Thursday, August 6, 2026

လိုးမာလင်ဒါတက္ကသိုလ် ကလေးဆေးရုံသည် ကလေးသူငယ် အရေးပေါ်ကုသစောင့်ရှောက်မှုအတွက် ဒေသဆိုင်ရာ အရင်းအမြစ်တစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

Members of Loma Linda University Children's Hospital's trauma team celebrate their recent designation by ICEMA.

သြဂုတ် ၃၊ ၂၀၂၆ 

အမေရိကန်ပြည်ထောင်စု 

လိုးမာလင်ဒါတက္ကသိုလ် ကျန်းမာရေး

လိုးမာလင်ဒါတက္ကသိုလ် ကလေးဆေးရုံ၏ ထိခိုက်ဒဏ်ရာကုသရေးအဖွဲ့ဝင်များသည် ICEMA မကြာသေးမီက အသိအမှတ်ပြုခြင်းခံရမှုကို ဂုဏ်ပြုနေကြစဉ်။ လိုးမာလင်ဒါတက္ကသိုလ် ကလေးဆေးရုံ (LLUCH) သည် Inland Counties Emergency Medical Agency (ICEMA) အင်လန်းအင်ပိုင်း(Inland Empire)တွင် ပထမဆုံးသော ပြည့်စုံလုံလောက်သည့် ကလေးသူငယ် အရေးပေါ်လက်ခံရေးဌာနအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ အင်လန်းအင်ပိုင်းသည် အမေရိကန်ပြည်ထောင်စု၊ တောင်ပိုင်းကယ်လီဖိုးနီးယားရှိ အဓိက မဟာမြို့ပြဒေသတစ်ခု ဖြစ်သည်။ ဤသည်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဘားနားဒီနို၊ အင်ယိုနှင့် မိုနိုခရိုင်များရှိ ကလေးငယ်များအတွက် ကလေးသူငယ် အရေးပေါ်ကုသစောင့်ရှောက်မှုတွင် သိသာထင်ရှားသော တိုးတက်မှုကို အမှတ်အသားပြုနေပေသည်။

ပြည့်စုံလုံလောက်သည့် ကလေးသူငယ် အရေးပေါ်လက်ခံရေးဌာနတစ်ခုအနေဖြင့် LLUCH သည် အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု (EMS) အေဂျင်စီများ၊ ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများကို ောက်ထံပေးလျက် ကလေးသူငယ် အရေးပေါ်ကုသစောင့်ရှောက်မှုအတွက် ဒေသဆိုင်ရာ အရင်းအမြစ်တစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါ အသိအမှတ်ပြုမှုသည် တိုးမြှင့်ထားသော အသင့်ရှိမှု၊ ညှိနှိုင်းဆောင်ရွက်ထားသော စောင့်ရှောက်မှုနှင့် စံပြုထားသော ကလေးသူငယ်ဆိုင်ရာ စွမ်းဆောင်ရည်များမှတစ်ဆင့် ကလေးလူနာများအတွက် ရလဒ်များ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်သည့် ICEMA ကလေးများအတွက် အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းစဉ်များနှင့် ကိုက်ညီနေပေသည်။

LLUCH အကြီးတန်း ဒုတိယဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေးမှူးဖြစ်သူ ပီတာဘေကာ (Peter Baker, JD, MBA) က အဆိုပါ အသိအမှတ်ပြုမှုသည် အမြင့်ဆုံးအဆင့်ရှိသော ကလေးသူငယ် အရေးပေါ်၊ ဆေးဘက်ဆိုင်ရာနှင့် ခွဲစိတ်ကုသမှုဆိုင်ရာ စောင့်ရှောက်မှုများကို ပံ့ပိုးပေးနိုင်သည့် ဆေးရုံ၏စွမ်းဆောင်ရည်ကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ဒီအသိအမှတ်ပြုမှုဟာ ကျွန်ုပ်တို့ရဲ့ ဘက်စုံစည်းကမ်းပေါင်းစုံအဖွဲ့တွေရဲ့ ကတိကဝတ်နဲ့ ထိရောက်ပြီး အချိန်မီတဲ့ ကလေးသူငယ် ထိခိုက်ဒဏ်ရာကုသရေးအပေါ် သူတို့ရဲ့အာရုံစိုက်မှုကို ထင်ဟပ်ဖော်ပြနေပါတယ်။ ဒီအောင်မြင်မှုကို ဖြစ်မြောက်စေခဲ့တဲ့ ကျွန်ုပ်တို့ရဲ့ EMS မိတ်ဖက်များနှင့် ထောက်ပံ့ရေးဝန်ထမ်းများရဲ့ ပူးပေါင်းဆောင်ရည်နှင့် ရပ်တည်ချက်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ရှိပါတယ်" ဟု ဘေကာက ပြောကြားခဲ့သည်။

အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် LLUCH သည် ပြည်နယ်၏ ကလေးသူငယ် အသင့်ရှိမှုစံနှုန်းများနှင့် ကိုက်ညီမှုကို ပြသခဲ့ပြီး သီးသန့်ကလေးသူငယ် အရေးပေါ်ဌာန၊ ကလေးသူငယ် အထူးကြပ်မတ်ကုသဆောင်၊ မွေးကင်းစ အထူးကြပ်မတ်ကုသဆောင်၊ ကလေးသူငယ် အထူးကုဝန်ဆောင်မှုများနှင့် ကလေးသူငယ် ထိခိုက်ဒဏ်ရာကုသရေး စွမ်းဆောင်ရည်များ အပါအဝင် ပြင်းထန်စွာဖျားနာပြီး ထိခိုက်ဒဏ်ရာရရှိထားသော ကလေးငယ်များကို စောင့်ရှောက်ရန် လိုအပ်သော အထူးပြုအရင်းအမြစ်များကို ပိုင်ဆိုင်ထားပေသည်။

အဆိုပါ အသိအမှတ်ပြုမှုသည် ဒေသတစ်ခွင်လုံးရှိ ကလေးသူငယ် အသင့်ရှိမှုကို မြှင့်တင်ရန်နှင့် လူနာများ၏ လိုအပ်ချက်များအပေါ် မူတည်၍ သင့်လျော်သော စောင့်ရှောက်မှုအဆင့်များကို ပေးအပ်နိုင်စွမ်းရှိသော ကလေးသူငယ်လက်ခံရေးဌာနများ၏ ညှိနှိုင်းချိတ်ဆက်ထားသော ကွန်ရက်တစ်ခုကို တည်ထောင်ရန် ICEMA ဆက်လက်ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူပြုလျက်ရှိသည်။

LLUCH သည် ထိုခရိုင်သည် ICEMA နယ်မြေအတွင်း မပါဝင်သော်လည်း ရစ်ဗာဆိုင်ကရိုင်အတွက် ဒေသဆိုင်ရာ ပြည့်စုံလုံလောက်သည့် ကလေးသူငယ် အရေးပေါ်လက်ခံရေးဌာနအဖြစ်လည်း ဆောင်ရွက်မည်ဖြစ်သည်။

ICEMA သည် ဤအောင်မြင်မှုကို ဖြစ်မြောက်စေခဲ့သည့် လိုးမာလင်ဒါတက္ကသိုလ် ကလေးဆေးရုံ၏ ခေါင်းဆောင်မှုနှင့် ဝန်ထမ်းများ၊ ဒေသဆိုင်ရာ EMS ဝန်ဆောင်မှုပေးသူများ၊ ဆေးရုံမိတ်ဖက်များနှင့် ကလေးသူငယ် စောင့်ရှောက်ရေး အကျိုးတူပူးပေါင်းဆောင်ရွက်သူများကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။

 


 မူရင်းလင့်

https://adventist.news/news/loma-linda-university-childrens-hospital-designated-first-comprehensive-pediatric-receiving-center-in-region


No comments:

Post a Comment