Monday, June 8, 2026

အပိုင်း (၆) (၂၁) ရာစုနှစ် အသင်းထောက်နှင့်အသင်းထောက်မယ်များ


အခန်း - ၂၃။ အသင်းထောက်နှင့်အသင်းထောက်မယ်များအတွက် အနားယူအပန်းဖြေ ခရီးဦးဆောင်သင်တန်း

အခန်း - ၂၄။ သမ္မာတရားအတွက်လုပ်ဆောင်နေသူအဖြစ် အသင်းထောက်နှင့် အသင်းထောက်မယ်များကို သင်တန်းပေးခြင်း





အခန်း ၂၃

အခန်း(၂၃)

အသင်းထောက်နှင့်အသင်းထောက်မယ်များအတွက်

အနားယူအပန်းဖြေခရီးဦးဆောင်မှုသင်တန်း

 

သဘာဝပတ်ဝန်းကျင်သာယာသောနေရာများကို ရွေးချယ်ပြီး၊ အသင်း ထောက်၊ အသင်းထောက်မယ်အတွက် အနားယူအပန်းဖြေခြင်းသည် အလွန် တရာကောင်းချီးမင်္ဂလာရရှိသော လုပ်ဆောင်မှုတစ်ခုဖြစ်သည်။ ထိုသူတို့တစ်ဦး နှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်မှုပိုမိုရှိလာသည်သာမက အသင်းအုပ်ဆရာနှင့်လည်း

ပိုမိုရင်းနှီးဆက်ဆံလာနိုင်ပါသည်။

အသင်းအုပ်ဆရာအနေဖြင့် အသင်းလူကြီးနှင့် လက်တွဲလျက် အသင်း ထောက်၊ အသင်းထောက်မယ်များတို့အား နဂိုသမ္မာကျမ်းစာ၏ သွန်သင်လမ်းပြ မှုပုံစံအတိုင်း ပြန်လည်အသက်ဝင်လုပ်ဆောင်ရန် အားပေးတိုက်တွန်းသွားရ မည်။ သူတို့ကိုအသင်းလူကြီးနှင့်လက်ပွန်းတတီး အမှုတော်ကို ထိရောက်စွာ လုပ်ဆောင်သွားရန် တိုက်တွန်းအားပေးရပါမည်။ ထိုသို့သောလုပ်ဆောင်မှုမျိုး ဖြင့် ဖြစ်ပေါ်လာသောမလိုလားအပ်သည့်ကိစ္စများကို ဖုံးဖုံးဖိဖိစီစဉ်စီမံသွားနိုင် ပါသည်။ အသင်းအုပ်မှ အသင်းလူကြီး () ကို အနားယူအပန်းဖြေ အစီအစဉ် သို့ပါဝင်ရန် ဖိတ်ခေါ်ရမည်။ အသင်းလူကြီး () သည် အနားယူ အပန်းဖြေခြင်းမှ ပြန်လာသောအခါ တခြားအသင်းလူကြီးများကို တစ်ဆင့် ပြန်လည်ဝေငှပေးနိုင် ပါသည်။ တစ်ဖန်ထိုသို့အစီအစဉ်မျိုးကို အားပေးကူညီကြရန် စည်းရုံးပေးနိုင် လိမ့်မည်။

အသင်းအုပ်ဆရာမှ အသင်းထောက်နှင့်အသင်းထောက်မယ်များကို အမြဲ လက်တွဲပြီး သူတို့၏ အမှုတော်လုပ်ငန်းကို အားပေးလမ်းပြပြုရမည်။ အပန်း ဖြေအနားယူစခန်းသင်တန်းသို့ အမြဲသွားရန်အားပေးတိုက်တွန်းရမည်။ အနား ယူအပန်းဖြေခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဘုရားရှင်မှအသင်းထောက်၊ အသင်းထောက်မယ်တို့ကို မည်သို့သဘောထားရှိကြောင်း သိစေရန်ဖြစ်သည်။ အသင်းတော်အတွက် မည်သို့အောင်မြင်မှုမျိုးပြုလုပ်ပေးရန်၊ ပန်းတိုင်များနှင့် လုပ်ဆောင်မှုများကို ချမှတ်သွားရန် စသည်တို့ကို ဆွေးနွေးတင်ပြပေးရမည်။ အားလုံးသဘောတူနိုင်လျှင် အချိန်နှင့်နေရာကိုသတ်မှတ်ခိုင်းပါ။ အသင်းအုပ် ဆရာနှင့်အဖွဲ့ဝင်များသည် တခြားသူတစ်ဦးဦးကို ဦးဆောင်စေစဉ် ဖိတ်ခေါ်ပါ။ အသင်းအုပ်ဆရာ၏ဦးဆောင်ခြင်းထက် ပို၍အတွေ့အကြုံရစေပါသည်။ ထိုကိစ္စ မျိုးကို အသင်းအုပ်ဆရာ၊ အသင်းထောက်ခေါင်းဆောင်၊ အသင်းထောက်မယ် ခေါင်းဆောင်များကညှိနှိုင်းပြီး အစီအစဉ်တွင် အထူးသောပုဂ္ဂိုလ်ကို ထည့်သွင်း  ပေးရမည်။

အပန်းဖြေနေရာသို့ ညနေ ၄း၀၀ နာရီပတ်ဝန်းကျင်အရောက် ရောက်ရှိ လာရန်စီစဉ်ပါ။ သောကြာနေ့ဖြစ်ရမည်။ (မတ်လနှင့်စက်တင်ဘာလ အတွင်းပို ကောင်းသည်။) အဖွဲ့ဝင်များအားလုံး ညစာကို ၇းဝဝ နာရီထက် နောက်မကျ စေဘဲ စားသောက်ပြီးစီးရမည်။ အပတ်အဆုံး၌ကျင်းပမည့် အသင်းထောက်၊ အသင်းထောက်မယ်များ အနားယူအပန်းဖြေအစီအစဉ်ကို အကြံပေးထားသော အချိန်ဇယားကိုလေ့လာပါ။

 

 

မြော်လင့်ခြင်းအသင်းတော်မှအသင်းထောက်၊

အသင်းထောက်မယ်များ အပန်းဖြေ၊ အနားယူခြင်းပုံစံ



သဘာဝဝန်းကျင်၌ဆောက်လုပ်ထားသော ခရစ်ယာန်အိမ်အနားယူအပန်းဖြေခြင်း

မည်သည့်နေရာမဆို

မေလ ၂၁-၂၃၊ ၂၀၁၀

 

ခမည်းတော်ဘုရားသခင်ရှေ့၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့်မုဆိုးမတို့သည် ဆင်းရဲခံရသောအခါသူတို့ကို ကြည့်ရှု ပြုစုခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှာ စောင့်ရှောက်ခြင်းပေတည်း။ (ယာကုပ် ၁း၂၇)

 

သောကြာနေ့၊ မေလ ၂၁ ရက်၊ ၂၀၁၀

၄း၀၀-၆း၀၀ ညနေ           -           ကိုယ်စားလှယ်များရောက်ရှိလာခြင်းနှင့်

ပြင်ဆင်ခြင်း

 

၆း၀၀-၇း၁၅ ညနေ          -           ညစာစားချိန်

 

၇း၃၀-၈းဝဝ ညနေ           -           ချီးမွမ်းခြင်းအစီအစဉ်

                                                            * သီချင်းသီဆိုခြင်းအချိန်

* ဆုတောင်း

* အထူးဂုဏ်တော်ချီးမွမ်းခြင်း

* စကားပြောချိန်-အသင်းထောက်

 

၈းဝဝ-၈း၀၅ ညနေ          -           ခေတ္တနားချိန်

 

၈း၀၅-၈၃ဝ ညနေ            -           အဖွဲ့လိုက်လေ့ကျင့်ခန်း



 

 

၈း၃၀ -း၅၅ ညဘက်                -    ဆုတောင်းခြင်း (ဘုရားရှင်က အသင်း

ထောက်/မယ်များကိုကောင်းချီးပေးရန်

:၅၅-၉းဝဝ ညဘက်                   -           အစီအစဉ်ရုပ်သိမ်းခြင်းနှင့်ကောင်းချီးပေး

ဆုတောင်းခြင်း

 

ဥပုသ်နေ့၊ မေလ ၂၂၊ ၂၀၁၀

:၃၀-:၄၅ နံနက်                       -           နံနက်စာ

၉း၁၅-၁၀:၃၀ နံနက်                    -           ဥပုသ်စာဖြေကျောင်း

* သီချင်းဆိုချိန်

* ဆုတောင်း

* အထူးဂုဏ်တော်ချီးမွမ်းခြင်း

* သင်ခန်းစာ

- အသင်းထောက်မယ် _________

- အသင်းထောက် _________

၁၀း၃၀-၁၀:၅၀ နံနက်      -           ဆုတောင်းချိန် (အသင်းထောက်/မယ်များကို

ဘုရားရှင်ကောင်းချီးပေးရန်)

၁၀:၅၀-၁၁းဝ၀ နံနက်      -           ခေတ္တအနားယူချိန်

၁၁း၀၀-၁၂:၁၀ ညနေ       -           သင်တန်း - သင်းအုပ်ဆရာ သို့မဟုတ် သင်တန်း

ပေးသူ

၁၂:၀၀-၁၂:၀၅ ညနေ       -           ခေတ္တအနားယူချိန်

၁၂:၀၅-၁း၀၅ ညနေ                     -           အဖွဲ့လိုက်လေ့ကျင့်မှု

၁း၃၀-၂း၄၅ ညနေ                       -           နေ့လည်စာ

၃း၀၀-၅း၀၀ ညနေ                       -           လမ်းလျှောက်အပန်းဖြေ

၅း၀၀-၅း၃၀ ညနေ                       -           အဖွဲ့လိုက်လေ့ကျင့်မှု

၅း၃၀-၅း၄၅ ညနေ                       -           ဆုတောင်းချိန် (တန်ခိုးတော်အားလုံးအပေါ်

                                                                        သက်ရောက်ရန်)

၆း၀၀-၇း၁၅ ညနေ                      -           ညစာစားခြင်း

၇း၀၀-၈းဝဝ ညနေ                      -           ဝတ်ပြုချိန်

                                                                        * သီချင်းဆိုချိန်

* ဆုတောင်း

* အထူးဂုဏ်တော်ချီးမွမ်းခြင်း

* စကားပြောသူ- အသင်းထောက်

     ___________

၈း၁၀-၈း၀၅ ညနေ                      -           အစီအစဉ်ရုပ်သိမ်းခြင်းနှင့်ကောင်းချီးပေး

ဆုတောင်းခြင်း

၈း၁၅-၉း၄၅ ညနေ                       -           ပြန်လည်အားဖြည့်အနားယူခြင်း

 

တနင်္ဂနွေ၊ မေလ ၂၃၊ ၂၀၁၀

၈း၃ဝ-၉း၄၅ နံနက်        -           နံနက်စာ

၉း၄၅-၁၀:၄၅ နံနက်                    -           သက်သေခံဝေမျှခြင်း

၁၀း၄၅-၁၁းဝ၀ နံနက်      -           ဆုတောင်းချိန်

၁၁း၀၀-၁၂:၀၀                            -           သန့်ရှင်းရေးနှင့်ထုပ်ပိုးပြင်ဆင်ခြင်း

၁၂:ဝဝ                                       -           ခွဲခွာထွက်သွားခြင်း

 

ညဦးပိုင်းအလုပ်များကိုစတင်ရန် ညဦးယံဝတ်ပြုခြင်းကို အသင်းထောက် တစ်ဦး၏ အတွေးအခေါ်ဖြင့် စတင်ပါ။ ယင်းနောက်တွင် အသင်းအုပ်ဆရာ သို့မဟုတ် တခြားဦးဆောင်သူက ရက်သတ္တပတ်၏ နောက်ဆုံးရက်တွင် အတူ တကွလုပ်ဆောင်မည့်အစီအစဉ်ကို ကြေညာပေးရမည်။ အသင်းထောက်နှင့် အသင်းထောက်မယ်များကို ဘုရားရှင်မှ မည်သို့ မျှော်လင့်နေခြင်းအကြောင်းကို ဘုတ်ဖွဲ့ဆွေးနွေးခြင်း၊ မျှော်လင့်ချက်နှင့်အမှုတော်၏ ခံယူချက်ကို ဆက်လက် မြှင့်တင်ပေးခြင်း၊ ပန်းတိုင်များ၊ လုပ်ဆောင်ရန် အချက်များကို အိမ်သို့ ပြန်ယူ သွားနိုင်ရန် ဆုံးဖြတ်ချမှတ်ခြင်းတို့ဖြစ်သည်။

အသင်းထောက်၊ အသင်းထောက်မယ်များကို အဖွဲ့လိုက်ခွဲခြား သတ်မှတ် ပြီး၊ တစ်ဖွဲ့လျှင် () ဦးထက်မများစေပါနှင့်။ အသင်းထောက်နှင့် အသင်း ထောက်မယ်များကို အဖွဲ့များရောနှောထားလိုက်ပါ။ အဖွဲ့တိုင်းတွင် အတွင်းရေး မှူးရွေးချယ်ပြီး တာဝန်ကိုယ်စီပေးထားရမည်။ လူတိုင်း၏လက်ထဲ၌ စာရွက် ကိုယ်စီပေးထားပြီး အသင်းထောက်၊ အသင်းထောက်မယ်၏ လုပ်ဆောင်ခြင်း၌ နှစ်သက်သောအရာ၊ မနှစ်သက်သောအရာကို ရေးချခိုင်းပါ။ ရေးချပြီး မိမိတို့ အဖွဲ့အတွင်း အချင်းချင်း ဆွေးနွေးဖလှယ်ကြပါ။ အတွင်းရေးမှူးအနေဖြင့် အနှစ်ချုပ်စာရင်းကို ရေးမှတ်ထားရပါမည်။ အကြောင်းအရာထပ်နေသော အချက်များကို ကြယ်ပွင့်အမှတ်အသားဖြင့် မှတ်သားထားပါ။ မှင်နီဖြင့် သား ထားပါ။ ၎င်းနောက်တွင် အဖွဲ့ဝင်များက အနီမှတ်သားထားသော နှစ်သက်ရာ အချက်နှင့် ပြဿနာရှိသောအချက်များကိုစစ်ဆေးပြီး မိမိတို့အတွက် အရေးကြီး သောအချက်များကို ရေးမှတ်ထားရမည်။ အဖွဲ့တိုင်းမှ မိမိတို့၏ စာရွက်ကို အသင်းအုပ်ဆရာ သို့မဟုတ် သင်တန်းပေးသူထံသို့ တင်ပို့ပေးရမည်။ အရေး ကြီးသောအချက်ကို မှင်အနီနှင့်အသေးအဖွဲကိစ္စဟုမြင်သော အချက်ကို မှင် အပြာဖြင့်မှတ်သားထားသော စာရွက်သည် အသင်းအုပ်ဆရာ၊ သို့မဟုတ် ဦးဆောင်သင်တန်းပေးသူလက်သို့ ကမ်းပေးလိုက်ပါ။ ၎င်းနောက် သူတို့ နှစ် သက်သောအရာကို ဆက်လက်တိုးမြှင့်လုပ်ဆောင်ရန် ပန်းတိုင်ကို သတ်မှတ်ရ မည်။ သူတို့အတွက်ပြဿနာရှိသောအရာများကိုမူ ဗျူဟာသုံးပြီး လုပ်ဆောင် နိုင်ရန် ဦးဆောင်သူ သို့မဟုတ် အသင်းအုပ်က ဖြည့်စွက်အကြံပေးပါ။

ညနေပိုင်းလုပ်ဆောင်ရန်ရှိသောအရာမှာ ၂၅ မိနစ်ကြာ ဆုတောင်းခြင်း အချိန်ဖြစ်သည်။ ဦးတည်ရမည့်ဆုတောင်းခြင်းမှာ ဘုရားရှင်ကို ကျေးဇူးတင် ကြောင်းနှင့် နှစ်သက်သော အလုပ်နှင့်ပြဿနာရှိသောအရာများကို ထည့်သွင်း ဆုတောင်းပေးပါ။ ဘုရားရှင်မှအသင်းထောက်နှင့် အသင်းထောက်မယ်များကို မည်သို့အလိုတော်ရှိကြောင်းကိုလေ့လာပါ။ ဆုတောင်းချိန် ၂၅ မိနစ်ထက် ကျော် လွန်ပါကလည်း အခက်အခဲမရှိပါ။ အမှုတော်၌ပါဝင်နေသော ခေါင်းဆောင်ကြီး များကို ဘုရားရှင်ပို့ဆောင်ပေးပါရန် ဆုတောင်းပေးပါ။ နောက်ဆုံး၌ ဦးဆောင် သူ သို့မဟုတ် အသင်းအုပ်ဆရာမှ အပိတ်ကောင်းချီးပေးတောင်းခံခြင်းကို ပြုလုပ်စေပါ။ ယခုမှာမူ အဖွဲ့သားများအားလုံး တစ်ညလုံး အိပ်စက်အနားယူ ခြင်းအချိန်ရောက်လာပြီဖြစ်သည်။

ဖွံ့ဖြိုးခြင်းအမြင်နှင့်အမှုတော်၏ခံယူချက်

ဥပုသ်နေ့နံနက်စာစားပြီးသည်နောက်၊ ဥပုသ်စာဖြေကျောင်းအစီအစဉ်ကို စတင်သင့်သည်။ အသင်းထောက်တစ်ဦးနှင့် အသင်းထောက်မယ်တစ်ဦးတို့ သင်ခန်းစာလေ့လာရန်အစီအစဉ်ပြုလုပ်ဦးဆောင်ရမည်။သင်ခန်းစာ၏ နိဂုံးပိုင်း အဖွဲ့သားအားလုံးစုပေါင်းဆုတောင်းခြင်း အစီအစဉ်ရှိရမည်။ ဘုရားသခင်၏ စောင့်ကြပ်ခြင်းကို တောင်းလျှောက်ကြရပါမည်။ ဆုတောင်းခြင်း အစီအစဉ်ပြီး သည်နှင့် ၁ဝမ်နစ်အနားယူကြမည်။ ယင်းနောက် ဝတ်ပြုခြင်းအစီအစဉ် ပြန် လည်စတင်ရမည်။ အရုပ်ကားဖြင့် ထိုးပြပြီးတင်ဆက်ပြရန်ဖြစ်သည်။ လော လောဆယ် နယ်အသင်းတော်မှပြဿနာများနှင့် တခြားမြော်လင့်ခြင်းအသင်း တော်များအကြောင်း တင်ပြရမည်။ ပြဿနာများမှာ အသင်းထောက်၊ အသင်း ထောက်မယ်များ ရင်ဆိုင်နေရသော ပြဿနာဖြစ်ရမည်။ ပထမရာစုနှစ်မှ အသင်းထောက်၊ အသင်းထောက်မယ်များဆောင်ရွက်ခဲ့သော တာဝန်များကို ဝိညာဉ်ရေးဆိုင်ရာဦးဆောင်မှုအဆင့်အဖြစ် ဆက်လက်ပြီး အခြားဌာနများကို လည်း လက်ဆင့်ကမ်းတာဝန်လွှဲပေးခြင်းမျိုးကို ယခုအသင်းထောက်၊ အသင်း ထောက်မယ်များလည်း နမူနာယူပြီးလုပ်ဆောင်သွားရမည်။

ဓမ္မဆရာ သို့မဟုတ် ဦးဆောင်သူတစ်ဦးဦးက ကျမ်းအကိုးအကားဖြင့် နှစ်ဆယ့်တစ်ရာစုနှစ်၌ရှိသော အသင်းထောက်၊ အသင်းထောက်မယ်များ ဆက်လက်တာဝန်ယူရန် တိုက်တွန်းပေးရမည်။ အသင်းထောက်၊ အသင်း ထောက်မယ်များတင်ပြပေးမှုကို နားထောင်ရင်း မိမိတို့၏ အမြင်၊ ဘုရားသခင်မှ လမ်းပြသွန်သင်ခံရသော အမြင်များကို စာရွက်၌ရေးချပါ။ ဓမ္မဆရာမှသော် လည်းကောင်း၊ ဦးဆောင်သူမှသော်လည်းကောင်း ထိုအချက်အလက်များကို ယူပြီး စာအုပ်ဖြင့်ပြုလုပ်ကာအသုံးပြုရမည်။

တင်ဆက်ပြသပေးခြင်းအချိန်ပြီးဆုံးသည်နှင့် အသင်းထောက်၊ အသင်း ထောက်မယ်များသည် အဖွဲ့လိုက်ခွဲပြီး မိမိတို့ရေးချထားသော အမြင်အလွှာများ ကို အချင်းချင်းပြန်လည်ဝေငှပေးကာ ဆက်လက်ဆွေးနွေးပါ။ အဖွဲ့၏ အတွင်း ရေးမှူးက စာရွက်ကြီးတစ်ရွက်၌ ရေးမှတ်ထားရမည်။ ထိုအစီအစဉ်အတိုင်း သဘောကျသောအချက်နှင့် ပြဿနာရှိသောအချက်ကို ဆက်လက်ဖြေရှင်း ဆွေးနွေးရမည်။ ထိုရေးထားသောစာရွက်သည် သူတို့လုပ်ဆောင်ရမည့် အမှု တော်ပင်ဖြစ်သည်။ ဂျိမ်းအမ်ခူဇီ(James M. Kouzes) နှင့် ဘားရီဇက်ပိုဇနာ (Barry Z. Posner) တို့က၊ အမြင်သည် ခံယူချက်၏လမ်းဆုံးဖြစ်သည်။ အလုပ် ၏အဆုံးသတ်ချက်ဖြစ်သည်။ ရှေ့ခရီးလမ်းအတွက် ကြိုတင်လုပ်ဆောင်ချက် နှင့် မတူညီသောအချိန်အတိုင်းအတာဖြစ်သည်။ အောက်ပါတို့သည် အသင်း ထောက်နှင့်အသင်းထောက်မယ်များတို့၏ခံယူချက်ဖြစ်သည်။

 

ရှေ့သို့ကြိုမြင်ထားသောခံယူချက်

မြော်လင့်ခြင်းအသင်းထောက်နှင့်အသင်းထောက်မယ်များပေါ်လွင်ရမည့် ကြိုတင်မြင်ထားတတ်ခြင်းနှင့် ၎င်းတို့၏အလုပ်မှာ- () သန့်ရှင်းသော ဝိညာဉ် တော်နှင့်ပြည့်ဝရန်၊ () သင်ကြားပေးသူ၊ ဟောပြောပေးသူဖြစ်နေရန်၊ () နှုတ် ကပတ်တော်ကိုလေ့လာသူဖြစ်ရန်၊ () ဝိညာဉ်ရိတ်သိမ်းနိုင်သူ၊ () အားကြီး သောဆုတောင်းသူ၊ () အသင်းတော်အတွက်အမြဲအဆင်သင့်ရှိသူ၊ () စည်း လုံးခြင်းနှင့်သဘောတူညီမှုရှိသူ၊ () အသင်းထောက်၊ အသင်းထောက်မယ်များ အားလုံး တစ်လတစ်ကြိမ်တွေ့ဆုံနိုင်သူ၊ () ထိရောက်စွာ လုပ်ဆောင်နိုင်သော သူဖြစ်ဖို့ရန် အတူတကွလေ့လာလေ့ကျင့်သူ၊ (၁ဝ) ပွဲတော်မင်္ဂလာမတိုင်မီ စုပေါင်းဆုတောင်းသူတို့ဖြစ်သည်။ အဖွဲ့လိုက်ဆွေးနွေးပွဲပြီးဆုံးသည်နှင့် ညနေ စာကို အတူတကွစားသုံးကြရမည်။ ညနေစာစားပြီး အညောင်းဖြေခြင်း အချိန် အတွက် လမ်းထွက်လျှောက်ချိန်ပေးရမည်။ လမ်းလျှောက်အညောင်းဖြေပြီး နောက် အဖွဲ့များပြန်လည်စုရုံးကာ အခြားလေ့ကျင့်ခန်းတစ်ခုကို ဆက်လက် လုပ်ရမည်။ ယခုတစ်ကြိမ်လေ့ကျင့်ခန်းမှာ အမှုတော်၏ ခံယူချက်ကို ပိုမို ကောင်းအောင်ပြုပြင်ဆွေးနွေးခြင်း၊ ပန်းတိုင်များသတ်မှတ်ခြင်း၊ မကြာမီ ပြီး အောင်လုပ်ဆောင်ရမည့်လုပ်ငန်းများအကြောင်း တင်ပြဆွေးနွေးရမည်။ လွန်ခဲ့ သောလေ့ကျင့်ခန်းအတိုင်း ဆက်လက်လုပ်ဆောင်ပါ။ အောက်ပါအချက်များ သည် အမှုတော်၏ခံယူချက်ဖြစ်ပြီး အသင်းထောက်၊ အသင်းထောက်မယ်များ အတွက်ဖြစ်သည်။

 

အမှုတော်ခံယူချက်

အမှုတော်၌ပါဝင်နေသော အသင်းထောက်နှင့် အသင်းထောက်မယ်တို့ သည် အသင်းသားများနှင့်ပတ်ဝန်းကျင်ကို ကူညီပေးရမည်။ အထူးသဖြင့် ချို့တဲ့ နေသူများကိုကူညီပေးရမည်။ အရေးပေါ်လိုအပ်သောသူတို့၏ ကာယ၊ မိတ္တနှင့် ဝိညာဉ်ရေးရာများကိုမှတ်သားပြီး အသင်းတော်ကိုအသိပေးခြင်း၊ ဘုရားသခင် ၏နှုတ်ကပတ်တော်ကို သင်ကြားဟောပြောခြင်း၊ လူထုများကိုသော်လည်း ကောင်း၊ တစ်ဦးချင်းစီကိုသော်လည်းကောင်း အမှုတော်ဆောင်ရွက်ပေးရမည်။ လူအများကို ခရစ်တော်၏တပည့်တော်ဖြစ်လာစေပြီး အသစ်သော ဗတ္တိဇံခံယူ သူအသင်းသားဖြစ်လာရန် လုပ်ဆောင်ရမည်။ သွားရောက်လည်ပတ်ပြီး လိုအပ် သမျှကိုမှတ်သားထားကာ အသင်းတော်၏ဌာနများနှင့်ဆက်သွယ်ပြီး ပတ်ဝန်း ကျင်လူမှုဆက်ဆံရေးအသင်းအဖွဲ့နှင့်ဆက်သွယ်ကာ အမှုတော်ကို အောင်မြင် အောင်လုပ်ဆောင်မည်။ အသင်းတော်ပိုင်ပစ္စည်းများကို ထိန်းသိမ်းတာဝန်ယူပါ မည်။ ဆုတောင်းခြင်းဖြင့် မိမိ၏အသက်တာကို ပိုမိုမြှင့်တင်ပါမည်။ ကျမ်းစာကို လေ့လာခြင်း၊ ဝိညာဉ်တော်စာပေလေ့လာခြင်းနှင့် တခြားဆက်နွှယ်နေသော ဝိညာဉ်ရေးအတွက် ပိုမိုကောင်းမွန်သောအရာများကို လုပ်ဆောင်ကာ ဘုရား သခင်၏ ဘုန်းတော်ကိုထင်ရှားစေပြီး လူသားများကိုလည်း အလုပ်အကျွေးပြု သွားပါမည်။

 

ပန်းတိုင်သတ်မှတ်ခြင်းနှင့်ရည်ရွယ်ချက်

အသင်းထောက်၊ အသင်းထောက်မယ်အဖွဲ့၏ နောက်ဆုံးတာဝန်တစ်ခုမှာ ပန်းတိုင်သတ်မှတ်ခြင်းနှင့် ရည်ရွယ်ချက်ကိုတင်ပြကာ ထိုအချက်များကို အိမ်သို့ ပြန်သယ်ဆောင်သွားကြရန်ဖြစ်သည်။ ဥပမာ၊ ပန်းတိုင်တစ်ခုအနေဖြင့် အမှု တော်၏ခံယူချက်အတိုင်း အသင်းထောက်၊ အသင်းထောက်မယ်များသည် အလိုအပ်ဆုံးသောသူကို ကိုယ်စီရှာပြီးကူညီကြရန်ဖြစ်သည်။ မည်သည့်လိုအပ် ချက်မျိုးဖြစ်ကြောင်းရှင်းပြပါ။ အမှုတော်အားအင်ကိုမြှင့်တင်ပြီး လိုနေသူထံ အရောက်သွားရမည်။ ဒေသအတွင်း လူမှုအဖွဲ့နှင့်ဆက်သွယ်ပြီး တာဝန်ရှိသူ တစ်ဦးကိုခေါ်ဖိတ်ကာ အသင်းထောက်၊ အသင်းထောက်မယ်တို့၏ ရှေ့တွင်

အသင်းထောက်နှင့် -------အပန်းဖြေခရီးဦးဆောင်မှုသင်တန်း

 

စကားပြောစေပါ။ သူတို့လုပ်ဆောင်ပေးနိုင်သောအရာများကိုရှာပြီး သီးခြား လုပ်ဆောင်စေပါ။ အသင်းထောက်၊ အသင်းထောက်မယ်များနှင့်တွဲပြီး မည် သည့် အလုပ်ကိုလုပ်နိုင်ကြောင်းရှာဖွေပါ။ နောက်ဆုံးတွင် အသင်းထောက်၊ အသင်းထောက်မယ်များသည် လူအားငွေအားကိုအသုံးပြုကာ အလိုအပ်ဆုံး သောသူများကိုတွေ့ဆုံကာ ကူညီပေးရမည်။

အပန်းဖြေခရီးထွက်စဉ်အတွင်း အသင်းထောက်၊ အသင်းထောက်မယ် များသတ်မှတ်ခဲ့သော ပန်းတိုင်နှင့်ရည်ရွယ်ချက်များကို သူတို့သည် သေသေ ချာချာအချိန်သတ်မှတ်ပြီး အောင်မြင်အောင်လုပ်ဆောင်ကြရမည်။ အသင်း ထောက်ခေါင်းဆောင်နှင့်အသင်းထောက်မယ်ခေါင်းဆောင်တို့သည် မိမိတို့၏ အဖွဲ့သားအားလုံးကို စည်းရုံးစေပြီး လုပ်ဆောင်ရန် တာဝန်ပြီးမြောက်သည် အထိ ဦးဆောင်သွားကြရမည်။ အဖွဲ့လိုက်လုပ်ဆောင်မှု၌ ညွှန်ကြားချက်ပါ ရှိရမည်။ အဖွဲ့တိုင်း၏ အတွင်းရေးမှူးများသည် မိမိတို့၏ အဖွဲ့သားအမည် စာရင်းကို သေသေချာချာရေးသားထားရမည်။ ညွှန်ကြားထားသော လုပ်ဆောင် စေချက်များကို မှတ်တမ်းတင်ထားရမည်။ ခေါင်းဆောင်များ၊ အုပ်ချုပ်သူများ အစီရင်ခံစာကိုတင်ရန် ရက်စွဲကိုသတ်မှတ်ထားရမည်။

အဖွဲ့လိုက်လေ့ကျင့်ခန်းသည် ဆုတောင်းခြင်းဖြင့် အဆုံးသတ်ကာ အသင်း ထောက်နှင့်အသင်းထောက်မယ်များကို ဘုရားသခင်ကြည့်ရှုစောင့်မစေရန် ဆု တောင်းကြရမည်။ ညစာစားချိန် နောက်တစ်ကြိမ်စားသောက်ပြီး ညဦးယံ ဝတ်ပြုခြင်းကိုပြုလုပ်ကြမည်။ အပိတ်မိန့်ခွန်းကို ဓမ္မဆရာ သို့မဟုတ် ဦးဆောင် သူမှပြောကြားပေးရန်ဖြစ်ပြီး တစ်နာရီခွဲခန့် ဖျော်ဖြေမှုအတွက် အချိန်ယူအား ဖြည့်ပြီး အိပ်ရာကိုဝင်ကြရန်ဖြစ်သည်။

နောက်ဆုံးအချိန် တနင်္ဂနွေနေ့နံနက်တွင် မနက်စာဖြင့်စတင်ကြရမည်။ နံနက်စာပြီးသည်နှင့် သက်သေခံအားပေးစကားဝေငှခြင်း၊ ပြီးသည်နောက် ဆုတောင်းခြင်းအစီအစဉ်ဖြင့် အဆုံးသတ်သွားရမည်။ ဓမ္မဆရာနှင့်ဦးဆောင် သူက အသင်းထောက်နှင့်အသင်းထောက်မယ်များ ဆက်ကပ်ခြင်းပုံစံစာရွက် ကို ဖြည့်စေပြီး လက်မှတ်ရေးထိုးခိုင်းပါ။ ထိုစာရွက်ပုံစံသည် သင်ခန်းစာ အဆုံး ပိုင်း၌ ဖော်ပြထားသည်။ မိတ္တူလုပ်ပြီး အယောက်တိုင်းစီကို မိတ္တူပေးလိုက်ပါ။ အသင်းထောက်၊ အသင်းထောက်မယ်များ၏လက်ထဲ၌ မိတ္တူရှိနေသကဲ့သို့ ဓမ္မ ဆရာ၏ လက်ထဲ၌လည်းရှိသောကြောင့် တစ်ဦးအတွက်တစ်ဦး ဆုတောင်းပေး နိုင်ပါသည်။

ယခုအချိန်မှာ မိမိအသင်းတော်နှင့် မိမိတာဝန်ကျရာနေရာသို့ ခွဲခွာပြန် သွားကြရမည့်အချိန်ဖြစ်သည်။ သူတို့၏စိတ်ထဲ၌ သန့်ရှင်းသောဘုရားရှင်၏ ဝိညာဉ်ပြည့်ဝနေသည်။ ရည်မှန်းချက်အမြင်များနှင့်သော်လည်းကောင်း၊ အမှု တော်အတွက်သော်လည်းကောင်း ထားရှိသော ပန်းတိုင်အတွက်သော်လည်း ကောင်း၊ ရည်ရွယ်ချက်များအားဖြင့်သော်လည်းကောင်း သွက်လက်သော ခြေ လှမ်းများဖြင့် ဓမ္မဆရာ၏ အားပါသောတိုက်တွန်းမှုနှင့် အသင်းတော်မိသားစု မှအားဖြည့်ပြီး၍ အမှုတော်အောင်မြင်အောင် လုပ်ဆောင်ပါဝင်ကြတော့မည် ဖြစ်သည်။

 

အသင်းထောက်နှင့်အသင်းထောက်မယ်တို့၏ကတိဝန်ခံချက်ပုံစံ

ကျွန်ုပ်သည် သမ္မာကျမ်းစာကို စေ့စေ့ကြည့်ရှု၍ အသင်းထောက်/ အသင်း ထောက်မယ်တစ်ဦးအဖြစ် အမှုတော်အတွက် ပါဝင်ဆက်ကပ်လိုပါသည်။ ကျမ်းစာ၏ သွန်သင်ချက်နှင့် အမှုတော်ခံယူချက်အတိုင်း လိုက်လျှောက်ရန်ဆန္ဒ ရှိပါသည်။ ထိုကြောင့် အောက်ပါကတိဝန်ခံချက်အတိုင်း ကျွန်ုပ်ဆက်ကပ်အပ် ပါသည်။

 

နှစ်သက်သောအချက်ကို မှတ်သားထားပါ

___________  တစ်ရက်တွင်အနည်းဆုံးတစ်နာရီ ကျမ်းစာဖတ်ဆုတောင်းခြင်း ဖြင့် သန့်ရှင်းသောဝိညာဉ်တော်နှင့်ဉာဏ်ပညာကို သိုမှီးပါမည်။

___________  အသင်းသားများထံလည်ပတ်အားပေးတိုက်တွန်းခြင်း၌ ကျွန်ုပ် ပါဝင်ပါမည်။

___________ အသင်းတော်အတွင်းပေါ်ပေါက်လာသောပြဿနာကို ကျွန်ုပ်၏

သြဇာလွှမ်းခြင်းဖြင့်ဖြေရှင်းကာ အသင်းသားများငြီးတွားခြင်း၊ မကျေမနပ်ဖြစ်ခြင်းကို ဖြေရှင်းပါမည်။

___________  အသင်းတော်ပစ္စည်းများကိုထိန်းသိမ်းခြင်းဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေပါမည်။

___________  အဖွဲ့လိုက် လုပ်ဆောင်ခြင်းစိတ်ထားကို မွေးမြူကာ အစည်း အဝေး မှန်သမျှကို တက်ရောက်ပါမည်။ ပေးသမျှသော တာဝန် ကို သစ္စာရှိစွာဆောင်ရွက်ပါမည်။

___________  ဝိညာဉ်ရိတ်သိမ်းရန်အတွက် ကျမ်းစာသင်ပေးခြင်း၊ တရားပွဲ ကျင်းပခြင်းကို အလုပ်၌သော်လည်းကောင်း၊ ဒေသရပ်ကွက် အတွင်း၌ သော်လည်းကောင်း၊ ဝေစာများကမ်းခြင်း၌သော် လည်းကောင်း တခြားဧဝံဂေလိလုပ်ငန်းကို ကျွန်ုပ်၏ဓမ္မဆရာ နှင့်အတူ လုပ်ဆောင်ပါမည်။

___________    အခြား

အမည် _____________________________________________________

လိပ်စာ _____________________________________________________

ဖုန်းနံပါတ် __________________________________________________

ရက်စွဲ _____________________________________________________

 



အခန်း ၂၄

အခန်း (၂၄)

သမ္မာတရားအတွက်လုပ်ဆောင်နေသူအဖြစ် အသင်းထောက်နှင့်အသင်းထောက်မယ်များကိုသင်တန်းပေးခြင်း

 

ပထမရာစုနှစ်အတွင်း အသင်းထောက်၊ အသင်းထောက်မယ်များသည် နှုတ်ကပတ်တော်ကို သွန်သင်ပြီးပြောင်းလဲလာသူများကို အသင်းတော်သို့ ခေါ် ဆောင်လာကြသည်။ အသင်းထောက်ဖိလိပ္ပုသည် တရားဟောပြောခြင်းကို သာ ဦးဆောင်နေသည်မကဘဲ၊ တစ်ဦးချင်းစီကျမ်းစာသင်တန်းများကို လိုက်လံ သင်ပေး၏။ (တမန်တော် :-၈၊၂၆-၄၀။ ၂၁း၈) ပြစ်ကိလသည် မိမိ၏ ခင်ပွန်းသည် အာကုလနှင့်ပေါင်းကာ အာပေါလုကို ကျမ်းစာသင်ပေးခဲ့သည်။ အာပေါလုသည် စကားပြောကျွမ်းကျင်၍ သမ္မာကျမ်းစာကို ကျွမ်းကျင်သည်။ (တမန်တော် ၁၈း၂၄-၂၈) ထိုအကြောင်းများကြောင့် နှစ်ဆယ့်တစ်ရာစုနှစ် အတွင်း အသင်းထောက်နှင့်အသင်းထောက်မယ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသွန်သင်ပြီး များစွာသောသူတို့ကို ပြောင်းလဲပေးစေသည်။ ဤစာအုပ်မှာ အခန်း () ရှိ ဖော်ပြထားသောအကြောင်းအရာများသည် အသင်း ထောက်၊ အသင်းထောက်မယ်များ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် ကြားပေးသောအခန်းကဏ္ဍ၌ လုပ်ဆောင်နေကြောင်း ဖော်ပြပါသည်။ အသင်း ထောက်၊ အသင်းထောက်မယ်တို့သည် နှုတ်ကပတ်တော်ကို လိုက်လံသင်ကြား ပေးပြီး အသင်းတော်နှင့်ဆက်သွယ်ပေးသည်။ ပြောင်းလဲလာသူများကို ဘုရား ကျောင်းသို့ခေါ်ဆောင်လာသည်။ ဘုရားကျောင်းနှင့်ဝေးသော အရပ်များတွင် အသင်းထောက်များကိုတာဝန်ပေးပြီး ပြောင်းလဲလာသော သူတို့၏ မိသားစုနှင့် အတူနေထိုင်စေသည်။ ထိုမိသားစုကိုဆက်လက်ပြီး နှုတ်ကပတ်တော်ကို သင်ကြားပေးနေသည်။ သမ္မာကျမ်းစာနှုတ်ကပတ်တော်အကြောင်း လိုက်လံ သင်ကြားပေးရန် အသင်းထောက်များကိုငှားရမ်းသည်။ ထိုကျမ်းစာသင်ပေးရ သောသူများသည် တရားဟောပွဲများ၌ ဦးဆောင်ဦးရွက်ပြုကာ အသင်းတော်၌ ပါဝင်အားပေးကြသည်။ တရားပွဲပြီးဆုံးသောအခါ အသင်းထောက်များ ပြန်သွား ကြသော်လည်း နှုတ်ကပတ်တော်သင်ကြားပေးမည့်သူသည် ထိုယုံကြည်သူ လူသစ်များတို့နှင့်အတူ နေခဲ့ကြသည်။ အမှုတော်ဆောင်က အကယ်၍ ထွက် သွားလျှင် ထိုယုံကြည်သူအသစ်များလည်း ချက်ချင်း ထွက်သွားကြလိမ့်မည်။

နှုတ်ကပတ်တော်သင်ကြားပေးသူအဖြစ် အသင်းထောက်၊အသင်းထောက် မယ်များကို စိတ်ဓာတ်သွတ်သွင်းပေးရာ၌ ဓမ္မဆရာက အထူးကြပ်မတ် သင်တန်းပေးရန်လိုသည်။ ဓမ္မဆရာမှ ကိုယ်တိုင် သို့မဟုတ် လွန်ခဲ့သော အချိန်မှ သင်တန်းပို့ချပေးသူများကို စီစဉ်ပြီး သင်တန်းပေးစေရမည်။ သင်ကြားမှု အတွက် အထောက်အကူပစ္စည်းများ များစွာရှိပါသည်။ အဦးဆုံးဈေးထဲသွားပြီး ဝယ်ယူနိုင်ပါသည်။ သမ္မာကျမ်းစာသင်တန်းလမ်းညွှန်ကိုသော်လည်းကောင်း၊ သင်ခန်းစာတစ်မျိုးမျိုးသော်လည်းကောင်း ရွေးချယ်အသုံးပြုနိုင်သည်။

အသုံးပြုရန်ကောင်းသောသင်ကြားပို့ချချက်မှာ အဲလ်ဒင်ကေ၊ ဝေါထာ ဓမ္မသစ်ကျမ်း၏ သက်သေခံချက်စာအုပ်သည် အလွန်အဖိုးတန်ကောင်းမွန် သောစာအုပ်ဖြစ်သည်။ ကိုယ်စီသက်သေခံခြင်း၏ အားအင်အကြောင်း ရေးသား ထားပါသည်။ ဗျာဒိတ်ကျမ်း ၁၂း၁၁ ကို သူတို့သည် သိုးသငယ်၏ သွေးအားဖြင့် လည်းကောင်း၊ မိမိတို့သက်သေခံချက်နှုတ်ကပတ်တရားအားဖြင့်လည်းကောင်း အောင်မြင်၍ အသုံးပြုကာ သင်ကြားပေးသည်။ ဤကျမ်းချက်မှာ အကြောင်း အရာနှစ်မျိုးပါရှိပါသည်။ () သိုးသငယ်၏အသွေးသည် ကျွန်ုပ်တို့ မျှော်လင့်ရာ မရှိသောအချိန်၌ ကယ်တင်ဝယ်ယူပေးခဲ့သည်။ () တခြားသက်သေခံချက် တစ်ခုမှာသူတို့၏သက်သေခံစကား ပင်ဖြစ်သည်။

 

သင်၏ကိုယ်ပိုင်သက်သေခံချက်ကိုရေးသားခြင်း

များသောအားဖြင့် လူတို့သည် ဆက်သွယ်ပြီး ကျမ်းစာသင်ပေးရမည်ကို အလွန်ကြောက်ရွံ့တတ်ကြသည်။ တချို့သူများသည် အသက်တာနေထိုင်မှု ပုံစံ နှင့် လုံးပန်းနေရသောသူကို အကြံပေးနိုင်သောအသိ၊ အတတ်မရှိပါ။ ဥပမာ- ဆေးသမားများ၊ ပြည့်တန်ဆာမများကို အသက်တာပုံစံနေထိုင်မှု ပြောင်းပစ်ရန် မသွန်သင်ရဲကြပေ။ သတိရပါ။ ထိုသို့သောဘဝမျိုး၌ ရုန်းကန်နေရသူများကို တွေ့လျှင် သင်ရုန်းကန်ခဲ့ရသောပြဿနာများနည်းတူ ဖြေရှင်းပေးပါ။ သင်ကဲ့သို့ ပင် စိတ်ခံစားခဲ့ရကြောင်းသိထားပါ။ ထိုကြောင့် ထိုသူများကို သက်သေခံရန် ကြိုးစားခြင်း သို့မဟုတ် ကျမ်းစာသင်တန်းတက်ရန် နာမည်တောင်းဆိုခြင်းကို ပြုလုပ်သောအခါ သင်၏ ကိုယ်ပိုင်အတွေ့အကြုံကို အရင်သက်သေခံပြရန်လိုပါ သည်။ ခရစ်တော်မပါသောအပြစ်သားတို့၏ အသက်တာသည် တန်ဖိုးမဲ့နေ သည်၊ အထီးကျန်သည်၊ စိတ်ပျက်အားငယ်သည်၊ မျှော်လင့်ချက်မဲ့သည်၊ ဝမ်းနည်းကြေကွဲသည် စသည့်အကြောင်းကို စတင်သက်သေခံပါ။ လူတိုင်းမိမိ တို့၏ အသက်တာ၌ ထိုသို့သောခံစားမှုမျိုး ရှိတတ်ကြသည်။ မူးယစ်ဆေးစွဲနေ သူတစ်ယောက်သည် ထိုသို့သောစိတ်မျိုးကြောင့် မူးယစ်ဆေးစွဲရသည်။ ပြည့် တန်ဆာမများ လိင်ကိစ္စစတင်လာရခြင်းသည်လည်း မူးယစ်ဆေးဝါးကြောင့် ဖြစ်မည်။ တခြားသူများ၏ ပြဿနာမှာလည်း အစားအသောက်၊ လူမှုရေး၊ ဥစ္စာပစ္စည်းပိုင်ဆိုင်ခြင်း၊ ပညာရေးစသည့်ပြဿနာမျိုးစုံရှိနေမည်။ သမ္မာကျမ်း စာသင်ပေးသောသူသည် စိတ်သောကရောက်နေသူများကို ခရစ်တော်၏ ကုစားမှုအကြောင်း အပြစ်အားလုံးကိုဖြေလွှတ်နိုင်ခြင်းအကြောင်းကို သင်ကြား သက်သေခံရမည်။

ကိုယ်ပိုင်သက်သေခံခြင်းအတွက် ဥပမာတစ်ခုပြရမည်ဆိုလျှင် အပိုင်း () ပိုင်းခွဲခြားထားသည်။

 

ကိုယ်ပိုင်သက်သေခံခြင်း (- မိနစ်)

ခရစ်တော်ကို မတွေ့ မီကျွန်တော်/ ကျွန်မ၏အသက်တာ

ကျွန်တော်ဟာတာတာဖြစ်နေတယ်၊ အထီးကျန်နေတယ်၊ စိတ်ပျက် အားငယ်တယ်။ ကျွန်တော့်ရဲ့ အသက်တာပြန်ကောင်းလာဖို့အတွက် အမျိုးမျိုး ကြိုးစားတယ်။ ကျွန်တော်လူတွေကြားထဲဝင်ရောနှောပြီး ကိုယ့်ဘဝကိုမေ့နေ အောင်ကြိုးစားခဲ့တယ်။ ကျွန်တော့်ရဲ့ အခြေအနေကို ကျွန်တော်မနှစ်သက်လို့။

 

ခရစ်တော်ကိုလိုအပ်ကြောင်းကျွန်တော်/ သိရှိလာပုံ

ကျွန်တော်/မကြိုးစားသမျှ ဘာမျှဖြစ်မလာသောအခါမှာ တစ်ည ကျွန် တော်/ ညကပွဲကို သန်းခေါင်ကျော်အထိတက်ခဲ့ပြီး နုံးချည့်ပျော့ခွေနေသော ကြောင့် အိပ်ရာမှမထနိုင်ဖြစ်နေပါတယ်။ ကျွန်တော်နှင့်သွားလာနေတဲ့ သူငယ် ချင်းများဟာ ကျွန်တော်/မကို အသုံးပြုရုံသက်သက်သာရှိကြောင်း ကျွန်တော်/ ကောင်းကောင်းသိလာပါတယ်။ ကျွန်တော်/ မအခန်းထဲသေလုမျောပါး၊ မျှော် လင့်ချက်မဲ့စွာလဲလျောင်းစဉ်မှာ ခရစ်တော်ကို ကျွန်တော်/ လိုအပ်နေပြီဟု ကျွန်တော်/ သိလိုက်ရပါတယ်။

 

ကျွန်တော်/ ခရစ်ယာန်တစ်ဦးဘယ်လိုဖြစ်လာပုံ

ကျွန်တော်/ စာအုပ်တစ်အုပ်ကို ဖတ်မိတဲ့အခါ အလွန်အံ့သြသွားပါတယ်။ ဘုရားသခင်အကြောင်းနဲ့ယုံကြည်ခြင်းအကြောင်းကိုရေးထားပါတယ်။ ထိုရေး သားချက်သည် ကျွန်တော်/မကို ခရစ်ယာန်စစ်စစ်တစ်ယောက်ဖြစ်ရန် တိုက် တွန်းထားပါသည်။ ထိုကြောင့်ထပ်မံပြီး ဘုရားသခင်ကိုစမ်းသပ်ကြည့်ချင်ပြန် သည်။ ကျွန်တော်/ စပြီးဆုတောင်းတယ်၊ ကျမ်းစာဖတ်တယ်၊ ရေဒီယိုမှ တရားဟောချက်ကို နားထောင်တယ်။ ဘုရားသခင်ဟာ ကျွန်တော်/မရဲ့ ဆု တောင်းချက်ကိုအဖြေပေးပါတယ်။ ကျွန်တော်/ အသက်တာပြောင်းလဲသွား တာတွေ့ရတယ်။

 

ကျွန်တော်/မ၏အသက်တာ၌ခရစ်တော်၏ထူးခြားသောလုပ်ဆောင်ပေးမှု

ယခုမှာ ကျွန်တော်/မခရစ်တော်ကိုရရှိနေပြီ။ ကျွန်တော်ပြည့်ဝပြီ။ လိုအပ် သမျှအားလုံးသည်ပြည့်စုံနေပြီ။ တခြားထပ်ရှာစရာပျော်ရွှင်ခြင်းလည်း မလိုအပ် တော့ပါ။ အပြစ်နှင့်ဆက်လက်အသက်ရှင်ချင်စိတ်လည်းမရှိတော့ပါဘူး။ ယေရှု ကျွန်တော်/မကို လွတ်လပ်မှုပေးခဲ့ပြီ။

အသင်းထောက်၊ အသင်းထောက်မယ်တို့သည် သူတို့၏ ကိုယ်ပိုင် သက် သေခံချက်ကိုရေးသားထားရမည်။ အသင်းတော်အတွင်း ကျမ်းစာသင်ပေးရန် တောင်းဆိုခံရတိုင်း မိမိတို့၏အတွေ့အကြုံကို သက်သေခံကြရမည်။ ထပ် လောင်းပြီး ကိုယ်ပိုင်သက်သေခံခြင်းအကြောင်းနှင့်ပတ်သက်၍ ဝေါတာ က ဧဝံဂေလိသတင်းစကားတင်ပြခြင်းကို သက်သေခံချက်အတွက် အသုံးပြုရန် အကြံပေးပါသည်။ အောက်ပါအချက်များသည် သမ္မာကျမ်းစာမှတင်ပြချက်များ ကို အကြမ်းဖျင်းဖော်ပြခြင်းဖြစ်သည်။

ဧဝံဂေလိတင်ပြချက်

၁။        နိဒါန်း

(က) လောကအသက်တာ

() အသင်းတော်အတွင်းအသက်တာ

()            သက်သေခံချက်၊ ဘုရားကျောင်း သို့မဟုတ် သီးသန့်နေရာ

() မေးခွန်းနှစ်ခု

၁။    ဒီကနေ့ညမှာ သင်သေဆုံးတော့မည်ဟု တထစ်ချသိနေလျှင် သင်၏ ဝိညာဉ်ရေးရာအတွက် လုံခြုံသောနေရာ၌ သင်ရောက် နေပြီလား။

၂။    ဘုရားသခင်က သင့်ကိုမေးခွန်းမေးလိမ့်မည်။ သင်ဘာကြောင့် ထာဝရအသက်ရသင့်သနည်း။ သင်မည်သို့ပြန်ဖြေမည်နည်း။

 

၂။         ဧဝံဂေလိတရား

(က) ကရုဏာတော်

၁။      ထာဝရအသက်သည် ဆုလက်ဆောင်သက်သက်ဖြစ်သည်။

(ဧဖက် ၂း၈၊၉)

၂။      ကျွန်ုပ်တို့ကြိုးစားယူ၍မရပါ။ (တိတု ၃း၅)

() လူသား

၁။      ကျွန်ုပ်တို့အားလုံးသည်အပြစ်သား (ရောမ ၃း၂၃)

၂။      ကျွန်ုပ်တို့သည် မိမိကိုယ်ကိုမကယ်တင်နိုင်ပါ။

()            ဘုရားသခင်

၁။      ကရုဏာတော်နှင့်ပြည့်ဝ - ကျွန်ုပ်တို့ကိုမဖျက်ဆီးချင်ပါ။

(ရောမ ၆း၂၃)

၂။      တရားမျှတသည်။ အပြစ်ကိုဖျက်ဆီးမည်။

()          ခရစ်တော်

၁။ ဘုရားစင်စစ် - လူစင်စစ် (ယော ၃း၁၆)

၂။ အပြစ်အကြွေးဆပ်ပေးသူ (၁ပေ ၂း၂၄)

()            ယုံကြည်ခြင်း

၁။      ယုံကြည်ခြင်းဖြင့်ခရစ်တော်ကိုကိုးစားခြင်း။

၂။      တဒင်္ဂယုံကြည်ခြင်းနှင့်ဉာဏ်ပညာအသိကိုခွဲခြားခြင်း

(ယော ၃း၃၆)

()            လက်ခံချက်

၁။ ထာဝရအသက်ကိုရရှိပိုင်ဆိုင်ခြင်း (၁ယော ၅း၁၃)

၂။ ပဋိညာဉ်ပြုချက် (ဘုရားသခင်နှင့်သဘောတူညီခြင်း)

 

၃။        အသစ်သောအသက်တာ

(က) အပြစ်ဖြေလွှတ်ခြင်းအခွင့်ရ

သမ္မာတရားအတွက် ----------- သင်တန်းပေးခြင်း

 

() အသစ်သောသတ္တဝါဖြစ်လာ

() ဘုရားရှင်၏သားသမီးများဟုအခေါ်ခံရ

() အသက်တာတွင်အောင်မြင်မှုရရှိလာ

() ထာဝရအသက်ကိုရ

 

၄။ ဆက်ကပ်ခြင်း

(က) မေးခွန်း - သခင်ခရစ်တော်သင့်အတွက်ဘာလုပ်ပေးချင်သနည်း။

()  ဆက်ကပ်ခြင်းမေးခွန်း - ထာဝရအသက်လက်ဆောင်ကို ရရှိချင်ပါ သလား။ ခရစ်တော်သည် ကောင်းကင်ကိုစွန့်၍ သင့်အတွက် လာ ရောက်အသေခံပါသလား။

()            ဆက်ကပ်မှုကိုခွဲခြားသိမြင်ခြင်း

၁။      မိမိကိုယ်ကိုအားကိုးခြင်းမှခရစ်တော်ကိုအားကိုးခြင်း

၂။      ခရစ်တော်သည် သခင်နှင့်ကယ်တင်ရှင်ဖြစ်ရမည်။

() ဆက်ကပ်ဆုတောင်းခြင်း

ကျွန်ုပ်တို့လိုသမျှအရာကို ဘုရားသခင်ထံသွား၍ ဆုတောင်းကြရ မည်။

 

()            အာမခံချက်

၁။      သုခချမ်းသာလမ်းညွှန်ကိုဖတ်ပါ။

၂။      အာမခံပေးထားသောကျမ်းချက်များကို စိတ်ထဲစွဲနေပါ။

(၂ကော ၅း၁၇။ ယော ၁း၁၂။ ၁ယော ၃း၂)

 

၅။ ဘုရားသခင်၏မိသားစုဝင်သို့ ဖိတ်ခေါ်ခြင်း

ကျမ်းစာသင်ပေးခြင်းသည် လူများကိုကယ်တင်ခြင်းရရှိရန် လုပ်ဆောင် ပေးခြင်းဖြစ်သည်။ ဘုရားသခင်၏ မိသားစုဝင်အဖြစ် လက်ခံခြင်းဖြစ်သည်။ သုခချမ်းသာလမ်းညွှန်စာအုပ်ကိုလည်းဖတ်ပြပြီး သင်ကြားပေးပါ။ တခြား သွန်သင်ချက်များကို မလေ့လာမီမှာ ယင်းစာအုပ်ကိုကျေညက်အောင် ဖတ်ပါ စေ။ အခြားနည်းတစ်နည်းမှာ သမ္မာကျမ်းညွှန်ကို သုခချမ်းသာလမ်းညွှန်အစား အသုံးပြုပါ။ ခရစ်တော်ကို ဗဟိုထားပြီးသင်ကြားပေးပါ။ အခန်း (၂၄) ခန်း ပါသော ကျမ်းစာလေ့လာခြင်းလမ်းညွှန်ကို သာမန် () ခန်း၊ အဆင့် () () ခန်း၊ အဆင့် () () ခန်းအဖြစ် လေ့လာသင်ကြားပေးသည်။ ထိုစာအုပ်ကို လိုချင်ခဲ့ပါသော် ဆက်သွယ်ဝယ်ယူပါ။

 

ယေရှုရှင်သည်သမ္မာတရားအားလုံးအတွက်

လမ်းညွှန်ပေးသောအဖြေရှင်ဖြစ်သည်

(သာမန်) - သင်ခန်းစာ ()

 

ကျမ်းစာကို ကျွန်ုပ်တို့ မည်သို့ရရှိခဲ့သနည်း

သမ္မာကျမ်းစာသည် စာအုပ်ငယ် (၆၆) အုပ်ပေါင်းစည်းထားသည်။ နှစ်ပေါင်း ၁၅ဝဝ ကျော်ရေးခဲ့ရသည်။ ရေးသားသူပေါင်း (၄၀) ခန့်ရှိသည်။ အပိုင်းနှစ်ပိုင်းခွဲခြားထားသည်။ ဓမ္မဟောင်းနှင့်ဓမ္မသစ်ဟူ၍ဖြစ်သည်။

ဓမ္မဟောင်း၌ (၃၉) ကျမ်း၊ ဓမ္မသစ်၌ (၂၇) ကျမ်းပါဝင်သည်။ သမ္မာကျမ်းစာ သည် ဘုရား၏မေတ္တာစာပင်ဖြစ်သည်။ ကျွန်ုပ်တို့ဖတ်ရှုလေလေ ဘုရား၏ ချစ်ခြင်း အကြောင်းပို၍သိရလေလေဖြစ်သည်။

သမ္မာတရားအတွက် ----------- သင်တန်းပေးခြင်း

 

ညွှန်ကြားချက်။ အောက်ပါအကြောင်းအရာများကို အမှား၊ အမှန်ခွဲခြားပေးရန် ဖြစ်သည်။ စာကြောင်းအဆုံးပိုင်းတိုင်း၌ ပေးထားသောကျမ်းချက်ကို ဖတ်ရှု ပြီးဖြေဆိုပါ။ ဆုတောင်းပြီး အမှား သို့မဟုတ် အမှန်ကိုဝိုင်းပေးပါ။

၁။    ကျမ်းစာကိုရေးသားသောသူတို့သည် မိမိတို့၏အတွေးအခေါ်၊ ကိုယ်ပိုင် ဆန္ဒဖြင့်ရေးသားသည်။ (၂ပေ ၁း၂၁)                                                                       မှန်/မှား

၂။    ဓမ္မသစ်ကျမ်းသာ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးပဲ့ပြင်မှုဖြင့် ရေးသား သည်။ (၂တိ ၃း၁၆-၁၇)                                                                                              မှန်/မှား

၃။    သမ္မာကျမ်းရေးသားခြင်းသည် ကျွန်ုပ်တို့အတွက် မျှော်လင့်စရာအကြောင်း ဖြစ်သည်။ (ရောမ ၁၅း၄)                                                                                           မှန်/မှား

၄။         သမ္မာကျမ်းစာကို မှန်ကန်စွာနားလည်နိုင်ရန် လေ့လာဖတ်ရှုရမည်။

(၂တိ ၂း၁၅)                                                                                                                       မှန်/မှား

၅။    ယေရှုရှင်သာအဖြေမှန်ဖြစ်သည်။ ကျွန်ုပ်တို့ထာဝရအသက်ရရှိရန် သမ္မာ  ကျမ်းစာသာလျှင် ညွှန်ပြနိုင်သည်။ (ယောဟန် ၅း၃၉-၄ဝ)          မှန်/မှား

 

အမည် _______________________        လိပ်စာ______________________

နေ့စွဲ _______________________  ဖုန်းနံပါတ် ______________________

 

ယေရှုရှင်သည်သမ္မာတရားအားလုံးအတွက် လမ်းညွှန်ပေးသောအဖြေရှင်ဖြစ်သည်

(အဆင့် ) - သင်ခန်းစာ ()

 

ယေရှုပြန်ကြွလာသောအခါမည်သို့ဖြစ်မည်နည်း

သမ္မာကျမ်းစာ၏ နိမိတ်များအားလုံးသည် ခရစ်တော်ကြွလာရန် အကြောင်း ပြည့်စုံမှုပေးနေပြီဖြစ်သည်။ ကောင်းကင်တရားပလ္လင်သည် ရာစုနှစ် တစ်စုကျော်ကြာအောင် ဖွင့်ထားပြီးဖြစ်သည်။ ဒုတိယအဖြစ်အပျက်မှာ ခရစ် တော်ကြွလာရန်ဖြစ်သည်။ ကျွန်ုပ်အဆင်သင့် ဖြစ်ချင်သည်။ သင်မည်သို့ သဘောထားသနည်း။

ညွှန်ကြားချက်။ အောက်ပါအကြောင်းအရာများသည် အမှား/အမှန်ခွဲပေး ရန်ဖြစ်သည်။ စာကြောင်းအဆုံးပိုင်းတိုင်း၌ ပေးထားသောကျမ်းချက်ကို ဖတ် ပြီးဖြေဆိုပါ။ ဆုတောင်းပြီး အမှား/အမှန်ကိုဝိုင်းပေးပါ။

၁။    ယေရှုကောင်းကင်သို့ပြန်မတက်ကြွသွားမီ မည်သည့်စကားမျှ မိန့်တော်မူ ခဲ့ခြင်းမရှိ။ (ယောဟန် ၁၄း၁-)                                                               မှန်/ မှား

 ၂။   ယေရှုကြွလာသောအခါ လျှို့ဝှက်စွာလာမည်မဟုတ်၊ ကိုယ်တော်ကြွလာ ခြင်းကို လူတိုင်းသိရမည်။ (မဿဲ ၂၄း၂၆-၂၇၊၃၀။ ဗျာဒိတ် ၁း၇)  မှန်/မှား

 ၃။   ယေရှုကြွလာသောအခါ သန့်ရှင်းသူများကိုသာ ငြိမ်သက်စွာ ခေါ်ဆောင် သွားပြီး ဆိုးသွမ်းသူများကို ဤကမ္ဘာပေါ်၌ ချန်ထားခဲ့ပြီး ဆက်လက် နေထိုင်စေမည်။ (၂ပေ ၃း၁၀။ ၂သက် ၁း၇-)                                         မှန်/မှား

၄။    ယေရှုကြွလာသောအခါ ရှင်ပြန်ထမြောက်ခြင်းရှိလိမ့်မည်။ သေလွန်သော

သန့်ရှင်းသူများ ထမြောက်လာလိမ့်မည်။ (၁သက် ၄း၁၆)                       မှန်/မှား

၅။    ယေရှုရှင်သာအဖြေမှန်။ သန့်ရှင်းသူများကို သင်္ချိုင်းတွင်းမှ ထမြောက်စေ တော်မူပြီးနောက် အသက်ရှင်လျက်ရှိသော သန့်ရှင်းသူများနှင့်အတူ ကောင်းကင်အာကာသသို့ ချီဆောင်ပြီး ကောင်းကင်နိုင်ငံတော်သို့ ခေါ် ဆောင်သွားလိမ့်မည်။ (၁သက် ၄း၁၇)                                              မှန်/မှား

အမည် _______________________        လိပ်စာ______________________

နေ့စွဲ _______________________  ဖုန်းနံပါတ် ______________________

 

ယေရှုရှင်သည်သမ္မာတရားအားလုံးအတွက် လမ်းညွှန်ပေးသောအဖြေရှင်ဖြစ်သည်

(အဆင့် ) - သင်ခန်းစာ (၁၇)

 

ကျွန်ုပ်၏ဈာပနကိုမည်သို့ရွှေ့ဆိုင်းနိုင်မည်နည်း

ယနေ့ထုတ်လုပ်ရောင်းချနေသော အစားအစာများသည် ကင်ဆာနှင့် တခြားသေစေလောက်သောရောဂါများကို ဖြစ်စေနိုင်သည်ဟု တွေ့ရှိရသည်။ ဆေးသုတေသီအဖွဲ့က အစာသည် ရောဂါနှင့်တိုက်ရိုက်ပတ်သက်ကြောင်း တွေ့ ရှိထားသည်။ ဘုရားသခင်က ကျွန်ုပ်တို့ မည်သို့နေထိုင်စားသောက်ရမည့် နည်းလမ်းကို ပေးထားသည်။ မည်သို့သောနည်းလမ်းများဖြစ်သည်ကို လေ့လာ

ကြစို့။

 

ညွှန်ကြားချက်။ အောက်ပါအကြောင်းအရာများသည် အမှား/အမှန်ခွဲပေးရန် ဖြစ်သည်။ စာကြောင်းအဆုံးပိုင်းတိုင်း၌ ပေးထားသော ကျမ်းချက်ကိုဖတ် ပြီးဖြေဆိုပါ။ ဆုတောင်းပြီး အမှား/အမှန်ကိုဝိုင်းပြပေးပါ။

၁။         ကျွန်ုပ်တို့ကျန်းမာရေးကို ခရစ်တော်ဂရုမစိုက်ပါ။ (၃ယော ) မှန်/မှား

၂။    ကျွန်ုပ်တို့စားသောအစာ၊ လုပ်သောအလုပ်တို့သည် ခရစ်ယာန်တစ်ဦးအဖို့ အလွန်အရေးကြီးပါသည်။ (၁ကော ၁၀း၃၁။ ၆း၁၉-၂၀။ ၃း၁၆၊၁၇)

မှန်/မှား

၃။    လူသားများကို ဘုရားသခင်ပေးသော မူလအစာမှာ အစေ့ပါသောအသီး များ၊ ကောက်ပဲသီးနှံ၊ အစေ့ပါသော အသီးကိုသီးသောအပင်များ၊ အခွံမာ သီးများဖြစ်သည်။ (ကမ္ဘာဦး ၁း၂၉)                                                            မှန်/မှား

၄။    ဘုရားရှင်မိန့်တော်မူသည်မှာ တိရစ္ဆာန်ဖြစ်စေ၊ ငါးဖြစ်စေ အရသာရှိလျှင် စားနိုင်ပါသည်။ (ဝတ်ပြု ၁၁း၁-၃၁)                                                             မှန်/မှား

၅။    ဝက်သား၊ ဝက်ကင်တို့ကို ပန်းခြံအတွင်းရှိ သစ်ပင်အောက်၌စားခြင်းသည် သင့်လျော်ပါသည်။ (ဟေရှာ ၆၆း၁၅-၁၇)                                              မှန်/မှား

၆။    သေရည်သေရက်ကို သောက်သုံးခြင်းနှင့် ကျွန်ုပ်တို့ကို သေစေလောက် သော ကျန်းမာရေးကိုထိခိုက်စေသည့် မူးယစ်ဆေးနှင့် ဆေးလိပ်ဆေးရွက် များကို ရှောင်ရှားရန် ဘုရားသတိပေးထားသည်။

(သုတ္တံ ၂၀း၁။ ၂၃:၂၉-၃၂)                                                                                  မှန်/မှား

၇။    ယေရှုရှင်သာအဖြေမှန်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုပုံပမာပြခဲ့သည်။ စပျစ်ရည်လတ်လတ်ဆတ်ဆတ်ကိုသောက်သော်လည်း မူးယစ်စေတတ် သော ပုန်းရည်ကိုမသောက်ပါ။ (မဿဲ ၂၇း၃၃-၃၄)                           မှန်/မှား

အမည် _______________________        လိပ်စာ______________________

နေ့စွဲ _______________________  ဖုန်းနံပါတ် ______________________

 

မျှော်လင့်နိုင်မည့်သူများကိုရှာဖွေပါ

 

အယ်လင်ဂျီဝှိုက်မှ ဧဝံဂေလိတရား၏ဖိတ်ခေါ်ခြင်းသည် ဆင်းရဲချမ်းသာ မရွေး လူအားလုံးကို တန်းတူဖိတ်ခေါ်သည်။ နေရာသစ်သို့ သမ္မာတရားကို သယ်ဆောင်သွားကြရမည်ဟု အဓိပ္ပါယ်သက်ရောက်ပါသည်။ ခရစ်တော်၏ နည်းဖြင့်သာ အောင်မြင်ခြင်းကိုဖြစ်စေပါမည်။ ကယ်တင်ရှင်သည် လူများတို့နှင့် ရောနှောပြီး မေတ္တာပြကာ လိုအပ်သမျှကို ကူညီပေးသည်။ နောက်ဆုံး၌ ငါ့နောက်သို့လိုက်လော့ ဟုခေါ်ဖိတ်သည်။

 

မျှော်လင့်နိုင်မည့်သူများမှာမည်သူများနည်း

၁။    သက်သတ်လွတ်စားသောက်ဆိုင်သို့ လာရောက်စားသုံးသူများ၊ ကျန်းမာ ရေးလမ်းလျှောက်သူနှင့်လိုက်စားသူများ

၂။         မြော်လင့်ခြင်းအသင်းတော်သို့အလည်လာသူ

၃။         မြော်လင့်ခြင်းအသင်းသားဆွေမျိုးများ

၄။         မြော်လင့်ခြင်းအသင်းတော်၌ ဆေးဝါးလာရောက်ကုသသူ

၅။        မြော်လင့်ခြင်းအသင်းသားများတို့၏အိမ်နီးနားချင်း

၆။        မြော်လင့်ခြင်းအသင်းတော်မှကူညီနေသူ

၇။        ကောင်းသောအသက်တာကိုရှာဖွေနေသည့် အသင်းတော်နှင့်မဆက်သွယ်

သူများ

၈။    မိမိတို့အသင်းတော်ကို အားမရသော တခြားအသင်းတော်မှယုံကြည်ခြင်း  ရှိသူ

၉။        မြော်လင့်ခြင်းပိုင်စီးပွားရေးနှင့်ဆက်နွှယ်နေသောဖောက်သည်များ

၁၀။      မြော်လင့်ခြင်းအသင်းတော်ပိုင်စီးပွားရေးလုပ်ငန်း၌ အလုပ်လုပ်နေသူ

၁၁။  မြော်လင့်ခြင်းအသင်းသားမဟုတ်သော မြော်လင့်ခြင်းအသင်းသားတို့၏ အလုပ်ရှင်

သမ္မာတရားအတွက် ----------- သင်တန်းပေးခြင်း

 

၁၂။  လူထုကျောင်း၌တက်ရောက်ပညာသင်ရသော အသင်းသားလူငယ်များ မိမိ တို့၏မိတ်ဆွေများ

၁၃။  မြော်လင့်ခြင်းအသင်းတော်ကျောင်းသို့ တက်ရောက်လာသော အသင်း သားမဟုတ်သေးသူများ

၁၄။  မြော်လင့်ခြင်းအသင်းသားမဟုတ်သေးသော မြော်လင့်ခြင်းကျောင်းတက် ရောက်နေသည့်မိဘများ

၁၅။      မြော်လင့်ခြင်းအသင်းသားများနှင့်အတူအလုပ်လုပ်သူများ

၁၆။  တခြားယုံကြည်ခြင်းကို စွဲကိုင်ထားသော စိတ်နှလုံးရိုးသားသည့်အမှုတော် ဆောင်

၁၇။      မြော်လင့်ခြင်းအသင်းတော်၏ စာများကို ဝယ်ယူဖတ်ရှုသောသူများ

 

ထိုမျှော်လင့်ချက်ရှိသူများကို မည်သို့ သက်သေခံနိုင်မည်နည်း

၁။         သင်၏နေထိုင်ပြုမူပုံဖြင့် တိတ်ဆိတ်စွာသက်သေခံပါ။

၂။         စကားပြောဆိုပြုမူပုံသတိထားပါ။

၃။    သူတို့၏ အတွေးအခေါ်ကို လေးစားပါ။ သူတို့နားလည်တတ်ကျွမ်းသော နေရာ၌ သူတို့၏အကြံပေးခြင်းကိုလက်ခံပါ။

၄။         ညှိနှိုင်း၍မရသော ဘုရားတရားခံယူချက်ကိုလက်ခံပေးလိုက်ပါ။

၅။        သူတို့၏ပြောစကားကိုနားထောင်ပါ။

၆။    သူတို့ပြဿနာရင်ဆိုင်ရသောအချိန်၌ သင်၏ ကိုယ်ပိုင်အတွေ့အကြုံကို သက်သေခံပါ။

၇။    ကျန်းမာစွာနေထိုင်ခြင်း၊ သက်သတ်လွတ်ဟင်းချက်နည်းနှင့် နောက်ဆုံး အချိန်နှင့်ပတ်သက်သော ပုရောဖက်ပြုစာများကိုဝေငှပါ။

၈။        ဘုရားကျောင်း၌ သူတို့စိတ်ဝင်စားသောအစီအစဉ်များရှိလျှင်ဖိတ်ခေါ်ပါ။

၉။        မိတ်ဆွေဖွဲ့ပါ။

၁ဝ။      ကူညီရမည့်သူကိုရှာဖွေပါ။

၁၁။       သူတို့၏ဖိတ်ခေါ်ခြင်းကိုလည်း လက်ခံပြီးလာရောက်ကူညီအားပေးပါ

၁၂။       အသင်းတော်မိတ်သဟာယပွဲများသို့ဖိတ်ကြားပါ။

၁၃။      အဖွဲ့ငယ်တရားပွဲသို့တက်ရောက်ရန် သူတို့ကိုဖိတ်ခေါ်ပါ။

၁၄။      သူတို့နှင့်အတူတူကျမ်းစာလေ့လာပါ။

၁၅။      အသင်းတော်မှကမကထပြုသောတရားပွဲသို့ဖိတ်ခေါ်ပါ။

 

နောက်ဆုံးအနေဖြင့် ကျမ်းစာသင်ပေးသော အမှုတော်ဆောင်တစ်ဦး ဖြစ် ချင်သော အသင်းထောက်နှင့်အသင်းထောက်မယ်တို့သည် ဒေသပတ်ဝန်းကျင် အတွင်း ဧဝံဂေလိတရားကိုဝေငှကြရမည်။ ဆုတောင်းမှု အထူးပြုကြရမည်။ အောက်ဖော်ပြချက်များမှာ မည်သို့လည်ပတ်ချဉ်းကပ်ရန်အစီအစဉ်ဖြစ်သည်။

 

ဒေသတွင်းဆုတောင်းချက်တောင်းဆိုမှုပုံစံ

မင်္ဂလာပါ။ ကျွန်တော့်နာမည် ________________ ပါ။ ရပ်ကွက်အတွက် ဆုတောင်းခြင်းသာသနာပြုအဖွဲ့ကပါ။ ကျွန်တော်တို့လူအားလုံးအတွက် ဆု တောင်းပေးနေပါသည်။ ယခုဆုတောင်းပေးစေလိုတဲ့ အချက်များရှိပါသလား။ မိသားစုအားလုံးအတွက်ပါ ဆုတောင်းပေးပါ့မည်။

တောင်းဆိုသောဆုတောင်းချက် __________________________________

__________________________________________________________

 

ကျွန်တော်တို့ ဗုဒ္ဓဟူးညနေတိုင်း ၁၂:ဝဝ မှ ၆းဝဝ နာရီအထိ ဆုတောင်း ခြင်းအစီအစဉ်ရှိပါမည်။ သင်တို့အတွက်ဆုတောင်းပေးနေပါမည်။ သင်ဘုရား သခင်နှင့်လျှောက်လှမ်းသောအသက်တာကို ပိုမိုသိရှိရန် မေးခွန်း နှစ်ခုမေးချင်ပါ သည်။ ___________ ဟုတ်/မဟုတ် ဟုဖြေပါ။

၁။    ယနေ့ညသင်အသက်ဆုံးသွားလျှင် ကောင်းကင်နိုင်ငံရောက်မည်ဟု သင်ထင်ပါသလား။ ထင်/မထင်

၂။    ဘုရားသခင်က သင်ကယ်တင်ခြင်းရသင့်သလားဟုမေးလျှင် ဘာဖြေ

မည်နည်း။

(သက်သေခံစကားများပြောပေးပြီး သုခချမ်းသာလမ်းညွှန်စာအုပ်ကို ပေး ဖတ်ပါ။) သို့မဟုတ် ယေရှုရှင်သာအဖြေမှန် သင်ခန်းစာ နှင့် ကို ပေးပါ။

သမ္မာတရားအတွက် ----------- သင်တန်းပေးခြင်း

 

နောက်အပတ် ကျွန်တော်လာပြီး ကျွန်တော်တို့ဆုတောင်းခဲ့သမျှပြည့်စုံပြီ လားဟုကြည့်ပါမည်။ သင်ခန်းစာ ကိုဆွေးနွေးပါရစေ။ ________________

ဆုတောင်းပေးလို့ရမလား။ /မရ                                       (ရလျှင်ဆုတောင်း)

နောက်အပတ် _____________ နေ့။ _____________ နာရီမှာပြန်ဆုံမယ်။ ဘုရားကောင်းချီးပေးပါစေ။

 

နာမည် _____________________ လိပ်စာ_____________________

ရက်စွဲ ______________________ ဖုန်းနံပါတ်____________________

 

နိဂုံး

 

နှစ်ဆယ့်တစ်ရာစု အသင်းထောက်နှင့် အသင်းထောက်မယ်များတို့သည် ပထမရာစုနှစ်အသင်းထောက်၊ အသင်းထောက်မယ်များတို့၏ စံချိန် စံညွှန်း အတိုင်း အမှုတော်ဆောင်ရွက်နိုင်ရန် အသင်းသူ၊ အသင်းသားများကို လေ့ကျင့် သင်ကြားပေးပြီး သမ္မာကျမ်းစာကိုနားလည်ရန် လေ့ကျင့်ပေးရမည်။ တမန် တော်ဝတ္ထုသည် အကောင်းဆုံးသောစာအုပ်ဖြစ်သည်။ ပထမရာစုနှစ်မှ ခရစ် ယာန်များသည် လိုအပ်နေသောအခြေအနေကို တမန်တော်ဝတ္ထုက သွန်သင် ပေးထားသည်။

တမန်တော်များ၏သွန်သင်ချက်နှင့်အတူ မိတ်သဟာယဖွဲ့ခြင်း၊ မုန့်ကို ချိုးဖဲ့ခြင်း၊ ဆုတောင်းခြင်းများကို လုပ်ဆောင်ကြသည်။ ဗိမာန်တော်သို့ နေ့စဉ် သွားရောက်ကြသည် အိမ်တစ်အိမ်မှတစ်အိမ်သို့ မုန့်ဖဲ့ခြင်းကိုပြုလုပ်ကြသည်။ အစားအစာများကို စုပေါင်းစားသောက်ကြသည်။ ဘုရားသခင်ကို ချီးမွမ်းကြ သည်။ လူတိုင်းကိုရင်းနှီးပျူငှာကြသည်။ ဘုရားသခင်သည်လည်း အသင်းတော် ကိုကောင်းချီးပေးတော်မူသည်။ (တမန်တော် :၄၂၊၄၆၊၄၇)

အသင်းသားတို့သည် မိမိတို့၏အသက်တာကို ထိုသို့လုပ်ဆောင်ခြင်း ကြောင့် ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်ကို လေ့လာနားထောင်ခြင်း၊ စည်းလုံး ခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ ဘုရားကျောင်းမှန်မှန်တက်ခြင်းဖြင့် သစ္စာရှိကြ သည်။ သခင်ဘုရား၌ ပြောင်းလဲရန် လက်ခံကြသည်။ တရားဟောချက်တိုင်း လည်း ကျမ်းစာအတိုင်း ဟောပြောကြသည်။

သင်တန်းများကလည်း အသင်းထောက်နှင့် အသင်းထောက်မယ်များကို အမြင်သစ်၊ အတွေးသစ်၊ သာသနာပြုနည်း၊ ညွှန်ကြားမှုစိတ်ထားများကို တိုးပွား စေပါသည်။ သမ္မာကျမ်းစာကိုသင်ကြားပေးသူအဖြစ် အသင်းသားနှင့် အသင်း ထောက်၊ အသင်းထောက်မယ်များကိုမွေးထုတ်ခြင်းဖြင့် ပတ်ဝန်းကျင် အမှုတော် အတွက် ပို၍ထိရောက်အောင်မြင်စေပါသည်။ ရလဒ်မှာ ပထမရာစုနှစ်၏ ရလဒ် ကဲ့သို့ဖြစ်လာမည်။ ကယ်တင်ခြင်းသို့ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် ဘုရားသခင်သည် သင်းဝင်စေတော်မူ၏။ (တမန်တော် ၂း၄၇)

အကျဉ်းချုပ်

 

ခရစ်တော်၏အသက်တာကိုအခြေခံပြီး အသင်းထောက်၊ အသင်းထောက် မယ်တို့၏ တာဝန်ကို ပုံစံချပေးထားသည်။ ယေရှုသည် ဤလောကသို့ ကြွဆင်း လာပြီး အမှုတော်ကိုဆောင်ရွက်ခဲ့သည်။ သူတစ်ပါးကိုစေစားရန် မဟုတ်ဘဲ (မဿဲ ၂၀း၂၈) အစေခံရန်လာခြင်းဖြစ်သည်။ ဂရိဘာသာစကားဖြင့် ရေးသား ထားသောဝေါဟာရမှာ အသင်းထောက်ကိုတင်စားခေါ်ဆိုရာ၌ ယောက်ျားအနေ ဖြင့်သော်လည်းကောင်း၊ အမျိုးသမီးများအနေဖြင့်သော်လည်းကောင်း ရေးသား ထားပါသည်။

ပထမရာစုနှစ်အတွင်း အသင်းတော်၌ အမှုတော်ထမ်းရွက်သော အသင်း ထောက်များသည် အသင်းတော်အတွင်းပေါ်ပေါက်လာသော ပြဿနာကို ဖြေရှင်းပေးရသည်။ လိုအပ်နေသူများ၊ ဆင်းရဲသားများကို ကြည့်ရှုပြုစုရသည်။ သမ္မာကျမ်းစာကိုသင်ကြားပေးရသည်။ ထိုအသင်းထောက်တို့သည် သူတို့၏ တာဝန်ဝတ္တရားများကို လုပ်ဆောင်နိုင်ရန် လက်တင်မင်္ဂလာပေးခြင်းခံရသည်။ ထိုနည်းတူ အသင်းထောက်မယ်တို့သည်လည်း အမျိုးသမီးများကို ရေနှစ်ခြင်း ပေးရာ၌ ကူညီပေးရသည်။ ဘုရားကျောင်းရောက်လာသူ အမျိုးသမီးများကို ကြိုဆိုနှုတ်ဆက်ရသည်။ နေရာထိုင်ခုံပေးရသည်။ ပထမရာစုနှစ် ငါးခုအတွင်း အသင်းထောက်မယ်များတို့သည် လက်တင်မင်္ဂလာခံရပြီး အမှုတော်၌တာဝန် ထမ်းဆောင်ရသည်။

မြော်လင့်ခြင်းအသင်းတော်စတင်တည်ထောင်စအချိန်၌ အသင်းထောက် နှင့်အသင်းထောက်မယ်များ၏ လုပ်ဆောင်ချက်ကို မှတ်တမ်းပြုစုထားခြင်းမရှိ ပါ။ အသင်းထောက်များ ကစော်မပေါက်သောစပျစ်ရည်ကို ပြင်ဆင်ရသည်။ အသင်းထောက်မယ်များ မုန့်ကိုပြင်ဆင်ရသည်။ ပွဲတော်မင်္ဂလာ၌ ပါဝင်ကူညီ ရသည်။ ဆယ်ဖို့တစ်ဖို့ကောက်ခံရသည်။ အသင်းတော်ကြီးများ၌ အသင်း ထောက်တို့သည် ဆယ်ဖို့တစ်ဖို့များကို ဘဏ္ဍာထိန်းလက်သို့ ပြန်အပ်ပေးရ သည်။ အးတော်ငယ်များ၌ အသင်းထောက်များဘဏ္ဍာထိန်းအဖြစ် တာဝန်ယူရ သည်။ သူတို့သည်လည်း ပထမရာစုနှစ်မှ အသင်းထောက်များကဲ့သို့ လက်တင် မင်္ဂလာခံယူကြရသည်။

ကနဦးမြော်လင့်ခြင်းအသင်းတော်မှ အသင်းထောက်များသည် ဖျားနာသူ ထံလည်ပတ်ခြင်း၊ ငယ်ရွယ်သူများကို ကြည့်ရှုထိန်းသိမ်းခြင်း၊ ဆင်းရဲသားများ ကိုမစခြင်း၊ စိတ်သောကရောက်နေသောအမျိုးသမီးများတို့၏ ရင်ဖွင့်စကားကို နားထောင်ပေးခြင်းတို့ကို လုပ်ဆောင်ပေးကြသည်။ ၁၉၁၄ ခုမှစပြီး သူတို့သည် လက်တင်ပေးခံရခြင်းမရှိတော့ပါ။ ၁၉၉ဝ ခုနှစ်၌ အမျိုးသမီးများကို လက်တင် ဆုတောင်းခြင်းကို ရွေးချယ်တင်မြှောက်ခြင်းအစီအစဉ်၌ တစ်ချိန်တည်း အစား ထိုးပြုလုပ်ပေးသည်။ မည်သို့ပင်ဖြစ်စေ (၅၉) ကြမ်မြောက် မြော်လင့်ခြင်းကမ္ဘာ့ ညီလာခံအစည်းဝေးကျင်းပသောအခါ အမျိုးသမီးသင်းထောက်မယ်များကို အမျိုးသားသင်းထောက်များနှင့်တန်းတူ လက်တင်ဆုတောင်းပေးခြင်းပြုလုပ် ရန် ဆုံးဖြတ်ကြသည်။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းကို အခြေခံပြီး မြော်လင့်ခြင်း အသင်းတော်၏ အသင်းထောက်နှင့်အသင်းထောက်မယ်များ ခွဲခြားသတ်မှတ် သောပြဿနာများ ပေါ်ပေါက်လာပါသည်။ ထိုအကြောင်းရင်းများမှာ () ရှေးဦး မြော်လင့်ခြင်းအသင်းတော်၏ အသင်းထောက်နှင့် အသင်းထောက်မယ်များ လုပ်ဆောင်ချက်မှတ်တမ်းများရှိခြင်း၊ () အခြားသောဌာနများက အသင်း ထောက်နှင့်အသင်းထောက်မယ်များ၏ အလုပ်တာဝန်ကို ဝင်ရောက်နေရာယူ နေရခြင်း၊ () အသင်းထောက်များသည် အသင်းတော်ပိုင်ပစ္စည်းများကို ထိန်း သိမ်းရန်၊ ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေကို ကောက်ခံရန်၊ ပွဲတော်မင်္ဂလာနှင့် ရေနှစ် ခြင်းပွဲများ၌ကူညီရန် တာဝန်ပျက်ကွက်ခြင်းများ၊ () အသင်းတော်မှ အသင်း ထောက်မယ်များကိုလက်တင်ပေးရန်အတွက် ဆွေးနွေးခြင်းမရှိဘဲ အမျိုးသမီး အသင်းလူကြီး၊ အမျိုးသမီးသင်းအုပ်အမှုဆောင်များကိုသာ လက်တင်ပေးရန် ဆွေးနွေးကြသည်။ ထိုကိစ္စကြောင့် မြော်လင့်ခြင်းအသင်းထောက်၊ အသင်း ထောက်မယ်များသည် သမ္မာကျမ်းစာ ၏ပုံစံအတိုင်း မိမိတို့၏ တာဝန်ကို လုပ် ဆောင်ရန်အခက်အခဲဖြစ်လာသည်။ မည်သို့ပင်ဖြစ်စေ ပြောင်းလဲစေလိုသော ဆန္ဒကြောင့် ထိုအစီအစဉ်ပျက်ခဲ့ရသည်။ အကြံပြုထောက်ခံချက်အရ- () ဒေသခံအသင်းတော်များမှ သမ္မာကျမ်း၏သွန်သင်ချက်နှင့်ကိုက်ညီသောသူများ ကို အသင်းထောက်၊ အသင်းထောက်မယ်အဖြစ်ရွေးချယ်ပြီး လုပ်ဆောင်စေမှ သာ ဝိညာဉ်ဆုကျေးဇူးနှင့်အလုံးစုံ ဆက်ကပ်ခြင်းရှိလာလိမ့်မည်။ () အသင်း ထောက်၊ အသင်းထောက်မယ်များကို တခြားဌာန၌လည်း ဦးဆောင်နိုင်သော စွမ်းရည်မျိုးရှိစေရမည်။ () ဓမ္မဆရာကို ကူညီဆက်သွယ်ပေးနိုင်ရန် အသင်း ထောက်၊ အသင်းထောက်မယ်များကို အသင်းလူကြီးနှင့်တွဲပြီး ဌာနပေါင်းစုံ၌ ပါဝင်လုပ်ဆောင်စေပါ။ () အသင်းလူကြီးနှင့်အတူ အသင်းသားများထံ အလည်အပတ်သွားခြင်း၊ ရက်သတ္တပတ်အလယ်ဆုတောင်းခြင်း၌ ဦးဆောင်စေ ခြင်း၊ အသင်းတော်အတွင်း ပြဿနာများကို ရင်ဆိုင်ဖြေရှင်းစေခြင်း၊ ကျမ်းစာ သင်ပေးခြင်းများကိုလုပ်ဆောင်စေပါ။ () အသင်းထောက်၊ အသင်းထောက် မယ်များအတွက် လူနာကိုပြုစုနိုင်သော ဆေးဝါးပစ္စည်းများ လုံလောက်စွာ ထားပေးခြင်း၊ () ကိုယ်ကာယကို ကြီးပွားအောင်စီမံတတ်သောသူဖြစ်ရန် အား ပေးတိုက်တွန်းပါ

ယခုအချိန်တွင် သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်က အသင်းထောက် မယ်များကိုလက်တင်ခြင်းကို ပြန်လည်ကျင့်သုံးရန် သဘောတူကြသည်။ ယဉ်ကျေးမှုထုံးတမ်းဓလေ့ထက် အသိပညာကြွယ်ဝရန် သင်တန်းပေးရန် လိုပါ သည်။ မြော်လင့်ခြင်းအသင်းတော်ကြီးများအတွက် () အသင်းထောက်၊ အသင်းထောက်မယ်များကိုခန့်အပ်ပြီး သမ္မာကျမ်းစာအတိုင်း ဝိညာဉ်ရေးခေါင်း ဆောင်များဟု အသိအမှတ်ပြုပါ။ () ဓမ္မဆရာနှင့်အသင်းလူကြီးများကို အသင်း ထောက်၊ အသင်းထောက်မယ်သင်တန်းသို့ခေါ်ဖိတ်ပြီး အကြံပေးစေပါ။ သို့မှ သာ အမှုတော်၌ပါဝင်ရခြင်း၏တန်ဖိုးကို ပိုမိုသိရှိကြရမည်။ () တခြားအသင်း တော်ဦးဆောင်သူများနည်းတူ အသင်းထောက်၊ အသင်းထောက်မယ်များကို လည်း အလေးထားပါ။ () သူတို့အတွက် အပန်းဖြေအစီအစဉ်များကို ကုန်ကျ စရိတ်ထုတ်ပေးပြီးပြုလုပ်ပေးပါ။ () သူတို့အတွက် လက်စွဲစာအုပ်နှင့် မဂ္ဂဇင်း စာအုပ်များကို သုံးလတစ်ကြိမ်ထုတ်ဝေပေးပါ။ () အသင်းထောက်၊ အသင်း ထောက်မယ်များကို သေချာစွာသင်တန်းပေးခြင်းဖြင့် အသင်းတော်၏ တောင့် တင်းမှုကို အခြေခိုင်ခံ့စေပါ။ အသင်းထောက်မယ်များ ဂုဏ်သိက္ခာနှင့်ပြည့်ဝနေ လျှင် အမျိုးသမီးအသင်းလူကြီးများနှင့် အမျိုးသမီးသင်းအုပ်တို့ကို လက်တင် ပေးချင်စိတ်များ အလိုလိုကျဆင်းသွားလိမ့်မည်။ အမျိုးသမီးတိုင်းသည် ဘုရား သခင်၏အမှုတော်၌ပါဝင်ရန် အသင်းထောက်မယ်အဖြစ် ပါဝင်ဆက်ကပ်ရမည်။

အသင်းထောက်၊ အသင်းထောက်မယ်အဖြစ် ပါဝင်ဆက်ကပ်ခြင်းသည် ဘုရားသခင်ခေါ်တော်မူခြင်းဖြစ်သည်။ ၎င်းအရည်အချင်းမျိုးသည် ပထမရာစု နှစ်အတွင်း၌ ဝိညာဉ်ရေးရာအရေးကြီးသော အလုပ်ဖြစ်သည်။ အသင်းတော် အတွင်း ပေါ်လာသောပြဿနာများကို ဖြေရှင်းရန် ခေါ်တော်မူခြင်းဖြစ်သည်။ အသင်းထောက်နှင့် အသင်းထောက်မယ်တို့သည် ဝိညာဉ်ရေးအကြံပေးပုဂ္ဂိုလ် အဖြစ် ခေါ်တော်မူခြင်းခံကြရသည်။ ဘက်စုံစီမံသူ၊ ပေါင်းသင်းဆက်ဆံရေးဝန် ထမ်း၊ သမ္မာကျမ်းစာသင်ပေးသူနှင့်ဧဝံဂေလိဟောကြားသူဟု သတ်မှတ်ရမည်။

ပို၍ကျယ်ပြန့်သော အသင်းထောက်၊ အသင်းထောက်မယ်တို့၏ တာဝန်မှာ အသင်းတော်ကြီးလေလေ တာဝန်များလာလေဖြစ်သည်။ အသင်းထောက်၊ အသင်းထောက်မယ်တို့သည် အသင်းတော်ကို ကိုယ်စားပြုပြီး တာဝန်ထမ်း ဆောင်နေရသောကြောင့် အလွန်တာဝန်များပါသည်။ ထိုကြောင့် အသင်း ထောက်၊ အသင်းထောက်မယ်ဟု ကင်ပွန်းတပ်ခေါ်ဆိုခြင်းမခံရသော်လည်း အသင်းသားတိုင်းသည် အသင်းထောက်၊ အသင်းထောက်မယ်များဖြစ်ကြသည်။ သခင်ခရစ်တော်ကိုယ်တိုင်က အသင်းထောက်၏အလုပ်အားလုံးကို လုပ်ဆောင် ခဲ့သည့်အတွက် ယုံကြည်သူအားလုံးသည် အသင်းထောက်များ ဖြစ်ရမည်။

ဓမ္မသစ်ကျမ်းမှ အသင်းထောက်မယ်နှင့် အမျိုးသမီးအသင်းထောက် အကြောင်း များစွာဖော်ပြမထားပါ။ ဂရိဝေါဟာရအရ၊ ဖိဗေ ကို အမျိုးသမီး အသင်းထောက်ရာထူးအဖြစ် တင်စားထားပါသည်။ (ရောမ ၁၆း၁-) ဘာသာ ပြန်ဆိုမှု၏ အယူအဆနှင့်သက်ဆိုင်ပါသည်။ ဇနီးသည်များ ဟု (၁တိ ၃း၁၁) ပြန်ဆိုထားသောစကားမှာလည်း အသင်းထောက်၏ ဇနီးများဟု ပြန်ဆိုသင့်ပါ သည်။ သို့မဟုတ် အမျိုးသမီးအသင်းထောက်၊ အသင်းထောက်မယ်ဟု ပြန်ဆို သင့်သည်။ သို့သော် ဂရိဝေါဟာရအရ၊ အမျိုးသမီးဟုသာ ပြန်ဆိုသည်မှာ အနီးစပ်ဆုံးဖြစ်သည်။ ရှင်ပေါလုက အသင်းထောက် အမျိုးသမီး၊ အသင်း ထောက်မယ်ဟုသာ ခေါ်ဆိုပါသည်။ အသင်းထောက်၏ဇနီးဟုမခေါ်ပါ။

ရာစုနှစ်အဦးပိုင်းများ၌ အသင်းထောက်၊ အသင်းထောက်မယ်များရှိခဲ့ သည်။ ထိုသက်သေများကို သင်္ချိုင်းဂူများပေါ်မှ စာကြောင်းများကြောင့် တွေ့ရှိ သိရသည်။ () ရာစုမှ () ရာစုနှစ်အထိ စာပေများ၌လည်းကောင်း၊ တူးဖော် သုတေသနများကြောင့်လည်းကောင်း သိရှိရသည်။

အသင်းထောက်၊အသင်းထောက်မယ်များ၏တာဝန်()ရပ်ရှိသည်။ အလွန် အရေးကြီးပါသည်။ ဘုရား၏နှုတ်ကပတ်တော်ကိုသင်ကြားခြင်း၊ ဖျားနာသူနှင့် လိုအပ်နေသူများကို ပေးကမ်းခြင်း၊ ဘက်စုံစီမံသူ၊ ကိုယ်ကာယ ဖွံ့ဖြိုးရေး စီမံ ပေးသူဟူ၍ဖြစ်သည်။ တချို့ အသင်းအဖွဲ့အစည်းများ၌ အသင်းထောက်ဘုတ် အဖွဲ့မှ စီးပွားရေးမန်နေဂျာအဖြစ်လုပ်ဆောင်ကြသည်။ ၎င်းသည် အသင်းသား များကို အလုပ်အကျွေးပြုခြင်းထက်အသင်းတော်ကို ပဲ့ကိုင်သူဖြစ်လာစေသည်။

တခြားသောအသင်းထောက်၊ အသင်းထောက်မယ်များတို့၏ တာဝန်များ လည်းရှိပါသည်။ အသင်းသားများနှင့်ဧည့်သည်များကို ကြိုဆိုနှုတ်ဆက်ခြင်း၊ ထိုင်ရမည့်နေရာအထိ လိုက်လံပို့ဆောင်ခြင်း၊ အသင်းသားများထံ လည်ပတ် ခြင်း၊ ဝမ်းနည်းနေသော ကျန်ရစ်သူမိသားစုများကို နှစ်သိမ့်အားပေးခြင်း၊ ဈာပနအခမ်းအနားကို ကူညီဆောင်ရွက်ပေးခြင်း၊ အတူတကွ ညစာဖိတ်ခေါ် စားသောက်ခြင်း၊ ရေနှစ်ခြင်းမင်္ဂလာနှင့်ပွဲတော်မင်္ဂလာ၌ကူညီပေးခြင်း၊ တယ်လီ ဖုန်းကော်မတီတွင် ပါဝင်ကူညီပေးခြင်းတို့ဖြစ်သည်။ ဘုရားကျောင်း၌ ကျင်းပ သောအစီအစဉ်အတိုင်းတက်ရောက်ပြီး လိုအပ်သမျှကိုပါဝင်ကူညီပေးရမည်။ အသင်းထောက်များသည် ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေကိုကောက်ခံကာ ငွေထိန်း ကို ကူညီရေတွက်ပေးရမည်။

အသင်းထောက်၏ အမှုတော်လုပ်ငန်းသည် ဘက်စုံထောင့်စုံလှပါသည်။ ဤခေါင်းဆောင်ကြီးများသည် ဘုရားသခင်ခေါ်တော်မူသော ခေါင်းဆောင်ကြီး များဖြစ်သည်။ ကျွန်ုပ်အမြဲဆုတောင်းသော ဆုတောင်းချက်၌ အသင်းတော် မှအသင်းထောက်၊ အသင်းထောက်မယ်များကို ဝိညာဉ်ရေးခေါင်းဆောင်များ အဖြစ် သတ်မှတ်ခံယူပြီး သင်တန်းပေးခြင်း၊ စိတ်ဓာတ်သွတ်သွင်းပေးခြင်းနှင့် နှစ်ဆယ့်တစ်ရာစု၌ အမှုတော်ကို အသင်းထောက်၊ အသင်းထောက်မယ်များ အနေဖြင့် ပထမရာစုနှစ်ကကဲ့သို့ အောင်မြင်စွာလုပ်ဆောင်ရန်ဖြစ်သည်။

 




No comments:

Post a Comment