်ရန်လိုအပ်ပါသည်။ () အိမ်သို့အလည်အပတ် အကူအညီပေး ရန်သွားသောအခါ ဝတ်ပြုခြင်းအစီအစဉ်ကို ဦးဆောင်နိုင်ရန်အတွက်လည်း လိုအပ်ပါသည်။ () အဖွဲ့ငယ်ကျမ်းစာသင်ကြားခြင်းကို ဦးဆောင်သောအခါ၌ လည်း ဟောပြောတတ်ရန်လိုပါသည်။ () တစ်ဦးတစ်ယောက်၏ ဧည့်ခန်းထဲ ရောက်သွားချိန် နှစ်သက်သော ကျမ်းချက်နှင့်သက်ဆိုင်သော သွန်သင်ဟော ပြောချက်များကို ဝေငှပေးနိုင်ရန်၊ () ဆေးရုံဆေးခန်းများ၌ အိပ်ရာပေါ်လဲနေ သော လူနာကို ပွဲတော်ပေးရန်အချိန်မျိုး၌လည်း ဦးဆောင်ဟောပြောတတ်ရန် လေ့ကျင့်ထားရမည်။

ဘရောင်း၏သဘောထားအရ၊ အသင်းထောက်များသည် ဘုရားရှင်၏ နှုတ်ကပတ်တော်သည် လူများအပေါ် ထင်ဟပ်သွားစေရန် အသင်းတော် အတွင်း အသင်းသားအားလုံးကမ္ဘာကြီးကို အလင်းပြနိုင်ရန် တာဝန်ပေးထား ခြင်းခံရသူများဟု ယူဆထားပါသည်။ အသင်းထောက်တစ်ဦးဖော်ပြပါတာဝန် ပျက်ကွက်သော်၊ ဘရောင်းက-

 ‘ကမ္ဘာကြီးသည် အလွန်နစ်နာရပါလိမ့်မည်။ အကြောင်းမှာ လူများက ဧဝံဂေလိတရားအတွက် သူတို့မှာတာဝန်မရှိဟု မြင်လာကြလိမ့်မည်။ အသင်း ထောက်တစ်ဦးသည် အမှုတော်အတွက် ဆက်ကပ်နေကြောင်း လူအများသိရှိ သတ်မှတ်သောအခါ လူအများထံသို့ ရောင်ပြန်ဟပ်စေပြီး ဘုရားရှင်ဘက် နှုတ်ကပတ်တော်ကို တက်ညီလက်ညီ ကြွေးကြော်ဟောပြောလာကြလိမ့်မည်။ မည်သူတစ်ဦးတစ်ယောက်မျှ အပြစ်တင်ဝေဖန်ခြင်းမရှိကြဘဲ သမ္မာတရားကို ဝမ်းမြောက်ပျော်ရွှင်စွာ လေ့လာကြလိမ့်မည်။ အသင်းတော်၏ လုပ်ဆောင်မှု အတွက် ပါဝင်လာသောအသင်းတော်တစ်ခုလုံး အောင်မြင်ခြင်းရရှိကြလိမ့်မည်။

စီဘက်ထယန်အက်စ်ကန်ရန်ဘိုင် သည် ကက်သလစ်ဘုန်းတော်ကြီး တစ်ပါးဖြစ်ပြီး၊ အင်္ဂလီကန်အသင်းတော်၏ ဘုန်းတော်ကြီးလည်းဖြစ်သည်။ သူ၏အဆိုမှာ အသင်းထောက်တို့၏ အခြေခံအလုပ်မှာ ဧဝံဂေလိကြွေးကြော် ခြင်း၊ နှုတ်ကပတ်တော်ကိုဟောပြောခြင်းဟု တထစ်ချသတ်မှတ်ထားပါသည်။

 



အခန်း ၉

အခန်း ()

လိုအပ်သူများနှင့်ဖျားနာသူများကိုကြည့်ရှုပြုစုသူများအဖြစ် ပါဝင် ဆက်ကပ်ကြသောအသင်းထောက်များနှင့်အသင်းထောက်မယ်များ

 

ယူရီကိုထာဒူဇာဗီယာ က အသင်းထောက်နှင့် အသင်းထောက်မယ် တို့ မရှိမဖြစ်လိုအပ်နေသောနေရာကို ဖော်ပြပါရှိပါသည်။ အထူးသဖြင့် မြော်လင့် ခြင်းအသင်းတော်၌ အသင်းထောက်နှင့်အသင်းထောက်မယ်များတို့၏ အခန်း ကဏ္ဍသည် အလွန်အရေးကြီးပါသည်။ သူတို့၏ လုပ်ဆောင်နေသော အလုပ် များထဲ၌ လူနာများကို ပြုစုခြင်း၊ ဆင်းရဲသားများကို ကူညီခြင်း၊ စိတ်ဓာတ်ကျ ဆင်းနေပြီး ခံစားနေရသူများကိုလည်းကောင်း၊ စားရေး၊ ဝတ်ရေး၊ နေရေး၊ ထိုင် ရေး၌ ဒုက္ခရောက်နေသူများကိုလည်းကောင်း စောင်မကူညီခြင်းပင်ဖြစ်သည်။ ၎င်းအပြင် ဘုရားကျောင်းသို့မလာနိုင်သော အသင်းသူအသင်းသားများကို ပွဲ တော်ပေးရန် ဓမ္မဆရာနှင့်အသင်းလူကြီးများသွားရောက်ကြသောအခါ အသင်း ထောက်နှင့်အသင်းထောက်မယ်များလည်း ပါဝင်ကူညီပေးရသည်။ သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့် အိမ်ကိုထားခဲ့ပြီး ဘုရားကျောင်း၌ ကျင်းပသော ပွဲတော်သို့မဝင်နိုင်လျှင် အိမ်တိုင်ရာရောက်သွားရောက်ပြီး ဓမ္မဆရာနှင့်အတူ ပါဝင်ကူညီပေးရသည်။

မြော်လင့်ခြင်းအသင်းတော်၏ အသင်းတော်လက်စွဲစာအုပ်၌ အသင်း ထောက်၊ အသင်းထောက်မယ်များအနေဖြင့် လူနာကိုပြုစုခြင်း၊ ဆင်းရဲသားများ အားကူညီခြင်း၊ ဘဝပျက်နေသူများကိုယိုင်းပင်းခြင်း စသည့်အလုပ်များသည် အသင်းထောက်၊ အသင်းထောက်မယ်များနှင့် သက်ဆိုင်ပါသည်။ အောက်ပါ အတိုင်းမှတ်တမ်းပြုထားပါသည်။

တခြားသောအရေးကြီးသည့် အသင်းထောက်၏တာဝန်မှာ- လူနာကို ပြုစု ပေးခြင်း၊ ဆင်းရဲသူ၊ ဆင်းရဲသားများကို ဆင်းရဲတွင်းမှ လွတ်မြောက်အောင် ကူညီခြင်း၊ ဘဝပျက်နေသူများကို ယိုင်းပင်းပေးခြင်းတို့ဖြစ်သည်။ ထိုကိစ္စများ အတွက် အသင်းတော်မှ ရံပုံငွေထားရှိစီမံပေးရမည်။ အသင်းတော် ငွေထိန်း အနေဖြင့် အသင်းတော်ဘုတ်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် အသင်းထောက်၊ အသင်း ထောက်မယ်တို့ကို ငွေထုတ်ပေးပြီး လိုအပ်နေသော ကိစ္စများအတွက် အသုံးပြု စေရပါမည်။ ယင်းတာဝန်သည် အသင်းထောက်၊ အသင်းထောက်မယ်တို့ကို သီးသန့်ထားရှိပေးထားသော တာဝန်များပင်ဖြစ်သည်။ သို့သော် အသင်းတော် အနေဖြင့် လိုအပ်သမျှကို အပြည့်အဝတာဝန်ယူပြင်ဆင်ပေးရန်လိုသည်။ ကူညီ ရမည့်သူများစာရင်းကို ကောင်းမွန်စွာပြင်ဆင်ထားရှိရပါမည်။

အင်္ဂလန်အသင်းတော်မှ ဘုန်းတော်ကြီးများက ဇာဗီယာ အဆိုနှင့် အသင်းတော်လက်စွဲစာအုပ်မှ အသင်းထောက်နှင့်အသင်းထောက်မယ်တို့၏ အမှုတော်၌ ပါဝင်မှုအခန်းကို အပြည့်အဝထောက်ခံမှုပေးသည်။ ဆင်းရဲသား များ၊ ဖျားနာသူများကို ကြင်နာစွာယုယခြင်းအပေါ် လွန်စွာ သဘောကျနေပါ သည်။ ဆက်လက်ပြီးထောက်ခံချက်ပေးကြသည်မှာ၊ အသင်းထောက်များသည် ဘုရားရှင်၏ အသင်းတော်အတွက်အစေခံရန်၊ အသင်းသားများနှင့်လက်တွဲကာ ဆင်းရဲသူဆင်းရဲသားများကို ကူညီပြုစုရန်ဖြစ်သည်။ လိုနေသူများကို ကူညီမစ ရန်၊ ဖျားနာသူများနှင့် ဒုက္ခရောက်နေသူများကို ကယ်တင်ဖေးမပေးရန်ဖြစ် သည်။ အသင်းထောက်များတို့သည် လက်တင်ဓမ္မဆရာနှင့်လည်းကောင်း၊ သာ မန်အသင်းသား အမှုတော်ဆောင်များတို့နှင့်လည်းကောင်း အထူးအဖွဲ့ဖွဲ့ပြီး အမှုတော်ကိုရှေ့ဆက်ဆောင်ရွက်သွားကြရမည်။ အမှုတော်ဆောင်ခြင်း နယ် ပယ်ဧရိယာအတွင်း အထီးကျန်နေသူများ၊ အိမ်ထောင်ရေးသော်လည်းကောင်း၊ အလုပ်အကိုင်သော်လည်းကောင်း ကမောက်ကမဖြစ်ပြီး ဘဝပျက်နေသူများ အတွက်သော်လည်းကောင်း ကူညီယိုင်းပင်းပြုစုပေးရမည်။ စထရော့ နှင့်ထရာ ဒါ တို့ကလည်း၊ အသင်းထောက်၏တာဝန်မှာ ပရက်စဘီတေရီယာန် အသင်း တော်က ဆင်းရဲသူဆင်းရဲသား၊ လိုနေသူများနှင့်ဖျားနာသူများကို ကူညီပြုစုရန် ဖြစ်သည်ဟု သဘောတူထားသည်။ ပရိုတက်စတက် အသင်းတော်များ၏ အသင်းထောက်တို့အား အထူးခန့်ထားသောအလုပ်အခန်းကဏ္ဍမှာ အိမ်တွင်း ချုပ်နှောင်ခံနေရသော အသင်းသားများ၏ ဘဝကို စာနာကူညီခြင်းတာဝန်ထက် ပိုသော အခြားတာဝန်များလည်း ပေးထားပါသည်။ အဲလ်အက်စ်ဂျောင်စန်က ထပ်လောင်းပြီး ပရက်စဘက်တေရီယာန်အသင်းတော်မှ အသင်းထောက် တစ်ဦး၏ တာဝန်မှာ ပထမဦးဆုံးအကူအညီလိုနေသူများ၊ ဖျားနာသူများ၊ မိတ်ဆွေမဲ့နေသူများ၊ ပတ်ဝန်းကျင်အတွင်းသော်လည်းကောင်း၊ အပြင်သော် လည်းကောင်း ဆက်စပ်မှုပျက်သုဉ်းပြီး စိတ်ဓာတ်ကျနေသူများကို ကူညီရန် တာဝန်ပေးထားသည်။ ဂျောင်းစန်က အသင်းထောက်များအနေဖြင့် နိုင်ငံတော် အကြီးအကဲများနှင့် ဘုရားကျောင်းလာရန် မအားမလပ် မရောက်နိုင်သော အသင်းသားများထံ လည်ပတ်အားပေးရန်လည်း တာဝန်ပေးထားကြောင်း အတည်ပြုသည်။ ဆေးခန်းသွားရန် မိမိကိုယ်တိုင် ကားမောင်းမသွားနိုင်သော နာတာရှည်လူနာများအတွက် သယ်ယူပို့ဆောင်ရေးအဖွဲ့ကို ဖွဲ့စည်းပေးထားပြီး အသင်းထောက်များဦးဆောင်ကာ ကူညီမောင်းပေးလျက် ဆေးရုံ ဆေးခန်းသို့ပို့ ပေးကြသည်။ အိမ်ရာမဲ့နေသူများအတွက် အစားအစာနှင့်နေစရာနေရာ၊ အမှု ရောက်နေသူများအတွက် အမှုရင်ဆိုင်နေရသောအခါ၊ ရှေ့နေနှင့် ဥပဒေအရာရှိ တတ်ကျွမ်းသူများကို ရှာဖွေစီစဉ်ပေးသည်။ အကျဉ်းချခံ၊ ထောင်ကျခံနေရ သောသူများကိုလည်း ကူညီပေးသည်။ ကာရန်ဘိုင် အသင်းထောက်များသည် အကျဉ်းအကျပ်ရောက်နေသော မိသားစုများကို ထောက်မကူညီရန်၊ ဖျားနာသူ ရောဂါသည်များကိုပြုစုကူညီရန်၊ အသင်းတော်၏ အုပ်ချုပ်စီမံမှုနှင့် အသင်း တော်ပစ္စည်းထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မေတ္တာနှင့်ဆိုင်သော ကူညီလုပ် ဆောင်ရန်တာဝန်မှန်သမျှ အသင်းထောက်များကို ပေးထားပါသည်။

ဂေလာဒဲ့ အဆိုပြုချက်အရ ရှေးအကျဆုံးအသင်း၏ တာဝန်မှာ ဖျားနာသူများကို ကူညီပြုစုခြင်းဖြစ်သည်။ ဘားနက် ကိုယ်တိုင်မှလည်း အသင်းထောက်များသည် ဆင်းရဲသားများကို ကူညီရန် ဘုရားရှင်ခန့်ထားသော အမှုတော်ဆောင်များဖြစ်သည်ဟု အဆိုပြုထားပါသည်။ ခါ့ဝိစ် ကလည်း ဓမ္မ သစ်အချိန်၌ရှိသော အသင်းထောက်များ၏ လုပ်ဆောင်ချက်ကိုလေ့လာရာမှာ အလှူပေးခြင်းနှင့်ဆင်းရဲသားများကိုမစခြင်းဖြစ်သည်ဟု ခံယူပါသည်။ သူကပင် ခဲလ်ဗင်း အဆိုကိုထပ်မံအတည်ပြုပေးသည်။ အသင်းထောက်နှစ်မျိုးရှိပါ သည်။ ဆင်းရဲသားများကို ကူညီပြုစုသောအသင်းထောက်နှင့် ဖျားနာသူကို ကြည့်ရှုပြုစုသောအသင်းထောက်ဖြစ်သည်။ ထိုနှစ်ဖွဲ့လုံးကို အသင်းထောက် ဟုသာခေါ်တွင်စေရမည်။

အိုင်စန်စုစည်းတင်ပြသော အုတ်ဂူကျောက်ပြားမှ ကျောက်စာအားလုံး သည် အသင်းထောက်မယ်များ၏ ဒုတိယရာစုနှစ်မှ သတ္တမရာစုနှစ်အထိ လုပ် ဆောင်ခဲ့သော အချက်များပင်ဖြစ်သည်။ မာရီယာ၏ အုတ်ဂူကျောက်စာကို ခက်ပါဒိုရှာ၊ အာရှမိုင်းနားတွင်တွေ့ရှိရသည်။ ဆဌမရာစုနှစ်အတွင်း အသက် ရှင်နေထိုင်ခဲ့ပြီး ဆင်းရဲသားများကိုမစသူဟု ကမ္ပည်းထိုးထားပါသည်။ ရေးသား ထားချက် အမြဲတမ်းသတိရနေရသော အသင်းထောက်မာရီယာ၏ လျောင်းရာ နေရာ၊ တမန်တော်ကြီး၏ စကားအတိုင်း ကလေးသူငယ်များကို ကြည့်ရှုပြုစုသူ၊ ဧည့်သည်များကို လုံခြုံနွေးထွေးစွာထားရှိသူ၊ သူတော်စင်တို့၏ ခြေကို ဆေး ကြောပေးသူ၊ လိုအပ်နေသူများကို သူမ၌ရှိသော မုန့်အားဝေပေးသူ၊ ကိုယ်တော် နိုင်ငံတော်မှ သူမကိုသတိရတော်မူပါဟု ရေးထိုးကမ္ပည်းတင်ထားပါသည်။ ဗွိုင်မီ စတာ၏မှတ်ချက်အရ၊ တမန်တော်များဦးဆောင်သောအချိန်၌ အသင်းထောက် မယ်များတို့သည် ရှေးဦးအသင်းတော်၏ လုပ်ငန်းများတွင် လူနာများထံ လည် ပတ်ပြုစုခြင်း၊ ဆင်းရဲသားများအားပေးကမ်းစွန့်ကြဲခြင်း၊ ထောင်ချအကျဉ်းခံရ သူများအား ကူညီအားပေးခြင်းများပြုလုပ်ခဲ့ကြသည်။ သူမက ဆက်လက်ပြီး သူမကိုယ်တိုင် ၁၅၀၀ လိုနှစ်များ၌ အသင်းထောက်မယ်များကဲ့သို့ ဟော်လန်၌ အမှုဆောင်ခဲ့သည်။ သူမ၏စာအုပ်တွင် အုပ်ချုပ်သူ မြို့တော်ဝန် ဝေလျံဘရက် ဖော့ လုပ်ဆောင်မှုမှာ အသင်းထောက်မယ်၏ အလုပ်ကိုဖော်ပြပြီး ဒိုင်ယာ လော့ဟုအမည်ပေးထားပါသည်။

သူမသည် မကြာမကြာ ဖျားနာသူနှင့်အားနည်းသူများထံလည်ပတ် သွား တတ်သည်။ အထူးသဖြင့် မိန်းမများထံ သွားရောက်လည်ပတ်တတ်သည်။ လိုအပ်နေသောသူ၊ အသက်ငယ်သော အမျိုးသမီးဖြစ်ဖြစ်၊ အသက်ကြီးသော အမျိုးသမီးဖြစ်ဖြစ် သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ကူညီလုပ်ကိုင် ပေးသည်။ ဆင်းရဲသော သူများဖြစ်လျှင် တတ်နိုင်သလောက်စုဆောင်းပြီး ပေး ကမ်းဝေမျှပေးသည်။ အသင်းထောက်များကို ခေါ်ပြီး မိတ်ဆက်ပေးသည်။ အသင်းထောက်မယ်ကို ဣသရေလမိခင်ကြီးကဲ့သို့ ခရစ်တော်၏ အုပ်ချုပ်သူ များဟု လူအများလေးစားကြည်ညိုကြသည်။

ဗွိုင်မီစတာသည် ၁၉၅၆ မှထုတ်ဝေခဲ့သော ဘက်စနင်းနဂျ် အမှု တော်မြတ် ဆောင်းပါး၌ အသင်းထောက်မယ်များသည် ဆင်းရဲသား နှင့်ဖျားနာ သူများကို ကြည့်ရှုရမည်။ လိုအပ်ပါက ငွေရေးကြေးရေးကို ထောက်ပံ့ပေးရမည်။ ကလေးများကူညီထိန်းကျောင်းပေးခြင်း၊ အိမ်မှုကိစ္စများကူညီ လုပ်ကိုင်ပေးခြင်း သို့မဟုတ် အစီအစဉ်များဆွဲပြီး ကူညီမည့်သူများကိုရှာဖွေ စီစဉ်ပေးရန် တာဝန် ရှိသည်။

အသင်းထောက်၏ တာဝန်များကို ဇယားဖြင့် ရေးမှတ်ရမည်ဆိုလျှင် နှစ်ခြင်းအသင်းတော်မှ ၁၆၇၉ ခုနှစ်အရ၊ စာပေများပြုစုပြီး အသက် ၆ဝ နှစ် ကျော်သောမုဆိုးမ ()ဦးကိုရွေးချယ်ကာ အင်္ဂလန်နိုင်ငံ၊ ဘရီစတိုအရပ် ဒေသ၌ ရှိသော နှစ်ခြင်းအသင်းတော် ဘရောမိဘုရားကျောင်း၌ အသင်းထောက်မယ် ရာထူးကိုပေးအပ်ခဲ့သည်။ ထိုအသင်းထောက်မယ်တို့၏တာဝန်မှာ-

() ဖျားနာသူများထံလည်ပတ်ခြင်း၊ ဖျားနာသူမည်သူမည်ဝါရှိကြောင်းကို အမြဲတမ်းမျက်စိဖွင့်နားစွင့်ထားရန်၊ ဖျားနာသောညီအစ်မ၊ နှမများထံ ချက်ချင်း သွားရောက်လည်ပတ်ခြင်း၊ သူတို့ဘာလိုအပ်နေသည်ကို စုံစမ်းလေ့လာရန်ဖြစ် သည်။ အကြောင်းမှာ ဖျားနာနေသော အမျိုးသမီးများကို ပြုစုရန်အတွက် အမျိုး သားများကို တာဝန်ပေးလျှင် ခက်ခဲမှုများစွာရှိပါသည်။

() ဖျားနာနေသောအမျိုးသမီးအချင်းချင်းထံ လည်ပတ်ရုံသာမက ဖျားနာ သော အမျိုးသားများထံလည်း လည်ပတ်ရမည်။ ထိုကြောင့် အသက် (၆ဝ) နှစ် ကျော်သောသူတို့ကို ရွေးချယ်ခဲ့ရကြောင်း အကြောင်းရင်းဖြစ်မည်။ ၁တိ ၅း၁၄ မှသတိပေးချက်ကို လိုက်နာဆောင်ရွက်နေခြင်းဖြစ်သည်။

() ဖျားနာနေသောကိုယ်ကာယကို ပြုစုပေးရုံ မဟုတ်ပါ။ တခြား ကူညီ စရာလိုအပ်မှုအားလုံးကိုလည်း လုပ်ဆောင်ပေးရန်ဖြစ်သည်။ ထို့နောက် လူနာ အခြေအနေကို အသင်းတော်သို့ ပြန်လည်တင်ပြရန် အသင်းလူကြီး၊ အသင်း ထောက်နှင့်အသင်းသားအားလုံးကို ပြန်လည်ပြောကြားပေးရမည်။

() ဝိညာဉ်ရေးဘက်၌လည်း တိုက်တွန်းအားပေးရန်၊ ယေရှုခရစ်၌ ယုံ ကြည်ခြင်းကို ပို၍ခိုင်မာစွာတည်ဆောက်ရန် ကူညီတိုက်တွန်းကြရမည့် တာဝန် လည်းပေးထားပါသည်။ တခြားသူများ၏အမြင်မှာ အသင်းတော်၏ သီးသန့် တာဝန်အဖြစ် သတ်မှတ်ခြင်းမျိုးမဟုတ်ဘဲ ခရစ်တော်၏အသွေးတော်၌ နစ်မြုပ် သန့်ရှင်းခြင်းမျိုးကို မြင်တွေ့ရန်ဖြစ်သည်။ တချို့တို့သည် ဖျားနာသူများကို ပြုစု ကူညီလိုသော သဘောရှိသောကြောင့် ထိုသူများတို့ကို အသင်းတော်မှ တန်ဖိုး ထားနေရာပေးခန့်ထားစေရမည်။

ယခုဖော်ပြသော တာဝန်များသည် အသင်းထောက်မယ်များမှ လိုအပ် နေသူ၊ ဖျားနာနေသူများကို ဝေငှပေးကမ်းကူညီသောသဘောဖြစ်သည်။

 “အဲလီ မှ ၁၆ဝဝ နှစ်များ၌ အသင်းထောက်မယ်များတို့သည် ပတ်ဝန်း ကျင်ဒေသအတွင်း ဖျားနာသူများထံသို့ လည်ပတ်ပြုစုကူညီခဲ့ကြောင်း ရေးသား ထားပါသည်။ အသင်းထောက်များကမူ ဆင်းရဲသားများအတွက် အသင်းတော်မှ လိုအပ်သမျှပြင်ဆင်ပေးကြသည်ဟု မှတ်တမ်းပြုရေးသားထားသည်။

ချဒ်ဝိသည်လည်း ၁၅ဝဝ လိုနှစ်များအတွင်း နယ်သလန်တိုင်းပြည်၌ ဆေးရုံ များတွင် အသင်းထောက်အသင်းထောက်မယ်များကို မန်နေဂျာအဖြစ် အသုံးပြု ခဲ့ကြသည်ဟု ရေးသားထား၏။ ဟူးလ်က တတိယရာစုနှစ်မှာ အသင်းထောက် များတို့၏အရေးကြီးပုံမှာ လူနာကိုပြုစုခြင်းနှင့် အသင်းအုပ်ဆရာကဲ့သို့ ဝိညာဉ် ရေးထိန်းကျောင်းပေးခြင်းပင်ဖြစ်သည်။

ဂျန်နစ်ရိုက်ဒါအဲလစ်နှင့် စီးလျာလပ်ဟာလေ တို့အနေဖြင့် အသင်း ထောက်မယ်၏ လူနာပြုစုမှုရာဇဝင်မှတ်တမ်းကို လေ့လာရေးသားခဲ့သည်မှာ၊ အရှေ့နိုင်ငံများမှ ခရစ်ယာန်အသင်းတော်များ၏ အသင်းထောက်မယ်များသည် လူနာများကို ပြုစုကူညီသော အဖွဲ့တစ်ဖွဲ့အနေဖြင့် ကိုယ်စားပြုထားသည်။ အသက်ငယ်ရွယ်သော အမျိုးသမီးများကို ကရုဏာစိတ်ထားတတ်ရန် လေ့ကျင့် ပညာသင်ကြားပေးကာ ဆာလောင်နေသူများကို အစားအစာပေးခြင်း၊ အဝတ် အစားမရှိသူကို အဝတ်များပေးခြင်း၊ အကျဉ်းထောင်အတွင်းကျခံနေရသူများ ထံသို့ သွားရောက်လည်ပတ်ပေးခြင်း၊ အိမ်မဲ့ရာမဲ့သူများကို နေစရာ စီစဉ်ပေး ခြင်း၊ လူနာများကိုပြုစုကုသပေးခြင်း၊ သေဆုံးသူများကို မြှုပ်နှံပေးခြင်းအထိ တာဝန်များကိုလုပ်ဆောင်ပေးကြသည်။ အဲလစ်နှင့်ဟာလေတို့က ဆက်လက် ပြီး ထိုအသင်းထောက်မယ်များတို့သည် ပတ်ဝန်းကျင်လူထုကျန်းမာရေးအဖွဲ့ အစည်းနှင့်စောင့်ရှောက်မှုအသင်းကဲ့သို့ဖြစ်ခဲ့သည်။ အစားအစာပါသော ခြင်း တောင်း၊ ဆွဲခြင်းများကို လက်ထဲ၌သယ်ဆောင်ကာ ဆေးဝါးများကိုလည်း တပါ တည်းယူလာပြီး သူတို့လည်ပတ်ရောက်ရှိနေသော အိမ်ထောင်မိသားစုများ အတွက် ဆေးဝါးနှင့်အစားအစာများကို ဝေငှကူညီပေးကြသည်။ သူတို့၏ ဆွဲခြင်း၊ ခြင်းတောင်းများသည် သူနာပြုများ၏ ရှေ့ပြေးဆေးအိတ်များဖြစ်ကြ သည်။ ဖီဗေ သည် လူနာကိုကြည့်ရှုပြုစုသော ပထမဦးဆုံး အသင်းထောက် မယ်ဟု မကြာခဏမှတ်တမ်းတင်တတ်ကြသည်။

တာဝန်ရှိမုဆိုးမများနှင့်တာဝန်ရှိ အပျိုစင်များသည်လည်း ဖျားနာနေသော အိမ်ထောင်များသို့ မကြာခဏလည်ပတ်ပြီး အသင်းထောက်မယ်များတို့နှင့်တွဲ လျက် လူထုကျန်းမာရေးစောင့်ရှောက်ခြင်းကို လုပ်ကိုင်ခဲ့ကြသည်။ ခရစ်နှစ် (၄၀၀) အောက်တွင် ကွန်စတိုင်တီနိုပါမှ အသင်းထောက်မယ်ဦးရေ (၄၀) ခန့် သည် အိုလံပီယာ၏ ညွှန်ကြားချက်အရဖွဲ့စည်းထားပြီး အင်အားခိုင်မာသော ဘာသာရေးကိုင်းရှိုင်းသော အသင်းထောက်မယ်များ ရှိခဲ့ကြသည်။ အသင်း ထောက်မယ်တို့၏သြဇာလွှမ်းမိုးမှုသည် ပဉ္စမရာစုနှစ်၊ ဆဌမရာစုနှစ် အထိရှိခဲ့ ပြီး အသင်းတော်မှ အသင်းထောက်မယ်များ၏ လုပ်ပိုင်ခွင့်ကိုဖယ်ရှားသော အချိန်အထိ အသင်းထောက်မယ်များ၏ အလုပ်တာဝန်နှင့်ရာထူးကို အများက လေးစားခဲ့ကြသည်။ အဲလစ်နှင့်ဟာလေတို့၏ ရေးသားချက်မှာ ထိုခေတ်က အသင်းထောက်မယ်များ၏ လုပ်ဆောင်ချက်သည် ယခုသူနာပြုများကို မွေး ထုတ်ပေးသလိုဖြစ်သည်။ အသင်းထောက်မယ်၏ လုပ်ငန်းကိုကြည့်ပြီး ယခု ခေတ်သူနာပြုဌာနကို တည်ထောင်ကြသည်။ ဥရောပတစ်ခွင်၌ ပါစတာသီအိုဒို ဖလီနာနှင့်သူ၏ဇနီးသည် ဖရက်ဒရစ်တို့သည် အသင်းထောက် လုပ်ငန်းလှုပ်ရှား မှုပြန်လည်အသက်သွင်းသည့်အနေဖြင့် ၁၈၃၆ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ ကိုဝ်စီ ဝက်ဒေသ၌ အသင်းထောက်မယ်သင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့သည်။

နောက်ပိုင်း၌ ဖလီနာသည် ဆေးရုံငယ်တစ်လုံးကို လူနာများအတွက် ဖွင့် လှစ်ခဲ့သည်။ ထိုဆေးရုံ၌ ဂျာရုရိချပ် ဆိုသူ သမားတော်ကြီးတစ်ဦး၏သမီးကို အသင်းထောက်မယ်အဖြစ် စည်းရုံးခဲ့သည်။ ကိုင်စီဝက်ဒေသမှ စိတ်အားကြီးမှု သည် ဖျားနာသူများကိုကြည့်ရှုပြုစုခြင်း၊ လည်ပတ်အားပေးခြင်း၊ အသေးအမွှား ကိစ္စမှအစ သွန်သင်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ သူနာပြုအတတ်များကို သင်ကြားပေးသော ဘာသာရပ်မှာ သမားတော်ကြီးများက စီစဉ်ပေးသည်။ ၁၈၄၉ ခုနှစ်၌ ပိစဘတ်မြို့ ပင်ဇဗေးနီးယားမှ (Pittsburgh, Pennsylvania) အသင်းထောက်မယ်များစုပေါင်းပြီး ကိုင်စီဝက်အမေ့အိမ် ကို တည်ထောင်ခဲ့ သည်။ အသင်းထောက်မယ်လေးဦး၏ အကူအညီကိုယူပြီး ကိုင်စီဝက်အမေ့ အိမ်မှလုပ်ငန်းတာဝန်များကိုဆောင်ရွက်ခဲ့ကြသည်။ ထိုမှတစ်ဆင့် အမေရိကန် နိုင်ငံ၌ ပထမဦးဆုံးပရိုတက်စတက်ဆေးရုံ ဖြစ်လာခဲ့သည်။ ယခုလက်ရှိ ပက်စ ဗန့် (Passavant) ဆေးရုံကြီး ပင်ဖြစ်သည်။

လွန်ခဲ့သောမျိုးဆက်မှ အသင်းထောက်မယ်များတို့သည် ကြီးကျယ်သော လုပ်ငန်းများကို တည်ထောင်လမ်းခင်းပေးခဲ့ပြီ။ ၂၁ ရာစုနှစ်မှာရှိသော အသင်း ထောက်မယ်များတို့ဆက်လက်ပြီး ထိုအမွေအနှစ်ကိုခံယူကာ အသင်းတော် အတွင်း၊ ဒေသပတ်ဝန်းကျင်အတွင်း သူနာပြုအလုပ်ကိုဆက်လက် လုပ်ဆောင် ရန်လိုအပ်သည်။ ဖျားနာနေသူများနှင့် လိုအပ်နေသူများစွာကို ကူညီမစနှစ်သိမ့် ပေးနိုင်ကြလိမ့်မည်။

 



အခန်း ၁၀

အခန်း (၁ဝ)

အုပ်ချုပ်စီမံသူအဖြစ်ပါဝင်လုပ်ဆောင်ကြသော အသင်းထောက်များနှင့်အသင်းထောက်မယ်များ

ဒိုင်ယာနာဒါးဗစ် သည် သူမ၏ ရေးသားသောစာ၌ ပထမရာစုနှစ် ခရစ်ယာန်အသင်းတော်မှ ပထမဦးဆုံးအသင်းထောက်ကို ရွေးချယ်တင်မြှောက် ခြင်းအကြောင်း ရေးသားထားပါသည်။ သူမက တမန်တော် ၆း၁- သည် သမ္မာကျမ်း၏မှတ်တမ်းအရ၊ အသင်းတော်အတွင်း ပဋိပက္ခရှိခဲ့သော အချိန်ဖြစ် သည်။ စထရော့နှင့်ထရေဒါကလည်း မေးခွန်းထုတ်ခဲ့သည်မှာ ဆရာမကြီး ဆိုလိုတာ အသင်းထောက်အကြား ပဋိပက္ခရှိခဲ့တယ်လို့ မှတ်ယူတာလား။ ဆရာမကြီးဒိုင်ယာနာဒါးဗစ်ပြန်ဖြေကြားပုံမှာ အသင်းတော်မှာ ပြဿနာတက် လာရခြင်းမှာ မုဆိုးမများကို ကြည့်ရှုပြုစုသူမရှိတော့သောကြောင့် ရရှိနေကျ အစားအစာများမရရှိတော့ခြင်းနှင့် မမျှတသော ပေးကမ်းခြင်းများရှိခဲ့သည်။ ဒါးဗစ် က အသင်းထောက်ခုနစ်ဦးကို ရွေးချယ်တင်မြှောက်ရာတွင် နှစ်ဦး နှစ်ဘက်အကျိုးဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အသင်းတော်အတွက် လည်းကောင်းမည်။ အပြစ်တင်နေသူများကလည်း ကျေနပ်သွားမည်။ မုဆိုးမ များလည်း ကြည့်ရှုပြုစုယုယခြင်းခံရမည်။ တမန်တော်များတို့၏ ဟောပြော သွန်သင်ဆုတောင်းပေးခြင်းကိုလည်း အနှောင့်အယှက်မဖြစ်စေရန်ရည်ရွယ်ပြီး အသင်းထောက်ခုနစ်ဦးကို ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။ သူမကထပ်မံ ပြီး ထိုရွေးချယ်တင်မြှောက်သောအသင်းထောက်ခုနစ်ဦးသည် ဘုတ်အဖွဲ့၏ ညွှန်ကြားရေးမှူး၊ အုပ်ချုပ်ရေးရာထူးကို ယူဖို့ရန်အတွက်မဟုတ်ပါ။ အသင်း တော်ကို ထောက်ပံ့ကူညီရန်အတွက် သက်သက်သာဖြစ်သည်။ အသင်းတော် အတွင်း ပေါ်ပေါက်လာသောပြဿနာကို ဖြေရှင်းပေးရန်ဖြစ်သည်။ ဒါးဗစ် က ပထမရာစုနှစ်မှ ရွေးချယ်တင်မြှောက်ခဲ့သော အသင်းထောက်တို့၏ မူလ ရည်ရွယ်ချက်သည် အသင်းတော်ကိုထောက်ပံ့ကူညီပြီး ယခုနှစ်ဆယ်တစ်ရာစု နှစ်အသင်းထောက်များကလည်း အတုယူကျင့်သုံးသွားရန်ဖြစ်သည်။ သူမက အသင်းတော်၌အရှုပ်အရှင်းပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာခဲ့လျှင် အသင်း ထောက်တို့သည် ဂုဏ်သိက္ခာရှိရှိဖြင့် ဝင်ရောက်ဖြေရှင်းပေးရသည်။ ရှေ့သို့ ဆက်လှမ်းနိုင်ရန် မတူကွဲပြားသောခံယူချက်များ၊ ရန်လိုမှုများရှိခဲ့လျှင် ငြိမ်သက် စွာပြဿနာများကို ဖြေရှင်းပေးရမည်။ အသင်းထောက်များတို့၏ ဇနီးသည် သည်လည်း ငြိမ်းချမ်းပြေလည်မှုရရှိရန် ကူညီပေးသူဖြစ်ကြရမည်။

ဒါးဗစ် က သူမ၏ ခင်ပွန်းသည်နှင့်အတူ အသင်းထောက်များနှင့် သူတို့၏ ဇနီးသည်များအတွက် ညီလာခံတစ်ရပ်ဦးဆောင်ကျင်းပပေးခဲ့ကြောင်း သက် သေခံခဲ့သည်။ တစ်ပတ်တာလုံးညီလာခံအချိန်အတွင်း အသင်းထောက်များကို သူမ၏ ခင်ပွန်းသည်က ဆွဲပုံးနှစ်လုံးပေးထားပြီး၊ တစ်လုံးအထဲ၌ စာလုံးကို စာလုံးကြီးကြီးရေးထားပြီးထည့်ထားကာ၊ နောက်တစ်လုံးအတွင်း စာလုံး ကြီးကြီးတစ်လုံးရေးထားသည်။ ဆရာကြီး စတိ (ဒေါဗစ်၏ခင်ပွန်း) က အသင်းထောက်များကို ၎င်းဆွဲပုံးကြီးနှစ်လုံးကို သယ်ဆောင်စေပြီး၊ စာလုံး ထည့်ထားသောဆွဲပုံးသည် ရေ ထည့်ထား သည်ဟုသတ်မှတ်စေပြီး၊ စာလုံးထည့်ထားသောဆွဲပုံးကို ဓာတ်ဆီ ဟုသတ်မှတ်စေသည်။ အသင်းတော် အတွင်း မီးစများ၊ ပြဿနာများပေါ်ပေါက်လာပါက အသင်းထောက်များ အနေ ဖြင့် ပြဿနာနှင့်မီးစများကို ရေနှင့်လောင်းချရန်တာဝန်ယူရမည်။ ဓာတ်ဆီနှင့် မလောင်းမိဖို့ရန်သတိပြုပါ။ ထိုဆွဲပုံးများအကြောင်းကို မေးမြန်းကြသောအခါ အသင်းထောက်များက ပြဿနာကို ငြိမ်းသွားစေရန် လုပ်ဆောင်သွားရမည့် တာဝန်သည် အသင်းထောက်များမှာ ရှိကြောင်း သဘောပေါက်ကြသည်။

အန်ထော်နီဘီရော်ဘင်စန်နှင့် ရောဘတ်ဒဗျူဝေါတို့ကလည်း တမန်တော် ဝတ္ထုမှရေးသားထားပေးသော အသင်းထောက်၏ကဏ္ဍတာဝန်အမှန်ကို မရှုပ် ထွေးစေရန်အလိုရှိသည်။ ရှင်လုကာရေးသားသော တမန်တော်ဝတ္ထုအထူးညွှန် ကြားချက်ကို သေသေချာချာဖော်ပြစေချင်ပါသည်။

သတ်မှတ်ထားသောလုပ်ငန်စဉ်များကျဆုံးခြင်းမှာ ဂရိဝေါဟာရစကားမှ အစားအစာများကို နေ့စဉ်ဝေငှပေးခြင်း (တမန်တော် ၆း၁) နှင့် အစာများ ရရှိရန် စားပွဲ၌ စောင့်နေရခြင်း၊ အစားအစာလိုအပ်နေသူများအတွက် ဝေငှပေးမှု မရောက်ရှိခြင်းတို့ဖြစ်သည်။ နောက်ဆုံးအခန်းငယ် () တွင် ထိုပြဿနာများကို ဖြေရှင်းပေးခြင်းအကြောင်းရေးသားခဲ့သည်။ တမန်တော်များအနေဖြင့် အုပ်ချုပ် ရေးရာထူးတွင်သာ လုံးပန်းနေကြခြင်းမဟုတ်ဘဲ အမှုတော်ဆောင် ဆက်ကပ် ခြင်းနှင့် နှုတ်ကပတ်တော်ဟောပြောခြင်း၌သာ လုပ်ဆောင်ရန်လိုသည်။ ရော် ဘင်စန်နှင့်ဝေါ နှစ်ဦးတို့သည် စာဖတ်သူများအနေဖြင့် ကွပ်ကဲစီမံမှု အခြေ အနေကို နားလည်သဘောပေါက်ရန် ရေးသားပေးသော်လည်း အသင်းထောက် အနေဖြင့် ရွေးချယ်တင်မြှောက်ခံရသောသူများသည် မလွဲမသွေ ပြဿနာများ ကိုဖြေရှင်းရမည်ဖြစ်ကြောင်း သိစေလိုပါသည်။

ဖင်နီအိဂဲဘက်ကာသည် အသင်းတော် (၂၃) ပါးကိုရွေးချယ်ပြီး၊ ကိုယ်တိုင် မေးမြန်းခဲ့သည်။ အထူးသဖြင့် အသင်းတော်မှပေါ်ပေါက်လာသော အရှုပ်အရှင်း၊ အခက်အခဲပြဿနာများရှိလာလျှင် မည်သို့ ပါဝင်ဖြေရှင်းခဲ့ကြကြောင်းကို မေး ခွန်းလေးများစီစဉ်ပြီးမေးမြန်းခဲ့သည်။ ထိုသို့မေးမြန်းစဉ် ဗက်သလင်ဟင် အသင်းတော်၌ ဝတ်ပြုစဉ်အတွင်း ဘာသာစကားအခက်အခဲ ပြဿနာတစ်ခု ပေါ်ပေါက်လာသည်။ ဘာသာစကားကို ပြောင်းလဲအသုံးပြုရန် နဂိုအတိုင်း ဆက်လက်အသုံးပြုရန် ဆွေးနွေးကြသည်။ သြဇာရှိထက်မြက်သော အမျိုးသမီး ကြီးတစ်ဦးက အသင်းထောက်များထံချဉ်းကပ်ပြီး ထိုပြဿနာကို ဖြေရှင်းပေး ရန် မည်သို့မည်ပုံလုပ်ဆောင်လျှင်သင့်မည်အကြောင်းနှင့် အခြားသူများ မည်သို့ စိတ်ထဲ၌ရှိနေကြောင်း သုံးသပ်ကြသည်။ တရားဟောဆရာ ကိုယ်တိုင် ထိုဆွေး နွေးပွဲသို့တက်ရောက်ခဲ့သော်လည်း သူကိုယ်တိုင်က သဘာပတိမဟုတ်ပါ။ ယခု ဖြစ်သောအခက်အခဲအတွက် သူ၌လည်းတာဝန် မရှိ၊ မသက်ဆိုင်ပါ။ဘက်ဂါ မှအသင်းအုပ်ဆရာ၊ တရားဟောဆရာ၏ ရှင်းလင်းတင်ပြချက်ကို ပြန်ပြီးဝေငှ ပေးရာမှာ အသင်းအုပ်ဆရာအနေဖြင့် မည်သည့်ဆုံးဖြတ်ချက်မျှ ချမှတ်ရန် အာဏာမရှိပါ။ တစ်နှစ်ခွဲကြာမှ ထိုကိစ္စကိုအသင်းထောက်များက ကမကထ ပြုပြီး အပြောင်းအလဲကိုပြုလုပ်ကြသည်။ ဤသည်မှာ အသင်းထောက်များ သည် ခက်ခဲလာသောအခြေအနေကို ကိုင်တွယ်စီမံရကြောင်း ပေါ်လွင်နေပါ သည်။

အက်ဒလီအော်တမန် က ဆာဗာနားမှာ အမေရိကန်နိုင်ငံသား လူမည်း ပြဿနာတစ်ရပ်ကို တင်ပြခဲ့သည်။ အာဗြဟံလင်ကွန်းမှလက်မှတ်ထိုး စာချုပ် ချုပ်ဆိုပြီး အနှစ်ခြောက်ဆယ်အကြာမှာ ပြဿနာပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်လူဖြူလူမည်းပြဿနာကိုလည်း အသင်းထောက်များက ဖြေရှင်း ပေးနေရသည်။ ၁၉၂၈ ခုနှစ်၌ ပထမဦးဆုံး လူမည်းအသင်းတော်ကို စတင် ဖွဲ့စည်းခဲ့သည်။ အကြောင်းမှာ အသင်းထောက်တစ်ဦး၏ ဇနီးသည်က အသင်း အုပ်ဆရာသည် သူမ၏ ခင်ပွန်းသည်ကို ဆိုးဆိုးရွားရွားဆက်ဆံသည်ဟု ခံစား ရသောကြောင့်ဖြစ်သည်။ အသင်းထောက်များက ထိုအမျိုးသမီးကို ချဉ်းကပ်ပြီး ဖျောင်းဖျကြသည်။ ဘုရားကျောင်းသို့ပြန်လာပါရန် တောင်းပန်ကြသည်။ သူမ သည် တစ်နှစ်ကြာသည်အထိ ဘုရားကျောင်းသို့ မလာသော်လည်း နောက်ပိုင်း တွင်မူ ဘုရားကျောင်းသို့ပြန်လာခဲ့သည်။ အကြောင်းမှာ သူ၏ ခင်ပွန်းသည်ကို မူလနေရာအသင်းထောက်ရာထူးပြန်ပေးသောကြောင့် သူမ လက်ခံလာခဲ့ခြင်း ဖြစ်သည်။ သူမဘုရားကျောင်းသို့ ပြန်မလာမီ အသင်းထောက်များက တောင်း ပန်ပြီး ခွင့်လွှတ်ပါရန် အကြိမ်ကြိမ် ဖျောင်းဖျခဲ့ကြရသည်။ သူသည်လည်း အသင်းထောက်များရှေ့၊ အသင်းသားများရှေ့၌ ဝန်ချတောင်းပန်ခြင်းပြုခဲ့သော ကြောင့် အသင်းတော်မှသူမကိုခွင့်လွှတ်ခဲ့သည်။

အော်တမန်အနေဖြင့် ဆာဗာနားမှာရှိသော လူမည်းအမေရိကန်အသင်း တော်များအတွက် အသင်းထောက်များသည် ရှုပ်ထွေးလာသော ပြဿနာများ ကို ဖြေရှင်းပေးရန် တာဝန်ရှိကြောင်း တင်ပြထားခြင်းဖြစ်သည်။ အသင်းတော်မှ ထုတ်ပယ်သင့်သည်မသင့်သည်ကို အသင်းတော်၏ စည်းမျဉ်းစည်းကမ်းအတိုင်း အသင်းထောက်များ လုပ်ဆောင်ပြီး လူရှေ့ဘုရားရှေ့မှာ အသင်းတော် တစ်ရပ် လုံး၏ခွင့်လွှတ်ခြင်းကို တောင်းဆိုပေးရမည်။

အုပ်ချုပ်စီမံသူအဖြစ် ------ အသင်းထောက်မယ်များ

 

 “သောမတ်အာရ်ဗန်း ကလည်း အသင်းထောက်များသည် သင်တန်း ကောင်းစွာ ယူထားသောသူများဖြစ်ပြီး၊ လူများကိုကောင်းစွာအကြံပေးနိုင်သော

ပုဂ္ဂိုလ်ဖြစ်မှသာ အမှုတော်တွင် ထိရောက်စွာ ပါဝင်နိုင်မည်ဟု မှတ်ချက်ပေး ထားပါသည်။ သူကပင်ဆက်လက်ပြီး အသင်းထောက်များအနေဖြင့် အိမ်ထောင် မိသားစုများကိစ္စပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာလျှင် အကြံပေးကူညီပေး တတ်ရမည်။ အထွေထွေကိစ္စ၊ ငွေကြေးပြဿနာ၊ အိမ်ထောင်ရေးနှင့်မိသားစု ဆက်ဆံရေး၌ အခက်အခဲပြဿနာများပေါ်ပေါက်လာပါက ဖြေရှင်းပေးတတ် ရမည်။ မိဘနှင့်သားသမီး၊ အိမ်ထောင်မပြုမီ လူငယ်လူရွယ်များ၊ ထို့အပြင် ဝိညာဉ်ရေးအကြံဉာဏ်များကိုပါ ပေးစွမ်းနိုင်သူဖြစ်ရမည်။ ဗန်း အနေဖြင့် ပြဿနာဖြေရှင်းနည်းအဆင့် () ဆင့်ကို အသင်းထောက်များအနေဖြင့် လက် ကိုင်ပြုပြီး မတူညီကွဲပြားနေသော အိမ်ထောင်မိသားစုများ၏ ရှုပ်ထွေးသော ပြဿနာကို ဖြေရှင်းရန်အကြံပေးထားပါသည်။

ထိုနည်းလမ်းအဆင့် () ဆင့်တို့မှာ

() ပြဿနာကိုသေချာအောင်ခွဲခြားစိစစ်ခြင်း။

() အခြားနည်းလမ်းကိုဆက်လက်ရှာဖွေပြီး ချင့်ချိန်ဆုံးဖြတ်ခြင်း။

() တွေ့ရှိပြီးသေချာသောတခြားနည်းလမ်းအပေါ်၌ ဆုံးဖြတ်ချက်ချပါ။

() ဆုံးဖြတ်ထားသည့်အတိုင်း အကောင်အထည်ဖော်လုပ်ဆောင်သွားပါ။

ကျွန်တော်လည်း အသင်းထောက်များကို အားပေးလိုသည်မှာ အသင်း ထောက်သည် များပြားလှသော ပြဿနာများကို ရင်ဆိုင်နေရသောကြောင့် ပြဿနာဖြေရှင်းခြင်း၌ ကျွမ်းကျင်လိမ္မာမှုရှိရန်နှင့် တစ်ပါးသူကိုအကြံဉာဏ်ပေး နိုင်ရန် အထူးလိုအပ်ပါသည်။ ဗန်း ကဲ့သို့ဖော်ပြပေးထားသော အချက်အလက် အဆင့်ဆင့်ကို အသုံးပြုပြီး အသင်းထောက်များ၊ အသင်းထောက်မယ်များသည် မတူညီကွဲပြားနေသော ပြဿနာများကို ဦးဆောင်ဖြေရှင်းပေးကြရမည်။ ကျွန် တော့်အနေဖြင့် အဆင့် () ဆင့်ကိုလုပ်ဆောင်သွားရန် တင်ပြ ပေးလိုပါသည်။

() စေ့စပ်ပေးခြင်း

() ချင့်ချိန်ဆုံးဖြတ်ပါ

() ပြဿနာ၏အဓိပ္ပါယ်ကိုဖွင့်ဆိုပါ

() ပန်းတိုင်ချမှတ်ပါ

() ရှုထောင့်နည်းလမ်းမျိုးစုံဖြင့်သုံးသပ်ပါ

() ပြဿနာအားလုံးအပေါ်သေးငယ်သွားအောင်အကျဉ်းချုပ်လိုက်ပါ။

() အရေးယူပြီးတက်တက်ကြွကြွလုပ်ဆောင်ပါ

() ပြန်လည်ဆန်းစစ်သုံးသပ်ပါ

() ဆက်လက်လုပ်ဆောင်ပါ

ကျွန်တော့်ယခင်အစောပိုင်းက ထုတ်ခဲ့သောစာအုပ်မှာ၊ ပြဿနာ လေ့လာ ခြင်းအကြောင်းထည့်သွင်းပေးထားပြီး အသင်းထောက်၊ အသင်းထောက်မယ် များဆက်လက်လုပ်ဆောင်ရန်အချက်ကို ဖော်ပြပြီးဖြစ်ပါသည်။ အထူး အရေး ကြီးသောအချက်မှာ အသင်းထောက်၊ အသင်းထောက်မယ်များသည် မိမိတို့ အကြံဉာဏ်ပေးရမည့်သူမှာ မည်သူမည်ဝါနှင့် ပြဿနာ မည်မျှခက်ခဲသည်ကို လိမ္မာပါးနပ်စွာ အကြံပေးတတ်ရန်ဖြစ်သည်။ အမှန်တကယ်အကြံဉာဏ်ပေးနိုင် သောအသင်းသားများနှင့်လက်တွဲပြီး စည်းကမ်းမြှင့်တင်ရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့ စည်းထားရန် အကြံပေးသင့်ပါသည်။ ထိုသီးခြားဖွဲ့စည်းထားသောအဖွဲ့သည် သူတို့ကို အမှန်တကယ်အကူအညီပေးနိုင်ပါလိမ့်မည်။ ယခုစာအုပ်၏ အခန်း (၁၉) မှာ ကျွန်တော်ပြဿနာဖြေရှင်းနည်းအဆင့်ဆင့်ကို ထည့်သွင်း ရေးသား ထားပေးပါသည်။





အခန်း ၁၁

အခန်း (၁၁)

စီးပွားရေးစီမံသူအဖြစ်ပါဝင်လုပ်ဆောင်သော အသင်းထောက်များနှင့်အသင်းထောက်မယ်များ

 

၁၈ဝဝ ကဲ့သို့သော ခုနှစ်များအတွင်း၌ နှစ်ခြင်းအသင်းတော် အသင်းအုပ် ဓမ္မဆရာ၏ ရေးထားသော သြဇာလွှမ်းမိုးမှုရှိသည်ဟူသော အာရ်အိပ်ချစီ ဟောင်းဝဲ၏ ရေးသားချက်ကို ဒီဝီစီက ပြန်လည်အမွှမ်းတင်ထောက်ခံခဲ့ပါသည်။ ဒီဝီစီ က ဆရာကြီး ဟောင်းဝဲ သည် အသင်းထောက်မယ်အလုပ်ကို အလေး ပေးခဲ့ကြောင်း၊ ဆရာကြီး ဟောင်းဝဲ သည် ၁၈ဝဝ ခုနှစ်ကဲ့သို့သောအချိန်၌ နှစ်ခြင်းအသင်းတော်တွင် အုပ်ချုပ်စီမံမှု၊ စီးပွားရေး၊ ငွေကြေးစီစဉ်လည်ပတ်မှု ကို အမျိုးသားအသင်းထောက်များနှင့်အတူ ဦးဆောင်လုပ်ကိုင်ကာ အမျိုးသမီး များကိုလည်းပါဝင်စေခဲ့သည်။

သူ၏ရေးသားချက်၌ အသင်းထောက်၏ အခွင့်အာဏာသည် ယာယီအနေ ဖြင့် အသင်းတော်အပေါ်၌ ပြည့်ဝစွာ ထိန်းချုပ်ခွင့်ရှိသည်။ အသင်းတော်၏ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများကိုလည်းကောင်း၊ ငွေကြေးများကိုလည်းကောင်း ထိန်းသိမ်းစီမံသော အလေ့အထကို ကျင့်သုံးကြရမည်။ အသင်းတော်ကိုစီမံ ထိန်းချုပ်သောအခါ မိမိသဘောအတိုင်း မဖြစ်စေရဘဲ၊ အသင်းတော်မှတာဝန် ပေးခြင်းအပေါ် ကွပ်ကဲဦးဆောင်ကြရမည်။ အသင်းထောက်များသည် အသင်း တော်အတွင်း၌ ငွေကြေးဆိုင်ရာအရာရှိများ ဖြစ်ကြရမည်။ ငွေကြေးဘက်၌ ဘုတ်အဖွဲ့ဝင်ဖြစ်ရမည်။ သို့မဟုတ် အသင်းတော်ဘုတ်အဖွဲ့၌ အမြဲတမ်း အဖွဲ့ ဝင်ဖြစ်ရမည်။ အသင်းတော်၏ ဌာနတစ်ခုခု၌ ယာယီဌာနမှူးအဖြစ်ရှိစေရမည်။ ဤသို့အသင်းထောက်၏နေရာကို သတ်မှတ်ထားခြင်းမှာ နှစ်ခြင်း အသင်းတော် ဘုရားကျောင်းတော်တော်များများ၌ ၂၀၀၀ ခုနှစ်အစောပိုင်းက စတင်ပြီး ကျင့်သုံးလေ့ရှိသည်။

ဟောင်းဝဲ၏ အဆိုသည် ဒွိုက်အေမူးဒီ၏ တရားဟောချက်မှ ကောက်နုတ် ထားခြင်းဖြစ်မည်။ ၁၉၉၇ ခုနှစ်၊ ဇွန် (၁၅) ရက်နေ့၌ ဆရာကြီးမူးဒီ ဟောကြားခဲ့ သော တရားဟောချက်မှာ အရေးကြီးသော မေးခွန်းနှစ်ချက်ကို ပေးခဲ့သည်။ ပထမမေးခွန်းမှာ၊ အသင်းထောက်မယ်တို့၏ လုပ်ဆောင်ချက်များ (၁၉) ရာစုနှစ်မှာ ဘာကြောင့်ကျဆင်းခဲ့ရသလဲ။ ဒုတိယမေးခွန်းမှာ၊ ယဉ်ကျေးမှုထုံးစံ က အသင်းထောက်မယ်၏ လုပ်ငန်းကို ဘယ်လိုလွှမ်းမိုးခဲ့လဲ၊ အမေရိကန် အဖွဲ့ အစည်းမှာ အမျိုးသားများ၏ လွှမ်းမိုးခြင်းကို ဆရာကြီးမူးဒီက မီးမောင်းထိုးပြ သပေးခဲ့သည်။ သူ၏ မှတ်ချက်မှာ အမျိုးသားများသည် သာသနာပြုခြင်းမှာ အုပ်ချုပ်ရေးပိုင်းကိုကူးပြောင်းကြသည်။ စီမံကွပ်ကဲခြင်းများပြုလုပ်ကြသည်။ တစ်ချိန်မှအသင်းတော်သည် အမျိုးသမီးများကိုတာဝန်အပ်နှင်းပြီး အမှုတော်မှာ ပါဝင်လုပ်ဆောင်ခွင့်ပေးထားသော်လည်း အမေရိကန်၏ ယဉ်ကျေးမှုထုံးစံအရ၊ အမျိုးသမီးများ၏ အခွင့်အရေးကို ပိတ်ပင်လာချင်ကြသည်။ (၁၉) ရာစုနှစ်မှာ ဆရာကြီးမူးဒီ၏ သုံးသပ်ချက်ကို ဟောင်းဝဲက ပြန်လည်ရေးသားခြင်းဖြစ် သည်။ ဟောင်းဝဲ သည် နှစ်ခြင်းအသင်းတော်မှာ ယာယီအချိန်ပိုင်း အဖြစ် အမျိုးသားအသင်းထောက်ဘုတ်အဖွဲ့၌ စီးပွားရေးစီမံသူအဖြစ် ခန့်အပ်ထားခြင်း ခံရသူဖြစ်သည်။ ၎င်းသည် အသင်းထောက်မယ်၏ လုပ်ဆောင်ချက်ကို ပြန် လည်အသက်သွင်းပေးခြင်းဖြစ်သည်။ သို့ဖြင့် ၁၈၃ဝ ခုနှစ်တွင် ပြန်လည် စတင် လာခဲ့ကြသည်။ အလယ်ခေတ်မှ ခရစ်ယာန်အသင်းတော်၏ လုပ်ဆောင်ချက်ကို ပြန်၍အသက်သွင်းပေးပြန်သည်။

အယ်နီဘတ်စဒေး က သူမ၏ ရှင်းလင်းချက်၌၊ အသင်းထောက်များ သည် အသင်းတော်စီမံအုပ်ချုပ်ပုံကို သင်တန်းယူကြရမည်။ ဝေလျံစပီးယား သည်လည်း အသင်းထောက်တာဝန်နှင့်ပတ်သက်၍ သူတို့သည် အသင်းတော် အုပ်ချုပ်ရေး၌ ယာယီပါဝင်ရသောသူများဖြစ်ကြသည်ဟု ရေးသားထားသည်။ ဂျိမ်းဟက်စင်သည်လည်း ထိုသဘောထားထောက်ခံသည်။ ရှေးဦးအသင်းတော် မှာရှိသော ဘီးရှော့နှင့် အသင်းထောက်များအကြောင်းကို ပြောဆိုရာမှာ၊ အသင်းတော်၏ ကူညီမစသောအဖွဲ့နှင့် သာသနာလုပ်ငန်းအတွက် အဓွန့်ရှည် ထိန်းသိမ်းရေးလုပ်ငန်းတို့၌ (၁ကော ၉း၇-၁၄။ ဂလာတိ ၆း၅) အသင်းတော်၏ အုပ်ချုပ်စီမံသူအဖြစ်ပါဝင်နေပါသည်။ ထို့အတွက် ထိုပုဂ္ဂိုလ်နှစ်မျိုးလုံးသည် အသင်းတော်ခေါင်းဆောင်အဖြစ် အုပ်ချုပ်သူအထဲ၌ပါဝင်ရမည်ဟု မှတ်ချက် ပြုထားသည်။ အထူးသဖြင့် စီးပွားရေးစီမံမှုတွင် ခေါင်းဆောင်များဖြစ်ကြရ မည်။ တက္ကဆက်ပြန်နယ်၊ ဝါကိုနှစ်ခြင်းအသင်းတော်၌ ပထမဦးဆုံးအမျိုးသမီး အသင်းထောက်အဖြစ် ရွေးချယ်ခံရသောအမျိုးသမီးများကို ဆရာကြီး ဘေးလ် ပိ က ကိုယ်တွေ့ မေးမြန်းခန်းပြုလုပ်ခဲ့သည်။ ၁၉၉၆ ခုနှစ်၌ အော်တွန်ပီယက် စန် (ဥက္ကဌ) အသင်းထောက်ဥက္ကဌကို မေးမြန်းသောအခါ၊ ၎င်းက အသင်း ထောက်သည် အသင်းတော်အတွက် အစေခံရန်ဖြစ်ပြီး၊ အသင်းတော်လုပ်ငန်း ကို လည်ပတ်လုပ်ဆောင်ရန်မဟုတ်ဟုပြောခဲ့သည်။ ဆရာကြီး ပိ ပြော ကြားချက်အရ ယက်စန်က ငွေကြေးနှင့်ပတ်သက်ပြီး အသင်းထောက်များမှ မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်ပေးရန်ဖြစ်သည်။ ပီယက်စန်က အသင်း ထောက်များ အသင်းတော်၏ စီးပွားရေးစီမံမှု၌ လုပ်ဆောင်ပေးရန် တာဝန်ရှိ သည်ဆိုသည့်အဆိုကို ဆန့်ကျင်သည်။ ထိုကြောင့် ပီယက်စန်သည် ဟောင်းဝဲ၏ သဘောထားနှင့်ကွဲလွဲနေသည်။

သတ္တမနေ့မြော်လင့်ခြင်း အသင်းတော်၏ အသင်းတော် လက်စွဲစာအုပ်၌ အသင်းထောက်များကို အသင်းတော်၏စီးပွားရေးမန်နေဂျာအဖြစ် ခန့်အပ်ရန် သဘောမတူသော်လည်း ရုပ်လက္ခဏာသွင်ပြင်ကို တည်ဆောက်ပေးရန် မန်နေ ဂျာအဖြစ်ခန့်ထားရမည်။ ၎င်းအဆိုမှာ-

အသင်းထောက်များ၏ တာဝန်မှာ ပြိုပျက်သောအဆောက်အဦများကို ပြုပြင်ထိန်းသိမ်းပြီး သန့်ရှင်းအောင်ထားရမည်။ ဘုရားကျောင်းဆောက်လုပ် ထားသော အသင်းတော်ခြံဝင်းကို သန့်ရှင်းသပ်ရပ်စွာထားရှိရမည်။ ဆွဲဆောင် မှုရှိစေရမည်။ ထိန်းသိမ်းပြုစုသူအဖြစ်တာဝန်ယူရမည်။ အသင်းတော်ကြီးများ၌ ခြံဝင်းနှင့်ဘုရားကျောင်းကို ကြည့်ရှုထိန်းသိမ်းသူထားရှိရန် အလွန်လိုအပ်ပါ သည်။ အသင်းတော်ဘုတ်အဖွဲ့မှ သင့်လျော်သောသူကိုသာ အသင်းထောက် အဖြစ် ရွေးချယ်တင်မြှောက်ပေးရမည်။ မဲပေးဆုံးဖြတ်ပြီး ရွေးချယ်ရမည်။ အသင်းတော်ဘုတ်အဖွဲ့ကသာ အသင်းထောက်သည် ထိန်းသိမ်းကြည့်ရှုသူ အဖြစ် အခွင့်အာဏာပေးရမည်။ ကြီးမားသောအဆောက်အဦပြုပြင်စရာရှိလျှင် အသင်းတော်ဘုတ်အဖွဲ့မှသာ ကုန်ကျစရိတ်ကို ဆုံးဖြတ်ပေးရမည်။ ရေ၊ မီး၊ ဓာတ်ဆီ၊ လောင်စာဆီ စသည့်ကုန်ကျသော ငွေများကို အသင်းတော်ငွေထိန်းမှ ထုတ်ပေးရန် တာဝန်လွှဲထားပေးရန်ဖြစ်သည်။

အထက်ပါစည်းကမ်းအရ၊ အသင်းတော်ဘုတ်အဖွဲ့မှသာ အသင်းတော်၏ အဆောက်အဦ၊ ခြံဝင်း စသည်တို့ပြုပြင်ဆောက်လုပ်ခြင်းကို အုပ်ချုပ်စီမံပြီး၊ အသင်းထောက်အဖွဲ့မှ လုပ်ဆောင်ရမည်မဟုတ်ကြောင်းနှင့် မြင်တွေ့နေသော အဆောက်အဦကိုသာ ထိန်းသိမ်းရန်သာ ဖြစ်ကြောင်း မြော်လင့်ခြင်း အသင်း တော်မှချမှတ်ထားသည်။ 

အချုပ်အားဖြင့် အခန်း () မှ (၁၁) အထိအကြောင်းအရာများကို ပြန်လည် သုံးသပ်လျှင် ဓမ္မသစ်ကျမ်းမှာ အမျိုးသမီးအသင်းထောက် သို့မဟုတ် အမျိုးသား အသင်းထောက်လုပ်ဆောင်မှုကဏ္ဍကို ပထမရာစုနှစ်တွင် ထိုကဲ့သို့ တွေ့ရ သည်။ ဟေလသဝေါဟာရတွင် ဒီယာခိုနော့ ဟုဆိုသော စကားလုံးကို အဓိပ္ပါယ်များစွာပြန်ဆိုနိုင်သည်။ ဖိဗေ ၏ရာထူးကို (ဒီယာခိုနော့) ဟုခေါ်ခြင်း ဖြင့် အမျိုးသမီးအသင်းထောက် သို့မဟုတ် အသင်းထောက်မယ်ကိုသာ ရည် ညွှန်းနေပါသည်။ (ရောမ ၁၆း၁၊၂) ဘာသာပြန်ဆိုသူ၏ အာဘော်ကိုသာ မှီငြမ်း ပြီးအနက်ဖော်ရာ၌ တစ်ခါတစ်ရံ ဂရိဝေါဟာရကို ဇနီးမယားများ (၁တိ ၃း၁၁) အသင်းထောက်အိမ်ထောင်ရှင် သို့မဟုတ် အမျိုးသမီး အသင်းထောက်၊ အသင်း ထောက်မယ်ဟု ပြန်ဆိုသင့်ပါသည်။ ဒီယာခိုနော့ ဆိုသောဂရိစကားမှာ သဒ္ဒါ အရ၊ ပိုင်ဆိုင်မှုပြပုဒ်မရှိသော်လည်း ဘာသာပြန် ဆိုထားသော မိန်းမများ အမျိုးသမီး များသည် အမှန်မှာ အမျိုးသမီး အသင်းထောက်၊ အသင်းထောက် မယ်များဟု အဓိပ္ပါယ်ပေါ်လွင်နေပါသည်။

ပေါ်လွင်သောအချက်မှာ တတိယရာစုနှစ်အစောပိုင်း၌ အမျိုးသမီး အသင်း ထောက်၊ အသင်းထောက်မယ်များရှိခဲ့သည်။ တချို့မှတ်တမ်းများအရ တတိယ ရာစုနှစ်နှင့်စတုတ္ထရာစုနှစ်တမန်တော်များ အဖွဲ့အစည်းများဖွဲ့စည်းပုံအရ၊ ကျန် ရစ်ထင်ရှား အုတ်ဂူကျောက်ပြားများပေါ် ထွင်းထားသော ကျောက်စာများမှာ စတုတ္ထရာစုနှစ်မှ သတ္တမရာစုနှစ်အထိ အမျိုးသမီးအသင်းထောက်နှင့် အသင်း ထောက်မယ်များ၏အကြောင်းအရာများကိုတွေ့ရသည်။ ယခုလက်ရှိ ပရိုတက် စတက်နှင့်ကက်သလစ်စာပေများတွင်လည်း စာရေးသူများရေးသား ဖော်ပြလေ့ ရှိကြသည်။ အမျိုးသမီးအသင်းထောက်များသည် အပျိုစင်နှင့် မုဆိုးမအဖွဲ့နှင့် မသက်ဆိုင်ဘဲ ခြားနားမှုရှိပါသည်။ (၁တိ ) တချို့ကိစ္စများ၌ အမျိုးသမီး အသင်းထောက်တစ်ဦးသည် အပျိုစင် သို့မဟုတ် မုဆိုးမ ဟုဖော်ပြသော်လည်း သတ်မှတ်ချက်မထားရှိပါ။

အသင်းထောက်၊ အသင်းထောက်မယ်တို့၏ အရေးကြီးသောလုပ်ဆောင် ချက်ကဏ္ဍ () ရပ်ရှိသည်။ ပထမကဏ္ဍအနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ် တော်ကို သင်ကြားပေးခြင်း၊ တရားဒေသနာဟောကြားသောသူများ၏ နေရာ၌ မရှိသည့်တိုင် အခြားသူများကိုကျမ်းစာသင်ပေးရသောအလုပ်ကို လုပ်ဆောင် ရန်တာဝန်ရှိသည်။ အခြေခံအကျဆုံးသော သူတို့၏ လုပ်ဆောင်ရန်အလုပ်မှာ ဘုရားသခင်၏နှုတ်တော်ထွက်စကားကို ကြွေးကြော်ရန်သာ ဖြစ်သည်။ ထို့ အတွက်ကြောင့် သူတို့သည် အဖွဲ့လိုက်အစုလိုက် ကျမ်းစာသင်ပေးနိုင်သူများ ဖြစ်သင့်သည်။ လူနာကိုပြုစုနေသောနေရာများ၊ ဆေးရုံများ၊ အိမ်များသို့အလည် ရောက်သွားသောအခါ ကျမ်းပိုဒ်များကိုပြောပြသင်ကြားပေးနိုင်ရမည်။ အသင်း သားများမည်သို့ကျမ်းစာသင်ကြားပေးရမည်ကို ရှင်းပြတတ်ကြရမည်။ အသင်း ထောက်၊ အသင်းထောက်မယ်များသည် ကျမ်းစာကို သင်ကြားပေးနိုင်သော ဆုကျေးဇူး၊ တရားဒေသနာဟောကြားနိုင်သော ဆုကျေးဇူးများကို ဘုရားသခင် ချပေးလိမ့်မည်။ သတေဖန်၊ ဖိလိပ္ပုတို့ကဲ့သို့နည်းတူ ဟောပြောတတ်ပြီး တရား ပွဲများပင်ဦးဆောင်နိုင်သောသူများဖြစ်သင့်သည်။

ဒုတိယကဏ္ဍအနေဖြင့် အသင်းထောက်၊ အသင်းထောက်မယ်များ တို့ သည် မရှိဆင်းရဲသား၊ လိုအပ်နေသူများနှင့် နာမကျန်းဖျားနာသူများကို ကြည့်ရှု ပြုစုပေးရန် တာဝန်ရှိသည်။ မကျန်းမာသူ၊ ဆင်းရဲသား၊ စိတ်ဝေဒနာ ခံစားနေ ရသူများ၊ ဒုက္ခပြဿနာနှင့်ရင်ဆိုင်ရသူများ၊ အထီးကျန်နေသူများ၊ အိမ်အပြင် မထွက်နိုင်သူများ၊ မိတ်ဆွေမဲ့နေသူများ၊ အသက်ကြီးသူများကို ကူညီအားပေး ရန်တာဝန်ရှိသည်။ အစားအစာနှင့်နေစရာမရှိသော သူများကို စားစရာနှင့် နေ အိမ်အတွက် စီစဉ်ပေးရမည်။ ဆေးရုံဆေးခန်းသွားရန် ချိန်းဆိုထားသူများ မိမိတို့ကိုယ်တိုင်မသွားနိုင်သောအခါ ကူညီပို့ဆောင်ပေးသည့် အဖွဲ့ဖွဲ့ထားပေး ခြင်း၊ တရားရင်ဆိုင်နေရသူများအတွက် ဥပဒေပညာရှင်၊ ရှေ့နေများ ရှာဖွေ ငှားရမ်းပေးခြင်း၊ ဆင်းရဲသားများအတွက် ငွေကြေးထောက်ပံ့ပေးခြင်း၊ သား သမီးများသော အိမ်ထောင်များကိုကူညီပေးခြင်း၊ အိမ်၌ လိုအပ်သည်များကို ဝင်ရောက်ကူညီလုပ်ကိုင်ပေးခြင်းတို့ကို လုပ်ဆောင်ရမည်။ အသင်းထောက်နှင့်

အသင်းထောက်မယ်များသည် လက်တင်ဓမ္မဆရာနှင့်သာမန်အသင်းသားများ တို့နှင့်အတူအဖွဲ့ဖွဲ့ပြီး ဘုရားသခင်၏ အမှုတော်ကိုလုပ်ဆောင်ရန် လိုအပ်ပါ သည်။ တတိယကဏ္ဍအနေဖြင့် အသင်းထောက်၊ အသင်းထောက်မယ်တို့

သည် စီမံကွပ်ကဲခြင်းအလုပ်၌ ဦးဆောင်ပါဝင်ရမည်။ ပထမရာစုနှစ်ခရစ်ယာန် သမိုင်းအရ၊ အသင်းထောက်များအနေဖြင့် နေ့စဉ်မုဆိုးမများကို အစာလိုက်လံ ဝေငှပေးကြသည်။ အသင်းတော်အတွင်း ပေါ်ပေါက်လာသော ပြဿနာကို ဖြေရှင်းပေးကြသည်။ ထိုသို့လုပ်ဆောင်ရန် အလုပ်ကဏ္ဍသည် ၂၁ ရာစုနှစ် အထိ ဆက်လက်တည်ရှိကြောင်း အတည်ပြုထားသည်။ အသင်းတော်အတွင်း စိတ် ဝမ်းကွဲပြားမှုပြဿနာများကို ဝင်ရောက်ကူညီဖြေရှင်းခြင်းကြောင့် အသင်းအုပ် ဆရာနှင့်အသင်းလူကြီးများ တရားဟောပြောခြင်း၊ ဆုတောင်းခြင်း၊ အာရုံပြု ခြင်းအမှုများကို ပြေလည်ချောမွေ့စေသည်။ အသင်းထောက်၊ အသင်းထောက် မယ်များအနေဖြင့် အသင်းတော်မှထားရှိသော စည်းမျဉ်းစည်းကမ်းများကို အသင်းသားများတို့နှင့်အတူ ကူညီထိန်းသိမ်းကြရန်တာဝန်ရှိသည်။ အသင်း တော်အတွင်း မိသားစုပြဿနာ၊ ပဋိပက္ခမှုများ၊ ငွေရေးကြေးရေးအရှုပ်အရှင်း၊ လင်မယားကွာရှင်းပြတ်စဲလိုခြင်း၊ အိမ်ထောင်ရေးပြဿနာ စသည်များကို လည်းကောင်း၊ မိဘနှင့်သားသမီးဆက်နွှယ်မှု၊ လက်မထပ်မီကာလ လူငယ် လူရွယ်များကိုအကြံပေးခြင်းများတွင် ပါဝင်ကူညီပေး၊ အကြံဉာဏ်ပေးတတ် ကြရမည်။ ထို့အတွက်ကြောင့် အသင်းထောက်အသင်းထောက်မယ်များသည် သင်တန်းကို ကောင်းမွန်စွာခံယူသင်ကြားထားပြီး အသင်းသားများကိုထိရောက် စွာအကြံပေးနိုင်သောသူများဖြစ်ဖို့ရန် လိုအပ်ပါသည်။ စတုတ္ထနှင့်နောက်ဆုံး ကဏ္ဍအနေဖြင့် အမျိုးသားအသင်းထောက်များမှ ပါဝင်ဖွဲ့စည်းသော ဘုတ်အဖွဲ့ ကိုဖွဲ့စည်းလုပ်ဆောင်ရန်ဖြစ်သည်။ နှစ်ခြင်းအသင်းတော်အနေဖြင့် ၁၈၀၀ ခုနှစ် လိုနှစ်များမှစပြီး အသင်းတော်အတွင်း အသင်းထောက်စီးပွားရေးမန်နေဂျာကို စတင်ခန့်အပ်ထားကြသည်။ အမေရိကန်လူမျိုးများတို့၏ ထုံးစံဓလေ့ကို အတု ယူထားခြင်းဖြစ်ကြသည်။ (၁၉) ရာစုနှစ် ဒုတိယပိုင်း၌ အသင်းတော်အတွင်း အမျိုးသားများအားလုံး ညွှန်ကြားရေးမှူးများတာဝန်ကို ဝင်ရောက်လုပ်ကိုင်လာ ကြသည်။ အသင်းတော်မှ ထိုသို့ လုပ်ဆောင်လာခြင်းကြောင့် အမျိုးသားအသင်း ထောက်များသည် အမှုတော်ဆောင်ရွက်ခြင်းအလုပ်ကို စွန့်ခွာကာ စီမံကွပ်ကဲ ခြင်းဘက်သို့ စိတ်ပါလာကြသည်။ ထိုထက်ပို၍ကျယ်ပြန့်လာပုံမှာ အမျိုးသမီး အသင်းထောက်နှင့် အသင်းထောက်မယ်များသည်လည်း စီမံကွပ်ကဲခြင်းမှာ ပိုမိုစိတ်ဝင်စားလာကာ (၁၉) ရာစုနှစ်အတွင်း ၎င်းတို့၏ မူလတာဝန်ကဏ္ဍမှာ ကျဆင်းသွားသည်။ ယခုတိုင် အချို့သောအသင်းတော်များ၌ အသင်းထောက်ကို စီးပွားရေးစီမံသူအဖြစ် ခန့်အပ်ဆဲဖြစ်သည်။ အခြားသူများက အသင်းထောက် သည် လုပ်ဆောင်သူ သာဖြစ်ကြရမည်။ အသင်းတော်ကိုစီမံအုပ်ချုပ်ကွပ်ကဲသူ မဟုတ်ဟု ခံယူ ကြသည်။

ယခုစုစည်းတင်ပြပေးခဲ့သော စာအုပ်စာပေများ၏ ရှုထောင့်နှင့် ယခု ရေး သားသော ဤစာအုပ်၏ ဗဟိုပြုချက်သည် အသင်းထောက်အသင်းထောက် မယ်များအမှုတော်ကို ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်သည်။ ထိုသူများ၏ကဏ္ဍတာဝန်မှာ ကျမ်းစာသင်ပေးခြင်း၊ ဖျားနာသူများကိုလည်း ကောင်း၊ လိုအပ်နေသူများကိုလည်းကောင်း မတူညီသော စီစဉ်ပေးခြင်းအမျိုး မျိုး၊ အသင်းတော်၏ရုပ်ပုံလွှာကို လှပသန့်ရှင်းစေခြင်းများ၊ အသင်းတော်ပိုင် ပစ္စည်း ထိန်းသိမ်းခြင်းများတွင် အသင်းထောက်အသင်းထောက်မယ်များ ပါဝင် လုပ်ဆောင်ရန် မြော်လင့်ခြင်းအသင်းတော်မှသတ်မှတ်ထားပါသည်။ ဘုရားရှင် ချပေးထားသောစွမ်းရည်ဆုကျေးဇူးကို ဟန်ချက်ညီညီဖြင့် အမှုတော်အတွက် အသုံးတော်ခံရန်အတွက်ဖြစ်သည်။ သူတို့၏ ခွန်အားကို တလွဲသုံးပြီး အသင်း တော်ကိုစီမံအုပ်ချုပ်ပြီးမန်နေဂျာလုပ်ဆောင်ရန်မဟုတ်ပါ။






No comments:

Post a Comment