အခန်း ၇ — ဗတ္တိဇံ
ခရစ်တော်၏ လူထုရှေ့ အမှုတော်ဆောင်ရွက်ရမည့်အချိန် ရောက်လာသောအခါ ကိုယ်တော်၏ ပထမဆုံးလုပ်ဆောင်ချက်မှာ
ယော်ဒန်မြစ်သို့ သွား၍ နှစ်ခြင်းဆရာ ယောဟန်ထံတွင် ဗတ္တိဇံခံယူခြင်း ဖြစ်သည်။
ကယ်တင်ရှင်အတွက် လမ်းခရီးကို ပြင်ဆင်ပေးရန် ယောဟန်ကို စေလွှတ်ထားခဲ့သည်။ သူသည်
တောကန္တာရ၌ တရားဟော၍ ဤသို့ဆိုခဲ့သည်။
“ဘုရားသခင်၏
နိုင်ငံတော်သည် နီးလာပြီ။ နောင်တရကြလော့၊ ဧဝံဂေလိတရားကို ယုံကြည်ကြလော့။” မာကု ၁:၁၅။
လူအုပ်ကြီးများသည် သူ့ထံသို့ နားထောင်ရန် စုဝေးလာကြသည်။ လူများစွာတို့သည်
မိမိတို့၏ အပြစ်များကို သိမြင်နောင်တရကြပြီး ယော်ဒန်မြစ်၌ သူ့ထံမှ ဗတ္တိဇံခံယူကြသည်။
တစ်နေ့နေ့တွင် မေရှိယသည် သူ့ထံသို့လာ၍ ဗတ္တိဇံခံရန် တောင်းဆိုမည်ဖြစ်ကြောင်း
ဘုရားသခင်သည် ယောဟန်အား သိစေခဲ့သည်။ ထိုသူသည် မည်သူဖြစ်ကြောင်း သိနိုင်ရန်
နိမိတ်တစ်ရပ်ကိုလည်း ပြမည်ဟု ကတိပေးထားခဲ့သည်။
ယေရှုရောက်လာသောအခါ ကိုယ်တော်၏ မျက်နှာ၌ သန့်ရှင်းသောအသက်တာ၏ ထိုသို့သော
နိမိတ်လက္ခဏာများကို ယောဟန်မြင်သောကြောင့် ကိုယ်တော်ကို တားဆီး၍ ဤသို့ဆိုသည်။
“အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံခံရမည်အကြောင်း လိုပါ၏။ ကိုယ်တော်သည်
အကျွန်ုပ်ထံသို့ ကြွလာတော်မူသလော။
“ယေရှုက ပြန်၍
သူ့အား မိန့်တော်မူသည်မှာ၊ ယခုအခါ ထိုသို့ဖြစ်စေဦးလော့။ အကြောင်းမူကား
ဖြောင့်မတ်ခြင်းတရားရှိသမျှကို ပြည့်စုံစေရန် ငါတို့အတွက် ထိုသို့ပြုခြင်းသည်
သင့်လျော်၏။” မဿဲ ၃:၁၄၊ ၁၅။
ကိုယ်တော် ထိုသို့မိန့်တော်မူစဉ် ရှိမုန်မြင်ခဲ့သော ထိုကောင်းကင်အလင်းသည်
ကိုယ်တော်၏ မျက်နှာပေါ်၌လည်း ထင်ရှားနေသည်ကို တွေ့ရသည်။
ထို့နောက် ယောဟန်သည် ကယ်တင်ရှင်ကို လှပသော ယော်ဒန်မြစ်၏ ရေထဲသို့ ဆင်းစေပြီး
လူအပေါင်းတို့ မြင်တွေ့နေရစဉ် ထိုနေရာ၌ ကိုယ်တော်ကို ဗတ္တိဇံပေးခဲ့သည်။
ယေရှုသည် မိမိ၏ အပြစ်များအတွက် နောင်တရကြောင်း ပြသရန် ဗတ္တိဇံခံယူခြင်း
မဟုတ်ပါ။ အကြောင်းမူကား ကိုယ်တော်သည် အပြစ်တစ်စုံတစ်ရာကိုမျှ မပြုခဲ့ပါ။
ကျွန်ုပ်တို့အတွက် စံနမူနာထားရန် ထိုသို့ပြုခဲ့ခြင်းဖြစ်သည်။
ကိုယ်တော်သည် ရေထဲမှ တက်လာသောအခါ မြစ်ကမ်းပေါ်တွင် ဒူးထောက်၍ ဆုတောင်းခဲ့သည်။
ထိုအခါ ကောင်းကင်သည် ပွင့်လာပြီး ဘုန်းတော်၏ အလင်းရောင်ခြည်များ ထွက်ပေါ်လာကာ
“ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌
နားတော်မူသည်ကို မြင်တော်မူ၏။” မဿဲ ၃:၁၆။
ကိုယ်တော်၏ မျက်နှာနှင့် ကိုယ်ခန္ဓာပုံသဏ္ဌာန်တစ်ခုလုံးသည် ဘုရားသခင်၏
ဘုန်းတော်၏ အလင်းရောင်ဖြင့် တောက်ပနေသည်။ ကောင်းကင်မှလည်း ဘုရားသခင်၏ အသံတော်ကို
ကြားရသည်မှာ၊
“ဤသူသည်
ငါနှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း။” မဿဲ ၃:၁၆၊ ၁၇။
ခရစ်တော်အပေါ် ကျရောက်နေသော ဘုန်းတော်သည် ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏
ချစ်ခြင်းမေတ္တာရှိကြောင်း အာမခံချက်တစ်ရပ် ဖြစ်သည်။ ကယ်တင်ရှင်သည် ကျွန်ုပ်တို့၏
စံနမူနာအဖြစ် ကြွလာတော်မူခဲ့သည်။ ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းချက်ကို
ကြားတော်မူခဲ့သည်မှာ သေချာသကဲ့သို့ ကျွန်ုပ်တို့၏ ဆုတောင်းချက်များကိုလည်း
ကြားတော်မူမည်။
အလိုအပ်ဆုံးသူ၊
အပြစ်အများဆုံးသူ၊ အထင်အမြင်အသေးဆုံးသူပင် အဘထံသို့ ချဉ်းကပ်ခွင့် ရှာတွေ့နိုင်သည်။
ယေရှု၏ နာမတော်ကို အမှီပြု၍ အထံတော်သို့ ကျွန်ုပ်တို့လာသောအခါ ယေရှုအား
မိန့်တော်မူခဲ့သော အသံတော်က ကျွန်ုပ်တို့အားလည်း “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏
ချစ်သားဖြစ်၏” ဟု မိန့်တော်မူလိမ့်မည်။
No comments:
Post a Comment