အခန်း - ၄၈။ ဗတ္တိဇံခေါ် ရေနှစ်ခြင်းမင်္ဂလာ
အခန်းကြီး - ၄၄။
၄၄။ စာတန်နှင့်ကျဆုံးသောကောင်းကင်တမန်များ
SATAN AND
HIS FALLEN ANGELS
လူသားမိသားစုအပြင်၊ အပြစ်ဒုစရိုက်ပြုသော အခြားသူများရှိပါ သလား။
၂ ပေတရု ၂း၄၊ “ပြစ်မှားသော ကောင်းကင်တမန်တို့ကို ဘုရားသခင် သည် နှမြောတော်မမူ။ ငရဲထဲသို့ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းငှာ ချုပ်ထား ၍၊ မှောင်မိုက်သံကြိုးနှင့်ချည်နှောင်တော်မူ၏။”
ပြစ်မှားသောကောင်းကင်တမန်တို့ကို မည်သူဦးဆောင်ပါသနည်း။
မဿဲ ၂၅း၄၁ - “ထိုအခါ လက်ဝဲတော်ဘက်၌ရှိသောသူတို့အား မင်းကြီးက၊ ကျိန်ခြင်းခံရသောသူတို့ မာရ်နတ်နှင့်သူ၏ တမန်တို့အဖို့ပြင်ဆင်
သော ထာ၀ရမီးထဲသို့ ငါ့ထံမှခွာသွားကြလော့။”
စာတန်မာရ်နတ်မည်သည့်နေရာမှ ကျဆုံးပါသနည်း။
လုကာ ၁ဝး၁၈ - “ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ။”
ဗျာဒိတ် ၁၂း၇-၉ - “ကောင်းကင်၌စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည်နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့်သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ကောင်းကင်၌လည်းသူတို့နေစရာမရှိ။ထိုအခါ ဤလောက တနိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်း တည်းဟူသောနဂါးကြီးကို၎င်း၊ သူနှင့်အတူသူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။”
ကောင်းကင်၌သူသည်မည်သည့်ရာထူးရှိပါသနည်း။
ယေဇကျေလ ၂၈း၁၄၊ “သင်သည်ဖြန့်၍ လွှမ်းမိုးသော ခေရုဗိမ်ဖြစ် လျက်၊ ငါအခွင့်နှင့်ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့တွင် သွားလာရ၏။”
မှတ်ချက်။ မောရှေဆောက်လုပ်ခဲ့သော မြေကြီးဆိုင်ရာ သန့်ရှင်းရာ ဌာန၌ ရွှေဖြင့်လုပ်ထားသော ပဋိညာဉ် သေတ္တာ၏အပေါ် တစ်ဘက်တစ်ချက် ၌ ကရုဏာပလ္လင်ကို မိုးထားလျက်ရွှေခေရုဗိမ်ရုပ်နှစ်ခုကို မျက်နှာချင်းဆိုင်တင် ထားသည် (ဟေဗြဲ ၉း၃-၅။ ထွက်မြောက်ရာ ၂၅း၁၆-၂၂)။ ၎င်းသည် ကောင်းကင်၌ ရှိသောအရာတို့၏ ပုံတူအထိမ်းအမှတ်ဖြစ်သည် (ဟေဗြဲ ၉း၂၃။ ဗျာဒိတ် ၁၁း၁၉)။ မြေကြီးဆိုင်ရာ သန့်ရှင်းရာဌာန၌ရှိသော ခေရုဗိမ်နှစ်ခု အကြားမှ ဘုရားသခင်ရှိနေခြင်း ထင်ရှားခြင်းသည် ကောင်းကင်ဘုံရှိ အသက် ရှင်သောခေရုဗိမ်တို့အကြားရှိ ဘုရားသခင်၏ ပလ္လင်တော်ရှိနေခြင်း၏ အမှတ် လက္ခဏာဖြစ်သည်။ လူစီဖာ (နံနက်သား မိုးသောက်ကြယ်) ခေါ် စာတန်မာရ် နတ်သည် ဘုရားသခင်၏ ပလ္လင်တော်နားတွင် မြင့်မြတ်သောရာထူးနေရာ ရရှိခဲ့သည်။
ကျဆုံးချိန်မှစ၍ စာတန်၏အကျင့်စရိုက်သည် ဆိုးသွမ်းလာခဲ့သည်။ ဖြစ်သည့်အလျောက် သင်တို့အဘ၏အလိုသို့ လိုက်တတ်ကြ၏။ သူသည် အစ အဦး၌ပင် လူကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရားမရှိသောကြောင့် သစ္စာ တရား၌မတည်။ သူသည်မုသာစကားပြောသောအခါ မိမိပကတိအတိုင်း ပြော ၏။ သူသည်လူညာဖြစ်၍ လူညာတို့၏အဘလည်းဖြစ်၏။”
၁ ယောဟန် ၃း၈၊ “မာရ်နတ်သည် ရှေးဦးစွာမှစ၍ ဒုစရိုက်ကို ပြုသော ကြောင့်၊ ဒုစရိုက်ပြုသောသူသည်မာရ်နတ်နှင့်ဆိုင်သောသူဖြစ်၏။ မာရ်နတ်၏ အမှုကို ပယ်ဖျက်ခြင်းငှာ ဘုရားသခင်၏သားတော်သည် ထင်ရှား ပေါ်ထွန်း တော်မူ၏။”
မြေကြီးပေါ်တွင် ခရစ်တော်သည် အမှုတော်ဆောင်ရွက်နေစဉ်၊ စာတန်က သူအားဆန့်ကျင်ခဲ့ပါသည်။
မဿဲ ၂း၁၃-၂၁ - ကလေးသူငယ်ဘ၀၌ပင် သတ်ဖြတ်ရန်ကြိုးစားခဲ့ သည်။
မဿဲ ၄း၁-၁၁ - အပြစ်လုပ်ရန် သွေးဆောင်ဖြားယောင်းခဲ့သည်။
ဟေဗြဲ ၂း၁၄ - ခရစ်တော်၏ရည်ရွယ်ချက်မှာ စာတန်ကိုဖျက်ဆီးပစ်ဖို့ ဖြစ်သည်။
ယောဟန် ၁၂း၃၁ - စာတန်ကို “လောကကို အစိုးရသောမင်း” ဟု ခေါ်ဆိုသည်။
နောက်ဆုံးသောကာလ၌ ဘုရားသခင်၏လူတို့အား စာတန်တိုက်ခိုက် မည် ဖြစ်သည်။
ဗျာဒိတ် ၁၂း၁၇၊ “နဂါးသည် မိန်းမကိုအငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလမ်းသော သူတည်းဟူသော၊ ထိုမိန်းမ၌ကြွင်းသောအမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှာ သွား၏။” (ဗျာဒိတ် ၁၆း၁၄)။
ငရဲမီးအိုင်၌ စာတန်သည် ဖျက်ဆီးပစ်ခြင်းခံရမည် (ယေဇကျေလ ၂၈း၁)။
ဗျာဒိတ် ၂ဝး၇-၉။ မ ၂၅း၄၁။ မာလခိ ၄း၁)။
မှတ်ချက်။ စာတန်သည် အဓမ္မအမှုအားလုံး၏အရင်းအမြစ် ဖြစ်သည်။ သူ့စိတ်တွင်းမှ အပြစ်ဒုစရိုက် စတင်ဖြစ်ပေါ်လာသည်။
စာတန်ကိုမည်သို့ခုခံတွန်းလှန်ရမည်နည်း
၁ ပေတရု ၅း၈၊ ၉ - “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ အကြောင်းမူကား၊ သင်တို့၏ရန်သူမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။ သို့ဖြစ်၍ အရပ်ရပ်၌ရှိသော သင်တို့ ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲဒုက္ခကိုခံရ သည်ဟု သိမှတ်လျက်၊ ယုံကြည်ခြင်း၌တည်၍ မာရ်နတ်ကိုဆီးတားကြလော့။”
ယာကုပ် ၄း၇ – “ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ် နတ်ကိုဆီးတားကြလော့။ သို့ပြုလျှင် သူသည်သင်တို့ထံမှ ပြေးသွားလိမ့်မည်။”
သခင်ယေရှုကို စာတန်မာရ်နတ်သွေးဆောင်သောအခါ၊ “ကျမ်းစာ လာသည်၊” ဟူသောစကားကို သခင်ယေရှုအသုံးပြု သကဲ့သို့ ကျွန်ုပ်တို့လည်း အသုံးပြုရပါမည် (မဿဲ ၄း၄-၁၀)။
သမ္မာကျမ်းစာတွင် အသုံးပြုသောစာတန်၏နာမည်များ
“ညီအစ်ကိုများကို အပြစ်တင်သောရန်သူ”- ဗျာဒိတ် ၁၂း၁၀။
“တရားတွေ့ဘက်”
- လုကာ ၁၂း၅၈။
“ဘိသိက်ခံသောခေရုဗိမ်”
- ယေဇကျေလ ၂၈း၁၄။
“ဗေလဇေဗုလ”
- မဿဲ ၁၂း၂၄။
“မာရ်နတ်”
- မဿဲ ၄း၁။
ဓမ္မသစ်ကျမ်းစာ၌ ၃၅ ကြိမ်ပါရှိသည်။
“ကမ္ဘာတဝန်းလုံးကိုလှည့်ဖြားသောသူ”
- ဗျာဒိတ် ၁၂၉။
“နဂါး”
- ဗျာဒိတ် ၂ဝး၂။
“ရန်သူ”
- မဿဲ ၁၃း၃၉။
“မုသာ၏အဘ”
- ယောဟန် ၈း၄၄။
“ဤလောက၏ဘုရား”
- ၂ ကောရိန်သု ၄း၄။
“မုသာစကားပြောသောသူ”
- ယောဟန် ၈း၄၄။
“မိုးသောက်ကြယ်”
- ယေရှာယ ၁၄း၁၂။
“လူကိုသတ်သောသူ”
- ယောဟန် ၈း၄၄။
“ရှေးမြွေဟောင်း”
- ဗျာဒိတ် ၁၂း၉။
“နတ်ဆိုးအကြီးအကဲ”
- မဿဲ ၉း၃၄။
“ကောင်းကင်တန်ခိုးအစိုးရသောမင်း” - ဧဖက် ၂း၂။
“လောကကိုအစိုးရသောမင်း”
- ယောဟန် ၁၄း၃၀။
“ဟောက်သောခြင်္သေ့”
- ၁ ပေတရု ၅း၈။
“မှောင်မိုက်ကိုအစိုးရသောမင်း”
- ဧဖက် ၆း၁၂။
“စာတန်”
- ၁ ရာဇဝင်ချုပ် ၂၁း၁။
ဓမ္မဟောင်းကျမ်းစာ၌ ၁၅ ကြိမ်၊ ဓမ္မသစ်ကျမ်း၌ ၃၅ ကြိမ် အသုံးပြုထားသည်။
“စုံစမ်းသွေးဆောင်သူ”
- မဿဲ ၄း၃။
“မာရ်နတ်^အဓမ္မလူ”
- ၁ ယောဟန် ၃း၁၂။
စာတန်၏ကျဆုံးသောတမန်များ
ဗျာဒိတ် ၁၂း၉၊ “နဂါးကြီးကိုပစ်ချသည် (၂ ပေတရု ၂း၄)။ ၎င်းဝိညာဉ် ဆိုးများကို “နတ်ဆိုးများ” “မကောင်းဆိုးဝါးများ” ဟုသမ္မာကျမ်းစာက ခေါ် ဝေါ်သမုတ်ထားသည်။ သူတို့သည် ခရစ်တော်၏ အမှုတော်လုပ်ငန်းကို အမြဲ တမ်းဆန့်ကျင် လျက်ရှိသည်။
မာကု ၅း၉။ “ကိုယ်တော်ကလည်း၊ “သင်သည် အဘယ်အမည်ရှိ သနည်းဟု မေးတော်မူလျှင်၊ အကျွန်ုပ်အမည်ကား၊ လေဂေါင် ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏၊” ဟုလျှောက်ပြီးမှ၊”
မဿဲ ၈း၂၉၊ “ဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း၊ အချိန်မရောက်မီ အကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှာ ကြွလာတော်မူသလော၊ ဟုအော်ဟစ်၍လျှောက်ကြ၏။”
နတ်ဆိုးတို့သည် တစ်နေ့သောအခါ မိမိတို့ဖျက်ဆီးပစ်ခြင်းခံရမည် ဖြစ် ကြောင်းကို သိသောကြောင့်၊ “အချိန်မရောက်မီ အကျွန်ုပ်တို့ကို ညှဉ်းဆဲရန် ကြွလာတော်မူသလား၊” ဟုမေးလိုက်ခြင်းဖြစ်ပါသည်။
ကြီးစွာသောနေ့ရက်၌ တရားစီရင်ခြင်းကို ရင်ဆိုင်ရန်ကောင်းကင်မှ ၎င်းနတ်ဆိုးများသည် နှင်ထုတ်ခြင်းခံရပါသည်။
ယုဒ ၁း၆၊ “မိမိတို့အခွင့်အရာကိုမစောင့်၊ မိမိတို့နေရာ အရပ်ကိုစွန့်ပစ် သော ကောင်းကင်တမန်တို့ကို၊ ကြီးစွာသောနေ့၌ စစ်ကြောစီရင်ဖို့ရန်၊ ထာ၀ရ ချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချုပ်ထားတော်မူ၏။” (၂ ပေတရု ၂း၄)။
ဤကောင်းကင်တမန်တို့သည် ဘုရားသခင်၏ အခွင့်အာဏာတော်ကို တိုက်ခံခဲ့ဖူးပါသည်။ (ဗျာဒိတ် ၁၂း၇၊ ၈)။ သူတို့၏ခေါင်းဆောင်ဖြစ်သော စာတန်သည် လူ့လောကတခုလုံးကို လှည့်ဖြားဖို့ဖြစ်ပါသည် (ဗျာဒိတ် ၁၂း၉)။
စာတန်နှင့်သူ၏တမန်တို့သည် လူသားများကို ကျွန်ပြုရန်မည်သို့ ကြိုး စားကြပါသနည်း။
အဆိုးကိုလုပ်ကြရန် လူတို့ကို ပထမဦးဆုံးလှည့်ဖြားသွေးဆောင်သည်။
၂ ကောရိန်သု ၁၁း၃ - “မြွေသည် မိမိပရိယာယ်အားဖြင့် ဧ၀ကို လှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သော စိတ်ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။”
နောက်ဆုံးသောကာလ၌ ဝိညာဉ်ဆိုးတို့၏ မည်သည့်အထူးလှုပ်ရှားမှု များ ကို သတိထားရန်ကျွန်ုပ်တို့အား သတိပေးထားခြင်း ရှိပါသနည်း။
၁။ နတ်ဆိုးတို့၏ဩဝါဒများ၊
၁ တိမောသေ ၄း၁၊ “နောင်ကာလ၌ လူအချို့တို့သည် ယုံကြည်ခြင်းမှ လွှဲသွား၍၊ လှည့်ဖြားတတ်သောဝိညာဉ်တို့နှင့် နတ်ဆိုးတို့၏ ဩဝါဒများကို အာရုံစိုက်ကြလိမ့်မည်ဟု ဝိညာဉ်တော်သည် အတည့်အလင်းဟောထားတော်မူ ၏။”
၂။ အပြည်ပြည်ဆိုင်ရာ ဒုက္ခဆင်းရဲများ၊
ဗျာဒိတ် ၁၆း၁၄၊ “၎င်းတို hသည် နိမိတ်လက္ခဏာတို hကို ပြသော နတ်ဆိုးတို့၏ဝိညာဉ်များဖြစ်လျက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏နေ့ကြီး၌ ဖြစ်သော တိုက်ပွဲအတွက် ကမ္ဘာလောကတခွင်လုံးရှိ ရှင်ဘုရင်များကို စုဝေးစေရန်သွားသော ဝိညာဉ်များဖြစ်ကြ၏။”
ဓမ္မသစ်ကျမ်း၌ “နတ်ဆိုးများ” “မကောင်းဆိုးဝါး” ဟုခေါ်ဆိုသော၊ ကျဆုံးသော ကောင်းကင်တမန်များသည် နံဝိညာဉ် ဝါဒ၏ ဝိညာဉ်များ၊ ဗသ လွန်သော သူတို့၏ ဝိညာဉ်များဖြစ်သည်ဟု အလွဲယူဆကြသော ဝိညာဉ်များ ဖြစ်သည်။ ထိုသို့အားဖြင့် စာတန်၏ပထမမုသားစကားအမှန်ကဲ့သို့ဖြစ်သွားစေ ပါသည်။ ကောင်းမကောင်းသိကျွမ်းရာအပင်၏ အသီးကို မစားရန် ဘုရား သခင်သည် လူကို အမိန့်ပေးတော်မူခဲ့သည်။ “သင်သည်စားလျှင်၊ စားသော နေ့တွင် ဧကန်အမှန် သေရမည်၊” ဟုဆိုပါသည် (ကမ္ဘာဦး ၂း၁၇)။ စာတန် သည် မြွေကိုကြားခံအဖြစ် အသုံးပြုလျက်၊ “သင်တို့သည် ဧကန်အမှန်သေရ မည် မဟုတ်၊” ဟုဆိုပါသည် (ကမ္ဘာဦး ၃း၄)။
နံဝိညာဉ်ဝါဒသည် အလွန်ပင်ရှေးကျခဲ့ပါသည်။
ဝတ်ပြုရာ ၁၉း၃၁၊ “သူတို့အားဖြင့် ကိုယ်ကိုညစ်ညူးစေခြင်းငှာ၊ နတ် ဝင် (ဝိညာဉ်အရောဝင်)သူတို့ကို မမှီဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ။ ငါသည် သင်တို့၏ ဘုရားသခင်ထာ၀ရဘုရားဖြစ်၏။”
မှတ်ချက်။ ခရစ်တော်မတိုင်မီ နှစ်ပေါင်းတစ်ထောင်ကျော်ကပင် ဝိညာဉ်အရောဝင်သူတို့နှင့် မဆက်ဆံရန် ဘုရားသခင်တားမြစ်တော်မူခဲ့သည်။ ထိုသို hပြုလုပ်ခြင်းသည် ဘုရားသခင်ရှေ့တော်၌ ရွံရှာဖွယ်ဖြစ်ပါသည် (တရား ဟောရာ ၁၈း၁၀-၁၂)။ အလွန်စက်ဆုပ်ရွံရှာဖွယ်ဖြစ်သောကြောင့် အစ္စရေးတို့ ၏သီအိုကရေစီခေတ်တွင်သေခြင်းအပြစ်ဒဏ်ချခဲ့ပါသည်(ဝတ်ပြုရာ ၂ဝး၂၇)။
ယုံကြည်သူများသည် ဝိညာဉ်အရောဝင်သူတို့ကိုဆည်းကပ်ခြင်းမပြုဘဲ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုသာ ဆည်းကပ်ရပါမည်။
ယေရှာယ ၈း၁၉၊၂၀၊ “နတ်ဝင်သူတို့နှင့်ပြုကြည့်၍ တတွတ်တွတ် ရေရွတ်သော စုန်းဝိဇ္ဇာတို့ကို ဆည်းကပ်ကြလော့ဟု သင်တို့အားဆိုကြလျှင်၊ လူတို့သည်မိမိတို့၏ ဘုရားသခင်၌ မဆည်းကပ်အပ်သလော၊ အသက်ရှင် သောသူ၏ အမှုမှာ သေသောသူ၌ ဆည်းကပ်အပ်သလော။ တရားတော်နှင့် သက်သေခံတော်မူချက်တို့ကို နားထောင်ကြကုန်အံ့။ သူတို့ပြောသောစကား သည် နှုတ်ကပတ်တော်နှင့်မညီလျှင် သူတို့၌အလင်းမရှိ။”
သေသောသူသည် အသက်ရှင်သောသူနှင့်စကားပြောဆက်သွယ်ခြင်း မပြုနိုင်ဟု သမ္မာကျမ်းစာက ဆိုထားပါသည် (ဒေသနာ ၉း၆။ ယောဘ ၇း၁၀)၊ လူသည် သေသောအခါ မည်သည့် အရာကိုမျှ မသိသောကြောင့် အသက်ရှင် သော သူနှင့်စကားပြော ဆက်သွယ်ခြင်းမပြုနိုင်ပါ။
ဒေသနာ ၉း၅၊၆၊ “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်းမခံရ၊ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။ သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက်ပျက်၏။ နေအောက်မှာ ပြုသမျှသောအမှု၌ သူတပါးနှင့်ရောနှော၍ မဆိုင်ရ။”
ယောဘ ၁၄း၂၀၊၂၁ - “လူကိုအစဉ်နိုင်တော်မူ၍၊ လူသည်ကွယ် ပျောက်တတ်ပါ၏။ ထူးခြားသောမျက်နှာကိုပေး၍ အခြားသို့ လွှတ်လိုက်တော် မူ၏။ သူ၏သားတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သော်လည်း သူသည်မသိရ ပါ။ နှိမ့်ချခြင်းသို့ ရောက်သော်လည်း ထိုအမှုကိုပင်မရိပ်မိပါ။”
သေလွန်သောမိတ်ဆွေများဖြစ်သည်ဟုဆို၍ ဝိညာဉ်များက နိမိတ် လက္ခဏာများပြသောအခါ၊ မည်သူများဖြစ်သည်ဟု ကျွန်ုပ်တို့စွပ်စွဲရမည်နည်း။
ဗျာဒိတ် ၁၆း၁၄၊ “သူတို့သည် နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး တို့၏ ဝိညာဉ်များဖြစ်၏။”
နောက်ဆုံးသောကာလ၌ ဝိညာဉ်များ၏လှုပ်ရှားမှုသည် ပြန်လည်၍ နိုးကြားထကြွလာပါလိမ့်မည်။
၁ တိမောသေ ၄း၁၊ “နောင်ကာလ၌ လူအချို့တို့သည် ယုံကြည်ခြင်းမှ
လွှဲသွား၍၊ လှည့်ဖြားတတ်သော ဝိညာဉ်တို့နှင့် နတ်ဆိုးတို့၏ ဩဝါဒများကို အာရုံစိုက်ကြလိမ့်မည်ဟု ဝိညာဉ်တော်သည် အတည့်အလင်းဟောထားတော် မူ၏။”
ဖြောင့်မတ်သောသူတို့ကို လှည့်ဖြားရန် စာတန်သည် မည်သို့ကြိုးစား မည်နည်း။
၂ ကောရိန်သု ၁၁ါ်၁၄၊ ၁၅၊ “အံ့ဩခြင်း မရှိကြနှင့်။ စာတန်ပင်လျှင် အလင်း၏တမန်ဖြစ်ယောင်ဆောင်တတ်၏။ သို့ဖြစ်၍ သူ၏အစေအပါးတို့ သည် ဖြောင့်မတ်ခြင်း တရားဟောဆရာဖြစ်ယောင်ဆောင်လျှင် အဘယ်ဆို ဖွယ်ရှိသနည်း။ ထိုသူတို့သည် မိမိတို့အကျင့်အတိုင်း အကျိုးအပြစ်ကို ခံရကြ လတံ့”
မဿဲ ၂၄း၂၄၊ ခရစ်တော်အတုနှင့်ပရောဖက်အတုတို့သည် ပေါ်လာ ၍၊ ကြီးစွာသောနိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။ ရွေးချယ်ထားသောသူတို့ကိုပင် တတ်နိုင်လျှင် လှည့်ဖြားလောက်အောင် ပြုကြ လိမ့်မည်။”
ဗျာဒိတ် ၁၃း၁၃၊ “ကြီးစွာသောနိမိတ်လက္ခဏာတို့ကိုပြ၏။ လူတို့ မျက်မှောက်၌ ကောင်းကင်မှ မြေကြီးပေါ်သို့ မီးကိုလည်းဆင်းစေ၏။”
ဤအရာအားလုံးကို ဆင်ခြင်သုံးသပ်လျက် ယုံကြည် သူတို hသည် မည် သည့်အရာကို ပြုလုပ်ရမည်နည်း။
၁ ပေတရု ၅း၈ “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုးရ မည်နည်းဟု လှည့်လည်ရှာဖွေလျက်ရှိ၏။”
အခန်းကြီး - ၄၅။
၄၅။ ဘုရားသခင်၏သန့်ရှင်းသောကောင်းကင်တမန်များ
THE HOLY
ANGELS OF GOD
ကောင်းကင်တမန်တို့သည် လူထက်ပို၍ အဆင့်မြင့်သောဖန်ဆင်းခြင်း ခံသည့် သတ္တဝါများဖြစ်ကြသည်။
ဆာလံ ၈း၄၊၅၊ “လူသည်အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူ၏သားသည် အဘယ်သို့သောသူဖြစ်၍၊ အကြည့်အရှု ကြွလာတော်မူရသနည်း။ သူ့ကိုကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ။ သူ၏ခေါင်းကို ဘုန်းအသရေနှင့်ပတ်ရစ်တော်မူပြီ။”
ကောင်းကင်တမန်အရေအတွက်၊
ဗျာဒိတ် ၅း၁၁၊ “ထိုအခါ ငါကြည့်၍၊ ပလ္လင်တော်မှစသော သတ္တဝါ တို့နှင့် အသက်ကြီးသူတို့၏ ပတ်ဝန်းကျင်၌၊ ကုဋေသင်္ချေမကအတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏အသံကို ငါကြား၏ (ဒံယေလ ၇း၁၀)။
မှတ်ချက်။ ၁၀၀၀၀ လီ ၁၀၀၀၀ သည်သန်း ၁၀၀ ဖြစ်သည်။ ၎င်း အပြင် ထောင်ဂဏန်းတို့၏ ထောင်ဂဏန်း (အလွန်များသောအရေအတွက်) ဖြင့် ရှိသေးသည်။ ဟေဗြဲ ၁၂း၂၂၊ “သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်ကောင်းကင်ယေရုရှလင်မြို့ သို့၎င်း၊ အတိုင်းမသိများစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့ ၎င်း၊ . . ရောက်ကြ၏။”
ကောင်းကင်တမန်တို့သည် (သတ္တဝါစင်စစ်ဖြစ်၍၊ စိတ်ကူးယဉ်မျှသာ မဟုတ်ပါ။
ကမ္ဘာဦး ၁၈း၈ - “နို့နှင့်နို့ဓမ်းကို၎င်း၊ ပြင်ဆင်သောနွားသငယ်ကို၎င်း ယူ၍၊ ထိုသူတို့ရှေ့၌တည်ခင်းပြီးလျှင်၊ သစ်ပင်အောက်၊ သူတို့အနားမှာရပ်နေ ၍၊ သူတို့သည် စားကြ၏။” (၁၉း၃)။
ကောင်းကင်တမန်များသည် သေလွန်သော သူတို့၏ ဝိညာဉ်များ မဟုတ်ပါ။ သေသောသူတစ်ယောက်မျှ မရှိမီ သူတို့ရှိနေခဲ့ပါပြီ။
ကမ္ဘာဦး ၃း၃၄၊ “ထိုသို့လူကို နှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှာ၊ မီးစက်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဧဒင် ဥယျာဉ် အရှေ့ဘက်၌ ထားတော်မူ၏။”
မှတ်ချက်။ ခေရုဗိမ်တို့သည် အဆင့်မြင့်ကောင်းကင်တမန် အမျိုး အစားဖြစ်သည်။ ကောင်းကင်တမန်တို့၏ အဓိကအလုပ်သည် ဘုရားသခင်၏ လူတို့အား ပြုစုစောင့်ရှောက်သည့်အလုပ်ဖြစ်သည်။
ဟေဗြဲ ၁း၁၄ - “ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံလတံ့သောသူတို့ကိုပြုစုစေခြင်းငှာ၊ စေလွှတ်တော်မူသော အစေခံနာမ်ဝိညာဉ်များဖြစ်ကြသည် မဟုတ်လော။”
ဆာလံ ၃၄း၇ - “ထာ၀ရဘုရားကို ကြောက်ရွံ့(ရိုသေ)သော သူတို့ ပတ်လည်၌ ကောင်းကင်တမန်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။”
ကောင်းကင်တမန်တို့၏ ပြုစုစောင့်ရှောက်ခြင်းများ၊
ထောင်ထဲမှ ပေတရုလွှတ်မြောက်လာခြင်း (တမန်တော် ၁၂း၅-၁၁)နှင့် ဟောရပ်တောင်သို့ ဧလိယခရီးသွားခြင်း (၃ ဓမ္မရာဇဝင် ၁၉၉၇၊ ၈)။
ဘုရားသခင်၏သားသမီးတိုင်း၌ စောင့်(အုပ်)ထိန်းသူ ကောင်းကင် တမန်ရှိသည် (မဿဲ ၁၈း၁၀)။
ကယ်တင်ခြင်းလုပ်ငန်း၌ ကောင်းကင်တမန်များစိတ်ဝင်စားကြသည်။
၁ ပေတရု ၁း၁၂၊ “ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှုစဉ်းစား
ချင်သော စေတနာစိတ်ရှိကြ၏။”
လုကာ ၁၅း၁၀၊ “ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တ ရသော လူဆိုးတယောက်၌ ဝမ်းမြောက်ခြင်း ရှိကြသည်”
ကောင်းကင်တမန်တို့သည် ကျွန်ုပ်တို့၏ အပြောအဆို အပြုအမူတို့ကို သက်သေခံရန် တရားစီရင်ရာနေ့၌ ပါဝင်ကြပါလိမ့်မည်။
ဒေသနာ ၅း၅၊၆၊ “သစ္စာကတိပြု၍ ဝတ်ကိုမဖြေဘဲနေသည်ထက်၊ သစ္စာကတိအလျှင်းမပြုဘဲနေသော် သာ၍ကောင်း၏။ သင်၏နှုတ်သည် သင် ၏ ကိုယ်ခန္ဓာ၌အပြစ်မရောက်စေနှင့်။ အကျွန်ုပ်မှားပါပြီဟု ကောင်းကင်တမန် ရှေ့မှာ ပြောရသောအကြောင်း မရှိစေနှင့်။ ဘုရားသခင်သည် သင်၏စကားသံ ကို အမျက်တော်ထွက်၍ သင်ပြုစုသောအမှုကိုအဘယ်ကြောင့် ဖျက်ဆီးတော် မူရမည်နည်း။” (ဒံယေလ ၇း၁၀)။
ဘုရားသခင်၏ကောင်းကင်တမန်များရှေ့၌၊ အောင်မြင်သောသူတို့၏ နာမည်များကို ခရစ်တော်သည်ဖော်ပြပါလိမ့်မည်။
ဗျာဒိတ် ၃း၅၊ “အောင်မြင်သောသူသည် ဖြူသောအဝတ်ကို ဝတ်ဆင် လိမ့်မည်။ ထိုသူ၏နာမကို အသက်စာစောင်မှ ငါသည်အလျှင်းမချေ။ ငါ့ ခမည်းတော် ရှေ့၌၎င်း၊ ကောင်းကင်တမန်တော်တို့ရှေ့၌၎င်း၊ သူ၏နာမကို ငါဝန်ခံမည်။”
ဘုန်းတော်နှင့်တကွ ကယ်တင်ရှင် ပြန်လည်ကြွလာသောအခါ ကောင်း ကင် တမန်ရှိသမျှတို့သည် အတူလိုက်ပါလာမည်။
မဿဲ ၂၅း၃၁၊ “လူ၏သားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက်၊ သန့်ရှင်းသောကောင်းကင်တမန်များ အခြံအရံတို့နှင့်တကွ ကြွလာတော်မူ သောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာ ထိုင်၍၊”
ထိုအခါ ကောင်းကင်တမန်တို့သည် ရွေးနုတ်ခြင်းခံသောသူတို့ကို ခရစ် တော်ထံတော်သို့ စုဝေးစေတော်မူမည်။
မဿဲ ၂၄း၃၁၊ “လူ၏သားသည် မိမိတမန်တို့ကို စေလွှတ်၍ တံပိုးကို ပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ်တော်မူသောသူတို့ကို အရပ် လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးကြလတံ့။”
ကောင်းကင်တမန်များနှင့်ဆိုင်သောအခြားအချက်များ၊
၄ ဓမ္မရာဇဝင် ၁၉း၃၅၊ - ကောင်းကင်တမန်တပါးသည် ဆိုးသော တပ်မကြီး
တစ်တပ်ကို ဖျက်ဆီးပစ်ခဲ့သည်။
ဆာလံ ၁၀၃း၂၀၊ - ကောင်းကင်တမန်များခွန်အားကြီးမားသည်။
ဘုရားသခင်၏အမိန့်တော်ကို နားထောင်သည်။
ဆာလံ ၁၀၃း၂၁၊ - ဘုရားသခင်၏အလိုတော်သို့လိုက်သည်။
ဆာလံ ၁၀၄း၄၊
- ကောင်းကင်တမန်တို့သည် လေ(ဝိညာဉ်များ) ဖြစ်
ကြသည်။
မဿဲ ၂၅း၃၁၊
- သန့်ရှင်းခြင်းရှိကြသည်။
မဿဲ ၂၈း၃၊ - ဘုန်းရောင်ခြည်ရှိသည်။
ဟေဗြဲ ၁း၆၊ - ယေရှုကိုကိုးကွယ်ကြသည်။
၂ ပေတရု ၂း၁၁၊ - ခွန်အားတန်ခိုးကြီးသည်။
ဗျာဒိတ် ၇း၁၁၊ ၁၂၊ - ဘုရားသခင်ကိုကိုးကွယ်ကြသည်။
အခန်းကြီး - ၄၆။
၄၆။ ခရစ်ယာန်ဖြစ်လာရန်နည်းလမ်း
HOW TO
BECOME A CHRISTIAN
ခရစ်တော်ကို လက်ခံယုံကြည်၍ နှုတ်ကပတ်တော်အတိုင်း နေထိုင် သော သူတို့သည် ခရစ်တော်၏တပည့်တော်များ ဖြစ်ကြသည်။
ယောဟန် ၈း၃၀၊၃၁၊ “ထိုစကားတော်ကိုမိန့်တော်မူစဉ်၊ လူများတို့ သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ထိုအခါ ယေရှုက၊ သင်တို့ သည် ငါ၏ ဒေသနာ၌တည်လျှင် ငါ့တပည်အမှန်ဖြစ်ကြ၏. . . ဟုမိန့်တော်မူ၏။”
ခရစ်တော်၏တပည့်တော်ဖြစ်လျှင် ခရစ်ယာန်များဖြစ်ကြသည်။
တမန်တော် ၁၁း၂၆၊ “ထိုသူတို့သည် တနှစ်ပတ်လုံး ထိုအသင်းတော် နှင့်အတူ စည်းဝေး၍၊ လူများအပေါင်းတို့အား ဆုံးမဩဝါဒပေးကြ၏။ တပည့် တော်တို့သည်လည်းခရစ်ယာန်ဟူသောခေါ်ဝေါ် သမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံရကြ၏။”
၁။ ပထမခြေလှမ်း - သခင်ယေရှုခရစ်တော်ကို ယုံကြည်ပါ။
တမန်တော် ၁၆း၃၁၊ ၃၂ - “ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်တော် ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက်၊ ထိုသူမှစ၍ သူ၏ အိမ်၌ရှိသမျှသောသူတို့အား သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟော ကြ၏။”
၂။ ဒုတိယ ခြေလှမ်း - အပြစ်ကိုနောင်တရပါ။
လုကာ ၂၄း၄၇ - “ခရစ်တော်၏အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှ စသော လူမျိုးတကာတို hအား ဟောပြောရမည်။”
မှတ်ချက်။ စစ်မှန်သောနောင်တကို အသက်တာ၌ မြင်နိုင်သည်။ နောင်တရခြင်းနှင့် ဆီလျော်သော အကျင့်များ ရှိလာသည် (တမန်တော် ၂၆း၂၀)။
၃။ တတိယခြေလှမ်း - သူတပါးရှေ့၌ခရစ်တော်ကို ဝန်ခံပါ။
လုကာ ၁၂း၈ - “ငါဆိုသည်ကား၊ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ဘုရားသခင်၏ကောင်းကင်တမန်တို့ရှေ့မှာ၊ လူ၏သားသည် ထိုသူကို ဝန်ခံမည်။”
၄။ စတုတ္ထခြေလှမ်း - ဗတ္တိဇံခေါ် ရေနှစ်ခြင်းမင်္ဂလာခံယူပါ။
မာကု ၁၆း၁၆၊ “ယုံကြည်၍၏ ဗတ္တိဇံကိုခံသောသူသည် ကယ်တင် တော်မူခြင်းသို့ရောက်လတံ့။”
တမန်တော် ၂း၃၈ - “သင်တို့၏အပြစ်ကိုလွှတ်စေခြင်းငှာ နောင်တရ ၍ တယောက်မျှမကြွင်း၊ ယေရှုခရစ်တော်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။”
မှတ်ချက်။ အပြစ်သား^သူ၏တာဝန်မှာ ယုံကြည်ဖို့၊ ယုံကြည်ခြင်း အတိုင်း ပြုမူကျင့်ကြံဖို့၊ အပြစ်နောင်တရဖို့၊ ခရစ်တော်ကိုဝန်ခံဖို့၊ နားထောင် ခြင်းဖြင့် ချီတက်ဖို့၊ နှစ်ခြင်းမင်္ဂလာခံယူဖို့၊ နှုတ်ကပတ်တော်အတိုင်း အသက် ရှင်ဖို့၊ စသည်တို့ဖြစ်ပါသည်။ ဘုရားသခင်၏ တာဝန်မှာ၊ ထိုသူအားစိတ် သဘောအသစ်ကို ပေးဖို့ဖြစ်ပါသည်။ ၎င်းကို အသစ်မွေးဖွားခြင်းဟု ခေါ်ဆိုပါ သည် (ယောဟန် ၃း၃-၈)။
အခန်းကြီး - ၄၇။
၄၇။ ယုံကြည်ခြင်း
FAITH
ယုံကြည်ခြင်းရှိကြရန်သခင်ယေရှုဖိအားပေးတော်မူပါသည်။
မာကု ၁၁း၂၂-၂၄၊ “ယေရှုကလည်း၊ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းရှိကြလော။ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသော စိတ်နှင့် ကင်း၍ မိမိဆိုသည်အတိုင်းဖြစ်မည်ဟု ယုံကြည်လျက်၊ ထိုတောင်ကို နေရာမှရွှေ့လော့၊ ပင်လယ်၌ ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း ဖြစ်လိမ့်မည်။ ထို့ကြောင့် ငါဆိုသည်ကား၊ သင်တို့သည် ဆုကျေးဇူးကိုရမည် ဟုယုံကြည်သော စိက်နှင့်ဆုတောင်း သမျှတို့ကိုရကြလိမ့်မည်။”
ယုံကြည်ခြင်းမပါလျှင် မည်သူမျှ ဘုရားသခင်ကိုမကျေနပ်စေနိုင်ပါ။
ဟေဗြဲ ၁၁း၁၊၆၊ “ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်း အကြောင်း ဖြစ်၏။” “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင်အထံတော်သို့ ချဉ်းကပ်သော သူ သည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။”
အပြစ်ဖြေရာအဖြစ်လက်ဝါးကပ်တိုင်၌ အသေခံသော ကယ်တင်ရှင် ယေရှုခရစ်တော်ကို ယုံကြည်ခြင်းသည် ကယ်တင်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ် ပါသည်။
ယောဟန် ၃း၁၄၊ ၁၅၊ “မောရှေသည် တော၌မြွေကိုမြှောက်ထားသကဲ့ သို့ လူ၏သားသည် မြှောက်ထားခြင်းကိုခံရမည်။ အကြောင်းမူကား၊ ထိုသား တော်ကို ယုံကြည်သော သူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာ၀ရ အသက်ကိုရမည် အကြောင်းတည်း။”
ခရစ်တော်ကို ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ်ယုံကြည်ခြင်းသည် ပြစ် ဒဏ်စီရင်ခြင်းမှ ကျွန်ုပ်တို့ကိုလွတ်မြောက်စေပါသည်။
ယောဟန် ၃း၁၇၊၁၈၊ “လောကီသားတို့အားအပြစ်စီရင်ခြင်းငှာ၊ ဘုရား သခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည် အကြောင်းစေလွှတ်တော်မူ၏။သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင် ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါးတည်းသော သားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကိုခံရ၏။”
ကယ်တင်ခြင်းသည် သခင်ယေရှုအား ကျွန်ုပ်တို့၏ ယုံကြည်ခြင်း အပေါ်မူတည်နေပါသည်။
ယောဟန် ၃း၁၆၊ “ဘုရားသခင်၏ သားတော်ကိုယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာ၀ရ အသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင် အောင် လောကီသားတို့ကိုချစ်တော်မူ၏။”
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင် ခြင်း ရရှိပါသည်။
ဧဖက် ၂း၈၊ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင် ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရား သခင်၏ သနားတော်မူရာဖြစ်သတည်း။”
ကျွန်ုပ်တို့ဖြောင့်မတ်ရာသို့ ရောက်ခြင်းသည် ဘုရားသခင်၏ ကျေးဇူး တော်ကြောင့်ဖြစ်သည်။
တိတု ၃း၇၊ “ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာ သို့ရောက်၍ ထာ၀ရအသက်ကို မြော်လင့်သည်နှင့်အညီ အမွေ ခံဖြစ်ကြမည် အကြောင်းတည်း။”
ခရစ်တော်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်ရာသို့ရောက်ရှိပါသည်။
ရောမ ၅း၉၊ “ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော် မူခြင်းသို့ရောက်
မည်ဟုသာ၍ မြော်လင့်စရာရှိ၏။”
သို့သော်လည်း ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ထိုဖြောင့်မတ် ခြင်းကို စွဲကိုင်ထားရပါမည်။
ရောမ ၃း၂၈၊ “ထို့ကြောင့် လူမည်သည်ကား၊ ပညတ်တရား၏အကျင့် မရှိဘဲ၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟု ယူရ၏။”
ကျွန်ုပ်တို့၏ကောင်းသောအကျင့်များ၊ ဘုရားသခင်၏ ပညတ်တရား တို့ကို နာခံခြင်းများတို့သည်၊ ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ယုံကြည်သူရောက်ရှိခြင်း၏ ထင်ရှားသောသာဓကများ ဖြစ် သည်။
ဧဖက် ၂း၈-၁၀၊ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာဖြစ်သတည်း။ ကိုယ့်ကုသိုလ်ကြောင့် ကယ်တင် တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့် တို့ကိုကျင့်ရမည်အကြောင်း၊ ယေရှုခရစ်တော်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။”
ခရစ်တော်သည် ကျွန်ုပ်တို့အတွက် ပြုလုပ်ပေးတော်မူခဲ့သော အရာ များနှင့်၊ ပြုလုပ်ပေးဦးမည့်အရာများဖြစ်သော ဧဝံဂေလိ တရားခေါ် သတင်း ကောင်းတို့ကို ကျွန်ုပ်တို့ယုံကြည်ရပါမည်။
၁ ကောရိန်သု ၁၅း၁-၄၊ “ညီအစ်ကိုတို့၊ ငါသည်သင်တို့အား ဟော ပြောဘူးသည်နှင့်အညီ၊ သင်တို့သည် ခံယူ၍မှီဝဲဆည်းကပ်သော ဧဝံဂေလိ တရားကို သင်တို့အား တဖန်ငါကြားလိုက်၏။ အထက်ကငါဟောပြောသည့် အကြောင်းများကို သင်တို့သည် အကျိုးမဲ့မယုံဘဲ စိတ်စွဲလမ်းလျှင်၊ ထိုဧဝံဂေလိ တရားအားဖြင့် ကယ်တင်တော်မူခြင်းသို့ရောက်ကြ၏။ ငါသည် ကိုယ်တိုင် ခံယူသည်အတိုင်း၊ သင်တို့အား ရှေးဦးစွာ အပ်ပေးသော အကြောင်းအရာဟူ မူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း၊ ငါတို့အပြစ်ကြောင့်အသေ ခံတော်မူ၏။”
မှတ်ချက်။ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင် ရှေ့တော် ၌ အသရေပျက်ကြပြီဟု ကျမ်းစာက ဆိုထားပါသည် (ရောမ ၃း၂၃)။ သခင် ယေရှုသည် ဘုရားသခင်၏ ပညတ်တရားတော်နှင့်အညီ ဖြောင့်မတ်သော အသက်တာဖြင့် နေထိုင်သွားပါသည်။ အပြစ်ဒုစရိုက်၏အခသည် သေခြင်း ဖြစ်သောကြောင့် (ရောမ ၆း၂၃) ကယ်တင်ရှင်သည် ပညတ်တရား၏ ပြစ်ဒဏ် စီရင်ရာတွင် ကျွန်ုပ်တို့၏နေရာကို ယူကာ၊ ကျွန်ုပ်တို့ကိုယ်စား ပြစ်ဒဏ်ခံတော် မူခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို မိမိတို့၏ ကယ်တင်ရှင်အဖြစ်ဖြင့် လည်းကောင်း၊ လက်ဝါးကပ်တိုင်၌ ကိုယ်တော်၏ အသေခံတော်မူခြင်းကို လည်းကောင်း လက်ခံလိုက်သောအခါ၊ ကိုယ်တော်၏ဖြောင့်မတ်တော်မူခြင်းကို ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်းအဖြစ် ဘုရားသခင်သည် မှတ်ယူပေးတော်မူလျက်၊ ကျွန်ုပ်တို့ခံရမည့် အပြစ်ဒဏ်ဖြစ်သော ထာ၀ရသေခြင်းမှ ကျွန်ုပ်တို့လွတ် မြောက်သွားခြင်းဖြစ်ပါသည်။ ထိုအခါ ကျွန်ုပ်တို့သည် “ခရစ်တော်၌ရှိသော” သူများဖြစ်သွားပါသည်။ ဖိလိပ္ပိ ၃း၉၊ “ပညတ်တရားအားဖြင့်ရသော ကိုယ့် ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်ရသော ကိုယ့်ဖြောင့်မတ်ခြင်းကို ကိုးစားသဖြင့်၊ ထိုသခင်၌ တည်ပါမည်အကြောင်း၊” ဟုဆို၍ ရှင်ပေါလုရေးသားခဲ့ပါသည်။
အာဗြဟံသည် ဘုရားသခင်၏အစေခံဖြစ်လျက်၊ သူ၏ယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် ဘုရားသခင် မှတ်ယူတော်မူပါသည်။
ကမ္ဘာဦး ၁၅း၆၊ “အာဗြဟံသည် ထာ၀ရဘုရားကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။”
လက်ဝါးကပ်တိုင်၌ သခင်ယေရှု၏အသေခံတော်မူခြင်းကို ကျွန်ုပ်တို့ သည် ယုံကြည်လျှင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သင့်မြတ်ခြင်းရရှိပါသည်။
ရောမ ၅း၁၊ “ငါတို့သည်ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက် လျှင်၊ ငါတို့သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ရှေ့တော်၌ ငြိမ်သက် ခြင်းကို ခံစားကြ၏ (ဘုရားသခင်နှင့်သင့်မြတ်ခြင်းရှိ၏)။”
ဘုရားသခင်သည် ယုံကြည်သူတိုင်းအား ယုံကြည်ခြင်းကို အတိုင်း အဆအားဖြင့် ခွဲဝေပေးထားသော်လည်း၊ ထိုယုံကြည်ခြင်းကို တိုးပွားအောင် ပြုလုပ်လို့ရပါသည်။
ရောမ ၁၂း၃၊ “သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက်လွန် ၍ မထင်ဘဲ၊ ဘုရားသခင်သည် လူအသီးအသီးတို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ၊ ကိုယ်ကိုလျောက်ပတ်စွာ ထင်ရမည်အကြောင်း၊ ငါသည်ကိုယ်ခံရသော ကျေးဇူးတော်ကို အမှီပြုလျက် သင်တို့တွင်ရှိသမျှသော သူတို့ကို မှာထား၏။”
ရောမ ၁ဝး၁၇၊ “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်စကားတော်အားဖြင့်ဖြစ်၏။”
မှတ်ချက်။ ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို စိတ်ရင်းနှင့် အမှန်ကြားနာခြင်းသည် ယုံကြည်ခြင်းကို တိုးပွားစေပါသည်။ ၎င်းနှုတ်ကပတ် တော်ကို များများကြားနာလျက်အသက်တာ၌ ပိုမိုကျင့်သုံးလေလေ၊ ယုံကြည် ခြင်းပိုတိုးလေလေ ဖြစ်သည်။ သို့ဖြစ်၍ သမ္မာကျမ်းစာဖတ်ရှု လေ့လာခြင်း သည် အလွန်အရေးကြီးပါသည်။
ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ထာ၀ရအသက်ကို တွေ့ရှိပါ သည်။
ရောမ ၁း၁၇၊ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ယုံကြည်ခြင်းအဖို့အလို့ငှာ ဧဝံဂေ လိတရား အားဖြင့် ထင်ရှားလျက်ရှိ၏။”
ယုံကြည်ခြင်းသည် စာတန်၏တိုက်ခိုက်ခြင်းအမျိုးမျိုးမှ ကျွန်ုပ်တို့ကို ကာကွယ်စောင့်ရှောက်သည်။
၁ သက်သာလောနိတ် ၅း၈၊ “ယုံကြည်ခြင်းနှင့် ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ . . . ဝတ်ဆောင်ကြကုန်အံ့”
မှတ်ချက်။ အခြားတစ်နေရာတွင် ရှင်ပေါလုသည် “ယုံကြည်ခြင်း ဒိုင်း လွှား” အကြောင်းကို ဖော်ပြထားပါသည်။ ၎င်းသည်တစ်ကိုယ်လုံးကို အကာ အကွယ်ပေးထားသောကြောင့်၊ ရန်သူပစ်သောမြားနှင့် လှံတို့ကို တားဆီးနိုင် သည် (ဧဖက် ၆း၁၆)။
ကျွန်ုပ်တို့၌ကြီးပွားသောယုံကြည်ခြင်းလိုအပ်လျက်ရှိသည်။
၂ သက်သာလောနိတ် ၁း၃၊ “ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်း သည် အလွန်တိုးပွား၍၊ လူတိုင်းအသီးအသီးတို့သည် အချင်းချင်းချစ်ခြင်း မေတ္တာနှင့် ပြည့်စုံကြသည်ဖြစ်၍၊ ငါတို့သည် ပြုသင့်သည်အတိုင်း သင်တို့ ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြ၏။”
ဘုရားသခင်၏နှုတ်ကပတ်တော်ကျမ်းစာကို ဖတ်ရှုခြင်းနှင့် ကြားနာ ခြင်းအားဖြင့် အကျိုးကျေးဇူးခံစားနိုင်ရန် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းရှိရမည်။
ဟေဗြဲ ၄း၂၊ “ငါတို့သည် ဧဝံဂေလိတရားကို ထိုသူတို့ကဲ့သို့ ကြားရကြ ပြီ၊ သို့သော်လည်း သူတို့ကြားရသော နှုတ်ကပတ်တရားသည်၊ ကြားရသော သူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့် အကျိုးကိုမပေး။”
ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ထံတော်သို့ တိုးဝင် ချဉ်းကပ်နိုင်သည်။
ဟေဗြဲ ၁ဝး၂၂၊ “ကျွန်ုပ်တို့သည်ယုံကြည်ခြင်း၌မချွတ်မလွဲ၊ စစ်မှန် သော စိတ်နှလုံးနှင့် အထံတော်သို့ တိုးဝင် ချဉ်းကပ်ကြကုန်အံ့။”
ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌ ရှေ့သို့ချီတက်နေချိန်တွင် မည်သည့် အရာကို နေ့စဉ်မျှော်လင့်ရမည်နည်း။
ရောမ ၁၅း၁၃၊ “သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မြော်လင့်ခြင်းနှင့် သင်တို့ကြွယ်၀ခြင်းငှာ၊ ယုံကြည်ခြင်း၌ ဝမ်းမြောက်ခြင်းနှင် ငြိမ်သက်ခြင်း အမျိုးမျိုးတို့နှင့်၊ မြော်လင့်ခြင်းအရှင်ဘုရားသခင်သည် သင်တို့ ကို ပြည့်၀တော်မူပါစေသော။”
အခန်းကြီး - ၄၈။
၄၈။ ဗတ္တိဇံခေါ် ရေနှစ်ခြင်းမင်္ဂလာ
BAPTISM
ဧဝံဂေလိတရား၏ ကြီးမားသောလုပ်ဆောင်ချက်များကို အမှတ်ရ အောက်မေ့စေခြင်းငှာ ရေနှစ်ခြင်းမင်္ဂလာပြုလုပ်ရန် ခရစ်တော်မိန့်တော်မူခဲ့ သည်။
မဿဲ ၂၈း၁၉၊ “သင်တို့သွား၍လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ လျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။”
ကယ်တင်ရှင်၏အသေခံတော်မူခြင်း၊ မြုပ်နှံသင်္ဂြိုဟ်ခြင်းနှင့် ရှင်ပြန်ထ မြောက်တော်မူခြင်းတို့သည်ဗတ္တိဇံ၌သရုပ်ဖော်ထားလျက်ရှိပါသည်(၁ ကောရိန် သု ၁၅း၃၊ ၄)။
ခရစ်တော်ကြွလာမည်ကို ကြိုတင်မြင်ယောင်လျက် ဗတ္တိဇံဆရာ ယော ဟန်သည် ၎င်းထုံးစံကို ကျင်းပပြုလုပ်ခဲ့သည် (တမန်တော် ၁၉း၄)။
ဗတ္တိဇံသည် ဧဝံဂေလိတရားကို ကြားနာရုံသာမက၊ ယုံကြည်လက်ခံ၍ အပြစ်နောင်တရသောသူများလိုက်နာကျင့်သုံးရမည့် အစဉ်အလာတစ်ခု ဖြစ် သည်။ ဗတ္တိဇံမခံမီ သူတို့သည် အပြစ်ကို နောင်တရလျက် စွန့်ပစ်ရပါမည်။
တမန်တော် ၂း၃၈၊ “သင်တို့၏အပြစ်ကို လွတ်စေခြင်းငှာ နောင်တရ၍ တယောက်မျှမကြွင်း၊ ယေရှုခရစ်တော်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။”
တမန်တော် ၂ဝး၂၁၊ “ဘုရားသခင့်ရှေ့တော်၌ နောင်တရခြင်းတရား ကို၎င်း၊ ငါတို့သခင်ယေရှုခရစ်တော်အား ယုံကြည်ခြင်းတရားကို၎င်း၊ ဂျူး(ယုဒ) လူမျိုးတို့နှင့် ဂရိလူမျိုးတို့အား သက်သေခံသည်ကို သင်တို့သိကြ၏။”
အဘယ်ကြောင့်လူသည် ဘုရားသခင်ဘက်သို့ နောင်တနှင့်ပြန်လာရ မည်နည်း။
ရောမ ၃း၂၃၊ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့ တော်၌ အသရေပျက်ကြပြီ။”
မှတ်ချက်။ အပြစ်သားသည် ဧဝံဂေလိတရားကို ကြားနာသောအခါ သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ရှင် အဖြစ်ယုံကြည်လက်ခံလာပါသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားတော်အားဖြင့် သူသည် အပြစ်ရှိကြောင်း၊ သူ့ကိုယ်သူ သိမြင်လာကာ၊ အပြစ်၌သူသေကဲ့သို့ဖြစ်ပြီးလျှင်၊ ခရစ်တော်ကို ယုံကြည်ခြင်း၌ ရှင်ပြန်ထမြောက်လာပါသည်။
ရောမ ၇း၉၊ “အထက်ကငါသည် တရားမဲ့လျက်အသက်ရှင်ခဲ့သော် လည်း၊ ပညတ်တရားရောက်လာသောအခါ၊ အပြစ်သည် အသက်ရှင်လာ၍၊ ငါလည်း သေ၏။” ရောမ ၆း၆၊ ၈၊ “အပြစ်ခန္ဓာကိုယ်ကို ဖျက်ဆီးလျက်၊ ငါတို့ သည် အပြစ်၏ အစေကိုမခံရတော့မည်အကြောင်း၊ ငါတို့၏လူဟောင်းသည် ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံပြီဟု ငါတို့သည် သိကြ၏။” “ယခုတွင် ငါတို့သည် ခရစ်တော်နှင့်အတူအသေခံရလျှင်၊ ကိုယ်တော်နှင့်အတူ အသက်ရှင်ရမည်ဟု ငါတို့သည် ယုံကြည်ကြ၏။”
ခရစ်တော်နှင့်အတူ သေသောသူသည် မည်သို့ဖြစ်လာမည်နည်း။
ရောမ ၆း၄၊၅၊ “ထို့ကြောင့် ငါတို့သည် ဗတ္တိဇံအားဖြင့်ကိုယ်တော်နှင့် အတူ သေခြင်း၌သင်္ဂြိုဟ်ခြင်းခံရလျှင်၊ ခမည်းတော်၏ ဘုန်းတန်ခိုးတော်အား ဖြင့် သေခြင်းမှ ခရစ်တော်ကဲ့သို့ ထမြောက်လျက်၊ ငါတို့သည် အသစ်သော အသက်တာ၌ ကျင်လည်ရကြလိမ့်မည်။ ကိုယ်တော်၏သေခြင်း၌ ငါတို့သည် အတူတကွ စိုက်ပျိုးခြင်းခံရလျှင်၊ ငါတို့သည် ကိုယ်တော်နှင့်အတူတကွ ရှင်ပြန် ရကြလိမ့်မည်။”
ယုံကြည်သူသည် မည်သည့်ရည်ရွယ်ချက်နှင့် ဗတ္တိဇံခံပါသနည်း။
ကောလောသဲ ၂း၁၂၊ “ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူသင်တို့သည် သင်္ဂြိုဟ်ခြင်းကို ခံရသည်နည်းတူ၊ သေခြင်းမှထိုသခင်ကို ထမြောက်စေတော်မူ သော ဘုရားသခင်၏ စီမံတော်မူရာဖြစ်သည့် ယုံကြည်ခြင်းအားဖြင့် ထိုသခင် နှင့်အတူ သင်တို့သည် ထမြောက်ရကြ၏။”
မှတ်ချက်။ မိမိအပြစ်အတွက် ခရစ်တော်သည် အသေခံတော်မူ၍၊ ဖြောင့်မတ်ရာသို့ မိမိရောက်ရှိရန်အတွက် ပြန်လည်ထမြောက်သည်ဟု မိမိ၏ ယုံကြည်ခြင်းကို ပြသသည့်အနေဖြင့် ယုံကြည်သူသည် ဗတ္တိဇံခံရခြင်းဖြစ်ပါ သည်။ မိမိသေသွားသော်လည်း ရှင်ပြန်ထမြောက်ရာနေ့၌ ပြန်လည်ထမြောက် မည် ဖြစ်ကြောင်း၊ မိမိအပြစ်ဘ၀ဟောင်း၌ သူသည်သေ၍၊ ခရစ်တော်နှင့် အတူဘ၀သစ်၌ ကျင်လည်ရန် ထမြောက်ခြင်းဖြစ်သည်ဟုလည်း သူသည် ယုံကြည်ကြောင်း ပြသခြင်းဖြစ်ပါသည်။
ခရစ်တော်၌ ဗတ္တိဇံခံသောအခါ ယုံကြည်သူသည် မည်သည့်အရာကို ဝတ်ဆင်ခြင်းဖြစ်ပါသနည်း။
ဂလာတိ ၃း၂၇၊ “ခရစ်တော်၌ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ် တော်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။” လူသူအများရှေ့၌ ကျွန်ုပ်တို့ သည် ခရစ်တော်ကို ဝန်ခံခြင်းဖြစ်သည်။ ဗတ္တိဇံခံသောသူသည် ခရစ်တော်ကို ယူတင်ဝတ်ဆင်သည် ဖြစ်ကြောင်း ဗတ္တိဇံခံခြင်းဖြင့် လူသူအများရှေ့၌ သက် သေခံခြင်း ဖြစ်သည်။ ဗတ္တိဇံခံယူရန် ပြင်ဆင်ရာ၌ ခရစ်တော်ကို ယုံကြည်လက် ခံခြင်းသည် မပါမဖြစ်ဖြစ်ပါသည် (တမန်တော် ၈း၃၆၊ ၃၇)။
ဗတ္တိဇံခံရာ၌ ခံသောသူနှင့် ဗတ္တိဇံပေးသောသူတို့သည် အတူတကွ ရေထဲ၌ ဆင်းရပါသည်။
တမန်တော် ၈း၃၈၊ ၃၉၊ “ရထားကိုရပ်စေခြင်းငှာ စီရင်ပြီးမှ၊ ဖိလိပ္ပု သည် ထိုအမတ်နှင့်တကွ ရေထဲသို့ဆင်း၍ ဗတ္တိဇံကို ပေး၏။ ရေထဲကတက်ကြ လျှင်၊ ထာ၀ရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကို ဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကို နောက်တဖန်မတွေ့မမြင်ရ။ ဝမ်းမြောက်ဝမ်းသာခြင်း နှင့် မိမိသွား သောလမ်းကို သွားလေ၏။”
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံလျက်၊ ခရစ်တော်ကို ယုံကြည်သော သူများသာ ဗတ္တိဇံခံဖို့ရန် သင့်လျော်သော သူများဖြစ်ကြသည်။
တမန်တော် ၂း၄၁၊ “ထိုစကားကို အသင့်နှလုံးသွင်းမိသောသူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သောသူတို့ သည် ဝင်ကြ၏။”
မာကု ၁၆း၁၆၊ “ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော် မူခြင်းသို့ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလ တံ့။”
ဗတ္တိဇံခံမည့်သူသည် နှုတ်ကပတ်တော်မှ ဟောကြားသောတရားများကို နားလည်လျက်၊ မိမိကယ်တင်ခြင်းအတွက် ခရစ်တော်ကို ယုံကြည်ရမည်။
တမန်တော် ၁၆း၃၀-၃၄၊ “သူတို့ကို ပြင်သို့ထုတ်ပြီးလျှင်၊ သခင်တို့ ကျွန်ုပ်သည် ကယ်တင်ခြင်းရရှိဖို့ ဘာလုပ်ရမည်နည်းဟု မေးလေ၏။ ထိုသူတို့ ကလည်း၊ သခင်ယေရှုခရစ်တော်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူ အိမ်သားတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်ဟု ဆိုလျက်၊ ထိုသူမှစ၍ သူ၏ အိမ်သူအိမ်သားရှိသမျှတို့အား သခင်ဘုရား၏နှုတ်ကပတ် တရားတော်ကို ဟောကြ၏။ ထိုည၊ ထိုနာရီအချိန်၌ပင်၊ ထောင်မှူးသည် ပေါလုနှင့်သိလတို့ကို ယူ၍ ဒဏ်ချက်ရာများကို ဆေးကြောပြီးလျှင်၊ မိမိလူ အပေါင်းတို့နှင့်တကွ ဗတ္တိဇံကိုချက်ခြင်းခံလေ၏။ ပေါလုနှင့်သိလတို့ကို မိမိ အိမ်သို့ခေါ်ပင့်ပြီးမှ သူတို့ကို လုပ်ကျွေး၍၊ ဘုရားသခင်ကို ယုံကြည်လျက် အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ ရောက်လေ၏။”
မှတ်ချက်။ ဗတ္တိဇံမခံမီ ယုံကြည်ခြင်းကို အလေးပေးရန် အရေးကြီး ကြောင်းထင်ရှားလျက်ရှိသည် (တမန်တော် ၈း၁၂၊ ၃၇။ ၁၈း၈။ မာကု ၁၆း၁၆။ ကောလောသဲ ၂း၁၂)။ ဤအချက်သည် မိမိကယ်တင်ခြင်းအတွက် သခင်ယေ ရှုခရစ်တော်ကို ယုံကြည်ရန် လိုအပ်ကြောင်း မသိနားမလည်သေးသော ကလေးသူငယ်များအား ဗတ္တိဇံပေးခြင်းကို ကြိုတင်တားဆီးခြင်းဖြစ်သည်။
ပင်တေကုတ္တေပွဲနေ့၌ အသင်းတော်သို့ ယုံကြည်သူမည်မျှဝင်လာပါ သနည်း (တမန်တော် ၂း၄၁)။ တစ်ကြိမ်တည်းဖြင့် ဤမျှများပြားသော လူအုပ် ကြီး ဗတ္တိဇံခံသည်ကို အသိအမှတ်ပြုလျက်၊ ထိုအချိန်၌တပည့်တော်အပါး ၁၂၀ ရှိကြောင်းကိုလည်း မမေ့သင့်ပေ (တမန်တော် ၁း၁၅)။ ၁၂၀ တွင် ထက်ဝတ် (၆၀)သော တပည့်တော်တို့သည် ဗတ္တိဇံပေးခဲ့လျှင်၊ တစ်ပါးသည် လူသစ် (၅၀)ကို ဗတ္တိဇံပေးရမည်ဖြစ်ပြီး၊ အချိန်တစ်နာရီအတွင်း ပြီးစီးနိုင်ပါသည်။
ဗတ္တိဇံနှင့်စပ်လျဉ်း၍ သခင်ယေရှုသည် မည်သည့်ပုံသက်သေပြခဲ့ပါ သနည်း။
မဿဲ ၃း၁၃-၁၅၊ “ထိုအခါ ယေရှုသည် ဗတ္တိဇံကိုခံအံ့သောငှာ ဂါလိလဲပြည်မှ ယောဒန်မြစ်နားယောဟန်ထံသို့ ကြွတော်မူ၏။ ယောဟန်က လည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည်အကြောင်းရှိပါသည် ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလောဟု ယေရှုကို ဆီးတားလေ၏။ ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့် သင့်သည်ဖြစ်၍၊ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန် သည် ဝန်ခံလေ၏။”
မှတ်ချက်။ ယောဟန်၏ဗတ္တိဇံသည် “အပြစ်လွှတ်ခြင်းအဖို့ နောင်တ နှင့် ဆိုင်သောဗတ္တိဇံတရား” ဖြစ်သည် (မာကု ၁း၄)။ သခင်ယေရှုကိုယ်တိုင် သည် ဝန်ချစရာအပြစ်မရှိသောကြောင့် နောင်တရစရာမရှိပါ။ သို့သော်လည်း ထာ၀ရဘုရားသခင်သည် လူတကာတို့၏အပြစ်ကို သူ့အပေါ်၌ တင်ထားသည် ဖြစ်သောကြောင့်၊ ဗတ္တိဇံခံရန်လိုအပ်သောအပြစ်သားများကိုယ်စား ရပ်တည် ပေးရသဖြင့်၊ သူတို့ပြုသင့်သည့်အတိုင်း ဗတ္တိဇံခံဖို့ သင့်အပ်လျော်ကန်ခြင်း ဖြစ်သည်။ (J. H. Waggoner, Thoughts
on Baptism, pp. 61, 62)
ဗတ္တိဇံသည် သင်္ဂြိုဟ်ခြင်းကိုပုံဆောင်ထားသည်ဖြစ်သောကြောင့် ရေထဲ ၌ နှစ်ခြင်းကို ပြုရသည်။
ကောလောသဲ ၂း၁၂၊ “ဗတ္တိဇံအားဖြင့်ထိုသခင်နှင့်အတူ သင်တို့သည် သင်္ဂြိုဟ်ခြင်းကို ခံရသည်နည်းတူ၊ သေခြင်းမှ ထိုသခင်ကို ထမြောက်စေတော်မူ သော ဘုရားသခင်၏ စီမံတော်မူရာဖြစ်သည့် ယုံကြည်ခြင်းအားဖြင့် ထိုသခင် နှင့်အတူ သင်တို့သည် ထမြောက်ရကြ၏။”
ဧဖက် ၄း၅ - “သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံတပါး။”
မဿဲ ၃း၁၆ - “ဗတ္တိဇံကိုခံတော်မူပြီးလျှင်၊ ရေမှပေါ်ထစဉ်တွင်။”
တမန်တော် ၈း၃၈ - “ရေထဲသို့ဆင်း၍ ဗတ္တိဇံကိုပေး၏။”
ရောမ ၆း၄၊ ၅ - “ဗတ္တိဇံသည် သင်္ဂြိုဟ်ခြင်းဖြစ်သည်။”
ယောဟန် ၃း၂၃ - “ရေများများလိုအပ်သည်။”
ဟေဗြဲ ၁ဝး၂၂
- “စိတ်နှလုံးများကိုရေဖျန်း၍ ခန္ဓာကိုယ်များကိုကြည်
သာ ရေဖြင့် ဆေးကြောရမည်။”
၁ ပေတရု ၂း၂၁ - “ခရစ်တော်၏ခြေတော်ရာကိုလိုက်ရှောက်ရမည်။”
မာကု ၁း၅ - “ယောဒန်မြစ်ထဲ၌”
ဗတ္တိဇံအားဖြင့် ပုံဆောင်ထားသော အသက်တာမျိုးမရှိပါက ကျွန်ုပ်တို့ ၏ ရှေ့ရေးသည် မည်သို့ဖြစ်မည်နည်း။
ယောဟန် ၃း၅၊ “ယေရှုကလည်း၊ ရေနှင့်ဝိညာဉ်တော်၌ မမွေးသောသူ မည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု . . . မိန့်တော်မူ၏။”
ယုံကြည်၍ ပြောင်းလဲသောသူသည် ဗတ္တိဇံခံဖို့ မည်မျှကြာအောင် စောင့်ဆိုင်းရမည်နည်း။
တမန်တော် ၂၂း၁၆၊ “ယခုလည်း သင်သည်အဘယ်ကြောင့်ဆိုင်းလင့် ၍ နေသနည်း။ ထလော့၊ သခင်ဘုရားကို ပဌနာပြုလျက် ဗတ္တိဇံကိုခံ၍၊ သင်၏ အပြစ်များကို ဆေးကြောလော့။”
ဗတ္တိဇံခံပြီးသွားသောသူသည် ဘာလုပ်ရမည်နည်း။
ကောလောသဲ ၃း၁၊ “သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြ သည် မှန်လျှင်၊ ဘုရားသခင်၏လက်ျာတော်ဘက်မှာ ခရစ်တော်ထိုင်တော်မူရာ အရပ်၌ရှိသော အထက်အရာတို့ကို ရှာကြလော့။”
မှတ်ချက်။ အပြစ်သားသည် ဘုရားသခင်၏ပညတ်တရားကို ချိုး ဖောက်ခဲ့သည်။ ဝိညာဉ်တော်၏ ဩဇာညောင်းမှုအားဖြင့် သူသည်နောင်တ တရား ရလာသည်။ ခရစ်တော်၏အသွေးတော်သည် အပြစ်မှသူ့ကိုကယ်တင် သည်။ အပြစ်သားကိုယ်စား အသေခံ၍၊ သင်္ဂြိုဟ်ခြင်းခံပြီးလျင်၊ ဝိညာဉ်တော် တန်ခိုးဖြင့် ဘုရားသခင် ထမြောက်စေတော်မူသော ခရစ်တော်ကို၊ သူသည် ယုံကြည်သည် ဖြစ်ကြောင်း ဗတ္တိဇံခံခြင်းဖြင့် အပြစ်သားသည် ပြသပါသည် (ရောမ ၈း၁၁။ ၁ ကောရိန်သု ၁၅း၁၅)။ သေခြင်းမှခရစ်တော်ကို ရှင်ပြန်ထ မြောက်စေခြင်း၌လည်းကောင်း၊ အပြစ်သား ပြောင်းလဲစေရန် လုပ်ဆောင်ရာ၌ လည်းကောင်း ဤနာမတော်သုံးပါးသည် ညီညွှတ်ဆက်စပ်မှုရှိသောကြောင့်၊ အပြစ်သားသည် ခမည်းတော်၏ နာမတော်၊ သားတော်၏ နာမတော်နှင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမတော်၌ ဗတ္တိဇံခံခဲ့ခြင်း ဖြစ်ပါသည် (မဿဲ ၂၈း၁၉)။
အခန်းကြီး - ၄၉။
၄၉။ ဧဝံဂေလီလုပ်ငန်းကိုထောက်ပံ့ခြင်း
THE
SUPPORT OF THE GOSPEL MINISTRY
ဤလောက၌လူသည် ဥစ္စာမည်မျှလောက်ပိုင်ဆိုင်ပါသနည်း။
ဟဂ္ဂဲ ၂း၈၊ “ရွှေနှင့်ငွေကို ငါပိုင်သည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရ ဘုရားမိန့်တော်မူ၏။”
၁ ဆာလံ ၅ဝး၁၀၊၁၁၊ “တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့သည် ငါ၏ဥစ္စာဖြစ်ကြ၏။ တောင်ပေါ်မှာ နေတတ်သော ငှက်အပေါင်းတို့ကို ငါသိ၏။ တောသားရဲတို့ကိုလည်း ငါပိုင် ၏။”
ဆာလံ ၂၄း၁၊ “မြေကြီးနှင့်မြေကြီးတန်ဆာကို၎င်း၊ လောကနှင့် လောကသားတို့ကို၎င်း ထာ၀ရဘုရားပိုင်တော်မူ၏။”
မည်သူသည်ဥစ္စာရတတ်ခြင်းကို လူတို့အားပေးပါသနည်း။
တရားဟောရာ ၈း၁၈၊ “သင်၏ဘုရားသခင်ထာ၀ရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား . . . စည်းစိမ်ရ တတ်သောအစွမ်း သတ္တိကို ဘုရားသခင်ပေးတော်မူ၏။”
မှတ်ချက်။ ဤလောကတွင် ကျွန်ုပ်တို့၌ဥစ္စာရှိသမျှသည် မိမိဘဏ္ဍာ ထိန်းများသဖွယ် ကျွန်ုပ်တို့အား ဘုရားသခင် ချေးငှားထားသော ဥစ္စာသက် သက်ဖြစ်သည် (မဿဲ ၂၅း၁၄-၃၀)။
မည်သည့်နည်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဂုဏ်ပြုချီးမြှောက် နိုင်မည်နည်း။
သုတ္တံ ၃း၉၊ “သင်သည် ကိုယ့်ဥစ္စာနှင့် အဦးသီးသောအသီးအနှံရှိသမျှ နှင့် ထာ၀ရဘုရားကို ပူဇော်လော့ (ဂုဏ်ပြုချီးမြှောက်လော့)။” ထာ၀ရဘုရား သည် မိမိပိုင်သော ဥစ္စာကို တောင်းဆိုတော်မူခြင်းဖြစ်သည်။
ဝတ်ပြုရာ ၂၇း၃၀၊ “အသီးအနှံဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှ ဆယ်စုတစုသည် ထာ၀ရဘုရား၏ ဘဏ္ဍာတော်ဖြစ်၏။ ထာ၀ရဘုရားအဖို့ သန့်ရှင်း၏။”
မှတ်ချက်။ ဆယ်ဖို့တစ်ဖို့၊ သို့မဟုတ် ဆယ်စုတစ်စုသည် ဘုရားသခင် ၏ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာစိုးလုပ်ငန်းတို့ကို သတိရစေပါသည်။ ၎င်းသည် ရှေးအခါက မိမိလူတို့အား ဘုရားသခင်တောင်းဆိုသကဲ့သို့ ယနေ့တွင်ရှိသော ကျွန်ုပ်တို့အား လျှော့ပြီး တောင်းဆိုပါမည်လား။
ဆယ်ဖို့တစ်ဖို့ပေးခြင်းသည် ဘုရားသခင်၏အစီအစဉ်ဖြစ်၍၊ အစ္စရေး
လူမျိုးနွယ်စုဖြစ်ပေါ်မလာမီကပင် ရှိနှင့်ပြီဖြစ်ကြောင်း၊ ကျွန်ုပ်တို့မည်သို့ သိရှိရ ပါသနည်း။
ကမ္ဘာဦး ၁၄း၁၈-၂၀၊ “အမြင့်ဆုံးသောဘုရားသခင်၏ ယဇ်ပုရော ဟိတ်ဖြစ်သော ရှာလင်မင်းကြီး မေလခိဇေဒက်သည်လည်း၊ မုန့်နှင့်စပျစ်ရည် ကို ဆောင်ခဲ့ပြီးလျှင်၊ ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင် သည် အာဗြဟံအား ကောင်းကြီးပေးပါစေသောဟု၊ အာဗြဟံကိုကောင်းကြီး ပေး၏။ . . . အာဗြဟံသည်လည်း ဥစ္စာရှိသမျှတို့ကို မင်းအားဆယ်ဖို့တဖို့ လှူလေ၏။”
မှတ်ချက်။ ဂျူးလူမျိုးနွယ်စုတစ်ဦးတစ်ယောက်မျှမရှိမီ၊ နှစ်ပေါင်းများ စွာကတည်းက လူတို့သည် ဆယ်ဖို့တဖို့ လှူဒါန်းခြင်းကို ကျင့်သုံးခဲ့ပါသည်။ အာဗြဟံ၏ ပေးကမ်းစွန့်ကြဲခြင်းသည် ကျွန်ုပ်တို့အတွက် စံပြဖြစ်သည်။ ဆယ်ဖို့ တဖို့ပေးခြင်းသည် ဂျူးလူမျိုးတို့၏ ထုံးစံဓလေ့ဖြစ်သည်ဟု အတိုက်အခံပြုခြင်း သည် လုံး၀ အခြေအမြစ်မရှိပါ။ ဘုရားသခင်အား ဆယ်ဖို့တဖို့ပေးရန် ယာကုပ် ကတိပေးခဲ့ပါသည်။ ကမ္ဘာဦး ၂၈း၂၂၊ “ပေးသနားတော်မူသမျှတို့မှ ဆယ်ဖို့တ ဖို့ ပူဇော်ပါမည်။”
နောက်ပိုင်းတွင် ဘုရားသခင်၏ လူဖြစ်သောအစ္စရေးတို့အနေဖြင့် ဆယ်ဖို့တဖို့ သီးသန့်လှူဒါန်းရန် အမိန့်တော်ရှိပါသည်။
တရားဟောရာ ၁၄း၂၂၊ “လယ်ယာ၌တနှစ်တနှစ်တွင် သိမ်းရသော အသီးအနှံဆယ်ဖို့တဖို့ကို အမှန်ခွဲထားရမည်။”
နေဟမိ ၁၃း၁၂၊ “ယုဒလူအပေါင်းတို့သည် ဆန်စပါး၊ စပျစ်ရည်နှင့် ဆီတို့မှ ဆယ်ဖို့တဖို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ကြ၏။”
ဆယ်ဖို hတဖို hသည် ဘုရားသခင် ၏။ အမှုတော်ကို ဆောင်ရွက်သော လေဝိအမျိုးနှင့် ယဇ်ပုရောဟိတ်တို့အား ထောက်ပံ့ရန်အတွက်ဖြစ်ပါသည်။
တော်လည်ရာ ၁၈း၂၁၊ “လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်သောကြောင့်၊ သူတို့အမွေခံစရာဖို့ အစ္စရေးအမျိုး သားတို့၏ ဥစ္စာဆယ်ဖို့တဖို့ကို ငါပေးပြီ။”
နေဟမိ ၁၂း၄၄၊၄၅၊ “ထိုအခါယဇ်ပုရောဟိတ်နှင့်လေဝိသားတို့သည် အမှုတော်ကိုစောင့်လျက်နေသောကြောင့်၊ ယုဒအမျိုးသားတို့သည် အားရဝမ်း မြောက်ကြသည်ဖြစ်၍၊ . . . ပူဇော်သက္ကာ၊ အဦးသောအသီး၊ ဆယ်ဖို့တဖို့ကို . . . သိုထားစရာ တိုက်များကိုအုပ်ရသော ဘဏ္ဍာစိုးတို့ကို ခန့်ထားကြ၏။ သီချင်းသည်နှင့် တံခါးစောင့်တို့သည်လည်း၊. .ဘုရားသခင်အမှုနှင့် စင်ကြယ် ခြင်းအမှုကို စောင့်ရှောက်လျက်နေကြ၏။”
ဆယ်ဖို့တဖို့ကို ထိန်းချုပ်ဟန့်တားခြင်းအား ဘုရားသခင်မည်သို့ သဘောထားပါသနည်း။
မာလခိ ၃း၈၊၉၊ “လူသည်ဘုရားသခင်ကိုလုယူရမည်လော။ သင်တို့ သည် ငါ့ကိုလုယူနေပါလျက်နှင့် မည်သည့်အရာကို လုယူပါသနည်းဟု ဆိုကြ ၏။ ဆယ်ဖို့တဖို့များနှင့်ပူဇော်သက္ကာများကို လုယူကြပြီ။ သင်တို့သည် ကျိန် ခြင်း အမင်္ဂလာခံရကြ၏။ အကြောင်းမူကား၊ တမျိုးသားလုံးသည် ငါ့ကိုလုယူ ကြပြီ။”
ဧဝံဂေလိတရားခေတ်ကာလ၌ ယုံကြည်သူတို့သည် မည်သည့် ဘဏ္ဍာ စိုးအရာကိုရရှိကြပါသနည်း။
၁ ကောရိန်သု ၉း၁၃၊၁၄၊ “ဓမ္မကိစ္စအမှုကိုဆောင်ရွက်သောသူတို့သည် ဗိမာန်တော်ကိုအမှီပြု၍ စားရသည်ကို၎င်း၊ ယဇ်ပူဇော်ခြင်းအမှုကို ဆောင်ရွက် သော သူတို့သည် ယဇ်ပလ္လင်နှင့်ဆက်ဆံ၍ စားရသည်ကို၎င်း၊ သင်တို့မသိကြ သလော။ ထိုနည်းတူ ဧဝံဂေလိတရားကိုဟောသော သူတို့သည် ဧဝံဂေလိ တရားကို အမှီပြု၍ အသက်မွေးရမည်အကြောင်း သခင်ဘုရားစီရင်တော်မူ ၏”
မေလခိဇေဒက်ယဇ်ပုရောဟိတ်လက်ထက်၌လည်း ဆယ်ဖို့တဖို့ကို ကောက်ခံစုဆောင်းခဲ့သည် (ကမ္ဘာဦး ၁၄း၁၈-၂၀)။
ယခုတွင် ခရစ်တော်သည် မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ်မင်း ဖြစ်နေပါသည် (ဟေဗြဲ ၆း၂၀)။
ကျွန်ုပ်တို့သည် ခရစ်တော်နှင့်စပ်ဆိုင်လျှင်၊ ယုံကြည်ခြင်းအားဖြင့် အာဗြဟံ၏ သားသမီများ ဖြစ်ကြသည် (ဂလာတိ ၃း၂၉)။
ကျွန်ုပ်တို့သည် အာဗြဟံ၏သားသမီးအစစ်အမှန်ဖြစ်ပါက အာဗြဟံ ကျင့်သကဲ့သို့ ကျွန်ုပ်တို့လည်းကျင့်ရပါမည် (ယောဟန် ၈း၃၉)။
မြေကြီးပေါ်၌ရှိစဉ်ကာလ ဆယ်ဖို့တဖို့ပေးခြင်းစနစ်ကို ခရစ်တော် ထောက်ခံပါသလား (မဿဲ ၂၊၃း၂၃)။
ဧဝံဂေလိလုပ်ငန်းအထောက်အပံ့ပေးခြင်းအတွက် တာဝန်ရှိသည်ဟု မည်သူတို့ခံစားသင့်ပါသနည်း။
၁ ကောရိန်သု ၉း၁၁၊ “ငါတို့သည် သင်တို့၌ ဓမ္မမျိုးစေ့ကိုစိုက်ပြီးမှ သင်တို့၏လောကီအသီးကို သုံးဆောင်လျှင်။”
ရောမ ၁၅း၂၇၊ “တပါးအမျိုးသားတို့သည် ဓမ္မဥစ္စာကိုယုဒ အမျိုးသား တို့နှင့်ဆက်ဆံ၍ရသည်မှန်လျှင် လောကီဥစ္စာကို လှူ၍လုပ်ကျွေးအပ်၏။”
၁ တိမောသေ ၅း၁၈၊ “လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေ သည်။”
မည်သည့်အရာကိုအခြေခံလျက် ခရစ်ယာန်တို့သည် ဆယ်ဖို့တဖို့နှင့် အလှူငွေများကိုမည်မျှလောက်စည်းစနစ်ကျစွာဖြင့် သီးသန့်ထားရှိရမည်နည်း။
၁ ကောရိန်သု ၁၆း၂၊ “ခုနစ်ရက်တွင် ပထမနေ့ရက်၌အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာတဖို့ကို ထုတ်၍ စုထားကြလော့။”
မှတ်ချက်။ ဆယ်ဖို့တဖို့ပေးခြင်းသည် ခရစ်တော်၏လက်ဝါးကပ်တိုင်၌ ရိုက်ထားသောဝိနည်းအထုံးအဖွဲ့များနှင့် မစပ်ဆိုင်ပါ။ နမူနာလည်း မဟုတ်ပါ။ အရိပ်နိမိတ်ပြခြင်းလည်းမဟုတ်ပါ။ ဘုရားသခင်၏ ပိုင်ဆိုင်မှုကို အမြဲသတိရ စေသောအရာတစ်ခုဖြစ်သည်။ ခရစ်တော်၏အသေခံခြင်းသည် ဘုရားသခင် ၏ပိုင်ဆိုင်မှုကို အပြောင်းအလဲမဖြစ်စေပါ။ ခရစ်ယာန်တို့၏ တာဝန် ဝတ္တရား ကို ပို၍လေးနက်စေပါသည်။ ကျွန်ုပ်တို့၏တာဝန်မှာ ဘုရားသခင်၏ ပိုင်ဆိုင်မှု ကို အသိအမှတ်ပြု၍၊ အံ့ဖွယ်ကျေးဇူးတော်နှင့် ကယ်တင်ခြင်းကို အထူးတန်ဖိုး ထားဖို့ဖြစ်ပါသည်။ ကိုယ်တော်၏ခွန်အားစွမ်းအင်သည် ယုတ်လျော့သွားခြင်း မရှိပါ။
ရှေးခေတ်က မိမိလူတို့အပေါ် ဘုရားသခင်ထားရှိသော မည်သည့် ကတိတော်ကို ယနေ့တွင်ယုံကြည်သူတို့သည် ထပ်တူထပ်မျှ တောင်းဆိုနိုင်ပါ သနည်း။
မာလခိ ၃း၁၀၊ “ဆယ်ဖို့တဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်း၍၊ ငါ့အိမ်တော်၌စားစရာရှိစေခြင်းငှာ ပြုကြလော့။ ငါသည် မိုးကောင်းကင် ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီးမင်္ဂလာကိုထားစရာမရှိလောက်အောင် သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့၊ ဟုဗိုလ်ခြေတို့၏ အရှင်ထာ၀ရဘုရား မိန့်တော်မူ၏။”
မှတ်ချက်။ တစ်ကမ္ဘာလုံး၌ရှိသော ယုံကြည်သူခရစ်ယာန် အထောင် အသောင်းတို့သည်၊ ဆယ်ဖို့တဖို့နှင့် အလှူတော်ငွေများအားဖြင့် ဘုရားသခင် ၏ အမှုတော်ကိုထောက်ပံ့၍ ကျယ်ပြန့်စေရန် ဤစီမံကိန်းကိုလက်ခံကျင့်သုံး ကြပါသည်။ ဆယ်ဖို့တဖို့သို့မဟုတ် ဆယ်စုတစုကို ဘုရားသခင်ထံတော်သို့ ပြန်လည်အပ်နှံရပါသည်။ ကျန်ရှိသော ဆယ်စုကိုးစုထဲမှ မိမိတို့၏ ဆန္ဒ အလျောက် ကိုယ်တော်အား အလှူတော်ငွေအဖြစ် ပေးအပ်ရသော အခွင့် အရေးကျွန်ုပ်တို့၌ရှိပါသည်။ ယုံကြည်သူတို့သည် မိမိတို့၏ ပေးကမ်းလှူဒါန်း ခြင်းအားဖြင့် ဘုရားသခင်၏ နိုင်ငံတော်အတွက် ရရှိသော ကျေနပ်ဝမ်းမြောက် ခြင်းရှိလာကြပါသည်။
အခန်းကြီး - ၅၀။
၅၀။ သမ္မာကျမ်းတစ်ခုလုံး၌ တွေ့ရသောခရစ်တော်
CHRIST IN
ALL THE BIBLE
ဗျာဒိတ် ၂၂း၁၃၊ “ငါသည် အာလဖဖြစ်၏။ ဩမေဃလည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။”
ယောဟန် ၁း၁၊ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော် သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။”
ဗျာဒိတ် ၂၂း၂၁၊ “ငါတို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သန့်ရှင်းသူအပေါင်းတို့၌ ရှိစေသတည်း။”
မှတ်ချက်။ ဖန်ဆင်းနိုင်သောနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရား သခင်ဖြစ်တော်မူ၏။ သူအားဖြင့် အရာခပ်သိမ်းဖန်ဆင်းခြင်းခံရ၏။
ယောဟန် ၁း၁၊၂ ၌ ဖော်ပြသော “နှုတ်ကပတ်တော်” သည် အခြား မဟုတ်၊ ခရစ်တော်ယေရှုဖြစ်၏ (ယောဟန် ၁း၁၄)။ အစအဦး၌ ကတိထား တော်မူသော မိန်းမ၏အမျိုးအနွှယ်သည် ခရစ်တော်ဖြစ်၏။ သမ္မာကျမ်းစာ၏ နောက်ဆုံးအခန်းကြီးတွင် သူပြန်လည်ကြွလာမည်ဖြစ်ကြောင်း ကတိတော်ကို သုံးကြိမ်ဖော်ပြထားပါသည်။
ခရစ်တော်အပြည့်အစုံဖော်ပြနိုင်ရန် ဓမ္မဟောင်းနှင့်ဓမ္မသစ် နှစ်ခုစလုံး
လိုအပ်ပါသည်။
လုကာ ၂၄း၂၇၊ ၄၄၊ “မောရှေ၏ကျမ်းမှစ၍ ပရောဖက်တို့၏ကျမ်းစာ များ၌ ကိုယ်တော်ကိုရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဖော်ပြတော်မူ၏။” “မောရှေ၏ပညတ္တိကျမ်းစာ၌၎င်း၊ ပရောဖက် တို့၏ကျမ်းစာ၌၎င်း၊ ဆာလံကျမ်းစာ၌၎င်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှ သောအချက်တို့သည် ပြည့်စုံမည်ဟု ငါသည်သင်တို့နှင့်အတူရှိစဉ်အခါ သင်တို့ အားဟောပြောသောအကြောင်းအရာတို့ကား၊ ဤအကြောင်းအရာပေတည်း။”
၂ ပေတရု ၃း၂၊ “သန့်ရှင်းသောပရောဖက်တို့သည်၊ အထက်ကဟော ပြောသောစကားများကို၎င်း၊ ကယ်တင်တော်မူသော အရှင်သခင်ဘုရား၏ တမန်တော်ဖြစ်သော ငါတို့၏ပညတ်ကို၎င်း၊ သင်တို့သည် အောက်မေ့စေခြင်း ငှာ။”
မှတ်ချက်။ တမန်တော်တို့ခေတ်ကာလတွင် ဓမ္မဟောင်းကျမ်းစာ တစ် အုပ်တည်းသာ ရှိခဲ့ပါသည်။ ၎င်းကိုအခြေခံ၍ သူတို့သည် ခရစ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း၊ လောကီသားတို့ကို ကယ်တင်သော အရှင်ဖြစ်ကြောင်း၊ ဓမ္မဟောင်းကျမ်းစာမှ အနာဂတ်စကားတို့၏ ပြည့်စုံခြင်း ဖြစ်ကြောင်းတို့ကို သက်သေပြ၍ ဟောပြောကြပါသည်။ တမန်တော် ၂၆း၂၂ ၌ပါသောပေါလု၏ မိန့်ခွန်းသည် အထောက်အထားတစ်ခုဖြစ်ပါသည်။
ခရစ်တော်(မေရှိယ)ပေါ်ထွန်းမည်ဖြစ်ကြောင်းဓမ္မဟောင်းကျမ်းစာ၏အနာဂတ်စကားများ၊
- ကမ္ဘာဦး ၃း၁၅၊ ဂတိထားတော်မူသော “အမျိုးအနွယ်။”
- ကမ္ဘာဦး ၄၉း၁၀၊ “ရှိလော။”
- ထွက်မြောက်ရာ ၃း၁၄၊ “ငါ။” (ယောဟန် ၁း၂၉၊ “ဘုရားသခင်၏ သိုးသငယ်” ရှေးကာလ၌ရှိသောသူတို့အား ဧဝံဂေလိတရားဟော ကြားထားပါ သည်)။
- ဟေဗြဲ ၄း၂၊ “ငါတို့သည် ဧဝံဂေလိတရားကို ခိုသူတို့ကဲ့သို့ကြားရပြီ။ သို့သော်လည်းသူတို့ကြားရသော နှုတ်ကပတ်တရားသည် ကြားရသောသူတို့ အထဲ၌ ယုံကြည်ခြင်းနှင့်မရောနှောသောကြောင့် အကျိုးကိုမပေး။”
- တရားဟောရာ ၁၈း၁၅ - “ငါကဲ့သို့သောပရောဖက်။”
- ၂ ဓမ္မရာဇဝင် ၇၊ “ဒါဝိဒ်၏အမျိုးအနွှယ်”။ ဒါဝိဒ်၏ရာဇပလ္လင်
(လုကာ ၁း၃၂)။
- ဆာလံ ၁၁၀၊ ယဇ်ပုရောဟိတ်မင်း။
- ယေရှာယ ၅၃၊ ဒုက္ခခံစားသောကျွန်။
- ယေရမိ ၂၃း၆၊ “ငါတို့၏ဖြောင့်မတ်ခြင်းသခင်” - ယေဟောဝါဇေဒ
ကနု။
- ယေဇကျေလ ၂၁း၂၇ - ကြွလာမည့်မင်းကြီး၊ “အစိုးပိုင်သောသူ။”
- ဒံယေလ ရး၁၃၊ “လူ၏သား။”
- ဇာခရိ ၆း၁၂၊ “အညွန့်။”
- မာလခိ ၃း၁၊ “ဘုရားသခင်၏ပဋိညာဉ်တမန်တော်။”
မှတ်ချက်။ ဓမ္မသစ်ကျမ်းတွင် ပထမပိုင်းကျမ်းပိုင်း လေးကျမ်းဖြစ်သော ခရစ်ဝင်ကျမ်းတို့သည် ခရစ်တော်၏အကြောင်းကိုသာ ဖော်ပြကြပါသည်။ ၎င်း တို့ နောက်တွင်ပေးစာကျမ်းပိုင်းများနှင့် ဗျာဒိတ်ကျမ်းတို့သည်လည်း ခရစ် တော်အကြောင်း၊ သူ၏အမှုတော်အကြောင်းနှင့်၊ ဘုန်းတော်နှင့်ပြန်လည် ကြွလာသောအခါ ကယ်တင်ခြင်းခံသူတို့အား ယူဆောင်သွားမည့်အကြောင်း တို့ကိုဗဟိုမဏ္ဍိုင် ထားကြပါသည်။
သက်ရှိနှုတ်ကပတ်တော်ဖြစ်သောခရစ်တော်နှင့်စာပေဖြင့်ရေးသားထားသော နှုတ်ကပတ်တော်တို့နှိုင်းယှဉ်ချက်
ခရစ်တော် နှုတ်ကပတ်တော်
အစဉ်အမြဲ - ယောဟန် ၈း၃၅ အစဉ်အမြဲ - ၁ ပေတရု ၁း၂၃
အသက်ရှင်သော - ၁ ယောဟန် ၁း၁
အသက်ရှင်သော - ဖိလိပ္ပိ ၂း၁၆
မြဲမြံသော - ယေရှာယ ၂၈း၁၆ ဟုတ်မှန် - ဆာလံ ၁၉း၇
သမ္မာတရား - ယောဟန် ၁၄း၆ သမ္မာတရား - ယောဟန် ၁၇း၁၇
သန့်ရှင်းစင်ကြယ် - ဟေဗြဲ ၇း၂၆ ဓမ္မကျမ်းစာ - ၂ တိမောသေ ၃း၁၅
သန့်ရှင်း - ၁ ယောဟန် ၃း၃ အလွန်စင်ကြယ် - ဆာလံ ၁၁၉း၁၄၀
တန်ခိုးကြီး - ၁ ကောရိန်သု ၁း၂၄ တန်ခိုးကြီး - ဟေဗြဲ ၄း၁၂
သစ္စာရှိ - ဟေဗြဲ ၃း၁၊ ၂ သစ္စာစကား - ဗျာဒိတ် ၂၁း၅
ဖြောင့်မတ် - ၁ ယောဟန် ၂း၂၉ ဖြောင့်မတ် - ဆာလံ ၃၃း၄
စားစရာမုန့် - ယောဟန် ၆း၃၅ မုန့် - မဿဲ ၄း၄
အလင်း - ယောဟန် ၁း၈၊ ၉ အလင်း - ဆာလံ ၁၁၉း၁၀၅
နာမ်ဝိညာဉ် - ယောဟန် ၄း၂၄ ဝိညာဉ် - ယောဟန် ၆း၆၃
ကယ်တင်ခြင်းကျောက်ဆောင်ဖြစ်သောခရစ်တော်
မဿဲ ၁၆း၁၅-၁၈၊ “သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြ သနည်းဟု မေးတော်မူလျှင်၊ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော် တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော်မူ သည်ဟု လျှောက်လေ၏။ ယေရှုကလည်း၊ ရှိမုန်သားယောန၊ သင်သည်မင်္ဂလာ ရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အားဖော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော် သည် ဖော်ပြတော်မူသတည်း။ ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာ နိုင်ငံတံခါးတို့သည် မနိုင်ရာ။”
တမန်တော်ပေါလုက၊ ခရစ်တော်သည် ကျောက်(ဆောင်)ဖြစ်သည်ဟု အတိအလင်းပြောဆိုပါသည်။
၁ ကောရိန်သု ၁ဝး၄၊ “ရှိသမျှတို့သည် ဓမ္မရေကိုသောက်ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သူတို့နောက်၌လိုက်သော ဓမ္မကျောက် ဆောင်မှ သောက်ကြ၏။ ထိုကျောက်ဆောင်ကား ခရစ်တော်ဖြစ်သတည်း။”
၁ ကောရိန်သု ၃း၁၁၊ “ယေရှုခရစ်တော်တည်းဟူသော၊ ချလျက်ရှိ သော တိုက်မြစ်မှတပါး အခြားသောတိုက်မြစ်ကို အဘယ်သူမျှမချနိုင်။”
တမန်တော် ပေတရုကလည်း ကျောက်ဆောင်ဖြစ်သောခရစ်တော် အကြောင်းကို ပြောဆိုပါသည်။
တမန်တော် ၄း၁၁၊၁၂၊ “ထိုသခင်ကား တိုက်ကိုတည်လုပ်သော သင် တို့ ပယ်ထားပြီးမှ တိုက်ထောင့်အချုပ်ဖြစ်လာသော ကျောက်ဖြစ်တော်မူ၏။ ထိုသခင်မှ တပါး အခြားအဘယ်သူ၌မျှ ကယ်တင်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော အခြားနာမတစုံ တခုမျှ ကောင်းကင်အောက်လူတို့တွင် မရှိ။”
၁ ပေတရု ၂း၄-၈၊ “လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ်တော်မူ သော အသက်ကျောက်မြတ်တည်းဟူသော ထိုသခင်ထံသို့ သင်တို့သည်ရောက် ၍၊ အသက်ကျောက်များကဲ့သို့ အဆင့်ဆင့်အထပ်ထပ်တည်ဆောက်လျက် ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှစ်သက် တော်မူရာ ဓမ္မယဇ်ကို ပူဇော်ရသောသန့်ရှင်းသော ယဇ်ပုရောဟိတ်မျိုးလည်း ဖြစ်ကြ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ရွေးချယ်သောတိုက်ထောင့် အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီ ပြုသောသူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။ သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သင်တို့၌ကား၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထား သောကျောက်သည် နောက်တဖန် တိုက်ထောင့်အထွတ်ဖျားသို့ရောက် (အချုပ် ဖြစ်)ပြန်၏။ နားမထောင်ဘဲ နှုတ်ကပတ်တော်ကို ထိမိ၍လဲသောသူတို့သည် ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာ ကျောက်လည်းဖြစ်၏။ ထိုအမှုနှင့်တွေ့ စေခြင်းငှာ ထိုသူတို့ကိုခန့်ထားတော်မူသတည်း။”
အရေးကြီးသောတမန်တော်များညီလာခံ၌ သဘာပတိလုပ်သောသူ သည် ပေတရုမဟုတ်ဘဲ၊ တမန်တော် ယာကုပ်ဖြစ်ပါသည်။
တမန်တော် ၁၅း၇၊၁၃၊ “များစွာသောဆွေးနွေးငြင်းခုံခြင်းရှိသောအခါ ပေတရုသည်ထလျက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက်တော်မူ၍၊ ငါဟောပြောသောအားဖြင့် တပါးအမျိုးသားတို့သည် ဧဝံဂေလိတရားကို ကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင်တော်မူသည်ကို သင်တို့သိကြ၏။” “ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က၊ ညီအစ်ကိုတို့၊ ငါ့စကားကိုနားထောင်ကြလော့။”
သင်းအုပ်ဆရာတို့၏စီရင်ပြဌာန်းချက်၊
တမန်တော်·၁၆း၄၊ “သူတို့သည် မြို့များကိုရှောက်သွားစဉ်တွင်၊ ယေရု ရှလင် မြို့၌နေသော တမန်တော်တို့နှင့် သင်းအုပ်တို့သည် စီရင်သောပညတ် တို့ကို အသင်းများ ကျင့်စောင့်ဖို့ရာအပ်ပေးကြ၏။”
မှတ်ချက်။ တမန်တော်ပေတရုက “တမန်တော်ဖြစ်သောငါတို့” ဟူ သော စကားမျိုးသုံးပါသည် (၂ ပေတရု ၃း၂)။ သင်းအုပ်ဆရာတစ်ယောက် ဖြစ်သည်ဟုလည်း ပေတရုပြောပါသည် (၁ ပေတရု ၅း၁-၃)။ တမန်တော်တစ် ယောက်ဖြစ်သည်ဟုလည်း သူ့ကိုယ်သူပြောပါသည် (၁ ပေတရု ၁း၁)။
တမန်တော်ပေါလုကသူပေတရုနှင့်တန်းတူဖြစ်ကြောင်းပြောပါသည်။
၂ ကောရိန်သု ၁၁း၅၊ “ငါသည်ဝါကြွားတတ်သောသူရူးဖြစ်သလော။ ထိုသို့ဖြစ်လျှင် သင်တို့သည် ငါ့ကိုအနိုင်အထက် ဖြစ်စေကြပြီ။ အဘယ်သို့နည်း ဟူမူကား၊ သင်တို့ချီးမွမ်းခြင်းကို ငါခံသင့်၏။ ငါသည်ဘာမျှမဟုတ်သော်လည်း၊ အကြီးဆုံးသော တမန်တော်အောက်အလျှင်းမယုတ်မညံ့။” (ဂလာတိ ၂း၆-၁၄)။
ရှမာရိပြည်၌တရားသွားဟောရန် အခြားတမန်တော်တို့သည် တမန် တော် ပေတရုကိုစေလွှတ်လေသည်။
တမန်တော် ၈း၁၄၊ “ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ် ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့ သည် သတင်းကြားလျှင်၊ ပေတရုနှင့်ယောဟန်တို့ကို စေလွှတ်ကြ၏။”
မှတ်ချက်။ အခြားတမန်တော်များနှင့်အတူ နာမည်ဖော်ပြသောအခါ တမန်တော်ပေတရု၏ နာမည်သည် ပထမ လာလေ့မရှိပါ (ယောဟန် ၁း၄၄။ မာကု ၁၆း၇)။ အခြားတမန် တော်များနှင့်အတူ အသင်းတော်ဦးဆောင်မှုကို ခွဲဝေတာဝန်ယူကြပါသည် (ဂလာတိ ၂း၉)။
အခန်းကြီး - ၅၁။
၅၁။ ကျန်းမာခြင်းဆိုင်ရာ သမ္မာကျမ်းစာသွန်သင်ချက်
BIBLE
TEACHING ON HEALTH
တမန်တော်ယောဟန်သည် ယုံကြည်သူဂါယုအတွက် မည်သည့် စေတနာမျိုး ရှိသနည်း။
၃ ယောဟန် ၂၊ “အချင်းချစ်သူ၊ သင်၏စိတ်ဝိညာဉ်ကောင်းစားသကဲ့ သို့၊ အခြားအရာအားလုံးထက် သင်သည် ကောင်းစားခြင်းနှင့်ကျန်းမာခြင်း
ရှိမည် အကြောင်းငါအလိုရှိ၏။”
မှတ်ချက်။ ဂါယုအတွက် မေတ္တာပို့ရာ၌၊ ကိုယ်ကာယကျန်းမာခြင်း၊ စိတ်ဝိညာဉ်ကျန်းမာခြင်းနှင့်၊ လောကီရေးရာ၌ ကောင်းစားခြင်းတို့ပါဝင်သည်။ ဤအရာသုံးမျိုးအတွက် ကျွန်ုပ်တို့ယုံကြည်စွာဆုတောင်းပါက၊ ဤသုံးမျိုးထက် မက ရရှိခံစားရပါလိမ့်မည်။
ကျန်းမာခြင်းထိန်းသိမ်းရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အရေးကြီးသောကဏ္ဍ၌ပါဝင်သည်။
သုတ္တံ ၄း၂၀-၂၂၊ “ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါဟော ပြောချက်တို့ကိုနားသွင်းလော့။ သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။ အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရသော သူတို့ သည် အသက်ရှင်ခြင်း၊ တကိုယ်လုံးကျန်းမာခြင်းအကြောင်းကိုတွေ့ရပြီ။”
မဿဲ ၄း၄၊ “လူသည် မုန့်(အစာ)အားဖြင့်သာ အသက်ကိုမွေးရမည် မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည်၊ ကျမ်းစာ လာသည်။”
ဝိညာဉ်ရေးအသက်ရှင်ခြင်းသည် ခန္ဓာကိုယ်အား ကောင်းမွန်စွာ ပြုစု ခြင်းပါဝင်သည်။
၁ သက်သာလောနိတ် ၅း၂၃၊ “ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကိုအကုန်အစင် သန့်ရှင်းစေတော်မူပါစေသော။
ငါတို့သခင်ယေရှုခရစ်တော်ကြွလာတော်မူသောအခါ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းတို့ကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ စောင့်မ တော်မူပါစေသော။
ရောမ ၁၂း၁၊ “ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်း လက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သော လက္ခဏာနှင့်ပြည့်စုံသော ယဇ်ကိုသင်တို့သည်ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ် ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကိုပြုမည်အကြောင်း၊ ဘုရား သခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော် ပေ၏။”
ဘုရားသခင်၏ရှေ့တော်၌ ကိုယ်ခန္ဓာ၏အကျင့်ဓလေ့များ အရေးကြီး
ပါသလား။
၁ ကောရိန်သု ၁ဝး၃၁၊ “သင်တို့သည် စားသော်၎င်း၊ သောက်သော် ၎င်း၊ မည်သည့်အမှုကိုပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေရန် (ကိုထောက်၍) ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့။”
ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် မည်သည့်အရာဖြစ်ပါသနည်း။
၁ ကောရိန်သု ၆း၁၉၊၂၀၊ “အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင်ပေးသနားတော်မူသော၊ သင်တို့အထဲ၌ရှိသော သန့်ရှင်းသော ဝိညာဉ်တော်၏ (ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို ၎င်း၊ မသိကြသလော။ သင်တို့သည် အဖိုးနှင့်ဝယ်တော်မူသောသူဖြစ်သော ကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ် အားဖြင့် ဘုရားသခင်ကို ချီးမြှောက်ကြလော့။”
မှတ်ချက်။ လူတစ်ယောက်၏အထဲတွင် ဘုရားသခင်၏ ဝိညာဉ်တော် ကိန်းအောင်းလာသောအခါ၊ သူ၏ ကိုယ်ခန္ဓာကို သူမပိုင်တော့ပါ။ သို့သော် သူသည် ပြုစုရပါသည်။ သူ၏ကိုယ်ခန္ဓာဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေနိုင်ရန် သူသည်ဘုရားသခင်၏ ဥစ္စာဖြစ်သော သူ့ကိုယ်ခန္ဓာကိုပြုစု ရန် တာဝန်ရှိပါသည်။
ဘုရားသခင်၏ဗိမာန်တော်ကို ညိုးနွမ်းညစ်ပေစေသော သူတို့ အကြောင်းကို တမန်တော်သည် မည်သို့ပြောဆိုပါသနည်း။
၁ ကောရိန်သု ၃း၁၇၊ “အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး(ညစ်ညူးစေ)၏။ ထိုသူကိုဘုရားသခင် ဖျက်ဆီးဟော်မူလိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန် တော်ဖြစ်ကြ၏။”
မည်သည့်တရားကို အခြေခံ၍ ရှေးအစ္စရေးတို့ထံမှအနာရောဂါ မကျ ရောက်စေရန် ဘုရားသခင်ကတိပေးတော်မူပါသနည်း။
ထွက်မြောက်ရာ ၂၃း၂၅၊ “သင်တို့၏ ဘုရားသခင်ထာ၀ရဘုရားကို ဝတ်ပြုရမည်။ သင်၏ အစာကို၎င်း၊ ရေကို၎င်း၊ ကောင်းကြီးပေးတော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲကနှုတ်ယူပယ်ရှားတော်မူမည်။”
ဝိညာဉ်ရေးနှင့် ကျန်းမာရေးဆိုင်ရာတရားများကို ပေးထားသည့်အပြင်၊ ဘုရားသခင်သည် မိမိ၏လူတို့အတွက် မည်သည့်ကျန်းမာရေးဆိုင်ရာ လမ်းပြမှု ကို ပေးတော်မူပါသနည်း။
၁။ အစားအစာဆိုင်ရာ တရားများ၊
ဝတ်ပြုရာ ၁၁း၄၆၊၄၇ “ဤရွေ့ကား၊ စင်ကြယ်၊ မစင်ကြယ်၊ စားအပ်၊ မစားအပ်သောတိရစ္ဆာန်တို့ကို ပိုင်းခြားစေခြင်းငှာ၊ သား၊ ငှက်၊ ရေ၌သွား၍ အသက်ရှင်သောတိရစ္ဆာန်၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်ရှိသမျှနှင့်ဆိုင် သော တရားဖြစ်သတည်း။” (ဝတ်ပြုရာ ၁၁း၂-၄၇။ တရားဟောရာ ၁၄း၃-၂၀)။
၂။ အလုပ်လုပ်ရက်နှင့် နားရက်ဆိုင်ရာတရားများ၊
ထွက်မြောက်ရာ ၂ဝး၉၊၁၀၊ “ခြောက်ရက်ပတ်လုံးအလုပ်မျိုးကို ကြိုး စား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင်ထာ၀ရ ဘုရား၏ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်၊ သင်၏တခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။”
၃။ တကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာတရားများ၊
ဝတ်ပြုရာ ၁၄း၈၊ “စင်ကြယ်စေရသောသူသည် မိမိအဝတ်ကိုလျှော်၍၊ မိမိဆံပင်ကိုအကုန်အစင်ရိတ်ပြီးမှ၊ စင်ကြယ်စေခြင်းငှာ ရေချိုးရမည်။” (တော လည်ရာ ၅း၂၊၃)။
၄။ ကျင့်ဝတ်စရိုက်ဆိုင်ရာတရားများ၊
ထွက်မြောက်ရာ ၂ဝး၁၄၊ “သူ့လင်သူ့မယားကို မပြစ်မှားနှင့်။”
ကျန်းမာခြင်းနှင့်ဆိုင်သော ဘုရားသခင်၏ အကြံပေးချက်များကို အစ္စရေးတို့ လိုက်နာပါက၊ သူတို့သည် ကောင်းချီးမည်သို့ ခံစားကြရမည်နည်း။
ဆာလံ ၁၀၅း၃၇၊ “မိမိလူတို့ကို ရွှေငွေပါလျက်ထုတ်ဆောင်တော်မူ၍၊ သူတို့အစုစု၌အားနည်းသောသူတစ်ယောက်မျှမရှိ”
မှတ်ချက်။ သဘာ၀တရားများသည် ဘုရားသခင်၏တရားတော်များ ဖြစ်ပါသည်။ ၎င်းတို့အားမသိဘဲ ပြစ်မှားမိခြင်းကို နောင်တတရားရသင့်သည်။
စစ်မှန်သောရောဂါငြိမ်းစေခြင်းကို မည်သည်အရပ်မှ ဖြစ်လာပါ သနည်း။
ထွက်မြောက်ရာ ၁၅း၂၆၊ “ငါသည် သင်တို့၏ရောဂါကို ငြိမ်းစေသော ထာ၀ရဘုရားဖြစ်၏။”
ဆာလံ ၁၀၃း၃၊ “သင်၏အပြစ်အလုံးစုံတို့ကိုဖြေလွှတ်၍၊ သင်၏အနာ ရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။” (ဆာလံ ၄၁း၃)။
အဖျားအနာ၊ ရောဂါဝေဒနာရှိသမျှတို့သည်၊ မသေနိုင်သောဘ၀သို့ ဘုရားသခင်၏ လူများဝင်စားသွားသောအခါ ကွယ်ပျောက်သွားပါလိမ့်မည်။
ဗျာဒိတ် ၂၁း၄၊ “ဘုရားသခင်သည် သူတို့၏မျက်စိမှမျက်ရည်ရှိသမျှ တို့ကို သုတ်တော်မူမည်။ နောက်တဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွား ခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူး သောအရာတို့ သည်ရွေ့သွားကြပြီ”
အစအဦး၌ ဘုရားသခင်သည် လူအတွက် မည်သည့်အစားအစာကို စီစဉ်ပေးထားပါသနည်း။
ကမ္ဘာဦး ၁း၂၉၊ “ဘုရားသခင်ကလည်း၊ ကြည့်ရှုလော့။ မြေတပြင်လုံး၌ စပါးကိုဖြစ်စေသောအပင်အမျိုးမျိုးတို့ကို၎င်း၊ မျိုးစေ့ကိုဖြစ်စေသော သစ်သီး ပင် အမျိုးမျိုးတို့ကို၎င်း၊ သင်တို့စားစရာဖို့ငါပေး၏။”
ရေလွှမ်းမိုးခြင်းဘေးရောက်ပြီးနောက် မြေကြီးပေါ်တွင် စားစရာရှားပါး သောအခါ၊ ဘုရားသခင်သည် မည်သည့်အရေးပေါ် အစာကို စားခွင့်ပြုပါ သနည်း။
ကမ္ဘာဦး ၉း၃၊ “အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ စပါးရှိသမျှကို ငါပေးသကဲ့သို့၊ သင်တို့စားစရာဖို့ဖြစ်ရမည်။”
မှတ်ချက်။ အသားစားခြင်းနှင့်စပ်လျဉ်း၍ ဘုရားသခင်သည် “စင် ကြယ်သောအကောင်” “မစင်ကြယ်သောအကောင်” ဟုခွဲခြားထားလျက်၊ သတိပေးတားမြစ် ချက်များပြုလုပ်တော်မူခဲ့ပါသည် (ဝတ်ပြုရာ ၁၁း၁-၄၇)။
အစ္စရေးတို့၏ အစားအစာနှင့်ပတ်သက်၍ အဘယ်ကြောင့် ဘုရား သခင်သည် ထူးခြားမှုရှိစေပါသနည်း။
တရားဟောရာ ၁၄း၂၊၃၊ “သင်တို့သည်၊ သင်တို့၏ဘုရားသခင်ထာ၀ရ
ဘုရားအဖို့၊ သန့်ရှင်းသောလူမျိုးဖြစ်ကြ၏။ ထာ၀ရဘုရားသည် မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက်၊ ကိုယ်တော်ပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ကို ရွေးချယ်တော်မူပြီ။ စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင်တို့မစား ရ။”
သမ္မာကျမ်းစာ၌ဖော်ပြထားသော ကျန်းမာကြံ့ခိုင်စေသည့် အစားအစာ
တစ်မျိုးမှာ-
ကောက်ပဲသီးနှံများ - တရားဟောရာ ၈း၈။ ၁ ဓမ္မရာဇဝင် ၁၇း၁၇။
ပျားရည်၊ ထောပတ်ဒိန်ခဲ - ထွက်မြောက်ရာ ၃း၈။ ၂ ဓမ္မရာဇဝင် ၁၇း၂၉။
ပဲတောင့်နှင့်ပဲစေ့အမျိုးအမျိုး- ၂ ဓမ္မရာဇဝင် ၁ရး၂၈။
ဟင်းသီးဟင်းရွက်များ - ဟေဗြဲ ၆း၇။
သစ်သီး၀လံများ - တရားဟောရာ ၈း၈။
အခန်းကြီး - ၅၂။
၅၂။ ချုပ်တည်းခြင်းဆိုင်ရာအခြေခံတရားများ
TEMPERANCE
PRINCIPLES
၂ ပေတရု ၁း၅၊၆၊ “ထိုသို့အလိုငှာ၊ သင်တို့သည် ယုံကြည်ခြင်း၌ သီလ ကို၎င်း၊ သီလ၌ပညာကို၎င်း၊ ပညာ၌ ကာမဂုဏ် ချုပ်တည်းခြင်းကို၎င်း၊ ကာမ ဂုဏ်ချုပ်တည်းခြင်း၌ သည်းခံခြင်းကို၎င်း၊ သည်းခံခြင်း၌ ဘုရားဝတ်ကိုပြု၍ မွေ့လျော်ခြင်းကို၎င်း အလွန်ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။”
တိတု ၂း၁၂၊ “ဘုရားမဲ့တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ် ရှားလျက်၊ ယခုဘ၀၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ ငါတို့ကိုဆုံးမသွန်သင်၍။”
ဖိလိပ္ပိ ၄း၅၊ “လူအပေါင်းတို့ရှေ့၌ သင်တို့၏ဖြည်းညင်းခြင်းသဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။”
၁ ကောရိန်သု ၉း၂၅၊ “ပြိုင်ပွဲ၌ယှဉ်ပြိုင်သော သူရှိသမျှတို့သည် အရာ ရာ၌ တပ်မက်ခြင်းကို ချုပ်တည်းကြ၏။”
စစ်မှန်သောချုပ်တည်းခြင်း၌ မည်သည့်အရာများပါဝင်ပါသနည်း။
၁။ သင့်တင့်စွာစားသောက်ခြင်း၊
ဒေသနာ ၁ဝး၁၇၊ “ကျက်သရေရှိသောမင်းသားအစိုးရ၍၊ မှူးမတ်တို့ သည် လွန်ကျူးစွာ မစားမသောက်၊ အားဖြည့်ခြင်းငှာသာ အချိန်တန်မှ စား သောက်တတ်သော ပြည်သည်မင်္ဂလာရှိ၏။”
၂။ လုံ၀ဥသုံချုပ်တည်းခြင်း၊
၁ ကောရိန်သု ၉း၂၇၊ “သူတပါးကိုဆုံးမသွန်သင်ပြီးမှ ကိုယ်တိုင်ရှုံး သော သူမဖြစ်ရမည်အကြောင်း၊ မည်သည့်နည်းဖြင့်မဆို မိမိကိုယ်ကိုနှိပ်စက်၍ ထိန်းချုပ် လေ့ရှိ၏။”
၃။ အကြံအစည်တို့ကို ထိန်းချုပ်ခြင်း၊
ရောမ ၁၂း၃၊ “သင်တို့သည် ကိုယ်ကိုထင်သင့်သည်ထက်လွန်၍ မထင် ဘဲ၊ ဘုရားသခင်သည် လူအသီးအသီးတို့အား ယုံကြည်ခြင်းကိုဝေပေးတော်မူ သည်နှင့်အညီ၊ ကိုယ်ကို လျောက်ပတ်စွာ ထင်ရမည်အကြောင်း၊ ငါသည် ကိုယ် ခံရသော ကျေးဇူးတော်ကို အမှီပြုလျက်၊ သင်တို့တွင်ရှိသမျှသောသူတို့ကို မှာ ထား၏။”
၄။ သေရည်သေရက်နှင့် အခြားဘေးဥပဒ်ဖြစ်စေသော အစား အသောက်များအားလုံးရှောင်ကြဉ်ခြင်း၊
ဧဖက် ၅း၁၈၊ လွန်ကျူးစေတတ်သောစပျစ်ရည်နှင့် ယစ်မူးခြင်းကို ရှောင်၍၊ ဝိညာဉ်တော်နှင့်ပြည့်၀လျက်ရှိကြလော့။”
အရက်သေစာသောက်စားခြင်းကို သတိပေးခြင်း၊
သုတ္တံ ၂ဝး၁၊ “စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည်သေရက် သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ်၏။ ထိုသို့အားဖြင့်မှားယွင်းသော သူသည် ပညာမရှိ။”
ယေရှာယ ၅း၁၁၊ “သေရည်သေရက်ကိုသောက်အံ့သောငှာ၊ နံနက် စောစောထ၍၊ စပျစ်ရည်နှင့်ယစ်မူးအံ့သောငှာ၊ ညဉ့်ကိုလည်းလွန်စေတတ် သော သူတို့သည် အမင်္ဂလာရှိကြ၏။”
ဧဖက် ၅း၁၈၊ “လွန်ကျူးစေတတ်သောစပျစ်ရည်နှင့် ယစ်မူးခြင်းကို ရှောင်၍၊ ဝိညာဉ်တော်နှင့်ပြည့်၀လျက်ရှိကြလော့။”
သုတ္တံ ၂၃း၂၉၊၃၀၊ “အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်
သူသည်ညည်းတွားခြင်းရှိသနည်း။ အဘယ်သူသည် ရန်တွေ့ခြင်းရှိသနည်း။ အဘယ်သူသည် မြည်တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်း မရှိ၊ ထိခိုက်၍ နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်း ဟူမူကား၊ စပျစ်ရည်ကို ကြာမြင့်စွာသောက်လျက်နေသောသူ၊ ဆေးနှင့်ရော သော စပျစ်ရည်ကို ရှာတတ်သော သူတို့သည် ထိုသို့သောလက္ခဏာရှိကြ၏။”
မှတ်ချက်။ စစ်မှန်သောချုပ်တည်းခြင်းသည် ကောင်းသောအရာကို လိမ်လိမ်မာမာနှင့် သင့်တင့်စွာအသုံးပြုခြင်းနှင့်၊ ဘေးဥပဒ်ဖြစ်စေသောအရာ အားလုံးကို လုံး၀ရှောင်ကြဉ်ခြင်းဖြစ်ပါသည်။ ၎င်းသည် ရုပ်နှင့်နာမ်အသက်ရှင် ရေးအတွက် အကောင်းဆုံးဖြစ်ပါသည်။ အရက်နှင့်ဆေးလိပ်သည် မည်သည့် ပုံစံမျိုးနှင့် သုံးသည်ဖြစ်စေ လူ့ခန္ဓာကိုယ်အတွက် ဘေးဥပဒ်ဖြစ်စေပါသည်။ လက်ဖက်နှင့် ကော်ဖီမှစ၍ အခြားအသုံးများသော သောက်သုံးနိုင်သည့် အရည်များသည်လည်း ဘေးဥပဒ်ဖြစ်စေသော ဒြပ်ပေါင်းများပါရှိခြင်းကြောင့် ဘေးဖယ်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။ သင့်တင့်သော နေထိုင်မှု စနစ်များ၊ ကျန်းမာကြံ့ခိုင်စေသော အစားအစာများ၊ သန့်ရှင်းသောရေ၊ ကိုယ် လက်လှုပ်ရှားခြင်း၊ အိပ်ပျော်ခြင်း၊ ဘ၀ကိုအကောင်းမြင်၍ ပျော်ရွှင်တတ်ခြင်း နှင့်၊ ဘုရားသခင်ကို ယုံကြည်စိတ်ချခြင်းတို့သည် ကျန်းမာခြင်းကိုအားပေးပါ သည်။ ၎င်းတို့သည် အာနိသင်ကြီးမားသော ဆေးများဖြစ်ပါသည်။
No comments:
Post a Comment