အခန်း - ၁၀။ မကောင်းမှုအစမူလ
အခန်း - ၁၄။ ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်း
အခန်းကြီး - ၁၀။
၁၀။ မကောင်းမှုအစမူလ
THE ORIGIN
OF EVIL
မည်သည့်နည်းဖြင့်အပြစ်စတင်လာပါသနည်း။
၁ ယောဟန် ၃း၈၊ “မာရ်နတ်သည်ရှေးဦးစွာမှစ၍ ဒုစရိုက်ကိုပြုသော သူဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကို ပြု၏။ ထိုသူသည် မာရ်နတ် နှင့်ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှာ၊ ဘုရားသခင်၏ သားတော် သည်ထင်ရှားပေါ်ထွန်းတော်မူ၏။” (ယေဇကျေလ ၂၈း၁၂-၁၉)။
မာရ်နတ်သည် သစ္စာတရား၌ ရှိခဲ့ဖူးကြောင်း အခြားကျမ်းချက်များက ဖော်ပြထားပါသည်။
ယောဟန် ၈း၄၄၊ “သင်တို့သည် သင်တို့၏ အဖတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဖ၏ အလိုသို့လည်း လိုက်ကြ၏။ မာရ် နတ်သည်ရှေးဦးစွာ မှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရား မရှိသောကြောင့်၊ သစ္စာတရား၌မတည်မနေ။ သူသည် မုသာစကားကိုပြော သောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ကျင်လည်သောသူ
ဖြစ်၏။ မုသားအဖလည်းဖြစ်၏။”
ကောင်းကင်ဘုံ၌စုံလင်သောနံနက်သားမိုးသောက်ကြယ်ဟု အခေါ်ခံခဲ့ သော ကောင်းကင်တမန်စာတန်၌ မည်သို့ ဖြစ်ခဲ့ပါသနည်း။
ဗျာဒိတ် ၁၂း၉၊ “ဤလောကတနိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ် စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို၎င်း၊ သူနှင့် အတူ၊ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ချလိုက်ကြ၏။”(ယုဒ ၆။ ၂ ပေတရု ၂း၄။ ယေရှာယ ၁၄း၁၂- ၁၇)
လှည့်ဖြားခြင်းအားဖြင့် ဤကမ္ဘာလောကသို့ မည်သူသည်အပြစ်နှင့် သေခြင်းကို ယူဆောင်လာပါသနည်း။
ကမ္ဘာဦး ၃း၁-၆၊ “မြွေသည် ထာ၀ရဘုရားသခင်ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊ သင်တို့သည် ဥယျာဉ်၌ ရှိသမျှသော အပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ်ဘုရား သခင်မိန့်တော်မူသလောဟု မေး၏။ မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်၌ ရှိသောအပင်တို့၏ အသီးကိုစားရသောအခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ မြွေကလည်း၊ သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်။ အကြောင်းမူကား၊ ထိုအသီးကို စားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက်၊ ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမ အား ဆို၏။ ထိုအပင်သည်စားဖွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာ တိုးပွားစေလိုသောငှာ၊ နှစ်သက်ဖွယ်ကောင်းသော အပင်ဖြစ်ခြင်းကို မိန်းမ သည်မြင်လျှင်၊ အသီးကိုယူ၍စား၏၊ မိမိခင်ပွန်းအားလည်းပေး၍ သူသည် လည်း စား၏။” (ကမ္ဘာဦး ၃း၇-၂၄။)
မှတ်ချက်။ နားမထောင်ခြင်းကြောင့်အာဒံနှင့် ဧ၀တို့သည် အသက်ကို ဆုံးရှုံးခဲ့ပါသည်။ အပြစ်၏အခသည် သေခြင်းဖြစ်သောကြောင့်၊ ထိုအပြစ်သည် သေခြင်းကိုယူဆောင်လာပါသည် (ရောမ ၆း၂၃)။
ဤကမ္ဘာပေါ်ရှိလူမည်မျှအပေါ်၌ သေခြင်းရောက်ရှိလာပါသနည်း။
ရောမ ၅း၁၂၊ “အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤ လောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရား ဝင်သည်နှင့်အညီ၊ လူ အပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” (ရောမ ၈း၂၂။ ၁ ကောရိန်သု ၁၅း၂၂။ ၁ ယောဟန် ၂း၅-၈)။
အခန်းကြီး - ၁၁။
၁၁။ ရွေးနုတ်ခြင်းစီမံကိန်း
THE PLAN
OF REDEMPTION
လူသည်မိမိကြိုးစားအားထုတ်ခြင်းဖြင့် မိမိကိုယ်ကို ကယ်တင်နိုင်ပါ သလား။
ယေရမိ ၁၃း၂၃၊ “လူသည် မိမိအရေ၏ အဆင်းကို၎င်း၊ ကျားသစ် သည် မိမိအကွက်အကျားတို့ကို၎င်း၊ ပြောင်းလဲနိုင်ပါသလော။ ပြောင်းလဲနိုင် လျှင်၊ ဒုစရိုက်ကိုပြုလေ့ရှိသော သူတို့သည်၊ သုစရိုက်ကိုပြုခြင်းငှာ တတ်နိုင်ကြ လိမ့်မည်။”
မည်သည့်နေရာမှသာ ကျွန်ုပ်တို့ကယ်တင်ခြင်းရရှိနိုင်ပါသနည်း။
တမန်တော် ၄း၁၂၊ “ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင် နိုင်သော နာမတစုံတခုမျှကောင်းကင်အောက်လူတို့တွင် မပေါ်မရှိ။”
မှတ်ချက်။ တမန်တော်ပေတရုသည် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဖြစ်တော်မူသော ယေရှုခရစ်တော်ကို ဆိုလိုခြင်း ဖြစ်ကြောင်း အခန်းငယ် ၁၀ တွင် ကျွန်ုပ်တို့ ဖတ်ရပါသည်။
အပြစ်ကြောင့်သေဆုံးဖို့ရန် ပြစ်ဒဏ်စီရင်ခြင်းကို လူတို့ခံရသောအခါ ဘုရားသခင်သည် မည်သည့်အမှုကိုပြုတော်မူပါသနည်း။
ယောဟန် ၃း၁၆၊ “ဘုရားသခင်သည် လောကီသားတို့ကို အလွန် ချစ်တော်မူသောကြောင့်၊ မိမိ၏သားတော်ကို ယုံကြည်သော သူအပေါင်းတို့ သည် ပျက်စီးခြင်းသို့ မရောက်ရဘဲ၊ ထာ၀ရအသက်ကိုရစေခြင်းငှာ၊ တပါး တည်းရှိသော ထိုသားတော်ကို စွန့်တော်မူ၏”
အဘယ်ကြောင့်ယေရှုကိုကယ်တင်ရှင်ဟုကျွန်ုပ်တို့ခေါ်ဆိုပါသနည်း။
မဿဲ ၁း၂၁၊ “သူသည်သားယောက်ျားကို ဖွားမြင်လိမ့်မည်။
ထိုသားသည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူ ဖြစ်သောကြောင့် ယေရှု ဟူသောအမည်ဖြင့် မှည့်ရမည်။”
မှတ်ချက်။ ယေရှု၏အဓိပ္ပါယ်မှာ “ကယ်တင်ရှင်” ဖြစ်ပါသည်။ ၎င်း သည် ယေရှု၏နာမပင်ဖြစ်ပါသည်။
ဤလောကသို့ကြွလာရခြင်းအကြောင်းကို သခင်ယေရှုကမည်သို့ ပြော ခဲ့ပါသနည်း။
လုကာ ၁၉း၁၀၊ “လူသားသည်ပျောက်သောသူတို့ကိုရှာ၍ ကယ်တင် အံ့သောငှာ ကြွလာသတည်း။”
မှတ်ချက်။ ပျောက်သောသူဟုဆိုရာ၌ လူအားလုံးအကျုံးဝင်ပါသည်။ သခင်ယေရှုသည် ပျောက်သောသူတို့ကို ရှာဖို့သာမကပါ။ ဤကမ္ဘာလောကသို့ အပြစ်ကိုယူဆောင်လာသောစာတန်မာရ်နတ်ကိုပါ ဖျက်ဆီးဖို့ဖြစ်ပါသည်။
ဟေဗြဲ ၂း၁၄၊၁၅၊ “ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံ ကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသောအားဖြင့်၊ သေခြင်း တရားကိုအစိုးရသောသူတည်းဟူသော မာရ်နတ်၏ တန်ခိုးကိုချိုးဖဲ့ဖျက်ဆီး ခြင်းငှာ၎င်း၊ သေဘေးကိုကြောက်၍ တသက်လုံးကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှာ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူ တော်မူ၏။”
လူတို့သေဆုံးခြင်းကိုဘုရားသခင်အလိုတော်ရှိပါသလား။
ယေဇကျေလ ၁၈း၃၂၊ “သေသောသူ၏ သေခြင်းအမှု၌ ငါသည် ပျော် မွေ့ခြင်းမရှိ။ ထို့ကြောင့်ပြောင်းလဲ၍ အသက်ရှင်ကြလော့ဟု အရှင်ထာ၀ရ ဘုရား မိန့်တော်မူ၏”
မေတ္တာတော်နှင့်ခေါ်ဖိတ်တော်မူခြင်းကိုမည်သူတို့ လွတ်လပ်စွာတုံ့ပြန်
နိုင်ပါသနည်း။
ဗျာဒိတ် ၂၂း၁၇၊ “ဝိညာဉ်တော်နှင့် မင်္ဂလာဆောင် သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟုဆိုစေ။ ရေငတ်သော သူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးပဲ အသက်ရေကိုယူပါ စေ။”
ဘုရားသခင်သည်ကျွန်ုပ်တို့လို အပြစ်သားများကို အမှန်တကယ် ချစ် ပါသလား။
ရောမ ၅း၈၊ ၉၊ “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့ အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။ သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ရောက်မည်ဟုသာ၍ မြော်လင့်စရာရှိ၏။” ယေရှာယ အခန်းကြီး ၅၃ ကိုအစမှအဆုံးထိဖတ်ပါ။ ဘုရားသခင်၏သိုးသငယ်ဖြစ်သော ယေရှုခရစ်တော်သည် ကရာနီ လက်ဝါး ကပ်တိုင်ပေါ်၌ ကျွန်ုပ်တို့၏အပြစ်များ ယူဆောင်သွားခြင်းအကြောင်းကို ကြိုတင်ဟောထားပါသည်။
ဘုရားသခင်၏ ရွေးနုတ်ခြင်းစီမံကိန်းတွင် လူတို့နေထိုင်ရာဖြစ်သော ကမ္ဘာမြေကြီးကို မူလအခြေအနေအတိုင်းပြန်ဖြစ်စေဖို့ ပါဝင်ပါသလား။
မိက္ခာ ၄း၈၊ “အိုသိုးစု၏ရဲတိုက်၊ ဇိအုန်သမီး၏ခံတပ်၊ သင်၌အရင် တည်သော အစိုးရအာဏာ တည်လိမ့်မည်။ ယေရုရှလင် သမီးလက်သို့နိုင်ငံ တော်တဖန် ရောက်လိမ့်မည်။”
မှတ်ချက်။ မြေကြီးနှင့်မြေကြီး၌ရှိသောအရာခပ်သိမ်းအုပ်စိုးခြင်း အခွင့် ဘုရားသခင်သည် မိမိဖန်ဆင်းထားသော လူ၏လက်သို့ ပေးအပ် တော်မူခဲ့ပါ သည် (ကမ္ဘာဦး ၁း၂၆-၂၈)။ ၎င်းအုပ်စိုးခြင်းအခွင့်ကိုလူသည် ခရစ်တော်အား ဖြင့် ပြန်လည်ရရှိပါလိမ့်မည်။
ဖြောင့်မတ်သောသူများနှင့် ဆိုးသောသူတို့သည် မည်သည့်အရပ်၌ မိမိတို့ အကျင့်အတိုင်းပေးဆပ်ခြင်းခံရမည်နည်း။
သုတ္တံ ၁၁း၃၁၊ “ဖြောင့်မတ်သောသူတို့သည် မြေကြီးပေါ်၌ပေးဆပ် ခြင်း ခံရလျှင်၊ ဆိုးသောသူနှင့် အပြစ်သားတို့သည် သာ၍ခံရကြလတံ့။”
နူးညံ့သိမ်မွေ့ သောသူများနှင့်စပ်လျဉ်း၍ သခင်ယေရှုသည် မည်သို့ ပြောဆိုပါသနည်း။
မဿဲ ၅း၅၊ “စိတ်နူးညံ့သိမ်မွေ့သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော် (မြေကြီး) ကိုအမွေခံရကြလတံ့။”
မှတ်ချက်။ အပြစ်ဒုစရိုက်ခပ်သိမ်းမှ ဆေးကြော၍ ပြန်လည် တည် ထောင်သောအခါ မြေကြီးသစ်သည် အလွန်လှပတင့်တယ်မည်ဖြစ်ကြောင်း၊ ယေရှာယ ၃၅- အထူးသဖြင့် အခန်းငယ် ၅၊ ၆။ ယေရှာယ ၄၅း၁၈ နှင့် ဗျာဒိတ်ကျမ်းနောက်ဆုံး အခန်းကြီး ၂ ခုတို့မှ ကျွန်ုပ်တို့ဖတ်ရှုနိုင်ပါသည်။
ဤကမ္ဘာလောကကြီး၏ ဆိုးသွမ်းခြင်းအဖြစ်ကို မည်သို့ ဆေးကြော ပစ်ပါမည်နည်း။
၂ ပေတရု ၃း၁၀၊ “သူခိုးသည် ညအခါလာသကဲ့သို့၊ ထာ၀ရဘုရား၏ နေ့ရက်သည်လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည် ကြီးစွာသောအသံနှင့် တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြ လိမ့်မည်။ မြေကြီးကိုယ်မှစ၍ မြေကြီးပေါ်မှာ ပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။”
မီးဖြင့်မြေကြီးဆေးကြောပြီးပြီးနောက် ကျွန်ုပ်တို့သည် ဘာကိုမျှော်လင့် ရပါမည်နည်း။
၂ ပေတရု ၃း၁၃၊ “ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း၊
ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုငါတို့ သည် ကတိတော်နှင့်အညီ မြော်လင့်ကြ၏။” (ဗျာဒိတ် ၂၁း၁၊ ၂။ ယေရှာယ ၆၅း၁၇-၂၅)၊
ကယ်တင်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ မည်သို့ရရှိနိုင်မည်နည်း။
ပထမအဆင့်၊ ယုံကြည်ပါ။ တမန်တော် ၁၆း၃၁၊ “သခင်ယေရှု ခရစ် တော်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်. . . သည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။”
မှတ်ချက်၊ ဤတွင်တမန်တော်သည်၊ “ကယ်တင်ခြင်းရသည်ဟုခံစား လိမ့်မည်ဟု မပြောပါ။ “ကယ်တင်ခြင်း ရလိမ့်မည်” ဟုပြောပါသည်။ အပြစ်ရှိ သည်ဟုစွပ်စွဲခြင်းနှင့် အပြစ်၏အခသေခြင်းမှ ကျွန်ုပ်တို့ကယ်တင်ခြင်းခံရမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် တအားကြိုးစားပြီး ပညတ်တော်တို့ကို စောင့်ရှောက် လျက်နှင့်ကယ်တင်ခြင်းမရဘဲနေနိုင်ပါသလား။
ရောမ ၃း၂၀၊ “ပညတ်တော်တရား၏အကျင့်အားဖြင့် ဘုရားသခင့်
ရှေ့တော်၌ အဘယ်သူမျှဖြောင့်မတ်ရာသို့ မရောက်ရာ”
မှတ်ချက်။ “ဖြောင့်မတ်ရာသို့ရောက်သည်” ဟူသောစကား၏ အဓိ ပ္ပါယ်မှာ ဘုရားသခင်၏ရှေ့တော်၌ ဖြောင့်မတ်သည်ဟု မှတ်ယူခြင်းခံရခြင်း ပင်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ကိုယ်ပိုင်ခွန်အားနှင့် ပညတ်တော်ကိုနားထောင်လိုက် လျှောက်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်း မရရှိနိုင်ပါလျှင်၊ ကျွန်ုပ် တို့အတွက် မျှော်လင့်ချက်ရှိပါသလား။
ရောမ ၈း၃၊ “ဇာတိပကတိကြောင့်ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြုတော်မူခြင်းငှာ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဍာန်ကိုဆောင်သော မိမိသားတော်ကိုစေလွှတ်တော်မူ၍၊ အပြစ်ဖြေဖို့ရာ ဇာတိပကတိ၌ အပြစ်ကိုဒဏ်ပေးတော်မူ၏။”
ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် (ယုံကြည်ခြင်းနှင့်အညီ နေထိုင်မည်) ဟု ရောမ ၁း၁၇ တွင်ရေးသားထားပါ သည်၊ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်သောအခြေအနေ၌ရှိရန်အတွက်၊ ဝိညာဉ်ရေး၌ သေနေသောသူမဖြစ်ရဘဲ၊ ဘုရားသခင်၏ရှေ့တော်၌ အသက် ရှင်နေထိုင်ရသော ယုံကြည်ခြင်းမျိုးရှိရပါမည်။
ကယ်တင်ခြင်းရရှိရန် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် မည်သူ့အပေါ်၌
မူတည်ရမည်နည်း။
တမန်တော် ၁၆း၃၁၊ သခင်ယေရှုခရစ်တော်ကို ယုံကြည်ရန် ထောင်မှူး အား တမန်တော်ညွှန်ကြားခဲ့ပါသည်။ လက်ဝါးကပ်တိုင်ပေါ်မှာ ကျွန်ုပ်တို့ ကိုယ်စား အသေသတ်ခံတော်မူသော သခင်ယေရှုကို ကျွန်ုပ်တို့၏ ကယ်တင် ရှင်အဖြစ်ကျွန်ုပ်တို့ ယုံကြည်လက်ခံရပါမည်။ ကျွန်ုပ်တို့၏ အပြစ်ကြောင့် ကိုယ်တော်အသေခံတော်မူခြင်း ဖြစ်ပါသည် (၁ ကောရိန်သု ၁၅း၃)။ ပညတ် တရားကို ကျူးလွန်ခြင်းသည် ဒုစရိုက်အပြစ်ဖြစ်သောကြောင့်၊ ကျွန်ုပ်တို့၏ နေရာကို ယူလိုက်ခြင်းဖြစ်ပါသည် (၁ ယောဟန် ၃း၄)။ ထို့အတွက်ကြောင့် ဘုရားသခင်သည် အခမဲ့ဆုကျေးဇူးအဖြစ် ကယ်တင်ခြင်းကို ကျွန်ုပ်တို့အား ပေးကမ်းခဲ့သည်ဖြစ်သောကြောင့်၊ ကိုယ်တော်၏ ရှေ့တော်၌ကျွန်ုပ်တို့သည် ဖြောင့်မတ်သောသူဟု မှတ်ယူခြင်းခံရပါသည်။ ကျွန်ုပ်တို့၏ နေရာကို ယူလိုက် သောသခင်ယေရှုကို ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ် ကျွန်ုပ်တို့ ယုံကြည် လက်ခံလိုက်သောအခါ၊ ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်းကို ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်းအဖြစ် ဘုရားသခင်သတ်မှတ်ပေးခဲ့ပါသည်။ ထိုအခါကျွန်ုပ်တို့ ၏ အပြစ်များကို သခင်ယေရှု၏အပြစ်အဖြစ်ပြောင်းလွဲသွားခဲ့ပါသည်။
လွန်ခဲ့သောနှစ်ပေါင်းထောင်ချီကာလ၌ အာဗြဟံသည် ဖြောင့်မတ်ခြင်း ကို မည်သည့်နည်းဖြင့် ရရှိပါသနည်း။
ရောမ ၄း၃၊ “အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။”
မှတ်ချက်။ ကျွန်ုပ်တို့သည်လည်း မိမိတို့၏ကယ်တင်ရှင်အဖြစ် သခင် ယေရှု ခရစ်တော်ကို ယုံကြည်လက်ခံကြသောအခါ၊ ကိုယ်တော်၏ ဖြောင့်မတ် ခြင်းကို ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ “တယောက်သောသူ (သခင်ယေရှု)၏ ဖြောင့်မတ်ခြင်းအားဖြင့်၊ လူအပေါင်းတို့ သည် အသက်နှင့်ယှဉ်သော ဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကိုရကြ၏ (ရောမ ၅း၁၈)” ဟု ရှင်ပေါလုပြောကြားခဲ့ပါသည်။ ၎င်းသည် “အခမဲ့ဆု ကျေးဇူးဖြစ်၍၊ တစ်ယောက်သောသူတည်းဟူသော ယေရှုခရစ်တော်အားဖြင့် ရရှိသော ကျေးဇူးတော်၏ အကျိုးဖြစ်ပါသည် (၅း၁၅)။” ၎င်းသည် အပြစ်သား များဖြစ်ကြသော ကျွန်ုပ်တို့နှင့်လုံး၀မထိုက်တန်သော ဆုကျေးဇူး ဖြစ်ပါသည်။ ၎င်းသည် ထိုက်တန်ခြင်းမရှိသော ဘုရားသခင်၏ မေတ္တာတော်နှင့် ကျေးဇူး တော်ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် တမန်တော်သည်၊ “ယုံကြည်သော အားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလို အလျောက် ရောက်သည်မဟုတ်။ ဘုရားသခင်သနား တော်မူရာဖြစ်သတည်း (ဧဖက် ၂း၈)”
ပြစ်ဒဏ်စီရင်ခြင်းမခံရသောသူ၊ မည်သူဖြစ်သည်ဟု သခင်ယေရှု မိန့်တော်မူခဲ့ပါသနည်း။
ယောဟန် ၃း၁၈၊ “သားတော် (ယေရှု) ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၏ တပါး တည်းသော သားတော် ကိုမယုံကြည်သောကြောင့်၊ ယခုပင်အပြစ်စီရင်ခြင်းကို ခံရ၏။”
မှတ်ချက်။ ဤယုံကြည်ခြင်းသည် သခင်ယေရှုအားအသေ သတ်ခြင်းခံ သော ရွေးနုတ်ရှင်အဖြစ် ယုံကြည်လက်ခံခြင်း ဖြစ်ပါသည်။ ယောဟန် ၃း၁၄၊၁၅ ၌ ဤသို့ဖတ်ရပါသည်။ “မောရှေသည် တော၌ မြွေကိုမြှောက်ထား သကဲ့သို့ လူ၏ သားသည် မြှောက်ထားခြင်းကိုခံရမည်။ အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သော သူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာ၀ရအသက်ကိုရမည် အကြောင်းတည်း။”
ကယ်တင်ရှင်နှင့်ရွေးနုတ်ရှင်အဖြစ် သခင်ယေရှုကို ကျွန်ုပ်တို့ယုံကြည် လျက်၊ ကမ်းလှမ်းသော ကယ်တင်ခြင်းကို ကျွန်ုပ်တို့လက်ခံသောအခါ၊ ဘုရား သခင်သည် ကျွန်ုပ်တို့အတွက်ဘာလုပ်ပေးပါသနည်း။
ဆာလံ ၅၁း၁၀၊ “အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သam နှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင် တော်မူပါ။” ဘုရားသခင်သည် ဝိညာဉ်ရေးဘက်၌ ကျွန်ုပ်တို့ကိုအသစ်ပြုပြင် ဖန်ဆင်းတော်မူပါသည်။ ၎င်းကိုအသစ်မွေးဖွားခြင်းဟု ခေါ်ဆိုပါသည်။ “ရေ နှင့်ဝိညာဉ်တော်ဖြင့် မမွေးသောသူမည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရ (ယောဟန် ၃း၅)” ဟု သခင်ယေရှုမိန့်တော်မူပါသည်။
ဒုတိယအဆင့်၊ အပြစ်နောင်တရပါ။
လုကား ၁၃း၃၊ “သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။”
ကမ္ဘာလောကတစ်ခုလုံးသို့မည်သည့်တရားဟောရမည်ဟု သခင်ယေရှု
အမိန့်ရှိပါသနည်း။
လုကား ၂၄း၄၇၊ “ခရစ်တော်၏နာမ(အခွင့်)အားဖြင့် နောင်တတရား နှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစ၍ လူမျိုးတကာတို့အား ဟောပြောရမည်”
စစ်မှန်သောနောင်တရခြင်း၏ အထောက်အထားတစ်ခုသည် အဘယ် နည်း။
တမန်တော် ၂၆း၂၀၊ “လူတို့သည်နောင်တရရမည်။ နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကိုကျင့်ရမည်။ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲရ မည်။”
မှတ်ချက်။ လူတစ်ဦးတစ်ယောက် အမှန်တကယ်နောင်တရလျှင်၊ သူ့ အသက်တာ၌ထင်ရှားရလိမ့်မည်၊ သူ့အသက်တာ၌ ပြောင်းလဲခြင်းရှိလိမ့်မည်။ သူသည်မရိုးသားခဲ့သော်၊ ရိုးသားလာလိမ့်မည်။ ညှစ်ညူးခဲ့သော်၊ ဖြူစင်လာ လိမ့်မည်။ အသက်တာ၌ အမှားမှားအယွင်းယွင်းဖြစ်ခဲ့သော် အရာအားလုံးကို သူ့အထဲ၌ လှုပ်ရှားလာသောခရစ်တော်၏ တန်ခိုးတော်နှင့် ဘုရားသခင်၏ မစတော်မူခြင်းအားဖြင့် အမှန်အကန်ဖြစ်အောင် ကြိုးစားလာပါလိမ့်မည်။ ခိုးယူခဲ့သောအရာတို့ကို ပြန်လည်ပေးအပ်လာပါမည်။ ပြုမိခဲ့သောအပြစ်တို့ကို ဝန်ချတောင်းပန်လျက်၊ ဖုံးကွယ်ရန်မကြိုးစားတော့ဘဲ၊ စွန့်ပစ်လာပါမည်။
တတိယအဆင့်၊ ယေရှုခရစ်တော်ကို ဝန်ခံပါ။ နှုတ်နှင့်ပါးစပ်ဖျား၌ သာမကဘဲ၊ စစ်မှန်သောခရစ်ယာန်အသက်တာဖြင့် မိမိကယ်တင်ရှင်အဖြစ် ခရစ်တော်ကို ဝန်ခံရပါမည်။
လုကား ၁၂း၈၊ “အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ဘုရား သခင်၏ ကောင်းကင်တမန်တို့ရှေ့မှာ လူသားသည် ထိုသူကို ဝန်ခံမည်။”
စတုတ္ထအဆင့်၊ ဗတ္တိဇံ (ရေနှစ်ခြင်း) ခံပါ။
မာကု ၁၆း၁၆၊ “ယုံကြည်၍ ဗတ္တိဇံ (ရေနှစ်ခြင်း) ကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ရောက်လတံ့။ မယုံကြည်သောသူမူကား၊ အပြစ်စီရင် ခြင်းကို ခံရလတံ့။”
ပင်တေကုတ္တေပွဲနေ့တွင် တရားဟောရာ၌ ဗတ္တိဇံအကြောင်းတမန် တော် ပေတရုမည်သို့ ဟောကြားခဲ့ပါသနည်း။
တမန်တော် ၂း၃၈၊ “သင်တို့၏ အပြစ်ကိုလွှတ်စေခြင်းငှာ နောင်တရ၍ တယောက်မျှမကြွင်း၊ ယေရှုခရစ်တော်၏ နာမ၌ ဗတ္တဇံကို ခံကြလော့။ သို့ပြု လျှင် သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြ လိမ့်မည်။
မှတ်ချက်။ ခရစ်တော်ကို မိမိတို့၏ ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်း ဖြင့် ကျွန်ုပ်တို့လက်ခံသောကြောင့် အပြစ်စီရင်ခြင်းမှ ကျွန်ုပ်တို့လွတ်မြောက်ခဲ့ ပါသည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်ရာသို့ ရောက်ခဲ့ပါသည်။ ကျွန်ုပ်တို့ အထဲ၌ ကိန်းအောင်းသော သန့်ရှင်းသော ဝိညာဉ် တော်၏ တန်ခိုးတော်ကြောင့်လည်းကောင်း၊ အာရုံပြု၍ ဆုတောင်းခြင်းနှင့် တကွ နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာခြင်းအားဖြင့်လည်းကောင်း၊ နှုတ်က ပတ်တော်အတိုင်း အသက်ရှင်ခြင်းအားဖြင့် လည်းကောင်း၊ ကျွန်ုပ်တို့သည် ကျေးဇူးတော်၌ ကြီးထွားလာရပါမည်။ ထိုသို့ကျေးဇူးတော်၌ ကြီးထွားခြင်းကို သန့်ရှင်းသည့်ဘ၀ (Sanctification) ခေါ်ဆိုပါသည်။ ၎င်းသန့်ရှင်းသည့်ဘ၀ သည် အသက်ရှင်သည့် ကာလပတ်လုံး ဆက်လက်ကြီးထွားခြင်း ရှိရပါမည်။ ကျွန်ုပ်တို h၏ ကယ်တင်ရှင် ဒုတိယအကြိမ်ကြွလာသောအခါ၊ (Glorification) ခေါ် ဘုန်းတော်နှင့်ပြည့်၀သော ဘ၀သည်၊ နောက်ဆုံး တံပိုးမှုတ်သော အချိန် ၌မျက်စိတမှိတ်၊ လျှပ်တပြက်အတွင်း ကျွန်ုပ်တို့ရရှိမည်ဖြစ်ပါသည် (၁ကောရိန် သု ၁၅း၅၁-၅၇)။
အခန်းကြီး - ၁၂။
၁၂။ သမ္မာကျမ်းစာ၏အနာဂတ်စကား
BIBLE
PROPHECY
မယုံကြည်ခြင်းအတွက် ဘုရားသခင်သည် မည်သည့် စိန်ခေါ်ချက်
ပြုခဲ့ပါသနည်း။
ရောမ ၁၅း၄၊ “ငါတို့သည် ကျမ်းစာ၌ပါသော သည်းခံခြင်း၊ သက်သာ ခြင်း အကြောင်းများကို အမှီပြု၍ မြော်လင့်ရသော အခွင့်ရှိစေခြင်းငှာ၊ ကျမ်း စာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမဩဝါဒပေးရန်ရေးထား သတည်း။”
ဘုရားသခင်သည် မိမိလျှို့ဝှက်ထားသောအရာများကို မည်သူတို့အား
ဖော်ပြပါသနည်း။
အာမုတ် ၃း၇၊ “အကယ်စင်စစ် အရှင်ထာ၀ရဘုရားသည် မိမိအစေခံ ပရောဖက်တို့အား (မိမိလျှို့ဝှက်ထားသောအရာများကို) မဖော်မပြဘဲ အဘယ် အမှုကိုမျှ စီရင်တော်မမူ။”
အနာဂတ်စကားများ ရှေးအခါ၌ မည်သို့ရောက်ရှိလာပါသနည်း။
၂ ပေတရု ၁း၂၁၊ “အနာဂတ္တိစကားသည် လူအလိုအားဖြင့်ဖြစ်ဖူး သည်မဟုတ်။ ဘုရားသခင်၏သန့်ရှင်းသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် ၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။”
မှတ်ချက်၊ ဘုရားသခင်သည် မိမိအကြံအစည်အားလုံးကို ဖော်ပြတော် မမူပါ။ ဖော်ပြတော်မူသောအရာတို့သည် ကျွန်ုပ်တို့အတွက်ဖြစ်ပါသည်။ တရား ဟောရာ ၂၉း၂၉၊ “မထင်မရှားသောအရာတို့သည် ငါတို့ဘုရားသခင်ထာ၀ရ ဘုရား၏ အငန်းအတာဖြစ်ကြ၏။” ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်းသည် အနာဂတ်စကား၏ အဓိကအကြောင်းတရားဖြစ်ပါသည် (၁ ပေတရု ၁း၉-၁၁)။
သခင်ယေရှုသည် ဒံယေလကို ပရောဖက်အဖြစ် အသိအမှတ်ပြုပါ သလား။
မဿဲ ၂၄း၁၅၊ “ထို့ကြောင့် ပရောဖက် ဒံယေလဟောသည်အတိုင်း ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေ သည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုဖတ်သောသူသည် နားလည်ပါစေ။”
မှတ်ချက်။ သမ္မာကျမ်းစာ၌ နောက်ဆုံးကျမ်းပိုင်းဖြစ်သော ဗျာဒိတ် ကျမ်းသည်လည်း အနာဂတ်စကားဖြစ်ပါသည်။ ၎င်းသည် ယေရှုခရစ်တော်၏ ဗျာဒိတ်တော် ဖြစ်ပါသည် (ဗျာဒိတ် ၁း၁)။
အနာဂတ်စကားတွင် ဘုရားသခင်သည် သမိုင်းကို တင်ကူးဖော်ပြထား ပါသည်။
ယေရှာယ ၄၆း၉၊၁၀၊ “ရှေးကာလ၌ ဖြစ်ဖူးသောအရာတို့ကို အောက် မေ့ကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတပါး အခြားသောဘုရားမရှိ။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါနှင့်တူသောသူတပါးမျှမရှိ။ အစမှအဆုံး တိုင်အောင်၎င်း၊ ရှေးကာလမှစ၍ မဖြစ်သေးသောအရာများကို၎င်း ဖော်ပြ လျက်၊ ငါ့အကြံတည်လိမ့်မည်။ ငါအလိုရှိသမျှ ငါပြည့်စုံစေမည်။”
ယေရှာယ ၄၂း၉၊ “ကြည့်ရှုလော့၊ အရင်ဟောသောအရာတို့သည် ဖြစ် ကြပြီ။ အသစ်သောအရာတို့ကို ယခုငါဟော၏။ မပေါ်လာမီ သင်တို့အားငါပြ နှင့်၏။”
ဘုရားသခင်သည် မယုံကြည်ခြင်းကို စိန်ခေါ်နေပါသည်။ သမိုင်းတွင် ပြည့်စုံခဲ့သောအနာဂတ်စကားများကို ကျွန်ုပ်တို့လည်း ဖော်ပြနိုင်ပါသည်။
ယေရှာယ ၄၁း၂၂၊၂၃၊ “ထုတ်ဖော်၍ အနာဂတ်အရာတို့ကို ငါတို့အား ပြကြစေ။ အရင်ဖြစ်ဖူးသောအရာတို့သည်အဘယ်သို့ဖြစ်သည်ကို ငါတို့ဆင်ခြင် ၍၊ ထိုအရာတို့၏အဆုံးကို သိရမည်အကြောင်း ဖော်ပြကြစေ။ သို့မဟုတ် ဖြစ် လတံ့သော အရာတို့ကို ငါတို့အား ဟောပြောကြစေ။ သင်တို့သည် ဘုရားများ ဖြစ်သည်ကို ငါတို့ သိရမည်အကြောင်းဖြစ်လတံ့သော အရာတို့ကို ပြကြလော့။ အချင်းချင်းကြည့်ရှု တွေ့မြင်မည်အကြောင်း၊ ကောင်းသောအမှု၊ ဆိုးသော အမှုတစုံတခုကို ပြုကြလော့။”
ခရစ်တော်ကိုယ်တော်တိုင် ပရောဖက်တစ်ပါးဖြစ်ပါသည်။
ယောဟန် ၁၃း၁၉၊ “ထိုအမှုအရာရောက်သောအခါ ငါသည် ဤမည် သော သူဖြစ်သည်ကို သင်တို့သည် ယုံကြည်စေခြင်းငှာ၊ မရောက်မီယခုပင် သင်တို့အားငါပြောနှင့်ပြီ။” (လုကာ ၂၄း၁၉။ ယောဟန် ၄း၁၉။ ၆း၁၄)။
ရှင်းရှင်းလင်းလင်းပြည့်စုံခဲ့သော မြို့ကြီးများ၊ နိုင်ငံများနှင့် လူမျိုးများ ဆိုင်ရာအနာဂတ်စကားများမှာ၊
၁။ ရှေးခေတ်အကြီးမားဆုံးသောမြို့ကြီးများတွင်တစ်ခုအပါအဝင် ဖြစ်သော ဘေဘီလုံမြို့ကြီးသည် နောက်ဆုံးတွင် ဖျက်ဆီးခြင်းခံရပြီး၊ လုံး၀ ပျက်သုန်းသွားခဲ့ပါသည်။ ယနေ့တွင် အပျက်အစီးလွင်တီးခေါင်အဖြစ်သာ တွေ့ရပါသည်။
ယေရှာယ ၁၃း၁၉-၂၂၊ “ခါလဒဲအမျိုးသာတို့၏ ဘုန်းအသရေဖြစ် သော ဘေဘီလုံမြို့သည် ဘုရားသခင် ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ ကဲ့သို့ဖြစ်လိမ့်မည်။ ထိုမြို့၌ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှ မနေရ။ ထိုမြို့၌ အာရပ်လူသည် တဲကိုမျှမဆောက်ရ။ သိုးထိန်း တို့သည် သိုးခြံကိုမျှ မလုပ်ရကြ၊ တောသားရဲတို့သည် ထိုမြို့၌အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့်ရှိကြလိမ့်မည်။ ကုလားအုပ်ငှက်တို့သည်လည်း၊ ဘုံဗိမာန်များ၌၎င်း၊ မြေခွေးတို့သည်လည်း၊ ကျက်သရေတိုက်များ၌၎င်း၊ အူကြမည် ကြလိမ့်မည်၊ ထိုသို့သောကာလနီးလှပြီ။ ထိုမြို့၏အသက်တာမရှည်ရ။” (ယေရမိ ၅၁း၂၄-၂၆)။
၂။ လူမျိုးနှင့်နိနေဝေမြို့ကြီးအပါအဝင် အာရှုရိတိုင်းပြည်ဖျက်ဆီးခြင်း ခံရ၍ ပျက်ပြုန်းသော တောကြီးဖြစ်မည့် အကြောင်းအနာဂတ်စကားမှာ၊
ဇေဖနိ ၂း၁၃၊ “မြောက်မျက်နှာကိုလည်းတိုက်၍ အာရှရိပြည်ကိုလည် ဖျက်ဆီးတော်မူမည်။ နိနေဝေမြို့ကို လူဆိတ်ညံရာ အရပ်၊ လွင်ပြင်ကဲ့သို့ သွေ့ခြောက်သောအရပ်ဖြစ်စေတော်မူမည်။”
၃။ ကမ္ဘာကိုပတ်လျက်ရှိသော သင်္ဘောများကို ဆိုက်ကပ်ရာမြို့ဖြစ် သည့် တုရုမြို့ကြီးလည်း ဖျက်ဆီးခြင်းခံရပြီး၊ ဗကျာက်ဆောင်ထိပ်လိုဖြစ်မည့် အကြောင်း ဟောထားချက်လည်းပြည့်စုံသွားခဲ့ပါသည်။
ယေဇကျေလ ၂၆း၃-၅၊ “အရှင်ထာ၀ရဘုရားမိန့်တော်မူသည်ကား အိုတုရုမြို့၊ သင့်တဘက်၌ငါနေ၏။ သမုဒ္ဒရာလှိုင်းတပိုး တက်သကဲ့သို့၊ လူအမျိုးမျိုးတို့သည် သင့်ကိုတက်၍တိုက်စေမည်။ သူတို့သည် တုရုမြို့ရိုးကို ဖျက်၍ ပြအိုးတို့ ဖြိုချလိမ့်မည်။ မြေမှုန့်ကိုငါခြစ်ခွာ၍ ရှင်းလင်းသော ကျောက်ကဲ့သို့ ဖြစ်စေမည်။ ပင်လယ်အလယ်၌ ပိုက်ကွန်လှမ်းရာအရပ်ဖြစ်လိမ့် မည်။ ငါပြောပြီဟု အရှင်ထာ၀ရ ဘုရားမိန့်တော်မူ၏။”
၄။ ပင်လယ်ဆိပ်ကမ်းမြို့ကြီးတစ်ခုဖြစ်သော ဇိဒုန်မြို့လည်း ကြောက် မက်ဖွယ်ဒဏ်ခတ်ခြင်းခံရလိမ့်မည်။ သို့သော် ဖျက်ဆီးခြင်းခံရမည်မဟုတ်။ နှစ်ပေါင်း ထောင်ချီ၍ ဆက်လက်တည်ရှိနေမည်။
ယေဇကျေလ ၂၈း၂၁-၂၃၊ “အချင်းလူသား၊ သင်သည် ဇိဒုန်မြို့ တဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ အရှင်ထာ၀ရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊ အိုဇိဒုန်မြို့၊ သင့်တဘက်၌ ငါနေ၏။ သင့်အလယ်၌ ငါ့ဘုန်းတန်ခိုးသည် ထင်ရှားလိမ့်မည်။ သင့်ကိုငါသည် အပြစ်ဒဏ်ပေး၍ ရိုသေခြင်းကိုခံရသောအခါ၊ ငါသည် ထာ၀ရဘုရားဖြစ်ကြောင်းကို လူများသိရ ကြလိမ့်မည်။ သင့်အပေါ်သို့ကာလနာဘေးကို၎င်း၊ သင်၏လမ်းတို့၌ ဓားဘေး ကို၎င်း ငါစေလွှတ်၍၊ ပတ်လည်၌တိုက်သောဓားဖြင့် သူရဲတို့သည် သင့် အလယ်၌လဲ၍ သေကြသောအခါ၊ ငါသည်ထာ၀ရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။”
၅။ ကမ္ဘာပေါ်တွင်ထင်ရှားသောနိုင်ငံဖြစ်ခဲ့သည့် အီဂျစ် (အဲဂုတ္တု) သည် လူမျိုးခြားမင်းဆိုးမင်းညစ်တို့၏ စီးနင်းတိုက်ခိုက်ခြင်းကို ခံရသော်လည်း၊ ဖျက်ဆီးခြင်းခံရမည်မဟုတ်ကြောင်းကို ယေဇကျေလ ဟောထားခဲ့ပါသည်။ အီဂျစ်သည် ဘေဘီလုံနှင့်အာရှုရိတို hကဲ့သို h ဖျက်ဆိးခြင်းမခံရသော်ငြားလည်း၊ အလွန်အားနည်းသွားသော နိုင်ငံဖြစ်လာပါမည်။ ဤအနာဂတ်စကား ပြည့်စုံ ခြင်း အနေဖြင့် အီဂျစ်နိုင်ငံကို ပါးရှား၊ ဂရိ၊ ရောမ၊ ဘိုင်ဇင်းတင်း၊ ဆာရာဆင်း၊ တူရကီ၊ ပြင်သစ်၊ ဗြိတိန်စသောလူမျိုးများက အုပ်စိုးခဲ့ပါသည်။ ယခုတွင် အီဂျစ်သည် လွတ်လပ်သောသမ္မတနိုင်ငံဖြစ်နေပါသည်။
ယေဇကျေလ ၂၉း၁၅။ ၃ဝး၁၃၊ “တပါးလူမျိုးတို့ကိုနောက်တဖန်အစိုး မရ။ နိုင်ငံတကာတို့တွင် အယုတ်ဆုံးဖြစ်ရလိမ့်မည်။ တပါးသောလူမျိုးတို့ကို နောက်တဖန် အစိုးမရစေခြင်းငှာ ငါရှုတ်ချမည်။” “အရှင်ထာ၀ရဘုရား မိန့်တော်မူသည်ကား၊ ရုပ်တုတို့ကို ငါဖျက်ဆီး၍၊ နောဖပြည်၌ ဆင်းတုတို့ကို လည်း ပယ်ဖျက်မည်။ နောက်တဖန် အီဂျစ်မင်းမျိုး မရှိရ။ အီဂျစ်ပြည်သည် ကြောက်ရွံ့မည်အကြောင်းကို ငါပြုမည်။”
၆။ အစ္စရေးလူမျိုးတို့နှင့်ဆိုင်သောအနာဂတ်စကားလည်းရှိပါသည်။ နိုင်ငံတစ် နိုင်ငံအနေဖြင့်မရပ်တည်မီ၊ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၁၄၀၀ ကျော်ကဟောထားသောအနာဂတ်စကားဖြစ်ပြီး၊ လက်ဝါးကပ်တိုင်နောက်ပိုင်း နှစ်ပေါင်း ၁၉၀၀ ကျော်၊ စုစုပေါင်းနှစ်ပေါင်း ၃၃၀၀ ကျော်ဆက်လက်ပြည့်စုံခဲ့ ပါသည်။ လုံးလုံးဖျက်ဆီးခြင်း မခံရသော်လည်း၊ ယနေ့တိုင်အောင် နိုင်ငံ တကာ၌ ပြန့်နှံ hကာ ညှဉ်းဆဲခြင်းခံခဲ့ကြပါသည်။
တရားဟောရာ ၂၈း၂၅၊ ၃၇၊ “သင်၏ရန်သူရှေ့မှာ ထာ၀ရဘုရားသည် သင့်ကိုဒဏ်ပေးတော်မူမည်။ သင်သည်တလမ်းတည်းဖြင့် သူတို့ရှိရာသို့သွား သော်လည်း၊လမ်းခုနစ်သွယ်ဖြင့် သူတို့ရှေ့မှပြေး၍ မြေပေါ်မှာရှိသော အတိုင်း တိုင်း အပြည်ပြည်သို့ပြောင်းသွားရလိမ့်မည်။” “ထာ၀ရဘုရားသည် သင့်ကို ဆောင်သွားတော် မူသော အပြည်ပြည်တို့၌သင်သည် အံ့ဩရာ၊ ပုံခိုင်းရာ၊ ကဲ့ရဲ့ရာဖြစ်လိမ့်မည်။”
မှတ်ချက်။ တရားဟောရာကျမ်း အခန်းကြီး ၂၈ တစ်ခုလုံးကို ဖတ်ပါ။ နားထောင်ခြင်းနှင့် နားမထောင်ခြင်း၌ ဘုရားသခင်ရွေးချယ်ထားသော လူမျိုး နှင့်ဆိုင်သော အနာဂတ်စကား စစ်စစ်ဖြစ်ပါသည်။
အခန်းကြီး - ၁၃။
၁၃။ ဒံယေလ၏အနာဂတ်စကားများ
SOME GREAT
PROPHECIES OF DANIEL
မည်သည့်စကားလုံးများဖြင့် သခင်ယေရှုသည် ဒံယေလကို ပရောဖက် အနေနှင့်အသိအမှတ်ပြုပါသနည်း။
မဿဲ ၂၄း၁၅၊ “ထို့ကြောင့် ပရောဖက်ဒံယေလဟောသည့်အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေ သည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကို ဖတ်သောသူသည် နားလည်ပါစေ။”
ကမ္ဘာ့သမိုင်းကို နိုင်ငံကြီးငါးနိုင်ငံက ပုံဖေါ်ထားသည်
ရုပ်ထုကြီးဖြင့် သရုပ်ဖော်ခြင်း
ဒံယေလမြင်မက်သော ရုပ်တုကြီးသည် နောက်ဆုံးကာလအထိ မီပါ သည်။
ဒံယေလ ၂း၂၈ (၃၁) “နက်နဲသောအရာတို့ကို ဖွင့်ပြ၍၊ နောင် ကာလ၌ ဖြစ်လတံ့သောအရာတို့ကို နေဗုခဒ်နေဇာ မင်းကြီးအားကြား ပြော တော်မူသော ဘုရားသခင်သည် ကောင်းကင်ဘုံမှာရှိတော်မူ၏။ အရှင်မင်းကြီး စက်တော်ခေါ်၍ မြင်မက်တော်မူသော ရူပါရုံမူကား၊” (ဒံယေလ အခန်းကြီး ၂ တစ်ခုလုံးကို သေချာစွာ ဖတ်ပါ။)
ရှင်ဘုရင် နေဗုခဒ်နေဇာသည် သတ္တုနှင့်ပြီးသောရုပ်တုကြီးကို ရူပါရုံ တွင် မြင်တော်မူခဲ့သည်။ ရုပ်တု၏ဦးခေါင်းသည် ရွှေဖြစ်၍၊ ရင်ဘတ်နှင့် လက် မောင်းတို့သည် ငွေဖြစ်၏။ ဝမ်းဗိုက်နှင့်ပေါင်တို့သည် ကြေးဝါဖြစ်၍၊ ဗခြ ထောက်သည် သံဖြစ်လျက်၊ ခြေဖဝါးသည် သံနှင့်မြေစေးရောနှောထားခြင်း ဖြစ်ပါသည်။
လက်နှင့်တွန်းချခြင်းမဟုတ်ဘဲ တောင်ပေါ်မှအလိုလို လိမ့်ကျလာ သော ကျောက်တစ်လုံးသည် ရုပ်တုကြီး၏ခြေဖဝါးကို ထိလိုက်သောအခါ၊ ရုပ်တုကြီးတစ်ခုလုံး အမှုန့်ဖြစ်သွားကာ၊ လေ၌ပါသွားသည်ကိုတွေ့ရပါသည်။ ဤအိပ်မက်သည် အနာဂတ် စကားဖြစ်၍၊ ကမ္ဘာ့သမိုင်းကိုဘုရားသခင်သည် ရုပ်လုံးဖော်လိုက်ခြင်းဖြစ်ပါသည်။ ရုပ်တု၏အပိုင်းအချို့မှာ ရှေ့တွင်ဖြစ်လာဦး မည့် ကမ္ဘာ့သမိုင်းဖြစ်ပါသည်။
၁။ ဘေဘီလုံနိုင်ငံကို ရုပ်တု၏ ရွှေဦးခေါင်းဖြင့် ပုံဖော်ထားပါသည်။ ဒံယေလ ၂း၃၇၊၃၈၊ “အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ ဘုရင်ဖြစ် တော်မူ၏။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် နိုင်ငံနှင့်တကွတန်ခိုး၊ အာနု ဘော်၊ အစွမ်းသတ္တိ၊ ဘုန်းအသရေကို ကိုယ်တော်အားပေးတော်မူပြီ၊ လူနေရာ ရှိသမျှတို့နှင့် မြေကြီးသား၊ တိရစ္ဆာန်၊ မိုးကောင်းကင်ငှက်များတို့ကို ကိုယ်တော် လက်၌အပ်ပေး၍၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသော အခွင့်ရှိ တော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ရွှေဦးခေါင်း ဖြစ်တော်မူ၏။”
ဘေဘီလုံမြို့တော်ဟု ယေရှာယ ၁၄း၄ တွင်ခေါ်ဆိုထားပါသည်။ ယေရှာယ ၁၃း၁၉ တွင်၊ ဘေဘီလုံမြို့သည် သောဒုံနှင့် ဂေါမောရမြို့တို့ကဲ့သို့ ထာ၀ရဖျက်ဆီးခြင်းခံရမည်ဟု ဖော်ပြထားပြန်ပါသည်။ မြို့ကိုရန်သူသိမ်းပိုက် သောအခါ မြစ်ရေများလည်း ခမ်းခြောက်သွားလိမ့်မည် (ယေရှာယ ၄၄း၂၇။ ယေရမိ ၅ဝး၃၈။ ၅၁း၃၂၊ ၃၆။)
မှတ်ချက်။ ဘေဘီလုံမြို့ကို သိမ်းပိုက်နိုင်ရန် ကုရုနှင့်ဒါရိမင်းကြီး တို့သည် မိမိတို့၏ မေးဒီယားနှင့် ပါးရှားလူမျိုးတို့နှင့် အတူ ဥဖရတ်မြစ်ရေကို မြို့၏မြောက်ဘက်မှ လွှဲလိုက်ပြီး၊ ရေခမ်းသွားသော မြစ်ကြောင်းအတိုင်း ချီတက်လာကာ မြို့ကိုသိမ်းယူ လိုက်ပါသည်။ ဘီစီ ၅၃၉ ခုနှစ်တွင် ဘေဘီလုံ မြို့ကြီး ကျဆုံးသွားပါသည် (ဒံယေလ ၅)။ ဘေဘီလုံနိုင်ငံတော်ကြီးသည် ဘီစီ ၆၀၃ မှ ၅၃၉ ခုနှစ် အထိစိုးမိုးအုပ်ချုပ် ခဲ့ပါသည်။
၂။ ငွေရင်ဘတ်နှင့်လက်မောင်းသည်၊ ဘေဘီလုံနိုင်ငံကိုသိမ်းပိုက် သော မေးဒီးယားနှင့် ပါးရှားနိုင်ငံကို ပုံဆောင်ပါသည်။
ဒံယေလ ၂း၃၉၊ “ကိုယ်တော်နောက်၌ကိုယ်တော်၏ နိုင်ငံလောက် မမြတ်သောနိုင်ငံတခု တည်ထောင်လိမ့်မည်။ ထိုနောက်မြေကြီးတပြင်လုံးကို အုပ်စိုးသော ကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံတည်ထောင်လိမ့်မည်။”
မေးဒီးယားပါးရှားသည် ဘီစီ ၅၃၉ မှ ၃၃၁ ခုနှစ်အထိ ကမ္ဘာပေါ် ကြီးစိုးသောငွေနိုင်ငံဖြစ်ပါသည်။ ဘီစီ ၃၃၁ ခုနှစ်သည် အာဘေးလားတိုက်ပွဲ၌ ကြီးမြတ်သော အာလက်ဇန္ဒါးက မေးဒီးယားပါးရှားကို အနိုင်ယူသော ခုနှစ် ဖြစ်ပါသည်။
၃။ ဂရိသည် တတိယ သို့မဟုတ် ကြေးဝါနိုင်ငံဖြစ်ပြီး၊ ဘီစီ ၃၃၁ ခုနှစ် မှ ပြစ်နားတိုက်ပွဲမှာ ရောမတို့က နိုင်သွားသည့် ဘီစီ ၁၆၈ ခုနှစ်အထိ ကမ္ဘာကို စိုးမိုးခဲ့ပါသည်။
၄။ ရောမသည် သံနိုင်ငံဖြစ်ပါသည်။
ဒံယေလ ၂း၄၀၊ “စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံဖြစ်လိမ့် မည်၊ သံသည် အခြားသောအရာရှိသမျှတို့ကို ချိုးဖဲ့၍နိုင်သကဲ့သို့၊ စတုတ္ထနိုင်ငံ သည် ချိုးဖဲ့နှိပ်စက်ခြင်းကို ပြုလိမ့်မည်။”
ဘီစီ ၁၆၈ ခုနှစ်မှစ၍ ရောမသည် ကမ္ဘာကိုစိုးမိုးခဲ့ရာ ဥရောပမြောက် ဘက်ပိုင်းမှ လူရိုင်းများလာရောက်တိုက်ခိုက်ဖျက်ဆီးသော အေဒီ ၄၇၆ ခုနှစ် အထိ ဖြစ်ပါသည်။ ဗက်လင်မြို့၌ ကလေးသူငယ်အနေဖြင့် ယေရှုမွေးဖွားသော အချိန်သည် ကမ္ဘာကို ရောမတို့အုပ်စိုးသော အချိန်ကာလဖြစ်ပါသည်။
လုကာ ၂း၁၊ “ထိုအခါတနိုင်ငံ (ကမ္ဘာ) လုံးကို စာရင်းယူစေခြင်းငှာ ကဲသာ (ဆီဇာ၊ ကိုင်ဇာ) ဘုရင်ဩဂတ္တုသည် အမိန့်တော်ရှိ၏။” ကဲသာသည် ရောမကို အုပ်စိုးသောဘုရင်ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးကို စာရင်းကောက်နိုင် သော သူသည် တစ်ကမ္ဘာလုံးကို အုပ်စိုးသောသူဖြစ်ပါသည်။
မှတ်ချက်။ ရောမ၏အောင်မြင်ခြင်းများကို ဖော်ပြရာ၌ သမိုင်း ပညာ ရှင်ဂိန်ဘ္ဘန် (Gibbon) သည် ဒံယေလ ၂ ၌ပါသော ရူပါရုံ၏ အခေါ်အဝေါ် များကို အသုံးပြုရေးသားခဲ့ပါသည်။ “သမ္မတနိုင်ငံ၏လက်ရုံးများသည် တိုက်ပွဲ တွင် မကြာခဏ နှိမ်နှင်းခြင်းခံရသည်။ စစ်ပွဲတွင် အမြဲတမ်းလိုလို အောင်မြင် ခဲ့ရာ၊ ယူဖရေးတေးစ်မြစ်၊ ဒန်မြစ်၊ ရိုင်းမြစ်နှင့် သမုဒ္ဒရာသို့ လျင်မြန်စွာ ခြေဆန့်ခဲ့ပြီး၊ နိုင်ငံများနှင့် ရှင်ဘုရင်များကို ပုံဆောင်ခဲ့သော ရွှေ၊ ငွေ နှင့် ကြေးဝါရုပ်တုတို့ကို သက်ဦးဆံပိုင် ရောမသံနိုင်ငံသည် တစ်နိုင်ငံပြီးတစ်နိုင်ငံ ဖျက်ဆီးခဲ့ပါသည်။” - Decline and Fall of the
Roman Empire, Chap. 38.
ရောမအင်ပါယာ ပြိုကွဲခြင်းနှင့် ယနေ့ကမ္ဘာ့နိုင်ငံကြီးများဖြစ်ပေါ်လာ ပုံမှာ၊ ဒံယေလ ၂း၄၁-၄၃၊ “ရုပ်တု၏ခြေနှင့် ခြေချောင်းတို့သည် သရွှတ်တပိုင်း သံတပိုင်းရှိသည်ကိုမြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ် လိမ့်မည်။ သို့သော်လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော် မူသည်ဖြစ်၍၊ သံသည် ခိုင်မာခြင်းသတ္တိ ရှိလိမ့်မည်။ ခြေချောင်းတို hသည် သံ တပိုင်း သရွတ်တပိုင်းဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံသည် ခိုင်မာခြင်းနှင့်၎င်း၊ ကျိုးပဲ့ခြင်းနှင့်၎င်း ဆက်ဆံလိမ့်မည်။ ဖုတ်သောသရွတ်နှင့်သံရောနှောသည်ကို မြင်တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြားသောလူမျိုးသား တို့နှင့် ပေါင်းဖော်ကြလိမ့်မည်။ သို့သော်လည်း သရွတ်နှင့်သံမရောနှောနိုင် သကဲ့သို့၊ သူတို့သည် အချင်းချင်းပေါင်းဖော်၍ မသင့်နိုင်ကြ။”
မှတ်ချက်။ ဤအချက်သည် ရောမအင်ပါယာပြိုကွဲသော အေဒီ ၄၇၆ ခုနှစ်မှစ၍ ခရစ်တော်ဒုတိယအကြိမ် ကြွလာသည့်အထိ ကြားကာလကို ဖော်ပြ ခြင်း ဖြစ်ပါသည်။ ပြောရမည်ဆိုလျှင် ကျွန်ုပ်တို့၏ ခေတ်ကာလပင်ဖြစ်ပါ သည်။ အေဒီ ၃၅၁ မှ ၄၇၆ ခုနှစ်ကြားကာလတွင် တိုင်းနိုင်ငံများနှင့် လူမျိုး အသီးသီးတို့သည် ပုန်ကန်ထကြွလျက်၊ လာရောက်စီးနင်းကြသောကြောင့် ရောမအင်ပါယာကြီး တုန်လှုပ်လျက် ပြိုကွဲသွားခဲ့ပါသည်။ ထိုအခါရောမ အင်ပါယာကြီးသည် အောက်ဖော်ပြပါအတိုင်း ဆယ်နိုင်ငံ ဖြစ်သွားခဲ့ပါသည်။ ၎င်းတို့သည် ယခုရှိဥရောပနိုင်ငံများ ဖြစ်ကြပါသည်။ လုမ်းဘတ်ခေါ် အီတလီ နိုင်ငံ၊ ဖရန့်ခေါ်ပြင်သစ်နိုင်ငံ၊ ဆက်ဆန့်ခေါ် အင်္ဂလန်နိုင်ငံ၊ အလေမနီခေါ် ဂျာမနီနိုင်ငံ၊ ဗီစီဂေါသ်ခေါ် စပိန်နိုင်ငံ နှင့် ဩစတြိုဂေါသ်ခေါ် ဩစတြီးယား နိုင်ငံ၊ ဘူရ်ဂွန်ဒီခေါ် ဘူရ်ဂေးရီးယားနိုင်ငံ၊ ဆူဝီ၊ ဟေရုလီနှင့် ဗန်ဒါလ်းတို့ ဖြစ်ကြပါသည်။
၅။ စကြ၀ဠာဆိုင်ရာဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်၊
ဒံယေလ ၂း၄၄၊ “ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံတခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည် ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့် မည်။
မှတ်ချက်။ ဤနိုင်ငံကို လက်ဖြင့်မတွန်းရဘဲ လိမ့်ကျလာသော၊ ရုပ်တု၏ ခြေဖဝါးကို ထိခိုက်သော ကျောက်ဖြင့် ပုံဆောင်ထားပါသည်။ ၎င်း သည် နောက်ဆုံးသော ကာလဖြစ်သော ခေတ်သစ်ဥရောပနိုင်ငံကြီးများ တည်ရှိသည့်အချိန်ကာလ၌ ဖြစ်ပျက်မည်ဖြစ်ပါသည်။ ကြီးမားသော အဖြစ် အပျက်ကြီးများဖြစ်လာပြီးနောက် စကြ၀ဠာဆိုင်ရာ ခရစ်တော်၏ဘုန်းတော် နိုင်ငံတော်သို့ ဝင်စားကြရပါမည်။
သမ္မာကျမ်းစာတွင် ခရစ်တော်ကို ကျောက်(ဝါ) ကျောက်ဆောင်ဖြင့်
ပုံဖော်ထားပါသည်။
တမန်တော် ၄း၁၀၊၁၁ “သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက် ၍၊ ဘုရားသခင်သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်တော်၏နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျန်း မာလျက်ရှိသည်ကို သင်တို့မှစ၍ အစ္စရေးလူအပေါင်းတို့ သိမှတ်ကြလော့။ ထိုသခင်ကား၊ သင်တို့သည် တိုက်ကိုတည်လုပ်သောအခါ ပယ်ထား၍၊ နောက် တဖန် တိုက်ထောင့် အထွက်ဖျားသို့ ရောက်ပြန်သောကျောက်ဖြစ်တော်မူ၏။”
၁ ပေတရု ၂း၆-၈၊ “ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ရွေးချယ် သော တိုက်ထောင့်အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာ သတည်း။ သို့ဖြစ်၍ ယုံကြည်ခြင်းရှိသောသင်တို့၌ကား၊ ဘုန်းအသရေရှိ၏။ နားမထောင်သောသူတို့၌ကား၊ တိုက်ကိုတည်လုပ်သောသူများပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွတ်ဖျားသို့ ရောက်ပြန်၏။ နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍ လဲသောသူတို့သည် ထိမိ၍ လဲစရာကျောက်၊ မှားယွင်းစရာကျောက်လည်း ဖြစ်၏။ ထိုအမှုနှင့်တွေ့စေခြင်း ငှာ ထိုသူတို့ကို ခန့်ထားတော်မူသတည်း။”
ဧဖက် ၂း၂၀၊၂၁ “တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ် အပေါ်၌ သင်တိုသည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။ ထိုတိုက် ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်တော်ဖြစ်သတည်း။”
မှတ်ချက်။ ဤနေရာတွင် အဓိကအချက်မှာ ခရစ်တော်ကိုယ်တော် တိုင်ကို ကမ္ဘာကြီးကိုဖုံးလွှမ်းသွားမည့် ကျောက်အဖြစ်ပုံဆောင်ထားခြင်း ဖြစ်ပါ သည်။
ခရစ်တော်ပထမကြွလာချိန်၌ ခရစ်တော်၏ဘုန်းတော်နိုင်ငံတော်သည် အနာဂတ်ကာလ၌ ရှိနေသေးပါသလား။
မဿဲ ၂၅း၃၁၊ “လူသားသည် မိမိဘုန်အာနုဘော်တော်ကို ဆောင် လျက်၊ သန့်ရှင်းသောကောင်းကင်တမန်များ အခြံအရံတို့နှင့်တကွ ကြွလာ တော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်၍၊”
မှတ်ချက်။ “ပလ္လင်တော်” သည် ဘုရားတစ်ပါးပါးသို့မဟုတ် နိုင်ငံ တစ်နိုင်ငံကို ရည်ဆောင်ထားပါသည်။ ခရစ်တော် ဤလောက၌ရှိစဉ်အခါ၊ ပလ္လင်တော်ပေါ်မှာ လူသားထိုင်မည့်အချိန်သည် နောင်ကာလတည်ထောင် မည့် အချိန်ဖြစ်ပါသည်။ ၂ တိမောသေ ၄း၁၊ ကိုယ်တော်တိုင်ပေါ်ထွန်း၍၊ နိုင်ငံတော်ထင်ရှားသောကာလ၊ အသက်ရှင်သောသူ၊ သေသောသူတို့ကို စစ်ကြောစီရင်တော်မူသော သခင်ယေရှု ခရစ်တော်ရှေ့မှာ၎င်း၊ ဘုရားသခင် ရှေ့မှာ၎င်း၊ ငါသည် သင်တို့ကို သစ္စာပေးသည်ကား၊”
ဘုရားသခင်၏စကြ၀ဠာနိုင်ငံတော်ကို “ထိုမင်းကြီးများလက်ထက်၌” တည်ထောင်မည်ဖြစ်ပါသည်။ ၎င်းမင်းကြီးများ (နိုင်ငံများ) သည် ရောမအင်ပါ ယာ ပြိုကွဲရာမှ ပေါ်လာသော နိုင်ငံများဖြစ်ပါသည်။ ခရစ်တော်ပထမကြွလာ သော အချိန်တွင် ထိုနိုင်ငံ (မင်းကြီး) များ မပေါ်လာသေးပါ။ ထို့ကြောင့် ကြိုတင်ဟောထားသော ဘုရားသခင်၏ ဘုန်းတော်နိုင်ငံတော်သည် ခရစ် တော် ဒုတိယအကြိမ် ကြွလာသော အခါမှသာ တည်ထောင်မည်ဖြစ်ပါသည်။
ယေရှုသည် တပည့်တော်များကို မည်သည့်အရာတောင်းဆိုခိုင်းပါ သနည်း။
မဿဲ ၆း၁၀၊ “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌ ပြည့်စုံပါစေသော။”
၎င်းသည် မည်သည့်အချိန်၌ ပြည့်စုံလာမည်နည်း။
ဗျာဒိတ် ၁၁း၁၅၊ “သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သော အခါ၊ ကောင်းကင်ဘုံ၌ကြီးသောအသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင် ၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်။”
သားရဲလေးကောင်ဖြင့်သရုပ်ဖော်ခြင်း
ဤအနာဂတ်စကားကို နားလည်နိုင်ဖို့ရန် ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး (၇) အစမှအဆုံး ဖတ်ဖို့လိုအပ်ပါသည်။
မှတ်ချက်။ ဒံယေလအနာဂတ္တိကျမ်းအခန်းကြီး ၂၌ပါသောရူပါရုံကို၊ ယေဘုယျအားဖြင့် ရုပ်တုကိုစိတ်ဝင်စားမည့် သာသနာပဖြစ်သော မင်းကြီး အား ပေးထားပါသည်။ သို့သော် ဒံယေလအခန်းကြီး ၇ ၌ပါသောရူပါရုံကို နေဗုခဒ် နေဇာအားမပေးဘဲ၊ ဘုရားသခင်၏အစေခံအစစ်ဖြစ်သော ဒံယေလ အား ပေထားပါသည်။ ပုံဆောင်သောသားရဲများသည် လောကီနိုင်ငံများကို သရုပ်ပြထားခြင်းဖြစ်ပြီး လောကဆန်သော အာဏာတန်ခိုးများ၏ သဘာ၀ကို သာ၍ ပုံဖော်ထားကြပါသည်။
ဤရူပါရုံတွင်မည်သည့်အထိမ်းအမှတ်များ အဓိကအသုံးပြုပါသနည်း။
၁။ သားရဲများ။ ဤသားရဲများသည် နိုင်ငံများသို့မဟုတ် အုပ်ချုပ်သော
မင်းများကို ပုံဆောင်ထားပါသည်။
ဒံယေလ ၇း၁၇၊ “ဤသားရဲလေးကောင်တိုသည် မြေကြီးပေါ် ပေါ် လတံ့သော နိုင်ငံလေးပါးဖြစ်၏။”
မှတ်ချက်။ အချို့ကျမ်းစာများတွင် “မင်းများ” ဟုခေါ်ဆိုသော်လည်း၊ နိုင်ငံများကို ဆိုလိုခြင်းဖြစ်ပါသည်။ ဒံယေလ ၇း၂၃၊ “စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ နိုင်ငံဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုက်စား ချိုးဖဲ့ နင်းချေလိမ့်မည်။”
၂။ ရေ။ ရေသည် လူထု၊ လူအုပ်ကြီး၊ လူမျိုးနှင့်ဘာသာစကား အမျိုးမျိုး ပြောသော လူများကို ပုံဆောင်ပါသည်။
ဗျာဒိတ် ၁၇း၁၅၊ “ယခုမြင်. . . သောရေကား၊ အသီးသီးဘာသာ စကားကို ပြောသော လူအမျိုးမျိုးအစုစုဖြစ်သတည်း။”
ယေရှာယ ၈း၇၊ “ထာ၀ရဘုရားသည် အလုံးအရင်းပါသော အာရှုရိ ရှင်ဘုရင်တည်းဟူသော၊ ခွန်အားဗလကြီး၍ များသောမြစ်ရေနှင့်သူတို့ကို လွှမ်းမိုးစေတော်မူသဖြင့်၊ ထိုမြစ်သည် မိမိချောင်းများကို လွှမ်း၍၊ မိမိကမ်းများ ကို လျှံလျက်၊”
၃။ လေ။ လေသည် လူတစ်မျိုးနှင့်တစ်မျိုးရန်ဖြစ်ခြင်း၊ စစ်တိုက်ခြင်း၊ ဆူပူသောင်းကျန်းခြင်းနှင့် နှောင့်ယှက်ခြင်းကို ပုံဆောင်ပါသည်။
ယေရမိ ၂၅း၃၁-၃၃၊ “မြေကြီးစွန်းတိုင်အောင် အသံနှံ့ပြားလိမ့်မည်။ ထာ၀ရဘုရားသည် လူအမျိုးမျိုးတို့နှင့် တရားတွေ့စရာ အကြောင်းရှိ၍၊ ခပ်သိမ်းသော သတ္တဝါတို့ကို အမှုလုပ်တော်မူမည်။ ဆိုးသောသူတို့ကို ဓားနှင့် ကွပ်မျက်စေခြင်းငှာ အပ်တော်မူမည်ဟု ထာ၀ရဘုရားမိန့်တော်မူ၏။ ကောင်း ကင်ဗိုလ်ခြေအရှင် ထာ၀ရ ဘုရားမိန့်တော်မူသည်ကား၊ ဘေးသည် တပြည်မှ တပြည်သို့ ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနားတို့မှ ပြင်းစွာသောလေဘွေ သည် ထလိမ့်မည်။ ထိုအခါ ထာ၀ရဘုရားကွပ်မျက်တော်မူခြင်းကို ခံရသော သူတို့သည် မြေကြီးတဘက်မှ တိုင်အောင်နှံ့ပြားကြလိမ့်မည်။ သူတို့ကို မမြည် တမ်းရ။ မစုမပုံရ။ မသင်္ဂြိုဟ်ရ။ မြေကြီးပေါ်မှာ မစင်ကဲ့သို့ဖြစ်ကြလိမ့်မည်။” (ယေရမိ ၄၉း၃၆၊ ၃၇)။
၄။ ဦးချို။ ဦးချိုသည် မင်းကြီးများ သို့မဟုတ် အုပ်စိုးသူများကို ပုံဆောင်ပါသည်။
ဒံယေလ ၇း၂၄။ “ထိုနိုင်ငံ၌ပေါက်သော ချိုဆယ်ချောင်းသည် ပေါ်လတံ့ သောမင်းကြီးဆယ်ပါးဖြစ်၏။ သူတို့၌ အခြားသော မင်းကြီးပေါ်လာ လိမ့်မည်။ အရင်မင်းကြီးထက်ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။”
ပုံဆောင်ခြင်းရှိသောအနာဂတ်စကားများတွင် သားရဲ၊ ရေ၊ လေ၊ ချို တို့သည် အထိမ်းအမှတ်များသာဖြစ်သည်။ ၎င်းအထိမ်းအမှတ်များကို ကျမ်းစာ က ရှင်းပြထားပါသည်။
မှတ်တိုင်များကိုကြည့်
Look for the Way Mark
ရှေ့သို့ခရီးသွား၊ မှတ်တိုင်များကိုကြည့်၊
တစ်ခုနောက်တစ်ခု၊ မှတ်တိုင်များကိုကြည့်၊
နိုင်ငံကြီးလေးမျိုးကျော်လွန်လာခဲ့ပြီ၊
မှတ်တိုင်များပြန်ကြည့်၊ ဘယ်ကိုရောက်ပြီနည်း။
ဘေဘီလုံနိုင်ငံ၊ ရှေ့ဦးစိုးမိုးပေ၊
နောက်မေးဒီးယားပါးရှားအောင်လံလွင့်ခဲ့ပေ၊
ဂရိနိုင်ငံ၊ ကမ္ဘာကိုစိုးမိုးလည်း၊
ရောမအာဏာတည်၊ ဘယ်ကိုရောက်ပြီနည်း။
သံသရွတ်ရောထားခြေထောက်ခေတ်ရောက်လာ၊
အားနည်းကာကွဲပြား၊ ပျောက်ကွယ်သွားမကြာ၊
နောင်တွင်မည်သည့်ဇာတ်ကြောင်းဖြစ်လာလိမ့်တည်း၊
ခရစ်တော်ကြွလာ၊ ထာ၀ရခေတ်တည်။
မှတ်တိုင်များကိုကြည့်၊ အနာဂတ္တိမှတ်တိုင်များ၊
နိုင်ငံကြီးလေးမျိုး၊ ကျော်လွန်လာခဲ့ပြီ၊
မှတ်တိုင်များကိုကြည့်၊ အနာဂတ္တိမှတ်တိုင်များ၊
ခရီးလမ်းဆုံးတော့မည်။
တေးရေး - F.E. Belden
နိုင်ငံကြီးလေးပါး
ဒံယေလအခန်းကြီး ၇ ၌ပါသော လောကီနိုင်ငံကြီးလေးပါးသည်၊ ဒံယေလအခန်းကြီး ၂ ၌ပါသော ရုပ်တုကြီး အနာဂတ် စကားမှ လောကီ နိုင်ငံကြီး လေးပါးနှင့် ထပ်တူထပ်မျှဖြစ်ပါသည်။
၁။ ရွှေလင်းတအတောင်နှင့် ခြင်္သေ့သည် ဘေဘီလုံနိုင်ငံ (ဘီစီ ၆၀၃-၅၃၉) ဖြစ်ပါသည်။
ဒံယေလ ၇း၃၊ ၄၊ “ပထမသားရဲသည် ခြင်္သေ့နှင့်တူ၏။ ရွှေလင်းတ အတောင်လည်းရှိ၏။ ငါကြည့်ရှုနေစဉ်၊ သူ၏အတောင်ကို နှုတ်ကြ၏။ မြေမှ ကိုယ်ကို ချီကြွလျက် လူကဲ့သို့ခြေဖြင့် မတ်တတ်ရပ်၍၊ လူစိတ်သဘောကိုလည်း ရ၏။”
မှတ်ချက်။ ဘေဘီလုံသည် ပထမတွင် ခြင်္သေ့နှင့်တူ၏။ နေဗုခဒ် နေဇာ၏ လက်အောက်၌ ကြီးမားသောစစ်တပ်ကြီးရှိ၏။ အတောင်တို့သည် တိုက်ပွဲ၌ လျင်မြန်စွာ သူ၏အောင်မြင်ခြင်းကို ပုံဆောင်ပါသည်။ သို့သော် အခြေအနေ ပြောင်းလဲသွားပါသည်။ ဥစ္စာကြွယ်၀ပြီး ဇိမ်ခံခြင်းရှိလာသည်။ အခြားပြောင်းလဲမှုများက လိုက်လာ၏။ သူသည် မိန်းမဆန်လာပြီး၊ အပျော် အပါးလိုက်စားလာ၏။ ခြင်္သေ့စရိုက် ပျောက်ကွယ်သွား၏။ ဘေလရှာဇာ မင်းကြီးလက်ထက်ရောက်လာသောအခါ နိုင်ငံတော်သည် မေးဒီးယားနှင့် ပါး ရှားတို့၏ သားကောင်အဖြစ်သို့ ရောက်သွားပါသည်။
၂။ ဝံသည် မေးဒီးယားပါးရှား၊ (ဘီစီ ၅၃၉-၃၁၁) ဖြစ်ပါသည်။ ဒံယေလ ၇း၅ “ဒုတိယသားရဲသည် ဝံနှင့် တူ၏။ တဘက်၌ကိုယ့်ကိုယ်ကို ချီကြွ၏။ ပါးစပ်၌ နံရိုးသုံးချောင်းကို ကိုက်လျက်ရှိ၏။ သင်ထလော့၊ အသား များကို ကိုက်စားလော့ဟု သူ့အားပြောကြ၏။”
မှတ်ချက်။ မေးဒီးယားပါးရှားသည် မိမိအာဏာတန်ခိုးကြီးလာရန် ပါးစပ်၌ ကိုက်ထားသော နံရိုးသုံးချောင်းကို ပုံဆောင်သည့် ဘေဘီလုံ၊ လီးဒီး ယား၊ အီဂျစ်နိုင်ငံတို့ကို တိုက်ခိုက်အောင်မြင်ခဲ့ပါသည်။ မေးဒီးယားနှင့်ပါးရှား တို့၏နိုင်ငံသည် နိုင်ငံနှစ်ခုပေါင်းသော အစိုးရဖြစ်ပါသည်။ နှောင်းခေတ် ဩစတြေးယားနှင့် ဟန်ဂေရီ နိုင်ငံတို့ကဲ့သို့ဖြစ်ပါသည်။
၃။
အတောင်လေးခုရှိသောကျားသစ်သည် ဂရိ (ဘီစီ ၃၁၁-၁၆၈)
နိုင်ငံဖြစ်ပါသည်။
ဒံယေလ ၇း၆၊ “တဖန် ငါကြည့်ရှုပြန်၍၊ ကျားသစ်နှင့်တူသောသားရဲ တကောင်သည် ထင်ရှား၏။ ကျောပေါ်မှာ ငှက်အတောင်လေးခုရှိ၏။ ခေါင်း လေးလုံး လည်းရှိ၏။ အုပ်စိုးရသောအခွင့်လည်းရ၏။”
မှတ်ချက်။ အတောင်များသည် ကြီးမြတ်သော အာလက်စန္ဒါး၏ အရှိန် အဟုန်နှင့် အောင်မြင်မှုကို ဖော်ပြခြင်း ဖြစ်ပါသည်။ အာရှမိုင်းနားမှ အိန္ဒိယ နိုင်ငံအထိ ခေတ်ဟောင်းကမ္ဘာကြီးကို နှစ်အနည်းငယ်အတွင်း အောင်မြင်ခဲ့ပါ သည်။ လွန်ကျူးစွာ သောက်စားသောကြောင့် သက်တော် ၃၂ နှစ်တွင် ဘေဘီ လုံမြို့၌ ကွယ်လွန်သွားခဲ့ပါသည်။ သူ၏ရာဇပလ္လင်ကို စောင့်ထိန်းနိုင်မည့် သားတစ်ယောက်မှမရှိပါ။ ကျားသစ်၏ခေါင်းလေးလုံးဖြင့်ပုံဆောင်ထားသည့် သူ၏လက်အောက် ဗိုလ်ချုပ်ကြီး လေးဦးသည် နိုင်ငံတော်ကို ခွဲဝေကြပါသည်။ ကာဆန်းဒါးသည် အနောက်ပိုင်း ဂရိနယ်နှင့် မာဆေဒိုးနီးယားနယ်ကို အုပ်စိုး သည်။ လိုင်စီမားကပ်စ်သည် ထရာဆေနယ်၊ ဟေလက်စပွန့်ရှိအာရှနယ်နှင့် မြောက်ဘက်ရှိဘောစဖိုးရပ်စ်နယ်ကို အုပ်စိုးသည်။ ပတိုလေမီသည် အီဂျမ် နယ်၊ လီဒီးယားနယ်၊ အာရဗျနယ်၊ ပါလက်စတင်းနယ်နှင့် တောင်ပိုင်းနယ်ကို အုပ်စိုးပြီး၊ ဆေလေကာစ်သည် ဆီးရီးယားနယ်နှင့် အရှေ့ပိုင်း နယ်တစ်ခွင်လုံး
ကို အုပ်စိုးပါသည်။ ဘီစီ ၃၀၈ ခုနှစ်တွင် ဤသို့ခွဲဝေ အုပ်စိုးခြင်း ဖြစ်ပါသည်။
၄။ နာမည်မပေါ်သော သားရဲသည် ရောမ(ဘီစီ ၁၆၈-အေဒီ ၄၇၆) ဖြစ်ပါသည်။
ဒံယေလ ၇း၇၊ “ထိုညဉ့်အခါ၊ တဖန်ငါသည် အာရုံပြုစဉ်၊ ကြီးစွာသော ခွန်အားနှင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဖွယ်သော စတုတ္ထသားရဲသည် ထင်ရှား၏။ ကြီးစွာသောသံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ကြွင်းသောအရာ ကိုခြေဖြင့် နင်းချေ၏။ သူသည် အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏။ ချိုဆယ်ချောင်းလည်း ရှိ၏။”
မှတ်ချက်။ ပြိုကွဲသွားသော ရောမနိုင်ငံမှ ထွက်ပေါ်လာသော ဆယ် နိုင်ငံကို ချိုဆယ်ချောင်းဖြင့် ပုံဖော်ထားပါသည် (ဒံယေလ ရး၂၄) (ရုပ်တုကြီး ရူပါရုံကိုလည်း ပြန်ကြည့်ပါ)။
ချိုဆယ်ချောင်းနှင့် ချိုငယ်တစ်ချောင်း
ဒံယေလ ၇း၈၊ “ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ် တစ်ချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့် ၎င်း၊ ကြီးစွာသော စကားကို ပြောတတ်သောနှုတ်နှင့်၎င်း ပြည့်စုံ၏။”
အခန်းငယ် ၂၀-၂၂၊ “သူ၏ခေါင်း၌ရှိသော ချိုဆယ်ချောင်းကား၊ အဘယ်သို့ ဆိုလိုသည်ကို၎င်း၊ နောက်ပေါက်၍အရင်ချို သုံးချောင်းကိုနှုတ်၍၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့်မျက်စိရှိသဖြင့်၊ မိမိအဖေါ် တို့ထက်သာ၍ ရဲရင့်သောမျက်နှာ အဆင်းရှိသောချိုတချောင်းကား၊ အဘယ် သို့ ဆိုလိုသည်ကို၎င်း သိခြင်းငှာ ငါအလိုရှိ၏။ ငါကြည့်ရှုစဉ်တွင် အသက်ကြီး သောသူသည် ရောက်လာလျှင် အမြင့်ဆုံးသောဘုရားသခင်၏ သန့်ရှင်းသူတို့ အား စီရင်ရသော အခွင့်ကိုပေး၍ ထိုသူတို့သည် နိုင်ငံကို သိမ်းယူဝင်စားသော အချိန်ရောက်သည်တိုင်အောင်၊ ထိုချိုသည်သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင် လေ၏။”
မှတ်ချက်။ အနောက်ဘက်ရောမအင်ပါယာ ပြိုကွဲသွားသောအခါ ဘာသာရေးရောမသည် လောကီရောမ၏ နေရာတွင်ဝင်လာကာ၊ မြို့ပြ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးအာဏာကို ယူလိုက်လေသည်။ ၎င်းသည် ဆယ်ပိုင်း ကွဲသော ရောမနိုင်ငံများမှ ပေါ်ပေါက်လာလျက် အာရိယန်ခရစ်ယာန်ဝါဒကို လိုက်လျှောက်သောနိုင်ငံသုံးခုကို ဖျက်ဆီးကာ၊ ပုပ်ရဟန်းမင်း၏အုပ်ချုပ်မှု စနစ်ကို ဆန့်ကျင်ခဲ့ပါသည်။ ဆယ်နိုင်ငံထဲမှ ၎င်းသုံးနိုင်ငံဖြစ်သော ဟေရုလီ သည် အေဒီ ၄၉၃ ခုနှစ်တွင်လည်းကောင်း ဗန်ဒါလ်းသည် ၅၃၄ ခုနှစ်တွင် လည်းကောင်း၊ ဩစတြောဂေါသ်သည် ၅၃၈ ခုနှစ်တွင်လည်းကောင်း ချိုးနှိမ်ခြင်းခံခဲ့ရပါသည်။
ထင်ရှားသောအမှတ်အသားလေးခု
ဒံယေလ ၇း၂၄-၂၆၊ “ထိုနိုင်ငံ၌ပေါက်သောချိုဆယ်ချောင်းသည် ပေါ်လတ္တံ့သောမင်းကြီးဆယ်ပါးဖြစ်၏။ သူတို့နောက် အခြားသောမင်းကြီးပေါ် လာလိမ့်မည်၊ အရင်မင်းကြီးထက်ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။ အမြင့်ဆုံးသော ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရားသခင်၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ် စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ ကာလတဝက်ပတ်လုံးသူသည် အခွင့် ရလိမ့်မည်။ ထိုနောက်မှတရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါသူ၏ တန်ခိုး အာဏာကိုနှုတ်၍ ရှင်းရှင်းဖျက်ဆီးကြလိမ့်မည်”
၁။ “ကြီးစွာသောစကားပြောလိမ့်မည်။” “အဘ-Fအေ့နမ” ဟူသော ဘွဲ့နာမကို ဘာသားရေးလောကတွင် အသုံးပြုသည်။ ၎င်းပင်လျှင် သမ္မာ ကျမ်းစာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟု အများကယူဆထားကြသည်။
မဿဲ ၂၃း၉၊ “မြေကြီးပေါ်မှာအဘယ်သူကိုမျှ အဘဟူ၍ မခေါ်ဝေါ် ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့ အဘတပါးတည်း ရှိတော်မူ၏။”
အခြားသောဘွဲ့ နာမများကိုလည်း လူများဆန့်ကျင်ကြပါသည်။ ဥပမာ၊ “ကိုယ်တော်သည် သိုးထိန်းဖြစ်၏။ ကိုယ်တော်သည် သမားတော်ကြီးဖြစ်၏။ သွန်သင်သူလည်းဖြစ်၏။ အုပ်ချုပ်ရေးမှူးလည်းဖြစ်၏။ မြေကြီးပေါ်၌ အခြား တပါးသောဘုရားလည်းဖြစ်၏” ပဉ္စမလက်တရန်ကောင်စီ၊ စတုတ္ထအစည်း အဝေးမှ ခရစ္စတိုဖာမာဆေလပ်စ်၏ မိန့်ခွန်းမှ ကောက်နုတ်ချက်၊ လပ္ပီးနှင့် ကောဆပ်တို့ ပြုစုသော History of the Councils,
1672, Vol. 15 Col. 109.
ကျွန်ုပ်တို့ပြောဆိုသင့်သောစကားမှာ ၁ သက်သာလောနိတ် ၂း၄၊ “ဧဝံဂေလိတရားကို စောင့်ထိုက်သောသူဟုငါတို့ကို ဘုရားသခင်လက်ခံတော် မူသည်နှင့်အညီ လူကိုနှစ်သက်စေသကဲ့သို့မဟုတ်၊ ငါတို့စိတ်နှလုံးကို စစ်ကြော စုံစမ်းတော်မူသော ဘုရားသခင်ကို နှစ်သက်တော်မူသကဲ့သို့ ဟောပြောကြ ၏။”
၂။ “အမြင့်ဆုံးသောဘုရားသခင် ၏သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက် လိမ့်မည်။” နှစ်ပေါင်းများစွာ ဘာသာရေးဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်း ရှိခဲ့ပါသည်။ ဘာသာရေးနှင့် နိုင်ငံရေးပူးပေါင်းနိုင်ရန် ဘာသာရေးအခြေခံ တရားများအတွက် ညှဉ်းဆဲနှိပ်စက်ခြင်း ရှိခဲ့ပါသည်။ စုံစမ်းစစ်ကြောရေးအဖွဲ့ ၏ အတွင်းရေးမှူး ဖြစ်ခဲ့သော လောရင်းတေး (Llorente)၏ ပြောဆိုချက်အရ စပိန်နိုင်ငံတွင် လူပေါင်း ၃၁၉၁၂ ဦးမီးရှို့သဟ်သေခြင်းခံခဲ့ရပါသည်။ - The
History of the Inquisition in Spain, p. 206.
“အသင်းတော်သည် ညှဉ်းပန်းနှိပ်စက်၏။ အသင်းတော်သမိုင်းကိုစ၍ သင်ယူသောသူကသာလျှင် ၎င်းကိုငြင်းဆိုလိမ့်မည်။ ကွန်စတန်တင်းဘုရင်၏ နောက်ပိုင်းနှစ်ပေါင်း ၁၅၀ အတွင်း Dသညအေငျအျ (Donatists (Bishop Donatus နောက် လိုက်များ) တို့ကို ညှဉ်းပန်းနှိပ်စက်ကာ၊ တစ်ခါတစ်လေ သတ်ဖြတ်ခဲ့ပါ သည်။ အသင်းတော် အာဏာပိုင်များ၏ အပြည့်အဝထောက်ခံချက် ဖြင့် ပြင်သစ်နှင့် စပိန်နိုင်ငံတို့တွင် ပရိုတက်စတန့်တို့ကို ညှဉ်းပန်းနှိပ်စက်ခဲ့ပါသည်။ ပြင်သစ် နိုင်ငံ တွင် ဘာသာရေး ခွဲထွက်သူများအား ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် စပိန် လူမျိုးစစ်ကြော ရေးအဖွဲ့၏ စစ်ကြောခြင်းများကိုလည်း ကျွန်ုပ်တို့ကာကွယ် စောင့်ရှောက်ခဲ့ပါ သည်။ ဘယ်နေရာ၊ ဘယ်အချိန်မဆို ကာသိုလိပ်ဝါဒ၌ သစ္စာ ရှိသော သူရှိသမျှ သည်၊ အမှားနှင့်အမှန်၊ ကာသိုလိပ်ဝါဒနှင့် မှားယွင်းသော ဝါဒစပ်ကြား၌ ရှင်းလင်း ပြတ်သား ခြားနားရပ်တည်ရပါမည်။ အသင်းတော် သည် အင်အားအသုံးပြုသင့် သော နေရာ အသုံးပြုရပါမည်။”- The Western Watchman (Roman Catholic), St. Louis
Dec. 24, 1908.
၃။ “ကာလအချိန်နှင့် ပညတ်တရားတို့ကိုပြောင်းလဲစေခြင်းငှာ ကြံစည် လိမ့်မည်။” မေးဖြေစာအုပ် (Catechism) နှင့်အခြားပုံနှိပ်စာအုပ်များတွင် လွတ်လပ်စွာတင်ပြထားပါသည်။ ဒုတိယပညတ်တော်ကို ချေဖျက်ထားပြီး၊ ဆယ်ပါးပြန်ပြည့်ရန် ဒဿမပညတ်ကို နှစ်ပိုင်းခွဲလိုက်ပါသည်။ ဥပုသ်နေ့ကို လည်း သတ္တမ (စနေ)နေ့မှ ပထမ (တနင်္ဂနွေ)နေ့သို့ပြောင်းလဲလိုက်ပါသည်။
ကိုးကားချက်
မေး။ ။“ပွဲလမ်းသဘင်နှင့်စပ်ဆိုင်သော ပညတ်များကို အသင်းတော် အနေဖြင့်ထုတ်ပြန်နိုင်သော အာဏာရှိကြောင်း သင်သည် ထောက်ပြနိုင်ပါ သလား။
ဖြေ။ ။“အသင်းတော်သည် ထိုသို့သော အာဏာမရှိပါက၊ ခေတ်သစ် ဘာသာရေးသမားများ သဘောတူသောအရာကို ထုတ်ပြန်နိုင်မည်မဟုတ်ပါ၊ သတ္တမနေ့ဖြစ်သော စနေနေ့စောင့်ရှောက်ခြင်းမှ တစ်သီတင်းတွင် ပထမနေ့ ဖြစ်သော တနင်္ဂနွေနေ့ စောင့်ရှောက်ခြင်းသို့ အစားထိုးနိုင်မည်မဟုတ်ပါ။ အကြောင်းမှာ သမ္မာကျမ်းစာ၏ခွင့်ပြုချက်မရှိသောကြောင့်ဖြစ်ပါသည်။” -
A Doctrinal Cat echism, by Rev. Stephen Keenan, p. 174.
၄။ “တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး” ချိုငယ်သည် အာဏာတန်ခိုးရှိမည်ဖြစ်သည် (ဒံယေလ ၇း၂၅ အဆုံးပိုင်း)။ “တကာလ၊ နှစ်ကာလ၊ ကာလတဝက်” နှင့်ထပ်တူဖြစ်သော အချိန်ကာလကို ဗျာဒိတ် ၁၂း၁၄ ၌လည်းကောင်း “အရက် တထောင့်နှစ်ရာခြောက်ဆယ်” ဟူ၍ ဗျာဒိတ် ၁၂း၆ ၌လည်းကောင်း ဖော်ပြထားပါသည်။
ပုံဆောင်သောအနာဂတ်စကားများ၌တစ်ရက်သည် တစ်နှစ်ဖြစ်၏။
တောလည်ရာ ၁၄း၃၄၊ “ထိုပြည်ကို စူးစမ်းရာနေ့ရက်ပေါင်း အရက် လေးဆယ်နှင့်အညီ၊ တရက်ကို တနှစ်ထား၍၊ အနှစ်လေးဆယ်ပတ်လုံး ကိုယ် အပြစ်ကို ဆောင်လျက်၊ ငါစွန့်ပစ်ခြင်းကို သိရကြလိမ့်မည်။”
ယေဇကျေလ ၄း၆၊ “ထိုနေ့ရက်စေ့ပြီးမှ၊ တဖန်လင်္ကျာနံစောင်းဖြင့် အိပ်၍၊ အရက်လေးဆယ်ပတ်လုံး ယုဒအမျိုး၏အပြစ်ကို ခံဦးလော့။ နှစ်အစား ၌ ရက်ကိုငါထားပြီ။”
မှတ်ချက်။ အနာဂတ်ဆိုင်ရာပြက္ခဒိန်၌ တစ်နှစ်သည် ရက်ပေါင်း ၃၆၀၊ သို့မဟုတ် ရက်ပေါင်း ၃၀ စီရှိသော တစ်ဆယ့်နှစ်လကို သက္ကရာဇ်ရေတွက်ရာ ၌ အသုံးပြုပါသည်။ ထို့အတွက်ကြောင့် ဤအာဏာတန်ခိုးပိုင်ရှင်သည် ရက် ပေါင်း ၁၂၆၀ စိုးစံမည်ဖြစ်ပါသည်။ တစ်ရက်သည် တစ်နှစ်ဖြစ်သည့် အားလျော်ညီစွာ၊ နန်းပြိုင်ဖြစ်သော “ချို” သုံးချောင်းကို နောက်ဆုံး နှုတ်ပစ် နိုင်သည့် အေဒီ ၅၃၈ ခုနှစ်မှ ၁၇၆၈ ခုနှစ်အထိ နှစ်ပေါင်း ၁၂၆၀ ကြာမည် ဖြစ်ပါသည်။ အေဒီ ၁၇၉၈ ခုနှစ်တွင် ပြင်သစ်စစ်သူကြီး နပိုလျံ၏ ဗိုလ်ချုပ်တစ်ပါးဖြစ်သော ဘာသီးယား (Berthier) သည် အထက်အမိန့်အရ၊ ရောမမြို့တော်သို့ ပြင်သစ်တပ်မတစ်တပ်နှင့် ချီတက်ကာ၊ ရောမမြို့ရှိ ဘုန်းတော်ကြီး ပုပ်ရဟန်းမင်း ဆဌမမြောက် ပီယူးစ်ကို ပြင်သစ်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားရာမှ၊ ပုပ်ရဟန်းမင်းကွယ်လွန်သွားခဲ့ပါသည်။ ထိုအခါ ပုပ်ရဟန်းမင်းကြီး၏သက်ဦးဆံပိုင်အာဏာ ပျက်ပြယ်သွားကာ၊ ပြည်သူ့ ကိုယ် စားလှယ်နှင့် အုပ်ချုပ်သည့်စနစ်ကို ရောမနိုင်ငံ၌ တည်ထောင် လိုက်လေ သည်။
သန့်ရှင်းသူတို့၏နောက်ဆုံးအောင်မြင်ခြင်း
ဤအောင်မြင်ခြင်းသည် ခရစ်တော်၏ဘုန်းတော်နိုင်ငံတော်တည်ထောင်ခြင်း ဖြစ်ပါသည်။ ဒံယေလ ၇း၂၆၊ ၂၇၊ “ထိုနောက်မှ တရားစီရင်ခြင်းဖြစ်လိမ့်မည်။ ထိုအခါ သူ၏ထန်ခိုးအာဏာကိုနှုတ်၍ ရှင်းရှင်းဖျက်ဆီးကြလိမ့်မည်။ ကောင်း ကင် အောက်၌ နိုင်ငံနှင့် တကွအာဏာစက်ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံး သော ဘုရား၏ သန့်ရှင်းသော လူတို့သည်ရကြလိမ့်မည်။ ထိုဘုရားသခင်၏ နိုင်ငံတော်သည် ထာ၀ရနိုင်ငံဖြစ်၏။ မင်းကြီးအပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြလိမ့်မည်။”
အခန်းကြီး - ၁၄။
၁၄။ ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်း
THE SECOND
COMING OF CHRIST
ကယ်တင်ရှင်သည် မိမိပြန်လည်ကြွလာဖို့ ကတိတော်ပေးထားပါ သလား။
ယောဟန် ၁၄း၁-၃၊ “တဖန်တုံယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်၊ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင်မဟုတ် ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင် ခြင်းငှာ ငါသွားရ၏။ ငါသည်သွား၍ သင်တို နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။”
မဿဲ ၂၄း၃၀၊ “ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင် ၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ ၍ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။” (လုကာ ၂၁း၂၇-၃၁။ ဗျာဒိတ် ၂၂၇၊ ၁၂၊ ၂၀)။
တမန်တော်တို့သည် ဤကမ္ဘာသို့ သခင်ယေရှုပြန်လည်ကြွလာတော်မူ မည်ဟု ယုံကြည်ကြပါသည်။
၁။ တမန်တော်ပေါလုအဆို ၁ သက်သာလောနိတ် ၄း၁၆၊ “သခင် ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် မင်း အသံပေးခြင်း၊ ဘုရား သခင်၏တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်း သက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့် မည်။”
၂။ ပေတရုအဆို၊ တမန်တော် ၃း၁၉-၂၁၊ “ထို့ကြောင့် ထာ၀ရဘုရား ထံတော်မှ ချမ်းအေးသောအချိန်ကာလသည် ရောက်လာ၍၊ သင်တို့အဖို့ အလို့ငှာ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်တော်ကို စေလွှတ်တော်မူမည် အကြောင်း၊ သင်တို့အပြစ်များကို ပြေစေခြင်းငှာ၊ နောင်တရ၍ စိတ်ပြောင်းလဲ ခြင်းသို့ ရောက်ကြလော့။ ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက်ဆရာတော် တို့ နှုတ်ဖြင့် ဘုရားသခင်ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံ သောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလမရောက်မီ တိုင် အောင် ကောင်းကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။”
၃။ တမန်တော်ယောဟန်အဆို၊ ဗျာဒိတ် ၁း၇၊ “ကြည့်ရှုလော့၊ မိုးတိမ် နှင့် တကွကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သောသူတို့နှင့် ရှိသမျှသော သူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသား အမျိုးမျိုးရှိ သမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။”
၄။ သခင်ယေရှု၏ညီ ယာကုပ်အဆို၊ ယာကုပ် ၅း၇၊ ၈၊ “ထို့ကြောင့်၊ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် အဖိုးထိုက်သော မြေ အသီးကို သည်းခံလျက်စောင့်နေ၍မြော်လင့်တတ်၏။ သင်တို့သည်လည်း သည်းခံလျက် စောင့်နေကြလော့ သခင်ဘုရားကြွလာတော်မူသော အချိန် ရောက်လုနီးပြီ။”
ကယ်တင်ရှင်ဒုတိယအကြိမ် ကြွလာတော်မူမည်ဖြစ်ကြောင်း သန့်ရှင်း သော ကောင်းကင်တမန်များကြွေးကြော်ခဲ့ပါသည်။
တမန်တော် ၁း၉-၁၁၊ တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ သခင်ဘုရားသည်အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုးတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင်ခံယူလေ၏။ ထိုသို့ကြွတော်မူသည်ကို တမန် တော်တို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်လျက်နေကြစဉ်တွင်၊ လူနှစ် ယောက်တို့သည် ဖြူစင်သော အဝတ်ကိုဝတ်ဆင်လျက် တမန်တော်တို့ အနားမှာ ပေါ်လာ၍၊ အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ ဆောင်ယူ ခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တဖန်ကြွလာတော် မူလတံ့ဟု ပြောဆို၏။”
ခရစ်တော်ကြွလာတော်မူခြင်းမဟုတ်
၁။ အသစ်မွေးဖွားချိန်၊ ပြောင်းလဲချိန်သည် ခရစ်တော်ကြွလာခြင်း မဟုတ်ပါ။ အသစ်မွေးဖွားချိန်သည် ခရစ်တော်ထံသို့ အပြစ်သားလာရောက် ချိန်ဖြစ်ပါသည်။ ဒုတိယကြွလာခြင်းသည် သန့်ရှင်းသူများထံသို့ ခရစ်တော်လာ ရောက်ခြင်းဖြစ်ပါသည်။ မဿဲ ၁၁း၂၈ “ဝန်လေး၍ ပင်ပန်းသောသူအပေါင်း တို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။” ခရစ်တော်ထံသို့ အပြစ် သား လာရောက်ခြင်းဖြစ်သည်။
ယေရှာယ ၁း၁၈၊ “ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ တရား စီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း၊ မိုးပွင့်ကဲ့သို့
ဖြူလိမ့်မည်။ ကတ္တီပါနီနှင့်အမျှ နီသော်လည်း သိုးမွေးကဲ့သို့ ဖြစ်လိမ့်မည်။”
ဤကျမ်းချက်နှစ်ချက်သည် ခရစ်တော်ထံသို့ အပြစ်သား လာရောက် ခြင်း အကြောင်းကို ဖော်ပြပါသည်။ ဒုတိယအကြိမ် ကြွလာခြင်းနှင့်စပ်လျဉ်း၍ သခင်ယေရှုက (ယောဟန် ၁၄း၂၊၃)၊ “သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကိုငါ့ထံသို့ သိမ်းဆည်းမည်”ဟု မိန့်တော်မူပါသည်။
၂။ သေခြင်းသည် ခရစ်တော်ကြွလာခြင်းမဟုတ်။ ၎င်းနှင့် ဆန့်ကျင် ဘက် ဖြစ်ပါသည်။ ခရစ်တော်ကြွလာသောအခါ အသက်ရှင်ထမြောက်ခြင်း ရှိမည်ဖြစ်သည်၊
၁ ကောရိန်သု ၁၅း၅၁-၅၄၊ “နက်နဲသောအရာတခုကို ငါပြဦးမည် ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ ဗသ လွန်သော သူတို့သည် မပုပ်နိုင်သော အဖြစ်၌တည်လျက် ထမြောက်၍၊ ငါတို့ ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ယခုမျက်မှောက်ပုပ်တတ် သော အရာသည် မပုပ်နိုင်သော အဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သော အရာသည် မသေနိုင်သော အဖြစ်သို့ ဝင်စားရမည်။ ဤ ပုပ်တတ်သော အရာသည် မပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤသေတတ်သော အရာသည် မသေနိုင်သော အဖြစ်သို့၎င်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက်သည် ပြည့်စုံလိမ့်မည်။
ပထမအသက်ရှင်ထမြောက်ခြင်းသည် ခရစ်တော်ဒုတိယအကြိမ်ကြွ လာသောအခါ ဖြစ်လိမ့်မည်။
၁ သက်သာလောနိတ် ၄း၁၆၊ ၁၇၊ “သခင်ဘုရားသည် ကြွေးကြော်ခြင်း ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးမှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက် ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်း သော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေ ခြင်းငှာ၊ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။”
၃။ ပင်တေကုတ္တေပွဲနေ့သည် ခရစ်တော်ကြွလာခြင်းမဟုတ်။
ယောဟန် ၁၄း၁၆၊ ၁၇၊ “ငါသည်ခမည်းတော်ကို တောင်း၍၊ ခမည်း တော်သည် သမ္မာတရားကို ပြသော ဝိညာဉ်တော်တည်းဟူသော တပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့ အား ပေးတော်မူမည်။ ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင် သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို hနှင့်အတူ တည်နေ ၍၊ သင်တို့၌ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။”
တမန်တော် ၁း၈၊ “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်း သက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒ ပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေဖြစ်ကြလိမ့်မည်။” (၂း၁-၆)
မှတ်ချက်။ ပင်တေကုတ္တေပွဲနေ့ နောက်ပိုင်းတွင် အကြိမ်ပေါင်း ၅၀ မက၊ ခရစ်တော်ဒုတိယအကြိမ် ကြွလာမည့် ကတိတော်ထပ်ခါတလဲလဲ တွေ့ ရပါသည်။
၄။ ယေရုရှလင်မြို့ပျက်စီးခြင်းသည် ခရစ်တော်ကြွလာခြင်းမဟုတ်။ ဘုရားသခင်၏လူတို့ နေရာတကာပြန့်နှံ့ခြင်း ဖြစ်ပါသည်။ ဒုတိယအကြိမ်ကြွ လာခြင်းသည် ဘုရားသခင်၏လူတို့စုရုံးခြင်းဖြစ်ပါသည်။
၂ သက်သာလောနိတ် ၂း၁၊ “ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ် တော် ကြွလာတော်မူ၍၊ ငါတို့သည် အထံတော်၌ စည်းဝေးခြင်းအရာမှာ၊”
မဿဲ ၂၄း၃၁၊ “လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကို ပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ်တော်မူသော သူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှခေါ်၍ စုရုံးကြ လတံ့။”
မှတ်ချက်။ ခရစ်တော်ပြန်လည်ကြွလာမည့်ဂတိတော်အများ ပါရှိသော ဗျာဒိတ်ကျမ်းသည် ယေရုရှလင်မြို့ ဖျက်ဆီးခြင်းခံရပြီး နှစ်ပေါင်း ၂၀ ကျော် ကာလ၌ ရေးသားပြုစုသောကျမ်းဖြစ်ပါသည်။
၅။ ခရစ်ယာန်အယူဝါဒပြန့်နှံ့ခြင်းသည် ခရစ်တော်ကြွလာခြင်း မဟုတ်။ ၎င်းသည် ရှေ့သို့တိုးတက်လှုပ်ရှားခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ကြွလာခြင်းသည် အလွန်အံ့ဩဖွယ်ကောင်းသော အဖြစ်အပျက်ဖြစ်လိမ့်မည်။
၁ သက်သာလောနိတ် ၄း၁၆၊ “သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကိုမှုတ်ခြင်း နှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။” (ဗျာဒိတ် ၁း၇။ ၆း၁၄-၁၇)။
ဓမ္မဟောင်းကျမ်း ပရောဖက်များကြိုတင်ဟောထား
နောက်ဆုံးနေ့ရက်များမှစ၍ ခရစ်တော်ကြွလာခြင်းနှင့်ဆက်နွှယ်သော အဖြစ်အပျက်များအကြောင်းကို ဓမ္မဟောင်းကျမ်း ပရောဖက်များက ကြိုတင် ဟောထားပါသလား။
ယောဘ ၁၉း၂၅၊ “ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍ နောင်ကာလ၌မြေကြီးပေါ်မှာပေါ်လာတော်မူမည်။”
ဆာလံ ၅ဝး၃၊ “ငါတို့၏ဘုရားသခင်ကြွလာတော်မူ၍၊ တိတ်ဆိတ်စွာ နေတော်မူမည်မဟုတ်။ ရှေ့တော်၌ မီးလောင်လျက်၊ ပတ်ဝန်းကျင်၌ မိုးသက် မုန်တိုင်းပြင်းထန်လိမ့်မည်။”
ယုဒ ၁၄၊ ၁၅၊ “အာဒံမှဆင်းသက်၍ ခုနစ်ဆက်မြောက်သော ဧနောက် က ထာ၀ရဘုရားသည် အတိုင်းမသိများစွာသော မိမိသန့်ရှင်းသူတို့နှင့် ကြွလာတော်မူ၍ မတရားသောသူတို့သည် မတရားသဖြင့် ပြုသောအမှုရှိသမျှ တို့ကို၎င်း၊ မတရားသော လူဆိုးတို့သည် ကိုယ်တော်ကိုပြစ်မှားပြောဆိုသော ကြမ်းတမ်းသောစကား ရှိသမျှတို့ကို၎င်း ဖော်ပြ၍၊ ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူလိမ့်မည်ဟု ဟောပြောလေ၏။”
ခရစ်တော်အမှန်တကယ်ကြွလာခြင်း
ခရစ်တော်ကြွလာခြင်းသည် ကိုယ်တော်တိုင်ဖြစ်၍ လူတိုင်းရှုမြင်သိရှိ နိုင်ပါမည်လား။
တမန်တော် ၁း၉-၁၁၊ “တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုးတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင်ခံယူလေ၏။ ထိုသို့ ကြွတော်မူသည်ကို တမန် တော်တို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်လျက်နေကြစဉ်တွင်၊ လူနှစ် ယောက်တို့သည် ဖြူစင်သော အဝတ်ကိုဝတ်ဆင်လျက် တမန်တော်တို့အနား မှာ ပေါ်လာ၍၊ အိုဂါလိလဲ လူတို့ အဘယ်ကြောင့်ကောင်းကင်သို့ကြည့်မျှော် လျက် နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွား တော်မူသည် နည်းတူ၊ တဖန်ကြွလာတော်မူလတံ့ဟု ပြောဆို၏”
ဗျာဒိတ်ကျမ်း ၁း၇၊ “ကြည့်ရှုလော့၊ မိုးတိမ်နှင့်တကွ ကြွလာတော်မူ သည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သောသူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့်ငိုကြွေး မြည်တမ်းရကြလိမ့်မည်။”
မှတ်ချက်။ လူအချို့တို့သည် “ကြွလာခြင်း” ဟုဘာသာပြန်ဆို ထား သော ဂရိစကား ဏမေသကျငa (ပါရိုးစီးယား) သည် လျှို့ဝှက်ရှိနေခြင်းဟု အဓိပ္ပါယ်ရှိသည် ဟုဆိုကြပါသည်။ သို့သော် နောက်ဆက်တွဲစာကြောင်းများကို ကြည့်လျှင်၊ ပါရိုစီးယားမှ လာသောစကားများကိုပင်၊ “ကြွလာခြင်း” သို့မဟုတ် “ကြွလာသည်” ဟုသာ ဖော်ပြထားပြီး၊ လျှို့ဝှက်ခြင်းကို ဆိုလိုခြင်းမဟုတ် ကြောင်း ရှင်းရှင်းလင်းလင်း တွေ့ရပါသည်။
၁ ကောရိန်သု ၁၆း၁၇၊ “သတေဖန်၊ ဖောတုနတ်နှင့် အခါယကုတို့ ရောက်လာသောကြောင့် ငါဝမ်းမြောက်၏။ အကြောင်းမူကား၊ သင်တို့ပြုစု၍ မပြည့်စုံသမျှတို့ကို သူတို့သည် ပြည့်စုံစေကြ၏။” သူတို့သည် ပေါလုထံသို့ လူကိုယ်တိုင်ရောက်လာခြင်း ဖြစ်သည်။ စိတ်ကူးဖြင့်သာ မြင်နိုင်သော၊ မျက်စိ ဖြင့် မမြင်နိုင်သည့် လျှို့ဝှက်ရောက်လာခြင်း မဟုတ်ပါ။
၂ ကောရိန်သု ၇း၆ ၌လည်း၊ “နှိမ့်ချခြင်းခံရသောသူတို့ကို သက် သာစေတော်မူသော ဘုရားသခင်သည် တိတုရောက်လာခြင်းအားဖြင့် ငါတို့ကို သက်သာစေတော်မူ၏” ဟုရှင်ပေါလုပြောပါသည်။ တိတုကိုယ်တိုင်ရောက်လာ ပါသည်။ လျှို့ဝှက်၍ ရောက်လာခြင်း မဟုတ်ပါ။
၂ ကောရိန်သု ၇း၇၊ “တိတုရောက်လာခြင်းအားဖြင့်သာမဟုတ်။ သင် တို့ဆီကရသော နှစ်သိမ့်ခြင်းအားဖြင့်လည်း၊ သက်သာစေတော်မူ၏။ ငါ့ အတွက် သင်တို့၏ လိုလားခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ စေတနာစိတ်အားကြီး ခြင်းများကို ငါ့အားကြားပြောသောကြောင့်၊ ငါသည်သာ၍ ဝမ်းမြောက်၏။” (ဖိလိပ္ပိ ၁း၂၆။ ၁ ယောဟန် ၂း၂၈ တို့ကိုလည်းကြည့်ပါ)။
ခရစ်တော်ကြွလာခြင်းသည်တကယ်ကြွလာခြင်း၊ ပေါ်လာခြင်းဖြစ်ပါ မည်လား။
ကောလောသဲ ၃း၄၊ “ငါတို့၏ အသက်ဖြစ်သော ခရစ်တော်ထင်ရှား တော်မူသောအခါ ငါတို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းကြီး၍ ထင်ရှား ကြလတံ့။
မှတ်ချက်။ ရွေးနုတ်ခံသန့်ရှင်းသူများ အစစ်အမှန်ဖြစ်သကဲ့သို့ ကိုယ် တော်သည်လည်း အစစ်အမှန်ဖြစ်လိမ့်မည်။ ၁ ပေတရု ၅း၄၊ “သိုးထိန်းကြီး ပေါ်ထွန်းတော် မူသောအခါ၊ သင်တို့သည် မညှိုးနွမ်းတတ်သော ဘုန်းကြီး သော ပန်းဦးရစ်သရဖူကို ရရှိကြလိမ့်မည်။”
ခရစ်တော်၏ပုံတော်ပြောင်းလဲခြင်း၊
ဒုတိယကြွလာခြင်းအတွက် သက်ဝင်သောအနာဂတ်စကား
မဿဲ ၁၆း၂၈။ ၁၇း၉၊ “ငါအမှန်ဆိုသည်ကား၊ လူ၏သားသည် နိုင်ငံ တော်တည်လျက် ကြွလာတော်မူသည်ကို၊ ဤအရပ်၌ ရှိသောသူအချို့တို့သည် မမြင်မီ သေခြင်းသို့မရောက်ရကြ၊ ဟုမိန့်တော်မူ၏။ ခြောက်ရက်လွန်သော အခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်တို့ကိုခေါ်၍၊ အလွန်မြင့်သော တောင်ပေါ်တွင် တသီးတခြားဆောင်သွားတော်မူ၏။ သူတို့ ရှေ့၌ ပုံတော်ပြောင်းလဲ၍၊ မျက်နှာတော်သည် နေကဲ့သို့ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ ဖြူဖွေးလျက်ရှိ၏။ မောရှေနှင့် ဧလိယ တို့သည် ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကားပြောကြ၏။ ထိုအခါ ပေတရု က၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ အလိုတော်ရှိလျှင် ကိုယ်တော်ဖို့ တဆောင်၊ မောရှေဖို့တဆောင်၊ ဧလိယဖို့ တဆောင်၊ တဲသုံးဆောင် ဆောက် ပေးမည်ဟု လျှောက်လေ၏။ ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသော မိုးတိမ် သည် ထိုသူတို့ကို လွှမ်းမိုး၍၊ ဤသူသည်၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်း။ သူ၏စကားကိုနားထောင်ကြလော့ဟု မိုးတိမ်ကအသံတော် ဖြစ်လေ ၏၊ တပည့်တော်တို့သည် ကြားလျှင်၊ ထကြ၊ မကြောက်ကြနှင့်ဟု မိန့်တော်မူ သော် သူတို့သည် ကြည့်မျှော်သဖြင့်၊ ယေရှုတယောက်တည်းမှတပါး၊ အဘယ်သူကိုမျှ မမြင်ကြ၊ တောင်ပေါ်မှ ဆင်းကြသောအခါ ယေရှုက၊ လူ၏ သားသည် သေခြင်းမှ မထမြောက်မီတိုင်အောင် သင်တို့ယခုမြင်သောရူပါရုံကို အဘယ်သူအားမှ မပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။”
တောင်ပေါ်တွင်ထူးဆန်းသောပေါ်ထွန်းခြင်းနှင့် စပ်ဆိုင်၍၊ ကိုယ်တိုင် မြင်တွေ့ ခဲ့သောသူများတွင် တစ်ယောက်အပါအဝင်ဖြစ်သော တမန်တော် ပေတရုသည် ဘာကိုပြန်ပြောခဲ့ပါသနည်း။
၂ ပေတရု ၁း၁၆-၁၈၊ “ငါတို့သခင်ယေရှုခရစ်တော်၏ တန်ခိုးတော်ကို ၎င်း ကြွလာတော်မူခြင်းကို၎င်း၊ သင်တို့အား ကြားပြောသောအခါ၊ ငါတို့သည် ပရိယာယ်နှင့် ပြင်ဆင်သော ဒဏ္ဍရီစကားကိုမလိုက်၊ ဘုန်းအာနုဘော်တော်ကို ကိုယ်တိုင်မြင်သော သူဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ ဤသူသည် ငါနှစ် သက်မြတ်နိုးရာ၊ ငါ၏ ချစ်သားပေတည်း ဟူသောအသံတော်သည်၊ ထူးမြတ် သောအရောင်အဝါတော်ထဲက ထိုသခင်သို့ရောက်သောအခါ ခမည်းတော် ဘုရားသခင့်အထံတော်မှ ဂုဏ်အသရေ ဘုန်းအာနုဘော်ကို ခံရတော်မူ၏။ ကောင်းကင်ကရောက်လာသော ထိုအသံတော်ကို ငါတို့သည် သန့်ရှင်းသော တောင်ပေါ်မှာ သခင်ဘုရားနှင့်အတူရှိသော အခါ ကြားရကြ၏။”
မှတ်ချက်။ ပုံတော်ပြောင်းလဲခြင်းဖြင့်၊ ငါတို့၏ကယ်တင်ရှင်သည် ဘုန်းတော်နှင့် ဒုတိယအကြိမ်ကြွလာမည့်ပုံကို ထင်ရှားပြသခြင်းဖြစ်ပါသည် (မဿဲ ၁၅း၃၁)။ မောရှေသည် သေလွန်ပြီးမှ ရှင်ပြန်ထမြောက်သကဲ့သို့၊ သန့်ရှင်းသူများ ရှင်ပြန်ထမြောက်မည်ဖြစ်ကြောင်းကို မောရှေပုံဆောင်ထားပါ သည် (ယုဒ ၉။ ရောမ ၅း၁၄။ ၁ သက်သာလောနိတ် ၄း၁၃-၁၈)။ မီးလှည်း ယာဉ်ဖြင့် ကောင်းကင်သို့ အရှင်လတ်လတ် ယူဆောင်ခြင်းခံရသော ဧလိယ သည်၊ အသက်မသေပဲ ကောင်းကင်သို့ ယူဆောင်ခြင်းခံရမည့် သန့်ရှင်းသူများ ကို ပုံဆောင်ထားခြင်း ဖြစ်ပါသည် (၄ ဓမ္မရာဇဝင် ၂။၁၁။ ၁ သက်သာလော နိတ် ၄း၁၇)။
အဘယ်ကြောင့် ခရစ်တော်ဒုတိယအကြိမ်ကြွလာမည်နည်း
၁။ သေလွန်သောဖြောင့်မတ်သူများကို ရှင်ပြန်ထမြောက်စေရန်နှင့်၊ အသက်ရှင်နေသော ဖြောင့်မတ်သူများကို ခေါ်ဆောင်သွားရန် ကြွလာမည်။
ယောဟန် ၅း၂၈၊၂၉၊ “ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်၊ သင်္ချိုင်း များမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက် လာရမည့် အချိန်ကာလရောက်လတံ့။ ကောင်းသောအကျင့်ကိုကျင့်သော သူ တို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့၎င်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့် သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း၊ ထွက်လာရကြလတံ့”
၁ သက်သာလောနိတ် ၄း၁၆၊၁၇၊ “သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကိုမှုတ်ခြင်း နှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍ ခရစ်တော်၌ သေ လွန်သော သူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါအသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ၊ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသော အားဖြင့် သခင်ဘုရားနှင့် အတူအစဉ်မပြတ် နေရကြလိမ့်မှုည်။”
၂။ မိမိလူတို့ကို ဆုချပေးရန်နှင့် လောကီသားများကို တရားစီရင်ရန်၊ ဗျာဒိတ် ၂၂း ၁၂၊ “ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုး
အပြစ်(ဆု)ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီး အသီးတို့အား မိမိတို့အကျင့် အတိုင်း ဆပ်ပေးမည်။”
၂ တိမောသေ ၄း၈၊ “ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့သိုထားလျက် ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူ သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့်တသော သူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။”
ဟေဗြဲ ၉း၂၈၊ “ခရစ်တော်သည် လူများအပြစ်တို့ကိုခံခြင်းငှာ တခါ တည်း ကိုယ်ကို ပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မြော်လင့်လျက်နေသော သူတို့ကို ကယ်တင်ခြင်းငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။”
၃။ ဆိုးသောသူတို့ကို ဖျက်ဆီး၍၊ ဘုန်းတော်နှင့်အုပ်စိုးရန်၊
၂ သက်သာလောနိတ် ၁း၇-၁၀၊ “သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ ကောင်းကင်ဘုံမှ ပေါ်ထွန်းတော်မူ၍၊ ဘုရား သခင်ကို မသိသောသူ၊ ငါတို့သခင်ယေရှုခရစ်တော်၏ ဧဝံဂေလိတရားကို နားမထောင်သော သူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ၊ သင်တို့ ကို ဆင်းရဲစေဖူးသော သူတို့၌ ဆင်းရဲခြင်းကို၎င်း၊ ဆင်းရဲခံရဖူးသော သင်တို့၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကို၎င်း၊ ဘုရားသခင်ဆပ်ပေး၍ တရားသဖြင့် စီရင်တော်မူလိမ့်မည်။ ထိုသခင်သည် မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေ တော်ထင်ရှားခြင်းကို၎င်း၊ ငါတို့သက်သေကို သင်တို့သည် ယုံကြည်သည်ဖြစ်၍၊ ယုံကြည်သောသူအပေါင်းတို့အားဖြင့် အံ့ဩ ချီးမွမ်းခြင်းကို၎င်းင် ခံအံ့သောငှာ ကြွလာတော်မူသောနေ့ရက်၌၊ ထိုသူတို့သည် သခင်ဘုရား၏မျက်နှာတော်နှင့် ၎င်း၊ တန်ခိုးရှိသော ဘုန်းတော်နှင့်၎င်း ကွာ၍၊ ထာ၀ရပျက်စီးခြင်း အပြစ်ဒဏ်
ကို ခံရကြလတံ့။”
၂ သက်သာလောနိတ် ၂း၇၊ ၈၊ “ဝှက်ထားလျက်ရှိသော ထိုအဓမ္မအရာ သည် ယခုပင်ပြုပြင်ဆဲရှိ၏။ သို့သော်လည်း ဆီးတားသောသူသည် ပယ်ရှင်း ခြင်းသို့ မရောက်မီတိုင်အောင် ဆီးတားလိမ့်မည်။ ပယ်ရှင်းခြင်းသို့ရောက်သောအခါ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက် ဝိညာဉ်တော် (နှုတ်တော်ထွက်သက်) အားဖြင့်ဖျက်ဆီး၍၊ ကြွလာ တော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။”
မဿဲ ၂၅း၃၁၊ “လူ၏သားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက် သန့်ရှင်းသောကောင်းကင်တမန်များ အခြံအရံတို့နှင့်တကွ ကြွလာတော်မူ သောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်၍၊”
ဗျာဒိတ် ၁၁း၁၈၊ “လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍၊ အမျက် တော်သည်လည်း ရောက်ပါပြီ၊ သေလွန်သောသူတို့ကို တရားစီရင်တော်မူ၍၊ ကိုယ်တော်၏ ကျွန်ပရောဖက်တို့အား၎င်း။ သန့်ရှင်းသူတို့အား၎င်း၊ ကိုယ်တော် ကို ကြောက်ရွံ့ ရိုသေသော သူအကြီးအငယ်တို့အား၎င်း၊ ဆုချပေးတော်မူ၍၊ မြေကြီးကိုဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသောအချိန်ရောက်ပါပြီ။”
No comments:
Post a Comment