အခန်းကြီး - ၉
1 ထိုလနှစ်ဆယ်လေးရက်နေ့တွင်၊ ဣသရေလ အမျိုးသားတို့သည် အစာရှောင်လျက်၊ လျှော်တေအဝတ် ကိုဝတ်လျက်၊ ကိုယ်၌ မြေမှုန့်ကို တင်လျက် စည်းဝေး ကြ၏။
2 ထိုအခါ ဣသရေလအမျိုးစစ်ဖြစ်သောသူတို့ သည် တပါးအမျိုးသားရှိသမျှတို့နှင့် ကွာ၍၊ ကိုယ်အပြစ် နှင့် ဘိုးဘေးတို့၏ အပြစ်များကို ဘော်ပြတောင်းပန် ကြ၏။
3 မိမိတို့နေရာ၌ ရပ်နေ၍၊ မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပညတ္တိကျမ်းစာကို နေ့လေးစုတစု ဘတ်ကြ၏။ အပြစ်ကို ဘော်ပြတောင်းပန်၍၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားကို နေ့လေးစုတစုကို ကိုးကွယ်ကြ၏။
4 ထိုအခါ လေဝိသားယောရှု၊ ဗာနိ၊ ကပ်မျေလ၊ ရှေဗနိ၊ ဗုန္နိ၊ ရှေရဘိ၊ ဗာနိ၊ ခေနနိတို့သည် ပလ္လင် ပေါ်မှာရပ်၍၊ သူတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြီးစွာသောအသံနှင့် ကြွေးကြော်ကြ၏။
5 တဖန်လေဝိသားယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က ထကြလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်းဟု ကောင်း ကြီးပေးကြလော့။ ကောင်းကြီးပေးခြင်း၊ ချီးမွမ်းခြင်း အမျိုးမျိုးထက် ကြီးမြင့်၍ ဘုန်းကြီးသော ကိုယ်တော်၏ နာမသည် မင်္ဂလာရှိပါစေသတည်း။
6 ကိုယ်တော်သာလျှင် ထာဝရဘုရား ဖြစ်တော် မူ၏။ အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင် ဗိုလ်ခြေအပေါင်းတို့ကို၎င်း၊ မြေကြီးနှင့်မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို၎င်း၊ ပင်လယ်နှင့်ပင်လယ်၌ပါသမျှတို့ကို ၎င်း ဖန်ဆင်းတော်မူ၏။ အလုံးစုံတို့ကို စောင့်မတော် မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကို ကိုးကွယ်ကြပါ၏။
7 အိုထာဝရ အရှင်ဘုရားသခင်၊ ကိုယ် တော်သည် အာဗြံကို ရွေးချယ်၍ ခါလဒဲပြည်၊ ဥရမြို့မှ ခေါ်ခဲ့ပြီးလျှင် အာဗြဟံဟူသော အမည်ကို ပေးတော် မူ၏။
8 ရှေ့တော်၌ သူ့သဘောဖြောင့်သည်ကို တွေ့ သောကြောင့်၊ ခါနနိပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို အာဗြဟံအမျိုးအနွယ်အား ငါပေးမည်ဟု ဝန်ခံသည် အတိုင်း သစ္စာတော်မပျက်ပြုတော်မူ၏။
9 အဲဂုတ္တုပြည်၌ အကျွန်ုပ်တို့၏ ဘိုးဘေးများ ခံရသောညှဉ်းဆဲခြင်းကိုမြင်၍၊ ဧဒုံပင်လယ်နားမှာ သူတို့ အော်ဟစ်သောအသံကို ကြားတော်မူ၏။
10 ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ ပြည်သူ ပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့၏ ဘိုးဘေးတို့ကို စော်ကားစွာပြုသောကြောင့်၊ ကိုယ်တော်သည် ကြည့်ရှု၍ နေတော်မမူ။ ထိုပြည်သားတို့၌ နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြတော်မူ၍၊ သိတင်းတော်သည် ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ၏။
11 သူတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားမည်အကြောင်း သူတို့ရှေ့မှာ ပင်လယ်ကို ခွဲတော်မူ၏။ ညှဉ်းဆဲသော သူတို့ကိုကား၊ နက်သောရေထဲ သို့ ကျောက်ကိုပစ်သကဲ့သို့ ပစ်တော်မူ၏။
12 ထိုမှတပါး၊ နေ့အချိန်၌ မိုဃ်းတိမ်တိုင်အားဖြင့်၎င်း၊ ညဉ့်အချိန် ၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင်အားဖြင့်၎င်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။
13 ကိုယ်တော်တိုင်လည်း၊ သိနာတောင်ပေါ်သို့ ဆင်းသက်၍ မိုဃ်းကောင်းကင်ထဲက ဗျာဒိတ်သံကို လွှတ် သဖြင့်၊ ဟုတ်မှန်ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်ပညတ် တရားတို့ကို အပ်ပေးတော်မူ၏။
14 သန့်ရှင်းသော ဥပုသ်နေ့ရက်တော်ကို ဘော်ပြ ၍၊ ကိုယ်တော် ကျွန်မောရှေအားဖြင့် နည်းနာဥပဒေသ ပညတ်တရားတို့ကိုလည်း ထားတော်မူ၏။
15 သူတို့မွတ်သိပ်ခြင်းနှင့် ရေငတ်ခြင်းကို ပြေစေ ခြင်းငှါ၊ မိုဃ်းကောင်းကင်မုန့်နှင့် ကျောက်ထဲကထုတ်သော ရေကို ပေးတော်မူ၏။ သူတို့ပိုင်ဘို့ကျိန်ဆိုတော်မူသော ပြည်ထဲသို့ဝင်၍ သိမ်းယူမည်အကြောင်း မိန့်တော်မူ၏။
16 သို့ရာတွင် အကျွန်ုပ်တို့ဘိုးဘေးတို့သည် မာန ထောင်လွှား၍၊ ခိုင်မာသော လည်ပင်းနှင့် ပညတ်တော်ကို နားမထောင်ကြ။
17 သူတို့တွင် ပြုတော်မူသော အံ့ဘွယ်သောအမှု တို့ကို မအောက်မေ့။ အာဏာတော်ကို ငြင်းဆန်လျက်၊ လည်ပင်းခိုင်မာသည် ဖြစ်၍၊ ကျွန်ခံရာ အဲဂုတ္တုပြည်သို့ ပြန်လိုသောငှါ၊ လူကြီးတဦးကိုချီးမြှောက်ကြ၏။ သို့ရာ တွင် ကိုယ်တော်သည် အပြစ်ကိုဖြေတတ်သောဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည် ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူ သောကြောင့် သူတို့ကို စွန့်ပစ်တော်မမူ။
18 ထိုမျှမက သူတို့သည် နွားသငယ်အရုပ်ကို သွန်း ၍၊ အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်၏ ဘုရားဖြစ်တော်မူ၏ဟု ဆိုလျက်၊ အလွန်ပြစ်မှားသော်လည်း၊
19 ကိုယ်တော်သည် အထူးသဖြင့် သနားတတ် သော ဘုရားဖြစ်တော်မူ၍၊ တော၌သူတို့ကို စွန့်ပစ်တော် မမူ။ နေ့အချိန်၌ လမ်းပြသော မိုဃ်းတိမ်တိုင်မပျောက်၊ ညဉ့်အချိန်၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင် လည်း မကွယ်။
20 သူတို့အား သွန်သင်စရာဘို့ ကောင်းသော ဝိညာဉ်တော်ကို ပေးတော်မူ၏။ သူတို့စားရသော ကိုယ် တော်၏ မန္နကိုရုပ်သိမ်းတော်မမူ။ သူတို့ အငတ်ပြေစေ ခြင်းငှါ၊ ရေကိုလည်း ပေးတော်မူ၏။
21 အနှစ်လေးဆယ်ပတ်လုံး သူတို့ကို အလျှင်း မဆင်းရဲစေခြင်းငှါ ကျွေးမွေးတော်မူ၏။ သူတို့အဝတ် မဟောင်းမနွမ်းရ။ သူတို့ခြေသည်လည်း မပွန်းမရောင်ရ။
22 နောက်မှတပါးအမျိုးသားတို့၏ တိုင်းနိုင်ငံများ ကို သူတို့အား အကုန်အစင်ဝေဖန်၍ ပေးသနားတော် မူသဖြင့်၊ သူတို့သည် ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်နှင့် ဗာရှန်ရှင်ဘုရင် ဩဃအစိုးရသောပြည်တို့ကို သိမ်းယူ ကြ၏။
23 သူတို့သားမြေးတို့ကို မိုဃ်းကောင်းကင်ကြယ် ကဲ့သို့ များပြားစေတော်မူ၏။ အကြင်ပြည်ထဲသို့ သူတို့ ဝင်၍ သိမ်းယူမည်အကြောင်း၊ သူတို့၏ ဘိုးဘေးတို့အား ဂတိထားတော်မူ၏။ ထိုပြည်ထဲသို့သွင်းတော်မူသဖြင့်၊
24 သားမြေးတို့သည်ဝင်၍ သိမ်းယူကြ၏။ သူတို့ ရှေ့မှာ ထိုပြည်သား ခါနာနိလူတို့ကို နှိပ်စက်တော်မူ၍၊ ရှင်ဘုရင်အစရှိသော ပြည်သူပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူတို့လက်သို့ အပ်တော်မူ၏။
25 ထိုသို့သူတို့သည် ခိုင်ခံ့သောမြို့များ၊ မြေကောင်း သောပြည်၊ ဥစ္စာနှင့် ပြည့်သောအိမ်၊ တူးပြီးသောရေတွင်း၊ များပြားသော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အသီးသီး သော အပင်တို့ကိုသိမ်းယူ၍၊ ဝစွာစားသောက်လျက် အသားဆူဖြိုး၍ ကျေးဇူးတော်ကြွယ်ဝခြင်း၌ မွေ့လျော် ကြ၏။
26 သို့ရာတွင် အမိန့်တော်ကို နားမထောင်၊ ပုန်ကန် လျက် တရားတော်ကို ကျောနောက်သို့ ပစ်ထားကြ၏။ အထံတော်သို့ ပြန်လာစေခြင်းငှါ၊ ဆုံးမသော ကိုယ်တော် ၏ ပရောဖက်တို့ကို သတ်၍ အလွန်ပြစ်မှားခြင်းကို ပြုကြ ၏။
27 ထိုကြောင့်၊ သူတို့ကို နှောင့်ရှက်သော ရန်သူ လက်သို့ အပ်လိုက် တော်မူ၏။ ဆင်းရဲခံရ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံကနားထောင်၍၊ ကရုဏာကျေးဇူးတော် ကြွယ်ဝသည်အတိုင်း၊ ရန်သူလက် မှ ကယ်လွှတ်သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်းစေတော်မူ၏။
28 တဖန်ချမ်းသာရသောအခါ၊ ရှေ့တော်၌ ဒုစရိုက် ကို ပြုပြန်ကြသောကြောင့်၊ ရန်သူအစိုးရမည်အကြောင်း တဖန်အပ်တော်မူ၏။ သူတို့သည်ပြန်လာ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံ ကနားထောင်၍၊ ကရုဏာတော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင် တော်မူ၏။
29 တရားတော်ကိုကျင့်ပြန်စေခြင်းငှါ ဆုံးမတော်မူ သော်လည်း၊ သူတို့သည် နားမထောင်၊ မာနထောင်လွှား ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ် သော စီရင်တော်မူချက်တို့ကို လွန်ကျူးကြ၏။ ခိုင်မာသော လည်ပင်းနှင့် ရုန်းလျက်နားမထောင်ဘဲ နေကြ၏။
30 နှစ်ပေါင်းများစွာ သူတို့ကိုသည်းခံ၍၊ ကိုယ်တော် ၏ ပရောဖက်တို့၌ရှိသော ကိုယ်တော်၏ ဝိညာဉ်အားဖြင့် ဆုံးမတော်မူသော်လည်း သူတို့သည် နားမထောင်သော ကြောင့်၊ ဤပြည်သူပြည်သားတို့လက်သို့ အပ်တော်မူ၏။
31 သို့ရာတွင် ကိုယ်တော်သည် ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံသောဘုရားဖြစ်၍၊ ကရုဏာ တော် ကြွယ်ဝသောကြောင့်၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး တော်မမူ။ စွန့်ပစ်တော်မမူ။
32 သို့ဖြစ်၍၊ အို အကျွန်ုပ်တို့၏ဘုရား၊ ကြီးမြတ်၍ မဟာတန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက်ဘွယ်သော ဘုရား၊ ကရုဏာပဋိညာဉ်တော်ကို စောင့်တော်မူသော ဘုရား၊ အာရှုရိရှင်ဘုရင်လက်ထက်မှစ၍ ယနေ့တိုင် အောင်၊ အကျွန်ုပ်တို့ ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော်၏ လူ အပေါင်းတို့အပေါ်သို့ ရောက်သော ဘေးဒဏ်ရှိသမျှကို ပမာဏမပြုဘဲ နေတော်မမူပါနှင့်။
33 ကိုယ်တော်မူကား အကျွန်ုပ်တို့အပေါ်သို့ရောက် စေသမျှသော အမှု၌တရားတော်မူ၏။ အကျွန်ုပ်တို့သည် မတရားသဖြင့် ပြုကြပါပြီ။ ကိုယ်တော်သည် တရား သဖြင့်သာ စီရင်တော်မူပြီ။
34 အကျွန်ုပ်တို့ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ အဆွေအမျိုးသူကြီးတို့သည် တရားတော်ကိုမစောင့်။ ပေးထားတော်မူသော ပညတ်များနှင့် သက်သေခံချက် များတို့ကို နားမထောင်ကြ။
35 ကြီးသောကျေးဇူးကို ပြုလျက်အပ်ပေးတော်မူ၍၊ သူတို့ပိုင်သော နိုင်ငံ၊ သနားတော်မူသောပြည်ကြီး၊ ပြည် ကောင်း၌နေရသော်လည်း၊ အမှုတော်ကိုမဆောင်မရွက်၊ မိမိတို့ပြုသော ဒုစရိုက်ကို မရှောင်ဘဲနေကြပါ၏။
36 ဘိုးဘေးတို့သည် အလွန်မြတ်သော အသီးအနှံ ကို စားရသော အခွင့်နှင့်သူတို့အား ပေးသနားတော် မူသော ပြည်၌ အကျွန်ုပ်တို့သည် ယနေ့ အစေခံကျွန် ဖြစ်ကြပါ၏။ သူ့ကျွန်ခံရကြပါ၏။
37 အကျွန်ုပ်တို့အပြစ်ကြောင့်၊ အကျွန်ုပ်တို့အပေါ် မှာ ခန့်ထားတော်မူသော ရှင်ဘုရင်တို့သည် ဤပြည်၌ ကြွယ်ဝစွာဖြစ်သော အသီးအနှံကို သိမ်းစားမြဲရှိကြပါ၏။ အကျွန်ုပ်တို့၏ ကိုယ်နှင့် တိရစ္ဆာန်များကို သူတို့သည် ကိုယ်အလိုအလျောက် အစိုးပိုင်၍၊ အကျွန်ုပ်တို့သည် အလွန်ဆင်းရဲခံလျက်နေရပါသည်ဟု မြွက်ဆိုကြ၏။
38 ထိုအကြောင်းအရာများကို ငါတို့သည် ဆင်ခြင် ပြီးမှ၊ သစ္စာပြု၍ စာချုပ်ကိုလည်း ရေးထားလျက်၊ ငါတို့ အကြီးအကဲ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် တံဆိပ် ခတ်ကြ၏။
အနက်ဖွင့်ချက်။
၉:၁–၅ ခ အခန်း ၉ တွင် ဖော်ပြထားသော လူထုစည်းဝေးပွဲသည် ဝန်ချတောင်းပန်ခြင်းဖြစ်ပြီး၊ တဲအုန်းပွဲတော်၏ ဝမ်းမြောက်ဖွယ်ရာ ကျင်းပမှုနှင့် ကွဲပြားသည်။ ဤအပိုင်းသည် ဝမ်းနည်းခြင်းဓလေ့များ (အစာရှောင်ခြင်း၊ ဖျင်စည်းဝတ်စားခြင်း၊ ဦးခေါင်းပေါ်တွင် ဖုန်မှုန့်ဖြည့်ခြင်း၊ နိုင်ငံခြားသားများနှင့် ခွဲထွက်ခြင်း) ဖြင့် မှတ်သားထားပြီး၊ ဝတ်ပြုရေးအမှုထမ်းတွင် လေဝီလူများဦးဆောင်သော အသိုင်းအဝိုင်းဝန်ချတောင်းပန်ခြင်း ဆုတောင်းချက်ဖြင့် ဆက်လက်သည်။
9:1–5 a The public meeting described in chap. 9 is one of
confession and is distinct from the joyous celebration of the Feast of
Tabernacles. This section is marked by mourning rites (fasting, wearing
sackcloth, putting dust on heads, separation from foreigners), followed by a
communal confessional prayer, offered by the Levites, leading in the worship
service.
၉:၄ ကျယ်လောင်သောအသံ။ ယခင်ဗိမာန်တော်ကိုမြင်ခဲ့သူများ၏ ငိုကြွေးဝမ်းနည်းခြင်း (ဧဇ ၃:၁၂) နှင့် ဧဇရာ ၁၀:၁၂ ၏ ဝန်ချတောင်းပန်ခြင်းကို အမှတ်ရစေသည်။
9:4 loud voice. Reminiscent of the lamenting of those who had
seen the earlier temple (Ezra 3:12) and the confession of Ezra 10:12.
၉:၅ဂ–၃၇ ဒုစရိုက်အတွက် ဝမ်းနည်းခြင်းဆုတောင်းချက်၏ အဓိကအပိုင်းသည် ဘုရားသခင်နှင့် သူ၏လူများ၏ (မကြာခဏ ဝမ်းနည်းဖွယ်ရာ) ဆက်ဆံမှု၏ သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ခြင်းနှင့် သက်ဆိုင်သည်။ သမိုင်းကို ပြန်လည်သုံးသပ်ရာတွင်၊ ဆုတောင်းချက်သည် ဝမ်းနည်းဖွယ်ရာ ပုံစံတစ်ခုကို ပြသသည်- ဘုရားသခင်သည် အကောင်းဆုံးကို ပေးခဲ့ပြီး သူ၏ ကတိတော်အားလုံးကို ဖြည့်ဆည်းပေးခဲ့သော်လည်း၊ သူ၏လူများ၏ မနာခံမှုနှင့် ဆန့်ကျင်မှုသည် မကြာခဏ ဘုရားသခင်၏ ပြစ်ဒဏ်ကို ဖြစ်ပေါ်စေခဲ့သည်။ ဆုတောင်းချက်သည် ကျမ်းစာအစဉ်အလာကို လိုက်နာပြီး၊ ကမ္ဘာဦး ၁ ၏ “အစပိုင်း” မှ စတင်ကာ၊ ၎င်းသည် ဘုရားသခင်သည် အားလုံး၏ ဖန်ဆင်းရှင်ဖြစ်သည်ဟူသော ကျမ်းစာယုံကြည်ချက်အားလုံး၏ အခြေခံဖြစ်သည် (နေ ၉:၆)။ ခေါ်ဆိုမှုနှင့် ပဋိညာဉ်သည် ဘုရားသခင်နှင့် လူသားများ၏ ဆက်ဆံမှု၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည် (အခန်းကဏ္ဍ ၇–၈)၊ ထို့နောက် အီဂျစ်ပြည်ရှိ ဣသရေးလူများ၏ အချိန်နှင့် ထွက်မြောက်ရာဇဝင် (အခန်းကဏ္ဍ ၉–၁၂) ဖြစ်သည်။
9:5b–37 A large part of the prayer of sorrow for sin is concerned
with a historical review of the (often sad) interaction between God and His
people. In reviewing history, the prayer shows a sad pattern: even though God
gave the best and fulfilled all His promises, the constant disobedience and
defiance of His people often resulted in divine punishment. The prayer follows
a biblical sequence, beginning with “the beginning” of Gen. 1, which provides
the basis of every biblical statement of faith, namely, that God is the creator
of all (Neh. 9:6). Call and covenant are further important elements of God’s
interaction with humanity (vv. 7–8), followed by Israel’s time in Egypt and the
exodus (vv. 9–12).
၉:၁၄ သူတို့အား သင့်၏သန့်ရှင်းသော ဥပုသ်နေ့ကို ထုတ်ဖော်ပြသခဲ့သည်။ ပညတ်တရားပေးခြင်း(အခန်း း၁၃) နှင့် ရှင်းလင်းစွာကွဲပြားမှုကို သတိပြုပါ။ ဥပုသ်နေ့သည် အဓိကအားဖြင့် ပညတ်တရားနှင့် မဆက်စပ်ဘဲ ဖန်ဆင်းခြင်းအခြေခံမှ အမြစ်တွယ်နေသည်။
9:14 made known to them Your holy Sabbath. Note the clear distinction from
the giving of the law (v. 13). The Sabbath is not primarily linked to the law
but is rooted in creation.
၉:၁၇ ဘုရားသခင်၏ ဂုဏ်သတ္တိများသည် ထွက် ၃၄:၆၊ တော ၁၄:၁၈–၂၀ နှင့် ဒံ ၉:၉ တို့ကို ပြန်လည်အမှတ်ရစေသည်။ ဘုရားသခင်၏ ကရုဏာသည် ပဋိညာဉ်၏ အခြေခံဖြစ်ပြီး (နေ ၉:၁၉၊ ၃၁–၃၂) ထိုကရုဏာသည် မထိုက်တန်ဘဲ ရရှိသောအရာဖြစ်သည်။
9:17 God’s attributes recall Ex. 34:6, Num. 14:18–20, and Dan. 9:9.
God’s compassion is the basis of the covenant (Neh. 9:19, 31–32) and is
unmerited.
၉:၃၂ အရေးကြီးသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်— သမိုင်းကို ရည်ရွယ်ချက်ရှိရှိ ပြန်လည်အမှတ်ရရုံသာမက စာရေးသူသည် "ငါတို့၏ဘုရားသခင်" ဟူသော စကားလုံးကို အသုံးပြုလိုက်ခြင်းဖြင့် ခေါင်းမာသောဤလူမျိုးနှင့် မိမိ၏ကိုယ်ပိုင်သက်ဆိုင်မှုကို အောက်တန်းကျအောင် ဖော်ပြလိုက်သည်။
9:32 An important change occurs: instead of merely recalling
history objectively, the author now uses “our God,” thus underlining his
personal identification with this stubborn people.
၉:၃၈–၁၀:၃၉ နားလည်မှုစာချွန်တစ်ခုကို စာဖြင့်ရေးသားပြီး နိုင်ငံရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိလူမျိုးများနှင့် လူထုအပါအဝင် ခေါင်းဆောင်များက လက်မှတ်ရေးထိုးကြသည်။ ဤနားလည်မှုစာချွန်ကို ပဋိညာဉ်အသစ်ပြုခြင်းအဖြစ် နားလည်နိုင်သည်။ နေမိက ပထမဆုံးလက်မှတ်ထိုးပြီး ခေါင်းဆောင် ၈၃ ဦး (၁၀:၂–၂၇) က ဆက်လက်လက်မှတ်ထိုးကြသည်။
9:38–10:39 A communal pledge of obedience is put forward in writing and
signed by the leadership, including political leaders, priests, Levites, and
the people. This pledge is best understood in terms of a covenant renewal.
Nehemiah is the first to sign, followed by 83 leaders (10:2–27).
No comments:
Post a Comment