အခန်း - ၁၅။ အချိန်ကာလ၏နိမိတ်လက္ခဏာများ
အခန်း - ၂၄။ ဘုရားသခင်၏စစ်မှန်သောအစ္စရေးလူ
အခန်းကြီး - ၁၅။
၁၅။ အချိန်ကာလ၏နိမိတ်လက္ခဏာများ
SIGNS OF
THE TIMES
ခရစ်တော်ကြွလာမည်ဖြစ်ကြောင်း၊ ကြိုတင်ဖေါ်ပြသော နိမိတ် လက္ခဏာများ ရှိပါသလား။
လုကာ ၂၁း၂၅-၂၇။ “ထိုအခါ၊ နေ၊ လ၊ ကြယ် နက္ခတ်တို့၌ ပုပ္ပနိမိတ် ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ် ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊ မြေကြီးပေါ်မှာ ဖြစ်လတံ့သော ဘေးများကို မြော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏အသက်ဆုံးခြင်းအမှု အရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူ၏သားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနု ဘော်ကို ဆောင်လျက်၊ မိုးတိမ်စီး၍ ကြွလာသည်ကို မြင်ရကြလိမ့်မည်။”
သခင်ယေရှုသည် ၎င်းနိမိတ်လက္ခဏာများကို မည်သို့ခေါ်ဆိုပါ သနည်း။
မဿဲ ၁၆း၁-၃၊ “ထိုအခါ ဖါရိရှဲနှင့် ဇကဲတို့သည် ကိုယ်တော်ကို စုံစမ်း နှောင့်ရှက်ခြင်းငှာ ချဉ်းကပ်၍ မိုးကောင်းကင်က ဖြစ်သောနိမိတ်လက္ခဏာကို ပြတော်မူမည်အကြောင်း တောင်းပန်ကြ၏။ ကိုယ်တော်ကလည်း၊ သင်တို့သည် ညဦးယံ၌ ပြောဆိုတတ်သည်ကား၊ ယခုမိုးတိမ်နီသည်ဖြစ်၍ မိုးကြည်လင်လိမ့် မည်ဟု ဆိုတတ်ကြ၏။ နံနက်ယံ၌ကား၊ ယခုမိုးအုံ့လျက်ရှိ၏၊ နီမောင်းသော အဆင်းရှိ၏။ ယနေ့မိုးသက်မုန်တိုင်းလာလိမ့်မည် ဟုဆိုတတ်ကြ၏။ လျှို့ဝှက် သောသူတို့၊ သင်တို့သည် မိုးကောင်းကင်၏ မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ ၏။ ကပ်ကာလ၏ နိမိတ်လက္ခဏာတို hကို ပိုင်းခြား၍ မသိနိုင်ကြ။”
မှတ်ချက်။ ဤအချိန်ကာလနိမိတ်လက္ခဏာများသည် ခရစ်တော် ကြွ လာမည်ဖြစ်ကြောင်းနှင့် ကြွလာချိန် နီးလာကြောင်းကို ဖော်ပြလျက်ရှိပါသည်။
၁။ နေ၊ လ၊ ကြယ်တို့၌ မည်သည့်လက္ခဏာများဖြစ်ပေါ်လာမည်နည်း။
မဿဲ ၂၄း၂၉၊ “ထိုကာလ၏ဒုက္ခဆင်းရဲခြင်း နောက်ရုတ်ခနဲနေသည် မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။”
မှတ်ချက်။ ၁၇၈၀ ခုနှစ် မေလ ၁၉ ရက်နေ့၊ နေမိုက်သောနေ့ကြီးနှ တစ်ဆက်တည်းညမှာ လသည် သွေးကဲ့သို့ အနီရင့်ရောင်ဖြင့်ပေါ်လာပါသည်။ (စွယ်စုံကျမ်းများတွင် လေ့လာပါ)။ ၁၈၃၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကြယ်များကြွေကျ လျက်ရှိပါသည် (ဗျာဒိတ် ၆း၁၃)။
၂။ စစ်တိုက်ခြင်းနှင့် စစ်ပွဲသတင်းများအကြောင်းမည်သို့ ဖော်ပြထား ပါသနည်း။
မဿဲ ၂၄း၆၊ “သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက် အံ့သော သတင်းစကားကို၎င်း ကြားရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ်တုန် လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှုအရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။” (ယောလ ၃း၉-၁၄။ ဗျာဒိတ် ၁၁း၈)။
၃။ နိမိတ်လက္ခဏာများတွင် ငလျင်များ၊ ကပ်ရောဂါများ၊ မုန်တိုင်းများ
ပါဝင်ပါသလား။
မဿဲ ၂၄း၇၊ “လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြ လိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီး လှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။
လုကာ ၂၁း၁၁၊ “အရပ်ရပ်တို့၌ ကြီးစွာသောမြေလှုပ်ခြင်း၊ အစာခေါင်း ပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌ လည်း ကြောက်မက်ဖွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ် ထွန်းကြလိမ့်မည်။” (ယောလ ၂း၃၀။ ဆာလံ ၁၄၈း၈။ ယေဇကျေလ ၃၈း၂၀-၂၂ ဖတ်ပါ)။
၄။ နောက်ဆုံးသောကာလ၌ လူတို့၏အကျင့်သည် ပိုပြီးကောင်းလာ မည်လား၊ ဆိုးသွားမည်လား။
၂ တိမောသေ ၃း၁-၅၊ “နောင်ကာလသည် ခဲယဉ်းသောကာလ ဖြစ် မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ့်ကိုကိုယ် ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားဆော်ကား သောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ် တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာ ကို ဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့်ယစ်မူး သောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန် ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။” (မဿဲ ၂၄း၃၂။ လုကာ ၁၇း၂၆-၃၀။ ကမ္ဘာဦး ၆း၅၊ ၁၁ ဖတ်ပါ)။
၅။ ခေတ်ကာလကုန်ဆုံးချိန်နှင့် သခင်ဘုရားကြွလာချိန်နီးကြောင်း ပြသော နိမိတ်များတွင် မည်သည့်နိမိတ်သည် အံ့ဩဖွယ်အကောင်းဆုံးဖြစ်မည် နည်း။
မဿဲ ၂၄း၁၄၊ “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ဖြစ်လတံ့။
မှတ်ချက်။ ဘာသာစကားပေါင်း ၁၀၀၀ ကျော်ဖြင့် သမ္မာကျမ်းစာ တစ်အုပ်လုံး၊ သို့မဟုတ် ကျမ်းပိုင်းများကို ပုံနှိပ်ခဲ့ပြီး ဖြစ်ပါသည်။ ခရစ်တော်၏ သတင်းကောင်းမှစ၍၊ ခရစ်တော်ပြန်လည်ကြွလာမည့်အကြောင်း၊ တရားစီရင် မည့် အချိန်အကြောင်း စသည်တို့ကို မြေကြီးစွန်းတိုင်အောင် ဘာသာစကား ပေါင်း ၇၀၀ ကျော်ဖြင့် ဟောကြားနေပြီဖြစ်ပါသည်။ (ဗျာဒိတ် ၁၄း၆၊ ၁၄၊ ၁၅)။
လေ့လာသင့်သော အခြားအရေးပါသည့် နိမိတ်လက္ခဏာများ၊
၁။ စီးပွားရေးပဋိပက္ခဖြစ်ခြင်း၊
ယာကုပ် ၅း၁-၆၊ “အချင်းသူဌေးသူကြွယ်တို့၊ ယခုလာကြ၊ သင်တို့ အပေါ်၌ ရောက်လတံ့သော ဆင်းရဲဒုက္ခဝေဒနာကြောင့် ငိုကြွေးအော်ဟစ်ကြ။ သင်တို့ ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေ ပြီ။ ရွှေငွေလည်း ချေးတက်၍ ပျက်ကုန်ပြီ။ ထိုအချေးသည် သင်တို့တဘက်၌ သက်သေဖြစ်၍၊ မီးကဲ့သို့ သင်တို့အသားကို စားလိမ့်မည်။ နောက်ဆုံးသော နေ့ရက် ကာလအဖို့ဘဏ္ဍာကို ဆည်းဖူးကြပြီတကား။ နားထောင်ကြ။ သင်တို့ လယ်ကွက်၌ ရိတ်သောသူတို့ကို လှည့်စား၍ အခမပေးဘဲ နေသောကြောင့်၊ ထိုအခသည် ကြွေးကြော်လေ၏။ ရိတ်သောသူတို့၏ အော်ဟစ်ခြင်းအသံသည် လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရား၏ နားတော်ထဲသို့ ဝင်လေပြီ။ သင်တို့သည် မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား၍ အလွန်ပျော်မွေ့ကြပြီ။ သတ်ရသော နေ့၌ကဲ့သို့၊ မိမိတို့နှလုံးကို မွေးမြူကြပြီ။ ဖြောင့်မတ်သောသူကို အပြစ်စီရင်၍ ကွပ်မျက်ကြပြီ။ သူသည်လည်း သင်တို့ကိုမဆီးတား”
မှတ်ချက်။ ဤအချင်းအရာတို့သည် ခရစ်တော်ဒုတိယအကြိမ် မကြွလာမီ ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အခန်းငယ် ၇ နှင့် ၈ ၌၊ “ထို့ကြောင့် ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် သည်း ခံလျက် စောင့်နေကြလော့။ အကယ်၍ လယ်လုပ်သောသူသည် အရင်မိုး၊ နောက်မိုးကို ရသည့်တိုင်အောင်၊ အဖိုး ထိုက်သောမြေ အသီးကိုသည်းခံလျက် စောင့်နေ၍ မြော်လင့်တတ်၏။ သင်တို့သည်လည်း သည်းခံလျက်စောင့်နေကြ လော့။ ကိုယ့်စိတ်နှလုံးကို မြဲမြံစေကြလော့။ သခင်ဘုရား ကြွလာတော်မူသော အချိန်ရောက်လုနီးပြီ။”
၂။ လူမျိုးတို့၌ ပူပင်သောကဖြစ်ခြင်း၊
လုကာ ၂၁း၂၅-၂၈၊ “ထိုအခါ နေ၊ လ၊ ကြယ် နက္ခတ်တို့၌ ပုပ္ပနိမိတ် ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက်စိုးရိမ် ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊ မြေကြီးပေါ်မှာဖြစ်လတံ့သော ဘေးများကိုမြော်၍ ကြောက်လန့်သဖြင့် လူများတို့၏ အသက်ဆုံးခြင်း အမှု အရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူ၏ သားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရလိမ့် မည်။ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ သင်တို့ကို ရွေးနှုတ်သောအချိန် ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြ လော့။” (ဗျာဒိတ် ၁၁း၁၈ ဖတ်ပါ)။
၃။ ကမ္ဘာပေါ်တွင် မှားယွင်းသော ဆင့်ကဲဖြစ်စဉ်အတွေးအခေါ် ပြန့်နှံ့
ခြင်း၊
၂ ပေတရု ၃း၃-၇၊ “ရှေးဦးစွာသိမှတ်အပ်သောအရာဟူမူကား၊ ဗနာက် ဆုံးသောကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့တပ်မက်ခြင်း အတိုင်းကျင့်နေ၍၊ သခင်ဘုရားကြွလာမည်ဟူသော ကတိတော်သည် အဘယ် မှာရှိသနည်း။ ဘိုးဘေးများ အိပ်ပျော်သည်နောက် ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏၊ ဟုဆိုလျက် ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။
ရှေးကာလ၌ မိုးကောင်းကင်ကို၎င်း၊ ရေထဲကထွက်၍ ရေဖြင့်တည် သော မြေကြီးကို၎င်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဖြစ်စေတော်မူ ကြောင်းနှင့်၊ ဖြစ်ဖူးသော လောကဓာတ်ကို ထိုသို့အားဖြင့် ရေနှင့်လွှမ်းမြုပ်၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ။ ယခုရှိသော မိုးကောင်းကင်နှင့် မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီး သော နေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပတ် တော်အားဖြင့် သိုထားလျက်ရှိ၍၊ မီးရှို့ခြင်းအဖို့အလို့ငှာ နေရစ်သတည်း။”
၄။ မြေကြီးပေါ်တွင် ခေတ်သစ်နာမ်ဝိညာဉ်ဝါဒပြန့်နှံ့ခြင်း၊
၁ တိမောသေ ၄း၁-၃၊ “ဝိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ် ထားတော်မူသည်ကား၊ နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကို ခံပြီးလျှင်၊ မုသာစကားကိုပြောတတ်သောသူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊ လူ အချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊ လှည့်ဖြားတတ်သော စိတ်ဝိညာဉ် တို့၌၎င်း၊ နတ်ဘုရားတို့နှင့် စပ်ဆိုင်သော ဩဝါဒတို့၌၎င်း မှီဝဲဆည်းကပ်ကြ လိမ့်မည်။ မင်္ဂလာဆောင်ခြင်းအမှုကို မပြုရဟူ၍၎င်း၊ ယုံကြည်၍သမ္မာတရား ကိုသိသော သူတို့သည်ကျေးဇူးတော်ကို သိသောစိတ်နှင့်တကွ သုံးဖို့ရာ၊ ဘုရား သခင်ဖန်ဆင်းတော်မူသောအစာမျိုးကို ရှောင်ရမည် ဟူ၍၎င်း၊ ပညတ်ထား ကြလိမ့်မည်။”
ဝတ်ပြုရာ ၁၉း၃၁၊ “ကိုယ်ကိုကိုယ် ညစ်ညူးစေခြင်းငှာ၊ နတ်ဝင်သူကို မမှီဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ။ ငါသည်သင်တို့၏ဘုရားသခင်ထာ၀ရ ဘုရား ဖြစ်၏။ ” (မဿဲ ၂၄း၂၃၊၂၄။ ဂလာဘိ ၅း၁၉-၂၁။ ဗျာဒိတ် ၂၂း၁၅)။
၅။ အသင်းတော်၌ ဖောက်ပြန်ခြင်း၊
၂ တိမောသေ ၃း၁-၄၊ “နောင်ကာလသည် ခဲယဉ်းသောကာလ ဖြစ် မည်ဟု သိမှတ်လော့။ . . . လူတို့သည် ကိုယ့်ကိုကိုယ်ချစ်သောသူ၊ ငွေကို တပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေ ကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့ သောသူ၊ ချောစားတတ်သောသူ၊ ကိုယ့်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကိုဖျက်တတ်သော သူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့် ယစ်မူးသောသူ၊ ဘုရားသခင် ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဖြစ် ကြလိမ့်မည်။” (လုကာ ၁၈း၈။ မဿဲ ၂၄း၁၂ ဖတ်ပါ)။
၆။ ခေတ်သစ်အသိအမြင်တိုးပွားလာခြင်း၊ (၁) သမ္မာကျမ်းစာမှ အနာဂတ်စကားများနားလည်လာခြင်း၊ (၂) အထွေထွေအသိအမြင်နှင့် သယ် ယူပို့ဆောင်ခြင်း။
ခရစ်တော်ကြွလာခြင်းနှင့် ပတ်သက်သော သမ္မာကျမ်းစာအနာဂတ် စကားများကို လေ့လာရာ၌စိတ်ဝင်စားမှုရှိလာပါသည်။ နောက်ဆုံးရာစုနှစ်အစ ပြုချိန်တွင် ပြန်လည်နိုးကြားမှုကြီးဖြစ်ပေါ်လာပါသည်။ ၎င်းအချိန်ကာလနှင့် တိုက်ဆိုင်၍ ခေတ်သစ်တီထွင်မှုများတစ်ခုပြီးတစ်ခုဖြစ်ပေါ်လာကာ၊ အထူး သဖြင့် ခေတ်သစ်ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးများ ဖြစ်ကြသော မီးရထားများ၊ မော်တော်ကားများ၊ လေယာဉ်ပျံများ၊ ဒုံးပျံများ၊ ခေတ်မီစာပို့ စနစ်များ၊ ကြေးနန်း တယ်လီဖုန်း၊ နှင့် ရေဒီယို၊ ရုပ်မြင်သံကြားများ တီထွင် လာပါသည်။
ဒံယေလ ၁၂း၄၊ “သင်ဒံယေလမူကား၊ အမှုကုန်ရသည့်ကာလတိုင် အောင်၊ ဤစကားတော်တို့ကိုပိတ်၍ စာစောင်ကို တံဆိပ်ခတ်ထားလော့။ အများသော သူတို့သည်၊ ထိုစာကိုကြည့်ရှုသောအားဖြင့် (တောင်ပြေးမြောက် ပြေးပြေး၍) ပညာ တိုးပွားလိမ့်မည်။” ( ယေရှာယ ၆ဝး၈။ ယောဘ ၃၈း၃၅ ဖတ်ပါ)။
ဤအချင်းအရာများဖြစ်စပြုသောအခါ လူတို့သည် ဘာကိုပြုလုပ်ကြရ မည်နည်း။
လုကာ ၂၁း၂၈၊ “ထိုအမှုအရာတို့ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေး နှုတ်သော အချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကို ကြွကြလော့”
ထိုအမှုအရာများအားလုံးဖြစ်ပျက်သောအခါ၊ သူတို့သည် ဘာကို သိရကြမည်နည်း။
လုကာ ၂၁း၃၁၊ “ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ ဘုရားသခင်၏ နိုင်ငံတော်တည်လုနီးသည်ကို သိမှတ်ကြလော့။”
လူတို့သည် ခရစ်တော်ကြွလာမည့်နေ့ရက်နှင့်အချိန်ကို သိရှိနိုင်မည် လား။
မဿဲ ၂၄း၃၆၊ “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင် တမန် မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိတော်မူ၏။”
ခရစ်တော်ကြွလာခြင်းကို မြော်လင့်သောသူများရှိမည်လား။
ဟေဗြဲ ၉း၂၈၊ “ခရစ်တော်သည် လူအများ၏အပြစ်တို့ကိုခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန်ထိုသခင်ကို မြော်လင့်လျက်နေ သော သူတို့ကို ကယ်တင်ခြင်းငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။”
ယေရှာယ ၂၅း၉၊ “ထိုကာလ၌၊ ကြည့်ရှုလော့၊ ဤအရှင်ကား ငါတို့ မြော်လင့်သော၊ ငါတို့၏ ဘုရားသခင်တည်း၊ ကယ်တင်တော်မူခြင်းကျေးဇူး ကြောင့်၊ ငါတို့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဟုဆိုကြလိမ့်မည်။”
သခင်ဘုရားကြွလာခြင်းကို မြောင်လင့်လျက်နေစဉ်တွင် ငါတို့သည် မည်သို့ နေထိုင်ရမည်နည်း။
တိတု ၂း၁၁-၁၃၊ “မင်္ဂလာရှိသောမြော်လင့်ရာကို၎င်း၊ ကြီးမြတ်သော ဘုရားသခင်တည်းဟူသော၊ ငါတို့ကိုကယ်တင် တော်မူသော အရှင်သခင်ယေရှု ခရစ်တော်၏ ဘုန်းအသရေတော်ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ ငါတို့သည် မြော်လင့်လျက်၊ ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းတို့ကို ပယ်ရှား လျက်၊ ယခုဘ၀၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ ငါတို့ကိုဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သောဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှားပေါ်ထွန်းလျက်ရှိ၏။”
အခန်းကြီး - ၁၆။
၁၆။ တံဆိပ်ခုနှစ်ချက်
THE SEVEN
SEALS
ဗျာဒိတ် ၅ မှ ၆ နှင့် ၈း၁ တို့ကိုဖတ်ပါ။
၁။ ပထမတံဆိပ်။ ဗျာဒိတ် ၆း၁၊၂ (ခရစ်တော်အချိန်မှ ခသ ၁၀၀ အထိ)။ မြင်းဖြူ။ အဖြူရောင်သည် ဖြူစင်ခြင်းကို ပုံဆောင်သည်။ အသင်းတော် သည် အောင်မြင်ခြင်းနှင့် ချီတက်ခဲ့သည် (ဇာခရိ ၄း၆။ ကောလောသဲ ၁း၂၃)။
၂။ ဒုတိယတံဆိပ်။ ဗျာဒိတ် ၆း၃၊၄ (ခသ ၁၀၀ မှ ၃၂၃ အထိ)။
မြင်းနီ။ အနီရောင်သည် သွေးချောင်းစီးခြင်းကို ပုံဆောင်သည်။ မိစ္ဆာ ဒိဋ္ဌိဝါဒီတို့က ခရစ်ယာန်တို့ကို ညှဉ်းဆဲခဲ့သည်။ ဆင်းရဲဒုက္ခကာလ ဆယ်ရက် (ဗျာဒိတ် ၂း၁၀) သည် မိစ္ဆာဒိဋ္ဌိ ဧကရာဇ်မင်းများလက်ထက် ဆယ်နှစ်ဆယ်မိုး ညှဉ်းဆဲခြင်းကို ဆိုလိုပါသည် (တမန်တော် ၂ဝး၂၉။ ၂ သက်သာလောနိတ် ၂း၇)။
၃။ တတိယတံဆိပ်။ ဗျာဒိတ် ၆း၅၊၆ (ခသ ၃၂၃ မှ ၅၃၈ အထိ)။ မြင်းနက်။ ဖေါက်ပြန်ခြင်း ပိုမိုနက်ရှိုင်းသည်၊ ဝိညာဉ်ရေးမှောင်မိုက်ချိန်
ဖြစ်သည်။
၄။ စတုတ္ထတံဆိပ်။ ဗျာဒိတ် ၆း၇၊၈ (ခသ ၅၃၈ မှ ၁၅၁၇ အထိ)။
မြင်းမွဲ။ ဘာသာရေးပြန်လည်ပြုပြင်ခြင်း (မန်သမာအေငသည) အစပြု ချိန်၊ ရက်ရက်စက်စက်သတ်ဖြတ်ညှဉ်းဆဲသည့်အချိန်၊ ဘာသာရေးနှင့် နိုင်ငံရေး ပူး
ပေါင်းနေချိန်ဖြစ်သည်။
၅။ ပဉ္စမတံဆိပ်။ ဗျာဒိတ် ၆း၉၊၁၀ (ခသ ၁၅၁၇ မှ ၁၇၅၅ အထိ)။ ယဇ်ပလ္လင်အောက်ရှိ ဝိညာဉ်များ။
ဘာသာရေးပြန်လည်ပြုပြင်ခြင်းအချိန်မှ ၁၇၅၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ လစ္စဘွန် ငလျင်လှုပ်ချိန်အထိဖြစ်သည်။ ၎င်းဝိညာဉ်များသည် စတုတ္ထ တံဆိပ်အချိန်၌ အသတ်ခံရသောသူများဖြစ်သည်။ ထိုသို့ အသတ်ခံရသော သူများသည် ကောင်းကင်သို့ မရောက်ရှိသေးပါ။ ယဇ်ပလ္လင်အောက်၌ နေရ သကဲ့သို့၊ မြေကြီးပေါ်၌ ပူဇော်ဆက်သခြင်း ခံရသည့်ပုံဖြင့် ဖော်ပြထားပါသည်။ မိမိတို့၏ယုံကြည်ခြင်းအတွက် သူတို့အသေခံကြခြင်းဖြစ်သည်။ ပုံဆောင်သရုပ် ဖော်ခြင်းဖြင့် ဖော်ပြထားခြင်း ဖြစ်ပါသည်။ အသက်ရှင်နေသကဲ့သို့ သရုပ်ဖော် ထားသောသက်မဲ့အရာများလည်း တွေ့ရပါသည် (ဟဗက္ကုတ် ၂း၁၁။ ကမ္ဘာဦး ၄း၁၀။ တရားသူကြီး ၉း၈-၁၅။ ရောမ ၄း၁၇)။
ထိုသို့အသေသတ်ခံရသောသူများကို အဆိုးဆုံးသောသူများဟု လူများ မှတ်ယူခဲ့ကြသော်လည်း နေ့သစ်တစ်နေ့ ထွက်လာပါသည်။ သူတို့၏အပြုအမူ များနှင့် လုပ်ဆောင်ချက်များတို့ကို အကောင်းမြင်လာကြပါသည်။ သူတို့ကို ဝတ်လုံဖြူ ဝတ်ဆင်ပေးပါသည် (ဗျာဒိတ် ၁၉း၈)။ ရှင်ပြန်ထမြောက်ရာနေ့ကြီး အထိ သူတို့သည် အချိန်အနည်းငယ် အနားရကြမည်ဖြစ်ပါသည် (၁ သက်သာ လောနိတ် ၄း၁၆-၁၈)။
၆။ ဆဌမတံဆိပ်။ ဗျာဒိတ် ၆း၁၂-၁၇ (ခသ ၁၇၅၅ မှ အမှုကုန်ဆုံး သည့်အထိ)။
ကြီးစွာသောမြေလှုပ်ခြင်း။ ၁၇၅၅ ခုနှစ် နိုင်ဝင်ဘာလ ၁ ရက်နေ့တွင် လှုပ်ခဲ့သောလစ္စဘွန်ငလျင်ကြီးသည် စတုရန်းမိုင်ပေါင်း ၄ သန်းအကျယ် အဝန်းကို တုန်ခါစေပါသည်။ လစ္စဘွန်မြို့ကြီးမှာပင်လျှင် လူပေါင်း ၁ သိန်း နီးပါးသေဆုံးသွားခဲ့ပါသည်။
ဗျာဒိတ် ၆း၁၂။ နေမိုက်သောနေ့ကြီး၊ ၁၇၈၀ ခုနှစ် မေလ ၁၉ ရက်နေ့။ လသည် အသွေးကဲ့သို့ဖြစ်၊ ၁၇၈၀ ခုနှစ် မေလ ၁၉ ရက်နေ့ည (အာမှတ် ၅း၈။ ယေရှာယ ၁၃း၁၀။ ယေဇကျေလ ၃၂း၇)။
ဗျာဒိတ် ၆း၁၃။ ကောင်းကင်မှကြယ်များကြွေ၊ ၁၈၃၃ ခုနှစ်၊ နိုဝင်ဘာ လ ၁၃ ရက်နေ့ည (မဿဲ ၂၄း၂၉။ မာကု ၁၃း၂၅)။
ဗျာဒိတ် ၆း၁၄။ စာစောင်လိပ်သကဲ့သို့ ကောင်းကင်လွင့်သွား (ယေရှာ ယ ၃၄း၄။ ၂ ပေတရု ၃း၁၀)။
ယခုအချိန်ကျွန်ုပ်တို့သည် ဗျာဒိတ် ၆ အခန်းငယ် ၁၃ နှင့် ၁၄ စပ်ကြား
တွင်ရှိနေပါသည်။
၇။ သတ္တမတံဆိပ်။ ဗျာဒိတ် ၈း၁။
ကောင်းကင်ဘုံ၌နာရီဝက်မျှတိတ်ဆိတ်။ မိမိလူတို့အတွက် သခင်ယေရှု ကြွလာသောအခါ၊ သန့်ရှင်းသောကောင်းကင်တမန်များအားလုံး ပါလာသည် ဖြစ်သောကြောင့်၊ ကောင်းကင်သည် လူသူမရှိတိတ်ဆိတ်သွားပါသည်။
မဿဲ ၂၅း၃၁၊ “လူ၏သားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံတို့နှင့်တကွ ကြွလာတော်မူ သောအခါ၊ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်၍၊...” (ဗျာဒိတ် ၅း၁၁-၁၃ ဖတ်ပါ)။
အခန်းကြီး - ၁၇။
၁၇။ အသင်းတော်ခုနစ်ပါး
THE SEVEN
CHURCHES
ဗျာဒိတ်ကျမ်း အခန်းကြီး ၂ နှင့် ၃ ကိုဖတ်ပါ။ ဗျာဒိတ်ကျမ်းတွင် အမှတ်လက္ခဏာဖြင့် ဖေါ်ပြသောအနာဂတ်စကားအရ ဤအသင်းတော်ခုနစ် ပါးသည် ခရစ်တော်ပထမကြွလာသည့် အချိန်မှစ၍ ဒုတိယကြွလာသည့် အချိန်အထိ အချိန်ကာလခုနစ်ကာလအတွင်း အသင်းတော်၏ အခြေအနေကို ပုံဆောင်၍ သရုပ်ဖော်ထားပါသည်။
၁။ ဧဖက် အသင်းတော် (ခရစ်တော်အချိန်မှ ခသ ၁၀၀ အထိ)။
ဧဖက်သည် “နှစ်သက်ဖွယ်” ဟုအဓိပ္ပါယ်ရှိသည်။ တမန်တော်များ ခေတ်၊ အသင်းတော်၏အခြေအနေကိုပုံဆောင် ဖော်ပြထားပါသည်။
ဗျာဒိတ် ၂း၂၊ “လှည့်ဖြားသောသူများဖြစ်ကြောင်းသိရှိ။” (တမန်တော်
၁၃း၈ ကြည့်ပါ)။ ဗျာဒိတ် ၂း၃၊ “ငါ၏နာမကြောင့် ဆင်းရဲခံ။” ဧဝံဂေလိ
သတင်းစကား တစ်ကမ္ဘာလုံးသို့ ရောက်ရှိသွားသည် (ကောလောသဲ ၁း၂၃။ တမန်တော် ၈း၄ ဖတ်ပါ)။
ဗျာဒိတ် ၂း၇၊ “ပါရဒိသုဥယျာဉ်” သည် ဘုရားသခင်၏ ပလ္လင်တော် တည်ရှိရာကောင်းကင်ဘုံဖြစ်ပါသည် (၂ ကောရိန်သု ၁၂ါ်၂၊၄။ ဗျာဒိတ် ၂၂း၁၊၂)။
၂။ စမုရနအသင်းတော် (ခသ ၁၀၀ မှ ၃၂၃ အထိ)။
စမုရနသည် “ရေမွှေး” သို့မဟုတ် “အမွှေးအကြိုင်” ဟုအဓိပ္ပါယ်ရှိ သည်။ ဘုရင်ကြီးကွန်စတန်တင်းကိုယ်တိုင် ခရစ်ယာန်ဖြစ်လာ၍၊ အင်ပါယာ တစ်ခုလုံး ခရစ်ယာန်နိုင်ငံဖြစ်လာကာ၊ မိစ္ဆာဒိဋ္ဌိဝါဒီတို့၏ ညှဉ်းဆဲနှိပ်စက်ခြင်း လုံး၀နီးပါး ရပ်တန့်သွားသည့် အသင်းတော်၏အခြေအနေကို ဖော်ပြထားခြင်း ဖြစ်ပါသည်။
ဗျာဒိတ် ၂း၁၀၊ “ဆယ်ရက်ပတ်လုံးဆင်းရဲဒုက္ခ။” ဘုရင်ကြီး ဒီအိုက လေးရှန် လက်ထက်မိစ္ဆာဒိဋ္ဌိဝါဒီတို့၏ ဆယ်နှစ်ဆယ်မိုး (ခသ ၃၀၃ မှ ၃၁၃ အထိ ညှဉ်းဆဲနှိပ်စက်ခြင်းကာလဖြစ်ပါသည်။
၃။ ပေရင်္ဂအသင်းတော် (ခသ ၃၂၃ မှ ၅၃၈ အထိ)။
ပေရဂံသည် “မြင့်မားခြင်း” သို hမဟုတ် “ပင့်မြှောက်ခြင်း” ဟု အဓိ ပ္ပါယ်ရှိပါသည်။ ဗျာဒိတ် ၂း၁၂-၁၇သည် ဘုရင်ကြီး ကွန်စတန်တင်းအချိန် မှစ၍ နှစ်ပေါင်း ၁၂၆၀ ညှဉ်းဆဲခြင်းကာလအစပြုသောအချိန်အထိ အသင်း တော်၏ အခြေအနေကို ပုံချယ်ထားခြင်းဖြစ်ပါသည်။
ဗျာဒိတ် ၂း၁၄၊ “ဗာလမ်။” (တောလည်ရာ ၂၄၊၂၅။ ၂ ပေတရု ၂း၁၅။ ယုဒ ၁၁)။
၄။ သွာတိရအသင်းတော် (ခသ ၅၃၈ မှ ၁၇၉၈ အထိ)။
သွာတိရသည် “နောင်တသံဝေဂ” သို့မဟုတ် “အားထုတ်ခြင်းလင်္ကာ” ဟုအဓိပ္ပါယ်ရှိသည် (ဗျာဒိတ် ၂း၁၈-၂၉)။ နှစ်ပေါင်း ၁၂၆၀ ပတ်လုံးဆင်းရဲ ဒုက္ခ ကာလတစ်လျှောက် သန့်ရှင်းသူတို့၏ ဒုက္ခဝေဒနာကို ဖော်ပြထားခြင်းဖြစ် ပါသည် (မဿဲ ၂၄း၂၁၊၂၂)။
၅။ သာဒိအသင်းတော် (ခသ ၁၇၉၈ မှ ၁၈၃၃)။
သာဒိသည် “ကျန်ရစ်သောအရာ” ဟုအဓိပ္ပါယ်ရှိသည် (ဗျာဒိတ် ၃း၁-၆)။ ဘာသာရေးပြုပြင်ပြောင်းလဲမှုကြီးကာလရှိ သန့်ရှင်းသူတို့၏ အခြေအနေ ကို ဖေါ်ပြခြင်းဖြစ်ပါသည်။
၆။ ဖိလဒေလဖိ အသင်းတော် (ခသ ၁၈၃၃ မှ ၁၈၄၄ အထိ)။
ဖိလဒေလဖိသည် “ညီအစ်ကိုချစ်ခြင်း” ဟုအဓိပ္ပါယ်ရှိသည် (ဗျာဒိတ် ၃း၇-၁၃)။
ခရစ်တော်ကြွလာမည်ဟု တက်တက်ကြွကြွ ဟောပြောသောအသင်း တော်၏ အချိန်ကာလကို ပုံဆောင်ထားပါသည်။ ကောင်းကင်ဆိုင်ရာ သန့်ရှင်း ရာဌာန၌ ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ခရစ်တော်၏အမှုတော်ဆောင်ခြင်း ကို အထူးအာရုံစိုက်လာကြသည်။
၇။ လောဒိကိ အသင်းတော် (ခသ ၁၈၄၄ မှ အမှုကုန်ဆုံးချိန်အထိ)။
လောဒိကိသည် “လူတို့ကို အမှုစစ်ဆေးခြင်း” ဟုအဓိပ္ပါယ်ရှိသည် (ဗျာ ဒိတ် ၃း၁၄-၂၂)။ အနာဂတ်စကားအချို့ (ဒံယေလ ၈း၁၄ ၌ပါသော ရက် ပေါင်း ၂၃၀၀) သည် ခသ ၁၈၄၄ ခုနှစ်တွင် ကုန်ဆုံးသွားသည်။
ဗျာဒိတ် ၃း၁၈။ “ဝယ်လော့” (ယေရှာယ ၅၅း၁) “ဖြူသောအဝတ်” (ဟေရှာယ ၆၄း၆)။ “မျက်စဉ်း” (တမန်တော် ၁ဝး၃၈)။ “သန့်ရှင်းသော ဝိညာဉ်တော်” (၁ ယောဟန် ၂း၂၀၊ ၂၇။ ယောဟန် ၁၄း၂၆)။
မှတ်ချက်။ ဒံယေလကျမ်းနှင့် ဗျာဒိတ်ကျမ်းတို့မှ အနာဂတ် စကားများ ကို အခန်းငယ်တစ်ခုချင်းစီဖြင့် လေ့လာလိုပါက Uriah Smith ရေးသားပြုစု သော Daniel
and Revelation စာအုပ်ကို ဖတ်ရှုလေ့လာပါ။ Bible Readings ခေါ် သမ္မာကျမ်းညွှန်းနှင့် L.E. Froom ရေးသားပြုစုသော Prophetic Faith of our Father ကိုလည်း ဖတ်ရှုလေ့လာနိုင်ပါသည်။
အခန်းကြီး - ၁၈။
၁၈။ တံပိုးခုနစ်လုံး
THE SEVEN
TRUMPETS
ဗျာဒိတ် ၈း၂-၁၃။ ၉း၁-၂၁။ ၁ဝး၇။ ၁၁း၁၅-၁၉ ဖတ်ပါ။
အနာဂတ်စကားတွင် တံပိုးသည် စစ်တိုက်ခြင်း၊ ဒုက္ခရောက်ခြင်းတို့ကို ဖော်ပြသောအမှတ်လက္ခဏာဖြစ်ပါသည်။
၁ ကောရိန်သု ၁၄း၈၊ “တံပိုးခရာသည်လည်း၊ မမှန် (မသေချာ) သော အသံနှင့်မြည်လျှင်၊ အဘယ်သူသည် စစ်တိုက်ခြင်းငှာ မိမိကိုယ်ကိုပြင်ဆင်မည် နည်း” (ယေရမိ ၄း၁၉၊ ၂၀)။
ပထမတံပိုးလေးလုံးသည် ခရစ်တော်အချိန်၌ ကမ္ဘာကိုအုပ်စိုးခဲ့သော
ရောမအင်ပါယာကြီး ကျဆုံးခြင်းကိုဖော်ဆောင်နေပါသည်။
၁။ ပထမတံပိုးမှုတ်ခြင်း၊
ဗျာဒိတ် ၈း၇၊ “ပထမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ သွေးနှင့်ရောသောမီးနှင့် မိုးသီးတို့သည် လိုက်လာ၍၊ မြေကြီးပေါ်သို့ ချလိုက် လျှင် သစ်ပင်သုံးစုတစ်စုနှင့် စိမ်းသောမြက်ပင်ရှိသမျှတို့ ကျွမ်းလောင်လေ၏။” (ခသ ၃၉၅ မှ ၄၁၀ ကာလတွင် မြောက်ဘက်မှအလာရိနှင့်ဂေါသလူမျိုးတို့က ရောမ အင်ပါယာကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။
၂။ ဒုတိယတံပိုးမှုတ်ခြင်း၊
ဗျာဒိတ် ၈း၈၊၉၊ “ဒုတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ မီးလောင်သောတောင်ကြီးကို ပင်လယ်ထဲသို့ ချလိုက်သကဲ့သို့ဖြစ်၍၊ ပင်လယ် သုံးစု တစ်စုသည် အသွေးဖြစ်၏။ ပင်လယ်၌ အသက်ရှင်သော သတ္တဝါသုံးစု တစုလည်း သေ၏။ သင်္ဘော သုံးစုတစုလည်းပျက်၏။” (ခသ ၄၂၈ မှ ၄၇၆ ကာလတွင် ဂျင်းစရိနှင့် ဗန်ဒါးလ်လူမျိုးတို hသည် ပင်လယ်မှ အာဖရိကနှင့် အီတလီနိုင်ငံများကို ဝင်ရောက်တိုက်ခိုက်ကာ၊ ရောမစစ်သင်္ဘော ၁၀၀၀ ကျော်နှင့်လူ ၁ သိန်းကျော်ကို ဖျက်ဆီးသတ်ဖြတ်ခဲ့ပါသည်။ Gibbon ရေးသား ပြုစုသော Decline and Fall of the Roman Empire, Chap. 36.)
၃။ တတိယတံပိုးမှုတ်ခြင်း၊
ဗျာဒိတ် ၈း၁၀၊ ၁၁၊ “တတိယကောင်းကင်တမန်သည် တံပိုးမှုတ်သော အခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီးသည် ကောင်းကင်ကကျ၍၊ မြစ်သုံးစု တစုသို့၎င်း၊ စမ်းရေတွင်းသို့၎င်း ရောက်၏။ ထိုကြယ်သည် ဒေါနရွက် ဟူသော အမည်ရှိ၏။ ရေသုံးစု တစုသည် ဒေါနရွက်ဖြစ်၍ ရေခါးသောကြောင့် လူအများတို့သည် သေကြ၏။” (ခသ ၄၅၁ ခုနှစ်တွင် အတ္တီလာခေါင်းဆောင် သော ဟန်းလူမျိုးတို့သည် ရောမအင်ပါယာအနောက်ဘက်ခြမ်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ အတ္တီလာသည် မိမိကိုယ်မိမိ “ဘုရားကြာပွတ်” ဟုခေါ်ဝေါ် သမုတ်ခဲ့သည်။
၄။ စတုတ္ထတံပိုးမှုတ်ခြင်း၊
ဗျာဒိတ် ၈း၁၂ “စတုတ္ထကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ နေသုံး စုတစု၊ လသုံးစုတစု၊ ကြယ်သုံးစုတစု ကြတ်၍၊ သုံးစုတစုမိုက်လေ၏။ နေ့သုံးစုတစု၊ ညသုံးစုတစုသည် အလင်းမရှိ၊” (အိုဒိုဆာ ဦးဆောင်သော ဟေရုလီလူမျိုးတို့၏ လက်သို့ ခသ ၄၇၆ ခုနှစ်တွင် ရောမအနောက်ဘက်ခြမ်း ကျရောက်ခဲ့သည်။ ထိုအခါ အီတလီနိုင်ငံသည် ကွန်စတန်တီနိုပယ်မြို့တော်မှ အုပ်ချုပ်သော ရောမအရှေ့ခြမ်း ဧကရာဇ်ဘုရင်ကြီး၏ လက်ဝေခံနယ်ပယ် အဖြစ်သာ တည်ရှိပါသည်)။
၅။ ပဉ္စမတံပိုးမှုတ်ခြင်း၊
ဗျာဒိတ် ၈း၁၃ မှ ၉း၃ အထိ၊ “ထိုအခါ ငါကြည့်လျှင်၊ ရွှေလင်းတ တကောင်က၊ ကြွင်းသေးသော ကောင်းကင်တမန်သုံးပါးမှုတ်လုလတံ့သော တံပိုးသံကြောင့် မြေကြီးသားတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏၊ ဟု ကောင်းကင်အလယ်၌ ပျံဝဲ၍ ကြီးသောအသံနှင့်ဆိုသည်ကို ငါကြား၏။ ပဉ္စမ ကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တလုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ကျသည်ကို ငါမြင်၏။ သူ၌အနက်ဆုံးသော တွင်း၏သော့ကို အပ်ပေးသည်ဖြစ်၍၊ သူသည် အနက်ဆုံးသောတွင်းကို ဖွင့်လျှင်၊ ကြီးစွာသောမီးဖို၏ အခိုးကဲ့သို့သော အခိုးသည်တွင်းထဲကတက်လေ ၏။ ထိုတွင်း၏မီးခိုးကြောင့်၊ နေနှင့် အာကာသကောင်းကင်သည် မှောင်မိုက် လေ၏။ ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီးအပေါ်သို့ ထွက်၍ မြေကင်းမီးကောက်တန်ခိုးကဲ့သို့သောတန်ခိုးကိုရကြ၏။”
ပဉ္စမ၊ ဆဌမနှင့် သတ္တမတံပိုးတို့ကို သူတို့၏လုယက်ဖျက်ဆီးခြင်းစရိုက် ကြောင့် “အမင်္ဂလာ” တံပိုးများဟုခေါ်ဝေါ်ပါသည်။ မိုဟာမက်နှင့် အီစလမ် ဘာသာဝင်တို့သည် ရောမအရှေ့ဘက်ခြမ်းကို ရန်ဘက်ပြုခဲ့ပါသည်။ အိုသိုမန်း သည် ခသ ၁၂၉၉ ခုနှစ်ဇူလိုင်လ ၇ ရက်နေ့တွင် ရောမအရှေ hဘက်ခြမ်းနယ် မြေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်သည့်အချိန်အထိ နှစ်ပေါင်း ရာချီ၍ ဗဟိုအစိုးရမရှိခဲ့ပါ။ (Decline and Fall of Rome,
Chap 64, part. 14) ဗျာဒိတ် ၉း၁၀၊ “ကင်းမြီးကောက်အမြီးနှင့် တူသောအမြီးရှိကြ၏။ အမြီး၌ လည်းဆူးရှိ၏။ လူတို့ကို ငါးလပတ်လုံး ညှဉ်းဆဲရသောအခွင့်တန်ခိုး ရှိ၏။”
တစ်လရက်သုံးဆယ်ဖြင့်တွက်လျှင် ငါးလသည် ရက်ပေါင်း သို့မဟုတ် နှစ်ပေါင်း ၁၅၀ ရှိ၏ (တောလည်ရာ ၁၄း၃၄။ ယေဇကျေလ ၄း၆)။ ခသ ၁၂၉၉ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှ ၁၄၄၉ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့အထိ ဖြစ်သည်။ ရောမအင်ပါယာ အရှေ့ဘက်ခြမ်းသည် နိုင်ငံရေးအရသတ်ဖြတ် ခြင်းမခံရသော်လည်း၊ ပြင်းထန်စွာ ဖိစီးညှဉ်းပန်းခြင်းခံရပါသည်။
၆။ ဆဌမတံပိုးမှုတ်ခြင်း၊
ဗျာဒိတ် ၉း၁၂-၂၁၊ ကောင်းကင်တမန်လေးပါးသည် ယူဖရေးတေးစ် မြစ်ဝှမ်းတစ်လျှောက်ရှိ ဘဂ္ဂဒက်၊ အီကိုနီယမ်၊ အလက်ပိုနှင့် ဒမားစကပ် စူလ်တန်စော်ဘွားလေးပါးဖြစ်ပါသည် (ဗျာဒိတ် ၁၆း၁၂-၁၆။ ၇း၁၃)။
မှတ်ချက်။ တူရကီတို့သည် တန်ခိုးအင်အားကြီးလာကာ၊ ကွန်စတန် တီနိုပယ်ကို သိမ်းပိုက်ပြီး၊ ခသ ၁၄၅၃ တွင် နောက်ဆုံးရောမအင်အား အကြွင်းအကျန်ကို အောင်မြင်ခဲ့လေသည်။ တိုက်ပွဲတွင် သေနတ်ယမ်းတောင့် ကို အသုံးပြုကြောင်း ဗျာဒိတ် ၉း၁၆၊ ၁၇ တွင် ထင်ရှားလျက်ရှိပါသည်။ ကွန်စတန်တီနိုပယ်မြို့ သိမ်းပိုက်ရာတွင်လည်း အသုံးပြုခဲ့ပါသည်။
ဗျာဒိတ် ၁၆း၁၂-၁၆ တွင်လည်း ယူဖရေးတေးစ်မြစ်ကြောင်း တစ်လျှောက်ကို ကြိုးကိုင်သောအာဏာတန်ခိုးကို ဖော်ပြထားပြန်ပါသည်။
ဗျာဒိတ် ၉း၁၅၊ “ထိုအခါလူသုံးစုတစုကို အသေသတ်ခြင်းငှာ၊ တနာရီ၊ တရက်၊ တလ၊ တနှစ်အဖို့ ပြင်ဆင်သော ကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ၏။”
တစ်နာရီ (၁၅ ရက်)၊ တစ်ရက် (တစ်နှစ်)၊ တစ်လ (၃၀ နှစ်)နှင့် တစ်နှစ် (နှစ်ပေါင်း ၃၆၀) ပေါင်း၊ နှစ်ပေါင်း ၃၉၁ နှင့် ၁၅ ရက်ဖြစ်သည်။ ၎င်းကိုခသ ၁၄၄၉ ဇူလိုင် ၂၇နှင့် ပေါင်းလျှင် ခသ ၁၈၄၀ ဩဂုတ်လ ၁၁ သို့ရောက်သွားပါသည်။ ခသ ၁၄၄၉ ခုနှစ် ကွန်စတန်တီနိုပယ်၏ ဘုရင် ကြီးကံမကုန်မီမှာပင်၊ ညီတော်အဌမမြောက်ကွန်စတန်တင်းသည် တူရကီ စူလ်တန်စော်ဘွား အမူရသ်ထံသို့၊ နန်းတက်ခွင့် လျှောက်ထားခဲ့သောကြောင့်၊ ရောမအရှေ့ခြမ်းအင်ပါယာ၏ လွတ်လပ်ခွင့်ကို တူရကီတို့၏ လက်တွင်းသို့ အလိုအလျောက်ကျရောက်သွားပါသည်။ ထိုမှနှစ်ပေါင်း ၃၉၁ နှစ်နှင့် ၁၅ ရက် အကြာ ခသ ၁၈၄၀ ဩဂုတ်လ ၁၁ရက်နေ့တွင် တူရကီတို့သည် မိမိတို့၏ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များနှင့် လွတ်လပ်မှုတို့ကို ဥရောပအာဏာ တန်ခိုးများလက်တွင်းသို့ စွန့်လွတ် ပေးအပ်ခဲ့ပါသည်။ စူလ်တန်စော်ဘွား၏ လက်အောက်အရာရှိကြီးဖြစ်သော အီဂျစ်အမတ်ကြီး မေဟေမက်အလီသည်၊ ခသ ၁၈၄၀ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့၌ မိမိလုပ်ပိုင်ခွင့်တို့ကို စူလ်တန် စော်ဘွားက အင်္ဂလန်၊ ရုရှား၊ ဩစတြီးယားနှင့် ပရပ်ရှားတို့လက်သို့ လွှဲအပ် ခြင်းကြောင့် စူလ်တန်စော်ဘွားကို တော်လှန်ပုန်ကန်ရန် အစပြုသောအခါ၊ ထိုအစိုးရတို့သည် မေဟေမက် အလီထံသို့ အာဏာကို ပြန်လည်လွှဲအပ်လိုက် ကြပါသည်။ ထိုသို့အားဖြင့် စူလ်တန်စော်ဘွားတို့၏ လွတ်လပ်ခွင့်သည် အဆုံးသတ်သွားပြီး၊ အနာဂတ်စကားလည်း ပြည့်စုံသွားပါသည်။
၇။ သတ္တမတံပိုးမှုတ်ခြင်း၊
ဗျာဒိတ် ၁ဝး၇၊ “သတ္တမကောင်းကင်တမန်တံပိုးမှုတ်ခြင်း အသံမြည် သော နေ့ရက်ကာလတွင်၊ မိမိအစေခံပရောဖက်တို့အား ဖော်ပြခဲ့သည့်အတိုင်း၊ ဘုရားသခင် ၏နက်နဲသောအရာသည် ပြည့်စုံခြင်းသို့ရောက်လိမ့်မည်။”
ဗျာဒိတ် ၁၁း၁၅-၁၇၊ “သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သော အခါ၊ ကောင်းကင်ဘုံ၌ကြီးသောအသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့သခင် နှင့်သူ၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံ တော်မူမည်ဟု ပြောဆိုကြ၏။ ဘုရားသခင်၏ ရှေ့တော်၌ မိမိတို့ပလ္လင်ပေါ်မှာ ထိုင်သော အသက်ကြီး သူနှစ်ဆယ့်လေးပါးတို့သည် ပြပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊ အနန္တတန်ခိုးနှင့် ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာ၀ရအရှင်ဘုရားသခင်၊ ကိုယ်တော်၏မဟာတန်ခိုး တော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။. . .”
မှတ်ချက်။ “ဘုရားသခင်၏နက်နဲသောအရာ”သည် ဧဝံဂေလိသတင်း ဖြစ်၏။ ဧဖက် ၃း၃-၆၊ “ငါသည် အထက်ကအနည်းငယ်ရေးထားခဲ့သည် အတိုင်း၊ ဘုရားသခင်သည် ဗျာဒိတ်တော်အားဖြင့် နက်နဲသောအရာကို ငါ့အားပြတော်မူ၏။ ၎င်းကိုသင်တို့သည်ဖတ်ရှုလျှင် ခရစ်တော်၏နက်နဲသော အရာ၌ ငါလေ့ကျက်သည်ကို သင်တို့သိရကြမည်။ ထိုနက်နဲသောအရာကို ဝိညာဉ်တော်သည် သန့်ရှင်းသော တမန်တော်တို့နှင့် ပရောဖက်တို့အား ဖော်ပြ တော်မူသည်နည်းတူ၊ အခြားသော ကာလတို့၌ လူ၏သားတို့အားပြတော်မမူ။ ထိုနက်နဲသောအရာမူကား၊ တပါးအမျိုးသားတို့သည် ဧဝံဂေလိတရားအားဖြင့် ယုဒအမျိုးသားတို့နှင့်အတူအမွေခံ၍ တကိုယ်တည်း ဖြစ်လျက်၊ ခရစ်တော်နှင့် ဆိုင်သော ကတိတော်ကို ဆက်ဆံရကြသတည်း။” (ဂလာတိ ၁း၁၁၊ ၁၂)။
အမျက်ထွက်သောလူမျိုးများ
ဗျာဒိတ် ၁၁း၁၈၊ “လူမျိုးတို့သည် အမျက်ထွက်ကြ၏။ အမျက်တော် လည်း ရောက်လာပြီ။ သေလွန်သောသူတို့ကို တရားစီရင်တော်မူ၍၊ ကိုယ် တော်၏ ကျွန်ပရောဖက်တို့အား၎င်း၊ သန့်ရှင်းသူတို့အား၎င်း၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေသောသူ အကြီးအငယ်တို့အား၎င်း၊ ဆုကိုပေးသနားတော် မူ၍၊ မြေကြီးကိုဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသောအချိန်ရောက်ပါ ပြီ။”
ဒံယေလ ၁၂း၁၊ “ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏ အမှုကိုစောင့် သော အရှင်ကြီး မိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစုံတမျိုးမျှ ဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်မဖြစ်စဖူးသော ဆင်းရဲဒုက္ခကာလ သည် ရောက်လိမ့်မည်။ ထိုကာလအခါစာစောင်၌ စာရင်းဝင်သမျှသော သင် ၏ အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့ရောက်ကြလိမ့်မည်။”
ကောင်းကင်ဆိုင်ရာသန့်ရှင်းရာဌာနဆေးကြောခြင်း၊ သို့မဟုတ် အမှု စစ်ဆေးခြင်းကာလသည် ခသ ၁၈၄၄ ခုနှစ်၌စတင်ခဲ့ပြီး၊ မကြာမီပြီးဆုံးသွားပါ လိမ့်မည်။ သို့ပြီးမှ ခရစ်တော်ကြွလာပါလိမ့်မည် (ဗျာဒိတ် ၂၂း၁၀-၁၂)။ အနှစ်တစ်ထောင်စိုးစံခြင်းကာလတွင် သန့်ရှင်းသူတို့သည် ခရစ်တော်နှင့် အတူ
တရားစီရင်ပါလိမ့်မည်။
၁ ကောရိန်သု ၆း၁-၃၊ “သင်တို့သည် အချင်းချင်းအမှုရှိလျှင်၊ သန့်ရှင်း သူတို့ရှေ့၌ တရားစီရင်ခြင်းကိုမခံဘဲ၊ သာသနာပလူတို့ရှေ့၌ ခံဝံ့သောသူ တစုံ တယောက်ရှိသလော။ သန့်ရှင်းသူတို့သည် လောကီနိုင်ငံ(သားတို့)ကို တရား စီရင်မည်ဟုမသိကြသလော။ သင်တို့သည် လောကီနိုင်ငံ(သားတို့) ကိုစီရင်ရ သည်မှန်လျှင်၊ အငယ်ဆုံးသောအမှုများကို မစီရင်ထိုက်သလော။ ငါတို့သည် ကောင်းကင်တမန်တို့ကို တရားစီရင်မည်ဟုမသိကြသလော။ သို့ဖြစ်၍ လောကီအမှုကို စီရင်ထိုက်သည်မဟုတ်လော။” (ဗျာဒိတ် ၂ဝး၄)။
ဗျာဒိတ် ၁၁း၁၉၊ “ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍၊ ဗိမာန်တော်ထဲမှာ ပဋိညာဉ်သေတ္တာတော်ထင်ရှားလေ၏။ ထိုအခါ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အလုံး ကြီးစွာ သော မိုးသီးကျခြင်းဖြစ်ကြ၏။”
သတ္တမတံပိုးမှုတ်ခြင်းသည် နောက်ဆုံးကာလအဖြစ်အပျက်များမှစ၍ ဘုန်းတော်နှင့်ပြည့်၀သော ထာ၀ရနိုင်ငံတော် တည်ထောင်သည့်အချိန်အထိ သရုပ်ဖော်ခြင်း ဖြစ်ပါသည် (ဗျာဒိတ် ၁၆း၁၇၊ ၁၈)။
အခန်းကြီး - ၁၉။
၁၉။ နောက်ဆုံးဘေးဒဏ်ခုနစ်ပါး
THE SEVEN
LAST PLAGUES
ဗျာဒိတ် ၁၅း၁၊ “တဖန်တုံ၊ ဘုရားသခင်၏အမျက်တော်ကို ပြီးစီးစေ သော နောက်ဆုံးဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါးတည်း ဟူသော၊ ကောင်းကင်၌အံ့ဖွယ်သောနိမိတ်ကြီးအခြားတပါးကို ငါမြင်ရ၏။” သားရဲကို ကိုးကွယ်သောသူတို့သည် ဂရုဏာနှင့်ရောနှောခြင်းမရှိသော ဘုရား သခင်၏ အမျက်တော်စပျစ်ရည်ကိုသောက်ရသည် (ဗျာဒိတ် ၁၄း၉၊၁၀။ ၁၆း၁-၂၁)။
နောဧလက်ထက်၌ ရေလွှမ်းမိုးသောအခါ ဘုရားသခင်ကိုယ်တော်တိုင် သင်္ဘောတံခါးပိတ်လိုက်ပါသည်။ ထိုအချိန်အခါက ကမ္ဘာကြီး၏စမ်းသပ်ကာလ သည် ရေလွှမ်းမိုးခြင်းအားဖြင့် အဆုံးသတ်သွားပါသည်။
ကမ္ဘာဦး ၇း၁၆၊ “ထိုသို့နောဧကို ဘုရားသခင်မှာထားတော်မူသည် အတိုင်း၊ ဝင်သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသော တိရစ္ဆာန်တို့အထဲက၊ အထီးအမစုံလျက် ဝင်ကြ၏။ ထာ၀ရဘုရားသည်လည်း၊ နောဧကို အထဲမှာ ပိတ်ထားတော်မူ၏။”
ဤအဖြစ်အပျက်သည် နောက်ဆုံးသော ကာလအဖြစ်အပျက်များ အတွက် နမူနာတစ်ခုဖြစ်ပါသည်။
လုကာ ၁၇း၂၆၊ “နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူ၏သားလက် ထက်၌ ဖြစ်လိမ့်မည်။” ဤကမ္ဘာသို့သခင်ယေရှု မကြွလာမီ ကရုဏာတံခါးပိတ် လျက် စမ်းသပ်ကာလကုန်ဆုံးသွားပါလိမ့်မည်။
ဗျာဒိတ် ၂၂း၁၁-၁၃၊ “မတရားသောသူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ် စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ် (ဆုလာဘ်)ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးအသီးတို့ အား မိမိတို့အကျင့်အတိုင်းဆပ်ပေးမည်။ ငါသည် အာလဖဖြစ်၏။ ဩမေဃ လည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။”
အစ္စရေးတို့၏ သန့်ရှင်းရာဌာန၌ ပြုလုပ်သောအပြစ်ဖြေရာနေ့ အခမ်း အနား နမူနာကိုကြည့်ပါ။ အပြစ်နောင်တမရသော သူများကို အပြစ်ဖြေရာနေ့ တွင် ဘုရားသခင်၏လူမျိုးထဲမှ “ပယ်ထုတ်” လိုက်ပါသည် (ဝတ်ပြုရာ ၂၃း၂၈၊ ၂၉)။ ဧဝံဂေလိသတင်းကောင်းခေတ်ကုန်ဆုံးသောအခါ၌လည်း ထိုသို့ဖြစ်ပါ လိမ့်မည်။ ယခုအချိန်တွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ပလ္လင် ကို ချဉ်းကပ်နိုင်ပါသည်။ ကျေးဇူးတော်တံခါးပွင့်နေပါသေးသည်။
ဟေဗြဲ ၄း၁၆၊ “ထို့ကြောင့်၊ ငါတို့သည် သနားခြင်းကရုဏာကို၎င်း၊ တော်လျော်သော မစခြင်းကျေးဇူးတော်ကို၎င်း ခံရမည်အကြောင်း၊ ရဲရင့်သော စိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။”
သမ္မာကျမ်းစာတွင် ရေးထားသမျှသော အကြောင်းအရာတို့သည်၊ ယနေ့တွင် အသက်ရှင်သောသူများအတွက် နမူနာအဖြစ် ရေးမှတ်ထားခြင်း ဖြစ်ပါသည်။
၁ ကောရိန်သု ၁ဝး၁၁၊ “ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက် သေ ဖြစ်အံ့သောငှာ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလအဆုံးတွင် ဖြစ်သော ငါတို့ကို ဆုံးမစရာဖို့ ကျမ်းစာ၌ရေးထားလျက်ရှိသတည်း။”
ထွက်မြောက်ရာ ၈ မှ ၁၁ တွင် အီဂျစ်ပြည်၌ ကျသောကပ်ရောဂါ (ဘေးဒဏ်) ဆယ်မျိုးအကြောင်း ကျွန်ုပ်တို့ဖတ်ရပါသည်။ တတိယကပ်ရောဂါ ကျရောက်ပြီးသောအခါ ဘုရားသခင်က ဖါရောဘုရင်အား၊ “ငါ၏လူတို့နှင့် သင်၏လူတို့ကို ငါခြားနားစေမည်၊” ဟုမိန့်တော်မူပြီးလျှင်၊ ဘုရားသခင်၏ လူတို့နေထိုင်ရာ ဂေါရှင်နယ်တွင် ကပ်ရောဂါတစ်ခုမျှမကျတော့ပါ။ နောက်ဆုံး ကပ်ရောဂါ ခုနစ်မျိုးသည် အီဂျစ်လူတို့ အပေါ်၌သာ ကျရောက်ခဲ့ပါသည်။ ကပ်ရောဂါများကျရောက်ပြီးသွားသောအခါ ဘုရားသခင်သည် မိမိလူတို့ကို ကျွန်ခံရာတိုင်းပြည်မှ ခေါ်ထုတ်လိုက်ပါသည်။ ၎င်းအဖြစ်အပျက်တို့သည် နောက်ဆုံးသောနေ့ရက်တွင် ဘုရားသခင်၏ လူတို့အတွက် နမူနာဖြစ်ပါသည် (ထွက်မြောက် m ၈း၂၂-၂၄)။
ဗျာဒိတ် ၁၅း၁ တွင်၊ ဘုရားသခင်၏အမျက်တော်နှင့် ပြည့်သော ဘေးဒဏ်ခုနစ်ပါးအကြောင်းကျွန်ုပ်တို့ဖတ်ရပါသည်။ မိမိလူတို့နှင့် လောကီ သားတို့အကြား၌ ခြားနားခြင်းကို ဘုရားသခင်ထားရှိပြီးသည်နှင့်၊ ၎င်းဘေး ဒဏ်များ ကျရောက်လာမည် ဖြစ်သည်။ ထိုအခါစမ်းသပ်ခြင်း ကရုဏာတံခါး ပိတ်သွားပါပြီ။
၁။ ပထမဘေးဒဏ်။ ဗျာဒိတ် ၁၆း၂။ အနာစိမ်း၊ သို့မဟုတ် ကင်ဆာ နာ၊ ၎င်းသည် သားရဲအမှတ်အသားရှိသော သူတို့၌ သိသာထင်ရှားသော လက္ခဏာတစ်ခုဖြစ်သည်။
၂။ ဒုတိယဘေးဒဏ်။ ဗျာဒိတ် ၁၆း၃။ ပင်လယ်ရေအသွေးဖြစ်။
၃။ တတိယဘေးဒဏ်။ ဗျာဒိတ် ၁၆း၄-၇။ ရေအရင်းအမြစ်ရှိသမျှ
အသွေးဖြစ်။
၄။ စတုတ္ထဘေးဒဏ်။ ဗျာဒိတ် ၁၆း၈၊၉။ နေသည်မီးကဲ့သို့ လူများကို လောင်ကျွမ်းသွားသည်။ လူများနောင်တ မရကြပါ။
၅။ ပဉ္စမဘေးဒဏ်။ ဗျာဒိတ် ၁၆း၁၀၊ ၁၁။ သားရဲ၏နိုင်ငံကို မှောင်မိုက် ဖုံးလွှမ်းသွားသည်။ အီဂျစ်ပြည်၌ ကျသော မှောင်မိုက်ကိုထိတွေ့ စမ်းသပ်နိုင် သည် (ထွက်မြောက်ရာ ၁ဝး၂၁။ အာမုတ် ၈း၉။ ဇေဖနိ ၁း၁၅-၁၈)။ ဘုရားသခင်၏ နိမိတ်တစ်ခုဖြစ်သည့် နေမိုက်သောနေ့ကို ပြက်ယယ်ပြုသော သူတို့သည်၊ ယခုတွင် မှောင်မိုက်ထဲ၌ ရှိနေကြသည် (မဿဲ ၂၄း၂၉။ အာမုတ် ၅း၂၀)။
၆။ ဆဌမဘေးဒဏ်။ ဗျာဒိတ် ၁၆း၁၂-၁၆။ ယူဖရေးတေးစ်မြစ်ဝှမ်း တစ်လျှောက်ရှိ အစိုးရတို့ကို ပုံဆောင်သော ယူဖရေးတေးစ်မြစ်ရေသည် ခန်း ခြောက် (အာဏာမှေးမှိန်)သွားပြီး၊ အရှေ့နေထွက်ရာ နိုင်ငံများအတွက်၊ အာမ ဂေဒုန် ဟုခေါ်ဆိုသော အရပ်၌ စုဝေးရောက်ရှိလာနိုင်ရန် လမ်းပွင့်သွားလိမ့် မည်။
၇။ သတ္တမဘေးဒဏ်။ ဗျာဒိတ် ၁၆း၁၇-၂၁။ မိုးသီးဘေးဒဏ် (ယေရှာ ယ ၂၈း၁၇။ ယောဘ ၃၈း၂၂)။
ဘေးဒဏ်များကျရောက်သောအချိန်တွင် ဘုရားသခင်သည် မိမိလူတို့ကို
အကာအကွယ်ပေးမည်။
ဆာလံ ၉၁း၁-၁၀၊ “အမြင့်ဆုံးသောဘုရားသခင်၏ ကွယ်ကာရာဌာန တော်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။ ထာ၀ရ ဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူ သည်ဟု ငါပြောဆို၏။ အကယ်စင်စစ် မုဆိုး၏ကျော့ကွင်းနှင့်၎င်း၊ သေစေ တတ်သော အနာနှင့်၎င်း၊ သင့်ကိုကင်းလွတ်စေတော်မူမည်။ အတောင်တော် အမွေးနှင့်ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည်လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော်သည် သင်၏ဒိုင်းလွှား ဖြစ်လိမ့်မည်။ ညအခါဖြစ် တတ်သော ကာလနာကို၎င်း၊ မွန်းတည့်အချိန်၌ဖျက်ဆီးတတ်သော ဥပဒ်ကို ၎င်း၊ သင်သည်မကြောက်ရ။ သင်၏အနားမှာ လူတထောင်၊ သင်၏လက်ျာ ဘက်မှာ လူတသောင်းလဲသော်လည်း၊ သင့်ကိုမထိမခိုက်ရ။ သင်သည် ကိုယ် မျက်စိနှင့်ကြည့်၍၊ မတရားသောသူတို့၌ ရောက်ရသော အပြစ်ကို မြင်ရုံမျှသာ ရှိလိမ့်မည်။ ထာ၀ရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏ဟု သင်သည် ဆို၍၊ အမြင့်ဆုံးသောဘုရား၌ နေရကျသောကြောင့်၊ သင်၌မကောင်းသော အနိဌရုပ် မကပ်မရောက်။ သင့်နေရာသို့ ဥပဒ်မချဉ်းရ”
မှတ်ချက်။ “သေစေတတ်သောအနာ” (အနာစိမ်း)၊ “ညအခါ ဖြစ် တတ်သောဘေး” (မှောင်မိုက်)၊ “မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်” (နေပူလောင်ခြင်း)၊ “သင့်နေရာသို့ဘေးဥပဒ်မချဉ်းရ”၊ (ထွက်မြောက်ရာ ၈း၂၂ -၂၄။ ဆာလံ ၂၇း၅။ ယောဘ ၂၂း၃၀။ ယောလ ၃း၁၆။ ဟေရှာယ ၂၆း၂၀။ သုတ္တံ ၂၉း၁)
ဆင်းရဲဒုက္ခကာလ၌ ဘုရားသခင့်လူတို့၏တေးသီချင်း
ဆာလံ ၄၆။ “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အားကို ပေး တော်မူ၏။ ဘေးရောက်သည်ကာလအထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှား လျက်ရှိ၏။ ထို့ကြောင့် ပထဝီမြေကြီးသည် ရွှေ့သွား၍ တောင်များတုန်လှုပ် လျက် သမုဒ္ဒရာသို့ ကျသော်လည်း၊ ငါတို့သည် ကြောက်လန့်ခြင်းမရှိ။ သမုဒ္ဒရာ ရေသည် ဟုန်းဟုန်းမြည်၍ မွှေနှောက်ပါလေစေ။ လှိုင်းတံပိုးထသဖြင့်၊ ဗတာင် များ တုန်လှုပ်ပါလေစေ။ မြစ်တမြစ်ရှိသေး၏။ ထိုမြစ်ရေသည် စီး၍ ဘုရား သခင်၏ မြို့တည်းဟူသော အမြင့်ဆုံးသော ဘုရားကျိန်းဝပ်တော်မူရာ သန့် ရှင်းသောမြို့တော်ကို ရွှင်လန်းစေတတ်၏။ ထိုမြို့သည် ဘုရားသခင်ကျိန်းဝပ် တော်မူရာဖြစ်၍ တုန်လှုပ်ခြင်း မရှိရာ။ မိုးသောက်လင်းစ၌ ဘုရားသခင်ကူမ တော်မူလိမ့်မည်။
“လူမျိုးတို့သည် ဟုန်းဟုန်းမြည်ကြ၏။ တိုင်းနိုင်ငံတို့သည် လှုပ်ရှားကြ ၏။ ဗျာဒိတ်သံကို လွှတ်တော်မူ၍ မြေကြီးသည် အရည်ဖြစ်လေ၏။ ကောင်း ကင် ဗိုလ်ခြေအရှင် ထာ၀ရဘုရားသည် ငါတို့နှင့် အတူရှိတော်မူ၏။ ယာကုပ် အမျိုး၏ ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏။ ထာ၀ရဘုရား စီရင် ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ်ရှင်းလျက်၊ ရထားကို မီးရှို့လျက်၊ မြေကြီးစွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ၏။ ငြိမ်ဝပ်လျက်နေကြလော့။ ငါကားဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြလော့။ လူမျိုးတို့တွင် ငါသည်ဘုန်း ပွင့်မည်။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရ ဘုရားသည် ငါတို့နှင့် အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့ ခိုလှုံရာ ဖြစ်တော်မူ၏။”
အခန်းကြီး - ၂၀။
၂၀။ ဗျာဒိတ်ကျမ်း ၁၁ ပါ၊ သက်သေခံနှစ်ပါး
TWO
WITNESSES OF REVELATION 11
ဗျာဒိတ် ၁၁း၃-၁၃ ဖတ်ပါ။
ဓမ္မဟောင်းကျမ်းသည် ခရစ်တော်အကြောင်းသက်သေခံသည်။
ယောဟန် ၅း၃၉၊ “ကျမ်းစာအားဖြင့် ထာ၀ရအသက်ကို ရမည်ဟု စိတ်ထင်နှင့်သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင်ငါ၏ သက်သေဖြစ်၏။” (လုကာ ၂၄း၂၇။ တရားဟောရာ ၁၈း၁၅၊ ၁၈။ ယောဟန် ၁း၄၅)။
ခရစ်တော်၏ဆောင်ရွက်ချက်များနှင့် နှုတ်တော်ထွက်စကားများသည် ခရစ်တော်ကို သက်သေခံကြသည်။ ၎င်းတို့ကို ဓမ္မသစ်ကျမ်းစာ၌ မှတ်တမ်း တင်ထားပါသည်။
ယောဟန် ၅း၃၆၊ “ယောဟန်၏ သက်သေထက်သာ၍ကြီးသော သက် သေသည် ငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီးစေခြင်းငှာ ခမည်းတော်သည် ငါ့လက်သို့ အပ်ပေးတော်မူ၍၊ ငါပြုသောထိုအမှုတို့သည်လည်း ငါ့ဘက်၌နေ ၍၊ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ ၏။”
ယောဟန် ၁၄း၁၁၊ “ငါသည်ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော် သည် ငါ၌ရှိတော်မူသည်ကို၎င်း၊ ယုံကြလော့။ ငါ့စကားကိုမယုံလျှင် ငါ(ပြု သော) အမှုတို့ကိုထောက်၍ ယုံကြလော့။”
စာရွက်စာတန်းသက်သေသည် နှုတ်သက်သေထက် ပိုမိုခိုင်လုံသည် ဖြစ်သောကြောင့်၊ မိမိသားတော်အကြောင်း ဘုရားသခင်၏ သက်သေခံချက် တို့ကို သမ္မာကျမ်းစာ၌ရေးမှတ်ထားခြင်းဖြစ်ပါသည်။
ဘုရားသခင်၏သက်သေခံနှစ်ပါးတို့သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ် ကျမ်းတို့ဖြစ်ပါသည်။
မှတ်ချက်။ သမ္မာကျမ်းစာသည် ရုပ်လုံးပေါ်အောင် သရုပ်သကန်ဖြင့် မကြာခဏဖော်ပြလေ့ရှိသည်။ အာဗေလ၏အသွေးသည် သတိရှိ၍ အာရုံခံစား နိုင်သကဲ့သို့ မြေကြီးမှ အော်ဟစ်သည်ဟု ကမ္ဘာဦး ၄း၁၀ တွင် ကျွန်ုပ်တို့ဖတ်ရ ပါသည်။ သစ်ပင်များ၊ နွယ်ပင်များ၊ ချုံပုတ်များ စကားပြောတတ်သယောင်နှင့် တရားသူကြီး ၉း၇-၁၅ ၌ ဖော်ပြထားပါသည်။ ဗျာဒိတ်ကျမ်း ၁၁ ၌ပါသော ဤပုံဆောင်အနာဂတ် စကားတွင်လည်း သရုပ်ဖြင့် ဖော်ပြထားပါသည်။
ဘုရားသခင်၏သက်သေခံနှစ်ပါးတို့သည် အလင်းကိုပေးပါသည်။
ဆာလံ ၁၁၉း၁၃၀၊ “နှုတ်ကပတ်တော်ကိုဖွင့်ပြခြင်းသည် အလင်းကို ပေး၍၊ မလိမ္မာသောသူတို့ကိုလိမ္မာစေတတ်ပါ၏။”
ဆာလံ ၁၁၉း၁၀၅၊ “နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။”
ဗျာဒိတ် ၁၁း၃-၁၃ ကိုပြန်ဖတ်ပါ။
“သူတို့၏ခံတွင်းထဲကမီးထွက်၍၊” (မာလခိ ၄း၁)။ အမှုကုန်ဆုံးသော အခါ အပြစ်ရှိသူတို့ကို မီးဖြင့်ဖျက်ဆီးမည်ဟု သမ္မာကျမ်းစာကဖော်ပြထားပါ သည်။ (ဗျာဒိတ် ၂ဝး၁၅။ ၂၂း၁၈)။
“အဲဂုတ္တုဟူ၍ အတွင်းအနက်အားဖြင့် ခေါ်ဝေါ်သော၊” (ထွက်မြောက် ရာ ၈း၁)။ ဖာရောဘုရင်က၊ “ထာ၀ရဘုရားကို ငါမသိ၊” ဟုဆိုပါသည် (ထွက် မြောက်ရာ ၅း၂)။ ဘုရားတရားနှင့်စပ်ဆိုင်လျှင် ဖာရောဘုရင်သည် ဘုရားမဲ့ တရားမဲ့ဖြစ်ပါသည်။
“သောဒုံ၊” (ယုဒ ၇)။ “ညစ်ညူးခြင်း။”
“မိုးတိမ်ဖြင့် ကောင်းကင် သို့တက်၍။” အလွန်မြှောက်ထားခြင်းကို ပုံဆောင်သည်။ (ဒံယေလ ၄း၂)။
အမှောင်ခေတ်ကုန်ဆုံးသွားသည်နှင့်တပြိုင်နက် မြို့ရိုးဆယ်စုတစ်စုကို ပြိုပျက်စေသော၊ ကြီးမားသည့် မြေလှုပ်ခြင်း (ပြင်သစ်တော်လှန်ရေးကြီး) ဖြစ်ပေါ်လာသည် (ပြိုကွဲသွားသောရောမအင်ပါယာ ဆယ်နိုင်ငံမှပြင်သစ်သည် တစ်နိုင်ငံဖြစ်သည်။) ပြင်သစ်တော်လှန်ရေးအစိုးရတက်လာပြီးသည့်နောက် ခသ ၁၇၉၉ ခုနှစ်တွင် သမ္မာကျမ်းစာအုပ် ဖျက်ဆီးပစ်ရန် အမိန့်ထွက်လာ ပါသည်။ ထိုသို့အမိန့်ထွက်လာပြီး သုံးနှစ်ခွဲအကြာတွင် ၎င်းဥပဒေအမိန့်ကို ပြန်ရုပ်သိမ်းလိုက်ပါသည်။ (ဗျာဒိတ် ၁၁း၁၁-၁၃)။ အဆိုပါတော်လှန်ရေး စစ်ပွဲကြီးကြောင့် ဂုဏ်အသရေရှိ မှူးမတ် ၇၀၀၀ အသတ်ခံခဲ့ရပါသည်။
အခန်းကြီး - ၂၁။
၂၁။ အနှစ်တစ်ထောင်ကာလ
THE
MILLENIUM
အနှစ်တစ်ထောင်သည် သရုပ်ဖော်ပုံဆောင်သော အနာဂတ်စကား မဟုတ်သောကြောင့် တစ်ထောင်အတိအကျယူရမည့် ကာလနှစ်ပေါင်းဖြစ်ပါ သည်။
နောဧခေတ်လူတို့၏ အခြေအနေမည်သို့ ရှိသနည်း။
ကမ္ဘာဦး ၆း၅၊ “မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံးအကြံ အစည် ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်း သက်သက်ရှိကြောင်းကို ဘုရားသခင် သိတော်မူလျှင်၊”
ခရစ်တော် ဒုတိယကြွလာခြင်းမတိုင်မီ အခြေအနေမည်သို့ရှိမည်နည်း။
လုကာ ၁၇း၂၆၊ “နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူ၏သားလက်ထက် ၌ ဖြစ်လိမ့်မည်။”
နောက်ဆုံးသောအချိန်ကာလအကြောင်းတမန်တော်ရှင်ပေါလု မည်သို့
ပြောဆိုပါသနည်း။
၂ တိမောသေ ၃း၁၊ “နောင်ကာလသည်ခဲယဉ်းသောကာလ ဖြစ်လိမ့် မည်ဟု သိမှတ်လော့။” (အခန်းငယ် ၅ အထိဖတ်ပါ)။
လူဆိုးများပိုကောင်းလာမည်လား၊ ပိုဆိုးသွားမည်လား။
၂ တိမောသေ ၃း၁၃၊ “ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတပါးကို၎င်း၊ ကိုယ်ကို၎င်း လှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွား ကြလိမ့်မည်။”
ခရစ်တော်ပြောခဲ့သော စပါးအစစ်နှင့်အတုပုံပမာအတိုင်း မည်မျှကြာ ကြာ လူဆိုးနှင့်လူကောင်းအတူ နေရကြမည်နည်း။
မဿဲ ၁၃း၃၈၊ ၃၀၊ “လယ်ကား ဤလောကဖြစ်၏။ ကောင်းသော အစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသားဖြစ်၏။” “စပါးရိတ်သည့်ကာလ တိုင်အောင် အပင်နှစ်မျိုးတို့ကို အတူကြီးပွားပါလေစေ။ စပါးရိတ်သည့်ကာလ ရောက်လျှင် တောပင်တို့ကို ရှေ့ဦးစွာ ရွေးနှုတ်၍ မီးရှို့ခြင်းငှာ စည်းနှောင်ကြလော့။ စပါးကိုကား ကျီ၌စုသိမ်းသွင်းထားကြလော့ ဟုရိတ်သောသူတို့အား ငါစီရင်မည်။”
ရိတ်သိမ်းချိန်သည် မည်သည့်အချိန်နည်း။
မဿဲ ၁၃း၃၉၊ “တောမျိုးစေ့ကိုကြဲသောရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သော ကာလဖြစ်၏။ စပါးရိတ်သော သူတို့ကား ကောင်းကင်တမန်များဖြစ်၏။”
“ဒုစရိုက်လူ” သည်မည်သည့်အခါ ဒုစရိုက်ကို အဆုံးသတ်မည်နည်း။
၂ သက်သာလောနိတ် ၂း၈၊ “ထိုအဓ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်အားဖြင့် ဖျက်ဆီး၍၊ ကြွလာ တော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။”
ဒံယေလ ၇း၂၅၊ “ချိုငယ်” သည်သန့်ရှင်းသူတို့ကို မည်မျှကြာကြာ တိုက်ခိုက်မည်နည်း။
ဒံယေလ ၇း၂၁၊၂၂၊ “ငါကြည့်ရှုစဉ်တွင် အသက်ကြီးသောသူသည် ရောက်လာလျှင်၊ အမြင့်ဆုံးသောဘုရား၏သန့်ရှင်းသူတို့အား၊ စီရင်ရသော အခွင့်ကို ပေး၍၊ ထိုသူတို့သည် နိုင်ငံကိုသိမ်းယူဝင်စားသော အချိန်ရောက် သည့်တိုင်အောင် ထိုချိုသည် သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်လေ၏။”
၁ သက်သာလောနိတ် ၅း၂-၄။ ၂ ပေတရု ၃း၃၊၄။ ယောလ ၃း၉၊၁၀။ ကျွန်ုပ်တို့သည် အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်၍ ဖြောင့်မတ်ခြင်းတရားနှင့် ပြည့်သော အနှစ်တစ်ထောင်ကာလမရောက်မီတိုင်အောင် လောကကမ္ဘာကြီး၌ သာ၍ ကောင်းသောအခြေအနေဖြစ်ပေါ်လာတော့မည်မဟုတ်ပါ။ မြေကြီးပေါ် ၌ ဆိုးသွမ်းခြင်းသာ တိုးပွားသောအချိန်ကာလ၌ မထင်မမှတ်သောအချိန်တွင် သခင်ဘုရား ကြွလာမည်ဖြစ်သည်။ အပြစ်သားများကို လှည့်ဖြား၍၊ သန့်ရှင်း သူတို့ကို စုံစမ်း သွေးဆောင်ခြင်းသည် စာတန်၏ အလုပ်ဖြစ်ပါသည်။
ခရစ်တော်ကြွလာသောအခါ သန့်ရှင်းသောသူများနှင့်အတူ ဤမြေကြီး ပေါ်၌ ဆက်လက်နေထိုင်သွားမည်လား၊ သန့်ရှင်းသူများကို ခေါ်ဆောင်သွား မည်လား။
ယောဟန် ၁၄း၁-၃၊ “သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရား သခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို ငါမပြောဘဲမနေ။ သင်တို hနေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာ အရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကိုငါ့ထံသို့ သိမ်းဆည်းမည်။”
ကယ်တင်ရှင်သည် သေလွန်သောဖြောင့်မတ်သူတို့ကို ထမြောက်စေ၍၊ အသက်ရှင်သောဖြောင့်မတ်သူတို့ကို ခေါ်ဆောင်ဖို့ရန် ကြွလာသောအခါ မြေကြီးပေါ်သို့ ရောက်ရှိလာမည်လား။
၁ သက်သာလောနိတ် ၄း၁၆-၁၈၊ “သခင်ဘုရားသည် ကြွေးကြော် ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကိုမှုတ် ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ၊ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသော အားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။ သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်းတယောက်ကို တယောက် သက်သာစေကြ လော့။”
သခင်ဘုရားကြွလာတော်မူခြင်းဘုန်းရောင်ခြည်ကို လူဆိုးများခံနိုင်ကြ မည်လား။
၂ သက်သာလောနိတ် ၁း၇-၁၀၊ “သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ၍၊ ဘုရား သခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်တော်၏ ဧဝံဂေလိတရားကို နား မထောင်သော သူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ၊ .. တရား သဖြင့်စီရင်တော်မူလိမ့်မည်။ ထိုသခင်သည် မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ် အသရေတော် ထင်ရှားခြင်းကို၎င်း၊ ငါတို့ သက်သေကို သင်တို့သည် ယုံကြည် သည်ဖြစ်၍၊ ယုံကြည်သောသူအပေါင်းတို့အားဖြင့် အံ့ဩချီးမွမ်းခြင်းကို၎င်း၊ ခံအံ့သောငှာ ကြွလာတော်မူသောနေ့ရက်၌ ထိုသူတို့သည် ဘုရားသခင်၏ မျက်နှာတော်နှင့်၎င်း၊ တန်ခိုးရှိသော ဘုန်းတော်နှင့်၎င်း ကွာ၍၊ ထာ၀ရပျက်စီး ခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတံ့။”
သခင်ဘုရားကြွလာသောအခါ ထို “အဓမ္မလူ” ၌မည်သည့်အရာများ
ဖြစ်ပျက်မည်နည်း။
၂ သက်သာလောနိတ် ၂း၈၊ “ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြွလာ တော်မူခြင်း၏ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။”
ဖြောင့်မတ်သောသူများခရစ်တော်နှင့်အတူ နေထိုင်ရန်ချီဆောင်သွား ခြင်းခံရ၍၊ အသက်ရှင်သောလူဆိုးများ ခရစ်တော် ကြွလာခြင်း၏ ရောင်ခြည် တော်ဖြင့် သေဆုံးသွားသောအခါ၊ မြေကြီးပေါ်၌ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပါ။
မှတ်ချက်။ “အနက်ဆုံးသောတွင်း” (ဂရိဘာသာဖြင့် အဘူဆောစ် ဟု ခေါ်သည်)။ ကမ္ဘာဦးကျမ်း ၁း၂ ၌ ဤစကားလုံး အသုံးပြုထားပါသည်။ “နက်နဲသော အရပ်” ဟူသောစကားလုံးသည် ကမ္ဘာဦးအစ ဖရိုဖရဲ ရှုပ်ထွေး သော မူလအခြေ အနေကို ဖေါ်ပြခြင်းဖြစ်သည်။
မှောင်မိုက်အနှောင်အဖွဲ့ဖြင့် စာတန်ကို ချုပ်နှောင်ထားခြင်း
လူသူကင်းမဲ့နေသောဤကမ္ဘာပေါ်၌ စာတန်သည် အနှစ်တစ်ထောင် ချုပ်နှောင်ခြင်းခံရမည်။
ပထမထမြောက်ခြင်း၌ ထမြောက်သောသူတို့သည် ဖြောင့်မတ်သောသူ များဖြစ်သည်။ ဗျာဒိတ် ၂ဝး၆၊ “ပထမ ထမြောက်ခြင်းကို ဝင်စားသောသူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေ ခြင်း၏ လက်နှင့်ကင်းလွတ်လျက်၊ ဘုရားသခင်၏ယဇ်ပုရောဟိတ်၊ ခရစ်တော် ၏ ယဇ်ပုရောဟိတ်ဖြစ်၍၊ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။”
၎င်းအနှစ်တစ်ထောင်မကုန်ဆုံးမီ၊ လူဆိုးများဖြစ်သည့် ကျန်ရှိသေး သော လူသေတို့သည် ပြန်၍ အသက်မရှင်ရကြပါ။
ဗျာဒိတ် ၂ဝး၅၊ “ကြွင်းသောလူသေတို့သည် ထိုအနှစ်တထောင် မကုန်မီ အသက်မရှင်ရကြ။ ဤထမြောက်ခြင်းကား၊ ပထမ ထမြောက်ခြင်း ဖြစ်သတည်း။”
မှတ်ချက်။ ဤထမြောက်ခြင်းနှစ်ခုတို့ကို အနှစ်တစ်ထောင်က ခြား ထားပါသည်။ ပထမထမြောက်ခြင်းသည် အနှစ်တစ်ထောင်အစ၌ဖြစ်ပြီး၊ ၎င်း ဖြောင့်မတ်သောသူတို့ကို စာတန်၏တန်ခိုးသည် လုံး၀လက်လှမ်းမမှီနိုင်တော့ ပါ။ အနှစ်တစ်ထောင် အဆုံးတွင် ဒုတိယထမြောက်ခြင်းရှိပြီး၊ ၎င်းသည် အပြစ်စီရင်ရာ ထမြောက်ခြင်းဖြစ်ပါသည် (ယောဟန် ၅း၂၉)။ လူဆိုးတို့သည် သူတို့နှင့်ထိုက်သင့်သော ဆုကို ရရှိရန်ထမြောက်လာကြပါသည်။ လူဆိုးများ ထမြောက်ခြင်းသည် စာတန်၏ လွတ်မြောက်ခြင်းကို ဖြစ်စေပါသည်။ ယခု အခါသူသည် သွေးဆောင်လှည့်ဖြား ရမည့်သူများ ရရှိသွားပါသည်။
ကောင်းကင်ဘုံရှိ ဘုရားသခင်ထံတော်မှ သန့်ရှင်းသောမြို့တော် ဖြစ် သော နယူးယေရုရှလင် ဆင်းသက်လာပါသည် (ဗျာဒိတ်၂၁း၂)။ ရှင်ပြန်ထ မြောက်သော လူဆိုးတို့သည်၊ သူတို့ကိုလှည့်ဖြားသော စာတန်၏နောက်ကို လိုက်ပြီး၊ မြို့တော်ကို ဝိုင်းရံထားကြပါသည်။ လူမှန်သမျှသည် ထိုအချိန်တွင် ပထမနှင့် နောက်ဆုံးအဖြစ် ဆုံဆည်းကြပါသည် (လုကာ ၁၃း၂၈)။ မြို့တော်၏ အပြင်ဘက်သို့ အပယ်ခံရသော ထိုလူဆိုးတို့သည်၊ မြို့တော်အတွင်း၌ရှိသော ဘုရားသခင်၏သန့်ရှင်းသူတို့ကို မြင်တွေ့ကြမည်ဖြစ်ပါသည်။
ဗျာဒိတ် ၂း၉၊ “ထိုသူ (လူဆိုး)များတို့သည် မြေကြီးမျက်နှာပေါ်သို့ တက်၍၊ သန့်ရှင်းသူတို့၏တပ်ကို၎င်း၊ ချစ်ဖွယ်သော မြို့တော်ကို၎င်း၊ ဝိုင်းကြ ၏။ ထိုအခါ ဘုရားသခင့်အထံတော်၊ ကောင်းကင်မှမီးကျ၍ သူတို့ကို မျိုလေ ၏”
၎င်းသည်ဘုရားမဲ့တရားမဲ့သောသူများ၊ စာတန်ကိုယ်တိုင်နှင့် အပေါင်း ပါအားလုံးတို့၏ နောက်ဆုံးနိဂုံးချုပ်ဖြစ်သော၊ လုံးလုံးပျက်စီးခြင်း ဖြစ်စေသည့် ငရဲမီးအိုင်ပင်ဖြစ်ပါသည်။
၂ ပေတရု ၃း၁၀၊ “သူခိုးသည် ညအခါလာသကဲ့သို့၊ ထာ၀ရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည် ကြီးစွာသော အသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီး ကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြုလုပ်သမျှသော အရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။”
ဤမီးသည် မာရ်နတ်နှင့်သူ၏တမန်များအတွက် ပြင်ဆင်ထားသောမီး ဖြစ်ပါသည် (မဿဲ ၂၅း၄၁)။ ဤမီးသည် မြေကြီးကိုဆေးကြောသဖြင့်၊ ဘုရား သခင်၏ လူတို့ရှေ့မှောက်တွင် ဖြောင့်မတ်ခြင်းတရားတည်ရှိရာ ကောင်းကင် သစ်နှင့် မြေကြီးသစ်သည် မြတ်နိုးဖွယ်ကောင်းစွာဖြင့် ထွက်ပေါ်လာပါလိမ့် မည်။
ဗျာဒိတ် ၂၁း၅၊ “ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူကလည်း၊ ငါသည်ခပ်သိမ်းသောအရာတို့ကို အသစ် ဖန်ဆင်းသည်ဟု မိန့်တော်မူ၏။ တဖန်တုံ၊ ရေးထားလော့၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သော စကား ဖြစ်၏ဟူ၍၎င်း၊”
စာတန်မှစ၍ အပြစ်သူအပြစ်သားများနှင့် အပြစ်ဒုစရိုက်၏ အဆုံး သည် ဤသို့ဖြစ်လေ၏။
မာလခိ ၄း၁၊ ၃၊ “မီးဖို၌မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလ သည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကို ပြုသောသူအပေါင်း တို့သည် အမှိုက်ခြောက်ဖြစ်ကြလိမ့်မည်။ သူတို့အရင်းအဖျားမျှ မကျန်ကြွင်းစေ ခြင်းငှာ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရ ဘုရား မိန့်တော်မူ၏။” “မတရားသောသူတို့ကိုလည်း နင်းကြလိမ့်မည်။ ထိုသို့ ငါစီရင်သော နေ့ရက်၌ သူတို့သည် သင်တို့ခြေဖဝါးအောက်၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရား မိန့်တော်မူ၏။”
အခန်းကြီး - ၂၂။
အခန်းကြီး - ၂၂
၂၂။ မြေကြီးအသစ်ဖန်ဆင်းခြင်း၊ ပါရဒိသုဘုံပြန်တည်ခြင်း
THE EARTH MADE NEW, PARADISE RESTORED
ခရစ်တော်ဒုတိယအကြိမ် ကြွလာသောအခါ၊ ဘုရားသခင်၏လူတို့ကို ကောင်းကင်ဘုံသို့ ယူဆောင်သွားပြီး၊ အနှစ်တစ်ထောင်အဆုံးတွင် သူတို့သည် သန့်ရှင်းသောမြို့တော်နှင့်အတူ ဤမြေကြီးသို့ ပြန်လည်ဆင်းသက်လာမည် (ဗျာဒိတ် ၂၁)။ မီးသည် လူဆိုးတို့ကို ဖျက်ဆီးပစ်ကာ၊ မြေကြီးကို စင်ကြယ်စေ လိမ့်မည်။ ၎င်းအပျက်အစီးမှ ဘုရားသခင်သည် ဖြောင့်မတ်ခြင်းတရားတည် နေရာ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ဖြစ်ပေါ်လာစေမည် (၂ ပေတရု ၃း၁၃)။
ဘာအတွက်ဘုရားသခင်သည် ဤမြေကြီးကို ဖန်ဆင်းတော်မူပါ သနည်း။
ယေရှာယ ၄၅း၁၈၊ “မိုးကောင်းကင်ကိုဖန်ဆင်းတော်မူသော ထာ၀ရ ဘုရား မိန့်တော်မူသည်ကား၊ ဘုရားသခင်သည် မြေကြီးကိုပြုပြင်၍ ဖန်ဆင်း တော်မူ၏။ အမြဲတည်စေတော်မူ၍၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါ နေစရာဖို့ ဖန်ဆင်းတော်မူ၏။ ငါသည်ထာ၀ရဘုရားဖြစ်၏။ ငါမှတပါး အခြား သောဘုရားမရှိ။”
အစအဦး၌ ဖန်ဆင်းရှင်၏လက်တော်မှ ဖြစ်ပေါ်လာသောမြေကြီး သည်၊ မိမိလူတို့အတွက် ဘုရားသခင်၏ အစီအစဉ်ကို ဖေါ်ပြလျက်ရှိပါသည်။
ယေရှာယ ၆၄း၄၊ “ကိုယ်တော်ကို မြော်လင့်သောသူတို့အဘို့အလိုငှာ ကျေးဇူးပြုတော်မူသောဘုရား၊ ကိုယ်တော်မှတပါး အခြားသောဘုရားသခင်ကို ကမ္ဘာဦးမှစ၍ အဘယ်သူမျှ မကြားမသိပါ။ နားဖြင့်မကြား၊ မျက်စိဖြင့်မမြင်စဖူး ပါ။” (ယုဒသန်)
“ကိုယ်တော်ကိုစောင့်မျှော်သောသူအဖို့ ဘုရားသခင်ကသာ ပြင်ဆင် ပေးတော်မူသောအရာကို၊ ကမ္ဘာဦးမှစ၍ လူတို့သည် မကြားစဖူး၊ နားဖြင့်မသိ မမှတ်၊ မျက်စိဖြင့် မမြင်စဖူးပါ။” (KJV)
မှတ်ချက်။ မိမိလူတို့အတွက် ဘုရားသခင်ပြင်ဆင်ထားတော်မူသော အရာကို၊ ကမ္ဘာဦးမှစ၍ လူတို hသည်မမြင်ဖူးသေးပါ။ ဤကမ္ဘာလောကအတွက် ဘုရားသခင်စီစဉ်ထားသောအရာကို အစအဦး၌ပင် ဧဒင်ဥယျာဉ်၌လူသည် မမြင်ခဲ့ပါ။
လူသည်မြေကြီးကိုအုပ်စိုးရသောအခွင့်ရ
ဆာလံ ၁၁၅း၁၆၊ “ကောင်းကင်ကား၊ ထာ၀ရဘုရား၏ မိုးကောင်းကင် ဖြစ်၏။ မြေကြီးကိုကား လူ၏သားတို့အား ပေးတော်မူ၏” (ကမ္ဘာဦး ၁း၂၆)။
ဖန်ဆင်းခါစမြေကြီးအား အုပ်စိုးရသော အခွင့်ကိုလူ၏အပြစ်ကြောင့် ဆုံးရှုံးခဲ့ရပါသည်။ ပျောက်ဆုံးသောအရာကိုရှာ၍ ကယ်တင်ရန်ကြွလာသော ခရစ်တော်အားဖြင့် မြေကြီးကို ဘုရားသခင်သည် လူတို့အားပြန်၍ ပေးပါလိမ့် မည် (လုကာ ၁၉း၁၀)။
မိက္ခာ ၄း၈၊ “အိုသိုးစု၏မျှော်စင်၊ ဇိအုန်သမီး၏ရဲတိုက်၊ သင်၌မူလ အုပ်စိုးခြင်းသည် ရောက်လာလိမ့်မည်။ နိုင်ငံတော်သည် ယေရုရှလင်သမီး လက်သို့ ရောက်လိမ့်မည်၊” (KJV)
ဘုရားသခင်သည် အာဗြဟံအား နယ်မြေကိုကတိပေးထားခဲ့ပါသည်။
ကမ္ဘာဦး ၁၃း၁၄၊ ၁၅၊ “လောတသည် အာဗြဟံနှင့်ခွါ၍ သွားပြီးမှ၊ ထာ၀ရဘုရားသည် အာဗြဟံကိုခေါ်၍၊ သင်ရှိသော အရပ်ကတောင်၊ မြောက်၊ အရှေ့၊ အနောက်သို့ မြော်ကြည့်လော့။ သင်မြင်သောမြေတပြင်လုံးကို သင်နှင့် သင်၏ အမျိုးအနွယ်အား၊ ငါသည်ကာလအစဉ်အမြဲ ပေးမည်။”
ဤကတိတော်တွင် တစ်ကမ္ဘာလုံး အကျုံးဝင်သည်။
ရောမ ၄း၁၃၊ “ဤလောကကို အမွေခံစေမည်ဟု ကတိတော်ကို အာဗြ ဟံမှ စသော သူ၏အမျိုးအနွှယ်တို့သည် ပညတ်တရားအားဖြင့် ရကြသည် မဟုတ်။ ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်းအားဖြင့် ရကြ၏။” ဤကတိတော်ကို မိမိအသက်ရှင်ရသော ကာလ၌ အာဗြဟံသည် မခံစားရပါ (ဟေဗြဲ ၁၁း၈-၁၈)။ သူနှင့်သူ၏အမျိုးအနွှယ် အတွက်ဖြစ်၍ ခရစ်တော်အားဖြင့် ပြည့်စုံလာ မည်ဖြစ်သည်။
ခရစ်တော်ကိုအမှန်တကယ်ယုံကြည်လက်ခံသောသူတိုင်းသည် အာဗြ ဟံ၌ ဘုရားသခင်ထားရှိသော ကတိတော်ကို ခံစားရရှိကြပါလိမ့်မည်။
ဂလာတိ ၃း၈၊၂၉၊ “ဘုရားသခင်သည် ယုံကြည်ခြင်းကိုထောက်၍၊ တပါးအမျိုးသားတို့ကို ဖြောင့်မတ်ရာ၌ တည်စေတော်မူမည်ဟု ကျမ်းစာသည်
မြော်မြင်လျက်၊ သင့်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဧဝံဂေလိတရားကို အာဗြဟံအား ဟောတော်မူခဲ့၏။” “သင် တို့သည် ခရစ်တော်နှင့်စပ်ဆိုင်လျှင်၊ အာဗြဟံ၏ အမျိုးအနွှယ်ပင်ဖြစ်၍၊ ကတိ တော်အတိုင်း အမွေခံများဖြစ်ကြ၏။”
အသစ်ပြန်၍ဖန်ဆင်းမည့်မြေကြီးသည် ဘုရားသခင်၏လူတို့အတွက် ထာ၀ရအိမ်တော်ဖြစ်ပါလိမ့်မည်။
မဿဲ ၅း၅၊ “စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော် (မြေကြီး) ကိုအမွေခံရကြလတံ့။”
ဆာလံ ၃၇း၁၁၊ “စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော် (မြေကြီး)ကို
အမွေခံ၍၊ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”
သမ္မာကျမ်းစာသည် ကမ္ဘာသုံးဘုံဖေါ်ပြထားသည်
၂ ပေတရု ၃း၆၊၇၊၁၃၊ “ဖြစ်ဖူးသောလောကကို ရေနှင့်လွှမ်းမြုပ်၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သော စိတ်မရှိကြ။ ယခုရှိသော မိုးကောင်းကင်နှင့် မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီး သော နေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပတ်တော်အားဖြင့် သိုထားလျက်ရှိ၍၊ မီးရှို့ခြင်းငှာ ထားရစ်သတည်း။” “သို့သော်လည်း၊ ဖြောင့်မတ်ခြင်းတရားတည် နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မြော်လင့်ကြ၏။”
၁။ “ဖြစ်ဖူးသောလောက” - ရေမလွှမ်းမိုးမီက ကမ္ဘာ။
၂။ “ယခုရှိသော” - လက်ရှိရှိနေသောကမ္ဘာ။
၃။ “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်” - မီးဖြင့်ဖျက်ဆီးပြီးမှ ရှိမည့် ကမ္ဘာ။
ဘုရားသခင်၏လူတို့သည် ကောင်းကင်သစ်နှင့် မြေကြီးသစ်၌ အချင်း ချင်း သိရှိကြလိမ့်မည်။ ၁ ကောရိန်သု ၁၃း၁၂၊ “ယခုတွင်ငါတို့သည် မှန်အား ဖြင့် ရိပ်မိလျက်သာ နေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင် မြင်ရ ကြလိမ့်မည်။ ယခုတွင် ငါအသိ အမြင်မစုံမလင်ဖြစ်၏။ ထိုအခါမူကား၊ သူ တပါးသည် ငါ့ကို သိသကဲ့သို့ ငါသိရလိမ့်မည်။”
သူတို့သည် သခင်ယေရှုကဲ့သို့ ဖြစ်ကြလိမ့်မည်။
၁ ယောဟန် ၃း၁၊၂၊ “ဘုရားသခင်၏သားများဟု ခေါ်ဝေါ်ခြင်း အခွင့် ကို ငါတို့သည် ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရား သခင်ကို မသိသောကြောင့်၊ ငါတို့ကိုလည်းမသိကြ။ ချစ်သူတို့၊ ယခုတွင် ငါတို့သည် ဘုရားသခင်၏သားများဖြစ်ကြ၏။ နောက်မှအဘယ်သို့သော သူ ဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ် ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ ၏။ အကြောင်းမူကား၊ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတံ့။”
ငါတို့၏ခန္ဓာကိုယ်သည် ကိုယ်တော်၏ခန္ဓာကိုယ်ကဲ့သို့ဖြစ်မည်။
ဖိလိပ္ပိ ၃း၂၀၊၂၁၊ “ငါတို့ကျင့်သောအကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်ရှင်သခင်ယေရှု ခရစ်တော်သည် ကောင်းကင်ဘုံ မှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသော အရာကိုပင် မိမိအောက်၌နှိမ့်ချနိုင်တော်မူသော ပြုပြင်အား ထုတ်ခြင်းအားဖြင့် ယုတ်ညံ့သောငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့် ပြည့်စုံသော ကိုယ်ခန္ဓာ၏နည်းတူ ဖြစ်စေခြင်းငှာ အသစ်ပြင်ဆင်တော်မူ လတံ့။”
မှတ်ချက်။ သခင်ယေရှုသည် ရှင်ပြန်ထမြောက်ပြီးနောက် အမှန် တကယ် ရှိ၍၊ အများကတွေ့ရှိခဲ့ပါသည် (လုကာ ၂၄း၁-၃၅)။ သူတို့သည် သခင်ယေရှုကို တွေ့မြင်ကြ၏။ အသံတော်ကိုကြားရကြ၏။ သူတို့မျက်မှောက် ၌ အစာစားတော်မူ၏။ သသေဖန်ကလည်းသိ၏ (တမန်တော် ၇း၅၅)။ ယောဟန်ကလည်းသိ၏ (ဗျာဒိတ် ၁း၁၃)။ ငါတို့သည် ကိုယ်တော်နှင့် တူကြ လိမ့်မည်။
ကမ္ဘာသစ်သည် အမှန်တကယ်တည်ရှိလျက် ငါတို့၏ထာ၀ရအိမ်တော် ဖြစ်လိမ့်မည်။ ဟေရှာယ ၆၅း၂၁၊ “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်” (၆၆း၂၂)။ အသက်ပင်သည် လူတို့အတွက် ပြန်၍ ပေါက်လာပါမည် (ဗျာဒိတ် ၂း၇)။ ဘုရားသခင်၏ အလိုတော်ပြည့်စုံလာလိမ့်မည် (မဿဲ ၆း၁၀)။
အခန်းကြီး - ၂၃။
၂၃။ ကောင်းကင်ဘုံသုံးဘုံ
THE
TRUEISRAEL OF GOD
၂ ကောရိန်သု ၁၂း၂၊ “တဆယ့်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့်ဖြစ်သော လူတယောက်ကို တတိယ ကောင်းကင်သို့ တိုင်အောင်ချီ ဆောင်သည့် အကြောင်းကို ငါသိ၏။ ထိုအခါသူ၌ကိုယ်ခန္ဓာပါသည်မပါသည် ကိုငါမသိ။ ဘုရားသခင်သိတော်မူ၏။”
ပေါလုကို တတိယကောင်းကင်ဘုံသို h ချီဆောင်သွားလျှင်၊ ဒုတိယ ကောင်းကင်ဘုံ၊ ပထမကောင်းကင်ဘုံတို့လည်း ရှိရပါမည်။
၁။ မိုးကောင်းကင် သို့မဟုတ် လေထုရှိရာ ကောင်းကင်ဘုံ။
ကမ္ဘာဦး ၁း၆-၈ - ဒုတိယနေ့၌ ဖန်ဆင်းသည်။
ယေရမိ ၈း၇ - ငှက်များပျံသန်းသောနေရာ။
ယေရမိ ၁ဝး၁၃ - မိုးတိမ်များလွှင့်မျောသောနေရာ။
ယေရှာယ ၅၅း၁၀ - မိုးရေနှင့်ဆီးနှင်းများစတင်သောနေရာ။
၂ ပေတရု ၃း၁၀ - သခင်ဘုရား၏နေ့ကြီး၌ ကြီးစွာသောအသံနှင့် ပေါက်ကွဲပျောက်ကွယ်သွားမည်။ “သူခိုးသည် ညအခါလာသကဲ့သို့၊ ထာ၀ရ ဘုရား၏ နေ့ရက်သည်လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည် ကြီးစွာ သောအသံနှင့်တကွ ပျောက်သွားလိမ့်မည်။”
၂။ မိုးကောင်းကင် သို့မဟုတ် ကြယ်များရှိရာ ကောင်းကင်ဘုံ။
ဆာလံ ၁၉း၁၊ “မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေ တော်ကို ကြားပြော၍၊ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာ များကိုပြသ၏။”
ဆာလံ ၈း၃ - လေ့လာဆင်ခြင်ရမည့်အရာများဖြစ်သည်။
ယေရှာယ ၁၃း၁၀ - မိုးကောင်းကင်၏ ကြယ်များနှင့် ကြယ်နက္ခတ်စု များ။
ယေရှာယ ၄ဝး၂၂ - ဘုရားသခင်သည် မိုးကောင်းကင်ကို မျက်နှာ ကြက်ကဲ့သို့ ကြက်၍၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူ၏။
၃။ ဘုရားသခင်ကျိန်းဝပ်စံပယ်ရာအရပ်။
မဿဲ ၆း၉၊ “ထိုကြောင့်သင်တို့ဆုတောင်းရမည်မှာ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောအကျွန်ုပ်တို့အဘ၊”
၃ ရာဇဝင် ၈း၂၇၊ “ကောင်းကင်တကာတို့၌အမြင့်ဆုံးသော ကောင်း ကင်။”
တရားဟောရာ ၂၆း၁၅၊ “ကိုယ်တော်၏သန့်ရှင်းသောနေရာ။”
၂ ရာဇဝင်ချုပ် ၆း၃၃၊ “ကျိန်းဝပ်တော်မူရာ။”
ဒေသနာ ၅း၂၊ “ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူ၏။”
ပါရဒိသုဘုံသည်ဘုရားသခင်ကျိန်းဝပ်တော်မူရာ တတိယ ကောင်းကင် ဘုံ ဖြစ်၏။
ဗျာဒိတ် ၂း၇။ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ၊ အကြင်သူသည် အောင်မြင်၏။ ထိုသူသည် ငါ၏ဘုရားသခင် ပါရဒိသုဥယျာဉ်၌ရှိသော အသက်ပင်၏ အသီးကို စားစေခြင်းငှာ ငါအခွင့်ပေးမည်။”
မှတ်ချက်။ ပါရဒိသု ဥယျာဉ်၏ အလယ်၌ အသက်ပင်ရှိ၏။ ၎င်း အသက်ပင်သည် အသက်ရေစီးရာမြစ်နား၌ရှိ၏။ (ဗျာဒိတ် ၂၂း၂)။ ၎င်း အသက်ရေစီးရာ မြစ်သည် ဘုရားသခင်၏ ပလ္လင်တော်ထဲက စီးထွက်လာ၏ (၂၂း၁)။ ထို့ကြောင့် ပါရဒိသုဘုံသည် ဘုရားသခင်၏ ပလ္လင်တော်တည်ရှိသော နေရာဖြစ်၏။
ယောဟန် ၁၄း၁-၃၊ ကောင်းကင်သည် နေစရာအရပ်တစ်ခုဖြစ်၏။
ဟေဗြဲ ၆း၂၀၊ ခရစ်တော်သည် ထိုအရပ်တွင် ယခုပင်ရှိတော်မူ၏ (ဧဖက် ၄း၁၀)။
ဆာလံ ၁၁၉း၈၉၊ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ထိုအရပ်၌ အခြေဆိုက်လျက်ရှိ၏။
ယောဟန် ၁ရး၂၄၊ ခရစ်တော်သည် ကျွန်ုပ်တို့ကို ထိုအရပ်၌ရှိစေလို ၏။
၁ ပေတရု ၁း၄၊ ထိုအရပ်၌ အမွေပစ္စည်းများ ကျွန်ုပ်တို့အတွက် သို ထားလျက်ရှိ၏။
အခန်းကြီး - ၂၄။
၂၄။ ဘုရားသခင်၏စစ်မှန်သောအစ္စရေးလူ
THE
TRUEISRAEL OF GOD
ဘုရားသခင်၏စစ်မှန်သော အစ္စရေးလူရှိသမျှသည် ကယ်တင်ခြင်းရရှိ လိမ့်မည်။ ရောမ ၁ဝး၂၆၊ “အစ္စရေး လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား၊ ကယ်လွှတ်သောသခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍၊ မတရားသောအမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတံ့။”
ဂလာတိ ၆း၁၅၊၁၆၊ စစ်မှန်သောအစ္စရေးလူသည် စစ်မှန်သော ခရစ် ယာန် ဖြစ်သည်။
ကမ္ဘာဦး ၃၂း၂၈၊ အစ္စရေးဟူသော ဝေါဟာရသည် “အောင်မြင်သော သူ” ဟုအဓိပ္ပါယ်ရှိသည်။
အစ္စရေးနှင့်ပြုလုပ်သော ဘုရားသခင်၏ ပဋိညာဉ် (သဘောတူညီချက်)များ
ရောမ ၉း၄၊ “အစ္စရေးလူတို့သည် သားအရာ၌ ချီးမြှောက်ခြင်းနှင့်၎င်း၊ ဘုန်းအာနုဘော်တော်နှင့်၎င်း၊ ပဋိညာဉ်တရားတို့နှင့်၎င်း၊ ပညတ်တရားထား ခြင်း နှင့်၎င်း၊ ဝတ်ပြုခြင်းနှင့်၎င်း၊ ကတိတော်တို့နှင့်၎င်းဆိုင်ကြ၏။”
ထွက်မြောက်ရာ ၁၉ - ပဋိညာဉ်အဟောင်း။
ယေရမိ ၃၁း၃၁ - ပဋိညာဉ်အသစ် (ဟေဗြဲ ၈)။
ဟေဗြဲ ၈း၁၃ - ပဋိညာဉ်အဟောင်း ကွယ်ပျောက်သွားပြီ။
ဟေဗြဲ ၉း၁၅ - ခရစ်တော်သည် ပဋိညာဉ်အသစ်၏ အကျိုးဆောင်ဖြစ် ၏။
မှတ်ချက်။ အစ္စရေးလူ၌ ပြည့်စုံသောကတိတော်ရှိသမျှသည် ပဋိညာဉ် အသစ်၏ အကျိုးဆောင်ဖြစ်သော ခရစ်တော်အားဖြင့်သာ ရရှိသည်။
သံလွင်ပင်ပုံပမာ
ရောမ ၁၁း၁၇-၂၆ ဖတ်ပါ။ အစ္စရေးလူကို သံလွင်ပင်နှင့်ပုံဖော်ထား သည်။ မယုံကြည်သူများဖြစ်သော အကိုင်းအခက်တို့ကို ချိုင်လိုက်ပြီးမှ ယုံ ကြည်သူများ ဖြစ်သော သစ်ကိုင်းများကို သဘာ၀တရားနှင့် ဆန့်ကျင်လျက် သံလွင်ပင်စည်နှင့် ဆက်လိုက်ပါသည်။ ထိုနည်းတူစွာ၊ စစ်မှန်သော အစ္စရေး လူ၌ တပါးအမျိုးသားတို့ကို ဆက်လိုက်ခြင်းအားဖြင့်၊ အစ္စရေးလူအားလုံးတို့ သည် ကယ်တင်ခြင်း ရရှိကြမည်ဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် ပင်ရင်းနှင့် ဆက်ထား၍ ကတိတော်များနှင့် စပ်ဆိုင်သော သူရှိသမျှသည် အစ္စရေးလူ (ခရစ်ယာန်)များဖြစ်ကြပါသည်။ ရောမ ၉း၆။ အစ္စရေးလူအစစ်ဖြစ်ခြင်းသည် နိုင်ငံသားဖြစ်ခြင်းအားဖြင့် မဟုတ်၊ ယုံကြည်ခြင်းအားဖြင့်သာဖြစ်ပါသည်။
ဧဖက် ၂း၁၉၊၂၀၊ ဂျူးလူမျိုးဖြစ်စေ၊ တပါးအမျိုးသားများဖြစ်စေ၊ မယုံ ကြည်သူများသည်၊ နိုင်ငံသားအဖြစ်ကို ခံယူရမည်၊ သန့်ရှင်းသူတို့၏ အမျိုး သားချင်းဖြစ်လာရပါမည် (ရောမ ၂း၂၈၊ ၂၉။ ဧဖက် ၂း၁၅)။
ဂလာတိ ၃း၂၉၊ “သင်တို့သည် ခရစ်တော်နှင့် စပ်ဆိုင်လျှင် အာဗြဟံ၏
အမျိုးအနွှယ်ပင်ဖြစ်၍၊ ကတိတော်အတိုင်း အမွေစားအမွေခံများ ဖြစ်ကြ၏။”
မှတ်ချက်။ ယေရုရှလင်မြို့ နှင့် သန့်ရှင်းသောပြည်သို့ အစ္စရေးလူတို့ ပြန်လာရေးနှင့် စပ်ဆိုင်သောဓမ္မဟောင်းကျမ်းမှ အနာဂတ်စကားအားလုံး တို့ကို ဘီစီ ၄၈၆ ခုနှစ်မတိုင်မီက ရေးသားထားပြီဖြစ်ပါသည်။ ဘေဘီလုံပြည် ကျွန်ဘ၀မှ ပြန်လာကြရာ၌၊ ဇာတိအားဖြင့် အစ္စရေးဖြစ်သောသူတို့နှင့် စပ်ဆိုင် သော အနာဂတ်စကားများ ပြည့်စုံခဲ့ပြီ ဖြစ်ပါသည်။
ဧဇရ ၇း၁၁-၂၆၊ ဘီစီ ၄၅၇ ခုနှစ် ယေရုရှလင်မြို့ ပြန်တည်ထောင်ရန် အမိန့်၊
ဧဇရ ၇း၁၃၊ ပြန်သွားချင်သောသူရှိသမျှ၊
ဧဇရ ၆း၁၆၊ အစ္စရေးအမျိုးသားချင်းရှိသမျှ၊
နေဟမိ ၇း၇၃၊ သူတို့၏နေရာမြို့ရွာတို့၌ နေရာကျကြ။ (Josephus, Book 12, chapter
2, Section 4-7)။
ယေရမိ ၁၈း၇၊၈၊ ဘုရားသခင်ပေးတော်မူသော ကတိတော်များသည် အခြေအနေပေါ်မူတည်သည်။
ယေရမိ ၁၉း၁-၁၁၊ ရှေးအစ္စရေးလူသည် မြေအိုးကဲ့သို့ အစိတ်စိတ် အမွှာမွှာ ကွဲသည်။
ဘုရားသခင်၏စစ်မှန်သော အစ္စရေးလူတို့ နောက်ဆုံးစုရုံးမည့်အချိန် သည် ကြီးစွာသောတံပိုးမှုတ်သံနှင့် ခရစ်တော် ကြွလာသော အချိန်ဖြစ်ပါလိမ့် မည်။
မဿဲ ၂၄း၃၀၊၃၁၊ “ထိုအခါလူသား၏လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် မိုးတိမ်စီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။ လူသားသည် မိမိတမန်တို့ကို စေလွှတ်၍ တံပိုးခရာကိုပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ် တော်မူသော သူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင် တို့မှခေါ်၍ စုရုံးကြလတံ့။” (ယေရှာယ ၂၇း၁၂၊၁၃)။ တံပိုးမှုတ်သံထွက်ပေါ် လာသောအခါ အစ္စရေးလူတို့ စုရုံးရောက်ရှိလာကြလိမ့်မည်။
ယေဇကျေလ ၃၄း၁၁-၁၃၊၂၃၊ ဒါဝိဒ်သည် သူတို့ကိုအုပ်စိုးလိမ့်မည် (၃၇း၂၄၊ ၂၆၊၂၇)။
တမန်တော် ၂း၂၉-၃၄၊ ဒါဝိဒ်ပြန်၍ အသက်မရှင်သေးပါ။
ဟေဗြဲ ၁၁း၃၂၊ ဒါဝိဒ်သည် ယုံကြည်ခြင်းသူရဲကောင်းတစ်ယောက် ဖြစ်သောကြောင့် ဆုချပေးဖို့လိုအပ်သေးသည်။
ယေရမိ ၃း၉၊ ဒါဝိဒ်ရှင်ပြန်ထမြောက်လာမည်။
မှတ်ချက်။ ဤနေရာ၌ “ရှင်ပြန်ထမြောက်” ဟူသောစကားသည် ဟေဗြဲ ဘာသာ cumi (ကုမိ) မှလာပါသည်။ ၁၂ နှစ်သမီး သေခြင်းမှသခင် ယေရှုထမြောက်စေရာ၌ အသုံးပြုသောစကားဖြစ်ပါသည်။ (မာကု ၅း၄၁။ ယေဇကျေလ ၃၇း၁၁- ၁၄။ ၁ သက်သာလောနိတ် ၄း၁၆၊၁၇)။
၁ကောရိန်သု၁၅း၁၆-၁၈၊ ရှင်ပြန်ထမြောက်ခြင်းမရှိမဖြစ်လိုအပ်သည်၊
No comments:
Post a Comment