အခန်း - ၂၅။ ခရစ်တော်နှင့် အမှုတော်ဆိုင်ရာအနာဂတ်ကာလများ
အခန်း - ၃၄။ ဘုရားသခင်၏ပညတ်တရားတော်
အခန်းကြီး - ၂၅။
၂၅။ ခရစ်တော်နှင့် အမှုတော်ဆိုင်ရာအနာဂတ်ကာလများ
TIME
PROPHECIES CONCERNING CHRIST AND HIS WORK
ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၈တစ်ခန်းလုံးဖတ်ပါ။ ပုံဆောင် ခြင်းနှင့် ဖော်ပြသော အနာဂတ်စကားဖြစ်သည်။
“သိုးထီး” သည် မေးဒီယားနှင့် ပါးရှားအစိုးရကို ပုံဆောင်သည် (၈း၂၀)။
“ဆိတ်ထီး” သည် ဟေလသခေါ် ဂရိအစိုးရကို ပုံဆောင်သည် (၈း၂၁)။
“ချိုလေးချောင်း” (၈း၂၂) သည်ကွဲပြဲသောအလက်ဇန်းဒါးဘုရင်မင်း မြတ်၏ နိုင်ငံဖြစ်သည့် မာဆီဒိုးနီးယား၊ အာရှမိုင်းနား၊ ဆီးရီးယားနှင့် အီဂျစ် နိုင်ငံတို့ကို ပုံဆောင်သည်။
“အလွန်ကြီးမားသောချို” (၈း၉၊ ၂၁) သည် ဘီစီ ၁၆၈ ခုနှစ် ပြစ်န (Pydna) တိုက်ပွဲ၌ ရောမက မာဆီဒိုးနီးယား “ချို” ကိုချိုးဖြတ်လိုက်သော အခါ ဂရိအစိုးရကို ဆက်ခံသော ရောမအစိုးရကို ပုံဆောင်သည်။
ရက်ပေါင်း ၂၃၀၀ သည် နှစ်ပေါင်း ၂၃၀၀ကို ပုံဆောင်သည်
တော်လည်ရာ ၁၄း၃၄၊ “ထိုပြည်ကို စူးစမ်းရာနေ့ရက်ပေါင်း အရက် လေးဆယ်နှင့်အညီ၊ တရက်ကို တနှစ်ထား၍၊ အနှစ်လေးဆယ်ပတ်လုံး ကိုယ် အပြစ်ကို ဆောင်လျက်၊ ငါစွန့်ပစ်ခြင်းကို သိရကြလိမ့်မည်။” (ယေဇကျေလ ၄း၆)။
ရူပါရုံကို ဒံယေလအား ရှင်းပြရန် ကောင်းကင်တမန် ဂါဗြေလသည် စေလွှတ်ခြင်းခံရသည် (၈း၁၆)။
ဒံယေလ ၈း၁၇၊ ရူပါရုံသည် အမှုကုန်ရသော ကာလတိုင်အောင် ဖြစ်သည်။
ဒံယေလ ၈း၁၈-၂၅၊ ကောင်းကင်တမန်သည် ရူပါရုံကို စတင်ရှင်းပြ သည်။
ဒံယေလ ၈း၂၆၊ ရက်ပေါင်း ၂၃၀၀ ရူပါရုံသည် အတန်ကြာ နှုတ်ဆိတ် နေရပြီး၊ “တာရှည်သောကာလ” တိုင်အောင် ပြည့်စုံခြင်းမရှိပဲ နေလိမ့်မည်။ ဒံယေလသည် ရူပါရုံ၏ပထမပိုင်းကို နားလည်သော်လည်း၊ ရက်ပေါင်း ၂၃၀၀ အကြောင်းကို နားမလည်နိုင်ပါ။ ဘုရားသခင်၏ လူတို့အား “ချိုငယ်” ၏နှိပ်စက်မည့်အကြောင်းကို သိရှိလာသောအခါ၊ ဒံယေလစိတ်ထိခိုက်လျက် ဖျားနာပါတော့သည်။ ဒံယေလသည် ရေးသားထားသောအနာဂတ်စကားများ ကို ပြန်လည်စူးစမ်းလေ့လာလျက် ဘုရားသခင်လမ်းပြတော်မူရန် ဆုတောင်း ပဌနာပြုသောအခါ၊ ကောင်းကင်တမန် ဂါဗြေလသည် တစ်ခါပြန်ရောက်လာ ၍၊ ဒံယေလ ၈ မှာပါသော ရူပါရုံကို အပြီးသတ်ရှင်းပြပါသည် (ဒံယေလ ၈း၂၇၊ ၉း၂၃)။ ဒံယေလ ၉ ၌ပါသော ဂါဗြေလ၏ရှင်းပြချက်တွင် ခရစ်တော်သည် မေရှိယဖြစ်ကြောင်း ထင်ရှားသွားပါသည်။
သိတင်းခုနစ်ဆယ် (နှစ်ပေါင်း ၄၉၀)
ဒံယေလ ၈ ၌ပါသော ဒံယေလနားမလည်သည့် ရူပါရုံမှ ရက်ပေါင်း ၂၃၀၀ အကြောင်းကို ကောင်းကင်တမန် ရှင်းပြပါသည်။ သိတင်းခုနစ်ဆယ်ကို ရက်ပေါင်း ၂၃၀၀ မှဖြတ်တောက်ထားပါသည်။
ဒံယေလ ၉း၂၄-၂၇၊ “လွန်ကျူးခြင်းအမှုကို ဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှာ၎င်း၊ ဒုစရိုက်အပြစ်ကို ဖြေရှင်း၍ ထာ၀ရကုသိုလ်ကို သွင်းစေခြင်းငှာ၎င်း၊ ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ် ခတ်၍၊ အလွန်သန့်ရှင်းသောအရပ်ဌာနကို လိမ်းစေခြင်းငှာ၎င်း၊ သိတင်းခုနစ် ဆယ်ကို သင်၏ အမျိုးသားချင်းအဖို့နှင့် သင်၏သန့်ရှင်းသောမြို့အဖို့ ဆုံးဖြတ် ခြင်းရှိ၏။ ထို့ကြောင့် ယေရုရှလင်မြို့ကို တဖန်တည်ထောင်ပြုစုစေခြင်းငှာ၊ အမိန့်တော်ရှိသည့်နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင်၊ ခုနစ်သိတင်းနှင့် ခြောက်ဆယ်နှစ်သိတင်းကြာလိမ့်မည်ဟု သိမှတ်နားလည် လော့။ အနှောင့်အရှက်ခံရသော ကာလ၌ မြို့လမ်းကို တဖန်တည်ထောင်ပြုစုရ မည်ဟု စီရင်ဆုံးဖြတ်ခြင်းရှိ၏။
ထိုသိတင်းခြောက်ဆယ်နှစ်သိတင်းလွန်ပြီးမှ၊ ခရစ်တော်သည် အခွင့် မရဘဲအသေသတ်ခြင်းကို ခံရလိမ့်မည်။ ထိုနောက်မှ လာသောသခင်၏ လူတို့ သည် မြို့တော်ကို၎င်း၊ သန့်ရှင်းရာဌာနကို၎င်း၊ ဖြိုဖျက်ကြလိမ့်မည်။ ရေလွှမ်းမိုး သောအားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း၊ ပျက်စီးရာနှင့်ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။ တသိတင်းတွင် လူ အများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍ ထိုသိတင်းတဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှာဖွယ်သောအရာ၏ အထွဋ်ပေါ် သို့ ဖျက်ဆီးသောသူသည် ရောက်၍၊ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်း ခြင်းသည် ပျက်စီးအပ်သောသူတို့ကို မလွှမ်းမိုးမီတိုင်အောင် ထိုသို့ဖြစ်လိမ့် မည်။”
ဤ “သိတင်း” များသည် “နှစ်သိတင်း” များသို့မဟုတ်၊ ခုနစ်သိတင်း ကာလများဖြစ်ပါသည် (RSV)။ ယေရုရှလင်မြို့ပြန် တည်ဖို့အမိန့်ရှိသော ဘီစီ ၄၅၇ ခုနှစ်မှစ၍ (ဧဇရ ၇း၁၁-၂၆။ ဒံယေလ ၉း၂၅၊ အနာဂတ်ဆိုင်ရာ ခုနစ် သိတင်း နှစ်ပေါင်း ၄၉) သည် မြို့နှင့် ဗိမာန်တော်တည်ဆောက်ပြီးစီးသည့် ဘီစီ ၄၀၈ခုနှစ် အထိဖြစ်ပါသည်။ ကျန်ရှိသော ခြောက်ဆယ်နှစ်သိတင်း (နှစ်ပေါင်း ၄၃၄) သည် မေရှိယ သို့မဟုတ် ခရစ်တော်အထိ ဖြစ်ပါသည်။ ၎င်း သည် ဘီစီ ၄၅၇ ခုနှစ် ဆောင်းကူးဥတုမှ အေဒီ ၂၇ ခုနှစ် ဆောင်းကူးဥတု အထိ ၆၉ သိတင်း (နှစ်ပေါင်း ၄၈၃) ဖြစ်ပါသည်။
ထိုနှစ်၌ ခရစ်တော်ဗတ္တိဇံခံသောအချိန်တွင်၊ “ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း” (မဿဲ ၃း၁၃-၁၇။ တမန်တော် ၃ဝး၃၈)၊ ဟု ဘုရားသခင်၏ အသံတော်ထွက်ပေါ်လာသည်နှင့်၊ သန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ခရစ်တော်ကို ဘိသိက်ပေးခြင်းဖြစ်သည်။
သိတင်း ၇၀ ခုမြောက်နောက်ဆုံးကျန်ရှိသော သိတင်း (အေဒီ ၂၇ မှ ခုနှစ်နှစ်) ၏အလယ်တွင် မေရှိယ (ခရစ်တော်) အသေသတ်ခံမည် (ယေရှာယ ၅၃း၈)။ အေဒီ ၃၁ ခုနှစ်တွင် ခရစ်တော်လက်ဝါးကပ်တိုင်၌ တင်သတ်ခြင်း အားဖြင့်၊ မြေကြီးဆိုင်ရာ သန့်ရှင်းရာဌာန၏ ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်း တို့ အဆုံးသတ်သွားပါသည်။ (ဒံယေလ ၉း၂၇။ ကောလောသဲ ၂း၁၄-၁၇။ မဿဲ ၂၇း၅၀၊ ၅၁)။
နောက်သုံးနှစ်ခွဲအကြာတွင် ပထမဦးဆုံးခရစ်ယာန်အာဇာနည် သူရဲ ကောင်း ဖြစ်သောသသေဖန် (Stephen) အသတ်ခံရာမှစ၍ ခရစ်ယာန် အသင်းတော်အား ညှဉ်းဆဲမှုကြီးဖြစ်ပေါ်လာသည် (တမန်တော် ၇း၅၉။ ၈၅)။ ရှောလုလည်းပြောင်းလဲလာကာ၊ တပါးအမျိုးသားတို့ထံသို့ သွားသော တမန် တော်ကြီး ပေါလုဖြစ်လာပါသည်။ (တမန်တော် ၉း၁-၃၁)။ ယင်းနှစ်အေဒီ ၃၄သည် မေရှိယအဖြစ် ခရစ်တော်ကို တရားဝင်ငြင်းပယ်သော ခုနှစ်ဖြစ်၍၊ နှစ်ပေါင်း ၂၃၀၀ (ရက်ပေါင်း ၂၃၀၀) မှဖြတ်တောက်ထားသော နှစ်ပေါင်း ၄၉၀ (သိတင်း ၇၀)၏အဆုံးဖြစ်ပါသည်။ ကျန်ရှိနေသေးသော နှစ်ပေါင်း ၁၈၁၀ ကို ခသ ၃၄ နှင့်ပေါင်းလိုက်ပါက ခသ ၁၈၄၄ ခုနှစ်သို့ ရောက်သွား ပါသည်။
ဒံယေလ ၈း၁၄ ပြန်ဖတ်ပါ။ “ရက်ပေါင်း ၂၃၀၀ တိုင်တိုင်တည်လိမ့် မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တဖန် ဆေးကြော သုတ်သင်ကြလိမ့် မည်။”
အခန်းကြီး - ၂၆။
အခန်းကြီး - ၂၆
၂၆။ သန့်ရှင်းရာဌာနဆေးကြောခြင်း
THE CLEANSING OF THE SANCTUARY
အစ္စရေးတို့၏ သန့်ရှင်းရာဌာနနှင့် ဝတ်ပြုခြင်းအခမ်းအနားတို့သည် ကောင်းကင်ဆိုင်ရာ အရာတို့၏ ပုံတူဖြစ်ပါသည်။
ဟေဗြဲ ၈း၅၊ “မောရှေသည် တဲတော်ကို ဆောက်လုပ်အံ့သောအခါ၊ တောင်ပေါ်မှာသင့်အားပြခဲ့ပြီးသောပုံနှင့်ညီလျော်စွာ အလုံးစုံတို့ကို လုပ်ခြင်း ငှာ သတိပြုရမည်ဟု ဗျာဒိတ်တော်ကို ခံရသည်ဖြစ်၍၊ ထိုယဇ်ပုရောဟိတ်တို့ သည် ကောင်းကင်အရာတို့၏ ပုံပမာအရိပ်နှင့်သာ ဆိုင်လျက်ဝတ်ကိုပြုနေကြ ၏။”
ဟေဗြဲ ၈း၁၊ ၂၊ “ယခုဆိုခဲ့ပြီးသော အကြောင်းအရာတို့၏ အချုပ် အခြာဟူမူကား၊ ထိုသို့သောယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ရှိ၏။ ကောင်း ကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ပလ္လင်လက်ျာဘက်မှာ ထိုင်နေတော်မူ၏။ လူမဆောက်ဘဲ ထာ၀ရဘုရား ဆောက်တော်မူသော တဲတော်စစ်တည်း ဟူသော၊ သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကိုပြုသော သူဖြစ်တော်မူ၏။” (ဟေဗြဲ ၉း၁၁။ ၉း၁-၉။ ထွက်မြောက်ရာ ၂၅း၈)။
ရှေးသန့်ရှင်းရာဌာန၏နေ့စဉ်နှင့်နှစ်စဉ်ဝတ်များ
သန့်ရှင်းရာဌာနတွင် အခန်းနှစ်ခန်းရှိသည်။ ပထမအခန်းကို သန့်ရှင်း သော အခန်း (ဟဂျာ) ဟုခေါ်ဆိုလျက်၊ ဒုတိယအခန်းကို အသန့်ရှင်းဆုံး အခန်း (ဟဂျာ ဟဂျုန်) ဟုခေါ်ဆိုကာ၊ သန့်ရှင်းသောသေတ္တာ၌ထည့်ထား သော ဘုရားသခင်၏ ပညတ်တော်ဆယ်ပါး ဌာပနာရာအရပ်ဖြစ်ပါသည်။
ပထမအခန်းတွင် ယဇ်ပုရောဟိတ်သည် နေ့စဉ်ဝတ်ပြု၏။ တဲတော်ဝင်း ခြံရှိ မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် ယဇ်ကောင် တင်ထား၏။ ယဇ်ကောင်၏ အသားအချို့ကို စား၍၊ အသွေးကို တဲတော်၌ ဖျန်းခြင်းအားဖြင့် အပြစ်များကို သန့်ရှင်းရာဌာန၌ လွှဲပြောင်းသည့်သဘောဆောင်၏။
နှစ်၏နောက်ဆုံးရက်ဖြစ်သော အပြစ်ဖြေရာနေ့တွင်၊ တရားစီရင်ခြင်း ကို ပုံဆောင်သည့် သန့်ရှင်းရာဌာနဆေးကြောခြင်းခေါ် ဝတ်ကို ယဇ်ပုရော ဟိတ်မင်း ပြုရ၏ ယဇ်ပူဇော်ခြင်းအားဖြင့် သန့်ရှင်းရာဌာနသို့ အပြစ်လွှဲပြောင်း ခြင်းမရှိသော သူတို့ကို ထိုနေ့တွင် အစ္စရေးအမျိုးမှ ပယ်ဖျက်ရ၏ (ဝတ်ပြုရာ ၁၆း၅-၃၄။ ၂၃း၂၇-၃၂)၊ ၎င်းသည် ခရစ်တော်၏ အသွေးတော်အားဖြင့် ကယ် တင်ခံရခြင်းနှင့် လူတို့အား နောက်ဆုံးတရားစီရင်ခြင်း၏ ပုံစံနမူနာဖြစ်၏။ ကျောက်ပြားနှစ်ပြားပေါ်၌ ကမ္ဗည်းထိုးထားသော ဘုရားသခင်၏ ပညတ်တော် တို့ကို ကျူးလွန်ခြင်းဖြစ်သည့် အပြစ်ကို၊ အပြစ်သားသည် ကိုယ်စားဖြစ်သည့် ခရစ်တော်အား လွှဲပြောင်းလိုက်သည့် သဘောဖြစ်၏ (ဝတ်ပြုရာ ၄း၂၇-၃၀။ ၁ ယောဟန် ၃း၄။ ရောမ ၆း၂၃)။
ဟေဗြဲ ၉း၇- “ဒုတိယတဲတော်အတွင်းသို့ ယဇ်ပုရောဟိတ်မင်းတပါး တည်းသာ မိမိအပြစ်ကြောင့်၎င်း၊ လူများအပြစ်ကြောင့်၎င်း၊ ပူဇော်သော အသွေးကို ဆောင်၍ တနှစ်လျှင်တခါတည်းသာ ဝင်ရ၏။”
အပြစ်ဖြေရာနေ့ရောက်သောအခါ၊ အသန့်ရှင်းဆုံးနေရာဖြစ်သော ဒုတိယအခန်းထဲသို့ ယဇ်ပုရောဟိတ်မင်း တပါးတည်းသာ ဝင်ရပါသည်။ ၎င်း သည် သန့်ရှင်းရာဌာနဆေးကြောခြင်းဖြစ်ပါသည် (ဝတ်ပြုရာ ၁၆း၂၉၊ ၃၀)။ ဆိတ်နှစ်ကောင် ယူလာရပြီး၊ တစ်ကောင်သည် ယဇ်ပူဇော်ဖို့၊ တစ်ကောင်သည်၊ သူတစ်ပါးအတွက် ဒဏ်ခံဖို့ ဖြစ်ပါသည်။ (ဝတ်ပြုရာ ၁၆း၅၊၈၊၁၅၊၁၆၊၂၀-၂၂)။
ဘုရားသခင်၏ဆိတ်၊ အသွေးတော်အားဖြင့် အပြစ်မှဆေးကြောစေ သော သခင်ယေရှုကို ပုံဆောင်သည်။
၁ ပေတရု ၁း၁၉- “အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင် သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော် မြက်နှင့် ရွေးတော်မူ သည်ကို သိမှတ်ကြလော့။” (တမန်တော် ၈း၃၂။ ဗျာဒိတ် ၆း၁၆)။ ဤပူဇော် သက္ကာသည် သန့်ရှင်းရာဌာနကို ဆေးကြောပါသည်။ လူတို့၏အပြစ်များကို ဖြေလွှတ်ပေးပါသည်။
ဒဏ်ခံသောဆိတ် - လူများကိုလှည့်ဖြား၍ အပြစ်ရှိသမျှကို ဖန်တီး သော စာတန်ကိုပုံဆောင်သည်ဟု အများကအသိအမှတ် ပြုကြပါသည်။ လူများ ကျူးလွန်သမျှသော အပြစ်ရှိသမျှသူ၌တာဝန်ရှိပါသည်။ ဒဏ်ခံမည့် ဆိတ်ကို သန့်ရှင်းရာဌာန တံခါး၀နားသို့ ယူဆောင်လာပြီး၊ ဘုရားသခင်၏ လူတို့အား ကျူးလွန်စေရန် စာတန်လှည့်ဖြားသောအပြစ်အားလုံးကို သူ့ခေါင်း ပေါ်တွင် တင်ထားခြင်းခံရသည်။ ထိုအခါ လူသူမနေ၊ ခေါင်သောအရပ် ဒေသသို့ ၎င်းဆိတ်ကို မောင်းထုတ်လိုက်ပါသည် (ဝတ်ပြုရာ ၁၆း၂၂)။
ကောင်းကင်သန့်ရှင်းရာဌာန၌ ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းခရစ်တော်
ဟေဗြဲ ၉း၂၃ - “ကောင်းကင်ဘုံ၌ရှိသော အရာတို့၏ပုံများကို ထိုသို့ ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရသည်ဖြစ်၍၊ ကောင်းကင်အရာတို့ကို သာ၍ မြတ်သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။”
ဟေဗြဲ ၉း၉ - မြေကြီးဆိုင်ရာသန့်ရှင်းရာဌာနသည် ၎င်းကာလအတွက် ပုံပမာဖြစ်ပါသည်။
ဟေဗြဲ ၈း၂ - ခရစ်တော်သည် ကောင်းကင်ဆိုင်ရာ သန့်ရှင်းရာဌာ၏ အမှု(ကျိုး)ဆောင်ဖြစ်၏။
ဟေဗြဲ ၉း၁၂ - ခရစ်တော်သည် မိမိအသွေးတော်ကို ပူဇော်ဆက်သ တော်မူ၏။ (ဧဖက် ၅း၂)။
မှတ်ချက်။ ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်အဖြစ် အကျိုးတော်ကို ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ အပြစ်အတွက် မိမိကိုယ် ကို ပူဇော်ဆက်သပြီးမှသာ ဆောင်ရွက်လို့ရပါသည် (ဟေဗြဲ ၉း၂၅၊ ၂၆)။ ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့၏ အကျိုးတော်ဆောင်နှင့် ယဇ်ပုရောဟိတ်မင်း အဖြစ် ခရစ်တော်သည် တက်ကြွသွားခဲ့ပါသည်။ ရက်ပေါင်း ၂၃၀၀ ၏ အဆုံး ဖြစ်သော ခသ ၁၈၄၄ ခုနှစ်မတိုင်မီ ကောင်းကင်ဆိုင်ရာ သန့်ရှင်းရာဌာန ဆေးကြောခြင်းကို ခရစ်တော်သည် လုပ်ဆောင်လို့မရပါ။ (ဒံယေလ ၈း၁၄)။
အပြစ်ဖြေရာနေ့၌ ရှေးခေတ်က ယဇ်ပုရောဟိတ်မင်းသည် မိမိအလုပ် ပြီးစီး သွားသောအခါ၊ ဝတ်လုံကိုဝတ်၍ တဲတော်မှ ထွက်လာပြီး၊ ပတ်လည်၌ စုဝေးလျက်ရှိသော လူတို့ကို ကောင်းချီးပေးပါသည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့ ၏ ကယ်တင်ရှင်သည် ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံ၌ မိမိအကျိုးတော် ဆောင်လုပ်ငန်းပြီးစီးသွားသောအခါ၊ ထာ၀ရအသက်နှင့် ကျွန်ုပ်တို့ကို ကောင်း ချီးပေးရန် မိမိဒုတိယအကြိမ် ကြွလာခြင်းဖြင့် ဘုန်းတော်နှင့် ပေါ်ထွန်းလာပါ လိမ့်မည်။ ထိုအခါ ဒဏ်ခံရမည့်သူ ဖြစ်သော စာတန်မာရ်နတ်သည်၊ ခရစ် တော်ဒုတိယအကြိမ်ကြွလာချိန်၌ ပျက်ပြုန်းခဲ့၍ လူသူကင်းမဲ့သော ဤကမ္ဘာ မြေကြီးပေါ်၌၊ ဘုရားသခင့် လူတို့၏အပြစ်အတွက် အနှစ်တစ်ထောင် ဒဏ်ခံရ လိမ့်မည်။
ဟေဗြဲ ၉း၂၈၊ “ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါ တည်း ကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန်ထိုသခင်ကို မြော်လင့်လျက်နေသော သူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲပေါ်ထွန်းတော်မူလတံ့။”
စာတန်မာရ်နတ်နှင့် အတူ ဆိုးသွမ်းသောသူတို hသည် ထိုအချိန် ဖျက် ဆီးခြင်းခံရလိမ့်မည် (ဗျာဒိတ် ၂ဝး၁-၃၊ ၇-၉။ ဆာလံ ရး၁၄-၁၆။ ဟေဗြဲ ၂း၁၄)။
အခန်းကြီး - ၂၇။
၂၇။ ဗျာဒိတ်ကျမ်း ၁၄ ပါသတင်းသုံးပါး
THE
THREE-FOLD MESSAGE OF REVELATION 14
၁။ ပထမကောင်းကင်တမန်၏ သတင်းစကား၊
ဗျာဒိတ် ၁၄း၆၊၇၊ “မြေကြီးပေါ်မှာနေသောသူတည်းဟူသော အသီး အသီး ဘာသာစကားကို ပြောသောလူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာ၀ရ ဧဝံဂေလိ တရားကိုဟောရသော ကောင်းကင်တမန်တပါးက၊ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့်ပြောဆို၍ ကောင်းကင် အလယ်၌ ပျံဝဲလျက်ရှိသည်ကို ငါမြင်၏။”
မှတ်ချက်။ လောက၌တရားရုံးမထိုင်မီ အများသိစေရန်ကြေငြာချက် ထုတ်ပြန်လေ့ရှိပါသည်။ ဤနေရာ၌ တရားစီရင်ခြင်းအချိန်ကို တစ်ကမ္ဘာလုံး ကြေငြာခြင်းကို ပုံဆောင်သည့်အနေဖြင့် ကောင်းကင်တမန်တစ်ပါး ကောင်း ကင် အလယ်၌ ပျံဝဲနေပါသည်။ ရှေးခေတ်သန့်ရှင်းရာဌာနဆေးကြောသည့် အနေဖြင့် အပြစ်ဖြေရာနေ့ကို ကျင်းပပြုလုပ်ပါသည် (ဝတ်ပြုရာ ၁၆။ ၂၃။ ဟေဗြဲ ၁၀၄)။ တစ်နှစ်တာကုန်ဆုံးသော အချိန်တိုင်း၌ သန့်ရှင်းရာဌာန ဆေးကြောခြင်းသည် တရားစီရင်သောနေ့ကို ပုံဆောင်ထားပါသည်။
ဒံယေလ ၈း၁၄ အနာဂတ်စကားတွင် ရက်ပေါင်း ၂၃၀၀ ပြီးမှ သန့်ရှင်း ရာဌာနဆေးကြောမည်ဟုဆိုထားပါသည်။ ၎င်းသည်ကောင်းကင်သန့်ရှင်းရာ ဌာနကို ဆိုလိုပါသည်။ ရက်ပေါင်း ၂၃၀၀ သည် ခသ ၁၈၄၄ ခုနှစ်ကျမှ ကုန်ဆုံးသည်ဖြစ်သောကြောင့်၊ ထိုအချိန်အထိ မြေကြီးဆိုင်ရာသန့်ရှင်းရာဌာန မရှိတော့ပါ (ပြီးခဲ့သော အခန်းကိုပြန်ဖတ်ကြည့်ပါ)။ ခွင့်လွှတ်ထားသော အပြစ် များသည် ကောင်းကင်ဆိုင်ရာ သန့်ရှင်းရာဌာန၌၊ ကောင်းကင်ဆိုင်ရာ သန့်ရှင်းရာဌာန ဆေးကြောသော (သို့မဟုတ်) တရားစီရင်သောအချိန်၊ ကျွန်ုပ် တို့၏ ယဇ်ပုရောဟိတ်မင်းကြီး ဖြစ်တော်မူသော သခင်ယေရှုခရစ်တော်၏ အကျိုးတော်ဆောင်ပေး၍ ကျေးဇူးတော်အားဖြင့် ချေဖျက်ပေးသည့် အချိန် အထိ ဆက်လက်ရှိနေမည်ဖြစ်သည်။ စာစောင်များ၌ မှတ်တမ်း တင်ထားသည့် အတိုင်း တရားစီရင်မည်ဖြစ်ကြောင်းကိုလည်း ဒံယေလ ၇း၉၊ ၁၀ ၌ ဖေါ်ပြ ထားပါသည်။
တမန်တော် ၃း၁၉ - ဖြောင့်မတ်သူများ၏ အပြစ်များချေဖျက်ပစ်မည်။
ထွက်မြောက်ရာ ၃၂း၃၃ - ဆိုးသွမ်းသူများ၏ နာမည်များချေဖျက်ပစ် မည်။
ခပ်သိမ်းသောလူတို့၏ ကံကြမ္မာသည် ထာ၀ရကာလအတွက် အဆုံး အဖြတ်ရှိမည်။
ဗျာဒိတ် ၂၂း၁၁၊၁၂၊ “မတရားသောသူတို့သည် မတရားသဖြင့်ပြုစေ ဦး။ ညစ်ညူးသော သူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့် မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ငါသည်အလျင်အမြန် လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးအသီးတို့ အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။”
၂။ ဒုတိယကောင်းကင်တမန်၏ သတင်းစကား၊
ဗျာဒိတ် ၁၄း၈၊ “ကောင်းကင်တမန်တပါးကလည်း၊ ဘေဘီလုံမြို့ကြီးပြို လဲပြီ။ မိမိမတရားသောမေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည် ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဘေဘီလုံမြို့ကြီးပြိုလဲပြီဟု လိုက်၍ပြောဆို၏။” (ဗျာဒိတ် ၁၈း ၁-၅)။ ဘုရားသခင်သည်ဘေဘီလုံမှ မိမိလူတို့ကို ခေါ်ထုတ်နေပါသည်။
၃။ တတိယကောင်းကင်တမန်၏သတင်းစကား၊
ဗျာဒိတ် ၁၄း၉-၁၁၊ “တတိယကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့်သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏တံဆိပ် လက်မှတ်ကို နဖူး၌ခံသည် ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ဒေါသဖလား၌ လောင်းသောအမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်း သော ကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင်၊ ကန့်နှင့်ရောသော မီးထဲ မှာ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက်ရှိ၏။ သားရဲနှင့်သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏ နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည် နေ့ညဉ့်မပြတ် သက်သာမရ ကြဟု၊ လိုက်၍ကြီးသောအသံနှင့် ပြောဆို၏။”
ဗျာဒိတ် ၁၄း၁၂ - ဤသတင်းစကားသုံးပါးသည် သခင်ယေရှုကို ယုံကြည်၍ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်သော လူစုကို ပေါ်ပေါက်လာစေပါသည်။
ဗျာဒိတ် ၁၄း၁၄ - ထိုသူတို့သည် ခရစ်တော်၏ကြွလာတော်မူခြင်းကို စောင့်မြော်နေသောသူများဖြစ်ကြသည်။
အခန်းကြီး - ၂၈။
၂၈။ ဘုရားသခင်၏ပညတ်တော်
THE LAW OF
GOD
ဘုရားသခင်သည် သိနဲတောင်ထိပ်မှ မိမိ၏တရားတော်ဖြစ်သော ပညတ်တော်ဆယ်ပါးကို မိန့်မြွက်တော်မူခဲ့သည်။
တရားဟောရာ ၄း၁၂၊ ၁၃၊ “ထာ၀ရဘုရားသည်လည်း မီးထဲကသင်တို့ အား မိန့်မြွက်တော်မူ၏။ သင်တို့သည် သဏ္ဍာန်တော်ကို မမြင်ရဘဲ၊ စကား တော်အသံကိုသာ ကြားရကြ၏။ သင်တို့ကျင့်စရာဘို့မှာထားတော်မူသော ပဋိ ညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါးတို့ကိုမိန့်မြွက်၍ ကျောက်ပြား နှစ်ပြားပေါ်၌ ရေးထားတော်မူ၏။”
၎င်းကျောက်ပြားနှစ်ပြားတို့ကို မြေကြီးဆိုင်ရာသန့်ရှင်းရာဌာန အသန့် ရှင်းဆုံး အခန်းရှိ ပဋိညာဉ်သေတ္တာထဲတွင် ဌာပနာထားပါသည် (တရားဟော ရာ ၁ဝး၅။ ထွက်မြောက်ရာ ၄ဝး၂၀၊၂၁)။
မှတ်ချက်၊ ပညတ်တော်ဆယ်ပါးတွင် ပထမပိုင်းလေးပါးသည် ဘုရား သခင် အားပြုလုပ်ရမည့်တာဝန် ဝတ္တရားများ ဖြစ်ပြီး၊ နောက်ပိုင်း ခြောက်ပါး သည် လူလူချင်း ပြုလုပ်ရမည့် တာဝန်ဝတ္တရားဖြစ်ပါသည်။
သခင်ယေရှုသည် ဘုရားသခင်၏ ပညတ်တရားတော်ကို ချီးမြှောက် အားပေးထားပါသည်။
ယောဟန် ၁၅း၁၀၊ “ငါသည် ငါ့ခမည်းတော်၏ ပညတ်တို့ကိုစောင့် ရှောက်၍ ခမည်းတော်၏မေတ္တာ၌တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ် တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။”
မဿဲ ၅း၁၇၊၁၈၊ “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းတို့ကို ဖျက်ပယ်ခြင်း ငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံ စေခြင်းငှာ ငါလာသတည်း။ ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့်မြေကြီး မပျက်စီးမီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသောစာလုံး ဗိန္ဓု တလုံးမျှ ပြည့်စုံခြင်း သို့မရောက်မီ မပျက်စီးရ။”
သခင်ယေရှု ဤကမ္ဘာလောကသို့ ကြွလာသောအခါ ဘုရားသခင်၏ ပညတ် တရားတော်သည် သူ၏စိတ်နှလုံးတော်၌ ရှိနေပါသည်။
ဆာလံ ၄ဝး၇-၉၊ “ကျမ်းစာလိပ်၌ အကျွန်ုပ်ကိုအမှတ်ပြု၍ ရေးသား ထားသည်နှင့်အညီ၊ အကျွန်ုပ်သည်သွားပါမည်ဟု ဝန်ခံပါ၏။ အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏ အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည်အားရ ဝမ်း မြောက်ပါ၏။ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏။ ဖြောင့်မတ်ခြင်းတရားကို ပရိသတ်ကြီး အလယ်မှာ အကျွန်ုပ်ဟောပါပြီ။ အို ထာ၀ရဘုရား၊ အကျွန်ုပ်သည် ကိုယ်နှုတ်ကိုပိတ်၍ မနေကြောင်းကို ကိုယ် တော်သိတော်မူ၏။” (ဟေဗြဲ ၁ဝး၅၊ ၇။ မဿဲ ၁၉း၁၆-၁၉)။
တမန်တော်ပေါလုသည် ဘုရားသခင်၏ ပညတ်တရားတော်ကို ချီး မြှောက်အားပေးခဲ့ပါသည်။
ရောမ ၇း၁၂၊ “တရားတော်သည် သန့်ရှင်းခြင်းရှိ၏။ ပညတ်တရား လည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်း ရှိ၏။”
ရောမ ၈း၃၊၄၊ “ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင် ပြုတော်မူခြင်းငှာ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏သဏ္ဍာန်ကိုဆောင်သော မိမိသားတော်ကို စေလွှတ်တော်မူ၍၊ အပြစ် ဖြေဘို့ရာ ဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ၏။ အကြောင်း မူကား၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောငါတို့ သည်၊ တရား၌ ပါသောပညတ်တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။” (ရောမ ၃း၂၀။ ၇း၇)။
တမန်တော်ယောဟန်သည်လည်း ဘုရားသခင်၏ပညတ်တရားတော် ကို ချီးမြှောက်အားပေး၏။
နောက်ဆုံးသောကာလ၌ရှိသော ကျန်ကြွင်းသည့်အသင်းတော်သည် ဘုရားသခင်၏ ပညတ်တရားတော်ကို ချီးမြှောက်အားပေး၏။
ဗျာဒိတ် ၁၂း၁၇၊ “နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသော သူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသောအမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာ သွား ၏။” (ဗျာဒိတ် ၂၂း၁၄)။
ပညတ်တော်ဆယ်ပါး၏ မူလသဘောတရားကို သိနဲတောင်မှ ကမ္ဗည်း ကျောက်စာဖြင့် မရရှိမီကပင် သိရှိထားပါသည်။
၁။ ပထမ ပညတ်တော် (ကမ္ဘာဦး ၃၅း၁-၄)။
၂။ ဒုတိယ ပညတ်တော် (ကမ္ဘာဦး ၃၁း၁၉၊ ၃၄၊ ၃၅။ ၃၅း၂-၄)။
၃။ တတိယ ပညတ်တော် (ဝတ်ပြုရာ ၁၈း၃၊ ၂၁၊ ၂၄၊ ၂၇)။
၄။ စတုတ္ထ ပညတ်တော် (ကမ္ဘာဦး ၂း၁-၄။ ၈း၁၀၊ ၁၂။ ၂၉း၂၇၊ ၂၈။
ထွက်မြောက်ရာ ၁၆း၄၊ ၂၂၊ ၂၃။ ၂၅း၃၀)။
၅။ ပဉ္စမ ပညတ်တော် (ကမ္ဘာဦး ၉း၂၂-၂၅)။
၆။ ဆဌမ ပညတ်တော် (ကမ္ဘာဦး ၄း၈-၁၁၊ ၂၃၊ ၂၄။ ၉း၅၊ ၆)။
၇။ သတ္တမ ပညတ်တော် (ကမ္ဘာဦး ၂ဝး၅-၉။ ၃၈း၂၄။ ၃၉း၇-၉)။
၈။ အဌမ ပညတ်တော် (ကမ္ဘာဦး ၃ဝး၃၃။ ၃၁း၁၉၊ ၃၀။ ၃၂း၃၉။ ၄၄း၈)။
၉။ န၀မ ပညတ်တော် (ကမ္ဘာဦး ၃၉း၇-၂၀)။
၁၀။ ဒဿမ ပညတ်တော် အဌမပညတ်တော် မချိုးဖောက်မီ ဒဿမ ပညတ်
တော်ချိုးဖောက်နေပြီ။
ပညတ်တော်ဆယ်ပါး၊ ဓမ္မသစ်ကျမ်းတွင်တွေ့ရ။
ပထမပညတ်တော်
တမန်တော် ၁၄း၁၁-၁၅ - အသက်ရှင်၍ စစ်မှန်တော်မူသောဘုရား။
၁ ကောရိန်သု ၈း၄-၆ - ရုပ်တုအချည်းနှီး၊ ဘုရားသခင်တစ်ဆူတည်း။ ဒုတိယပညတ်တော်
၁ ကောရိန်သု ၁ဝး၁၄ - ရုပ်တုကိုးကွယ်ခြင်းကိုရှောင်။
တမန်တော် ၁၇း၂၉ - ဘုရားသခင်ကို ရွှေ၊ ငွေတို့နှင့် မနှိုင်းသင့်။
၁ ယောဟန် ၅း၂၁ - ရုပ်တုတို့ကို ကြဉ်ရှောင်။
တတိယပညတ်တော်
ယာကုပ် ၅း၁၂ - ကျိန်ဆိုခြင်းကိုသာ၍ရှောင်။
စတုတ္ထပညတ်တော်
လုကာ ၂၃း၅၆ - ပညတ်တော်အတိုင်း ဥပုသ်နေ့၌အလုပ်မလုပ်။
တမန်တော် ၁၆း၁၃ - ဥပုသ်နေ့၌ ပဌနာရှိရာမြစ်နားသို့သွား။
တမန်တော် ၁၇း၂ - မိမိထုံးစံအတိုင်း ဥပုသ်နေ့သုံးရက်။
ပဉ္စမပညတ်တော်
ဧဖက် ၆း၂ - မိဘကို ရိုသေစွာပြုလော့။
ဆဌမပညတ်တော်
ရောမ ၁၃း၉ - လူ့အသက်ကိုမသတ်နှင့် (ယာကုပ် ၂း၁၁)။
သတ္တမပညတ်တော်
ရောမ ၁၃း၉ - သူ့မယားကို မပြစ်မှားနှင့်။
အဌမပညတ်တော်
ရောမ ၁၃း၉ - သူ့ဥစ္စာကို မခိုးနှင့်။
န၀မပညတ်တော်
ရောမ ၁၃း၉ - မမှန်သောသက်သေကို မခံနှင့်။
ဒဿမပညတ်တော်
ရောမ ၁၃း၉ - သူ့ဥစ္စာကိုတပ်မက်လိုချင်သောစိတ်မရှိစေနှင့်။
ဘုရားသခင်၏ပညတ်တရားတော်သည် ဖြောင့်မတ်ခြင်းစည်းမျဉ်းတစ်ရပ်ဖြစ်
မဿဲ ၁၉း၁၆၊ ၁၇၊ “လူတစ်ယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ် သော ဆရာ၊ ထာ၀ရအသက်ကိုရအံ့သောငှာ၊ အကျွန်ုပ်သည် အဘယ်ကောင်း မှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း၊ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော် မူ၏။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက် လော့ဟု မိန့်တော်မူ၏။”
ဒေသနာ ၁၂း၁၃၊ “အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့် ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။”
မဿဲ ၅း၁၈၊ “ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့်မြေကြီး မပျက်စီးမီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသောစာလုံး ဗိန္ဓုတလုံးမျှ ပြည့်စုံခြင်းသို့ မရောက်မီ မပျက်စီးရ။”
ဆာလံ ၁၉း၇-၉၊ ထာ၀ရဘုရား၏ပညတ်တရားတော်သည် စုံလင်၏။ ရောမ ၇း၁၂၊၁၄၊ ထာ၀ရဘုရား၏ပညတ်တရားတော်သည် သန့်ရှင်း၏ ဖြောင့်
မှန်၏၊ ကောင်းမြတ်၏၊ ဝိညာဉ်ပကတိနှင့် စပ်ဆိုင်၏။
အခန်းကြီး - ၂၉။
၂၉။ ထာ၀ရဘုရားသခင်၏ဥပုသ်တော်နေ့
THE
SABBATH OF THE LORD
ဥပုသ်နေ့ပညတ်တော်
ထွက်မြောက်ရာ ၂ဝး၈-၁၁၊ “ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာ ထိုနေ့ ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင်ထာ၀ရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တိရစ္ဆာန်၊ သင်၏တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ် မလုပ်ရ။ အကြောင်းမူကား၊ ထာ၀ရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏။ ထို့ကြောင့် ထာ၀ရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။”
ထွက်မြောက်ရာ ၃၁း၁၆၊၁၇ - ကောင်းကင်နှင့်မြေကြီးကို ဘုရားသခင် ဖန်ဆင်းတော်မူရာဖြစ်ကြောင်း အစ္စရေးလူတို့အတွက် ဥပုသ်နေ့သည်အမှတ် လက္ခဏာဖြစ်၏။
ယေဇကျေလ ၂ဝး၁၂၊၂၀ - ဘုရားသခင်သည် သန့်ရှင်းစေတော်မူ သော သူဖြစ်ကြောင်း၊ ဥပုသ်နေ့သည် အမှတ် လက္ခဏာဖြစ်၏။
ယေရှာယ ၅၆း၁၊၂ - ဥပုသ်နေ့ကို စောင့်ရှောက်သောသူတို့အပေါ်၌ ကောင်းချီးမင်္ဂလာသက်ရောက်၏။
ယေရှာယ ၅၈း၁၂-၁၄ - ဥပုသ်နေ့ပြန်လည်ပြုပြင်မည့် အနာဂတ် စကား။
ယေရှာယ ၆၆း၂၂၊၂၃ - မြေကြီးသစ်၌ ဥပုသ်နေ့ရှိမည်။
ဓမ္မသစ်ကျမ်းစာ၌ပါသော ဥပုသ်နေ့
သခင်ယေရှု၏ စံနမူနာ၊
လုကာ ၄း၁၆ - “ကြီးပွားတော်မူရာ နာဇရက် မြို့သို့ရောက်ပြန်လျှင်၊ ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားစရပ်သို့ဝင်၍ကျမ်းစာကို ဖတ် ရွတ်ခြင်းငှာ ထတော်မူ၏။”
တမန်တော်ပေါလု၏ စံနမူနာ၊
တမန်တော် ၁၇း၂ - “ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုစရပ်သို့ ဝင်၍၊ ဥပုသ်နေ့သုံးရက်တွင် ကျမ်းစာကို အမှီပြု၍ ထိုသူတို့နှင့်ဆွေးနွေး နှီးနှောသဖြင့်၊”
သခင်ယေရှုသည် ဥပုသ်နေ့၏ အရှင်သခင်ဖြစ်သည်။ ဥပုသ်နေ့သည် လူ့အတွက်ဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။
မာကု ၂း၂၇၊၂၈ - “ဥပုသ်နေ့သည် လူအဖို့ဖြစ်၏။ လူသည် ဥပုသ်နေ့ အဖို့ ဖြစ်သည်မဟုတ်။ သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်။”
ယေရုရှလင်မြို့ မပျက်စီးမီ၊ မိမိတို hထွက်ပြေးရမည့် အချိန်သည် ဆောင်းကာလနှင့် ဥပုသ်နေ့၌ မဖြစ်ရန်ဆုတောင်းကြဖို့ တပည့်တော်တို့အား ခရစ်တော်သွန်သင်ထားပါသည်။
မဿဲ ၂၄း၂၀ - “သင်တို့ပြေးရသောအချိန်သည် ဆောင်းကာလ၌ မကျ၊ ဥပုသ်နေ့၌လည်းမကျမည်အကြောင်း ဆုတောင်းကြလော့။” လက်ဝါး တိုင်၌ သခင်ခရစ်တော်အသေခံပြီးနှစ်ပေါင်းများစွာကြာမှ ထိုသို့ဖြစ်ပျက်ခဲ့ပါ သည်။
လက်ဝါးကပ်တိုင်၌ သခင်ခရစ်တော်အသေခံသော အဖိတ်နေ့၌ တပည့်တော်မတို့သည် နောက်တော်ကိုလိုက်ကြသည်။
လုကာ ၂၃း၅၄-၅၆ - “ထိုနေ့ကား အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့အချိန် နီးသတည်း။ ဂါလိလဲပြည်က ကိုယ်တော်နှင့် အတူလာသော မိန်းမများသည် သင်္ချိုင်းတော်ကို၎င်း၊ အလောင်းတော်ကို အဘယ်သို့ထားသည်ကို၎င်း အကြည့် အရှု လိုက်လာကြ၏။ ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီးမွှေးနှင့် နံ့သာမျိုးကို ပြင်ဆင်၍ ပညတ်တော်အတိုင်းဥပုသ်နေ့၌ အလုပ်မလုပ်ဘဲနေကြ၏။”
ဥပုသ်နေ့သည် တစ်သိတင်းတွင် ပထမနေ့ရက်မတိုင်မီနေ့ ဖြစ်သည်။
မဿဲ ၂၈း၁ - “ဥပုသ်နေ့လွန်၍ ခုနှစ်ရက်တွင် ပထမနေ့ရက်မိုးလင်း အံ့ဆဲဆဲ အချိန်၌၊ မာဂဒလမာရိနှင့် အခြားသော မာရိသည် သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ၏။ ဥပုသ်နေ့မတိုင်မီနေ့သည် ပြင်ဆင်ရသော အဖိတ်နေ့ ဖြစ်၏။
မာကု ၁၅း၄၂ - “ထိုနေ့ကား (ဥပုသ်နေ့မတိုင်မီနေ့) အဖိတ်နေ့တည်း ဟူသော ပရက္ကူနေ့ဖြစ်သောကြောင့် ညအချိန်ရောက်မှ” ဥပုသ်နေ့အချိန်လွန် သွားသောအခါ တစ်သိတင်း၏ ပထမနေ့ ရောက်လာသည်။
မာကု ၁၆း၁၊ ၂ - “ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏ အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည်သွား၍ အလောင်းတော်ကို လိမ်းခြင်းငှာ နံ့သာမျိုးကို ဝယ်ပြီးလျှင်၊ ခုနစ်ရက်တွင် ပထမနေ့ရက်နံနက်စောစော၊ နေ ထွက်သောအချိန်၌ သင်္ချိုင်းတော်သို့ သွားကြ၏။”
တမန်တော် ၁း၁၂ - ဥပုသ်နေ့တစ်နေ့ခရီး။
တမန်တော် ၁၃း၄၂၊ ၄၄ - တမန်တော်ပေါလုသည် ဂျူးအမျိုးသားများ နှင့် တပါးအမျိုးသားများအား၊ ဥပုသ်နေ့တွင် တရားစရပ်၌ ဟောပြောတော်မူ ၏။
တမန်တော် ၁၆း၁၃ - ဥပုသ်နေ့တွင် မြစ်ကမ်းနာ၌ ဆုတောင်းရန် အမျိုးသမီးများ စုဝေးကြ၏။
တမန်တော် ၁၈း၄ - ကောရိန်သုမြို့ရှိ တရားစရပ်၌ တမန်တော်ပေါလု သည် ဥပုသ်နေ့တိုင်း ဂျူးအမျိုးသားများနှင့် တပါးအမျိုးသားများကို သွေး ဆောင်လေ၏။
ဟေဗြဲ ၄း၉ - “ထို့ကြောင့် ဘုရားသခင်၏လူတို hအဖို hအလိုငှာ ငြိမ် ဝပ်ခြင်းချမ်းသာ (ခုနစ်ရက်မြောက်သော ဥပုသ်နေ့ ဟေဗြဲ ၄း၄) တမျိုးသည် ကျန်ရစ်သေး၏။”
အခန်းကြီး - ၃၀။
၃၀။ သမ္မာကျမ်းစာ၌ပါရှိသမျှသောပထမနေ့
ALL THE
FIRST DAY TEXTS IN THE BIBLE
သမ္မာကျမ်းစာတွင် “တနင်္ဂနွေနေ့” ဟူသော စကားလုံးမတွေ့ ရသော် လည်း “ခုနစ်ရက်တွင် ပထမနေ့ရက်” ဟူသော စကားအသုံးအနှုန်းကို ရှစ် ကြိမ်တွေ့ရပါသည်။ မဿဲ ၂၈း၁။ မာကု ၁၆း၁၊၂၊၉။ လုကာ ၂၄း၁။ ယောဟန် ၂ဝး၁၊၁၉။ တမန်တော် ၂ဝး၇။ ၁ ကောရိန်သု ၁၆း၁၊၂။
ပထမပိုင်းခြောက်ချက်သည် သခင်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းနှင့် ဆက်စပ်သောအဖြစ်အပျက်များကို ဖော်ပြထားပါသည်။
တမန်တော် ၂၀ သည် တရောမြို့ ၌ တမန်တော်ပေါလုကျင်းပပြုလုပ် သော အထူးအစည်းအဝေးနှင့် သမ္မာကျမ်းစာ၏ သတ်မှတ်ချက်အတိုင်း နေဝင်သောအချိန်၌ အစပြုသောနောက်တစ်ရက်ဖြစ်သည့် (၂ဝး၈) ညအချိန် အစည်းအဝေးတို့ကို ဖေါ်ပြထားပါသည်(ဝတ်ပြုရာ ၂၃း၃၂။ မာကု ၁း၃၂)။ ၎င်းသည် စနေနေ့ည၌ ပြုလုပ်သောအစည်းအဝေးဖြစ်ပါသည်။ ထိုနေ့ (တနင်္ဂ နွေ) နေထွက်သောအခါ ပေါလုသည် ၁၉ မိုင်ဝေးသော အမြို့ သို့ ခြေလျင်ခရီး သွားပါသည်။
၁ ကောရိန်သု ၁၆း၂၊ ဆင်းရဲသောသန့်ရှင်းသူများအတွက် စုဆောင်း ထားရမည့်အရာများကို အိမ်၌ရှိသော စတိုးခန်း၌ စုထားရပါမည်။ ပရိသတ် အစည်းအဝေး၌ စုထားရန်ပြောဆိုခြင်းမရှိပါ။
သတ္တမနေ့ဖြစ်သော ဘုရားသခင်၏ဥပုသ်တော်နေ့မှအပ အခြားနေ့ ရက် တစ်ရက်မျှ သန့်ရှင်းသည်ဟု ဤကျမ်းချက်များက ဖော်ပြမထားပါ (ဗျာဒိတ် ၁း၁၀။ မာကု ၂း၂၈။ ယေရှာယ ၅၈း၁၃။ ထွက်မြောက်ရာ ၂ဝး၈-၁၁။ လုကာ ၄း၁၆။ မ ၂၄း၂၀ တို့ကိုလည်းကြည့်ပါ)။
အခန်းကြီး - ၃၁။
၃၁။ အချိန်ကာလမှတ်တမ်းပျောက်ဆုံးဖူးသလား
HAS THE
RECORD OF TIME BEEN LOST?
ကမ္ဘာဦး ၁၊ ၂ - တစ်သိတင်း၏အစမူလကို ဖော်ပြထားသည်။
ကမ္ဘာဦး ၇း၄။ ၈း၁၀၊၁၂။ ၂၉း၂၇၊၂၈ - တစ်သိတင်းသည် ခုနှစ်ရက် ဖြစ်သည်။
ဧဒင်ဥယျာဉ်မှ အာဗြဟံအထိ အချိန်ကာလပျောက်သွားခြင်းမရှိ
အာဒံနှင့်မသုရှလ - နှစ်ပေါင်း ၂၄၀ ထက်မနည်းအတူ အသက်ရှင် သည်။
မသုရှလနှင့်ရှေမ - နှစ်ပေါင်း ၁၀၀ အတူအသက်ရှင်သည်။
ရှေမနှင့်အာဗြဟံ - နှစ်ပေါင်း ၁၅၀ အတူအသက်ရှင်သည်။
ထို့ကြောင့် ကမ္ဘာဦးကျမ်း ၁ နှင့် ၂ ၌မှတ်တမ်းတင်ထားသည့်အတိုင်း ဖန်ဆင်းခြင်းအကြောင်းနှင့် ဥပုသ်နေ့အစပြု တည်ထောင်သည့်အကြောင်းတို့ သည် မေ့ပျောက်သွားနိုင်သည့်ကာလမရှိပါ။
အီဂျစ်၌ဥပုသ်နေ့ပျောက်သွားခြင်းမရှိ
ထွက်မြောက်ရာ ၁၆း၄၊၅၊၂၁-၃၀၊၃၅ - သိနဲတောင်မှ ပညတ်တော် ဆယ်ပါးမရရှိမီ၊ အီဂျစ်တိုင်းပြည်မှ အစ္စရေးတို့ ထွက်သွားပြီးသည့်နောက်တွင်၊
ဥပုသ်နေ့ဖြစ်ပေါ်လာသောအချိန်ကို သူတို့သိရှိကြပါသည်။
ထွက်မြောက်ရာ ၂ဝး၈-၁၁ - ဤဥပုသ်နေ့သည် ဖန်ဆင်းခြင်းကာလ၌ ရှိသောဥပုသ်နေ့၊ တစ်သိတင်း၏ သတ္တမနေ့၊ ဘုရားသခင်၏အမိန့်တော်နှင့် ကောင်းချီးပေးသောနေ့၊ အခြားနေ့ရက်များနှင့်မတူဘဲ သန့်ရှင်းစွာအသုံးပြုရန် သီးသန့်ထားသောနေ့ ဖြစ်ပါသည်။
ကတိထားသောပြည်တော်၌ ဥပုသ်နေ့ပျောက်သွားခြင်းမရှိ
ပရောဖက်တို့သည် ဥပုသ်နေ့ကို ဂရုစိုက်သကဲ့သို့၊ ဥပုသ်နေ့နှင့်ဆိုင် သော တရားများလည်းရှိပါသည် (ယေရမိ ၁ရး၂၄-၂၆။ အာမုတ် ၈း၄-၆။ ယေရှာယ ၅၈း၁၃၊ ၁၄။ ၄ ဓမ္မရာဇဝင် ၄း၂၃။ ၁ ရာဇဝင်ချုပ် ၉း၃၂။ ယေရှာယ ၅၆း၂-၆)။
နှစ်ပေါင်း ၇၀ ကျွန်ဘ၀၌ဥပုသ်နေ့ပျောက်သွားခြင်းမရှိ
မှတ်ချက်။ ဥပုသ်နေ့ချိုးဖောက်သောကြောင့် အစ္စရေးတို့သည် တိုင်း တစ်ပါးသို့ ကျွန်ဘ၀သို့ရောက်ရှိသွားသည် (ယေရမိ ၁၇။ နေဟမိ ၁၃း၁၅)။ ကျွန်ဘ၀မှ ပြန်လွှတ်လာကြသောအခါ သူတို့သည် ဥပုသ်နေ့ကို စောင့်ရှောက် လျက်၊ ဘယ်အချိန်က စတင်လာသည်ကိုလည်း သိရှိလာကြပါသည်။ လူမျိုး တစ်မျိုးအနေဖြင့် ပြက္ခဒိန်ကို မေ့ပျောက်ရန်အနှစ် ၇၀ သည် အလွန်တို တောင်းသောကာလဖြစ်သည်။ ဧဇရမှတ်စာ၌ ဖတ်ရသကဲ့သို့၊ မျိုးနွှယ်စုစာရင်း များလည်းရှိပါသေးသည်။ ဘေဘီလုံ ကျွန်ဘ၀မှ သန့်ရှင်းသော ပြည်တော်သို့ ပြန်လာကြသောအခါ သူတို့သည် ဥပုသ်နေ့ကို စောင့်ရှောက်ကြပါသည်။
ခရစ်တော်အချိန်၌ဥပုသ်နေ့အသိတရားနှင့်မှတ်တမ်းတို့ပျောက်သွားခြင်းမရှိ
မဿဲ ၁၂း၁-၁၂ - အစ္စရေးတို့ဥပုသ်နေ့ကို ကြပ်ကြပ်မတ်မတ်စောင့် ရှောက်နေကြသည်ကို သခင်ယေရှုတွေ့ မြင်ပါသည်။
မာကု ၂း၂၇ - သူတို့စောင့်ရှောက်နေသောဥပုသ်နေ့သည် လူအတွက် ဖြစ်သည်ဟု ခရစ်တော်မိန့်တော်မူခဲ့ပါသည်။
ကမ္ဘာဦး ၂း၁-၃၊ ထွက်မြောက်ရာ ၂ဝး၈-၁၁ - ဥပုသ်နေ့သည် ဖန်ဆင်းခြင်း ကာလက ဥပုသ်နေ့ပင်ဖြစ်သည်။
လုကာ ၂၃း၅၄၊ “ထိုနေ့ကား အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့ အချိန်နီး သတည်း။” ဤဥပုသ်နေ့သည် ပညတ်တော်၌ပါသော ဥပုသ်နေ့ဖြစ်သော ကြောင့်၊ ဖန်ဆင်းခြင်း ကာလဥပုသ်နေ့ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် စတုတ္ထပညတ်သည် ဖန်ဆင်းခြင်းကာလကို ပြန်လည်၍ ရည်ညွှန်းထားပါ သည်။ ထို့အတွက်ကြောင့် ဥပုသ်နေ့သည် ဖန်ဆင်းခြင်းကာလမှစ၍ နှစ်ပေါင်း ၄၀၀၀ ကျော်သည်အထိ ခရစ်သက္ကရာဇ် ပထမရာစုကုန်လွန်သည်တိုင်အောင် ပြတ်တောက်သွားခြင်း မရှိပါ။
ခရစ်တော်ခေတ်ကာလမှစ၍
ခရစ်တော်အချိန်ကာလမှစ၍ မည်သည့်အချိန်ကာလမျှ၊ ပျောက်ဆုံး သွားခြင်းမရှိပါ။ ယနေ့ကျွန်ုပ်တို့အသုံးပြုသော ပြက္ခဒိန်သည်၊ လများကိုပြင် ဆင်မှု ရှိသော်လည်း၊ သိတင်းပတ်များလုံး၀ထိခိုက်ခြင်းမရှိပါ။ ၎င်းပြက္ခဒိန်ကို ဘုရင် ဂျူးလိယပ်စ်ဆီစာ၏ အမိန့်အရ ခရစ်တော်မတိုင်မီနှစ်ပေါင်း ၄၀ ကျော်အသုံးပြုခဲ့သော ပြက္ခဒိန်ဖြစ်ပါသည်။
နက္ခတ္တဗေဒပညာအရလည်း အချိန်ကာလပျောက်ဆုံးခြင်းမရှိပါ။ ပြက္ခ ဒိန်များ၊ ရာဇဝင်သမိုင်းများ၊ စွယ်စုံကျမ်းများ၊ အဘိဓာန်များ၊ ခေတ်ဟောင်း မိသားစုကျမ်းစာအုပ်များ၊ ခရစ်ယာန်လောကတရားဥပဒေများ၊ အစ္စလမ်၏ ထုံးတမ်းစဉ်လာများ၊ ဂရိကာသိုလိပ်အသင်းတော်၊ ရောမကာသိုလိပ်အသင်း တော်၊ ပရိုတက်စတန်အသင်းတော်၊ တစ်ကမ္ဘာလုံးရှိ ဂျူးလူမျိုးများနှင့် ခေတ် သစ်သိပ္ပံပညာ စသည်တို့ကပင်၊ သိတင်းပတ်၏နေ့ရက်များ ပျောက်ဆုံးသွား ခြင်းမရှိကြောင်း သက်သေပြကြပါသည်။
အခန်းကြီး - ၃၂။
၃၂။ ခရစ်ယာန်၏ဥပုသ်နေ့
THE
CHRISTIAN SABBATH
ဘုရားသခင်သည် နေ့ရက်တစ်ရက်ရှိသည်။
ဗျာဒိတ် ၁း၁၀၊ “သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကို ခံရ၍၊ တံပိုးခရာ အသံကဲ့သို့ငါ့နောက်၌မြည်သောအသံကြီးကိုကြား၏။” (ယေရှာယ ၅၈း၁၃၊ ငါ၏ သန့်ရှင်းသောနေ့)။
ထိုနေ့သည် ဥပုသ်နေ့၊ သို့မဟုတ် ငြိမ်ဝမ်စွာနေရသောနေ့ဖြစ်၏။
မာကု ၂း၂၇၊၂၈၊ “ဥပုသ်နေ့သည် လူအဖို့ဖြစ်၏။ လူသည်ဥပုသ်နေ့ အဖို့ ဖြစ်သည်မဟုတ်။ သို့ဖြစ်၍ လူ၏သားသည် ဥပုသ်နေ့ကိုပင် အစိုးရ၏။”
ယောဟန် (၁) ၌ပါသည့်အတိုင်း နှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၍၊ ဘုရားသခင်ဖြစ်တော်မူ၏။ သူသည်အရာခပ်သိမ်း ကို ဖန်ဆင်းတော်မူ၏ (ယောဟန် ၁း၁-၃)။ ထိုနှုတ်ကပတ်တော်သည် ခမည်း တော်၏ တစ်ဦးတည်းသောသား၊ ယေရှုခရစ်တော်ဖြစ်တော်မူ၏ (၁း၁၄)။ ကောင်းကင်နှင့် မြေကြီးတွင် ရှိရှိသမျှသောအရာတို့ကို ခရစ်တော်ဖန်ဆင်း တော်မူကြောင်း ကောလောသဲ ၁း၁၄-၁၇ ၌လည်း ကျွန်ုပ်တို့တွေ့ ရပါသည်။
ဟေဗြဲ ၁း၁၊၂၊ “ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ် အနည်းနည်းဗျာဒိတ် ပေးတော်မူသော ဘုရား သခင်သည်၊ ဤနောက်ဆုံးသောကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ။ ထိုသားတော်ကိုအလုံးစုံတို့၏ အမွေခံသခင်အရာ၌ ခန့် ထားတော်မူ၏။ သားတော်အားဖြင့်လည်းလောကဓာတ်တို့ကိုတည်တော်မူ၏”
ခမည်းတော်ဘုရားသခင်သည် သားတော်အားဖြင့် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်း၌ သခင်ယေရှုသည် အဓိကလှုပ်ရှားသော ပုဂ္ဂိုလ်ဖြစ်သောကြောင့်၊ ဥပုသ်နေ့သည် လူအတွက်ဖြစ်၏ဟု ဆိုရာ၌၊ ကိုယ် တော်သည် မိမိကိုယ်တိုင်၏ အလုပ်ကို ပြောဆိုနေခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ ဥပုသ်နေ့သည် ခရစ်တော်၏ နေ့ရက်ပင်ဖြစ်သည်။ သခင်ဘုရား၏ နေ့ရက် အမှန်ပင် ဖြစ်သည်။ ခမည်းတော်နှင့်အတူ သခင်ယေရှုခရစ်တော်ကိုယ်တော် တိုင်သတ်မှတ်ထားသော နေ့ရက်ဖြစ်ပါသည်။ ငါသည် ဥပုသ်နေ့၏ အရှင် သခင် ဖြစ်သည်ဟု သခင်ယေရှု ကြေငြာနေခြင်းဖြစ်ပါသည် (မာကု ၂း၂၈)။ ခရစ်တော်ကိုယ်တိုင်သတ်မှတ် ပြုလုပ်ထားသော ဥပုသ်နေ့ဖြစ်သောကြောင့် ဥပုသ်နေ့သည် သခင်ဘုရား၏ နေ့ပင်ဖြစ်ပါသည်။
ဥပုသ်နေ့သည်သတ္တမနေ့ရက်ဖြစ်၏
ဘုရားသခင်သည် နေ့ရက်တစ်ရက်ရှိတော်မူ၍၊ ထိုနေ့ရက်သည် ငြိမ် ဝပ်စွာ နေရသော ဥပုသ်နေ့တစ်နေ့ဖြစ်ရုံမက၊ သတ္တမနေ့ရက်ဖြစ်ပါသည်။
ကမ္ဘာဦး ၂း၁-၃ - “ထိုသို့ကောင်းကင်မြေကြီးနှင့်တကွ၊ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။ သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရား သခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍ ဖန် ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏။ ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းချီးပေး၍ သန့်ရှင်း စေတော်မူ၏။ အကြောင်းမူကား ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာ အလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ငြိမ်ဝပ်စွာနေတော်မူ၏”
ထွက်မြောက်ရာ ၂ဝး၈-၁၁၊ “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ် ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင်ထာ၀ရဘုရာ၏ ဥပုသ် နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တိရ စ္ဆာန်၊ သင်၏တံခါးအတွင်း၌ နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ အကြောင်းမူကား ထာ၀ရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမ နေ့ရက်၌ငြိမ်ဝပ် စွာနေတော်မူ၏။ ထို့ကြောင့် ထာ၀ရဘုရားသည် သတ္တမနေ့ရက်ကိုကောင်းချီး ပေး၍ သန့်ရှင်းစေတော်မူ၏။”
ဟေဗြဲ ၄း၄၊ “ခုနှစ်ရက်မြောက်သောနေ့ကို အကြောင်းပြု၍၊ ကျမ်းစာ တချက်၌၊ ဘုရားသခင်သည် မိမိအမှုအရာအလုံးစုံ တို့ကို ပြီးစီး၍ ခုနှစ်ရက် မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏ဟု လာသတည်း။”
ခုနစ်ရက်မြောက်သောနေ့၊ သတ္တမနေ့သည် ခရစ်ယာန်ဥပုသ်နေ့ဖြစ် ၏။
ယောဟန် ၁း၁-၃၊ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ် တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရား သခင် ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော် မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွှတ်လျက်ဖြစ်သော အရာတစ်စုံတစ်ခုမျှ မရှိ။”
ယောဟန် ၁း၁၄၊ “နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ခံယူ ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေ တော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။” (ဟေဗြဲ ၁း၁-၃၊ ၉၊ ၁၀)။
မာကု ၂း၂၇၊၂၈၊ “ဥပုသ်နေ့သည် လူအဖို့ဖြစ်၏။ လူသည် ဥပုသ်နေ့ အဖို့ ဖြစ်သည်မဟုတ်။ သို့ဖြစ်၍ လူ၏သားသည် ဥပုသ်နေ့ကိုပင် အစိုးရ၏။” လူအတွက် ဖြစ်သည်ဟု ဆိုထားပါသည်။
ကောလောသဲ ၁း၁၄၊၁၇၊ ဖန်ဆင်းခြင်းကာလ၌ ခရစ်တော်သည် အရာ ခပ်သိမ်းကို ဖန်ဆင်းခြင်းပြုလုပ်တော်မူခဲ့သည်။ ထိုအချိန်၌ပင် ဥပုသ်နေ့ကို ပြုလုပ်သတ်မှတ်ထားသည် ဖြစ်သောကြောင့် ဥပုသ်နေ့ကို ပြုလုပ်သတ်မှတ် သော သူသည် ခရစ်တော်ပင် ဖြစ်ပါသည် (ကမ္ဘာဦး ၂း၁၊ ၂။ ထွက်မြောက်ရာ ၂ဝး၈-၁၁)။ သို့ဖြစ်၍ ထိုနေ့ရက်သည် ခရစ်ယာန်ဥပုသ်နေ့ပင် ဖြစ်ပါသည်။
ဥပုသ်နေ့အချိန်သည် နေဝင်ချိန်မှ အစပြု၍ နောက်တစ်နေ့နေဝင်ချိန် ၌ ကုန်ဆုံးသွားသည်။
ဝတ်ပြုရာ ၂၃း၃၂ - “ထိုနေ့သည် ငြိမ်ဝပ်စွာနေရသော (ဥပုသ်) နေ့၊ ခြိုခြံစွာကျင့်ရသောနေ့ဖြစ်၏။ (၎င်းလ) န၀မနေ့ ညဦးမှစ၍ နက်ဖြန်ညဦးတိုင် အောင် ဥပုသ်စောင့်ရမည်။”
မာကု ၁း၃၂ - “နေဝင်၍ (ညဦး) အချိန်ရောက်လျှင်၊ မကျန်းမမာ သောသူနှင့် နတ်ဆိုးစွဲသောသူ ရှိသမျှတို့ကို အထံတော်သို hဆောင်ခဲ့၍၊” (ကမ္ဘာဦး ၁း၅၊၈၊၁၃၊၁၉၊၂၃၊၃၁။ ၂း၁-၃)။
ခရစ်တော်၏ပုံစံနမူနာ
လုကာ ၄း၁၆ - “ကြီးပွားတော်မူရာနာဇရက်မြို့သို့ ရောက်ပြန်လျှင်၊ ထုံးစံတော်ရှိသည့်အတိုင်း ဥပုသ်နေ့၌ တရားစရပ်သို့ ဝင်၍ ကျမ်းစာကို ဖတ် ရွတ်ခြင်းငှာ ထတော်မူ၏။”
၁ ပေတရု ၂း၂၁ - “ထိုသို့အလို့ငှာ သင်တို့ကို ခေါ်တော်မူပြီ။ ခရစ် တော်သည် ငါတို့အတွက်ခံတော်မူပြီဖြစ်၍၊ ခြေတော်ရာကို ရှောက်လိုက်စေ ခြင်းငှာ ပုံသက်သေကို ထားတော်မူပြီ။”
အခန်းကြီး - ၃၃။
၃၃။ ဥပုသ်နေ့ကို ပြောင်းလဲရန် ကြိုးစားအားထုတ်ခြင်း
THE
ATTEMPTED CHANGE OF THE SABBATH
သတ္တမနေ့သည် ဖန်ဆင်းခြင်းကာလ၌ ခရစ်တော်သတ်မှတ်သော သမ္မာကျမ်းစာ၏ စစ်မှန်သော ဥပုသ်နေ့၊ သို့မဟုတ် သခင်ဘုရားနေ့ဖြစ်သော် လည်း၊ ပထမနေ့ကို လူအများက စောင့်ရှောက်နေကြသည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်၏ အမိန့်တော်လုံး၀မရှိသော်လည်း အလေ့အကျင့်၌ ပြောင်းလဲသွားခြင်းသာဖြစ်ပါသည်။ ခရစ်တော်သည်လည်း ဘုရားသခင်၏ ပညတ်တရားကို မပြောင်းလဲခဲ့ပါ။
မဿဲ ၅း၁၇-၁၉ - “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ် ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်၊ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။ ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေ ကြီး မပျက်စီးမီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသောစာလုံး ဗိန္ဓုတလုံးမျှ ပြည့်စုံခြင်းသို့မရောက်မီ မပျက်စီးရ။ ထို့ကြောင့် အကြင်သူသည်၊ အငယ်ဆုံး သော ပညတ်တခုကို ကိုယ်တိုင်လွန်ကျူး၍ သူတပါးတို့အားလည်း ထိုအတူ သွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဖြစ်လိမ့် မည်။ အကြင်သူသည် ကိုယ်တိုင်ကျင့်၍ သူတပါးတို့အားလည်း သွန်သင်၏။ ထိုသူသည် ကောင်းကင် နိုင်ငံတော်၌ ကြီးသောသူဖြစ်လိမ့်မည်။”
မာကု ၂း၂၇၊၂၈ - ဥပုသ်နေ့သည် လူအဖို့ဖြစ်၏။ လူ၏သားသည် ဥပုသ်နေ့၏အရှင်သခင်ဖြစ်၏ဟု ခရစ်တော် မိန့်တော်မူပါသည်။
လုကာ ၄း၁၆ - ဥပုသ်နေ့၌ ဘုရားကျောင်းတက်ခြင်းသည် ခရစ် တော်၏ ထုံးစံတော်ဖြစ်၏။
တမန်တော်ပေါလှသည် ဘုရားသခင်၏ပညတ်တရားကို မပြောင်းလဲခဲ့ ပါ။
ရောမ ၇း၇ - “သို့ဖြစ်၍ အဘယ်သို့ပြောရမည်နည်း၊ ပညတ်တရား၌ အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ။ သို့ရာတွင် အပြစ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။ အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိစေနှင့် ဟု ပညတ်တရားမဆိုလျှင်၊ လောဘသဘောကို ငါမသိ။”
ရောမ ၇း၁၂ - “ထို့ကြောင့် တရားတော်သည် သန့်ရှင်းခြင်းရှိ၏။ ပညတ်တရားလည်းသန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။”
ရောမ ၇း၁၄ - “ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည် ကို ငါတို့သိကြ၏။ ငါမူကားဇာတိပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန် ဖြစ်၏။”
တမန်တော် ၁၇း၂ - ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တော် ဟောကြားခြင်းသည် ပေါလု၏ထုံးစံဖြစ်၏ (တမန်တော် ၁၃း၁၄၊ ၄၂၊ ၄၄။ ၁၆း၃၃)။
တမန်တော် ၂ဝး၂၇ - “ဘုရားသခင်၏အလိုတော်ကို သင်တို့အား အကုန်အစင်ဟောပြောပြသခြင်းအမှုကို ငါသည် မလွှဲမရှောင်ဘဲ ပြုခဲ့ပြီ။”
မှတ်ချက်။ ဖန်ဆင်းခြင်းကာလ၌ ခရစ်တော်ဖန်တီးခဲ့သော ဘုရား သခင်၏ ဥပုသ်တော်နေ့ကို မစောင့်ရှောက်ရန်၊ သို hမဟုတ် ၎င်းနေ့ရက် အခြား နေ့ရက်တစ်နေ့နေ့ကို စောင့်ရှောက်ကြရန် ရှင်ပေါလု၏ ပေးစာများအားလုံး၌ သွန်သင်ခြင်း တစ်စုံတစ်ခုမျှ မရှိပါ။ ဥပုသ်နေ့ပြောင်းလဲမည့်အကြောင်းကို လည်း ဖော်ပြခြင်းလုံး၀မရှိပါ။ သို့ဖြစ်၍ သတ္တမနေ့မှ ပထမနေ့သို့ ပြောင်းလဲ ခြင်းသည် ဘုရားသခင်၏ အလိုတော်မဟုတ်ပါ။ ဘုရားသခင်၏အလိုတော်ရှိ သမျှကို လူတို့အား တမန်တော်သည် အကုန်အစင်ဟောပြောခဲ့ပါသည်။ ဘုရားသခင့်လူတို့၏ ထုံးတမ်းကိုလည်း တမန်တော်သည် တစ်ခုမျှမပယ်ခဲ့ပါ (တမန်တော် ၂၈း၁၇)၊ ဥပုသ်နေ့သည် သူတို့ကျင့်သုံးခဲ့သော ထုံးတမ်းတစ်ခု ဖြစ်သော်လည်း၊ စောင့်ရှောက်ရန် အများက ပျက်ကွက်ကြပါသည်။
ဘုရားသခင်၏အချိန်ကာလနှင့်ပညတ်တရားများ ပြောင်းလဲရန်လူတို့ ကြိုးစား အားထုတ်မည်ဖြစ်ကြောင်း ကြိုတင်ဟောထားခြင်းရှိ
ဒံယေလ ၇း၂၅၊ “အမြင့်ဆုံးသောဘုရားကိုဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာ သော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေ ခြင်းငှာ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး သူ သည်အခွင့်ရလိမ့်မည်။” (၂ သက်သာလောနိတ် ၂း၃၊ ၄)။ ဘုရားသခင်၏ ပညတ်တရားကို ပြောင်းလဲရန် ကြိုးစားရာ၌ ဘုရားသခင်၏အထက်၌ လူ၏ အာဏာတန်ခိုးကို မြှင့်တင်ထားလိမ့်မည်။
ရောမအသင်းတော်၏ဝန်ခံချက်များ
“မေးခွန်း - အသင်းတော်သည် ပွဲလမ်းသဘင်ဆိုင်ရာ ကျင့်ဝတ်များ ပြဌာန်းပိုင်ခွင့်ရှိကြောင်း ထောက်ပြနိုင်သည့် အခြား နည်းလမ်း သင်၌ရှိပါ သလား။”
“အဖြေ - ထိုသို့ပြဌာန်းနိုင်သည့်အခွင့်မရှိလျှင် လက်ရှိဘာသာရေး သမားများ၊ အသင်းတော် (ကာသိုလိပ်)နှင့် သဘောတူသော အချက်များပြု လုပ်နိုင်မည်မဟုတ်ပါ။ နှုတ်ကပတ်တော်၏ခွင့်ပြုချက်မပါတဲ့ အပြောင်းအလဲ ဖြစ်သော၊သတ္တမနေ့ဖြစ်သည့် စနေနေ့စောင့်စည်းခြင်းနေရာတွင်၊ တစ်သိတင်း ၏ ပထမနေ့ဖြစ်သော တနင်္ဂနွေနေ့ စောင့်စည်းခြင်းကို အစားထိုးနိုင်မည် မဟုတ်ပါ။” A Doctrinal
Catechism, by Rev. Stephen Keenan p 174
“မေးခွန်း - ဥပုသ်နေ့သည်မည်သည့်နေ့ရက်ဖြစ်ပါသနည်း။”
“အဖြေ - စနေနေ့ဖြစ်ပါသည်။”
“မေးခွန်း - မည်သူပြောင်းလဲခဲ့ပါသနည်း။”
“အဖြေ - ရောမ (ကာသိုလိပ်)အသင်းတော်ဖြစ်ပါသည်” Rev:
Dr. Butler’s Catechism, Revised, p. 57 “ရောမ (ကာသိုလိပ်) အသင်းတော်သည်၊ ယေရှုခရစ်တော်၏ အမိန့် အာဏာအရ၊ သခင်ဘုရား၏ ရှင်ပြန်ထမြောက်ခြင်းကို အောက်မေ့သတိရ သောအားဖြင့် ဤဥပုသ်(ငြိမ်ဝပ်ရာ) နေ့ကို တနင်္ဂနွေနေ့သို့ ကူးပြောင်းစေခြင်း ဖြစ်ပါသည်။ ထိုသို့အားဖြင့် ပရိုတက်စ်တန့်ဘာသာဝင်တို့သည် တနင်္ဂနွေနေ့ကို စောင့်စည်းရာ၌ မိမိတို့ကိုယ်ကို သစ္စာခံမည့်အစား၊ ရောမအသင်းတော်၏ အခွင့်အာဏာအား သစ္စာခံနေခြင်းဖြစ်ပါသည်။” - Plain Talk About the
Prostestantism of To- day, by Msgr. Segur, p. 213
ခသ ၃၂၁ ခုနှစ်မတ်လ ၇ နေ့စွဲဖြင့် ဧကရာဇ်ဘုရင် ကွန်စတန်တင်း ပထမဦးဆုံးထုတ်ပြန်ခဲ့သော တနင်္ဂနွေနေ့ ဥပဒေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
“တရားသူကြီးများ၊မြို့သူမြို့သားများနှင့် ကုန်သွယ်ရေးလုပ်ငန်းရှင်များ အားလုံးသည် နေမင်းကြီး၏ ကြည်ညိုလေးမြတ်ဖွယ်သော နေ့ကြီး၌ အလုပ် မလုပ်ဘဲ နားနေကြရပါမည်။ သို့သော်လည်း ကျေးလက်ဒေသ၌ နေထိုင်ကြ ကုန်သော သူတို့သည် အချုပ်အချယ်မရှိလွတ်လပ်စွာဖြင့် စိုက်ပျိုးခြင်းလုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သီးနှံများ မျိုးကြဲရန်နှင့် စပျစ်နွယ်ပင်များ စိုက်ပျိုးရန် သင့်လျော်သော အခြားနေ့ရက် ရှိလေ့မရှိပါ။ မိုးနတ်မင်းပေးသနားသော ကုန်စည်များဆုံးရှုံးပါစေ၊ အရေးပါ သောအချိန်သမယကိုတော့ လွတ်မသွားစေကြနှင့်။” Corpus
Jurius Civilis Cod,: lib. 3, tit. 12, 3.
မှတ်ချက်။ ကွန်စတန်တင်းထုတ်ပြန်သော ဥပဒေအမိန့်တွင် ခရစ်တော် အကြောင်း၊ ထာ၀ရဘုရားအကြောင်း၊ သမ္မာကျမ်းစာအကြောင်း တစ်ချက်မျှ မပါပါ။ မြို့ကြီးသားများနှင့်သာဆိုင်သောအမိန့်ဖြစ်၍၊ ကျေးလက်ဒေသ နေသူ များနှင့် မသက်ဆိုင်ပါ။ ဧကရာဇ်ဘုရင်ကွန်စတန်တင်းနှင့် နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့သော ဘုန်းတော်ကြီးယူးစေးဘီယူးစ် (Eusebius, AD 270-338) ၏ရှင်းလင်းချက်သည် စိတ်ဝင်စားဖွယ်ကောင်းပါသည်၊ “ဥပုသ်နေ့၌လုပ်ရမည့် တာဝန်ဝတ္တရားရှိသမျှကိုပါ၊ သခင်ဘုရားနေ့သို့ ကျွန်ုပ်တို့ လွှဲပြောင်းလိုက်ပါ သည်။” - Eusebius, Commentary on
the Psalm.
ခသ ၃၆၄ ခုနှစ်တွင် ခရစ်ယာန်အများစုသည်၊ ဖန်ဆင်းခြင်းကာလ၌ ခရစ်တော်သီးသန့်ထားရှိခဲ့သော သခင်ဘုရားနေ့ အစစ်အမှန်ဖြစ်သည့် သတ္တ မနေ့ ဥပုသ်တော်နေ့ကို စောင့်ထိန်းနေဆဲဖြစ်ပါသည်။ လောဒိကိမြို့တွင် အသင်းတော်ကောင်စီ အစည်းအဝေးမှပြုလုပ်သော (ဗီ ၃၆၄) သမ္မာကျမ်းစာ ၏ ဥပုသ်နေ့ စောင့်ထိန်းခြင်းကို တားမြစ်သည့် ဆုံးဖြတ်ချက်က အထက်ပါ အချက်မှန်ကန်ကြောင်း ထောက်ပြနေပါသည်။
“(ခသ ၃၆၃ ခုနှစ်) လောဒိကိကောင်စီအစည်းအဝေးဆုံးဖြတ်ချက်မှ ဥပုသ်နေ့ပြောင်းလဲခြင်း - ခရစ်ယာန်တို့သည် ယုဒ(ဂျူး)ဘာသာမလိုက်ဘဲ၊ စနေ(ဥပုသ်)နေ့တွင် ပျင်းရိစွာမနေ၊ ထိုနေ့၌အလုပ်လုပ်ရမည်။ သို့သော်လည်း သခင်ဘုရားနေ့ကို အထူးရိုသေရမည်။ ခရစ်ယာန်များဖြစ်သည့်အတိုင်း၊ ဖြစ် နိုင်လျှင် ထိုနေ့ (တနင်္ဂနွေ) ၌ အလုပ်မလုပ်ရ။ အကယ်၍ ယုဒဘာသာ လိုက် နာကြောင်းတွေ့ရှိပါက၊ ခရစ်တော်ထံမှ ထိုသူတို့ကို ဖယ်ရှားပစ်ရမည်။” - A History of the Councils
of the Church: from the Original Document, Rev. Charles Joseph Hefele,
D. D., vol. II, p. 316.
ပရိုတက်စ်တန်တို့မည်သို့ပြောဆိုကြပါသနည်း
လူသာရန်အသင်းတော်
“ကာသိုလိပ်တို့သည် ဥပုသ်နေ့ကို မဟုတ်မမှန်ငြင်းချက်ထုတ်ကာ၊ မူရင်းပညတ်တော်ဆယ်ပါးနှင့် ဆန့်ကျင်၍ သခင်ဘုရားနေ့ဟု သမှုတ်လျက် တနင်္ဂနွေနေ့သို့ ပြောင်းခဲ့ပါသည်။ ဥပုသ်နေ့ပြောင်းလဲခြင်းထက် သူတို့ဝါကြွား စရာ အခြားအကြောင်း ကိစ္စတစ်ခုမျှမရှိပါ။ ပညတ်တော်ဆယ်ပါးထဲမှ တစ်ပါး နှင့် လွှတ်ငြိမ်းခွင့်ပြုနိုင်သည့်အတွက် အသင်းတော်၏ တန်ခိုးအာဏာသည် ကြီးမား လှပါသည်ဟု သူတို့ဆိုကြပါသည်။” - Auxsburg Confession, art.
XXVIII. မတ်သဒစ်အသင်းတော်
“အာဗြဟံဆိုင်ရာ ပဋိညာဉ်၌ ဂျူး (ယုဒ) လူမျိုးမိဘတို့၏ ရသင့်ရ ထိုက်သော အခွင့်အရေးကို လျော့အောင်လုပ်ဖို့ ခရစ်တော်၌ရည်ရွယ်ချက် မရှိ သကဲ့သို့၊ ကလေးသူငယ်များ ဗတ္တိဇံပေးဖို့ အမိန့်မရှိပါ၊ ဆန့်ကျင်ခြင်းလည်း မရှိပါ။ ခုနစ်ရက်တွင် ပထမနေ့ကို သန့်ရှင်းစေဖို့အမိန့်မရှိပါ၊ မိသားစုဘုရား ဝတ်ပြုဖို့အမိန့်၊ အမျိုးသမီးများ သခင်ဘုရားညစာသုံးဆောင်ဖို့ အမိန့်တို့လည်း မရှိပါ။ ကျိုးကြောင်းထင်ရှားလျက်ရှိပါသည်၊ ၎င်းကိစ္စများအတွက် အငြင်းပွား စရာမရှိပါ။” - Rev. Amos Binney, Theological
Compend., pp. 180, 181.
ခရစ်ယာန်အသင်းတော်
“ယုဒလူတို့၏ဥပုသ်နေ့နေရာ၌ သခင်ဘုရားနေ့ဝင်လာသည်ဟု ငါမယုံ ပါ။ ဥပုသ်နေ့ကို သတ္တမနေ့မှ ပထမနေ့သို့ ပြောင်းသွားသည်ဟုလည်း မယုံပါ။ အကြောင်းမှာ၊ သက်သေခံချက်တစ်ခုမှမရှိလို့၊ ယုံကြည်သက်ဝင်သောသူမရှိလို့ ဖြစ်ပါသည်။ ဥပုသ်နေ့ပြောင်းလဲပြီး၊ သခင်ဘုရားနေ့အစားထိုးဝင်လာပြီဟု ကောင်းကင်မှ ဗျာဒိတ်လာသည်ဟူသော အထောက်အထားမရှိပါ။ ဥပုသ်နေ့ ပြောင်းလဲပြီဖြစ်ကြောင်း၊ သခင်ဘုရားနေ့ အစားထိုးဝင်လာပြီ ဖြစ်ကြောင်း၊ ဘုရားသခင်၏သက်သေပြချက်မရှိသည် ဖြစ်သောကြောင့်၊ ဥပုသ်နေ့ပြောင်း လဲပြီ၊ သခင်ဘုရားနေ့ဖြင့်အစားထိုးပြီဟု ယုံကြည်သက်ဝင်နိုင်သော အခြေ အနေမရှိပါ။” - Alexander Campbell
(Candidus), in Washington (Pa.) Reporter, Oct. 8, 1821.
ကွန်ဂရီးဂေးရှင်းနယ်လစ်အသင်းတော်
“မည်မျှပင်သက်ဝင်ယုံကြည်၍ တနင်္ဂနွေနေ့ကို တင်းကျပ်စွာ စောင့် ထိန်းကြစေကာမူ၊ ကျွန်ုပ်တို့သည် ဥပုသ်နေ့ကို စောင့်ထိန်းခြင်းမဟုတ်ကြောင်း အလွန်ထင်ရှားပါသည်။ ဥပုသ်နေ့သည် တိကျသော ဘုရားသခင်၏ အမိန့် တော်၌ အခြေပြုထားပါသည်။ တနင်္ဂနွေနေ့စောင့်ရှောက်နိုင်ဖို့ရန် ၎င်းအမိန့် တော်မျိုးကျွန်ုပ်တို့ တောင်းဆိုလို့မရပါ။ တနင်္ဂနွေနေ့စောင့်ထိန်းထိုက်သည် ဟူသော ယူဆချက်ကို ကျူးလွန်ဖောက်ဖျက်ခြင်းဖြင့် ပြစ်ဒဏ်သင့်မည်ဟူသော အရိပ်အမြွက် တစ်ခုမျှ ဓမ္မသစ်ကျမ်းတွင် စာကြောင်းတစ်ကြောင်းမျှ မရှိပါ။” R.
W. Dale, D.D., The Ten Commandments, pp. 106, 107.
ပရက်စ်ဘီတီးရီးယန်းအသင်းတော်
“လူ့ကျင့်ဝတ်တရား (ပညတ်တော်ဆယ်ပါး) သည် ဖြောင့်မှန်သူများ ရော မဖြောင့်မှန်သောသူများပါ လိုက်နာရန် လူတိုင်းကို အစဉ်ချည်နှောင် ထားပါသည်။ တရား၌ပါသောအချက်များသာမကဘဲ၊ အမိန့်တော်ရှိသော ဖန်ဆင်းရှင်ဘုရား သခင်၏ တန်ခိုးအာဏာတော်ကို ရိုသေသောအားဖြင့် နားထောင်ကြရပါမည်။ ခရစ်တော်ကလည်း ဧဝံဂေလိကျမ်း (ခရစ်ဝင်ကျမ်း) ထဲ၌ ပယ်ဖျက်ထားခြင်း မရှိသည့်အပြင်၊ လိုက်နာရန် လူတိုင်းကို အစဉ် ချည်နှောင်ထားပါသည်။ တရား၌ပါသောအချက်များသာမကဘဲ၊ အမိန့်တော်ရှိ သော ဖန်ဆင်းရှင် ဘုရားသခင်၏တန်ခိုးအာဏာတော်ကို ရိုသေသောအားဖြင့် နားထောင်ကြရပါမည်။ ခရစ်တော်ကလည်း ဧဝံဂေလိကျမ်း (ခရစ်ဝင်ကျမ်း) ထဲ၌ ပယ်ဖျက်ထားခြင်း မရှိသည့်အပြင်၊ လိုက်နာရန်တာဝန်ရှိကြောင်း ဖိအားပေးထားပါသည်။” – The
Constitution of the Presbyterian Church in the USA.
အင်္ဂလန်အသင်းတော်
“တနင်္ဂနွေနေ့၌ အလုပ်လုပ်ခြင်းရှောင်ကြဉ်ရန် စကားတစ်ခွန်းမျှ၊ အရိပ်အမြွက်တစ်ခုမျှ ဓမ္မသစ်ကျမ်း၌ မရှိပါ။. . . အင်္ဂလိပ်ဝါတွင်းရက်များ၊ ရောမကာသိုလိပ်ဝါတွင်းရက်များနှင့် တနင်္ဂနွေနေ့စောင့်ရှောက်ခြင်းတို့သည် အခြေခံထပ်တူထပ်မျှ ဖြစ်ပါသည်။. . . တနင်္ဂနွေနေ့၌ ငြိမ်ဝပ်စွာ (နား) ရန်၊ ဘုရားသခင်၏တရားတော်မရှိ။”- The Ten Commandment,
Canon Eyton.
ဗတ္တစ်ခေါ် နှစ်ခြင်းအသင်းတော်
“ဥပုသ်နေ့ကို သန့်ရှင်းစေရန် ပညတ်တော်ရှိခဲ့သည်၊ ရှိနေဆဲလည်းဖြစ် သည်။ သို့သော်ဥပုသ်နေ့သည် တနင်္ဂနွေနေ့ မဟုတ်ပါ။ သို့သော် အောင်ပွဲ အချို့ကြောင့် ဥပုသ်နေ့ကို၊ ၎င်းနှင့်စပ်ဆိုင်သော တာဝန်ဝတ္တရားများ၊ အခွင့် အလမ်းများနှင့် အခွင့်အာဏာတို့နှင့်အတူ သတ္တမနေ့မှ ပထမနေ့သို့ ပြောင်းလဲ ခဲ့သည်ဟု ဆိုရပါမည်။ ကျွန်တော်သည် နှစ်ပေါင်းများစွာ လေ့လာခဲ့သည့် အတိုင်း၊ ထိုအကြောင်းကို ကြားသိချင်သောဆန္ဒပြင်းပြစွာဖြင့်၊ ထိုသို့ပြောင်းလဲ ခြင်းအတွက် မှတ်တမ်း ဘယ်မှာရှိမည်နည်း ဟုမေးခွန်းမေးခဲ့ပါသည်။ ဓမ္မ သစ်ကျမ်းစာတွင် မတွေ့ရပါ။ လုံး၀မရှိပါ။ တစ်သိတင်း၏ သတ္တမနေ့မှ ပထမ နေ့သို့ ဥပုသ်နေ့ပြောင်းလဲခြင်းအတွက် ကျမ်းစာအထောက်အထားမရှိပါ။
“ကောင်းပြီ။ ခရစ်ယာန်ဖာသာများနှင့်အခြားသောပုဂ္ဂိုလ်ကြီးများထံမှ ကျွန်ုပ်တို့ကြားသိခဲ့သကဲ့သို့၊ တနင်္ဂနွေနေ့ကို ဘာသာရေးနေ့ကြီးတစ်နေ့အဖြစ် ရှေးဦးခရစ်ယာန်သမိုင်းတွင် အသုံးပြုခြင်းမရှိခဲ့ကြောင်းကို ကျွန်တော် အသေ အချာ သိရှိလာရပါသည်။ သို့သော် ထိုနေ့ရက်သည် ရုပ်တုကိုးကွယ်ခြင်းဓလေ့ အမှတ်အသား တစ်ခုအနေဖြင့် စွဲကပ်ပါလာလျက်၊ နေနတ်ဘုရား၏ နာမနှင့် အမည်ပေးကာ၊ ဖောက်ပြန်သော ရောမရဟန်းမင်းတို့ အခွင့်အာဏာနှင့် မွေးစားထားခဲ့ရင်းက၊ ပရိုတက်စတန် တို hအား တရားဝင် အမွေအဖြစ်ပေးထား ခြင်းဖြစ်ကြောင်း ဝမ်းနည်းဖွယ်တွေ့ရှိရပါသည်။” - Dr. Edward T. Hiscox, author
of The Baptist Manual, in a paper read before a New York Ministers’
Conference held Nov. 13, 1893.
အခန်းကြီး - ၃၄။
၃၄။ ဘုရားသခင်၏ပညတ်တရားတော်
THE LAW OF
GOD
ဘုရားသခင်ပေးထားသည့်အတိုင်း၊
“ငါ၏ပဋိညာဉ်တရားကိုလည်းမရှုတ်ချရ။ ငါမိန့်မြွက်သောစကားလည်းဖောက်ပြန်ခြင်းမရှိရ။” ဆာလံ ၈၉း၃၄။
ပထမ
ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။
ဒုတိယ
အထက်မိုးကောင်းကင်၌၎င်း၊ အောက်အရပ်မြေကြီးပေါ်၌၎င်း၊ မြေ ကြီး အောက်ရေထဲ၌၎င်း ရှိသောအရာနှင့်ပုံသဏ္ဍာန်တူအောင်၊ ရုပ်တုဆင်းတု ကို ကိုယ့်အဘို့မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား သင်၏ ဘုရား သခင် ငါထာ၀ရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသော သူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထ အဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေးစီရင်သောဘုရား၊ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကိုကျင့်သောသူတို့၏ အမျိုးအစဉ်အဆက်အထောင် အသောင်းတိုင်အောင် ကရုဏာကိုပြသော ဘုရားဖြစ်၏။
တတိယ
သင်၏ ဘုရားသခင်ထာ၀ရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍
မမြွက် မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကိုမုသာနှင့် ဆိုင်၍မြွက်ဆိုသော သူကို အပြစ်မရှိဟု ထာ၀ရဘုရားမှတ်တော်မမူ။
စတုတ္ထ
ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံးအလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ ရက်သည် သင်၏ဘုရားသခင်ထာ၀ရဘုရား၏ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှ စ၍ သင်၏ သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တိရစ္ဆာန်၊ သင်၏တံခါးအတွင်း ၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ အကြောင်းမူကား၊ ထာ၀ရ ဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထို့ကြောင့် ထာ၀ရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်း စေတော်မူ၏။
ပဉ္စမ
သင်၏ဘုရားသခင်ထာ၀ရဘုရားပေးသနားတော်မူသောပြည်၌သင်၏ အသက်တာရှည်မည်အကြောင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။
ဆဌမ
လူအသက်ကို မသတ်နှင့်။
သတ္တမ
သူ့မယားကို မပြစ်မှားနှင့်။
အဌမ
သူ့ဥစ္စာကိုမခိုးနှင့်။
န၀မ
ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ မမှန်သောသက်သေကို မခံနှင့်။
ဒဿမ
ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေ နှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယား၊ သူ၏ ကျွန်ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစုံတခုကိုမျှ တပ်မက်လိုချင် သော စိတ်မရှိစေနှင့်။ ထွက်မြောက်ရာ ၂ဝး၃-၁၇။
လူပြောင်းလဲသည့်အတိုင်း
“ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာ ကြံစည် လိမ့်မည်။” ဒံယေလ ၇း၂၅။
ပထမ
ငါသည်သင်၏ ဘုရားသခင်ထာ၀ရဘုရားဖြစ်၏။ ငါမှတပါးအခြား သော ဘုရားများ သင်၌မရှိစေရ။
ဒုတိယ
သင်၏ဘုရားသခင်ထာ၀ရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။
တတိယ
ဥပုသ်နေ့ကို သင်သည်သန့်ရှင်းစေသည်ဟု အောက်မေ့လော့။
စတုတ္ထ
သင်၏မိဘကို ရိုသေစွာပြုလော့။
ပဉ္စမ
လူ့အသက်ကိုမသတ်နှင့်။
ဆဌမ
သို့နှင့် သူ့မယားကိုမပြစ်မှားနှင့်။
သတ္တမ
သူ့ဥစ္စာကို မခိုးနှင့်။
အဌမ
ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌မမှန်သောသက်သေကို မခံနှင့်။
န၀မ
ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယားကို တပ်မက်လိုချင်သောစိတ်မရှိစေ နှင့်။
ဒဿမ
ကိုယ်နှင့်စပ်ဆိုင်သောသူ၏ပစ္စည်းဥစ္စာကိုတပ်မက်လိုချင်သောစိတ်မရှိစေနှင့်။ (Convert’s Catechism of
Catholic Doctrine, p. 37, Edition 1921)
No comments:
Post a Comment