Saturday, August 29, 2026

ဩဂုတ်လ (၁၆၊၁၇၊၁၈၊၁၉၊၂၀၊၂၁၊၂၂၊၂၃၊၂၄၊၂၅၊၂၆၊၂၇၊၂၈၊၂၉၊၃၀၊၃၁)

 

  • အသက်ရှင်သော မီးခဲ ဩဂုတ်လ ၁၆ ရက်

 ဟေရှာယ 6:1-10 ထိုအခါ သေရပ်တပါးသည် ယဇ်ပလ္လင်ပေါ်က ညှပ်နှင့်ညှပ်၍ယူခဲ့သော မီးခဲရဲရဲကို လက်၌ကိုင်လျက် ငါ့ထံသို့ပျံလာပြီးလျှင်၊ ထိုမီးခဲနှင့် ငါ့နှုတ်ကိုတို့၍၊ ကြည့်ရှုလော့၊ ဤမီးခဲသည် သင်၏နှုတ်ခမ်းကိုတို့မိသောကြောင့် သင်၏အပြစ်ပြေစေပြီ၊ သင်၏ဒုစရိုက်အပြစ်လည်း စင်ကြယ်စေပြီဟု ဆိုလေ၏။ ဟေရှာယ :၆၊ ၇။

ဟေရှာယသည် အခြားသူတို့၏ အပြစ်ကို ပြစ်တင်ရှုတ်ချခဲ့သော်လည်း၊ ယခုမူကား မိမိကိုယ်တိုင်လည်း သူတို့အပေါ် သူစီရင်ခဲ့သည့် တူညီသောပြစ်ဒဏ်စီရင်ခြင်းဘေးသို့ ရောက်လုနီးဖြစ်နေသည်ကို တွေ့မြင်ရ၏။ သူသည် ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုရာတွင် အေးစက်၍ အသက်မဲ့သော ထုံးတမ်းစဉ်လာမျှဖြင့်သာ တင်းတိမ်ကျေနပ်ခဲ့ဖူးသည်။ ဗျာဒိတ်တော်အားဖြင့် ထာဝရဘုရားကို မမြင်ရမီတိုင်အောင် ဤအချက်ကို သူသတိမပြုမိခဲ့ချေ။ သန့်ရှင်းရာဌာနတော်၏ သန့်ရှင်းခြင်းနှင့် ဘုန်းတန်ခိုးအာနုဘော်တော်ကို သူကြည့်မျှော်မိသောအခါ၊ မိမိ၏ပညာဉာဏ်နှင့် စွမ်းဆောင်ရည်တို့သည် ယခုတွင် အလွန်တရာ သေးသိမ်လှပါတကားဟု ထင်မှတ်ရလေသည်။ သူသည် မည်မျှပင် မထိုက်တန်သူဖြစ်ပါသနည်း။ သန့်ရှင်းသော အမှုတော်ကို ဆောင်ရွက်ရန် မည်မျှပင် မထိုင်မလျော် ဖြစ်နေပါသနည်း။ ...

ဟေရှာယအား ပြသတော်မူသော ဗျာဒိတ်တော်သည် နောက်ဆုံးသောကာလ၌ရှိသော ဘုရားသခင်၏လူမျိုးတော်တို့၏ အခြေအနေကို ပုံဆောင်ပြသနေပါသည်။ သူတို့သည် ကောင်းကင်သန့်ရှင်းရာဌာနတော်၌ ဖြစ်ပျက်နေသော အမှုအရာတို့ကို ယုံကြည်ခြင်းအားဖြင့် မြင်ရသော အခွင့်ထူးကို ရရှိကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၏ဗိမာန်တော်သည် ပွင့်၍၊ ဗိမာန်တော်ထဲ၌ ပဋိညာဉ်သေတ္တာတော်ကို တွေ့မြင်ရ၏။ သူတို့သည် အသန့်ရှင်းဆုံးသော ဌာနတော်ထဲသို့ ယုံကြည်ခြင်းမျက်စိဖြင့် မျှော်ကြည့်၍ ကောင်းကင်သန့်ရှင်းရာဌာန၌ ခရစ်တော်၏အမှုတော်ကို မြင်ရသောအခါ၊ မိမိတို့ကိုယ်တိုင်သည် ညစ်ညူးသောနှုတ်ခမ်းရှိသူများ ဖြစ်ကြသည်ဟူ၍လည်းကောင်း၊ မိမိတို့၏နှုတ်ခမ်းများသည် အချည်းနှီးသောအရာကို မကြာခဏ ပြောဆိုတတ်ပြီး မိမိတို့၏စွမ်းဆောင်ရည်များကို သန့်ရှင်းစေခြင်းမရှိဘဲ ဘုရားသခင်၏ဘုန်းတော်အတွက် အသုံးမပြုခဲ့ကြဟူ၍လည်းကောင်း သိမြင်လာကြသည်။ ခရစ်တော်၏ ဘုန်းကြီးသောစရိုက်လက္ခဏာတော်၏ စင်ကြယ်ခြင်း၊ ချစ်စဖွယ်ဖြစ်ခြင်းတို့နှင့် မိမိတို့၏အားနည်းခြင်း၊ မထိုက်တန်ခြင်းတို့ကို နှိုင်းယှဉ်ကြည့်မိသောအခါ သူတို့သည် အလွန်ပင် စိတ်ပျက်အားလျော့ကြပေလိမ့်မည်။ သို့သော် သူတို့သည် ဟေရှာယကဲ့သို့ ထာဝရဘုရားက သူတို့၏နှလုံးသားထဲ၌ ဖြစ်ပေါ်စေလိုသော သွန်သင်ချက်ကို လက်ခံလျက်၊ ဘုရားသခင်ရှေ့တော်၌ မိမိတို့၏ဝိညာဉ်ကို နှိမ့်ချကြမည်ဆိုလျှင် သူတို့အတွက် မျှော်လင့်ချက်ရှိပါသည်။ ကတိတော်သက်တန့်သည် ပလ္လင်တော်အထက်တွင်ရှိ၍၊ ဟေရှာယအတွက် ပြုလုပ်ပေးတော်မူသော အမှုတော်ကို သူတို့၌လည်း ပြုလုပ်ပေးတော်မူလိမ့်မည်။ ကြေကွဲအက်ကွဲသော နှလုံးသားမှ ထွက်ပေါ်လာသော တောင်းလျှောက်ချက်များကို ဘုရားသခင်သည် ထူးတော်မူလိမ့်မည်။ (Ibid., ၁၁၃၉။)

ကျွန်ုပ်တို့သည် ယဇ်ပလ္လင်ပေါ်မှ မီးခဲရဲရဲကို ကျွန်ုပ်တို့၏နှုတ်ခမ်းပေါ်၌ တို့စေချင်ကြသည်။ သင်၏အပြစ်ပြေစေပြီ၊ သင်၏ဒုစရိုက်အပြစ်လည်း စင်ကြယ်စေပြီ ဟူသော မိန့်တော်မူသံကို ကျွန်ုပ်တို့ ကြားချင်ကြသည်။ (Ibid.)

မီးခဲရဲရဲသည် စင်ကြယ်စေခြင်း၏ ပုံဆောင်ချက်ဖြစ်သည်။ ၎င်းသည် နှုတ်ခမ်းကိုတို့မိလျှင် မစင်ကြယ်သောစကား တစ်ခွန်းတလေမျှ နှုတ်မှထွက်လာလိမ့်မည်မဟုတ်ပေ။ (Ibid., ၁၁၄၁။)


နှင်းကဲ့သို့ ဖြူစင်ခြင်း ဩဂုတ်လ ၁၇ ရက်

ဟေရှာယ 6:1-10 အကြောင်းမူကား၊ နာမတော်သန့်ရှင်းလျက်၊ ထာဝရကာလပတ်လုံး နေတော်မူ၍၊ မြင့်မြတ်သောအရှင်သည် မိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်းသောအရပ်၌ နေ၏။ နှိမ့်ချသောသူတို့၏ စိတ်သဘောကို ပြုပြင်စေခြင်းငှါ၎င်း၊ နောင်တရသောသူတို့၏ နှလုံးကို အသက်ရှင်စေခြင်းငှါ၎င်း၊ နှိမ့်ချလျက် နောင်တရသောစိတ်သဘောရှိသော သူတို့နှင့်လည်း အတူနေ၏။ ဟေရှာယ ၅၇:၁၅။

ဗိမာန်တော်တံတိုင်းအတွင်း ဟေရှာယရရှိခဲ့သော ဗျာဒိတ်တော်၌၊ အစ္စရေးတို့၏ဘုရားသခင်၏ စရိုက်လက္ခဏာတော်ကို ရှင်းလင်းစွာ မြင်တွေ့ခွင့်ရခဲ့သည်။ နာမတော်သန့်ရှင်းလျက်၊ ထာဝရကာလပတ်လုံး နေတော်မူ၍၊ မြင့်မြတ်သောအရှင် သည် ကြီးမြတ်သောဘုန်းအာနုဘော်တော်နှင့်အတူ သူ၏ရှေ့၌ ထင်ရှားတော်မူခဲ့သော်လည်း၊ ပရောဖက်သည် မိမိ၏အရှင်သခင်၏ သနားကရုဏာစိတ်သဘောတော်ကို နားလည်သဘောပေါက်လာစေခဲ့သည်။ ...

ပရောဖက်သည် မိမိ၏ဘုရားသခင်ကို ဖူးမြော်ရသောအခါ ... မိမိ၏မထိုက်တန်မှုကိုသာ မြင်တွေ့ခဲ့ရသည်မဟုတ်၊ ထိုသို့ နှိမ့်ချသောသူ၏ နှလုံးသားထဲသို့ ပြည့်စုံ၍ အခမဲ့ဖြစ်သော အပြစ်လွှတ်ခြင်းကတိတော် သက်ရောက်လာကာ ပြောင်းလဲသောသူအဖြစ် ထမြောက်ခဲ့လေသည်။ သူသည် မိမိ၏အရှင်သခင်ကို မြင်ခဲ့ရပြီ။ သူသည် ဘုရားသခင်၏ စရိုက်လက္ခဏာတော်၏ ချစ်စဖွယ်ကောင်းခြင်းကို တစ်ချက်မျှ မြင်တွေ့ခဲ့ရသည်။ အတိုင်းအဆမဲ့သော မေတ္တာတော်ကို ဖူးမြော်ရခြင်းအားဖြင့် ဖြစ်ပေါ်လာသော ပြောင်းလဲခြင်းအကြောင်းကို သူသက်သေခံနိုင်သည်။ ထိုအချိန်မှစ၍ သူသည် လမ်းလွဲနေသောအစ္စရေးလူတို့ကို အပြစ်၏ဝန်ထုပ်နှင့် အပြစ်ဒဏ်မှ လွတ်မြောက်စေလိုသော ပြင်းပြသည့်ဆန္ဒ နှိုးဆော်ခြင်းကို ခံရလေသည်။ သင်တို့သည် အဘယ်ကြောင့် ထပ်၍ အရိုက်ခံဦးမည်နည်း ဟု ပရောဖက်က မေးမြန်းခဲ့သည်။ လာကြ၊ ငါတို့ ဆွေးနွေးငြင်းခုံကြကုန်အံ့ဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်တို့အပြစ်သည် နီသောကတ္တီပါရောင်ကဲ့သို့ ဖြစ်သော်လည်း မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်။ အနီသက်သက် ဖြစ်သော်လည်း သိုးမွေးကဲ့သို့ ဖြစ်လိမ့်မည်။ ... သူတို့ ဝတ်ပြုကိုးကွယ်ပါသည်ဟု ဆိုသော်လည်း စရိုက်လက္ခဏာတော်ကို မှားယွင်းစွာ နားလည်ထားကြသော ထိုဘုရားသခင်ကို ဝိညာဉ်ရေးရာရောဂါကို ကုသပေးတော်မူသော ကြီးမြတ်သောဆရာဝန်ကြီးအဖြစ် သူတို့ရှေ့၌ ဖော်ပြတော်မူခဲ့သည်။ ...

အတိုင်းအဆမဲ့သော မေတ္တာတော်၏ နှလုံးသားသည် စာတန်၏ကျော့ကွင်းမှ မိမိတို့ကိုယ်တိုင် မလွတ်မြောက်နိုင်ဟု ခံစားနေရသူများအတွက် အလွန်တရာ အောက်မေ့တမ်းတလျက်ရှိပြီး၊ ကိုယ်တော်အတွက် အသက်ရှင်နိုင်ရန် ခွန်အားပေးဖို့ ဂရုဏာတော်နှင့် ကမ်းလှမ်းထားတော်မူသည်။ မစိုးရိမ်နှင့် ဟု ကိုယ်တော်မိန့်တော်မူ၏။ ငါသည် သင်နှင့်အတူရှိ၏။ လန့်ဖျပ်ခြင်းမရှိနှင့်၊ ငါသည် သင့်ဘုရားသခင်ဖြစ်၏။ သင့်ကို ငါခိုင်ခံ့စေမည်။ သင့်ကို ငါကူညီမည်။ ငါ့ဖြောင့်မတ်ခြင်း လက်ယာလက်နှင့် သင့်ကို ငါထောက်မမည်။ ...

စာရှုသူ၊ သင်သည် မိမိသဘောအတိုင်း လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီလော။ ဘုရားသခင်နှင့် ဝေးရာသို့ လှည့်လည်သွားလာခဲ့ပြီလော။ ဒုစရိုက်အပြစ်၏ အသီးအပွင့်များကို စားသုံးပျော်မွေ့ရန် ရှာဖွေခဲ့သော်လည်း ၎င်းတို့သည် သင့်နှုတ်ခမ်းဝယ် ပြာအဖြစ်သို့သာ ပြောင်းလဲသွားသည်ကို တွေ့ရှိခဲ့ရပြီလော။ ... သင့်အဘ၏အိမ်တော်သို့ ပြန်လာခဲ့ပါ။ ကိုယ်တော်က သင့်ကို ဖိတ်ခေါ်လျက် ငါ့ထံသို့ ပြန်လာလော့၊ ငါသည် သင့်ကို ရွေးနှုတ်ပြီ ဟု၎င်း၊ ငါ့ထံသို့လာ၍ နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့ဝိညာဉ်သည် အသက်ရှင်လိမ့်မည် ဟု၎င်း မိန့်တော်မူ၏။ (Prophets and Kings, ၃၁၄-၃၂၀။)


လူတိုင်းအတွက် ဩဂုတ်လ ၁၈ ရက်

 မင်းအမှုထမ်းတို့သည် အဲဂုတ္တုပြည်မှ လာကြလိမ့်မည်။ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ဘက်သို့ အလျင်အမြန် ဆန့်လိမ့်မည်။ ဆာလံ ၆၈:၃၁။

ဟေရှာယသည် မိမိ၏အမှုတော်ဆောင်လုပ်ငန်းတစ်လျှောက်လုံးတွင် တပါးအမျိုးသားတို့အတွက် ဘုရားသခင်၏ ရည်ရွယ်တော်မူချက်နှင့်ပတ်သက်၍ ရှင်းလင်းစွာ သက်သေခံခဲ့သည်။ အခြားသောပရောဖက်များကလည်း ဘုရားသခင်၏အကြံအစည်တော်ကို ဖော်ပြခဲ့ကြသော်လည်း သူတို့၏စကားကို အမြဲတစေ နားမလည်ခဲ့ကြချေ။ ဘုရားသခင်၏ အစ္စရေးလူတို့တွင် ဇာတိအလိုက် အာဗြဟံ၏အနွယ်မဟုတ်သော သူအများအပြားကိုလည်း ရေတွက်ရမည်ဟူသော အမှန်တရားကို ယုဒလူတို့အား ရှင်းလင်းစွာ နားလည်စေရန် ဟေရှာယအား အခွင့်ပေးတော်မူခဲ့သည်။ ဤသွန်သင်ချက်သည် ထိုခေတ်ကာလ၏ ဘာသာရေးအယူအဆနှင့် မကိုက်ညီသော်လည်း၊ သူသည် ဘုရားသခင်ပေးတော်မူသော ဗျာဒိတ်တော်များကို ရဲရင့်စွာ ဟောပြောခဲ့ပြီး၊ အာဗြဟံ၏အနွယ်အား ကတိပေးထားတော်မူသော ဝိညာဉ်ရေးရာကောင်းချီးမင်္ဂလာများကို တောင့်တမျှော်လင့်နေကြသော စိတ်နှလုံးများစွာအတွက် မျှော်လင့်ချက်ကို ဆောင်ကြဉ်းပေးခဲ့သည်။ ...

အစ္စရေးလူတို့သည် တပါးအမျိုးသားတို့အတွက် ဘုရားသခင်၏ရည်ရွယ်တော်မူချက်ကို နားမလည်နိုင် သို့မဟုတ် နားမလည်လိုကြဘဲ မကြာခဏ ဖြစ်နေတတ်သည်။ သို့သော် ဤရည်ရွယ်ချက်ကြောင့်ပင် သူတို့ကို ကွဲပြားခြားနားသော လူမျိုးတစ်မျိုးဖြစ်စေခဲ့ပြီး မြေကြီးပေါ်ရှိ လူမျိုးတကာတို့အလယ်တွင် လွတ်လပ်သောနိုင်ငံတစ်ခုအဖြစ် တည်ထောင်ပေးခဲ့ခြင်းဖြစ်သည်။ ပဋိညာဉ်ကတိတော်ကို ပထမဦးဆုံး ရရှိခဲ့သော သူတို့၏အဘ အာဗြဟံသည် တပါးအမျိုးသားတို့အတွက် အလင်းဆောင်သူ ဖြစ်စေခြင်းငှါ မိမိ၏ဆွေမျိုးသားချင်းများထံမှ ဝေးလံသောအရပ်ဒေသများသို့ ထွက်ခွာသွားရန် ခေါ်ယူခြင်းခံခဲ့ရသည်။ သူ့အား ပေးတော်မူသော ကတိတော်၌ ပင်လယ်သဲလုံးနှင့်အမျှ များပြားလှစွာသော သားမြေးအနွယ်များ ပါဝင်သော်လည်း၊ သူသည် ကြီးမြတ်သောလူမျိုးတစ်မျိုး၏ ဖခင်ဖြစ်လာရခြင်းမှာ အတ္တဆန္ဒအတွက် မဟုတ်ပေ။ ... ငါသည် သင့်အား ကောင်းချီးပေးမည် ဟု ယေဟောဝါ မိန့်တော်မူ၏။ သင့်နာမကို ကြီးမြတ်စေမည်။ ... မြေကြီးပေါ်မှာရှိသမျှသော လူမျိုးတို့သည် သင်အားဖြင့် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။ ...

လူမျိုး၊ နွယ်စု၊ သို့မဟုတ် ဇာတ်နိမ့်ဇာတ်မြတ် ခွဲခြားခြင်းကို ဘုရားသခင်သည် အသိအမှတ်ပြုတော်မမူပါ။ ... ခရစ်တော်သည် ခြားနားသောတံတိုင်းမှန်သမျှကို ဖြိုဖျက်ရန်နှင့် ဗိမာန်တော်တံတိုင်းအတွင်းရှိ အခန်းကန့်မှန်သမျှကို ဖွင့်လှစ်ပေးရန် ကြွလာတော်မူခဲ့သဖြင့် လူတိုင်းသည် ဘုရားသခင်ထံသို့ လွတ်လပ်စွာ ချဉ်းကပ်နိုင်ခွင့်ရှိကြသည်။ ကိုယ်တော်၏မေတ္တာတော်သည် အလွန်ကျယ်ပြော၊ အလွန်နက်နဲကာ ပြည့်စုံလှသဖြင့် နေရာတိုင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိသည်။ စာတန်၏လှည့်စားမှုများဖြင့် မိန်းမောနေသူများကို စာတန်၏ဩဇာလွှမ်းမိုးမှုမှ ကယ်တင်ကာ၊ ကတိတော်သက်တန့်ရံလျက်ရှိသော ဘုရားသခင်၏ပလ္လင်တော်အနီးသို့ ရောက်ရှိစေတော်မူသည်။ ခရစ်တော်၌ ယုဒလူဟူ၍လည်းကောင်း၊ ဟေလသလူဟူ၍လည်းကောင်း၊ ကျွန်ဟူ၍လည်းကောင်း၊ လူလွတ်ဟူ၍လည်းကောင်း မရှိချေ။ (Ibid., ၃၆၇-၃၇၀။)


ယေရမိဘုရားသခင်၏ အာဘော်ကို ပြောကြားသူ ဩဂုတ်လ ၁၉ ရက်

 လူသည် မြော်လင့်လျက် ထာဝရဘုရား ကယ်တင်တော်မူခြင်းကို ငြိမ်ဝပ်စွာ စောင့်နေသော်ကောင်း၏။ မြည်တမ်းစကား :၂၆။

ယောရှိမင်းကြီး၏ ပြုပြင်ပြောင်းလဲမှုကြောင့် ရေရှည်တည်တံ့သော ဝိညာဉ်ရေးရာ နိုးထမှုတစ်ခု ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသူများထဲတွင်၊ လူပျိုအရွယ်ကပင် ဘုရားသခင်၏ ပရောဖက်အရာ၌ ခေါ်ယူခြင်းခံရသော ယေရမိလည်း ပါဝင်သည်။ ...

ငယ်ရွယ်သောယေရမိ၌ ဘုရားသခင်သည် မိမိ၏ယုံကြည်အပ်နှံမှုကို သစ္စာစောင့်သိမည့်သူနှင့် ကြီးမားသောဆန့်ကျင်ကန့်ကွက်မှုများကြားမှ ဖြောင့်မတ်ခြင်းဘက်၌ ရပ်တည်မည့်သူတစ်ဦးကို မြင်တော်မူခဲ့သည်။ ... ငါသည် သူငယ်ဖြစ်ပါသည်ဟု မပြောနှင့် ဟု ထာဝရဘုရားသည် မိမိရွေးကောက်ထားသော စေတမန်အား မိန့်တော်မူ၏။ အကြောင်းမူကား၊ ငါစေလွှတ်သမျှသောသူတို့ဆီသို့ သင်သည်သွားရမည်။ ငါမှာထားသမျှကိုလည်း ပြောရမည်။ သူတို့မျက်နှာကို မကြောက်နှင့်။ သင့်ကိုကယ်နှုတ်ခြင်းငှါ ငါသည် သင်နှင့်အတူရှိ၏။ ...

ယေရမိသည် အနှစ် ၄၀ ကာလပတ်လုံး လူမျိုးတော်ရှေ့၌ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်း၏ သက်သေတစ်ဦးအဖြစ် ရပ်တည်ခဲ့ရသည်။ မကြုံစဖူး ထူးကဲသော ဘာသာဖောက်ပြန်မှုခေတ်တွင် သူသည် တစ်ဆူတည်းသော မှန်ကန်သောဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုခြင်းကို မိမိ၏အသက်တာနှင့် စရိုက်လက္ခဏာအားဖြင့် စံပြပြသခဲ့ရသည်။ ဂျေရုဆလင်မြို့တော်ကြီး ရက်စက်စွာ ဝိုင်းရံပိတ်ဆို့ခြင်း ခံရစဉ်ကာလအတွင်း၌ သူသည် ယေဟောဝါဘုရား၏ နှုတ်ကပတ်တော်မြွက်ကြားသူ ဖြစ်ခဲ့ရသည်။ (Ibid., ၄၀၇၊ ၄၀၈။)

ဇာတိသဘောအရ ကြောက်ရွံ့တတ်ပြီး နောက်တွန့်တတ်သော စရိုက်ရှိသဖြင့်၊ ယေရမိသည် မိမိချစ်လှစွာသော လူမျိုးတော်၏ အစဉ်တစိုက် နောင်တမရဘဲ နေခြင်းကို မမြင်တွေ့လိုတော့ဘဲ ဆိတ်ငြိမ်အေးချမ်းသော အနားယူအသက်တာမျိုးကို တောင့်တခဲ့သည်။ အပြစ်ကြောင့် ပျက်စီးခြင်းသို့ ရောက်ရသည်ကို မြင်သောအခါ သူ၏နှလုံးသားသည် ပြင်းစွာနာကျင်ကြေကွဲခဲ့ရသည်။ ...

ယေရမိသည် မိမိ၏လူပျိုဘဝတွင်၎င်း၊ နောက်ပိုင်း အမှုတော်ဆောင်သည့်နှစ်များတွင်၎င်း ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများက လူသည် မိမိသွားရာလမ်းကို မပိုင်၊ မိမိခြေလှမ်းတို့ကို စီရင်ရသောအခွင့်သည် သွားသောလူ၌မရှိ ဟူသော သင်ခန်းစာကို သွန်သင်ပေးခဲ့သည်။ သူသည် အိုထာဝရဘုရား၊ အကျွန်ုပ်ကို ဆုံးမတော်မူပါ။ သို့သော်လည်း အကျွန်ုပ်ကို ဖျက်ဆီးတော်မမူမည်အကြောင်း၊ အမျက်တော်မထွက်ဘဲ တရားသဖြင့် ဆုံးမတော်မူပါ ဟု ဆုတောင်းရန် သင်ယူခဲ့သည်။ (ယေရမိ ၁၀:၂၃၊ ၂၄)

ဆင်းရဲဒုက္ခနှင့် ဝမ်းနည်းခြင်းခွက်ကို သောက်ရသောအခါ၌၎င်း၊ မိမိ၏ဆင်းရဲခြင်းဒုက္ခထဲတွင် ငါ့ခွန်အားနှင့် ထာဝရဘုရားကို မျှော်လင့်ခြင်းအကြောင်းသည် ပျက်စီးလေပြီ ဟု ညည်းတွားချင်စိတ် ဖြစ်ပေါ်လာသောအခါ၌၎င်း၊ သူသည် မိမိအတွက် ဘုရားသခင်၏ စောင့်ရှောက်မစတော်မူချက်များကို ပြန်လည်အောက်မေ့ပြီး၊ ငါတို့သည် ဆုံးရှုံးခြင်းသို့မရောက်သည်မှာ ထာဝရဘုရား၏ကရုဏာတော်ဖြစ်၏။ ကရုဏာတော်သည် မကုန်မွဲနိုင်။ ... ထာဝရဘုရားသည် ငါ့အဖို့ဖြစ်တော်မူ၏ဟု ငါ့ဝိညာဉ်ဆိုတတ်၏။ ထို့ကြောင့် ကိုယ်တော်ကို မျှော်လင့်ပါမည် ဟု အောင်ပွဲခံလျက် ကြွေးကြော်ခဲ့လေသည်။ (Ibid., ၄၁၉-၄၂၁။)


ရေခပ်အမျိုးသားများ ဩဂုတ်လ ၂၀ ရက်

ယေရမိ 35:1-19 ယေရမိသည်လည်း ရေခပ်အမျိုးသားတို့အား ပြောဆိုသည်ကား၊ ... သင်တို့အဘ ယောနဒပ်၏ပညတ်ကို နားထောင်၍၊ စီရင်ချက်ရှိသမျှတို့ကို စောင့်ရှောက်သဖြင့်၊ ... ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အစ္စရေးအမျိုး၏ဘုရားသခင် မိန့်တော်မူသည်ကား၊ ရေခပ်သား ယောနဒပ်၏အနွယ်ထဲမှာ ငါ့ရှေ့၌ အစဉ်ရပ်ရသောသူ မပြတ်ရဟု မိန့်တော်မူ၏။ ယေရမိ ၃၅:၁၈၊ ၁၉။

ဘုရားသခင်သည် ယေရမိအား ရေခပ်အမျိုးသားတို့ကို ဗိမာန်တော်အတွင်းရှိ အခန်းတစ်ခန်းသို့ ခေါ်ဆောင်ခဲ့ပြီး၊ သူတို့ရှေ့၌ စပျစ်ရည်ကိုချထား၍ သောက်ရန် ဖိတ်ခေါ်ခိုင်းခဲ့သည်။ ယေရမိသည်လည်း ထာဝရဘုရား မှာထားတော်မူသည့်အတိုင်း ပြုလုပ်ခဲ့သည်။ သို့သော်လည်း သူတို့က၊ ငါတို့သည် စပျစ်ရည်ကို မသောက်ပါ။ အကြောင်းမူကား၊ ငါတို့အဘ ရေခပ်သား ယောနဒပ်က၊ သင်တို့မှစ၍ သင်တို့သားမြေးများသည် စပျစ်ရည်ကို အစဉ်မပြတ် မသောက်ရကြဟု ပညတ်ထားပါသည်။

ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာသည်ကား၊ ... သင်သည်သွား၍ ယုဒလူတို့နှင့် ဂျေရုဆလင်မြို့သားတို့အား ပြောရမည်မှာ၊ သင်တို့သည် ငါ့စကားကိုနားထောင်ခြင်းငှါ ဆုံးမခြင်းကို မခံဘဲနေကြမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။ ရေခပ်သား ယောနဒပ်သည် မိမိသားတို့အား စပျစ်ရည်မသောက်ရဟု ပညတ်ထားသောစကားသည် တည်၏။ သူတို့သည် ယနေ့တိုင်အောင် စပျစ်ရည်ကိုမသောက်၊ မိမိတို့အဘ၏ပညတ်ကို နားထောင်ကြ၏။ ဤနေရာတွင် ဘုရားသခင်သည် ရေခပ်အမျိုးသားတို့၏ နားထောင်ခြင်းကို မိမိလူမျိုးတော်၏ ဆုံးမစကားနှင့် သတိပေးချက်များကို နားမထောင်ဘဲ ငြင်းဆန်ပုန်ကန်ခြင်းနှင့် နှိုင်းယှဉ်ပြထားတော်မူသည်။ ... ဘုရားသခင်၏ လူမျိုးတော်သည် ပရောဖက်များ၏ ဆုံးမခြင်းကို ငြင်းပယ်နေကြစဉ်၊ ရေခပ်အမျိုးသားတို့မူကား မိမိတို့၏အသင့်ရှိသော၊ ကြည်ဖြူသော နားထောင်ခြင်းကြောင့် ချီးမွမ်းခြင်းကို ခံရကြသည်။ (အသင်းတော်အတွက် သက်သေခံချက်များ :၁၇၄၊ ၁၇၅။)

မိမိ၏အနွယ်များကို အလွန်အကျွံသောက်စားခြင်း ဘေးဆိုးမှ ကာကွယ်ရန် အကောင်းဆုံးနှင့် အထိရောက်ဆုံးသော နည်းလမ်းများကို အသုံးပြုခဲ့သည့် ကောင်းမြတ်ပြီး ပညာရှိသောအဘ၏ တောင်းဆိုချက်များသည်ပင် တိကျစွာလိုက်နာရန် ထိုက်တန်သည်ဆိုလျှင်၊ လူသားထက် ပိုမိုသန့်ရှင်းတော်မူသော ဘုရားသခင်၏ အခွင့်အာဏာတော်ကို သာ၍ကြီးမားသော ကြောက်ရွံ့ရိုသေခြင်းဖြင့် ကိုးကွယ်ရမည်မှာ ဧကန်မလွဲ ဖြစ်ပေသည်။ ကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူသောအရှင်၊ ကျွန်ုပ်တို့၏ဗိုလ်ချုပ်ကြီးဖြစ်တော်မူသော၊ အနန္တတန်ခိုးနှင့် ပြည့်စုံ၍ တရားစီရင်ခြင်း၌ ကြောက်မက်ဖွယ်ကောင်းသောအရှင်သည် လူတို့အား မိမိတို့၏အပြစ်များကို မြင်၍ နောင်တရစေရန် နည်းလမ်းမျိုးစုံဖြင့် ရှာကြံတော်မူသည်။ ကိုယ်တော်သည် မိမိ၏အစေခံတို့၏ နှုတ်အားဖြင့် မနာခံခြင်း၏ အန္တရာယ်များကို ကြိုတင်ဗျာဒိတ်ပေးတော်မူ၏။ သတိပေးသံကို မြည်စေ၍ အပြစ်ကို သစ္စာရှိစွာ ဆုံးမတော်မူ၏။ ကိုယ်တော်၏လူမျိုးတော်သည် ရွေးကောက်ထားသော နည်းလမ်းများ၏ နိုးကြားစွာ စောင့်ရှောက်မှုအားဖြင့် ကိုယ်တော်၏ကရုဏာတော်ကြောင့်သာ ဝပြောခြင်း၌ တည်ရှိနေကြရသည်။ ကိုယ်တော်၏ အကြံဉာဏ်ကို ငြင်းပယ်၍ ဆုံးမစကားကို မထီမဲ့မြင်ပြုသော လူမျိုးကို ကိုယ်တော်သည် မထောက်မ၊ မစောင့်ရှောက်နိုင်ပါ။ ကိုယ်တော်သည် တရားသဖြင့် စီရင်မည့်ဒဏ်ချက်များကို ခေတ္တမျှ ဆိုင်းငံ့ထားတော်မူကောင်း ထားတော်မူလိမ့်မည်။ သို့သော် ကိုယ်တော်၏လက်တော်ကို အစဉ်အမြဲ ဆွဲထားတော်မူလိမ့်မည်မဟုတ်ပေ။ (ပရောဖက်များနှင့် ဘုရင်များ ၄၂၅၊ ၄၂၆။)


ယေဟောဝါ၏ ဂုဏ်အသရေကို သက်သေပြခြင်း ဩဂုတ်လ ၂၁ ရက်

၂ ကော 32:1-23 ထိုမင်း၌ ဇာတိလက်ရုံးရှိ၏။ ငါတို့၌မူကား၊ ငါတို့ကို ကူညီ၍ ငါတို့စစ်ပွဲများကို တိုက်ရမည်အကြောင်း၊ ငါတို့ဘုရားသခင် ထာဝရဘုရား ရှိတော်မူသည်ဟု ပြောဆိုသဖြင့်၊ လူစုတို့သည် ယုဒရှင်ဘုရင် ဟေဇကိ၏ စကားကြောင့် သက်သာခြင်းသို့ ရောက်ကြ၏။ ရာဇဝင်ချုပ် ၃၂:၈။

ဟေဇကိသည် မိမိနန်းစံသည့် အစောပိုင်းနှစ်များတွင် အာခတ်မင်းကြီး ပြုလုပ်ခဲ့သော ကတိကဝတ်နှင့်အညီ အာရှုရိပြည်အား ဆက်ကြေးကို ဆက်လက်ပေးဆောင်ခဲ့သည်။ တစ်ဖက်တွင်လည်း မင်းကြီးသည် မိမိမင်းညီမင်းသား၊ စစ်သူကြီးတို့နှင့် တိုင်ပင်၍ မိမိ၏နိုင်ငံတော် ကာကွယ်ရေးအတွက် အစွမ်းကုန် ပြင်ဆင်ခဲ့သည်။ ...

ရေရှည်မျှော်လင့်ထားသော အကျပ်အတည်းသည် နောက်ဆုံး၌ ရောက်ရှိလာခဲ့သည်။ အောင်ပွဲတစ်ခုပြီးတစ်ခု ရရှိလာသော အာရှုရိစစ်တပ်များသည် ယုဒပြည်သို့ ဆိုက်ရောက်လာကြသည်။ ... ယခုတွင် ယုဒပြည်၏ တစ်ခုတည်းသော မျှော်လင့်ချက်သည် ဘုရားသခင်သာ ဖြစ်တော့သည်။ အဲဂုတ္တုပြည်မှ ရရှိနိုင်မည့် အကူအညီမှန်သမျှ ဖြတ်တောက်ခြင်းခံရပြီး၊ ကူညီမည့် အခြားမည်သည့်နိုင်ငံမျှ အနီးအနားတွင် မရှိတော့ချေ။ ... သနာခရိပ်သည် အခြားသော တပါးအမျိုးသားတို့၏ ဘုရားများသည် မိမိတို့လူမျိုးကို ငါ့လက်မှ မကယ်တင်နိုင်သကဲ့သို့၊ ဟေဇကိ၏ဘုရားသခင်သည်လည်း မိမိလူမျိုးကို ငါ့လက်မှ မကယ်တင်နိုင်ရာဟု အစ္စရေးတို့၏ဘုရားသခင် ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်၍ ရေးသောစာ များကို ပေးလိုက်လေသည်။ ...

ယုဒရှင်ဘုရင်သည် ထိုသို့ကဲ့ရဲ့လှောင်ပြောင်သောစာကို ရရှိသောအခါ၊ ဗိမာန်တော်ထဲသို့ ယူဆောင်သွားပြီး ထာဝရဘုရားရှေ့တော်၌ ဖြန့်ထား၍ ဟေဗြဲတို့၏ဘုရားသခင်သည် ယခုတိုင်အောင် အသက်ရှင်လျက် အုပ်စိုးတော်မူကြောင်းကို မြေကြီးပေါ်ရှိ လူမျိုးတကာတို့ သိစေခြင်းငှါ ကောင်းကင်ဘုံမှ အကူအညီအတွက် ကြီးမားသော ယုံကြည်ခြင်းနှင့်တကွ ဆုတောင်းလေသည်။ ယေဟောဝါဘုရား၏ ဂုဏ်သိက္ခာတော်သည် စိန်ခေါ်ခြင်းခံနေရသဖြင့် ကိုယ်တော်တစ်ပါးတည်းသာလျှင် ကယ်တင်ခြင်းကို ပေးနိုင်တော်မူသည်။ ...

ဟေဇကိသည် မျှော်လင့်ချက်မဲ့စွာ ပစ်ပယ်ခြင်းမခံရပါ။ ဟေရှာယသည် သူ့ထံသို့ လူလွှတ်၍ အစ္စရေးအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိရှင်ဘုရင် သနာခရိပ်ကြောင့် ငါ့ထံသို့ ဆုတောင်းသောအသံကို ငါကြားပြီ ဟု ကြားပြောလေသည်။ ... ထိုည၌ပင် ကယ်တင်ခြင်း သို့ရောက်လေသည်။ ထိုညဉ့်၌ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်သွား၍၊ အာရှုရိတပ်တွင် လူတစ်သိန်းရှစ်သောင်းငါးထောင်တို့ကို လုပ်ကြံလေ၏။ ...

ဟေဗြဲတို့၏ဘုရားသခင်သည် မာနကြီးသောအာရှုရိလူတို့ကို အောင်တော်မူခဲ့ပြီ။ ယေဟောဝါဘုရား၏ ဂုဏ်သိက္ခာတော်သည် ပတ်ဝန်းကျင်ရှိ လူမျိုးတကာတို့၏ မျက်မှောက်၌ သက်သေထူခြင်း ခံရလေသည်။ ဂျေရုဆလင်မြို့၌ လူတို့၏နှလုံးသားသည် သန့်ရှင်းသော ဝမ်းမြောက်ခြင်းနှင့် ပြည့်နှက်နေသည်။ ကယ်တင်ခြင်းအတွက် သူတို့၏စိတ်အားထက်သန်စွာ တောင်းလျှောက်ခြင်းများတွင် အပြစ်ကို ဝန်ခံခြင်းနှင့် မျက်ရည်များစွာ ရောနှောလျက်ရှိသည်။ သူတို့၏ ကြီးမားသောအကျပ်အတည်းတွင် သူတို့သည် ဘုရားသခင်၏ ကယ်တင်နိုင်သော တန်ခိုးတော်ကိုသာ လုံးလုံးလျားလျား ကိုးစားခဲ့ကြပြီး ကိုယ်တော်သည် သူတို့ကို စိတ်ပျက်စေတော်မမူခဲ့ပါ။ (Ibid., ၃၅၀-၃၆၂။)


ဘုရားသခင်၏ အနာရောဂါငြိမ်းစေခြင်း ဩဂုတ်လ ၂၂ ရက်

 ၄ ရာ ၂၀း၁-၂၁၊ ဟေရှာယ ၃၈:၁-၈ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာစောင့်လျက်၊ ဖောက်ပြန်ခြင်းမရှိသော စေတနာစိတ်နှင့် ကျင်လည်၍၊ နှစ်သက်တော်မူသောအမှုတို့ကို ပြုမိသည်ကို အောက်မေ့တော်မူပါဟု ဆုတောင်းလျက်၊ ပြင်းစွာငိုကြွေးလေ၏။ ရှင်ဘုရင်စတုတ္ထစောင် ၂၀:၃။

ရှင်ဘုရင်ဟေဇကိသည် နိုင်ငံတော်ဝပြောလျက်ရှိစဉ်အတွင်း၌ ရုတ်တရက် သေလုမြောပါး ရောဂါဝေဒနာ ခံစားရလေသည်။ သေလုအောင် နာမကျန်းဖြစ် သဖြင့်၊ သူ၏အခြေအနေသည် လူတို့၏စွမ်းဆောင်ရည်နှင့် မတတ်နိုင်သော အခြေအနေဖြစ်ခဲ့သည်။ ပရောဖက်ဟေရှာယသည် သူ၏ရှေ့သို့ ရောက်လာပြီး ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် မုချသေရမည်၊ အသက်မရှင်ရ။ ထို့ကြောင့် သင့်အိမ်မှုကို စီမံလော့ ဟူသော ဗျာဒိတ်တော်ကို ကြားပြောသောအခါ မျှော်လင့်ချက်၏ နောက်ဆုံးအရိပ်အယောင်ပင် ကွယ်ပျောက်သွားသကဲ့သို့ ဖြစ်ခဲ့သည်။

အခြေအနေသည် လုံးဝမှောင်မိုက်နေပုံရသော်လည်း၊ မင်းကြီးသည် ယခင်ကတည်းက မိမိ၏ ခိုလှုံရာ၊ ခွန်အားပေးတော်မူသောအရှင်၊ ဘေးရောက်သည်ကာလ၌ အလွန်အဆင်သင့်ရှိသော အကူအညီ (ဆာလံ ၄၆:) ဖြစ်တော်မူသောအရှင်ထံသို့ ဆုတောင်းနိုင်ဆဲဖြစ်သည်။ ထို့ကြောင့် သူသည် မျက်နှာကို နံရံသို့လှည့်၍ ထာဝရဘုရားအား ဆုတောင်းလေ၏။ ...

ကရုဏာတော် မကုန်မွဲနိုင် သောအရှင်သည် မိမိအစေခံ၏ ဆုတောင်းသံကို ကြားတော်မူ၏။ ဟေရှာယသည် အိမ်တော်အလယ်တံတိုင်းသို့ မရောက်မီ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့သို့ရောက်လာသည်ကား၊ သင်သည် ပြန်သွား၍ ငါ့လူတို့၏အကဲအမှူး ဟေဇကိအား ပြောရမည်မှာ၊ သင့်အဘဒါဝိဒ်၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်ဆုတောင်းသံကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင့်ကို ငါကျန်းမာစေမည်။ ... ပရောဖက်သည် စိတ်ချခြင်းနှင့် မျှော်လင့်ချက်ရှိသော စကားတော်နှင့်အတူ ဝမ်းမြောက်စွာ ပြန်လှည့်လာခဲ့သည်။ သဖန်းသီးပြားကို ယူ၍ အနာပေါ်၌ အုံခိုင်းပြီးနောက်၊ ဟေရှာယသည် မင်းကြီးအား ဘုရားသခင်၏ ကရုဏာတော်နှင့် စောင့်ရှောက်မစတော်မူခြင်း ဗျာဒိတ်စကားကို အပ်နှံခဲ့သည်။ (Ibid., ၃၄၀-၃၄၂။)

ဆုတောင်းခြင်းအားဖြင့် ကျန်းမာခြင်းကို ရှာဖွေသောသူတို့သည် မိမိတို့လက်လှမ်းမီရာတွင် ရှိသော ကုသခြင်းဆိုင်ရာ နည်းလမ်းများကို အသုံးပြုရန် မမေ့လျော့သင့်ပါ။ နာကျင်မှုကို သက်သာစေရန်နှင့် သဘာဝတရား၏ ပြန်လည်ကောင်းမွန်လာစေရန် ဘုရားသခင် ပြင်ဆင်ပေးထားတော်မူသော ဆေးဝါးကုသမှုများကို အသုံးပြုခြင်းသည် ယုံကြည်ခြင်းကို ငြင်းပယ်ခြင်းမဟုတ်ပါ။ ... ဘုရားသခင်သည် အသက်ရှင်ခြင်း၏ နိယာမတရားများဆိုင်ရာ အသိပညာကို ရရှိနိုင်သော စွမ်းဆောင်ရည်ကို ကျွန်ုပ်တို့အား ပေးထားတော်မူသည်။ ဤအသိပညာကို အသုံးပြုရန် ကျွန်ုပ်တို့၏လက်လှမ်းမီရာတွင် ထားရှိပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သဘာဝတရား၏ နိယာမများနှင့်အညီ လုပ်ဆောင်လျက်၊ ရရှိနိုင်သော အခွင့်အလမ်းမှန်သမျှကို အသုံးချပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေရန် နည်းလမ်းမှန်သမျှကို အသုံးပြုသင့်သည်။ ဖျားနာသူ ကျန်းမာလာစေရန် ဆုတောင်းပြီးသောအခါ၊ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခွင့်ရသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ကိုယ်တော်ကိုယ်တိုင် ပြင်ဆင်ပေးထားတော်မူသော နည်းလမ်းများပေါ်၌ ကောင်းချီးပေးပါရန် တောင်းလျှောက်ရင်း သာ၍ကြီးမားသော ခွန်အားစိုက်ထုတ်မှုဖြင့် လုပ်ဆောင်နိုင်ကြပါသည်။ ( ကျန်းမာရေးကုသခြင်းအမှုတော် ၂၃၁၊ ၂၃၂။)

 

  • သူတို့သည် အဘယ်အရာကို မြင်ကြသနည်း။ ဩဂုတ်လ ၂၃ ရက်

 ဓမ္မရာဇဝင်စတုတ္ထစောင် ၂၀:၁-၁၉ ဟေရှာယကလည်း၊ သူတို့သည် မင်းကြီးအိမ်၌ အဘယ်အရာကို မြင်ကြသနည်းဟု မေးလျှင်၊ ဟေဇကိက၊ ငါ့အိမ်၌ ရှိသမျှသောအရာတို့ကို မြင်ကြပါပြီ။ ငါ့ဘဏ္ဍာစုထဲ၌ သူတို့အားမပြဘဲ ချန်ထားသောအရာ တစ်စုံတစ်ခုမျှမရှိဟု ပြန်ပြော၏။ ဟေရှာယ ၃၉:၄။

သံတမန်များ ဟေဇကိထံသို့ လာရောက်လည်ပတ်ခြင်းသည် သူ၏ကျေးဇူးသိတတ်ခြင်းနှင့် ဆက်ကပ်အပ်နှံခြင်းကို စမ်းသပ်ခြင်းတစ်ရပ်ဖြစ်သည်။ ... အကယ်၍ ဟေဇကိသည် အစ္စရေးတို့၏ဘုရားသခင်၏ တန်ခိုးတော်၊ ကောင်းမြတ်ခြင်းနှင့် သနားကရုဏာတော်တို့အကြောင်း သက်သေခံရန် မိမိအား ပေးထားသော အခွင့်အရေးကို အသုံးချခဲ့မည်ဆိုလျှင်၊ သံတမန်တို့၏ အစီရင်ခံစာသည် မှောင်မိုက်ကို ထိုးဖောက်သော အလင်းကဲ့သို့ ဖြစ်ပေလိမ့်မည်။ သို့သော် သူသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားထက် မိမိကိုယ်ကို ပိုမိုကြီးမြတ်အောင် ပြုလုပ်ခဲ့သည်။ သူသည် မိမိခံရသော ကျေးဇူးတော်နှင့်အညီ ဆပ်ပေးခြင်းကို မပြု။ ထောင်လွှားသောစိတ် ရှိလေ၏။ ...

ဟေဇကိသည် မိမိ၏ယုံကြည်အပ်နှံမှုအပေါ် သစ္စာမစောင့်သိနိုင်ခဲ့သော ကျရှုံးခြင်းဇာတ်လမ်းသည် ... လူတိုင်းအတွက် အရေးကြီးသော သင်ခန်းစာတစ်ခုနှင့် ပြည့်နှက်နေပါသည်။ ကျွန်ုပ်တို့သည် ယခင်ကထက် ပိုမို၍ ကျွန်ုပ်တို့၏အသက်တာ အတွေ့အကြုံများထဲမှ အဖိုးတန်သော အခန်းကဏ္ဍများအကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်နှင့် မေတ္တာကရုဏာစိတ်သဘောတော်အကြောင်း၊ ကယ်တင်ရှင်၏ မနှိုင်းယှဉ်နိုင်သော မေတ္တာတော်၏ နက်နဲခြင်းအကြောင်းတို့ကို ပြောဆိုရန် လိုအပ်ပါသည်။ စိတ်နှလုံးသည် ဘုရားသခင်၏မေတ္တာတော်နှင့် ပြည့်နှက်နေသောအခါ၊ ဝိညာဉ်ရေးရာအသက်တာထဲသို့ ဝင်ရောက်လာသောအရာများကို ပြန်လည်ဝေမျှရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။ ကြီးမြတ်သောအကြံအစည်များ၊ မြင့်မြတ်သောရည်မှန်းချက်များ၊ သမ္မာတရားကို ရှင်းလင်းစွာနားလည်ခြင်းများ၊ အတ္တကင်းသောရည်ရွယ်ချက်များ၊ ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့် သန့်ရှင်းခြင်းကို တောင့်တခြင်းတို့သည် စိတ်နှလုံးဘဏ္ဍာ၏ စရိုက်လက္ခဏာကို ဖော်ပြသော စကားလုံးများအားဖြင့် ထွက်ပေါ်လာကြပေလိမ့်မည်။

ကျွန်ုပ်တို့နေ့စဉ် ပေါင်းသင်းဆက်ဆံနေရသူများသည် ကျွန်ုပ်တို့၏အကူအညီနှင့် လမ်းညွှန်မှုကို လိုအပ်နေကြသည်။ သူတို့သည် အချိန်တန် ပြောဆိုသောစကားတစ်ခွန်းသည် ခိုင်ခံ့သောနေရာ၌ ရိုက်ထားသော သံကဲ့သို့ ဖြစ်စေမည့် စိတ်အခြေအနေမျိုးတွင် ရှိနေကြပေလိမ့်မည်။ နက်ဖြန်နေ့၌ ဤဝိညာဉ်အချို့သည် ကျွန်ုပ်တို့ဘယ်သောအခါမျှ ထပ်မံ၍ လက်လှမ်းမမီနိုင်တော့သော နေရာသို့ ရောက်ရှိသွားနိုင်ပါသည်။ ဤအတူတကွ ခရီးသွားဖော်များအပေါ် ကျွန်ုပ်တို့၏ဩဇာလွှမ်းမိုးမှုသည် အဘယ်သို့ရှိသနည်း။ (ပရောဖက်များနှင့် ဘုရင်မျာ ၃၄ table-၃၄၈။)

သင့်သူငယ်ချင်းများနှင့် မိတ်ဆွေများသည် သင့်အိမ်၌ အဘယ်အရာကို မြင်တွေ့ခဲ့ကြရပြီနည်း။ သင်သည် ခရစ်တော်၏ကျေးဇူးတော်ဘဏ္ဍာများကို ဖော်ပြမည့်အစား၊ အသုံးပြုရင်းနှင့် ပျက်စီးသွားမည့် အရာဝတ္ထုများကိုသာ ပြသနေပါသလော။ သို့မဟုတ် သင်နှင့် ထိတွေ့ဆက်ဆံရသူများအား ခရစ်တော်၏စရိုက်လက္ခဏာနှင့် အမှုတော်အကြောင်း သစ်လွင်သောအတွေးအခေါ်အချို့ကို ဝေမျှပေးနေပါသလော။ ... အို၊ ဘုရားသခင်သည် မိမိတို့အတွက် အံ့ဩဖွယ်ရာများကို ပြုလုပ်ပေးတော်မူခဲ့သော သူတို့သည် ကိုယ်တော်၏ချီးမွမ်းခြင်းကို ဖော်ပြလျက်၊ ကိုယ်တော်၏တန်ခိုးကြီးသောအမှုတော်များအကြောင်း ပြောကြားကြပါစေသော်။ သို့သော် ဘုရားသခင် အမှုပြုပေးတော်မူသောသူတို့သည် ဟေဇကိကဲ့သို့ မိမိတို့ရရှိသမျှသော ကောင်းချီးမင်္ဂလာတို့၏ အရှင်သခင်ကို မေ့လျော့တတ်ကြသည်မှာ မကြာခဏပင် ဖြစ်တတ်လှပေသည်။ (ခေတ်ကာလ၏ နိမိတ်လက္ခဏာများ၊ အောက်တိုဘာလ , ၁၉၀၂။)

 

  • ယုံကြည်ခြင်းနှင့် ဘုရားသခင်၏ ကတိတော်များ ဩဂုတ်လ ၂၄ ရက်

 ဟဗက္ကူ ကြည့်ရှုလော့၊ မာနထောင်လွှားသောသူသည် ဖြောင့်မတ်သောစိတ် မရှိ။ ဖြောင့်မတ်သောသူမူကား မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ ဟဗက္ကု :၄။

ယောရှိမင်းကြီး စတင်အုပ်စိုးသည့်အချိန်နှင့် ထိုမင်းမတိုင်မီ နှစ်ပေါင်းများစွာကတည်းက၊ ယုဒပြည်ရှိ သစ္စာရှိသောသူတို့သည် ရှေးအစ္စရေးလူတို့အား ပေးတော်မူခဲ့သော ဘုရားသခင်၏ကတိတော်များသည် တစ်နေ့နေ့တွင် ပြည့်စုံလာနိုင်ပါဦးမည်လောဟု သံသယစိတ်ဖြင့် မေးခွန်းထုတ်နေခဲ့ကြသည်။ ...

ဤသို့ စိုးရိမ်ပူပန်ဖွယ်ရာ မေးခွန်းများကို ပရောဖက်ဟဗက္ကုက ဖော်ထုတ်ပြောဆိုခဲ့သည်။ မိမိခေတ်ကာလရှိ သစ္စာရှိသူတို့၏ အခြေအနေကို ကြည့်ရှုလျက်၊ သူသည် မိမိနှလုံးသား၏ ဝန်ထုပ်ကို အိုထာဝရဘုရား၊ အကျွန်ုပ်သည် အဆောတလျင် အော်ဟစ်၍ ကိုယ်တော်သည် နားမထောင်ဘဲ ဘယ်မျှကာလပတ်လုံး နေတော်မူမည်နည်း ဟု မေးမြန်းခဲ့သည်။ ... ထို့နောက် သူ၏ယုံကြည်ခြင်းသည် မျက်မှောက်ကာလ၏ ဆိုးဝါးသောအခြေအနေထက် ကျော်လွန်လျက်၊ ကိုယ်တော်ကို ကိုးစားသော သားသမီးများအပေါ် ဘုရားသခင်၏မေတ္တာတော်ကို ဖော်ပြသည့် အဖိုးတန်သော ကတိတော်များကို မြဲမြံစွာ ကိုင်စွဲကာ ပရောဖက်က အကျွန်ုပ်တို့သည် မသေရကြပါ ဟု ထပ်လောင်းပြောဆိုခဲ့သည်။ ဤယုံကြည်ခြင်း ကြေညာချက်နှင့်အတူ သူသည် မိမိ၏အခြေအနေနှင့် ယုံကြည်သော အစ္စရေးလူတိုင်း၏ အခြေအနေကို သနားကရုဏာတော်နှင့် ပြည့်စုံသော ဘုရားသခင်၏လက်တော်သို့ ပုံအပ်ခဲ့လေသည်။ ...

ပြင်းထန်သော စမ်းသပ်ခြင်းကာလများတွင် ဟဗက္ကုနှင့် သန့်ရှင်းဖြောင့်မတ်သော သူအပေါင်းတို့ကို ခွန်အားပေးခဲ့သော ယုံကြည်ခြင်းသည် ယနေ့ခေတ်ကာလ၌ ဘုရားသခင်၏လူမျိုးတော်ကို ထောက်မပေးနေသော တူညီသော ယုံကြည်ခြင်းပင် ဖြစ်သည်။ အမှောင်မိုက်ဆုံးသော အချိန်နာရီများ၌၎င်း၊ အဆိုးဝါးဆုံးသော အခြေအနေများအောက်၌၎င်း၊ ခရစ်ယာန်ယုံကြည်သူသည် မိမိ၏ဝိညာဉ်ကို အလင်းနှင့် တန်ခိုးမှန်သမျှ၏ အရင်းအမြစ်ပေါ်၌ တည်မြဲစေနိုင်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် နေ့ရက်စဉ်တိုင်း သူ၏မျှော်လင့်ချက်နှင့် ရဲရင့်ခြင်းတို့သည် အသစ်ပြုပြင်ခြင်းကို ခံရနိုင်သည်။ ဖြောင့်မတ်သောသူမူကား မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ ...

ကျွန်ုပ်တို့သည် ပရောဖက်များနှင့် တမန်တော်များ သက်သေခံခဲ့ကြသော ယုံကြည်ခြင်းကို တန်ဖိုးထား၍ ပျိုးထောင်ရမည်ဖြစ်ပြီး၊ ထိုယုံကြည်ခြင်းသည် ဘုရားသခင်၏ကတိတော်များကို ကိုင်စွဲကာ ကိုယ်တော်သတ်မှတ်ထားတော်မူသော အချိန်နှင့် နည်းလမ်းအတိုင်း ကယ်တင်ခြင်းကို စောင့်မျှော်တတ်သောအရာ ဖြစ်သည်။ သေချာလှစွာသော ပရောဖက်ပြုချက်စကားသည် ကျွန်ုပ်တို့၏ အရှင်သခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော် ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်အဖြစ် ဘုန်းကြီးစွာ ကြွလာတော်မူခြင်းအားဖြင့် နောက်ဆုံးတွင် ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။ ... မကြုံစဖူး ထူးကဲသော ဘာသာဖောက်ပြန်မှုခေတ်တွင် ယုဒလူတို့ကို ခွန်အားပေးရန် ကြိုးစားခဲ့သော ပရောဖက်နှင့်အတူ ကျွန်ုပ်တို့သည်လည်း ထာဝရဘုရားသည် သန့်ရှင်းသောဗိမာန်တော်၌ ရှိတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ တိတ်ဆိတ်စွာ နေကြလော့ ဟု ယုံကြည်စိတ်ချစွာ ကြွေးကြော်ကြကုန်အံ့။ ဗျာဒိတ်တော်သည် ချိန်းချက်သောအချိန်သို့ ရောက်ရဦးမည်။ အဆုံး၌ မုသာမသုံးဘဲ ထင်ရှားလိမ့်မည်။ ဆိုင်းငံ့သော်လည်း မျှော်လင့်လော့။ အကယ်စင်စစ် ရောက်လိမ့်မည်၊ နှောင့်နှေးလိမ့်မည်မဟုတ် ဟူသော အားပေးစကားတော်ကို ကျွန်ုပ်တို့ အစဉ်အမြဲ အောက်မေ့သတိရကြပါစို့။ (ပရောဖက်များနှင့် ဘုရင်များ ၃၈၄-၃၈၈။)


စဉ်းစားနိုင်ရန်ပင် အလွန်မူးယစ်နေခြင်း ဩဂုတ်လ ၂၅ ရက်

 အေးသတ္တာ 1:1-12 ခုနစ်ရက်မြောက်သောနေ့၌ ရှင်ဘုရင်သည် စပျစ်ရည်သောက်၍ ရွှင်လန်းသောစိတ်ရှိသောအခါ၊ ... မိဖုရားဝရှတိသည် အလွန်အဆင်းလှသောကြောင့်၊ လူစုတို့နှင့် မင်းညီမင်းသားတို့အား မိမိအလှကို ပြစေခြင်းငှါ၊ ရှင်ဘုရင်၏အဦးအစွန်းတန်ဆာကို ဆင်ယင်လျက် ရှေ့တော်သို့ ခေါ်ခဲ့ရမည်အကြောင်း မှာထားတော်မူ၏။ ဧသတာ :၁၀၊ ၁၁။

ရှင်ဘုရင်ထံမှ ဤအမိန့်တော် ရောက်ရှိလာသောအခါ၊ မိဖုရားဝရှတိသည် မင်းကြီး၏ အမိန့်ကို မလိုက်နာခဲ့ပေ။ အကြောင်းမူကား၊ စပျစ်ရည်ကို အတိုင်းအဆမရှိ သောက်သုံးထားကြပြီး အာရွှေရုမင်းကြီးသည် ယစ်မူးစေသော အရက်၏လွှမ်းမိုးမှုအောက်တွင် ရှိနေကြောင်း သူမသိရှိသောကြောင့် ဖြစ်သည်။ မိမိ၏ခင်ပွန်းအတွက်၎င်း၊ မိမိကိုယ်တိုင်အတွက်၎င်း၊ သူမသည် နန်းတွင်းအမျိုးသမီးတို့၏ အထွတ်အထိပ်နေရာမှ မထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။ (ခုနှစ်ရက်တာ သန့်ရှင်းသော ကျမ်းစာဝေဖန်ချက် :၁၁၃၉။)

ရှင်ဘုရင်သည် မိမိကိုယ်မိမိ မထိန်းချုပ်နိုင်ဘဲ စပျစ်ရည်သောက်ခြင်းကြောင့် အကျိုးအကြောင်း ဆင်ခြင်တုံတရား ကင်းမဲ့နေချိန်၌သာ မိဖုရားကို ခေါ်ခိုင်းခြင်းဖြစ်ပြီး၊ သူ၏ပွဲတော်သို့ တက်ရောက်နေကြသော အရက်မူးနေသည့် လူများရှေ့တွင် မိဖုရား၏အလှကို ကြည့်ရှုစေရန် ဖြစ်သည်။ သူမသည် စင်ကြယ်သော ကိုယ်ကျင့်တရားနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဝရှတိသည် ရှင်ဘုရင်၏ အမိန့်တော်ကို နားမထောင်ဘဲ ငြင်းဆန်ခဲ့ခြင်းမှာ မင်းကြီး သတိပြန်လည်လာသောအခါ သူမ၏လုပ်ရပ်ကို ချီးမွမ်းလိမ့်မည်ဟု ထင်မှတ်သောကြောင့်ဖြစ်သည်။ သို့သော် ရှင်ဘုရင်၌ ပညာမဲ့သော အတိုင်ပင်ခံများ ရှိနေသည်။ သူတို့က ဤလုပ်ရပ်သည် အမျိုးသမီးများအား အခွင့်အာဏာပေးရာရောက်ပြီး သူမတို့အတွက် အကျိုးယုတ်စေလိမ့်မည်ဟု အကြောင်းပြ ငြင်းခုံခဲ့ကြသည်။ (Ibid.)

လူတို့သည် မိမိတို့၏ ရာထူးဌာနန္တရ မည်မျှပင် မြင့်မားစေကာမူ ဘုရားသခင်ရှေ့တော်၌ တာဝန်ခံရမည် ဖြစ်သည်။ ရှင်ဘုရင်များ ကျင့်သုံးသော ကြီးမားလှစွာသော အာဏာသည် မကြာခဏဆိုသလို မိမိကိုယ်ကို အလွန်အကျွံ ချီးမြှောက်ခြင်းသို့ ဦးတည်သွားတတ်သည်။ ထို့ပြင် ဘုရားသခင်၏ မြင့်မြတ်သော ပညတ်တရားတော်များကို ပယ်ဖျက်သည့် ဥပဒေများ ပြဋ္ဌာန်းရန် ပြုလုပ်ကြသော အချည်းနှီးသော ကတိကဝတ်များသည် ကြီးမားသော မတရားမှုများကို ဖြစ်ပေါ်စေသည်။

ဧသတာကျမ်း ပထမအခန်းတွင် ပုံဖော်ထားသော ကာမဂုဏ်ခံစားခြင်း အခါသမယမျိုးသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေခြင်းမရှိပါ။ သို့သော် ထာဝရဘုရားသည် အခြားသူများကို လမ်းမှားသို့ ပို့ဆောင်နေကြသော လူများအားဖြင့်ပင် မိမိ၏အလိုတော်ကို ပြည့်စုံစေတော်မူသည်။ အကယ်၍ ဘုရားသခင်သည် မိမိ၏တားဆီးသော လက်တော်ကို ဆန့်တန်းတော်မမူခဲ့လျှင် ထူးဆန်းသော ဖြစ်ရပ်ဆိုးများကို မြင်တွေ့ရပေလိမ့်မည်။ သို့သော် ဘုရားသခင်သည် လူသားတို့၏ စိတ်နှလုံးကို လှုံ့ဆော်၍ မိမိ၏ရည်ရွယ်ချက်ကို ပြည့်စုံစေတော်မူသည်၊ အသုံးပြုခြင်းခံရသူသည် မှားယွင်းသော အကျင့်များကို ဆက်လက်ပြုလုပ်နေစေကာမူ ဖြစ်သည်။ ထို့ပြင် ထာဝရဘုရားသည် ကိုယ်တော်၏ပညာရှိ သင်ခန်းစာများကို အသိအမှတ်မပြုသော လူများအားဖြင့် မိမိ၏အကြံအစည်တော်များကို အကောင်အထည်ဖော်တော်မူသည်။ လောကီအုပ်စိုးသူတိုင်း၏ နှလုံးသားသည် ကိုယ်တော်၏လက်တော်ထဲ၌ရှိ၍၊ မြစ်ရေစီးကြောင်းကို လှည့်ကွက်သကဲ့သို့ ကိုယ်တော်အလိုရှိရာသို့ လှည့်တော်မူနိုင်သည်။ (Ibid.)


ဤသို့သောအချိန်အတွက်ပင် ဖြစ်သည် ဩဂုတ်လ ၂၆ ရက်

အေးသတ္တာ  4:14-17 သင်သည် ယခုကဲ့သို့သော အခွင့်ကိုရစေခြင်းငှါ နိုင်ငံထဲသို့ ရောက်သည်မဟုတ်ဟု အဘယ်သူသိနိုင်သနည်း။ ဧသတာ :၁၄။

ယုဒလူတို့ကို ဖျက်ဆီး၍ သူတို့၏ဥစ္စာပစ္စည်းများကို သိမ်းယူရမည့် ရက်တစ်ရက်ကို သတ်မှတ်ထားခဲ့သည်။ ဤအမိန့်ဒီကရီကို လုံးလုံးလျားလျား အကောင်အထည်ဖော်ပါက ဖြစ်ပေါ်လာမည့် ဝေးလံကျယ်ပြန့်သော နောက်ဆက်တွဲ ရလဒ်များကို ရှင်ဘုရင်သည် အနည်းငယ်မျှ သဘောမပေါက်ခဲ့ချေ။ ဤအကြံအစည်၏ နောက်ကွယ်မှ လျှို့ဝှက်လှုံ့ဆော်သူဖြစ်သော စာတန်ကိုယ်တိုင်က မှန်ကန်သော ဘုရားသခင်၏ အသိပညာကို ထိန်းသိမ်းထားကြသော သူများကို မြေကြီးပေါ်မှ သုတ်သင်ရှင်းလင်းရန် ကြိုးစားနေခြင်းဖြစ်သည်။ မေဒိနှင့် ပေရသိတို့၏ အမိန့်ဒီကရီကို ပြန်လည်ရုပ်သိမ်း၍မရနိုင်ပါ၊ အပေါ်ယံကြည့်လျှင် မျှော်လင့်ချက် လုံးဝမရှိတော့ဘဲ အစ္စရေးလူအားလုံးသည် ဖျက်ဆီးခြင်းခံရမည့် ဘေးသို့ ကျရောက်နေသည်။

သို့သော် ရန်သူ၏အကြံအစည်များသည် လူသားတို့အလယ်တွင် အုပ်စိုးတော်မူသော တန်ခိုးတော်အားဖြင့် ပျက်ပြားသွားခဲ့ရသည်။ ဘုရားသခင်၏ စောင့်ရှောက်မစတော်မူချက်ဖြင့်၊ အမြင့်ဆုံးသောအရှင်ကို ကြောက်ရွံ့ရိုသေသော ယုဒအမျိုးသမီး ဧသတာသည် မေဒိ-ပေရသိ နိုင်ငံတော်၏ မိဖုရားဖြစ်လာခဲ့သည်။ မော်ဒကဲသည် သူမ၏ နီးစပ်သောဆွေမျိုးတစ်ဦးဖြစ်သည်။ သူတို့၏ အကျပ်အတည်းတွင် သူတို့သည် မိမိတို့လူမျိုးအတွက် ဇေရဇ်မင်းကြီးထံသို့ အသနားခံရန် ဆုံးဖြတ်ခဲ့ကြသည်။ ဧသတာသည် စာနာမှုတောင်းခံပေးမည့်သူအဖြစ် မင်းကြီး၏မျက်နှာသာရရှိရန် စွန့်စားသွားရမည်ဖြစ်သည်။ မော်ဒကဲက သင်သည် ယခုကဲ့သို့သော အခွင့်ကိုရစေခြင်းငှါ နိုင်ငံထဲသို့ ရောက်သည်မဟုတ်ဟု အဘယ်သူသိနိုင်သနည်း ဟု ပြောဆိုခဲ့သည်။

ဧသတာရင်ဆိုင်ရသော အကျပ်အတည်းသည် လျင်မြန်၍ စိတ်အားထက်သန်သော လုပ်ဆောင်မှုကို တောင်းဆိုနေသည်။ သို့သော် ဘုရားသခင်သည် သူတို့အတွက် တန်ခိုးတော်နှင့် အမှုမပြုပေးလျှင် သူတို့၏ကိုယ်ပိုင်ခွန်အားစိုက်ထုတ်မှုများသည် အချည်းနှီးဖြစ်လိမ့်မည်ကို သူမနှင့် မော်ဒကဲ နှစ်ဦးစလုံး နားလည်ခဲ့ကြသည်။ ထို့ကြောင့် ဧသတာသည် မိမိ၏ခွန်အားအရင်းအမြစ်ဖြစ်သော ဘုရားသခင်နှင့် မိသဟာယဖွဲ့ရန် အချိန်ယူခဲ့သည်။ သူမက မော်ဒကဲအား လမ်းညွှန်သည်ကား၊ သင်သွား၍ ရှုရှန်မြို့၌ရှိသမျှသော ယုဒလူတို့ကို စုဝေးစေပြီးလျှင်၊ ငါ့အဖို့ အစာရှောင်ကြလော့။ ... ငါနှင့် ငါ့ကျွန်မတို့သည်လည်း ထို့အတူ အစာရှောင်ကြမည်။ ထိုသို့ပြုပြီးမှ တရားဥပဒေကို လွန်ကျူး၍ ရှင်ဘုရင်ထံသို့ ငါဝင်မည်။ ပျက်စီးရလျှင်လည်း ပျက်စီးပါစေ။ (      ပှရောဖက်များနှင့် ဘုရင်များ ၆၀၀၊ ၆၀၁။)

ဧဝံဂေလိတရား၏ အလင်းတော်ထွန်းလင်းခြင်းခံရသော အိမ်ထောင်စုတိုင်း၊ ကျောင်းတိုင်း၊ မိဘတိုင်း၊ ဆရာတိုင်းနှင့် ကလေးတိုင်းထံသို့ ဤအကျပ်အတည်းကာလတွင် အစ္စရေးသမိုင်း၏ ထိုအရေးကြီးသော အချိန်၌ မိဖုရားဧသတာထံ မေးမြန်းခဲ့သော မေးခွန်းသည် ရောက်ရှိလာနေပြီဖြစ်သည်။ သင်သည် ယခုကဲ့သို့သော အခွင့်ကိုရစေခြင်းငှါ နိုင်ငံထဲသို့ ရောက်သည်မဟုတ်ဟု အဘယ်သူသိနိုင်သနည်း။ (Education, ၂၆၃။)


လူတို့၏ အမိန့်အာဏာနှင့် ဘုရားသခင်၏ အမိန့်အာဏာ ဩဂုတ်လ ၂၇ ရက်

အေးသတ္တာ ၃ နဂါးသည် မိန်းမကို အမျက်ထွက်၍၊ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ရုံမျှမက၊ ယေရှုခရစ်၏ သက်သေခံတော်မူချက်ကို စွဲလမ်းသော ထိုမိန်းမအနွယ်ထဲက ကျန်ကြွင်းသော သူတို့ကို စစ်တိုက်ခြင်းငှါ ထွက်သွား၏။ ဗျာဒိတ် ၁၂:၁၇။

ထာဝရဘုရားသည် မိဖုရားဧသတာအားဖြင့် မိမိ၏လူမျိုးတော်အတွက် ကြီးမားသော ကယ်တင်ခြင်းကို ပြည့်စုံစေတော်မူခဲ့သည်။ မည်သည့်တန်ခိုးမျှ သူတို့ကို မကယ်တင်နိုင်တော့ဟု ထင်ရသောအချိန်တွင်၊ ဧသတာနှင့် သူမနှင့်ပူးပေါင်းသောအမျိုးသမီးများသည် အစာရှောင်ဆုတောင်းခြင်းနှင့် လျင်မြန်စွာလုပ်ဆောင်ခြင်းအားဖြင့် ထိုပြဿနာကို ရင်ဆိုင်ခဲ့ကြပြီး မိမိတို့လူမျိုးထံသို့ ကယ်တင်ခြင်းကို ဆောင်ကြဉ်းပေးခဲ့သည်။ (ခုနှစ်ရက် Adventist ကျမ်းစာ ဝေဖန်ချက် :၁၁၄၀။)

ဧသတာခတ်ကာလက ဘုရားသခင်၏လူမျိုးတော်ထံသို့ ရောက်ရှိလာသော ပြင်းထန်သောစမ်းသပ်မှု အတွေ့အကြုံများသည် ထိုခေတ်ကာလတစ်ခုတည်းအတွက်သာ သီးသန့်ဖြစ်သည်မဟုတ်ပေ။ ... လွန်ခဲ့သောခေတ်ကာလများက လူတို့အား မှန်ကန်သော အသင်းတော်ကို ညှဉ်းပန်းနှိပ်စက်ရန် လှုံ့ဆော်ခဲ့သော တူညီသောဝိညာဉ်ဆိုးသည်၊ နောင်အနာဂတ်တွင်လည်း ဘုရားသခင်အပေါ် သစ္စာစောင့်သိသူများအား အလားတူ လမ်းစဉ်အတိုင်း လိုက်လံညှဉ်းပန်းရန် ဦးတည်လိမ့်မည်ဖြစ်သည်။ ... ဘုရားသခင်၏ ကြွင်းကြန်သောလူမျိုးတော်အပေါ် နောက်ဆုံး၌ ထွက်ပေါ်လာမည့် အမိန့်ဒီကရီသည်၊ အာရွှေရုမင်းကြီးက ယုဒလူတို့အပေါ် ထုတ်ပြန်ခဲ့သော အမိန့်နှင့် အလွန်တူညီလိမ့်မည်။ ယနေ့တွင် မှန်ကန်သောအသင်းတော်၏ ရန်သူများသည် ဥပုသ်ပညတ်တော်ကို စောင့်ရှောက်နေကြသော လူစုငယ်လေးကို တံခါးဝ၌ရှိသော မော်ဒကဲကဲ့သို့ မြင်တွေ့နေကြသည်။ ဘုရားသခင်၏လူမျိုးတော်က ကိုယ်တော်၏ပညတ်တရားတော်ကို ရိုသေခန့်ညားခြင်းသည်၊ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းမရှိဘဲ ကိုယ်တော်၏ဥပုသ်နေ့ကို နင်းခြေနေကြသောသူတို့အတွက် အစဉ်အမြဲ ပြစ်တင်ရှုတ်ချခြင်းတစ်ရပ် ဖြစ်နေသည်။ ...

ရာထူးအဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်းရှိသော လူများသည် ဘုရားသခင်၏လူမျိုးတော်ကို ဆန့်ကျင်ရန် တရားမဲ့သူများ၊ ယုတ်ညံ့သူများနှင့် ပူးပေါင်းကြလိမ့်မည်။ စည်းစိမ်ဥစ္စာ၊ ပါရမီဉာဏ်နှင့် ပညာရေးတို့သည် သူတို့ကို မထီမဲ့မြင်ပြုရန် ပေါင်းစပ်ကြလိမ့်မည်။ ညှဉ်းပန်းနှိပ်စက်တတ်သော အုပ်စိုးသူများ၊ ဓမ္မအမှုတော်ဆောင်များနှင့် အသင်းသားများသည် သူတို့ကို ဆန့်ကျင်ရန် ပူးပေါင်းကြံစည်ကြလိမ့်မည်။

သူတို့သည် နှုတ်ဖြင့်၎င်း၊ ကလောင်ဖြင့်၎င်း၊ ဝါကြွားခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် လှောင်ပြောင်ခြင်းများအားဖြင့် သူတို့၏ယုံကြည်ခြင်းကို ဖြိုဖျက်ရန် ရှာကြံကြလိမ့်မည်။ မှားယွင်းစွာ ဖော်ပြခြင်းများနှင့် ဒေါသတကြီး လှုံ့ဆော်ခြင်းများအားဖြင့် လူတို့သည် ပြည်သူတို့၏ အမုန်းတရားစိတ်များကို နှိုးဆော်ကြလိမ့်မည်။ ကျမ်းစာဥပုသ်နေ့ကို ထောက်ခံသူများကို ဆန့်ကျင်ရန် ကျမ်းစာ၌ ဤသို့လာသည် ဟူသော အချက်အလက် မရှိကြသဖြင့်၊ ထိုလို အပ်ချက်ကို ဖြည့်ဆည်းရန် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများကို အသုံးပြုကြလိမ့်မည်။ လူထုထောက်ခံမှုနှင့် အကျိုးစီးပွားကို ရရှိရန်အတွက် ဥပဒေပြုအမတ်များသည် တနင်္ဂနွေနေ့ ဥပဒေများ တောင်းဆိုချက်ကို လိုက်လျောကြလိမ့်မည်။ သို့သော် ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့မူကား ပညတ်တော်တစ်ဆယ်ပါး၏ စီရင်ချက်ကို လွန်ကျူးစေသော စနစ်တစ်ခုကို လက်မခံနိုင်ကြပါ။ ဤစစ်မြေပြင်တွင် သမ္မာတရားနှင့် မှားယွင်းခြင်းတို့အကြား အငြင်းပွားမှု၏ နောက်ဆုံးသော မဟာတိုက်ပွဲကို တိုက်ခိုက်ကြလိမ့်မည်။ ထိုတိုက်ပွဲ၏ ရလဒ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ သံသယဖြစ်ရန် မလိုပါ။ ယနေ့တွင်လည်း ဧသတာနှင့် မော်ဒကဲတို့၏ ခေတ်ကာလကဲ့သို့ပင်၊ ထာဝရဘုရားသည် မိမိ၏သမ္မာတရားနှင့် မိမိ၏လူမျိုးတော်ကို ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။ (ပရောဖက်များနှင့် ဘုရင်များ ၆၀၅၊ ၆၀၆။)


ဗာဗုလုန်မြို့ရှိ လူငယ်လေးဦး ဩဂုတ်လ ၂၈ ရက်

ဒံယေလ ၁:၁-၁၅ ထိုသူငယ်လေးယောက်တို့အား ဘုရားသခင်သည် အတတ်ပညာနှင့် ဉာဏ်ပညာအမျိုးမျိုးကို တတ်စေခြင်းငှါ ဉာဏ်ကို ပေးတော်မူ၏။ ဒံယေလ :၁၇။

ဒံယေလနှင့် သူ၏အပေါင်းအဖော်များသည် အသက်တာ၏အစောပိုင်းကာလတွင် မှန်ကန်သော လေ့ကျင့်ပျိုးထောင်မှုနှင့် ပညာရေး၏ အကျိုးကျေးဇူးများကို ခံစားခဲ့ကြရသော်လည်း ဤအခွင့်အရေးများသက်သက်ကြောင့် သူတို့ကို ယခုကဲ့သို့သောသူများ ဖြစ်လာစေခဲ့ခြင်းမဟုတ်ပါ။ သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချရမည့်အချိန်၊ သူတို့၏အနာဂတ်သည် မိမိတို့၏လမ်းစဉ်ပေါ်၌သာ မူတည်နေသည့်အချိန် ရောက်ရှိလာခဲ့သည်။ ထိုအခါ သူတို့သည် ငယ်စဉ်ကလေးဘဝက သင်ကြားခဲ့ရသော သင်ခန်းစာများအပေါ် သစ္စာစောင့်သိရန် ဆုံးဖြတ်ခဲ့ကြသည်။ (လူငယ်များထံ ပေးစာများ ၂၄၃။)

ဤမြင့်မြတ်သော ဟေဗြဲလူငယ်တို့၏ အသက်တာလုပ်ငန်းသည် မည်မျှပင် ကြီးမြတ်ပါသနည်း။ သူတို့သည် ငယ်စဉ်က ကြီးပြင်းခဲ့သော အိမ်ဂေဟာကို နှုတ်ဆက်ထွက်ခွာလာကြစဉ်၊ မိမိတို့၏ မြင့်မြတ်သော ကံကြမ္မာအကြောင်းကို မည်မျှပင် အနည်းငယ်မျှ အိပ်မက်မမက်ခဲ့ကြပါသနည်း။ သူတို့သည် သစ္စာရှိလျက် မြဲမြံစွာဖြင့် ဘုရားသခင်၏ လမ်းညွှန်မှုတော်သို့ မိမိတို့ကိုယ်ကို ပုံအပ်ခဲ့ကြသဖြင့်၊ ဘုရားသခင်သည် သူတို့အားဖြင့် မိမိ၏ရည်ရွယ်ချက်ကို ပြည့်စုံစေတော်မူနိုင်ခဲ့သည်။ (Education, ၅၇။)

ဗာဗုလုန်ပြည်ရှိ ဒံယေလနှင့် သူ၏အပေါင်းအဖော်များသည်၊ သူတို့၏လူငယ်ဘဝတွင်၊ အဲဂုတ္တုပြည်၌ ရှိခဲ့သော ယောသပ်၏အစောပိုင်းနှစ်များထက်စာလျှင် ကံကြမ္မာ၏မျက်နှာသာပေးမှုကို ပိုမိုရရှိခဲ့ပုံရသော်လည်း၊ သူတို့သည်လည်း မနည်းလှသော ပြင်းထန်သည့် စရိုက်လက္ခဏာ စမ်းသပ်မှုများကို ရင်ဆိုင်ခဲ့ကြရသည်။ ယုဒပြည်ရှိ မိမိတို့အိမ်၏ ရိုးရှင်းသော အခြေအနေမှ ဤမင်းမျိုးမင်းနွယ် လူငယ်များသည် အခမ်းနားဆုံးသော မြို့ကြီးပြကြီးသို့၎င်း၊ ကြီးမြတ်ဆုံးသော ဧကရာဇ်မင်း၏ နန်းတော်သို့၎င်း ပို့ဆောင်ခြင်းခံခဲ့ရပြီး ရှင်ဘုရင်၏ အထူးအမှုတော်ဆောင်လုပ်ငန်းအတွက် လေ့ကျင့်ရန် ရွေးချယ်ခြင်းခံခဲ့ရသည်။ ထိုသို့သော ပျက်စီးဆုတ်ယုတ်၍ စည်းစိမ်ယစ်မူးသော နန်းတော်တွင် သူတို့ကို ဝိုင်းရံထားသော သွေးဆောင်မှုများသည် အလွန်ပင် ပြင်းထန်လှသည်။ ... သူတို့၏အစားအစာကို ရှင်ဘုရင်၏စားတော်ပွဲမှ ပေးဆောင်ရမည်ဟူသော ညွှန်ကြားချက်သည် ရှင်ဘုရင်၏မျက်နှာသာပေးမှုနှင့် သူတို့၏ဝပြောရေးအတွက် ဂရုစိုက်မှု နှစ်ရပ်စလုံးကို ဖော်ပြခြင်းဖြစ်သည်။ သို့သော် ထိုအစားအစာ၏ တစ်စိတ်တစ်ဒေသကို ရုပ်တုများထံ ပူဇော်ထားပြီးဖြစ်သဖြင့်၊ ရှင်ဘုရင်၏ စားတော်ပွဲမှ အစားအစာများသည် ရုပ်တုကိုးကွယ်ခြင်းအတွက် သန့်ရှင်းစေထားသောအရာ ဖြစ်နေသည်၊ ထို့ကြောင့် ရှင်ဘုရင်၏ ပေးကမ်းမှုကို စားသုံးခြင်းအားဖြင့် ဤလူငယ်များသည် မမှန်ကန်သော ဘုရားများကို ကိုးကွယ်ရာတွင် ပါဝင်သည်ဟု ယူဆခြင်းခံရပေလိမ့်မည်။ (Ibid., ၅၄၊ ၅၅။)

ဒံယေလနှင့် သူ၏လူငယ်အပေါင်းအဖော်များ၏ သမိုင်းကြောင်းကို နောင်လာနောက်သား လူငယ်အပေါင်းတို့၏ အကျိုးစီးပွားအလို့ငှါ မှုတ်သွင်းခြင်းခံရသော နှုတ်ကပတ်တော် စာမျက်နှာများပေါ်တွင် မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ အစားအသောက် ချုံ့ချဲ့ခြင်းမရှိဘဲ စောင့်စည်းခြင်းဆိုင်ရာ မူဝါဒများအပေါ် သူတို့၏သစ္စာစောင့်သိမှု မှတ်တမ်းအားဖြင့်၊ ဘုရားသခင်သည် ယနေ့ခေတ် လူငယ်မောင်မယ်တို့အား စကားပြောလျက်ရှိပြီး၊ ခရစ်ယာန်တို့၏ စောင့်စည်းခြင်းအကြောင်း ကိုယ်တော်ပေးထားတော်မူသော အဖိုးတန်လှစွာသော အလင်းတန်းများကို စုဆောင်းကာ မိမိတို့ကိုယ်ကို ကျန်းမာရေးနိယာမများနှင့် မှန်ကန်သော ဆက်ဆံရေးတွင် ထားရှိကြရန် မှာထားတော်မူသည်။ (Messages to Young People, ၂၄၃။)


ဉာဏ်ပညာ၏ အရင်းအမြစ် ဩဂုတ်လ ၂၉ ရက်

ဒံယေလ ၁:၁၇-၂၁ ထာဝရဘုရားသည် သင့်အား ဉာဏ်ပညာအတတ်ကို ပေးသနားတော်မူသဖြင့်၊ သင်သည် မိမိဘုရားသခင် ထာဝရဘုရား၏ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း၊ အစ္စရေးအမျိုးကို အုပ်စိုးစေခြင်းငှါ အခွင့်ပေးတော်မူပါစေသော။ ရာဇဝင်ချုပ် ၂၂:၁၂။

ဗာဗုလုန်လူတို့၏ ပညာဉာဏ်ကို ဆည်းပူးရာတွင်၊ ဒံယေလနှင့် သူ၏အပေါင်းအဖော်များသည် မိမိတို့နှင့်အတူ တက်ရောက်သော ကျောင်းသားများထက် သာ၍ကြီးမားသော အောင်မြင်မှုကို ရရှိခဲ့ကြသည်။ သို့သော် သူတို့၏ပညာဉာဏ်သည် တိုက်ဆိုင်မှုကြောင့် ရောက်ရှိလာခြင်းမဟုတ်ပါ။ ... သူတို့သည် မိမိတို့ကိုယ်ကို ပညာဉာဏ်မှန်သမျှ၏ အရင်းအမြစ်နှင့် ဆက်သွယ်ထားခဲ့ကြပြီး၊ ဘုရားသခင်၏အသိပညာကို မိမိတို့ပညာရေး၏ အခြေခံအုတ်မြစ်အဖြစ် ပြုလုပ်ခဲ့ကြသည်။ ယုံကြည်ခြင်းနှင့်တကွ ပညာဉာဏ်အတွက် ဆုတောင်းခဲ့ကြပြီး မိမိတို့၏ဆုတောင်းချက်များအတိုင်း အသက်ရှင်ခဲ့ကြသည်။ သူတို့သည် ဘုရားသခင် ကောင်းချီးပေးနိုင်သော နေရာတွင် မိမိတို့ကိုယ်ကို ထားရှိခဲ့ကြသည်။ မိမိတို့၏စွမ်းဆောင်ရည်များကို အားနည်းစေမည့်အရာများကို ရှောင်ကြဉ်ခဲ့ကြပြီး ပညာရပ်ကဏ္ဍပေါင်းစုံတွင် အသိပညာကြွယ်ဝသူများ ဖြစ်လာစေရန် အခွင့်အလမ်းမှန်သမျှကို အသုံးပြုခဲ့ကြသည်။ သူတို့သည် မိမိတို့၏ဉာဏ်ရည်ဉာဏ်သွေးကို ခွန်အားမပေးဘဲမနေနိုင်သော အသက်တာ၏ နည်းဥပဒေများကို လိုက်နာခဲ့ကြသည်။ သူတို့သည် ရည်ရွယ်ချက်တစ်ခုတည်းအတွက် အသိပညာကို ဆည်းပူးရန် ရှာဖွေခဲ့ကြသည်၊ ထိုအရာမှာ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရန် ဖြစ်သည်။ ... တပါးအမျိုးသားတို့၏ မှားယွင်းသော ကိုးကွယ်မှုများအလယ်တွင် မှန်ကန်သော ဘာသာရေး၏ ကိုယ်စားလှယ်များအဖြစ် ရပ်တည်နိုင်ရန်အတွက် သူတို့၌ ရှင်းလင်းသော ဉာဏ်ရည်ဉာဏ်သွေး ရှိရမည်ဖြစ်ပြီး ခရစ်ယာန်စရိုက်လက္ခဏာကို စုံလင်စေရမည် ဖြစ်သည်။ ထို့ပြင် ဘုရားသခင်ကိုယ်တော်တိုင်သည် သူတို့၏ဆရာ ဖြစ်တော်မူခဲ့သည်။ အစဉ်မပြတ် ဆုတောင်းလျက်၊ အသိစိတ်ရှိရှိ လေ့လာလျက်၊ မမြင်နိုင်သောအရှင်နှင့် အဆက်အသွယ်မပြတ်ဘဲ နေခြင်းအားဖြင့်၊ သူတို့သည် ဧနောက်ကဲ့သို့ ဘုရားသခင်နှင့်အတူ သွားလာခဲ့ကြသည်။

မည်သည့်လုပ်ငန်းကဏ္ဍတွင်မဆို မှန်ကန်သော အောင်မြင်မှုသည် တိုက်ဆိုင်မှု၊ မတော်တဆမှု သို့မဟုတ် ကံကြမ္မာကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ ၎င်းသည် ဘုရားသခင်၏ စောင့်ရှောက်မစတော်မူချက်များ၏ ရလဒ်ဖြစ်ပြီး၊ ယုံကြည်ခြင်းနှင့် ချင့်ချိန်မြော်မြင်တတ်ခြင်း၊ သီလနှင့် ဇွဲလုံ့လတို့၏ ဆုလာဘ်ဖြစ်သည်။ ကောင်းမွန်သော စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများနှင့် မြင့်မားသော ကိုယ်ကျင့်တရား စံနှုန်းများသည် မတော်တဆ ဖြစ်လာခြင်းမဟုတ်ပါ။ ဘုရားသခင်သည် အခွင့်အလမ်းများကို ပေးတော်မူသည်၊ အောင်မြင်မှုသည် ၎င်းတို့ကို မည်သို့အသုံးပြုသည်ဟူသော အချက်ပေါ်၌ မူတည်နေသည်။ ...

ကိုယ်တော်၏ကျေးဇူးတော်သည် ကျွန်ုပ်တို့၌ အလိုရှိစေရန်နှင့် လုပ်ဆောင်စေရန် အမှုပြုဖို့ ပေးထားခြင်းဖြစ်သည်၊ သို့သော် ကျွန်ုပ်တို့၏ ကြိုးစားအားထုတ်မှုအတွက် အစားထိုးစရာအဖြစ် မည်သည့်အခါမျှ ပေးထားခြင်းမဟုတ်ပါ။ ထာဝရဘုရားသည် ဒံယေလနှင့် သူ၏အပေါင်းအဖော်များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့သကဲ့သို့၊ ကိုယ်တော်၏အလိုတော်ကို ပြုရန် ကြိုးစားအားထုတ်သူ အပေါင်းတို့နှင့်လည်း ပူးပေါင်းလုပ်ဆောင်တော်မူလိမ့်မည်။ ထို့ပြင် မိမိ၏ဝိညာဉ်တော်ကို သွန်းလောင်းပေးတော်မူခြင်းအားဖြင့် ကိုယ်တော်သည် မှန်ကန်သော ရည်ရွယ်ချက်တိုင်း၊ မြင့်မြတ်သော ဆုံးဖြတ်ချက်တိုင်းကို ခိုင်ခံ့စေတော်မူလိမ့်မည်။ နားထောင်ခြင်းလမ်းစဉ်၌ လျှောက်လှမ်းသောသူတို့သည် အတားအဆီးများစွာကို ရင်ဆိုင်ရပေလိမ့်မည်။ ပြင်းထန်၍ သိမ်မွေ့လှသော လွှမ်းမိုးမှုများသည် သူတို့ကို လောကနှင့် ချည်နှောင်ထားနိုင်သော်လည်း၊ ထာဝရဘုရားသည် မိမိရွေးကောက်ထားသောသူတို့၏ ရှုံးနိမ့်ခြင်းအတွက် လုပ်ဆောင်သော နည်းလမ်းမှန်သမျှကို အချည်းနှီးဖြစ်စေနိုင်စွမ်းရှိတော်မူသည်၊ ကိုယ်တော်၏ခွန်အားတော်အားဖြင့် သူတို့သည် သွေးဆောင်မှုမှန်သမျှကို ကျော်လွှားနိုင်ပြီး အခက်အခဲမှန်သမျှကို အောင်နိုင်ကြပေလိမ့်မည်။ (ပရောဖက်များနှင့် ရှင်ဘုရင်များ ၄၈၆၊ ၄၈၇။)


အလျှော့ပေးညှိနှိုင်းခြင်း မရှိခြင်း ဩဂုတ်လ ၃၀ ရက်

ဒံယေလ ၁:၁၇-၂၁ ငါ့ကို ရိုသေသောသူတို့ကို ငါရိုသေမည်။ ဓမ္မရာဇဝင်ပထမစောင် :၃၀။ ဒံယေလနှင့် သူ၏အပေါင်းအဖော်များ၏ အတွေ့အကြုံတွင်၊ ကျွန်ုပ်တို့သည် အစားအသောက်အလိုလိုက်ခြင်း သွေးဆောင်မှုကို အခြေခံမူဖြင့် အောင်နိုင်ခဲ့သည့် သာဓကတစ်ခုကို တွေ့မြင်ရသည်။ ၎င်းသည် လူငယ်များသည် ကြီးမားသော စွန့်လွှတ်အနစ်နာခံမှုများ ပြုလုပ်ရမည်ဖြစ်သော်လည်း၊ ဘာသာရေးဆိုင်ရာ အခြေခံမူအားဖြင့် ဇာတိပကတိ ကာမဂုဏ်ခံစားခြင်းများကို အောင်နိုင်ပြီး ဘုရားသခင်၏ တောင်းဆိုချက်များအပေါ် သစ္စာစောင့်သိနိုင်ကြောင်း ကျွန်ုပ်တို့အား ပြသနေသည်။ အကယ်၍ ဒံယေလနှင့် သူ၏အပေါင်းအဖော်များသည် ထိုတပါးအမျိုးသား အရာရှိများနှင့် အလျှော့အတင်းလုပ်ကာ၊ ဗာဗုလုန်လူတို့ ထုံးစံအတိုင်း စားသောက်ခြင်းဖြင့် ထိုအချိန်အခါ၏ ဖိအားကို အရှုံးပေးခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ အခြေခံမူမှ သွေဖည်သွားသော ထိုဖြစ်ရပ်တစ်ခုတည်းသည်ပင် သူတို့၏ မှန်ကန်ခြင်းဆိုင်ရာ အသိစိတ်နှင့် မှားယွင်းခြင်းကို စက်ဆုပ်ရွံရှာစိတ်ကို အားနည်းသွားစေမည်ဖြစ်သည်။ အစားအသောက် အလိုလိုက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ ဉာဏ်ပညာ ရှင်းလင်းမှုနှင့် ဝိညာဉ်ရေးရာ တန်ခိုးတို့ကို စွန့်လွှတ်ရန် ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ မှားယွင်းသော ခြေလှမ်းတစ်လှမ်းသည် ကောင်းကင်ဘုံနှင့် ဆက်သွယ်မှု ပြတ်တောက်သွားသည့်တိုင်အောင် အခြားသော မှားယွင်းမှုများဆီသို့ လမ်းပြသွားနိုင်ပြီး နောက်ဆုံးတွင် သူတို့သည် သွေးဆောင်မှုနောက်သို့ မျောပါသွားကြပေလိမ့်မည်။... ဒံယေလသည် မယိမ်းယိုင်သော ယုံကြည်ကိုးစားမှုဖြင့် မိမိ၏ဘုရားသခင်ကို မြဲမြံစွာ ဖက်တွယ်ထားစဉ်၊ ပရောဖက်ပြုခြင်းဆိုင်ရာ တန်ခိုးဝိညာဉ်သည် သူ၏အပေါ်သို့ သက်ရောက်လာခဲ့သည်။ သူသည် နန်းတွင်းအသက်တာ၏ တာဝန်ဝတ္တရားများကို လူသားတို့ထံမှ သင်ယူခဲ့ရသော်လည်း၊ အနာဂတ်ကာလ၏ နက်နဲသောအရာများကို ဖတ်ရှုရန်နှင့် နောက်ဆုံးသောကာလ၌ ဖြစ်ပျက်လာမည့် အံ့ဩဖွယ်ရာ အမှုအရာများကို ပုံဆောင်ချက်များနှင့် ပုံခိုင်းချက်များအားဖြင့် နောင်လာနောက်သား မျိုးဆက်များထံ တင်ပြရန် ဘုရားသခင်ထံမှ သွန်သင်ခြင်းကို ခံရလေသည်။ ၄၉ The Youth’s Instructor, June 25, 1903 ဘုရားသခင်သည် လူသားအား အစဉ်မပြတ် တိုးတက်ပြောင်းလဲစေရန်နှင့် ထူးကဲသာလွန်ခြင်း စံနှုန်း၏ သာ၍မြင့်မားသော အဆင့်သို့ နေ့စဉ်ရောက်ရှိရန် ရည်ရွယ်တော်မူခဲ့သည်။ ကျွန်ုပ်တို့ကိုယ်တိုင် ကူညီရန် ကြိုးစားလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကူညီလိမ့်မည်။ လောကနှစ်ခုလုံး၌ ကျွန်ုပ်တို့၏ ပျော်ရွှင်ခြင်း မျှော်လင့်ချက်သည် ဤလောကတစ်ခု၌ ကျွန်ုပ်တို့၏ တိုးတက်ပြောင်းလဲမှုပေါ်တွင် မူတည်နေသည်။ အချက်တိုင်းတွင် ကျွန်ုပ်တို့သည် အလွန်အကျွံ သောက်စားခြင်း၏ ပထမဆုံးသော ချဉ်းကပ်မှုမှ ကာကွယ်စောင့်ရှောက်ထားသင့်သည်။ ချစ်လှစွာသော လူငယ်တို့၊ ဘုရားသခင်သည် ကိုယ်တော်၏ ကျေးဇူးတော်အားဖြင့် သင်တို့လုပ်ဆောင်နိုင်သော အမှုတစ်ခုကို လုပ်ဆောင်ရန် သင်တို့ကို ခေါ်ယူနေတော်မူသည်။... ဒံယေလနှင့် နှိုင်းယှဉ်နိုင်သော စင်ကြယ်သော စိတ်ကြိုက်၊ အစားအသောက်နှင့် အလေ့အထများကို ပြသပါ။ ဘုရားသခင်သည် သင်တို့အား တည်ငြိမ်သော အာရုံကြောများ၊ ရှင်းလင်းသော ဦးနှောက်၊ မချို့ယွင်းသော ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် ထက်မြက်သော သိမြင်နားလည်မှုတို့ဖြင့် ဆုချီးမြှင့်တော်မူလိမ့်မည်။ အခြေခံမူများ ခိုင်မာပြီး မယိမ်းယိုင်သော ယနေ့ခေတ် လူငယ်များသည် ရုပ်ခန္ဓာ၊ စိတ်ပညာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ ကျန်းမာခြင်း ကောင်းချီးမင်္ဂလာကို ခံစားရကြလိမ့်မည်။ ·        ၁၉၀၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ထုတ်၊ လူငယ်များ၏ဆရာ။


သက်သေခံခြင်း ဩဂုတ်လ ၃၁ ရက်

ဒံယေလ ၁ သူတပါးတို့အား သိတင်းတော်ကို ဟောပြောပြီးမှ၊ ကိုယ်တိုင် ပယ်ရှားခြင်းကို မခံရမည်အကြောင်း၊ ကိုယ်ခန္ဓာကို နှိပ်စက်၍ နိုင်အောင်အုပ်ချုပ်၏။ ကောရိန္တုဩဝါဒစာပထမစောင် :၂၇။ ဘုရားသခင်သည် ဗာဗုလုန်ပြည်၌ ကိုယ်တော်အတွက် သက်သေခံရန် ဒံယေလကို ခေါ်ယူခဲ့သကဲ့သို့၊ ယနေ့လောကတွင် ကိုယ်တော်၏ သက်သေများဖြစ်ကြရန် ကျွန်ုပ်တို့ကို ခေါ်ယူနေတော်မူသည်။ အသက်တာ၏ အသေးငယ်ဆုံးသော အမှုကိစ္စများမှသည် အကြီးမားဆုံးသော အမှုကိစ္စများအထိ၊ ကိုယ်တော်၏ နိုင်ငံတော် အခြေခံမူများကို လူသားတို့အား ဖွင့်ပြရန် ကိုယ်တော် အလိုရှိတော်မူသည်။ အများစုသည် မိမိတို့ထံသို့ ကြီးမားသော အမှုအရာတစ်ခုခု ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေကြစဉ်၊ နေ့စဉ် ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုကို ဖွင့်ပြရန် အခွင့်အရေးများကို ဆုံးရှုံးနေကြသည်။ သူတို့သည် အသက်တာ၏ သေးငယ်သော တာဝန်ဝတ္တရားများကို စိတ်နှလုံးအကြွင်းမဲ့ ဆောင်ရွက်ရန် နေ့စဉ် ပျက်ကွက်နေကြသည်။... မှန်ကန်သော ခရစ်ယာန်တစ်ဦး၏ အသက်တာတွင် မလိုအပ်သောအရာ ဟူ၍မရှိပါ၊ အနန္တတန်ခိုးရှင်၏ မျက်မှောက်တော်တွင် တာဝန်တိုင်းသည် အရေးကြီးသည်။ အမှုတော်ဆောင်ရန် ဖြစ်နိုင်ခြေရှိသမျှကို သခင်ဘုရားသည် တိကျစွာ တိုင်းတာတော်မူသည်။ အသုံးမပြုရသေးသော စွမ်းဆောင်ရည်များသည် အသုံးပြုထားသော စွမ်းဆောင်ရည်များကဲ့သို့ပင် စာရင်းတွက်ချက်ခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန် မိမိတို့၏ စွမ်းအားများကို အသုံးမပြုခဲ့သောကြောင့် မပြီးမြောက်ခဲ့ဘဲ၊ ကျွန်ုပ်တို့ လုပ်ဆောင်သင့်ပါလျက်နှင့် မလုပ်ဆောင်ခဲ့သောအရာများအပေါ် မူတည်၍ တရားစီရင်ခြင်းကို ခံရကြလိမ့်မည်။ မြင့်မြတ်သော စရိုက်လက္ခဏာသည် တိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသောအရာ မဟုတ်ပါ၊ ၎င်းသည် အထူးမျက်နှာသာရခြင်း သို့မဟုတ် ဘုရားသခင်၏ စောင့်ရှောက်မစမှုဆိုင်ရာ ဆုကျေးဇူးများကြောင့် မဟုတ်ပါ။ ၎င်းသည် မိမိကိုယ်ကို ထိန်းချုပ်ခြင်း၊ နိမ့်ကျသော သဘာဝကို မြင့်မြတ်သော သဘာဝအောက်၌ နိုင်အောင်အုပ်ချုပ်ခြင်း၊ ဘုရားသခင်နှင့် လူသားတို့၏ အမှုတော်ဆောင်လုပ်ငန်းတွင် မိမိကိုယ်ကို ပုံအပ်ခြင်းတို့၏ ရလဒ်ဖြစ်သည်။... ခန္ဓာကိုယ်သည် စရိုက်လက္ခဏာ တည်ဆောက်ရန်အတွက် စိတ်နှင့် ဝိညာဉ်ကို ဖွံ့ဖြိုးတိုးတက်စေသည့် အလွန်အရေးကြီးသော ကြားခံနယ်တစ်ခု ဖြစ်သည်။ ထိုကြောင့် ဝိညာဉ်တို့၏ ရန်သူသည် မိမိ၏ သွေးဆောင်မှုများကို ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများကို အားနည်းစေရန်နှင့် ယုတ်ညံ့စေရန် ဦးတည်ထားခြင်း ဖြစ်သည်။... ခန္ဓာကိုယ်ကို လူသားဖြစ်တည်မှု၏ သာ၍မြင့်မားသော စွမ်းအားများအောက်၌ နိုင်အောင်အုပ်ချုပ်ရမည်။ စိတ်အလိုဆန္ဒများကို အလိုတော်ဖြင့် ထိန်းချုပ်ရမည်ဖြစ်ပြီး၊ ထိုအလိုတော်သည်လည်း ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိရမည်။ မြင့်မြတ်သော ကျေးဇူးတော်အားဖြင့် သန့်ရှင်းစေအပ်သော ဆင်ခြင်တုံတရား၏ မင်းဆန်သော တန်ခိုးသည် အသက်တာတွင် လွှမ်းမိုးချုပ်ကိုင်ရမည်။ ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ စွမ်းအား၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် အသက်ရှည်ခြင်းတို့သည် မပြောင်းလဲသော နိယာမတရားများပေါ်တွင် မူတည်နေသည်။ ဤနိယာမတရားများကို နားထောင်ခြင်းအားဖြင့်၊ လူသည် မိမိကိုယ်မိမိ အောင်နိုင်သူ၊ မိမိ၏ စိတ်အလိုများကို အောင်နိုင်သူ၊...ဤလောကီမှောင်မိုက်၌ အစိုးရသောမင်းများ နှင့် မိုးကောင်းကင်၌ရှိသော နာမ်ဝိညာဉ်ဆိုးများ ကို အောင်နိုင်သူအဖြစ် ရပ်တည်နိုင်သည်။ ၅၁ ပရောဖက်များနှင့် ရှင်ဘုရင်များ 487-489

No comments:

Post a Comment