အခန်း - ၉။ သခင်ခရစ်တော်တင်ကူးတည်ရှိခြင်း
၁။ သမ္မာကျမ်းစာ
THE BIBLE
ဘုရားသခင်သည် သမ္မာကျမ်းစာ ကျမ်းပြုဆရာဖြစ်တော်မူသည်။
၂ တိမောသေ ၃း၁၊ ၁၇။ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်း တော်မူသောအားဖြင့်ဖြစ်၍၊ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်း သောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငှာပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏။”
ဘုရားသခင်သည်လူမှတဆင့်စကားပြောသည်။
၂ ပေတရု ၁း၂၀၊ ၂၁၊ “ကျမ်းစာ၌ပါသော အနာဂတ္တိစကားမည်သည် ကား၊ ကိုယ်အလိုအလျောက်အနက် မပေါ်ဟု ရှေးဦးစွာ သိမှတ်ကြလော့။ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူ့အလိုအားဖြင့်ဖြစ်ဖူးသည်မဟုတ်။ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်း တော်မူခြင်းကိုခံရ၍ ဟောပြောကြ၏။”
ဓမ္မဟောင်းကျမ်းတစ်ခုလုံးကို “ကျမ်းစာ” ဟု ခေါ်ဆိုထားကြောင်း လုကာ ၂၄း၂၇၊ ၄၄၊ ၄၅ တို့တွင်တွေ့ ရပါသည်။ “ထိုအခါ မောရှေ၏ ကျမ်းစာ ချက်အနက်ကို ရှင်းလင်းစွာဖော်ပြတော်မူ၏။ . . တဖန်၊ မောရှေ၏ ပညတ္တိ ကျမ်းစာ၌လည်းကောင်း၊ ရောဖက်တို့၏ ကျမ်းစာ၌လည်းကောင်း ဆာလံ ကျမ်းစာ၌လည်းကောင်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသော အချက်တို့သည် ပြည့်စုံရမည်ဟုငါသည် သင်တို့နှင့်အတူရှိစဉ်အခါသင်တို့အား ဟောပြောသော အကြောင်းအရာတို့ကား၊ ဤအကြောင်းအရာပေတည်း၊ ဟုမိန့်တော်မူ၏။”
“ကျမ်းစာ” ခေါ် ဓမ္မဟောင်းကျမ်း ၃၉ အုပ်ကိုအပိုင်းသုံးပိုင်းခွဲထားပါ သည်။ (၁) မောရှေ၏ပညတ္တိကျမ်းစာ (၂) ပရောဖက်တို့၏ကျမ်းစာ၊ (၃) ဆာလံကျမ်းစာနှင့် လင်္ကာကျမ်းစာတို့ဖြစ်ပါသည်။
ဓမ္မသစ်ကျမ်း ၂၇ အုပ်တွင်ခရစ်တော်၏ အသက်တာနှင့်ဩဝါဒများကို မှတ်တမ်းတင်ထားသော ခရစ်ဝင်ကျမ်းလေးကျမ်း၊ လောကတစ်ခွင်သတင်း ဆောင်၍ ခရစ်ယာန်အသင်းတော်ကို တည်ဆောက်သောတမန်တော်များဝတ္ထု၊ ဩဝါဒစာများနှင့် ဗျာဒိတ်ကျမ်း တို့ပါဝင်သည်။
မေရှိယ သို့မဟုတ် ခရစ်တော်နှင့်ဆိုင်သော အနာဂတ်စကားများစွာ ဓမ္မဟောင်းကျမ်း၌ ပါရှိသည်။ ၎င်းအနာဂတ်စကားများ ပြည့်စုံကြောင်းကို ဓမ္မသစ်ကျမ်းက မှတ်တမ်းတင်ထားပါသည်။ ဓမ္မဟောင်းနောက်ဆုံးကျမ်းနှင့် ဓမ္မသစ်ပထမကျမ်းတို့၏ ကြားကာလ နှစ်ပေါင်း ၄၀၀ ခန့်တိတ်ဆိတ်ခဲ့သဖြင့် ဓမ္မဟောင်းပရောဖက်များနှင့် ဓမ္မသစ်တမန်တော်များ အကြားပူးပေါင်းကြံစည် မှု မရှိနိုင်ပါ။ ထို့အတွက်ကြောင့် ဆာလံဆရာက၊ “နှုတ်ကပတ်တော်အလုံးစုံ တို့သည် ဟုတ်မှန်ပါ၏ (ဆာလံ ၁၁၉း၁၆၀)” ဟုဆိုထားပါသည်။ မိမိစကား ပျောက်ကွယ်သွားခြင်းရှိမည်မဟုတ်ကြောင်း သခင်ယေရှုမိန့်တော်မူခဲ့ပါသည်။ “ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း၊ ငါ့စကားတည်လိမ့်မည်” (မဿဲ ၂၄း၃၅၊ လုကာ ၂၁း၃၃)။ ကျမ်းစာကို စေ့စေ့လေ့လာရန်လည်း တရားနာ ပရိသတ်ကို သခင်ယေရှု အမိန့်ပေးတော်မူပါသည်။ ကျမ်းစာအားဖြင့် ထာ၀ရ အသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ ၏။ ထိုကျမ်းစာပင်ငါ၏ သက်သေဖြစ်၏။ (ထာ၀ရအသက်ရမည်ဟု သင်တို h ထင်မှတ်သည်အတိုင်း ကျမ်းစာကို စေ့စေ့လေ့လာကြလော့၊ ၎င်းတို့သည် ငါ့အကြောင်းကိုသက်သေခံဖြစ်ကြ၏။ KJဠ ယောဟန် ၅း၃၉။
တမန်တော်ရှင်ပေါလုကိုယ်တိုင်လည်း ကျမ်းစာကို ယုံကြည်လက်ခံ သည်။ ငါတို့သည် ကျမ်းစာ၌ပါသော သည်းခံခြင်း၊ သက်သာခြင်း အကြောင်း များကို အမှီပြုမြော်လင့်ရသော အခွင့်ရှိစေခြင်းငှာ၊ ကျမ်းစာ၌ အထက်က ရေးထားသမျှသည် ငါတို့ကိုဆုံးမ ဩဝါဒပေးရန် ရေးထားသတည်း” ရောမ ၁၅း၄ (ယောဟန် ၁၇း၁၇။ ဟေဗြဲ ၄း၁၂။ ယေရမိ ၂၃း၂၉)။
သမ္မာကျမ်းစာဆိုင်ရာ ဆင်ခြင်တုံတရား
ယောဟန် ၂ဝး၃၀၊၃၁၊ “ဤကျမ်းစာ၌ရေး၍မထားသောအခြားနိမိတ် လက္ခဏာအများတို့ကိုလည်း ယေရှုသည်တပည့် တော်တို့မျက်မှောက်၌ပြတော် မူ၏။ ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သားတော်ဖြစ် တော်မူသည်ကို ယုံမည်အကြောင်း၊ ထိုသို hယုံ၍နာမတော်အားဖြင့် အသက်ကို ရမည်အကြောင်း၊ ဤမျှလောက်ရေးထားလျက်ရှိသတည်း။”
နှုတ်ကပတ်တော်သည် ဘ၀ခရီးလမ်းအတွက် မည်သည့်အရာဖြစ်ပါ သနည်း။ ဆာလံ ၁၁၉း၁၀၅၊ “နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကိုလင်းစေပါ၏”
နှုတ်ကပတ်တော်သည်ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ ဘာလုပ်ပေးပါ သနည်း။ ဆာလံ ၁၁၉း၁၁- “ကိုယ်တော်ကိုမပြစ်မှားဘဲနေနိုင်မည်အကြောင်း ဗျာဒိတ်တော် (နှုတ်ကပတ်တော်)ကို နှလုံးထဲမှာ သိုထားပါပြီ။” (ယောဟန် ၅း၃၉။ ၈း၃၁၊ ၃၂။ ၁ ပေတရု ၁း၂၂-၂၅။ ၃း၁၅။ ယေရှာယ ၈း၂၀။ တမန် တော် ၂ဝး၃၂)
လူသည်သမ္မာကျမ်းစာကို ထပ်၍ မဖြည့်စွက်ရပါ၊ နုတ်ပယ်လည်း မနုတ်ပယ်ရပါ။ ထိုအကြောင်းကို ကျမ်းစာ၏အစပိုင်း၊ အလယ်ပိုင်းနှင့်၊ အဆုံး ပိုင်းတို့၌ ဖော်ပြထားပါသည်။
တရားဟောရာ ၄း၂၊ “ငါမှာထားသော စကား၌ သင်တို့သည်အသစ် မသွင်းရ။ အလျင်းမနုတ်မပယ်ရ။ ငါမှာထားသည်အတိုင်း သင်တို့ ဘုရားသခင် ထာ၀ရဘုရား၏ ပညတ်တော်တို့ကို စောင့်ရှောက်ရကြမည်။”
သုတ္တံ ၃ဝး၅၊ ၆ “ဘုရားသခင်၏ စကားတော်ရှိသမျှသည်စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင်သည် အကွယ်အကာဖြစ်တော်မူ၏။ စကားတော်တို့၌ ထပ်၍ မသွင်းနှင့်။ သို့ပြုလျှင်အပြစ်တင်တော်မူ၍၊ သင်သည် မုသာသုံးသောသူ ဖြစ်လိမ့်မည်။”
ဗျာဒိတ် ၂၂း၁၈၊၁၉ “ဤစာစောင်၏အနာဂတ္တိစကားကို ကြားသောသူ အပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူသည် ဤစာစောင်၌ ရေးထားသော အသက်ပင်နှင့်လည်းကောင်း၊ သန့်ရှင်းသောမြို့တော်နှင့်လည်း ကောင်း၊ ထိုသူစပ်ဆိုင်သော အခွင့်ကိုဘုရားသခင်နှုတ်ပယ်တော်မူမည်။”
ယောဟန် ၁ဝး၃၅။ ယေရှာယ ၄ဝး၈။ ၅၅း၁၁။ ယေရမိ ၂၃း၂၈ တို့ကိုလည်းဖတ်ပါ။
၂။ စိတ်ဝင်စားဖွယ်ကျမ်းစာအဖြစ်မှန်ပုံပြင်များ
INTERESTING
BIBLE STORIES
၁. ကမ္ဘာကိုဖန်ဆင်းခြင်း၊
- ကမ္ဘာဦး ၁း၂
၂. အာဒံ၊ ဧ၀နှင့် မြွေ
- ကမ္ဘာဦး ၃။
၃. ကာအိန နှင့်အာဘီလ
- ကမ္ဘာဦး ၄။
၄. နောဧသင်္ဘောနှင့် ရေလွှမ်းမိုးခြင်း
- ကမ္ဘာဦး ၆၊ ၈။
၅. လူမျိုးကွဲပြားဖြစ်ပေါ်လာခြင်း
- ကမ္ဘာဦး ၁၀။
၆. ဘေဘီလုံရဲတိုက်
- ကမ္ဘာဦး ၁၁း၁-၉။
၇. စာရာကိုအာဗြဟံဆုံးရှုံးလုနီး
- ကမ္ဘာဦး ၁၂။
၈. ရန်သူ့လက်မှ လောတကိုအာဗြဟံကယ်ခဲ့
- ကမ္ဘာဦး ၁၄။
၉. အာဗြဟံအတွက်သားတစ်ယောက်
- ကမ္ဘာဦး ၁၅။
၁၀. ဟာဂရတောထဲထွက်ပြေး
- ကမ္ဘာဦး ၁၆း၆-၁၃။
၁၁. ကောင်းကင်တမန်များအာဗြဟံထံရောက်လာ -
ကမ္ဘာဦး ၁၈၊ ၁၉း၁။
၁၂. မီးဖြင့်သောဒုံနှင့်ဂေါမောရမြို့ဘုရားဖျက်ဆီး -
ကမ္ဘာဦး၁၉း၂၄-၂၉။
၁၃. ဇနီးဖြစ်ကြောင်းစာရာကိုအာဗြဟံငြင်းဆို
- ကမ္ဘာဦး ၂၀။
၁၄. ဟာဂရနှင့်အီးရှမေလတို့တောထဲရောက် -
ကမ္ဘာဦး ၂၁း၁-၂၁။
၁၅. ယဇ်ကောင်အဖြစ်အီးဇက်ကိုအာဗြဟံပူဇော်
- ကမ္ဘာဦး ၂၂း၁-၁၉
၁၆. စာရာကိုမြုပ်နှံဖို့မြေတစ်ကွက်အာဗြဟံဝယ် -
ကမ္ဘာဦး ၂၃။ ၁၇။
၁၇. အီးဇက်အတွက်ဘ၀ကြင်ဖော်ရှာပေးခြင်း
- ကမ္ဘာဦး ၂၄။
၁၈. သားဦးအရာကိုဧသောရောင်းစား
- ကမ္ဘာဦး၂၅း၂၉-၃၄။
၁၉. ရေတွင်းများကိုအီးဇက်ပြန်ဖော်ခြင်း
- ကမ္ဘာဦး၂၆း၁၃-၃၃။
၂၀. ယာကုပ်နှင့်ဧသော
- ကမ္ဘာဦး ၂၇။
၂၁. ယာကုပ်အိပ်မက်
- ကမ္ဘာဦး၂၈း၁၀-၁၅။
၂၂. ယာကုပ်နှင့်လာဘန်
- ကမ္ဘာဦး ၂၉။
၂၃. ရုပ်တုများကိုရာခေလဖုံးဖိထား
- ကမ္ဘာဦး ၃၁။
၂၄. ကောင်းကင်တမန်တပါးနှင့်ယာကုပ်နပန်းလုံး -
ကမ္ဘာဦး ၃၂။
၂၅. ယာကုပ်နှင့်စသောပြန်လည်ဆုံတွေ့ခြင်း
- ကမ္ဘာဦး ၃၃။
၂၆. ရုပ်တုများကိုယာကုပ်မြှုပ်နှံထား
- ကမ္ဘာဦး ၃၅။
၂၇. အစ်ကိုများကယောသပ်ကိုရောင်းစား -
ကမ္ဘာဦး ၃၇။
၂၈. ယောသပ်အကျဉ်းထောင်ထဲရောက်
- ကမ္ဘာဦး ၃၉။
၂၉. ဖလားတော်ဝန်နှင့်စာတော်ဝန်တို့၏အိပ်မက် -
ကမ္ဘာဦး ၄၀။
၃၀. ဖာရောမင်း၏ ထူးဆန်းသောအိပ်မက်
- ကမ္ဘာဦး ၄၁။
၃၁. ညီအစ်ကိုတို့နှင့်ယောသပ်တွေ့ဆုံခြင်း -
ကမ္ဘာဦး ၄၂-၄၅။
၃၂. မွေးကင်းစသားများသတ်ဖို့ဖာရောမင်း၏ အမိန့် - ထွက်မြောက်ရာ ၁။
၃၃. ကိုင်းပင်ပုခက်ထဲရှိမောရှေ
- ထွက်မြောက်ရာ ၂း၁-၁၀။
၃၄. အီဂျစ်လူတစ်ယောက်မောရှေသတ်ခဲ့
-ထွက်မြောက်ရာ ၂း၁၁-၂၅။
၃၅. မီးလျှံထွက်သောချုံနားရောက်မောရှေ - ထွက်မြောက်ရာ ၃။
၃၆. မောရှေ၏လှံတံမြွေဖြစ်သွား
- ထွက်မြောက်ရာ ၄း၁-၅။
၃၇. ကောက်ရိုးနှင့်လုပ်သောအုတ်
- ထွက်မြောက်ရာ ၅။
၃၈. အီဂျစ်နိုင်ငံ၌ကျသောဘေးဒဏ် (၁၀)ပါး
- ထွက်မြောက်ရာ ၇-၁၂။
၃၉. တံခါးပေါ်ရှိသွေး
- ထွက်မြောက်ရာ ၁၂။
၄၀. ပင်လယ်နီကိုအစ္စရေးလူတို့ဖြတ်သွား - ထွက်မြောက်ရာ ၁၄။
၄၁. ခါးသောရေချိုမြိန်လာ
-ထွက်မြောက်ရာ၁၅း၂၃-၂၇။
၄၂. ငုံးနှင့်မန္နမုန့်ချပေးခြင်း
- ထွက်မြောက်ရာ ၁၆။
၄၃. ကျောက်ဆောင်မှရေထွက်လာ - ထွက်မြောက်ရာ ၁၇။
၄၄. ပညတ်တော်ဆယ်ပါးပေးအပ်ခြင်း
- ထွက်မြောက်ရာ ၂၀။
၄၅. ရွှေနွားသငယ်ရုပ်သွန်းလုပ်ခြင်း
- ထွက်မြောက်ရာ ၃၂။
၄၆. နာဒပ်နှင့်အဘိဟူးတို့ဆက်ကပ်သောမီး
- ဝတ်ပြုရာ ၁ဝး၁-၁၁။
၄၇. မိရိအမ်အနာကြီးရောဂါစွဲကပ်
- တော်လည်ရာ ၁၂။
၄၈. ပြည်တော်ကိုစူးစမ်းသောသူလျှိုဆယ့်နှစ်ဦး - တော်လည်ရာ ၁၃၊ ၁၄။
၄၉. မြေမျိုခံရသောကောရ၊ ဒါသန်နှင့်အဘိရမ် - တော်လည်ရာ ၁၆။
၅၀. ကျောက်ဆောင်ကိုမောရှေရိုက် - တော်လည်ရာ ၁၇။
၅၁. အာရုန်၏လှံတံဖူးပွင့်လာ
- တောလည်ရာ ၂ဝး၁-၁၃။
၅၂. မီးမြွေများ
- တောလည်ရာ ၂၁း၄-၉။
၅၃. ဘာလမ်နှင့်စကားပြောသောမြည်း
- တောလည်ရာ ၂၂-၂၄။
၅၄. ခိုလှုံရာမြို့များ
- တရားဟောရာ ၁၉။
၅၅. မောရှေကိုဘုရားသခင်မြှုပ်နှံ
- တရားဟောရာ ၃၄။
၅၆. သူလျှိုတို့ကိုရာဟပ်ဝှက်ထား
- ယောရှု ၂။
၅၇. အစ္စရေးလူတို့ယော်ဒန်မြစ်ကိုဖြတ်သွားခြင်း - ယောရှု ၃း၇-၁၇။ ၄။
၅၈. ယေရိခေါမြို့ရိုးပြိုကျ
- ယောရှု ၆။
၅၉. အာခန်ရွှေတုံးခိုးဝှက်ခြင်း
- ယောရှု ၇။
၆၀. အာအိမြို့ချုံခိုတိုက်ခိုက်ခြင်း
- ယောရှု ၈း၁-၂၉။
၆၁. ဟောင်းနွမ်းသောအိတ်နှင့်ရိက္ခာ
- ယောရှု ၉။
၆၂. နေနှင့်လရပ်တန့်နေ
- ယောရှု ၁ဝး၁-၂၇။
၆၃. ဧဟုဒ်၏ သန်လျက်
- တရားသူကြီး ၃း၁၂-၃၀။
၆၄. တံသင်နှင့်လက်ရိုက်
- တရားသူကြီး ၄။
၆၅. ဂိဒေါင်နှင့်သူ၏စစ်တပ်
- တရားသူကြီး ၆၊ ၇။
၆၆. စကားပြောသောသစ်ပင်ပုံပမာ
- တရားသူကြီး ၉း၇-၁၅။
၆၇. ယေဖသ၏ဂတိသစ္စာ
- တရားသူကြီး ၁၁။
၆၈. “ရှိဘောလက်” ကိုပြီအောင်မပြောတတ်သူ - တရားသူကြီး ၁၂။
၆၉. ရှံဆုန်၏အကြောင်းစုံ
- တရားသူကြီး ၁၃-၁၆။
၇၀. ရုသအကြောင်း
- ရုသဝတ္ထု။
၇၁. ညချိန်ခေါ်သံကြားသောရှမွေလ - ၁ ရာဇဝင် ၃။
၇၂. သတင်းဆိုးကြောင့်ယဇ်ပုရောဟိတ်သေဆုံး - ၁ ရာဇဝင် ၄။
၇၃. ဖိလစ္စတင်းတို့ထံသေတ္တာတော်ရောက်လျှင် - ၁ ရာဇဝင် ၅း၆။
၇၄. အစ္စရေးလူတို့ရှင်ဘုရင်တောင်းဆို
- ၁ ရာဇဝင် ၈။
၇၅. မြည်းကိုရှာသောလူငယ်
- ၁ ရာဇဝင် ၉။
၇၆. ယောနသန်နှင့်လက်နက်ဆောင်လုလင်
- ရာဇဝင် ၁၄း၁-၂၃။
၇၇. ဘုရားသခင်ကိုနားမထောင်သောရှောလု - ၁ ရာဇဝင် ၁၅။
၇၈. ရှမွေလသည်ဒါဝိဒ်ကိုဘိသိက်ပေး
- ၁ ရာဇဝင် ၁၆။
၇၉. ဂေါလျက်ကိုဒါဝိဒ်တိုက်ခိုက်
- ရာဇဝင် ၁၇။
၈၀. ဒါဝိဒ်နှင့်ယောနသန်
- ၁ ရာဇဝင် ၁၈း၁-၄။
၈၁. ဒါဝိဒ်ကိုလုပ်ကြံရန်ရှောလုကြိုးပန်း
- ၁ ရာဇဝင် ၁၉။
၈၂. ဒါဝိဒ်သည်ဥမင်တွင်း၌ရှောလုကိုတွေ့ - ၁ ရာဇဝင် ၂၄။
၈၃. ရှောလုစခန်း၌ရှိသောဒါဝိဒ်
- ၁ ရာဇဝင် ၂၆။
၈၄. အင်ဒေါရမြို့ရှိနတ်ဝင်မိန်းမနှင့်ရှောလု - ၁ ရာဇဝင် ၂၈။
၈၅. တောပုန်းဓားပြများကိုဒါဝိဒ်အနိုင်ယူ
- ၁ ရာဇဝင် ၃၀။
၈၆. သေတ္တာတော်ကိုထိသောဩဇလဲသေ - ၂ ရာဇဝင် ၆း၁-၇။
၈၇. ဒါဝိဒ်၏ကြီးမားသောအပြစ်
- ၂ ရာဇဝင် ၁၁၊ ၁၂။
၈၈. အဘရှလုံအကြောင်းစုံ
- ၂ ရာဇဝင် ၁၅-၁၈။
၈၉. လူသန်ကြီးလေးဦးသေဆုံး
- ၂ ရာဇဝင် ၂၁း၁၅-၂၂။
၉၀. ရှောလမုန်၏အိပ်မက်
- ၃ ရာဇဝင် ၃း၅-၁၅။
၉၁. သားလုသောအမှုစီရင်ခြင်း
- ၃ ရာဇဝင် ၃း၁၆-၂၈။
၉၂. ရှေဘမိဖုရားရောက်လာခြင်း
- ၃ ရာဇဝင် ၁၀။
၉၃. ရှောလမုန်၏မိဖုရားနှင့်မောင်းမမိဿံများ
- ရာဇဝင် ၁၁း၁-၁၃။
၉၄. ပရောဖက်နှင့်ခြင်္သေ့ကြီး
- ၃ ရာဇဝင် ၁၃။
၉၅. ဧလိယနှင့်ကျီးအများ
- ၃ ရာဇဝင် ၁၇။
၉၆. ဧလိယနှင့်ဘာလပရောဖက်များ
- ၃ ရာဇဝင် ၁၈း၁-၂၉။
၉၇. ကောင်းကင်မှမီးကျလာ
- ၃ ရာဇဝင် ၁၈း၃၀-၃၈။
၉၈. ဥမင်ထဲရှိဧလိယ
- ၃ ရာဇဝင် ၁၉း၁-၁၄။
၉၉. မိဖုရားယေဇဘေလ်နှင့်နာဘုတ်စပျစ်ခြံ
- ၃ ရာဇဝင် ၂၁။
၁၀၀. အာဟပ်ကွယ်လွန်ခြင်း
- ၃ ရာဇဝင် ၂၂း၁-၄၀။
၁၀၁. ဧလိယခေါ်ဆောင်ခြင်းခံ
- ၄ ရာဇဝင် ၂း၁-၁၈။
၁၀၂. ဧလိရှဲနှင့်ဝက်ဝံများ
- ၄ ရာဇဝင် ၂း၂၃-၂၅။
၁၀၃. မုတ်ဆိုးမ၏ဆီ
- ၄ ရာဇဝင် ၄း၁-၇။
၁၀၄. ရှုနင်မြို့သူ၏သား
- ၄ ရာဇဝင် ၄း၁၆-၃၇။
၁၀၅. နေမန်၏အနူရောဂါ
- ၄ ရာဇဝင် ၅။
၁၀၆. ရေပေါ်ပေါ်လာသောပုဆိန်
- ၄ ရာဇဝင် ၆း၁-၇။
၁၀၇. ရှမာရိမြို့၌လွန်စွာအစာခေါင်းပါး
- ၄ ရာဇဝင် ၆း၂၄-၂၇။
၁၀၈. ဘာလ်ဘုရားကိုးကွယ်သူများလုပ်ကြံခံရ
- ၄ ရာဇဝင် ၁ဝး၁၈-၂၈။
၁၀၉. သက်တော်ခုနစ်နှစ်ရှိရှင်ဘုရင်
- ၄ ရာဇဝင် ၁၁။
၁၁၀. ကောင်းကင်တမန်တစ်ပါးတပ်မကြီးတစ်ခုဖျက်ဆီး- ၄ ရာဇဝင် ၁၉။
၁၁၁. မိဖုရားမြတ်ဧသတာ
- ဧသတာဝတ္ထု။
၁၁၂. ပါရမီရှိသောမိန်းမ
- သုတ္တံ ၃၁း၁၀-၃၀။
၁၁၃. ဘုန်းထွန်းသောကမ္ဘာသစ်
- ယေရှာယ ၃၅။
၆၉း၁၇- ၂၅။ ၆၆း၂၂၊ ၂၃။
၁၁၄. စာတန်၏ရာဇဝင်
- ယေရှာယ ၁၄း၆-၂၀။
ယေဇကျေလ ၂၈း၁၁-
၁၉။ ဗျာဒိတ် ၁၂း၁-၉။
၁၁၅. မြေတွင်းနက်ထဲရောက်သောယေရမိ - ယေရမိ ၃၈း၁-၁၃။
၁၁၆. ဘုရင့်စားဖွယ်ငြင်းပယ်သောဒံယေလ
- ဒံယေလ ၁။
၁၁၇. ရုပ်တုကြီးအိပ်မက်
- ဒံယေလ ၂။
၁၁၈. မီးပုံထဲရောက်ဟေဗြဲလူငယ်များ
- ဒံယေလ ၃။
၁၁၉. မြက်ပင်စားသောဘုရင်ကြီး
- ဒံယေလ ၄။
၁၂၀. ဘေလရှာဇာမင်းကြီး၏ စားသောက်ပွဲ
- ဒံယေလ ၅။
၁၂၁. ခြင်္သေ့တွင်းရောက်ဒံယေလ
- ဒံယေလ ၆။
၁၂၂. ယောနနှင့်ဝေလငါးကြီး
- ယောနဝတ္ထု။
၁၂၃. ယုဒပြည်ဘက်လင်မြို့၌ယေရှုမွေးဖွား - မဿဲ ၂။
၁၂၄. ယေရှုနှင့်ကျမ်းတတ်ပုဂ္ဂိုလ်များ
• လုကာ ၂.၃၉-၅၂။
၁၂၅. ယေရှုကိုယောဟန်ဗတ္တိဇံပေး
- မဿဲ ၃။
၁၂၆. ယေရှုသွေးဆောင်ခြင်းခံရ
- မဿဲ ၄း၁-၁၁။
၁၂၇. မုန်တိုင်းကိုယေရှုငြိမ်သွားစေခြင်း
- မဿဲ ၈း၂၃-၂၇။
၁၂၈. သေသောကလေးမကိုယေရှုထမြောက်စေခြင်း- မဿဲ ၉း၁၈-၂၆။
၁၂၉. ဗတ္တိဇံဆရာယောဟန်ခေါင်းဖြတ်ခံရ - မဿဲ ၁၄း၁-၁၂။
၁၃၀. လူငါးထောင်ယေရှုအစာကျွေး
- မဿဲ ၁၄း၁၃-၂၁။
၁၃၁. ရေပေါ်၌ယေရှုလမ်းလျှောက်သွား
- မဿဲ ၁၄း၂၅-၃၃။
၁၃၂. ယေရှုဘုန်းရောင်ခြည်ပြခြင်း
- မဿဲ ၁၇း၁-၉။
၁၃၃. အပျိုကညာဆယ်ယောက်
- မဿဲ ၂၅း၁-၁၃။
၁၃၄. အသုံးအဖြုန်းကြီးသောသား
- လုကာ ၁၅း၁၁-၃၂။
၁၃၅. လာဇရုရှင်ပြန်ထမြောက်ခြင်း
- ယောဟန် ၁၁။
၁၃၆. နောက်ဆုံးညစာနှင့်ယေရှုကိုအပ်နှံခြင်း
- မဿဲ ၂၆။
၁၃၇. ခရစ်တော်သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်း - မဿဲ ၂၇၊ ၂၈။
၁၃၈. ခရစ်တော်ကောင်းကင်ဘုံတက်ကြွသွားခြင်း - တမန်တော် ၁း၁-၁၂။
၁၃၉. အာနနိနှင့်ရှာဖိရေတို့လဲကျသေ - တမန်တော် ၅။
၁၄၀. သတေဖန်ကိုကျောက်ခဲနှင့်ပစ်သတ်
- တမန်တော် ၆း၉-၁၅။
၇း၅၄-၆၀။
၁၄၁. လှည်းပေါ်၌တရားဟောခြင်း
- တမန်တော် ၈း၂၆-၄၀။
၁၄၂. လမ်းမကြီးပေါ်၌ရှောလုပြောင်းလဲ
- တမန်တော် ၉း၁-၃၀။
၁၄၃. ပေတရုကိုထောင်ထဲမှကောင်းကင်တမန်လွှတ်- တမန်တော် ၁၂။
၁၄၄. ပေါလုကိုသေလုမျောပါးကျောက်ခဲနှင့်ပစ်
- တမန်တော် ၁၄း၈-၂၀။
၁၄၅. ထောင်ထဲရှိပေါလုနှင့်သိလ
- တမန်တော် ၁၆း၁၆-၄၀။
၁၄၆. ပြတင်းပေါက်မှကျသောလူငယ်
- တမန်တော် ၂ဝး၁-၁၂။
၁၄၇. ပင်လယ်ပေါ် မုန်တိုင်းထန်
- တမန်တော် ၂၇။
၁၄၈. ယေရုရှလင်မြို့သစ်
- ဗျာဒိတ် ၂၁၊ ၂၂။
၃။ စိတ်ဝင်စားဖွယ်ကျမ်းစာအချက်အလက်များ
BIBLE
FACTS OF SPECIAL INTEREST
သမ္မာကျမ်းစာအုပ်သည် ခသ ၁၄၅၀ ခန့်တွင်ပထမဦးဆုံး ပုံနှိပ်သော စာအုပ်ဖြစ်ပါသည်။ Authorized Version ခေါ် King James Bible ကို ခသ ၁၆၁၁ ခုနှစ်တွင်ပုံနှိပ်ထုတ်ဝေခဲ့ရာ၊ ၎င်းသည်ကမ္ဘာပေါ်တွင် စံတင်လောက် သော အင်္ဂလိပ်စာ မှတ်တိုင်ကြီးပင်ဖြစ်ပါသည်။
ဓမ္မဟောင်းကျမ်းတွင်စာအုပ်ပေါင်း ၃၉ အုပ်နှင့်ဓမ္မသစ်ကျမ်းတွင် ၂၇ အုပ်ဖြစ်၍၊ စုစုပေါင်း ၆၆ အုပ်ရှိပါသည်။ ဓမ္မဟောင်း ကျမ်းတွင်အခန်းကြီး ၉၂၉ ခန့်ရှိ၍၊ ဓမ္မသစ်ကျမ်းတွင် ၂၆၀ ရှိရာ၊ စုစုပေါင်း အခန်းကြီး ၁၁၈၉ ခန်းရှိပါသည်။ အခြားဘာသာပြန်ကျမ်းများနှင့် အနည်းငယ်ကွာခြားမှုရှိသော် လည်း၊ ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းရှိအခန်းငယ်များ၊ စကားလုံးများနှင့်စာလုံး များမှာ- ဓမ္မဟောင်းကျမ်း၌အခန်းငယ် ၂၃၂၁၄ ရှိ၍၊ ဓမ္မသစ်ကျမ်း၌ ၇၉၅၉ ရှိရာ၊ စုစုပေါင်း ၃၁၁၇၃ ရှိပါသည်။ ဓမ္မဟောင်းကျမ်း၌ စကားလုံးပေါင်း ၅၉၂၄၉၃ ရှိ၍၊ ဓမ္မသစ်ကျမ်း၌ ၁၈၁၂၅၃ ရှိရာ၊ စုစုပေါင်း ၇၇၃၇၄၆ လုံး ရှိပါသည်။ ဓမ္မဟောင်းကျမ်း၌ စာလုံးပေါင်း ၂၇၂၈၁၀၀ ရှိ၍၊ ဓမ္မသစ်ကျမ်း၌ ၈၃၈၃၈၀ ရှိရာ၊ စုစုပေါင်း ၃၅၆၆၄၈၀ လုံးရှိပါသည်။
ဗဟိုအလယ်ကျ၍ အတိုဆုံးအခန်းကြီးမှာ ဆာလံ ၁၁၇ ဖြစ်၍ အလယ်ကျသောအခန်းငယ်မှာ ဆာလံ ၁၁၈း၈ ဖြစ်ပါသည်။
“ယေဟောဝါ” ဟူသောစကားလုံး ၆၈၅၅ ကြိမ်တွေ့ရပါသည်။
ဓမ္မဟောင်းကျမ်းတွင် သုတ္တံကျမ်းသည် အလယ်ကျသောစာအုပ်ဖြစ်၍ ယောဘ ၂၉ သည် အလယ်ကျသော အခန်းကြီး ဖြစ်သည်။ ၂ ရာဇဝင်ချုပ် ၂ဝး၁၈ သည် အလယ်ကျသောအခန်းငယ်ဖြစ်၍၊ ၁ ရာဇဝင်ချုပ် ၁း၁ သည် အတိုဆုံးအခန်းငယ် ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ၂ သက်သာလောနိတ်သည် အလယ်ကျသော စာအုပ်ဖြစ်၍၊ ရောမ ၁၃ နှင့် ၁၄ စပ်ကြားသည် အလယ်ကျ သော အခန်းကြီးဖြစ်သည်။ တမန်တော် ၁၇း၁၇ သည် အလယ်ကျသော အခန်းငယ်ဖြစ်၍၊ ယောဟန် ၁၁း၃၅ သည် သမ္မာကျမ်းတစ်အုပ်လုံးတွင် အတိုဆုံးအခန်းငယ်ဖြစ်ပါသည်။
၄ ရာဇဝင် နှင့် ယေရှာယ ၃၇ တို့သည် ထပ်တူနီးပါးဖြစ်ပါသည်။
ဧသတာဝတ္ထုတွင် “ဘုရားသခင်” သိုမဟုတ် “သခင်” ဟူသော စကားလုံးမတွေ့ရပါ။ “ကြောက်ရွံ့ရိုသေဖွယ်” ဟူသော စကားလုံးကို ဆာလံ ၁၁၁း၉ တွင်တွေ့ရ၍၊ ၎င်းသည်ဘုရားသခင်ကိုသမှုတ်သောစကားဖြစ်သည်။ ယေရှာယ ၈း၁ တွင် အရှည်ဆုံးသော စကားလုံးတွေ့ရပါသည်။
၄။ ပညတ်တော်ဆယ်ပါး
THE TEN
COMMANDMENTS
၁
ငါမှတပါး အခြားသောဘုရားကိုမကိုးကွယ်နှင့်။
၂
အထက်မိုးကောင်းကင်၌၎င်း၊ အောက်အရပ် မြေကြီးပေါ်၌၎င်း၊ မြေ ကြီးအောက်ရေထဲ၌၎င်းရှိသောအရာနှင့်ပုံသဏ္ဍာန် တူသောရုပ်တုဆင်းတုကို ကိုယ့်အဖို့မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရား သခင် ငါထာ၀ရဘုရားသည် သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသော သူတို့၏ အမျိုးအစဉ်အဆက်တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင် အဘတို့၏အပြစ်ကိုသားတို့၌စပ်ပေးစီရင်သောဘုရား၊ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်း တိုင်အောင်၊ ကရုဏာကိုပြသောဘုရားဖြစ်၏။
၃
သင်၏ဘုရားသခင်ထာ၀ရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား နာမတော်ကိုမုသာနှင့်ဆိုင်၍မြွက်ဆိုသော သူကို အပြစ်မရှိဟု ထာ၀ရဘုရားမှတ်တော်မမူ။
၄
ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံးအလုပ်မျိုးကို ကြိုးစား၍လုပ်ဆောင်လော့။ သတ္တမနေ့ရက် သည် သင်၏ ဘုရားသခင်ထာ၀ရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှ စ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်၊ သင်၏တံခါးအတွင်း ၌နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။ အကြောင်းမူကား ထာ၀ရ ဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေ တော်မူ၏။
၅
သင်၏ဘုရားသခင်ထာ၀ရဘုရားပေးသနားတော်မူသောပြည်၌ သင် ၏ အသက်တာရှည်မည်အကြောင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။
၆
လူအသက်ကိုမသတ်နှင့်။
၇
သူ့မယားကိုမပြစ်မှားနှင့်၊
၈
သူ့ဥစ္စာကိုမခိုးနှင့်။
၉
ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ မမှန်သောသက်သေကိုမခံနှင့်။
၁၀
ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သော စိတ်မရှိနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယား၊ သူ၏ ကျွန်ယောက်ျား၊ မိန်းမ၊ နွား၊ မြည်း မှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစုံတခုကိုမျှ တပ်မက်လိုချင်သော စိတ်မရှိစေနှင့်။
ထွက်မြောက်ရာ ၂ဝး၃-၁၇။
၅။ ဆာလံ ၂၃
TWENTY-THIRD
PSALM
ထာ၀ရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။
စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကိုအိပ်စေတော်မူ၏။ သာယာ သော မြစ်နားသို့လမ်းပြတော်မူ၏။
ငါ့ဝိညာဉ်ကို အားဖြည့်၍၊ နာမတော်အဖို့အလိုငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။
အကယ်၍သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ရှောက်သွားရသော် လည်း ဘေးအန္တရာယ်ကိုမကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့်တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာပေးပါ၏။
အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဖို့စားပွဲကို ခင်းတော်မူ၏။ အကျွန်ုပ်ခေါင်းကိုဆီနှင့်လိမ်းတော်မူ၏။ အကျွန်ုပ်ခွက် ဖလားသည် လျှံလျက် ရှိပါ၏။ အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူးနှင့်ကရုဏာကို တသက်လုံး ခံစား၍၊ ထာ၀ရဘုရား၏အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။
၆။ သခင်ဘုရား၏ဆုတောင်းချက်
THE LORD’S
PRAYER
ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏ နာမ တော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။
နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည်ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။
အသက်မွေးလောက်သောအစာကို ကျွန်ုပ်တို့အား ယနေ့ပေးသနား တော်မူပါ။ သူတပါးသည် ကျွန်ုပ်တို့ကိုပြစ်မှားသော အပြစ်များကို ကျွန်ုပ်တို့ သည် လွှတ်သကဲ့သို့ ကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။
အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲ၊ မကောင်းသော အမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာ့အဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။ မဿဲ ၆း၉-၁၃။
၇။ မင်္ဂလာတရားတော်များ
THE
BEATITUDES
ထိုလူအပေါင်းတို့ကိုမြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ ၏။
ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို hအား ဆုံးမဩဝါဒပေး တော်မူသည်မှာ၊
စိတ်နှလုံးနှိမ့်ချသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။
စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူ ကား၊ ထိုသူတို့သည် သက်သာခြင်းသို့ရောက်ကြလတံ့။
စိတ်နူးညံ့သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊
ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့။
ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သော သူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ၀ပြောခြင်းသို့ ရောက်ကြလတံ့။
သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်းကိုခံရကြလတံ့။
စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။
သူတပါးချင်းခိုက်ရန်ပြုခြင်းကို ငြိမ်းစေသောသူတို့သည် မင်္ဂလာရှိကြ ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ် ခြင်းကို ခံရကြလတံ့။
ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသော သူ တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင် နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။
ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။
ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ ၌ သင်တို့၏ အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရော ဖက်တို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ။ မဿဲ ၅း၁-၁၂။
၈။ သမ္မာကျမ်းစာလေ့လာခြင်းနည်းစနစ်
HOW TO
STUDY THE BIBLE
ပထမဦးဆုံးအကောင်းစား သမ္မာကျမ်းစာအုပ်နှင့် အညွှန်းမာတိကာ စာအုပ်ရအောင် ကြိုးစားပါ။ အစမှအဆုံးအထိ ထောက်လျှောက်ဖတ်သွားပါ။ ချစ်ခင်သော မိတ်ဆွေတစ်ဦးထံမှရသော စိတ်ဝင်စားဖွယ်ပေးစာကဲ့သို့ ဖတ်ပါ။ ဟိုခုန်ဒီခုန် မဖတ်ပဲစာလုံးရှိသမျှကိုတစ်လျှောက်လုံးဖတ်ပါ။ စာအုပ်ပေါင်း ၆၆ အုပ် ဆက်နွယ်ထားသောကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ တစ်လျှောက်လုံး ဖတ်သွားခြင်းဖြင့် အကျိုးတစ်မျိုးခံစားရပါသည်။ တစ်ချိန်တည်းဖြင့် မြန်မြန်နှင့် များများမဖတ်ပါနှင့်။ သင်မြင်တွေ့နေရသော နှုတ်ကပတ်တော်ကို သိရှိနား လည်၍ တရားတော်ကို နာယူချင်သော ရည်ရွယ်ချက်တစ်ခုနှင့်ဖတ်ပါ။ “မိမိ ကိုယ်ကို ကျွေးမွေးနိုင်ရန် သင်ယူပါ” ဟု ဒီအယ်လ်မူးဒီ ဆိုခဲ့ဖူးပါသည်။ ထို့ကြောင့်များစွာသော လူတို့သည် ဓမ္မဆရာ ဇွန်းတစ်ချောင်းမှ တရားအလုံးစုံ ကိုခံယူချင်ကြပါသည်။
နှုတ်ကပတ်တော်ကို လေ့လာသောသူတို့အကြောင်း သမ္မာကျမ်းစာက မည်သို့ ဖေါ်ပြပါသနည်း။
တမန်တော် ၁၇း၁၁ “ဘေရိမြို့သားတိုသည် သက်သာလောနိတ် မြို့ သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်က ပတ်တရားတော်ကိုခံယူ၍မှန်သည်မမှန်သည်ကိုသိခြင်းငှါ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ ကြည့်ရှုကြ၏။”
ကလေးသူငယ်များပင်လျှင် သမ္မာကျမ်းစာ၌ ပျော်မွေ့ဖို့ရန် အလွန် ကောင်းပါသည်။ ၂ တိမောသေ ၃း၁၅ “ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလို့ငှါ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ်သောအရွယ် မှစ၍လေ့ကျက်သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိ သော အယူဝါဒ၌တည်နေလော့။”
သမ္မာကျမ်းစာမည်၍ မည်မျှအရေးကြီးပါသနည်း။
၂ တိမောသေ ၃း၁၆၊၁၇ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငှါ ပြင်ဆင်သောသူဖြစ်မည် အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။” ဤကျမ်းချက်များ များများ အလွှတ်ကျက်ထားခြင်းသည် ကြီးစွာသောအကျိုးဖြစ်ထွန်းစေပါသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လေ့လာရာ၌ ပျော်မွေ့နိုင်ရန် နည်းလမ်းအဖုံဖုံရှိပါသည်။
၁။ တစ်ချိန်တည်းတွင် ကျမ်းပိုင်းတစ်ပိုင်းလေ့လာနိုင်သည်။ ဥပမာ ရှင်မဿဲ ကျမ်းပိုင်းဆိုပါစို့။ အကြိမ်ပေါင်းများစွာ အစမှအဆုံးအထိ ဖတ်သွား ၍၊ အရေးကြီးသည့် အချက်များကိုရှာပါ။ နောက်တစ်ခါတစ်ထိုင်တည်းဖြင့် ကျမ်းပိုင်းတစ်ခုလုံးကိုဖတ်ပါ။ အဓိကအချက်ကြီးနှင့် ရည်ရွယ်ချက်တို့ကို ရယူ
ပါ။
၂။ အခန်းကြီးတစ်ခန်းချင်းဖြင့် ဖတ်ရှုလေ့လာနိုင်သည်။ အချို့ အခန်း ကြီးများမှာ တစ်မနက်စာ၊ သို hမဟုတ် တစ်ညနေစာ လောက်ဖတ်ရပါသည်။ စာလုံးပေါင်းအရှည်ကြီး သို့မဟုတ် ဆွေစဉ်မျိုးဆက်နာမည်တစ်သီတစ်တန်း တွေ့ရလို့ကြောက်မသွားပါနှင့်။ အခန်းကြီးတစ်ခန်းလုံး သေချာဖတ်လို့ မပြီး မချင်း မထားပစ်ခဲ့ပါနှင့်။ အခန်းကြီးတိုင်းတွင် မွန်မြတ်သောတရားများတွေ့ ရပါလိမ့်မည်။ နောက်တစ်ခန်းကို ဖတ်ရှုလေ့လာလိုက်သောအခါ ဖတ်သွားခဲ့ သော အခန်းကို မကြာခဏပြန်လည်စဉ်းစားပါက ပိုမို၍ အသိတရားပွားများ လာပါလိမ့်မည်။ တစ်ခါတလေ အခက်ခဲဆုံးသော အခန်းသည်နောက်ပိုင်းတွင် အကျိုးအများဆုံး ပေးနိုင်ပါသည်။
ဓမ္မဟောင်းနှင့်ဓမ္မသစ်တို့တွင် အခန်းကြီးပေါင်း ၁၁၈၉ ခန်းရှိသည် ဖြစ်သောကြောင့်၊ တစ်နေ့လျှင် တစ်ခန်းသာဖတ်ပါက သုံးနှစ်ကျော်ကျော် အချိန်ပေးရပါမည်။ ကျမ်းစာကိုလေ့လာသော နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးက၊ အခန်းကြီးတစ်ခုချင်းကို ဖတ်ရှုလေ့လာချိန်တိုင်း မေးရမည့်မေးခွန်း ဆယ်ခု အကြံပြုထားပါသည်။
(၁) အကြီးမြတ်ဆုံးသော အကြောင်းအရာဟာဘာလဲ။
(၂) အရေးကြီးဆုံးသင်ခန်းစာဟာဘာလဲ။
(၃) အကောင်းဆုံးအခန်းငယ်ဟာဘယ်ဟာလဲ။
(၄) အကြီးမြတ်ဆုံးပုဂ္ဂိုလ်များဘယ်သူတွေလဲ။
(၅) ခရစ်တော်နှင့် စပ်ဆိုင်၍ ဘာကိုသွန်သင်သလဲ။
(၆) လိုက်နာသင့်သောမည်သည့်နမူနာရှိပါသနည်း။
(၇) ရှောင်ရှားသင့်သောမည်သည့်အန္တရာယ်ရှိပါသနည်း။
(၈) ပြုလုပ်ဆောင်ရွက်သင့်သော မည်သည့် တာဝန်ဝတ္တရားများရှိပါ
သနည်း။
(၉) တောင်းဆိုသင့်သောမည်သည့်ကတိတော်ပါရှိပါသနည်း။
(၁၀) အတုယူသင့်သောမည်သည့်ဆုတောင်ချက်မျိုးပါရှိပါသနည်း။
၃။ အပိုဒ်လိုက်ဖတ်ရှုလေ့လာနိုင်ပါသည်။
၄။ သမ္မာကျမ်းစာထဲ၌ပါသော ဆုတောင်းချက်များ၊ ပုံပမာများ၊ ထူးဆန်းသော နိမိတ်လက္ခဏာများ၊ စာပိုဒ်များ၌ပါသော ခရစ်တော်၏ စကား တော်များ၊ စသည်ဖြင့် အကြောင်းအရာအလိုက် ဖတ်ရှုလေ့လာနိုင်ပါသည်။
၅။ အခန်းငယ်တစ်ခုချင်းစီ၌ပါသော အထူးစကားလုံးများကို အာရုံ စိုက်လျက် အခန်းငယ်အလိုက် သမ္မာကျမ်းစာကိုလေ့လာနိုင်ပါသည်။ ဥပမာ၊ ရောမ ၈း၂၈ “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်း အတိုင်း ခေါ်တော်မူသော သူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွှတ်တည်းပြုစုကြသည်ကို ငါတို့သိကြ၏။” ဤနေရာတွင်၊ “ချစ်” “ပြုစု” “သိ” “ခေါ်” စသောကြိယာ လေးလုံးတွေ့ရပါသည်။ ဤကြိယာတို့ ဖေါ်ပြလိုသော အချက်ကို သတိပြုပါ။
၆။ သမ္မာကျမ်းစာ၌ပါသော စကားလုံးများကို ကျွန်ုပ်တို့လေ့လာနိုင်ပါ သည်။ ဓမ္မဟောင်းကျမ်းတွင် မတူသော ဟေဗြဲဘာသာ စကား ၈၆၇၄ လုံးရှိ၍၊ ဓမ္မသစ်ကျမ်းတွင် မတူသော ဟေလသခေါ် ဂရိစကား ၅၆၂၄ ရှိပါသည်။ သမ္မာကျမ်းစာ တစ်အုပ်လုံးတွင် မတူသောအင်္ဂလိပ်စကားအလုံး ၆၀၀၀ ခန့် ရှိပါသည်။ “ယုံကြည်” ဟူသော စကားလုံးကို အာရုံစိုက်ကြည့်ပါ။ ဃသညခသမိ-ညေခန ခေါ် စကားလုံးမာတိကာ စာအုပ်ကိုယူပြီး၊ သမ္မာကျမ်းစာတစ်အုပ်လုံး တွင် ၎င်းစကားလုံးကို လေ့လာကြည့်ပါက လေ့လာဖတ်ရှု စရာများစွာ တွေ့ရှိ ပါလိမ့်မည်။ “လာ” ဟူသောစကားလုံး၊ ခရစ်တော်၏ ဘွဲ့နာမများဖြစ်သော “နှုတ်ကပတ်တော်” “မုန့်^အစာ” “အလင်း” “စပျစ်နွယ်ပင်” “တံခါး” “နေ” “ကယ်တင်ရှင်” “အသက်” “သခင်” “သိုးသငယ်” စသောစကားလုံးများကို လည်းလေ့လာဖတ်ရှုပါ။
၇။ သမ္မာကျမ်းစာ၌ပါရှိသော ပုဂ္ဂိုလ်တစ်ဦးချင်း၏အတ္ထုပ္ပတ္တိကိုလည်း လေ့လာနိုင်ပါသည်။ သမ္မာကျမ်းစာနှင့် ဆက်နွှယ်နေသော အမျိုးသားနှင့် အမျိုးသမီးအနည်းဆုံး ၂၉၃၀ ခန့်ရှိပါသည်။ ၎င်းပုဂ္ဂိုလ်တစ်ဦးချင်း၏ အတ္ထုပ္ပ တ္တိကို မွေးစမှသေသည့်အထိ လေ့လာပါ။ ဓမ္မဟောင်းကျမ်းတွင် ဇာခရိ အမည် ဖြင့် ပုဂ္ဂိုလ် ၃၀ ဦးတွေ့ရပြီး၊ ယောနသန်အမည်ဖြင့် ၁၅ ဦး တွေ့ရပါသည်။ ဓမ္မသစ်ကျမ်းတွင် ယုဒမည်ဖြင့် (၅) ဦးတွေ့ရပါသည်။ ထိုပုဂ္ဂိုလ်အသီးသီးတို့ သည် စိတ်ဝင်စားဖွယ်ကောင်းသောသူများ ဖြစ်ကြပါသည်။ သမ္မာကျမ်းစာ၌ နာမည်သီးခြား မဖော်ပြထားသော်လည်း၊ စိတ်ဝင်စားဖွယ်ကောင်းသော အစေ ခံများ၊ ခေါင်းဆောင်ကြီးများနှင့် သခင်ယေရှုကိုစွဲလမ်းသော သခင်ယေရှု၏ မိတ်ဆွေများ အကြောင်းကိုလည်း ကျွန်ုပ်တို့ တွေ့ရှိရပါသည်။
၈။ သမ္မာကျမ်းစာ၌ပါရှိသော ဆုတောင်းချက်များကိုလည်း ကျွန်ုပ်တို့ လေ့လာနိုင်ပါသည်။ ဓမ္မဟောင်းကျမ်းတွင် ဆုတောင်းချက် (၈၃) ခုခန့်နှင့် ဓမ္မသစ်ကျမ်းတွင် ၄၉ ခု ခန့်တွေ့ရှိရပါသည်။ ၎င်းတို့ကို ကျွန်ုပ်တို့လေ့လာ သောအခါ၊ ဘယ်သူဆုတောင်းသလဲ၊ ဘုရားသခင်၏လူလား၊ အခြားသူလား၊ ဘာအကြောင်းကြောင့် သူဆုတောင်းသလဲ၊ ဘယ်လိုပုံပန်းအသွင်အပြင်ဖြင့် ဆုတောင်းသလဲ၊ ဘယ်သူ့ထံကို ဦးတည်တောင်းဆိုသလဲ၊ ဆုတောင်းသူဟာ ဘယ်လိုလူစားမျိုးလဲ၊ မည်သည့်အချက်ကို အဓိကထားတောင်းဆိုသလဲ၊ စသည်ဖြင့် စဉ်းစားရပါမည်။
၉။ သမ္မာကျမ်းစာလေ့လာရာ၌ စိတ်ဝင်စားဖွယ်အကောင်းဆုံး အချက် တစ်ခုမှာ၊ ကျမ်းချက်တိုင်း၌ ခရစ်တော်ကို တွေ့ရှိခြင်းပင်ဖြစ်ပါသည်။ ၁ ပေတ ရု ၁း၇-၁၁ ကိုဖတ်လိုက်လျှင် သမ္မာကျမ်းစာတစ်ခုလုံး၏ အဓိကအကြောင်း အရာမှာ ခရစ်တော်ဖြစ်ကြောင်း တွေ့ရပါသည်။ ဓမ္မဟောင်းကျမ်း၌ ပါရှိသော အနာဂတ်စကားများ၊ ခရစ်ဝင်ကျမ်းများ၌ပါရှိသော ခရစ်တော် ကိုယ်တော်တိုင် ၏ သွန်သင်ချက်များ၊ တမန်တော်များ၏ ပေးစာများနှင့် ဗျာဒိတ် ကျမ်းစာ သည် ခရစ်တော်ကို ဖေါ်ပြကြပါသည်။ မောရှေပြုစုသော ကျမ်းများမှစ၍ ပရောဖက်များပြုစုသော ကျမ်းစာအားလုံးတို့သည် မိမိအကြောင်းကို ရှင်းလင်း ဖော်ပြလျက်ရှိကြောင်း သခင်ယေရှုကိုယ်တော်တိုင်ကြေညာခဲ့ပါသည်။ (လုကာ ၂၄း၂၇)။ သမ္မာကျမ်းစာရှိသမျှသည် သခင်ယေရှုခရစ်အကြောင်းကို သက်သေ ခံကြပါသည်။ (ယောဟန် ၅း၃၉)။ ခရစ်တော်၏အသက်တာ၊ ခရစ်တော်၏ ဂုဏ်တော်နှင့်၊ ခရစ်တော်၏ လုပ်ဆောင်ချက်များ လေ့လာခြင်းသည် သမ္မာ ကျမ်းစာလေ့လာရာ၌ အမြင့်မြတ်ဆုံး လေ့လာခြင်းဖြစ်ပါသည်။
၁၀။ ၎င်းအပြင်၊ သမ္မာကျမ်းစာ၌ပါရှိသော အနာဂတ်စကားများနှင့် ၎င်းတို့၏ ပြည့်စုံခြင်းများအကြောင်း၊ ဖန်ဆင်းခြင်း၊ ခမည်းတော်ဘုရား၊ သားတော် ယေရှုခရစ်တော်နှင့် ဝိညာဉ်တော်တို့၏ ဂုဏ်တော်၊ သမ္မာကျမ်းစာ ဖြစ်ပေါ်လာခြင်း၊ ကယ်တင်ခြင်းလုပ်ငန်း၊ ရွေးနုတ်ခြင်း၊ လက်ဝါးကပ်တိုင်၌ ခရစ်တော်၏ ဆက်ကပ်ပူဇော်ခြင်း၊ ဒုတိယအကြိမ်ကြွလာတော်မူခြင်း၊ ဥပုသ် နေ့၊ နှစ်ခြင်းမင်္ဂလာ၊ ငရဲနှင့် ကောင်းကင်ဘုံ၊ ကယ်တင်ခြင်းခံရမည့်နည်းလမ်း စသော သမ္မာကျမ်းစာ၏ သွန်သင်ချက်များအကြောင်းကို လေ့လာနိုင်ပါသည်။ ဤသွန်သင်ချက်များသာမက အခြားအရေးပါသော သွန်သင်ချက်များလည်း လေ့လာသင့်ပါသည်။ အခန်းငယ် အလိုက်၊ စာပိုဒ်အလိုက်၊ ကျမ်းပိုင်းအလိုက် စသည်ဖြင့်သမ္မာကျမ်းစာတစ်အုပ်လုံးကို အစအဆုံးလေ့လာဖတ်ရှုနိုင်ပါသည်။
နှုတ်ကပတ်တော်ကိုလေ့လာရာ၌ မည်သည့်နည်းစနစ်ကို ဘုရားသခင်
အလိုတော်ရှိပါသနည်း။
၂ တိမောသေ ၂း၁၅ “သင်မူကား၊ ဝန်ခံတော်မူသော သူ၊ ရှက် ကြောက်စရာ အကြောင်းမရှိဘဲ၊ သမ္မာတရားကိုမှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှာ ကြိုး စားအားထုတ်လော့။”
မှတ်ချက်။ အကြောင်းအရာအလိုက် သမ္မာကျမ်းစာကို ပိုင်းခြားတတ်ရန် သခင်ယေရှုသည် ကျွန်ုပ်တို့အား ပုံနမူနာ ပြခဲ့ပါသည်။ ဓမ္မဟောင်းကျမ်းတစ်ခု လုံးမှ ပထမကြွလာတော်မူခြင်းအကြောင်းကို ကိုယ်တော်စုစည်းဖေါ်ပြထားပါ သည်။ (လုကာ ၂၄း၂၇၊ ၃၂၊၄၄)။ ကြီးပြင်းတော်မူရာ နာဇရက်မြို့၌ သခင် ယေရှု ဒေသနာတော်ဟောကြားတော်မူသောအခါ ဓမ္မဟောင်းကျမ်းမှ အနာ ဂတ်စကားကို (ယေရှာယ ၆၁) ဖတ်ကြားတော်မူလျက်၊ ၎င်းသည် မိမိနှင့် မိမိ၏လုပ်ငန်းဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ (လုကာ ၄း၁၆-၂၀)။
ပြောင်းလဲခြင်းမရှိသောသူ၊ ဝိညာဉ်တော်မရှိသော သူတို့သည် နှုတ် ကပတ်တော်ကို မှန်မှန်ကန်ကန်နားလည်နိုင်ပါသလား။
၁ ကောရိန်သု ၂း၁၃၊၁၄ “ဘုရားသခင်ပေးတော်မူသောအရာတို့ကို ငါတို့သည် လူ့ပညာကိုအမှီပြု၍ နားလည်သော စကားနှင့်မဟော။ သန့်ရှင်း သော ဝိညာဉ်တော်သည် ဝိညာဉ်နှင့်ဆိုင်သောအရာကို ဝိညာဉ်စကားအားဖြင့် ဖွင့်ပြ၍ ပဲ့ပြင်တော်မူသော စကားနှင့်ငါတို့သည် ဟောကြ၏။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့် သာ ပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည် နိုင်။”
မှတ်ချက်။ ထိုသူတို့သည်သမ္မာကျမ်းစာ၏မှန်ကန်သော အဓိပ္ပါယ်ကို “မှောက်လှန်” ကြ၏။ (၂ ပေတရု ၃း၁၅၊၁၆)။ သမ္မာကျမ်းစာကို ဖတ်ရှုလေ့ လာရာ၌ သူများကို အားပေးရန် မဿဲ ၁၁း၂၅ ကိုဖတ်ပါ။
သမ္မာကျမ်းစာကိုလေ့လာရာ၌ ဆုတောင်းရန်လိုအပ်ပါသလား။
သမ္မာကျမ်းစာ၏ အနာဂတ်စကားများကို လေ့လာရာ၌ ဒံယေလ ဆုတောင်းသောအခါဘုရားသခင်သည် သူ့အား အသိဉာဏ် ပညာကိုပေးပါ သည် (ဒံယေလ ၉း၃၊၂၂။ ဆာလံ ၁၁၉း၉၉၊၁၀၀။ သုတ္တံ ၂း၃-၅။)
သမ္မာကျမ်းစာသည် ကျွန်ုပ်တို့တစ်ဦးချင်းအတွက် ဘုရားသခင်၏ နှုတ်တော်ထွက်စကားဖြစ်သည်ဟု ကျွန်ုပ်တို့ ခံယူသင့်ပါသလား။
၁ သက်သာလောနိတ် ၂း၁၃ “ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ်ထွက်စကား ကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ရောက်သော သင်တို့အထဲ၌ ပြုပြင်သောဘုရားသခင်၏ နှုတ် ကပတ်တရားလို ခံယူကြသည် အကြောင်းကို ငါတို့သည် ထောက်၍၊ ဘုရား သခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။”
သခင်ယေရှုက၊ “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍၊ ငါ့ နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” ဟုမိန့်တော်မူခဲ့ပါသည်။ (ယောဟန် ၁ဝး၂၇။ ၅း၃၉။ ဆာလံ ၁၁၉း၁၀၅)။
ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း၊ သခင်ယေရှု မည်သို့ အမိန့်ရှိပါသနည်း။
ယောဟန် ၁၇း၁၇၊ “ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။”
ဘာအားဖြင့် အသစ်မွေးဖွားခြင်း ကျွန်ုပ်တို့ခံရမည်နည်း။
၁ ပေတရု ၁း၂၂၊၂၃၊ “သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ပွားသည်မဟုတ်။ မဖောက်ပြန် မပျက်စီးတတ်သော မျိုးစေ့ တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဖွားသောကြောင့် ညီအစ်ကိုများကို ချစ်ယောင် မဆောင်၊ အမှန်ချစ်ခြင်းအလို့ငှာ၊ စိတ်ထဲမှာသမ္မာတရားကို နားထောင်လျက် ကိုယ့်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ စင်ကြယ်သော စိတ်နှင့် အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာ ရှိကြလော့။”
အခြားအရာခပ်သိမ်းပျောက်ကွယ်သွားသောအခါ နှုတ်ကပတ်တော် တည်ရှိပါဦးမလား။
၁ ပေတရု ၁း၂၄၊၂၅။ “လူမျိုးရှိသမျှသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူ၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ ခြောက်တတ်၏။ အပွင့်လည်းကြွေတတ်၏။ ထာ၀ရဘုရား၏နှုတ်ကပတ်တရား မူကား၊ ကာလအစဉ်အမြဲတည်၏။ ထိုနှုတ်ကပတ်တော်သည် သင်တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။” (ယောဘ ၂၂း၂၁၊ ၂၂။ ၁ တိမောသေ ၄း၁၆)။
နှုတ်ကပတ်တော်၌ပါရှိသော အကြောင်းအရာထပ်တူဖြစ်သည့် ကျမ်း ချက်များကိုလည်း ပါရှိသည့်နေရာအသီးသီးမှ ဖတ်ရှုလေ့လာသင့်ပါသည်။
ယေရှာယ ၂၈း၁၀၊ “ပညတ်တစ်ခုပေါ်မှာတစ်ခု၊ တစ်ခုပေါ်မှာတစ်ခု၊ တစ်နည်းပေါ်မှာတစ်နည်း၊ တစ်နည်းပေါ်မှာတစ်နည်း၊ သည်ဘက်မှာ အနည်း ငယ်၊ ဟိုဘက်မှာအနည်းငယ်ရှိပါသည်။” (အခန်းငယ် ၁၃)။
၉။ သခင်ခရစ်တော်တင်ကူးတည်ရှိခြင်း
THE
PRE-EXISTENCE OF JESUS CHIRST
မိမိကိုယ်တော်တိုင်တင်ကူးတည်ရှိခြင်းကိုခရစ်တော်ဖော်ပြပါသလား။
ယောဟန် ၈း၅၈၊ “ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံ မဖြစ်မီ၊ ငါဖြစ်၏ ဟုမိန့်တော်မူ၏။”
မှတ်ချက်။ ဤနေရာတွင်သခင်ခရစ်တော်သည် “ငါဖြစ်၏” ဟူသော ဘုရားနာမကို အသုံးပြုတော်မူပါသည် (ထွက်မြောက်ရာ ၃း၁၄)။ အာဗြဟံ မဖြစ်မီ ငါဖြစ်၏ဟု မိန့်တော်မူပါသည်။ ဗက်လင်မြို့၌ ယေရှုမမွေးဖွားမီ နှစ်ပေါင်းရာချီပြီး အာဗြဟံရှိခဲ့ပါသည်။
မိမိမည်သည့်နေရာမှကြွလာတော်မူကြောင်း သခင်ယေရှု အမိန့်ရှိပါ သနည်း။
ယောဟန် ၈း၄၂၊ “ဘုရားသခင်သည် သင်တို့အဘမှန်လျှင်၊ သင်တို့သည် ငါ့ကို ချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်အထံတော်မှ ထွက် ကြွရောက်လာ၏။ ကိုယ်အလိုအလျောက်လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကိုစေလွှတ်တော်မူ၏။”
ယောဟန် ၁၇း၅၊ “အိုအဘ၊ ဤကမ္ဘာမတည်မရှိမီအထံတော်၌ အကျွန်ုပ်ခံစာသောဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကိုအထံတော်၌ ချီးမြှောကတော်မူပါ။”
မှတ်ချက်။ ဗက်လင်မြို့၌မွေးဖွားသောအချိန်သည်ဘုရားသခင်၏သား တော်ဖြစ်ပေါ်လာချိန်မဟုတ်ပါ။ မိက္ခာ ၅း၂ တွင်၊ “အိုဗက်လင်ဧဖရက်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည်မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ အစ္စရေး အမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဖို့သင်၏ အထဲမှာပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင်ဖြစ်၏၊” ဟုအနာဂတ် ဟောထားပါသည်။
အစအဦး၌ဘုရားသခင်နှင့်အတူခရစ်တော်ရှိတော်မူခြင်း အစအဦး၌ဘုရားသခင်နှင့်အတူမည်သူရှိခဲ့ပါသနည်း။
ယောဟန် ၁း၁-၃၊ “အစအဦး၌နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ် တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်းဘုရား သခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ထိုနှုတ်ကပတ်တောသည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော် မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွှတ်လျက်ဖြစ်သောအရာတစုံတခုမျှမရှိ။”
ယောဟန် ၁း၁၄၊ “နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက်၊ ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည်မြင်ရကြပြီ။”
မှတ်ချက်။ ခမည်းတော်၌တပါးတည်းသော သားတော်သည် ယေရှုဖြစ် ၏။ ယောဟန် ၃း၁၆၊ “ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်တော် မူသောကြောင့်၊ ယုံကြည်သောသူရှိသမျှတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာ၀ရအသက်ကိုရမည်အကြောင်း၊တစ်ပါးတည်းသောသားတော်ကို စွန့်တော်
မူ၏။”
ယေရှုသည်ဖန်ဆင်းခြင်း၌ ခမည်းတော်နှင့်အတူ တက်ကြွစွာပါဝင်ပါ သလား။
ဟေဗြဲ ၁း၁၊၂။ “ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ်ပေးတော်မူသော ဘုရား သခင်သည် ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ ထိုသားကို အားလုံးတို့၏ အမွေခံသခင်အရာ၌ ခန့်ထား တော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကိုတည်တော်မူ၏။”
ဘုရားသခင့်သားတော်၏ ဖန်ဆင်းခြင်းလုပ်ငန်းအကြောင်း ဟေဗြဲ ကျမ်းပိုင်း၌ ကျွန်ုပ်တို့ဘာကိုဖတ်ရပါသနည်း။
ဟေဗြဲ ၁း၈-၁၀၊ “သားတော်ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာ၀ရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည်တရားသဖြင့် စီရင်သောနိုင်ငံဖြစ်ပါ၏။ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက် ၍၊ မတရားသောအမှုကို မုန်းတော်မူ၏။ ထို့ကြောင့်၊ အိုဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဖော်တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက်ပေးတော်မူပြီဟု လာသတည်း။ တဖန်ကျမ်းစာလာသည်ကား၊ အိုထာ၀ရဘုရား၊ ကိုယ်တော် သည် ရှေးဦးစွာ၌ မြေကြီးကို တည်တော်မူပြီ။ မိုကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသော အရာဖြစ်ပါ၏။”
လင်းလက်နေသောကြယ်တို့ကို ကျွန်ုပ်တို့မော့ကြည့်သောအခါ၊ ၎င်းတို့ ကို ဖန်ဆင်းရာ၌ ယေရှုသည် အဓိကလှုပ်ရှားသူ ဖြစ်ကြောင်းကျွန်ုပ်တို့ သိရပါ သည်။ အရာခပ်သိမ်း ယေရှုကိုယ်တိုင်ဖန်ဆင်းခြင်းဖြစ်ကြောင်းကို ကျွန်ုပ်တို့ ဖတ်ရပါသည်။
ကောလောသဲ ၁း၁၄-၁၇၊ “ထိုသားတော်၏အသွေးအားဖြင့် အပြစ် လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရ ကြ၏။ ထိုသားတော်သည် မျက်မြင်မရသောဘုရားသခင်၏ ပုံသဏ္ဍာန်တော် ဖြစ်၏။ ဝေနေယျသတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှ သော ရူပအရာ၊ အရူပ အရာ၊ ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသော အရာတို့ကို ဖန် ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဖို့ အလို့ငှာ၎င်း၊ ခပ်သိမ်း သောအရာတို့သည် ဖန်ဆင်းလျက် ဖြစ်ကြ၏။”
အရာခပ်သိမ်းဖန်ဆင်းခါစ အချိန်၌ စုံလင်ခြင်းရှိပါသလား။
ကမ္ဘာဦး ၁း၁၊၂၇၊၃၁၊ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်
မြေကြီးကို ဖန်ဆင်းတော်မူ၏။ . . .ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဍာန် နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊ . . . . ဘုရားသခင်သည် မိမိ ဖန်ဆင်းသမျှသော အရာတို့ကိုကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော် မူ၍၊ ညဦးနှင့် နံနက်သည်ဆဌမနေ့ရက်ဖြစ်လေ၏” (ဒေသနာ ၇း၂၉။ ကမ္ဘာဦး ၂း၈-၁၅။ ယေရှာယ ၄၅း၁၈)
No comments:
Post a Comment