Monday, May 18, 2026

ဒံယေလ ၂

 

အခန်းကြီး -

1 ဗုခဒ်နေဇာမင်းသည် နန်းစံနှစ်နှစ်တွင်၊ အိပ်မက်ကို မြင်တော်မူ၍ ထိတ်လန့်ခြင်း စိတ်ရှိသော ကြောင့်၊ စက်တော်မခေါ်နိုင်သည်ဖြစ်၍၊
အိပ်မက်တော်ကို ပြန်ပြောစေခြင်းငှါ မာဂု ပညာရှိ၊ ဗေဒင်တတ်၊ သူပြုဆရာ၊ ခါလဒဲဆရာတို့ကို ခေါ်ချေဟု အမိန့်တော်ရှိသည်အတိုင်း၊ သူတို့သည် အထံတော်သို့ ရောက်လာကြသည်ရှိသော်၊
ရှင်ဘုရင်က၊ ငါသည် အိပ်မက်ကိုမြင်ပြီ။ ထိုအိပ်မက်ကိုမသိ၊ နားမလည်သည်ဖြစ်၍ စိတ်မအီ မသာရှိသည်ဟု မိန့်တော်မူ၏။
ခါလဒဲပညာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲ ရှင်ပါစေ။ အကျွန်ုပ်တို့အား အိပ်မက်တော်ကို မိန့်တော်မူပါ။ အကျွန်ုပ်တို့သည် အနက်ကို ဘော်ပြပါမည်ဟု၊ ရှုရိဘာသာဖြင့် လျှောက် ကြ၏။
ရှင်ဘုရင်ကလည်း၊ ငါအမိန့်တော်ရှိပြီ။ ထိုအိပ် မက်နှင့်အနက်ကို သင်တို့မဘော်မပြလျှင်၊ သင်တို့ကို အပိုင်းပိုင်းစဉ်းမည်။ သင်တို့အိမ်များကိုလည်း နောက် ချေးပုံဖြစ်စေမည်။
အိပ်မက်နှင့်အနက်ကို ဘော်ပြလျှင်၊ ဆုလပ် သပ်ပကာ၊ ဂုဏ်အသရေများကို ငါပေးမည်။ သို့ဖြစ်၍၊ အိပ်မက်နှင့်အနက်ကို ငါ့အားဘော်ပြကြဟု၊ ခါလဒဲပညာ ရှိတို့ကို မိန့်တော်မူ၏။
ထိုသူတို့က၊ အရှင်မင်းကြီး၊ မြင်မက်တော်မူချက် ကို အမိန့်ရှိတော်မူပါ။ အကျွန်ုပ်တို့သည် အနက်ကို ဘော်ပြပါမည်ဟု တဖန်လျှောက်ကြပြန်လျှင်၊
ရှင်ဘုရင်က၊ ငါ့အမိန့်တော်ရှိပြီးသောကြောင့်၊ သင်တို့သည် နေ့ရက်အချိန်ကာလကြာစေခြင်းငှါ ရွှေ့ချင် သည်ကို ငါအမှန်သိ၏။
အိပ်မက်ကို ငါ့အားမဘော်မပြလျှင်၊ သင်တို့ သည် အကြံတခုတည်းသာရှိသည်ဖြစ်၍၊ ကာလပြောင်း လဲသည်တိုင်အောင်၊ ငါ့ရှေ့၌ လျှောက်စရာဘို့ ကောက် ကျစ်လိမ်လစ်သောစကားကို ပြင်ဆင်နှင့်ကြပြီ။ အိပ်မက် ကို ပြန်ပြောကြ။ ထိုသို့ပြောလျှင်၊ အိပ်မက်အနက်ကို ဘော်ပြနိုင်သည်ကို ငါသိမည်ဟု ပြန်၍ မိန့်တော်မူ၏။
10 
ခါလဒဲဆရာတို့ကလည်း၊ အရှင်မင်းကြီး၏ အမှု အရာကို ဖြေနိုင်မည်သူ၊ မြေကြီးပေါ်မှာ တယောက်မျှ မရှိပါ။ အဘယ်မည်သော ရှင်ဘုရင်သည် ဘုန်းတန်ခိုး ကြီးသော်လည်း၊ မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲ ဆရာတို့ကို ဤသို့မေးမြန်းလေ့မရှိပါ။
11 
အရှင်မင်းကြီး မေးမြန်းတော်မူသောအရာသည် ခက်ခဲသော အရာဖြစ်ပါ၏။ လူပကတိနှင့် မဆက်ဆံ သော ဘုရားမှတပါး အဘယ်သူမျှ အရှင်မင်းကြီး ရှေ့တော်၌ မထုတ်မဘော်နိုင်ပါဟု တဖန်ပြန်ကြား လျှောက်ထားကြ၏။
12 
ထိုစကားကို ကြားတော်မူလျှင် ပြင်းစွာ အမျက် တော်ထွက်၍၊ ဗာဗုလုန်မြို့၌ ရှိသမျှသော ပညာရှိတို့ကို ပယ်ရှင်းစေဟုအမိန့်တော်ရှိ၏။
13 
ထိုအမိန့်တော်ဆင့်၍ ဒံယေလနှင့် သူ၏ အပေါင်းအဘော်တို့ကို သတ်ခြင်းငှါ ရှာကြသော်၊
14 
ဒံယေလက၊ ရှင်ဘုရင်၏အမိန့်တော်သည် အဘယ်ကြောင့် ဤမျှလောက် လျင်မြန်သနည်းဟု၊
15 
ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းခြင်းငှါ ထွက် သွားသော ကိုယ်ရံတော်မှူးအာရုတ်ကို သတိပညာနှင့် မေးမြန်း၍၊ အာရုတ်သည် ထိုအကြောင်းကို ကြားပြော လျှင်၊
16 
ဒံယေလသည် နန်းတော်သို့ ဝင်၍ အိပ်မက် တော်ကို ဖြေရသော နေ့ရက်အချိန်ကို ပေးတော်မူမည် အကြောင်း အသနားတော်ခံပြီးမှ၊
17 
မိမိအိမ်သို့ပြန်သွား၍၊ ထိုအကြောင်းကို မိမိ အပေါင်းအဘော် ဟာနနိ၊ မိရှေလ၊ အာဇရိတို့အား ကြားပြော၍၊
18 
ငါတိုပသည် အခြားသော ဗာဗုလုန်ပညာရှိတို့ နှင့်အတူ မသေမပျောက်စေခြင်းငှါ၊ ဤနက်နဲသော အရာ၌ကရုဏာ ကျေးဇူးတော်ကို ခံရမည်အကြောင်း၊ ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ဆုတောင်းကြကုန် အံ့ဟုပြောဆို၏။
19 
ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့် ထိုနက်နဲသော အရာကို ဒံယေလအား ဘုရားသခင်ဘော်ပြတော်မူ၏။
20 
ထိုအခါ ဒံယေလသည် ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ဘုရား သခင်၏ နာမတော်သည် ထာဝရမင်္ဂလာရှိပါစေ သတည်း။ ပညာနှင့်၎င်း၊ အစွမ်းသတ္တိနှင့်၎င်း ပြည့်စုံ တော်မူ၏။
21 
ကာလအချိန် ဥတုများကို ပြောင်းလဲစေတော် မူ၏။ ရှင်ဘုရင်တို့ကိုလည်း နှိမ့်ချချီးမြှောက်တော်မူ၏။ ပညာရှိတို့အားပညာကို ပေးတော်မူ၏။ ဥာဏ်ရှိသော သူတို့သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည်တတ်ကြ၏။
22 
နက်နဲခက်ခဲသော အရာတို့ကို ထင်ရှားစွာ ပြတော်မူ၏။ မှောင်မိုက်၌ရှိသမျှတို့ကို သိမြင်၍ အလင်း ၏တည်ရာဖြစ်တော်မူ၏။
23 
အကျွန်ုပ် ဘိုးဘေးတို့၏ ဘုရားသခင်၊ အကျွန်ုပ် အား ပညာအစွမ်းသတ္တိကို ပေးသနား၍၊ အကျွန်ုပ်တို့ ဆုတောင်းသည်အတိုင်း၊ ရှင်ဘုရင်၏ အိပ်မက်ကို ဖွင့်ပြတော် မူသော ကျေးဇူးတော်ကို ချီးမွမ်းထောမနာ ပြုပါ၏ဟု ဒံယေလမြွက်ဆိုပြီးမှ၊
24 
ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းစေခြင်းငှါ၊ ရှင်ဘုရင်ခန့်ထားတော်မူသော အာရုတ်ထံသို့သွား၍၊ ဗာဗုလုန် ပညာရှိတို့ကို မလုပ်ကြံပါနှင့်။ အကျွန်ုပ်ကို အထံတော်သို့ခေါ်သွင်းပါ။ အကျွန်ုပ်သည် အိပ်မက် တော်နှင့် အနက်ကိုဘော်ပြ၍ လျှောက်ပါမည်ဟုဆို၏။
25 
ထိုအခါ အာရုတ်သည် ဒံယေလကို အလျင် တဆော အထံတော်သို့ ခေါ်သွင်းပြီးလျှင်၊ အိပ်မက်တော် နှင့်အနက်ကို အရှင်မင်းကြီးအား ဘော်ပြနိုင်သော သူတယောက်ကို ယုဒအမျိုး လက်ရလူတို့တွင် အကျွန်ုပ် တွေ့ပါပြီဟု လျှောက်လေ၏။
26 
ရှင်ဘုရင်ကလည်း၊ ငါမြင်မက်သော အိပ်မက်ကို ပြန်ပြော၍ အနက်ကို ဘော်ပြနိုင်သလောဟု၊ ဗေလတရှာ ဇာအမည်ရှိသော ဒံယေလကို မေးတော်မူလျှင်၊
27 
ဒံယေလက၊ အရှင်မင်းကြီးမေးမြန်းတော်မူ သောအရာကို ပညာရှိ၊ ဗေဒင်တတ်၊ မာဂုဆရာ၊ အနာ ဂတ္တိဆရာတို့သည် အရှင်မင်းကြီးအား ဘော်ခြင်းငှါ မတတ်နိုင်ကြပါ။
28 
နက်နဲသော အရာတို့ကို ဖွင့်ပြ၍၊ နောင်ကာလ၌ ဖြစ်လတံ့သော အရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင်တဆူသည် ကောင်း ကင်ဘုံမှာ ရှိတော်မူ၏။
29 
အရှင်မင်းကြီး၊ နောင်၌ ဖြစ်လတံ့သော အရာ တို့ကို ကိုယ်တော်သည် စက်တော်ခေါ်၍ မြော်လင့်တော် မူ၏။ နက်နဲသောအရာကို ဖွင့်ပြတော်မူသော ဘုရား သည် နောင်ကာလ၌ ဖြစ်လတံ့သော အရာတို့ကို ကိုယ်တော်အားပြတော်မူ၏။
30 
ဤနက်နဲသောအရာကိုကား၊ အခြားသော သတ္တဝါအပေါင်းတို့ထက် အကျွန်ုပ်သာ၍ ပညာရှိသော ကြောင့်၊ အကျွန်ုပ်အား ဘုရားသခင် ဖွင့်ပြတော်မူသည် မဟုတ်ပါ။ ကိုယ်တော်သည် စိတ်နှလုံးတော်၏ အထင်ကို နားလည်မည်အကြောင်း၊ ထိုအနက်ကို အကျွန်ုပ်ပြန်ကြား လျှောက်ထားစိမ့်သောငှါသာ ဘုရားသခင် ဖွင့်ပြတော် မူ၏။
31 
အရှင်မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော် မူသော ရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု၍ ရုပ်တုကြီးကို မြင်တော်မူ၏။ ထူးမြတ်သော အရောင်အဝါ နှင့် ပြည်စုံ၍၊ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက် ဘွယ်သော ပုံသဏ္ဌာန်ကိုဆောင်လျက် ကိုယ်တော်ရှေ့၌ တည်ရှိ၏။
32 
သူ၏ ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ပတ်နှင့် လက်နှစ်ဘက်သည် ငွေဖြစ်၏။
33 
ဝမ်းနှင့်ပေါင်နှစ်ဘက်သည် ကြေးဝါဖြစ်၏။ ခြေသလုံးနှစ်ဘက်သည် သံဖြစ်၏။ ခြေဘဝါးနှင့် ဖမိုး သည် သံတပိုင်းသရွတ်တပိုင်းဖြစ်၏။
34 
ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ်၊ လက်ဖြင့် မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တလုံးသည် သံနှင့်သရွတ်ဖြစ်သော ရုပ်တု၏ခြေကို ထိခိုက်၍ ချိုးဖဲ့ သည်ရှိသော်၊
35 
သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ ကြေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်း အမုန့် ကဲ့သို့ဖြစ်သဖြင့်၊ လေတိုက်လွှင့်၍ သူတို့နေရာမရှိ၊ ပျောက်လေ၏။ ရုပ်တုကို ထိခိုက်သော ကျောက်မူကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။
36 
ယခုတွင် အိပ်မက်တော်၏အနက်ကို ဘော်ပြ၍ နားတော်လျှောက်ပါမည်။
37 
အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင် ဘုရားသခင် သည် နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော်အစွမ်းသတ္တိ ဘုန်းအသရေကို ကိုယ်တော်အား ပေးတော်မူပြီ။
38 
လူနေရာ ရှိသမျှတို့နှင့် မြေကြီးသား တိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်များတို့ကို ကိုယ်တော်လက်၌ အပ် ပေး၍၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသော အခွင့်ရှိတော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ ရွှေဦး ခေါင်းဖြစ်တော်မူ၏။
39 
ကိုယ်တော်နောက်၌ ကိုယ်တော်၏ နိုင်ငံ လောက်မမြတ်သော နိုင်ငံတခုသည် တည်ထောင်လိမ့် မည်။ ထိုနောက်၊ မြေကြီးတပြင်လုံးကို အုပ်စိုးသော ကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံတည်ထောင် လိမ့်မည်။
40 
စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံ ဖြစ်လိမ့်မည်။ သံသည် အခြားသောအရာရှိသမျှတို့ကို ချိုးဖဲ့၍ နိုင်သကဲ့သို့၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်း ကို ပြုလိမ့်မည်။
41 
ရုပ်တု၏ခြေနှင့် ခြေချောင်းတို့သည် သရွတ် တပိုင်း သံတပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်။ သို့သော် လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်ဖြစ်၍၊ သံသည်ခိုင်မာခြင်း သတ္တိရှိလိမ့်မည်။
42 
ခြေချောင်းတို့သည် သံတပိုင်းသရွတ်တပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံသည် ခိုင်မာခြင်းနှင့်၎င်း၊ ကျိုးပဲ့ခြင်းနှင့်၎င်းဆက်ဆံလိမ့်မည်။
43 
ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြား သော လူမျိုးသားတို့နှင့် ပေါင်းဘော်ကြလိမ့်မည်။ သို့သော် လည်း၊ သရွတ်နှင့်သံမရောနှောနိုင်သကဲ့သို့၊ သူတို့သည် အချင်းချင်း ပေါင်းဘော်၍ မသင့်နိုင်ကြ။
44 
လက်နှင့်မထုမလုပ်ဘဲ ကျောက်တလုံးသည် တောင်ပေါ်ကအလို လိုပဲ့ကွာ၍၊
45 
သံကြေးဝါ၊ သရွတ်၊ ငွေ၊ ရွှေတို့ကို ချိုးဖဲ့သည်ကို မြင်တော်မူသည် အကြောင်းအရာမှာ၊ ပျက်စီးခြင်းသို့ မရောက်နီုင်သော နိုင်ငံတခုကို ထိုမင်းကြီးများ လက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသော လူမျိုးလက်သို့ မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသော နိုင်ငံ ရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။ ထိုသို့နောက်၌ ဖြစ်လတံ့သောအရာတို့ကို ကြီးမြတ်တော် မူသော ဘုရားသခင်သည် အရှင်မင်းကြီးအား ကြားပြော တော်မူ၏။ အိပ်မက်တော်ရွေ့လျော့ခြင်းမရှိ။ အနက် သည်လည်း မှန်ပါ၏ဟု ဒံယေလသည် အထံတော်၌ လျှောက်ထား၏။
46 
ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြပ်ဝပ်၍ ဒံယေလကို ရှိခိုးကိုးကွယ်ပြီးလျှင်၊ ပူဇော်သက္ကာပြုခြင်းငှါ၎င်း၊ နံ့သာမျိုးကို မီးရှို့၍ ဆပ်ကပ်ခြင်းငှါ၎င်း စီရင် တော်မူလျက်၊
47 
ကိုယ်တော်သည် ဤနက်နဲသောအရာကို ဖွင့်ပြ နိုင်သည်ဖြစ်၍၊ အကယ်စင်စစ် ကိုယ်တော်၏ ဘုရား သခင်သည် ဘုရားတို့၏ဘုရား၊ ဘုရင်တို့၏ အရှင်၊ နက်နဲသော အရာကိုဖွင့်ပြတော်မူသော သခင်ဖြစ် တော်မူ၏ဟု မိန့်တော်မူ၍၊
48 
ဒံယေလကို ချီးမြှောက်လျက်၊ များစွာသော ဆုလပ်သပ်ပကာ တို့ကိုပေး၍၊ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီး အရာ၌၎င်း၊ ဗာဗုလုန်ပညာရှိတို့ကို အုပ်စိုးသော ဝန်အရာ၌၎င်း ခန့်ထားတော်မူ၏။
49 
ထိုအခါ ဒံယေလသည် သံတော်ဦးတင်သော ကြောင့်၊ မင်းကြီးသည် ရှာဒရက်၊ မေရှက်၊ အဗေဒနေ ဂေါတို့ကို ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော် မူ၏။ ဒံယေလသည် နန်းတော်ဦး၌ နေရလေ၏။

အနက်ဖွင့်ချက်

: နေဗုခဒ်နေဇာမင်းသည် နန်းစံနှစ်နှစ်တွင် ဤအချိန်သည် ဒံယေလနှင့် သူ၏ သူငယ်ချင်းများတို့၏ သုံးနှစ်သင်တန်း (:၅၊ ၁၈) ပြီးဆုံးပြီးနောက် ဖြစ်နိုင်သည်။ ၎င်းတို့၏ သင်တန်းသည် နေဗုခဒ်နေဇာ၏ ပထမဆုံး တရားဝင်နန်းစံနှစ် ဘီစီ ၆၀၄ နွေဦးမတိုင်မီ စတင်ခဲ့သည်။

2:1 second year of Nebuchadnezzar’s reign. This could have been just after Daniel and his friends completed their three years of training (1:5, 18). Their training would have started before the first official year of Nebuchadnezzar’s reign began in the spring of 604 B.C.

 

: ဤနေရာတွင် မူလဘာသာစကားသည် ဟေဗြဲမှ အာရမိတ်သို့ ပြောင်းလဲသွားသည်။

2:4 Here the original language changes from Hebrew to Aramaic.

 

:၂၈ နောင်ကာလ၌ ဖြစ်လတံ့သောအရာ တော ၂၄:၁၄၊ ယေဇကျေလ ၃၈:၁၆ နှင့် နှိုင်းယှဉ်ပါ။ နေဗုခဒ်နေဇာ၏ အိပ်မက်သည် ဘုရားသခင်ကိုယ်တော်တိုင် မြေကြီးပေါ်တွင် သူ၏ နိုင်ငံတော်ကို တည်ထောင်မည့်အချိန်သို့ ရှေ့ဆက်သွားသည် (ဒံ :၃၇၄၄)

2:28 what will be in the latter days. Compare Num. 24:14; Ezek. 38:16. Nebuchadnezzar’s dream moved forward to the time when God Himself would set up His kingdom on earth (Dan. 2:37–44).

 

:၃၁ ကြီးမြင့်သော ထိုရုပ်တုသည် ယာယီလူသား အစိုးရမှုများ၏ ဆက်ခံမှုကို ကိုယ်စားပြုရန် သင့်လျော်သည်။

2:31 a great image. Appropriate for representing a succession of temporary human governments.

 

:၃၈ ကိုယ်တော်သည် ရုပ်တု၏ ရွှေဦးခေါင်းဖြစ်တော်မူ၏ ဒံယေလက ရုပ်တု၏ ပထမအပိုင်းကို နေဗုခဒ်နေဇာ၏ နီယို-ဗာဗုလုန်နိုင်ငံ (ဘီစီ ၆၀၅၅၃၉) အဖြစ် သတ်မှတ်ခဲ့ပြီး၊ ၎င်းသည် ထိုအချိန်က ဘုရင်ဖြစ်သည်။ ဤအချက်သည် နောက်ထပ်နိုင်ငံများကို ဖော်ထုတ်ရန် သမိုင်းဆိုင်ရာ အခြေခံကျသောအချက် ပေးသည် (:၂၀၂၁ နှင့် နှိုင်းယှဉ်ပါ)

2:38 you are this head of gold. The fact that Daniel identified the first segment of the image as Nebuchadnezzar’s Neo-Babylonian kingdom (605–539 B.C.), of which he was the current monarch, provides a historical anchor point for identifying the following kingdoms (compare 8:20–21).

 

ဒံယေလစာအုပ်ထဲက အင်ပါယာများ

နေဗုခဒ်နေဇာ၏ အိပ်မက်: မဟာရုပ်တု ( ကြီး )
ဒံယေလ၏ အိပ်မက်: မဟာသားရဲလေးကောင် ( ကြီး )

ဒံယေလ၏ ရူပါရုံ: သိုးထီးနှင့် ဆိတ်ထီး ( ကြီး )

ရှင်းပြချက်: ကမ္ဘာ့အင်ပါယာလေးခု

  • ရွှေခေါင်း
    လင်းယုန်ငှက်အတောင်ပံပါသော ခြင်္သေ့
    ဗာဗုလုန် (:၃၈၊ :၁၇)
  • ငွေရောင် ရင်ဘတ်နှင့် လက်မောင်းများ
    တစ်ဖက်မြှင့်ထားသော ဝက်ဝံ၊ ပါးစပ်ထဲတွင် နံရိုးသုံးချောင်း
    ဦးချိုနှစ်ချောင်းပါသော သိုးထီး၊ တစ်ချောင်းသည် အခြားတစ်ချောင်းထက် ပိုမြင့်
    မီဒို-ပါရှား (:၃၉၊ :၁၇၊ :၂၀)
  • ကြေးဝါရောင် ဗိုက်နှင့် ပေါင်များ
    ငှက်အတောင်လေးချောင်းနှင့် ခေါင်းလေးလုံးပါသော ကျားသစ်
    မျက်လုံးကြားတွင် ထင်ရှားသော ဦးချိုပါသော ဆိတ်ထီး။ ကြီးသော ဦးချိုကျိုးသွားပြီး ဦးချိုလေးချောင်းဖြင့် အစားထိုးခံရသည်
    ဂရိ (:၃၉၊ :၁၇၊ :၂၁) နောက်ပိုင်းတွင် နိုင်ငံလေးခုအဖြစ် ခွဲသွားသည် (:၂၂)
  • သံခြေထောက်များနှင့် သံနှင့် ရွှံ့စေးရောထားသော ခြေဖဝါးများ
    သံသွားများ၊ ဦးချို ၁၀ ချောင်းနှင့် လူ၏ မျက်လုံးများနှင့် ပါးစပ်ပါသော အမည်မသိ သားရဲ
    အလွန်ကြီးပွားသော ဦးချိုငယ်
    ရောမ (:၄၀)

Empires in the Book of Daniel

Nebuchadnezzar’s Dream: The Great Image (chap. 2)

Daniel’s Dream: The Four Great Beasts (chap. 7)

Daniel’s Vision: The Ram and the Goat (chap. 8)

Explanation: Four World Empires

 Head of fine gold

 Lion with eagle’s wings

 Babylon (2:38; 7:17)

 Chest and arms of silver

 Bear raised up on one side, with three ribs in its mouth

 Ram with two horns, one higher than the other

 Medo-Persia (2:39; 7:17; 8:20)

 Belly and thighs of bronze

 Leopard with four wings of a bird and four heads

 Male goat with a notable horn between his eyes. The large horn was broken, and replaced with four horns

 Greece (2:39; 7:17; 8:21). Later divided into four kingdoms (8:22)

 Legs of iron and feet partly of iron and partly of clay

 Unidentified beast with iron teeth, ten horns, and a little horn, having eyes of a man and a mouth

 Little horn growing exceedingly great

 Rome (2:40)

 

:၃၉ ကိုယ်တော်နောက်၌ ကိုယ်တော်၏ နိုင်ငံလောက်မမြတ်သော နိုင်ငံတစ်ခုသည် တည်ထောင်လိမ့်မည် ရွှေခေါင်းပြီးနောက် နိုင်ငံတစ်ခု ပေါ်ပေါက်လာခြင်းက ရွှေခေါင်းသည် နေဗုခဒ်နေဇာ (ဘီစီ ၆၀၅၅၆၂) နှင့် သူ့နောက် နယို-ဗာဗုလုန် အုပ်စိုးသူများ (ဘီစီ ၅၆၂၅၃၉) ပါဝင်သော နိုင်ငံတစ်ခုကို ကိုယ်စားပြုကြောင်း ဖော်ပြသည်။ ကိုယ်တော်၏ နိုင်ငံလောက်မမြတ်။ သတ္တုများ၏ တန်ဖိုး လျော့နည်းလာမှုဖြင့် ဖော်ပြသော ဤသာလွန်မှုသည် ပထဝီဧရိယာ၊ စစ်အင်အား (သတ္တုများ၏ မာကျောမှု တိုးလာမှုကို သတိပြု၊ :၄၀၊ : နှင့် နှိုင်းယှဉ်ပါ) သို့မဟုတ် စည်းစိမ်ချမ်းသာ (အင်ပါယာတစ်ခုမှ တစ်ခုသို့ တိုးလာသည်) ကို ရည်ညွှန်းခြင်းမဟုတ်ပေ။ သို့သော် ၎င်းသည် မြို့တော် (ဗာဗုလုန်၏ ဂုဏ်သတင်း) ယဉ်ကျေးမှု၊ နှင့် အထူးသဖြင့် လူသားအုပ်ချုပ်သူများ ပိုမိုဖောက်ပြန်၊ မာနကြီး၊ ဘုရားသခင်ကို ပုန်ကန်လာသည့် ကိုယ်ကျင့်တရားတန်ဖိုးကို ရည်ညွှန်းနိုင်သည်။ ကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံ။ အလက်ဇန္ဒား မဟာ (ဘီစီ ၃၃၆၃၂၃) သည် မီဒို-ပါးရှားကို သိမ်းပိုက်ပြီး မက်ဆီဒိုးနီးယား/ဂရိ အင်ပါယာ (ဘီစီ ၃၃၀၃၀၊ :၂၀၂၂ ကြည့်ပါ) ကို တည်ထောင်ခဲ့သည်။ မြေကြီးတပြင်လုံးကို အုပ်စိုးသော။ အလက်ဇန္ဒား၏ အင်ပါယာသည် ၎င်း၏ ကျယ်ပြန့်မှုကြောင့် ထင်ရှားသည်။ သို့သော် မြေကြီးတစ်ခွင် ဆိုသည်မှာ ကမ္ဘာတစ်ခုလုံးကို စာသားအတိုင်း ရည်ညွှန်းခြင်းမဟုတ်သလို ထိုစဉ်က လူသိများသော ကမ္ဘာ ကိုလည်း မဆိုလိုပါ။ ဤအင်ပါယာများနှင့် အခြားအင်ပါယာများတွင် ကန့်သတ်ချက်များ ရှိခဲ့ပြီး၊ အတွင်းရှိသူများသည် အပြင်ရှိ လူမျိုးများကို သိရှိခဲ့ပြီး ၎င်းတို့နှင့် စစ်တိုက်ခြင်း သို့မဟုတ် ကုန်သွယ်ခြင်း ပြုခဲ့သည်။ တရုတ်အင်ပါယာကဲ့သို့ ရောမအင်ပါယာနှင့် ယှဉ်နိုင်သော ဧရိယာနှင့် အင်အားရှိသော အခြားနေရာများတွင် မဟာအင်ပါယာများ ရှိခဲ့သည်။ သို့သော် ဒံယေလ  ရှိ အင်ပါယာများသည် ဣသရေလပြည်ကို ထိန်းချုပ်ခဲ့သော အင်ပါယာများဖြစ်သည်။

 2:39 after you shall arise another kingdom. The fact that a kingdom came after Nebuchadnezzar’s head of gold indicates that the head also represented a kingdom, which included Nebuchadnezzar (605–562 B.C.) and several lesser Neo-Babylonian rulers who followed him (562–539 B.C.). inferior to yours. This inferiority, represented by the decreasing value of metals, could not refer to geographical extent, military might (note increasing hardness of metals; compare v. 40; 7:7), or overall wealth, which increased from one empire to another. However, it could refer to the glory of its capital city (Babylon is legendary), culture, and especially moral worth, as human rulers became progressively more corrupt, arrogant, and rebellious against God. a third kingdom of bronze. Alexander the Great (336–323 B.C.) conquered Medo-Persia and set up a Macedonian/Greek Empire (330–30 B.C.; see 8:20–22). which shall rule over all the earth. Alexander’s empire was notable for its vast extent. But “all the earth” does not literally refer to the totality of planet Earth. Nor does it mean “the then-known world.” This and all other empires had limits, and those inside knew about peoples outside, with whom they warred or traded. There were great empires elsewhere, such as a Chinese empire that rivaled the Roman Empire in extent and power. But the empires in Dan. 2 were those that controlled the land of Israel.

 

:၄၀ စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသောနိုင်ငံ ဖြစ်လိမ့်မည် ဘီစီ ၁၆၈ မှ ၃၀ အကြား၊ ရောမသည် အလက်ဇန္ဒား၏ အင်ပါယာ ခွဲထွက်သွားသော ဂရိနိုင်ငံများကို သိမ်းပိုက်ခဲ့သည် (:၈၊ ၂၂ နှင့် နှိုင်းယှဉ်ပါ) ရောမသည် ဒံယေလ၏ ရုပ်တုတွင် ကိုယ်စားပြုထားသော နိုင်ငံလေးခုအနက် အသန်မာဆုံးဖြစ်ပြီး အရှည်ကြာဆုံး တည်တံ့ခဲ့သည်။

2:40 the fourth kingdom shall be as strong as iron. Between 168 and 30 B.C., Rome took over the Greek kingdoms into which Alexander’s empire was divided (compare 8:8, 22). Rome was the strongest and lasted the longest of the four kingdoms represented in Daniel’s image.

 

:၄၁ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည် ရောမဧကရာဇ် ကွန်စတန်တိုင်းသည် အင်ပါယာကို အနောက်နှင့် အရှေ့အဖြစ် ခွဲခဲ့သည် (အေဒီ ၃၂၆) ထို့နောက် အနောက်ပိုင်းသည် ဘာဘေးရီးယန်းများလက်သို့ ကျသွားပြီး ဥရောပနိုင်ငံများစွာအဖြစ် ခွဲသွားခဲ့သည်။ ၎င်းတို့၏ အင်အားသည် ကွဲပြားခဲ့သည်။ အရှေ့ပိုင်း ရောမအင်ပါယာသည် ဘိုင်ဇန်တိုင်း အင်ပါယာအဖြစ် ဆက်လက်တည်ရှိခဲ့ပြီး အေဒီ ၁၄၅၃ တွင် မွတ်စလင်များက သိမ်းပိုက်ခဲ့သည်။

2:41 the kingdom shall be divided. The Roman emperor Constantine divided the empire into western and eastern parts (A.D. 326). Then the western part fell to barbarians and was divided into a number of European countries, which have varied in strength. The eastern part of the Roman Empire continued as the Byzantine Empire, which was conquered by Muslims in A.D. 1453.

 

 :၄၃ သူတို့သည် အချင်းချင်း ပေါင်းဘော်၍ မသင့်နိုင်ကြ ရောမအင်ပါယာ၏ အကြွင်းအကျန်များသည် စစ်ပွဲများနှင့် နိုင်ငံရေးဆိုင်ရာ အိမ်ထောင်ဖက်များ (“လူသားမျိုးစေ့) မှတစ်ဆင့် ရာစုနှစ်များစွာ ကြိုးပမ်းခဲ့သော်လည်း ပြန်လည်စည်းလုံးမှု အောင်မြင်ခဲ့ခြင်း မရှိခဲ့ပေ။

2:43 they will not adhere to one another. The remnants of the Roman Empire have never been successfully reunited, despite major efforts for centuries, through warfare and political marriages (“the seed of men”).

 

:၄၄ ထိုမင်းကြီးများ လက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည် လက်ရှိ အာဏာခွဲဝေထားသော ကာလအတွင်း တစ်ချိန်ချိန်တွင်၊ ဘုရားသခင်သည် ရုတ်တရက် ဝင်ရောက်စွက်ဖက်မည် (ရုပ်တုကို ကျောက်ခဲဖြင့် ရိုက်ခွဲခြင်းဖြင့် ကိုယ်စားပြုသည်၊ :၃၄၃၅၊ ၄၅) နှင့် ကမ္ဘာတစ်ခွင်တွင် သူ၏ ထာဝရနိုင်ငံတော်ကို တည်ထောင်မည်။ ဓမ္မသစ်ကျမ်းတွင် ခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်းသည် လူသားယဉ်ကျေးမှု၏ ရုတ်တရက်နှင့် တစ်ကမ္ဘာလုံးအသိအမှတ်ပြုသော အဆုံးသတ်ကို ဖြစ်စေသည်ဟု ဖော်ပြသည် ( ရှင် ၂၄:၂၃၅၁၊ ဗျာ ၁၉:၁၁၂၁)

2:44 in the days of these kings the God of heaven. Sometime during the current period of divided powers, God will suddenly intervene (as represented by the stone smashing the image; vv. 34–35, 45) and set up His eternal kingdom throughout the whole world. The NT identifies Christ’s Second Coming as the cause of this sudden and universally recognized end of human civilization as we know it (Matt. 24:23–51; Rev. 19:11–21).

 

:၄၆ ပူဇော်သက္ကာပြုခြင်းငှါ၎င်း၊ နံ့သာမျိုးကို မီးရှို့၍ ဆပ်ကပ်ခြင်းငှါ၎င်း စီရင် တော်မူလျက် နေဗုခဒ်နေဇာသည် ဒံယေလကို နတ်ဘုရားကဲ့သို့ ဆက်ဆံရန် ကြိုးစားခဲ့ပုံရသည် ( ၁၄:၁၁၁၈ နှင့် နှိုင်းယှဉ်ပါ) သို့သော် သူသည် ဒံယေလ၏ ဘုရားသခင်ကို ချီးမွမ်းခဲ့သည် (ဒံ :၄၇) ဒံယေလသည် ဘုရင်၏ ဝတ်ပြုမှုကို ဘုရားသခင်ထံသို့ ညွှန်ကြားခဲ့မည်မှာ သေချာသည် (:၂၈၃၀၊ ၄၅ နှင့် နှိုင်းယှဉ်ပါ)

2:46 present an offering and incense to him. Apparently Nebuchadnezzar tried to treat Daniel as divine (compare Acts 14:11–18), although he praised Daniel’s God (Dan. 2:47). Undoubtedly Daniel would have directed the king’s worship to God (compare vv. 28–30, 45).

No comments:

Post a Comment