Monday, May 18, 2026

တရားဟောရာကျမ်း ၁၁

 

အခန်းကြီး - ၁၁

သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင် ထာဝရ ဘုရားကို ချစ်ရမည်။ စီရင်ထုံးဖွဲ့တော်မူချက်၊ မှာထား တော်မူသော ပညတ်တော်တို့ကို အစဉ်စောင့်ရှောက် ရမည်။
သင်၏ဘုရားသခင် ထာဝရဘုရား ဆုံးမတော်မူ ခြင်းကို၎င်း၊ ဘုန်းအာနုဘော်တော်ကို၎င်း၊ အားကြီးသော လက်ရုံးဆန့်တော်မူခြင်းကို၎င်း၊
ထူးဆန်းသော တန်ခိုးတော်ကို၎င်း၊ အဲဂုတ္တုပြည် ၌၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းနှင့် ပြည်သူပြည်သား များတို့အား ပြုတော်မူသော အမှုကို၎င်း၊
အဲဂုတ္တုစစ်သူရဲ အလုံးအရင်းတည်းဟူသော မြင်းစီးသူရဲ၊ ရထားစီးသူရဲတို့အား ပြုတော်မူသော အမှုကို ၎င်း၊ သင်တို့ကိုလိုက်သော သူတို့ကို ဧဒုံပင်လယ်ရေ လွှမ်းမိုးစေ၍၊ ယနေ့တိုင်အောင် ဖျက်ဆီးတော်မူကြောင်း ကို၎င်း၊
ဤအရပ်သို့ မရောက်မှီ၊ တော၌ လှည့်လည်စဉ် တွင် သင်တို့အား ပြုတော်မူသော အမှုကို၎င်း၊
ရုဗင်အမျိုး၊ ဧလျာဘသားဒါသန်နှင့် အဘိရံတို့ အား ပြုတော်မူသောအမှုကို၎င်း၊ မြေကြီးသည် မိမိ ခံတွင်းကို ဖွင့်၍ သူတို့နှင့် အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့၌ ရတတ်သမျှသော ဥစ္စာပစ္စည်းများကို၊ ဣသရေလ အမျိုးသားတို့ အလယ်၌၊ မျိုကြောင်းကို၎င်း မသိမမြင် သော သင်တို့၏ သားသမီးတို့အား ငါမပြော၊ သင်တို့ကိုယ် တိုင် သိမှတ်ကြလော့။
ထာဝရဘုရားပြုတော်မူသော အမှုကြီးအလုံးစုံ တို့ကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။
ထို့ကြောင့်၊ သင်တို့သည်သွား၍ ဝင်စားလတံ့ သောပြည်ကို ကြီးစွာသောခွန်အားနှင့် ဝင်စားမည် အကြောင်း၊
ထာဝရဘုရားသည် သင်တို့၏ ဘိုးဘေးတို့နှင့် သူတို့အမျိုးအနွယ်အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသော ပြည်၊ နို့နှင့်ပျားရည်စီးသောပြည်၌ သင်တို့အသက် တာရှည်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ရကြမည်။
10 သင်တို့သွား၍ ဝင်စားလတံ့သော ပြည်သည် ကား၊ ယာလုပ်သကဲ့သို့ မျိုးစေ့ကြဲ၍ ခြေဖြင့်ရေလောင်း ရသော ပြည်တည်းဟူသော သင်တို့ထွက်လာသော အဲဂုတ္တုပြည်နှင့် တူသည်မဟုတ်။
11 သင်တို့သွား၍ ဝင်စားလတံ့သောပြည်သည် တောင်များ၊ ချိုင့်များနှင့် ပြည့်စုံ၍ မိုဃ်းရေကို သောက် သောပြည်၊
12 သင်တို့၏ဘုရားသခင် ထာဝရဘုရားပြုစု၍ တနှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည် ဖြစ်၏။
13 သင်တို့ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်မည် အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စေ့စေ့နားထောင်လျှင်၊
14 သင်တို့သည် စပါး၊ စပျစ်ရည်၊ ဆီတို့ကို စုသိမ်း စေခြင်းငှာ အရင်မိုဃ်း၊ နောက်မိုဃ်း တည်းဟူသော သင်တို့ပြည်နှင့်ဆိုင်သော မိုဃ်းရေကို ငါပေးမည်။
15 သင်တို့သည် ဝစွာစားရမည်အကြောင်း၊ သင်တို့ တိရစ္ဆာန်များအဘို့ လွင်ပြင်၌ မြက်ပင်ကို ငါပေါက်စေ မည်။
16 သင်တို့သည် မိစ္ဆာဒိဌိအယူကိုစွဲ၍ လမ်းမလွဲ၊ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြု၊ ကိုးကွယ်ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြ လော့။
17 သို့မဟုတ် ထာဝရဘုရားသည် အမျက်တော် ထွက်၍ မိုဃ်းမရွာ၊ မြေ၏အသီးအနှံကို မဖြစ်စေခြင်းငှာ။ မိုဃ်းကောင်းကင်ကို ပိတ်တော်မူမည်။ ထာဝရဘုရား ပေးတော်မူသော ကောင်းမွန်သောပြည်၌ သင်တို့သည် အလျှင်အမြန် ပျောက်ပျက်ကြလိမ့်မည်။
18 သို့ဖြစ်၍ ငါဟောပြောသော ဤစကားကို စိတ်နှလုံး၌ သွင်းထား၍၊ လက်၌ လက္ခဏာသက်သေ ဘို့ရာ၎င်း၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်း ချည်ထားရ ကြမည်။
19 ထိုစကားကို သင်တို့သည် အိမ်၌ ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်ထ လျက်ရှိသည်ဖြစ်စေ ဟောပြော၍၊ သားသမီးတို့အား သွန်သင်ရကြမည်။
20 အိမ်တံခါးမြို့တံခါး၌လည်း ရေးထားရကြမည်။
21 သို့ပြုလျှင် ထာဝရဘုရားသည် ဘိုးဘေးတို့အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၌ သင်တို့အသက်၊ သားသမီးများ အသက်တာသည်၊ ကောင်းကင်၌ အသက် တာ ရှည်သကဲ့သို့၊ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည်။
22 သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရ ဘုရားကို ချစ်သောစိတ်နှင့် လမ်းတော်သို့လိုက်၍၊ ကိုယ် တော်၌ ဆည်းကပ်မှီဝဲမည်အကြောင်း၊ ငါမှာထားသမျှ သော ဤပညတ်တို့ကို ကျင့်အံ့သောငှာ သတိနှင့် စောင့် ရှောက်လျှင်၊
23 ထာဝရဘုရားသည် ဤလူမျိုးခပ်သိမ်းတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ သင်တို့သည် ကိုယ်ထက်အားကြီး၍ များပြားသော လူမျိုးတို့ကို အစိုးရ ကြလိမ့်မည်။
24 သင်တို့သည် ခြေနှင့်နင်းသမျှသောအရပ်ကို ပိုင်သဖြင့်၊ တောမှစ၍ လေဗနုန်တောင်တိုင်အောင်၎င်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ပင်လယ်ကမ်းနား တိုင်အောင်၎င်း၊ မြေတရှောက်လုံးသည် သင်တို့၏ နိုင်ငံအဝင် ဖြစ်လိမ့် မည်။
25 သင်တို့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင် အောင်၊ သင်တို့နင်းသော မြေအရပ်၌ ရှိသောသူ အပေါင်းတို့သည် သင်တို့ကို ကြောက်ရွံ့ ထိတ်လန့်မည် အကြောင်း၊ သင်တို့ ၏ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း ပြုတော်မူမည်။
26 ယနေ့ ကောင်းကြီးပေးခြင်းနှင့် ကျိန်ခြင်းတည်း ဟူသော ဤနှစ်ပါးကို သင်တို့ရှေ့မှာ ငါထား၏။
27 ယနေ့ ငါဆင့်ဆိုသော သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို နားထောင်လျှင်မူ ကား၊ ကောင်းကြီးပေးခြင်း၊
28 သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ် တော်တို့ကို နားမထောင်၊ ယနေ့ ငါမှာထားသောလမ်းမှ လွှဲရှောင်၍၊ မသိဘူးသော အခြားတပါးသောဘုရားကို မှီဝဲဆည်း ကပ်လျှင်မူကား ကျိန်ခြင်းကို ငါထား၏။
29 သင်တို့သည်သွား၍ ဝင်စားလတံ့သောပြည်သို့ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဆောင်သွင်း တော်မူပြီးမှ၊ ကောင်းကြီးမင်္ဂလာကို ဂေရဇိမ် တောင်ပေါ် ၌၎င်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌၎င်း တင်ထားရ ကြမည်။
30 ထိုတောင်တို့သည် ယော်ဒန်မြစ်အနောက်၊ နေဝင်ရာဘက်မှာ ခါနနိလူတို့နေရာ အရပ်တည်းဟူ သော၊ မောရေသပိတ်တောအနား၊ ဂိလဂါလမြို့နှင့် ဆိုင်သော လွင်ပြင်၌ ရှိသည်မဟုတ်လော။
31 သင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးတော် မူသော ပြည်ကို ဝင်စားခြင်းငှာ၊ ယော်ဒန်မြစ်တဘက်သို့ ကူးသွား၍၊ ထိုပြည်ကို ဝင်စားလျက် နေရကြမည်။

32 ယနေ့ ငါထားသမျှသော စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရကြမည်။ 

အနက်ဖွင့်ချက်။

၁၁:၁၀ အဲဂုတ္တုနိုင်ငံကဲ့သို့မဟုတ်။ အဲဂုတ္တုနိုင်ငံသည် နိုင်းမြစ်၏စဉ်ဆက်မပြတ်စီးဆင်းမှုဖြင့် ရေလွှမ်းမိုးပြီး၊ လယ်သမားများသည် ၎င်းမှရေကို ဆည်မြောင်းများနှင့် အခြားနည်းလမ်းများဖြင့် ၎င်းတို့၏လယ်ကွင်းများသို့ ယူဆောင်သည်။ ဆန့်ကျင်ဘက်အားဖြင့်၊ ဣသရေလပြည်သည် ဘုရားသခင်ပေးသောမိုးရေပေါ်တွင် မှီခိုသည်။ ဆိုလိုသည်မှာ သူ၏လူများသည် စည်းကမ်းလိုအပ်ပါက ဘုရားသခင်သည် မိုးရေကို တားဆီးနိုင်သည် (အခန်းငယ် ၁၆–၁၇)။

11:10 not like the land of Egypt. Egypt is watered by the constant flow of the Nile River, from which farmers take water to their fields by irrigation channels and other means. By contrast, the land of Israel depends on rain, which God provides. This means that God can withhold rain if His people need to be disciplined (vv. 16–17).

 

၁၁:၁၄ အစောပိုင်းမိုးနှင့်နောက်ပိုင်းမိုး။ ဣသရေလပြည်တွင်၊ အောက်တိုဘာနှင့်နိုဝင်ဘာလများတွင် အစောပိုင်းမိုးများသည် မြေကြီးကို ထယ်ထိုးရန်နှင့် မျိုးစေ့ချရန် ပျော့ပျောင်းစေသည်။ ဧပြီလသို့မဟုတ် မေလဆန်းတွင် နောက်ပိုင်းမိုးများသည် သီးနှံများအား နောက်ဆုံးရင့်မှည့်ရန် ပေးသည်။

11:14 the early rain and the latter rain. In the land of Israel, early rains in October and November soften the ground for plowing and sowing. Late rains in April or early May provide for the final ripening of crops.

 

၁၁:၂၉ ဂေရိဇင်တောင်ပေါ်တွင် ကောင်းကြီးမင်္ဂလာကို ထားရမည်ဖြစ်ပြီး၊ ဧဗလတောင်ပေါ်တွင် ကျိန်ခြင်းကို ထားရမည်။ ဣသရေလလူများသည် ဘုရားသခင်ကို နာခံရန်လိုအပ်ကြောင်း အထင်ကြီးစေရန် ဤပဋိညာဉ်အခမ်းအနားအတွက် အသေးစိတ်အချက်အလက်များကို အခန်း ၂၇ တွင်ကြည့်ပါ။ ယောရှု ၈:၃၀–၃၅ တွင် ဤညွှန်ကြားချက်များကို ပြည့်စုံစွာဖော်ပြထားသည်။

11:29 you shall put the blessing on Mount Gerizim and the curse on Mount Ebal. For details regarding this covenant ceremony to impress upon the Israelites their need to obey God, see chap. 27. Josh. 8:30–35 records fulfillment of these instructions.

No comments:

Post a Comment