အခန်း - ၃၅။ သားရဲပုံဆောင်သော ဗျာဒိတ်ကျမ်း ၁၃
အခန်း - ၄၃။ သေသောသူ၏အခြေအနေ
အခန်းကြီး - ၃၅။
၃၅။ သားရဲပုံဆောင်သော ဗျာဒိတ်ကျမ်း ၁၃
THE BEAST
SYMBOL OF REVELATION 13
တစ်ခန်းလုံးဖတ်ပါ။ ဗျာဒိတ် ၁၃း၁-၁၀ ၌ဖော်ပြသောသားရဲသည် အခန်းငယ် ၁၇၊ ၁၈ ၌ဖော်ပြသော သားရဲပင်ဖြစ်သည်။ ဒံယေလ အနာဂတ္တိ ကျမ်းနှင့် ဗျာဒိတ်ကျမ်းအခြားအခန်းကြီးများမှာကဲ့သို့ သားရဲသည် အုပ်စိုး သော အာဏာတန်ခိုးကိုပုံဆောင်သည်။
ဗျာဒိတ် ၁၃း၂၊ “ငါမြင်သောသားရဲသည် ကျားသစ်နှင့်တူ၏။ သူ၏ ခြေသည် ဝံခြေကဲ့သို့ဖြစ်၏။ သူ၏နှုတ်သည်လည်း ခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိတန်ခိုး နှင့် မိမိပလ္လင်ကို၎င်း၊ ကြီးစွာသောအာဏာစက်ကို၎င်း၊ သားရဲ၌အပ်ပေး၏။”
ဤတန်ခိုးရှင်သည် ရုပ်တု၊ တံဆိပ်လက်မှတ်နှင့် အရေအတွက် (နံပါတ်) ရှိ၏ (ဗျာဒိတ် ၁၅း၂ KJဠ.)။ သားရဲသည် နဂါး၏ရာထူးကို ဆက်ခံလျက်၊ နဂါး၏နန်းတော်ကိုလည်းရရှိ၏ (ဗျာဒိတ် ၁၃း၁-၆)။ နဂါးသည် မူလအားဖြင့် စာတန်မာရ်နတ်ဖြစ်၏(ဗျာဒိတ် ၁၂း၁-၉)။ ဒုတိယအနေဖြင့်၊ ခရစ်တော်ကို ဖျက်ဆီး ရန် လက်ကိုင်တုတ်အနေဖြင့် စာတန်အသုံးပြုသော ရုပ်တုကိုးကွယ်သည့် ရောမနိုင်ငံ တော်အစိုးရဖြစ်၏။ ပုံဆောင်ချက် သုံးချက် ကို မှတ်ထားပါ။
“နဂါး” - ရောမ အစိုးရ
“မိန်းမ” - အသင်းတော် ( ၂ ကောရိန်သု ၁၁း၂)
“သားယောက်ျား” - ခရစ်တော် (ဗျာဒိတ် ၁၉း၁၅၊ ၁၆)
ရုပ်တုကိုးကွယ်သောရောမအစိုးရကို၊ နန်းတော်ပါလက်ခံရရှိသော ရောမခရစ်ယာန်အသင်းတော်က ဆက်ခံလိုက်ပါသည် (ဗျာဒိတ် ၁၃း၁။ ယောဟန် ၁ဝး၃၃။ လုကာ ၅း၂၁)။ အသရေတော်ကိုရှုတ်ချခြင်းသည် ဘာသာ ရေးပြစ်မှုတစ်ခု ဖြစ်သည်။ အပြစ်လွှတ်နိုင်သော အခွင့်အာဏာသည် ဘုရား သခင်နှင့်သာ သက်ဆိုင်သည်။ ဘုရားသခင်ခံထိုက်သော ဂုဏ်အသရေကို လူမခံထိုက်ပါ။
၆၆၆ သည် လူ(ယောက်ျား)၏နံပါတ်အရေအတွက်ဖြစ်သည်။
ရောမသာသနာ့ ဂိုဏ်းချုပ်ကြီး၏ ဘွဲ့နာမတစ်ခုသည် ဘုရားသခင့်
သားတော်၏ကိုယ်စားတော်၊ လက်တင်ဘာသာဖြင့် ဠငခမေငကျ Fငူငင Dနင ဖြစ်ပါသည်။ ဤတရားဝင်နာမသည် ပုပ်ရဟန်မင်းများအသုံးပြုသော ဘွဲ့နာမ တစ်ခုအဖြစ် အသိအမှတ် ပြုကြသည်။ ဤလက်တင် သို့မဟုတ် ရောမစကား ပိုဒ်မှ အက္ခရာများသည် နံပါတ် ၆၆၆ အရေအတွက်ရှိပါသည်။
ဠ - ၅ F
– ၁ D
- ၅၀၀
I – ၁ I
– ၁
န - ၀
ဃ – ၁၀၀ L
- ၅၀ I
- ၁
ဗ – ၀ I
- ၁
R – ၀ I
– ၁
I – ၁
U – ၅
S – ၀
စုစုပေါင်း ၆၆၆ ဖြစ်သည်။
“Donation of Constantine” ဟုခေါ်ဆိုသော ကမ္ဗည်းစာတွင် ဤသို့ ရေးထိုးထားပါသည်။
“မင်္ဂလာရှိပေတရုသည် မြေကြီးပေါ်တွင် ဘုရားသခင့်သားတော်၏ ကိုယ်စားတော်အဖြစ်ခန့်အပ်ခြင်းခံခဲ့သကဲ့သို့၊ တမန်တော်များ၏ အကြီးအမှူး ဖြစ်ရန် သင့်လျော်သော ကိုယ်စားလှယ်တော်များဖြစ်သည့် ဂုဏ်းချုပ်ကြီးများ သည်လည်း၊ ကျွန်ုပ်တို့၏ နိုင်ငံတော်ထံမှ လောကဧကရာဇ်ဘုရင်တို့ထက် အမွန်မြတ်ဆုံးသော ဂုဏ်ပြုခြင်းကိုခံထိုက်ကြပါသည်။” - Christopher B.
Coleman, The Treatise of Lorenzo on the Donation of Constantine,
pp. 12, 13.
သားရဲတံဆိပ်အမှတ်
ဗျာဒိတ် ၁၄း၉-၁၂၊ “တတိယကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့်သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌ခံသည် ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ဒေါသဖလား၌ လောင်းသော အမျက်တော်စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်း သော ကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင်၊ ကန့်နှင့်ရောသော မီးထဲ မှာ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက်ရှိ၏။ သားရဲနှင့်သူ၏ရုပ်တုကို ကိုးကွယ်၍ သူ၏နာမတံဆိပ်လက်မှတ်ကိုခံသောသူတို့သည် နေ့ညမပြတ် သက်သာမရကြ ဟု လိုက်၍ကြီးသောအသံ နှင့် ပြောဆို၏။ ဘုရားသခင်၏ပညတ်တို့ကို၎င်း၊ ယေရှု၏ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ ၌ သည်းခံစရာအကြောင်းရှိ၏။”
ဤတွင် “တံဆိပ်လက်မှတ်” လက်ခံခြင်းသည် သားရဲတို့ကို ကိုးကွယ် ရာ ရောက်သောကြောင့်၊ ၎င်းတံဆိပ်လက်မှတ်သည် ဘာသာရေးကို ပုံဆောင် နေပါသည်။ အပြင်အပအားဖြင့် ပုံဆောင်ခြင်းမဟုတ်ပါ။ ဟုတ်ခဲ့သော် ငြင်းဆန်သောသူတို့အပေါ်၌ အတင်းအကျပ်ပြုလုပ်ပါလိမ့်မည်။ ၎င်းတံဆိပ် လက်မှတ်ကို လက်မခံငြင်းပယ်သော သူတို hသည် ဘုရားသခင်၏ ပညတ် တော်နှင့် ယေရှု၏ယုံကြည်ခြင်းတို့ကို စောင့်ရှောက်ကြပါသည်။ သားရဲ၏ တံဆိပ်လက်မှတ်ကို ရရှိသောသူတို့သည် ၎င်းတို့ကို မစောင့်ရှောက်ကြပါ။ ဘုရားသခင်၏တံဆိပ်တော်ကို လက်ခံသောသူတို့သည် သားရဲ၏တံဆိပ်လက် မှတ်အပေါ် အောင်မြင်ခြင်းရရှိကြပါသည်။ ဘုရားသခင်၏ တံဆိပ်တော်သည် ဥပုသ်နေ့နှင့်စပ်ဆိုင်သည် ဖြစ်သောကြောင့်၊ သားရဲ၏တံဆိပ် လက်မှတ်သည် စတုတ္ထပညတ်ကို ချိုးဖောက်ခြင်း၏အမှတ်အသားဖြစ်ပါသည်။
ဗျာဒိတ် ၇း၃၊ “ငါတို့ဘုရားသခင်၏ ကျွန်တို့ကိုနဖူး၌ တံဆိပ်မခတ်မီ တိုင်အောင်မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဉ်းဆဲပါနှင့်ဟု ကြီးသောအသံနှင့် ကြွေးကြော်လေ၏။”
သားရဲ၏တံဆိပ်လက်မှတ်ကို နဖူး၌ဖြစ်စေ၊ လက်၌ဖြစ်စေ လက်ခံ သည် ဟုဆိုရာ၌၊ နဖူးသည် စိတ်နှလုံး၏ဗဟိုချက်မဖြစ်ပြီး၊ လက်သည်သဘော တူ ပူးပေါင်းခြင်းကို ဆိုလိုပါသည်။ ယနေ့တွင် မည်သူကမျှ ၎င်းတံဆိပ် လက်မှတ်ကို မရရှိကြသေး။ တစ်နိုင်ငံလုံးနှင့်ဆိုင်သော တနင်္ဂနွေနေ့ ဥပဒေ အတည်ဖြစ်လာလျက်၊ ၎င်းကို လိုက်လျောခွင့်ပြုခြင်းသည် ပညတ်တော် ဆယ် ပါးမှ စတုတ္ထပညတ်ကို ချိုးဖောက်ခြင်းဖြစ်လာသောအခါ၊ သားရဲတံဆိပ်လက် မှတ် လက်ခံရရှိခြင်းဖြစ်ပါလိမ့်မည်။
မှတ်ချက်။ ဗျာဒိတ်ကျမ်း ၁၃ က သိုးသငယ်နှင့်တူသောသားရဲသည်၊ ကျားသစ်နှင့်တူသောသားရဲဖြစ်စေ၊ ၎င်းသားရဲ၏ရုပ်တုကိုဖြစ်စေ၊ လူတို့ကို ကိုးကွယ်ခိုင်းပါသည်။ ၎င်းသည် ရောမကာသိုလိပ်အယူဝါဒနှင့် ခေတ်ပေါ် ပရိုတက်စတန့် အယူဝါဒတို့ နိုင်ငံရေးအစိုးရနှင့် ပူးပေါင်းလက်တွဲလုပ်ဆောင် ခြင်း ဖြစ်ပါသည်။
ရောမကာသိုလိပ်သည် ငြိမ်ဝပ်ရာ(ဥပုသ်)နေ့ကိုတစ်သိတင်း၏ သတ္တမ နေ့မှ ပထမနေ့သို့ သူတို့ပြောင်းလဲခဲ့ခြင်းဖြစ်၍၊ ဘာသာရေး ကိစ္စများ၌ သူတို့ အခွင့်အာဏာရှိကြောင်း အမှတ်အသားဖြစ်သည်ဟု အရေးဆိုနေပါသည်။
“မေးခွန်း” - အသင်းတော်သည် ပွဲလမ်းသဘင်ဆိုင်ရာ ကျင့်ဝတ်များ ပြဌာန်းပိုင်ခွင့်ရှိကြောင်း ထောက်ပြနိုင်သည့် အခြားနည်းလမ်း သင်၌ရှိပါ သလား။
“အဖြေ” - ထိုသို့ပြဌာန်းနိုင်သည့် အခွင့်မရှိလျှင်၊ လက်ရှိဘာသာရေး သမားများ၊ အသင်းတော် (ကာသိုလိပ်) နှင့်သဘောတူသော အချက်များ ပြုလုပ်နိုင်မည် မဟုတ်ပါ။ နှုတ်ကပတ်တော်၏ ခွင့်ပြုချက်မပါတဲ့ အပြောင်း အလဲဖြစ်သော၊ သတ္တမနေ့ဖြစ်သည့် စနေနေ့စောင့်စည်းခြင်းနေရာတွင်၊ တစ် သိတင်း၏ ပထမနေ့ဖြစ်သော တနင်္ဂနွေနေ့စောင့်စည်းခြင်းကို အစားထိုးနိုင် မည်မဟုတ်ပါ။” - A Doctrinal Catechism, by
Rev. Stephen Keenan, p. 174.
“၎င်းအပြောင်းအလဲသည် သူ(ရောမကာသိုလိပ်)၏ လုပ်ဆောင်ချက် ဖြစ်ကြောင်း၊ . . . . ၎င်းလုပ်ဆောင်ချက်သည် ဘာသာရေးကိစ္စများ၌ ဘုန်းတော်ကြီး၏ လုပ်ပိုင်ခွင့်အမှတ်အသားတစ်ခုဖြစ်ကြောင်း၊ ရောမကာသို လိပ်အသင်းတော်က အရေးဆိုနေပါသည်။” - Mr. H. F. Thomas, Chancellor
to Cardinal Gibbons, letter Nov. 1895.
အခန်းကြီး - ၃၆။
၃၆။ ဘုရားသခင်၏တံဆိပ်တော်
THE SEAL
OF GOD
နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ကျွန်တို့သည် တံဆိပ်ခတ်ခြင်း ကို ခံရမည်။ ဗျာဒိတ် ၇း၁-၃၊ “ထိုနောက်မှ မြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌ လေမလာစေခြင်းငှာ၊ ကောင်းကင်တမန်လေးပါးတို့သည် မြေ၏လေးမျက်နှာ လေတို့ကို ကိုင်၍၊ မြေ လေးမျက်နှာ၌ရပ်နေသည်ကို ငါမြင်၏။ အသက် ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင်တမန်တပါး သည် အရှေ့မျက်နှာက တက်လာသည်ကို ငါမြင်၏။ သူသည်လည်း မြေနှင့် ပင်လယ်ကို ညှဉ်းဆဲရသော အခွင့်ရှိသော ကောင်းကင်တမန်လေးပါးကို အသံ လွှင့်၍၊ ငါတို့ဘုရားသခင်၏ ကျွန်တို့ကို နဖူး၌ တံဆိပ်မခတ်မီတိုင်အောင်၊ မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဉ်းဆဲပါနှင့် ဟု ကြီးသောအသံနှင့် ကြွေးကြော်လေ ၏။” (ဗျာဒိတ် ၁၄း ၁။ ယေဇကျေလ ၉း၁-၆)။
တံဆိပ်သို့မဟုတ် လက်မှတ်သည် တရားဥပဒေနှင့်ဆိုင်သော စာချုပ် စာတမ်းများနှင့်ဆက်နွှယ်၍ သမ္မာကျမ်းစာ၌လည်း၊ ၎င်းအဓိပ္ပါယ်နှင့် အသုံးပြု ခဲ့ပါသည်။
၃ ဓမ္မရာဇဝင် ၂၁း၈၊ “အာဟပ်မင်း၏အခွင့်နှင့် စာရေး၍ တံဆိပ် တော်နှင့် ခတ်ပြီးမှ။ နာဗုတ်နေရာမြို့၌ သူနှင့်အတူနေသော အသက်ကြီးသူနှင့် မှူးမတ်များ ထံသို့ပေးလိုက်လေ၏။”
ဧသတာ ၃း၁၂၊ “ပထမလ ၁၃ ရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကို ခေါ်၍ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန်မှာထားသမျှအတိုင်း၊ လူအမျိုးမျိုးပြောသောစကားအသီး အသီးအားဖြင့် ရှင်ဘုရင်အာရွှေရု၏ အမိန့်တော်စာကို ရေး၍၊ ရှင်ဘုရင်၏ လက်စွပ်တော်နှင့် တံဆိပ်ခတ်လေ၏။”
ဒံယေလ ၆း၈၊ “အရှင်မင်းကြီး၊ အမိန့်ရှိတော်မူပါ။ မပြောင်းလဲတတ် သော မေးဒီးယား၊ ပါးရှားဓမ္မသတ်အတိုင်း အမိန့်တော်တည်စေခြင်းငှာ၊ တံဆိပ်ခတ်တော်မူပါ။”
မှတ်ချက်။ တရားဝင်တံဆိပ်တွင် အချက်သုံးချက်ပါရပါသည်။ (၁) အမိန့်ရှိသူ၏နာမည်၊ (၂) သူ၏တရားဝင်ရာထူး၊ (သို့) ပိုင်ဆိုင်ခွင့်၊ (သို့) အုပ်ချုပ်ခွင့်၊ (၃) သူ၏နိုင်ငံ (သို့) ပိုင်နက်နယ်မြေ၊ ဥပမာ-
ပုဂ္ဂိုလ်နာမည်
- ဂျော့ဝါရှင်တန်
တရားဝင်ရာထူး
- သမ္မတ
ပိုင်နက်နယ်မြေ - အမေရိကန်ပြည်ထောင်စု
ဘုရားသခင်၏တံဆိပ်တော်သည် ပညတ်တော်နှင့် ဆယ်နွှယ်လျက်ရှိ ရာ၊ စတုတ္ထပညတ်တွင် တွေ့ရပါသည်။
ထွက်မြောက်ရာ ၂ဝး၈-၁၁၊ “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထို နေ့ရက်ကို အောင်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာ၀ရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ် မလုပ်ရ။ အကြောင်းမူကား၊ ထာ၀ရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍၊ သတ္တမနေ့ရက် ၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထို့ကြောင့် ထာ၀ရဘုရားသည်သတ္တမနေ့ရက်ကို ကောင်းချီးပေး၍၊ သန့်ရှင်းစေတော်မူ၏”
ပညတ်တော်ဆယ်ပါးအားလုံးကို ဖတ်ကြည့်ပါ။ စတုတ္ထပညတ်၌သာ (၁) ဘုရားသခင်၏နာမတော် “ထာ၀ရဘုရား”၊ (၂) တရားဝင်ရာထူးတော် “ဖန်ဆင်းရှင်”၊ (၃) ပိုင်နက်နယ်မြေ “ကောင်းကင်၊ မြေကြီး”၊ တို့ကို တွေ့ ရပါသည်။
သမ္မာကျမ်းစာက၊ ဥပုသ်နေ့သည် ဘုရားသခင်၏လက်မှတ်(တံဆိပ်) ဖြစ်သည်ဟု ဆိုပါသည်။
ယေဇကျေလ ၂ဝး၁၂၊၂၀၊ “ငါထာ၀ရဘုရားသည် သူတို့ကို သန့်ရှင်း စေသည်ဟု သူတို့သည်သိမည်အကြောင်း၊ ငါနှင့်သူတို့ စပ်ကြားမှာ လက္ခဏာ သက်သေ ဖြစ်စေခြင်းငှာ၊ ငါ၏ဥပုသ်နေ့ကို ငါခန့်ထား၏။” “ငါ၏ဥပုသ်နေ့ တို့ကိုလည်းသန့်ရှင်းစေကြလော့။ ငါသည် သင်တို့၏ဘုရားသခင်ထာ၀ရဘုရား ဖြစ်သည်ဟု၊ သင်တို့သည်သိမည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါနှင့်သင်တို့ စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေကြလော့။” (ထွက်မြောက်ရာ ၃၁း၁၃၊ ၁၇)။
ယေရှာယ ၈း၁၆၊ “ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ်ထား ၍၊ ပညတ်တရားကိုတံဆိပ်ခတ်လော့။” ဤသတင်းစကားသည် သခင်ဘုရား ကြွလာဖို့ စောင့်မျှော်နေသောသူများအတွက်ဖြစ်ကြောင်း၊ အငယ် ၁၇ က ဖော်ပြပါသည်။
ထာ၀ရဘုရားသည် ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ ဥပုသ်နေ့က သိတင်းပတ် တိုင်း သတိရစေသည့်အပြင်၊ မမှန်သောဘုရားများမှ ခြားနားထင်းရှားသိသာ စေပါသည်။
ဆာလံ ၉၆း၅၊ “တပါးအမျိုးသားတို့၏ဘုရားရှိသမျှတို့သည် အချည်းနှီး သက်သက်(ရုပ်တုများ KJV) ဖြစ်ကြ၏။ ထာ၀ရဘုရားမူကား၊ မိုးကောင်းကင် ကို ဖန်ဆင်းတော်မူ၏။”
တမန်တော် ၁၇း၂၄၊ “ကမ္ဘာနှင့်ကမ္ဘာ၌ရှိသမျှသော အရာတို့ကို ဖန် ဆင်းတော်မူသောဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူ သော အရှင်ဖြစ်၍၊ လူတို့လက်ဖြင့်လုပ်သော ဗိမာန်၌ ကျိန်းဝပ်တော်မူသည် မဟုတ်။” ယေရမိ ၁ဝး၁၀-၁၂)။
ကမ္ဘာလောက အသစ်ဖန်ဆင်းနိုင်သော ခရစ်တော်၏ တန်ခိုးသည် အပြစ်သားအား စိတ်နှလုံးအသစ်ကို ဖန်ဆင်းပေးနိုင်သည်။
၂ ကောရိန်သု ၅း၁၇၊ “လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍၊ ခပ်သိမ်း သောအရာတို့သည် အသစ်ဖြစ်ကြပြီ။”
ဆာလံ ၅၁း၁၀၊ “အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သော နှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင် တော်မူပါ။” (၁ ကောရိန်သု ၆း၁၁။ ၂ သက်သာလောနိတ် ၂း၁၃။ ဧဖက် ၂း၁၀။ ယေရှာယ ၄၃း၁။ ကောလောသဲ ၁း၁၃-၁၆)။
ဥပုသ်နေ့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လှုပ်ရှားသော ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် စင်ကြယ်စေခြင်းတန်ခိုး၏ အမှတ်တံဆိပ် ဖြစ်ပါသည်။
ကမ္ဘာဦး ၁း၁၊ ၂၊ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ မြေကြီးသည် အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ် လဟာဖြစ်၏ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍၊ ဘုရားသခင်၏ဝိညာဉ် တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။”
ဧဖက် ၄း၃၀၊ “ရွေးနှုတ်ခြင်းနေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ် တော်မူသော ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြ နှင့်။”
အီဂျစ်ကျွန်ဘ၀မှ အစ္စရေးတို့၏လွတ်မြှောက်ခြင်းကို အမှတ်ရစေသည့် အထူးနေ့ဖြစ်သော ပဿခါပွဲနေ့ကို အစ္စရေး တို့အတွက် အမှတ်လက္ခဏာ တစ်ခုဟု ခေါ်ဆိုပါသည်။
ထွက်မြောက်ရာ ၁၃း၃၊၉၊၁၀ - “မောရှေကလည်း၊ သင်တို့သည် ကျွန်ခံ နေရာအီဂျစ်ပြည်မှထွက်သွားသော ဤနေ့ရက်ကို အောက်မေ့ကြလော့။ ထာ၀ရဘုရားသည် အားကြီးသောလက်တော်ဖြင့်သင်တို့ကို ထိုပြည်မှ နှုတ် ဆောင်တော်မူပြီ။ တဆေးပါသော မုန့်ကိုမစားရ။” “ထာ၀ရဘုရား၏တရား သည်၊ သင်၏နှုတ်၌တည်မည်အကြောင်း၊ ဤအရာသည်သင်၏လက်၌ လက္ခ ဏာသက်သေ၊ သင်၏မျက်စိကြားမှာ အောက်မေ့ဘို့ရာဖြစ်ရမည်။ အားကြီး သော လက်တော်ဖြင့် ထာ၀ရဘုရားသည် သင့်ကိုအီဂျစ်ပြည်မှ နှုတ်ဆောင် တော်မူပြီ။ ထို့ကြောင့် စီရင်တော်မူသော ဤထုံးစံကို မိမိအချိန်၌ နှစ်စဉ်နှစ် တိုင်း စောင့်ရကြမည်။” (ထွက်မြောက်ရာ ၁၂း၁၄)။
ခရစ်တော်ပြန်လည်မကြွလာမီ အစေခံတို့၏ နဖူး၌ဘုရားသခင်၏ တံဆိပ်ကိုခတ်ထားရမည်။
ဗျာဒိတ် ၇း၃၊ “ငါတို့ဘုရားသခင်၏ကျွန်တို့ကို နဖူး၌တံဆိပ်မခတ်မီ တိုင်အောင် မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဉ်းဆဲပါနှင့် ဟုကြီးသောအသံနှင့် ကြွေးကြော်လေ၏။”
ဗျာဒိတ် ၇း၁-၄ ကိုဗျာဒိတ် ၁၄း၁ နှင့် ၁၅း၂၊ ၃ တို့နှင့် နှိုင်းယှဉ်ကြည့် ပါ။ ၁၄၄၀၀၀ တို့သည် ဘုရားသခင်၏ တံဆိပ်ခတ်ခြင်း ကိုခံရလျက်၊ သားရဲ၏ အမှတ်တံဆိပ်ကိုလည်း လက်မခံဘဲ အောင်မြင်ခြင်းကို ရရှိကြသည်။
အခန်းကြီး - ၃၇။
၃၇။ ဘုရားသခင်ပေးတော်မူသော ပညတ်တရားများနှင့်ကွဲလွဲချက်
LAWS GIVEN
BY GOD, CONTRASTED
အမျိုးဘာသာထုံးတမ်းစဉ်လာ အခမ်းအနားဆိုင်ရာ စည်းမျဉ်းများကို လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်းခံရသည်။
ကောလောသဲ ၂း၁၄-၁၇၊ “ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်း အထုံးအဖွဲ့နှင့် စပ်ဆိုင်သော လက်မှတ်ကိုချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက် ထားလျက်၊ ငါတို့စပ်ကြားထဲကပယ်ရှင်းတော်မူပြီ။ အထွဋ်အမြတ်အာဏာစက် များကို လုယူလျှင်၊ ထင်ရှားစွာ ထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကိုခံတော်မူပြီ။ ထို့ကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်း အမှုတွင်သင်တို့ကို အဘယ်သူမျှမစစ်ကြောမစီရင် စေနှင့်။ ထိုအရာတို့သည် နောက်ဖြစ်လတံ့သောအရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။”
ကျောက်ပြားနှစ်ပြားပေါ်မှာ ကမ္ဗည်းထိုးထားသော ပညတ်တော် ဆယ် ပါးကို ပယ်ဖျက်လို့မရပါ (တရားဟောရာ ၄း၁၃)။ ထာ၀ရဘုရား၏ လက်ညိုး တော်ဖြင့် ကမ္ဗည်းထိုးထားသော စာဖြစ်ပါသည် (ထွက်မြောက်ရာ ၃၁း၁၈။ ၃၂း၁၆)။
ကောလောသဲ ၂း၁၄-၁၇ သည် ပညတ်တော်ဆယ်ပါးကို ဆိုလိုခြင်း မဟုတ်ပါ။ စာစောင်ထဲ၌ မောရှေရေးသားထားသော ဝိနည်းအထုံးအဖွဲ့ဆိုင်ရာ လက်ရေးစာများကို ဆိုလိုခြင်းဖြစ်ပါသည်။ နောင်ဖြစ်လတံ့သောအရိပ်များဖြစ် သည့် နှစ်စဉ်ပွဲများနှင့် ဥပုသ်နေ့များဖြစ်သော အမျိုးဘာသာထုံးတမ်းစဉ်လာ အခမ်းအနားများဆိုင်ရာ စည်းမျဉ်းများကို ဖော်ပြသောစာများကို ရည်ညွှန်း ထားပါသည်။ ပွဲများနှင့် ယဇ်ပူဇော်ခြင်းအမျိုးမျိုးဆိုင်ရာ ဘောဇဉ်ပူဇော်သက္ကာ များကို ဖော်ပြသော တရားများ ဖြစ်ပါသည်။ ပညတ်တော်ဆယ်ပါးတွင် ဘောဇဉ်ပူဇော်သက္ကာအကြောင်း မပါရှိပါ။ ဝတ်ပြုရာ ၂၃း၂၄၊ ၂၇-၃၂၊ ၃၇ တွင် နှစ်စဉ်ဥပုသ်အကြောင်း ဖော်ပြထားပါသည်။ ၎င်းနှစ်စဉ်ဥပုသ်များသည် ထာ၀ရဘုရား၏ဥပုသ်နေ့မှတပါး အခြားဥပုသ်နေ့များ ဖြစ်ပါသည် (ဝတ်ပြုရာ ၂၃း၃၈၊ ဟေဗြဲ ၉း၁၀)။
ပညတ်တော်ဆယ်ပါးများ
(၁) တရားဟောရာ ၄း၁၂၁၃ - ထာ၀ရဘုရားမြွက်ဆိုသည်။
(၂) ယာကုပ် ၂း၈ - ရွှေ (တော်ဝင်) ပညတ်ဟုခေါ်သည်။
(၃) ထွက်မြောက်ရာ ၂၄း၁၂ - ထာ၀ရဘုရားရေးထားသည်။
(၄)တရားဟောရာ ၁ဝး၁-၄- ကျောက်ပြားနှစ်ပြားပေါ်ရေးထားသည်။
(၅) ထွက်မြောက်ရာ၃၁း၁၈ - ထာ၀ရဘုရားလက်ညိုးတော်ဖြင့် ရေး
သည်။
(၆) တရားဟောရာ ၁ဝး၅ - ပဋိညာဉ်သေတ္တာအထဲတွင်ထားသည်။
(၇) ထွက်မြောက်ရာ ၄ဝး၂၀ - သက်သေခံချက် ဟုခေါ်ဆိုသည်
(၃၁း၁၈)။
(၈) ဆာလံ ၁း၂။ ၁၁၉း၁ - ထာ၀ရဘုရား၏တရားတော်ဟုခေါ်သည်။
(၉) ဆာလံ ၁၁၁း၇၊ ၈ - အစဉ်အမြဲတည်သည်။
(၁၀) ဆာလံ ၁၉း၇ - စုံလင်သောတရားစ်ြသည်။
(၁၁) ၁ ယောဟန် ၃း၄ - အပြစ်ကိုဖော်ပြသည်။
(၁၂) ရောမ ၃း၂၀ - ဒုစရိုက်အပြစ်ကိုထင်ရှားစေသည် (ရောမ ရး၇)၊ (၁၃) မဿဲ ၅း၁၇ - ခရစ်တော်က မပယ်ဖျက်ပါ။
(၁၄) ယေရှာယ ၄၂း၂၁ - ခရစ်တော်က ချီးမြှောက်တိုးချဲ့သည်။
(၁၅)ရောမ ၇း၁၂-သန့်ရှင်းသည်၊ ဖြောင့်မှန်သည်၊ ကောင်းမြတ်သည်။ (၁၆) ရောမ ၃း၃၁ - ယုံကြည်ခြင်းဖြင့် သာ၍တည်စေသည်။
(၁၇) ရောမ ရး၁၄ - ဝိညာဉ်ပကတိနှင့်စပ်ဆိုင်သည်။
ဝိနည်းအထုံးအဖွဲ့များ
(၁) ဝတ်ပြုရာ ၁း၁၊ ၂ - မောရှေမြွက်ဆိုသည်။
(၂) ဧဖက် ၂း၁၅- ဝိနည်းအထုံးအဖွဲ့နှင့်ဆိုင်သောတရားဟုခေါ်သည်။
(၃) တရားဟောရာ ၃၁း၉ - မောရှေရေးထားသည်။
(၄) တရားဟောရာ ၃၁း၂၄ - စာစောင်တွင်ရေးထားသည်
(၂ ရာဇဝင်ချုပ် ၃၅း၁၂)။
(၅) ကောလောသဲ ၂း၁၄ - လက်ရေးစာဖြစ်သည်။
(၆) တရားဟောရာ ၃၁း၂၆ - ပဋိညာဉ်သေတ္တာ နံဘေး၌ထားသည်။
(၇) တရားဟောရာ ၃၁း၂၆ - ပညတ္တိကျမ်းစာ ဟုခေါ်သည်။
(၈) မာလခိ ၄း၄ - မောရှေ၏တရားဟုခေါ်သည်။
(၉) ကောလောသဲ ၂း၁၄ - လက်ဝါးကပ်တိုင်၌ အဆုံးသတ်သည်။
(၁၀) ဟေဗြဲ ရး၁၉ - ပြည့်စုံခြင်းမဖြစ်စေနိုင်ပါ။
(၁၁) ကောလောသဲ ၂း၁၄-၁၇ - ခရစ်တော်၏ဆက်ကပ်ပူဇော်ခြင်းကို
ညွှန်ပြသည်။
(၁၂) ဝတ်ပြုရာ ၃-၇ - အပြစ်၏အကျိုးဆက်အဖြစ်ပေးထားသည်။
(၁၃) ဧဖက် ၂း၁၅ - ခရစ်တော်ကပယ်ရှင်းခဲ့သည်။
(၁၄) ကောလောသဲ၂း၁၄ - ခရစ်တော်က လက်ဝါးကပ်တိုင်၌ ရိုက်
ထားသည်။
(၁၅) ဟေဗြဲ ၁ဝး၁ - နောင်ဖြစ်လတံ့သောအရာတို့၏အရိပ်ဖြစ်သည်။
(၁၆) ဂလာတိ ၅း၂-၅ - ယခုကျင့်သုံးလျှင်၊ ခရစ်တော်ကို ကယ်တင်
ရှင် အဖြစ်မယုံကြည်ကြောင်းပြသည်။
(၁၇)ဟေဗြဲ ၉း၁၀ - စားခြင်း၊ သောက်ခြင်း၊ ဆေးကြောခြင်းများနှင့်
ဆိုင်သည်။
တစ်သိတင်း၏နေ့ရက်များ
ဘုရားပေးနာမည် လက်တင်နာမည် မြန်မာနာမည် အင်္ဂလိပ်နာမည်
ပထမနေ့ (ကမ္ဘာဦး ၁း၅) Dies Solis တနင်္ဂနွေနေ့ Sunday
ဒုတိယနေ့ (ကမ္ဘာဦး ၁း၈)
Dies Lunae
တနင်္လာနေ့ Monday
တတိယနေ့ (ကမ္ဘာဦး ၁း၁၃) Dies
Martis အင်္ဂါနေ့ Tuesday
စတုတ္ထနေ့ (ကမ္ဘာဦး ၁း၁၉) Dies
Mercuri ဗုဒ္ဓဟူးနေ့ Wednesday
ပဉ္စမနေ့ (ကမ္ဘာဦး ၁း၂၃) Dies Jovis ကြာသပတေးနေ့ Thursday
ဆဌမနေ့ (ကမ္ဘာဦး ၁း၃၁) Dies
Veneris သောကြာနေ့ Friday
သတ္တမနေ့ (ကမ္ဘာဦး ၂း၁-၃) Dies
Saturni စနေနေ့ Saturday
“တစ်သိတင်းသည် ခုနစ်ရက်ကာလဖြစ်သည်။ နက္ခတ်တာရာ၏ လှုပ် ရှားမှုနှင့် သက်ဆိုင်ခြင်းမရှိပါ။ မပြောင်းလဲနိုင်သော ပုံမှန်လည်ပတ်မှုဖြစ်စဉ် တစ်ခုဖြစ်ပါသည်။ အင်္ဂလိပ်နာမည်များသည် အရှေ့တိုင်းနာမည်များမှ ကူး ပြောင်းလာသောနာမည်များ ဖြစ်၍၊ ဂရိဘုရားများ၏ နာမည်များမှ မှည့်ခေါ် ထားခြင်းဖြစ်ပါသည်။ တရားသူကြီးများနှင့် ဥပဒေပြုအဖွဲ့တို့၏ အတည်ပြု ချက်အရ လက်တင်နေ့ရက် နာမည်များ ယနေ့ထက်တိုင် အသုံးပြုနေဆဲဖြစ်ပါ သည်။” – Encyclopedia
Britanica.
အခန်းကြီး - ၃၈။
၃၈။ ပဋိညာဉ်ခေါ် သဘောတူညီချက်နှစ်ပါး
THE TWO
COVENANTS
အစ္စရေးတို့လူမျိုးတစ်မျိုးအနေဖြင့်တည်ရှိလာသောအခါ ဘုရားသခင် သည် မိမိ၏ပဋိညာဉ်တရားဖြစ်သည့် ပညတ်တော်များကို လိုက်နာရမည်ဟူ သော သဘောတူညီချက်ကို သူတို့နှင့်အတူ ပြုလုပ်တော်မူခဲ့ပါသည်။
ထွက်မြောက်ရာ ၁၉း၅၊ “ယခုတွင်သင်တို့သည် ငါ့စကားကိုအမှန် နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ ထက် သင်တို့သည်ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။”
သိနဲတောင်ပေါ်ရှိဘုရားသခင့်ထံတော်မှ ပညတ်တော်ဆယ်ပါးကို လူ တို့သည် ကြားနာပြီး (ထွက်မြောက်ရာ ၂ဝး၃-၁၇)၊ မောရှေက သူတို့အား တဆင့် ဖတ်ကြားပြီးသွားသောအခါ၊ လူတို့သည်၊ လိုက်နာပါမည်ဟု နှစ်ကြိမ် တိတိ ကတိပေးကြပါသည်။
ထွက်မြောက်ရာ ၂၄း၃၊၇၊ “မောရှေသည်လည်း လူများရှိရာသို့လာ၍၊ ထာ၀ရဘုရား၏စကားတော်အလုံးစုံကို၎င်း၊ စီရင်တော်မူချက်အလုံးစုံကို၎င်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာ၀ရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်ဟု တသံတည်းပြန်ပြောကြ၏။” “ပဋိညာဉ်စာကိုလည်း ယူ၍၊ ပရိသတ်များရှေ့မှာ ဖတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာ၀ရဘုရားမိန့်တော် မူ သမျှအတိုင်း ကျွန်ုပ်တို့ပြုပါမည်။ နာထောင်ပါမည်ဟု ပြောဆိုကြ၏။”
ထိုအခါ သဘောတူညီချက်ကို ယဇ်ကောင်တစ်ကောင်၏အသွေးဖြင့် တံဆိပ်ခတ်ကြပါသည်။ ထွက်မြောက်ရာ ၂၄း၈၊ “မောရှေသည်လည်း အသွေးကိုယူ၍ လူများ အပေါ်မှာဖြန်းလျက်၊ ဤအသွေးကား ဤအမှုအရာ တို့တွင် သင်တို့၌ထာ၀ရဘုရား ဝန်ခံတော်မူသော ပဋိညာဉ်၏အသွေးဖြစ်သည် ဟု ပြောဆို၏။” (ဟေဗြဲ ၉း၁၉-၂၀)၊
သိနဲတောင်၌ အစ္စရေးလူအများစုတို့သည်၊ ဘုရားသခင်နှင့်သူတို့ စပ် ကြား၌ ပြုလုပ်သောသဘောတူညီချက်တွင် ကြီးမားသော အမှားတစ်ခုပြု လုပ်မိကြလေသည်။ သူတို့ကိုကူညီရန် ဘုရားသခင်သည် ကတိပြုခဲ့သော် လည်း၊ ဘုရားသခင်၏ ပညတ်တော်များကို လိုက်နာနိုင်ရန် သူတို့သည် ဘုရားသခင်၏အကူအညီကို တောင်းဆိုရန် ပျက်ကွက်ခဲ့ကြလေသည်။
မှတ်ချက်။ ဘုရားသခင်၏သန့်ရှင်းသောပညတ်တော်များကို သူတို့၏ ခွန်အားနှင့်သာစောင့်ရှောက်ရန် မဖြစ်နိုင်သကဲ့သို့၊ “သာ၍ကောင်းသောကတိ တော်” ရှိသောပဋိညာဉ်အသစ်လက်ထက်၌ သခင်ယေရှုခရစ်တော်၏ ကျေးဇူး တော်မပါလျှင် ကျွန်ုပ်တို့သည်လည်း ပညတ်တော်များကို စောင့်ရှောက်နိုင်မည် မဟုတ်ပါ။ ဘုရားသခင်ကိုယ်တော်တိုင်သည် ကျွန်ုပ်တို့၌ ရှိခဲ့သောအပြစ်များ ကို ဖြေလွှတ်ဖြေရှင်းပေးမည့်အပြင်၊ ကျွန်ုပ်တို့၏စိတ်နှလုံးထဲ၌ မိမိကျေးဇူး တော်နှင့် ဝိညာဉ်တော်ဖြင့်၎င်း သန့်ရှင်းသောပညတ်တော်ကို ရေးထားမည်ဖြစ် ပါသည်။
အချိန်တိုအတွင်း၌ပင် ကတိပေးရာ၌ လူတို့၏အားနည်းချက်ပေါ်လာ ပါတော့သည်။ သူတို့သည်ရွှေဖြင့်နွားသငယ်ရုပ်တုကို ထုလုပ်လျက်၊ အီဂျစ် ပြည်သို့ ပြန်သွားရန် ဆန္ဒရှိလာကြသည် (ထွက်မြောက်ရာ ၃၂)။ ထိုသို့သူတို့၏ အရေးယူလောက်သော မှားယွင်းမှုကြောင့်၊ အစ္စရေးတို့အားရှေ့ဆက်၍ အခွင့် အရေးပေးခြင်းသည် အချည်းနှီးသာဖြစ်မည်ဖြစ်သဖြင့်၊ ပဋိညာဉ် (သဘောတူ ညီချက်) အသစ်ပြုလုပ်ရန်လိုအပ်လာပါသည် (ဟေဗြဲ ၈း၇၊ ၈)။
ဒုတိယ (သို့မဟုတ်) အသစ်သောပဋိညာဉ်
ပထမပဋိညာဉ်၌ အမှားသည်လူတို့၏ကတိ၌ အားနည်းချက်ဖြစ်ပါ သည်။ ထိုအတွက်ကြောင့် ဘုရားသခင်သည် “သာ၍ကောင်းသောကတိတော် များ” နှင့်အတူ ပဋိညာဉ်အသစ်ကို တည်စေမည်။ ဘုရားသခင်၏ကတိတော် များသည် ခရစ်တော်အားဖြင့် ဖြစ်သည်။
ဟေဗြဲ ၈း၆-၈၊ “ယေရှုသည်သာ၍ မြတ်သော ဂတိတော်တို့၌ တည် သောသာ၍ မြတ်သောပဋိညာဉ်တရား၏ အာမခံဖြစ်သည်နှင့်အညီ၊ သာ၍ မြတ်သော ဝတ်ပြုခြင်း အခွင့်အရာကို ရတော်မူ၏။ ပထမပဋိညာဉ်တရား သည် အပြစ်တင်ခွင့်မရှိသည် မှန်လျှင်၊ ဒုကိယပဋိညာဉ်တရားတည်ရသော အခွင့်ကို အဘယ်ကြောင့် ရှာရသနည်း။ ပထမပဋိညာဉ်တရားကို ထာ၀ရ ဘုရားသည် အပြစ်တင်၍ မိန့်တော်မူသည်ကား၊ . . . . ပဋိညာဉ်တရား သစ်ကို အစ္စရေးအမျိုးသား၊ ယူဒအမျိုးသားတို့၌ ငါပေးသောအချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသော ပဋိညာဉ်တရား၌ သူတို့သည် မတည် ကြ။”
အစ္စရေးတို့နှင့် ပဋိညာဉ်အသစ်ပြုသည်ဟုဆိုရသော်လည်း၊ ဝိညာဉ် ရေးဆိုင်ရာ အစ္စရေးတို့နှင့်ပြုလုပ်ခြင်းဖြစ်ပါသည်။ တပါးအမျိုးသားတို့သည် ၎င်း၏အကျိုးကျေးဇူးကို မခံစားရပါ။
ယေရမိ ၃၁း၃၁၊၃၂၊ “ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ ငါသည် ဤလူမျိုး၏ ဘိုးဘေးတို့ကို လက်ဆွဲ၍ အီဂျစ်ပြည်မှ ဆောင်သွားသောအခါ သူတို့၌ငါပေးသောပဋိညာဉ်တရားနှင့် ခြားနားသောပဋိညာဉ်တရားသစ်ကို အစ္စရေးအမျိုးသား၊ ယုဒ အမျိုးသားတို့၌ ငါပေးသောအချိန်ကာလ ရောက် လိမ့်မည်။ အရင်ငါပေးဘူးသောပဋိညာဉ်တရားကို သူတို့သည်ဖျက်၍၊ ငါသည် လည်း သူတို့ကို ရွံရှာ၏။”
ဤဒုတိယ (သို့မဟုတ်) ပဋိညာဉ်အသစ်သည် အမှန်တကယ်ကျေးဇူး တရားနှင့်ဆိုင်သော ပဋိညာဉ်ဖြစ်၍၊ ဧဒင်ဥယျာဉ်၌ မိဦးဖဦးတို့နှင့် ခရစ်တော် ပြုခဲ့သောပဋိညာဉ်၊ နောဧ၊ အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့နှင့် ထပ်မံပြုခဲ့သော ပဋိညာဉ်ပင်ဖြစ်ပါသည်။ ၎င်းသည် ဧဝံဂေလိတရားခေါ် သတင်းကောင်းဖြစ်ပါ သည်။
၎င်းကို ဒုတိယ (သို့မဟုတ်) ပဋိညာဉ်အသစ်ဟုခေါ်ဆိုရခြင်းမှာ၊ ပထ မ (သို့မဟုတ်) ပဋိညာဉ်အဟောင်းပြီးသည်နောက်တွင် သွေးဖြင့်ဆက်ကပ်ခြင်း (အတည်ပြုခြင်း) မရှိသေးသောကြောင့်ဖြစ်ပါသည် (ဟေဗြဲ ၉း၁၆-၁၈)။
မှတ်ချက်။ လက်ဝါးကပ်တိုင်၌ “အမှုပြီးပြီ” ဟုခရစ်တော်ကြွေးကြော် သောအခါ၊ အသွေးတော်ဖြင့် ပဋိညာဉ်အသစ်ကို တံဆိပ်ခတ် (အတည်ပြု) ခဲ့ပါသည်။ လုကာ ၂၂း၂၀၊ “ထိုနည်းတူညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကားသင်တို့ အဘို့အလို့ငှာ သွန်းသောငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏ . . ဟု မိန့်တော်မူ၏။” (ဒံယေလ ၉း၂၇)။
ပဋိညာဉ်သစ်သည် ကတိတော်နှင့်ဆိုင်သော ဧဝံဂေလိတရားပင်ဖြစ်၍၊ ထာ၀ရပဋိညာဉ်ဟုလည်းခေါ်ဆိုပါသည်။ ဤကတိတော်များသည် ဤကမ္ဘာသို့ အပြစ်ဝင်လာသော အချိန်မှစ၍၊ ဖြောင့်မတ်သောသူများ နောက်ဆုံးတွင် အကျိုး(ဆု) ခံစားရမည့်အချိန်အထိ ကျယ်ပြန့်စွာ အကျိုးပြုလျက်ရှိပါသည်။
ယေရမိ ၃၁း၃၃၊၃၄၊ “နောင်ကာလအခါ အစ္စရေးအမျိုးသားတို့၌ ငါ ပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာ၀ရဘုရားသည် ငါ၏ပညတ် တရားကို သူတို့အတွင်းထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည်သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။ ထိုသူတို့က၊ ထာ၀ရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကို အချင်း ချင်း တယောက်ကိုတယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင်၊ ထိုသူအပေါင်းတို့ သည် ငါ့ကိုသိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲနေမည်ဟု ထာ၀ရဘုရားမိန့် တော်မူ၏။”
မှတ်ချက်။ ပဋိညာဉ်အသစ်တွင် ဖြောင့်မတ်စေခြင်း၊ သန့်ရှင်းစေခြင်း နှင့် သိဒ္ဓိတင်(ချီးမြှောက်)ခြင်း တို့ပါဝင်သည်။
စီစဉ်တကျမုချဖြစ်ခြင်း
(၁) အပြစ်ဖြေလွှတ်ခြင်း၊ (၂) နှလုံးသားပေါ်ပညတ်တော်ရေးသား တော်မူခြင်း၊ (၃) အပြစ်များကို အောက်မေ့တော်မမူတော့ခြင်း၊ စုံစမ်းစစ်ဆေး ခြင်း၌ အပြစ်များဖယ်ရှားခြင်း၊ (၄) ဘုရားသခင်ကို အားလုံးကသိကျွမ်းကြမည့် နေရာဖြစ်သော နယူးယေရုရှလင်မြို့တော်နှင့်ကမ္ဘာသစ်သို့ ဘုရားသခင်၏ လူများရွှေ့ပြောင်း နေထိုင်ခြင်း (ယေရှာယ ၅၄း၁၁-၁၃။ ဗျာဒိတ် ၂၁း၂-၄)။
ကတိတော်အတိုင်း အာဗြဟံနှင့်ပြုခဲ့သော ပဋိညာဉ်အသစ်သည် အစ္စ ရေး၏ သွေးသားအမျိုးအနွယ်အတွက်သာမကဘဲ၊ ယေရှုခရစ်တော်၏ ဝိညာဉ်
ရေးအစ္စရေး အမျိုးဖြစ်လာသောတပါးအမျိုးသားများအတွက်ပါဖြစ်ပါသည်။
ဧဖက် ၂း၁၂၊၁၃၊ “ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ၊ အစ္စရေး အပေါင်းအသင်း၌မဝင်၊ ကတိတော်ပါသော ပဋိညာဉ် တရားတို့နှင့်မဆိုင်၊ မြော်လင့်ခြင်းမရှိ၊ လောက၌ဘုရားမဲ့နေကြသည်ကို၎င်း၊ အောက်မေ့ကြလော့။ သင်တို့သည်အထက်က ဝေးလျက်ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်တော်၌ ဖြစ်၍၊ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။” (အငယ် ၁၄-၁၉)။
ပဋိညာဉ်အသစ်၊ သို့မဟုတ် ထာ၀ရပဋိညာဉ်၌ အပြစ်ဖြေလွှတ်ခြင်းနှင့် ကယ်တင်ခြင်းတို့ စီမံပေးထားသောကြောင့် ပဋိညာဉ်အဟောင်း၏လိုအပ်ချက် မှာ ထင်ရှားခဲ့ပါသည်။
ဟေဗြဲ ၉း၁၄၊၁၅၊ “ထိုမျှမက အပြစ်ကင်းသောကိုယ်တော်ကို ထာ၀ရ ဝိညာဉ်တော်အားဖြင့် ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သောခရစ်တော်၏ အသွေးသည် သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ့်ကိုယ်ကို သိသောစိတ်ကို စင်ကြယ်စေခြင်းငှာ၊ သာ၍တတ်နိုင်တော်မူ သည် မဟုတ်လော။ ထို့ကြောင့် ပထမပဋိညာဉ်တရားလက်ထက်၌ ပြစ်မှား သောအပြစ်ကိုလည်း လွတ်စေခြင်းငှာ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ်၍၊ ခေါ်တော်မူသောသူတို့သည် ကတိတော်နှင့်ယှဉ်သော ထာ၀ရအမွေကို ခံရမည်အကြောင်း၊ ထိုသခင်သည် ပဋိညာဉ်တရားသစ်၏ အာမခံဖြစ်တော်မူ ၏။”
ပညတ်တရားတောင်းဆိုနေသော ဖြောင့်မတ်ခြင်း၏ အကျင့်သည် ပဋိညာဉ် တရားသစ်၏ လက်ထက်၌သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ ပညတ်တရားကို ဘုရားသခင်သည် ကတိတော် အတိုင်းရေးထားသော အခါမှသာ၊ ထင်ရှားလျက်ရှိပါသည်။
ဟေဗြဲ ၈း၁၀၊၁၁ “နောင်ကာလအခါ အစ္စရေးအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာ၀ရဘုရားသည် ငါ့ပညတ်တို့ကို သူတို့စိတ်ဝိညာဉ်ထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။ ထိုသူတို့ က ထာ၀ရဘုရားကို သိလော့ဟုအမျိုးသားချင်း၊ ညီအစ်ကို အချင်းချင်း တယောက်ကိုတယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ် ဆုံးသောသူမှစ၍ အကြီးဆုံးသော သူတိုင်အောင် ထိုသူအပေါင်းတို့သည် ငါ့ ကိုသိကြလိမ့်မည်။” (ယောဟန် ၁၅း၄၊ ၅။ ဧဖက် ၂း၁၀။ ဟေဗြဲ ၁၃း၂၁။ ဂလာတိ ၂း၂၀။ ဖိလိပ္ပိ ၂း၁၃)။
အခန်းကြီး - ၃၉။
၃၉။ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း
SAVED BY
GRACE
ဧဖက် ၂း၇-၁၀၊ “ယေရှုခရစ်တော်အားဖြင့် ငါတို့၌ကျေးဇူးပြု၍၊ ကျေး ဇူးတော်၏ အလွန်ကြွယ်၀ခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည် အကြောင်းဖြစ်သတည်း။ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ် တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရား သခင်သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော် မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသော အကျင့်တို့ကို ကျင့်ရ မည်အကြောင်း၊ ယေရှုခရစ်တော်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည်အကြောင်း၊ ဘုရား သခင်သည် ငါတို့ကိုပြင်ဆင်တော်မူနှင့်ပြီ။”
အပြစ်သားများသည် ခေတ်အဆက်ဆက်တွင် ကျေးဇူးတော်ကြောင့် ဂယ်တင်ခြင်းခံရကြပါသည်။
တိတု ၂း၁၁၊ “လူအပေါင်းတို့ကို ကယ်တင်တတ်သောဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှားပေါ်ထွန်းလျက်ရှိ၏ (အငယ် ၁၃)။”
ဘုရားသခင့် ကျေးဇူးတော်၏ ဘုန်းအသရေတော်သည် သားတော် ယေရှုခရစ်တော်ဖြစ်တော်မူသော ဆုကျေးဇူးတော်အားဖြင့် ကယ်တင်တော်မူ ခြင်း ဖြစ်စေခဲ့ပါသည်။ ဧဖက် ၁း၆၊ “ဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့် ငါတို့အား ပေးတော်မူသောကျေးဇူးတော်၏ ဘုန်းအသရေ ကို ချီးမွမ်းစေခြင်းငှာ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကိုရမည် အကြောင်း၊ အလိုတော်ရှိသော စေတနာအတိုင်း ရှေးမဆွက ခွဲခန့်မှတ်သား တော်မူ၏။”
ရောမ ၅း၂၁ - “အပြစ်တရားသည် သေခြင်းအားဖြင့် အစိုးရသည် နည်းတူ၊ ငါတို့သခင်ယေရှုခရစ်တော်ပြုစုတော်မူ၍ ကျေးဇူးတရားသည် ထာ၀ ရအသက်နှင့် ယှဉ်သောဖြောင့်မတ်ရာသို့ သွင်းခြင်းအားဖြင့် အစိုးရလေအံ့ သတည်း။”
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင့်ကျေးဇူးတော် ကောင်းချီးကို ခံရကြပါသည်။
ရောမ ၅း၁၊ ၂ - “ထို့ကြောင့် ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ် ရာသို့ ရောက်လျှင်၊ ငါတို့သခင်ယေရှု ခရစ်တော်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။ ယုံကြည်ခြင်းရှိ၍ ထိုသခင်အားဖြင့် သာ ကျေးဇူးတော်ကို ခံစားရသည် ဖြစ်သောကြောင့်၊ ဘုရားသခင်၏ ဘုန်းတော်ကို မြော်လင့်၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။”
ပညတ်တရား၏တောင်းဆိုချက်ဖြစ်သော ဖြောင့်မတ်ခြင်းကို ဘုရား သခင်သည် ကျွန်ုပ်တို့နှင့် သက်ဆိုင်ကြောင်း မှတ်ယူလျက် ဝေမျှပေးတော်မူပါ သည်။
ရောမ ၄း၆-၈၊ “ဘုရားသခင်သည် အကျင့်ကိုမထောက်ဘဲ၊ ပေးတော် မူသော ဖြောင့်မတ်ခြင်းကို ရသောသူ၏မင်္ဂလာကို ဒါဝိဒ်သည် ရည်မှတ်၍ ဆိုသည်ကား၊ အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ရောက်သော သူတို့သည် မင်္ဂလာရှိကြ၏။ ထာ၀ရဘုရား၏ အပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။” (၄း၂၃၊ ၂၄။ ၅း၁)။
မှတ်ချက်၊ ဘုရားသခင်၏ပညတ်တရားနှင့်၊ ဘုရားသခင်၏ ကျေးဇူး တရားတို့သည် ဆန့်ကျင်ဖီလာမဖြစ်ကြပါ။ ဘုရားသခင်၏ပညတ်တရားသည် ထာ၀ရတည်ရှိ၍ ပြောင်းလဲခြင်းမရှိသောကြောင့်၊ အပြစ်၏အခသည်သေခြင်း (ရောမ ၆း၂၃) ဖြစ်သည့်အားလျော်ညီစွာ၊ ပညတ်တရားကိုလွန်ကျူးသော သူ၏အသက်ကို အတင်းတောင်းဆိုလျက်ရှိပါသည်။ သို့ဖြစ်၍ အပြစ်သားများ ကယ်လွှတ်ခြင်းရရှိနိုင်ရန် ကျေးဇူးတရားလိုအပ်လာပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်သည် မထိုက်တန်သူများပင် ခံစားရသောဘုရားသခင်၏ မေတ္တာ နှင့် နှစ်သက်မြတ်နိုးခြင်းဖြစ်ပါသည်။ ဧဒင်ဥယျာဉ်တံခါး၀မှစ၍ အပြစ်သား ကိုယ်စား အပြစ်မဲ့သူတစ်ယောက် အသေခံသည့် ဖြစ်ရပ်မှန်ကိုသော်လည်း ကောင်း၊ သခင်ခရစ်တော်ခေတ်၌ သခင်ဘုရား၏ ညစာစားပွဲအားဖြင့်သော် လည်းကောင်း၊ အပြစ်သားများအား သွန်သင်ဆုံးမလျက် ရှိပါသည်။ ဘုရား သခင်၏ ပညတ်တရား၌ ပြဿနာမရှိပါ။ ၎င်းသည် သန့်ရှင်းခြင်း၊ ဖြောင့်မှန် ခြင်း၊ ကောင်းမြတ်ခြင်းရှိပါသည်။ (ရောမ ၇း၁၂)။ ဝိညာဉ်တော်နှင့်လည်း စပ်ဆိုင်၏ (အငယ် ၁၄)။ အပြစ်သားသာလျှင် ပြဿနာဖြစ်ပါသည်။
ဒုစရိုက်အပြစ်သည် ဘုရားသခင်၏ ပညတ်တရားကို လွန်ကျူးခြင်းဖြစ် သည် (၁ ယောဟန် ၃း၄)။
အပြစ်သားသည် ယုံကြည်ခြင်းဖြင့် ခရစ်တော်ထံဘက်ပြောင်းလာ သည်။ ဘုရားသခင်၏ကျေးဇူးတော်သည် သူ့အား လက်ကမ်းကြိုဆိုသည်။ ထိုအခါသူသည် ပညတ်တရား၏ စီရင်ခြင်းကို မခံရတော့ဘဲ၊ ကျေးဇူးတရား၌ ရှိသောကြောင့်၊ ပညတ်တရား စောင့်ရှောက်ခြင်းဖြစ်သောလူ၏ ကြိုးစားခြင်း လောက်နှင့် ကယ်တင်ခြင်း ရှာဖွေရန် မကြိုးစားရတော့ပါ။ မည်သူမျှ ဝါကြွား ခွင့်မရှိရလေအောင် ကယ်တင်ခြင်းသည် အကျင့်အားဖြင့် ကြိုးစားရယူခြင်း မဟုတ်ပါ။ ယခုတွင် သူသည် ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်စေခြင်း ခံစားရပြီး၊ ဘုရားသခင်၏ပညတ်တရားနှင့် စည်းဝါးကိုက်ညီသောဖြောင့်မတ်သူဖြစ်လာပါ သည်။ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သူ၏စိတ်နှလုံးထဲ၌ ၎င်းပညတ် တရားကို ရေးသားထားပါသည်။
ရောမ ၈း၃၊ ၄၊ “ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင် ပြုတော်မူခြင်းငှာ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏သဏ္ဍာန်ကို ဆောင်သော မိမိသားတော်ကိုစေလွှတ်တော်မူ၍ အပြစ်ဖြေဘို့ရာ ဇာတိပကတိ၌ အပြစ်ကိုဒဏ်ပေးတော်မူ၏။ အကြောင်းမူ ကား၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်းကျင့်သော ငါတို့သည် တရား၌ပါသော ပညတ်တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။”
ကျေးဇူးတော်ကြောင့် ကျွန်ုပ်တို့ကယ်တင်ခြင်းရသည်မှန်လျှင်၊ ဘုရား သခင်၏ ပညတ်တရားနှင့် ကျွန်ုပ်တို့မည်သို့ သက်ဆိုင်မှုရှိပါသနည်း။
ရောမ ၆း၁၄၊ ၁၅၊ “သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူး တရားလက်၌ ရှိသောကြောင့်၊ အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။ သို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူး တရားလက်၌ ရှိသောကြောင့်၊ ဒုစရိုက်ကို ပြုရမည်လော။ ထိုသို့မပြုရ။”
မှတ်ချက်။ အပြစ်ဒုစရိုက်သည် ဘုရားသခင်၏ ပညတ်တရားကို လွန်ကျူးခြင်း၊ ချိုးဖောက်ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကျေးဇူးတော် ကြောင့် ကယ်တင်ခြင်း ရရှိပါသည်။ ၎င်းသည် အပြစ်လုပ်နိုင်သည်၊ ဘုရား သခင်၏ ပညတ်တရားကို ချိုးဖျက်နိုင်သည်ဟူသော အဓိပ္ပါယ်မဟုတ်ပါ။ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ဖြင့်၊ ပညတ်တရားတော်နှင့်အညီ ကျွန်ုပ်တို့ အသက်ရှင်ရပါမည်။
အခန်းကြီး - ၄၀။
၄၀။ လူ၏ပင်ကိုသဘာ၀
THE NATURE
OF MAN
သဘာ၀အားဖြင့် လူသည် သေသည့်အမျိုးအစားဖြစ်ပါသည်။ သေ ခြင်းနှင့် ကင်းလွှတ်သောအမျိုးမဟုတ်ပါ။
ယောဘ ၄း၁၇၊ “သေတတ်သောလူသည် ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်ခြင်းရှိရသလော။ လူသတ္တဝါသည် ဖန်ဆင်းတော်မူသော အရှင်ရှေ့ မှာ သန့်ရှင်းခြင်း ရှိရသလော။”
မှတ်ချက်။ အပြစ်ဒုစရိုက်၏အခသည် သေခြင်းဖြစ်သည် (ရောမ ၆း၂၃)။ လူသည် အပြစ်ပြုသောကြောင့် သားစဉ်မြေးဆက်အားလုံးတို့သည် သေခြင်း၏ တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရား အားဖြင့် သေခြင်း သားကောင်ဖြစ်သွားပါသည်။ ရောမ ၅း၁၂ - “အကြောင်း မူကား၊ အပြစ်တရားသည် တရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။”
ဘုရားသခင်သာလျှင် ပင်ကိုသဘာ၀အားဖြင့် သေခြင်းနှင့်ကင်းလွှတ်
တော်မူပါသည်။
တိမောသေ ၆း၁၅၊ ၁၆ - “မရဏာနှင့် ကင်းလွှတ်သော သူတပါးတည်း ဖြစ်တော်မူထသော၊ အဘယ်သူမျှမချဉ်းကပ်နိုင်သော အလင်းထဲ၌နေတော်မူ ထသော။ အဘယ်သူမျှ မမြင်ဖူးရာ၊ မမြင်နိုင်ရာဖြစ်တော်မူထသော၊ မင်္ဂလာရှိ သော တပါးတည်းသော အရှင်ဖြစ်တော်မူထသော၊ ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏ သခင်သည်၊ ကာလအချိန်ရောက်သောအခါ၊ သခင်ယေရှု ခရစ်တော်၏ထင်ရှား ပေါ်ထွန်းခြင်းကို ပြတော်မူလိမ့်မည်”
သေခြင်းနှင့်ကင်းလွတ်သော ထာ၀ရအသက်သည် ယေရှုခရစ်တော် အားဖြင့် လူတို့အား ဘုရားသခင်ပေးသနား တော်မူသော ဆုကျေးဇူးတစ်ပါး ဖြစ်သည်။
ရောမ ၂း၆၊ ၇၊ “ဘုရားသခင်သည် လူအသီးအသီးတို့အား မိမိတို့ အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတံ့။ ကောင်းသော အကျင့်ကို အမြဲကျင့်၍၊ ဘုန်းအသရေကို၎င်း၊ မဖေါက်ပြန်သောဇာတိကို၎င်း၊ ရှာသောသူတို့အား ထာ၀ရအသက်ကို ပေးတော်မူလတံ့။”
ရောမ ၆း၂၃၊ “အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရား သခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်တော်အား ဖြင့် ထာ၀ရအသက်ပေတည်း။”
ခရစ်တော်ဒုတိယအကြိမ်ကြွလာသောအခါ သေခြင်းနှင့်လွှတ်ကင်း ခြင်း ဘ၀ကို ယုံကြည်သူတို့အား ပေးသနားတော်မူမည်။
၁ ကောရိန်သု ၁၅း၅၁-၅၄၊ “နက်နဲသောအရာတခုကို ငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ ဗသ လွန်သော သူတို့သည် မပုပ်နိုင်သောအဖြစ်၌တည်လျက် ထမြောက်၍၊ ငါတို့ရှိ သမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်။ ယခုမျက်မှောက်ပုပ်တတ်သော အရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက်သေတတ် သောအရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။ ဤပုပ်တတ်သော အရာသည် မပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေ နိုင်သောအဖြစ်သို့၎င်း၊ ဝင်စားသောအခါ၊ သေခြင်းသည်အောင်ခြင်း၌ နစ်မြုပ် ပြီဟု ကျမ်းစာ၌လာချက် သည်ပြည့်စုံလိမ့်မည်။” (၁ သက်သာလောနိတ် ၄း၁၃-၁၈)။
ဘုရားသခင်၏ လူတို့သည် မိမိတို့၏ ဆုလာဘ်ကို ခရစ်တော်ဒုတိယ အကြိမ် ကြွလာသောရှင်ပြန်ထမြောက်ရာနေ့တွင် ရရှိခံစားကြမည်။
လုကာ ၁၄း၁၄၊ “ထိုသို့ခေါ်ဖိတ်လျှင် မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူ ကား၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည်ဖြစ်၍ - ဖြောင့်မတ်သောသူတို့ ထမြောက်သည့် ကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလတံ့။”
ဗျာဒိတ် ၂၂း၁၂၊ “ငါသည်အလျင်အမြန်လာမည်။ ငါသည်အကျိုး အပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍ လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။”
ဆိုးသွမ်းသောသူတို့သည် သေမျိုးဖြစ်သောကြောင့် ထာ၀ရအသက်ရ ရန် ခွင့်မရှိပါ။
ယောဟန် ၃း၁၆၊ “ဘုရားသခင်သည် လောကီသားတို့ကို အလွန် ချစ် သည်ဖြစ်၍၊ တပါးတည်းသောသားတော်ကို ပေးတော်မူ၏။ ထိုသားတော်ကို ယုံကြည်သော သူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ဘဲ၊ ထာ၀ရအသက် ကို ရရှိလိမ့်မည်။”
ယောဟန် ၃း၃၆၊ “သားတော်ကို ယုံကြည်သောသူသည် ထာ၀ရ အသက်ကို ရ၏။ သားတော်ကိုမယုံကြည်သောသူမူကား အသက်ကိုမတွေ့ရ။ ဘုရားသခင်၏ အမျက်တော်သည် ထိုသူ၌တည်၏။”
၂ သက်သာလောနိတ် ၁း၇-၉၊ “တန်ခိုးကြီးသော ကောင်းကင်တမန် များနှင့်အတူ ကောင်းကင်ဘုံမှ သခင်ယေရှုပေါ်ထွန်းတော်မူသောအခါ၊ ဆင်း ရဲခံရသော သင်တို့ကို ငါတို့နှင့်အတူ ချမ်းသာပေးတော်မူ၍၊ ဘုရားသခင်ကို မသိသောသူများနှင့် ငါတို့သခင် ယေရှုခရစ်တော်၏ ဧဝံဂေလိတရားကို နား မထောင်သောသူတို့ကို မီးလျှံနှင့်၎င်း၊ သခင်ဘုရား၏ရှေ့တော်၊ တန်ခိုးအာနု ဘော်တော်နှင့်ခွာ၍ ထာ၀ရပျက်စီးခြင်းနှင့်၎င်း ဒဏ်ခတ်တော်မူလိမ့်မည်။”
လူကိုဖန်ဆင်းခြင်း
ကမ္ဘာဦး ၂း၇၊ “ထာ၀ရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင်လူကိုဖန်ဆင်း၍၊
သူ၏နှာခေါင်းထဲသို့ ဇီ၀အသက်ကို မှုတ်တော်မူလျှင်၊ လူသည်အသက်ရှင် သော သတ္တဝါဖြစ်လေ၏။”
မှတ်ချက်။ ဤတွင်စုံလင်သော လူကို အသက်ရှင်သောသတ္တဝါဟု ခေါ် ဆိုသည်။ မြေမှုန့်နှင့်ဇီ၀အသက်ပေါင်းစပ်ပြီး အသက်ရှင်သောလူသတ္တဝါ ဖြစ် လာသည်။ တစ်ခါတရံသမ္မာကျမ်းစာသည် လူ၏အသိဉာဏ်ပိုင်းကို စိတ် ဝိညာဉ် (သတ္တဝါ)ဟု သုံးနှုန်းခေါ်ဆိုထားသည်။
အသက်ဝိညာဉ်နှင့် စိတ်ဝိညာဉ်တို့၏ခြားနားချက်ကို သမ္မာကျမ်းစာက သာ ရှင်းပြထားပါသည်။
ဟေဗြဲ ၄း၁၂၊ “ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင် လျက်၊ တန်ခိုးကြီးလျက်၊ နှစ်ဘက်အသွားရှိ ဓားတကာတို့ထက် ထက်သော ကြောင့်၊ အသက်ဝိညာဉ်နှင့်စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့်ခြင်ဆီကို၎င်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင် တတ်၏။”
ဘုရားသခင်သည် အသက်ဝိညာဉ်ကို ပေးပိုင်သောအခွင့်၊ ရုပ်သိမ်းပိုင် သော အခွင့်ရှိတော်မူသည်။
ဆာလံ ၁၀၄း၂၉၊ “မျက်နှာတော်ကိုလွှဲတော်မူလျှင်၊ သူတို့သည်ပင်ပန်း (စိုးရိမ်)ကြပါ၏။ သူတို့အသက်ကို ရုပ်သိမ်းတော်မူလျှင်၊ သူတို့သည် သေ၍ မိမိတို့ မြေမှုန့်သို့ပြန်သွားကြပါ၏။”
ယောဘ ၃၄း၁၄၊ ၁၅၊ “ဘုရားသခင်သည် လူကိုအလိုတော်မရှိ၍၊ လူ၏ အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင်၊ ခပ်သိမ်းသော လူသတ္တဝါတို့ သည် ချက်ခြင်း သေပျောက်၍ မြေမှုန့်သို့တဖန် ရောက်ရကြလိမ့်မည်။”
ဤနေရာတွင် ဝိညာဉ်သည် ဇီ၀အသက်ဖြစ်ကြောင်း သတိပြုပါ။
လူနှင့်တိရစ္ဆာန်တို့သည် သူတို့၏နှာခေါင်းထဲ၌ ဇီ၀အသက်ရှိကြသည်။
ကမ္ဘာဦး ၇း၂၁၊ ၂၂၊ “မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုး တည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန် အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။ အသက်ရှူလျက် (နှာခေါင်း၌ဇီ၀အသက်) ကုန်းပေါ်မှာ ရှိသမျှတို့သည် သေကြကုန်၏။”
ဒေသနာ ၃း၁၉-၂၁၊ “လူသားတွေ့ကြုံသောအမှုကို တိရစ္ဆာန်တွေ့ကြုံ တတ်၏။ ထိုနှစ်ဦးတို့သည် တပါးတည်းသောအမှုကို တွေ့ကြုံလျက်၊ တဦးသေ သကဲ့သို့ တဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တမျိုးတည်းရှိကြ၏။ သို့ဖြစ်၍ လူသည် တိရစ္ဆာန်ထက် ထူးမြတ်သောအကြောင်းမရှိ။ အလုံးစုံတို့ သည် အနတ္တဖြစ်ကြ၏။ အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ ရောက် တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ကဖြစ်သည်နှင့်အညီ၊ မြေမှုန့်သို့ပြန်သွား တတ်ကြ၏။ သို့ရာတွင် အထက်သို့ တက်တတ်သောလူသား၏ ဝိညာဉ်ကို၎င်း၊ အောက်အရပ်မြေသို့ ဆင်းတတ်သော တိရစ္ဆာန်၏ဝိညာဉ်ကို၎င်း၊ အဘယ်သူ သည်ပိုင်းခြား၍သိသနည်း။” အားလုံးတို့သည် “အသက်ရှင်သောသတ္တဝါ” ဖြစ်ကြသည်။ (ကမ္ဘာဦး ၁း၃၀။ ဗျာဒိတ်ကျမ်း ၁၆း၃)။
လူ၏ပင်ကိုသဘာ၀အရ စိတ်ဝိညာဉ်သည် လူ၏အစိတ်အပိုင်း ဖြစ် သောကြောင့်၊ အပြစ်ပြုမိလျှင် ၎င်းအပြစ်အတွက် သေရသည်။ ၎င်းသည် အသက်ဝိညာဉ် မဟုတ်ပါ။ ဘုရားသခင်ထံမှလာသော ဇီ၀အသက်နှင့်မရှုပ် ထွေးစေသင့်ပါ။ ( ၁ သက်သာလောနိတ် ၅း၂၃)။
ယေဇကျေလ ၁၈း၄၊ “ဝိညာဉ်အပေါင်းတို့ကိုငါပိုင်၏။ အဘ၏ဝိညာဉ် ကို ငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ ပြစ်မှားသော ဝိညာဉ် သည် သေရမည်။”
“မုန်းတီးခြင်း” သည် အပြစ်ဖြစ်သည်ဟု ကျမ်းစာက ပြောထားပါသည် (၁ ယောဟန် ၃း၁၄။ မဿဲ ၅း၂၁၊ ၂၂)။ ကာမဇောနှင့် ကြည့်ခြင်းသည် စိတ်နှလုံးထဲ၌ အပြစ်ဖြစ်သည် (မဿဲ ၅း၂၇၊ ၂၈)။ စိတ်နှလုံးထဲတွင် ကျွန်ုပ်တို့ စဉ်းစားသည် (သုတ္တံ ၂၃း၇)။ ယနေ့တွင် ၎င်းကိုစိတ်သဘောဟု ကျွန်ုပ်တို့ခေါ် ဆိုသည်။ အမှန်ကိုသိလျက်နှင့် ကျွန်ုပ်တို့မပြုလုပ်လျှင် ၎င်းသည် အပြစ်လုပ် ခြင်းဖြစ်သည် (ယာကုပ် ၄း၁၇)။ ထို့အတွက်ကြောင့် လူ၏သိရှိနားလည်တတ် သော အာရုံရှိသည့် စိတ်နှလုံး(သို့မဟုတ်) စိတ်သဘောသည် လူ၏ “စိတ် ဝိညာဉ်” ဟုခေါ်ဆိုသောအစိတ်အပိုင်းဖြစ်သည်။
လူသေသောအခါမည်သို့ဖြစ်သွားသနည်း။
ဒေသနာ ၁၂း၇၊ “ထိုအခါ မြေမှုန့်သည် နေရင်းမြေသို့၎င်း၊ ဝိညာဉ် (အသက်) သည် အရင်ပေးတော်မူသောဘုရားသခင်ထံသို့ ၎င်း ပြန်သွားရလိမ့်
မည်။”
ဘုရားသခင် ပေးသောအသက်ဝိညာဉ်ဖြစ်သည်။ လူ၏သိရှိနိုင်သော အာရုံသည် ရပ်တန့်သွားသည်(ဒေသနာ ၉း၅၊ ၆၊ ၁၀)။ လူ၏နားလည်နိုင်သော အာရုံလည်းအလုပ်မလုပ်တော့ပါ။ နားလည်တတ်ခြင်း၊ စိတ်၏လှုပ်ရှားခြင်းနှင့် ဆန္ဒသဘောထားစသော စိတ်၏လုပ်ဆောင်မှုအားလုံးရပ်ဆိုင်းသွားပါသည်။
ဆာလံ ၁၄၆း၃၊ ၄၊ “မင်းများမှစ၍ မကယ်တင်နိုင်သော လူသားကို မကိုးစားကြနှင့်။ သူသည် အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်း တွင်၊ သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။”
မှတ်ချက်၊ လူ၏နားလည်တတ်ခြင်း (ဥာဏ်)၊ ချစ်တတ်ခြင်းနှင့် မုန်းတီး တတ်ခြင်းတို့သည် သေခြင်း၌ မရှိတော့ပါ။
ဝိညာဉ်၏မျှော်လင့်ခြင်းသည်ခရစ်တော်ဒုတိယအကြိမ်ကြွလာချိန်၌ ရှင်ပြန် ထမြောက်ခြင်းဖြစ်သည်
ဆာလံ ၈၉း၄၈၊ “သေခြင်းသို့မရောက်၊ အသက်ရှင်၍ မိမိဝိညာဉ်ကို မရဏာနိုင်ငံတန်ခိုးမှ ကယ်နှုတ်နိုင်သောသူကား အဘယ်သူနည်း။”
ဆာလံ ၁၆း၁၀၊ “ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏာနိုင်ငံ ၌ ပစ်ထားတော်မမူ၊ ကိုယ်တော်၏သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူ။”
တမန်တော်ပေတရုသည် ဤကျမ်းချက်ကို ကိုးကားပြီး၊ ခရစ်တော်နှင့် သက်ဆိုင်သည်ဟုဆိုသည်။ ထိုသူသည် ဒါဝိဒ်မဟုတ်နိုင်၊ အကြောင်းမှာ ဒါဝိဒ် သည် သေ၍ သင်္ဂြိုဟ်သော တွင်းသည် ယခုတိုင်အောင် ငါတို့၌ရှိသည်ဟု ဆို သည် (တမန်တော် ၂း၂၉)။ “ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး” ဟု လည်းဆိုသည် (တမန်တော် ၂း၃၀-၃၄)။ လူသည် သေခြင်းမှမထမြောက်ပါက သူ၏ဝိညာဉ်သည် သင်္ချိုင်းတွင်း၌ သာရှိနေသေးသည်ဖြစ်ကြောင်း ထင်ရှားပါ သည်။ ဒါဝိဒ်သေပြီးနှစ်ပေါင်း ၁၀၀၀ ခန့်အကြာမှာလည်း သူကောင်းကင်သို့ မတက်သေးကြောင်း ပေတရု အတိအလင်း ပြောဆိုခဲ့သည်။
ယေရှာယ ၅၃း၂၊ ယေရှုသည် မိမိအသက်(ဝိညာဉ်)ကို သေခြင်း၌ သွန်ခဲ့သည်။
ဝိညာဉ်ကိုပင်ဘုရားသခင်ဖျက်ဆီးပစ်နိုင်သည်။
မဿဲ ၁ဝး၂၈၊ “ကိုယ်ခန္ဓာကိုသာသတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင် သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ဖျက်ဆီး နိုင်သော သူကိုသာ ကြောက်ကြလော့။”
အခန်းကြီး - ၄၁။
၄၁။ သေသောသူ၏အခြေအနေ
THE STATE
OF THE DEAD
သမ္မာကျမ်းစာတွင် သေခြင်းကို အိပ်ပျော်ခြင်းဟု ခေါ်ဆိုသည်။ ယော ဟန် ၁၁း၁၁၊ “ငါတို့အဆွေလာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းငှာငါသွား မည်။”
တမန်တော် ၇း၆၀၊ “ဒူးထောက်လျက်၊ သခင်၊ သူတို့ပြုသော ဒုစရိုက် အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသောအသံနှင့် ကြွေးကြော်ပြီးမှ ကျိန်းစက် (အိပ်ပျော်) လေ၏။”
ယောဘ ၁၄း၁၂-၁၄၊ “လူသည် အိပ်ပြီးမှ နောက်တဖန်မထရ။ မိုး ကောင်းကင်မကုန်ဆုံးမီတိုင်အောင်မနိုးရ။ အအိပ်အပျော်မပျက်ရ။ ကိုယ်တော် သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မီ တိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ်ကို အောက်မေ့စရာအချိန်ကို ချိန်းချက်တော်မူပါစေ။ လူသည်သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ်ပြောင်းလဲချိန်မရောက်မီ ပင်ပန်းစွာအမှုထမ်းရသော နေ့ရက်ကာလ ပတ်လုံး သည်းခံလျက်နေပါမည်။”
သေခြင်း၌ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လူအားလုံးတို့သည်
သင်္ချိုင်း၌နားနေကြရသည်။
ယောဟန် ၅း၂၈ - “ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်း များမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏အသံကို ကြား၍၊ ထွက်လာ ရမည့်အချိန် ကာလရောက်လတံ့။”
တမန်တော် ၂း၂၉၊ ၃၄၊ “ညီအစ်ကိုတို့၊ အမျိုး၏ အဘဖြစ်သော ဒါဝိဒ်၏ အကြောင်းကို ငါသည်သင်တို့အားအတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည်သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင်ငါတို့၌ရှိ၏။” “ဒါဝိဒ်သည် ကောင်းကင်သို့ မတက်သေး”
ပထမထမြောက်ခြင်းကာလ၌ ဖြောင့်မတ်သောသူတို့သည် ခရစ်တော် နှင့် အတူကောင်းကင်သို့တက်ကြမည်။
ဗျာဒိတ် ၂ဝး၆၊ “ပထမထမြောက်ခြင်းကို ဝင်စားသောသူသည် မင်္ဂလာ ရှိသောသူ၊ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏ လက်နှင့်ကင်းလွှတ်လျက်၊ ဘုရားသခင်၏ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ် ပုရောဟိတ်ဖြစ်၍၊ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့် မည်။” (၁ သက်သာလောနိတ် ၄း၁၃-၁၈)။
ဒုတိယထမြောက်ခြင်းဖြစ်သော-မဖြောင့်မတ်သောသူတို့ထမြောက် ခြင်း၊ အပြစ်စီရင်ရာ ထမြောက်ခြင်းသည် အနှစ်တစ်ထောင်အဆုံး၌ ဖြစ်လိမ့် မည်။ (ယောဟန် ၅း၂၉။ တမန်တော် ၂၄း၁၅။ ဗျာဒိတ် ၂ဝး၄၊ ၅)။
ငရဲဆိုတာဘာလဲ၊ ဘယ်မှာရှိသလဲ
မေးခွန်း။ ။၁ပေတရု ၄း၁၇၊ “ဘုရားသခင်၏အိမ်တော် သားတို့ကို ရှေးဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။ ငါတို့ကို ရှေးဦးစွာစစ်ကြော စီရင် လျှင်၊ ဘုရားသခင်၏ ဧဝံဂေလိတရားစကားကို နားမထောင်သောသူတို့၏ အမှုသည် အဘယ်သို့ပြီး(အဆုံးသတ်)လိမ့်မည်နည်း။”
အဖြေ။ ။ဆာလံ ၉း၁၇၊ “မတရားသောသူတို့နှင့်ဘုရားသခင်ကို မေ့လျော့သော အမျိုးသားအပေါင်းတို့သည် မရဏာနိုင်ငံသို့နှင်ခြင်းကိုခံရလိမ့် မည်။”
ဆိုးသွမ်းသောသူတို့နောက်ဆုံးသေကြေပျက်စီးခြင်း
ဆိုးသွမ်းသောသူတို့သည် အသက်မရှိချေ။
ယောဟန် ၃း၃၆၊ “သားတော်ကို ယုံကြည်သောသူသည် ထာ၀ရ အသက်ကို ရ၏။ သားတော်ကို မယုံကြည်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူအပေါ်၌ ဘုရားသခင်၏အမျက်တော်တည်နေသည်။”
ယောဟန် ၁ဝး၁၀၊ “သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှာ သာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက၊ အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှာလာသတည်း။”
ဆိုးသွမ်းသောသူတို့သည် မည်သည့်အပြစ်ဒဏ်ကိုခံရမည်နည်း။
၂ သက်သာလောနိတ် ၁း၉၊ “ထိုသူတို hသည် သခင်ဘုရား၏ မျက်နှာ တော်နှင့်၎င်း၊ တန်ခိုးရှိသော ဘုန်းတော်နှင့်၎င်း ကွာ၍၊ ထာ၀ရပျက်စီးခြင်း တည်းဟူသောအပြစ်ဒဏ်ကိုခံရကြလတံ့။”
ဆိုးသွမ်းသောသူတို့၏ ပျက်စီးခြင်းသည် ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်တို့ လုံးလုံး ပျက်စီးသွားခြင်းဖြစ်သည်။
မဿဲ ၁ဝး၂၈၊ “ကိုယ်ခန္ဓာကိုသာသတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင် သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ဖျက်ဆီး နိုင်သော သူကိုသာ၍ ကြောက်ကြလော့။”
ယေဇကျေလ ၁၈း၄၊ “ဝိညာဉ်အပေါင်းတို့ကို ငါပိုင်၏။ အဘ၏ ဝိညာဉ်ကို ငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်းငါပိုင်၏။ ပြစ်မှားသော ဝိညာဉ်သည် အသက်သေရမည်။”
ဆာလံ ၃၇း၂၀၊ “မတရားသောသူတို့မူကား၊ ပျက်စီးခြင်းသို့ရောက်ရ ကြမည်။ ထာ၀ရဘုရား၏ ရန်သူတို့သည် ကျက်စားရာအရပ်၏ အသရေကဲ့ သို့ဆုံး၍၊ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည်။” (နာဟုံ ၁း၁၀)။
ဆိုးသွမ်းသောသူတို့ကို ဖျက်ဆီးသောမီး၏ ဖျက်ဆီးခြင်းသည်ထာ၀ရ ထိရောက်မှုရှိမည်ဖြစ်သောကြောင့် ထာ၀ရမီးဟုခေါ်ဆိုသည်။
မဿဲ ၂၅း၄၁၊ “ကျိန်ခြင်းကိုခံရသောသူတို့၊ မာရ်နတ်နှင့်သူ၏တမန်တို့ အဖို့ ပြင်ဆင်သောထာ၀ရမီးထဲသို့ ငါ့ထံမှခွာသွားကြလော့။”
သောဒုံနှင့် ဂေါမောရမြို့တို့၏ ပျက်စီးခြင်းသည် ထာ၀ရမီး၏ လုပ်ဆောင်ချက်ကို ပြသထားသည်။
ယုဒ ၇၊ “ထိုနည်းတူ၊ သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ ရှိသောမြို့တို့သည်၊ အထက်က ဆိုခဲ့ပြီးသော လူဆိုးကဲ့သို့ မတရားသော မေထုန်ကို အလွန်ပြု၍၊ ကိုယ့်ခင်ပွန်းမဟုတ်သောသူတို့နှင့်မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့်၊ ထာ၀ရမီးနှင့် ကျွမ်းလောင်ခြင်းဒဏ်ကို ခံရ၍ ပုံသက် သေ ထင်ရှားလျက်ရှိကြ၏။”
၂ ပေတရု ၂း၆၊ “သောဒုံမြို့ နှင့် ဂေါမောရမြို့တို့ကို မီးရှို့၍ ဖျက်ဆီး ရာ၊ ဒဏ်စီရင်တော်မူသဖြင့်၊ နောင်၌မတရားသော အကျင့်ကိုကျင့်ခံ့သော သူတို့အား ပုံသက်သေကိုထားတော်မူ၏။”
မှတ်ချက်။ ဘုရားတရားမဲ့သောသူတို့အား ထာ၀ရမီး၏ စွမ်းဆောင် နိုင်မှုကို နမူနာပြသရန်၊ ၎င်းမြို့ကြီးများသည် ပြာပုံအဖြစ်သို့ရောက်ရှိသွားခဲ့ သည်။ ယခုအချိန်တွင် ၎င်းမြို့ကြီးများ မီးမလောင်တော့ပါ။ မီးခိုးများ “အစဉ်အမြဲ” တက်လျက်ရှိသည်ဟု ဗျာဒိတ် ၁၄း၁၁ တွင် ဖော်ပြထားသည်။ ဧဒုံပြည်နှင့် စပ်ဆိုင်၍ ပြောဆိုရာ၌၊ ယခုအချိန်တွင် မီးမလောင်သော်လည်း၊ မီးခိုးသည် “အစဉ်” တက်လိမ့်မည်ဟု ဆိုထားသည် (ယေရှာယ ၃၄း၁၀)။
“အစဉ်အမြဲ” ဟူသောစကားသည် အချိန်ကာလအကန့်အသတ်တစ်ခု ကို ဆိုလိုပါသည်။ ဥပမာ၊ လူ၏တစ်သက်တာကို ဆိုလိုသည် (ထွက်မြောက်ရာ ၂၁း၅၊ ၆)။ “သုံးနေ့နှင့်သုံးည။” (ယောန ၁း၁၇။ ၂း၆)။
ဆိုးသွမ်းသောသူတို့အား ဖျက်ဆီးသောမီးသည် ငြိမ်းသတ်လို့မရသော မီးဖြစ်သည်။
မဿဲ ၃း၁၁၊၁၂ - “ငါသည်နောင်တရဖို့အလို့ငှာ သင်တို့ကိုရေနှင့် ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသော သူသည်ငါ့ထက်တတ် စွမ်းနိုင်၏။ ထိုသူ ၏ ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။ လက်တော်တွင် စကောပါလျက်၊ မိမိ ကောက်နယ်တလင်းကိုရှင်းလင်းစေသဖြင့်၊ မိမိဂျုံစပါးကို ကျီ၌စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူ လတံ့။”
ယေရမိ ၁၇း၁၉-၂၇ - “မငြိမ်းမသေနိုင်သော မီးနှင့်ယေရုရှလင်မြို့ တံခါးတို့ကို မီးရှို့မည်ဖြစ်ကြောင်း၊ ဘုရားသခင် ခြိမ်းခြောက်ခဲ့ပါသည်။ ဘေဘီ လုံလူမျိုးတို့သည် ယေရုရှလင်မြို့ကို သိမ်းပိုက်ရာ၌ မီးရှို့ခဲ့ကြသည် (၂ ရာဇဝင် ချုပ် ၃၆း၁၄-၁၉)။ ငြိမ်းသတ်လို့မရသောမီးဖြစ်၍ လောင်မည့်အရာ အားလုံး ကိုကျွမ်းလောင်သွားစေသည်။ နှုတ်ကပတ်တော်လာသည့်အတိုင်း ငြိမ်းသတ် လို့မရသောမီးဖြစ်သော်လည်း ယေရုရှလင်မြို့တံခါးများလောင်ကျွမ်းပြီးနောက် တွင် မီးမလောင်တော့ပါ။
မီးလောင်သောနေ့ကြီး၌ ဆိုးသွမ်းသူရှိသမျှသည် မြက်ခြောက်ကဲ့သို့ ဖြစ်လျက်ပြာကျသွားမည်။
မာလခိ ၄း၁၊ ၃ - “မီးဖို၌မီးလောင်သကဲ့သို့ လောင်သောနေ့ရက် ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကိုပြုသောသူ အပေါင်းတို့သည် အမှိုက်ခြောက်ဖြစ်ကြလိမ့်မည်။ သူတို့အရင်းအဖျားမျှမကျန် ကြွင်းစေခြင်းငှာ၊ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာ၀ရဘုရား မိန့်တော်မူ၏။” “မတရားသောသူတို့ကိုလည်း (သင်တို့ သည်) နင်းကြလိမ့်မည်။ ထိုသို့ငါစီရင်သောနေ့ရက်၌ သူတို့သည် သင်တို့ ခြေဖဝါးအောက်၌ မြေမှုန်ကဲ့သို့ ဖြစ်ကြလိမ့်မည် ဟုကောင်းကင်ဗိုလ်ခြေ အရှင် ထာ၀ရဘုရားမိန့်တော်မူ၏။”
ဆိုးသွမ်းသောသူများသည် ငရဲမီးထဲ၌ ယခုအချိန်တွင် ဒဏ်ခတ်ခြင်း ခံနေကြပါသလား။
၂ ပေတရု ၂း၄၊၉ - “ပြစ်မှားသောကောင်းကင်တမန်တို့ကို ဘုရား သခင်သည် နှမြောတော်မမူ၊ ငရဲထဲသို့ချလိုက်ပြီးမှ စစ်ကြော်စီရင်ခြင်းအလိုငှာ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏။ . . . ဘုရားဝတ်၌ မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ရှက်ခြင်းအထဲက ကယ်နှုတ်ခြင်းငှာ၎င်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည်အကြောင်း၊ . . . ထာ၀ရဘုရားသည် တတ်နိုင်တော်မူ၏။”
မှတ်ချက်။ တရားစီရင်သောနေ့၌ ဒဏ်ခတ်ဖို့ရာမတရားသော သူတို့ကို မည်သို့ချုပ်ထားရမည်အကြောင်း ဘုရားသခင်သိတော်မူသည်။ ရှေးခေတ်၌ ဆိုးသွမ်းသောဤကမ္ဘာကို ရေလွှမ်းမိုးစေခြင်းဖြင့် ဖျက်ဆီးခဲ့သကဲ့သို့၊ ဤကမ္ဘာ မြေကြီးနှင့် ကမ္ဘာ့လေထုသည် တစ်နေ့သောအခါ၊ ဆိုးသွမ်းသောသူများကို ဖျက်ဆီးမည့် မီးအိုင်ကြီး ဖြစ်လာပါလိမ့်မည်။
၂ ပေတရု ၃း၇ - “ယခုရှိသောမိုးကောင်းကင်နှင့် မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသောနေ့ရက် တိုင်အောင်၊ ထိုနှုတ်က ပတ်တော်အားဖြင့် သိုထားလျက်ရှိ၍၊ မီးရှို့ခြင်းအဖို့အလိုငှာ နေရစ်သတည်း။”
ဆိုးသွမ်းသောသူများငရဲမီးထဲဘယ်တော့ချမှာလဲ။
မဿဲ ၁၃း၃၀ - “စပါးရိတ်သည့်ကာလတိုင်အောင် အပင်နှစ်မျိုးတို့ အတူ ကြီးပွားပါလေစေ။ စပါးရိတ်သည့်ကာလ ရောက်လျှင်၊ တောပင်တို့ကို အရင်နှုတ်၍ မီးရှို့ခြင်းငှာစည်းနှောင်ကြလော့။ စပါးကိုကားကျီ၌စုသိမ်းသွင်း ထားကြလော့။”
မှတ်ချက်။ စပါးရိတ်သောကာလသည် ဤကမ္ဘာကုန်သောကာလ ဖြစ်သည်။ ထို့အတွက်ကြောင့် ဆိုးသွမ်းသောသူများ ယခုအချိန်၌ ဒဏ်ခတ် ခြင်း မခံရသေးပါ။ (မဿဲ ၁၃း၃၉)။
ငရဲမီးအိုင်သည် မည်သည့်နေရာဒေသ၌ လောင်ကျွမ်းမည်နည်း။
သုတ္တံ ၁၁း၃၁ - “ဖြောင့်မတ်သောသူများ မြေကြီးပေါ်၌ ဆုချခြင်းခံရ လျှင်၊ အဓမ္မလူနှင့်အပြစ်သားများသည် မြေကြီးပေါ်၌ အပြစ်ဒဏ်သာ၍ ခံရ ကြမည်။” (KJဠ)
၂ ပေတရု ၃း၇၊၁၀၊၁၂၊ “ယခုရှိသောမိုးကောင်းကင်နှင့်မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသော နေ့ရက်တိုင်အောင်၊ ထိုနှုတ် ကပတ် တော်အားဖြင့် သိုထားလျက်ရှိ၍၊ မီးရှို့ခြင်းအလို့ငှာ နေရစ်သတည်း။” “သူခိုးသည် ညအခါ လာသကဲ့သို့၊ ထာ၀ရဘုရား၏နေ့ရက်သည် လာလိမ့် မည်။ ထိုနေ့၌ မိုးကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွ ပျောက်သွား လိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ အရည်ပျော်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍ မြေကြီးပေါ်မှာ ပြုလုပ်သမျှသောအရာတို့သည် ကျွမ်း လောင်ကြလိမ့်မည်။” “မိုးကောင်းကင်သည် မီးနှင့်ပျက်၍ လောကဓာတ်တို့ သည် ပူအားကြီးလျက် အရည်ကျိုခြင်းကို ခံရသောနေ့တည်းဟူသော ဘုရားသခင်၏နေ့ရောက်လိမ့်မည်။”
အဓမ္မလူတို့သည် ဒုတိယထမြောက်ခြင်း၌ ထမြောက်လာကြပြီး၊ မီး အိုင်ထဲသို့ ချခြင်းခံရကြလိမ့်မည်။ (ဗျာဒိတ် ၂ဝး၅၊ ၁၂-၁၅။ ယောဘ ၂၁း၃၀)။
အခန်းကြီး - ၄၂။
၄၂။ အသစ်ဖန်ဆင်းပြုပြင်သောမြေကြီး
THE EARTH
RENEWED
အဓမ္မလူတို့ဖျက်ဆီးခြင်းခံရပြီးသည့်နောက် ကမ္ဘာမြေကြီးသည် အစ အဦးကဲ့သို့ အသစ်ဖန်ဆင်းပြုပြင်ခြင်းခံရမည်။ ထိုအခါ အပြစ်ရော အပြစ်သား များပါ ရှိတော့မည်မဟုတ်ပါ။ ဘုရားသခင်သည် အပြစ်ကင်းစင်သော ကမ္ဘာ မြေကြီးကို ပိုင်ဆိုင်လျက်၊ သတ္တဝါ အပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်း ထောမနာပြုကြမည်။
ဗျာဒိတ် ၅း၁၃၊ “ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ ရှိသမျှသော ဝေနေယျအပေါင်းတို့က၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက်ကောင်းချီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိတော်မူစေသတည်းဟု ပြောဆိုကြသည်ကို ငါကြားလေ၏။”
ဆာလံ ၃၇း၁၀၊ “ခဏကြာပြီးမှ၊ မတရားသောသူသည် မရှိရ။ သူ၏ နေရာကို စေ့စေ့ရှာ၍ မတွေ့ရ။” အဓမ္မလူတို့၏ နေရာ(ငရဲမီးအိုင်)ပင်လျှင် ရှိတော့မည်မဟုတ်။
ယေရှာယ ၄၇း၁၄ - နွေးစေရာဖို့မီးတခဲမျှမရှိတော့ချေ။
ဗျာဒိတ် ၂၁း၁-၄ - ပင်ပန်းခြင်း၊ နာကျင်ခြင်း၊ စိတ်ဒုက္ခရောက်ခြင်း မရှိတော့ပေ။
ဗျာဒိတ် ၂၂း၃ - ကျိန်ခြင်းဘေးလည်းတစုံတခုမျှ မရှိတော့ချေ။
အခန်းကြီး - ၄၃။
၄၃။ ခက်ခဲသောကျမ်းချက်များရှင်းပြခြင်း
DIFFICULT
SCRIPTURAL PASSAGES CONSIDERED
၁။ သူဌေးနှင့်လာဇရုပုံပမာ။ (လုကာ ၁၆း၁၉-၃၁)။
မုံညင်းစေ့၊ တဆေးစသော ပုံပမာများ (လုကာ ၁၃)၊ ကြီးစွာသောပွဲ၊ အငန်ဓာတ်ကင်းသော ဆားပုံပမာများ (လုကာ ၁၄)၊ ပျောက်သောသိုး၊ ပျောက်သောဒင်္ဂါးပြား၊ ပျောက်သောသားပုံပမာများ (လုကာ ၁၅)၊ မတရား သောဘဏ္ဍာစိုး၊ သူဌေးနှင့်လာဇရုပုံပမာများ (လုကာ ၁၆)၊ တို့သည် တဆက် တစပ်တည်းဖြစ်ပါသည်။
ဤပုံပမာသည် သေပြီးနောက်၌လူ၏ အခြေအနေအဖြစ်မှန်ကို ဖော်ပြ ခြင်းမဖြစ်နိုင်ချေ။
“အာဗြဟံ၏ရင်ခွင်” - သည် ခိုင်းနှိုင်းခြင်းသာဖြစ်၍၊ အစစ်မဟုတ်ပါ။
“ရေအေးတစက်” - ငရဲထဲရောက်နေသောလူကို အေးစေနိုင်လောက် သော ရေမဟုတ်။
လူများအပြန်အလှန်စကားပြောဆိုနိုင်လောက်အောင် ကောင်းကင်နှင့် ငရဲမနီးကပ်ပါ။ တရားစီရင်သောနေ့မတိုင်မီ အပြစ်သားများဒဏ်ခတ်ခြင်း မခံ ရချေ။
၂ ပေတရု ၂း၉ - “ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်း နှောင့် ရှက်ခြင်းအထဲက ကယ်နှုတ်ခြင်းငှာ၎င်း၊ မတရားသော သူတို့ကို ဒဏ်ခံစေမည် အကြောင်း၊ . . . ထာ၀ရဘုရားသည် တတ်နိုင်(သိရှိနားလည်) တော်မူ၏။” (ဗျာဒိတ် ၂ဝး၁၅)။
ခရစ်တော်ဒုတိယအကြိမ်ကြွလာ၍ ရှင်ပြန်ထမြောက်ရာနေ့မတိုင်မီ ဖြောင့်မတ်သောသူများ အကျိုး(ဆု)မခံစားရသေးပါ။
ယောဟန် ၅း၂၈၊၂၉ - “ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်း များမှာရှိသော သူအပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍ ထွက်ရ မည့်အချိန်ကာလရောက်လတံ့။ ကောင်းသောအကျင့်ရှိသော သူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့၎င်း၊ ဆိုးယုတ်သောအကျင့်ရှိသောသူတို့သည် အပြစ်စီရင်ရာထမြောက်ခြင်းသို့၎င်း ထွက်ရကြလတံ့။”
ဗျာဒိတ် ၂၂၀၁၂- “ငါသည်အလျင်အမြန်လာမည်။ ငါသည်အကျိုး အပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။” (၁ သက်သာလောနိတ် ၄း၁၃-၁၈)။
“သူတို့၌ မောရှေမှစ၍ ပရောဖက်များရှိကြ၏” (လုကာ ၁၆း၂၉-၃၁) ဟူသော ပုံပမာထဲကစကားသည် သူဌေး၏ ညီအစ်ကိုများကို ရည်ညွှန်းလျက် ပြောသောစကားဖြစ်၍၊ သေပြီးနောက်လူ၏အခြေအနေကို ဓမ္မဟောင်းကျမ်း က အမှန်အကန်သွန်သင်ထားသည်ဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်ပါသည်။ သေ သောသူတို့ အိပ်ပျော်ခြင်းအဖြစ်ကို သွန်သင်ထားပါသည်။
သေသောသူသည် ဘာမျှမသိ။
ဆာလံ ၁၄၆း၃၊၄ - “မင်းများမှစ၍ မကယ်တင်နိုင်သော လူသားကို မကိုးစားကြနှင့်။ သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်း တွင်၊ သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။”
ဒေသနာ ၉း၅၆၊၁၀ - “အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှ မသိ။ အကျိုးအပြစ်ကိုလည်း မခံရ။ သူ့ကိုလည်းမေ့လျော့တတ်ကြ၏။ သူ၏ချစ်ခြင်း၊ ငြူစူခြင်းလည်း ပျောက် ပျက်၏။ နေအောက်မှာ ပြုသမျှသောအမှု၌ သူတပါးနှင့်ရောနှော၍ မဆိုင်ရ။” “ဆောင်ရွက်စရာရှိသမျှကို ကြိုးစားအားထုတ်၍ဆောင်ရွက်လော့။ အကြောင်း မူကား၊ သင်ယခုသွား၍ ရောက်ရလတံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါ တကား။”
ဤပုံပမာသည် ကျွန်ုပ်တို့၏ထာ၀ရကံကြမ္မာကို ဤဘ၀၌အဆုံးအဖြတ် ပေးရသည်ဖြစ်ကြောင်းသွန်သင်ခြင်းဖြစ်ပါသည်။သေလွန်ပြီးမှ အလွန်နက်ရှိုင်း သော ချောက်ကြီးသည် ခြားထားလျက်ရှိပါသည်။ မိမိပိုင်ဆိုင်သောပစ္စည်းဖြင့် တန်ဖိုးဖြတ်ခြင်း ခံရသောသူတစ်ယောက်မျှမရှိပါ။
၂။ ကိုယ်ခန္ဓာနှင့်ကွာဝေး၍ သခင်ဘုရားထံတော်၌နေခြင်း၊
၂ ကောရိန်သု ၅း၁-၆ - “ယာယီတဲဖြစ်သောငါတို့မြေအိမ်သည်ပျက် လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူ သော နိစ္စထာ၀ရ အိမ်ရှိကြောင်းကို ငါတို့သိကြ၏။ ငါတို့သည် မြေအိမ်၌ရှိစဉ် တွင်၊ ကောင်းကင် အိမ်ထဲသို့ ဝင်စား ခြင်းငှာအလွန်တောင့်တလိုချင်သော စိတ်ရှိ၍၊ ညည်းတွားမြည်တမ်းလျက်နေကြ၏။ ထိုသို့ဝင်စားလျှင် နေရာမဲ့ဖြစ် မည်မဟုတ်။ ဤတဲ၌နေသောငါတို့သည် လေးသောဝန်ကိုထမ်း၍ ညည်တွား မြည်တမ်းကြ၏။ နေရာထဲက ထွက်ချင်သောကြောင့် ညည်းတွားသည်မဟုတ်။ သေတတ်သောအရာကိုအသက်ရှင်ခြင်း၌ ဆုံးရှုံးစေခြင်းငှာ၊ မြဲသောနေရာထဲ သို့ ဝင်စားချင်သောကြောင့် ညည်းတွားကြ၏။ ထိုသို့သောအကျိုးကိုခံစေခြင်း ငှာ ငါတို့ကိုပြင်ဆင်သောသူကား၊ ဘုရားသခင်ပေတည်း။ ထိုဘုရားသခင်သည် ဝိညာဉ်တော်တည်းဟူသောစားရန်ကို ငါတို့အား ပေးတော်မူပြီ။ ထို့ကြောင့် ငါတို့သည် ကိုယ်ခန္ဓာ၌ နေမြဲနေစဉ်ကာလ၊ သခင်ဘုရားနှင့် ကွာဝေးရာအရပ် ၌နေသည်ကို ငါတို့သည်သိလျက်၊ အစဉ်ရဲရင့်သောစိတ်ရှိကြ၏။”
ရှင်ပြန်ထမြောက်သောနေ့မှာ သေတတ်သောလူသည် မသေတတ် သော ဘ၀သို့ကူးပြောင်းကာ၊ သေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်မည်ဖြစ် သည်။ ထိုသို့ဖြစ်မည့်အချိန်ကို တမန်တော်ပေါလုက ဤသို့ရေးထားပါသည်။
၁ ကောရိန်သု ၁၅း၅၁-၅၄၊ “နက်နဲသောအရာတခုကို ငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း နောက်ဆုံးသော တံပိုးမှုတ်သောခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည်ပြောင်း လဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သော သူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သော အဖြစ်သို့ဝင်စားရမည်။ ဤပုပ်တတ်သောအရာသည် မပုပ်နိုင် သောအဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ ၎င်း၊ ဝင်စားသောအခါ၊ သေခြင်းသည်အောင်ခြင်း၌ နစ်မြုပ်ပြီဟု ကျမ်းစာလာ ချက်ပြည့်စုံလိမ့်မည်။”
“သခင်ဘုရားနှင့်အတူနေမြဲနေခြင်း”ငှာ၊ ခရစ်တော်ဒုတိယအကြိမ်ကြွ လာ၍ ရှင်ပြန်ထမြောက်ခြင်းနှင့်ပြောင်းလဲခြင်း အချိန်ကို ကျွန်ုပ်တို့စောင့်နေရ ကြမည်။
၁ သက်သာလောနိတ် ၄း၁၇၊ “ထိုအခါအသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်း ငှာ၊ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင် ဘုရားနှင့် အတူအစဉ်မပြတ် နေရကြလိမ့်မည်။”
၃။ စုတေ့(ထွက်ခွာ)၍ ခရစ်တော်နှင့်အတူနေခြင်း၊
ဖိလိပ္ပိ ၁း၂၀-၂၅ - “ငါသည်အလျှင်းရှက်ကြောက်ခြင်းမရှိ၊ ရဲရင့်ခြင်း နှင့် ပြည်စုံ၍ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ ခရစ် တော်သည် အစဉ်မပြတ်ဂုဏ်အသရေထင်ရှားတော်မူသကဲ့သို့၊ ယခုပင်ထင်ရှား တော်မူမည်ဟု ငါမြော်လင့်အားကြီး၍ တောင့်တသည်နှင့်အညီ၊ . . . ငါ အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ ၏။ ဤကိုယ်ခန္ဓာ၌ ငါသည် အသက်ရှင်လျှင်၊ ငါပြုသောအမှု၏အကျိုးကား ထိုသို့သောအကျိုးဖြစ်၏။ သို့သော်လည်း အဘယ်အကျိုးကို ရွေးယူရမည်ဟု ငါမသိ။ ထိုအကျိုးနှစ်ပါး၏ အကြား၌ ငါသည်ယခုကျဉ်းမြောင်းစွာနေရ၏။ စုတေ့၍ ခရစ်တော်နှင့်အတူ နေခြင်းငှာ တောင့်တလိုချင်သောစိတ်ရှိ၏။ သာ၍ အလွန်ထူးမြတ်သောအကျိုးဖြစ်၏။ သို့သော်လည်း ကိုယ်ခန္ဓာ၌နေရ လျှင် သင်တို့၌သာ၍ အကျိုးရှိလိမ့်မည်။ ထိုသို့ ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍၊ ... သင်တို့သည် ယုံကြည်ခြင်း၌ တိုးပွား ဝမ်းမြောက် မည်အကြောင်း ငါသည် ကိုယ်ခန္ဓာ၌ နေ၍ သင်တို့ရှိသမျှနှင့်ပေါင်းဖော်ရမည် ဟု ငါသိ၏။”
တမန်တော်၏အထက်ပါပြောဆိုချက်များကို ကျမ်းစာ၌အများအားဖြင့် သူသွန်သင်သောအချက်များနှင့်တွဲ၍ အနက်ဖွင့်ရပါမည်။ ခရစ်တော်နှင့်အတူ နေခြင်းနှင့်စပ်လျဉ်း၍ သူသည်အချက်မြောက်မြားစွာ ရေးသားထားပါသည်။ သက်သာလောနိတ် ၄း၁၃-၁၈ ကိုဖတ်ပါ။ ရှင်ပြန်ထမြောက်ခြင်းဖြင့်လည်း ကောင်း ပြောင်းလဲခြင်းဖြင့်လည်းကောင်း၊ ဒုတိယအကြိမ် ခရစ်တော်ကြွလာ သောအခါ ဘုရားသခင်၏ လူတို့သည် ခရစ်တော်နှင့်အတူနေရကြမည်။ (၁ ကောရိန်သု ၁၅း၅၁-၅၄)။
ရှင်ပြန်ထမြောက်ခြင်းတွင် မသေနိုင်သောအဖြစ်သည် ဘုရားသခင်၏ လူတို့၌ရောက်ရှိလာသည်ဟု တမန်တော်ပေါလု ဆိုခဲ့ပါသည်။ ကျွန်ုပ်တို့သည် တံပိုးမှုတ်သောအခါ တခဏခြင်းတွင် မျက်စိတမှိတ်၌ပြောင်းလဲရကြမည်။
ကောလောသဲ ၃း၄ - “ငါတို့အသက်ဖြစ်သောခရစ်တော်သည် ထင်ရှား တော်မူသောအခါ၊ ငါတို့သည်လည်းထိုသခင်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြ လတံ့။” “ထိုအခါ ငါတို့သည်ကိုယ်တော်နှင့်အတူ (ကြွလာသောအခါ) ထင်ရှား ရကြမည်။
၂ တိမောသေ ၄း၈၊ “ထိုနေ့ရက်၌” “ဖြောင့်မတ်ခြင်းသရဖူ” ကိုငါ၌ အပ်ပေးတော်မူမည်။
၄။ လက်ဝါးကပ်တိုင်၌ယေရှုနှင့်အတူ ကွပ်မျက်ခြင်းခံရသောဓားပြ၊
လုကာ ၂၃း၃၉-၄၅ - “တစ်ပိုဒ်လုံးကိုဖတ်ပါ။ ပုဒ်မငယ်ထားဖို့နေရာ များ ဘုရားသခင်သတ်မှတ်ပေးခြင်းမရှိပါ။ “ယနေ့တွင်” ဟူသောစကားစုကို “ငါအမှန်ဆိုသည်ကား” ဟူသောစကားစု၏အရှေ့ (အစ) တွင်ထားမှသာ၊ အခြားကျမ်းချက်များနှင့်ကိုက်ညီမှုရှိ မည်ဖြစ်သည်။ ဇာခရိ ၉း၁၂၊ ဟေဗြဲ ၃း၇၊ ၁၅။ ၄း၇။ ၅း၅ တို့၌ “ယနေ့တွင်^ပင်” ဟူသောစကားစုသုံးနှုန်းထားပုံကို ကြည့်ပါ။
မှတ်ချက်။ ထိုနေ့တွင်သခင်ယေရှု ပါရဒိသုဘုံ၌မရှိသေးပါ။ အသက် ပင်သည် ပါရဒိသုဘုံ၌ရှိသည် (ဗျာဒိတ် ၂း၇)။ ထိုအသက်ပင်သည် ပလ္လင် တော်နား၌ ရှိသည် (ဗျာဒိတ် ၂၂း၁၊ ၂)။ ပါရဒိသုဘုံသည် ထာ၀ရဘုရား ကျိန်းဝပ်တော်မူရာ တတိယကောင်းကင်ဘုံဖြစ်သည်(၂ ကောရိန်သု ၁၂း၁-၄)။
သခင်ယေရှုသည် ခမည်းတော်ထံသို့ သူမရောက်ရှိသေးကြောင်း နောက်သုံးရက်အကြာတွင် ဖော်ပြပြောဆိုပါသည် (ယောဟန် ၂ဝး၁၇)။ ထို့ပြင် မက၊ ထိုနေ့တွင် ဓားပြမသေသေးပါ (ယောဟန် ၁၉း၃၁-၃၇)။ သမ္မာကျမ်းစာ မှတ်တမ်းအရ ဝတ်ပြုရာ ၂၃း၃၂)။ ဓားပြနှစ်ယောက်တို့ အသက်မသေသေး သောကြောင့်၊ ကားတိုင်တင်သော(ကွပ်မျက်ရာ)နေ့ နေမဝင်မီ စစ်သားတို့ သည် ထိုသူတို့၏ ခြေထောက်ကို ရိုက်ချိုးလိုက်ပါသည်။
၅။ ထောင်ထဲမှာ လှောင်ထားသောဝိညာဉ်တို့၊
၁ ပေတရု ၃း၁၈-၂၀၊ “ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေ သတ်ခြင်းကို ခံ၍၊ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူ သည်ဖြစ်၍၊ ငါတို့ကိုဘုရားသခင့်အထံတော်သို့ ပို့ဆောင်ခြင်းငှာ၊ ဖြောင့်မတ် တော်မူသောသူသည်၊ မဖြောင့်မတ်သောသူတို့အတွက် ဒုစရိုက်အပြစ်များ ကြောင့် တခါခံတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့်လည်း ကြွသွားတော်မူ၍၊ (ယခု)ထောင်ထဲမှာလှောင်ထားသော ဝိညာဉ်တို hအား တရားဟောတော်မူ၏။ ထိုဝိညာဉ်တို hမူကား၊ ရှေးကာလ နောဧလက်ထက်၌၊ နည်းသောသူတည်းဟူ သော လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သောသင်္ဘောကို တည်လုပ် စဉ်တွင်၊ ဘုရားသခင်၏ ခန္တီတော်သည် ဆိုင်းလင့်တော်မူသော်လည်း၊ နားမထောင်သောဝိညာဉ်ဖြစ်သတည်း။” ခရစ်တော်သည် ဝိညာဉ်တော်အား ဖြင့် ခေတ်အဆက်ဆက်တွင် အပြစ်သားများအားတရား ဟောတော်မူသည် (၁ ပေတရု ၁း၁၀-၁၂။ ရောမ ၁း၄။ ၈း၁၁)။
အားလုံးသော အပြစ်သားများသည် အပြစ်ထောင်ထဲ၌ ရှိနေကြသည် (ရောမ ၇း၁၄။ ဂလာတိ ၃း၂၂။ ၅း၁၆၊ ၁၇။ ၂ ပေတရု ၂း၁၉)။
မြေကြီးပေါ်၌ကယ်တင်ရှင်ရှိနေစဉ်၊ အပြစ်ထောင်ထဲ၌ရှိသော ထောင် သားများကို ကိုယ်တော်သည် မိမိဟောတော်မူသော တရားတော်ဖြင့် လွှတ် တော်မူသည်။ (ဂလာတိ ၅း၁)။
လုကာ ၄း၁၆ - “ကြီးပွားတော်မူရာနာဇရက်မြို့သို့ ရောက်ပြန်လျှင်၊ ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားစရပ်သို့ဝင်၍ ကျမ်းစာကိုဖတ် ရွတ်ခြင်းငှာ ထတော်မူ၏။” ကိုယ်တော်ဖတ်သောကျမ်းပိုဒ် ယေရှာယ ၆၁း၁ ကိုဖတ်ပါ။
ဤကျမ်းစာကို သခင်ယေရှုဖတ်ပြပြီးသွားသောအခါ၊ “ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြားသည်အတိုင်း ပြည့်စုံလေပြီ၊” ဟုပြောဆိုခဲ့ သည် (လုကာ ၄း၂၁)။ ထိုဥပုသ်နေ့၌ပင် ထိုအနာဂတ်စကားဖြစ်သော ယေရှာ ယ ၆၁ ပြည့်စုံပြီဖြစ်သည်။ ထောင်တံခါးပွင့်လာလျက် အပြစ်နှင့်အပြစ်ဒဏ် နှောင်ကြိုးမှ ထောင်သားများ လွတ်လာပြီဖြစ်သည်။ (ယောဟန် ၈း၃၂၊ ၃၆)။
ရေကြီး၍ ရေမလွှမ်းမိုးမီ အပြစ်ထောင်ထဲ၌ရှိသောသူများအား နောဧ မှတဆင့် ခရစ်တော်၏ဝိညာဉ်တော်သည် တရားဟောခဲ့သည်။
၂ ပေတရု ၂း၅ - “ရှေးကမ္ဘာကိုလည်းနှမြောတော်မမူ။ ဖြောင့်မတ်ခြင်း တရားကိုဟောသော နောဧနှင့် လူခုနစ်ယောက်တို့ကို စောင့်မတော်မူ၍၊ ဘုရားကို မကိုးကွယ်သောလောကီသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ ၏။” (ဟေဗြဲ ၁၁း၇။ ရောမ ၈း၁၊ ၂။ ကမ္ဘာဦး ၆း၃)။
ထောင်ထဲမှာရှိသောဝိညာဉ်များသည် ခန္ဓာကိုယ်(ရုပ်)မရှိသော ဝိညာဉ် (နာမ်) များမဟုတ်။
ဟေဗြဲ ၁၂း၉၊၂၃၊ “ကိုယ်ကာယနှင့်စပ်ဆိုင်သောအဘတို့၏ဆုံးမခြင်း ကို ငါတို့သည်ခံရသောအခါ၊ သူတို့ကိုရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘ အလိုသို့လိုက်၍ အသက်ချမ်းသာရကြမည်မဟုတ်လော။” “ကောင်း ကင်စာရင်း၌ ဝင်သော သားဦးတို့၏ အသင်းတော်သို့၎င်း၊ ခပ်သိမ်းသော သူ တို့ကို တရားစီရင်တော်မူသော ဘုရားသခင်အထံတော်သို h၎င်း၊ စုံလင်ခြင်းသို့ ရောက်သော သူတော်ကောင်းတို့၏ စိတ်ဝိညာဉ်တို့ထံသို့၎င်း” (တောလည်ရာ ၁၆း၂၂။ ၂၇း၁၆)။ ဤကျမ်းချက်များကို လေ့လာပြီးသွားသောအခါ၊ “ထောင် ထဲမှာရှိသောဝိညာဉ်များ” သည်မြေကြီးပေါ်၌ အသက်ရှင်လျက်ရှိသော သူ များကို ဆိုလိုခြင်းဖြစ်ကြောင်း သဘောပေါက်ကြပါလိမ့်မည်။
ယခုဘ၀အတွက် အသက်ရှင်နေစဉ်တွင်သာ၊ လူသည်ဧဝံဂေလိတရား ကို ကြားနာ၍ကယ်တင်ခြင်းကို လက်ခံနိုင်ပါသည်။
ဟေဗြဲ ၉း၂၇၊ “လူသည်တခါတည်းသေ၍၊ ထိုနောက်မှတရားစီရင် တော်မူခြင်းကိုခံရသကဲ့သို့၊” (ဒေသနာ ၉း၅၊ ၁၀)။
No comments:
Post a Comment